အစွဲ (စ/ဆုံး)

Unicode Version

အစွဲ (စ/ဆုံး)
—————-
””’သမီးရေ—-ဒီအဆောင်မှာနေရင်ညဘက်တံခါးတွေသေချာပိတ်နော်——အထူးသဖြင့်အဆောင်နောက်ဖက်တံခါးတွေကိုဖွင့်မအိပ်နဲ့နော်——-””
မာယာကရိပ်သာဝင်းထဲကအဆောင်တစ်ဆောင်သို့လိုက်ပို့ပေးသောအန်တီကြီးတစ်ယောက်စကားကြောင့်စိတ်ထဲမတင်မကျဖြစ်၍သွားသည်။
”’ဘာလို့လဲအန်တီ””
””အော်မြွေပါးကင်းပါးဝင်မှာစိုးလို့ပါ—-ဒီအဆောင်နောက်မှာလှိုကြီးရှိတယ်လေ—အဆောင်နဲ့ကပ်နေတဲ့ဝါးရုံတောကနေကူးလာမှာစိုးလို့ပါ”””’
ထိုအန်တီကြီးစကားပြောပုံအရတခုခုကိုထိန်ချန်ထားသလားလို့မာယာစိတ်ထဲထင်လိုက်မိသည်။
မာယာရောက်နေသောနေရာသည်အေးချမ်းသာယာသောတောင်ပေါ်တောရရိပ်သာတခုပင်ဖြစ်သည်။
တောရရိပ်သာကျောင်းဝင်းသည်အတော်ပင်ကျယ်ကာအဆောင်တစ်ဆောင်နှင့်တစ်ဆောင်အနည်းငယ်လှမ်း၍
သီးသန့်တရားမှတ်လိုသူများအတွက်အလွန်အဆင်ပြေလှသည်။
ပတ်ဝန်းကျင်သည်သစ်ပင်ပန်းပင်များဖြင့်စိမ်းစိုသာယာ၍လေကောင်းလေသန့်ကိုတဝကြီးရှုနိုင်သည်။
ကျေးဌက်အသံများမှလွဲ၍တိတိဆိတ်ငြိမ်သက်နေသောအေးချမ်းသည့်နေရာဆိုလဲမမှားပါ
ရန်ကုန်လိုမြို့ကြီးပြကြီးမှာနေ၍မွန်းကျပ်နေသောမာယာအဖို့ဒီနေရာသည်ဘူမိနက်သန်နေရာမှန်ဖြစ်မည်ထင်သည်
မာယာနေရမည့်အဆောင်သည်ပျဉ်ထောင်ကျောင်းကလေးဖြစ်ကာသပ်သပ်ရပ်ရပ်ဖြစ်၍လူနှစ်ဦးသုံးဦးနေနိုင်သည်။
လောလောဆယ်တော့မာယာနှင့်ဆရာလေးတစ်ပါးသာနေရမည်ဖြစ်ကာ
ဆရာလေးကလဲမာယာနှင့်မတိမ်းမယိမ်းမို့အဆင်ပြေပေ၏
အဆောင်၏အနောက်ဘက်တွင်လှိုကြီးတစ်ခုရှိကာသစ်ပင်များထူထပ်နေ၍အောက်သို့သေချာမမြင်ရပါ
အဆောင်နောက်ပြတင်းပေါက်ဘေးတွင်တော့ဝါးရုံတောကြီးရှိနေသည်။
အရိပ်အာဝါသကောင်းလှသဖြင့်ဒီနေရာကိုရွေးချယ်မိတာမှန်သည်ဟုမာယာကျေနပ်နေမိသည်။
အဆောင်ကနေဓမ္မာရုံသိုလမ်းရှောက်သွားရသည်ကိုလဲသူမနှစ်သက်မိသည်ဓမ္မာရုံထဲ
တရားထိုင်လိုက်စင်္ကြန်ရှောက်လိုက်ဖြင့်အဆောင်သိုနေ့လည်နားချိန်နှင့်ညဘက်သာပြန်ဖြစ်သည်။
မာယာကငယ်စဉ်ကထဲကပင်ဘုရားတရားအလုပ်ကိုအလွန်လေ့လာလိုက်စား၍
