ကြောက်စရာရက်ချိန်း(စ/ဆုံး)

Unicode Version

ကြောက်စရာရက်ချိန်း(စ/ဆုံး)
————————————-
တန်ဆောင်မုန်းလပြည့်ကျော်(၈)
ရက်နေ့ ဝေလီဝေလင်းအချိန်ဖြစ်၍ ဆီး
နှင်းများ ထူထပ်စွာ ကျလျက်ရှိရာ ရွာ
ကလေးနှင့်တကွ
ပတ်ဝန်းကျင်သည်
သင်္ချိုင်းမြေပုံကဲ့သို့ပင်တိတ်ဆိတ်လျက်
ရှိလေသည်။
ထိုသူ၏ ဝိုင်းစက်သောမျက်နှာမှာ
ဖြူဖပ်ဖြူရော်ရှိနေလျက်ဂနာမငြိမ်သော မျက်လုံးများသည်လည်း ပုစွန်မျက်လုံး
များကဲ့သို့ ရှေ့သို့ ပြူးထွက်လျက်ရှိ၏။
သူသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်တစ်
ခုကို မျှော်လင့်နေသကဲ့သို့ မကြာခဏ
နောက်သို့လည်းကောင်း၊ဘေးသို့လည်း
ကောင်း ကြည့်ရှုလျက်ရှိ၏။ သို့သော် မည်သည့်အရာကိုမျှ မမြင်ရချေ၊ သူ၏ နောက် မနီးမဝေးတွင်ကား ပြိုကျနေ သော သင်္ချိုင်းအုတ်ပုံတစ်ခု၊ အသုံးမပြု
သော ရေတွင်းပျက်မှ ပိုက်လုံးအကြီး
အငယ်များကိုချ၍ထားသော အပုံတစ်ခု
အရောင်အဆင်းပျက်၍နေသော ဂုန်
အိတ်စုတ်တစ်လုံးမှတစ်ပါး မည်သည့်
အရာမျှမရှိချေ။သူသည်မည်သည့်အရာ
ကိုကြောက်ရွံ့၍နေသနည်း။ မည်သည့်
အရာကိုမျှော်လင့်၍နေလေသနည်း။
ယိုးဒယားနှင်းဆီပင်ကလေးများ ဝိုင်းရံစိုက်ထားသောသင်္ချိုင်းရာကလေး

မှာအပေါ်မှအုတ်ချပ်များဖြင့်သမံတလင်း
ကိုင်ထားသော်လည်း အချို့နေရာတွင်
ကွဲအက်နေပြီဖြစ်၍လည်းကောင်း ရွက်
၍နေသောအပိုင်းများတွင် ရေညှိများ
တက်၍နေသည်ကို ထောက်သဖြင့်
သင်္ချိုင်းဟောင်းတစ်ခုဖြစ်တန်ရာ၏။
ဆယ်အိမ်ခေါင်း ဦးဘိုးလုံးသည်
ထိုနေ့ကမြို့သို့သွားရန် ကိစ္စရှိသဖြင့် ရွာ
သင်္ချိုင်းဖြတ်လမ်းမှလျှောက်၍လာခဲ့ရာ
သင်္ချိုင်းပျက်အုတ်ပုံကြီးအနီးသို့ရောက်
သောအခါ ထိုသူကို ရိပ်ခနဲ မြင်လိုက်ရ
သဖြင့် ကိုယ်ရှိန်သတ်ကာ အုတ်ပုံကို ကွယ်လိုက်ပြီးနောက် ထိုသူ၏ အရိပ် အကဲကိုကြည့်၍နေလေသည်။
သင်္ချိုင်းဟောင်းတစ်ခုကို ယင်းကဲ့
သို့ နံနက်ဝေလီဝေလင်းအချိန်၌ အမှိုက် သရိုက်များကို ဖယ်ရှားလျက် ပန်းပင်
ကလေးများကိုပြုပြင်၍နေခြင်းကားထူး
ဆန်းလှ၏။ ဦးဘိုးလုံးသည် ထိုသူအား
မျက်တောင်မခတ်ဘဲ စိုက်၍ကြည့်နေ
လေသည်။ဦးဘိုးလုံးမှာထိုရွာသားဇာတိ
ဖြစ်သဖြင့် ရွာရှိ လူအားလုံးကို သိသည့်
အတိုင်း ထိုသူ၏မျက်နှာကို ဆီးနှင်းထု
အတွင်းမှဖြတ်၍ကောင်းစွာမမြင်ရသေး သော်လည်းထိုသူ၏ ပုံပန်းသဏ္ဌာန်အား
ဖြင့်ပင်သူစိမ်းတစ်ယောက်ဖြစ်ကြောင်း
ကောင်းစွာသိရှိလေပြီ။

ဦးဘိုးလုံးသည်ရှေ့သို့အနည်းငယ်
တိုး၍သွားရာထိုသူစိမ်းသည် ဦးဘိုးလုံး
၏ခြေသံများကို ကြားသဖြင့် ဖျပ်ခနဲ
လှည့်၍ကြည့်လိုက်၏။ ထိုအခါမှ သူ၏
မျက်နှာမှာ ပို၍ဖြူသွားပြီးလျှင် မျက်လုံး
များသည် ပို၍ ပြု၊ကြောင်ကြောင် ဖြစ်
သွားလေသည်။
လုံး။ ၊ဒီမှာမောင်ရင်- သေတဲ့လူ က မောင်ရင်ရဲ့ ဆွေမျိုးလား၊ မိတ်ဆွေ
လား”
“မဟုတ်ပါဘူး ခင်ဗျား” သူစိမ်းသည် ဦးဘိုးလုံး၏အမေး
ကြောင့် ဖျတ်ခနဲလန့်သွား၏။ လုံး။ ။ သိလို့လား” “မသိပါဘူး”
သူစိမ်း၏မျက်လုံးများမှာကြောက် ရွံ့ခြင်း၏အဓိပ္ပာယ်ကိုအစွမ်းကုန်ဆောင်
လျက်ရှိရာညိုသောမျက်ရစ်များနှင့်ချိုင့်
ဝင်လျက်ရှိသော မျက်လုံးအိမ်များမှာ
ရက်ပေါင်းအတော်ကြာမျှ အအိပ်အနေ
မှန်သည့်အဖြစ်ကိုလည်းကောင်း၊ စိတ် သောကရောက်ခြင်းလက္ခဏာကိုလည်း

ကောင်း ဖော်ပြလျက်ရှိလေသည်။
ထိုအခါ ဦးဘိုးလုံးက သူစိမ်းအား-
“ထိုင်ပါဦးလေ”ဟုပြောလိုက်သဖြင့် ထိုသူသည် ဦးဘိုးလုံး၏စကားကိုလိုက်

နာကာနံဘေးရှိအခြားသင်္ချိုင်းရာအုတ် ပုံပျက်တစ်ခုပေါ်တွင် ထိုင်ချလိုက်လေ
သည်။ ဦးဘိုးလုံးကလည်း သူနှင့် မနီး
မဝေးတွင် ထိုင်လိုက်၏။
(သူစိမ်း)ဦးတော်ဟာ သိပ်ပြီးလူ တစ်ဖက်သားကိုကြင်နာတတ်ပုံရတယ်”
ပါပဲ”
လုံး။ ။ အင်း- မောင်ရင်ထင်သလို
သူစိမ်း။ ။“ဒီလိုဆိုရင်-ကျွန်တော်
ပြောချင်တယ် ခင်ဗျာ။ ပြောချင်တယ်၊ ပြောချင်တယ်။ ရင်လေးလွန်းလို့ ပါ ခင်ဗျာ
သူစိမ်းသည် ဤနေရာတွင် စကာ၊ ကို ရပ်လိုက်၏။ သူပြောမည့်စကားများ မှာ စိတ်မချမ်းမြေ့ဖွယ်စကားများဖြစ် မည်ကို သိသော်လည်း ဦးဘိုးလုံးသည် လွှဲရှောင်၍ မရနိုင်တော့ဘဲ နားထောင် ရမည်ဖြစ်၏။ထိုသူပြောမည်ကိုတားဆီး
၍လည်း ရမည်မဟုတ်ချေ၊
“အခုလို ဖွင့်ပြောရမယ့် လူတစ် ယောက် အခန့်သင့် လာတွေ့ရတာ ကံ ကောင်းတာပဲ”
သူစိမ်းသည်လက်မှမြေမှုန့်များကို
ခါချလိုက်ပြီးလျှင် စိတ်ကို ထိန်းထားရ သည့်မာနဖြင့် လက်ဝါးနှစ်ဖက်ကို ပွတ်
သပ်လျက်ရှိလေသည်။

ကျွန်တော့်ရာဇဝင်က လွန်ခဲ့တဲ့
(၃-၄)နှစ်လောက်က ပဲခူးရွှေမော်ဓော
ဘုရားကို ဘုရားဖူးသွားရင်းက စခဲ့ပါ
တယ်ခင်ဗျာ၊အဲဒီနေ့ဟာကျွန်တော့်တစ်
သက်မှာကံအဆိုးဆုံးနေ့ပါပဲ။ကျွန်တော်
နဲ့ကျွန်တော့်ရည်းစားခင်ဒေါင်းနွယ်ဟာ
တစ်နေ့လုံး လျှောက်လည်၊ ဘုရားတွေ
လည်ဖူး။နောက်ဆုံးရွှေမော်ဓောဘုရား
စောင်းတန်းက ဆင်းလာတော့ မြင်း
လှည်းစောင့်နေတုန်း မိုးကလေးက
တဖြောက်ဖြောက်ကျလာတာနဲ့ သစ်ပင်
ရိပ်တစ်ခုအောက်မှာ ခိုရင်း ကျွန်တော့်
ရည်းစားကလမ်းဘေးတစ်ဖက်ကအိမ်
ပေါက်မှာဆွဲထားတဲ့ဆိုင်းဘုတ်ကလေး
တစ်ခုသွားမြင်တာကိုခင်ဗျ။ ဆိုင်းဘုတ်
က “ဒေါ်ပြသွ၊ လက္ခဏာဆရာမကြီး
နတ်ဗေဒင်ဟောသည်”တဲ့။
ဒါနဲ့ သူက အစ်ကိုကြီး၊ ကျွန်မတို့ မိုးလည်းခိုရင်း အပျင်းပြေ ဝင်ပြီးဗေဒင် မေးရအောင်လို့ပြောတာကိုခင်ဗျ၊ ပိုးက
လည်းသူပြောမှနည်းနည်းပိုပြီး သဲလာ၊
ကျွန်တော်တို့မှာ ထီးလည်းမပါတော့
ကျွန်တော်လည်းပထမသဘောမတူပေ
မယ့် မိုးလည်းခိုရအောင်ဆိုပြီး သဘော တူလိုက်ပါတယ် ခင်ဗျာ။ ဒါနဲ့ ကျွန်တော် တို့လည်းအဲဒီအိမ်ကိုဝင်ကြတယ်ခင်ဗျ။

အိမ်ဆိုပေမယ့်တန်းလျားရှည်တစ်ခုက
အခန်းကလေးတစ်ခုပါပဲ၊ နံဘေးက
အခန်းတွေမှာတော့ ကုလားကုန်စုံဆိုင်
တွေ၊ လက်ဖက်ရည်ဆိုင်ကလေးတွေ
ပေါ့ခင်ဗျာ၊
အခန်းကလေးက ကျဉ်းကျဉ်းပါပဲ။
(၁၅)ပေလောက်ပဲ ကျယ်ပါလိမ့်မယ်။
အိမ်ရှေ့ဖိနပ်ချွတ်မှာ ပုံတန်းလျားတစ်ခု၊
ကုလားထိုင် ခပ်ဟောင်းဟောင်း (၉၂)
လုံးရှိတယ်ခင်ဗျ။အတွင်းဘက်ကိုတော့
အဖြူတစ်တန့် အနီတစ်တန့် သရက်
ထည်ကန့်လန့်ကာတစ်ခု ကာထား
တယ်။ အနေအထိုင်မြင်ရတာ အတော်
ဆင်းဆင်းရဲရဲပါပဲ။ အိမ်ရှေ့က ကုလား
ထိုင်ပေါ်မှာ အသက်ငါးဆယ်ကျော်
ခြောက်ဆယ်လောက်ရှိမယ့် မိန်းမကြီး
တစ်ယောက် ထိုင်နေတာ တွေ့ရတယ်။

ဒါနဲ့ -ကျွန်တော့်ရည်းစားက လက္ခဏာ ဆရာမ ဒေါ်မြသွေးနဲ့ တွေ့လိုကြောင်း၊
ဗေဒင်မေးလိုကြောင်းပြောတော့အမယ်
ကြီးလည်း လောကွတ်ပျူငှာနဲ့ ကျွန် တော်တို့ကို အပြင်ခုံတန်းလျားမှာပဲ နေ
ရာထိုင်ခင်းပေးပြီးအိမ်ထဲခဏဝင်သွာ။
တစ်ခါပြန်ထွက်လာပြီးကျွန်တော်တို့ကို အိမ်အတွင်းဘက်ဝင်ဖို့ ခေါ်တာကို၊
ခင်ဗျ။ ဒီတော့ ကျွန်တော်တို့လဲ အိမ်ထဲ

ဝင်လိုက်သွားရတယ်။ ကန့်လန့်ကာ
နောက်မှာတော့သင်ဖြူးတစ်ချပ်၊ နှစ်ချပ်
ခင်းထားပြီးအတွင်းဘက်မှာဇာခန်းဆီး
တပ်ထားတဲ့အခန်းကလေးတစ်ခု တွေ့
ရပြန်ပါတယ်၊ အဲဒီအခန်းကလေးထဲမှာ
ဗေဒင်တို့၊ လက္ခဏာတို့ ကြည့်ရတာကို
ခင်ဗျ၊
ခဏကြာတော့မိန်းမတစ်ယောက်
ထဘီအနီကိုဝတ်ပြီးအခန်းထဲကထွက်
လာတယ်။ဆံပင်ကိုဖားလျားချပြီးခေါင်း
မှာလည်း နှင်းဆီအနီပွင့်တစ်ပွင့်ပန်ထား
တယ်။အင်္ကျီအဖြူလက်ရှည်ဝတ်ပြီးပိုးစ
အနီတစ်ခုကိုလည်း လည်ပင်းမှာ စည်း
ထားတယ်။အသက်ကတော့ကျွန်တော့်
စိတ်ထင်(၄၀)ကျော်(၅ဝ)တွင်းလောက်
ပါပဲ။ မျက်နှာက အင်မတန် ဣန္ဒြေရပြီး
အထူးသဖြင့် သူ့မျက်လုံးတွေဟာ
တောက်ပတဲ့အရောင်တွေ ထွက်နေ
သလို အောက်မေ့ရတယ်။ ကျွန်တော့်
ရည်းစားကိုပထမကြည့်ပြီးကျွန်တော့်ကို
ကြည့်လိုက်တာကျွန်တော်တောင် သူ့ကို
ကြောက်သလိုလို၊ ကျောထဲက စိမ့်လာ သလိုလို အောက်မေ့လိုက်မိတယ်။ သူ့
မျက်လုံးတန်ခိုးနဲ့ပဲတူပါတယ်။အခန်းထဲ
အဝင်ခိုင်းတဲ့အခါ ခင်ဒေါင်းနွယ်ဟာ အခန်းထဲဝင်ဖို့ကြောက်နေသလိုပဲ၊ ဒါနဲ့

ကျွန်တော်က ဝင်လိုက်မယ်လုပ်တော့
“တစ်ယောက်တည်း ဝင်ခွင့်ရှိတယ်။ နှစ်
ယောက်မဝင် ရဘူး” ခပ်ပြတ်ပြတ် ပြော
လိုက်တယ်။ ဒါနဲ့ ကျွန်တော်ဟာအပြင်မှ
စောင့်နေရစ်ရတယ် ခင်ဗျ။
ခင်ဒေါင်းနွယ်ကိုသူဘာတွေဟော လိုက်မလဲ၊မိန်းမဆိုတာဘာပဲပြောပြော အင်မတန် ယုံကြည်တတ်တာကလား ဆိုပြီး ကျွန်တော် စိတ်ပူမိတယ်၊ ဒါနဲ့
ကျွန်တော်လည်း အထဲမှာ ဗေဒင်ဟော
နေတုန်းအပြင်ကထိုင်စောင့်နေရတာကို
ခင်ဗျ၊ အဲဒီလိုစောင့်နေတဲ့အခါ အပြင်
စားပွဲကလေးပေါ်မှာ စာရင်းစာအုပ်လို
စာအုပ်ကြီးတစ်အုပ် တင်ထားတာနဲ့ ဆွဲ
ပြီးကြည့်မိတယ်။ ဒီစာအုပ်ကြီးက သူ
ဟောလိုက်တဲ့လူတွေဆီကပေးလိုက်တဲ့
စာတွေကို မူလအတိုင်း စက္ကူအထူပေါ်
မှာကပ်ပြီး ဓာတ်ပုံ “အယ်(လ)ဘမ်”လို
လုပ်ထားတဲ့စာအုပ်ကို ခင်ဗျ။ အမြို့မြို့ အရွာရွာက ပေးလိုက်တဲ့ စာတွေပါပဲ ခင်ဗျာ။ သူဟောလိုက်တဲ့အတိုင်း မှန်
ကန်တဲ့အကြောင်းတွေ ရေးထားတယ်၊
တချို့လဲ သူဟောလိုက်တဲ့အတိုင်း အိမ်
ထောင်ဖက်တွေ့တဲ့အကြောင်းတွေ၊ချစ် သူနဲ့ကွဲတဲ့အကြောင်းတွေ၊ သားသမီးမရ တဲ့အကြောင်းတွေ၊ ဥစ္စာပျောက်ကို ပြန်

ရတဲ့အကြောင်းတွေ၊ လင်ဆုံးသွားတဲ့
အကြောင်းတွေ၊ မယားဖောက်ပြန်သွား
တဲ့အကြောင်းတွေ၊ စုံနေတာပါပဲခင်ဗျား
တချို့လည်း မတော်တဆ ထိခိုက်နာ
ကျင်မှုတွေ တွေ့ရတဲ့အကြောင်း ပါရဲ့။
ကောင်းတာရော၊ မကောင်းတာရော စုံ
နေတာပဲ။စိတ်ဝင်စားစရာတော့အတော်
ကောင်းပါတယ်။ အထဲမှာ ကျွန်တော့်
ရည်းစားကိုဟောနေတာတွေ့တော့သေ
သေချာချာ မကြားရပါဘူး။ နားစွန်နား
ဖျားလောက်သာ ကြားရပါတယ်။ ဒါနဲ့
(၁၅)မိနစ်လောက်ကြာတော့ကျွန်တော့်
ရည်းစားလည်း အခန်းထဲက ထွက်လာ
တယ်။ နောင်နှစ်ခါလက်ထပ်ရလိမ့်မယ်
ဆိုတဲ့အကြောင်းပြောလိုက်သတဲ့ခင်ဗျာ၊
ဘယ်သူဘယ်ဝါနဲ့လက်ထပ်ရလိမ့်မည်
ဆိုတာတော့မပြောလိုက်ဘူးတဲ့။ နို့ပေမဲ့
ကျွန်တော်နဲ့လက်ထပ်ရလိမ့်မယ်ဆိုတာ
တော့ သူ ယုံကြည်ပါတယ်လို့ ပြောတာ
ကိုခင်ဗျ။ဒါနဲ့သူထွက်လာပြီးကျွန်တော့်
ကို “ကိုင်း – ကိုဘစိုး၊ သွားပြီး လက္ခဏာ
ကြည့်ချေလေ။ကိုဘစိုးအလှည့်ပဲ ကျန်
တော့တယ်”လို့ပြောတာကိုခင်ဗျ။ ကျွန်
တော်ဟာ ဗေဒင်တွေ၊ လက္ခဏာတွေ
မယုံကြည်ပါဘူး ခင်ဗျာ။ ပေးဖို့လည်း
ဝါသနာမပါပါဘူး။ နို့ပေမဲ့ -ကျွန်တော့်

ရည်းစားကအတန်တန်တိုက်တွန်းလေ တော့အခန်းထဲ ဝင်သွားမိတယ်။ အခန်းကလေးကအတွင်းဘက်မှာ
မှောင်လို့ခင်ဗျ။ခေါင်းရင်းဘက်မှာရေနံ ဆီစားပွဲတင် မှန်အိမ် အိမ်ကလေးတစ် လုံးထွန်းထားတယ်။ အလင်းရောင်ဆို
လို့ အဲဒီအလင်၊ရောင်ကလေးတစ်ခုပဲ
ရှိတယ်။ အဲဒီ့မှန်နားမှာ ဆရာမထိုင်နေ
တာကိုမှန်အိမ်မီးရောင်နဲ့ သူ့မျက်နှာကို
မြင်ရတာ ကျွန်တော့်ဖြင့် ကြက်သီးမွေး
ညင်း ထမိတယ် ခင်ဗျာ။ မိန်းမရဲ့ ရုပ်က
သနားကမားပေမယ့် သူ့ခေါင်းမှာ ပန်
ထားတဲ့ ပန်းပွင့်အနီရောင်နဲ့ လည်ပင်း
မှာစည်းထားတဲ့ ပိုးစအနီရောင်နဲ့ဟာ
တစ်ခါတည်း ရောစပ်ပြီး သူ့အသား
ခပ်
ဖြူဖြူပေါ်မှာ သွေးရောင်တွေ လျှမ်းနေ
သလိုပဲ၊ မျက်လုံးနှစ်လုံးကလည်း
အမှောင်ထဲမှာကြောင်မျက်စိကအလင်း
ရောင်တွေထွက်နေသလိုပဲ။ကျွန်တော် ဝင်လာတာမြင်တော့ ကုလားထိုင်တစ်
လုံးကို လက်ညှိုးထိုးပြလိုက်လို့ ကျွန်
တော်ထိုင်ရတယ်။ပြီးတော့အိမ်ခန်းထဲ
ဝင်သွားတဲ့အခါ အတွင်းဘက်က
ဆီချက်သလိုလို၊ ညှော်ကြော်သလိုလို
ဘာနံ့ကြီးမှန်းမသိပါဘူး ခင်ဗျာ။ နံလိုက်

