အချိန်လွန်နောင်တ(စ/ဆုံး)

Unicode Version

အချိန်လွန်နောင်တ(စ/ဆုံး)
———————————-
“သမီးရေ သမီး လာပါဦးကွယ် အမေ့ကို
အပ်လေးတပ်ပေးပါဦးကွယ် အမေ့မျက်စိက
အပ်ပေါက်ကိုမမြင်ရလို့ပါ”
“လုပ်ပြီအမေတို့ကတော့ ဒီမှမအားရတဲ့ကြားထဲ
တော်တော့်ကိုရှုပ်တယ် ပေး အပ်ချည်နဲ့အပ်”
ဆောင့်အောင့်ပြီးမလုပ်ချင်လုပ်ချင်ဖြင့်
လုပ်နေသောသမီးဖြစ်သူအားကြည့်ရင်း
ဒေါ်ခင်မေ ပြုံးနေမိသည်။
“ရော့ရပြီ ဖုန်းကိုအေးဆေးမကြည့်ရဘူး
အမေ့မြေးအင်္ကျီအပြဲတွေချုပ်ပြီးရင်
နောက်ဖေးကလှန်းထားတဲ့အဝတ်တွေ
ရုတ်လိုက်ဦးအမေ”
“အေးပါ အမေသိပါတယ် ဒီအပြဲလေးတွေ
ချုပ်ပြီးရင်အမေရုတ်လိုက်မယ် စိတ်ချ”
“ပြောတာပဲ နောက်ပြီးကြ ဒီလူပဲနောက်က
လိုက်လုပ်နေရတယ်”
ဒေါ်ခင်မေ၏ဘဝကအင်မတန်မှ သနားဖို့ကောင်း
ရှာပေသည်။
အိမ်ထောင်အသီးသီးကျသွားသည့် သားသမီးတွေ
အိမ်မှာမျက်နှာငယ်ဖြင့်ခိုကပ်နေရသည့်ဘဝ
ယခုလည်းသမီးကြီးတင်မေ အိမ်မှာ နေနေရပြီး
ထမင်းတစ်လုတ်အတွက် အသက်အရွယ်နှင့်မမျှမနားမနေလုပ်ကိုင်ပေးရ
လေသည်။
ထမင်းဟင်းချက်ပေးရ အဝတ်လျှော်ပေးရ
အိမ်သန့်ရှင်းရေးကအစအကုန်နီးပါး
လုပ်ကိုင်ပေးတာတောင် သမီးဖြစ်သူ၏
အကောင်းမြင်ခြင်းကိုမခံရပေ ။
ဒါကိုပင်ဒေါ်ခင်မေတစ်ယောက်သာယာနေမိသည်
အဆိုးထဲကအကောင်းဟုပြောရမလားပင်
ဒေါ်ခင်မေရဲ့သားမက်ဖြစ်သူကိုစိုးခင်က
ဒေါ်ခင်မေအားမိခင်အရင်းတစ်ယောက်ကဲ့သို့
ကောင်းရှာပေသည်။
ဒါကြောင့်သမီးဖြစ်သူ မတင်မေကို
ပတ်ဝန်းကျင်က ကဲ့ရဲ့ကြလေသည်။
သမီးအရင်းကသားမက်၏ခြေဖျားကိုတောင်
မမှီဘူးလူမှဟုတ်ရဲ့လားဟူ၍တောင်
အမြဲပြစ်တင်ခံရပေသည်။
…………………………………
“မိန်းမရေ ကိုယ်ပြန်လာပြီ”
“သြော် ယောင်္ကျားပြန်လာပြီလား”
“အေးပြန်လာပြီ ဒါနဲ့သားလေးနဲ့အမေရော
မတွေ့ပါလား ဘယ်သွားကြလဲ ဒီမြေးအဖွား
၂ယောက်”
“ရှင့်သားက ချိုချဉ်စားချင်တယ်ဆိုလို့
လမ်းထိပ်မှာသွားဝယ်နေကြလေရဲ့
ရှင်ရေချိုးပြီးမှထမင်းစားမှာမလား”
“အင်း ဟုတ်တယ်လေ ဘာလို့လဲ”
“သြော် အဲ့ဒါဆို အမေပြန်လာတာနဲ့ကွက်တိပဲ
အမေပြန်လာမှထမင်းခူးခိုင်းလိုက်မယ်”
“ဟာမိန်းမကလည်း ထမင်းလေးတော့
ကိုယ့်ဘာသာခူးစမ်းပါ လူကြီးကို
ဘာလို့ခိုင်းနေမှာလဲ”
“ထမင်းခူးတာလောက်ကတော့ ဘာပင်ပန်းလို့လဲ
ဒီလောက်တော့အမေခူးနိုင်ပါတယ်”
“မင်းကဘာလုပ်နေလို့လည်း”
“ကျွန်မမအားဘူးရှင့် ည၇နာရီကား
လာတော့မယ်လွတ်သွားလို့မဖြစ်ဘူး”
“မင်းဇာတ်လမ်းကတော်တော်အရေးကြီး
တယ်ပေါ့ နေနေငါ့ဘာသာငါခူးစားလို့ရတယ်”
ကိုစိုးခင် ကမိန်းမဖြစ်သူ မတင်မေ၏
စိတ်ကိုသိ၍ဘာမှပြန်မပြောဘဲ
အိမ်နောက်ဘက်သွားကာရေချိုးနေလိုက်သည်။
၁၅မိနစ်ခန့်ကြာတော့ ဒေါ်ခင်မေနှင့်မြေးလေး
လမ်းထိပ်မှပြန်လာကြသည်။
