” လင်လုစုန်း “(စ/ဆုံး)

Unicode Version

” လင်လုစုန်း “(စ/ဆုံး)
——————————
မိန်းမက ဆံပင်ဖားလျားချကြီးနဲ့ အိမ်ပေါ်တက်လာတာ။ “ညည်းက ဆံပင်ဖားလျားချလို့ ဘယ်လိုဖြစ်လာတာတုံး” ငါတို့ လောကမှာ ဆံပင်ဖားလျားချရင် …။ ထဘီဇောက်ထိုးဝတ်ထားရင် ….။
မျက်လုံးနှစ်လုံး ဂနာမငြိမ်ရင် …။
ခန္ဓာကိုယ်ရှေ့တိုးနောက်ငင်
ဘယ်ညာယိမ်းထိုးသလိုရှိနေ၊ ဖြစ်နေရင်
ပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေလို့ဆိုတာ ငါတို့ ပညာသည်ချင်း
သိကြတယ်။
“ပြောပါဦး- ညည်းက ဘာလို့ ဆံပင်ဖားလျားချတာတုံး”
“ရွာထဲကို မလောက်လေးမလောက်စား ဆရာစုတ်တစ်ယောက် ဝင်
လာလို့ ပညာပေးပြီး နင့်ဆီ ဝင်ခဲ့တာပါ – မိခြုံရယ်”
“ဘာ – ဆရာတုံး” “ပယောဂကုတဲ့ ဆရာတဲ့”
“ဘယ်ကလာတာတဲ့လဲ-မိဇာ”
“ပျဉ်ပုံကြီးကလို့ ပြောတာပဲဟေ့”
“ညည်းနဲ့ တွေ့တော့ ဘယ့်နှယ့်ရှိသွားတုံးအေ”
“မိခြုံရယ်၊ ငါ့နာမည်ရင်း မိအုန်းဇာပါအေ။ သင်း- ဘယ်နှယ့်ဖြစ်မလဲ တော့ မသိဘူး။ ပါးစပ်ထဲက သွေးတွေအန်ပြီး သတိလစ်သွားတယ်။ သူ့လူ တွေကတော့ ကပ်စင်နဲ့ ထမ်းထုတ်သွားတာပဲဟေ့”
“မိဇာ”
“ဘာတုံး- မိခြံ”
“လက်လွတ်စပယ် မလုပ်ပါနဲ့အေ”
“သနားလို့လား၊ ညည်းလင်မို့လို့လား-ပြော” “ပညာပေးရုံဆို တော်ရောပေါ့ – မိဇာရယ်”

“သင်းက ထောင်ထောင်လုပ်ချင်နေလို့ပါအေ။ မှတ်လောက် သား လောက်လုပ်လိုက်တာပါ။ သေတော့ မသေနိုင်ပါဘူး”
“ဒီအကြောင်း ပြောဖို့လာတာလား-မိဇာ”
“မဟုတ်ဘူးအေ့၊ ပြောစရာရှိတာက တခြားပါဟယ်”
“ဒါဆို-ပြော”
“မိခြုံ- ညည်းတပည့် မနော်ကို သိတယ်နော်”
“သိတယ် – ဘာဖြစ်တုံး”
“ငါ့တပည့် မယ်မုန့်ရော ညည်းသိလား”
“အသားညိုညို နှာတံစင်းစင်းနဲ့ ကုလားဆင်ရုပ်နဲ့ ကလေး မဟုတ်
“ဟုတ်တယ်အေ – ဟုတ်တယ်”
“သူတို့ ဘာဖြစ်လို့တုံး”
“ညည်းတပည့်မ မနော်က ငါ့တပည့်မ မယ်မုန့်ကို လုပ်လိုက်တာ အခု ငါ့တပည့် မယ်မုန့် ခေါင်းမထောင်နိုင်ဘူး”
“ငါ့တပည့် မနော်က လုပ်လို့”
“ဟုတ်တယ်”
“နေပါဦး မိဇာ၊ နင့်တပည့်မယ်မုန့် ခေါင်းမထူနိုင်ဖြစ်နေတာညည်းက ပျောက်အောင်မလုပ်နိုင်ဘူးလား”
“လုပ်ပေးလိုက်ပါပြီအေ” “ဒီတော့ “ ဘာဖြစ်တုံး”
“နင့်တပည့်မမနော်ကိုလည်းနင် ဆုံးမပါဦး – မယ်ခြုံ။ သူတို့လူငယ်ချင်း ကိစ္စ ငါတို့၊ ညည်းတို့ ပါရင်လည်း မသင့်ဘူးအေ”
“နေပါဦး – မိမယ်ဇာရယ်၊ နင့်တပည့် မယ်မုန့်နဲ့ ငါ့တပည့် မနော်တို့က
ဘာကိစ္စနဲ့ ဘာဖြစ်ကြလို့တုံး”
ဒီမှာ မိအုန်းဇာက ငါ့မျက်နှာကို စူးစူးကြီး ကြည့်ရာက …

“နင် မသိဘူးလား- မိခြုံ”
“သိမှတော့ နင့်ကို ငါက မေးစရာလားဟဲ့” “ဟူး-ပြော-မပြောချင်ပါဘူးအေ”
မိအုန်းဇာက ညည်းသလိုပြောရင်းက ဆေးလိပ်ခွက်ထဲက ပြောင်းဖူး လိပ်ကို မီးညှိပြီး အားရပါးရ ဖွာလိုက်တယ်။
“ကဲ-ပြော- သူတို့နှစ်ဦး ဘာဖြစ်ကြတာတုံး”
“လင်လုရင်း ဖြစ်ကြတာတဲ့”
“ဟဲ့- မိဇာ၊ ငါတပည့် မနော်က ဘယ်သူ့လင်ကို လုလို့တုံး။ မနော်က
အပျိုဟဲ့- အပျို”
“ငါ့တပည့် မယ်မုန့်လည်း အပျိုပါပဲအေ”
“ဒါဆို ဘယ်သူ့လင် သွားလုကြလို့တုံး”
“ဒီလို မယ်ခြုံရေ၊ နင့်တပည့်ရော၊ ငါ့တပည့်မရော လင်လိုချင်နေကြ တယ်။ ကောင်လေးတစ်ယောက်ကို တွေ့ပြီး လင်တော်ချင်လို့ အပြိုင်ဆွယ် ကြရာက နောက်ဆုံးပညာတွေထုတ်သုံးပြီး ဖြစ်ကြတာအေ”
“ရည်းစားလုရင်းက …”
“လင်တော်ချင်တော့ လင်လုတယ်ပဲ ပြောပါစို့အေ” “အဲဒီတော့ – ခု ဘယ်လိုဖြစ်ကြတုံး”
“ကောင်လေးကိုယ့်ဘက်ပါအောင်လုပ်ရင်းက ပညာပြိုင်သလိုဖြစ်ပြီး သူ့ပညာသုံး၊ ကိုယ့်ပညာသုံးနဲ့ ကြာရင် သင်းတို့ အပျော်အပြက်နဲ့ နှာခေါင်း သွေးထွက်ကြလိမ့်မယ်။ ဒါကြောင့် – နင့်တပည့် မနော်ကိုလည်း နင် နိုင်နိုင် နင်းနင်း ဆုံးမပါ။ ငါလည်း ငါ့တပည့် မယ်မုန့်ကို ဆုံးမပါ့မယ်အေ။ ကြာရင် ငါတို့ လူကြီးချင်း စကားပြောရရင် မကောင်းဘူး ဟုတ်ရဲ့လား”
“အေးပေါ့-ငါ မနော်ကိုခေါ်မေးကြည့်မယ်အေ”
“ဒါဆို – ငါပြန်မယ်နော်”
“ပြန်ပြန် – သူငယ်ချင်းပြန်”

မိအုန်းကငါ့အိမ်ပေါ်ကဆင်းသွားတယ်။ သူမမရှိတော့ငါစဉ်းစားတယ်
ရည်စားလုကြတာတဲ့။
တစ်နည်းက လင်လုတာတဲ့။
လင်တော်ချင်လို့ ….။
လင်လုရင်း ပညာတွေ ထုတ်သုံးကြရင်း “ထိ”ကုန်ကြတာတဲ့။ နေပါဦး

ပညာတွေထုတ်သုံးပြီးပြိုင်ကြရလောက်အောင် သင်းတို့ လင်လောင်း ဆိုတဲ့ ကောင်လေးက ဘယ်လိုအစားထဲက မို့လို့တုံး။
သူဌေးသားလား l ဝန်ကြီးသားလား ….။ ဓာတ်ရှင်မင်းသားလား …။
ဇာတ်မင်းသားလား..။
ငါ့တပည့် မနော်ကို ခေါ်မေးရမယ်။ ပြီးရင် – သင်းတို့ လင်အလောင်း အလျာကို ခေါ်တွေ့တန် တွေ့ရမှာပဲ။
ဒါနဲ့ – မိပြာဆိုတဲ့ ကလေးမကိုလွှတ်ပြီး မနော်ကို သွားခေါ်ခိုင်းရတော့
စာရေးဆရာကို ကြိုရှင်းပြထားမှ သင့်မတင့် ထင်ပါရဲ့ကွယ်။
စာရေးဆရာရေ…
မယ်အုန်းဇာလည်း ပညာသည် ကဝေပဲ။
ငါကလည်း ပညာသည်ကဝေပဲ …။
မယ်အုန်းဇာကလည်း ပညာမသေးဘူးကွယ်…။
ကဝေအကြီးစားပဲ…။
အိမ့်တလိမ့်စုန်းအတတ်၊ မောက်လုံးအတတ်၊ ခေါင်းစုန်း၊ ခြေစုန်း အတတ်၊ မောက်ပြားစုန်းအတတ် အားလုံးတတ်တယ်။ အဲဒီ စုန်းအတတ် တွေ တတ်မြောက်ပြီး အဲဒီစုန်းတွေကို နိုင်တယ်။
ငါကလည်း နတ်ကဝေ မြောက်စုန်းပဲ။
ကဝေကြီး ခေါ်တာပေါ့ကွယ်။
ဖမ်းစားပြုစားတဲ့အတတ်ကို ကျွမ်းသူတွေပေါ့။

ငါတို့ ကဝေမြောက်စုန်းနဲ့ အိမ့်တလိမ့်စုန်းတွေဟာ “နဝမသညာ”ကို သိတယ်။ ဆိုလိုတာက ငါတို့အောက်က စုန်းတွေရဲ့အကြံအစည်ကို သိနိုင် တယ်။ လိုအပ်မှ သိတာပေါ့။ မလိုရင် အမှုမဲ့ပဲ ရှိတယ်။
ကဝေစုန်း၊ ခြေစုန်း၊ လက်စုန်း၊ အိမ့်တလိမ့်စုန်း၊ မှော်ဝင်စုန်း၊ ဇော်ဂနီ စုန်း၊ သားစားစုန်းတွေဟာအမဲသားငါးကနေလူ့အသွေးအသားထိနှစ်သက် ကြတယ်။
ဒါကြောင့် – သားစားစုန်းလို့လည်း ခေါ်တယ်။ ကဝေပျံဆိုတာ ရှိသေးတယ်ဟေ့။
အလွန့်ကိုစွမ်းတာပဲ။ ကိုယ်မနှစ်မသက်တဲ့သူကိုစိတ်ရှိတိုင်း ညှဉ်းပန်း နှိပ်စက်နိုင်တယ်ကွယ်။
ပြီး − မှော်စုန်းဆိုတာ ရှိသေးသဟေ့။
မှော်ဝင်စုန်း၊ စုန်းမှော်၊ နတ်စုန်း၊ သိုးမှော်စုန်း၊ မှော်စုံစုန်း၊ စုန်းဘီလူး၊ မှော်သိမ်းစုန်း၊ မှော်ပါစုန်း၊ မှော်စဉ်စုန်းဆိုတာ ရှိသေးတယ်။
အဲဒီစုန်းတွေက နာနာရုပ်အမျိုးမျိုး ဖန်ဆင်းနိုင်တယ်။ မင်းတို့ ဆရာ မနိုင် နှစ်ဆောင်ပြိုင် ရုပ်ရှင်ကြည့်ဖူးလား – စာရေးဆရာ” “ကြည့်ဖူးပါတယ် – အမေ”
“အဲဒီရုပ်ရှင်မှာ ဒေါ်မြလေးက ပညာသည်စုန်းမကြီးပဲ။ သူတပည့် စုန်း တွေက ရုပ်အမျိုးမျိုး ဖန်ဆင်းပြီး ဇရပ်ပေါ်မှာ အိပ်နေတာလေ”
မင်းသမီးကို မျောက်ကလေး ဖြစ်သွားအောင် ပြုစားလိုက်တာ ကြည့်ရ မဟုတ်လား။
ကဝေမကြီးဒေါ်မြလေးကသူ့သမီးနဲ့ အိမ်ရှေ့မင်းသားနဲ့ ညားစေချင်လို့ အိမ်ရှေ့မင်းသားရဲ့ချစ်သူကို နာနာရုပ်ပြောင်းသွားအောင် ပြုစားလိုက်တာ။ အဲဒါ – အမှန်ပဲ။ အဲဒီပညာတွေ ရှိခဲ့ဖူးတယ်။ သို့သော်- ရှားပါးသွားပြီကွယ်။

