” ဝေခွဲမရမိုးတစ်ည ”(စ/ဆုံး)

Unicode Version

” ဝေခွဲမရမိုးတစ်ည ”(စ/ဆုံး)
————————————-
မိုးကား တဖွဲဖွဲရွာနေ၏။ သို့သော်
တစ်ခါတစ်ရံ တိတ်သွားလေ၏။ ထိုသို့ တိတ်တစ်ခါ၊ ရွာတစ်လှည့် မိုးကို ကျွန်
တော်တို့ ဖားရိုက်သမားများ မကြိုက်၊
ခပ်ဖွဲဖွဲ ဆက်တိုက်ရှာနေလျှင်မူကား ပိုး
ရေခံမည့်ဖားများထွက်လာတတ်သော
ကြောင့် ဖားအရများတတ်သကဲ့သို့ မပို့
မပို့ ရွာသောမိုးကြောင့် ဖားများ သိပ်
မထွက်တတ်ကြသောကြောင့် ဖားသိပ်
မရိုက်ရ။ ဖားအရနည်းတတ်ကြသဖြင့်
ဖားရိုက်သမားအများစုကမကြိုက်တတ်
ကြ။ ခုလည်း ဆက်တိုက်မဟုတ်သော မိုးကြောင့် ကျွန်တော်တို့ ဗားအရ နည်း

နေသဖြင့် အုတ်ကျင်းဘူတာနှင့် ပနီ မဝေးလယ်ကွင်း(ထိုလယ်ကွက်များ
သည် လှိုင်ဘီစကွတ်စက်ရုံဘေးတွင်
တည်ရှိပါသည်။ ယခုမူကား ထိုလယ်
ကွင်းများရှိ၊ မရှိ မသိတော့ပါ။) များတွင်
ဖားရိုက်နေရာမှ ဂုန်နီစက်ရုံရှေ့လယ်
ကွင်းများဆီသို့ နေရာပြောင်းရန် ကျွန်
တော်က အကြံပေးလိုက်မိသည်။
“ဦးမောင်ကြိုင် – ကျွန်တော်တို့ ဂုန်နီစက်ရုံရှေ့လယ်ကွင်းတွေမှာ ဖား သွားရိုက်ရင် ပိုကောင်းမယ်ထင်တယ် ဗျ။ ဒီမှာက လယ်ကွင်းကလည်း ငယ် တယ်။ဖားရိုက်ထွက်တဲ့သူတွေကလည်း

ဒီညကျမှ ပိုများလာသလိုပဲ။ ပြီးတော့ မိုးကလည်း ဟုတ်ဟုတ်ငြားငြား မရွာ
တော့ ပိုဆိုးတာပေါ့။ ဒီတော့လယ်ကွက်
ဧရိယာ ပိုကျယ်တဲ့ ဂုန်နီစက်ရုံကွင်းမှာ
ဖားသွားရိုက်တာက ကျွန်တော်တို့
အတွက် ပိုအဆင်ပြေမှာပေါ့ မဟုတ်
လာ၊
ဦးမောင်ကြိုင်ကလည်းကျွန်တော့်
စကားကိုမငြင်း၊ သူကလည်းကျွန်တော့် အား ရပ်ကွက်ထဲတွင် ဖားရိုက်ငါးရှာ နာမည်ကြီးသော ဦးတင်မောင်က ဖား ရိုက် ငါးရှာထွက်တိုင်း ခေါ်သွားလေ့ရှိ
သဖြင့် ဦးတင်မောင်၏ တပည့်ဆိုပြီး
အထင်ကြီးနေသောကြောင့် ကျွန်တော် ပြောသမျှ လက်ခံခြင်းဖြစ်သည်။ ထို အချက်ကပင် ကျွန်တော်တို့နှစ်ဦးလုံး
ဒုက္ခရောက်မည့်ဆေးကို ကိုယ်တိုင် ဖော်စပ်နေကြောင်းလုံးဝမသိလိုက်ကြ ခြင်း ဖြစ်ပေတော့သည်။
နှစ်ဦးသားသဘောတူညီချက်ရပြီ၊ သည့်အခါ ဂုန်နီစက်ရုံရှေ့ရှိ လယ်ကွင်း များဘက်ဆီသို့ ပြန်လှည့်ခဲ့ပတော့
သည်။(ထိုလယ်ကွင်းများသည် ယခု
အခါ စစ်ကြောရေးနှင့် တည်းခိုရေးတပ် စခန်း ဖြစ်သွားပေပြီ။)

လယ်ကွက်များဆီသို့ ရောက် သည့်အခါဖားရိုက်သူများကို သိပ်မတွေ့ ရ၊ ထို့ကြောင့် ကျွန်တော် အားတက်သွားသည်။ ယခုကဲ့သို့ ဖားရိုက်သူနည်း
လျှင် ဖားအရ များနိုင်သည်၊ထို့ကြောင့်
ကျွန်တော်က ဦးမောင်ကြိုင်အား ကိုယ့်
အသက်မှ ကိုယ် အားမနာ ဆရာလုပ်
လိုက်လေသည်။ အတွေ့အကြုံနည်း
သော ဦးမောင်ကြိုင်ကလည်း ကျွန် တော့်စကားကိုလက်ခံလိုက်ပြီး ဖားစ၍ ရိုက်ကြလေသည်။
သို့သော် ဒီညကျခါမှ သည်လယ် ကွင်းတွင်လည်းဖားသိပ်မရိုက်ရ။ဖားက
သိပ်မထွက်၊ ထိုအခြေအနေကို ကျွန်
တော်သိပ်သဘောမကျလှ။ထို့ကြောင့်
ဦးမောင်ကြိုင်အားမသိမသာ ဆရာလုပ်
၍အားပေးလိုက်သည်။
“ဒီညက မိုးကလည်း သိပ်မရွာ၊
တစ်ခါတစ်ခါလည်းလက ထွက်လိုက် သေးဆိုတော့ ဖားအထွက်ကျဲတာပေါ့
ဗျာ။ကိစ္စတော့ မရှိဘူးလေ။ ဖားရိုက်
ထွက်တဲ့သူ နည်းတော့ ထွက်သမျှဖား
ကိုကျွန်တော်တို့မျက်စိလျင်လျင်လက်
သွက်သွက်ရိုက်သွားရင် တစ်ယောက်
တစ်အိုးချက်တော့ပြေးမလွတ်လောက်
ပါဘူးဗျာ”

ဘာမျှမသိသော ဦးမောင်ကြိုင် ကလည်း ကျွန်တော့်အဆိုပြုချက်ကို
ထောက်ခံသည်။
“အေးပါ ကောင်လေးရာ။ငါလည်း မျက်စီလျင်လျင် ထားပါ့မယ်ကွာ”
ဗားရိုက်ချိန်သာ တစ်နာရီခန့် ကုန်
သွားသည်။ကျွန်တော်တို့ကားဗားလေး ငါးကောင်ထက် ပိုမရ၊ ကျွန်တော်
အနည်းငယ် စိတ်ဓာတ်ကျစ ပြုလာ
သည်။ ထိုအချိန်၌ပင် မိုးက တဖွဲဖွဲရွာချ
သည်။ ထိုမိုးရွာချိန်၌ပင် ကျွန်တော့်
ဆရာဦးတင်မောင်အခေါ်ဖြင့် စားဗား
ကြီး(အချို့အရပ်များတွင် ဖားပေါင်ဝင်း) အော်သံတစ်သံကို ကြားလိုက်ရပေ သည်။ (ထိုဖား၏အော်သံမှာ ဘုတ်ငှက်
အော်သံနှင့် ခပ်ဆင်ဆင်တူပါသည်။) “အုံ -အင် – အုံ ၊- အင် – အုံ –

ကျွန်တော် လယ်ကန်သင်းတွင် မတ်တတ်ရပ်ရင်း နားထောင်နေလိုက် သည်။ သေချာသည်။ ဖားကြီးတစ် ကောင်၏ အော်သံဖြစ်သည်။ ဦးမောင် ကြိုင်ကလည်း ကျွန်တော် လယ်ကန် သင်းပေါ်တွင် မတ်တတ်ရပ်၍ နားစွင့်နေ

သောကြောင့် သူလည်း ရှေ့ဘက် ဆက် မသွားတော့ဘဲမတ်တတ်ရပ်နေရင်းက
တိုးတိုးလေး ပေးသည်။ “ဘာဖြစ်လို့လဲ ကောင်လေးရ” “ဖားကြီး အော်သံရ “ဖားကြီးအော်တော့ ဘာဖြစ်လဲ
“ဦးမောင်ကြိုင် – သေသေချာချာ မှတ်ထားဗျ။ ဒီအသံဟာ ဖားကြီးတစ်
ကောင်ရဲ့ အော်သံပဲ၊ အဲဒီဖားကြီးတွေ
ဟာ မိုးရေခံရင်းဇိမ်တက်ပြီ၊ အော်နေ
တာဗျ။ အဲ – သူ့အနားကို မိးရောင်မပြ၊
ခြေသံလုံလုံနဲ့သွားပြီး အနားရောက်မှ
မီးခွက်ထွန်း၊ ဒါဆိုရင် သူ ရေထဲကို ခုန်
ဆင်းပြီး ရေအောက်ကို ငုပ်သွားလိမ့်
မယ်ဗျ။ သူ ရေငုပ်သွားတဲ့နေရာမှာ
သေသေချာချာလိုက်စမ်းကြည့်၊ သူ့ကို
မိပြီဗျ။ ရေထဲ ခုန်ဆင်းတဲ့ဖားများဟာ
ဘယ်နေရာမှ မရွေ့ဘူးဗျ၊ ခုန်ဆင်းတဲ့
နေရာမှာပဲ ဝပ်နေတတ်တယ်ဗျ၊ အဲဒီ
ဖားကိုမိရင် အခင်းတပ်ထားတဲ့ ပလိုင်း
ထဲထည့်၊ မိုးရေထဲမှာ ပစ်ထားလိုက်၊ မိုး
မလင်းခင် ပလိုင်းကိုလာကောက်လိုက်၊
ပလိုင်းထဲ ထည့်ထားတဲ့ဖားဟာ ဖားမဖြစ်နေမယ်ဆိုရင် ဖလိုင်းထဲမှာ နောက် ထပ်ဖားဆယ်ကောင်လောက်ကအသာ
လေးဝင်ခိုနေမှာအသေအချာပဲဗျ”
ကျွန်တော့် စကားဆုံးသောအခါ
ဦးမောင်ကြိုင်က အားတက်သွားပြီးသူ
သိချင်သည်ကို မေးမြန်းလေတော့သည်။
“ဒါဆိုအဆင်ပြေတာပေါ့ကွာ၊ ဖား
တစ်ကောင်ဖမ်းမိပြီးအခင်တပ်ပလိုင်၊
ထဲထည့်ပြီးမိုးရေထဲပစ်ထားရုံနဲ့ မိုးလင်း
ရင် ဖားဆယ်ကောင်လောက် ရမယ် ဆိုတော့ ဖားထိးကို ထည့် ထာ၊မိရင်ကောကွာ”
“ဖားဘီးကို ထည့်ထားမိရင်တော့ ထည့်ထားတဲ့တစ်ကောင်အတိုင်းပဲ ရှိမှာ
ပေါ့ဗျာ။ ကျွန်တော်တို့ လူတွေတောင်
ပြောလေ့ ရှိကြတယ် မဟုတ်လား။
ယောက်ျားကြိုက်တော့ စိုက်စိုက်လာ
ဆိုတဲ့စကားလေ၊ ဘယ်နေရာဖြစ်ဖြစ်
အမရှိရာအထိ၊လာလေ့ရှိတာ သဘာဝပဲလေ”
“တို့ – ခုဖမ်းမယ့်ဖား မိပြီပဲထာ၊ တော့၊ အဲဒီကောင်ကိုအထီးလားအမ
လားမင်းခွဲတတ်လားကွ”