“သြော် သားတောင်ပြန်ရောက်နေပြီလား
“ဟုတ်တယ် အမေအခုလေးမှရေချိုးပြီးတယ်”
“ထမင်းစားမယ်မလား အမေခူးထားလိုက်မယ်”
“ဟာ နေပါစေ အမေ ကျွန်တော့်ဘာသာ
ကျွန်တော်ခူးပါ့မယ်”
“ဘယ်ဟုတ်မလဲ ခဏလေးစောင့်နော်
အမေခူးပေးမှာပေါ့”
“အင်းပါ အမေ့သဘောပါ အမေကစားပြီးပြီလား”
“မစားရသေးပါဘူးသားရယ် ”
“ဒါဖြင့်တစ်ခါတည်းဝင်စားလေအမေကလည်း
“နေပါ သားပြီးမှစားပါ့မယ်
“ဘယ်ဟုတ်မလဲ လူကြီးကနောက်ဆုံးမှစားလို့
ဘယ်သင့်တော်ပါ့မလဲ လာတစ်ခါထဲဝင်လိုက်အမေ”
“အေးအေး”
ကိုစိုးခင် ကငယ်စဉ်ကတည်းက မိခင်ကို
ဆုံးရှုံးခဲ့ရသူမို့ မိခင်မေတ္တာငတ်နေသူဆိုလည်း
မမှားပေဒါ့ကြောင့် ဒေါ်ခင်မေအား
အစစအရာရာဂရုစိုက်ပေးရှာသည်။
“အမေ ဟင်းတွေထည့်စားလေ ”
“စားတယ် သားရဲ့ စားစား”
………………………………
နောက်တစ်နေ့ မနက် ဒေါ်ခင်မေနှင့်သမီးမတင်မေ
တို့ဈေးသို့သွား၍ ဝယ်စရာရှိတာဝယ်ခြမ်းပြီး
ဈေးမှပြန်မည်အလုပ် ဈေးအဝင်ဝတွင်ရောင်းနေသော မုန့်သည်ကို
ဒေါ်ခင်မေတွေ့ကာ စိတ်ထဲမှစားချင်စိတ်တဖွားဖွား
ဖြစ်ပေါ်လာမိကာ သူ့လက်ထဲမှာငွေနှင့်တူသည်မှာတစ်ကျပ်တလေ
တောင်မရှိလေတော့သမီးကြီးတင်မေအား
မဝံ့မရဲပြောရရှာသည်။
“သမီး အမေ့ကိုလေ ဟိုဈေးသည်ဆီက
အချိုမုန့်လေးဝယ်ပေးပါလား အမေစားချင်လွန်းလို့ပါ ”
“ဟာ အမေကလည်း ကလေးမဟုတ်ဘာမဟုတ်နဲ့
ပိုက်ဆံမကျန်တော့ဘူးအမေရဲ့ ပြီးတော့ အဲ့အချိုမုန့်တွေကြောင့်အမေဆီးချိုဖြစ်ရင်
သမီးပဲပိုက်ဆံထပ်ကုန်ရမှာ တော်ပါအမေရာ
နောက်မှစား ပိုက်ဆံလည်းပါသမျှကုန်ပြီ”
တကယ်တော့မတင်မေလက်ထဲတွင်
ငွေ၁၀၀၀ကျော်ကြီးတောင်ရှိနေပါသေးသည်
မိခင်မမြင်အောင် လက်ထဲကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားလေသည်။
ထိုလုပ်ရပ်ကို မိခင်ဖြစ်သူဒေါ်ခင်မေ မြင်ပါသည်
တွေ့ပါသည် သို့ပေမယ့် သမီးဖြစ်သူ၏
စာနာမှုကင်းမဲ့သောအပြုအမူကြောင့်
ဝမ်းနည်းစိတ်များထိန်းမရသိမ်းမရဖြစ်ကာ
မျက်ဝန်းအိမ်မျက်ရည်များပါဝဲတက်လာခဲ့လေ
သည်။
ငယ်စဉ်အခါက သားသမီးတွေအားလုံးအား
လိုချင်တာဟူသမျှစားချင်တာမှန်သမျှ
မတွန့်တိုပဲ အရာအားလုံးကိုမညည်းမညူ
ဖြည့်ဆည်းပေးခဲ့သမျှ မိခင်ကြီးအလှည့်ရောက်မှ
ဒီဘာမဟုတ်သော ငွေလေးအတွက်နဲ့
မိခင်ကြီးအပေါ်လုပ်ရက်ပြောရက် နှာမြောရက်ကြလေသည်။
ဘယ်မိခင်မဆို ဘယ်ဖခင်မဆို ဝမ်းနည်းမိမှာ
အမှန်ပင်ဖြစ်သည်။
ဒေါ်ခင်မေ ကျလာသည့်မျက်ရည်စက်ကို
လူမမြင်အောင်သုတ်ကာအိမ်ပြန်လာခဲ့သည်။
အိမ်ရောက်တော့လည်းနားမနေရ ချက်ရပြုတ်ရ
ကလေးထိန်းရနှင့်အသက်အရွယ်နှင့်မမျှအောင်
လုပ်ကိုင်ပေးရပြန်သည်။
မတင်မေကတနေကုန်အားနေပြီး
ဘာအလုပ်မှမရှိပေ သူ့အလုပ်ကဖုန်းပွတ်ကာ
လိုင်းသုံး ပျင်းလာရင်အိပ် TVကြည့်ဒါနဲ့ပဲ
