ဘီလူးမ သိုက်(စ/ဆုံး)

Unicode Version

ဘီလူးမ သိုက်(စ/ဆုံး)
————————-
တပြေးချောင်းလေးသို့ရောက်လျှင်
သားအဖနှစ်ယောက် ကွမ်းထမ်းကိုချပြီး တစ် ထောက် နားလိုက်ကြ၏။ ရွာနှင့်လည်း သိပ် ပြီး မဝေးတော့ပေ။ သို့သော်လည်း အတော် လေး ပင်ပန်းလာကြ သဖြင့် ရွာကိုရောက် အောင် ဆက်သွားလိုစိတ်မရှိတော့။ သည် နေရာ၌ တစ်ထောက်နား၊ တစ်ရေး တစ်မော အိပ်၊ နိုးလျှင် လမ်းမှ ချက်ယူလာသော ထမင်းထုပ်ကိုဖွင့်စားပြီးမှ ရွာကိုအရောက် ဆက်သွားကြမည် ဖြစ်၏။
သည် နေရာလေး၌ တစ်ဘက်တွင် တပြေး

ရွာရှိပြီး ထိုဘက်တွင် သူတို့ ၏ ဇာတိ ခြံရွာ ကြီး ရှိသည် ။ ထန်းတပင်မြို့၌ ထင်ရှားသော ရွာကြီးဖြစ်သည် ။
သည် နေရာလေးသည် ကား အလွန် သာယာသည် … တသွင်သွင်စီးဆင်းနေသည့်
တောင်ကျ
(တပြေး)စမ်းချောင်းလေးနှင့်
ပနံရသော တောရှုခင်းလေးများ လည်း ရှိ သည် ။ ။ ထို့ကြောင့် ကြည်နူးစဖွယ်လည်း ကောင်းသည် ။
သည် တပြေးစမ်းချောင်းလေးသည် လည်း သူတို့ သားအဖအတွက် အရေးပါလှသည် တပြေးချောင်းဖျားတခို၌ ရှိကြသော ရွာလေး များ တွင် ကွမ်းခြံနှင့် ကွမ်းသီးခြံများ ပေါ သည် ။ သူတို့ သားအဖက ထိုထို ကွမ်း၊ ကွမ်းသီးများကို တစ်ပိုင်တစ်နိုင် ထမ်းသယ် ပြီး ထန်းတပင်၊ တောင်ငူ စသော ဒိုင်များကို သွားရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်းဖြစ်သည် ။
ဤအလုပ်သည် လည်း သက်သာလှသည်
တော့မဟုတ်ပေ။ ခရီးဝေးသလို တောလမ်း၊ တောင်တန်းကြီးများကိုချည်း
ဖြတ်ကျော်ပြီး
သွားကြရသဖြင့် တစ်ခါတလေ တောဆင် အုပ်များ ၊ ပြောင်အုပ်များ နှင့် ပက်ပင်းတိုး သဖြင့် ကွမ်းထမ်းကိုပစ်ချပြီး ထွက်ပြေးကြရ
သောအခါ ပေါင်းလည်း မနည်းပေ။
ဝမ်းကျောင်းရေးဖြစ်၍ သာ စွန့်စွန့်စားစား
သွားလာလုပ်ကိုင်နေကြရ၏။ အန္တရာယ်ကား
များ လှသည် ။
ဤနေ့သည် ကား ကွမ်းထမ်းသမား ဦး
တက်တူနှင့်
သားမောင်ပြားကြီးတို့
ကံကောင်းမည့် အခါသို့ ရောက် လာလေ သည် ။ ပင်ပန်းဆင်းရဲပြီး အန္တရာယ်များ လှ သည့် ကွမ်းထမ်းသမားဘဝမှ ကျွတ်လွတ် မည့်နေ့ဟု လည်း ဆိုနိုင်လေသည် ။

ခြေသံတစ်ခုကို ကြားလိုက်ရ၍ ဦးတက်တူ တို့ သားအဖ မောမောနှင့် အိပ်ပျော်နေရာမှ လန့်နိုးသွားကြ၏။ မျက်စိကိုလက်နှင့် ပွတ် ပြီးကြည့်လိုက်ရာ သက်တော် (၁၆) နှစ်ခန့် သပိတ်ကို လွယ်ပြီး ကြိမ်တုတ်တစ်ချောင်းကို ကိုင်ကာ ရပ်နေသော ကိုရင်လေးတစ်ပါး အား တွေ့လိုက်ကြရ၏။ ထို့ကြောင့် ဦး တက်တူမှာ ထိုင်ရမလို ထရမလို ဖြစ်နေစဉ်
မှာ ပင် ကိုရင်လေးက မေး၏။
“ဒကာကြီးတို့ ဘယ်ကလာလို့ ဘယ်ကို သွားကြတာတုန်း”
“တပည့်တော်တို့ ခြံကြီးရွာကပါ ဘုရား။
တောင်ပေါ်ရွာက ကွမ်းထမ်းပြီး ပြန်လာကြ
တာပါ”

“ဪ ဪ … တော်တော် ပင်ပန်းကြမှာ
ပဲနော်”
“မှန်လှပါဘုရား။ တစ်ဝမ်းတစ်ခါးအတွက်
သင့်ရာအလုပ်ကို
လုပ်ကိုင်နေရတာပါ။
မိသားစုက ခြောက်ယောက်ဆိုတော့ အတော်
လေးပဲ ရုန်းကန်ရပါတယ်။ ဒါကြောင့် ဒီသား
ငယ်ကို
တောင်
အနားမပေးနိုင်ဘဲ
ကူဖော်လောင်ဖက်
ခေါ်သွားနေရပါတယ်
ဘုရား”
ကိုရင်လေး စကားမဆက်ဘဲနေ၏။ ဦး
တက်တူနေကို မော့ကြည့်သည် ။ မနက် (၁၁)
နာရီခန့် တွင် ရှိနေလေပြီ။

“ကိုရင်လေး ဆွမ်းကိစ္စကော ပြီးပါပြီလား
ဘုရား”
“မပြီးသေးပါဘူး ဒကာကြီး”
“ဒီလိုဆိုရင် အချိန်တောင်လွန်တော့မယ်။ တပည့်တော်တို့ လမ်းတစ်ဝက်က ချက်

ယူလာတဲ့ ထမင်းထုပ်ကို ကပ်လှူပါရစေ။
လက်ခံပြီး
ဘုဉ်းပေးသုံးဆောင်တော်မူပါ
ဘုရား”
ကိုရင်လေးသည် တစ်အောင့်စဉ်းစားလိုက်
ပြီး …
“ရပါတယ် ဒကာကြီး။ အပူမရှာပါနဲ့ ။ ဒကာကြီးတို့ မှာ ပင်ပင်ပန်းပန်း အထမ်းကြီး နဲ့ သွားနေကြရတာ။ ကိုယ့်ဘာသာပဲ စား သောက်လိုက်ကြပါ။ ကိုရင်အဖို့ အရေးမကြီး ပါဘူး။ သပိတ်ကို ရေဆေးသောက်လိုက်ရင် လည်း ပြီးပါတယ်”
“တပည့်တော်တို့ အတွက် အပန်းမကြီးပါ ဘူးဘုရား။ ရွာကို ရောက်ဖို့ လည်း နီးနေပါ ပြီ။ ဒါကြောင့် ကြုံတုန်းကပ်ရတာမို့လို့ သနားသောအားဖြင့် လက်ခံပြီး ဘုဉ်းပေး သုံးဆောင်တော်မူပါ ဘုရား” လျှောက်ထားပြီး ဆက်ကပ်လိုက်သည် ။
ဟု

ထို့နောက် အရိပ်ကောင်းသော သစ်ပင်
ကြီးအောက်မှာ အညာစောင်ကိုဖြန့်ခင်းကာ
ထမင်းထုပ်ကို ဦးတက်တူကိုယ်တိုင် ဖွင့်
ပေးလိုက်၏။ စမ်းအိုင်ထဲက လက်ဆေးရေ
နှင့် သောက်ရေအိုးကိုလည်း ခပ်ပေး၏။ မ
မျှော်မှတ်ဘဲ ကိုရင်လေးတစ်ပါးအား ဆွမ်း
တစ်နပ် ကပ်လှူ လိုက်ရသည့်အတွက် ဦး
တက်တူတို့
သားအဖမှာ
ဝမ်းမြောက်
ဝမ်းသာ၍ မဆုံး ဖြစ်နေမိကြလေသည် ။ ကိုရင်လေးက … ဆွမ်းဘုဉ်းပေးပြီးနောက် ဦးတက်တူတို့ သားအဖအား ကျေးဇူးတင် စကား မိန့်ကြား၏။
“ကျေးဇူးတင်လို့ မဆုံးလောက်အောင်ပါပဲ ဒကာကြီး။ ဒီလို တောလမ်းခရီးမှာ ဆွမ်းတစ် နပ် ဘုဉ်းပေးရဖို့ ဆိုတာ တကယ်လည်း မလွယ်ပါဘူး”
“တင်ပါ့ဘုရား။ တပည့်တော်တို့ သားအဖ

အနေနဲ့ လည်း တောလမ်းခရီးမှာ မမျှော်မှတ် ဘဲ အရှင်ဘုရားကို ဆွမ်းကပ်ခွင့်ရလိုက်တဲ့ အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်လို့ မဆုံးပါ
ဘူးဘုရား”
“အေးပေါ့လေ။ ဆွမ်းတစ်နပ်တွက် ကိုရင် က ဒကာကြီးတို့ သားအဖကို ကျေးဇူးတင် သလို ဒကာကြီးတို့ သားအဖကလည်း ဆွမ်း အလှူခံတဲ့ ကိုရင့်ကို ပြန်ပြီးကျေးဇူးတင်
တယ်ဆိုတော့ သူတော်ကောင်းကြီးနှစ်ဦး
လမ်းလျှောက်သွားကြရင်း အလယ်မှာ လမ်း
ကျန်တယ်ဆိုတဲ့ စကားအတိုင်းပေါ့။ ရွှေဥမင်
ဆရာတော်ကြီးနဲ့ တောင်ဖီလာဆရာတော်
ကြီးတို့ အကြောင်းလေ။ ကြားဖူးတယ်
မဟုတ်လား”
“မှန်လှပါ။ မကြားဖူးလို့ အမိန့်ရှိတော်မူပါ ဘုရား”
“ဒကာကြီး တယ်လည်း ဗဟု သုတ နည်း

သလိုဗျ။
ရှေးအခါက
တောင်ဖီလာ
ဆရာတော် ကြီးနဲ့ ရွှေဥမင်ဆရာတော်ကြီးတို့ အကြောင်းပေါ့။ တစ်နေ့မှာ ဆရာတော်နှစ် ပါး လမ်းလျှောက် ကြွကြသတဲ့ ။ တောင်
ဖီလာဆရာတော်ကြီးက မင်းကိုးကွယ်တဲ့ မြို့
ဘုန်းကြီးဖြစ်ပြီး ရွှေဥမင်ဆရာ တော်ကြီးက
တောရဘုန်းကြီး ဖြစ်သတဲ့ ။ ဒါကြောင့်
တောင်ဖီလာဆရာတော်ကြီးက
တောရာဆရာတော်ရှေ့က ကြွတော်မူပါဆိုပြီး ရွှေဥ မင် ဆရာတော်ကြီးကို လျှောက်ထားသတဲ့ ရွှေဥမင် ဆရာတော်ကလည်း မတော်ပါဘူး။ မြို့ဘုန်းကြီး – မင်းဆရာတော်ပဲ ရှေ့ကကြွ တော်မူပါလို့ ပြန်လျှောက်ထားလိုက်သတဲ့ နောက်တော့ ဘယ်ဆရာတော်မှ ရှေ့ကမကြွ တော့ဘဲ လမ်းကို အလယ်ထားပြီးသာ ကြွ တော်မူကြသတဲ့

“မှန်လှပါ။ ကိုရင်လေး အရမ်းဗဟု သုတရှိ

တာပဲ။ တပည့်တော် … အရှင်ဘုရားပြောမှ ကြားသိကြည်ညိုရပါတယ်ဘုရား”
ကိုရင်လေး ပတ်ဝန်းကျင်ကို တစ်အောင့်
ကြာအောင်
ကြည့်ရှုနေ၏။ ထို့နောက်
ပြောသည် ။
“ဒကာကြီးတို့ သားအဖကို ကျေးဇူးတင်တဲ့ အနေနဲ့ ဆွမ်းကျေးဇူးဆပ်ရမယ်။ ဟောဟိုက ကျောက်တောင်ပေါ်မှာ စေတီတော်လေးတစ် ဆူ တွေ့တယ်မဟုတ်လား”
“မှန်လှပါ။ တွေ့ပါတယ်ဘုရား”
“အဲဒီစေတီတော်လေးရဲ့ အောက် ကျောက်
တောင်အတွင်းမှာ
ဘီလူးမသိုက်ဆိုတာရှိ
တယ်။ အဲဒီဘီလူးမသိုက်ကိုဖွင့်ဖို့ ကိုရင်လာ
ခဲ့တာပါ”
“ဪ

ဒါဆို၊ ကိုရင်လေး ဒီနယ်က
မဟုတ်ဘူး လား ဘုရား”

“ကိုရင် ဘယ်နယ်က၊ ဘယ်ကလာတယ် ဆိုတာ မသိချင်ပါနဲ့ ။ ဒကာကြီးတို့ သားအဖ
နှစ် ယောက် ကိုရင်ခိုင်းတာကို လုပ်နိုင် လုပ်နိုင် ဆိုတာကိုပဲ ပြောပါ”

“ကိုရင်က ကောင်းမယ်ထင်လို့ ခိုင်းရင် တပည့်တော်တို့ သားအဖကလည်း ဘယ် ငြင်းပါ့ မလဲ။ လုပ်မှာ ပေါ့ဘုရား”
“ကောင်းပြီ … ဒီလိုဆိုရင် ဒကာကြီးတို့

ကွမ်းထမ်းတွေကို တစ်နေရာမှာ သွားပြီးဖွက် ထားလိုက်ကြ။ ပြီးတော့ ကန်တော့ပွဲထိုးဖို့ အတွက် အုန်း၊ ငှက်ပျောနဲ့ အမွှေးတိုင်၊ ဖယောင်းတိုင် တွေ ဝယ်ယူစုဆောင်းပြီး
အသင့်ပြင်ဆင်ထားကြပါ။ ဒီနေ့ လပြည့်ည သန်းခေါင်ကျော်ရင် ဘီလူးမသိုက် ကို ဖွင့်ကြ
မယ်”
“မှန်ပါဘုရား။ တပည့်တော် အရှင်ဘုရား အမိန့်ရှိတဲ့ အတိုင်း အားလုံးကို လိုက်လံ

ဆောင် ရွက်လိုက်ပါ့မယ်”
ကိုရင်လေးက အသက်ပင်ငယ်သေး သော်လည်း သိုက်ဆရာကြီးဆိုပါလားဟု တွေးပြီး ဦးတက်တူ တအံ့တဩ ဖြစ်သွား ရ၏။ ဦးတက်တူ သိုက်အကြောင်းကို ပုံပြင်
အဖြစ်သာ ကြားခဲ့ဖူး၏။
ဘီလူးစောင့်သောသိုက်၊
မြွေနဂါးစောင့်
သောသိုက်၊ ရွာစောင့်သောသိုက် စသည် ဖြင့်
အဖိုး အဖွားများက ပြောပြကြသလို အခြား
သူများကလည်း
သိုက်အကြောင်း
မြောက်မြားစွာတို့ ကို ပြောပြကြ၏။
စိတ်ဝင်စားဖွယ် အလွန်ကောင်း၏။
လျှို့ဝှက်နက်နဲသော အကြောင်းအရာများ
ထိတ်လန့်ဖွယ်ရာနှင့် စွန့်စားခန်းများ ၊
ဝမ်းနည်းကြေကွဲစရာများ ရောပြွမ်းပေါင်းစု
ပါဝင်နေ၍ ဦးတက်တူလည်း သဘောကျ၏။
ဦးတက်တူ ငယ်စဉ်ကပင် လျှို့ဝှက်

