မိခင်ကိုစားသောဝမ်းဗိုက်ထဲကဘီလူး(စ/ဆုံး)

Unicode Version

မိခင်ကိုစားသောဝမ်းဗိုက်ထဲကဘီလူး(စ/ဆုံး)
—————————————————–
ပဲခူးတိုင်း သနပ်ပင်မြို့နယ် ( )ရွာ၌ ကိုကုလားနှင့် မနီဆိုသည့် လင်မယားနှစ်ယောက်ရှိ့ကြသည် ။ နှစ်ယောက်စလုံးစရိုက်ကြမ်းကြပြီး ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်စားသောက်ကြသည် ။ ကိုကု လားက အရက်ကိုစွဲစွဲမြဲမြဲ သောက်သူဖြစ်ပြီး နွားသတ်သမားတစ်ဦးလည်းဖြစ်သည် ။ သူသည် ထိုနယ်တစ်နယ်လုံးမှာ နွားသတ်အကျွမ်းကျင်ဆုံးနှင့် နွားသတ်သမားလောကတွင် ဘွဲ့ထူးအစုံ ရထားသူလဲဖြစ်သည် ။ သူတို့အရပ်တွင် နွားသတ်သမားများ၏ ကဏ္ဌကလည်း အရေးပါလှသည် ။
နွားသတ်သမားဆိုရုံနှင့်လည်း တော်ရုံနှင့်တော့ မပြီးပေ ။သူအဆင့်နှင့်သူ ဘွဲ့ထူးဂုဏ်ထူးများလည်း ရှိ့ကြသည် ။ ထိုကဲ့သို့ဘွဲ့ထူးဂုဏ်ထူး တစ်ခုခုရထားမှလည်း နွားသတ်သမားကောင်းဟု အသိအမှတ်ပြုကြသည် ။ အကောင်းဆုံးနွားသတ်သမားတစ်ဦးထံမှာလည်း တပည်ခံချင်ကြသူတွေလည်း များသည် ။ ထိုအထဲမှာမှ အတော်ဆုံးတပည့်တစ်ယောက်နှစ်ယောက်ကို နွားသတ်ဆရာ၏ လက်ထောက်အဖြစ်ထားရှိ့တယ် ။ ထိုကဲ့သို့ လက်ထောက်အဖြစ်နဲ့ နှစ်များစွာကြာအောင်လုပ်ခဲ့ပြီး နွားအကောင်ရေများစွာ သတ်ဖြတ်ခဲ့ပြီးမှ နွားသတ်ဆရာ အဖြစ်သို့ရောက်ရှိ့ကြသည် ။

ထိုအလုပ်မှာ အရင်းမစိုက်ရသော အလုပ်ဟု ယူဆထားကြသော်လည်း အကုသိုလ်များလှပြီး ဘေးအန္တာရယ်လဲ သိပ်များသည် ။ နွားသတ်သောနေရာသို့ ရောက်လာသော တစ္ဆေ သရဲ ဖုတ် ပြိတ္တာ ဘီလူးတို့အန္တာရယ်ကလည်း ကြောက်စရာအလွန်ကောင်းလှသည် ။ သို့ကြောင့် နွားသတ်သမားများမှာ နွားသတ်ပေးရုံနှင့်မပြီး ။ အမှောင့် ပယောဂ အနှောင့်အရှက်များကိုလည်း အနည်းအပါး ဖယ်ရှားပေးနိုင်ကြသည် ။

တစ်နေ့တော့ ကိုကုလားမှာ အနှောင့်အရှက်ဝင်လာသည် ။ ညအချိန်သူတစ်ယောက်ထဲ အိပ်နေစဉ် အိမ်ထရံကို တဗုန်းဗုန်းနှင့် လာပုတ်သဖြင့် နိုးလာသည် ။

” ဘယ်သူတွေလဲကွ ” အိပ်ချင်မူးတူးအသံဖြင့် မေးလိုက်သည် ။

” ဗုန်း…ဗုန်း…ဗုန်း…”

” ဘာကိစွရှိ့လို့ ဒီလောက်လာထုနေတာလဲ နွားသတ်စရာရှိ့ရင် မနက်လင်းမှသတ်ပေးမယ် ။ ဒီအချိန်မကောင်းဘူး ”

