“ငှက်ဆိုးတွန်ချိန်”(စ/ဆုံး)

“ငှက်ဆိုးတွန်ချိန်”(စ/ဆုံး)
——————————-
ကိုကြီးနင့်ဖိနပ်ကြိုးပြေနေတယ်
လှေကားထစ်ပေါ်တွင်ထိုင်နေသောကျွန်တော့်ညီမတာရာကစပ်ဖြဲဖြဲနှင့်လှမ်းပြောသည်။သူမနောက်ပြောင်နောက်ပြောင်နေကျဟာသတစ်ခုပဲဖြစ်သည်။ကျွန်တော်ငတုံးမဟုတ်။ဖိနပ်တွေကိုငုံ့ကြည့်ဖို့မလိုကြောင်းကျွန်တော်သိပြီးသားဖြစ်သည်။အကယ်၍ငုံ့ကြည့်မိပါကတာရာသည်ကျွန်တော့်မေးစေ့အောက်ကိုလှမ်းရိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်တစ်ခုခုတော့လုပ်ဖြစ်အောင်လုပ်ပေးလိမ့်မည်။နင့်လှည့်ကွက်ထဲငါမဝင်တော့ဘူးကွ
ကျွန်တော်ကသိပြီးသားပါကွာာဆိုသည့်အထာနှင့်ပြန်ပြောလိုက်၏။ထိုစဉ်မေမေကကျွန်တော်တို့မောင်နှမနှစ်ယောက်ကိုညနေစာစားဖို့အော်ခေါ်သည်။အမှန်တော့ညနေစာစားဖို့တစ်နာရီလောက်စောနေသေး၏။ကျွန်တော်တို့မောင်နှမနှစ်ယောက်ရန်ဖြစ်ဖို့စကားဦးတည်နေသည်ကိုတမင်ဝင်ဖျက်ခြင်းသာဖြစ်၏။
တကယ်တော့တာရာနှင့်ကျွန်တော်ရန်မဖြစ်ချင်ပါ။သို့သော်ခက်နေသည်ကတာရာသည်သူတစ်ပါးအားချောက်ချသည့်နေရာတွင်မည်သည့်အချိန်ရပ်လိုက်ရမည်ကိုဘယ်သောအခါမှမသိတတ်ပေ။အခုလည်းသူမက….
ငါနင့်ကိုနောက်နေတာမဟုတ်ဘူး၊နင့်ဖိနပ်တွေကတကယ်ကြိုးပြေနေတာ၊တက်နင်းမိပြီးချော်လဲနေဦးမယ်၊တော်စမ်းပါတာရာရယ်ပြောပြောဆိုဆိုနှင့်ကျွန်တော်လှေကားပေါ်သို့လှမ်းတက်လိုက်သည်။သို့သော်ဘယ်ဖိနပ်သည်သံမံတလင်းတွင်ကပ်နေ၏။အစွမ်းကုန်ဆွဲမကြည့်သည်။
ဟာ
ကျွန်တော့်ခြေထောက်တွေကစေးကပ်ကပ်ဟာတွေပေါ်တက်နင်းမိရက်သား။တာရာ့ကို
ကျွန်တော်ဖျက်ခနဲလှမ်းကြည့်မိလိုက်သည်။ဒင်းပုံစံကပိန်ပိန်သေးသေးပါးစပ်ပြဲပြဲနှင့်နှုတ်ခမ်းမှာလည်းနီရဲနေသောကြောင့်လူရွှင်တော်ရုပ်ပြောင်နှင့်တူ၏။အညိုရောင်ဆံပင်ပျော့ပျော့ရှည်ရှည်ကိုနှစ်ဖက်အညီအမျှခွဲ၍ကျစ်စံမြီးကျစ်ထား၏။တာရာ့ကိုကျွန်တော်နှင့်ချွတ်စွပ်တူသည်ဟူပြောလေ့ရှိသည်။ထိုသို့ပြောခံရသည်ကိုကျွန်တော်မကြိုက်ပါ။ကျွန်တော်ဆံပင်ညိုညိုတွေကရှည်လည်းမရှည်၊ပါးလည်းမပါးပေ။ဆံပင်တွေကတိုပြီးထူထဲသည်။
ကျွန်တော့်ပါးစပ်မှာလည်းပုံမှန်အရွယ်အစားပင်ဖြစ်သည်။ထို့ပြင်မည်သူမျှကျွန်တော့်ကိုလူရွှင်တော်ရုပ်ပြောင်နှင့်တူသည်ဟူမပြောကြပါ။အသက်အရွယ်နှင့်စာလျှင်ကျွန်တော်အရပ်မှာအနည်းငယ်ပုသော်လည်းတာရာ့လိုပိန်ညှောင်ညှောင်လေးမဟုတ်ပါ။ကုန်ကုန်ပြောရလျှင်ကျွန်တော်သည်တာရာနှင့်တစ်စက်ကလေးမှပင်မတူပေ။
သူမကကျွန်တော့်ကိုပြောင်စပ်စပ်နှင့်ြကြည့်နေရင်း
နေ့ပြောနောက်ကြည့်၊ထသွားရင်တော့အောက်ကိုကြည့်ရတယ်ဆိုလားဘာဆိုးလားပဲ….ဟဲ….ဟဲ၊ကိုကြီးကအောက်ကိုမှမကြည့်တာ၊ကဲ…..အခုတော့ခံရပြီမဟုတ်လား….ဟဲ….ဟဲ….ဟဲ
ဖိနပ်များကိုကျွန်တော်ငုံ့ကြည့်လိုက်သည်။တကယ်ပဲကြိုးတွေကပြေလို့၊ဒါတင်မကသေး၊ပီကေပုံပေါ်တွင်လည်းတက်နင်းမိလျက်သားဖြစ်နေပြီ။ဒင်းပြောတုန်းကသာငုံ့ကြည့်မိခဲ့လျှင်ဝါးပြီးသားပီကေပုံကိုမြင်ပေလိမ့်မည်။
တာရာကလည်းကျွန်တော့်အကြောင်းသိပြီးသားဖြစ်သည်။သူမသတိပေးလိုက်သည်နှင့်ကျွန်တော်ငုံ့မကြည့်မှာကိုပေါ့။တာရာ၏ထောက်ချောက်ကကွက်ကျော်ရိုက်ကာတွက်ထားခြင်းဖြစ်သည်။နင်သိမယ်
အံကြိတ်သံဖြင့်မာန်မဲရင်းတရာ့လည်ကုပ်ကိုလှမ်းဖမ်းဆွဲလိုက်၏။ဒင်းကလည်းလျင်သည်။လှစ်ခနဲရှောင်ပြီးအိမ်ထဲသို့ပြေးဝင်သွားသည်။ကျွန်တော်လည်းသူ့နောက်ကဝုန်းဝုန်းဒိုင်းဒိုင်းပြေးလိုက်ရင်းမီးဖိုချောင်ထဲထိရောက်လာ၏။တာရာကအော်ကြီးဟစ်ကျယ်နှင့်မေမေ့နောက်တွင်ဝင်ပုန်းရင်း
မေမေ မေမေလုပ်ပါဦး၊သမီးကိုကိုကြီးလိုက်ဖမ်းနေလို့
တကယ်တော့တာရာကျွန်တော်ကိုကြောက်ချင်ယောင်ဆောင်နေခြင်းပင်၊မေမေက
တော်စမ်းဖို့ကျော်၊ကလေးကိုလိုက်ဖမ်းမနေနဲံပြောနေရင်းနှင့်မေမေ့မျက်စိကကျွန်တော်ဖိနပ်တွေဆီရောက်သွားပြီး
ဟင်ဖိနပ်မှာပီကေတွေနဲံ၊ဟဲ့ဖိုးကျော်၊ဘယ်လိုလုပ်လိုက်တာလဲ၊ကြည့်စမ်း၊ကြမ်းပြင်တစ်ခုလုံးပေပွကုန်ပြီ
တာရာ့ကြောင့်မေမေ၊သူ့ကြောင့်
ကျွန်တော်ကပျာပျာသလဲရှင်းပြလိုက်သည်။မေမေကယုံကြည်ပုံမရပေ။ငါ့မျက်စီနဲ့တပ်အပ်မြင်နေတာတောင်ဗြောင်လိမ်နေတုန်းပဲလားဟင်
မဟုတ်ဘူး၊မဟုတ်ဘူးဟုထပ်ပြီးအော်ပြောလိုက်သည်။မေမေကတော့ခေါင်းကိုသာတွင်တွင်ခါရင်း
သားဒီလိုသာညာတဲ့အကျင့်ဆက်ရိုနေရင်တော့တစ်ခုခုလုပ်မှဖြစ်မယ်
တာရာကတော့မေ့မေ့နောက်မှထွက်လာပြီးကျွန်တော့်ကိုနောက်ပြောင်နေလေသည်။
ဟားဟားဟာားသနားတယ်၊သနားပါတယ်ကွယ်၊ဟားဟားဟား
တာရာကထိုသို့အဖြစ်မျိုးကိုတော်တော်သဘောကျတတ်သည်။သူ့ကြောင့်အဆူခံရပေါင်းလည်းမနည်းပေ။တာရာကတော့အမှားတစ်ခုမှမလုပ်တတ်ပေ။
အင်း…..ဟုတ်ပါတယ်၊ဟုတ်ပါတယ်။တာရာကအမေ့သမီးအလိမ်မာတုံးကလေးပေါ့လေ။
ကျွန်တော့်အသက်က(၁၅)နှစ်၊တာရာက(၁၀)နှစ်။ကျွန်တော်ဘဝ၏နောက်ပိုင်း(၁၀)နှစ်သည်စိတ်ပျက်စရာများဖြင့်သာပြည့်နေလေသည်။ကျွန်တော်၅နှစ်အရွယ်တုန်းကအဖြစ်အပျက်များကိုမမှတ်မိတော့သည်မှာလည်းတော်တော်ဆိုးသည်။တာရာမမွေးခင်တုန်းကဆိုရင်အေးအေးချမ်းချမ်းနှင့်ပျော်စရာကြီးနေမှာဟုတွေးရင်းအိမ်နောက်ဘက်ဝရံတာဆီထွက်လာခဲံသည်။ထို့နောက်ဖိနပ်တွင်ကပ်နေသောပီကေများကိုခြစ်ထုတ်နေမိသည်။ထိုစဉ်အိမ်ရှေ့လူခေါ်ခေါင်းလောင်းသံနှင့်ဖေဖေ့ခေါ်သံကိုပါတစ်ဆက်တည်းကြားလိုက်ရသည်။ဒီမှာဟေ့၊ငါဝယ်ခဲ့ပြီကွ
တံခါးပေါက်တွင်အိမ်ရှေ့လူကုန်စုပြုံရောက်ရှိနေကြပြီ။လူနှစ်ယောက်သည်သေသေချာချာထုပ်ပိုးထားသောပစ္စည်းကြီးတစ်ခုကိုမနိုင့်တနိုင့်မ၍အိမ်ထဲသို့သယ်ယူလာကြသည်။
မီးခိုရောင်အစနှင့်ထုပ်ပိုးထားသောရှည်မျောမျောအရာတစ်ခု။သတိထားသယ်ကြဟေ့
ဖေဖေကထိုလူနှစ်ယောက်ကိုထပ်၍သတိပေးလိုက်၏။ဒါကြီးရဲ့သက်တမ်းကကြာလှပြီကွ၊ဒီထဲသယ်ခဲ့ကွာ
ဖေဖေကပစ္စည်းလာပို့သူများအားစာဖတ်ခန်းထဲပို့ဖို့ပြောလိုက်သည်။ထိုပစ္စည်းကြီးအားထောင့်တစ်ထောင့်တွင်ချပြီးသည်နှင့်ထုပ်ပိုးထားသောအစကိုဖယ်ရှားလိုက်သည်။ပစ္စည်း၏အရွယ်အစားမှာကျွန်တော်ကိုယ်လောက်ကျယ်၍အရပ်ထက်တစ်ပေခန့်ပိုမြင့်မည်ထင်သည်။ဘာကြီးလဲဟုတာရာကစိတ်ဝင်တစားမေး၏။ဖေဖေကချက်ချင်းပြန်မဖြေ။သူ့လက်ဖဝါးနှစ်ဖက်ကိုသာစိတ်လှုပ်ရှားစွာပွတ်ရင်းတစ်ခုခုကိုမျှော်လင့်တကြီးရှိနေလေသည်။ကြောင်ကလေးရွှေဝါသည်အိမ်ထဲဝင်လာပြီးဖေဖေ့ခြေထောက်နှစ်ချောင်းကြားတွင်ပွတ်သီးပွတ်သတ်လုပ်နေ၏။မီးခိုရောင်ပိတ်စကြီးပြေလျှောကျသွားသောအခါအလွန်အိုဟောင်းနေသောနာရီကြီးတစ်ခုလုံးကိုတွေ့လိုက်ကြရသည်။နာရီကိုယ်ထည်တစ်ခုလုံးနီးပါးမှာအနက်ဖြစ်ပြီးရွှေရောင်၊ငွေရောင်နှင့်အပြာရောင်များခြယ်မှုန်းထား၏။ထို့ပြင်အလိပ်လိုက်အလိပ်လိုက်နှင့်ကနုတ်ပန်းနွယ်များလည်းထွင်းထုထား၏။ခလုတ်ကလေးများစွာလည်းပါရှိသေးသည်။အဖြူရောင်နာရီဒိုင်ခွက်ထဲတွင်ရွှေရောင်လက်တံများနှင့်ရွှေရောင်ရောမဂဏန်းများပါရှိသည်။ထိုပြင်တံခါးဝှက်သေးသေးလေးတခုလည်းပါသည်။နာရီကိုယ်ထည်ကြီးတစ်ခုလုံး၏အလယ်တွင်တော့တံခါးကြိးတစ်ခုကိုတွေ့ရ၏။ပစ္စည်းလာပို့သူများသည်မီးခိုရောင်အစကြီးကိုစုသိမ်းနေကြသည်။ဖေဖေကလုပ်အားခရှင်းပေးပြီးသော်ထိုသူနှစ်ယောက်လည်းပြန်သွားကြလေသည်။
နာရီကြီးကမမိုက်ဘူးလား
ဖေဖေကစိတ်မလုံမလဲနှင့်မေးလိုက်သည်။ဒါရှေးဟောင်းသံစုံနာရီကွ၊ဈေးချောင်ချောင်နဲံရလာတာ၊သိတယ်မဟုတ်လား၊ဖေဖေ့ရုံးခန်းမျက်နှာချင်းဆိုင်ကဦးဘဂျမ်းရှေးဟောင်းပစ္စည်းအရောင်းဆိုင်လေ၊အဲဒီကကျွန်တော်တို့အားလုံးခေါင်းတွေညိတ်ပြကြသည်။
ဒီနာရီကအဲဒီဆိုင်ထဲမှာ၁၅နှစ်ရှိပြီပြောရင်းဆိုရင်းဖေဖေနာရီကိုအသာအယာခေါက်နေ၏။အန်တီနီရဲ့ဆိုင်ရှေ့ကဖြတ်တိုင်းဖေဖေရပ်ပြီးငေးခဲံ့ရတာပေါ့။ဖေဖေကလည်းအတော်မျက်စီကျနေခဲ့တာကိုး။နောက်ဆုံးတော့ဦးဘဂျမ်းကရောင်းပေးလိုက်တယ်ဆိုပါတော့ကွာ
ဒီနေရီကိုရှင်ဈေးဆစ်နေတာဖြင့်ကြာလှပြီ၊ဦးဘဂျမ်းကလည်းမလျှော့ဘူး၊ဘာလို့ခုမှစိတ်ပြောင်းသွားတာလဲ
ဖေဖေ့မျက်နှာကဝမ်းသာအားရရှိလှသည်။သူက
ဟုတ်တယ်၊ဒီနေ့နေ့လယ်စာစားချိန်တုန်းကအဲဒီဆိုင်ထဲရောက်သွားသည်။ဦးဘဂျမ်းကဘာပြောလဲဆိုတော့ဒီနာရီချွတ်ယွင်းချက်တစ်ခုသူတွေ့ထားတယ်တဲ့၊တစ်ခုခုတော့လွဲနေပြီတဲ့၊ကျွန်တော်ကနာရီကြီးကိုစေ့စေ့ကြည့်လိုက်သည်။ဘယ်မှာလဲဖေဖေ
ဖေဖေ့ကိုပြောမပြလိုက်ဘူးကွ၊သားတို့သမီးတို့ကောရှာတွေ့လား
ကျွန်တော်နှင့်တာရာသည်နာရီတစ်ခုလုံးကိုစေ့စေ့စပ်စပ်ရှာကြည့်ကြသည်။နာရီဒိုင်ခွက်ထဲမှဂဏန်းအားလုံးလည်းမှန်သည်။နာရီလက်တံတွေကလည်းသူ့နေရာနှင့်သူ။ခြစ်ရာစင်းရာဆို၍လည်းတစ်ခုမှမတွေ့ရချေ။သမီးတော့အပြစ်တစ်ခုမှမတွေ့ပါဘူး။သားရောပဲဟုကျွန်တော်ကဖြည့်ပြောလိုက်၏။အေးဟုတ်တယ်၊ဖေဖေလည်းမတွေ့ဘူး၊ဦဘဂျမ်းကဘာဆိုလိုမှန်းမသိဘူး၊ဖေဖေ့အနေနဲ့ဝယ်ဖြစ်အောင်ဝယ်မယ်လို့ပြောထားခဲ့တာ။သူကပြောပြချင်နေပေမယ့်၊ဖေဖေလည်းနားမထောင်ချင်တော့ဘူး။တကယ်အပြစ်အနာအဆာရှိခဲံရင်တောင်သေးလွန်းလို့ရှာမတွေ့ဘူးမဟုတ်လား။ဘာထူးမှာမို့လဲ။ဖေဖေကလည်းသဘောကျပြီးသားပဲဆိုတော့
မေမေကလည်ချောင်ရှင်းလိုက်ပြီးမသိဘူးယောကျာ်းရေ၊ဒါနဲ့ဒါကြီးကိုစာကြည့်ခန်းမှာတကယ်ထားမလို့လား
မေမေ့မျက်နှာကိုကြည့်ရသည်မှာနာရီကြိးကိုဖေဖေ့လောက်လိုလားပုံမရချေ။ဒါဆိုဘယ်မှာထားမှာလဲ
အင်းဂိုဒေါင်ထဲမှာဆိုရင်ရော
ဖေဖေကတဟားဟားနှင့်အော်ရယ်လေတော့သည်။
မိန်းမရယ်၊မင်းကငါ့ကိုနောက်နေတာပဲ
မေမေကခေါင်းကိုသာခါရင်းဘာမှထပ်မပြောတော့ပေ။သူမနောက်နေခြင်းမဟုတ်ပါ။
ငါတော့စာကြည့်ခန်းမှာထားသင့်တယ်လို့ထင်တာပဲဟုဖေဖေကထပ်ပြောလိုက်သည်။
ထိုစဉ်နာရီ၏ညာဘက်တွင်ဒိုင်ခွက်သေးသေးတစ်ခုကိုကျွန်တော်တွေ့လိုက်၏။ဒိုင်ခွက်လေးမှာရွှေရောင်ဖြစ်ပြီးနာရိပုံစံငယ်ဟုထင်ရသည်။သို့သော်လက်တံကတစ်ခုတည်း။
အမှတ်စဉ်များမှာအနက်ရောင်စာလုံးများဖြင့်ရေးထားပြီးဒိုင်ခွက်၏အပြင်ဘက်တွင်ဖြစ်သည်။ခရစ်နှစ်၁၈၀၀မှစပြီး၂၀၀၀တွင်အဆုံးသတ်ထားသည်။ရွှေရောင်နာရီလက်တံလေးသည်ထိုထဲမှခုနှစ်တစ်ခုကိုညွှန်ပြနေလေသည်။၁၉၉၇။လက်တ့ကမရွေ့။ဒိုင်ခွက်အခြေတွင်ရွှေရောင်ခလုတ်ငယ်တစ်ခုကိုသစ်သားအိမ်တွင်မြှပ်ထား၏။အဲဒီခလုတ်ကိုမထိနဲ့သားဟုဖေဖေကသတိပေးလိုက်သည်။ဒီဒိုင်ခွက်ကခုနှစ်ကိုပြတာ။
အောက်ကခလုတ်ကခုနှစ်ပြောင်းလက်တံကိုညှိတဲ့ခလုတ်
တော်တော်တုံးတာပဲ၊ဘယ်သူကများခုနှစ်တစ်ခုလုံးကိုမေ့မှာလဲဟုမေမေကပြောလိုက်သည်။ဖေဖေကမေမေ့စကားကိုမကြားချင်ယောင်ဆောင်နေလေသည်။ဒီမှာကြည့်။ဒီဂရီ၁၈၀၀ခုနှစ်တုန်းကထုတ်လုပ်ခဲ့တာ။ဒီဒိုင်ခွက်ရဲ့အစလေ။တစ်နှစ်ပြိးတိုင်းတစ်နှစ်ဒီလက်တံကတစ်ချက်ရွေ့တယ်
ဒါဆိုခရစ်နှစ်၂၀၀၀မှာဘာလို့ရပ်ထားရတာလဲ
တာရာကမေးလိုက်သည်။ဖေဖေကပခုံးတွန့်လိုက်ရင်း
မသိဘူး၊ဖေဖေထင်တာတော့ဒီနာရီလုပ်တဲ့သူကခရစ်နှစ်၂၀၀၀ဆိုတာရောက်လာမယ်မထင်လို့နေမှာပေါ့။ဒါမှမဟုတ်ဒီနာရီရဲ့သက်တမ်းအဲဒီလောက်ကြာကြာမခံဘူးထင်ရင်းလည်းထင်မှာပေါ့
ဒီလူက၁၉၉၉ခရစ်မှာတစ်ကမ္ဘာလုံးပေါက်ကွဲပျက်စီးသွားမယ်လို့ထင်နေတာလားမှမသိတာ၊ကျွန်တော်ခန့်မှန်းပြောလိုက်သည်။အေးဟုတ်နိုင်တာပဲ၊ဘာပဲဖြစ်ဖြစ်ဟေ့ဒီဒိုင်ခွက်ကိုတော့မင်းတို့မထိမိကြစေနဲ့၊တကယ်တော့နာရီကိုဘယ်သူ့မှမကိုင်စေချင်ဘူး။ဒါကြီးကသိပ်ဟောင်းနေတော့အထိမခံရွှေပန်းကန်ဖြစ်နေပြီကွ၊ဟုတ်ပြီနော်