နက်နဲသော အကြောင်းအရာများကို အလွန်
စိတ်ဝင်စား၏။ ယခုကိုယ်တိုင် ပါဝင်ကြုံတွေ့
ရတော့မည်ဖြစ်၍ အတော်လေးပင် စိတ်
လှုပ်ရှားနေမိ၏။
အုန်း၊
ထို့နောက် ဦးတက်တူသည် ကြိုတင်ပြီး ငှက်ပျောနှင့် အမွှေးတိုင်၊
ဖယောင်းတိုင် များကို ဝယ်ယူစုဆောင်းရန် အတွက် သားဖြစ်သူ မောင်ပြားကြီးအားခေါ် ပြီး ရွာဘက်ဆီသို့ ဦးတည်ထွက် လာခဲ့လေ သည် ။
***
ကိုရင်လေးက စမ်းချောင်းလေး၏ မြောက် ဘက် တစ်နေရာတွင် အခင်းအကျင်းများ ပြုလုပ်ရန်အတွက် စေခိုင်း၍ ဦးတက်တူတို့ သားအဖက ခုတ်ထွင်ရှင်းလင်းလိုက်ကြ၏။

လိုအပ်သော ပစ္စည်းများကိုလည်း အားလုံး အစုံအသင့် ပြင်ဆင်ထားကြ၏။
ထို့နောက် ကိုရင်လေးသည် ညကိုးနာရီ ကျော်သည် အထိ ကျောက်တောင်ထိပ်က စေတီ တော်လေး၏ ရင်ပြင်တော်တွင် ထိုင် ပြီး တရားရှုမှတ်နေ၏။ မေတ္တာလည်း ပို့၏။ ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်များကို တိုင်တန်းခြင်း၊ ပင့်ဖိတ်ခြင်း စသည် များကိုလည်း ပြုလုပ်၏။ ထို့နောက်မှ သိုက်လိုက်ခြင်း
အစီအမံကို စတင်လေသည် ။
ဦးစွာ စည်းအတန်တန်တားပြီး ကန်တော့ ပွဲပေးခြင်း၊ ဖယောင်းတိုင်၊ အမွှေးတိုင်များ ညှိထွန်းခြင်း၊ အင်း အိုင် ခါးလှည့်များ စီရင် ခြင်း၊ ဂါထာ မန္တန်များ ရွတ်ဆိုခြင်း စသည်
များကို ပြုလုပ်၏။
ထိုအချိန်၌ ပတ်ဝန်းကျင်တခုသည် တစ် မျိုးပြီးတစ်မျိုး၊ အဖုံဖုံ အမျိုးမျိုး ပြောင်းလဲ

လာ လေ၏။ ကြောက်မက်ဖွယ်ကောင်းသော တုန်လှုပ်ချောက်ချားဖွယ်ရာများ လည်း တစ်
မျိုးပြီး တစ်မျိုး ဖြစ် လာလေ၏။ ဦးစွာ ကျယ် ကျယ်လောင်လောင် ခွေးအူသံများကို ကြား လာရ၏။ ထို့နောက် ကျားဟိန်းသံ၊ ခြင်္သေ့ ဟောက်သံကဲ့သို့ အသံကြီးများကို ကြားလာ
ရပြီး
လူတစ်ဦးတစ်ယောက်
ပြင်းပြင်းထန်ထန် ဒဏ်ရာရ၍ အော်ဟစ် ညည်းညူသံကြီးများ နှင့် မိန်းကလေးတို့ ၏ ကယ်ပါ ကူပါ တစာစာဖြင့် အော်ဟစ်ငိုကြွေး
နေကြသံများကိုလည်း ပထဝီမြေကြီး တုန် ဟည်းလုမတတ်အောင်ပင် .. ကျယ်လောင်စွာ
ဖြင့် ကြားလာရ၏။
ဦးတက်တူတို့ သားအဖမှာ အသက်ထွက် လုမတတ်အောင် ကြောက်လန့်ပြီး မျက်လုံး မျက်ဆန်များ ပြူးကျယ်လျက် ပတ်ဝန်းကျင် ကိုသာ နားစိုက်ပြီး မြင်နိုင်သမျှကြည့်ရင်း

ငြိမ်ကုပ် နေကြလေသည် ။ သားဖြစ်သူ မောင်ပြားကြီးမှာ ကား ကိုရင်လေးနှင့် ဖခင်

ဦးတက်တူတို့ ၏ အကြားကိုတိုးဝင်ပြီး ဖြန်းဖြန်းတုန်နေလေသည် ။
ထိုအချိန်၌ ကိုရင်လေးသည် မျက်စိကိုစုံမှ ဝိတ်ပြီး ဦးတက်တူတို့ သားအဖ နားမလည် နိုင်သော ဂါထာ၊ မန္တန်များကို ရွတ်ဖတ် သရဇ္ဈာယ်နေ၏။ ထိုထို အသံနက်ကြီးများကို
မကြောက်သည့်အပြင် ဂရုစိုက်ဟန်ပင် မတူ
ပေ။
ခန့်ကြီးသည့်
ထို့နောက် သာမန်လူတို့ ထက် လေးငါးဆ ဘီလူးသန်ဖက်ကြီးများ
တင်းပုတ်များ၊ မှိန်းများကိုထမ်း၍ ဦး
တက်တူတို့ ရှိရာသို့ ဦးတည်ပြီး လျှောက်လာ နေကြသည် ကို လရောင်ဖြင့် ထင်ထင်ရှား ရှားကြီး မြင်နေရ၏။ ထို့ကြောင့် ဦးတက်တူ တို့ သားအဖမှာ အစက အသံကြီးများကိုသာ

ကြောက်လန့်နေကြပြီး ယခုအခါ လူသတ် လက်နက်ကိရိယာများကိုထမ်းပြီး
ဘီလူး
သန်ဖက်ကြီးများ လာနေကြ၍ သေကြရ တော့မည်ဟူ၍ ပင် မိမိကိုယ်ကိုအဆုံးချပြီး ပိုင်းဖြတ်နေကြသည် ။ သို့သော်လည်း ထိုထို ဘီလူးသန်ဖက်ကြီးများ သည် စည်းအတွင်း သို့ မဝင်ရဲကြပေ။ အနားသို့ တိုးကပ်လာလျှင်
လည်း ကိုရင်လေး တားထားသော စည်းက
မီးထတောက်၍
ဘီလူးသန်ဖက်ကြီးများ
လွင့်စဉ်ပြီး နောက်ကောက်ကျသွားကြသည်
ကို တွေ့လိုက် ရ၏။
ထို့ကြောင့် … ကိုရင်လေး
တားထားသော
စည်းသည် အတော်လေး အစွမ်းထက်ပြီး အားကိုးရ ပါလားဟု တွေးကာ အနည်းငယ် ကြောက်စိတ်လျှော့၍ သက်သာရာရလုဆဲ အချိန်မှာ ပင် စည်းနှင့် ထိပြီး လွင့်စဉ်၍ နောက်ကောက်ကျကာ မေ့မြောနေကြသော။
ဘီလူးသန်ဖက်ကြီးများ သည် ချက်ချင်းနိုးထ
ပြီး ပကတိအတိုင်း ပြန်ဖြစ်လာကြလေသည်
ထို့နောက် … ဖားဂုံညင်းများ ကိုယ်ထဲသို့ လေသွင်းသကဲ့သို့ ပုလိုက်၊ ပိန်လိုက်၊ ရှည် လိုက်၊ ကုန်းလိုက်၊ ကွလိုက် လုပ်လိုက်ကြရာ ယခင်ထက် လေးငါးဆခန့်ထိကြီးသွားပြီး
မျက်လုံးနှင့် ပါးစပ်များ လည်း ပို၍ ပြဲကာ အသံနက်ကြီးများ ဖြင့် ကျယ်လောင်စွာ
ဟိန်းဟောက်လျက် စည်းဝိုင်းထဲသို့ ခုန်ဝင်
ကြတော့မည့်သဘော ဖြစ်လာကြလေသည် ။
ထို့ကြောင့် ဦးတက်တူ တောင့်မခံရဲတော့။
“ကိုရင်လေး ဘုရား။ ဒီတစ်ခါ မဖြစ်တော့ဘူး
ဘီလူးသန်ဖက်အုပ်စုကြီး
ဘုရား။ တပည့်တော်တို့ စည်းတွင်းထဲသို့ ခုန်ဝင်ကြ
တော့မယ်။ ကယ်တော်မူပါဦး ဘုရား” ဟု ထ
အော်လိုက်၏။

“မကြောက်ပါနဲ့ ဒကာကြီး။ အဲဒါ သိုက်
စောင့်တွေက တမင်တကာ ဒကာကြီးတို့
သားအဖ ကြောက်လန့်သွားအောင်လို့ အရုပ်
အသံအမျိုးမျိုးနဲ့
ခြောက်လှန့်နေကြတာပါ။
ဘာမှ ကြောက်စရာ မလိုပါဘူး”
“မကြောက်လို့ မရတော့ဘူးဘုရား။ ကိုရင် လေးကသာ မကယ်ဘူးဆိုရင် တပည့်တော် တို့ ထွက်ပြေးတော့မယ်ဘုရား” ဟု တက်တူက အသံတုန်တုန်ဖြင့် ပြောလိုက်၏။ ထို့ကြောင့် ကိုရင်လေး မျက်စိဖွင့်ကြည့်
ပြီး “ဒကာကြီး သိပ်ခက်တာပဲ။ အဲဒါတွေဟာ သိုက်စောင့်တွေ တမင်တကာ ဒကာကြီးတို့
သားအဖ ကြောက်လန့်အောင်လို့
ခြောက်လှန့်နကြတာပါဆိုမှ ၊ ကဲ … ဟိုဘက် ကို နည်းနည်းရွှေ့ နေစမ်း” ဟု ပြောပြီး ကိုရင်လေးသည် သူ၏ ဆေးကြိမ်လုံးကို

ဦးစောက်ပြန်ပြန် သုံးလေးချက် ပွတ်သပ်ကာ ဂါထာမန္တန်များ မန်းမှုတ်ပြီး ဝှေ့ယမ်းလိုက် သဖြင့် ဆေးကြိမ်လုံး၏ အဖျားက မီးဟု န်း ဟု န်းတောက်လျက် ထိုမီးတောက်၊ မီးတန်း ကြီးသည် ဘီလူးသန်ဖက်များ ဆီသို့ အတန်း လိုက် ကူးစက် လောင်ကျွမ်းသွားသဖြင့် တစ် ကောင်မကျန် လွင့်စဉ်သွားကြလေသည် ။ သို့သော်လည်း ဘီလူးသန်ဖက်ကြီးများ သည် ကား အားမလျှော့ကြပေ။ ကျားဆင် ကြီးများ ၊ မြွေနဂါးကြီးများ နှင့် အားဖြည့်ပြီး တစ်ဖန် ရောက်လာကြပြန်လေသည် ။ သည် အကြိမ်တွင် အကောင်ပေါင်းများ စွာ၊ တော အနှံ့ ပြည့်နေလေသည်။ ဟိန်းဟောက် သံကြီးများမှာ လည်း နားကွဲလု မတတ် အောင်ပင် ကျယ်လောင်လွန်းသည် ။ မြွေ နဂါးကြီးများ နှာမှုတ်ရာတွင် လည်း မီးဟု န်း ဟု န်း ထတောက်သည် ။ မီးတောက်မီးလျှံများ ဖြင့် တစ်တောလုံး လင်းထိန်သွားသည်
ဆေးသည် အကြိမ်တွင် ကိုရင်လေးသည် ကြိမ်လုံးဖြင့် မလုပ်တော့ဘဲ လွယ်အိတ်ထဲမှ ဆေးမှုန့်တစ်ဆုပ်ကို ထုတ်ယူကာ နှုတ်ခမ်း မှာ တေ့၍ သုံးလေးအုပ်မန်းပြီး ပစ်ပေါက် လိုက်၏။ ထိုအခါ ဆေးမှုန့်များ သည် အ ဏုမြူကဲ့သို့ မီးပွားများ အသွင်ပြောင်းကာ တောအနှံ့တွင် ပြည့်နှက် ခြောက်လှန့်နေကြ သော သိုက်စောင့်များအား . တစ်ကောင်မ ကျန် လောင်ကျွမ်းပြီး မီးဟုန်းဟုန်း တောက်သွားပြန်လေသည် ။
ထို့ကြောင့် တစ်အောင့်ကြာမျှ တိတ်ဆိတ် သွား၏။ ထို့နောက် ခြေသံတစ်ခုကို ကြားလာ ရ ပြန်သည် ။ လရောင်ဖြင့် ဦးတက်တူကြည့် လိုက်ရာ ကရင်မကြီးတစ်ယောက် ကွမ်း ထမ်းဖြင့် လာနေ သည် ကို တွေ့လိုက်ရ၏။

ဦးတက်တူနှင့် သိကျွမ်းရင်းနှီးကြသော
တောင်ပေါ်ရွာသူ
ဒေါ်နော်ဆေးဖောပင်
ဖြစ်၏။
“ကိုတက်တူ။ ငါလာမယ်နော်။ နင့်ကိုရင်
လေးကို ငါကွမ်းပေးချင်လို့ ”

“ဪ အေး အေး လာခဲ့လေ ဒေါ်ဖော”
မိုးလည်း လင်းလာနေပြီ။ ဒေါ်နော်ဆေး
ဖောမှာ ဦးတက်တူနှင့် သိကျွမ်းရင်းနှီးသော
တောင်ပေါ်သူ
ကရင်မကြီးတစ်ယောက်
လည်း ဖြစ်နေ၍ ဦးတက်တူတို့ သိုက်လိုက် နေကြသည် ကို လည်း နှောင့်ယှက်ဖွယ်မရှိ ပေ။ ထို့ကြောင့်ပင် သူလှူချင်နေသော ကွမ်း ကို လှူပါစေဟု အလွယ်တကူ လာခွင့်ပြု လိုက်ခြင်း ဖြစ်၏။ ဤတွင် ကိုရင်လေးက ဦး တက်တူအား ဟောက်အော်လေသည် ။ “ဟ ဒကာကြီး ဘာလို့ လာခွင့်ပြုလိုက် တာလဲ။ ဒုက္ခတော့ ရောက်ကုန်ကြတော့မှာဟု ပြောပြီး … ကိုရင်လေးသည် ကပျာကယာ လွယ်အိတ်ထဲမှ ဆေးကြမ်းတစ် ဆုပ်ကို နှိုက်ယူကာ သုံးအုပ်မျှ မန်းမှုတ်ပြီး ပစ်ပေါက် လိုက်လေသည် ။ ထို့ကြောင့် ကရင်မကြီး ဒေါ်နော်ဆေးဖောမှာ ချက်ချင်း ပင် နဂိုရုပ်ပျောက်ပြီး ဘီလူးမကြီး ဖြစ်သွား ကာ တစ်ကိုယ်လုံးကို မီးတောက်လောင် လျက် အသံနက်ကြီးဖြင့် … အော်ညည်းပြီး အဝေးသို့ လွင့်စဉ်သွားလေသည် ။