သူစိတ်ထဲမှာ နွားသတ်ပေးရန် လာနိုးနေသည်ထင်သဖြင့် ပြောလိုက်ပြီး ပြန်အိပ်ရန်ပြင်သော်လည်း မရပြန်ပေ ။ ဒီတစ်ကြိမ်တော့ အိမ်ထရံကို ပုတ်ရုံသာမကပဲ အိမ်ပြိုမတတ် အိမ်ကိုဆွဲလူပ်နေပြန်သည် ။

” ဝုန်း…ဝုန်း…ဝုန်း…”

” ဘယ်ကလူတွေလာပြီး နှောင့်ရှက်နေတာလဲကွ ”

သို့ကလိုပြောရင်း ခေါင်းရင်းမှာဆောင်ထားသော လှံကိုဆွဲယူပြီး နေရာမှထကြည့်လိုက်သည် ။ အိမ်ပေါက်ဝမှာ ရပ်နေသူက လူမဟုတ်ပေ ။ ဘီးလူးမျက်နှာမျိုးနှင့် ကြောက်စရာကောင်းသော မကောင်းဆိုးဝါး တစ်ကောင်ပင်ဖြစ်၏ ။ လူနှစ်ရပ်ခန့်မြင့်ပြီး တစ်ကိုယ်လုံး အမွေးရှည်များက ဖုံးထားသည် ။ မျက်လုံးနှစ်လုံးက နီရဲနေပြီး ကျယ်လှသောပါးစပ်ထဲမှ အစွယ်များငေါထွက်နေသည် ။ ကိုကုလားမှာ သရဲသဘက်များနှင့် အမြဲတွေ့မြင်နေသူ ဖြစ်သဖြင့် ကြောက်လှန့်တတ်သူတော့ မဟုတ်ပေ ။

” မင်း ဘာကောင်လဲ ”

” …………………… ”
အသံသြသြကြီးဖြင့် ပြန်ပြောသည် ။

” မြေဖုတ်ဘီလူးက ငါ့ဆီဘာလာလုပ်တာလဲ ”

” ………………………… ”
“ငါတို့ဆီမှာနေချင်လို့ ဟုတ်လား ”

” ……………………… ”

” ဘာ ငါတို့ဆီမှာမနေရရင် ငါ့ကိုစားမယ် ဟုတ်လား ။ ငါ့ကိုတော့ စားလို့မရဘူး ။ လှံစာပဲ ကျွေးလိုက်မယ် ။

သို့ကလိုပြောပြီး လက်ထဲမှ လှံဖြင့်ထိုးလိုက်သည် ။ သို့သော် ဖွဲအိတ်ကြီးထိုးရသကဲ့သို့ ကျွံ့ဝင်သွားသည် ။စိတ်မကျေနပ်သဖြင့် ဓားဖြင့်ထွတ်ခုတ်တော့လဲ အရာမရောက်ပေ ။ နောက်ဆုံးဘယ်လိုမှနှင်ထုတ်၍ မရတော့သဖြင့် လာနေချင်လဲ လာနေ ဟု ပြောလိုက်တော့မှ ထွက်သွားလေတော့သည် ။

ထိုသို့ဖြစ်ပွားပြီး များမကြာမီ မနီမှာပထမဦးဆုံး ကိုယ်ဝန်ကိုလွယ်ထားရလေပြီ ။ ထိုအချိန်မှစ၍ မနီအစားအသောက်ကြမ်းလာတယ် ။ သားစိမ်းငါးစားများသာ စားသောက်လိုသော ချင်ခြင်းရှိ့လာသည် ။ အမဲသားဟင်းများချက်လျှင် တစ်ပွက်နှစ်ပွက် ဆူရုံမျှနှင့် စားသောက်တတ်သည် ။ အမဲသားဟင်းများမှာ မကျက်ပဲနှင့် အစိမ်းအတိုင်းရှိ့နေရာ တစ်ချက်ကိုက်လိုက်တာနှင့် သွေးစသွေးနများပင် ထွက်လာ၏ ။ မနီကထိုသို့စားရသည်ကို များစွာသဘောကြသည် ။ ကိုကုလားကလည်း “စားချင်တာသာစား ဗိုက်ထဲက ကလေးအားရှိ့တာပေါ့”ဟုပဲပြောသည် ။ သို့သော်လည်း ကိုယ်ဝန်ရင့်မာလာချိန်တွင် မနီ ဘယ်လောက်ပဲစားစား အသားမဖြစ်တော့ပဲ တစ်နေ့တစ်ခြား အရိုးပေါ်အရေတင်သာ ပိန်းချုံးကြလာသည် ။ထိုကဲ့သို့ လူရုပ်မပေါ်တော့ပဲ ကမ္မဋ္ဌာန်းရုပ်ကဲ့သို့ ပိန်ချုံးကြလာသောလည်း အစားအသောက်ကတော့ မလျှော့ပေ ။ တွေ့သမျှသားစိမ်းငါးစိမ်းများကို အကုန်စား၏ ။ထိုအခါယောကျာၤဖြစ်သူက ပြောလိုက်သည် ။

