အနှောက်အယှက်

အနှောက်အယှက်(စ/ဆုံး)
————————
ဧရာဝတီတိုင်း မြိုင်သာကျေးရွာလေးမှာ
ဦးစံထူးနှင့် ဒေါ်ရင်မေတို့ ဇနီးမောင်နှံသည် သားနှစ်ယောက်နဲ့အတူနေထိုင်ကြသည်။သားနှစ်ယောက်မှာ အကြီးက ဖိုးအောင် အငယ်ကဖိုးမောင်တို့ဖြစ်ပြီး ဖိုးအောင်က အသက်(၂၀)ရှိပြီး ဖိုးမောင်က(၁၅)နှစ်ခန့်သာရှိ၏။ဆင်းရဲနွမ်းပါးတဲ့ မိသားစုဖြစ်လို့ သားနှစ်ယောက်ကို လယ်ပိုင်ရှင်တွေဆီမှာ အခကြေးငွေနဲ့ သူရင်းငှား လုပ်ခိုင်းရလေသည်။
ယခုနှစ်မှာတော့ ရွာထဲက ဖိုးမောင် သူရင်းငှါးလုပ်တဲ့ ဦးမြမောင်က သူ့သားတွေနဲ့ရွာထဲက ကလေးတွေကို ရှင်ပြု အလှူ ပွဲလုပ်ပေးမှာဖြစ်၍ ဖိုးမောင်က ဒေါ်ရင်မေကို
“အမေ ရွာထဲကအလှူ ပွဲကျရင် သားလဲ ကိုရင်ဝတ်ချင်တယ်….သားသူငယ်ချင်းတွေလဲ ဝတ်ကြမှာ….သားလဲ စရင်းငှါး အလုပ်ပီးချိန်နဲ့တိုက်နေတာ….သားကိုလဲရှင်ပြုပေး”
“အေးပါ သားရယ်…အမေ မင်းအဖေနဲ့ တိုင်ပင်ကြည့်ပါဦးမယ်….အလှူကလဲ လိုသေးတာပဲ”
လို့ပြန်ပြောလိုက်ပါသည်။
“အမေ.အဖေ့ကို ရအောင်ပြောပေးနော်…သားကိုရင် အရမ်းဝတ်ချင်လို့ပါ…ဦးမြမောင်ကပြောတယ်…သင်္ကန်း ပရိက္ခရာပဲဝယ်..ကျန်တာမလိုဘူးတဲ့”
“အေးပါ..သင်္ကန်းပရိက္ခရာဖိုးတော့ အမေတို့ တတ်နိုင်ပါတယ်….မင်းအဖေကိုပြောပြီး အလှူမှာ ထည့်ပေးမယ်”
“တစ်ကယ်နော်..အမေ သားအလုပ်သွားလုပ် လိုက်ဦးမယ်”
လို့ ပြောပြီး အလုပ်ရှင် ဦးမြမောင်တို့ အိမ်ကို ထွက်လာခဲ့ပါတော့သည်။
ဒေါ်ရင်မေက ဦးစံထူးနဲ့ ဖိုးအောင်ကို ပြောပြတော့ ဖိုးအောင်က
“ဟုတ်တယ်.အမေ အလှူက အလုပ်ပီးမှပဲ ညီလေးကို ရှင်ပြုပေးလိုက်ပါ….