“ကိုင်း ဒကာကြီး တွေ့တယ်မဟုတ်လား။ ဒကာကြီးရဲ့ ကရင်မကြီး ဘာဖြစ်သွား ပြီလဲ။ ဒါကြောင့် ကျုပ်ကိုအသိမပေးဘဲ
ဘာ
မှ မလုပ်ပါနဲ့ ။ အားလုံး ဒုက္ခရောက်သွားကြ ။ လိမ့်မယ်။ အဲဒါဟာ ဒီသိုက်ကို စောင့်တဲ့ အဓိကသိုက်ချုပ် ဘီလူးမကြီးဗျ။ သူ့ အသင်းအပင်း တပည့်တွေနဲ့ တိုက်ခိုက်တာ
မရလို့ သူကိုယ်တိုင်လာတာ။ လျှော့တွက်ရင်

မှားသွားတော့မှာ ပေါ့”
ဦးတက်တူလည်း သူ့အပြစ်နှင့်သူ အမှား
ကြီးမှားမှန်း သိသွား၍
အလွန်အမင်း
ကြောက်လန့် ကာ ငြိမ်ကုပ်နေရာမှ “မှန်လှပါ
ဘုရား။ နောက်ဆို အရှင်ဘုရားကိုအသိမပေး
ဘဲ ဘာမှ မလုပ်ရဲ တော့ပါဘူး ဘုရား” ဟု
လေသံကိုနှိမ့်၍
တိုးတိုးလျှောက်ထား
လိုက်၏။
သားဖြစ်သူ
မောင်ပြားကြီးမှာမူ
သိုက်လိုက်ခြင်းအစမှ
ယခုအချိန်ထိ
တုတ်တုတ်မျှမလှုပ်ရဲ ဘဲ ဖခင် ဦးတက်တူနှင့်
ကိုရင်လေးတို့ ၏ အကြားတွင် ငြိမ်ကုပ်နေ ဆဲ ဖြစ်၏။ ထို့ကြောင့် တစ်ခါ တစ်ခါ ဖခင် ဦးတက်တူမှာ “ငါ့သား အသက်မှ ရှိသေးရဲ့လား။
ဥစ္စာစောင့် ဘီလူး၊ သန်ဖက်တို့ ၏ အရုပ်အသံများကို ကြောက်လန့်ပြီးပင် အသက်ထွက်သွားလေပြီလား” ဟု တွေးပြီး

ကြည့်မိသည် မှာ လည်း ခဏခဏပင်
ဖြစ်၏။
“ဒါပေမဲ့ အနှောင့်အယှက်တွေတော့ ကုန်
သလောက် ဖြစ်သွားပါပြီ။ ဒါကြောင့်မို့လည်း သိုက်ချုပ်မကြီးကိုယ်တိုင် ရောက်လာတာမျိုး ပါ။ မိုးလည်း လင်း လာပြီပဲ” ဟု ကိုရင်လေး
က
ပြောသည် ။
ထို့နောက် ကိုရင်လေးသည် ကျောက်နံရံ တစ်နေရာကို ဆေးသုတ်ပြီး ဂါထာမန္တန်များ ကို ရွတ်ဆို၍ ဆေးကြိမ်တုတ်ဖြင့် ရိုက်ပုတ် လိုက်ရာ ကျောက်နံရံထဲမှ အမျိုးအမည်ကို
ဖော်တတ်သော
အသံနက်ကြီးများ

ဟိန်းဟောက်အော်ညည်းသံများကို ကြားလာ ရ၏။ ကျောက်တောင်ကြီးတစ်ခု လုံး တုန်း
ဟည်း၍ လည်း လာလေသည် ။

“သားလေး ဘာမှ မကြောက်နဲ့ ကွ၊ ဒါဟာ ဥစ္စာစောင့်တွေက တမင်တကာတို့ ကို

ကြောက်လန့်သွားအောင် ဖန်တီးတဲ့ အသံပဲ။ ကြောက်စရာမလိုဘူး”
သားဖြစ်သူ မောင်ပြားကြီးကို အားပေး စကားပြောနေသော်လည်း စင်စစ်တွင် တက်တူ၏ တစ်ကိုယ်လုံး .. ကြောက်စိတ် ကြောင့် တုန်နေ၏။
ကျောက်တောင်ကြီးထဲက တစ်အောင့်ကြာ အောင် တုန်ဟည်းအော်ညည်းလိုက်ပြီး နောက် ကိုရင်လေး ဆေးသုတ်ထားသော တံခါးမကြီးတစ်ရွက်စာနေရာမှ ကျောက်မှုန့် ကလေးများ တဖြောက်ဖြောက် ကျ လာပြီး နောက် ကျောက်နံရံကြီးသည် တံခါးရွက်ကြီး သဖွယ် ပွင့်ထွက်သွား လေသည် ။ ထို့ကြောင့် ပြူထွက်စ နေရောင်သည် ကျောက်ဂူတွင်းထဲ ကို ထိုးဝင်သဖြင့် ကျောက်ဂူတွင်းကြီးတစ်ခု လုံး ရွှေရောင်များ ဖြင့် တဖိတ်ဖိတ်တောက် နေလေသည် ။

ဦးစွာ ကိုရင်လေးက
ကျောက်ဂူတွင်းကြီး
ထဲသို့ ဝင်သွားလေ၏။ တစ်အောင့်ကြာလျှင်
ဂူဝသို့ ပြန်ထွက် လာပြီး ဦးတက်တူအား လှမ်းခေါ်သည် ။
“ကိုင်း … ဒကာကြီး ဒီကိုလာခဲ့ပါ”
“သား … ကျန်နေခဲ့နော်။ ဘာမှ မကြောက်
နဲ့ သိလား။ အဖေကိုရင်လေးဆီကို လိုက်
သွားလိုက်မယ်”
မောင်ပြားကြီးက
ဆတ်ခနဲ
ခေါင်းညိတ်၏။ ထို့နောက် ဦးတက်တူ ကိုရင် လေးဆီကို အပြေးလိုက်သွားသည် ။ ကိုရင် လေးက ဦးတက်တူ၏ လက်ကိုဆွဲပြီး ကျောက်ဂူအတွင်းထဲသို့ ခေါ်သွားသည် ။
ကျောက်ဂူတွင်းထဲသို့ရောက်၍
ကြည့်
လိုက်ရာ အံ့သြ၍ မဆုံးလောက်အောင်ပင် ဖြစ်သွား ရလေ၏။ ကျောက်ဂူတွင်းထဲသည် ကား တကယ့် ထီးပုံနန်းပုံအဆောက်အဦး၏

အတွင်းပိုင်းကြီး
သဖွယ်ဖြစ်နေလေ၏။
ရတနာအမျိုးမျိုးကို စီခြယ်ထား၏။ အခန်း
ခန်း အဆောင်ဆောင်ရှိနေသည် ကိုလည်း
တွေ့ရ၏။
အလယ်ခန်းမဆောင်ကြီးသည်
သာ၍ ပင် ကျယ်ဝန်း၏။ အဆောင်အယောင်
များ လည်း ပြည့်စုံလျက် ရှိ၏။
အခန်းတိုင်း
အဆောင်တိုင်းမှာ ပင်
စာအုပ်စင်ကြီးများ သဖွယ် အဆင့်ဆင့်ရှိ
နေ၏။ အဆင့် တိုင်းမှာ လည်း ရတနာအိုး
ကြီးများ ၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ပတ္တမြား ပန်းခိုင်ကြီးများ ရှိနေ၏။ ထို့ကြောင့် ဦး တက်တူမှာ ငေး၍ ပင် နေမိလေ၏။
“ကိုင်း ဒကာကြီး၊ ဒီမြင်မြင်သမျှ

ဒကာကြီး
အားလုံးဟာ ရတနာတွေချည်းပဲ။ ဒကာ
တစ်နိုင်သာ ယူပေရော့။ နောက်တစ်ကြိမ်
တော့ ပြန်လာယူလို့ မရဘူး”
ဦးတက်တူ နေရာသို့ ပြန်ရောက်၍ ရတနာ

ထုပ်ကြီးကို ချထားလိုက်ပြီး နောက်ဘက်သို့ ပြန်ကြည့်လိုက်ရာ ကိုရင်လေး ကျောက်ဂူထဲ သို့ ပြန်ဝင်သွားသည် ကိုသာ တွေ့လိုက်ရလေ သည် ။ ထို့နောက် ကျောက်ဂူတံခါးကြီးသည် လည်း ဆူညံသံကြီး မြည်ဟိန်းကာ ပြန်ပိတ် သွားလေသည် ။

ထို့ကြောင့် ဦးတက်တူတို့ သားအဖမှာ ကိုရင်လေးအတွက် စိတ်မကောင်းစွာဖြစ်မိ ပြီး ငေးကြည့်နေကြချိန်မှာ ပင် စေတီတော် လေး၏ အရှေ့ဘက်တစ်နေရာက ကျောက် တောင်ကြီး ပွင့်ထွက်သွားပြီး ကိုရင်လေး ကောင်းကင်သို့ ပြန်တက်သွားသည် … ကို မျက်ဝါးထင်ထင် မြင်လိုက် ကြရ၏။
ထို့နောက် ဘီလူးမကြီးသည် လည်း မိုးပေါ် သို့ ပျံတက်ပြီး ကိုရင်လေး၏ သင်္ကန်းစွန်းကို ဆွဲပါသွားပြန်လေသည် ။ သို့သော်လည်း ဘီလူးမကြီးသည် ဝါးတစ်ပြန်ခန့်မျှသာ

လိုက်သွားနိုင်ပြီး ကိုရင်လေး၏ သင်္ကန်းစွန်း တစ်တောင်ခန့်မျှပြတ်ထွက်ကာ
ဘီလူးမကြီး
ကျောက်တောင်ပေါ်သို့ ပြန်ကျသွားသည် ကို
မြင်လိုက်ရသည် ။
ထို့နောက် ဘီလူးမကြီးသည် စမ်းချောင်း
ကလေး၏ ထိုဘက်ကမ်းကပေါ်လာကာ “ငါ့
ဥစ္စာတွေ ပြန်ပေး” ဟု အော်ပြီး လိုက်
တောင်း၏။ သူ၏ နောက်တွင် လည်း
သိုက်လိုက်နေကြ စဉ်က မြင်လိုက်ရသော
ဘီလူးသန်ဖက်များ ၊ သားရဲသားကောင်ကြီး
များ ပါလာကြပြီး အရုပ် အသံအမျိုးမျိုးဖြင့်
ခြိမ်းခြောက် ဟိန်းဟောက်နေကြလေ၏။
သို့သော်လည်း
စမ်းချောင်းကလေး၏
သည် ဘက်ကမ်းကိုမူ ကူးကျော်ပြီး လိုက်လာ
နိုင်ဟန် မတူပေ။ မည်သို့ပင်ဆိုစေကာမူ ဦး တက်တူတို့ သားအဖ သည် နေရာတွင် အချိန်ကြာနေရန် မသင့်ပေ။ ထို့ကြောင့်

(ကိုရင်လေးမှာ ထားခဲ့သည့်အတိုင်း) အုန်း၊
ငှက်ပျောစသော
သိုက်လိုက်အခမ်းအနား
များ ကို အလျင်အမြန် ရိုက်ချိုးဖျက်ဆီးပြီး ထိုနေရာမှ ပြေးထွက်လာကြလေသည် ။
နေ့လည် (၁၂) နာရီတွင် အိမ်ကိုပြန်
ရောက်လာကြသည်

သည့်နောက် လည်း ဦးတက်တူ၏ စိတ်ဂ
အိမ်ပြန်ရောက်ပြီး
နာမငြိမ်ပေ။ သိုက်စောင့်၊ ဘီလူးသန်ဖက် ကြီးများ ရောက်လာကြပြီး ဥစ္စာများကို လာ
လုကြမည် စိုးရိမ်နေမိသလို လူဆိုး၊ သူခိုးများ
ခိုးလုမည်ကိုလည်း အလွန်အမင်း စိုးရိမ်နေမိ လေသည် ။ ထို့ကြောင့် အိမ်သူကိုပင် ဖွင့် ပြောရဲခြင်း မရှိတော့။
“အဖေ … ဒီဥစ္စာတွေကို မြေကြီးတွင်းတူး ပြီး မြှုပ်ထားကြရင် မကောင်းဘူးလား” ဟု သားဖြစ်သူ မောင်ပြားကြီးက တိုးတိုးလေး အကြံပြုလာ၏။

“အေးကွာ … မြေကြီးထဲတွင်းတူးပြီး မြှုပ် ထားတာကပဲ စိတ်အချရဆုံးဖြစ်မယ်။ ဒီ တော့ တို့ သားအဖ ရွာဦးက ညောင်ပင် အောက်မှာ သွားမြှုပ်ရအောင်ကွာ” “ဟာ … အဖေကလည်း ညောင်ပင်ဆိုတာ အစောင့်အရှောက်တွေ ရှိနေတတ်တယ်ဗျ။ ဒီ တော့ အစောင့်အရှောက်တွေက ကျွန်တော် တို့ ဥစ္စာတွေကို မောင်ပိုင်စီးသွားရင် မခက်
ဘူးလား”
‘အေး အဲဒါလည်း ဟုတ်တာပဲကါ။ ဒီ
တော့
ဘုန်းကြီးကျောင်းဝိုင်းထဲက မန်ကျည်းပင် … အောက်မှာ သွားမြှုပ်ကြ ရအောင်”
“ပိုမဆိုးဘူးလားဗျ။ ကျောင်းမှာ ဦးပဉ္စင်း၊ ကိုရင်၊ ကျောင်းသားတွေ မပြတ်ရှိနေကြ သလို မကြာခဏ ရွာသူရွာသားတွေလည်း အဝင်အထွက်ရှိနေကြတော့ တွင်းတူးပြီး

မြှုပ်နေတဲ့ အခါမှာ ရော၊ သုံးစွဲချင်လို့ ပြန်တူး ဖော်တဲ့ အခါမှာ ပါ၊ တစ်ယောက်ယောက်မြင် သွားရင် ဒုက္ခမရောက်နိုင် ဘူးလား” “အေးကွ။ အဲဒါလည်း ထည့်စဉ်းစားရ မယ်။ တစ်ချက်ကလေးမှားရင် ငါးပါးမှောက် သွား နိုင်တယ်”
သားအဖနှစ်ယောက် ခေါင်းချင်းဆိုင်ပြီး
တိုင်ပင်ကြသော်လည်း ရတနာများ ထားမည့်
လုံခြုံသော နေရာတစ်ခုကို မတွေ့နိုင် ဖြစ်နေ
ကြသည် ။ မိုးချုပ် လာပြီဖြစ်၍ လပြည့်ကျော်
တစ်ရက်နေ့ လဝိုင်းကြီးသည် ပင် ထိန်ထိန်
သာလျက် ရှိနေလေပြီ။
“အဖေ … သားတို့ လယ်ပွဲထဲက ပေါက်ပင် ကြီးအောက်ဆို အဆင်ပြေမယ်ဗျ။ ကိုယ့် လယ် နားဆိုတော့ နေ့နေ့ညည ဘယ်အချိန် သွားသွား အဆင်ပြေတယ်လေ။ ဒီတော့ ဘေးလူတွေရဲ့ ပယောဂကိုလည်း စိတ်ချရတာပေါ့”

“အေး ဟုတ်သားပဲကွ။ ဒီညသွားမြှုပ် ရအောင်။ ထည့်စရာ အိုးလေးဘာလေး ရှာ
ထားကွာ”
မောင်ပြားကြီးက သူ့ဖခင်ခိုင်းထားသည့် အတိုင်း ထည့်စရာအိုးများ လိုက်ရှာသည်

