ဘွားမယ်စိန်နဲ့ ချစ်လို့ပြုစားခံရသူ(စ/ဆုံး)

Unicode Version

ဘွားမယ်စိန်နဲ့ ချစ်လို့ပြုစားခံရသူ(စ/ဆုံး)
————————————————–
မိုးဥတုသို့ပင်ရောက်ရှိနေလေပြီ။
တဖွဲဖွဲဖြင့်ရွာသွန်းနေရာမှပိုမို သည်းထန်လာသောမိုးသည် မြေနီလမ်းလေးအားမိုးရေများဖြင့်
ဆေးကြောလို့ပေးနေရှာသည်။
ထိုမျှမက သည်းထန်စွာရွာသွန်းနေသော မိုးရေများကြောင့် ရွာသူရွာသားတို့၏လယ်ကွင်းများရေများလျှံ၍ပင်နေ၏။
ထိုအခါ လယ်ရေဖောက်ဖို့ရန်အတွက် ရွာသားများပြင်ဆင်ကြရလေသည်။
“မိုးကလည်းသည်းလိုက်တာအမေရယ်”
“အို…ညည်းပဲ မနေ့ကပူလိုက်တာဆို…။အခုမိုးရွာတော့မအေးဘူးလား မိဝင်းရဲ့”
“အေးတော့အေးတာပေါ့အမေရယ်…
အခုကပိုလွန်းနေတယ်လေ”
“အေး…အဲ့တာပြောတာပဲအေ့…။လူအကြိုက်နတ်မလိုက်နိုင်တဲ့…ဘယ့်နဲ့အေ…
လူတွေများကိုယ့်စိတ်ဆန္ဒကိုတော်တော်အလေးထားကြ
ရတယ်လို့…ရှိတာလေး…
ဖြစ်နေတာလေးနဲ့ရောင့်ရဲချင်စိတ်လေးမွေးကြ ဦးမှပေါ့…
အင်း…လူဆိုတာ
ကိုယ့်အပူကိုယ်ရှာကြတာပဲလေ”
“အမေပြောမှပဲအပြစ်တွေဖြစ်ကုန်ပြီတော်…။
တော်ပါပြီ…ကျုပ် မီးဖိုထဲညစာချက်ဖို့ပြင်တော့မယ်…
မိုးရေတွေစင်မယ်လေ ကွပ်ပျစ်အစွန်မှာထိုင်မနေနဲ့”
“သွားပါအေ…ကိုယ်လုပ်စရာ ရှိတာသာကိုယ်သွားလုပ်”
ဘွားမယ်စိန်နဲ့သမီးဖြစ်သူအပျိုကြီးဒေါ်ဝင်းတို့ ရွာသွန်းနေသောမိုးနှင့်အတူပတ်ဝန်းကျင်အား
ငေးမောရင်းတစ်ယောက်တစ်ခွန်း
စကားပြောနေကြခြင်းဖြစ်သည်။
ယခုမှာဖြင့် ဒေါ်ဝင်းတစ်ယောက်
မီးဖိုချောင်ဆီသို့ထွက်သွားလေပြီ။
ခဏကြာလေသော် မီးဖိုချောင်ဆီမှဒေါ်ဝင်း၏ ချက်ပြုတ်သံများထွက်ပေါ်လာခဲ့တော့၏။
ဘွားမယ်စိန်သည်က ကွမ်းယာလေး မြုံရင်း မိုးရွာနေသည့်
ပတ်ဝန်းကျင်မြင်ကွင်းကိုသာငေးမောနေရှာသည်။
ထိုအချိန်၌
သည်းထန်နေသောမိုးရေထဲ ဝါးခမောက်တစ်လုံးဖြင့် အပြေးအလွှားရောက်လာခဲ့သည့် လူတစ်ယောက်။
ထိုလူသည်စိုရွဲနေသော အဝတ်အစားများဖြင့် ဘွားမယ်စိန် ၏အိမ်ရှိရာဆီသို့အပြေးအလွှားလာနေခဲ့သည်။
ဘွားမယ်စိန်အိမ်ဆီသို့ရောက်လာချိန်မှာတော့ ရာသီဥတုကြောင့်ပတ်ဝန်းကျင်ပင်
မှောင်ရိပ်ကြနေခဲ့ပြီဖြစ်သည်။
“ဟဲ့…မိုးကြီးလေကြီးထဲဘယ်သူတုန်း”
ဝိုင်းထဲဝင်လာသော လူရိပ်ကြောင့် ဘွားမယ်စိန်အော်မေးလိုက်သည်။
ထိုလူရိပ်သည် ဘွားမယ်စိန်ရှိရာဆီသို့လာရင်း…
“ကျုပ်…မောင်အုန်းပါ ဘွားရဲ့”
“ဟဲ့…မောင်အုန်း ဘာတွေအရေးတကြီးဖြစ်လို့ မိုးရွာထဲလာရတာလဲ”
ဘွားမယ်စိန်၏အမေးအား မောင်အုန်းသူ၏စိုရွဲနေသော အဝတ်အစားများအားရေညှစ်နေရင်း…
“ကျုပ်တို့သူကြီးက ဘွားဆီကိုလွှတ်လိုက်လို့ဗျ…”
“ဘာများလဲမောင်အုန်းရဲ့…ဟဲ့…သမီး…
မီးခွက်လာထွန်းပေးစမ်းဦး…ပြီးရင် တဘက်တစ်ထည်လည်းယူလာပေး”
“လာပြီအမေရေ…လာပြီ”
ရေနံဆီမီးခွက်နှင့်အတူ ဒေါ်ဝင်းရောက်လာခဲ့သည်။
မောင်အုန်းကတော့ ကွပ်ပျစ်အစွန်လေး၌သာထိုင်နေခဲ့၏။
“ရော့ …မောင်အုန်း ရေတွေစိုနေတာ ဒါလေးပတ်ထား…ကွပ်ပျစ်အစပ်မှာထိုင်မနေနဲ့လေကွယ်…လာပါ ဒီဘက်မှာထိုင်”
“နေနေ…ဘွား…။ကျုပ်အိမ်ရောက်ရင်ရေချိုးပြီးအဝတ်အစားလဲမှာ ။ကျုပ်လာရင်းကိစ္စသာပြောတော့မယ်”
“အေးပါကွယ်…။ဒါဆိုလည်း ပြောပြော”
ဘွားမယ်စိန်ပေးသော တဘက်ကိုမောင်အုန်းက ငြင်းဆန်လိုက်သည်။
ထဘက်အားဘွားမယ်စိန်က နံဘေးတွင်ထိုင်နေသောသမီးဖြစ်သူဒေါ်ဝင်းဆီပြန်ပေးပြီး
သည်နှင့် မောင်အုန်းပြောမည့်အကြောင်းအရာအား နားထောင်နေလိုက်တော့သည်။
“သူကြီးအိမ်မှာ ဧည့်သည်တွေရောက်နေတယ်ဘွား…။အခုကျုပ်ကိုလွှတ်လိုက်တာကလည်း အဲ့ဧည့်သည်တွေကိစ္စပဲဗျ”
“ဘယ်ကဧည့်သည်လည်းမောင်အုန်း”
“သူကြီးနဲ့ဆွေမကင်းမျိုးမကင်းထဲကပဲဗျ…။မြို့ကလို့တော့ပြောတယ်..ပိုက်ဆံတော့ရှိမယ့်ပုံပဲ”
“အမ်း…။အခုလာတာကဘာကြောင့်လဲ”
“အဲ့ဧည့်သည်တွေရဲ့သမီးကအရမ်းချော
အရမ်းလှတယ်ဗျ…။ရယ်လိုက်ရင်ကို သွားတက်လေးနဲ့…ဟီး…
ကျုပ်ဖြင့်ကြည့်တောင်မဝဘူးဗျာ”
“ဒေါက်…”
