အငြိုးကြီးသော စုန်း(စ/ဆုံး)

Unicode Version

အငြိုးကြီးသော စုန်း(စ/ဆုံး)
———————————–
တေဇတို့လည်း ဘုရားသိုက်ကို ကူညီပြီး နောက်တနေ့တွင် အဂ္ဂရောက်လာပြန်သည်။
” အကိုက ပြောတော့သာ ဘာမှမတတ်တာ ညက မျက်မြင်ကိုယ်တွေ့ပါနော် ”
” အေး ငါလည်း စဉ်းစားနေတာ ငါ့ပညာတွေကို စေပိုင် ဓာတ်လုံးရဲ့အစွမ်းနဲ့ပြန်ရလာတာဖြစ်မယ် ”
” အကိုကလည်း ဒါဆို ခင်လွှမ်းက ဘာလို့ပြန်ရတာလဲ သေချာစဉ်းစားပါဦး ”
ခင်လွှမ်းက အဲ့လိုဝင်ပြောလိုက်ရာ တေဇတို့လည်း စဉ်းစားရကြပ်သွားပြန်သည်။ ထိုစဉ်
” လူလေးတို့ ပညာတွေက လိုချင်တပ်မက်တဲ့ စိတ်ကြောင့်ပြန်ရလာတာ ဒါပေမဲ့အရင်လို အမှောင်ပညာမဟုတ်တော့ဘူး ”
” ဟင် အဘ.. အဘပြောသလို လိုချင်တဲ့စိတ်ကြောင့်ပြန်ရလာတယ်ဆိုရင် ကျွန်တော်တို့က ငရဲသွားရမှာလား အဘ ”
” ဒါတော့ လူလေးတို့နဲ့ပဲဆိုင်တာကွဲ့ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးခံစားရမယ် အေး ဒါပေမဲ့ မင်တို့က အရင်လို အမှောင်ပညာ မဟုတ်တော့ဘူး အလင်းပညာသည်ဖြစ်လို့ ဘုရားတရားလုပ်ပြီး လူတွေကို ကူညီပေတော့ကွယ့် ”
” ဟုတ်ကဲ့ပါ အဘ တခြား ဘာမှာစရာရှိသေးလဲဗျ ကျပ်တို့ ပြန်တော့မှာမို့ပါ ”
” အေး အဂ္ဂကို လူလေးတို့နဲ့ရှမ်းပြည်ကို ခဏလောက် ခေါ်သွားစေချင်တယ်ကွဲ့ ဖြစ်ရဲ့လား ”
” ဖြစ်ပါတယ် အဘ ကဲ အဂ္ဂရေ ငါတို့နဲ့လိုက်မလား ပင်းတယကို ”
” လိုက်မှာပေါ့ဗျ နဂိုကတည်းက လိုက်ချင်နေတာ အခု အဘက လိုက်စေချင်နေမှတော့ ငြင်းစရာကို မရှိတော့တာ အကိုရေ ”
” ကဲ လူလေးတို့ အဘပြန်တော့မယ် အဂ္ဂ တေဇရဲ့ စကားကိုနားထောင်နော် မင်း ဟိုမှာ တစ်လပဲနေရမှာ မိဘတွေဆီက ခွင့်တောင်းပြီး သေသေချာချာ ကန်တော့ခဲ့ ကြားလား ”
” ဟုတ် အဘ ကျွန်တော် အဖေနဲ့အမေကို ခွင့်တောင်းပြီးမှ လိုက်မှာပါဗျ ”
အဂ္ဂ အဲ့လိုပြန်ပြောလိုက်ရာ ဘိုးလူလည်း ပျောက်ကွယ်သွားလေသည်။ တေဇတို့လည်း အဂ္ဂမိဘများကို သေချာပြောဆိုပြီး အဂ္ဂကို ရှမ်းပြည်သို့ခေါ်လာခဲ့လိုက်လေသည်။ ပင်းတယရောက်တော့ အဂ္ဂမှ
” ရှမ်းပြည်က သာယာလိုက်တာနော် ရင်ထဲမှာ အေးချမ်းနေပြီး တစ်ခုခုကို လွမ်းမိနေသလိုပဲ ”
အဂ္ဂမှ အဲ့လိုပြောလိုက်ရာ တေဇက ပြုံးနေလိုက်ရာ ခင်လွှမ်းက ဝင်ပြီး
” အဂ္ဂရယ် နင့်ကောင်မလေးကို လွမ်းနေတာနေမှာပါ အခုမှ စရောက်တာနော် ပြန်ဖို့ မစဉ်းစားနဲ့ ”
” ဟာ အစ်မခင်လွှမ်းကလည်း ကျုပ်မှာ ကောင်မလေးမရှိပါဘူးဗျ လာနောက်နေပြန်ပြီ ”
” အေးဟေ့ ဒါဆိုလည်း ငါတို့ရွာက ကောင်မလေးတစ်ယောက်လောက်နဲ့ အောင်သွယ်ပေးမယ် ဘယ်လိုလဲ ”
” ဟာ မလုပ်ပါနဲ့ ကျုပ်အသက် ငယ်ငယ်လေးရှိသေးတာ ”
” ဟားဟားဟားဟား ”
တေဇရော ခင်လွှမ်းပါ ပြိုင်တူ ထရယ်လိုက်ကြလေရာ အဂ္ဂလည်း မျက်နှာကြီးနီရဲနေလေတော့သည်။
” အဂ္ဂရာ အချစ်မှာ အသက်အရွယ်မရှိပါဘူးကွ ဒါတွေမင်းသိလာမှာပါ ”
” ဟာ အကိုပါ ဝင်ပြီး နောက်နေပြန်ပြီ အကိုပြောသလို အသက်အရွယ်မရှိဘူးဆိုပြီး ကောင်မလေးကိုလိုက်ပြောမှ ပါးချခံနေရမှဖြင့် မခင်လွှမ်း ဆန်ပြုတ်ပြုတ်ပေးနေရမယ် ”
” အေး အဂ္ဂရေ အဲ့ဒါဆိုလည်း ကြက်သားလေးပါထည့်ပြီး ပြုတ်ပေးမယ် ”
” အာ တော်ဆိုးနေပါပြီ အဲ့ဒါဆို မခင်လွှမ်းတိုရွာက ကာလသားတွေ ဝိုင်းပြီး ရိုက်နေမှဖြင့် ”
” မရိုက်ဘူး အဂ္ဂရေ စိတ်ချ ငါပြောပြမယ် မင်းလည်းယောက်ျားပဲကွာ ငါလည်း ယောကျ်ားပဲလေ သူတို့လည်းယောက်ျားပဲကို ဘာကြောက်နေမှလဲ ”
” မဟုတ်သေးဘူးလေ အကိုကလည်း ”
အဂ္ဂလည်း တေဇနှင့်ခင်လွှမ်းကို စကားနိုင်အောင်မပြောနိုင်ပဲ ဖြစ်နေလေသည်။ ထိုစဉ် ခင်လွှမ်းက
” ဟဲ့ အဂ္ဂ ငါတို့ရွာဝင်ပြီ ဟိုမှာတွေ့လား အဲ့ကောင်မလေးကို ဘယ်လိုမြင်လဲ ”
” အင်း သေချာကြည့်ရင် သူ့ပုံက ရိုးအေးပြီး လိမ္မာယဉ်ကျေးမဲ့ပုံပဲ ရုပ်လည်းချောတယ် ”
” သေချာလား အဲ့ဒါပဲလား အဂ္ဂရယ် ”
” သူ့ကိုကြည့်ပြီး သူ့အကြောင်းပြောတာ ရင်ထဲမှာ တမျိုးပဲ တလှပ်လှပ်နဲ့ ”
အဂ္ဂ အဲ့လိုပြောလိုက်ရာ တေဇက ဝင်ပြီး ထပ်နောက်ပြန်သည်။
” မင်းကားမူးလာလို့နေမှာပါ ”
” အာ အကိုကလည်း ကားမူးလာလို့ရင်တွေတုန်တာမဟုတ်ဘူးထင်တယ် အရင်ကလည်း ခရီးဝေးတွေ သွားဖူးနေတာကို ကား မမူးပါဘူးဗျ ”
” အေးပါ ဒါဆိုလည်းပြီးရော ဒါပေမဲ့ အဲ့ကောင်မလေးက မချောဘူးကွ ရုပ်ဆိုးတယ်ဟ ”
” အကိုကလုပ်ပြီ သေချာကြည့်လေချောလေပဲ အကိုရဲ့ ”
အဂ္ဂ တေဇကို အဲ့လိုပြန်ပြောလိုက်ရာ ခင်လွှမ်းက သဘောပေါက်သွားကာ
” ဟိတ် ယမင်း ဘယ်သွားမို့လဲ လာပါဦး မမတို့ဆီကို ခဏလောက် ”
ခင်လွှမ်းအဲ့လိုပြောလိုက်ရာ ယမင်းဆိုသည့် ကောင်မလေးက ခင်လွှမ်းတို့အနားသို့လျှောက်လာပြီး
” မမခင်လွှမ်း ပြန်လာပြီပေါ့ ဘာလက်ဆောင်ပါလဲဟင် ”
” ပါတာပေါ့ ယမင်းလေးရယ် လာ အိမ်ကိုတစ်ခါတည်းလိုက်ယူ ”
” ဟုတ် မမ ဒါနဲ့ဧည့်သည်ပါလာတာပဲနော် မမတို့နဲ့ဘာတော်လဲဟင် ”
” ဪ ဟုတ်ပါ့ မေ့နေတာ ယမင်းရေ သူ့နာမည်က အဂ္ဂတဲ့ မမတို့နဲ့အလည်လိုက်လာတာလေ ”
” ဪ ဟုတ်ပါပြီ လာ အိမ်သွားကြမယ် မမ အထုပ်ဆွဲကူမယ် ”
” ဟုတ်ပါပြီ လာလာ နေကပူတယ် ”
အဲ့လိုနဲ့လေးယောက်သား အိမ်ပြန်လာကြလေသည်။ အိမ်ရောက်တော့ တံခါးဖွင့်ပြီး အထုပ်များချကာ အနားယူနေချိန် ယမင်းက
” ဦးတေဇနဲ့မမကို ပြောပြစရာရှိတယ် ရွာထဲမှာ ထူးထူးဆန်းဆန်းဖြစ်နေတယ် ”
ယမင်းက အဲလို့ပြောလိုက်ရာ တေဇက စိတ်ဝင်စားသွားပြီး
” ဘာအထူးဆန်းကိစ္စလဲ ပြောပါဦး သေချာလေး ဘာတွေဖြစ်နေလို့လဲ ”
” ဟိုလေ အန်တီ မိုးခအိမ်ထဲကို ညဆို မီးလုံးတွေ ပျံဝဲလာပြီး မီးတွေနဲ့မှုတ်တာတဲ့ ပစ္စည်းတွေဆို မီးထထတောက်နေလို့ မနည်းငြှိမ်းရတယ်တဲ့ ”
အဲ့လိုပြောလိုက်ရာ တေဇရော ခင်လွှမ်းပါ လှုပ်လှုပ်ရွရွဖြစ်သွားပြီး
” ယမင်း အဲ့လိုဖြစ်တာ ဘယ်နှရက်ရှိပြီလဲ တခြားရော ဘာထူးသေးလဲ ”
” သုံရက်ပဲရှိသေးတာ ဒီညရောဆို လေးရက်ပေါ့ အစက သူများတွေပြောတာ မယုံဘူး မနေ့ညက ကိုယ်တိုင် သွားကြည့်ခဲ့တာ မျက်မြင်ကိုယ့်တွေ့ပဲ မမရေ ”
” ဟုတ်လား ဒါဆိုရင် စုန်းဖြစ်ရမယ် ယမင်းလေးရော အသွားအလာဆင်ခြင်နော် ဟိုစပ်စပ်ဒီစပ်စပ်နဲ့မလုပ်နဲ့ ဟင်းဟင်း ”
ခင်လွှမ်းက အဲ့လိုပြောပြီး စနောက်လိုက်ရာ ယမင်းက မျက်နှာလေးနီရဲသွားပြီး
” ဟာ မမကလည်း ယမင်းက မယုံလို့သွားကြည့်တာပါ ဟိုစပ်စပ်ဒီစပ်စပ်နဲ့မလုပ်ပါဘူးနော် ပြန်တော့မယ် ညနေမှ ပြန်လာခဲ့မယ် ဟွန့် ”
ယမင်းလည်း အဲ့လိုပြောပြီး စိတ်ကောက်ဟန်ဖြင့် အိမ်ပေါ်မှပြေးဆင်းသွားလေသည်။ အဂ္ဂမှ ယမင်းအား မျက်ဆောက်မခတ်တမ်းကြည့်နေလေရာ တေဇက
” အဂ္ဂ…. အဂ္ဂရေ.. အဂ္ဂ. ”
” ယမင်းရုပ်လေး အတိုင်းပါလားကွာ….. ”
အဂ္ဂ တေဇ၏စကားကို မကြားပဲ ခေါင်းကိုဖြေးညှင်းစွာခါရင်း နှုတ်မှ အဲ့လိုရေရွတ်လိုက်လေသည်။ တေဇလည်း
