မောင်ရေခဲ နှင့် ထိန်ပင်ပေါ်မှသရဲကြီး(စ/ဆုံး)

Unicode Version

မောင်ရေခဲ နှင့် ထိန်ပင်ပေါ်မှသရဲကြီး(စ/ဆုံး)
——————————————————-
အေးပုတို့အပျိုမလေးတသိုက် ရေအိုးကိုယ်စီပိုက်ကာ ရွာအရှေ့ဘက်ရှိရေကန်ကြီးဆီသို့ဦးတည်၍လာကြသည်။ ရွာအရှေ့ဘက်ရှိရေကန်ကြီးသည်ကား တစ်ရွာလုံးက သောက်ရေသုံးရေအဖြစ် ထိုရေကန်ကြီးကိုအမှီသဟဲပြုကြသည်။ ထိုရေကန်ကြီးတွင် လုံမပျိုတို့ကရေလုံအိုးဖြင့်ရေခပ်လာကြသကဲ့သို့ လုလင်ပျိုတို့ကလည်း နွားလှည်းကိုယ်စီဖြင့် ရေလာခပ်ကြ၏။ သို့ကြောင့်ရေကန်ကြီး၏နံဘေးသည် လုလင်ပျို၊လုံမပျိုတို့၏ စနောက်သံတို့ကြောင့် အမြဲလိုလိုပျော်ရွှင် စည်ကားနေလေသည်။
သို့သော်ထိုရေကန်ကြီးဆီသို့ မည်သူမျှတစ်ယောက်တည်း ရေလာမခပ်ရဲကြချေ။ အကြောင်းမှာထိုရေကန်ဘေးရှိ ထိန်ပင်ကြီးတွင် မှီခိုနေထိုင်သောသဘက်ကြီးတစ်ကောင်ရှိသည်ဟူသောကြောင့်တည်း။
ထိန်ပင်တွင်သရဲရှိသည်ဟု သတင်းစတင်ဖြန့်သူကား ဤမန်ကျည်းတန်းရွာသားတစ်ယောက်ဖြစ်သူ ကိုခင်မောင်ဖြစ်၏။ ကိုခင်မောင်ပြန်ပြောပြချက်အရ တစ်ခုသောညနေခင်းတွင် အလုပ်မှပြန်လာသော ကိုခင်မောင်တစ်ယောက် သောက်ရေသုံးရေခပ်ရန် လှည်းမောင်းကာ ရွာအရှေ့ဘက်ရှိရေကန်ကြီးသို့ လာခဲ့၏။
ခါတိုင်းညခင်း၌ ရေကန်သို့သောက်သုံးရေလာရောက်ခပ်ယူသူများပြားသော်လည်း ယခုညခင်းကား သူ့လှည်းတစ်စီးမှလွဲ၍ တခြားရေလာတိုက်သူတစ်ဦးတစ်လေမျှပင်မတွေ့ရ။ ကိုအေးမောင်လည်း တခြားလူများလယ်တောမှ ပြန်မလာကြသေး၍ ရေလာခပ်ခြင်းမရှိသေးတာနေမှာဟုတွေးပြီး စိတ်ကိုဖြေသိမ့်လိုက်၏။ ရေကန်ကြီးနားရောက်သော် ပါလာသောရေပုံးဖြင့် လှည်းပေါ်တင်ထားသောရေစည်ထဲသို့ရေခပ်ထည့်လိုက်၏။ ရေစည်ပြည့်လျှင် ရေပုံးကိုပါရေဖြည့်ပြီး လှည်းပေါ်အသင့်တင်ထားလိုက်၏။
ရေခပ်ပြီးသည်နှင့်ရေချိုးရန်အဝတ်အစားများကိုချွတ်ပြီးရေကန်ထဲဆင်းလာခဲ့သည်။ ကိုခင်မောင်ရေကန်ထဲရောက်လာသည်နှင့် ဘယ်ကတည်းကရှိမှန်းမသိသောလူတစ်ယောက်သည် သူ့ကိုကျောပေးကာ ရေချိုးနေ၏။
” ဒီလူကိုစောစောက ငါမတွေ့ပါဘူး…ဘယ်နှယ်ခုကျ ငါ့ထက်ရေကန်ထဲ အရင်ရောက်နှင့်နေတာလဲ….ငါမမြင်မိတာနေမှာပါလေ….”
ထိုလူ၏ကျောပြင်ကိုကြည့်ပြီး ကိုခင်မောင်တစ်ကိုယ်တည်းတွေးတောနေမိ၏။ ကိုခင်မောင်ကသာ ထိုလူ၏အကြောင်းကိုတွေးနေသည်။ ထိုလူကား ကိုခင်မောင်ကိုလှည့်၍ပင်မကြည့်။ ကျောပေးလျှက်အနေအထားဖြင့်သာ ရေကိုဆက်ချိုးနေ၏။ ကိုခင်မောင်လည်း အဖော်ရနေတာဘဲ အေးဆေးချိုးမယ် ဟုတွေးပြီး ဂျီးတွန်းနေလိုက်၏။ သို့သော်သူ့ကျောကုန်းမှ ဂျီးတွန်းရန်လက်ကမမှီဖြစ်နေ၏။
” ဒုက္ခဘဲ….နေ့လယ်ပိုင်းတွေချွေးထွက်လို့ ဂျီးတွေထူနေတာ ကျောပြင်ကအဆိုးဆုံးဘဲ….လက်ကလဲကျောပြင်ထိတွန်းလို့မမှီဘူး….”
ထိုသို့တစ်ကိုယ်တည်းပြောပြီး ကျောပြင်ကိုမမှီမကမ်း လှမ်းနှိပ်၏။ သို့သော်ကျောတပြင်လုံးရှိဂျီးကိုတွန်း၍မရနိုင်။
” ဟေ့လူ….ကျုပ်ခင်ဗျားရဲ့ကျောပြင်ကိုဂျီးတွန်းပေးရမလားဗျ…အပြန်အလှန်ပေါ့ ခင်ဗျားပြီးရင် ကျုပ်ရဲ့ကျောပြင်ကဂျီးကိုပြန်တွေန်းပေးပေါ့ဗျ…”
ကိုခင်မောင်ဂျီးတွန်းနေစဉ် သူ့ကိုတချိန်လုံးကျောပေးလျှက် ရေချိုးနေသူက ထိုသို့မေးလာ၏။ ကိုခင်မောင်လည်းဟန်ကျပြီဟုတွေးကာ
” ဟာ…ဒီလိုဆိုရင်တော့ ဟန်ကျတာပေါ့ဗျာ….ကျုပ်ကျောပြင်က ဂျီးတွေတွန်းလို့မမှီတာနဲ့ အတော်ဘဲဗျို့….လုပ်ဟေ့…ကျုပ်ကျောပြင်ကိုဂျီးအရင်တွန်းပေးဗျို့….”
ဆိုပြီးထိုလူ၏အနားသို့ကပ်သွားလိုက်၏။ သို့သော်ထိုလူမှာ သူ့ဖက်သို့လှည့်မလာသေးချေ။ အနားသို့ရောက်သည်နှင့်ထိုလူက
” လှည့်ဗျာ ခင်ဗျားကျောပြင်ကိုဂျီးအရင်တွန်းပေးရတာပေါ့…”
ဟုဆိုသဖြင့် ကိုခင်မောင်လည်း ကျောပြင်ကိုထိုလူဘက်သို့လှည့်ပေးလိုက်၏။ ထိုစဉ်ပုပ်အဲ့အဲ့အနံ့တစ်ခုသည် သူ့နှာဝသို့တိုးဝင်လာ၏။
” ထွီး…နံလိုက္တာဗ်ာ…နို့….ခင်ဗျားရောအပုပ်နံ့ရလားဗျ….”
ဆိုပြီးသူ့ကိုဂျီးတွန်းပေးသောလူကိုမေးလိုက်၏။ ထိုလူလည်း
” နံမှာပေါ့ဗျာ…နွေဆိုတော့လည်းရေတွေခမ်းတာမလားဗျ…ဒီတော့ရေစပ်စပ်က ဗွက်ထပြီး အနံ့တွေထွက်လာတာပေါ့ဗျာ…”
ဆိုပြီးပြန်ဖြေလိုက်ရာ ကိုခင်မောင်လည်း ဒီလူပြောတာလည်းဖြစ်နိူင်တာဘဲဟုတွေးပြီးစိမ်ခံနေ၏။ ကျောပြင်မှဂျီးတွန်းနေသောထိုလူ၏လက်သည်အေးစက်ပြီး မာကျောနေသည်ဟုသူထင်မိ၏။ သို့သော်လည်း ရေချိုးတာကြာလို့နေမှာ ဟုသာတွေးပြီးစိတ်ပြန်ဖြေလိုက်၏။
” ရပြီဆရာသမားရေ….ခင်ဗျားကျောပြင်ကဂျီးတွေပြောင်သွားပြီဗျ…ကဲကျုပ်အလှည့်ကျပြီပြန်တွန်းပေးတော့ဗျို့…”
” ဟုတ်ပါပြီဗျာ…”
ထိုလူကပြောသဖြင့် ကိုခင်မောင်လည်းကျောပြင်မှထွက်နေသောဂျီးများပြောင်စေရန်ရေအောက်ကိုတချက်ငုတ်လိုက်ပြီး ထိုလူဘက်သို့လှည့်လိုက်၏။ ထိုလူမှာသူ့ကိုကျောပေးလျက်သားဖြစ်နေပြီး သူလည်းထွေထွေထူးထူးမတွေးတော့ဘဲ ထိုလူ၏ကျောပြင်မှဂျီးကိုစတင်တွန်းပေးလိုက်၏။
” ခင်ဗျားက ကျုပ်တို့ရွာထဲကမဟုတ်ဘူးထင်တယ်နော်…ကျုပ်တစ်ခါမှဒီလောက်ဂျီးထူတဲ့သူမတွေ့ဖူးသေးလို့ဗျ…ဟဲဟဲ….”
ကိုခင်မောင်ကထိုလူ၏ကျောပြင်မှဂျီးကိုတွန်းပေးရင်းမေးလိုက်၏။ ထိုလူလည်း
” ကျုပ်ကခရီးသွားဗျ….ခရီးသွားရင်းဒီရောက်လာတော့ ကန်ရေကချိုးချင်စဖွယ်မို့ ဝင်ချိုးလိုက်တာဗျ…ဆရာသမားရ…”
” ဪ…ဒီလိုကိုးဗ်…”
” အေးကွ…ဒါနဲ့ဆရာသမားက ဒီကန်ကိုတစ်ယောက်ထဲလာရဲတယ်နော် သရဲတွေဘာတွေမကြောက်ဘူးလားဗျ…”
” ဟားဟားဟား….ဘာကြောင့်ကြောက်ရမှာလဲဗျာ…ခင်ဗျားသာမသိတာ… ဒီကန်ကကျုပ်တို့တစ်ရွာလုံးအားထားနေရတဲ့ ကန်ကြီးဗျ….ဘာသရဲမှရှိတယ်လို့လဲမကြားဖူးပေါင်ဗျာ….”
ကိုခင်မောင်က ရယ်ရယ်မောမောဖြင့်ပြန်ပြောလိုက်၏။
” ဒါဆိုဆရာသမားက သရဲကိုတကယ်မကြောက်တတ်ဘူးပေါ့နော်….”
” ဪဗ်ာ…သရဲတစ္ဆေဆိုတာမျိုးက ကြောက်ရမှာမဟုတ်ဘူးဗျ….သနားရမွာ…သူတို့ခဗျာ မကျွတ်မလွတ်ဘဲ နာနာဘဝရောက်နေကြရတာလေဗျာ…ပြောသာပြောရတာ တကယ့်သရဲတစ္ဆေတွေလည်း မရှိလောက်ပါဘူးဗျာ….ခင်ဗျားရောဘယ်လိုထင်လဲ…”
” ကျုပ်ကတော့သရဲတစ္ဆေတွေကိုအယုံအကြည်ရှိတယ်ဗျ….သူတို့်ကခုဆရာသမားရဲ့ဘေးမှာရှိချင်ရှိနေနိုင်တယ်လို့ပြောရင် ဆရာသမားယုံမလား….”
” မနောက်ပါနဲ့ဗျာ…နောက်ပြီးသူတို့တကယ်ရှိလဲ ကျုပ်ကကြောက်စရာလားဗျ…ကျုပ်ဘေးမှာခင်ဗျားတစ်ယောက်လုံးရှိနေတာဘဲ…မဟုတ္ဘူးလားဗ်…ဟဲဟဲ….”
ကိုခင်မောင်ကဂျီးတွန်းနေရင်း ထိုလူကိုပြန်ပြောလိုက်၏။ ထိုစဉ်ဂျီးတွန်းပေးနေရင်း ထိုလူကျောပြင်၏အရေခွံသည် အပေါ်သို့လိပ်တက်လာ၏။
” ဟင်….ခင်…ခင်ဗျားရဲ့ကျောပြင်ကြီး…အရေခွံကွာပြီးအပေါ်ကိုလိပ်တက်သွားပြီကွ….ခင်….ခင်ဗျားက…”
” ဟဲဟဲဟဲ…သရဲတစ္ဆေကိုခင်ဗျားယုံပြီလားဗျ….”
ထိုလူ၏အေးစက်စက်အသံကြောင့် ကိုခင်မောင်လည်း သရဲခြောက်ခံရပြီဖြစ်မှန်းသိလိုက်၏။
” အမေလး….သရဲကြီး….စွကျိုးနဲ…ငါတစ်ချိန်လုံးသရဲရဲ့ကျောပြင်ကိုဂျီးတွန်းပေးနေတာပါလားကွ….အမေရေကယ်ပါဦး….”
ဟုအော်ပြီး ကုန်းပေါ်သို့ပြေးတက်လာ၏။ သို့သော်ရေထဲမှာဖြစ်နေသဖြင့်ပြေးရသည်မှာ ထင်သလောက်မလွယ်ချေ။
” ဆရာသမား…ကျုပ်မေးတာဖြေခဲ့ဦးလေဗျာ…ဟဲဟဲဟဲ….”
