“တမလွန်ချစ်သူ”(စ/ဆုံး)

Unicode Version

“တမလွန်ချစ်သူ”(စ/ဆုံး)
——————————–
ကျွန်တော့်ဘဝတွင် လုံးဝမမေ့နိုင် စရာအဖြစ်တစ်ခုသည် ရှိခဲ့၏။ ထိုအဖြစ်
သည်အိပ်မက် မဟုတ်ပါ။
တစ်ခုရှိသည်က ဤအဖြစ်သည်
ပြောမယုံ၊ ကြုံဖူးမှ သိမည်ဟုပြောရမည့်
အဖြစ်လည်း ဖြစ်၏။ ဤအဖြစ်ကို သတိ
ရတိုင်း ကျွန်တော့်ရင်ထဲတွင် တမြည့်
မြည့် ခံစားရ၏။ ထိုအဖြစ်ကား ….။ ထိုအဖြစ်ကား ….။

ဤအဖြစ်ကို မပြောမီ၊ ပထမဆုံး
ကျွန်တော့်၏ အကြောင်းအား ပြောမှ
ပြည့်စုံမည်ဖြစ်သဖြင့် ကျွန်တော့်
အကြောင်းအား အရင်ပြောရပါမည်။
တစ်ခုရှိသည်ကကျွန်တော့်အကြောင်းပြောမပြချင်ပါ။
အဘယ့်ကြောင့် ဆိုသော် ကျွန်
တော်သည် အချစ်နှင့် ပတ်သက်လျှင်
အခြား အခြားသောစကားတို့အား ယုံ
အစွန်းရောက်သူ၊ ချစ်သူစကားမှတစ်ပါး
လေ့ယုံထမရှိသူ၊ ကိုယ့်ချစ်သူ၏စကား

အား ယုံကြည်ပြီး တစ်ဇွတ်ထိုး လုပ် တတ်သည်များ ရှိနေသောကြောင့် ဖြစ်
ပါသည်။
ကျွန်တော်သည် ချစ်သူ ထည်လဲ ထားတတ်ပြီး ချစ်သူစကားကို သကာ ပျားနှယ် ခံစားတတ်သူတည်း။ ထို့ကြောင့်ကျွန်တော်လည်း ချစ်သူ အတွက် နူးညံ့သော၊ ချိုမြိန်သော ခံစား ရဖူးသကဲ့သို့ ရင်ဖိုလှိုက်မောဖွယ်အဖြစ် နှင့်လည်းကျွန်တော်ကြုံခဲ့ရ၏။
အထူးသဖြင့် ကျွန်တော် မြသက်
နွယ်”နှင့်ပတ်သက်သော အဖြစ်သည်
ကျွန်တော် မမေ့နိုင်သော ရင်ခုန်၊ နှလုံး
တုန်ဖွယ်အဖြစ် ဖြစ်နေသောကြောင့်
တည်း။ မြသက်နွယ် …။ မြသက်နွယ် ..။

မြသက်နွယ်နှင့် ကျွန်တော် ဆုံခဲ့ရ သည်ကမြန်မာပြည်နှင့်ဝေးလံလှသည့်
မြောက်ဖျားဒေသတစ်နေရာ။
တောင်ခိုးနှင့် တိမ်ရောယှက်လိမ်
သည့် တောနှင့် တောင်ခိုး ရောယှက်မိုးသည့်ဒေသ၊

စိမ်းစိုသောတောများ၊မှိုင်းညို့သော တောင်စွယ်တောင်တန်းတို့ စိုးမိုးနေ
သောနေရာ။
မို့မောက်သောတောင်ညိုများ၊စိမ်း
လဲ့သော တောတန်းများအလယ်၌ ရွာ
ငယ်တစ်ရွာ ရှိသည်။ အိမ်ခြေသည်
မများလှ။ ဆယ့်ငါးအိမ်ထက် မကျော်။
အားလုံးသည် အိမ်ယားရှည်များ ဖြစ်၏။
သည်စဉ်က ဤရွာသို့ ကျွန်တော်
ရောက်ခဲ့သည်ကတောလည်ရင်းဖြစ်၏။
ချောက်တွင်းသို့ ချော်ကျပြီး ခြေသပွတ်
တိုင်လည်သလိုဖြစ်သွားသည့်နေ့။ ကျွန်တော် ကောင်းစွာ လမ်း မလျှောက်နိုင်တော့။
“အား- ကျွတ် – ကျွတ်” ကျွန်တော့်ခြေထောက်က လှုပ် လိုက်တိုင်းအသည်းခိုက်မတတ်နာကျင်
၏။ ယင်းသမို့ ဆက်လက် တောပစ်ရန်
မခံစားနိုင်တော့။ သေနတ်ကို ကျောပိုး
လွယ်ရင်း သစ်ကိုင်းတစ်ကိုင်းခုတ်ကာ
တုတ်အဖြစ် အသုံးပြု ခရီးနှင်နေရ၏။
အဓိကသည် အမြန်ဆုံး စခန်းပြန်
ရောက်ဖို့တည်း။
ကျွန်တော် တုတ်ထောက်ပြန်လာစဉ်…။

ကျွန်တော့် နားစည်အတွင်းသို့ အသံတစ်သံ ကျူးဝင်လာသည်။ တစ်စုံ တစ်ယောက်၏ခြေသံ။
အသံသည်ကျွန်တော်နှင့်မနီးမဝေး
ချုံငယ်တစ်ခုဆီမှ ဖြစ်သည်။ ကျွန်တော်
သေနတ်ကို ဖျတ်ခနဲ အသင့်ပြင်လိုက်သည်။
“ဘယ်သူလဲ -ထွက်ခဲ့နော်။ ငါ့ကို
ရန်ပြုမယ်ဆိုရင်တော့ ငါ သည်းခံမှာ
မဟုတ်ဘူး”
သေနတ်မောင်းကွင်းပေါ် လက်
တင်ရင်းပြောလိုက်သည်။
“ငါပြောတာ အလေးထားနော်။ ငါက ရက်စက်တတ်တယ်” ဒုတိယစကား ….။
သည်တစ်ခါတွင်တော့ စကားဆုံး လျှင်ချုံနွယ်နောက်မှတစ်စုံတစ်ယောက်
စိုးရွံ့စွာ ထွက်လာသည်။ ချုံအုပ်ငယ်
နောက်မှ ထွက်လာသူ၏ အသွင် သဏ္ဌာန်ကိုမြင်လျှင် ကျွန်တော် အံ့ဩနေ၏။
ချုံနွယ်နောက်မှထွက်လာသူသည်
မိန်းကလေးတစ်ဦး။ အရောင်ပြယ်လွင့်စ
စစ်အင်္ကျီဟောင်းနှင့်ကချင်လုံချည်အား ဝတ်ထား၏။ ပလိုင်းတစ်လုံး လွယ်ထား၏။