ပညာဆက်ပြတ်သွားတာလည်း ပါတာပေါ့…။ အထက်ဂိုဏ်းဆရာကြီးတွေရဲ့သုတ်သင်ဖယ်ရှားပညာအာဏာ သိသွားတာလည်း ပါတာပေါ့။
အချို့အထက်လမ်း ဆရာကြီးများက ပညာသိမ်းပြီး ပညာပြတ်အော
လုပ်ခဲ့လို့ သစ္စာရေတိုက်
ကျိန်ဆိုခဲ့ရလို့ပညာကန်းသွားတာလည်းရှိတယ်။
အချို့စုန်းကဝေ ပညာသည်များကျတော့လည်း ပညာပြိုင်ရင်း အ နိမ့်လို့ အသက်ဆုံး ပညာဆုံးသွားတာလည်း ရှိတာပေါ့။
အချို့ကျတော့လည်းနောင်တရလို့၊ အသိတရားရလို့ ဘုရားရှေ့မှ သ
ဆိုပြီး ယုတ်ညံ့တွေကို စွန့်ပယ်သစ္စာပြုပြီးရတနာသုံးပါး မြဲမြံသွားတာလည် ရှိတာပေါ့…။ “အမေခြုံကရော”
“အမေလည်း အဲဒီလိုလုပ်ခဲ့တာပေါ့”
စုန်းကဝေ၊ ပညာသည်တွေအကြောင်းပြောရင် ဆုံးနိုင်ဖွယ် မရှိ
စာရေးဆရာ။
စုန်းအမျိုးပေါင်း (၆ဝ)ခြောက်ဆယ်ကျော်ရှိတယ်။ ထားတော့ကွယ်၊ စောစောက ဇာတ်လမ်းကို ဆက်ကြရအောင်ဟေ့။
ငါ့ခေါ်ခိုင်းလိုက်တဲ့ တပည့်မ မိပြာပြန်ရောက်လာတယ်။
“မိပြာ ..”
“ရှင် – အမေရံ”
“မနော်ပါလာလား”
“မပါဘူး အမေရံ”
“ငါခေါ်တာကို မလာရအောင် သင်းက ဘာကောင်မ မို့လို့လဲ”
“အမေရံ”
“ငါမေးတာ အလျင်ပြော -တယ်လေ-”
“မ-မနော်-မ-မထနိုင်ဘူး။ ဒါကြောင့် “”
“ဘာ-ဘာ-ဘာဖြစ်လို့- သင်းက မထနိုင်ရတဲ့တုံး – မိပြာ” “ခံလိုက်ရလို့တဲ့”
“ဟင်”
ခံလိုက်ရလို့တဲ့။ ဒါနဲ့ – ငါလည်း မနော်တို့အိမ် ရောက်သွားရော။ မနော် ကို မြင်လိုက်ရတော့တာပဲ။ ထိချက်က ပြင်းသဟေ့။
မနော်ရဲ့ခြေနှစ်ချောင်းဟာယောင်ကိုင်းကြီးထွားနေတယ်။ ခြေထောက်
နှစ်ချောင်းဟာ ပြည်တောင်းတစ်လုံးမက ကြီးထွားတင်းပြောင်ပြီး လှုပ်လို့ မရဖြစ်နေတာကြောင့် မနော်ဟာ မျက်ရည်တွေကျပြီး ငိုနေတာကို ငါ မြင် လိုက်ရတော့တယ်။
မြင်တာနဲ့ ငါ သိလိုက်ပြီလေ .. ။
ငါ့တပည့်မ ခံလိုက်ရပြီ..။
ဒါ – ခြေစုန်းတွေ ပြုစားလိုက်တဲ့ လက်ရာပဲ ..
ငါတို့လောကမှာခြေစုန်း၊ ကိုယ်စုန်း၊ ခေါင်းစုန်း၊ မောက်စုန်း၊ မောက်ပြား၊ အိမ့်တလိမ့်စုန်းနဲ့ ကဝေမြောက်စုန်းဆိုတာ အသီးသီးရှိတယ်ကွယ်။ ပညာကြီးတာက အိမ့်တလိမ့်စုန်းနဲ့ ကဝေမြောက်ပဲ။
ကဝေမြောက်ဆိုတာ အဆင့်မြင့်တယ်။ ဒီစုန်းနှစ်မျိုးစလုံးက ကတော် ကြီးတွေကို အားကိုးအားထားပြုတယ်။
အိမ့်တလိမ့်စုန်းနဲ့ ကဝေမြောက်စုန်းကြီးတို့ဟာ အဲဒီကတော် (မယ် တော်ကြီး)များနဲ့ ကဝေနတ်၊ ဥရူနတ်၊ ဥရူနတ်ဆိုတာ အိမ်တွင်းနတ်ကိုပြော တာ။ ဇော်ဂနီ၊ ဇော်ဂနက်တို့ကို အကြောင်းပြုခိုင်းစေပြီး ဖမ်းစားနိုင်ကြ တယ်။
ကိုယ်တိုင် သွားထိကိုင်လုပ်စရာ မလိုဘူး။
ခိုင်းစားလို့ ရတယ်။
ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း၊ မောက်လုံး၊ မောက်ပြားတို့က အောက် နတ်တွေကို ခိုင်းလို့၊ စေလို့၊ ပြောလို့၊ ပတ်ဖွဲ့လို့ မရဘူး။

သူတို့ကိုယ်တိုင် ပညာအစွမ်းနဲ့ ပယောဂကို သွင်းရ ဖွဲ့ရတာ။ မနော်ကငါ့တပည့် ခေါင်းစုန်းပဲ။
မနော်ကလည်း ရန်သူရဲ့ခြေရာ၊ အရိပ်ကို မြင်ရရုံနဲ့ ပယောဂသွင်းလို့
ရတဲ့ စုန်းပဲ။
ငါတို့နေတဲ့အရပ်မှာ တောင်ရွာနဲ့ မြောက်ရွာဆိုတာ ရှိတယ် စာရေး
ဆရာရေ ။
နှစ်ရွာစလုံး ပညာသည်တွေချည်းပဲ။
ဟိုးမြန်မာ ရှင်ဘုရင်လက်ထက်ကတည်းက ရှိခဲ့၊ တည်ခဲ့တဲ့စုန်းကဝေ ရိုးရာမျိုးရိုးအရပ်ပဲဟေ့။
တာပဲ။
ကလေးကအစ လူကြီးအဆုံး ထမင်းစားရေသောက်တော့ တတ်ကြ
ကြီးတဲ့သူကတော့ ကြီးတဲ့အလျောက်ပေါ့။
တစ်ခါတစ်ခါ သူတို့ချင်း ပညာစမ်း ပညာပြိုင်၊ ပညာတက်၊ ပညာလက် ဆင့်ကမ်း လုပ်ကြတယ်။
ပညာနုတာနဲ့ ရင့်တာပဲ ကွာတယ်။
ပညာပြချင်တဲ့ သူနဲ့ ပညာမပြချင်သူပဲ ကွာတယ်။ သုံးတဲ့သူနဲ့ မသုံးတဲ့
သူပဲ ကွာတယ်။ အကုန်တတ်တာချည်းပဲ။
ငါက တောင်ရွာမှာ အကြီးအမှူးကဝေ (စုန်း)။
မယ်အုန်းဇာကမြောက်ရွာကအကြီးအမှူးပညာသည်ပေါ့။ နှစ်ရွာစလုံး
မယ်ဇာနဲ့ ငါရဲ့လက်ထွက်တပည့်တွေ ဆိုပါစို့ကွယ်။
ယောက်ျားတွေထက်စာရင် မိန်းမတွေက ပိုပြီးပညာသွက်တယ်ဟေ့။
အနိမ့်ဆုံးတော့ ချေးစားစုန်းပဲ။
နတ်တော်လရောက်ရင် ငါတို့ပညာကန်တော့ပွဲ လုပ်ကြရတယ်။ ပညာ တတ်တဲ့သူတိုင်း တက်ရတယ်။
အဲဒီမှာ ကြည့်ပြီး အဆင့်တက်ပေးရတာပဲ။

ယောက်ျားသားတွေက ကြာတော့ ဒီစုန်းကဝေပညာကို မသုံးချင်ဘူး။ မတက်ချင်ဘူး။ မိန်းမသား သူစိမ်းတွေ အထင်သေးမှာ၊ ရွံ့မှာ၊ ရှောင်မှာစိုး လို့တဲ့။
ငါတို့ပညာသည် လူကြီးချင်းမှာ ပြဿနာမရှိဘူး။ အောက်လက်ငယ် သားတွေမှာတော့ ပြဿနာရှိကြတယ်။
တစ်ရွာနဲ့တစ်ရွာ အကြောင်းကြီးငယ် သာမှုနာမှုရှိရင် ကူးလူးဆက်ဆံ
သွားကြရတာ။
အဲဒီမှာ လူငယ်တွေပေါ့…။
အထူးသဖြင့် စုန်းပညာတတ်ခါစ မိန်းမရွယ်တွေ မိန်းမကြီးတွေပေါ့။ တစ်ရွာသူကို ပညာစမ်းလိုက်တာပဲ။
ငါတို့တောင်ရွာကပညာသည်မိန်းမရွယ် ညံ့ရင်ခံရောပဲ။ ဒီလိုပဲ- သူတို့ မြောက်ရွာသူတွေ ညံ့ရင်ခံပဲ။
ပက်ပက်စက်စက်ခံရရင် ငါတို့ အကြီးအမှူး ပညာသည်ကြီးတွေက ကုသဆုံးမ တားမြစ်ရတာပေါ့။
အခု-မနော် ဒီလိုမျိုးခံရပုံပဲ။
ဒါ- မြောက်ရွာသူ လက်ချက်ပဲနေမှာ။
ကိုယ့်ရွာသူအချင်းချင်းတော့ လုပ်ခဲပါတယ်ကွယ်။
“မနော်…”
“အမေရံ”
“ပြော – နင် ဘယ်လိုဖြစ်ခဲ့ရတာတုံး”
ဒီမှာပဲ မနော်က ငိုသံပါနဲ့ နောက်ကြောင်းပြန်ပါရောဟေ့..
“ခြေထောက် မြှောက်လို့ရရဲ့လား”
“မ-ရ-ဘူး”
“လှုပ်လို့ရော ရလား”
“မ-ရ-ဘူး”
“နင်ခံရတာ ဘယ်နှရက်ရှိပတုံး” “နှစ်ရက်-ရှိ-ရှိ-ရှိသွားပြီ -အ-အ”
“နင့်ကို ဘယ်သူ လုပ်လိုက်တာလဲ မနော်” “မယ်-မယ် – မုန့်”
“မိဇာကြီးရဲ့တပည့်မ မယ်မုန့်လား”
“ဟုတ်-ဟုတ်”
“တောက် – ငါ့တပည့်ဖြစ်ပြီး ခံရတယ်လို့အေ – ဖွီး” “သင်း – သင်းလည်း ခံရမှာပဲအေ”
“ဘာလဲ – ညည်းက ပြန်လုပ်ခဲ့လို့လား”
“အင်း”

“သေနိုင်လား” “ဟင့်အင်း သိသာရုံပါ” “အခု- နင်ခံနေရပြီလေ” “ကျွန်မကို ကယ်ပါဦး အမေရယ်”
ဒါနဲ့ – ငါကပေါင်ရင်းကနေလက်နဲ့သပ်ချပြီးဝင်နေတဲ့ပယောဂတွေကို ထုတ်ပြီး ရွာပြင်လွှတ်ပစ်လိုက်တယ်။
ပြီး – ရောင်ကိုင်းနေတဲ့ နေရာတွေကို ငါ့လက်ဝါးစောင်းနဲ့ ခုတ်ခုတ်ချ ပေးလိုက်ရော …။
ရောင်ကိုင်းနေတဲ့ခြေနှစ်ဖက်ပေါ်ကနေအခိုးအငွေ့တွေ ရုတ်ခြည်းပေါ်
လာပြီး အိမ်ထဲကနေ ရွာပြင်ကို ဝေ့ဝဲပျံသန်းသွားတာ အားလုံးမြင်လိုက်ရ တယ်။
“ခြေထောက်ကို လှုပ်ကြည့်စမ်း”
“လှုပ်လို့ရပြီ – အမေရံ”
“မြှောက်ကြည့်”
“ရပြီ-အမေ”

