ဖေကြီးကျော်နတ်နှင့်ဖဲသမားစနေ(စ/ဆုံး)

Unicode Version

ဖေကြီးကျော်နတ်နှင့်ဖဲသမားစနေ(စ/ဆုံး)
————————————————–
””စနေဟိုဘက်ရွာမှာအသုဘရှိတယ်ကွ—-ဖဲသွားရိုက်ရအောင်ဟေ့””’

”’သွားမယ်လေ—-ကြာသလားလို့””

”” သွားတာတော့ဟုတ်ပါပြီပိုက်စံလိုတယ်ကွ—မင်းမှာဘယ်လောက်ရှိသလဲ”””’

””’ကြက်ဝိုင်းကနိုင်ထားတဲ့ပိုက်စံနဲနဲတော့ရှိတယ်”””

””မင်းကဖဲဘုရင်ပဲကွာ—–နိုင်မှာပါ—-””

သူငယ်ချင်းစံတင်စကားကြောင့်စနေအလိုလိုပြုံးမိသွားသည်တကယ်တော့စနေဖဲနိုင်နေတာ

ဝှက်ဖဲရှိနေသည်ထိုအရာသည်အခြားမဟုတ်အများကဖေကြီးကျော်လို့ခေါ်နေသော

လောင်းကစားနှင့်အရက်ကြိုက်သောဖေကြီးကျော်နတ်ကြောင့်ဖြစ်သည်။

စနေအမေသည်ဖေကြီးကျော်နတ်အားအလွန်ယုံကြည်သည်ဘယ်အရာရာပဲလုပ်လုပ်

ဖေကြီးကျော်နတ်အားပူဇော်ပသကာတိုင်တည်လေ့ရှိသည်။

””’ကဲဖေကြီးကျော်ရေ—–နှမတော်ကိုမစပါအုံး—-ဘယ်လက်ကတဆုပ်ကျဲလို့ညာလက်တလှည်းဝင်အောင်မစပါ—-အစစအရာရာအောင်မြင်ရင်—–ဖေကြီးအကြိုက်အရက်ပုလင်းကြက်ကောင်လုံးကျော်ပူဇော်ပသပါမယ်”””

ထိုကဲ့သို့ဖေကြီးကျော်နတ်အားပူဇော်ပသ၍အဆင်ပြေတာတွေ့သဖြင့်စနေလဲအားကျမခံဖဲရိုက်တိုင်းဖေကြီးကျော်နတ်အားတိုင်တည်သွားလေ့ရှိသည်။

””’ကဲဖေကြီးကျော်ရေညီဘွားကိုလဲဖဲနိုင်အောင်မပါအုံး—-ဖဲနိုင်ရင်ကြက်ကြော်နဲ့အရက်ဆက်ပါမယ်”””

ထိုသို့အပေးအယူလုပ်ကာဖဲရိုက်သဖြင့်စနေဖဲရိုက်တိုင်းနိုင်၍နေသည်ထိုအခါစနေကအားတက်လာကာ

လောင်းကစားမှန်သမျှအကုန်လုပ်လာသည်တစ်နေ့တစ်နေ့ဖဲရိုက်ကြက်တိုက်နှင့်အားရသည်ဟူ၍မရှိပေ

