” ရုန်းမဖယ်သာ ”(ဖြစ်ရပ်မှန်) စ/ဆုံး

Unicode Version

” ရုန်းမဖယ်သာ ”(ဖြစ်ရပ်မှန်) စ/ဆုံး
————————–
အောင်ထူးကလည်း နေ့စဉ် ပြန်ပြောနေကျအတိုင်း
စိတ်မပါ့တပါ လေသံနဲ့ ပြန်ပြောရင်းက
အိမ်က ထွက်သွားတယ်။

ဒေါ်သန်းမြင့် အောင်ထူး ကျောပြင်ကို နောက်ကနေ
ကြည့်ရင်းက ကျန်ခဲ့တယ်။ အောင်ထူး သူ့မြင်ကွင်းထဲက
ပျောက်သွားတဲ့အထိ ငေးကြည့်နေမိတာပါ။
ဒါလည်း ဒေါ်သန်းမြင့်အတွက် နေ့စဉ်လုပ်မိနေကျ အလုပ်တစ်ခုလိုပါပဲ။

အမေတစ်ခု သားတစ်ခုဘဝမှာ ဒေါ်သန်းမြင့်ဟာ
အောင်ထူးအတွက် အမြဲတမ်း စိတ်ပူပင်နေရတယ်။
အောင်ထူးအလုပ်က ကားမောင်းတဲ့အလုပ်ဆိုတော့
စိတ်မြန်လက်မြန်ရှိတတ်တဲ့ သူ့သားအကျင့်ကို
သိထားလို့ ဒေါ်သန်းမြင့် ပူပင်မယ်ဆိုလည်း
ပူပန္စရာပါ။

တစ်နေ့တစ်နေ့ ဒေါ်သန်းမြင့်မှာ အောင်ထူးမောင်းတဲ့ကား
ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းရတာအမော

အောင်ထူးက မြို့သစ်နဲ့မြို့တွင်းကို ပြေးတဲ့
“စစ်သည်မောင်”ဘတ်စ်ကားယာဉ်လိုင်းမှာ
ကားမောင်းတဲ့ ဒရိုင်ဘာပါ။ သူမောင်းတဲ့ကားက
ဒိုင်နာကား။ကားအုံနာက ဒီမြို့သစ်မှာပဲနေတယ်။
အစောကြီးထပြီး ခြောက်နာရီအရောက်
ကားအုံနာအိမ်ကို သွားရတယ်။

ကားကိုစပယ်ယာမောင်နီနဲ့ အတူ စစ်ဆေးယူပြီး
မြို့သစ်ဂိတ်မှာ ဂိတ်သွားထိုးရတယ်။တစ်နေ့လုံး
မြို့သစ်နဲ့မြို့ထဲက မြို့မစျေးကို အခေါက်ခေါက်
ကူးသန်းမောင်နှင်နေရတာပါ။

ယာဉ်လိုင်းက ည(၈)နာရီလောက်မှ သိမ်းလို့
အပြန်မိုးချုပ်တတ်ပါတယ်။တစ်နေ့လုံး သားအတွက်
စိတ်ပူပန်နေရတတ်တဲ့ ဒေါ်သန်းမြင့်ဟာ
ကားသိမ်းပြီးတာနဲ့ အိမ်ကို အရောက်ပြန်လာစေချင်တယ်

အောင်ထူးက ဒီလိုမဟုတ်ဘူး။ကားသိမ်းပြီးမှ
လမ်းထိပ်က အရက်ဆိုင်မှာ အရက်သောက်နေ
တတ်တယ်။မူးမှ အိမ်ပြန်လာတယ်။မူးနေတော့
ညစာထမင်းကို ကောင်းကောင်းမစားဝင်တော့ဘူး။

ဒေါ်သန်းမြင့်က အမြဲသတိထားနေရတဲ့ကားမောင်းတဲ့
အလုပ်ကို လုပ်နေရလို့ အစားကို ကောင်းကောင်း
စားစေချင်တယ်။ဝဝလင်လင် အားပြည့်အောင်
စားစေချင်တယ်။ဒါပေမယ့် အောင်ထူးက ညတိုင်း
အရက်မသောက်ရင် မနေနိုင်ဘူး။
ညစဉ် သောက်လာတာပဲ။

မြို့သစ်ဂိတ်ကို ပြန်ရောက်ပြီးမှ ကားကို
အုံနာအိမ်မှာပြန်အပ်ပြီးမှ လမ်းထိပ်ဆိုင်မှာ
သောက်တာမျိုးဆိုရင် တော်ပါသေးတယ်။
တစ်ခါတစ်လေကျ မြို့ထဲမှာ ခရီးသည်စောင့်ရင်း
ကားအကြာကြီး ရပ်ထားရရင် ကားဂိတ်နဲ့ နီးရာ
ဆိုင်မှာ ဝင်သောက်လာတတ်တယ်။

ညပိုင်းဆိုရင် ခရီးသည်နည်းတော့ တစ်ခါတစ်လေကျ
လူပြည့်အောင် စောင့်ရတာမျိုး ရှိတာကိုး။
ကားကို အုံနာဆီပြန်မအပ်ခင် လမ်းမှာ
သောက်လာတာမျိုးကို ဒေါ်သန်းမြင့်က
ပိုပြီးစိုးရိမ်မိပါသေးတယ်။အဲဒါကြောင့်လည်း
အိမ်ကထွက်တိုင်း အောင်ထူးကို မှာနေရတာပါ။

ယောင်္ကျားလေးမို့ အရက်သောက်တာမျိုးကို
ဒေါ်သန်းမြင့်က အပြစ်မပြောချင်ပါဘူး။
အများကြီး တရားလွန်သောက်မှာကိုသာ
စိုးရိမ်မိတာပါ။အဲဒါကြောင့် သောက်ချင်ရင်
အိမ်ကို ဝယ်လာပါ။ထမင်းမစားခင် အိမ်မှာပဲ
သောက်ပါ။တန်ရုံသင့်ရုံသောက်ပြီး ထမင်းကို
ဝင်အောင်စားပါလို့ ဒေါ်သန်းမြင့်က အောင်ထူးကို
အမြဲပြောတယ်။

အောင်ထူးက အိမ်မှာ တစ်ယောက်တည်း
သောက်ရတာ ပျင်းစရာ ကောင်းတယ်တဲ့။
ဆိုင်မှာမှ အပေါင်းအသင်းအစုံနဲ့ ရယ်စရာ
မောစရာပြောရင်း သောက်ရတာ ဖီလင်လာတတ်တဲ့။
မခက်ဘူးလား။ဒေါ်သန်းမြင့်က အမေဆိုတော့
ပူပန်တာပါပဲ။ အဲဒါကြောင့်လည်း …

“သား…အပြန်မိုးမချုပ်စေနဲ့နော် ။ အရက်တွေကိုလည်း
မူးအောင် သောက်မလာနဲ့။ အပြင်ကဝယ်လာပြီး
မှာနေကျ စကားစုတစ်ခု ဖြစ်နေတော့တာလေ။

ဒါပေမယ့် မှာတာက မှာတာပါပဲ။အောင်ထူးကတော့
အိမ်ပြင်ရောက်ရင် မူးနေပြီ။ထမင်းကို စားတယ်ဆိုရုံစားပြီး
အိပ်တော့တာပဲ။

အောင်ထူးအတွက်အန္တရာယ်ကင်းရှင်းအောင်
ဒေါ်သန်းမြင့်မှာ တစ်နေ့လုံးရှိခိုး ပုတီးစိပ် မေတ္တာပို့နဲ့
လုပ်နေရတော့တယ်။

အမေနဲ့ သား နှစ်ယောက်တည်းရှိတဲ့ သူတို့အိမ်ကလေးမှာ
ဒီလိုပဲ တစ်နေ့ တစ်နေ့ လည်ပတ်နေတော့တာပါပဲ။

အောင်ထူးထွက်သွားတာနဲ့ ဒေါ်သန်းမြင့် အိမ်တံခါးကို
သော့ခတ်ပြီး စျေးကို ထွက်ခဲ့တယ်။သားအတွက်
ညစာ ဖွယ်ဖွယ်ရာရာလေး ချက်ဖို့ပါ။

အောင်ထူးကို ထမင်းချိုင့်ထည့်ပေးစရာ မလိုဘူး။
နေ့လယ်စာကိုတော့ ဂိတ်မှာပဲ ဝယ်စားတတ်တယ်။
အဲဒါကြောင့် အိမ်မှာတစ်နပ်တည်း စားတဲ့ညစာကို
ဒေါ်သန်းမြင့်က ကောင်းကောင်းစားစေချင်တာလေ။
သူက ဖွယ်ဖွယ်ရာရာ ချက်ထားပေမယ့် မူးလာတဲ့
အောင်ထူးက ဖိတ်တစ်ဝက် စဉ်တစ်ဝက်နဲ့
စားတယ်ဆိုရုံစားတာကိုမြရရင် ဒေါ်သန်းမြင့်
စိတ်မကောင်းဘူး။

ဒါပေမယ့် အမေဆိုတော့ကာ အမှတ်မရှိပါဘူး။
ဒီညတော့ ငါ့သားလေး စောစောပြန်လာကောင်းရဲ့။
အမေချက်ထားတဲ့ ဟင်းကလေး စားကောင်းပါရဲ့လို့
တွေးပြီး နေ့တိုင်း စျေးသွား ကောင်းကောင်းမွန်မွန်
ချက်ပြုတ်ထားတတ်တာချည်းပဲ။

ဒီနေ့တော့ အောင်ထူး ကြိုက်တတ်တဲ့ ငရုတ်သီးများများနဲ့
ခပ်စပ်စပ်လေး ချက်မယ်လေ။

ဒေါ်သန်းမြင့် အိမ်လည်း ပြန်ရောက်ရော
အိမ်ရှေ့မှာ ရပ်နေတဲ့ ရွာက ညီမဝမ်းကွဲ မအေးမာကို
တွေ့လိုက်ရတယ်။

“ဟဲ့ အေးမာ အကြောင်းမကြာ ဘာမကြားနဲ့ပါလား”

“မကြားဆို ချက်ချင်းကြီး ထွက်လာတာ
မမသန်းမြင့်ရေ ရွာထိပ်က ကိုရင်ညိုနဲ့ မဖြူတုတ်
တို့လင်မယားက မမသန်းမြင့်ကိုလည်း
အလှူလာဖို့ ဖိတ်လိုက်တယ်”

“လာနိုင်ပေါင်အေ။ငါလာရင် အောင်ထူးတစ်ယောက်တည်း
ဘယ့်နှယ့် ဖြစ်မလဲအေ့”

“မမသန်းမြင့်တို့ကတော့ လုပ်ပြီ ။ သူ့မှာ ဒီသားအတွက်ပဲ
အချိန်ပေးနေရတယ် ။ တကတဲ…”

“အောင်ထူးကို ငါမကြည့်လို့ ဘယ်သူကြည့်မလဲအေ။
ညီးကလဲ…”

ညီအမနှစ်ယောက်သား အိမ်တံခါးဖွင့်ဝင်ပြီး
မနက်စာ ချက်ကြပြုတ်ကြတယ်။

“ထမင်းစားပြီးရင် မြို့မစျေးထဲသွားပြီး သင်္ကန်းဝယ်မယ်နော်
မမသန်းမြင့်။ အလှူအတွက် တခြားဝယ်စရာလေးတွေလည်း
ရှိသေးတယ်။အိမ်က ကလေးတွေ အလှူမှာဝတ်ရမယ်
မမသန်းမြင့် လိုက်ခဲ့ဦး”

“မနက်မှ သွားပါလားအေ့ မြို့ထဲအသွား
အောင်ထူးကားနဲ့ လိုက်သွားရုံပဲ”

“အချိန်မရဘူး ကျမ နက်ဖြန်နေ့ခင်းပြန်မှာ”

“ညည်းတို့ကလည်း လာလိုက်ရင် ဖုတ်ပူမီးတိုက်ချည်းပဲ။
ငါ့ကို အဖော်ရအောင် သုံးလေးညအိပ်မယ်တော့ မရှိဘူး။
တတကဲ …ငါမှာ တစ်ယောက်တည်း ပျင်းနေရတာအေ့”

“လယ်သိမ်းပြီးရင် တစ်လကိုးသီးတင်း လာနေပေးပါမယ်
မမသန်းမြင့်ရယ်”

XXXXXX

ဒီလိုနဲ့ ထမင်းစားသောက်ပြီးမှာ ညီအစ်မနှစ်ယောက်သား
မြို့ထဲကို ထွက်ခဲ့ကြတယ်။စျေးထဲမှာ စျေးဝယ်ရုံ
ဆိုပေမယ့် ဝယ်တာခြမ်းတာ တော်တော်နဲ့ မပြီးပါဘူး။
သင်္ကန်းဝယ်တာ။အဝတ်အစားဝယ်တာ။
တခြားတိုလီမိုလီတွေ ဝယ်တာနဲ့ချည်း နေ့လယ်နှစ်နာရီ
ထိုးသွားတယ်။ရွာက လူကြုံလို့ ပေးလိုက်တဲ့စာကိုလည်း
သွားပေးရသေးတယ်။ဟိုရောက်တော့ ကိုယ့်
ရွာသားအချင်းချင်းဆိုတော့ မပြန်ပါနဲ့ဦး။
ညစာ စားသောက်ပြီးမှ ပြန်ပါဆိုလို့ နေ,နေရသေးတယ်။

ဒေါ်သန်းမြင့်နဲ့ သူတို့နဲ့ကလည်း တစ်မြို့တည်းနေတယ်
ဆိုပေမယ့် မြို့သစ်နဲ့ မြို့ထဲဆိုတော့ တွေ့ရခဲတယ်လေ။
ရွာကလူလာတုန်း ဆုံရတာဆိုတော့ စကားတွေက
ပြောမကုန်ဘူး။ရှေးဟောင်းနှောင်းဖြစ်တွေရော။
လက်ငင်းစီးပွားရေး အခြေအနေတွေရော
ပြောလိုက်ကြတာ ညနေစောင်းရော။

ညစာရော စားပြီးမှ အဲဒီအိမ်က ပြန်ထွက်ဖြစ်ပါတော့တယ်။
မအေးမာ ဝယ်ထားတဲ့ ပစ္စည်းခြင်းကိုလည်း
အဲဒီအိမ်မှာပဲ ထားပစ်ခဲ့လိုက်တယ်။ရွာပြန်ရင်
ကားကို မြို့ထဲ လာစီးရမှာကိုး။

မနက်ဖြန်မှ ကားဂိတ်ဆင်းရင် ဝင်ယူတော့မယ်။
အလေးခံ မသယ်တော့ဘူးဆိုပြီး ထားခဲ့လိုက်တာပါ။

“သွားကြစို့ …မအေးမာရေ ငါတို့ အောင်ထူးကားကို
မီနိုင်သေးတယ်။ဒီအချိန်ဆို နောက်ဆုံးအခေါက်သိမ်းပြီ”

“မသန်းမြင့်မလဲနော် ဒီသားပဲ သူ့စိတ်ထဲရှိနေတယ်
အသက်ကြီးပြီ သံယောဇဉ်တွေကို လျှော့ဦး”

