သူ့အကြွေးရှိကဆပ်လိုက်ပါ(စ/ဆုံး)
———————————-
ဘိုးပိုင်နဲ့ဘွားခင်ဆင့်တို့မှာ..အေးကိုဆိုတဲ့
သားတစ်ယောက်ရှိတယ်ဗျ..
၁၇..၁၈..လူပျိုဖားဖားကြီးပေါ့ဗျာ..
အေးကိုဟာ…ရွာထဲက..ယဉ်ယဉ်မိုးဆိုတဲ့
ကောင်မလေးနဲ့..လူငယ်သဘာဝ..
ချစ်ကြိုက်ကြတော့..ဘိုးပိုင်က သဘောမတူဘူး။
‘မင်းကို..အဲဒီကောင်မလေးနဲ့ ငါတို့..
မပေးစားနိူင်ဘူး….မင်းဆက်တိုးရင်..
ငါ့အကြောင်းမင်းအသိဆုံးပဲ..အေးကို…
.ဘိုးပိုင်က..သူ့သားကိုကြိမ်းမောင်းတယ်…
အေးကိုဟာ..အဖေကိုလည်းကြောက်တယ်..
ယဉ်မိုးနဲ့မခွဲနိူင်ဘူး..ဒီတော့..
သူတအား..စိတ်ဆင်းရဲရတယ်။
အညာမှာ..ညနေမိုးချုပ်တော့..စားကျက်ထဲက
နွားတွေ..အိမ်ကိုပြန်သွင်းလာကြတယ်။
နွားတွေပြန်ရောက်လာပေမဲ့. .အေးကိုက
ပြန်ပါမလာဘူး။
ဒါနဲ့ဘိုးပိုင်..နွားကန်လေး [နွားနှင်တံ]ကိုင်ပြီး
နွားစားကျက်ထဲလိုက်သွားတယ်။
အလုပ်ကအပြန် မောနေရတဲ့အထဲ.
စားကျက်ထဲလိုက်သွား
ရတော့..ဘိုးပိုင်စိတ်အတော်ဆိုးနေတယ်။
“မင့်သား…မယားတရူးပြီး..ထန်ရည်တွေမူး
နေလို့ကတော့..ငါက..အသေသတ်မှာ..
မခင်ဆင့်..
ကြိမ်းဝါးပြီး..ထွက်သွားတဲ့..ယောက်ျားကို
ကြည့်ပြီး…မခင်ဆင့်..သက်ပြင်းချမိတယ်။
သူ့သားလေး..ဘာလို့ပြန်မလာပါလိမ့်…
အေးကိုက..အရက်ထန်းရည်..ဘယ်တော့မှ
မသောက်ဘူး….မိဘကို သိတတ်ပြီး..
အလွန်ချစ်ကြောက်ရိုသေတာ..
ခု..ကိုပိုင်ပြောသလိုများ..စိတ်တွေထွေပြီး
ထန်းရည်တွေမူးနေလို့ကတော့..
သူ့အဖေကလှိမ့်ရိုက်မှာ…
ရင်တမမနဲ့ မခင်ဆင့် အိမ်မှာနေခဲ့ရတယ်။
နွားစားကျတ်နဲ့ရွာက.
.တစ်တိုင်လောက်ဝေးတယ်။.[၂မိုင်]
ဘိုးပိုင်..စားကျက်ထဲရောက်တော့..နေက
စုံးစုံးမြှပ်သွားပြီ..အလင်းရောင်ကတော့
ကောင်းကောင်း ရှိနေသေးတယ်.. .
“အေးကို…
အေးကို….
ဘိုးပိုင်က ခေါ်နေပေမဲ့ ဘာတုန့်ပြန်သံမှ
မကြားရဘူး…
သူ့အသံကြောင့် အိပ်တန်းတက်နေတဲ့
တောကျီးကန်းတစ်သိုက်သာ..