ယခုလဲဟိုဘက်ရွာမှသဌေးတစ်ယောက်သေသည်ဆို၍ဖဲသွားရိုက်ရန်တာဆူနေခြင်းဖြစ်သည်။

သဌေးအိမ်ဆိုတော့ဝိုင်းကနည်းနည်းတော့ကြီးမည်ထင်သည်ငွေနည်းနည်းနှင့်အဆင်ပြေမည်မဟုတ်

ဒါနဲ့စနေအကြံရကာဖေကြီးကျော်ထံတွင်သူ့အမေဆက်ထားသောပိုက်စံများယူလိုက်သည်။

သူ့အမေကဖေကြီးနတ်ထံတွင်ပိုက်စံစုထားလားထင်ရသည်ပိုက်စံများလာပါကနတ်ပွဲပေးမည်ဟုေ

ကြွေးကြော်နေတာစနေမကြားချင်မှအဆုံးဖေကြီးကျော်ထံတွင်ပိုက်စံတွေအတော်အတန်ရှိနေပြီ

””ဖေကြီးကျော်ရေ—–ငွေလဲချီးလိုက်ပါအုံးနိုင်အောင်လဲမပါအချီကြီးနိုင်အောင်မပါ—-အချီကြီးနိုင်ရင်—-အကောင်းဆုံးအရက်နဲ့ကြက်ကောင်လုံးကျော်ဆက်မှာပါ””’

၍သို့ဖြင့်စနေနှင့်သူ၏သူငယ်ချင်းတို့ဖေကြီးကျော်အားကိုးဖြင့်ဖဲဝိုင်းရှိရာချီတက်သွားကြသည်။

အသုဘအိမ်ရောက်တော့ဖဲဝိုင်းကလူစည်နေပြီသဌေးအသုဘဆိုတော့ဧည့်ခံထားသည်မှာလဲလိုလေသေးမရှိ

အသုဘကလဲရွာထုံးစံအတိုင်းအိမ်ရှေ့တွင်ပြင်ထား၏ခြံဝိုင်းကလဲကျယ်သဖြင့်အလောင်ပြင်ထားသည့်

ခပ်လှမ်းလှမ်းတွင်ဖဲဝိုင်းသုံးလေးဝိုင်းရှိနေကာဖဲမရိုက်သည့်လူများအတွက်လဲအကောင်းစားအရက်ပုလင်းများချပေးထားသည်။

ရာသီဥတုကလဲဆောင်းတွင်းကြီးဆိုတော့အေးရတဲ့ကြားထဲလေကလဲအားပေးအားမြှောက်ဆိုသလိုတစ်ချက်တစ်ချက်တိုက်လိုက်တာ

ချမ်းစိမ့်စိမ့်အေးစက်စက်ရှိလှ၏အချမ်းပြေအရက်ကလေးမှီဝဲပါမှနေသာထိုင်သာရှိလှ၏

စနေတို့လဲဖဲဝိုင်းလူပြည့်နေရာခဏထိုင်စောင့်ရင်းအရက်သောက်ဖြစ်ကြသည်ဒီလိုအရက်မျိူ းသောက်ရခဲလေခြင်း

အရက်အရှိန်ကြောင့်လူကလဲခပ်ရီဝေဝေဖြစ်နေတုန်းဖဲဝိုင်းကရှုံးတဲ့သူထွက်သွားသဖြင့်

စနေတို့လဲထိုနေရာသို့ဝင်ဆော့ကြ၏အစပိုင်းကဟုတ်သလိုလိုနှင့်နောက်ပိုင်းတဖြေးဖြေးနှင့်ပါလာသောပိုက်စံလဲပြောင်သွား၏

စံတင်၏ဆွဲကြိုးကလေးပါအစစ်ပါသွားပြီးဖြစ်ရာစံတင်နေမထိထိုင်မသာဖြစ်နေ၏

စနေစိတ်ထဲမလဲဖေကြီးကျော်အာဒေါသဖြစ်နေကာကြိမ်းဝါးနေ၏

””’တွေ့မယ်ဒီဖေကြီးကျော်နတ်ငါနဲ့တွေ့မယ်—-အိမ်ရောက်မှကိုင်ပေါက်ပစ်လိုက်မယ်—ဟင်းးးဟင်းးး””’

ညသည်လည်းနက်သထက်နက်လာ၍တိတ်ဆိတ်နေကာရွာထဲကခွေးအူသံတစ်ချက်တစ်ချက်ကြားရ၏

အလောင်းစောင့်သူများလဲအိပ်သူအိပ်မူးသူမူးနဲ့ငိုက်သူငိုက်
နှင့်စနေတို့တောင်အရက်ရှိန်ကြောင့်မူးရီဝေဝေနှင့်ဖဲချပ်များကြည့်ရသည်မှာအမြင်မကြည်လင်ပေ

