မြေခိုးသူ(စ/ဆုံး)

Unicode Version

မြေခိုးသူ(စ/ဆုံး)
———————-
ဦးမင်းလှိုင်တို့မိသားစုနှင့်ဒေါ်ခင်မာကြည်
ဆိုသည်မှာ သမန်းသာရွာထဲတွင် အိမ်ဝိုင်းချင်း ထိစပ်လျက်ရှိနေကြသည်။
ခြံစည်းရိုးခတ်မထားကြပေမင့် ဒေါ်ခင်မာကြည်၏ဝိုင်းအစပ်၌စိုက်ထားသည့်ဝါးပင်ကြီးကိုသာ စည်းအဖြစ်သတ်မှတ်ထားကြသည်။
နှစ်တွေကြာလာတော့ အနှီဝါးပင်သည် တဖြည်းဖြည်း ပွားလာပြီး ဦးတေဇတို့အိမ်ဝိုင်းဘက်သို့ ငါးတောင်ခန့်အထိကျော်လွန်လာသည်။
ထိုအချိန်အထိလည်း ဦးတေဇတို့မိသားစုက အရေးတယူလုပ်ပြီး ပြောဆိုခြင်းမျိုးမရှိပဲ ပုံမှန်အတိုင်းသာ နေမြဲနေကြပြီး မူလဝါးပင်ရှိခဲ့သည့်နေရာသည်သာ မိမိတို့ပိုင်နက်ဖြစ်သည်ဟု မှတ်ထားကြသည်။
တစ်ရက်တွင်တော့ ဒေါ်ခင်မာကြည်သည် ရပ်ကွက်ထဲမှကျပန်းအလုပ်သမားတွေကိုခေါ်ပြီး ဝါးပင်ကျော်လာသည့်နေရာအထိခြံစည်းရိုးလာခတ်လေရာ ဦးတေဇတို့မိသားစုနှင့်ပြဿနာဖြစ်ကြသည်။
ယင်းသို့ဖြစ်ကြရာမှ ဒေါ်ခင်မာကြည်ကပင်ရုံးသို့သွားရောက်တိုင်ကြားသည်။
မုဆိုးမဆိုပေမင့်
နဂိုကတည်းက ပိုက်ဆံလည်းရှိ..စည်ပင်နှင့်လည်း ပနံသင့်နေသူမို့ စည်ပင်မှချက်ချင်းလိုက်လာပြီး မြေကိုတိုင်းကြသည်။
ပြီးနောက်
“ဝါးပင်က ဘယ်သူစိုက်တာလဲ”
ယင်းသို့မေးတော့ ဒေါ်ခင်မာကြည်က
“ကျွန်မတို့စိုက်တာပါရှင်”
“ဒါဆိုစိုက်ထားတဲ့သူက ဒီမြေကိုအပိုင်”ဟုပြောကာပြန်သွားကြသည်။
ဒေါ်ခင်မာကြည်လည်း ကျပန်းအလုပ်သမားများဖြင့် ခြံကိုဆက်လက်ခတ်စေသည်။
ထိုအခါ ဦးတေဇက ဒေါ်ခင်မာကြည်ကိုပြောသည်။
“ဒေါ်ခင်မာကြည်..ခင်ဗျားလွန်နေပြီနော်..ဒါမျိုးက မလုပ်ကောင်းဘူး.. မခိုးကောင်းဘူး”
ယင်းသို့ပြောတော့ ဒေါ်ခင်မာကြည်က
“ဒါခိုးတာမဟုတ်ဘူး..စည်ပင်ကကိုငါတို့ပိုင်တယ်ပြောလို့ ငါတို့လုပ်တာ..မကျေနပ်ရင်ကြိုက်တဲ့နေရာသွားတိုင်”
ဦးတေဇတို့ဆက်လက်မပြောတော့ချေ။
ဒေါ်ခင်မာကြည်ဆိုသည်မှာလည်း နဂိုကတည်းက နှုတ်စ လျှာစလေးကလည်းရှိနေသည်။
ထပ်ပြောလျှင်ပြဿနာအကြီးအကျယ်တက်ဖို့သာရှိသည်။
တဖန်.ဆိုင်ရာဆိုင်ရာရုံးတွေကိုသွားရောက်တိုင်ကြားလျှင်လည်း ငွေကြေးကကုန်ကျအုံးမည်ဖြစ်သည်မို့ ထိုမြေကိစ္စကိုလက်လျှော့ထားလိုက်ရသည်။
သို့သော် ဦးတေဇတို့မိသားစုမှာ အိမ်နီးနားချင်းကိုဗြောင်လိမ်ကာ လုပ်ရက်
လေခြင်းဟုတွေး၍ဒေါ်ခင်မာကြည်တို့သားအမိတွေအပေါ်စိတ်နာပြီး ခပ်ကင်းကင်းသာနေထိုင်ကြတော့သည်။
သို့ဖြင့်နှစ်ပေါင်းနှစ်ဆယ်ခန့်ကြာမြင့်လာခဲ့သည်။
ဦးတေဇတို့မိသားစုလည်း အလုပ်အကိုင်တွေအဆင်ပြေလာပြီး တင့်တောင့်တင့်တယ်ဖြစ်လာကြသည်။
ယင်းအချိန်၌ ဒေါ်ခင်မာကြည်
လည်း အသက်၇၅နှစ်အရွယ်ရောက်ကာ လူကြီးရောဂါဖြင့်ကွယ်လွန်သွားသည်။
မွေးထားသည့်သားသမီးသုံးယောက်လည်း အသီးသီးအိမ်ထောင်ကျကာ အမွေရသည့်အိမ်ကိုရောင်းစားပြီး တသီးတခြား
ခွဲနေကြတော့သည်။
တစ်ရက်..။ မြသီတို့လင်မယားနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခိုက်
“သမီး ..သမီး အမေ့ကိုကယ်ပါ အမေ ဦးတေဇတို့ဝိုင်းဘက်က ခိုးထားခဲ့တဲ့မြေတွေကိုရွက်ထားနေရတယ် ”
ထိုအသံကြောင့် မြသီလည်း အိပ်ရာမှလန့်နိုးလာခဲ့သည်။
ပြီးနောက် အိပ်ခန်းပတ်ပတ်လည်ကို ယောင်ရမ်းကြည့်မိသည်။
အိပ်မက်သာဖြစ်သည်မို့ ပြင်ပလောကတွင်ထူးခြားမှုမရှိချေ။
ထို့နောက်
“သြော်..ငါကယောင်ကတမ်းအိပ်မက်မက်နေတာပါ”ဟုတွေးကာ ပြန်အိပ်သည်။