အိမ်ရှင် သူငယ်ချင်းက ပြောတယ်။

“အို…မတင်မိရယ် ငါ့မှာ ညည်းတို့လို
သားသမီးသုံးလေးယောက် ရှိတာ
မဟုတ်ဘူးအေ့ အောင်ထူးအတွက်
ပူပန်ရတယ်တော်”

“အေးဟေ့ …ညည်းသားက ပူလည်းပူစရာပဲ
ကြုံတုန်းမို့ ပြောရဦးမယ်။တစ်လောက အောင်ထူးနဲ့
တွေ့တော့ နေ့လယ်ခင်းကြီး သူ့ဆီက အရက်နံ့ရတယ်အေ့
ငါလည်း ဆုံးမလိုက်ပါတယ်။ညည်းလည်း ကိုယ့်သားကိုယ့် ဆုံးမဦး”

ဒေါ်တင်မိစကားကြောင့် ဒေါ်သန်းမြင့် မျက်နှာကလေးငယ်သွားရှာပါတယ်။

“ငါ့လဲ ဒါအတွက်ပဲ တစ်နေ့ တစ်နေ့ ပူနေရတာပါ မတင်မိရယ်”

XXXXX

ဒီနေ့ည အောင်ထူး ကားကို စောစောသိမ်းခဲ့တယ်။
နောက်ဆုံးအခေါက်အနေနဲ့ မြို့သစ်ကို ပြန်မယ့်ကားက
ဂိတ်မှာထိုးထားတာ လေးစီးရှိတယ်။လေးစီးထဲမှာ
သူ့ကားမှ အလှည့်ကျမှာ ညပိုင်းဆိုတော့ ခရီးသည်
ဆယ်ယောက်ပြည့်အောင်တောင် တော်,တော်စောင့်ရဦးမှာလေ။
အောင်ထူး စိတ်မရှည်ဘူး။အရက်ကလည်း
သောက်ချင်နေပြီ။ဒါနဲ့ စပယ်ယာမောင်နီကို…

“ငါဒို့ ပြန်ကြစို့ကွာ အလှည့်ကျအောင် စောင့်နေရင်
မိုးချုပ်လိမ့်မယ်”

လို့ပြောလိုက်တယ်။

ဂိတ်မှူးကိုလည်း သူ့ကား သိမ်းတော့မယ်အကြောင်း
ပြောခဲ့ပြီး ဂိတ်ကနေ ကားကို မောင်းထွက်လာခဲ့တယ်။
ကားပေါ်မှာ ခရီးသည် တစ်ယောက်မျှ မပါဘူး။
ဒီတော့လည်း လွတ်လွတ်လပ်လပ် မြို့ထဲမှာ
အရက်သောက်ပြီးမှ ပြန်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။

အောင်ထူးက ကားကို အရက်ဆိုင်တန်းမောင်းလိုက်တယ်
မောင်နီက

“ကိုကြီးအောင်ထူး မြို့သစ်ပြန်ရောက်မှ သောက်မှာ
မဟုတ်ဘူးလား”

လို့မေးသေးတယ်။သူက မသောက်တတ်တော့
အောင်ထူးဘေးမှာ ထိုင်စောင့်နေရမှာမို့ မေးတာပါ။

“မင်းဟာမင်း အအေးသောက်ရင်း စောင့်နေပါကွာ။
တစ်ခါတစ်လေ မြို့ထဲမှာ သောက်ပါရစေ”

လို့ အောင်ထူးက ပြန်ပြောတယ်။ဒီလိုနဲ့ အရက်ဆိုင်
အရောက်မှာ မောင်နီအတွက် အအေးတစ်လုံးမှာပေးပြီး
သူ့အတွက်တော့ ဝီစကီတစ်ပိုင်း မှာလိုက်ပါတယ်။

XXXXX

ဒေါ်သန်းမြင့်နဲ့ မအေးမာ ကားဂိတ်ကိုရောက်တော့
အောင်ထူး ကားကို မတွေ့ရဘူး။ဂိတ်မှူးကို
မေးကြည့်တော့ …

“အဒေါ့်သား အလှည့်ကျမှာကို မစောင့်နိုင်လို့
ကားသိမ်းသွားပြီ” လို့ပြောတယ်။
ဂိတ်မှူးက ဒေါ်သန်းမြင့်ကို အောင်ထူးအမေမှန်း
သိနေပြီးသားပါ။

ဒေါ်သန်းမြင့်နဲ့ မအေးမာလည်း မြို့သစ်ပြန်ဖို့
တန်းစီထားတဲ့ကားတွေထဲက ရှေ့ဆုံးကားပေါ်
တက်ထိုင်လိုက်တယ်။ကားကတော့
တော်တော်နဲ့ ထွက်ဦးမှာ မဟုတ်ဘူး။
ကားပေါ်မှာ သူတို့ နဲ့ မှ ခရီးသည်ငါးယောက်ပဲ
ရှိသေးတာလေ။

XXXX

အောင်ထူး အရက်သောက်ပြီးတော့ မှောင်ရီပျိုးနေပြီ။
ထုံးစံအတိုင်း အောင်ထူးက အရက်မူးရင်
သွေးကြွကြွနဲ့ အမြန်မောင်းတယ်။

မောင်နီကတောင်…

“ဖြည်းဖြည်းလုပ်ပါ …ကိုကြီးအောင်ထူးရ”
လို့ပြောယူရတယ်။

“ကားပေါ်မှာ လူပါတာမှ မဟုတ်ပါကွာ။လမ်းမှာလည်း
လူစောင့်တင်စရာ မလိုဘူး။ လွတ်လွတ်လပ်လပ်ရှိတုန်း
အမြန်မောင်းပါရစေ။ဒါမှဖီလင်လာတာကွ”

အောင်ထူးက ကားကို အရှိန်ကို ပိုတောင်မြှင့်လိုက်သေးတယ်။
ဒီလိုနဲ့ “ဂတ်တဲကွေ့”ဆိုတဲ့ နေရာကို ရောက်လာတယ်။
ဂတ်တဲကွေ့ဆိုတာ အနီးမှာ ရဲစခန်းရှိတဲ့ အကွေ့မို့
ခေါ်တာပါ။ရဲစခန်းကို အရင်က “ဂတ်တဲ”လို့ပဲ
သုံးကြနှုန်းကြတာကိုး။ရှေးကအခေါ်အဝေါ်အတိုင်းပဲ
ဂတ်တဲကွေ့ကို ခေါ်နေကြတုန်းပါပဲ။ကွေ့အလွန်က
ကားဂိတ်ကိုလည်း “ဂတ်တဲဂိတ်”လို့ပဲ ခေါ်ကြတယ်။

ဂတ်တဲကွေ့နေရာက ယာဉ်မောင်းသူတိုင်း
သတိထားရတဲ့ နေရာပါ။လမ်းကွေ့က လေးဆယ့်ငါး
ဒီဂရီစွေ့ပြီး ကွေ့သွားတယ်။ကွေ့နားမှာ ကန့်သတ်
ဖြတ်လမ်းတွေ ရှိသေးတယ်။
အဲဒီလမ်းတွေထဲကလည်း ကားတွေ ဆိုက်ကယ်တွေ
စက်ဘီးတွေ ထွက်လာတတ်တယ်။ဒါကြောင့် ကွေ့နား
ရောက်ရင် ဟွန်းကို သံရှည်ဆွဲပြီး တီးရမြဲပါ။

အောင်ထူးကတော့ မှောင်ကလည်း မှောင်နေပြီ။
ကားလမ်းတစ်လျှောက်လည်းအသွားရှင်းလင်းနေတယ်
မျက်နှာချင်းဆိုင်ကလာတဲ့ ကားလည်းမတွေ့တာနဲ့
ဟွန်းလည်း မတီးဖြစ်ဘူး။အရှိန်လည်း မလျော့ဖြစ်ဘူး။
ဒီနှုန်းအတိုင်းပဲ ဆက်မောင်းလာခဲ့တယ်။
ကွေ့မလွန်မီ လမ်းဖြတ်တစ်ခုနဲ့ တည့်တည့်အရောက်
ညဘက်လမ်းဖြတ်ထဲက အရှိန်နဲ့ မောင်းချလာတဲ့
မော်တော်ဆိုက်ကယ်တစ်စင်းကိုလည်း
အနားရောက်မှ မြင်တော့တယ်။

အောင်ထူးကားရော မော်တော်ဆိုင်ကယ်ရော
အရှိန်ကို မထိန်းနိုင်ကြတော့ပါဘူး။ဆိုက်ကယ်ကို
အောင်ထူး ကားခေါင်းက ဘေးစောင်းတိုက်ဝင်
တိုက်မိတယ်။ဆိုက်ကယ်ရဲ့ အလယ်တည့်တည့်ကို
တိုက်လိုက်မိတာမို့ ယာဉ်ငယ်ဖြစ်တဲ့ ဆိုင်ကယ်ဟာ
လွင့်စဉ်ထွက်သွားပါတယ်။ဆိုင်ကယ်က သူထွက်
လာတဲ့ဘက်ကို ပြန်လည်ပြီး လွင့်စဉ်ထွက်သွားတာမှာ
လူပါ ပါသွားတယ်။ပလက်ဖောင်းရောက်တော့
လူတခြား ဆိုက်ကယ် တခြား ဖြစ်သွားပြီး
ဆိုက်ကယ်ပေါ်က လူရဲ့ ခေါင်းက ပလက်ဖောင်းနဲ့
ပြင်းပြင်းထန်ထန် ထိခိုက်မိပါတော့တယ်။

“ဟင်”

“ဟာ … ကိုကြီးအောင်ထူး”

အောင်ထူးဟာ ကားဘရိတ်ကိုမှေးနင်းရင်း
ရပ်မလို့ လုပ်လိုက်ပါသေးတယ်။စဉ်းစားကြည့်တော့
ဒီနားမှာ လူတစ်ယောက်မျှ မရှိဘူးလေ။
ကားတိုက်မှုကို ဘယ်သူမျှ မမြင်လိုက်ကြဘူး။
တိုက်မိတဲ့လူကို ဆင်းကြည့်ရင် မတော်တဆ
သေကြေနေရင် ပြသာနာက ရှည်မယ်။
ထောင်တန်းကျတဲ့အထိ ဖြစ်မယ်ဆိုတာတွေ
တွေးမိပြီး မရပ်တော့ဘူး။
ရပ်မလို လုပ်ပြီးမှ အရှိန်မြှင့်ပြီး ဆက်မောင်းလာမိတော့
တယ်။

“ကိုကြီးအောင်ထူး ကိုကြီးအောင်ထူး ဟိုလူ
သေသွားပြီလား မသိဘူး”

“မတတ်နိုင်ဘူးကွာ ဆင်းရှင်းနေရင် ပြသာနာရှုပ်လိမ့်မယ်
ဘယ်သူမျှ မြင်တာမှ မဟုတ်ဘဲ”

“ဒါပေမယ့်”

“မောင်နီ …မင်း နှုတ်လုံပစေနော် ပြသာနာတက်လာရင်
မင်းပါ ပါမှာ”

နဂိုကတည်းက အောင်ထူးကို ကြောက်ရတဲ့
မောင်နီလည်း ငြိမ်သွားပါတယ်။
အောင်ထူးကျေးဇူးတွေကလည်း သူ့အပေါ်မှာရှိထားတာ
မဟုတ်လား ။ဒီစပယ်ယာအလုပ်ကို အောင်ထူးခေါ်လို့
သူလုပ်နေရတာလေ။မောင်နီလည်း ရေငုံနှုတ်ပိတ်
နေလိုက်ပါတော့တယ်။

XXXXX

ည(၇)နာရီကျော်မှ ဒေါ်သန်းမြင့်တို့ တက်ထိုင်နေတဲ့
ကားက ဂိတ်က ထွက်လာတယ်။ဆောင်းတွင်းမို့
ည(၇)နာရီဆိုတာ အတော် မှောင်နေပါပြီ။

“အောင်ထူးများ အိမ်ပြန်ရောက်နေပြီလား မသိဘူး
အိမ်တံခါး သော့ခတ်ခဲ့တာ ဝင်ရခက်နေရင် ဒုက္ခ”

ဒေါ်သန်းမြင့်က သူ့သားကို သတိရပြီး တစ်ချက်ငြီးငြူ
လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့ စီးလာတဲ့ ဘတ်စ်ကား
ဟာ ဂတ်တဲကွေ့နားကို ရောက်လာတယ်။
ဂတ်တဲဂိတ်မရောက်ခင်မှာ လမ်းပေါ်မှာ
လူစုလူဝေးနဲ့ ရုန်းစုရုန်းစု ဖြစ်နေလို့ ကားက နှေးသွားတယ်။

လူအုပ်စုကို တိမ်းဖယ်ပြီး ဘေးက ပတ်မောင်းရတယ်
လူအုပ်စုထဲမှာ ရဲတွေလည်းတွေ့ရလို့ ကားပေါ်က
လူတွေက ဘာပါလိမ့်ဆိုပြီး စိတ်ဝင်တစား ငဲ့စောင်း
ကြည့်ကြတယ်…

အဲဒီနေရာက လွန်လာတော့ ကားစပယ်ယာက…

“လူကို ကားတိုက်သွားလို့တဲ့ဗျာ။အတိုက်အခံရတဲ့
လူကတော့ ပွဲချင်းပြီးပဲတဲ့။ကားကိုတော့
မမိလိုက်တော့ဘူးပြောတယ်”

စပယ်ယာက သူ အပြေးအလွှားစုံစမ်းရင်းသိလာတဲ့
သတင်းကို တစ်ကားလုံးကြားအောင် အော်ပြောလိုက်
တာပါ။ကားတိုက်မှုဖြစ်တဲ့ ဂတ်တဲကွေ့ကို အလွန်မှာ
ဂတ်တဲဂိတ်မှမှတ်တိုင်ရှိတယ်။လူတစ်ယောက်
ဆင်းမယ်ဆိုလို့ ကားရပ်ပေးတယ်။တက်တဲ့လူ မရှိပါဘူး။

စပယ်ယာက “မောင်း ဆရာရေ့”လို့ အော်လိုက်လို့
ကားက ဂိတ်ကနေ စထွက်နေပါပြီ။မအေးမာဟာ
သူ့ဘေးမှာ ထိုင်နေတဲ့
ဒေါ်သန်းမြင့် အမူအရာ ထူးခြားတာကြောင့်
လှည့်ကြည့်လိုက်တယ်။ ဒေါ်သန်းမြင့်အသားတွေက
အဖျားတက်တဲ့လူကို တဆတ်ဆတ်တုန်နေတယ်။

“မသန်းမြင့် …ဘာဖြစ်လို့လဲ”

မအေးမာ မေးလိုက်တာကို ပြန်ကြည့်လိုက်တဲ့
ဒေါ်သန်းမြင့်မျက်လုံးတွေက တစ်မျိုးပဲ။
နီရဲလို့ ကြောက်စရာကြီး။မအေးမာကိုလည်း သူမသိတဲ့
သူစိမ်းတစ်ယောက်လို ခပ်စောင်စောင်ကြည့်နေတယ်။

“မမသန်းမြင့် …နေမကောင်းဘူးလား”

“ကားရပ်ပေးပါ …ကားရပ်ပေးပါ”