” ခင်လွှမ်းရေ ဘယ်လိုလုပ်မလဲ အဂ္ဂတော့ သွားပြီးထင်တယ် ကျွတ်ကျွတ်ကျွတ် ”
” ထားလိုက်အကို သူ့ဘာသာ သာယာပါစေ တကယ်ကို အောင်သွယ်ပေးလိုက်ဦးမယ် ကြည့်နေ ”
ခင်လွှမ်းက အဲ့လိုပြောလိုက်လေရာ တေဇလည်း ရယ်လိုက်ပြီး
” ဟေ့ အဂ္ဂ… ”
” ဗျာ ဗျာ….အကို ဘာလို့လဲဟင် ဘာဖြစ်တာလဲ လန့်သွားတာပဲ ”
” အေး လန့်ဦးမှပဲ တကယ်ပဲ လိုက်ကြည့်နေတာများကွာ မျက်လုံးရော ပါသွားလား သူ့နောက်ကို ”
” ဟာ အကိုကလည်းဗျာ ဒီအတိုင်းကြည့်မိတာပါဗျာ ”
” အေး ဒီည ဘုရားပွဲရှိတယ် အဲ့ဒါ မင်း သူနဲ့ဘုရားပွဲလေးဘာလေး သွားပေါ့ ငါတို့ ကိစ္စတစ်ခုလုပ်စရာရှိလို့ ”
” ဘာကိစ္စအကို ကျုပ်ရော မပါဘူးလား ”
” မပါသေးဘူး အဂ္ဂရေ မင်းက ရောက်ခါစမို့ နားဦး နောက်ဆက်တွဲကျရင်ပါမှာပေါ့ကွာ ဟုတ်လား ”
” ဟုတ်အကို ဒါဆို ခဏနားလိုက်ဦးမယ်နော် ”
အဲ့လိုပြောပြီး အိမ်ရှေ့ခန်းတွင်အထုပ်ချကာ လှဲချပြီး ခဏတွင်းအိပ်ပျော်သွားလေတော့သည်။ တေဇက
” ခင်လွှမ်းရေ အစက ဝင်မပါပဲနေမလို့ပါ အခုဟာက မမိုးခအိမ်ကိုဖြစ်နေတာဆိုတော့ဝင်ပါမှကိုရမယ် မမိုးခက ခင်လွှမ်းသူငယ်ချင်းမဟုတ်လား ”
” ဟုတ်တယ်အကိုရေ ပါကိုပါမှရမယ် ခဏနေ မမိုးခအိမ်သွားရအောင်လေ ”
” အင်း ခင်လွှမ်းအမောပြေရင်သွားမယ်လေ ”
အဲ့လိုပြောပြီး ခဏနားနေလိုက်ကြလေသည်။ ထိုစဉ် မမိုးခရောက်လာပြီး
” ခင်လွှမ်းရေ ပြန်ရောက်နေတယ်ဆိုလို့လာကြည့်တာ ယမင်းပြောတဲ့အတိုင်း တကယ်ရောက်နေတာပဲ ”
” ဟုတ်ပါ့ မမိုးခရေ စောစောကမှရောက်တာ အခုချက်ချင်း ယမင်းက သတင်းပို့သွားတယ်ပေါ့ ဟုတ်လား ဒီကလေးမကတော့လေ ”
” ဟုတ်ပါ့ ခင်လွှမ်းရေ ဒါနဲ့ ငါ့အိမ်သတင်းရော ကြားပြီးပြီလားဟင် ”
” ကြားပြီးပါပြီ ယမင်းလေးပြောသွားတာလေ ဘယ်လိုဖြစ်ရတာလဲ မမိုးခရယ် ”
” မပြောချင်ပါဘူး ခင်လွှမ်းရယ် ဖြစ်ပုံက ဒီလိုရှိတယ် ငါတို့အိမ်ကအလုပ်သမားလေ သူကနေစတာ ပြဿနာက ဒီလို ”
အောင်မိုးတို့လင်မယားသည် တနယ်တကျေးမှလာရောက်၍ ပင်းတယတွင်ကြုံရာအလုပ်လုပ်ကိုင်ကြလေသည်။ နောက်တော့ မမိုးခနဲ့ခင်မင်ပြီး မမိုးခအိမ်တွင် သူရင်းငှားလုပ်ကိုင်ကြလေသည်။ ဇနီးဖြစ်သူ တင်မြက ပင်းတယတွင် ဈေးရောင်းရင်း ကျန်နေခဲ့လေသည်။
အောင်မိုးသည် အစပိုင်းတွင် အသောက်အစားကင်းပြီး ရိုးသားကြိုးစားသူဖြစ်သဖြင့်အလုပ်အကိုင်တွင် စိတ်ချရလေသည်။ နောက်တော့ အလုပ်အကိုင်များ လွဲမှားလာလေသည်။ အသောက်အစားလေးက ရီဝေလာလေသည်။ ဒီလိုနဲ့ပဲ ငွေကို ကြိုတင်ပြီး ယူသုံးလေသည်။ ကြိုတင်ယူသုံးဖန်များလာသောအခါ ပစ္စည်းများခိုးယူပြီး ရောင်းချလေတော့သည်။ မိန်းမဖြစ်သူထံသို့ပင်မပြန်တော့ပဲနေလေသည်။
တစ်နေ့တွင် အောင်မိုးမိန်းမ တင်မြက လင်ဖြစ်သူရှိရာသို့ လိုက်လာခဲ့လေသည်။ လင်ဖြစ်သူ မိမိထံသို့ အဆက်အသွယ်ဖြတ်ကာနေလေသောကြောင့် ရောက်လာခြင်းဖြစ်လေသည်။ တင်မြက မမိုးခအိမ်ကိုရောက်တော့
” မမိုးခရေ မမိုးခ…. မမိုးခမရှိဘူးလား ”
” ရှိတယ် ဘယ်သူလဲဟေ့ ဪ တင်မြပါလား ဘာကိစ္စရှိလို့လဲ တင်မြရေ ”
” ဒီလိုပါ မမိုးခရေ ကျုပ်လင်လေ ကျုပ်ဆီကို အဆက်အသွယ်မလုပ် ပြန်လည်းမလာတာနဲ့ လိုက်လာခဲ့တာပါပဲတော်ရေ ”
” အေး.. ပြောရဦးမယ် ညည်းလင်လေ ငါ့ဆီက ကြိုငွေယူသုံးတာ သုံးလစာရှိနေပြီ အရင်လိုမဟုတ်တော့ဘူး အခုက အသောက်အစားတွေရှိနေပြီ ”
” ဟုတ်ပမလား မမိုးခရယ် ကျုပ်လင်က အရက်ဆို အနံ့တောင်မခံနိုင်ပါဘူးတော် ”
” အံမယ်လေ အနံ့ပဲမခံတာ တစ်ခါတည်းအကုန်သောက်တာဟေ့ ”
” ဟုတ်လား တွေ့ကြသေးတာပေါ့ ဒင်းနဲ့တော့ ”
အဲ့လိုပြောပြီး သိပ်မကြာခင် အောင်မိုးပြန်ရောက်လာပြီး တင်မြနဲ့ပွဲဖြစ်ကြလေသည်။ အောင်မိုးလည်း ပါးနပ်စွာဖြင့် တင်မြကို အခြားနေရာသို့ ခေါ်လာပြီး
” တင်မြ နင့်လင် ငါ့ကို မယုံတာလား ဟုတ်တယ် ငါ အလုပ်ပင်ပန်းလွန်းလို့ တခွက်နှစ်ခွက်လေးပဲသောက်တာပါဟာ ”
” ဒါဆို လခတွေကြိုယူပြီး သုံးတာကျတော့ရော ပြောစမ်းပါဦး ”
” ဒီမယ် တင်မြ ငါဘာလခမှကြိုမသုံးဘူး မမိုးခက ငါ့ကို မြူစွယ်နေတာ ငါက သူ့ဘက်မပါလို့ သူကနင့်ကို ချွန်နေတာ ”
တင်မြလည်း ယောကျ်ားဖြစ်သူစကားကို နားယောင်သွားကာ
” သူက ဘယ်လိုမြူစွယ်နေလို့လဲ ပြောစမ်းပါဦး တင်မြအကြောင်း သိရသေးတာပေါ့ ”
” နင်ဒီလောက်ပဲသိထားပါ ငါပြောပြမယ် ငါ့ပိုက်ဆံတွေကိုလည်း သူကမထုတ်ပေးဘူး ”
” ဘာ ဒါတော့ သည်းမခံနိုင်ဘူး တင်မြတဲ့ တမြတည်းရှိတယ် တွေ့ကြသေးတာပေါ့ ကျုပ်နဲ့ ”
အဲ့လိုပြောပြီး ထမီတိုတိုဝတ်ကာ မမိုးခအိမ်သို့ ခပ်သွက်သွက်လျှောက်ခဲ့ပြီး
” ဟဲ့ မိုးခ ထွက်ခဲ့စမ်းပါ နင် ငါ့အကြောင်းသိစေရမယ် တင်မြတဲ့ တမြတည်းရှိတယ် ”
” ဪ အိမ်ရှေ့မှာ အော်ကြီးဟစ်ကျယ်နဲ့ ဘယ်သူလဲမှတ်တယ် တင်မြ နင်ဘာဖြစ်နေတာလဲ ”
” ဒီမှာ မိုးခ နင်ဘာမှ အပိုတွေပြောမနေနဲ့ ငါ့ယောကျားရဲ့ လုပ်အားခတွေ အခုထုတ်ပေး အကုန်ထုတ်ပေးစမ်း ”
” ဘာတွေပြောနေတာလဲ နင့်ယောက်ျား အကုန်ထုတ်ရုံတင်မဟုတ်ဘူး ကြိုပြီးတော့တောင်ထုတ်ထားသေးတယ် သိလား ”
မမိုးခအိမ်ရှေ့တွင် ရန်ပွဲဖြစ်နေသဖြင့် ဘေးအိမ်မှလူများက အပြင်သို့ထွက်လာပြီး ကြည့်နေလေကြသော လူအုပ်ကြီးက မနည်းမနောပင်။
” ဒီမှာ မိုးခ သူများလင်ကို ကြောင်တောင်နှိုက်ချင်နေတဲ့ဟာမ နင့်ဆီမှာ ငါ့လင်ကို အလုပ်မလုပ်ခိုင်းတော့ဘူး ငါ့လင်လုပ်အားခတွေ အကုန်ထုတ်ပေးစမ်း ”
မမိုးခလည်း မိမိသိက္ခာကို ထိပါးလာသဖြင့် တင်မြအား ပါးဆွဲရိုက်ရုံတင်မကပဲ ဒေါသမထိန်းနိုင်ကာ ဘေးမှ ဝါးခြမ်းဖြင့်မျက်နှာရိုက်ချလိုက်လေရာ တင်မြမျက်နှာ ဝါးကြောရှ၍ လက်လေးလုံးခန့်ကွဲသွားလေသည်။ တင်မြလည်း မမိုးခကို နပမ်းဝင်လုံးလေရာ ဘေးမှ လူများက ဝိုင်းဆွဲထားရလေသည်။
” တောက်…. ကြားလို့မှကောင်းကြသေးရဲ့လား ဟမ် ငါ့ရွာထဲမှာ မကြားချင်ဆုံးက အဲ့ ရန်ဖြစ်တဲ့သတင်းပဲ ကလေကချေအလုပ်တွေ ”
” ဒီမှာရွာလူကြီး ကျုပ်က ရွာမှာ ဘယ်လိုနေလဲ သူကြီးတင်မကဘူး ဒီရွာရော တခြားရွာတွေရောပါသိတယ် သူက တမင်သက်သက်လာစော်ကားနေတာ ”
ရွာလူကြီးလည်း နှစ်ဦးနှစ်ဖက်ပြေလည်အောင်ညှိနှိုင်းပေးသော်လည်း တင်မြက အရှုံးအပြင် ဒဏ်ရာပါ အပိုဆောင်း ရသွားလေသည်။ တင်မြလည်း စိတ်တိုတိုဖြင့် ပင်းတယပြန်အလာမှာ လမ်းတွင် ဓားတန်းလန်းနှင့် အောင်မိုးအား တွေ့လိုက်လေသည်။
” ကိုအောင်မိုး ရှင်ဘယ်လိုဖြစ်ရတာလဲ ရှင့်ကို ဘယ်သူ သတ်တာလဲပြော ကျုပ်ကိုပြော ”
” မမိုးခရဲ့.. မမိုး….ခ….လူတွေ…..သတ်… သတ်… ”
အောင်မိုး စကား မဆုံးခင် အသက်ပါသွားလေတော့သည်။ တင်မြလည်း ရဲစခန်းတွင် တိုင်ချက်ဖွင့်သော်လည်း ဓားမှလက်ဗွေရာမှာ မမိုးခအိမ်မှ အလုပ်သမားများ၏လက်ဗွေရာနှင့်မတူသဖြင့် အမှုကို စုံစမ်းနေလေတော့သည်။