ရက်အနည်းငယ်အတွင် ဒေါ်ခင်မာကြည်သည် သားလတ်ဖြစ်သူ မောင်ခန့်ကို အိပ်မက်ပေးပြန်သည်။
“သား မောင်ခန့်ရေ..အမေ့ကိုကယ်ပါအုံး..အမေမြေတွေခိုးထားခဲ့လို့ အခုအဲဒီမြေတွေကိုရွက်ထားနေရတယ်..မြေပိုင်ရှင်ဦးတေဇကိုသွားတောင်းပန်ပြီး အမေ့အတွက်ကုသိုလ်ပြု
အမျှဝေပေးပါသားရယ်..အမေ့ကိုကယ်ပါ”
ယင်းသို့အိပ်မက်ပေးသော်လည်း မောင်ခန့်သည် ညီမကဲ့သို့အမှုမဲ့အမှတ်မဲ့သာနေပြန်သည်။
အဘယ်ကြောင့်ဆိုသော်မိခင်သည် တစ်ဖက်လူ၏မြေကိုခိုးခဲ့စဉ်ကတေဇတို့မောင်နှမသုံးယောက်မှာအလွန်ငယ်နေခဲ့သေးသောကြောင့် ထိုအဖြစ်ကိုမသိကြတာလည်း ဖြစ်သည်။
ရက်အနည်းငယ်ကြာတော့ ဒေါ်ခင်မာကြည်သည် သမီးကြီးကိုထင်ထင်ရှားရှားအိပ်မက်ပေးသည်။
“အမေ့ကိုကယ်ပါအုံးသမီးရယ်..အမေ့ကိုသမီးတို့ကယ်မှဖြစ်တော့မှာ..အနောက်အိမ်ကမြေကိုအမေခိုးထားခဲ့တယ်။အခုအဲဒီမြေကိုအမေထမ်းထားနေရတယ်..”ဟု
ပြောဆိုလေရာ သမီးကြီးလည်းလန့်နိုးလာခဲ့သည်။
ထို့နောက်
“အယ်..အမေတော့ဒီလိုဖြစ်နေပါလား..ငါကပဲ ကယောင်ကတန်းနဲ့အိပ်မက်မက်နေတာလား”ဟုတွေးမိသည်။
သို့သော် အိပ်မက်ထဲတွင် မိခင်ဖြစ်သူက ထင်ထင်ရှားရှားကြီး ဖြစ်နေပြန်သည်မို့ ဝေ
ခွဲရခက်နေတော့သည်။
ထို့နောက်တွင်တော့
“အမေရေ..ဒီလိုပြိတ္တာဘဝနဲ့ခံစားနေရရိုးမှန်ရင် ကိုယ်ယောင်လေးများပြပေးပါလား”ဟုတီးတိုးရေရွတ်တောင်းဆိုလိုက်ရာ မိခင်ဖြစ်သူ ဒေါ်ခင်မာကြည်လည်း သမီးကြီး၏ရှေ့တွင်’ဘွား’ခနဲပေါ်လာသည်။
သူမသည် မြေကြီးကိုပြားနေအောင်ထမ်းရွက်ထားရပြီး ဆံပင်ကလည်းဖားလျား မျက်လုံးလည်းပြူးနေကာ မျက်နှာကလည်း ကြောက်စရာကောင်းလောက်အောင်ဆိုးလွန်းနေလေသည်။
မိခင်ဖြစ်သူ၏ပုံကိုမြင်လိုက်ရတော့ သမီးကြီးလည်း အလွန်အမင်းကြောက်လန့်ကာ”အမေ..”ဟုငယ်သံပါအောင်အော်ဟစ်မိတော့သည်။
ထိုအခါ အနားတွင်အိပ်ပျော်နေသည့်ယောက်ျားသာမက တစ်ရွာလုံးနီးပါးလန့်နိုးလာကြသည်။
ယင်းအခိုက်တွင် ယောကျ်ားဖြစ်သူက
“အကြီးမ နင်ဘာဖြစ်တာလဲ”
ဟုမေးလေရာ အကြီးမလည်း မိခင်ဖြစ်သူကိူအိပ်မက်မက်ပြီး ကိုယ်ယောင်ပြရာ၌လန့်၍အော်ဟစ်မိကြောင်းပြောသည်။
ယခင်က ယောက္ခမ ကမြေခိုးခဲ့သည့်
အဖြစ်အပျက်ကိုယောက်ျားဖြစ်သူမသိခဲ့ပေမင့် ဇနီးဖြစ်
သူအားချော့မော့ပြန်အိပ်စေလေသည်။
နောက်တစ်နေ့မနက်တွင်တော့ အကြီးမလည်း သူ၏မောင်နှင့်ညီမကိုခေါ်ကာ အိပ်မက်အကြောင်းနှင့်မိခင်ကိုယ်ယောင်ပြသည်ကိုပြန်ပြောပြသည်။
ထိုအခါ မောင်နှင့်ညီမကလည်း အစ်မဖြစ်သူမက်သကဲ့သို့ အိပ်မက်မက်ခဲ့ရကြောင်း ပြန်ပြောပြကြသည်။
“ဒါဖြင့် တို့တွေဘယ်လိုလုပ်ကြမလဲ..အမေဒီလိုဒုက္ခခံနေရတာ ညီမတော့မခံစားနိုင်ဘူး”
ပြောပြီးငိုလေတော့သည်။
ထိုအခါအကြီးမက
“ဒါဖြင့် တို့သုံးယောက် ရသလောက်စုပြီး အဘတေဇကို သွားပေးရအောင်..သူကျေအေးပြီး..ငါတို့ကုသိုလ်လုပ်လိုက်ရင်
အမေ့အတွက်လည်း အဆင်ပြေသွားမှာပါ”
ထို့နောက် မောင်နှမသုံးယောက် ပိုက်ဆံတွေစုပေါင်းလိုက်ကြရာ စုစုပေါင်း သိန်းရှစ်ရာခန့်ရလိုက်သည်။
ပြီးထိုငွေတွေဖြင့် အဘတေဇဆီသို့ရောက်ခဲ့ကြပြီး အကျိုးအကြောင်းရှင်းပြကြသည်။
“အဘရယ် လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်က အမေကအဘရဲ့မြေကိုခိုးယူခဲ့ဖူးတယ်လို့ကျွန်မတို့ကိုအိပ်မက်ပေးပါတယ် အဲဒါဟုတ်လားအဘ”
“ဟုတ်တယ်..ငါ့မြေကိုသူခိုးခဲ့တယ်.”
