အရင်းခံသစ္စာတရား(စ/ဆုံး)

Unicode Version

အရင်းခံသစ္စာတရား(စ/ဆုံး)
———————————
“ဖိုးတုတ် ရေ ဖိုးတုတ်”
သခင်ဖြစ်သူ မသူသူ ၏ အော်ခေါ်သံကြောင့်
အမြှီးလေးနှံ့ကာပြေးလာသည့်
ဖိုးတုတ် အားချစ်စဖွယ်မြင်ရလေသည်။
ဖိုးတုတ်က လိမ္မာသလောက် ချစ်စရာလည်း
ကောင်းလွန်းလှသည်။
သခင့်အပေါ်ကိုလည်းအလွန်မှ သစ္စာရှိတတ်သူလည်းဖြစ်ပြန်သည်။
“ဖိုးတုတ် နင်ဘယ်တွေသွားနေတာလည်း
လာ နင့်ကို ထမင်းကျွေးဖို့ အချိန်ရောက်ပြီ
ဖိုးတုတ် လာလာ ”
မသူသူချပေးသည့် ထမင်းပန်းကန်အား
အမြှီးလေးရမ်းကာ အားပါးတရစားနေသည့်
ဖိုးတုတ်အား မသူသူ ပြုံးကာကြည့်နေမိသည်။
မသူသူကတစ်ယောက်တည်းသမား
အပျိုကြီးဖြစ်ပြီး နေ့ပြန်တိုးပေးသူလည်း
ဖြစ်သည်။
ရပ်ကွက်ထဲ၌နေသော လူများက မသူသူထံမှငွေတိုးချေးကြသည့်အတွက်
မသူသူနှင့်ကင်းနိုင်သည့်လူသိပ်မရှိကြပေ။
ငွေတိုးချေးရသည်မှာလွယ်ကူလှသည်
မဟုတ်ပေ။
တစ်အိမ်ဝင်တစ်အိမ်ထွက် အာပေါက်အောင်
လိုက်တောင်းရသည်။
တချို့ ကအလိုက်သိစွာပေးတတ်ကြသလို
တချို့ ကမပြေလည်သေး၍ မပေးနိုင်သေးကြောင်း
မျက်နှာငယ်လေးများဖြင့်ပြောကြပြန်သည်။
တချို့ကြပြန်တော့လည်း မပေးရသေးသည့်
ရက်များအား ပေးပြီးသားဟုဆိုကာ
ငြင်းကြခုန်ကြဖြင့် ရန်ပွဲဖြစ်ရသေးသည်။
တစ်ခါတခါ မသူသူ ဒီငွေတိုးပေးသည့်
အလုပ်ကိုစိတ်ကုန်မိပြန်သည်။
ယခုညနေစောင်းလည်း နေ့ပြန်တိုးတောင်းရန်
အိမ်မှထွက်ခါနီး
“ဖိုးတုတ် အိမ်ကိုသေချာစောင့်ကြည့်နေနော်
အပြင်တွေလျှောက်ထွက်မနေနဲ့ ကြားလား”
မသူသူပြောသည့်စကားအား နားလည်သော
ဟန်ဖြင့် အမြှီးလေးနှံ့ကာဖြင့် မသူသူအား
ကြည့်နေလေသည်။
ဖိုးတုတ်က အိမ်အတွက်တော့စိတ်ချရသည့်
သူဆိုလျှင်မမှားပေ။
မသူသူလည်း ဖိုးတုတ်အား မှာပြီးနေ့ပြန်တိုး
တောင်းရန်ထွက်လာခဲ့သည်။
“အင်း ဒီနေ့ မတင်မြ ဆီကိုဝင်တောင်းရအုံးမယ်
ဒီမိန်းမကြီး ရက်ပျက်တွေတော်တော်များနေပြီ”
အိမ်နီးချင်းဖြစ်သူ မတင်မြ အိမ်အား
မသူသူအရင်ဆုံးဝင်လိုက်လေသည်။
“မတင်မြ မတင်မြ ”
“သြော် သူသူပါလား လာထိုင်ဦးလေ”
“မထိုင်တော့ဘူး မတင်မြ ရှင်ရက်ပျက်တာတွေများနေပြီ ဒီနေ့တော့
ပေးလိုက်ဦး ”
“အယ် ဟို ”
“တအယ်အယ် တဟိုဟိုနဲ့ ဘာဖြစ်နေတာလဲ”
“ဟို ဟိုလေ ဒီနေ့ ငါ့ယောက်ျားအလုပ်မဆင်းနိုင်လို့မနက်ဖြန်မှ
လာခဲ့ပါလား သူသူရယ်”
“ဟာ…ဘယ်ဖြစ်မလည်း ရှင်တို့ဟာက
ရက်ပျက်တွေက တအားများနေပြီ
မရဘူး ရှိသလောက်တော့ပေးလိုက်”
ထိုအချိန် အိမ်ထဲတွင်ထိုင်နေသော
မတင်မြ ၏ယောက်ျား ကိုသိန်းတန်က
ထိုင်ရာမှထလာပြီး။
“ပေးစရာမရှိလို့ မပေးတာကို
နင်ကဘာဖြစ်လို့အတင်းတောင်းနေတာလည်း
ပိုက်ဆံမရှိလို့ မပေးတာလေ ရှိရင် နင့်ကို
ပေးလိုက်မှာပေါ့ဟ”
“ရှင် စကားကို လွယ်လွယ်မပြောနဲ့
ကိုသိန်းတန် ရှင့်မိန်းမ ရက်ပျက်တွေအရမ်းများနေလို့ ကျုပ်က
ပြောနေတာ ဒီပိုက်ဆံတွေကို
ကျုပ်ကအလကားရထားတာလည်းမဟုတ်ဘူး”
“အေး ငါတို့ကလည်း မပေးနိုင်သေးလို့
မပေးနိုင်ဘူး ပြောတာပေါ့ဟ
နင်အဲ့လောက်သလောက်လိုချင်ရင်
ငါ့ပုဆိုးချွတ်ပြီးယူသွားလေ”
ကိုသိန်းတန် ကပုဆိုးအားပေါင်ထိမကာ
ပြောလိုက်သောကြောင့် အပျိုကြီးမသူသူ
ရှက်သွားရလေသည်။
“ရှင် တော်တော်ရိုင်းစိုင်းတဲ့လူပါလား