တင်မြကတော့ မကျေမချမ်းဖြစ်ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့သော စုန်းပညာဖြင့် မမိုးခကို ပြုစားတိုက်ခိုက်သော်လည်း သူ့နောက်က သိုက်ဆက်များက ကာနေသဖြင့် တင်မြ တိုးမပေါက်ချေ။ ထို့ဖြင့် မိမိကိုယ်တိုင် ပညာကုန်သုံးပြီး တိုက်ခိုက်ဖို့ဆုံးဖြတ်ကာ ညတိုင်း စုန်းမီးတောက်အဖြစ်ဖန်ဆင်းပြီး မမိုးခအိမ်ကို မီးနဲ့တိုက်လေတော့သည်။
” အဖြစ်ပျက်က အဲ့ဒါပါပဲ ခင်လွှမ်းရေ ကိုယ်က ကောင်းလည်း မကောင်းတာက ကိုယ့်ဆီလာတတ်တာပဲ ခက်ပါ့အေ ”
” ဒါနဲ့ သူလုပ်တယ်ဆိုတာ မမိုးခက ဘယ်လိုသိတာလဲဟင် ”
မမိုးခက စိတ်ပျက်စွာနှင့်ပြောလိုက်ရာ တေဇက အဲ့လိုဝင်မေးလိုက်တော့ မမိုးခက
” အိမ်မက်ပေးတာပေါ့ ငါ့အကိုတွေလို့ပြောတာပဲ သေချာပြောပြတာ ငါ့ကို ”
” အင်း ဒါဆို စိတ်မပူပါနဲ့တော့ ညကျရင် ကျွန်တော်တို့ ကူညီပေးပါ့မယ် ”
” အင်း သိတယ်လေ တေဇနှင့်ခင်လွှမ်းပဲ ကူညီနိုင်တယ်ဆိုတာ ငါသိလို့ကို ဘယ်ဆရာမှမပင့်တာ ”
” ဟုတ်ပါပြီဗျာ ညစာတော့ ကျွေးမယ်မလား မမိုးခရေ ဟားဟား ”
” ကျွေးမှာပေါ့ဟာ ဒါနဲ့ဟို တစ်ယောက်က ဘယ်သူပါလိမ့် ”
” ဪ အဲ့ဒါ ယောကနေပါလာတဲ့အထက်လမ်းဆရာလေးပါ နာမည်က အဂ္ဂတဲ့ ”
” အင်း ရွာမှ အထက်လမ်းဆရာမရှိဘူး ရွာမှာပဲနေခိုင်းလိုက်တော့ ငါ့အိမ်တစ်လုံးပေးမယ်လို့ ”
” မရဘူး မမိုးခရေ သူက တစ်လပဲနေရမှာ သူ ပျော်ရင်လည်းပျော်သလိုပေါ့ ”
” ဟုတ်ပါပြီ ဒါဆို ကျုပ်တို့လည်းနားတော့မယ် မမိုးခရေ ညစာတော့ ဒကာခံရမယ်နော် ”
” အေး ဟုတ်ပြီ ဟုတ်ပြီ ညကျရင် ဆက်ဆက်လာခဲ့နော် ငါပြန်တော့မယ် ”
အဲ့လိုပြောပြီး မမိုးခလည်းပြန်သွားလေတော့သည်။ ကိုယ့်အရပ်ဒေသမှာပဲ ပျော်သောခင်လွှမ်း မျက်နှာလေးလည်း အပြုံးများဖြင့် ရွှင်ပြနေလေသည်။ တေဇက
” ခင်လွှမ်းရေ အခုကျတော့ ပျော်နေပါရောလား မျက်နှာလေးက လပြည့်ညမှာသာတဲ့ လမင်းကြီးကြနေတာပဲ ”
” ဟုတ်တယ် အကိုရေ ခင်လွှမ်း တခြားနေရာဒေသမှာ မပျော်တတ်ဘူးရယ် ဒီပြန်ရောက်တာနဲ့စိတ်ထဲမှာ ကျေနပ်နေတာ ”
” ဟုတ်ပါပြီ ခင်လွှမ်းရယ် ခင်လွှမ်းပျော်နေဖို့ဆိုတာ ကိုယ်ဖန်တီးပေးရမဲ့ အရာပါ ”
အဲ့လိုပြောလိုက်ရာခင်လွှမ်း ပြုံးစိစိလေးဖြစ်သွားပြီး အခန်းထဲသို့ဝင်သွားလေတော့သည်။ ညနေရောက်တော့ တေဇတို့လည်း ခြေလက်သန့်စင်ဆေးကြောပြီး မမိုးခအိမ်သို့ သွားကြလေသည်။ မမိုးခအိမ်တွင် ယမင်းလည်း ရောက်နေလေသည်။
” မမိုးခရေ ကျုပ်တို့လာပြီဗျို့ ”
” လာပါ အိမ်ထဲဝင် ထမင်းစားဖို့ အဆင်သင့်ဖြစ်နေပြီ လာ ကလေး အထဲဝင် အားမနာနဲ့နော် ”
မမိုးခက အဂ္ဂအား ဖော်ရွေစွာ ကြိုဆိုလိုက်ပြီး ထမင်းစားခန်းသို့ခေါ်သွားလေသည်။ အဂ္ဂက
” ဒါနဲ့လေ တစ်ခုလောက် မေးလို့ရလား အန်တီ ”
” မေးလေ သား ဘာမေးမို့လဲ ”
” ဘုရားခန်း ဘယ်ဘက်မှာလဲဟင် ”
” ဪ ဟိုဘက်မှာရယ် ယမင်း သူ့ကို ဘုရားခန်းလိုက်ပြပေးလိုက်ပါဦး ”
ယမင်းလည်း အဂ္ဂကိုခေါ်ပြီး ဘုရားခန်းသို့ ခေါ်သွားလေသည်။ အဂ္ဂလည်း ဘုရားကျောင်းဆောင်အား ထိခြင်းငါးပါးနှင့်ရိုသေစွာ ကန်တော့လေရာ ယမင်းကပါ ထိုင်ကန်တော့လိုက်လေသည်။ ထို့နောက်ထမင်းစားခန်းထဲပြန်ဝင်လာကာ
” ငါ့တူရေ အန်တီတို့ရွာမှာပဲနေမလား အိမ်တစ်လုံး လက်ဖွဲမယ်လေ အဲ အိမ်တစ်လုံးပေးမယ်ပြောတာ ဟားဟားဟား ”
မမိုးခက အဲ့လိုပြောပြီး ရယ်မောလိုက်ရာ တေဇနှင့်ခင်လွှမ်းကပါ ထပြီး ရယ်လေတော့သည်။ အဂ္ဂက
” အာ အန်တီတို့ကလည်း ဘာတွေပြောနေမှန်းမသိဘူး ထမင်းစားတာပဲကောင်းတယ် ”
” အေး စား..စား ယမင်းရေ သူ့ကို လိုအပ်တာလေးလုပ်ပေးလိုက်နော် ”
” ဟုတ် အန်တီမိုးခ ”
တေဇတို့လည်း ထမင်းကို မြိန်ယှက်စွာ စားသုံးပြီးနောက်တွင် ခင်လွှမ်းက ယမင်းအား
” ယမင်း ညကျရင် သူ့ကို ရွာဘုရားပွဲခေါ်သွားပေးပါလား မမတို့က လုပ်စရာရှိလို့ မအားဘူးလေ ”
” ဟုတ် ရပါတယ် မမ ယမင်းခေါ်သွားပေးပါ့မယ် ”
အဲ့လိုပြောပြီး ဟိုအကြောင်း ဒီအကြောင်း ပြောနေကြလေသည်။ မှောင်စပျိုးချိန်တွင် တေဇက
” ကဲ ယမင်းနဲ့ အဂ္ဂရေ မှောင်နေပြီ ဘုရားပွဲသွားတော့လေ စောစောပြန်လာနော် ”
” ဟုတ် အကို ”
အဲ့လိုပြောပြီး တေဇနှင့် ယမင်းလည်း ဘုရားပွဲသို့ ထွက်သွားလေသည်။ မမိုးခက
” တေဇရေ ခဏနေ ဧည့်သည်က လာတော့မယ် ကြည့်သာနေတော့ ”
အဲ့လို ပြောချိန်တွင် အိမ်အရှေ့မှ ဝုန်းခနဲ့ တံခါးပွင့်သံနှင့်အတူ မီးထတောက်လေသည်။ တေဇက
” မမိုးခ အရင်အတိုင်းပဲ လုပ်စရာရှိတာလုပ်နေလိုက် ပုံမပျက်စေနဲ့ ”
” ဟာ မီးတွေတောက်နေပြီ ဘယ်လိုဖြစ်ရတာ ထူးဆန်းလိုက်တာ ”
မမိုးခလည်း ဟန်ဆောင်ပြီး ပြောကာ မီးကို ရေစိုဝတ်နှင့် အုပ်ကာငြှိမ်းသတ်လိုက်လေသည်။ ထို့ဖြင့် အတန်ကြာ မီးတောက်လိုက် ပြန်ငြှိမ်းလိုက် လုပ်ပြီးသော
” အချိန်ကျပြီ ခင်လွှမ်းရေ သူ့အနောက်ကနေ ပြေးမရအောင်ပိတ်ထား ကြားလား ”
” ဟုတ်အကို ခင်လွှမ်း သဘောပေါက်တယ် အကို အရှေ့ထွက်တော့ ”
အဲ့လိုပြောပြီး ခင်လွှမ်းလည်း အိမ်အနောက်မှ ထွက်ပြီး ခြံစည်းရိုးအကွယ်မှ အိမ်အရှေ့သို့သွားပြီး
” မဖြစ်စလောက် စုန်းမကများ ကဲ ရော့ဟယ် ”
အဲ့လိုပြောပြီး စုန်းမီးတောက်ကိုဖျက်ချလိုက်လေရာ စုန်းမီးတောက်လည်း အောက်သို့ပြုတ်ကျလာပြီး တင်မြအဖြစ်ပြောင်းသွားလေသည်။
” နင်တို့ ကိုယ့်ကိစ္စမဟုတ်ပဲ ဝင်မပါနဲ့ အသာနေကြစမ်း ဒါငါတို့ကိစ္စ ”
တင်မြက ဒေါသတကြီးနဲ့ အဲ့လိုပြောလိုက်ရာ ခင်လွှမ်းက လေကို လက်ဝါးနှင့် အားပါပါနှင့် တစ်ချက်ရိုက်လိုက်ရာ တင်မြ လဲကျသွားလေသည်။
” နင်တို့ကိစ္စဆိုရင် နင်က ပညာနဲ့ သူများကို ဘာလို့ နှောင့်ယှက်နေတာလဲ ”
” သူတို့ ဘာလုပ်ထားလဲနင်သိလို့လား ”
” အေး နင်ထင်ထားတာကိုပဲ နင်သိတယ်မလား နင်လုပ်နေတာရပ်တန်းကရပ် မဟုတ်ရင် ငါနင့်ကို သတ်ရလိမ့်မယ်တင်မြ ”
” ဟင်းဟင်းဟင်း နင့်လိုကဝေမကို ကြောက်ရမဲ့အစား အသေခံပြီး ပြန်တိုက်မယ် ”
တင်မြက အဲ့လိုပြောလိုက်ရာ ခင်လွှမ်းလည်း မဲ့ပြုံး တစ်ချက်ပြုံးပြီး
” နင်က အသားလွတ် သေချင်နေတာပဲ ရတယ်လေ နင့်သဘောပဲ နင်အရင်စတိုက်စမ်း ”
အဲ့လိုပြောပြီး လက်နှစ်ဖက်မှ အပြာရောင်စက်ဝန်းကိုထုတ်လိုက်သည်။ တင်မြလည်း ခေါင်းမှ ဆံပင်နှစ်ပင်ကို နှုတ်ပြီး မြေပေါ်သို့ ပစ်ချလိုက်ရာ ဆံပင်မှ မြွေဟောက်နှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ခင်လွှမ်းရှိရာသို့ လျှင်မြန်စွာ ပြေးလာလေသည်။ ခင်လွှမ်းလည်း အပြာရောင်စက်ဝန်းဖြင့် မြွေကို ပစ်ချလိုက်လေရာ မြွေဟောက်နှစ်ကောင် မီးထတောက်ကာ ပြာကျသွားလေသည်။
တင်မြလည်း ခင်လွှမ်းမြွေကို စက်ဖြင့် ပစ်နေချိန် စုန်းမီးလုံးဖြင့် ခင်လွှမ်းကို အမြန်ပြစ်ချလိုက်လေသည်။ စုန်းမီးလုံး ထိပြီး ခင်လွှမ်း အနောက်သို့ လဲကျသွားလေရာ
” ဟားဟားဟား ကဝေမတဲ့ အသုံးမကျလိုက်တာ ငါ့မီးလုံးကိုတောင် မရှောင်နိုင် မခံနိုင်ဘူး ဟားးဟားးဟားးဟားးးးးး ”