“အား- အဲဒီဖာ၊အထိအမခွဲတဲ့ ပညာကို ဦးတင်မောင်ကကျွန်တော့်ကို
သင်မပေးရသေးဘူးဗျ
“ဟာ-ဒါဆို ဘယ်လိုလုပ်မလဲကွ။
ပလိုင်းထဲထည့်မယ့်ဖားက ဖားထီးဆို
ရင် ဘယ်လိုလုပ် အဆင်ပြေတော့မှာ
တဲ့လဲ”
“အဆင်ပြေပါကယ်ဗျာ။ ပလိုင်း အခင်သာခိုင်ခိုင်ချည်ထား။ တိုးမလာ သော်ငြားလည်းဒီကောင်ကတော့ဘယ်လိုမှထွက်ပြေးနိုင်မှာမဟုတ်တော့ဘူး

“အေး- မင်းပြောတာလည်းဟုတ်
သလိုလိုပဲကွ။ ဒါနဲ့ဖားကိုမင်းဖမ်းမလား၊
ငါဖမ်းရမှာလား”
“ဦးမောင်ကြိုင်ပဲဖမ်းလိုက်လေဗျာ။ ဒါဆိုဦးမောင်ကြိုင်လည်းအတွေ့အကြုံ
တစ်ခု ရသွားတာပေါ့ မဟုတ်လား။
နောက်ပြီးကျွန်တော်ပြောတဲ့ဖားဖမ်းတဲ့ အစီအစဉ်ကိုလည်း မှတ်မီတယ်မို့လား”
“အေး- မှတ်မိပါတယ်ကွ၊ ဒါဆို ငါလည်းဗားဖမ်းတဲ့လက်တွေ့လေ့ကျင့် ခန်းလုပ်ပြီးသား ဖြစ်သွားတာပေါ့ကွာ။

မင်းဆရာနဲ့ဆို ကိုယ်တိုင်ဗမ်းရဖို့ မသေ
ချာဘူ၊က္ခ။ခုလိုအခြေအနေဆိုပိုဆိုးမှာ
က္ခ၊ ဖားမရမှာ စိုးလို့ သူကိုယ်တိုင်ပဲ ဖမ်း
မှာသေချာတယ်။ နောက် မင်းကတော့ ငါ့နောက်ကလိုက်ခဲ့မှာလား” “မဟုတ်ဘူးလေဗျာ- ကျွန်တော်
က ဒီလယ်ကန်သင်းပေါ်ကပဲ ထိုင် စောင့်နေမယ်။ ဦးမောင်ကြိုင်က တစ်
ယောက်တည်း မသွားရဲလို့လား။ ကျွန်
တော်ထိုင်နေတဲ့ ဒီကန်သင်းနေရာ
လောက်ကို စိတ်မှန်းနဲ့ မှတ်ထား၊ ပြီး
တော့- မှန်းပြီးပြန်လာခဲ့မီးရောင်တွေ့ရင်
ကျွန်တော်အသံပြုမယ်၊ ဒါပေမဲ့-တစ်
ယောက်နဲ့တစ်ယောက် ခုချိန်ကစပြီ၊
နာမည်တပ်မခေါ်နဲ့တော့နော်”
“ငါက သွားရဲပါတယ်ကွ။ မင်းက ဒီ
လယ်ကန်သင်းပေါ်မှာ တစ်ယောက်ထဲ နေရဲပါ့မလားလို့ ငါက စိုးရိမ်လို့ပါကွာ” “အာ-ဒါတော့စိတ်ချ။ဒီလယ်ကွင်းတွေဟာ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး
ကျွန်တော်တို့ခြေရာချင်းထပ်နေအောင်
သွားလာခဲ့တဲ့နေရာတွေပါ။နောက်ပြီး
ကျွန်တော်က ကျွန်တော့်အဖေနဲ့ ကျွန်
တော့်ထက်ကြီးတဲ့ သူတွေကိုသာ
ကြောက်တာဗျ၊ ကျန်တာတော့ စာ
တောင်မဖွဲ့ဘူး”

“ဒါဆို-ငါသွားမယ်ကွာ”
ပြောပြောဆိုဆိုနှင့် ဦးမောင်ကြိုင် ကဖားအုပ်ဆောင်း (ဖားလိုက်သည့်မီး)
ကို မီးငြှိမ်းလိုက်ပြီး ကျွန်တော့်အနားမှ
ထွက်သွားလေတော့သည်။ စင်စစ်
ကျွန်တော်ကိုယ်တိုင်ပင် ဖားကြီးတစ်
ကောင်တလေကိုမျှမဖမ်းခဲ့ဖူးပါ၊ ဦးတင်
မောင်ပြောသံကိုသာကြားခဲ့ဖူးခြင်းဖြစ်
သောကြောင့် ဖာဖမ်းသည့် နည်းစနစ်
သာသိပြီးလက်တွေ့ဖားဖမ်းခြင်းကိုမသိ
သူပီပီဦးမောင်ကြိုင်အားခပ်တည်တည်
နှင့် စကားကြီးစကားကျယ်ပြောပြီး
ဖားဖမ်းစေခဲ့ခြင်းဖြစ်ပါသည်။ သို့သော်-
ခုနဦးမောင်ကြိုင်ကို ပြောလိုက်သလို
ကျွန်တော်ကား ဘာကိုမျှ မကြောက်
တတ်ပါ၊ ဘာကိုမျှလည်းအယုံအကြည်
မရှိပါ။ ထို့ကြောင့် ကလေးသာသာ
အရွယ် (လူပျိုမဖြစ်တဖြစ်အရွယ်)ပင်
ဖြစ်သော်လည်း နေရာမရွေး သွားလာ ရဲပေသည်။
လယ်ကွင်းများ၏ မြောက်ဘက် တွင်ရှိသော ဂုန်နီစက်ရုံကာ၊ ဂိုဒေါင်များ နှင့် ယန္တရားစက်ဝင်းအတွင်းမှ ထိုးကျ လာသော မီးအလင်းရောင်ဖြင့် ရေနံဆီ

မီးခွက်ကို မီးမှုတ်၍ ဖားအော်သံထွက် ပေါ်လာရာ အမှောင်ထုအတွင်း လမ်း
လျှောက်သွားသော ဦးမောင်ကြိုင်၏
ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်
သွားလေဘော့သည်။ကျွန်တော်လည်း
လယ်ကန်သင်းတစ်ခုပေါ်တွင် တောင်
ဘက်သို့ မျက်နှာမူ၍ ထိုင်နေရင်း
ဦးမောင်ကြိုင် ထွက်သွားရာဘက်သို့
ငေးမောနေမိသော်လည်း ဆယ်မိနစ်
ခန့်ကြာသည်အထိပေါ်မလာလေသော
ကြောင့် အမှောင်ထဲတွင် ငေးမိဝေးရာ
ငေးမောနေသကဲ့သို့ အိပ်မပျော်သွား
အောင် သတိနှင့် ထိန်းထားရလေသည်။
ဦးမောင်ကြိုင် ထွက်သွားပြီး မိနစ်
နှစ်ဆယ်ခန့်အရတွင်ကျွန်တော့်နောက်
ဘက်လယ်ကွက်များဆီမှတစ်စုံတစ်ဦး
ရေတင်နေသည် လယ်ကွက်ကို ဖြတ်
ပြသွားသံကို ကြားလိုက်ရသော
ကြောင့် နောက်ဘက်သို့ ခေါင်းလည်၍
ကြည့်မိသည်။ သို့သော် အလင်းရောင် သဲ့သဲ့ လင်းလက်ဖနေသော လယ်ကွက် ထဲတွင် မည်သူမျှဖြတ်ပြေးသွားသည် ကို မတွေ့ရ။ ထို့ကြောင့် ရှေ့ဘက် ပြန် လှည်လိုက်သည်။ ခဏအကြာတွင် လယ်ကွက်ထဲတွင် ဖြတ်ပြေးသွားသံကို
ကြားလိုက်ရပြန်သောကြောင့် နောက်
ဘက်ကိုပြန်လှည့်ကြည့်မိပြန်သည်။
သို့သော် ရှေးနည်းအတိုင်းပင် ဘာတစ်
ခုမျှ ထူးခြားမှုကို မမြင်ရ၊ ထို့ကြောင့် ကျွန်တော့် စိတ်ထဲတွင် ထင်ယောင် ထင်မှား ဖြစ်ခြင်းသာဟု စိတ်ထဲတွင်
မှတ်ထင်လိုက်မိသည်။
ထိုသို့ အမှောင်ထုထဲ ကျွန်တော့် မျက်နှာမူရာ ရှေ့ဘက်သို့ ငေးစိုက်နေ
ချိန်တွင် ကျွန်တော့်ရှေ့ ဝယ်ပေခန့်
အကွာ လယ်ကွက်ထဲမှ ကျွဲလိုလို၊ နွား
လိုလိုအကောင်နှစ်ဆယ်ခန့် ဖြတ်ပြေ၊
သည်ကို မြင်လိုရပြန်သည်။ သို့သော်
ရေပြည့်နေသည့် လယ်ကွက်ထဲမှ မည်
သည့်အသံမျှထွက်ပေါ်မလာချေ။ ရုတ်
တရက် ကျွန်တော် အံ့အားသင့်သွား
သော်လည်း ထူးထူးခြားခြား ကြောက်
လန့်သော စိတ်မဖြစ်မိရေ။ အိပ်ငိုက်
စိတ်ကြောင့်အမြင်အာရုံမှားယွင်းမှုသာ
ဖြစ်သည်ဟု ထင်မိသောကြောင့် စိတ်
ထဲတွင်ထူးထူးခြားခြား မည်သို့မျှ မခံ
စားရ၊ ဆက်လက်၍ ကြည့်နေခိုက် နောက်ထပ်နှစ်ကြိမ် ထိုကဲ့သို့ ပြေးလွှား သွားသည်ကိုထပ်မံတွေ့ရပြန်သည်။ သို့သော် ရေပြင်လှုပ်ရှားမူနှင့် ရေ
ကို ဖြတ်ပြေ၊သံကား ထွက်မလာချေ။