လက်ထဲမှာ ကချင်ဓားနှင့်။ သူ့မျက်နှာ၌ စိုးရွံ့မှုတွေ ရှိနေ၏။ “မင်း ဘယ်သူလဲ”
“ရှင် – ကျွန်မကိုရန်ပြုမယ့်သူတော့ မဟုတ်ပါဘူးနော်”
သူက ကျွန်တော့်အမေးကို မဖြေ သေးဘဲကျွန်တော့်ကိုမေးခွန်းပြန်ထုတ်သည်။
“အစစ်ပေါ့။ တောပစ်ထွက်ရင် အန္တရာယ်ကြုံခဲ့ရသူတစ်ဦးလေ – မင်း
ကကော”
“ကျွန်မ တောင်ယာက ပြန်လာ တာ။ ရှင် အကူအညီတစ်ခုခု လိုမယ် ထင်လို့လာတာ”
“ဟုတ်လား။ ဒါဆို – ကျေးဇူးပဲ။ ငါ အကူအညီလိုနေတယ် – အမှန်ပဲ”
“ကျွန်မ ကူညီမှာပါ။ ဘယ်လိုက်ပို့ရမလဲ”
“ခင်နွယ်ကောင်းရွာစခန်း” “ဒါဆို-ခဏစောင့်” “ကျေးဇူးပဲ”
သူ ခပ်သွက်သွက် ရွာဆီသို့ လှည့် ထွက်သွားသည်။ သူမက ငယ်ရွယ်ပြီး အချိုးအဆစ် ပြေပြစ်သူတစ်ဦး။ ကျွန် တော် သူ၏ကျောပြင်ကို ငေးကြည့်ရင်း သူ ဘယ်သူလဲ။ ဘာကြောင့် မြန်မာ

စကားအား လည်လည်ပတ်ပတ် ပြော
နိုင်နေသနည်းဆိုသည်ကို စဉ်းစားရင်း
ဒီမှာက အချိန်မရွေး ရန်သူနှင့် တွေ့ နိုင် သဖြင့် သတိချပ်နေမိသည်။ ကံကောင်းသည်က ကျွန်တော်က တောင်မြင့်ကြောလယ်၌ရှိပြီး သူမ ဆင်း သွားသည့်ရွာက တောင်ခြေ၌ ရှိနေခြင်း ပင်။ ထို့ကြောင့် အရာရာ ကျွန်တော် အပေါ်စီးမှ မြင်နိုင်၏။
မကြာမီ သူမနှင့် အရပ်အမောင်း ကောင်းသည့် လူကြီးနှစ်ဦး ရောက်လာ
သည်။
ကျွန်တော့်အား ထမ်းစင်ပြုလုပ်ပြီး
သယ်လာခဲ့ကြသည်။လမ်းကပြေလျှော သည့်လမ်းမဟုတ်။ အတက်အဆင်းပြွန်း သည့်လမ်း။

လူထွားကြီးနှစ်ဦးက သယ်မလာပြီး
သူမက ကျွန်တော့်နံဘေးမှ ကပ်ပါလာ
သည်။ မွှေးပျံ့သည့်ရနံ့ကို ခံစားရသည်။ လူထွားကြီးနှစ်ဦးသည်စကားတစ်လုံးမျှ
မပြောကြ။
“မင်းကို မေးရဦးမယ်” သူမက ပြုံးပြီး ..

“ဘာလဲ- ရှင်ကကျွန်မ ဗမာစကား ကောင်းကောင်းပြောနိုင်လို့ အံ့ဩနေ တယ်မဟုတ်လား”
ကျွန်တော်ခေါင်းညိတ်လိုက်သည်။
သူမက-
“ဒါ-မဆန်းပါဘူး။ ကျွန်မက စစ် ကိုင်းရွာသစ်ကြီး၊ တိုင်းရင်းသားဖွံ့ဖြိုး ရေးသိပ္ပံကျောင်းသူလေ။ ဒီက ကျောင်း ဆင်းပြီးရွာကျောင်းမှာစာသင်နေတာ” “ဟုတ်လား – နာမည်က”

“ကျွန်မကို သူငယ်ချင်းတွေက မြသက်နွယ်လို့ ခေါ်ကြတယ်။ ကျွန်မက လည်းအဲဒီ့နာမည်ကို ကြိုက်တယ်” “ကျွန်တော်ကတော့ မြသက်နွယ် ကိုမေ့မှာမဟုတ်တော့ဘူး”
သူမ ရှက်စနိုးဖြင့် ပြုံးသည်။
“ကျွန်မကလည်း တွေ့ခွင့်ကြုံချင်
ပါသေးတယ်”
ဟုပြောသည်။
ရိုးသားစွာ ဝန်ခံရလျှင် ကျွန်တော့် ရင်ထဲ၌ မြသက်နွယ်၏ အသွင်အပြင်၊ လှုပ်ရှားမှုနှင့် ကြင်နာတတ်ပုံများအား စွဲငြိနေခဲ့မိသည်။ မြသက်နွယ်သည် စစ် ကိုင်း၊ ရွာသစ်ကြီး၊ တိုင်းရင်းသားဖွံ့ဖြိုး ရေးသိပ္ပံကျောင်း၌ အနေကြာခဲ့သဖြင့် အသွင်အပြင် ပြောင်းခဲ့သည်လည်းဖြစ်နိုင်၏။
ကျွန်တော့်အားတစ်တောင်ကျော်၊
တစ်တောဖြတ်၍လိုက်ပို့ခဲ့သည်။

နေဝင်ဆည်းဆာချိန်သို့ ရောက်ခဲ့
မကြာမီ နေဝင်ပြီ။ အမှောင်ကြီးစိုး တော့မည်။ တောင်ပေါ်ဒေသ အခြေ အနေအရနေရောင်သာမြင်ရပြီးနေဝန်းကြီးကို မမြင်ရတော့။
ကျွန်တော်နေသည့်ခင်နွယ်ကောင်း
စခန်းသည် မဝေးတော့။
“ကျွန်မတို့ စခန်းထိ လိုက်ပို့လို့ မဖြစ်ဘူးထင်တယ်။ ကျွန်မတို့က ရွာပုန်း
မှာ နေသူဖြစ်လို့ အမြင်ခံလို့ မဖြစ်ဘူး- အစ်ကို။ကျွန်မတို့ဒီမှာအစ်ကိုကိုထားခဲ့
လို့ဖြစ်မလား”
“မြသက်နွယ်တို့အတွက် အခက် အခဲရှိရင် ရပါတယ်။ ကျေးဇူးလည်းတင် ပါတယ်။ ကျွန်တော့်ခြေထောက် သက် သာသွားရင် မြသက်တို့ရွာကို လာခဲ့ဦးမယ်”
“လာခဲ့ပါ။ မြသက်စောင့်နေမှာပါ”
ထို့နောက် ကျွန်တော့်အား စခန်း ကုန်း တောင်ခြေ၌ ထားခဲ့ပြီး မြသက် နွယ်တို့ ပြန်သွားကြသည်။ စခန်းနှင့်လည်းမဝေးတော့သဖြင့်ကျွန်တော်ပြန်လာခဲ့သည်။
မြသက်နွယ် ပြန်ခါနီး ပြောသွား
သည့်စကားကိုမူ မမေ့ပါ။
မြသက်တို့ အစ်ကို့ကို လိုက်ပို့တာ ဘယ်သူမှမသိစေနဲ့နော်။ ဘယ်သူမှ လည်းမပြောမိစေနဲ့ဟူသည့် စကား။
ကျွန်တော် စခန်းပြန်ရောက်တော့
အားလုံးအံ့ဩနေကြသည်။ ထိုနေ့က အကျိုးအကြောင်း ရှင်းပြမှ သူတို့ ကျေ
နပ်သွားကြသည်။
ကျွန်တော့် ခြေထောက်သည် မသက်သာခဲ့ပါ။(၈)ပတ်နီးပါးနားခဲ့ရ၏။ ဘာကြောင့်မသိ။ ကျွန်တော် မြသက် နွယ်ကို သတိရနေမိသည်။
တစ်နေ့၊ ကျွန်တော်နှင့် အလွန် တရာခင်သည့် ဒုတပ်ကြပ် ဆရာကျော် လင်းတို့ စိတ်ပြေလက်ပျောက် အရက်
သောက်ရင်းကျွန်တော်ကတောတွင်း၌ ရွာတစ်ရွာ တွေ့ခဲ့ပုံ၊ ရွာတစ်ရွာမှ စစ် ကိုင်း၊ ရွာသစ်ကြီးကျောင်းဆင်း မြန်မာ စကား ရေလည်သည့် မြသက်နွယ်နှင့် တွေ့ခဲ့ပုံ၊ ထိုနေ့က မြသက်နွယ် လိုက်ပို့
သဖြင့် ပြန်ရောက်ခဲ့ပုံများအား ပြောပြ သည့်အခါ ဆရာကျော်လင်းအံ့ဩသွား
သည်။
“ဟုတ်မှလည်းလုပ်ပါ- ငါ့ရှင်ရယ်။ ဒီမှာရွာရှိသေးလို့လား။ ငါသိသလောက်
ဆိုရင်တော့ ဒီမှာ ရွာမရှိတော့ဘူး။ ရှိရင်
လည်းရွာပျက်ပဲရှိမယ်”
“မဖြစ်နိုင်ဘူး- ဆရာကျော်လင်း။ ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့တာ။ ကျွန်
တော်တို့ ဒီရွာသူ မြသက်နွယ်နဲ့ လူကြီး နှစ်ယောက်ကိုယ်တိုင် လိုက်ပို့ခဲ့တာ”
“ဒါဆို- ဒါတွေဟာမကောင်းဆိုးဝါး တွေ ဖြစ်နေမလား။ ဘာဖြစ်လဲဆိုရင် တစ်ခုရှိတာက ဒီနေရာမှာ အရင်က ရွာ ကြီး ရှိခဲ့တယ်။ စာသင်ကျောင်းလည်းရှိ တယ်။ ဒါပေမဲ့ “ဒီရွာကို ကေအိုင်အေ
တွေဖျက်လို့ ပျက်သွားတယ်။ ရွာပျက်ခဲ့ သလို၊ လူတွေလည်း အစုလိုက် အပြုံ လိုက်အသတ်ခံရတယ်။ မင်းပြောသလို ဆို ဝိညာဉ်တွေများဖြစ်နေမလား” “ဟုတ်ရဲ့လား – ဆရာကျော်ရယ်။ ကျွန်တော်က ကိုယ်တိုင်တွေ့ခဲ့တာပါ။ ဒီလိုမထင်ပါဘူး”
“ဘာပဲဖြစ်ဖြစ်ကွာ။ငါကတော့မင်း
ဒီနေရာကို မသွားစေချင်တော့ဘူး”