ခင်လွှမ်းလည်း တောက်ခတ်ပြီး ပြန်ထလာပြီး တင်မြအား
” အေး ရယ်ထားစမ်းပါ နင်ဘယ်လောက်ရယ်နိုင်မလဲ ကြည့်ရအောင် နင့်ပညာ ထပ်ထုတ်စမ်း ”
ခင်လွှမ်းက တင်မြအား အဲ့လိုပြောလိုက်ရာ တင်မြလည်း စုန်းမှော်စက်ဖြင့် ခင်လွှမ်းကို ပစ်လေသည်။ ခင်လွှမ်းက ထိုစက်များကို အသာယာပုတ်ချပြီး ကာကွယ်လိုက်လေသည်။ တင်မြလည်း အခြေနေ မဟန်တော့မှန်း သိသောအခါ သူ့ရဲ့အားအကောင်းဆုံးဖြစ်တဲ့ သက်တံ့ရောင်စက်ကိုထုတ်ပြီး ခင်လွှမ်းအရှေ့သို့ တွန်းပို့လေသည်။ ခင်လွှမ်းက ထိုစက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ စက်တန်း ပျက်သွားပြီး တင်မြ အနောက်သို့ လွင့်သွားလေသည်။
” အေးပေါ့ နင်က ငါ့ထပ်သာနေတာကိုး ငါ့ရဲ့နောက်ဆုံးတိုက်ကွက်ကို နင်ကာစမ်း ”
” အေး ထုတ်စမ်း နင့်တိုက်ကွက်က ဘာမို့လဲ လာစမ်းပါ တင်မြရာ ”
ခင်လွှမ်းက တင်မြကို ပြန်ပြီး စိန်ခေါ်လိုက်ရာ တင်မြလည်း သူ့ရဲ့ပုံကို ခွေးနက်ကြီး အသွင်ပြောင်းကာ ခင်လွှမ်းဆီပြေးပြီး လိုက်ကိုက်လေသည်။ ခင်လွှမ်းလည်း ကြောက်ဟန်ပြပြီး ပတ်ပြေးနေလိုက်သည်။ ခွေးနက်ကြီးမှာ နွားမဒန်းခန့်ရှိပြီး အစွယ်များမှာ အလွန်ရှည်ပြီး မျက်လုံးများမှာ ရဲတောက်နေလေသည်။
” တင်မြ နင့်ကို လူလို့ထင်ထားတာ ခွေးဖြစ်နေတာကို ခွေးကျင့်ခွေးကြံနဲ့ ဟားဟားဟား ”
အဲ့လိုပြောလးပြီး စက်ကြိုးထုတ်ပြီး ကောင်းကင်ပေါ်တက်နေလိုက်သည်။ ခွေးနက်ကြီးလည်းပါးစပ်ထဲမှ စက်ကိုထုတ်ပြီး ခင်လွှမ်းကို ပစ်လေသည်။ ခင်လွှမ်းလည်း စက်တစ်ခုထုတ်ပြီး ပြန်ပစ်လိုက်ရာ ခွေးနက်ကြီးမှာ စက်ထိပြီး တင်မြအဖြစ်ပြန်ပြောင်းသွားလေသည်။
” တင်မြ နင်ရှုံးပြီး နင့်ပညာကုန်ပြီ နင်ဘာဆက်လုပ်ချင်သေးလဲ ”
” ကိုယ့်ဘာသာကိုယ် အထင်ကြီးမနေနဲ့ နင်တို့ရှိမှန်းသိလို့ အဝီစိသိန်းမောင်ကို အကူညီခေါ်ထားပြီးသား နင်တို့ ရွာအပြင်သာလိုက်ခဲ့လိုက် ”
အဲ့လိုပြောပြီး တင်မြ ခြံအပြင်သို့ထွက်သွားပြီး မီးလုံးအဖြစ်ပြောင်းကာ ရွာအပြင်သို့ပျံထွက်သွားလေသည်။ တေဇနှင့်ခင်လွှမ်းလည်း ရွာအပြင်သို့လိုက်သွားရာ
” လိုက်လာခဲ့သားပဲ နင်တို့သတ္တိကို ချီးကျူးပါရဲ့ ဒါပေမဲ့နင်တို့ ဒီနေ့သေမဲ့နေ့ပဲ ”
” အပိုတွေ မပြောစမ်းပါနဲ့ နင်ပြောတဲ့ အဝီစိသိန်းမောင်ဆိုတာ ဘယ်မှာလဲပြောစမ်း ”
” ငါဒီမှာပါဟ နင်တို့လို့ ကဝေတွေရဲ့ အသည်းကိုထုတ်ပြီး ငါ့ပညာတွေကို မြှင့်လာတာ အခုဆို တော်တော် အဆင့်မြင့်နေပြီ ”
” ဒီမှာ နင်နဲ့မဆိုင်ပေမဲ့ နင်က သူ့ဘက်ကနေ ကူညီမှာဆိုတော့ နင်တို့ နှစ်ယောက်ပေါင်းပြီး ငါတို့ကိုတိုက် ”
” ဟားဟားဟား အဝီစိသိန်းမောင်ဆိုတဲ့ငါကလည်း ဒါမျိုးမှကြိုက်တာ ”
အဲ့လိုပြောပြီး သူ့ရဲ့လွယ်အိတ်ထဲမှ အိတ်အနက်ရောင်လေးကိုထုတ်ပြီး အိတ်ထဲမှ အမှုန့်များကို လက်ထဲထည့်ပြီး လက်ဝါးနှစ်ဖက်ဖြင့်ပွတ်ကာ ခင်လွှမ်းရှိရာသို့ မှုတ်ထုတ်လိုက်လေသည်။
” ငါ့ရဲ့ အစိမ်းသေတွေနဲ့အရင်တိုက်ကြည့်စမ်းပါ ခင်လွှမ်း ဟားဟား ”
အဲ့လိုပြောပြီး ဖနှောင့်ပေါက်ချလိုက်ရာ အစိမ်းသေပြာမှုန်များကနေ အရိပ်မည်းများအဖြစ်ပြောင်းသွားပြီး လေဗွေတစ်ခုနှယ် ခင်လွှမ်းနှင်တေဇဘေးသို့ လှည့်ပတ်နေလေသည်။ တေဇနှင့်ခင်လွှမ်းလည်း
” ခင်လွှမ်း ဒါ အရမ်းပြင်းတဲ့အတိုက်ပဲ သတိထား သူတော်တော်စွမ်းတယ် ”
” ဟုတ်တယ်အကို ဒီအတိုက်မျိုး မမြင်ဖူးဘူး ဘယ်လိုလုပ်ကြမလဲ ”
” ရတယ် အကို့မှာ နည်းလမ်းရှိပါတယ် ”
အဲ့လိုပြောပြီး ခန္ဓာကိုယ်ကနေ စက်ရောင်ခြည်များဖြန့်ချလိုက်ရာ အစိမ်းသေများ ပျောက်ကွယ်သွားလေသည်။ တေဇက
” လုပ်ပါဦး ခင်ဗျား ပညာထပ်ထုတ်လေ ”
” အင်းဘီလူး အဲ့ကောင်နဲ့ ကောင်မကို အသေသတ်စမ်း ”
အဲ့လိုပြောလိုက်ရာ မြေကြီးထဲမှ ဘီလူးတစ်ကောင်ထွက်လာပြီး တေဇတို့ဆီသို့ တင်းပုတ်ကိုင်ပြီး ပြေးလာလေသည်။ တေဇက အင်းဘီလူးကို လက်ညိုးထိုး၍ ဖနှောင့်ပေါက်လိုက်ရာ အင်းဘီလူးလဲကျပြီး
” ခင်ဗျားအင်းဘီလူးက ဒါပဲလား ခင်ဗျားပညာအကုန်ထုတ်စမ်း ”
” အေး ဒါဆိုလည်း မင်းနဲ့ငါ တစ်ယောက်ချင်း တိုက်ကြတာပေါ့ကွာ ရော့ ငါ့ရဲ့ စက်ကိုကာစမ်း ”
အဲ့လိုပြောပြီး အဝီစိသိန်းမောင်က လက်နှစ်ဖက်မှ အနီရောင် စက်ကိုထုတ်ပြီး တေဇဆီသို့ ပစ်လွှတ်လိုက်လေသည်။ တေဇလည်း လက်ဝါးဖြင့် ကာထားလေသည်။ အဝီစိသိန်းမောင်၏စက်က ရဲတောက်နေပြီး ဘေးမှ သစ်ရွက်များပင် ညိုးနွမ်းကုန်လေသည်။ တေဇလည်း စက်အပူရှိန်ကို ကြာကြာမထိန်းနိုင်တော့ပဲ
” ကဲရော့ကွာ…. ”
အဲ့လိုပြောပြီး စက်ကို ဆောင့်တွန်းပြီး လက်ဖြင့်အားပါပါ ရိုက်ချလိုက်လေသည်။
” ဟားဟားဟား ငါ့ရဲ့အပျော့ဆုံးစက်ကို မခံနိုင်လို့ ရိုက်ချလိုက်တာပါလား ဒါပါမွှားပဲရှိသေးတယ်နော် နောက်တစ်ဆင့်ဆို မင်း မလွယ်ဘူး ဟားဟား ”
အဝီစိသိန်းမောင်က အဲ့လိုပြောလိုက်ရာ တေဇလည်း ဒေါသထွက်ပြီး
” အေး ရယ်စမ်းပါ မင်းကြိုက်သလောက်ရယ်စမ်း ဘာလို့လဲဆိုတေ့ မင်းသေတော့မှာမို့ပဲ ”
” အပြောကြီးမနေပါနဲ့တေဇရာ ငါ့ပညာကုန်သုံးလိုက်ရင် မင်းပြာကျသွားမှာ နားလည်လား ”
” မင်းပဲသေမလား ငါပဲပြာကျမလားကြည့်ရအောင် ထုတ်စမ်း မင်းပညာအကုန် ”
တေဇက အဲ့လိုပြောလိုက်ရာ သိန်းမောင်လည်း သူ့ လက်ဖဝါး နှစ်ဖက်ကိုပွတ်ပြီး မီးလုံးကြီးတစ်လုံးကိုထုတ်ပြီး တေဇကိုပစ်လေသည်။ တေဇလည်း လက်ဝါးနှစ်ဖက်မှ မီးလုံးနှစ်ခုထုတ်ပြီး ပြန်ပစ်လေသည်။
” ဝုနျးးးးးးး ”
မီးလုံးနှစ်ခုထိပြီး ပေါက်ကွဲသံများ ဟိန်းထွက်လာပြီး မီးစများဘေးသို့ပြန့်ကျဲကုန်လေသည်။ သိန်းမောင်က တေဇကိုကြည့်ပြီး
” ငါ့ရဲ့နောက်ဆုံးစက်ကိုထုတ်တော့မယ် မင်းရအောင်ကာပါ ဒါက သူသေကိုယ်သေတိုက်မှ သုံးတဲ့စက်ပဲ ကဲ ကြာတယ် ”
အဲ့လိုပြောပြီး မန္တန်တစ်ပုဒ်ကို ရွတ်ဖတ်နေလေသည်။ ရွတ်ဖတ်နေရင်း သိန်းမောက် ခန္ဓာကိုယ် တစ်ခုလုံး မီးများထတောက်လာလေသည်။ တေဇက
” ဒါမျိုးမှကြိုက်တာ ငါ့ပညာကိုလည်း မြည်းကြည့်လေ သိန်းမောင်ရာ ”
အဲ့လိုပြောပြီး ငရဲမီးတောက်စက်ကို ထုတ်ကာ အသင့်စောင့်နေလိုက်သည်။ သိန်းမောင်က
” ငါ့ရဲ့ စက်ကို ကာပေတော့ တေဇရေ ”
အဲလိုပြောပြီး စက်နှင့်ပစ်လေရာ တေဇကလည်း ငရဲမီးတောက်စက်ဖြင့် ပြန်ပြစ်လေရာ စက်နှစ်ခု အားပြိုင်တွန်းနေကြလေသည်။ ထိုစဉ် တင်မြက တေဇကိုစက်ဖြင့် ပစ်လေရာ
” အား အမေရေ သေပါပြီ ”
” ဝုနျး အားးးးးးး ”
တင်မြပစ်လိုက်သော စက်ကို ခင်လွှမ်းက ဝင်ကာပြီး စက်ရောင်စုံများဖြင့် ပြန်ပစ်လိုက်ရာ တင်မြရော သိန်းမောင်ကိုပါထိပြီး သိန်းမောင်စက်ကြိုးပြတ်ပြီး တေဇစက်ရဲ့ ထိမှန်ကာ လဲကျပြီး သွေးအန်ကာ သေသွားလေသည်။ အဝီစိသိန်းမောင်လည်း အကုသိုလ်ကံများကြောင့် ငရဲမီးများထတောက်ကာ ပြာကျပြီး အဝီစိ ငရဲသို့ ကျဆင်းရလေတော့သည်။ ( နောက်အပိုင်းမှာ တေဇနှင့်အဂ္ဂတို့ ဘယ်လိုကြမ်းကြမလဲဆိုတာကို နယ်ကျော်လာသောကဝေ ဆိုတဲ့အပိုင်းမှာ ဆက်လက်စောင့်မျှော်ပေးပါ )
