Unicode Version
” အောင်မြတ်သာနှင့်ပဌာန်းဆက်ရှာပုံတော် ”(စ/ဆုံး)
—————————————————————
ဇေယန(ရာမည)
တပေါင်းလဖြစ်တဲ့အတွက် အပူရှိန်က မန်ကျီးကိုးပင်ရွာထဲကို အတားအဆီးမဲ့စွာကျဆင်းနေခဲ့တယ်။ ဒါပေမယ့် လူတစ်ယောက်ကတော့အရိပ်အာဝါသကောင်းတဲ့မန်ကျီးပင်အောက်က ကွပ်ပြစ်လေးပေါ်မှာ စာအုပ်ထူကြီးတစ်အုပ်ကို စိတ်၀င်တစားဖတ်ရှုနေလေရဲ့။
“ မိုးထက်မြင့်ရေ..စာအုပ်ကနောက်မှဖတ်လို့ရတယ် ထမင်းအရင်လာစား”
မလှမ်းမကမ်းမှာရှိတဲ့ အိမ်ပေါ်ကနေ လှမ်းအော်လိုက်တဲ့အသံကြောင့် မိုးထက်မြင့်ဆိုတဲ့လူငယ်လေးက ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ပြီး အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။
“ စာအုပ်ထဲစိတ်ရောက်နေတာနဲ့ ထမင်းစားဖို့တောင်မေ့နေတာအမေရယ်.. ဒါနဲ့ အမေရောစားပြီးပြီလား”
“ မင်းနဲ့တူတူစားဖို့စောင့်နေတာလေ… ကိုယ်တော်ချောက စာအုပ်များဖတ်နေရမယ်ဆို ထမင်းမေ့ဟင်းမေ့ပဲ”
မိခင်ဖြစ်သူရဲ့စကားကြောင့် မိုးထက်မြင့်တစ်ယောက် ရယ်ကျဲကျဲလုပ်ပြီး လက်ဆေးရန်အိမ်နောက်ဘေးကိုထွက်သွားခဲ့တယ်။
ထမင်းစားနေရင်း မိခင်ဖြစ်သူက သားဖြစ်သူမျက်နှာကိုငေးကြည့်ရင်း လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကအဖြစ်အပျက်တွေက ခေါင်းထဲကို၀င်လာခဲ့တယ်။
++++++
မိုးတွေသည်းကြီးမဲကြီးရွာနေတဲ့ညသန်းခေါင်အချိန် အိမ်ရှေ့ကနေ စူးစူးဝါးဝါးထိုးဟောင်နေတဲ့ မောင်လုံးရဲ့အသံကြောင့် မလှသိန်းရင်လဲ အိပ်ယာကနေလူးလဲထလိုက်ပြီး အိမ်ထရံပေါက်ကနေချောင်းကြည့်လိုက်ရာ အသက်ခြောက်ဆယ်အရွယ်ဘုန်းတော်ကြီးတစ်ပါးက မိုးရေထဲမတ်တပ်ရပ်ကာ အိမ်ကိုစိုက်ကြည့်နေတာမြင်လိုက်ရတယ်။
“ အလိုလေး.. ညကြီးသန်းခေါင် ဘယ်က ဘုန်းကြီးကြွလာပါလိမ့်… ဒီအချိန်ကြီးမှ လာတာဆိုတော့ မသမာသူများဖြစ်နေမလား”
မလှသိန်းရင်လဲ အတွေးပေါင်းများစွာနဲ့ စဉ်းစားနေတဲ့အချိန် ဘုန်းတော်ကြီးရဲ့ ခန္ဓာကိုယ်ကပျော့ခွေကာ လဲကျသွားတာမြင်တော့ ယောင်္ကျားဖြစ်သူကိုတောင် မနှိုးတော့ပဲ အိမ်တံခါးကိုဖွင့်ကာ မိုးရေထဲပြေးဆင်းပြီး ကြည့်လိုက်ရာ အသက်ခြောက်ဆယ်အရွယ် ဘုန်းကြီးမဟုတ်တော့ပဲ သုံးလသားအရွယ်ကလေး တစ်ယောက်ဖြစ်နေတာကို ထူးဆန်းစွာမြင်လိုက်ရတယ်။
“ အလိုလေး… ဒီကလေးက ဘယ်ကရောက်လာတာလဲ… ခုနကဘုန်ကြီးရော”
ဘေးဘီကိုလိုက်ကြည့်ရင်း ရေရွတ်လိုက်တဲ့အချိန် အနှီးထုပ်ထဲမှာရှိနေတဲ့ကလေးက မလှသိန်းရင်ကို လက်ညိုးထိုးပြီး
“ ကျုပ်ဒီအိမ်မှာ ခေတ္တလာနေချင်တယ်… ကျုပ်ကို အိမ်ပေါ်ခေါ်သွားပေးပါ” လို့ ပီပီသသကြီးပြောတာကိုကြားလိုက်ရတယ်။
သုံးလသားကလေးငယ်က လူကြီးတစ်ယောက်လို စကားပြောတာကြောင့် မလှသိန်းရင်လဲအံ့ဩသွားပြီး ကလေးကိုပွေ့ချီလိုက်တဲ့အချိန် အိမ်မက်ထဲကနေ ဖျတ်ခနဲလန့်နိုးလာခဲ့တယ်။
ဒီအဖြစ်အပျက်တွေက နှစ်နှစ်ဆယ်ကြာခဲ့ပြီဆိုပေမယ့် မလှသိန်းရင်အတွေးထဲမှာတော့ မနေ့တစ်နေ့ကလိုခံစားနေမိနေဆဲ။
“ အမေ … ထမင်းမစားပဲ ဘာတွေစဉ်းစားနေတာလဲ”
“ ဘာမှမဟုတ်ပါဘူး… သားရယ် အလုပ်ကိစ္စခေါင်းထဲရောက်လာလို့ပါ”
“ အဖေရော ထမင်းပြန်စားမှာလား..”
“ ညနေမှပြန်လာမယ်လို့ပြောတယ်…”
မိုးထက်မြင့်လဲ ထမင်းစားပြီးချိန်မှာတော့ မန်ကျီးပင်အောက်က ကွပ်ပြစ်မှာကျောခဏချကာ ထမင်းလုံးစီနေရင်း မှေးခနဲအိပ်ပျော်သွားခဲ့တယ်။
+++++
“ သူပြန်လာပြီဟေ့… ငါတို့ကျွတ်လွတ်တော့မယ်… အဟီးအဟီး”
“ ဘယ်ကလာ… သူက တကယ်လာသေးတာမဟုတ်ဘူး.. ခဏပဲလာတာ ငါပြောတာမယုံရင် ဖိုးသူတော်ကိုသွားမေးကြည့်”
မြူခိုးတွေဖုံးလွှမ်းနေတဲ့ စေတီအပျက်တွေကြားထဲကနေ ထွက်လာတဲ့ စကားသံတွေကြောင့် မိုးထက်မြင့်တစ်ယောက် နားနှစ်ဖက်ကိုလက်နဲ့ပိတ်ပြီး
“ မဟုတ်ဘူး… ငါအိမ်မက်မက်နေတာ… ဒါတကယ်မဟုတ်ဘူး… တကယ်မဟုတ်ဘူး”
ဒီလိုအိမ်မက်မျိုးက မိုးထက်မြင့် သိတတ်စအရွယ်လောက်ထဲက မကြာခဏဆိုသလိုမြင်မက်နေကျ။ နေမကောင်းတဲ့အချိန်တွေ စိတ်အားငယ်တဲ့အချိန်တွေဆိုရင် ဒီလိုအိမ်မက်မျိုးက အမြဲမက်နေကြ၊ ဒါပေမယ့် အခုတော့ ဘာမှမဖြစ်ပဲ ဒီအိမ်မက်ကိုမက်နေတာကြောင့် မိမိကိုယ်ကိုသတိပေးပြီး အနောက်ကိုဆုတ်လိုက်တဲ့အချိန်
“ အိမ်မက်ကနေ တကယ်ဖြစ်လာဖို့ အချိန်ဘယ်လောက်မှမကျန်တော့ပါဘူး… လူလေးဒီနေရာကိုသေချာပေါက်ရောက်လာရမှာ” ဆိုတဲ့အသံကိုကြားလိုက်ရတဲ့အတွက် လှည့်ကြည့်လိုက်ရာ ဗိုက်ပူပူ မျက်နှာပြဲပြဲနဲ့ ဖိုးသူတော်တစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ကျုပ်အိမ်မက်မက်နေတာ… ခင်ဗျားကလဲ အိမ်မက်ထဲကလူပဲ… “
“ စိတ်အေးအေးထားပါ လူလေး… သင်အိမ်မက်မက်နေတာမှန်ပေမယ့် ဒီနေရာမှာနေတဲ့သူတွေကတော့ လူလေးကို စောင့်နေကြတယ်…”
“ အရင်က အိမ်မက်မက်ရင် စေတီပျက်တွေကိုပဲ မြင်ရပြီး ဒီနေ့မှဘာလို့ ကျန်တဲ့အရာတွေကိုပါမြင်နေရတာလဲ”
“ ဒါကတော့ အချိန်ကျလာတာကြောင့် မြင်ရတာပါ… ဟိုး စေတီပျက်ပေါ်ကိုကြည့်လိုက်စမ်း…”
ဖိုးသူတော်က သူ့ရဲ့ တုတ်ခိုင်ကြီးမားတဲ့ လက်ကိုဝှေ့ယမ်းလိုက်ရာ မြူခိုးငွေ့တွေက ဘေးတစ်ဖက်စီကို လွင့်ထွက်သွားပြီး အုတ်ကျိုးအုတ်ပဲ့တွေပြိုကျနေတဲ့ စေတီပျက်ပေါ်မှာ စုတ်ပြတ်နေတဲ့သင်္ကန်းတွေကို ရုံထားကြတဲ့ ဘုန်းကြီးအချို့ကိုမြင်လိုက်ရတယ်။
တစ်ကိုယ်လုံးဖုန်တွေပေကျံနေပြီး ညစ်ပတ်ပေရေနေတဲ့ဘုန်းကြီးအချို့က ၀မ်းသာအားရဖြစ်ဟန်နဲ့ လက်ပြနှုတ်ဆက်နေကြပြီး အချို့ကျတော့ နားရွက်အောက်ထိပြဲလန်နေတဲ့ ပါးစပ်ကိုဖြဲကာ ရယ်ပြနေတာကို ထိတ်လန့်ဖွယ်မြင်တွေ့လိုက်ရတယ်။
“ လူလေး… မြင်ပြီမလား… ဒီသံဃာတော်တွေက အတိတ်ဘ၀က လူလေးနဲ့အတူတူ သာသနာပြုခဲ့တဲ့သူတွေပဲ… သူတို့အားလုံး ကျွတ်လွတ်နိုင်ဖို့ ဒီမှာပြိုပျက်နေတဲ့ စေတီအားလုံးကို လူလေးရဲ့ လက်နဲ့ ထီးတော်တင်ပေးဖို့လိုလိမ့်မယ်”
“ ဒီစေတီအကုန်လုံးကို ကျုပ်က ဘယ်လိုလုပ်ထီးတော်တင်နိုင်မှာလဲ… ကျုပ်မှာပိုင်ဆိုင်တာဆိုလို့ ဘာမှမရှိဘူးလေ”
“ ဒီအတွက် စိတ်မပူပါနဲ့… လူလေးသာ ထီးတော်တင်ချင်တဲ့စိတ်ရှိရင် ကျန်တာသူ့အလိုလိုဖြစ်လာပါလိမ့်မယ်… ဒါနဲ့ မကြာခင် လူလေးအနားကို ယောဂီ၀တ်ပုဂ္ဂိုလ်တစ်ယောက် ရောက်လာလိမ့်မယ်၊ သူက လူလေးဖြစ်ချင်တာကို ပြည့်စုံအောင်ကူညီပေးမှာပါ”
“ ကျုပ် ကျုပ် ဒီကိုလာဖို့ အမေတို့ခွင့်မပြုလောက်ဘူးထင်တယ်… အမေက ကျုပ်မရှိရင် အိပ်လို့ပျော်တာမဟုတ်ဘူးဗျ”
“ ဦးသူတော် ပြောပြီးပြီလေ… လူလေးသာ ထီးတော်တင်ချင်စိတ်ရှိရင် ကျန်တဲ့ကိစ္စက အလိုလိုအဆင်ပြေသွားပါလိမ့်မယ်”
ဗိုက်ပူပူမျက်နှာပြဲပြဲဖိုးသူတော်စကားကြောင့် မိုးထက်မြင့် သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီး ပတ်၀န်းကျင်မှာရှိတဲ့ စေတီတွေကို မျက်လုံးဝေ့ကြည့်လိုက်တဲ့အချိန် ပတ်၀န်းကျင်တစ်ခုလုံးချားရဟတ်လိုလည်သွားပြီး အမှောင်တွေဖုံးလွှမ်းသွားခဲ့တယ်။
“ သား… သားလေး… မိုးထက်မြင့်”
အသံက နီးလာလိုက် ဝေးလာလိုက်နဲ့ဖြစ်နေတာကို သတိထားမိလိုက်တဲ့အချိန် ဘေးနားမှာရှိနေတဲ့ လက်တစ်ဖက်ကို ဖျတ်ခနဲဆုပ်ကိုင်မိသွားခဲ့တယ်။
“ ဟော ဟော သတိရလာပြီ… သားလေး… သား.. သတိရလာပြီလား”
မိုးထက်မြင့်သတိရလာလို့ကြည့်လိုက်တော့ ညကိုးနာရီထိုးနေခဲ့ပြီ။
“ ဟင်… နေ့လည်က ခဏအိပ်ပျော်သွားတာ ဘယ်လိုဖြစ်လို့ ညထိရောက်သွားတာလဲ”
“ အိပ်ပျော်ရာကနေ သတိလစ်သွားလို့ စိတ်ပူနေခဲ့တာ… လှုပ်နှိုးလဲမနှိုး မျက်နှာကိုရေနဲ့သုတ်လဲမနှိုးပဲဖြစ်နေတာကြောင့် အတော်စိတ်ပူသွားတာ၊ အဲဒီအချိန် ယောဂီ၀တ်ထားတဲ့လူတစ်ယောက်ရောက်လာပြီး သူ့အမျိုးအဆွေတွေဆီ သွားနေတာဖြစ်လို့
ညကျရင်ပြန်သတိရလာလိမ့်မယ် အရမ်းကြီးစိတ်မပူပါနဲ့လို့ လာပြောသွားတာ”
“ ယောဂီ၀တ်ထားတဲ့လူဟုတ်လား အဖေ”
“ အေးလေ… ဘာဖြစ်လို့လဲ”
“ ဘာမှမဖြစ်ပါဘူး… ဒါနဲ့ အဲဒီ လူက ဘယ်ကိုထွက်သွားတာလဲ”
“ သူက ရွာဦးကျောင်းမှာတည်းနေတာလို့ ပြောတယ်”
“ သူက ဆေးဆရာလား…”
“ အဲလိုပြောကြတာပဲ… မနက်ကတောင် ဘေးအိမ်က ဒေါ်မင်းစိန်ရဲ့ ခေါင်းကိုက်ရောဂါ သူပေးတဲ့ဆီလူးလိုက်တာနဲ့ ချက်ချင်းသက်သာသွားတယ်ဆိုပဲ”
“ ဒါဆို သားလဲမြင်ဖူးတယ်ရှိအောင် မနက်ကျရင်သွားကြည့်လိုက်ဦးမယ်.. အမေရော လိုက်ဦးမလား”
“ မလိုက်တော့ပါဘူး… အိမ်မှာလုပ်စရာတွေရှိသေးတယ်”
မိုးထက်မြင့်လဲ အိပ်ယာထဲကနေ လူးလဲထလိုက်ပြီး ရေချိုးရန် အိမ်နောက်ဘေးကိုထွက်လာခဲ့ လိုက်တယ်။
++++++
အရိပ်ရသစ်ပင်တွေနဲ့ အုပ်ဆိုင်းနေတဲ့ ဘုန်းကြီးကျောင်း၀င်းအတွင်းမှာတော့ ရောဂါပြဖို့တန်းစီနေကြတဲ့သူတွေက ဒုနဲ့ဒေး။ စီတန်းနေတဲ့ လူတွေရဲ့ထိပ်မှာတော့ နှုတ်ခမ်းမွှေးခပ်ရေးရေးနဲ့လူတစ်ယောက်က ရောဂါလာပြတဲ့သူတွေကို ကုသပေးနေခဲ့တယ်။
မိုးထက်မြင့်လဲ တန်းစီနေတဲ့လူအုပ်ကြီးကိုဘေးကနေ ကျော်တက်ပြီး လှမ်းကြည့်လိုက်ရာ ဆေးကုနေတဲ့လူရဲ့အကြည့်က သူ့ဆီကိုရောက်လာခဲ့တယ်။
အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်အနေနဲ့ ခေတ်ပညာကိုအတန်သင့်တတ်မြောက်ထားတာကြောင့် အခုလိုပညာရပ်တွေကို လက်တွေ့မြင်မှ ယုံကြည်နိုင်တာကြောင့် အနားကိုနီးသထက်နီးအောင်ကပ်ပြီး ၀င်ကြည့်လိုက်တယ်။
ဆရာဖြစ်သူရဲ့ ကုသပုံကုသနည်းက ထူးဆန်းတယ်။ ဘာကြောင့်ဆိုတော့ ဘယ်လိုရောဂါဖြစ်နေပါစေ အရှေ့မှာချထားတဲ့ ဆီမန်းတစ်ခုထဲကိုသာသုံးပြီးကုသနေလို့ပဲ။
ဖျားနာတဲ့သူတွေကို ဆီပုလင်းထဲက ဆီအချို့တိုက်ကျွေးသလို ဒူးနာ ခါးနာ အဆစ်မြစ်ကိုက်ခဲနာကျင်နေတဲ့သူတွေကိုလဲ ရှေ့မှာရှိတဲ့ဆီပုလင်းကိုအသုံးပြုပြီးကုသပေးနေ တာကိုအံ့ဩဖွယ်မြင်လိုက်ရတယ်။
မိုးထက်မြင့်လဲ ညနေစောင်းတဲ့အထိ လူနာကုသနေမှုကိုထိုင်ကြည့်နေခဲ့ရာ နေ၀င်ရီတရောအချိန်ရောက်တော့ လူမရှိသလောက် ရှင်းသွားခဲ့တယ်။ အဲဒီအချိန်မှာပဲ ဆေးကုနေတဲ့ လူက လက်ယက်ကာခေါ်နေတာကို မြင်လိုက်ရတယ်။
“ ကျွန်တော်ကို ခေါ်တာလားဗျ”
“ ဟုတ်တယ် မင်းကိုခေါ်တာ… မင်းက အချိန်အကြာကြီး ဘာလို့ရပ်ကြည့်နေတာလဲ”
“ ဘာမှမဟုတ်ပါဘူး ဆရာကုတာကို စိတ်၀င်စားလို့ ကြည့်နေတာပါ”
“ ငါက တစ်ရွာကိုနှစ်ရက်နှုန်းဆေးလိုက်ကု
နေတဲ့သူ ဖြစ်တဲ့အတွက် မနက်ဖြန်ဆိုရင် မင်းငါ့ကို မြင်တွေ့ရတော့မှာမဟုတ်ဘူး… မင်းပုံစံကြည့်ရတာ ငါ့စိတ်ထဲတစ်မျိုးတစ်မည်ခံစားနေရတယ်… မင်း ငါ့အနောက်လိုက်ပြီး ပညာသင်မလား”
ရုတ်တရက်မေးလာတဲ့ စကားကြောင့် မိုးထက်မြင့် နှုတ်ဆိတ်သွားပြီး
“ ကျုပ်က ဆေးကုတာ ဝါသနာမပါဘူး… ဒီတိုင်းဗဟုသုတရအောင် လာကြည့်တာပါ… နောက်ပြီး အိမ်မှာလဲ မိဘနှစ်ပါးကျန်သေးတယ် . ကျုပ်လိုက်လို့မဖြစ်ပါဘူး”
“ ငါမေးတာက မင်းလိုက်မလား မလိုက်ဘူးလားပဲ မေးတာ… မင်းမိဘတွေကိစ္စကိုမေးတာမဟုတ်ဘူး”
“ မလိုက်ချင်ဘူး… ကျုပ်ပြန်တော့မယ်”
မိုးထက်မြင့်က စကားကို ခပ်ပြတ်ပြတ်ပြောပြီး ပြန်ဖို့အလုပ် တင်ပလ္လင်ခွေချိတ်ပြီးထိုင်နေတဲ့လူက စူးရဲတဲ့မျက်လုံးတွေနဲ့ နောက်စေ့ကိုစိုက်ကြည့်ကာ စားပွဲခုံကိုလက်နဲ့သုံးချက်ခေါက်လိုက်တယ်ဆိုရင်ပဲ လမ်းလျောက်ပြီးပြန်နေတဲ့ မိုးထက်မြင့်ရဲ့ မျက်လုံးတွေမှေးစင်းကာ ခွေခနဲလဲကျသွားတော့တယ်။
မကြာခင် ဘုန်းကြီးကျောင်းမှာ ဆေးကုနေတဲ့ ဆေးဆရာရော မိုးထက်မြင့်ပါ မန်ကျီးကိုးပင်ရွာကနေ ပျောက်ခြင်းမလှပျောက်ကွယ်သွားခဲ့ကြတယ်။
+++++++
တိတ်ဆိတ်နေတဲ့ ညသန်းခေါင်အချိန် မှိန်ပြပြအလင်းရောင်ထွက်ပေါ်နေတဲ့ ဇရပ်တစ်ခုပေါ်မှာတော့ လူသုံးယောက် တရားထိုင်နေခဲ့ကြတယ်။
အချိန်အားဖြင့် နှစ်နာရီလောက်ကြာပြီးတဲ့ချိန်မှာတော့ အလယ်မှာထိုင်နေတဲ့သူရဲ့မျက်လုံးတွေ ဖြေးညှင်းစွာပွင့်လာပြီး
“ သူ့ရဲ့ခန္ဓာကိုယ်ကထွက်တဲ့ အလင်းဓါတ်တွေ မှိန်ကျသွားပါလား… ဘာများဖြစ်လို့ပါလိမ့်”လို့ ရေရွတ်ကာ တစ်ခုခုကို စဉ်းစားနေခဲ့တယ်။
မကြာခင် ကျန်တဲ့သူနှစ်ယောက် အသီးသီးထလာပြီး
“ ဆရာ ဒီည တရားဖြုတ်တာ စောနေပါလား”
“ ဟုတ်တယ် မောင်ကောင်း… ငါတို့လိုက်ရှာနေတဲ့ သူရဲ့အငွေ့အသက်တွေ ပျောက်ကွယ်သွားတာကို သတိထားမိခဲ့တယ်… ဒီကောင်လေး ဘာများဖြစ် နေပါလိမ့်”
“ ကျွန်တော်တို့ဘယ်လိုဆက်လုပ်ကြမလဲ… သူ့ရဲ့ဓါတ်ကိုအာရုံပြုပြီး လိုက်ရှာနေပါတယ်ဆိုမှ အခုလိုပျောက်သွားတော့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုဖြစ်တော့မှာပဲ”
အောင်မြတ်သာနဲ့ မောင်ကောင်းတို့ရဲ့စကားကြောင့် အနားမှာရှိနေတဲ့ ခွန်းလှက
“ ဆရာ… ကျွန်တော် အဲဒီကောင်လေးကို အာရုံပြုလိုက်တိုင်းမန်ကျီးပင်တွေတန်းစီပေါက်နေတဲ့ နေရာတစ်ခုကိုပဲ မြင်နေရတယ်… ဒီအနီးတစ်ဝိုက်မှာ မန်ကျီးပင်တွေအများကြီး ပေါက်နေတဲ့အရပ်ကိုမေးပြီးသွားကြည့်ရင် သဲလွန်စတစ်ခုခုရမယ်လို့ထင်တယ်”
“ ခွန်းလှပြောတာက သဘာ၀ကျတယ်… မနက်မိုးလင်းတာနဲ့ အဲဒီနေရာကိုလိုက်ရှာကြတာပေါ့”
အောင်မြတ်သာက စကားဆုံးတာနဲ့ ဇရပ်လက်ရန်းဘောင်ပေါ်မှာ ငြိမ်းလုဆဲဆဲဖြစ်နေတဲ့ ဖယောင်းတိုင်ကို အသစ်လဲလှယ်ထွန်းညှိလိုက်တယ်။
++++++
ဖုန်တထောင်းထောင်းထနေတဲ့ လမ်းမကြီးရဲ့ဘေးတစ်ဖက်တစ်ချပ်စီမှာတော့ ထန်းရွက်မိုး ထန်းရွက်ကာထားတဲ့ ဈေးဆိုင်အချို့ရှိနေပြီး လမ်းသွားလမ်းလာ လူအချို့ကလဲ ဈေးဆိုင်တွေထဲ၀င်ရောက်ကာ မိမိတို့စားချင်တဲ့မုန့်ပဲသရေစာတွေကို ၀ယ်ယူစားသောက်နေခဲ့ကြတယ်။
အောင်မြတ်သာတို့လဲ ဈေးဆိုင်တန်းရဲ့ ထောင့်ဘက်အကျဆုံး မုန့်ပစ်သလက်ဆိုင်ထဲကို ၀င်လာခဲ့လိုက်တယ်။
“ ဒါက ဘယ်လိုရောင်းလဲအရီး”
“ တစ်ခုကို ၆ကျပ်ရောင်းတာ နှစ်ခုယူမယ်ဆို ၁၀ပဲပေး”
“ ဒါဆို လေးခုလုပ်ပေးပါ…”
အောင်မြတ်သာက ငွေအချို့ကို လှမ်းပေးပြီးကာမှ
“ ဒီအနီးနားမှာ မန်ကျီးပင်တွေစီတန်းပေါက်နေတဲ့ နေရာများရှိလားဗျ”
“ မောင်ရင်တို့က မန်ကျီးကိုးပင်ရွာကိုသွားမလို့လား.”
