” ဖျက်မရတဲ့သွေးကွက် “(စ/ဆုံး)

Unicode Verion

” ဖျက်မရတဲ့သွေးကွက် “(စ/ဆုံး)
————————————-

ပစ္စည်းကိုမြင်လိုက်ရတဲ့တစ်ခဏ..။ ပါးစပ်ကအဟောင်း
သား။ မျက်လုံးပြူး၊ မျက်ဆံပြူးနဲ့ ဗြုန်းစားကြီး
အံ့အားသင့်သွား တယ်။ ပြောရရင် အကြီးအကျယ်
အံ့အားသင့်သွားစေတယ်လို့ ဆိုမှ မှန်ကန်ပါလိမ့်မယ်။
ဒီလိုပစ္စည်းမျိုးကို တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။
အထူးသဖြင့် – ခုလို ဒေသတောခေါင်ခေါင်မှာ
တွေ့ဖို့မလွယ်တာလည်းအမှန်။တစ်ချိန်ကဒီပစ္စည်းမျိုးဟာ
နန်း တွင်းမင်းမှုထမ်းတွေသာ ကိုင်ဆောင်ရတဲ့လက်နက်၊
သာမန် အရပ်သားတွေ ကိုင်ဆောင်ခွင့်ရှိတာမှမဟုတ်ဘဲ။
ဒါတွေကို သိမှတ်ခဲ့ရဖူးတယ်။စကားစပ်မိလို့မနေ့ညနေက
သိုင်းပညာအကြောင်းစကား စပ်မိတော့ ဗန်တိုလို့ခေါ်တဲ့ လက်နက်မပါဘဲ
လက်ချည်းခုခံကာ ကွယ်တိုက်ခိုက်မှုပညာ၊
ဗန်ရှည်လို့ခေါ်တဲ့ လက်နက်တစ်ခုခုကို ကိုင်တွယ်ပြီး
ခုခံကာကွယ်တိုက် ခိုက်မှုပညာရယ် နှစ်မျိုးနှစ်စား အကြောင်းရောက်သွားခဲ့တယ်။
“သိုင်းပညာကိုမြန်မာနိုင်ငံမှာ အနွယ်စဉ်ကြီးလေးခုလို့
သတ်မှတ်ထား တယ်။ မြန်မာ့နန်းတွင်း၊ ကမ္ဘောဇ၊
ရာမညနဲ့ ဓညဝတီပါပဲ။ အဲဒါတွေကလွဲပြီး
ထွက်သွားကြတာအများကြီးလို့ ဆိုရမယ်”
“ဒါဖြင့် – ဆရာတို့ပညာဆိုရင် ကမ္ဘောဇအနွယ်ထဲကပေါ့”
“မှန်ပါတယ်။ ခူးခါချန့်ဟာ ကမ္ဘောဇနန်းတွင်းသိုင်း
ပြောင်းပြန်အနေနဲ့ ဟောနန်းထဲမှာ တွင်ကျယ်ခဲ့တဲ့ ကမ္ဘောဂပညာတစ်ရပ်ပါ”
“ပညာတွေအားလုံးက ကိုယ်ရေးလုံခြုံဖို့ ခုခံ
ကာကွယ်တိုက်ခိုက်တဲ့ ပညာရပ်တွေ ဆိုရမယ်မဟုတ်လား”
“ခင်ဗျားပြောတဲ့အဲဒီရှောင် တိမ်း၊ ကာ၊ ကွယ်၊ ခု၊ခံ၊
တိုက်၊ ခိုက် ဆိုတာ မြန်မာ့သိုင်းပညာမှာ ပညာပိုင်းအရ
လေ့ကျင့်ရမယ့် သိုင်းကျင့်စဉ်တစ်မျိုးစီ ပဲ။
တစ်မျိုးနဲ့တစ်မျိုးလည်း မတူကြဘူးလ။ ဥပမာရာ-
ရှောင်တိမ်းတယ်ဆို တာအဓိပ္ပာယ်တူစကားလုံး
နှစ်မျိုးတွဲထားတယ်ထင်ရပေမယ့်သိုင်းပညာမှာ
တော့ ရှောင်တာနဲ့ တိမ်းတာ မတူဘူး။ ကွဲလွဲတယ်”
“ပြောပါဦးဗျာ – ဗဟုသုတရတာပေါ့”
“ရှောင်တယ်ဆိုတာ ခြေကွက် အတက်၊ အဆုတ်၊
အခွဲတွေနဲ့ ခြေရဲ့ လှုပ်ရှားပြောင်းလဲမှုတွေပါတယ်။
တိမ်းတယ်ဆိုတာကတော့ ခြေမလှုပ်ရှား ဘဲ
(မူလခြေကိုမပြောင်းတဲ့) အဝပ်၊ အထိုင်၊အသို့၊
အတိမ်းတွေပဲ။ တွဲပြီးသာ ပြောတာ ပုံသဏ္ဌာန်မတူဘူး။
အများကြီးကွာခြားတာပါ”ညိတ်၊
ကိုထွေးတို့စကားဝိုင်းက လူများမှာခေါင်းတညိတ်ညိတ်၊လည်တညိတ်
“ခုမှသိတယ်။ ရှောင်တိမ်းတယ်လို့ တွဲပြီးပြောလိုက်တာကိုး”
“ဟုတ်တယ်- အဲဒီလိုပဲကာလာနဲ့ကွယ်တာ။ ခုတာနဲ့
ခံတာ။တိုက်တာ နဲ့ ခိုက်တာတွေဟာ
မတူကြဘူး။ လူးလှိမ့်တယ်ဆိုတဲ့စကားလုံးကိုပဲကြည့်။
လူးတာဟာ ဘယ်မှညာ ညာမှ ဘယ်ပြောင်းတဲ့
သဘောလောက်ရယ်။ အဲ လှိမ့်တာကတော့
ကိုယ်တစ်ပတ်လည် ရွေ့လျားသွားပြီပဲ”
“ဟုတ်ပဗျာ – ရွေ့လျားပုံချင်း မတူဘူးနော်”
“ကျွန်တော် – ဗန်တို၊ဗန်ရည်အကြောင်းပြောခဲ့ပြီးပြီ။
ဗန်ရှည်မှာဆိုရင် လက်နက်စွဲကိုင်တိုက်ခိုက်တာအားလုံး
အကျုံးဝင်တယ်။ ရှေးတုန်းကတုတ် တို၊
တုတ်ရှည်။ လှံတို၊ လှံရှည်၊ ဝါးတို ဝါးရှည်တွေ
သုံးခဲ့တာပေါ့။ ရဲတင်းတို့၊ တင်းပုတ်တို့က ချဲ့ထွင်သုံးလာကြတာတွေပါ”
“ဓားအကြောင်း သိစမ်းပါရစေ”
“ရှေးမြန်မာတွေက ဓားရေး ကျွမ်းကြတယ်။ ဓားကို
လက်နက်သဖွယ် စွဲကိုင်တိုက်ပွဲဝင်နေရတော့
ဓားရေးသုံးဆယ့်ခုနစ်ချင်းဆိုတာ ဓားကို ကိုင်ပုံ
တိုက်ခိုက်နည်း၊ ဟန်ပန်တွေ ပေါင်းစုထားတာပဲ။
ရှေးမြန်မာတွေ ကိုင်ခဲ့တဲ့ ဓားတွေထဲမှာတစ်ချက်တည်းနဲ့
နွားလည်ပင်း အကွင်းလိုက်ကျအောင် ခုတ်
နိုင်တဲ့ဒွတ္တပေါင်မင်းကြီးရဲ့ဓား ဆင်လည်ပင်းပြတ်နိုင်
တဲ့စစ်ကိုင်းအသင်္ခယာ စောယွန်းရဲ့ညိုရောင်ဓား၊
နှစ်မိုက်ခန့်ရှိတဲ့ငွေသားအတုံးလိုက်ပြတ်စေတာ
ပထမမင်းခေါင်ရဲ့ စိန်သွားရောင်ဓား၊ ကျောက်ထုသံ
တောင်ကို ပြတ်စေတဲ့ ဗျည်းနွဲ့ရဲ့ဓား။ မင်းကြီးရန်နောင်ရဲ့
ယိမ်းနွဲ့ပါးဓာ။ စုဖုရားလတ်ရဲ့နန်းသူဆံမြည့်
ဓားတွေဟာ နာမည်ကြီးတယ်။ ရှေးမြန်မာ့သမိုင်း
အထောက်အထားတွေ အရနာမည်ကျော်ခဲ့တယ်လို့
ဆိုရမှာပဲပေါ့။ အဲဒီ့ဓားတွေအကြောင်းဟာ ယုံ တမ်းပုံပြင် မဟုတ်ဘူး။
အတိအကျရေးထားခဲ့တဲ့ သမိုင်း ပေစာ၊ ပုရပိုက်
တွေမှာ မှတ်တမ်းတင်ထားခဲ့တာမို့တိတိကျကျပြောနိုင်တာပါ”
“အေးဗျာ – ဆရာမျိုး – နယ်ဘက်ရောက်လို့ညအိပ်ပြီး
ဆိုကျွန်တော်တို့ တွေလာလာပြီးမေးကြ စမ်းကြ၊
စကားပြောရတာဗဟုသုတဖြစ်ရပါတယ်။ မြန်မာစာ
အရေးအဖွဲ့တွေ၊ သိုင်းပညာအကြောင်းတွေ၊
အခြားအားကစား နည်းတွေ၊ မှုခင်းအကြောင်းနဲ့
ဥပဒေတွေရယ် စုံလို့ပါပဲ။ ဆရာမျိုးက ကိုယ် တိုင်
သိုင်းဆရာကြီး၊ အားကစားသမား။ ဒီကြားထဲ
စာတိုပေစတွေ ရေးဒန တော့ ဗဟုသုတစုံတဲ့လူမျိုး”
ကိုထွေးရဲ့စကားကိုကျွန်တော်က ဘာမှမပြော။
ပြုံးလို့နေမိတယ်။ “အဲ – သတိရလို့ ပြောထားတာ။
မနက်ဖြန် – ဆရာမျိုးကို ရွာတောင်ပိုင်း
ဦးကြီးတို့အိမ်က အထူးအဆန်းတစ်ခုလိုက်ပြရဦးမယ်”
သူက အထူးအဆန်းဆိုလို့ နားစိုက်
သတိထားလိုက်မိတယ်။ စိတ်ဝင် စားစရာပါပဲ။
“ဟာ – ဒီဥစ္စာနန်းဓားပဲ။ ဘယ်ကရတာလဲဟင်။
ကျွန်တော်တောင်မှ၁၉၈၁ – ခုနှစ်က
သိုင်းပညာရှင်တွေအသိအမှတ်ပြုတဲ့အပတ်စဉ်(၁)
ဆရာ အဆင့်သင်တန်းမှာမြန်မာ့နန်းဓားပညာကို
(ဓားကြီးသိုင်း)ပညာစဉ်တစ်ရပ် အနေနဲ့
သင်ကြားခဲ့ဖူးလို့ သိတာဗျ။ အရင်က မတွေ့ဖူးဘူး”
“ဓားက ကြီးမားတော့ အထူးအဆန်းအနေနဲ့
ပြတာ။ အရိုးကလည်း အကျအန၊ ဓာ၊မှာလည်း
ပန်းကနုတ်တွေနဲ့။ ကဲ – မထူးခြားဘူးလား”
“ထူးခြားတာပေါ့ဗျာ။ သိုင်းအဖွဲ့ချုပ်မှာ
သုတေသနမှုပဲ ရှိသေးတယ်။ ခိုင်ခိုင်မာမာ
လေ့လာရဦးမှာ။ ဓားသွားအရှည်က
နှစ်ဆယ့်ရှစ်လက်မ၊ အရိုး ကတင်ဆယ်လက်မရှိတယ်။
ကုန်းဘောင်ခေတ်သုံးနန်းဓား”လို့ခေါ်တယ်
ဗျ။ လက်နှစ်ဖက်ကိုင် ထိုးခုတ်ရတာမျိုး။
ဂျပန်ကင်ဒိုဓားလို ကစားနိုင်တယ်
“မသိပါဘူးဗျာ။ လေးကင်းဓားတွေ၊
ဆောင်ဓားတွေထက် ကြီးတာက တော့
မျက်မြင်ပဲ။ အရည်တွေတော့ တိုင်းမကြည့်မိပါဘူး” “အလို-ဓားသွားပေါ်
မှာလည်၊ အစွန်းအကွက်တွေနဲ့ပါလာ။ သံချေး
တွေ ကွက်နေသလားမသိဘူး။ သွေးလိုက်ရင်
ပျောက်သွားမှာပေါ့” “မဟုတ်ဘူး- ဦးကြီး –
ပြောခဲ့ဖူးတယ်။အဲဒါတွေကလူသွေးစွန်းနေတာ
တဲ့။ သွေးလို့လည်း မပျောက်ဘူးဆိုပဲ”
“ဒါဖြင့် … ဒီနန်းဓားမှာ နောက်ကြောင်းလေးရှိမှာပေါ့”
“ရှိတယ် – ဦးကြီးပြောပြလို့ အိမ်ထောင်ကျစ
လောက်ကတည်းက သိ နေတာပါ။ ဆရာမျိုးက
စာရေးနေတော့ သိရအောင် အိမ်ကျမှ ပြောပြမယ်။
တကယ့်ဇာတ်လမ်းကောင်းလေးပါ”
ဓားကို သေတ္တာပုံးအတွင်း ထည့်ခဲ့ပြီး
ပြန်လာကြပါတယ်။ လမ်းတစ် လျှောက်လုံး
ပြောလာကြတဲ့စကားတွေကလည်း ဓားအကြောင်းတွေပါပဲ။
“နန်းတော်ထဲမှာ သုံးစွဲတဲ့ားခုနှစ်မျိုးရှိတယ်။ အဲဒါတွေက သီလဝံစား၊
သံရှင်ဓား၊ လက်သုံးတော်ဓား၊ ဆင်လည်ပြတ်ဓား၊
နန်းစဉ်ဓား၊ စကြာဓား တော်၊ ယိမ်းနွဲ့ပါးဓားတဲ့။
အခုမြင်ခဲ့တဲ့ဓားဟာ နန်းစဉ်ဓားပါပဲ။ ကနောင်မင်း
သားကြီးအသုံးပြုခဲ့ဖူးတယ်လို့ ဆိုထားပါတယ်။
နန်းတော်ထဲမှာ ဝင်ထွက် သွားလာခွင့်ရသူတွေ
