လူဝင်စားမလေး ကြည်ကြည်

လူဝင်စားမလေး ကြည်ကြည်(စ/ဆုံး)

———————————-

ကျိုက်ထိုမြို့မြောက်ပိုင်း၊ ကံဦးကျောင်းပိုင်းမှာ ဦးစိန် မောင်၊ ဒေါ်သိန်းရွှေဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက် ရှိတယ်… သူတို့မှာ သမီးလေးတစ်ယောက် ရှိတယ်….၊ သမီးလေးရဲ့နာမည်က “ကြည်ကြည်” တဲ့..။ ဦးစိန်မောင်တို့ ဇနီးမောင်နှံ နှစ်ယောက်စလုံးဟာ သမီး လေးကြည်ကြည်ကို လူဝင်စားမလေးလို့ ယုံကြည်ကြတယ်၊ ဘာကြောင့်လည်းဆိုတော့ ကြည်ကြည်ရဲ့ ညာဘက် လက်ဖျံ အတွင်းဘက်မှာ ကြက်တစ်ကောင်ပျံနေတဲ့ ပုံသဏ္ဍာန်အမှတ်မည်းတစ်ခု မွေးကတည်းကပါလာလို့ပါ။ မြန်မာလူမျိုးတွေက ချစ်သူခင်သူတွေ ကွယ်လွန်သား တဲ့အခါ ဆွေမျိုးတွေထဲမှာ ပြန်ပြီးလူဝင်စားဖြစ်ပါစေ…..။ နောက်ဘဝမှာ ပြန်ပြီး ဆုံတွေ့ပါရစေလို့ ဆုတောင်း တတ်ကြတယ်။

ဒီလိုဆုံတွေ့တဲ့အခါမှာ မှတ်မိအောင်ဆိုပြီး အမှတ်အ သားတစ်ခုခု ပြုလုပ်ပေးလိုက်လေ့ ရှိတယ်။ဒီလိုပြုလုပ်တဲ့အခါ အလွယ်တကူ မြင်နိုင်၊ တွေ့နိုင်ငံ နေရာမှာ ပြုလုပ်ကြတယ်။အများအားဖြင့် သင်္ကေတ အမှတ်အသားတွေကို လက် နဲ့ ခြေထောက်တွေမှာ ပြုလုပ်ပေးတတ်တယ်။

မျက်နှာပြင်မှာ မှတ်သားတာကိုတော့ ရှောင်တယ်။ ဘာ့ကြောင့်လည်းဆိုတော့ နောက်ဘဝ၊ လူဝင်စား၊ ဖြစ်လာရင် မျက်နှာပေါ်မှာ အမှတ်ကြီးနဲ့ဆိုတော့ ကြည့်ရာ မှာ၊ ရုပ်ဆိုးပန်းဆိုးဖြစ်မှာ စိုးရိမ်လို့ဖြစ်ပါတယ်။

(အတိတ်ဘဝက ဥပစ္ဆေဒကကံဖြစ်တဲ့ တုတ်၊ ဓား၊ လက်နတ်တွေနဲ့ သေဆုံးပြီး လူ့ဘဝပြန်ရောက်လာတဲ့ လူဝင်စားအအတိတ်ဘဝက သူ့ရဲ့ခန္ဓာကိုယ်မှာရခဲ့တဲ့ ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေဟာ ယခုဘဝမှာလည်း နေရာမလွဲဘဲ၊ တစ် ထပ်တည်းပါလာတာကို အံ့ဩစရာကောင်းအောင် တွေ့ ကြရပါတယ်။……)

အခုလည်း လက်ဖျံမှာ ကြက်ပျံနေတဲ့ပုံ အမှတ်အသား လာလို့ လူဝင်စားအဖြစ် သတ်မှတ်ခံထားရတဲ့ ကြည်ကြည်။ စကားလေးကွ တွတ်တီးတွတ်တာ ပြောတတ်တဲ့ အချိန်မှာ ပိုပြီး သိသာလာတယ်။အရွယ်နဲ့မလိုက်တဲ့ စကားကြီးစကားကျယ်တွေ ပြောတယ်….။