ကြောက်ရွံ့စိတ် မဖြစ်သော်လည်း
နောက်ထပ် မည်သို့များ မြင်ရလေမည်
လဲဟူသောစူးစမ်းချင်သည့်စိတ်ကြောင့်
အိပ်ငိုက်ပြေသွားသည်။ ဆက်လက်၍
အမှောင်ထဲကို စူ၊စမ်းငေးစိုက်ကြည့်မိ
သော်လည်း မည်သည့်ထူးခြားချက်မျှ
ပေါ်မလာသောကြောင့် စိတ်ထဲတွင်
အနည်းငယ် ပျင်းရိလာသလိုလိုပင် ဖြစ်
မိချေတော့သည်၊
ထိုအခိုက် ကျွန်တော့်ရှေ့ဘက် ခပ်
လှမ်းလှမ်းမှု မီးအုပ်ဆောင်းနှင့် လူတစ် ယောက် ဒရောသောပါး လမ်းလျှောက် လာသည်ကို တွေ့လေသောကြောင့် ကျွန်တော်အသံပြုလိုက်သည်၊ “ဟေး”
ကျွန်တော့်အသံကြောင့် မီးအုပ် ဆောင်းနှင့်လူမှာ ခဏတော့အုံ့ဆိုင်း ဆိုင်။ ဖြစ်သွားသည်။ ထို့နောက် အသံ ပြန်ပေးသည်။ သို့သော် သူ့အသံမှာ အက်ကွဲကွဲ ရှတတ။
ထိုအသံမှာဦးမောင်ကြိုင်၏အသံ
မဟုတ်မှန်းသိလိုက်သောကြောင့်ကျွန်
တော်ဆက်၍အသံမပြုတော့၊ သို့သော်
ထိုမီးအုပ်ဆောင်းပိုင်ရှင်သည် ကျွန်
တော် ရှိ ရာဘက်ဆီသို့ ဦးတည်၍

လျှောက်လေသောကြောင့်
အစောပိုင်၊ကဘေးနားတွင် ချထားမိသည့် ဖားရိုက်
တုတ်ကို စမ်း၍ ကောက်လိုက်ပြီး ကျင်
ငယ် (သေး)ဖြင့် ပန်းလိုက်သည်။ ပြီး
နောက်မတ်တတ်ထရပ်လိုက်ပြီးအခြေ
အနေမဟန်က ကိုယ့် ဘက်က စတင်
တိုက်ခိုက်ရန် ပြင်ဆင်ထားလိုက်လေ
တော့သည်။
ထိုသူလည်းကျွန်တော့်ဘက်သို့
စိုက်စိုက်ဖြင့်လမ်းလျှောက်လာသည်ကို
တွေ့လိုက်ရလေသည်၊ကျွန်တော်သတိ
ထားနေလိုက်သည်။ အကယ်၍ တုတ်
တစ်လှမ်းစာခန့် ရောက်လာလျှင် လက်
ထဲမှတုတ်ဖြင့်လက်ဦးအောင်ရိုက်လိုက်
မည်ဟုလည်း စဉ်းစားထားလိုက်မိ
သည်။ တရွေ့ရွေ့ဖြင့် ထိုသူလည်း ကျွန်
တော်နှင့် မလှမ်းမကမ်းသို့ ရောက်လာ
သည်။ထိုအခိုက်တောင်ဘက် ခပ်လှမ်း
လှမ်းတစ်နေရာမှ အသံတစ်သံ ထွက် ပေါ်လာတော့သည်။ “ဟေး”

ဒီကောင်လေးက အကောင်သာ ငယ်သည် စကားပြောရာတွင် ကြီးကြီး ကျယ်ကျယ် ပြောတတ်သလို ဟိုစပ်စပ်ဒီစပ်စပ် လုပ်တတ်ကိုင်တတ်သည်။
တချို့ကိစ္စတွေကို သူကပင် လူကြီးတွေ
ထက်တတ်နေချေသေးသည်။ပြီးတော့
သူကရွယ်တူကောင်လေးများထက်ပို၍
သတ္တိကောင်းသည်ဆိုရမည်။ ဒီအရွယ်
ကောင်လေးတွေဟာများသောအားဖြင့်
ဟိုဟာကြောက်၊ ဒီဟာကြောက် ဖြစ်
တတ်ကြသော်လည်၊ သူကတော့ သုံ။
ရာသီလုံ၊ နေရာမရွေ၊ အချိန်အခါမရွေ၊
သွားလာတတ်သောကြောင့် ခုလို ဖား
လိုက်ရာတွင် တစ်ယောက်တည်း ထာ
ခဲ့ရသော်လည်း သူ့အတွက် သိပ်စိတ်ပူ
စရာမရှိ၊ဦးမောင်ကြိုင် တစ်ယောက်တည်း
တွေးတောရင်းဖြင့် ဖားအသံ ကြားရာ
ဘက်ဆီသို့ ဦးတည်၍ လာနေသည်။
သို့သော် ကောင်လေးပြောသလိုပင်
မိုးသိပ်မရွာလို့လားတော့ မသိ။ တခြား
ဖားများ၏ အော်သံကိုကား မကြားရ။
ဤတစ်ကောင်တည်းသော ဖား၏အော်
သံကား အသံခပ်ကျယ်ကျယ်နှင့် ပေါ်
လိုက် ပျောက်လိုက်ဖြစ်နေသည်။ ထို့
အတူ အသံလာရာသည်လည်း ဟိုနား လိုလို၊ ဒီနားလိုလိုနှင့်။ ခုပဲ သူ့ရှေ့ဘက် နားကအသံကြားသော်လည်းသေသေ ချာချာ နားစိုက်ထောင်လိုက်သောအခါ

အသံကဘေးနာ၊ဘက်ရောက်နေသလို
ကြားနေရပြန်သည်။ ထိုအသံနောက်
လိုက်ပြီ။ အနာ၊မရောက်တရောက်မှာ
ရပ်၍ အသံကို နားထောင်မိလိုက်သည့်
အခါအသံထွက်ပေါ်ရာက နေရာလွဲနပြန်သည်။
ဘာပဲဖြစ်ဖြစ်၊ ဒီဖာ၊ကို တော့
ရအောင်ဖမ်းရမည်။ ဒီဖားကိုမှ မရလျှင်
သူ့သားအရွယ်တူအရွယ်ကောင်လေး၏
ပြက်ရယ်လှောင်ပြောင်ခြင်းကို ခံရပေ
လိမ့်မည်။ထိုကဲ့သို့လည်းအလှောင်ခံ
နိုင်ပါ။ထို့ကြောင့်ဖားအော်သံကို နားစွင့်
ရင်၊ ဖားနောက်လိုက်မိသည်မှာအချိန်
ပင် အတော်ကြာသွားပြီ ဖြစ်သည်။
သို့သော်အမှောင်ထဲတွင် စမ်းတဝါးဝါး
လိုက်နေရင်း အချိန်ကုန်မှန်းမသိ ကုန်
သွားသည်ကိုကား သူ သတိမထားမိ
လိုက်၊ ထိုအခိုက် ခပ်ပါးပါး မိုးရိပ်တို့က
လေအသုတ်တွင် ရုတ်ခနဲ ရှင်းသွား သည်။ လဆန်းရက် လရောင်က လယ် ကွင်းထဲ ထိုးဖြာကျလာသည်။ သစ်ပင်ရိပ်များကိုတွေ့လိုက်ရသည်။နောက်ပြီး ခရာဆူးချုံများ၊ လယ်ကွင်၊ထဲတွင် သစ်ပင်များ မရှိကြောင်း သတိရမိသောကြောင့်သူသေသေချာချာအာရုံစူးစိုက်
ကြည့်လိုက်မီသည်၊ သေသေချာချာ
ကြည့်မိသောအခါမှ ခပ်လှမ်းလှမ်းတွင်
ဂုန်နီစက်ရုံနောက်ဘက်လှိုင်မြစ်ထဲသို့
စီးဆင်းနေသော ချောင်းကို လှမ်းမြင်
လိုက်ရသည်။ထိုအခါကျမှသူလမ်းမှား
နယ်ကျွံလာကြောင် သတိထာ၊လိုက်မိ
သည်။ သို့သော် ဖားအော်သံကား ကြား
နေဆဲပင်၊ ဦးမောင်ကြိုင် ခပ်သွက်သွက် ပင် ပီးအုပ်ထဲမှ မီးခွက်ကို မီးထွန်းညှိ
လိုက်သည်။ ထို့နောက် လာရာလမ်းမ
ဘက်ဆီသို့ မီးခွက်အလင်းရောင်ဖြင့်
မှန်းဆ၍ လျှောက်လာခဲ့မိပေတော့သည်။
သူလှမ်းလျှောက်လာရာလမ်းတစ်
လျှောက် သူ့နောက်မှ တစ်စုံတစ်ဦးက
လိုက်လာသလိုလို ခံစားရလေသည်။
ထို့ကြောင့်အနောက်ဘက်ဆီသို့ပြန်၍
ကြည့် မိသော်လည်း သူ့နောက်တွင်
တစ်စုံတစ်ယောက် လိုက်လာသည်ကို
မမြင်ရ။ထိုသို့နောက်ဘက်ကြည့်လိုက်
လမ်းလျှောက်လိုက်လုပ်ရင်၊ မကြာ
မကြာလည်။“ဟေ၊”ခနဲ “ဟေ၊”ခနဲ
ဟစ်အော်ရင်၊ လမ်းလျှောက်လာခဲ့ပေ
သည်။ သူ အချက်ပေးနေသော်လည်း
သူ့အသံအားတုံ့ပြန်အချက်ပေးသံကား
ပေါ်မလာသေး။ ဒါဆို သူ မူလထွက်ခဲ့
သည့်နေရာကို မရောက်သေး၊ ကောင်
လေးစောင့်နေမည့်နေရာကို မရောက်
သေး။ ဒီလို မှားယွင်းမှုကြောင့် မှောင်ထဲ
တွင် တစ်ယောက်တည်းကျန်ရစ်နေ
သော ကောင်လေးအတွက် စိတ်ပူပန်
လာမိသည်။ ကောင်လေးတစ်ခုခုဖြစ်
လျှင် အဖော်စပ်ခေါ်ဆောင်လာသည့်
သူ့အတွက် ကောင်လေး၏ မိဘများက
အပြစ်ဆို စရာ ဖြစ်ပေတော့မည်။
ထို့ကြောင့် အချက်ပေးသံကို အဆက်
မပြတ်အော်နေမိလေတော့သည်။
ထိုအခိုက်သူ့နားထဲတွင်သူ့အချက်
ပေးသံအား တုံ့ပြန်လိုက်သည့် အချက်
ပေးသံတစ်ခုကိုကြားလိုက်မိလေသော
ကြောင့် ဦးမောင်ကြိုင် ဝမ်းသာသွား သည်။ သေချာအောင်သူထပ်မံ၍အသံ
ပေးလိုက်ပြန်သည်။
“ဟေး..”
သူ ဝမ်းသာသွားသည်။ သူ့အား တုံ့ပြန်အချက်ပ၊သည့်အသံမှာကောင်
လေး၏ အသံဖြစ်သည်။ ထို့ ကြောင့်
ကောင်လေးရှိမည်ထင်ရသော နေရာ
အား“ဟေး”ခနဲအသံပြုရင်း လျှောက်
လှမ်းနေမိလေသည်။ အနားရောက်
သည့်အခါ သူ အံ့အားသင့်သွားသည်။
ကောင်လေးသည် လယ်ကန်သင်း
တစ်ခုပေါ်တွင် မတ်တတ်ရပ်ရင်း ဖား
ရိုက်တုတ်အားလည်းအသင့်တိုက်ခိုက်
ရန်ပြင်ဆင်ထားသည်ကိုတွေ့လိုက်ရ၍
ဖြစ်သည်။ သို့သော် သူ ဘာမျှတော့
မမေးတော့။အိမ်ပြန်ရန်သာ ပြောလိုက်တော့သည်။
“ကိုင်း-မောင်ကျော်ရေ၊ အိမ်ပြန်ကြစို့ကွာ”
ဦးမောင်ကြိုင်အသံအားတုံ့ပြန်နေ
သောကြောင့် အစောပိုင်းက သူ့ဘက်
လျှောက်လာသည့် မီးအုပ်ဆောင်းနှင့်
လူအား သူ သတိလက်လွတ် ဖြစ်သွား မိသည်။ အစောပိုင်းက သူနှင့် သိပ် မဝေးလှသော အကွာဝေးတွင် ရှိနေ သော်ငြားလည်းခုသူသတိရ၍ ကြည့်မိ