တာဝန်နဲ့ သီးသန့်ကိုင်တွယ်ရတဲ့ဓားပဲပေါ့
“ဆရာမျိုးပြောလို့ အစေ့အစုံ သိရတာပါ။
ခုနကတွေ့တဲ့ဓားကို ဦးကြီး ဟာ သူနေတဲ့
ဟိုဘက်က အိမ်ကြီးမှာ မထားဘူး။ ခေါင်းရင်းက
လူမနေတဲ့ ဒီအိမ်မှာ ထားတယ်။ သူကိုယ်တိုင်လည်း
ဒီားကို ကိုင်ခံတယ်ဗျ” “ဘာဖြစ်လို့လဲဟင်”
“ဓာ၊နားမှာ ရိုးခနဲ၊ ရိပ်ခနဲ မျိုးတွေ တွေ့နေရတော့
အိမ်ကလူတွေ ကြောက်မှာစိုးလို့တဲ့လေ။ အဲဒီလို
ဖြစ်နေတာကလည်း မဆန်းပါဘူး။ အရင့် အရင်
ပိုင်ရှင်လက်ထက်ကတော့ မသိဘူး။ ဦးကြီးဆီ
မရောက်ခင်က လူသုံး ယောက်ကို သတ်လာခဲ့တာ အမှန်ပဲ။
အစွဲအလမ်းတွေ ရှိနေမှာပေါ့လေ”ကိုထွေးရဲ့
ဇာတ်လမ်းကို ပြောမပြခင်ကတည်းက စိတ်ဝင်စားစရာ။
မနက်ပိုင်းဌာနအတွက်လုပ်ငန်းပြီးချိန်မှာ
စားသောက်လို့တစ်နေ့လုံးနားနေ ရယ့်အနေအထား၊
ညနေပိုင်း၊ ညပိုင်း(ပအိပ်ခင်)အထိလည်း စကားဝိုင်းဖွဲ့ နိုင်တယ်။
“ဆရာမျိုး – ရေမချိုးခင် နန်းဓားကစားပုံလေး
ပြစမ်းပါ။ ကြည့်ရင်လို့ ကိုထွေးကလူစင်ရင်းမို့
အားမနာစတမ်းရှာရှာဖွေဖွေမေးမြန်းလုပ်ခိုင်း
တတ်တာသူ့အကျင့်။ ကောင်စီကိစ္စနဲ့လာဒပေမယ့်
သူ့အိမ်မှာအတင်းအကျပ် အိပ်ခိုင်း၊ စားခိုင်းတဲ့ သူ့စေတနာကို
လေးစားရမယ်။ တကယ်ဆို-လာရင်း ကိစ္စက သူတို့နဲ့
မဆီလေးရယ်တဲ့မှမဆိုင်။ ဟင်္သာတနယ်၊
တလုတ္ထော်ကျေး ရွာအုပ်စုတွင် အင်္ဂပိုကျေးရွာ။
အနီးစပ်ဆုံး အင်းဝင်းကျေးရွာကို တာဝန်နဲ့ ရောက်နေရခြင်းပါ။
“ကဲ- ခင်ဗျားခိုင်းသလို လုပ်ပြရတာပေါ့။ လေ့ကျင့်
သလို အားတော့ သိပ်မစိုက်ဘူးနော်။ သဘော
လောက်လုပ်မှာ။ ခင်ဗျားက နန်းဓားပုံစံမျိုးငါး
ဓားခုတ်ပေတော့ – ဟုတ်ပလား။ ဒါလောက်တော့
‘ဖြစ်ပါတယ်နော်” “ရတယ် – သိပ်ရတယ်”
ကိုထွေးကဓားသွားကိုဝါ၊ဘိုးအပြား ခုတ်ပြီးအခိုး
အဖြစ်ဝါ၊ရားပိုင်းခြမ်း ကို သံကပ်ရိုက်ပေးလိုက်တယ်။
သူ့ဓားလေးက အချိုးကျကျ လှပင်လှသေး တော့။
သံဓားမဟုတ်လင့်ကစား ကိုင်ရတာ စီးစီးပိုင်ပိုင်၊
ဒဝေ့ယမ်းခုတ်ထစ် လှမ်းထိုးလို့ကောင်းတယ်။
“နန်းဓားကိုကစားလေ့ကျင့်တာခြောက်ဆယ့်
သုံးနည်၊ရှိတယ်။ ကစား ကွက်မှာ ကာချက်၊
တိုက်ချက်တွေ ပါတယ်။ ကာရက်က ဆယ့်လေးချက်၊
ကာတိုက်ချက်က ဆယ့်ရှစ်ချက်၊ တိုက်ချက်သက်သက်က သုံးဆယ့်တစ်
ချက်။ ပေါင်း ခြောက်ဆယ့်သုံးနည်းရှိတယ်။
အကွက်ပိုင်းတစ်ပတ်လည် အောင် ကစားရတာပါပဲ”
“ဦးစွာားကိုကိုယ်ဘေးမှာထောင်ကပ်သတိဆွဲပြီးစတဲ့အခါဘယ်
ခွဲ ဒူးကွေးထားရတယ်။ ဘယ်လက်ဝါးစောင်းကို
ဓားရဲ့နံဘေး ခါးလောက်မှာ ထောင်ကာရာက
ဓားသွားကို ကိုယ်ရှေ့မှာ မောင်းကပ်ခင်း
လိုက်တာဟာ အသင့်အနေအထားပါ
ကျွန်တော်လုပ်ပြတာကို ကိုထွေးတို့စူးစူးစိုက်
စိုက်ကြည့်နေကြတယ်။ သူတို့ မြင်ဖူးမှာလည်း
မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင် ဆရာဖြစ်ရခဲ့တဲ့
ပညာစဉ်မဟုတ်ဘဲ၊ မြန်မာ့နန်းတွင်းသိုင်းမို့
အပတ်တကုတ်သင်ခဲ့ရတာပါ။ ထောင်ပိုင်း၊ ထောင်တွက် စိုက်တွက်၊
ပင့်၊ တည့်ပက်မျှော်တမ်းတို့က စပြီးစုံထိုး၊
စုံလိမ်စိုက်ခတ်၊ ရုံခြုံထိုင်၊ စုံပင့်ထမ်း၊စုံထောင်ပိုင်းနဲ့
ခြောက်ဆယ့် သုံးနည်းအဆုံးသတ်ကာ အသင့်
အနေအထား ပြန်ရပ်လိုက်တယ်။ ပင်ကို အား
မထည့်ပေမဲ့ဟန်၊မာန်၊ထန်များကြောင့်ချွေးတို့နို့သီးနေဆဲ။
ကိုထွေးတို့ လူစု ကျွန်တော့်ကစားကွက်နဲ့
ရှင်းလင်းပြောပြနေတာတွေကို သဘောကျ နေလေရဲ့
“ကဲ – ကိုထွေး – နန်းဓားနဲ့ပတ်သက်လို့ ပြောခဲ့တာလည်း
စုံလောက်ပြီ ပဲ။ ခင်ဗျားပြောမယ်ဆိုတဲ့ နန်းဓားရဲ့
ကတ်လမ်းလေးကြားချင်လှပြီ” ကျွန်တော့်စကား
စလိုက်တဲ့အခါ ကိုထွေးက သောက်လက်စ
ရေနွေး ကြမ်းခွက်ကို အစသတ်လိုက်တယ်။
“အခု – ဓားပိုင်ရှင်ဖြစ်တဲ့ ကျွန်တော့်ဇနီးရဲ့
ဦးကြီးဦးလှိုင်ဘွားဟာ တစ် ချိန်ကရပ်ရွာရဲ့
ကာကွယ်ရေးခေါင်းဆောင်၊ အင်္ဂပူနယ်၊ တောရွာကြီးတစ်ရွာ
မှာ ဖြစ်ခဲ့ဖူးတယ်။ အင်းဝင်းသူနဲ့ အိမ်ထောင်ကျမှ
ဟင်္သာတနယ်ထဲရောက် လာတာ။ သူနေခဲ့
တဲ့ရွာဟာမြို့နဲ့ အလှမ်းဝေးပြီးတောင်ခြေနဲ့
လည်းနီးသတဲ့။ သူ ကာကွယ်ရေးခေါင်းဆောင်ဖြစ်တော့
တိုင်းပြည်ဟာ ရောင်စုံသူပုန်တွေကြီးစိုးနေ
တဲ့ကာလ၊ဓားပြအကြီးစားသူပုန်တွေရဲ့ရန်ကြောင့်ရရာလက်နက်
ပြီးကိုယ့်ရွာကိုယ်ကာကွယ်နေကြရတဲ့အချိန်ပါပဲ။
အဲဒီကဇာတ်လမ်းစတာလို့ ပြောရမယ်”
ကိုရှိန်းမောင် – ကိုရပ်ရွာနေ အတော်များများက
လူရိုးလူကောင်းတစ် ယောက်လို့ သိထားကြသလို
အိမ်ထောင်ကျတဲ့နေရာမှာ (မျက်နှာများသူ ပိန်းမလည်)
နဲ့ ညားရရှာတယ်ဆိုပြီး နှမြောတသ စိတ်မကောင်းဖြစ်ကြရ တယ်။
တောရွာဆိုတာဟိုစဉ်ကာလလွတ်လပ်ရေးရာအချိန်ထိ ရိုးသားသူ၊
ဖြောင့်မတ်သူနဲ့ ကိုယ်ကျင့်တရား ကောင်းသူတွေ ပေါများပြီး
အများထဲက ဖောက်ထွက်ပျက်စီးရင်လည်း ပျက်စီး
သလောက် အဆိုအပြော ခံရတာ မဆန်းဘူးပါ့။
ယောက်ျားပဲဖြစ်ဖြစ်၊ပိန်းမပဲဖြစ်ဖြစ်စာရိတ္တချို့
ယွင်းလာသူဆို (အပေါင်းအသင်း)မလုပ်ဖို့အထိ
တားမြစ်ပိတ်ပင်နေတဲ့ခေတ်၊ကိုရှိန်းမောင်
တို့မျိုးရိုးကနာမည်ကောင်းတစ်လုံး တံခွန်ထူနိုင်ခဲ့တယ်။
ရိုးရိုးသားသား လုပ် ကိုင်စားလာတာဘိုးစဉ်
ဘောင်ဆက်ကတည်းကပါ။ ဆိုးသွမ်းမှုလေ့စရိုက်
လုံးဝမရှိတဲ့အသိုင်းအဝိုင်းလို့ ဆိုရမယ်။
ဖြစ်ချင်လာတော့ လူပျိုသိုးကြီး ကိုရှိန်းမောင်
ယူလိုက်တဲ့ မိန်းမလက် ထက်မှာနှပ်ပစ်ခံရတာပါပဲ။
အညှာလွယ်တယ်၊ မျက်နှာများတယ်၊ရည်းစား
ပေါတယ်ဆိုတဲ့နာမည်ဆိုးရှိသူနဲ့ ညားခဲ့တာကိုး။
အပိုင်ကိုင်လိုက်တာ၊ အမိ ဖမ်းလိုက်တာဆိုတဲ့ဘွဲ့တွေ
တစ်သိကြီးနဲ့ ကိုရှိန်းမောင်မိဘသားချင်း ညီအပ်ကို
မောင်နှမတားနေပေမယ့်မသင်းသင်းကိုယူဖြစ်
အောင်ယူခဲ့တယ်။ မိဘအိမ်နဲ့ တစ်ခြံတည်းဆိုသော်
လည်း (ခြံထောင့်)ကွက်လပ်မှာ အိမ်ကလေး
တက်နေတာဟာ သူ့ဇနီးအပေါ်အားလုံးက
မကျေမနပ်ဖြစ် နေလို့ဆိုတဲ့အကြောင်းပါ ပါလိမ့်မယ်။
သူ့အိမ်ရဲ့ထွက်လမ်းကို မူလခြံကြီးရဲ့ လမ်းရိုးအတိုင်း
မဖောက်ဘဲ အိမ် နံဘေးကလှည်းလမ်းကိုတိုက်
ရိုက်ဖောက်ထားတော့ တော်ရုံသူအိမ် အဝင်
အထွက်ကို တွေ့ဖို့ ခဲယဉ်းသွားတာပေါ့။ သူကလည်း
ကျောပူခံနိုင်ပေမယ့် နားပူမခံနိုင်တာကြောင့်ဖြစ်မယ်
ထင်ပါတယ်။ကိုရှိန်းမောင်နားအေးပါးအေး
နေချင်ပေမယ့် အကြောင်းဆိုတာ ဖြစ်လာပြန်တော့
မနေရဘူးတဲ့။ သူ့ဇနီးသင်းသင်းကအိမ်ထောင်ကျပြီး ခုနစ်လကျော်၊
ရှစ်လမပြည့်ခင်ကလေးမွေး တယ်။ နေ့မစေ့၊လမစေ့
မွေးတာပါတဲ့။ ခုနစ်လကျော်ကျော်လေးမှာကလေး
မျက်နှာမြင်ပေမယ့် ညှက်ညှက်သေးသေး မဟုတ်ဘဲ တစ်တုံးတစ်ခဲကြီးပါ။
ပြောရစေတော့ – ကလေးဟာအဖေအသားမည်းမည်း၊
အမေအသားညိုညို က မွေးထားလင့်ကစား
ကလေးအသားက ဖွေးအိနေတာမို့ တွေ့သူတိုင်းမှာ
တအံ့တဩ။ မသင်းသင်းရဲ့ရည်းစားတစ်ယောက်ဖြစ်တဲ့
ထွန်းလှရဲ့ကလေး လို့ပဲ စွပ်စွဲကြတယ်။
ထွန်းလူက မြန်မာမဟုတ်။ ကပြားတစ်ယောက်ဖြစ်နေ
လို့ပါ။ ကိုရိန်းမောင်နဲ့မညားခင်က သင်းသင်းနဲ့
ထွန်းလူတို့ကြိုက်တာအကြီး အကျယ်ပေါ့။ လူတိုင်းက
ယူပယ်ပဲ ထင်နေကြတာ။ ထွန်းလူဟာ သူရဲ့ ဆွေ
တွေ၊ မျိုးတွေဆီအသွားမှာ သေသလိုလို သတင်းကြားပြီး၊
ဇာတ်မြှုပ်ခဲ့လေ တော့ ဘသားချော
ကိုရှိန်းမောင် တစ်စခန်း ထလာတာပါ။