ဟုတ်ကဲ့ပါဖေဖေဟုတာရာကပြောသည်။ကျွန်တော်ကလည်းကျွန်တော်လည်းမကိုင်ပါဘူး။ထိုစဉ်မေမေနာရီကိုလက်ညှိုးထိုးပြရင်း
ကြည့်စမ်း၊၆နာရီထိုးပြီး၊ညစာစားကြမေမေ့စကားသံကိုကျယ်လောင်စူးရှသောအသံတခူကဖြတ်တောက်လိုက်သည်။နာရီဒိုင်ခွက်ကြီး၏အထက်နားမှတံခါးဝှက်လေးသည်ကလစ်ခနဲဟ၍ပွင့်သွား၏။ထို့နောက်ကြောက်စရာကောင်းသောငှက်တစ်ကောင်ဝုန်းခနဲခုန်ထွက်လာသည်။တွေ့ဖူးသမျှတွင်ကျက်သရေအကင်းမဲ့ဆုံးငှက်ဆိုးတစ်ကောင်
ထိုအမင်္ဂလာငှက်ကကျွန်တော်ခေါင်းပေါ်မှဖြတ်အပျံလန်၍ငယ်သံပါအောင်အော်မိသည်။အား
အခန်း(၂)
ကူးကူ ကူးကူ
ငှက်သည်အဝါရောင်အမွေးရှိပြီးတောင်ပံများကိုတဖျက်ဖျက်ခါရင်းပျံသန်းနေလေသည်။မျက်လုံးများမှာအပြာရောင်တောက်တောက်ကြီးဖြစ်ပြီးကျွန်တော့်ကိုပြူးကြည့်နေပုံမှာလည်းလိပ်ပြာလွင့်အောင်ကြောက်စရာကောင်းလွန်းပါသည်။ခြောက်ကြီမ်အော်ပြီးနောက်နာရီအိမ်ထဲပြန်ဝင်သွြးသည်။တံခါးမှာလည်းပြန်ပိတ်သွားလေသည်။ဖေဖေက
ငှက်အစစ်မဟုတ်ပါဘူးသားရယ်ဟုပြောရင်းရယ်ရင်းနှင့်ဆက်၍ဘာပဲဖြစ်ဖြစ်အစစ်နဲ့တစ်ထေရာတည်းပဲဟေ့ဟုတ်တယ်မဟုတ်လား
ဟူး
ကိုကြီးဖိုးကျော်ငတုံးဟုတာရာကတော့လှမ်းပြောင်ရင်း
ကြောက်တတ်လိုက်တာ၊ငှက်ရုပ်ကြီးကိုကြောက်တယ်တဲ့
တာရာသည်ကျွန်တော့်နားမရောက်လာပြီးဆွဲဆိတ်နေလေသည်။
ဖယ်စမ်း
ကျွန်တေ်ာကစိတ်ဆိုးဆိုးြဖြင့်တာရာ့ကိုကွန်းပစ်လိုက်သည်။
သား၊ညီမလေးကိုအဲဒီလိုမလုပ်ရဘူး
မေမေကလှမ်းဆူသည်။
သားဘယ်လောက်အားရှိတယ်ဆိုတာကိုယ်ကိုယ်ကိုသိတာမဟုတ်ဘူး၊ညီမလေးနာသွားလိမ့်မယ်
ဟုတ်တယ်၊ဟုတ်တယ်
တာရာကဝင်ထောက်ခံနေသည်။ဖေဖေကတော့နာရီကြီးကိုသာသဘောကျနေလေသည်။ဖေဖေ့မျက်လုံးတွေကနာရီပေါ်မှမခွာနိုင်ကြပေ။သားလန့်တာအံ့သြစရာမရှိပါဘူးကွာ၊ဒိနာရီကထူးဆန်းတာတော့အမှန်ပဲ၊ဂျာမနီမှာအောက်လမ်းဆရာတွေနေကြတဲ့ဘလက်ဖော်ရက်စ်မြို့ကထုတ်တာလေ၊မှော်စွမ်းအင်ရှိအောင်များလုပ်ထားလားမသိဘူး
ဗျာမှော်စွမ်းအင်
ကျွန်တော်သံယောင်လိုက်ပြီးမေးလိုက်၏။ဖေဖေပြောတာဒီဟာကတန်ခိုးရှိတဲ့ပစ္စည်းလို့ဆိုလိုတာလား၊ဘယ်လိုမျိုးလဲ
ဒဏ္ဍာရီလို့ပြောကြတာကတော့ဒီနာရီလုပ်တဲ့သူကမှော်ပညာရှင်တစ်ယောက်တဲ့၊ဒီနာရီပြီးတော့လည်းသူကိုယ်တိုင်မှောသွင်းခဲံတယ်ဆိုပဲ၊တချို့တွေဆိုရင်တကယ်လို့နာရီရဲ့လျှိုဝှက်ချက်ကိုသိရငိအချိန်နောက်ပြန်သွားအောင်လုပ်လို့ရတယ်ဆိုပြီးယုံကြတယ်
ရှင့်ကိုဦးဘဂျမ်းကဒီလိုပဲပြောတယ်ပေါ့၊ဒီနာရီဟောင်းကြီးကိုအစွံထုတ်နည်းကတော့အတော်ကောင်းမှော်ပညာတွေဘာတွေနဲ့တောင်ဇာတ်လမ်းဆင်လိုက်သေးတယ်
ဖေဖေကမေမေ့စကားကြောင့်အပျော်မပျက်သွားသည့်အပြင်
မိန်းမရယ်၊မင်းမသိပါဘူး၊ဒါတွေမဖြစ်နိုင်ဘူးလို့ပြောနိုင်လား
တာရာကဝင်ပြီး
သမီးကတော့အမှန်တွေဖြစ်မှာပဲလို့ထင်တယ်
ကိုစိန်မောင်၊ကလေးတွေကိုမဟုတ်ကဟုတ်ကတွေလျှောက်မပြောနဲ့လို့ဆို၊ကလေးတွေစိတ်ထဲမှာပေါက်ကရတွေကိုတကယ်မှတ်ပြီးစိတ်စွဲနေလိမ့်မယ်
ရှင့်သားဖိုးကျော်ကနဂိုကတည်းကဗရုတ်သုတ်ခအလေနတောတွေလျှောက်လျှောက်ပြောတတ်ပါတယ်ဆိုမှ၊အဲဒါရှင်ဆီကအကျင့်ပါလာတာပဲနဲ့တူပါတယ်
သားဘာမှမဟုတ်တာမပြောဘူး၊အမြဲတမ်းအမှန်အတိုင်းပဲပြောတာ
ဘာဖြစ်လို့များမေမေကကျွန်တော့်ကိုဒီလိုပြောရတာလဲ
ဒီကိစ္စဟာကလေးတွေရဲ့စိတ်ကူးကိုထိခိုက်စေမယ်လို့ငါတော့မထင်ပါဘူးမိန်းမရာ၊စိတ်ကူးကွန့်မြူးတာကတစ်မျိုး၊လိမ်ညာလုပ်ကြံပြောတာကတမျိုး၊တခြားစီပါပဲ
ကျွန်တော်ကတော့ရင်ထဲမှကျိတ်ပြီးဒေါသထွက်နေမိသည်။မေမေကကျွန်တော့်အပေါ်လုံးဝမတရားပေ။စိတ်ပျက်စရာကောင်ဆုံးမှာတာရာ့မျက်နှာပေါ်မှအောင်နိုင်မှုကိုမြင်တွေ့ရခြင်းပင်။ကျွန်တော့ကိုလူဆိုးတစ်ယောက်အဖြစ်အထင်ခံရအောင်လုပ်ရေးသည်တာရာ၏သမိုင်းပေးတာဝန်ပင်ဖြစ်သည်။တာရာ့မျက်နျာပေါ်မှကျေနပ်နေသောအပြုံးကိုတစ်သက်လုံးစာဖျက်ပစ်လိုက်ချင်သည်။
နောက်ဆုံးမေမေက
ညနေစာစားဖို့အဆင်သင့်ပဲ
ဟုပြောပြီးနားမခန်းထဲမှထွက်သွား၏။ကြောင်ကလေးရွှေဝါကနောက်မှလိုက်သွြးလေသည်။
ဖိုးကျော်နဲ့တာရာ့ခြေလက်သွားဆေးကြဟာမေမေကထပ်အော်သွားသေးသည်။
မှတ်ထားကြ၊ဘယ်သူမှနာရီကိုမကိုင်ကြနဲ့
ဖေဖေကထပ်သတိပေးလိုက်သည်။
ဟုတ်
ညနေစာမှာမွှေးကြိုင်လှသည်။ခြေလက်ဆေးရန်ရေချိုးခန်းထဲသို့ကျွန်တော်ဝင်လိုက်သည်။တာရာ့ရှေ့ကအဖြတ်တွင်တာရာသြည်ကျွန်တော့ခြေထောက်ကိုရုတ်တရက်တက်နင်းသည်။
အား
သိပ်မဆူနဲ့
ဖေဖေကလှမ်းအော်သည်။တာရာကကျွန်တော့်ခြေထောက်ကိုတက်နင်းလို့
ဘာမှမနာပဲနဲံ၊တာရာကသားကိုယ်ထက်သေးသေးးလေးပဲဟာ
ကျွန်တော်ထပ်ပြီးဘာမှမပြောတော့။ခြေထောက်ကတော့တဆစဆစ်နာနေပြီ။ရေချိူးခန်းထဲသို့ခန်ဆွခုန်ဆွဖြင့်သွားလိုက်သည်။တာရာကနောက်ကလိုက်လာရင်း
ကလေးကျနေတာပဲ
နင့်ပါစပ်ပိတ်ထားစမ်း
တစ်လောကလုံးတွင်အဆိုးဆုံးညီမမျိုးကိုဘာလို့များရထားပါလိမ့်။ညစာမှာပန်းမုန်းလာကြော်နှင့်ခရမ်းချဉ်သီးသုပ်ဖြစ်သည်။မေမေကအသားမစား၊အဆီလည်းလျှော့စားသူဖြစ်သည်။ကျွန်တော့်အတွက်တော့ပြဿနာမရှိချေ။ပဲသီးစွပ်ပြုတ်ထက်စာလျှင်ပန်းမုန်လာကြော်ကတော်ပါသေးသည်။ဖေဖေက
အသားစားတာလည်းနည်းနည်းပါးပါးဆိုလူကိုမထိခိုက်ပါဘူးကါာ
လုံးဝပဲ
မေမေကဘာမှထပ်မပြောတောချေ။ကျွန်တော်တို့အားလုံးသည်အသားလျှော့စားဖို့၊အဆီလျှော့စားဖို့နှင့်ဓာတုပစစ္စည်းပါသောအစားအစာများရှောင်ကြည်ဖို့ဆိုသည့်မေမေ့သြဝါဒကိုကြာဖူးပြီးသားဖြစ်သည်။ဖေဖေကပန်းပွင့်ကြော်ကိုတစ်ဇွန်းခပ်ယူကာထမင်းပေါ်တွင်ပုံလိုက်ရင်း
စာဖတ်ခန်းကိုခဏပိတ်ထားရင်ကောင်းမယ်၊ဒီနှစ်ကောင်ဝင်ဆော့ပြီးနာရီကြီးကျိုးပဲံသွားမှာငါကြောက်လွန်းလို့
ဟာဖေဖေကလဲ၊သားအိမ်စာတွေစာဖတ်ခန်းမှာလုပ်မှဖြစ်မှာ၊ကွန်ပျူတာသုံးဖို့လိုတယ်။
သားအခန်းထဲကိုကွန်ပျူတာသယ်လို့မရဘူးလား
ဖေဖေကတစ်ချက်လှမ်းးကြည့်ပြီးမေးလိုက်သည်။
ဗျာကွန်ပျူတာတစ်ခုလုံးကို….
ဖေဖေကသက်ပြင်းချလိုက်သည်။အေးပါကွာ၊သယ်ဖို့မလွယ်ပါဘူး၊ဒီတညတော့သားကိုစာဖတ်ခန်းထဲဝင်ခွင့်ပေးမယ်
သမီးလည်းကွန်ပျူတာသုံးဖို့လိုတယ်
တာရာကဝင်ပြောသည်၊ကျွန်တော်က….
နင်လျှောက်မပြောနဲ့
တကယ်တော့တာရာသည်စာဖတ်ခန်းထဲတွင်ယောင်လည်လည်လုပ်ရင်းကျွန်တော့်ကိုဒုက္ခပေးဖို့အကွက်ရှာလိုခြင်းသာဖြစ်သည်။ကျွန်တော်က
အာပလာတွေ၊နင်တို့ငါးတန်းမှာကွန်ပျူတာကိုင်ဖို့မသင်ရပါဘူး၊ခုနှစ်တန်းရောက်တဲ့အထိတောင်သင်ရသေးတာမဟုတ်ဘူး
နင်သိလည်းမသိပဲနဲ့၊တီချယ်ဒေါ်သီတာလင်းကငါတို့ကြီးလာရင်ကွန်ပျူတာကျွမ်းကျင်အောင်ခုကတည်းကသင်နေတာ၊နင့်ထက်တောင်ငါကပိုတော်ရင်တော်နေဦးမှာ
ကဲဖိုးကျော်၊ညီးမလေးနဲ့ရန်ဖြစ်မနေစမ်းနဲံ၊မေမေကဝင်ပြောလိုက်သည်။
ကျွန်တော်သက်ပြင်းချရင်းအရွက်ကြော်များကိုပါးစပ်ထဲပလုပ်ပလောင်းထည့်စားနေလိုက်သည်။တာရာကလျှာထုပ်ပြနေသေးသည်။ဤနေရာတွင်မည်သည့်စကားမျှထပ်ပြော၍ရမည်မဟုတ်ပေ။ဘာပဲပြောပြောကျွန်တော်အတွက်တော့ပြဿနာတစ်ခုကိုမီးမထွန်းပဲရှာတွေ့မည်သာဖြစ်သည်။ညစာစားြပြီးနောက်ကျွန်တော်လည်းကျောပိုးအိတ်ကိုတရွတ်ဆွဲ၍စာဖတ်ခန်းထဲဝင်လာခဲ့သည်။တာရာ့ကမနှောင့်ယှက်နိုင်မီအိမ်စာတွေပြီးအောင်လုပ်နိုင်ပေလိမ့်မည်။ဖေဖေ့စာကြည့်စားပေါ်သို့ကျွန်တော့်စာအုပ်များကိုပစ်တင်လိုက်သည်။နာရီကြီးကကျွန်တော်မျက်စီထဲဝင်လာပြန်သည်။လှလည်းမလှ။တကယ့်ကိုပုံဆိုးပန်းဆိုးကြီး။သို့သော်နာရီကြီး၏ကနုတ်ပန်းနွယ်များ၊ခလုတ်များကိုကြည့်ရသည်မှာကြည့်ကောင်းသည်။အမှန်တကယ်မှော်နာရီကြီးဟုထင်လောက်စရာပင်။
ဖေဖေပြောသည့်နာရီကြီး၏ချိ့ယွင့်ချက်သည်ကျွန်တော့်အတွေးထဲရောက်လာပြန်သည်။
အဲဒါဘာဖြစ်နိုင်မလဲ။ကျွန်တေ်ာသိချင်လိုက်တာ။တခုခုနှင့်ခိုက်မိထားသောခြစ်ရာပွန်းရာလား
စက်သွားတစ်ခုတလေမှာခွေးသွားစိတ်လေးတစ်ခုပျေက်နေတာလား၊သုတ်ထားတဲ့ဆေးတချို့ကွာကျနေတာများလား
ကျွန်တော်စာဖတ်ခန်းတံခါးဝသို့တစ်ချက်လှည့်ကြည့်လိုက်၊ပြန်လာလိုက်လုပ်နေသည်။ကျွန်တေ်ာနှင့်အတူကစားနေကျဖြစ်သည်။ဖေဖေနှင့်မေမေကတော့မီးဖိုချောင်ထဲမှပဲရှိနေသေးသည်။ညစာစားပြီးထားသောစာပွဲကိုရှင်းလင်းနေကြဆဲဖြစ်သည်။
နာရီကြီးကိုနည်းနည်းပါးပါးကြည့်ရုံလောက်နှင့်တော့ဘာမှမဖြစ်လောက်ပါဘူးဟုတွေးလိုက်မိသည်။ခလုတ်တစ်ခုကိုမျှမထိအောင်သတိထားရင်းသက္ကရာဇ်ပြဒိုင်ခွက်လေးကိုငေးကြည့်နေမိသည်။နာရီကြီး၏ဘေးဘက်တွင်ဘောင်ကွပ်ထားသောငွေမင်ရောင်လိုင်းများကိုလက်ချောင်းများဖြင့်ပွတ်သပ်ကြည့်လိုက်မိသည်။နာရီဒိုင်ခွက်ကြီး၏အထက်နားလေးဆီမှတံခါးဝှက်လေးကိုတစ်ချက်မော့ကြည့်လိုက်သည်။သတ္တဝါလိုလိုငှက်ကောင်သည်ဤတံခါးနောက်တွင်ရှိနေပေသည်။ခုန်ထွက်ရမည်အချိန်ကိုစောင့်ဆိုင်းရင်းဆိုပါတော့်လေ။ဤငှက်ရုပ်ကြောင့်နောက်တစ်ကြိမ်မကြောက်လန့်ချင်တော့ပါ။နာရီကြည့်လိုက်ရာညရှစ်နာရီထိုးဖို့ငါးမိနစ်သာလိုတော့သည်။နာရီဒိုင်ခွက်အကြိး၏အောက်တွင်နောက်ထပ်တံခါးတစ်ခုကိုတွေ့ရလေသည်။တံခါးမှာအနည်းငယ်ပို၍ကြီးသည်။ကျွန်တော်ကရွှေရောင်တံခါးလက်ကိုင်ဘုကိုကိုင်ကြည့်လိုက်သည်။
ဒီတံခါးနောက်မှာဘာများရှိနေမလဲ
သိချင်စိတ်ကပြင်းပြလာသည်။နာရိ၏စက်သွားဂီယာများလား၊ဒါမှမဟုတ်တချက်ချက်လွှဲနေမည့်ချိန်သီးများဖြစ်နေမလား။ကျွန်တော်သည်ပခုံးပေါ်မျကျော်၍တစ်ချက်လည်ပြန်ကြည့်လိုက်သည်။ကျွန်တော့်ကိုမည်သူမျှကြည့်မနေ။ဒီတံခါးကိုခပ်မြန်မြန်တစ်ချက်လောက်ဖွင့်ကြည့်ရုံနဲ့တော့ဘာမှမဖြစ်ဘူးပါရဲ့။ရွှေရောင်လက်ကိုင်ဘုကိုခပ်ဆတ်ဆတ်ဆွဲဖွင့်ကြည့်လိုက်သည်။တံခါးကကျပ်နေသည်။အားနည်းနည်းပိုစိုက်၍ထပ်ဆွဲကြည့်သည်။
တံခါးသည်ရုတ်တရက်ပွင့်ထွက်သွား၏ကျွန်တော်ငယ်သံပါအောင်အော်လိုက်မိသည်။အား
မကောင်းဆိုးဝါးကောင်းသည်နာရီထဲမှခုန်ထွက်ကာကျွန်တော့်လည်းပင်းဆီသို့လက်ချောင်းရှည်ရှည်များကိုဆန့်တန်းလျက်
ကယ်ကြပါဦးကယ်ကြပါဦး

 

အခန်း(၃)
မေမေ၊ဖေဖေကယ်ပါဦး
ကျွန်တော်ငယ်သံပါအောင်အော်ဟစ်နေမိသည်။မကောင်းဆိုးဝါးကောင်၏လက်သည်းရှည်ရှည်များကကျွန်တော်ကိုယ်ပေါ်တွင်မိုးလျက်၊ကျွန်တော်မျက်နှာကိုလက်များဖြင့်ကွယ်ထားလိုက်ပြီးပြန်ရိုက်ချနိုင်ဖို့ကြိုးစားမိသည်။
ဂီးယား ဂီးယား ဂီး ဂီး
မကောင်းဆိုးဝါးကောင်ကတခစ်ခစ်ရယ်လိုက်သည်။ထို့နောက်သူ့လက်သည်းရှည်များဖြင့်ကျွန်တော့်ကိုကလိထိုးနေလေတော့သည်။ကျွန်တော့်မျက်လုံးများဖွင့်ကြည့်လိုက်သည်။တာရာ….
ရာဘာမျက်နှာဖုံးစွပ်ပြီးစောင်ကြီးကိုခေါင်းမြီးခြုံထားသောတာရာ။တာရာသည်ကြမ်းပြင်ပေါ်တွင်လူးလိမ့်၍တခစ်ခစ်ရယ်နေလေသည်။နင်ကောတ်တော်ကြောက်တတ်တာပဲ၊ဟားဟားဟား၊ငါနာရီထဲကဝုန်းဆိုခုန်ထွက်လိုက်တုန်းကနင်ဖြစ်ပျက်နေတဲ့မျက်နှာကိုနင့်ဟာနင်ပြနမြင်စေချင်လိုက်တာ၊ဟားဟားဟား
ဒါရယ်စရာမဟုတ်ဘူး၊ဒါ…ဒါ…
ကျွီ…
ကူးကူ၊ကူးကူ၊ကူးကူ
ငှက်ရုပ်သည်နာရီထဲမှထွက်၍တကူးကူဟုကူနေပါတော့သည်။ကျွန်တော့ကိုထပ်ပြီးချောက်ချားစေပြန်လေပြီ။တာရာသည်လက်တွေကိုဖမ်းချုပ်တော့မည်ဟန်လုပ်ရင်းတဟားဟားနှင့်အော်ရယ်နေဆဲဖြစ်သည်။ဘာတွေဖြစ်နေကြတာလဲ
ဖေဖေကတံခါးဝတွင်ရပ်ရင်းဒေါသတကြီးမေးလိုက်သည်။တစ်ဆက်တည်းလိုလိုပွင့်နေသောနာရီအိမ်မှတံခါးကိုလက်ညှိုးထိုး၍….
ဒီတံခါးကဘာလို့ပွင့်နေရတာလဲဖိုးကျော်၊နာရီနဲ့ဝေးဝေးနေပါလို့ပြောထားရက်နဲ့
ကျွန်တော်ဖြေရှင်းဖို့စကားစရုံရှိသေးသည်။တာရာက….