ကျွန်တော် ဘာမှမပြောတော့။
သို့သော် ကျွန်တော့်စိတ်ထဲ၌ သံန္နိဋ္ဌာန် တစ်ခု ချလိုက်သည်။ ဒီရွာကို အရောက် သွားမည်။ မြသက်နွယ်နှင့် တွေ့ ဖြစ် အောင် တွေ့မည်ဟုဖြစ်သည်။ သို့သော်ကျွန်တော်တော်တော်နှင့် သွားခွင့်မကြုံခဲ့။ ခြေထောက် ကောင်း သွားပြီဖြစ်သော်လည်းဆရာကျော်လင်း
က ကျွန်တော့်အား မျက်ခြေပြတ်မခံခဲ့
သောကြောင့် ဖြစ်သည်။
ထို့ကြောင့်လည်း ကျွန်တော် မြ သက်နွယ်နှင့် တွေ့နိုင်ရန်အတွက် အစီ အစဉ်တစ်ခု ပြုခဲ့၏။ ထိုအစီအစဉ်က
အခြားမဟုတ်။ ဆရာကျော်လင်းအား
အရက်အမူးတိုက်ပြီး သွားရန်ဖြစ်၏။
ကျွန်တော့်အခြေအနေအား..
ဆရာကျော်လင်းသာ သိသဖြင့် ကျန်လူများက ကျွန်တော့်ကို ဂရုမစိုက်ကြ။
ဆရာကျော်လင်းအား မူးအောင်
အရက်တိုက်၍ဆရာကျော်လင်းဖလက်
ပြလျှင် တိတ်တဆိတ် စခန်းမှ ထွက်ခဲ့ ၏။ အချိန်က ညနေဆည်းဆာ ရောက်
လုလု။
ကျွန်တော်အသော့နှင်ခဲ့ရာနေဝင်
ဖျိုးဖျအချိန်၌ မြသက်နွယ်တို့ရွာသို့
ရောက်၏။
ရွာတွင် မီးတို့ ထိန်နေ၏။
ကျွန်တော် ရွာတွင်းသို့ ဝင်လိုက် ချိန် အသုဘပွဲတစ်ခုနှင့် ကြုံလိုက်ရ
သည်။ ထို့အတူ အသုဘပွဲ မီးပုံနံဘေး၌ မြသက်နွယ်ကို ဆိုက်ဆိုက်မြိုက်မြိုက်
တွေ့ရ၏။
မီးပုံကြီးက အလျှံညီးညီး တောက်
လောင်နေသည်။
“မြသက်နွယ်”
ကျွန်တော်ဝမ်းသာအားရခေါ်လိုက်
၏။ မြသက်နွယ်က ဆတ်ခနဲလှည့်
ကြည့်ပြီး … “ဟင်- အစ်ကို” “ဟုတ်တယ် – မြသက် နွ ယ် ။
အစ်ကို – မြသက်ကို သတိရလွန်းလို့လာ
တာ”
“အစ်ကိုရယ်”
သူကအသော့ကလေးပြေးလာပြီး ကျွန်တော့်ရှေ့တွင်ရပ်ကာ ညည်းညူ သလိုခေါ်လိုက်သည်။ကျွန်တော့်ကိုရွှန်း
လဲ့သည့်မျက်ဝန်းညိုကြီးနှင့် ကြည့်၏။
ကျွန်တော် မြသက်နွယ် လက် ကလေးအား ဆုပ်ကိုင်လိုက်ပြီး…
“ကျွန်တော် အရမ်းသတိရနေ တယ်- မြသက်နွယ်။တစ်နေ့မှမမေ့ဘူး။ ကျွန်တော် မလိမ်ချင်ဘူး။ ကျွန်တော်
မြသက်နွယ်ကို ချစ်နေမိပြီလား မသိဘူး”
“အစ်ကိုရယ်”
“ဒါထက် – မြသက်။ဒီအသုဘပွဲက
ဘယ်သူပွဲလဲ”
ကျွန်တော်က မေးလိုက်သည်။ အသုဘပွဲက စနေပြီ။ အလျှံညီးညီး
တောက်လောင်နေသည်။ မီးပုံကြီးကို
ပတ်ကာ တစ်ယောက်လက် တစ်
ယောက် ဆုပ်ကိုင်ပြီး အသုဘအက
ကနေကြပြီ။
“မြသက် ဦးကြီးလေ။ အစ်ကို ရောက်တုန်းကကြရအောင်လေ”
“မြသက်သဘောပါ” ကျွန်တော်နှင့် မြသက်နွယ် ဝင်က
ကြသည်။ ကချင်ပြည်နယ်မှာက ရိုးရာ အသုဘပွဲအကသည်ပျော်စရာကောင်း ၏။ မီးပုံကြီးအား ဝိုင်းပတ်ကာ ကရင်း ကရသည့်အက ဖြစ်သည်။ ကချင်ခေါင် ရည် သောက်ကြ၏။ သေသူအတွက်