ကလေးတို့ ပြောနေကျ၊ ဆိုနေကျမဟုတ်တဲ့ ထူးထူး ဆန်းဆန်း စကားတွေပြောတယ်၊ဒါ့ကြောင့် ကြည်ကြည့်ကို လူကြီးသေလို့ဝင်စားလာတာ ဖြစ်မယ်လို့ ခန့်မှန်းကြပြန်တယ်။လူဝင်စားမလေးကြည်ကြည်မှာ ထူးခြားတဲ့စရိုက်၊ သ ဘာဝတစ်ခုလည်း ရှိသေးတယ်။ အဲဒါက ဒေါသကြီးတဲ့၊ စိတ်ကြီးတဲ့ စရိုက်ပါ။

နို့စို့အရွယ်ကတည်းက အလိုမကျလို့ငိုရင် တက်သွား တဲ့အထိ ငိုတတ်တယ်၊လေးဖက်သွားတဲ့ အရွယ်၊ လမ်းစလျှောက်တဲ့အရွယ် ရောက်လာတော့လည်း လိုချင်တာရမှ၊သူလိုတာမရရင်အတင်းလုယူတာ၊ ဖျက်ဆီးပစ်တာ တွေ လုပ်တယ်၊

အဲဒီလိုမှ မလုပ်လိုက်ရရင်၊ သူ့လက်သူ သွားရာကြီး အကွင်းလိုက်ပေါ်အောင် ကိုက်ပစ်တော့တာပဲ။နောက်ပြီး ယောက်ျားလေး၊ မိန်းကလေး၊ ကြီးသူ၊ ရွယ် တူ ဘယ့်သူ့ကိုမှ ကြောက်တယ်၊ လန့်တယ်ဆိုတာ မရှိဘူး….။တစ်ခါက ကျောင်းမှာ ယောက်ျားလေးတစ်ယောက်နဲ့ ရန်ဖြစ်တယ်၊

ကြည်ကြည်က ကျောက်သင်ပုန်းနဲ့ ခုတ်ပစ်လို့ ကောင် လေး ထိပ်ပေါက် ခေါင်းကွဲဖြစ်သွားတယ်။ဦးစိန်မောင်တို့လင်မယား ကျောင်းအုပ်ကြီးဆီပြေးပြီး တောင်းပန်ရ၊ ကျောင်းသားမိဘအိမ်ပြေးပြီး တောင်းပန်ရနဲ့ ဗျာ များခဲ့ရတယ်။

တစ်ခါကလည်း ကျောင်းကဈေးဆိုင်မှာ ဆနွင်းမကင်း ခုန့် ဝယ်စားတယ်၊ဈေးသည်အဒေါ်ကြီးက ပိုက်ဆံမပေးရသေးဘူးလို့ ပြောတယ်၊
ကြည်ကြည်က ပိုက်ဆံပေးပြီးပြီလို့ ပြောတယ်၊ ဈေးသည်အဒေါ်ကြီးက ကြည်ကြည့်ကို အထက်စီးက ပြီး ပြောတယ်၊ကြည်ကြည် ဘာမပြော၊ ညာမပြော မုန့်လှီးတဲ့ဓါးကို ဆတ်ခနဲ ကောက်ကိုင်လိုက်တယ်။

လက်ထဲဓါးရောက်တာနဲ့ ဆနွင်းမကင်း တစ်ပန်းကန် လုံးကို ဓါးနဲ့ ထိုးဆွ၊ ချေမွပစ်လိုက်တယ်။ဦးစိန်မောင်တို့လင်မယား၊ မုန့်သည်ကို တောင်းပန်ပြီး အလျော်ပေးလိုက်ရပြန်တယ်၊

ဒီလို၊ ဒီလို အဖြစ်အပျက်တွေက ခဏခဏဖြစ်တော့ ကြည်ကြည် နာမည်တွေထပ်ရပြန်တယ်၊
စွာတေးလန်မ…
အာဇာနည်မ….တဲ့။
တစ်နေ့ ကြည်ကြည် ကျောင်းကပျောက်သွားတယ်။ဆရာ/ ဆရာမတွေက ကြည်ကြည့်မိဘတွေကို အ ကြောင်းကြားတယ်၊