တအအနဲ့..လန့်ပြီးပျံသွားကြတယ်။
ရှာရင်းရှာရင်းနဲ့..နောက်ဆုံး..စားကျက်အဆုံးက
ထနောက်းပင်ကြီးနဲ့..လူနားဖို့..ဆောက်ထားတဲ့
တောတဲလေးနား..ဘိုးပိုင်ရောက်လာခဲ့တယ်။
“ဒီကောင်..ဘယ်သွားတာပါလိမ့်….
ပါးစပ်က တီးတိုးရေရွတ်ရင်း..တဲလေးထဲ
ဘိုးပိုင်ကြည့်လိုက်တော့…
အေးကိုက တဲလေးထဲမှာ..မှောက်ရက်ကြီး
ဖြစ်နေတာကို..ခပ်လှမ်းလှမ်းက မြင်ရတယ်။
“တောက်..
ခွေးကောင်..ငါထင်တဲ့အတိုင်း..
ထန်းရည်တွေမူးပြီး..အိပ်နေတာ..
သေဖို့သာပြင်..
တဲဆီကို..ဘိုးပိုင်က အယုတ္တ အနတ္တတွေဆဲပြီး
သွက်သွက်.သွားလိုက်သည်။
“ဟေ့ကောင် အေးကို..ထစမ်း…
မှောက်ခုံကြီးဖြစ်ပြီး..ကန့်လန့်ကြီးအိပ်နေတဲ့
သူ့သားကို..ဘိုးပိုင်က..ဆွဲလှန်လိုက်တယ်။
“ဟာ…..
အေးကို ငါ့သားကြီိး…..
ပါးစပ်က အမြှပ်တွေထွက်ပြီး မျက်ဖြူလန်နေတဲ့
သူ့သားကို..ဘိုးပိုင်တွေ့လိုက်ရတယ်။
ခုမှသူသတိထားမိတာက..ပိုးသတ်ဆေး
အနံ့တွေက တဲထဲမှာ..ထောင်းထနေတယ်။
“ငါ့သား…ငါ့သားကြီး…အေးကို..
အမလေးဗျာ..အဖေကြောင့် ငါ့သားကြီး
ခုလိုဖြစ်ရတာ.. .သားကြီး…
တဖြည်းဖြည်း တောထဲမှာမှောင်လာပြီ…
ဘိုးပိုင်က အေးကိုအလောင်းကိုဖက်ပြီး
ယူကျုံးမရ ငိုကြွေးနေတယ်။
နောက်တော့..သူ..အိမ်ကမခင်ဆင့်ကို
သတိရလာမိတယ်။
သူ့သားကို..မခင်ဆင်မျှော်နေရှာမှာ..ဆိုတာ
တွေးပြီး..အေးကိုခန္ဓာကိုယ်ကြီးကို..ဘိုးပိုင်က
သူ့ပခုံးပေါ်ထမ်းလိုက်တယ်။
“ဟမြင်းကြီး…ဟ..မြင်းကြီး..
ဆိုပြီး..အေးကိုငယ်ငယ်က သူပခုံးပေါ်တင်ပြီး..ရှင်လောင်းလှည့်တမ်း..
ကစားပေးခဲ့တာကို..ဘိုးပိုင် သတိရမိတော့..
မျက်ရည်တွေက သူလှမ်းလိုက်တဲ့ခြေထောက်
တွေပေါ်ကို ..တောက်ကနဲ့တောက်ကနဲ့..
ကျနေတယ်။
တစ်မိုင်လောက်ရောက်တော့ ..သူ့သားကို
ခဏချပြီး ..ဘိုးပိုင်နားလိုက်တယ်။
တောထဲမှာ..လုံးလုံး မှောင်နေပြီ….
မခင်ဆင့်တော့..ရင်ကျိုးတော့မှာဆိုပြီး
ဘိုးပိုင် တွေးလိုက်မိတော့ ..ပိုပြီး..သူနာကျင်
ရတယ်…
“အဖေ..
ခေါ်လိုက်တဲ့အသံက..