သရဲကြီးမှာကိုခင်မောင်ဘက်လှည့်လာပြီး မေးနေသေး၏။ ကိုခင်မောင်လည်းအနောက်ကိုလှည့်ကြည့်လိုက်ရာ ထိုလူ၏မျက်နှာမျာပါးစပ်ပေါက်ကြီးတစ်ခုမှလွဲ၍ ကျန်တာဘာတစ်ခုမှမပါသည်ကိုတွေ့လိုက်ရ၏။
” အမေလး…မဖြေပါရစေနဲ့ဗျာ…ကြောက်ပါပြီ….”
ဆိုပြီး ရေစည်တိုက်ထားသောနွားလှည်းနှင့် အဝတ်အစားများကိုသတိမရတော့ဘဲ ရေလဲပုဆိုးဖြင့်သာ ရွာဘက်သို့သုတ်ခြေတင်ပြေးလေတော့၏။ သရဲကြီးကား ရေကန်ထဲမှတက်လာပြီး ကန်ဘေးရှိထိန်ပင်ကြီးပေါ်သို့တက်ကာပျောက်ကွယ်သွားလေ၏။ ကိုခင်မောင်ကား ရွာထဲရောက်သည်နှင့်သတိလစ်မေ့မျောသွားသဖြင့် ရွာသားများက နှာနှပ်ယူလိုက်ရ၏။ ကိုခင်မောင်ကိုရေကန်ကြီးရှိသရဲက ခြောက်လွှတ်လိုက်သည်ဆိုသောသတင်းကြောင့် ထိုကန်သို့တစ်ယောက်ထဲမည်သူမှ မသွားရဲကြတော့ချေ။
ယခုလည်းအေးပုတို့လုံမပျိုတစ်စုသည်ရေကန်ကြီးနားရောက်သော် ရေအိုးကိုယ်စီဖြင့်ရေခပ်ယူပြီး စနောက်နေကြ၏။
” ဟဲ့မိစုမ…ဒီကန်ဘေးရဲ့ထိန်ပင်ကြီးမှာ ပါးစပ်ပေါက်ချည်းဘဲပါတဲ့ သရဲကြီးရှိတယ်တဲ့နော်…ခုနေဖြင့်သရဲက ရေထဲကနေဘွားကနဲပေါ်လာရင် ဘယ်လိုလုပ်မလဲအေ့….”
” ဟယ်…သရဲကြီးပေါ်လာလည်း ကျုပ်ကကြောက်စရာလားတော့…တကယ်လို့သရဲကြီးတကယ်ပေါ်လာရင် ကျုပ်ကဟောဟိုကရေစည်တိုက်နေတဲ့ ကိုသာလုံး၏ကျောပေါ်ပြေးခွပစ်မှာပေါ့ဟဲ့….”
” ဝါး…ဟားဟား….ကောင်မညည်းနော် အကြံဆိုးကြီးနဲ့… ”
” မလုပ်ပါနဲ့ဗျာ…ခင်များလိုဝက်ခန္ဓာကြီးကိုယ် ကျုပ်ကမနိူင်ပေါင်ဗျာ….ခင်ဝင်းလိုသေးသေးသွယ်သွယ်လေးဆိုတော်သေး….”
” ဝါး…ဟား…ဟား…..”
ထိုနှစ်ယောက်၏စကားကြောင့် ရေခပ်နေသောလုလင်ပျိုနှင့်လုံမပျိုတို့ ဝါးခနဲပွဲကျကုန်၏။
” အေးပါဟယ်…ရှင်ကကျုပ်လိုဝက်ခန္ဓာကိုမလိုချင်လို့သာဆိုတယ်…ကျုပ်ကဖြင့်ဒီခန္ဓာကြီးရဖို့ အမေတို့ချက်ကျွေးတာမှန်သမျှ ထိုင်စားနေရတာရှင့်…ဟွန်း….”
” ဝါး…ဟားဟား….”
” အေးပါမဝက်မရယ်…အယ်မှားလို့ မမိစုရယ်…ကျုပ်ကဖြင့်ညည်းလိုဝက်မကိုရှာမကျွေးနိူင်ဘူးဗျ…နော်လေ အဝင်းလေး….”
ကိုသာလုံး၏အပြောကြောင့် မခင်ဝင်းမှာရှက်သွေးဖျာသွားပြီး ဖြူဝင်းသောမျက်နှာလေးမှာပန်းနုရောင်သမ်းသွားတော့၏။
” ညည်းတို့ကလဲဟယ်….မပြောကြပါနဲ့တော့ ဒီမယ်ကျုပ်သူငယ်ချင်းမလေး ရှက်သွားရှာပြီ….”
” ဝါး…ဟားဟား….မိခင်ဝင်းတို့စွံချက်တော့အေ….”
” ဗွမ်း…..”
” ဟင်…”
လုလင်ပျို၊လုံမပျိုတို့စနောက်နေကြစဉ် ခင်ဝင်းသည် ရေအိုးကိုရေကန်ထဲဗွမ်းခနဲပစ်ချလိုက်ပြီး ခက်ထန်သောမျက်နှာထားဖြင့် ထဘီစွန်တောင်ဆွဲကာ ခြေဆောင့်ပြီးရွာသို့ပြန်သွားလေ၏။
” ဟဲ့လုပ်ကြပါဦး…မိခင်ဝင်း စိတ်ဆိုးသွားပြီထင်တယ်တော့….”
” ဟာ…ကျုပ်ကဒီတိုင်းစနောက်လိုက်တာပါဗျာ….ဘယ်လိုလုပ်ကြမလဲ…”
” ကျုပ်တို့ရအောင်ပြန်ချော့ပါ့မယ်တော်…ရွှေစိတ်တော်ပူမနေနဲ့ရှင့်….”
ခင်ဝင်း၏အပြုအမူကြောင့် ကျန်သည့်သူများ စိတ်မကောင်းဖြစ်သွား၏။ သူတို့စနောက်လိုက်သဖြင့် စိတ်ဆိုးသွားသည်ဟုထင်မှတ်သွားကြ၏။
နောက်တစ်နေ့ရောက်သော် ခင်ဝင်းသည်သူငယ်ချင်းများနှင့်အတူရေခပ်မလိုက်တော့ဘဲ ငူငူကြီးထိုင်နေ၏။
” ဟဲ့သမီး….သောက်ရေမရှိတော့ဘူးဟဲ့…အမေ့ကိုသောက်ရေလေးသွားခပ်ပေးပါဦးတော်…”
” မခပ္ဘူး…ခင်ဗျားတို့လက်မပါဘူးလား…ကိုယ့်ဘာသာကိုသွားခပ်ချေပေါ့…”
” ဟဲ့ဟဲ့…မိခင်ဝင်း….ညည်းအမေ့ကိုဘယ်လိုပြန်ပြောလိုက်တာလဲအေ့…ခင်းဗျားလေးဘာလေးနဲ့….”
” စကားသိပ္မ်ားတာဘဲ…နားကိုညီးတယ်…ပါးစပ်ပိတ်ပြီးမနေတတ်ဘူးလား…”
” ဟဲ့…ညည်းငရဲမကြောက်တော့ဘူးလားကောင်မရဲ့…မအေကိုဒီလိုပြန်ပြောစရာလား…”
အဖွားဖြစ်သူကမနေနိူင်သဖြင့် ဝင်ပြောလိုက်၏။
” နေပါစေအမေရယ်…မိဝင်းခုတလောဘာဖြစ်နေတယ်မသိဘူး….ဘယ်သူ့ကိုမှစိတ်မကြည်ဘူးဖြစ်နေတယ်…ကျုပ်ဘာသာကျုပ်ဘဲသွားခပ်လိုက်တော့မယ်….”
ခင်ဝင်း၏မိခင်ကထိုသို့ပြောပြီး သောက်ရေအိုးကိုဆွဲကာ ရွာအရှေ့ရေကန်သို့သွားလိုက်၏။ ခင်ဝင်းကား ဘယ်သူနှင့်မှစကားမပြောဘဲ အိမ်ရှေ့မန်ကျည်းပင်အောက်၌ ငုတ်တုတ်ထိုင်နေဆဲပင်။ တအောင့်အကြာ၌ ခင်ဝင်းသည်အိမ်ပေါ်တက်လာပြီး
” အဖြား…အဖွားရေ…အရှေ့ဖက်အိမ်မှာအမဲဟင်းချက်နေတယ်….ကျုပ်စားချင်လို့သွားတောင်းပေးပါဦးနော်….”
မြေးမလေး၏စကားကြောင့် ဒေါ်ခင်ပွင့်မျက်လုံးပြူးသွား၏။ သူတို့မိသားစုသည် အမဲသားမစားကြချေ။
” ဟဲ့မိဝင်း…ညည်းဘယ်တုန်းကအမဲသားစားဖူးလို့လဲဟဲ့…ပြီးတော့အရှေ့အိမ်မှာအမဲဟင်းချက်မှန်းညည်းဘယ်လိုသိတာလဲ…”
” ကျုပ်နှာဝဆီ အရှေ့အိမ်ကအမဲဟင်းနံ့ရလာလို့ပေါ့အဖွားရ…လုပ်ပါ…သွားတောင်းပေးပါနော်…ကျုပ်မစားဖူးသေးတော့စားချင်လွန်းလို့ပါ…”
” ဟဲ့မိဝင်း…ညည်းကိုယ့်အဖွားကို ခိုင်းဖတ်များမှတ်နေတာလား သူများအိမ်ကဟင်းသွားတောင်းခိုင်းရအောင်….”
” နေပေါ့ဟယ်…သုံးစားလို့ကိုမရတဲ့အဖွားကြီး ကျုပ်ကိုယ်တိုင်သွားတောင်းစားမယ်…”
” ဟဲ့ဟဲ့…မြေမျိုမဲ့ကောင်မ…လူကြီးမှန်းမသိလူငယ်မှန်းမသိနဲ့…”
အဖွားဖြစ်သူကပြောလိုက်သော်လည်း ခင်ဝင်းမှာအနောက်ပင်လှည့်မကြည့်တော့ဘဲ အရှေ့အိမ်သို့ပြေးသွားလေ၏။
ဒေါ်ခင်ပွင့်တစ်ယောက်မနက်စောစောဘုရားဝတ်ပြုပြီး နှစ်ဆယ့်လေးပစ္စည်းပဋ္ဌာန်းအကျယ်ချဲ့ကို ရွတ်ဆိုနေ၏။
” အား…နားညီးတယ်…အဖွားကြီး… တော်တော့ ငါအိပ်လို့မရတော့ဘူး…”
အိပ်ယာခန်းထဲရှိ ခင်ဝင်းမှာအဖွားဖြစ်သူ၏ပဋ္ဌာန်းရွတ်သံကြောင့် အော်ဟစ်နေ၏။ ဒေါ်ခင်ပွင့်ကား ပဋ္ဌာန်းရွတ်မပြတ်ချေ။
” တောက်! အဖွားကြီး….သေလည်မသေနိူင်ဘူးကွာ…”
ခင်ဝင်းမှာထိုသို့ပြောပြီး အခန်းတွင်းမှထွက်ပြေးကာ အိမ်ရှေ့မန်ကျည်းပင်အောက်၌ သွားအိပ်နေ၏။ အဖွားဖြစ်သူ ပဋ္ဌာန်းရွတ်ပြီးမှ အပေါ်တက်လာပြီး ထမင်းဟင်းချက်နေသော မိခင်ဖြစ်သူထံသွားကာ
” အေမ…ဒီနေ့ဘာဟင်းချက်လဲ….”
” ငပိရည်ကျို၊တို့စရာနှင့် ဘဲဥခရမ်းချဉ်သီးပေါ့သမီးရဲ့….”
” တစ်ခါလာလည်းဒီဟင်း…နှစ်ခါလာလည်းဒီဟင်း…အမဲသားဟင်းလေးဘာလေး ချက်စမ်းပါအမေရာ….”
” အံမယ်…တို့အိမ်ဘယ်တုန်းကအမဲသားဟင်းစားဖူးလို့လဲမယ်မင်းကြီးမရဲ့…နွားဆိုတာကလူတွေရဲ့ကျေးဇူးရှင်မို့မစားကောင်းဘူးဆို ညည်းပြောတော့….ခုကျမှဘာထဖြစ်နေတာလဲ….”
” ဪအမေကလည်း…တစ်ခါတစ်လေသမီးလည်းစားချင်လာလို့ပေါ့အေ့…”
” နေပါဦး တနေ့ကလည်း ညည်းအရှေ့ဘက်အိမ်ကအမဲသားဟင်း သွားတောင်းစားခဲ့တယ်ဆို….ညည်းဘယ်လိုဖြစ်ရတာလဲမိဝင်း….”
” အိုတော်…ဘယ်လိုဖြစ်ရမှာလဲ ကိုယ့်အမေကချက်မကျွေးမှတော့ သူများအိမ်ကသွားတောင်းစားရတာပေါ့…ဘာဆန်းသလဲ…”
” ဒုန်း…ဒုန်း…ဒုန်း….”
” အမလေးဟယ်…ညည်းဘယ်တုန်းကများမအေကိုဒီလိုပြန်ပြောတတ်သွားတာလဲဟဲ့….”
သူမကိုတစ်ခွန်းမကျန်ပြန်ခံပြောပြီး ခြေဆောင့်ကာထွက်သွားသော သမီးငယ်ကိုကြည့်ပြီး ဒေါ်မလေး ဝမ်းနည်းသွား၏။ အရင်ကသမီးလေးသည် မိဘအပေါ်သိတတ်လွန်း၏။ မိဘစကားကိုလည်းမြေဝယ်မကျနားထောင်၏။ ပြန်ခံပြောဖို့ဝေးစွပင်။ ယခုမူကား တခြားတစ်ယောက်ဖြစ်သွားသကဲ့သို့ပင်။
မိဘဟူသည်ကား သားသမီး၏လိုအင်ဆန္ဒကိုတတ်နိူင်သမျှဖြည့်ဆည်းပေးချင်သည်မဟုတ်ပါလား။ ယခုလည်းဒေါ်မလေးသည် သမီးဖြစ်သူစားချင်သောအမဲသားကိုဝယ်ပြီးချက်ကျွေးရန် တစ်ဖက်ရွာသို့လာခဲ့၏။ ထိုနည်းတူအရှေ့အိမ်မှ ဒေါ်ငွေနှင်းသည်လည်း သူမနှင့်အတူအမဲသားဝယ်ရန်ထွက်လာခဲ့၏။
” မလေးရယ်…ညည်းသမီးခုတလောဘာဖြစ်နေတာလဲဟဲ့…တနေ့ကလည်းကျုပ်အိမ်လာပြီးအမဲဟင်းတောင်းစားတယ်တော့…”
” အားနာစရာဖြစ်ကုန်ပြီမနှင်းရယ်…ကျုပ်လည်းကျုပ်သမီးလေးကြောင့် ခေါင်းတွေကိုက်နေပြီရှင့်….”