“မြှောက်လို့ရရင် ထရပ်-လမ်းလျှောက်” မနော်ထရပ်ပြီးလမ်းလျှောက်တယ်။ သင်းမျက်နှာပေါ်မှာ ဝမ်းသာရိပ်
တွေ သန်းလို့ …။
“မနော်”
“ရှင် – အမေရံ”
“နင်တို့ ဘယ်လိုဖြစ်ကြတာလဲ-ပြော” “ဒီလိုပါ-အမေ”
ကျွန်မက မြောက်ရွာက မိစန်းတို့အိမ် သွားလည်တာပါ – အမေ။ မိစန်း က ပညာမတတ်ဘူး။ ရိုးရိုးသားသားပါပဲ – အမေ။
မိစန်းတို့အိမ်မှာ မြို့သားဧည့်သည်တစ်ဦးရောက်နေတယ်။ နာမည်က ကိုလရောင်မြို့တဲ့။
ချောမှချောပဲ။ အရွယ်ကလည်း ကျွန်မတို့နဲ့ ရွယ်တူပဲ။ မြို့ပေါ်ကမြို့ပိုင်ရဲ့ သားထွေးတဲ့။ သူ့အဘ မြို့ပိုင်ကတော့ ရွာကိုစစ်ဆေးပြီး ပြန်သွားပြီ။ သူက မိစန်းအစ်ကိုနဲ့ ကျောင်းနေဖက်မို့ ကျန်ရစ်တာ။
ရွာထဲမှာလူရွယ်လူချောတစ်ဦးရောက်နေတယ်။ ကြားတော့-ရွာထဲက မိန်းမတွေဝိုင်းလာကြ၊ ကြည့်ကြ၊ မိတ်ဆက်ကြ၊ ဟင်းခွက်တွေပို့ကြ၊ အိမ် အလည်ခေါ်ကြပေါ့။
အဲဒီမှာ မိရှင်မုန့်လည်း ရောက်လာတာပဲ…။
ရှင်မုန့်ကလည်း ကျွန်မလိုပဲ လုံးကြီးပေါက်လှပဲ။
ကျွန်မက အသားဖြူတယ်၊ ရှင်မုန့်က အသားညိုစိမ့်လေ။ ကိုလရောင် မြို့နဲ့ ကျွန်မတို့နှစ်ယောက်စလုံးနဲ့ ခင်မင်သွားကြတယ်။
“မရှင်နော်တဲ့လား” “ဟုတ်ကဲ့ပါ – ရှင့်”
“ချောလိုက်တာဗျာ” “ဟင်း-ဟင်း-ဟင်း- မမြှောက်ပါနဲ့ရှင်”
“ဒီက နှမက မရှင်မုန့်နော်” “ဟုတ်ပတော်” “ညိုချောပဲကို” “ခစ် – ခစ် – ခစ်”
ဒီမှာ မိစန်းရဲ့အစ်ကို ကိုသိန်းချစ်က ပြောရော..
“မောင်မြို့
“ဘာလဲ-ကိုချစ်”
“အချောတွေကြားထဲ ညှပ်နေဦးမယ်ဟေ့”
“ဟာဗျာ- ကိုချစ်ကလည်း” “ခစ် – ခစ် – ခစ် – ခစ်”
“ဟင်း-ဟင်း-ဟင်း-ဟင်း- အဟတ် – အဟတ်”
တိုတိုပြောရရင် ကျွန်မရော၊ မယ်ရှင်မုန့်ရော ကိုလရောင်မြို့ကို အပြိုင်
ပိုးကြတယ်။
ကျွန်မ ကိုလရောင်မြို့ကို မြင်မြင်ချင်း ချစ်သွားပြီလေ …။ ကိုလရောင်မြို့နဲ့ အစ်ကိုသိန်းချစ်တို့က အိမ်လွတ်ကြီးတစ်လုံးမှာ လွတ်လွတ်လပ်လပ် အတူနေကြတယ်။
ကျွန်မကလည်း မိစန်းတို့အိမ်မှာ တစ်ပတ်နေဖို့ စီစဉ်ထားတော့ ကိုလရောင်မြို့တို့ စားဖို့ ဟင်း၊ ထမင်းကို ကျွန်မနဲ့ မိစန်း သွားသွားပို့ရတယ်။ အဲဒီမှာ မိရှင်မုန့်ကလည်း စားကောင်းစားဖွယ်တွေလာပို့တယ်။ ထမင်း စားရင် ရှင်မုန့်နဲ့ ကျွန်မက ကိုလရောင်မြို့ကို အနားကယပ်ခပ်ပေး၊ ဟင်း ထည့်ပေး၊ ရေနွေးကမ်းပေး။
တစ်ယောက်အထာ တစ်ယောက် သိနေကြတော့ …။ သိပ်မကြည်ကြဘူး..။
ကျွန်မနဲ့ မိစန်း မပြန်မချင်း ရှင်မုန့်ကလည်း မပြန်ဘူး။ ဒီအကြောင်းကို ကိုသိန်းချစ်တို့လည်း ရိပ်မိကြတယ်။ ကျွန်မကလည်း ရှင်မုန့်ပြန်မှ ပြန်
ရေ”
တော့ …။
အကြောင်းသိချင်း ငြိကြတာပေါ့- အမေ။
“မနော်”
“ဘာလဲ – ရှင်မုန့်”
“နင် – တောင်ရွာကို မပြန်သေးဘူးလား”
ကျွန်မ ရွဲ့ပြီး ပြောလိုက်တယ်။
“ကိုမြို့နဲ့ မြောက်ရွာမှာ မင်္ဂလာဆောင်ပြီးမှ ငါ့ရွာကို ပြန်မယ် ရှင်မုန့်

“ဟုတ်လား” “ဟုတ်တယ်ဟေ့”
“အသေတွက်ပေါ့အေ”
“ဟဲ့ကောင်မ – နင် ဘာပြောလိုက်တယ်ဟေ့-ဟေ့”
မရှင်နော် ပြန်မပြောဘူး။ သုတ်သုတ် သုတ်သုတ် ပြန်သွားခဲ့တယ်။
နောက်နေ့မှာ
ရှင်မုန့်ကကိုလရောင်မြို့ကိုလက်ဖက်ကျွေးပြီးပြန်တယ်။
လက်ဖက်စားပြီး မကြာဘူး ဝမ်းဗိုက်အောင့်လို့ အော်နေရပါရော..။
ဆေးတိုက်လည်း မရဘူး၊ လူးလှိမ့်နေတယ်။
ကျွန်မ ရောက်သွားလို့ ကြည့်လိုက်တော့ မရိုးမှန်းသိလိုက်ပြီ.. ဒါနဲ့ စစ်ဆေးလိုက်တော့..
ရှင်မုန့်က စားမည့်လက်ဖက်ထဲ ပညာနဲ့ စီရင်လိုက်တာ သိရော။ အဲဒီလက်ဖက်ကို ပြန်နုတ်လွှင့်ပစ်ကုပေးလိုက်တော့ ကိုလရောင်မြို့ အောင့်တာ ပျောက်သွားတော့တယ်။
“ကိုမြို့”
“ကျေးဇူးတင်လိုက်တာ – မနော်ရယ်”
“နောင်ကို ရှင်မုန့်ကျွေးတိုင်း မစားနဲ့” “ဗျာ – ဘာဖြစ်လို့လဲဟင်” “မစားနဲ့ဆို နားလည်မှပေါ့ရှင်”
အစ်ကိုသိန်းချစ်ကတော့ သဘောပေါက်တယ်။ ဒါပေမဲ့ – ကိုမြို့ကို ဖွင့်မပြောဘူး။ ကျွန်မ ပညာတတ်မှန်းလည်း အစ်ကိုချစ်က သိတာပဲလေ။ ဒါပေမဲ့- သူက ကြောက်တတ်တယ်လေ။ မပြောဘူး။
ဒါနဲ့ – ကြာရင် ရှင်မုန့်ပြုစားလို့ ရှင်မုန့်နောက်ပါမှာစိုးတာနဲ့ ကျွန်မလည်း ကွမ်းယာစီရင်ပြီး ကိုမြို့ကို ကျွေးလိုက်တယ်။
အရေးကြီးတာ ကိုမြို့ကျွန်မကို အာရုံစိုက် မျက်နှာသာပေးပြီး ကျွန်မ ခေါ်ရာကို လိုက်ခဲ့ဖို့ပဲ။
ကျွန်မ စီရင်လိုက်တဲ့ ကွမ်းယာစားပြီးနောက်ပိုင်း ကိုမြို့က ကျွန်မကို မမြင်ရရင် မနေနိုင်တော့ဘူး။
ပါးစပ်ဖျားကလည်း ရှင်နော် – ရှင်နော် မေးနေတာပဲ။
ဒီလိုနဲ့ ကျွန်မနေတဲ့ တောင်ရွာကို အလည်ခေါ်ဖို့ လုပ်နေတုန်း ကျွန်မ ခြေထောက်တွေ လေးနေတာကို သိလိုက်တယ်။
ခြေသလုံးရိုးတွေကလည်း မခံမရပ်နိုင်အောင် ကိုက်ခဲနာကျင်နေ တယ်။ သိလိုက်ပြီ။ ကျွန်မကို ရှင်မုန့် ပညာပြလိုက်ပြီ…။
ဒီမှာပဲ ရှင်မုန့်လာပေးသွားတဲ့ ကြက်သားနဲ့ ဖရုံသီးဟင်းထဲမှာ ဆံပင် ချည်တစ်ချောင်းတွေ့လိုက်လို့ ယူပြီး ပညာနဲ့ ပြန်စီရင်လိုက်တယ်။ ကျွန်မက ခေါင်းစုန်းပဲလေ…။
သင်းရှင်မုန့် မကြာခင် သိရတော့မှာပါ။
ညဘက်လည်းရောက်ရော၊ ကျွန်မခြေနှစ်ချောင်းလှုပ်လို့မရတော့ဘူး။ ကျွန်မ ခံလိုက်ရပြီ။ ဒီရွာမှာ ဆက်နေရင် ကျွန်မ သေလိမ့်မယ်။
ဒါကြောင့် – ရွာကလူတွေမသိအောင် လှည်းတစ်စီးနဲ့ တောင်ရွာကိုပြန် ခဲ့ပေမယ့် စောစောက အမေခြုံမြင်ရတဲ့အတိုင်း ကျွန်မ ခြေလှုပ်လို့မရ ဖြစ် ခဲ့ရတာပဲ- အမေ”
“အော်- မိရှင်မုန့်က ခြေစုန်းကိုးအေ့။ ညည်းတို့ သံသရာမရှည်သင့်ဘူး အေ။ ဒါ-ဟိုကောင်လေးကြောင့် ဖြစ်တာပဲ”
“ကိုမြို့က ဘာမှမသိဘူး – အမေရံ”
“ကောင်လေးသဘောကရော ဘယ်သူ့ကို ကြိုက်တုံး” “မပြောတတ်ဘူး၊ ကျွန်မတို့ ကြံစည်ကြိုးစားကြတုန်းပဲ” “ညည်း – အခု ကောင်လေးကို ကြိုက်တုန်းပဲလား”
ရှင်နော် ပါးစပ်က မပြောဘူး၊ ခေါင်းငုံ့နေတယ်။ “လင်ရှားလို့လား “ ရှင်နော်”

“လင်တစ်ယောက်ကြောင့် နှစ်ရွာ ပညာပြိုင်ရရင် ဘယ်လိုလုပ်မတုံး –
နောက်နေ့ငါမြောက်ရွာကိုသွားပြီးမြောက်ရွာသူမကြီးမယ်အုန်းဇာကို
ခေါ်ပြီး ရှင်မုန့် အိမ်ကို ရောက်သွားခဲ့တယ်။ ရှင်မုန့်လည်း ခုမှ နေကောင်းခါစတဲ့ …
…ll
“ညည်းတို့ ဘယ်လိုဖြစ်ကြတာတုံး- မယ်မုန့်ရယ်” ရှင်မယ်မုန့်ကလည်း အမှန်အတိုင်း ပြောပြတယ်။
“ကျွန်မလည်း ကိုမြို့ကို ကြိုက်တယ်-ကြီးတော်ခြုံ။ ရှင်နော်ကလည်း ကိုမြို့ကို ကြိုက်နေတာပဲ။ ရှင်းအောင်ပြောရရင် ရည်းစားလု၊ လင်လုရင်း ကိုယ့်ဘက်ပါအောင် ပညာသုံးကြတယ်။ ကျွန်မ လက်ဖက်သုံးတာကို ရှင်နော်က သိသွားပြီး ကွမ်းယာစီရင်ကျွေးလိုက်တော့ ကိုမြို့က ရှင်နော်မှ ရှင်နော် ဖြစ်နေပါရော။ ကျွန်မ သိတာပေါ့။ ကိုမြို့ကို ရှင်နော် အပါခေါ်သွား တော့မယ်။ ဒီတုန်းက ကျွန်မ ပိုင်းဖြတ်ထားတယ်။ ကိုမြို့ကို ကျွန်မ အရယူ မယ်။ ရှင်နော် ဘဝပျက်ရမယ်။ ဒါကြောင့် – ရှင်နော်ရဲ့ခြေရာကို ထောက်ပြီး ပြုစားလိုက်တာ။ ရှင်နော်လဲရော။ ရှင်နော်ကိုခြေစုန်းအတတ်နဲ့ ပြုစားပြီးမှပဲ ကျွန်မလည်း ခေါင်းလုံးဝမထူနိုင်ပဲခေါင်းကိုက်လို့လူးလှိမ့်အော်ဟစ်နေတာ သေမတတ်ပဲ။ အဲဒါ- အမေကြီး ဒေါ်အုန်းက လာပြီး လက်နဲ့ သပ်ချဖယ်ရှား ကုသပေးမှ ခေါင်းထူလို့ရတော့တယ် ကြီးတော်ရံ”
“မယ်ခြုံ” “ဘာတုံး- မယ်ဇာ”
“နင့်တပည့်မလည်း ပညာမသေးဘူးအေ့”