အချိန်ကုန်ပေသည်။
မိခင်နှင့်လည်းစကားတစ်ခွန်းတစ်လေမျှ
ကောင်းကောင်းမွန်မွန်မပြော
ဒေါ်ခင်မေ ခင်မျာမှာတော့ သားသမီးမေတ္တာ
ငတ်နေရရှာသည်။
မြေးလေးကတော့အဖွားအပေါ်ခင်တွယ်ရှာသည်
==================
ညနေစောင်း သားမက်ဖြစ်သူ ကိုစိုးခင်ပြန်လာသည်။
“မိန်းမ အမေရောမတွေ့ပါလား”
“နေမကောင်းလို့တဲ့ အိပ်ရာထဲခွေနေလေရဲ့”
“နေမကောင်းရင် ဆေးလေးဘာလေးမတိုက်ဖူးလား”
“ပါရာစီတမော တစ်ပြားတော့သောက်ထားတယ်တဲ့
ဘာမှမဖြစ်ပါဘူးသာမာန်နေမကောင်းတာလောက်ပါ”
ကိုစိုးခင်လည်း ဒေါ်ခင်မေအနားသို့ရောက်လာကာ
“အမေ နေမကောင်းဘူးဆို ဆေးခန်းသွားရအောင်လေ”
“နေနေ သားရေ ခေါင်းနည်းနည်းပဲကိုက်တာပါ
ဆေးသောက်ထားတယ်အိပ်လိုက်ရင်
သက်သာသွားမှာပါကွယ်”
“အမေ ဘာစားချင်လဲပြော ကျွန်တော်
အမေ့သမီးကိုသွားဝယ်ခိုင်းလိုက်မယ်လေ
ကျွန်တော်ကရေချိုးရဦးမှာမလို့ ”
“တော်ပါပြီသားရယ် အမေမစားချင်ပါဘူး”
“အင်းပါ အဲ့ဒါဆိုအမေနားလိုက်ဦးနော်
မနက်မှမသက်သာရင် ဆေးခန်းလိုက်ပို့မယ်”
===================
ကိုစိုးခင်လည်းအခန်းထဲမှထွက်လာပြီး
“မိန်းမ အမေစားချင်တာလေးကို
လုပ်ကျွေးလိုက်ဦး”
“ရှင့်ယောက္ခမကြီးစားချင်တာ မုန့်အချိုတဲ့
မနက်ကဈေးသွားတုန်းကတည်းက
ကျွန်မကဝယ်မကျွေးလို့ စိတ်ကောက်တော်မူနေတာလေ”
“ဟာ မင်းဘာလို့ဝယ်မကျွေးလိုက်တာလဲ”
“သြော် ကျွန်မလည်းဝယ်မကျွေးချင်ပဲ
နေပ့ါမလား လက်ထဲမှာပိုက်ဆံမှမကျန်တော့တာ
“ဒီမယ် မင်းအကြောင်းငါမသိရင်ခက်မယ်နော်
မင်းလူစိတ်မှရှိသေးရဲ့လားဟင်
အဲ့ဒါမင်းကိုမွေးထားတဲ့မအေ အရင်းကြီးနော်
မင်းဒီဘာမဟုတ်တဲ့ငွေလောက်နဲ့ကိုယ့်အမေ
အပေါ်ကို ဒီလောက်လေးတောင် မသထာဘူး
မင်းတစ်နေ့နောင်တရလိမ့်မယ် မတင်မေ”
“ဟုတ်ပါပြီရှင် ရှင်ပဲသူတော်ကောင်း
ရှင်ပဲလူလိမ္မာကြီး ဟုတ်ပြီလား”
ကိုစိုးခင်လည်းမိန်းမဖြစ်သူ၏စိတ်ဓာတ်ကို
အချိန်ကြာလေပိုသိလာလေဖြစ်ပြီး
ခေါင်းတရမ်းရမ်းဖြင့်သာကြည့်နေလိုက်သည်။
=====================
မနက်လင်းသည့်အချိန်ရောက်တော့
“မိန်းမ အမေ မနိုးသေးဘူးလား
ခါတိုင်းဒီအချိန်ထပါပြီသွားကြည့်လိုက်ပါဦး
မသက်သာသေးဘူးထင်တယ်”
မတင်မေလည်း ဒီကနေ့မှ မိခင်အပေါ်
စိတ်ကောင်းဝင်နေမိကာ ချိုသာသည့်
အသံကလေးနှင့်မိခင်ဖြစ်သူအခန်းထဲဝင်သွားပြီး
“အမေ အမေ မသက်သာဘူးလားဟင်
ဆေးခန်းသွားရအောင်လာနိုးတာအမေ”
ကုတင်လေးပေါ်တွင် မတင်မေအားနောက်ကျော
ပေးလျက်အနေအထားဖြင့်မလှုပ်မရှားပဲ
ငြိမ်သက်နေသည်။
“အမေ အမေ့ ဟောတော်
ကိုစိုးခင် လာပါဦး အမေ့ကိုခေါ်လို့လည်းမရတော့ဘူး”
“ဟင် ဟုတ်လား အေးအေးလာပြီ
အေမ အေမ့ ”
ကိုစိုးခင်လည်းပျာပျာသလဲဖြစ်သွားရသည်
ခေါ်လို့လည်းမရသည့်နောက်ဆုံး