ဒီအချိန်တွင်သူငယ်ချင်းစံတင်ကစနေနားတိုးတိုးကပ်ပြော၏

””ဟေ့ကောင်စနေ—-ငါအလောင်နားသွားပြီးအကြံအဖန်လုပ်လိုက်မယ်—-မင်းငါ့တို့ပစ္စည်းတွေနဲ့ပိုက်စံတွေယူပြီးပြေးပေတော့ငါလဲပြေးမယ်ကွာ—–‘အခြေအနေမဟန်ဘူးကွမိုးလင်းသွားရင်မလွယ်ဘူး——””’

စနေလဲခေါင်းပူနေပြီငွေကလဲတပြားမှမကျန်ဆိုတော့အကြံကုန်ဂဠန်ဆားချက်ဆိုသလိုစံတင်အားခေါင်းညိမ့်ပြလိုက်သည်။

စံတင်သည်ဖဲဝိုင်းမှအပေါ့သွားမည်ဆိုကာထသွားရင်းခဏအကြာတွင်

””’ဟာ—-အလောင်းကြီးမျက်လုံးပွင်နေတယ်—–လာကြည့်ကြပါအုံး——-လာကြပါအုံးဗျ–””’

”’အလောင်းမျက်လုံးကြီးပြူးးနေတယ်ဗျ” ”

စံတင်အော်သံကြောင့်ဖဲဝိုင်းကလူများနှင့်အိပ်နေသူတချိူ့နိုးလာကာအလောင်းအားအပြေးအလွှားကြည့်ကြလေသည်။

ဒီအခွင့်အရေးကိုစနေကလဲကောင်းစွာအသုံးချကာဖဲဝိုင်းကမိမိတို့ရှုံးထားသောပစ္စည်းနှင့်ငွေများယူကာ

ထ၍ပြေးလေ၏စံတင်လဲအားကျမခံနောက်ကျတဲ့ခြေထောက်သစ္စာဖောက်ဆိုကာစနေနောက်သို့အမှီလိုက်၏

အသုဘအိမ်တွင်တော့ရုပ်ရုပ်သဲသဲဖြစ်ကျန်ခဲ့၏အလောင်းလဲမျက်လုံးမပွင့်နဂိုအတိုင်းပင်ရှိနေသည်။

ထိုအခါမှစနေတို့နှစ်ယောက်အားမေတ္တာဝိုင်းပို့ကြ၏စနေတ့ိုလဲတခြားရွာတွင်၂ရက်၃ရက်လောက်ရှောင်နေကာ

ရလာသောပိုက်စံများအားတစ်ဝက်စီခွဲဝေသုံးလိုက်ကြသည်

ပိုက်စံကုန်တော့ရွာသို့တိတ်တဆိတ်ပြန်လာကာအိမ်သို့ခိုးကြောင်ခိုးဝှက်ဝင်ကြ၏

အချိန်ကားမနက်၃နာရီလောက်ပင်ရှိနေသေးကာရွာဦးကျောင်းကအုန်းမောင်းခေါက်သံပင်မကြားရသေးပင်

စနေအိမ်သည်တံခါးများလုံနေသဖြင့်အိမ်ရှေ့ကခုံတန်းပေါ်တွင်အိပ်ပျော်သွား၏

ထိုအချိန်တွင်စနေအိမ်ရှေ့မှမြင်းတစ်ကောင်ဝင်လာ၏မြင်းပေါ်တွင်ယောင်တစောင်းနှင့်လူတစ်ယောက်ပါလာ၍

အဝတ်အစားမျာသည်ထူးဆန်းနေကာဒီခေတ်နှင့်မတူသည်ကိုသတိထားမိသည်ထိုလူကစနေအားပြောလိုက်သည်။

”’ဟေ့ကောင်ငါ့အကြွေးပြန်ဆပ်လေ””