သည်အခါ ထိုသူအား မတွေ့တော့၊
လယ်ကွင်းအနံ့ မျက်လုံးဝေ့၍ကြည့်
လိုက်မိသော်လည်း ဘာတစ်ခုမျှမတွေ့၊
မီးအုပ်ဆောင်အလင်းရောင်ကိုသော်
မျှမတွေ့၊ ခဏအကြာတွင် သူ့အနာ၊
ရောက်လာသည့် ဦးမောင်ကြိုင်အား
တွေ့လိုက်ရလေသည်။တစ်ဆက်တည်း
ဦးမောင်ကြိုင်ကအိမ်သို့ပြန်ရန် ပြော
လေသောကြောင့် သူလည်း ဦးမောင်
ကြိုင်နောက်မှ လိုက်လာခဲ့မိလေတော့သည်။
ရပ်ကွက်ထဲ ပြန်ရောက်သည့်အခါ
ဦးမောင်ကြိုင်အိမ်သို့ဝင်ပြီး ခြေလက် ဆေးသည်။ ထို့နောက် သူတို့ ရလာခဲ့
သည့် ဖားများအား ခွဲဝေယူကြရန် သံ
လင်ဗန်းတစ်ခုထဲသို့ ပလိုင်းအခင်းအား
ဖြုတ်ပြီး မှောက်ချလိုက်သည်၊ သူတို့
အံ့အားသင့်သွားသည်။ ဖားတစ်ကောင်
မျှထွက်ကျမလာ။ထို့ကြောင့်ပလိုင်းထဲ
သို့လက်နှိုက်ကြည့်ကြသည်။ပလိုင်းထဲ
တွင်လည်း ဖားတစ်ကောင်မျှ ရှိမနေ
တော့။ ကောင်လေးက သူ့ကိုမေးသည်။ “ဗားတွေ ဘယ်ရောက်ကုန်လည်း ဦးမောင်ကြိုင်၊ ဖားအရနည်းလို့လမ်းမှာလွှင့်ပစ်လိုက်ပြီလား”
“ဘယ်ကလာ-လွှင့်ပစ်ရမှာလဲ
ကွာ၊ ငါကိုယ်တိုင်က ဖားကြော် စားချင်
လို့ မင်းကို အဖော်ခေါ်ပြီး ဖားရိုက်တာ ပေါ့ ကောင်လေးရာ၊ ငါ ဘယ်ကလာ လွှင့်ပစ်ရမှာလဲ”
ထို့နောက် သူကြုံခဲ့ရသည့် အခြေ
အနေများကို ပြောပြသည့်အခါ ကောင်
လေးကလည်း သူ တွေ့ခဲ့ရသည်များကို
ပြန်လည်ပြောပြလေသည်။ကောင်လေး
သည်။ခြေပျက်မသွား၊ ကြောက်လန့်
မသွားခြင်းကိုပင် ကျေးဇူးတင်ရဦးမည်
ဖြစ်သည်။ နံနက်လင်းသောအခါ သူတို့
နှစ်ဦး ကြုံတွေ့ခဲ့ရသည်များကို သူတို့၏
ဆရာကြီးဦးတင်မောင်က သရဲခြောက်
ခံရသည်ဟူ၍ ကောက်ချက် ချသည်။
ထိုနေ့မှစ၍ မောင်ကျော်ဆိုသောကောင်
လေးသည် သူဆရာဦးတင်မောင်မပါဘဲ
မည်သူနှင့်မျှ ဖားမရိုက်တော့ပေ။ ထိုမောင်ကျော်ဆိုသော စာရေးသူ
ပင် ယခုအခါ အသက်ငါးဆယ်ကျော် အဘိုးအို ပေါက်စလေးဖြစ်နေသော် လည်း ထိုညက အဖြစ်အပျက်များကို သရဲခြောက်သည်လာ။စိတ်ချောက်ချား

၍ ထင်ယောင်ထင်မှားဖြစ်သည်လား ဆိုသည်ကို လှံ၊ဝ ဝေခွဲမရဖြစ်လျက် ရှိ နေပေတော့သည်။
(စာကြွင်း -ကျွန်တော့်အား ဖား ရိုက် ငါးရှာသင်ပေးသော ဦးတင်မောင် နှင့် ဦးမောင်ကြိုင်တို့သည် ယခုချိန်ထိ အသက်ထင်ရှား ရှိကြဦးမည်ဆိုပါလျှင်

အသက်ရှစ်ဆယ်ဝန်းကျင် အဘိုးကြီး
များ ဖြစ်နေကြပေလိမ့်မည်။

Zawgyi Version

” ေ၀ခြဲမရမိုးတစ္ည ”(စ/ဆံုး)
————————————-
မိုးကား တဖြဲဖြဲ႐ြာေန၏။ သို႔ေသာ္
တစ္ခါတစ္ရံ တိတ္သြားေလ၏။ ထိုသို႔ တိတ္တစ္ခါ၊ ႐ြာတစ္လွည့္ မိုးကို ကြၽန္
ေတာ္တို႔ ဖား႐ိုက္သမားမ်ား မႀကိဳက္၊
ခပ္ဖြဲဖြဲ ဆက္တိုက္ရွာေနလွ်င္မူကား ပိုး
ေရခံမည့္ဖားမ်ားထြက္လာတတ္ေသာ
ေၾကာင့္ ဖားအရမ်ားတတ္သကဲ့သို႔ မပို႔
မပို႔ ႐ြာေသာမိုးေၾကာင့္ ဖားမ်ား သိပ္
မထြက္တတ္ၾကေသာေၾကာင့္ ဖားသိပ္
မ႐ိုက္ရ။ ဖားအရနည္းတတ္ၾကသျဖင့္
ဖား႐ိုက္သမားအမ်ားစုကမႀကိဳက္တတ္
ၾက။ ခုလည္း ဆက္တိုက္မဟုတ္ေသာ မိုးေၾကာင့္ ကြၽန္ေတာ္တို႔ ဗားအရ နည္း

ေနသျဖင့္ အုတ္က်င္းဘူတာႏွင့္ ပနီ မေဝးလယ္ကြင္း(ထိုလယ္ကြက္မ်ား
သည္ လႈိင္ဘီစကြတ္စက္႐ုံေဘးတြင္
တည္ရွိပါသည္။ ယခုမူကား ထိုလယ္
ကြင္းမ်ားရွိ၊ မရွိ မသိေတာ့ပါ။) မ်ားတြင္
ဖား႐ိုက္ေနရာမွ ဂုန္နီစက္႐ုံေရွ႕လယ္
ကြင္းမ်ားဆီသို႔ ေနရာေျပာင္းရန္ ကြၽန္
ေတာ္က အႀကံေပးလိုက္မိသည္။
“ဦးေမာင္ႀကိဳင္ – ကြၽန္ေတာ္တို႔ ဂုန္နီစက္႐ုံေရွ႕လယ္ကြင္းေတြမွာ ဖား သြား႐ိုက္ရင္ ပိုေကာင္းမယ္ထင္တယ္ ဗ်။ ဒီမွာက လယ္ကြင္းကလည္း ငယ္ တယ္။ဖား႐ိုက္ထြက္တဲ့သူေတြကလည္း