ကိုစိုးခင် ဒေါ်ခင်မေ၏အသက်ရှူသံအား
နှာခေါင်းပေါက်လေးအားစမ်းကြည့်လိုက်သည်။
မတင်မေကလည်း စိုးရိမ်တကြီးဖြင့်ကိုစိုးခင်အား
ကြည့်နေသည်။
ကိုစိုးခင် ခေါင်းခါပြလိုက်ရသည်။
“အမေ အသက်မရှိတော့ဘူး မတင်မေ”
“ရှင် အ အမေအသက်မရှိတော့ဘူးဟုတ်လား
အမေ အမေ သမီးမိုက်ကိုထားခဲ့ပြီလားအမေရဲ့
အမေစားချင်တဲ့မုန့်လေးကိုတောင်
မသထာတဲ့ဟောဒီကောင်မကို အမေခွင့်မလွှတ်ပါနဲ့
အေမ”
“ငါ့မိန်းမ မင်းနောင်တတွေက နောက်ကျခဲ့ပြီ
အမေမကြားနိုင်တော့ဘူး
သူနောက်ဆုံးလိုအင်ဆန္ဒလေးကိုတောင်မင်း
ဖြည့်မပေးခဲ့ဘူး မင်းဟာလူဖြစ်ပြီးလူမပီသတဲ့
မိန်းမပဲ”
“ကျွန်မမှားပါပြီတော့် ကျွန်မလေ
လက်ထဲမှာပိုက်ဆံရှိလျက်နဲ့ သူစားချင်တဲ့
မုန့်ကို သိသိလျက်နဲ့မကျွေးခဲ့မိဘူး
သူမသေခင်ကလည်းကျွန်မအမေ့အပေါ်ကို
မကောင်းခဲ့ဘူး အမေရေ သမီးနောင်တရပါပြီ
အမေရဲ့ ဟီးဟီး ဟီး အီးဟီး”
………………………………
“ဒေါ်ခင်မေကြီးဆုံးပြီတဲ့ ”
“ကောင်းပါတယ်လေ သူဒီလိုဆုံးသွားတာ
မဟုတ်ရင်ဝဋ်ခံနေရဦးမှာအေ့”
“ဟုတ်ပါ့ သမီးအိမ်မှာစားချင်တာမစားရ
လုပ်ချင်တာမလုပ်ရနဲ့ ဟော မအေကြီးသေမှ
အသံကောင်းဟစ်ပြီးအော်ငိုနေလေရဲ့”
“ငါကြားတာကတော့ ဒေါ်ခင်မေကြီး
မဆုံးခင်က သူစားချင်တာကိုတောင်
ဝယ်မကျွေးးဘူးတဲ့အေ တော်တော်ရိုင်းတဲ့
မိန်းမပါ အခုမအေသေမှနောင်တတွေရနေလေရဲ့
“သေမှနောင်တရလည်း ဟိုကရှင်လာမှာ
မဟုတ်တော့ဘူး မသေခင်က မအေအတွက်
ဘာမှလုပ်ပေးခဲ့တဲ့သူမဟုတ်ဘးး
ဒီလိုကောင်မမျိုးဝဋ်လည်ဦးမယ်ကြည့်နေကြည့်နေ”
အိမ်နီးချင်းများ၏ပြစ်တင်ဝေဖန်သံတွေကို
မတင်မေအလူးအလဲခံရပြန်သည်။
“သြော် အမေရယ် အမေမရှိတော့မှ
အမေ့မေတ္တာအမေ့စေတနာတွေကို
သမီးနားလည်ပါပြီ အမေ့ကိုသမီးပြန်လိုချင်တယ်အမေ
အမေ့ကိုသမီးပြန်ပြီးပြုစုချင်တယ်
အမေစားချင်တာမှန်သမျှကိုသမီးဝယ်ကျွေးချင်သေးတယ်အမေ ဟီး ဟီး ဟင့် ဟင့်
အမေ့အတွက်
ဟောဒီကုသိုလ်တွေကိုလည်းသမီး အမျှဝေပါတယ်အမေ အမေနောက်ဘဝမှာ
သမီးလိုမကောင်းတဲ့သူမျိုးနဲ့ထပ်မဆုံပါစေ
နဲ့လိုသမီးဆုတောင်းပါတယ်”
မတင်မေ နောင်တအင်မတန်ကြီးစွာရကာ
မိခင်ဖြစ်သူအားပြန်လိုချင်နေသည်။
မိခင်ဖြစ်သူ၏မေတ္တာကိုမရှိတော့မှပြန်တောင့်တနေမိသည်။
မိခင်ကိုအကောင်းဆုံးဆိုသည့်မုန့်များကို
ကျွေးချင်နေမိသည်။
သို့ပေမယ့် နောင်တတွေကနောက်ကျခဲ့ပြီ
အချိန်တွေလွန်ခဲ့ပြီဖြစ်သည်။
သူမ၏တစ်ဘဝလုံးနောင်တတွေနဲ့သာ
ဖြတ်သန်းရပေဦးတော့မည်။
ကျွန်တော်တို့ အမြဲကြားနေကြစကားလေး
လိုပေါ့ မိဘကိုမသေခင်မှာကျွေးထား
မသေခင်မှာပြုစုထား မရှိမှကျွေးချင်လို့
မရှိမှပြုစုချင်လို့မရဘူးတဲ့ သိပ်မှန်တဲ့စကားတွေပေါ့ဗျာ
ခင်ဗျားတို့လည်းမိဘကိုမသေခင်မှာ