အားလုံးကသူမအားဘုရားဖြစ်မည့်အုပ်နီခဲဟုတင်စား၍ခေါ်ကြပါသည်။
ဘယ်သူတွေဘာပဲပြောပြောမာယာကဘုရားတရားအလုပ်ကိုတစိုက်မတ်မတ်လုပ်လာသူဖြစ်ကာ
ညအိပ်ယာဝင်တိုင်းပဌာန်းရွတ်၍စည်းချပြီးမှအိပ်တတ်သည်မှာအကျင့်ဖြစ်၍နေသည်။
အဆောင်တွင်ညအိပ်သည့်အခါဆရာလေးသည်ခေါင်းရင်းဘက်တွင်အိပ်ကာမာယာကအဆောင်ခြေရင်းနားတွင်အိပ်သည်။
ထိုအခါအဆောင်ခြေရင်းရှိဝါးရုံတောနားကပြတင်းပေါက်ကိုဖွင့်၍အိပ်မိသည်ထိုနေရာမှလေတိုက်၍အေးသောကြောင့်အိပ်ရတာအဆင်ပြေသည်။
ညသန်ခေါင်လောက်တွင်တော့ဝါးရုံပင်များလေတိုက်၍ဆူညံစွာလှုပ်ရှားနေသောအသံများကြောင့်
မာယာအိပ်နေရာမှလန့်နိုးသွားသည်ထိုအချိန်တွင်ဝါရုံပင်များကြမ်းတမ်းစွာလှုပ်ရှားယိမ်းထိုးနေကော
””ဝေါ—-ဝေါ—”’
ဆူညံသောအသံများကြောင့်ဝါးရုံပင်တွေကျိူးကုန်ပြီဟုတွေးလိုက်မိသည်။
ဒီလောက်လေကြမ်းပြီးဝါးရုံပင်တွေဆူညံစွာလှုပ်ရှားနေပေမဲ့ဆရာလေးကတော့တစ်ချက်မှမနိုးတာအံ့သြစရာပင်
မာယာလဲတော်တော်နှင့်ပြန်အိပ်မပျော်၍တရားမှတ်ရင်းပြန်အိပ်ပျော်သွားတာမည်မျှကြာသွားသည်မသိ
မနက်မိုးမလင်းခင်အာရုံတက်တော့တော့တရားထိုင်ရန်သံချောင်းခေါက်သံပင်မကြားသော
မာယာကိုဆရာလေးကလာနိုးမှနိုး၍သွားကာဆရာလေးအားမေးလိုက်သည်။
””ဆရာလေး—ညကလေတွေအရမ်းတိုက်ပြီးဝါးရုံတောကြီးဒီလောက်ဆူညံနေတာဆရာလေးမနိုးဘူးလား ””’
””’ဆရာလေးတော့ဘာသံမှမကြားပါလား””
ဆရာလေးစကားကြောင့်သူမအံ့သြသွားပေမဲ့ဆက်မပြောတော့ပဲမနက်လင်းမှသွားကြည့်မည်ဟု
တေးမှတ်ထားလိုက်သည်ထိုအခါကျမှလက်တွေ့ပြမည်ဟုတွေးကာလုပ်စရာရှိသည်များဆက်၍လုပ်လိုက်၏
မနက်မိုးစင်စင်လင်းတော့မာယာဝါးရုံတောအားကြည့်လိုက်မိရာအလွန်အံ့သြသွားသည်
ဝါးရုံပင်များသည်ပုံမှန်အတိုင်းရှိနေကာလေတိုက်၍သစ်ရွက်ကြွေတာပင်မတွေ့ရပေ
ဒါဟာထူးဆန်းနေသည်မဟုတ်လားသူကိုယ်တိုင်ညကဝါးရုံပင်တွေကျိူးမတတ်ဖြစ်နေတာအသေအချာကြားနေခဲ့တာအမှန်ပင်
သူမကျေနပ်ပေမဲ့ဘယ်သူမှမပြောတော့ပဲမြိုသိပ်ထားလိုက်သည်။