ဒီညက်မွ ပိုမ်ားလာသလိုပဲ။ ၿပီးေတာ့ မိုးကလည္း ဟုတ္ဟုတ္ျငားျငား မ႐ြာ
ေတာ့ ပိုဆိုးတာေပါ့။ ဒီေတာ့လယ္ကြက္
ဧရိယာ ပိုက်ယ္တဲ့ ဂုန္နီစက္႐ုံကြင္းမွာ
ဖားသြား႐ိုက္တာက ကြၽန္ေတာ္တို႔
အတြက္ ပိုအဆင္ေျပမွာေပါ့ မဟုတ္
လာ၊
ဦးေမာင္ႀကိဳင္ကလည္းကြၽန္ေတာ့္
စကားကိုမျငင္း၊ သူကလည္းကြၽန္ေတာ့္ အား ရပ္ကြက္ထဲတြင္ ဖား႐ိုက္ငါးရွာ နာမည္ႀကီးေသာ ဦးတင္ေမာင္က ဖား ႐ိုက္ ငါးရွာထြက္တိုင္း ေခၚသြားေလ့ရွိ
သျဖင့္ ဦးတင္ေမာင္၏ တပည့္ဆိုၿပီး
အထင္ႀကီးေနေသာေၾကာင့္ ကြၽန္ေတာ္ ေျပာသမွ် လက္ခံျခင္းျဖစ္သည္။ ထို အခ်က္ကပင္ ကြၽန္ေတာ္တို႔ႏွစ္ဦးလုံး
ဒုကၡေရာက္မည့္ေဆးကို ကိုယ္တိုင္ ေဖာ္စပ္ေနေၾကာင္းလုံးဝမသိလိုက္ၾက ျခင္း ျဖစ္ေပေတာ့သည္။
ႏွစ္ဦးသားသေဘာတူညီခ်က္ရၿပီ၊ သည့္အခါ ဂုန္နီစက္႐ုံေရွ႕ရွိ လယ္ကြင္း မ်ားဘက္ဆီသို႔ ျပန္လွည့္ခဲ့ပေတာ့
သည္။(ထိုလယ္ကြင္းမ်ားသည္ ယခု
အခါ စစ္ေၾကာေရးႏွင့္ တည္းခိုေရးတပ္ စခန္း ျဖစ္သြားေပၿပီ။)

လယ္ကြက္မ်ားဆီသို႔ ေရာက္ သည့္အခါဖား႐ိုက္သူမ်ားကို သိပ္မေတြ႕ ရ၊ ထို႔ေၾကာင့္ ကြၽန္ေတာ္ အားတက္သြားသည္။ ယခုကဲ့သို႔ ဖား႐ိုက္သူနည္း
လွ်င္ ဖားအရ မ်ားႏိုင္သည္၊ထို႔ေၾကာင့္
ကြၽန္ေတာ္က ဦးေမာင္ႀကိဳင္အား ကိုယ့္
အသက္မွ ကိုယ္ အားမနာ ဆရာလုပ္
လိုက္ေလသည္။ အေတြ႕အႀကဳံနည္း
ေသာ ဦးေမာင္ႀကိဳင္ကလည္း ကြၽန္ ေတာ့္စကားကိုလက္ခံလိုက္ၿပီး ဖားစ၍ ႐ိုက္ၾကေလသည္။
သို႔ေသာ္ ဒီညက်ခါမွ သည္လယ္ ကြင္းတြင္လည္းဖားသိပ္မ႐ိုက္ရ။ဖားက
သိပ္မထြက္၊ ထိုအေျခအေနကို ကြၽန္
ေတာ္သိပ္သေဘာမက်လွ။ထို႔ေၾကာင့္
ဦးေမာင္ႀကိဳင္အားမသိမသာ ဆရာလုပ္
၍အားေပးလိုက္သည္။
“ဒီညက မိုးကလည္း သိပ္မ႐ြာ၊
တစ္ခါတစ္ခါလည္းလက ထြက္လိုက္ ေသးဆိုေတာ့ ဖားအထြက္က်ဲတာေပါ့
ဗ်ာ။ကိစၥေတာ့ မရွိဘူးေလ။ ဖား႐ိုက္
ထြက္တဲ့သူ နည္းေတာ့ ထြက္သမွ်ဖား
ကိုကြၽန္ေတာ္တို႔မ်က္စိလ်င္လ်င္လက္
သြက္သြက္႐ိုက္သြားရင္ တစ္ေယာက္
တစ္အိုးခ်က္ေတာ့ေျပးမလြတ္ေလာက္
ပါဘူးဗ်ာ”

ဘာမွ်မသိေသာ ဦးေမာင္ႀကိဳင္ ကလည္း ကြၽန္ေတာ့္အဆိုျပဳခ်က္ကို
ေထာက္ခံသည္။
“ေအးပါ ေကာင္ေလးရာ။ငါလည္း မ်က္စီလ်င္လ်င္ ထားပါ့မယ္ကြာ”
ဗား႐ိုက္ခ်ိန္သာ တစ္နာရီခန႔္ ကုန္
သြားသည္။ကြၽန္ေတာ္တို႔ကားဗားေလး ငါးေကာင္ထက္ ပိုမရ၊ ကြၽန္ေတာ္
အနည္းငယ္ စိတ္ဓာတ္က်စ ျပဳလာ
သည္။ ထိုအခ်ိန္၌ပင္ မိုးက တဖြဲဖြဲ႐ြာခ်
သည္။ ထိုမိုး႐ြာခ်ိန္၌ပင္ ကြၽန္ေတာ့္
ဆရာဦးတင္ေမာင္အေခၚျဖင့္ စားဗား
ႀကီး(အခ်ိဳ႕အရပ္မ်ားတြင္ ဖားေပါင္ဝင္း) ေအာ္သံတစ္သံကို ၾကားလိုက္ရေပ သည္။ (ထိုဖား၏ေအာ္သံမွာ ဘုတ္ငွက္
ေအာ္သံႏွင့္ ခပ္ဆင္ဆင္တူပါသည္။) “အုံ -အင္ – အုံ ၊- အင္ – အုံ –

ကြၽန္ေတာ္ လယ္ကန္သင္းတြင္ မတ္တတ္ရပ္ရင္း နားေထာင္ေနလိုက္ သည္။ ေသခ်ာသည္။ ဖားႀကီးတစ္ ေကာင္၏ ေအာ္သံျဖစ္သည္။ ဦးေမာင္ ႀကိဳင္ကလည္း ကြၽန္ေတာ္ လယ္ကန္ သင္းေပၚတြင္ မတ္တတ္ရပ္၍ နားစြင့္ေန

ေသာေၾကာင့္ သူလည္း ေရွ႕ဘက္ ဆက္ မသြားေတာ့ဘဲမတ္တတ္ရပ္ေနရင္းက
တိုးတိုးေလး ေပးသည္။ “ဘာျဖစ္လို႔လဲ ေကာင္ေလးရ” “ဖားႀကီး ေအာ္သံရ “ဖားႀကီးေအာ္ေတာ့ ဘာျဖစ္လဲ
“ဦးေမာင္ႀကိဳင္ – ေသေသခ်ာခ်ာ မွတ္ထားဗ်။ ဒီအသံဟာ ဖားႀကီးတစ္
ေကာင္ရဲ႕ ေအာ္သံပဲ၊ အဲဒီဖားႀကီးေတြ
ဟာ မိုးေရခံရင္းဇိမ္တက္ၿပီ၊ ေအာ္ေန
တာဗ်။ အဲ – သူ႔အနားကို မိးေရာင္မျပ၊
ေျခသံလုံလုံနဲ႔သြားၿပီး အနားေရာက္မွ
မီးခြက္ထြန္း၊ ဒါဆိုရင္ သူ ေရထဲကို ခုန္
ဆင္းၿပီး ေရေအာက္ကို ငုပ္သြားလိမ့္
မယ္ဗ်။ သူ ေရငုပ္သြားတဲ့ေနရာမွာ
ေသေသခ်ာခ်ာလိုက္စမ္းၾကည့္၊ သူ႔ကို
မိၿပီဗ်။ ေရထဲ ခုန္ဆင္းတဲ့ဖားမ်ားဟာ
ဘယ္ေနရာမွ မေ႐ြ႕ဘူးဗ်၊ ခုန္ဆင္းတဲ့
ေနရာမွာပဲ ဝပ္ေနတတ္တယ္ဗ်၊ အဲဒီ
ဖားကိုမိရင္ အခင္းတပ္ထားတဲ့ ပလိုင္း
ထဲထည့္၊ မိုးေရထဲမွာ ပစ္ထားလိုက္၊ မိုး
မလင္းခင္ ပလိုင္းကိုလာေကာက္လိုက္၊
ပလိုင္းထဲ ထည့္ထားတဲ့ဖားဟာ ဖားမျဖစ္ေနမယ္ဆိုရင္ ဖလိုင္းထဲမွာ ေနာက္ ထပ္ဖားဆယ္ေကာင္ေလာက္ကအသာ
ေလးဝင္ခိုေနမွာအေသအခ်ာပဲဗ်”
ကြၽန္ေတာ့္ စကားဆုံးေသာအခါ
ဦးေမာင္ႀကိဳင္က အားတက္သြားၿပီးသူ
သိခ်င္သည္ကို ေမးျမန္းေလေတာ့သည္။
“ဒါဆိုအဆင္ေျပတာေပါ့ကြာ၊ ဖား
တစ္ေကာင္ဖမ္းမိၿပီးအခင္တပ္ပလိုင္၊
ထဲထည့္ၿပီးမိုးေရထဲပစ္ထား႐ုံနဲ႔ မိုးလင္း
ရင္ ဖားဆယ္ေကာင္ေလာက္ ရမယ္ ဆိုေတာ့ ဖားထိးကို ထည့္ ထာ၊မိရင္ေကာကြာ”
“ဖားဘီးကို ထည့္ထားမိရင္ေတာ့ ထည့္ထားတဲ့တစ္ေကာင္အတိုင္းပဲ ရွိမွာ
ေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ လူေတြေတာင္
ေျပာေလ့ ရွိၾကတယ္ မဟုတ္လား။
ေယာက္်ားႀကိဳက္ေတာ့ စိုက္စိုက္လာ
ဆိုတဲ့စကားေလ၊ ဘယ္ေနရာျဖစ္ျဖစ္
အမရွိရာအထိ၊လာေလ့ရွိတာ သဘာဝပဲေလ”
“တို႔ – ခုဖမ္းမယ့္ဖား မိၿပီပဲထာ၊ ေတာ့၊ အဲဒီေကာင္ကိုအထီးလားအမ
လားမင္းခြဲတတ္လားကြ”