“ မန်ကျီးကိုးပင်ရွာ ဟုတ်လား… အဲဒီရွာက ဒီနားမှာပဲရှိတာလားဗျ”
“ ဒီကနေဆို နည်းနည်းသွားရသေးတယ်…”
“ အော် … ဟုတ်ကဲ့… ကျေးဇူးနော် အရီး”
အောင်မြတ်သာတို့လဲ ဖက်နဲ့ထုပ်ထားတဲ့ မုန့်ထုပ်ကို လှမ်းယူပြီး မန်ကျီးကိုးပင်ရွာဘက်ကို ထွက်လာခဲ့လိုက်တယ်။
+++++++
မီးရောင်မှိန်ပြပြထွန်းထားတဲ့ အခန်းထဲမှာတော့ မလှုပ်မယှက်ငြိမ်သက်စွာလှဲလျောင်းနေတဲ့ လူငယ်တစ်ယောက်အပြင် အရောင်မျိုးစုံရှိတဲ့ ဆေးမှုန့်တွေကို ဖန်ပုလင်းထဲထည့်နေတဲ့ လူတစ်ယောက်တို့ရှိနေခဲ့ကြတယ်။
ခဏကြာတော့ လှဲလျောင်းနေတဲ့ လူငယ်က လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ်။
“ ကျုပ်ဘယ်ရောက်နေတာလဲ… ခင်ဗျားက ဘယ်လိုလုပ် ကျုပ်နဲ့တူတူရှိနေရတာလဲ”
“ မင်းက ငါခေါ်တုန်းက အသာတကြည်မှမလိုက်တာ.. ဒါကြောင့် ငါ့နည်းငါ့ဟန်နဲ့ခေါ်လာရတာပေါ့”
“ ခင်ဗျား… ခင်ဗျား ကျုပ်ကိုခေါ်လာပြီး ဘာလုပ်မလို့လဲ”
“ လုပ်ရမယ့်ကိစ္စရှိလို့ပေါ့ကွာ… မင်းသာငါ့ကို ကူညီမယ်ဆိုရင် မင်းအတွက်လဲ အကျိုးမယုတ်စေရပါဘူး”
“ ကျုပ်က ဘာကိုကူညီရမှာလဲ… ခင်ဗျားပြောတာ နားမလည်ဘူး”
မိုးထက်မြင့်စကားကြောင့် ဆေးလိပ်ထိုင်ဖွာနေတဲ့ လူက အနားကိုတိုးလာပြီး
“ စေတီပျက်တွေရှိတဲ့နေရာကို မင်းသိတယ်မဟုတ်လား”
“ ဟင်… ခင်ဗျားက ကျုပ်အိမ်မက်ထဲက အကြောင်းတွေကို ဘယ်လိုသိနေတာလဲ”
“ ငါ့နည်းငါ့ဟန်နဲ့သိတာပေါ့… ဘာလဲ အံ့ဩနေတာလား”
“ နေစမ်းပါဦး … စေတီပျက်တွေရှိတဲ့နေရာနဲ့ ကျုပ်နဲ့ဘာဆိုင်နေလို့လဲ”
“ ဆိုင်တာပေါ့ ကောင်လေးရာ… မင်းက စေတီအားလုံးမှာရှိတဲ့ ဌာပနာပစ္စည်းတွေကို ထိန်းသိမ်းရတဲ့သူလေ… အခုဘ၀မှာလဲ မင်းကို သူတို့အားလုံးမျှော်နေကြတာ… ဒီတော့ မင်းသာငါ့ကိုကူညီပြီး ဌာပနာပစ္စည်းတွေကို ရှာပေးမယ်ဆိုရင် ငါကလဲ မင်းကို လက်ဖျားနဲ့တောင် မတို့ပါဘူး… ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ မင်းဘ၀တစ်လျောက်လုံး အသိစိတ်မရှိတဲ့ လူတစ်ယောက်အဖြစ်နဲ့နေသွားရမယ် ဟက်ဟက်”
ဟက်ဟက်ပက်ပက်ရယ်မောရင်း အခန်းပြင်ကို ထွက်သွားတဲ့လူရဲ့နောက်ကျောကိုကြည့်ပြီး မိုးထက်မြင့်တစ်ယောက် အံကိုခပ်တင်းတင်းကြိတ်ထားလိုက်မိတယ်။
++++++
လက်တစ်ဖက်စာခန့်ကြီးမားတဲ့ မန်ကျီးပင်တွေ စီတန်းပေါက်ရောက်နေတဲ့ ရွာအ၀င်လမ်းက သဘာ၀ပန်းချီကားတစ်ချပ်လို သာယာလှပနေခဲ့တယ်။
ရွာအ၀င်လမ်းမကြီးပေါ်မှာတော့ လယ်ထဲကိုင်းထဲကနေ ပြန်လာကြတဲ့ သူအချို့အပြင် ယောဂီ၀တ်စုံ၀တ်ထားတဲ့ လူသုံးယောက်ပါရှိနေခဲ့ကြတယ်။
ရွာသားတွေကတော့ ယောဂီ၀တ်စုံ၀တ်ထားတဲ့ အောင်မြတ်သာတို့သုံးယောက်ကို မသင်္ကာတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး အချင်းချင်း တီးတိုးပြောဆိုကာ ခပ်သုတ်သုတ်ထွက်သွားတာ မြင်တော့ မောင်ကောင်းက
“ ဒီရွာက လူတွေက ဘယ်လိုကြီးလဲသိဘူး… ကျွန်တော်တို့ကို အထူးအဆန်းလို ကြည့်နေကြတာဗျာ”
“ တစ်ဖက်သားကို အရမ်းကြီးအပြစ်မတင်ပါနဲ့… သူတို့မှာလဲ သူတို့အကြောင်းတရားရှိမယ်ထင် ပါတယ်”
အောင်မြတ်သာက မောင်ကောင်းကို လှမ်းသတိပေးပြီး ရွာထဲကိုဆက်၀င်လာခဲ့ရာ တစ်နေရာအရောက်မှာတော့
” ငါ့သားကို ခေါ်သွားတဲ့ကောင်တွေ .. သေပေတော့” ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာရဲ့ ဦးခေါင်းပေါ်ကို ဝါးဆစ်တုတ်တစ်ချောင်း ကျလာခဲ့တယ်။
“ ဖြောင်း… ခွပ်”
“ ဟာ..”
ရုတ်တရက်မို့ မောင်ကောင်းရော ခွန်းလှပါ ကြက်သေသေသွားပြီကာမှ သတိပြန်၀င်လာပြီး တုတ်နဲ့လှမ်းရိုက်တဲ့သူကို တွန်းထုတ်လိုက်တယ်။
“ ဆရာ ဘာဖြစ်သွားသေးလဲ”
“ ဘာမှမဖြစ်ပါဘူး… သူ့ကိုသာဆွဲထူလိုက်ကြဦး”
မောင်ကောင်းလဲ လဲကျနေတဲ့သူကို ဘုကြည့်ကြည့်လိုက်ပြီး ဆွဲထူဖို့အနားကပ်သွားတဲ့အချိန်
“ ကိုကျော်ပိုင် ရှင်ဘာတွေလျောက်လုပ်နေတာလဲ…’’
“ ဘာလုပ်ရမှာလဲ ဒီကောင်တွေက ငါ့သားကိုခေါ်သွားတဲ့သူနဲ့တစ်ဖွဲ့ထဲပဲဖြစ်ရမယ်… ပြောစမ်း… ငါ့သားကို ဘယ်ကိုခေါ်သွားတာလဲ”
“ မိတ်ဆွေ ကျုပ်တို့ကိုအထင်လွဲနေပြီထင်တယ်… ကျုပ်တို့က ဒီရွာကိုအခုမှရောက်လာတာပါ”
“ ကျွန်မကပဲတောင်းပန်ပါတယ်ရှင်… ကျွန်မသားလေးကို ယောဂီ၀တ်စုံ၀တ်ထားတဲ့ ဆေးဆရာတစ်ယောက် ခေါ်သွားတာမို့ သူ့ရဲ့စိတ်က ဒီလို၀တ်စားထားတဲ့သူတွေကိုတွေ့ရင် အမြဲလိုလိုရန်ရှာနေတတ်လို့ပါ”
“ လှသိန်းရင် နင်က သူတို့အကြောင်း ဘာသိလို့လဲ”
“ ဟေ့လူ… ခင်ဗျားစကားတွေက လွန်လှပြီဗျ.. ကျုပ်တို့က သူတစ်ပါးသားသမီးကို ကိုယ်ထိလက်ရောက်ကျုးလွန်ဖို့နေနေသာသာ စိတ်နဲ့တောင်မပစ်မှားဘူးဘူး..”
ခွန်းလှရဲ့ မာထန်ထန်စကားကြောင့် ကိုကျော်ပိုင် ဘာမှပြန်မပြောတော့ပဲ မကျေနပ်တဲ့မျက်နှာထားနဲ့ စိုက်ကြည့်နေခဲ့တယ်။
“ အစ်မကြီး သားက ဘယ်လိုဖြစ်တာလဲ… သေချာလေးပြောပြပေးပါလား”
“ လွန်ခဲ့တဲ့ လေးရက်လောက်က ရွာထဲကို ယောဂီ၀တ်စုံ၀တ်ထားတဲ့ဆေးဆရာတစ်ယောက် ရောက်လာခဲ့တယ်။ သူက ဆီတစ်မျိုးထဲကို အသုံးပြုပြီး ရွာမှာရှိတဲ့ လူနာတွေကို ကုပေးနေတဲ့အတွက် သားလေးက မြင်ဖူးတယ်ရှိအောင် သွားကြည့်မယ်ဆိုပြီး အိမ်က ထွက်သွားတာ၊ အဲဒီနေ့ကစပြီး ဆေးကုတဲ့သူရော ကျွန်မသားလေးပါ ပျောက်ချင်းမလှပျောက်သွား ကြတာ၊ အခုထိ ဘာသတင်းမှမရသေးပါဘူးရှင်”
“ အစ်မကြီးပြောတဲ့ပုံအရဆိုရင် ဆေးဆရာက အတင်းအကြပ်ခေါ်သွားတာထက် ကာယကံရှင်က သဘောတူလို့ လိုက်သွားတာရော မဖြစ်နိုင်ဘူးလား”
“ အဲလိုတော့မဖြစ်နိုင်ဘူး.. ဘာလို့ဆို သားလေးက မိဘတွေနဲ့ခွဲပြီးတစ်ရက်တောင်နေတဲ့သူမဟုတ်လို့ပဲ၊ မြင်တဲ့သူအချို့ပြောတာကတော့ သားလေးက ဆေးဆရာ အနောက်ကနေ ငူငူငိုင်ငိုင်ကြီး လိုက်သွားတာလို့ပြောကြတယ်”
“ အဲဒီကောင်လေးက ငါတို့လိုက်ရှာနေတဲ့ သူများဖြစ်နေမလား”
အောင်မြတ်သာရဲ့စကားကြောင့် ခွန်းလှက အနားကိုတိုးလာပြီး
“ တကယ်ဆိုရင် သူ့မိဘတွေ တစ်ခုခုတော့သိထားမယ်လို့ထင်တယ်ဆရာ.. စကားတောက်ကြည့်ရမလား”လို့ပြောတော့ အောင်မြတ်သာက ခေါင်းကိုအသာညိမ့်ပြ လိုက်တယ်။
“ အစ်မကြီးပြောတဲ့ပုံအရ အဲဒီဆေးဆရာရဲ့ ပညာကသာမန်မှမဟုတ်တာ… အဲလိုလူတစ်ယောက်က လူတွေအများကြီးရှိတဲ့ထဲက အစ်မကြီးရဲ့သားကိုပဲ ရွေးပြီးခေါ်သွားတာဆိုတော့ စဉ်းစားစရာပဲ”
“ ကျွန်မသားလေးက သူတော်ကောင်းလေးပါရှင်.. သိတတ်စအရွယ်ထဲက ဘာသာရေးကိုလဲ လိုက်စားတယ်၊ သူတစ်ပါးအသက်ကိုသတ်ဖို့ဆို ဝေးစွ… သူ့ကိုခြင်ကိုက်လို့ ကျွန်မကရိုက်ရင်တောင် စိတ်ဆိုးသေးတာ.. ဒီလိုကလေးကို ဘယ်လိုလူတွေကများ အခုလိုခေါ်သွားရက်ပါလိမ့်”
“ ဒါဆို အစ်မကြီးသားက ကျုပ်တို့ လိုက်ရှာနေတဲ့ လူများဖြစ်နေမလားပဲ..”