ဆုတောင်းမေတ္တာပို့ကြ၏။
ကျွန်တော်နှင့် မြသက်နွယ်သည်
ကရင်းသောက်၊ သောက်ရင်း ကနေကြ သဖြင့် အချိန်တို့ ကုန်လို့ကုန်မှန်းမသိ။ မီးပုံက မီးအရှိန်လျှော့လာသလို၊ ကသူ တွေလည်းနည်းသွားသည်။
ကျွန်တော်တို့ နှစ်ဦးလည်း အက ရပ်ပြီး အိမ်နောက်ဘက် စပါးကျီတစ်ခု ဘေးတွင် ထိုင်ကြသည်။ ကျွန်တော်က
မြသက်နွယ်ပခုံးကလေးအား ဆုပ်ကိုင်
ပြီး…
“ကျွန်တော်တော့ အရမ်းပျော်မိ
တယ် – မြသက်”
“ဟုတ်လား – ဒါဆိုရင်တော့ – စိတ် ချင်းတူသွားပြီလို့ ပြောရမယ်။ မြသက်
လည်း အစ်ကိုနဲ့တွေ့တာနဲ့ အားလုံးကို
မေ့သွားအောင် ပျော်တယ်” “ဒါ-ဘာဖြစ်လို့လဲဆိုတာလည်း
ကိုယ်သိတယ်” “ဘာလဲ” အစ်ကို”
“ချစ်လို့လေ”
“အို – အစ်ကိုကလဲ”
သူ ရှက်စနိုးပြုံးသည်။ ခေါင်း ကလေးငုံ့သွားသည်။ ကျွန်တော်သူ့ပခုံး အားကြင်နာစွာ ဆုပ်ကိုင်လိုက်ပြီ…

“ကိုယ် – မြသက်ကို ချစ်တယ်။ ဘယ်သူတွေ ဘာပြောပြော မြသက်ကို
ကိုယ်ချစ်တယ်”
ဟုပြောပြီးမြသက်နွယ်ကိုကြင်နာ
စွာ ထွေးဖက်လိုက်သည်။ ပြီးတော့
အနမ်းမိုး ရွာခဲ့သည်ကို ကျွန်တော် သိ သည်။ သူပါး၊ သူ့နဖူး။ “အစ်ကိုရယ်”
မြသက်နွယ် ကျွန်တော့်ရင်ခွင်ထဲ
မှာ ဘယ်လောက်ကြာခဲ့ သည်မသိ။
အချစ်လှေကလေးသည် လှိုင်းဒဏ်၊
လေဒဏ် ခံခဲ့ရသည်ကို သိသည်။ သည့်
နောက် ကျွန်တော်တို့ အားလုံးကို မေ့
သွားသည်။
အချစ် – အချစ်တွေ။

အချစ်နှင့် ကျွန်တော် အားလုံးကို
မေ့နေစဉ် “မြင့်နောင်၊ မြင့်နောင်”ဆို သည့် ခေါ်သံကြားသည်။ အသံက ကျွန်
တော်တို့လှုပ်နှိုးလိုက်သလိုပင်။ ထူးခြား
သည်က ကျွန်တော် မျက်လုံးဖွင့်လိုက် တော့ နေရောင်ဖြာလက်နေသည်။ မိုး
လင်းပြီ။

ပြီးတော့ – ကျွန်တော့် နားတွင်
မြသက်နွယ် မရှိ။ ကျွန်တော်က အိမ်
ပျက်ကြီးတစ်ခု၏ အောက်၌ ရှိနေ
သည်။ မြသက်နွယ် ဘယ်ရောက်သွားသနည်း။
ဘာကြောင့်ကျွန်တော်ရွာပျက်ထဲ
ရောက်နေသနည်း။
“ဒီနေရာမှာအရင်ကရွာကြီးတစ်ခု ရှိတယ်။စာသင်ကျောင်းလည်းရှိတယ်။
ဒါပေမဲ့- ဒီရွာကိုကေအိုင်အေတွေဖျက် လို့ ပျက်သွားတယ်။ ရွာပျက် ရှိခဲ့သလို၊ လူတွေလည်း အစုလိုက်၊ အပြုံလိုက်
အသတ်ခံရတယ်”
“ဒါတွေဟာ မကောင်းဆိုးဝါးတွေ
များဖြစ်နေလား။ ဟုတ်များနေသလား” ကျွန်တော် စဉ်းစားနေစဉ် မျက်နှာ တစ်ခုကိုမြင်လိုက်ရသည်။ ဆရာကျော် လင်းမျက်နှာ။

“မြင့်နောင်ရယ် – မင်း မိုက်လိုက်- တာ။ မင်းကံကောင်းလို့ပေါ့။ နို့မို့ဆိုရင် မင်းဝိညာဉ်ကို နုတ်သွားပြီ”ဟု ပြောသည်။ ကျွန်တော် ဘာမှ မပြောနိုင်။ ကျွန်တော်ပြောရင်ကော ဘယ်သူယုံမလဲ။ ကျွန်တော့်အဖြစ်က ပြောမယုံ၊ကြုံမှသိဆိုသောအဖြစ်။ ဆရာ

ကျော်လင်း ပြောသလို၊ ကျွန်တော့် ဝိညာဉ်ကို နုတ်မသွားခြင်းမှာ အချစ်
ကြောင့်ဖြစ်မည်။
ဤအတိုင်းဆို“မြသက်နွယ်” သည်
လည်း ကျွန်တော့်နှယ် စိတ်တူကိုယ်တူ
ချစ်သူသာ ဖြစ်မည်။ အဖြစ်ကဝမ်းနည်း
ကြေကွဲစရာပင်။ ကျွန်တော်တနင့်တပိုး
ခံစားရသည်က ကျွန်တော်ချစ်သော

“မြသက်နွယ်”သည်တစ်သက်တစ်ဘဝ မဆုံစည်းနိုင်သည့်“တမလွန်ရွာသူ”ဖြစ် နေသောကြောင့်တည်း။ မြသက်နွယ်။ တမလွန်ရွာသူ။
မောင်ချစ်တဲ့ တမလွန်ရွာသူရယ်။
စာဖတ်သူများရဲ့…

Zawgyi Version

“တမလြန္ခ်စ္သူ”(စ/ဆုံး)
——————————–
ကြၽန္ေတာ့္ဘဝတြင္ လုံးဝမေမ့ႏိုင္ စရာအျဖစ္တစ္ခုသည္ ရွိခဲ့၏။ ထိုအျဖစ္
သည္အိပ္မက္ မဟုတ္ပါ။
တစ္ခုရွိသည္က ဤအျဖစ္သည္
ေျပာမယုံ၊ ႀကဳံဖူးမွ သိမည္ဟုေျပာရမည့္
အျဖစ္လည္း ျဖစ္၏။ ဤအျဖစ္ကို သတိ
ရတိုင္း ကြၽန္ေတာ့္ရင္ထဲတြင္ တျမည့္
ျမည့္ ခံစားရ၏။ ထိုအျဖစ္ကား ….။ ထိုအျဖစ္ကား ….။

ဤအျဖစ္ကို မေျပာမီ၊ ပထမဆုံး
ကြၽန္ေတာ့္၏ အေၾကာင္းအား ေျပာမွ
ျပည့္စုံမည္ျဖစ္သျဖင့္ ကြၽန္ေတာ့္
အေၾကာင္းအား အရင္ေျပာရပါမည္။
တစ္ခုရွိသည္ကကြၽန္ေတာ့္အေၾကာင္းေျပာမျပခ်င္ပါ။
အဘယ့္ေၾကာင့္ ဆိုေသာ္ ကြၽန္
ေတာ္သည္ အခ်စ္ႏွင့္ ပတ္သက္လွ်င္
အျခား အျခားေသာစကားတို႔အား ယုံ
အစြန္းေရာက္သူ၊ ခ်စ္သူစကားမွတစ္ပါး
ေလ့ယုံထမရွိသူ၊ ကိုယ့္ခ်စ္သူ၏စကား