“အမလေးဗျ…။အား…လား…လား…နာလိုက်တာဗျာ”
ဘွားမယ်စိန် ပြောင်စပ်စပ်မျက်နှာပေးဖြစ်နေသော မောင်အုန်း၏ခေါင်းအား ရေနွေးကြမ်းပန်းကန်လုံးဖြင့်အသာထု့လိုက်လေတော့ မောင်အုန်းခမျာ မျက်နှာကြီးရှုံ့ကာမဲ့ကာဖြစ်သွားရလေသည်။
ဘွားမယ်စိန် နှင့် မောင်အုန်း၏အဖြစ်ကိုဒေါ်ဝင်းကြည့်ရင်း တဟားဟားရယ်မောလို့နေလေ၏။
“ကဲ…လာရင်းကိစ္စပဲပြော…။ဘယ့်နဲ့မဟုတ်တာပတ်ပြောနေရင် မောင်ရင်အအေးမိပြီး နောက်ရက်အလောင်းပြင်နေရတော့မယ်”
“အာ…ဘွားကလည်း….ကျုပ်ပြောပါ့မယ်ဗျ။ ဒီလိုဘွားရဲ့အဲ့ဧည့်သည်တွေရဲ့သမီးလေးက ပြောရရင်အသက်နှစ်ဆယ်ကျော်လေး…။အယ်..အဲ့ကလေးမလေးက တစ်ခါတစ်လေကျရင် အမူအရာတွေကပြောင်းတယ်ဗျ…”
“ဘယ်လိုပြောင်းတာလဲ….သေချာပြောစမ်းဘွားကို”
“ဟုတ်ဘွား…။သူ့မိဘတွေပြောတာတော့…တစ်ခါတစ်လေငိုနေတယ်…။တစ်ခါတစ်လေကျပြန်တော့ရယ်နေပြန်ကောတဲ့…အယ်..နောက်တစ်ခါတစ်လေကျပြန်တော့ ဒေါသတွေထွက်နေပြန်ရောတဲ့ ဗျာ…”
“အင်း…အခုကောသူကြီးအိမ်မှာ
ကောင်းကောင်းမွန်မွန်ပဲလား”
“မကောင်းဘူးဘွားရဲ့…။
အခုသောင်းကျန်းနေလို့ ဘွားကိုလာပင့်ရတာပဲ”
“ဟဲ့…သြော် ငါထု့ထည့်လိုက်ရ…။ဟိုမှာအလျှင်တလိုဖြစ်နေတာကို မပြောဘဲ…။အကြောင်းရှာနေသေးတယ် မောင်ရင်ရယ်”
“အဲ့လိုဖြစ်သွားတာလားကျုပ်လည်းပြောမလို့ပါဘွားရယ်။
အခုအဲ့ကောင်မလေး အော်ဟစ်သောင်းကျန်းနေလို့
အခန်းပိတ်ထားကြရတယ်ဗျ”
“အေး…အေး…ဒါဆို ဘွားလိုက်ခဲ့မယ်”
“အမေဖြစ်ပါ့မလား…မိုးတွေရွာနေတာကိုတော်…
မြေတွေကချောချောနဲ့ ချော်လဲရင်ခက်ကုန်မယ်”
“မပူနဲ့ဗျ…ကျုပ်ကအရင်လာပြောတာ…
နောက်မှာမောင်တိုးကလှည်းနဲ့လာမှာ…။ဘွားလှည်းနဲ့လိုက်တော့သွားရတာအဆင်ပြေအောင်ပေါ့”
“အေးပါအဲ့သလိုဆိုရင်တော့ ငါ့အမေ့ကို စိတ်ချပါတယ်ဟယ်”
ဒေါ်ဝင်းကစိုးရိမ်တကြီးပြောသောအခါ မောင်အုန်းက မောင်တိုးလာမည့်အကြောင်းပြောပြလေသည်။
ခဏမျှကြာလေတော့ ပေါင်းမိုးတပ်ထားသော
လှည်းအားမောင်တိုးမောင်းရင်း ရောက်ရှိလာတော့သည်။
ဘွားမယ်စိန်သည်သူ၏တောင်ဝှေးအား
ယူ၍ ထိုလှည်းနှင့်အတူ သူကြီးအိမ်သို့ထွက်ခွာလာခဲ့တော့၏။
*******
“ဘုန်း…”
“ဝုန်း…”
“တံခါးဖွင့်စမ်း…ဟဲ့…ငါပြောနေတယ်လေ
တံခါးဖွင့်စမ်းလို့…။အီးးးး….ဟီးးး…ဟီးးး…
ကျုပ်ကိုတံခါးဖွင့်ပေးကြပါတော်…သြော်…ငါဆောင့်ကန်လိုက်ရဒီတံခါးကို….ဟားးးး…ဟားးး..
ဟားးးး…ဟားးး……….”
“အမလေး…သမီးရယ်…ဘယ်လိုတွေဖြစ်ရတာတုန်း….အီး..ဟီး..ဟီးးးဟီး…”
“မိန်းမရယ်…ငါတို့သမီးအဖြစ်ကလည်းကွာ….ဟားး…။
နောင်ချိုရာ လုပ်ပါဦးကွာ…ငါတို့ကိုကူညီပါဦး”
အိမ်အပေါ်ထပ်ရှိ
ပိတ်ထားသောအခန်းတံခါး၏အပြင်ဘက်၌ တစ်ဦးကိုတစ်ဦးဝမ်းနည်းစွာပွေ့ဖက်ငိုကြွေးနေကြသော အမျိုးသမီးကြီးနှင့်အမျိုးသားကြီးတစ်ဦး။
ထိုနှစ်ဦးဘေး၌ စိတ်မကောင်းစွာရပ်ကြည့်နေသော သူကြီးဦးနောင်ချိုနှင့် ဦးဘစီတို့နှစ်ဦး။
“ဘွားမယ်စိန်လာတော့မှာပါဗျာ….။ခဏလေးပဲသည်းခံကြပါဦး”
“ဟုတ်ပါတယ်ဗျာ…
သူကြီးပြောသလိုပဲခဏလေးပဲစောင့်ပေးကြပါ”
သူကြီး၏အိမ်၌တော့အပူမီးများဖြင့်ရှိနေကြသည်။
အခန်းအတွင်းမှာလည်းမိန်းမပျို၏အော်ဟစ်သံများ၊ငိုကြွေးသံများက အစီအရီထွက်ပေါ်လို့နေခဲ့၏။
“ဟဲ့…နွား….သြော်…”
“ဆင်ဝင်အောက်ထိမောင်းလိုက် မောင်တိုး”
နွားငေါက်သံများကြောင့် ဘွားမယ်စိန်တို့လှည်း သူကြီးအိမ်သို့ရောက်လာပြီဖြစ်ကြောင်းအပေါ်ထပ်ရှိလူများသတိထားမိလိုက်ကြသည်။
မိုးသည်ပင်တိတ်လု့လု့ဖြစ်၏။
“ဘွားတို့လာပြီသူကြီး”
“အေး…ကျုပ်လည်းကြားတယ်ဗျ….။ကိုကြီးမောင်ရင်နဲ့အစ်မအေးသီတာတို့ စိတ်ချဗျာ…ဘွားမယ်စိန်လာပြီဗျ”
သူကြီးကဝမ်းသာအားရစကားဆိုလေသည်။
ဦးဘစီကတော့အိမ်အောက်ထပ်သို့ဆင်း၍ ဘွားမယ်စိန်အား သွားကြိုရှာ၏။
“ဘွားဖြေးဖြေးတက်ပါ…ချော်လဲဦးမယ်”
“ရပါတယ်မောင်ဘစီရယ်…ဘွားက အသက်အဲ့လောက်မကြီးသေးပါဘူးကွဲ့”
“ဟား…ဟုတ်ပါပြီဘွားရယ်”
ဘွားမယ်စိန်သူ၏တောင်ဝှေးအား အားပြု၍အိမ်အပေါ်ထပ်သို့တက်လာခဲ့၏။