ခွန်းလှစကားကြောင့် ကိုကျော်ပိုင်က အနားကိုတိုးလာခဲ့ရာ
“ ကိုကျော်ပိုင် ရှင် အေးဆေးနေ… ကျွန်မ သေချာအောင်မေးကြည့်ဦးမယ်.. ငါ့မောင်တို့လိုက်ရှာနေတဲ့မဟုတ်လောက်ဘူးထင်တယ်… အစ်မသားက အခြားဘယ်ကိုမှသွားဖူးတာ မဟုတ်ဘူးနော်”
“ ကျွန်တော်စကားပြောလောသွားလို့ပါ… ကျွန်တော်တို့လိုက်ရှာနေတဲ့သူက သာသနာပြုရမယ့်သူပါ… သူတည်မှရမယ့် စေတီတွေကအခုထိ ပြုပြင်သူမဲ့ဖြစ်နေတာရယ်.. စေတီတွေကိုပြုပြင်ပြီးမှကျွတ်လွတ်ကြမယ့်သူတွေက သူ့ကိုစောင့်မျှော်နေတာကြောင့် အခုလို ကျွန်တော်တို့လိုက်ရှာနေရတာပါ”
ခွန်းလှစကားကိုကြားတော့ လင်မယားနှစ်ယောက်လုံးပါးစပ်အဟောင်းသား ဖြစ်သွားပြီး
“ ကျွန်မတို့သားလေးက ငယ်ငယ်လေးထဲက အဲလိုစေတီပျက်တွေကို ခဏခဏအိမ်မက်မက် တတ်တယ်၊ အိမ်မက်ကနိုးလာရင်လဲ တစ်ကိုယ်လုံးချွေးစေးတွေပြန်နေတတ်ပြီး လူကအားမရှိတော့သလို ပျော့ခွေနေတတ်သေးတယ်”
“ အခုပြောတဲ့ပုံအရ အစ်မကြီးတို့ သားက ကျွန်တော်တို့လိုက်ရှာနေတဲ့ကလေးပဲ.. ဒါပေမယ့် အခုတော့ ကျွန်တော်တို့ပါ ပြန်ရှာရတော့မယ်”
“ တစ်ခုလောက်မေးလို့ရလား”
“ ရပါတယ်မေးပါဗျ”
“ သားလေးကို ကျွန်မတို့ပြန်တွေ့နိုင်ပါတော့မလား.. စိတ်တွေလဲပူလွန်းလို့ ဘာလုပ်လို့လုပ်ရမှန်းတောင် မသိတော့ပါဘူး”
ခွန်းလှက အမျိုးသမီးကြီးရဲ့စကားကြောင့် အောင်မြတ်သာကိုလှမ်းကြည့်လိုက်ရာ
“ သိပ်လဲစိတ်မပူပါနဲ့ ကျုပ်တို့လဲ အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပေးပါ့မယ်.. အစ်မကြီးတို့ဘက်ကို အကူအညီတစ်ခုတောင်းချင်တာက သူ၀တ်ဖူးတဲ့ အင်္ကျီတစ်ထည်လောက်ရနိုင်မလား”
“ ရပါတယ် ကျွန်မ ပြန်ယူပေးပါ့မယ်… သားလေးကို ပြန်တွေ့မယ်ဆိုတာ သေချာတယ်မဟုတ်လား”
“ ကျွန်တော်ရဲ့မသိစိတ်ထဲမှာတော့ သူအသက်ရှင်နေပါသေးတယ်… မိဘတွေအနေနဲ့ ကလေးရဲ့နာမည်ကို ခေါ်ပြီး နေ့စဉ်နေ့တိုင်း မေတ္တာပို့ပေးကြပါ… ကျုပ်တို့ ကလေးကို တွေ့ပြီ ဆိုတာနဲ့ မိဘတွေဆီအရင်ဆုံး ပြန်ခေါ်လာပေးပါ့မယ်”
အောင်မြတ်သာရဲ့စကားကိုကြားတော့ ကိုကျော်ပိုင်လဲ မျက်နှာထားပြောင်းသွားပြီး
“ ကျွန်တော်ရဲ့အပြုအမူအတွက် တောင်းပန်ပါတယ်ဗျာ… ခုနက မိတ်ဆွေတို့ကိုအပေါ် အထင်မှားခဲ့မိတယ်ဗျာ”
အောင်မြတ်သာက မျက်ရည်စို့စို့နဲ့ပြောလာတဲ့ ကိုကျော်ပိုင်ရဲ့ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး
“ မိဘရဲ့ မေတ္တာကို ကျုပ်နားလည်ပါတယ်ဗျာ… ကျုပ်တို့အနေနဲ့ တတ်နိုင်သမျှ လိုက်ရှာပေးမှာမို့ အရမ်းကြီးစိုးရိမ်သောကမဖြစ်အောင်နေပြီး ကျန်းမာရေးကိုဂရုစိုက်ကြပါ”
“ ဟုတ်ကဲ့… ကျွန်တော်တို့ သားလေးပြန်လာတာကို မျှော်နေပါ့မယ်… မိန်းမရေ သားလေး၀တ်တဲ့ အ၀တ်တစ်ထည်ယူပေးလိုက်လေ”
ကိုကျော်ပိုင်စကားကြောင့် မလှသန်းရင်လဲ အိမ်ရှိရာဘက်ကို အလောတကြီးပြေးသွားပြီး ခဏနေတော့ အင်္ကျီတစ်ထည်ယူကာ ပြန်ရောက်လာခဲ့တယ်။
အောင်မြတ်သာတို့လဲ ကလေးရဲ့နာမည်နဲ့ မွေးနေ့ သက္ကရာဇ်ကိုမေးပြီး အ၀တ်ကိုယူကာ ချက်ချင်းပင် ရွာထဲကနေ ပြန်ထွက်လာခဲ့လိုက်တယ်။
+++++++
လူခြေတိတ်နေတဲ့ ညသန်းခေါင်အချိန်မှာတော့ ထမင်းနဲ့ဟင်းရောထည့်ထားတဲ့ နှီးခွက်ကို ကိုင်ပြီး လူတစ်ယောက် လမ်းလျောက်လာခဲ့တယ်။
လမ်းလျောက်လာတဲ့လူက အိမ်ရှေ့က ပိန္နဲပင်ရှေ့အရောက်မှာတော့ လက်ထဲကိုင်ထားတဲ့ စကောကို အပင်ခြေရင်းရှေ့ချပြီး ပါးစပ်ကနေ တစ်စုံတစ်ခုကို တီးတိုးရွတ်ဆိုလိုက်တယ်ဆိုရင်ပဲ ပိန္နဲပင်ပေါ်ကနေ နီညိုရောင်အ၀တ်စကို အရှက်လုံအောင်ဖုံးထားတဲ့ လူတစ်ယောက် တွယ်ဆင်းလာခဲ့တယ်။
“ မင်းပြောတဲ့လူကို ရှာတွေ့ပြီမို့ ငါ့ကတိအတိုင်း လာကျွေးမွေးတာ… မင်းလဲအစားမစားရတာ ကြာပီဆိုတော့ အရင်စားလိုက်ဦး”လို့ပြောလိုက် တယ်ဆိုရင်ပဲ မျက်နှာတစ်ခုလုံး ဒဏ်ရာဒဏ်ချက်တွေအပြည့်ဖြစ်နေတဲ့လူက ဆောင့်ကြောင့်ထိုင်ပြီး စကောထဲက ထမင်းနဲ့ဟင်းကို မြိန်ရှက်စွာစားပါလေရော။
“ ဟားဟား မင်းလဲ စေတီပျက်တွေမှာ နေတုန်းက ဘာမှမစားခဲ့ရဘူးထင်တယ်… နောက်လဲ ငါ့အလုပ်တွေကို အကူအညီပေးရင် ဒီထက်ပိုကောင်းတဲ့အစားအသောက်တွေ စားရအောင်လုပ်ပေးမယ်… ဒီနေ့ကစပြီး မင်းက မောင်ထုံရဲ့ တပည့်ဖြစ်သွားပြီ၊ ငါအမိန့်ပေးတာကို မင်းလုပ်ရမယ်၊ ငါထားတဲ့နေရာမှာနေရမယ် ကြားလား”
မောင်ထုံဆိုတဲ့လူရဲ့စကားကို ဆောင့်ကြောင့်ထိုင်နေတဲ့သူက ခေါင်းညိမ့်ပြပြီး စကောထဲမှာကျန်တဲ့ ထမင်းနဲ့ဟင်းကို လက်နှစ်ဖက်နဲ့ ကြုံးစားနေခဲ့တယ်။
ခဏနေတော့ မောင်ထုံဆိုတဲ့လူက ပိန္နဲပင်အောက်ကနေ အိမ်ထဲကိုပြန်၀င်လာပြီး ခုံပေါ်မှာကြိုးနဲ့ချည်ထားတဲ့ မိုးထက်မြင့်အနားကိုလာကာ
“ သဘက်ခါကျရင် စေတီပျက်ရှိတဲ့နေရာကို သွားကြမယ်… မင်းအနေနဲ့ ငါပြောခိုင်းသလို ပြောမယ်ဆိုရင် အဲဒီကပြန်လာတာနဲ့ ရွာကိုပြန်ပို့ ပေးမယ်၊ အဲလိုမှမဟုတ်ပဲ ကလန်ကဆန်လုပ် ရင်တော့ အစိမ်းသေဖြစ်အောင်လုပ်ပြီး တစ်သက်လုံးခိုင်းစားပစ်မယ် ကြားလား”
“ ခင်ဗျား… ခင်ဗျားက တကယ်တော့ အောက်လမ်းဆရာပဲ”
“ အဟက်… အောက်လမ်းတွေ အထက်လမ်းတွေ မင်းသိဖို့မလိုပါဘူး… ငါခိုင်းတဲ့အတိုင်း လုပ်မှာလား မလုပ်ဘူးလားဆိုတာပဲပြော..ငါ့မှာအချိန်မရှိဘူး”
“ ခင်ဗျားပြောတဲ့အတိုင်းလုပ်ရင် တကယ်အိမ်ပြန်ပို့ပေးမှာလား”
“ တကယ်ပြန်ပို့ပေးမှာ… မင်းကူညီခဲ့တာတွေ အတွက်လဲ ထိုက်တန်တဲ့အဖိုးအခပါ ထပ်ပေးဦးမယ်”
“ ဒါဆို ကျုပ် ခင်ဗျားပြောတဲ့အတိုင်းလုပ်မယ်… အခုတော့ ကျုပ်ကိုကြိုးချည်ထားတာဖြုတ်ပေးဦး.. လက်တွေလဲနာလှပြီ”
မိုးထက်မြင့်စကားကြောင့် မောင်ထုံက ချည်ထားတဲ့ကြိုးတွေကိုဖြုတ်ပေးပြီး စားပွဲပေါ်မှာ တင်ထားတဲ့ အစားအစာအချို့ကို ကမ်းပေးလိုက်တယ်။
“ ဒီညတော့ အဟာရရှိအောင် စားထားလိုက်… ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့နော်… ခြံ၀တောင်မရောက်ပဲ အသက်ထွက်သွားလိမ့်မယ်” လို့ပြောကာ အိမ်ခန်းထဲကို ၀င်သွားခဲ့တယ်။
++++++
အောင်မြတ်သာတို့လဲ မိုးထက်မြင့်၀တ်ထားတဲ့ အ၀တ်ကို အရှေ့မှာချပြီး မွေးနေ့သက္ကရာဇ်ကို အင်းဖယောင်းတိုင်ပေါ်မှာရေးဆွဲကာ အ၀တ်ရဲ့လေးဘက်လေးတန်မှာထွန်းညှိပြီး အာရုံ ခံကြည့်လိုက်ရာ အလင်းရောင်မရှိတဲ့အခန်းတစ်ခုရဲ့ အလယ်မှာ ငုတ်တုပ်ထိုင်နေတဲ့ လူငယ်တစ်ယောက် ကိုမြင်လိုက်ရတယ်။
သူ့ရဲ့အနီးပတ်၀န်းကျင်မှာတော့ ဥဒဟိုလှုပ်ရှားသွားလာနေကြတဲ့ မဲမဲကောင်တွေကိုမြင်လိုက်ရပြီး အခန်းအပြင်မှာလဲ ပုံဆိုးပန်းဆိုးကောင်တွေ ဆောင့်ကြောင့်ထိုင်ကာ ပတ်၀န်းကျင်ကို ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်နေတာကို အာရုံခံမိခဲ့တယ်။
တရားဖြုတ်ပြီးလို့ မြင်ခဲ့ရတာတွေကို ပြန်ဆွေးနွေး ချိန်မှာတော့ မောင်ကောင်းက ကြောက်လန့်နေတဲ့ လူငယ်တစ်ယောက်ကို မီးတောက်အလယ်မှာ မြင်ရကြောင်းပြောခဲ့ပြီး၊ ခွန်းလှကတော့ ရေနံချေးသုတ်ထားတဲ့ အိမ်မဲမဲကြီးထဲမှာ လူငယ် တစ်ယောက် မျက်နှာငယ်နဲ့ထိုင်နေတာကို သူမြင်ရကြောင်း ပြောခဲ့တယ်။ အောင်မြတ်သာလဲ တပည့်ဖြစ်သူတွေရဲ့ စကားကိုနားထောင်ပြီး
“ ဒီကောင်လေးကို ခေါ်ထားတဲ့သူက ကောင်းကောင်းမွန်မွန်ထားသားပဲ… ဒါပေမယ့် ကောင်လေးရဲ့ပတ်ပတ်လည်မှာတော့ အစောင့်တွေ အများကြီးချထားတာကိုကြည့်ရင် အခြားအကြံအစည်တစ်ခုခုတော့ ရှိမယ်လို့ မြင်မိတယ်”
“ ကျွန်တော်လဲဆရာပြောသလိုတွေးမိတယ်… ခွန်းလှကရော ဘယ်လိုတွေးလဲ”
“ ခေါ်ထားတဲ့သူက ဒီကောင်လေးကိုအသုံးချမယ် လို့ထင်တယ်… မဟုတ်မှလွဲရော ဟိုစေတီပျက်တွေ နဲ့များပတ်သတ်နေမလား”
“ ခွန်းလှပြောတာ သဘာ၀ကျတယ်… နောက်ပြီး သူ့ကိုခေါ်ထားတဲ့သူရဲ့ ပညာကလဲ ပေါ့သေးသေး မဟုတ်ဘူး..”
“ ဟုတ်တယ်ဆရာ… ခုနက ကျွန်တော် ကောင်လေးအနားကိုကပ်သွားဖို့ စိတ်နှစ်လိုက်ပေမယ့် မမြင်နိုင်တဲ့ တွန်းကန်အား တစ်ခုက ပြင်းပြင်းထန်ထန်ခုခံနေတာကို ခံစားရတယ်”
“ ဒါကိုကြည့်မယ်ဆိုရင် ငါတို့ရင်ဆိုင်ရမယ့်သူက သာမန်အဆင့်မဟုတ်ဘူးဆိုတာပဲ.. ကဲ လိုအပ်တာတွေပြင်ဆင်ပြီး မနက်အရုဏ်တက်တာနဲ့ စေတီပျက်တွေရှိတဲ့ဘက်ကို ပြန်သွားကြတာပေါ့… ငါထင်တာ မမှားဘူးဆိုရင် အဲဒီလူက စေတီပျက်တွေမှာရှိတဲ့ ဌာပနာတွေကို ကောင်လေးရဲ့ အကူအညီနဲ့ ယူချင်လို့ အခုလို လုပ်တာလို့ထင်မိတယ်”
“ ဆရာပြောသလိုသာဆိုရင် ပွဲကတော့ ကြည့်လို့လှပြီဗျ ဟဲဟဲ”
မောင်ကောင်းက ရယ်ကျဲကျဲလုပ်ပြီး လွယ်အိတ်ထဲမှာရှိတဲ့ အင်းချပ်တွေကို စစ်ဆေးနေခဲ့သလို ခွန်းလှကလဲ လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်စစ်နေခဲ့တယ်။
အောင်မြတ်သာကတော့ ခပ်လှမ်းလှမ်းမှာရှိတဲ့ တောင်တန်းတွေကိုငေးကြည့်ပြီး တစ်စုံတစ်ခုကို တွေးတောနေသယောင်ယောင်။
+++++
အုတ်ကျိုးအုတ်ပဲ့တွေ အမှိုက်သရိုက်တွေ သစ်ရွက်ခြောက်တွေနဲ့ ရှုပ်ပွနေတဲ့ ဘုရားငုတ်တိုကုန်းမှာတော့ သက်ရှိဆိုလို့ ဟိုဟိုဒီဒီ လျောက်သွားနေတဲ့ ခွေးလေခွေးလွင့်တွေကလွဲပြီး ဘာမှမရှိ။ အဲဒီအချိန် ဘုရားငုတ်တိုပရ၀ဏ်ထဲကို လှမ်း၀င်လာတဲ့ လူနှစ်ယောက်။
“ ဝုတ် ဝုတ် ဝုတ်… ဂီး ဂီး…”
“ ဟဲ့ ဒီခွေးတွေ ငါလုပ်လိုက်ရ တောက်စ်”
စူးစူးဝါးဝါးထိုးဟောင်နေတဲ့ ခွေးတစ်အုပ်ကို ၀င်လာတဲ့လူစိမ်းက တောက်တစ်ချက် ခေါက်လိုက်ရာ အနားကိုပင်မလာရဲတော့ပဲ အမြှီးကုပ်ကာ ထွက်ပြေးသွားခဲ့ကြတယ်။
“ ဟိုကောင်လေး… မင်းကိုသင်ပေးထားတဲ့အတိုင်း ပြောတော့”
“ ဒါ ဒါ ကျုပ်အမြဲတမ်း အိမ်မက်မက်နေတဲ့ ဘုရားတွေပါလား…”
“ ဟာ… စကားများလိုက်တာ … မြန်မြန်ပြောစမ်း”
မိုးထက်မြင့်က မဝံ့မရဲနဲ့ အုတ်ကျိုးတွေပေါ်ကို တက်ပြီး
“ ဘုရားပရ၀ဏ်အတွင်းမှာနေထိုင်ကြတဲ့ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်များ… ကျုပ်အနေနဲ့ သင်တို့ကို ကောင်းမွန်တဲ့ဘ၀ရောက်အောင် ပြိုပျက်နေတဲ့စေတီတွေကို ပြန်လည်ပြုပြင်ဖို့ ရောက်လာရခြင်းဖြစ်ပါတယ်၊ ဒါကြောင့် သင်တို့ထိန်းသိမ်းထားတဲ့ ဌာပနာပစ္စည်းတွေကို ကျုပ်ထံလာရောက်အပ်နှံကြဖို့ပြောချင်ပါတယ်” လို့ပြောလိုက်တယ်ဆိုရင်ပဲ ပြိုပျက်နေတဲ့ ဘုရားနှစ်ဆူကြားထဲကနေ ဗိုက်ပူပူ မျက်နှာဖောင်းဖောင်းနဲ့ ဖိုးသူတော်တစ်ပါး ထွက်လာခဲ့တယ်။
“ ဘယ်သူများလဲလို့ ဖိုးသူတော်ပါလား… အရင်တစ်ခေါက်က ဒီနေရာကိုပြုပြင်မယ့်ပဌာန်းဆက်ပါလာမှ ဌာပနာပစ္စည်းတွေအပ်မယ်လို့ပြောထားတဲ့ကတိကို မှတ်မိသေးရဲ့လား”
“ မှတ်မိတာပေါ့.. သိပ်ကိုမှတ်မိတာပေါ့… ခင်ဗျားတောင် ကျုပ်တပည့်တစ်ယောက်ကို ချုပ်နှောင်ပြီးခေါ်သွားသေးတယ်မဟုတ်လား”
“ ဟေ့ သူတော် မင်းရဲ့လေသံက အရင်နဲ့မတူပဲ မာလှချည်လား”
“ အရင်ကတော့ ကျုပ်မှာအားကိုးမရှိလို့ ခင်ဗျားရဲ့ ပညာစွမ်းတွေအောက်မှာ အရှုံးပေးခဲ့ရပေမယ့် အခုတော့ ကျုပ်တို့ကိုကူညီမယ့်သူတွေရောက်နေပြီ၊ ခင်ဗျားက အခုဆို ကျုပ်တို့ကို ကျွတ်လွတ်အောင် လုပ်ပေးမယ့်သူကိုလဲခေါ်လာပေးတယ်ဆိုတော့ ကျုပ်အနေနဲ့ ဟောဒီ ရွှေကြယ်သီတစ်လုံးတော့ လက်ဆောင်ပြန်ပေးနိုင်ပါတယ်”
ဖိုးသူတော်က လက်ကိုလေထဲဝှေ့ယမ်းပြီး ဇီးသီးစေ့ခန့်ရှိတဲ့ရွှေကြယ်သီးတစ်လုံးကို ပစ်ပေးလိုက်ရာ မောင်ထုံက
“ တောက်စ် မောင်ထုံ ဘာကောင်လဲဆိုတာ ပြရသေးတာပေါ့” လို့ကြိမ်းဝါးပြီး လက်ကောက်၀တ်မှာပတ်ထားတဲ့ ချည်မန်းကွင်းကို ဖြုတ်ပြီး ဖိုးသူတော်ရှိတဲ့ဘက်ကို ပစ်ထည့်လိုက်တယ်။
ချည်မန်းကွင်းက လေပေါ်မှာတင် တစ်ဖြေးဖြေးကြီး လာပြီး ဖိုးသူတော်ရဲ့လည်ပင်းနားရောက်လုဆဲဆဲ အချိန် မှန်တစ်ချပ်လို အရောင်ပြန်တဲ့ အလင်းတန်းတစ်ခုပေါ်လာတာကြောင့် ရှေ့ကိုဆက်မသွားတော့ပဲ မြေကြီးပေါ်ကို ဘုတ်ခနဲ ပြုတ်ကျသွားခဲ့တယ်။
“ ဟင်…”
မောင်ထုံက အံ့ဩစွာရေရွတ်ပြီး ဖိုးသူတော်ရဲ့ဘေးကို ကြည့်လိုက်ရာ ယောဂီ၀တ်စုံ၀တ်ထားတဲ့ လူသုံးယောက်က ယှဉ်လျက်ထွက်ပေါ်လာခဲ့တယ်။
“ မင်းတို့က ဘယ်သူတွေလဲ… ဒီနေရာကို ဘယ်လိုကြောင့်ရောက်နေရတာလဲကွ”
“ ကျုပ်တို့က ခင်ဗျားခေါ်လာတဲ့ ကောင်လေးကို ပြန်ခေါ်ဖို့ရောက်လာတဲ့သူတွေပဲ… လောကမှာလေ ကိုယ်နဲ့မထိုက်တန်တဲ့ဘယ်အရာကိုမှ အတင်းလုယူလို့မရဘူး… အကယ်၍ရခဲ့တောင် ဟောဒီ ရွှေကြယ်သီးအရွယ်လောက်ပဲရမှာ”
အောင်မြတ်သာက အောက်မှာကျနေတဲ့ ရွှေကြယ်သီးစေ့ကိုကောက်ယူပြီး ဖိုးသူတော်လက်ထဲပြန်ထည့်ပေးလိုက်တယ်။