စာရေးသူ – လင်းတေဇ ( ပင်းပက် )

Zawgyi Version

အၿငိဳးႀကီးေသာ စုန္း(စ/ဆံုး)
———————————–
ေတဇတို႔လည္း ဘုရားသိုက္ကို ကူညီၿပီး ေနာက္တေန႔တြင္ အဂၢေရာက္လာျပန္သည္။
” အကိုက ေျပာေတာ့သာ ဘာမွမတတ္တာ ညက မ်က္ျမင္ကိုယ္ေတြ႕ပါေနာ္ ”
” ေအး ငါလည္း စဥ္းစားေနတာ ငါ့ပညာေတြကို ေစပိုင္ ဓာတ္လုံးရဲ႕အစြမ္းနဲ႔ျပန္ရလာတာျဖစ္မယ္ ”
” အကိုကလည္း ဒါဆို ခင္လႊမ္းက ဘာလို႔ျပန္ရတာလဲ ေသခ်ာစဥ္းစားပါဦး ”
ခင္လႊမ္းက အဲ့လိုဝင္ေျပာလိုက္ရာ ေတဇတို႔လည္း စဥ္းစားရၾကပ္သြားျပန္သည္။ ထိုစဥ္
” လူေလးတို႔ ပညာေတြက လိုခ်င္တပ္မက္တဲ့ စိတ္ေၾကာင့္ျပန္ရလာတာ ဒါေပမဲ့အရင္လို အေမွာင္ပညာမဟုတ္ေတာ့ဘူး ”
” ဟင္ အဘ.. အဘေျပာသလို လိုခ်င္တဲ့စိတ္ေၾကာင့္ျပန္ရလာတယ္ဆိုရင္ ကြၽန္ေတာ္တို႔က ငရဲသြားရမွာလား အဘ ”
” ဒါေတာ့ လူေလးတို႔နဲ႔ပဲဆိုင္တာကြဲ႕ မေကာင္းတာလုပ္ရင္ မေကာင္းတဲ့အက်ိဳးခံစားရမယ္ ေအး ဒါေပမဲ့ မင္တို႔က အရင္လို အေမွာင္ပညာ မဟုတ္ေတာ့ဘူး အလင္းပညာသည္ျဖစ္လို႔ ဘုရားတရားလုပ္ၿပီး လူေတြကို ကူညီေပေတာ့ကြယ့္ ”
” ဟုတ္ကဲ့ပါ အဘ တျခား ဘာမွာစရာရွိေသးလဲဗ် က်ပ္တို႔ ျပန္ေတာ့မွာမို႔ပါ ”
” ေအး အဂၢကို လူေလးတို႔နဲ႔ရွမ္းျပည္ကို ခဏေလာက္ ေခၚသြားေစခ်င္တယ္ကြဲ႕ ျဖစ္ရဲ႕လား ”
” ျဖစ္ပါတယ္ အဘ ကဲ အဂၢေရ ငါတို႔နဲ႔လိုက္မလား ပင္းတယကို ”
” လိုက္မွာေပါ့ဗ် နဂိုကတည္းက လိုက္ခ်င္ေနတာ အခု အဘက လိုက္ေစခ်င္ေနမွေတာ့ ျငင္းစရာကို မရွိေတာ့တာ အကိုေရ ”
” ကဲ လူေလးတို႔ အဘျပန္ေတာ့မယ္ အဂၢ ေတဇရဲ႕ စကားကိုနားေထာင္ေနာ္ မင္း ဟိုမွာ တစ္လပဲေနရမွာ မိဘေတြဆီက ခြင့္ေတာင္းၿပီး ေသေသခ်ာခ်ာ ကန္ေတာ့ခဲ့ ၾကားလား ”
” ဟုတ္ အဘ ကြၽန္ေတာ္ အေဖနဲ႔အေမကို ခြင့္ေတာင္းၿပီးမွ လိုက္မွာပါဗ် ”
အဂၢ အဲ့လိုျပန္ေျပာလိုက္ရာ ဘိုးလူလည္း ေပ်ာက္ကြယ္သြားေလသည္။ ေတဇတို႔လည္း အဂၢမိဘမ်ားကို ေသခ်ာေျပာဆိုၿပီး အဂၢကို ရွမ္းျပည္သို႔ေခၚလာခဲ့လိုက္ေလသည္။ ပင္းတယေရာက္ေတာ့ အဂၢမွ
” ရွမ္းျပည္က သာယာလိုက္တာေနာ္ ရင္ထဲမွာ ေအးခ်မ္းေနၿပီး တစ္ခုခုကို လြမ္းမိေနသလိုပဲ ”
အဂၢမွ အဲ့လိုေျပာလိုက္ရာ ေတဇက ၿပဳံးေနလိုက္ရာ ခင္လႊမ္းက ဝင္ၿပီး
” အဂၢရယ္ နင့္ေကာင္မေလးကို လြမ္းေနတာေနမွာပါ အခုမွ စေရာက္တာေနာ္ ျပန္ဖို႔ မစဥ္းစားနဲ႔ ”
” ဟာ အစ္မခင္လႊမ္းကလည္း က်ဳပ္မွာ ေကာင္မေလးမရွိပါဘူးဗ် လာေနာက္ေနျပန္ၿပီ ”
” ေအးေဟ့ ဒါဆိုလည္း ငါတို႔႐ြာက ေကာင္မေလးတစ္ေယာက္ေလာက္နဲ႔ ေအာင္သြယ္ေပးမယ္ ဘယ္လိုလဲ ”
” ဟာ မလုပ္ပါနဲ႔ က်ဳပ္အသက္ ငယ္ငယ္ေလးရွိေသးတာ ”
” ဟားဟားဟားဟား ”
ေတဇေရာ ခင္လႊမ္းပါ ၿပိဳင္တူ ထရယ္လိုက္ၾကေလရာ အဂၢလည္း မ်က္ႏွာႀကီးနီရဲေနေလေတာ့သည္။
” အဂၢရာ အခ်စ္မွာ အသက္အ႐ြယ္မရွိပါဘူးကြ ဒါေတြမင္းသိလာမွာပါ ”
” ဟာ အကိုပါ ဝင္ၿပီး ေနာက္ေနျပန္ၿပီ အကိုေျပာသလို အသက္အ႐ြယ္မရွိဘူးဆိုၿပီး ေကာင္မေလးကိုလိုက္ေျပာမွ ပါးခ်ခံေနရမွျဖင့္ မခင္လႊမ္း ဆန္ျပဳတ္ျပဳတ္ေပးေနရမယ္ ”
” ေအး အဂၢေရ အဲ့ဒါဆိုလည္း ၾကက္သားေလးပါထည့္ၿပီး ျပဳတ္ေပးမယ္ ”
” အာ ေတာ္ဆိုးေနပါၿပီ အဲ့ဒါဆို မခင္လႊမ္းတို႐ြာက ကာလသားေတြ ဝိုင္းၿပီး ႐ိုက္ေနမွျဖင့္ ”
” မ႐ိုက္ဘူး အဂၢေရ စိတ္ခ် ငါေျပာျပမယ္ မင္းလည္းေယာက္်ားပဲကြာ ငါလည္း ေယာက်္ားပဲေလ သူတို႔လည္းေယာက္်ားပဲကို ဘာေၾကာက္ေနမွလဲ ”
” မဟုတ္ေသးဘူးေလ အကိုကလည္း ”
အဂၢလည္း ေတဇႏွင့္ခင္လႊမ္းကို စကားႏိုင္ေအာင္မေျပာႏိုင္ပဲ ျဖစ္ေနေလသည္။ ထိုစဥ္ ခင္လႊမ္းက
” ဟဲ့ အဂၢ ငါတို႔႐ြာဝင္ၿပီ ဟိုမွာေတြ႕လား အဲ့ေကာင္မေလးကို ဘယ္လိုျမင္လဲ ”
” အင္း ေသခ်ာၾကည့္ရင္ သူ႔ပုံက ႐ိုးေအးၿပီး လိမၼာယဥ္ေက်းမဲ့ပုံပဲ ႐ုပ္လည္းေခ်ာတယ္ ”
” ေသခ်ာလား အဲ့ဒါပဲလား အဂၢရယ္ ”
” သူ႔ကိုၾကည့္ၿပီး သူ႔အေၾကာင္းေျပာတာ ရင္ထဲမွာ တမ်ိဳးပဲ တလွပ္လွပ္နဲ႔ ”
အဂၢ အဲ့လိုေျပာလိုက္ရာ ေတဇက ဝင္ၿပီး ထပ္ေနာက္ျပန္သည္။
” မင္းကားမူးလာလို႔ေနမွာပါ ”
” အာ အကိုကလည္း ကားမူးလာလို႔ရင္ေတြတုန္တာမဟုတ္ဘူးထင္တယ္ အရင္ကလည္း ခရီးေဝးေတြ သြားဖူးေနတာကို ကား မမူးပါဘူးဗ် ”
” ေအးပါ ဒါဆိုလည္းၿပီးေရာ ဒါေပမဲ့ အဲ့ေကာင္မေလးက မေခ်ာဘူးကြ ႐ုပ္ဆိုးတယ္ဟ ”
” အကိုကလုပ္ၿပီ ေသခ်ာၾကည့္ေလေခ်ာေလပဲ အကိုရဲ႕ ”
အဂၢ ေတဇကို အဲ့လိုျပန္ေျပာလိုက္ရာ ခင္လႊမ္းက သေဘာေပါက္သြားကာ
” ဟိတ္ ယမင္း ဘယ္သြားမို႔လဲ လာပါဦး မမတို႔ဆီကို ခဏေလာက္ ”
ခင္လႊမ္းအဲ့လိုေျပာလိုက္ရာ ယမင္းဆိုသည့္ ေကာင္မေလးက ခင္လႊမ္းတို႔အနားသို႔ေလွ်ာက္လာၿပီး
” မမခင္လႊမ္း ျပန္လာၿပီေပါ့ ဘာလက္ေဆာင္ပါလဲဟင္ ”
” ပါတာေပါ့ ယမင္းေလးရယ္ လာ အိမ္ကိုတစ္ခါတည္းလိုက္ယူ ”
” ဟုတ္ မမ ဒါနဲ႔ဧည့္သည္ပါလာတာပဲေနာ္ မမတို႔နဲ႔ဘာေတာ္လဲဟင္ ”
” ဪ ဟုတ္ပါ့ ေမ့ေနတာ ယမင္းေရ သူ႔နာမည္က အဂၢတဲ့ မမတို႔နဲ႔အလည္လိုက္လာတာေလ ”
” ဪ ဟုတ္ပါၿပီ လာ အိမ္သြားၾကမယ္ မမ အထုပ္ဆြဲကူမယ္ ”
” ဟုတ္ပါၿပီ လာလာ ေနကပူတယ္ ”
အဲ့လိုနဲ႔ေလးေယာက္သား အိမ္ျပန္လာၾကေလသည္။ အိမ္ေရာက္ေတာ့ တံခါးဖြင့္ၿပီး အထုပ္မ်ားခ်ကာ အနားယူေနခ်ိန္ ယမင္းက
” ဦးေတဇနဲ႔မမကို ေျပာျပစရာရွိတယ္ ႐ြာထဲမွာ ထူးထူးဆန္းဆန္းျဖစ္ေနတယ္ ”
ယမင္းက အဲလို႔ေျပာလိုက္ရာ ေတဇက စိတ္ဝင္စားသြားၿပီး
” ဘာအထူးဆန္းကိစၥလဲ ေျပာပါဦး ေသခ်ာေလး ဘာေတြျဖစ္ေနလို႔လဲ ”
” ဟိုေလ အန္တီ မိုးခအိမ္ထဲကို ညဆို မီးလုံးေတြ ပ်ံဝဲလာၿပီး မီးေတြနဲ႔မႈတ္တာတဲ့ ပစၥည္းေတြဆို မီးထထေတာက္ေနလို႔ မနည္းျငႇိမ္းရတယ္တဲ့ ”
အဲ့လိုေျပာလိုက္ရာ ေတဇေရာ ခင္လႊမ္းပါ လႈပ္လႈပ္႐ြ႐ြျဖစ္သြားၿပီး
” ယမင္း အဲ့လိုျဖစ္တာ ဘယ္ႏွရက္ရွိၿပီလဲ တျခားေရာ ဘာထူးေသးလဲ ”
” သုံရက္ပဲရွိေသးတာ ဒီညေရာဆို ေလးရက္ေပါ့ အစက သူမ်ားေတြေျပာတာ မယုံဘူး မေန႔ညက ကိုယ္တိုင္ သြားၾကည့္ခဲ့တာ မ်က္ျမင္ကိုယ့္ေတြ႕ပဲ မမေရ ”
” ဟုတ္လား ဒါဆိုရင္ စုန္းျဖစ္ရမယ္ ယမင္းေလးေရာ အသြားအလာဆင္ျခင္ေနာ္ ဟိုစပ္စပ္ဒီစပ္စပ္နဲ႔မလုပ္နဲ႔ ဟင္းဟင္း ”
ခင္လႊမ္းက အဲ့လိုေျပာၿပီး စေနာက္လိုက္ရာ ယမင္းက မ်က္ႏွာေလးနီရဲသြားၿပီး
” ဟာ မမကလည္း ယမင္းက မယုံလို႔သြားၾကည့္တာပါ ဟိုစပ္စပ္ဒီစပ္စပ္နဲ႔မလုပ္ပါဘူးေနာ္ ျပန္ေတာ့မယ္ ညေနမွ ျပန္လာခဲ့မယ္ ဟြန႔္ ”
ယမင္းလည္း အဲ့လိုေျပာၿပီး စိတ္ေကာက္ဟန္ျဖင့္ အိမ္ေပၚမွေျပးဆင္းသြားေလသည္။ အဂၢမွ ယမင္းအား မ်က္ေဆာက္မခတ္တမ္းၾကည့္ေနေလရာ ေတဇက
” အဂၢ…. အဂၢေရ.. အဂၢ. ”
” ယမင္း႐ုပ္ေလး အတိုင္းပါလားကြာ….. ”
အဂၢ ေတဇ၏စကားကို မၾကားပဲ ေခါင္းကိုေျဖးညႇင္းစြာခါရင္း ႏႈတ္မွ အဲ့လိုေရ႐ြတ္လိုက္ေလသည္။ ေတဇလည္း