ကိုကြီးကနာရီထဲငှက်ကိုဖမ်းမလို့လုပ်နေတာ
ငါထင်သားပဲဟုဖေဖေကပြောလိုက်သည်။
ဖေဖေ၊မဟုတ်ဘူး၊တာရာ….လုပ်
တော်တော့၊မင်းမဟုတ်တာလုပ်ပြီးတိုင်းတာရာ့ကိုလွဲမချနဲံ၊ငါမကြားချင်ဘူး၊မင်းအမေပြောတာဟုတ်တယ်၊ငါကမင်းကိုမျက်နှာသာပေးလွန်းတော့မင်းကရွှေရေးပန်းကန်တက်ချင်တယ်ပေါ့လေ
ဖေဖေတို့လုံးဝမတရားဘူး၊ကျွန်တော်စိတ်ကူးယဉ်တာလည်းမဟုတ်ဘူး၊ညာနေတာလည်းမဟုတ်ဘူး
ဖေဖေသူညာနေတာ
တာရာကထပ်ပြောလေသည်။
သမီးဒီအခန်းထဲဝင်လာတော့ကိုကြီးဖိုးကျော်ကနာရီကိုဆော့နေတာ၊သမီးကသူ့ကိုတားမလို့
ဖေဖေကခေါင်းတစ်ချက်ညျိတ်ပြီးသူ၏အဖိုးတန်သမီးလေးပြောသမျှကိုယုံကြည်နေလေတော့သည်။ကျွန်တော့်အနေနဲ့ဘာမှလုပ်စရာမရှိတော့ပါ။ကျွန်တော့်အိပ်ခန်းသို့သာဒေါသတကြီးထွက်လာခဲ့သည်။ထို့နောက်အခန်းတံခါးကိုဒုန်းခနဲမြည်အောင်ပိတ်ပစ်လိုက်သည်။တာရာသည်ကျွန်တော့်အတွက်အကြီးမားဆုံးဒုက္ခပဲဖြစ်သည်။တာရာသည်ဘယ်သောအခါမျှဆူပူမာန်မဲမခဲ့ရပေ။ကျွန်တော်မွေးနေ့ကိုပင်ဖျက်လိုဖျက်စီးလုပ်ခဲ့သေးသည်။
လွန်ခဲ့သောသုံးရက်ကကကျွန်တော်အသက်၁၅နှစ်ပြည့်ခဲ့သည်။လူတိုင်းကိုကိုယ့်မွေးနေ့ကိုကိုယ်တန်ဖိုးထားကြပေလိမ့်မည်။ကျွန်တော်လည်းပျော်ရွှင်စရာမွေးနေ့ကိုလိုချင်သည်ပဲပေါ့။ဒါအမှန်ပဲမဟုတ်ပါလား၊သို့သော်….ကျွန်တော့်အတွက်ပျော်ရွှင်စရာမဟုတ်ခဲ့ပါ။တာရာသည်ကျွန်တော်မွေးနေ့ကိုဘဝတွင်အဆိုးဆုံးနေ့တစ်နေ့အဖြစ်ဖန်တိးခဲ့သည်။
ပထမဆုံးအနေဖြင့်တာရာသည်လက်ဆောင်ပစ္စည်းများကိုဖျက်စီးသည်။ဖေဖေနှင့်မေမေသည်(ကျွန်တော့်အတွက်မွေးနေ့လက်ဆောင်ကိုတိတ်တဆိတ်ဝယ်ထားပြီးကျွန်တော်မသိအောင်ဝှက်ထားကာ)စိတ်လှုပ်ရှားနေပုံရသည်။မေမေသည်ဟိုသွားလိုက်ဒီသွားလိုက်နှင့်အလုပ်ရှုပ်နေလေသည်။
ကားဂိုဒေါင်ထဲမသွားနဲ့နော်သား၊ဘာပဲလုပ်လုပ်ဂိုဒေါင်ထဲတော့မသွားနဲ့
လက်ဆောင်ကိုဂိုဒေါင်ထဲတွင်ဝှက်ထားတာပဲဖြစ်မည်။ထို့ကြောင့်မေမေ့ကိုရစ်ချင်လာသည်။ဘာဖြစ်လို့လဲ၊ဘာလို့ဂိုဒေါင်ထဲမသွားရမှာလဲ၊သားအခန်းတံခါးသော့ပျက်နေတယ်၊
အဲဒါလက်သမားပစ္စည်းတွေသွားယူမလို့
သားဖေဖေကိုပြောလိုက်လေ၊သူ့ဘာသာသူပစ္စည်းတွေသယ်လာပြီးပြင်ပေးလိမ့်မယ်၊သားဂိုဒေါင်ထဲသွားစရာလိုဘူး၊အဲဘာဖြစ်လို့လဲဆိုတော့်အင်းအဲဒီထဲမှာအမှိုက်တွေပုံထားတယ်သားရဲ့၊တော်တော်အနံ့ဆိုးတာ၊နေမကောင်းဖြစ်မှာစိုရတယ်
အဲဒါဆိုလည်းသားမသွားတော့ပါဘူးထိုသို့ဖြင့်ပျက်နေသောအခန်းတံခါးကိုပြင်ဖို့ဘာမှမလုပ်ဖြစ်ပေ။သူတို့၏အံ့အားတသင့်ဖြစ်စေချင်သောဆန္ဒကိုမဖျက်ဆီးချင်တော့ပါ။နေ့လယ်ခင်းတွင်ကျွန်တော့်မွေးနေ့ပွဲမှာဧည့်သည်များနှင့်စည်းကားလာသည်။ကျောင်းမှသူငယ်ချင်းများလည်းရောက်လာကြပြီ။မေမေကမွေးနေ့ကိတ်တစ်လုံးလုပ်ထားပေးပြီးမုန့်တွေကလည်းအများကြီး။ဖေဖေကတော့ဟိုပြေးဒီလွှားနှင့်ထိုင်ခုံတွေနေရာချလိုက်၊ပန်းစက္ကူတွေကပ်လိုက်လုပ်နေသည်။ဖေဖေ၊သားအိပ်ခန်းတံခါးသော့ပြင်ပေးမှာလား
ကျွန်တော်ကလွတ်လွတ်လပ်လပ်နေချင်သည်။အခန်းတံခါးသော့ရှိမှဖြစ်သည်။တံခါးသော့ကိုလည်းတာရာဖျက်ပစ်ခြင်းဖြစ်သည်။တာရာသည်တံခါးကိုတဒုန်းဒုန်းနှင့်ထုလိုက်ရိုက်လိုက်လုပ်သောကြောင့်ဖြစ်သည်။
အေးပါကွာ၊မွေးနေ့ရှင်အတွက်ပဲဘာမဆိုလုပ်ပေးရမှာပေါ့
ကျေးဇူးပါပဲဖေဖေ
ဖေဖေကလက်သမားသုံးပစ္စည်းသေတ္တာကိုသယ်၍အပေါ်ထပ်သို့တက်သွားသည်။ထို့နောက်အခန်းတံခါးကိုပြင်ပေးလေသည်။တာရာကမီးဖိုချောင်နားတွင်ရစ်သီရစ်သီလုပ်နေ၏။ဖေဖေ့အလစ်တွင်ပန်းစက္ကူများကိုဆွဲခွာချသည်။ထို့နောက်ကြမ်းပြင်ပေါ်သို့ပစ်ချထားသည်။ဖေဖေကတံခါးသော့ပြင်ပေးပြီးနောက်လက်သမားသုံးပစ္စည်းသေတ္တာကိုဂိုဒေါင်ထဲတွင်ပြန်ထား၍ထွက်သွားသည်။ထမင်းစားခန်းကိုဖေဖေဖြတ်သွားရင်းပြန်ကျဲနေသောပန်းစက္ကူအစအနများကိုသတိထားမိသွား၏။
ဒါတွေကဘယ်လိုဖြစ်နေတာလဲ
ဖေဖေကပွစိပွစိပြောရင်းတိပ်နဲ့ပြန်ကပ်ပေးသွားသည်။ခဏကြာတော့တာရာကထပ်လုပ်ထားပြန်သည်။တာရာ၊နင်လုပ်နေတာတွေငါသိတယ်၊ငါ့မွေးနေ့ကိုနင့်ဖျက်ဆီးနေတာရပ်စမ်း
ငါဖျက်ဆီးနေတာမဟုတ်ဘူး၊ဒီစက္ကူတွေကလှမှမလှတာ၊ပြီးတော့မွေးနေ့ဆိုတာနင့်ကိုမွေးခဲ့တဲ့နေ့တစ်နေ့ဆိုတာပဲ၊ဘာမှမဟုတ်ဘူး
ထိုနောက်တာရာသည်ကြောက်ချင်ယောင်ဆောင်ပြနေလေသည်။တာရာ့ကိုဥပေက္ခာပြုလိုက်သည်။ယနေ့သည်ကျွန်တော့်မွေးနေ့။ကျွန်တော့်ပျော်ရွှင်မှုကိုမည်သူမျှမတားနိုင်။
တာရာအပါအဝင်ဆိုပါတော့။အမှန်တော့ကျွန်တော့်အထင်တွေမျှသာဖြစ်သည်။မွေးနေ့ပါတီမစတင်မီနာရီဝက်ခန့်အလိုတွင်ဖေဖေနှင့်မေမေကကျွန်တော်ကိုဂိုဒေါင်ထဲခေါ်သွား၏။ကျွန်တော်ကမေမေ့၏ရိုးစင်းလွန်းသောပုံပြင်ကိုယုံကြည်နေဟန်နှင့်
မေမေက၊အမှိုက်ပုံကြီးကအနံ့အတော်ဆိုးမှာပဲ
သြော်မေမေကသားကိုအလကားစနေတာပါကွယ်
တကယ်လားမေမေ၊ဒါပေမဲ့သားကတကယ်ထင်နေတာ
အဲဒါမျိုးတောင်ယုံတယ်ဆိုတော့ကိုကြီးဖိုးကျော်ကတကယ့်ငတုံးပဲတာရာကဝင်ပြောသည်။
ဖေဖေကဂိုဒေါင်တံခါးကိုဖွင့်ပေးလိုက်၏။ကျွန်တော်ကလည်းတစ်လှမ်းချင်းဝင်သွားလိုက်သည်။၂၁စက်ဘီးအမျိုးအစားအသစ်စက်စက်ပြိုင်ဘီးလေး။ကျွန်တော်လိုချင်နေတာကြာလှပြီ။တွေ့ဖူူးသမျှတွင်အကောင်းဆုံး၊အမိုက်ဆုံးစက်ဘီးပင်။
သားကြိုက်ရဲ့လား
သိပ်ကြိုတာပေါ့၊တကယ်အပျံ့စားပဲ၊ဖေဖေနဲ့မေမေ့ကိုကျေးဇူးအများကြီးတင်ပါတယ်
ကျွန်တော်ကားပျော်မြူးလွန်၍အော်ဟစ်နေမိသည်။တကယ်မိုက်တယ်နော်၊သမီဒမွေးနေ့ကျရင်လည်းဒါမျိုးဝယ်ပေးနော်မေမေ
ဟုတာရာကပူဆာနေလေသည်။ထိုနောက်တာရာသည်စက်ဘီးပေါ်လွှားခနဲခိုပြီးတက်လိုက်၏။ကျွန်တော်တားချိန်မ၇လိုက်။တာရာအခုဆင်းစမ်းလို့ပြောနေတယ်နော်
တာရာကားနားမထောင်၊ခြေနင်းတွေကိုနင်းနိုင်ဖို့သာအားထုတ်နေလေသည်။သို့သော်ခြေထောက်တိုတိုသေးသေးလေးတွေနျင့်မမီမကမ်းဖြစ်နေလေရာစက်ဘီးကဝုန်းခနဲလဲကျသွား၏။တာရာ၊သမီး
မေမေကအော်ပြီးပြေးသွားသည်။နာသွားပြိလားသမီး
တာရာကမက်တပ်ရပ်လိုက်ပြိးကိုယ်ပေါ်တါင်ပေနေသောဖုန်မှုန့်များကိုခါနေလေသည်။
ဘာမှမဖြစ်ဘူးမေမေ၊ဒူးမှာပဲနည်းနည်းပွန်းသွားတာ
ကျွန်တော်ကတော့စက်ဘီးအသစ်ကလေးကိုနှမြောကြေကွဲစွာကြည့်နေမိသည်။
စက်ဘီးမှာစောစောကလိုနက်မှောင်တောက်ပမနေတော့ပေ။စက်ဘီးကိုယ်ထည်တွင်အဖြုရောင်ပွန်းပဲ့ခြစ်ရာအစင်းကြီးကထင်းနေသည်။တကယ်ပဲပျက်စီးသွားပေပြီ။
တာရာနင်ငါ့စက်ဘီးကိုဖျက်ပစ်တယ်
ဒီလောက်ဒေါသထွက်မနေနဲ့ဖိုးကျော်၊အစင်းရာနည်းနည်းပဲဖြစ်သွားတဲ့ဥစ္စာ
ဖေဖေကကျွန်တော့်ကိုပင်ပြန်ဆူနေ၏။မေမေကလည်း
ညီမလေးကိုတော့ဂရုမစိုက်ဘူးညီမလေးကနာသွားတဲ့ဟာကို
သူ့ဘာသာသူဖြစ်တာပဲ၊တကယ်ဆိုဦးဦးဖျားဖျားသူတက်စီးစရာလား၊ခုလိုဖြစ်တာနည်းတောင်နည်းသေးတယ်
ဖိုးကျော်၊သားဟာအစ်ကိုတစ်ယောက်ဖြစ်ဖို့အများကြီးလိုသေးတယ်
ဤသို့ဖြင့်ကျွန်တော်မှာမအူမလည်နှင့်အပြစ်ဖြစ်ရပြန်သည်။
ကဲကဲအိမ်ထဲဝင်ကြစို့၊ခဏနေရင်သားသူငယ်ချင်းတွေရောက်လာတော့မှာ
မွေးနေ့ပါတီ။
မွေးနေ့ပါတီသည်ကျွန်တော့်ကိုအနည်းငယ်စိတ်ပြေလက်ပျောက်ရှိစေနိုင်ပေမည်။ဘာပဲဖြစ်ဖြစ်မွေးနေ့ကိတ်မုန့်တစ်လုံးလက်ဆောင်ပစ္စည်းများနှင့်သူငယ်ချင်းများ။ဘာမှစိတ်ပျက်စရာမရှိ။ချွတ်ချော်စရာမရှိ။အစပိုင်းတွင်အားလုံးအဆင်ပြေလှသည်။ကျွန်တော့်သူငယ်ချင်းများတစ်ယောက်ပြီးတစ်ယောက်ရောက်လာကြပြီးလက်ဆောင်ကိုယ်စီလည်းယူဆောင်လာကြသည်။ကိုဖြိုး၊မင်းသူ၊ဇော်ဇော်၊နေလင်းနှင့်သက်ဦးဆိုသည့်ယောကျာ်းလေးသူငယ်ချင်း၅ယောက်၊စီစီ၊မျိုးနှင့်ရတာနာဆိုသည့်မိန်ကလေးသူငယ်ချင်း၃ယောက်ကိုဖိတ်ထားလေသည်။
စီစီနှင့်မျိုးကိုမူစိတ်ဝင်တစားမရှိလှ။ကျွန်တော်သဘောကျနေသည်ကရတနာဖြစ်သည်။သူမ၏အညိုရောင်ဆံပင်ရှည်များနှင့်နှာခေါင်းချွန်ချွန်လေးမှာချစ်စရာကောင်းလှသည်။သူမသည်အရပ်လည်းမြင့်သည်။ဘတ်စ်ကက်ဘောကစားရာတွင်လည်းလူသီများထင်ရှားသည်။ထိုပြင်သူမတွင်သဘောကျစရာအခြားအချက်များလည်းရျှိသေး၏။စီစီနှင့်မျိုးသည်ရတနာအချစ်ဆုံးသူငယ်ချင်းများဖြစ်သည်။ရတနာ့ကိုမွေးနေ့ပွဲသို့ဖိတ်ချင်သောကြောင့်ထိုနှစ်ယောက်ကိုပါဖိတ်ရသည်။သူမတို့သုံးယောက်သည်မည်သည့်နေရာသို့သွားသွားတပူးတွဲတွဲပင်။
ထုံးစံအတိုင်းထိုသုံးယောက်သည်တစ်ပြိုင်တည်းရောက်လာကြသည်။ရတနာသည်ဘလောက်စ်အင်္ကျိအဖြူရောင်လေးပေါ်တွင်ပန်းရောငကုတ်အပါးလေးထပ်ဝတ်ထား၏ကြည့်ရသည်မှာပြေပြစ်လှပလေသည်။ကျန်နှစ်ယောက်၏အပြင်အဆင်ကိုမူကျွန်တော်သတိမထားမိပေ။ဟက်ပီးဘတ်ဒေး
သုံးယောက်သားတံခါးဝမှလှမ်းအော်၍ဝင်လာသည်။ကျေးဇူးအများးကြီးတင်ပါတယ်
ထို့နောက်ကျွန်တော့လက်ထဲသို့လက်ဆောင်ပစ္စည်းများကိုတစ်ယောက်ပြီးတစ်ယောက်လာတည့်ပေးသွားသည်။ရတနာပေးသောလက်ဆောင်မှာခပ်ပြာပြာသေးသေးလေးဖြစ်ပြိးငွေရောင်စက္ကူဖြင့်ထုပ်ထား၏။သီချင်းစီဒီတစ်ချပ်ဖြစ်မည်ဟုကျွန်တော်မှန်းဆကြည့်မိသည်။သို့သော်မည်သည့်သီချင်းမျိုးတွေပါမည်ကိုတော့မသိနိုင်ပါ။
ရတနာ့လိုမိန်းကလေးမျိုးအနေဖြင့်ယောကျာ်းလေးတစ်ယောက်အကြိုက်ကိုခန့်မှန်းနိုင်ပါ့မလား။လက်ဆောင်များကိုဧည့်ခန်းထဲတွင်ပုံထားလိုက်၏။ကိုဖြိုးက
ဟေ့ဖိုးကျော်၊မင်းဖားသားကြီးနဲ့မားသားကြီးကဘာပေးလဲစက်ဘီးတစ်စီးပါကွာ၊၂၁ပြိုင်ဘီးလေး
ကျွန်တော်ကကြွားဝါးအူမြူစိတ်ကိုအတင်းမျိုးချလျက်ခပ်အေးအေးလေသံဖြင့်ပြောရင်းစီဒီတစ်ချပ်ကိုထည့်ဖွင့်လိုက်သည်။မေမေနှင့်တာရာသည်အသားညျပ်ပေါင်မုန့်များကိုဗန်းတွင်ထည့်၍သယ်လာကြသည်။မေမေမီးဖိုချောင်ထဲသို့ပြန်ဝင်သွား၏တာရာကဧည့်ခန်းတွင်နေခဲ့သည်။ရတနာက
ညီမလေးချစ်စရာလေးနော်
သူ့အကြောင်းမသိသေးလို့ပါဟုကျွန်တော်ကပြန်ပြောလိုက်သည်။
နင်ကလည်းအဲလိုမပြောပါနဲ့
သူသာကြောက်စရာကောင်းတာဟုတာရာကထအော်ရင်း
ကိုကြီးကပဲတာရာ့ကိုအမြဲအော်ငေါက်ချင်နေတာ
သွားပါဘူး
ပြောရင်းလျှာတစ်လစ်နှင့်ပြောင်ပြနေလေသည်။သူ့ကိုနေခိုင်းလိုက်ပါဖိုးကျော်ရာ၊သူကဘယ်သူ့ကိုမှဒုက္ခမပေးပါဘူး
မေမေရတာနာ၊ကိုကြီးဖိုးကျော်ကလေမမကိုကြိတ်ကြွေနေတာသိလားဟုတာရာကတိုးတိုးလေးနှင့်ပွစိပွစိပြောနေ၏။ရတနာ့မျက်လုံးများကဝိုင်းစက်ပြူးကျယ်သါားပြီး
သူက
ကျွန်တော်မျက်နှာတစ်ခုလုံးထူပူနေပြီ။တာရာ့ကိုဒေါသတကြီးကြည့်လိုက်၏။ကျွန်တော်သည်တာရာ့ကိုဤနေရာတွင်ပင်လည်ပင်းညှစ်သတ်ချင်စိတ်ပေါ်လာသည်။သို့သော်ကျွန်တော်လုပ်၍မဖြစ်၊မျက်မြင်သက်သေတွေကအများကြီး။
ရတနာကတော့တခစ်ခစ်ရယ်နေလေသည်။စီစီနှင့်မျိုးကလည်းအတောမသတ်အောင်ရယ်နေကြ၏။ကံကောင်းသည်မှာဟိုကောင်တွေတစ်ကောင်မျှမကြားလိုက်ခြင်းပင်။အားလုံးမှာစီဒီစက်နားတွင်ရှိနေကြပြီးတစ်ပုဒ်ပြီးတစ်ပုဒ်ရစ်၍နားထောင်နေကြသည်။ကျွန်တော့်မှာဘာပြောရမှန်းမသိ။တကယ်လည်းရတနာ့ကိုကျွန်တေ်ာကကြိုက်နေသည်။အကယ်၍ကျွန်တော်ငြင်းလိုက်ပါကသူမအနေနှင့်ခံပြင်းဒေါသထွက်နေပေလိမ့်မည်။ငြိမ်နေ၍လည်းမဖြစ်။ကျွန်တော်သည်သေချင်စိတ်ပင်ပေါက်လာသည်။ဤကြမ်းပြင်ထဲသို့စိမ့်ဝင်ပျောက်ကွယ်သွားချင်သည်။ရတနာက….
ဖိုးကျော်ရယ်၊နင့်တစ်မျက်နှာလုံးနီရဲနေတာပဲ
နေလင်းကကြားသွားပြီးကျွန်တော်ကိုလှမ်းမေး၏။
ကျော်ဇင်ဝင်း၊မင်းဘာဖြစ်နေတာလဲတချို့သူငယ်ချင်းတွေကကျွန်တော့်သူငယ်ချင်းတွေကကျွန်တော်နာမည်အရင်းကိုခေါ်ကြသည်။ကျွန်တော်ကဘာမှပြန်မဖြေတော့ပဲတာရာ့ကိုဖမ်းချုပ်ပြီးမီဖိုချောင်ထဲသို့တရွတ်ဆွဲခေါ်သွားလိုက်၏။ရတနာရယ်သံကကျွန်တော့်နားစည်တွင်ရိုက်ခတ်နေဆဲဖြစ်သည်။ကျွန်တော်ကတာရာ့ကိုဒေါသဖြစ်ဖြစ်ဖြင့်…..
ကျေးဇူးရှင်၊နင်ရတနာ့ကိုဘာလို့သွားပြောရတာလဲ
အဲဒါအမှန်ပဲမဟုတ်ဘူးလား
အေးဟုတ်တယ်၊မှန်လွန်းလို့နင့်ကိုငါအသေသတ်ပစ်လိုက်ချင်တယ်
ဖိုးကျော်၊တာရာ့ကိုအနိုင်ကျင့်နေပြန်ပြီလား
မေမေကကြားကဖြတ်၍အော်ပြန်သည်။ကျွန်တော်ဘာမှပြန်မပြောတော့ပဲဒေါသတကြီးနှင့်မီးဖိုချောင်ထဲမှထါက်ခဲ့သည်။သက်ဦးက….
မင်းစက်ဘီးအသစ်ကိုသွားကြည့်ရအောင်
ဒါကောင်းတယ်ဟုကျွန်တော်တွေးလိုက်သည်။ဒီမိန်းမတွေနှင့်ဝေးရာသွားလှပြီ။ကျွန်တော်ကသူတို့ကိုဂိုဒေါင်ထဲသို့ခေါ်သွားလိုက်သည်။အားလုံးကစက်ဘီးကိုငေးပြီးခေါင်းတညိတ်ညိတ်လူပ်နေကြသည်။အားကျနေပုံရသည်။ထို့နောက်ဇော်ဇော်ကစက်ဘီးလက်ကိုင်ကိုကိုင်ကြည့်ရင်း….
ဟေ့ကောင်၊ဒီအစင်းကြီးကွဘာလဲကွ
ဒါလား၊တာရာ….
ကျွန်တော်ဆက်မပြောချင်တော့။ခေါင်းကိုသာခါနေမိသည်။မင်းသူကတော့ခြစ်ရာကြီးပါနေတော့မင်းစက်ဘီးကသူများစီးပြီးသားအဟောင်းကြီးနဲ့တူနေတာပေါ့
လာပါကွာ၊ငါတို့အိမ်ထဲပြန်ဝင်ကြရအောင်၊လက်ဆောင်တွေဖွင့်ကြည့်မယ်လေ
ကျွန်တော်တို့ဧည့်ခန်းဆီသို့ထွက်လာကြသည်။လက်ဆောင်တွေအားလုံးကိုတော့တာရာဖျက်စီးနိုင်မည်မထင်။သို့သော်တာရာကားဆီလိုအပေါက်ရှာတတ်သူဖြစ်သည်။ကျွန်တော်တို့ဧည့်ခန်းထဲရောက်သော်ပွစာကျဲနေသောပစ္စည်းပုံ၏အလယ်တွင်တာရာ့ကိုတွေ့၇သည်။ရတနာသုံးယောက်ကားတာရာ့ပတ်လည်တွင်ဝိုင်း၍ထိုင်နေကြသည်။တာရာသည်လက်ဆောင်ပစ္စည်းအားလုံးကိုဖြေထားပြီးပြီ။ကျေးဇူးရှင်တာရာ
တာရာကနောက်ဆုံးလက်ဆောင်ကိုဖွင့်ဖို့မယူလိုက်သည်။ဟင်ရတနာရဲ့လက်ဆောင်။
ဒီမှာကြည့်၊မမရတနာကဘာလက်ဆောင်ပေးလဲလို့
တာရာကထအော်ရင်းမြှောက်ပြလိုက်၏။သီချင်းစီဒီတစ်ချပ်ဖြစ်သည်။သမီးနားထောင်ဖူးတယ်၊အဲဒီခွေထဲမှာနာမည်ကြီးအချစ်သီချင်းတွေပါတယ်
အားလုံးကတဟားဟားရယ်မောလိုက်သည်။သူတို့အားလုံးစိတ်ထဲတွင်တော့တာရာမှာပြဿနာကောင်ဖြစ်နေသည်။ထို့နောက်ထမင်းစာခန်းသို့ချီတက်လာကြသည်။မွေးနေ့ကိတ်ကိုလည်းကျွန်တော်ကိုယ်တိုင်သယ်၍ဝင်လာခဲ့သည်။ကျွန်တော်နောက်မှမေမေကဖယောင်းတိုင်များ၊ပန်ကန်ပြားများနှင့်မီးခြစ်ကိုသယ်လာသည်။
ကိတ်မုန့်သည်ကျွန်တော်အကြိုက်ချောကလက်အထပ်ထပ်နှင့်ဖြစ်သည်။
လက်ထဲတွင်ကိတ်မုန့်ကိုဟန်ချက်ညီအောင်ထိန်းရင်းမီးဖိုချောင်ထဲမှထမင်းစားခန်းသို့တစ်လှမ်းချင်းသို့တစ်လှမ်းချင်းလှမ်း၍ဝင်လာသည်။
နံရံတွင်ကပ်နေသောတာရာ့ကိုမမြင်။တံခါးပေါက်မှစောင့်၍ခြေထိုးခံလိုက်သောသူမခြေထောက်သေးသေးလေးများကိုလည်းမတွေ့ချေ။
ထောင်ချောက်မိချေပြီ။လက်ထဲမှကိတ်မုန့်မှာလွင့်ထွက်သွား၏။ကိတ်မုန့်ပေါ်သို့မျက်နှာမှောက်လျက်လဲကျသွားသည်။သူငယ်ချင်းများမှာအံ့အားသင့်လွန်း၍အသက်ပင်မရှုနိုင်ကြ၊အချို့ကမရယ်မိအောင်မနည်းထိန်းနေကြလေသည်။
ကျွန်တော်ထထိုင်လိုက်ပြီးမျက်နှာပေါ်မှအညိုရောင်ချောကလက်များကိုသုတ်ပစ်လိုက်သည်။ပထမဆုံးမြင်ရသည်မှာရတနာ့မျက်နှာဖြစ်သည်။သူမသည်တစ်ကိုယ်လုံးလှုပ်ရမ်းနေအောင်ရယ်နေလေသည်။မေမေကကျွန်တော့်ကိုငုံ့ကြည့်ပြီးဒေါသထွက်နေလေသည်။ကြည့်စမ်း၊ညစ်ပတ်လိုက်တာဖိုးကျော်ရယ်၊ကိုယ့်သွားမယ့်လမ်းကိုမကြည့်ဘူး
ဟင်း….