ပြုစုလုပ်ကိုင်ပေးနိုင်ကြပါစေလို့
ဆုတောင်းရင်း……
ပြီးပါပြီ

Zawgyi Version

အခ်ိန္လြန္ေနာင္တ(စ/ဆံုး)
———————————-
“သမီးေရ သမီး လာပါဦးကြယ္ အေမ့ကို
အပ္ေလးတပ္ေပးပါဦးကြယ္ အေမ့မ်က္စိက
အပ္ေပါက္ကိုမျမင္ရလို့ပါ”
“လုပ္ျပီအေမတို့ကေတာ့ ဒီမွမအားရတဲ့ျကားထဲ
ေတာ္ေတာ့္ကိုရႈပ္တယ္ ေပး အပ္ခ်ည္နဲ့အပ္”
ေဆာင့္ေအာင့္ျပီးမလုပ္ခ်င္လုပ္ခ်င္ျဖင့္
လုပ္ေနေသာသမီးျဖစ္သူအားျကည့္ရင္း
ေဒၚခင္ေမ ျပံုးေနမိသည္။
“ေရာ့ရျပီ ဖုန္းကိုေအးေဆးမျကည့္ရဘူး
အေမ့ေျမးအက်ၤီအျပဲေတြခ်ုပ္ျပီးရင္
ေနာက္ေဖးကလွန္းထားတဲ့အဝတ္ေတြ
ရုတ္လိုက္ဦးအေမ”
“ေအးပါ အေမသိပါတယ္ ဒီအျပဲေလးေတြ
ခ်ုပ္ျပီးရင္အေမရုတ္လိုက္မယ္ စိတ္ခ်”
“ေျပာတာပဲ ေနာက္ျပီးျက ဒီလူပဲေနာက္က
လိုက္လုပ္ေနရတယ္”
ေဒၚခင္ေမ၏ဘဝကအင္မတန္မွ သနားဖို့ေကာင္း
ရွာေပသည္။
အိမ္ေထာင္အသီးသီးက်သြားသည့္ သားသမီးေတြ
အိမ္မွာမ်က္ႏွာငယ္ျဖင့္ခိုကပ္ေနရသည့္ဘဝ
ယခုလည္းသမီးျကီးတင္ေမ အိမ္မွာ ေနေနရျပီး
ထမင္းတစ္လုတ္အတြက္ အသက္အရြယ္ႏွင့္မမ်ွမနားမေနလုပ္ကိုင္ေပးရ
ေလသည္။
ထမင္းဟင္းခ်က္ေပးရ အဝတ္ေလ်ွာ္ေပးရ
အိမ္သန့္ရွင္းေရးကအစအကုန္နီးပါး
လုပ္ကိုင္ေပးတာေတာင္ သမီးျဖစ္သူ၏
အေကာင္းျမင္ျခင္းကိုမခံရေပ ။
ဒါကိုပင္ေဒၚခင္ေမတစ္ေယာက္သာယာေနမိသည္
အဆိုးထဲကအေကာင္းဟုေျပာရမလားပင္
ေဒၚခင္ေမရဲ႕သားမက္ျဖစ္သူကိုစိုးခင္က
ေဒၚခင္ေမအားမိခင္အရင္းတစ္ေယာက္ကဲ့သို့
ေကာင္းရွာေပသည္။
ဒါေျကာင့္သမီးျဖစ္သူ မတင္ေမကို
ပတ္ဝန္းက်င္က ကဲ့ရဲ႕ျကေလသည္။
သမီးအရင္းကသားမက္၏ေျခဖ်ားကိုေတာင္
မမွီဘူးလူမွဟုတ္ရဲ႕လားဟူ၍ေတာင္
အျမဲျပစ္တင္ခံရေပသည္။
…………………………………
“မိန္းမေရ ကိုယ္ျပန္လာျပီ”
“ေျသာ္ ေယာက်ၤားျပန္လာျပီလား”
“ေအးျပန္လာျပီ ဒါနဲ့သားေလးနဲ့အေမေရာ
မေတြ့ပါလား ဘယ္သြားျကလဲ ဒီေျမးအဖြား
၂ေယာက္”
“ရွင့္သားက ခ်ိုခ်ဥ္စားခ်င္တယ္ဆိုလို့
လမ္းထိပ္မွာသြားဝယ္ေနျကေလရဲ႕
ရွင္ေရခ်ိုးျပီးမွထမင္းစားမွာမလား”
“အင္း ဟုတ္တယ္ေလ ဘာလို့လဲ”
“ေျသာ္ အဲ့ဒါဆို အေမျပန္လာတာနဲ့ကြက္တိပဲ
အေမျပန္လာမွထမင္းခူးခိုင္းလိုက္မယ္”
“ဟာမိန္းမကလည္း ထမင္းေလးေတာ့
ကိုယ့္ဘာသာခူးစမ္းပါ လူျကီးကို
ဘာလို့ခိုင္းေနမွာလဲ”
“ထမင္းခူးတာေလာက္ကေတာ့ ဘာပင္ပန္းလို့လဲ
ဒီေလာက္ေတာ့အေမခူးနိုင္ပါတယ္”
“မင္းကဘာလုပ္ေနလို့လည္း”
“က်ြန္မမအားဘူးရွင့္ ည၇နာရီကား
လာေတာ့မယ္လြတ္သြားလို့မျဖစ္ဘူး”
“မင္းဇာတ္လမ္းကေတာ္ေတာ္အေရးျကီး
တယ္ေပါ့ ေနေနငါ့ဘာသာငါခူးစားလို့ရတယ္”
ကိုစိုးခင္ ကမိန္းမျဖစ္သူ မတင္ေမ၏
စိတ္ကိုသိ၍ဘာမွျပန္မေျပာဘဲ
အိမ္ေနာက္ဘက္သြားကာေရခ်ိုးေနလိုက္သည္။
၁၅မိနစ္ခန့္ျကာေတာ့ ေဒၚခင္ေမႏွင့္ေျမးေလး