ဦးစံထူးကလဲ
“ရင်မြရယ် သားလေးက အရမ်းဝတ်ချင်နေတာ..ဒို့လဲ တတ်နိုင်တာပဲ…ငါ ဦးမြမောင်နဲ့ တိုင်ပင်ပြီး သားလေးကို အလှူ မှာ ထည့်လှူလိုက်မယ်”
ဒီလိုနဲ့ ဦးစံထူးက ဖိုးမောင်ကို အလှူ မှာ ထည့်လှူ ပေးဖို့ပြောတော့ ဦးမြမောင်က ဝမ်းသာအားရလက်ခံလေသည်။ဒါ့ကြောင့် ဖိုးမောင်လဲ ပျော်ရွှင်နေလေသည်။ဖိုးမောင် သူရင်းငှါးလုပ်တဲ့
ဦးမြမောင်ရဲ့ လယ်ကွက်တွေဟာ ရွာနောက်ဖက်က ရိုးချောင်းလေးရဲ့ ဘေးမှာဖြစ်ပြီး
လယ်ကွက်တွေရဲ့ ထိပ်မှာ အဓိကရ ထိန်ပင်
ကြီးတစ်ပင်ရှိသည်။ထိန်ပင်ကြီးဟာ လွန်ခဲ့
တဲ့နှစ်များစွာကထဲက ရှိခဲ့ပြီး သဘက်ကြီးနေ
တယ်လို့ သတင်းကြီးတာကြောင့် မည်သူကမှ
မခုတ်လှဲရဲချေ။
တစ်ဖြည်းဖြည်းနဲ့ အလှူ ပွဲကလဲ နီးကပ်လာတဲ့အချိန် ဖိုးမောင်တို့လဲ အလုပ်တွေ လက်စသက်နေချိန်ပေါ့။ဒေါ်ရင်မေက ဖိုးမောင်ကို
“သားလေး… အခုအချိန်မှာ အစစ အရာရာဂရုစိုက်ပါ…ရှင်ပြု မဲ့သူကို အဖျက်အဆီးတွေရှိတယ်…ဒါကြောင့် ရေထဲလဲ မဆင်းပါနဲ့…အမြင့်တွေပေါ်လဲ မတက်ပါနဲ့…အမေလဲ မနက်ဖြန် ဦး
မြမောင်တို့နဲ့ မြို့သွားပီး သင်္ကန်း ပရိက္ခရာတွေ
သွားဝယ်တော့မှာ”
လို့ မှာတော့ ဖိုးမောင်က
“ဟုတ်ကဲ့ စိတ်ချပါ အမေ သားဂရုစိုက်ပါမယ်..
နောက်နှစ်ရက်လောက်ဆို သားတို့ အလုပ်တွေလဲ ပီးပြီ…သား ဆရာတော်ဆီမှာ သင်္ကန်းတောင်း သွားသင်ရတော့မယ်…အလှူ ကလဲ (၁၅)ရက်ပဲ လိုတော့တယ်”
“အေး အေး သားလေး သေချာကြိုးစားနော်”
လို့ မှာလိုက်ပါသည်။
နောက်နေ့ နေ့လယ်ပိုင်းမှာတော့ ဖိုးမောင်တို့လဲ အလုပ်တွေပီးပါပြီ။နောက်နေ့ဆို ဆရာ
တော်ကျောင်းမှာ သူငယ်ချင်းတွေနဲ့ သင်္ကန်း
တောင်းသွားကျက်ရတော့မည်မို့ ဖိုးမောင်တစ်
ယောက် အလွန်ပျော်ရွှင်နေပါသည်။ညနေပိုင်း
မှာတော့ အလုပ် အတူလုပ်တဲ့ ကိုဘအေးမှ
“ဖိုးမောင်ရေ.. ထိန်ပင်ကြီးဘေးက ရိုးချောင်လေးမှာ ရေနည်းပြီး ငါးတွေပေါ်နေတယ်….မင်း
နဲ့ငါသွားဖမ်းရအောင်….ဟင်းစားရတာပေါ့ကွာ”
“အကိုကြီးဘအေးကလဲ ထိန်ပင်ကြီးက သရဲ
ရှိတယ်ဆို …ကြောက်တယ်ဗျ”
လို့ပြောတော့ ကိုဘအေးက
” ဟ ဖိုးမောင်ရ အစောကြီးရှိသေးတာ…
ဘယ်ကသရဲက ခြောက်မှာလဲ…ငါတစ်ယောက်လုံးပါပါတယ်…လာပါကွ”
