“ခေါင်းတလားကြီးလာနေပြီ”(စ/ဆုံး)

Unicode Version

“ခေါင်းတလားကြီးလာနေပြီ”(စ/ဆုံး)
———————————————
သေရွာပြန်သူ၏နေရာမှ ခံစားရေးဖွဲ့သည်…။
ကျွန်တော့်နာမည်ကို သန်းတိုး။ ရွာမှာတော့ အရက်ဘဲကြီးပေါ့။ ကျွန်တော့်ရဲ့ ဂုဏ်ကိုဖော်ပြပါဆိုရင် အရက်သောက်တာပဲ။ ဘယ်လောက်သောက်လဲဆို ထန်းရည်ဆိုင်ကတောင်လက်မခံလို့ အရက်ပြင်းဝယ်သောက်နေရတယ်။
အရက်ကစွဲသထက်စွဲလာတော့ အိမ်က လယ်တွေလည်းပြောင်သလောက်ဖြစ်လာတယ်။ မိဘတွေကလည်း အရက်ပြတ်သွားအောင်နည်းအမျိုးမျိုးလုပ်ပေမယ့် တခါလေးပါဆိုပြီး ပြန်စွဲသွားလို့ နောက်ဆုံးလက်လျှော့လိုက်ရတာချည်းပဲ။ တနေ့ပေါ့ဗျာ…
ကျွန်တော့်သူငယ်ချင်း လေးယောက်နဲ့ အရက်ဆိုင်ကအပြန် ကျွန်တော့်သူငယ်ချင်း တိုးကြီးက…
“ဟေ့ကောင် သန်းတိုး။ မင်းဘွားတော်(အမေကိုခေါ်ခြင်း ဖြစ်သည်)က အရင်ကလို ရေမရှိတော့ဘူးဆို(ရေ=ငွေ)”
“အေးကွာ …အေ့…ငါကလည်း အရက်ချစ်သူဆိုတော့ရေမရှိတာမဆန်းပါဘူး..အေ့…”
“ဒါဆိုမင်းအခုတလော ရေလိုနေတာပေါ့”
“လိုတာပေါ့ကွ လိုဆို ခုငါဖြည့်လာတာ တစ်ဝက်ပဲရသေးတယ်..အေ့…ပြောရင်းပြန်သောက်ချင်လာပြီ…”
“ဟာ…သန်းတိုး မင်းကြီးဒေါ်ပိုက်ဆံကမရှိတော့ဘူးဟ”
“အေ့… ဒီငွေကြောင့်ကွ အာ့ကြောင့်ပြောတာ မင်းတို့်ဟိုသီချင်းကြားဖူးလား ”
“ဘယ်သီချင်းလဲ ”
“ငါဆိုပြမယ်..အေ့… ဂုဏ်..ဂုဏ် …ဂုဏ်…ဂုဏ်ဆိုတာငွေကိုခေါ်တယ်…ငွေကိုသာရေလိုသုံးရင်တပြည်လုံးမှာလုပ်သမျှတင့်တယ်..ယောက္ခမ ကြီးကမျက်နှာချိုမယ် ကိုယ့်မယားကစေတနာပိုတယ်…အေ့…သောက်မယ်…စားမယ် လမ်းလယ်မှာလဲလို့ လုကိုတွဲလို့အိမ်ထဲခေါ်မယ်…အေ့… လူမှာငွေမရှိရင် လင်ယူမိတာနာတယ်ထင်တယ်။..”
“အော်…အေ့…သိပြီ..”
” ဒါနဲ့ မင်းအလုပ်တစ်ခုလုပ်ရမယ်ဆိုရင်ကောစိတ်မဝင်စားဘူးလား သန်းတိုး”
“ဘာ အလုပ်ဟုတ်လား ငါ့လိုကောင်ကို ဘယ်သူက ခေါ်ခိုင်းမှာလဲဟ..အေ့”
“ရှိတာပေါ့ကွ သိပ်ရှိ ဒီကိစ္စကမင်းနဲ့ငါနှစ်ယောက်တိုင်ပင်မှဖြစ်မှာ မနက်ဖြန် စောစောလာခဲ့။”
“အေ့ ပြီးရောကွာ…”
ဒီလိုနဲ့ နောက်မနက်လည်းရောက်ရော …
“ဟေ့ကောင် တိုးကြီး ထတော့လေကွာ ငါတောင်ထမင်းစားပြီးပြီ”
“ဟင် သန်းတိုး မင်းပါလား အစောကြီးနိုးတယ်ပေါ့ ညကမင်းငါတို့ထက်ပိုသောက်တာခေါင်းမကိုက်ဘူးလား”
“ဟားဟားဟား ငါဆိုတဲ့ကောင်က သောက်ရင် အရက်ကအရှုံးပေးရစမြဲပါကွ၊ ရွာမှာနာမည်တစ်လုံးနဲ့နေလာတာ သန်းတိုးကွ နှစ်ယောက်ရှိရင် အသက်ချင်းလဲပစ်လိုက်မယ်။ ”
“အေးပါကွာ ဟုတ်ပါပြီ။လာထိုင် ငါပြောပြမယ်”
“အေးပြော”
” ဒီလိုကွ ငါတို့ရွာနဲ့ ၈မိုင်လောက်က ဂွေးတောက် ရွာမှာ သူဋေးတစ်ယောက်သေတယ်ကွ။”
“အဲဒါငါနဲ့ဘာဆိုင်တုန်း”
“ဟ စကားကိုဆုံးအောင်နားထောင်မှပေါ့။ ”
“ဒီမှာ သူသေတော့ သူ့အတွက် လက်ဝတ်လက်စားတွေထည့်ပေးလိုက်တာမှ သိန်းချီပြီးတဲ့ကွ။ ”
“အဲတော့ ”
” အဲတော့ကွာ အဲအလောင်းကိုဖောက်ပြီး ရင် မင်းလိုနေတဲ့ ရေ ရပြီပေါ့”
“နေပါဦးကွ မင်းပြောတဲ့ သိန်းပေါင်းများစွာက မက်လောက်စရာပဲ သူ့ရွာက ဖောက်သွားရင်ကော”
“မင်းနှယ်တုံးပကော အဲရွာက အယူသိပ်သည်းတာလေ အဲရွာမပြောနဲ့ တို့ရွာမှာတောင် နေဝင်ပြီဆိုတာနဲ့အပြင်ထွက်တဲ့သူမြင်ဖူးလို့လား။ တစ္ဆေအသံကြားတာနဲ့ ငါတောင်ကြောက်တက်တာပဲ။ မင်းကလွဲပေါ့။ မင်းကတော့ ထူးထူးခြားခြား ဘာမှမကြောက်တဲ့ကောင်ပဲ”
“ဟာ အဲလိုတော့မပြောနဲ့ ငါကြောက်ရမယ့်အရာရှိတယ်”
“ပြောပါအုံး ဘာများလဲ”
“အရက်ခွက်မှောက်သွားမှာကိုလေ”
“နွား…ငါကအကောင်းမှတ်လို့ ၊ ဒါနဲ့ မင်းလုပ်မှာလားပြော”
“အေး ရမယ်ဆိုလို့ကတော့ လုပ်ပြီးသားပဲ၊ ဒါနဲ့ငါက ဘယ်သူနဲ့လုပ်ရမှာလဲ ”
“အေး အဲဒါပြောမယ် မင်းနဲ့လုပ်ရမယ့်သူက အဘိုးကြီးတစ်ယောက်ပဲကွ၊ သူ့နာမည်က ဦးမြမောင်တဲ့။ သူ့ကိုယ်သူတော့ အောက်လမ်းဆရာလို့ပြောတာပဲ ရဲတဲ့လူလိုတယ်ဆိုလို့ မင်းကိုမေးနေတာ”
“ဟေ့ကောင်တိုးကြိး မင်းအကြောင်းငါသိတယ်။ ပြော မင်းဘယ်လောက်ရလဲ”
“ဟဲဟဲ မင်းက သိပ်လည်တာပဲ သိပ်မရပါဘူး ၂သောင်းထဲပါ”
“ငါထင်ပြီးသားပါ၊ ဘာပဲဖြစ်ဖြစ် လုပ်မယ်ကွာ၊ လူဆိုတာမွေးတနေ့သေတနေ့ပဲ”
“ပြီးတာပဲ ငါ့ကိုတော့မျက်နှာပျက်အောင်မလုပ်နဲ့ သူ့ဆီက ငွေယူပြီးပြီ”
“အေးပါကွာ…ဒါနဲ့ ဘယ်တော့စမှာလဲ ၊ ”
“မနက်ဖြန်ညစမယ်လို့ပြောတယ် ဒီနေ့သွားတွေ့ပေးမယ်”
ဒီလိုနဲ့ တိုးကြီး နဲ့ ကျွန်တော် အောက်လမ်းဆရာကြီးဆီသွားခဲ့တယ်။ အောက်လမ်းဆရာကြီးက ရွာပြင်ကသုသာန်မှာနေတာဗျ။ လူကတော့ အေးတိအေးစက်ကြီးပါဗျာ။ ဆေးပြင်းလိပ်ကြီးဖွာလို့။
ကျွန်တော်တို့ရောက်တော့။ သူက…
“လာမောင်ရင်တို့ လာထိုင်လှည့်ကွဲ့။ ဒါနဲ့ ဒီအထိရောက်ပြီဆိုတော့ ငါ့တူတို့က လုပ်မယ်ပေါ့။”
“ဟုတ်ကဲ့ လုပ်မှာပါအဘ”
“အေး လုပ်မယ်ဆိုအဘ ဝမ်းသာတယ်ကွယ်။ ဒါပေမယ့် ဘာအန္တရာယ်ပဲတွေ့တွေ့ လုံးဝပြေးလို့မရဘူးနော်။ ပြေးလို့ကတော့ အဘလည်းမကယ်နိူင်ဘူး။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ။ ”
“စိတ်ချပါအဘ။ ဒါနဲ့ ဝေစုကကော ဘယ်လိုလုပ်မလဲအဘ”
“ဒီလိုကွဲ့ အဲမှာရှိတဲ့ပစ္စည်းကို လူလေးယူ အဘက သူ့ဆီက ပရဆေးပဲယူမှာ”
“အိုခေလေ အဘ အဘပြောတဲ့အတိုင်းပဲနော်”
“အေးပါကွာ ငါလူကြီးပါ ကတိတည်ပါတယ်”
(“လူကြီးတွေကပဲ ကတိမတည်တာ “)အတွေးနှင့်ပြောခြင်းသာ😁
အပေးအယူတည့်သွားတယ်။ ပြီးတော့အဘက မင်းအတွက်ဆိုပြီး ချည်မန်းကွင်းကို လက်မှာချည်ပေးတယ်။ အဘက
“လိုရမယ်ရပေါ့ကွာ ပရလောကသားတွေက နှောက်ယှက်မှာပဲ ဒီချည်မန်းကွင်းစွပ်ထားရင် မင်းအနားသူတို့ကပ်လို့မရဘူး။ ဒီနေ့ကစပြီး သုံးရက်တိတိဝတ်ထား သုံးရက်အတွင်းလုံးဝမချွတ်မိစေနဲ့ ဟုတ်ပြီလား”
“ဟုတ်ကဲ့ ရပါတယ်ဗျာ”
အမှောင်ယံညရဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာ လူသုံးယောက် ဂွေးတောက်သချိုင်းထဲမှာ လှုပ်တုတ်လှုပ်တုတ်သွားနေတယ်။ လပြည့်ညဆိုတော့ ကောင်းကင်မှာ လမင်းကြီးက ကြီးစိုးနေလေရဲ့။ ရုတ်တရက်…