””ဘာကြွေးတုံးဗျ—-ခင်ဗျားကဘယ်သူတုံး—-ဖဲကြွေးဆိုဖဲဝိုင်းမှာတောင်းပါလား—-””

”’ငါကမင်းပိုက်စံချေးသွားတဲ့ဖေကြီးကျော်နတ်ကွ””’

””အော်ဒါကြောင့်မြင်ဘူးပါတယ်လို့ကြည့်နေတာ—-ခင်ဗျားနိုင်အောင်မမလို့ကျူ ပ်တို့ရှုံးလာတာ—လူတောင်သေပြေးရှင်ပြေးပြေးလာရတာခင်ဗျားမသိဘူးလားးးးးး””

””အေးအဲဒါမင်းဘာသာမူးပြီးဖဲရိုက်လို့ရှုံးတာငါ့လာအပြစ်မတင်နဲ့”’

””ဘယ်လိုပဲဖြစ်ဖြစ်ပိုက်စံရှိမှဆပ်နိုင်မယ်မရှိမဆပ်နိုင်ဘူး””

””ကောင်းပြီးမင်းငါ့အကြောင်းသိရမှာပေါ့ကွာ””
ဟုပြောကာမြင်းပေါ်ကနေစနေအားခြေထောက်နှင့်ပိတ်ကန်လိုက်တာ

စနေတစ်ယောက်ခုံတန်းပေါ်ကပြုတ်ကျကာလန့်နိုးသွားလေ၏ခါးလဲအတော်နားသွား၏

အဖြစ်အပျက်သည်အိမ်မက်လိုလိုတကယ်လိုလိုနှင့်စိတ်ထဲမယ်မကျေမနပ်ဖြစ်နေ၏

နောက်တနေ့တွင်တော့စနေနှင့်စံတင်အားအလောင်းမှလက်စွပ်ခိုးမှု့ဖြင့်ရဲများလာဖမ်းကြး၏

အသုဘအိမ်ရုတ်ရုတ်သဲသဲဖြစ်သည့်ညကဘယ်သကောင့်သားကအလောင်းကလက်စွပ်ခိုးသွားသလဲသူတို့မသိ

အလောင်းတွင်လက်စွပ်မချွတ်ရသေးမှန်းပင်မသိဒီကိစ္စကသူ့တို့ထက်ငတ်တဲ့ကောင်ကသူတို့အပေါ်အပြစ်ပုံချလိုက်တာဖြစ်မည်။

သေချာဆုံးကတော့ဒီအထဲတွင်ဖေကြီးကျော်နတ်လဲကြံရာပါဖြစ်မည်ဆိုတာစနေအတတ်သိနေသည်။

အချူ ပ်ကလွတ်လာမှတစ်ပွဲတစ်လမ်းအကဲစမ်းမည်ဟုကြုံးဝါးရင်းအချူ ပ်သို့ပါသွားလေသည်။

မှတ်ချက်

ဖြစ်ရပ်မှန်ဇတ်လမ်းသာရေးခြင်းဖြစ်၍မည်သည့်အကြောင်းမှဦးတည်ရေးခြင်းမဟုတ်ဝေဖန်ရေးနှင့်လေကန်ရေးသမားများတွေ့ပါကblockပါမည်။

ပြီး

D Moe Moe

Zawgyi Version

ေဖႀကီးေက်ာ္နတ္ႏွင့္ဖဲသမားစေန(စ/ဆံုး)
————————————————–
””စေနဟိုဘက္႐ြာမွာအသုဘရွိတယ္ကြ—-ဖဲသြား႐ိုက္ရေအာင္ေဟ့””’

”’သြားမယ္ေလ—-ၾကာသလားလို႔””

”” သြားတာေတာ့ဟုတ္ပါၿပီပိုက္စံလိုတယ္ကြ—မင္းမွာဘယ္ေလာက္ရွိသလဲ”””’

””’ၾကက္ဝိုင္းကႏိုင္ထားတဲ့ပိုက္စံနဲနဲေတာ့ရွိတယ္”””