အိမ်အပေါ်ထပ်သို့ရောက်တော့ သူကြီးဦးနောင်ချိုနဲ့သူစိမ်းနှစ်ဦးကိုတွေ့သွားလေသည်။
“ဘွား…ဒါက ကျုပ်ရဲ့ ရဲ့နှစ်ဝမ်းကွဲအစ်ကို ကိုမောင်ရင်တဲ့…ဒါသူဇနီး မအေးသီတာပါ…။
ဟော…အခု အခန်းထဲမှာရှိတဲ့သူကတော့ ကျုပ်အစ်ကိုရဲ့သမီးလေး သီတာခင်တဲ့ ဘွားရယ်…
ကျုပ်တူမလေးကိုကူညီပေးပါဦးဗျာ”
သူကြီးဦးနောင်ချိုက မိတ်ဆက်ပေးလေသည်။
ထိုအခါဘွားမယ်စိန်က…
“ဒီက မောင်သာရင်တို့သမီး
အခုလိုဖြစ်နေတာကြာပြီလားကွဲ့”
ဘွားမယ်စိန်၏အမေးအား ဦးသာရင်က…
“ကျုပ်အထင်တော့ တစ်ပတ်လောက်ရှိပြီထင်တယ်ဗျ…။
ကျုပ်တို့လည်း သမီးအခြေအနေကြောင့်
မြို့မှာမထားရဲတာနဲ့ဒီကိုလာရတာပဲဘွားရယ်…။ဖြစ်နိုင်ရင်ကျုပ်သမီးလေးကိုကယ်ပါဦးဗျာ”
“ဟုတ်ပါတယ်ဘွားရယ်…ကျုပ်ရှစ်ခိုးပါတယ်တော်…
ကျုပ်သမီးလေးကိုကယ်ပေးပါနော်”
“ကဲ…တူမကြီး ထ….ထ…အဲ့လောက်ထိမဖြစ်ပါနဲ့ကွယ်…။
ဘွား..ကလေးမကိုကြည့်ပေးပါ့မယ်”
ဒေါ်အေးသီတာသည် ဘွားမယ်စိန်အား မျက်ရည်ကြီးငယ်ဖြင့်ထိုင်ကန်နေရှာ၍ ဘွားမယ်စိန်ကတားဆီးလိုက်လေသည်။
“တံခါးဖွင့်လိုက်…ဘွား အခန်းထဲဝင်မယ်…”
ဘွားမယ်စိန်တံခါးဖွင့်ခိုင်းချိန်၌အနီးတွင် မောင်တိုးနှင့်မောင်အုန်းတို့ရောက်ရှိလာကြသည်။
မောင်တိုးကပင် ပိတ်ထားသော အခန်းတံခါးအားဖွင့်ပေးရှာ၏။
အခန်းတံခါးပွင့်ချိန်၌ အခန်းအတွင်းမှာတော့အမှောင်အတိဖြစ်လို့နေသည်။
အခန်းအတွင်းရှိအသံသည်လည်း ထူးဆန်းစွာတိတ်ဆိတ်လို့နေခဲ့၏။
“ဘွား…ဒီမှာဆီမီးခွက်….”
“ရတယ်…ပေး…ပေး..ကျုပ်အလင်းပြပေးမယ်”
ဦးဘစီပေးသော ဆီမီးခွက်အား မောင်တိုးက ကိုယ်တိုင်ကိုင်ပေးထား၏။
ဘွားမယ်စိန် ဆီမီးခွက်အလင်းဖြင့် အခန်းအတွင်းကြည့်လေရာ…
အခန်းထောင့်တစ်နေရာ၌ ကျောပေးကာထိုင်နေသော ဆံပင်ဖျားလျားဖြင့်မိန်းမပျိုတစ်ဦး…။
ထိုမိန်းမပျိုသည် ဝတ်ထားသောထဘီကိုပင် ပေါင်အထက်သို့ပင့်တင်လို့ထားပြီး တင်ပုလ္လင်ခွေအနေအထားဖြင့်ထိုင်နေခဲ့၏။
“ကဲ …ဖယောင်းတိုင်သုံးတိုင်လောက် ဘွားကိုပေး”
“ဟုတ်ကဲ့ဘွား…”
“ကျန်လူတွေ အခန်းအပြင်ကပဲကြည့်ပေးကြ။မောင်တိုး တစ်ယောက်ပဲအခန်းထဲနေ”
“ဟုတ်ကဲ့ဘွား…”
မောင်တိုးယူလာပေးသောဖယောင်းတိုင်သုံးတိုင်အား ဘွားမယ်စိန်ကြမ်းပြင်အထက်၌ စိုက်ကာထွန်းညှိ့လေသည်။
မောင်တိုးသည်က ဘွားမယ်စိန်၏အနောက်၌…။
ဘွားမယ်စိန်သည် တင်ပုလ္လင်ခွေကာထိုင်ရင်း
သူ၏တောင်ဝှေးအားဟန်ပါပါကိုင်လို့ထား၏။
ကျောပေးထားသောမိန်းမပျိုသည်က ယခုထိမလှုပ်ရှားသေး။
“ကဲ…ကလေးမ… ။ဘွားဘက်ဆီကိုလှည့်…”
ဘွားမယ်စိန်ပြောလိုက်လေသည်။
သို့သော် မတုန်မလှုပ်ထိုင်နေသူကထိုင်နေသေး၏။
ထိုအခါ ဘွားမယ်စိန် ထိုမိန်းကလေး၏ကျောပြင်အား
စိုက်ကြည့်ကာ…
“ဟဲ့….ကောင်မ မိလှ…
ညည်းကိုငါခေါ်နေတာအခုလှည့်လိုက်”
“ဝုန်း….”
“အမလေး….”
ဘွားမယ်စိန်၏အသံကျယ်ကြီး အဆုံး၌ ကျောပေးထားသောမိန်းကလေးသည် ချက်ချင်းဆွဲအလှည့်ခံရသကဲ့သို့ လှည့်လာခဲ့ရ၏။
ချောမောလှသော မိန်းကလေးသည် အံကိုတင်းတင်းကြိတ်ထားလေသည်။
ဘွားမယ်စိန်ထံသို့
သူ၏ခေါင်းအား ခပ်စောင်းစောင်းအနေအထားဖြင့်စိုက်ကြည့်နေခဲ့ပြန်သည်။
ထိုသို့ကြည့်နေရင်းရုတ်တရက် ထဘီကိုပေါင်အထက်သို့ ဆွဲတင်လိုက်ပြီး ဆောင့်ကြောင့်ထိုင်အနေအထားဖြင့်…
“ဟီး..ဘှားက သမီးကိသိလို့လား….ဟီးးးဟီးးးဟီးးးးး”
“ဟဲ့…ပလီပလာ လာလုပ်မနေနဲ့ မိလှ…။ညည်းဘာကောင်မလည်းငါသိတယ်…
ညည်းဒီကလေးမကိုဘာကြောင့်
အခုလိုလုပ်ထားသလဲသာငါ့ကိုပြော”
“ဟီး…ကျုပ်သူ့ကိုချစ်လို့ပါတော်…”
ဆံပင်အားလက်ဖြင့်သက်ရင်းအနေအထားမပျက်ပင် မျက်နှာခပ်ပြုံးပြုံးဖြင့် ပြောလေသည်။
“ချစ်လို့…ဟုတ်စ။ ညည်းချစ်လို့လုပ်တယ်ဆိုတာ
အခုကြည့်စမ်း…ဒီကလေးမ ဘယ်လောက်အရှက်မဲ့ရသလဲ…။တစ်ခုပဲပြောမယ်အေ…ညည်းအတတ်တွေညည်းပြန်ယူ….ဒီကလေးမကိုအကောင်းတိုင်းပြန်ထားပေးခဲ့”
“အို…အဲ့လောက်လွယ်ပါ့မလားတော်….”
“အေး…မလွယ်ဘူးထင်ရင် ဒီမှာကြည့်….”