“အူ…ဝူး…ဝူး…အာ..ဝူး…ဝူး…” ဆွဲငင်လိုက်သော ခွေးအူသံကြောင့် ကျွန်တော့်သူငယ်ချင်း တိုးကြီး ကျွန်တော့်ကိုခုန်အုပ်တော့လေသည်။

“ဟား ဟေ့ကောင် ဒါဘာလုပ်တာလဲဆင်းစမ်း”
“ဟင် ဆင်းဘူး ငါကြောက်တယ်ကွ ခုနခွေးအူလိုက်တာမင်းကြားလား”
“ဟေ့ကောင် ခွေးက သူ့ဟာသူအူတာ မင်းကြောက်ချီးပန်းမနေနဲ့ ကြောက်ရင် လှည့်ပြန်ကွာ…”

“ဟင် သချိၤုင်းအလယ်ရောက်ပြီးမှ ပြန်ခိုင်းရလား လိုက်ခဲ့မယ်”
“လိုက်မယ်ဆို ပါးစပ်ပိတ်ပြီးလိုက်”
သူ့ကြည့်ရတာကြောက်နေပုံရတာနဲ့
“ရော့ ဒါနဲနဲသောက်လိုက် ”
“အေး နဲနဲသက်သာသွားပြီ”ထိုစဉ်အဘက
“လူလေးတို့လာကြဟေ့ ရှေ့မှာတွေ့ပြီ အဘပေးထားတဲ့ မန်းကွင်းတွေစွပ်ထားသရွေ့ ဘာမှမဖြစ်ဘူး
ကဲ အဘ စည်းတားပြီ စည်းမဖောက်နဲ့ တစ်ယောက်စည်းဖောက်ရင်အကုန်သေကုန်မယ် ကြားလား”
“စိတ်ချအဘ သန်းတိုးကိုခြောက်နိူင်ရင်ခြောက်ပေါ့ကွာ ဟား ဟား ဟား”

အဘက တော့ ဒေါင့်လေးထောင့်မှာ ဖယောင်းတိုင်ထွန်းတယ်။ ယူလာတဲ့အိုးသေးလေးထဲက အဖြူမှုန့်တွေကိုဖြူးလိုက်ပြီးစည်းတားတယ်။ စပြီး ဂါထာရွတ်နေပါပြီ။ ဥုံ ပဲနားလည်တယ် ကျန်တာနားမလည်ဘူး။
ဂါထာရွတ်ကာစကဘာမှမဖြစ်ဘူး။ အချိန် ၁၀မိနစ်ရောက်လာတော့ လေတွေတိုက်လာတယ်။
“ဝေါ…ဝေါ…ဝေါ…အီး..ဟီး..ဟီး.. ရှီ..”
အသံတွေထွက်လာတယ် သချိၤုင်းထဲမှာမုန်တိုင်းတိုက်နေတယ်။ သစ်ပင်တွေက ပြုတ်ထွက်မတက် ဟိုယိမ်းဒီယိမ်းနဲ့။ ကျွန့်တော်သူငယ်ချင်းတိုးကြီးကတော့ မျက်စိမှိတ်ပြီး ဘုရားတနေပြီ။ ထူးဆန်းတာက လေဒီလောက်တိုက်တာ ထွန်းထားတဲ့ ဖယောင်းတိုင်ကလုံးဝ မငြိမ်းတာပဲ။ (နောင်သိရသည်မှာ… ၎င်း ဖယောင်းတိုင်မှာ ဆေးဖယောင်းတိုင်ပင်ဖြစ်သောကြောင့် မငြိမ်းခြင်းဖြစ်သည်..)
မန်းလို့လည်းပြီးရော
“ကဲ ငါ၏ဆိုင်ရာပုဂ္ဂိုလ်များ က လွန်ခဲ့သော၃ရက်ကသေပြီးသား ဦးဘဖြူ ၏ဝိညဉ်ကချုပ်၍ ကျွန်ုပ်၏ ရှေ့မှောက်သွင်းစေ ငါအောက်လမ်းဆရာ ဦးမြမောင်အမိန့်”
………….

ဘာမှမထူးခြားသေးဘူး။ နောက်နှစ်ခေါက်လောက်ထပ်ပင့်တော့ …
“ဝုန်း ”
ရုတ်တရက် ဂူသွင်းထားတဲ့အဖုံးကြီးကွာကျလာတယ်။
“လာလာ ငါ့တူတို့ အခေါင်းကိုဆွဲထုတ်ဟေ့”

“ဝေါ့” ရုတ်ရက် တိုးကြိးအန်ချလေသည်။
အလောင်းက ပိုးထိပြီးဆုံးတာဆိုတော့ ပုပ်ပွနေသည်။
” လူလေးတို့ ရွံရမယ့်အချိန်မဟုတ်ဘူး အဘစည်းက နာရီပိုင်းပဲခံမှာ ပရလောကသားတွေက နှောက်ယှက်တော့မယ် ယူစရာရှိတာမြန်မြန်ယူဟေ့”
အဘက အသင့်ပါလာတဲ့အိပ်ထဲ အလောင်းရဲ့ ဆံပင်၊ လက်သည်း ခြေသည်း အကျီစ ပုဆိုးတွေကို ဖြတ်ယူပြီးပြီ။