” ကျုပ်ပြောရဦးမယ်သိလား…ညည်းသမီးကျုပ်တို့အိမ်မယ်အမဲသားဟင်းလာစားတုန်းက ကျုပ်ဖြင့်အံ့ဩနေတာတော့….မအံ့ဩဘဲနေပါ့မလား ညည်းတို့မိသားစုအမဲသားမစားဘူးလို့ကျုပ်သိထားတာကိုးတော့…ကျုပ်လည်းသူစားချင်လွန်းလို့ဆိုပြီးပြောလာတော့ တစ်ခါတစ်လေလေးစားပါစေဆိုပြီး ပန်းကန်ထဲအမဲဟင်းတွေခူးထည့်ပေးလိုက်တာ ထမင်းမစားဘဲဟင်းချည်းနှိပ်စားသွားတာတော့…”
” ဟင်ဟုတ်လားမနှင်းရယ်…”
” တကယ်ပါအေ…ကျုပ်တို့စားဖို့ချန်ထားတဲ့ဟာတောင် အကုန်ကျွေးလိုက်ရပါတယ်ဆို…ကျုပ်ကမကျွေးချင်လို့ပြောတာမဟုတ်ဘူးတော့ ဘယ်သူကအမဲသားငါးဆယ်သားချက်ကိုကုန်နိူင်မလဲတော့… ဒါပေမဲ့ညည်းသမီးက ခဏထဲနဲ့ကုန်သွားတာနော်…ကျုပ်ဖြင့်သူစားတာကြည့်ပြီး ကြောက်တောင်ကြောက်လာတာအေ့….”
” အေးဟယ်…ကျုပ်သမီးလေးက အမဲသားတစ်ခါမှမတောင်းစားဖူးဘူးတော့…အရင်ကျုပ်တို့စားတုန်းကတောင်သူက ကျေးဇူးရှင်အသားကိုမစားကောင်းဘူးဆိုပြီးပြောနေသေးတာ…ကျုပ်ဖြင့်ဘယ်လိုမှမတွေးတတ်တော့ပါဘူးအေ…”
” ဟဲ့ဟဲ့…ကျုပ်အထင်ဒီကိစ္စမရိုးလောက်ဘူးနော်…ညည်းသမီးလိုအဖိုးတန်အမျိုးမှန်လေးက ခုလိုထူးထူးဆန်းဆန်းဖြစ်လာတာကျုပ်ဖြင့်သိပ်မသင်္ကာဘူးဟဲ့…အထက်လမ်းဆရာလေးဘာလေးပြကြည့်ပါလားမလေးရဲ့….”
” ကျုပ်အယုံအကြည်မရှိပါဘူးဟယ်…ကျုပ်သမီး အမဲသားကိုတကယ်စားချင်လို့နေမှာပါအေ….”
” ကျုပ်ကစိုးရိမ်လို့ပြောတာအေ့…ကျန်တာညည်းသဘောလေ…ဟောပြောရင်းဆိုရင်းကိုသာဗြောတို့အိမ်တောင်ရောက်လာပြီ…ကိုသာဗြောရေ…တော့ကိုသာဗြော…ကျုပ်တို့အတွက်အသားလတ်လတ်လေးတွေချန်ထားပေးရဲ့လားတော့….”
” ချန်ထားပေးပါ့ဗျာ…မငွေနှင်းတို့ကအမြဲယူနေကြသူတွေဆိုတော့ ကျုပ်ကပေါင်သားကိုရွေးထားပေးပါတယ်ဗျာ…ဘယ်နှစ်ပိဿာယူမှာလဲဗျ…”
” ကျုပ်ကထုံစံအတိုင်း ၃ပိဿာပေးအေ…မလေးကတော့တပိဿာဘဲမလား…”
” ဟုတ်ပါ့အေကျုပ်ကိုတပိဿာဘဲပေး….”
အမဲသားဝယ်ပြီး အိမ်သို့ပြန်လာခဲ့၏။ ခင်ဝင်းသည် သူစားချင်သည်ကိုစားရတော့မည်ဖြစ်သဖြင့် တံတွေးကိုမြိုချနေ၏။
” အေမ…မကျက်သေးဘူးလားဟင်…သမီးအရမ်းဗိုက်ဆာနေပြီ…မြန်မြန်ချက်ပါ…”
” ဪသမီးရယ်…စားရမှာပေါ့အေ…ဘယ်လိုဖြစ်နေတာတုန်း…ညည်းစားဖို့အတွက်တစ်ပိဿာလုံးဝယ်လာတာ အကုန်လုံးညည်းအတွက်ဘဲ ဘယ်သူမွယူမစားဘူး…”
” ဟီး…ကောင်းတယ်…ကောင်းတယ်…တစ်ပိဿာလုံးချက်လိုက်နော်အမေ…ဟီးဟီး….”
မိခင်၏စကားကြောင့်ခင်ဝင်းသည် လက်ခုပ်လက်ဝါးတီးပြီး ပျော်ရွှင်နေ၏။ တစ်ပိဿာလုံးချက်ခိုင်းသောကြောင့် မိခင်ဖြစ်သူမှာအံ့ဩသွား၏။
” ဟဲ့သမီး…တစ်ပိဿာလုံးညည်းဘယ်လိုကုန်မှာတုန်းအေ့….နည်းနည်းချက်ပြီးကျန်တာအခြောက်လုပ်ထားပေးမယ်လေ…နောက်နေ့လည်းစားရတာပေါ့…”
” မရဘူး…နောက်နေ့မစားချင်ဘူးဒီနေ့စားချင်တာ တစ်ပိဿာလုံးချက်ဆိုချက်လိုက်လျှာမရှည်နဲ့…. ”
” ဟင်….”
ထိုသို့ပြောပြီး မိခင်ဘက်သို့်နီရဲသောမျက်လုံးဖြင့်ကြည့်လိုက်ရာ မိခင်မှာအကြည့်ချင်းမဆုံနိူင်ဘဲ မျက်နှာလွဲသွားရ၏။ ထိုနေ့မှာပင် ခင်ဝင်းသည် မီးဖိုပေါ်မှမကျက်တကျက်ဖြစ်နေသေးသောအမဲဟင်းအိုးကို ချပင်မချတော့ဘဲ လက်ဖြင့်နှိပ်စားနေ၏။
ဒေါ်မလေးမှာသမီးဖြစ်သူ၏စားသောက်ပုံကိုကြည့်ပြီး လန့်နေ၏။
” ဘုရားဘုရား…ငါ့သမီးမှဟုတ်ရဲ့လား….ဟင်းအပူကြီးကိုဘယ်လိုနှိပ်စားနေတာလဲ….မနှင်းပြောသလိုအထက်လမ်းဆရာရှာပြီး ပြကြည့်မှရတော့မယ်….”
ဒေါ်မလေးသည်ရင်ဘတ်ကိုလက်နှင့်ဖိပြီး သမီးမကြားနိူင်သောလေသံဖြင့်တီးတိုးပြောနေ၏။
မောင်ရေခဲတို့ဆရာတပည့်လည်း အထက်၏အမိန့်ကြောင့် မန်ကျည်းတန်းရွာသို့ရောက်လာခဲ့၏။ ရောက်ရောက်ခြင်းဘုန်းကြီးကျောင်းတွင်တည်းပြီး နေမကောင်းဖြစ်နေသူများကို ဆေးကုသပေးနေ၏။ ဆေးလာရောက်ကုသခံနေသည့် လူများထဲတွင် ဒေါ်မလေးလည်းပါ၏။
” အဒေါ်…အဒေါ်ခံစားရတဲ့ဝေဒနာကိုပြောပြပါ…ကျွန်တော်တို့ဆေးပေးလို့ရတာပေါ့ဗျ…”
” အဒေါ်ဘာမှမဖြစ်ပါဘူးဆရာလေးရယ်….ဖြစ်နေတာကအဒေါ့်သမီးပါ…ဆရာတို့ကုပေးတတ်ရင် ကျေးဇူးပြုပြီး အဒေါ့်အိမ်ကိုကြွခဲ့ပေးပါဦးကွယ်….”
” ဟုတ်ကဲ့ပါအဒေါ်….ကျွန်တော်တို့တတ်သလောက်ကုသပေးဖို့ လိုက်ခဲ့မယ်ဗျ…”
မောင်ရေခဲတို့ဆရာတပည့်လည်း ဒေါ်မလေး၏အိမ်သို့လိုက်လာခဲ့၏။ မောင်ရေခဲတို့အိမ်ထဲဝင်လာသည်နှင့် အထဲမှမခင်ဝင်းသည် ဒေါသထောင်းထောင်းထွက်လာပြီး
” အမေရယ်…သမီးပျိုရှိတဲ့အိမ်ကိုသူစိမ်းယောကျာ်းတွေခေါ်လာခဲ့ရတယ်လို့…အဲသူစိမ်းတွေကိုယ့်သမီးကိုတစ်ခုခုလုပ်မှာမပူဘူးလားအမေရဲ့…”
” ဟဲ့သမီး….ဧည့်သည်ကိုဒီလိုရိုင်းရိုင်းစိုင်းစိုင်းပြုမူရသလား….ဆရာလေးတို့ရယ်အဒေါ့်သမီးအမိုက်အမဲလေးမို့ခွင့်လွတ်ပေးကြပါကွယ်…လာလာအိမ်ပေါ်ကြွကြ….”
” ရပါတယ်အဒေါ်ရယ်…အဒေါ့်သမီးပြောနေတာမဟုတ်မှန်းကျွန်တော်သိတယ်ဗျ…”
မောင်ရေခဲကထိုသို့ပြောပြီး အိမ်ပေါ်တက်ကာ ဘုရားခန်း၌နေရာယူပြီးဘုရားဝတ်ပြုလိုက်၏။
” ဟင်း….ငါ့အိမ်လာပြီးပိုင်စိုးပိုင်နင်းလုပ်နေတယ်…တောက်!”
” ဟဲ့မိဝင်း…ဧည့်သည်ရှေ့မှာတောက်တွေခေါက်ရသလား…”
” အဖွားဘာသိလို့လဲ…ဒီလူတွေကလူကောင်းတွေမဟုတ်ဘူး….”
” ညည်းပါးစပ်ပိတ်ပြီးနေပါအေ….ဧည့်သည်တွေကြားသွားရင်မကောင်းဘူး …သြား…ဧည့်သည်တွေအတွက်ဧည့်ခံစရာတွေယူလာခဲ့ချေ….”
” ဟင်း…ဟင်း…ငါကသူတို့ကိုဘာမှမကျွေးနိူင်ဘူး….အလကားလူတွေ….”
” ဒုန်း…ဒုန်း…ဒုန်း…”
မိဝင်းကထိုသို့ပြောပြီး ခြေဆောင့်ကာ အောက်သို့ဆင်းသွားရန်ပြု၏။
” ရောက်ရာနေရာကနေရပ်ပြီး ငါ့အရှေ့လာထိုင်စမ်း….”
ထိုစဉ်ဘုရားခန်းထဲမှထွက်လာသောအသံကြောင့် မိဝင်းသည်ခြေလှမ်းများရပ်သွားပြီး ရုန်းမရဖြစ်သွား၏။ ထိုစဉ်အောက်ထပ်မှဒေါ်မလေးသည် ဧည့်ခံစရာပစ္စည်းများယူပြီးတက်လာသော် အပေါက်ဝတွင်ရပ်နေသောသမီးဖြစ်သူကိုတွေ့သွားပြီး
” ဟဲ့သမီး…အပေါက်ဝမှာရပ်မနေနဲ့…ဧည့်သည်ကိုသွားဧည့်ခံမယ်လာ….”
” ဟင်း…ဟင်း…ဟင်း….ဒင်းတို့နိူင်တုန်းလုပ်ထားပေါ့….”
ဟုပြောပြီး အောက်သို့ထိုင်ချလိုက်၏။
” ဟဲ့သမီး…ဘယ်လိုတွေပြုမူနေတာလဲကွယ်…ထ..ထ…ဆရာတွေရှေ့မှာသွားထိုင်ရမှာလေ….”
” နေပါစေအဒေါ်….သူဒီကိုမလာဘဲမနေနိူင်ပါဘူး….လာခဲ့စမ်းဒီကို….မလာရင်အဲနားတစ်ဝိုက် ချွန်မြတဲ့ဆူးတွေပေါ်လာပြီးစူးစေ….”
” အား…နားတယ်…လာမယ်ဟ…ဆူးတွေဖယ်ပေးတော့….”
” လာစမ်း…အာခံနေရင်တော့ ဒီ့ထက်နာမယ်….”
” လာမယ်ပြောနေတယ်လေ… ”
ဆိုပြီးနောက်ပြန်ဒရွတ်တိုက်ကာ မောင်ရေခဲရှေ့ရောက်သော် ရပ်ပြီးကျောပေးထိုင်နေ၏။
” ငါ့ဘက်လှည့်ထိုင်ပြီး ဘုရားဦးတိုက်စမ်း….”
” ငါကဘုရားနှင့်မဆိုင်ဘူးလေ…ဘာကိစ္စဘုရားဦးတိုက်ရမှာလဲ….”
” အံမယ်လေကြီးလေကျယ်နဲ့…နောက်ဆုံးပြောမယ် ငါ့ဘက်လှည့်ပြီး ဘုရားကိုဦးတိုက်လိုက်စမ်း….”
” ဦးမတိုက်ရင်ရောနင်ငါ့ကိုဘာလုပ်နိူင်မှာလဲ…”
” ကြိုက်ပြီလေ…ကဲဆိုင်ရာတွေ ခေါင်းတွေခြေတွေလက်တွေဆွဲချုပ်ပြီး နောက်ပြန်ပုံစံနှင့်ဘုရားဦးတိုက်ခိုင်းလိုက်စမ်း….”