ဒေါ်သန်းမြင့်က မအေးမာအမေးကို ပြန်မဖြေဘဲ
ကားခေါင်းခန်းဘက်ဆီကို လှမ်းအော်လိုက်တယ်။

“ကားရပ်ပေး။ကျနော်ဆင်းမယ်။ကျနော့်ကို
တိုက်သတ်သွားတဲ့ ကားနံပါတ်ကို ကျနော် မှတ်မိတယ်
ရဲစခန်းမှာ ဆင်းတိုင်မယ်။ကားရပ်ပေးပါ”

“မမသန်းမြင့် …ဘာတွေပြောနေတာလဲ သတိထားပါ”

“ကားရပ်ပေးပါ ကားရပ်ပေးပါ”

ဒေါ်သန်းမြင့်အပြုအမှုကို တစ်ကားလုံးကလည်း
တအံ့တသြနဲ့ ဝိုင်းကြည့်နေကြပြီ။

“မမသန်းမြင့် မရောက်သေးဘူးလေ ကျမတို့က
ဂိတ်ဆုံးအထိ စီးရမှာလေ”

“ကားရပ်ပေးပါ”

ဒေါ်သန်းမြင့် အော်သံကျယ်လွန်းလို့ ရှေ့ခန်းက
ဒရိုင်ဘာ ကြားသွားပြီး ကားကိုရပ်လိုက်တယ်။
ဒေါ်သန်းမြင့်က ဆတ်ခနဲ ထရပ်ရင်း
ကားနောက်ပေါက်ကနေ ဆင်းဖို့ပြင်တယ်။

“ဒီအဘွားကြီး ကားရပ်တုန်းကတော့ မဆင်းဘဲ
ဘယ်လိုဖြစ်တာလဲ”

ဒရိုင်ဘာက အော်မေးလိုက်တယ်။

“ကျနော်ကို တိုက်သွားတဲ့ ကားနံပါတ်ကို
ကျနော် သိတယ်။ ရဲစခန်းကို ဝင်တိုင်မလို့”

ဒေါ်သန်းမြင့်က နှုတ်ကပြောရင်း ကားပေါ်က
လွှားခနဲ ခုန်ချလိုက်ပါတယ်။မအေးမာလည်း
မနေသာတော့ဘဲ ကားပေါ်က လိုက်ဆင်းရတော့တယ်

“မမသန်းမြင့် …နေရင်းထိုင်ရင်းက ဘာဖြစ်တာလဲ”

ရှေ့က မြန်မြန်လျှောက်သွားနေတဲ့ ဒေါ်သန်းမြင့်နောက်ကို
အပြေးလိုက်ရင်းက မအေးမာမေးပေမယ့်
ဒေါ်သန်းမြင့်က လှည့်တောင်မကြည့်ပါဘူး
မအေးမာ ဒေါ်သန်းမြင့်ကို မီအောင် မနည်းလိုက်ခဲ့ရတယ်

ဒီလိုနဲ့ မလှမ်းမကမ်းက ရဲစခန်းကို ရောက်သွားတယ်။
ဒေါ်သန်းမြင့်က ရဲစခန်းထဲကို မကြောက်မရွံ့
ဝင်ချသွားတာမို့ မအေးမာလည်း လိုက်ဝင်ရပါတယ်
စခန်းထဲရောက်တော့ တာဝန်ကျရဲတစ်ယောက်က…

“ဘာကိစ္စရှိလို့ပါလဲ”

လို့ မေးတယ်။

“တိုင်ချက်ဖွင့်ချင်လို့ပါ”

“သြော်”

“ကျနော်က စောစောက ဟောဟိုနားမှာ
ကားတိုက်ခံရလို့ သေသွားတဲ့လူပါ။
ကျနော့်နာမည် ကျော်နိုင်ဝင်းလို့ ခေါ်ပါတယ်။
ကျနော့်ကို တိုက်သွားတဲ့ ကားနံပါတ်ကို
ကျနော် မှတ်မိတယ်။အဲဒါ တိုင်ချက်ဖွင့်မလို့”

အဘွားကြီး နှုတ်က ထွက်လာတဲ့ စကားတွေက
အထူးအဆန်းမို့ ရဲလည်း ကြောင်သွားပါတယ်။
မအေးမာကတော့ တောသူပီပီ ရဲစခန်းထဲအထိ
ဝင်လာရတာကို လန့်နေပြီ။ပြီးတော့ …

ဒေါ်သန်းမြင့်ပါးစပ်က ပြောလိုက်တဲ့စကားကြောင့်
တုန်လှုပ်သွားမိတယ်။အလို မမသန်းမြင့်ကို
ကားတိုက်သေတဲ့ လူရဲ့ ဝိညာဉ်က ဝင်ပူးနေတာပါလား

ရဲစခန်းတစ်ခုလုံးလည်း အလုပ်များ သွားရပါတော့တယ်။
စခန်းမှူး ကိုယ်တိုင် ထွက်လာတယ်။စခန်းမှူး
မေးတော့လည်း ဒေါ်သန်းမြင့် ပြန်ဖြေတဲ့ အဖြေက ဒါပဲ။
သူ့ကိုယ်သူ ကားတိုက်သေတဲ့ ကျော်နိုင်ဝင်းဆိုတဲ့
ကောင်လေးတဲ့။ သူ့ကို တိုက်သွားတဲ့ ကားနံပါတ်ကိုလည်း
ရွတ်ပြတယ်။သူ ကားတိုက်ခံရလို့ သေတဲ့နေရာကိုလည်း
ရဲစခန်းထဲကနေ လှမ်းပြီး လက်ညှိုးထိုးပြတယ်။

“အရေးယူပေးပါ။ အဲဒီကား ဒရိုင်ဘာကို အရေးယူပေးပါ။
သူ့ကြောင့် ကျနော် သေရပြီ။ ကျနော် သေရပြီ။
ကားနံပါတ် xxxxနော်။ စစ်သည်မောင် ဘတ်စ်ကားပါ။
အရေးယူပေးပါဗျာ။ကျနော်ကို သေအောင် တိုက်သတ်
သွားတဲ့လူကို ရအောင်ဖမ်းပြီး အပြစ်ပေး ပေးပါ။
ကျနော်ကတော့ …ကျနော်ကတော့ သူကြောင့်
သေပြီ… ဟီ ..ဟီး …ဟီး”

ဒေါ်သန်းမြင့်က ပြောရင်း ငိုချလိုက်ပါတယ်။

ပြီးတော့ ဒေါ်သန်းမြင့်ကိုယ်ဟာ တဆတ်ဆတ်တုန်လာပြီ
တစ်ချက်ဝါးခနဲ သမ်းလိုက်တယ်။ယိုင်လဲတော့မလို
ဖြစ်သွားလို့ မအေးမာက ဖက်ထားလိုက်ရပါတယ်

အနီးမှာရှိတဲ့ ရဲတစ်ယောက်ကလည်း ဒေါ်သန်းမြင့်
လက်မောင်းကို ကိုင်ပြီး ဖမ်းထိန်းပေးလိုက်တယ်။
ဒေါ်သန်းမြင့်ကို ဝင်ပူးနေတဲ့ ဝိညာဉ်ဟာ
ထွက်ခွါသွားပါပြီ။ပုံမှန် ပြန်ဖြစ်သွားတဲ့ ဒေါ်သန်းမြင့်က
သူ ရောက်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး
နားမလည်နိုင်အောင် ဖြစ်နေပုံမျိုးပါပဲ။
သူ့ကို ဖက်ထားတဲ့ မအေးမာကို မေးလိုက်တယ်။

“အေးမာ …ငါတို့ ဘယ်ရောက်နေတာလဲ ဒီနေရာကို
ဘာလို့ ရောက်နေတာလဲ ငါ ဘာဖြစ်သွားတာလဲ”

“ပြန်ကြစို့ မမသန်းမြင့် ပြန်ကြရအောင် အပြင်ရောက်မှ
ကျမပြောပြမယ်”

မအေးမာက ဒေါ်သန်းမြင့်ကို ဆွဲခေါ်လာခဲ့ပါတော့တယ်။
စခန်းထဲမှာ ကျန်ရစ်ခဲ့တဲ့ ရဲအမှုထမ်းတွေလည်း
အဖြစ်အပျက်ကို တအံ့တသြပြောဆိုရင်း ကျန်ခဲ့တယ်။

“အဘွားကြီး ပြောသွားတာကို ဘယ်လိုသဘောရသလဲ
ဆရာ”

ရဲတစ်ယောက်က စခန်းမှူးကို မေးတယ်။

“သရဲက ပူးပြောတဲ့စကားဟာ တရားဥပဒေအရ
ဘောင်မဝင်ဘူးကွ”

“ဒါပေမယ့် …ဆရာ”

နောက်ရဲတစ်ယောက်က မဝံ့မရဲ ဝင်ပြောလိုက်ပါတယ်။
သူက ယာဉ်တိုက်ဖြစ်တဲ့နေရာမှ စစ်ဆေးပြီး အခုပဲ
ပြန်ရောက်လာတဲ့သူပါ။

“အဘွားကြီး ပြောသွားတဲ့ စကားထဲက ကားတိုက်သေတဲ့
ကောင်လေးနာမည်ကတော့ အမှန်ပဲ ဆရာ။
သေသွားတဲ့ကောင်လေးက ကျော်နိုင်ဝင်းတဲ့”

အဖြစ်အပျက်အပေါ်မှာ စဉ်းစားတွေးတောရင်း
စခန်းမှူးရဲ့ မျက်ခုံးနှစ်ဖက်ဟာ တွန့်ကွေးနေပါတယ်။

XXXXXX

မအေးမာ ပြန်ပြောလို့ ဒေါ်သန်းမြင့်ဟာ
သူ့ကို ကားတိုက်သေတဲ့ ကောင်လေးရဲ့ဝိညာဉ်
ဝင်ပူးတယ်ဆိုတာကို သိလိုက်ရပါတယ်။
သရဲဝင်ပူးနေတုန်းက သူ ဘာတွေပြောခဲ့တယ်
ဆိုတာတော့ မမှတ်မိတော့ဘူး။ဒေါ်သန်းမြင့်ရဲ့
နဂိုအသိစိတ်ပျောက်နေတဲ့ အချိန်ကိုး။

အဲဒီအဖြစ်ကြောင့် ဒေါ်သန်းမြင့်တို့
နာရီဝက်လောက် အိမ်အပြန်နောက်ကျသွားရပါတယ်။
ဂတ်တဲဂိတ်မှာ ကားပြန်စောင့် နောက်ဆုံးကားလာမှ
တက်စီးလာလိုက်တာ ညရှစ်နာရီခွဲမှပဲ အိမ်ပြန်
ရောက်ပါတော့တယ်။

သရဲပူးခဲ့တဲ့ အဖြစ်ကိုတော့ ဒေါ်သန်းမြင့်ရော
မအေးမာပါ သိပ်အရေး မထားမိတော့ဘူး
ဒေါ်သန်းမြင့်နှုတ်က အောင်ထူး မောင်းတဲ့ကား
နံပါတ်ငို ထုတ်ဖော်ပြောခဲ့ပေမယ့် သူ့အသိစိတ်နဲ့
ပြောတာ မဟုတ်လို့ အဲဒီကားနံပါတ်ကို သူ မမှတ်မိဘူး။

မအေးမာကလည်း တစ်ခါတလေမှ မြို့ကို တက်လာတဲ့
သူဆိုတော့ ဒေါ်သန်းမြင့် သရဲပူးရင် ရွတ်ပြခဲ့တဲ့
ကားနံပါတ်ဟာ သူ့တူအောင်ထူးမောင်းတဲ့
ကားဖြစ်နေမှန်း မသိဘူး။

အိမ်ပြန်နောက်ကျတာနဲ့ပဲ အဲဒီအဖြစ်ကို
မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်။
ဒေါ်သန်းမြင့်က ကားဂိတ်ဆုံးကနေ အိမ်ကို
လမ်းလျှောက်အပြန်မှာ ကားအုံနာအိမ်ကို
လှမ်းကြည့်လိုက်တော့ အောင်ထူးမောင်းတဲ့
ဒိုင်နာကား အိမ်ဝင်းထဲမှာ ရပ်ထားတာ တွေ့လိုက်တယ်။

အောင်ထူး ပြန်ရောက်နေပြီမို့ စိတ်အေးသွားရပါတယ်။
အရက်များ ဝင်သောက်နေသလား ။
အိမ်ပြန်ရောက်နေရင်တော့ အဝမှာ ထိုင်စောင့်
နေရတော့မှာပဲတွေးပြီး အိမ်ကိုရောက်အောင်
မြန်မြန်လျှောက်လာကြပါတယ်။

XXXXXXX

အိမ်ရောက်တော့ ထင်တဲ့အတိုင်းပါပဲ။
အောင်ထူးက ရောက်နှင့်နေပြီ။
တံခါးသော့ခတ်ထားလို့ အိမ်ရှေ့က လှေကားခုံမှာ
ဆောင့်ကြောင့်ထိုင်ရင်း စောင့်နေတယ်။

“အမေ ဘယ်သွားနေတာလဲ ။ ဟင် ဒေါ်လေး
မအေးမာ ရောက်နေတယ်”

“ဟုတ်တယ်…သား ။ အေးမာ …အလှူအတွက်
စျေးလာဝယ်တာ။အမေလိုက်ပို့နေလို့ မိုးချုပ်သွားတာ။
သား ရောက်နေတာ ကြာပြီလား”

“ကြာပြီ”

“ကဲ…လာ လာ အထဲဝင် ။ ပြီးရင် ထမင်းစား
ရေတော့ မချိုးနဲ့တော့။ အေးတယ်”

“ထမင်း မစားတော့ဘူး အမေ အိပ်တော့မယ်”

“ဟဲ့ …ဘယ်လိုဖြစ်တာလဲ”

အောင်ထူးကတော့ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက်
စိတ်မလုံလို့ စားချင်စိတ် မရှိတော့တာပါ။

“နေကောင်းရဲ့လား…ငါ့သား မှန်း…”

ဒေါ်သန်းမြင့်က အမူအရာ ထူးခြားနေတဲ့
အောင်ထူးကိုကြည့်ပြီး စိုးရိမ်စိတ်နဲ့ နဖူးကို စမ်းကြည့်တယ်။

“နေကောင်းပါတယ်…အမေရာ”

“ဒါဖြင့် ထမင်းစားလေ တစ်နေ့လုံး ပင်ပန်းလာတာကို
ဘယ့်နှယ် အိပ်ရမှာတုံး။အမေတို့က
မတင်မိတို့ အိမ်မှာစားခဲ့လို့ မစားတော့ဘူး။
မင်းကြိုက်တဲ့တဲ့ ပုဇွန်စိတ်ကလေးကို ခပ်စပ်စပ်
ချက်ထားတယ် ငါ့သား ။ စားလိုက် …စားလိုက်”

ဒေါ်သန်းမြင့်က ပြောပြောဆိုဆို မီးဖိုခန်းထဲ
ဝင်သွားတယ်။အောင်ထူးက ကိုယ့်အပူနဲ့ကိုယ်မို့
အိမ်ရှေ့ခန်းမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။
ထမင်းဟင်းခူးခပ်ပြီးတာနဲ့ ဒေါ်သန်းမြင့်က
မီးဖိုးခန်းထဲကနေ လှမ်းခေါ်လိုက်တယ်။