ကျွန်တော်ကတော့ ခုထိရတနာတွေကိုရှာမတွေ့သေး။
“တိုးကြိး”
“ဘာတုန်း”
“မင်းနားက အလောင်းခေါင်းအုံးထဲမှာရှိနိူင်တယ်။ ရှာကြည့်စမ်း”
“ဘာ ဟာ ငါ…ဒါ…ဒါ…ကြီးကို မလုပ်ချင်ဘူးကွာ..”
“မင်းမလုပ်ချင်ရင် မင်းဝေစုငါမပေးဘူး”
“ဟာ အဲလိုတော့မလုပ်နဲ့ကွာ ငါလုပ်မယ်”
ကြောက်ကြောက်နဲ့ မသာခေါင်းကိုမ အောက်ကခေါင်းအုံးကို ယူ ပြီးမတဲ့အချိန် လန့်ပြီး ခေါင်းအုံးကမြေပြင်ပေါ်လွတ်ကျသွားတယ်။
“ချလွမ်း ချလွမ်း”
“ဟာ ဟေ့ရောင် သွားကြည့်စမ်း”
“ဟား ဟား သန်းတိုး ငါတို့ချမ်းသာပြီကွ ဒီ…ဒီ….မှာ ရွှေ….တွေ”
“အေး ပေးပေး ငါယူထားမယ် မင်းကကြောက်နေတာလွတ်ကျရင်ဘာမှမရဘဲနေလိမ့်မယ်”
ထိုစဉ်အဘက “လူလေးတို့မြန်မြန်လုပ်ဟေ့ အချိန်မရတော့ဘူး သချိုင်္င်းကုန်းကအမြန်ထွက်ကြမယ်”
“ဟုတ်ကဲ့အဘ”
“အာ….ဝူး….ဝူး….ဝူး….အု…ဝူး….ဝူး….”
ရုတ်တရက်ခွေးအူသံကြောင့် တိုးကြီးခြေလှမ်းတုန့်သွားတယ်။ အဘက
“ဟေ့ကောင် ရပ်မနေနဲ့ ခုချိန်ဘာပဲတွေ့တွေ့ အယောင်ဆောင်တွေ မြန်မြန်လာ မင်းကိုဖမ်းစားထားတာ နားမဝင်နဲ့”
တိုးကြီးလည်း နားကိုလက်နှစ်ဖက်ပိတ်ပြီး အလယ်ကနေလိုက်လာတယ်။ ကျွန်တော်ကနောက်ဆုံးကဆိုတော့ ကြက်သီးတွေထလိုက်တာမှတဖြန်းဖြန်းပဲ။ ဒါပေမယ့် သရဲဆိုတာအယုံအကြည်မရှိတဲ့အတွက် သိပ်မကြောက်ပါဘုး။ ရွာအဝင်နားအထိ ခွေးအူသံတွေကလိုက်နေတုန်း ရွာဝင်သွားမှပဲမကြားရတော့တယ်။
ရွာဝင်ခါနီး အဘကမှာသွားတယ်။ လက်ဝတ်လက်စားတွေကို ဒီရက်အတွင်းမထုပ်ဘဲသိမ်းထားဆိုလို့ ရွာစည်းရိုးက သရက်ပင်အောက်မှာဖွက်ထားခဲ့တယ်။
သုံးရက်ပြည့်မယ့်ရက်မှာ အရက်ဆိုင်ကို ထုံးစံအတိုင်းသွားတယ်။ အပြန်နည်းနည်းမူးတော့ ဟိုယိုင်ဒီယိုင်နဲ့လမ်းလျှောက်ရင်း လက်က မန်းကြိုးကမတော်တဆပြုတ်သွားတယ်။ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ တိုးကြီးရဲ့လက်ပတ်ပါပြုတ်သွားတာ။ အဲနေ့ကမသိလိုက်ဘူး။ညရောက်တော့….
“အူဝူး….ဝူး….ဝူး…ဝုတ်…ဝုတ်…ဝုတ်…”
အိမ်ရှေ့မှာညခွေးတွေဟောင်နေလိုက်တာ….ထူးဆန်းတာက အိမ်ကလူတွေတစ်ယောက်မှမနိူးတာပဲ။
အိပ်မက်ထဲမှာတော့ မိန်းမတစ်ယောက်အခေါင်းကြီးထမ်းလာတယ်ဗျ။ ပြီးတော့ ကျွန်တော့်ကိုလက်ညှိုးထိုးပြီး အခေါင်းကိုညွန်းနေတာ ကြက်သီးတွေတဖြန်းဖြန်းထနေတယ်။ နောက်နေ့ကစပြီး ကျွန်တော်ကယောင်ကတမ်းဖြစ်တော့တာပဲ။
“အမေ လုပ်ကြပါအုံးဗျ။ ဟိုမှာ …ဟိုမှာ …အိမ်ရှေ့မှာ အခေါင်းကြီးထမ်းပြီး စောင့်နေတယ်အမေရ။ ”
“မောင်းထုတ်ပေးကြပါဗျာ။ ကျွန်တော်မလိုက်ဘူး။ ဘာလို့လိုက်ရမှာလဲ။ သွား…သွား…”
“အမေ့ ခေါင်းတလားကြီးလာနေပြီ။ခေါင်းတလားကြီးလာနြေပိဗျ။ အီး ….ဟီး….ဟီး…. သားကြောက်တယ်အမေ။”
တနေ့လုံးအစားမစားဘဲအော်တာ ညရောက်တော့ မအော်နိူင်ပဲသတိလစ်သွားတယ်။ အိမ်ရှေ့မှာတော့ ရုပ်ဆိုးဆိုး လူလားဘာလားမသဲကွဲဘူး။ ရပ်နေတဲ့သူနှစ်ယောက် လှံအချွန်ကြီးတွေကိုင်ပြီး ကျွန်တော့်ကိုကြည့်နေတာဗျ။ ရုတ်တရက် ဟိုတနေ့ကအခေါင်းထမ်းလာတဲ့ မိန်းမကြီးရောက်လာတယ်ဗျ။ ဟော လက်ယက်ခေါ်နေပြီ။မလိုက်ဘူးလို့အော်ပေမယ့် ခြေထောက်တွေက ညို့ယူထားတဲ့အတိုင်းမိန်းမကြီးနောက်လိုက်သွားတယ်။
မကြာပါဘူး မြေပေါ်ခြေထောက်ချတုန်း။ သိမ့်ကနဲအောက်ကိုကျသွားတယ်ဗျ။
“ဗုန်း”
“ဟာ…ဒါ…ဒါ….ငါသေသွားတာလား။ ဒါငရဲပြည်ဆိုတာလား။ ”
ရုတ်ရက် ဘေးနှစ်ဖက်ကနေ ဆွဲပွေ့ပြီး သူတို့ခေါင်းဆောင်ကြီးဆီခေါ်ထုတ်လာတယ်။ ခေါင်းဆောင်ကြီးရှေ့ရောက်တော့ ခေါင်းဆောင်ကြီးက သရေပေါ်ကစာတွေကိုဖတ်နေတယ်။ ရုပ်ကလည်းဆိုးသဗျား။ မသေခင်တုန်းက လူ့ကြည်ကဘီလူးအရုပ်ဆိုးတယ်ထင်တာ။ ခုက သူ့ထက်ပိုဆိုးတယ်။ မျက်လုံးကြီးတွေကလည်းပြူးထွက်လို့။
“ဒီမှာလူသား…သင်ရောက်နေတာ ငရဲပြည်ဖြစ်တယ်။သင့်လူပြည့်ကမကောင်းမှုတစ်ခုပြုလုပ်ခဲ့လို့ပဲ။ အဲအတွက် သင့်ကိုမေးမယ်။ သင်ဘာမကောင်းမှုပြုခဲ့သလဲ။”
“ကျွန်တော်…အင်း…မကောင်းမှုဆိုလို့တစ်ခုမှ်လုပ်ခဲ့ပါဘူး။ အရက်သောက်တာလေးပါပဲ။ ”
“နောက်ထပ်ကော..”
“နောက်ထပ်…အော်လွန်ခဲ့တဲ့သုံးရက်လောက်က အလောင်းဖောက်ခဲ့ဖူးပါတယ်။ ”
” အေး… ငရဲသားတို့ ဒီလူကို ဆီပူအိုးထဲအနှစ်နှစ်ဆယ်ထိုးသတ်စေ။…”
ကျွန်တော့်ကိုဆီပူအိုးကြီးရှိရာခေါ်လာပြီဗျ။ ဟော..ကျွန်တော်ရုန်းတယ်။ မရဘူး။
ပစ်ချပြီဗျ။.သွားပြီ ကျွန်တော်မျက်လုံးမှိတ်ထားလိုက်တယ်။ ပူရမယ့်အစားအချိန်အတော်ကြာတဲ့အထိမပူတဲ့အတွက် မျက်စိဖွင့်ကြည့်လိုက်တော့။ ဘယ်ကရောက်လာမှန်းမသိတဲ့ဝါးလုံးတွေကကန့်လန့်ခံနေတာတွေ့တယ်။
ငရဲသားတွေကလည်း နောက်တစ်ခါထပ်ပစ်ချတယ်။ ထုံးစံအတိုင်းပဲ ဝါးလုံးတွေထပ်ရောက်လာပြီး ခံနေပြန်ရော။ ငရဲသားတွေစဉ်းစားရခက်လာပြီ။ ဆူးတုံးကြီးတွေထဲထည့်တော့လည်းဝါးလုံတွေကလာခံပြန်ရော။ခွေးတွေကိုလိုက်ခိုင်းတယ်။ အောင်မလေးခွေးတွေက အကြီးကြိးဗျ။ အစွယ်တွေကလည်းဖွေးလို့။ခွေးတစ်ကောင်ကျွန်တော့်ဆီပြေးလာပြီ။ အနားရောက်ခါနီးမှ ဝါးလုံးတွေက ကျွန်တော့်ကိုပတ်ပတ်လည်ကာထားတယ်။ ငရဲသားတွေကလည်း နောက်ဆုံးကျွန်တော့်ကို ခုနခေါင်းဆောင်ကြီးဆီခေါ်သွားပြီး အကြောင်းစုံရှင်းပြတော့
။”ဒီအပြစ်သားရဲ့ ကောင်းမှုကုသိုလ်မှတ်တမ်းကြည့်စမ်း ”
“သူဟာ လူ့ပြည်တုန်းက ဘုရားတည်စဉ်လိုအပ်သောဝါး၉လုံးလှူခဲ့ဖူးသူပါ”
ကျွန်တော်စဉ်းစားကြည့်တော့ ဝါဆိုသင်္ကန်းမကပ်ခင်တုန်းက ဘုရားကိုပြန်လည်ပြင်ဆင်တုန်း။ အရက်ဆိုင်မှာ အကျိုးဆောင်က ဝါးလိုအပ်တဲ့အကြောင်းပြောတော့။ ကျွန်တော့် တောင်ပေါ်ကယာထဲမှာ ဝါးပင်ရှိတယ်။ လိုချင်သလောက်ခုတ်သွားပြောလိုက်တယ်ဗျ။ စိတ်ထဲကလည်းမနှမြောပါဘူး။
“အေး ဒီမှာလူသား သင်ဟာ ငရဲပြည် မှာနေဖို့အချိန်မတန်သေးဘူး။ လူပြည်မှာသက်တမ်းကျန်သေးတယ်။ယ ပြန်ပြီးတော့ကောင်းမှုကုသိုလ်လုပ်ခဲ့ပါ”