””မင္းကဖဲဘုရင္ပဲကြာ—–ႏိုင္မွာပါ—-””

သူငယ္ခ်င္းစံတင္စကားေၾကာင့္စေနအလိုလိုၿပဳံးမိသြားသည္တကယ္ေတာ့စေနဖဲႏိုင္ေနတာ

ဝွက္ဖဲရွိေနသည္ထိုအရာသည္အျခားမဟုတ္အမ်ားကေဖႀကီးေက်ာ္လို႔ေခၚေနေသာ

ေလာင္းကစားႏွင့္အရက္ႀကိဳက္ေသာေဖႀကီးေက်ာ္နတ္ေၾကာင့္ျဖစ္သည္။

စေနအေမသည္ေဖႀကီးေက်ာ္နတ္အားအလြန္ယုံၾကည္သည္ဘယ္အရာရာပဲလုပ္လုပ္

ေဖႀကီးေက်ာ္နတ္အားပူေဇာ္ပသကာတိုင္တည္ေလ့ရွိသည္။

””’ကဲေဖႀကီးေက်ာ္ေရ—–ႏွမေတာ္ကိုမစပါအုံး—-ဘယ္လက္ကတဆုပ္က်ဲလို႔ညာလက္တလွည္းဝင္ေအာင္မစပါ—-အစစအရာရာေအာင္ျမင္ရင္—–ေဖႀကီးအႀကိဳက္အရက္ပုလင္းၾကက္ေကာင္လုံးေက်ာ္ပူေဇာ္ပသပါမယ္”””

ထိုကဲ့သို႔ေဖႀကီးေက်ာ္နတ္အားပူေဇာ္ပသ၍အဆင္ေျပတာေတြ႕သျဖင့္စေနလဲအားက်မခံဖဲ႐ိုက္တိုင္းေဖႀကီးေက်ာ္နတ္အားတိုင္တည္သြားေလ့ရွိသည္။

””’ကဲေဖႀကီးေက်ာ္ေရညီဘြားကိုလဲဖဲႏိုင္ေအာင္မပါအုံး—-ဖဲႏိုင္ရင္ၾကက္ေၾကာ္နဲ႔အရက္ဆက္ပါမယ္”””

ထိုသို႔အေပးအယူလုပ္ကာဖဲ႐ိုက္သျဖင့္စေနဖဲ႐ိုက္တိုင္းႏိုင္၍ေနသည္ထိုအခါစေနကအားတက္လာကာ

ေလာင္းကစားမွန္သမွ်အကုန္လုပ္လာသည္တစ္ေန႔တစ္ေန႔ဖဲ႐ိုက္ၾကက္တိုက္ႏွင့္အားရသည္ဟူ၍မရွိေပ

ယခုလဲဟိုဘက္႐ြာမွသေဌးတစ္ေယာက္ေသသည္ဆို၍ဖဲသြား႐ိုက္ရန္တာဆူေနျခင္းျဖစ္သည္။

သေဌးအိမ္ဆိုေတာ့ဝိုင္းကနည္းနည္းေတာ့ႀကီးမည္ထင္သည္ေငြနည္းနည္းႏွင့္အဆင္ေျပမည္မဟုတ္

ဒါနဲ႔စေနအႀကံရကာေဖႀကီးေက်ာ္ထံတြင္သူ႔အေမဆက္ထားေသာပိုက္စံမ်ားယူလိုက္သည္။

သူ႔အေမကေဖႀကီးနတ္ထံတြင္ပိုက္စံစုထားလားထင္ရသည္ပိုက္စံမ်ားလာပါကနတ္ပြဲေပးမည္ဟုေ

ေႂကြးေၾကာ္ေနတာစေနမၾကားခ်င္မွအဆုံးေဖႀကီးေက်ာ္ထံတြင္ပိုက္စံေတြအေတာ္အတန္ရွိေနၿပီ

””ေဖႀကီးေက်ာ္ေရ—–ေငြလဲခ်ီးလိုက္ပါအုံးႏိုင္ေအာင္လဲမပါအခ်ီႀကီးႏိုင္ေအာင္မပါ—-အခ်ီႀကီးႏိုင္ရင္—-အေကာင္းဆုံးအရက္နဲ႔ၾကက္ေကာင္လုံးေက်ာ္ဆက္မွာပါ””’