ရယ်သံများကြားနေရ၏၊ပျက်စီးသွားသောကိတ်မုန့်ကိုသာငေးကြည့်နေမိသည်။ယခုတော့မည်သည့်ဖယောင်းတိုင်မျှထွန်းဖို့မလိုတော့ပါ။
ကိစ္စမရှိ၊ဘာပဲဖြစ်ဖြစ်ကျွန်တော်ဆုတစ်ခုတောင်းဖြစ်အောင်တောင်းမည်။ကျွန်တော့်မွေးနေ့ကိုအစမှပြန်စရပါလို၏။ကျွန်တော်မတ်တပ်ရပ်လိုက်၏။ထို့နောက်ပျော့စိပျော့ပြဲနေသောကိတ်မုန့်ကိုပြန်ဖုံးလိုက်သည်။သူငယ်ချင်းတွေကလှောင်ပြောင်အော်ဟစ်နေကြဆဲဖြစ်သည်။နင်ဟာလေတကယ်မာစတာဘင်နဲ့တူတယ်။ဟုမျိုးကပြောပြီးအော်ရယ်နေပြန်သည်။လူတိုင်းသည်ပို၍ပင်ရယ်နေကြသေးသည်။
အားလုံးကျွန်တော့်မွေးနေ့တွင်ပျော်ရွှင်ခဲ့ကြရသည်။လူတိုင်းလူတိုင်းပါပဲ။ကျွန်တော်ကလွဲလို့ပေါ့။ဆိုးရွားလွန်းသောမွေးနေ့တစ်ခုပါ။တော်တော်ဆိုးရွားစွာပဲပြီးဆုံးသွားခဲ့သည်။သို့သော်ကျွန်တော့်မွေးနေ့ဖရိုဖရဲဖြစ်ရခြင်းသည်တာရာချောက်ချသမျှထဲတွင်အဆိုးဆုံးအဖြစ်မဟုတ်သေးပါ။မည်သူကများအဆိုးဆုံးလို့ယုံကြည်ပါမည်လဲ။
အခန်း(၄)
ကျွန်တော့်မွေးနေ့မတိုင်မီတစ်ပတ်ခန့်ကဖြစ်သည်။ရတနာ၊စီစီနှင့်မျိုးတို့ကျွန်တော်အိမ်ရောက်လာကြသည်။အားလုံးမှာကျောင်းကပွဲတွင်ပါဝင်ကြမည့်သူများဖြစ်သည်။ထို့ကြောင့်အိမ်တွင်အစမ်းလေ့ကျင့်ရန်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ကပွဲမှာဖားမင်းသားလေးအကြောင်းကကြရန်ဖြစ်သည်။ရတနာကမင်းသမီးလေး၊စီစီနှင့်မျိုးကအကျင့်ပုတ်သောညီအမအဖြစ်သရုပ်ဆောင်ကြမည်ဖြစ်၏။အလွန်မျန်ကန်သောရွေးချယ်မှုပဲဟုကျွန်တော်တွေးလိုက်မိသည်။ကျွန်တော်ကမင်းသမီးလေးမနမ်းရသေးသောဖားအဖြစ်ပါဝင်ရသည်။ထို့နောက်မင်းသားလေးအဖြစ်ပြောင်းလဲသွားမည်။ဆရာမကကျွန်တော့်ကိုမင်းသားနေရာမပေး။ကိုဖြိုးကထိုနေရာရသွား၏။ ဘာပဲဖြစ်ဖြစ်ဖားဇာတ်ကောင်နေရာသည်အကောင်းဆုံးဟုပင်ဆုံးဖြတ်ထားသည်။အဘယ်ကြောင့်ဆိုသော်ရတနာသည်ဖားကိုသာနမ်း၍မင်းသားကိုမနမ်းပါ။
သူတို့တွေအချိန်မရွေးရောက်လာပေမည်။တာရာကတော့ထုံးစံအတိုင်းနားနေခန်းထဲတွင်ကော်ဇော်ပေါ်ထိုင်၍ကြောင်ကလေးရွှေဝါကိုစိတ်ဆိုးအောင်နှိပ်စက်နေပေသည်။ရွှေဝါသည်လည်းကျွန်တော်လောက်နီးနီးပင်တာရာ့ကိုမုန်းတီးနေလိမ့်မည်။
တာရာကရွှေဝါနောက်ခြေထောက်နှစ်ချောင်းကိုမြှောက်ကာကင်းမြှီးကောက်ထောင်ခိုင်းနေပြန်သည်။ရွှေဝါသည်တကိုယ်လုံးတွန့်လိန်ပြီးအော်၍ထွက်ပြေး၏။သို့သော်တာရာက
ပြန်ဖမ်းပြီးနောက်တစ်ကြိမ်ကင်းမြှီးကောက်ထောင်ခိုင်းရန်ကြိုးစားနေပြန်သည်။
တာရာ၊တော်စမ်း
ဘာဖြစ်လို့လဲ၊
ဒီလောက်ပျော်စရာကောင်းတာ
နင်ရွှေဝါ့ကိုနှိပ်စက်နေတာပဲ
မဟုတ်ဘူး၊မဟုတ်ဘူး၊ဒီကောင်ကခုလိုဆော့ရတာကိုသဘောကျနေတာ၊ဒီမှာကြည့်၊မျက်နှာကပြုံးပြုံးကြီးနဲ့
ပြောပြောဆိုဆိုနှင့်တာရာသည်ကြောင်၏နောက်ခြေထောက်များကိုလှန်ချပြီးရှေ့လက်များအောက်မှလက်တစ်ဖက်လျှိုဝင်ကာချုပ်ထားလိုက်သည်။ကျန်လက်တဖက်ဖြင့်ရွှေဝါ့နှုတ်ခမ်းထောင့်စွန်းများကိုဆွဲမ၍မချိပြုံးပြုံးခိုင်းနေလေသည်။
ရွှေဝါကတာရာ့လက်ကိုကိုက်ဖို့ကြိုးစားသည်။မမိလိုက်။တာရာ၊ကြောင်ကိုလွှတ်လိုက်၊ဒီနေရာမှာမနေနဲ့၊ငါ့သူငယ်ချင်းတွေလာတော့မှာသွားတော့
သွားပါဘူး
တာရာသည်ရွှေဝါကိုရှေ့လက်များဖြင့်လမ်းလျှောက်ခိုင်းနေပြန်သည်။ကြောင်ကလဲလဲကျပြီးနှာခေါင်းနှင့်ကြမ်းပြင်ဆောင့်မိသွားသည်။
တာရာတော်တော့လို့ငါပြောနေတယ်လေ
ကျွန်တော်ကကြောင်ကိုဖျတ်ခနဲလုယူလိုက်၏။တာရာကလည်းလွှတ်ပေးလိုက်ရာရွှေဝါသည်တညောင်ညောင်အော်ရင်းကျွန်တော်လက်ကိုကုတ်လိုက်သည်။
အား

အောက်ရောက်သည်နှင့်ရွှေဝါသည်လွတ်ရာကျွတ်ရာပြေးတော့သည်။
ဖိုးကျော်၊ကြောင်ကိုဘာသွားလုပ်ပြန်ပြီလဲ
မေမေကတံခါးဝမှရပ်၍လှမ်းအော်သည်။ရွှေဝါကတော့ဧည့်ခန်းထဲသို့တိတ်တိတ်လေးထွက်သွား၏။ဘာမှမလုပ်ဘဲနဲ့တော့ကြောင်ကကုတ်မလား၊သူ့ကိုသွားစလို့ကုတ်တာပေါ့
မေမေကကျွန်တေ်ာကိုစိတ်ဆိုးသည်။
တာရာကတော့ပါးစပ်မှဟိုအော်ဒီအော်နှင့်အခန်းအပြင်သို့ထွက်သွားပေပြီ။ထိုစဉ်
အိမ်ရှေ့တံခါးမှလူခေါ်ခေါင်းလောင်းသံမြည်လာသည်။
သားသွားကြည့်လိုက်မယ်မေမေ
ရတနာတို့ဖြစ်မှာသေချာသည်။သူတို့ကိုဖားဝတ်စုံဖြင့်အံ့သြအောင်လုပ်ရမည်။သို့သော်ကျွန်တော်မှာဘာမှမပြင်ဆင်ရသေး။တံခါးသွားဖွင့်ပေးလိုက်ဦးတာရာ၊ပြီးတော့ရတနာတို့ကိုဧည့်ခန်းထဲမှာစောင့်နေလို့ပြောလိုက်၊ငါအခုလာခဲ့မယ်
အင်းပါ
တာရာသည်အိမ်ရှေ့သို့တစ်ဟုန်ထိုးပြေးသွား၏။ကျွန်တော်လည်းဖားဝတ်စုံဝတ်ရန်ကျွန်တော့်အခန်းဆီသို့အမြန်ဆုံးတက်လာခဲ့သည်။ဗီရိုထဲမှဝတ်စုံကိုထုတ်သည်။ထို့နောက်ဝတ်လက်စအင်္ကျိဘောင်းဘီကိုချွတ်သည်။ဝတ်စုံကိုကောက်ယူလိုက်ပြိးဇစ်ကိုဖွင့်ရန်ကြိုးစား၏။ဆွဲမရပဲကျပ်နေ၏။ကျွန်တော်သည်အတွင်းခံအဝတ်အစားများဖြင့်ရပ်လျက်ဇစ်ကိုဆောင့်ဆွဲလိုက်သည်။ထိုစဉ်ကျွန်တော်အိပ်ခန်းတံခါးမှာကလစ်ခနဲပွင့်သွား၏။
ကိုကြီးဖိုးကျော်ကဒီမှာလေမမရဲံ့
တာရာအသံကိုကြားလိုက်ရသည်။
ကိုကြီးကမမတို့ကိုအပေါ်ထပ်ခေါ်ခဲ့ပါဆိုလို့
သွားပြီ။ဒုက္ခ။အဲဒီအတိုင်းမဖြစ်ပါစေနဲ့ဟုဆုတောင်းလိုက်သည်။
တံခါးဝသို့လှမ်းကြည့်ဖို့မဝံ့မရဲ။တွေ့ရမည်မြင်ကွင်းကိုကျွန်တော်သိနေသည်။တံခါးမှာဟာလာဟင်းလင်းပွင့်နေ၏။ရတနာတို့မှာအတွင်းခံအဝတ်အစားသာပါသောကျွန်တော့်ကိုငေးကြည့်နေကြသည်။ကို့ယ့်ကိုယ်ကိုငုံ့ကြည့်လိုက်တော့ကျွန်တော်အဖြစ်ကထင်တာထက်တောင်ပိုဆိုးနေသေးသည်။သူတို့အားလုံးမတ်တပ်ရပ်ငေးရင်းတဟားဟားရယ်ကြတော့သည်။တာရာကအဆိုးဆုံး၊သူမရယ်နေပုံမှာပုပ်သိုးနေသောခွေးသေးသေးလေးနှင့်တူလေသည်။
ယခုအဖြစ်သည်အဆိုးဆုံးမဟုတ်သေး။ရှိသေးသည်။ဒိအဖြစ်ဆိုးမဖြစ်မီနှစ်ရက်အလိုကဖြစ်သည်။ကျောင်းဆင်းချိန်တွင်ဘောလုံးကန်ဖို့ကျွန်တော်စောင့်နေသည်။ကိုဖြိုး၊နေလင်းနှင့်တခြားသူငယ်ချင်းများအပြင်အောင်ကြီးလည်းပါ၏။
အောင်ကြီးကဘောလုံးကစားရာတွင်တော်လည်းတော်သည်။လူကလည်းထွားသည်။အကြမ်းလဲခံနိုင်သည်။သူ့အရပ်မှာကျွန်တော်အရပ်ထက်နှစ်ဆမျှပိုမြင့်၏။ဘောလုံးကစားခြင်ကိုလည်းအတော်ကြိုက်သည်။ကျွန်တော်တို့ဘောလုံးကန်နေစဉ်တာရာ့ကိုဘေးစည်းနားတွင်တွေ့လိုက်ရသည်။အင်္ကျီများနှင့်ကျောပိုးအိတ်များစုပုံထားရာဘက်တွင်ဖြစ်သည်။
ကျွန်တော့်စိတ်ထဲတွင်လေးလံနေ၏။အနီးတစ်ဝိုက်တွင်တာရာ့ကိုတွေ့လိုက်၇တိုင်းယခုကဲ့သို့ခံစားရမြဲဖြစ်သည်။တာရာဘာလာလုပ်တာလဲ။သူမ၏ဆရာမနှင့်လွဲသွား၍အိမ်ကိုလမ်းလျှောက်ပြန်ဖို့ကျွန်တော့်ကိုစောင်နေတာပဲဖြစ်မည်။တာရာကကျွန်တော့်ကိုစိတ်ရှုပ်အောင်လုပ်နေတာဟုလည်းတွေးမိသည်။ဒီလိုလုပ်ခွင့်မပေးနဲ့။
ဒီအစုပ်ပလုတ်ညီမအကြောင်းမစဉ်းစားနဲ့။
ကစားပွဲမှာပဲအာရုံစိုက်ထား။ကျွန်တော့်စိတ်ထဲတွင်ပေါ့ပါးသွား၏။ဘောလုံးပွဲပြိးသောအခါကျွန်တော်တို့ဘက်ကနိုင်သည်။အောင်ကြီးတစ်ယောက်တည်းကနှစ်ဂိုးသွင့်ယူခဲ့ခြင်းဖြစ်လေသည်။တစ်ဖွဲ့လုံးကျောပိုးအိတ်များစုပုံထားရာဘကသို့မြူးထူးစွာပြေးသွားကြ၏။တာရာကားမရှိတော့ပြီ။ကောင်းတယ်ဟုတွေးလိုက်မိသည်။
ကျွန်တော်မပါပဲတစ်ယောက်တည်းအိမ်ပြန်သွားတာပဲဖြစ်မည်။ကျွန်တော်ကကျောပိုးအိတ်ကိုပခုံးပေါ်သို့ကောက်လွယ်လိုက်ပြီး
ဟေ့ကောင်တွေ၊နောက်နေ့မှတွေ့ကြမယ်
ထိုစဉ်အောင်ကြီးအသံကဘောလုံးကွင်းတစ်ခုလုံးဟိန်းသွား၏။
ဘယ်သူမှမသွားနဲ့
ကျွန်တော်တို့အားလုံးကြောင်ပြီးရပ်သါားသည်။ငါ့ဦးထုပ်ဘယ်မှာလဲ။ငါ့ဦးထုပ်ပျောက်နေတယ်၊ကျွန်တော်ပခုံးတစ်ချက်တွန့်လိုက်သည်။
သူ့ဦးထုပ်မည်သည့်နေရာရောက်နေကျွန်တော်မသိပါ။ငါ့ဦးထုပ်ကိုတစ်ယောက်ယောက်ယူထားတာသေချာတယ်၊ရှာလို့မတွေ့မချင်းဘယ်သူမှမပြန်နဲ့
အောင်ကြီးကထပ်ပြောနေပြန်သည်။သူကဇော်ဇော့်ကျောပိုးအိတ်ကိုဖမ်းဆွဲလိုက်ပြီးရှာဖွေစစ်ဆေးနေလေတော့သည်။ထိုဦးထုပ်ကိုဇော်ဇော်အသည်းအသန်လိုချင်နေမှန်းအားလုံးသိကြသည်။ထိုစဉ်နေလင်းကကျွန်တေ်ာကိုလက်ညှိုးထိုး၍
ဟေ့ကောင်ကျော်ဇင်ဝင်း၊မင်းအိတ်ထဲကအနီရောင်လေးကဘာလဲဟုအော်မေးလိုက်သည်။ငါ့အိတ်
ကျွန်တော်မှာအူကြောင်ကြောင်နှင့်….ဘေးအိတ်ဇစ်ပွင့်ဟပြီးထွက်ကျနေသောအနီရောင်တစွန်းတစကိုတွေ့လိုက်ရသည်။ကျွနတော်အတော်ပင်တုန်လှုပ်နေပေပြီ။အောင်ကြီးကကျွန်တော့်ဆီခြေလှမ်းကျဲကြီးဖြင့်လျှောက်လာပြီးအိတ်ထဲမှဦးထုပ်ကိုဆွဲထုတ်လိုက်သည်။ကျွန်တော်ကအထစ်ထစ်အငေါ့ါငေ့ါဖြင့်….
ဒီထဲဘယ်လိုရောက်နေတာလဲဆိုတာငါမသိဘူး၊ငါကျိန်ရဲ….ရဲ
အောင်ကြိးသည်တောင်းပန်စကားကိုဆုံးအောင်မစောင့်။ဘယ်သောအခါမျှလည်းနားထောင့်လေ့မရှိပါ။ကြယ်ရောလရောစုံအောင်မြင်လိုက်ရ၏။အောင်ကြီးကကျွန်တော်ကိုတွန်းထုတ်လိုက်ချိန်တွင်အတော်လေးဖရိုဖရဲဖြစ်နေပေသည်။
ကိုဖြိုးနှင့်ဇော်ဇော်ကကျွန်တော်ကိုအိမ်အထိရောက်အောင်ပြန်ပို့ပေးကြသည်။အညိုအမည်းစွဲနေသည့်ကျွန်တော်မျက်လုံးများကိုမေမေသတိမထားမိ၍သာတော်သေးသည်။
ရေချိုးခန်းထဲတွင်ကိုယ်လက်သန့်စင်ရင်းတာရာ့အရိပ်ကိုမှန်ထဲတွင်ဖျတ်ခနဲမြင်လိုက်၏။သွားသုံးဆယ်နှစ်ချေင်းလုံးပေါ်အောင်ပြုံးပြနေသောတာရာ့မျက်နှာကြောင့်ကျွန်တော်က…နင်နင်အောင်ကြီးရဲ့ဦးထုပ်ကိုငါ့အိတ်ထဲထည့်ခဲ့တယ်မဟုတ်လား
တာရာကတော့ပြုံးဖြီးဖြီးလုပ်နေဆဲ။ဒင်းလက်ချက်သေချာပြီ။ဘာဖြစ်လို့လဲ၊ဘာလို့အဲလိုလုပ်ရတာလဲ၊ကျွန်တော့်အသံကမာကျောနေသည်။တာရာသည်ပခုံးတွန့်ပြီးဘာမှအပြစ်မရှိသလိုပုံမျိုးနှင့်
သြော်အဲဒါအောင်ကြီးဦးထုပ်လားငါကနင့်ဟာမှတ်လို့
ညာမနေစမ်းပါနဲံ၊ငါဘယ်တုံးကမန်ယူဥိးထုပ်ဆောင်ဖူးလို့လဲ၊နင်သိရဲ့သားနဲ့တမင်လုပ်တာ
ကျွန်တော်ပြောရင်းဆိုရင်းဒေါသထွက်လာသည်။ကြည့်နေရင်းစိတ်မထိန်းနိုင်တော့ပဲတာရာ့မျက်နျာရှိရာသို့တံခါးကိုဝုန်ခနဲဆောင်ပိတ်လိုက်သည်။
တံခါးကိုကြမ်းကြမ်းတမ်းတမ်းပိတ်လိုက်သည်နှင့်ပြဿနာတက်တော့သည်။ကျွန်တော့်အဖြစ်ဆိုးပုံကိုယခုလောက်ဆိုလျှင်ပင်သိလောက်ပြီ။ဘာကြောင့်တာရာ့ကိုဒုက္ခရောက်စေချင်စိတ်တွေပေါ်လာရလဲဆိုတာနားလည်လောက်ပေပြီ။အမှန်ပင်ကျွန်တော့်နေရာတွင်ရောက်သူတိုင်းဤသို့သာလုပ်မိကြပေလိပ့်မည်။
အခန်း(၅)
တစ်ညလုံးအခန်းအောင်နေပြိးအသည်းအသန်အကြံထုတ်နေမိသည်။တာရာ့ကိုဘယလိုချောက်ချရမလဲ။ဘာအကြံမှမထွက်။မဖြစ်စလောက်အကြံဉာဏ်ပင်မရပါ။
အိမ်သို့နာရီရောက်လာပြီးနောက်ရက်အနည်းငယ်ကြာသောအခါကျွန်တော့်အတွက်ဉာဏ်နီဉာဏ်နက်ကိုတာရာကိုယ်တိုင်ပေးခဲ့သည်။တာရာသည်သံစုံငှက်နာရီကြီး၏အဝေးတွင်ကြာကြာမနေနဲ့။နေ့လယ်ခင်းတစ်ခုတွင်နာရီလက်တံများနှင့်ဆော့နေသောတာရာ့ကိုဖေဖေတွေ့သွား၏။တာရာ့ကိုတအားမဆူပူပေ။တာရာသည်ကလေးပဲဖြစ်သည်။သို့သော်ဖေဖေက….သမီးကိုတော့မျက်စိဒေါက်ထောက်ကြည့်မှဖြစ်တော့မယ်၊ဒိနာရီနဲ့နောက်ထပ်မဆော့နဲ့
ကျွန်တော်စဉ်းစားမိပြီ။တာရာသည်အပြစ်ကင်းလွန်းသည့်ကလေးတစ်ယောက်မဟုတ်မှန်းဖေဖေသတိထားမိပြီ။ကျွန်တော်လည်းတာရာ့ကိုပြန်ချောက်ချဖို့လမ်းကိုရှာတွေ့သွား၏။အကယ်၍သာနာရီကြိး၌တစ်ခုခုချွတ်ယွင်းနေခဲ့သော်တာရာအဆူခံရမည်မှာသေချာသည်။ထို့ကြောင့်တစ်ခုခုလုပ်ဖို့ဆုံးဖြတ်လိုက်လေသည်။တာရာ့အနေဖြင့်ကျွန်တော့ကိုပေးသောအကြိမ်တစ်ရာမကသည့်ဒုက္ခအတွက်ပြန်ပေးဆပ်ရမည်။
သူမမလုပ်သည့်အမှာအတွက်အပြစ်တင်ခံရလျှှင်မည်သို့ခံစားရမည်နည်းဟုကျွန်တော်တွေးနေမိသည်။တာရာ့ကိုခပ်ပါးပါးတော့ပြန၍လက်စားချေရမည်။တစ်အိမ်သားလုံးအိပ်ပျော်သွားသောအခါအောက်ထပ်ရှိစာဖတ်ခန်းသို့တိတ်တဆိတ်ဆင်းလာခဲ့သည်။အချိန်မှာညသန်းခေါင်တိုင်လုပြီ။နာရီနားသို့တရွေ့ရွေ့တိုးသွားပြီးည၁၂နာရီထိုးရန်စောင့်နေလိုက်သည်။တစ်မိနစ်အလို….
သုံးဆယ်စက္ကန့်….
ဆယ်စက္ကန့်….
ခြောက်၊ငါး၊လေး၊သုံး၊နှစ်၊တစ်
ဂွမ်…
ကူးကူ….ကူးကူ
အဝါရောင်ငှက်ရုပ်ခုန်ထွက်လာသည်။တွန်သံတစ်ဝက်တွင်ကျွန်တော်သည်ငှက်ရုပ်ကိုဖမ်းဆုပ်လိုက်သည်။အသံမှာပြတ်တောင်းပြတ်တောင်းဖြစ်နေ၏။ကျွန်တော်သည်ငှက်ရုပ်ခေါင်းကိုတစ်ပတ်လည်အောင်လှည့်လိုက်၏။ငှက်ရုပ်မျက်နှာမှာကျောဘက်သို့လှည့်နေသကဲ့သို့ဖြစ်သွားသည်။မြင်ရသည်မှာအမှန်တကယ်ပင်ရယ်စရာကောင်းလှသည်။ငှက်ရုပ်သည်သူ့ရှေ့မျက်နှာနောက်ထားလျက်နှင့်ပင်ဆယ်နှစ်ကြီမ်တွန်ပြိးသွားလေသည်။
ကျွန်တော့်ဘာသာတစ်ယောက်တည်းရယ်မိ၏။ဤအဖြစ်ကိုသာဖေဖေတွေ့သွားပါကဒုံးကျည်တစ်ခုလို့ပေါက်ကွဲပေလိမ့်မည်။ငှက်ရုပ်သည်လည်ပြန်လှည့်ရင်းနှင့်ပင်နာရီထဲသို့ပြန်ဝင်သွားပြီ။ဤပြဿနာသည်ဖေဖေ့ကိုရူးသွပ်သွားစေလောက်သည်ဟုကျွန်တော်စိတ်ပုပ်စွာတွေးနေမိသည်။ဖေဖေသည်တာရာ့ကိုအလွန်အမင်းဒေါသထွက်ပေလိမ့်မည်။ထို့နောက်မီးတောင်တစ်ခုလိုပြင်းပြင်းထန်ထန်ပေါက်ကွဲပေတော့မည်။နောက်ဆုံးတွင်မိမိမလုပ်သည့်ကိစ္စအတွက်အဆူခံရသည့်ခံစားမှုကိုတာရာနားလည်သွားပေလိမ့်မည်။ကျွန်တော်သည်အပေါ်ထပ်သို့တိတ်တိတ်လေးပြန်တက်လာခဲံသည်။မည်သည့်အသံမျှမကြားရ၊ခွေးတစ်ကောင်ကြောင်တစ်မြီးပင်မတွေ့ချေ၊ကျွန်တော်ပျော်ရွှင်စွာဖြင့်အိပ်ရာဝင်ဖြစ်ခဲ့သည်။ကလဲ့စားချေခွင့်ရခြင်းသည်မည်သည့်အရာနှင့်မတူအောင်ချိုမြိန်လှပေသည်။နောက်တစ်နေ့နံနက်တွင်နေမြင်သည်အထိအိပ်နေမိသည်။တာရာ့အပေါ်ဖေဖေပေါက်ကွဲနေပုံကိုကျွန်တော်မမြင်ချင်ပါ။ထိုအဖြစ်နှင့်လည်းလွဲပါစေဟုမျှော်လင့်မိသည်။
ကျွန်တော်အောက်ထပ်သို့ဒရောသောပါးဆင်းလာခဲ့၏။ထို့နောက်စာဖတ်ခန်းထဲသို့တစ်ချက်လှမ်းကြည့်လိုက်သည်။တံခါးမှာဖွင့်လျက်တန်းလန်း။ဘယ်သူမှမရှိ။ပြဿနာတက်နေသောလက္ခဏာမတွေ့ရ။ကောင်းတယ်ဟုတွေးလိုက်၏။ငါဘာမှမတွေ့ရတော့ဘူး။
ကျွန်တော်လည်းမီးဖိုချောင်ထဲသို့ဝင်လာခဲ့သည်။ဗိုက်ဆာနေပြီ။ဖေဖေ၊မေမေနှင့်တာရာတို့သည်စားပြီးသားပန်ကန်ပြားတို့ကိုစုပုံလျက်ထမင်းစားပွဲတွင်ဝိုင်းထိုင်နေကြသည်။
ကျွန်တော့်ကိုမြင်လိုက်သည်နှင့်မျက်နှာအားလုံးဝင်းလက်သွားကြပြီး….