စောနက ခေါ်လာတဲ့ ရုပ်ဆိုးဆိုးသတ္တဝါကြိးနှစ်ကောင်ကပဲ ပြန်ခေါ်သွားတယ်။ ဟောအိမ်ရှေ့ရောက်တော့ ကျွန်တော့်ခန္ဓာကိုယ်ကိုလက့ညှိုးထိုးပြပြီးပျောက်သွားတယ်။ ကျွန်တော်ရုပ်အလောင်းကိုစိုက်ကြည့်လိုက်တော့လရင်ထဲသိမ့်ခနဲဖြစ်သွားပြီး မျက်လုံးပြန်ဖွင့်ကြည့်တယ်။ ကျွန်တော့်ခြေမကိုလည်းချည်ကြိုးတွေနဲ့ချည်ထားတာမနည်းဖြုတ်လိုက်ရတယ်။ အမယ် ဖဲဝိုင်းကလူတွေကလည်းဖဲကိုပဲအာရုံစိုက်နေတာ ကျွန်တော်သတိရလာတာရိပ်မိပုံမပေါ်ဘူး။ ရင်ထဲသချင်လာတာနဲ့။ အနီးကလူတစ်ယောက်ကို
“ဒီနေ့ ဘယ်နှရက်လဲ ကို့လူ”
“၉ရက် ”
ဟင် ၉ရက် ကျွန်တော်မသေခင်ညက ၆ရက် ဟာ သုံးရက်တောင်ရှိပြိ။ ငါငရဲပြည်မှာတုန်းကခနလေးပါ..စဉ်းစားနေတုန်း မျက်နှာချင်းဆိုင် ဖဲသမားတစ်ယောက်ကမိးခြစ်ခြစ်နေရင်းကြက်သေသွားတယ်ဗျ။
“ဟေ့ကောင် လှမျိုး ဖဲချလေကွာ ဘာကြောင်ကြည့်နေတာလဲ။ ”
ဟိုလူကလည်းမေးငေါ့ပြနေတယ်ဗျ။ ကျွန်တော့်ဆီကိုအကုန်လုံးဝိုင်းကြည့်ပြီး ပြောတာကတော့…
“သရဲ ဗျို့….သန်းတိုးသရဲခြောက်တယ်ဟ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲပြေးပြိဟေ့။”
ရုန်းရင်းဆန်ခတ်ဖြစ်လို့ အိမ်အနောက်ဖက်ကအမေပြေးလာတာကျွန်တော့်ကိုလည်းမြင်ရော ကြောင်သွားတယ်ဗျ။
“သား…သန်းတိုး…သား..မင်းမလားဟင်၊ အမေ မျက်စိမမှားပါဘူးနော်။”
“အမေမမှားပါဘူး။ ကျွန်တော်သန်းတိုးအစစ်ပါဗျ။”
“သား..” အမေကျွန်တော့်ကိုပွေ့ဖက်ထားတယ်ဗျ။အမေကတော့ပျော်လို့ပေါ့။
“သားဘာဖြစ်တာလဲဟင် အမေ့ကိုပြောပြ”
“ပြောပြမယ်အမေ သားအမှန်အတိုင်းပဲပြောပြပါ့မယ့်”
………………………………………..÷÷…………………
…………. ဖြစ်ပုံကတော့ဒါပါပဲ အမေ ကျွန်တော့်အမှားအတွက်ပြန်ပြင်ခွင့်ပြုပါနော်”
“သာဓု…..သာဓု…..သာဓု… အမေ့သားလေးအခုလိုအမြင်မှန်ရလာတာ အမေသိပ်ဝမ်းသာတာပဲကွယ်။ သားလုပ်စရာရှိတာဆက်လုပ်နော်။”

နောက်တနေ့မှာပဲ ကျွန်တော့ရွာမှာအလူှလုပ်တယ်ဗျ။ ကျွန်တော်ကတော့ရာသက်ပန်ဘုန်းကြီးဝတ်ပြီး ကျွန်တော်ဖွက်ခဲ့တဲ့ရတနာတွေကိုဘုရားမှာဋ္ဌာပနာလိုက်ပါတယ်။ သေဆုံးသူအတွက်လည်းအမျှပေးဝြေပိး တရားဘာဝနာပွားများကာ ကြောက်ဖို့ကောင်းတဲ့သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်အောင်အစွမ်းကုန်ကြိုးစားပါတော့တယ်။

စာဖတ်ပရိတ်သတ်ကြီးရော…ဒီနေ့အထိဘာကောင်းမှုတွေလုပ်ခဲ့ပြီးပြီလဲ။ မနက်ဖြန်အထိမစောင့်နဲ့နော်။ ခုထလုပ်လိုက်တော့။ အချိန်မရွေးဘဝကြီးကအဆုံးသတ်သွားနိူင်တယ်။ ကုသိုလ်တရားမမေ့ကြပါနဲ့….။
ပြီးပါပြီ။
စာရေးသူ ~ မိုးမခ တောင်တွင်း