(ယခင်) ဆားထည့်သည့် သုံးပိဿာဝင် စဉ့်အိုးတစ်လုံးနှင့် ငါးပိဿာဝင် မြေအိုး တစ်လုံး၊ ထိုနှစ်လုံးသာ ရသည် ။ အိမ်မှာ လည်း အိုးပိုဟူ၍ ထိုနှစ်လုံးသာရှိသည် ဘေးလူများ ရိပ်မိမည်စိုး၍ အခြားအိမ်များ ကိုလည်း သွားပြီးမရှာရဲပေ။
ညနေမိုးချုပ်သည်
နှင့် သားအဖနှစ်ယောက် အိုးနှစ်လုံးနှင့် ရတနာထုပ်ကြီးကို ထမ်းပြီး တိတ်တဆိတ်ထွက်လာကြသည် လယ်ပွဲအလယ်က ကုန်းကမူလေးသို့ရောက် လျှင် ရတနာထုပ်နှင့် အိုးနှစ်လုံးကို ချလိုက်။

ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ကြသည် ။ ဆုတ်တစ်ရက် လဖြူဝန်းကြီးက ထိန်ထိန် သာနေ၍ အတော်လေး အဝေးသို့တိုင်အောင် ပင် မြင်နေရသည် ။ လူသူ ဟူ၍ တစ်ဦးတစ် ယောက်မျှ မတွေ့ရပေ။
ထို့နောက် တဲခေါင်းရင်းတွင် တွင်းသုံး တွင်း တူးကြသည် ။ စဉ့်အိုးထဲသို့ ရွှေ
မန်ကျည်း တောင့်များကို ထည့်ကြသည်
မြေအိုးထဲသို့ကျောက်သံပတ္တမြားများကို
ထည့်ကြသည် ။ ကျန်သော ရတနာများကို ပုဆိုးဖြင့် ထုပ်ယူလာသည့်အတိုင်းပင် မြှုပ် လိုက်ကြသည် ။
ရတနာများကို မြေထဲမှာ မြှုပ်ဝှက်လိုက် ကြပြီး နောက်တစ်နေ့တွင် ဣန္ဒြေမပျက် ယခင် အတိုင်း ကွမ်းထမ်းလုပ်ငန်းကိုပင် ဆက်လုပ်ပြီး နေဦးမည်ဟု … ဆုံးဖြတ်ကာ ဝှက်ထားခဲ့ကြသော ကွမ်းထမ်းများကို သွား

ယူရန် ထွက်လာကြသည် ၊
တပြေးချောင်းနားသို့ရောက်လျှင် သူတို့ ၏
ဘူမိနက်သန် ရက်ချင်းပေါက် သူဌေးဘဝကို
ပို့ပေးလိုက်သော နေရာလေးကို သတိရ၍
သွားကြည့်ကြသည် ။ ဤတွင် အံ့ဩရမည့်
အဖြစ်နှင့် ကြုံကြရလေ၏။
ကွမ်းထမ်းနှင့်
ကျောက်တောင်၊ စေတီတော်လေး စသည်
ဖွက်ထားခဲ့ကြသော
များမှာ ပကတိအတိုင်း ရှိနေသော်လည်း
ကိုရင်လေးနှင့် စတွေ့သည့်နေရာ၊ စည်းချပြီး
ပွဲထိုးသည့်နေရာ များကို မမှတ်မိအောင်ပင်
ရှိနေလေသည် ။ ထို့ကြောင့် တစ်အောင့်ကြာစားပြီး
အောင် အကြိမ်ကြိမ်ပြန်စဉ်း ဆက်စပ်ရှာဖွေကြသော်လည်း ဘာမျှမတွေ့ရ
တော့။ထို့ကြောင့် အဓိက လိုရင်းမဟုတ်သည့် အရာများကို ဦးနှောက်ညောင်းခံပြီး

ဆက်လက်ကာ မစဉ်းစားမရှာဖွေကြတော့ဘဲ ကွမ်းထမ်းများကို ထမ်းပြီး ပြန်လာကြ၏။ ရက်၊ လအတော်လေး ကြာအောင်ပင် ကွမ်း ထမ်းသည့်အလုပ်ကို ဆက်လက်ပြီး လုပ်ကိုင်
နေကြ၏။
ထို့နောက် လူမသိ သူမသိ အဓိပတိ တော
သူဌေးကြီး ဖြစ်နေကြသော ဦးတက်တူတို့
ဆုံးဖြတ်ပြီး
မိသားစု အလှူကြီးပေး ကျွေးလှူဒါန်းရန် ကျည်တောင်၊ နတ်ရွာ၊
လှည်းလမ်းကူး၊ ခြံကြီး၊ တပြေး၊ ဇရပ်ကြီး၊ ကင်ပွန်းခြုံစသော ရွာများကို ဖိတ်စာကမ်း
ပြီး ကြော်ငြာလိုက်ကြ၏။
ဦးတက်တူတို့ မိသားစု၏ ဤအလှူကြီးကို မရိုးသားဟု ဆိုကဆိုနိုင်သည် အဘယ်ကြောင့် ဆိုသော် သူတို့ မိသားစုမှာ
လူမသိ သူမသိ ကျိကျိတက် ချမ်းသာနေကြ ပွင့်ပွင့်ကြီးသုံးစွဲလှူဒါန်းရန်

အတွက် ပတ်ဝန်းကျင်ကို သည် အလှူကြီး ပြုလုပ်ကျွေးမွေးကြမည့်
သတင်းဖြင့်
သွေးတိုးစမ်းကြည့်လိုက်ခြင်းပင် ဖြစ်သည် ။

လယ်လုပ်၊ ကွမ်းထမ်းအဆင့်မှ ဤကဲ့သို့
ကြီးကျယ်သော အလှူကြီးကို ပေးကျွေးလိုက်
ခြင်းဖြင့် ရွာသူရွာသားနှင့် ပတ်ဝန်းကျင်များ
က ရိပ်မိကြလေမလား၊ အကဲခတ်လာကြ
လေမလား
ဟူသည့်
သဘောမျိုးလည်း
ဖြစ်သည် ။ ပတ်ဝန်းကျင်က လယ်လုပ်၊ ကွမ်း ထမ်း ဦးတက်တူတို့ မိသားစု ဤကဲ့သို့ အလှူ ကြီးပေးကျွေးကြသည် ကို မယုံသင်္ကာ ဖြစ်လာကြပြီး လေ့လာခြင်း၊ အကဲခတ်ခြင်း၊ မေးမြန်းစုံစမ်းခြင်းများ ရှိလာခဲ့လျှင်လည်း
ဆက်လက်၍ လျှို့ဝှက်သင့်က လျှို့ဝှက်ထားရ ပေမည်။ မစူးစမ်း မလေ့လာ၊ မယုံသင်္ကာ မရှိ ကြလျှင်လည်း လွတ်လွတ်ကြီး သုံးစွဲ
လှူဒါန်းကြတော့မည် စသည် ဖြင့် –

ကုသိုလ်သည် … တစ်ပဲ
သို့သော်လည်း ဤကဲ့သို့ လုပ်ခြင်းဖြင့်
တစ်ပြားသားမျှ
ဆုတ်ယုတ် လျှော့ပါးခြင်း မရှိပေ။ ဘေးလူ
တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်ပွန်းပဲ့ခြင်း
မရှိသောကြောင့် … ရသင့်သော ရမြဲသော
ကုသိုလ်ကို ပြည့်ပြည့်ဝဝကြီး ရမည်သာ
ဖြစ်သည် ။
ဤတွင် လည်း မမျှော်မှန်းသော ထူးဆန်း
အံ့ဩဖွယ် ဖြစ်ရပ်ကြီးတစ်ခုနှင့် တွေ့ကြုံကြ
ရပြန် လေသည် ။
အကြောင်းမှာ ဦးတက်တူတို့ သားအဖ သည် အလှူကြီးပေးကျွေးလှူဒါန်းကြမည်ဟု
ကြော်ငြာလိုက်ကြပြီးနောက်
တစ်ခုသော
လပြည့်ညတွင် ရတနာများကို သွားရောက် တူးဖော်ကြရာ၌ သုံးပိဿာဝင် စဉ့်အိုး တစ်လုံးနှင့် ငါးပိသာဝင် မြေအိုးတစ်လုံးမျှကို သာ တွေ့ရပြီး ပုဆိုးဖြင့်ထုပ်ပြီး မြှုပ်ထားခဲ့

ကြသော ရတနာများကိုမူ လုံးဝ မတွေ့ရ ပေါက်ပင်ကြီးအောက်ကို
တော့ပေ။
လယ်ထွန် သကဲ့သို့ တရစပ် တူးဆွပြီး ရှာဖွေ ကြသော်လည်း အချိန်ကုန်ပြီး လူပန်းခြင်းက
သာ အဖတ်တင် လေသည် ။
မိသားစုများ လယ်ပွဲသို့ မပြတ်မကြာ ရောက်လေ့ရှိကြသောကြောင့် အခြားလူတစ်
ဦး တစ်ယောက် တူးဖော်ယူသွားလျှင်လည်း
လက်ရာခြေရာများကို
တွေ့ကြရမည်သာ
ဖြစ်သည် ။ ယခု ထိုအရိပ်လက္ခဏာများကို လည်း တစ်ခုမျှမတွေ့ရဘဲ ပုဆိုးဖြင့်ထုပ်ပြီး မြှုပ်ထားသော ရတနာများ သည် သာ အလုံးစုံပျောက်ဆုံးသွားလေသည်

ထို့ကြောင့် ဦးတက်တူသည် နှမြောတသ
စွာဖြင့် သက်မကို အကြိမ်ကြိမ်ချပြီး စဉ်းစား မိသည် မှာ –
ရတနာများကို မြေမြှုပ်သိမ်းဆည်းရာ၌

အိုးဖြင့်ထည့်မြှုပ်မှ မြဲလေသလား။ သို့မဟုတ် ပါက အနှောင့်အယှက် အဖျက်အဆီးဝင်ပြီး မမြင်နိုင်သော ခိုးဝှက်ခြင်းကို ခံရလေ
သလားဟူ၍ ဖြစ်၏။
ဘာမျှမတတ်နိုင်တော့။ ရွှေမန်ကျည်းသီး နှစ်တောင့်မျှကိုသာ ယူပြီး ကျန်သောရတနာ
ကြီးနှစ်လုံးကို လယ်ပွဲအထက်
အိုး
ထောက်ရှာပင်ကြီးအောက်၌
သုံးပေမျှ
အနက်တူးပြီး ဖွဲခံကာ မြှုပ်ထားလိုက်ကြ၏။
ထိုရွှေမန်ကျည်းသီးနှစ်တောင့်ကိုပင် … ထုခွဲ
ရောင်းချပြီး အလှူကြီးကို ပေးလှူလိုက်
ကြ၏။ နောက်လည်း သုံးနှစ်တစ်ကြိမ် ရှေ့
နည်းအတိုင်း ကထိန်၊ ရဟန်းခံ၊ ရှင်ပြု၊ အလှူကြီးများကို ပေးလှူကြ၏။ အလှူကြီး များ ပေးလှူကြတိုင်းလည်း … ကိုရင်လေး၊ ဘီလူးမကြီးနှင့် သိုက်စောင့်များအား အမျှ အတမ်း ပေးဝေကြမြဲပင် ဖြစ်သည် ။

Zawgyi Version

ဘီလူးမ သိုက္(စ/ဆုံး)
————————-
တေျပးေခ်ာင္းေလးသို႔ေရာက္လွ်င္
သားအဖႏွစ္ေယာက္ ကြမ္းထမ္းကိုခ်ၿပီး တစ္ ေထာက္ နားလိုက္ၾက၏။ ႐ြာႏွင့္လည္း သိပ္ ၿပီး မေဝးေတာ့ေပ။ သို႔ေသာ္လည္း အေတာ္ ေလး ပင္ပန္းလာၾက သျဖင့္ ႐ြာကိုေရာက္ ေအာင္ ဆက္သြားလိုစိတ္မရွိေတာ့။ သည္ ေနရာ၌ တစ္ေထာက္နား၊ တစ္ေရး တစ္ေမာ အိပ္၊ ႏိုးလွ်င္ လမ္းမွ ခ်က္ယူလာေသာ ထမင္းထုပ္ကိုဖြင့္စားၿပီးမွ ႐ြာကိုအေရာက္ ဆက္သြားၾကမည္ ျဖစ္၏။
သည္ ေနရာေလး၌ တစ္ဘက္တြင္ တေျပး

႐ြာရွိၿပီး ထိုဘက္တြင္ သူတို႔ ၏ ဇာတိ ၿခံ႐ြာ ႀကီး ရွိသည္ ။ ထန္းတပင္ၿမိဳ႕၌ ထင္ရွားေသာ ႐ြာႀကီးျဖစ္သည္ ။
သည္ ေနရာေလးသည္ ကား အလြန္ သာယာသည္ … တသြင္သြင္စီးဆင္းေနသည့္
ေတာင္က်
(တေျပး)စမ္းေခ်ာင္းေလးႏွင့္
ပနံရေသာ ေတာရႈခင္းေလးမ်ား လည္း ရွိ သည္ ။ ။ ထို႔ေၾကာင့္ ၾကည္ႏူးစဖြယ္လည္း ေကာင္းသည္ ။
သည္ တေျပးစမ္းေခ်ာင္းေလးသည္ လည္း သူတို႔ သားအဖအတြက္ အေရးပါလွသည္ တေျပးေခ်ာင္းဖ်ားတခို၌ ရွိၾကေသာ ႐ြာေလး မ်ား တြင္ ကြမ္းၿခံႏွင့္ ကြမ္းသီးၿခံမ်ား ေပါ သည္ ။ သူတို႔ သားအဖက ထိုထို ကြမ္း၊ ကြမ္းသီးမ်ားကို တစ္ပိုင္တစ္ႏိုင္ ထမ္းသယ္ ၿပီး ထန္းတပင္၊ ေတာင္ငူ စေသာ ဒိုင္မ်ားကို သြားေရာင္း၍ အသက္ေမြးဝမ္းေက်ာင္း ျပဳေနၾကျခင္းျဖစ္သည္ ။
ဤအလုပ္သည္ လည္း သက္သာလွသည္
ေတာ့မဟုတ္ေပ။ ခရီးေဝးသလို ေတာလမ္း၊ ေတာင္တန္းႀကီးမ်ားကိုခ်ည္း
ျဖတ္ေက်ာ္ၿပီး
သြားၾကရသျဖင့္ တစ္ခါတေလ ေတာဆင္ အုပ္မ်ား ၊ ေျပာင္အုပ္မ်ား ႏွင့္ ပက္ပင္းတိုး သျဖင့္ ကြမ္းထမ္းကိုပစ္ခ်ၿပီး ထြက္ေျပးၾကရ
ေသာအခါ ေပါင္းလည္း မနည္းေပ။
ဝမ္းေက်ာင္းေရးျဖစ္၍ သာ စြန႔္စြန႔္စားစား
သြားလာလုပ္ကိုင္ေနၾကရ၏။ အႏၲရာယ္ကား
မ်ား လွသည္ ။
ဤေန႔သည္ ကား ကြမ္းထမ္းသမား ဦး
တက္တူႏွင့္
သားေမာင္ျပားႀကီးတို႔
ကံေကာင္းမည့္ အခါသို႔ ေရာက္ လာေလ သည္ ။ ပင္ပန္းဆင္းရဲၿပီး အႏၲရာယ္မ်ား လွ သည့္ ကြမ္းထမ္းသမားဘဝမွ ကြၽတ္လြတ္ မည့္ေန႔ဟု လည္း ဆိုႏိုင္ေလသည္ ။