“ညည်း – သိမှာပေါ့”
“ခေါင်းစုန်းပဲအေ့၊ ဒါကြောင့် – ငါ့တပည့်မယ်မုန့် ခေါင်းမထောင်နိုင်
“တော်ကြတော့အေ – လင်လုမနေကြနဲ့၊ ညည်းတို့ လင်လုတဲ့ကိစ္စမှာ ငါတို့ကန့်လန့်ကန့်လန့် ဝင်မပါချင်ဘူး။ ညည်းတို့ကောင်လေးကိုမေး။ သူက ညည်းကို ကြိုက်တယ်၊ ယူမယ်၊ လက်ထပ်မယ်ဆို ငါ့တပည့် မနှောင့်ယှက် စေရဘူး။ ကဲ-ညည်းကိုရော ကောင်လေးက ကြိုက်သတဲ့လား ရှင်မုန့်” “မ-မ-သိဘူးရှင့်”
“ငါသိပါတယ်၊ ညည်းတို့နှစ်ယောက်စလုံး မိန်းမနောက်ပိုးတွေ” ဒီမှာ-ဒေါ်ဇာက ..
“ဘယ်လိုလုပ်ရင် ကောင်းမတုံး”
“ကောင်လေး – မြို့ပေါ်ပြန်ရင် ကိစ္စပြီးပြီ”
“သူတို့က မြို့ပေါ်လိုက်သွားရင်ရော”
“ကောင်လေးက သင်းတို့ကို ချစ်မှာ၊ ကြိုက်မှာလား”
“မပြောတတ်ဘူးလေ”
“ပွင့်ပွင့်လင်းလင်း မေးရင်ကော”
“အဲလိုပဲ လုပ်ရမှာပဲ။ နို့မို့ – ဒီလင်လုဘက်တွေကြောင့် ငါ့ကိုပါ ဒုက္ခ
ရောက်မယ်”
တယ်။
“ကြာတယ်အေ -ကောင်လေးကို သွားမေးကြမယ်ဟေ့”
ငါတို့ မောင်လရောင်မြို့နေတဲ့အိမ်ကိုရောက်တော့ သိန်းချစ်ကို တွေ့ရ
“သိန်းချစ်”
“ခင်ဗျာ – ကြီးတော် ဘာကိစ္စရှိလို့ပါလဲ – ခင်ဗျ”
“ဧည့်သည်မောင်ရင်လေးရှိလားဟေ့”
“မရှိဘူး-ကြီးတော်”
“ဘယ်သွားလို့တုံး၊ ငါတို့က သူနဲ့ စကားပြောစရာ ရှိလို့ပါကွယ့်” “ကိုမြို့- မြို့ပေါ်ခဏပြန်တယ် ကြီးတော်”
“ဘယ်တော့ ပြန်လာမတဲ့တုံး”
“တစ်ပတ်နေရင် ပြန်လာမယ်လို့ ပြောတယ်ခင်ဗျ”
ဒါနဲ့ – ငါတို့နှစ်ဦး သိန်းချစ်ကို စိုက်ကြည့်ပြီး ပြောရရော –
“သိန်းချစ်”
“ခင်ဗျာ”
“ငါတို့ကို နင် သိတယ်နော်- သိန်းချစ်”
“သိ-သိ-ပါတယ် – အမေ”
“ငါတို့ကို မညာနဲ့”
“မဝံ့ပါဘူး – ကြီးတော်တို့ရယ်၊ မယုံရင် အိမ်ပေါ်တက်ကြည့်ကြပါဗျာ” “ကောင်လေးပြန်လာရင် ငါတို့ကိုလာပြော”
“ဟုတ် – ဟုတ်ကဲ့”
ငါတို့နှစ်ဦး ပြန်လာခဲ့လိုက်ကြတယ်။ ကောင်လေးကိုတွေ့ရင် ပွင့်ပွင့်
လင်းလင်း မေးရမယ်လေ။
ရှင်နော်ကို ကြိုက်လား။
ရှင်မုန့်ကို ကြိုက်လား၊ ချစ်လား…။
ကောင်လေး ချစ်တဲ့သူနဲ့ ပေးစားရမှာပဲ။
ကောင်လေးက ဘယ်သူ့မှ မကြိုက်ဘူးဆိုရင် ငါတို့တာဝန်ပြီးပြီ။ သို့ သော်-ကောင်လေးအတွက်တော့ စိုးရိမ်ရတာပေါ့။ ဟိုကောင်မနှစ်ယောက် က ပြောလို့မရဘူးလေ။ အမြင်ကတ်ပြီး ပြုစားလိုက်ရင် …
ကောင်လေးဘဝ ရေစုန်မျောပြီ..။

ဒီလို (၈) ရက်မြောက်တဲ့မနက်မှာ သိန်းချစ် ငါတို့တောင်ရွာကိုရောက် လာတယ်။
“ကြီးတော်ရံ- ပျို့- ကြီးတော်ရံ”
“ဟဲ့- ဘယ်သူတုံး”
“ကျွန်တော် သိန်းချစ်ပါ – ကြီးတော်ခြုံ”
“သိန်းချစ် – ဘာကိစ္စတုံး”
“မောင်မြို့ရွာကို ပြန်ရောက်လာပါပြီ – ကြီးတော်ခြုံ” “ဟုတ်လား- ဒါဆို လာခဲ့မယ်ဟေ့”
မောင်မြို့ပြန်ရောက်ပြီ ကြားရော ငါတပည့်ရှင်နော်လည်း လှလှပပ ဝတ်စားပြီး ငါနဲ့တောင်ရွာကို လာခဲ့ကြတယ်။ သွက်နေတာပဲဟေ့။ ရှင်နော်လည်း ကောင်လေးကို တွေ့ရမှာမို့ ပျော်လို့။ ဟော-ဟိုမှာ မယ်ဇာတို့ ဆရာတပည့် မဟုတ်လား။ အံမယ် ..။
သူ့တပည့်ရှင်မုန့်ကလည်း ခြယ်သထားတာ ပျံနေတာပဲ။ ကောင်မ နှစ်ယောက် ပြန်ဆုံကြတော့ မျက်စောင်းတခဲခဲနှင့်။
ခင်ဗျ
တယ်။
“သိန်းချစ်…”
“ဟေ့ – သိန်းချစ်”
“ဗျာ”
“ငါတို့ လာပြီဟေ့”
“လာကြပါ- ကြီးတော်တို့၊ နှမတို့အိမ်ပေါ်ကို ကြွကြပါခင်ဗျ။ ထိုင်ကြပါ
ဒါနဲ့ – ငါတို့အားလုံး အိမ်ပေါ်ကို တက်ခဲ့ကြတော့..
ခေါင်းရင်းမှာ သင်္ကန်းဝတ်တစ်ပါး ငါတို့ကို ကျောပေးပြီး ပုတီးစိပ်နေ
ရဟန်းပုတီးစိပ်နေတဲ့အိမ်ငါတို့ရောက်သွားတော့တစ်ကိုယ်လုံးယားယံ
ပြီး နေရထိုင်ရခက်နေပါရော။ ငါတို့နဲ့ ရဟန်းနဲ့အပ်စပ်တာ မဟုတ်ဘူးလေ။ လူကိုလူးလွန့်နေတယ်ကွယ့်။ ဒါ – သိန်းချစ် စနက်နေမှာပဲ။
နေနှင့်ဦးပေါ့ – သိန်းချစ်ရယ်။ ဒါနဲ့ – ကိစ္စပြီးအောင် မေးရမယ်။
“သိန်းချစ်”
“ဗျာ”
“မောင်လရောင်မြို့ရော”
“ရှိပါတယ် “ ကြီးတော်”
“ငါတို့ တွေ့ချင်တယ်၊ ခေါ်လိုက်ပါ သိန်းချစ်”
“ဟုတ်ကဲ့ – ဦးဇင်းဘုရား- ရပ်တော်မူပြီး တပည့်တော်တို့ဘက်ကို
လှည့်တော်မူပါ – ဘုရား”
သိန်းချစ်က ဒီလို လျှောက်လိုက်ရော …
သင်္ကန်းဝတ်က ပုတီးစိပ်နေတာရပ်ပြီး ဖြည်းဖြည်းချင်း လှည့်လိုက်
တယ် …။
“ဟင်”
“အို”
“အလို”
“ဒါ-ဒါ-ကို-ကိုမြို့-ကိုမြို့- မဟုတ်လားဟင်”
“ကိုမြို့- မဟုတ်ပါဘူး – ဒကာမလေး။ ရှင်ဝိမလလို့ ခေါ်ပါတယ်”
“အို”
သူတို့ အခုမြင်နေရတာ မြို့ပိုင်သား ကိုလရောင်မြို့မဟုတ်တော့ဘူး။ သင်္ကန်းဝတ် ရှင်ဝိမလ …။ ဦးဇင်း ရှင်ဝိမလ ..။
ဒေါ်ကြုံ၊ ဒေါ်ဇာ၊ ရှင်နော်နဲ့ ရှင်မုန့်တို့ အံ့အားသင့်ပြီး အသံတိတ်ကုန်ကြ တယ်။ ဘာလုပ်လို့ လုပ်ရမှန်းမသိ။
သူတို့ တွေ့ချင်တာ မောင်မြို့..။
မေးချင်တာက ရှင်နော်နဲ့ ရှင်မုန့် နှစ်ဦးအနက် ဘယ်သူ့ကို ချစ်လဲ၊
ကြိုက်လဲ …။
ချစ်ရင်၊ ကြိုက်ရင် ဒီရွာမှာ လက်ထပ်ပေးမလို့။

ပြီးရင် – သူတို့ရဲ့ ပညာသည်
(စုန်းကဝေ)ဇာတ်ထဲသွင်းမလို့။ ရှင်မုန့်နဲ့
ရှင်နော်ကို ငြိမ်းချမ်းရေး လုပ်ပေးမလို့၊ ဒါကြောင့် – လာတွေ့တာ။
ခုတွေ့နေရတာ မောင်မြို့မဟုတ်။
ရှင်ဝိမလတဲ့။ တည်ငြိမ်တဲ့ ဣန္ဒြေနဲ့ ရဟန်းပျို။
“ဒကာမကြီးတို့-ဒကာမလေးတို့ …”
“ဦးမချတော့ဘူးလားဟင်”
ဦးဇင်းလေး ဝိမလက နှုတ်ခမ်းတွန့်ရှုံ့လေး ပြုံးတယ်ဆိုရုံလေး။ ဒီမှာငါကလည်း စ.ပြောရတော့တယ်။
“သိန်းချစ် …”
“ဗျာ”
“ငါတို့ ပြန်မယ်”
“ဟို-ဟို-စ-စကား-ပြော- ပြောကြဦးလေ”
“လာဟေ့ ပြန်ကြစို့”

ငါတို့အားလုံး ခြေဆောင့်ပြီး အိမ်ပေါ်က ဆင်းခဲ့ကြတယ်။ ခြံပြင်ကို ရောက်တော့မှ ငါတို့အားလုံး တစ်ကိုယ်လုံး ယားယံနေတာ ပျောက်တော့ တယ်။
ဟိုကောင်မနှစ်ယောက်က သံယောဇဉ် မျက်လုံးတွေနဲ့ လှည့်ကြည့် လို့ ဟိုက သင်းတို့ကို ယောင်လို့တောင် မော့မကြည့်။ လှည့်မကြည့်။ သူတို့လည်း ခြေဆောင့်ပြီး ပြန်ခဲ့ကြတယ်။
ကောင်လေးမောင်မြို့ကံကောင်းပါတယ် – စာရေးဆရာ။ လူဝတ်နဲ့သာ
ဖြစ်နေရင် …။
ဒီကောင်လေးရဲ့ဝိညာဉ်ဟာ ငါတို့ရွာမှာ ရွာစောင့်သရဲအဖြစ် ကျန်နေ ရစ်ရမှာ။ ငါတို့ သူ့အသက်ကို နုတ်ရမှာလေ။
အခု
သင်္ကန်းဝတ်နဲ့ဆိုတော့ … ငါတို့ ဘာမှလုပ်လို့မရဘူး။
ဒီရဟန်းကိုမျှ မဟုတ်ဘူး။
သိန်းချစ်တို့ မိသားစုကိုလည်း ပယောဂနဲ့ တိုက်ဖို့မလွယ်တော့ဘူး။
သူတို့က ဘုရားလူတွေ။
ငါတို့နဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်သွားပြီလေ
ဒီပွဲမှာ ငါတို့ နာသာခံခက်နဲ့ ရှုံးခဲ့ရပေါ့။

Zawgyi Version

” လင္လုစုန္း “(စ/ဆုံး)
——————————
မိန္းမက ဆံပင္ဖားလ်ားခ်ႀကီးနဲ႔ အိမ္ေပၚတက္လာတာ။ “ညည္းက ဆံပင္ဖားလ်ားခ်လို႔ ဘယ္လိုျဖစ္လာတာတုံး” ငါတို႔ ေလာကမွာ ဆံပင္ဖားလ်ားခ်ရင္ …။ ထဘီေဇာက္ထိုးဝတ္ထားရင္ ….။
မ်က္လုံးႏွစ္လုံး ဂနာမၿငိမ္ရင္ …။
ခႏၶာကိုယ္ေရွ႕တိုးေနာက္ငင္
ဘယ္ညာယိမ္းထိုးသလိုရွိေန၊ ျဖစ္ေနရင္
ပညာပိုင္းဆိုင္ရာ ျပႆနာတစ္ခုခု ရွိေနလို႔ဆိုတာ ငါတို႔ ပညာသည္ခ်င္း
သိၾကတယ္။
“ေျပာပါဦး- ညည္းက ဘာလို႔ ဆံပင္ဖားလ်ားခ်တာတုံး”
“႐ြာထဲကို မေလာက္ေလးမေလာက္စား ဆရာစုတ္တစ္ေယာက္ ဝင္
လာလို႔ ပညာေပးၿပီး နင့္ဆီ ဝင္ခဲ့တာပါ – မိၿခဳံရယ္”
“ဘာ – ဆရာတုံး” “ပေယာဂကုတဲ့ ဆရာတဲ့”
“ဘယ္ကလာတာတဲ့လဲ-မိဇာ”
“ပ်ဥ္ပုံႀကီးကလို႔ ေျပာတာပဲေဟ့”
“ညည္းနဲ႔ ေတြ႕ေတာ့ ဘယ့္ႏွယ့္ရွိသြားတုံးေအ”
“မိၿခဳံရယ္၊ ငါ့နာမည္ရင္း မိအုန္းဇာပါေအ။ သင္း- ဘယ္ႏွယ့္ျဖစ္မလဲ ေတာ့ မသိဘူး။ ပါးစပ္ထဲက ေသြးေတြအန္ၿပီး သတိလစ္သြားတယ္။ သူ႔လူ ေတြကေတာ့ ကပ္စင္နဲ႔ ထမ္းထုတ္သြားတာပဲေဟ့”
“မိဇာ”
“ဘာတုံး- မိၿခံ”
“လက္လြတ္စပယ္ မလုပ္ပါနဲ႔ေအ”
“သနားလို႔လား၊ ညည္းလင္မို႔လို႔လား-ေျပာ” “ပညာေပး႐ုံဆို ေတာ္ေရာေပါ့ – မိဇာရယ္”