အား ယုံၾကည္ၿပီး တစ္ဇြတ္ထိုး လုပ္ တတ္သည္မ်ား ရွိေနေသာေၾကာင့္ ျဖစ္
ပါသည္။
ကြၽန္ေတာ္သည္ ခ်စ္သူ ထည္လဲ ထားတတ္ၿပီး ခ်စ္သူစကားကို သကာ ပ်ားႏွယ္ ခံစားတတ္သူတည္း။ ထို႔ေၾကာင့္ကြၽန္ေတာ္လည္း ခ်စ္သူ အတြက္ ႏူးညံ့ေသာ၊ ခ်ိဳၿမိန္ေသာ ခံစား ရဖူးသကဲ့သို႔ ရင္ဖိုလႈိက္ေမာဖြယ္အျဖစ္ ႏွင့္လည္းကြၽန္ေတာ္ႀကဳံခဲ့ရ၏။
အထူးသျဖင့္ ကြၽန္ေတာ္ ျမသက္
ႏြယ္”ႏွင့္ပတ္သက္ေသာ အျဖစ္သည္
ကြၽန္ေတာ္ မေမ့ႏိုင္ေသာ ရင္ခုန္၊ ႏွလုံး
တုန္ဖြယ္အျဖစ္ ျဖစ္ေနေသာေၾကာင့္
တည္း။ ျမသက္ႏြယ္ …။ ျမသက္ႏြယ္ ..။

ျမသက္ႏြယ္ႏွင့္ ကြၽန္ေတာ္ ဆုံခဲ့ရ သည္ကျမန္မာျပည္ႏွင့္ေဝးလံလွသည့္
ေျမာက္ဖ်ားေဒသတစ္ေနရာ။
ေတာင္ခိုးႏွင့္ တိမ္ေရာယွက္လိမ္
သည့္ ေတာႏွင့္ ေတာင္ခိုး ေရာယွက္မိုးသည့္ေဒသ၊

စိမ္းစိုေသာေတာမ်ား၊မႈိင္းညိဳ႕ေသာ ေတာင္စြယ္ေတာင္တန္းတို႔ စိုးမိုးေန
ေသာေနရာ။
မို႔ေမာက္ေသာေတာင္ညိဳမ်ား၊စိမ္း
လဲ့ေသာ ေတာတန္းမ်ားအလယ္၌ ႐ြာ
ငယ္တစ္႐ြာ ရွိသည္။ အိမ္ေျခသည္
မမ်ားလွ။ ဆယ့္ငါးအိမ္ထက္ မေက်ာ္။
အားလုံးသည္ အိမ္ယားရွည္မ်ား ျဖစ္၏။
သည္စဥ္က ဤ႐ြာသို႔ ကြၽန္ေတာ္
ေရာက္ခဲ့သည္ကေတာလည္ရင္းျဖစ္၏။
ေခ်ာက္တြင္းသို႔ ေခ်ာ္က်ၿပီး ေျခသပြတ္
တိုင္လည္သလိုျဖစ္သြားသည့္ေန႔။ ကြၽန္ေတာ္ ေကာင္းစြာ လမ္း မေလွ်ာက္ႏိုင္ေတာ့။
“အား- ကြၽတ္ – ကြၽတ္” ကြၽန္ေတာ့္ေျခေထာက္က လႈပ္ လိုက္တိုင္းအသည္းခိုက္မတတ္နာက်င္
၏။ ယင္းသမို႔ ဆက္လက္ ေတာပစ္ရန္
မခံစားႏိုင္ေတာ့။ ေသနတ္ကို ေက်ာပိုး
လြယ္ရင္း သစ္ကိုင္းတစ္ကိုင္းခုတ္ကာ
တုတ္အျဖစ္ အသုံးျပဳ ခရီးႏွင္ေနရ၏။
အဓိကသည္ အျမန္ဆုံး စခန္းျပန္
ေရာက္ဖို႔တည္း။
ကြၽန္ေတာ္ တုတ္ေထာက္ျပန္လာစဥ္…။

ကြၽန္ေတာ့္ နားစည္အတြင္းသို႔ အသံတစ္သံ က်ဴးဝင္လာသည္။ တစ္စုံ တစ္ေယာက္၏ေျခသံ။
အသံသည္ကြၽန္ေတာ္ႏွင့္မနီးမေဝး
ခ်ဳံငယ္တစ္ခုဆီမွ ျဖစ္သည္။ ကြၽန္ေတာ္
ေသနတ္ကို ဖ်တ္ခနဲ အသင့္ျပင္လိုက္သည္။
“ဘယ္သူလဲ -ထြက္ခဲ့ေနာ္။ ငါ့ကို
ရန္ျပဳမယ္ဆိုရင္ေတာ့ ငါ သည္းခံမွာ
မဟုတ္ဘူး”
ေသနတ္ေမာင္းကြင္းေပၚ လက္
တင္ရင္းေျပာလိုက္သည္။
“ငါေျပာတာ အေလးထားေနာ္။ ငါက ရက္စက္တတ္တယ္” ဒုတိယစကား ….။
သည္တစ္ခါတြင္ေတာ့ စကားဆုံး လွ်င္ခ်ဳံႏြယ္ေနာက္မွတစ္စုံတစ္ေယာက္
စိုး႐ြံ႕စြာ ထြက္လာသည္။ ခ်ဳံအုပ္ငယ္
ေနာက္မွ ထြက္လာသူ၏ အသြင္ သဏၭာန္ကိုျမင္လွ်င္ ကြၽန္ေတာ္ အံ့ဩေန၏။
ခ်ဳံႏြယ္ေနာက္မွထြက္လာသူသည္
မိန္းကေလးတစ္ဦး။ အေရာင္ျပယ္လြင့္စ
စစ္အက်ႌေဟာင္းႏွင့္ကခ်င္လုံခ်ည္အား ဝတ္ထား၏။ ပလိုင္းတစ္လုံး လြယ္ထား၏။

လက္ထဲမွာ ကခ်င္ဓားႏွင့္။ သူ႔မ်က္ႏွာ၌ စိုး႐ြံ႕မႈေတြ ရွိေန၏။ “မင္း ဘယ္သူလဲ”
“ရွင္ – ကြၽန္မကိုရန္ျပဳမယ့္သူေတာ့ မဟုတ္ပါဘူးေနာ္”
သူက ကြၽန္ေတာ့္အေမးကို မေျဖ ေသးဘဲကြၽန္ေတာ့္ကိုေမးခြန္းျပန္ထုတ္သည္။
“အစစ္ေပါ့။ ေတာပစ္ထြက္ရင္ အႏၲရာယ္ႀကဳံခဲ့ရသူတစ္ဦးေလ – မင္း
ကေကာ”
“ကြၽန္မ ေတာင္ယာက ျပန္လာ တာ။ ရွင္ အကူအညီတစ္ခုခု လိုမယ္ ထင္လို႔လာတာ”
“ဟုတ္လား။ ဒါဆို – ေက်းဇူးပဲ။ ငါ အကူအညီလိုေနတယ္ – အမွန္ပဲ”
“ကြၽန္မ ကူညီမွာပါ။ ဘယ္လိုက္ပို႔ရမလဲ”
“ခင္ႏြယ္ေကာင္း႐ြာစခန္း” “ဒါဆို-ခဏေစာင့္” “ေက်းဇူးပဲ”
သူ ခပ္သြက္သြက္ ႐ြာဆီသို႔ လွည့္ ထြက္သြားသည္။ သူမက ငယ္႐ြယ္ၿပီး အခ်ိဳးအဆစ္ ေျပျပစ္သူတစ္ဦး။ ကြၽန္ ေတာ္ သူ၏ေက်ာျပင္ကို ေငးၾကည့္ရင္း သူ ဘယ္သူလဲ။ ဘာေၾကာင့္ ျမန္မာ