တာလည်းလွန်ပါရော၊ကျွန်တော်လည်း
မကြာမကြာ နှာခေါင်းပိတ်မိတယ်၊ ကျွန်တော့်ကို စိုက်ပြီးကြည့်လိုက် တာ သူ့အမြင်ဟာ ကျွန်တော့်ကိုယ်ကို
ဖောက်ထွင်းပြီးမြင်သလိုပါပဲ။လက္ခဏာ
ကြည့်ရုံဆိုရင် (၅ိ/- )တစ်သက်လုံး
အတွက် ဟောစာတမ်းလုပ်ပြီး ဟောရ
မယ်ဆိုရင် (၁ဝိ/-)လို့ပြောတော့ကျွန်
တော်လည်း တစ်ယောက်ကြည့်ပြီးမှ
မထူးပါဘူး။ပိုက်ဆံအပိုကုန်တာပဲဆိုပြီး
လက္ခဏာရိုးရိုးပဲကြည့်ပါတော့ခင်ဗျာလို့
ပြောလိုက်တယ်။အခန်းထဲ ဝင်မိလို့သာ
ပြောလိုက်ရတယ်။ စိတ်ကတော့မပါလှ
ပါဘူး။ဒါနဲ့ကျွန်တော့်ကိုသူ့အနားလက်
ယပ်ခေါ်ပြီးကျွန်တော့်ရဲ့ညာဘက်လက်
ဖဝါးကို ဖြန့်ပြီး (၁)မိနစ်လောက် ကြည့်
နေတယ်။
ဒီနောက်ကျွန်တော့်နေရာပြန်ထိုင်
တဲ့အခါ သူက“ရည်းစားနဲ့ တွေ့ရတယ် ဆိုတဲ့လူဟာ ဗေဒင်မေးဖို့တောင်မလို ဘူး။ အင်မတန်စိတ်အေးနေတာပဲ၊ ဒါပေမဲ့- အေးချည်တစ်ခါ ပူချည်တစ် လှည့်ဆိုတာလိုပေါ့၊အပူလာတဲ့အခါလဲ လာဦးမှာပဲ” အဲဒီလိုပြောလိုက်တာဟာ ကျွန်တော့်ကို ပြောနေတာထက် သူ့

ကိုယ်သူ ပြောနေတယ်လို့ ထင်ရတယ်
ခင်ဗျ၊ ဒီနောက် ကျွန်တော် နောက်က
ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေတစ်ခုစီ
တစ်ခုစီပြောလိုက်တာ ခင်ဗျာ။လွန်ခဲ့တဲ့
သုံးလေးနှစ်က အဖြစ်အပျက်ရော၊ငယ်
ငယ်တုန်းကအဖြစ်အပျက်တွေရောမှန်
လိုက်တာလဲ မပြောပါနဲ့တော့၊ ဘယ်
လောက်ထိအောင် အသေးစိတ်မှန်
သလဲဆိုရင်လွန်ခဲ့တဲ့(၆)လလောက်က
ဖြစ်ခဲ့တဲ့ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာ
ကိစ္စကလေးကိုတောင် သူသိတယ်၊
အဲဒီလို ကျွန်တော့်ရဲ့နောက်ဖြစ်တွေကို
လျှောက်ပြီးဟောလိုက်တာ ခင်ဗျာ …
တစ်သီကြီးပါပဲ၊
ဒါနဲ့ကျွန်တော်က”ဆရာမကြီးရယ်၊ ကျွန်တော့်ရဲ့နောက်ဖြစ်တွေဟောလိုက် တာတော်လောက်ပါပြီ။ ရှေ့ဖြစ်မယ့်ရှေ့ ဖြစ်ကိုလဲ ဟောဦးမှပေါ့”လို့ ရယ်သလို၊ မောသလိုနဲ့ပြောလိုက်တယ်ခင်ဗျ။အဲဒီ လို ပြောလိုက်တာက သူဟောတာတွေ
ကျွန်တော် သိပ်ပြီးအယုံအကြည် မရှိလှ
ဘူးဆိုတဲ့အကြောင်းလဲ သူသိအောင်
ပြောလိုက်တာပဲ။ နို့ပေမဲ့ – သူက နည်း
နည်းကလေးမှ ပြန်ပြီးမပြီးဘူး သူ့မျက်
လုံးနှစ်လုံးဟာ ကြောင်တစ်ကောင်ရဲ့
မျက်လုံးကို နည်းနည်းကျဉ်းသွားသလို

ထင်လိုက်ရတယ်။ နှုတ်ခမ်းဟာလဲ ပိပိ ရှိရှိဖြစ်ပြီး ဣန္ဒြေနည်းနည်းမှမပျက်ဘူး။ ဒီနောက် သူက ကျွန်တော်မျက်နှာ ကို စေ့စေ့ကြည့်ပြီး“ရှင့်ရဲ့ အနာဂတ်ကို ကျွန်မဖတ်လို့မရဘူးရှင့်၊ သဘောမကျ
လို့၊ ရှင်ပေးထားတဲ့ငွေကိုပြန်လိုချင်ရင်
ပြန်ပေးပါ့မယ်”လို့ ပြောတာကို ခင်ဗျ။
ဒီတော့ – ကျွန်တော်လည်း စိတ်ထဲမှာ
ထောင်းခနဲ ဖြစ်သွားပြီး “မဟုတ်ပါဘူး
ခင်ဗျာ။ လက္ခဏာဆရာတစ်ယောက်
လုပ်နေပြီး အနာဂတ်ကို မဟောဘူးဆို
တာ ဥပမာ..ချစ်ရေးကြိုက်ရေးကိစ္စ၊
စီးပွားရေးကိစ္စ၊ကျန်းမာရေ၊ကိစ္စ၊အဲဒီလို
တစ်ခုနှစ်ခု ဟောလိုက်ရင် ပြီးတာပါပဲ၊
ငွေကိုလဲကျွန်တော်ပြန်မလိုချင်ပါဘူး” လို့ ပြန်ပြောလိုက်တယ်။
ဒီတော့ – ဆရာမကြီးလည်း ကျွန် တော့်ကိုတစ်ခါခေါ်ပြီးကျွန်တော့်ရဲ့လက် ကို မီးရောင်နားကပ်ပြီး မှန်ဘီလူးနဲ့တစ် ခါကြည့်ပြန်တယ်၊ ဒီတစ်ခါတော့ မလှုပ်
မယှက် စိုက်ကြည့်နေတာ (၂)မိနစ်
လောက်ကြာတယ်။ ဟော-ဟော-မြင်
ရပြီ၊မြင်ရပြီ။ သေချာပါတယ်၊ ဂဏန်းက
(၈)ဂဏန်း။ ဒီဘက်က တန်ဆောင်မုန်း လပဲ။ လပြည့် နေပုံထောက်တော့
လပြည့်ကျော်ပဲ။တန်ဆောင်မုန်းလပြည့်

ကျော် (၈)ရက်နေ့။ ဟုတ်ပြီ၊ ဟုတ်ပြီ၊ ခုနစ်တော့ မပါဘူး။
ကျွန်တော်က“ဪ-တန်ဆောင်
မုန်းလပြည့်ကျော် (၈)ရက်နေ့လို့ မြင်ရ
လား”
“ဟုတ်တယ်… အဲဒီအတိုင်း မြင်ရ
တယ်”
“ရက်နဲ့ လကတော့ ဟုတ်ပါပြီ…
ဆရာမကြီးရယ်၊ ခုနစ်ကကော…”
“ခုနှစ်ကတော့မသေချာဘူး မထင်
ရှားဘူး”
“ကောင်းပါပြီ ခင်ဗျာ။ ကျေးဇူးတင်
ပါတယ်။ တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်နေ့မှာ ကျွန်တော် လက်ထပ်ဖို့ မြင်တယ်ဆိုပါတော့”
“မဟုတ်ဘူးရှင့်။ ကျွန်မ ဆိုလိုတာ ကရှင်သေမယ့်နေ့ရက်ကိုပြောတာ”
“အလို၊ ဒီလိုပဲဟောရသလားဗျာ”
“လက်ပေါ်မှာ ထင်နေတဲ့အတိုင်း
ဟောရတာကို ရှင့်”
အဲဒီလိုကျွန်တော့်တို့အပြန်အလှန်
ပြောနေကြပါတယ် ခင်ဗျာ။ ဒီလိုဟော
လိုက်တော့ဗေဒင်ကိုမယုံဘူးဆိုပေမယ့်
ကျွန်တော့်စိတ်ကိုအတော်ထိခိုက်သွား
ပါတယ်။

ဤနေရာသို့ရောက်လျှင် မောင် ဘစိုးဆိုသူထူးဆန်းသောသူစိမ်း၏အမှု
အရာမှာတကယ်ပင်ကြောက်ရွံ့တုန်လှုပ်
သွားကြောင်း၊ ဦးဘိုးလုံး သတိပြု၏။ ထို့ နောက် မောင်ဘစိုးက ဆက်လက်၍-
“ဒါနဲ့ – ကျွန်တော်ကလည်း မေး
လက်စရှိမှမထူးတော့ပါဘူးဆိုပြီး“ဒီလို
ဆိုရင် ဆရာမဆိုလိုတာက ခုနှစ်
သက္ကရာဇ်သာ အမှန်မပြောနိုင်တာ၊
နို့ပေမဲ့-တန်ဆောင်မုန်းလပြည့်ကျော်
(၈)ရက်နေ့တစ်နေ့မှာ ကျွန်တော် သေ
6
လိမ့်မယ်ဆိုပါတော့”
“ဟုတ်တယ်”
“ဒါဖြင့် – အသက်အရွယ်ကြီးလို့
သေမှာလား”

“မဟုတ်ဘူး- ရှင်ဟာ သေခြင်း တရားကို ပြင်းပြင်းထန်ထန်ကြီး တွေ့ရ လိမ့်မယ်၊ လူသူအမတန်ရှင်းလင်းပြီး ဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာ တွေ့ရလိမ့် မယ်၊ အခန်းထဲ ရှင်ဝင်လာကတည်းက ဒီဟာတွေ ကျွန်မ မြင်တယ်။ ဒါကြောင့် မပြောချင်လို့ ကျွန်မဟာ ရှင့်အနာဂတ် ကို မမြင်ရဘူးလို့ပြောနေတာ” ဒါနဲ့က သူ့စကားနည်းနည်းလွန်သွား တာသိလို့ ထင်ပါရဲ့ ခင်ဗျာ၊ လက္ခဏာ
ဆရာမကြီးကဆက်ပြီး“ဒါပေမဲ့-တစ်ခု
တော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ်၊ အခွင့်
အရေးဆိုတာ ရှိစမြဲပဲ။ အဆိုးရှိရင်
အကောင်းလဲရှိရမယ် မဟုတ်လား။
ကျွန်မ ဆိုလိုတာက ကံကြမ္မာလို့ ထင်ရ
ပေမယ့် ကံကြမ္မာမဟုတ်ဘဲ သတိထား
ပြီး ရှောင်ကြဉ်ရမယ့် အချက်လောက်
သာ
ာ ဖြစ်ချင်ဖြစ်တတ်တယ်”
“အဲဒီလိုပြောလိုက်တော့ ကျွန် တော်ဟာ စိတ်အတော် သက်သာရာရ
သွားတယ် ခင်ဗျ”
“ရှောင်ကြဉ်ရမယ့်အချက်ဆိုတာ
က ဘာလဲ၊ ဒီဟာက သေသေချာချာ
မသိရရင် အခက်သားကလား ခင်ဗျာ၊
တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်
နေ့မှာ ကျွန်တော် ဘာကို သတိထားပြီး နေရမှာလဲ၊ ဘာကိုရှောင်ကြဉ်ရမှာလဲ
ဆရာမကြီးရဲ့”
“အဲဒီလို မေးလိုက်တော့ သူလဲ
အတော်စိတ်ရှုပ်သွားတဲ့လက္ခဏာနဲ့
ကျွန်တော့်လက်ကို တစ်ခါဖြန့်ပြီး စိုက်
ကြည့်နေလိုက်တာ။ကျွန်တော့်စိတ်ထင်
(၅)မိနစ်လောက်ကြာလိမ့်မလားမပြော
တတ်ဘူး။ နဖူးမှာ ချွေးတွေ စို့လာတာ
တောင် မြင်ရတယ်၊ ဒီအထိ အာရုံစိုက် ပြီး သူ့ပညာစွမ်းကို အားထုတ်နေတာနဲ့

တူပါတယ်ခင်ဗျာ။ပြီးတော့မှအင်မတန်
အင်အားကြီးမားတဲ့ တန်ခိုးတစ်ခုဟာ
အဲဒီနေ့မှာရှင့်ကို အုပ်စိုးနေတယ်။ အဲဒါ
ဟာ
> ရှင့်ရဲ့ရန်သူပဲ၊ နေပါဦး၊ ကျွန်မမြင်ရ သလောက်ပြောရမယ်ဆိုရင် ပြောင်းတံ
လိုလို အခေါင်းပေါက်နဲ့ အရာဝတ္ထုတစ် ခုပဲရှင့်။ အင်း- ဟုတ်တယ်။ နို့ပေမဲ့၊ ဘာ
ရယ်လို့တော့ကျွန်မ အတိအကျ မပြော
နိုင်ဘူး။ ပြောင်းလိုလို ဝိုင်းဝိုင်းအခေါင်း ပေါက်နဲ့ ဝတ္ထုပစ္စည်းများ ရှင် နေ့တိုင်း
လုပ်နေတဲ့အလုပ်မှာ ရှိသလား”
“မရှိပါဘူး ခင်ဗျား။ ကျွန်တော်က ငွေစာရင်းဘက်က ရုံးအုပ်စာရေးကြီး အလုပ်လုပ်တာပဲ၊ဂဏန်းထွက်ရတယ်။ အမှုတွဲတွေ ထိန်းရတယ်၊ ခင်ဗျားပြော တဲ့ ခေါင်းပေါက်လိုလို ပြောင်းတံလိုလို ဆိုတာနဲ့ ဘာမှမပတ်သက်ပါဘူး” “အေးလေ-မပတ်သက်ရင်လဲ ပြီး
တာပါပဲ။ နို့ပေမဲ့ -ကျွန်မမြင်သမျှတော့ ဒါပါပဲ။ အဲဒီနေ့မှာသာ သတိဝီရိယထား
နေရုံပေါ့”
“စကားလက်စလဲ ဖြတ်လိုက်ရော ကျွန်တော်လဲ အပြင်ကို ချက်ချင်းထွက် လာခဲ့တာပဲ။ အပြင်ဘက်ရောက်မှ အဲဒီ ငြီးစီစီအနံ့ကြီးဟာလဲပျောက်သွားတော့
တယ်”

“ဒီနောက်ကျွန်တော်တို့နှစ်ယောက်
ထွက်လာခဲ့ပြီးမြင်းလှည်းကလေးရတာ
နဲ့ ဘူတာရုံကို တစ်ခါတည်း တန်းလာခဲ့ ကြပါတယ် ခင်ဗျာ”
“ဒီနောက် ကျွန်တော်နဲ့ ခင်ဒေါင်၊ နွယ်တို့လဲတဖြည်းဖြည်းတစ်ယောက်နဲ့ တစ်ယောက် သဘောချင်း မတိုက်ဆိုင် တာ သိလာပြီး ကွဲကြပါတယ် ခင်ဗျာ။
လက္ခဏာဆရာ ဟောလိုက်တဲ့အတိုင်း
နောင်တစ်နှစ်လောက်အကြာမှာ
သင်္ဘောစာရေးတစ် ယောက် နဲ့ အကြောင်းပါသွားတယ်။ ကျွန်တော် တော့ဒီအတိုင်းပဲအိမ်ထောင်မပြုဘဲနေ
ခဲ့တယ်”
“ဒါနဲ့- ကျွန်တော်လဲအဲဒီနေ့ကစပြီး သူ ဟောလိုက်တာ သတိရတိုင်း စိတ် မချမ်းသာဖြစ်မိတယ် ခင်ဗျာ။ ဗေဒင်ကို
အယုံအကြည်မရှိဘူးဆိုပေမယ့်သူဒီလို
ပြောလိုက်တာစိတ်ထဲမှာအစွဲတစ်ခုဖြစ်
ပြီး ငါမေ့လို့ပဲ လက္ခဏာကြည့်မိတယ်၊
မကြည့်ဘဲနေရရင် တော်လေသားလို့ အောက်မေ့မိတယ်၊နို့ပေမဲ့-လွန်ပြီးကိစ္စ
ကို မတတ်နိုင်တော့ဘူး။ နို့ပေမဲ့- အခု တော့ဖြစ်ပြီးပါပြီလေ၊ ကြောက်စရာမရှိ တော့ပါဘူး။ ကျွန်တော့်အသက်ကိုလဲ
စိုးရိမ်ဖို့မလိုတော့ပါဘူး”
သူစိမ်းဖြစ်သူ မောင်ဘစိုးသည် ဦးဘိုးလုံး၏နားနားသို့ကပ်ကာရင်းနှီးစွာ ပြောလိုက်ဘိသကဲ့သို့ပြောလိုက်၏။ သို့
သော် သူ၏ ပြူးကြောင်သောမျက်လုံး
များတွင်ကြောက်ရွံ့လျက်ရှိသောအသွင်
အပြင်ကား လျော့ပါးသွားဟန် မရှိသေး
ချ။ထို့နောက်ဆက်လက်၍ပြောပြန်လေ
သည်။
“အဲဒီတော့-ကျွန်တော့်အဖြစ်ကို
စဉ်းစားပဲ ကြည့်ပါတော့ ခင်ဗျာ၊ တန်
ဆောင်မုန်းလပြည့်ကျော် (၈)ရက်နေ့
ဆိုတာရယ်၊ ပြောင်းတံလိုလို ဝိုင်းဝိုင်း
အခေါင်းပေါက်နဲ့ ကိရိယာတစ်ခုကိုလဲ
သတိပြုရမယ်ဆိုတဲ့စကားတွေကိုအစဉ်
အမြဲ သတိရနေတယ်၊ ပြောင်းတံလိုလို
အခေါင်းပေါက်နဲ့ လက်နက်ဆိုတော့
သေနတ်ပြောင်းကလွဲပြီး ဘာမှမရှိဘူး။
နို့ပေမဲ့– ဘာပဲဖြစ်ဖြစ်၊ကျွန်တော်တော့
တန်ဆောင်မုန်းလပြည့်လောက်ကျလာ
ရင် ဘယ်မှမသွားဘဲအိမ်ထဲမှာကုပ်နေ
တော့တာပဲ။အနည်းဆုံးခွင့်(၃-၄)ရက်
တော့ ယူတယ်၊ တစ်ခါတလေလဲ တစ် ပတ်လောက်ခွင့်ယူပြီး အိမ်ထဲမှာချည်း ကုပ်နေမိတယ်။ ဒီဟာတောင် ကိုယ့် စိတ်ကိုယ် မလုံနိုင်ဘူး ခင်ဗျ၊ ဟိုနေရာ က ချွတ်ခနဲကြား ထကြည့်၊ ဒီနေရာကချွတ်ခနဲကြား ထကြည့်မိတယ် ခင်ဗျာ။
သေနတ်နဲ့တိတ်တိတ်ပုန်း ရောင်းပစ်တဲ့
အမှုတွေ သတင်းစာတွေထဲမှာ ဖတ်ဖူး
လေတော့ ဒီဟာတွေပဲ တွေးပြီးနေမိ
တယ်။ ဇူလိုင်လ(၁၉)ရက်နေ့မှာ ဗိုလ်
ချုပ်နဲ့ ဝန်ကြီးတွေကိုအတင်းတရကြမ်း
ဝင်ပြီးပစ်လို့မရှုမလှကျဆုံးရတဲ့ကိစ္စကြီး
ပြန်ပြီးသတိရမိတယ်။ မမျှော်လင့်ဘဲ
ဖြစ်ရတဲ့သေနတ်ပစ်မှုတွေအများကြီးပါ
ခင်ဗျာ၊ ဒီဟာတွေပဲ တစိမ့်စိမ့် တွေးနေ
မိတယ်။
ဒီလိုနဲ့ တစ်နေ့လုံး အချိန်ကုန်ခဲ့ပြီး ညတိုင်းအိပ်လို့တောင်မပျော်ဘူး။နောက်
လပြည့်ကျော်(၉)ရက်နေ့ပိုးလင်းလာမှ
ပဲ စိတ်နှလုံးကို တုံးတုံးချလိုက်မိတော့
တယ်။ဒီလောက်တောင်စိတ်ဒုက္ခရောက်
ရပါတယ် ခင်ဗျာ၊ဗြုန်းခနဲသေသွားတာ
မကြောက်လှပါဘူး။လူဆိုတာသေရမှာ
ချည်းပါပဲ။ နို့ပေမဲ့ – သေမင်းက ရက်ချိန်း
ပေးပြီးကိုယ့်ဆီ လာနေတာကိုတော့
မကြောက်ဘဲ မနေနိုင်ဘူး ခင်ဗျ။ အဲဒီ
တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်
နေ့ ရောက်လာပြီလားဆိုရင် အသက်
အန္တရာယ်ဟာ တောင်က လာနိုးနိုး၊
မြောက်ကလာနိုးနိုး။ဟိုနေရာကလာနိုး
နို။ဒီနေရာကလာနိုးနိုးနဲ့တခြားလူအနေ