” ခင္လႊမ္းေရ ဘယ္လိုလုပ္မလဲ အဂၢေတာ့ သြားၿပီးထင္တယ္ ကြၽတ္ကြၽတ္ကြၽတ္ ”
” ထားလိုက္အကို သူ႔ဘာသာ သာယာပါေစ တကယ္ကို ေအာင္သြယ္ေပးလိုက္ဦးမယ္ ၾကည့္ေန ”
ခင္လႊမ္းက အဲ့လိုေျပာလိုက္ေလရာ ေတဇလည္း ရယ္လိုက္ၿပီး
” ေဟ့ အဂၢ… ”
” ဗ်ာ ဗ်ာ….အကို ဘာလို႔လဲဟင္ ဘာျဖစ္တာလဲ လန႔္သြားတာပဲ ”
” ေအး လန႔္ဦးမွပဲ တကယ္ပဲ လိုက္ၾကည့္ေနတာမ်ားကြာ မ်က္လုံးေရာ ပါသြားလား သူ႔ေနာက္ကို ”
” ဟာ အကိုကလည္းဗ်ာ ဒီအတိုင္းၾကည့္မိတာပါဗ်ာ ”
” ေအး ဒီည ဘုရားပြဲရွိတယ္ အဲ့ဒါ မင္း သူနဲ႔ဘုရားပြဲေလးဘာေလး သြားေပါ့ ငါတို႔ ကိစၥတစ္ခုလုပ္စရာရွိလို႔ ”
” ဘာကိစၥအကို က်ဳပ္ေရာ မပါဘူးလား ”
” မပါေသးဘူး အဂၢေရ မင္းက ေရာက္ခါစမို႔ နားဦး ေနာက္ဆက္တြဲက်ရင္ပါမွာေပါ့ကြာ ဟုတ္လား ”
” ဟုတ္အကို ဒါဆို ခဏနားလိုက္ဦးမယ္ေနာ္ ”
အဲ့လိုေျပာၿပီး အိမ္ေရွ႕ခန္းတြင္အထုပ္ခ်ကာ လွဲခ်ၿပီး ခဏတြင္းအိပ္ေပ်ာ္သြားေလေတာ့သည္။ ေတဇက
” ခင္လႊမ္းေရ အစက ဝင္မပါပဲေနမလို႔ပါ အခုဟာက မမိုးခအိမ္ကိုျဖစ္ေနတာဆိုေတာ့ဝင္ပါမွကိုရမယ္ မမိုးခက ခင္လႊမ္းသူငယ္ခ်င္းမဟုတ္လား ”
” ဟုတ္တယ္အကိုေရ ပါကိုပါမွရမယ္ ခဏေန မမိုးခအိမ္သြားရေအာင္ေလ ”
” အင္း ခင္လႊမ္းအေမာေျပရင္သြားမယ္ေလ ”
အဲ့လိုေျပာၿပီး ခဏနားေနလိုက္ၾကေလသည္။ ထိုစဥ္ မမိုးခေရာက္လာၿပီး
” ခင္လႊမ္းေရ ျပန္ေရာက္ေနတယ္ဆိုလို႔လာၾကည့္တာ ယမင္းေျပာတဲ့အတိုင္း တကယ္ေရာက္ေနတာပဲ ”
” ဟုတ္ပါ့ မမိုးခေရ ေစာေစာကမွေရာက္တာ အခုခ်က္ခ်င္း ယမင္းက သတင္းပို႔သြားတယ္ေပါ့ ဟုတ္လား ဒီကေလးမကေတာ့ေလ ”
” ဟုတ္ပါ့ ခင္လႊမ္းေရ ဒါနဲ႔ ငါ့အိမ္သတင္းေရာ ၾကားၿပီးၿပီလားဟင္ ”
” ၾကားၿပီးပါၿပီ ယမင္းေလးေျပာသြားတာေလ ဘယ္လိုျဖစ္ရတာလဲ မမိုးခရယ္ ”
” မေျပာခ်င္ပါဘူး ခင္လႊမ္းရယ္ ျဖစ္ပုံက ဒီလိုရွိတယ္ ငါတို႔အိမ္ကအလုပ္သမားေလ သူကေနစတာ ျပႆနာက ဒီလို ”
ေအာင္မိုးတို႔လင္မယားသည္ တနယ္တေက်းမွလာေရာက္၍ ပင္းတယတြင္ႀကဳံရာအလုပ္လုပ္ကိုင္ၾကေလသည္။ ေနာက္ေတာ့ မမိုးခနဲ႔ခင္မင္ၿပီး မမိုးခအိမ္တြင္ သူရင္းငွားလုပ္ကိုင္ၾကေလသည္။ ဇနီးျဖစ္သူ တင္ျမက ပင္းတယတြင္ ေဈးေရာင္းရင္း က်န္ေနခဲ့ေလသည္။
ေအာင္မိုးသည္ အစပိုင္းတြင္ အေသာက္အစားကင္းၿပီး ႐ိုးသားႀကိဳးစားသူျဖစ္သျဖင့္အလုပ္အကိုင္တြင္ စိတ္ခ်ရေလသည္။ ေနာက္ေတာ့ အလုပ္အကိုင္မ်ား လြဲမွားလာေလသည္။ အေသာက္အစားေလးက ရီေဝလာေလသည္။ ဒီလိုနဲ႔ပဲ ေငြကို ႀကိဳတင္ၿပီး ယူသုံးေလသည္။ ႀကိဳတင္ယူသုံးဖန္မ်ားလာေသာအခါ ပစၥည္းမ်ားခိုးယူၿပီး ေရာင္းခ်ေလေတာ့သည္။ မိန္းမျဖစ္သူထံသို႔ပင္မျပန္ေတာ့ပဲေနေလသည္။
တစ္ေန႔တြင္ ေအာင္မိုးမိန္းမ တင္ျမက လင္ျဖစ္သူရွိရာသို႔ လိုက္လာခဲ့ေလသည္။ လင္ျဖစ္သူ မိမိထံသို႔ အဆက္အသြယ္ျဖတ္ကာေနေလေသာေၾကာင့္ ေရာက္လာျခင္းျဖစ္ေလသည္။ တင္ျမက မမိုးခအိမ္ကိုေရာက္ေတာ့
” မမိုးခေရ မမိုးခ…. မမိုးခမရွိဘူးလား ”
” ရွိတယ္ ဘယ္သူလဲေဟ့ ဪ တင္ျမပါလား ဘာကိစၥရွိလို႔လဲ တင္ျမေရ ”
” ဒီလိုပါ မမိုးခေရ က်ဳပ္လင္ေလ က်ဳပ္ဆီကို အဆက္အသြယ္မလုပ္ ျပန္လည္းမလာတာနဲ႔ လိုက္လာခဲ့တာပါပဲေတာ္ေရ ”
” ေအး.. ေျပာရဦးမယ္ ညည္းလင္ေလ ငါ့ဆီက ႀကိဳေငြယူသုံးတာ သုံးလစာရွိေနၿပီ အရင္လိုမဟုတ္ေတာ့ဘူး အခုက အေသာက္အစားေတြရွိေနၿပီ ”
” ဟုတ္ပမလား မမိုးခရယ္ က်ဳပ္လင္က အရက္ဆို အနံ႔ေတာင္မခံႏိုင္ပါဘူးေတာ္ ”
” အံမယ္ေလ အနံ႔ပဲမခံတာ တစ္ခါတည္းအကုန္ေသာက္တာေဟ့ ”
” ဟုတ္လား ေတြ႕ၾကေသးတာေပါ့ ဒင္းနဲ႔ေတာ့ ”
အဲ့လိုေျပာၿပီး သိပ္မၾကာခင္ ေအာင္မိုးျပန္ေရာက္လာၿပီး တင္ျမနဲ႔ပြဲျဖစ္ၾကေလသည္။ ေအာင္မိုးလည္း ပါးနပ္စြာျဖင့္ တင္ျမကို အျခားေနရာသို႔ ေခၚလာၿပီး
” တင္ျမ နင့္လင္ ငါ့ကို မယုံတာလား ဟုတ္တယ္ ငါ အလုပ္ပင္ပန္းလြန္းလို႔ တခြက္ႏွစ္ခြက္ေလးပဲေသာက္တာပါဟာ ”
” ဒါဆို လခေတြႀကိဳယူၿပီး သုံးတာက်ေတာ့ေရာ ေျပာစမ္းပါဦး ”
” ဒီမယ္ တင္ျမ ငါဘာလခမွႀကိဳမသုံးဘူး မမိုးခက ငါ့ကို ျမဴစြယ္ေနတာ ငါက သူ႔ဘက္မပါလို႔ သူကနင့္ကို ခြၽန္ေနတာ ”
တင္ျမလည္း ေယာက်္ားျဖစ္သူစကားကို နားေယာင္သြားကာ
” သူက ဘယ္လိုျမဴစြယ္ေနလို႔လဲ ေျပာစမ္းပါဦး တင္ျမအေၾကာင္း သိရေသးတာေပါ့ ”
” နင္ဒီေလာက္ပဲသိထားပါ ငါေျပာျပမယ္ ငါ့ပိုက္ဆံေတြကိုလည္း သူကမထုတ္ေပးဘူး ”
” ဘာ ဒါေတာ့ သည္းမခံႏိုင္ဘူး တင္ျမတဲ့ တျမတည္းရွိတယ္ ေတြ႕ၾကေသးတာေပါ့ က်ဳပ္နဲ႔ ”
အဲ့လိုေျပာၿပီး ထမီတိုတိုဝတ္ကာ မမိုးခအိမ္သို႔ ခပ္သြက္သြက္ေလွ်ာက္ခဲ့ၿပီး
” ဟဲ့ မိုးခ ထြက္ခဲ့စမ္းပါ နင္ ငါ့အေၾကာင္းသိေစရမယ္ တင္ျမတဲ့ တျမတည္းရွိတယ္ ”
” ဪ အိမ္ေရွ႕မွာ ေအာ္ႀကီးဟစ္က်ယ္နဲ႔ ဘယ္သူလဲမွတ္တယ္ တင္ျမ နင္ဘာျဖစ္ေနတာလဲ ”
” ဒီမွာ မိုးခ နင္ဘာမွ အပိုေတြေျပာမေနနဲ႔ ငါ့ေယာက်ားရဲ႕ လုပ္အားခေတြ အခုထုတ္ေပး အကုန္ထုတ္ေပးစမ္း ”
” ဘာေတြေျပာေနတာလဲ နင့္ေယာက္်ား အကုန္ထုတ္႐ုံတင္မဟုတ္ဘူး ႀကိဳၿပီးေတာ့ေတာင္ထုတ္ထားေသးတယ္ သိလား ”
မမိုးခအိမ္ေရွ႕တြင္ ရန္ပြဲျဖစ္ေနသျဖင့္ ေဘးအိမ္မွလူမ်ားက အျပင္သို႔ထြက္လာၿပီး ၾကည့္ေနေလၾကေသာ လူအုပ္ႀကီးက မနည္းမေနာပင္။
” ဒီမွာ မိုးခ သူမ်ားလင္ကို ေၾကာင္ေတာင္ႏႈိက္ခ်င္ေနတဲ့ဟာမ နင့္ဆီမွာ ငါ့လင္ကို အလုပ္မလုပ္ခိုင္းေတာ့ဘူး ငါ့လင္လုပ္အားခေတြ အကုန္ထုတ္ေပးစမ္း ”
မမိုးခလည္း မိမိသိကၡာကို ထိပါးလာသျဖင့္ တင္ျမအား ပါးဆြဲ႐ိုက္႐ုံတင္မကပဲ ေဒါသမထိန္းႏိုင္ကာ ေဘးမွ ဝါးျခမ္းျဖင့္မ်က္ႏွာ႐ိုက္ခ်လိုက္ေလရာ တင္ျမမ်က္ႏွာ ဝါးေၾကာရွ၍ လက္ေလးလုံးခန႔္ကြဲသြားေလသည္။ တင္ျမလည္း မမိုးခကို နပမ္းဝင္လုံးေလရာ ေဘးမွ လူမ်ားက ဝိုင္းဆြဲထားရေလသည္။
” ေတာက္…. ၾကားလို႔မွေကာင္းၾကေသးရဲ႕လား ဟမ္ ငါ့႐ြာထဲမွာ မၾကားခ်င္ဆုံးက အဲ့ ရန္ျဖစ္တဲ့သတင္းပဲ ကေလကေခ်အလုပ္ေတြ ”
” ဒီမွာ႐ြာလူႀကီး က်ဳပ္က ႐ြာမွာ ဘယ္လိုေနလဲ သူႀကီးတင္မကဘူး ဒီ႐ြာေရာ တျခား႐ြာေတြေရာပါသိတယ္ သူက တမင္သက္သက္လာေစာ္ကားေနတာ ”
႐ြာလူႀကီးလည္း ႏွစ္ဦးႏွစ္ဖက္ေျပလည္ေအာင္ညႇိႏႈိင္းေပးေသာ္လည္း တင္ျမက အရႈံးအျပင္ ဒဏ္ရာပါ အပိုေဆာင္း ရသြားေလသည္။ တင္ျမလည္း စိတ္တိုတိုျဖင့္ ပင္းတယျပန္အလာမွာ လမ္းတြင္ ဓားတန္းလန္းႏွင့္ ေအာင္မိုးအား ေတြ႕လိုက္ေလသည္။
” ကိုေအာင္မိုး ရွင္ဘယ္လိုျဖစ္ရတာလဲ ရွင့္ကို ဘယ္သူ သတ္တာလဲေျပာ က်ဳပ္ကိုေျပာ ”
” မမိုးခရဲ႕.. မမိုး….ခ….လူေတြ…..သတ္… သတ္… ”
ေအာင္မိုး စကား မဆုံးခင္ အသက္ပါသြားေလေတာ့သည္။ တင္ျမလည္း ရဲစခန္းတြင္ တိုင္ခ်က္ဖြင့္ေသာ္လည္း ဓားမွလက္ေဗြရာမွာ မမိုးခအိမ္မွ အလုပ္သမားမ်ား၏လက္ေဗြရာႏွင့္မတူသျဖင့္ အမႈကို စုံစမ္းေနေလေတာ့သည္။