စကားအား လည္လည္ပတ္ပတ္ ေျပာ
ႏိုင္ေနသနည္းဆိုသည္ကို စဥ္းစားရင္း
ဒီမွာက အခ်ိန္မေ႐ြး ရန္သူႏွင့္ ေတြ႕ ႏိုင္ သျဖင့္ သတိခ်ပ္ေနမိသည္။ ကံေကာင္းသည္က ကြၽန္ေတာ္က ေတာင္ျမင့္ေၾကာလယ္၌ရွိၿပီး သူမ ဆင္း သြားသည့္႐ြာက ေတာင္ေျခ၌ ရွိေနျခင္း ပင္။ ထို႔ေၾကာင့္ အရာရာ ကြၽန္ေတာ္ အေပၚစီးမွ ျမင္ႏိုင္၏။
မၾကာမီ သူမႏွင့္ အရပ္အေမာင္း ေကာင္းသည့္ လူႀကီးႏွစ္ဦး ေရာက္လာ
သည္။
ကြၽန္ေတာ့္အား ထမ္းစင္ျပဳလုပ္ၿပီး
သယ္လာခဲ့ၾကသည္။လမ္းကေျပေလွ်ာ သည့္လမ္းမဟုတ္။ အတက္အဆင္းႁပြန္း သည့္လမ္း။

လူထြားႀကီးႏွစ္ဦးက သယ္မလာၿပီး
သူမက ကြၽန္ေတာ့္နံေဘးမွ ကပ္ပါလာ
သည္။ ေမႊးပ်ံ႕သည့္ရနံ႔ကို ခံစားရသည္။ လူထြားႀကီးႏွစ္ဦးသည္စကားတစ္လုံးမွ်
မေျပာၾက။
“မင္းကို ေမးရဦးမယ္” သူမက ၿပဳံးၿပီး ..

“ဘာလဲ- ရွင္ကကြၽန္မ ဗမာစကား ေကာင္းေကာင္းေျပာႏိုင္လို႔ အံ့ဩေန တယ္မဟုတ္လား”
ကြၽန္ေတာ္ေခါင္းညိတ္လိုက္သည္။
သူမက-
“ဒါ-မဆန္းပါဘူး။ ကြၽန္မက စစ္ ကိုင္း႐ြာသစ္ႀကီး၊ တိုင္းရင္းသားဖြံ႕ၿဖိဳး ေရးသိပၸံေက်ာင္းသူေလ။ ဒီက ေက်ာင္း ဆင္းၿပီး႐ြာေက်ာင္းမွာစာသင္ေနတာ” “ဟုတ္လား – နာမည္က”

“ကြၽန္မကို သူငယ္ခ်င္းေတြက ျမသက္ႏြယ္လို႔ ေခၚၾကတယ္။ ကြၽန္မက လည္းအဲဒီ့နာမည္ကို ႀကိဳက္တယ္” “ကြၽန္ေတာ္ကေတာ့ ျမသက္ႏြယ္ ကိုေမ့မွာမဟုတ္ေတာ့ဘူး”
သူမ ရွက္စႏိုးျဖင့္ ၿပဳံးသည္။
“ကြၽန္မကလည္း ေတြ႕ခြင့္ႀကဳံခ်င္
ပါေသးတယ္”
ဟုေျပာသည္။
႐ိုးသားစြာ ဝန္ခံရလွ်င္ ကြၽန္ေတာ့္ ရင္ထဲ၌ ျမသက္ႏြယ္၏ အသြင္အျပင္၊ လႈပ္ရွားမႈႏွင့္ ၾကင္နာတတ္ပုံမ်ားအား စြဲၿငိေနခဲ့မိသည္။ ျမသက္ႏြယ္သည္ စစ္ ကိုင္း၊ ႐ြာသစ္ႀကီး၊ တိုင္းရင္းသားဖြံ႕ၿဖိဳး ေရးသိပၸံေက်ာင္း၌ အေနၾကာခဲ့သျဖင့္ အသြင္အျပင္ ေျပာင္းခဲ့သည္လည္းျဖစ္ႏိုင္၏။
ကြၽန္ေတာ့္အားတစ္ေတာင္ေက်ာ္၊
တစ္ေတာျဖတ္၍လိုက္ပို႔ခဲ့သည္။

ေနဝင္ဆည္းဆာခ်ိန္သို႔ ေရာက္ခဲ့
မၾကာမီ ေနဝင္ၿပီ။ အေမွာင္ႀကီးစိုး ေတာ့မည္။ ေတာင္ေပၚေဒသ အေျခ အေနအရေနေရာင္သာျမင္ရၿပီးေနဝန္းႀကီးကို မျမင္ရေတာ့။
ကြၽန္ေတာ္ေနသည့္ခင္ႏြယ္ေကာင္း
စခန္းသည္ မေဝးေတာ့။
“ကြၽန္မတို႔ စခန္းထိ လိုက္ပို႔လို႔ မျဖစ္ဘူးထင္တယ္။ ကြၽန္မတို႔က ႐ြာပုန္း
မွာ ေနသူျဖစ္လို႔ အျမင္ခံလို႔ မျဖစ္ဘူး- အစ္ကို။ကြၽန္မတို႔ဒီမွာအစ္ကိုကိုထားခဲ့
လို႔ျဖစ္မလား”
“ျမသက္ႏြယ္တို႔အတြက္ အခက္ အခဲရွိရင္ ရပါတယ္။ ေက်းဇူးလည္းတင္ ပါတယ္။ ကြၽန္ေတာ့္ေျခေထာက္ သက္ သာသြားရင္ ျမသက္တို႔႐ြာကို လာခဲ့ဦးမယ္”
“လာခဲ့ပါ။ ျမသက္ေစာင့္ေနမွာပါ”
ထို႔ေနာက္ ကြၽန္ေတာ့္အား စခန္း ကုန္း ေတာင္ေျခ၌ ထားခဲ့ၿပီး ျမသက္ ႏြယ္တို႔ ျပန္သြားၾကသည္။ စခန္းႏွင့္လည္းမေဝးေတာ့သျဖင့္ကြၽန္ေတာ္ျပန္လာခဲ့သည္။
ျမသက္ႏြယ္ ျပန္ခါနီး ေျပာသြား
သည့္စကားကိုမူ မေမ့ပါ။
ျမသက္တို႔ အစ္ကို႔ကို လိုက္ပို႔တာ ဘယ္သူမွမသိေစနဲ႔ေနာ္။ ဘယ္သူမွ လည္းမေျပာမိေစနဲ႔ဟူသည့္ စကား။
ကြၽန္ေတာ္ စခန္းျပန္ေရာက္ေတာ့
အားလုံးအံ့ဩေနၾကသည္။ ထိုေန႔က အက်ိဳးအေၾကာင္း ရွင္းျပမွ သူတို႔ ေက်
နပ္သြားၾကသည္။
ကြၽန္ေတာ့္ ေျခေထာက္သည္ မသက္သာခဲ့ပါ။(၈)ပတ္နီးပါးနားခဲ့ရ၏။ ဘာေၾကာင့္မသိ။ ကြၽန္ေတာ္ ျမသက္ ႏြယ္ကို သတိရေနမိသည္။
တစ္ေန႔၊ ကြၽန္ေတာ္ႏွင့္ အလြန္ တရာခင္သည့္ ဒုတပ္ၾကပ္ ဆရာေက်ာ္ လင္းတို႔ စိတ္ေျပလက္ေပ်ာက္ အရက္
ေသာက္ရင္းကြၽန္ေတာ္ကေတာတြင္း၌ ႐ြာတစ္႐ြာ ေတြ႕ခဲ့ပုံ၊ ႐ြာတစ္႐ြာမွ စစ္ ကိုင္း၊ ႐ြာသစ္ႀကီးေက်ာင္းဆင္း ျမန္မာ စကား ေရလည္သည့္ ျမသက္ႏြယ္ႏွင့္ ေတြ႕ခဲ့ပုံ၊ ထိုေန႔က ျမသက္ႏြယ္ လိုက္ပို႔
သျဖင့္ ျပန္ေရာက္ခဲ့ပုံမ်ားအား ေျပာျပ သည့္အခါ ဆရာေက်ာ္လင္းအံ့ဩသြား
သည္။
“ဟုတ္မွလည္းလုပ္ပါ- ငါ့ရွင္ရယ္။ ဒီမွာ႐ြာရွိေသးလို႔လား။ ငါသိသေလာက္
ဆိုရင္ေတာ့ ဒီမွာ ႐ြာမရွိေတာ့ဘူး။ ရွိရင္
လည္း႐ြာပ်က္ပဲရွိမယ္”
“မျဖစ္ႏိုင္ဘူး- ဆရာေက်ာ္လင္း။ ကြၽန္ေတာ္ကိုယ္တိုင္ ေတြ႕ခဲ့တာ။ ကြၽန္
ေတာ္တို႔ ဒီ႐ြာသူ ျမသက္ႏြယ္နဲ႔ လူႀကီး ႏွစ္ေယာက္ကိုယ္တိုင္ လိုက္ပို႔ခဲ့တာ”
“ဒါဆို- ဒါေတြဟာမေကာင္းဆိုးဝါး ေတြ ျဖစ္ေနမလား။ ဘာျဖစ္လဲဆိုရင္ တစ္ခုရွိတာက ဒီေနရာမွာ အရင္က ႐ြာ ႀကီး ရွိခဲ့တယ္။ စာသင္ေက်ာင္းလည္းရွိ တယ္။ ဒါေပမဲ့ “ဒီ႐ြာကို ေကအိုင္ေအ
ေတြဖ်က္လို႔ ပ်က္သြားတယ္။ ႐ြာပ်က္ခဲ့ သလို၊ လူေတြလည္း အစုလိုက္ အၿပဳံ လိုက္အသတ္ခံရတယ္။ မင္းေျပာသလို ဆို ဝိညာဥ္ေတြမ်ားျဖစ္ေနမလား” “ဟုတ္ရဲ႕လား – ဆရာေက်ာ္ရယ္။ ကြၽန္ေတာ္က ကိုယ္တိုင္ေတြ႕ခဲ့တာပါ။ ဒီလိုမထင္ပါဘူး”
“ဘာပဲျဖစ္ျဖစ္ကြာ။ငါကေတာ့မင္း
ဒီေနရာကို မသြားေစခ်င္ေတာ့ဘူး”