ကိုသိန်းတန် ရှင့်ကိုမကျေနပ်ဘူး
ကျုပ် ရှင့်ကို ရပ်ကွက်လူကြီးနဲ့တိုင်မယ်”
“တိုင်လေ တိုင်လိုက်စမ်းပါ နင်က
ငါ့ယောက်ျားကိုများ ရပ်ကွက်လူကြီးနဲ့
တိုင်မယ်လေးဘာလေးနဲ့
ကြောက်မယ်များထင်နေသလား
သွားစမ်းပါ နင်ရှေ့ကသွားရင်
ငါတို့နောက်ကလိုက်မယ်ဟေ့”
မတင်မြကလည်း ထဘီအား မကာမကာ
ဖြင့်အော်ကြီးဟစ်ကျယ် ပြောလိုက်လေသည်။
မသူသူလည်း ရှက်ကရှက် ဒေါသလည်းဖြစ်ကာ
ရပ်ကွက်လူကြီးဆီသို့ ရောက်လာခဲ့လေသည်။
“ဟာ…မိသူသူပါလား မျက်နှာလည်း
မကောင်းဘူးဘာဖြစ်လာတာလဲ”
“ဘာဖြစ်ရမလည်း ဥက္ကဌရယ် မတင်မြ
ယောက်ျားကိုသိန်းတန်ပေါ့
ကျွန်မရစရာရှိလို့ ပိုက်ဆံဝင်တောင်းတာကို
လင်မယားနှစ်ယောက်စလုံး
ကျွန်မကိုရန်ထောင်ကြတယ်လေ
ပြီးတော့ ကိုသိန်းတန်က ပြောတယ်
နင်အဲ့သလောက် လိုချင်ရင် ငါ့ပုဆိုးချွတ်ယူသွားပါလားလို့ ပြောပြီး
ပုဆိုးကိုပေါင်အခြေထိ မပြတယ် ဥက္ကဌကြီးရှင်
ကျွန်မရှက်လွန်းလို့ သေသာသေလိုက်ချင်တယ်
ဥက္ကဌလည်း သိပါတယ် ကျွန်မ နေ့ပြန်တိုးပေးစားလာတာ ကြာပါပြီ
တစ်ခါမှ ရုံးရောက်တဲ့အထိ မဖြစ်ဖူးပါဘူး
အခု ကိုသိန်းတို့ လင်မယား တော်တော့်ကို
လွန်လို့ လာတိုင်ရတာပါရှင်”
“အင်း…သိပ်လည်းခေါင်းထဲထားမနေပါနဲ့
ငါ အခုပဲ သိန်းတန်ကို လူလွှတ်ပြီး ခေါ်ခိုင်းလိုက်ပါ့မယ်
ဟေ့ မောင်ကျော်ရင် ”
“ဗျာ ဥက္ကဌ”
“မင်း ကိုသိန်းတန်တို့ အိမ်ကိုသွား
ဥက္ကဌက အခုချက်ချင်းလာခဲ့ပါလို့
လင်မယားနှစ်ယောက်စလုံးကိုခေါ်ခဲ့
ကြားလား”
“ဟုတ် ဟုတ်ကဲ့”
မောင်ကျော်ရင်ထွက်သွားပြီးသိပ်မကြာပါ
ကိုသိန်းတန်တို့လင်မယား ရောက်လာကြသည်။
မသူသူအားလင်မယားနှစ်ယောက်
သတ်တော့မည့်မျက်လုံးများဖြင့်
စိုက်ကြည့်နေကြလေသည်။
“ကိုသိန်းတန် ခင်ဗျား မသူသူကို အရှက်ရစေအောင် ပြောဆိုလိုက်တယ်လို့
မိသူသူက ကျုပ်ကိုပြောပါတယ်”
“ဒီမယ် ဥက္ကဌ ဒီကောင်မက ကျုပ်ယောက်ျားကို
စပြီးရန်ထောင်တယ်လေ ”
“မတင်မြ ရှင့်လင်ဘက်ကပဲ တဖက်သက်
ပြောမနေပါနဲ့ ”
“ကဲ ကဲ တော်ပြီ ဒါရပ်ကွက်ရုံးနော်
အော်ကြီးဟစ်ကျယ်လာမလုပ်ကြနဲ့
ကိုသိန်းတန် အခုကိစ္စမှာ ခင်ဗျားဘက်က
မှားတယ်လို့ကျုပ်ထင်တယ် ဘယ့်နှယ့်
သူရစရာရှိတဲ့ငွေကို သူတောင်းတာကို
ခင်ဗျားကဘာကြောင့် ပုဆိုးချွတ်ပြီး
ယူသွားပါလို့ ပြောရတာလည်း
ဒါ တဖက်မိန်းကလေးကို အရှက်ရစေတယ်ဆိုတာခင်ဗျား မသိဘူးလား”
“သိ သိပါတယ် ဥက္ကဌကြီး”
“အိမ်း…ကျုပ်ကလည်း တစ်ရပ်ကွက်တည်းသားချင်းတွေမလို့
ရုံးရောက်ဂတ်ရောက် မဖြစ်စေချင်ဘူး
ဒါကြောင့် နောက်တစ်ခါအခုလိုမဖြစ်ဖို့ ခံဝန်လက်မှတ်ထိုးပေးပါ ကိုသိန်းတန်”
ဥက္ကဌက လက်မှတ်ထိုးခိုင်းသဖြင့်
ကိုသိန်းတန် တစ်ယောက် မသူသူအား
မျက်ထောင့်နီကြီးဖြင့်တစ်ချက်ကြည့်လိုက်ပြီး
လက်မှတ်ထိုးလိုက်လေသည်။
“ကဲ နောက်နောင် ဒါမျိုးထပ်မဖြစ်ပါစေနဲ့ဗျာ
မတင်မြကလည်း ပေးစရာရှိတာကို
ပေးပြီးပြေပြေလည်လည်ဆက်ဆံပါ
မိသူသူကလည်း ဒီကိစ္စကိုဒီမှာတင်ပဲ
အဆုံးသတ်လိုက်ပါ ”
“ဟုတ်ကဲ့ ဥက္ကဌကြီး ”
မသူသူက ခေါင်းညိတ်ကာပြောလိုက်လေသည်။
“ကဲ အားလုံးပြန်လို့ရပါပြီ ”
ကိုသိန်းတန်နှင့်မတင်မြက မသူသူအား
မျက်စောင်းထိုး၍ကြည့်လိုက်ပြီး
အရင်ဆုံးထွက်သွားကြလေသည်။
================
“တောက် ဒီကိစ္စလုံးဝမကျေနပ်ဘူးကွာ