ထွန်းလူအဖေနဲ့ အမေဟာ အင်္ဂပူမြို့ပေါ်မှာနေပြီး
ထွန်းလူက အဘိုး အဘွားတွေရှိတဲ့ရွာမှာကြီးပြင်းခဲ့တယ်။
တစ်နေ့တခြားလူလားမြောက်လာတဲ့ ကိုရှိန်းမောင်၊
မသင်းသင်းတို့ရဲ့ကလေးဟာ တစ်စတစ်စ ထွန်းလူနဲ့
တူလာ တယ်ဆိုတဲ့သတင်းကြောင့်ကိုရှိန်း
မောင်မိသားစုအသိုင်းအဝိုင်းဟာရပ်ရွာ ထဲမှာခေါင်း
မဖော်နိုင်ကြဘူး။ သတင်းကောင်းထက် သတင်းဆိုးက
ပျံ့လွယ် တာကြောင့် လူရိုးလူအေးကြီး ကိုရှိန်းမောင်
ရဲ့နားလည်း ရောက်မှာသေရာ ပါတယ်။
မေးခြင်း၊ စမ်းခြင်းလည်း မရှိဘူး။ ပြောလည်း
မပြောဘူး။ ကိုရှိန်း မောင်က ဘာတစ်ခုမှ စိတ်မဝင်စားသလို
သူ့အလုပ် သူလုပ်နေတာပါပဲ။ ဒါပေမဲ့- သူ့သားလေးကို
ချီချီပိုးပိုးမရှိတာတော့ မြင်နေရတယ်လေ။
သူ့ဇနီးကဒီကိစ္စကိုမသိသယောင်နေပေမယ့်
ကိုရှိန်းမောင်ရဲ့ဆွေဆွေမျိုးမျိုးတွေက မခံနိုင်လို့စိ
ခကြောင်းဆုံချင်တော့ထွန်းလူရွာပြန်လာ
တယ်။ ဆွေမျိုးတွေဆီမှာ နာမကျန်းဖြစ်နေလို့
ကြာသွားတယ်ဆိုပဲ။ သူတို့ သုံးဦးဆိုင်ဇာတ်
လမ်းကြီးဟာတကယ်ကြည့်ကောင်းမယ့်ပွဲတစ်ပွဲလို့အများ
က စောင့်ကြည့်အကဲခတ်နေကြတယ်လေ။ ထွန်းလူက
အရင်ကတည်းက ခင်မင်ခဲ့သူတစ်ဦးပမာ ဝင်ထွက်ဖို့
ကြိုးစားပေမယ့် မသင့်တော်ဘူးလို့ ပြော ကြသလားမသိ။
အနေအထိုင်တန့်သွားခဲ့တာအမှန်ပဲ။ ခက်တာက
သင်းသင်း။ အိမ်ထောင်ရှင်တစ်ယောက်
စောင့်စည်းထိန်းသိမ်းရမယ့်အနေအထား။
သူတို့ ဖြစ်ပေါ်နေတဲ့အခြေအနေကို နားမလည်တာပဲလာ။
ဂရုမထားတာပဲ လား မဆိုနိုင်တော့ပါ။ ကလေးမပါဘဲ
သွားတဲ့အခါသွားပြီး ကလေးနဲ့လည်း
အဝင်အထွက်အတွလုပ်ခဲ့တာများပြီ။ ဘယ်သူသေသေ
ငတေမာရင်ပြီးရော သဘောထားတဲ့သူ့ကို
(ပြန်မပြော နားမထောင်)မို့ အဆုံးအမ အသွန်
သင်လုပ်သူကင်းခဲ့ပါပကော။ သူ့လှေသူထို။
ပဲခူးရောက်ရောက်ပေါ့။ကိုရှိန်း မောင်ကလည်း
မကျေနပ်စကား တစ်ခွန်းမပြောတော့၊ သင်းသင်း မီးကုန်၊ ယမ်းကုန် ကြဲနေပြီပဲ။
ဒီအတောအတွင်း ကိုရှိန်းမောင် ထူးထူးခြားခြားလုပ်
နေတဲ့အလုပ်တစ်ခုက ဓားကြီးတစ်လက်ကို
ခြေသလုံးမွေးကျတဲ့အထိ တစ်နေ့တစ်နေ့ သွေးနေတာပါပဲ။
ဓားကြီးအရောင်က တလက်လက်။ ပြောရမယ်ဆို…
ကိုရှိန်းမောင် ဒီားကြီးကို တောတက်ပုဆိုးတွေဆီက
ဝယ်ထားလိုက် တာ။ တောတက်မုဆိုးတွေ တောထဲက
ကျောက်ဂူတစ်လုံးအတွင်း လူသေ
အလောင်းတစ်လောင်း မြှုပ်နှံပြီးကျောက်တုံးတွေစီ
တင်ခဲ့တာရယ်၊ ဓားကြီး တစ်စင်းနဲ့လှံတစ်ချောင်းရယ်
တွေ့လာခဲ့သတဲ့။အလောင်းက အရိုးကျဒနပ
မယ့်ချပ်ဝတ်တန်ဆာနဲ့ အသုံးအဆောင်တွေကြည့်ရတာ
စစ်သည်တော် တစ်ဦးပုံစံ။ အဝတ်အစားတွေ
ဆွေးမြည့်ပျက်စီးနေတာကြောင့် ဓားနဲ့လှံယူ ခဲ့တယ်
လို့ဆိုပါတယ်။ဒါ့အပြင် တိတိကျကျ ဘာမှမသိရဘူးတဲ့။
ဓားကိုဝယ် လိုက်တဲ့ ကိုရှိန်းမောင်က သူ့အပေါင်း
အသင်းတွေ ပြောပြခဲ့ဖူးတဲ့စကားပါ။ ဓားဟာ
သံသားအင်မတန်ကောင်းပြီး အခြားလေးကင်းဓား၊
ဆောင်ဓားတွေ နဲ့ ဆိုင်ခုတ်ရင်တောင်
အခြားဓားတွေ အသွားထဲနစ်ဝယ်သွားသတဲ့။
အရင် ကတည်းကကိုရှိန်းမောင် သူ့ဓားကို တသသ
လုပ်တတ်တာ သူ့အကျင့်။ သူ့ပင်ကိုကစကား
နည်းတဲ့ကိုရှိန်းမောင်ဟာတွေ့သူတိုင်းနဲ့ ဟက်ဟက်
ပက်ပက်မပြောတာအိမ်ထောင်ကျပ်လောက်တည်းကပါ။
ခုတလောစကား နည်းတဲ့အပြင် ငူငူငိုင်ငိုင်ကြီး။
တစ်ခုခုကိုအလေးအနက်စဉ်းစားတွေဝေနေ သလိုမျိုး။
တစ်ခါတစ်ခါအတွေးထဲနစ်မြောနေပြီး ခေါ်မကြား၊
အော်မကြား။ ပြဿနာဆိုတာကလိုက်မရှာဖွေ၊
မဖိတ်ခေါ်ဘဲသူ့အလိုလိုရောက်လာတတ်တာကလား။
တစ်ညနေ သင်းသင်းမိုးချုပ်စလောက်ကတည်းက
ခါးထစ်ခွင်ထွက်သွားလိုက်တာ မိုးအတော်ကြီးချုပ်မှ ပြန်လာတယ်။
“နင်က ဘယ်သွားတာလဲ”
“အမေ – တို့အိမ်ပါ”
ကိုရှိန်းမောင်အမေးကို သင်းသင်း ပြီးစလွယ် ပြေလိုက်တယ်လေ။
“နှင့်အမေနဲ့တွေ့လား”
“တွေ့တာပေါ့။ စကားကောင်းနေလို့ ချက်ချင်းထ
မပြန်ဖြစ်တာ” “အော် … အင်္ဂပူလိုက် စကားကောင်းနေတာပေါ့နော်” “ဘာရယ်”
“နင့်အမေ ကိုချက်ကြီးတို့လှည်းနဲ့ မြို့ပါသွားတာ
ငါမြင်သားပဲ” အဲဒါကစပြီး အော်ကျယ်ဟစ်ကျယ်
စကားများကြတယ်။ မိသားစုတွေ လည်း သိကုန်
တော့တာပေါ့။ နောက်နေ့မှာ ကိုရှိန်းမောင်က
ဘာမှမဖြစ်တဲ့ ပုံဟန်အနေအထားမျိုး၊ ညနေစောင်းမှာ
သူကမှာသွားတယ်။ “ဒီည-ကောက်လှိုင်းတွေစောင့်ဖို့
လယ်တဲမှာအိပ်မယ်”တဲ့။ ကိုရိန်းမောင်း ကာကီ
အင်္ကျီထူဝတ်ပြီးရှမ်းဘောင်းဘီအနက်ကြီးနဲ့ ဓား
ကြီးကိုင်လို့ စိုက်စိုက်၊ စိုက်စိုက်ထွက်သွားတဲ့အချိန်၊
သင်းသင်းက သူလင် အိမ်မှာ မရှိတဲ့အကြောင်း
ထွန်းလူဆီ သတင်းပို့ပြီးပြီပဲ။ ထွန်းလူကလည်း
မပျက်မကွက် လူခြေအတိတ်မှာ သင်းသင်းထံ
အရောက်လာခဲ့တယ်။ စပါး ရိတ်သိမ်းစအချိန်မို့ ကိုရှိန်းမောင်
အလုပ်များပေမယ့်ပေါ့။ ကိုရှိန်းမောင် အလုပ်များ
နေသလောက်ထွန်းလူနဲ့ သင်းသင်းတို့မှာလည်း အရင်
ကတည်း က သမီးရည်းစားမက လင်မယားမကျ
နေလာသူတွေပီပီ အချစ်ရေယာဉ် ကြော ဧရာချင်တိုင်း
မျောနေကြလေရဲ့။ သင်းသင်းရဲ့ အညို အခရာ တီတီ
တာတာစကားတွေရဲ့ကွန်ယက်က ရုန်းမထွက်နိုင်တာ
ထွန်းလူ။ သူတစ်ပါး သားမယားပါလားဆိုတဲ့
ကြောက်စရာကံကြီးကို ကိုယ်တိုင်ကျူးလွန်ဖို့
ဝန် မလေးတဲ့ထွန်းလူဟာ နီးကပ်လာတဲ့အန္တရာယ်
ကိုသတိမထားမိဘဲအမှောင် ထုအတွင်း ဇွတ်ဆင်းခဲ့တာပါ။
အန္တရာယ်က သူတို့နဲ့ လက်တစ်ကမ်းမှာ
ရှိတယ်။ အပြင်က မှန်အိမ်မီးရောင်အောက်မှာ
မားမားကြီးရပ်နေသူတစ်ဦး ကို သူတို့ မမြင်။
သူတို့ဇောနဲ့သူတို့ စိုက်နေကြတာကိုး။
(ကဲ- ဟာ)တစ်ချက် – နှစ်ရက် – သုံးချက် တိတိ။
မြောက်တက်သွားတဲ့ဓားအကျမှာ ဗလုံးဗထွေး
အော်သံလေးတောင် မပြုနိုင်ဘဲ လူ့လောကအပြင်ကို
လူကြီးနှစ်ယောက်နဲ့ ကလေးတစ်ယောက်
ထွက်သွားကြပါပြီ။ စိတ်ကျေနပ်လောက်အောင်
ထပ်ခုတ်သေးတာပါ။ သေ လောက်တဲ့အနေအထားမှာမှ ရပ်သွားတော့တယ်၊
ကိုရှိန်းမောင် – သွေးအေးအေးနဲ့ လုပ်သွားတာလို့
ဆိုရမယ်။ ဘယ်အချိန်ကတည်းက ကြိတ်ကြံခဲ့တယ်မသိ။
လူရိုးလူအေးတစ် ယောက်အဖြစ် လူသတ်သမားဘဝ
ရောက်သွားရှာတယ်။ ဒါပေမဲ့ … ကိုရှိန်း မောင်
ဝေးဝေးလံလံ သွားလိမ့်မယ်မထင်ဘူး။
ခရီးသတင်းသွားဖို့လည်းဝန် လေးတယ်။ အင်္ဂပူကို
တစ်နှစ်ကြာလို့တစ်ခါမရောက်။ ရိုးသားအေးဆေးသူ
များ ဆိုးမိုက်ပြီးဆိုကြောက်စရာပါပဲလား။
ကိစ္စပြတ်ရှင်းလိုက်သလိုဖြစ်သွားတာ။
မိုးအလင်းမှာ ဒီသတင်းက တစ်ရွာလုံး တောမီးလိုပျံ့နှံ့သွားတယ်။
လာ ကြည့်ကြတာက ရုန်းစု၊ နန်းစုနဲ့ မနည်းပါဘူး။
အိမ်ရှေ့ထရံကိုသွေးနဲ့ စာရေး သွားတယ်။
သူ့ရင်ထဲကဆို့နှင့်မှုခံစားချက်ဖြစ်မှာပါပဲ။
(ဖောက်ပြန်သူတို့ သွားရာလမ်း)တဲ့။
ကိုရှိန်းမောင်မိသားစု ပရိဒေဝမီးတောက်ပြီး ပူဆွေးသောက ဗျာပါဒ
ဖြစ်ရသလို သင်းသင်းမိသားစု၊ ထွန်းလူအဘိုးအဘွား
တွေအားလုံးငိုပွဲဆင် ကြရပြီလေ။ အပေါင်းအသင်း
ဆွေမျိုးညာတကာအားလုံးလည်းယူကြုံးမရ။
တိတ်တခိုးပြောမဆုံးတဲ့အနေအထား၊
ရွာနီးချုပ်စပ်မှာလည်းအုတ်အော်သောင်းတင်းဖြစ်ရတယ်။
လောလောဆယ် –
လူသုံးယောက်သတ်မှုကြီး။ အမှုက အကြီးအကျယ်
မိုကာကွယ်ရေးအဖွဲ့ခေါင်းပေါ်ရောက်လာတော့မနေ
သာဘူးပေါ့။ လူသတ် တရားခံကို တောနင်းရှာဖို့ပြင်ဆင်ကြရပါတယ်။
ကိုရှိန်းမောင်ရဲ့ပြေးလမ်းဟာ..