ဒါနဲ့ ဖိုးမောင်လဲ ကိုဘအေးနဲ့ ငါးဖမ်းဖို့ လိုက်
သွားပါတော့သည်။ထိန်ပင်ကြီးဘေး ရိုးချောင်း
စပ်နားရောက်တော့ ရေနည်းနေလို့ ငုတ်ချ ည်
ပေါ်ချ ည်ဖြစ်နေတဲ့ ငါးရံ့ ငါးပြေမ အကောင်
နှစ်ဆယ်ခန့်ကို တွေ့တော့ ကိုဘအေးမှ
“တွေ့လား ဖိုးမောင်..ငါးတွေက အကောင်ကြီး
တွေချ ည်းပဲဟ…သေချာဖမ်း”
ဟုဆိုကာ ဆင်းဖမ်းပါတော့သည်။ဖိုးမောင်လဲ ရိုးချောင်းထဲဆင်းဖို့ လုပ်ရင်းမှ မျက်စိကထိန်ပင် ကြီးဆီကို အမှတ်မထင်ရောက်သွားမိသည်။
ထိုအခါ ထိန်ပင်ကြီးပေါ်မှ မဲမဲအကောင်ကြီး
တကောင်က သူ့ကို လှမ်းကြည့်နေသည်ကို
တွေ့လိုက်ရသည်။တစ်ကိုယ်လုံး ကျက်သီးများ
ထသွားသဖြင့် ကိုဘအေးကို ပြောဖို့ လှမ်းကြည့်လိုက်တော့ ကိုဘအေးက ငါးများကို မဲ၍ဖမ်း
နေသည်။ဒါနဲ့ ထိန်ပင်ကြီးဆီကို မရဲ တရဲလှမ်း
ကြည့်လိုက်တော့ ဘာမှ မတွေ့ရတောချေ ။သူ
အမြင်ပဲ မှားလေသလားဟု ဇဝေဇဝါတွေးရင်း
ရိုးချောင်းထဲဆင်းကာ ငါးများကို ဖမ်းနေမိတော့သည်။သူအရင်ဆုံး ဖမ်းမိတဲ့ ငါးပြေမကြီးက
သူ့လက်ထဲမှာ ရုန်းကန်နေသည်။နောက်ထပ်
ငါးများကို ထပ်ဖမ်းဖို့ ငါးပြေမကြီးကို ခေါင်းမှကိုက်ထားလိုက်ပြီး နောက်ထပ်ငါးများကိုထပ်ဖမ်း
လိုက်သည်။ထိုအချိန်တွင် ကိုဘအေးမှာငါးဖမ်း
ရင်း သူနှင့် ခပ်ဝေးဝေးသို့ ရောက်ရှိနေသည်။
ဖိုးမောင်လဲ ငါးဖမ်းနေရင်းမှ ခြေသံလိုလို ကြား
ရ၍ လှည့်ကြည့်လိုက်သောအခါ ထိန်ပင်မှ
မဲမဲအကောင်ကြီး သူ့ဆီဆင်းလာနေသည်ကို
တွေ့လိုက်ရသည်။ဖိုးမောင်မှာ အကြောက်လွန်
နေပီး ကိုဘအေးကိုလဲ အော်မပြောနိုင်။မဲမဲအ
ကောင်ကြီးက သူ့အနားရောက်လာပီး သူ့ခေါင်းကိုကိုင်ကာ ပါးစပ်တွင်ကိုက်ထားသော
ငါးပြေမအရှင်ကြီးကို ပါးစပ်အထဲသို့ အတင်းထိုးထဲ့လိုက်လေသည်။ဖိုးမောင်မှာ ရုန်းလဲ
မရုန်းနိုင် အော်လဲမအော်နိုင်တော့ပေ။ပါးစပ်
ထဲမှ ငါးပြေမ အရှင်ကြီးမှာ လည်ချောင်းတွင်းသို့ အတင်းတိုးဝင်နေသည်။ငါးပြေမဆူးတောင်များကြောင့် အာခေါင်များ ကွဲပြဲ၍ သေလုမတတ် နာကျင်စွာခံစားရသည်။ငါးပြေမကြီးက လယ်ချောင်းဝတွင် တစ်နေပီး အသက်ရှူ ကျပ်
လာသဖြင့် ကိုဘအေးအား လှမ်းခေါ်လိုက်သည်။
“အီး..အီး..အစ်..အစ်..”