ကြၽန္ေတာ္ ဘာမွမေျပာေတာ့။
သို႔ေသာ္ ကြၽန္ေတာ့္စိတ္ထဲ၌ သံႏၷိ႒ာန္ တစ္ခု ခ်လိုက္သည္။ ဒီ႐ြာကို အေရာက္ သြားမည္။ ျမသက္ႏြယ္ႏွင့္ ေတြ႕ ျဖစ္ ေအာင္ ေတြ႕မည္ဟုျဖစ္သည္။ သို႔ေသာ္ကြၽန္ေတာ္ေတာ္ေတာ္ႏွင့္ သြားခြင့္မႀကဳံခဲ့။ ေျခေထာက္ ေကာင္း သြားၿပီျဖစ္ေသာ္လည္းဆရာေက်ာ္လင္း
က ကြၽန္ေတာ့္အား မ်က္ေျချပတ္မခံခဲ့
ေသာေၾကာင့္ ျဖစ္သည္။
ထို႔ေၾကာင့္လည္း ကြၽန္ေတာ္ ျမ သက္ႏြယ္ႏွင့္ ေတြ႕ႏိုင္ရန္အတြက္ အစီ အစဥ္တစ္ခု ျပဳခဲ့၏။ ထိုအစီအစဥ္က
အျခားမဟုတ္။ ဆရာေက်ာ္လင္းအား
အရက္အမူးတိုက္ၿပီး သြားရန္ျဖစ္၏။
ကြၽန္ေတာ့္အေျခအေနအား..
ဆရာေက်ာ္လင္းသာ သိသျဖင့္ က်န္လူမ်ားက ကြၽန္ေတာ့္ကို ဂ႐ုမစိုက္ၾက။
ဆရာေက်ာ္လင္းအား မူးေအာင္
အရက္တိုက္၍ဆရာေက်ာ္လင္းဖလက္
ျပလွ်င္ တိတ္တဆိတ္ စခန္းမွ ထြက္ခဲ့ ၏။ အခ်ိန္က ညေနဆည္းဆာ ေရာက္
လုလု။
ကြၽန္ေတာ္အေသာ့ႏွင္ခဲ့ရာေနဝင္
ဖ်ိဳးဖ်အခ်ိန္၌ ျမသက္ႏြယ္တို႔႐ြာသို႔
ေရာက္၏။
႐ြာတြင္ မီးတို႔ ထိန္ေန၏။
ကြၽန္ေတာ္ ႐ြာတြင္းသို႔ ဝင္လိုက္ ခ်ိန္ အသုဘပြဲတစ္ခုႏွင့္ ႀကဳံလိုက္ရ
သည္။ ထို႔အတူ အသုဘပြဲ မီးပုံနံေဘး၌ ျမသက္ႏြယ္ကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္
ေတြ႕ရ၏။
မီးပုံႀကီးက အလွ်ံညီးညီး ေတာက္
ေလာင္ေနသည္။
“ျမသက္ႏြယ္”
ကြၽန္ေတာ္ဝမ္းသာအားရေခၚလိုက္
၏။ ျမသက္ႏြယ္က ဆတ္ခနဲလွည့္
ၾကည့္ၿပီး … “ဟင္- အစ္ကို” “ဟုတ္တယ္ – ျမသက္ ႏြ ယ္ ။
အစ္ကို – ျမသက္ကို သတိရလြန္းလို႔လာ
တာ”
“အစ္ကိုရယ္”
သူကအေသာ့ကေလးေျပးလာၿပီး ကြၽန္ေတာ့္ေရွ႕တြင္ရပ္ကာ ညည္းညဴ သလိုေခၚလိုက္သည္။ကြၽန္ေတာ့္ကို႐ႊန္း
လဲ့သည့္မ်က္ဝန္းညိဳႀကီးႏွင့္ ၾကည့္၏။
ကြၽန္ေတာ္ ျမသက္ႏြယ္ လက္ ကေလးအား ဆုပ္ကိုင္လိုက္ၿပီး…
“ကြၽန္ေတာ္ အရမ္းသတိရေန တယ္- ျမသက္ႏြယ္။တစ္ေန႔မွမေမ့ဘူး။ ကြၽန္ေတာ္ မလိမ္ခ်င္ဘူး။ ကြၽန္ေတာ္
ျမသက္ႏြယ္ကို ခ်စ္ေနမိၿပီလား မသိဘူး”
“အစ္ကိုရယ္”
“ဒါထက္ – ျမသက္။ဒီအသုဘပြဲက
ဘယ္သူပြဲလဲ”
ကြၽန္ေတာ္က ေမးလိုက္သည္။ အသုဘပြဲက စေနၿပီ။ အလွ်ံညီးညီး
ေတာက္ေလာင္ေနသည္။ မီးပုံႀကီးကို
ပတ္ကာ တစ္ေယာက္လက္ တစ္
ေယာက္ ဆုပ္ကိုင္ၿပီး အသုဘအက
ကေနၾကၿပီ။
“ျမသက္ ဦးႀကီးေလ။ အစ္ကို ေရာက္တုန္းကၾကရေအာင္ေလ”
“ျမသက္သေဘာပါ” ကြၽန္ေတာ္ႏွင့္ ျမသက္ႏြယ္ ဝင္က
ၾကသည္။ ကခ်င္ျပည္နယ္မွာက ႐ိုးရာ အသုဘပြဲအကသည္ေပ်ာ္စရာေကာင္း ၏။ မီးပုံႀကီးအား ဝိုင္းပတ္ကာ ကရင္း ကရသည့္အက ျဖစ္သည္။ ကခ်င္ေခါင္ ရည္ ေသာက္ၾက၏။ ေသသူအတြက္