“ဟဲ့ …အောင်ထူး ငါ့သား လာလေ ထမင်းစားလှည့်
ဒီမယ် အမေက မင်းကြိုက်တတ်လို့ ပုဇွန်ဆိတ်ကလေး
ရအောင်ဝယ်ချက်ထားတာ။ငရုတ်သီးစပ်စပ်နဲ့
လာ စားလိုက်ပါဦး”

“မစားချင်ဘူး အမေရာ”

အောင်ထူးက အိပ်ရှေ့ခန်းကနေ ပြန်အော်ပြောတယ်။

“သွားစမ်းလိုက်စမ်းပါ အောင်ထူးရယ်
မအေလုပ်တဲ့လူက စားစေချင်လို့ ချက်ထားတဲ့ဟာကို
သွား …တစ်လုတ်နှစ်လုတ်ဝင်,ဝင် စားလိုက်”

မအေးမာကလည်း ဝင်တိုက်တွန်းတယ်။

“ထမင်းမစားချင်ရအောင် နင်ဘာတွေ စားလာလို့လဲဟဲ့”

ဒေါ်သန်းမြင့်အသံက မီးဖိုခန်းထဲကနေ ထပ်ထွက်လာတယ်။
အဲဒီတုန်းမှာပဲ အိမ်ရှေ့ကနေ အော်ခေါ်လိုကတဲ့
အသံတစ်သံ ကြားလိုက်ရပါတယ်။

“ဒေါ်သန်းမြင့် ဒေါ်သန်းမြင့် ရှိသလား ။အောင်ထူးရော
ရှိသလား”

အော်မေးလိုက်တဲ့အသံက ရပ်ကွက်ကောင်စီရုံးက
ရာအိမ်မှူး ဦးကျော်အောင်ရဲ့ အသံပါ။
ဦးကျော်အောင် ခေါ်သံကြောင့် ဒေါ်သန်းမြင့်
မီဖိုခန်းထဲက ထွက်ခဲ့ပြီး အိမ်ရှေ့ကို လျှောက်လာတယ်။
ပထမတော့ မအေးမာရောက်နေတာ ဧည့်စာရင်းတိုင်ဖို့
သတိလာပေးတယ်လို့ ထင်လိုက်မိသေးတယ်။

အိမ်ရှေ့ရောက်လို့ ကြည့်လိုက်တော့ ဦးကျော်အောင်
တစ်ယောက်တည်း မဟုတ်ဘူး။အောင်ထူးရဲ့ကားအုံနာ
ဦးစံပိုင်ပါ ပါလာတယ်။ပြီးတော့ အောင်ထူးကားက
စပယ်ယာမောင်နီ။အောင်ထူးကလည်း အိမ်ကိုရောက်လာတဲ့ လူတွေကို
ကြည့်လိုက်တာနဲ့ အခြေအနေကို နားလည်လိုက်ပါပြီ။

ဒေါ်သန်းမြင့်က အိမ်ရှေ့မှာ ရပ်ထားတဲ့ ရဲကားကိုလည်း
တွေ့လိုက်ပါတယ် ရဲတစ်ချို့ ဦးကျော်အောင်နဲ့ဦးစံပိုင်
နောက်ကနေ အိမ်ထဲဝင်လာကြတယ်။

“အို…ဘာဖြစ်လို့လဲ ဘာကိစ္စရှိလို့လဲ …ဦးကျော်အောင်”

ဒေါ်သန်းမြင့် မေးခွန်းအဆုံးမှာပဲ အိမ်ထဲကနေ
အောင်ထူးရဲ့ငိုသံ ထွက်ပေါ်လာပါတယ်

“အဟီး…ဟီး…အမေ…အမေ…အဲဒါ ကျနော့်ကို
လာဖမ်းတာဗျ။ကျနော့်ကို လာဖမ်းတာ အဟီး ဟီး ဟီး”

“ဘာတဲ့”

“ကဲ ဒေါ်သန်းမြင့် အောင်ထူးကိုယ်တိုင် လွယ်လွယ်ကူကူ
ဝန်ခံနေတော့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောရတော့မှာပေါ့
ခင်ဗျာသား အောင်ထူး လူတစ်ယောက်ကို ကားနဲ့
တိုက်ခဲ့တာ ပွဲချင်းပြီး သေသွားတယ်ဗျ
အဲဒါကြောင့် အောင်ထူးကို ဖမ်းဖို့ ရဲတွေလိုက်လာတာပဲ”

“ဟုတ်တယ် ဒေါ်သန်းမြင့် ကားကိုလည်း စစ်ဆေးပြီးပါပြီ
မောင်နီကို စစ်ဆေးတော့လည်း မောင်နီက ဝန်ခံတယ်
အဲဒါကြောင့်…”

“မောင်နီ မောင်နီ …မင်းဖော်ပြလိုက်တော့ပေါ့လေ မင်းကွာ”

“မဟုတ်ဘူး ကျနော့်ကို အထင်မမှားပါနဲ့
ကိုကြီးအောင်ထူးရယ်
ရဲတွေ အိမ်အထိလိုက်လာပြီး စစ်ဆေးလို့
အမှန်အတိုင်းပြောလိုက်ရတာပါ။ကျနော်ဖော်ကောင်
လုပ်တာ မဟုတ်ပါဘူး”

မအေးမာက အိမ်ကိုလိုက်လာတဲ့ရဲတွေကိုကြည့်ပြီး
မျက်နှာပျက်သွားတယ်။

“မမသန်းမြင့် ဒီရဲတွေက မမသန်းမြင့် ဟိုဟာဖြစ်ပြီး
ဝင်ခဲ့တဲ့ ရဲစခန်းက ရဲတွေလေ”

ရဲတစ်ယောက်ကလည်း ဒေါ်သန်းမြင့်နဲ့ မအေးမာကို
အမြင်မှာ လွှတ်ခနဲ ပြောလိုက်တယ်။

“ဟာ…သရဲပူးပြီး စခန်းမှာ တိုက်ချက်ဖွင့်တဲ့ အဒေါ်ကြီးပါလား”

အဲဒါရဲက ဒေါ်သန်းမြင့် လဲကျမလိုဖြစ်တော့
ဖမ်းထိန်းပေးခဲ့တဲ့ ရဲပါ

ဒေါ်သန်းမြင့် ဖြစ်ရပ်တစ်ခုလုံးကို ခြုံငုံသဘော
ပေါက်လိုက်ပြီ။

“အောင်မလေး …ကိုယ်ကျိုးနည်းပါပေါ့လား”

ဒေါ်သန်းမြင့်က ရင်ဘတ်ကိုပုတ်ပြီး အော်ငိုလိုက်တယ်။
ရဲတွေက သရဲပူးပြီးတိုက်ချက်ဖွင့်တာဟာ
တရားမဝင်ပေမဲ့ ဒေါ်သန်းမြင့် ပြောသွားတဲ့
စကားထဲမှာ သေသူနာမည်က
အမှန်ဖြစ်နေတဲ့အတွက် လိုအပ်တဲ့စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။

စစ်သည်မောင်ဂိတ်ကို လှမ်းမေးတော့ ဒေါ်သန်းမြင့်ပြောသွားတဲ့
ကားနံပါတ်ဟာ စစ်သည်မောင်ကားဂိတ်မှာ
အမှန်တကယ် ရှိနေတယ် ။
ဂိတ်မှူးက xXXX ကားဟာ လူမတင်ဘဲ
ခြောက်နာရီလောက်မှာ ကားသိမ်းသွားကြောင်း
ကားမောင်းသူက အောင်ထူးဖြစ်ကြောင်း အစစ်ခံတယ်။

ရဲတွေဟာ ကားအုံနာလိပ်စာအတိုင်း လိုက်လာ။
ကားကို စစ်ဆေးတော့ ကားနံပါတ် မှန်နေတာ
တွေ့တယ်။ကားရှေ့ဖုံးမှာ တိုက်မိတဲ့
အပွန်းအပဲ့တွေလည်း တွေ့တယ်။စပယ်ရာမောင်နီကို
ခေါ်စစ်ကြည့်တော့ မောင်နီက ကြောက်ကြောက်နဲ့
ဝန်ခံလိုက်လို့ ကျော်နိုင်ဝင်းဆိုသူကို
တိုက်သွားတဲ့ နံပါတ်မသိလိုက်တဲ့ကားဟာ
အောင်ထူးမောင်းတဲ့ ကားဆိုတာ သေချာသွားပါတော့တယ်။

ရဲတွေလည်း သေသူကျော်နိုင်ဝင်း ဝင်ပူးပြီး
တရားခံအစစ်ကို ဖော်ထုတ်ပေးခဲ့တဲ့ မိန်းမကြီးဟာ
တရားခံရဲ့ အမေဖြစ်နေတာတွေ့ရလို့ အံ့သြမဆုံး
ဖြစ်နေကြပါတော့တယ်။ရဲတွေက တာဝန်အရ
အောင်ထူးကို လက်ထိတ်ခတ်ပြီး ခေါ်သွားပါပြီ။

“အောင်မလေး …သား …သား…မင်းကို
ထောင်ထဲရောက်အောင်လုပ်တဲ့သူက မင်းအမေ
ငါကိုယ်တိုင်နေပါပေါ့လား။ရင်နာလှချည်ရဲ့သားရယ်”

ဒေါ်သန်းမြင့် အော်ငိုရင်း ကျန်ခဲ့တယ်။
ဒေါ်သန်းမြင့် ဆိုလိုရင်းကို အောင်ထူး မသိသေးပါဘူး။
အောင်ထူးလိုပဲ ဦးကျော်အောင်တို့ ဦးစံပိုင်တို့
မောင်နီတို့လည်း မသိကြဘူး။ရဲတွေနဲ့ မအေးမာပဲ
သိကြတယ်။

“အို …အဖြစ်ဆိုးလှချည်လား ငါ့သားလေး
သူကြိုက်တဲ့ ပုစွန်ဆိတ်ဟင်းလေးနဲ့တောင်
ထမင်းစားမသွားရရှာပါလား။သားရေ…ကိုယ်သားကို
အချုပ်ထဲရောက်အောင် လုပ်မိတဲ့ မင်းအမေကို
ခွင့်လွှတ်ပါတော့ ငါ့ သားရယ်။
အမယ်လေး…ငါ့အဖြစ်က တော်ကိုဆိုးလှချည်လား
အမေ ဘယ်လို ဖြေရတော့မှာလဲ သားရေ ဟီ ဟီး ဟီ”

“မမသန်းမြင့် …မမသန်းမြင့်…သတိထားပါ
တရားနဲ့ဖြေပါ မမသန်းမြင့်ရယ်”

“အေးမာ ငါတရားမရှိလို့ မဟုတ်ဘူး။
လူတစ်ယောက်ဟာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဒဏ်ကို
တန်ပြန်ခံစားရမယ်ဆိုတာ ငါလက်ခံတယ်။
အောင်ထူး မိုက်မှားခဲ့တဲ့အတွက် သူ အပြစ်ဒဏ်
ခံရတော့မယ် ဒါကို ငါလက်ခံတယ် အေးမာ။
ငါ ယူကြုံးမရဖြစ်တာက ငါ့သားလေးရဲ့
ပြစ်ဒဏ်ကို ငါကိုယ်တိုင် ဖော်ထုတ်ပေးသလို
ဖြစ်သွားတာကိုပါအေ။ ငါ့ အဖြစ်က သားကို
ထောင်ထဲရောက်အောင် တွန်းပို့တဲ့ အမေဖြစ်ရပြီဟဲ့
ငါ ဘယ်လို ဖြေရမလဲ။ ငါ ဘယ်လို ဖြေရပါတော့မလဲ
အောင်မယ်လေး…အမေ အဖြစ်က ဆိုးလှချည်လား
သားရေ ဟီ …ဟီး … ဟီး …”

ဒေါ်သန်းမြင့်ရဲ့ အော်ငိုသံဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို
ပျံ့လွင့်သွားပါတော့တယ်။

မူရင်းရေးသူ၏ ဝန်ခံချက်
(2009ခုနှစ် စက်တင်ဘာလအတွင်းက
မန္တလေးမြို့တွင် ဖြစ်ခဲ့သော ယာဉ်တိုက်မှု
ဖြစ်ရပ်မှန်မှုခင်း တစ်ခုအား မှီငြမ်းရေးသားပါသည်)

မူရင်းရေးသူ ဆရာ နွေတမာန်

ပြီးပါပြီ

စာဖတ်သူများစိတ်ရွှင်လန်းပါစေ

Zawgyi Version

” ႐ုန္းမဖယ္သာ ”(ျဖစ္ရပ္မွန္) စ/ဆုံး
————————–
ေအာင္ထူးကလည္း ေန႔စဥ္ ျပန္ေျပာေနက်အတိုင္း
စိတ္မပါ့တပါ ေလသံနဲ႔ ျပန္ေျပာရင္းက
အိမ္က ထြက္သြားတယ္။

ေဒၚသန္းျမင့္ ေအာင္ထူး ေက်ာျပင္ကို ေနာက္ကေန
ၾကည့္ရင္းက က်န္ခဲ့တယ္။ ေအာင္ထူး သူ႔ျမင္ကြင္းထဲက
ေပ်ာက္သြားတဲ့အထိ ေငးၾကည့္ေနမိတာပါ။
ဒါလည္း ေဒၚသန္းျမင့္အတြက္ ေန႔စဥ္လုပ္မိေနက် အလုပ္တစ္ခုလိုပါပဲ။

အေမတစ္ခု သားတစ္ခုဘဝမွာ ေဒၚသန္းျမင့္ဟာ
ေအာင္ထူးအတြက္ အၿမဲတမ္း စိတ္ပူပင္ေနရတယ္။
ေအာင္ထူးအလုပ္က ကားေမာင္းတဲ့အလုပ္ဆိုေတာ့
စိတ္ျမန္လက္ျမန္ရွိတတ္တဲ့ သူ႔သားအက်င့္ကို
သိထားလို႔ ေဒၚသန္းျမင့္ ပူပင္မယ္ဆိုလည္း
ပူပႏၥရာပါ။

တစ္ေန႔တစ္ေန႔ ေဒၚသန္းျမင့္မွာ ေအာင္ထူးေမာင္းတဲ့ကား
ေဘးအႏၲရာယ္ကင္းရွင္းပါေစလို႔ ဆုေတာင္းရတာအေမာ

ေအာင္ထူးက ၿမိဳ႕သစ္နဲ႔ၿမိဳ႕တြင္းကို ေျပးတဲ့
“စစ္သည္ေမာင္”ဘတ္စ္ကားယာဥ္လိုင္းမွာ
ကားေမာင္းတဲ့ ဒ႐ိုင္ဘာပါ။ သူေမာင္းတဲ့ကားက
ဒိုင္နာကား။ကားအုံနာက ဒီၿမိဳ႕သစ္မွာပဲေနတယ္။
အေစာႀကီးထၿပီး ေျခာက္နာရီအေရာက္
ကားအုံနာအိမ္ကို သြားရတယ္။

ကားကိုစပယ္ယာေမာင္နီနဲ႔ အတူ စစ္ေဆးယူၿပီး
ၿမိဳ႕သစ္ဂိတ္မွာ ဂိတ္သြားထိုးရတယ္။တစ္ေန႔လုံး
ၿမိဳ႕သစ္နဲ႔ၿမိဳ႕ထဲက ၿမိဳ႕မေစ်းကို အေခါက္ေခါက္
ကူးသန္းေမာင္ႏွင္ေနရတာပါ။