“ဒုန်း”
“အမလေးတော့……”
ဘွားမယ်စိန်သူ၏တောင်ဝှေးအား
ကြမ်းပြင်ပေါ်သို့ဆောင့်ချလိုက်လေသည်။
ထိုအခါ မိန်းကလေးသည် အလန့်တကြားဖြင့် နောက်သို့လဲကျလို့သွား၏။
“ဘယ်လိုဖြစ်ရတာလဲမိလှ…
ညည်းကိုငါဘာမှမလုပ်ရသေးပါဘူးအေ…
ဒီလောက်ကြောက်တတ်နေရင်ငါပြောသလိုသာလုပ်စမ်းပါ”
“ကျုပ်ကိုဘာမှအန္တရာယ်ထပ်မပေးရင် ကျုပ်ပြန်ကောင်းအောင်လုပ်ပေးပါ့မယ်”
“အင်း….။ညည်းလုပ်ထားတာတွေကို….ရော့…ဒီခွက်ထဲမှာ အန်ပစ်လိုက်”
ဘွားမယ်စိန် အခန်းတစ်နေရာမှတွေ့သော ကော်ခွက်အား မိန်းကလေးရှေ့သို့ပစ်ပေးလိုက်သည်။
ကော်ခွက်အားကြည့်ရင်း မိန်းကလေးသည် လုပ်ပေးသင့် မလုပ်ပေးသင့်ဝေခွဲနေလေရာ…
“ညည်းလွတ်လမ်းမရှိဘူးနော်…။ ဒီကလေးမကိုအန္တရာယ်ပေးရင် ညည်းခန္ဓာကိုယ်အကောင်းပဂတိ
အတိုင်းရှိနေမယ်မထင်နဲ့အေ့…
ကိုယ့်အတတ်ကိုယ်စူးပြီးငရဲကိုသွားရလိမ့်မယ်။
ညည်းစမ်းချင်သပဆိုစမ်းကြည့်လိုက်”
“ကျုပ်..မစမ်းတော့ပါဘူးတော်…။ဘွား ရဲ့ပညာတွေကို ကျုပ်မပြိုင်ဝံ့ပါဘူး…….”
“အေး…မပြိုင်ဝံ့ရင်လည်း…
ညည်းဒီကလေးမကို
နောက်နောင်မနှောက်ယှက်တော့ကြောင်း
ဘွားကို ဂတိပေးစမ်း…”
“ကျုပ်….ကျုပ်…ဂတိ……..”
ဂတိပေးဖို့ဝန်လေးနေလေသည်။
ထိုအခါဘွားမယ်စိန်က…
“ဟောသည်ဖယောင်းတိုင်မှာတောက်လောင်နေတဲ့
မီးတောက်ကို ညည်းကိုယ်မှာ
တောက်လောင်သွားချင်လား မိလှ…။
ညည်းနာမည်ငါသိနေတာဆိုတာကိုက ညည်းငါ့ကိုမယှဉ်နိုင်ဖူးဆိုတာညည်းသိမှာပေါ့…
အဲ့တော့တောင်းတဲ့ဂတိသာညည်းပေးစမ်းပါအေ….”
“ကျုပ်…ကျုပ် ဂတိပေးပါတယ်ဘွားရယ်…
ကျုပ်ကိုသာ ဘာမှမလုပ်ပါနဲ့နော်။
“စိတ်ချ..ညည်းကိုငါရော…ဒီကလေးမ မိဘတွေကော
အန္တရာယ်မပေးစေရဘူးစိတ်ချ….”
ဘွားမယ်စိန်ကထိုသို့ပြောလိုက်လေမှ…
“အော့….ဝေါ့….ဝေါ့…..”
ကော်ခွက်ထဲသို့ အန်ချပေးလိုက်လေသည်။
အန်ချသည်များက အရည်အကျိအချွဲများပင်ဖြစ်၏။
အန်ချလို့ပြီးသည်နှင့်ချက်ချင်းပင် မိန်းကလေးသည် ကြမ်းပြင်ပေါ်သို့လဲကျလို့သွားရှာသည်။
“သမီးလေး…သမီးလေး…”
“ကလေးမကိုထူလိုက်ကြဦး….။ကဲ…မောင်တိုး ဒီခွက်နဲ့ဒီဟာတွေကို လူသူရှင်းတဲ့နေရာမှာသွားပစ်လိုက်တော့”
“ဟုတ်ကဲ့ဘွား…”
ဦးသာရင်နှင့်ဒေါ်အေးသီတာတို့သည် သမီးဖြစ်သူအားထွေးပွေ့လို့ထားကြ၏။
မောင်တိုးအားစေခိုင်းအပြီးမှာတော့ ဘွားမယ်စိန်က…
“ရေတစ်ခွက်ယူပေးကြ”
ဦးဘစီကိုယ်တိုင်သောက်ရေတစ်ခွက်သွားခပ်လို့ပေး၏။
ဘွားမယ်စိန်လက်အတွင်း ရေခွက်ရောက်လာချိန်မှာတော့…
“ကဲ…ဘုရားဆေး…တရားဆေး…သံဃာဆေး….”
ဟု…ဆိုကာ မိန်းကလေး၏ကိုယ်အထက်သို့ အနည်းငယ်ပတ်ဖြန်းပေးလေသည်။
ထိုသို့ပတ်ဖြန်းလေမှ မိန်းကလေးသည် ပြန်လည်နိုးထလို့လာရှာသည်။
သမီးဖြစ်သူပြန်လည်ကောင်းမွန်လာ၍ ဦးသာရင်တို့လင်မယား သမီးဖြစ်သူအား ဝမ်းသာအားရပွေ့ဖက်ကြရှာသည်။
နောက်ဆုံး…အဖြစ်ပျက်များအားမသိရှာသောသမီးဖြစ်သူကိုအကြောင်စုံပြောပြ၍ ဘွားမယ်စိန်အား သားမိသားဖသုံးဦးထိုင်ကန်တော့ကြလေသည်။
ထိုအခါ…ဘွားမယ်စိန်ပြောသည်က…
“အောက်လမ်းက ချစ်လို့လုပ်တာဆိုပဲကွယ်…
မောင်သာရင်မင်းဘွားပြောလိုက်တဲ့အမည်ကို
သိသော်ရှိ၊မသိသော်ရှိ ဒီကိစ္စကိုဒီနေရာမှာပဲထားလိုက်ကြဖို့ဘွားမှာလိုက်မယ်…။ကလေးမလေးလည်းဘုရားတရားကိုသေချာလုပ်…ဘုရားတရားမြဲနေရင်ဘယ်အတတ်မှမလုပ်နိုင်ကြ…
မလုပ်ရဲကြဘူး…အခုပြုစားသူလည်း
နောက်မလုပ်တော့ဘူးလို့ဘွားကို
ဂတိပေးသွားပါတယ်ကွယ်”
“စိတ်ချပါဘွား…။ကျုပ်သမီးလေးအကောင်းတိုင်း
ပြန်ဖြစ်တာပဲကျုပ်ကျေနပ်ပါတယ်။ဘွားပြောတာကို ကျုပ်လိုက်နာပါ့မယ်”
“အေးကွယ်….ဒါဆိုရင်ဖြင့် ဘွားစိတ်ချပါပြီ”
ဦးသာရင်ပြောသော စကားအား ဘွားမယ်စိန်ကျေနပ်သွားတော့သည်။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

ဘြားမယ္စိန္နဲ႔ ခ်စ္လို႔ျပဳစားခံရသူ(စ/ဆံုး)
————————————————–
မိုးဥတုသို႔ပင္ေရာက္ရွိေနေလၿပီ။