Zawgyi Version

“ေခါင္းတလားႀကီးလာေနၿပီ”(စ/ဆုံး)
———————————————
ေသ႐ြာျပန္သူ၏ေနရာမွ ခံစားေရးဖြဲ႕သည္…။
ကြၽန္ေတာ့္နာမည္ကို သန္းတိုး။ ႐ြာမွာေတာ့ အရက္ဘဲႀကီးေပါ့။ ကြၽန္ေတာ့္ရဲ႕ ဂုဏ္ကိုေဖာ္ျပပါဆိုရင္ အရက္ေသာက္တာပဲ။ ဘယ္ေလာက္ေသာက္လဲဆို ထန္းရည္ဆိုင္ကေတာင္လက္မခံလို႔ အရက္ျပင္းဝယ္ေသာက္ေနရတယ္။
အရက္ကစြဲသထက္စြဲလာေတာ့ အိမ္က လယ္ေတြလည္းေျပာင္သေလာက္ျဖစ္လာတယ္။ မိဘေတြကလည္း အရက္ျပတ္သြားေအာင္နည္းအမ်ိဳးမ်ိဳးလုပ္ေပမယ့္ တခါေလးပါဆိုၿပီး ျပန္စြဲသြားလို႔ ေနာက္ဆုံးလက္ေလွ်ာ့လိုက္ရတာခ်ည္းပဲ။ တေန႔ေပါ့ဗ်ာ…
ကြၽန္ေတာ့္သူငယ္ခ်င္း ေလးေယာက္နဲ႔ အရက္ဆိုင္ကအျပန္ ကြၽန္ေတာ့္သူငယ္ခ်င္း တိုးႀကီးက…
“ေဟ့ေကာင္ သန္းတိုး။ မင္းဘြားေတာ္(အေမကိုေခၚျခင္း ျဖစ္သည္)က အရင္ကလို ေရမရွိေတာ့ဘူးဆို(ေရ=ေငြ)”
“ေအးကြာ …ေအ့…ငါကလည္း အရက္ခ်စ္သူဆိုေတာ့ေရမရွိတာမဆန္းပါဘူး..ေအ့…”
“ဒါဆိုမင္းအခုတေလာ ေရလိုေနတာေပါ့”
“လိုတာေပါ့ကြ လိုဆို ခုငါျဖည့္လာတာ တစ္ဝက္ပဲရေသးတယ္..ေအ့…ေျပာရင္းျပန္ေသာက္ခ်င္လာၿပီ…”
“ဟာ…သန္းတိုး မင္းႀကီးေဒၚပိုက္ဆံကမရွိေတာ့ဘူးဟ”
“ေအ့… ဒီေငြေၾကာင့္ကြ အာ့ေၾကာင့္ေျပာတာ မင္းတို႔္ဟိုသီခ်င္းၾကားဖူးလား ”
“ဘယ္သီခ်င္းလဲ ”
“ငါဆိုျပမယ္..ေအ့… ဂုဏ္..ဂုဏ္ …ဂုဏ္…ဂုဏ္ဆိုတာေငြကိုေခၚတယ္…ေငြကိုသာေရလိုသုံးရင္တျပည္လုံးမွာလုပ္သမွ်တင့္တယ္..ေယာကၡမ ႀကီးကမ်က္ႏွာခ်ိဳမယ္ ကိုယ့္မယားကေစတနာပိုတယ္…ေအ့…ေသာက္မယ္…စားမယ္ လမ္းလယ္မွာလဲလို႔ လုကိုတြဲလို႔အိမ္ထဲေခၚမယ္…ေအ့… လူမွာေငြမရွိရင္ လင္ယူမိတာနာတယ္ထင္တယ္။..”
“ေအာ္…ေအ့…သိၿပီ..”
” ဒါနဲ႔ မင္းအလုပ္တစ္ခုလုပ္ရမယ္ဆိုရင္ေကာစိတ္မဝင္စားဘူးလား သန္းတိုး”
“ဘာ အလုပ္ဟုတ္လား ငါ့လိုေကာင္ကို ဘယ္သူက ေခၚခိုင္းမွာလဲဟ..ေအ့”
“ရွိတာေပါ့ကြ သိပ္ရွိ ဒီကိစၥကမင္းနဲ႔ငါႏွစ္ေယာက္တိုင္ပင္မွျဖစ္မွာ မနက္ျဖန္ ေစာေစာလာခဲ့။”
“ေအ့ ၿပီးေရာကြာ…”
ဒီလိုနဲ႔ ေနာက္မနက္လည္းေရာက္ေရာ …
“ေဟ့ေကာင္ တိုးႀကီး ထေတာ့ေလကြာ ငါေတာင္ထမင္းစားၿပီးၿပီ”
“ဟင္ သန္းတိုး မင္းပါလား အေစာႀကီးႏိုးတယ္ေပါ့ ညကမင္းငါတို႔ထက္ပိုေသာက္တာေခါင္းမကိုက္ဘူးလား”
“ဟားဟားဟား ငါဆိုတဲ့ေကာင္က ေသာက္ရင္ အရက္ကအရႈံးေပးရစၿမဲပါကြ၊ ႐ြာမွာနာမည္တစ္လုံးနဲ႔ေနလာတာ သန္းတိုးကြ ႏွစ္ေယာက္ရွိရင္ အသက္ခ်င္းလဲပစ္လိုက္မယ္။ ”
“ေအးပါကြာ ဟုတ္ပါၿပီ။လာထိုင္ ငါေျပာျပမယ္”
“ေအးေျပာ”
” ဒီလိုကြ ငါတို႔႐ြာနဲ႔ ၈မိုင္ေလာက္က ေဂြးေတာက္ ႐ြာမွာ သူေဋးတစ္ေယာက္ေသတယ္ကြ။”
“အဲဒါငါနဲ႔ဘာဆိုင္တုန္း”
“ဟ စကားကိုဆုံးေအာင္နားေထာင္မွေပါ့။ ”
“ဒီမွာ သူေသေတာ့ သူ႔အတြက္ လက္ဝတ္လက္စားေတြထည့္ေပးလိုက္တာမွ သိန္းခ်ီၿပီးတဲ့ကြ။ ”
“အဲေတာ့ ”
” အဲေတာ့ကြာ အဲအေလာင္းကိုေဖာက္ၿပီး ရင္ မင္းလိုေနတဲ့ ေရ ရၿပီေပါ့”
“ေနပါဦးကြ မင္းေျပာတဲ့ သိန္းေပါင္းမ်ားစြာက မက္ေလာက္စရာပဲ သူ႔႐ြာက ေဖာက္သြားရင္ေကာ”
“မင္းႏွယ္တုံးပေကာ အဲ႐ြာက အယူသိပ္သည္းတာေလ အဲ႐ြာမေျပာနဲ႔ တို႔႐ြာမွာေတာင္ ေနဝင္ၿပီဆိုတာနဲ႔အျပင္ထြက္တဲ့သူျမင္ဖူးလို႔လား။ တေစၦအသံၾကားတာနဲ႔ ငါေတာင္ေၾကာက္တက္တာပဲ။ မင္းကလြဲေပါ့။ မင္းကေတာ့ ထူးထူးျခားျခား ဘာမွမေၾကာက္တဲ့ေကာင္ပဲ”
“ဟာ အဲလိုေတာ့မေျပာနဲ႔ ငါေၾကာက္ရမယ့္အရာရွိတယ္”
“ေျပာပါအုံး ဘာမ်ားလဲ”
“အရက္ခြက္ေမွာက္သြားမွာကိုေလ”
“ႏြား…ငါကအေကာင္းမွတ္လို႔ ၊ ဒါနဲ႔ မင္းလုပ္မွာလားေျပာ”
“ေအး ရမယ္ဆိုလို႔ကေတာ့ လုပ္ၿပီးသားပဲ၊ ဒါနဲ႔ငါက ဘယ္သူနဲ႔လုပ္ရမွာလဲ ”
“ေအး အဲဒါေျပာမယ္ မင္းနဲ႔လုပ္ရမယ့္သူက အဘိုးႀကီးတစ္ေယာက္ပဲကြ၊ သူ႔နာမည္က ဦးျမေမာင္တဲ့။ သူ႔ကိုယ္သူေတာ့ ေအာက္လမ္းဆရာလို႔ေျပာတာပဲ ရဲတဲ့လူလိုတယ္ဆိုလို႔ မင္းကိုေမးေနတာ”
“ေဟ့ေကာင္တိုးႀကိး မင္းအေၾကာင္းငါသိတယ္။ ေျပာ မင္းဘယ္ေလာက္ရလဲ”
“ဟဲဟဲ မင္းက သိပ္လည္တာပဲ သိပ္မရပါဘူး ၂ေသာင္းထဲပါ”
“ငါထင္ၿပီးသားပါ၊ ဘာပဲျဖစ္ျဖစ္ လုပ္မယ္ကြာ၊ လူဆိုတာေမြးတေန႔ေသတေန႔ပဲ”
“ၿပီးတာပဲ ငါ့ကိုေတာ့မ်က္ႏွာပ်က္ေအာင္မလုပ္နဲ႔ သူ႔ဆီက ေငြယူၿပီးၿပီ”
“ေအးပါကြာ…ဒါနဲ႔ ဘယ္ေတာ့စမွာလဲ ၊ ”
“မနက္ျဖန္ညစမယ္လို႔ေျပာတယ္ ဒီေန႔သြားေတြ႕ေပးမယ္”
ဒီလိုနဲ႔ တိုးႀကီး နဲ႔ ကြၽန္ေတာ္ ေအာက္လမ္းဆရာႀကီးဆီသြားခဲ့တယ္။ ေအာက္လမ္းဆရာႀကီးက ႐ြာျပင္ကသုသာန္မွာေနတာဗ်။ လူကေတာ့ ေအးတိေအးစက္ႀကီးပါဗ်ာ။ ေဆးျပင္းလိပ္ႀကီးဖြာလို႔။
ကြၽန္ေတာ္တို႔ေရာက္ေတာ့။ သူက…
“လာေမာင္ရင္တို႔ လာထိုင္လွည့္ကြဲ႕။ ဒါနဲ႔ ဒီအထိေရာက္ၿပီဆိုေတာ့ ငါ့တူတို႔က လုပ္မယ္ေပါ့။”
“ဟုတ္ကဲ့ လုပ္မွာပါအဘ”
“ေအး လုပ္မယ္ဆိုအဘ ဝမ္းသာတယ္ကြယ္။ ဒါေပမယ့္ ဘာအႏၲရာယ္ပဲေတြ႕ေတြ႕ လုံးဝေျပးလို႔မရဘူးေနာ္။ ေျပးလို႔ကေတာ့ အဘလည္းမကယ္ႏိူင္ဘူး။ ကိုယ့္ထိုက္နဲ႔ကိုယ့္ကံပဲ။ ”
“စိတ္ခ်ပါအဘ။ ဒါနဲ႔ ေဝစုကေကာ ဘယ္လိုလုပ္မလဲအဘ”
“ဒီလိုကြဲ႕ အဲမွာရွိတဲ့ပစၥည္းကို လူေလးယူ အဘက သူ႔ဆီက ပရေဆးပဲယူမွာ”
“အိုေခေလ အဘ အဘေျပာတဲ့အတိုင္းပဲေနာ္”
“ေအးပါကြာ ငါလူႀကီးပါ ကတိတည္ပါတယ္”
(“လူႀကီးေတြကပဲ ကတိမတည္တာ “)အေတြးႏွင့္ေျပာျခင္းသာ😁
အေပးအယူတည့္သြားတယ္။ ၿပီးေတာ့အဘက မင္းအတြက္ဆိုၿပီး ခ်ည္မန္းကြင္းကို လက္မွာခ်ည္ေပးတယ္။ အဘက
“လိုရမယ္ရေပါ့ကြာ ပရေလာကသားေတြက ေႏွာက္ယွက္မွာပဲ ဒီခ်ည္မန္းကြင္းစြပ္ထားရင္ မင္းအနားသူတို႔ကပ္လို႔မရဘူး။ ဒီေန႔ကစၿပီး သုံးရက္တိတိဝတ္ထား သုံးရက္အတြင္းလုံးဝမခြၽတ္မိေစနဲ႔ ဟုတ္ၿပီလား”
“ဟုတ္ကဲ့ ရပါတယ္ဗ်ာ”
အေမွာင္ယံညရဲ႕ တိတ္ဆိတ္ၿငိမ္သက္ေနတဲ့အခ်ိန္မွာ လူသုံးေယာက္ ေဂြးေတာက္သခ်ိဳင္းထဲမွာ လႈပ္တုတ္လႈပ္တုတ္သြားေနတယ္။ လျပည့္ညဆိုေတာ့ ေကာင္းကင္မွာ လမင္းႀကီးက ႀကီးစိုးေနေလရဲ႕။ ႐ုတ္တရက္…