ဒီအဖြစ်ကြောင့် မောင်ထုံတစ်ယောက် ဒေါသူပုန် ထသွားပြီး အင်းကွက်တွေရေးဆွဲထားတဲ့ နတ်အိုးကွဲ တစ်ခုကိုထုတ်ယူကာ အင်းနှိုးဂါထာရွတ်လိုက်တယ် ဆိုရင်ပဲ ရေးဆွဲထားတဲ့ အင်းစမတွေထဲကနေ အပ်ချည်မျှင်အရွယ်ခန့်ရှိတဲ့ ကြိုးတွေထွက်လာကာ ဘုရားငုတ်တိုကုန်းတစ်ခုလုံးကို ထွက်ပေါက်မရှိ အောင် ရစ်ပတ်ထားလိုက်တယ်။ တစ်စတစ်စ များပြားလာတဲ့ ကြိုးမျှင်တွေက ပိုးချည်လုံးတစ်ခုလိုဖြစ်လာပြီး နေ့ခင်းမှာပင် အလင်းရောင်ပျောက်ဆုံးသွားတဲ့ထိ လေးဘက်လေးတန်ကို ရစ်ပတ်ထားလိုက်တယ်။
အောင်မြတ်သာလဲ တစ်ခါမှမကြုံဖူးတဲ့အဖြစ်ကြောင့် အမှောင်ထုထဲမှာ ချောင်ပိတ်မိနေတဲ့အချိန် မောင်ထုံရဲ့ ညာဘက်လက်ကနေ ထွက်လာတဲ့ လိမ္မော်ရောင် အလင်းတန်းက ရင်ညွန့်တည့်တည့်ကို လာထိမှန်ခဲ့တယ်။
“ ဝုန်း… “
အနောက်ကိုလန်ကျသွားတဲ့ အောင်မြတ်သာရဲ့ ကိုယ်က အုတ်ကျိုးပုံတွေကြားထဲရောက်သွား တာကြောင့် အားယူကာပြန်ထပြီး အလင်းရောင်ပေါ်စေဖို့အတွက် ရွတ်ဖတ်ရမယ့် ဂါထာကိုစဉ်းစားနေတဲ့အချိန် မောင်ကောင်းနဲ့ တောက်ရတို့ ဘေးတစ်ဖက်စီကို လွင့်ထွက်သွားတဲ့အသံနဲ့အတူ နာကျင်စွာ ညဉ်းညူသံကိုပါကြားလိုက်ရတယ်။
“ ဟား ဟား ဟား… ဖိုးသူတော်ရေ မင်းခေါ်ထားတဲ့ သူတွေက အမှောင်ထဲမှာ ဘာမှသုံးလို့မရပါလား.. မင်းရော ဘယ်ကိုထွက်ပြေးသွားတာလဲ”
မောင်ထုံက ဖိုးသူတော်ကို ခနဲ့ရင်း အားယူကာပြန်ထနေတဲ့ အောင်မြတ်သာရဲ့ ရင်ညွန့်ကို အရှိန်နဲ့ပြေးကန်လိုက်တယ်။
“ ဖောင်း… အင့်”
“မင်းရဲ့ပညာက ငါ့ထက်တော်ကောင်းတော်လိမ့်မယ် ဒါပေမယ့် အခုလိုအမှောင်ထုထဲမှာတော့ မင်းက ဆယ်နှစ်သားကလေးလောက်ပဲရှိတော့ပါလားကွ”
မောင်ထုံက အောင်မြတ်သာရဲ့ ရင်ညွန့်ကို ခြေထောက်နဲ့ နင်းထားပြီး သဘောကျစွာ ရယ်မောနေတဲ့အချိန် အလင်းရောင်တစ်ခုက ပိုးစုန်းကြူးမီးရောင်လို ဖျတ်ခနဲ ဖျတ်ခနဲ ထွက်ပေါ်လာတာကို သတိထားမိခဲ့တယ်။
“ ဆရာ.. ဟိုကောင်လေး ရှိတဲ့ဘက်က အလင်းရောင်ထွက်နေတာ…”
အုတ်ကျိုးတွေနဲ့ ဦးခေါင်းကိုခိုက်မိထားတဲ့ ခွန်းလှက ဒဏ်ရာတွေကြားထဲကနေ လှမ်းပြောလိုက်တာကြောင့် အောင်မြတ်သာလဲ အလင်းရောင်ထွက်ပေါ်လာတဲ့ဘက်ကို ကြည့်ပြီး
“ ကောင်လေး… မင်းခုနက ဘာကိုအာရုံပြုလိုက်တာလဲ.. အဲဒီအတိုင်း ဆက်လုပ် ကျန်တာဘာမှခေါင်းထဲမထည့်ထားနဲ့” လို့အော်ပြောလိုက်ရာ မောင်ထုံက အောင်မြတ်သာကို လွှတ်ချပြီး မိုးထက်မြင့် ရှိတဲ့ဘက်ကို လှည့်လာခဲ့တယ်။ အဲဒီအချိန် ဖျတ်ခနဲ ဖျတ်ခနဲ ထွက်ပေါ်လာတဲ့ အလင်းရောင်က တစ်ဖြေးဖြေးအားကောင်းလာပြီး တစ်ယောက်နဲ့ တစ်ယောက် ဝိုးတဝါးမြင်နိုင်လောက်တဲ့ထိ ဖြစ်လာခဲ့တယ်။
“ ဒီခွေးကောင်ကတော့ ကိုယ်နဲ့မဆိုင်တာ ၀င်ရှုပ်ပြန်ပြီ”
မောင်ထုံက မိုးထက်မြင့်ကို ကြိမ်းဝါးရင်း အနားကိုကပ်သွားတဲ့အချိန် လဲကျနေတဲ့ အောင်မြတ်သာက အိတ်ကပ်ထဲထည့်ထားတဲ့ နတ်ဘီလူးအင်းကိုထည့်ယူပြီး အင်းနှိုးဂါထာရွတ်လိုက်တယ်ဆိုရင်ပဲ လူသုံးဖက်စာလောက်ကြီးမားတဲ့ ဘီလူးတစ်ကောင်ကအုတ်ကျိုးပုံတွေကိုခွဲပြီး ခုန်ထွက်လာခဲ့တယ်။
မောင်ထုံလဲ အနောက်ကနေ ပေါ်လာတဲ့ နတ်ဘီလူးရဲ့ တင်းပုတ်ရိုက်ချက်ကို ရှောင်လိုက်တဲ့အချိန် အုတ်ကျိုးတစ်ခုကို နင်းမိပြီး ဘေးကိုလိမ့်ကျသွားခဲ့တယ်။ အဲဒီအချိန် မျက်တောင်မခတ်တမ်းမတ်တပ်ရပ်နေတဲ့ မိုးထက်မြင့်ရဲ့ ကိုယ်ထဲကနေ မျက်စိကြိမ်းမတတ် အလင်းဓါတ်တွေက ရေတံခွန်ကျသလို အရှိန်အဟုန်နဲ့ ဖောက်ထွက်လာခဲ့တာ အမှောင်ထုကြီးစိုးနေတဲ့ ဘုရားငုတ်တိုကုန်းတစ်ခုလုံး အောက်လင်းမီးကြီး ထိုးထားသလို ထိန်ထိန်လင်းသွားခဲ့တယ်။
အလင်းရောင်ရတာနဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့က ယက္ခတစ်ထောင်အင်းကို ထုတ်ယူပြီး သူနဲ့သက်ဆိုင်တဲ့ အင်းနှိုးဂါထာရွတ်ဆိုလိုက်ရာ ဘုရားငုတ်တိုကုန်းတစ်ခုလုံး တင်းပုတ်ကိုင်ထားတဲ့ ယက္ခတွေ အပြည့်ဖြစ်သွားခဲ့တယ်။
မောင်ထုံလဲ အခြေအနေမဟန်တာသိတာကြောင့် လဲကျနေတာကနေ ကုန်းထပြီး လည်ပင်းမှာဆွဲထားတဲ့ ကိုယ်လုံအင်းကို မြိုလိုက်ရာ သူ့ခန္ဓာကိုယ်နဲ့ နှစ်တောင်အကွာထိကျယ်တဲ့ အကာအကွယ်တစ်ခု ထွက်ပေါ်လာခဲ့တယ်။
နတ်ဘီလူးအင်းကနေ ဖြစ်ပေါ်လာတဲ့ ပုဂ္ဂိုလ်နဲ့ မောင်ကောင်းနဲ့ခွန်းလှတို့ဆင့်ခေါ်ထားတဲ့ ယက္ခတစ်ထောင်တို့အနေနဲ့ မောင်ထုံရဲ့ ကိုယ်လုံအင်းအနားကိုရောက်တာနဲ့ ဘုရားကုန်းပျက် အပြင်ဘက်ကို လွင့်စင်ထွက်ကုန်ကြတယ်။
“ ဆရာ… သူ့ကိုယ်လုံအင်းက အတော်အားကောင်းတာပဲ.. ဘယ်လိုလုပ်ရမလဲ”
မောင်ကောင်းရဲ့စကားကို အောင်မြတ်သာက ဘာမှပြန်မပြောပဲ လက်အုပ်ချီကာ မျက်လုံးစုံမှိတ်လိုက်ပြီး
“ ဆရာသခင်အပေါင်းတို့အား တပည့်ဦးခိုက်ပါတယ်… အခုချိန်က သာသနာအတွက်အရမ်းအရေးကြီးတဲ့အချိန်ဖြစ်နေတာကြောင့် ဆရာသခင်တို့ နှုတ်ယူထားတဲ့ ပညာရပ်များအား တပည့်ထံခေတ္တပြန်လည် အပ်နှံပေးပါရန် ခွင့်တောင်းအပ်ပါသည်” လို့ တိုင်တည်လိုက်တဲ့အချိန်မှာပဲ မိုးထက်မြင့်ရဲ့ ခန္ဓာကိုယ်ထဲက ပျော့ခွေကျသွားသလို အလင်းဓါတ်တွေလဲ အားလျော့ကာမှိန်ကျသွားခဲ့တယ်။
“ ဟိုကောင်လေး သတိလစ်သွားပြီထင်တယ်… ဘယ်လိုလုပ်ကြမလဲ”
ခွန်းလှရဲ့စကားသံအဆုံးမှာပဲ အလင်းရောင်ပျောက်ဆုံးသွားခဲ့သလို ဆင့်ခေါ်ထားတဲ့ ယက္ခတွေပါ ပျောက်ကွယ် သွားခဲ့တယ်။
မောင်ထုံအနေနဲ့ သူ့လုပ်ကွက်ထဲပြန်ရောက်လာပြီမို့ ကိုယ်လုံအင်းကို ပါးစပ်ထဲကပြန်ထုတ်ပြီး ရှေ့ကိုတိုးလာတဲ့အချိန် အလွန်ကိုမှလင်းထိန်တဲ့ အလင်းရောင်တန်းတစ်ခု ရုတ်ချည်းပေါ်ပေါက်လာခဲ့တယ်။
အလင်းတန်းက ဘယ်လောက်တောင် တောက်ပသလဲဆိုရင် မောင်ထုံရဲ့ မျက်လုံးတွေ ဖွင့်မရနိုင်လောက်တဲ့ထိကိုဖြစ်ခဲ့ရတယ်။
မောင်ကောင်းနဲ့ တောက်ရတို့လဲ အလင်းတန်းလာတဲ့ဘက်ကိုကြည့်လိုက်ရာ အုတ်ကျိုးပုံတွေပေါ်မှာ တင်ပလ္ဘင်ခွေထိုင်နေတဲ့ အောင်မြတ်သာဆီကနေ ထွက်လာမှန်းသိလိုက်ရတယ်။
“ ဆရာ ဆရာ သူ့ပညာတွေပြန်ရပီထင်တယ်… အား ကျွတ် ကျွတ်”
မောင်ကောင်းက သွေးထွက်နေတဲ့ ဦးခေါင်းကို လက်နဲ့ဖိပြီး ၀မ်းသာအားရရေရွတ်လိုက်တာကြောင့် သတိရှိတဲ့မောင်ထုံက ကိုယ်လုံအင်းကို ချက်ချင်းပြန်မြိုလိုက်ပြီး ရောက်တဲ့နေရာမှာတင် ရပ်နေခဲ့လိုက်တယ်။
အောင်မြတ်သာကတော့ တင်ပလ္လင်ခွေထိုင်နေရာကနေ သွေးကြောစိမ်းလေးတွေခပ်ရေးရေးပေါ်နေတဲ့ မျက်ခွံကို ဖျတ်ခနဲလှန်တင်လိုက်ပြီး မြေကြီးကို လက်ဝါးနဲ့ထိကိုင်ကာ
“ ကျွန်ုပ်သည် သူတော်ကောင်းပညာကို ရရှိစဉ်ထဲက သူတစ်ပါးမျက်ရည်ကြီးငယ်ကျအောင် မလုပ်ခဲ့ပါ၊ သူတစ်ပါးရဲ့အသက်ကိုလဲသိသိလျက်နဲ့မသတ်ခဲ့ပါ၊သူတစ်ပါးသားမယားကိုလဲ ခိုးယူပေါင်းသင်းခြင်း မရှိခဲ့ပါ၊ဤသစ္စာစကားမှန်ကန်ပါက မသမာသူအသုံးပြုထားသည့် အင်းအိုင် အဆောင်လက်ဖွဲ့၏ အစွမ်းသည် ရုတ်ချည်းလျော့ကျပါစေသား” လို့တိုင်တည်လိုက်ရာ ဘုရားငုတ်တိုကုန်းကို ရစ်ပတ်ထားတဲ့ ကြိုးတွေအကုန် တစ်ဖျောက်ဖျောက်နဲ့ပြတ်ထွက်ကုန်ကြသလို မြေကြီးပေါ်မှာ ပြန့်ကျဲနေတဲ့ အုတ်ကျိုးအုတ်ပဲ့ တွေက မီးကျီခဲတွေအဖြစ်ပြောင်းသွားပြီး မောင်ထုံအကာအကွယ်ယူထားတဲ့ ကိုယ်လုံအင်းကို တဖုန်းဖုန်းနဲ့၀င်တိုးပါလေရော။
ကိုယ်လုံအင်းအနေနဲ့ အောင်မြတ်သာရဲ့ သစ္စာတိုင်တည်မှု၊ မရေတွက်နိုင်တဲ့ မီးကျီခဲတွေရဲ့ တွန်းတိုက်မှုကိုမခံနိုင်တော့ပဲ နောက်ဆုံးမှာတော့ တစ်စစီပေါက်ပြဲကာ အစိမ်စိပ်အမြွှာမြွှာ ပျက်စီးသွားခဲ့တယ်။
အောင်မြတ်သာလဲ ကိုယ်လုံအင်းပျက်တဲ့အချိန် လက်ကိုပြန်ရုတ်လိုက်ပေမယ့် အချို့အုတ်ကျိုးတွေက အရှိန်မလျော့ပဲ မောင်ထုံရဲ့ ခန္ဓာကိုယ်အနှံ့ကိုလာရောက်ထိမှန်တာကြောင့် တစ်ကိုယ်လုံးသွေးချင်းချင်းနီကာ နေရာမှာတင် လဲကျသွားခဲ့တယ်။
မောင်ထုံ သတိလစ်သွားတာနဲ့ တစ်ပြိုင်နက် မောင်ကောင်းနဲ့ ခွန်းလှတို့ရှိတဲ့ဘက်ကိုသွားပြီး ရရှိထားတဲ့ဒဏ်ရာတွေကို လက်နဲ့အုပ်ကာ ဆွဲယူပစ်လိုက်တယ်ဆိုရင်ပဲ ဒဏ်ရာမရှိတော့ပဲ သွေးစတွေသာ ကျန်ရစ်ခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှလဲ ဒဏ်ရာတွေပျောက်ကင်း တာနဲ့ သတိလစ်နေတဲ့ မိုးထက်မြင့်ကို ပွေ့ထူပြီး ပြုစုလိုက်ရာ သတိပြန်လည်လာခဲ့တယ်။
အဲဒီတော့မှ စေတီပျက်တွေကြားထဲကနေ ဖိုးသူတော်နဲ့အပေါင်းအပါတွေထွက်လာပြီး ပျော့ခွေနေတဲ့ မိုးထက်မြင့်ကို လာရောက် ချောင်းကြည့်ခဲ့ကြတယ်။
အောင်မြတ်သာတို့လဲ မောင်ထုံမှာပါလာတဲ့ အဆောင်လက်ဖွဲ့တွေကိုသိမ်းယူပြီး ဖိုးသူတော် လက်ထဲအပ်ကာ မိုးထက်မြင့် မိဘတွေကိုကတိပေးထားတဲ့အတိုင်း မန်ကျီးကိုးပင်ရွာကို ပြန်ခေါ်လာခဲ့ကြတယ်။
+++++
မိုးထက်မြင့်အနေနဲ့ အိမ်ပြန်ရောက်တဲ့နောက်ပိုင်း စေတီတွေကိုပြန်လည်မွမ်းမံပြင်ဆင်ဖို့ကြိုးစားအားထုတ်မှု၊ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေရဲ့ အကူအညီ ပေးမှုတွေအပြင် အနှောက်အယှက်ပေးမှုတွေကို အောင်မြတ်သာတို့ဆရာတပည့်တွေ ဘယ်လိုပံ့ပိုး ကူညီကြမလဲဆိုတာကိုတော့…
“ အောင်မြတ်သာနှင့် ထီးတော်တင်ပွဲခြိမ့်ခြိမ့်သဲ” ဆိုတဲ့၀တ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Zawgyi Version
” ေအာင္ျမတ္သာႏွင့္ပဌာန္းဆက္ရွာပုံေတာ္ ”(စ/ဆုံး)
—————————————————————
ေဇယန(ရာမည)
တေပါင္းလျဖစ္တဲ့အတြက္ အပူရွိန္က မန္က်ီးကိုးပင္႐ြာထဲကို အတားအဆီးမဲ့စြာက်ဆင္းေနခဲ့တယ္။ ဒါေပမယ့္ လူတစ္ေယာက္ကေတာ့အရိပ္အာဝါသေကာင္းတဲ့မန္က်ီးပင္ေအာက္က ကြပ္ျပစ္ေလးေပၚမွာ စာအုပ္ထူႀကီးတစ္အုပ္ကို စိတ္၀င္တစားဖတ္ရႈေနေလရဲ႕။
“ မိုးထက္ျမင့္ေရ..စာအုပ္ကေနာက္မွဖတ္လို႔ရတယ္ ထမင္းအရင္လာစား”
မလွမ္းမကမ္းမွာရွိတဲ့ အိမ္ေပၚကေန လွမ္းေအာ္လိုက္တဲ့အသံေၾကာင့္ မိုးထက္ျမင့္ဆိုတဲ့လူငယ္ေလးက ဖတ္လက္စစာအုပ္ကိုပိတ္လိုက္ၿပီး အိမ္ေပၚကိုတက္လာခဲ့လိုက္တယ္။
“ စာအုပ္ထဲစိတ္ေရာက္ေနတာနဲ႔ ထမင္းစားဖို႔ေတာင္ေမ့ေနတာအေမရယ္.. ဒါနဲ႔ အေမေရာစားၿပီးၿပီလား”
“ မင္းနဲ႔တူတူစားဖို႔ေစာင့္ေနတာေလ… ကိုယ္ေတာ္ေခ်ာက စာအုပ္မ်ားဖတ္ေနရမယ္ဆို ထမင္းေမ့ဟင္းေမ့ပဲ”
မိခင္ျဖစ္သူရဲ႕စကားေၾကာင့္ မိုးထက္ျမင့္တစ္ေယာက္ ရယ္က်ဲက်ဲလုပ္ၿပီး လက္ေဆးရန္အိမ္ေနာက္ေဘးကိုထြက္သြားခဲ့တယ္။
ထမင္းစားေနရင္း မိခင္ျဖစ္သူက သားျဖစ္သူမ်က္ႏွာကိုေငးၾကည့္ရင္း လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္ေလာက္ကအျဖစ္အပ်က္ေတြက ေခါင္းထဲကို၀င္လာခဲ့တယ္။
++++++
မိုးေတြသည္းႀကီးမဲႀကီး႐ြာေနတဲ့ညသန္းေခါင္အခ်ိန္ အိမ္ေရွ႕ကေန စူးစူးဝါးဝါးထိုးေဟာင္ေနတဲ့ ေမာင္လုံးရဲ႕အသံေၾကာင့္ မလွသိန္းရင္လဲ အိပ္ယာကေနလူးလဲထလိုက္ၿပီး အိမ္ထရံေပါက္ကေနေခ်ာင္းၾကည့္လိုက္ရာ အသက္ေျခာက္ဆယ္အ႐ြယ္ဘုန္းေတာ္ႀကီးတစ္ပါးက မိုးေရထဲမတ္တပ္ရပ္ကာ အိမ္ကိုစိုက္ၾကည့္ေနတာျမင္လိုက္ရတယ္။
“ အလိုေလး.. ညႀကီးသန္းေခါင္ ဘယ္က ဘုန္းႀကီးႂကြလာပါလိမ့္… ဒီအခ်ိန္ႀကီးမွ လာတာဆိုေတာ့ မသမာသူမ်ားျဖစ္ေနမလား”
မလွသိန္းရင္လဲ အေတြးေပါင္းမ်ားစြာနဲ႔ စဥ္းစားေနတဲ့အခ်ိန္ ဘုန္းေတာ္ႀကီးရဲ႕ ခႏၶာကိုယ္ကေပ်ာ့ေခြကာ လဲက်သြားတာျမင္ေတာ့ ေယာက်ၤားျဖစ္သူကိုေတာင္ မႏႈိးေတာ့ပဲ အိမ္တံခါးကိုဖြင့္ကာ မိုးေရထဲေျပးဆင္းၿပီး ၾကည့္လိုက္ရာ အသက္ေျခာက္ဆယ္အ႐ြယ္ ဘုန္းႀကီးမဟုတ္ေတာ့ပဲ သုံးလသားအ႐ြယ္ကေလး တစ္ေယာက္ျဖစ္ေနတာကို ထူးဆန္းစြာျမင္လိုက္ရတယ္။
“ အလိုေလး… ဒီကေလးက ဘယ္ကေရာက္လာတာလဲ… ခုနကဘုန္ႀကီးေရာ”
ေဘးဘီကိုလိုက္ၾကည့္ရင္း ေရ႐ြတ္လိုက္တဲ့အခ်ိန္ အႏွီးထုပ္ထဲမွာရွိေနတဲ့ကေလးက မလွသိန္းရင္ကို လက္ညိဳးထိုးၿပီး
“ က်ဳပ္ဒီအိမ္မွာ ေခတၱလာေနခ်င္တယ္… က်ဳပ္ကို အိမ္ေပၚေခၚသြားေပးပါ” လို႔ ပီပီသသႀကီးေျပာတာကိုၾကားလိုက္ရတယ္။
သုံးလသားကေလးငယ္က လူႀကီးတစ္ေယာက္လို စကားေျပာတာေၾကာင့္ မလွသိန္းရင္လဲအံ့ဩသြားၿပီး ကေလးကိုေပြ႕ခ်ီလိုက္တဲ့အခ်ိန္ အိမ္မက္ထဲကေန ဖ်တ္ခနဲလန႔္ႏိုးလာခဲ့တယ္။
ဒီအျဖစ္အပ်က္ေတြက ႏွစ္ႏွစ္ဆယ္ၾကာခဲ့ၿပီဆိုေပမယ့္ မလွသိန္းရင္အေတြးထဲမွာေတာ့ မေန႔တစ္ေန႔ကလိုခံစားေနမိေနဆဲ။
“ အေမ … ထမင္းမစားပဲ ဘာေတြစဥ္းစားေနတာလဲ”
“ ဘာမွမဟုတ္ပါဘူး… သားရယ္ အလုပ္ကိစၥေခါင္းထဲေရာက္လာလို႔ပါ”
“ အေဖေရာ ထမင္းျပန္စားမွာလား..”