ဟတ်ပီးဘတ်ဒေးဟုတစ်ပြိုင်တတည်းအော်လိုက်ကြသည်။သူ့တို့အော်သံကြောင့်ကျွန်တော်ကြောင်စီစီဖြစ်သွား၏။ဘာတွေများအကွက်ဆင်ဖို့တာရာကခြေထိုးထားပြန်ပြီလဲ။ကိုယ့်အပြစ်ကိုယ်သာသိသောကြောင့်ဖေဖေနှင့်မျက်နှာချင်းမဆိုင်မိအောင်ရှောင်ကာကြောင်အိမ်ကိုဖွင့်ကြည့်ရင်း
ကွေကာရှိသေးလားမေမေ
ကွေကာဟုတ်လား၊ဒီနေ့ထူးထူးခြားခြားတစ်ခုခုမစားချင်ဘူးလား၊ဥပမာချောကလက်ကိတ်လိုမျိုးပေါ့
ကျွန်တော်ကစိတ်ရှုပ်ရှုပ်နှင့်ခေါင်းကိုသာတဗြငိးဗြင်းကုတ်နေမိသည်။ကောင်းသားပဲ၊ကိတ်မုန့်ရှိရင်စားမှာပေါ့
ပုံမှန်မဟုတ်တာတော့သေချာသည်။အရင်ကကျွန်တော်အိပ်ရာထနောက်ကျသည့်မနက်တိုင်းနံနက်စာကိုကျွန်တော့်ဘာသာပြင်ဆင်စားသောက်ရလေ့ရှိသည်။သို့သော်ယနေ့မနက်တွင်မူထူးထူးခြားခြားမုန့်များပင်လုပ်ကျွေးနေသေးသည်။
မေမေကကြက်ဥ၊နို့နှင့်မုန့်နှစ်များကိုရောနယ်နေရင်း….
သား၊ဂိုဒေါင်ထဲမသွားနဲ့နော်၊တခြားဘာလုပ်လုပ်ဂိုဒေါင်ထဲတော့မသွားနဲ့
မေမေ့အမူအရာကအတော်မလုံမလဲဖြစ်နေသလိုပင်။ကျွန်တော့်မွေးနေ့ပဲနောက်တကြိမ်ဖြစ်နေသလိုလို၊ဘာလိုလို။ထူးဆန်းလိုက်တာ
အဲဒီထဲမှာအမှိုက်တွေပုံထားလို့၊အရမ်းနံ့တာ၊အနံ့တွေဆိုးလွန်းလို့နေမကောင်းဖြစ်မှာစိုးရတယ်
ဟာမေမေကလည်းဒီအမှိုက်ပုံကိုပဲဇာတ်လမ်းဆင်ပြန်ပြီ။အဲဒါကိုအရင်တစ်ခေါကတည်းကသားမယုံဘူး
ဘာပဲဖြစ်ဖြစ်လေ၊သားဂိုဒေါင်ထဲမသွားနဲ့
ဘာလို့မေမေကဒီလိုပြောရတာပါလိမ့်။ဘာလို့ထူးထူးဆန်းဆန်းတွေလုပ်နေရတာပါလိမ့်။ဖေဖေကလည်းသူ့ကိုယ်သူပြောသလိုပြောနေ၏။ငါလည်းလုပ်စရာရှိတာလုပ်ဦးမှ
ဟားတကယ့်ကိုပျော်စရာကြိး၊ထူးထူးဆန်းဆန်းပါလား။
ပခုံးနှစ်ဖက်ကိုသာတွန့်လိုက်ပြီးမနက်စာကိုအေးအေးဆေးဆေးစားနေလိုက်သည်။ထို့နောက်ထမင်းစားခန်းကိုဖြတ်လာစဉ်ထမင်းစားခန်းထဲတွင်ပန်းစက္ကူများဖြငိ့ပြင်ဆင်ထား၏။ကြိုးတစ်စမှာတိုးလိုးတန်းလန်းပြတ်ကျနေလေသည်။
မယုံနိုင်စရာပဲ။တကယ့်ကိုမယုံနိုင်လောက်အောင်ပါပဲ။
ဖေဖေအခန်းထဲပြန်ဝင်လာသည်။လက်ထဲတွင်လက်သမားသုံးပစ္စည်းသေတ္တာနှင့်။ထို့နောက်စုတ်ပြဲကျနေသေားပန်းစက္ကူစကိုကောက်၍တိပ်နှင့်ပြန်ကပ်လိုက်သည်။
ဒီစက္ကူကဘယ်လိုဖြစ်သွားရတာလဲဟုမေးနေသေး၏။ဖေဖေဒါတွေကဘာလုပ်ဖို့လဲ
သြော်မွေးနေ့ပါတီဆိုတာဒီလိုပဲလုပ်ရတာပဲ။ဒီနေ့သားမွေးနေ့မဟုတ်လား။မွေးနေ့လက်ဆောင်ဘာရမလဲဆိုတာသိချင်လှပြီလား
ကျွန်တော်ကဖေဖေ့ကိုပါးစပ်အဟောင်းသာနှင့်လှမ်းကြည့်နေမိသည်။ဘာတွေဖြစ်နေကြတာလဲ။

အခန်း(၆)
ဖေဖေနှင့်မေမေကကျွန်တော့်ကိုဂိုဒေါင်ထဲခေါ်လာကြသည်။တာရာလည်းပါလာသည်။သူ့တို့အားလုံးလုပ်နေကြပုံကကျွန်တော့်ကိုတကယ်ပဲမွေးနေ့လက်ဆောင်ပေးကြတော့မည့်ပုံမျိုး။ဖေဖေကဂိုဒေါင်တံခါးကိုဖွင့်လိုက်၏။စက်ဘီး။
တောက်ပသစ်လွင်၍အသစ်အတိုင်းပင်ဖြစ်သည်။မည်သည့်ခြစ်ရာပွန်းရာမျှမရှိ။သိပ်အံ့သြစရာကောင်းတာပဲဟုတွေးနေမိသည်။သူတို့တစ်နည်းနည်းဖြင့်ထိုအစင်းကြီးကိုဖျက်ပစ်တာပဲဖြစ်မည်။ဒါမှမဟုတ်စက်ဘီးအသစ်တစ်စိးဝယ်ခဲ့ခြင်းပဲဖြစ်မည်။မေမေက
သားကြိုက်ရဲ့လား
ဟုတ်…ဟုတ်ကဲ့
တော်တော်မိုက်တဲ့စက်ဘီးပဲနော်။မေမေ၊သမိးမွေးနေ့ကျရင်လည်းဒါမျိုးပဲဝယ်ပေးနော်ဟုတာရာကပူဆာနေသည်။ထို့နောက်သူမကစက်ဘီးထိုင်ခုံပေါ်သို့လွှားခနဲခုန်တက်လိုက်ဒ၏။ဝုန်း
စက်ဘီးလဲကျသွားပြီးတာရာ့အပေါ်တါင်ပိနေသည်။စက်ဘီးကိုမ၍ရွေ့လိုက်သည်။ခြစ်ရအြစင်ကြီးကြီးတစ်ခုဖြစ်သ၊ွာလေပြီ။မေမေကတော့တာရာ့ကိုစိုးရိမ်တကြီးနှင့်မေး၏။
သမီး၊နာသွားလား
ကျွန်တော်မယုံကြည်နိုင်တော့ပါ။ဘယလိုအိပ်မက်ဆိုးများပါလိမ့်။
အစကနေကိုတကယ်ပဲစဖြစ်နေတာပါပဲ။ကျွန်တော့်မွေးနေ့အတိုင်းတစ်သေဝေမတိမ်းဖြစ်ပျက်နေတာ။ဘာတွေဆက်ဖြစ်မှာလဲ။
သား….ဘာဖြစ်လို့လဲ၊စက်ဘီးကိုမကြိုက်လို့လားဟုဖေဖေကမေး၏။
ကျွန်တော်ဘာပြောရမှန်းမသိ။ဖျားချင်သလိုဖြစ်လာသည်။ခေါင်းထဲတွင်လည်းရှုပ်ရှုပ်
ထွေးထွေးခံစားနေရ၏။ကျွန်တော်အမှန်အတိုင်းသိမြင်စပြုလာပြီ။ကျွန်တော့်ဆူတောင်းပြည့်သွားခြင်းများဖြစ်နေမလား။မွေးနေ့ဆုတောင်း…။
တာရာခြေထိူးခံ၍ကိတ်မုန့်ပေါ်ကျွန်တော်လဲကျသွားပြီးနောက်အချိန်ကိုနောက်ပြန်လည်၍မွေးနေ့ကိုအသစ်မှပြန်စဖို့ဆုတောင်းခဲ့မိသည်။ဘာပဲဖြစ်ဖြစ်ဆုတောင်းးပြည့်ဝခဲ့ပြီ။
ဟား….တော်တော်မိုက်တာပဲဟုတွေးနေမိသည်။အိမ်ထဲဝင်ကြစို့၊ဧည့်သည်တွေရောက်လာကြတော့မယ်ဟုမေမေကပြောသည်။
မွေးနေ့ပွဲ….။အို….မဖြစ်ဘူး။ကျေးဇူးပြုပြီးမဖြစ်ပါစေနဲ့။ဒီလိုအရှက်တကွဲထိတ်လန့်စရာကောင်းတဲ့မွေးနေ့ပွဲမှာနောက်တစ်ကြိမ်ထပ်ပြီးပါဝင်ရဦးမှာတဲ့လား။
အခန်း(၇)
အမှန်ပဲ။ဒီလိုကြောက်လန့်စရာအိပ်မက်ဆိုးကိုနောက်တကြိမ်သေချာပေါက်ဖြတ်သန်းရဦးမည်။ကျွန်တော့်သူငယ်ချင်းတွေပုံစံကပထမအကြိမ်တုန်းကအတိုင်းပင်တာရာ၏မုန်းစရာကောင်းသောအသံကိုကြားနေရ၏။
မမရတနာ၊ကိုကြီးဖိုးကျော်ကမမကိုတကယ်ကြွေနေတာ
သူက၊ဟုတ်လား
ရတနာမင်းသိပြိးသားတွေပါကွာဟုကျွန်တော်တွေးနေမိသည်။လွန်ခဲ့တဲ့လေးရက်ကပဲတာရာပြောခဲ့ပြီးသားလေ။အဲဒီနေ့ကရပ်နေတဲ့နေရာမှာတင်အခုမင်းရပ်နေတာပဲ။ပြီးတော့ပန်းနုရောင်အပေါ်ဝတ်အင်္ကျီလေးနဲ့။ရတနာ၊စီစိနျင့်မျိူးတို့အားလုံးရူးသွပ်ကုန်ကြပြိ။အလွန်အမင်းကြောက်ရွံ့ခြင်းကိုရုတ်တရက်ခံစားလိုက်ရသည်။ဒီလိုဆက်ဖြစ်နေလို့လုံးဝမဖြစ်ဘူး။မေမေကမုန့်များကိုလင်ဗန်းနှင့်သယ်၍အခန်းထဲဝင်လာသည်။ကျွန်တော်ကမေမေ့ကိုလှမ်းဆွဲပြီး…မေမေ၊တာရာကိုဝေးဝေးမှာခေါ်ထားပေးပါ။သူ့အခန်းထဲမှာပိတ်ထားါ်ရင်ထား၊ဒါမှမဟုတ်တစ်နည်းနည်းပေါ့
ဟင်….ဘာဖြစ်လို့လဲ၊ညီမလေးလည်းပျော်ချင်ရှာမှာပေါ့
မေမေ၊ကျေးဇူးပြုပြီး….
ဟဲ့….ဖိုးကျော်၊သားတော်တော်ဆိုးလာပြီ၊ညီမလေးကိုညှာရမှာပေါ့၊တာရာကဘာလုပ်လို့လဲ၊သူကကလေးပဲဥစ္စာ
မေမေဧည့်ခန်းထဲမှထွက်သွား၏။ကျွန်တော်တာရာနှင့်သူငယ်ချင်းများသာမတ်တတ်ရပ်ကျန်ခဲ့သည်။မေမေလည်းမကယ်နိုင်ပလား။မည်သူမျှမတတ်နိုင်တော့။ထို့နောက်စက်ဘီးအသစ်ကိုသွားကြည့်ကြသည်။ဇော်ဇော်က….
ဟ…ဒီအစင်းကဘယ်လိုဖြစ်တာလဲဟုမေး၏။နောက်တော့ကျွန်တော်တို့အားလုံးသည်တာရာဖောက်ထားပြီးသောမွေးနေ့လက်ဆောင်များရှိရာဧည့်ခန်းထဲသို့ပြန်ဝင်လာကြသည်။ဒီမှာမမရတနာပေးတဲ့လက်ဆောင်ဘာလဲဆိုတာကြည့်ဟုတာရာကအော်လိုက်သည်။ငါသိတယ်၊ငါသိတယ်ဟုတွေးနေမိသည်။
စီဒီတစ်ချပ်၊အချစ်သီချင်းတွေပါတယ်။သမီးနားထောင်ဖူးတယ်ဟုတာရာကဆက်ပြောနေ၏။အားလုံးတဟားဟားနှင့်ရယ်နေကြပြန်သည်။အရင်တစခေါက်ကအတိုင်းပင်ဆိုးဆိုးရွားရွားဖြစ်ပျက်နေသည်။မဟုတ်ဘူး။ပိုတောင်ဆိုးနေသေးသည်။အဘယ်ကြောင့်ဆိုသော်ရှေ့ကိုဘာဖြစ်မည်မှန်းကြိုသိနေရပြီးတားဆီးနိုင်စွမ်းကားမရှိသောကြောင့်ဖြစ်လေသည်။ကျွန်တော်ဘာများတတ်နိုင်ပါသနည်။ဖိုးကျော်ရေ။သား၊မီဖိုထဲမှာကိတ်မုန့်လာယူတော့လေ
ဒါနဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရတော့မယ့်စာမေးပွဲပဲဟုတွေးလိုက်မိ၏။ကျွန်တော်ကလေးတိလေးကန်ဖြင့်မီးဖိုထဲဝင်လာခဲ့သည်။ကိတ်မုန့်ကြီးကိုသယ်လာပြီ။ဒီတခါတော့ခြေမချော်လောက်ဘူးထင်ပါရဲ့။တာရာကတော့ကျွန်တေ်ာ့ကိုခြေထိုးဦးမည်။ဒါကိုဘယ်နည်းနှင့်မျှခေါင်းငုံ့အရှုံးမပေးနိုင်ပေ။ယခုအချိန်တွင်ကျွန်တော့်ကိုယ်ကျွန်တော်အရှုးဖြစ်ခံ၍မရ။လုံးဝမဖြစ်။အရာအားလုံးတစ်ထပ်တည်းနောက်တစ်ကြိမ်မဖြစ်စေရဘူး။ကျွန်တော်တတ်နိုင်ပါ့
မလား…..
အခန်း(၈)
ကျွန်တော်သည်မီးဖိုချောင်အပေါက်တွင်ရပ်ရင်းကိတ်မုန့်ကိုငေးနေမိသည်။ထမင်းစားခန်းထဲမှရယ်သံများ၊စကားပြောသံများကိုကြားနေရသည်။တာရာလည်းရှိနေပေသည်။
တာရာသည်ထမင်းစားခန်း၏တံခါးအကွယ်တွင်ရပ်စောင့်နေပေလိမ့်မည်။သူမခြေထောက်ကိုထိုးခံ၍ကျွန်တေ်ာချော်လဲအောင်လုပ်ဖို့စောင့်နေပေလိမ့်မည်။ကျွန်တော်မှောက်လဲပြီးအရှက်ရစေမည့်အဖြစ်အစအဆုံးပြန်ဖြစ်ဖို့စောင့်နေပေလိမ့်မည်။ဒီတစ်ခါတော့နင်မရတော့ဘူးမှတ်။လက်နှစ်ဖက်ဖြင့်ကိတ်မုန့်ကိုဂရုတစိုက်မလိုက်၏။ထို့နောက်ထမင်းစားခန်းထဲသို့ဝင်လာခဲ့သည်။ပထမအကြိမ်တုန်းကလိုပင်မေမေသည်နောက်ကလိုက်လာ၏။
ထမင်းစားခန်းအဝင်ဝတွင်ကျွန်တော်ရပ်လိုက်ပြီးတစ်ချက်ငုံ့ကြည့်လိုက်သည်။တာရာ့ခြေထောက်ကိုအရိပ်အရောင်မျှမတွေ့ရချေ။
ဂရုတစိုက်နှင့်စေ့စေ့စပ်စပ်ထပ်ကြည့်လိုက်၏။ထို့နောက်တံခါးပေါက်မှအတွင်းသို့ခြေလှမ်းလိုက်သည်။ပထမခြေတစ်လှမ်း။
ဝေးလေကောင်းလေ။
နောက်တစ်လှမ်း။ယခုကျွန်တော်ထမင်းစားခန်းအတွင်းရောက်နေပြီ။ကျွန်တော်အောင်မြင်ပြီ။နောက်ဆုံးလုပ်စရာကျန်သည်ကထမင်းစားစားပွဲပေါ်သွားတင်နိုင်ဖို့ပဲဖြစ်သည်။ခြေလှမ်း၅လှမ်းစာလောက်ပါပဲ။ကျွန်တော်စိတ်ချနိုင်ပြီ။နောက်ထပ်ခြေတလှမ်းဆက်လှမ်း၏။နောက်တစ်လှမ်း။ထို့နောက်ကျွန်တော်ခြေထောက်တစ်ဖက်ကိုဆောင့်ဆွဲလိုက်သကဲ့သို့ခံစားလိုက်ရသည်။အရာရာတိုင်းသညရုပ်ရှင်ထဲကအနှေးပြကွက်လိုပင်။
တာရာသည်စားပွဲအောက်မှထွက်လာ၏။သြော်….လတ်စသတ်တော့သူမကဒီမှာပုန်းနေတာကိုး။သို့သော်သိပ်ကိုနောက်ကျသွားပြီဖြစ်သည်။
အရာရာသည်အိပ်မက်တစ်ခုလိုတဖြည်းဖြည်းရွေ့လျားမေလေသည်။နတ်ဆိုးတစ်ယောက်၏တခစ်ခစ်ရယ်သံကြားလိုက်ရ၏။သူမကကျွန်တော့်ခြေထောက်ကိုလှမ်းဆွဲပြီးသား။
ဟာ….သွားပြီဟုသိလိုက်၏။ဟန်ချက်ကိုကားထိန်းမရနိုင်တော့။ကျွန်တော်လဲကျသွားပြီးခေါင်းကိုလည်ပြန်၍နောက်လျည့်ကြည့်လိုက်၏။တာရာသည်စားပွဲခုံအောက်တွင်ထိုင်ရင်းကျွန်တော်ကိုကြည့်၍ပြောင်ပြနေလေသည်။သူမကိုသတ်ချင်လာသည်။ကိတ်မုန့်သည်လက်ထဲမှလွတ်ထွက်၍လေထဲမှာပင်မျက်နှာကိုပြန်လှည့်လိုက်သည်။ဗြတ်….
အားလုံးအသက်မရှုုတမ်းတဟားဟားရယ်နေကြလေသည်။
ကျွန်တော်ကိုယ်ကိုပြန်ထိန်းလိုက်ပြီးမျက်နှာပေါ်မှပျော့ဖတ်ဖတ်အရာတွေကိုလက်ဖြင့်သုတ်လိုက်၏။ရတနာသည်စားပွဲပေါ်သို့ကိုယ်ကိုကိုင်း၍လူတကာထက်ပိုရယ်နေလေသည်။ဒုတိယအကြိမ်တွင်ပထမအကြိမ်တုန်းကထက်ပို၍အရှငက်ရမိသည်။ကြမ်းပြင်ပေါ်တွင်ထိုင်နေရင်းကိတ်မုန့်များပေရေနေသောကျွန်တော့်မျက်နှာမှာမည်မျှအသုံးမကျသည့်ရုပ်ပေါက်နေမည်လဲဟုတွေးနေမိသည်။ဘာကြောင့်များဒီဆုကိုတောင်းမိပါလိမ့်
နောက်ဘယ်တော့မှဘာကိုမှထပ်ဖြစ်ပျက်ဖို့ဆုမတောင်းတော့ဘူး။ကျွန်တော်ရေမိုးချိုးကိုယ်လက်သန့်စင်ပြီးလျှင်ဟောဒိအရှက်တကွဲအဖြစ်အပျက်တွေအားလုံးကိုမေ့ပစ်ရန်ကြိုးစားရပေမည်။ညအိပ်ရာဝင်ပြီးလျှင်အရာရာပြီးဆုံးသွားပေလိမ့်မည်ဟုတွေးနေမိသည်။ကျွန်တော်ကမီးခလုတ်ကိုပိတ်ပြီးခန်းဆီးလိုက်ကာကိုဆွဲချလိုက်၏။ပြီးသွားမှာပါဟုထပ်ပြီးရေရွတ်မိသည်။ကျွန်တော်အိပ်တော့မည်။နံနက်မိုးလင်းလျှင်အရာရာသည်ပုံမှန်အအတိုင်းပြန်ဖြစ်သွားပေလိမ့်မည်။ကျွန်တော်မျက်လုံးများကိုမှိတ်လိုက်ပြီးအိပ်ပျော်သွားပါတော့သည်။သို့သော်တစ်ညလုံးနီးပါးကြောက်စရာမွေးနေ့ပွဲကိုသာအိပ်မက်မက်နေမိသည်။အိပ်မက်ဆိုးဆန်သည့်ပွဲသည်အမှန်တကယ်အိပ်မက်ဆိုးဖြစ်နေသည်။အိပ်မက်ထဲတွင်တာရာကကျွန်တော်ရတနာ့ကိုကြိုက်နေသည့်အကြောင်းပြောပြနေသည်။ရတနာ့မျျက်နှာသည်ကြောက်စရာကောင်းလောက်အောင်ကြီးလာပြီးရယ်ပြီးရင်းရယ်နေလေတော့သည်။စီစီ၊မျိုးနှင့်ကျန်သူငယ်ချင်းကလည်းကျွန်တော့်ကိုပင်ဟားနေကြသည်။
ကျွန်တော်ကလည်းတစ်ခါတစ်လေလဲချော်ပြီးကိတ်မုန့်ပေါ်သို့ကြိမ်ဖန်များစွာလဲကျနေလေသည်။ကျွန်တော့်ခေါင်းကိုမော၍ချာခနဲလှည့်ထွက်ခဲ့၏။အိပ်မက်များသည်တစ်ခုထက်တစ်ခုပိုကြောက်စရာမကောင်းဆိုးဝါးကောင်များအဖြစ်ပြောင်းသွား၏။၎င်းတို့အထဲတွင်တာရာသည်ကြောက်စရာအကောင်းဆုံးဖြစ်သည်။သူမ၏ပုံရိပ်သည်မှုန်ဝါးဝါးဖြစ်လာပြီးတစ်စစပြယ်လွင့်ရင်းနှင့်ရယ်ပြီးရင်းရယ်နေလေသည်။
ထစမ်း….