ဟုသာ အသံထွက်နိုင်တော့သည်။ကိုဘအေး
လဲ အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ
အသံမထွက်နိုင်ပဲ မျက်လုံးပြူ း မျက်ဆံပြူ း
ဖြစ်နေသော ဖိုးမောင်ကိုတွေ့ရသဖြင့်
“ဖိုးမောင်…မင်းဘာဖြစ်နေတာလဲ”
ဟု မေးရင်း အနားသို့ပြေးလာတော့သည်။
ကိုအေးပြေးလာမှ မဲမဲအကောင်ကြီးလဲ ပျောက်
ကွယ်သွားလေသည်။ကိုဘအေးအနားရောက်
လာတော့ ဖိုးမောင်မှာ အသံမထွက်နိုင်တော့
ပဲ ပါးစပ်ထဲသို့ လက်ညှိုးထိုးပြလေသည်။ကိုဘအေးက ပါးစပ်ကိုဖြဲကြည့် လိုက်ရာ ငါးပြေမ
ကြီး လယ်ချောင်းဝတွင် တစ်နေသည်ကိုတွေ့ရ
၍ ဆွဲထုတ်ဖို့ ကြိုးစားသော်လဲ နောက်ကိုပြန်မ
ထွက်ပဲ ရှေ့သို့သာ တိုးဝင်နေသည်။ဒါကြောင့်
ဖိုးမောင်ကို ပွေ့ချီကာ ရွာသို့ ပြန်ပြေးလာတော့သည်။ဦးမြမောင်အိမ်ကိုရောက်တော့ ဖိုးမောင်မှာ သတိလစ်နေပီ။ဦးမြမောင်လဲ ကိုဘအေး
ဖိုးမောင်ကိုပွေ့ချီပီး အသဲအသန်ပြေးလာသည်
ကို တွေ့သဖြင့်
“ဟ..ဘအေး..မင်းတို့ ဘာဖြစ်လာကြတာလဲ
ဖိုးမောင် ဘာဖြစ်တာလဲ”
“ငါးဖမ်းရင်း ဖိုးမောင် ပါးစပ်ထဲကို ငါးပြေမ
ကြီး ဝင်သွားလို့ဗျ …ဆွဲထုတ်လို့လဲ မရဘူး…အဲ့ဒါကြောင့် ပွေ့ပီး ရွာကို ပြန်ပြေးလာခဲ့တာ”
“ဘယ်လိုများ ဖြစ်ကြရတာလဲကွာ…ဖိုးမောင်
က ရှင်ပြုရတော့မှာ…ဒုက္ခပါပဲ…ဖိုးမောင်…
ဖိုးမောင်…ခေါ်လို့လဲ မရတော့ဘူးဟ..သူ့အဖေ
နဲ့ အမေကို သွားခေါ်ကြပါဦး”
ဟုပြောရာ ဘေးအိမ်မှ ကောင်လေးတစ်
ယောက်က ပြေးခေါ်လေသည်။ရွာသားများလဲ
သတင်းကြား၍ ရောက်လာကြသည်။မကြာခင်
မှာပင် ဦးစံထူးနှင့် ဒေါ်ရင်မေတို့လဲ အပြေးအလွှားရောက်လာကြသည်။
“ကိုမြမောင်..ကျွန်မသားလေး ဘာဖြစ်လို့လဲ
ကျွန်မ ရင်တွေ ပူလိုက်တာ…သားလေး…
သားလေး…ခေါ်လို့မရတော့ဘူး.ဘာဖြစ်တာလဲ”
“လယ်ထဲမှာ ငါးဖမ်းရင်း ငါပြေမကြီးသူ့ပါးစပ်
ထဲ ဝင်သွားလို့တဲ့”
“အမလေး. ကိုစံထူး. လုပ်ပါဦး…သားလေးကို
ခေါ်လို့မရတော့ဘူး…
လို့ဒေါ်ရင်မေက ပြောရာ ဦးစံထူးက
“ကိုမြမောင် ကျွန်တော့သားလေးကို ဆေးရုံ