“သင္းက ေထာင္ေထာင္လုပ္ခ်င္ေနလို႔ပါေအ။ မွတ္ေလာက္ သား ေလာက္လုပ္လိုက္တာပါ။ ေသေတာ့ မေသႏိုင္ပါဘူး”
“ဒီအေၾကာင္း ေျပာဖို႔လာတာလား-မိဇာ”
“မဟုတ္ဘူးေအ့၊ ေျပာစရာရွိတာက တျခားပါဟယ္”
“ဒါဆို-ေျပာ”
“မိၿခဳံ- ညည္းတပည့္ မေနာ္ကို သိတယ္ေနာ္”
“သိတယ္ – ဘာျဖစ္တုံး”
“ငါ့တပည့္ မယ္မုန႔္ေရာ ညည္းသိလား”
“အသားညိဳညိဳ ႏွာတံစင္းစင္းနဲ႔ ကုလားဆင္႐ုပ္နဲ႔ ကေလး မဟုတ္
“ဟုတ္တယ္ေအ – ဟုတ္တယ္”
“သူတို႔ ဘာျဖစ္လို႔တုံး”
“ညည္းတပည့္မ မေနာ္က ငါ့တပည့္မ မယ္မုန႔္ကို လုပ္လိုက္တာ အခု ငါ့တပည့္ မယ္မုန႔္ ေခါင္းမေထာင္ႏိုင္ဘူး”
“ငါ့တပည့္ မေနာ္က လုပ္လို႔”
“ဟုတ္တယ္”
“ေနပါဦး မိဇာ၊ နင့္တပည့္မယ္မုန႔္ ေခါင္းမထူႏိုင္ျဖစ္ေနတာညည္းက ေပ်ာက္ေအာင္မလုပ္ႏိုင္ဘူးလား”
“လုပ္ေပးလိုက္ပါၿပီေအ” “ဒီေတာ့ “ ဘာျဖစ္တုံး”
“နင့္တပည့္မမေနာ္ကိုလည္းနင္ ဆုံးမပါဦး – မယ္ၿခဳံ။ သူတို႔လူငယ္ခ်င္း ကိစၥ ငါတို႔၊ ညည္းတို႔ ပါရင္လည္း မသင့္ဘူးေအ”
“ေနပါဦး – မိမယ္ဇာရယ္၊ နင့္တပည့္ မယ္မုန႔္နဲ႔ ငါ့တပည့္ မေနာ္တို႔က
ဘာကိစၥနဲ႔ ဘာျဖစ္ၾကလို႔တုံး”
ဒီမွာ မိအုန္းဇာက ငါ့မ်က္ႏွာကို စူးစူးႀကီး ၾကည့္ရာက …

“နင္ မသိဘူးလား- မိၿခဳံ”
“သိမွေတာ့ နင့္ကို ငါက ေမးစရာလားဟဲ့” “ဟူး-ေျပာ-မေျပာခ်င္ပါဘူးေအ”
မိအုန္းဇာက ညည္းသလိုေျပာရင္းက ေဆးလိပ္ခြက္ထဲက ေျပာင္းဖူး လိပ္ကို မီးညႇိၿပီး အားရပါးရ ဖြာလိုက္တယ္။
“ကဲ-ေျပာ- သူတို႔ႏွစ္ဦး ဘာျဖစ္ၾကတာတုံး”
“လင္လုရင္း ျဖစ္ၾကတာတဲ့”
“ဟဲ့- မိဇာ၊ ငါတပည့္ မေနာ္က ဘယ္သူ႔လင္ကို လုလို႔တုံး။ မေနာ္က
အပ်ိဳဟဲ့- အပ်ိဳ”
“ငါ့တပည့္ မယ္မုန႔္လည္း အပ်ိဳပါပဲေအ”
“ဒါဆို ဘယ္သူ႔လင္ သြားလုၾကလို႔တုံး”
“ဒီလို မယ္ၿခဳံေရ၊ နင့္တပည့္ေရာ၊ ငါ့တပည့္မေရာ လင္လိုခ်င္ေနၾက တယ္။ ေကာင္ေလးတစ္ေယာက္ကို ေတြ႕ၿပီး လင္ေတာ္ခ်င္လို႔ အၿပိဳင္ဆြယ္ ၾကရာက ေနာက္ဆုံးပညာေတြထုတ္သုံးၿပီး ျဖစ္ၾကတာေအ”
“ရည္းစားလုရင္းက …”
“လင္ေတာ္ခ်င္ေတာ့ လင္လုတယ္ပဲ ေျပာပါစို႔ေအ” “အဲဒီေတာ့ – ခု ဘယ္လိုျဖစ္ၾကတုံး”
“ေကာင္ေလးကိုယ့္ဘက္ပါေအာင္လုပ္ရင္းက ပညာၿပိဳင္သလိုျဖစ္ၿပီး သူ႔ပညာသုံး၊ ကိုယ့္ပညာသုံးနဲ႔ ၾကာရင္ သင္းတို႔ အေပ်ာ္အျပက္နဲ႔ ႏွာေခါင္း ေသြးထြက္ၾကလိမ့္မယ္။ ဒါေၾကာင့္ – နင့္တပည့္ မေနာ္ကိုလည္း နင္ ႏိုင္ႏိုင္ နင္းနင္း ဆုံးမပါ။ ငါလည္း ငါ့တပည့္ မယ္မုန႔္ကို ဆုံးမပါ့မယ္ေအ။ ၾကာရင္ ငါတို႔ လူႀကီးခ်င္း စကားေျပာရရင္ မေကာင္းဘူး ဟုတ္ရဲ႕လား”
“ေအးေပါ့-ငါ မေနာ္ကိုေခၚေမးၾကည့္မယ္ေအ”
“ဒါဆို – ငါျပန္မယ္ေနာ္”
“ျပန္ျပန္ – သူငယ္ခ်င္းျပန္”

မိအုန္းကငါ့အိမ္ေပၚကဆင္းသြားတယ္။ သူမမရွိေတာ့ငါစဥ္းစားတယ္
ရည္စားလုၾကတာတဲ့။
တစ္နည္းက လင္လုတာတဲ့။
လင္ေတာ္ခ်င္လို႔ ….။
လင္လုရင္း ပညာေတြ ထုတ္သုံးၾကရင္း “ထိ”ကုန္ၾကတာတဲ့။ ေနပါဦး

ပညာေတြထုတ္သုံးၿပီးၿပိဳင္ၾကရေလာက္ေအာင္ သင္းတို႔ လင္ေလာင္း ဆိုတဲ့ ေကာင္ေလးက ဘယ္လိုအစားထဲက မို႔လို႔တုံး။
သူေဌးသားလား l ဝန္ႀကီးသားလား ….။ ဓာတ္ရွင္မင္းသားလား …။
ဇာတ္မင္းသားလား..။
ငါ့တပည့္ မေနာ္ကို ေခၚေမးရမယ္။ ၿပီးရင္ – သင္းတို႔ လင္အေလာင္း အလ်ာကို ေခၚေတြ႕တန္ ေတြ႕ရမွာပဲ။
ဒါနဲ႔ – မိျပာဆိုတဲ့ ကေလးမကိုလႊတ္ၿပီး မေနာ္ကို သြားေခၚခိုင္းရေတာ့
စာေရးဆရာကို ႀကိဳရွင္းျပထားမွ သင့္မတင့္ ထင္ပါရဲ႕ကြယ္။
စာေရးဆရာေရ…
မယ္အုန္းဇာလည္း ပညာသည္ ကေဝပဲ။
ငါကလည္း ပညာသည္ကေဝပဲ …။
မယ္အုန္းဇာကလည္း ပညာမေသးဘူးကြယ္…။
ကေဝအႀကီးစားပဲ…။
အိမ့္တလိမ့္စုန္းအတတ္၊ ေမာက္လုံးအတတ္၊ ေခါင္းစုန္း၊ ေျခစုန္း အတတ္၊ ေမာက္ျပားစုန္းအတတ္ အားလုံးတတ္တယ္။ အဲဒီ စုန္းအတတ္ ေတြ တတ္ေျမာက္ၿပီး အဲဒီစုန္းေတြကို ႏိုင္တယ္။
ငါကလည္း နတ္ကေဝ ေျမာက္စုန္းပဲ။
ကေဝႀကီး ေခၚတာေပါ့ကြယ္။
ဖမ္းစားျပဳစားတဲ့အတတ္ကို ကြၽမ္းသူေတြေပါ့။

ငါတို႔ ကေဝေျမာက္စုန္းနဲ႔ အိမ့္တလိမ့္စုန္းေတြဟာ “နဝမသညာ”ကို သိတယ္။ ဆိုလိုတာက ငါတို႔ေအာက္က စုန္းေတြရဲ႕အႀကံအစည္ကို သိႏိုင္ တယ္။ လိုအပ္မွ သိတာေပါ့။ မလိုရင္ အမႈမဲ့ပဲ ရွိတယ္။
ကေဝစုန္း၊ ေျခစုန္း၊ လက္စုန္း၊ အိမ့္တလိမ့္စုန္း၊ ေမွာ္ဝင္စုန္း၊ ေဇာ္ဂနီ စုန္း၊ သားစားစုန္းေတြဟာအမဲသားငါးကေနလူ႔အေသြးအသားထိႏွစ္သက္ ၾကတယ္။
ဒါေၾကာင့္ – သားစားစုန္းလို႔လည္း ေခၚတယ္။ ကေဝပ်ံဆိုတာ ရွိေသးတယ္ေဟ့။
အလြန႔္ကိုစြမ္းတာပဲ။ ကိုယ္မႏွစ္မသက္တဲ့သူကိုစိတ္ရွိတိုင္း ညႇဥ္းပန္း ႏွိပ္စက္ႏိုင္တယ္ကြယ္။
ၿပီး − ေမွာ္စုန္းဆိုတာ ရွိေသးသေဟ့။
ေမွာ္ဝင္စုန္း၊ စုန္းေမွာ္၊ နတ္စုန္း၊ သိုးေမွာ္စုန္း၊ ေမွာ္စုံစုန္း၊ စုန္းဘီလူး၊ ေမွာ္သိမ္းစုန္း၊ ေမွာ္ပါစုန္း၊ ေမွာ္စဥ္စုန္းဆိုတာ ရွိေသးတယ္။
အဲဒီစုန္းေတြက နာနာ႐ုပ္အမ်ိဳးမ်ိဳး ဖန္ဆင္းႏိုင္တယ္။ မင္းတို႔ ဆရာ မႏိုင္ ႏွစ္ေဆာင္ၿပိဳင္ ႐ုပ္ရွင္ၾကည့္ဖူးလား – စာေရးဆရာ” “ၾကည့္ဖူးပါတယ္ – အေမ”
“အဲဒီ႐ုပ္ရွင္မွာ ေဒၚျမေလးက ပညာသည္စုန္းမႀကီးပဲ။ သူတပည့္ စုန္း ေတြက ႐ုပ္အမ်ိဳးမ်ိဳး ဖန္ဆင္းၿပီး ဇရပ္ေပၚမွာ အိပ္ေနတာေလ”
မင္းသမီးကို ေမ်ာက္ကေလး ျဖစ္သြားေအာင္ ျပဳစားလိုက္တာ ၾကည့္ရ မဟုတ္လား။
ကေဝမႀကီးေဒၚျမေလးကသူ႔သမီးနဲ႔ အိမ္ေရွ႕မင္းသားနဲ႔ ညားေစခ်င္လို႔ အိမ္ေရွ႕မင္းသားရဲ႕ခ်စ္သူကို နာနာ႐ုပ္ေျပာင္းသြားေအာင္ ျပဳစားလိုက္တာ။ အဲဒါ – အမွန္ပဲ။ အဲဒီပညာေတြ ရွိခဲ့ဖူးတယ္။ သို႔ေသာ္- ရွားပါးသြားၿပီကြယ္။