ဒီကောင်မက ငွေရှိတယ်ဆိုပြီး
ငါတို့ကိုလုပ်သွားတာ ဒင်းကိုမကျေနပ်ဘူး”
“ဟုတ်တယ် ကျုပ်လည်း ဒီကောင်မကို
မကျေဘူး ဒင်းမျက်နှာကို ဘယ်ပြန်ညာပြန်
ချလိုက်ချင်တယ် ကောင်မက
လူပါးဝလို့ သူ့ငွေလေးမဖြစ်စလောက်နဲ့
ငါတို့ကိုများ လုပ်သွားသေးတာ”
“ကြည့်နေပါ ဒီကောင်မကို ငါဘာလုပ်ပြမလဲဆိုတာ
သိန်းတန်ကို လာမယှဉ်နဲ့ ဘာထင်နေလဲ”
ကိုသိန်းတန်နှင့်မတင်မြတို့ အိမ်ရောက်ရောက်ချင်းပေါက်ကွဲဒေါသများဖြင့်
ပြောဆိုနေကြလေသည်။
မသူသူလည်း ရပ်ကွက်ရုံးက ပြန်လာပြီး
မတင်မြတို့ အိမ်ရှေ့မှဖြတ်အပြန် သူတို့လင်မယား
ပြောသမျှစကားများအားလုံးအတိုင်းသား ကြားနေရလေသည်။
မသူသူလည်း မကြားချင်ယောင်ဆောင်ကာ
ကိုယ့်အိမ်ကိုယ် ပြန်လာခဲ့လေသည်။
နောပ်ထပ်မည်သူ့အိမ်ကိုမှလည်း
နေ့ပြန်တိုးတောင်းချင်စိတ်မရှိတော့သည့်
အတွက်ကြောင့် အိမ်မှာပင်အနားယူ
နေလိုက်သည်။
ညရောက်တော့ ဖိုးတုတ်အား အစာကျွေးပြီး
TV ကြည့်နေလိုက်သည်။
TVကြည့်ရင်းမျက်လုံးများလေးလံလာသဖြင့်TVပိတ်ကာ
အိပ်ရာထဲဝင်လာခဲ့လေသည်။
ဖိုးတုတ်လေးကတော့ သူ့သခင်မအိပ်သည့်
ကုတင်အောက်တွင် အိပ်နေလေသည်။
==============
“ဘုတ် ရှပ် ရှပ်”
“အီ ”
ဖိုးတုတ် အိမ်ထဲသို့ ဝင်လာသည့်ခြေသံကြောင့် ခေါင်းထောင်ကြည့်လိုက်လေသည်။
“ရှပ် ရှပ်”
ခြေသံကတဖြည်းဖြည်းနှင့်အိမ်ထဲသို့
ရောက်လာလေသည်။
အမှောင်ထဲမှ ထိုလူစိမ်းက ဟိုကြည့်သည်ကြည့်ဖြင့်
မသူသူအိပ်နေသော ကုတင်အနားသို့
ရောက်လာလေသည်။
ထိုလူစိမ်းက လိုက်ကာအား ဆွဲဖွင့်လိုက်သည်။
ထို့နောက် ခါးကြားမှ ဓါးမြှောင်တစ်ချောင်းအား
ထုတ်လိုက်ပြီး မသူသူ အားထိုးရန် ချိန်ရွယ်နေခိုက်
“ဂီး ဂီး ”
“ဝုတ်”
“အား…”
ဖိုးတုတ်က သူ့သခင်မအားရန်ရှာမည့်
လူမှန်းသိသွားသဖြင့် ကုတင်အောက်က
ထွက်လာပြီး ထိုလူစိမ်း၏ခြေထောက်အား
ကိုက်လေတော့သည်။
ထိုအခါမှ မသူသူလည်း လန့်နို့လာကာ
“ဟင်…ရှင်ဘယ်သူလည်း လာကြပါဦးရှင်
လာကြပါဦး သူခိုးကပ်နေလို့
လာကွပါဦး”
မသူသူ၏အော်သံကြောင့် ထိုလူစိမ်းလည်း
ပျာယာခက်သွားကာ မသူသူအားနောက်တစ်ကြိမ်
ဓါးဖြင့်လှမ်းထိုးလေသည်။
“အား”
မသူသူလည်း မမြင်မကန်းဖြင့် ရှောင်တိမ်း၍
ကာကွယ်လိုက်ရာ ဓါးက လက်မောင်းအား
ရှက်ထိသွားလေသည်။
မသူသူ၏အော်သံကြောင့် ဖိုးတုတ် မာန်ဖီကာ
“ဂီး ဂီး အီး ဝုတ် ဝုတ်”
“အား …အား ကျွတ်ကျွတ်”
“ဒီသောက်ခွေး ကဲကွာ ကဲ”
“ကိန် ဂိန် ဂိန် ”
ထိုလူစိမ်းကသူ့ခြေထောက်အားကိုက်သည့်
အတွက်ကြောင့်ဖိုးတုတ်အား လက်ထဲမှဓါးဖြင့်အချက်ပေါင်းများစွာထိုးလိုက်လေသည်။
ဖိုးတုတ်၏ နာနာကျည်းကျည်းအော်ဟစ်သံသည်ည
အမှောင်ယံသို့ထိုးခွင်းသွားတော့သည်။
“ကိုသိန်းတန် ရှင် တော်တော်ယုတ်မာတဲ့လူပဲ”
မသူသူ ထိုလူစိမျး၏ အသံအားပီပီသသကွား
လိုက်ရသည့်အတွက်ကြောင့် ကိုသိန်းတန်မှန်းသိသွားလေသည်။
မသူသူလည်း ကုတင်ပေါ်မှပြေးဆင်းလိုက်ပြီး
မီးများဖွင့်လိုက်လေသည်။
ထိုအချိန် အိမ်အပြင်မှအိမ်နီးချင်းများက
အိမ်အပြင်သို့ရောက်နေသည်ကိုမသူသူ
သိလိုက်လေသည်။
“သူသူ ဘာဖြစ်တာလဲ တံခါးလာဖွင့်ပါဦး”
“မသူသူ မသူသူ ”
မသူသူလည်း ပတ်ဝန်းကျင်မှလူများ
ရောက်လာသည့်အတွက်ကြောင့်