ယာဥ္လိုင္းက ည(၈)နာရီေလာက္မွ သိမ္းလို႔
အျပန္မိုးခ်ဳပ္တတ္ပါတယ္။တစ္ေန႔လုံး သားအတြက္
စိတ္ပူပန္ေနရတတ္တဲ့ ေဒၚသန္းျမင့္ဟာ
ကားသိမ္းၿပီးတာနဲ႔ အိမ္ကို အေရာက္ျပန္လာေစခ်င္တယ္

ေအာင္ထူးက ဒီလိုမဟုတ္ဘူး။ကားသိမ္းၿပီးမွ
လမ္းထိပ္က အရက္ဆိုင္မွာ အရက္ေသာက္ေန
တတ္တယ္။မူးမွ အိမ္ျပန္လာတယ္။မူးေနေတာ့
ညစာထမင္းကို ေကာင္းေကာင္းမစားဝင္ေတာ့ဘူး။

ေဒၚသန္းျမင့္က အၿမဲသတိထားေနရတဲ့ကားေမာင္းတဲ့
အလုပ္ကို လုပ္ေနရလို႔ အစားကို ေကာင္းေကာင္း
စားေစခ်င္တယ္။ဝဝလင္လင္ အားျပည့္ေအာင္
စားေစခ်င္တယ္။ဒါေပမယ့္ ေအာင္ထူးက ညတိုင္း
အရက္မေသာက္ရင္ မေနႏိုင္ဘူး။
ညစဥ္ ေသာက္လာတာပဲ။

ၿမိဳ႕သစ္ဂိတ္ကို ျပန္ေရာက္ၿပီးမွ ကားကို
အုံနာအိမ္မွာျပန္အပ္ၿပီးမွ လမ္းထိပ္ဆိုင္မွာ
ေသာက္တာမ်ိဳးဆိုရင္ ေတာ္ပါေသးတယ္။
တစ္ခါတစ္ေလက် ၿမိဳ႕ထဲမွာ ခရီးသည္ေစာင့္ရင္း
ကားအၾကာႀကီး ရပ္ထားရရင္ ကားဂိတ္နဲ႔ နီးရာ
ဆိုင္မွာ ဝင္ေသာက္လာတတ္တယ္။

ညပိုင္းဆိုရင္ ခရီးသည္နည္းေတာ့ တစ္ခါတစ္ေလက်
လူျပည့္ေအာင္ ေစာင့္ရတာမ်ိဳး ရွိတာကိုး။
ကားကို အုံနာဆီျပန္မအပ္ခင္ လမ္းမွာ
ေသာက္လာတာမ်ိဳးကို ေဒၚသန္းျမင့္က
ပိုၿပီးစိုးရိမ္မိပါေသးတယ္။အဲဒါေၾကာင့္လည္း
အိမ္ကထြက္တိုင္း ေအာင္ထူးကို မွာေနရတာပါ။

ေယာက်ၤားေလးမို႔ အရက္ေသာက္တာမ်ိဳးကို
ေဒၚသန္းျမင့္က အျပစ္မေျပာခ်င္ပါဘူး။
အမ်ားႀကီး တရားလြန္ေသာက္မွာကိုသာ
စိုးရိမ္မိတာပါ။အဲဒါေၾကာင့္ ေသာက္ခ်င္ရင္
အိမ္ကို ဝယ္လာပါ။ထမင္းမစားခင္ အိမ္မွာပဲ
ေသာက္ပါ။တန္႐ုံသင့္႐ုံေသာက္ၿပီး ထမင္းကို
ဝင္ေအာင္စားပါလို႔ ေဒၚသန္းျမင့္က ေအာင္ထူးကို
အၿမဲေျပာတယ္။

ေအာင္ထူးက အိမ္မွာ တစ္ေယာက္တည္း
ေသာက္ရတာ ပ်င္းစရာ ေကာင္းတယ္တဲ့။
ဆိုင္မွာမွ အေပါင္းအသင္းအစုံနဲ႔ ရယ္စရာ
ေမာစရာေျပာရင္း ေသာက္ရတာ ဖီလင္လာတတ္တဲ့။
မခက္ဘူးလား။ေဒၚသန္းျမင့္က အေမဆိုေတာ့
ပူပန္တာပါပဲ။ အဲဒါေၾကာင့္လည္း …

“သား…အျပန္မိုးမခ်ဳပ္ေစနဲ႔ေနာ္ ။ အရက္ေတြကိုလည္း
မူးေအာင္ ေသာက္မလာနဲ႔။ အျပင္ကဝယ္လာၿပီး
မွာေနက် စကားစုတစ္ခု ျဖစ္ေနေတာ့တာေလ။

ဒါေပမယ့္ မွာတာက မွာတာပါပဲ။ေအာင္ထူးကေတာ့
အိမ္ျပင္ေရာက္ရင္ မူးေနၿပီ။ထမင္းကို စားတယ္ဆို႐ုံစားၿပီး
အိပ္ေတာ့တာပဲ။

ေအာင္ထူးအတြက္အႏၲရာယ္ကင္းရွင္းေအာင္
ေဒၚသန္းျမင့္မွာ တစ္ေန႔လုံးရွိခိုး ပုတီးစိပ္ ေမတၱာပို႔နဲ႔
လုပ္ေနရေတာ့တယ္။

အေမနဲ႔ သား ႏွစ္ေယာက္တည္းရွိတဲ့ သူတို႔အိမ္ကေလးမွာ
ဒီလိုပဲ တစ္ေန႔ တစ္ေန႔ လည္ပတ္ေနေတာ့တာပါပဲ။

ေအာင္ထူးထြက္သြားတာနဲ႔ ေဒၚသန္းျမင့္ အိမ္တံခါးကို
ေသာ့ခတ္ၿပီး ေစ်းကို ထြက္ခဲ့တယ္။သားအတြက္
ညစာ ဖြယ္ဖြယ္ရာရာေလး ခ်က္ဖို႔ပါ။

ေအာင္ထူးကို ထမင္းခ်ိဳင့္ထည့္ေပးစရာ မလိုဘူး။
ေန႔လယ္စာကိုေတာ့ ဂိတ္မွာပဲ ဝယ္စားတတ္တယ္။
အဲဒါေၾကာင့္ အိမ္မွာတစ္နပ္တည္း စားတဲ့ညစာကို
ေဒၚသန္းျမင့္က ေကာင္းေကာင္းစားေစခ်င္တာေလ။
သူက ဖြယ္ဖြယ္ရာရာ ခ်က္ထားေပမယ့္ မူးလာတဲ့
ေအာင္ထူးက ဖိတ္တစ္ဝက္ စဥ္တစ္ဝက္နဲ႔
စားတယ္ဆို႐ုံစားတာကိုျမရရင္ ေဒၚသန္းျမင့္
စိတ္မေကာင္းဘူး။

ဒါေပမယ့္ အေမဆိုေတာ့ကာ အမွတ္မရွိပါဘူး။
ဒီညေတာ့ ငါ့သားေလး ေစာေစာျပန္လာေကာင္းရဲ႕။
အေမခ်က္ထားတဲ့ ဟင္းကေလး စားေကာင္းပါရဲ႕လို႔
ေတြးၿပီး ေန႔တိုင္း ေစ်းသြား ေကာင္းေကာင္းမြန္မြန္
ခ်က္ျပဳတ္ထားတတ္တာခ်ည္းပဲ။

ဒီေန႔ေတာ့ ေအာင္ထူး ႀကိဳက္တတ္တဲ့ င႐ုတ္သီးမ်ားမ်ားနဲ႔
ခပ္စပ္စပ္ေလး ခ်က္မယ္ေလ။

ေဒၚသန္းျမင့္ အိမ္လည္း ျပန္ေရာက္ေရာ
အိမ္ေရွ႕မွာ ရပ္ေနတဲ့ ႐ြာက ညီမဝမ္းကြဲ မေအးမာကို
ေတြ႕လိုက္ရတယ္။

“ဟဲ့ ေအးမာ အေၾကာင္းမၾကာ ဘာမၾကားနဲ႔ပါလား”

“မၾကားဆို ခ်က္ခ်င္းႀကီး ထြက္လာတာ
မမသန္းျမင့္ေရ ႐ြာထိပ္က ကိုရင္ညိဳနဲ႔ မျဖဴတုတ္
တို႔လင္မယားက မမသန္းျမင့္ကိုလည္း
အလႉလာဖို႔ ဖိတ္လိုက္တယ္”

“လာႏိုင္ေပါင္ေအ။ငါလာရင္ ေအာင္ထူးတစ္ေယာက္တည္း
ဘယ့္ႏွယ့္ ျဖစ္မလဲေအ့”

“မမသန္းျမင့္တို႔ကေတာ့ လုပ္ၿပီ ။ သူ႔မွာ ဒီသားအတြက္ပဲ
အခ်ိန္ေပးေနရတယ္ ။ တကတဲ…”

“ေအာင္ထူးကို ငါမၾကည့္လို႔ ဘယ္သူၾကည့္မလဲေအ။
ညီးကလဲ…”

ညီအမႏွစ္ေယာက္သား အိမ္တံခါးဖြင့္ဝင္ၿပီး
မနက္စာ ခ်က္ၾကျပဳတ္ၾကတယ္။

“ထမင္းစားၿပီးရင္ ၿမိဳ႕မေစ်းထဲသြားၿပီး သကၤန္းဝယ္မယ္ေနာ္
မမသန္းျမင့္။ အလႉအတြက္ တျခားဝယ္စရာေလးေတြလည္း
ရွိေသးတယ္။အိမ္က ကေလးေတြ အလႉမွာဝတ္ရမယ္
မမသန္းျမင့္ လိုက္ခဲ့ဦး”

“မနက္မွ သြားပါလားေအ့ ၿမိဳ႕ထဲအသြား
ေအာင္ထူးကားနဲ႔ လိုက္သြား႐ုံပဲ”

“အခ်ိန္မရဘူး က်မ နက္ျဖန္ေန႔ခင္းျပန္မွာ”

“ညည္းတို႔ကလည္း လာလိုက္ရင္ ဖုတ္ပူမီးတိုက္ခ်ည္းပဲ။
ငါ့ကို အေဖာ္ရေအာင္ သုံးေလးညအိပ္မယ္ေတာ့ မရွိဘူး။
တတကဲ …ငါမွာ တစ္ေယာက္တည္း ပ်င္းေနရတာေအ့”

“လယ္သိမ္းၿပီးရင္ တစ္လကိုးသီးတင္း လာေနေပးပါမယ္
မမသန္းျမင့္ရယ္”

XXXXXX

ဒီလိုနဲ႔ ထမင္းစားေသာက္ၿပီးမွာ ညီအစ္မႏွစ္ေယာက္သား
ၿမိဳ႕ထဲကို ထြက္ခဲ့ၾကတယ္။ေစ်းထဲမွာ ေစ်းဝယ္႐ုံ
ဆိုေပမယ့္ ဝယ္တာျခမ္းတာ ေတာ္ေတာ္နဲ႔ မၿပီးပါဘူး။
သကၤန္းဝယ္တာ။အဝတ္အစားဝယ္တာ။
တျခားတိုလီမိုလီေတြ ဝယ္တာနဲ႔ခ်ည္း ေန႔လယ္ႏွစ္နာရီ
ထိုးသြားတယ္။႐ြာက လူႀကဳံလို႔ ေပးလိုက္တဲ့စာကိုလည္း
သြားေပးရေသးတယ္။ဟိုေရာက္ေတာ့ ကိုယ့္
႐ြာသားအခ်င္းခ်င္းဆိုေတာ့ မျပန္ပါနဲ႔ဦး။
ညစာ စားေသာက္ၿပီးမွ ျပန္ပါဆိုလို႔ ေန,ေနရေသးတယ္။

ေဒၚသန္းျမင့္နဲ႔ သူတို႔နဲ႔ကလည္း တစ္ၿမိဳ႕တည္းေနတယ္
ဆိုေပမယ့္ ၿမိဳ႕သစ္နဲ႔ ၿမိဳ႕ထဲဆိုေတာ့ ေတြ႕ရခဲတယ္ေလ။
႐ြာကလူလာတုန္း ဆုံရတာဆိုေတာ့ စကားေတြက
ေျပာမကုန္ဘူး။ေရွးေဟာင္းေႏွာင္းျဖစ္ေတြေရာ။
လက္ငင္းစီးပြားေရး အေျခအေနေတြေရာ
ေျပာလိုက္ၾကတာ ညေနေစာင္းေရာ။

ညစာေရာ စားၿပီးမွ အဲဒီအိမ္က ျပန္ထြက္ျဖစ္ပါေတာ့တယ္။
မေအးမာ ဝယ္ထားတဲ့ ပစၥည္းျခင္းကိုလည္း
အဲဒီအိမ္မွာပဲ ထားပစ္ခဲ့လိုက္တယ္။႐ြာျပန္ရင္
ကားကို ၿမိဳ႕ထဲ လာစီးရမွာကိုး။

မနက္ျဖန္မွ ကားဂိတ္ဆင္းရင္ ဝင္ယူေတာ့မယ္။
အေလးခံ မသယ္ေတာ့ဘူးဆိုၿပီး ထားခဲ့လိုက္တာပါ။

“သြားၾကစို႔ …မေအးမာေရ ငါတို႔ ေအာင္ထူးကားကို
မီႏိုင္ေသးတယ္။ဒီအခ်ိန္ဆို ေနာက္ဆုံးအေခါက္သိမ္းၿပီ”

“မသန္းျမင့္မလဲေနာ္ ဒီသားပဲ သူ႔စိတ္ထဲရွိေနတယ္
အသက္ႀကီးၿပီ သံေယာဇဥ္ေတြကို ေလွ်ာ့ဦး”

အိမ္ရွင္ သူငယ္ခ်င္းက ေျပာတယ္။

“အို…မတင္မိရယ္ ငါ့မွာ ညည္းတို႔လို
သားသမီးသုံးေလးေယာက္ ရွိတာ
မဟုတ္ဘူးေအ့ ေအာင္ထူးအတြက္
ပူပန္ရတယ္ေတာ္”

“ေအးေဟ့ …ညည္းသားက ပူလည္းပူစရာပဲ
ႀကဳံတုန္းမို႔ ေျပာရဦးမယ္။တစ္ေလာက ေအာင္ထူးနဲ႔
ေတြ႕ေတာ့ ေန႔လယ္ခင္းႀကီး သူ႔ဆီက အရက္နံ႔ရတယ္ေအ့
ငါလည္း ဆုံးမလိုက္ပါတယ္။ညည္းလည္း ကိုယ့္သားကိုယ့္ ဆုံးမဦး”

ေဒၚတင္မိစကားေၾကာင့္ ေဒၚသန္းျမင့္ မ်က္ႏွာကေလးငယ္သြားရွာပါတယ္။

“ငါ့လဲ ဒါအတြက္ပဲ တစ္ေန႔ တစ္ေန႔ ပူေနရတာပါ မတင္မိရယ္”