ယင်းသို့ဖြေပြီးနောက်
“နေပါအုံး အဲဒါကကြာလှပြီ။နင်တို့အမေတောင်မရှိတော့ဘူး။ဘာလို့အခုမှလာပြောရတာလဲ”
“အမေအဲဒီမြေခိုးတဲ့ဒုက္ခကိုခံစားနေရတယ်လို့ သမီးတို့ကိုအိပ်မက်ပေးနေလို့ပါအဘရယ်..အဲဒီမြေအတွက် တန်ရာတန်ကြေး ဒါမှမဟုတ် တတ်နိုင်သလောက်ငွေကြေးကိုအဘကပြန်လက်ခံ ကျေအေးပေးပြီး ကုသလိုလ်ပြုအမျှဝေပေးမယ်
ဆိုရင် အမေအခုလိုခံစားနေရတဲ့ဒုက္ခကကင်းလွတ်မယ်လိုပြောပါတယ်..ဒါကြောင့်
ဒီငွေတွေကိုတန်သည် မတန်သည်သဘောမထားပါနဲ့..ဒီမြေကိုသမီးတို့ကဝယ်တယ်လို့သဘောထားလိုက်ပါ
အမေ့ကိုကျေအေးပေးပါအဘရယ်..”ဟုပြောကာ ပိုက်ဆံသိန်းရှစ်
ရာကိုပေးလိုက်သည်။
ဦးတေဇလည်း ရှေ့သို့ထိုးပေးသည့်ငွေပုံကြီးကိုကြည့်ပြီး ခေါင်းခါလိုက်သည်။
နိုင်ထက်စီးနင်းအလုပ်ခံထားရသည်မို့ သူ့ရင်ဘတ်ထဲတွင် ယခုထိတိုင်အခဲမကျေနိုင်သေးချေ။
ထို့ကြောင့်
“ငါရောင်းတာမဟုတ်ဘူး။
အဲဒီမြေကိုဘယ်တုန်းကမှလည်းမရောင်းခဲ့ဘူး။ဒီတော့နင်တို့ငွေတွေကိုပြန်ယူသွားတော့”ဟုဆိုကာမောင်းထုတ်လိုက်သည်။
မောင်နှမသုံးယောက်ကလည်း အသည်းအသန်တောင်းပန်သော်လည်း ဦးတေဇက တစ်ခွန်းမှပြန်မပြောပဲ အခြားတစ်နေရာသို့ရှောင်ထွက်သွားသည်မို့
သုံးယောက်သား ငွေတွေကိုပြန်ယူကာ ညှိုးငယ်စွာဖြင့်ပြန်လာခဲ့ကြသည်။
ပိုင်ရှင်က မြေကိစ္စကိုမကျေအေးသဖြင့် ဒေါ်ခင်မာကြည်လည်း ပြိတ္တာဘဝဖြင့် ဆင်းရဲဒုက္ခကိုပြင်းထန်စွာခံစားနေရပြန်သည်။
ထို့ကြောင့် သားသမီးသုံးယောက်ကိုအိပ်မက်ခဏခဏပေးသည်။
နောက်ဆုံးတွင်တော့ သားသမီးသုံးယောက်လည်း အချင်းချင်းတိုင်ပင်ကာ ထိုပိုက်ဆံတွေကိုယူပြီး ရွာဦးကျောင်းဆရာတော်ဆီသို့သွားရောက်ကာ အကျိုးအကြောင်းလျှောက်တင်ပြီး အနှီငွေတွေကိုဆရာတော်သင့်တော်သလိုစီမံပါ”ဟုလျှောက်တင်ကြသည်။
ဆရာတော်ကလည်း ပြိတ္တာကိုအမှီပြုပြီးလှူဒါန်းသည့်ငွေတွေမို့ မကိုင်ဝံ့ချေ။
ထိုအခါအကြီးမတို့မိသားစုက
“အရှင်ဘုရား ဒါဆိုလည်း မန္တလေးက မိဘမဲ့ဂေဟာမှာ ကလေးတွေအတွက် နေစရာဆောက်လုပ်ပေးဖို့စီစဉ်ပေးတော်မူပါဘုရား”ဟုလျှောက်တင်လေရာ ဆရာတော်လည်းလက်ခံလိုက်သည်။
ပြီးနောက် ဆရာတော်သည်ကိုရင်တစ်ပါးကိုအနားသို့ခေါ်လိုက်ပြီး
“ရွာထဲက ဒကာကြီး ဦးတေဇကိူသွားခေါ်ချေ”ဟုခိုင်းလိုက်ရာ ကိုရင်လေးလည်း ခပ်သွက်သွက်ပင်ထွက်သွားသည်။
ခေတ္တအကြာ၌ အနှီကိုရင်လေးနှင့်အတူ ဦးတေဇရောက်လာသည်။
ထို့နောက် ဆရာတော်က
“ဒကာကြီး
ဦးတေဇကိုအခေါ်လွှတ်လိုက်ရသည်။
ဦးတေဇရောက်လာသောအခါ၌ ဆရာတော်က
“ဒကာကြီး..ဒီက ဒကာ ဒကာမတွေရဲ့မိခင်ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ဒကာ့ရဲ့မြေတွေကိုခိုးခဲ့ဖူးပါတယ်။အခုအဲဒီဒုက္ခကိုသူခံစားနေရပါတယ်.ဒါကြောင့် သူ့ကိုရည်စူးပြီး ဒကာမယူတဲ့ငွေတွေနဲ့မန္တလေးမှာ မိဘမဲ့ဂေဟာကျောင်းဆောက်လုပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။
ဒါကြောင့်ဒကာကြီးက ကိုယ့်ပိုက်ဆံနဲ့အလှူလုပ်တယ်လို့မှတ်ယူပြီး ရေစက်ချအမျှဝေတဲ့အခါမှာ ဒကာကြီးပါ လိုက်ပါစေချင်ပါတယ်”
ယင်းသို့မိန့်တော့ ဦးတေဇက
“သူကတပည့်တော်တို့မိသားစုအပေါ်နိုင်ထက်စီးနင်းလုပ်ခဲ့တာပါဘုရား..အဲဒါကြောင့် သူ့သမီးတွေပေးတဲ့ငွေကိုတပည့်တော်လက်မခံခဲ့သလို ဒီရေစက်ချပွဲကိူလည်း တပည့်တော်ရဲ့အလှူလို့လည်း မသတ်မှတ်ချင်ဘူးဘုရား..တပည့်တော်မလိုက်နိုင်ပါဘူး”