အားတက်သွားကာ အိမ်အပြင်သို့ ပြေးထွက်လာပြီးခြံတံခါးအား ဖွင့်လိုက်လေသည်။
“မသူသူ ဘာဖြစ်တာလဲ မသူသူအော်သံရော
ဖိုးတုတ်အော်သံပါကြားလိုက်လို့ ”
“ကျွန်မကို ကိုသိန်းတန် ညနေက
ကိစ္စကို မကျေမနပ်ဖြစ်ပြီး ကျွန်မအိပ်နေတုန်း
လာသတ်တာပါရှင်
ဖိုးတုတ်ကကာကွယ်ပေးလို့
ကျွန်မဘာမှမဖြစ်တာ ကူညီပါဦးရှင်”
“အခု အဲ့ကောင်အိမ်ထဲမှာပဲလား”
“ဟုတ် ဟုတ်ပါတယ်ရှင်”
မသူသူကြောက်လွန်း၍လူရောအသံများပါ
တုန်ခိုက်နေလေသည်။
အိမ်နီးချင်းအမျိုးသားများက တုတ်ကိုယ်စီဖြင့်
အိမ်ထဲဝင်သွားလေသည်။
အိမ်ထဲရောက်တော့ မီးရောင်အောက်တွင်
သွေးအလိမ်းလိမ်းဖြင့် လမ်းမလျှောက်နိုင်တော့သည့် ကိုသိန်းတန်အား
တွေ့လိုက်ကြရသည်။
ကိုသိန်းတန်၏ခပ်လှမ်းလှမ်းတွင်တော့
မျက်လုံးလေး ပုတ်ခပ်ပုတ်ခပ်ဖြင့်
နာကျင်မှုကိုခံစားနေရသော ဖိုးတုတ်အား
မြင်ရလေသည်။
“သိန်းတန် မင်းတော်တော့်ကို ယုတ်မာတဲ့
ကောင်ပါလားကွာ”
“ငါ့ ငါ့ကိုချမ်းသာပေးပါကွာ ငါ့ကို
ဘာမှမလုပ်ကြပါနဲ့ ငါတောင်းပန်ပါတယ်”
“ဟေ့ကောင် တောင်းပန်လိုက်လို့
ပြီးသွားရောလား မင်းလိုကောင်ကို
ရဲလက်အပ်ရမယ် မင်းလိုကောင်မျိုးရှိတာ
ရပ်ကွက်နာတယ်ကွ ငါလုပ်လိုက်ရ
သေတော့မယ် မင်း”
“ကြာတယ်ကွာ ဒီကောင့်ကို ရဲစခန်း
ခေါ်သွားကြတာပေါ့ ”
“လာ ဟေ့ကောင် ထစမ်း အခုမှ
လာပြီးသနားကမားလာလုပ်ပြမနေနဲ့”
ထော့နဲ့ထော့နဲ့ ခြေထောက်ဖြင့်
ရပ်ကွက်ထဲမှလူတစ်စု၏ခေါ်ဆောင်ရာ
နောက်သို့ ကိုသိန်းတန်ပါသွားလေသည်။
မသူသူလည်းမြေပေါ်သွေးများအလိမ်းလိမ်းထွက်ကာနာကျင်နေသော ဖိုးတုတ်လေးအနား
ပြေးလာခဲ့ပြီး
“ဖိုးတုတ်ရယ် ဖြစ်မှဖြစ်ရလေကွယ် အီး ဟီး ဟီး
ငါ့သားလေးကယ်ပေလို့သာပေါ့
ငါ့မှာ မင်ပေးတဲ့အသက်ပဲရှိပါတယ်ဖိုးတုတ်ရယ်”
ဖိုးတုတ်ကအသက်ပြင်းသည်ဟုပြောရပေမည်
သူ့သခင်မပြောသည့်စကားများကို
နားလည်သည့်အလား မျက်လုံးလေးကို
ဖွင့်လိုက်ပိတ်လိုက်ဖြင့် တစ်ချက်ချင်းလေးလံစွာ
အားယူ၍ကြည့်နေရလေသည်။
ဖိုးတုတ်၏မျက်လုံးအိမ်မှလည်း
မျက်ရည်များကစီးကျနေလေသည်။
“အူ အူ အွန့် ”
ဖိုးတုတ်အသံလေး ထွက်ကာ နောက်ဆုံး
ငြိမ်ကျသွားတော့သည်။
“အဖြစ်ဆိုးလိုက်တာ ဖိုးတုတ်လေးရယ်
မင်းငါ့ကို မင်းအသတ်နဲ့ရင်းပြီးသစ္စာရှိခဲ့ပါတယ်
ဖိုးတုတ်ရယ် အီး ဟီး ဟီး”
မသူသူလည်း ဖိုးတုတ်လေးအား ကြည့်ကာ
တစ်ညလုံးထိုင်ငိုနေမိတော့သည်။
လူသတ်သမားကိုသိန်းတန်ကိုလည်း
ရဲများက ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြလေသည်။
လူသတ်မှုဖြင့် ထောင်ဒဏ်အကျခံရန်သာ
ကိုသိန်းတန် အဖို့ရှိပေတော့သည်။
မသူသူလည်း သခင့်အားကာကွယ်ရင်း
သေဆုံးသွားသည့် ဖိုးတုတ်လေးအား
ကောင်းမွန်စွာဖြင့်မြေမြှပ်ပေးခဲ့လေသည်။
“အင်း…ဖိုးတုတ်က ငါ့ကို သူ့အသတ်နဲ့ရင်းပြီး
ကာကွယ်ပေးခဲ့တယ် သေတဲ့အထိခွေးတွေဟာ
လူတွေအပေါ်မှာသစ္စာရှိကြတယ်ဆိုတာ
ဖိုးတုတ်က ငါ့ကိုသက်သေအဖြစ် ပြသွားပါလား
ဖိုးတုတ်ရေ ကောင်းရာဘဝကို
ရောက်ပါစေလို့ ဆုတောင်းပါတယ်”
မသူသူတစ်ယောက်ဖိုးတုတ်အတွက်
ဆုတောင်းရင်းကျလာသည့်မျက်ရည်များကို
သုတ်လိုက်လေတော့သည်။
ခွေးတစ်ကောင်ဟာတိရစ္ဆာန်ဆိုပေမယ့် ဦးနှောက်ရှိတဲ့ လူတွေထက်သစ္စာရှိကြတယ်ဆိုတာ စာဖတ်သူတို့
ကြားဖူးတွေ့ဖူးကြမှာပါ။
စာဖတ်သူများရွှင်လန်းကြပါစေ