လမ္းထိပ္မွျပန္လာျကသည္။
“ေျသာ္ သားေတာင္ျပန္ေရာက္ေနျပီလား
“ဟုတ္တယ္ အေမအခုေလးမွေရခ်ိုးျပီးတယ္”
“ထမင္းစားမယ္မလား အေမခူးထားလိုက္မယ္”
“ဟာ ေနပါေစ အေမ က်ြန္ေတာ့္ဘာသာ
က်ြန္ေတာ္ခူးပါ့မယ္”
“ဘယ္ဟုတ္မလဲ ခဏေလးေစာင့္ေနာ္
အေမခူးေပးမွာေပါ့”
“အင္းပါ အေမ့သေဘာပါ အေမကစားျပီးျပီလား”
“မစားရေသးပါဘူးသားရယ္ ”
“ဒါျဖင့္တစ္ခါတည္းဝင္စားေလအေမကလည္း
“ေနပါ သားျပီးမွစားပါ့မယ္
“ဘယ္ဟုတ္မလဲ လူျကီးကေနာက္ဆံုးမွစားလို့
ဘယ္သင့္ေတာ္ပါ့မလဲ လာတစ္ခါထဲဝင္လိုက္အေမ”
“ေအးေအး”
ကိုစိုးခင္ ကငယ္စဥ္ကတည္းက မိခင္ကို
ဆံုးရံႈးခဲ႔ရသူမို့ မိခင္ေမတၱာငတ္ေနသူဆိုလည္း
မမွားေပဒါ့ေျကာင့္ ေဒၚခင္ေမအား
အစစအရာရာဂရုစိုက္ေပးရွာသည္။
“အေမ ဟင္းေတြထည့္စားေလ ”
“စားတယ္ သားရဲ႕ စားစား”
………………………………
ေနာက္တစ္ေန့ မနက္ ေဒၚခင္ေမႏွင့္သမီးမတင္ေမ
တို့ေစ်းသို့သြား၍ ဝယ္စရာရွိတာဝယ္ျခမ္းျပီး
ေစ်းမွျပန္မည္အလုပ္ ေစ်းအဝင္ဝတြင္ေရာင္းေနေသာ မုန့္သည္ကို
ေဒၚခင္ေမေတြ့ကာ စိတ္ထဲမွစားခ်င္စိတ္တဖြားဖြား
ျဖစ္ေပၚလာမိကာ သူ့လက္ထဲမွာေငြႏွင့္တူသည္မွာတစ္က်ပ္တေလ
ေတာင္မရွိေလေတာ့သမီးျကီးတင္ေမအား
မဝံ့မရဲေျပာရရွာသည္။
“သမီး အေမ့ကိုေလ ဟိုေစ်းသည္ဆီက
အခ်ိုမုန့္ေလးဝယ္ေပးပါလား အေမစားခ်င္လြန္းလို့ပါ ”
“ဟာ အေမကလည္း ကေလးမဟုတ္ဘာမဟုတ္နဲ႔
ပိုက္ဆံမက်န္ေတာ့ဘူးအေမရဲ႕ ျပီးေတာ့ အဲ့အခ်ိုမုန့္ေတြေျကာင့္အေမဆီးခ်ိုျဖစ္ရင္
သမီးပဲပိုက္ဆံထပ္ကုန္ရမွာ ေတာ္ပါအေမရာ
ေနာက္မွစား ပိုက္ဆံလည္းပါသမ်ွကုန္ျပီ”
တကယ္ေတာ့မတင္ေမလက္ထဲတြင္
ေငြ၁၀၀၀ေက်ာ္ျကီးေတာင္ရွိေနပါေသးသည္
မိခင္မျမင္ေအာင္ လက္ထဲက်စ္က်စ္ပါေအာင္
ဆုပ္ကိုင္ထားေလသည္။
ထိုလုပ္ရပ္ကို မိခင္ျဖစ္သူေဒၚခင္ေမ ျမင္ပါသည္
ေတြ့ပါသည္ သို့ေပမယ့္ သမီးျဖစ္သူ၏
စာနာမႈကင္းမဲ့ေသာအျပုအမူေျကာင့္
ဝမ္းနည္းစိတ္မ်ားထိန္းမရသိမ္းမရျဖစ္ကာ
မ်က္ဝန္းအိမ္မ်က္ရည္မ်ားပါဝဲတက္လာခဲ့ေလ
သည္။
ငယ္စဥ္အခါက သားသမီးေတြအားလံုးအား
လိုခ်င္တာဟူသမ်ွစားခ်င္တာမွန္သမ်ွ
မတြန့္တိုပဲ အရာအားလံုးကိုမညည္းမညူ
ျဖည့္ဆည္းေပးခဲ့သမ်ွ မိခင္ျကီးအလွည့္ေရာက္မွ
ဒီဘာမဟုတ္ေသာ ေငြေလးအတြက္နဲ႔
မိခင္ျကီးအေပၚလုပ္ရက္ေျပာရက္ ႏွာေျမာရက္ျကေလသည္။
ဘယ္မိခင္မဆို ဘယ္ဖခင္မဆို ဝမ္းနည္းမိမွာ
အမွန္ပင္ျဖစ္သည္။
ေဒၚခင္ေမ က်လာသည့္မ်က္ရည္စက္ကို
လူမျမင္ေအာင္သုတ္ကာအိမ္ျပန္လာခဲ့သည္။
အိမ္ေရာက္ေတာ့လည္းနားမေနရ ခ်က္ရျပုတ္ရ
ကေလးထိန္းရႏွင့္အသက္အရြယ္ႏွင့္မမ်ွေအာင္
လုပ္ကိုင္ေပးရျပန္သည္။
မတင္ေမကတေနကုန္အားေနျပီး
ဘာအလုပ္မွမရွိေပ သူ့အလုပ္ကဖုန္းပြတ္ကာ
လိုင္းသံုး ပ်င္းလာရင္အိပ္ TVျကည့္ဒါနဲ့ပဲ
အခ်ိန္ကုန္ေပသည္။