နဲ့ကြည့်ရင် ကျွန်တော်ဟာ အရူးတစ် ယောက်ပါပဲခင်ဗျာ”
“ဒါကြောင့် အဲဒီနေ့ မတိုင်ခင် တစ်
နည်းနည်းနဲ့ ကြံဖန်ပြီး အလုပ်က အခွင့်
ယူအိမ်မှာနေလို့ မလုံခြုံဘူးထင်တဲ့အခါ
မှာလုံခြုံမယ်ထင်တဲ့နေရာသွားပြီးနေရ
တော့တာပါပဲ ခင်ဗျာ။ တစ်ခါတလေလဲ
ငါဟာဘာမဟုတ်တဲ့နတ်ကတော်နတ်
ရူးတစ်ယောက်က ပြောလိုက်တဲ့စကား
အဟုတ်ကြီးမှတ်နေမိတာ။ငါအသုံးမကျ
လို့ပဲလို့ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါ
တယ်။
(၃)နှစ်လောက် ကြာသွားတော့ ကြောက်စိတ်နည်းနည်းပြေသွားပြီး အစွဲ အလမ်းတွေဟာ လျော့ပါးသွားခဲ့တယ်။ ဒါနဲ့ တစ်နေ့အိမ်ရှေ့ပြတင်းပေါက်ထွက်
ပြီး မှန်ကလေးတစ်ချပ်နဲ့ မှတ်ဆိတ်ရိတ်
နေတုန်းလက္ခဏာဖတ်လိုက်တဲ့အတိုင်း
ကျွန်တော့်ရဲ့ သေမင်းကို သွားမြင်မိတာ
ကိုခင်ဗျ၊လက်စသတ်တော့ကျွန်တော့်
ရဲ့သေမင်းဟာကျွန်တော်နဲ့မဝေးလှဘူး။
ကျွန်တော်တို့အိမ်နဲ့ ကပ်နေတဲ့စက်ရုံ
ကြီးကခေါင်းတိုင်ကြီးက ကျွန်တော်နေ
တဲ့အိမ်ဘက်ကိုယိုင်ပြီးအပေါ်ကမိုးနေ
လိုက်တာနေ့ပြိုမလား။ညပြိုမလားမသိ
ဘူး။ ဒါဟာဧကန္တ”ကျွန်တော့်ရဲ့သေမင်း

ပဲလို့ တွေးမိတာကို ခင်ဗျာ။ ဒီဟာကြီးရဲ့
အန္တရာယ်ကိုလည်း တန်ဆောင်မုန်၊
လပြည့်ကျော်(၈)ရက်နေ့ဆိုရင်ရှောင်မှ
ဖြစ်မယ်၊ ဒါကြောင့် ကျွန်တော့်ဖြင့်
တန်ဆောင်မုန်းလပြည့် ရုံးပိတ်ရက်
လောက်ကစပြီး အနည်းဆုံး (၁၀)ရက်၊
(၁၂)ရက်လောက်တော့အခွင့်ယူလိုက်
တာပဲ။ မတတ်သာလို့ ရိုးရိုးခွင့်မရရင်
တစ်နည်းနည်းနဲ့ အကြောင်းပြပြီးလစာ
မဲ့ခွင့်ဖြစ်ဖြစ်ယူလိုက်တယ်။ကိစ္စကသေ
ရေးရှင်ရေးဆိုတော့ လုပ်ရတော့တာပဲ
ခင်ဗျ
သူစိမ်းမောင်ဘစိုးသည် ဦးဘိုးလုံး
အားမိမိစကားကိုထောက်ခံစေလိုသည့်
သဘောဖြင့် ကြည့်လိုက်၏။ သို့သော်
ဦးဘိုးလုံးသည်တစ်စုံတစ်ရာ ထောက်ခံ
ခြင်းမပြုဘဲမောင်ဘစိုး၏မျက်နှာကိုသာ
စိုက်၍ကြည့်ရှုလျက်ရှိလေသည်။ဆီးနှင်း
များလည်း ကျလျက်ပင် ရှိသေး၏။
ကိုဘစိုးက ဆက်လက်၍-
“ကျွန်တော်ဟာအရင်ကဒီလောက်
အစွဲလမ်းကြီးတဲ့လူတစ်ယောက်မဟုတ်
အသက်နဲ့ပတ်သက်လို့ ဟောလိုက်တဲ့
ပါဘူးခင်ဗျာ။ နို့ပေမဲ့-အဲဒီလိုကျွန်တော့်
နေ့ကစပြီးဘယ်လောက်ပဲအမှတ်မဲ့နေ တယ်ဆိုဆိုတန်ဆောင်မုန်းလဆန်းလာ

ရင်ပဲ ဒီဟာကို သတိရလာပြီ၊ အိမ်မှာ
မနေချင်တော့ဘဲ ထွက်ပြေးချင်တဲ့စိတ်
တွေပေါ်လာတော့တာပဲခင်ဗျ။ ဒါနဲ့တစ်
နေ့တော့ စိတ်ကူးပေါက်ပြီး ကျွန်တော်
သွားချင်တဲ့နေရာကျွန်တော်သွားချင်တဲ့
အချိန် သွားရအောင် မော်တော်ကား
တစ်ပတ်ရစ်ကလေးတစ်ခု ဝယ်လိုက်
တယ်။ အဖိုးလည်း သိပ်မများလှပါဘူး။
ငွေပေးတဲ့ နေရာမှာလည်း လွယ်ကူ
အောင်လစဉ်အရစ်ကျနဲ့ ပေးရပါတယ်။
အဲဒီကားကလေးရကတည်းက တန်
ဆောင်မုန်းလပြည့်ကျော်(၁)ရက်၊(၂)
ရက်ကျရင်ပဲကျွန်တော့်ရဲ့ပစ္စည်းကလေး
တွေရှိစုမဲ့စုယူစားရေရိက္ခာကလေးဘာ
ကလေးလုံလောက်အောင်တင်ပြီး ခရီး
ထွက်တော့တာပါပဲ ခင်ဗျာ။
အဲဒီလို ကားကလေးနဲ့ ခရီးထွက် တာဒီတစ်ခါတော့ပြည်ဘက်ကို မသွား
ဘဲ တောင်ငူဘက်ကို သွားဦးမှပဲဆိုပြီး ထွက်ခဲ့တာကို ခင်ဗျ၊ ကားနဲ့ သွားတယ် ဆိုပေမယ့် ကျွန်တော်က မြို့ကြီးပြကြီး တွေမဝင်ဘူး။အင်မတန်မလွှဲမကင်းသာ
မှ ဝင်တယ်။ လူစည်ကားတဲ့နေရာတွေ တတ်နိုင်သမျှ ရှောင်ခဲ့တယ်။ ဘုန်းကြီး ကျောင်းတစ်ကျောင်း ကျောင်းတွေ့လို့ စခန်းချချင် ချနေတာပဲ။ ဒါနဲ့ – အဲဒီအခါ

တုန်းက တန်ဆောင်မုန်းလပြည့်ကျော်
(၄)ရက်နေ့ကတည်းက အိမ်က ထွက်
လာပြီး ထောက်ကြံ့မှာတစ်ညအိပ်၊ ပဲခူး
နားက ရွှေလှေမှာ တစ်ညအိပ်၊ ညောင်
လေးပင်တစ်ညအိပ်၊ ပြွန်တန်ဆာမှာ
တစ်ညအိပ်ပြီး လပြည့်ကျော်(၇)ရက်
နေ့ညနေမှာ ထွက်လာခဲ့တာ ကညွတ်
ကွင်းကို ည(၁၀)နာရီကျော်ကျော်
လောက်မှ ရောက်လာတယ်။ ဆောင်းဦးပေါက်လည်းဖြစ်ပြန်၊ရွာ ကလေးကလည်းငယ်ပြန်ဆိုတော့တစ်
ရွာလုံး တိတ်ဆိတ်နေတာပဲ၊ ဘူတာရုံ
ဘက်မှာသာ မီးမြင်တာနဲ့လာခဲ့တော့
ဘူတာရုံက ထမင်းဆိုင်ကလေး မပိတ်
သေးဘူး။ ဒါနဲ့- ထမင်းစားကညွတ်ကွင်း
မှာ အိပ်ချင်တဲ့စိတ် မရှိလေတော့… ဖြူး
ရောက်အောင်ပဲ မောင်းမယ်ဆိုပြီး လာ
ခဲ့တာကိုခင်ဗျ။ ကျွန်တော်ကပေတစ်ရာ
လမ်းကြီးအတိုင်း မလာဘဲ ကြိုးဝိုင်းနား
ကပ်ပြီး ဖောက်ထားတဲ့လမ်းကလေးက
မောင်းလာတယ် ခင်ဗျ။ ဒီလမ်းကလေး
ဟာ “ဇဟား”ရွာကဖြတ်ပြီး ဖြူးအရှေ့
ဘက်ကမြို့ထဲကိုတစ်ခါတည်း ဖြတ်ဝင် နိုင်တယ်။ဖြူးမှာစစ်မဖြစ်ခင်(၄-၅)နှစ် လောက်က ကျွန်တော် နေခဲ့ဖူးလို့ သိ တယ်၊ အဲဒီလမ်းကလေးအတိုင်းမောင်း

လာခဲ့တာ၊ တစ်မိုင်လောက် ရှိသေး။
အင်ဂျင်ဒုက္ခပေးတာပါပဲ ခင်ဗျာ။ နို့ပေမဲ့
ကိုယ်သွားချင်တဲ့နေရာ ရောက်ချင်တဲ့
ဇောနဲ့ ပြင်လိုက်တာ (၂)နာရီထိုးပြီး
လောက်မှ ကောင်းသွားတော့တယ်၊
အတော်အေးလာတဲ့ရာသီမှာ ချွေးဒီးဒီး
ကျအောင်ပြင်ရတာပါပဲ။ဒါပေမဲ့- မောရ
ကောင်းမှန်းမသိဘူ။ ခင်ဗျ။ ဒါနဲ့ကြိုးဝိုင်း
ဘေးက လမ်းကလေးအတိုင်း မောင်း
သွားလိုက်တာ (၁)နာရီကျော်ကျော်
လောက် မောင်းမိတော့ လမ်းကလေး
ဟာ အရင်ကအတိုင်း မဟုတ်တော့ဘဲ
တဖြည်းဖြည်း ကျဉ်းမြောင်းလာတယ်။
ချိုင့်တွေ၊ ဖုန်ဆိုးမြေတွင်းတွေလဲ အရင်
ကထက် ပိုများလာတာ တွေ့ရတယ်။
ဒီတော့မှငါလက်ယာဘက်ကိုမလိုက်မိ
ဘဲရွာနားကပ်နေတဲ့လက်ဝဲဘက်လမ်း
လိုက်မိတာ လမ်းများ မှားသလားဆိုပြီး
သံသယဖြစ်မိတယ်။ နို့ပေမဲ့ – ခရီးက
အတော်လွန်လာပြီ။ လမ်းကလည်းအင်
မတန်ကျဉ်းဆိုတော့နောက်ပြန်လို့မဖြစ်
တော့ဘူး။ ဒါနဲ့ – ဇွတ်မှိတ်ပြီး လမ်းကြမ်း လျက်သားနဲ့ ရှေ့ကိုတိုးမောင်းလာတာ၊ (၂)ဖာလုံလောက်ရောက်တော့ လမ်း ဟာ ကျွန်တော့်ကား ကလေးတစ်စီး မောင်းရရုံလောက်ပဲ ရှိတော့တယ်၊

မှောင်လိုက်တာ ပိန်းလို့ ၊ နင်းတွေက လည်းကျလိုက်တာမပြောနဲ့တော့။ချမ်း
လိုက်တာလဲလွန်ပါရော။အင်း- ငါ့တော့
မှားပြီ။ ကိုယ့်အိမ်ကိုယ့်ရာမှာ စိတ်အေး
လက်အေး နေနိုင်လျက်သားနဲ့ ဘာ
မဟုတ်တဲ့ စုန်းရှုးနတ်ရူးမှော်ရူး မိန်းမ
တစ်ယောက်ရဲ့ စကားကို ယုံကြည်ပြီး
ထွက်လာခဲ့တာ ငါ့လောက် ပိုက်တဲ့လူ ဘယ်မှာရှိမလဲလို့တွေးမိပါတယ်ခင်ဗျာ။
မိုးသောက်ဘက်နီးလေလေ၊ နင်း တွေကလည်းကျလာလေလေနှင်၊ပိတ် ပြီးလမ်းစကိုလဲမမြင်ရတော့ဘူး။လက်
ဝဲဘက်က နည်းနည်းတောရှင်းပြီး ချုံ
ပုတ်တွေ မြင်ရတယ် ခင်ဗျ၊ လက်ယာ
ဘက်မှာတော့ ကြိုးဝိုင်းတောအုပ်ကြီးပဲ
ရှိတယ်။ဒါနဲ့ – ဟယ် – ခုမှဖြင့်မထူးတော့
ပါဘူး။ ငါလည်းပင်ပန်းလှပြီ၊တစ်မှေးမှ
လည်းမအိပ်ရသေးဘူး။ရောက်တဲ့နေရာ
တစ်မှေးလောက်ပဲ မွေးရ မှေးရ ဆိုပြီး
စက်ကိုတစ်ခါတည်းရပ်ပစ်လိုက်တယ်။
ရှေ့ကိုဆက်ပြီးမမောင်းနိုင်မယ့်အတူတူ
ဒီနေရာမှာပဲ စခန်းချတော့မယ်ဆိုပြီး
စိတ်ကိုသန္နိဋ္ဌာန်ချလိုက်တယ်။ဒီနောက်
ကားပေါ်တက်၊ အပေါ်ကုတ်အင်္ကျီထပ် ဝတ် ပုလင်းထဲက“ရမ်”ကလေးတစ် ကျိုက် လောက်မော့၊ သက္ကလတ်စောင်

ကြီးခြုံပြီး ကားနောက်ပိုင်းမှာ အသာ ကလေး လှဲနေလိုက်တယ် ခင်ဗျ။ ချမ်း လိုက်တာလဲ ခိုက်ခိုက်တုန်နေတာပဲ။
စောင်နဲ့ကွေးပြီးမျက်စိကိုမှေးလိုက် ရုံရှိသေး။အင်း- ငါသေရမယ့်ရက်တန် ဆောင်မုန်းလပြည့်ကျော်(၈)ရက်နေ့
တော့ မိုးလင်းလာပြီဆိုတဲ့ဟာ သွားပြီ
သတိရလိုက်မိတယ်။ နို့ပေမဲ့ – ဒီမိန်းမ
ကြီးပြောလိုက်တာကဒီနေ့မှာအင်မတန်
အင်အားကြီးမားတဲ့ တန်ခိုးသတ္တိတစ်ခု
ဟာကိုယ့်အပေါ်မှာအုပ်စိုးနေလိမ့်မယ်။
အင်မတန် ဆိတ်ငြိမ်တဲ့နေရာမှာ သေ
ခြင်းတရားကို တွေ့ရလိမ့်မယ်လို့သာ
ပြောလိုက်တာ၊ ငါသေလိမ့်မယ်လို့ တိ
တိကျကျပြောတာမဟုတ်ဘူး။ အဲဒါကို
ရှောင်ကြဉ်ဖို့သတိထားဖို့သာပြောလိုက်
တာပဲ။ ပြီးတော့ ဆိတ်ငြိမ်တဲ့နေရာဆို
တာလဲဒီနေရာထက်ဆိတ်ငြိမ်တဲ့နေရာ
တွေ အများကြီးရှိတယ်လို့ ကိုယ့်ကိုယ်
ကိုယ်ကိုယ်အားပေးရတာကိုခင်ဗျ၊ ဒီလို
စိတ်ကိုတင်းပေမယ့်အချိန်ကလဲ မနက်
(၃)နာရီ၊ (၄)နာရီရောက်နေတဲ့နေရာ
ကလဲသစ်တောကြိုးဝိုင်းကြီးနားမှာလူစ
လူနလည်း မတွေ့၊ ရွာကလည်း အဝေး ကြီးဆိုတော့ ငြိမ်လိုက်တဲ့အမျိုး ဆိုတာ လဲ သစ်ရွက်တစ်ရွက် လေတိုက်သံ

တောင် မကြားဘူး။ ဒီတော့- အတော်ပဲ စိတ်အားငယ်မိပါတယ်ခင်ဗျာ။ အိမ်ပေါ် ကိုပြိုကျမတတ်မိုးနေတဲ့စက်ခေါင်းတိုင်
ကြီးကြောက်တာနဲ့ထွက်ပြေးလာခဲ့တာ
အခု တောကြီးထဲမှာမှ ဒုက္ခများ ရောက်
မှာလားလို့ကြံပြီး တွေ့၊မိပြန်ပါတယ်။
ပြီးတော့- အဲဒီ့အချိန်မှာကျွန်တော်
တစ်ခုစဉ်းစားမိတာကဒီနေရာဟာဆိတ်
ငြိမ်ပြီးနေပေမယ့် ကျွန်တော်ထင်တဲ့
အတိုင်းသက်ရှိသတ္တဝါကင်းမဲ့တဲ့နေရာ
မဟုတ်ဘူး။ အနီးပတ်ဝန်းကျင်မှာ သက်
ရှိသတ္တဝါတစ်ကောင်ကောင်ရှိနေသလို
လို၊ ဘာလိုလို ကိုယ့်လိပ်ပြာကိုယ် မလုံ
ဖြစ်မိတယ် ခင်ဗျ။ နတ်များ နှိုးဆော်
သလားတော့ မပြောတတ်ဘူး။ နာရီ
ကြည့်လိုက်တော့(၃)နာရီ၊(၃၅)မိနစ်ပဲ
ရှိသေးတယ်၊ လကလေးကလည်း ဝင်
လုဝင်ခင်ရွှေဝါရောင်တောက်ပြီးလျှံတွေ
နောက်ကို တဖြည်းဖြည်းဝင်နေတယ်။
စိတ်ချမ်းသာတဲ့လူတွေအတွက်တော့
လွမ်းဆွတ်ကြည်နူးစရာကောင်းတဲ့
အချိန်ကလေးလို့လဲ ခေါ်နိုင်တာပဲ ခင်ဗျ၊
“အဲဒီလိုနေတုန်း.. ဗြုန်းခနဲ ကျွန် တော့်ရဲ့ ရှေ့လက်ဝဲဘက် ချုံပုတ်ခပ်မြင့် မြင့်ဆီက“ဝါး”ခနဲ အော်လိုက်တဲ့အသံ

တစ်သံကြားလိုက်ရတာကို ခင်ဗျ။ အို- ကျွန်တော့်ရိုးတွင်းချဉ်ဆီထဲ စိမ့်ဝင်သွား
သလို အောက်မေ့လိုက်ရတယ်။ လူပဲ
လား၊ တောရိုင်းတိရစ္ဆာန်တစ်ကောင်
ကောင်ရဲ့အသံပဲလားမပြောတတ်ပါဘူး
ခင်ဗျား ကြက်သီ၊ဓမ္မ၊ညင်းတွေထပြီး
ကျွန်တော့်ခေါင်းဟာ ပုတ်လောက် ကြီး
သွားတယ် ထင်ရတယ်” “အို…ဒီနေရာမှာလူတော့ မဟုတ် နိုင်ပါဘူ။ တိရစ္ဆာန်တစ်ကောင်ပဲ ဖြစ်ရ မယ်၊ ကြိုးဝိုင်းဆိုတော့ ခွေ၊အတို့၊ ကျား
သစ်တို့ ရှိတာပေါ့လို့ ကိုယ့်ကိုယ်ကိုယ်
အားပေးသလို စိတ်ထဲက ရေရွတ်လိုက်
မိတယ်။ နို့ပေမဲ့- အသံတစ်သံက “ဒါပဲ၊
ဒါပဲ-ဒါဟာ နှင့်သေမင်းပဲ။ နင်ပြေးလို့
မလွတ်ဘူး”လို့ ပြောနေသလိုပဲ။ ကျွန်
တော့်တစ်ကိုယ်လုံးဟာ တဆတ်ဆတ်
တုန်ပြီး နဖူးက ချွေးတွေလဲ ရွှဲနေတာပဲ။
အပေါက်ကနေပြီး အသံကြားတဲ့ဘက်
ကို ကြည် ဖို့ တောင် ခွက်တစ်ဆယ်
အလေးကိုမ,ရသလိုအတော်အားယူပြီး
ကြည့်ရတယ်။ ကြည့်တော့ ဘာမှမမြင်
ပါဘူးခင်ဗျာ၊ အဝါရင့်ရောင်သန်းနေတဲ့
အလင်းရောင် ခပ်မှုန်မှုန်ကို နောက်ခံ
ထားပြီး ပေါ်နေတဲ့ချုံပုတ်ကြီးပဲ မြင်ရ