ရိုးမတောစပ်၊ တောထဲပဲ ဖြစ်ဖို့များတယ်။ တစ်ရွာ
တစ်ကျေးသွားလို့က လည်းလူသတင်း၊ လူချင်းဆောင်
သတင်းရလာမှာပဲပေါ့။ကာကွယ်ရေးအဖွဲ့ ကတော
နင်းရှာပေမယ့်မတွေ့ဘူး။ မိုးပတောတန်းကလည်း
လူတစ်ယောက် ပုန်းခိုနေရင် ရှာရလွယ် – မှတ်လို့။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်လောက်ဆို တော့ရှာသူ
တွေပန်းပြီ။ လေးရက်မြောက်နေ့မှာ သတင်းပေးသူ
တစ်ယောက် ကြောင့်သူ့အိမ်ဘက်ကိုညပိုင်းသွားဝိုင်းတယ်။
လရောင်ပြိုးပြောက်အောက် မှာအိမ်ပေါ်က
ဆင်းလာတဲ့ကိုရှိန်းမောင်ကို ကာကီအင်္ကျီ၊
ရှမ်းဘောင်းဘီနဲ့ ဓားကြီးကိုင်လို့ တွေ့လိုက်ရတယ်။
လူသတ်ခဲ့တုန်းက အဝတ်အစားတွေပဲပေါ့။
“ရပ် – မင်းကို ဝိုင်းထားပြီ – လက်နက်ချပါ”
ကိုရှိန်းမောင်ပုံသဏ္ဌာန်ကလက်နက်ချမည့်လက္ခဏာမဟုတ်။ လိုအပ်
ရင် ခုခံမယ့်ပုံစံ။ ဓားကြီးကိုကိုင်ဆုပ်ထားဆဲ။
လူကလည်းစောင်ပေပေ။ “လက်နက်မရရင် ပစ်မှာနော်။ လက်နက်ရ
သူက လက်နက်မချဘဲ ခြံရှေ့ထွက်လာတယ်။
မတတ်သာတဲ့အဆုံး ကာကွယ်ရေးခေါင်းဆောင်
ကိုလှိုင်ဘွားပစ်မိန့်ပေးလိုက်ရတာပါပဲ။
ပစ်ဆိုတဲ့အမိန့်ပေးသံနောက်မှာနှစ်လုံးပြူး၊တစ်လုံးထိုး(မတ်စကက်)၊
ဂျပန်၊ အင်္ဂလိပ်၊ အမေရိကန်ရိုင်ဖယ်၊ အသီးသီးက
(တဒိုင်းဒိုင်း)ကျည်တွေ ထွက်သွားကြတယ်။
တကယ်ဆို-ဒဏ်ရာဗရပွနဲ့လဲပြိုနေလောက်ပြီ။အံ့ဩ
စရာကောင်းတာက ကိုရှိန်းမောင် အထိအခိုက်မရှိဘဲ
လှည်းလမ်းက ဖြတ် ပြီး ရွာပြင်ထွက်သွားတယ်။
ကာကွယ်ရေးတပ်သားတွေကိုတော့ ဘာမှလုပ်
မသွားဘူး။ အားလုံးက ပါးစပ်အဟောင်းသား။
“လက်စသတ်တော့ – ရှိန်းမောင်ကသေနတ်ပြီးနေတာကိုး”
“ဒါဆို – သူကို ဖမ်းဖို့ခက်မယ် – နော့
တစ်ယောက်တစ်ပေါက် ပြောနေကြတဲ့အသံတွေ
ညံနေတာပဲ။ ကိုလှိုင်ဘွားအဖို့ကိုယ့်မျက်စိတောင်
ကိုယ်မယုံနိုင်လောက်အောင်အံ့ဩရ ပါတယ်။
ကိုရှိန်းမောင်ကသူလိုကိုယ်လိုလူမို့ဘာမှထူးခြား
စရာမရှိတာအမှန်။ ခက်နေတာက တစ်ယောက်မထိ
တစ်ယောက်ထိမှန်နိုင်ပါရဲ့။ ခုတော့ – အေး
အေးဆေးဆေး ထွက်သွားတာမှ အပျင်းပြေ
လမ်းလျှောက်သလား မှတ်ရ တယ်။ ခံပြင်းစရာ။
“မကျေနပ်ဘူးကွာ။ နောက်နေ့လာစောင့်ကြည့်မယ်။
သူဘယ်ငင်သွား သလဲဆိုတာကအစ သိအောင်လုပ်ပြီး အရဖမ်းတာပါ”
ကာကွယ်ရေးခေါင်းဆောင် ကိုလှိုင်ဘွားစကားကို
မဖယ်ရှားရဲပေမဲ့ ကိုရှိန်းမောင်ဖမ်းရမှာခပ်တွန့်တွန့်။
သေနတ်ပြီးနေတာ မျက်မြင်ကိုယ်တွေ့
(ရှိန်းမောင်-ကသေနတ်ပြီးနေသတဲ့။)
ဒီသတင်းက မောင်းမခတ်ရဘဲ တစ်ရွာလုံး သိ
သွားကြတာပါ။ ထုံး အတိုင်း ဟုတ်.မဟုတ်၊ မှန်မမှန်
မဆန်းစစ်ဘဲ တောရွာဓလေ့ကတော့ ယုံ တတ်ကြတယ်။
သေနတ်တွေနဲ့ဝိုင်းပစ်တာသွေးတစ်စက်မကျဘူးဆိုတော့
သေနတ်ပြီးတာသေချာသွားပြီပဲ။ ကိုလှိုင်ဘွားအမိန့်
ကြောင့်လိုက်လာရပေ တဲ့တစ်ဝက်လောက်က
စိတ်မပါဘူး။ သေနတ်လွဲချော်တာ ကျည်အတာ
မဟုတ်ဘဲမထိခိုက်တာဆန်းတာပေါ့။
တချို့ကတော့ဒီညအပိုင်ကိုင်မယ်လို့ ပြောနေကြတယ်။
အခြေအနေကြည့်ရမယ်လို့ ကိုလှိုင်ဘွား နားလည်ထားတာပါ။
လပြည့်ကျော်မို့ လထွက်နောက်ကျမယ်။
အိမ်နားဝန်းကျင်ကိုကာကွယ်ရေးတပ်သားတွေရောက်နေပြီ။ကင်းပုန်း
သဘောမျိုး ဝပ်စောင့်နေကြတယ်။ လက တစ်ပိုင်းတစ်စ ထွက်အလာမှာ
ဝါးရုံတောကို သွယ်ဖြာကျရောက်နေတဲ့ ကွက်ကြား
အလင်းရောင်ကြောင့် လှည်းလမ်းမှာ အရှင်းကြီး။
အိမ်ပေါ်က ဆင်းလာတဲ့ရှိန်းမောင်ကို မြင်လိုက် တော့
အံ့အားသင့်သွားကြတယ်။ ဘယ်အချိန်ကအိမ်ပေါ်
တက်သွားပါလိမ့်။ ကိုရှိန်းမောင် ဆင်းလာပေမယ့်
စစ်မိန့်မပေးလို့ ပစ်သူမရှိ။ ကိုရှိန်းမောင် ခား ကြီး
ကိုင်ထားပေမယ့် ရန်မလုပ်ဘူး။ အေးအေးဆေးဆေး
ထွက်သွားတဲ့ နောက်ကိုပုန်းလျှိုးကွယ်လျှိုးလိုက်
သွားကြတယ်။ သူဟာဝိုက်စိုက်မတ်မတ်ရွာသင်္ချိုင်း
ထဲဝင်သွားတာတွေ့ရလို့အသာဆက်လိုက်သွားတဲ့
အခါသင်္ချိုင်းထဲမှာ အစပျောက်သွားတယ်တဲ့။
အားလုံးဂျာများသွားကြတယ်။ သင်္ချိုင်း တစ်ခွင်လုံးက
လည်း လင်းကျင်းလို့။ မောင်းထိုးထားတဲ့ သေနတ်ကိုယ်စီနဲ့
ရှာနေတာ အနံ့ပဲ။ တစ်ယောက်ရဲ့ အော်ခေါ်သံကြောင့်
အုတ်ဂူလေးတစ်လုံး ကိုမှီနေတဲ့ကိုရှိန်းဟင်
ကိုတွေ့ရတယ်။ အပုပ်နံ့ကလည်းလှိုင်လို့…။ သူသေ
နေတာကြာပြီမို့ ပုပ်ပွနေတော့တယ်။ ဓားကြီးကိုကိုင်ထားဆဲပါပဲ။
“ကိုထွေးကလည်းကိုရှိန်းမောင် ဘာဖြစ်လို့သေတာလဲ။
အဲဒါကိုမသိရ ဘူး။ စောစောက ဝင်သွားတဲ့လူဟာ
ချက်ချင်းသ၊ ချက်ချင်းပုပ်ရောလား”
“နောက်နေ့လင်းကျင်းမှမြွေကိုက်လို့သေရတာဆိုပြီးသိရတယ်။သေ
နေတာ လေးငါးရက်လောက်ရှိပြီလို့ နားလည်တဲ့လူတွေ
ပြောကြသတဲ့” “ဒါဖြင့် – ဟိုလူတွေတွေ့လို့ သေနတ်နဲ့
ပစ်တာကတော့ ဘယ်သူလဲ” ကိုထွေးက
ပခုံးတွန့်လိုက်တယ်။ သူ မသိပါဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့။
“အော်-သိပြီ- သိပြီ။ ဒါဟာ – ဧကန္တတော့”
“ထားလိုက်ပါ- ဆရာရယ်။ လက်ဖက်စားပါဦး။ ရေနွေးတွေ အေးကုန်ပြီ..