သူ့သားအသံ..နားကြားလွဲတာမဟုတ်မှန်း
ဘိုးပိုင်သိတယ်။
“ငါ့သားရာ….ဆိုပြီးဘိုပိုင်က ရင်ခွင်ထဲက
အေးကိုအလောင်းကိုဖတ်ပြီး ငိုပြန်တယ်၊
နောက်တော့သူ အေးကိုအလောင်းကို
ထမ်းဖို့ပြင်နေတုန်း…ဓာတ်မီးရောင်တွေ
တဝင်းဝင်းနဲ့..လူသံတွေကြားရတယ်။
ရွာကလူတွေလိုက်လာတာထင်တယ်..
ဆိုပြီး..ဘိုးပိုင်..သူ့သားကို ထမ်းပြီး
ခပ်မြန်မြန်လေး လျှောက်လိုက်တယ်။
“ရှေ့မယ်လူဟေ့ ..
ဆိုပြီးဓာတ်မီိးနဲ့ ရွာကလာတဲ့သူတွေကထိုးလိုက်
တော့..မျက်ရည်လည်ရွဲနဲ့ သားကိုထမ်းလာတဲ့
အဖေကို တွေ့လိုက်ကြတယ်။
ဒီအထိ..အေးကိုမူးလို့ ဘိုးပိုင် ထမ်းလာတာလို့
ထင်ကြတုန်းပဲ။အနားရောက်တော့မှ..
သားရဲ့အလောင်းကို..ထမ်းလာရှာတဲ့
သားအဖနှစ်ယောက်ရဲ့ အဖြစ်ကို သိပြီး..
ရင်ထုမနာဖြစ်ကြရတယ်။
……………………………..
“အရီးလေး…အေးကိုပြန်မလာလို့ဆို…
“အေးဟုတ်တယ်..မသောင်းရေ..သူ့အဖေ
လိုက်သွားတာ..ပေါ်မလာလို့..တင်ဝင်းတို့
လူစုနောက်က..လိုက်သွားကြတာပဲအေ..
ငါ့သားလေး .တစ်ခုခုများဖြစ်နေလား
မသိပါဘူးအေ….
ပြောနေရင်းက..ဘွားခင်ဆင့်ကငိုလိုက်တယ်။
“အရီးကလည်း..အေးကိုဘာမှမဖြစ်လောက်
ပါဘူးတော်…ပြန်လာမှာပါ…
မသောင်းက..ဘွားခင်ဆင့်ကို..အားပေးလိုက်
တယ်။ဘွားခင်ဆင့်အနားမှာ..မိန်းမ..ယောက်ျား
ဆယ့်ငါးယောက်လောက်ရှိတယ်။
အညာဒေသမှာ..တစ်ဦးတစ်ယောက်..
ခုလို..အခက်အခဲ ကြုံပြီဆိုရင်..ဝိုင်းဝန်းကူညီ
ပေးပြီး..ခုလိုအားပေးကြတယ်။
“ဟော…ကိုပိုင်ထင်တယ်..ပြန်လာပြီ.
ဝိုင်းပေါက်ကနေ..အမှောင်ရိပ်ထဲက ဝင်လာတဲ့
လူကို..ထိုင်နေတဲ့..ကိုသံချောင်းက
ပြောပြောဆိုဆို ဓာတ်မီးနဲ့ထိုးလိုက်တယ်။
ညှိးငယ်နေတဲ့..မျက်နှာနဲ့ ဘိုးပိုင်က..
အိမ်ရှေ့ကွပ်ပျစ်..လူတွေစုထိုင်နေတဲ့နား
မက်တပ်ရပ်ကြီးနဲ့..ခေါင်းကြီးငုံ့နေတယ်…
သူ့ယောက်ျား ဘိုးပိုင်ကိုကြည့်ပြီး..ဘွားခင်ဆင့်က
“ကိုပိုင်..တော် ကလေးကို..အတင်းရိုက်နှက်
လာတယ်မို့လား….ခုကျုပ်သား..