ထိုသို့ခပ်ပြတ်ပြတ်ပြန်လျှောက်တင်တော့ အကြီးမတို့မောင်နှမတွေလည်း မျက်နှာမပြဝံ့အောင်သိမ်ငယ်သွားကြသည်။
ဆရာတော်က
“ဒကာကြီး တစ်ဦးနဲ့တစ်ဦးဒီလိုအာဃာတထားတယ်ဆိုတာ အခုလည်းမကောင်းဘူး။နောင်သံသရာအတွက်လည်းမကောင်းဘူး။ဖြစ်ပျက်ခဲ့တာတွေလည်းပြီးသွားပြီပဲ။လူသားအချင်းချင်းစာနာနားလည်တဲ့အနေနဲ့သူ့ကိုသည်းခံခွင့်လွှတ်ပေးလိုက်ပါ။
ဒကာကြီးက ဒေါ်ခင်မာကြည်ဒီလိုဒုက္ခခံနေရတာကိုကျေနပ်နေတာလား..သူ့ကို
ဒီလိုပဲဖြစ်စေချင်တာလား”
ဦးတေဇ ပြန်မလျှောက်တင်ပဲ ငြိမ်နေလေသည်။
ပြီးနောက် သူ၏ဘေးတွင်ရှိနေသည့်အကြီးမတို့မောင်နှမသုံးယောက်ကိုတစ်ချက်ကြည့်လိုက်သည်။
သုံးယောက်စလုံး၏မျက်နှာများမှာ မိခင်အတွက် ပူဆွေးနေကြသည်မို့ မှိုင်တွေနေကြပြီး ဦးတေဇ၏အဖြေကိုမျှော်လင့်ကြီးစွာစောင့်နေကြသည်။
ဦးတေဇ သက်ပြင်းချလိုက်သည်။
ပြီးနောက်
“တပည့်တော်လိုက်ခဲ့ပါမယ်ဘုရား.. တပည့်တော်ရဲ့လက်နဲ့ရေစက်ချပြီး သူ့ကိုအမျှဝေပေးပါမယ်ဘုရား”ဟုလျှောက်တင်တော့မှ မောင်နှမသုံးယောက်လည်း ပျော်ရွှင်သွားပြီး ဦးတေဇကို ထပ်ခါတစ်လဲလဲ ကျေးဇူးတင်ကြောင်း ပြောဆိုကြသည်။
သို့ဖြင့်နောက်တစ်နေ့ရောက်တော့ ဦးတေဇကိုယ်တိုင် မန္တလေးသို့လိုက်ပါလာပြီး မိဘမဲ့ကျောင်းဆောင်အတွက် သိန်းရှစ်ရာအပြတ်ဦးဆောင်ဆောက်လုပ်စေလေသည်။
ရက်အနည်းငယ်အကြာတွင်တော့ ကျောင်းဆောင်လည်း ပြီးစီးသွားပြီမို့
အလှူပြုလုပ်ပြီး ရေစက်ချအမျှဝေခါနီး၌ ဦးတေဇကိုယ်တိုင် ဒေါ်ခင်မာကြည်ကိုဖိတ်ခေါ်လေသည်။
“ကဲ ဒေါ်ခင်မာကြည် ခင်ဗျားဘယ်မှာနေနေလဲ..ကျုပ်တို့ရေစက်ချအမျှဝေပါတော့မယ် ..ကျုပ်တို့နဲ့အတူ တရားနာပြီး သာဓုခေါ်လှည့်ပါ”
ယင်းသို့ဖိတ်ခေါ်ပြီး ခဏတွင်းမှာပင် ဒေါ်ခင်မာကြည်သည် တရားနာပရိသတ်အလယ်မှ ရှစ်နှစ်အရွယ်ကလေးမလေး၏ကိုယ်ထဲသို့ဝင်ပူးပြီး သားသမီးသုံးသုံးယောက်၏နာမည်ကိုတကြော်ကြော်ခေါ်လေတော့သည်။
“သမီးကြီး နွယ်ဇင်အောင်..နွယ်ဇင်အောင်
ဟဲ့..မောင်ခန့်..မြသီ”
ယင်းသို့ခေါ်နေတော့ အားလုံးလည်း လန့်ဖျပ်သွားကြသည်။
“ဟာ အမေကဟိုမှာဝင်ပူးနေပြီ။ဟိုမှာဝင်ပူးနေပြီ”
အကြီးမတို့မောင်နှမတွေလည်း ဦးတေဇနှင့်အတူ ထိုကလေးမအနားသို့ကပ်လိုက်ကြသည်။
“အမေ..အမေဟုတ်ပါတယ်နော်”
“ဟုတ်တယ်..ငါနင်တို့အမေ ခင်မာကြည်ပဲ အီးဟီးဟီး”
ပြောပြီးငိုနေလေသည်။
ယင်းအခိုက်တွင် ဦးတေဇက
“ခင်မာကြည်..ငါ့ကိုဘယ်လိုမှမအောက်မေ့ပါနဲ့..ငါနင့်အပေါ်ဘာအာဃာတမှမထားခဲ့ပါဘူး။အားလုံးကိုလည်းကျေကျေနပ်နပ်နဲ့ခွင့်လွှတ်ပေးပါတယ်။ဒီကုသိုလ်ကောင်းမှုတွေအတွက်နင်သာဓုခေါ်ပါခင်မာကြည်”
ယင်းသို့ပြောလိုက်တော့ ဒေါ်ခင်မာကြည်ဝင်ပူးသည့် ရှစ်နှစ်အရွယ်ကလေးမလေးက
“ငါလည်း နင့်အပေါ်ဘယ်တုန်းကမှ
အာဃာတနဲ့မထားခဲ့ပါဘူး။ဘာရည်ရွယ်ချက်နဲ့မှလည်းမလုပ်ခဲ့ပါဘူး။မိဘဇောနဲ့သားသမီးတွေကောင်းစားစေချင်တဲ့စိတ်နဲ့ငါလုပ်ခဲ့မိတာပါ”ဟုဆိူလေသည်။
စက္ကန့်အနည်းငယ်အကြာတွင် တရားနာ
ပြီး ရေစက်ချ အမျှဝေ သာဓုခေါ်ကြသည်။
ယင်းသို့ကုသိုလ်ကောင်းမှုကြီးတွေပြုလုပ်ပြီးစီးသည့်နောက် သားသမီးတွေ၏အိပ်မက်ထဲသို့ ဒေါ်ခင်မာကြည်ရောက်မလာတော့ချေ။
ဆင်းရဲဒုက္ခကိုခံစားရသည့်ပြိတ္တာဘဝမှ ကျွတ်လွတ်သွားပြီဟုဆိုနိုင်ပါတော့သည်။
(ဤအဖြစ်အပျက်အား ပြန်လည်မိန်ကြားသည့် သမန်းသာဆရာတော်အား ဦးခိုက်ပါ၏။)