လိုအပ်ချက်များစွာဖြင့်
#အောင်ဓူဝံ

Zawgyi Version

အရင္းခံသစၥာတရား(စ/ဆံုး)
———————————
“ဖိုးတုတ္ ေရ ဖိုးတုတ္”
သခင္ျဖစ္သူ မသူသူ ၏ ေအာ္ေခၚသံေၾကာင့္
အျမႇီးေလးႏွံ႔ကာေျပးလာသည့္
ဖိုးတုတ္ အားခ်စ္စဖြယ္ျမင္ရေလသည္။
ဖိုးတုတ္က လိမၼာသေလာက္ ခ်စ္စရာလည္း
ေကာင္းလြန္းလွသည္။
သခင့္အေပၚကိုလည္းအလြန္မွ သစၥာရွိတတ္သူလည္းျဖစ္ျပန္သည္။
“ဖိုးတုတ္ နင္ဘယ္ေတြသြားေနတာလည္း
လာ နင့္ကို ထမင္းေကြၽးဖို႔ အခ်ိန္ေရာက္ၿပီ
ဖိုးတုတ္ လာလာ ”
မသူသူခ်ေပးသည့္ ထမင္းပန္းကန္အား
အျမႇီးေလးရမ္းကာ အားပါးတရစားေနသည့္
ဖိုးတုတ္အား မသူသူ ၿပဳံးကာၾကည့္ေနမိသည္။
မသူသူကတစ္ေယာက္တည္းသမား
အပ်ိဳႀကီးျဖစ္ၿပီး ေန႔ျပန္တိုးေပးသူလည္း
ျဖစ္သည္။
ရပ္ကြက္ထဲ၌ေနေသာ လူမ်ားက မသူသူထံမွေငြတိုးေခ်းၾကသည့္အတြက္
မသူသူႏွင့္ကင္းႏိုင္သည့္လူသိပ္မရွိၾကေပ။
ေငြတိုးေခ်းရသည္မွာလြယ္ကူလွသည္
မဟုတ္ေပ။
တစ္အိမ္ဝင္တစ္အိမ္ထြက္ အာေပါက္ေအာင္
လိုက္ေတာင္းရသည္။
တခ်ိဳ႕ ကအလိုက္သိစြာေပးတတ္ၾကသလို
တခ်ိဳ႕ ကမေျပလည္ေသး၍ မေပးႏိုင္ေသးေၾကာင္း
မ်က္ႏွာငယ္ေလးမ်ားျဖင့္ေျပာၾကျပန္သည္။
တခ်ိဳ႕ၾကျပန္ေတာ့လည္း မေပးရေသးသည့္
ရက္မ်ားအား ေပးၿပီးသားဟုဆိုကာ
ျငင္းၾကခုန္ၾကျဖင့္ ရန္ပြဲျဖစ္ရေသးသည္။
တစ္ခါတခါ မသူသူ ဒီေငြတိုးေပးသည့္
အလုပ္ကိုစိတ္ကုန္မိျပန္သည္။
ယခုညေနေစာင္းလည္း ေန႔ျပန္တိုးေတာင္းရန္
အိမ္မွထြက္ခါနီး
“ဖိုးတုတ္ အိမ္ကိုေသခ်ာေစာင့္ၾကည့္ေနေနာ္
အျပင္ေတြေလွ်ာက္ထြက္မေနနဲ႔ ၾကားလား”
မသူသူေျပာသည့္စကားအား နားလည္ေသာ
ဟန္ျဖင့္ အျမႇီးေလးႏွံ႔ကာျဖင့္ မသူသူအား
ၾကည့္ေနေလသည္။
ဖိုးတုတ္က အိမ္အတြက္ေတာ့စိတ္ခ်ရသည့္
သူဆိုလွ်င္မမွားေပ။
မသူသူလည္း ဖိုးတုတ္အား မွာၿပီးေန႔ျပန္တိုး
ေတာင္းရန္ထြက္လာခဲ့သည္။
“အင္း ဒီေန႔ မတင္ျမ ဆီကိုဝင္ေတာင္းရအုံးမယ္
ဒီမိန္းမႀကီး ရက္ပ်က္ေတြေတာ္ေတာ္မ်ားေနၿပီ”
အိမ္နီးခ်င္းျဖစ္သူ မတင္ျမ အိမ္အား
မသူသူအရင္ဆုံးဝင္လိုက္ေလသည္။
“မတင္ျမ မတင္ျမ ”
“ေၾသာ္ သူသူပါလား လာထိုင္ဦးေလ”
“မထိုင္ေတာ့ဘူး မတင္ျမ ရွင္ရက္ပ်က္တာေတြမ်ားေနၿပီ ဒီေန႔ေတာ့
ေပးလိုက္ဦး ”
“အယ္ ဟို ”
“တအယ္အယ္ တဟိုဟိုနဲ႔ ဘာျဖစ္ေနတာလဲ”
“ဟို ဟိုေလ ဒီေန႔ ငါ့ေယာက္်ားအလုပ္မဆင္းႏိုင္လို႔မနက္ျဖန္မွ
လာခဲ့ပါလား သူသူရယ္”
“ဟာ…ဘယ္ျဖစ္မလည္း ရွင္တို႔ဟာက
ရက္ပ်က္ေတြက တအားမ်ားေနၿပီ
မရဘူး ရွိသေလာက္ေတာ့ေပးလိုက္”
ထိုအခ်ိန္ အိမ္ထဲတြင္ထိုင္ေနေသာ
မတင္ျမ ၏ေယာက္်ား ကိုသိန္းတန္က
ထိုင္ရာမွထလာၿပီး။
“ေပးစရာမရွိလို႔ မေပးတာကို
နင္ကဘာျဖစ္လို႔အတင္းေတာင္းေနတာလည္း
ပိုက္ဆံမရွိလို႔ မေပးတာေလ ရွိရင္ နင့္ကို
ေပးလိုက္မွာေပါ့ဟ”
“ရွင္ စကားကို လြယ္လြယ္မေျပာနဲ႔
ကိုသိန္းတန္ ရွင့္မိန္းမ ရက္ပ်က္ေတြအရမ္းမ်ားေနလို႔ က်ဳပ္က
ေျပာေနတာ ဒီပိုက္ဆံေတြကို
က်ဳပ္ကအလကားရထားတာလည္းမဟုတ္ဘူး”
“ေအး ငါတို႔ကလည္း မေပးႏိုင္ေသးလို႔
မေပးႏိုင္ဘူး ေျပာတာေပါ့ဟ
နင္အဲ့ေလာက္သေလာက္လိုခ်င္ရင္
ငါ့ပုဆိုးခြၽတ္ၿပီးယူသြားေလ”
ကိုသိန္းတန္ ကပုဆိုးအားေပါင္ထိမကာ
ေျပာလိုက္ေသာေၾကာင့္ အပ်ိဳႀကီးမသူသူ
ရွက္သြားရေလသည္။
“ရွင္ ေတာ္ေတာ္႐ိုင္းစိုင္းတဲ့လူပါလား