နောက်ညများတွင်လဲတဝေါဝေါဖြင့်လေတိုက်သံနှင့်ဝါးရုံပင်များရိုက်ခတ်သံကိုဆူညံစွာ
ကြားနေရကာဝါးရုံတောကြီးအမြှစ်ပြတ်ပြိုလဲသွားသလားထင်ရလောက်အောင်ဖြစ်နေပေမဲ့
မနက်လင်းလို့ကြည့်လိုက်ပါကညကသူမဟုတ်သည့်အတိုင်းပုံမှန်ပင်
မာယာလဲနောက်ညမှာတော့ဘာကြားကြားတရားမှတ်ကာနားပိတ်အိပ်ပစ်လိုက်သည်။
၁၀ရက်မြောက်ညမှာတော့မာယာညဘက်ပဌာန်းစည်းမချဖြစ်ပဲအိပ်ပျော်၍သွားသည်။
ထိုအချိန်တွင်ပြတင်းပေါက်မှမိန်းမတစ်ယောက်သည်အဆောင်ထဲဝင်သည်ထိုမိန်းမ၏ရုပ်ကိုသဲကွဲစွာမမြင်ရပေ
ထိုမိန်းမကလက်ကိုဆန့်တန်းကာမာယာဆီသို့ဦးတည်လာနေသည်မာယာလဲအလွန်လန့်သွားမိပေမဲ့
ပဌာန်းကိုရွတ်နေမိသည်ထိုအခါထိုမိန်းမသည်မာယာဆီလာနေရာမှလမ်းတစ်ဝက်တွင်ရပ်သွားကာ
အခိုးအငွေ့ဖြစ်၍ဖွင့်ထားသောပြတင်းပေါက်မှပြန်ထွက်၍သွားလေသည်။
ဒီအဆောင်တွင်တစ်ခုခုရှိနေပြီလိုမာယာရိပ်စားမိပြီဖြစ်ကာအကြောင်းရင်းတော့သေချာမသိရသေးပါ
နောက်တစ်နေ့ညများတွင်မာယာကပဌာန်းစည်းချအိပ်ရန်မမေ့မလျှော့ပေ
တစ်နေ့တွင်နေ့လည်ဘက်နားချိန်၌မာယာမှေးကနဲအဆောင်တွင်အိပ်ပျော်၍သွားသည်။
မာယာမျက်လုံးထဲဖွင့်ထားသောအနောက်ဘက်ပြတင်းပေါက်မှမိန်းမတစ်ယောက်ဝင်လာသည်ကို
အသေအချာမြင်နေရသည်နေ့ခင်းအလင်းကြောင့်ထိုမိန်းမမျက်နှာကိုကောင်းစွာမြင်နေရသည်။
ထိုမိန်းမမျက်နှာသည်အသက်၄၀ကျော်လောက်ပဲရှိမည်ဟုခန့်မှန်းရကာမျက်တွင်းများသည်ညိုလွန်းနေကာ
သူ့မျက်နှာကိုအကျည်းတန်စေသည်ထိုမိန်း၏ဆံပင်များဖျားလျှားချထားသည်မှာဖရိုဖရဲနိုင်လွန်းလှသည်။
ထိုမိန်းမသည်မာယာအားကြည့်ကာမျက်ထောင့်နီကြီးဖြင့်လက်ညိုးတိုးကာကြိမ်းဝါးလိုက်သည်။
””’နင်ကြပ်ကြပ်သတိထား——ငါ့အဆောင့်မှာငါမနေနိုင်အောင်နင်လုပ်နေတာ——ဒီအဆောင်မှာမနေနဲ့တော့””””
ထိုမိန်းမကြိမ်းဝါးပြီးနောက်မာယာအိပ်နေရာမှဖျပ်ကနဲလန့်နိုး၍သွားသည်။
ဒါနဲ့မာယာလဲအကြောင်းရင်းသိရအောင်ဆရာတော်အားလျှောက်လိုက်သည်။
ကျောင်းထိုင်ဆရာတော်ပြောချက်အရထိုအဆောင်တွင်အမြဲရိပ်သာဝင်၍နေသောအမျိူ းသမီးတစ်ယောက်သည်။