“အူ…ဝူး…ဝူး…အာ..ဝူး…ဝူး…” ဆြဲငင္လိုက္ေသာ ေခြးအူသံေၾကာင့္ ကြၽန္ေတာ့္သူငယ္ခ်င္း တိုးႀကီး ကြၽန္ေတာ့္ကိုခုန္အုပ္ေတာ့ေလသည္။

“ဟား ေဟ့ေကာင္ ဒါဘာလုပ္တာလဲဆင္းစမ္း”
“ဟင္ ဆင္းဘူး ငါေၾကာက္တယ္ကြ ခုနေခြးအူလိုက္တာမင္းၾကားလား”
“ေဟ့ေကာင္ ေခြးက သူ႔ဟာသူအူတာ မင္းေၾကာက္ခ်ီးပန္းမေနနဲ႔ ေၾကာက္ရင္ လွည့္ျပန္ကြာ…”

“ဟင္ သခ်ိၤုင္းအလယ္ေရာက္ၿပီးမွ ျပန္ခိုင္းရလား လိုက္ခဲ့မယ္”
“လိုက္မယ္ဆို ပါးစပ္ပိတ္ၿပီးလိုက္”
သူ႔ၾကည့္ရတာေၾကာက္ေနပုံရတာနဲ႔
“ေရာ့ ဒါနဲနဲေသာက္လိုက္ ”
“ေအး နဲနဲသက္သာသြားၿပီ”ထိုစဥ္အဘက
“လူေလးတို႔လာၾကေဟ့ ေရွ႕မွာေတြ႕ၿပီ အဘေပးထားတဲ့ မန္းကြင္းေတြစြပ္ထားသေ႐ြ႕ ဘာမွမျဖစ္ဘူး
ကဲ အဘ စည္းတားၿပီ စည္းမေဖာက္နဲ႔ တစ္ေယာက္စည္းေဖာက္ရင္အကုန္ေသကုန္မယ္ ၾကားလား”
“စိတ္ခ်အဘ သန္းတိုးကိုေျခာက္ႏိူင္ရင္ေျခာက္ေပါ့ကြာ ဟား ဟား ဟား”

အဘက ေတာ့ ေဒါင့္ေလးေထာင့္မွာ ဖေယာင္းတိုင္ထြန္းတယ္။ ယူလာတဲ့အိုးေသးေလးထဲက အျဖဴမႈန႔္ေတြကိုျဖဴးလိုက္ၿပီးစည္းတားတယ္။ စၿပီး ဂါထာ႐ြတ္ေနပါၿပီ။ ဥဳံ ပဲနားလည္တယ္ က်န္တာနားမလည္ဘူး။
ဂါထာ႐ြတ္ကာစကဘာမွမျဖစ္ဘူး။ အခ်ိန္ ၁၀မိနစ္ေရာက္လာေတာ့ ေလေတြတိုက္လာတယ္။
“ေဝါ…ေဝါ…ေဝါ…အီး..ဟီး..ဟီး.. ရွီ..”
အသံေတြထြက္လာတယ္ သခ်ိၤုင္းထဲမွာမုန္တိုင္းတိုက္ေနတယ္။ သစ္ပင္ေတြက ျပဳတ္ထြက္မတက္ ဟိုယိမ္းဒီယိမ္းနဲ႔။ ကြၽန႔္ေတာ္သူငယ္ခ်င္းတိုးႀကီးကေတာ့ မ်က္စိမွိတ္ၿပီး ဘုရားတေနၿပီ။ ထူးဆန္းတာက ေလဒီေလာက္တိုက္တာ ထြန္းထားတဲ့ ဖေယာင္းတိုင္ကလုံးဝ မၿငိမ္းတာပဲ။ (ေနာင္သိရသည္မွာ… ၎ ဖေယာင္းတိုင္မွာ ေဆးဖေယာင္းတိုင္ပင္ျဖစ္ေသာေၾကာင့္ မၿငိမ္းျခင္းျဖစ္သည္..)
မန္းလို႔လည္းၿပီးေရာ
“ကဲ ငါ၏ဆိုင္ရာပုဂၢိဳလ္မ်ား က လြန္ခဲ့ေသာ၃ရက္ကေသၿပီးသား ဦးဘျဖဴ ၏ဝိညဥ္ကခ်ဳပ္၍ ကြၽႏ္ုပ္၏ ေရွ႕ေမွာက္သြင္းေစ ငါေအာက္လမ္းဆရာ ဦးျမေမာင္အမိန႔္”
………….

ဘာမွမထူးျခားေသးဘူး။ ေနာက္ႏွစ္ေခါက္ေလာက္ထပ္ပင့္ေတာ့ …
“ဝုန္း ”
႐ုတ္တရက္ ဂူသြင္းထားတဲ့အဖုံးႀကီးကြာက်လာတယ္။
“လာလာ ငါ့တူတို႔ အေခါင္းကိုဆြဲထုတ္ေဟ့”

“ေဝါ့” ႐ုတ္ရက္ တိုးႀကိးအန္ခ်ေလသည္။
အေလာင္းက ပိုးထိၿပီးဆုံးတာဆိုေတာ့ ပုပ္ပြေနသည္။
” လူေလးတို႔ ႐ြံရမယ့္အခ်ိန္မဟုတ္ဘူး အဘစည္းက နာရီပိုင္းပဲခံမွာ ပရေလာကသားေတြက ေႏွာက္ယွက္ေတာ့မယ္ ယူစရာရွိတာျမန္ျမန္ယူေဟ့”
အဘက အသင့္ပါလာတဲ့အိပ္ထဲ အေလာင္းရဲ႕ ဆံပင္၊ လက္သည္း ေျခသည္း အက်ီစ ပုဆိုးေတြကို ျဖတ္ယူၿပီးၿပီ။