တင္ျမကေတာ့ မေက်မခ်မ္းျဖစ္ၿပီး မ်ိဳး႐ိုးစဥ္ဆက္ လက္ဆင့္ကမ္းခဲ့ေသာ စုန္းပညာျဖင့္ မမိုးခကို ျပဳစားတိုက္ခိုက္ေသာ္လည္း သူ႔ေနာက္က သိုက္ဆက္မ်ားက ကာေနသျဖင့္ တင္ျမ တိုးမေပါက္ေခ်။ ထို႔ျဖင့္ မိမိကိုယ္တိုင္ ပညာကုန္သုံးၿပီး တိုက္ခိုက္ဖို႔ဆုံးျဖတ္ကာ ညတိုင္း စုန္းမီးေတာက္အျဖစ္ဖန္ဆင္းၿပီး မမိုးခအိမ္ကို မီးနဲ႔တိုက္ေလေတာ့သည္။
” အျဖစ္ပ်က္က အဲ့ဒါပါပဲ ခင္လႊမ္းေရ ကိုယ္က ေကာင္းလည္း မေကာင္းတာက ကိုယ့္ဆီလာတတ္တာပဲ ခက္ပါ့ေအ ”
” ဒါနဲ႔ သူလုပ္တယ္ဆိုတာ မမိုးခက ဘယ္လိုသိတာလဲဟင္ ”
မမိုးခက စိတ္ပ်က္စြာႏွင့္ေျပာလိုက္ရာ ေတဇက အဲ့လိုဝင္ေမးလိုက္ေတာ့ မမိုးခက
” အိမ္မက္ေပးတာေပါ့ ငါ့အကိုေတြလို႔ေျပာတာပဲ ေသခ်ာေျပာျပတာ ငါ့ကို ”
” အင္း ဒါဆို စိတ္မပူပါနဲ႔ေတာ့ ညက်ရင္ ကြၽန္ေတာ္တို႔ ကူညီေပးပါ့မယ္ ”
” အင္း သိတယ္ေလ ေတဇႏွင့္ခင္လႊမ္းပဲ ကူညီႏိုင္တယ္ဆိုတာ ငါသိလို႔ကို ဘယ္ဆရာမွမပင့္တာ ”
” ဟုတ္ပါၿပီဗ်ာ ညစာေတာ့ ေကြၽးမယ္မလား မမိုးခေရ ဟားဟား ”
” ေကြၽးမွာေပါ့ဟာ ဒါနဲ႔ဟို တစ္ေယာက္က ဘယ္သူပါလိမ့္ ”
” ဪ အဲ့ဒါ ေယာကေနပါလာတဲ့အထက္လမ္းဆရာေလးပါ နာမည္က အဂၢတဲ့ ”
” အင္း ႐ြာမွ အထက္လမ္းဆရာမရွိဘူး ႐ြာမွာပဲေနခိုင္းလိုက္ေတာ့ ငါ့အိမ္တစ္လုံးေပးမယ္လို႔ ”
” မရဘူး မမိုးခေရ သူက တစ္လပဲေနရမွာ သူ ေပ်ာ္ရင္လည္းေပ်ာ္သလိုေပါ့ ”
” ဟုတ္ပါၿပီ ဒါဆို က်ဳပ္တို႔လည္းနားေတာ့မယ္ မမိုးခေရ ညစာေတာ့ ဒကာခံရမယ္ေနာ္ ”
” ေအး ဟုတ္ၿပီ ဟုတ္ၿပီ ညက်ရင္ ဆက္ဆက္လာခဲ့ေနာ္ ငါျပန္ေတာ့မယ္ ”
အဲ့လိုေျပာၿပီး မမိုးခလည္းျပန္သြားေလေတာ့သည္။ ကိုယ့္အရပ္ေဒသမွာပဲ ေပ်ာ္ေသာခင္လႊမ္း မ်က္ႏွာေလးလည္း အၿပဳံးမ်ားျဖင့္ ႐ႊင္ျပေနေလသည္။ ေတဇက
” ခင္လႊမ္းေရ အခုက်ေတာ့ ေပ်ာ္ေနပါေရာလား မ်က္ႏွာေလးက လျပည့္ညမွာသာတဲ့ လမင္းႀကီးၾကေနတာပဲ ”
” ဟုတ္တယ္ အကိုေရ ခင္လႊမ္း တျခားေနရာေဒသမွာ မေပ်ာ္တတ္ဘူးရယ္ ဒီျပန္ေရာက္တာနဲ႔စိတ္ထဲမွာ ေက်နပ္ေနတာ ”
” ဟုတ္ပါၿပီ ခင္လႊမ္းရယ္ ခင္လႊမ္းေပ်ာ္ေနဖို႔ဆိုတာ ကိုယ္ဖန္တီးေပးရမဲ့ အရာပါ ”
အဲ့လိုေျပာလိုက္ရာခင္လႊမ္း ၿပဳံးစိစိေလးျဖစ္သြားၿပီး အခန္းထဲသို႔ဝင္သြားေလေတာ့သည္။ ညေနေရာက္ေတာ့ ေတဇတို႔လည္း ေျခလက္သန႔္စင္ေဆးေၾကာၿပီး မမိုးခအိမ္သို႔ သြားၾကေလသည္။ မမိုးခအိမ္တြင္ ယမင္းလည္း ေရာက္ေနေလသည္။
” မမိုးခေရ က်ဳပ္တို႔လာၿပီဗ်ိဳ႕ ”
” လာပါ အိမ္ထဲဝင္ ထမင္းစားဖို႔ အဆင္သင့္ျဖစ္ေနၿပီ လာ ကေလး အထဲဝင္ အားမနာနဲ႔ေနာ္ ”
မမိုးခက အဂၢအား ေဖာ္ေ႐ြစြာ ႀကိဳဆိုလိုက္ၿပီး ထမင္းစားခန္းသို႔ေခၚသြားေလသည္။ အဂၢက
” ဒါနဲ႔ေလ တစ္ခုေလာက္ ေမးလို႔ရလား အန္တီ ”
” ေမးေလ သား ဘာေမးမို႔လဲ ”
” ဘုရားခန္း ဘယ္ဘက္မွာလဲဟင္ ”
” ဪ ဟိုဘက္မွာရယ္ ယမင္း သူ႔ကို ဘုရားခန္းလိုက္ျပေပးလိုက္ပါဦး ”
ယမင္းလည္း အဂၢကိုေခၚၿပီး ဘုရားခန္းသို႔ ေခၚသြားေလသည္။ အဂၢလည္း ဘုရားေက်ာင္းေဆာင္အား ထိျခင္းငါးပါးႏွင့္႐ိုေသစြာ ကန္ေတာ့ေလရာ ယမင္းကပါ ထိုင္ကန္ေတာ့လိုက္ေလသည္။ ထို႔ေနာက္ထမင္းစားခန္းထဲျပန္ဝင္လာကာ
” ငါ့တူေရ အန္တီတို႔႐ြာမွာပဲေနမလား အိမ္တစ္လုံး လက္ဖြဲမယ္ေလ အဲ အိမ္တစ္လုံးေပးမယ္ေျပာတာ ဟားဟားဟား ”
မမိုးခက အဲ့လိုေျပာၿပီး ရယ္ေမာလိုက္ရာ ေတဇႏွင့္ခင္လႊမ္းကပါ ထၿပီး ရယ္ေလေတာ့သည္။ အဂၢက
” အာ အန္တီတို႔ကလည္း ဘာေတြေျပာေနမွန္းမသိဘူး ထမင္းစားတာပဲေကာင္းတယ္ ”
” ေအး စား..စား ယမင္းေရ သူ႔ကို လိုအပ္တာေလးလုပ္ေပးလိုက္ေနာ္ ”
” ဟုတ္ အန္တီမိုးခ ”
ေတဇတို႔လည္း ထမင္းကို ၿမိန္ယွက္စြာ စားသုံးၿပီးေနာက္တြင္ ခင္လႊမ္းက ယမင္းအား
” ယမင္း ညက်ရင္ သူ႔ကို ႐ြာဘုရားပြဲေခၚသြားေပးပါလား မမတို႔က လုပ္စရာရွိလို႔ မအားဘူးေလ ”
” ဟုတ္ ရပါတယ္ မမ ယမင္းေခၚသြားေပးပါ့မယ္ ”
အဲ့လိုေျပာၿပီး ဟိုအေၾကာင္း ဒီအေၾကာင္း ေျပာေနၾကေလသည္။ ေမွာင္စပ်ိဳးခ်ိန္တြင္ ေတဇက
” ကဲ ယမင္းနဲ႔ အဂၢေရ ေမွာင္ေနၿပီ ဘုရားပြဲသြားေတာ့ေလ ေစာေစာျပန္လာေနာ္ ”
” ဟုတ္ အကို ”
အဲ့လိုေျပာၿပီး ေတဇႏွင့္ ယမင္းလည္း ဘုရားပြဲသို႔ ထြက္သြားေလသည္။ မမိုးခက
” ေတဇေရ ခဏေန ဧည့္သည္က လာေတာ့မယ္ ၾကည့္သာေနေတာ့ ”
အဲ့လို ေျပာခ်ိန္တြင္ အိမ္အေရွ႕မွ ဝုန္းခနဲ႔ တံခါးပြင့္သံႏွင့္အတူ မီးထေတာက္ေလသည္။ ေတဇက
” မမိုးခ အရင္အတိုင္းပဲ လုပ္စရာရွိတာလုပ္ေနလိုက္ ပုံမပ်က္ေစနဲ႔ ”
” ဟာ မီးေတြေတာက္ေနၿပီ ဘယ္လိုျဖစ္ရတာ ထူးဆန္းလိုက္တာ ”
မမိုးခလည္း ဟန္ေဆာင္ၿပီး ေျပာကာ မီးကို ေရစိုဝတ္ႏွင့္ အုပ္ကာျငႇိမ္းသတ္လိုက္ေလသည္။ ထို႔ျဖင့္ အတန္ၾကာ မီးေတာက္လိုက္ ျပန္ျငႇိမ္းလိုက္ လုပ္ၿပီးေသာ
” အခ်ိန္က်ၿပီ ခင္လႊမ္းေရ သူ႔အေနာက္ကေန ေျပးမရေအာင္ပိတ္ထား ၾကားလား ”
” ဟုတ္အကို ခင္လႊမ္း သေဘာေပါက္တယ္ အကို အေရွ႕ထြက္ေတာ့ ”
အဲ့လိုေျပာၿပီး ခင္လႊမ္းလည္း အိမ္အေနာက္မွ ထြက္ၿပီး ၿခံစည္း႐ိုးအကြယ္မွ အိမ္အေရွ႕သို႔သြားၿပီး
” မျဖစ္စေလာက္ စုန္းမကမ်ား ကဲ ေရာ့ဟယ္ ”
အဲ့လိုေျပာၿပီး စုန္းမီးေတာက္ကိုဖ်က္ခ်လိုက္ေလရာ စုန္းမီးေတာက္လည္း ေအာက္သို႔ျပဳတ္က်လာၿပီး တင္ျမအျဖစ္ေျပာင္းသြားေလသည္။
” နင္တို႔ ကိုယ့္ကိစၥမဟုတ္ပဲ ဝင္မပါနဲ႔ အသာေနၾကစမ္း ဒါငါတို႔ကိစၥ ”
တင္ျမက ေဒါသတႀကီးနဲ႔ အဲ့လိုေျပာလိုက္ရာ ခင္လႊမ္းက ေလကို လက္ဝါးႏွင့္ အားပါပါႏွင့္ တစ္ခ်က္႐ိုက္လိုက္ရာ တင္ျမ လဲက်သြားေလသည္။
” နင္တို႔ကိစၥဆိုရင္ နင္က ပညာနဲ႔ သူမ်ားကို ဘာလို႔ ေႏွာင့္ယွက္ေနတာလဲ ”
” သူတို႔ ဘာလုပ္ထားလဲနင္သိလို႔လား ”
” ေအး နင္ထင္ထားတာကိုပဲ နင္သိတယ္မလား နင္လုပ္ေနတာရပ္တန္းကရပ္ မဟုတ္ရင္ ငါနင့္ကို သတ္ရလိမ့္မယ္တင္ျမ ”
” ဟင္းဟင္းဟင္း နင့္လိုကေဝမကို ေၾကာက္ရမဲ့အစား အေသခံၿပီး ျပန္တိုက္မယ္ ”
တင္ျမက အဲ့လိုေျပာလိုက္ရာ ခင္လႊမ္းလည္း မဲ့ၿပဳံး တစ္ခ်က္ၿပဳံးၿပီး
” နင္က အသားလြတ္ ေသခ်င္ေနတာပဲ ရတယ္ေလ နင့္သေဘာပဲ နင္အရင္စတိုက္စမ္း ”
အဲ့လိုေျပာၿပီး လက္ႏွစ္ဖက္မွ အျပာေရာင္စက္ဝန္းကိုထုတ္လိုက္သည္။ တင္ျမလည္း ေခါင္းမွ ဆံပင္ႏွစ္ပင္ကို ႏႈတ္ၿပီး ေျမေပၚသို႔ ပစ္ခ်လိုက္ရာ ဆံပင္မွ ေႁမြေဟာက္ႏွစ္ေကာင္အျဖစ္ ေျပာင္းလဲသြားၿပီး ခင္လႊမ္းရွိရာသို႔ လွ်င္ျမန္စြာ ေျပးလာေလသည္။ ခင္လႊမ္းလည္း အျပာေရာင္စက္ဝန္းျဖင့္ ေႁမြကို ပစ္ခ်လိုက္ေလရာ ေႁမြေဟာက္ႏွစ္ေကာင္ မီးထေတာက္ကာ ျပာက်သြားေလသည္။
တင္ျမလည္း ခင္လႊမ္းေႁမြကို စက္ျဖင့္ ပစ္ေနခ်ိန္ စုန္းမီးလုံးျဖင့္ ခင္လႊမ္းကို အျမန္ျပစ္ခ်လိုက္ေလသည္။ စုန္းမီးလုံး ထိၿပီး ခင္လႊမ္း အေနာက္သို႔ လဲက်သြားေလရာ
” ဟားဟားဟား ကေဝမတဲ့ အသုံးမက်လိုက္တာ ငါ့မီးလုံးကိုေတာင္ မေရွာင္ႏိုင္ မခံႏိုင္ဘူး ဟားးဟားးဟားးဟားးးးးး ”
ခင္လႊမ္းလည္း ေတာက္ခတ္ၿပီး ျပန္ထလာၿပီး တင္ျမအား