“အား….ငါ့အရိုးတွေကျိုးကုန်ပါပြီ…လွှတ်ပါတော့….ဘုရားကိုဦးတိုက်ပါ့မယ်…”
မောင်ရေခဲ၏အမိန့်ကြောင့် မိဝင်းကိုဆိုင်ရာကဆွဲချုပ်လိုက်သော် အရိုးကျိုးသံများတဂျွတ်ဂျွတ်မြည်သွားလေ၏။ ဘေးမှကြည့်နေသော ဒေါ်ခင်ပွင့်တို့သားအမိကား မြေးဖြစ်သူ၏အရိုးကျိုးကြေကုန်ပြီအထင်ဖြင့် ဆက်မကြည့်ရဲဘဲမျက်လုံးကိုစုံမှိတ်ထားလိုက်ကြ၏။
” ကြောက်ပါပြီဆရာရယ်…ကျုပ်ကောင်းကောင်းထိုင်ပြီးဘုရားကိုကန်တော့ပါ့မယ်…ချုပ်ထားတာတွေဖယ်ပေးပါနော်…”
ဆိုပြီးတောင်းပန်မှမောင်ရေခဲက ချုပ်ထားသောဆိုင်ရာများကိုဖယ်ခိုင်းလိုက်၏။ ခင်ဝင်းလည်း မောင်ရေခဲဘက်လှည့်ပြီး ဘုရားကိုဦးချလိုက်၏။ ပြီးသော်ကျုံ့ကျုံ့လေးထိုင်ကာခေါင်းကိုငုံ့ထား၏။
” တနင်္လာသမီးကိုဘာလို့ ပူးကပ်နှောင့်ယှက်နေရတာလဲ….”
” ကျုပ်စားသောက်ချင်လို့ပါ….”
” စားသောက်ချင်တိုင်း ဒီလိုဝင်ရောက်ပူးကပ်နေရသလား…သင်ကဘယ်သူလဲ…ဘယ်အရပ်ကနေရောက်လာတာလဲ…”
” ကျုပ်နာမည်စိန်မောင်ပါ….ကျုပ်ရွာရှေ့ရေကန်ဘေးက ထိန်ပင်ကြီးမှာနေတာပါ…ဒီကောင်မလေးကိုတွေ့တော့ အားနည်းနေလို့ဝင်ရောက်ပူးကပ်ပြီး စားသောက်နေတာပါ….”
” ဟင်…ဒါဆိုရွာထဲကခင်မောင်ကိုခြောက်လွှတ်လိုက်တဲ့သဘက်ကြီးပေါ့…”
ဒေါ်မလေးက သမီးဖြစ်သူ၏နူတ်မှထွက်သောစကားကိုကြားပြီး ထိုသို့ပြော၏။ မောင်ရေခဲက
” ခုဒီတနင်္လာသမီးရဲ့အသက်နှင့်ခန္ဓာကို ငါပိုင်တယ်…ခုချက်ချင်း ဒီတနင်္လာသမီးရဲ့ခန္ဓာကနေခွာစမ်း….ထိခိုက်မှုတစ်စုံတစ်ရာမဖြစ်စေရ….”
” အမဲသားတစ်ပိဿာချက် ကျွေးပြီးရင်သွားပါ့မယ်…”
” အေးကျွေးမယ်…ကဲဈေးကနေအမဲသားတစ်ပိဿာချက်သွားဝယ်ခဲ့ချေ ထင်ပေါ်….”
” ဟုတ်ကဲ့ဆရာ….”
မောင်ထင်ပေါ်လည်း ဆရာဖြစ်သူပြောသည့်အတိုင်းဈေးမှအမဲသားတစ်ပိဿာချက်ကိုသွားဝယ်လိုက်၏။ တစ်အောင့်ကြာသော် ပြန်ရောက်လာပြီးထိုအမဲသားချက်အား ပန်းကန်ထဲထည့်လိုက်ပြီး မောင်ရေခဲထံကမ်းပေးလိုက်၏။
” စား….ရော့…အကုန္စား…”
” ဟီး…စားမယ်…စားမယ်….”
သဘက်ကြီးပူးကပ်ခံနေရသောခင်ဝင်းသည် မိမိရှေ့မှအမဲသားပန်းကန်ကြီးကိုယူပြိးီး လက်ဖြင့်နှိပ်စား၏။
” အာ့….ပူတယ်…ပူတယ်….”
” ဖလူး….ဖလူး….”
ဆိုပြီး အမဲသားဖတ်များကို ကြမ်းပေါ်သို့ထွေးထုတ်၏။
” စားဦးမလားအမဲသား…ဆက်စားလေ…ဝပြီလား….”
မောင်ရေခဲကထိုသို့ပြောလိုက်ရာ သဘက်ကြီးက လျှာကိုထုတ်ပြီး လက်နဲ့ကုတ်လေရာသွေးများပင်ထွက်ကျကုန်၏။
” မစားတော့ဘူးဆရာ…နောက်မလုပ်တော့ပါဘူး….တောင်းပန်ပါတယ်…ကျုပ်မသိလို့်အာခံမိတာပါ…တောင်းပန်ပါတယ်…ကျုပ်သွားပါရစေ…”
ဆိုပြီးလက်အုပ်ချီကာမောင်ရေခဲအား တောင်းပန်နေ၏။ သဘက်ကြီးစားသောအမဲသားမှာ အမဲသားမဟုတ်။ ရှားမီးခဲကိုရဲနေအောင် ဖုတ်ထားသောမီးခဲရဲရဲပင်ဖြစ်တော့သည်။ မောင်ထင်ပေါ်၏လှည့်ကွက်ကြောင့် သဘက်ကြီးသည် ရှားမီးခဲအားအမဲသားထင်ကာ စားနေခြင်းဖြစ်၏။ သို့ကြောင့်ပူကျစ်နေသော ရှားမီးခဲသည် သဘက်ကြီး၏လျှာကိုလောင်ကျွမ်းသွားခြင်းဖြစ်၏။
” နောက်နောင် လူတွေကိုဒုက္ခပေးဦးမလား….”
” မလုပ်ရဲတော့ပါဘူးဗျာ…တကယ်ကြောက်ပါပြီ….တောင်းပန်ပါတယ်….ကျုပ်ကိုသွားခွင့်ပေးပါ….”
” ဒီတိုင်းပြန်လွှတ်လိုက်ရင် တခြားတစ်နေရာမှာ လူတွေကိုဒုက္ခပေးနေဦးမှာဘဲ ဒီတော့သစ္စာရေသောက်ပြီးမှ သွားရမယ်….”
” သောက်ပါ့မယ်ဗျာ….ကျုပ်တကယ်ပြောတာပါ….”
မောင်ရေခဲလည်း သဘက်ကြီးအား သစ္စာရေတိုက်လိုက်ပြီး တနင်္လာသမီး၏ခန္ဓာမှခွာခိုင်းလိုက်၏။ ထိုအခါတနင်္လာသမီးလည်း ဘေးသို့လဲသွားပြီးအတော်ကြာအောင် နှာနှပ်ယူလိုက်ရ၏။ သတိရလာသော် ဘာမှမသိသည့်ပုံစံဖြင့် ကြောင်တောင်တောင်ကြည့်နေ၏။
” ကဲညီမေလး…ဒီအဆောင်ပရိတ်ကြိုးကို လည်ပင်းမှာအမြဲဆွဲထားနော်..ဘုရားတရားမမေ့ပါနဲ့…ခုလိုဖြစ်သွားရတာက ညီမလေးဘုရားတရားမေ့နေလို့ပါ….”
” ဟုတ်အစ်ကိုညီမမှတ်ထားပါ့မယ်…အဲနေ့ကညီမတို့သူငယ်ချင်းတစ်စုရေခပ်နေကြရင်း ထိန်ပင်ပေါ်ကနေလူတစ်ယောက်ဆင်းလာတာနောက်ဆုံးတွေ့လိုက်ပြီးနောက်ပိုင်း ညီမဘာမှမသိတော့ဘူး…”
” ညီမစိတ်တွေထိန်းချုပ်ခံလိုက်ရလို့လေ…”
” မသေကောင်းမပျောက်ကောင်းသမီးလေးရယ်….အမေတို့ကသမီးလေးပြောင်းလဲသွားတယ်ထင်ပြီး စိတ်ပူနေကြတာ…မနှင်းကိုကျေးဇူးတင်ရမယ်…သူသတိပေးလို့သာဆရာလေးတို့ကိုပင့်မိတာ…မဟုတ်ရင် ငါ့သမီးလေးတော့…အမလေးဆက်တောင်မတွေးရဲတော့ပါဘူး”
” ကျေးဇူးပါဆရာလေးတို့ရယ်…အဖွားမြေးလေးကိုကယ်တင်ပေးလို့…ကဲသမီး အမေ့မြေးလေးကိုကုသပေးတဲ့ဆရာလေးတို့ကို အသပြာလေးကန်တော့လိုက်ဦး…မြေးလေးဆရာလေးတို့ကိုကန်တော့လိုက်ကွယ်…”
” ဒီတိုင်းဘဲကျွန်တော်တို့ရဲ့ပညာဂုဏ်ကိုရည်မှန်းပြီးကန်တော့လိုက်ပါ…ကျွန်တော်တို့်ကအသပြာဆရာတွေမဟုတ်လို့ အသပြာတွေနဲ့ကန်တော့ဖို့မလိုပါဘူးဗျာ…”
” မဟုတ်တာဆရာလေးရယ်…အဖွားတို့ကျေးဇူးတင်လွန်းလို့ပါကွယ်…”
” ကျွန်တော်တို့လည်း ကယ်ခွင့်ရလို့ကယ်တင်ရတာပါဗျာ….ဒုက္ခရောက်နေသူကိုကယ်တင်တာလဲ မင်္ဂလာတစ်ပါးဘဲမို့ ကျွန်တော်တို့အတွက်အပန်းမကြီးပါဘူးဗျာ…ကဲညီမလေးဒီတိုင်းဘဲလက်အုပ်ချီပြီးကန်တော့လိုက်နော်…”
” ဆရာလေးတို့်က တကယ့်ကိုလေးစားထိုက်တဲ့လူငယ်တွေပါဘဲကွယ်…ကဲကဲမြေးလေးဆရာတို့ဆန္ဒအတိုင်းဘဲ ကန်တော့လိုက်တော့ကွယ်….”
ကန်တော့၍ပြီးသော် မောင်ရေခဲက
” အားလုံးလည်းဘေးကင်းသွားပြီဆိုတော့ကျွန်တော်တို့ကို ခွင့်ပြုပါဦးဗျာ…”
” တစ်ရက်နှစ်ရက်လောက် တည်းသွားပါဦးလားဆရာလေးတို့ရယ်….အဒေါ်တို့ကျွေးမွေးဧည့်ခံချင်လို့ပါ…”
” ကျွန်တော်တို့ခရီးတွေဆက်ရဦးမှာမို့ တည်းလို့မရတော့ပါဘူးဗျ…အခွင့်ကြုံရင်တော့ ပြန်ဆုံကြတာပေါ့ဗျ…ခွင့်ပြုကြပါဦးနော်….”
” ဟုတ်ပါပြီဆရာလေးတို့ရေ….ဆရာလေးတိုလမ်းခရီးဖြောင့်ဖြူးပါစေကွယ်….”
မောင်ရေခဲတို့လည်း ထိုမိသားစုကိုနူတ်ဆက်ပြီး မန်ကျည်းတန်းရွာမှ ထွက်ခွာသွားတော့သည်။….။
( နှစ်သစ်အခါသမယမှာ အားပေးဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာပြီး လုပ်ငန်းကိုင်ငန်းများ အဆင်ပြေချောမွေ့ကြပါစေဟု ဆုမွန်ချွေလျှက်)
# ပြီး
# ခွန်း

Zawgyi Version

ေမာင္ေရခဲ ႏွင့္ ထိန္ပင္ေပၚမွသရဲႀကီး(စ/ဆုံး)
——————————————————-
ေအးပုတို႔အပ်ိဳမေလးတသိုက္ ေရအိုးကိုယ္စီပိုက္ကာ ႐ြာအေရွ႕ဘက္ရွိေရကန္ႀကီးဆီသို႔ဦးတည္၍လာၾကသည္။ ႐ြာအေရွ႕ဘက္ရွိေရကန္ႀကီးသည္ကား တစ္႐ြာလုံးက ေသာက္ေရသုံးေရအျဖစ္ ထိုေရကန္ႀကီးကိုအမွီသဟဲျပဳၾကသည္။ ထိုေရကန္ႀကီးတြင္ လုံမပ်ိဳတို႔ကေရလုံအိုးျဖင့္ေရခပ္လာၾကသကဲ့သို႔ လုလင္ပ်ိဳတို႔ကလည္း ႏြားလွည္းကိုယ္စီျဖင့္ ေရလာခပ္ၾက၏။ သို႔ေၾကာင့္ေရကန္ႀကီး၏နံေဘးသည္ လုလင္ပ်ိဳ၊လုံမပ်ိဳတို႔၏ စေနာက္သံတို႔ေၾကာင့္ အၿမဲလိုလိုေပ်ာ္႐ႊင္ စည္ကားေနေလသည္။
သို႔ေသာ္ထိုေရကန္ႀကီးဆီသို႔ မည္သူမွ်တစ္ေယာက္တည္း ေရလာမခပ္ရဲၾကေခ်။ အေၾကာင္းမွာထိုေရကန္ေဘးရွိ ထိန္ပင္ႀကီးတြင္ မွီခိုေနထိုင္ေသာသဘက္ႀကီးတစ္ေကာင္ရွိသည္ဟူေသာေၾကာင့္တည္း။
ထိန္ပင္တြင္သရဲရွိသည္ဟု သတင္းစတင္ျဖန႔္သူကား ဤမန္က်ည္းတန္း႐ြာသားတစ္ေယာက္ျဖစ္သူ ကိုခင္ေမာင္ျဖစ္၏။ ကိုခင္ေမာင္ျပန္ေျပာျပခ်က္အရ တစ္ခုေသာညေနခင္းတြင္ အလုပ္မွျပန္လာေသာ ကိုခင္ေမာင္တစ္ေယာက္ ေသာက္ေရသုံးေရခပ္ရန္ လွည္းေမာင္းကာ ႐ြာအေရွ႕ဘက္ရွိေရကန္ႀကီးသို႔ လာခဲ့၏။
ခါတိုင္းညခင္း၌ ေရကန္သို႔ေသာက္သုံးေရလာေရာက္ခပ္ယူသူမ်ားျပားေသာ္လည္း ယခုညခင္းကား သူ႔လွည္းတစ္စီးမွလြဲ၍ တျခားေရလာတိုက္သူတစ္ဦးတစ္ေလမွ်ပင္မေတြ႕ရ။ ကိုေအးေမာင္လည္း တျခားလူမ်ားလယ္ေတာမွ ျပန္မလာၾကေသး၍ ေရလာခပ္ျခင္းမရွိေသးတာေနမွာဟုေတြးၿပီး စိတ္ကိုေျဖသိမ့္လိုက္၏။ ေရကန္ႀကီးနားေရာက္ေသာ္ ပါလာေသာေရပုံးျဖင့္ လွည္းေပၚတင္ထားေသာေရစည္ထဲသို႔ေရခပ္ထည့္လိုက္၏။ ေရစည္ျပည့္လွ်င္ ေရပုံးကိုပါေရျဖည့္ၿပီး လွည္းေပၚအသင့္တင္ထားလိုက္၏။
ေရခပ္ၿပီးသည္ႏွင့္ေရခ်ိဳးရန္အဝတ္အစားမ်ားကိုခြၽတ္ၿပီးေရကန္ထဲဆင္းလာခဲ့သည္။ ကိုခင္ေမာင္ေရကန္ထဲေရာက္လာသည္ႏွင့္ ဘယ္ကတည္းကရွိမွန္းမသိေသာလူတစ္ေယာက္သည္ သူ႔ကိုေက်ာေပးကာ ေရခ်ိဳးေန၏။
” ဒီလူကိုေစာေစာက ငါမေတြ႕ပါဘူး…ဘယ္ႏွယ္ခုက် ငါ့ထက္ေရကန္ထဲ အရင္ေရာက္ႏွင့္ေနတာလဲ….ငါမျမင္မိတာေနမွာပါေလ….”