” နင့်ဟာ ဖုတ်များဝင်နေရော့သလား ။ ခါတိုင်းထက်လည်းစားနေသေးတယ် ။ လူကလဲ အရိုးပေါ် အရေတင်နေပြီ ”

သို့ကလိုပြောလိုက်သောအခါ ဘာမှပြန်မပြောပေ ။

နောက်တစ်ရက်မှာတော့ မနီတစ်ယောက် ရုတ်တရက်သေဆုံးသွားခဲ့သည် ။
ထိုအခါ ဝမ်းဆွဲသည်များက လူကြီးသေပြီးသော်လည်း ဗိုက်ထဲမှာရှိ့သော ကလေးက မသေပဲရှိ့နေနိုင်ကြောင်း ပြောသဖြင့် ဝမ်းဗိုက်ခွဲကြည့်ကြတယ် ။ ဗိုက်ထဲတွင် ဗိုက်ဖောင်းနေပြီး သွားနှင့်အစွယ်များ ထွက်နေသော ဘီလူးလေးကို တွေ့ကြရတယ် ။ ထိုဘီလူးလေးက မျက်စိမှိတ်ကာ သေချင်ဟန်ဆောင်နေလေသည် ။ ဘီလူးလေးကို တွေ့ရတော့ မနီဘာကြောင့် သေရသည်ကို သိကြရလေတော့သည် ။ မိခင်ဖြစ်သူမနီ၏ ဝမ်းဗိုက်ထဲမှာရှိ့သော ကလီစာအချို့နှင့် အသွေးအသားတို့မှာ ဘာမှမရှိ့တော့ပေ ။ အသွေးအသားများ ခမ်းခြောက်နေပြီး အရိုးနှင့်အရေသာ ကျန်တော့သည် ။ ဗိုက်ထဲမှာရှိ့သော ဘီလူးလေးကတော့ စိုပြည်ကြီးထွားပြီး ဝမ်းဗိုက်မှာလည်းဖောင်းကားနေလေသည် ။ ဘီလူးလေးလည်း သေနေပြီထင်သောကြောင့် လူကြီးရောကလေးပါ သုသာန်သို့သွားကာ မြှပ်နှံ့လိုက်ကြလေသည် ။
ထိုသတင်းက တစ်ယောက်စကားတစ်ယောက်ကြားဖြင့် တောမီးလောင်သကဲ့သို့ ချက်ချင်းပင် ပျံ့နှံ့သွားတယ် ။ အဲ့ဒီနောက် နှစ်ရက်သုံးရက်ကြာသောအခါ အခြားရွာမှာ ပယောဂ ဆရာတစ်ယောက်ရောက်လာရင်းမေးမြန်းတယ် ။

” မင်းတို့ဘီလူးလေးကို ဘယ်လိုမြှုပ်လိုက်ကြသလဲ ”

” ဒီအတိုင်းပဲ မြေကျင်းတူးပြီး မြှပ်ထားခဲ့တာပဲ ”

” ဒီလိုမြှပ်ခဲ့လို့ မပြီးဘူး။ တကယ်လို့ ဘီလူးမှန်ရင် ခုနှစ်ရက်ပြည့်တာနဲ့ ပြန်ထလာလိမ့်မယ် ။ အဲ့ဒီလိုပြန်ထလာပြီးရင် တစ်ရွာလုံး ဘီလူးစားလို့ သေကုန်ကြလိမ့်မယ် ”

” ဒီတော့ ဘယ်လိုလုပ်ရမလဲ”