“အား- အဲဒီဖာ၊အထိအမခြဲတဲ့ ပညာကို ဦးတင္ေမာင္ကကြၽန္ေတာ့္ကို
သင္မေပးရေသးဘူးဗ်
“ဟာ-ဒါဆို ဘယ္လိုလုပ္မလဲကြ။
ပလိုင္းထဲထည့္မယ့္ဖားက ဖားထီးဆို
ရင္ ဘယ္လိုလုပ္ အဆင္ေျပေတာ့မွာ
တဲ့လဲ”
“အဆင္ေျပပါကယ္ဗ်ာ။ ပလိုင္း အခင္သာခိုင္ခိုင္ခ်ည္ထား။ တိုးမလာ ေသာ္ျငားလည္းဒီေကာင္ကေတာ့ဘယ္လိုမွထြက္ေျပးႏိုင္မွာမဟုတ္ေတာ့ဘူး

“ေအး- မင္းေျပာတာလည္းဟုတ္
သလိုလိုပဲကြ။ ဒါနဲ႔ဖားကိုမင္းဖမ္းမလား၊
ငါဖမ္းရမွာလား”
“ဦးေမာင္ႀကိဳင္ပဲဖမ္းလိုက္ေလဗ်ာ။ ဒါဆိုဦးေမာင္ႀကိဳင္လည္းအေတြ႕အႀကဳံ
တစ္ခု ရသြားတာေပါ့ မဟုတ္လား။
ေနာက္ၿပီးကြၽန္ေတာ္ေျပာတဲ့ဖားဖမ္းတဲ့ အစီအစဥ္ကိုလည္း မွတ္မီတယ္မို႔လား”
“ေအး- မွတ္မိပါတယ္ကြ၊ ဒါဆို ငါလည္းဗားဖမ္းတဲ့လက္ေတြ႕ေလ့က်င့္ ခန္းလုပ္ၿပီးသား ျဖစ္သြားတာေပါ့ကြာ။

မင္းဆရာနဲ႔ဆို ကိုယ္တိုင္ဗမ္းရဖို႔ မေသ
ခ်ာဘူ၊ကၡ။ခုလိုအေျခအေနဆိုပိုဆိုးမွာ
ကၡ၊ ဖားမရမွာ စိုးလို႔ သူကိုယ္တိုင္ပဲ ဖမ္း
မွာေသခ်ာတယ္။ ေနာက္ မင္းကေတာ့ ငါ့ေနာက္ကလိုက္ခဲ့မွာလား” “မဟုတ္ဘူးေလဗ်ာ- ကြၽန္ေတာ္
က ဒီလယ္ကန္သင္းေပၚကပဲ ထိုင္ ေစာင့္ေနမယ္။ ဦးေမာင္ႀကိဳင္က တစ္
ေယာက္တည္း မသြားရဲလို႔လား။ ကြၽန္
ေတာ္ထိုင္ေနတဲ့ ဒီကန္သင္းေနရာ
ေလာက္ကို စိတ္မွန္းနဲ႔ မွတ္ထား၊ ၿပီး
ေတာ့- မွန္းၿပီးျပန္လာခဲ့မီးေရာင္ေတြ႕ရင္
ကြၽန္ေတာ္အသံျပဳမယ္၊ ဒါေပမဲ့-တစ္
ေယာက္နဲ႔တစ္ေယာက္ ခုခ်ိန္ကစၿပီ၊
နာမည္တပ္မေခၚနဲ႔ေတာ့ေနာ္”
“ငါက သြားရဲပါတယ္ကြ။ မင္းက ဒီ
လယ္ကန္သင္းေပၚမွာ တစ္ေယာက္ထဲ ေနရဲပါ့မလားလို႔ ငါက စိုးရိမ္လို႔ပါကြာ” “အာ-ဒါေတာ့စိတ္ခ်။ဒီလယ္ကြင္းေတြဟာ ေႏြ၊ မိုး၊ ေဆာင္း သုံးရာသီလုံး
ကြၽန္ေတာ္တို႔ေျခရာခ်င္းထပ္ေနေအာင္
သြားလာခဲ့တဲ့ေနရာေတြပါ။ေနာက္ၿပီး
ကြၽန္ေတာ္က ကြၽန္ေတာ့္အေဖနဲ႔ ကြၽန္
ေတာ့္ထက္ႀကီးတဲ့ သူေတြကိုသာ
ေၾကာက္တာဗ်၊ က်န္တာေတာ့ စာ
ေတာင္မဖြဲ႕ဘူး”

“ဒါဆို-ငါသြားမယ္ကြာ”
ေျပာေျပာဆိုဆိုႏွင့္ ဦးေမာင္ႀကိဳင္ ကဖားအုပ္ေဆာင္း (ဖားလိုက္သည့္မီး)
ကို မီးျငႇိမ္းလိုက္ၿပီး ကြၽန္ေတာ့္အနားမွ
ထြက္သြားေလေတာ့သည္။ စင္စစ္
ကြၽန္ေတာ္ကိုယ္တိုင္ပင္ ဖားႀကီးတစ္
ေကာင္တေလကိုမွ်မဖမ္းခဲ့ဖူးပါ၊ ဦးတင္
ေမာင္ေျပာသံကိုသာၾကားခဲ့ဖူးျခင္းျဖစ္
ေသာေၾကာင့္ ဖာဖမ္းသည့္ နည္းစနစ္
သာသိၿပီးလက္ေတြ႕ဖားဖမ္းျခင္းကိုမသိ
သူပီပီဦးေမာင္ႀကိဳင္အားခပ္တည္တည္
ႏွင့္ စကားႀကီးစကားက်ယ္ေျပာၿပီး
ဖားဖမ္းေစခဲ့ျခင္းျဖစ္ပါသည္။ သို႔ေသာ္-
ခုနဦးေမာင္ႀကိဳင္ကို ေျပာလိုက္သလို
ကြၽန္ေတာ္ကား ဘာကိုမွ် မေၾကာက္
တတ္ပါ၊ ဘာကိုမွ်လည္းအယုံအၾကည္
မရွိပါ။ ထို႔ေၾကာင့္ ကေလးသာသာ
အ႐ြယ္ (လူပ်ိဳမျဖစ္တျဖစ္အ႐ြယ္)ပင္
ျဖစ္ေသာ္လည္း ေနရာမေ႐ြး သြားလာ ရဲေပသည္။
လယ္ကြင္းမ်ား၏ ေျမာက္ဘက္ တြင္ရွိေသာ ဂုန္နီစက္႐ုံကာ၊ ဂိုေဒါင္မ်ား ႏွင့္ ယႏၲရားစက္ဝင္းအတြင္းမွ ထိုးက် လာေသာ မီးအလင္းေရာင္ျဖင့္ ေရနံဆီ

မီးခြက္ကို မီးမႈတ္၍ ဖားေအာ္သံထြက္ ေပၚလာရာ အေမွာင္ထုအတြင္း လမ္း
ေလွ်ာက္သြားေသာ ဦးေမာင္ႀကိဳင္၏
ပုံရိပ္သည္ တျဖည္းျဖည္း ေပ်ာက္ကြယ္
သြားေလေဘာ့သည္။ကြၽန္ေတာ္လည္း
လယ္ကန္သင္းတစ္ခုေပၚတြင္ ေတာင္
ဘက္သို႔ မ်က္ႏွာမူ၍ ထိုင္ေနရင္း
ဦးေမာင္ႀကိဳင္ ထြက္သြားရာဘက္သို႔
ေငးေမာေနမိေသာ္လည္း ဆယ္မိနစ္
ခန႔္ၾကာသည္အထိေပၚမလာေလေသာ
ေၾကာင့္ အေမွာင္ထဲတြင္ ေငးမိေဝးရာ
ေငးေမာေနသကဲ့သို႔ အိပ္မေပ်ာ္သြား
ေအာင္ သတိႏွင့္ ထိန္းထားရေလသည္။
ဦးေမာင္ႀကိဳင္ ထြက္သြားၿပီး မိနစ္
ႏွစ္ဆယ္ခန႔္အရတြင္ကြၽန္ေတာ့္ေနာက္
ဘက္လယ္ကြက္မ်ားဆီမွတစ္စုံတစ္ဦး
ေရတင္ေနသည္ လယ္ကြက္ကို ျဖတ္
ျပသြားသံကို ၾကားလိုက္ရေသာ
ေၾကာင့္ ေနာက္ဘက္သို႔ ေခါင္းလည္၍
ၾကည့္မိသည္။ သို႔ေသာ္ အလင္းေရာင္ သဲ့သဲ့ လင္းလက္ဖေနေသာ လယ္ကြက္ ထဲတြင္ မည္သူမွ်ျဖတ္ေျပးသြားသည္ ကို မေတြ႕ရ။ ထို႔ေၾကာင့္ ေရွ႕ဘက္ ျပန္ လွည္လိုက္သည္။ ခဏအၾကာတြင္ လယ္ကြက္ထဲတြင္ ျဖတ္ေျပးသြားသံကို
ၾကားလိုက္ရျပန္ေသာေၾကာင့္ ေနာက္
ဘက္ကိုျပန္လွည့္ၾကည့္မိျပန္သည္။
သို႔ေသာ္ ေရွးနည္းအတိုင္းပင္ ဘာတစ္
ခုမွ် ထူးျခားမႈကို မျမင္ရ၊ ထို႔ေၾကာင့္ ကြၽန္ေတာ့္ စိတ္ထဲတြင္ ထင္ေယာင္ ထင္မွား ျဖစ္ျခင္းသာဟု စိတ္ထဲတြင္
မွတ္ထင္လိုက္မိသည္။
ထိုသို႔ အေမွာင္ထုထဲ ကြၽန္ေတာ့္ မ်က္ႏွာမူရာ ေရွ႕ဘက္သို႔ ေငးစိုက္ေန
ခ်ိန္တြင္ ကြၽန္ေတာ့္ေရွ႕ ဝယ္ေပခန႔္
အကြာ လယ္ကြက္ထဲမွ ကြၽဲလိုလို၊ ႏြား
လိုလိုအေကာင္ႏွစ္ဆယ္ခန႔္ ျဖတ္ေျပ၊
သည္ကို ျမင္လိုရျပန္သည္။ သို႔ေသာ္
ေရျပည့္ေနသည့္ လယ္ကြက္ထဲမွ မည္
သည့္အသံမွ်ထြက္ေပၚမလာေခ်။ ႐ုတ္
တရက္ ကြၽန္ေတာ္ အံ့အားသင့္သြား
ေသာ္လည္း ထူးထူးျခားျခား ေၾကာက္
လန႔္ေသာ စိတ္မျဖစ္မိေရ။ အိပ္ငိုက္
စိတ္ေၾကာင့္အျမင္အာ႐ုံမွားယြင္းမႈသာ
ျဖစ္သည္ဟု ထင္မိေသာေၾကာင့္ စိတ္
ထဲတြင္ထူးထူးျခားျခား မည္သို႔မွ် မခံ
စားရ၊ ဆက္လက္၍ ၾကည့္ေနခိုက္ ေနာက္ထပ္ႏွစ္ႀကိမ္ ထိုကဲ့သို႔ ေျပးလႊား သြားသည္ကိုထပ္မံေတြ႕ရျပန္သည္။ သို႔ေသာ္ ေရျပင္လႈပ္ရွားမူႏွင့္ ေရ
ကို ျဖတ္ေျပ၊သံကား ထြက္မလာေခ်။