၍သို႔ျဖင့္စေနႏွင့္သူ၏သူငယ္ခ်င္းတို႔ေဖႀကီးေက်ာ္အားကိုးျဖင့္ဖဲဝိုင္းရွိရာခ်ီတက္သြားၾကသည္။

အသုဘအိမ္ေရာက္ေတာ့ဖဲဝိုင္းကလူစည္ေနၿပီသေဌးအသုဘဆိုေတာ့ဧည့္ခံထားသည္မွာလဲလိုေလေသးမရွိ

အသုဘကလဲ႐ြာထုံးစံအတိုင္းအိမ္ေရွ႕တြင္ျပင္ထား၏ၿခံဝိုင္းကလဲက်ယ္သျဖင့္အေလာင္ျပင္ထားသည့္

ခပ္လွမ္းလွမ္းတြင္ဖဲဝိုင္းသုံးေလးဝိုင္းရွိေနကာဖဲမ႐ိုက္သည့္လူမ်ားအတြက္လဲအေကာင္းစားအရက္ပုလင္းမ်ားခ်ေပးထားသည္။

ရာသီဥတုကလဲေဆာင္းတြင္းႀကီးဆိုေတာ့ေအးရတဲ့ၾကားထဲေလကလဲအားေပးအားေျမႇာက္ဆိုသလိုတစ္ခ်က္တစ္ခ်က္တိုက္လိုက္တာ

ခ်မ္းစိမ့္စိမ့္ေအးစက္စက္ရွိလွ၏အခ်မ္းေျပအရက္ကေလးမွီဝဲပါမွေနသာထိုင္သာရွိလွ၏

စေနတို႔လဲဖဲဝိုင္းလူျပည့္ေနရာခဏထိုင္ေစာင့္ရင္းအရက္ေသာက္ျဖစ္ၾကသည္ဒီလိုအရက္မ်ိဴ းေသာက္ရခဲေလျခင္း

အရက္အရွိန္ေၾကာင့္လူကလဲခပ္ရီေဝေဝျဖစ္ေနတုန္းဖဲဝိုင္းကရႈံးတဲ့သူထြက္သြားသျဖင့္

စေနတို႔လဲထိုေနရာသို႔ဝင္ေဆာ့ၾက၏အစပိုင္းကဟုတ္သလိုလိုႏွင့္ေနာက္ပိုင္းတေျဖးေျဖးႏွင့္ပါလာေသာပိုက္စံလဲေျပာင္သြား၏

စံတင္၏ဆြဲႀကိဳးကေလးပါအစစ္ပါသြားၿပီးျဖစ္ရာစံတင္ေနမထိထိုင္မသာျဖစ္ေန၏

စေနစိတ္ထဲမလဲေဖႀကီးေက်ာ္အာေဒါသျဖစ္ေနကာႀကိမ္းဝါးေန၏

””’ေတြ႕မယ္ဒီေဖႀကီးေက်ာ္နတ္ငါနဲ႔ေတြ႕မယ္—-အိမ္ေရာက္မွကိုင္ေပါက္ပစ္လိုက္မယ္—ဟင္းးးဟင္းးး””’

ညသည္လည္းနက္သထက္နက္လာ၍တိတ္ဆိတ္ေနကာ႐ြာထဲကေခြးအူသံတစ္ခ်က္တစ္ခ်က္ၾကားရ၏

အေလာင္းေစာင့္သူမ်ားလဲအိပ္သူအိပ္မူးသူမူးနဲ႔ငိုက္သူငိုက္
ႏွင့္စေနတို႔ေတာင္အရက္ရွိန္ေၾကာင့္မူးရီေဝေဝႏွင့္ဖဲခ်ပ္မ်ားၾကည့္ရသည္မွာအျမင္မၾကည္လင္ေပ