” အလောင်းကို ပြန်ဖော်ပြီးတော့ သုံးပိုင်းပိုင်းပစ်ရမယ် ။ အဲ့ဒီလို ပိုင်းပြီး တစ်ပိုင်းစီကို တစ်နေရာစီခွဲမြှပ်မှသေမှာ ” ဟုပြောသဖြင့် သုသာန်သို့ တစ်ခေါက်ပြန်သွားကာ မြှပ်ထားသော အလောင်းကို ပြန်ဖော်ကြည့်ကြသည် ။ သူတို့မြှပ်ထားခဲ့စဉ်က အလောင်းမ ပက်လက်အနေအထားဖြစ်သော်လည်း ယခုပြန်တူးကြည့်တော့ ဘေးစောင်းအနေအထား ဖြစ်နေပြီး တစ်ကိုယ်လုံးလည်း အမွှေးများထွက်စပြုနေလေသည် ။ သို့ဖြင့် သုံးပိုင်းပိုင်းရန် ပေါက်တူးဖြင့် အပေါ်သို့ဆွဲတင်လိုက်သောအခါ မျက်လုံးတစ်ချက် ဖွင့်ကြည့်လေသည် ။ မျက်လုံးမှာနီရဲနေသောကြောင့် နံဘေးမှာရှိ့နေသူများပင် လန့်ဖျပ်ပြီး နောက်သို့ဆုတ်သွားကြသည် ။ အရက်မူးနေသော ကိုကုလားကတော့ ထွေထွေထူးထူးတွေးမနေတော့ပဲ ဓားဖြင့်သုံးပိုင်းပိုင်းဖြတ်လိုက်သည် ။ကိုယ်မှထွက်လာသော သွေးများမှာ သွေးစိမ်းရှင်ရှင်များဖြစ်ပြီး ကလေးဝမ်းဗိုက်ထဲမှ မိခင်၏ အူ အသည်း နှလုံးများကို စားသောက်ထားသော အပိုင်းအစအချို့ကိုလည်း တွေ့ကြရသည် ။ သုံးပိုင်းခွဲပြီးမြေမြှပ်ပါက ပြန်ဆက်ပြီးထလာမည်ကို စိုးကြသဖြင့် မီးရှို့ဖျတ်ဆီးပစ်လိုက်ကြသည် ။ ညဘက်ရောက်တော့ ကိုကုလားမှာ အရက်မူးမူးနှင့် အိပ်ပျော်နေစဉ် အိမ်မက်မက်လေသည် ။ အိမ်မက်ထဲမှာ ဘီးလူးတစ်ကောင်က ရောက်လာပြီး ကြိမ်းမောင်းပြောဆိုလေသည် ။ ‘ နင်တို့ကံကောင်းလို့သာ ငါ့လက်က လွှတ်သွားကြတယ် မှတိပါ ။ ငါလာတုန်းက တစ်ရွာလုံးကို စားမလို့ လာခဲ့တာ” ဟုပြောဆိုကြိမ်းမောင်းပြီး ပျောက်ကွယ်သွားလေတော့တယ် ။

ဆုံကြအုံးမယ်ကွယ်

ထွဋ်ခေါင်( အိမ်မဲ )