ေျခသံတစ္ခုကို ၾကားလိုက္ရ၍ ဦးတက္တူ တို႔ သားအဖ ေမာေမာႏွင့္ အိပ္ေပ်ာ္ေနရာမွ လန႔္ႏိုးသြားၾက၏။ မ်က္စိကိုလက္ႏွင့္ ပြတ္ ၿပီးၾကည့္လိုက္ရာ သက္ေတာ္ (၁၆) ႏွစ္ခန႔္ သပိတ္ကို လြယ္ၿပီး ႀကိမ္တုတ္တစ္ေခ်ာင္းကို ကိုင္ကာ ရပ္ေနေသာ ကိုရင္ေလးတစ္ပါး အား ေတြ႕လိုက္ၾကရ၏။ ထို႔ေၾကာင့္ ဦး တက္တူမွာ ထိုင္ရမလို ထရမလို ျဖစ္ေနစဥ္
မွာ ပင္ ကိုရင္ေလးက ေမး၏။
“ဒကာႀကီးတို႔ ဘယ္ကလာလို႔ ဘယ္ကို သြားၾကတာတုန္း”
“တပည့္ေတာ္တို႔ ၿခံႀကီး႐ြာကပါ ဘုရား။
ေတာင္ေပၚ႐ြာက ကြမ္းထမ္းၿပီး ျပန္လာၾက
တာပါ”

“ဪ ဪ … ေတာ္ေတာ္ ပင္ပန္းၾကမွာ
ပဲေနာ္”
“မွန္လွပါဘုရား။ တစ္ဝမ္းတစ္ခါးအတြက္
သင့္ရာအလုပ္ကို
လုပ္ကိုင္ေနရတာပါ။
မိသားစုက ေျခာက္ေယာက္ဆိုေတာ့ အေတာ္
ေလးပဲ ႐ုန္းကန္ရပါတယ္။ ဒါေၾကာင့္ ဒီသား
ငယ္ကို
ေတာင္
အနားမေပးႏိုင္ဘဲ
ကူေဖာ္ေလာင္ဖက္
ေခၚသြားေနရပါတယ္
ဘုရား”
ကိုရင္ေလး စကားမဆက္ဘဲေန၏။ ဦး
တက္တူေနကို ေမာ့ၾကည့္သည္ ။ မနက္ (၁၁)
နာရီခန႔္ တြင္ ရွိေနေလၿပီ။

“ကိုရင္ေလး ဆြမ္းကိစၥေကာ ၿပီးပါၿပီလား
ဘုရား”
“မၿပီးေသးပါဘူး ဒကာႀကီး”
“ဒီလိုဆိုရင္ အခ်ိန္ေတာင္လြန္ေတာ့မယ္။ တပည့္ေတာ္တို႔ လမ္းတစ္ဝက္က ခ်က္

ယူလာတဲ့ ထမင္းထုပ္ကို ကပ္လႉပါရေစ။
လက္ခံၿပီး
ဘုဥ္းေပးသုံးေဆာင္ေတာ္မူပါ
ဘုရား”
ကိုရင္ေလးသည္ တစ္ေအာင့္စဥ္းစားလိုက္
ၿပီး …
“ရပါတယ္ ဒကာႀကီး။ အပူမရွာပါနဲ႔ ။ ဒကာႀကီးတို႔ မွာ ပင္ပင္ပန္းပန္း အထမ္းႀကီး နဲ႔ သြားေနၾကရတာ။ ကိုယ့္ဘာသာပဲ စား ေသာက္လိုက္ၾကပါ။ ကိုရင္အဖို႔ အေရးမႀကီး ပါဘူး။ သပိတ္ကို ေရေဆးေသာက္လိုက္ရင္ လည္း ၿပီးပါတယ္”
“တပည့္ေတာ္တို႔ အတြက္ အပန္းမႀကီးပါ ဘူးဘုရား။ ႐ြာကို ေရာက္ဖို႔ လည္း နီးေနပါ ၿပီ။ ဒါေၾကာင့္ ႀကဳံတုန္းကပ္ရတာမို႔လို႔ သနားေသာအားျဖင့္ လက္ခံၿပီး ဘုဥ္းေပး သုံးေဆာင္ေတာ္မူပါ ဘုရား” ေလွ်ာက္ထားၿပီး ဆက္ကပ္လိုက္သည္ ။
ဟု

ထို႔ေနာက္ အရိပ္ေကာင္းေသာ သစ္ပင္
ႀကီးေအာက္မွာ အညာေစာင္ကိုျဖန႔္ခင္းကာ
ထမင္းထုပ္ကို ဦးတက္တူကိုယ္တိုင္ ဖြင့္
ေပးလိုက္၏။ စမ္းအိုင္ထဲက လက္ေဆးေရ
ႏွင့္ ေသာက္ေရအိုးကိုလည္း ခပ္ေပး၏။ မ
ေမွ်ာ္မွတ္ဘဲ ကိုရင္ေလးတစ္ပါးအား ဆြမ္း
တစ္နပ္ ကပ္လႉ လိုက္ရသည့္အတြက္ ဦး
တက္တူတို႔
သားအဖမွာ
ဝမ္းေျမာက္
ဝမ္းသာ၍ မဆုံး ျဖစ္ေနမိၾကေလသည္ ။ ကိုရင္ေလးက … ဆြမ္းဘုဥ္းေပးၿပီးေနာက္ ဦးတက္တူတို႔ သားအဖအား ေက်းဇူးတင္ စကား မိန႔္ၾကား၏။
“ေက်းဇူးတင္လို႔ မဆုံးေလာက္ေအာင္ပါပဲ ဒကာႀကီး။ ဒီလို ေတာလမ္းခရီးမွာ ဆြမ္းတစ္ နပ္ ဘုဥ္းေပးရဖို႔ ဆိုတာ တကယ္လည္း မလြယ္ပါဘူး”
“တင္ပါ့ဘုရား။ တပည့္ေတာ္တို႔ သားအဖ

အေနနဲ႔ လည္း ေတာလမ္းခရီးမွာ မေမွ်ာ္မွတ္ ဘဲ အရွင္ဘုရားကို ဆြမ္းကပ္ခြင့္ရလိုက္တဲ့ အတြက္ ဝမ္းေျမာက္ဝမ္းသာျဖစ္လို႔ မဆုံးပါ
ဘူးဘုရား”
“ေအးေပါ့ေလ။ ဆြမ္းတစ္နပ္တြက္ ကိုရင္ က ဒကာႀကီးတို႔ သားအဖကို ေက်းဇူးတင္ သလို ဒကာႀကီးတို႔ သားအဖကလည္း ဆြမ္း အလႉခံတဲ့ ကိုရင့္ကို ျပန္ၿပီးေက်းဇူးတင္
တယ္ဆိုေတာ့ သူေတာ္ေကာင္းႀကီးႏွစ္ဦး
လမ္းေလွ်ာက္သြားၾကရင္း အလယ္မွာ လမ္း
က်န္တယ္ဆိုတဲ့ စကားအတိုင္းေပါ့။ ေ႐ႊဥမင္
ဆရာေတာ္ႀကီးနဲ႔ ေတာင္ဖီလာဆရာေတာ္
ႀကီးတို႔ အေၾကာင္းေလ။ ၾကားဖူးတယ္
မဟုတ္လား”
“မွန္လွပါ။ မၾကားဖူးလို႔ အမိန႔္ရွိေတာ္မူပါ ဘုရား”
“ဒကာႀကီး တယ္လည္း ဗဟု သုတ နည္း

သလိုဗ်။
ေရွးအခါက
ေတာင္ဖီလာ
ဆရာေတာ္ ႀကီးနဲ႔ ေ႐ႊဥမင္ဆရာေတာ္ႀကီးတို႔ အေၾကာင္းေပါ့။ တစ္ေန႔မွာ ဆရာေတာ္ႏွစ္ ပါး လမ္းေလွ်ာက္ ႂကြၾကသတဲ့ ။ ေတာင္
ဖီလာဆရာေတာ္ႀကီးက မင္းကိုးကြယ္တဲ့ ၿမိဳ႕
ဘုန္းႀကီးျဖစ္ၿပီး ေ႐ႊဥမင္ဆရာ ေတာ္ႀကီးက
ေတာရဘုန္းႀကီး ျဖစ္သတဲ့ ။ ဒါေၾကာင့္
ေတာင္ဖီလာဆရာေတာ္ႀကီးက
ေတာရာဆရာေတာ္ေရွ႕က ႂကြေတာ္မူပါဆိုၿပီး ေ႐ႊဥ မင္ ဆရာေတာ္ႀကီးကို ေလွ်ာက္ထားသတဲ့ ေ႐ႊဥမင္ ဆရာေတာ္ကလည္း မေတာ္ပါဘူး။ ၿမိဳ႕ဘုန္းႀကီး – မင္းဆရာေတာ္ပဲ ေရွ႕ကႂကြ ေတာ္မူပါလို႔ ျပန္ေလွ်ာက္ထားလိုက္သတဲ့ ေနာက္ေတာ့ ဘယ္ဆရာေတာ္မွ ေရွ႕ကမႂကြ ေတာ့ဘဲ လမ္းကို အလယ္ထားၿပီးသာ ႂကြ ေတာ္မူၾကသတဲ့

“မွန္လွပါ။ ကိုရင္ေလး အရမ္းဗဟု သုတရွိ

တာပဲ။ တပည့္ေတာ္ … အရွင္ဘုရားေျပာမွ ၾကားသိၾကည္ညိဳရပါတယ္ဘုရား”
ကိုရင္ေလး ပတ္ဝန္းက်င္ကို တစ္ေအာင့္
ၾကာေအာင္
ၾကည့္ရႈေန၏။ ထို႔ေနာက္
ေျပာသည္ ။
“ဒကာႀကီးတို႔ သားအဖကို ေက်းဇူးတင္တဲ့ အေနနဲ႔ ဆြမ္းေက်းဇူးဆပ္ရမယ္။ ေဟာဟိုက ေက်ာက္ေတာင္ေပၚမွာ ေစတီေတာ္ေလးတစ္ ဆူ ေတြ႕တယ္မဟုတ္လား”
“မွန္လွပါ။ ေတြ႕ပါတယ္ဘုရား”
“အဲဒီေစတီေတာ္ေလးရဲ႕ ေအာက္ ေက်ာက္
ေတာင္အတြင္းမွာ
ဘီလူးမသိုက္ဆိုတာရွိ
တယ္။ အဲဒီဘီလူးမသိုက္ကိုဖြင့္ဖို႔ ကိုရင္လာ
ခဲ့တာပါ”
“ဪ

ဒါဆို၊ ကိုရင္ေလး ဒီနယ္က
မဟုတ္ဘူး လား ဘုရား”

“ကိုရင္ ဘယ္နယ္က၊ ဘယ္ကလာတယ္ ဆိုတာ မသိခ်င္ပါနဲ႔ ။ ဒကာႀကီးတို႔ သားအဖ
ႏွစ္ ေယာက္ ကိုရင္ခိုင္းတာကို လုပ္ႏိုင္ လုပ္ႏိုင္ ဆိုတာကိုပဲ ေျပာပါ”

“ကိုရင္က ေကာင္းမယ္ထင္လို႔ ခိုင္းရင္ တပည့္ေတာ္တို႔ သားအဖကလည္း ဘယ္ ျငင္းပါ့ မလဲ။ လုပ္မွာ ေပါ့ဘုရား”
“ေကာင္းၿပီ … ဒီလိုဆိုရင္ ဒကာႀကီးတို႔

ကြမ္းထမ္းေတြကို တစ္ေနရာမွာ သြားၿပီးဖြက္ ထားလိုက္ၾက။ ၿပီးေတာ့ ကန္ေတာ့ပြဲထိုးဖို႔ အတြက္ အုန္း၊ ငွက္ေပ်ာနဲ႔ အေမႊးတိုင္၊ ဖေယာင္းတိုင္ ေတြ ဝယ္ယူစုေဆာင္းၿပီး
အသင့္ျပင္ဆင္ထားၾကပါ။ ဒီေန႔ လျပည့္ည သန္းေခါင္ေက်ာ္ရင္ ဘီလူးမသိုက္ ကို ဖြင့္ၾက
မယ္”
“မွန္ပါဘုရား။ တပည့္ေတာ္ အရွင္ဘုရား အမိန႔္ရွိတဲ့ အတိုင္း အားလုံးကို လိုက္လံ

ေဆာင္ ႐ြက္လိုက္ပါ့မယ္”
ကိုရင္ေလးက အသက္ပင္ငယ္ေသး ေသာ္လည္း သိုက္ဆရာႀကီးဆိုပါလားဟု ေတြးၿပီး ဦးတက္တူ တအံ့တဩ ျဖစ္သြား ရ၏။ ဦးတက္တူ သိုက္အေၾကာင္းကို ပုံျပင္
အျဖစ္သာ ၾကားခဲ့ဖူး၏။
ဘီလူးေစာင့္ေသာသိုက္၊
ေႁမြနဂါးေစာင့္
ေသာသိုက္၊ ႐ြာေစာင့္ေသာသိုက္ စသည္ ျဖင့္
အဖိုး အဖြားမ်ားက ေျပာျပၾကသလို အျခား
သူမ်ားကလည္း
သိုက္အေၾကာင္း
ေျမာက္ျမားစြာတို႔ ကို ေျပာျပၾက၏။
စိတ္ဝင္စားဖြယ္ အလြန္ေကာင္း၏။
လွ်ိဳ႕ဝွက္နက္နဲေသာ အေၾကာင္းအရာမ်ား
ထိတ္လန႔္ဖြယ္ရာႏွင့္ စြန႔္စားခန္းမ်ား ၊
ဝမ္းနည္းေၾကကြဲစရာမ်ား ေရာႁပြမ္းေပါင္းစု
ပါဝင္ေန၍ ဦးတက္တူလည္း သေဘာက်၏။
ဦးတက္တူ ငယ္စဥ္ကပင္ လွ်ိဳ႕ဝွက္

နက္နဲေသာ အေၾကာင္းအရာမ်ားကို အလြန္
စိတ္ဝင္စား၏။ ယခုကိုယ္တိုင္ ပါဝင္ႀကဳံေတြ႕
ရေတာ့မည္ျဖစ္၍ အေတာ္ေလးပင္ စိတ္
လႈပ္ရွားေနမိ၏။
အုန္း၊
ထို႔ေနာက္ ဦးတက္တူသည္ ႀကိဳတင္ၿပီး ငွက္ေပ်ာႏွင့္ အေမႊးတိုင္၊
ဖေယာင္းတိုင္ မ်ားကို ဝယ္ယူစုေဆာင္းရန္ အတြက္ သားျဖစ္သူ ေမာင္ျပားႀကီးအားေခၚ ၿပီး ႐ြာဘက္ဆီသို႔ ဦးတည္ထြက္ လာခဲ့ေလ သည္ ။
***
ကိုရင္ေလးက စမ္းေခ်ာင္းေလး၏ ေျမာက္ ဘက္ တစ္ေနရာတြင္ အခင္းအက်င္းမ်ား ျပဳလုပ္ရန္အတြက္ ေစခိုင္း၍ ဦးတက္တူတို႔ သားအဖက ခုတ္ထြင္ရွင္းလင္းလိုက္ၾက၏။