XXXXX

ဒီေန႔ည ေအာင္ထူး ကားကို ေစာေစာသိမ္းခဲ့တယ္။
ေနာက္ဆုံးအေခါက္အေနနဲ႔ ၿမိဳ႕သစ္ကို ျပန္မယ့္ကားက
ဂိတ္မွာထိုးထားတာ ေလးစီးရွိတယ္။ေလးစီးထဲမွာ
သူ႔ကားမွ အလွည့္က်မွာ ညပိုင္းဆိုေတာ့ ခရီးသည္
ဆယ္ေယာက္ျပည့္ေအာင္ေတာင္ ေတာ္,ေတာ္ေစာင့္ရဦးမွာေလ။
ေအာင္ထူး စိတ္မရွည္ဘူး။အရက္ကလည္း
ေသာက္ခ်င္ေနၿပီ။ဒါနဲ႔ စပယ္ယာေမာင္နီကို…

“ငါဒို႔ ျပန္ၾကစို႔ကြာ အလွည့္က်ေအာင္ ေစာင့္ေနရင္
မိုးခ်ဳပ္လိမ့္မယ္”

လို႔ေျပာလိုက္တယ္။

ဂိတ္မႉးကိုလည္း သူ႔ကား သိမ္းေတာ့မယ္အေၾကာင္း
ေျပာခဲ့ၿပီး ဂိတ္ကေန ကားကို ေမာင္းထြက္လာခဲ့တယ္။
ကားေပၚမွာ ခရီးသည္ တစ္ေယာက္မွ် မပါဘူး။
ဒီေတာ့လည္း လြတ္လြတ္လပ္လပ္ ၿမိဳ႕ထဲမွာ
အရက္ေသာက္ၿပီးမွ ျပန္ဖို႔ ဆုံးျဖတ္လိုက္တာေပါ့။

ေအာင္ထူးက ကားကို အရက္ဆိုင္တန္းေမာင္းလိုက္တယ္
ေမာင္နီက

“ကိုႀကီးေအာင္ထူး ၿမိဳ႕သစ္ျပန္ေရာက္မွ ေသာက္မွာ
မဟုတ္ဘူးလား”

လို႔ေမးေသးတယ္။သူက မေသာက္တတ္ေတာ့
ေအာင္ထူးေဘးမွာ ထိုင္ေစာင့္ေနရမွာမို႔ ေမးတာပါ။

“မင္းဟာမင္း အေအးေသာက္ရင္း ေစာင့္ေနပါကြာ။
တစ္ခါတစ္ေလ ၿမိဳ႕ထဲမွာ ေသာက္ပါရေစ”

လို႔ ေအာင္ထူးက ျပန္ေျပာတယ္။ဒီလိုနဲ႔ အရက္ဆိုင္
အေရာက္မွာ ေမာင္နီအတြက္ အေအးတစ္လုံးမွာေပးၿပီး
သူ႔အတြက္ေတာ့ ဝီစကီတစ္ပိုင္း မွာလိုက္ပါတယ္။

XXXXX

ေဒၚသန္းျမင့္နဲ႔ မေအးမာ ကားဂိတ္ကိုေရာက္ေတာ့
ေအာင္ထူး ကားကို မေတြ႕ရဘူး။ဂိတ္မႉးကို
ေမးၾကည့္ေတာ့ …

“အေဒၚ့သား အလွည့္က်မွာကို မေစာင့္ႏိုင္လို႔
ကားသိမ္းသြားၿပီ” လို႔ေျပာတယ္။
ဂိတ္မႉးက ေဒၚသန္းျမင့္ကို ေအာင္ထူးအေမမွန္း
သိေနၿပီးသားပါ။

ေဒၚသန္းျမင့္နဲ႔ မေအးမာလည္း ၿမိဳ႕သစ္ျပန္ဖို႔
တန္းစီထားတဲ့ကားေတြထဲက ေရွ႕ဆုံးကားေပၚ
တက္ထိုင္လိုက္တယ္။ကားကေတာ့
ေတာ္ေတာ္နဲ႔ ထြက္ဦးမွာ မဟုတ္ဘူး။
ကားေပၚမွာ သူတို႔ နဲ႔ မွ ခရီးသည္ငါးေယာက္ပဲ
ရွိေသးတာေလ။

XXXX

ေအာင္ထူး အရက္ေသာက္ၿပီးေတာ့ ေမွာင္ရီပ်ိဳးေနၿပီ။
ထုံးစံအတိုင္း ေအာင္ထူးက အရက္မူးရင္
ေသြးႂကြႂကြနဲ႔ အျမန္ေမာင္းတယ္။

ေမာင္နီကေတာင္…

“ျဖည္းျဖည္းလုပ္ပါ …ကိုႀကီးေအာင္ထူးရ”
လို႔ေျပာယူရတယ္။

“ကားေပၚမွာ လူပါတာမွ မဟုတ္ပါကြာ။လမ္းမွာလည္း
လူေစာင့္တင္စရာ မလိုဘူး။ လြတ္လြတ္လပ္လပ္ရွိတုန္း
အျမန္ေမာင္းပါရေစ။ဒါမွဖီလင္လာတာကြ”

ေအာင္ထူးက ကားကို အရွိန္ကို ပိုေတာင္ျမႇင့္လိုက္ေသးတယ္။
ဒီလိုနဲ႔ “ဂတ္တဲေကြ႕”ဆိုတဲ့ ေနရာကို ေရာက္လာတယ္။
ဂတ္တဲေကြ႕ဆိုတာ အနီးမွာ ရဲစခန္းရွိတဲ့ အေကြ႕မို႔
ေခၚတာပါ။ရဲစခန္းကို အရင္က “ဂတ္တဲ”လို႔ပဲ
သုံးၾကႏႈန္းၾကတာကိုး။ေရွးကအေခၚအေဝၚအတိုင္းပဲ
ဂတ္တဲေကြ႕ကို ေခၚေနၾကတုန္းပါပဲ။ေကြ႕အလြန္က
ကားဂိတ္ကိုလည္း “ဂတ္တဲဂိတ္”လို႔ပဲ ေခၚၾကတယ္။

ဂတ္တဲေကြ႕ေနရာက ယာဥ္ေမာင္းသူတိုင္း
သတိထားရတဲ့ ေနရာပါ။လမ္းေကြ႕က ေလးဆယ့္ငါး
ဒီဂရီေစြ႕ၿပီး ေကြ႕သြားတယ္။ေကြ႕နားမွာ ကန္႔သတ္
ျဖတ္လမ္းေတြ ရွိေသးတယ္။
အဲဒီလမ္းေတြထဲကလည္း ကားေတြ ဆိုက္ကယ္ေတြ
စက္ဘီးေတြ ထြက္လာတတ္တယ္။ဒါေၾကာင့္ ေကြ႕နား
ေရာက္ရင္ ဟြန္းကို သံရွည္ဆြဲၿပီး တီးရၿမဲပါ။

ေအာင္ထူးကေတာ့ ေမွာင္ကလည္း ေမွာင္ေနၿပီ။
ကားလမ္းတစ္ေလွ်ာက္လည္းအသြားရွင္းလင္းေနတယ္
မ်က္ႏွာခ်င္းဆိုင္ကလာတဲ့ ကားလည္းမေတြ႕တာနဲ႔
ဟြန္းလည္း မတီးျဖစ္ဘူး။အရွိန္လည္း မေလ်ာ့ျဖစ္ဘူး။
ဒီႏႈန္းအတိုင္းပဲ ဆက္ေမာင္းလာခဲ့တယ္။
ေကြ႕မလြန္မီ လမ္းျဖတ္တစ္ခုနဲ႔ တည့္တည့္အေရာက္
ညဘက္လမ္းျဖတ္ထဲက အရွိန္နဲ႔ ေမာင္းခ်လာတဲ့
ေမာ္ေတာ္ဆိုက္ကယ္တစ္စင္းကိုလည္း
အနားေရာက္မွ ျမင္ေတာ့တယ္။

ေအာင္ထူးကားေရာ ေမာ္ေတာ္ဆိုင္ကယ္ေရာ
အရွိန္ကို မထိန္းႏိုင္ၾကေတာ့ပါဘူး။ဆိုက္ကယ္ကို
ေအာင္ထူး ကားေခါင္းက ေဘးေစာင္းတိုက္ဝင္
တိုက္မိတယ္။ဆိုက္ကယ္ရဲ႕ အလယ္တည့္တည့္ကို
တိုက္လိုက္မိတာမို႔ ယာဥ္ငယ္ျဖစ္တဲ့ ဆိုင္ကယ္ဟာ
လြင့္စဥ္ထြက္သြားပါတယ္။ဆိုင္ကယ္က သူထြက္
လာတဲ့ဘက္ကို ျပန္လည္ၿပီး လြင့္စဥ္ထြက္သြားတာမွာ
လူပါ ပါသြားတယ္။ပလက္ေဖာင္းေရာက္ေတာ့
လူတျခား ဆိုက္ကယ္ တျခား ျဖစ္သြားၿပီး
ဆိုက္ကယ္ေပၚက လူရဲ႕ ေခါင္းက ပလက္ေဖာင္းနဲ႔
ျပင္းျပင္းထန္ထန္ ထိခိုက္မိပါေတာ့တယ္။

“ဟင္”

“ဟာ … ကိုႀကီးေအာင္ထူး”

ေအာင္ထူးဟာ ကားဘရိတ္ကိုေမွးနင္းရင္း
ရပ္မလို႔ လုပ္လိုက္ပါေသးတယ္။စဥ္းစားၾကည့္ေတာ့
ဒီနားမွာ လူတစ္ေယာက္မွ် မရွိဘူးေလ။
ကားတိုက္မႈကို ဘယ္သူမွ် မျမင္လိုက္ၾကဘူး။
တိုက္မိတဲ့လူကို ဆင္းၾကည့္ရင္ မေတာ္တဆ
ေသေၾကေနရင္ ျပသာနာက ရွည္မယ္။
ေထာင္တန္းက်တဲ့အထိ ျဖစ္မယ္ဆိုတာေတြ
ေတြးမိၿပီး မရပ္ေတာ့ဘူး။
ရပ္မလို လုပ္ၿပီးမွ အရွိန္ျမႇင့္ၿပီး ဆက္ေမာင္းလာမိေတာ့
တယ္။

“ကိုႀကီးေအာင္ထူး ကိုႀကီးေအာင္ထူး ဟိုလူ
ေသသြားၿပီလား မသိဘူး”

“မတတ္ႏိုင္ဘူးကြာ ဆင္းရွင္းေနရင္ ျပသာနာရႈပ္လိမ့္မယ္
ဘယ္သူမွ် ျမင္တာမွ မဟုတ္ဘဲ”

“ဒါေပမယ့္”

“ေမာင္နီ …မင္း ႏႈတ္လုံပေစေနာ္ ျပသာနာတက္လာရင္
မင္းပါ ပါမွာ”

နဂိုကတည္းက ေအာင္ထူးကို ေၾကာက္ရတဲ့
ေမာင္နီလည္း ၿငိမ္သြားပါတယ္။
ေအာင္ထူးေက်းဇူးေတြကလည္း သူ႔အေပၚမွာရွိထားတာ
မဟုတ္လား ။ဒီစပယ္ယာအလုပ္ကို ေအာင္ထူးေခၚလို႔
သူလုပ္ေနရတာေလ။ေမာင္နီလည္း ေရငုံႏႈတ္ပိတ္
ေနလိုက္ပါေတာ့တယ္။

XXXXX

ည(၇)နာရီေက်ာ္မွ ေဒၚသန္းျမင့္တို႔ တက္ထိုင္ေနတဲ့
ကားက ဂိတ္က ထြက္လာတယ္။ေဆာင္းတြင္းမို႔
ည(၇)နာရီဆိုတာ အေတာ္ ေမွာင္ေနပါၿပီ။

“ေအာင္ထူးမ်ား အိမ္ျပန္ေရာက္ေနၿပီလား မသိဘူး
အိမ္တံခါး ေသာ့ခတ္ခဲ့တာ ဝင္ရခက္ေနရင္ ဒုကၡ”

ေဒၚသန္းျမင့္က သူ႔သားကို သတိရၿပီး တစ္ခ်က္ၿငီးျငဴ
လိုက္ပါေသးတယ္။ဒီလိုနဲ႔ သူတို႔ စီးလာတဲ့ ဘတ္စ္ကား
ဟာ ဂတ္တဲေကြ႕နားကို ေရာက္လာတယ္။
ဂတ္တဲဂိတ္မေရာက္ခင္မွာ လမ္းေပၚမွာ
လူစုလူေဝးနဲ႔ ႐ုန္းစု႐ုန္းစု ျဖစ္ေနလို႔ ကားက ေႏွးသြားတယ္။

လူအုပ္စုကို တိမ္းဖယ္ၿပီး ေဘးက ပတ္ေမာင္းရတယ္
လူအုပ္စုထဲမွာ ရဲေတြလည္းေတြ႕ရလို႔ ကားေပၚက
လူေတြက ဘာပါလိမ့္ဆိုၿပီး စိတ္ဝင္တစား ငဲ့ေစာင္း
ၾကည့္ၾကတယ္…

အဲဒီေနရာက လြန္လာေတာ့ ကားစပယ္ယာက…

“လူကို ကားတိုက္သြားလို႔တဲ့ဗ်ာ။အတိုက္အခံရတဲ့
လူကေတာ့ ပြဲခ်င္းၿပီးပဲတဲ့။ကားကိုေတာ့
မမိလိုက္ေတာ့ဘူးေျပာတယ္”

စပယ္ယာက သူ အေျပးအလႊားစုံစမ္းရင္းသိလာတဲ့
သတင္းကို တစ္ကားလုံးၾကားေအာင္ ေအာ္ေျပာလိုက္
တာပါ။ကားတိုက္မႈျဖစ္တဲ့ ဂတ္တဲေကြ႕ကို အလြန္မွာ
ဂတ္တဲဂိတ္မွမွတ္တိုင္ရွိတယ္။လူတစ္ေယာက္
ဆင္းမယ္ဆိုလို႔ ကားရပ္ေပးတယ္။တက္တဲ့လူ မရွိပါဘူး။

စပယ္ယာက “ေမာင္း ဆရာေရ႕”လို႔ ေအာ္လိုက္လို႔
ကားက ဂိတ္ကေန စထြက္ေနပါၿပီ။မေအးမာဟာ
သူ႔ေဘးမွာ ထိုင္ေနတဲ့
ေဒၚသန္းျမင့္ အမူအရာ ထူးျခားတာေၾကာင့္
လွည့္ၾကည့္လိုက္တယ္။ ေဒၚသန္းျမင့္အသားေတြက
အဖ်ားတက္တဲ့လူကို တဆတ္ဆတ္တုန္ေနတယ္။

“မသန္းျမင့္ …ဘာျဖစ္လို႔လဲ”

မေအးမာ ေမးလိုက္တာကို ျပန္ၾကည့္လိုက္တဲ့
ေဒၚသန္းျမင့္မ်က္လုံးေတြက တစ္မ်ိဳးပဲ။
နီရဲလို႔ ေၾကာက္စရာႀကီး။မေအးမာကိုလည္း သူမသိတဲ့
သူစိမ္းတစ္ေယာက္လို ခပ္ေစာင္ေစာင္ၾကည့္ေနတယ္။

“မမသန္းျမင့္ …ေနမေကာင္းဘူးလား”

“ကားရပ္ေပးပါ …ကားရပ္ေပးပါ”