ကျွန်တော်ကိုယ့်ကိုယ်ကိုပြောလိုက်၏။နိုးပါတော့….။အိပ်မက်ဆိုးလောကမှာကျွန်တေ်ာကိုယ်ကျွန်တော်ဒရွတ်ဆွဲထုတ်ရ၏။အိပ်ရာပေါ်တွင်ငုတ်တုတ်ထိုင်ရင်းချွေးများနှင့်အေးစက်နေလေသည်။အခန်းထဲတွင်မှောင်နေတုန်းပင်ဖြစ်သည်။ကျွန်တော်သည်နာရီကိုတစ်ချက်လျမ်းကြည့်လိုက်၏။မနက်၃နာရီ။ကျွန်တော်အိပ်မရတော့။တွေးရင်းအားငယ်လာသည်။လူကဆောက်တည်ရာမဲ့လာ၏။ဖေဖေနှင့်မေမေ့ကိုဖြစ်သမျှအကြောင်းစုံပြောပြရမည်။သူတို့အနေဖြင့်တစ်ခုခုကူညီနိုင်ပေလိမ့်မည်။ဒါမှမဟုတ်ကျွန်တော်ကိုနှစ်သိမ့်ပေးနိုင်လိမ့်မည်။အိပ်ရာပေါ်မှခုန်ဆင်းပြီးမှောင်မှောင်မည်းမည်းအခန်းထဲသို့သွား၏။အခန်းတံခါးမှအနည်းငယ်ဟနေလေသည်။ကျွန်တော်ကတံခါးကိုအသာတွန်း၍ဝင်သွားလိုက်သည်။မေမေ၊ဖေဖေ၊ထပါဦး
ဖေဖေသည်တစ်ချက်တွန့်ခနဲဖြစ်သွားပြီးဟေဟုတိုးတိုးမေး၏
ထို့နောက်အိပ်ရာထဲတွင်ထထိုင်ပြီးစားပွဲတင်နာရီကိုလှမ်းယူလိုက်သည်။နာရီ၏မှုန်ဝါးဝါးအလင်းပြာအောက်တွင်အချိန်ကိုပြူးပြဲကြည့်နေသောသူမမျက်လုံးများက်ုမြင်နေရလေသည်။မေမေက….
မနက်၃နာရီပဲရှိသေးတဲ့ဥစ္စာ
ဖေဖေကရှုးရှုးရှဲရှဲနှင့်ရုတ်တရက်ထလာသည်။
ဟာ….ဘာတွေလဲကွာ
မေမေ၊သားပြေတာနားထောင်ပါဦးဟုတိုးတိုးလေးပြောလိုက်၏။ဒီနေ့ကြောက်စရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်သွားတယ်။မေမေသတိမထားမိဘူးလား
ဟင်….ဘာဖြစ်တာလဲ
သားမွေးနေ့၊တာရာဗြောင်းဆန်အောင်လုပ်လိုက်တဲ့သားမွေးနေ့လေ။အစကနေပြန်ဖြစ်ဖို့သားဆုတောင်းလိုက်မိတယ်။အဲဒီဆုတောင်းတကယ်ဖြစ်လာမယ်လို့မှမထင်ပဲ။ဒီနေ့တော့သားမွေးနေ့ပဲပြန်ရောက်နေရော။အားလုံးကွက်တိပဲပြန်ဖြစ်တယ်။တကယ်ကြောက်စရာကြီး၊ဖေဖေကမျက်လုံးများကိုပွတ်နေပြီး…
လုပ်ပြန်ပြီဖိုးကျော်ရာ၊ပေါက်ကရတွေ
မေမေကချော့မော့ပြီးပြန်အိပ်ခိုင်းနေ၏။ပြန်အိပ်တော့သား၊အိပ်မက်ဆိုးမက်တာပါ
မဟုတ်ဘူးမေမေ၊အဲဒါအိပ်မက်မဟုတ်ဘူး၊တကယ်ဖြစ်ခဲံတာ။သားမွေးနေ့နှစ်ကြိမ်တော်င၊နှစ်ခါစလုံးမေမေတို့ရှိနေတာပဲ။မသိဘူးလား
ဖိုးကျော်နားထောင်စမ်း
မေမေစိတ်တိုစပြုနေပြီ။
သားမွေးနေ့အတွက်စိတ်လှုပ်ရှားနေမယ်ဆိုတာမေမေသိပါတယ်၊မွေးနေ့ရောက်ဖို့က၂ရက်လိုသေးတယ်သားရဲ့၊နောက်နှစ်ရက်ဆိုသားမွေးနေ့ရောက်မှာပဲကွယ်၊
သွား….သွား….အိပ်ရာထဲပြန်ဝင်ပြီးအိပ်တော့
ထို့နောက်ကျွန်တေ်ာနမ်း၍နှုတ်ဆက်၏။မွေးနေ့ရောက်ဖို့၂ရက်တည်းပါကွယ်၊ကိုင်း…အိပ်မက်လှလှမက်ပါစေ

အခန်း(၉)
ကျွန်တော်ယိုင်တိယိုင်နဲ့ဖြင့်အိပ်ရာဆီသို့ပြန်လာသည်။ခေါင်းတစ်ခုလုံးမှာလည်းချာချာလည်နေသည်။မွေးနေ့ရောက်ဖို့၂ရက်လိုသေးသည်ဆိုပါလား။ကျွန်တော့မွေးနေ့ကိုနှစ်ကြိမ်လုပ်ခဲ့ရတယ်ဆိုတာမဟုတ်ဘူးလား။စာကြည့်မီးအိမ်ကိုဖွင့်လိုက်ပြီးလက်တွင်ပတ်ထားသောနာရီမှနေ့စွဲကိုငေးကြည့်နေမိသည်။ဖေဖော်ဝါရီ၃ရက်။မွေးနေ့ကဖေဖော်ဝါရီ၅ရက်။မွေးနေ့ရောက်ဖို့၂ရက်လိုသေးသည်။ဒါအမှန်ပဲလား၊အချိန်ဟာတကယ်ပဲနောက်ပြန်လည်နေပြီလား။မဖြစ်နိုင်ဘူး။ကျွန်တော်ရူးနေတာပဲဖြစ်မှာပါ။ခေါင်းကိုခပ်ကြမ်းကြမ်းခါပစ်လိုက်၏။ကျွန်တော်သည်တစ်ခါတစ်ရံကိုယ့်ကိုယ်ကိုသိပ်မယုံကြည်တတ်ပါ။နေက်ပြန်သွားနေသောအချိန်။ကျွန်တော့်စိတ်ကူးကိုကျွန်တော်ပြန်ရယ်မိသည်။လုံးဝမဖြစ်နိုင်သည့်ကိစ္စပဲဟုတွေးလိုက်မိသည်။ကိုယ့်စိတ်ကိုယ်ထိန်းစမ်းပါကွာဟုလည်းကိုယ့်ကိုယ်ကိုအားပေးမိသည်။ကျွန်တော်လုပ်ရမည်အလုပ်မှာကျွန်တော်မွေးနေ့ကိုပြီးဆုံးအောင်နောက်တစ်ကြီမ်ထပ်မံကျင်းပဖို့ပဲဖြစ်သည်။
၁၅နှစ်ပြည့်မွေးနေ့ကိုကျွန်တော်တစ်သက်တာလုံးထပ်ခါတလဲလဲကျင်းပလိုစိတ်တော့်မရှိပါ။သို့သော်အဖြစ်အပျက်တွေကဆက်ဖြစ်နေပါပြီ။ဒီနေ့ကဘာလို့မွေးနေ့ကြို၂ရက်ပြန် ဖြစ်နေရတာလဲ
ဘာကြောင့်များမွေးနေ့မတိုင်မီညမဟုတ်ရတာလဲ
အချိန်သည်အမှန်တကယ်ပဲနောက်ပြန်သွားနေခြင်းဖြစ်နိုင်သည်ဟုတွေးလိုက်မိပြန်သည်။ကျွန်တော့်ဆုတောင်းကြောင့်တော့ဟုတ်ချင်မှဟုတ်ပေမည်။သို့သော်ယခုအဖြစ်အပျက်တို့သည်ကျွန်တော့်တွင်မှာအဘယ်ကြောင့်ဖြစ်ပျက်နေရပါသနည်း။ကျွန်တော်အသေအလဲစဉ်းစားမိပြန်သည်။နာရီ။ဖေဖေ့သံစုံနာရီ။ကျွန်တော်သည်နာရီမှာငှက်ရုပ်၏ခေါင်းကိုနောက်ပြန်လှည့်ခဲ့သည်။ထို့နောက်အိပ်ရာဝင်ခဲ့သည်။ကျွန်တော်အိပ်ရာနိုးလာသောအခါအချိန်မှာနောက်ပြန်လည်နေပြီ။ဒီအတိုင်းပဲဖြစ်ရမည်။ကျွန်တော်လုပ်ခဲ့သမျှဒီလောက်ပဲဖြစ်သည်။ဖေဖေ့နာရီကြီးသည်တကယ်ပဲမှောဝင်ပစ္စည်းဖြစ်နေသည်လား။ဒီငှက်စုတ်ရဲ့ခေါင်းကိုနောက်ပြန်လှည့်ဖြစ်ခဲ့ရင်အကောင်းသားဟုတွေးနေမိသည်။အမှန်ကတာရာ့ကိုချောက်ချဖို့အတွက်သာဖြစ်ပြီးအဆုံးမှာတော့ကျွန်တော်သာကြောက်စရာပြဿနာနှင့်ကြုံနေရသည်။အကယ်၍သာဤအတိုင်းဖြစ်နေခဲ့လျှင်ဖြေရှင်းရန်မှာလွယ်လွယ်လေးဖြစ်သည်။အောက်ထပ်သို့ဆင်းသွားပြီးနာရီမှငှက်ရုပ်ကိုပြန်လှည့်လိုက်ဖို့ပဲဖြစ်သည်။
ကျွန်တော်သည်အသံလုံအောင်ခြေဖွဖွနင်း၍အခန်းထဲမှထွက်ကာအောက်ထပ်သို့ဆင်းလာခဲ့သည်။ဖေဖေနှင့်မေမေတို့ပြန်၍အိပ်မောကျနေလောက်ပြီ။သို့သော်သူတို့ကိုနိုးသွားအောင်မလုပ်မိဖို့တော့လိုသည်။အထူးသဖြင့်ဖေဖေ….။ကျွန်တော့်ကိုသူ့အဖိုးတန်နာရီရစ်သီးရစိသီလုပ်နေတုန်းမမိသွားဖို့ပဲဖြစ်သည်။ကျွန်တော့်ခြေထောက်များကအေးစက်မာကျောသောကြမ်းပြင်နှင့်ထိသွားသည်။နားနေခန်းထဲသို့တိတ်တိတ်လေးဝင်လိုက်၏။မီးခလုတ်ကိုဖွင့်လိုက်သည်။တစ်ခန်းလုံးကိုလှည့်ပတ်ကြည့်မိ၏။ဟင်…သံစုံငှက်နာရီကြီးမရှိတော့ဘူး….။
အခန်း(၁၀)
သွားပြီ….
ကျွန်တော်ထအော်မိ၏။
နာရီကြီးသူခိုးခိုးခံရပြီ။နာရီကြီးသာမရှိတော့လျှင်အာလုံးဘယ်လိုပြုပြင်ရမလဲ
ငှက်ခေါင်းကိုဘယ်လိုပြန်လှည့်ရမလဲ။ဘဝကိုဘယ်လိုရှေ့ဆက်ရမလဲ။အပေါ်ထပ်သို့ဝရုန်းသုန်းကားပြေးတက်သွားလိုက်သည်။ဖေဖေ၊မေမေ
သူတို့အခန်းထဲသို့တစ်ဟုန်ထိုးပြေးဝင်သွားပြီးနောက်တစ်ခေါက်ထပ်နှိုးလိုက်၏။
ဖိုးကျော်၊ဘာဖြစ်လာပြန်ပြီလဲ၊ညကြီးသန်းခေါင်းတစ်ရေးအိပ်ပျော်ဖို့တောင်မနည်းအိပ်ရတာ
ဖိုးကျော်၊ဘာဖြစ်လာပြန်ပြီလဲ၊ညကြီးသန်းခေါင်းတစ်ရေးအိပ်ပျော်ဖို့တောင်မနည်းအိပ်ရတာ
မေမေ့အသံကစိတ်ဆိုးသံပါနေသည်။သူတို့ဒေါသထွက်လည်းထွက်ပါစေတော့ဟုတွေးနေမိသည်။အရေးကြီးသည်မဟုတ်လား။သံစုံငှက်နာရီကြီးလေ၊မရှိတော့ဘူး
ဖေဖေကတစ်ချက်လှိမ့်လိုက်ပြီး….ဟမ်….ဘာ
ဖိုးကျော်၊သားအိပ်မက်ဆိုးတွေထပ်မက်နေတာပါကွယ်ဟုသာမေမေကပြောသည်။မေမေ၊သားအိပ်မက်မက်နေတာမဟုတ်ဘူး၊တကယ်ဖြစ်နေတာ၊အောက်ထပ်ဆင်းပြီးကိုယ့်ဘာသာသွားကြည့်ပါဦး၊နာရီကြီးအခန်းထဲမှာမရှိတော့ဘူး
ဖိုးကျော်၊ဒီမှာနားထောင်စမ်း၊အဲဒါအိပ်မက်မက်နေတာ၊မေမေတို့မှာသံစုံနာရီမှမရှိတာ။ဘယ်တုန်းကမှမဝယ်ဖူးဘူး
မေမေ့အသံကမာကျောစပြုလာသည်။ကျွန်တေ်ာ့မှာနောက်ပြန်လဲကျမတက်ဖြစ်သွား၏။
အိပ်မက်မက်နေတာပါသားရယ်၊အိပ်မက်ဆိုးပါ
ဒါပေမဲ့ဖေဖေဝယ်ခဲ့….
ကျွန်တော်ဆက်မပြောဖြစ်။အခုတော့ကျွန်တော်နားလည်ပါပြီ။ယနေ့ရက်စွဲမှာဖေဖော်ဝါရီ၃ရက်ဖြစ်သည်။ကျွန်တော်မွေးနေ့မရောက်မီ၂ရက်အလိုဖြစ်ပြိးနာရီမဝယ်မီ၅ရက်ဖြစ်သည်။ကျွန်တော်တို့မှာပြောင်းပြန်လည်နေသောအချိန်နှင့်ခရီးသွားနေကြရသည်။ဖေဖေသည်ပင်နာရီမဝယ်၇သေးပေ။ကျွန်တော်နေမကောင်းချင်သလိုပင်ဖြစ်လာ၏။မေမေက….
သားနေကောင်းရဲ့လားဟုမေးရင်းအိပ်ရာပေါ်မှဆင်းလာပြီးကျွန်တော်နဖူးကိုလက်နှင့်စမ်းကြည့်သည်။ကိုယ်နည်းနည်းနွေးနေသလိုပဲ
မေမေအနည်းငယ်ချိုသာပျော့ပျောင်းလာပြီးကျွန်တော်နေမကောင်း၍ဟုထင်နေသည်။
သား။ဖျားနေပြီထင်တယ်။ဒါကြောင့်တစ်ညလုံးအိပ်မက်ဆိုးတွေမက်ပြီးကယောက်ချောင်ချားဖြစ်နေတာ
ဖေဖေကအိပ်ချင်မူးတူးနှင့်ဝင်ပြော၏။
ဘာ….ဖျားနေတာ
ကျွန်မကြည့်လုပ်လိုက်ပါ့မယ်၊ရှင်ပြန်အိပ်တော့ဟုမေမေကတိုးတိုးလေးပြော၏။
ထို့နောက်မေမေကကျွန်တော်ကိုအိပ်ရာထဲထိလိုက်ပို့ပေး၏။သူမသည်ကျွန်တော်နေမကောင်းဖြစ်ပြီဟုသာထင်နေလေသည်။သို့သော်အဖြစ်မှန်ကိုကျွန်တော်ပဲသိသည်။
ကျွန်တော်သည်အချိန်ကိုနောက်ပြန်လည်အောင်လုပ်ခဲ့၏ယခုတော့နာရီကြီးလည်းမရှိတော့ပေ။ကျွန်တော်ဘာလုပ်ရမည်နည်း။နောက်တစ်နေ့မနက်တွင်ကျွန်တော်မီးဖိုချောင်ထဲရောက်သွားသောအခွဖေဖေ၊မေမေနှင့်တာရာတို့မှာစားသောက်၍ပြီးစီးနေကြလေပြီ။
ဖိုးကျော်၊မြန်မြန်လုပ်၊နောက်ကျတော့မယ်ဟုဖေဖေကလှမ်းပြောသည်။ဤအချိန်မျိုးတွင်ကျောင်းနောက်ကျသည့်ကိစ္စသည်ဘာမျှအရေးမကြီးပေ။ဖေဖေတစ်စက္ကန်လောက်ထိုငင်ပါဦး
ကျွန်တော်တောင်းပန်လိုက်၏။ခဏလေးပါဖေဖေရယ်၊အရေးကြီးလို့ပါ
ဖေဖေကစိတ်မရှည်စွာဖြင့်ထမင်းစားထိုင်ခုံအစွန်းတွင်ဝင်ထိုင်လိုက်ပြီး…..
သားရယ်၊ဘာဖြစ်ပြန်တာလဲ
မေမေရောနားထောင်နေလား
အေးပါသားရယ်
မေမေသည်နို့ပုလင်းကိုရေခဲသေတ္တာထဲထည့်၍စားပွဲခုံကိုသုတ်နေလေသည်။
သားစကားကိုကြားရရင်အံ့သြနေမှာပဲဟုကျွန်တော်စပြောလိုက်သည်။ဒါပေမဲ့သားနောက်နေတာမဟုတ်ဘူး
ခဏရပ်နေလိုက်၏။ဖေဖေကလည်းစောင့်နားထောင်နေသည်။ဖေဖေ့မျက်နှာသည်တင်းမာနေပြီးကျွန်တော်မဟုတ်တမ်းတရားတစ်ခုခုပြောလိမ့်မည်ဟုမျှော်လင့်နေပုံရသည်။
ကျွန်တော်စိတ်မပျက်ပါ။ဖေဖေအချိန်ဟာပြောင်ပြန်လည်နေတယ်။သားတို့နိုးလာတဲ့ရက်တွေဟာပြီးခဲ့တဲ့နေ့မရောက်ခင်ကထက်တစ်ရက်နောက်ကျကျနေတယ်
ဖေဖေ့မျက်နှာမှာစိတ်ပျက်လက်ပျက်ဖြစ်သွား၏။အေးပါကွာ၊သားရဲ့စိတ်ကးူလေးကဆန်းပါတယ်။ဒါပေမဲ့အခုဖေဖေနောက်ကျနေပြီ။ဒီညဖေဖေအိမ်ပြန်ရောက်မှဆက်ပြောပေါ့။ဒါမှမဟုတ်လည်းစာနဲ့ရေးထားလေ။သားသိပါတယ်။ဖေဖေကဂမ္ဘီရဝတ္ထုတွေကြိုက်တယ်ဆိုတောလေဒါပေမဲ့ဖေဖေ
ကြောင်ကိုအစာကျွေးပြီးပြီလား
ဟုမေမေကမေးလိုက်၏။သမီးကေကျွးလိုက်တယ်မေမေ
ကျေးဇူးပဲသမီးရေ၊ကဲအားလုံးသွားစရာရှိတာသွားကြတော့လေ
မေမေသည်ကျွန်တော်တို့ကိုတံခါးဝသို့တွန်းလွှတ်နေသဖြင့်ပေါင်မုန့်တစ်ချပ်ကိုယူ၍ထွက်ခဲ့ရတော့၏။ယခုအချိန်၌သူတို့နားလည်လက်ခံဖိ့ုမအားလောက်အောင်အလုပ်များနေကြသည့်အတွက်ကျွန်တော်လည်းကျောင်းသို့သာခပ်မြန်မြန်သွားလိုက်သည်။ဒီညညစာစားချိန်တွင်တော့အချိန်နည်းနည်းပိုရပေလိမ့်မည်။ကျောင်းတွင်ကျွန်တော့ပြဿနာကိုစဉ်းစားဖို့အချိန်ရဦးမည်။အရင်အတိုင်းယခုတစ်ရက်ကိုလည်းရှင်သန်နေထိုင်ရဦးမည်။ကျွန်တော်အလုပ်အားလုံးပြီးသွားပြီ။သင်ခန်းစာတွေကလည်းကြားဖူးပြီးသားဖြစ်သည်။ခပ်ညံ့ညံ့နေလယ်စာလည်းစားပြီးပြီ။ထိုစဉ်သချာင်္ဆရာကအတန်းထဲသို့ရုတ်တရက်ဝင်လာသည်။ဘာတွေဆက်ဖြစ်မည်ကိုကျွန်တော်သိနေသည်။ဒုတိယအကြိမ်ပဲဟုစိတ်ထဲတွင်တွေးလိုက်မိ၏။
အောင်ကြီးကရေဆွတ်ထားသောတစ်ရှုးစက္ကူစဖြင့်ရှေ့ဆုံးမှကောင်မလေးတစ်ယောက်၏ဦးခေါင်းကိုပေါက်လိုက်ရာလွဲသွားပြီးဆရာ့တိုက်ပုံအကျီင်္ပခုံးနောက်တည့်တည့်သို့မှန်သွားသည်။ဆရာလှည့်ကြည့်တော့မည်ဟုတွေးနေမိသည်။ဟော…လှည့်လာပြီ။
ဆရာကအောင်ကြီးကိုအော်ငေါက်လိုက်သည်။ဟိုကောင်၊လာရုံးခန်းလိုက်ခဲ့
ကျန်အဖြစ်အပျက်များသည်ကျွန်တေ်ာမှတ်မိသမျှအတိုင်းပင်ဖြစ်သည်။အရာအားလုံးသည်စိတ်ညစ်ညူးစရာကောင်းလှသည်။ကျောင်းဆင်းလာသောအခါစာဖတ်ခန်းထဲတွင်ရွှေဝါကိုနှိပ်စက်နေသောတာရာ့ကိုတွေ့ရသည်။တာရာသည်ကြောင်၏နောက်ခြေထောက်နှစ်ချောင်းကိုမ၍ရှေ့လက်များနှင့်လမ်းလျှောက်ခိုင်းနေလေသည်။
တာရာ….ရပ်စမ်း
ကျွန်တော်လှမ်းအော်ပြိးတာရာ့လက်ထဲမှကြောင်ကိုလုအယူ၊တာရာကကြောင်ကိုလွှတ်ချလိုက်၏။ရွှေဝါကညောင်ခနဲအော်ကာကျွန်တော့်လက်ကိုကုတ်လိုက်သည်။
အား
ကျွန်တော်ရွှေဝါ့ကိုလွှတ်ပေးလိုက်၏။ကြောင်ကလေးကတော့ထွက်ပြေးသါားလေသည်။အဖြစ်အပျက်တစ်ခုလုံးကိုစိတ်ထဲတွင်တရင်းတနှီးခံစားလိုက်ရ၏။နာလည်းနာကျင်သည်။ဖိုးကျော်၊ကြောင်ကိုဘာသွားလုပ်ပြန်ပြီလဲ
မေမေအော်သံကြားလိုက်ရသည်။
ဘာမှမလုပ်ပါဘူး၊ဒီကောင်ကကျွန်တော်ကိုကုတ်တာ
သွားမစနဲ့လေ၊ဒါဆိုဘယ်ကုတ်မလဲ
ထိုစဉ်အိမ်ရှေ့မှလူခေါ်ခေါင်းလောင်းသံမြည်လာ၏။ဟာ….သွားပြီး
ရတနာစီစိနှငိ့မျိုးဖားမင်းသား…။ပြီးတော့်အတွင်းခံအဝတ်အစားများ။
အဲဒီအဖြစ်မျိုးနဲ့ထပ်ပြီးအရှက်ကွဲမခံနိုင်တော့ပါ။သိုေ့သာ်ကျွန်တော့်ခြေထောက်များသည်လှေကားပေါ်သို့စတင်တက်နေကြ၏။ကျွန်တော်ကစက်ရုပ်တစ်ရုပ်ကဲ့သို့လမ်းလျှေက်ရင်းအိပ်ခန်းထဲသို့သွားနေလေသည်။ဒီလိုဘာကြောင့်လုပ်နေရတာလဲဟုမိမိကိုယ်ကိုပြန်မေးနေမိသည်။ကျွန်တော်သည်ဖားဝတ်စုံကိုဝတ်ပေလိမ့်မည်။ကျွန်တော်ကလည်းကြမ်းပြင်ထဲသို့နစ်ဝင်သွားချငလောက်အောင်အရှက်ကွဲရဦးမည်။ဒါတွေအားလုံးဆက်ဖြစ်ဦးမည်ကိုကျွန်တော်သိသည်။ဒါဆိုဘာလို့ငါ့ကလုပ်နေရတာလဲကျွန်တော်ကိုယ်ကျွန်တော်မတားနိုင်တော့ဘူးတဲ့လား။