တရားလာထိုင်နေရင်းမူးတယ်မူးတယ်ဆို၍ဆေးရုံသွားပို့ကြရာလမ်းမှာပင်ဆုံးသွားသည်ဟုသိရပါသည်။
ဆရာတော်ကသူမအတွက်ရည်စူးကာကုသိုလ်လုပ်အမျှဝေပေးပေမဲ့သူမကအဆောင်စွဲ၍ကျွတ်ပုံမရပေ
ဆရာတော်ကမာယာအားမိန့်လိုက်သည်
””’အရငိကတော့အဆောင်ထဲလမ်းရှောက်သံကြားရုံကလွဲလို့ခြောက်သံမကြားမိဘူးးးးးးတကာမလေးကပဌာန်းရွတ်တော့သူအဆောင်ထဲမနေနိုင်လို့ခြောက်တာထင်တယ်—-သူကိုမေတ္တာပို့ပြီးအမျှပေးလိုက်ပါ——-တကယ်တရားရသူဆီကအမျှပေးတာရရင်သူ့အတွက်ပိုကောင်းပါတယ်ကုသိုလ်ရသွားတာပေါ့””””
နောက်တစ်နေ့ညတွင်မာယာသည်ညဘက်ပဌာန်းမရွတ်ထိုအမျို းသမီးအားအထူးမေတ္တာပို့ဖြစ်သည်။
မာယာအာရုံထဲသူမပေါ်လာသောအခါမာယာကအစွဲအလန်းသည်ဒုက္ခရောက်စေကြောင်းရှင်းပြ၍
သူမရရှိထားသောတရားထူးတရားမြတ်များအားပြောပြကာကုသိုလ်ကောင်းမှု့အစုစုကိုအမျှပေးဝေလိုက်သည်။
ထိုမိန်းမသည်မျက်ရည်များကျရင်းသာဓုခေါ်ကာပျောက်သွားလေသည်။
အဲဒီနောက်မှာတော့မာယာပြန်လာသည်အထိဘာသံမှမကြားရတော့ပါ
ပြီး
D Moe Moe

Zawgyi Version

အစြဲ (စ/ဆုံး)
—————-
””’သမီးေရ—-ဒီအေဆာင္မွာေနရင္ညဘက္တံခါးေတြေသခ်ာပိတ္ေနာ္——အထူးသျဖင့္အေဆာင္ေနာက္ဖက္တံခါးေတြကိုဖြင့္မအိပ္နဲ႔ေနာ္——-””
မာယာကရိပ္သာဝင္းထဲကအေဆာင္တစ္ေဆာင္သို႔လိုက္ပို႔ေပးေသာအန္တီႀကီးတစ္ေယာက္စကားေၾကာင့္စိတ္ထဲမတင္မက်ျဖစ္၍သြားသည္။
”’ဘာလို႔လဲအန္တီ””
””ေအာ္ေႁမြပါးကင္းပါးဝင္မွာစိုးလို႔ပါ—-ဒီအေဆာင္ေနာက္မွာလႈိႀကီးရွိတယ္ေလ—အေဆာင္နဲ႔ကပ္ေနတဲ့ဝါး႐ုံေတာကေနကူးလာမွာစိုးလို႔ပါ”””’
ထိုအန္တီႀကီးစကားေျပာပုံအရတခုခုကိုထိန္ခ်န္ထားသလားလို႔မာယာစိတ္ထဲထင္လိုက္မိသည္။
မာယာေရာက္ေနေသာေနရာသည္ေအးခ်မ္းသာယာေသာေတာင္ေပၚေတာရရိပ္သာတခုပင္ျဖစ္သည္။
ေတာရရိပ္သာေက်ာင္းဝင္းသည္အေတာ္ပင္က်ယ္ကာအေဆာင္တစ္ေဆာင္ႏွင့္တစ္ေဆာင္အနည္းငယ္လွမ္း၍
သီးသန႔္တရားမွတ္လိုသူမ်ားအတြက္အလြန္အဆင္ေျပလွသည္။
ပတ္ဝန္းက်င္သည္သစ္ပင္ပန္းပင္မ်ားျဖင့္စိမ္းစိုသာယာ၍ေလေကာင္းေလသန႔္ကိုတဝႀကီးရႈႏိုင္သည္။