အိမ်မှာ ဦးစိန်မောင် မရှိဘူး၊ ဒေါ်သိန်းရွှေ စိုးရိမ်တကြီး ကျောင်းကို ပြေးသွားတယ်၊ဆရာ/ ဆရာမတွေနဲ့အတူ လိုက်ရှာကြတယ်၊ ကျိုက်ထို မီးရထားဘူတာရုံထဲမှာ ကြည်ကြည့်ကို တွေ့ တယ်…….။

အဲဒီအချိန်မှာ မော်လမြိုင်ရထား ဝင်လာတယ်၊ ကြည် ကြည်ဟာ ရထားပေါ်က ဆင်းလာတဲ့လူတွေကြား တိုးဝှေ့နေ တယ်၊

ပြီးတော့ မီးရထားဌာန ဝတ်စုံဖြစ်တဲ့ အင်္ကျီအဖြူ ဘောင်းဘီနက်ပြာ ဝတ်ထားသူတွေရဲ့မျက်နှာကို မော့ကြည့်နေ တယ်…….။

ကြည်ကြည် ဘာတွေလျှောက်လုပ်နေတာလဲ…၊ ဘယ်သူမှ နားမလည်ကြဘူး၊ ဒါ့ကြောင့် မေး ကြည့် ကြတယ်။

“သမီး….။ ဘာတွေလျှောက်လုပ်နေတာလဲ၊ ဘူတာကို ဘာလုပ်ဖို့သွားတာလဲ..”

“သမီးယောက်ျားကို လာရှာတာ….”

ငါးနှစ်အရွယ် ကြည်ကြည့်အဖြေကြောင့် အားလုံး အံ့ အားသင့်သွားကြတယ်….။

ဘာပြောတာလဲ…..” သေချာအောင် ထပ်မေးကြတယ်။

“သမီးယောက်ျားက ရထားလက်မှတ်စစ်လေ….၊ ဒီရထားနဲ့ အမြဲလိုက်နေကျ၊ ဒါ့ကြောင့် လာရှာတာ… ငယ်ငယ်ကတည်းက လူဝင်စားလို့ ယုံကြည်လက်ခံ သားတာဖြစ်လို့ ကြည်ကြည့်ကို မဆူမငေါက်ဘဲ ဆက်ပြီးမေး ကြည်ကြတယ်။“ဟိုဘက်ဘဝက သမီးယောက်ျားရဲ့နာမည်က ဘယ် သူတဲ့လဲ..”

ကြည်ကြည်ကလည်း မဆိုင်းမတွ၊ ရဲရဲတင်းတင်းပဲ ပြန်ဖြေတယ်..။

“ကိုညွန့်တင်ပါ…..”

“မီးရထားလက်မှတ်စစ်ဆိုတာ အဟုတ်လား. ”

“ဟုတ်တယ်၊ သမီး သူ့ကိုသတိရတယ်….၊

နောက်ပြီး သမီးလေးနှစ်ယောက်ကိုလည်း သတိ ရတယ်….

အငယ်လေးရဲ့ခြေထောက်မှာ ရေနွေးပူတွေ လောင် ထားတယ်၊ မပျောက်သေးဘူး..

“ရေနွေးပူက ဘာလို့လောင်တာလဲ…”

“ဓါတ်ဘူးကို သွားဆွဲတာလေ…..။ ဓါတ်ဘူးမှောက်ပြီး ရေနွေးပူလောင်တာ..”