အမြန်ပို့မှ ဖြစ်မယ်”
ဒီတော့မှ ဦးမြမောင်လဲ သတိရပြီး သူ့အိမ်က
မော်တော်နဲ့ မြို့ဆေးရုံကို ပို့ဖို့လုပ်ပါတော့တယ်။မြို့နဲ့အလှမ်းဝေးတော့ မော်တော်နဲ့နှစ်နာ
ရီလောက်မောင်းမှ မြို့ဆေးရုံကို ရောက်ပါ
တယ်။ဆေးရုံ ပေါ်ရောက်ပီး ဆရာဝန်ကြီးက
စမ်းသပ်ကြည့်လိုက်တဲ့အခါ ဖိုးမောင်မှာ
အသက်မရှိတော့။ဒါ့ကြောင့်ဆရာဝန်ကြီး
မှ
“စိတ်မကောင်းပါဘူးခင်ဗျာ…လူနာမှာ အသက်
မရှိတော့ပါဘူး…ပီးခဲ့တဲ့ တစ်နာရီလောက်က
တည်းက ဆုံးသွားပါပြီ”
လို့ ပြောလိုက်တဲ့အခါ ဒေါ်ရင်မေခမျာ
“အမလေး..သားလေးရယ်…အဖြစ်ဆိုးလှချ ည်
လား..သားလေး ဝတ်ချင်လှတဲ့ ကိုရင်တောင်
ဝတ်မသွားတော့ဘူးလား…အမေ ဘယ်လိုဖြေရမှာလဲ သားလေးရယ်.အီး..ဟီး..ဟီး..
ဖိုးအောင် အလောင်းကိုကြည့်ရင်း အော်ဟစ်
ငိုးကြွေးပါတော့သည်။ဦးစံထူးမှာလဲ သားလေး
ဖိုးမောင်အတွက် ဖြေမဆည်နိုင်အောင် ခံစား
ရင်း မျက်ရည်များ စီးကျနေပါတော့သည်။
ဖိုးမောင်အလောင်းအား ခွဲစိတ်ခန်းထဲသို့
သယ်သွားပီး ပါးစပ်ထဲမှ ငါးပြေမကြီးကို ခွဲစိပ်
၍ ထုတ်လိုက်ပါသည်။ထို့နောက် ဖိုးမောင်အ
လောင်းကို ဆေးရုံမှာပင် သင်္ဂြိုလ်လိုက်ကြသည်။ထို့နောက် စိတ်မကောင်းခြင်းများစွာနဲ့ရွာကို ပြန်လာခဲ့ကြတော့သည်။အိမ်ရောက်မှ အလုပ်မှ သတင်းကြား၍ ပြန်လာသော ဖိုးအောင်
မှာလဲ ရှင်မပြုရသေးခင် ဆုံးပါးသွားသော ညီ
ဖြစ်သူအတွက် ကြေကွဲမဆုံး။တစ်ရွာလုံးမှာလဲ
ဖိုးမောင်အတွက် ဝမ်းနည်းနေကြသည်။
ဒီလိုနဲ့ အလှူ ပွဲကျင်းပဖို့ သုံးရက်သာ လို
တော့တဲ့အချိန်။ရွာထဲမှ လူကြီး လူငယ်များမှာ
အလှူပွဲ ကျင်းပနိုင်ဖို့ ဦးမြမောင်အိမ်တွင်မဏ္ဍပ်
ထိုးသူက ထိုး .အမျိုးသမီးများကလဲ ကြက်သွန်
လှီးနေကြသည်။ ကြက်သွန်လှီးနေသည့် ဂျမ်းဘုံမှာ ကြက်သွန်လှီးနေရင်းမှ ရုတ်တရက် ထငိုလေသည်။ဒါကြောင့် လူကြီးများက
“ဟဲ့..ဂျမ်းဘုံ …ဘာဖြစ်လို့လဲ”
လို့မေးကြတော့
” ကျွန်တော် ဂျမ်းဘုံ မဟုတ်ပါဘူး..ဖိုးမောင်ပါ…
အဖေနဲ့ အမေကို ခေါ်ပေးကြပါ..”