အေးကိုလေး..ဘယ်မတုန်း..တော့်ကြောက်ပြီး
ကလေးက..
အိမ်လိုက်မလာရဲဘူးမို့လား…
ဘိုးပိုင်ပခုံးကိုလှုပ်ရမ်းပြီးဘွားခင်ဆင့်ကမေးတယ်။
ဘာမှမပြောပဲ ဘိုးပိုင်က..မျက်ရည်တွေသာ
ကျနေတယ်၊
“ကိုပိုင်..ကျုပ်သားလေးရော..
ကိုပိုင်…
ပခုံကြီးနှစ်ဖက်ကို တွန်းထိုးပြီး ဘွားခင်ဆင့်က
မေးနေတယ် …..
“နင့်သားကို…ငါ…
ငါ…..ငါ….ခေါ်ခဲ့ပါတယ်..မခင်ဆင့်ရယ်..
“ဒါဖြင့်..အေးကိုက..ဘယ်မတုန်း.. ..
“ရွာထဲမသွင်းရဘူးဆိုလို့…
ရွာပြင်ဇရပ်မှာ..ငါသားလေးကို..
ထားခဲ့ရလို့..နင်ရှေ့ငါ ခေါ်မလာနိုင်တာပါ..
ခင်ဆင့်ရယ်…ဟီး..ဟီး…
“တော်….ဘာလို့ ကျုပ်သားက..ရွာပြင်ဇရပ်
နေခဲ့တာတုန်း…
ဘိုးပိုင်..စိတ်ကို..အတက်နိူင်ဆုံး..
ထိန်းလိုက်တယ်..သူကခုလိုကြီးဖြစ်နေရင်..
မွေးထားရတဲ့ မအေကြီးက..ပိုဆိုးလိမ့်မယ်။
“မခင်ဆင့်..မင့်သားလေး..ဆုံးရှာပြီ…
အဲဒါ…ရွာအပြင်မှာ..သေတဲ့အလောင်း..
ရွာထဲမသွင်းရဘူးဆိုလို့.. ငါ..ရွာပြင်ဇရပ်မှာ
နင့်သားလေးကို..ထားခဲ့ရတယ်ဟာ….
“တော်……
တော်…ဆိုတဲ့..စကားလေးတစ်လုံးသာ..
ဘွားခင်ဆင့်က ပြောလိုက်ရှာတယ်။
“ကျုပ်သား…အေးကိုလေးက..သေသွားလို့
ပြန်မလာရှာတာကိုး…..
“အမေ….
အမေလို့ခေါ်လိုက်တဲ့အသံ..ဘွားခင်ဆင့်က
ကြားလိုက်တယ်…မီးဖိုခန်းဘက်က..
ခါတိုင်းဆို..နွားတွေသွင်းပြီးလို့အိမ်ရောက်
တာနဲ့..အမေဘာဟင်းတုန်း…ကျုပ်ထမင်း
ဆာလို့ဗျ…ဆိုပြီး..ရေတောင်မချိုးပဲ…
ထမင်းကို..အားပါးတရစားရှာတာ….
ခုလည်း…သူ့ခမျာ..ထမင်းဆာလိုနေမှာ..
မီးဖိုဆောင်ဖက်က..ခေါ်နေရှာတာ….
ဘွားခင်ဆင့်က မီးဖိုဆောင်ဖက်..
ပြေးထွက်သွားတယ်..
“သား..အေးကို..လူလေး..ထမင်းဆာလို့လား..
စိတ်ကယောင်ချောက်ချားဖြစ်နေရှာတဲ့…
သူ့မိန်းမကို ဘိုးပိုင်က.. .
“မခင်ဆင့်..စိတ်ထိန်းပါကွာ…မင့်သားက
ရွာပြင်မှာ..လာလာ..