“သဗ္ဗေ သတ္တာ ကမ္မသကာ”

Zawgyi Version

” ဖ်က္မရတဲ့ေသြးကြက္ “(စ/ဆုံး)
————————————-

ပစၥည္းကိုျမင္လိုက္ရတဲ့တစ္ခဏ..။ ပါးစပ္ကအေဟာင္း
သား။ မ်က္လုံးျပဴး၊ မ်က္ဆံျပဴးနဲ႔ ျဗဳန္းစားႀကီး
အံ့အားသင့္သြား တယ္။ ေျပာရရင္ အႀကီးအက်ယ္
အံ့အားသင့္သြားေစတယ္လို႔ ဆိုမွ မွန္ကန္ပါလိမ့္မယ္။
ဒီလိုပစၥည္းမ်ိဳးကို ေတြ႕ရလိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့ဘူး။
အထူးသျဖင့္ – ခုလို ေဒသေတာေခါင္ေခါင္မွာ
ေတြ႕ဖို႔မလြယ္တာလည္းအမွန္။တစ္ခ်ိန္ကဒီပစၥည္းမ်ိဳးဟာ
နန္း တြင္းမင္းမႈထမ္းေတြသာ ကိုင္ေဆာင္ရတဲ့လက္နက္၊
သာမန္ အရပ္သားေတြ ကိုင္ေဆာင္ခြင့္ရွိတာမွမဟုတ္ဘဲ။
ဒါေတြကို သိမွတ္ခဲ့ရဖူးတယ္။စကားစပ္မိလို႔မေန႔ညေနက
သိုင္းပညာအေၾကာင္းစကား စပ္မိေတာ့ ဗန္တိုလို႔ေခၚတဲ့ လက္နက္မပါဘဲ
လက္ခ်ည္းခုခံကာ ကြယ္တိုက္ခိုက္မႈပညာ၊
ဗန္ရွည္လို႔ေခၚတဲ့ လက္နက္တစ္ခုခုကို ကိုင္တြယ္ၿပီး
ခုခံကာကြယ္တိုက္ ခိုက္မႈပညာရယ္ ႏွစ္မ်ိဳးႏွစ္စား အေၾကာင္းေရာက္သြားခဲ့တယ္။
“သိုင္းပညာကိုျမန္မာႏိုင္ငံမွာ အႏြယ္စဥ္ႀကီးေလးခုလို႔
သတ္မွတ္ထား တယ္။ ျမန္မာ့နန္းတြင္း၊ ကေမာၻဇ၊
ရာမညနဲ႔ ဓညဝတီပါပဲ။ အဲဒါေတြကလြဲၿပီး
ထြက္သြားၾကတာအမ်ားႀကီးလို႔ ဆိုရမယ္”
“ဒါျဖင့္ – ဆရာတို႔ပညာဆိုရင္ ကေမာၻဇအႏြယ္ထဲကေပါ့”
“မွန္ပါတယ္။ ခူးခါခ်န႔္ဟာ ကေမာၻဇနန္းတြင္းသိုင္း
ေျပာင္းျပန္အေနနဲ႔ ေဟာနန္းထဲမွာ တြင္က်ယ္ခဲ့တဲ့ ကေမာၻဂပညာတစ္ရပ္ပါ”
“ပညာေတြအားလုံးက ကိုယ္ေရးလုံၿခဳံဖို႔ ခုခံ
ကာကြယ္တိုက္ခိုက္တဲ့ ပညာရပ္ေတြ ဆိုရမယ္မဟုတ္လား”
“ခင္ဗ်ားေျပာတဲ့အဲဒီေရွာင္ တိမ္း၊ ကာ၊ ကြယ္၊ ခု၊ခံ၊
တိုက္၊ ခိုက္ ဆိုတာ ျမန္မာ့သိုင္းပညာမွာ ပညာပိုင္းအရ
ေလ့က်င့္ရမယ့္ သိုင္းက်င့္စဥ္တစ္မ်ိဳးစီ ပဲ။
တစ္မ်ိဳးနဲ႔တစ္မ်ိဳးလည္း မတူၾကဘူးလ။ ဥပမာရာ-
ေရွာင္တိမ္းတယ္ဆို တာအဓိပၸာယ္တူစကားလုံး
ႏွစ္မ်ိဳးတြဲထားတယ္ထင္ရေပမယ့္သိုင္းပညာမွာ
ေတာ့ ေရွာင္တာနဲ႔ တိမ္းတာ မတူဘူး။ ကြဲလြဲတယ္”
“ေျပာပါဦးဗ်ာ – ဗဟုသုတရတာေပါ့”
“ေရွာင္တယ္ဆိုတာ ေျခကြက္ အတက္၊ အဆုတ္၊
အခြဲေတြနဲ႔ ေျခရဲ႕ လႈပ္ရွားေျပာင္းလဲမႈေတြပါတယ္။
တိမ္းတယ္ဆိုတာကေတာ့ ေျခမလႈပ္ရွား ဘဲ
(မူလေျခကိုမေျပာင္းတဲ့) အဝပ္၊ အထိုင္၊အသို႔၊
အတိမ္းေတြပဲ။ တြဲၿပီးသာ ေျပာတာ ပုံသဏၭာန္မတူဘူး။
အမ်ားႀကီးကြာျခားတာပါ”ညိတ္၊
ကိုေထြးတို႔စကားဝိုင္းက လူမ်ားမွာေခါင္းတညိတ္ညိတ္၊လည္တညိတ္
“ခုမွသိတယ္။ ေရွာင္တိမ္းတယ္လို႔ တြဲၿပီးေျပာလိုက္တာကိုး”
“ဟုတ္တယ္- အဲဒီလိုပဲကာလာနဲ႔ကြယ္တာ။ ခုတာနဲ႔
ခံတာ။တိုက္တာ နဲ႔ ခိုက္တာေတြဟာ
မတူၾကဘူး။ လူးလွိမ့္တယ္ဆိုတဲ့စကားလုံးကိုပဲၾကည့္။
လူးတာဟာ ဘယ္မွညာ ညာမွ ဘယ္ေျပာင္းတဲ့
သေဘာေလာက္ရယ္။ အဲ လွိမ့္တာကေတာ့
ကိုယ္တစ္ပတ္လည္ ေ႐ြ႕လ်ားသြားၿပီပဲ”
“ဟုတ္ပဗ်ာ – ေ႐ြ႕လ်ားပုံခ်င္း မတူဘူးေနာ္”
“ကြၽန္ေတာ္ – ဗန္တို၊ဗန္ရည္အေၾကာင္းေျပာခဲ့ၿပီးၿပီ။
ဗန္ရွည္မွာဆိုရင္ လက္နက္စြဲကိုင္တိုက္ခိုက္တာအားလုံး
အက်ဳံးဝင္တယ္။ ေရွးတုန္းကတုတ္ တို၊
တုတ္ရွည္။ လွံတို၊ လွံရွည္၊ ဝါးတို ဝါးရွည္ေတြ
သုံးခဲ့တာေပါ့။ ရဲတင္းတို႔၊ တင္းပုတ္တို႔က ခ်ဲ႕ထြင္သုံးလာၾကတာေတြပါ”
“ဓားအေၾကာင္း သိစမ္းပါရေစ”
“ေရွးျမန္မာေတြက ဓားေရး ကြၽမ္းၾကတယ္။ ဓားကို
လက္နက္သဖြယ္ စြဲကိုင္တိုက္ပြဲဝင္ေနရေတာ့
ဓားေရးသုံးဆယ့္ခုနစ္ခ်င္းဆိုတာ ဓားကို ကိုင္ပုံ
တိုက္ခိုက္နည္း၊ ဟန္ပန္ေတြ ေပါင္းစုထားတာပဲ။
ေရွးျမန္မာေတြ ကိုင္ခဲ့တဲ့ ဓားေတြထဲမွာတစ္ခ်က္တည္းနဲ႔
ႏြားလည္ပင္း အကြင္းလိုက္က်ေအာင္ ခုတ္
ႏိုင္တဲ့ဒြတၱေပါင္မင္းႀကီးရဲ႕ဓား ဆင္လည္ပင္းျပတ္ႏိုင္
တဲ့စစ္ကိုင္းအသခၤယာ ေစာယြန္းရဲ႕ညိဳေရာင္ဓား၊
ႏွစ္မိုက္ခန႔္ရွိတဲ့ေငြသားအတုံးလိုက္ျပတ္ေစတာ
ပထမမင္းေခါင္ရဲ႕ စိန္သြားေရာင္ဓား၊ ေက်ာက္ထုသံ
ေတာင္ကို ျပတ္ေစတဲ့ ဗ်ည္းႏြဲ႕ရဲ႕ဓား။ မင္းႀကီးရန္ေနာင္ရဲ႕
ယိမ္းႏြဲ႕ပါးဓာ။ စုဖုရားလတ္ရဲ႕နန္းသူဆံျမည့္
ဓားေတြဟာ နာမည္ႀကီးတယ္။ ေရွးျမန္မာ့သမိုင္း
အေထာက္အထားေတြ အရနာမည္ေက်ာ္ခဲ့တယ္လို႔
ဆိုရမွာပဲေပါ့။ အဲဒီ့ဓားေတြအေၾကာင္းဟာ ယုံ တမ္းပုံျပင္ မဟုတ္ဘူး။
အတိအက်ေရးထားခဲ့တဲ့ သမိုင္း ေပစာ၊ ပုရပိုက္
ေတြမွာ မွတ္တမ္းတင္ထားခဲ့တာမို႔တိတိက်က်ေျပာႏိုင္တာပါ”
“ေအးဗ်ာ – ဆရာမ်ိဳး – နယ္ဘက္ေရာက္လို႔ညအိပ္ၿပီး
ဆိုကြၽန္ေတာ္တို႔ ေတြလာလာၿပီးေမးၾက စမ္းၾက၊
စကားေျပာရတာဗဟုသုတျဖစ္ရပါတယ္။ ျမန္မာစာ
အေရးအဖြဲ႕ေတြ၊ သိုင္းပညာအေၾကာင္းေတြ၊
အျခားအားကစား နည္းေတြ၊ မႈခင္းအေၾကာင္းနဲ႔
ဥပေဒေတြရယ္ စုံလို႔ပါပဲ။ ဆရာမ်ိဳးက ကိုယ္ တိုင္
သိုင္းဆရာႀကီး၊ အားကစားသမား။ ဒီၾကားထဲ
စာတိုေပစေတြ ေရးဒန ေတာ့ ဗဟုသုတစုံတဲ့လူမ်ိဳး”
ကိုေထြးရဲ႕စကားကိုကြၽန္ေတာ္က ဘာမွမေျပာ။
ၿပဳံးလို႔ေနမိတယ္။ “အဲ – သတိရလို႔ ေျပာထားတာ။
မနက္ျဖန္ – ဆရာမ်ိဳးကို ႐ြာေတာင္ပိုင္း
ဦးႀကီးတို႔အိမ္က အထူးအဆန္းတစ္ခုလိုက္ျပရဦးမယ္”
သူက အထူးအဆန္းဆိုလို႔ နားစိုက္
သတိထားလိုက္မိတယ္။ စိတ္ဝင္ စားစရာပါပဲ။
“ဟာ – ဒီဥစၥာနန္းဓားပဲ။ ဘယ္ကရတာလဲဟင္။
ကြၽန္ေတာ္ေတာင္မွ၁၉၈၁ – ခုႏွစ္က
သိုင္းပညာရွင္ေတြအသိအမွတ္ျပဳတဲ့အပတ္စဥ္(၁)
ဆရာ အဆင့္သင္တန္းမွာျမန္မာ့နန္းဓားပညာကို
(ဓားႀကီးသိုင္း)ပညာစဥ္တစ္ရပ္ အေနနဲ႔
သင္ၾကားခဲ့ဖူးလို႔ သိတာဗ်။ အရင္က မေတြ႕ဖူးဘူး”
“ဓားက ႀကီးမားေတာ့ အထူးအဆန္းအေနနဲ႔
ျပတာ။ အ႐ိုးကလည္း အက်အန၊ ဓာ၊မွာလည္း
ပန္းကႏုတ္ေတြနဲ႔။ ကဲ – မထူးျခားဘူးလား”
“ထူးျခားတာေပါ့ဗ်ာ။ သိုင္းအဖြဲ႕ခ်ဳပ္မွာ
သုေတသနမႈပဲ ရွိေသးတယ္။ ခိုင္ခိုင္မာမာ
ေလ့လာရဦးမွာ။ ဓားသြားအရွည္က
ႏွစ္ဆယ့္ရွစ္လက္မ၊ အ႐ိုး ကတင္ဆယ္လက္မရွိတယ္။
ကုန္းေဘာင္ေခတ္သုံးနန္းဓား”လို႔ေခၚတယ္
ဗ်။ လက္ႏွစ္ဖက္ကိုင္ ထိုးခုတ္ရတာမ်ိဳး။
ဂ်ပန္ကင္ဒိုဓားလို ကစားႏိုင္တယ္
“မသိပါဘူးဗ်ာ။ ေလးကင္းဓားေတြ၊
ေဆာင္ဓားေတြထက္ ႀကီးတာက ေတာ့
မ်က္ျမင္ပဲ။ အရည္ေတြေတာ့ တိုင္းမၾကည့္မိပါဘူး” “အလို-ဓားသြားေပၚ
မွာလည္၊ အစြန္းအကြက္ေတြနဲ႔ပါလာ။ သံေခ်း
ေတြ ကြက္ေနသလားမသိဘူး။ ေသြးလိုက္ရင္
ေပ်ာက္သြားမွာေပါ့” “မဟုတ္ဘူး- ဦးႀကီး –
ေျပာခဲ့ဖူးတယ္။အဲဒါေတြကလူေသြးစြန္းေနတာ
တဲ့။ ေသြးလို႔လည္း မေပ်ာက္ဘူးဆိုပဲ”
“ဒါျဖင့္ … ဒီနန္းဓားမွာ ေနာက္ေၾကာင္းေလးရွိမွာေပါ့”
“ရွိတယ္ – ဦးႀကီးေျပာျပလို႔ အိမ္ေထာင္က်စ
ေလာက္ကတည္းက သိ ေနတာပါ။ ဆရာမ်ိဳးက
စာေရးေနေတာ့ သိရေအာင္ အိမ္က်မွ ေျပာျပမယ္။
တကယ့္ဇာတ္လမ္းေကာင္းေလးပါ”
ဓားကို ေသတၱာပုံးအတြင္း ထည့္ခဲ့ၿပီး
ျပန္လာၾကပါတယ္။ လမ္းတစ္ ေလွ်ာက္လုံး
ေျပာလာၾကတဲ့စကားေတြကလည္း ဓားအေၾကာင္းေတြပါပဲ။
“နန္းေတာ္ထဲမွာ သုံးစြဲတဲ့ားခုႏွစ္မ်ိဳးရွိတယ္။ အဲဒါေတြက သီလဝံစား၊
သံရွင္ဓား၊ လက္သုံးေတာ္ဓား၊ ဆင္လည္ျပတ္ဓား၊
နန္းစဥ္ဓား၊ စၾကာဓား ေတာ္၊ ယိမ္းႏြဲ႕ပါးဓားတဲ့။
အခုျမင္ခဲ့တဲ့ဓားဟာ နန္းစဥ္ဓားပါပဲ။ ကေနာင္မင္း
သားႀကီးအသုံးျပဳခဲ့ဖူးတယ္လို႔ ဆိုထားပါတယ္။
နန္းေတာ္ထဲမွာ ဝင္ထြက္ သြားလာခြင့္ရသူေတြ