အားလုံးအေးချမ်းပါစေ..။
ဆရာဆွေ(တောင်တွင်း)

Zawgyi Version

ေျမခိုးသူ(စ/ဆုံး)
———————-
ဦးမင္းလႈိင္တို႔မိသားစုႏွင့္ေဒၚခင္မာၾကည္
ဆိုသည္မွာ သမန္းသာ႐ြာထဲတြင္ အိမ္ဝိုင္းခ်င္း ထိစပ္လ်က္ရွိေနၾကသည္။
ၿခံစည္း႐ိုးခတ္မထားၾကေပမင့္ ေဒၚခင္မာၾကည္၏ဝိုင္းအစပ္၌စိုက္ထားသည့္ဝါးပင္ႀကီးကိုသာ စည္းအျဖစ္သတ္မွတ္ထားၾကသည္။
ႏွစ္ေတြၾကာလာေတာ့ အႏွီဝါးပင္သည္ တျဖည္းျဖည္း ပြားလာၿပီး ဦးေတဇတို႔အိမ္ဝိုင္းဘက္သို႔ ငါးေတာင္ခန႔္အထိေက်ာ္လြန္လာသည္။
ထိုအခ်ိန္အထိလည္း ဦးေတဇတို႔မိသားစုက အေရးတယူလုပ္ၿပီး ေျပာဆိုျခင္းမ်ိဳးမရွိပဲ ပုံမွန္အတိုင္းသာ ေနၿမဲေနၾကၿပီး မူလဝါးပင္ရွိခဲ့သည့္ေနရာသည္သာ မိမိတို႔ပိုင္နက္ျဖစ္သည္ဟု မွတ္ထားၾကသည္။
တစ္ရက္တြင္ေတာ့ ေဒၚခင္မာၾကည္သည္ ရပ္ကြက္ထဲမွက်ပန္းအလုပ္သမားေတြကိုေခၚၿပီး ဝါးပင္ေက်ာ္လာသည့္ေနရာအထိၿခံစည္း႐ိုးလာခတ္ေလရာ ဦးေတဇတို႔မိသားစုႏွင့္ျပႆနာျဖစ္ၾကသည္။
ယင္းသို႔ျဖစ္ၾကရာမွ ေဒၚခင္မာၾကည္ကပင္႐ုံးသို႔သြားေရာက္တိုင္ၾကားသည္။
မုဆိုးမဆိုေပမင့္
နဂိုကတည္းက ပိုက္ဆံလည္းရွိ..စည္ပင္ႏွင့္လည္း ပနံသင့္ေနသူမို႔ စည္ပင္မွခ်က္ခ်င္းလိုက္လာၿပီး ေျမကိုတိုင္းၾကသည္။
ၿပီးေနာက္
“ဝါးပင္က ဘယ္သူစိုက္တာလဲ”
ယင္းသို႔ေမးေတာ့ ေဒၚခင္မာၾကည္က
“ကြၽန္မတို႔စိုက္တာပါရွင္”
“ဒါဆိုစိုက္ထားတဲ့သူက ဒီေျမကိုအပိုင္”ဟုေျပာကာျပန္သြားၾကသည္။
ေဒၚခင္မာၾကည္လည္း က်ပန္းအလုပ္သမားမ်ားျဖင့္ ၿခံကိုဆက္လက္ခတ္ေစသည္။
ထိုအခါ ဦးေတဇက ေဒၚခင္မာၾကည္ကိုေျပာသည္။
“ေဒၚခင္မာၾကည္..ခင္ဗ်ားလြန္ေနၿပီေနာ္..ဒါမ်ိဳးက မလုပ္ေကာင္းဘူး.. မခိုးေကာင္းဘူး”
ယင္းသို႔ေျပာေတာ့ ေဒၚခင္မာၾကည္က
“ဒါခိုးတာမဟုတ္ဘူး..စည္ပင္ကကိုငါတို႔ပိုင္တယ္ေျပာလို႔ ငါတို႔လုပ္တာ..မေက်နပ္ရင္ႀကိဳက္တဲ့ေနရာသြားတိုင္”
ဦးေတဇတို႔ဆက္လက္မေျပာေတာ့ေခ်။
ေဒၚခင္မာၾကည္ဆိုသည္မွာလည္း နဂိုကတည္းက ႏႈတ္စ လွ်ာစေလးကလည္းရွိေနသည္။
ထပ္ေျပာလွ်င္ျပႆနာအႀကီးအက်ယ္တက္ဖို႔သာရွိသည္။
တဖန္.ဆိုင္ရာဆိုင္ရာ႐ုံးေတြကိုသြားေရာက္တိုင္ၾကားလွ်င္လည္း ေငြေၾကးကကုန္က်အုံးမည္ျဖစ္သည္မို႔ ထိုေျမကိစၥကိုလက္ေလွ်ာ့ထားလိုက္ရသည္။
သို႔ေသာ္ ဦးေတဇတို႔မိသားစုမွာ အိမ္နီးနားခ်င္းကိုေျဗာင္လိမ္ကာ လုပ္ရက္
ေလျခင္းဟုေတြး၍ေဒၚခင္မာၾကည္တို႔သားအမိေတြအေပၚစိတ္နာၿပီး ခပ္ကင္းကင္းသာေနထိုင္ၾကေတာ့သည္။
သို႔ျဖင့္ႏွစ္ေပါင္းႏွစ္ဆယ္ခန႔္ၾကာျမင့္လာခဲ့သည္။
ဦးေတဇတို႔မိသားစုလည္း အလုပ္အကိုင္ေတြအဆင္ေျပလာၿပီး တင့္ေတာင့္တင့္တယ္ျဖစ္လာၾကသည္။
ယင္းအခ်ိန္၌ ေဒၚခင္မာၾကည္
လည္း အသက္၇၅ႏွစ္အ႐ြယ္ေရာက္ကာ လူႀကီးေရာဂါျဖင့္ကြယ္လြန္သြားသည္။
ေမြးထားသည့္သားသမီးသုံးေယာက္လည္း အသီးသီးအိမ္ေထာင္က်ကာ အေမြရသည့္အိမ္ကိုေရာင္းစားၿပီး တသီးတျခား
ခြဲေနၾကေတာ့သည္။
တစ္ရက္..။ ျမသီတို႔လင္မယားႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနခိုက္
“သမီး ..သမီး အေမ့ကိုကယ္ပါ အေမ ဦးေတဇတို႔ဝိုင္းဘက္က ခိုးထားခဲ့တဲ့ေျမေတြကို႐ြက္ထားေနရတယ္ ”
ထိုအသံေၾကာင့္ ျမသီလည္း အိပ္ရာမွလန႔္ႏိုးလာခဲ့သည္။
ၿပီးေနာက္ အိပ္ခန္းပတ္ပတ္လည္ကို ေယာင္ရမ္းၾကည့္မိသည္။
အိပ္မက္သာျဖစ္သည္မို႔ ျပင္ပေလာကတြင္ထူးျခားမႈမရွိေခ်။
ထို႔ေနာက္