ေၾကာက္႐ြံ႕စိတ္ မျဖစ္ေသာ္လည္း
ေနာက္ထပ္ မည္သို႔မ်ား ျမင္ရေလမည္
လဲဟူေသာစူးစမ္းခ်င္သည့္စိတ္ေၾကာင့္
အိပ္ငိုက္ေျပသြားသည္။ ဆက္လက္၍
အေမွာင္ထဲကို စူ၊စမ္းေငးစိုက္ၾကည့္မိ
ေသာ္လည္း မည္သည့္ထူးျခားခ်က္မွ်
ေပၚမလာေသာေၾကာင့္ စိတ္ထဲတြင္
အနည္းငယ္ ပ်င္းရိလာသလိုလိုပင္ ျဖစ္
မိေခ်ေတာ့သည္၊
ထိုအခိုက္ ကြၽန္ေတာ့္ေရွ႕ဘက္ ခပ္
လွမ္းလွမ္းမႈ မီးအုပ္ေဆာင္းႏွင့္ လူတစ္ ေယာက္ ဒေရာေသာပါး လမ္းေလွ်ာက္ လာသည္ကို ေတြ႕ေလေသာေၾကာင့္ ကြၽန္ေတာ္အသံျပဳလိုက္သည္၊ “ေဟး”
ကြၽန္ေတာ့္အသံေၾကာင့္ မီးအုပ္ ေဆာင္းႏွင့္လူမွာ ခဏေတာ့အုံ႔ဆိုင္း ဆိုင္။ ျဖစ္သြားသည္။ ထို႔ေနာက္ အသံ ျပန္ေပးသည္။ သို႔ေသာ္ သူ႔အသံမွာ အက္ကြဲကြဲ ရွတတ။
ထိုအသံမွာဦးေမာင္ႀကိဳင္၏အသံ
မဟုတ္မွန္းသိလိုက္ေသာေၾကာင့္ကြၽန္
ေတာ္ဆက္၍အသံမျပဳေတာ့၊ သို႔ေသာ္
ထိုမီးအုပ္ေဆာင္းပိုင္ရွင္သည္ ကြၽန္
ေတာ္ ရွိ ရာဘက္ဆီသို႔ ဦးတည္၍

ေလွ်ာက္ေလေသာေၾကာင့္
အေစာပိုင္၊ကေဘးနားတြင္ ခ်ထားမိသည့္ ဖား႐ိုက္
တုတ္ကို စမ္း၍ ေကာက္လိုက္ၿပီး က်င္
ငယ္ (ေသး)ျဖင့္ ပန္းလိုက္သည္။ ၿပီး
ေနာက္မတ္တတ္ထရပ္လိုက္ၿပီးအေျခ
အေနမဟန္က ကိုယ့္ ဘက္က စတင္
တိုက္ခိုက္ရန္ ျပင္ဆင္ထားလိုက္ေလ
ေတာ့သည္။
ထိုသူလည္းကြၽန္ေတာ့္ဘက္သို႔
စိုက္စိုက္ျဖင့္လမ္းေလွ်ာက္လာသည္ကို
ေတြ႕လိုက္ရေလသည္၊ကြၽန္ေတာ္သတိ
ထားေနလိုက္သည္။ အကယ္၍ တုတ္
တစ္လွမ္းစာခန႔္ ေရာက္လာလွ်င္ လက္
ထဲမွတုတ္ျဖင့္လက္ဦးေအာင္႐ိုက္လိုက္
မည္ဟုလည္း စဥ္းစားထားလိုက္မိ
သည္။ တေ႐ြ႕ေ႐ြ႕ျဖင့္ ထိုသူလည္း ကြၽန္
ေတာ္ႏွင့္ မလွမ္းမကမ္းသို႔ ေရာက္လာ
သည္။ထိုအခိုက္ေတာင္ဘက္ ခပ္လွမ္း
လွမ္းတစ္ေနရာမွ အသံတစ္သံ ထြက္ ေပၚလာေတာ့သည္။ “ေဟး”

ဒီေကာင္ေလးက အေကာင္သာ ငယ္သည္ စကားေျပာရာတြင္ ႀကီးႀကီး က်ယ္က်ယ္ ေျပာတတ္သလို ဟိုစပ္စပ္ဒီစပ္စပ္ လုပ္တတ္ကိုင္တတ္သည္။
တခ်ိဳ႕ကိစၥေတြကို သူကပင္ လူႀကီးေတြ
ထက္တတ္ေနေခ်ေသးသည္။ၿပီးေတာ့
သူက႐ြယ္တူေကာင္ေလးမ်ားထက္ပို၍
သတၱိေကာင္းသည္ဆိုရမည္။ ဒီအ႐ြယ္
ေကာင္ေလးေတြဟာမ်ားေသာအားျဖင့္
ဟိုဟာေၾကာက္၊ ဒီဟာေၾကာက္ ျဖစ္
တတ္ၾကေသာ္လည္၊ သူကေတာ့ သုံ။
ရာသီလုံ၊ ေနရာမေ႐ြ၊ အခ်ိန္အခါမေ႐ြ၊
သြားလာတတ္ေသာေၾကာင့္ ခုလို ဖား
လိုက္ရာတြင္ တစ္ေယာက္တည္း ထာ
ခဲ့ရေသာ္လည္း သူ႔အတြက္ သိပ္စိတ္ပူ
စရာမရွိ၊ဦးေမာင္ႀကိဳင္ တစ္ေယာက္တည္း
ေတြးေတာရင္းျဖင့္ ဖားအသံ ၾကားရာ
ဘက္ဆီသို႔ ဦးတည္၍ လာေနသည္။
သို႔ေသာ္ ေကာင္ေလးေျပာသလိုပင္
မိုးသိပ္မ႐ြာလို႔လားေတာ့ မသိ။ တျခား
ဖားမ်ား၏ ေအာ္သံကိုကား မၾကားရ။
ဤတစ္ေကာင္တည္းေသာ ဖား၏ေအာ္
သံကား အသံခပ္က်ယ္က်ယ္ႏွင့္ ေပၚ
လိုက္ ေပ်ာက္လိုက္ျဖစ္ေနသည္။ ထို႔
အတူ အသံလာရာသည္လည္း ဟိုနား လိုလို၊ ဒီနားလိုလိုႏွင့္။ ခုပဲ သူ႔ေရွ႕ဘက္ နားကအသံၾကားေသာ္လည္းေသေသ ခ်ာခ်ာ နားစိုက္ေထာင္လိုက္ေသာအခါ