အခန်း(၁၁)
အပေါ်မတက်နဲ့ဟုကိုယ့်ကိုယ်ကိုတောင်းပန်နေမိသည်။အိပ်ခန်းထဲကိုမသွားနဲ့။
ဒါကိုမလုပ်မိစေနဲ့။ဒီအဖြစ်တွေကိုရပ်တန့်နိုင်တဲ့နည်းလမ်းတော့ရှိကိုရှိရမည်။ကျွန်တော်သည်နောက်ပြန်လှည့်ဖို့ကိုယ့်ကိုယ်ကိုဖိအားပေးမိ၏။လှေကားထစ်များကိုနောက်ပြန်ဆင်းလာလိုက်သည်။သုံးထစ်မြောက်လှေကားပေါ်တွင်ထိုင်ချလိုက်၏။
တာရာကတံခါးကိုဖွင့်ပေးလိုက်ပြီးနောက်မိန်းကလေးသုံးယောက်ကကျွန်တေ်ာရှေ့ဧည့်ခန်းထဲ၌ရပ်နေကြသည်။အဆင်ပြေပြီဟုတွေးနေမိသည်။ကျွန်တော်ထိန်းချုပ်လိုက်နိုင်ပြီ။ပထမတစ်ခေါက်ဖြစ်ခဲ့သည့်အဖြစ်အပျက်များနှင့်မတူညီတော့ပါ။
ဖိုးကျော်၊နင့်ဝတ်စုံရောဘယ်မှာလဲရတနာကမေးလိုက်သည်။အဲဒီဝတ်စုံနဲ့ဘယ်လိုနေလဲဆိုတာငါကြည့်ချင်လို့
ဟာမဖြစ်ဘူး
ဖြေရင်းလူမှာလည်းမလှဘူး၊နင်တို့မြင်ရင်လန့်သွားမှာစိုးလို့လျှောက်ပြောမနေနဲ့၊ဘာကိစ္စငါတို့ကဒီဖားဝတ်စုံကိုကြောက်ရမှာလဲဟုစီစီကဝင်ပြောလိုက်၏။ငါတို့ကအဲဒီဝတ်စုံနဲ့ပဲရီဟာဇယ်လုပ်ချင်တာရတာနာကထပ်ပြောပြန်သည်။
စင်ပေါ်ရောက်မှဝတ်စုံကိုပထမဆုံးမြင်ဖူးရတာမျိုးမဖြစ်ချင်ဘူး။ငါ့အတွက်ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ဝတ်စုံပြည့်လေ့ကျင့်မှဖြစ်မယ်။နင်လည်းဝတ်ထားပေါ့
လာပါကိုကြီးရယ်ဟုတာရာကဝတ်ပြလိုက်ပါ၊ငါလည်းကြည့်ချင်လို့ပါ
ကျွန်တော်သည်သူမ၏ညစ်ကျယ်ကျယ်အကြည့်ကိုဖျတ်ခနဲတွေ့လိုက်၏တာရာ့စိတ်ထဲတွင်ဘာတွေကြံစည်နေသည်ကိုကျွန်တော်သိသည်။ကျွန်တော်ငြင်းလိုက်၏။ငါဝတ်မပြုနိုင်ဘူး
ဘာဖြစ်လို့လဲ
ရတနာကစိတ်တိုလာသလိုမေး၏။မဝတ်ပြနိုင်လို့
သူ့ရှက်လို့နေမှာပေါ့ဟုစီစီကဝင်ပြောသည်။သူ့ဟာသူရှက်ရမ်းရမ်းနေတာတာရာကထပ်ပြော၏။မဟုတ်ပါဘူး။တကယ်ကအဲဒီဝတ်စုံကြီးကတော်တော်ပူလို့ပါ၊အဲဒါ
ရတနာကကျွန်တော့်ဘက်သို့ကိုယ်ကိုကိုင်းလာသည်။စတော်ဘယ်ရီနံ့လိုချိုအီအီအနံ့တစ်မျိူးရလိုက်သည်။သူမသုံးနေကျခေါင်းလျှော်ရည်နံ့ပဲဖြစ်မည်။သွားဝတ်ပြုလိုက်ပါဖိုးကျော်ရယ်၊ငါ့အတွက်ဆိုရင်ရော့
ဟင့်အင်း
သူ့မခြေထောက်များကိုဆောင့်လိုက်၏
နင်အဲဒီဝတ်စုံမဝတ်ရင်ငါတို့မလေ့ကျင့်ဘူး။ကျွန်တော်သက်ပြင်းချလိုက်သည်။ဘယ်နည်းနှင့်မျှလွတ်လမ်းမမြင်တော့ချေ။ရတနာသည်ကျွန်တေ်ာဒီဝတ်စုံမဝတ်မချင်းအလွတ်ပေးလိမ့်မည်မဟုတ်။ကျွန်တော်စိတ်လျှော့လိုက်သည်။ကောင်ပြီလေ
ဟေး
တာရာကထအော်၏။သူ့မကိုမိုက်ကြည့်ထထပ်ကြည့်လိုက်သည်။
အေးဆေးပါဟုတွေးလိုက်၏။ဝတ်စုံကိုဝတ်မည်။သို့သော်အောက်ခံအဝတ်အစားနှင့်ကျွန်တော့်ကိုကောင်းမလေးတွေတွေ့ခွင့်ရမည်မဟုတ်ပေ။အဖြစ်အပျက်အားလုံးကိုကျွန်တော်ထိန်းနိုင်ပေလိမ့်မည်။ထို့နောက်အိပ်ခန်းဆီသို့တက်သွား၏။ဒီတကြိမ်တော့တံခါးသော့ခတ်ထားလိုက်မည်။ကဲတာရာငါ့ကိုအရှက်ရအောင်လုပ်ဖို့ကြိုးစားဦးလေဟုတွေးနေမိသည်။ဘယ်နည်းနဲ့မှအရှက်တကွဲမဖြစ်တော့ဘူး။တံခါးဂျက်ကိုချလိုက်၏။လုံခြုံသွားသလိုခံစားလိုက်ရသည်။ဂျင်းဘောင်းဘီနှင့်တီရှပ်ကိုချွတ်လိုက်၏။ဗီရိုထဲမှဖားဝတ်စုံကိုဆွဲထုတ်လိုက်သည်။ဇစ်ဆွဲလိုက်သောအခါဇစ်မှာကျပ်နေ၏။ပြီးခဲံသည့်အခါတုန်းကအတိုင်းပင်။ဒီတခါတော့အဆင်ပြေမှာပါဟုကိုယ့်ကိုယ်ကိုပြောမိသည်။တံခါးကပိတ်ထားတာပဲ။လွတ်လွတ်လပ်လပ်ရှိလှသည်။ထိုစဉ်တံခါးမှာဝုန်းခနဲပွင့်သွား၏။ကျွန်တော့်မှာအတွင်းခံအဝတ်အစားနှင့်အကူအညီမဲ့စွာမိုးတိုးမတ်တတ်ကြီးရပ်လို့။ရတနာ၊မျိုးနှင့်စီစီတို့သည်ကျွန်တော်ကိုငေးကြောင်ကြည့်နေကြသည်။ထို့နောက်သူတို့သည်အော်ဟစ်ရယ်မောကြလေတော့သည်။ငါ့အခန်းတံခါးကိုပိတ်ထားတာနင်ဘယ်လိုရအောင်ဖွင့်သလဲ၊ကျွန်တော်ကတာရာ့ကိုမာန်မဲလိုက်သည်။မပိတ်ထားပါဘူး၊တံခါးသေ့ာကပျက်နေတာပဲဥစ္စာ၊မမှတ်မိဘူးလား၊မဟုတ်ဘူး၊ဖေဖေပြင်ထားတာ၊သူပြင်ထားပြီးသား
ဖေဖေဘယ်နေ့ကတံခါးပြင်တာပါလိမ့်။သြော်ဟုတ်ပြီ။ဒီအဖြစ်ဆိုးနျင့်ကြုံပြီးနောက်နေ့မှဖြစ်သည်။ထို့ကြောင့်ယခုတော့်တံခါးမှာမပြင်ရသေးပေ။ဒီအမှားတွေက်ုပြင်ဖို့ကျွန်တော်ဘယ်လိုလုပ်ရမလဲ၊ဒုက္ခပဲ။ကျွန်တေ်ာတော့ဂြိုဟ်ဆိုးဝင်တာပဲဟုတွေးလိုက်မိ၏။
အချိန်သည်လုံးဝဆိုးရွားစွာပြောင်းလဲနေ၏။ကျွန်တော့်တွင်ရပ်တန့်အောင်တားဆိးဖို့နည်းလမ်းတစ်ခုမျှမရှိပေ။ကျွန်တော်တုန်လှုပ်စပြုလာသည်။အမှန်တကယ်ကြောက်စရာကြီးပင်။ဘယ်တော့အဆုံးသတ်မှာလဲကျွန်တော်မတွေးတတ်တော့ပါ။မိနစ်တိုင်းကြောက်ရွံမှုတွေသာတိုးတိုးလာသည်။ထိုညတွင်ညစာကိုကြိုးစားပမ်းစားစားလိုက်ရ၏။၎င်းညစာမှာအရင်ကကျွန်တော်စားဖူးပြီးသားဖြစ်သည်။ပထမအကြိမ်တုန်းကလည်းမကြိုက်ပါ။ပဲ၊မုန်လာဥ၊မှိုဟင်း၊ဆန်းလုံးညိုထမင်းဖြစ်သည်။ထမင်းနှင့်မုန်လာဥကိုသာယူစားပြီပဲကို
ဘယ်တော့မှစားလေ့မရှိ။ဖေဖေနှင့်မေမေမမြင်အောင်ခင်းထားသောလက်ကိုင်ပဝါအောက်သို့ပစ်ချလေ့ရှိသည်။ကျွန်တော်သည်ဖေဖေ၊မေမေနှင့်တာရာတို့ညစာစားနေသည်ကိုစောင့်ကြည့်နေမိသည်။တစ်စုံတစ်ရာအမှားအယွင်းများတွေ့လေမလား။စားပွဲဝိုင်းတွင်ဝိုင်းထိုင်ကာအေးအေးဆေးဆေးပင်။နောက်ဆုံးတစ်ခေါက်ကပြောခဲ့သောစကားမျာကိုသာပြန်ပြောနေကြလေသည်။တစ်ခုခုမူမမှန်သည်ကိုဖေဖေနှင့်မေမေသတိထားမိနေသည်ဟုကျွန်တော်တွေးလိုက်မိသည်။သူတို့သိကိုသိနေရမည်။ဘာကြောင့်သူတို့ဘာမှမပြောရတာလဲဖေဖေ၏တစ်နေ့တာအလုပ်ခွင်အကြောင်းပြောပြနေသည်ကိုစောင့်နားထောင်နေလိုက်သည်။ထို့နောက်ကျွန်တော်မနက်ကိစ္စကိုပြန်အစဖော်လိုက်သည်။ကျွန်တော်ခပ်ဖြည်းဖြည်းသာပြောဖို့ဆုံးဖြတ်လိုက်ပြီး
ဖေဖေ၊ဒီညစာကိုစားဖူးပြီးသားလို့မထင်ဘူးလား
ငါပြောမယ်၊ဒိညစာဟာပြီးခဲ့တဲ့လကသက်သက်လွတ်ဆိုင်မှာစားခဲ့တဲ့နေလယ်စာနဲ့တူတယ်၊ဟုတ်ဘူးလား
မေမေကဖေဖေ့ကိုမကြည်သလိုကြည့်သည်။ထို့နောက်ကျွန်တော်ဘက်လှည့်လာပြီး…..
ဘာပြောချင်တာလဲဖိုးကျော်၊ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတွေကိုစားရတာငြီးငွေ့တယ်ပေါ့လေ
မေမေ့အသံကမာရေကျောရေနိုင်လှသည်။ဖေဖေက
အေး….ဟုတ်တယ်
သမီးရောပဲဟုတာရာကပါဝင်ပြောလေသည်။မဟုတ်ဘူး၊မဟုတ်ဘူးဟုကျွန်တော်ပျာပျာသလဲငြင်းလိုက်၏။ဖေဖေတို့နားမလည်ဘူး၊ဒီလိုအစားစာမျိုးစားဖူးတယ်လို့ဆိုလိုတာမဟုတ်ဘူး။အရင်ကဒီညစာကိုပဲစားဖူးတယ်လို့ပြောတာ။ဒိညစာကိုပဲနှစ်ခါပြန်စားနေကြတာ၊ဖေဖေကမျက်နှာထားတင်းတင်းဖြင့်ဖိုးကျော်ဗရုတ်သုတ်ခအကြောင်းတွေကိုညစာ
စားချိန်မှာမပြောစမ်းနဲ့
သူတို့သဘောမပေါက်ကြသေးပေ။ကျွန်တော်မှာခေါင်းကိုသာခါယမ်းနေမိသည်။အဲဒီလိုဖြစ်နေတာဒီညစာတစ်ခုတည်းမဟုတ်ဘူး၊ဒီနေ့တစ်နေလုံးပဲ၊ဖေဖေသတိမထားမိဘူးလား၊ကျွန်တော်တို့အားလုံးပြီးခဲ့ပြီးသားအရာတိုင်းကိုပြန်လုပ်နေကြတာ။အချိန်ဟာနောက်ပြန်ဆုတ်နေတယ်
တာရာက
တော်စမ်းပါ၊ပျင်းစရာကြီး၊တခြားအကြောင်းပြောရအောင်
တာရာဟုမေမေကအော်ငေါက်လိုက်သည်။တော်စမ်းလို့၊ကိုယ့်အစ်ကိုကိုမပြောရဘူး
ထို့နောက်ကျွန်တော့်ဘက်လှည့်လာပြီး….ရုပ်ပြစာအုပ်တွေဖတ်ပြိးစိတ်ကူးယဉ်ပြန်ပြီလား၊ကျွန်တော်စိတ်မရှည်တော့။ဖေဖေတို့ကကျွန်တော်ပြောတာက်ုနားမထောင်ကြဘူးမနက်ဖြန်ဟာမနေ့က၊သန်ဘက်ခါဟာတမြန်မနေ့ကဖြစ်နေတာ၊အရာအားလုံးပြောင်းပြန်သါားနေတာ၊ဖေဖေနှင့်မေမေသည်တစ်ယောက်ကိုတစယောက်ဖျတ်ခနဲကြည့်လိုက်သည်။တစ်ခုခုကိုလျှ့ိုဝှက်ထားပုံမျိုးနှင့်။သူတို့တစ်ခုခုတော့သိနေရမည်ဟုကျွန်တော်ထင်သည်။
အခန်း(၁၂)
ဖေဖေက…..
သားဒီဂျာဗူးဆိုတာကြားဖူးလား။ကျွန်တော်ခေါင်းခါပြလိုက်သည်။လူဟာတစ်ခုခုနဲ့ကြုံရင်အဲဒီအဖြစ်ဟာအရင်ကဖြစ်ဖူးတယ်လို့ယုံကြည်တတ်တယ်။လူတိုင်းတစ်ခါတစ်လေတော့ခံစားဖူးကြတာချည်းပဲ။ဒါကြောက်စရာမဟုတ်ဘူး
သားအနေနဲ့စိတ်လှုပ်ရှားမှာပေါ့ဟုမေမေကထပ်ပြောပြနေသည်။သားမွေးနေ့ရောက်လာတော့မှာပဲဥစ္စာ၊၁၂နှစ်ပြည့်မွေးနေ့အတွက်ကြိုရင်ခုန်နေတယ်ပေါ့လေ။မွေးနေ့ပွဲနှင့်တခြားဟာတွေအတွက်လည်းစီစဉ်နေပြီမဟုတ်လား
လုံးဝမဟုတ်ဘူး
အဲဒီခံစားမှုကိုကျွန်တော်သိတယ်။ဒါကမတူဘူး။အခုဟာက…
သားမွေးနေ့ရောက်ရင်ဘာလက်ဆောင်ရမှာလဲဆိုတာစောင့်ကြည့်ပါဦး။သားစိတ်တွေထိန်းမရလောက်အောင်တကယ့်ကိုအံံ့သြသွားမှာ
အဲဒီလိုမဟုတ်ဘူးဟုစိတ်ပျက်လက်ပျက်တွေးနေမိသည်။တကယ်အံ့သြသွားစရာမဟုတ်ပါဘူး။ကျွန်တော့်ကိုအဲဒီမွေးနေ့လက်ဆောင်ပဲနှစ်ကြိမ်တောင်ပေးခဲ့ပြိးပြီပဲ။အဲဒိစက်ဘီးစုတ်ကိုဘယ်နှစ်ကြိမ်များထပ်ပေးနေကြဦးမှာလဲ။မေေမေ၊ကိုကြီးလက်ကိုင်ပဝါအောက်မှာပဲစေ့တွေဝှက်ထားပြန်ပြီဟုတာရာကချွန်၏။ကျွန်တေ်ာတာရာ့မျက်နှာကိုပဲစေ့များနှင့်ပေါက်လိုက်မိတော့သည်။နောက်တစ်နေ့နံနက်ကျောင်းသွားချိန်တွင်မည်သည့်နေ့ဆိုသည်ကိုကျွန်တော်မှာမသေချာ။အစီအစဉ်တကျဖြစ်ဖို့အတော်ပင်ကြိုးစားယူရသည်။
အတနးချိန်များ၊နေ့လယ်စာနှင့်သူငယ်ချင်းများ၏ပြောစကားများသည်ကျွန်တော့်အတွက်အကျွမ်းဝင်လှ၏။သို့သော်ဖြစ်ရိုးဖြစ်စဉ်မှလွဲချော်၍ဘာမျှမဖြစ်။အခြားကျောင်းဖွင့်ရက်တွေအတိုင်းပင်။ထိုနေ့ကကျောင်းဆင်ချိန်တွင်ထုံးစံအတိုင်းဘောလုံးကန်ကြသည်။ကစားနေချိန်တွင်စိတ်ထဲတွင်စနိုးစနောင့်ဖြစ်လာသည်။စိတ်တခုလုံးလေးလံလာ၏။ဒီကစားပွဲကိုကစားပြီးသားဟုစိတ်ထဲတွင်မှတ်မိလိုက်သည်။ပြီးတော့်ကောင်းသောပြီးဆုံးခြင်းနှင့်အဆုံးမသတ်ပေ။ကျွန်တော်တို့အသင်းအနိုင်ရသည်။ကျွန်တော်တို့အားလုံးကိုယ့်ကျောပိုးအိတ်ကိုယ်ကောက်လွယ်လိုက်ကြသည်။ထိုစဉ်အောင်ကြိး၏ကြိမ်းမောင်းသံကိုကြားလိုက်ရသည်။ငါ့မန်ယူအသင်းဦးထုပ်ဘယ်ရောက်သွားပြီလဲ
ဟာဟုတ်ပြီ၊ကျွန်တော်သတိရပြီ။ဒါဘောလုံးကစားတဲ့နေ့ပဲ။ဘယ်လိုများကျွန်တော်မေ့နိုင်မှာတဲ့လဲ။ကောင်းမစုတ်လေးတာရာ၊နောက်တစ်ခေါက်ထပ်လိုက်ပြန်ပြီ။ငါ့ဦးထုပ်ရှာမတွေ့မချင်းဘယ်သူမှမသွားရဘူး။ကျွန်တော်သည်မျက်လုံးများကိုမှိတ်ထားလိုက်ပြီးကျောပိုးအိတ်ကိုသာကိုင်ဆွဲလိုက်သည်။
ဘာတွေဆက်ဖြစ်လာမည်ကိုကျွန်တော်သိနေခဲ့သည်။သူ့ဘာသူပဲပြီးဆုံးသွားပါလိမ့်မည်။အောင်ကြီး၏အထုအထောင်းခံရခြင်းသည်အတော်ပင်နာကျင်ပါသည်။သို့သော်ထိုနာကျင်မှုသည်တာရှည်မခံပါ။နောက်တစ်နေ့နံနက်ကျွန်တော်အိပ်ရာမှနိုးလျှင်ကိစ္စအားလုံးပြီးဆုံးသွားပေးလိမ့်မည်။နာကျင်မှု၊အနာဖေး၊အညိုအမည်းစွဲမှုအရာအားလုံးပဲဖြစ်သည်။
ဒီနေ့ဟာဘာနေ့များဖြစ်မလဲ။တောင်ရောက်မြောက်ရောက်စဉ်းစားမိသည်။ကျွန်တော်ဆော်ပလော်တီးမခံရမီကရက်တရက်ပဲဖြစ်ရမည်။ကျွန်တော်ကတော့ထိုရက်ကိုတတိယအကြိမ်မြောက်အဖြစ်ထပ်မနေရလောက်ဘူးဟုမျှော်လင့်နေမိသည်။
သို့သော်ဒီနေ့ဘာတွေဖြစ်ဦးမှာလဲ။ကျွန်တေ်ာသည်ကျောင်းသို့လမ်းလျှောက်သွားရင်းသဲလွန်စများကိုရှာဖွေနေခဲ့သည်။အောင်ကြီးကကျွန်တော်ကိုဆွဲမထိုးမီတစ်ရက်အလို၊ဒါမှမဟုတ်၂ရက်လောက်ကဘာတွေဖြစ်ခဲ့သည်ကိုပြန်စဉ်းစားနေမိသည်။
သချာင်္စာမေးပွဲ….။ဖြစ်နိုင်သည်။မျှော်တော့မမျှော်လင့်ရဲ။ဒီတကြိမ်တော့အနည်းငယ်ပိုလွယ်ကူပေလိမ့်မည်။ကျွန်တော်သည်မေးခွန်းပုစ္ဆာများကိုကြိုးစားစဉ်းစားလိုက်ပြီးစာမေးပွဲဝင်မဖြေခင်အဖြေများကိုကြည့်သွားရမည်။ကျွန်တော်ဒီနေ့နည်းနည်းနောက်ကျသည်။တစ်ခုခုဆိုတာဒါလားဟုကျွန်တော်တွေးနေမိသည်။ကျွန်တော်ပြဿနာတက်တော့မည်လား။အတန်းပိုင်ဆရာမကအခန်းတံခါးကိုပိတ်ထားပြိးဖြစ်သည်။တံခါးကိုဖွင့်၍ဝင်လိုက်၏။တစ်ခန်းလုံးအပြည်ရောက်နေကြပြီ။ကျွန်တော်အတန်းထဲသို့လမ်းလျှောက်ဝင်လာသောအခါဆရာမကလှမ်းမကြည့်ပါ။အရမ်းနောက်မကျလောက်ပါဘူးဟုထင်လိုက်သည်။ပြဿနာမတက်လောက်ပါဘူး။ထိုင်နေကျနောက်ဆုံးခုံသို့သါားသည်။ထိုင်ခုံတန်းများတစ်လျှောက်ကျွန်တော်ဖြတ်လျောက်လာရင်းအခြားအတန်းသားများကိုတစ်ချက်ဝေ့ြက်ည့လိုက်သည်။ကျွန်တေ်ာအရင်ကမတွေ့ဖူးသောဆံပင်ကောက်ကောက်နှင့်ဝဝကစ်ကစ်ကလေးတစ်ယောက်ကိုငေးရင်းဘယ်သူတွေပါလိမ့်ဟုစဉ်းစားနေမိသည်။ထို့နောက်တစ်ခေါင်းလုံးကျစ်ဆံမြီးထားပြီးနားရွက်တစ်ဖက်တည်းနားဆွဲသုံးခူဝတ်ထားသောခပ်ချောချောကောင်းမလေးတစ်ယောက်ကိုသတိထားလိုက်မိသည်။သူမကိုလည်းအရင်ကတစ်ခါမျှမတွေ့ဖူးပါ။တစ်ခန်းလုံးရှိမျက်နှာများအားလုံးကိုလိုက်ငေးကြည့်နေမိသည်။တစ်ယောက်ကိုမျှမရင်နှီးချေ။ဘာတွေဖြစ်နေတာလဲဟုတွေးနေမိသည်။လည်ချောင်းထဲတွင်တစ်ဆို့ဆို့ဖြစ်လာသလိုခံစားလိုက်ရသည်။ကျောင်းသားအားလုံးထဲတွင်တစ်ယောက်ကိုမျှမသိချေ။ကျွန်တော်အတန်းဘယ်မှာလဲ…..