“သမီးလေးတွေရဲ့နာမည်ကို မှတ်မိလား…..” ကြည်ကြည် တွေငေးငေး ဖြစ်သွားတယ်…..၊ မျက်မှောင်လေးကြုံ့ ပြီး စဉ်းစားတယ်၊ ပြီးတော့ ခေါင်းလေးခါယမ်းပြီး ပြောတယ်။

“အရင်က သမီးတို့ ဘယ်မြို့မှာနေတာလဲ..” လူကြီးတွေက ထပ်ပေးကြည့်တယ်။ ဒီမေးခွန်းကိုလည်း ကြည်ကြည် မဖြေနိုင်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ကြည်ကြည် လူဝင်စားဆိုတာကို ရစ် ကွက်ထဲမှာ လူပြောသူပြောများလာတယ်။ ကြည်ကြည့်ရဲ့ အတိတ်ဘဝကအကြောင်းေတွေကို ဘယ်အချိန် ကောက်ပေးပေး၊ ဘယ်သူက မေးမေး….၊ ကြည်ကြည်ကတော့ ဒီအတိုင်းပဲ ပြောတယ်၊ တစ်ရက်မှာ ဦးစိန်မောင် ကျိုက်ထိုဘူတာကို ရောက် သွားတယ်၊

ဘူတာက ဝါရင့် လက်မှတ်စစ်တစ်ယောက်ကို မေး ကြည့်တယ်။

“ဟိုးတုန်းက ဦးညွန့်တင်ဆိုတဲ့ မီးရထားလက်မှတ်စစ် တစ်ယောက်ကို ကြားဖူး၊ တွေ့ဖူးလား….၊

လွန်ခဲ့တဲ့ ငါးနှစ်ကျော်၊ ခြောက်နှစ်၊ ခုနစ်နှစ်လောက်ကရှိတယ်၊ မီးရထားလက်မှတ်စစ်တွေထဲမှာ ကိုညွန့်တင် ဆိုတဲ့နာမည်နဲ့ နှစ်ယောက်၊ သုံးယောက်လောက် ဟိုးတုန်းက တွေ့ဖူးတယ်၊

ခုတော့ တစ်ယောက်မှ မတွေ့တော့ဘူး…..။ နယ်ပြောင်းသွားကြတာလား၊ အလုပ်က ထွက်သွားကြ တာလားတော့ မသိဘူး….”

ဦးစိန်မောင်ဟာ သူ့သမီးကြည်ကြည်ပြောတာ ဖြစ်နိုင် ဘယ်လို့ ကောက်ချက်ချလိုက်တယ်၊
သူ စုံစမ်းသိရှိတဲ့အကြောင်းကိုလည်း ဇနီးဖြစ်သူ ေဒါ် သိန်းရွှေကို ပြောပြလိုက်တယ်၊ အကြောင်းဆုံလာရင် သူ့အချိန်တန်လာရင် လူဝင်စား ကြည်ကြည်တစ်ယောက် သူ့ရဲ့အတိတ်ဘဝကို ပီပီပြင်ပြင် သတိရလာနိုင်တယ်လို့ လည်း တွေးထားကြတယ်..။

သူတို့ တွေးထားတဲ့အတိုင်းပါ.။
“နှင်းပုလဲကို သွားချင်တယ်….။ နှင်းပုလဲကို လိုက်ပို့ပေး…. ထင်မှတ်မထားတဲ့ နေ့တစ်နေ့မှာ ကြည်ကြည်“ဂျီကုတယ်။ကြည့်ကြည်ပြောတဲ့ စကားတွေက ဘယ်သူမှမျှော်လင့် မထားတဲ့စကား၊ကြည်ကြည်သာ နှင်းပုလဲမြို့လေးဟာ လူဝင်စားမလေးကြည်ကြည်ရဲ့ အ တိတ်ဘဝ တစ်စိတ်တစ်ပိုင်းနဲ့ ပတ်သက်နေလိမ့်မယ်လို့ ယူဆ မိကြတယ်။

ဒါပေမဲ့ ဘာတွေ ဆက်ပြောမလဲဆိုတာ သိချင်တာ ကြောင့် ကြည်ကြည်ပြောတာကို မသိကျိုးကျွန်ပြုနေလိုက်တယ်၊

လူဝင်စားတွေရဲ့သဘာဝက အရမ်းထူးဆန်းငယ်။ နားလည်နိုင်ဖို့လည်း အင်မတန်ခက်ခဲတယ်။ အတိတ်ဘဝဖြစ်စဉ်တွေကိုလည်း အမြဲတမ်း သတိရ နေတာ မဟုတ်ဘူး။မမျှော်လင့်တဲ့ အချိန်၊ မထင်မှတ်တဲ့ အချိန်ကျမှ သတိ တတ်တယ်။