ကိုသိန္းတန္ ရွင့္ကိုမေက်နပ္ဘူး
က်ဳပ္ ရွင့္ကို ရပ္ကြက္လူႀကီးနဲ႔တိုင္မယ္”
“တိုင္ေလ တိုင္လိုက္စမ္းပါ နင္က
ငါ့ေယာက္်ားကိုမ်ား ရပ္ကြက္လူႀကီးနဲ႔
တိုင္မယ္ေလးဘာေလးနဲ႔
ေၾကာက္မယ္မ်ားထင္ေနသလား
သြားစမ္းပါ နင္ေရွ႕ကသြားရင္
ငါတို႔ေနာက္ကလိုက္မယ္ေဟ့”
မတင္ျမကလည္း ထဘီအား မကာမကာ
ျဖင့္ေအာ္ႀကီးဟစ္က်ယ္ ေျပာလိုက္ေလသည္။
မသူသူလည္း ရွက္ကရွက္ ေဒါသလည္းျဖစ္ကာ
ရပ္ကြက္လူႀကီးဆီသို႔ ေရာက္လာခဲ့ေလသည္။
“ဟာ…မိသူသူပါလား မ်က္ႏွာလည္း
မေကာင္းဘူးဘာျဖစ္လာတာလဲ”
“ဘာျဖစ္ရမလည္း ဥကၠဌရယ္ မတင္ျမ
ေယာက္်ားကိုသိန္းတန္ေပါ့
ကြၽန္မရစရာရွိလို႔ ပိုက္ဆံဝင္ေတာင္းတာကို
လင္မယားႏွစ္ေယာက္စလုံး
ကြၽန္မကိုရန္ေထာင္ၾကတယ္ေလ
ၿပီးေတာ့ ကိုသိန္းတန္က ေျပာတယ္
နင္အဲ့သေလာက္ လိုခ်င္ရင္ ငါ့ပုဆိုးခြၽတ္ယူသြားပါလားလို႔ ေျပာၿပီး
ပုဆိုးကိုေပါင္အေျခထိ မျပတယ္ ဥကၠဌႀကီးရွင္
ကြၽန္မရွက္လြန္းလို႔ ေသသာေသလိုက္ခ်င္တယ္
ဥကၠဌလည္း သိပါတယ္ ကြၽန္မ ေန႔ျပန္တိုးေပးစားလာတာ ၾကာပါၿပီ
တစ္ခါမွ ႐ုံးေရာက္တဲ့အထိ မျဖစ္ဖူးပါဘူး
အခု ကိုသိန္းတို႔ လင္မယား ေတာ္ေတာ့္ကို
လြန္လို႔ လာတိုင္ရတာပါရွင္”
“အင္း…သိပ္လည္းေခါင္းထဲထားမေနပါနဲ႔
ငါ အခုပဲ သိန္းတန္ကို လူလႊတ္ၿပီး ေခၚခိုင္းလိုက္ပါ့မယ္
ေဟ့ ေမာင္ေက်ာ္ရင္ ”
“ဗ်ာ ဥကၠဌ”
“မင္း ကိုသိန္းတန္တို႔ အိမ္ကိုသြား
ဥကၠဌက အခုခ်က္ခ်င္းလာခဲ့ပါလို႔
လင္မယားႏွစ္ေယာက္စလုံးကိုေခၚခဲ့
ၾကားလား”
“ဟုတ္ ဟုတ္ကဲ့”
ေမာင္ေက်ာ္ရင္ထြက္သြားၿပီးသိပ္မၾကာပါ
ကိုသိန္းတန္တို႔လင္မယား ေရာက္လာၾကသည္။
မသူသူအားလင္မယားႏွစ္ေယာက္
သတ္ေတာ့မည့္မ်က္လုံးမ်ားျဖင့္
စိုက္ၾကည့္ေနၾကေလသည္။
“ကိုသိန္းတန္ ခင္ဗ်ား မသူသူကို အရွက္ရေစေအာင္ ေျပာဆိုလိုက္တယ္လို႔
မိသူသူက က်ဳပ္ကိုေျပာပါတယ္”
“ဒီမယ္ ဥကၠဌ ဒီေကာင္မက က်ဳပ္ေယာက္်ားကို
စၿပီးရန္ေထာင္တယ္ေလ ”
“မတင္ျမ ရွင့္လင္ဘက္ကပဲ တဖက္သက္
ေျပာမေနပါနဲ႔ ”
“ကဲ ကဲ ေတာ္ၿပီ ဒါရပ္ကြက္႐ုံးေနာ္
ေအာ္ႀကီးဟစ္က်ယ္လာမလုပ္ၾကနဲ႔
ကိုသိန္းတန္ အခုကိစၥမွာ ခင္ဗ်ားဘက္က
မွားတယ္လို႔က်ဳပ္ထင္တယ္ ဘယ့္ႏွယ့္
သူရစရာရွိတဲ့ေငြကို သူေတာင္းတာကို
ခင္ဗ်ားကဘာေၾကာင့္ ပုဆိုးခြၽတ္ၿပီး
ယူသြားပါလို႔ ေျပာရတာလည္း
ဒါ တဖက္မိန္းကေလးကို အရွက္ရေစတယ္ဆိုတာခင္ဗ်ား မသိဘူးလား”
“သိ သိပါတယ္ ဥကၠဌႀကီး”
“အိမ္း…က်ဳပ္ကလည္း တစ္ရပ္ကြက္တည္းသားခ်င္းေတြမလို႔
႐ုံးေရာက္ဂတ္ေရာက္ မျဖစ္ေစခ်င္ဘူး
ဒါေၾကာင့္ ေနာက္တစ္ခါအခုလိုမျဖစ္ဖို႔ ခံဝန္လက္မွတ္ထိုးေပးပါ ကိုသိန္းတန္”
ဥကၠဌက လက္မွတ္ထိုးခိုင္းသျဖင့္
ကိုသိန္းတန္ တစ္ေယာက္ မသူသူအား
မ်က္ေထာင့္နီႀကီးျဖင့္တစ္ခ်က္ၾကည့္လိုက္ၿပီး
လက္မွတ္ထိုးလိုက္ေလသည္။
“ကဲ ေနာက္ေနာင္ ဒါမ်ိဳးထပ္မျဖစ္ပါေစနဲ႔ဗ်ာ
မတင္ျမကလည္း ေပးစရာရွိတာကို
ေပးၿပီးေျပေျပလည္လည္ဆက္ဆံပါ
မိသူသူကလည္း ဒီကိစၥကိုဒီမွာတင္ပဲ
အဆုံးသတ္လိုက္ပါ ”
“ဟုတ္ကဲ့ ဥကၠဌႀကီး ”
မသူသူက ေခါင္းညိတ္ကာေျပာလိုက္ေလသည္။
“ကဲ အားလုံးျပန္လို႔ရပါၿပီ ”
ကိုသိန္းတန္ႏွင့္မတင္ျမက မသူသူအား
မ်က္ေစာင္းထိုး၍ၾကည့္လိုက္ၿပီး
အရင္ဆုံးထြက္သြားၾကေလသည္။
================
“ေတာက္ ဒီကိစၥလုံးဝမေက်နပ္ဘူးကြာ