Zawgyi Version

မိခင္ကုိစားေသာဝမ္းဗုိက္ထဲကဘီလူး(စ/ဆံုး)
—————————————————–
ပဲခူးတုိင္း သနပ္ပင္ျမိဳ႕နယ္ ( )ရြာ၌ ကုိကုလားႏွင္႕ မနီဆုိသည္႕ လင္မယားႏွစ္ေယာက္ရွိ႕ျကသည္ ။ ႏွစ္ေယာက္စလုံးစရုိက္ျကမ္းျကျပီး ျကံဳရာက်ပန္းအလုပ္မ်ား လုပ္ကုိင္စားေသာက္ျကသည္ ။ ကုိကု လားက အရက္ကုိစြဲစြဲျမဲျမဲ ေသာက္သူျဖစ္ျပီး ႏြားသတ္သမားတစ္ဦးလည္းျဖစ္သည္ ။ သူသည္ ထုိနယ္တစ္နယ္လုံးမွာ ႏြားသတ္အက်ြမ္းက်င္ဆုံးႏွင္႕ ႏြားသတ္သမားေလာကတြင္ ဘြဲ႕ထူးအစုံ ရထားသူလဲျဖစ္သည္ ။ သူတုိ႕အရပ္တြင္ ႏြားသတ္သမားမ်ား၏ ကဏၭကလည္း အေရးပါလွသည္ ။
ႏြားသတ္သမားဆုိရုံႏွင္႕လည္း ေတာ္ရုံႏွင္႕ေတာ႕ မျပီးေပ ။သူအဆင္႕ႏွင္႔သူ ဘြဲ႕ထူးဂုဏ္ထူးမ်ားလည္း ရွိ႕ျကသည္ ။ ထုိကဲ႕သုိ႕ဘြဲ႕ထူးဂုဏ္ထူး တစ္ခုခုရထားမွလည္း ႏြားသတ္သမားေကာင္းဟု အသိအမွတ္ျပဳျကသည္ ။ အေကာင္းဆုံးႏြားသတ္သမားတစ္ဦးထံမွာလည္း တပည္ခံခ်င္ျကသူေတြလည္း မ်ားသည္ ။ ထုိအထဲမွာမွ အေတာ္ဆုံးတပည္႕တစ္ေယာက္ႏွစ္ေယာက္ကုိ ႏြားသတ္ဆရာ၏ လက္ေထာက္အျဖစ္ထားရွိ႕တယ္ ။ ထုိကဲ႕သုိ႕ လက္ေထာက္အျဖစ္နဲ႕ ႏွစ္မ်ားစြာျကာေအာင္လုပ္ခဲ႕ျပီး ႏြားအေကာင္ေရမ်ားစြာ သတ္ျဖတ္ခဲ႕ျပီးမွ ႏြားသတ္ဆရာ အျဖစ္သုိ႕ေရာက္ရွိ႕ျကသည္ ။

ထုိအလုပ္မွာ အရင္းမစုိက္ရေသာ အလုပ္ဟု ယူဆထားျကေသာ္လည္း အကုသုိလ္မ်ားလွျပီး ေဘးအႏၲာရယ္လဲ သိပ္မ်ားသည္ ။ ႏြားသတ္ေသာေနရာသုိ႕ ေရာက္လာေသာ တေစၧ သရဲ ဖုတ္ ျပိတၱာ ဘီလူးတုိ႕အႏၲာရယ္ကလည္း ေျကာက္စရာအလြန္ေကာင္းလွသည္ ။ သုိ႕ေျကာင္႕ ႏြားသတ္သမားမ်ားမွာ ႏြားသတ္ေပးရုံႏွင္႕မျပီး ။ အေမွာင္႕ ပေယာဂ အေႏွာင္႕အရွက္မ်ားကုိလည္း အနည္းအပါး ဖယ္ရွားေပးႏုိင္ျကသည္ ။

တစ္ေန႕ေတာ႕ ကုိကုလားမွာ အေႏွာင္႕အရွက္ဝင္လာသည္ ။ ညအခ်ိန္သူတစ္ေယာက္ထဲ အိပ္ေနစဥ္ အိမ္ထရံကုိ တဗုန္းဗုန္းႏွင္႕ လာပုတ္သျဖင္႕ ႏုိးလာသည္ ။

” ဘယ္သူေတြလဲကြ ” အိပ္ခ်င္မူးတူးအသံျဖင္႕ ေမးလုိက္သည္ ။

” ဗုန္း…ဗုန္း…ဗုန္း…”

” ဘာကိစြရွိ႕လုိ႕ ဒီေလာက္လာထုေနတာလဲ ႏြားသတ္စရာရွိ႕ရင္ မနက္လင္းမွသတ္ေပးမယ္ ။ ဒီအခ်ိန္မေကာင္းဘူး ”

သူစိတ္ထဲမွာ ႏြားသတ္ေပးရန္ လာႏုိးေနသည္ထင္သျဖင္႕ ေျပာလုိက္ျပီး ျပန္အိပ္ရန္ျပင္ေသာ္လည္း မရျပန္ေပ ။ ဒီတစ္ျကိမ္ေတာ႕ အိမ္ထရံကုိ ပုတ္ရုံသာမကပဲ အိမ္ျပိဳမတတ္ အိမ္ကုိဆြဲလူပ္ေနျပန္သည္ ။

” ဝုန္း…ဝုန္း…ဝုန္း…”