တယ်၊ ဒါနဲ့ “ဧကန္တ-လူတော့ မဟုတ် ဘူး။လရောင်ကိုကြည့်ပြီးငွေးအများဟာ
အူတတ်သတဲ့။ဪ-တစ်ခုလဲရှိသေး
တယ်။ အရူးများဟာ ဒီလိုလရောင်ကို
မြင်ရတဲ့အခါ အရူးထတတ်တယ်ဆိုပဲ၊
နို့ပေမဲ့-ရွာက ဝေးလို့ အရူးလဲ မဟုတ်
နိုင်ပါဘူးလို့ တစ်ခါ စဉ်းစားမိပြန်တယ်။
အသံကတော့အင်မတန် ကြောက်စရာ
ကောင်းတဲ့အသံမျိုးလို့ ထင်လိုက်တာပဲ
ခင်ဗျ”
ဒီအချိန်လရောင်ကလေးကလည်း
ဝင်းလာ၊နင်းကလေးကလည်းအတော်
ကွဲသွားတော့ ရှေ့သွားရမယ့်လမ်း
ကလေးကို နည်းနည်းမြင်ရလာတယ်
ခင်ဗျ။ ဒါနဲ့ ကျွန်တော်လည်းဒီနေရာမှာ
နေရတာတော့ ကားမောင်းပြီး သွားနေ တာက တော်လိမ့်ဦးမယ်ဆိုပြီးကားကို
ကပျာကယာ စက်နှိုးထွက်ပါလေရော
ခင်ဗျာ။အဲဒီလိုလည်းထွက်ရော ချုံပုတ်
နောက်က လူတစ်ယောက်ရဲ့အရိပ်ဟာ
မားခနဲထလာပြီး ဒီလူဟာ ချုံထဲကလမ်း ပေါ်ကို ပြေးထွက်လာတာ မြင်ရတာကို
ခင်ဗျ၊လက်တစ်ဖက်ကိုမြှောက်ပြီးကျွန်
တော့်ကို ဘာပြောမှန်း မသိဘူး။ ပြော လိုက်တယ်၊ ဘောင်းဘီတိုနဲ့ ဂျာကင် အင်္ကျီအညိုရောင်နဲ့ အဝတ်အစားက

ခပ်စုတ်စုတ်ပါပဲ။ဒါပေမဲ့- သူ့လက်ထဲမှာ
သေနတ်ကြီးနဲ့ ခင်ဗျ။ သေနတ်က ကျွန်
တော့်ဘက်ကိုတော့ ချိန်မထားပါဘူး။
နို့ပေမဲ့- ဘယ်အခါမဆို ချိန်နိုင်တာကို
သည်တော့မှ ကျွန်တော့်စိတ်ထဲ လက္ခ
ဏာဆရာမကြီးဟောလိုက်တဲ့“ပြောင်း
လိုလို ဝိုင်းဝိုင်းအခေါင်းပေါက်နဲ့ လက်
နက်”ဆိုတာ ဒါပါကလား။ ဒီကနေ့ဟာ
လည်း တန်ဆောင်မုန်းလပြည့်ကျော်
(၈)ရက်၊ နေရာကလည်း အင်မတန်
ဆိတ်ငြိမ်တဲ့နေရာ၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊
သူဟာငါ့သေမင်းပဲ၊လက်စသတ်တော့
သေခြင်းနဲ့ရင်ဆိုင်တွေ့လိမ့်မယ်ဆိုတာ
ဒီဟာပဲကို။ကိုင်း- ဒီတော့- သူ့မပစ်ခင်
ငါကလက်ဦးအောင် ကြိတ်လိုက်မှပဲဆို
ပြီးဂီယာကိုဆောင့်နင်းလိုက်တော့ကား
ဟာ
က အရှိန်နဲ့ တိုးသွားလိုက်တာ၊ ဒီလူ
လည်းကားလက်ဝဲဘက်ဘီးအောက်ဝင်
သွားပြီး“အင့် ခနဲတစ်ချက်တည်းအော်
လိုက်တဲ့အသံကလွဲလို့ကျွန်တော်လည်း
မွှန်ထူသွားပြီးဘာသံမှမကြားရတော့ပါ
ဘူးခင်ဗျာ၊
ရှေ့ကိုက်(၅၀)လောက်မှာလမ်း
ကလေးဟာ တစ်ဖက်ကို တစ်ပေ လောက် စောင်းပြီး ကျဉ်းလိုက်တာက လည်း ကျွန်တော် ကားဘီးလွတ်ရုံ

ကလေးပဲ ရှိတယ်။ တစ်ဖက်တစ်ချက် မှာလဲ(၁၀)ပေလောက်နက်တဲ့ ချောက်
ကြီး ခင်ဗျ။ဟိုဘက်ရောက်မှကျွန်တော်
သတိပြုမိတယ်။ ဒီလောက်လမ်းကျဉ်း
ကလေးကိုကားဘာမှမဖြစ်ဘဲဖြတ်လာ
နိုင်တာကျွန်တော်ဖြင့်အံ့ဩလို့မဆုံးဘူး။
ကြောက်စိတ်ကတိုက်တွန်းနေတော့
ရှေ့မှာရှိတဲ့အန္တရာယ်ကိုမပြင်နိုင်ဘူးပေါ့
ခင်ဗျာ၊မျက်စိမှိတ်ပြီးဆင်ကန်းတောတိုး
ဇွတ်မောင်းခဲ့တာပဲ။
အလင်းရောင်ကလေးကလည်း ပေါ်လာပြီး နည်းနည်း ခေါင်းအေးသွား
တော့မှကျွန်တော်စဉ်းစားမိတယ်၊ ဒီလူ
ဟာ ငါနဲ့ ငြိုးသူရန်ဘက်လည်းမဟုတ်၊
သူ့ကိုလည်းငါကဘာမှမလုပ်ဘဲနဲ့လက်
တစ်ဖက်ကို သူ မြှောက်ပြီးအော်လိုက်
တာဟာ ရှေ့မှာ ကားသွားလို့မရဘူး။
လမ်းပျက်နေတယ်ဆိုတဲ့အကြောင်း
ငါ့ကို သတိပေးမလို့ ထွက်လာတာများ
လား။ငါလည်းသေနတ်ပြောင်းကိုမြင်ရုံ
နဲ့ အကြောက်ကြီးပြီး ဘာမှမဆင်ခြင်ဘဲ
တရကြမ်း ကားနဲ့ တိုက်ပြီးသတ်ခဲ့တာ ငါမှားပြီ။ ဒီလူဟာ လူဆိုးသူဆိုးတွေပစ် ဖို့ပဲ ချောင်းနေသလား။ ဒါမှမဟုတ်ရင် လည်းတောကောင်တစ်ကောင်ကောင် ပစ်ဖို့ချောင်းနေသလားမပြောတတ်ဘူး။

အကျိုးအကြောင်းသိရအောင်ဆိုပြီး ကျွန်တော်နောက်လှည့်ပြန်ဦးမယ် စိတ်
ကူးမိသေးတယ် ခင်ဗျ။
နို့ပေမဲ့- နောက်ကျနေရောပေါ့။ပြီး
တော့လဲ- ငါဟာ ကြောက်ကြောက်ရွံ့ရွံ့
နဲ့ကိုယ့်အသက်ကိုကာကွယ်ဖို့ဒီလိုလုပ်
မိပါတယ် ပြောရင်လည်း ဘယ်သူကမှ
ယုံမှာမဟုတ်ဘူး။ ဘယ်တရားသူကြီး
ကမှ ကင်းလွတ်ချက်ပေးနိုင်မှာ မဟုတ်
ဘူး။ ဟယ် – သူ့ထိုက်နဲ့ သူ့ကံနေပေစေ
တော့ ဆိုပြီး နောက်ကိုတောင် လှည့်
မကြည့်တော့ဘဲတစ်ခါတည်းသုတ်ခြေ
တင်ပြီးတွင်တွင်ကြီးဟင်းလာခဲ့တာကို
ခင်ဗျ။ ဒီနောက် -မိုးလင်းလာပြီး ကျွန်
တော့်လက်ယာဘက် တစ်မိုင်ကွာ
လောက်မှာ ရွာကလေးတစ်ရွာ မြင်ရ
တယ်၊ လက်ယာဘက်ယွန်းယွန်း ရှေ့
တည့်တည့်(၂)မိုင်ကွာလောက်မှာ သစ် ပင်အုပ်ကြီးတွေနဲ့ မှိုင်းမှိုင်းကြီး မြင်ရ
တော့မှ “ဖြူ၊မြို့ ဖြစ်တဲ့အကြောင်း သိ
ရတယ်။ဖြူကို ခဏဝင်ဖို့ညကကြံရွယ်
ထားပေမယ့်မဝင်တော့ပါဘူး။ မီးရထား
ခုံးကျော်ကလေး ဖြတ်၊ ပြည် – ရန်ကုန်
လမ်းမကြီးပေါ်တက်၊ဒီအတိုင်းမောင်းခဲ့
တာ တောင်ငူကို (၉)နာရီခွဲလောက်
ရောက်လာတာပါပဲ။

တောင်ငူရောက်တော့မှ ရွှေဆံ တော်ဘုရားကြီး ပထမဝင်ဖူးပြီး ကိုယ့် စိတ်ကိုယ်ငြိမ်အောင်မနည်းထိန်းပြီးတဲ့ နောက်မှအုတ်ကြွပ်တန်းမှာရှိတဲ့သူငယ်
ချင်းတစ်ယောက်အိမ် သွားတည်းရ
တယ်။ အဲဒီအိမ်မှာ တစ်နေ့လုံ၊ တစ်ည
လုံးစိတ်ချလက်ချအိပ်လိုက်တာနောက်
တစ်နေ့ တန်ဆောင်မုန်းလဆန်း (၉)
ရက်နေ့ မနက်မိုးလင်းခါမှ “ဟင်း”ခနဲ
သက်ပြင်းတစ်ချက် ချလိုက်မိပါတယ်
ခင်ဗျာ။ အင်း -ငါတော့ ပြောင်းဝက
လည်းလွတ်လာပြီ။လူသတ်မှုကလည်း
လွတ်လာပြီ။ ဘယ်သူမှ ငါ့ကားနဲ့ တိုက်
သတ်တာ မြင်တာလည်း မဟုတ်ဘူး။
ငါ့နောက်ကိုလည်း ဘယ်သူမှ ခြေရာခံ
လိုက်နိုင်မှာ မဟုတ်ဘူးဆိုပြီး ဒီအခါမှ
စိတ်နှလုံးကို တုံးတုံးချလိုက်ရတာကို
ခင်ဗျ။ထူးဆန်းတာက ဒီမိန်းမကြီးဟော
လိုက်တာ မမှန်ဘူးလည်း မဆိုနိုင်ဘူး။
အင်မတန် ဆိတ်ငြိမ်တဲ့နေရာမှာ သေ
ခြင်းတရားနဲ့ ရင်ဆိုင်တွေ့လိမ့်မယ်ဆို
တာသူဟောတဲ့တန်ဆောင်မုန်းလပြည့်
ကျော်(၈)ရက်ဆိုတာလည်း ကိုက်နေ
တာပဲ။ ပြောင်းတံလိုလိုအခေါင်းပေါက်နဲ့ ဝိုင်းဝိုင်းလက်နက်တစ်ခုဆိုတာလဲဟိုလူ့ လက်ထဲမှာ ကိုင်လာတဲ့သေနတ်ကို ဆို

လိုတာပဲ။ တစ်ခု – သူ ဟောလိုက်တာ
ကလဲ၊ကံကြမ္မာဆိုတာဘယ်လိုပဲကိုယ့်
ဆီကို လာနေပစေ၊ ကာကွယ်ဖို့ လွတ်
မြောက်ဖို့ အခွင့်အရေးတစ်ခုခုတော့
ရှိတာပဲဆိုတဲ့အဓိပ္ပာယ်ပါတယ် ခင်ဗျ။
အခုကိစ္စမှာ ကြည့် ပါလား။ ကျွန်တော်
ကာကွယ်လိုက်လို့ ကျွန်တော့်အသက်
ရှင်လွတ်မြောက်ပြီးသူသေသွားရတယ်၊
လုပ်ရတော့တာပဲ ခင်ဗျ။ ကိုယ့်အသက်
ထက်သူများအသက်တော့ပိုပြီးမခင်နိုင်
တော့ဘူး။
တစ်ခုဝမ်းနည်းစရာကောင်းတာ
က လပြည့်ကျော်(၁၀)ရက်နေ့ ရန်ကုန်
ပြန်ရောက်လို့ နောက်တစ်နေ့ သတင်း
စာတွေထဲမှာ မြင်ရတော့မှ သာပြီး စိတ်
မကောင်းဖြစ်မိတာကို ခင်ဗျ။ သူငယ်က
ညောင်ပင်သာရွာက သူငယ်ဆိုပဲ၊ အဲဒီ
နေ့ညက ကြိုးဝိုင်းစပ်မှာ ကျားသစ်တစ်
ကောင်ဟာ သောင်းကျန်းပြီး ရွာထဲလာ
ကြက်တွေဆွဲ၊ ဘဲတွေဆွဲ၊ ဆွဲလေတော့
ဒီကျားသစ်ကိုပစ်ရအောင် ချောင်းနေတဲ့
သူငယ်ဆိုပဲ။ သနားစရာကောင်းလိုက်
လေ ခင်ဗျာ။ ကျွန်တော့်ရဲ့ အစွဲအလမ်း
ကြောင့်ခမျာသက်သက်မဲ့သေသွားရရှာ
တယ်။

ဒီကတဲကစပြီး ကျွန်တော်လည်း နှစ်စဉ်နစ်တိုင်း တန်ဆောင်မုန်းလပြည့်
ကျော်(၈)ရက်နေ့ကျရင် သူ့သင်္ချိုင်း
ကလေးရှိတဲ့နေရာ ရောက်အောင်လာ
ပြီး သူ့သင်္ချိုင်းမြေပုံပေါ်မှာ ပန်းခွေတစ်
ရွှေဖြစ်ဖြစ်မတတ်သာတဲ့အဆုံးပန်းပွင့်
ကလေးတစ်ပွင့်ဖြစ်ဖြစ် လာပြီးချထား
တယ် ခင်ဗျ၊ ဒါဟာ ကျွန်တော့်ရဲ့ဒဏ်ကို ဝင်ပြီးခံသွားရှာတာကို ခင်ဗျ၊
ပုလိပ်ကို တိုင်ချင်လည်း တိုင်ပါ
တော့ ခင်ဗျာ။ ဒီဟာ ကျွန်တော့်အဖြစ်
အပျက်ပါပဲ။
“မတိုင်ပါဘူး-ကျုပ်က ဘာဖြစ်လို့
တိုင်ရမှာလဲ”
ဦးဘိုးလုံးသည်နေရာမှအတန်ငယ်
ထ၍သွားကာ ပိုက်လုံးဟောင်းများ စုပုံ
ထားသည့်အပုံထဲမှာတံတောင်သာသာ
ခန့်ရှိပိုက်လုံးတပ်လုံးကိုဆွဲယူလိုက်လေ
သည်၊
ထို့နောက် ကျားနာတစ်ကောင်ကဲ့ သို့ မောင်ဘစိုးအား ခုန်၍ အုပ်ပြီးလျှင် ဦးခေါင်းကို ပိုက်လုံးဖြင့်တစ်ရက်တည်း
တအားရိုက်ချလိုက်ရာ သေဘေးကို
ပြေး၍မလွတ်ရှာသောမောင်ဘစိုးသည်
သင်္ချိုင်းမြေပုံပေါ်သို့ကန့်လန့်ဖြတ်လဲကျ
သွားရှာလေ၏။

“ငါသား သတ်တဲ့အကောင်- အခု မှပဲလက်စားချေရတော့တယ်ကွယ်”ဟု ရေရွတ်ကာ ဦးဘို၊လုံးသည် ဘူတာရုံ ဘက်သို့ထွက်သွားလေသည်။
ဒဂုန်ရွှေများ

Zawgyi Version

ေၾကာက္စရာရက္ခ်ိန္း(စ/ဆုံး)
————————————-
တန္ေဆာင္မုန္းလျပည့္ေက်ာ္(၈)
ရက္ေန႔ ေဝလီေဝလင္းအခ်ိန္ျဖစ္၍ ဆီး
ႏွင္းမ်ား ထူထပ္စြာ က်လ်က္ရွိရာ ႐ြာ
ကေလးႏွင့္တကြ
ပတ္ဝန္းက်င္သည္
သခ်ႋဳင္းေျမပုံကဲ့သို႔ပင္တိတ္ဆိတ္လ်က္
ရွိေလသည္။
ထိုသူ၏ ဝိုင္းစက္ေသာမ်က္ႏွာမွာ
ျဖဴဖပ္ျဖဴေရာ္ရွိေနလ်က္ဂနာမၿငိမ္ေသာ မ်က္လုံးမ်ားသည္လည္း ပုစြန္မ်က္လုံး
မ်ားကဲ့သို႔ ေရွ႕သို႔ ျပဴးထြက္လ်က္ရွိ၏။
သူသည္ ေၾကာက္႐ြံ႕ထိတ္လန႔္ဖြယ္တစ္
ခုကို ေမွ်ာ္လင့္ေနသကဲ့သို႔ မၾကာခဏ
ေနာက္သို႔လည္းေကာင္း၊ေဘးသို႔လည္း
ေကာင္း ၾကည့္ရႈလ်က္ရွိ၏။ သို႔ေသာ္ မည္သည့္အရာကိုမွ် မျမင္ရေခ်၊ သူ၏ ေနာက္ မနီးမေဝးတြင္ကား ၿပိဳက်ေန ေသာ သခ်ႋဳင္းအုတ္ပုံတစ္ခု၊ အသုံးမျပဳ
ေသာ ေရတြင္းပ်က္မွ ပိုက္လုံးအႀကီး
အငယ္မ်ားကိုခ်၍ထားေသာ အပုံတစ္ခု
အေရာင္အဆင္းပ်က္၍ေနေသာ ဂုန္
အိတ္စုတ္တစ္လုံးမွတစ္ပါး မည္သည့္
အရာမွ်မရွိေခ်။သူသည္မည္သည့္အရာ
ကိုေၾကာက္႐ြံ႕၍ေနသနည္း။ မည္သည့္
အရာကိုေမွ်ာ္လင့္၍ေနေလသနည္း။
ယိုးဒယားႏွင္းဆီပင္ကေလးမ်ား ဝိုင္းရံစိုက္ထားေသာသခ်ႋဳင္းရာကေလး

မွာအေပၚမွအုတ္ခ်ပ္မ်ားျဖင့္သမံတလင္း
ကိုင္ထားေသာ္လည္း အခ်ိဳ႕ေနရာတြင္
ကြဲအက္ေနၿပီျဖစ္၍လည္းေကာင္း ႐ြက္
၍ေနေသာအပိုင္းမ်ားတြင္ ေရညႇိမ်ား
တက္၍ေနသည္ကို ေထာက္သျဖင့္
သခ်ႋဳင္းေဟာင္းတစ္ခုျဖစ္တန္ရာ၏။
ဆယ္အိမ္ေခါင္း ဦးဘိုးလုံးသည္
ထိုေန႔ကၿမိဳ႕သို႔သြားရန္ ကိစၥရွိသျဖင့္ ႐ြာ
သခ်ႋဳင္းျဖတ္လမ္းမွေလွ်ာက္၍လာခဲ့ရာ
သခ်ႋဳင္းပ်က္အုတ္ပုံႀကီးအနီးသို႔ေရာက္
ေသာအခါ ထိုသူကို ရိပ္ခနဲ ျမင္လိုက္ရ
သျဖင့္ ကိုယ္ရွိန္သတ္ကာ အုတ္ပုံကို ကြယ္လိုက္ၿပီးေနာက္ ထိုသူ၏ အရိပ္ အကဲကိုၾကည့္၍ေနေလသည္။
သခ်ႋဳင္းေဟာင္းတစ္ခုကို ယင္းကဲ့
သို႔ နံနက္ေဝလီေဝလင္းအခ်ိန္၌ အမႈိက္ သ႐ိုက္မ်ားကို ဖယ္ရွားလ်က္ ပန္းပင္
ကေလးမ်ားကိုျပဳျပင္၍ေနျခင္းကားထူး
ဆန္းလွ၏။ ဦးဘိုးလုံးသည္ ထိုသူအား
မ်က္ေတာင္မခတ္ဘဲ စိုက္၍ၾကည့္ေန
ေလသည္။ဦးဘိုးလုံးမွာထို႐ြာသားဇာတိ
ျဖစ္သျဖင့္ ႐ြာရွိ လူအားလုံးကို သိသည့္
အတိုင္း ထိုသူ၏မ်က္ႏွာကို ဆီးႏွင္းထု
အတြင္းမွျဖတ္၍ေကာင္းစြာမျမင္ရေသး ေသာ္လည္းထိုသူ၏ ပုံပန္းသဏၭာန္အား
ျဖင့္ပင္သူစိမ္းတစ္ေယာက္ျဖစ္ေၾကာင္း
ေကာင္းစြာသိရွိေလၿပီ။