ဆိုပြီး..အေးကို အလောင်းထားတဲ့..ရွာပြင်ဇရပ်
ဆီခေါ်သွားတယ်။ရွာပြင်ဇရပ်မှာ..တစ်ရွာလုံးက
လူတွေရောက်နေကြတယ်။
ယဉ်မိုးဆိုတဲ့ အေးကို ကောင်မလေးက
အေးကိုအလောင်းနားထိ မသွားပဲ..
ချောင်ကျတဲ့နေရာလေးကနေ..တသိမ့်သိမ့်
ရှိုက်ငိုနေရှာတယ်..ဖြစ်နိူင်ရင်..
အေးကိုအလောင်းကို ဖက်ပြီး..သူမအားပါးတရ
ဝမ်းပမ်းတနည်းကို..ငိုပစ်လိုက်ချင်တာ…
“ဟဲ့..နောက်ကိုဖယ်ကြစမ်း…ခင်ဆင့်တို့လင်မယား
လာတယ်…
အဘိုးကြီးတစ်ယောက်က ပြောတော့ အလောင်းကို
ဝိုင်းအုံနေရာက..လူတွေဖယ်ပေးကြတယ်။
အေးကို အလောင်းကို ကုတင်လေးပေါ်
တင်ပြီးထားကြတယ်။
မနက်ခင်းက ဝတ်သွားတဲ့ ဖျင်လက်ရှည်လေးနဲ့ ဆိပ်ခွန်ပုဆိုးအပြာလေး…
သူ့သားကိုကြည့်ပြီး..မခင်ဆင့်..ဆို့နင့်နေမိသည်။
တောင့်တင်းအေးစက်နေတဲ့..သားမျက်နှာ
လေးကို..နမ်းလိုက်တယ်။
ဘုန်း….
“ဟ..ဟ..ခင်ဆင့်..တက်သွားပြီ..
“နှိပ်ပါဟ…
“နှာခေါင်းရိုးနှိပ်..
“ခြေမ..နာနာချိုး..ပါဟ..
“ခင်ဆင့်..မခင်ဆင့်..
ဘွားခင်ဆင့်က ပြန်ပြီးသတိမလည်လာတော့ဘူး..
သားစိတ်က…နှလုံးကိုရိုက်ခတ်ပြီး…
ရင်ထဲမှာ..ဝမ်းနည်းလို့..အလုံးဆို့သွားတာလို့
ပြောကြတယ်။..တကယ်က..ရင်ကွဲနာ ကျပြီး.
ဘွားခင်ဆင့်..သေသွားရှာတာ။
မိန်းမနဲ့..သားရဲ့အလောင်းကို ကြည့်ပြီး…
ဘိုးပိုင်..တွေတွေကြီးရပ်နေမိတယ်…
မျက်ရည်တွေလည်းကျမလာတော့ဘူး….
လူတွေက..သူ့ကိုစိုးရိမ်တကြီးနဲ့…
ကြည့်နေကြတယ်။
ဘိုးပိုင်က..သားနဲ့မယားအလောင်းကို
ကျောခိုင်းပြီး ရပ်နေတယ်။
နောက်တော့..သူက..လူတွေကိုထားပြီး
လှစ်ကနဲ့..အမှောင်ထဲပြေးထွက်သွားတယ်။
“မောင်ပိုင်…
“ဘိုးပိုင်…
“လုပ်ပါဟ..ငပိုင်
”စိတ်လေပြီးပြေးသွားတာဟ..
“လိုက်ကြပါဟ…
ရုတ်ရုတ်သဲသဲနဲ့လူတွေကျန်နေခဲ့တယ်။
………………………..
လူတွေကိုထားပြီး..ဘိုးပိုင်က..သူအမြဲတမ်း
ယာထွန်တဲ့အခါ..သွားပြီး..ဝေယျာဝစ္စ..
လုပ်တဲ့..သူ့ယာနားက …တောကျောင်းလေး
ကို..မှောင်မည်း နေတဲ့ကြားထဲက..အတင်းပြေး
တယ်…ကျောင်းဝရောက်တော့…မီးအိမ်လေး
ထွန်းထားတဲ့ ဆရာတော်ကြီး သီတင်းသုံးတဲ့
အခန်းလေးထဲ..သူဝင်လိုက်တယ်..