မိခင္ႏွင့္လည္းစကားတစ္ခြန္းတစ္ေလမ်ွ
ေကာင္းေကာင္းမြန္မြန္မေျပာ
ေဒၚခင္ေမ ခင္မ်ာမွာေတာ့ သားသမီးေမတၱာ
ငတ္ေနရရွာသည္။
ေျမးေလးကေတာ့အဖြားအေပၚခင္တြယ္ရွာသည္
==================
ညေနေစာင္း သားမက္ျဖစ္သူ ကိုစိုးခင္ျပန္လာသည္။
“မိန္းမ အေမေရာမေတြ့ပါလား”
“ေနမေကာင္းလို့တဲ့ အိပ္ရာထဲေခြေနေလရဲ႕”
“ေနမေကာင္းရင္ ေဆးေလးဘာေလးမတိုက္ဖူးလား”
“ပါရာစီတေမာ တစ္ျပားေတာ့ေသာက္ထားတယ္တဲ့
ဘာမွမျဖစ္ပါဘူးသာမာန္ေနမေကာင္းတာေလာက္ပါ”
ကိုစိုးခင္လည္း ေဒၚခင္ေမအနားသို့ေရာက္လာကာ
“အေမ ေနမေကာင္းဘူးဆို ေဆးခန္းသြားရေအာင္ေလ”
“ေနေန သားေရ ေခါင္းနည္းနည္းပဲကိုက္တာပါ
ေဆးေသာက္ထားတယ္အိပ္လိုက္ရင္
သက္သာသြားမွာပါကြယ္”
“အေမ ဘာစားခ်င္လဲေျပာ က်ြန္ေတာ္
အေမ့သမီးကိုသြားဝယ္ခိုင္းလိုက္မယ္ေလ
က်ြန္ေတာ္ကေရခ်ိုးရဦးမွာမလို့ ”
“ေတာ္ပါျပီသားရယ္ အေမမစားခ်င္ပါဘူး”
“အင္းပါ အဲ့ဒါဆိုအေမနားလိုက္ဦးေနာ္
မနက္မွမသက္သာရင္ ေဆးခန္းလိုက္ပို့မယ္”
===================
ကိုစိုးခင္လည္းအခန္းထဲမွထြက္လာျပီး
“မိန္းမ အေမစားခ်င္တာေလးကို
လုပ္ေက်ြးလိုက္ဦး”
“ရွင့္ေယာကၡမျကီးစားခ်င္တာ မုန့္အခ်ိုတဲ့
မနက္ကေစ်းသြားတုန္းကတည္းက
က်ြန္မကဝယ္မေက်ြးလို့ စိတ္ေကာက္ေတာ္မူေနတာေလ”
“ဟာ မင္းဘာလို့ဝယ္မေက်ြးလိုက္တာလဲ”
“ေျသာ္ က်ြန္မလည္းဝယ္မေက်ြးခ်င္ပဲ
ေနပ့ါမလား လက္ထဲမွာပိုက္ဆံမွမက်န္ေတာ့တာ
“ဒီမယ္ မင္းအေျကာင္းငါမသိရင္ခက္မယ္ေနာ္
မင္းလူစိတ္မွရွိေသးရဲ႕လားဟင္
အဲ့ဒါမင္းကိုေမြးထားတဲ့မေအ အရင္းျကီးေနာ္
မင္းဒီဘာမဟုတ္တဲ့ေငြေလာက္နဲ႔ကိုယ့္အေမ
အေပၚကို ဒီေလာက္ေလးေတာင္ မသထာဘူး
မင္းတစ္ေန့ေနာင္တရလိမ့္မယ္ မတင္ေမ”
“ဟုတ္ပါျပီရွင္ ရွင္ပဲသူေတာ္ေကာင္း
ရွင္ပဲလူလိမၼာျကီး ဟုတ္ျပီလား”
ကိုစိုးခင္လည္းမိန္းမျဖစ္သူ၏စိတ္ဓာတ္ကို
အခ်ိန္ျကာေလပိုသိလာေလျဖစ္ျပီး
ေခါင္းတရမ္းရမ္းျဖင့္သာျကည့္ေနလိုက္သည္။
=====================
မနက္လင္းသည့္အခ်ိန္ေရာက္ေတာ့
“မိန္းမ အေမ မနိုးေသးဘူးလား
ခါတိုင္းဒီအခ်ိန္ထပါျပီသြားျကည့္လိုက္ပါဦး
မသက္သာေသးဘူးထင္တယ္”
မတင္ေမလည္း ဒီကေန့မွ မိခင္အေပၚ
စိတ္ေကာင္းဝင္ေနမိကာ ခ်ိုသာသည့္
အသံကေလးနွင့္မိခင္ျဖစ္သူအခန္းထဲဝင္သြားျပီး
“အေမ အေမ မသက္သာဘူးလားဟင္
ေဆးခန္းသြားရေအာင္လာနိုးတာအေမ”
ကုတင္ေလးေပၚတြင္ မတင္ေမအားေနာက္ေက်ာ
ေပးလ်က္အေနအထားျဖင့္မလႈပ္မရွားပဲ
ျငိမ္သက္ေနသည္။
“အေမ အေမ့ ေဟာေတာ္
ကိုစိုးခင္ လာပါဦး အေမ့ကိုေခၚလို့လည္းမရေတာ့ဘူး”
“ဟင္ ဟုတ္လား ေအးေအးလာျပီ
ေအမ ေအမ့ ”
ကိုစိုးခင္လည္းပ်ာပ်ာသလဲျဖစ္သြားရသည္
ေခၚလို့လည္းမရသည့္ေနာက္ဆံုး
ကိုစိုးခင္ ေဒၚခင္ေမ၏အသက္ရွဴသံအား