ဆုေတာင္းေမတၱာပို႔ၾက၏။
ကြၽန္ေတာ္ႏွင့္ ျမသက္ႏြယ္သည္
ကရင္းေသာက္၊ ေသာက္ရင္း ကေနၾက သျဖင့္ အခ်ိန္တို႔ ကုန္လို႔ကုန္မွန္းမသိ။ မီးပုံက မီးအရွိန္ေလွ်ာ့လာသလို၊ ကသူ ေတြလည္းနည္းသြားသည္။
ကြၽန္ေတာ္တို႔ ႏွစ္ဦးလည္း အက ရပ္ၿပီး အိမ္ေနာက္ဘက္ စပါးက်ီတစ္ခု ေဘးတြင္ ထိုင္ၾကသည္။ ကြၽန္ေတာ္က
ျမသက္ႏြယ္ပခုံးကေလးအား ဆုပ္ကိုင္
ၿပီး…
“ကြၽန္ေတာ္ေတာ့ အရမ္းေပ်ာ္မိ
တယ္ – ျမသက္”
“ဟုတ္လား – ဒါဆိုရင္ေတာ့ – စိတ္ ခ်င္းတူသြားၿပီလို႔ ေျပာရမယ္။ ျမသက္
လည္း အစ္ကိုနဲ႔ေတြ႕တာနဲ႔ အားလုံးကို
ေမ့သြားေအာင္ ေပ်ာ္တယ္” “ဒါ-ဘာျဖစ္လို႔လဲဆိုတာလည္း
ကိုယ္သိတယ္” “ဘာလဲ” အစ္ကို”
“ခ်စ္လို႔ေလ”
“အို – အစ္ကိုကလဲ”
သူ ရွက္စႏိုးၿပဳံးသည္။ ေခါင္း ကေလးငုံ႔သြားသည္။ ကြၽန္ေတာ္သူ႔ပခုံး အားၾကင္နာစြာ ဆုပ္ကိုင္လိုက္ၿပီ…

“ကိုယ္ – ျမသက္ကို ခ်စ္တယ္။ ဘယ္သူေတြ ဘာေျပာေျပာ ျမသက္ကို
ကိုယ္ခ်စ္တယ္”
ဟုေျပာၿပီးျမသက္ႏြယ္ကိုၾကင္နာ
စြာ ေထြးဖက္လိုက္သည္။ ၿပီးေတာ့
အနမ္းမိုး ႐ြာခဲ့သည္ကို ကြၽန္ေတာ္ သိ သည္။ သူပါး၊ သူ႔နဖူး။ “အစ္ကိုရယ္”
ျမသက္ႏြယ္ ကြၽန္ေတာ့္ရင္ခြင္ထဲ
မွာ ဘယ္ေလာက္ၾကာခဲ့ သည္မသိ။
အခ်စ္ေလွကေလးသည္ လႈိင္းဒဏ္၊
ေလဒဏ္ ခံခဲ့ရသည္ကို သိသည္။ သည့္
ေနာက္ ကြၽန္ေတာ္တို႔ အားလုံးကို ေမ့
သြားသည္။
အခ်စ္ – အခ်စ္ေတြ။

အခ်စ္ႏွင့္ ကြၽန္ေတာ္ အားလုံးကို
ေမ့ေနစဥ္ “ျမင့္ေနာင္၊ ျမင့္ေနာင္”ဆို သည့္ ေခၚသံၾကားသည္။ အသံက ကြၽန္
ေတာ္တို႔လႈပ္ႏႈိးလိုက္သလိုပင္။ ထူးျခား
သည္က ကြၽန္ေတာ္ မ်က္လုံးဖြင့္လိုက္ ေတာ့ ေနေရာင္ျဖာလက္ေနသည္။ မိုး
လင္းၿပီ။

ၿပီးေတာ့ – ကြၽန္ေတာ့္ နားတြင္
ျမသက္ႏြယ္ မရွိ။ ကြၽန္ေတာ္က အိမ္
ပ်က္ႀကီးတစ္ခု၏ ေအာက္၌ ရွိေန
သည္။ ျမသက္ႏြယ္ ဘယ္ေရာက္သြားသနည္း။
ဘာေၾကာင့္ကြၽန္ေတာ္႐ြာပ်က္ထဲ
ေရာက္ေနသနည္း။
“ဒီေနရာမွာအရင္က႐ြာႀကီးတစ္ခု ရွိတယ္။စာသင္ေက်ာင္းလည္းရွိတယ္။
ဒါေပမဲ့- ဒီ႐ြာကိုေကအိုင္ေအေတြဖ်က္ လို႔ ပ်က္သြားတယ္။ ႐ြာပ်က္ ရွိခဲ့သလို၊ လူေတြလည္း အစုလိုက္၊ အၿပဳံလိုက္
အသတ္ခံရတယ္”
“ဒါေတြဟာ မေကာင္းဆိုးဝါးေတြ
မ်ားျဖစ္ေနလား။ ဟုတ္မ်ားေနသလား” ကြၽန္ေတာ္ စဥ္းစားေနစဥ္ မ်က္ႏွာ တစ္ခုကိုျမင္လိုက္ရသည္။ ဆရာေက်ာ္ လင္းမ်က္ႏွာ။

“ျမင့္ေနာင္ရယ္ – မင္း မိုက္လိုက္- တာ။ မင္းကံေကာင္းလို႔ေပါ့။ ႏို႔မို႔ဆိုရင္ မင္းဝိညာဥ္ကို ႏုတ္သြားၿပီ”ဟု ေျပာသည္။ ကြၽန္ေတာ္ ဘာမွ မေျပာႏိုင္။ ကြၽန္ေတာ္ေျပာရင္ေကာ ဘယ္သူယုံမလဲ။ ကြၽန္ေတာ့္အျဖစ္က ေျပာမယုံ၊ႀကဳံမွသိဆိုေသာအျဖစ္။ ဆရာ

ေက်ာ္လင္း ေျပာသလို၊ ကြၽန္ေတာ့္ ဝိညာဥ္ကို ႏုတ္မသြားျခင္းမွာ အခ်စ္
ေၾကာင့္ျဖစ္မည္။
ဤအတိုင္းဆို“ျမသက္ႏြယ္” သည္
လည္း ကြၽန္ေတာ့္ႏွယ္ စိတ္တူကိုယ္တူ
ခ်စ္သူသာ ျဖစ္မည္။ အျဖစ္ကဝမ္းနည္း
ေၾကကြဲစရာပင္။ ကြၽန္ေတာ္တနင့္တပိုး
ခံစားရသည္က ကြၽန္ေတာ္ခ်စ္ေသာ

“ျမသက္ႏြယ္”သည္တစ္သက္တစ္ဘဝ မဆုံစည္းႏိုင္သည့္“တမလြန္႐ြာသူ”ျဖစ္ ေနေသာေၾကာင့္တည္း။ ျမသက္ႏြယ္။ တမလြန္႐ြာသူ။
ေမာင္ခ်စ္တဲ့ တမလြန္႐ြာသူရယ္။
စာဖတ္သူမ်ားရဲ႕…