“ေၾသာ္..ငါကေယာင္ကတမ္းအိပ္မက္မက္ေနတာပါ”ဟုေတြးကာ ျပန္အိပ္သည္။
ရက္အနည္းငယ္အတြင္ ေဒၚခင္မာၾကည္သည္ သားလတ္ျဖစ္သူ ေမာင္ခန႔္ကို အိပ္မက္ေပးျပန္သည္။
“သား ေမာင္ခန႔္ေရ..အေမ့ကိုကယ္ပါအုံး..အေမေျမေတြခိုးထားခဲ့လို႔ အခုအဲဒီေျမေတြကို႐ြက္ထားေနရတယ္..ေျမပိုင္ရွင္ဦးေတဇကိုသြားေတာင္းပန္ၿပီး အေမ့အတြက္ကုသိုလ္ျပဳ
အမွ်ေဝေပးပါသားရယ္..အေမ့ကိုကယ္ပါ”
ယင္းသို႔အိပ္မက္ေပးေသာ္လည္း ေမာင္ခန႔္သည္ ညီမကဲ့သို႔အမႈမဲ့အမွတ္မဲ့သာေနျပန္သည္။
အဘယ္ေၾကာင့္ဆိုေသာ္မိခင္သည္ တစ္ဖက္လူ၏ေျမကိုခိုးခဲ့စဥ္ကေတဇတို႔ေမာင္ႏွမသုံးေယာက္မွာအလြန္ငယ္ေနခဲ့ေသးေသာေၾကာင့္ ထိုအျဖစ္ကိုမသိၾကတာလည္း ျဖစ္သည္။
ရက္အနည္းငယ္ၾကာေတာ့ ေဒၚခင္မာၾကည္သည္ သမီးႀကီးကိုထင္ထင္ရွားရွားအိပ္မက္ေပးသည္။
“အေမ့ကိုကယ္ပါအုံးသမီးရယ္..အေမ့ကိုသမီးတို႔ကယ္မွျဖစ္ေတာ့မွာ..အေနာက္အိမ္ကေျမကိုအေမခိုးထားခဲ့တယ္။အခုအဲဒီေျမကိုအေမထမ္းထားေနရတယ္..”ဟု
ေျပာဆိုေလရာ သမီးႀကီးလည္းလန႔္ႏိုးလာခဲ့သည္။
ထို႔ေနာက္
“အယ္..အေမေတာ့ဒီလိုျဖစ္ေနပါလား..ငါကပဲ ကေယာင္ကတန္းနဲ႔အိပ္မက္မက္ေနတာလား”ဟုေတြးမိသည္။
သို႔ေသာ္ အိပ္မက္ထဲတြင္ မိခင္ျဖစ္သူက ထင္ထင္ရွားရွားႀကီး ျဖစ္ေနျပန္သည္မို႔ ေဝ
ခြဲရခက္ေနေတာ့သည္။
ထို႔ေနာက္တြင္ေတာ့
“အေမေရ..ဒီလိုၿပိတၱာဘဝနဲ႔ခံစားေနရ႐ိုးမွန္ရင္ ကိုယ္ေယာင္ေလးမ်ားျပေပးပါလား”ဟုတီးတိုးေရ႐ြတ္ေတာင္းဆိုလိုက္ရာ မိခင္ျဖစ္သူ ေဒၚခင္မာၾကည္လည္း သမီးႀကီး၏ေရွ႕တြင္’ဘြား’ခနဲေပၚလာသည္။
သူမသည္ ေျမႀကီးကိုျပားေနေအာင္ထမ္း႐ြက္ထားရၿပီး ဆံပင္ကလည္းဖားလ်ား မ်က္လုံးလည္းျပဴးေနကာ မ်က္ႏွာကလည္း ေၾကာက္စရာေကာင္းေလာက္ေအာင္ဆိုးလြန္းေနေလသည္။
မိခင္ျဖစ္သူ၏ပုံကိုျမင္လိုက္ရေတာ့ သမီးႀကီးလည္း အလြန္အမင္းေၾကာက္လန႔္ကာ”အေမ..”ဟုငယ္သံပါေအာင္ေအာ္ဟစ္မိေတာ့သည္။
ထိုအခါ အနားတြင္အိပ္ေပ်ာ္ေနသည့္ေယာက္်ားသာမက တစ္႐ြာလုံးနီးပါးလန႔္ႏိုးလာၾကသည္။
ယင္းအခိုက္တြင္ ေယာက်္ားျဖစ္သူက
“အႀကီးမ နင္ဘာျဖစ္တာလဲ”
ဟုေမးေလရာ အႀကီးမလည္း မိခင္ျဖစ္သူကိူအိပ္မက္မက္ၿပီး ကိုယ္ေယာင္ျပရာ၌လန႔္၍ေအာ္ဟစ္မိေၾကာင္းေျပာသည္။
ယခင္က ေယာကၡမ ကေျမခိုးခဲ့သည့္
အျဖစ္အပ်က္ကိုေယာက္်ားျဖစ္သူမသိခဲ့ေပမင့္ ဇနီးျဖစ္
သူအားေခ်ာ့ေမာ့ျပန္အိပ္ေစေလသည္။
ေနာက္တစ္ေန႔မနက္တြင္ေတာ့ အႀကီးမလည္း သူ၏ေမာင္ႏွင့္ညီမကိုေခၚကာ အိပ္မက္အေၾကာင္းႏွင့္မိခင္ကိုယ္ေယာင္ျပသည္ကိုျပန္ေျပာျပသည္။
ထိုအခါ ေမာင္ႏွင့္ညီမကလည္း အစ္မျဖစ္သူမက္သကဲ့သို႔ အိပ္မက္မက္ခဲ့ရေၾကာင္း ျပန္ေျပာျပၾကသည္။
“ဒါျဖင့္ တို႔ေတြဘယ္လိုလုပ္ၾကမလဲ..အေမဒီလိုဒုကၡခံေနရတာ ညီမေတာ့မခံစားႏိုင္ဘူး”
ေျပာၿပီးငိုေလေတာ့သည္။
ထိုအခါအႀကီးမက
“ဒါျဖင့္ တို႔သုံးေယာက္ ရသေလာက္စုၿပီး အဘေတဇကို သြားေပးရေအာင္..သူေက်ေအးၿပီး..ငါတို႔ကုသိုလ္လုပ္လိုက္ရင္
အေမ့အတြက္လည္း အဆင္ေျပသြားမွာပါ”
ထို႔ေနာက္ ေမာင္ႏွမသုံးေယာက္ ပိုက္ဆံေတြစုေပါင္းလိုက္ၾကရာ စုစုေပါင္း သိန္းရွစ္ရာခန႔္ရလိုက္သည္။
ၿပီးထိုေငြေတြျဖင့္ အဘေတဇဆီသို႔ေရာက္ခဲ့ၾကၿပီး အက်ိဳးအေၾကာင္းရွင္းျပၾကသည္။
“အဘရယ္ လြန္ခဲ့တဲ့အႏွစ္ႏွစ္ဆယ္ေလာက္က အေမကအဘရဲ႕ေျမကိုခိုးယူခဲ့ဖူးတယ္လို႔ကြၽန္မတို႔ကိုအိပ္မက္ေပးပါတယ္ အဲဒါဟုတ္လားအဘ”
“ဟုတ္တယ္..ငါ့ေျမကိုသူခိုးခဲ့တယ္.”