” ဘယ္ကလူေတြလာျပီး ေႏွာင္႔ရွက္ေနတာလဲကြ ”

သုိ႕ကလုိေျပာရင္း ေခါင္းရင္းမွာေဆာင္ထားေသာ လွံကုိဆြဲယူျပီး ေနရာမွထျကည္႕လုိက္သည္ ။ အိမ္ေပါက္ဝမွာ ရပ္ေနသူက လူမဟုတ္ေပ ။ ဘီးလူးမ်က္ႏွာမ်ဳိးႏွင္႕ ေျကာက္စရာေကာင္းေသာ မေကာင္းဆုိးဝါး တစ္ေကာင္ပင္ျဖစ္၏ ။ လူႏွစ္ရပ္ခန္႕ျမင္႕ျပီး တစ္ကုိယ္လုံး အေမြးရွည္မ်ားက ဖုံးထားသည္ ။ မ်က္လုံးႏွစ္လုံးက နီရဲေနျပီး က်ယ္လွေသာပါးစပ္ထဲမွ အစြယ္မ်ားေငါထြက္ေနသည္ ။ ကုိကုလားမွာ သရဲသဘက္မ်ားႏွင္႕ အျမဲေတြ႕ျမင္ေနသူ ျဖစ္သျဖင္႕ ေျကာက္လွန္႕တတ္သူေတာ႕ မဟုတ္ေပ ။

” မင္း ဘာေကာင္လဲ ”

” …………………… ”
အသံျသျသျကီးျဖင္႕ ျပန္ေျပာသည္ ။

” ေျမဖုတ္ဘီလူးက ငါ႕ဆီဘာလာလုပ္တာလဲ ”

” ………………………… ”
“ငါတုိ႕ဆီမွာေနခ်င္လုိ႕ ဟုတ္လား ”

” ……………………… ”

” ဘာ ငါတုိ႕ဆီမွာမေနရရင္ ငါ႕ကုိစားမယ္ ဟုတ္လား ။ ငါ႕ကုိေတာ႕ စားလုိ႕မရဘူး ။ လွံစာပဲ ေက်ြးလုိက္မယ္ ။

သုိ႕ကလုိေျပာျပီး လက္ထဲမွ လွံျဖင္႕ထုိးလုိက္သည္ ။ သုိ႕ေသာ္ ဖြဲအိတ္ျကီးထုိးရသကဲ႕သုိ႕ က်ြံ႔႕ဝင္သြားသည္ ။စိတ္မေက်နပ္သျဖင္႕ ဓားျဖင္႕ထြတ္ခုတ္ေတာ႕လဲ အရာမေရာက္ေပ ။ ေနာက္ဆုံးဘယ္လုိမွႏွင္ထုတ္၍ မရေတာ႕သျဖင္႕ လာေနခ်င္လဲ လာေန ဟု ေျပာလုိက္ေတာ႕မွ ထြက္သြားေလေတာ႕သည္ ။

ထုိသုိ႕ျဖစ္ပြားျပီး မ်ားမျကာမီ မနီမွာပထမဦးဆုံး ကုိယ္ဝန္ကုိလြယ္ထားရေလျပီ ။ ထုိအခ်ိန္မွစ၍ မနီအစားအေသာက္ျကမ္းလာတယ္ ။ သားစိမ္းငါးစားမ်ားသာ စားေသာက္လုိေသာ ခ်င္ျခင္းရွိ႕လာသည္ ။ အမဲသားဟင္းမ်ားခ်က္လ်ွင္ တစ္ပြက္ႏွစ္ပြက္ ဆူရုံမ်ွႏွင္႕ စားေသာက္တတ္သည္ ။ အမဲသားဟင္းမ်ားမွာ မက်က္ပဲႏွင္႕ အစိမ္းအတုိင္းရွိ႕ေနရာ တစ္ခ်က္ကုိက္လုိက္တာႏွင္႕ ေသြးစေသြးနမ်ားပင္ ထြက္လာ၏ ။ မနီကထုိသုိ႕စားရသည္ကုိ မ်ားစြာသေဘာျကသည္ ။ ကုိကုလားကလည္း “စားခ်င္တာသာစား ဗုိက္ထဲက ကေလးအားရွိ႕တာေပါ႕”ဟုပဲေျပာသည္ ။ သုိ႕ေသာ္လည္း ကုိယ္ဝန္ရင္႕မာလာခ်ိန္တြင္ မနီ ဘယ္ေလာက္ပဲစားစား အသားမျဖစ္ေတာ႕ပဲ တစ္ေန႕တစ္ျခား အရုိးေပၚအေရတင္သာ ပိန္းခ်ဳံးျကလာသည္ ။ထုိကဲ႕သုိ႕ လူရုပ္မေပၚေတာ႕ပဲ ကမၼ႒ာန္းရုပ္ကဲ႕သုိ႕ ပိန္ခ်ဳံးျကလာေသာလည္း အစားအေသာက္ကေတာ႕ မေလ်ွာ႕ေပ ။ ေတြ႕သမ်ွသားစိမ္းငါးစိမ္းမ်ားကုိ အကုန္စား၏ ။ထုိအခါေယာက်ာၤျဖစ္သူက ေျပာလုိက္သည္ ။