ဦးဘိုးလုံးသည္ေရွ႕သို႔အနည္းငယ္
တိုး၍သြားရာထိုသူစိမ္းသည္ ဦးဘိုးလုံး
၏ေျခသံမ်ားကို ၾကားသျဖင့္ ဖ်ပ္ခနဲ
လွည့္၍ၾကည့္လိုက္၏။ ထိုအခါမွ သူ၏
မ်က္ႏွာမွာ ပို၍ျဖဴသြားၿပီးလွ်င္ မ်က္လုံး
မ်ားသည္ ပို၍ ျပဳ၊ေၾကာင္ေၾကာင္ ျဖစ္
သြားေလသည္။
လုံး။ ၊ဒီမွာေမာင္ရင္- ေသတဲ့လူ က ေမာင္ရင္ရဲ႕ ေဆြမ်ိဳးလား၊ မိတ္ေဆြ
လား”
“မဟုတ္ပါဘူး ခင္ဗ်ား” သူစိမ္းသည္ ဦးဘိုးလုံး၏အေမး
ေၾကာင့္ ဖ်တ္ခနဲလန႔္သြား၏။ လုံး။ ။ သိလို႔လား” “မသိပါဘူး”
သူစိမ္း၏မ်က္လုံးမ်ားမွာေၾကာက္ ႐ြံ႕ျခင္း၏အဓိပၸာယ္ကိုအစြမ္းကုန္ေဆာင္
လ်က္ရွိရာညိဳေသာမ်က္ရစ္မ်ားႏွင့္ခ်ိဳင့္
ဝင္လ်က္ရွိေသာ မ်က္လုံးအိမ္မ်ားမွာ
ရက္ေပါင္းအေတာ္ၾကာမွ် အအိပ္အေန
မွန္သည့္အျဖစ္ကိုလည္းေကာင္း၊ စိတ္ ေသာကေရာက္ျခင္းလကၡဏာကိုလည္း

ေကာင္း ေဖာ္ျပလ်က္ရွိေလသည္။
ထိုအခါ ဦးဘိုးလုံးက သူစိမ္းအား-
“ထိုင္ပါဦးေလ”ဟုေျပာလိုက္သျဖင့္ ထိုသူသည္ ဦးဘိုးလုံး၏စကားကိုလိုက္

နာကာနံေဘးရွိအျခားသခ်ႋဳင္းရာအုတ္ ပုံပ်က္တစ္ခုေပၚတြင္ ထိုင္ခ်လိုက္ေလ
သည္။ ဦးဘိုးလုံးကလည္း သူႏွင့္ မနီး
မေဝးတြင္ ထိုင္လိုက္၏။
(သူစိမ္း)ဦးေတာ္ဟာ သိပ္ၿပီးလူ တစ္ဖက္သားကိုၾကင္နာတတ္ပုံရတယ္”
ပါပဲ”
လုံး။ ။ အင္း- ေမာင္ရင္ထင္သလို
သူစိမ္း။ ။“ဒီလိုဆိုရင္-ကြၽန္ေတာ္
ေျပာခ်င္တယ္ ခင္ဗ်ာ။ ေျပာခ်င္တယ္၊ ေျပာခ်င္တယ္။ ရင္ေလးလြန္းလို႔ ပါ ခင္ဗ်ာ
သူစိမ္းသည္ ဤေနရာတြင္ စကာ၊ ကို ရပ္လိုက္၏။ သူေျပာမည့္စကားမ်ား မွာ စိတ္မခ်မ္းေျမ့ဖြယ္စကားမ်ားျဖစ္ မည္ကို သိေသာ္လည္း ဦးဘိုးလုံးသည္ လႊဲေရွာင္၍ မရႏိုင္ေတာ့ဘဲ နားေထာင္ ရမည္ျဖစ္၏။ထိုသူေျပာမည္ကိုတားဆီး
၍လည္း ရမည္မဟုတ္ေခ်၊
“အခုလို ဖြင့္ေျပာရမယ့္ လူတစ္ ေယာက္ အခန႔္သင့္ လာေတြ႕ရတာ ကံ ေကာင္းတာပဲ”
သူစိမ္းသည္လက္မွေျမမႈန႔္မ်ားကို
ခါခ်လိုက္ၿပီးလွ်င္ စိတ္ကို ထိန္းထားရ သည့္မာနျဖင့္ လက္ဝါးႏွစ္ဖက္ကို ပြတ္
သပ္လ်က္ရွိေလသည္။

ကြၽန္ေတာ့္ရာဇဝင္က လြန္ခဲ့တဲ့
(၃-၄)ႏွစ္ေလာက္က ပဲခူးေ႐ႊေမာ္ေဓာ
ဘုရားကို ဘုရားဖူးသြားရင္းက စခဲ့ပါ
တယ္ခင္ဗ်ာ၊အဲဒီေန႔ဟာကြၽန္ေတာ့္တစ္
သက္မွာကံအဆိုးဆုံးေန႔ပါပဲ။ကြၽန္ေတာ္
နဲ႔ကြၽန္ေတာ့္ရည္းစားခင္ေဒါင္းႏြယ္ဟာ
တစ္ေန႔လုံး ေလွ်ာက္လည္၊ ဘုရားေတြ
လည္ဖူး။ေနာက္ဆုံးေ႐ႊေမာ္ေဓာဘုရား
ေစာင္းတန္းက ဆင္းလာေတာ့ ျမင္း
လွည္းေစာင့္ေနတုန္း မိုးကေလးက
တေျဖာက္ေျဖာက္က်လာတာနဲ႔ သစ္ပင္
ရိပ္တစ္ခုေအာက္မွာ ခိုရင္း ကြၽန္ေတာ့္
ရည္းစားကလမ္းေဘးတစ္ဖက္ကအိမ္
ေပါက္မွာဆြဲထားတဲ့ဆိုင္းဘုတ္ကေလး
တစ္ခုသြားျမင္တာကိုခင္ဗ်။ ဆိုင္းဘုတ္
က “ေဒၚျပသြ၊ လကၡဏာဆရာမႀကီး
နတ္ေဗဒင္ေဟာသည္”တဲ့။
ဒါနဲ႔ သူက အစ္ကိုႀကီး၊ ကြၽန္မတို႔ မိုးလည္းခိုရင္း အပ်င္းေျပ ဝင္ၿပီးေဗဒင္ ေမးရေအာင္လို႔ေျပာတာကိုခင္ဗ်၊ ပိုးက
လည္းသူေျပာမွနည္းနည္းပိုၿပီး သဲလာ၊
ကြၽန္ေတာ္တို႔မွာ ထီးလည္းမပါေတာ့
ကြၽန္ေတာ္လည္းပထမသေဘာမတူေပ
မယ့္ မိုးလည္းခိုရေအာင္ဆိုၿပီး သေဘာ တူလိုက္ပါတယ္ ခင္ဗ်ာ။ ဒါနဲ႔ ကြၽန္ေတာ္ တို႔လည္းအဲဒီအိမ္ကိုဝင္ၾကတယ္ခင္ဗ်။

အိမ္ဆိုေပမယ့္တန္းလ်ားရွည္တစ္ခုက
အခန္းကေလးတစ္ခုပါပဲ၊ နံေဘးက
အခန္းေတြမွာေတာ့ ကုလားကုန္စုံဆိုင္
ေတြ၊ လက္ဖက္ရည္ဆိုင္ကေလးေတြ
ေပါ့ခင္ဗ်ာ၊
အခန္းကေလးက က်ဥ္းက်ဥ္းပါပဲ။
(၁၅)ေပေလာက္ပဲ က်ယ္ပါလိမ့္မယ္။
အိမ္ေရွ႕ဖိနပ္ခြၽတ္မွာ ပုံတန္းလ်ားတစ္ခု၊
ကုလားထိုင္ ခပ္ေဟာင္းေဟာင္း (၉၂)
လုံးရွိတယ္ခင္ဗ်။အတြင္းဘက္ကိုေတာ့
အျဖဴတစ္တန႔္ အနီတစ္တန႔္ သရက္
ထည္ကန႔္လန႔္ကာတစ္ခု ကာထား
တယ္။ အေနအထိုင္ျမင္ရတာ အေတာ္
ဆင္းဆင္းရဲရဲပါပဲ။ အိမ္ေရွ႕က ကုလား
ထိုင္ေပၚမွာ အသက္ငါးဆယ္ေက်ာ္
ေျခာက္ဆယ္ေလာက္ရွိမယ့္ မိန္းမႀကီး
တစ္ေယာက္ ထိုင္ေနတာ ေတြ႕ရတယ္။

ဒါနဲ႔ -ကြၽန္ေတာ့္ရည္းစားက လကၡဏာ ဆရာမ ေဒၚျမေသြးနဲ႔ ေတြ႕လိုေၾကာင္း၊
ေဗဒင္ေမးလိုေၾကာင္းေျပာေတာ့အမယ္
ႀကီးလည္း ေလာကြတ္ပ်ဴငွာနဲ႔ ကြၽန္ ေတာ္တို႔ကို အျပင္ခုံတန္းလ်ားမွာပဲ ေန
ရာထိုင္ခင္းေပးၿပီးအိမ္ထဲခဏဝင္သြာ။
တစ္ခါျပန္ထြက္လာၿပီးကြၽန္ေတာ္တို႔ကို အိမ္အတြင္းဘက္ဝင္ဖို႔ ေခၚတာကို၊
ခင္ဗ်။ ဒီေတာ့ ကြၽန္ေတာ္တို႔လဲ အိမ္ထဲ

ဝင္လိုက္သြားရတယ္။ ကန႔္လန႔္ကာ
ေနာက္မွာေတာ့သင္ျဖဴးတစ္ခ်ပ္၊ ႏွစ္ခ်ပ္
ခင္းထားၿပီးအတြင္းဘက္မွာဇာခန္းဆီး
တပ္ထားတဲ့အခန္းကေလးတစ္ခု ေတြ႕
ရျပန္ပါတယ္၊ အဲဒီအခန္းကေလးထဲမွာ
ေဗဒင္တို႔၊ လကၡဏာတို႔ ၾကည့္ရတာကို
ခင္ဗ်၊
ခဏၾကာေတာ့မိန္းမတစ္ေယာက္
ထဘီအနီကိုဝတ္ၿပီးအခန္းထဲကထြက္
လာတယ္။ဆံပင္ကိုဖားလ်ားခ်ၿပီးေခါင္း
မွာလည္း ႏွင္းဆီအနီပြင့္တစ္ပြင့္ပန္ထား
တယ္။အက်ႌအျဖဴလက္ရွည္ဝတ္ၿပီးပိုးစ
အနီတစ္ခုကိုလည္း လည္ပင္းမွာ စည္း
ထားတယ္။အသက္ကေတာ့ကြၽန္ေတာ့္
စိတ္ထင္(၄၀)ေက်ာ္(၅ဝ)တြင္းေလာက္
ပါပဲ။ မ်က္ႏွာက အင္မတန္ ဣေျႏၵရၿပီး
အထူးသျဖင့္ သူ႔မ်က္လုံးေတြဟာ
ေတာက္ပတဲ့အေရာင္ေတြ ထြက္ေန
သလို ေအာက္ေမ့ရတယ္။ ကြၽန္ေတာ့္
ရည္းစားကိုပထမၾကည့္ၿပီးကြၽန္ေတာ့္ကို
ၾကည့္လိုက္တာကြၽန္ေတာ္ေတာင္ သူ႔ကို
ေၾကာက္သလိုလို၊ ေက်ာထဲက စိမ့္လာ သလိုလို ေအာက္ေမ့လိုက္မိတယ္။ သူ႔
မ်က္လုံးတန္ခိုးနဲ႔ပဲတူပါတယ္။အခန္းထဲ
အဝင္ခိုင္းတဲ့အခါ ခင္ေဒါင္းႏြယ္ဟာ အခန္းထဲဝင္ဖို႔ေၾကာက္ေနသလိုပဲ၊ ဒါနဲ႔

ကြၽန္ေတာ္က ဝင္လိုက္မယ္လုပ္ေတာ့
“တစ္ေယာက္တည္း ဝင္ခြင့္ရွိတယ္။ ႏွစ္
ေယာက္မဝင္ ရဘူး” ခပ္ျပတ္ျပတ္ ေျပာ
လိုက္တယ္။ ဒါနဲ႔ ကြၽန္ေတာ္ဟာအျပင္မွ
ေစာင့္ေနရစ္ရတယ္ ခင္ဗ်။
ခင္ေဒါင္းႏြယ္ကိုသူဘာေတြေဟာ လိုက္မလဲ၊မိန္းမဆိုတာဘာပဲေျပာေျပာ အင္မတန္ ယုံၾကည္တတ္တာကလား ဆိုၿပီး ကြၽန္ေတာ္ စိတ္ပူမိတယ္၊ ဒါနဲ႔
ကြၽန္ေတာ္လည္း အထဲမွာ ေဗဒင္ေဟာ
ေနတုန္းအျပင္ကထိုင္ေစာင့္ေနရတာကို
ခင္ဗ်၊ အဲဒီလိုေစာင့္ေနတဲ့အခါ အျပင္
စားပြဲကေလးေပၚမွာ စာရင္းစာအုပ္လို
စာအုပ္ႀကီးတစ္အုပ္ တင္ထားတာနဲ႔ ဆြဲ
ၿပီးၾကည့္မိတယ္။ ဒီစာအုပ္ႀကီးက သူ
ေဟာလိုက္တဲ့လူေတြဆီကေပးလိုက္တဲ့
စာေတြကို မူလအတိုင္း စကၠဴအထူေပၚ
မွာကပ္ၿပီး ဓာတ္ပုံ “အယ္(လ)ဘမ္”လို
လုပ္ထားတဲ့စာအုပ္ကို ခင္ဗ်။ အၿမိဳ႕ၿမိဳ႕ အ႐ြာ႐ြာက ေပးလိုက္တဲ့ စာေတြပါပဲ ခင္ဗ်ာ။ သူေဟာလိုက္တဲ့အတိုင္း မွန္
ကန္တဲ့အေၾကာင္းေတြ ေရးထားတယ္၊
တခ်ိဳ႕လဲ သူေဟာလိုက္တဲ့အတိုင္း အိမ္
ေထာင္ဖက္ေတြ႕တဲ့အေၾကာင္းေတြ၊ခ်စ္ သူနဲ႔ကြဲတဲ့အေၾကာင္းေတြ၊ သားသမီးမရ တဲ့အေၾကာင္းေတြ၊ ဥစၥာေပ်ာက္ကို ျပန္

ရတဲ့အေၾကာင္းေတြ၊ လင္ဆုံးသြားတဲ့
အေၾကာင္းေတြ၊ မယားေဖာက္ျပန္သြား
တဲ့အေၾကာင္းေတြ၊ စုံေနတာပါပဲခင္ဗ်ား
တခ်ိဳ႕လည္း မေတာ္တဆ ထိခိုက္နာ
က်င္မႈေတြ ေတြ႕ရတဲ့အေၾကာင္း ပါရဲ႕။
ေကာင္းတာေရာ၊ မေကာင္းတာေရာ စုံ
ေနတာပဲ။စိတ္ဝင္စားစရာေတာ့အေတာ္
ေကာင္းပါတယ္။ အထဲမွာ ကြၽန္ေတာ့္
ရည္းစားကိုေဟာေနတာေတြ႕ေတာ့ေသ
ေသခ်ာခ်ာ မၾကားရပါဘူး။ နားစြန္နား
ဖ်ားေလာက္သာ ၾကားရပါတယ္။ ဒါနဲ႔
(၁၅)မိနစ္ေလာက္ၾကာေတာ့ကြၽန္ေတာ့္
ရည္းစားလည္း အခန္းထဲက ထြက္လာ
တယ္။ ေနာင္ႏွစ္ခါလက္ထပ္ရလိမ့္မယ္
ဆိုတဲ့အေၾကာင္းေျပာလိုက္သတဲ့ခင္ဗ်ာ၊
ဘယ္သူဘယ္ဝါနဲ႔လက္ထပ္ရလိမ့္မည္
ဆိုတာေတာ့မေျပာလိုက္ဘူးတဲ့။ ႏို႔ေပမဲ့
ကြၽန္ေတာ္နဲ႔လက္ထပ္ရလိမ့္မယ္ဆိုတာ
ေတာ့ သူ ယုံၾကည္ပါတယ္လို႔ ေျပာတာ
ကိုခင္ဗ်။ဒါနဲ႔သူထြက္လာၿပီးကြၽန္ေတာ့္
ကို “ကိုင္း – ကိုဘစိုး၊ သြားၿပီး လကၡဏာ
ၾကည့္ေခ်ေလ။ကိုဘစိုးအလွည့္ပဲ က်န္
ေတာ့တယ္”လို႔ေျပာတာကိုခင္ဗ်။ ကြၽန္
ေတာ္ဟာ ေဗဒင္ေတြ၊ လကၡဏာေတြ
မယုံၾကည္ပါဘူး ခင္ဗ်ာ။ ေပးဖို႔လည္း
ဝါသနာမပါပါဘူး။ ႏို႔ေပမဲ့ -ကြၽန္ေတာ့္

ရည္းစားကအတန္တန္တိုက္တြန္းေလ ေတာ့အခန္းထဲ ဝင္သြားမိတယ္။ အခန္းကေလးကအတြင္းဘက္မွာ
ေမွာင္လို႔ခင္ဗ်။ေခါင္းရင္းဘက္မွာေရနံ ဆီစားပြဲတင္ မွန္အိမ္ အိမ္ကေလးတစ္ လုံးထြန္းထားတယ္။ အလင္းေရာင္ဆို
လို႔ အဲဒီအလင္၊ေရာင္ကေလးတစ္ခုပဲ
ရွိတယ္။ အဲဒီ့မွန္နားမွာ ဆရာမထိုင္ေန
တာကိုမွန္အိမ္မီးေရာင္နဲ႔ သူ႔မ်က္ႏွာကို
ျမင္ရတာ ကြၽန္ေတာ့္ျဖင့္ ၾကက္သီးေမြး
ညင္း ထမိတယ္ ခင္ဗ်ာ။ မိန္းမရဲ႕ ႐ုပ္က
သနားကမားေပမယ့္ သူ႔ေခါင္းမွာ ပန္
ထားတဲ့ ပန္းပြင့္အနီေရာင္နဲ႔ လည္ပင္း
မွာစည္းထားတဲ့ ပိုးစအနီေရာင္နဲ႔ဟာ
တစ္ခါတည္း ေရာစပ္ၿပီး သူ႔အသား
ခပ္
ျဖဴျဖဴေပၚမွာ ေသြးေရာင္ေတြ လွ်မ္းေန
သလိုပဲ၊ မ်က္လုံးႏွစ္လုံးကလည္း
အေမွာင္ထဲမွာေၾကာင္မ်က္စိကအလင္း
ေရာင္ေတြထြက္ေနသလိုပဲ။ကြၽန္ေတာ္ ဝင္လာတာျမင္ေတာ့ ကုလားထိုင္တစ္
လုံးကို လက္ညႇိဳးထိုးျပလိုက္လို႔ ကြၽန္
ေတာ္ထိုင္ရတယ္။ၿပီးေတာ့အိမ္ခန္းထဲ
ဝင္သြားတဲ့အခါ အတြင္းဘက္က
ဆီခ်က္သလိုလို၊ ေညႇာ္ေၾကာ္သလိုလို
ဘာနံ႔ႀကီးမွန္းမသိပါဘူး ခင္ဗ်ာ။ နံလိုက္