ဟု ပြောတဲ့အတွက် လူငယ်များမှ ဦးစံထူးနှင့်
ဒေါ်ရင်မေကို ပြေးခေါ်ကြလေသည်။ ဦးစံထူး
နှင့်ဒေါ်ရင်မေတို့ရောက်လာတော့
“အဖေနဲ့ အမေ..သား ဖိုးမောင်ပါ…အဖေနဲ့
အမေ့ကို ပြောစရာရှိလို့ပါ”
“သားလေးဖိုးမောင်..သားလေး ဘာဖြစ်ချင်လို့လဲ..ပြော.အဖေတို့ အကုန်လုပ်ပေးမယ်”
“သားသေရတာ တစ်ခြားကြောင့်မဟုတ်ဖူး…
ထိန်ပင်က သရဲကြီးကြောင့်…သား ငါးပြေမကို
ပါးစပ်မှာ ကိုက်ထားတာကို ထိန်ပင်ကသရဲကြီး
ဆင်းလားပီး ပါစပ်ထဲကို အတင်းထိုးထဲ့လိုက်
လို့ သား အာခေါင်တွေကွဲပီး အသက်ရှူ မရလို့
သေခဲ့ရတာ…ခုလဲ ထိန်ပင်မှာ သရဲကြီးနဲ့
အတူ နေနေရတယ်…စားစရာလဲ မရှိဘူး…
သား ပါးစပ်ထဲကလဲ အရမ်းနာနေတယ်. ..
ဒါကြောင့် ရှင်ပြုတဲ့အခါမှာ သားကိုပါထဲ့ပြုပေး
ပါ. ..ပီးရင် အမျှဝေပေးပါ..ဒါမှ သား ခံစားနေရ
တဲ့ ဒုက္ခတွေက လွတ်မှာ..ရှင်လောင်းလှည့်ခါ
နီးရင် ထိန်ပင်ကြီးကို လာပီးခေါ်ပါ…ထိန်ပင်က
သစ်ခက်တစ်ခက်ကို ချိ ုးယူလာပီး သားတွက်
ဝယ်ထားတဲ့ ပရိက္ခရာတွေနဲ့ ရှင်လောင်းလှည့်ပေးပါ ..ပီးရင် သားနံမည်ကို ခေါ်ပီး အမျှ
ဝေပေးပါ”
“အေးပါ..သားလေးရယ်..အမေတို့ အကုန်လုပ်
ပေးပါမယ်..”
“ဒါဆို သားသွားတော့မယ်..ခုတောင် အမေတို့ကို ပြောစရာရှိလို့ ရွာစောင့်နတ်ကို တောင်း
ပန်ပီး လာခဲ့ရတာ..သားမှာတာတွေကို သေချာလုပ်ပေးပါ”
လို့ပြောပီး ထွက်သွားပါတော့သည်။
အလှူ ပွဲ စတင်ပီး ရှင်လောင်း လှည့်ခါနီး
တော့ ဦးစံထူးနဲ့ ဖိုးအောင်တို့က ထိန်ပင်ကြီး
ဆီသွားပီး
“သားလေး ဖိုးမောင်ရေ …ရှင်လောင်းလှည့်
တော့မှာမလို့ အဖေတို့ လာခေါ်တာ…သား
လေး လိုက်ခဲ့”
လို့ ပြောပီး သစ်ခက်လေးတစ်ခက်ကို ချိုးယူ
လာလိုက်ပါတယ်။ဖိုးအောင်မှာ သစ်ခက်လေး
ကို ကိုင်လာရင်း သစ်ခက်လေးမှာ လေးလာသလို ခံစားရပီး ကြက်သီးများလဲ ထလာပါတယ်။အလှူ ကိုရောက်တော့ ဖိုးမောင်အတွက် ဝယ်
ထားတဲ့ သင်္ကန်းပရိက္ခရာတွေရဲ့ ဘေးမှာ သစ်ခက်လေးကို ထားပြီး ရှင်လောင်းလှည့်ကြပါသည်။အလှူ ပွဲ ကို လာကြတဲ့ ပရိတ်သတ်များ
မှာလဲ ဖိုးမောင်အဖြစ်ကိုကြည့်ပီးစိတ်မကောင်း