ထိုလူ၏ေက်ာျပင္ကိုၾကည့္ၿပီး ကိုခင္ေမာင္တစ္ကိုယ္တည္းေတြးေတာေနမိ၏။ ကိုခင္ေမာင္ကသာ ထိုလူ၏အေၾကာင္းကိုေတြးေနသည္။ ထိုလူကား ကိုခင္ေမာင္ကိုလွည့္၍ပင္မၾကည့္။ ေက်ာေပးလွ်က္အေနအထားျဖင့္သာ ေရကိုဆက္ခ်ိဳးေန၏။ ကိုခင္ေမာင္လည္း အေဖာ္ရေနတာဘဲ ေအးေဆးခ်ိဳးမယ္ ဟုေတြးၿပီး ဂ်ီးတြန္းေနလိုက္၏။ သို႔ေသာ္သူ႔ေက်ာကုန္းမွ ဂ်ီးတြန္းရန္လက္ကမမွီျဖစ္ေန၏။
” ဒုကၡဘဲ….ေန႔လယ္ပိုင္းေတြေခြၽးထြက္လို႔ ဂ်ီးေတြထူေနတာ ေက်ာျပင္ကအဆိုးဆုံးဘဲ….လက္ကလဲေက်ာျပင္ထိတြန္းလို႔မမွီဘူး….”
ထိုသို႔တစ္ကိုယ္တည္းေျပာၿပီး ေက်ာျပင္ကိုမမွီမကမ္း လွမ္းႏွိပ္၏။ သို႔ေသာ္ေက်ာတျပင္လုံးရွိဂ်ီးကိုတြန္း၍မရႏိုင္။
” ေဟ့လူ….က်ဳပ္ခင္ဗ်ားရဲ႕ေက်ာျပင္ကိုဂ်ီးတြန္းေပးရမလားဗ်…အျပန္အလွန္ေပါ့ ခင္ဗ်ားၿပီးရင္ က်ဳပ္ရဲ႕ေက်ာျပင္ကဂ်ီးကိုျပန္ေတြန္းေပးေပါ့ဗ်…”
ကိုခင္ေမာင္ဂ်ီးတြန္းေနစဥ္ သူ႔ကိုတခ်ိန္လုံးေက်ာေပးလွ်က္ ေရခ်ိဳးေနသူက ထိုသို႔ေမးလာ၏။ ကိုခင္ေမာင္လည္းဟန္က်ၿပီဟုေတြးကာ
” ဟာ…ဒီလိုဆိုရင္ေတာ့ ဟန္က်တာေပါ့ဗ်ာ….က်ဳပ္ေက်ာျပင္က ဂ်ီးေတြတြန္းလို႔မမွီတာနဲ႔ အေတာ္ဘဲဗ်ိဳ႕….လုပ္ေဟ့…က်ဳပ္ေက်ာျပင္ကိုဂ်ီးအရင္တြန္းေပးဗ်ိဳ႕….”
ဆိုၿပီးထိုလူ၏အနားသို႔ကပ္သြားလိုက္၏။ သို႔ေသာ္ထိုလူမွာ သူ႔ဖက္သို႔လွည့္မလာေသးေခ်။ အနားသို႔ေရာက္သည္ႏွင့္ထိုလူက
” လွည့္ဗ်ာ ခင္ဗ်ားေက်ာျပင္ကိုဂ်ီးအရင္တြန္းေပးရတာေပါ့…”
ဟုဆိုသျဖင့္ ကိုခင္ေမာင္လည္း ေက်ာျပင္ကိုထိုလူဘက္သို႔လွည့္ေပးလိုက္၏။ ထိုစဥ္ပုပ္အဲ့အဲ့အနံ႔တစ္ခုသည္ သူ႔ႏွာဝသို႔တိုးဝင္လာ၏။
” ထြီး…နံလိုကၱာဗ္ာ…ႏို႔….ခင္ဗ်ားေရာအပုပ္နံ႔ရလားဗ်….”
ဆိုၿပီးသူ႔ကိုဂ်ီးတြန္းေပးေသာလူကိုေမးလိုက္၏။ ထိုလူလည္း
” နံမွာေပါ့ဗ်ာ…ေႏြဆိုေတာ့လည္းေရေတြခမ္းတာမလားဗ်…ဒီေတာ့ေရစပ္စပ္က ဗြက္ထၿပီး အနံ႔ေတြထြက္လာတာေပါ့ဗ်ာ…”
ဆိုၿပီးျပန္ေျဖလိုက္ရာ ကိုခင္ေမာင္လည္း ဒီလူေျပာတာလည္းျဖစ္ႏိူင္တာဘဲဟုေတြးၿပီးစိမ္ခံေန၏။ ေက်ာျပင္မွဂ်ီးတြန္းေနေသာထိုလူ၏လက္သည္ေအးစက္ၿပီး မာေက်ာေနသည္ဟုသူထင္မိ၏။ သို႔ေသာ္လည္း ေရခ်ိဳးတာၾကာလို႔ေနမွာ ဟုသာေတြးၿပီးစိတ္ျပန္ေျဖလိုက္၏။
” ရၿပီဆရာသမားေရ….ခင္ဗ်ားေက်ာျပင္ကဂ်ီးေတြေျပာင္သြားၿပီဗ်…ကဲက်ဳပ္အလွည့္က်ၿပီျပန္တြန္းေပးေတာ့ဗ်ိဳ႕…”
” ဟုတ္ပါၿပီဗ်ာ…”
ထိုလူကေျပာသျဖင့္ ကိုခင္ေမာင္လည္းေက်ာျပင္မွထြက္ေနေသာဂ်ီးမ်ားေျပာင္ေစရန္ေရေအာက္ကိုတခ်က္ငုတ္လိုက္ၿပီး ထိုလူဘက္သို႔လွည့္လိုက္၏။ ထိုလူမွာသူ႔ကိုေက်ာေပးလ်က္သားျဖစ္ေနၿပီး သူလည္းေထြေထြထူးထူးမေတြးေတာ့ဘဲ ထိုလူ၏ေက်ာျပင္မွဂ်ီးကိုစတင္တြန္းေပးလိုက္၏။
” ခင္ဗ်ားက က်ဳပ္တို႔႐ြာထဲကမဟုတ္ဘူးထင္တယ္ေနာ္…က်ဳပ္တစ္ခါမွဒီေလာက္ဂ်ီးထူတဲ့သူမေတြ႕ဖူးေသးလို႔ဗ်…ဟဲဟဲ….”
ကိုခင္ေမာင္ကထိုလူ၏ေက်ာျပင္မွဂ်ီးကိုတြန္းေပးရင္းေမးလိုက္၏။ ထိုလူလည္း
” က်ဳပ္ကခရီးသြားဗ်….ခရီးသြားရင္းဒီေရာက္လာေတာ့ ကန္ေရကခ်ိဳးခ်င္စဖြယ္မို႔ ဝင္ခ်ိဳးလိုက္တာဗ်…ဆရာသမားရ…”
” ဪ…ဒီလိုကိုးဗ္…”
” ေအးကြ…ဒါနဲ႔ဆရာသမားက ဒီကန္ကိုတစ္ေယာက္ထဲလာရဲတယ္ေနာ္ သရဲေတြဘာေတြမေၾကာက္ဘူးလားဗ်…”
” ဟားဟားဟား….ဘာေၾကာင့္ေၾကာက္ရမွာလဲဗ်ာ…ခင္ဗ်ားသာမသိတာ… ဒီကန္ကက်ဳပ္တို႔တစ္႐ြာလုံးအားထားေနရတဲ့ ကန္ႀကီးဗ်….ဘာသရဲမွရွိတယ္လို႔လဲမၾကားဖူးေပါင္ဗ်ာ….”
ကိုခင္ေမာင္က ရယ္ရယ္ေမာေမာျဖင့္ျပန္ေျပာလိုက္၏။
” ဒါဆိုဆရာသမားက သရဲကိုတကယ္မေၾကာက္တတ္ဘူးေပါ့ေနာ္….”
” ဪဗ္ာ…သရဲတေစၦဆိုတာမ်ိဳးက ေၾကာက္ရမွာမဟုတ္ဘူးဗ်….သနားရမြာ…သူတို႔ခဗ်ာ မကြၽတ္မလြတ္ဘဲ နာနာဘဝေရာက္ေနၾကရတာေလဗ်ာ…ေျပာသာေျပာရတာ တကယ့္သရဲတေစၦေတြလည္း မရွိေလာက္ပါဘူးဗ်ာ….ခင္ဗ်ားေရာဘယ္လိုထင္လဲ…”
” က်ဳပ္ကေတာ့သရဲတေစၦေတြကိုအယုံအၾကည္ရွိတယ္ဗ်….သူတို႔္ကခုဆရာသမားရဲ႕ေဘးမွာရွိခ်င္ရွိေနႏိုင္တယ္လို႔ေျပာရင္ ဆရာသမားယုံမလား….”
” မေနာက္ပါနဲ႔ဗ်ာ…ေနာက္ၿပီးသူတို႔တကယ္ရွိလဲ က်ဳပ္ကေၾကာက္စရာလားဗ်…က်ဳပ္ေဘးမွာခင္ဗ်ားတစ္ေယာက္လုံးရွိေနတာဘဲ…မဟုတၻဴးလားဗ္…ဟဲဟဲ….”
ကိုခင္ေမာင္ကဂ်ီးတြန္းေနရင္း ထိုလူကိုျပန္ေျပာလိုက္၏။ ထိုစဥ္ဂ်ီးတြန္းေပးေနရင္း ထိုလူေက်ာျပင္၏အေရခြံသည္ အေပၚသို႔လိပ္တက္လာ၏။
” ဟင္….ခင္…ခင္ဗ်ားရဲ႕ေက်ာျပင္ႀကီး…အေရခြံကြာၿပီးအေပၚကိုလိပ္တက္သြားၿပီကြ….ခင္….ခင္ဗ်ားက…”
” ဟဲဟဲဟဲ…သရဲတေစၦကိုခင္ဗ်ားယုံၿပီလားဗ်….”
ထိုလူ၏ေအးစက္စက္အသံေၾကာင့္ ကိုခင္ေမာင္လည္း သရဲေျခာက္ခံရၿပီျဖစ္မွန္းသိလိုက္၏။
” အေမလး….သရဲႀကီး….စြက်ိဳးနဲ…ငါတစ္ခ်ိန္လုံးသရဲရဲ႕ေက်ာျပင္ကိုဂ်ီးတြန္းေပးေနတာပါလားကြ….အေမေရကယ္ပါဦး….”
ဟုေအာ္ၿပီး ကုန္းေပၚသို႔ေျပးတက္လာ၏။ သို႔ေသာ္ေရထဲမွာျဖစ္ေနသျဖင့္ေျပးရသည္မွာ ထင္သေလာက္မလြယ္ေခ်။
” ဆရာသမား…က်ဳပ္ေမးတာေျဖခဲ့ဦးေလဗ်ာ…ဟဲဟဲဟဲ….”
သရဲႀကီးမွာကိုခင္ေမာင္ဘက္လွည့္လာၿပီး ေမးေနေသး၏။ ကိုခင္ေမာင္လည္းအေနာက္ကိုလွည့္ၾကည့္လိုက္ရာ ထိုလူ၏မ်က္ႏွာမ်ာပါးစပ္ေပါက္ႀကီးတစ္ခုမွလြဲ၍ က်န္တာဘာတစ္ခုမွမပါသည္ကိုေတြ႕လိုက္ရ၏။
” အေမလး…မေျဖပါရေစနဲ႔ဗ်ာ…ေၾကာက္ပါၿပီ….”