သတိရတဲ့အခါမှာလည်း အဲဒီအကြောင်းအရာကိုပဲ၊ တစိုက်မတ်မတ် ပြောဆိုနေလေ့ရှိတယ်….။ အခုလည်း ကြည်ကြည်ဟာ ဘာကို သတိရတာလည်းသိဘူး၊

နှင်းပုလဲကို လိုက်ပို့ဖို့ပဲ တစ်ခုတည်းပိုပြီး ဂျီကျနေတယ်၊ နှစ်ရက်လောက် ကြာတဲ့အခါမှာတော့ ဦးစိန် မာင်နဲ့ အသိန်းရွှေတို့ဟာ ကြည်ကြည့်ကို နှင်းပုလဲလိုက်ပို့ဖို့ ဆုံး ဖြတ် လုိက်ကြတယ်။

“နှင်းပုလဲကို ဘာနဲ့သွားရမှာလဲ သမီး….”

“မီးရထားနဲ့ သွားမယ်…”

“ဟိုရောက်ရင် ဘယ်ကိုဆက်သွားမှာလဲ..

“ ကြည်ကြည် ငြိမ်သွားတယ်၊ စဉ်းစားတယ်၊ ခဏကြာ““သမီးတို့အိမ် ရှိတယ်၊ အဲဒီကိုသွားမယ်….” လို့ ပြော တယ်။

နောက်တစ်နေ့နံနက်မှာပဲ ဦးစိန်မောင်၊ ဒေါ်သိန်းရွှေန ကြည်ကြည်တို့ မိသားစုသုံးယောက်…၊ကျိုက်ထိုကနေ ရထားနဲ့ထွက်လာခဲ့တယ်။တယ်၊ နေ့လည်ခင်းလောက်မှာ နှင်းပုလဲဘူတာကို ရောက်တယ်။

ဘူတာကို ရထားဆိုက်တာနဲ့ ကြည်ကြည် ပြေးဆင်း သွားတယ်၊
ဦးစိန်မောင်တို့ လင်မယားလည်း ကြည်ကြည့်နောက် က လိုက်ရတယ်၊
ကြည်ကြည်ဟာ ဘူတာကိုဖြတ်ပြီး မီးရထားဝန်ထမ်း တွေနေတဲ့ နေအိမ်လိုင်းတန်းလျားတွေ ရှိရာဆီကို ခပ်သွက်သွက်သွားတယ်၊

အိမ်တစ်အိမ်ရှေ့ကိုရောက်တော့ ရပ်ပြီး အကြာကြီး စိုက်ကြည့်နေတယ်။
စိုက်ကြည့်နေရင်း ကြည်ကြည့်မျက်လုံးအိမ်ထဲက မျက်ရည် တွေ တလိမ့်လိမ့်၊ လိမ့်ဆင်းကျလာတယ်။

တဟင့်ဟင့် ငိုရှိုက်သံလည်း ထွက်လာတယ်။ ခနတော့ ငိုသံကြီးနဲ့ပဲ အိမ်ထဲကိုလှမ်းခေါ်တယ်၊

““ကိုညွန့်…. ကိုညွန့်… ကိုညွန့်…..” ငိုသံနဲ့ ထပ်တလဲလဲခေါ်နေတဲ့ ကြည်ကြည်ရဲ့အသံစူး ရူးလေးက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းနေတယ်။ ဦးစိန်မောင်တို့လင်မယားကတော့ ဘာမှဝင်မပြောဘဲကြည်ကြည့် အပြုအမူတွေကိုပဲ စောင့်ကြည့်နေကြတယ်။ ခဏကြာတော့ အသက်ငါးဆယ်ကျော်အရွယ် မိန်းမ ကြီးတစ်ယောက် ရောက်လာတယ်။

“ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ…”လို့ မေးတယ်။

ကြည်ကြည်ဟာ လာမေးတဲ့မိန်းမကြီးကို တွေ ဟာနဲ့ကြည့် နေရာကနေ ချက်ချင်း မျက်နှာလေးဝင်းပသွားတယ်။ ဝမ်းသာအားရနဲ့ ခေါ်လိုက်တယ်။ “မနီ… …. ဟဲ့… မိနီ…… ငါးနှစ်အရွယ်လေးက သူငယ်ချင်း အရင်းလို ခင်ပင်ပင် ပင် ခေါ်နေတာကြောင့် မိန်းမကြီးအံ့ဩသွားတယ်….။ ကြည်ကြည့်ကိုရော၊ ဦးစိန်မောင်တို့ လင်မယားကိုရောနားမလည်နိုင်တဲ့အကြည့်နဲ့ ကြည့်နေတယ်။

“ငါ သိန်းတင် လေ….” ““ငါ… သိန်းတင်မပါ..” မိန်းမကြီး လန့်သွားတယ်၊ မျက်လုံးတွေလည်း ပြူး ကျယ်သွားတယ်။

မယုံနိုင်ခြင်းတွေနဲ့လည်း တအံ့တဩ ဖြစ်နေတယ်… တကယ် သိန်းတင်မ လား… မိန်းမကြီးရဲ့ နှုတ်က စကားတွေ ထစ်ထစ်ငေါ့ငေါ့ ထွက် လာတယ်။

“ဟုတ်တယ်လေ၊ ငါ သိန်းတင်မ လေ..”

ကြည်ကြည်ဟာ ဝမ်းသာအားရနဲ့ မိန်းမကြီးရဲ့လက်ကို ဆွဲကိုင်၊ လှုပ်ရမ်းပြီး ပြောနေတယ်။ လူဝင်စားမလေး ကြည်ကြည်ရဲ့ ထူးခြားဆန်းကြယ်
မိန်းမကြီးရဲ့ နာမည်ဟာ အမှန်တကယ်ပဲ “ဒေါ်နီ” ဖြစ် ကြည်ကြည်ဟာ အတိတ်ဘဝက ခင်ခဲ့တဲ့ဒေါ်နီကို ဘယ် လိုလုပ်ပြီး မှတ်မိနိုင်တာလဲ….။

ဒါကတော့ သဘာဝတရားရဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်ပါ လိမ့်မယ်။ဘယ်သူမှ ပြောနိုင်မှာမဟုတ်ပါဘူး၊ဦးစိန်မောင်က ဒေါ်နီကို လူဝင်စားမလေး ကြည်ကြည့် အကြောင်း ရှင်းပြတယ်။ညာဘက်လက်ဖျံမှာ ကြက်ပျံနေတဲ့ပုံသဏ္ဍာန် အမှတ် မည်းပါတာ ပြောပြတယ်။

“ဦးညွန့်တင်က သူ့မိန်းမကို သိပ်ချစ်တာလေ၊ ဒါ့ကြောင့် လူဝင်စားရင် သိအောင်ဆိုပြီး ညာဘက်လက် ဖျံမှာ ကြက်ပျံနေတဲ့ပုံသဏ္ဍာန် အမှတ်အသား ရေးဆွဲပေးလိုက် အဲဒီအမှတ်က တကယ်ပါလာတာကိုး…”

ဒေါ်နီဟာ ကြည်ကြည့်လက်ဖျံက အမှတ်ကိုကြည့်ရင်း အံ့ဩမဆုံး ဖြစ်နေတယ်…….။ ဒေါ်နီပြောပြလို့….၊အငယ်မလေးရဲ့ခြေထောက်က ရေနွေးပူလောင်တဲ့ ဒဏ်ရာတွေ ပျောက်ကင်းသွားတဲ့အကြောင်းနဲ့..
ခြေထောက်မှာ အမာရွတ်တွေကျန်နေတဲ့အကြောင်း သိရတယ်။

“မသိန်းတင်ဆုံးပြီးတော့ ကိုညွန့်တင် စိတ်လေသွား တယ်…….။
အရက်တွေသောက်တယ်၊ နောက်တော့ အလုပ်ကထွက်သွားတယ်၊ သမီးလေးနှစ်ယောက်ခေါ်ပြီး သူ့မိဘဆွေမျိုးတွေရှိရာ အညာကိုပြန်သွားတယ်…