ေက်းဌက္အသံမ်ားမွလြဲ၍တိတိဆိတ္ၿငိမ္သက္ေနေသာေအးခ်မ္းသည့္ေနရာဆိုလဲမမွားပါ
ရန္ကုန္လိုၿမိဳ႕ႀကီးျပႀကီးမွာေန၍မြန္းက်ပ္ေနေသာမာယာအဖို႔ဒီေနရာသည္ဘူမိနက္သန္ေနရာမွန္ျဖစ္မည္ထင္သည္
မာယာေနရမည့္အေဆာင္သည္ပ်ဥ္ေထာင္ေက်ာင္းကေလးျဖစ္ကာသပ္သပ္ရပ္ရပ္ျဖစ္၍လူႏွစ္ဦးသုံးဦးေနႏိုင္သည္။
ေလာေလာဆယ္ေတာ့မာယာႏွင့္ဆရာေလးတစ္ပါးသာေနရမည္ျဖစ္ကာ
ဆရာေလးကလဲမာယာႏွင့္မတိမ္းမယိမ္းမို႔အဆင္ေျပေပ၏
အေဆာင္၏အေနာက္ဘက္တြင္လႈိႀကီးတစ္ခုရွိကာသစ္ပင္မ်ားထူထပ္ေန၍ေအာက္သို႔ေသခ်ာမျမင္ရပါ
အေဆာင္ေနာက္ျပတင္းေပါက္ေဘးတြင္ေတာ့ဝါး႐ုံေတာႀကီးရွိေနသည္။
အရိပ္အာဝါသေကာင္းလွသျဖင့္ဒီေနရာကိုေ႐ြးခ်ယ္မိတာမွန္သည္ဟုမာယာေက်နပ္ေနမိသည္။
အေဆာင္ကေနဓမၼာ႐ုံသိုလမ္းေရွာက္သြားရသည္ကိုလဲသူမႏွစ္သက္မိသည္ဓမၼာ႐ုံထဲ
တရားထိုင္လိုက္စၾကၤန္ေရွာက္လိုက္ျဖင့္အေဆာင္သိုေန႔လည္နားခ်ိန္ႏွင့္ညဘက္သာျပန္ျဖစ္သည္။
မာယာကငယ္စဥ္ကထဲကပင္ဘုရားတရားအလုပ္ကိုအလြန္ေလ့လာလိုက္စား၍
အားလုံးကသူမအားဘုရားျဖစ္မည့္အုပ္နီခဲဟုတင္စား၍ေခၚၾကပါသည္။
ဘယ္သူေတြဘာပဲေျပာေျပာမာယာကဘုရားတရားအလုပ္ကိုတစိုက္မတ္မတ္လုပ္လာသူျဖစ္ကာ
ညအိပ္ယာဝင္တိုင္းပဌာန္း႐ြတ္၍စည္းခ်ၿပီးမွအိပ္တတ္သည္မွာအက်င့္ျဖစ္၍ေနသည္။
အေဆာင္တြင္ညအိပ္သည့္အခါဆရာေလးသည္ေခါင္းရင္းဘက္တြင္အိပ္ကာမာယာကအေဆာင္ေျခရင္းနားတြင္အိပ္သည္။
ထိုအခါအေဆာင္ေျခရင္းရွိဝါး႐ုံေတာနားကျပတင္းေပါက္ကိုဖြင့္၍အိပ္မိသည္ထိုေနရာမွေလတိုက္၍ေအးေသာေၾကာင့္အိပ္ရတာအဆင္ေျပသည္။
ညသန္ေခါင္ေလာက္တြင္ေတာ့ဝါး႐ုံပင္မ်ားေလတိုက္၍ဆူညံစြာလႈပ္ရွားေနေသာအသံမ်ားေၾကာင့္
မာယာအိပ္ေနရာမွလန႔္ႏိုးသြားသည္ထိုအခ်ိန္တြင္ဝါ႐ုံပင္မ်ားၾကမ္းတမ္းစြာလႈပ္ရွားယိမ္းထိုးေနေကာ
””ေဝါ—-ေဝါ—”’
ဆူညံေသာအသံမ်ားေၾကာင့္ဝါး႐ုံပင္ေတြက်ိဴးကုန္ၿပီဟုေတြးလိုက္မိသည္။
ဒီေလာက္ေလၾကမ္းၿပီးဝါး႐ုံပင္ေတြဆူညံစြာလႈပ္ရွားေနေပမဲ့ဆရာေလးကေတာ့တစ္ခ်က္မွမႏိုးတာအံ့ၾသစရာပင္