“ ညေနမွျပန္လာမယ္လို႔ေျပာတယ္…”
မိုးထက္ျမင့္လဲ ထမင္းစားၿပီးခ်ိန္မွာေတာ့ မန္က်ီးပင္ေအာက္က ကြပ္ျပစ္မွာေက်ာခဏခ်ကာ ထမင္းလုံးစီေနရင္း ေမွးခနဲအိပ္ေပ်ာ္သြားခဲ့တယ္။
+++++
“ သူျပန္လာၿပီေဟ့… ငါတို႔ကြၽတ္လြတ္ေတာ့မယ္… အဟီးအဟီး”
“ ဘယ္ကလာ… သူက တကယ္လာေသးတာမဟုတ္ဘူး.. ခဏပဲလာတာ ငါေျပာတာမယုံရင္ ဖိုးသူေတာ္ကိုသြားေမးၾကည့္”
ျမဴခိုးေတြဖုံးလႊမ္းေနတဲ့ ေစတီအပ်က္ေတြၾကားထဲကေန ထြက္လာတဲ့ စကားသံေတြေၾကာင့္ မိုးထက္ျမင့္တစ္ေယာက္ နားႏွစ္ဖက္ကိုလက္နဲ႔ပိတ္ၿပီး
“ မဟုတ္ဘူး… ငါအိမ္မက္မက္ေနတာ… ဒါတကယ္မဟုတ္ဘူး… တကယ္မဟုတ္ဘူး”
ဒီလိုအိမ္မက္မ်ိဳးက မိုးထက္ျမင့္ သိတတ္စအ႐ြယ္ေလာက္ထဲက မၾကာခဏဆိုသလိုျမင္မက္ေနက်။ ေနမေကာင္းတဲ့အခ်ိန္ေတြ စိတ္အားငယ္တဲ့အခ်ိန္ေတြဆိုရင္ ဒီလိုအိမ္မက္မ်ိဳးက အၿမဲမက္ေနၾက၊ ဒါေပမယ့္ အခုေတာ့ ဘာမွမျဖစ္ပဲ ဒီအိမ္မက္ကိုမက္ေနတာေၾကာင့္ မိမိကိုယ္ကိုသတိေပးၿပီး အေနာက္ကိုဆုတ္လိုက္တဲ့အခ်ိန္
“ အိမ္မက္ကေန တကယ္ျဖစ္လာဖို႔ အခ်ိန္ဘယ္ေလာက္မွမက်န္ေတာ့ပါဘူး… လူေလးဒီေနရာကိုေသခ်ာေပါက္ေရာက္လာရမွာ” ဆိုတဲ့အသံကိုၾကားလိုက္ရတဲ့အတြက္ လွည့္ၾကည့္လိုက္ရာ ဗိုက္ပူပူ မ်က္ႏွာၿပဲၿပဲနဲ႔ ဖိုးသူေတာ္တစ္ေယာက္ကိုျမင္လိုက္ရတယ္။
“ က်ဳပ္အိမ္မက္မက္ေနတာ… ခင္ဗ်ားကလဲ အိမ္မက္ထဲကလူပဲ… “
“ စိတ္ေအးေအးထားပါ လူေလး… သင္အိမ္မက္မက္ေနတာမွန္ေပမယ့္ ဒီေနရာမွာေနတဲ့သူေတြကေတာ့ လူေလးကို ေစာင့္ေနၾကတယ္…”
“ အရင္က အိမ္မက္မက္ရင္ ေစတီပ်က္ေတြကိုပဲ ျမင္ရၿပီး ဒီေန႔မွဘာလို႔ က်န္တဲ့အရာေတြကိုပါျမင္ေနရတာလဲ”
“ ဒါကေတာ့ အခ်ိန္က်လာတာေၾကာင့္ ျမင္ရတာပါ… ဟိုး ေစတီပ်က္ေပၚကိုၾကည့္လိုက္စမ္း…”
ဖိုးသူေတာ္က သူ႔ရဲ႕ တုတ္ခိုင္ႀကီးမားတဲ့ လက္ကိုေဝွ႔ယမ္းလိုက္ရာ ျမဴခိုးေငြ႕ေတြက ေဘးတစ္ဖက္စီကို လြင့္ထြက္သြားၿပီး အုတ္က်ိဳးအုတ္ပဲ့ေတြၿပိဳက်ေနတဲ့ ေစတီပ်က္ေပၚမွာ စုတ္ျပတ္ေနတဲ့သကၤန္းေတြကို ႐ုံထားၾကတဲ့ ဘုန္းႀကီးအခ်ိဳ႕ကိုျမင္လိုက္ရတယ္။
တစ္ကိုယ္လုံးဖုန္ေတြေပက်ံေနၿပီး ညစ္ပတ္ေပေရေနတဲ့ဘုန္းႀကီးအခ်ိဳ႕က ၀မ္းသာအားရျဖစ္ဟန္နဲ႔ လက္ျပႏႈတ္ဆက္ေနၾကၿပီး အခ်ိဳ႕က်ေတာ့ နား႐ြက္ေအာက္ထိၿပဲလန္ေနတဲ့ ပါးစပ္ကိုၿဖဲကာ ရယ္ျပေနတာကို ထိတ္လန႔္ဖြယ္ျမင္ေတြ႕လိုက္ရတယ္။
“ လူေလး… ျမင္ၿပီမလား… ဒီသံဃာေတာ္ေတြက အတိတ္ဘ၀က လူေလးနဲ႔အတူတူ သာသနာျပဳခဲ့တဲ့သူေတြပဲ… သူတို႔အားလုံး ကြၽတ္လြတ္ႏိုင္ဖို႔ ဒီမွာၿပိဳပ်က္ေနတဲ့ ေစတီအားလုံးကို လူေလးရဲ႕ လက္နဲ႔ ထီးေတာ္တင္ေပးဖို႔လိုလိမ့္မယ္”
“ ဒီေစတီအကုန္လုံးကို က်ဳပ္က ဘယ္လိုလုပ္ထီးေတာ္တင္ႏိုင္မွာလဲ… က်ဳပ္မွာပိုင္ဆိုင္တာဆိုလို႔ ဘာမွမရွိဘူးေလ”
“ ဒီအတြက္ စိတ္မပူပါနဲ႔… လူေလးသာ ထီးေတာ္တင္ခ်င္တဲ့စိတ္ရွိရင္ က်န္တာသူ႔အလိုလိုျဖစ္လာပါလိမ့္မယ္… ဒါနဲ႔ မၾကာခင္ လူေလးအနားကို ေယာဂီ၀တ္ပုဂၢိဳလ္တစ္ေယာက္ ေရာက္လာလိမ့္မယ္၊ သူက လူေလးျဖစ္ခ်င္တာကို ျပည့္စုံေအာင္ကူညီေပးမွာပါ”
“ က်ဳပ္ က်ဳပ္ ဒီကိုလာဖို႔ အေမတို႔ခြင့္မျပဳေလာက္ဘူးထင္တယ္… အေမက က်ဳပ္မရွိရင္ အိပ္လို႔ေပ်ာ္တာမဟုတ္ဘူးဗ်”
“ ဦးသူေတာ္ ေျပာၿပီးၿပီေလ… လူေလးသာ ထီးေတာ္တင္ခ်င္စိတ္ရွိရင္ က်န္တဲ့ကိစၥက အလိုလိုအဆင္ေျပသြားပါလိမ့္မယ္”
ဗိုက္ပူပူမ်က္ႏွာၿပဲၿပဲဖိုးသူေတာ္စကားေၾကာင့္ မိုးထက္ျမင့္ သက္ျပင္းရွည္တစ္ခ်က္ကို ခ်လိုက္ၿပီး ပတ္၀န္းက်င္မွာရွိတဲ့ ေစတီေတြကို မ်က္လုံးေဝ့ၾကည့္လိုက္တဲ့အခ်ိန္ ပတ္၀န္းက်င္တစ္ခုလုံးခ်ားရဟတ္လိုလည္သြားၿပီး အေမွာင္ေတြဖုံးလႊမ္းသြားခဲ့တယ္။
“ သား… သားေလး… မိုးထက္ျမင့္”
အသံက နီးလာလိုက္ ေဝးလာလိုက္နဲ႔ျဖစ္ေနတာကို သတိထားမိလိုက္တဲ့အခ်ိန္ ေဘးနားမွာရွိေနတဲ့ လက္တစ္ဖက္ကို ဖ်တ္ခနဲဆုပ္ကိုင္မိသြားခဲ့တယ္။
“ ေဟာ ေဟာ သတိရလာၿပီ… သားေလး… သား.. သတိရလာၿပီလား”
မိုးထက္ျမင့္သတိရလာလို႔ၾကည့္လိုက္ေတာ့ ညကိုးနာရီထိုးေနခဲ့ၿပီ။
“ ဟင္… ေန႔လည္က ခဏအိပ္ေပ်ာ္သြားတာ ဘယ္လိုျဖစ္လို႔ ညထိေရာက္သြားတာလဲ”
“ အိပ္ေပ်ာ္ရာကေန သတိလစ္သြားလို႔ စိတ္ပူေနခဲ့တာ… လႈပ္ႏႈိးလဲမႏႈိး မ်က္ႏွာကိုေရနဲ႔သုတ္လဲမႏႈိးပဲျဖစ္ေနတာေၾကာင့္ အေတာ္စိတ္ပူသြားတာ၊ အဲဒီအခ်ိန္ ေယာဂီ၀တ္ထားတဲ့လူတစ္ေယာက္ေရာက္လာၿပီး သူ႔အမ်ိဳးအေဆြေတြဆီ သြားေနတာျဖစ္လို႔
ညက်ရင္ျပန္သတိရလာလိမ့္မယ္ အရမ္းႀကီးစိတ္မပူပါနဲ႔လို႔ လာေျပာသြားတာ”
“ ေယာဂီ၀တ္ထားတဲ့လူဟုတ္လား အေဖ”
“ ေအးေလ… ဘာျဖစ္လို႔လဲ”
“ ဘာမွမျဖစ္ပါဘူး… ဒါနဲ႔ အဲဒီ လူက ဘယ္ကိုထြက္သြားတာလဲ”
“ သူက ႐ြာဦးေက်ာင္းမွာတည္းေနတာလို႔ ေျပာတယ္”
“ သူက ေဆးဆရာလား…”
“ အဲလိုေျပာၾကတာပဲ… မနက္ကေတာင္ ေဘးအိမ္က ေဒၚမင္းစိန္ရဲ႕ ေခါင္းကိုက္ေရာဂါ သူေပးတဲ့ဆီလူးလိုက္တာနဲ႔ ခ်က္ခ်င္းသက္သာသြားတယ္ဆိုပဲ”
“ ဒါဆို သားလဲျမင္ဖူးတယ္ရွိေအာင္ မနက္က်ရင္သြားၾကည့္လိုက္ဦးမယ္.. အေမေရာ လိုက္ဦးမလား”
“ မလိုက္ေတာ့ပါဘူး… အိမ္မွာလုပ္စရာေတြရွိေသးတယ္”
မိုးထက္ျမင့္လဲ အိပ္ယာထဲကေန လူးလဲထလိုက္ၿပီး ေရခ်ိဳးရန္ အိမ္ေနာက္ေဘးကိုထြက္လာခဲ့ လိုက္တယ္။
++++++
အရိပ္ရသစ္ပင္ေတြနဲ႔ အုပ္ဆိုင္းေနတဲ့ ဘုန္းႀကီးေက်ာင္း၀င္းအတြင္းမွာေတာ့ ေရာဂါျပဖို႔တန္းစီေနၾကတဲ့သူေတြက ဒုနဲ႔ေဒး။ စီတန္းေနတဲ့ လူေတြရဲ႕ထိပ္မွာေတာ့ ႏႈတ္ခမ္းေမႊးခပ္ေရးေရးနဲ႔လူတစ္ေယာက္က ေရာဂါလာျပတဲ့သူေတြကို ကုသေပးေနခဲ့တယ္။
မိုးထက္ျမင့္လဲ တန္းစီေနတဲ့လူအုပ္ႀကီးကိုေဘးကေန ေက်ာ္တက္ၿပီး လွမ္းၾကည့္လိုက္ရာ ေဆးကုေနတဲ့လူရဲ႕အၾကည့္က သူ႔ဆီကိုေရာက္လာခဲ့တယ္။
အသက္ႏွစ္ဆယ္ေက်ာ္လူငယ္တစ္ေယာက္အေနနဲ႔ ေခတ္ပညာကိုအတန္သင့္တတ္ေျမာက္ထားတာေၾကာင့္ အခုလိုပညာရပ္ေတြကို လက္ေတြ႕ျမင္မွ ယုံၾကည္ႏိုင္တာေၾကာင့္ အနားကိုနီးသထက္နီးေအာင္ကပ္ၿပီး ၀င္ၾကည့္လိုက္တယ္။
ဆရာျဖစ္သူရဲ႕ ကုသပုံကုသနည္းက ထူးဆန္းတယ္။ ဘာေၾကာင့္ဆိုေတာ့ ဘယ္လိုေရာဂါျဖစ္ေနပါေစ အေရွ႕မွာခ်ထားတဲ့ ဆီမန္းတစ္ခုထဲကိုသာသုံးၿပီးကုသေနလို႔ပဲ။
ဖ်ားနာတဲ့သူေတြကို ဆီပုလင္းထဲက ဆီအခ်ိဳ႕တိုက္ေကြၽးသလို ဒူးနာ ခါးနာ အဆစ္ျမစ္ကိုက္ခဲနာက်င္ေနတဲ့သူေတြကိုလဲ ေရွ႕မွာရွိတဲ့ဆီပုလင္းကိုအသုံးျပဳၿပီးကုသေပးေန တာကိုအံ့ဩဖြယ္ျမင္လိုက္ရတယ္။
မိုးထက္ျမင့္လဲ ညေနေစာင္းတဲ့အထိ လူနာကုသေနမႈကိုထိုင္ၾကည့္ေနခဲ့ရာ ေန၀င္ရီတေရာအခ်ိန္ေရာက္ေတာ့ လူမရွိသေလာက္ ရွင္းသြားခဲ့တယ္။ အဲဒီအခ်ိန္မွာပဲ ေဆးကုေနတဲ့ လူက လက္ယက္ကာေခၚေနတာကို ျမင္လိုက္ရတယ္။
“ ကြၽန္ေတာ္ကို ေခၚတာလားဗ်”
“ ဟုတ္တယ္ မင္းကိုေခၚတာ… မင္းက အခ်ိန္အၾကာႀကီး ဘာလို႔ရပ္ၾကည့္ေနတာလဲ”
“ ဘာမွမဟုတ္ပါဘူး ဆရာကုတာကို စိတ္၀င္စားလို႔ ၾကည့္ေနတာပါ”
“ ငါက တစ္႐ြာကိုႏွစ္ရက္ႏႈန္းေဆးလိုက္ကု
ေနတဲ့သူ ျဖစ္တဲ့အတြက္ မနက္ျဖန္ဆိုရင္ မင္းငါ့ကို ျမင္ေတြ႕ရေတာ့မွာမဟုတ္ဘူး… မင္းပုံစံၾကည့္ရတာ ငါ့စိတ္ထဲတစ္မ်ိဳးတစ္မည္ခံစားေနရတယ္… မင္း ငါ့အေနာက္လိုက္ၿပီး ပညာသင္မလား”
႐ုတ္တရက္ေမးလာတဲ့ စကားေၾကာင့္ မိုးထက္ျမင့္ ႏႈတ္ဆိတ္သြားၿပီး
“ က်ဳပ္က ေဆးကုတာ ဝါသနာမပါဘူး… ဒီတိုင္းဗဟုသုတရေအာင္ လာၾကည့္တာပါ… ေနာက္ၿပီး အိမ္မွာလဲ မိဘႏွစ္ပါးက်န္ေသးတယ္ . က်ဳပ္လိုက္လို႔မျဖစ္ပါဘူး”
“ ငါေမးတာက မင္းလိုက္မလား မလိုက္ဘူးလားပဲ ေမးတာ… မင္းမိဘေတြကိစၥကိုေမးတာမဟုတ္ဘူး”
“ မလိုက္ခ်င္ဘူး… က်ဳပ္ျပန္ေတာ့မယ္”
မိုးထက္ျမင့္က စကားကို ခပ္ျပတ္ျပတ္ေျပာၿပီး ျပန္ဖို႔အလုပ္ တင္ပလႅင္ေခြခ်ိတ္ၿပီးထိုင္ေနတဲ့လူက စူးရဲတဲ့မ်က္လုံးေတြနဲ႔ ေနာက္ေစ့ကိုစိုက္ၾကည့္ကာ စားပြဲခုံကိုလက္နဲ႔သုံးခ်က္ေခါက္လိုက္တယ္ဆိုရင္ပဲ လမ္းေလ်ာက္ၿပီးျပန္ေနတဲ့ မိုးထက္ျမင့္ရဲ႕ မ်က္လုံးေတြေမွးစင္းကာ ေခြခနဲလဲက်သြားေတာ့တယ္။
မၾကာခင္ ဘုန္းႀကီးေက်ာင္းမွာ ေဆးကုေနတဲ့ ေဆးဆရာေရာ မိုးထက္ျမင့္ပါ မန္က်ီးကိုးပင္႐ြာကေန ေပ်ာက္ျခင္းမလွေပ်ာက္ကြယ္သြားခဲ့ၾကတယ္။
+++++++
တိတ္ဆိတ္ေနတဲ့ ညသန္းေခါင္အခ်ိန္ မွိန္ျပျပအလင္းေရာင္ထြက္ေပၚေနတဲ့ ဇရပ္တစ္ခုေပၚမွာေတာ့ လူသုံးေယာက္ တရားထိုင္ေနခဲ့ၾကတယ္။
အခ်ိန္အားျဖင့္ ႏွစ္နာရီေလာက္ၾကာၿပီးတဲ့ခ်ိန္မွာေတာ့ အလယ္မွာထိုင္ေနတဲ့သူရဲ႕မ်က္လုံးေတြ ေျဖးညႇင္းစြာပြင့္လာၿပီး
“ သူ႔ရဲ႕ခႏၶာကိုယ္ကထြက္တဲ့ အလင္းဓါတ္ေတြ မွိန္က်သြားပါလား… ဘာမ်ားျဖစ္လို႔ပါလိမ့္”လို႔ ေရ႐ြတ္ကာ တစ္ခုခုကို စဥ္းစားေနခဲ့တယ္။
မၾကာခင္ က်န္တဲ့သူႏွစ္ေယာက္ အသီးသီးထလာၿပီး
“ ဆရာ ဒီည တရားျဖဳတ္တာ ေစာေနပါလား”
“ ဟုတ္တယ္ ေမာင္ေကာင္း… ငါတို႔လိုက္ရွာေနတဲ့ သူရဲ႕အေငြ႕အသက္ေတြ ေပ်ာက္ကြယ္သြားတာကို သတိထားမိခဲ့တယ္… ဒီေကာင္ေလး ဘာမ်ားျဖစ္ ေနပါလိမ့္”
“ ကြၽန္ေတာ္တို႔ဘယ္လိုဆက္လုပ္ၾကမလဲ… သူ႔ရဲ႕ဓါတ္ကိုအာ႐ုံျပဳၿပီး လိုက္ရွာေနပါတယ္ဆိုမွ အခုလိုေပ်ာက္သြားေတာ့ ေကာက္႐ိုးပုံထဲ အပ္ေပ်ာက္ရွာသလိုျဖစ္ေတာ့မွာပဲ”
ေအာင္ျမတ္သာနဲ႔ ေမာင္ေကာင္းတို႔ရဲ႕စကားေၾကာင့္ အနားမွာရွိေနတဲ့ ခြန္းလွက
“ ဆရာ… ကြၽန္ေတာ္ အဲဒီေကာင္ေလးကို အာ႐ုံျပဳလိုက္တိုင္းမန္က်ီးပင္ေတြတန္းစီေပါက္ေနတဲ့ ေနရာတစ္ခုကိုပဲ ျမင္ေနရတယ္… ဒီအနီးတစ္ဝိုက္မွာ မန္က်ီးပင္ေတြအမ်ားႀကီး ေပါက္ေနတဲ့အရပ္ကိုေမးၿပီးသြားၾကည့္ရင္ သဲလြန္စတစ္ခုခုရမယ္လို႔ထင္တယ္”
“ ခြန္းလွေျပာတာက သဘာ၀က်တယ္… မနက္မိုးလင္းတာနဲ႔ အဲဒီေနရာကိုလိုက္ရွာၾကတာေပါ့”
ေအာင္ျမတ္သာက စကားဆုံးတာနဲ႔ ဇရပ္လက္ရန္းေဘာင္ေပၚမွာ ၿငိမ္းလုဆဲဆဲျဖစ္ေနတဲ့ ဖေယာင္းတိုင္ကို အသစ္လဲလွယ္ထြန္းညႇိလိုက္တယ္။
++++++
ဖုန္တေထာင္းေထာင္းထေနတဲ့ လမ္းမႀကီးရဲ႕ေဘးတစ္ဖက္တစ္ခ်ပ္စီမွာေတာ့ ထန္း႐ြက္မိုး ထန္း႐ြက္ကာထားတဲ့ ေဈးဆိုင္အခ်ိဳ႕ရွိေနၿပီး လမ္းသြားလမ္းလာ လူအခ်ိဳ႕ကလဲ ေဈးဆိုင္ေတြထဲ၀င္ေရာက္ကာ မိမိတို႔စားခ်င္တဲ့မုန႔္ပဲသေရစာေတြကို ၀ယ္ယူစားေသာက္ေနခဲ့ၾကတယ္။
ေအာင္ျမတ္သာတို႔လဲ ေဈးဆိုင္တန္းရဲ႕ ေထာင့္ဘက္အက်ဆုံး မုန႔္ပစ္သလက္ဆိုင္ထဲကို ၀င္လာခဲ့လိုက္တယ္။
“ ဒါက ဘယ္လိုေရာင္းလဲအရီး”
“ တစ္ခုကို ၆က်ပ္ေရာင္းတာ ႏွစ္ခုယူမယ္ဆို ၁၀ပဲေပး”
“ ဒါဆို ေလးခုလုပ္ေပးပါ…”
ေအာင္ျမတ္သာက ေငြအခ်ိဳ႕ကို လွမ္းေပးၿပီးကာမွ
“ ဒီအနီးနားမွာ မန္က်ီးပင္ေတြစီတန္းေပါက္ေနတဲ့ ေနရာမ်ားရွိလားဗ်”
“ ေမာင္ရင္တို႔က မန္က်ီးကိုးပင္႐ြာကိုသြားမလို႔လား.”