လိုအပ္ေသာ ပစၥည္းမ်ားကိုလည္း အားလုံး အစုံအသင့္ ျပင္ဆင္ထားၾက၏။
ထို႔ေနာက္ ကိုရင္ေလးသည္ ညကိုးနာရီ ေက်ာ္သည္ အထိ ေက်ာက္ေတာင္ထိပ္က ေစတီ ေတာ္ေလး၏ ရင္ျပင္ေတာ္တြင္ ထိုင္ ၿပီး တရားရႈမွတ္ေန၏။ ေမတၱာလည္း ပို႔၏။ ဆိုင္ရာပိုင္ရာ ပုဂၢိဳလ္မ်ားကို တိုင္တန္းျခင္း၊ ပင့္ဖိတ္ျခင္း စသည္ မ်ားကိုလည္း ျပဳလုပ္၏။ ထို႔ေနာက္မွ သိုက္လိုက္ျခင္း
အစီအမံကို စတင္ေလသည္ ။
ဦးစြာ စည္းအတန္တန္တားၿပီး ကန္ေတာ့ ပြဲေပးျခင္း၊ ဖေယာင္းတိုင္၊ အေမႊးတိုင္မ်ား ညႇိထြန္းျခင္း၊ အင္း အိုင္ ခါးလွည့္မ်ား စီရင္ ျခင္း၊ ဂါထာ မႏၲန္မ်ား ႐ြတ္ဆိုျခင္း စသည္
မ်ားကို ျပဳလုပ္၏။
ထိုအခ်ိန္၌ ပတ္ဝန္းက်င္တခုသည္ တစ္ မ်ိဳးၿပီးတစ္မ်ိဳး၊ အဖုံဖုံ အမ်ိဳးမ်ိဳး ေျပာင္းလဲ

လာ ေလ၏။ ေၾကာက္မက္ဖြယ္ေကာင္းေသာ တုန္လႈပ္ေခ်ာက္ခ်ားဖြယ္ရာမ်ား လည္း တစ္
မ်ိဳးၿပီး တစ္မ်ိဳး ျဖစ္ လာေလ၏။ ဦးစြာ က်ယ္ က်ယ္ေလာင္ေလာင္ ေခြးအူသံမ်ားကို ၾကား လာရ၏။ ထို႔ေနာက္ က်ားဟိန္းသံ၊ ျခေသၤ့ ေဟာက္သံကဲ့သို႔ အသံႀကီးမ်ားကို ၾကားလာ
ရၿပီး
လူတစ္ဦးတစ္ေယာက္
ျပင္းျပင္းထန္ထန္ ဒဏ္ရာရ၍ ေအာ္ဟစ္ ညည္းညဴသံႀကီးမ်ား ႏွင့္ မိန္းကေလးတို႔ ၏ ကယ္ပါ ကူပါ တစာစာျဖင့္ ေအာ္ဟစ္ငိုေႂကြး
ေနၾကသံမ်ားကိုလည္း ပထဝီေျမႀကီး တုန္ ဟည္းလုမတတ္ေအာင္ပင္ .. က်ယ္ေလာင္စြာ
ျဖင့္ ၾကားလာရ၏။
ဦးတက္တူတို႔ သားအဖမွာ အသက္ထြက္ လုမတတ္ေအာင္ ေၾကာက္လန႔္ၿပီး မ်က္လုံး မ်က္ဆန္မ်ား ျပဴးက်ယ္လ်က္ ပတ္ဝန္းက်င္ ကိုသာ နားစိုက္ၿပီး ျမင္ႏိုင္သမွ်ၾကည့္ရင္း

ၿငိမ္ကုပ္ ေနၾကေလသည္ ။ သားျဖစ္သူ ေမာင္ျပားႀကီးမွာ ကား ကိုရင္ေလးႏွင့္ ဖခင္

ဦးတက္တူတို႔ ၏ အၾကားကိုတိုးဝင္ၿပီး ျဖန္းျဖန္းတုန္ေနေလသည္ ။
ထိုအခ်ိန္၌ ကိုရင္ေလးသည္ မ်က္စိကိုစုံမွ ဝိတ္ၿပီး ဦးတက္တူတို႔ သားအဖ နားမလည္ ႏိုင္ေသာ ဂါထာ၊ မႏၲန္မ်ားကို ႐ြတ္ဖတ္ သရဇၩာယ္ေန၏။ ထိုထို အသံနက္ႀကီးမ်ားကို
မေၾကာက္သည့္အျပင္ ဂ႐ုစိုက္ဟန္ပင္ မတူ
ေပ။
ခန႔္ႀကီးသည့္
ထို႔ေနာက္ သာမန္လူတို႔ ထက္ ေလးငါးဆ ဘီလူးသန္ဖက္ႀကီးမ်ား
တင္းပုတ္မ်ား၊ မွိန္းမ်ားကိုထမ္း၍ ဦး
တက္တူတို႔ ရွိရာသို႔ ဦးတည္ၿပီး ေလွ်ာက္လာ ေနၾကသည္ ကို လေရာင္ျဖင့္ ထင္ထင္ရွား ရွားႀကီး ျမင္ေနရ၏။ ထို႔ေၾကာင့္ ဦးတက္တူ တို႔ သားအဖမွာ အစက အသံႀကီးမ်ားကိုသာ

ေၾကာက္လန႔္ေနၾကၿပီး ယခုအခါ လူသတ္ လက္နက္ကိရိယာမ်ားကိုထမ္းၿပီး
ဘီလူး
သန္ဖက္ႀကီးမ်ား လာေနၾက၍ ေသၾကရ ေတာ့မည္ဟူ၍ ပင္ မိမိကိုယ္ကိုအဆုံးခ်ၿပီး ပိုင္းျဖတ္ေနၾကသည္ ။ သို႔ေသာ္လည္း ထိုထို ဘီလူးသန္ဖက္ႀကီးမ်ား သည္ စည္းအတြင္း သို႔ မဝင္ရဲၾကေပ။ အနားသို႔ တိုးကပ္လာလွ်င္
လည္း ကိုရင္ေလး တားထားေသာ စည္းက
မီးထေတာက္၍
ဘီလူးသန္ဖက္ႀကီးမ်ား
လြင့္စဥ္ၿပီး ေနာက္ေကာက္က်သြားၾကသည္
ကို ေတြ႕လိုက္ ရ၏။
ထို႔ေၾကာင့္ … ကိုရင္ေလး
တားထားေသာ
စည္းသည္ အေတာ္ေလး အစြမ္းထက္ၿပီး အားကိုးရ ပါလားဟု ေတြးကာ အနည္းငယ္ ေၾကာက္စိတ္ေလွ်ာ့၍ သက္သာရာရလုဆဲ အခ်ိန္မွာ ပင္ စည္းႏွင့္ ထိၿပီး လြင့္စဥ္၍ ေနာက္ေကာက္က်ကာ ေမ့ေျမာေနၾကေသာ။
ဘီလူးသန္ဖက္ႀကီးမ်ား သည္ ခ်က္ခ်င္းႏိုးထ
ၿပီး ပကတိအတိုင္း ျပန္ျဖစ္လာၾကေလသည္
ထို႔ေနာက္ … ဖားဂုံညင္းမ်ား ကိုယ္ထဲသို႔ ေလသြင္းသကဲ့သို႔ ပုလိုက္၊ ပိန္လိုက္၊ ရွည္ လိုက္၊ ကုန္းလိုက္၊ ကြလိုက္ လုပ္လိုက္ၾကရာ ယခင္ထက္ ေလးငါးဆခန႔္ထိႀကီးသြားၿပီး
မ်က္လုံးႏွင့္ ပါးစပ္မ်ား လည္း ပို၍ ၿပဲကာ အသံနက္ႀကီးမ်ား ျဖင့္ က်ယ္ေလာင္စြာ
ဟိန္းေဟာက္လ်က္ စည္းဝိုင္းထဲသို႔ ခုန္ဝင္
ၾကေတာ့မည့္သေဘာ ျဖစ္လာၾကေလသည္ ။
ထို႔ေၾကာင့္ ဦးတက္တူ ေတာင့္မခံရဲေတာ့။
“ကိုရင္ေလး ဘုရား။ ဒီတစ္ခါ မျဖစ္ေတာ့ဘူး
ဘီလူးသန္ဖက္အုပ္စုႀကီး
ဘုရား။ တပည့္ေတာ္တို႔ စည္းတြင္းထဲသို႔ ခုန္ဝင္ၾက
ေတာ့မယ္။ ကယ္ေတာ္မူပါဦး ဘုရား” ဟု ထ
ေအာ္လိုက္၏။

“မေၾကာက္ပါနဲ႔ ဒကာႀကီး။ အဲဒါ သိုက္
ေစာင့္ေတြက တမင္တကာ ဒကာႀကီးတို႔
သားအဖ ေၾကာက္လန႔္သြားေအာင္လို႔ အ႐ုပ္
အသံအမ်ိဳးမ်ိဳးနဲ႔
ေျခာက္လွန႔္ေနၾကတာပါ။
ဘာမွ ေၾကာက္စရာ မလိုပါဘူး”
“မေၾကာက္လို႔ မရေတာ့ဘူးဘုရား။ ကိုရင္ ေလးကသာ မကယ္ဘူးဆိုရင္ တပည့္ေတာ္ တို႔ ထြက္ေျပးေတာ့မယ္ဘုရား” ဟု တက္တူက အသံတုန္တုန္ျဖင့္ ေျပာလိုက္၏။ ထို႔ေၾကာင့္ ကိုရင္ေလး မ်က္စိဖြင့္ၾကည့္
ၿပီး “ဒကာႀကီး သိပ္ခက္တာပဲ။ အဲဒါေတြဟာ သိုက္ေစာင့္ေတြ တမင္တကာ ဒကာႀကီးတို႔
သားအဖ ေၾကာက္လန႔္ေအာင္လို႔
ေျခာက္လွန႔္နၾကတာပါဆိုမွ ၊ ကဲ … ဟိုဘက္ ကို နည္းနည္းေ႐ႊ႕ ေနစမ္း” ဟု ေျပာၿပီး ကိုရင္ေလးသည္ သူ၏ ေဆးႀကိမ္လုံးကို

ဦးေစာက္ျပန္ျပန္ သုံးေလးခ်က္ ပြတ္သပ္ကာ ဂါထာမႏၲန္မ်ား မန္းမႈတ္ၿပီး ေဝွ႔ယမ္းလိုက္ သျဖင့္ ေဆးႀကိမ္လုံး၏ အဖ်ားက မီးဟု န္း ဟု န္းေတာက္လ်က္ ထိုမီးေတာက္၊ မီးတန္း ႀကီးသည္ ဘီလူးသန္ဖက္မ်ား ဆီသို႔ အတန္း လိုက္ ကူးစက္ ေလာင္ကြၽမ္းသြားသျဖင့္ တစ္ ေကာင္မက်န္ လြင့္စဥ္သြားၾကေလသည္ ။ သို႔ေသာ္လည္း ဘီလူးသန္ဖက္ႀကီးမ်ား သည္ ကား အားမေလွ်ာ့ၾကေပ။ က်ားဆင္ ႀကီးမ်ား ၊ ေႁမြနဂါးႀကီးမ်ား ႏွင့္ အားျဖည့္ၿပီး တစ္ဖန္ ေရာက္လာၾကျပန္ေလသည္ ။ သည္ အႀကိမ္တြင္ အေကာင္ေပါင္းမ်ား စြာ၊ ေတာ အႏွံ႔ ျပည့္ေနေလသည္။ ဟိန္းေဟာက္ သံႀကီးမ်ားမွာ လည္း နားကြဲလု မတတ္ ေအာင္ပင္ က်ယ္ေလာင္လြန္းသည္ ။ ေႁမြ နဂါးႀကီးမ်ား ႏွာမႈတ္ရာတြင္ လည္း မီးဟု န္း ဟု န္း ထေတာက္သည္ ။ မီးေတာက္မီးလွ်ံမ်ား ျဖင့္ တစ္ေတာလုံး လင္းထိန္သြားသည္
ေဆးသည္ အႀကိမ္တြင္ ကိုရင္ေလးသည္ ႀကိမ္လုံးျဖင့္ မလုပ္ေတာ့ဘဲ လြယ္အိတ္ထဲမွ ေဆးမႈန႔္တစ္ဆုပ္ကို ထုတ္ယူကာ ႏႈတ္ခမ္း မွာ ေတ့၍ သုံးေလးအုပ္မန္းၿပီး ပစ္ေပါက္ လိုက္၏။ ထိုအခါ ေဆးမႈန႔္မ်ား သည္ အ ဏုျမဴကဲ့သို႔ မီးပြားမ်ား အသြင္ေျပာင္းကာ ေတာအႏွံ႔တြင္ ျပည့္ႏွက္ ေျခာက္လွန႔္ေနၾက ေသာ သိုက္ေစာင့္မ်ားအား . တစ္ေကာင္မ က်န္ ေလာင္ကြၽမ္းၿပီး မီးဟုန္းဟုန္း ေတာက္သြားျပန္ေလသည္ ။
ထို႔ေၾကာင့္ တစ္ေအာင့္ၾကာမွ် တိတ္ဆိတ္ သြား၏။ ထို႔ေနာက္ ေျခသံတစ္ခုကို ၾကားလာ ရ ျပန္သည္ ။ လေရာင္ျဖင့္ ဦးတက္တူၾကည့္ လိုက္ရာ ကရင္မႀကီးတစ္ေယာက္ ကြမ္း ထမ္းျဖင့္ လာေန သည္ ကို ေတြ႕လိုက္ရ၏။

ဦးတက္တူႏွင့္ သိကြၽမ္းရင္းႏွီးၾကေသာ
ေတာင္ေပၚ႐ြာသူ
ေဒၚေနာ္ေဆးေဖာပင္
ျဖစ္၏။
“ကိုတက္တူ။ ငါလာမယ္ေနာ္။ နင့္ကိုရင္
ေလးကို ငါကြမ္းေပးခ်င္လို႔ ”

“ဪ ေအး ေအး လာခဲ့ေလ ေဒၚေဖာ”
မိုးလည္း လင္းလာေနၿပီ။ ေဒၚေနာ္ေဆး
ေဖာမွာ ဦးတက္တူႏွင့္ သိကြၽမ္းရင္းႏွီးေသာ
ေတာင္ေပၚသူ
ကရင္မႀကီးတစ္ေယာက္
လည္း ျဖစ္ေန၍ ဦးတက္တူတို႔ သိုက္လိုက္ ေနၾကသည္ ကို လည္း ေႏွာင့္ယွက္ဖြယ္မရွိ ေပ။ ထို႔ေၾကာင့္ပင္ သူလႉခ်င္ေနေသာ ကြမ္း ကို လႉပါေစဟု အလြယ္တကူ လာခြင့္ျပဳ လိုက္ျခင္း ျဖစ္၏။ ဤတြင္ ကိုရင္ေလးက ဦး တက္တူအား ေဟာက္ေအာ္ေလသည္ ။ “ဟ ဒကာႀကီး ဘာလို႔ လာခြင့္ျပဳလိုက္ တာလဲ။ ဒုကၡေတာ့ ေရာက္ကုန္ၾကေတာ့မွာဟု ေျပာၿပီး … ကိုရင္ေလးသည္ ကပ်ာကယာ လြယ္အိတ္ထဲမွ ေဆးၾကမ္းတစ္ ဆုပ္ကို ႏႈိက္ယူကာ သုံးအုပ္မွ် မန္းမႈတ္ၿပီး ပစ္ေပါက္ လိုက္ေလသည္ ။ ထို႔ေၾကာင့္ ကရင္မႀကီး ေဒၚေနာ္ေဆးေဖာမွာ ခ်က္ခ်င္း ပင္ နဂို႐ုပ္ေပ်ာက္ၿပီး ဘီလူးမႀကီး ျဖစ္သြား ကာ တစ္ကိုယ္လုံးကို မီးေတာက္ေလာင္ လ်က္ အသံနက္ႀကီးျဖင့္ … ေအာ္ညည္းၿပီး အေဝးသို႔ လြင့္စဥ္သြားေလသည္ ။