ယင္းသို႔ေျဖၿပီးေနာက္
“ေနပါအုံး အဲဒါကၾကာလွၿပီ။နင္တို႔အေမေတာင္မရွိေတာ့ဘူး။ဘာလို႔အခုမွလာေျပာရတာလဲ”
“အေမအဲဒီေျမခိုးတဲ့ဒုကၡကိုခံစားေနရတယ္လို႔ သမီးတို႔ကိုအိပ္မက္ေပးေနလို႔ပါအဘရယ္..အဲဒီေျမအတြက္ တန္ရာတန္ေၾကး ဒါမွမဟုတ္ တတ္ႏိုင္သေလာက္ေငြေၾကးကိုအဘကျပန္လက္ခံ ေက်ေအးေပးၿပီး ကုသလိုလ္ျပဳအမွ်ေဝေပးမယ္
ဆိုရင္ အေမအခုလိုခံစားေနရတဲ့ဒုကၡကကင္းလြတ္မယ္လိုေျပာပါတယ္..ဒါေၾကာင့္
ဒီေငြေတြကိုတန္သည္ မတန္သည္သေဘာမထားပါနဲ႔..ဒီေျမကိုသမီးတို႔ကဝယ္တယ္လို႔သေဘာထားလိုက္ပါ
အေမ့ကိုေက်ေအးေပးပါအဘရယ္..”ဟုေျပာကာ ပိုက္ဆံသိန္းရွစ္
ရာကိုေပးလိုက္သည္။
ဦးေတဇလည္း ေရွ႕သို႔ထိုးေပးသည့္ေငြပုံႀကီးကိုၾကည့္ၿပီး ေခါင္းခါလိုက္သည္။
ႏိုင္ထက္စီးနင္းအလုပ္ခံထားရသည္မို႔ သူ႔ရင္ဘတ္ထဲတြင္ ယခုထိတိုင္အခဲမေက်ႏိုင္ေသးေခ်။
ထို႔ေၾကာင့္
“ငါေရာင္းတာမဟုတ္ဘူး။
အဲဒီေျမကိုဘယ္တုန္းကမွလည္းမေရာင္းခဲ့ဘူး။ဒီေတာ့နင္တို႔ေငြေတြကိုျပန္ယူသြားေတာ့”ဟုဆိုကာေမာင္းထုတ္လိုက္သည္။
ေမာင္ႏွမသုံးေယာက္ကလည္း အသည္းအသန္ေတာင္းပန္ေသာ္လည္း ဦးေတဇက တစ္ခြန္းမွျပန္မေျပာပဲ အျခားတစ္ေနရာသို႔ေရွာင္ထြက္သြားသည္မို႔
သုံးေယာက္သား ေငြေတြကိုျပန္ယူကာ ညႇိဳးငယ္စြာျဖင့္ျပန္လာခဲ့ၾကသည္။
ပိုင္ရွင္က ေျမကိစၥကိုမေက်ေအးသျဖင့္ ေဒၚခင္မာၾကည္လည္း ၿပိတၱာဘဝျဖင့္ ဆင္းရဲဒုကၡကိုျပင္းထန္စြာခံစားေနရျပန္သည္။
ထို႔ေၾကာင့္ သားသမီးသုံးေယာက္ကိုအိပ္မက္ခဏခဏေပးသည္။
ေနာက္ဆုံးတြင္ေတာ့ သားသမီးသုံးေယာက္လည္း အခ်င္းခ်င္းတိုင္ပင္ကာ ထိုပိုက္ဆံေတြကိုယူၿပီး ႐ြာဦးေက်ာင္းဆရာေတာ္ဆီသို႔သြားေရာက္ကာ အက်ိဳးအေၾကာင္းေလွ်ာက္တင္ၿပီး အႏွီေငြေတြကိုဆရာေတာ္သင့္ေတာ္သလိုစီမံပါ”ဟုေလွ်ာက္တင္ၾကသည္။
ဆရာေတာ္ကလည္း ၿပိတၱာကိုအမွီျပဳၿပီးလႉဒါန္းသည့္ေငြေတြမို႔ မကိုင္ဝံ့ေခ်။
ထိုအခါအႀကီးမတို႔မိသားစုက
“အရွင္ဘုရား ဒါဆိုလည္း မႏၲေလးက မိဘမဲ့ေဂဟာမွာ ကေလးေတြအတြက္ ေနစရာေဆာက္လုပ္ေပးဖို႔စီစဥ္ေပးေတာ္မူပါဘုရား”ဟုေလွ်ာက္တင္ေလရာ ဆရာေတာ္လည္းလက္ခံလိုက္သည္။
ၿပီးေနာက္ ဆရာေတာ္သည္ကိုရင္တစ္ပါးကိုအနားသို႔ေခၚလိုက္ၿပီး
“႐ြာထဲက ဒကာႀကီး ဦးေတဇကိူသြားေခၚေခ်”ဟုခိုင္းလိုက္ရာ ကိုရင္ေလးလည္း ခပ္သြက္သြက္ပင္ထြက္သြားသည္။
ေခတၱအၾကာ၌ အႏွီကိုရင္ေလးႏွင့္အတူ ဦးေတဇေရာက္လာသည္။
ထို႔ေနာက္ ဆရာေတာ္က
“ဒကာႀကီး
ဦးေတဇကိုအေခၚလႊတ္လိုက္ရသည္။
ဦးေတဇေရာက္လာေသာအခါ၌ ဆရာေတာ္က
“ဒကာႀကီး..ဒီက ဒကာ ဒကာမေတြရဲ႕မိခင္ဟာ လြန္ခဲ့တဲ့ အႏွစ္ႏွစ္ဆယ္ေလာက္က ဒကာ့ရဲ႕ေျမေတြကိုခိုးခဲ့ဖူးပါတယ္။အခုအဲဒီဒုကၡကိုသူခံစားေနရပါတယ္.ဒါေၾကာင့္ သူ႔ကိုရည္စူးၿပီး ဒကာမယူတဲ့ေငြေတြနဲ႔မႏၲေလးမွာ မိဘမဲ့ေဂဟာေက်ာင္းေဆာက္လုပ္လႉဒါန္းသြားမွာျဖစ္ပါတယ္။
ဒါေၾကာင့္ဒကာႀကီးက ကိုယ့္ပိုက္ဆံနဲ႔အလႉလုပ္တယ္လို႔မွတ္ယူၿပီး ေရစက္ခ်အမွ်ေဝတဲ့အခါမွာ ဒကာႀကီးပါ လိုက္ပါေစခ်င္ပါတယ္”
ယင္းသို႔မိန႔္ေတာ့ ဦးေတဇက
“သူကတပည့္ေတာ္တို႔မိသားစုအေပၚႏိုင္ထက္စီးနင္းလုပ္ခဲ့တာပါဘုရား..အဲဒါေၾကာင့္ သူ႔သမီးေတြေပးတဲ့ေငြကိုတပည့္ေတာ္လက္မခံခဲ့သလို ဒီေရစက္ခ်ပြဲကိူလည္း တပည့္ေတာ္ရဲ႕အလႉလို႔လည္း မသတ္မွတ္ခ်င္ဘူးဘုရား..တပည့္ေတာ္မလိုက္ႏိုင္ပါဘူး”