“ မန္က်ီးကိုးပင္႐ြာ ဟုတ္လား… အဲဒီ႐ြာက ဒီနားမွာပဲရွိတာလားဗ်”
“ ဒီကေနဆို နည္းနည္းသြားရေသးတယ္…”
“ ေအာ္ … ဟုတ္ကဲ့… ေက်းဇူးေနာ္ အရီး”
ေအာင္ျမတ္သာတို႔လဲ ဖက္နဲ႔ထုပ္ထားတဲ့ မုန႔္ထုပ္ကို လွမ္းယူၿပီး မန္က်ီးကိုးပင္႐ြာဘက္ကို ထြက္လာခဲ့လိုက္တယ္။
+++++++
မီးေရာင္မွိန္ျပျပထြန္းထားတဲ့ အခန္းထဲမွာေတာ့ မလႈပ္မယွက္ၿငိမ္သက္စြာလွဲေလ်ာင္းေနတဲ့ လူငယ္တစ္ေယာက္အျပင္ အေရာင္မ်ိဳးစုံရွိတဲ့ ေဆးမႈန႔္ေတြကို ဖန္ပုလင္းထဲထည့္ေနတဲ့ လူတစ္ေယာက္တို႔ရွိေနခဲ့ၾကတယ္။
ခဏၾကာေတာ့ လွဲေလ်ာင္းေနတဲ့ လူငယ္က လႈပ္လႈပ္ရွားရွားျဖစ္လာခဲ့တယ္။
“ က်ဳပ္ဘယ္ေရာက္ေနတာလဲ… ခင္ဗ်ားက ဘယ္လိုလုပ္ က်ဳပ္နဲ႔တူတူရွိေနရတာလဲ”
“ မင္းက ငါေခၚတုန္းက အသာတၾကည္မွမလိုက္တာ.. ဒါေၾကာင့္ ငါ့နည္းငါ့ဟန္နဲ႔ေခၚလာရတာေပါ့”
“ ခင္ဗ်ား… ခင္ဗ်ား က်ဳပ္ကိုေခၚလာၿပီး ဘာလုပ္မလို႔လဲ”
“ လုပ္ရမယ့္ကိစၥရွိလို႔ေပါ့ကြာ… မင္းသာငါ့ကို ကူညီမယ္ဆိုရင္ မင္းအတြက္လဲ အက်ိဳးမယုတ္ေစရပါဘူး”
“ က်ဳပ္က ဘာကိုကူညီရမွာလဲ… ခင္ဗ်ားေျပာတာ နားမလည္ဘူး”
မိုးထက္ျမင့္စကားေၾကာင့္ ေဆးလိပ္ထိုင္ဖြာေနတဲ့ လူက အနားကိုတိုးလာၿပီး
“ ေစတီပ်က္ေတြရွိတဲ့ေနရာကို မင္းသိတယ္မဟုတ္လား”
“ ဟင္… ခင္ဗ်ားက က်ဳပ္အိမ္မက္ထဲက အေၾကာင္းေတြကို ဘယ္လိုသိေနတာလဲ”
“ ငါ့နည္းငါ့ဟန္နဲ႔သိတာေပါ့… ဘာလဲ အံ့ဩေနတာလား”
“ ေနစမ္းပါဦး … ေစတီပ်က္ေတြရွိတဲ့ေနရာနဲ႔ က်ဳပ္နဲ႔ဘာဆိုင္ေနလို႔လဲ”
“ ဆိုင္တာေပါ့ ေကာင္ေလးရာ… မင္းက ေစတီအားလုံးမွာရွိတဲ့ ဌာပနာပစၥည္းေတြကို ထိန္းသိမ္းရတဲ့သူေလ… အခုဘ၀မွာလဲ မင္းကို သူတို႔အားလုံးေမွ်ာ္ေနၾကတာ… ဒီေတာ့ မင္းသာငါ့ကိုကူညီၿပီး ဌာပနာပစၥည္းေတြကို ရွာေပးမယ္ဆိုရင္ ငါကလဲ မင္းကို လက္ဖ်ားနဲ႔ေတာင္ မတို႔ပါဘူး… ဒီလိုမွမဟုတ္ဘူးဆိုရင္ေတာ့ မင္းဘ၀တစ္ေလ်ာက္လုံး အသိစိတ္မရွိတဲ့ လူတစ္ေယာက္အျဖစ္နဲ႔ေနသြားရမယ္ ဟက္ဟက္”
ဟက္ဟက္ပက္ပက္ရယ္ေမာရင္း အခန္းျပင္ကို ထြက္သြားတဲ့လူရဲ႕ေနာက္ေက်ာကိုၾကည့္ၿပီး မိုးထက္ျမင့္တစ္ေယာက္ အံကိုခပ္တင္းတင္းႀကိတ္ထားလိုက္မိတယ္။
++++++
လက္တစ္ဖက္စာခန႔္ႀကီးမားတဲ့ မန္က်ီးပင္ေတြ စီတန္းေပါက္ေရာက္ေနတဲ့ ႐ြာအ၀င္လမ္းက သဘာ၀ပန္းခ်ီကားတစ္ခ်ပ္လို သာယာလွပေနခဲ့တယ္။
႐ြာအ၀င္လမ္းမႀကီးေပၚမွာေတာ့ လယ္ထဲကိုင္းထဲကေန ျပန္လာၾကတဲ့ သူအခ်ိဳ႕အျပင္ ေယာဂီ၀တ္စုံ၀တ္ထားတဲ့ လူသုံးေယာက္ပါရွိေနခဲ့ၾကတယ္။
႐ြာသားေတြကေတာ့ ေယာဂီ၀တ္စုံ၀တ္ထားတဲ့ ေအာင္ျမတ္သာတို႔သုံးေယာက္ကို မသကၤာတဲ့မ်က္လုံးေတြနဲ႔ၾကည့္ၿပီး အခ်င္းခ်င္း တီးတိုးေျပာဆိုကာ ခပ္သုတ္သုတ္ထြက္သြားတာ ျမင္ေတာ့ ေမာင္ေကာင္းက
“ ဒီ႐ြာက လူေတြက ဘယ္လိုႀကီးလဲသိဘူး… ကြၽန္ေတာ္တို႔ကို အထူးအဆန္းလို ၾကည့္ေနၾကတာဗ်ာ”
“ တစ္ဖက္သားကို အရမ္းႀကီးအျပစ္မတင္ပါနဲ႔… သူတို႔မွာလဲ သူတို႔အေၾကာင္းတရားရွိမယ္ထင္ ပါတယ္”
ေအာင္ျမတ္သာက ေမာင္ေကာင္းကို လွမ္းသတိေပးၿပီး ႐ြာထဲကိုဆက္၀င္လာခဲ့ရာ တစ္ေနရာအေရာက္မွာေတာ့
” ငါ့သားကို ေခၚသြားတဲ့ေကာင္ေတြ .. ေသေပေတာ့” ဆိုတဲ့အသံနဲ႔အတူ ေအာင္ျမတ္သာရဲ႕ ဦးေခါင္းေပၚကို ဝါးဆစ္တုတ္တစ္ေခ်ာင္း က်လာခဲ့တယ္။
“ ေျဖာင္း… ခြပ္”
“ ဟာ..”
႐ုတ္တရက္မို႔ ေမာင္ေကာင္းေရာ ခြန္းလွပါ ၾကက္ေသေသသြားၿပီကာမွ သတိျပန္၀င္လာၿပီး တုတ္နဲ႔လွမ္း႐ိုက္တဲ့သူကို တြန္းထုတ္လိုက္တယ္။
“ ဆရာ ဘာျဖစ္သြားေသးလဲ”
“ ဘာမွမျဖစ္ပါဘူး… သူ႔ကိုသာဆြဲထူလိုက္ၾကဦး”
ေမာင္ေကာင္းလဲ လဲက်ေနတဲ့သူကို ဘုၾကည့္ၾကည့္လိုက္ၿပီး ဆြဲထူဖို႔အနားကပ္သြားတဲ့အခ်ိန္
“ ကိုေက်ာ္ပိုင္ ရွင္ဘာေတြေလ်ာက္လုပ္ေနတာလဲ…’’
“ ဘာလုပ္ရမွာလဲ ဒီေကာင္ေတြက ငါ့သားကိုေခၚသြားတဲ့သူနဲ႔တစ္ဖြဲ႕ထဲပဲျဖစ္ရမယ္… ေျပာစမ္း… ငါ့သားကို ဘယ္ကိုေခၚသြားတာလဲ”
“ မိတ္ေဆြ က်ဳပ္တို႔ကိုအထင္လြဲေနၿပီထင္တယ္… က်ဳပ္တို႔က ဒီ႐ြာကိုအခုမွေရာက္လာတာပါ”
“ ကြၽန္မကပဲေတာင္းပန္ပါတယ္ရွင္… ကြၽန္မသားေလးကို ေယာဂီ၀တ္စုံ၀တ္ထားတဲ့ ေဆးဆရာတစ္ေယာက္ ေခၚသြားတာမို႔ သူ႔ရဲ႕စိတ္က ဒီလို၀တ္စားထားတဲ့သူေတြကိုေတြ႕ရင္ အၿမဲလိုလိုရန္ရွာေနတတ္လို႔ပါ”
“ လွသိန္းရင္ နင္က သူတို႔အေၾကာင္း ဘာသိလို႔လဲ”
“ ေဟ့လူ… ခင္ဗ်ားစကားေတြက လြန္လွၿပီဗ်.. က်ဳပ္တို႔က သူတစ္ပါးသားသမီးကို ကိုယ္ထိလက္ေရာက္က်ဳးလြန္ဖို႔ေနေနသာသာ စိတ္နဲ႔ေတာင္မပစ္မွားဘူးဘူး..”
ခြန္းလွရဲ႕ မာထန္ထန္စကားေၾကာင့္ ကိုေက်ာ္ပိုင္ ဘာမွျပန္မေျပာေတာ့ပဲ မေက်နပ္တဲ့မ်က္ႏွာထားနဲ႔ စိုက္ၾကည့္ေနခဲ့တယ္။
“ အစ္မႀကီး သားက ဘယ္လိုျဖစ္တာလဲ… ေသခ်ာေလးေျပာျပေပးပါလား”
“ လြန္ခဲ့တဲ့ ေလးရက္ေလာက္က ႐ြာထဲကို ေယာဂီ၀တ္စုံ၀တ္ထားတဲ့ေဆးဆရာတစ္ေယာက္ ေရာက္လာခဲ့တယ္။ သူက ဆီတစ္မ်ိဳးထဲကို အသုံးျပဳၿပီး ႐ြာမွာရွိတဲ့ လူနာေတြကို ကုေပးေနတဲ့အတြက္ သားေလးက ျမင္ဖူးတယ္ရွိေအာင္ သြားၾကည့္မယ္ဆိုၿပီး အိမ္က ထြက္သြားတာ၊ အဲဒီေန႔ကစၿပီး ေဆးကုတဲ့သူေရာ ကြၽန္မသားေလးပါ ေပ်ာက္ခ်င္းမလွေပ်ာက္သြား ၾကတာ၊ အခုထိ ဘာသတင္းမွမရေသးပါဘူးရွင္”
“ အစ္မႀကီးေျပာတဲ့ပုံအရဆိုရင္ ေဆးဆရာက အတင္းအၾကပ္ေခၚသြားတာထက္ ကာယကံရွင္က သေဘာတူလို႔ လိုက္သြားတာေရာ မျဖစ္ႏိုင္ဘူးလား”
“ အဲလိုေတာ့မျဖစ္ႏိုင္ဘူး.. ဘာလို႔ဆို သားေလးက မိဘေတြနဲ႔ခြဲၿပီးတစ္ရက္ေတာင္ေနတဲ့သူမဟုတ္လို႔ပဲ၊ ျမင္တဲ့သူအခ်ိဳ႕ေျပာတာကေတာ့ သားေလးက ေဆးဆရာ အေနာက္ကေန ငူငူငိုင္ငိုင္ႀကီး လိုက္သြားတာလို႔ေျပာၾကတယ္”
“ အဲဒီေကာင္ေလးက ငါတို႔လိုက္ရွာေနတဲ့ သူမ်ားျဖစ္ေနမလား”
ေအာင္ျမတ္သာရဲ႕စကားေၾကာင့္ ခြန္းလွက အနားကိုတိုးလာၿပီး
“ တကယ္ဆိုရင္ သူ႔မိဘေတြ တစ္ခုခုေတာ့သိထားမယ္လို႔ထင္တယ္ဆရာ.. စကားေတာက္ၾကည့္ရမလား”လို႔ေျပာေတာ့ ေအာင္ျမတ္သာက ေခါင္းကိုအသာညိမ့္ျပ လိုက္တယ္။
“ အစ္မႀကီးေျပာတဲ့ပုံအရ အဲဒီေဆးဆရာရဲ႕ ပညာကသာမန္မွမဟုတ္တာ… အဲလိုလူတစ္ေယာက္က လူေတြအမ်ားႀကီးရွိတဲ့ထဲက အစ္မႀကီးရဲ႕သားကိုပဲ ေ႐ြးၿပီးေခၚသြားတာဆိုေတာ့ စဥ္းစားစရာပဲ”
“ ကြၽန္မသားေလးက သူေတာ္ေကာင္းေလးပါရွင္.. သိတတ္စအ႐ြယ္ထဲက ဘာသာေရးကိုလဲ လိုက္စားတယ္၊ သူတစ္ပါးအသက္ကိုသတ္ဖို႔ဆို ေဝးစြ… သူ႔ကိုျခင္ကိုက္လို႔ ကြၽန္မက႐ိုက္ရင္ေတာင္ စိတ္ဆိုးေသးတာ.. ဒီလိုကေလးကို ဘယ္လိုလူေတြကမ်ား အခုလိုေခၚသြားရက္ပါလိမ့္”
“ ဒါဆို အစ္မႀကီးသားက က်ဳပ္တို႔ လိုက္ရွာေနတဲ့ လူမ်ားျဖစ္ေနမလားပဲ..”