ေဒၚသန္းျမင့္က မေအးမာအေမးကို ျပန္မေျဖဘဲ
ကားေခါင္းခန္းဘက္ဆီကို လွမ္းေအာ္လိုက္တယ္။

“ကားရပ္ေပး။က်ေနာ္ဆင္းမယ္။က်ေနာ့္ကို
တိုက္သတ္သြားတဲ့ ကားနံပါတ္ကို က်ေနာ္ မွတ္မိတယ္
ရဲစခန္းမွာ ဆင္းတိုင္မယ္။ကားရပ္ေပးပါ”

“မမသန္းျမင့္ …ဘာေတြေျပာေနတာလဲ သတိထားပါ”

“ကားရပ္ေပးပါ ကားရပ္ေပးပါ”

ေဒၚသန္းျမင့္အျပဳအမႈကို တစ္ကားလုံးကလည္း
တအံ့တၾသနဲ႔ ဝိုင္းၾကည့္ေနၾကၿပီ။

“မမသန္းျမင့္ မေရာက္ေသးဘူးေလ က်မတို႔က
ဂိတ္ဆုံးအထိ စီးရမွာေလ”

“ကားရပ္ေပးပါ”

ေဒၚသန္းျမင့္ ေအာ္သံက်ယ္လြန္းလို႔ ေရွ႕ခန္းက
ဒ႐ိုင္ဘာ ၾကားသြားၿပီး ကားကိုရပ္လိုက္တယ္။
ေဒၚသန္းျမင့္က ဆတ္ခနဲ ထရပ္ရင္း
ကားေနာက္ေပါက္ကေန ဆင္းဖို႔ျပင္တယ္။

“ဒီအဘြားႀကီး ကားရပ္တုန္းကေတာ့ မဆင္းဘဲ
ဘယ္လိုျဖစ္တာလဲ”

ဒ႐ိုင္ဘာက ေအာ္ေမးလိုက္တယ္။

“က်ေနာ္ကို တိုက္သြားတဲ့ ကားနံပါတ္ကို
က်ေနာ္ သိတယ္။ ရဲစခန္းကို ဝင္တိုင္မလို႔”

ေဒၚသန္းျမင့္က ႏႈတ္ကေျပာရင္း ကားေပၚက
လႊားခနဲ ခုန္ခ်လိုက္ပါတယ္။မေအးမာလည္း
မေနသာေတာ့ဘဲ ကားေပၚက လိုက္ဆင္းရေတာ့တယ္

“မမသန္းျမင့္ …ေနရင္းထိုင္ရင္းက ဘာျဖစ္တာလဲ”

ေရွ႕က ျမန္ျမန္ေလွ်ာက္သြားေနတဲ့ ေဒၚသန္းျမင့္ေနာက္ကို
အေျပးလိုက္ရင္းက မေအးမာေမးေပမယ့္
ေဒၚသန္းျမင့္က လွည့္ေတာင္မၾကည့္ပါဘူး
မေအးမာ ေဒၚသန္းျမင့္ကို မီေအာင္ မနည္းလိုက္ခဲ့ရတယ္

ဒီလိုနဲ႔ မလွမ္းမကမ္းက ရဲစခန္းကို ေရာက္သြားတယ္။
ေဒၚသန္းျမင့္က ရဲစခန္းထဲကို မေၾကာက္မ႐ြံ႕
ဝင္ခ်သြားတာမို႔ မေအးမာလည္း လိုက္ဝင္ရပါတယ္
စခန္းထဲေရာက္ေတာ့ တာဝန္က်ရဲတစ္ေယာက္က…

“ဘာကိစၥရွိလို႔ပါလဲ”

လို႔ ေမးတယ္။

“တိုင္ခ်က္ဖြင့္ခ်င္လို႔ပါ”

“ေၾသာ္”

“က်ေနာ္က ေစာေစာက ေဟာဟိုနားမွာ
ကားတိုက္ခံရလို႔ ေသသြားတဲ့လူပါ။
က်ေနာ့္နာမည္ ေက်ာ္ႏိုင္ဝင္းလို႔ ေခၚပါတယ္။
က်ေနာ့္ကို တိုက္သြားတဲ့ ကားနံပါတ္ကို
က်ေနာ္ မွတ္မိတယ္။အဲဒါ တိုင္ခ်က္ဖြင့္မလို႔”

အဘြားႀကီး ႏႈတ္က ထြက္လာတဲ့ စကားေတြက
အထူးအဆန္းမို႔ ရဲလည္း ေၾကာင္သြားပါတယ္။
မေအးမာကေတာ့ ေတာသူပီပီ ရဲစခန္းထဲအထိ
ဝင္လာရတာကို လန္႔ေနၿပီ။ၿပီးေတာ့ …

ေဒၚသန္းျမင့္ပါးစပ္က ေျပာလိုက္တဲ့စကားေၾကာင့္
တုန္လႈပ္သြားမိတယ္။အလို မမသန္းျမင့္ကို
ကားတိုက္ေသတဲ့ လူရဲ႕ ဝိညာဥ္က ဝင္ပူးေနတာပါလား

ရဲစခန္းတစ္ခုလုံးလည္း အလုပ္မ်ား သြားရပါေတာ့တယ္။
စခန္းမႉး ကိုယ္တိုင္ ထြက္လာတယ္။စခန္းမႉး
ေမးေတာ့လည္း ေဒၚသန္းျမင့္ ျပန္ေျဖတဲ့ အေျဖက ဒါပဲ။
သူ႔ကိုယ္သူ ကားတိုက္ေသတဲ့ ေက်ာ္ႏိုင္ဝင္းဆိုတဲ့
ေကာင္ေလးတဲ့။ သူ႔ကို တိုက္သြားတဲ့ ကားနံပါတ္ကိုလည္း
႐ြတ္ျပတယ္။သူ ကားတိုက္ခံရလို႔ ေသတဲ့ေနရာကိုလည္း
ရဲစခန္းထဲကေန လွမ္းၿပီး လက္ညႇိဳးထိုးျပတယ္။

“အေရးယူေပးပါ။ အဲဒီကား ဒ႐ိုင္ဘာကို အေရးယူေပးပါ။
သူ႔ေၾကာင့္ က်ေနာ္ ေသရၿပီ။ က်ေနာ္ ေသရၿပီ။
ကားနံပါတ္ xxxxေနာ္။ စစ္သည္ေမာင္ ဘတ္စ္ကားပါ။
အေရးယူေပးပါဗ်ာ။က်ေနာ္ကို ေသေအာင္ တိုက္သတ္
သြားတဲ့လူကို ရေအာင္ဖမ္းၿပီး အျပစ္ေပး ေပးပါ။
က်ေနာ္ကေတာ့ …က်ေနာ္ကေတာ့ သူေၾကာင့္
ေသၿပီ… ဟီ ..ဟီး …ဟီး”

ေဒၚသန္းျမင့္က ေျပာရင္း ငိုခ်လိုက္ပါတယ္။

ၿပီးေတာ့ ေဒၚသန္းျမင့္ကိုယ္ဟာ တဆတ္ဆတ္တုန္လာၿပီ
တစ္ခ်က္ဝါးခနဲ သမ္းလိုက္တယ္။ယိုင္လဲေတာ့မလို
ျဖစ္သြားလို႔ မေအးမာက ဖက္ထားလိုက္ရပါတယ္

အနီးမွာရွိတဲ့ ရဲတစ္ေယာက္ကလည္း ေဒၚသန္းျမင့္
လက္ေမာင္းကို ကိုင္ၿပီး ဖမ္းထိန္းေပးလိုက္တယ္။
ေဒၚသန္းျမင့္ကို ဝင္ပူးေနတဲ့ ဝိညာဥ္ဟာ
ထြက္ခြါသြားပါၿပီ။ပုံမွန္ ျပန္ျဖစ္သြားတဲ့ ေဒၚသန္းျမင့္က
သူ ေရာက္ေနတဲ့ ပတ္ဝန္းက်င္ကို ၾကည့္ၿပီး
နားမလည္ႏိုင္ေအာင္ ျဖစ္ေနပုံမ်ိဳးပါပဲ။
သူ႔ကို ဖက္ထားတဲ့ မေအးမာကို ေမးလိုက္တယ္။

“ေအးမာ …ငါတို႔ ဘယ္ေရာက္ေနတာလဲ ဒီေနရာကို
ဘာလို႔ ေရာက္ေနတာလဲ ငါ ဘာျဖစ္သြားတာလဲ”

“ျပန္ၾကစို႔ မမသန္းျမင့္ ျပန္ၾကရေအာင္ အျပင္ေရာက္မွ
က်မေျပာျပမယ္”

မေအးမာက ေဒၚသန္းျမင့္ကို ဆြဲေခၚလာခဲ့ပါေတာ့တယ္။
စခန္းထဲမွာ က်န္ရစ္ခဲ့တဲ့ ရဲအမႈထမ္းေတြလည္း
အျဖစ္အပ်က္ကို တအံ့တၾသေျပာဆိုရင္း က်န္ခဲ့တယ္။

“အဘြားႀကီး ေျပာသြားတာကို ဘယ္လိုသေဘာရသလဲ
ဆရာ”

ရဲတစ္ေယာက္က စခန္းမႉးကို ေမးတယ္။

“သရဲက ပူးေျပာတဲ့စကားဟာ တရားဥပေဒအရ
ေဘာင္မဝင္ဘူးကြ”

“ဒါေပမယ့္ …ဆရာ”

ေနာက္ရဲတစ္ေယာက္က မဝံ့မရဲ ဝင္ေျပာလိုက္ပါတယ္။
သူက ယာဥ္တိုက္ျဖစ္တဲ့ေနရာမွ စစ္ေဆးၿပီး အခုပဲ
ျပန္ေရာက္လာတဲ့သူပါ။

“အဘြားႀကီး ေျပာသြားတဲ့ စကားထဲက ကားတိုက္ေသတဲ့
ေကာင္ေလးနာမည္ကေတာ့ အမွန္ပဲ ဆရာ။
ေသသြားတဲ့ေကာင္ေလးက ေက်ာ္ႏိုင္ဝင္းတဲ့”

အျဖစ္အပ်က္အေပၚမွာ စဥ္းစားေတြးေတာရင္း
စခန္းမႉးရဲ႕ မ်က္ခုံးႏွစ္ဖက္ဟာ တြန္႔ေကြးေနပါတယ္။

XXXXXX

မေအးမာ ျပန္ေျပာလို႔ ေဒၚသန္းျမင့္ဟာ
သူ႔ကို ကားတိုက္ေသတဲ့ ေကာင္ေလးရဲ႕ဝိညာဥ္
ဝင္ပူးတယ္ဆိုတာကို သိလိုက္ရပါတယ္။
သရဲဝင္ပူးေနတုန္းက သူ ဘာေတြေျပာခဲ့တယ္
ဆိုတာေတာ့ မမွတ္မိေတာ့ဘူး။ေဒၚသန္းျမင့္ရဲ႕
နဂိုအသိစိတ္ေပ်ာက္ေနတဲ့ အခ်ိန္ကိုး။

အဲဒီအျဖစ္ေၾကာင့္ ေဒၚသန္းျမင့္တို႔
နာရီဝက္ေလာက္ အိမ္အျပန္ေနာက္က်သြားရပါတယ္။
ဂတ္တဲဂိတ္မွာ ကားျပန္ေစာင့္ ေနာက္ဆုံးကားလာမွ
တက္စီးလာလိုက္တာ ညရွစ္နာရီခြဲမွပဲ အိမ္ျပန္
ေရာက္ပါေတာ့တယ္။

သရဲပူးခဲ့တဲ့ အျဖစ္ကိုေတာ့ ေဒၚသန္းျမင့္ေရာ
မေအးမာပါ သိပ္အေရး မထားမိေတာ့ဘူး
ေဒၚသန္းျမင့္ႏႈတ္က ေအာင္ထူး ေမာင္းတဲ့ကား
နံပါတ္ငို ထုတ္ေဖာ္ေျပာခဲ့ေပမယ့္ သူ႔အသိစိတ္နဲ႔
ေျပာတာ မဟုတ္လို႔ အဲဒီကားနံပါတ္ကို သူ မမွတ္မိဘူး။

မေအးမာကလည္း တစ္ခါတေလမွ ၿမိဳ႕ကို တက္လာတဲ့
သူဆိုေတာ့ ေဒၚသန္းျမင့္ သရဲပူးရင္ ႐ြတ္ျပခဲ့တဲ့
ကားနံပါတ္ဟာ သူ႔တူေအာင္ထူးေမာင္းတဲ့
ကားျဖစ္ေနမွန္း မသိဘူး။

အိမ္ျပန္ေနာက္က်တာနဲ႔ပဲ အဲဒီအျဖစ္ကို
ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားပါတယ္။
ေဒၚသန္းျမင့္က ကားဂိတ္ဆုံးကေန အိမ္ကို
လမ္းေလွ်ာက္အျပန္မွာ ကားအုံနာအိမ္ကို
လွမ္းၾကည့္လိုက္ေတာ့ ေအာင္ထူးေမာင္းတဲ့
ဒိုင္နာကား အိမ္ဝင္းထဲမွာ ရပ္ထားတာ ေတြ႕လိုက္တယ္။

ေအာင္ထူး ျပန္ေရာက္ေနၿပီမို႔ စိတ္ေအးသြားရပါတယ္။
အရက္မ်ား ဝင္ေသာက္ေနသလား ။
အိမ္ျပန္ေရာက္ေနရင္ေတာ့ အဝမွာ ထိုင္ေစာင့္
ေနရေတာ့မွာပဲေတြးၿပီး အိမ္ကိုေရာက္ေအာင္
ျမန္ျမန္ေလွ်ာက္လာၾကပါတယ္။

XXXXXXX

အိမ္ေရာက္ေတာ့ ထင္တဲ့အတိုင္းပါပဲ။
ေအာင္ထူးက ေရာက္ႏွင့္ေနၿပီ။
တံခါးေသာ့ခတ္ထားလို႔ အိမ္ေရွ႕က ေလွကားခုံမွာ
ေဆာင့္ေၾကာင့္ထိုင္ရင္း ေစာင့္ေနတယ္။

“အေမ ဘယ္သြားေနတာလဲ ။ ဟင္ ေဒၚေလး
မေအးမာ ေရာက္ေနတယ္”

“ဟုတ္တယ္…သား ။ ေအးမာ …အလႉအတြက္
ေစ်းလာဝယ္တာ။အေမလိုက္ပို႔ေနလို႔ မိုးခ်ဳပ္သြားတာ။
သား ေရာက္ေနတာ ၾကာၿပီလား”

“ၾကာၿပီ”

“ကဲ…လာ လာ အထဲဝင္ ။ ၿပီးရင္ ထမင္းစား
ေရေတာ့ မခ်ိဳးနဲ႔ေတာ့။ ေအးတယ္”

“ထမင္း မစားေတာ့ဘူး အေမ အိပ္ေတာ့မယ္”

“ဟဲ့ …ဘယ္လိုျဖစ္တာလဲ”

ေအာင္ထူးကေတာ့ သူ က်ဴးလြန္ခဲ့တဲ့ ျပစ္မႈအတြက္
စိတ္မလုံလို႔ စားခ်င္စိတ္ မရွိေတာ့တာပါ။

“ေနေကာင္းရဲ႕လား…ငါ့သား မွန္း…”