ပညာဆက္ျပတ္သြားတာလည္း ပါတာေပါ့…။ အထက္ဂိုဏ္းဆရာႀကီးေတြရဲ႕သုတ္သင္ဖယ္ရွားပညာအာဏာ သိသြားတာလည္း ပါတာေပါ့။
အခ်ိဳ႕အထက္လမ္း ဆရာႀကီးမ်ားက ပညာသိမ္းၿပီး ပညာျပတ္ေအာ
လုပ္ခဲ့လို႔ သစၥာေရတိုက္
က်ိန္ဆိုခဲ့ရလို႔ပညာကန္းသြားတာလည္းရွိတယ္။
အခ်ိဳ႕စုန္းကေဝ ပညာသည္မ်ားက်ေတာ့လည္း ပညာၿပိဳင္ရင္း အ နိမ့္လို႔ အသက္ဆုံး ပညာဆုံးသြားတာလည္း ရွိတာေပါ့။
အခ်ိဳ႕က်ေတာ့လည္းေနာင္တရလို႔၊ အသိတရားရလို႔ ဘုရားေရွ႕မွ သ
ဆိုၿပီး ယုတ္ညံ့ေတြကို စြန႔္ပယ္သစၥာျပဳၿပီးရတနာသုံးပါး ၿမဲၿမံသြားတာလည္ ရွိတာေပါ့…။ “အေမၿခဳံကေရာ”
“အေမလည္း အဲဒီလိုလုပ္ခဲ့တာေပါ့”
စုန္းကေဝ၊ ပညာသည္ေတြအေၾကာင္းေျပာရင္ ဆုံးႏိုင္ဖြယ္ မရွိ
စာေရးဆရာ။
စုန္းအမ်ိဳးေပါင္း (၆ဝ)ေျခာက္ဆယ္ေက်ာ္ရွိတယ္။ ထားေတာ့ကြယ္၊ ေစာေစာက ဇာတ္လမ္းကို ဆက္ၾကရေအာင္ေဟ့။
ငါ့ေခၚခိုင္းလိုက္တဲ့ တပည့္မ မိျပာျပန္ေရာက္လာတယ္။
“မိျပာ ..”
“ရွင္ – အေမရံ”
“မေနာ္ပါလာလား”
“မပါဘူး အေမရံ”
“ငါေခၚတာကို မလာရေအာင္ သင္းက ဘာေကာင္မ မို႔လို႔လဲ”
“အေမရံ”
“ငါေမးတာ အလ်င္ေျပာ -တယ္ေလ-”
“မ-မေနာ္-မ-မထႏိုင္ဘူး။ ဒါေၾကာင့္ “”
“ဘာ-ဘာ-ဘာျဖစ္လို႔- သင္းက မထႏိုင္ရတဲ့တုံး – မိျပာ” “ခံလိုက္ရလို႔တဲ့”
“ဟင္”
ခံလိုက္ရလို႔တဲ့။ ဒါနဲ႔ – ငါလည္း မေနာ္တို႔အိမ္ ေရာက္သြားေရာ။ မေနာ္ ကို ျမင္လိုက္ရေတာ့တာပဲ။ ထိခ်က္က ျပင္းသေဟ့။
မေနာ္ရဲ႕ေျခႏွစ္ေခ်ာင္းဟာေယာင္ကိုင္းႀကီးထြားေနတယ္။ ေျခေထာက္
ႏွစ္ေခ်ာင္းဟာ ျပည္ေတာင္းတစ္လုံးမက ႀကီးထြားတင္းေျပာင္ၿပီး လႈပ္လို႔ မရျဖစ္ေနတာေၾကာင့္ မေနာ္ဟာ မ်က္ရည္ေတြက်ၿပီး ငိုေနတာကို ငါ ျမင္ လိုက္ရေတာ့တယ္။
ျမင္တာနဲ႔ ငါ သိလိုက္ၿပီေလ .. ။
ငါ့တပည့္မ ခံလိုက္ရၿပီ..။
ဒါ – ေျခစုန္းေတြ ျပဳစားလိုက္တဲ့ လက္ရာပဲ ..
ငါတို႔ေလာကမွာေျခစုန္း၊ ကိုယ္စုန္း၊ ေခါင္းစုန္း၊ ေမာက္စုန္း၊ ေမာက္ျပား၊ အိမ့္တလိမ့္စုန္းနဲ႔ ကေဝေျမာက္စုန္းဆိုတာ အသီးသီးရွိတယ္ကြယ္။ ပညာႀကီးတာက အိမ့္တလိမ့္စုန္းနဲ႔ ကေဝေျမာက္ပဲ။
ကေဝေျမာက္ဆိုတာ အဆင့္ျမင့္တယ္။ ဒီစုန္းႏွစ္မ်ိဳးစလုံးက ကေတာ္ ႀကီးေတြကို အားကိုးအားထားျပဳတယ္။
အိမ့္တလိမ့္စုန္းနဲ႔ ကေဝေျမာက္စုန္းႀကီးတို႔ဟာ အဲဒီကေတာ္ (မယ္ ေတာ္ႀကီး)မ်ားနဲ႔ ကေဝနတ္၊ ဥ႐ူနတ္၊ ဥ႐ူနတ္ဆိုတာ အိမ္တြင္းနတ္ကိုေျပာ တာ။ ေဇာ္ဂနီ၊ ေဇာ္ဂနက္တို႔ကို အေၾကာင္းျပဳခိုင္းေစၿပီး ဖမ္းစားႏိုင္ၾက တယ္။
ကိုယ္တိုင္ သြားထိကိုင္လုပ္စရာ မလိုဘူး။
ခိုင္းစားလို႔ ရတယ္။
ေျခစုန္း၊ ေခါင္းစုန္း၊ ကိုယ္စုန္း၊ ေမာက္လုံး၊ ေမာက္ျပားတို႔က ေအာက္ နတ္ေတြကို ခိုင္းလို႔၊ ေစလို႔၊ ေျပာလို႔၊ ပတ္ဖြဲ႕လို႔ မရဘူး။

သူတို႔ကိုယ္တိုင္ ပညာအစြမ္းနဲ႔ ပေယာဂကို သြင္းရ ဖြဲ႕ရတာ။ မေနာ္ကငါ့တပည့္ ေခါင္းစုန္းပဲ။
မေနာ္ကလည္း ရန္သူရဲ႕ေျခရာ၊ အရိပ္ကို ျမင္ရ႐ုံနဲ႔ ပေယာဂသြင္းလို႔
ရတဲ့ စုန္းပဲ။
ငါတို႔ေနတဲ့အရပ္မွာ ေတာင္႐ြာနဲ႔ ေျမာက္႐ြာဆိုတာ ရွိတယ္ စာေရး
ဆရာေရ ။
ႏွစ္႐ြာစလုံး ပညာသည္ေတြခ်ည္းပဲ။
ဟိုးျမန္မာ ရွင္ဘုရင္လက္ထက္ကတည္းက ရွိခဲ့၊ တည္ခဲ့တဲ့စုန္းကေဝ ႐ိုးရာမ်ိဳး႐ိုးအရပ္ပဲေဟ့။
တာပဲ။
ကေလးကအစ လူႀကီးအဆုံး ထမင္းစားေရေသာက္ေတာ့ တတ္ၾက
ႀကီးတဲ့သူကေတာ့ ႀကီးတဲ့အေလ်ာက္ေပါ့။
တစ္ခါတစ္ခါ သူတို႔ခ်င္း ပညာစမ္း ပညာၿပိဳင္၊ ပညာတက္၊ ပညာလက္ ဆင့္ကမ္း လုပ္ၾကတယ္။
ပညာႏုတာနဲ႔ ရင့္တာပဲ ကြာတယ္။
ပညာျပခ်င္တဲ့ သူနဲ႔ ပညာမျပခ်င္သူပဲ ကြာတယ္။ သုံးတဲ့သူနဲ႔ မသုံးတဲ့
သူပဲ ကြာတယ္။ အကုန္တတ္တာခ်ည္းပဲ။
ငါက ေတာင္႐ြာမွာ အႀကီးအမႉးကေဝ (စုန္း)။
မယ္အုန္းဇာကေျမာက္႐ြာကအႀကီးအမႉးပညာသည္ေပါ့။ ႏွစ္႐ြာစလုံး
မယ္ဇာနဲ႔ ငါရဲ႕လက္ထြက္တပည့္ေတြ ဆိုပါစို႔ကြယ္။
ေယာက္်ားေတြထက္စာရင္ မိန္းမေတြက ပိုၿပီးပညာသြက္တယ္ေဟ့။
အနိမ့္ဆုံးေတာ့ ေခ်းစားစုန္းပဲ။
နတ္ေတာ္လေရာက္ရင္ ငါတို႔ပညာကန္ေတာ့ပြဲ လုပ္ၾကရတယ္။ ပညာ တတ္တဲ့သူတိုင္း တက္ရတယ္။
အဲဒီမွာ ၾကည့္ၿပီး အဆင့္တက္ေပးရတာပဲ။

ေယာက္်ားသားေတြက ၾကာေတာ့ ဒီစုန္းကေဝပညာကို မသုံးခ်င္ဘူး။ မတက္ခ်င္ဘူး။ မိန္းမသား သူစိမ္းေတြ အထင္ေသးမွာ၊ ႐ြံ႕မွာ၊ ေရွာင္မွာစိုး လို႔တဲ့။
ငါတို႔ပညာသည္ လူႀကီးခ်င္းမွာ ျပႆနာမရွိဘူး။ ေအာက္လက္ငယ္ သားေတြမွာေတာ့ ျပႆနာရွိၾကတယ္။
တစ္႐ြာနဲ႔တစ္႐ြာ အေၾကာင္းႀကီးငယ္ သာမႈနာမႈရွိရင္ ကူးလူးဆက္ဆံ
သြားၾကရတာ။
အဲဒီမွာ လူငယ္ေတြေပါ့…။
အထူးသျဖင့္ စုန္းပညာတတ္ခါစ မိန္းမ႐ြယ္ေတြ မိန္းမႀကီးေတြေပါ့။ တစ္႐ြာသူကို ပညာစမ္းလိုက္တာပဲ။
ငါတို႔ေတာင္႐ြာကပညာသည္မိန္းမ႐ြယ္ ညံ့ရင္ခံေရာပဲ။ ဒီလိုပဲ- သူတို႔ ေျမာက္႐ြာသူေတြ ညံ့ရင္ခံပဲ။
ပက္ပက္စက္စက္ခံရရင္ ငါတို႔ အႀကီးအမႉး ပညာသည္ႀကီးေတြက ကုသဆုံးမ တားျမစ္ရတာေပါ့။
အခု-မေနာ္ ဒီလိုမ်ိဳးခံရပုံပဲ။
ဒါ- ေျမာက္႐ြာသူ လက္ခ်က္ပဲေနမွာ။
ကိုယ့္႐ြာသူအခ်င္းခ်င္းေတာ့ လုပ္ခဲပါတယ္ကြယ္။
“မေနာ္…”
“အေမရံ”
“ေျပာ – နင္ ဘယ္လိုျဖစ္ခဲ့ရတာတုံး”
ဒီမွာပဲ မေနာ္က ငိုသံပါနဲ႔ ေနာက္ေၾကာင္းျပန္ပါေရာေဟ့..
“ေျခေထာက္ ေျမႇာက္လို႔ရရဲ႕လား”
“မ-ရ-ဘူး”
“လႈပ္လို႔ေရာ ရလား”
“မ-ရ-ဘူး”
“နင္ခံရတာ ဘယ္ႏွရက္ရွိပတုံး” “ႏွစ္ရက္-ရွိ-ရွိ-ရွိသြားၿပီ -အ-အ”
“နင့္ကို ဘယ္သူ လုပ္လိုက္တာလဲ မေနာ္” “မယ္-မယ္ – မုန႔္”
“မိဇာႀကီးရဲ႕တပည့္မ မယ္မုန႔္လား”
“ဟုတ္-ဟုတ္”
“ေတာက္ – ငါ့တပည့္ျဖစ္ၿပီး ခံရတယ္လို႔ေအ – ဖြီး” “သင္း – သင္းလည္း ခံရမွာပဲေအ”
“ဘာလဲ – ညည္းက ျပန္လုပ္ခဲ့လို႔လား”
“အင္း”

“ေသႏိုင္လား” “ဟင့္အင္း သိသာ႐ုံပါ” “အခု- နင္ခံေနရၿပီေလ” “ကြၽန္မကို ကယ္ပါဦး အေမရယ္”
ဒါနဲ႔ – ငါကေပါင္ရင္းကေနလက္နဲ႔သပ္ခ်ၿပီးဝင္ေနတဲ့ပေယာဂေတြကို ထုတ္ၿပီး ႐ြာျပင္လႊတ္ပစ္လိုက္တယ္။
ၿပီး – ေရာင္ကိုင္းေနတဲ့ ေနရာေတြကို ငါ့လက္ဝါးေစာင္းနဲ႔ ခုတ္ခုတ္ခ် ေပးလိုက္ေရာ …။
ေရာင္ကိုင္းေနတဲ့ေျခႏွစ္ဖက္ေပၚကေနအခိုးအေငြ႕ေတြ ႐ုတ္ျခည္းေပၚ
လာၿပီး အိမ္ထဲကေန ႐ြာျပင္ကို ေဝ့ဝဲပ်ံသန္းသြားတာ အားလုံးျမင္လိုက္ရ တယ္။
“ေျခေထာက္ကို လႈပ္ၾကည့္စမ္း”
“လႈပ္လို႔ရၿပီ – အေမရံ”
“ေျမႇာက္ၾကည့္”
“ရၿပီ-အေမ”