ဆိုၿပီး ေရစည္တိုက္ထားေသာႏြားလွည္းႏွင့္ အဝတ္အစားမ်ားကိုသတိမရေတာ့ဘဲ ေရလဲပုဆိုးျဖင့္သာ ႐ြာဘက္သို႔သုတ္ေျခတင္ေျပးေလေတာ့၏။ သရဲႀကီးကား ေရကန္ထဲမွတက္လာၿပီး ကန္ေဘးရွိထိန္ပင္ႀကီးေပၚသို႔တက္ကာေပ်ာက္ကြယ္သြားေလ၏။ ကိုခင္ေမာင္ကား ႐ြာထဲေရာက္သည္ႏွင့္သတိလစ္ေမ့ေမ်ာသြားသျဖင့္ ႐ြာသားမ်ားက ႏွာႏွပ္ယူလိုက္ရ၏။ ကိုခင္ေမာင္ကိုေရကန္ႀကီးရွိသရဲက ေျခာက္လႊတ္လိုက္သည္ဆိုေသာသတင္းေၾကာင့္ ထိုကန္သို႔တစ္ေယာက္ထဲမည္သူမွ မသြားရဲၾကေတာ့ေခ်။
ယခုလည္းေအးပုတို႔လုံမပ်ိဳတစ္စုသည္ေရကန္ႀကီးနားေရာက္ေသာ္ ေရအိုးကိုယ္စီျဖင့္ေရခပ္ယူၿပီး စေနာက္ေနၾက၏။
” ဟဲ့မိစုမ…ဒီကန္ေဘးရဲ႕ထိန္ပင္ႀကီးမွာ ပါးစပ္ေပါက္ခ်ည္းဘဲပါတဲ့ သရဲႀကီးရွိတယ္တဲ့ေနာ္…ခုေနျဖင့္သရဲက ေရထဲကေနဘြားကနဲေပၚလာရင္ ဘယ္လိုလုပ္မလဲေအ့….”
” ဟယ္…သရဲႀကီးေပၚလာလည္း က်ဳပ္ကေၾကာက္စရာလားေတာ့…တကယ္လို႔သရဲႀကီးတကယ္ေပၚလာရင္ က်ဳပ္ကေဟာဟိုကေရစည္တိုက္ေနတဲ့ ကိုသာလုံး၏ေက်ာေပၚေျပးခြပစ္မွာေပါ့ဟဲ့….”
” ဝါး…ဟားဟား….ေကာင္မညည္းေနာ္ အႀကံဆိုးႀကီးနဲ႔… ”
” မလုပ္ပါနဲ႔ဗ်ာ…ခင္မ်ားလိုဝက္ခႏၶာႀကီးကိုယ္ က်ဳပ္ကမႏိူင္ေပါင္ဗ်ာ….ခင္ဝင္းလိုေသးေသးသြယ္သြယ္ေလးဆိုေတာ္ေသး….”
” ဝါး…ဟား…ဟား…..”
ထိုႏွစ္ေယာက္၏စကားေၾကာင့္ ေရခပ္ေနေသာလုလင္ပ်ိဳႏွင့္လုံမပ်ိဳတို႔ ဝါးခနဲပြဲက်ကုန္၏။
” ေအးပါဟယ္…ရွင္ကက်ဳပ္လိုဝက္ခႏၶာကိုမလိုခ်င္လို႔သာဆိုတယ္…က်ဳပ္ကျဖင့္ဒီခႏၶာႀကီးရဖို႔ အေမတို႔ခ်က္ေကြၽးတာမွန္သမွ် ထိုင္စားေနရတာရွင့္…ဟြန္း….”
” ဝါး…ဟားဟား….”
” ေအးပါမဝက္မရယ္…အယ္မွားလို႔ မမိစုရယ္…က်ဳပ္ကျဖင့္ညည္းလိုဝက္မကိုရွာမေကြၽးႏိူင္ဘူးဗ်…ေနာ္ေလ အဝင္းေလး….”
ကိုသာလုံး၏အေျပာေၾကာင့္ မခင္ဝင္းမွာရွက္ေသြးဖ်ာသြားၿပီး ျဖဴဝင္းေသာမ်က္ႏွာေလးမွာပန္းႏုေရာင္သမ္းသြားေတာ့၏။
” ညည္းတို႔ကလဲဟယ္….မေျပာၾကပါနဲ႔ေတာ့ ဒီမယ္က်ဳပ္သူငယ္ခ်င္းမေလး ရွက္သြားရွာၿပီ….”
” ဝါး…ဟားဟား….မိခင္ဝင္းတို႔စြံခ်က္ေတာ့ေအ….”
” ဗြမ္း…..”
” ဟင္…”
လုလင္ပ်ိဳ၊လုံမပ်ိဳတို႔စေနာက္ေနၾကစဥ္ ခင္ဝင္းသည္ ေရအိုးကိုေရကန္ထဲဗြမ္းခနဲပစ္ခ်လိုက္ၿပီး ခက္ထန္ေသာမ်က္ႏွာထားျဖင့္ ထဘီစြန္ေတာင္ဆြဲကာ ေျခေဆာင့္ၿပီး႐ြာသို႔ျပန္သြားေလ၏။
” ဟဲ့လုပ္ၾကပါဦး…မိခင္ဝင္း စိတ္ဆိုးသြားၿပီထင္တယ္ေတာ့….”
” ဟာ…က်ဳပ္ကဒီတိုင္းစေနာက္လိုက္တာပါဗ်ာ….ဘယ္လိုလုပ္ၾကမလဲ…”
” က်ဳပ္တို႔ရေအာင္ျပန္ေခ်ာ့ပါ့မယ္ေတာ္…ေ႐ႊစိတ္ေတာ္ပူမေနနဲ႔ရွင့္….”
ခင္ဝင္း၏အျပဳအမူေၾကာင့္ က်န္သည့္သူမ်ား စိတ္မေကာင္းျဖစ္သြား၏။ သူတို႔စေနာက္လိုက္သျဖင့္ စိတ္ဆိုးသြားသည္ဟုထင္မွတ္သြားၾက၏။
ေနာက္တစ္ေန႔ေရာက္ေသာ္ ခင္ဝင္းသည္သူငယ္ခ်င္းမ်ားႏွင့္အတူေရခပ္မလိုက္ေတာ့ဘဲ ငူငူႀကီးထိုင္ေန၏။
” ဟဲ့သမီး….ေသာက္ေရမရွိေတာ့ဘူးဟဲ့…အေမ့ကိုေသာက္ေရေလးသြားခပ္ေပးပါဦးေတာ္…”
” မခပၻဴး…ခင္ဗ်ားတို႔လက္မပါဘူးလား…ကိုယ့္ဘာသာကိုသြားခပ္ေခ်ေပါ့…”
” ဟဲ့ဟဲ့…မိခင္ဝင္း….ညည္းအေမ့ကိုဘယ္လိုျပန္ေျပာလိုက္တာလဲေအ့…ခင္းဗ်ားေလးဘာေလးနဲ႔….”
” စကားသိပၼ္ားတာဘဲ…နားကိုညီးတယ္…ပါးစပ္ပိတ္ၿပီးမေနတတ္ဘူးလား…”
” ဟဲ့…ညည္းငရဲမေၾကာက္ေတာ့ဘူးလားေကာင္မရဲ႕…မေအကိုဒီလိုျပန္ေျပာစရာလား…”
အဖြားျဖစ္သူကမေနႏိူင္သျဖင့္ ဝင္ေျပာလိုက္၏။
” ေနပါေစအေမရယ္…မိဝင္းခုတေလာဘာျဖစ္ေနတယ္မသိဘူး….ဘယ္သူ႔ကိုမွစိတ္မၾကည္ဘူးျဖစ္ေနတယ္…က်ဳပ္ဘာသာက်ဳပ္ဘဲသြားခပ္လိုက္ေတာ့မယ္….”
ခင္ဝင္း၏မိခင္ကထိုသို႔ေျပာၿပီး ေသာက္ေရအိုးကိုဆြဲကာ ႐ြာအေရွ႕ေရကန္သို႔သြားလိုက္၏။ ခင္ဝင္းကား ဘယ္သူႏွင့္မွစကားမေျပာဘဲ အိမ္ေရွ႕မန္က်ည္းပင္ေအာက္၌ ငုတ္တုတ္ထိုင္ေနဆဲပင္။ တေအာင့္အၾကာ၌ ခင္ဝင္းသည္အိမ္ေပၚတက္လာၿပီး
” အျဖား…အဖြားေရ…အေရွ႕ဖက္အိမ္မွာအမဲဟင္းခ်က္ေနတယ္….က်ဳပ္စားခ်င္လို႔သြားေတာင္းေပးပါဦးေနာ္….”
ေျမးမေလး၏စကားေၾကာင့္ ေဒၚခင္ပြင့္မ်က္လုံးျပဴးသြား၏။ သူတို႔မိသားစုသည္ အမဲသားမစားၾကေခ်။
” ဟဲ့မိဝင္း…ညည္းဘယ္တုန္းကအမဲသားစားဖူးလို႔လဲဟဲ့…ၿပီးေတာ့အေရွ႕အိမ္မွာအမဲဟင္းခ်က္မွန္းညည္းဘယ္လိုသိတာလဲ…”
” က်ဳပ္ႏွာဝဆီ အေရွ႕အိမ္ကအမဲဟင္းနံ႔ရလာလို႔ေပါ့အဖြားရ…လုပ္ပါ…သြားေတာင္းေပးပါေနာ္…က်ဳပ္မစားဖူးေသးေတာ့စားခ်င္လြန္းလို႔ပါ…”
” ဟဲ့မိဝင္း…ညည္းကိုယ့္အဖြားကို ခိုင္းဖတ္မ်ားမွတ္ေနတာလား သူမ်ားအိမ္ကဟင္းသြားေတာင္းခိုင္းရေအာင္….”
” ေနေပါ့ဟယ္…သုံးစားလို႔ကိုမရတဲ့အဖြားႀကီး က်ဳပ္ကိုယ္တိုင္သြားေတာင္းစားမယ္…”
” ဟဲ့ဟဲ့…ေျမမ်ိဳမဲ့ေကာင္မ…လူႀကီးမွန္းမသိလူငယ္မွန္းမသိနဲ႔…”
အဖြားျဖစ္သူကေျပာလိုက္ေသာ္လည္း ခင္ဝင္းမွာအေနာက္ပင္လွည့္မၾကည့္ေတာ့ဘဲ အေရွ႕အိမ္သို႔ေျပးသြားေလ၏။
ေဒၚခင္ပြင့္တစ္ေယာက္မနက္ေစာေစာဘုရားဝတ္ျပဳၿပီး ႏွစ္ဆယ့္ေလးပစၥည္းပ႒ာန္းအက်ယ္ခ်ဲ႕ကို ႐ြတ္ဆိုေန၏။
” အား…နားညီးတယ္…အဖြားႀကီး… ေတာ္ေတာ့ ငါအိပ္လို႔မရေတာ့ဘူး…”
အိပ္ယာခန္းထဲရွိ ခင္ဝင္းမွာအဖြားျဖစ္သူ၏ပ႒ာန္း႐ြတ္သံေၾကာင့္ ေအာ္ဟစ္ေန၏။ ေဒၚခင္ပြင့္ကား ပ႒ာန္း႐ြတ္မျပတ္ေခ်။
” ေတာက္! အဖြားႀကီး….ေသလည္မေသႏိူင္ဘူးကြာ…”
ခင္ဝင္းမွာထိုသို႔ေျပာၿပီး အခန္းတြင္းမွထြက္ေျပးကာ အိမ္ေရွ႕မန္က်ည္းပင္ေအာက္၌ သြားအိပ္ေန၏။ အဖြားျဖစ္သူ ပ႒ာန္း႐ြတ္ၿပီးမွ အေပၚတက္လာၿပီး ထမင္းဟင္းခ်က္ေနေသာ မိခင္ျဖစ္သူထံသြားကာ
” ေအမ…ဒီေန႔ဘာဟင္းခ်က္လဲ….”
” ငပိရည္က်ိဳ၊တို႔စရာႏွင့္ ဘဲဥခရမ္းခ်ဥ္သီးေပါ့သမီးရဲ႕….”
” တစ္ခါလာလည္းဒီဟင္း…ႏွစ္ခါလာလည္းဒီဟင္း…အမဲသားဟင္းေလးဘာေလး ခ်က္စမ္းပါအေမရာ….”
” အံမယ္…တို႔အိမ္ဘယ္တုန္းကအမဲသားဟင္းစားဖူးလို႔လဲမယ္မင္းႀကီးမရဲ႕…ႏြားဆိုတာကလူေတြရဲ႕ေက်းဇူးရွင္မို႔မစားေကာင္းဘူးဆို ညည္းေျပာေတာ့….ခုက်မွဘာထျဖစ္ေနတာလဲ….”
” ဪအေမကလည္း…တစ္ခါတစ္ေလသမီးလည္းစားခ်င္လာလို႔ေပါ့ေအ့…”
” ေနပါဦး တေန႔ကလည္း ညည္းအေရွ႕ဘက္အိမ္ကအမဲသားဟင္း သြားေတာင္းစားခဲ့တယ္ဆို….ညည္းဘယ္လိုျဖစ္ရတာလဲမိဝင္း….”
” အိုေတာ္…ဘယ္လိုျဖစ္ရမွာလဲ ကိုယ့္အေမကခ်က္မေကြၽးမွေတာ့ သူမ်ားအိမ္ကသြားေတာင္းစားရတာေပါ့…ဘာဆန္းသလဲ…”
” ဒုန္း…ဒုန္း…ဒုန္း….”
” အမေလးဟယ္…ညည္းဘယ္တုန္းကမ်ားမေအကိုဒီလိုျပန္ေျပာတတ္သြားတာလဲဟဲ့….”
သူမကိုတစ္ခြန္းမက်န္ျပန္ခံေျပာၿပီး ေျခေဆာင့္ကာထြက္သြားေသာ သမီးငယ္ကိုၾကည့္ၿပီး ေဒၚမေလး ဝမ္းနည္းသြား၏။ အရင္ကသမီးေလးသည္ မိဘအေပၚသိတတ္လြန္း၏။ မိဘစကားကိုလည္းေျမဝယ္မက်နားေထာင္၏။ ျပန္ခံေျပာဖို႔ေဝးစြပင္။ ယခုမူကား တျခားတစ္ေယာက္ျဖစ္သြားသကဲ့သို႔ပင္။
မိဘဟူသည္ကား သားသမီး၏လိုအင္ဆႏၵကိုတတ္ႏိူင္သမွ်ျဖည့္ဆည္းေပးခ်င္သည္မဟုတ္ပါလား။ ယခုလည္းေဒၚမေလးသည္ သမီးျဖစ္သူစားခ်င္ေသာအမဲသားကိုဝယ္ၿပီးခ်က္ေကြၽးရန္ တစ္ဖက္႐ြာသို႔လာခဲ့၏။ ထိုနည္းတူအေရွ႕အိမ္မွ ေဒၚေငြႏွင္းသည္လည္း သူမႏွင့္အတူအမဲသားဝယ္ရန္ထြက္လာခဲ့၏။
” မေလးရယ္…ညည္းသမီးခုတေလာဘာျဖစ္ေနတာလဲဟဲ့…တေန႔ကလည္းက်ဳပ္အိမ္လာၿပီးအမဲဟင္းေတာင္းစားတယ္ေတာ့…”
” အားနာစရာျဖစ္ကုန္ၿပီမႏွင္းရယ္…က်ဳပ္လည္းက်ဳပ္သမီးေလးေၾကာင့္ ေခါင္းေတြကိုက္ေနၿပီရွင့္….”