တာလည္းလြန္ပါေရာ၊ကြၽန္ေတာ္လည္း
မၾကာမၾကာ ႏွာေခါင္းပိတ္မိတယ္၊ ကြၽန္ေတာ့္ကို စိုက္ၿပီးၾကည့္လိုက္ တာ သူ႔အျမင္ဟာ ကြၽန္ေတာ့္ကိုယ္ကို
ေဖာက္ထြင္းၿပီးျမင္သလိုပါပဲ။လကၡဏာ
ၾကည့္႐ုံဆိုရင္ (၅ိ/- )တစ္သက္လုံး
အတြက္ ေဟာစာတမ္းလုပ္ၿပီး ေဟာရ
မယ္ဆိုရင္ (၁ဝိ/-)လို႔ေျပာေတာ့ကြၽန္
ေတာ္လည္း တစ္ေယာက္ၾကည့္ၿပီးမွ
မထူးပါဘူး။ပိုက္ဆံအပိုကုန္တာပဲဆိုၿပီး
လကၡဏာ႐ိုး႐ိုးပဲၾကည့္ပါေတာ့ခင္ဗ်ာလို႔
ေျပာလိုက္တယ္။အခန္းထဲ ဝင္မိလို႔သာ
ေျပာလိုက္ရတယ္။ စိတ္ကေတာ့မပါလွ
ပါဘူး။ဒါနဲ႔ကြၽန္ေတာ့္ကိုသူ႔အနားလက္
ယပ္ေခၚၿပီးကြၽန္ေတာ့္ရဲ႕ညာဘက္လက္
ဖဝါးကို ျဖန႔္ၿပီး (၁)မိနစ္ေလာက္ ၾကည့္
ေနတယ္။
ဒီေနာက္ကြၽန္ေတာ့္ေနရာျပန္ထိုင္
တဲ့အခါ သူက“ရည္းစားနဲ႔ ေတြ႕ရတယ္ ဆိုတဲ့လူဟာ ေဗဒင္ေမးဖို႔ေတာင္မလို ဘူး။ အင္မတန္စိတ္ေအးေနတာပဲ၊ ဒါေပမဲ့- ေအးခ်ည္တစ္ခါ ပူခ်ည္တစ္ လွည့္ဆိုတာလိုေပါ့၊အပူလာတဲ့အခါလဲ လာဦးမွာပဲ” အဲဒီလိုေျပာလိုက္တာဟာ ကြၽန္ေတာ့္ကို ေျပာေနတာထက္ သူ႔

ကိုယ္သူ ေျပာေနတယ္လို႔ ထင္ရတယ္
ခင္ဗ်၊ ဒီေနာက္ ကြၽန္ေတာ္ ေနာက္က
ျဖစ္ပ်က္ခဲ့တဲ့အျဖစ္အပ်က္ေတြတစ္ခုစီ
တစ္ခုစီေျပာလိုက္တာ ခင္ဗ်ာ။လြန္ခဲ့တဲ့
သုံးေလးႏွစ္က အျဖစ္အပ်က္ေရာ၊ငယ္
ငယ္တုန္းကအျဖစ္အပ်က္ေတြေရာမွန္
လိုက္တာလဲ မေျပာပါနဲ႔ေတာ့၊ ဘယ္
ေလာက္ထိေအာင္ အေသးစိတ္မွန္
သလဲဆိုရင္လြန္ခဲ့တဲ့(၆)လေလာက္က
ျဖစ္ခဲ့တဲ့ကြၽန္ေတာ့္ရဲ႕ကိုယ္ေရးကိုယ္တာ
ကိစၥကေလးကိုေတာင္ သူသိတယ္၊
အဲဒီလို ကြၽန္ေတာ့္ရဲ႕ေနာက္ျဖစ္ေတြကို
ေလွ်ာက္ၿပီးေဟာလိုက္တာ ခင္ဗ်ာ …
တစ္သီႀကီးပါပဲ၊
ဒါနဲ႔ကြၽန္ေတာ္က”ဆရာမႀကီးရယ္၊ ကြၽန္ေတာ့္ရဲ႕ေနာက္ျဖစ္ေတြေဟာလိုက္ တာေတာ္ေလာက္ပါၿပီ။ ေရွ႕ျဖစ္မယ့္ေရွ႕ ျဖစ္ကိုလဲ ေဟာဦးမွေပါ့”လို႔ ရယ္သလို၊ ေမာသလိုနဲ႔ေျပာလိုက္တယ္ခင္ဗ်။အဲဒီ လို ေျပာလိုက္တာက သူေဟာတာေတြ
ကြၽန္ေတာ္ သိပ္ၿပီးအယုံအၾကည္ မရွိလွ
ဘူးဆိုတဲ့အေၾကာင္းလဲ သူသိေအာင္
ေျပာလိုက္တာပဲ။ ႏို႔ေပမဲ့ – သူက နည္း
နည္းကေလးမွ ျပန္ၿပီးမၿပီးဘူး သူ႔မ်က္
လုံးႏွစ္လုံးဟာ ေၾကာင္တစ္ေကာင္ရဲ႕
မ်က္လုံးကို နည္းနည္းက်ဥ္းသြားသလို

ထင္လိုက္ရတယ္။ ႏႈတ္ခမ္းဟာလဲ ပိပိ ရွိရွိျဖစ္ၿပီး ဣေျႏၵနည္းနည္းမွမပ်က္ဘူး။ ဒီေနာက္ သူက ကြၽန္ေတာ္မ်က္ႏွာ ကို ေစ့ေစ့ၾကည့္ၿပီး“ရွင့္ရဲ႕ အနာဂတ္ကို ကြၽန္မဖတ္လို႔မရဘူးရွင့္၊ သေဘာမက်
လို႔၊ ရွင္ေပးထားတဲ့ေငြကိုျပန္လိုခ်င္ရင္
ျပန္ေပးပါ့မယ္”လို႔ ေျပာတာကို ခင္ဗ်။
ဒီေတာ့ – ကြၽန္ေတာ္လည္း စိတ္ထဲမွာ
ေထာင္းခနဲ ျဖစ္သြားၿပီး “မဟုတ္ပါဘူး
ခင္ဗ်ာ။ လကၡဏာဆရာတစ္ေယာက္
လုပ္ေနၿပီး အနာဂတ္ကို မေဟာဘူးဆို
တာ ဥပမာ..ခ်စ္ေရးႀကိဳက္ေရးကိစၥ၊
စီးပြားေရးကိစၥ၊က်န္းမာေရ၊ကိစၥ၊အဲဒီလို
တစ္ခုႏွစ္ခု ေဟာလိုက္ရင္ ၿပီးတာပါပဲ၊
ေငြကိုလဲကြၽန္ေတာ္ျပန္မလိုခ်င္ပါဘူး” လို႔ ျပန္ေျပာလိုက္တယ္။
ဒီေတာ့ – ဆရာမႀကီးလည္း ကြၽန္ ေတာ့္ကိုတစ္ခါေခၚၿပီးကြၽန္ေတာ့္ရဲ႕လက္ ကို မီးေရာင္နားကပ္ၿပီး မွန္ဘီလူးနဲ႔တစ္ ခါၾကည့္ျပန္တယ္၊ ဒီတစ္ခါေတာ့ မလႈပ္
မယွက္ စိုက္ၾကည့္ေနတာ (၂)မိနစ္
ေလာက္ၾကာတယ္။ ေဟာ-ေဟာ-ျမင္
ရၿပီ၊ျမင္ရၿပီ။ ေသခ်ာပါတယ္၊ ဂဏန္းက
(၈)ဂဏန္း။ ဒီဘက္က တန္ေဆာင္မုန္း လပဲ။ လျပည့္ ေနပုံေထာက္ေတာ့
လျပည့္ေက်ာ္ပဲ။တန္ေဆာင္မုန္းလျပည့္

ေက်ာ္ (၈)ရက္ေန႔။ ဟုတ္ၿပီ၊ ဟုတ္ၿပီ၊ ခုနစ္ေတာ့ မပါဘူး။
ကြၽန္ေတာ္က“ဪ-တန္ေဆာင္
မုန္းလျပည့္ေက်ာ္ (၈)ရက္ေန႔လို႔ ျမင္ရ
လား”
“ဟုတ္တယ္… အဲဒီအတိုင္း ျမင္ရ
တယ္”
“ရက္နဲ႔ လကေတာ့ ဟုတ္ပါၿပီ…
ဆရာမႀကီးရယ္၊ ခုနစ္ကေကာ…”
“ခုႏွစ္ကေတာ့မေသခ်ာဘူး မထင္
ရွားဘူး”
“ေကာင္းပါၿပီ ခင္ဗ်ာ။ ေက်းဇူးတင္
ပါတယ္။ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၈)ရက္ေန႔မွာ ကြၽန္ေတာ္ လက္ထပ္ဖို႔ ျမင္တယ္ဆိုပါေတာ့”
“မဟုတ္ဘူးရွင့္။ ကြၽန္မ ဆိုလိုတာ ကရွင္ေသမယ့္ေန႔ရက္ကိုေျပာတာ”
“အလို၊ ဒီလိုပဲေဟာရသလားဗ်ာ”
“လက္ေပၚမွာ ထင္ေနတဲ့အတိုင္း
ေဟာရတာကို ရွင့္”
အဲဒီလိုကြၽန္ေတာ့္တို႔အျပန္အလွန္
ေျပာေနၾကပါတယ္ ခင္ဗ်ာ။ ဒီလိုေဟာ
လိုက္ေတာ့ေဗဒင္ကိုမယုံဘူးဆိုေပမယ့္
ကြၽန္ေတာ့္စိတ္ကိုအေတာ္ထိခိုက္သြား
ပါတယ္။

ဤေနရာသို႔ေရာက္လွ်င္ ေမာင္ ဘစိုးဆိုသူထူးဆန္းေသာသူစိမ္း၏အမႈ
အရာမွာတကယ္ပင္ေၾကာက္႐ြံ႕တုန္လႈပ္
သြားေၾကာင္း၊ ဦးဘိုးလုံး သတိျပဳ၏။ ထို႔ ေနာက္ ေမာင္ဘစိုးက ဆက္လက္၍-
“ဒါနဲ႔ – ကြၽန္ေတာ္ကလည္း ေမး
လက္စရွိမွမထူးေတာ့ပါဘူးဆိုၿပီး“ဒီလို
ဆိုရင္ ဆရာမဆိုလိုတာက ခုႏွစ္
သကၠရာဇ္သာ အမွန္မေျပာႏိုင္တာ၊
ႏို႔ေပမဲ့-တန္ေဆာင္မုန္းလျပည့္ေက်ာ္
(၈)ရက္ေန႔တစ္ေန႔မွာ ကြၽန္ေတာ္ ေသ
6
လိမ့္မယ္ဆိုပါေတာ့”
“ဟုတ္တယ္”
“ဒါျဖင့္ – အသက္အ႐ြယ္ႀကီးလို႔
ေသမွာလား”

“မဟုတ္ဘူး- ရွင္ဟာ ေသျခင္း တရားကို ျပင္းျပင္းထန္ထန္ႀကီး ေတြ႕ရ လိမ့္မယ္၊ လူသူအမတန္ရွင္းလင္းၿပီး ဆိတ္ၿငိမ္တဲ့ေနရာတစ္ခုမွာ ေတြ႕ရလိမ့္ မယ္၊ အခန္းထဲ ရွင္ဝင္လာကတည္းက ဒီဟာေတြ ကြၽန္မ ျမင္တယ္။ ဒါေၾကာင့္ မေျပာခ်င္လို႔ ကြၽန္မဟာ ရွင့္အနာဂတ္ ကို မျမင္ရဘူးလို႔ေျပာေနတာ” ဒါနဲ႔က သူ႔စကားနည္းနည္းလြန္သြား တာသိလို႔ ထင္ပါရဲ႕ ခင္ဗ်ာ၊ လကၡဏာ
ဆရာမႀကီးကဆက္ၿပီး“ဒါေပမဲ့-တစ္ခု
ေတာ့ ရွိတယ္။ ဘာပဲျဖစ္ျဖစ္၊ အခြင့္
အေရးဆိုတာ ရွိစၿမဲပဲ။ အဆိုးရွိရင္
အေကာင္းလဲရွိရမယ္ မဟုတ္လား။
ကြၽန္မ ဆိုလိုတာက ကံၾကမၼာလို႔ ထင္ရ
ေပမယ့္ ကံၾကမၼာမဟုတ္ဘဲ သတိထား
ၿပီး ေရွာင္ၾကဥ္ရမယ့္ အခ်က္ေလာက္
သာ
ာ ျဖစ္ခ်င္ျဖစ္တတ္တယ္”
“အဲဒီလိုေျပာလိုက္ေတာ့ ကြၽန္ ေတာ္ဟာ စိတ္အေတာ္ သက္သာရာရ
သြားတယ္ ခင္ဗ်”
“ေရွာင္ၾကဥ္ရမယ့္အခ်က္ဆိုတာ
က ဘာလဲ၊ ဒီဟာက ေသေသခ်ာခ်ာ
မသိရရင္ အခက္သားကလား ခင္ဗ်ာ၊
တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၈)ရက္
ေန႔မွာ ကြၽန္ေတာ္ ဘာကို သတိထားၿပီး ေနရမွာလဲ၊ ဘာကိုေရွာင္ၾကဥ္ရမွာလဲ
ဆရာမႀကီးရဲ႕”
“အဲဒီလို ေမးလိုက္ေတာ့ သူလဲ
အေတာ္စိတ္ရႈပ္သြားတဲ့လကၡဏာနဲ႔
ကြၽန္ေတာ့္လက္ကို တစ္ခါျဖန႔္ၿပီး စိုက္
ၾကည့္ေနလိုက္တာ။ကြၽန္ေတာ့္စိတ္ထင္
(၅)မိနစ္ေလာက္ၾကာလိမ့္မလားမေျပာ
တတ္ဘူး။ နဖူးမွာ ေခြၽးေတြ စို႔လာတာ
ေတာင္ ျမင္ရတယ္၊ ဒီအထိ အာ႐ုံစိုက္ ၿပီး သူ႔ပညာစြမ္းကို အားထုတ္ေနတာနဲ႔

တူပါတယ္ခင္ဗ်ာ။ၿပီးေတာ့မွအင္မတန္
အင္အားႀကီးမားတဲ့ တန္ခိုးတစ္ခုဟာ
အဲဒီေန႔မွာရွင့္ကို အုပ္စိုးေနတယ္။ အဲဒါ
ဟာ
> ရွင့္ရဲ႕ရန္သူပဲ၊ ေနပါဦး၊ ကြၽန္မျမင္ရ သေလာက္ေျပာရမယ္ဆိုရင္ ေျပာင္းတံ
လိုလို အေခါင္းေပါက္နဲ႔ အရာဝတၳဳတစ္ ခုပဲရွင့္။ အင္း- ဟုတ္တယ္။ ႏို႔ေပမဲ့၊ ဘာ
ရယ္လို႔ေတာ့ကြၽန္မ အတိအက် မေျပာ
ႏိုင္ဘူး။ ေျပာင္းလိုလို ဝိုင္းဝိုင္းအေခါင္း ေပါက္နဲ႔ ဝတၳဳပစၥည္းမ်ား ရွင္ ေန႔တိုင္း
လုပ္ေနတဲ့အလုပ္မွာ ရွိသလား”
“မရွိပါဘူး ခင္ဗ်ား။ ကြၽန္ေတာ္က ေငြစာရင္းဘက္က ႐ုံးအုပ္စာေရးႀကီး အလုပ္လုပ္တာပဲ၊ဂဏန္းထြက္ရတယ္။ အမႈတြဲေတြ ထိန္းရတယ္၊ ခင္ဗ်ားေျပာ တဲ့ ေခါင္းေပါက္လိုလို ေျပာင္းတံလိုလို ဆိုတာနဲ႔ ဘာမွမပတ္သက္ပါဘူး” “ေအးေလ-မပတ္သက္ရင္လဲ ၿပီး
တာပါပဲ။ ႏို႔ေပမဲ့ -ကြၽန္မျမင္သမွ်ေတာ့ ဒါပါပဲ။ အဲဒီေန႔မွာသာ သတိဝီရိယထား
ေန႐ုံေပါ့”
“စကားလက္စလဲ ျဖတ္လိုက္ေရာ ကြၽန္ေတာ္လဲ အျပင္ကို ခ်က္ခ်င္းထြက္ လာခဲ့တာပဲ။ အျပင္ဘက္ေရာက္မွ အဲဒီ ၿငီးစီစီအနံ႔ႀကီးဟာလဲေပ်ာက္သြားေတာ့
တယ္”

“ဒီေနာက္ကြၽန္ေတာ္တို႔ႏွစ္ေယာက္
ထြက္လာခဲ့ၿပီးျမင္းလွည္းကေလးရတာ
နဲ႔ ဘူတာ႐ုံကို တစ္ခါတည္း တန္းလာခဲ့ ၾကပါတယ္ ခင္ဗ်ာ”
“ဒီေနာက္ ကြၽန္ေတာ္နဲ႔ ခင္ေဒါင္၊ ႏြယ္တို႔လဲတျဖည္းျဖည္းတစ္ေယာက္နဲ႔ တစ္ေယာက္ သေဘာခ်င္း မတိုက္ဆိုင္ တာ သိလာၿပီး ကြဲၾကပါတယ္ ခင္ဗ်ာ။
လကၡဏာဆရာ ေဟာလိုက္တဲ့အတိုင္း
ေနာင္တစ္ႏွစ္ေလာက္အၾကာမွာ
သေဘၤာစာေရးတစ္ ေယာက္ နဲ႔ အေၾကာင္းပါသြားတယ္။ ကြၽန္ေတာ္ ေတာ့ဒီအတိုင္းပဲအိမ္ေထာင္မျပဳဘဲေန
ခဲ့တယ္”
“ဒါနဲ႔- ကြၽန္ေတာ္လဲအဲဒီေန႔ကစၿပီး သူ ေဟာလိုက္တာ သတိရတိုင္း စိတ္ မခ်မ္းသာျဖစ္မိတယ္ ခင္ဗ်ာ။ ေဗဒင္ကို
အယုံအၾကည္မရွိဘူးဆိုေပမယ့္သူဒီလို
ေျပာလိုက္တာစိတ္ထဲမွာအစြဲတစ္ခုျဖစ္
ၿပီး ငါေမ့လို႔ပဲ လကၡဏာၾကည့္မိတယ္၊
မၾကည့္ဘဲေနရရင္ ေတာ္ေလသားလို႔ ေအာက္ေမ့မိတယ္၊ႏို႔ေပမဲ့-လြန္ၿပီးကိစၥ
ကို မတတ္ႏိုင္ေတာ့ဘူး။ ႏို႔ေပမဲ့- အခု ေတာ့ျဖစ္ၿပီးပါၿပီေလ၊ ေၾကာက္စရာမရွိ ေတာ့ပါဘူး။ ကြၽန္ေတာ့္အသက္ကိုလဲ
စိုးရိမ္ဖို႔မလိုေတာ့ပါဘူး”
သူစိမ္းျဖစ္သူ ေမာင္ဘစိုးသည္ ဦးဘိုးလုံး၏နားနားသို႔ကပ္ကာရင္းႏွီးစြာ ေျပာလိုက္ဘိသကဲ့သို႔ေျပာလိုက္၏။ သို႔
ေသာ္ သူ၏ ျပဴးေၾကာင္ေသာမ်က္လုံး
မ်ားတြင္ေၾကာက္႐ြံ႕လ်က္ရွိေသာအသြင္
အျပင္ကား ေလ်ာ့ပါးသြားဟန္ မရွိေသး
ခ်။ထို႔ေနာက္ဆက္လက္၍ေျပာျပန္ေလ
သည္။
“အဲဒီေတာ့-ကြၽန္ေတာ့္အျဖစ္ကို
စဥ္းစားပဲ ၾကည့္ပါေတာ့ ခင္ဗ်ာ၊ တန္
ေဆာင္မုန္းလျပည့္ေက်ာ္ (၈)ရက္ေန႔
ဆိုတာရယ္၊ ေျပာင္းတံလိုလို ဝိုင္းဝိုင္း
အေခါင္းေပါက္နဲ႔ ကိရိယာတစ္ခုကိုလဲ
သတိျပဳရမယ္ဆိုတဲ့စကားေတြကိုအစဥ္
အၿမဲ သတိရေနတယ္၊ ေျပာင္းတံလိုလို
အေခါင္းေပါက္နဲ႔ လက္နက္ဆိုေတာ့
ေသနတ္ေျပာင္းကလြဲၿပီး ဘာမွမရွိဘူး။
ႏို႔ေပမဲ့– ဘာပဲျဖစ္ျဖစ္၊ကြၽန္ေတာ္ေတာ့
တန္ေဆာင္မုန္းလျပည့္ေလာက္က်လာ
ရင္ ဘယ္မွမသြားဘဲအိမ္ထဲမွာကုပ္ေန
ေတာ့တာပဲ။အနည္းဆုံးခြင့္(၃-၄)ရက္
ေတာ့ ယူတယ္၊ တစ္ခါတေလလဲ တစ္ ပတ္ေလာက္ခြင့္ယူၿပီး အိမ္ထဲမွာခ်ည္း ကုပ္ေနမိတယ္။ ဒီဟာေတာင္ ကိုယ့္ စိတ္ကိုယ္ မလုံႏိုင္ဘူး ခင္ဗ်၊ ဟိုေနရာ က ခြၽတ္ခနဲၾကား ထၾကည့္၊ ဒီေနရာကခြၽတ္ခနဲၾကား ထၾကည့္မိတယ္ ခင္ဗ်ာ။
ေသနတ္နဲ႔တိတ္တိတ္ပုန္း ေရာင္းပစ္တဲ့
အမႈေတြ သတင္းစာေတြထဲမွာ ဖတ္ဖူး
ေလေတာ့ ဒီဟာေတြပဲ ေတြးၿပီးေနမိ
တယ္။ ဇူလိုင္လ(၁၉)ရက္ေန႔မွာ ဗိုလ္
ခ်ဳပ္နဲ႔ ဝန္ႀကီးေတြကိုအတင္းတရၾကမ္း
ဝင္ၿပီးပစ္လို႔မရႈမလွက်ဆုံးရတဲ့ကိစၥႀကီး
ျပန္ၿပီးသတိရမိတယ္။ မေမွ်ာ္လင့္ဘဲ
ျဖစ္ရတဲ့ေသနတ္ပစ္မႈေတြအမ်ားႀကီးပါ
ခင္ဗ်ာ၊ ဒီဟာေတြပဲ တစိမ့္စိမ့္ ေတြးေန
မိတယ္။
ဒီလိုနဲ႔ တစ္ေန႔လုံး အခ်ိန္ကုန္ခဲ့ၿပီး ညတိုင္းအိပ္လို႔ေတာင္မေပ်ာ္ဘူး။ေနာက္
လျပည့္ေက်ာ္(၉)ရက္ေန႔ပိုးလင္းလာမွ
ပဲ စိတ္ႏွလုံးကို တုံးတုံးခ်လိုက္မိေတာ့
တယ္။ဒီေလာက္ေတာင္စိတ္ဒုကၡေရာက္
ရပါတယ္ ခင္ဗ်ာ၊ျဗဳန္းခနဲေသသြားတာ
မေၾကာက္လွပါဘူး။လူဆိုတာေသရမွာ
ခ်ည္းပါပဲ။ ႏို႔ေပမဲ့ – ေသမင္းက ရက္ခ်ိန္း
ေပးၿပီးကိုယ့္ဆီ လာေနတာကိုေတာ့
မေၾကာက္ဘဲ မေနႏိုင္ဘူး ခင္ဗ်။ အဲဒီ
တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၈)ရက္
ေန႔ ေရာက္လာၿပီလားဆိုရင္ အသက္
အႏၲရာယ္ဟာ ေတာင္က လာႏိုးႏိုး၊
ေျမာက္ကလာႏိုးႏိုး။ဟိုေနရာကလာႏိုး
ႏို။ဒီေနရာကလာႏိုးႏိုးနဲ႔တျခားလူအေန