” နင္႕ဟာ ဖုတ္မ်ားဝင္ေနေရာ႕သလား ။ ခါတုိင္းထက္လည္းစားေနေသးတယ္ ။ လူကလဲ အရုိးေပၚ အေရတင္ေနျပီ ”

သုိ႕ကလုိေျပာလုိက္ေသာအခါ ဘာမွျပန္မေျပာေပ ။

ေနာက္တစ္ရက္မွာေတာ႕ မနီတစ္ေယာက္ ရုတ္တရက္ေသဆုံးသြားခဲ႕သည္ ။
ထုိအခါ ဝမ္းဆြဲသည္မ်ားက လူျကီးေသျပီးေသာ္လည္း ဗုိက္ထဲမွာရွိ႕ေသာ ကေလးက မေသပဲရွိ႕ေနႏုိင္ေျကာင္း ေျပာသျဖင္႕ ဝမ္းဗုိက္ခြဲျကည္႕ျကတယ္ ။ ဗုိက္ထဲတြင္ ဗုိက္ေဖာင္းေနျပီး သြားႏွင္႕အစြယ္မ်ား ထြက္ေနေသာ ဘီလူးေလးကုိ ေတြ႕ျကရတယ္ ။ ထုိဘီလူးေလးက မ်က္စိမွိတ္ကာ ေသခ်င္ဟန္ေဆာင္ေနေလသည္ ။ ဘီလူးေလးကုိ ေတြ႕ရေတာ႕ မနီဘာေျကာင္႕ ေသရသည္ကုိ သိျကရေလေတာ႕သည္ ။ မိခင္ျဖစ္သူမနီ၏ ဝမ္းဗုိက္ထဲမွာရွိ႕ေသာ ကလီစာအခ်ဳိ႕ႏွင္႕ အေသြးအသားတုိ႕မွာ ဘာမွမရွိ႕ေတာ႕ေပ ။ အေသြးအသားမ်ား ခမ္းေျခာက္ေနျပီး အရုိးႏွင္႕အေရသာ က်န္ေတာ႕သည္ ။ ဗုိက္ထဲမွာရွိ႕ေသာ ဘီလူးေလးကေတာ႕ စုိျပည္ျကီးထြားျပီး ဝမ္းဗုိက္မွာလည္းေဖာင္းကားေနေလသည္ ။ ဘီလူးေလးလည္း ေသေနျပီထင္ေသာေျကာင္႕ လူျကီးေရာကေလးပါ သုသာန္သုိ႕သြားကာ ျမွပ္ႏွံ႕လုိက္ျကေလသည္ ။
ထုိသတင္းက တစ္ေယာက္စကားတစ္ေယာက္ျကားျဖင္႔ ေတာမီးေလာင္သကဲ႕သုိ႕ ခ်က္ခ်င္းပင္ ပ်ံ႕ႏွံ႕သြားတယ္ ။ အဲ႕ဒီေနာက္ ႏွစ္ရက္သုံးရက္ျကာေသာအခါ အျခားရြာမွာ ပေယာဂ ဆရာတစ္ေယာက္ေရာက္လာရင္းေမးျမန္းတယ္ ။

” မင္းတုိ႕ဘီလူးေလးကုိ ဘယ္လုိျမွဳပ္လုိက္ျကသလဲ ”

” ဒီအတုိင္းပဲ ေျမက်င္းတူးျပီး ျမွပ္ထားခဲ႕တာပဲ ”