ဒီေကာင္မက ေငြရွိတယ္ဆိုၿပီး
ငါတို႔ကိုလုပ္သြားတာ ဒင္းကိုမေက်နပ္ဘူး”
“ဟုတ္တယ္ က်ဳပ္လည္း ဒီေကာင္မကို
မေက်ဘူး ဒင္းမ်က္ႏွာကို ဘယ္ျပန္ညာျပန္
ခ်လိုက္ခ်င္တယ္ ေကာင္မက
လူပါးဝလို႔ သူ႔ေငြေလးမျဖစ္စေလာက္နဲ႔
ငါတို႔ကိုမ်ား လုပ္သြားေသးတာ”
“ၾကည့္ေနပါ ဒီေကာင္မကို ငါဘာလုပ္ျပမလဲဆိုတာ
သိန္းတန္ကို လာမယွဥ္နဲ႔ ဘာထင္ေနလဲ”
ကိုသိန္းတန္ႏွင့္မတင္ျမတို႔ အိမ္ေရာက္ေရာက္ခ်င္းေပါက္ကြဲေဒါသမ်ားျဖင့္
ေျပာဆိုေနၾကေလသည္။
မသူသူလည္း ရပ္ကြက္႐ုံးက ျပန္လာၿပီး
မတင္ျမတို႔ အိမ္ေရွ႕မွျဖတ္အျပန္ သူတို႔လင္မယား
ေျပာသမွ်စကားမ်ားအားလုံးအတိုင္းသား ၾကားေနရေလသည္။
မသူသူလည္း မၾကားခ်င္ေယာင္ေဆာင္ကာ
ကိုယ့္အိမ္ကိုယ္ ျပန္လာခဲ့ေလသည္။
ေနာပ္ထပ္မည္သူ႔အိမ္ကိုမွလည္း
ေန႔ျပန္တိုးေတာင္းခ်င္စိတ္မရွိေတာ့သည့္
အတြက္ေၾကာင့္ အိမ္မွာပင္အနားယူ
ေနလိုက္သည္။
ညေရာက္ေတာ့ ဖိုးတုတ္အား အစာေကြၽးၿပီး
TV ၾကည့္ေနလိုက္သည္။
TVၾကည့္ရင္းမ်က္လုံးမ်ားေလးလံလာသျဖင့္TVပိတ္ကာ
အိပ္ရာထဲဝင္လာခဲ့ေလသည္။
ဖိုးတုတ္ေလးကေတာ့ သူ႔သခင္မအိပ္သည့္
ကုတင္ေအာက္တြင္ အိပ္ေနေလသည္။
==============
“ဘုတ္ ရွပ္ ရွပ္”
“အီ ”
ဖိုးတုတ္ အိမ္ထဲသို႔ ဝင္လာသည့္ေျခသံေၾကာင့္ ေခါင္းေထာင္ၾကည့္လိုက္ေလသည္။
“ရွပ္ ရွပ္”
ေျခသံကတျဖည္းျဖည္းႏွင့္အိမ္ထဲသို႔
ေရာက္လာေလသည္။
အေမွာင္ထဲမွ ထိုလူစိမ္းက ဟိုၾကည့္သည္ၾကည့္ျဖင့္
မသူသူအိပ္ေနေသာ ကုတင္အနားသို႔
ေရာက္လာေလသည္။
ထိုလူစိမ္းက လိုက္ကာအား ဆြဲဖြင့္လိုက္သည္။
ထို႔ေနာက္ ခါးၾကားမွ ဓါးေျမႇာင္တစ္ေခ်ာင္းအား
ထုတ္လိုက္ၿပီး မသူသူ အားထိုးရန္ ခ်ိန္႐ြယ္ေနခိုက္
“ဂီး ဂီး ”
“ဝုတ္”
“အား…”
ဖိုးတုတ္က သူ႔သခင္မအားရန္ရွာမည့္
လူမွန္းသိသြားသျဖင့္ ကုတင္ေအာက္က
ထြက္လာၿပီး ထိုလူစိမ္း၏ေျခေထာက္အား
ကိုက္ေလေတာ့သည္။
ထိုအခါမွ မသူသူလည္း လန္႔ႏို႔လာကာ
“ဟင္…ရွင္ဘယ္သူလည္း လာၾကပါဦးရွင္
လာၾကပါဦး သူခိုးကပ္ေနလို႔
လာကြပါဦး”
မသူသူ၏ေအာ္သံေၾကာင့္ ထိုလူစိမ္းလည္း
ပ်ာယာခက္သြားကာ မသူသူအားေနာက္တစ္ႀကိမ္
ဓါးျဖင့္လွမ္းထိုးေလသည္။
“အား”
မသူသူလည္း မျမင္မကန္းျဖင့္ ေရွာင္တိမ္း၍
ကာကြယ္လိုက္ရာ ဓါးက လက္ေမာင္းအား
ရွက္ထိသြားေလသည္။
မသူသူ၏ေအာ္သံေၾကာင့္ ဖိုးတုတ္ မာန္ဖီကာ
“ဂီး ဂီး အီး ဝုတ္ ဝုတ္”
“အား …အား ကြၽတ္ကြၽတ္”
“ဒီေသာက္ေခြး ကဲကြာ ကဲ”
“ကိန္ ဂိန္ ဂိန္ ”
ထိုလူစိမ္းကသူ႔ေျခေထာက္အားကိုက္သည့္
အတြက္ေၾကာင့္ဖိုးတုတ္အား လက္ထဲမွဓါးျဖင့္အခ်က္ေပါင္းမ်ားစြာထိုးလိုက္ေလသည္။
ဖိုးတုတ္၏ နာနာက်ည္းက်ည္းေအာ္ဟစ္သံသည္ည
အေမွာင္ယံသို႔ထိုးခြင္းသြားေတာ့သည္။
“ကိုသိန္းတန္ ရွင္ ေတာ္ေတာ္ယုတ္မာတဲ့လူပဲ”
မသူသူ ထိုလူစိမ်း၏ အသံအားပီပီသသကြား
လိုက္ရသည့္အတြက္ေၾကာင့္ ကိုသိန္းတန္မွန္းသိသြားေလသည္။
မသူသူလည္း ကုတင္ေပၚမွေျပးဆင္းလိုက္ၿပီး
မီးမ်ားဖြင့္လိုက္ေလသည္။
ထိုအခ်ိန္ အိမ္အျပင္မွအိမ္နီးခ်င္းမ်ားက
အိမ္အျပင္သို႔ေရာက္ေနသည္ကိုမသူသူ
သိလိုက္ေလသည္။
“သူသူ ဘာျဖစ္တာလဲ တံခါးလာဖြင့္ပါဦး”
“မသူသူ မသူသူ ”
မသူသူလည္း ပတ္ဝန္းက်င္မွလူမ်ား
ေရာက္လာသည့္အတြက္ေၾကာင့္