အသံကေဘးနာ၊ဘက္ေရာက္ေနသလို
ၾကားေနရျပန္သည္။ ထိုအသံေနာက္
လိုက္ၿပီ။ အနာ၊မေရာက္တေရာက္မွာ
ရပ္၍ အသံကို နားေထာင္မိလိုက္သည့္
အခါအသံထြက္ေပၚရာက ေနရာလြဲနျပန္သည္။
ဘာပဲျဖစ္ျဖစ္၊ ဒီဖာ၊ကို ေတာ့
ရေအာင္ဖမ္းရမည္။ ဒီဖားကိုမွ မရလွ်င္
သူ႔သားအ႐ြယ္တူအ႐ြယ္ေကာင္ေလး၏
ျပက္ရယ္ေလွာင္ေျပာင္ျခင္းကို ခံရေပ
လိမ့္မည္။ထိုကဲ့သို႔လည္းအေလွာင္ခံ
ႏိုင္ပါ။ထို႔ေၾကာင့္ဖားေအာ္သံကို နားစြင့္
ရင္၊ ဖားေနာက္လိုက္မိသည္မွာအခ်ိန္
ပင္ အေတာ္ၾကာသြားၿပီ ျဖစ္သည္။
သို႔ေသာ္အေမွာင္ထဲတြင္ စမ္းတဝါးဝါး
လိုက္ေနရင္း အခ်ိန္ကုန္မွန္းမသိ ကုန္
သြားသည္ကိုကား သူ သတိမထားမိ
လိုက္၊ ထိုအခိုက္ ခပ္ပါးပါး မိုးရိပ္တို႔က
ေလအသုတ္တြင္ ႐ုတ္ခနဲ ရွင္းသြား သည္။ လဆန္းရက္ လေရာင္က လယ္ ကြင္းထဲ ထိုးျဖာက်လာသည္။ သစ္ပင္ရိပ္မ်ားကိုေတြ႕လိုက္ရသည္။ေနာက္ၿပီး ခရာဆူးခ်ဳံမ်ား၊ လယ္ကြင္၊ထဲတြင္ သစ္ပင္မ်ား မရွိေၾကာင္း သတိရမိေသာေၾကာင့္သူေသေသခ်ာခ်ာအာ႐ုံစူးစိုက္
ၾကည့္လိုက္မီသည္၊ ေသေသခ်ာခ်ာ
ၾကည့္မိေသာအခါမွ ခပ္လွမ္းလွမ္းတြင္
ဂုန္နီစက္႐ုံေနာက္ဘက္လႈိင္ျမစ္ထဲသို႔
စီးဆင္းေနေသာ ေခ်ာင္းကို လွမ္းျမင္
လိုက္ရသည္။ထိုအခါက်မွသူလမ္းမွား
နယ္ကြၽံလာေၾကာင္ သတိထာ၊လိုက္မိ
သည္။ သို႔ေသာ္ ဖားေအာ္သံကား ၾကား
ေနဆဲပင္၊ ဦးေမာင္ႀကိဳင္ ခပ္သြက္သြက္ ပင္ ပီးအုပ္ထဲမွ မီးခြက္ကို မီးထြန္းညႇိ
လိုက္သည္။ ထို႔ေနာက္ လာရာလမ္းမ
ဘက္ဆီသို႔ မီးခြက္အလင္းေရာင္ျဖင့္
မွန္းဆ၍ ေလွ်ာက္လာခဲ့မိေပေတာ့သည္။
သူလွမ္းေလွ်ာက္လာရာလမ္းတစ္
ေလွ်ာက္ သူ႔ေနာက္မွ တစ္စုံတစ္ဦးက
လိုက္လာသလိုလို ခံစားရေလသည္။
ထို႔ေၾကာင့္အေနာက္ဘက္ဆီသို႔ျပန္၍
ၾကည့္ မိေသာ္လည္း သူ႔ေနာက္တြင္
တစ္စုံတစ္ေယာက္ လိုက္လာသည္ကို
မျမင္ရ။ထိုသို႔ေနာက္ဘက္ၾကည့္လိုက္
လမ္းေလွ်ာက္လိုက္လုပ္ရင္၊ မၾကာ
မၾကာလည္။“ေဟ၊”ခနဲ “ေဟ၊”ခနဲ
ဟစ္ေအာ္ရင္၊ လမ္းေလွ်ာက္လာခဲ့ေပ
သည္။ သူ အခ်က္ေပးေနေသာ္လည္း
သူ႔အသံအားတုံ႔ျပန္အခ်က္ေပးသံကား
ေပၚမလာေသး။ ဒါဆို သူ မူလထြက္ခဲ့
သည့္ေနရာကို မေရာက္ေသး၊ ေကာင္
ေလးေစာင့္ေနမည့္ေနရာကို မေရာက္
ေသး။ ဒီလို မွားယြင္းမႈေၾကာင့္ ေမွာင္ထဲ
တြင္ တစ္ေယာက္တည္းက်န္ရစ္ေန
ေသာ ေကာင္ေလးအတြက္ စိတ္ပူပန္
လာမိသည္။ ေကာင္ေလးတစ္ခုခုျဖစ္
လွ်င္ အေဖာ္စပ္ေခၚေဆာင္လာသည့္
သူ႔အတြက္ ေကာင္ေလး၏ မိဘမ်ားက
အျပစ္ဆို စရာ ျဖစ္ေပေတာ့မည္။
ထို႔ေၾကာင့္ အခ်က္ေပးသံကို အဆက္
မျပတ္ေအာ္ေနမိေလေတာ့သည္။
ထိုအခိုက္သူ႔နားထဲတြင္သူ႔အခ်က္
ေပးသံအား တုံ႔ျပန္လိုက္သည့္ အခ်က္
ေပးသံတစ္ခုကိုၾကားလိုက္မိေလေသာ
ေၾကာင့္ ဦးေမာင္ႀကိဳင္ ဝမ္းသာသြား သည္။ ေသခ်ာေအာင္သူထပ္မံ၍အသံ
ေပးလိုက္ျပန္သည္။
“ေဟး..”
သူ ဝမ္းသာသြားသည္။ သူ႔အား တုံ႔ျပန္အခ်က္ပ၊သည့္အသံမွာေကာင္
ေလး၏ အသံျဖစ္သည္။ ထို႔ ေၾကာင့္
ေကာင္ေလးရွိမည္ထင္ရေသာ ေနရာ
အား“ေဟး”ခနဲအသံျပဳရင္း ေလွ်ာက္
လွမ္းေနမိေလသည္။ အနားေရာက္
သည့္အခါ သူ အံ့အားသင့္သြားသည္။
ေကာင္ေလးသည္ လယ္ကန္သင္း
တစ္ခုေပၚတြင္ မတ္တတ္ရပ္ရင္း ဖား
႐ိုက္တုတ္အားလည္းအသင့္တိုက္ခိုက္
ရန္ျပင္ဆင္ထားသည္ကိုေတြ႕လိုက္ရ၍
ျဖစ္သည္။ သို႔ေသာ္ သူ ဘာမွ်ေတာ့
မေမးေတာ့။အိမ္ျပန္ရန္သာ ေျပာလိုက္ေတာ့သည္။
“ကိုင္း-ေမာင္ေက်ာ္ေရ၊ အိမ္ျပန္ၾကစို႔ကြာ”
ဦးေမာင္ႀကိဳင္အသံအားတုံ႔ျပန္ေန
ေသာေၾကာင့္ အေစာပိုင္းက သူ႔ဘက္
ေလွ်ာက္လာသည့္ မီးအုပ္ေဆာင္းႏွင့္
လူအား သူ သတိလက္လြတ္ ျဖစ္သြား မိသည္။ အေစာပိုင္းက သူႏွင့္ သိပ္ မေဝးလွေသာ အကြာေဝးတြင္ ရွိေန ေသာ္ျငားလည္းခုသူသတိရ၍ ၾကည့္မိ

သည္အခါ ထိုသူအား မေတြ႕ေတာ့၊
လယ္ကြင္းအနံ႔ မ်က္လုံးေဝ့၍ၾကည့္
လိုက္မိေသာ္လည္း ဘာတစ္ခုမွ်မေတြ႕၊
မီးအုပ္ေဆာင္အလင္းေရာင္ကိုေသာ္
မွ်မေတြ႕၊ ခဏအၾကာတြင္ သူ႔အနာ၊
ေရာက္လာသည့္ ဦးေမာင္ႀကိဳင္အား
ေတြ႕လိုက္ရေလသည္။တစ္ဆက္တည္း
ဦးေမာင္ႀကိဳင္ကအိမ္သို႔ျပန္ရန္ ေျပာ
ေလေသာေၾကာင့္ သူလည္း ဦးေမာင္
ႀကိဳင္ေနာက္မွ လိုက္လာခဲ့မိေလေတာ့သည္။
ရပ္ကြက္ထဲ ျပန္ေရာက္သည့္အခါ
ဦးေမာင္ႀကိဳင္အိမ္သို႔ဝင္ၿပီး ေျခလက္ ေဆးသည္။ ထို႔ေနာက္ သူတို႔ ရလာခဲ့
သည့္ ဖားမ်ားအား ခြဲေဝယူၾကရန္ သံ
လင္ဗန္းတစ္ခုထဲသို႔ ပလိုင္းအခင္းအား
ျဖဳတ္ၿပီး ေမွာက္ခ်လိုက္သည္၊ သူတို႔
အံ့အားသင့္သြားသည္။ ဖားတစ္ေကာင္
မွ်ထြက္က်မလာ။ထို႔ေၾကာင့္ပလိုင္းထဲ
သို႔လက္ႏႈိက္ၾကည့္ၾကသည္။ပလိုင္းထဲ
တြင္လည္း ဖားတစ္ေကာင္မွ် ရွိမေန
ေတာ့။ ေကာင္ေလးက သူ႔ကိုေမးသည္။ “ဗားေတြ ဘယ္ေရာက္ကုန္လည္း ဦးေမာင္ႀကိဳင္၊ ဖားအရနည္းလို႔လမ္းမွာလႊင့္ပစ္လိုက္ၿပီလား”
“ဘယ္ကလာ-လႊင့္ပစ္ရမွာလဲ
ကြာ၊ ငါကိုယ္တိုင္က ဖားေၾကာ္ စားခ်င္
လို႔ မင္းကို အေဖာ္ေခၚၿပီး ဖား႐ိုက္တာ ေပါ့ ေကာင္ေလးရာ၊ ငါ ဘယ္ကလာ လႊင့္ပစ္ရမွာလဲ”
ထို႔ေနာက္ သူႀကဳံခဲ့ရသည့္ အေျခ
အေနမ်ားကို ေျပာျပသည့္အခါ ေကာင္
ေလးကလည္း သူ ေတြ႕ခဲ့ရသည္မ်ားကို
ျပန္လည္ေျပာျပေလသည္။ေကာင္ေလး
သည္။ေျခပ်က္မသြား၊ ေၾကာက္လန႔္
မသြားျခင္းကိုပင္ ေက်းဇူးတင္ရဦးမည္
ျဖစ္သည္။ နံနက္လင္းေသာအခါ သူတို႔
ႏွစ္ဦး ႀကဳံေတြ႕ခဲ့ရသည္မ်ားကို သူတို႔၏
ဆရာႀကီးဦးတင္ေမာင္က သရဲေျခာက္
ခံရသည္ဟူ၍ ေကာက္ခ်က္ ခ်သည္။
ထိုေန႔မွစ၍ ေမာင္ေက်ာ္ဆိုေသာေကာင္
ေလးသည္ သူဆရာဦးတင္ေမာင္မပါဘဲ
မည္သူႏွင့္မွ် ဖားမ႐ိုက္ေတာ့ေပ။ ထိုေမာင္ေက်ာ္ဆိုေသာ စာေရးသူ
ပင္ ယခုအခါ အသက္ငါးဆယ္ေက်ာ္ အဘိုးအို ေပါက္စေလးျဖစ္ေနေသာ္ လည္း ထိုညက အျဖစ္အပ်က္မ်ားကို သရဲေျခာက္သည္လာ။စိတ္ေခ်ာက္ခ်ား

၍ ထင္ေယာင္ထင္မွားျဖစ္သည္လား ဆိုသည္ကို လွံ၊ဝ ေဝခြဲမရျဖစ္လ်က္ ရွိ ေနေပေတာ့သည္။
(စာႂကြင္း -ကြၽန္ေတာ့္အား ဖား ႐ိုက္ ငါးရွာသင္ေပးေသာ ဦးတင္ေမာင္ ႏွင့္ ဦးေမာင္ႀကိဳင္တို႔သည္ ယခုခ်ိန္ထိ အသက္ထင္ရွား ရွိၾကဦးမည္ဆိုပါလွ်င္

အသက္ရွစ္ဆယ္ဝန္းက်င္ အဘိုးႀကီး
မ်ား ျဖစ္ေနၾကေပလိမ့္မည္။