နဲ႔ၾကည့္ရင္ ကြၽန္ေတာ္ဟာ အ႐ူးတစ္ ေယာက္ပါပဲခင္ဗ်ာ”
“ဒါေၾကာင့္ အဲဒီေန႔ မတိုင္ခင္ တစ္
နည္းနည္းနဲ႔ ႀကံဖန္ၿပီး အလုပ္က အခြင့္
ယူအိမ္မွာေနလို႔ မလုံၿခဳံဘူးထင္တဲ့အခါ
မွာလုံၿခဳံမယ္ထင္တဲ့ေနရာသြားၿပီးေနရ
ေတာ့တာပါပဲ ခင္ဗ်ာ။ တစ္ခါတေလလဲ
ငါဟာဘာမဟုတ္တဲ့နတ္ကေတာ္နတ္
႐ူးတစ္ေယာက္က ေျပာလိုက္တဲ့စကား
အဟုတ္ႀကီးမွတ္ေနမိတာ။ငါအသုံးမက်
လို႔ပဲလို႔ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္မိပါ
တယ္။
(၃)ႏွစ္ေလာက္ ၾကာသြားေတာ့ ေၾကာက္စိတ္နည္းနည္းေျပသြားၿပီး အစြဲ အလမ္းေတြဟာ ေလ်ာ့ပါးသြားခဲ့တယ္။ ဒါနဲ႔ တစ္ေန႔အိမ္ေရွ႕ျပတင္းေပါက္ထြက္
ၿပီး မွန္ကေလးတစ္ခ်ပ္နဲ႔ မွတ္ဆိတ္ရိတ္
ေနတုန္းလကၡဏာဖတ္လိုက္တဲ့အတိုင္း
ကြၽန္ေတာ့္ရဲ႕ ေသမင္းကို သြားျမင္မိတာ
ကိုခင္ဗ်၊လက္စသတ္ေတာ့ကြၽန္ေတာ့္
ရဲ႕ေသမင္းဟာကြၽန္ေတာ္နဲ႔မေဝးလွဘူး။
ကြၽန္ေတာ္တို႔အိမ္နဲ႔ ကပ္ေနတဲ့စက္႐ုံ
ႀကီးကေခါင္းတိုင္ႀကီးက ကြၽန္ေတာ္ေန
တဲ့အိမ္ဘက္ကိုယိုင္ၿပီးအေပၚကမိုးေန
လိုက္တာေန႔ၿပိဳမလား။ညၿပိဳမလားမသိ
ဘူး။ ဒါဟာဧကႏၲ”ကြၽန္ေတာ့္ရဲ႕ေသမင္း

ပဲလို႔ ေတြးမိတာကို ခင္ဗ်ာ။ ဒီဟာႀကီးရဲ႕
အႏၲရာယ္ကိုလည္း တန္ေဆာင္မုန္၊
လျပည့္ေက်ာ္(၈)ရက္ေန႔ဆိုရင္ေရွာင္မွ
ျဖစ္မယ္၊ ဒါေၾကာင့္ ကြၽန္ေတာ့္ျဖင့္
တန္ေဆာင္မုန္းလျပည့္ ႐ုံးပိတ္ရက္
ေလာက္ကစၿပီး အနည္းဆုံး (၁၀)ရက္၊
(၁၂)ရက္ေလာက္ေတာ့အခြင့္ယူလိုက္
တာပဲ။ မတတ္သာလို႔ ႐ိုး႐ိုးခြင့္မရရင္
တစ္နည္းနည္းနဲ႔ အေၾကာင္းျပၿပီးလစာ
မဲ့ခြင့္ျဖစ္ျဖစ္ယူလိုက္တယ္။ကိစၥကေသ
ေရးရွင္ေရးဆိုေတာ့ လုပ္ရေတာ့တာပဲ
ခင္ဗ်
သူစိမ္းေမာင္ဘစိုးသည္ ဦးဘိုးလုံး
အားမိမိစကားကိုေထာက္ခံေစလိုသည့္
သေဘာျဖင့္ ၾကည့္လိုက္၏။ သို႔ေသာ္
ဦးဘိုးလုံးသည္တစ္စုံတစ္ရာ ေထာက္ခံ
ျခင္းမျပဳဘဲေမာင္ဘစိုး၏မ်က္ႏွာကိုသာ
စိုက္၍ၾကည့္ရႈလ်က္ရွိေလသည္။ဆီးႏွင္း
မ်ားလည္း က်လ်က္ပင္ ရွိေသး၏။
ကိုဘစိုးက ဆက္လက္၍-
“ကြၽန္ေတာ္ဟာအရင္ကဒီေလာက္
အစြဲလမ္းႀကီးတဲ့လူတစ္ေယာက္မဟုတ္
အသက္နဲ႔ပတ္သက္လို႔ ေဟာလိုက္တဲ့
ပါဘူးခင္ဗ်ာ။ ႏို႔ေပမဲ့-အဲဒီလိုကြၽန္ေတာ့္
ေန႔ကစၿပီးဘယ္ေလာက္ပဲအမွတ္မဲ့ေန တယ္ဆိုဆိုတန္ေဆာင္မုန္းလဆန္းလာ

ရင္ပဲ ဒီဟာကို သတိရလာၿပီ၊ အိမ္မွာ
မေနခ်င္ေတာ့ဘဲ ထြက္ေျပးခ်င္တဲ့စိတ္
ေတြေပၚလာေတာ့တာပဲခင္ဗ်။ ဒါနဲ႔တစ္
ေန႔ေတာ့ စိတ္ကူးေပါက္ၿပီး ကြၽန္ေတာ္
သြားခ်င္တဲ့ေနရာကြၽန္ေတာ္သြားခ်င္တဲ့
အခ်ိန္ သြားရေအာင္ ေမာ္ေတာ္ကား
တစ္ပတ္ရစ္ကေလးတစ္ခု ဝယ္လိုက္
တယ္။ အဖိုးလည္း သိပ္မမ်ားလွပါဘူး။
ေငြေပးတဲ့ ေနရာမွာလည္း လြယ္ကူ
ေအာင္လစဥ္အရစ္က်နဲ႔ ေပးရပါတယ္။
အဲဒီကားကေလးရကတည္းက တန္
ေဆာင္မုန္းလျပည့္ေက်ာ္(၁)ရက္၊(၂)
ရက္က်ရင္ပဲကြၽန္ေတာ့္ရဲ႕ပစၥည္းကေလး
ေတြရွိစုမဲ့စုယူစားေရရိကၡာကေလးဘာ
ကေလးလုံေလာက္ေအာင္တင္ၿပီး ခရီး
ထြက္ေတာ့တာပါပဲ ခင္ဗ်ာ။
အဲဒီလို ကားကေလးနဲ႔ ခရီးထြက္ တာဒီတစ္ခါေတာ့ျပည္ဘက္ကို မသြား
ဘဲ ေတာင္ငူဘက္ကို သြားဦးမွပဲဆိုၿပီး ထြက္ခဲ့တာကို ခင္ဗ်၊ ကားနဲ႔ သြားတယ္ ဆိုေပမယ့္ ကြၽန္ေတာ္က ၿမိဳ႕ႀကီးျပႀကီး ေတြမဝင္ဘူး။အင္မတန္မလႊဲမကင္းသာ
မွ ဝင္တယ္။ လူစည္ကားတဲ့ေနရာေတြ တတ္ႏိုင္သမွ် ေရွာင္ခဲ့တယ္။ ဘုန္းႀကီး ေက်ာင္းတစ္ေက်ာင္း ေက်ာင္းေတြ႕လို႔ စခန္းခ်ခ်င္ ခ်ေနတာပဲ။ ဒါနဲ႔ – အဲဒီအခါ

တုန္းက တန္ေဆာင္မုန္းလျပည့္ေက်ာ္
(၄)ရက္ေန႔ကတည္းက အိမ္က ထြက္
လာၿပီး ေထာက္ႀကံ့မွာတစ္ညအိပ္၊ ပဲခူး
နားက ေ႐ႊေလွမွာ တစ္ညအိပ္၊ ေညာင္
ေလးပင္တစ္ညအိပ္၊ ႁပြန္တန္ဆာမွာ
တစ္ညအိပ္ၿပီး လျပည့္ေက်ာ္(၇)ရက္
ေန႔ညေနမွာ ထြက္လာခဲ့တာ ကၫြတ္
ကြင္းကို ည(၁၀)နာရီေက်ာ္ေက်ာ္
ေလာက္မွ ေရာက္လာတယ္။ ေဆာင္းဦးေပါက္လည္းျဖစ္ျပန္၊႐ြာ ကေလးကလည္းငယ္ျပန္ဆိုေတာ့တစ္
႐ြာလုံး တိတ္ဆိတ္ေနတာပဲ၊ ဘူတာ႐ုံ
ဘက္မွာသာ မီးျမင္တာနဲ႔လာခဲ့ေတာ့
ဘူတာ႐ုံက ထမင္းဆိုင္ကေလး မပိတ္
ေသးဘူး။ ဒါနဲ႔- ထမင္းစားကၫြတ္ကြင္း
မွာ အိပ္ခ်င္တဲ့စိတ္ မရွိေလေတာ့… ျဖဴး
ေရာက္ေအာင္ပဲ ေမာင္းမယ္ဆိုၿပီး လာ
ခဲ့တာကိုခင္ဗ်။ ကြၽန္ေတာ္ကေပတစ္ရာ
လမ္းႀကီးအတိုင္း မလာဘဲ ႀကိဳးဝိုင္းနား
ကပ္ၿပီး ေဖာက္ထားတဲ့လမ္းကေလးက
ေမာင္းလာတယ္ ခင္ဗ်။ ဒီလမ္းကေလး
ဟာ “ဇဟား”႐ြာကျဖတ္ၿပီး ျဖဴးအေရွ႕
ဘက္ကၿမိဳ႕ထဲကိုတစ္ခါတည္း ျဖတ္ဝင္ ႏိုင္တယ္။ျဖဴးမွာစစ္မျဖစ္ခင္(၄-၅)ႏွစ္ ေလာက္က ကြၽန္ေတာ္ ေနခဲ့ဖူးလို႔ သိ တယ္၊ အဲဒီလမ္းကေလးအတိုင္းေမာင္း

လာခဲ့တာ၊ တစ္မိုင္ေလာက္ ရွိေသး။
အင္ဂ်င္ဒုကၡေပးတာပါပဲ ခင္ဗ်ာ။ ႏို႔ေပမဲ့
ကိုယ္သြားခ်င္တဲ့ေနရာ ေရာက္ခ်င္တဲ့
ေဇာနဲ႔ ျပင္လိုက္တာ (၂)နာရီထိုးၿပီး
ေလာက္မွ ေကာင္းသြားေတာ့တယ္၊
အေတာ္ေအးလာတဲ့ရာသီမွာ ေခြၽးဒီးဒီး
က်ေအာင္ျပင္ရတာပါပဲ။ဒါေပမဲ့- ေမာရ
ေကာင္းမွန္းမသိဘူ။ ခင္ဗ်။ ဒါနဲ႔ႀကိဳးဝိုင္း
ေဘးက လမ္းကေလးအတိုင္း ေမာင္း
သြားလိုက္တာ (၁)နာရီေက်ာ္ေက်ာ္
ေလာက္ ေမာင္းမိေတာ့ လမ္းကေလး
ဟာ အရင္ကအတိုင္း မဟုတ္ေတာ့ဘဲ
တျဖည္းျဖည္း က်ဥ္းေျမာင္းလာတယ္။
ခ်ိဳင့္ေတြ၊ ဖုန္ဆိုးေျမတြင္းေတြလဲ အရင္
ကထက္ ပိုမ်ားလာတာ ေတြ႕ရတယ္။
ဒီေတာ့မွငါလက္ယာဘက္ကိုမလိုက္မိ
ဘဲ႐ြာနားကပ္ေနတဲ့လက္ဝဲဘက္လမ္း
လိုက္မိတာ လမ္းမ်ား မွားသလားဆိုၿပီး
သံသယျဖစ္မိတယ္။ ႏို႔ေပမဲ့ – ခရီးက
အေတာ္လြန္လာၿပီ။ လမ္းကလည္းအင္
မတန္က်ဥ္းဆိုေတာ့ေနာက္ျပန္လို႔မျဖစ္
ေတာ့ဘူး။ ဒါနဲ႔ – ဇြတ္မွိတ္ၿပီး လမ္းၾကမ္း လ်က္သားနဲ႔ ေရွ႕ကိုတိုးေမာင္းလာတာ၊ (၂)ဖာလုံေလာက္ေရာက္ေတာ့ လမ္း ဟာ ကြၽန္ေတာ့္ကား ကေလးတစ္စီး ေမာင္းရ႐ုံေလာက္ပဲ ရွိေတာ့တယ္၊

ေမွာင္လိုက္တာ ပိန္းလို႔ ၊ နင္းေတြက လည္းက်လိုက္တာမေျပာနဲ႔ေတာ့။ခ်မ္း
လိုက္တာလဲလြန္ပါေရာ။အင္း- ငါ့ေတာ့
မွားၿပီ။ ကိုယ့္အိမ္ကိုယ့္ရာမွာ စိတ္ေအး
လက္ေအး ေနႏိုင္လ်က္သားနဲ႔ ဘာ
မဟုတ္တဲ့ စုန္းရႈးနတ္႐ူးေမွာ္႐ူး မိန္းမ
တစ္ေယာက္ရဲ႕ စကားကို ယုံၾကည္ၿပီး
ထြက္လာခဲ့တာ ငါ့ေလာက္ ပိုက္တဲ့လူ ဘယ္မွာရွိမလဲလို႔ေတြးမိပါတယ္ခင္ဗ်ာ။
မိုးေသာက္ဘက္နီးေလေလ၊ နင္း ေတြကလည္းက်လာေလေလႏွင္၊ပိတ္ ၿပီးလမ္းစကိုလဲမျမင္ရေတာ့ဘူး။လက္
ဝဲဘက္က နည္းနည္းေတာရွင္းၿပီး ခ်ဳံ
ပုတ္ေတြ ျမင္ရတယ္ ခင္ဗ်၊ လက္ယာ
ဘက္မွာေတာ့ ႀကိဳးဝိုင္းေတာအုပ္ႀကီးပဲ
ရွိတယ္။ဒါနဲ႔ – ဟယ္ – ခုမွျဖင့္မထူးေတာ့
ပါဘူး။ ငါလည္းပင္ပန္းလွၿပီ၊တစ္ေမွးမွ
လည္းမအိပ္ရေသးဘူး။ေရာက္တဲ့ေနရာ
တစ္ေမွးေလာက္ပဲ ေမြးရ ေမွးရ ဆိုၿပီး
စက္ကိုတစ္ခါတည္းရပ္ပစ္လိုက္တယ္။
ေရွ႕ကိုဆက္ၿပီးမေမာင္းႏိုင္မယ့္အတူတူ
ဒီေနရာမွာပဲ စခန္းခ်ေတာ့မယ္ဆိုၿပီး
စိတ္ကိုသႏၷိ႒ာန္ခ်လိုက္တယ္။ဒီေနာက္
ကားေပၚတက္၊ အေပၚကုတ္အက်ႌထပ္ ဝတ္ ပုလင္းထဲက“ရမ္”ကေလးတစ္ က်ိဳက္ ေလာက္ေမာ့၊ သကၠလတ္ေစာင္

ႀကီးၿခဳံၿပီး ကားေနာက္ပိုင္းမွာ အသာ ကေလး လွဲေနလိုက္တယ္ ခင္ဗ်။ ခ်မ္း လိုက္တာလဲ ခိုက္ခိုက္တုန္ေနတာပဲ။
ေစာင္နဲ႔ေကြးၿပီးမ်က္စိကိုေမွးလိုက္ ႐ုံရွိေသး။အင္း- ငါေသရမယ့္ရက္တန္ ေဆာင္မုန္းလျပည့္ေက်ာ္(၈)ရက္ေန႔
ေတာ့ မိုးလင္းလာၿပီဆိုတဲ့ဟာ သြားၿပီ
သတိရလိုက္မိတယ္။ ႏို႔ေပမဲ့ – ဒီမိန္းမ
ႀကီးေျပာလိုက္တာကဒီေန႔မွာအင္မတန္
အင္အားႀကီးမားတဲ့ တန္ခိုးသတၱိတစ္ခု
ဟာကိုယ့္အေပၚမွာအုပ္စိုးေနလိမ့္မယ္။
အင္မတန္ ဆိတ္ၿငိမ္တဲ့ေနရာမွာ ေသ
ျခင္းတရားကို ေတြ႕ရလိမ့္မယ္လို႔သာ
ေျပာလိုက္တာ၊ ငါေသလိမ့္မယ္လို႔ တိ
တိက်က်ေျပာတာမဟုတ္ဘူး။ အဲဒါကို
ေရွာင္ၾကဥ္ဖို႔သတိထားဖို႔သာေျပာလိုက္
တာပဲ။ ၿပီးေတာ့ ဆိတ္ၿငိမ္တဲ့ေနရာဆို
တာလဲဒီေနရာထက္ဆိတ္ၿငိမ္တဲ့ေနရာ
ေတြ အမ်ားႀကီးရွိတယ္လို႔ ကိုယ့္ကိုယ္
ကိုယ္ကိုယ္အားေပးရတာကိုခင္ဗ်၊ ဒီလို
စိတ္ကိုတင္းေပမယ့္အခ်ိန္ကလဲ မနက္
(၃)နာရီ၊ (၄)နာရီေရာက္ေနတဲ့ေနရာ
ကလဲသစ္ေတာႀကိဳးဝိုင္းႀကီးနားမွာလူစ
လူနလည္း မေတြ႕၊ ႐ြာကလည္း အေဝး ႀကီးဆိုေတာ့ ၿငိမ္လိုက္တဲ့အမ်ိဳး ဆိုတာ လဲ သစ္႐ြက္တစ္႐ြက္ ေလတိုက္သံ

ေတာင္ မၾကားဘူး။ ဒီေတာ့- အေတာ္ပဲ စိတ္အားငယ္မိပါတယ္ခင္ဗ်ာ။ အိမ္ေပၚ ကိုၿပိဳက်မတတ္မိုးေနတဲ့စက္ေခါင္းတိုင္
ႀကီးေၾကာက္တာနဲ႔ထြက္ေျပးလာခဲ့တာ
အခု ေတာႀကီးထဲမွာမွ ဒုကၡမ်ား ေရာက္
မွာလားလို႔ႀကံၿပီး ေတြ႕၊မိျပန္ပါတယ္။
ၿပီးေတာ့- အဲဒီ့အခ်ိန္မွာကြၽန္ေတာ္
တစ္ခုစဥ္းစားမိတာကဒီေနရာဟာဆိတ္
ၿငိမ္ၿပီးေနေပမယ့္ ကြၽန္ေတာ္ထင္တဲ့
အတိုင္းသက္ရွိသတၱဝါကင္းမဲ့တဲ့ေနရာ
မဟုတ္ဘူး။ အနီးပတ္ဝန္းက်င္မွာ သက္
ရွိသတၱဝါတစ္ေကာင္ေကာင္ရွိေနသလို
လို၊ ဘာလိုလို ကိုယ့္လိပ္ျပာကိုယ္ မလုံ
ျဖစ္မိတယ္ ခင္ဗ်။ နတ္မ်ား ႏႈိးေဆာ္
သလားေတာ့ မေျပာတတ္ဘူး။ နာရီ
ၾကည့္လိုက္ေတာ့(၃)နာရီ၊(၃၅)မိနစ္ပဲ
ရွိေသးတယ္၊ လကေလးကလည္း ဝင္
လုဝင္ခင္ေ႐ႊဝါေရာင္ေတာက္ၿပီးလွ်ံေတြ
ေနာက္ကို တျဖည္းျဖည္းဝင္ေနတယ္။
စိတ္ခ်မ္းသာတဲ့လူေတြအတြက္ေတာ့
လြမ္းဆြတ္ၾကည္ႏူးစရာေကာင္းတဲ့
အခ်ိန္ကေလးလို႔လဲ ေခၚႏိုင္တာပဲ ခင္ဗ်၊
“အဲဒီလိုေနတုန္း.. ျဗဳန္းခနဲ ကြၽန္ ေတာ့္ရဲ႕ ေရွ႕လက္ဝဲဘက္ ခ်ဳံပုတ္ခပ္ျမင့္ ျမင့္ဆီက“ဝါး”ခနဲ ေအာ္လိုက္တဲ့အသံ