“ကိုင္း ဒကာႀကီး ေတြ႕တယ္မဟုတ္လား။ ဒကာႀကီးရဲ႕ ကရင္မႀကီး ဘာျဖစ္သြား ၿပီလဲ။ ဒါေၾကာင့္ က်ဳပ္ကိုအသိမေပးဘဲ
ဘာ
မွ မလုပ္ပါနဲ႔ ။ အားလုံး ဒုကၡေရာက္သြားၾက ။ လိမ့္မယ္။ အဲဒါဟာ ဒီသိုက္ကို ေစာင့္တဲ့ အဓိကသိုက္ခ်ဳပ္ ဘီလူးမႀကီးဗ်။ သူ႔ အသင္းအပင္း တပည့္ေတြနဲ႔ တိုက္ခိုက္တာ
မရလို႔ သူကိုယ္တိုင္လာတာ။ ေလွ်ာ့တြက္ရင္

မွားသြားေတာ့မွာ ေပါ့”
ဦးတက္တူလည္း သူ႔အျပစ္ႏွင့္သူ အမွား
ႀကီးမွားမွန္း သိသြား၍
အလြန္အမင္း
ေၾကာက္လန႔္ ကာ ၿငိမ္ကုပ္ေနရာမွ “မွန္လွပါ
ဘုရား။ ေနာက္ဆို အရွင္ဘုရားကိုအသိမေပး
ဘဲ ဘာမွ မလုပ္ရဲ ေတာ့ပါဘူး ဘုရား” ဟု
ေလသံကိုႏွိမ့္၍
တိုးတိုးေလွ်ာက္ထား
လိုက္၏။
သားျဖစ္သူ
ေမာင္ျပားႀကီးမွာမူ
သိုက္လိုက္ျခင္းအစမွ
ယခုအခ်ိန္ထိ
တုတ္တုတ္မွ်မလႈပ္ရဲ ဘဲ ဖခင္ ဦးတက္တူႏွင့္
ကိုရင္ေလးတို႔ ၏ အၾကားတြင္ ၿငိမ္ကုပ္ေန ဆဲ ျဖစ္၏။ ထို႔ေၾကာင့္ တစ္ခါ တစ္ခါ ဖခင္ ဦးတက္တူမွာ “ငါ့သား အသက္မွ ရွိေသးရဲ႕လား။
ဥစၥာေစာင့္ ဘီလူး၊ သန္ဖက္တို႔ ၏ အ႐ုပ္အသံမ်ားကို ေၾကာက္လန႔္ၿပီးပင္ အသက္ထြက္သြားေလၿပီလား” ဟု ေတြးၿပီး

ၾကည့္မိသည္ မွာ လည္း ခဏခဏပင္
ျဖစ္၏။
“ဒါေပမဲ့ အေႏွာင့္အယွက္ေတြေတာ့ ကုန္
သေလာက္ ျဖစ္သြားပါၿပီ။ ဒါေၾကာင့္မို႔လည္း သိုက္ခ်ဳပ္မႀကီးကိုယ္တိုင္ ေရာက္လာတာမ်ိဳး ပါ။ မိုးလည္း လင္း လာၿပီပဲ” ဟု ကိုရင္ေလး
က
ေျပာသည္ ။
ထို႔ေနာက္ ကိုရင္ေလးသည္ ေက်ာက္နံရံ တစ္ေနရာကို ေဆးသုတ္ၿပီး ဂါထာမႏၲန္မ်ား ကို ႐ြတ္ဆို၍ ေဆးႀကိမ္တုတ္ျဖင့္ ႐ိုက္ပုတ္ လိုက္ရာ ေက်ာက္နံရံထဲမွ အမ်ိဳးအမည္ကို
ေဖာ္တတ္ေသာ
အသံနက္ႀကီးမ်ား

ဟိန္းေဟာက္ေအာ္ညည္းသံမ်ားကို ၾကားလာ ရ၏။ ေက်ာက္ေတာင္ႀကီးတစ္ခု လုံး တုန္း
ဟည္း၍ လည္း လာေလသည္ ။

“သားေလး ဘာမွ မေၾကာက္နဲ႔ ကြ၊ ဒါဟာ ဥစၥာေစာင့္ေတြက တမင္တကာတို႔ ကို

ေၾကာက္လန႔္သြားေအာင္ ဖန္တီးတဲ့ အသံပဲ။ ေၾကာက္စရာမလိုဘူး”
သားျဖစ္သူ ေမာင္ျပားႀကီးကို အားေပး စကားေျပာေနေသာ္လည္း စင္စစ္တြင္ တက္တူ၏ တစ္ကိုယ္လုံး .. ေၾကာက္စိတ္ ေၾကာင့္ တုန္ေန၏။
ေက်ာက္ေတာင္ႀကီးထဲက တစ္ေအာင့္ၾကာ ေအာင္ တုန္ဟည္းေအာ္ညည္းလိုက္ၿပီး ေနာက္ ကိုရင္ေလး ေဆးသုတ္ထားေသာ တံခါးမႀကီးတစ္႐ြက္စာေနရာမွ ေက်ာက္မႈန႔္ ကေလးမ်ား တေျဖာက္ေျဖာက္ က် လာၿပီး ေနာက္ ေက်ာက္နံရံႀကီးသည္ တံခါး႐ြက္ႀကီး သဖြယ္ ပြင့္ထြက္သြား ေလသည္ ။ ထို႔ေၾကာင့္ ျပဴထြက္စ ေနေရာင္သည္ ေက်ာက္ဂူတြင္းထဲ ကို ထိုးဝင္သျဖင့္ ေက်ာက္ဂူတြင္းႀကီးတစ္ခု လုံး ေ႐ႊေရာင္မ်ား ျဖင့္ တဖိတ္ဖိတ္ေတာက္ ေနေလသည္ ။

ဦးစြာ ကိုရင္ေလးက
ေက်ာက္ဂူတြင္းႀကီး
ထဲသို႔ ဝင္သြားေလ၏။ တစ္ေအာင့္ၾကာလွ်င္
ဂူဝသို႔ ျပန္ထြက္ လာၿပီး ဦးတက္တူအား လွမ္းေခၚသည္ ။
“ကိုင္း … ဒကာႀကီး ဒီကိုလာခဲ့ပါ”
“သား … က်န္ေနခဲ့ေနာ္။ ဘာမွ မေၾကာက္
နဲ႔ သိလား။ အေဖကိုရင္ေလးဆီကို လိုက္
သြားလိုက္မယ္”
ေမာင္ျပားႀကီးက
ဆတ္ခနဲ
ေခါင္းညိတ္၏။ ထို႔ေနာက္ ဦးတက္တူ ကိုရင္ ေလးဆီကို အေျပးလိုက္သြားသည္ ။ ကိုရင္ ေလးက ဦးတက္တူ၏ လက္ကိုဆြဲၿပီး ေက်ာက္ဂူအတြင္းထဲသို႔ ေခၚသြားသည္ ။
ေက်ာက္ဂူတြင္းထဲသို႔ေရာက္၍
ၾကည့္
လိုက္ရာ အံ့ၾသ၍ မဆုံးေလာက္ေအာင္ပင္ ျဖစ္သြား ရေလ၏။ ေက်ာက္ဂူတြင္းထဲသည္ ကား တကယ့္ ထီးပုံနန္းပုံအေဆာက္အဦး၏

အတြင္းပိုင္းႀကီး
သဖြယ္ျဖစ္ေနေလ၏။
ရတနာအမ်ိဳးမ်ိဳးကို စီျခယ္ထား၏။ အခန္း
ခန္း အေဆာင္ေဆာင္ရွိေနသည္ ကိုလည္း
ေတြ႕ရ၏။
အလယ္ခန္းမေဆာင္ႀကီးသည္
သာ၍ ပင္ က်ယ္ဝန္း၏။ အေဆာင္အေယာင္
မ်ား လည္း ျပည့္စုံလ်က္ ရွိ၏။
အခန္းတိုင္း
အေဆာင္တိုင္းမွာ ပင္
စာအုပ္စင္ႀကီးမ်ား သဖြယ္ အဆင့္ဆင့္ရွိ
ေန၏။ အဆင့္ တိုင္းမွာ လည္း ရတနာအိုး
ႀကီးမ်ား ၊ ေ႐ႊပန္းခိုင္၊ ေငြပန္းခိုင္၊ ပတၱျမား ပန္းခိုင္ႀကီးမ်ား ရွိေန၏။ ထို႔ေၾကာင့္ ဦး တက္တူမွာ ေငး၍ ပင္ ေနမိေလ၏။
“ကိုင္း ဒကာႀကီး၊ ဒီျမင္ျမင္သမွ်

ဒကာႀကီး
အားလုံးဟာ ရတနာေတြခ်ည္းပဲ။ ဒကာ
တစ္ႏိုင္သာ ယူေပေရာ့။ ေနာက္တစ္ႀကိမ္
ေတာ့ ျပန္လာယူလို႔ မရဘူး”
ဦးတက္တူ ေနရာသို႔ ျပန္ေရာက္၍ ရတနာ

ထုပ္ႀကီးကို ခ်ထားလိုက္ၿပီး ေနာက္ဘက္သို႔ ျပန္ၾကည့္လိုက္ရာ ကိုရင္ေလး ေက်ာက္ဂူထဲ သို႔ ျပန္ဝင္သြားသည္ ကိုသာ ေတြ႕လိုက္ရေလ သည္ ။ ထို႔ေနာက္ ေက်ာက္ဂူတံခါးႀကီးသည္ လည္း ဆူညံသံႀကီး ျမည္ဟိန္းကာ ျပန္ပိတ္ သြားေလသည္ ။

ထို႔ေၾကာင့္ ဦးတက္တူတို႔ သားအဖမွာ ကိုရင္ေလးအတြက္ စိတ္မေကာင္းစြာျဖစ္မိ ၿပီး ေငးၾကည့္ေနၾကခ်ိန္မွာ ပင္ ေစတီေတာ္ ေလး၏ အေရွ႕ဘက္တစ္ေနရာက ေက်ာက္ ေတာင္ႀကီး ပြင့္ထြက္သြားၿပီး ကိုရင္ေလး ေကာင္းကင္သို႔ ျပန္တက္သြားသည္ … ကို မ်က္ဝါးထင္ထင္ ျမင္လိုက္ ၾကရ၏။
ထို႔ေနာက္ ဘီလူးမႀကီးသည္ လည္း မိုးေပၚ သို႔ ပ်ံတက္ၿပီး ကိုရင္ေလး၏ သကၤန္းစြန္းကို ဆြဲပါသြားျပန္ေလသည္ ။ သို႔ေသာ္လည္း ဘီလူးမႀကီးသည္ ဝါးတစ္ျပန္ခန႔္မွ်သာ

လိုက္သြားႏိုင္ၿပီး ကိုရင္ေလး၏ သကၤန္းစြန္း တစ္ေတာင္ခန႔္မွ်ျပတ္ထြက္ကာ
ဘီလူးမႀကီး
ေက်ာက္ေတာင္ေပၚသို႔ ျပန္က်သြားသည္ ကို
ျမင္လိုက္ရသည္ ။
ထို႔ေနာက္ ဘီလူးမႀကီးသည္ စမ္းေခ်ာင္း
ကေလး၏ ထိုဘက္ကမ္းကေပၚလာကာ “ငါ့
ဥစၥာေတြ ျပန္ေပး” ဟု ေအာ္ၿပီး လိုက္
ေတာင္း၏။ သူ၏ ေနာက္တြင္ လည္း
သိုက္လိုက္ေနၾက စဥ္က ျမင္လိုက္ရေသာ
ဘီလူးသန္ဖက္မ်ား ၊ သားရဲသားေကာင္ႀကီး
မ်ား ပါလာၾကၿပီး အ႐ုပ္ အသံအမ်ိဳးမ်ိဳးျဖင့္
ၿခိမ္းေျခာက္ ဟိန္းေဟာက္ေနၾကေလ၏။
သို႔ေသာ္လည္း
စမ္းေခ်ာင္းကေလး၏
သည္ ဘက္ကမ္းကိုမူ ကူးေက်ာ္ၿပီး လိုက္လာ
ႏိုင္ဟန္ မတူေပ။ မည္သို႔ပင္ဆိုေစကာမူ ဦး တက္တူတို႔ သားအဖ သည္ ေနရာတြင္ အခ်ိန္ၾကာေနရန္ မသင့္ေပ။ ထို႔ေၾကာင့္

(ကိုရင္ေလးမွာ ထားခဲ့သည့္အတိုင္း) အုန္း၊
ငွက္ေပ်ာစေသာ
သိုက္လိုက္အခမ္းအနား
မ်ား ကို အလ်င္အျမန္ ႐ိုက္ခ်ိဳးဖ်က္ဆီးၿပီး ထိုေနရာမွ ေျပးထြက္လာၾကေလသည္ ။
ေန႔လည္ (၁၂) နာရီတြင္ အိမ္ကိုျပန္
ေရာက္လာၾကသည္

သည့္ေနာက္ လည္း ဦးတက္တူ၏ စိတ္ဂ
အိမ္ျပန္ေရာက္ၿပီး
နာမၿငိမ္ေပ။ သိုက္ေစာင့္၊ ဘီလူးသန္ဖက္ ႀကီးမ်ား ေရာက္လာၾကၿပီး ဥစၥာမ်ားကို လာ
လုၾကမည္ စိုးရိမ္ေနမိသလို လူဆိုး၊ သူခိုးမ်ား
ခိုးလုမည္ကိုလည္း အလြန္အမင္း စိုးရိမ္ေနမိ ေလသည္ ။ ထို႔ေၾကာင့္ အိမ္သူကိုပင္ ဖြင့္ ေျပာရဲျခင္း မရွိေတာ့။
“အေဖ … ဒီဥစၥာေတြကို ေျမႀကီးတြင္းတူး ၿပီး ျမႇဳပ္ထားၾကရင္ မေကာင္းဘူးလား” ဟု သားျဖစ္သူ ေမာင္ျပားႀကီးက တိုးတိုးေလး အႀကံျပဳလာ၏။

“ေအးကြာ … ေျမႀကီးထဲတြင္းတူးၿပီး ျမႇဳပ္ ထားတာကပဲ စိတ္အခ်ရဆုံးျဖစ္မယ္။ ဒီ ေတာ့ တို႔ သားအဖ ႐ြာဦးက ေညာင္ပင္ ေအာက္မွာ သြားျမႇဳပ္ရေအာင္ကြာ” “ဟာ … အေဖကလည္း ေညာင္ပင္ဆိုတာ အေစာင့္အေရွာက္ေတြ ရွိေနတတ္တယ္ဗ်။ ဒီ ေတာ့ အေစာင့္အေရွာက္ေတြက ကြၽန္ေတာ္ တို႔ ဥစၥာေတြကို ေမာင္ပိုင္စီးသြားရင္ မခက္
ဘူးလား”
‘ေအး အဲဒါလည္း ဟုတ္တာပဲကါ။ ဒီ
ေတာ့
ဘုန္းႀကီးေက်ာင္းဝိုင္းထဲက မန္က်ည္းပင္ … ေအာက္မွာ သြားျမႇဳပ္ၾက ရေအာင္”
“ပိုမဆိုးဘူးလားဗ်။ ေက်ာင္းမွာ ဦးပၪၥင္း၊ ကိုရင္၊ ေက်ာင္းသားေတြ မျပတ္ရွိေနၾက သလို မၾကာခဏ ႐ြာသူ႐ြာသားေတြလည္း အဝင္အထြက္ရွိေနၾကေတာ့ တြင္းတူးၿပီး