“ေျမႇာက္လို႔ရရင္ ထရပ္-လမ္းေလွ်ာက္” မေနာ္ထရပ္ၿပီးလမ္းေလွ်ာက္တယ္။ သင္းမ်က္ႏွာေပၚမွာ ဝမ္းသာရိပ္
ေတြ သန္းလို႔ …။
“မေနာ္”
“ရွင္ – အေမရံ”
“နင္တို႔ ဘယ္လိုျဖစ္ၾကတာလဲ-ေျပာ” “ဒီလိုပါ-အေမ”
ကြၽန္မက ေျမာက္႐ြာက မိစန္းတို႔အိမ္ သြားလည္တာပါ – အေမ။ မိစန္း က ပညာမတတ္ဘူး။ ႐ိုး႐ိုးသားသားပါပဲ – အေမ။
မိစန္းတို႔အိမ္မွာ ၿမိဳ႕သားဧည့္သည္တစ္ဦးေရာက္ေနတယ္။ နာမည္က ကိုလေရာင္ၿမိဳ႕တဲ့။
ေခ်ာမွေခ်ာပဲ။ အ႐ြယ္ကလည္း ကြၽန္မတို႔နဲ႔ ႐ြယ္တူပဲ။ ၿမိဳ႕ေပၚကၿမိဳ႕ပိုင္ရဲ႕ သားေထြးတဲ့။ သူ႔အဘ ၿမိဳ႕ပိုင္ကေတာ့ ႐ြာကိုစစ္ေဆးၿပီး ျပန္သြားၿပီ။ သူက မိစန္းအစ္ကိုနဲ႔ ေက်ာင္းေနဖက္မို႔ က်န္ရစ္တာ။
႐ြာထဲမွာလူ႐ြယ္လူေခ်ာတစ္ဦးေရာက္ေနတယ္။ ၾကားေတာ့-႐ြာထဲက မိန္းမေတြဝိုင္းလာၾက၊ ၾကည့္ၾက၊ မိတ္ဆက္ၾက၊ ဟင္းခြက္ေတြပို႔ၾက၊ အိမ္ အလည္ေခၚၾကေပါ့။
အဲဒီမွာ မိရွင္မုန႔္လည္း ေရာက္လာတာပဲ…။
ရွင္မုန႔္ကလည္း ကြၽန္မလိုပဲ လုံးႀကီးေပါက္လွပဲ။
ကြၽန္မက အသားျဖဴတယ္၊ ရွင္မုန႔္က အသားညိဳစိမ့္ေလ။ ကိုလေရာင္ ၿမိဳ႕နဲ႔ ကြၽန္မတို႔ႏွစ္ေယာက္စလုံးနဲ႔ ခင္မင္သြားၾကတယ္။
“မရွင္ေနာ္တဲ့လား” “ဟုတ္ကဲ့ပါ – ရွင့္”
“ေခ်ာလိုက္တာဗ်ာ” “ဟင္း-ဟင္း-ဟင္း- မေျမႇာက္ပါနဲ႔ရွင္”
“ဒီက ႏွမက မရွင္မုန႔္ေနာ္” “ဟုတ္ပေတာ္” “ညိဳေခ်ာပဲကို” “ခစ္ – ခစ္ – ခစ္”
ဒီမွာ မိစန္းရဲ႕အစ္ကို ကိုသိန္းခ်စ္က ေျပာေရာ..
“ေမာင္ၿမိဳ႕
“ဘာလဲ-ကိုခ်စ္”
“အေခ်ာေတြၾကားထဲ ညႇပ္ေနဦးမယ္ေဟ့”
“ဟာဗ်ာ- ကိုခ်စ္ကလည္း” “ခစ္ – ခစ္ – ခစ္ – ခစ္”
“ဟင္း-ဟင္း-ဟင္း-ဟင္း- အဟတ္ – အဟတ္”
တိုတိုေျပာရရင္ ကြၽန္မေရာ၊ မယ္ရွင္မုန႔္ေရာ ကိုလေရာင္ၿမိဳ႕ကို အၿပိဳင္
ပိုးၾကတယ္။
ကြၽန္မ ကိုလေရာင္ၿမိဳ႕ကို ျမင္ျမင္ခ်င္း ခ်စ္သြားၿပီေလ …။ ကိုလေရာင္ၿမိဳ႕နဲ႔ အစ္ကိုသိန္းခ်စ္တို႔က အိမ္လြတ္ႀကီးတစ္လုံးမွာ လြတ္လြတ္လပ္လပ္ အတူေနၾကတယ္။
ကြၽန္မကလည္း မိစန္းတို႔အိမ္မွာ တစ္ပတ္ေနဖို႔ စီစဥ္ထားေတာ့ ကိုလေရာင္ၿမိဳ႕တို႔ စားဖို႔ ဟင္း၊ ထမင္းကို ကြၽန္မနဲ႔ မိစန္း သြားသြားပို႔ရတယ္။ အဲဒီမွာ မိရွင္မုန႔္ကလည္း စားေကာင္းစားဖြယ္ေတြလာပို႔တယ္။ ထမင္း စားရင္ ရွင္မုန႔္နဲ႔ ကြၽန္မက ကိုလေရာင္ၿမိဳ႕ကို အနားကယပ္ခပ္ေပး၊ ဟင္း ထည့္ေပး၊ ေရေႏြးကမ္းေပး။
တစ္ေယာက္အထာ တစ္ေယာက္ သိေနၾကေတာ့ …။ သိပ္မၾကည္ၾကဘူး..။
ကြၽန္မနဲ႔ မိစန္း မျပန္မခ်င္း ရွင္မုန႔္ကလည္း မျပန္ဘူး။ ဒီအေၾကာင္းကို ကိုသိန္းခ်စ္တို႔လည္း ရိပ္မိၾကတယ္။ ကြၽန္မကလည္း ရွင္မုန႔္ျပန္မွ ျပန္
ေရ”
ေတာ့ …။
အေၾကာင္းသိခ်င္း ၿငိၾကတာေပါ့- အေမ။
“မေနာ္”
“ဘာလဲ – ရွင္မုန႔္”
“နင္ – ေတာင္႐ြာကို မျပန္ေသးဘူးလား”
ကြၽန္မ ႐ြဲ႕ၿပီး ေျပာလိုက္တယ္။
“ကိုၿမိဳ႕နဲ႔ ေျမာက္႐ြာမွာ မဂၤလာေဆာင္ၿပီးမွ ငါ့႐ြာကို ျပန္မယ္ ရွင္မုန႔္

“ဟုတ္လား” “ဟုတ္တယ္ေဟ့”
“အေသတြက္ေပါ့ေအ”
“ဟဲ့ေကာင္မ – နင္ ဘာေျပာလိုက္တယ္ေဟ့-ေဟ့”
မရွင္ေနာ္ ျပန္မေျပာဘူး။ သုတ္သုတ္ သုတ္သုတ္ ျပန္သြားခဲ့တယ္။
ေနာက္ေန႔မွာ
ရွင္မုန႔္ကကိုလေရာင္ၿမိဳ႕ကိုလက္ဖက္ေကြၽးၿပီးျပန္တယ္။
လက္ဖက္စားၿပီး မၾကာဘူး ဝမ္းဗိုက္ေအာင့္လို႔ ေအာ္ေနရပါေရာ..။
ေဆးတိုက္လည္း မရဘူး၊ လူးလွိမ့္ေနတယ္။
ကြၽန္မ ေရာက္သြားလို႔ ၾကည့္လိုက္ေတာ့ မ႐ိုးမွန္းသိလိုက္ၿပီ.. ဒါနဲ႔ စစ္ေဆးလိုက္ေတာ့..
ရွင္မုန႔္က စားမည့္လက္ဖက္ထဲ ပညာနဲ႔ စီရင္လိုက္တာ သိေရာ။ အဲဒီလက္ဖက္ကို ျပန္ႏုတ္လႊင့္ပစ္ကုေပးလိုက္ေတာ့ ကိုလေရာင္ၿမိဳ႕ ေအာင့္တာ ေပ်ာက္သြားေတာ့တယ္။
“ကိုၿမိဳ႕”
“ေက်းဇူးတင္လိုက္တာ – မေနာ္ရယ္”
“ေနာင္ကို ရွင္မုန႔္ေကြၽးတိုင္း မစားနဲ႔” “ဗ်ာ – ဘာျဖစ္လို႔လဲဟင္” “မစားနဲ႔ဆို နားလည္မွေပါ့ရွင္”
အစ္ကိုသိန္းခ်စ္ကေတာ့ သေဘာေပါက္တယ္။ ဒါေပမဲ့ – ကိုၿမိဳ႕ကို ဖြင့္မေျပာဘူး။ ကြၽန္မ ပညာတတ္မွန္းလည္း အစ္ကိုခ်စ္က သိတာပဲေလ။ ဒါေပမဲ့- သူက ေၾကာက္တတ္တယ္ေလ။ မေျပာဘူး။
ဒါနဲ႔ – ၾကာရင္ ရွင္မုန႔္ျပဳစားလို႔ ရွင္မုန႔္ေနာက္ပါမွာစိုးတာနဲ႔ ကြၽန္မလည္း ကြမ္းယာစီရင္ၿပီး ကိုၿမိဳ႕ကို ေကြၽးလိုက္တယ္။
အေရးႀကီးတာ ကိုၿမိဳ႕ကြၽန္မကို အာ႐ုံစိုက္ မ်က္ႏွာသာေပးၿပီး ကြၽန္မ ေခၚရာကို လိုက္ခဲ့ဖို႔ပဲ။
ကြၽန္မ စီရင္လိုက္တဲ့ ကြမ္းယာစားၿပီးေနာက္ပိုင္း ကိုၿမိဳ႕က ကြၽန္မကို မျမင္ရရင္ မေနႏိုင္ေတာ့ဘူး။
ပါးစပ္ဖ်ားကလည္း ရွင္ေနာ္ – ရွင္ေနာ္ ေမးေနတာပဲ။
ဒီလိုနဲ႔ ကြၽန္မေနတဲ့ ေတာင္႐ြာကို အလည္ေခၚဖို႔ လုပ္ေနတုန္း ကြၽန္မ ေျခေထာက္ေတြ ေလးေနတာကို သိလိုက္တယ္။
ေျခသလုံး႐ိုးေတြကလည္း မခံမရပ္ႏိုင္ေအာင္ ကိုက္ခဲနာက်င္ေန တယ္။ သိလိုက္ၿပီ။ ကြၽန္မကို ရွင္မုန႔္ ပညာျပလိုက္ၿပီ…။
ဒီမွာပဲ ရွင္မုန႔္လာေပးသြားတဲ့ ၾကက္သားနဲ႔ ဖ႐ုံသီးဟင္းထဲမွာ ဆံပင္ ခ်ည္တစ္ေခ်ာင္းေတြ႕လိုက္လို႔ ယူၿပီး ပညာနဲ႔ ျပန္စီရင္လိုက္တယ္။ ကြၽန္မက ေခါင္းစုန္းပဲေလ…။
သင္းရွင္မုန႔္ မၾကာခင္ သိရေတာ့မွာပါ။
ညဘက္လည္းေရာက္ေရာ၊ ကြၽန္မေျခႏွစ္ေခ်ာင္းလႈပ္လို႔မရေတာ့ဘူး။ ကြၽန္မ ခံလိုက္ရၿပီ။ ဒီ႐ြာမွာ ဆက္ေနရင္ ကြၽန္မ ေသလိမ့္မယ္။
ဒါေၾကာင့္ – ႐ြာကလူေတြမသိေအာင္ လွည္းတစ္စီးနဲ႔ ေတာင္႐ြာကိုျပန္ ခဲ့ေပမယ့္ ေစာေစာက အေမၿခဳံျမင္ရတဲ့အတိုင္း ကြၽန္မ ေျခလႈပ္လို႔မရ ျဖစ္ ခဲ့ရတာပဲ- အေမ”
“ေအာ္- မိရွင္မုန႔္က ေျခစုန္းကိုးေအ့။ ညည္းတို႔ သံသရာမရွည္သင့္ဘူး ေအ။ ဒါ-ဟိုေကာင္ေလးေၾကာင့္ ျဖစ္တာပဲ”
“ကိုၿမိဳ႕က ဘာမွမသိဘူး – အေမရံ”
“ေကာင္ေလးသေဘာကေရာ ဘယ္သူ႔ကို ႀကိဳက္တုံး” “မေျပာတတ္ဘူး၊ ကြၽန္မတို႔ ႀကံစည္ႀကိဳးစားၾကတုန္းပဲ” “ညည္း – အခု ေကာင္ေလးကို ႀကိဳက္တုန္းပဲလား”
ရွင္ေနာ္ ပါးစပ္က မေျပာဘူး၊ ေခါင္းငုံ႔ေနတယ္။ “လင္ရွားလို႔လား “ ရွင္ေနာ္”

“လင္တစ္ေယာက္ေၾကာင့္ ႏွစ္႐ြာ ပညာၿပိဳင္ရရင္ ဘယ္လိုလုပ္မတုံး –
ေနာက္ေန႔ငါေျမာက္႐ြာကိုသြားၿပီးေျမာက္႐ြာသူမႀကီးမယ္အုန္းဇာကို
ေခၚၿပီး ရွင္မုန႔္ အိမ္ကို ေရာက္သြားခဲ့တယ္။ ရွင္မုန႔္လည္း ခုမွ ေနေကာင္းခါစတဲ့ …
…ll
“ညည္းတို႔ ဘယ္လိုျဖစ္ၾကတာတုံး- မယ္မုန႔္ရယ္” ရွင္မယ္မုန႔္ကလည္း အမွန္အတိုင္း ေျပာျပတယ္။
“ကြၽန္မလည္း ကိုၿမိဳ႕ကို ႀကိဳက္တယ္-ႀကီးေတာ္ၿခဳံ။ ရွင္ေနာ္ကလည္း ကိုၿမိဳ႕ကို ႀကိဳက္ေနတာပဲ။ ရွင္းေအာင္ေျပာရရင္ ရည္းစားလု၊ လင္လုရင္း ကိုယ့္ဘက္ပါေအာင္ ပညာသုံးၾကတယ္။ ကြၽန္မ လက္ဖက္သုံးတာကို ရွင္ေနာ္က သိသြားၿပီး ကြမ္းယာစီရင္ေကြၽးလိုက္ေတာ့ ကိုၿမိဳ႕က ရွင္ေနာ္မွ ရွင္ေနာ္ ျဖစ္ေနပါေရာ။ ကြၽန္မ သိတာေပါ့။ ကိုၿမိဳ႕ကို ရွင္ေနာ္ အပါေခၚသြား ေတာ့မယ္။ ဒီတုန္းက ကြၽန္မ ပိုင္းျဖတ္ထားတယ္။ ကိုၿမိဳ႕ကို ကြၽန္မ အရယူ မယ္။ ရွင္ေနာ္ ဘဝပ်က္ရမယ္။ ဒါေၾကာင့္ – ရွင္ေနာ္ရဲ႕ေျခရာကို ေထာက္ၿပီး ျပဳစားလိုက္တာ။ ရွင္ေနာ္လဲေရာ။ ရွင္ေနာ္ကိုေျခစုန္းအတတ္နဲ႔ ျပဳစားၿပီးမွပဲ ကြၽန္မလည္း ေခါင္းလုံးဝမထူႏိုင္ပဲေခါင္းကိုက္လို႔လူးလွိမ့္ေအာ္ဟစ္ေနတာ ေသမတတ္ပဲ။ အဲဒါ- အေမႀကီး ေဒၚအုန္းက လာၿပီး လက္နဲ႔ သပ္ခ်ဖယ္ရွား ကုသေပးမွ ေခါင္းထူလို႔ရေတာ့တယ္ ႀကီးေတာ္ရံ”
“မယ္ၿခဳံ” “ဘာတုံး- မယ္ဇာ”
“နင့္တပည့္မလည္း ပညာမေသးဘူးေအ့”