တာဝန္နဲ႔ သီးသန႔္ကိုင္တြယ္ရတဲ့ဓားပဲေပါ့
“ဆရာမ်ိဳးေျပာလို႔ အေစ့အစုံ သိရတာပါ။
ခုနကေတြ႕တဲ့ဓားကို ဦးႀကီး ဟာ သူေနတဲ့
ဟိုဘက္က အိမ္ႀကီးမွာ မထားဘူး။ ေခါင္းရင္းက
လူမေနတဲ့ ဒီအိမ္မွာ ထားတယ္။ သူကိုယ္တိုင္လည္း
ဒီားကို ကိုင္ခံတယ္ဗ်” “ဘာျဖစ္လို႔လဲဟင္”
“ဓာ၊နားမွာ ႐ိုးခနဲ၊ ရိပ္ခနဲ မ်ိဳးေတြ ေတြ႕ေနရေတာ့
အိမ္ကလူေတြ ေၾကာက္မွာစိုးလို႔တဲ့ေလ။ အဲဒီလို
ျဖစ္ေနတာကလည္း မဆန္းပါဘူး။ အရင့္ အရင္
ပိုင္ရွင္လက္ထက္ကေတာ့ မသိဘူး။ ဦးႀကီးဆီ
မေရာက္ခင္က လူသုံး ေယာက္ကို သတ္လာခဲ့တာ အမွန္ပဲ။
အစြဲအလမ္းေတြ ရွိေနမွာေပါ့ေလ”ကိုေထြးရဲ႕
ဇာတ္လမ္းကို ေျပာမျပခင္ကတည္းက စိတ္ဝင္စားစရာ။
မနက္ပိုင္းဌာနအတြက္လုပ္ငန္းၿပီးခ်ိန္မွာ
စားေသာက္လို႔တစ္ေန႔လုံးနားေန ရယ့္အေနအထား၊
ညေနပိုင္း၊ ညပိုင္း(ပအိပ္ခင္)အထိလည္း စကားဝိုင္းဖြဲ႕ ႏိုင္တယ္။
“ဆရာမ်ိဳး – ေရမခ်ိဳးခင္ နန္းဓားကစားပုံေလး
ျပစမ္းပါ။ ၾကည့္ရင္လို႔ ကိုေထြးကလူစင္ရင္းမို႔
အားမနာစတမ္းရွာရွာေဖြေဖြေမးျမန္းလုပ္ခိုင္း
တတ္တာသူ႔အက်င့္။ ေကာင္စီကိစၥနဲ႔လာဒေပမယ့္
သူ႔အိမ္မွာအတင္းအက်ပ္ အိပ္ခိုင္း၊ စားခိုင္းတဲ့ သူ႔ေစတနာကို
ေလးစားရမယ္။ တကယ္ဆို-လာရင္း ကိစၥက သူတို႔နဲ႔
မဆီေလးရယ္တဲ့မွမဆိုင္။ ဟသၤာတနယ္၊
တလုေတၳာ္ေက်း ႐ြာအုပ္စုတြင္ အဂၤပိုေက်း႐ြာ။
အနီးစပ္ဆုံး အင္းဝင္းေက်း႐ြာကို တာဝန္နဲ႔ ေရာက္ေနရျခင္းပါ။
“ကဲ- ခင္ဗ်ားခိုင္းသလို လုပ္ျပရတာေပါ့။ ေလ့က်င့္
သလို အားေတာ့ သိပ္မစိုက္ဘူးေနာ္။ သေဘာ
ေလာက္လုပ္မွာ။ ခင္ဗ်ားက နန္းဓားပုံစံမ်ိဳးငါး
ဓားခုတ္ေပေတာ့ – ဟုတ္ပလား။ ဒါေလာက္ေတာ့
‘ျဖစ္ပါတယ္ေနာ္” “ရတယ္ – သိပ္ရတယ္”
ကိုေထြးကဓားသြားကိုဝါ၊ဘိုးအျပား ခုတ္ၿပီးအခိုး
အျဖစ္ဝါ၊ရားပိုင္းျခမ္း ကို သံကပ္႐ိုက္ေပးလိုက္တယ္။
သူ႔ဓားေလးက အခ်ိဳးက်က် လွပင္လွေသး ေတာ့။
သံဓားမဟုတ္လင့္ကစား ကိုင္ရတာ စီးစီးပိုင္ပိုင္၊
ဒေဝ့ယမ္းခုတ္ထစ္ လွမ္းထိုးလို႔ေကာင္းတယ္။
“နန္းဓားကိုကစားေလ့က်င့္တာေျခာက္ဆယ့္
သုံးနည္၊ရွိတယ္။ ကစား ကြက္မွာ ကာခ်က္၊
တိုက္ခ်က္ေတြ ပါတယ္။ ကာရက္က ဆယ့္ေလးခ်က္၊
ကာတိုက္ခ်က္က ဆယ့္ရွစ္ခ်က္၊ တိုက္ခ်က္သက္သက္က သုံးဆယ့္တစ္
ခ်က္။ ေပါင္း ေျခာက္ဆယ့္သုံးနည္းရွိတယ္။
အကြက္ပိုင္းတစ္ပတ္လည္ ေအာင္ ကစားရတာပါပဲ”
“ဦးစြာားကိုကိုယ္ေဘးမွာေထာင္ကပ္သတိဆြဲၿပီးစတဲ့အခါဘယ္
ခြဲ ဒူးေကြးထားရတယ္။ ဘယ္လက္ဝါးေစာင္းကို
ဓားရဲ႕နံေဘး ခါးေလာက္မွာ ေထာင္ကာရာက
ဓားသြားကို ကိုယ္ေရွ႕မွာ ေမာင္းကပ္ခင္း
လိုက္တာဟာ အသင့္အေနအထားပါ
ကြၽန္ေတာ္လုပ္ျပတာကို ကိုေထြးတို႔စူးစူးစိုက္
စိုက္ၾကည့္ေနၾကတယ္။ သူတို႔ ျမင္ဖူးမွာလည္း
မဟုတ္ဘူး။ ကြၽန္ေတာ္ကိုယ္တိုင္ ဆရာျဖစ္ရခဲ့တဲ့
ပညာစဥ္မဟုတ္ဘဲ၊ ျမန္မာ့နန္းတြင္းသိုင္းမို႔
အပတ္တကုတ္သင္ခဲ့ရတာပါ။ ေထာင္ပိုင္း၊ ေထာင္တြက္ စိုက္တြက္၊
ပင့္၊ တည့္ပက္ေမွ်ာ္တမ္းတို႔က စၿပီးစုံထိုး၊
စုံလိမ္စိုက္ခတ္၊ ႐ုံၿခဳံထိုင္၊ စုံပင့္ထမ္း၊စုံေထာင္ပိုင္းနဲ႔
ေျခာက္ဆယ့္ သုံးနည္းအဆုံးသတ္ကာ အသင့္
အေနအထား ျပန္ရပ္လိုက္တယ္။ ပင္ကို အား
မထည့္ေပမဲ့ဟန္၊မာန္၊ထန္မ်ားေၾကာင့္ေခြၽးတို႔ႏို႔သီးေနဆဲ။
ကိုေထြးတို႔ လူစု ကြၽန္ေတာ့္ကစားကြက္နဲ႔
ရွင္းလင္းေျပာျပေနတာေတြကို သေဘာက် ေနေလရဲ႕
“ကဲ – ကိုေထြး – နန္းဓားနဲ႔ပတ္သက္လို႔ ေျပာခဲ့တာလည္း
စုံေလာက္ၿပီ ပဲ။ ခင္ဗ်ားေျပာမယ္ဆိုတဲ့ နန္းဓားရဲ႕
ကတ္လမ္းေလးၾကားခ်င္လွၿပီ” ကြၽန္ေတာ့္စကား
စလိုက္တဲ့အခါ ကိုေထြးက ေသာက္လက္စ
ေရေႏြး ၾကမ္းခြက္ကို အစသတ္လိုက္တယ္။
“အခု – ဓားပိုင္ရွင္ျဖစ္တဲ့ ကြၽန္ေတာ့္ဇနီးရဲ႕
ဦးႀကီးဦးလႈိင္ဘြားဟာ တစ္ ခ်ိန္ကရပ္႐ြာရဲ႕
ကာကြယ္ေရးေခါင္းေဆာင္၊ အဂၤပူနယ္၊ ေတာ႐ြာႀကီးတစ္႐ြာ
မွာ ျဖစ္ခဲ့ဖူးတယ္။ အင္းဝင္းသူနဲ႔ အိမ္ေထာင္က်မွ
ဟသၤာတနယ္ထဲေရာက္ လာတာ။ သူေနခဲ့
တဲ့႐ြာဟာၿမိဳ႕နဲ႔ အလွမ္းေဝးၿပီးေတာင္ေျခနဲ႔
လည္းနီးသတဲ့။ သူ ကာကြယ္ေရးေခါင္းေဆာင္ျဖစ္ေတာ့
တိုင္းျပည္ဟာ ေရာင္စုံသူပုန္ေတြႀကီးစိုးေန
တဲ့ကာလ၊ဓားျပအႀကီးစားသူပုန္ေတြရဲ႕ရန္ေၾကာင့္ရရာလက္နက္
ၿပီးကိုယ့္႐ြာကိုယ္ကာကြယ္ေနၾကရတဲ့အခ်ိန္ပါပဲ။
အဲဒီကဇာတ္လမ္းစတာလို႔ ေျပာရမယ္”
ကိုရွိန္းေမာင္ – ကိုရပ္႐ြာေန အေတာ္မ်ားမ်ားက
လူ႐ိုးလူေကာင္းတစ္ ေယာက္လို႔ သိထားၾကသလို
အိမ္ေထာင္က်တဲ့ေနရာမွာ (မ်က္ႏွာမ်ားသူ ပိန္းမလည္)
နဲ႔ ညားရရွာတယ္ဆိုၿပီး ႏွေျမာတသ စိတ္မေကာင္းျဖစ္ၾကရ တယ္။
ေတာ႐ြာဆိုတာဟိုစဥ္ကာလလြတ္လပ္ေရးရာအခ်ိန္ထိ ႐ိုးသားသူ၊
ေျဖာင့္မတ္သူနဲ႔ ကိုယ္က်င့္တရား ေကာင္းသူေတြ ေပါမ်ားၿပီး
အမ်ားထဲက ေဖာက္ထြက္ပ်က္စီးရင္လည္း ပ်က္စီး
သေလာက္ အဆိုအေျပာ ခံရတာ မဆန္းဘူးပါ့။
ေယာက္်ားပဲျဖစ္ျဖစ္၊ပိန္းမပဲျဖစ္ျဖစ္စာရိတၱခ်ိဳ႕
ယြင္းလာသူဆို (အေပါင္းအသင္း)မလုပ္ဖို႔အထိ
တားျမစ္ပိတ္ပင္ေနတဲ့ေခတ္၊ကိုရွိန္းေမာင္
တို႔မ်ိဳး႐ိုးကနာမည္ေကာင္းတစ္လုံး တံခြန္ထူႏိုင္ခဲ့တယ္။
႐ိုး႐ိုးသားသား လုပ္ ကိုင္စားလာတာဘိုးစဥ္
ေဘာင္ဆက္ကတည္းကပါ။ ဆိုးသြမ္းမႈေလ့စ႐ိုက္
လုံးဝမရွိတဲ့အသိုင္းအဝိုင္းလို႔ ဆိုရမယ္။
ျဖစ္ခ်င္လာေတာ့ လူပ်ိဳသိုးႀကီး ကိုရွိန္းေမာင္
ယူလိုက္တဲ့ မိန္းမလက္ ထက္မွာႏွပ္ပစ္ခံရတာပါပဲ။
အညႇာလြယ္တယ္၊ မ်က္ႏွာမ်ားတယ္၊ရည္းစား
ေပါတယ္ဆိုတဲ့နာမည္ဆိုးရွိသူနဲ႔ ညားခဲ့တာကိုး။
အပိုင္ကိုင္လိုက္တာ၊ အမိ ဖမ္းလိုက္တာဆိုတဲ့ဘြဲ႕ေတြ
တစ္သိႀကီးနဲ႔ ကိုရွိန္းေမာင္မိဘသားခ်င္း ညီအပ္ကို
ေမာင္ႏွမတားေနေပမယ့္မသင္းသင္းကိုယူျဖစ္
ေအာင္ယူခဲ့တယ္။ မိဘအိမ္နဲ႔ တစ္ၿခံတည္းဆိုေသာ္
လည္း (ၿခံေထာင့္)ကြက္လပ္မွာ အိမ္ကေလး
တက္ေနတာဟာ သူ႔ဇနီးအေပၚအားလုံးက
မေက်မနပ္ျဖစ္ ေနလို႔ဆိုတဲ့အေၾကာင္းပါ ပါလိမ့္မယ္။
သူ႔အိမ္ရဲ႕ထြက္လမ္းကို မူလၿခံႀကီးရဲ႕ လမ္း႐ိုးအတိုင္း
မေဖာက္ဘဲ အိမ္ နံေဘးကလွည္းလမ္းကိုတိုက္
႐ိုက္ေဖာက္ထားေတာ့ ေတာ္႐ုံသူအိမ္ အဝင္
အထြက္ကို ေတြ႕ဖို႔ ခဲယဥ္းသြားတာေပါ့။ သူကလည္း
ေက်ာပူခံႏိုင္ေပမယ့္ နားပူမခံႏိုင္တာေၾကာင့္ျဖစ္မယ္
ထင္ပါတယ္။ကိုရွိန္းေမာင္နားေအးပါးေအး
ေနခ်င္ေပမယ့္ အေၾကာင္းဆိုတာ ျဖစ္လာျပန္ေတာ့
မေနရဘူးတဲ့။ သူ႔ဇနီးသင္းသင္းကအိမ္ေထာင္က်ၿပီး ခုနစ္လေက်ာ္၊
ရွစ္လမျပည့္ခင္ကေလးေမြး တယ္။ ေန႔မေစ့၊လမေစ့
ေမြးတာပါတဲ့။ ခုနစ္လေက်ာ္ေက်ာ္ေလးမွာကေလး
မ်က္ႏွာျမင္ေပမယ့္ ညႇက္ညႇက္ေသးေသး မဟုတ္ဘဲ တစ္တုံးတစ္ခဲႀကီးပါ။
ေျပာရေစေတာ့ – ကေလးဟာအေဖအသားမည္းမည္း၊
အေမအသားညိဳညိဳ က ေမြးထားလင့္ကစား
ကေလးအသားက ေဖြးအိေနတာမို႔ ေတြ႕သူတိုင္းမွာ
တအံ့တဩ။ မသင္းသင္းရဲ႕ရည္းစားတစ္ေယာက္ျဖစ္တဲ့
ထြန္းလွရဲ႕ကေလး လို႔ပဲ စြပ္စြဲၾကတယ္။
ထြန္းလူက ျမန္မာမဟုတ္။ ကျပားတစ္ေယာက္ျဖစ္ေန
လို႔ပါ။ ကိုရိန္းေမာင္နဲ႔မညားခင္က သင္းသင္းနဲ႔
ထြန္းလူတို႔ႀကိဳက္တာအႀကီး အက်ယ္ေပါ့။ လူတိုင္းက
ယူပယ္ပဲ ထင္ေနၾကတာ။ ထြန္းလူဟာ သူရဲ႕ ေဆြ
ေတြ၊ မ်ိဳးေတြဆီအသြားမွာ ေသသလိုလို သတင္းၾကားၿပီး၊
ဇာတ္ျမႇဳပ္ခဲ့ေလ ေတာ့ ဘသားေခ်ာ
ကိုရွိန္းေမာင္ တစ္စခန္း ထလာတာပါ။
ထြန္းလူအေဖနဲ႔ အေမဟာ အဂၤပူၿမိဳ႕ေပၚမွာေနၿပီး