မာယာလဲေတာ္ေတာ္ႏွင့္ျပန္အိပ္မေပ်ာ္၍တရားမွတ္ရင္းျပန္အိပ္ေပ်ာ္သြားတာမည္မွ်ၾကာသြားသည္မသိ
မနက္မိုးမလင္းခင္အာ႐ုံတက္ေတာ့ေတာ့တရားထိုင္ရန္သံေခ်ာင္းေခါက္သံပင္မၾကားေသာ
မာယာကိုဆရာေလးကလာႏိုးမွႏိုး၍သြားကာဆရာေလးအားေမးလိုက္သည္။
””ဆရာေလး—ညကေလေတြအရမ္းတိုက္ၿပီးဝါး႐ုံေတာႀကီးဒီေလာက္ဆူညံေနတာဆရာေလးမႏိုးဘူးလား ””’
””’ဆရာေလးေတာ့ဘာသံမွမၾကားပါလား””
ဆရာေလးစကားေၾကာင့္သူမအံ့ၾသသြားေပမဲ့ဆက္မေျပာေတာ့ပဲမနက္လင္းမွသြားၾကည့္မည္ဟု
ေတးမွတ္ထားလိုက္သည္ထိုအခါက်မွလက္ေတြ႕ျပမည္ဟုေတြးကာလုပ္စရာရွိသည္မ်ားဆက္၍လုပ္လိုက္၏
မနက္မိုးစင္စင္လင္းေတာ့မာယာဝါး႐ုံေတာအားၾကည့္လိုက္မိရာအလြန္အံ့ၾသသြားသည္
ဝါး႐ုံပင္မ်ားသည္ပုံမွန္အတိုင္းရွိေနကာေလတိုက္၍သစ္႐ြက္ေႂကြတာပင္မေတြ႕ရေပ
ဒါဟာထူးဆန္းေနသည္မဟုတ္လားသူကိုယ္တိုင္ညကဝါး႐ုံပင္ေတြက်ိဴးမတတ္ျဖစ္ေနတာအေသအခ်ာၾကားေနခဲ့တာအမွန္ပင္
သူမေက်နပ္ေပမဲ့ဘယ္သူမွမေျပာေတာ့ပဲၿမိဳသိပ္ထားလိုက္သည္။
ေနာက္ညမ်ားတြင္လဲတေဝါေဝါျဖင့္ေလတိုက္သံႏွင့္ဝါး႐ုံပင္မ်ား႐ိုက္ခတ္သံကိုဆူညံစြာ
ၾကားေနရကာဝါး႐ုံေတာႀကီးအျမႇစ္ျပတ္ၿပိဳလဲသြားသလားထင္ရေလာက္ေအာင္ျဖစ္ေနေပမဲ့
မနက္လင္းလို႔ၾကည့္လိုက္ပါကညကသူမဟုတ္သည့္အတိုင္းပုံမွန္ပင္
မာယာလဲေနာက္ညမွာေတာ့ဘာၾကားၾကားတရားမွတ္ကာနားပိတ္အိပ္ပစ္လိုက္သည္။
၁၀ရက္ေျမာက္ညမွာေတာ့မာယာညဘက္ပဌာန္းစည္းမခ်ျဖစ္ပဲအိပ္ေပ်ာ္၍သြားသည္။
ထိုအခ်ိန္တြင္ျပတင္းေပါက္မွမိန္းမတစ္ေယာက္သည္အေဆာင္ထဲဝင္သည္ထိုမိန္းမ၏႐ုပ္ကိုသဲကြဲစြာမျမင္ရေပ
ထိုမိန္းမကလက္ကိုဆန႔္တန္းကာမာယာဆီသို႔ဦးတည္လာေနသည္မာယာလဲအလြန္လန႔္သြားမိေပမဲ့
ပဌာန္းကို႐ြတ္ေနမိသည္ထိုအခါထိုမိန္းမသည္မာယာဆီလာေနရာမွလမ္းတစ္ဝက္တြင္ရပ္သြားကာ
အခိုးအေငြ႕ျဖစ္၍ဖြင့္ထားေသာျပတင္းေပါက္မွျပန္ထြက္၍သြားေလသည္။
ဒီအေဆာင္တြင္တစ္ခုခုရွိေနၿပီလိုမာယာရိပ္စားမိၿပီျဖစ္ကာအေၾကာင္းရင္းေတာ့ေသခ်ာမသိရေသးပါ
ေနာက္တစ္ေန႔ညမ်ားတြင္မာယာကပဌာန္းစည္းခ်အိပ္ရန္မေမ့မေလွ်ာ့ေပ