ႏွာေခါင္းေပါက္ေလးအားစမ္းျကည့္လိုက္သည္။
မတင္ေမကလည္း စိုးရိမ္တျကီးျဖင့္ကိုစိုးခင္အား
ျကည့္ေနသည္။
ကိုစိုးခင္ ေခါင္းခါျပလိုက္ရသည္။
“အေမ အသက္မရွိေတာ့ဘူး မတင္ေမ”
“ရွင္ အ အေမအသက္မရွိေတာ့ဘူးဟုတ္လား
အေမ အေမ သမီးမိုက္ကိုထားခဲ့ျပီလားအေမရဲ႕
အေမစားခ်င္တဲ့မုန့္ေလးကိုေတာင္
မသထာတဲ့ေဟာဒီေကာင္မကို အေမခြင့္မလႊတ္ပါနဲ့
ေအမ”
“ငါ့မိန္းမ မင္းေနာင္တေတြက ေနာက္က်ခဲ့ျပီ
အေမမျကားနိုင္ေတာ့ဘူး
သူေနာက္ဆံုးလိုအင္ဆႏၵေလးကိုေတာင္မင္း
ျဖည့္မေပးခဲ့ဘူး မင္းဟာလူျဖစ္ျပီးလူမပီသတဲ့
မိန္းမပဲ”
“က်ြန္မမွားပါျပီေတာ့္ က်ြန္မေလ
လက္ထဲမွာပိုက္ဆံရွိလ်က္နဲ့ သူစားခ်င္တဲ့
မုန့္ကို သိသိလ်က္နဲ့မေက်ြးခဲ့မိဘူး
သူမေသခင္ကလည္းက်ြန္မအေမ့အေပၚကို
မေကာင္းခဲ့ဘူး အေမေရ သမီးေနာင္တရပါျပီ
အေမရဲ႕ ဟီးဟီး ဟီး အီးဟီး”
………………………………
“ေဒၚခင္ေမျကီးဆံုးျပီတဲ့ ”
“ေကာင္းပါတယ္ေလ သူဒီလိုဆံုးသြားတာ
မဟုတ္ရင္ဝဋ္ခံေနရဦးမွာေအ့”
“ဟုတ္ပါ့ သမီးအိမ္မွာစားခ်င္တာမစားရ
လုပ္ခ်င္တာမလုပ္ရနဲ့ ေဟာ မေအျကီးေသမွ
အသံေကာင္းဟစ္ျပီးေအာ္ငိုေနေလရဲ႕”
“ငါျကားတာကေတာ့ ေဒၚခင္ေမျကီး
မဆံုးခင္က သူစားခ်င္တာကိုေတာင္
ဝယ္မေက်ြးးဘူးတဲ့ေအ ေတာ္ေတာ္ရိုင္းတဲ့
မိန္းမပါ အခုမေအေသမွေနာင္တေတြရေနေလရဲ႕
“ေသမွေနာင္တရလည္း ဟိုကရွင္လာမွာ
မဟုတ္ေတာ့ဘူး မေသခင္က မေအအတြက္
ဘာမွလုပ္ေပးခဲ့တဲ့သူမဟုတ္ဘးး
ဒီလိုေကာင္မမ်ိုးဝဋ္လည္ဦးမယ္ျကည့္ေနျကည့္ေန”
အိမ္နီးခ်င္းမ်ား၏ျပစ္တင္ေဝဖန္သံေတြကို
မတင္ေမအလူးအလဲခံရျပန္သည္။
“ေျသာ္ အေမရယ္ အေမမရွိေတာ့မွ
အေမ့ေမတၱာအေမ့ေစတနာေတြကို
သမီးနားလည္ပါျပီ အေမ့ကိုသမီးျပန္လိုခ်င္တယ္အေမ
အေမ့ကိုသမီးျပန္ျပီးျပုစုခ်င္တယ္
အေမစားခ်င္တာမွန္သမ်ွကိုသမီးဝယ္ေက်ြးခ်င္ေသးတယ္အေမ ဟီး ဟီး ဟင့္ ဟင့္
အေမ့အတြက္
ေဟာဒီကုသိုလ္ေတြကိုလည္းသမီး အမ်ွေဝပါတယ္အေမ အေမေနာက္ဘဝမွာ
သမီးလိုမေကာင္းတဲ့သူမ်ိုးနဲ့ထပ္မဆံုပါေစ
နဲ့လိုသမီးဆုေတာင္းပါတယ္”
မတင္ေမ ေနာင္တအင္မတန္ျကီးစြာရကာ
မိခင္ျဖစ္သူအားျပန္လိုခ်င္ေနသည္။
မိခင္ျဖစ္သူ၏ေမတၱာကိုမရွိေတာ့မွျပန္ေတာင့္တေနမိသည္။
မိခင္ကိုအေကာင္းဆံုးဆိုသည့္မုန့္မ်ားကို
ေက်ြးခ်င္ေနမိသည္။
သို့ေပမယ့္ ေနာင္တေတြကေနာက္က်ခဲ့ျပီ
အခ်ိန္ေတြလြန္ခဲ့ျပီျဖစ္သည္။
သူမ၏တစ္ဘဝလံုးေနာင္တေတြနဲ့သာ
ျဖတ္သန္းရေပဦးေတာ့မည္။
က်ြန္ေတာ္တို့ အျမဲျကားေနျကစကားေလး
လိုေပါ့ မိဘကိုမေသခင္မွာေက်ြးထား
မေသခင္မွာျပုစုထား မရွိမွေက်ြးခ်င္လို့
မရွိမွျပုစုခ်င္လို့မရဘူးတဲ့ သိပ္မွန္တဲ့စကားေတြေပါ့ဗ်ာ
ခင္ဗ်ားတို့လည္းမိဘကိုမေသခင္မွာ
ျပုစုလုပ္ကိုင္ေပးနိုင္ျကပါေစလို့
ဆုေတာင္းရင္း……
ျပီးပါျပီ