ျမႇဳပ္ေနတဲ့ အခါမွာ ေရာ၊ သုံးစြဲခ်င္လို႔ ျပန္တူး ေဖာ္တဲ့ အခါမွာ ပါ၊ တစ္ေယာက္ေယာက္ျမင္ သြားရင္ ဒုကၡမေရာက္ႏိုင္ ဘူးလား” “ေအးကြ။ အဲဒါလည္း ထည့္စဥ္းစားရ မယ္။ တစ္ခ်က္ကေလးမွားရင္ ငါးပါးေမွာက္ သြား ႏိုင္တယ္”
သားအဖႏွစ္ေယာက္ ေခါင္းခ်င္းဆိုင္ၿပီး
တိုင္ပင္ၾကေသာ္လည္း ရတနာမ်ား ထားမည့္
လုံၿခဳံေသာ ေနရာတစ္ခုကို မေတြ႕ႏိုင္ ျဖစ္ေန
ၾကသည္ ။ မိုးခ်ဳပ္ လာၿပီျဖစ္၍ လျပည့္ေက်ာ္
တစ္ရက္ေန႔ လဝိုင္းႀကီးသည္ ပင္ ထိန္ထိန္
သာလ်က္ ရွိေနေလၿပီ။
“အေဖ … သားတို႔ လယ္ပြဲထဲက ေပါက္ပင္ ႀကီးေအာက္ဆို အဆင္ေျပမယ္ဗ်။ ကိုယ့္ လယ္ နားဆိုေတာ့ ေန႔ေန႔ညည ဘယ္အခ်ိန္ သြားသြား အဆင္ေျပတယ္ေလ။ ဒီေတာ့ ေဘးလူေတြရဲ႕ ပေယာဂကိုလည္း စိတ္ခ်ရတာေပါ့”

“ေအး ဟုတ္သားပဲကြ။ ဒီညသြားျမႇဳပ္ ရေအာင္။ ထည့္စရာ အိုးေလးဘာေလး ရွာ
ထားကြာ”
ေမာင္ျပားႀကီးက သူ႔ဖခင္ခိုင္းထားသည့္ အတိုင္း ထည့္စရာအိုးမ်ား လိုက္ရွာသည္

(ယခင္) ဆားထည့္သည့္ သုံးပိႆာဝင္ စဥ့္အိုးတစ္လုံးႏွင့္ ငါးပိႆာဝင္ ေျမအိုး တစ္လုံး၊ ထိုႏွစ္လုံးသာ ရသည္ ။ အိမ္မွာ လည္း အိုးပိုဟူ၍ ထိုႏွစ္လုံးသာရွိသည္ ေဘးလူမ်ား ရိပ္မိမည္စိုး၍ အျခားအိမ္မ်ား ကိုလည္း သြားၿပီးမရွာရဲေပ။
ညေနမိုးခ်ဳပ္သည္
ႏွင့္ သားအဖႏွစ္ေယာက္ အိုးႏွစ္လုံးႏွင့္ ရတနာထုပ္ႀကီးကို ထမ္းၿပီး တိတ္တဆိတ္ထြက္လာၾကသည္ လယ္ပြဲအလယ္က ကုန္းကမူေလးသို႔ေရာက္ လွ်င္ ရတနာထုပ္ႏွင့္ အိုးႏွစ္လုံးကို ခ်လိုက္။

ၿပီး ပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္ၾကသည္ ။ ဆုတ္တစ္ရက္ လျဖဴဝန္းႀကီးက ထိန္ထိန္ သာေန၍ အေတာ္ေလး အေဝးသို႔တိုင္ေအာင္ ပင္ ျမင္ေနရသည္ ။ လူသူ ဟူ၍ တစ္ဦးတစ္ ေယာက္မွ် မေတြ႕ရေပ။
ထို႔ေနာက္ တဲေခါင္းရင္းတြင္ တြင္းသုံး တြင္း တူးၾကသည္ ။ စဥ့္အိုးထဲသို႔ ေ႐ႊ
မန္က်ည္း ေတာင့္မ်ားကို ထည့္ၾကသည္
ေျမအိုးထဲသို႔ေက်ာက္သံပတၱျမားမ်ားကို
ထည့္ၾကသည္ ။ က်န္ေသာ ရတနာမ်ားကို ပုဆိုးျဖင့္ ထုပ္ယူလာသည့္အတိုင္းပင္ ျမႇဳပ္ လိုက္ၾကသည္ ။
ရတနာမ်ားကို ေျမထဲမွာ ျမႇဳပ္ဝွက္လိုက္ ၾကၿပီး ေနာက္တစ္ေန႔တြင္ ဣေျႏၵမပ်က္ ယခင္ အတိုင္း ကြမ္းထမ္းလုပ္ငန္းကိုပင္ ဆက္လုပ္ၿပီး ေနဦးမည္ဟု … ဆုံးျဖတ္ကာ ဝွက္ထားခဲ့ၾကေသာ ကြမ္းထမ္းမ်ားကို သြား

ယူရန္ ထြက္လာၾကသည္ ၊
တေျပးေခ်ာင္းနားသို႔ေရာက္လွ်င္ သူတို႔ ၏
ဘူမိနက္သန္ ရက္ခ်င္းေပါက္ သူေဌးဘဝကို
ပို႔ေပးလိုက္ေသာ ေနရာေလးကို သတိရ၍
သြားၾကည့္ၾကသည္ ။ ဤတြင္ အံ့ဩရမည့္
အျဖစ္ႏွင့္ ႀကဳံၾကရေလ၏။
ကြမ္းထမ္းႏွင့္
ေက်ာက္ေတာင္၊ ေစတီေတာ္ေလး စသည္
ဖြက္ထားခဲ့ၾကေသာ
မ်ားမွာ ပကတိအတိုင္း ရွိေနေသာ္လည္း
ကိုရင္ေလးႏွင့္ စေတြ႕သည့္ေနရာ၊ စည္းခ်ၿပီး
ပြဲထိုးသည့္ေနရာ မ်ားကို မမွတ္မိေအာင္ပင္
ရွိေနေလသည္ ။ ထို႔ေၾကာင့္ တစ္ေအာင့္ၾကာစားၿပီး
ေအာင္ အႀကိမ္ႀကိမ္ျပန္စဥ္း ဆက္စပ္ရွာေဖြၾကေသာ္လည္း ဘာမွ်မေတြ႕ရ
ေတာ့။ထို႔ေၾကာင့္ အဓိက လိုရင္းမဟုတ္သည့္ အရာမ်ားကို ဦးေႏွာက္ေညာင္းခံၿပီး

ဆက္လက္ကာ မစဥ္းစားမရွာေဖြၾကေတာ့ဘဲ ကြမ္းထမ္းမ်ားကို ထမ္းၿပီး ျပန္လာၾက၏။ ရက္၊ လအေတာ္ေလး ၾကာေအာင္ပင္ ကြမ္း ထမ္းသည့္အလုပ္ကို ဆက္လက္ၿပီး လုပ္ကိုင္
ေနၾက၏။
ထို႔ေနာက္ လူမသိ သူမသိ အဓိပတိ ေတာ
သူေဌးႀကီး ျဖစ္ေနၾကေသာ ဦးတက္တူတို႔
ဆုံးျဖတ္ၿပီး
မိသားစု အလႉႀကီးေပး ေကြၽးလႉဒါန္းရန္ က်ည္ေတာင္၊ နတ္႐ြာ၊
လွည္းလမ္းကူး၊ ၿခံႀကီး၊ တေျပး၊ ဇရပ္ႀကီး၊ ကင္ပြန္းၿခဳံစေသာ ႐ြာမ်ားကို ဖိတ္စာကမ္း
ၿပီး ေၾကာ္ျငာလိုက္ၾက၏။
ဦးတက္တူတို႔ မိသားစု၏ ဤအလႉႀကီးကို မ႐ိုးသားဟု ဆိုကဆိုႏိုင္သည္ အဘယ္ေၾကာင့္ ဆိုေသာ္ သူတို႔ မိသားစုမွာ
လူမသိ သူမသိ က်ိက်ိတက္ ခ်မ္းသာေနၾက ပြင့္ပြင့္ႀကီးသုံးစြဲလႉဒါန္းရန္

အတြက္ ပတ္ဝန္းက်င္ကို သည္ အလႉႀကီး ျပဳလုပ္ေကြၽးေမြးၾကမည့္
သတင္းျဖင့္
ေသြးတိုးစမ္းၾကည့္လိုက္ျခင္းပင္ ျဖစ္သည္ ။

လယ္လုပ္၊ ကြမ္းထမ္းအဆင့္မွ ဤကဲ့သို႔
ႀကီးက်ယ္ေသာ အလႉႀကီးကို ေပးေကြၽးလိုက္
ျခင္းျဖင့္ ႐ြာသူ႐ြာသားႏွင့္ ပတ္ဝန္းက်င္မ်ား
က ရိပ္မိၾကေလမလား၊ အကဲခတ္လာၾက
ေလမလား
ဟူသည့္
သေဘာမ်ိဳးလည္း
ျဖစ္သည္ ။ ပတ္ဝန္းက်င္က လယ္လုပ္၊ ကြမ္း ထမ္း ဦးတက္တူတို႔ မိသားစု ဤကဲ့သို႔ အလႉ ႀကီးေပးေကြၽးၾကသည္ ကို မယုံသကၤာ ျဖစ္လာၾကၿပီး ေလ့လာျခင္း၊ အကဲခတ္ျခင္း၊ ေမးျမန္းစုံစမ္းျခင္းမ်ား ရွိလာခဲ့လွ်င္လည္း
ဆက္လက္၍ လွ်ိဳ႕ဝွက္သင့္က လွ်ိဳ႕ဝွက္ထားရ ေပမည္။ မစူးစမ္း မေလ့လာ၊ မယုံသကၤာ မရွိ ၾကလွ်င္လည္း လြတ္လြတ္ႀကီး သုံးစြဲ
လႉဒါန္းၾကေတာ့မည္ စသည္ ျဖင့္ –

ကုသိုလ္သည္ … တစ္ပဲ
သို႔ေသာ္လည္း ဤကဲ့သို႔ လုပ္ျခင္းျဖင့္
တစ္ျပားသားမွ်
ဆုတ္ယုတ္ ေလွ်ာ့ပါးျခင္း မရွိေပ။ ေဘးလူ
တစ္ဦးတစ္ေယာက္ကိုမွ် ထိခိုက္ပြန္းပဲ့ျခင္း
မရွိေသာေၾကာင့္ … ရသင့္ေသာ ရၿမဲေသာ
ကုသိုလ္ကို ျပည့္ျပည့္ဝဝႀကီး ရမည္သာ
ျဖစ္သည္ ။
ဤတြင္ လည္း မေမွ်ာ္မွန္းေသာ ထူးဆန္း
အံ့ဩဖြယ္ ျဖစ္ရပ္ႀကီးတစ္ခုႏွင့္ ေတြ႕ႀကဳံၾက
ရျပန္ ေလသည္ ။
အေၾကာင္းမွာ ဦးတက္တူတို႔ သားအဖ သည္ အလႉႀကီးေပးေကြၽးလႉဒါန္းၾကမည္ဟု
ေၾကာ္ျငာလိုက္ၾကၿပီးေနာက္
တစ္ခုေသာ
လျပည့္ညတြင္ ရတနာမ်ားကို သြားေရာက္ တူးေဖာ္ၾကရာ၌ သုံးပိႆာဝင္ စဥ့္အိုး တစ္လုံးႏွင့္ ငါးပိသာဝင္ ေျမအိုးတစ္လုံးမွ်ကို သာ ေတြ႕ရၿပီး ပုဆိုးျဖင့္ထုပ္ၿပီး ျမႇဳပ္ထားခဲ့

ၾကေသာ ရတနာမ်ားကိုမူ လုံးဝ မေတြ႕ရ ေပါက္ပင္ႀကီးေအာက္ကို
ေတာ့ေပ။
လယ္ထြန္ သကဲ့သို႔ တရစပ္ တူးဆြၿပီး ရွာေဖြ ၾကေသာ္လည္း အခ်ိန္ကုန္ၿပီး လူပန္းျခင္းက
သာ အဖတ္တင္ ေလသည္ ။
မိသားစုမ်ား လယ္ပြဲသို႔ မျပတ္မၾကာ ေရာက္ေလ့ရွိၾကေသာေၾကာင့္ အျခားလူတစ္
ဦး တစ္ေယာက္ တူးေဖာ္ယူသြားလွ်င္လည္း
လက္ရာေျခရာမ်ားကို
ေတြ႕ၾကရမည္သာ
ျဖစ္သည္ ။ ယခု ထိုအရိပ္လကၡဏာမ်ားကို လည္း တစ္ခုမွ်မေတြ႕ရဘဲ ပုဆိုးျဖင့္ထုပ္ၿပီး ျမႇဳပ္ထားေသာ ရတနာမ်ား သည္ သာ အလုံးစုံေပ်ာက္ဆုံးသြားေလသည္

ထို႔ေၾကာင့္ ဦးတက္တူသည္ ႏွေျမာတသ
စြာျဖင့္ သက္မကို အႀကိမ္ႀကိမ္ခ်ၿပီး စဥ္းစား မိသည္ မွာ –
ရတနာမ်ားကို ေျမျမႇဳပ္သိမ္းဆည္းရာ၌

အိုးျဖင့္ထည့္ျမႇဳပ္မွ ၿမဲေလသလား။ သို႔မဟုတ္ ပါက အေႏွာင့္အယွက္ အဖ်က္အဆီးဝင္ၿပီး မျမင္ႏိုင္ေသာ ခိုးဝွက္ျခင္းကို ခံရေလ
သလားဟူ၍ ျဖစ္၏။
ဘာမွ်မတတ္ႏိုင္ေတာ့။ ေ႐ႊမန္က်ည္းသီး ႏွစ္ေတာင့္မွ်ကိုသာ ယူၿပီး က်န္ေသာရတနာ
ႀကီးႏွစ္လုံးကို လယ္ပြဲအထက္
အိုး
ေထာက္ရွာပင္ႀကီးေအာက္၌
သုံးေပမွ်
အနက္တူးၿပီး ဖြဲခံကာ ျမႇဳပ္ထားလိုက္ၾက၏။
ထိုေ႐ႊမန္က်ည္းသီးႏွစ္ေတာင့္ကိုပင္ … ထုခြဲ
ေရာင္းခ်ၿပီး အလႉႀကီးကို ေပးလႉလိုက္
ၾက၏။ ေနာက္လည္း သုံးႏွစ္တစ္ႀကိမ္ ေရွ႕
နည္းအတိုင္း ကထိန္၊ ရဟန္းခံ၊ ရွင္ျပဳ၊ အလႉႀကီးမ်ားကို ေပးလႉၾက၏။ အလႉႀကီး မ်ား ေပးလႉၾကတိုင္းလည္း … ကိုရင္ေလး၊ ဘီလူးမႀကီးႏွင့္ သိုက္ေစာင့္မ်ားအား အမွ် အတမ္း ေပးေဝၾကၿမဲပင္ ျဖစ္သည္ ။