ေဒၚသန္းျမင့္က အမူအရာ ထူးျခားေနတဲ့
ေအာင္ထူးကိုၾကည့္ၿပီး စိုးရိမ္စိတ္နဲ႔ နဖူးကို စမ္းၾကည့္တယ္။

“ေနေကာင္းပါတယ္…အေမရာ”

“ဒါျဖင့္ ထမင္းစားေလ တစ္ေန႔လုံး ပင္ပန္းလာတာကို
ဘယ့္ႏွယ္ အိပ္ရမွာတုံး။အေမတို႔က
မတင္မိတို႔ အိမ္မွာစားခဲ့လို႔ မစားေတာ့ဘူး။
မင္းႀကိဳက္တဲ့တဲ့ ပုဇြန္စိတ္ကေလးကို ခပ္စပ္စပ္
ခ်က္ထားတယ္ ငါ့သား ။ စားလိုက္ …စားလိုက္”

ေဒၚသန္းျမင့္က ေျပာေျပာဆိုဆို မီးဖိုခန္းထဲ
ဝင္သြားတယ္။ေအာင္ထူးက ကိုယ့္အပူနဲ႔ကိုယ္မို႔
အိမ္ေရွ႕ခန္းမွာ ေျခပစ္လက္ပစ္ ထိုင္ခ်လိုက္တယ္။
ထမင္းဟင္းခူးခပ္ၿပီးတာနဲ႔ ေဒၚသန္းျမင့္က
မီးဖိုးခန္းထဲကေန လွမ္းေခၚလိုက္တယ္။

“ဟဲ့ …ေအာင္ထူး ငါ့သား လာေလ ထမင္းစားလွည့္
ဒီမယ္ အေမက မင္းႀကိဳက္တတ္လို႔ ပုဇြန္ဆိတ္ကေလး
ရေအာင္ဝယ္ခ်က္ထားတာ။င႐ုတ္သီးစပ္စပ္နဲ႔
လာ စားလိုက္ပါဦး”

“မစားခ်င္ဘူး အေမရာ”

ေအာင္ထူးက အိပ္ေရွ႕ခန္းကေန ျပန္ေအာ္ေျပာတယ္။

“သြားစမ္းလိုက္စမ္းပါ ေအာင္ထူးရယ္
မေအလုပ္တဲ့လူက စားေစခ်င္လို႔ ခ်က္ထားတဲ့ဟာကို
သြား …တစ္လုတ္ႏွစ္လုတ္ဝင္,ဝင္ စားလိုက္”

မေအးမာကလည္း ဝင္တိုက္တြန္းတယ္။

“ထမင္းမစားခ်င္ရေအာင္ နင္ဘာေတြ စားလာလို႔လဲဟဲ့”

ေဒၚသန္းျမင့္အသံက မီးဖိုခန္းထဲကေန ထပ္ထြက္လာတယ္။
အဲဒီတုန္းမွာပဲ အိမ္ေရွ႕ကေန ေအာ္ေခၚလိုကတဲ့
အသံတစ္သံ ၾကားလိုက္ရပါတယ္။

“ေဒၚသန္းျမင့္ ေဒၚသန္းျမင့္ ရွိသလား ။ေအာင္ထူးေရာ
ရွိသလား”

ေအာ္ေမးလိုက္တဲ့အသံက ရပ္ကြက္ေကာင္စီ႐ုံးက
ရာအိမ္မႉး ဦးေက်ာ္ေအာင္ရဲ႕ အသံပါ။
ဦးေက်ာ္ေအာင္ ေခၚသံေၾကာင့္ ေဒၚသန္းျမင့္
မီဖိုခန္းထဲက ထြက္ခဲ့ၿပီး အိမ္ေရွ႕ကို ေလွ်ာက္လာတယ္။
ပထမေတာ့ မေအးမာေရာက္ေနတာ ဧည့္စာရင္းတိုင္ဖို႔
သတိလာေပးတယ္လို႔ ထင္လိုက္မိေသးတယ္။

အိမ္ေရွ႕ေရာက္လို႔ ၾကည့္လိုက္ေတာ့ ဦးေက်ာ္ေအာင္
တစ္ေယာက္တည္း မဟုတ္ဘူး။ေအာင္ထူးရဲ႕ကားအုံနာ
ဦးစံပိုင္ပါ ပါလာတယ္။ၿပီးေတာ့ ေအာင္ထူးကားက
စပယ္ယာေမာင္နီ။ေအာင္ထူးကလည္း အိမ္ကိုေရာက္လာတဲ့ လူေတြကို
ၾကည့္လိုက္တာနဲ႔ အေျခအေနကို နားလည္လိုက္ပါၿပီ။

ေဒၚသန္းျမင့္က အိမ္ေရွ႕မွာ ရပ္ထားတဲ့ ရဲကားကိုလည္း
ေတြ႕လိုက္ပါတယ္ ရဲတစ္ခ်ိဳ႕ ဦးေက်ာ္ေအာင္နဲ႔ဦးစံပိုင္
ေနာက္ကေန အိမ္ထဲဝင္လာၾကတယ္။

“အို…ဘာျဖစ္လို႔လဲ ဘာကိစၥရွိလို႔လဲ …ဦးေက်ာ္ေအာင္”

ေဒၚသန္းျမင့္ ေမးခြန္းအဆုံးမွာပဲ အိမ္ထဲကေန
ေအာင္ထူးရဲ႕ငိုသံ ထြက္ေပၚလာပါတယ္

“အဟီး…ဟီး…အေမ…အေမ…အဲဒါ က်ေနာ့္ကို
လာဖမ္းတာဗ်။က်ေနာ့္ကို လာဖမ္းတာ အဟီး ဟီး ဟီး”

“ဘာတဲ့”

“ကဲ ေဒၚသန္းျမင့္ ေအာင္ထူးကိုယ္တိုင္ လြယ္လြယ္ကူကူ
ဝန္ခံေနေတာ့လည္း ပြင့္ပြင့္လင္းလင္းပဲ ေျပာရေတာ့မွာေပါ့
ခင္ဗ်ာသား ေအာင္ထူး လူတစ္ေယာက္ကို ကားနဲ႔
တိုက္ခဲ့တာ ပြဲခ်င္းၿပီး ေသသြားတယ္ဗ်
အဲဒါေၾကာင့္ ေအာင္ထူးကို ဖမ္းဖို႔ ရဲေတြလိုက္လာတာပဲ”

“ဟုတ္တယ္ ေဒၚသန္းျမင့္ ကားကိုလည္း စစ္ေဆးၿပီးပါၿပီ
ေမာင္နီကို စစ္ေဆးေတာ့လည္း ေမာင္နီက ဝန္ခံတယ္
အဲဒါေၾကာင့္…”

“ေမာင္နီ ေမာင္နီ …မင္းေဖာ္ျပလိုက္ေတာ့ေပါ့ေလ မင္းကြာ”

“မဟုတ္ဘူး က်ေနာ့္ကို အထင္မမွားပါနဲ႔
ကိုႀကီးေအာင္ထူးရယ္
ရဲေတြ အိမ္အထိလိုက္လာၿပီး စစ္ေဆးလို႔
အမွန္အတိုင္းေျပာလိုက္ရတာပါ။က်ေနာ္ေဖာ္ေကာင္
လုပ္တာ မဟုတ္ပါဘူး”

မေအးမာက အိမ္ကိုလိုက္လာတဲ့ရဲေတြကိုၾကည့္ၿပီး
မ်က္ႏွာပ်က္သြားတယ္။

“မမသန္းျမင့္ ဒီရဲေတြက မမသန္းျမင့္ ဟိုဟာျဖစ္ၿပီး
ဝင္ခဲ့တဲ့ ရဲစခန္းက ရဲေတြေလ”

ရဲတစ္ေယာက္ကလည္း ေဒၚသန္းျမင့္နဲ႔ မေအးမာကို
အျမင္မွာ လႊတ္ခနဲ ေျပာလိုက္တယ္။

“ဟာ…သရဲပူးၿပီး စခန္းမွာ တိုက္ခ်က္ဖြင့္တဲ့ အေဒၚႀကီးပါလား”

အဲဒါရဲက ေဒၚသန္းျမင့္ လဲက်မလိုျဖစ္ေတာ့
ဖမ္းထိန္းေပးခဲ့တဲ့ ရဲပါ

ေဒၚသန္းျမင့္ ျဖစ္ရပ္တစ္ခုလုံးကို ၿခဳံငုံသေဘာ
ေပါက္လိုက္ၿပီ။

“ေအာင္မေလး …ကိုယ္က်ိဳးနည္းပါေပါ့လား”

ေဒၚသန္းျမင့္က ရင္ဘတ္ကိုပုတ္ၿပီး ေအာ္ငိုလိုက္တယ္။
ရဲေတြက သရဲပူးၿပီးတိုက္ခ်က္ဖြင့္တာဟာ
တရားမဝင္ေပမဲ့ ေဒၚသန္းျမင့္ ေျပာသြားတဲ့
စကားထဲမွာ ေသသူနာမည္က
အမွန္ျဖစ္ေနတဲ့အတြက္ လိုအပ္တဲ့စုံစမ္းမႈေတြ လုပ္ခဲ့ပါတယ္။

စစ္သည္ေမာင္ဂိတ္ကို လွမ္းေမးေတာ့ ေဒၚသန္းျမင့္ေျပာသြားတဲ့
ကားနံပါတ္ဟာ စစ္သည္ေမာင္ကားဂိတ္မွာ
အမွန္တကယ္ ရွိေနတယ္ ။
ဂိတ္မႉးက xXXX ကားဟာ လူမတင္ဘဲ
ေျခာက္နာရီေလာက္မွာ ကားသိမ္းသြားေၾကာင္း
ကားေမာင္းသူက ေအာင္ထူးျဖစ္ေၾကာင္း အစစ္ခံတယ္။

ရဲေတြဟာ ကားအုံနာလိပ္စာအတိုင္း လိုက္လာ။
ကားကို စစ္ေဆးေတာ့ ကားနံပါတ္ မွန္ေနတာ
ေတြ႕တယ္။ကားေရွ႕ဖုံးမွာ တိုက္မိတဲ့
အပြန္းအပဲ့ေတြလည္း ေတြ႕တယ္။စပယ္ရာေမာင္နီကို
ေခၚစစ္ၾကည့္ေတာ့ ေမာင္နီက ေၾကာက္ေၾကာက္နဲ႔
ဝန္ခံလိုက္လို႔ ေက်ာ္ႏိုင္ဝင္းဆိုသူကို
တိုက္သြားတဲ့ နံပါတ္မသိလိုက္တဲ့ကားဟာ
ေအာင္ထူးေမာင္းတဲ့ ကားဆိုတာ ေသခ်ာသြားပါေတာ့တယ္။

ရဲေတြလည္း ေသသူေက်ာ္ႏိုင္ဝင္း ဝင္ပူးၿပီး
တရားခံအစစ္ကို ေဖာ္ထုတ္ေပးခဲ့တဲ့ မိန္းမႀကီးဟာ
တရားခံရဲ႕ အေမျဖစ္ေနတာေတြ႕ရလို႔ အံ့ၾသမဆုံး
ျဖစ္ေနၾကပါေတာ့တယ္။ရဲေတြက တာဝန္အရ
ေအာင္ထူးကို လက္ထိတ္ခတ္ၿပီး ေခၚသြားပါၿပီ။

“ေအာင္မေလး …သား …သား…မင္းကို
ေထာင္ထဲေရာက္ေအာင္လုပ္တဲ့သူက မင္းအေမ
ငါကိုယ္တိုင္ေနပါေပါ့လား။ရင္နာလွခ်ည္ရဲ႕သားရယ္”

ေဒၚသန္းျမင့္ ေအာ္ငိုရင္း က်န္ခဲ့တယ္။
ေဒၚသန္းျမင့္ ဆိုလိုရင္းကို ေအာင္ထူး မသိေသးပါဘူး။
ေအာင္ထူးလိုပဲ ဦးေက်ာ္ေအာင္တို႔ ဦးစံပိုင္တို႔
ေမာင္နီတို႔လည္း မသိၾကဘူး။ရဲေတြနဲ႔ မေအးမာပဲ
သိၾကတယ္။

“အို …အျဖစ္ဆိုးလွခ်ည္လား ငါ့သားေလး
သူႀကိဳက္တဲ့ ပုစြန္ဆိတ္ဟင္းေလးနဲ႔ေတာင္
ထမင္းစားမသြားရရွာပါလား။သားေရ…ကိုယ္သားကို
အခ်ဳပ္ထဲေရာက္ေအာင္ လုပ္မိတဲ့ မင္းအေမကို
ခြင့္လႊတ္ပါေတာ့ ငါ့ သားရယ္။
အမယ္ေလး…ငါ့အျဖစ္က ေတာ္ကိုဆိုးလွခ်ည္လား
အေမ ဘယ္လို ေျဖရေတာ့မွာလဲ သားေရ ဟီ ဟီး ဟီ”

“မမသန္းျမင့္ …မမသန္းျမင့္…သတိထားပါ
တရားနဲ႔ေျဖပါ မမသန္းျမင့္ရယ္”

“ေအးမာ ငါတရားမရွိလို႔ မဟုတ္ဘူး။
လူတစ္ေယာက္ဟာ ကိုယ္ျပဳခဲ့တဲ့ မေကာင္းမႈဒဏ္ကို
တန္ျပန္ခံစားရမယ္ဆိုတာ ငါလက္ခံတယ္။
ေအာင္ထူး မိုက္မွားခဲ့တဲ့အတြက္ သူ အျပစ္ဒဏ္
ခံရေတာ့မယ္ ဒါကို ငါလက္ခံတယ္ ေအးမာ။
ငါ ယူႀကဳံးမရျဖစ္တာက ငါ့သားေလးရဲ႕
ျပစ္ဒဏ္ကို ငါကိုယ္တိုင္ ေဖာ္ထုတ္ေပးသလို
ျဖစ္သြားတာကိုပါေအ။ ငါ့ အျဖစ္က သားကို
ေထာင္ထဲေရာက္ေအာင္ တြန္းပို႔တဲ့ အေမျဖစ္ရၿပီဟဲ့
ငါ ဘယ္လို ေျဖရမလဲ။ ငါ ဘယ္လို ေျဖရပါေတာ့မလဲ
ေအာင္မယ္ေလး…အေမ အျဖစ္က ဆိုးလွခ်ည္လား
သားေရ ဟီ …ဟီး … ဟီး …”

ေဒၚသန္းျမင့္ရဲ႕ ေအာ္ငိုသံဟာ ပတ္ဝန္းက်င္တစ္ခုလုံးကို
ပ်ံ႕လြင့္သြားပါေတာ့တယ္။

မူရင္းေရးသူ၏ ဝန္ခံခ်က္
(2009ခုႏွစ္ စက္တင္ဘာလအတြင္းက
မႏၲေလးၿမိဳ႕တြင္ ျဖစ္ခဲ့ေသာ ယာဥ္တိုက္မႈ
ျဖစ္ရပ္မွန္မႈခင္း တစ္ခုအား မွီျငမ္းေရးသားပါသည္)

မူရင္းေရးသူ ဆရာ ေႏြတမာန္

ၿပီးပါၿပီ

စာဖတ္သူမ်ားစိတ္႐ႊင္လန္းပါေစ