အဲဒီအချိန်ကစပြီး ကိုညွန့်တင်အကြောင်းကို သတင်းမှ မကြားရတော့ဘူး..” ဘာသတင်းမှ မကြားရဘူးဆိုတဲ့ ဒေါ်နဲ့စကားကြားတော့ ကြည်ကြည် ငိုင်ကျသွားတယ်။ “ရက်စက်လိုက်တာနော်…..။

ကျွန်မပြန်လာတာကိုတောင် မစောင့်တော့ဘူး…..” လို့ ပြောတယ်၊ ပြောရင်းငိုတယ်.….။

ဒေါ်နီက ဦးစိန်မောင်တို့မိသားစုကို သူ့အိမ်ခေါ်သွားတယ်။ သူနဲ့အတူ တွဲပြီးရိုက်ထားတဲ့ ဒေါ်သိန်းတင်ရဲ့ပုံကို ပြတယ်။

ဟိုဘက်ဘဝက ဒေါ်သိန်းတင်ရဲ့ပုံဟာ ယခုဘဝမှာ လူ ဝင်စားဖြစ်လာတဲ့ ကြည်ကြည်နဲ့ တော်တော်ကြီးတူနေတာကို တွေ့ ကြရတယ်…..။

ဒ​ေါ်နီသတင်းပေးလိုက်လို့ ဟိုဘက်ဘဝက ဒေါ်သိန်းတင် နဲ့ ခင်မင်ခဲ့ကြသူတွေ ကြည်ကြည့်ကို လာကြည့်ကြတယ်။

ဒေါ်သိန်းတင်နဲ့ တစ်ရုပ်တည်းဖြစ်နေတဲ့ ကြည်ကြည့်ကို တွေ့တော့ အံ့ဩကြတယ်။အထူးသဖြင့် သူတို့အားလုံးလိုလိုက ကိုညွန့်တင်က ကြက်ပျံနေတဲ့ပုံသဏ္ဍာန် အမှတ်လေး ရေးဆွဲပေးလိုက်တာကို သိကြတယ်။

ဒါ့ကြောင့် ကြည်ကြည့်လက်ဖျံက အမှတ်ကိုကြည့်ပြီး လည်း တအံ့တဩဖြစ်ကြရတယ်။ကြည်ကြည်ကလည်း အားလုံးကို မဟုတ်ပေမဲ့ တစ်
ယောက်စ နှစ်ယောက်စကို အမည်နှင့်တကွ မှတ်မိနေတယ်။ ဦးစိန်မောင်တို့မိသားစုဟာ ဒေါ်အိမ်မှာ တစ်နေကုန် တည်းခို၊ စကားတွေပြောပြီး ညရထားနဲ့ ကျိုက်ထိုကိုပြန်လာ ခဲ့ကြတယ်။ကြည်ကြည်ဟာ သူလာတဲ့အထိမစောင့်ဘဲ အလုပ်က ထွက်၊ နှင်းပုလဲကလည်းထွက်သွားတဲ့ ကိုညွန့်တင်ကို စိတ်နာ သွားတာလား…..၊ .

ဒါမှမဟုတ်…..။အတိတ်ဘဝဟောင်းက အဖြစ်အပျက်တွေကို ​ြပန်ပြီး ပဲ မေ့ပျောက်သွားတာလား မသိဘူး၊နှင်းပုလဲကနေ ပြန်လာတဲ့အချိန်ကစပြီး သူ့အတိတ်ဘ ဝအကြောင်းတွေ၊ကိုညွန့်တင်နဲ့ သမီးနှစ်ယောက်အကြောင်းတွေကို လုံးဝ မှမပြောတာ ယနေ့ထိတိုင်ပါပဲတဲ့.…..။

ခုချိန်မှာတော့ လူဝင်စားမလေးကြည်ကြည်ဟာ အဘွား ဒေါ်ကြည်ကြည်ဘဝကို ရောက်ရှိနေပြီး….၊ ရန်ကုန်မြို့၊ ကံဘဲ့မှာ နေထိုင်လျက်ရှိပါတယ်။

#မောင်မှိုင်းညို့(ချောင်းဦး)