ဒီအခ်ိန္တြင္သူငယ္ခ်င္းစံတင္ကစေနနားတိုးတိုးကပ္ေျပာ၏

””ေဟ့ေကာင္စေန—-ငါအေလာင္နားသြားၿပီးအႀကံအဖန္လုပ္လိုက္မယ္—-မင္းငါ့တို႔ပစၥည္းေတြနဲ႔ပိုက္စံေတြယူၿပီးေျပးေပေတာ့ငါလဲေျပးမယ္ကြာ—–‘အေျခအေနမဟန္ဘူးကြမိုးလင္းသြားရင္မလြယ္ဘူး——””’

စေနလဲေခါင္းပူေနၿပီေငြကလဲတျပားမွမက်န္ဆိုေတာ့အႀကံကုန္ဂဠန္ဆားခ်က္ဆိုသလိုစံတင္အားေခါင္းညိမ့္ျပလိုက္သည္။

စံတင္သည္ဖဲဝိုင္းမွအေပါ့သြားမည္ဆိုကာထသြားရင္းခဏအၾကာတြင္

””’ဟာ—-အေလာင္းႀကီးမ်က္လုံးပြင္ေနတယ္—–လာၾကည့္ၾကပါအုံး——-လာၾကပါအုံးဗ်–””’

”’အေလာင္းမ်က္လုံးႀကီးျပဴးးေနတယ္ဗ်” ”

စံတင္ေအာ္သံေၾကာင့္ဖဲဝိုင္းကလူမ်ားႏွင့္အိပ္ေနသူတခ်ိဴ႕ႏိုးလာကာအေလာင္းအားအေျပးအလႊားၾကည့္ၾကေလသည္။

ဒီအခြင့္အေရးကိုစေနကလဲေကာင္းစြာအသုံးခ်ကာဖဲဝိုင္းကမိမိတို႔ရႈံးထားေသာပစၥည္းႏွင့္ေငြမ်ားယူကာ

ထ၍ေျပးေလ၏စံတင္လဲအားက်မခံေနာက္က်တဲ့ေျခေထာက္သစၥာေဖာက္ဆိုကာစေနေနာက္သို႔အမွီလိုက္၏

အသုဘအိမ္တြင္ေတာ့႐ုပ္႐ုပ္သဲသဲျဖစ္က်န္ခဲ့၏အေလာင္းလဲမ်က္လုံးမပြင့္နဂိုအတိုင္းပင္ရွိေနသည္။

ထိုအခါမွစေနတို႔ႏွစ္ေယာက္အားေမတၱာဝိုင္းပို႔ၾက၏စေနတ့ိုလဲတျခား႐ြာတြင္၂ရက္၃ရက္ေလာက္ေရွာင္ေနကာ

ရလာေသာပိုက္စံမ်ားအားတစ္ဝက္စီခြဲေဝသုံးလိုက္ၾကသည္

ပိုက္စံကုန္ေတာ့႐ြာသို႔တိတ္တဆိတ္ျပန္လာကာအိမ္သို႔ခိုးေၾကာင္ခိုးဝွက္ဝင္ၾက၏

အခ်ိန္ကားမနက္၃နာရီေလာက္ပင္ရွိေနေသးကာ႐ြာဦးေက်ာင္းကအုန္းေမာင္းေခါက္သံပင္မၾကားရေသးပင္

စေနအိမ္သည္တံခါးမ်ားလုံေနသျဖင့္အိမ္ေရွ႕ကခုံတန္းေပၚတြင္အိပ္ေပ်ာ္သြား၏

ထိုအခ်ိန္တြင္စေနအိမ္ေရွ႕မွျမင္းတစ္ေကာင္ဝင္လာ၏ျမင္းေပၚတြင္ေယာင္တေစာင္းႏွင့္လူတစ္ေယာက္ပါလာ၍