“ညည္း – သိမွာေပါ့”
“ေခါင္းစုန္းပဲေအ့၊ ဒါေၾကာင့္ – ငါ့တပည့္မယ္မုန႔္ ေခါင္းမေထာင္ႏိုင္
“ေတာ္ၾကေတာ့ေအ – လင္လုမေနၾကနဲ႔၊ ညည္းတို႔ လင္လုတဲ့ကိစၥမွာ ငါတို႔ကန႔္လန႔္ကန႔္လန႔္ ဝင္မပါခ်င္ဘူး။ ညည္းတို႔ေကာင္ေလးကိုေမး။ သူက ညည္းကို ႀကိဳက္တယ္၊ ယူမယ္၊ လက္ထပ္မယ္ဆို ငါ့တပည့္ မေႏွာင့္ယွက္ ေစရဘူး။ ကဲ-ညည္းကိုေရာ ေကာင္ေလးက ႀကိဳက္သတဲ့လား ရွင္မုန႔္” “မ-မ-သိဘူးရွင့္”
“ငါသိပါတယ္၊ ညည္းတို႔ႏွစ္ေယာက္စလုံး မိန္းမေနာက္ပိုးေတြ” ဒီမွာ-ေဒၚဇာက ..
“ဘယ္လိုလုပ္ရင္ ေကာင္းမတုံး”
“ေကာင္ေလး – ၿမိဳ႕ေပၚျပန္ရင္ ကိစၥၿပီးၿပီ”
“သူတို႔က ၿမိဳ႕ေပၚလိုက္သြားရင္ေရာ”
“ေကာင္ေလးက သင္းတို႔ကို ခ်စ္မွာ၊ ႀကိဳက္မွာလား”
“မေျပာတတ္ဘူးေလ”
“ပြင့္ပြင့္လင္းလင္း ေမးရင္ေကာ”
“အဲလိုပဲ လုပ္ရမွာပဲ။ ႏို႔မို႔ – ဒီလင္လုဘက္ေတြေၾကာင့္ ငါ့ကိုပါ ဒုကၡ
ေရာက္မယ္”
တယ္။
“ၾကာတယ္ေအ -ေကာင္ေလးကို သြားေမးၾကမယ္ေဟ့”
ငါတို႔ ေမာင္လေရာင္ၿမိဳ႕ေနတဲ့အိမ္ကိုေရာက္ေတာ့ သိန္းခ်စ္ကို ေတြ႕ရ
“သိန္းခ်စ္”
“ခင္ဗ်ာ – ႀကီးေတာ္ ဘာကိစၥရွိလို႔ပါလဲ – ခင္ဗ်”
“ဧည့္သည္ေမာင္ရင္ေလးရွိလားေဟ့”
“မရွိဘူး-ႀကီးေတာ္”
“ဘယ္သြားလို႔တုံး၊ ငါတို႔က သူနဲ႔ စကားေျပာစရာ ရွိလို႔ပါကြယ့္” “ကိုၿမိဳ႕- ၿမိဳ႕ေပၚခဏျပန္တယ္ ႀကီးေတာ္”
“ဘယ္ေတာ့ ျပန္လာမတဲ့တုံး”
“တစ္ပတ္ေနရင္ ျပန္လာမယ္လို႔ ေျပာတယ္ခင္ဗ်”
ဒါနဲ႔ – ငါတို႔ႏွစ္ဦး သိန္းခ်စ္ကို စိုက္ၾကည့္ၿပီး ေျပာရေရာ –
“သိန္းခ်စ္”
“ခင္ဗ်ာ”
“ငါတို႔ကို နင္ သိတယ္ေနာ္- သိန္းခ်စ္”
“သိ-သိ-ပါတယ္ – အေမ”
“ငါတို႔ကို မညာနဲ႔”
“မဝံ့ပါဘူး – ႀကီးေတာ္တို႔ရယ္၊ မယုံရင္ အိမ္ေပၚတက္ၾကည့္ၾကပါဗ်ာ” “ေကာင္ေလးျပန္လာရင္ ငါတို႔ကိုလာေျပာ”
“ဟုတ္ – ဟုတ္ကဲ့”
ငါတို႔ႏွစ္ဦး ျပန္လာခဲ့လိုက္ၾကတယ္။ ေကာင္ေလးကိုေတြ႕ရင္ ပြင့္ပြင့္
လင္းလင္း ေမးရမယ္ေလ။
ရွင္ေနာ္ကို ႀကိဳက္လား။
ရွင္မုန႔္ကို ႀကိဳက္လား၊ ခ်စ္လား…။
ေကာင္ေလး ခ်စ္တဲ့သူနဲ႔ ေပးစားရမွာပဲ။
ေကာင္ေလးက ဘယ္သူ႔မွ မႀကိဳက္ဘူးဆိုရင္ ငါတို႔တာဝန္ၿပီးၿပီ။ သို႔ ေသာ္-ေကာင္ေလးအတြက္ေတာ့ စိုးရိမ္ရတာေပါ့။ ဟိုေကာင္မႏွစ္ေယာက္ က ေျပာလို႔မရဘူးေလ။ အျမင္ကတ္ၿပီး ျပဳစားလိုက္ရင္ …
ေကာင္ေလးဘဝ ေရစုန္ေမ်ာၿပီ..။

ဒီလို (၈) ရက္ေျမာက္တဲ့မနက္မွာ သိန္းခ်စ္ ငါတို႔ေတာင္႐ြာကိုေရာက္ လာတယ္။
“ႀကီးေတာ္ရံ- ပ်ိဳ႕- ႀကီးေတာ္ရံ”
“ဟဲ့- ဘယ္သူတုံး”
“ကြၽန္ေတာ္ သိန္းခ်စ္ပါ – ႀကီးေတာ္ၿခဳံ”
“သိန္းခ်စ္ – ဘာကိစၥတုံး”
“ေမာင္ၿမိဳ႕႐ြာကို ျပန္ေရာက္လာပါၿပီ – ႀကီးေတာ္ၿခဳံ” “ဟုတ္လား- ဒါဆို လာခဲ့မယ္ေဟ့”
ေမာင္ၿမိဳ႕ျပန္ေရာက္ၿပီ ၾကားေရာ ငါတပည့္ရွင္ေနာ္လည္း လွလွပပ ဝတ္စားၿပီး ငါနဲ႔ေတာင္႐ြာကို လာခဲ့ၾကတယ္။ သြက္ေနတာပဲေဟ့။ ရွင္ေနာ္လည္း ေကာင္ေလးကို ေတြ႕ရမွာမို႔ ေပ်ာ္လို႔။ ေဟာ-ဟိုမွာ မယ္ဇာတို႔ ဆရာတပည့္ မဟုတ္လား။ အံမယ္ ..။
သူ႔တပည့္ရွင္မုန႔္ကလည္း ျခယ္သထားတာ ပ်ံေနတာပဲ။ ေကာင္မ ႏွစ္ေယာက္ ျပန္ဆုံၾကေတာ့ မ်က္ေစာင္းတခဲခဲႏွင့္။
ခင္ဗ်
တယ္။
“သိန္းခ်စ္…”
“ေဟ့ – သိန္းခ်စ္”
“ဗ်ာ”
“ငါတို႔ လာၿပီေဟ့”
“လာၾကပါ- ႀကီးေတာ္တို႔၊ ႏွမတို႔အိမ္ေပၚကို ႂကြၾကပါခင္ဗ်။ ထိုင္ၾကပါ
ဒါနဲ႔ – ငါတို႔အားလုံး အိမ္ေပၚကို တက္ခဲ့ၾကေတာ့..
ေခါင္းရင္းမွာ သကၤန္းဝတ္တစ္ပါး ငါတို႔ကို ေက်ာေပးၿပီး ပုတီးစိပ္ေန
ရဟန္းပုတီးစိပ္ေနတဲ့အိမ္ငါတို႔ေရာက္သြားေတာ့တစ္ကိုယ္လုံးယားယံ
ၿပီး ေနရထိုင္ရခက္ေနပါေရာ။ ငါတို႔နဲ႔ ရဟန္းနဲ႔အပ္စပ္တာ မဟုတ္ဘူးေလ။ လူကိုလူးလြန႔္ေနတယ္ကြယ့္။ ဒါ – သိန္းခ်စ္ စနက္ေနမွာပဲ။
ေနႏွင့္ဦးေပါ့ – သိန္းခ်စ္ရယ္။ ဒါနဲ႔ – ကိစၥၿပီးေအာင္ ေမးရမယ္။
“သိန္းခ်စ္”
“ဗ်ာ”
“ေမာင္လေရာင္ၿမိဳ႕ေရာ”
“ရွိပါတယ္ “ ႀကီးေတာ္”
“ငါတို႔ ေတြ႕ခ်င္တယ္၊ ေခၚလိုက္ပါ သိန္းခ်စ္”
“ဟုတ္ကဲ့ – ဦးဇင္းဘုရား- ရပ္ေတာ္မူၿပီး တပည့္ေတာ္တို႔ဘက္ကို
လွည့္ေတာ္မူပါ – ဘုရား”
သိန္းခ်စ္က ဒီလို ေလွ်ာက္လိုက္ေရာ …
သကၤန္းဝတ္က ပုတီးစိပ္ေနတာရပ္ၿပီး ျဖည္းျဖည္းခ်င္း လွည့္လိုက္
တယ္ …။
“ဟင္”
“အို”
“အလို”
“ဒါ-ဒါ-ကို-ကိုၿမိဳ႕-ကိုၿမိဳ႕- မဟုတ္လားဟင္”
“ကိုၿမိဳ႕- မဟုတ္ပါဘူး – ဒကာမေလး။ ရွင္ဝိမလလို႔ ေခၚပါတယ္”
“အို”
သူတို႔ အခုျမင္ေနရတာ ၿမိဳ႕ပိုင္သား ကိုလေရာင္ၿမိဳ႕မဟုတ္ေတာ့ဘူး။ သကၤန္းဝတ္ ရွင္ဝိမလ …။ ဦးဇင္း ရွင္ဝိမလ ..။
ေဒၚႀကဳံ၊ ေဒၚဇာ၊ ရွင္ေနာ္နဲ႔ ရွင္မုန႔္တို႔ အံ့အားသင့္ၿပီး အသံတိတ္ကုန္ၾက တယ္။ ဘာလုပ္လို႔ လုပ္ရမွန္းမသိ။
သူတို႔ ေတြ႕ခ်င္တာ ေမာင္ၿမိဳ႕..။
ေမးခ်င္တာက ရွင္ေနာ္နဲ႔ ရွင္မုန႔္ ႏွစ္ဦးအနက္ ဘယ္သူ႔ကို ခ်စ္လဲ၊
ႀကိဳက္လဲ …။
ခ်စ္ရင္၊ ႀကိဳက္ရင္ ဒီ႐ြာမွာ လက္ထပ္ေပးမလို႔။

ၿပီးရင္ – သူတို႔ရဲ႕ ပညာသည္
(စုန္းကေဝ)ဇာတ္ထဲသြင္းမလို႔။ ရွင္မုန႔္နဲ႔
ရွင္ေနာ္ကို ၿငိမ္းခ်မ္းေရး လုပ္ေပးမလို႔၊ ဒါေၾကာင့္ – လာေတြ႕တာ။
ခုေတြ႕ေနရတာ ေမာင္ၿမိဳ႕မဟုတ္။
ရွင္ဝိမလတဲ့။ တည္ၿငိမ္တဲ့ ဣေျႏၵနဲ႔ ရဟန္းပ်ိဳ။
“ဒကာမႀကီးတို႔-ဒကာမေလးတို႔ …”
“ဦးမခ်ေတာ့ဘူးလားဟင္”
ဦးဇင္းေလး ဝိမလက ႏႈတ္ခမ္းတြန႔္ရႈံ႕ေလး ၿပဳံးတယ္ဆို႐ုံေလး။ ဒီမွာငါကလည္း စ.ေျပာရေတာ့တယ္။
“သိန္းခ်စ္ …”
“ဗ်ာ”
“ငါတို႔ ျပန္မယ္”
“ဟို-ဟို-စ-စကား-ေျပာ- ေျပာၾကဦးေလ”
“လာေဟ့ ျပန္ၾကစို႔”

ငါတို႔အားလုံး ေျခေဆာင့္ၿပီး အိမ္ေပၚက ဆင္းခဲ့ၾကတယ္။ ၿခံျပင္ကို ေရာက္ေတာ့မွ ငါတို႔အားလုံး တစ္ကိုယ္လုံး ယားယံေနတာ ေပ်ာက္ေတာ့ တယ္။
ဟိုေကာင္မႏွစ္ေယာက္က သံေယာဇဥ္ မ်က္လုံးေတြနဲ႔ လွည့္ၾကည့္ လို႔ ဟိုက သင္းတို႔ကို ေယာင္လို႔ေတာင္ ေမာ့မၾကည့္။ လွည့္မၾကည့္။ သူတို႔လည္း ေျခေဆာင့္ၿပီး ျပန္ခဲ့ၾကတယ္။
ေကာင္ေလးေမာင္ၿမိဳ႕ကံေကာင္းပါတယ္ – စာေရးဆရာ။ လူဝတ္နဲ႔သာ
ျဖစ္ေနရင္ …။
ဒီေကာင္ေလးရဲ႕ဝိညာဥ္ဟာ ငါတို႔႐ြာမွာ ႐ြာေစာင့္သရဲအျဖစ္ က်န္ေန ရစ္ရမွာ။ ငါတို႔ သူ႔အသက္ကို ႏုတ္ရမွာေလ။
အခု
သကၤန္းဝတ္နဲ႔ဆိုေတာ့ … ငါတို႔ ဘာမွလုပ္လို႔မရဘူး။
ဒီရဟန္းကိုမွ် မဟုတ္ဘူး။
သိန္းခ်စ္တို႔ မိသားစုကိုလည္း ပေယာဂနဲ႔ တိုက္ဖို႔မလြယ္ေတာ့ဘူး။
သူတို႔က ဘုရားလူေတြ။
ငါတို႔နဲ႔ ျပဒါးတစ္လမ္း၊ သံတစ္လမ္း ျဖစ္သြားၿပီေလ
ဒီပြဲမွာ ငါတို႔ နာသာခံခက္နဲ႔ ရႈံးခဲ့ရေပါ့။