ထြန္းလူက အဘိုး အဘြားေတြရွိတဲ့႐ြာမွာႀကီးျပင္းခဲ့တယ္။
တစ္ေန႔တျခားလူလားေျမာက္လာတဲ့ ကိုရွိန္းေမာင္၊
မသင္းသင္းတို႔ရဲ႕ကေလးဟာ တစ္စတစ္စ ထြန္းလူနဲ႔
တူလာ တယ္ဆိုတဲ့သတင္းေၾကာင့္ကိုရွိန္း
ေမာင္မိသားစုအသိုင္းအဝိုင္းဟာရပ္႐ြာ ထဲမွာေခါင္း
မေဖာ္ႏိုင္ၾကဘူး။ သတင္းေကာင္းထက္ သတင္းဆိုးက
ပ်ံ႕လြယ္ တာေၾကာင့္ လူ႐ိုးလူေအးႀကီး ကိုရွိန္းေမာင္
ရဲ႕နားလည္း ေရာက္မွာေသရာ ပါတယ္။
ေမးျခင္း၊ စမ္းျခင္းလည္း မရွိဘူး။ ေျပာလည္း
မေျပာဘူး။ ကိုရွိန္း ေမာင္က ဘာတစ္ခုမွ စိတ္မဝင္စားသလို
သူ႔အလုပ္ သူလုပ္ေနတာပါပဲ။ ဒါေပမဲ့- သူ႔သားေလးကို
ခ်ီခ်ီပိုးပိုးမရွိတာေတာ့ ျမင္ေနရတယ္ေလ။
သူ႔ဇနီးကဒီကိစၥကိုမသိသေယာင္ေနေပမယ့္
ကိုရွိန္းေမာင္ရဲ႕ေဆြေဆြမ်ိဳးမ်ိဳးေတြက မခံႏိုင္လို႔စိ
ခေၾကာင္းဆုံခ်င္ေတာ့ထြန္းလူ႐ြာျပန္လာ
တယ္။ ေဆြမ်ိဳးေတြဆီမွာ နာမက်န္းျဖစ္ေနလို႔
ၾကာသြားတယ္ဆိုပဲ။ သူတို႔ သုံးဦးဆိုင္ဇာတ္
လမ္းႀကီးဟာတကယ္ၾကည့္ေကာင္းမယ့္ပြဲတစ္ပြဲလို႔အမ်ား
က ေစာင့္ၾကည့္အကဲခတ္ေနၾကတယ္ေလ။ ထြန္းလူက
အရင္ကတည္းက ခင္မင္ခဲ့သူတစ္ဦးပမာ ဝင္ထြက္ဖို႔
ႀကိဳးစားေပမယ့္ မသင့္ေတာ္ဘူးလို႔ ေျပာ ၾကသလားမသိ။
အေနအထိုင္တန႔္သြားခဲ့တာအမွန္ပဲ။ ခက္တာက
သင္းသင္း။ အိမ္ေထာင္ရွင္တစ္ေယာက္
ေစာင့္စည္းထိန္းသိမ္းရမယ့္အေနအထား။
သူတို႔ ျဖစ္ေပၚေနတဲ့အေျခအေနကို နားမလည္တာပဲလာ။
ဂ႐ုမထားတာပဲ လား မဆိုႏိုင္ေတာ့ပါ။ ကေလးမပါဘဲ
သြားတဲ့အခါသြားၿပီး ကေလးနဲ႔လည္း
အဝင္အထြက္အတြလုပ္ခဲ့တာမ်ားၿပီ။ ဘယ္သူေသေသ
ငေတမာရင္ၿပီးေရာ သေဘာထားတဲ့သူ႔ကို
(ျပန္မေျပာ နားမေထာင္)မို႔ အဆုံးအမ အသြန္
သင္လုပ္သူကင္းခဲ့ပါပေကာ။ သူ႔ေလွသူထို။
ပဲခူးေရာက္ေရာက္ေပါ့။ကိုရွိန္း ေမာင္ကလည္း
မေက်နပ္စကား တစ္ခြန္းမေျပာေတာ့၊ သင္းသင္း မီးကုန္၊ ယမ္းကုန္ ႀကဲေနၿပီပဲ။
ဒီအေတာအတြင္း ကိုရွိန္းေမာင္ ထူးထူးျခားျခားလုပ္
ေနတဲ့အလုပ္တစ္ခုက ဓားႀကီးတစ္လက္ကို
ေျခသလုံးေမြးက်တဲ့အထိ တစ္ေန႔တစ္ေန႔ ေသြးေနတာပါပဲ။
ဓားႀကီးအေရာင္က တလက္လက္။ ေျပာရမယ္ဆို…
ကိုရွိန္းေမာင္ ဒီားႀကီးကို ေတာတက္ပုဆိုးေတြဆီက
ဝယ္ထားလိုက္ တာ။ ေတာတက္မုဆိုးေတြ ေတာထဲက
ေက်ာက္ဂူတစ္လုံးအတြင္း လူေသ
အေလာင္းတစ္ေလာင္း ျမႇဳပ္ႏွံၿပီးေက်ာက္တုံးေတြစီ
တင္ခဲ့တာရယ္၊ ဓားႀကီး တစ္စင္းနဲ႔လွံတစ္ေခ်ာင္းရယ္
ေတြ႕လာခဲ့သတဲ့။အေလာင္းက အ႐ိုးက်ဒနပ
မယ့္ခ်ပ္ဝတ္တန္ဆာနဲ႔ အသုံးအေဆာင္ေတြၾကည့္ရတာ
စစ္သည္ေတာ္ တစ္ဦးပုံစံ။ အဝတ္အစားေတြ
ေဆြးျမည့္ပ်က္စီးေနတာေၾကာင့္ ဓားနဲ႔လွံယူ ခဲ့တယ္
လို႔ဆိုပါတယ္။ဒါ့အျပင္ တိတိက်က် ဘာမွမသိရဘူးတဲ့။
ဓားကိုဝယ္ လိုက္တဲ့ ကိုရွိန္းေမာင္က သူ႔အေပါင္း
အသင္းေတြ ေျပာျပခဲ့ဖူးတဲ့စကားပါ။ ဓားဟာ
သံသားအင္မတန္ေကာင္းၿပီး အျခားေလးကင္းဓား၊
ေဆာင္ဓားေတြ နဲ႔ ဆိုင္ခုတ္ရင္ေတာင္
အျခားဓားေတြ အသြားထဲနစ္ဝယ္သြားသတဲ့။
အရင္ ကတည္းကကိုရွိန္းေမာင္ သူ႔ဓားကို တသသ
လုပ္တတ္တာ သူ႔အက်င့္။ သူ႔ပင္ကိုကစကား
နည္းတဲ့ကိုရွိန္းေမာင္ဟာေတြ႕သူတိုင္းနဲ႔ ဟက္ဟက္
ပက္ပက္မေျပာတာအိမ္ေထာင္က်ပ္ေလာက္တည္းကပါ။
ခုတေလာစကား နည္းတဲ့အျပင္ ငူငူငိုင္ငိုင္ႀကီး။
တစ္ခုခုကိုအေလးအနက္စဥ္းစားေတြေဝေန သလိုမ်ိဳး။
တစ္ခါတစ္ခါအေတြးထဲနစ္ေျမာေနၿပီး ေခၚမၾကား၊
ေအာ္မၾကား။ ျပႆနာဆိုတာကလိုက္မရွာေဖြ၊
မဖိတ္ေခၚဘဲသူ႔အလိုလိုေရာက္လာတတ္တာကလား။
တစ္ညေန သင္းသင္းမိုးခ်ဳပ္စေလာက္ကတည္းက
ခါးထစ္ခြင္ထြက္သြားလိုက္တာ မိုးအေတာ္ႀကီးခ်ဳပ္မွ ျပန္လာတယ္။
“နင္က ဘယ္သြားတာလဲ”
“အေမ – တို႔အိမ္ပါ”
ကိုရွိန္းေမာင္အေမးကို သင္းသင္း ၿပီးစလြယ္ ေျပလိုက္တယ္ေလ။
“ႏွင့္အေမနဲ႔ေတြ႕လား”
“ေတြ႕တာေပါ့။ စကားေကာင္းေနလို႔ ခ်က္ခ်င္းထ
မျပန္ျဖစ္တာ” “ေအာ္ … အဂၤပူလိုက္ စကားေကာင္းေနတာေပါ့ေနာ္” “ဘာရယ္”
“နင့္အေမ ကိုခ်က္ႀကီးတို႔လွည္းနဲ႔ ၿမိဳ႕ပါသြားတာ
ငါျမင္သားပဲ” အဲဒါကစၿပီး ေအာ္က်ယ္ဟစ္က်ယ္
စကားမ်ားၾကတယ္။ မိသားစုေတြ လည္း သိကုန္
ေတာ့တာေပါ့။ ေနာက္ေန႔မွာ ကိုရွိန္းေမာင္က
ဘာမွမျဖစ္တဲ့ ပုံဟန္အေနအထားမ်ိဳး၊ ညေနေစာင္းမွာ
သူကမွာသြားတယ္။ “ဒီည-ေကာက္လႈိင္းေတြေစာင့္ဖို႔
လယ္တဲမွာအိပ္မယ္”တဲ့။ ကိုရိန္းေမာင္း ကာကီ
အက်ႌထူဝတ္ၿပီးရွမ္းေဘာင္းဘီအနက္ႀကီးနဲ႔ ဓား
ႀကီးကိုင္လို႔ စိုက္စိုက္၊ စိုက္စိုက္ထြက္သြားတဲ့အခ်ိန္၊
သင္းသင္းက သူလင္ အိမ္မွာ မရွိတဲ့အေၾကာင္း
ထြန္းလူဆီ သတင္းပို႔ၿပီးၿပီပဲ။ ထြန္းလူကလည္း
မပ်က္မကြက္ လူေျခအတိတ္မွာ သင္းသင္းထံ
အေရာက္လာခဲ့တယ္။ စပါး ရိတ္သိမ္းစအခ်ိန္မို႔ ကိုရွိန္းေမာင္
အလုပ္မ်ားေပမယ့္ေပါ့။ ကိုရွိန္းေမာင္ အလုပ္မ်ား
ေနသေလာက္ထြန္းလူနဲ႔ သင္းသင္းတို႔မွာလည္း အရင္
ကတည္း က သမီးရည္းစားမက လင္မယားမက်
ေနလာသူေတြပီပီ အခ်စ္ေရယာဥ္ ေၾကာ ဧရာခ်င္တိုင္း
ေမ်ာေနၾကေလရဲ႕။ သင္းသင္းရဲ႕ အညိဳ အခရာ တီတီ
တာတာစကားေတြရဲ႕ကြန္ယက္က ႐ုန္းမထြက္ႏိုင္တာ
ထြန္းလူ။ သူတစ္ပါး သားမယားပါလားဆိုတဲ့
ေၾကာက္စရာကံႀကီးကို ကိုယ္တိုင္က်ဴးလြန္ဖို႔
ဝန္ မေလးတဲ့ထြန္းလူဟာ နီးကပ္လာတဲ့အႏၲရာယ္
ကိုသတိမထားမိဘဲအေမွာင္ ထုအတြင္း ဇြတ္ဆင္းခဲ့တာပါ။
အႏၲရာယ္က သူတို႔နဲ႔ လက္တစ္ကမ္းမွာ
ရွိတယ္။ အျပင္က မွန္အိမ္မီးေရာင္ေအာက္မွာ
မားမားႀကီးရပ္ေနသူတစ္ဦး ကို သူတို႔ မျမင္။
သူတို႔ေဇာနဲ႔သူတို႔ စိုက္ေနၾကတာကိုး။
(ကဲ- ဟာ)တစ္ခ်က္ – ႏွစ္ရက္ – သုံးခ်က္ တိတိ။
ေျမာက္တက္သြားတဲ့ဓားအက်မွာ ဗလုံးဗေထြး
ေအာ္သံေလးေတာင္ မျပဳႏိုင္ဘဲ လူ႔ေလာကအျပင္ကို
လူႀကီးႏွစ္ေယာက္နဲ႔ ကေလးတစ္ေယာက္
ထြက္သြားၾကပါၿပီ။ စိတ္ေက်နပ္ေလာက္ေအာင္
ထပ္ခုတ္ေသးတာပါ။ ေသ ေလာက္တဲ့အေနအထားမွာမွ ရပ္သြားေတာ့တယ္၊
ကိုရွိန္းေမာင္ – ေသြးေအးေအးနဲ႔ လုပ္သြားတာလို႔
ဆိုရမယ္။ ဘယ္အခ်ိန္ကတည္းက ႀကိတ္ႀကံခဲ့တယ္မသိ။
လူ႐ိုးလူေအးတစ္ ေယာက္အျဖစ္ လူသတ္သမားဘဝ
ေရာက္သြားရွာတယ္။ ဒါေပမဲ့ … ကိုရွိန္း ေမာင္
ေဝးေဝးလံလံ သြားလိမ့္မယ္မထင္ဘူး။
ခရီးသတင္းသြားဖို႔လည္းဝန္ ေလးတယ္။ အဂၤပူကို
တစ္ႏွစ္ၾကာလို႔တစ္ခါမေရာက္။ ႐ိုးသားေအးေဆးသူ
မ်ား ဆိုးမိုက္ၿပီးဆိုေၾကာက္စရာပါပဲလား။
ကိစၥျပတ္ရွင္းလိုက္သလိုျဖစ္သြားတာ။
မိုးအလင္းမွာ ဒီသတင္းက တစ္႐ြာလုံး ေတာမီးလိုပ်ံ႕ႏွံ႔သြားတယ္။
လာ ၾကည့္ၾကတာက ႐ုန္းစု၊ နန္းစုနဲ႔ မနည္းပါဘူး။
အိမ္ေရွ႕ထရံကိုေသြးနဲ႔ စာေရး သြားတယ္။
သူ႔ရင္ထဲကဆို႔ႏွင့္မႈခံစားခ်က္ျဖစ္မွာပါပဲ။
(ေဖာက္ျပန္သူတို႔ သြားရာလမ္း)တဲ့။
ကိုရွိန္းေမာင္မိသားစု ပရိေဒဝမီးေတာက္ၿပီး ပူေဆြးေသာက ဗ်ာပါဒ
ျဖစ္ရသလို သင္းသင္းမိသားစု၊ ထြန္းလူအဘိုးအဘြား
ေတြအားလုံးငိုပြဲဆင္ ၾကရၿပီေလ။ အေပါင္းအသင္း
ေဆြမ်ိဳးညာတကာအားလုံးလည္းယူႀကဳံးမရ။
တိတ္တခိုးေျပာမဆုံးတဲ့အေနအထား၊
႐ြာနီးခ်ဳပ္စပ္မွာလည္းအုတ္ေအာ္ေသာင္းတင္းျဖစ္ရတယ္။
ေလာေလာဆယ္ –
လူသုံးေယာက္သတ္မႈႀကီး။ အမႈက အႀကီးအက်ယ္
မိုကာကြယ္ေရးအဖြဲ႕ေခါင္းေပၚေရာက္လာေတာ့မေန
သာဘူးေပါ့။ လူသတ္ တရားခံကို ေတာနင္းရွာဖို႔ျပင္ဆင္ၾကရပါတယ္။
ကိုရွိန္းေမာင္ရဲ႕ေျပးလမ္းဟာ..