တဖြဲဖြဲျဖင့္႐ြာသြန္းေနရာမွပိုမို သည္းထန္လာေသာမိုးသည္ ေျမနီလမ္းေလးအားမိုးေရမ်ားျဖင့္
ေဆးေၾကာလို႔ေပးေနရွာသည္။
ထိုမွ်မက သည္းထန္စြာ႐ြာသြန္းေနေသာ မိုးေရမ်ားေၾကာင့္ ႐ြာသူ႐ြာသားတို႔၏လယ္ကြင္းမ်ားေရမ်ားလွ်ံ၍ပင္ေန၏။
ထိုအခါ လယ္ေရေဖာက္ဖို႔ရန္အတြက္ ႐ြာသားမ်ားျပင္ဆင္ၾကရေလသည္။
“မိုးကလည္းသည္းလိုက္တာအေမရယ္”
“အို…ညည္းပဲ မေန႔ကပူလိုက္တာဆို…။အခုမိုး႐ြာေတာ့မေအးဘူးလား မိဝင္းရဲ႕”
“ေအးေတာ့ေအးတာေပါ့အေမရယ္…
အခုကပိုလြန္းေနတယ္ေလ”
“ေအး…အဲ့တာေျပာတာပဲေအ့…။လူအႀကိဳက္နတ္မလိုက္ႏိုင္တဲ့…ဘယ့္နဲ႔ေအ…
လူေတြမ်ားကိုယ့္စိတ္ဆႏၵကိုေတာ္ေတာ္အေလးထားၾက
ရတယ္လို႔…ရွိတာေလး…
ျဖစ္ေနတာေလးနဲ႔ေရာင့္ရဲခ်င္စိတ္ေလးေမြးၾက ဦးမွေပါ့…
အင္း…လူဆိုတာ
ကိုယ့္အပူကိုယ္ရွာၾကတာပဲေလ”
“အေမေျပာမွပဲအျပစ္ေတြျဖစ္ကုန္ၿပီေတာ္…။
ေတာ္ပါၿပီ…က်ဳပ္ မီးဖိုထဲညစာခ်က္ဖို႔ျပင္ေတာ့မယ္…
မိုးေရေတြစင္မယ္ေလ ကြပ္ပ်စ္အစြန္မွာထိုင္မေနနဲ႔”
“သြားပါေအ…ကိုယ္လုပ္စရာ ရွိတာသာကိုယ္သြားလုပ္”
ဘြားမယ္စိန္နဲ႔သမီးျဖစ္သူအပ်ိဳႀကီးေဒၚဝင္းတို႔ ႐ြာသြန္းေနေသာမိုးႏွင့္အတူပတ္ဝန္းက်င္အား
ေငးေမာရင္းတစ္ေယာက္တစ္ခြန္း
စကားေျပာေနၾကျခင္းျဖစ္သည္။
ယခုမွာျဖင့္ ေဒၚဝင္းတစ္ေယာက္
မီးဖိုေခ်ာင္ဆီသို႔ထြက္သြားေလၿပီ။
ခဏၾကာေလေသာ္ မီးဖိုေခ်ာင္ဆီမွေဒၚဝင္း၏ ခ်က္ျပဳတ္သံမ်ားထြက္ေပၚလာခဲ့ေတာ့၏။
ဘြားမယ္စိန္သည္က ကြမ္းယာေလး ၿမဳံရင္း မိုး႐ြာေနသည့္
ပတ္ဝန္းက်င္ျမင္ကြင္းကိုသာေငးေမာေနရွာသည္။
ထိုအခ်ိန္၌
သည္းထန္ေနေသာမိုးေရထဲ ဝါးခေမာက္တစ္လုံးျဖင့္ အေျပးအလႊားေရာက္လာခဲ့သည့္ လူတစ္ေယာက္။
ထိုလူသည္စို႐ြဲေနေသာ အဝတ္အစားမ်ားျဖင့္ ဘြားမယ္စိန္ ၏အိမ္ရွိရာဆီသို႔အေျပးအလႊားလာေနခဲ့သည္။
ဘြားမယ္စိန္အိမ္ဆီသို႔ေရာက္လာခ်ိန္မွာေတာ့ ရာသီဥတုေၾကာင့္ပတ္ဝန္းက်င္ပင္
ေမွာင္ရိပ္ၾကေနခဲ့ၿပီျဖစ္သည္။
“ဟဲ့…မိုးႀကီးေလႀကီးထဲဘယ္သူတုန္း”
ဝိုင္းထဲဝင္လာေသာ လူရိပ္ေၾကာင့္ ဘြားမယ္စိန္ေအာ္ေမးလိုက္သည္။
ထိုလူရိပ္သည္ ဘြားမယ္စိန္ရွိရာဆီသို႔လာရင္း…
“က်ဳပ္…ေမာင္အုန္းပါ ဘြားရဲ႕”
“ဟဲ့…ေမာင္အုန္း ဘာေတြအေရးတႀကီးျဖစ္လို႔ မိုး႐ြာထဲလာရတာလဲ”
ဘြားမယ္စိန္၏အေမးအား ေမာင္အုန္းသူ၏စို႐ြဲေနေသာ အဝတ္အစားမ်ားအားေရညႇစ္ေနရင္း…
“က်ဳပ္တို႔သူႀကီးက ဘြားဆီကိုလႊတ္လိုက္လို႔ဗ်…”
“ဘာမ်ားလဲေမာင္အုန္းရဲ႕…ဟဲ့…သမီး…
မီးခြက္လာထြန္းေပးစမ္းဦး…ၿပီးရင္ တဘက္တစ္ထည္လည္းယူလာေပး”
“လာၿပီအေမေရ…လာၿပီ”
ေရနံဆီမီးခြက္ႏွင့္အတူ ေဒၚဝင္းေရာက္လာခဲ့သည္။
ေမာင္အုန္းကေတာ့ ကြပ္ပ်စ္အစြန္ေလး၌သာထိုင္ေနခဲ့၏။
“ေရာ့ …ေမာင္အုန္း ေရေတြစိုေနတာ ဒါေလးပတ္ထား…ကြပ္ပ်စ္အစပ္မွာထိုင္မေနနဲ႔ေလကြယ္…လာပါ ဒီဘက္မွာထိုင္”
“ေနေန…ဘြား…။က်ဳပ္အိမ္ေရာက္ရင္ေရခ်ိဳးၿပီးအဝတ္အစားလဲမွာ ။က်ဳပ္လာရင္းကိစၥသာ​ေျပာေတာ့မယ္”
“ေအးပါကြယ္…။ဒါဆိုလည္း ေျပာေျပာ”
ဘြားမယ္စိန္ေပးေသာ တဘက္ကိုေမာင္အုန္းက ျငင္းဆန္လိုက္သည္။
ထဘက္အားဘြားမယ္စိန္က နံေဘးတြင္ထိုင္ေနေသာသမီးျဖစ္သူေဒၚဝင္းဆီျပန္ေပးၿပီး
သည္ႏွင့္ ေမာင္အုန္းေျပာမည့္အေၾကာင္းအရာအား နားေထာင္ေနလိုက္ေတာ့သည္။
“သူႀကီးအိမ္မွာ ဧည့္သည္ေတြေရာက္ေနတယ္ဘြား…။အခုက်ဳပ္ကိုလႊတ္လိုက္တာကလည္း အဲ့ဧည့္သည္ေတြကိစၥပဲဗ်”
“ဘယ္ကဧည့္သည္လည္းေမာင္အုန္း”
“သူႀကီးနဲ႔ေဆြမကင္းမ်ိဳးမကင္းထဲကပဲဗ်…။ၿမိဳ႕ကလို႔ေတာ့ေျပာတယ္..ပိုက္ဆံေတာ့ရွိမယ့္ပုံပဲ”
“အမ္း…။အခုလာတာကဘာေၾကာင့္လဲ”
“အဲ့ဧည့္သည္ေတြရဲ႕သမီးကအရမ္းေခ်ာ
အရမ္းလွတယ္ဗ်…။ရယ္လိုက္ရင္ကို သြားတက္ေလးနဲ႔…ဟီး…
က်ဳပ္ျဖင့္ၾကည့္ေတာင္မဝဘူးဗ်ာ”
“ေဒါက္…”
“အမေလးဗ်…။အား…လား…လား…နာလိုက္တာဗ်ာ”