ခြန္းလွစကားေၾကာင့္ ကိုေက်ာ္ပိုင္က အနားကိုတိုးလာခဲ့ရာ
“ ကိုေက်ာ္ပိုင္ ရွင္ ေအးေဆးေန… ကြၽန္မ ေသခ်ာေအာင္ေမးၾကည့္ဦးမယ္.. ငါ့ေမာင္တို႔လိုက္ရွာေနတဲ့မဟုတ္ေလာက္ဘူးထင္တယ္… အစ္မသားက အျခားဘယ္ကိုမွသြားဖူးတာ မဟုတ္ဘူးေနာ္”
“ ကြၽန္ေတာ္စကားေျပာေလာသြားလို႔ပါ… ကြၽန္ေတာ္တို႔လိုက္ရွာေနတဲ့သူက သာသနာျပဳရမယ့္သူပါ… သူတည္မွရမယ့္ ေစတီေတြကအခုထိ ျပဳျပင္သူမဲ့ျဖစ္ေနတာရယ္.. ေစတီေတြကိုျပဳျပင္ၿပီးမွကြၽတ္လြတ္ၾကမယ့္သူေတြက သူ႔ကိုေစာင့္ေမွ်ာ္ေနတာေၾကာင့္ အခုလို ကြၽန္ေတာ္တို႔လိုက္ရွာေနရတာပါ”
ခြန္းလွစကားကိုၾကားေတာ့ လင္မယားႏွစ္ေယာက္လုံးပါးစပ္အေဟာင္းသား ျဖစ္သြားၿပီး
“ ကြၽန္မတို႔သားေလးက ငယ္ငယ္ေလးထဲက အဲလိုေစတီပ်က္ေတြကို ခဏခဏအိမ္မက္မက္ တတ္တယ္၊ အိမ္မက္ကႏိုးလာရင္လဲ တစ္ကိုယ္လုံးေခြၽးေစးေတြျပန္ေနတတ္ၿပီး လူကအားမရွိေတာ့သလို ေပ်ာ့ေခြေနတတ္ေသးတယ္”
“ အခုေျပာတဲ့ပုံအရ အစ္မႀကီးတို႔ သားက ကြၽန္ေတာ္တို႔လိုက္ရွာေနတဲ့ကေလးပဲ.. ဒါေပမယ့္ အခုေတာ့ ကြၽန္ေတာ္တို႔ပါ ျပန္ရွာရေတာ့မယ္”
“ တစ္ခုေလာက္ေမးလို႔ရလား”
“ ရပါတယ္ေမးပါဗ်”
“ သားေလးကို ကြၽန္မတို႔ျပန္ေတြ႕ႏိုင္ပါေတာ့မလား.. စိတ္ေတြလဲပူလြန္းလို႔ ဘာလုပ္လို႔လုပ္ရမွန္းေတာင္ မသိေတာ့ပါဘူး”
ခြန္းလွက အမ်ိဳးသမီးႀကီးရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာကိုလွမ္းၾကည့္လိုက္ရာ
“ သိပ္လဲစိတ္မပူပါနဲ႔ က်ဳပ္တို႔လဲ အတတ္ႏိုင္ဆုံး ႀကိဳးစားရွာေဖြေပးပါ့မယ္.. အစ္မႀကီးတို႔ဘက္ကို အကူအညီတစ္ခုေတာင္းခ်င္တာက သူ၀တ္ဖူးတဲ့ အက်ႌတစ္ထည္ေလာက္ရႏိုင္မလား”
“ ရပါတယ္ ကြၽန္မ ျပန္ယူေပးပါ့မယ္… သားေလးကို ျပန္ေတြ႕မယ္ဆိုတာ ေသခ်ာတယ္မဟုတ္လား”
“ ကြၽန္ေတာ္ရဲ႕မသိစိတ္ထဲမွာေတာ့ သူအသက္ရွင္ေနပါေသးတယ္… မိဘေတြအေနနဲ႔ ကေလးရဲ႕နာမည္ကို ေခၚၿပီး ေန႔စဥ္ေန႔တိုင္း ေမတၱာပို႔ေပးၾကပါ… က်ဳပ္တို႔ ကေလးကို ေတြ႕ၿပီ ဆိုတာနဲ႔ မိဘေတြဆီအရင္ဆုံး ျပန္ေခၚလာေပးပါ့မယ္”
ေအာင္ျမတ္သာရဲ႕စကားကိုၾကားေတာ့ ကိုေက်ာ္ပိုင္လဲ မ်က္ႏွာထားေျပာင္းသြားၿပီး
“ ကြၽန္ေတာ္ရဲ႕အျပဳအမူအတြက္ ေတာင္းပန္ပါတယ္ဗ်ာ… ခုနက မိတ္ေဆြတို႔ကိုအေပၚ အထင္မွားခဲ့မိတယ္ဗ်ာ”
ေအာင္ျမတ္သာက မ်က္ရည္စို႔စို႔နဲ႔ေျပာလာတဲ့ ကိုေက်ာ္ပိုင္ရဲ႕ ပခုံးကို ဆုပ္ကိုင္လိုက္ၿပီး
“ မိဘရဲ႕ ေမတၱာကို က်ဳပ္နားလည္ပါတယ္ဗ်ာ… က်ဳပ္တို႔အေနနဲ႔ တတ္ႏိုင္သမွ် လိုက္ရွာေပးမွာမို႔ အရမ္းႀကီးစိုးရိမ္ေသာကမျဖစ္ေအာင္ေနၿပီး က်န္းမာေရးကိုဂ႐ုစိုက္ၾကပါ”
“ ဟုတ္ကဲ့… ကြၽန္ေတာ္တို႔ သားေလးျပန္လာတာကို ေမွ်ာ္ေနပါ့မယ္… မိန္းမေရ သားေလး၀တ္တဲ့ အ၀တ္တစ္ထည္ယူေပးလိုက္ေလ”
ကိုေက်ာ္ပိုင္စကားေၾကာင့္ မလွသန္းရင္လဲ အိမ္ရွိရာဘက္ကို အေလာတႀကီးေျပးသြားၿပီး ခဏေနေတာ့ အက်ႌတစ္ထည္ယူကာ ျပန္ေရာက္လာခဲ့တယ္။
ေအာင္ျမတ္သာတို႔လဲ ကေလးရဲ႕နာမည္နဲ႔ ေမြးေန႔ သကၠရာဇ္ကိုေမးၿပီး အ၀တ္ကိုယူကာ ခ်က္ခ်င္းပင္ ႐ြာထဲကေန ျပန္ထြက္လာခဲ့လိုက္တယ္။
+++++++
လူေျခတိတ္ေနတဲ့ ညသန္းေခါင္အခ်ိန္မွာေတာ့ ထမင္းနဲ႔ဟင္းေရာထည့္ထားတဲ့ ႏွီးခြက္ကို ကိုင္ၿပီး လူတစ္ေယာက္ လမ္းေလ်ာက္လာခဲ့တယ္။
လမ္းေလ်ာက္လာတဲ့လူက အိမ္ေရွ႕က ပိႏၷဲပင္ေရွ႕အေရာက္မွာေတာ့ လက္ထဲကိုင္ထားတဲ့ စေကာကို အပင္ေျခရင္းေရွ႕ခ်ၿပီး ပါးစပ္ကေန တစ္စုံတစ္ခုကို တီးတိုး႐ြတ္ဆိုလိုက္တယ္ဆိုရင္ပဲ ပိႏၷဲပင္ေပၚကေန နီညိဳေရာင္အ၀တ္စကို အရွက္လုံေအာင္ဖုံးထားတဲ့ လူတစ္ေယာက္ တြယ္ဆင္းလာခဲ့တယ္။
“ မင္းေျပာတဲ့လူကို ရွာေတြ႕ၿပီမို႔ ငါ့ကတိအတိုင္း လာေကြၽးေမြးတာ… မင္းလဲအစားမစားရတာ ၾကာပီဆိုေတာ့ အရင္စားလိုက္ဦး”လို႔ေျပာလိုက္ တယ္ဆိုရင္ပဲ မ်က္ႏွာတစ္ခုလုံး ဒဏ္ရာဒဏ္ခ်က္ေတြအျပည့္ျဖစ္ေနတဲ့လူက ေဆာင့္ေၾကာင့္ထိုင္ၿပီး စေကာထဲက ထမင္းနဲ႔ဟင္းကို ၿမိန္ရွက္စြာစားပါေလေရာ။
“ ဟားဟား မင္းလဲ ေစတီပ်က္ေတြမွာ ေနတုန္းက ဘာမွမစားခဲ့ရဘူးထင္တယ္… ေနာက္လဲ ငါ့အလုပ္ေတြကို အကူအညီေပးရင္ ဒီထက္ပိုေကာင္းတဲ့အစားအေသာက္ေတြ စားရေအာင္လုပ္ေပးမယ္… ဒီေန႔ကစၿပီး မင္းက ေမာင္ထုံရဲ႕ တပည့္ျဖစ္သြားၿပီ၊ ငါအမိန႔္ေပးတာကို မင္းလုပ္ရမယ္၊ ငါထားတဲ့ေနရာမွာေနရမယ္ ၾကားလား”
ေမာင္ထုံဆိုတဲ့လူရဲ႕စကားကို ေဆာင့္ေၾကာင့္ထိုင္ေနတဲ့သူက ေခါင္းညိမ့္ျပၿပီး စေကာထဲမွာက်န္တဲ့ ထမင္းနဲ႔ဟင္းကို လက္ႏွစ္ဖက္နဲ႔ ႀကဳံးစားေနခဲ့တယ္။
ခဏေနေတာ့ ေမာင္ထုံဆိုတဲ့လူက ပိႏၷဲပင္ေအာက္ကေန အိမ္ထဲကိုျပန္၀င္လာၿပီး ခုံေပၚမွာႀကိဳးနဲ႔ခ်ည္ထားတဲ့ မိုးထက္ျမင့္အနားကိုလာကာ
“ သဘက္ခါက်ရင္ ေစတီပ်က္ရွိတဲ့ေနရာကို သြားၾကမယ္… မင္းအေနနဲ႔ ငါေျပာခိုင္းသလို ေျပာမယ္ဆိုရင္ အဲဒီကျပန္လာတာနဲ႔ ႐ြာကိုျပန္ပို႔ ေပးမယ္၊ အဲလိုမွမဟုတ္ပဲ ကလန္ကဆန္လုပ္ ရင္ေတာ့ အစိမ္းေသျဖစ္ေအာင္လုပ္ၿပီး တစ္သက္လုံးခိုင္းစားပစ္မယ္ ၾကားလား”
“ ခင္ဗ်ား… ခင္ဗ်ားက တကယ္ေတာ့ ေအာက္လမ္းဆရာပဲ”
“ အဟက္… ေအာက္လမ္းေတြ အထက္လမ္းေတြ မင္းသိဖို႔မလိုပါဘူး… ငါခိုင္းတဲ့အတိုင္း လုပ္မွာလား မလုပ္ဘူးလားဆိုတာပဲေျပာ..ငါ့မွာအခ်ိန္မရွိဘူး”
“ ခင္ဗ်ားေျပာတဲ့အတိုင္းလုပ္ရင္ တကယ္အိမ္ျပန္ပို႔ေပးမွာလား”
“ တကယ္ျပန္ပို႔ေပးမွာ… မင္းကူညီခဲ့တာေတြ အတြက္လဲ ထိုက္တန္တဲ့အဖိုးအခပါ ထပ္ေပးဦးမယ္”
“ ဒါဆို က်ဳပ္ ခင္ဗ်ားေျပာတဲ့အတိုင္းလုပ္မယ္… အခုေတာ့ က်ဳပ္ကိုႀကိဳးခ်ည္ထားတာျဖဳတ္ေပးဦး.. လက္ေတြလဲနာလွၿပီ”
မိုးထက္ျမင့္စကားေၾကာင့္ ေမာင္ထုံက ခ်ည္ထားတဲ့ႀကိဳးေတြကိုျဖဳတ္ေပးၿပီး စားပြဲေပၚမွာ တင္ထားတဲ့ အစားအစာအခ်ိဳ႕ကို ကမ္းေပးလိုက္တယ္။
“ ဒီညေတာ့ အဟာရရွိေအာင္ စားထားလိုက္… ထြက္ေျပးဖို႔ေတာ့ မစဥ္းစားနဲ႔ေနာ္… ၿခံ၀ေတာင္မေရာက္ပဲ အသက္ထြက္သြားလိမ့္မယ္” လို႔ေျပာကာ အိမ္ခန္းထဲကို ၀င္သြားခဲ့တယ္။
++++++
ေအာင္ျမတ္သာတို႔လဲ မိုးထက္ျမင့္၀တ္ထားတဲ့ အ၀တ္ကို အေရွ႕မွာခ်ၿပီး ေမြးေန႔သကၠရာဇ္ကို အင္းဖေယာင္းတိုင္ေပၚမွာေရးဆြဲကာ အ၀တ္ရဲ႕ေလးဘက္ေလးတန္မွာထြန္းညႇိၿပီး အာ႐ုံ ခံၾကည့္လိုက္ရာ အလင္းေရာင္မရွိတဲ့အခန္းတစ္ခုရဲ႕ အလယ္မွာ ငုတ္တုပ္ထိုင္ေနတဲ့ လူငယ္တစ္ေယာက္ ကိုျမင္လိုက္ရတယ္။
သူ႔ရဲ႕အနီးပတ္၀န္းက်င္မွာေတာ့ ဥဒဟိုလႈပ္ရွားသြားလာေနၾကတဲ့ မဲမဲေကာင္ေတြကိုျမင္လိုက္ရၿပီး အခန္းအျပင္မွာလဲ ပုံဆိုးပန္းဆိုးေကာင္ေတြ ေဆာင့္ေၾကာင့္ထိုင္ကာ ပတ္၀န္းက်င္ကို ျပဴးက်ယ္တဲ့ မ်က္လုံးေတြနဲ႔ လိုက္ၾကည့္ေနတာကို အာ႐ုံခံမိခဲ့တယ္။
တရားျဖဳတ္ၿပီးလို႔ ျမင္ခဲ့ရတာေတြကို ျပန္ေဆြးေႏြး ခ်ိန္မွာေတာ့ ေမာင္ေကာင္းက ေၾကာက္လန႔္ေနတဲ့ လူငယ္တစ္ေယာက္ကို မီးေတာက္အလယ္မွာ ျမင္ရေၾကာင္းေျပာခဲ့ၿပီး၊ ခြန္းလွကေတာ့ ေရနံေခ်းသုတ္ထားတဲ့ အိမ္မဲမဲႀကီးထဲမွာ လူငယ္ တစ္ေယာက္ မ်က္ႏွာငယ္နဲ႔ထိုင္ေနတာကို သူျမင္ရေၾကာင္း ေျပာခဲ့တယ္။ ေအာင္ျမတ္သာလဲ တပည့္ျဖစ္သူေတြရဲ႕ စကားကိုနားေထာင္ၿပီး
“ ဒီေကာင္ေလးကို ေခၚထားတဲ့သူက ေကာင္းေကာင္းမြန္မြန္ထားသားပဲ… ဒါေပမယ့္ ေကာင္ေလးရဲ႕ပတ္ပတ္လည္မွာေတာ့ အေစာင့္ေတြ အမ်ားႀကီးခ်ထားတာကိုၾကည့္ရင္ အျခားအႀကံအစည္တစ္ခုခုေတာ့ ရွိမယ္လို႔ ျမင္မိတယ္”
“ ကြၽန္ေတာ္လဲဆရာေျပာသလိုေတြးမိတယ္… ခြန္းလွကေရာ ဘယ္လိုေတြးလဲ”
“ ေခၚထားတဲ့သူက ဒီေကာင္ေလးကိုအသုံးခ်မယ္ လို႔ထင္တယ္… မဟုတ္မွလြဲေရာ ဟိုေစတီပ်က္ေတြ နဲ႔မ်ားပတ္သတ္ေနမလား”
“ ခြန္းလွေျပာတာ သဘာ၀က်တယ္… ေနာက္ၿပီး သူ႔ကိုေခၚထားတဲ့သူရဲ႕ ပညာကလဲ ေပါ့ေသးေသး မဟုတ္ဘူး..”
“ ဟုတ္တယ္ဆရာ… ခုနက ကြၽန္ေတာ္ ေကာင္ေလးအနားကိုကပ္သြားဖို႔ စိတ္ႏွစ္လိုက္ေပမယ့္ မျမင္ႏိုင္တဲ့ တြန္းကန္အား တစ္ခုက ျပင္းျပင္းထန္ထန္ခုခံေနတာကို ခံစားရတယ္”
“ ဒါကိုၾကည့္မယ္ဆိုရင္ ငါတို႔ရင္ဆိုင္ရမယ့္သူက သာမန္အဆင့္မဟုတ္ဘူးဆိုတာပဲ.. ကဲ လိုအပ္တာေတြျပင္ဆင္ၿပီး မနက္အ႐ုဏ္တက္တာနဲ႔ ေစတီပ်က္ေတြရွိတဲ့ဘက္ကို ျပန္သြားၾကတာေပါ့… ငါထင္တာ မမွားဘူးဆိုရင္ အဲဒီလူက ေစတီပ်က္ေတြမွာရွိတဲ့ ဌာပနာေတြကို ေကာင္ေလးရဲ႕ အကူအညီနဲ႔ ယူခ်င္လို႔ အခုလို လုပ္တာလို႔ထင္မိတယ္”
“ ဆရာေျပာသလိုသာဆိုရင္ ပြဲကေတာ့ ၾကည့္လို႔လွၿပီဗ် ဟဲဟဲ”
ေမာင္ေကာင္းက ရယ္က်ဲက်ဲလုပ္ၿပီး လြယ္အိတ္ထဲမွာရွိတဲ့ အင္းခ်ပ္ေတြကို စစ္ေဆးေနခဲ့သလို ခြန္းလွကလဲ လိုအပ္တဲ့ ပစၥည္းေတြကို ျပန္စစ္ေနခဲ့တယ္။
ေအာင္ျမတ္သာကေတာ့ ခပ္လွမ္းလွမ္းမွာရွိတဲ့ ေတာင္တန္းေတြကိုေငးၾကည့္ၿပီး တစ္စုံတစ္ခုကို ေတြးေတာေနသေယာင္ေယာင္။
+++++
အုတ္က်ိဳးအုတ္ပဲ့ေတြ အမႈိက္သ႐ိုက္ေတြ သစ္႐ြက္ေျခာက္ေတြနဲ႔ ရႈပ္ပြေနတဲ့ ဘုရားငုတ္တိုကုန္းမွာေတာ့ သက္ရွိဆိုလို႔ ဟိုဟိုဒီဒီ ေလ်ာက္သြားေနတဲ့ ေခြးေလေခြးလြင့္ေတြကလြဲၿပီး ဘာမွမရွိ။ အဲဒီအခ်ိန္ ဘုရားငုတ္တိုပရ၀ဏ္ထဲကို လွမ္း၀င္လာတဲ့ လူႏွစ္ေယာက္။
“ ဝုတ္ ဝုတ္ ဝုတ္… ဂီး ဂီး…”
“ ဟဲ့ ဒီေခြးေတြ ငါလုပ္လိုက္ရ ေတာက္စ္”
စူးစူးဝါးဝါးထိုးေဟာင္ေနတဲ့ ေခြးတစ္အုပ္ကို ၀င္လာတဲ့လူစိမ္းက ေတာက္တစ္ခ်က္ ေခါက္လိုက္ရာ အနားကိုပင္မလာရဲေတာ့ပဲ အျမႇီးကုပ္ကာ ထြက္ေျပးသြားခဲ့ၾကတယ္။
“ ဟိုေကာင္ေလး… မင္းကိုသင္ေပးထားတဲ့အတိုင္း ေျပာေတာ့”
“ ဒါ ဒါ က်ဳပ္အၿမဲတမ္း အိမ္မက္မက္ေနတဲ့ ဘုရားေတြပါလား…”
“ ဟာ… စကားမ်ားလိုက္တာ … ျမန္ျမန္ေျပာစမ္း”
မိုးထက္ျမင့္က မဝံ့မရဲနဲ႔ အုတ္က်ိဳးေတြေပၚကို တက္ၿပီး
“ ဘုရားပရ၀ဏ္အတြင္းမွာေနထိုင္ၾကတဲ့ ျမင္အပ္မျမင္အပ္ပုဂၢိဳလ္မ်ား… က်ဳပ္အေနနဲ႔ သင္တို႔ကို ေကာင္းမြန္တဲ့ဘ၀ေရာက္ေအာင္ ၿပိဳပ်က္ေနတဲ့ေစတီေတြကို ျပန္လည္ျပဳျပင္ဖို႔ ေရာက္လာရျခင္းျဖစ္ပါတယ္၊ ဒါေၾကာင့္ သင္တို႔ထိန္းသိမ္းထားတဲ့ ဌာပနာပစၥည္းေတြကို က်ဳပ္ထံလာေရာက္အပ္ႏွံၾကဖို႔ေျပာခ်င္ပါတယ္” လို႔ေျပာလိုက္တယ္ဆိုရင္ပဲ ၿပိဳပ်က္ေနတဲ့ ဘုရားႏွစ္ဆူၾကားထဲကေန ဗိုက္ပူပူ မ်က္ႏွာေဖာင္းေဖာင္းနဲ႔ ဖိုးသူေတာ္တစ္ပါး ထြက္လာခဲ့တယ္။
“ ဘယ္သူမ်ားလဲလို႔ ဖိုးသူေတာ္ပါလား… အရင္တစ္ေခါက္က ဒီေနရာကိုျပဳျပင္မယ့္ပဌာန္းဆက္ပါလာမွ ဌာပနာပစၥည္းေတြအပ္မယ္လို႔ေျပာထားတဲ့ကတိကို မွတ္မိေသးရဲ႕လား”
“ မွတ္မိတာေပါ့.. သိပ္ကိုမွတ္မိတာေပါ့… ခင္ဗ်ားေတာင္ က်ဳပ္တပည့္တစ္ေယာက္ကို ခ်ဳပ္ေႏွာင္ၿပီးေခၚသြားေသးတယ္မဟုတ္လား”
“ ေဟ့ သူေတာ္ မင္းရဲ႕ေလသံက အရင္နဲ႔မတူပဲ မာလွခ်ည္လား”