အဝတ္အစားမ်ာသည္ထူးဆန္းေနကာဒီေခတ္ႏွင့္မတူသည္ကိုသတိထားမိသည္ထိုလူကစေနအားေျပာလိုက္သည္။

”’ေဟ့ေကာင္ငါ့အေႂကြးျပန္ဆပ္ေလ””

””ဘာေႂကြးတုံးဗ်—-ခင္ဗ်ားကဘယ္သူတုံး—-ဖဲေႂကြးဆိုဖဲဝိုင္းမွာေတာင္းပါလား—-””

”’ငါကမင္းပိုက္စံေခ်းသြားတဲ့ေဖႀကီးေက်ာ္နတ္ကြ””’

””ေအာ္ဒါေၾကာင့္ျမင္ဘူးပါတယ္လို႔ၾကည့္ေနတာ—-ခင္ဗ်ားႏိုင္ေအာင္မမလို႔က်ဴ ပ္တို႔ရႈံးလာတာ—လူေတာင္ေသေျပးရွင္ေျပးေျပးလာရတာခင္ဗ်ားမသိဘူးလားးးးးး””

””ေအးအဲဒါမင္းဘာသာမူးၿပီးဖဲ႐ိုက္လို႔ရႈံးတာငါ့လာအျပစ္မတင္နဲ႔”’

””ဘယ္လိုပဲျဖစ္ျဖစ္ပိုက္စံရွိမွဆပ္ႏိုင္မယ္မရွိမဆပ္ႏိုင္ဘူး””

””ေကာင္းၿပီးမင္းငါ့အေၾကာင္းသိရမွာေပါ့ကြာ””
ဟုေျပာကာျမင္းေပၚကေနစေနအားေျခေထာက္ႏွင့္ပိတ္ကန္လိုက္တာ

စေနတစ္ေယာက္ခုံတန္းေပၚကျပဳတ္က်ကာလန႔္ႏိုးသြားေလ၏ခါးလဲအေတာ္နားသြား၏

အျဖစ္အပ်က္သည္အိမ္မက္လိုလိုတကယ္လိုလိုႏွင့္စိတ္ထဲမယ္မေက်မနပ္ျဖစ္ေန၏

ေနာက္တေန႔တြင္ေတာ့စေနႏွင့္စံတင္အားအေလာင္းမွလက္စြပ္ခိုးမႈ႕ျဖင့္ရဲမ်ားလာဖမ္းၾကး၏

အသုဘအိမ္႐ုတ္႐ုတ္သဲသဲျဖစ္သည့္ညကဘယ္သေကာင့္သားကအေလာင္းကလက္စြပ္ခိုးသြားသလဲသူတို႔မသိ

အေလာင္းတြင္လက္စြပ္မခြၽတ္ရေသးမွန္းပင္မသိဒီကိစၥကသူ႔တို႔ထက္ငတ္တဲ့ေကာင္ကသူတို႔အေပၚအျပစ္ပုံခ်လိုက္တာျဖစ္မည္။

ေသခ်ာဆုံးကေတာ့ဒီအထဲတြင္ေဖႀကီးေက်ာ္နတ္လဲႀကံရာပါျဖစ္မည္ဆိုတာစေနအတတ္သိေနသည္။

အခ်ဴ ပ္ကလြတ္လာမွတစ္ပြဲတစ္လမ္းအကဲစမ္းမည္ဟုႀကဳံးဝါးရင္းအခ်ဴ ပ္သို႔ပါသြားေလသည္။

မွတ္ခ်က္

ျဖစ္ရပ္မွန္ဇတ္လမ္းသာေရးျခင္းျဖစ္၍မည္သည့္အေၾကာင္းမွဦးတည္ေရးျခင္းမဟုတ္ေဝဖန္ေရးႏွင့္ေလကန္ေရးသမားမ်ားေတြ႕ပါကblockပါမည္။

ၿပီး

D Moe Moe