ထိုသို႔ခပ္ျပတ္ျပတ္ျပန္ေလွ်ာက္တင္ေတာ့ အႀကီးမတို႔ေမာင္ႏွမေတြလည္း မ်က္ႏွာမျပဝံ့ေအာင္သိမ္ငယ္သြားၾကသည္။
ဆရာေတာ္က
“ဒကာႀကီး တစ္ဦးနဲ႔တစ္ဦးဒီလိုအာဃာတထားတယ္ဆိုတာ အခုလည္းမေကာင္းဘူး။ေနာင္သံသရာအတြက္လည္းမေကာင္းဘူး။ျဖစ္ပ်က္ခဲ့တာေတြလည္းၿပီးသြားၿပီပဲ။လူသားအခ်င္းခ်င္းစာနာနားလည္တဲ့အေနနဲ႔သူ႔ကိုသည္းခံခြင့္လႊတ္ေပးလိုက္ပါ။
ဒကာႀကီးက ေဒၚခင္မာၾကည္ဒီလိုဒုကၡခံေနရတာကိုေက်နပ္ေနတာလား..သူ႔ကို
ဒီလိုပဲျဖစ္ေစခ်င္တာလား”
ဦးေတဇ ျပန္မေလွ်ာက္တင္ပဲ ၿငိမ္ေနေလသည္။
ၿပီးေနာက္ သူ၏ေဘးတြင္ရွိေနသည့္အႀကီးမတို႔ေမာင္ႏွမသုံးေယာက္ကိုတစ္ခ်က္ၾကည့္လိုက္သည္။
သုံးေယာက္စလုံး၏မ်က္ႏွာမ်ားမွာ မိခင္အတြက္ ပူေဆြးေနၾကသည္မို႔ မႈိင္ေတြေနၾကၿပီး ဦးေတဇ၏အေျဖကိုေမွ်ာ္လင့္ႀကီးစြာေစာင့္ေနၾကသည္။
ဦးေတဇ သက္ျပင္းခ်လိုက္သည္။
ၿပီးေနာက္
“တပည့္ေတာ္လိုက္ခဲ့ပါမယ္ဘုရား.. တပည့္ေတာ္ရဲ႕လက္နဲ႔ေရစက္ခ်ၿပီး သူ႔ကိုအမွ်ေဝေပးပါမယ္ဘုရား”ဟုေလွ်ာက္တင္ေတာ့မွ ေမာင္ႏွမသုံးေယာက္လည္း ေပ်ာ္႐ႊင္သြားၿပီး ဦးေတဇကို ထပ္ခါတစ္လဲလဲ ေက်းဇူးတင္ေၾကာင္း ေျပာဆိုၾကသည္။
သို႔ျဖင့္ေနာက္တစ္ေန႔ေရာက္ေတာ့ ဦးေတဇကိုယ္တိုင္ မႏၲေလးသို႔လိုက္ပါလာၿပီး မိဘမဲ့ေက်ာင္းေဆာင္အတြက္ သိန္းရွစ္ရာအျပတ္ဦးေဆာင္ေဆာက္လုပ္ေစေလသည္။
ရက္အနည္းငယ္အၾကာတြင္ေတာ့ ေက်ာင္းေဆာင္လည္း ၿပီးစီးသြားၿပီမို႔
အလႉျပဳလုပ္ၿပီး ေရစက္ခ်အမွ်ေဝခါနီး၌ ဦးေတဇကိုယ္တိုင္ ေဒၚခင္မာၾကည္ကိုဖိတ္ေခၚေလသည္။
“ကဲ ေဒၚခင္မာၾကည္ ခင္ဗ်ားဘယ္မွာေနေနလဲ..က်ဳပ္တို႔ေရစက္ခ်အမွ်ေဝပါေတာ့မယ္ ..က်ဳပ္တို႔နဲ႔အတူ တရားနာၿပီး သာဓုေခၚလွည့္ပါ”
ယင္းသို႔ဖိတ္ေခၚၿပီး ခဏတြင္းမွာပင္ ေဒၚခင္မာၾကည္သည္ တရားနာပရိသတ္အလယ္မွ ရွစ္ႏွစ္အ႐ြယ္ကေလးမေလး၏ကိုယ္ထဲသို႔ဝင္ပူးၿပီး သားသမီးသုံးသုံးေယာက္၏နာမည္ကိုတေၾကာ္ေၾကာ္ေခၚေလေတာ့သည္။
“သမီးႀကီး ႏြယ္ဇင္ေအာင္..ႏြယ္ဇင္ေအာင္
ဟဲ့..ေမာင္ခန႔္..ျမသီ”
ယင္းသို႔ေခၚေနေတာ့ အားလုံးလည္း လန႔္ဖ်ပ္သြားၾကသည္။
“ဟာ အေမကဟိုမွာဝင္ပူးေနၿပီ။ဟိုမွာဝင္ပူးေနၿပီ”
အႀကီးမတို႔ေမာင္ႏွမေတြလည္း ဦးေတဇႏွင့္အတူ ထိုကေလးမအနားသို႔ကပ္လိုက္ၾကသည္။
“အေမ..အေမဟုတ္ပါတယ္ေနာ္”
“ဟုတ္တယ္..ငါနင္တို႔အေမ ခင္မာၾကည္ပဲ အီးဟီးဟီး”
ေျပာၿပီးငိုေနေလသည္။
ယင္းအခိုက္တြင္ ဦးေတဇက
“ခင္မာၾကည္..ငါ့ကိုဘယ္လိုမွမေအာက္ေမ့ပါနဲ႔..ငါနင့္အေပၚဘာအာဃာတမွမထားခဲ့ပါဘူး။အားလုံးကိုလည္းေက်ေက်နပ္နပ္နဲ႔ခြင့္လႊတ္ေပးပါတယ္။ဒီကုသိုလ္ေကာင္းမႈေတြအတြက္နင္သာဓုေခၚပါခင္မာၾကည္”
ယင္းသို႔ေျပာလိုက္ေတာ့ ေဒၚခင္မာၾကည္ဝင္ပူးသည့္ ရွစ္ႏွစ္အ႐ြယ္ကေလးမေလးက
“ငါလည္း နင့္အေပၚဘယ္တုန္းကမွ
အာဃာတနဲ႔မထားခဲ့ပါဘူး။ဘာရည္႐ြယ္ခ်က္နဲ႔မွလည္းမလုပ္ခဲ့ပါဘူး။မိဘေဇာနဲ႔သားသမီးေတြေကာင္းစားေစခ်င္တဲ့စိတ္နဲ႔ငါလုပ္ခဲ့မိတာပါ”ဟုဆိူေလသည္။
စကၠန႔္အနည္းငယ္အၾကာတြင္ တရားနာ
ၿပီး ေရစက္ခ် အမွ်ေဝ သာဓုေခၚၾကသည္။
ယင္းသို႔ကုသိုလ္ေကာင္းမႈႀကီးေတြျပဳလုပ္ၿပီးစီးသည့္ေနာက္ သားသမီးေတြ၏အိပ္မက္ထဲသို႔ ေဒၚခင္မာၾကည္ေရာက္မလာေတာ့ေခ်။
ဆင္းရဲဒုကၡကိုခံစားရသည့္ၿပိတၱာဘဝမွ ကြၽတ္လြတ္သြားၿပီဟုဆိုႏိုင္ပါေတာ့သည္။
(ဤအျဖစ္အပ်က္အား ျပန္လည္မိန္ၾကားသည့္ သမန္းသာဆရာေတာ္အား ဦးခိုက္ပါ၏။)
အားလုံးေအးခ်မ္းပါေစ..။
ဆရာေဆြ(ေတာင္တြင္း)