“ အရင္ကေတာ့ က်ဳပ္မွာအားကိုးမရွိလို႔ ခင္ဗ်ားရဲ႕ ပညာစြမ္းေတြေအာက္မွာ အရႈံးေပးခဲ့ရေပမယ့္ အခုေတာ့ က်ဳပ္တို႔ကိုကူညီမယ့္သူေတြေရာက္ေနၿပီ၊ ခင္ဗ်ားက အခုဆို က်ဳပ္တို႔ကို ကြၽတ္လြတ္ေအာင္ လုပ္ေပးမယ့္သူကိုလဲေခၚလာေပးတယ္ဆိုေတာ့ က်ဳပ္အေနနဲ႔ ေဟာဒီ ေ႐ႊၾကယ္သီတစ္လုံးေတာ့ လက္ေဆာင္ျပန္ေပးႏိုင္ပါတယ္”
ဖိုးသူေတာ္က လက္ကိုေလထဲေဝွ႔ယမ္းၿပီး ဇီးသီးေစ့ခန႔္ရွိတဲ့ေ႐ႊၾကယ္သီးတစ္လုံးကို ပစ္ေပးလိုက္ရာ ေမာင္ထုံက
“ ေတာက္စ္ ေမာင္ထုံ ဘာေကာင္လဲဆိုတာ ျပရေသးတာေပါ့” လို႔ႀကိမ္းဝါးၿပီး လက္ေကာက္၀တ္မွာပတ္ထားတဲ့ ခ်ည္မန္းကြင္းကို ျဖဳတ္ၿပီး ဖိုးသူေတာ္ရွိတဲ့ဘက္ကို ပစ္ထည့္လိုက္တယ္။
ခ်ည္မန္းကြင္းက ေလေပၚမွာတင္ တစ္ေျဖးေျဖးႀကီး လာၿပီး ဖိုးသူေတာ္ရဲ႕လည္ပင္းနားေရာက္လုဆဲဆဲ အခ်ိန္ မွန္တစ္ခ်ပ္လို အေရာင္ျပန္တဲ့ အလင္းတန္းတစ္ခုေပၚလာတာေၾကာင့္ ေရွ႕ကိုဆက္မသြားေတာ့ပဲ ေျမႀကီးေပၚကို ဘုတ္ခနဲ ျပဳတ္က်သြားခဲ့တယ္။
“ ဟင္…”
ေမာင္ထုံက အံ့ဩစြာေရ႐ြတ္ၿပီး ဖိုးသူေတာ္ရဲ႕ေဘးကို ၾကည့္လိုက္ရာ ေယာဂီ၀တ္စုံ၀တ္ထားတဲ့ လူသုံးေယာက္က ယွဥ္လ်က္ထြက္ေပၚလာခဲ့တယ္။
“ မင္းတို႔က ဘယ္သူေတြလဲ… ဒီေနရာကို ဘယ္လိုေၾကာင့္ေရာက္ေနရတာလဲကြ”
“ က်ဳပ္တို႔က ခင္ဗ်ားေခၚလာတဲ့ ေကာင္ေလးကို ျပန္ေခၚဖို႔ေရာက္လာတဲ့သူေတြပဲ… ေလာကမွာေလ ကိုယ္နဲ႔မထိုက္တန္တဲ့ဘယ္အရာကိုမွ အတင္းလုယူလို႔မရဘူး… အကယ္၍ရခဲ့ေတာင္ ေဟာဒီ ေ႐ႊၾကယ္သီးအ႐ြယ္ေလာက္ပဲရမွာ”
ေအာင္ျမတ္သာက ေအာက္မွာက်ေနတဲ့ ေ႐ႊၾကယ္သီးေစ့ကိုေကာက္ယူၿပီး ဖိုးသူေတာ္လက္ထဲျပန္ထည့္ေပးလိုက္တယ္။
ဒီအျဖစ္ေၾကာင့္ ေမာင္ထုံတစ္ေယာက္ ေဒါသူပုန္ ထသြားၿပီး အင္းကြက္ေတြေရးဆြဲထားတဲ့ နတ္အိုးကြဲ တစ္ခုကိုထုတ္ယူကာ အင္းႏႈိးဂါထာ႐ြတ္လိုက္တယ္ ဆိုရင္ပဲ ေရးဆြဲထားတဲ့ အင္းစမေတြထဲကေန အပ္ခ်ည္မွ်င္အ႐ြယ္ခန႔္ရွိတဲ့ ႀကိဳးေတြထြက္လာကာ ဘုရားငုတ္တိုကုန္းတစ္ခုလုံးကို ထြက္ေပါက္မရွိ ေအာင္ ရစ္ပတ္ထားလိုက္တယ္။ တစ္စတစ္စ မ်ားျပားလာတဲ့ ႀကိဳးမွ်င္ေတြက ပိုးခ်ည္လုံးတစ္ခုလိုျဖစ္လာၿပီး ေန႔ခင္းမွာပင္ အလင္းေရာင္ေပ်ာက္ဆုံးသြားတဲ့ထိ ေလးဘက္ေလးတန္ကို ရစ္ပတ္ထားလိုက္တယ္။
ေအာင္ျမတ္သာလဲ တစ္ခါမွမႀကဳံဖူးတဲ့အျဖစ္ေၾကာင့္ အေမွာင္ထုထဲမွာ ေခ်ာင္ပိတ္မိေနတဲ့အခ်ိန္ ေမာင္ထုံရဲ႕ ညာဘက္လက္ကေန ထြက္လာတဲ့ လိေမၼာ္ေရာင္ အလင္းတန္းက ရင္ၫြန႔္တည့္တည့္ကို လာထိမွန္ခဲ့တယ္။
“ ဝုန္း… “
အေနာက္ကိုလန္က်သြားတဲ့ ေအာင္ျမတ္သာရဲ႕ ကိုယ္က အုတ္က်ိဳးပုံေတြၾကားထဲေရာက္သြား တာေၾကာင့္ အားယူကာျပန္ထၿပီး အလင္းေရာင္ေပၚေစဖို႔အတြက္ ႐ြတ္ဖတ္ရမယ့္ ဂါထာကိုစဥ္းစားေနတဲ့အခ်ိန္ ေမာင္ေကာင္းနဲ႔ ေတာက္ရတို႔ ေဘးတစ္ဖက္စီကို လြင့္ထြက္သြားတဲ့အသံနဲ႔အတူ နာက်င္စြာ ညဥ္းညဴသံကိုပါၾကားလိုက္ရတယ္။
“ ဟား ဟား ဟား… ဖိုးသူေတာ္ေရ မင္းေခၚထားတဲ့ သူေတြက အေမွာင္ထဲမွာ ဘာမွသုံးလို႔မရပါလား.. မင္းေရာ ဘယ္ကိုထြက္ေျပးသြားတာလဲ”
ေမာင္ထုံက ဖိုးသူေတာ္ကို ခနဲ႔ရင္း အားယူကာျပန္ထေနတဲ့ ေအာင္ျမတ္သာရဲ႕ ရင္ၫြန႔္ကို အရွိန္နဲ႔ေျပးကန္လိုက္တယ္။
“ ေဖာင္း… အင့္”
“မင္းရဲ႕ပညာက ငါ့ထက္ေတာ္ေကာင္းေတာ္လိမ့္မယ္ ဒါေပမယ့္ အခုလိုအေမွာင္ထုထဲမွာေတာ့ မင္းက ဆယ္ႏွစ္သားကေလးေလာက္ပဲရွိေတာ့ပါလားကြ”
ေမာင္ထုံက ေအာင္ျမတ္သာရဲ႕ ရင္ၫြန႔္ကို ေျခေထာက္နဲ႔ နင္းထားၿပီး သေဘာက်စြာ ရယ္ေမာေနတဲ့အခ်ိန္ အလင္းေရာင္တစ္ခုက ပိုးစုန္းၾကဴးမီးေရာင္လို ဖ်တ္ခနဲ ဖ်တ္ခနဲ ထြက္ေပၚလာတာကို သတိထားမိခဲ့တယ္။
“ ဆရာ.. ဟိုေကာင္ေလး ရွိတဲ့ဘက္က အလင္းေရာင္ထြက္ေနတာ…”
အုတ္က်ိဳးေတြနဲ႔ ဦးေခါင္းကိုခိုက္မိထားတဲ့ ခြန္းလွက ဒဏ္ရာေတြၾကားထဲကေန လွမ္းေျပာလိုက္တာေၾကာင့္ ေအာင္ျမတ္သာလဲ အလင္းေရာင္ထြက္ေပၚလာတဲ့ဘက္ကို ၾကည့္ၿပီး
“ ေကာင္ေလး… မင္းခုနက ဘာကိုအာ႐ုံျပဳလိုက္တာလဲ.. အဲဒီအတိုင္း ဆက္လုပ္ က်န္တာဘာမွေခါင္းထဲမထည့္ထားနဲ႔” လို႔ေအာ္ေျပာလိုက္ရာ ေမာင္ထုံက ေအာင္ျမတ္သာကို လႊတ္ခ်ၿပီး မိုးထက္ျမင့္ ရွိတဲ့ဘက္ကို လွည့္လာခဲ့တယ္။ အဲဒီအခ်ိန္ ဖ်တ္ခနဲ ဖ်တ္ခနဲ ထြက္ေပၚလာတဲ့ အလင္းေရာင္က တစ္ေျဖးေျဖးအားေကာင္းလာၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ဝိုးတဝါးျမင္ႏိုင္ေလာက္တဲ့ထိ ျဖစ္လာခဲ့တယ္။
“ ဒီေခြးေကာင္ကေတာ့ ကိုယ္နဲ႔မဆိုင္တာ ၀င္ရႈပ္ျပန္ၿပီ”
ေမာင္ထုံက မိုးထက္ျမင့္ကို ႀကိမ္းဝါးရင္း အနားကိုကပ္သြားတဲ့အခ်ိန္ လဲက်ေနတဲ့ ေအာင္ျမတ္သာက အိတ္ကပ္ထဲထည့္ထားတဲ့ နတ္ဘီလူးအင္းကိုထည့္ယူၿပီး အင္းႏႈိးဂါထာ႐ြတ္လိုက္တယ္ဆိုရင္ပဲ လူသုံးဖက္စာေလာက္ႀကီးမားတဲ့ ဘီလူးတစ္ေကာင္ကအုတ္က်ိဳးပုံေတြကိုခြဲၿပီး ခုန္ထြက္လာခဲ့တယ္။
ေမာင္ထုံလဲ အေနာက္ကေန ေပၚလာတဲ့ နတ္ဘီလူးရဲ႕ တင္းပုတ္႐ိုက္ခ်က္ကို ေရွာင္လိုက္တဲ့အခ်ိန္ အုတ္က်ိဳးတစ္ခုကို နင္းမိၿပီး ေဘးကိုလိမ့္က်သြားခဲ့တယ္။ အဲဒီအခ်ိန္ မ်က္ေတာင္မခတ္တမ္းမတ္တပ္ရပ္ေနတဲ့ မိုးထက္ျမင့္ရဲ႕ ကိုယ္ထဲကေန မ်က္စိႀကိမ္းမတတ္ အလင္းဓါတ္ေတြက ေရတံခြန္က်သလို အရွိန္အဟုန္နဲ႔ ေဖာက္ထြက္လာခဲ့တာ အေမွာင္ထုႀကီးစိုးေနတဲ့ ဘုရားငုတ္တိုကုန္းတစ္ခုလုံး ေအာက္လင္းမီးႀကီး ထိုးထားသလို ထိန္ထိန္လင္းသြားခဲ့တယ္။
အလင္းေရာင္ရတာနဲ႔ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔က ယကၡတစ္ေထာင္အင္းကို ထုတ္ယူၿပီး သူနဲ႔သက္ဆိုင္တဲ့ အင္းႏႈိးဂါထာ႐ြတ္ဆိုလိုက္ရာ ဘုရားငုတ္တိုကုန္းတစ္ခုလုံး တင္းပုတ္ကိုင္ထားတဲ့ ယကၡေတြ အျပည့္ျဖစ္သြားခဲ့တယ္။
ေမာင္ထုံလဲ အေျခအေနမဟန္တာသိတာေၾကာင့္ လဲက်ေနတာကေန ကုန္းထၿပီး လည္ပင္းမွာဆြဲထားတဲ့ ကိုယ္လုံအင္းကို ၿမိဳလိုက္ရာ သူ႔ခႏၶာကိုယ္နဲ႔ ႏွစ္ေတာင္အကြာထိက်ယ္တဲ့ အကာအကြယ္တစ္ခု ထြက္ေပၚလာခဲ့တယ္။
နတ္ဘီလူးအင္းကေန ျဖစ္ေပၚလာတဲ့ ပုဂၢိဳလ္နဲ႔ ေမာင္ေကာင္းနဲ႔ခြန္းလွတို႔ဆင့္ေခၚထားတဲ့ ယကၡတစ္ေထာင္တို႔အေနနဲ႔ ေမာင္ထုံရဲ႕ ကိုယ္လုံအင္းအနားကိုေရာက္တာနဲ႔ ဘုရားကုန္းပ်က္ အျပင္ဘက္ကို လြင့္စင္ထြက္ကုန္ၾကတယ္။
“ ဆရာ… သူ႔ကိုယ္လုံအင္းက အေတာ္အားေကာင္းတာပဲ.. ဘယ္လိုလုပ္ရမလဲ”
ေမာင္ေကာင္းရဲ႕စကားကို ေအာင္ျမတ္သာက ဘာမွျပန္မေျပာပဲ လက္အုပ္ခ်ီကာ မ်က္လုံးစုံမွိတ္လိုက္ၿပီး
“ ဆရာသခင္အေပါင္းတို႔အား တပည့္ဦးခိုက္ပါတယ္… အခုခ်ိန္က သာသနာအတြက္အရမ္းအေရးႀကီးတဲ့အခ်ိန္ျဖစ္ေနတာေၾကာင့္ ဆရာသခင္တို႔ ႏႈတ္ယူထားတဲ့ ပညာရပ္မ်ားအား တပည့္ထံေခတၱျပန္လည္ အပ္ႏွံေပးပါရန္ ခြင့္ေတာင္းအပ္ပါသည္” လို႔ တိုင္တည္လိုက္တဲ့အခ်ိန္မွာပဲ မိုးထက္ျမင့္ရဲ႕ ခႏၶာကိုယ္ထဲက ေပ်ာ့ေခြက်သြားသလို အလင္းဓါတ္ေတြလဲ အားေလ်ာ့ကာမွိန္က်သြားခဲ့တယ္။
“ ဟိုေကာင္ေလး သတိလစ္သြားၿပီထင္တယ္… ဘယ္လိုလုပ္ၾကမလဲ”
ခြန္းလွရဲ႕စကားသံအဆုံးမွာပဲ အလင္းေရာင္ေပ်ာက္ဆုံးသြားခဲ့သလို ဆင့္ေခၚထားတဲ့ ယကၡေတြပါ ေပ်ာက္ကြယ္ သြားခဲ့တယ္။
ေမာင္ထုံအေနနဲ႔ သူ႔လုပ္ကြက္ထဲျပန္ေရာက္လာၿပီမို႔ ကိုယ္လုံအင္းကို ပါးစပ္ထဲကျပန္ထုတ္ၿပီး ေရွ႕ကိုတိုးလာတဲ့အခ်ိန္ အလြန္ကိုမွလင္းထိန္တဲ့ အလင္းေရာင္တန္းတစ္ခု ႐ုတ္ခ်ည္းေပၚေပါက္လာခဲ့တယ္။
အလင္းတန္းက ဘယ္ေလာက္ေတာင္ ေတာက္ပသလဲဆိုရင္ ေမာင္ထုံရဲ႕ မ်က္လုံးေတြ ဖြင့္မရႏိုင္ေလာက္တဲ့ထိကိုျဖစ္ခဲ့ရတယ္။
ေမာင္ေကာင္းနဲ႔ ေတာက္ရတို႔လဲ အလင္းတန္းလာတဲ့ဘက္ကိုၾကည့္လိုက္ရာ အုတ္က်ိဳးပုံေတြေပၚမွာ တင္ပလၻင္ေခြထိုင္ေနတဲ့ ေအာင္ျမတ္သာဆီကေန ထြက္လာမွန္းသိလိုက္ရတယ္။
“ ဆရာ ဆရာ သူ႔ပညာေတြျပန္ရပီထင္တယ္… အား ကြၽတ္ ကြၽတ္”
ေမာင္ေကာင္းက ေသြးထြက္ေနတဲ့ ဦးေခါင္းကို လက္နဲ႔ဖိၿပီး ၀မ္းသာအားရေရ႐ြတ္လိုက္တာေၾကာင့္ သတိရွိတဲ့ေမာင္ထုံက ကိုယ္လုံအင္းကို ခ်က္ခ်င္းျပန္ၿမိဳလိုက္ၿပီး ေရာက္တဲ့ေနရာမွာတင္ ရပ္ေနခဲ့လိုက္တယ္။
ေအာင္ျမတ္သာကေတာ့ တင္ပလႅင္ေခြထိုင္ေနရာကေန ေသြးေၾကာစိမ္းေလးေတြခပ္ေရးေရးေပၚေနတဲ့ မ်က္ခြံကို ဖ်တ္ခနဲလွန္တင္လိုက္ၿပီး ေျမႀကီးကို လက္ဝါးနဲ႔ထိကိုင္ကာ
“ ကြၽႏ္ုပ္သည္ သူေတာ္ေကာင္းပညာကို ရရွိစဥ္ထဲက သူတစ္ပါးမ်က္ရည္ႀကီးငယ္က်ေအာင္ မလုပ္ခဲ့ပါ၊ သူတစ္ပါးရဲ႕အသက္ကိုလဲသိသိလ်က္နဲ႔မသတ္ခဲ့ပါ၊သူတစ္ပါးသားမယားကိုလဲ ခိုးယူေပါင္းသင္းျခင္း မရွိခဲ့ပါ၊ဤသစၥာစကားမွန္ကန္ပါက မသမာသူအသုံးျပဳထားသည့္ အင္းအိုင္ အေဆာင္လက္ဖြဲ႕၏ အစြမ္းသည္ ႐ုတ္ခ်ည္းေလ်ာ့က်ပါေစသား” လို႔တိုင္တည္လိုက္ရာ ဘုရားငုတ္တိုကုန္းကို ရစ္ပတ္ထားတဲ့ ႀကိဳးေတြအကုန္ တစ္ေဖ်ာက္ေဖ်ာက္နဲ႔ျပတ္ထြက္ကုန္ၾကသလို ေျမႀကီးေပၚမွာ ျပန႔္က်ဲေနတဲ့ အုတ္က်ိဳးအုတ္ပဲ့ ေတြက မီးက်ီခဲေတြအျဖစ္ေျပာင္းသြားၿပီး ေမာင္ထုံအကာအကြယ္ယူထားတဲ့ ကိုယ္လုံအင္းကို တဖုန္းဖုန္းနဲ႔၀င္တိုးပါေလေရာ။
ကိုယ္လုံအင္းအေနနဲ႔ ေအာင္ျမတ္သာရဲ႕ သစၥာတိုင္တည္မႈ၊ မေရတြက္ႏိုင္တဲ့ မီးက်ီခဲေတြရဲ႕ တြန္းတိုက္မႈကိုမခံႏိုင္ေတာ့ပဲ ေနာက္ဆုံးမွာေတာ့ တစ္စစီေပါက္ၿပဲကာ အစိမ္စိပ္အႁမႊာႁမႊာ ပ်က္စီးသြားခဲ့တယ္။
ေအာင္ျမတ္သာလဲ ကိုယ္လုံအင္းပ်က္တဲ့အခ်ိန္ လက္ကိုျပန္႐ုတ္လိုက္ေပမယ့္ အခ်ိဳ႕အုတ္က်ိဳးေတြက အရွိန္မေလ်ာ့ပဲ ေမာင္ထုံရဲ႕ ခႏၶာကိုယ္အႏွံ႔ကိုလာေရာက္ထိမွန္တာေၾကာင့္ တစ္ကိုယ္လုံးေသြးခ်င္းခ်င္းနီကာ ေနရာမွာတင္ လဲက်သြားခဲ့တယ္။
ေမာင္ထုံ သတိလစ္သြားတာနဲ႔ တစ္ၿပိဳင္နက္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ရွိတဲ့ဘက္ကိုသြားၿပီး ရရွိထားတဲ့ဒဏ္ရာေတြကို လက္နဲ႔အုပ္ကာ ဆြဲယူပစ္လိုက္တယ္ဆိုရင္ပဲ ဒဏ္ရာမရွိေတာ့ပဲ ေသြးစေတြသာ က်န္ရစ္ခဲ့တယ္။
ေမာင္ေကာင္းနဲ႔ ခြန္းလွလဲ ဒဏ္ရာေတြေပ်ာက္ကင္း တာနဲ႔ သတိလစ္ေနတဲ့ မိုးထက္ျမင့္ကို ေပြ႕ထူၿပီး ျပဳစုလိုက္ရာ သတိျပန္လည္လာခဲ့တယ္။
အဲဒီေတာ့မွ ေစတီပ်က္ေတြၾကားထဲကေန ဖိုးသူေတာ္နဲ႔အေပါင္းအပါေတြထြက္လာၿပီး ေပ်ာ့ေခြေနတဲ့ မိုးထက္ျမင့္ကို လာေရာက္ ေခ်ာင္းၾကည့္ခဲ့ၾကတယ္။
ေအာင္ျမတ္သာတို႔လဲ ေမာင္ထုံမွာပါလာတဲ့ အေဆာင္လက္ဖြဲ႕ေတြကိုသိမ္းယူၿပီး ဖိုးသူေတာ္ လက္ထဲအပ္ကာ မိုးထက္ျမင့္ မိဘေတြကိုကတိေပးထားတဲ့အတိုင္း မန္က်ီးကိုးပင္႐ြာကို ျပန္ေခၚလာခဲ့ၾကတယ္။
+++++
မိုးထက္ျမင့္အေနနဲ႔ အိမ္ျပန္ေရာက္တဲ့ေနာက္ပိုင္း ေစတီေတြကိုျပန္လည္မြမ္းမံျပင္ဆင္ဖို႔ႀကိဳးစားအားထုတ္မႈ၊ ျမင္အပ္မျမင္အပ္ပုဂၢိဳလ္ေတြရဲ႕ အကူအညီ ေပးမႈေတြအျပင္ အေႏွာက္အယွက္ေပးမႈေတြကို ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ ဘယ္လိုပံ့ပိုး ကူညီၾကမလဲဆိုတာကိုေတာ့…
“ ေအာင္ျမတ္သာႏွင့္ ထီးေတာ္တင္ပြဲၿခိမ့္ၿခိမ့္သဲ” ဆိုတဲ့၀တၱဳမွာဖတ္ရႈေပးၾကပါဦး။
ေလးစားစြာျဖင့္
ေဇယန(ရာမည)