ဘြားမယ္စိန္ ေျပာင္စပ္စပ္မ်က္ႏွာေပးျဖစ္ေနေသာ ေမာင္အုန္း၏ေခါင္းအား ေရေႏြးၾကမ္းပန္းကန္လုံးျဖင့္အသာထု႔လိုက္ေလေတာ့ ေမာင္အုန္းခမ်ာ မ်က္ႏွာႀကီးရႈံ႕ကာမဲ့ကာျဖစ္သြားရေလသည္။
ဘြားမယ္စိန္ ႏွင့္ ေမာင္အုန္း၏အျဖစ္ကိုေဒၚဝင္းၾကည့္ရင္း တဟားဟားရယ္ေမာလို႔ေနေလ၏။
“ကဲ…လာရင္းကိစၥပဲေျပာ…။ဘယ့္နဲ႔မဟုတ္တာပတ္ေျပာေနရင္ ေမာင္ရင္အေအးမိၿပီး ေနာက္ရက္အေလာင္းျပင္ေနရေတာ့မယ္”
“အာ…ဘြားကလည္း….က်ဳပ္​ေျပာပါ့မယ္ဗ်။ ဒီလိုဘြားရဲ႕အဲ့ဧည့္သည္ေတြရဲ႕သမီးေလးက ေျပာရရင္အသက္ႏွစ္ဆယ္ေက်ာ္ေလး…။အယ္..အဲ့ကေလးမေလးက တစ္ခါတစ္ေလက်ရင္ အမူအရာေတြကေျပာင္းတယ္ဗ်…”
“ဘယ္လိုေျပာင္းတာလဲ….ေသခ်ာေျပာစမ္းဘြားကို”
“ဟုတ္ဘြား…။သူ႔မိဘေတြေျပာတာေတာ့…တစ္ခါတစ္ေလငိုေနတယ္…။တစ္ခါတစ္ေလက်ျပန္ေတာ့ရယ္ေနျပန္ေကာတဲ့…အယ္..ေနာက္တစ္ခါတစ္ေလက်ျပန္ေတာ့ ေဒါသေတြထြက္ေနျပန္ေရာတဲ့ ဗ်ာ…”
“အင္း…အခုေကာသူႀကီးအိမ္မွာ
ေကာင္းေကာင္းမြန္မြန္ပဲလား”
“မေကာင္းဘူးဘြားရဲ႕…။
အခုေသာင္းက်န္းေနလို႔ ဘြားကိုလာပင့္ရတာပဲ”
“ဟဲ့…ေၾသာ္ ငါထု႔ထည့္လိုက္ရ…။ဟိုမွာအလွ်င္တလိုျဖစ္ေနတာကို မေျပာဘဲ…။အေၾကာင္းရွာေနေသးတယ္ ေမာင္ရင္ရယ္”
“အဲ့လိုျဖစ္သြားတာလားက်ဳပ္လည္းေျပာမလို႔ပါဘြားရယ္။
အခုအဲ့ေကာင္မေလး ေအာ္ဟစ္ေသာင္းက်န္းေနလို႔
အခန္းပိတ္ထားၾကရတယ္ဗ်”
“ေအး…ေအး…ဒါဆို ဘြားလိုက္ခဲ့မယ္”
“အေမျဖစ္ပါ့မလား…မိုးေတြ႐ြာေနတာကိုေတာ္…
ေျမေတြကေခ်ာေခ်ာနဲ႔ ေခ်ာ္လဲရင္ခက္ကုန္မယ္”
“မပူနဲ႔ဗ်…က်ဳပ္ကအရင္လာေျပာတာ…
ေနာက္မွာေမာင္တိုးကလွည္းနဲ႔လာမွာ…။ဘြားလွည္းနဲ႔လိုက္ေတာ့သြားရတာအဆင္ေျပေအာင္ေပါ့”
“ေအးပါအဲ့သလိုဆိုရင္ေတာ့ ငါ့အေမ့ကို စိတ္ခ်ပါတယ္ဟယ္”
ေဒၚဝင္းကစိုးရိမ္တႀကီးေျပာေသာအခါ ေမာင္အုန္းက ေမာင္တိုးလာမည့္အေၾကာင္းေျပာျပေလသည္။
ခဏမွ်ၾကာေလေတာ့ ေပါင္းမိုးတပ္ထားေသာ
လွည္းအားေမာင္တိုးေမာင္းရင္း ေရာက္ရွိလာေတာ့သည္။
ဘြားမယ္စိန္သည္သူ၏ေတာင္ေဝွးအား
ယူ၍ ထိုလွည္းႏွင့္အတူ သူႀကီးအိမ္သို႔ထြက္ခြာလာခဲ့ေတာ့၏။
*******
“ဘုန္း…”
“ဝုန္း…”
“တံခါးဖြင့္စမ္း…ဟဲ့…ငါေျပာေနတယ္ေလ
တံခါးဖြင့္စမ္းလို႔…။အီးးးး….ဟီးးး…ဟီးးး…
က်ဳပ္ကိုတံခါးဖြင့္ေပးၾကပါေတာ္…ေၾသာ္…ငါေဆာင့္ကန္လိုက္ရဒီတံခါးကို….ဟားးးး…ဟားးး..
ဟားးးး…ဟားးး……….”
“အမေလး…သမီးရယ္…ဘယ္လိုေတြျဖစ္ရတာတုန္း….အီး..ဟီး..ဟီးးးဟီး…”
“မိန္းမရယ္…ငါတို႔သမီးအျဖစ္ကလည္းကြာ….ဟားး…။
ေနာင္ခ်ိဳရာ လုပ္ပါဦးကြာ…ငါတို႔ကိုကူညီပါဦး”
အိမ္အေပၚထပ္ရွိ
ပိတ္ထားေသာအခန္းတံခါး၏အျပင္ဘက္၌ တစ္ဦးကိုတစ္ဦးဝမ္းနည္းစြာေပြ႕ဖက္ငိုေႂကြးေနၾကေသာ အမ်ိဳးသမီးႀကီးႏွင့္အမ်ိဳးသားႀကီးတစ္ဦး။
ထိုႏွစ္ဦးေဘး၌ စိတ္မေကာင္းစြာရပ္ၾကည့္ေနေသာ သူႀကီးဦးေနာင္ခ်ိဳႏွင့္ ဦးဘစီတို႔ႏွစ္ဦး။
“ဘြားမယ္စိန္လာေတာ့မွာပါဗ်ာ….။ခဏေလးပဲသည္းခံၾကပါဦး”
“ဟုတ္ပါတယ္ဗ်ာ…
သူႀကီးေျပာသလိုပဲခဏေလးပဲေစာင့္ေပးၾကပါ”
သူႀကီး၏အိမ္၌ေတာ့အပူမီးမ်ားျဖင့္ရွိေနၾကသည္။
အခန္းအတြင္းမွာလည္းမိန္းမပ်ိဳ၏ေအာ္ဟစ္သံမ်ား၊ငိုေႂကြးသံမ်ားက အစီအရီထြက္ေပၚလို႔ေနခဲ့၏။
“ဟဲ့…ႏြား….ေၾသာ္…”
“ဆင္ဝင္ေအာက္ထိေမာင္းလိုက္ ေမာင္တိုး”
ႏြားေငါက္သံမ်ားေၾကာင့္ ဘြားမယ္စိန္တို႔လွည္း သူႀကီးအိမ္သို႔ေရာက္လာၿပီျဖစ္ေၾကာင္းအေပၚထပ္ရွိလူမ်ားသတိထားမိလို​က္ၾကသည္။
မိုးသည္ပင္တိတ္လု႔လု႔ျဖစ္၏။
“ဘြားတို႔လာၿပီသူႀကီး”
“ေအး…က်ဳပ္လည္းၾကားတယ္ဗ်….။ကိုႀကီးေမာင္ရင္နဲ႔အစ္မေအးသီတာတို႔ စိတ္ခ်ဗ်ာ…ဘြားမယ္စိန္လာၿပီဗ်”
သူႀကီးကဝမ္းသာအားရစကားဆိုေလသည္။
ဦးဘစီကေတာ့အိမ္ေအာက္ထပ္သို႔ဆင္း၍ ဘြားမယ္စိန္အား သြားႀကိဳရွာ၏။
“ဘြားေျဖးေျဖးတက္ပါ…ေခ်ာ္လဲဦးမယ္”
“ရပါတယ္ေမာင္ဘစီရယ္…ဘြားက အသက္အဲ့ေလာက္မႀကီးေသးပါဘူးကြဲ႕”
“ဟား…ဟုတ္ပါၿပီဘြားရယ္”
ဘြားမယ္စိန္သူ၏ေတာင္ေဝွးအား အားျပဳ၍အိမ္အေပၚထပ္သို႔တက္လာခဲ့၏။