” က်ဳပ္ေျပာရဦးမယ္သိလား…ညည္းသမီးက်ဳပ္တို႔အိမ္မယ္အမဲသားဟင္းလာစားတုန္းက က်ဳပ္ျဖင့္အံ့ဩေနတာေတာ့….မအံ့ဩဘဲေနပါ့မလား ညည္းတို႔မိသားစုအမဲသားမစားဘူးလို႔က်ဳပ္သိထားတာကိုးေတာ့…က်ဳပ္လည္းသူစားခ်င္လြန္းလို႔ဆိုၿပီးေျပာလာေတာ့ တစ္ခါတစ္ေလေလးစားပါေစဆိုၿပီး ပန္းကန္ထဲအမဲဟင္းေတြခူးထည့္ေပးလိုက္တာ ထမင္းမစားဘဲဟင္းခ်ည္းႏွိပ္စားသြားတာေတာ့…”
” ဟင္ဟုတ္လားမႏွင္းရယ္…”
” တကယ္ပါေအ…က်ဳပ္တို႔စားဖို႔ခ်န္ထားတဲ့ဟာေတာင္ အကုန္ေကြၽးလိုက္ရပါတယ္ဆို…က်ဳပ္ကမေကြၽးခ်င္လို႔ေျပာတာမဟုတ္ဘူးေတာ့ ဘယ္သူကအမဲသားငါးဆယ္သားခ်က္ကိုကုန္ႏိူင္မလဲေတာ့… ဒါေပမဲ့ညည္းသမီးက ခဏထဲနဲ႔ကုန္သြားတာေနာ္…က်ဳပ္ျဖင့္သူစားတာၾကည့္ၿပီး ေၾကာက္ေတာင္ေၾကာက္လာတာေအ့….”
” ေအးဟယ္…က်ဳပ္သမီးေလးက အမဲသားတစ္ခါမွမေတာင္းစားဖူးဘူးေတာ့…အရင္က်ဳပ္တို႔စားတုန္းကေတာင္သူက ေက်းဇူးရွင္အသားကိုမစားေကာင္းဘူးဆိုၿပီးေျပာေနေသးတာ…က်ဳပ္ျဖင့္ဘယ္လိုမွမေတြးတတ္ေတာ့ပါဘူးေအ…”
” ဟဲ့ဟဲ့…က်ဳပ္အထင္ဒီကိစၥမ႐ိုးေလာက္ဘူးေနာ္…ညည္းသမီးလိုအဖိုးတန္အမ်ိဳးမွန္ေလးက ခုလိုထူးထူးဆန္းဆန္းျဖစ္လာတာက်ဳပ္ျဖင့္သိပ္မသကၤာဘူးဟဲ့…အထက္လမ္းဆရာေလးဘာေလးျပၾကည့္ပါလားမေလးရဲ႕….”
” က်ဳပ္အယုံအၾကည္မရွိပါဘူးဟယ္…က်ဳပ္သမီး အမဲသားကိုတကယ္စားခ်င္လို႔ေနမွာပါေအ….”
” က်ဳပ္ကစိုးရိမ္လို႔ေျပာတာေအ့…က်န္တာညည္းသေဘာေလ…ေဟာေျပာရင္းဆိုရင္းကိုသာေျဗာတို႔အိမ္ေတာင္ေရာက္လာၿပီ…ကိုသာေျဗာေရ…ေတာ့ကိုသာေျဗာ…က်ဳပ္တို႔အတြက္အသားလတ္လတ္ေလးေတြခ်န္ထားေပးရဲ႕လားေတာ့….”
” ခ်န္ထားေပးပါ့ဗ်ာ…မေငြႏွင္းတို႔ကအၿမဲယူေနၾကသူေတြဆိုေတာ့ က်ဳပ္ကေပါင္သားကိုေ႐ြးထားေပးပါတယ္ဗ်ာ…ဘယ္ႏွစ္ပိႆာယူမွာလဲဗ်…”
” က်ဳပ္ကထုံစံအတိုင္း ၃ပိႆာေပးေအ…မေလးကေတာ့တပိႆာဘဲမလား…”
” ဟုတ္ပါ့ေအက်ဳပ္ကိုတပိႆာဘဲေပး….”
အမဲသားဝယ္ၿပီး အိမ္သို႔ျပန္လာခဲ့၏။ ခင္ဝင္းသည္ သူစားခ်င္သည္ကိုစားရေတာ့မည္ျဖစ္သျဖင့္ တံေတြးကိုၿမိဳခ်ေန၏။
” ေအမ…မက်က္ေသးဘူးလားဟင္…သမီးအရမ္းဗိုက္ဆာေနၿပီ…ျမန္ျမန္ခ်က္ပါ…”
” ဪသမီးရယ္…စားရမွာေပါ့ေအ…ဘယ္လိုျဖစ္ေနတာတုန္း…ညည္းစားဖို႔အတြက္တစ္ပိႆာလုံးဝယ္လာတာ အကုန္လုံးညည္းအတြက္ဘဲ ဘယ္သူမြယူမစားဘူး…”
” ဟီး…ေကာင္းတယ္…ေကာင္းတယ္…တစ္ပိႆာလုံးခ်က္လိုက္ေနာ္အေမ…ဟီးဟီး….”
မိခင္၏စကားေၾကာင့္ခင္ဝင္းသည္ လက္ခုပ္လက္ဝါးတီးၿပီး ေပ်ာ္႐ႊင္ေန၏။ တစ္ပိႆာလုံးခ်က္ခိုင္းေသာေၾကာင့္ မိခင္ျဖစ္သူမွာအံ့ဩသြား၏။
” ဟဲ့သမီး…တစ္ပိႆာလုံးညည္းဘယ္လိုကုန္မွာတုန္းေအ့….နည္းနည္းခ်က္ၿပီးက်န္တာအေျခာက္လုပ္ထားေပးမယ္ေလ…ေနာက္ေန႔လည္းစားရတာေပါ့…”
” မရဘူး…ေနာက္ေန႔မစားခ်င္ဘူးဒီေန႔စားခ်င္တာ တစ္ပိႆာလုံးခ်က္ဆိုခ်က္လိုက္လွ်ာမရွည္နဲ႔…. ”
” ဟင္….”
ထိုသို႔ေျပာၿပီး မိခင္ဘက္သို႔္နီရဲေသာမ်က္လုံးျဖင့္ၾကည့္လိုက္ရာ မိခင္မွာအၾကည့္ခ်င္းမဆုံႏိူင္ဘဲ မ်က္ႏွာလြဲသြားရ၏။ ထိုေန႔မွာပင္ ခင္ဝင္းသည္ မီးဖိုေပၚမွမက်က္တက်က္ျဖစ္ေနေသးေသာအမဲဟင္းအိုးကို ခ်ပင္မခ်ေတာ့ဘဲ လက္ျဖင့္ႏွိပ္စားေန၏။
ေဒၚမေလးမွာသမီးျဖစ္သူ၏စားေသာက္ပုံကိုၾကည့္ၿပီး လန႔္ေန၏။
” ဘုရားဘုရား…ငါ့သမီးမွဟုတ္ရဲ႕လား….ဟင္းအပူႀကီးကိုဘယ္လိုႏွိပ္စားေနတာလဲ….မႏွင္းေျပာသလိုအထက္လမ္းဆရာရွာၿပီး ျပၾကည့္မွရေတာ့မယ္….”
ေဒၚမေလးသည္ရင္ဘတ္ကိုလက္ႏွင့္ဖိၿပီး သမီးမၾကားႏိူင္ေသာေလသံျဖင့္တီးတိုးေျပာေန၏။
ေမာင္ေရခဲတို႔ဆရာတပည့္လည္း အထက္၏အမိန႔္ေၾကာင့္ မန္က်ည္းတန္း႐ြာသို႔ေရာက္လာခဲ့၏။ ေရာက္ေရာက္ျခင္းဘုန္းႀကီးေက်ာင္းတြင္တည္းၿပီး ေနမေကာင္းျဖစ္ေနသူမ်ားကို ေဆးကုသေပးေန၏။ ေဆးလာေရာက္ကုသခံေနသည့္ လူမ်ားထဲတြင္ ေဒၚမေလးလည္းပါ၏။
” အေဒၚ…အေဒၚခံစားရတဲ့ေဝဒနာကိုေျပာျပပါ…ကြၽန္ေတာ္တို႔ေဆးေပးလို႔ရတာေပါ့ဗ်…”
” အေဒၚဘာမွမျဖစ္ပါဘူးဆရာေလးရယ္….ျဖစ္ေနတာကအေဒၚ့သမီးပါ…ဆရာတို႔ကုေပးတတ္ရင္ ေက်းဇူးျပဳၿပီး အေဒၚ့အိမ္ကိုႂကြခဲ့ေပးပါဦးကြယ္….”
” ဟုတ္ကဲ့ပါအေဒၚ….ကြၽန္ေတာ္တို႔တတ္သေလာက္ကုသေပးဖို႔ လိုက္ခဲ့မယ္ဗ်…”
ေမာင္ေရခဲတို႔ဆရာတပည့္လည္း ေဒၚမေလး၏အိမ္သို႔လိုက္လာခဲ့၏။ ေမာင္ေရခဲတို႔အိမ္ထဲဝင္လာသည္ႏွင့္ အထဲမွမခင္ဝင္းသည္ ေဒါသေထာင္းေထာင္းထြက္လာၿပီး
” အေမရယ္…သမီးပ်ိဳရွိတဲ့အိမ္ကိုသူစိမ္းေယာက်ာ္းေတြေခၚလာခဲ့ရတယ္လို႔…အဲသူစိမ္းေတြကိုယ့္သမီးကိုတစ္ခုခုလုပ္မွာမပူဘူးလားအေမရဲ႕…”
” ဟဲ့သမီး….ဧည့္သည္ကိုဒီလို႐ိုင္း႐ိုင္းစိုင္းစိုင္းျပဳမူရသလား….ဆရာေလးတို႔ရယ္အေဒၚ့သမီးအမိုက္အမဲေလးမို႔ခြင့္လြတ္ေပးၾကပါကြယ္…လာလာအိမ္ေပၚႂကြၾက….”
” ရပါတယ္အေဒၚရယ္…အေဒၚ့သမီးေျပာေနတာမဟုတ္မွန္းကြၽန္ေတာ္သိတယ္ဗ်…”
ေမာင္ေရခဲကထိုသို႔ေျပာၿပီး အိမ္ေပၚတက္ကာ ဘုရားခန္း၌ေနရာယူၿပီးဘုရားဝတ္ျပဳလိုက္၏။
” ဟင္း….ငါ့အိမ္လာၿပီးပိုင္စိုးပိုင္နင္းလုပ္ေနတယ္…ေတာက္!”
” ဟဲ့မိဝင္း…ဧည့္သည္ေရွ႕မွာေတာက္ေတြေခါက္ရသလား…”
” အဖြားဘာသိလို႔လဲ…ဒီလူေတြကလူေကာင္းေတြမဟုတ္ဘူး….”
” ညည္းပါးစပ္ပိတ္ၿပီးေနပါေအ….ဧည့္သည္ေတြၾကားသြားရင္မေကာင္းဘူး …ၾသား…ဧည့္သည္ေတြအတြက္ဧည့္ခံစရာေတြယူလာခဲ့ေခ်….”
” ဟင္း…ဟင္း…ငါကသူတို႔ကိုဘာမွမေကြၽးႏိူင္ဘူး….အလကားလူေတြ….”
” ဒုန္း…ဒုန္း…ဒုန္း…”
မိဝင္းကထိုသို႔ေျပာၿပီး ေျခေဆာင့္ကာ ေအာက္သို႔ဆင္းသြားရန္ျပဳ၏။
” ေရာက္ရာေနရာကေနရပ္ၿပီး ငါ့အေရွ႕လာထိုင္စမ္း….”
ထိုစဥ္ဘုရားခန္းထဲမွထြက္လာေသာအသံေၾကာင့္ မိဝင္းသည္ေျခလွမ္းမ်ားရပ္သြားၿပီး ႐ုန္းမရျဖစ္သြား၏။ ထိုစဥ္ေအာက္ထပ္မွေဒၚမေလးသည္ ဧည့္ခံစရာပစၥည္းမ်ားယူၿပီးတက္လာေသာ္ အေပါက္ဝတြင္ရပ္ေနေသာသမီးျဖစ္သူကိုေတြ႕သြားၿပီး
” ဟဲ့သမီး…အေပါက္ဝမွာရပ္မေနနဲ႔…ဧည့္သည္ကိုသြားဧည့္ခံမယ္လာ….”
” ဟင္း…ဟင္း…ဟင္း….ဒင္းတို႔ႏိူင္တုန္းလုပ္ထားေပါ့….”
ဟုေျပာၿပီး ေအာက္သို႔ထိုင္ခ်လိုက္၏။
” ဟဲ့သမီး…ဘယ္လိုေတြျပဳမူေနတာလဲကြယ္…ထ..ထ…ဆရာေတြေရွ႕မွာသြားထိုင္ရမွာေလ….”
” ေနပါေစအေဒၚ….သူဒီကိုမလာဘဲမေနႏိူင္ပါဘူး….လာခဲ့စမ္းဒီကို….မလာရင္အဲနားတစ္ဝိုက္ ခြၽန္ျမတဲ့ဆူးေတြေပၚလာၿပီးစူးေစ….”
” အား…နားတယ္…လာမယ္ဟ…ဆူးေတြဖယ္ေပးေတာ့….”
” လာစမ္း…အာခံေနရင္ေတာ့ ဒီ့ထက္နာမယ္….”