ကြၽန္ေတာ္ကေတာ့ ခုထိရတနာေတြကိုရွာမေတြ႕ေသး။
“တိုးႀကိး”
“ဘာတုန္း”
“မင္းနားက အေလာင္းေခါင္းအုံးထဲမွာရွိႏိူင္တယ္။ ရွာၾကည့္စမ္း”
“ဘာ ဟာ ငါ…ဒါ…ဒါ…ႀကီးကို မလုပ္ခ်င္ဘူးကြာ..”
“မင္းမလုပ္ခ်င္ရင္ မင္းေဝစုငါမေပးဘူး”
“ဟာ အဲလိုေတာ့မလုပ္နဲ႔ကြာ ငါလုပ္မယ္”
ေၾကာက္ေၾကာက္နဲ႔ မသာေခါင္းကိုမ ေအာက္ကေခါင္းအုံးကို ယူ ၿပီးမတဲ့အခ်ိန္ လန႔္ၿပီး ေခါင္းအုံးကေျမျပင္ေပၚလြတ္က်သြားတယ္။
“ခ်လြမ္း ခ်လြမ္း”
“ဟာ ေဟ့ေရာင္ သြားၾကည့္စမ္း”
“ဟား ဟား သန္းတိုး ငါတို႔ခ်မ္းသာၿပီကြ ဒီ…ဒီ….မွာ ေ႐ႊ….ေတြ”
“ေအး ေပးေပး ငါယူထားမယ္ မင္းကေၾကာက္ေနတာလြတ္က်ရင္ဘာမွမရဘဲေနလိမ့္မယ္”
ထိုစဥ္အဘက “လူေလးတို႔ျမန္ျမန္လုပ္ေဟ့ အခ်ိန္မရေတာ့ဘူး သခ်ိဳငၤ္းကုန္းကအျမန္ထြက္ၾကမယ္”
“ဟုတ္ကဲ့အဘ”
“အာ….ဝူး….ဝူး….ဝူး….အု…ဝူး….ဝူး….”
႐ုတ္တရက္ေခြးအူသံေၾကာင့္ တိုးႀကီးေျခလွမ္းတုန႔္သြားတယ္။ အဘက
“ေဟ့ေကာင္ ရပ္မေနနဲ႔ ခုခ်ိန္ဘာပဲေတြ႕ေတြ႕ အေယာင္ေဆာင္ေတြ ျမန္ျမန္လာ မင္းကိုဖမ္းစားထားတာ နားမဝင္နဲ႔”
တိုးႀကီးလည္း နားကိုလက္ႏွစ္ဖက္ပိတ္ၿပီး အလယ္ကေနလိုက္လာတယ္။ ကြၽန္ေတာ္ကေနာက္ဆုံးကဆိုေတာ့ ၾကက္သီးေတြထလိုက္တာမွတျဖန္းျဖန္းပဲ။ ဒါေပမယ့္ သရဲဆိုတာအယုံအၾကည္မရွိတဲ့အတြက္ သိပ္မေၾကာက္ပါဘုး။ ႐ြာအဝင္နားအထိ ေခြးအူသံေတြကလိုက္ေနတုန္း ႐ြာဝင္သြားမွပဲမၾကားရေတာ့တယ္။
႐ြာဝင္ခါနီး အဘကမွာသြားတယ္။ လက္ဝတ္လက္စားေတြကို ဒီရက္အတြင္းမထုပ္ဘဲသိမ္းထားဆိုလို႔ ႐ြာစည္း႐ိုးက သရက္ပင္ေအာက္မွာဖြက္ထားခဲ့တယ္။
သုံးရက္ျပည့္မယ့္ရက္မွာ အရက္ဆိုင္ကို ထုံးစံအတိုင္းသြားတယ္။ အျပန္နည္းနည္းမူးေတာ့ ဟိုယိုင္ဒီယိုင္နဲ႔လမ္းေလွ်ာက္ရင္း လက္က မန္းႀကိဳးကမေတာ္တဆျပဳတ္သြားတယ္။ကြၽန္ေတာ္တစ္ေယာက္တည္းမဟုတ္ဘူး။ တိုးႀကီးရဲ႕လက္ပတ္ပါျပဳတ္သြားတာ။ အဲေန႔ကမသိလိုက္ဘူး။ညေရာက္ေတာ့….
“အူဝူး….ဝူး….ဝူး…ဝုတ္…ဝုတ္…ဝုတ္…”
အိမ္ေရွ႕မွာညေခြးေတြေဟာင္ေနလိုက္တာ….ထူးဆန္းတာက အိမ္ကလူေတြတစ္ေယာက္မွမႏိူးတာပဲ။
အိပ္မက္ထဲမွာေတာ့ မိန္းမတစ္ေယာက္အေခါင္းႀကီးထမ္းလာတယ္ဗ်။ ၿပီးေတာ့ ကြၽန္ေတာ့္ကိုလက္ညႇိဳးထိုးၿပီး အေခါင္းကိုၫြန္းေနတာ ၾကက္သီးေတြတျဖန္းျဖန္းထေနတယ္။ ေနာက္ေန႔ကစၿပီး ကြၽန္ေတာ္ကေယာင္ကတမ္းျဖစ္ေတာ့တာပဲ။
“အေမ လုပ္ၾကပါအုံးဗ်။ ဟိုမွာ …ဟိုမွာ …အိမ္ေရွ႕မွာ အေခါင္းႀကီးထမ္းၿပီး ေစာင့္ေနတယ္အေမရ။ ”
“ေမာင္းထုတ္ေပးၾကပါဗ်ာ။ ကြၽန္ေတာ္မလိုက္ဘူး။ ဘာလို႔လိုက္ရမွာလဲ။ သြား…သြား…”
“အေမ့ ေခါင္းတလားႀကီးလာေနၿပီ။ေခါင္းတလားႀကီးလာေျႏပိဗ်။ အီး ….ဟီး….ဟီး…. သားေၾကာက္တယ္အေမ။”
တေန႔လုံးအစားမစားဘဲေအာ္တာ ညေရာက္ေတာ့ မေအာ္ႏိူင္ပဲသတိလစ္သြားတယ္။ အိမ္ေရွ႕မွာေတာ့ ႐ုပ္ဆိုးဆိုး လူလားဘာလားမသဲကြဲဘူး။ ရပ္ေနတဲ့သူႏွစ္ေယာက္ လွံအခြၽန္ႀကီးေတြကိုင္ၿပီး ကြၽန္ေတာ့္ကိုၾကည့္ေနတာဗ်။ ႐ုတ္တရက္ ဟိုတေန႔ကအေခါင္းထမ္းလာတဲ့ မိန္းမႀကီးေရာက္လာတယ္ဗ်။ ေဟာ လက္ယက္ေခၚေနၿပီ။မလိုက္ဘူးလို႔ေအာ္ေပမယ့္ ေျခေထာက္ေတြက ညိဳ႕ယူထားတဲ့အတိုင္းမိန္းမႀကီးေနာက္လိုက္သြားတယ္။
မၾကာပါဘူး ေျမေပၚေျခေထာက္ခ်တုန္း။ သိမ့္ကနဲေအာက္ကိုက်သြားတယ္ဗ်။
“ဗုန္း”
“ဟာ…ဒါ…ဒါ….ငါေသသြားတာလား။ ဒါငရဲျပည္ဆိုတာလား။ ”
႐ုတ္ရက္ ေဘးႏွစ္ဖက္ကေန ဆြဲေပြ႕ၿပီး သူတို႔ေခါင္းေဆာင္ႀကီးဆီေခၚထုတ္လာတယ္။ ေခါင္းေဆာင္ႀကီးေရွ႕ေရာက္ေတာ့ ေခါင္းေဆာင္ႀကီးက သေရေပၚကစာေတြကိုဖတ္ေနတယ္။ ႐ုပ္ကလည္းဆိုးသဗ်ား။ မေသခင္တုန္းက လူ႔ၾကည္ကဘီလူးအ႐ုပ္ဆိုးတယ္ထင္တာ။ ခုက သူ႔ထက္ပိုဆိုးတယ္။ မ်က္လုံးႀကီးေတြကလည္းျပဴးထြက္လို႔။
“ဒီမွာလူသား…သင္ေရာက္ေနတာ ငရဲျပည္ျဖစ္တယ္။သင့္လူျပည့္ကမေကာင္းမႈတစ္ခုျပဳလုပ္ခဲ့လို႔ပဲ။ အဲအတြက္ သင့္ကိုေမးမယ္။ သင္ဘာမေကာင္းမႈျပဳခဲ့သလဲ။”
“ကြၽန္ေတာ္…အင္း…မေကာင္းမႈဆိုလို႔တစ္ခုမွ္လုပ္ခဲ့ပါဘူး။ အရက္ေသာက္တာေလးပါပဲ။ ”
“ေနာက္ထပ္ေကာ..”
“ေနာက္ထပ္…ေအာ္လြန္ခဲ့တဲ့သုံးရက္ေလာက္က အေလာင္းေဖာက္ခဲ့ဖူးပါတယ္။ ”
” ေအး… ငရဲသားတို႔ ဒီလူကို ဆီပူအိုးထဲအႏွစ္ႏွစ္ဆယ္ထိုးသတ္ေစ။…”
ကြၽန္ေတာ့္ကိုဆီပူအိုးႀကီးရွိရာေခၚလာၿပီဗ်။ ေဟာ..ကြၽန္ေတာ္႐ုန္းတယ္။ မရဘူး။
ပစ္ခ်ၿပီဗ်။.သြားၿပီ ကြၽန္ေတာ္မ်က္လုံးမွိတ္ထားလိုက္တယ္။ ပူရမယ့္အစားအခ်ိန္အေတာ္ၾကာတဲ့အထိမပူတဲ့အတြက္ မ်က္စိဖြင့္ၾကည့္လိုက္ေတာ့။ ဘယ္ကေရာက္လာမွန္းမသိတဲ့ဝါးလုံးေတြကကန႔္လန႔္ခံေနတာေတြ႕တယ္။
ငရဲသားေတြကလည္း ေနာက္တစ္ခါထပ္ပစ္ခ်တယ္။ ထုံးစံအတိုင္းပဲ ဝါးလုံးေတြထပ္ေရာက္လာၿပီး ခံေနျပန္ေရာ။ ငရဲသားေတြစဥ္းစားရခက္လာၿပီ။ ဆူးတုံးႀကီးေတြထဲထည့္ေတာ့လည္းဝါးလုံေတြကလာခံျပန္ေရာ။ေခြးေတြကိုလိုက္ခိုင္းတယ္။ ေအာင္မေလးေခြးေတြက အႀကီးႀကိးဗ်။ အစြယ္ေတြကလည္းေဖြးလို႔။ေခြးတစ္ေကာင္ကြၽန္ေတာ့္ဆီေျပးလာၿပီ။ အနားေရာက္ခါနီးမွ ဝါးလုံးေတြက ကြၽန္ေတာ့္ကိုပတ္ပတ္လည္ကာထားတယ္။ ငရဲသားေတြကလည္း ေနာက္ဆုံးကြၽန္ေတာ့္ကို ခုနေခါင္းေဆာင္ႀကီးဆီေခၚသြားၿပီး အေၾကာင္းစုံရွင္းျပေတာ့
။”ဒီအျပစ္သားရဲ႕ ေကာင္းမႈကုသိုလ္မွတ္တမ္းၾကည့္စမ္း ”
“သူဟာ လူ႔ျပည္တုန္းက ဘုရားတည္စဥ္လိုအပ္ေသာဝါး၉လုံးလႉခဲ့ဖူးသူပါ”
ကြၽန္ေတာ္စဥ္းစားၾကည့္ေတာ့ ဝါဆိုသကၤန္းမကပ္ခင္တုန္းက ဘုရားကိုျပန္လည္ျပင္ဆင္တုန္း။ အရက္ဆိုင္မွာ အက်ိဳးေဆာင္က ဝါးလိုအပ္တဲ့အေၾကာင္းေျပာေတာ့။ ကြၽန္ေတာ့္ ေတာင္ေပၚကယာထဲမွာ ဝါးပင္ရွိတယ္။ လိုခ်င္သေလာက္ခုတ္သြားေျပာလိုက္တယ္ဗ်။ စိတ္ထဲကလည္းမႏွေျမာပါဘူး။
“ေအး ဒီမွာလူသား သင္ဟာ ငရဲျပည္ မွာေနဖို႔အခ်ိန္မတန္ေသးဘူး။ လူျပည္မွာသက္တမ္းက်န္ေသးတယ္။ယ ျပန္ၿပီးေတာ့ေကာင္းမႈကုသိုလ္လုပ္ခဲ့ပါ”