အိမ္အေပၚထပ္သို႔ေရာက္ေတာ့ သူႀကီးဦးေနာင္ခ်ိဳနဲ႔သူစိမ္းႏွစ္ဦးကိုေတြ႕သြားေလသည္။
“ဘြား…ဒါက က်ဳပ္ရဲ႕ ရဲ႕ႏွစ္ဝမ္းကြဲအစ္ကို ကိုေမာင္ရင္တဲ့…ဒါသူဇနီး မေအးသီတာပါ…။
ေဟာ…အခု အခန္းထဲမွာရွိတဲ့သူကေတာ့ က်ဳပ္အစ္ကိုရဲ႕သမီးေလး သီတာခင္တဲ့ ဘြားရယ္…
က်ဳပ္တူမေလးကိုကူညီေပးပါဦးဗ်ာ”
သူႀကီးဦးေနာင္ခ်ိဳက မိတ္ဆက္ေပးေလသည္။
ထိုအခါဘြားမယ္စိန္က…
“ဒီက ေမာင္သာရင္တို႔သမီး
အခုလိုျဖစ္ေနတာၾကာၿပီလားကြဲ႕”
ဘြားမယ္စိန္၏အေမးအား ဦးသာရင္က…
“က်ဳပ္အထင္ေတာ့ တစ္ပတ္ေလာက္ရွိၿပီထင္တယ္ဗ်…။
က်ဳပ္တို႔လည္း သမီးအေျခအေနေၾကာင့္
ၿမိဳ႕မွာမထားရဲတာနဲ႔ဒီကိုလာရတာပဲဘြားရယ္…။ျဖစ္ႏိုင္ရင္က်ဳပ္သမီးေလးကိုကယ္ပါဦးဗ်ာ”
“ဟုတ္ပါတယ္ဘြားရယ္…က်ဳပ္ရွစ္ခိုးပါတယ္ေတာ္…
က်ဳပ္သမီးေလးကိုကယ္ေပးပါေနာ္”
“ကဲ…တူမႀကီး ထ….ထ…အဲ့ေလာက္ထိမျဖစ္ပါနဲ႔ကြယ္…။
ဘြား..ကေလးမကိုၾကည့္ေပးပါ့မယ္”
ေဒၚေအးသီတာသည္ ဘြားမယ္စိန္အား မ်က္ရည္ႀကီးငယ္ျဖင့္ထိုင္ကန္ေနရွာ၍ ဘြားမယ္စိန္ကတားဆီးလိုက္ေလသည္။
“တံခါးဖြင့္လိုက္…ဘြား အခန္းထဲဝင္မယ္…”
ဘြားမယ္စိန္တံခါးဖြင့္ခိုင္းခ်ိန္၌အနီးတြင္ ေမာင္တိုးႏွင့္ေမာင္အုန္းတို႔ေရာက္ရွိလာၾကသည္။
ေမာင္တိုးကပင္ ပိတ္ထားေသာ အခန္းတံခါးအားဖြင့္ေပးရွာ၏။
အခန္းတံခါးပြင့္ခ်ိန္၌ အခန္းအတြင္းမွာ​ေတာ့အေမွာင္အတိျဖစ္လို႔ေနသည္။
အခန္းအတြင္းရွိအသံသည္လည္း ထူးဆန္းစြာတိတ္ဆိတ္လို႔ေနခဲ့၏။
“ဘြား…ဒီမွာဆီမီးခြက္….”
“ရတယ္…ေပး…ေပး..က်ဳပ္အလင္းျပေပးမယ္”
ဦးဘစီေပးေသာ ဆီမီးခြက္အား ေမာင္တိုးက ကိုယ္တိုင္ကိုင္ေပးထား၏။
ဘြားမယ္စိန္ ဆီမီးခြက္အလင္းျဖင့္ အခန္းအတြင္းၾကည့္ေလရာ…
အခန္းေထာင့္တစ္ေနရာ၌ ေက်ာေပးကာထိုင္ေနေသာ ဆံပင္ဖ်ားလ်ားျဖင့္မိန္းမပ်ိဳတစ္ဦး…။
ထိုမိန္းမပ်ိဳသည္ ဝတ္ထားေသာထဘီကိုပင္ ေပါင္အထက္သို႔ပင့္တင္လို႔ထားၿပီး တင္ပုလႅင္ေခြအေနအထားျဖင့္ထိုင္ေနခဲ့၏။
“ကဲ …ဖေယာင္းတိုင္သုံးတိုင္ေလာက္ ဘြားကိုေပး”
“ဟုတ္ကဲ့ဘြား…”
“က်န္လူေတြ အခန္းအျပင္ကပဲၾကည့္ေပးၾက။ေမာင္တိုး တစ္ေယာက္ပဲအခန္းထဲေန”
“ဟုတ္ကဲ့ဘြား…”
ေမာင္တိုးယူလာေပးေသာဖေယာင္းတိုင္သုံးတိုင္အား ဘြားမယ္စိန္ၾကမ္းျပင္အထက္၌ စိုက္ကာထြန္းညႇိ႔ေလသည္။
ေမာင္တိုးသည္က ဘြားမယ္စိန္၏အေနာက္၌…။
ဘြားမယ္စိန္သည္ တင္ပုလႅင္ေခြကာထိုင္ရင္း
သူ၏ေတာင္ေဝွးအားဟန္ပါပါကိုင္လို႔ထား၏။
ေက်ာေပးထားေသာမိန္းမပ်ိဳသည္က ယခုထိမလႈပ္ရွားေသး။
“ကဲ…ကေလးမ… ။ဘြားဘက္ဆီကိုလွည့္…”
ဘြားမယ္စိန္ေျပာလိုက္ေလသည္။
သို႔ေသာ္ မတုန္မလႈပ္ထိုင္ေနသူကထိုင္ေနေသး၏။
ထိုအခါ ဘြားမယ္စိန္ ထိုမိန္းကေလး၏ေက်ာျပင္အား
စိုက္ၾကည့္ကာ…
“ဟဲ့….ေကာင္မ မိလွ…
ညည္းကိုငါေခၚေနတာအခုလွည့္လိုက္”
“ဝုန္း….”
“အမေလး….”
ဘြားမယ္စိန္၏အသံက်ယ္ႀကီး အဆုံး၌ ေက်ာေပးထားေသာမိန္းကေလးသည္ ခ်က္ခ်င္းဆြဲအလွည့္ခံရသကဲ့သို႔ လွည့္လာခဲ့ရ၏။
ေခ်ာေမာလွေသာ မိန္းကေလးသည္ အံကိုတင္းတင္းႀကိတ္ထားေလသည္။
ဘြားမယ္စိန္ထံသို႔
သူ၏ေခါင္းအား ခပ္ေစာင္းေစာင္းအေနအထားျဖင့္စိုက္ၾကည့္ေနခဲ့ျပန္သည္။
ထိုသို႔ၾကည့္ေနရင္း႐ုတ္တရက္ ထဘီကိုေပါင္အထက္သို႔ ဆြဲတင္လိုက္ၿပီး ေဆာင့္ေၾကာင့္ထိုင္အေနအထားျဖင့္…
“ဟီး..ဘွားက သမီးကိသိလို႔လား….ဟီးးးဟီးးးဟီးးးးး”
“ဟဲ့…ပလီပလာ လာလုပ္မေနနဲ႔ မိလွ…။ညည္းဘာေကာင္မလည္းငါသိတယ္…
ညည္းဒီကေလးမကိုဘာေၾကာင့္
အခုလိုလုပ္ထားသလဲသာငါ့ကိုေျပာ”
“ဟီး…က်ဳပ္သူ႔ကိုခ်စ္လို႔ပါေတာ္…”
ဆံပင္အားလက္ျဖင့္သက္ရင္းအေနအထားမပ်က္ပင္ မ်က္ႏွာခပ္ၿပဳံးၿပဳံးျဖင့္ ေျပာေလသည္။
“ခ်စ္လို႔…ဟုတ္စ။ ညည္းခ်စ္လို႔လုပ္တယ္ဆိုတာ
အခုၾကည့္စမ္း…ဒီကေလးမ ဘယ္ေလာက္အရွက္မဲ့ရသလဲ…။တစ္ခုပဲေျပာမယ္ေအ…ညည္းအတတ္ေတြညည္းျပန္ယူ….ဒီကေလးမကိုအေကာင္းတိုင္းျပန္ထားေပးခဲ့”
“အို…အဲ့ေလာက္လြယ္ပါ့မလားေတာ္….”
“ေအး…မလြယ္ဘူးထင္ရင္ ဒီမွာၾကည့္….”