ဆရာတော်ကြီးက..မျက်စိမှိတ်ပြီး ကုလားထိုင်မှာ
ထိုင်ရင်း..ပုတီးစိပ်နေတယ်။
ဘိုးပိုင်က..ဦးသုံးကြိမ်ဦးချ …လက်အုပ်ချီပြီး
နေတယ်။.ခဏနေတော့..ဆရာတော်ကြီးက
မျက်စိဖွှင့်ပြီး..သူ့ရှေ့က ဘိုးပိုင်ကိုကြည့်တယ်။
ဒီတင် ဘိုးပိုင်က..
”တပည့်တော်ဒုက္ခတွေ..
ကယ်ပါအုံး.ဘုရား..ခုတပည့်တော်မှာ..
ဆရာတော်ကြီးက ဘိုးပိုင်ကို လက်ကာပြတယ်..
ဆက်မပြောနဲ့..ငါသိတယ်ဆိုတဲ့..သဘော…
“ဒကာကြီး..ဘုန်းကြီး..ရှည်ရှည်ဝေးဝေး
မပြောတော့ဘူး…..အင်းဝခေတ်က..
နန်းမတော်မယ်နုကို..ဆရာတော်ဦးဗုဓ်..
ပြောသလိုပဲ……
ဒကာကြီး…သူ့အကြွေးရှိရင်
ဆပ်လိုက်….ခု..ဒကာကြီးကြုံနေရတဲ့..
ဒုက္ခ တွေဆိုတာ..သံသရာမှာ..တစ်ချိန်က
ဒကာကြီး..အကြွေးတင်လာခဲ့လို့ပဲ..
ကျေကျေနပ်နပ် ဆပ်လိုက်ပါဒကာကြီး…
ဆရာတော်ကြီး..မိန့်ကြားတာကြားပြီး..
ဘိုးပိုင်..စိတ်ထဲ..စောစောကလို..မပူလောင်
တော့ဘူး…သံသရာမှာ..သူအကြွေးရှိခဲ့လို့
ခုလို..ကြုံရဆပ်ရတယ်ဆိုတာ..မြင်လာတယ်..
“တပည့်တော် နားလည်ပါပြီဘုရား…
ဆရာတော်ကြီးကို..ဘိုးပိုင်က..နှစ်နှစ်ကာကာ
ကြည်ညိုပြီး..ကန်တော့လိုက်တယ်။
နောက်..ရွာထဲပြန်လာပြီး..ဇနီး နဲ့သားရဲ့..
နာရေးကို..အကောင်းဆုံးဖြစ်အောင်..စီစဉ်ပေးတယ်။
မြေချတဲ့အထိ..မျက်ရည်တစ်စက်..
မကျတဲ့ ..ဘိုးပိုင်ကို..တစ်ရွာလုံးကရော..
တစ်ခြားရွာနီးစပ်က..သတင်းကြားလို့..
လာတဲ့သူတွေကပါ..အံ့ဩကြရတယ်။
အလောင်းတွေ..မြေကျပြီးတာနဲ့..
ဘိုးပိုင်က..တောကျောင်းလေးကို
ချက်ချင်းသွားပြီး…ဆရာတော်ကြီးထံ
ခွင့်တောင်းပြီး..သာသနာ့ဘောင်ထဲမှာ..
ဥူးပညာဝံသ..ဘွဲ့အမည်နဲ့..တရားအားထုတ်ရင်း…
ပျံလွန်တော်မူတဲ့အထိ…
နောင်သံသရာမှာ ခုလိုမျိုး..အကြွေးမဆပ်
ရအောင်..နေသွားလေတော့တယ်.။
ပြီးပါပြီ.. .
✍၂၅.၈.၂၀၂၃
#ပီယ_ရွှေညာမြေ