တစ္သံၾကားလိုက္ရတာကို ခင္ဗ်။ အို- ကြၽန္ေတာ့္႐ိုးတြင္းခ်ဥ္ဆီထဲ စိမ့္ဝင္သြား
သလို ေအာက္ေမ့လိုက္ရတယ္။ လူပဲ
လား၊ ေတာ႐ိုင္းတိရစာၦန္တစ္ေကာင္
ေကာင္ရဲ႕အသံပဲလားမေျပာတတ္ပါဘူး
ခင္ဗ်ား ၾကက္သီ၊ဓမၼ၊ညင္းေတြထၿပီး
ကြၽန္ေတာ့္ေခါင္းဟာ ပုတ္ေလာက္ ႀကီး
သြားတယ္ ထင္ရတယ္” “အို…ဒီေနရာမွာလူေတာ့ မဟုတ္ ႏိုင္ပါဘူ။ တိရစာၦန္တစ္ေကာင္ပဲ ျဖစ္ရ မယ္၊ ႀကိဳးဝိုင္းဆိုေတာ့ ေခြ၊အတို႔၊ က်ား
သစ္တို႔ ရွိတာေပါ့လို႔ ကိုယ့္ကိုယ္ကိုယ္
အားေပးသလို စိတ္ထဲက ေရ႐ြတ္လိုက္
မိတယ္။ ႏို႔ေပမဲ့- အသံတစ္သံက “ဒါပဲ၊
ဒါပဲ-ဒါဟာ ႏွင့္ေသမင္းပဲ။ နင္ေျပးလို႔
မလြတ္ဘူး”လို႔ ေျပာေနသလိုပဲ။ ကြၽန္
ေတာ့္တစ္ကိုယ္လုံးဟာ တဆတ္ဆတ္
တုန္ၿပီး နဖူးက ေခြၽးေတြလဲ ႐ႊဲေနတာပဲ။
အေပါက္ကေနၿပီး အသံၾကားတဲ့ဘက္
ကို ၾကည္ ဖို႔ ေတာင္ ခြက္တစ္ဆယ္
အေလးကိုမ,ရသလိုအေတာ္အားယူၿပီး
ၾကည့္ရတယ္။ ၾကည့္ေတာ့ ဘာမွမျမင္
ပါဘူးခင္ဗ်ာ၊ အဝါရင့္ေရာင္သန္းေနတဲ့
အလင္းေရာင္ ခပ္မႈန္မႈန္ကို ေနာက္ခံ
ထားၿပီး ေပၚေနတဲ့ခ်ဳံပုတ္ႀကီးပဲ ျမင္ရ

တယ္၊ ဒါနဲ႔ “ဧကႏၲ-လူေတာ့ မဟုတ္ ဘူး။လေရာင္ကိုၾကည့္ၿပီးေငြးအမ်ားဟာ
အူတတ္သတဲ့။ဪ-တစ္ခုလဲရွိေသး
တယ္။ အ႐ူးမ်ားဟာ ဒီလိုလေရာင္ကို
ျမင္ရတဲ့အခါ အ႐ူးထတတ္တယ္ဆိုပဲ၊
ႏို႔ေပမဲ့-႐ြာက ေဝးလို႔ အ႐ူးလဲ မဟုတ္
ႏိုင္ပါဘူးလို႔ တစ္ခါ စဥ္းစားမိျပန္တယ္။
အသံကေတာ့အင္မတန္ ေၾကာက္စရာ
ေကာင္းတဲ့အသံမ်ိဳးလို႔ ထင္လိုက္တာပဲ
ခင္ဗ်”
ဒီအခ်ိန္လေရာင္ကေလးကလည္း
ဝင္းလာ၊နင္းကေလးကလည္းအေတာ္
ကြဲသြားေတာ့ ေရွ႕သြားရမယ့္လမ္း
ကေလးကို နည္းနည္းျမင္ရလာတယ္
ခင္ဗ်။ ဒါနဲ႔ ကြၽန္ေတာ္လည္းဒီေနရာမွာ
ေနရတာေတာ့ ကားေမာင္းၿပီး သြားေန တာက ေတာ္လိမ့္ဦးမယ္ဆိုၿပီးကားကို
ကပ်ာကယာ စက္ႏႈိးထြက္ပါေလေရာ
ခင္ဗ်ာ။အဲဒီလိုလည္းထြက္ေရာ ခ်ဳံပုတ္
ေနာက္က လူတစ္ေယာက္ရဲ႕အရိပ္ဟာ
မားခနဲထလာၿပီး ဒီလူဟာ ခ်ဳံထဲကလမ္း ေပၚကို ေျပးထြက္လာတာ ျမင္ရတာကို
ခင္ဗ်၊လက္တစ္ဖက္ကိုေျမႇာက္ၿပီးကြၽန္
ေတာ့္ကို ဘာေျပာမွန္း မသိဘူး။ ေျပာ လိုက္တယ္၊ ေဘာင္းဘီတိုနဲ႔ ဂ်ာကင္ အက်ႌအညိဳေရာင္နဲ႔ အဝတ္အစားက

ခပ္စုတ္စုတ္ပါပဲ။ဒါေပမဲ့- သူ႔လက္ထဲမွာ
ေသနတ္ႀကီးနဲ႔ ခင္ဗ်။ ေသနတ္က ကြၽန္
ေတာ့္ဘက္ကိုေတာ့ ခ်ိန္မထားပါဘူး။
ႏို႔ေပမဲ့- ဘယ္အခါမဆို ခ်ိန္ႏိုင္တာကို
သည္ေတာ့မွ ကြၽန္ေတာ့္စိတ္ထဲ လကၡ
ဏာဆရာမႀကီးေဟာလိုက္တဲ့“ေျပာင္း
လိုလို ဝိုင္းဝိုင္းအေခါင္းေပါက္နဲ႔ လက္
နက္”ဆိုတာ ဒါပါကလား။ ဒီကေန႔ဟာ
လည္း တန္ေဆာင္မုန္းလျပည့္ေက်ာ္
(၈)ရက္၊ ေနရာကလည္း အင္မတန္
ဆိတ္ၿငိမ္တဲ့ေနရာ၊ ဟုတ္ၿပီ၊ ဟုတ္ၿပီ၊
သူဟာငါ့ေသမင္းပဲ၊လက္စသတ္ေတာ့
ေသျခင္းနဲ႔ရင္ဆိုင္ေတြ႕လိမ့္မယ္ဆိုတာ
ဒီဟာပဲကို။ကိုင္း- ဒီေတာ့- သူ႔မပစ္ခင္
ငါကလက္ဦးေအာင္ ႀကိတ္လိုက္မွပဲဆို
ၿပီးဂီယာကိုေဆာင့္နင္းလိုက္ေတာ့ကား
ဟာ
က အရွိန္နဲ႔ တိုးသြားလိုက္တာ၊ ဒီလူ
လည္းကားလက္ဝဲဘက္ဘီးေအာက္ဝင္
သြားၿပီး“အင့္ ခနဲတစ္ခ်က္တည္းေအာ္
လိုက္တဲ့အသံကလြဲလို႔ကြၽန္ေတာ္လည္း
မႊန္ထူသြားၿပီးဘာသံမွမၾကားရေတာ့ပါ
ဘူးခင္ဗ်ာ၊
ေရွ႕ကိုက္(၅၀)ေလာက္မွာလမ္း
ကေလးဟာ တစ္ဖက္ကို တစ္ေပ ေလာက္ ေစာင္းၿပီး က်ဥ္းလိုက္တာက လည္း ကြၽန္ေတာ္ ကားဘီးလြတ္႐ုံ

ကေလးပဲ ရွိတယ္။ တစ္ဖက္တစ္ခ်က္ မွာလဲ(၁၀)ေပေလာက္နက္တဲ့ ေခ်ာက္
ႀကီး ခင္ဗ်။ဟိုဘက္ေရာက္မွကြၽန္ေတာ္
သတိျပဳမိတယ္။ ဒီေလာက္လမ္းက်ဥ္း
ကေလးကိုကားဘာမွမျဖစ္ဘဲျဖတ္လာ
ႏိုင္တာကြၽန္ေတာ္ျဖင့္အံ့ဩလို႔မဆုံးဘူး။
ေၾကာက္စိတ္ကတိုက္တြန္းေနေတာ့
ေရွ႕မွာရွိတဲ့အႏၲရာယ္ကိုမျပင္ႏိုင္ဘူးေပါ့
ခင္ဗ်ာ၊မ်က္စိမွိတ္ၿပီးဆင္ကန္းေတာတိုး
ဇြတ္ေမာင္းခဲ့တာပဲ။
အလင္းေရာင္ကေလးကလည္း ေပၚလာၿပီး နည္းနည္း ေခါင္းေအးသြား
ေတာ့မွကြၽန္ေတာ္စဥ္းစားမိတယ္၊ ဒီလူ
ဟာ ငါနဲ႔ ၿငိဳးသူရန္ဘက္လည္းမဟုတ္၊
သူ႔ကိုလည္းငါကဘာမွမလုပ္ဘဲနဲ႔လက္
တစ္ဖက္ကို သူ ေျမႇာက္ၿပီးေအာ္လိုက္
တာဟာ ေရွ႕မွာ ကားသြားလို႔မရဘူး။
လမ္းပ်က္ေနတယ္ဆိုတဲ့အေၾကာင္း
ငါ့ကို သတိေပးမလို႔ ထြက္လာတာမ်ား
လား။ငါလည္းေသနတ္ေျပာင္းကိုျမင္႐ုံ
နဲ႔ အေၾကာက္ႀကီးၿပီး ဘာမွမဆင္ျခင္ဘဲ
တရၾကမ္း ကားနဲ႔ တိုက္ၿပီးသတ္ခဲ့တာ ငါမွားၿပီ။ ဒီလူဟာ လူဆိုးသူဆိုးေတြပစ္ ဖို႔ပဲ ေခ်ာင္းေနသလား။ ဒါမွမဟုတ္ရင္ လည္းေတာေကာင္တစ္ေကာင္ေကာင္ ပစ္ဖို႔ေခ်ာင္းေနသလားမေျပာတတ္ဘူး။

အက်ိဳးအေၾကာင္းသိရေအာင္ဆိုၿပီး ကြၽန္ေတာ္ေနာက္လွည့္ျပန္ဦးမယ္ စိတ္
ကူးမိေသးတယ္ ခင္ဗ်။
ႏို႔ေပမဲ့- ေနာက္က်ေနေရာေပါ့။ၿပီး
ေတာ့လဲ- ငါဟာ ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕
နဲ႔ကိုယ့္အသက္ကိုကာကြယ္ဖို႔ဒီလိုလုပ္
မိပါတယ္ ေျပာရင္လည္း ဘယ္သူကမွ
ယုံမွာမဟုတ္ဘူး။ ဘယ္တရားသူႀကီး
ကမွ ကင္းလြတ္ခ်က္ေပးႏိုင္မွာ မဟုတ္
ဘူး။ ဟယ္ – သူ႔ထိုက္နဲ႔ သူ႔ကံေနေပေစ
ေတာ့ ဆိုၿပီး ေနာက္ကိုေတာင္ လွည့္
မၾကည့္ေတာ့ဘဲတစ္ခါတည္းသုတ္ေျခ
တင္ၿပီးတြင္တြင္ႀကီးဟင္းလာခဲ့တာကို
ခင္ဗ်။ ဒီေနာက္ -မိုးလင္းလာၿပီး ကြၽန္
ေတာ့္လက္ယာဘက္ တစ္မိုင္ကြာ
ေလာက္မွာ ႐ြာကေလးတစ္႐ြာ ျမင္ရ
တယ္၊ လက္ယာဘက္ယြန္းယြန္း ေရွ႕
တည့္တည့္(၂)မိုင္ကြာေလာက္မွာ သစ္ ပင္အုပ္ႀကီးေတြနဲ႔ မႈိင္းမႈိင္းႀကီး ျမင္ရ
ေတာ့မွ “ျဖဴ၊ၿမိဳ႕ ျဖစ္တဲ့အေၾကာင္း သိ
ရတယ္။ျဖဴကို ခဏဝင္ဖို႔ညကႀကံ႐ြယ္
ထားေပမယ့္မဝင္ေတာ့ပါဘူး။ မီးရထား
ခုံးေက်ာ္ကေလး ျဖတ္၊ ျပည္ – ရန္ကုန္
လမ္းမႀကီးေပၚတက္၊ဒီအတိုင္းေမာင္းခဲ့
တာ ေတာင္ငူကို (၉)နာရီခြဲေလာက္
ေရာက္လာတာပါပဲ။

ေတာင္ငူေရာက္ေတာ့မွ ေ႐ႊဆံ ေတာ္ဘုရားႀကီး ပထမဝင္ဖူးၿပီး ကိုယ့္ စိတ္ကိုယ္ၿငိမ္ေအာင္မနည္းထိန္းၿပီးတဲ့ ေနာက္မွအုတ္ႂကြပ္တန္းမွာရွိတဲ့သူငယ္
ခ်င္းတစ္ေယာက္အိမ္ သြားတည္းရ
တယ္။ အဲဒီအိမ္မွာ တစ္ေန႔လုံ၊ တစ္ည
လုံးစိတ္ခ်လက္ခ်အိပ္လိုက္တာေနာက္
တစ္ေန႔ တန္ေဆာင္မုန္းလဆန္း (၉)
ရက္ေန႔ မနက္မိုးလင္းခါမွ “ဟင္း”ခနဲ
သက္ျပင္းတစ္ခ်က္ ခ်လိုက္မိပါတယ္
ခင္ဗ်ာ။ အင္း -ငါေတာ့ ေျပာင္းဝက
လည္းလြတ္လာၿပီ။လူသတ္မႈကလည္း
လြတ္လာၿပီ။ ဘယ္သူမွ ငါ့ကားနဲ႔ တိုက္
သတ္တာ ျမင္တာလည္း မဟုတ္ဘူး။
ငါ့ေနာက္ကိုလည္း ဘယ္သူမွ ေျခရာခံ
လိုက္ႏိုင္မွာ မဟုတ္ဘူးဆိုၿပီး ဒီအခါမွ
စိတ္ႏွလုံးကို တုံးတုံးခ်လိုက္ရတာကို
ခင္ဗ်။ထူးဆန္းတာက ဒီမိန္းမႀကီးေဟာ
လိုက္တာ မမွန္ဘူးလည္း မဆိုႏိုင္ဘူး။
အင္မတန္ ဆိတ္ၿငိမ္တဲ့ေနရာမွာ ေသ
ျခင္းတရားနဲ႔ ရင္ဆိုင္ေတြ႕လိမ့္မယ္ဆို
တာသူေဟာတဲ့တန္ေဆာင္မုန္းလျပည့္
ေက်ာ္(၈)ရက္ဆိုတာလည္း ကိုက္ေန
တာပဲ။ ေျပာင္းတံလိုလိုအေခါင္းေပါက္နဲ႔ ဝိုင္းဝိုင္းလက္နက္တစ္ခုဆိုတာလဲဟိုလူ႔ လက္ထဲမွာ ကိုင္လာတဲ့ေသနတ္ကို ဆို

လိုတာပဲ။ တစ္ခု – သူ ေဟာလိုက္တာ
ကလဲ၊ကံၾကမၼာဆိုတာဘယ္လိုပဲကိုယ့္
ဆီကို လာေနပေစ၊ ကာကြယ္ဖို႔ လြတ္
ေျမာက္ဖို႔ အခြင့္အေရးတစ္ခုခုေတာ့
ရွိတာပဲဆိုတဲ့အဓိပၸာယ္ပါတယ္ ခင္ဗ်။
အခုကိစၥမွာ ၾကည့္ ပါလား။ ကြၽန္ေတာ္
ကာကြယ္လိုက္လို႔ ကြၽန္ေတာ့္အသက္
ရွင္လြတ္ေျမာက္ၿပီးသူေသသြားရတယ္၊
လုပ္ရေတာ့တာပဲ ခင္ဗ်။ ကိုယ့္အသက္
ထက္သူမ်ားအသက္ေတာ့ပိုၿပီးမခင္ႏိုင္
ေတာ့ဘူး။
တစ္ခုဝမ္းနည္းစရာေကာင္းတာ
က လျပည့္ေက်ာ္(၁၀)ရက္ေန႔ ရန္ကုန္
ျပန္ေရာက္လို႔ ေနာက္တစ္ေန႔ သတင္း
စာေတြထဲမွာ ျမင္ရေတာ့မွ သာၿပီး စိတ္
မေကာင္းျဖစ္မိတာကို ခင္ဗ်။ သူငယ္က
ေညာင္ပင္သာ႐ြာက သူငယ္ဆိုပဲ၊ အဲဒီ
ေန႔ညက ႀကိဳးဝိုင္းစပ္မွာ က်ားသစ္တစ္
ေကာင္ဟာ ေသာင္းက်န္းၿပီး ႐ြာထဲလာ
ၾကက္ေတြဆြဲ၊ ဘဲေတြဆြဲ၊ ဆြဲေလေတာ့
ဒီက်ားသစ္ကိုပစ္ရေအာင္ ေခ်ာင္းေနတဲ့
သူငယ္ဆိုပဲ။ သနားစရာေကာင္းလိုက္
ေလ ခင္ဗ်ာ။ ကြၽန္ေတာ့္ရဲ႕ အစြဲအလမ္း
ေၾကာင့္ခမ်ာသက္သက္မဲ့ေသသြားရရွာ
တယ္။

ဒီကတဲကစၿပီး ကြၽန္ေတာ္လည္း ႏွစ္စဥ္နစ္တိုင္း တန္ေဆာင္မုန္းလျပည့္
ေက်ာ္(၈)ရက္ေန႔က်ရင္ သူ႔သခ်ႋဳင္း
ကေလးရွိတဲ့ေနရာ ေရာက္ေအာင္လာ
ၿပီး သူ႔သခ်ႋဳင္းေျမပုံေပၚမွာ ပန္းေခြတစ္
ေ႐ႊျဖစ္ျဖစ္မတတ္သာတဲ့အဆုံးပန္းပြင့္
ကေလးတစ္ပြင့္ျဖစ္ျဖစ္ လာၿပီးခ်ထား
တယ္ ခင္ဗ်၊ ဒါဟာ ကြၽန္ေတာ့္ရဲ႕ဒဏ္ကို ဝင္ၿပီးခံသြားရွာတာကို ခင္ဗ်၊
ပုလိပ္ကို တိုင္ခ်င္လည္း တိုင္ပါ
ေတာ့ ခင္ဗ်ာ။ ဒီဟာ ကြၽန္ေတာ့္အျဖစ္
အပ်က္ပါပဲ။
“မတိုင္ပါဘူး-က်ဳပ္က ဘာျဖစ္လို႔
တိုင္ရမွာလဲ”
ဦးဘိုးလုံးသည္ေနရာမွအတန္ငယ္
ထ၍သြားကာ ပိုက္လုံးေဟာင္းမ်ား စုပုံ
ထားသည့္အပုံထဲမွာတံေတာင္သာသာ
ခန႔္ရွိပိုက္လုံးတပ္လုံးကိုဆြဲယူလိုက္ေလ
သည္၊
ထို႔ေနာက္ က်ားနာတစ္ေကာင္ကဲ့ သို႔ ေမာင္ဘစိုးအား ခုန္၍ အုပ္ၿပီးလွ်င္ ဦးေခါင္းကို ပိုက္လုံးျဖင့္တစ္ရက္တည္း
တအား႐ိုက္ခ်လိုက္ရာ ေသေဘးကို
ေျပး၍မလြတ္ရွာေသာေမာင္ဘစိုးသည္
သခ်ႋဳင္းေျမပုံေပၚသို႔ကန႔္လန႔္ျဖတ္လဲက်
သြားရွာေလ၏။

“ငါသား သတ္တဲ့အေကာင္- အခု မွပဲလက္စားေခ်ရေတာ့တယ္ကြယ္”ဟု ေရ႐ြတ္ကာ ဦးဘို၊လုံးသည္ ဘူတာ႐ုံ ဘက္သို႔ထြက္သြားေလသည္။
ဒဂုန္ေ႐ႊမ်ား