ေစာနက ေခၚလာတဲ့ ႐ုပ္ဆိုးဆိုးသတၱဝါႀကိးႏွစ္ေကာင္ကပဲ ျပန္ေခၚသြားတယ္။ ေဟာအိမ္ေရွ႕ေရာက္ေတာ့ ကြၽန္ေတာ့္ခႏၶာကိုယ္ကိုလက့ညႇိဳးထိုးျပၿပီးေပ်ာက္သြားတယ္။ ကြၽန္ေတာ္႐ုပ္အေလာင္းကိုစိုက္ၾကည့္လိုက္ေတာ့လရင္ထဲသိမ့္ခနဲျဖစ္သြားၿပီး မ်က္လုံးျပန္ဖြင့္ၾကည့္တယ္။ ကြၽန္ေတာ့္ေျခမကိုလည္းခ်ည္ႀကိဳးေတြနဲ႔ခ်ည္ထားတာမနည္းျဖဳတ္လိုက္ရတယ္။ အမယ္ ဖဲဝိုင္းကလူေတြကလည္းဖဲကိုပဲအာ႐ုံစိုက္ေနတာ ကြၽန္ေတာ္သတိရလာတာရိပ္မိပုံမေပၚဘူး။ ရင္ထဲသခ်င္လာတာနဲ႔။ အနီးကလူတစ္ေယာက္ကို
“ဒီေန႔ ဘယ္ႏွရက္လဲ ကို႔လူ”
“၉ရက္ ”
ဟင္ ၉ရက္ ကြၽန္ေတာ္မေသခင္ညက ၆ရက္ ဟာ သုံးရက္ေတာင္ရွိၿပိ။ ငါငရဲျပည္မွာတုန္းကခနေလးပါ..စဥ္းစားေနတုန္း မ်က္ႏွာခ်င္းဆိုင္ ဖဲသမားတစ္ေယာက္ကမိးျခစ္ျခစ္ေနရင္းၾကက္ေသသြားတယ္ဗ်။
“ေဟ့ေကာင္ လွမ်ိဳး ဖဲခ်ေလကြာ ဘာေၾကာင္ၾကည့္ေနတာလဲ။ ”
ဟိုလူကလည္းေမးေငါ့ျပေနတယ္ဗ်။ ကြၽန္ေတာ့္ဆီကိုအကုန္လုံးဝိုင္းၾကည့္ၿပီး ေျပာတာကေတာ့…
“သရဲ ဗ်ိဳ႕….သန္းတိုးသရဲေျခာက္တယ္ဟ ေနာက္က်တဲ့ေျခေထာက္သစၥာေဖာက္ပဲေျပးၿပိေဟ့။”
႐ုန္းရင္းဆန္ခတ္ျဖစ္လို႔ အိမ္အေနာက္ဖက္ကအေမေျပးလာတာကြၽန္ေတာ့္ကိုလည္းျမင္ေရာ ေၾကာင္သြားတယ္ဗ်။
“သား…သန္းတိုး…သား..မင္းမလားဟင္၊ အေမ မ်က္စိမမွားပါဘူးေနာ္။”
“အေမမမွားပါဘူး။ ကြၽန္ေတာ္သန္းတိုးအစစ္ပါဗ်။”
“သား..” အေမကြၽန္ေတာ့္ကိုေပြ႕ဖက္ထားတယ္ဗ်။အေမကေတာ့ေပ်ာ္လို႔ေပါ့။
“သားဘာျဖစ္တာလဲဟင္ အေမ့ကိုေျပာျပ”
“ေျပာျပမယ္အေမ သားအမွန္အတိုင္းပဲေျပာျပပါ့မယ့္”
………………………………………..÷÷…………………
…………. ျဖစ္ပုံကေတာ့ဒါပါပဲ အေမ ကြၽန္ေတာ့္အမွားအတြက္ျပန္ျပင္ခြင့္ျပဳပါေနာ္”
“သာဓု…..သာဓု…..သာဓု… အေမ့သားေလးအခုလိုအျမင္မွန္ရလာတာ အေမသိပ္ဝမ္းသာတာပဲကြယ္။ သားလုပ္စရာရွိတာဆက္လုပ္ေနာ္။”

ေနာက္တေန႔မွာပဲ ကြၽန္ေတာ့႐ြာမွာအလူွလုပ္တယ္ဗ်။ ကြၽန္ေတာ္ကေတာ့ရာသက္ပန္ဘုန္းႀကီးဝတ္ၿပီး ကြၽန္ေတာ္ဖြက္ခဲ့တဲ့ရတနာေတြကိုဘုရားမွာ႒ာပနာလိုက္ပါတယ္။ ေသဆုံးသူအတြက္လည္းအမွ်ေပးေျဝပိး တရားဘာဝနာပြားမ်ားကာ ေၾကာက္ဖို႔ေကာင္းတဲ့သံသရာဝဋ္ဆင္းရဲကေန လြတ္ေျမာက္ေအာင္အစြမ္းကုန္ႀကိဳးစားပါေတာ့တယ္။

စာဖတ္ပရိတ္သတ္ႀကီးေရာ…ဒီေန႔အထိဘာေကာင္းမႈေတြလုပ္ခဲ့ၿပီးၿပီလဲ။ မနက္ျဖန္အထိမေစာင့္နဲ႔ေနာ္။ ခုထလုပ္လိုက္ေတာ့။ အခ်ိန္မေ႐ြးဘဝႀကီးကအဆုံးသတ္သြားႏိူင္တယ္။ ကုသိုလ္တရားမေမ့ၾကပါနဲ႔….။
ၿပီးပါၿပီ။
စာေရးသူ ~ မိုးမခ ေတာင္တြင္း