” ဒီလုိျမွပ္ခဲ႕လုိ႕ မျပီးဘူး။ တကယ္လုိ႕ ဘီလူးမွန္ရင္ ခုႏွစ္ရက္ျပည္႕တာနဲ႕ ျပန္ထလာလိမ္႕မယ္ ။ အဲ႕ဒီလုိျပန္ထလာျပီးရင္ တစ္ရြာလုံး ဘီလူးစားလုိ႕ ေသကုန္ျကလိမ္႕မယ္ ”

” ဒီေတာ႕ ဘယ္လုိလုပ္ရမလဲ”

” အေလာင္းကုိ ျပန္ေဖာ္ျပီးေတာ႕ သုံးပုိင္းပုိင္းပစ္ရမယ္ ။ အဲ႕ဒီလုိ ပုိင္းျပီး တစ္ပုိင္းစီကုိ တစ္ေနရာစီခြဲျမွပ္မွေသမွာ ” ဟုေျပာသျဖင္႕ သုသာန္သုိ႕ တစ္ေခါက္ျပန္သြားကာ ျမွပ္ထားေသာ အေလာင္းကုိ ျပန္ေဖာ္ျကည္႕ျကသည္ ။ သူတုိ႕ျမွပ္ထားခဲ႕စဥ္က အေလာင္းမ ပက္လက္အေနအထားျဖစ္ေသာ္လည္း ယခုျပန္တူးျကည္႕ေတာ႕ ေဘးေစာင္းအေနအထား ျဖစ္ေနျပီး တစ္ကုိယ္လုံးလည္း အေမႊးမ်ားထြက္စျပဳေနေလသည္ ။ သုိ႕ျဖင္႕ သုံးပုိင္းပုိင္းရန္ ေပါက္တူးျဖင္႕ အေပၚသုိ႕ဆြဲတင္လုိက္ေသာအခါ မ်က္လုံးတစ္ခ်က္ ဖြင္႕ျကည္႕ေလသည္ ။ မ်က္လုံးမွာနီရဲေနေသာေျကာင္႕ နံေဘးမွာရွိ႕ေနသူမ်ားပင္ လန္႕ဖ်ပ္ျပီး ေနာက္သုိ႕ဆုတ္သြားျကသည္ ။ အရက္မူးေနေသာ ကုိကုလားကေတာ႔ ေထြေထြထူးထူးေတြးမေနေတာ႕ပဲ ဓားျဖင္႕သုံးပုိင္းပုိင္းျဖတ္လုိက္သည္ ။ကုိယ္မွထြက္လာေသာ ေသြးမ်ားမွာ ေသြးစိမ္းရွင္ရွင္မ်ားျဖစ္ျပီး ကေလးဝမ္းဗုိက္ထဲမွ မိခင္၏ အူ အသည္း ႏွလုံးမ်ားကုိ စားေသာက္ထားေသာ အပုိင္းအစအခ်ဳိ႕ကုိလည္း ေတြ႕ျကရသည္ ။ သုံးပုိင္းခြဲျပီးေျမျမွပ္ပါက ျပန္ဆက္ျပီးထလာမည္ကုိ စုိးျကသျဖင္႕ မီးရႈိ႕ဖ်တ္ဆီးပစ္လုိက္ျကသည္ ။ ညဘက္ေရာက္ေတာ႕ ကုိကုလားမွာ အရက္မူးမူးႏွင္႕ အိပ္ေပ်ာ္ေနစဥ္ အိမ္မက္မက္ေလသည္ ။ အိမ္မက္ထဲမွာ ဘီးလူးတစ္ေကာင္က ေရာက္လာျပီး ျကိမ္းေမာင္းေျပာဆုိေလသည္ ။ ‘ နင္တုိ႕ကံေကာင္းလုိ႕သာ ငါ႕လက္က လႊတ္သြားျကတယ္ မွတိပါ ။ ငါလာတုန္းက တစ္ရြာလုံးကုိ စားမလုိ႕ လာခဲ႕တာ” ဟုေျပာဆုိျကိမ္းေမာင္းျပီး ေပ်ာက္ကြယ္သြားေလေတာ႕တယ္ ။

ဆုံျကအုံးမယ္ကြယ္

ထြဋ္ေခါင္( အိမ္မဲ )