” ေအး ရယ္ထားစမ္းပါ နင္ဘယ္ေလာက္ရယ္ႏိုင္မလဲ ၾကည့္ရေအာင္ နင့္ပညာ ထပ္ထုတ္စမ္း ”
ခင္လႊမ္းက တင္ျမအား အဲ့လိုေျပာလိုက္ရာ တင္ျမလည္း စုန္းေမွာ္စက္ျဖင့္ ခင္လႊမ္းကို ပစ္ေလသည္။ ခင္လႊမ္းက ထိုစက္မ်ားကို အသာယာပုတ္ခ်ၿပီး ကာကြယ္လိုက္ေလသည္။ တင္ျမလည္း အေျခေန မဟန္ေတာ့မွန္း သိေသာအခါ သူ႔ရဲ႕အားအေကာင္းဆုံးျဖစ္တဲ့ သက္တံ့ေရာင္စက္ကိုထုတ္ၿပီး ခင္လႊမ္းအေရွ႕သို႔ တြန္းပို႔ေလသည္။ ခင္လႊမ္းက ထိုစက္ကို လက္ဝါးျဖင့္ ႐ိုက္ခ်လိုက္ရာ စက္တန္း ပ်က္သြားၿပီး တင္ျမ အေနာက္သို႔ လြင့္သြားေလသည္။
” ေအးေပါ့ နင္က ငါ့ထပ္သာေနတာကိုး ငါ့ရဲ႕ေနာက္ဆုံးတိုက္ကြက္ကို နင္ကာစမ္း ”
” ေအး ထုတ္စမ္း နင့္တိုက္ကြက္က ဘာမို႔လဲ လာစမ္းပါ တင္ျမရာ ”
ခင္လႊမ္းက တင္ျမကို ျပန္ၿပီး စိန္ေခၚလိုက္ရာ တင္ျမလည္း သူ႔ရဲ႕ပုံကို ေခြးနက္ႀကီး အသြင္ေျပာင္းကာ ခင္လႊမ္းဆီေျပးၿပီး လိုက္ကိုက္ေလသည္။ ခင္လႊမ္းလည္း ေၾကာက္ဟန္ျပၿပီး ပတ္ေျပးေနလိုက္သည္။ ေခြးနက္ႀကီးမွာ ႏြားမဒန္းခန႔္ရွိၿပီး အစြယ္မ်ားမွာ အလြန္ရွည္ၿပီး မ်က္လုံးမ်ားမွာ ရဲေတာက္ေနေလသည္။
” တင္ျမ နင့္ကို လူလို႔ထင္ထားတာ ေခြးျဖစ္ေနတာကို ေခြးက်င့္ေခြးႀကံနဲ႔ ဟားဟားဟား ”
အဲ့လိုေျပာလးၿပီး စက္ႀကိဳးထုတ္ၿပီး ေကာင္းကင္ေပၚတက္ေနလိုက္သည္။ ေခြးနက္ႀကီးလည္းပါးစပ္ထဲမွ စက္ကိုထုတ္ၿပီး ခင္လႊမ္းကို ပစ္ေလသည္။ ခင္လႊမ္းလည္း စက္တစ္ခုထုတ္ၿပီး ျပန္ပစ္လိုက္ရာ ေခြးနက္ႀကီးမွာ စက္ထိၿပီး တင္ျမအျဖစ္ျပန္ေျပာင္းသြားေလသည္။
” တင္ျမ နင္ရႈံးၿပီး နင့္ပညာကုန္ၿပီ နင္ဘာဆက္လုပ္ခ်င္ေသးလဲ ”
” ကိုယ့္ဘာသာကိုယ္ အထင္ႀကီးမေနနဲ႔ နင္တို႔ရွိမွန္းသိလို႔ အဝီစိသိန္းေမာင္ကို အကူညီေခၚထားၿပီးသား နင္တို႔ ႐ြာအျပင္သာလိုက္ခဲ့လိုက္ ”
အဲ့လိုေျပာၿပီး တင္ျမ ၿခံအျပင္သို႔ထြက္သြားၿပီး မီးလုံးအျဖစ္ေျပာင္းကာ ႐ြာအျပင္သို႔ပ်ံထြက္သြားေလသည္။ ေတဇႏွင့္ခင္လႊမ္းလည္း ႐ြာအျပင္သို႔လိုက္သြားရာ
” လိုက္လာခဲ့သားပဲ နင္တို႔သတၱိကို ခ်ီးက်ဴးပါရဲ႕ ဒါေပမဲ့နင္တို႔ ဒီေန႔ေသမဲ့ေန႔ပဲ ”
” အပိုေတြ မေျပာစမ္းပါနဲ႔ နင္ေျပာတဲ့ အဝီစိသိန္းေမာင္ဆိုတာ ဘယ္မွာလဲေျပာစမ္း ”
” ငါဒီမွာပါဟ နင္တို႔လို႔ ကေဝေတြရဲ႕ အသည္းကိုထုတ္ၿပီး ငါ့ပညာေတြကို ျမႇင့္လာတာ အခုဆို ေတာ္ေတာ္ အဆင့္ျမင့္ေနၿပီ ”
” ဒီမွာ နင္နဲ႔မဆိုင္ေပမဲ့ နင္က သူ႔ဘက္ကေန ကူညီမွာဆိုေတာ့ နင္တို႔ ႏွစ္ေယာက္ေပါင္းၿပီး ငါတို႔ကိုတိုက္ ”
” ဟားဟားဟား အဝီစိသိန္းေမာင္ဆိုတဲ့ငါကလည္း ဒါမ်ိဳးမွႀကိဳက္တာ ”
အဲ့လိုေျပာၿပီး သူ႔ရဲ႕လြယ္အိတ္ထဲမွ အိတ္အနက္ေရာင္ေလးကိုထုတ္ၿပီး အိတ္ထဲမွ အမႈန႔္မ်ားကို လက္ထဲထည့္ၿပီး လက္ဝါးႏွစ္ဖက္ျဖင့္ပြတ္ကာ ခင္လႊမ္းရွိရာသို႔ မႈတ္ထုတ္လိုက္ေလသည္။
” ငါ့ရဲ႕ အစိမ္းေသေတြနဲ႔အရင္တိုက္ၾကည့္စမ္းပါ ခင္လႊမ္း ဟားဟား ”
အဲ့လိုေျပာၿပီး ဖေႏွာင့္ေပါက္ခ်လိုက္ရာ အစိမ္းေသျပာမႈန္မ်ားကေန အရိပ္မည္းမ်ားအျဖစ္ေျပာင္းသြားၿပီး ေလေဗြတစ္ခုႏွယ္ ခင္လႊမ္းႏွင္ေတဇေဘးသို႔ လွည့္ပတ္ေနေလသည္။ ေတဇႏွင့္ခင္လႊမ္းလည္း
” ခင္လႊမ္း ဒါ အရမ္းျပင္းတဲ့အတိုက္ပဲ သတိထား သူေတာ္ေတာ္စြမ္းတယ္ ”
” ဟုတ္တယ္အကို ဒီအတိုက္မ်ိဳး မျမင္ဖူးဘူး ဘယ္လိုလုပ္ၾကမလဲ ”
” ရတယ္ အကို႔မွာ နည္းလမ္းရွိပါတယ္ ”
အဲ့လိုေျပာၿပီး ခႏၶာကိုယ္ကေန စက္ေရာင္ျခည္မ်ားျဖန႔္ခ်လိုက္ရာ အစိမ္းေသမ်ား ေပ်ာက္ကြယ္သြားေလသည္။ ေတဇက
” လုပ္ပါဦး ခင္ဗ်ား ပညာထပ္ထုတ္ေလ ”
” အင္းဘီလူး အဲ့ေကာင္နဲ႔ ေကာင္မကို အေသသတ္စမ္း ”
အဲ့လိုေျပာလိုက္ရာ ေျမႀကီးထဲမွ ဘီလူးတစ္ေကာင္ထြက္လာၿပီး ေတဇတို႔ဆီသို႔ တင္းပုတ္ကိုင္ၿပီး ေျပးလာေလသည္။ ေတဇက အင္းဘီလူးကို လက္ညိဳးထိုး၍ ဖေႏွာင့္ေပါက္လိုက္ရာ အင္းဘီလူးလဲက်ၿပီး
” ခင္ဗ်ားအင္းဘီလူးက ဒါပဲလား ခင္ဗ်ားပညာအကုန္ထုတ္စမ္း ”
” ေအး ဒါဆိုလည္း မင္းနဲ႔ငါ တစ္ေယာက္ခ်င္း တိုက္ၾကတာေပါ့ကြာ ေရာ့ ငါ့ရဲ႕ စက္ကိုကာစမ္း ”
အဲ့လိုေျပာၿပီး အဝီစိသိန္းေမာင္က လက္ႏွစ္ဖက္မွ အနီေရာင္ စက္ကိုထုတ္ၿပီး ေတဇဆီသို႔ ပစ္လႊတ္လိုက္ေလသည္။ ေတဇလည္း လက္ဝါးျဖင့္ ကာထားေလသည္။ အဝီစိသိန္းေမာင္၏စက္က ရဲေတာက္ေနၿပီး ေဘးမွ သစ္႐ြက္မ်ားပင္ ညိဳးႏြမ္းကုန္ေလသည္။ ေတဇလည္း စက္အပူရွိန္ကို ၾကာၾကာမထိန္းႏိုင္ေတာ့ပဲ
” ကဲေရာ့ကြာ…. ”
အဲ့လိုေျပာၿပီး စက္ကို ေဆာင့္တြန္းၿပီး လက္ျဖင့္အားပါပါ ႐ိုက္ခ်လိုက္ေလသည္။
” ဟားဟားဟား ငါ့ရဲ႕အေပ်ာ့ဆုံးစက္ကို မခံႏိုင္လို႔ ႐ိုက္ခ်လိုက္တာပါလား ဒါပါမႊားပဲရွိေသးတယ္ေနာ္ ေနာက္တစ္ဆင့္ဆို မင္း မလြယ္ဘူး ဟားဟား ”
အဝီစိသိန္းေမာင္က အဲ့လိုေျပာလိုက္ရာ ေတဇလည္း ေဒါသထြက္ၿပီး
” ေအး ရယ္စမ္းပါ မင္းႀကိဳက္သေလာက္ရယ္စမ္း ဘာလို႔လဲဆိုေတ့ မင္းေသေတာ့မွာမို႔ပဲ ”
” အေျပာႀကီးမေနပါနဲ႔ေတဇရာ ငါ့ပညာကုန္သုံးလိုက္ရင္ မင္းျပာက်သြားမွာ နားလည္လား ”
” မင္းပဲေသမလား ငါပဲျပာက်မလားၾကည့္ရေအာင္ ထုတ္စမ္း မင္းပညာအကုန္ ”
ေတဇက အဲ့လိုေျပာလိုက္ရာ သိန္းေမာင္လည္း သူ႔ လက္ဖဝါး ႏွစ္ဖက္ကိုပြတ္ၿပီး မီးလုံးႀကီးတစ္လုံးကိုထုတ္ၿပီး ေတဇကိုပစ္ေလသည္။ ေတဇလည္း လက္ဝါးႏွစ္ဖက္မွ မီးလုံးႏွစ္ခုထုတ္ၿပီး ျပန္ပစ္ေလသည္။
” ဝုန်းးးးးးး ”
မီးလုံးႏွစ္ခုထိၿပီး ေပါက္ကြဲသံမ်ား ဟိန္းထြက္လာၿပီး မီးစမ်ားေဘးသို႔ျပန႔္က်ဲကုန္ေလသည္။ သိန္းေမာင္က ေတဇကိုၾကည့္ၿပီး
” ငါ့ရဲ႕ေနာက္ဆုံးစက္ကိုထုတ္ေတာ့မယ္ မင္းရေအာင္ကာပါ ဒါက သူေသကိုယ္ေသတိုက္မွ သုံးတဲ့စက္ပဲ ကဲ ၾကာတယ္ ”
အဲ့လိုေျပာၿပီး မႏၲန္တစ္ပုဒ္ကို ႐ြတ္ဖတ္ေနေလသည္။ ႐ြတ္ဖတ္ေနရင္း သိန္းေမာက္ ခႏၶာကိုယ္ တစ္ခုလုံး မီးမ်ားထေတာက္လာေလသည္။ ေတဇက
” ဒါမ်ိဳးမွႀကိဳက္တာ ငါ့ပညာကိုလည္း ျမည္းၾကည့္ေလ သိန္းေမာင္ရာ ”
အဲ့လိုေျပာၿပီး ငရဲမီးေတာက္စက္ကို ထုတ္ကာ အသင့္ေစာင့္ေနလိုက္သည္။ သိန္းေမာင္က
” ငါ့ရဲ႕ စက္ကို ကာေပေတာ့ ေတဇေရ ”
အဲလိုေျပာၿပီး စက္ႏွင့္ပစ္ေလရာ ေတဇကလည္း ငရဲမီးေတာက္စက္ျဖင့္ ျပန္ျပစ္ေလရာ စက္ႏွစ္ခု အားၿပိဳင္တြန္းေနၾကေလသည္။ ထိုစဥ္ တင္ျမက ေတဇကိုစက္ျဖင့္ ပစ္ေလရာ
” အား အေမေရ ေသပါၿပီ ”
” ဝုန်း အားးးးးးး ”
တင္ျမပစ္လိုက္ေသာ စက္ကို ခင္လႊမ္းက ဝင္ကာၿပီး စက္ေရာင္စုံမ်ားျဖင့္ ျပန္ပစ္လိုက္ရာ တင္ျမေရာ သိန္းေမာင္ကိုပါထိၿပီး သိန္းေမာင္စက္ႀကိဳးျပတ္ၿပီး ေတဇစက္ရဲ႕ ထိမွန္ကာ လဲက်ၿပီး ေသြးအန္ကာ ေသသြားေလသည္။ အဝီစိသိန္းေမာင္လည္း အကုသိုလ္ကံမ်ားေၾကာင့္ ငရဲမီးမ်ားထေတာက္ကာ ျပာက်ၿပီး အဝီစိ ငရဲသို႔ က်ဆင္းရေလေတာ့သည္။ ( ေနာက္အပိုင္းမွာ ေတဇႏွင့္အဂၢတို႔ ဘယ္လိုၾကမ္းၾကမလဲဆိုတာကို နယ္ေက်ာ္လာေသာကေဝ ဆိုတဲ့အပိုင္းမွာ ဆက္လက္ေစာင့္ေမွ်ာ္ေပးပါ )
စာေရးသူ – လင္းေတဇ ( ပင္းပက္ )