႐ိုးမေတာစပ္၊ ေတာထဲပဲ ျဖစ္ဖို႔မ်ားတယ္။ တစ္႐ြာ
တစ္ေက်းသြားလို႔က လည္းလူသတင္း၊ လူခ်င္းေဆာင္
သတင္းရလာမွာပဲေပါ့။ကာကြယ္ေရးအဖြဲ႕ ကေတာ
နင္းရွာေပမယ့္မေတြ႕ဘူး။ မိုးပေတာတန္းကလည္း
လူတစ္ေယာက္ ပုန္းခိုေနရင္ ရွာရလြယ္ – မွတ္လို႔။
တစ္ရက္၊ ႏွစ္ရက္၊ သုံးရက္ေလာက္ဆို ေတာ့ရွာသူ
ေတြပန္းၿပီ။ ေလးရက္ေျမာက္ေန႔မွာ သတင္းေပးသူ
တစ္ေယာက္ ေၾကာင့္သူ႔အိမ္ဘက္ကိုညပိုင္းသြားဝိုင္းတယ္။
လေရာင္ၿပိဳးေျပာက္ေအာက္ မွာအိမ္ေပၚက
ဆင္းလာတဲ့ကိုရွိန္းေမာင္ကို ကာကီအက်ႌ၊
ရွမ္းေဘာင္းဘီနဲ႔ ဓားႀကီးကိုင္လို႔ ေတြ႕လိုက္ရတယ္။
လူသတ္ခဲ့တုန္းက အဝတ္အစားေတြပဲေပါ့။
“ရပ္ – မင္းကို ဝိုင္းထားၿပီ – လက္နက္ခ်ပါ”
ကိုရွိန္းေမာင္ပုံသဏၭာန္ကလက္နက္ခ်မည့္လကၡဏာမဟုတ္။ လိုအပ္
ရင္ ခုခံမယ့္ပုံစံ။ ဓားႀကီးကိုကိုင္ဆုပ္ထားဆဲ။
လူကလည္းေစာင္ေပေပ။ “လက္နက္မရရင္ ပစ္မွာေနာ္။ လက္နက္ရ
သူက လက္နက္မခ်ဘဲ ၿခံေရွ႕ထြက္လာတယ္။
မတတ္သာတဲ့အဆုံး ကာကြယ္ေရးေခါင္းေဆာင္
ကိုလႈိင္ဘြားပစ္မိန႔္ေပးလိုက္ရတာပါပဲ။
ပစ္ဆိုတဲ့အမိန႔္ေပးသံေနာက္မွာႏွစ္လုံးျပဴး၊တစ္လုံးထိုး(မတ္စကက္)၊
ဂ်ပန္၊ အဂၤလိပ္၊ အေမရိကန္႐ိုင္ဖယ္၊ အသီးသီးက
(တဒိုင္းဒိုင္း)က်ည္ေတြ ထြက္သြားၾကတယ္။
တကယ္ဆို-ဒဏ္ရာဗရပြနဲ႔လဲၿပိဳေနေလာက္ၿပီ။အံ့ဩ
စရာေကာင္းတာက ကိုရွိန္းေမာင္ အထိအခိုက္မရွိဘဲ
လွည္းလမ္းက ျဖတ္ ၿပီး ႐ြာျပင္ထြက္သြားတယ္။
ကာကြယ္ေရးတပ္သားေတြကိုေတာ့ ဘာမွလုပ္
မသြားဘူး။ အားလုံးက ပါးစပ္အေဟာင္းသား။
“လက္စသတ္ေတာ့ – ရွိန္းေမာင္ကေသနတ္ၿပီးေနတာကိုး”
“ဒါဆို – သူကို ဖမ္းဖို႔ခက္မယ္ – ေနာ့
တစ္ေယာက္တစ္ေပါက္ ေျပာေနၾကတဲ့အသံေတြ
ညံေနတာပဲ။ ကိုလႈိင္ဘြားအဖို႔ကိုယ့္မ်က္စိေတာင္
ကိုယ္မယုံႏိုင္ေလာက္ေအာင္အံ့ဩရ ပါတယ္။
ကိုရွိန္းေမာင္ကသူလိုကိုယ္လိုလူမို႔ဘာမွထူးျခား
စရာမရွိတာအမွန္။ ခက္ေနတာက တစ္ေယာက္မထိ
တစ္ေယာက္ထိမွန္ႏိုင္ပါရဲ႕။ ခုေတာ့ – ေအး
ေအးေဆးေဆး ထြက္သြားတာမွ အပ်င္းေျပ
လမ္းေလွ်ာက္သလား မွတ္ရ တယ္။ ခံျပင္းစရာ။
“မေက်နပ္ဘူးကြာ။ ေနာက္ေန႔လာေစာင့္ၾကည့္မယ္။
သူဘယ္ငင္သြား သလဲဆိုတာကအစ သိေအာင္လုပ္ၿပီး အရဖမ္းတာပါ”
ကာကြယ္ေရးေခါင္းေဆာင္ ကိုလႈိင္ဘြားစကားကို
မဖယ္ရွားရဲေပမဲ့ ကိုရွိန္းေမာင္ဖမ္းရမွာခပ္တြန႔္တြန႔္။
ေသနတ္ၿပီးေနတာ မ်က္ျမင္ကိုယ္ေတြ႕
(ရွိန္းေမာင္-ကေသနတ္ၿပီးေနသတဲ့။)
ဒီသတင္းက ေမာင္းမခတ္ရဘဲ တစ္႐ြာလုံး သိ
သြားၾကတာပါ။ ထုံး အတိုင္း ဟုတ္.မဟုတ္၊ မွန္မမွန္
မဆန္းစစ္ဘဲ ေတာ႐ြာဓေလ့ကေတာ့ ယုံ တတ္ၾကတယ္။
ေသနတ္ေတြနဲ႔ဝိုင္းပစ္တာေသြးတစ္စက္မက်ဘူးဆိုေတာ့
ေသနတ္ၿပီးတာေသခ်ာသြားၿပီပဲ။ ကိုလႈိင္ဘြားအမိန႔္
ေၾကာင့္လိုက္လာရေပ တဲ့တစ္ဝက္ေလာက္က
စိတ္မပါဘူး။ ေသနတ္လြဲေခ်ာ္တာ က်ည္အတာ
မဟုတ္ဘဲမထိခိုက္တာဆန္းတာေပါ့။
တခ်ိဳ႕ကေတာ့ဒီညအပိုင္ကိုင္မယ္လို႔ ေျပာေနၾကတယ္။
အေျခအေနၾကည့္ရမယ္လို႔ ကိုလႈိင္ဘြား နားလည္ထားတာပါ။
လျပည့္ေက်ာ္မို႔ လထြက္ေနာက္က်မယ္။
အိမ္နားဝန္းက်င္ကိုကာကြယ္ေရးတပ္သားေတြေရာက္ေနၿပီ။ကင္းပုန္း
သေဘာမ်ိဳး ဝပ္ေစာင့္ေနၾကတယ္။ လက တစ္ပိုင္းတစ္စ ထြက္အလာမွာ
ဝါး႐ုံေတာကို သြယ္ျဖာက်ေရာက္ေနတဲ့ ကြက္ၾကား
အလင္းေရာင္ေၾကာင့္ လွည္းလမ္းမွာ အရွင္းႀကီး။
အိမ္ေပၚက ဆင္းလာတဲ့ရွိန္းေမာင္ကို ျမင္လိုက္ ေတာ့
အံ့အားသင့္သြားၾကတယ္။ ဘယ္အခ်ိန္ကအိမ္ေပၚ
တက္သြားပါလိမ့္။ ကိုရွိန္းေမာင္ ဆင္းလာေပမယ့္
စစ္မိန႔္မေပးလို႔ ပစ္သူမရွိ။ ကိုရွိန္းေမာင္ ခား ႀကီး
ကိုင္ထားေပမယ့္ ရန္မလုပ္ဘူး။ ေအးေအးေဆးေဆး
ထြက္သြားတဲ့ ေနာက္ကိုပုန္းလွ်ိဳးကြယ္လွ်ိဳးလိုက္
သြားၾကတယ္။ သူဟာဝိုက္စိုက္မတ္မတ္႐ြာသခ်ႋဳင္း
ထဲဝင္သြားတာေတြ႕ရလို႔အသာဆက္လိုက္သြားတဲ့
အခါသခ်ႋဳင္းထဲမွာ အစေပ်ာက္သြားတယ္တဲ့။
အားလုံးဂ်ာမ်ားသြားၾကတယ္။ သခ်ႋဳင္း တစ္ခြင္လုံးက
လည္း လင္းက်င္းလို႔။ ေမာင္းထိုးထားတဲ့ ေသနတ္ကိုယ္စီနဲ႔
ရွာေနတာ အနံ႔ပဲ။ တစ္ေယာက္ရဲ႕ ေအာ္ေခၚသံေၾကာင့္
အုတ္ဂူေလးတစ္လုံး ကိုမွီေနတဲ့ကိုရွိန္းဟင္
ကိုေတြ႕ရတယ္။ အပုပ္နံ႔ကလည္းလႈိင္လို႔…။ သူေသ
ေနတာၾကာၿပီမို႔ ပုပ္ပြေနေတာ့တယ္။ ဓားႀကီးကိုကိုင္ထားဆဲပါပဲ။
“ကိုေထြးကလည္းကိုရွိန္းေမာင္ ဘာျဖစ္လို႔ေသတာလဲ။
အဲဒါကိုမသိရ ဘူး။ ေစာေစာက ဝင္သြားတဲ့လူဟာ
ခ်က္ခ်င္းသ၊ ခ်က္ခ်င္းပုပ္ေရာလား”
“ေနာက္ေန႔လင္းက်င္းမွေႁမြကိုက္လို႔ေသရတာဆိုၿပီးသိရတယ္။ေသ
ေနတာ ေလးငါးရက္ေလာက္ရွိၿပီလို႔ နားလည္တဲ့လူေတြ
ေျပာၾကသတဲ့” “ဒါျဖင့္ – ဟိုလူေတြေတြ႕လို႔ ေသနတ္နဲ႔
ပစ္တာကေတာ့ ဘယ္သူလဲ” ကိုေထြးက
ပခုံးတြန႔္လိုက္တယ္။ သူ မသိပါဘူးဆိုတဲ့အဓိပၸာယ္ေပါ့။
“ေအာ္-သိၿပီ- သိၿပီ။ ဒါဟာ – ဧကႏၲေတာ့”
“ထားလိုက္ပါ- ဆရာရယ္။ လက္ဖက္စားပါဦး။ ေရေႏြးေတြ ေအးကုန္ၿပီ..
“သေဗၺ သတၱာ ကမၼသကာ”