“ဒုန္း”
“အမေလးေတာ့……”
ဘြားမယ္စိန္သူ၏ေတာင္ေဝွးအား
ၾကမ္းျပင္ေပၚသို႔ေဆာင့္ခ်လိုက္ေလသည္။
ထိုအခါ မိန္းကေလးသည္ အလန္႔တၾကားျဖင့္ ေနာက္သို႔လဲက်လို႔သြား၏။
“ဘယ္လိုျဖစ္ရတာလဲမိလွ…
ညည္းကိုငါဘာမွမလုပ္ရေသးပါဘူးေအ…
ဒီေလာက္ေၾကာက္တတ္ေနရင္ငါေျပာသလိုသာလုပ္စမ္းပါ”
“က်ဳပ္ကိုဘာမွအႏၲရာယ္ထပ္မေပးရင္ က်ဳပ္ျပန္ေကာင္းေအာင္လုပ္ေပးပါ့မယ္”
“အင္း….။ညည္းလုပ္ထားတာေတြကို….ေရာ့…ဒီခြက္ထဲမွာ အန္ပစ္လိုက္”
ဘြားမယ္စိန္ အခန္းတစ္ေနရာမွေတြ႕ေသာ ေကာ္ခြက္အား မိန္းကေလးေရွ႕သို႔ပစ္ေပးလိုက္သည္။
ေကာ္ခြက္အားၾကည့္ရင္း မိန္းကေလးသည္ လုပ္ေပးသင့္ မလုပ္ေပးသင့္ေဝခြဲေနေလရာ…
“ညည္းလြတ္လမ္းမရွိဘူးေနာ္…။ ဒီကေလးမကိုအႏၲရာယ္ေပးရင္ ညည္းခႏၶာကိုယ္အေကာင္းပဂတိ
အတိုင္းရွိေနမယ္မထင္နဲ႔ေအ့…
ကိုယ့္အတတ္ကိုယ္စူးၿပီးငရဲကိုသြားရလိမ့္မယ္။
ညည္းစမ္းခ်င္သပဆိုစမ္းၾကည့္လိုက္”
“က်ဳပ္..မစမ္းေတာ့ပါဘူးေတာ္…။ဘြား ရဲ႕ပညာေတြကို က်ဳပ္မၿပိဳင္ဝံ့ပါဘူး…….”
“ေအး…မၿပိဳင္ဝံ့ရင္လည္း…
ညည္းဒီကေလးမကို
ေနာက္ေနာင္မေႏွာက္ယွက္ေတာ့ေၾကာင္း
ဘြားကို ဂတိေပးစမ္း…”
“က်ဳပ္….က်ဳပ္…ဂတိ……..”
ဂတိေပးဖို႔ဝန္ေလးေနေလသည္။
ထိုအခါဘြားမယ္စိန္က…
“ေဟာသည္ဖေယာင္းတိုင္မွာေတာက္ေလာင္ေနတဲ့
မီးေတာက္ကို ညည္းကိုယ္မွာ
ေတာက္ေလာင္သြားခ်င္လား မိလွ…။
ညည္းနာမည္ငါသိေနတာဆိုတာကိုက ညည္းငါ့ကိုမယွဥ္ႏိုင္ဖူးဆိုတာညည္းသိမွာေပါ့…
အဲ့ေတာ့ေတာင္းတဲ့ဂတိသာညည္းေပးစမ္းပါေအ….”
“က်ဳပ္…က်ဳပ္ ဂတိေပးပါတယ္ဘြားရယ္…
က်ဳပ္ကိုသာ ဘာမွမလုပ္ပါနဲ႔ေနာ္။
“စိတ္ခ်..ညည္းကိုငါေရာ…ဒီကေလးမ မိဘေတြေကာ
အႏၲရာယ္မေပးေစရဘူးစိတ္ခ်….”
ဘြားမယ္စိန္ကထိုသို႔ေျပာလိုက္ေလမွ…
“ေအာ့….ေဝါ့….ေဝါ့…..”
ေကာ္ခြက္ထဲသို႔ အန္ခ်ေပးလိုက္ေလသည္။
အန္ခ်သည္မ်ားက အရည္အက်ိအခြၽဲမ်ားပင္ျဖစ္၏။
အန္ခ်လို႔ၿပီးသည္ႏွင့္ခ်က္ခ်င္းပင္ မိန္းကေလးသည္ ၾကမ္းျပင္ေပၚသို႔လဲက်လို႔သြားရွာသည္။
“သမီးေလး…သမီးေလး…”
“ကေလးမကိုထူလိုက္ၾကဦး….။ကဲ…ေမာင္တိုး ဒီခြက္နဲ႔ဒီဟာေတြကို လူသူရွင္းတဲ့ေနရာမွာသြားပစ္လိုက္ေတာ့”
“ဟုတ္ကဲ့ဘြား…”
ဦးသာရင္ႏွင့္ေဒၚေအးသီတာတို႔သည္ သမီးျဖစ္သူအားေထြးေပြ႕လို႔ထားၾက၏။
ေမာင္တိုးအားေစခိုင္းအၿပီးမွာေတာ့ ဘြားမယ္စိန္က…
“ေရတစ္ခြက္ယူေပးၾက”
ဦးဘစီကိုယ္တိုင္ေသာက္ေရတစ္ခြက္သြားခပ္လို႔ေပး၏။
ဘြားမယ္စိန္လက္အတြင္း ေရခြက္ေရာက္လာခ်ိန္မွာေတာ့…
“ကဲ…ဘုရားေဆး…တရားေဆး…သံဃာေဆး….”
ဟု…ဆိုကာ မိန္းကေလး၏ကိုယ္အထက္သို႔ အနည္းငယ္ပတ္ျဖန္းေပးေလသည္။
ထိုသို႔ပတ္ျဖန္းေလမွ မိန္းကေလးသည္ ျပန္လည္ႏိုးထလို႔လာရွာသည္။
သမီးျဖစ္သူျပန္လည္ေကာင္းမြန္လာ၍ ဦးသာရင္တို႔လင္မယား သမီးျဖစ္သူအား ဝမ္းသာအားရေပြ႕ဖက္ၾကရွာသည္။
ေနာက္ဆုံး…အျဖစ္ပ်က္မ်ားအားမသိရွာေသာသမီးျဖစ္သူကိုအေၾကာင္စုံေျပာျပ၍ ဘြားမယ္စိန္အား သားမိသားဖသုံးဦးထိုင္ကန္ေတာ့ၾကေလသည္။
ထိုအခါ…ဘြားမယ္စိန္ေျပာသည္က…
“ေအာက္လမ္းက ခ်စ္လို႔လုပ္တာဆိုပဲကြယ္…
ေမာင္သာရင္မင္းဘြားေျပာလိုက္တဲ့အမည္ကို
သိေသာ္ရွိ၊မသိေသာ္ရွိ ဒီကိစၥကိုဒီေနရာမွာပဲထားလိုက္ၾကဖို႔ဘြားမွာလိုက္မယ္…။ကေလးမေလးလည္းဘုရားတရားကိုေသခ်ာလုပ္…ဘုရားတရားၿမဲေနရင္ဘယ္အတတ္မွမလုပ္ႏိုင္ၾက…
မလုပ္ရဲၾကဘူး…အခုျပဳစားသူလည္း
ေနာက္မလုပ္ေတာ့ဘူးလို႔ဘြားကို
ဂတိေပးသြားပါတယ္ကြယ္”
“စိတ္ခ်ပါဘြား…။က်ဳပ္သမီးေလးအေကာင္းတိုင္း
ျပန္ျဖစ္တာပဲက်ဳပ္ေက်နပ္ပါတယ္။ဘြားေျပာတာကို က်ဳပ္လိုက္နာပါ့မယ္”
“ေအးကြယ္….ဒါဆိုရင္ျဖင့္ ဘြားစိတ္ခ်ပါၿပီ”
ဦးသာရင္ေျပာေသာ စကားအား ဘြားမယ္စိန္ေက်နပ္သြားေတာ့သည္။
ၿပီးပါၿပီ။
ယဥ္မင္း(ကန္႔ဘလူ)