” လာမယ္ေျပာေနတယ္ေလ… ”
ဆိုၿပီးေနာက္ျပန္ဒ႐ြတ္တိုက္ကာ ေမာင္ေရခဲေရွ႕ေရာက္ေသာ္ ရပ္ၿပီးေက်ာေပးထိုင္ေန၏။
” ငါ့ဘက္လွည့္ထိုင္ၿပီး ဘုရားဦးတိုက္စမ္း….”
” ငါကဘုရားႏွင့္မဆိုင္ဘူးေလ…ဘာကိစၥဘုရားဦးတိုက္ရမွာလဲ….”
” အံမယ္ေလႀကီးေလက်ယ္နဲ႔…ေနာက္ဆုံးေျပာမယ္ ငါ့ဘက္လွည့္ၿပီး ဘုရားကိုဦးတိုက္လိုက္စမ္း….”
” ဦးမတိုက္ရင္ေရာနင္ငါ့ကိုဘာလုပ္ႏိူင္မွာလဲ…”
” ႀကိဳက္ၿပီေလ…ကဲဆိုင္ရာေတြ ေခါင္းေတြေျခေတြလက္ေတြဆြဲခ်ဳပ္ၿပီး ေနာက္ျပန္ပုံစံႏွင့္ဘုရားဦးတိုက္ခိုင္းလိုက္စမ္း….”
“အား….ငါ့အ႐ိုးေတြက်ိဳးကုန္ပါၿပီ…လႊတ္ပါေတာ့….ဘုရားကိုဦးတိုက္ပါ့မယ္…”
ေမာင္ေရခဲ၏အမိန႔္ေၾကာင့္ မိဝင္းကိုဆိုင္ရာကဆြဲခ်ဳပ္လိုက္ေသာ္ အ႐ိုးက်ိဳးသံမ်ားတဂြၽတ္ဂြၽတ္ျမည္သြားေလ၏။ ေဘးမွၾကည့္ေနေသာ ေဒၚခင္ပြင့္တို႔သားအမိကား ေျမးျဖစ္သူ၏အ႐ိုးက်ိဳးေၾကကုန္ၿပီအထင္ျဖင့္ ဆက္မၾကည့္ရဲဘဲမ်က္လုံးကိုစုံမွိတ္ထားလိုက္ၾက၏။
” ေၾကာက္ပါၿပီဆရာရယ္…က်ဳပ္ေကာင္းေကာင္းထိုင္ၿပီးဘုရားကိုကန္ေတာ့ပါ့မယ္…ခ်ဳပ္ထားတာေတြဖယ္ေပးပါေနာ္…”
ဆိုၿပီးေတာင္းပန္မွေမာင္ေရခဲက ခ်ဳပ္ထားေသာဆိုင္ရာမ်ားကိုဖယ္ခိုင္းလိုက္၏။ ခင္ဝင္းလည္း ေမာင္ေရခဲဘက္လွည့္ၿပီး ဘုရားကိုဦးခ်လိုက္၏။ ၿပီးေသာ္က်ဳံ႕က်ဳံ႕ေလးထိုင္ကာေခါင္းကိုငုံ႔ထား၏။
” တနလၤာသမီးကိုဘာလို႔ ပူးကပ္ေႏွာင့္ယွက္ေနရတာလဲ….”
” က်ဳပ္စားေသာက္ခ်င္လို႔ပါ….”
” စားေသာက္ခ်င္တိုင္း ဒီလိုဝင္ေရာက္ပူးကပ္ေနရသလား…သင္ကဘယ္သူလဲ…ဘယ္အရပ္ကေနေရာက္လာတာလဲ…”
” က်ဳပ္နာမည္စိန္ေမာင္ပါ….က်ဳပ္႐ြာေရွ႕ေရကန္ေဘးက ထိန္ပင္ႀကီးမွာေနတာပါ…ဒီေကာင္မေလးကိုေတြ႕ေတာ့ အားနည္းေနလို႔ဝင္ေရာက္ပူးကပ္ၿပီး စားေသာက္ေနတာပါ….”
” ဟင္…ဒါဆို႐ြာထဲကခင္ေမာင္ကိုေျခာက္လႊတ္လိုက္တဲ့သဘက္ႀကီးေပါ့…”
ေဒၚမေလးက သမီးျဖစ္သူ၏ႏူတ္မွထြက္ေသာစကားကိုၾကားၿပီး ထိုသို႔ေျပာ၏။ ေမာင္ေရခဲက
” ခုဒီတနလၤာသမီးရဲ႕အသက္ႏွင့္ခႏၶာကို ငါပိုင္တယ္…ခုခ်က္ခ်င္း ဒီတနလၤာသမီးရဲ႕ခႏၶာကေနခြာစမ္း….ထိခိုက္မႈတစ္စုံတစ္ရာမျဖစ္ေစရ….”
” အမဲသားတစ္ပိႆာခ်က္ ေကြၽးၿပီးရင္သြားပါ့မယ္…”
” ေအးေကြၽးမယ္…ကဲေဈးကေနအမဲသားတစ္ပိႆာခ်က္သြားဝယ္ခဲ့ေခ် ထင္ေပၚ….”
” ဟုတ္ကဲ့ဆရာ….”
ေမာင္ထင္ေပၚလည္း ဆရာျဖစ္သူေျပာသည့္အတိုင္းေဈးမွအမဲသားတစ္ပိႆာခ်က္ကိုသြားဝယ္လိုက္၏။ တစ္ေအာင့္ၾကာေသာ္ ျပန္ေရာက္လာၿပီးထိုအမဲသားခ်က္အား ပန္းကန္ထဲထည့္လိုက္ၿပီး ေမာင္ေရခဲထံကမ္းေပးလိုက္၏။
” စား….ေရာ့…အကုႏၥား…”
” ဟီး…စားမယ္…စားမယ္….”
သဘက္ႀကီးပူးကပ္ခံေနရေသာခင္ဝင္းသည္ မိမိေရွ႕မွအမဲသားပန္းကန္ႀကီးကိုယူၿပိးီး လက္ျဖင့္ႏွိပ္စား၏။
” အာ့….ပူတယ္…ပူတယ္….”
” ဖလူး….ဖလူး….”
ဆိုၿပီး အမဲသားဖတ္မ်ားကို ၾကမ္းေပၚသို႔ေထြးထုတ္၏။
” စားဦးမလားအမဲသား…ဆက္စားေလ…ဝၿပီလား….”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္ရာ သဘက္ႀကီးက လွ်ာကိုထုတ္ၿပီး လက္နဲ႔ကုတ္ေလရာေသြးမ်ားပင္ထြက္က်ကုန္၏။
” မစားေတာ့ဘူးဆရာ…ေနာက္မလုပ္ေတာ့ပါဘူး….ေတာင္းပန္ပါတယ္…က်ဳပ္မသိလို႔္အာခံမိတာပါ…ေတာင္းပန္ပါတယ္…က်ဳပ္သြားပါရေစ…”
ဆိုၿပီးလက္အုပ္ခ်ီကာေမာင္ေရခဲအား ေတာင္းပန္ေန၏။ သဘက္ႀကီးစားေသာအမဲသားမွာ အမဲသားမဟုတ္။ ရွားမီးခဲကိုရဲေနေအာင္ ဖုတ္ထားေသာမီးခဲရဲရဲပင္ျဖစ္ေတာ့သည္။ ေမာင္ထင္ေပၚ၏လွည့္ကြက္ေၾကာင့္ သဘက္ႀကီးသည္ ရွားမီးခဲအားအမဲသားထင္ကာ စားေနျခင္းျဖစ္၏။ သို႔ေၾကာင့္ပူက်စ္ေနေသာ ရွားမီးခဲသည္ သဘက္ႀကီး၏လွ်ာကိုေလာင္ကြၽမ္းသြားျခင္းျဖစ္၏။
” ေနာက္ေနာင္ လူေတြကိုဒုကၡေပးဦးမလား….”
” မလုပ္ရဲေတာ့ပါဘူးဗ်ာ…တကယ္ေၾကာက္ပါၿပီ….ေတာင္းပန္ပါတယ္….က်ဳပ္ကိုသြားခြင့္ေပးပါ….”
” ဒီတိုင္းျပန္လႊတ္လိုက္ရင္ တျခားတစ္ေနရာမွာ လူေတြကိုဒုကၡေပးေနဦးမွာဘဲ ဒီေတာ့သစၥာေရေသာက္ၿပီးမွ သြားရမယ္….”
” ေသာက္ပါ့မယ္ဗ်ာ….က်ဳပ္တကယ္ေျပာတာပါ….”
ေမာင္ေရခဲလည္း သဘက္ႀကီးအား သစၥာေရတိုက္လိုက္ၿပီး တနလၤာသမီး၏ခႏၶာမွခြာခိုင္းလိုက္၏။ ထိုအခါတနလၤာသမီးလည္း ေဘးသို႔လဲသြားၿပီးအေတာ္ၾကာေအာင္ ႏွာႏွပ္ယူလိုက္ရ၏။ သတိရလာေသာ္ ဘာမွမသိသည့္ပုံစံျဖင့္ ေၾကာင္ေတာင္ေတာင္ၾကည့္ေန၏။
” ကဲညီေမလး…ဒီအေဆာင္ပရိတ္ႀကိဳးကို လည္ပင္းမွာအၿမဲဆြဲထားေနာ္..ဘုရားတရားမေမ့ပါနဲ႔…ခုလိုျဖစ္သြားရတာက ညီမေလးဘုရားတရားေမ့ေနလို႔ပါ….”
” ဟုတ္အစ္ကိုညီမမွတ္ထားပါ့မယ္…အဲေန႔ကညီမတို႔သူငယ္ခ်င္းတစ္စုေရခပ္ေနၾကရင္း ထိန္ပင္ေပၚကေနလူတစ္ေယာက္ဆင္းလာတာေနာက္ဆုံးေတြ႕လိုက္ၿပီးေနာက္ပိုင္း ညီမဘာမွမသိေတာ့ဘူး…”
” ညီမစိတ္ေတြထိန္းခ်ဳပ္ခံလိုက္ရလို႔ေလ…”
” မေသေကာင္းမေပ်ာက္ေကာင္းသမီးေလးရယ္….အေမတို႔ကသမီးေလးေျပာင္းလဲသြားတယ္ထင္ၿပီး စိတ္ပူေနၾကတာ…မႏွင္းကိုေက်းဇူးတင္ရမယ္…သူသတိေပးလို႔သာဆရာေလးတို႔ကိုပင့္မိတာ…မဟုတ္ရင္ ငါ့သမီးေလးေတာ့…အမေလးဆက္ေတာင္မေတြးရဲေတာ့ပါဘူး”
” ေက်းဇူးပါဆရာေလးတို႔ရယ္…အဖြားေျမးေလးကိုကယ္တင္ေပးလို႔…ကဲသမီး အေမ့ေျမးေလးကိုကုသေပးတဲ့ဆရာေလးတို႔ကို အသျပာေလးကန္ေတာ့လိုက္ဦး…ေျမးေလးဆရာေလးတို႔ကိုကန္ေတာ့လိုက္ကြယ္…”
” ဒီတိုင္းဘဲကြၽန္ေတာ္တို႔ရဲ႕ပညာဂုဏ္ကိုရည္မွန္းၿပီးကန္ေတာ့လိုက္ပါ…ကြၽန္ေတာ္တို႔္ကအသျပာဆရာေတြမဟုတ္လို႔ အသျပာေတြနဲ႔ကန္ေတာ့ဖို႔မလိုပါဘူးဗ်ာ…”
” မဟုတ္တာဆရာေလးရယ္…အဖြားတို႔ေက်းဇူးတင္လြန္းလို႔ပါကြယ္…”
” ကြၽန္ေတာ္တို႔လည္း ကယ္ခြင့္ရလို႔ကယ္တင္ရတာပါဗ်ာ….ဒုကၡေရာက္ေနသူကိုကယ္တင္တာလဲ မဂၤလာတစ္ပါးဘဲမို႔ ကြၽန္ေတာ္တို႔အတြက္အပန္းမႀကီးပါဘူးဗ်ာ…ကဲညီမေလးဒီတိုင္းဘဲလက္အုပ္ခ်ီၿပီးကန္ေတာ့လိုက္ေနာ္…”
” ဆရာေလးတို႔္က တကယ့္ကိုေလးစားထိုက္တဲ့လူငယ္ေတြပါဘဲကြယ္…ကဲကဲေျမးေလးဆရာတို႔ဆႏၵအတိုင္းဘဲ ကန္ေတာ့လိုက္ေတာ့ကြယ္….”
ကန္ေတာ့၍ၿပီးေသာ္ ေမာင္ေရခဲက
” အားလုံးလည္းေဘးကင္းသြားၿပီဆိုေတာ့ကြၽန္ေတာ္တို႔ကို ခြင့္ျပဳပါဦးဗ်ာ…”
” တစ္ရက္ႏွစ္ရက္ေလာက္ တည္းသြားပါဦးလားဆရာေလးတို႔ရယ္….အေဒၚတို႔ေကြၽးေမြးဧည့္ခံခ်င္လို႔ပါ…”
” ကြၽန္ေတာ္တို႔ခရီးေတြဆက္ရဦးမွာမို႔ တည္းလို႔မရေတာ့ပါဘူးဗ်…အခြင့္ႀကဳံရင္ေတာ့ ျပန္ဆုံၾကတာေပါ့ဗ်…ခြင့္ျပဳၾကပါဦးေနာ္….”
” ဟုတ္ပါၿပီဆရာေလးတို႔ေရ….ဆရာေလးတိုလမ္းခရီးေျဖာင့္ျဖဴးပါေစကြယ္….”
ေမာင္ေရခဲတို႔လည္း ထိုမိသားစုကိုႏူတ္ဆက္ၿပီး မန္က်ည္းတန္း႐ြာမွ ထြက္ခြာသြားေတာ့သည္။….။
( ႏွစ္သစ္အခါသမယမွာ အားေပးဖတ္ရႈသူအေပါင္း ကိုယ္စိတ္ႏွလုံးက်န္းမာခ်မ္းသာၿပီး လုပ္ငန္းကိုင္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ၾကပါေစဟု ဆုမြန္ေခြၽလွ်က္)
# ၿပီး
# ခြန္း