တစ္ေန႔တြင္ေန႔လည္ဘက္နားခ်ိန္၌မာယာေမွးကနဲအေဆာင္တြင္အိပ္ေပ်ာ္၍သြားသည္။
မာယာမ်က္လုံးထဲဖြင့္ထားေသာအေနာက္ဘက္ျပတင္းေပါက္မွမိန္းမတစ္ေယာက္ဝင္လာသည္ကို
အေသအခ်ာျမင္ေနရသည္ေန႔ခင္းအလင္းေၾကာင့္ထိုမိန္းမမ်က္ႏွာကိုေကာင္းစြာျမင္ေနရသည္။
ထိုမိန္းမမ်က္ႏွာသည္အသက္၄၀ေက်ာ္ေလာက္ပဲရွိမည္ဟုခန႔္မွန္းရကာမ်က္တြင္းမ်ားသည္ညိဳလြန္းေနကာ
သူ႔မ်က္ႏွာကိုအက်ည္းတန္ေစသည္ထိုမိန္း၏ဆံပင္မ်ားဖ်ားလွ်ားခ်ထားသည္မွာဖ႐ိုဖရဲႏိုင္လြန္းလွသည္။
ထိုမိန္းမသည္မာယာအားၾကည့္ကာမ်က္ေထာင့္နီႀကီးျဖင့္လက္ညိဳးတိုးကာႀကိမ္းဝါးလိုက္သည္။
””’နင္ၾကပ္ၾကပ္သတိထား——ငါ့အေဆာင့္မွာငါမေနႏိုင္ေအာင္နင္လုပ္ေနတာ——ဒီအေဆာင္မွာမေနနဲ႔ေတာ့””””
ထိုမိန္းမႀကိမ္းဝါးၿပီးေနာက္မာယာအိပ္ေနရာမွဖ်ပ္ကနဲလန႔္ႏိုး၍သြားသည္။
ဒါနဲ႔မာယာလဲအေၾကာင္းရင္းသိရေအာင္ဆရာေတာ္အားေလွ်ာက္လိုက္သည္။
ေက်ာင္းထိုင္ဆရာေတာ္ေျပာခ်က္အရထိုအေဆာင္တြင္အၿမဲရိပ္သာဝင္၍ေနေသာအမ်ိဴ းသမီးတစ္ေယာက္သည္။
တရားလာထိုင္ေနရင္းမူးတယ္မူးတယ္ဆို၍ေဆး႐ုံသြားပို႔ၾကရာလမ္းမွာပင္ဆုံးသြားသည္ဟုသိရပါသည္။
ဆရာေတာ္ကသူမအတြက္ရည္စူးကာကုသိုလ္လုပ္အမွ်ေဝေပးေပမဲ့သူမကအေဆာင္စြဲ၍ကြၽတ္ပုံမရေပ
ဆရာေတာ္ကမာယာအားမိန႔္လိုက္သည္
””’အရငိကေတာ့အေဆာင္ထဲလမ္းေရွာက္သံၾကား႐ုံကလြဲလို႔ေျခာက္သံမၾကားမိဘူးးးးးးတကာမေလးကပဌာန္း႐ြတ္ေတာ့သူအေဆာင္ထဲမေနႏိုင္လို႔ေျခာက္တာထင္တယ္—-သူကိုေမတၱာပို႔ၿပီးအမွ်ေပးလိုက္ပါ——-တကယ္တရားရသူဆီကအမွ်ေပးတာရရင္သူ႔အတြက္ပိုေကာင္းပါတယ္ကုသိုလ္ရသြားတာေပါ့””””
ေနာက္တစ္ေန႔ညတြင္မာယာသည္ညဘက္ပဌာန္းမ႐ြတ္ထိုအမ်ိဳ းသမီးအားအထူးေမတၱာပို႔ျဖစ္သည္။
မာယာအာ႐ုံထဲသူမေပၚလာေသာအခါမာယာကအစြဲအလန္းသည္ဒုကၡေရာက္ေစေၾကာင္းရွင္းျပ၍
သူမရရွိထားေသာတရားထူးတရားျမတ္မ်ားအားေျပာျပကာကုသိုလ္ေကာင္းမႈ႕အစုစုကိုအမွ်ေပးေဝလိုက္သည္။
ထိုမိန္းမသည္မ်က္ရည္မ်ားက်ရင္းသာဓုေခၚကာေပ်ာက္သြားေလသည္။
အဲဒီေနာက္မွာေတာ့မာယာျပန္လာသည္အထိဘာသံမွမၾကားရေတာ့ပါ
ၿပီး
D Moe Moe