နိုင် မျက်ရည်ကျ ကြရသည်။အဆိုးဆုံးကတော့
ဖိုးမောင်အမေ ဒေါ်ရင်မေနှင့် ဦးစံထူး တို့ဖြစ်
သည်။
ရှင်လောင်းလှည့်ကြတော့ တောရွာအလှူ ပွဲ
ဖြစ်၍ ရှင်လောင်းများကို လူနဲ့ပဲထမ်းပီး လှည့်
ကြတဲ့အခါ ဖိုးမောင်အား ခေါ်လာသည့် သစ်
ခက်ကလေးကို ထမ်းသူမှာ ကြက်သီးများထပီး
တဖြည်းဖြည်းလေးလာသဖြင့် ကြောက်လန့်
နေသရာ ဦးမြမောင်မှ
“မကြောက်ပါနဲ့ကွာ…ဘာမှ မဖြစ်ပါဘူး”
ဟုပြောပီး သူကိုယ်တိုင် ဝင်ထမ်းလေသည်။
ရှင်လောင်းလှည့်ပြီးသောအခါ ရွာဦးကျောင်း
ဆရာတော်မှ တရားဟောပါသည် ။ တရားနာ
ပီး ရေစက်ချ အမျှဝေပါသည်။ဆရာတော်မှ
“လွန်ခဲ့သော ဆယ့်ငါးရက်က ကွယ်လွန်သွား
ရှာသော မောင်ဖိုးမောင်နှင့်တစ်ကွ သုံးဆယ့်
တစ်ဘုံမှာ ရှိကြသော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါအပေါင်း ကြားကြား သမျှ အမျှ အမျှ
အမျှ ယူတော်မူကြပါကုန်သော် ”
“သာဓု သာဓု သာဓု”
ဒေါ်ရင်မေ နားထဲတွင် ဖိုးမောင်၏ သာဓုကို ပီပီ
သသ ကြားလိုက်လေသည်။
ညရောက်သောအခါ ဦးစံထူးနှင့်ဒေါ်ရင်မေတို့မှာ ဖိုးမောင်ကို သတိရနေသဖြင့် အိပ်မရ။
မိုးလင်းခါနီးမှ အိပ်ပျော်သွားရာ ဖိုးမောင်က သစ်လွင်သော အဝတ်အစားများဖြင့်
“အဖေနဲ့ အမေကို သား လာနှုတ်ဆက်တာပါ..
အမေတို့ အမျှဝေတာကို သာဓုခေါ်ခွင့် ရလို့
ကောင်းမွန်တဲ့ ဘဝကို သွားရတော့မယ်….အဖေနဲ့ အမေကို သားကျေးဇူးတင်ပါတယ်…
ဟု အိမ်မက်ပေးသွားလေသည်။ဦးစံထူးနှင့်
ဒေါ်ရင်မေတို့လင်မယားလဲ ပြိုင်တူနိုးလာကြပီး
ဒေါ်ရင်မေမှ
“ကိုစံထူး သားလေး ကျုပ်ကို အိမ်မက်လာပေး
သွားတယ်…ကောင်းမွန်တဲ့ ဘုံဘဝကို သွားရ
တော့မယ်လို့ နှုတ်ဆက်သွားတယ်…
“ဟင် ဟုတ်လား.. ငါ့ကိုလဲအဲ့လိုပဲ အိမ်မက်
လာပေးသွားတယ်ဟ”
ဦးစံထူးနှင့်ဒေါ်ရင်မေတို့မှာ သားလေး ဖိုးမောင်
အတွက် ဝမ်းသာ ဝမ်းနည်းဖြစ်ပီး မျက်ရည်များ
ကျနေမိပါတော့သည်။
ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်အပိုင်
ရွာလေးတစ်ရွာမှ ဖြစ်ရပ်မှန်ကို ကိုယ်စွမ်း
ဥာဏ်စွမ်း ရှိသလောက် ရေးဖွဲ့ပါသည်။
***********
ပြီးပါပြီ။

ကိုဖြိုး(ကျိုက်လတ်)