အားတက္သြားကာ အိမ္အျပင္သို႔ ေျပးထြက္လာၿပီးၿခံတံခါးအား ဖြင့္လိုက္ေလသည္။
“မသူသူ ဘာျဖစ္တာလဲ မသူသူေအာ္သံေရာ
ဖိုးတုတ္ေအာ္သံပါၾကားလိုက္လို႔ ”
“ကြၽန္မကို ကိုသိန္းတန္ ညေနက
ကိစၥကို မေက်မနပ္ျဖစ္ၿပီး ကြၽန္မအိပ္ေနတုန္း
လာသတ္တာပါရွင္
ဖိုးတုတ္ကကာကြယ္ေပးလို႔
ကြၽန္မဘာမွမျဖစ္တာ ကူညီပါဦးရွင္”
“အခု အဲ့ေကာင္အိမ္ထဲမွာပဲလား”
“ဟုတ္ ဟုတ္ပါတယ္ရွင္”
မသူသူေၾကာက္လြန္း၍လူေရာအသံမ်ားပါ
တုန္ခိုက္ေနေလသည္။
အိမ္နီးခ်င္းအမ်ိဳးသားမ်ားက တုတ္ကိုယ္စီျဖင့္
အိမ္ထဲဝင္သြားေလသည္။
အိမ္ထဲေရာက္ေတာ့ မီးေရာင္ေအာက္တြင္
ေသြးအလိမ္းလိမ္းျဖင့္ လမ္းမေလွ်ာက္ႏိုင္ေတာ့သည့္ ကိုသိန္းတန္အား
ေတြ႕လိုက္ၾကရသည္။
ကိုသိန္းတန္၏ခပ္လွမ္းလွမ္းတြင္ေတာ့
မ်က္လုံးေလး ပုတ္ခပ္ပုတ္ခပ္ျဖင့္
နာက်င္မႈကိုခံစားေနရေသာ ဖိုးတုတ္အား
ျမင္ရေလသည္။
“သိန္းတန္ မင္းေတာ္ေတာ့္ကို ယုတ္မာတဲ့
ေကာင္ပါလားကြာ”
“ငါ့ ငါ့ကိုခ်မ္းသာေပးပါကြာ ငါ့ကို
ဘာမွမလုပ္ၾကပါနဲ႔ ငါေတာင္းပန္ပါတယ္”
“ေဟ့ေကာင္ ေတာင္းပန္လိုက္လို႔
ၿပီးသြားေရာလား မင္းလိုေကာင္ကို
ရဲလက္အပ္ရမယ္ မင္းလိုေကာင္မ်ိဳးရွိတာ
ရပ္ကြက္နာတယ္ကြ ငါလုပ္လိုက္ရ
ေသေတာ့မယ္ မင္း”
“ၾကာတယ္ကြာ ဒီေကာင့္ကို ရဲစခန္း
ေခၚသြားၾကတာေပါ့ ”
“လာ ေဟ့ေကာင္ ထစမ္း အခုမွ
လာၿပီးသနားကမားလာလုပ္ျပမေနနဲ႔”
ေထာ့နဲ႔ေထာ့နဲ႔ ေျခေထာက္ျဖင့္
ရပ္ကြက္ထဲမွလူတစ္စု၏ေခၚေဆာင္ရာ
ေနာက္သို႔ ကိုသိန္းတန္ပါသြားေလသည္။
မသူသူလည္းေျမေပၚေသြးမ်ားအလိမ္းလိမ္းထြက္ကာနာက်င္ေနေသာ ဖိုးတုတ္ေလးအနား
ေျပးလာခဲ့ၿပီး
“ဖိုးတုတ္ရယ္ ျဖစ္မွျဖစ္ရေလကြယ္ အီး ဟီး ဟီး
ငါ့သားေလးကယ္ေပလို႔သာေပါ့
ငါ့မွာ မင္ေပးတဲ့အသက္ပဲရွိပါတယ္ဖိုးတုတ္ရယ္”
ဖိုးတုတ္ကအသက္ျပင္းသည္ဟုေျပာရေပမည္
သူ႔သခင္မေျပာသည့္စကားမ်ားကို
နားလည္သည့္အလား မ်က္လုံးေလးကို
ဖြင့္လိုက္ပိတ္လိုက္ျဖင့္ တစ္ခ်က္ခ်င္းေလးလံစြာ
အားယူ၍ၾကည့္ေနရေလသည္။
ဖိုးတုတ္၏မ်က္လုံးအိမ္မွလည္း
မ်က္ရည္မ်ားကစီးက်ေနေလသည္။
“အူ အူ အြန္႔ ”
ဖိုးတုတ္အသံေလး ထြက္ကာ ေနာက္ဆုံး
ၿငိမ္က်သြားေတာ့သည္။
“အျဖစ္ဆိုးလိုက္တာ ဖိုးတုတ္ေလးရယ္
မင္းငါ့ကို မင္းအသတ္နဲ႔ရင္းၿပီးသစၥာရွိခဲ့ပါတယ္
ဖိုးတုတ္ရယ္ အီး ဟီး ဟီး”
မသူသူလည္း ဖိုးတုတ္ေလးအား ၾကည့္ကာ
တစ္ညလုံးထိုင္ငိုေနမိေတာ့သည္။
လူသတ္သမားကိုသိန္းတန္ကိုလည္း
ရဲမ်ားက ဖမ္းဆီးထိန္းသိမ္းထားလိုက္ၾကေလသည္။
လူသတ္မႈျဖင့္ ေထာင္ဒဏ္အက်ခံရန္သာ
ကိုသိန္းတန္ အဖို႔ရွိေပေတာ့သည္။
မသူသူလည္း သခင့္အားကာကြယ္ရင္း
ေသဆုံးသြားသည့္ ဖိုးတုတ္ေလးအား
ေကာင္းမြန္စြာျဖင့္ေျမျမႇပ္ေပးခဲ့ေလသည္။
“အင္း…ဖိုးတုတ္က ငါ့ကို သူ႔အသတ္နဲ႔ရင္းၿပီး
ကာကြယ္ေပးခဲ့တယ္ ေသတဲ့အထိေခြးေတြဟာ
လူေတြအေပၚမွာသစၥာရွိၾကတယ္ဆိုတာ
ဖိုးတုတ္က ငါ့ကိုသက္ေသအျဖစ္ ျပသြားပါလား
ဖိုးတုတ္ေရ ေကာင္းရာဘဝကို
ေရာက္ပါေစလို႔ ဆုေတာင္းပါတယ္”
မသူသူတစ္ေယာက္ဖိုးတုတ္အတြက္
ဆုေတာင္းရင္းက်လာသည့္မ်က္ရည္မ်ားကို
သုတ္လိုက္ေလေတာ့သည္။
ေခြးတစ္ေကာင္ဟာတိရစာၦန္ဆိုေပမယ့္ ဦးေႏွာက္ရွိတဲ့ လူေတြထက္သစၥာရွိၾကတယ္ဆိုတာ စာဖတ္သူတို႔
ၾကားဖူးေတြ႕ဖူးၾကမွာပါ။
စာဖတ္သူမ်ား႐ႊင္လန္းၾကပါေစ
လိုအပ္ခ်က္မ်ားစြာျဖင့္
#ေအာင္ဓူဝံ