အခန်း(၁၃)
ဆရာမကစာရေးနေရာမှအတန်းဘက်သို့လှည့်လာ၏။ထို့နောက်ကျွန်တော့်ကိုကြောင်ပြီးကြည့်နေသည်။ဟေ့တတိယတန်းကျောင်းသားကလေးကဒီမှာဘာလာလုပ်နေတာလဲဟုဆံပင်ကောက်ကောက်နှင့်ကလေးကအော်လိုက်သည်။လူတိုင်းရယ်နေကြသည်။အဘယ်ကြောင့်ရယ်နေကြကြောင်းကိုကျွန်တော်နားမလည်နိုင်ပါ။တတိယတန်းကျောင်းသားတစ်ယောက်ကိုမျှကျွန်တော်မမြင်မိပါ။သားအတန်းမှာလာပြီဟုဆရာမကပြောသည်။သူမကတံခါးကိုဖွင့်၍အပြင်ဘက်လမ်းညွှန်
သားတို့အတန်းကအောက်ကဒုတိယထပ်မှာကျေးဇူးတင်ပါတယ်ဆရာမ
ဆရာမကစာသင်ခန်းတံခါးကိုပိတ်လိုက်၏။သို့သော်ဆရာမပြောသည့်အတိုင်းသွားဖို့ဆုံးဖြတ်လိုက်သည်။ဆရာမကစာသင်ခန်းတံခါးကိုပျတ်လိုက်၏။တံခါးနောက်ကွယ်မှကျောင်းသားများ၏ရယ်သံကိုကြားနေရလေသည်။ယောကျာ်းလေးအိမ်သာရှိရာသို့အပြေးအလွှားသွားလိုက်၏။ကျွန်တော့်မျက်နှာကိုရေအေးအေးနှင့်သစ်ပစ်ဖို့လိုနေပြီ။
သို့မှသာနေသာထိုင်သာရှိပေလိမ့်မည်။ရေပိုက်ခေါင်းကိုဖွင့်ချလိုက်သည်။ထို့နောက်မှန်ထဲသို့ခပ်မြန်မြန်တစ်ချက်ကြည့်လိုက်သည်။မှန်သည်အရင်ကထက်အနည်းငယ်ပိုမြင့်သကဲသို့ဖြစ်နေ၏။ရေအေးအေးဖြင့်လက်များကိုဆေးပြီးမျက်နှာကိုပတ်လိုက်သည်။လက်ဆေးကန်မှာလည်းအနည်းငယ်မြင့်နေကြောင်းသတိထားလိုက်မိသည်။ထူးဆန်းလိုက်တာ
ကျောင်းမှာရောက်လာသလားမှန်ထဲသို့တစ်ခါထပ်ကြည့်မိသည်။တုန်လှုပ်စရာကောင်းလှသည်။ဒါကျွန်တော်တဲ့
ကျွန်တော်သည်ငယ်ရွယ်လွန်းနေသည်။လက်များကိုခပ်တိုတို၊အညိုရောင်ပွယောင်းယောင်းဆံပင်များထဲသို့ထိုးဖွလိုက်သည်။ထိုခပ်တုံးတုံးခေါင်းတုံးပေါက်စဆံပင်နှင့်ပင်တတိယတန်းတစ်နှစ်လုံးနေခဲ့ရသည်။ကျွန်တော်သည်မယုံကြည်နိုင်စွာဖြင့်ခေါင်းကိုခါယမ်းနေမိသည်။တတိယတန်းကျောင်းသားဖြစ်နေရပြန်ပြီ။တတိယတန်းကျောင်းသားဆံပင်၊အဝတ်အစားနှင့်။တတိယတန်းကျောင်းသားအရွယ်ခန္ဓာကိုယ်နှင့်။သို့သော်ဆယ်တန်းကျောင်းသားဦးနှောက်။တတိယတန်းတဲ့။အဓိပ္ပာယ်မှာတစ်ညအတွင်း၇နှစ်လောက်နောက်ပြန်ဆုတ်သွားခဲ့ပြီ။ခန္ဓာကိုယ်တစ်ခုလုံးစတင်တုန်လုပ်လာသည်။ကိုယ့်ကိုယ်ကိုငြိမ်သက်သွားသည့်တိုင်လက်ဆေးကန်ကိုဆုပ်ကိုင်ထားရသည်။ရုတ်တရက်ကျွန်တော့်မှာကြောက်လွန်း၍တစ်ကိုယ်လုံးပျော့ခွေကျမတက်ဖြစ်သွား၏။ဖြစ်ပျက်သမျှသည်အရှိန်ပိုမြန်လာသည်။ယခုပဲကြည့်။တစ်ညတွင်းပင်နှစ်မှားစွားဆုံးရှုံးသွာားပြီ။မနက်ဖြန်နံနက်ကျွန်တော်အိပ်ရာနိုးလျှင်မည်သည့်အရွယ်ရောက်နေမည်နည်းဟုကျွန်တော့်ကိုကျွန်တော်ပြန်မေးနေမိသည်။အချိန်နောက်ပြန်လည်ခြင်းသည်မြန်သည်ထက်ပိုမြန်လာာသည်။သို့သော်ကျွန်တော်မှာယခုထိမည်သို့ရပ်တန့်အောင်လုပ်ရမည်ကိုမသိသေးချေ။ရေပိတ်လိုက်ပြီးမျက်နှာကိုတစ်သျှူးဖြင့်ခြောက်အေင်သုတ်လိုက်သည်။ကျွန်တော့်အနေဖြင့်ဘာလုပ်လို့လာကိုင်ရမှန်းမသိလောက်အောင်ဖြစ်နေချေပြီ။ကြောက်လွန်းသဖြင့်ဘာကိုမျှလည်းဟုတ်တိပတ်တိမတွေးနိုင်တော့။တတိယတန်းစာသင်ခန်းဘက်သို့ပြန်လျှောက်လာခဲ့သည်။ပထမဆုံးအတန်းထဲသို့ပြတင်းပေါက်မှတစ်ဆင့်တစ်ချက်ဝေ့ကြည့်လိုက်သည်။အတန်းထဲတွင်ကျွန်တော့်ဆရာမဟောင်းတတိယတန်းအတန်းပိုင်ဆရာမရှိနေသည်။ဆရာမ၏ဖွေးဖွေးလှုပ်နေသောငွေရောင်ဆံပင်များကိုမည်သည့်နေရာ၌တွေ့တွေ့မှတ်မိပါသည်။
ကျွန်တော့်ဆရာမကိုတွေ့လိုက်သည်နှင့်သိလိုက်၏။အချိန်သည်အမှန်တကယ်ပဲ၇နှစ်နောက်ပြန်ဆုတ်သွားလေပြီ။အဘယ်ကြောင့်ဆိုသော်ဆရာမသည်ယခုအချိန်၌ကျောင်းတွင်မရှိသင့်တော့်ပါ။လွန်ခဲ့သော၅နှစ်ကပင်ဆရာမသည်အငြိမ်စားယူသွားခဲ့ပြီးဖြစ်သည်။ကျွန်တော့်ပဉ္စမတန်းတက်နေစဉ်ကဖြစ်သည်။ကျွန်တော်သည်တံခါးကိုဖွင့်၍အတန်းထဲသ်ု့တစ်လှမ်းချင်းဝင်ခဲ့သည်။ဆရာမသည်အံ့သြဟန်မပြ။
ဝင်ထိုင်လိုက်…..သားဟုအမိန်ပေးလိုက်သည်။ဆရာမသည်ကျွန်တော်နောက်ကျသည်ကိုဘယ်တော့မှပြဿနာမရှာပေ။ဆရာမကကျွန်တော့်ကိုချစ်သည်။ကျွန်တော်သည်အတန်းထဲရှိအခြားကလေးများကိုစစ်ကြည့်နေမိသည်။ကိုဖြိုး၊မင်းသူ၊နေလင်း၊ဇော်ဇော်နှင့်အခြားအတန်းဖော်များကိုတွေ့ရသည်။ရတနာသည်သူမ၏အညိုရောင်ဆံပင်တောက်တောက်များကိုကျစ်ဆံမြီးနှစ်ဖက်ကျစ်ထား၏စီစီကတော့သူမ၏ဆံပင်များကိုမြည်းမြီးလိုချည်ထားသည်။မင်းသူ၏နဖူးပြင်တွင်ပင်အဖုလေးမရှိသေးချေ။ဇော်ဇော်ကသူ၏လက်ခုံပေါ်တွင်လိပ်နှင့်ဂျာပုံစတစ်ကာကပ်ထား၏။ကျွန်တော့်အတန်းသေချာပြီ။
နောက်ဘက်ခပ်ကျကျရှိလွတ်နေသောခုံတွင်ဝင်ထိုင်လိုက်သည်။ကျွန်တော့်ထိုင်ခုံဟောင်းဖြစ်သည်။ဘေးကပ်လျက်တွင်ကိုဖြိုးရှိသည်။ကျွန်တော့်သူ့ကိုလှမ်းကြည့်လိုက်သောအခါကိုဖြိုးသည်နှာခေါင်းနှိုက်နေလေသည်။ရွံစရာကောင်းလိုက်တာ။တတိယတန်းကျောင်းသား၏ထိုကိစ္စမျိုးကိုကျွန်တော်မေ့နေပါပြီ။ကျော်ဇင်ဝင်း၊အင်္ဂလိပ်မီးနင်းစာအုပ်၊စာမျက်နှာ၃၃ကိုကြည့်ဟုဆရာမကလှမ်းပြောသည်။ဒီစကားလုံးတွေဟာမနက်ဖြန်လပတ်အစမ်းစာမေးပွဲအတွက်မသိမဖြစ်တွေပဲဟုဆရာမကပြောရင်း….ကျောင်းသင်ပုန်းပေါ်တွင်စာလုံးများကိုရေးနေလေသည်။
Taste,sense,grandmother,easy,happiness
ဟေ့ကောင်
ကိုဖြိုးကတိုးတိုးလေးခေါ်သည်။ဒီမှာကြည့်စမ်း၊စာလုံးတွေကခက်လိုက်တာ၊grandmotherဆိုစာလုံးတွေဘယ်လောက်များလိုက်သလဲ
ကျွန်တော်ဘာပြောရမှန်းမသိပါ။ကျွန်တော်နောက်ဆုံးဖြေခဲ့သော၁၀တန်းလပတ်စာမေးပွဲတွင်photosynthesisကဲ့သို့သောစားလုံးပေါင်းမျိုးတွေပါသည်။Grandmotherသည်ကျွန်တော့်အတွက်စိန်ခေါ်မှုကြီးတစ်ခုမဟုတ်ချေ။တစ်နေ့လုံးနီးပါးကျွန်တော်သည်စိတ်နဲ့လူနှင့်မကပ်။ကျောင်းစာများပိုလွယ်လာပါစေဟုကျွန်တော်အမြဲဆုတောင်းခဲံဖူးသော်
လည်းထင်သလောက်မလွယ်ချေ။သင်ခန်းစာများမှာကလေးဆန်လွန်းပြီးငြီးငွေ့စရာကောင်းလှသည်။နေ့လယ်စာစားပြီးနာနေရသည်မှာလည်းဆိုးရွားလှသည်။မင်းသူသည်ပါးစပ်ထဲတွင်ငှက်ပျော်သီးများအပြည့်ထည့်ဝါပြီးကျွန်တော့်ကိုလျှာထုတ်ပြသည်။နေလင်းကချောကလက်ပူတင်းများဖြင့်မျက်နှာကိုသုတ်ပြသည်။နောက်ဆုံးတော့
တစ်နေ့တာကျောင်းတက်ချိန်ပြီးဆုံးသွားပါသည်။ကျွန်တော်၏တတိယတန်းကျောင်းသားအရွယ်ခန္ဓာကိုယ်လေးကိုဒရွတ်ဆွဲ၍အိမ်ပြန်လာခဲ့ပါသည်။အိမ်ရှေ့တံခါးဝသို့ရောက်သည်နှင့်ကြောက်စရာကောင်းလှသောအာခေါင်ခြစ်၍ငိုသံကိုကြားရသည်။ရွှေဝါသညကြောင်ပေါကစလေးတစ်ကောင်ဖြစ်နေလေသည်။တာရာသည်တောက်တောက်တောက်တောက်နှင့်လမ်းလျှောက်ပြီးနောက်ကလိုက်သွား၏။ကျွန်တော်က…
ကြောင်ကိုမစနဲ့
ငပေါကြီး….ဟုတာရာကပြန်ပြော၏။ကျွန်တော်သည်တာရာ့ကိုကြောင်တက်တက်နှင့်ကြည့်နေမိသည်။သူမသည်၃နှစ်အရွယ်ပဲရှိနေသည်။ကျွန်တော်အသည်းအသန်စဉ်းစား၏။တာရာ၃နှစ်သမီးတုန်းကရောကျွန်တော်ချစ်ခင်ခဲ့သလား။သူမက….
ကျောပိုးအိတ်ပေးအော်ငိုရင်ကျွန်တော့်ကျောပိုးအိတ်ကိုလှမ်းဆွဲ၏။ငါ့ကိုလွှတ်စမ်း
ဟုကျွန်တော်အော်လိုက်သည်။ကျောပိုးအိတ်သည်ကြမ်းပြင်ပေါ်သို့လွတ်ကျသွားသည်။ကျွန်တော်ကောက်ယူပြီးမတ်တပ်ရပ်လိုက်၏။တာရာကကျွန်တော့်ဆံပင်များကိုအဆုပ်လိုက်ဆုပ်ကိုင်၍ဆောင့်ဆွဲလိုက်လေသည်။အား
တာရာကတော့သဘောကျပြီးတခွီးခွီးရယ်နေလေသည်။နာလိုက်တာဟုငြီးတွားရင်းတာရာ့ကိုကျွန်တော်တွန်းပစ်လိုက်ရာမေမေမြင်သွား၏။မေမေကတာရာ့အနားသို့ပြေးသွားပြီး….သားညီးမလေးကိုအဲဒီလိုမတွန်းပစ်နဲ့လေ၊ညီမလေးကအခုမှငယ်ငယ်လေးရှိသေးတာကျွန်တော်သည်ဒေါသကိုချုပ်တီး၍အိပ်ခန်းထဲသို့သာဝင်ခဲ့လိုက်သည်။မဟုတ်ဘူး။တာရာ၃နှစ်သမီးတုန်းကလညိးကျွန်တော်မချစ်ခဲ့ပါ။သူမသည်ဘယ်တုန်းကပဲဖြစ်ဖြစ်အဆိုး
ရွားဆုံးအဆိပ်တစ်ခုပဲဖြစ်သည်။တာရာသည်မွေးကတည်းကအရှုပ်ထုတ်ဖြစ်သည်။သူမသည်မည်သည့်အခါမျှလူလားမြေက်မည်မဟုတ်ချေ။ကျန်ဘဝတစ်လျောက်လုံးလည်းဆိုးသွမ်းနေပေမည်။ကျွန်တော့်အရွယ်ရောက်လာသည့်တိုင်ကျွန်တော်ကိုရူးအောင်လုပ်နေပေလိမ့်မည်။ကျွန်တော်တို့လူကြီးဖြစ်ရဦးပါ့မလားဟုထိတ်လန့်တကြားတွေးလိုက်မိပြန်သည်။ဒီအတိုင်းဆိုပါကကျွန်တော့်တို့ဘယ်တော့မှအရွယ်ရောက်လာတော့မည်မဟုတ်ချေ။ကျွန်တော်ဘာလုပ်ရမည်နည်း။အချိန်တိုလေးအတွင်းပင်၇နှစ်နောက်ပြန်ရောက်သွားသည်။တစ်ခုခုသာမလုပ်နိုင်ပါကကျွန်တော်ကလေးပေါက်စလေးပြန်ဖြစ်တော့မည်။အဲဒါပြီးရင်ရော….ကျောရိုးတစ်လျှောက်စိမ့်ခနဲခံစားလိုက်ရသည်။ဒါပြီးရင်ဘာဖြစ်မှာလဲဟုကျွန်တော်ကိုယ်ကျွန်တော်ပြန်မေးနေမိသည်။ကျွန်တော်လုံးဝပျောက်ကွယ်သွားရတော့မှာလား
အခန်း(၁၄)
မနက်မိုးလင်းတိုင်းကျွန်တော့်မှာအထိတ်တလန့်နိုးလာရသည်။ဒီနေ့ဘာနေ့လဲ။ဒီနှစ်ဘာနှစ်လဲ။ကျွန်တော်မတွေးတတ်ပါ။အိပ်ရာပေါ်မှဆင်းလိုက်စဉ်ကြမ်းပြင်သည်ယခင်ကထက်ပိုဝေးနေသလိုပင်။ထို့နောက်ဧည့်ခန်းကိုဖြတ်၍ရေချိုးခန်းအတွင်းသို့ဝင်လိုက်သည်။မှန်ထဲတွင်ကိုယ့်ကိုယ်ကိုကြည့်နေမိသည်။ကျွန်တော်ဘယ်အရွယ်ရှိနေလဲ။မနေ့ကထက်တော့ပိုငယ်နေမှာသေချာသည်။ကျွန်တော့်အခန်းသို့ပြန်လာပြီးအဝတ်အစားလဲလိုက်သည်။မေမေကဝတ်ရမည့်အဝတ်အစားများကိုထိုင်ခုံပေါ်တွင်တင်ထားပေးလေ့ရှိသည်။ကျွန်တော်ဝတ်ရမည့်ဂျင်းဘောင်းဘီကကိုစေ့စေ့စပ်စပ်ကြည့်နေမိသည်။ဘောင်းဘီနောက်အိတ်တွင်ကောင်းဘွိုင်ပုံလေးပါသည်။ဟာ….ကျွန်တော်မှတ်မိပြီ။ဒီဂျင်း။ကောင်းဘွိုင်ဂျင်း။ဒုတိယတန်းတုန်းက။ယနေ့သည်ကျွန်တော်၇နှစ်သားဖြစ်သည်။ဘောင်းဘီထဲသို့ခြေထောက်ကိုလျှိုရင်းဒီပုံတုံးတုံးဂျင်းဘောင်းဘီကိုနောက်တစ်ခါပြန်ဝတ်ရတာမယုံကြည်နိုင်လောက်အောင်ဖြစ်နေသည်။ထို့နောက်မေမေထုတ်ထားပေးသောရှပ်အကျီင်္ဖနြ့်လိုက်သည်။အင်္ကျီကိုမြင်လိုက်သည်နှင့်ကျွန်တော်စိတ်မချမ်းမသာဖြစ်သွားသည်။အကျီင်္မှာကောင်းဘွိုင်းတွေဝတ်လေ့ရှိသောပန်းပွားများ၊တိုလီမိုလီများတပ်ထားသည့်အင်္ကျီဖြစ်သည်။အဲဒီအင်္ကျီကိုဝတ်ရမှာရှက်စရာကောင်းသည်ဟုကျွန်တော်ထင်သည်။ဘာကြောင့်များမေမေဒီလိုလုပ်ပေးတာကိုကျွန်တော်ကသဘောတူခဲ့မိပါလိမ့်။အနည်းဆုံးတော့အဲဒီအရွယ်တုန်းကဒီအဝတ်အစားများကိုကျွန်တော်ကြိုက်နှစ်သက်ခဲ့ပေလိမ့်မည်။အောက်ထပ်သို့ဆင်းးလာသောအခါတာရာမှာညအိပ်ဝတ်စုံနှင်ပင်ကာတွန်းကားကြည့်နေလေသည်။သူမသည်၂နှစ်သမီးအရွယ်ဖြစ်နေသည်။ဧည့်ခန်းထဲသို့ကျွန်တော်ဖြတ်သွားသည်ကိုမြင်သောအခါတာရာသည်လက်များကိုကျွန်တော်ဆီဆန့်တန်း၍အာဘွား၊အာဘွားဟုအော်နေလေသည်။တာရာကကျွန်တော်ကိုနမ်းစေချင်သည်တဲ့လား။ဒါတာရာနှင့်နည်းန်ည်းမှမတူ။၂နှစ်သမီးတာရာသည်အပြစ်ကင်းစင်၍ချစ်စရာကောင်းပေလိမ့်မည်။တကယ်ချစ်စရာကောင်းပေလိမ့်မည်။အာဘွား၊အာဘွား
ညီမလေးကိုတစ်ချက်လောက်နမ်းလိုက်ဦးလေ
မီးဖိုချောင်ထဲမှမေမေကလှမ်းအော်ပြောလိုက်သည်။သားကအစ်ကိုပဲ၊တာရာကသားကိုချစ်လို့ဥစ္စာ
ကျွန်တော်သက်ပြင်းတစ်ချက်ချလိုက်ပြီး….အင်းပါ
ဟုပြောသည်။ကျွန်တေ်ာ့ကိုယ်ကိုကိုင်း၍တာရာ့ပါးကိုငုံ့နမ်းလိုက်သည်။ထိုအခိုက်အတန့်မှာပင်ဒင်းက….သူ့လက်ညိုးတုတ်တိုတိုလေးနှင့်ကျွန်တော်မျက်လုံးကိုထိုးလိုက်လေသည်။အား
ကျွန်တော်အသံကုန်အော်မိသည်။တာရာကတော့ရယ်နေလေသည်။လတ်စသတ်တော့ဒင်းကမွေးကတည်းကသန္ဓေယုတ်တာကို…..ဟုတွေးရင်းလက်တစ်ဖက်ကနီရဲနေသောမျက်လုံးကိုအုပ်၍မီးဖိုချောင်ထဲသို့ဝင်လိုက်သည်။တာရာ့ကိုမွေးဖွားလာတာတော်တော်ဆိုးသည်။ဒီအချိန်သသည်ကျောင်းသွားရမည့်အချိန်ဖြစ်သည်။မည်သည့်အတန်းသွားတက်ရမည်ဆိုသည်ကိုကျွန်တော်သိသည်။သူငယ်ချင်းများအားလုံးလည်းငယ်နေကြလေပြီ။ရတနာအပါအဝင်လူတိုင်းသည်အရင်ကထက်ပိုငယ်နေကြသည်။တစ်နေလုံးပျင်းရိငြီးငွေ့စရာကောင်းလှသည်။ကျွန်တော်နားလည်ပြီးသားတွေပြန်သင်နေသောနေ့တနေ့ဖြစ်သည်။ဘာပဲဖြစ်ဖြစ်ကျွန်တော့်အတွက်စဉ်းစားဖို့အချိန်ရပေဦးမည်။နေ့တိုင်းပင်ကျွန်တော်ဘာဆက်လုပ်ရမည်ကိုသာကြံစည်နေခဲံသည်။သိုေ့သာ်ဘယ်သောအခါမျှအဖြေမထွက်ချေ။ထို့နောက်ကျွန်တော်သတိရလိုက်မိသည်။ထိုသံစစုံငှက်နာရီကိုဖေဖေလိုချင်နေသည်မှာ၁၅နှစ်လောက်ရှိပြီဟုပြောသံကြားဖူးသည်။၁၅နှစ်။ဟုတ်ပြီ။နာရီသည်ရှေးဟောင်းပစ္စည်းဆိုင်မှာပဲရှိကိုရှိရမည်။ကျွန်တော်နာရီကိုသွားရှာဖို့ဆုံးဖြတ်လိုက်သည်။ယနေ့အဖို့ကျောင်းချိန်ပြီးတဲ့အထိမစောင့်နိုင်ပါ။ကျွန်တော့်စြိတ်ကူးမှာငှက်ရုပ်ခေါင်းကိုပြန်လှည့်လိုက်ပါကအချိန်သည်ပုံမှန်ဆက်သွားပေလိမ့်မည်။နောက်ဆုံးလုပ်ရန်မှာခုနှစ်အမှန်ကိုပြန်ချိန်ရန်ပဲဖြစ်သည်။ထိုအခါကျွန်တော်သည်၁၅နှစ်အသို့ပြန်ရောက်သွားပေလိမ့်မည်။
၁၅နှစ်သားဘဝကိုလွမ်းလှသည်။၇နှစ်အရွယ်ကလေးတစ်ယောက်သည်လွတ်လွတ်လပ်လပ်မရှိချေ။တစ်စုံတစ်ယောက်ကအမြဲတမ်းစောင့်ကြည့်နေတတ်သည်။ကျောင်းဆင်းသောအခါကျွန်တော်သည်အိမ်ရှိရာရပ်ကွက်ဘက်သို့ကူးလာလိုက်သည်။နောက်ဘလောက်သို့ရောက်သောအခါဘတ်စ်ကားမှတ်တိုင်ရှိရာလမ်းထောင့်သို့တစ်ဟုတ်ထိုးပြေးသွားလိုက်ပြီးသစ်ပင်တစ်ပင်၏နောက်တွင်ကွယ်ရပ်လိုက်၏။မိနစ်အနည်းငယ်ကြာသောအခါဘတ်စ်ကားတစ်စီးဆိုက်လာ၏။ကျွန်တော်ကခြေနင်းခုံပေါ်လှမ်းတက်လိုက်သည်။စပယ်ယာ၏မျက်လုံးများသည်ထူးဆန်းစွာဖြင့်ကျွန်တော့်ကိုလှမ်းကြည့်နေ၏။ဟေ့….ချာတိတ်၊မင်းတစ်ယောက်တည်းစီးဖို့သိပ်ငယ်သေးတယ်
ကျွန်တော်ကခပ်တည်တည်ဖြင့်ပင်….
ကျွန်တော့်ကဖေဖေ့ကိုရုံးမှာသွားတွေ့ရမှာ။မေမေကခိုင်းလိုက်လို့ထိုလူကခေါင်းညိတ်ပြပြီးကျွန်တော်ကမ်းပေးလိုက်သော၅၀ကျပ်တန်ကိုယူကာကြွေ၃၀ကျပ်ပြန်အမ်းသည်။
အားဟုတ်တာပေါ့
ကျွန်တော်မေ့သွားသည်။ကားခ၅၀ကျပ်ဆိုသည်မှာကျွန်တော်ဆယ်တစ်နှစ်သားအရွယ်တွင်မှတိုးမြှင့်လိုက်ခြင်းဖြစ်သည်။ယခုကျွန်တော်သည်၇နှစ်အတွက်ပဲရှိ၏။ကျန်ပိုက်ဆံကိုအိတ်ထောင်ထဲသို့ထည့်လိုက်သည်။ဘတ်စ်ကားသည်လမ်းဘေးမှခွာလာပြီးမြို့ထဲသို့မောင်းလာသည်။ဦးဘချမ်း၏ရှေ့ဟောင်းပစ္စည်းဆိုင်သည်ဖေဖေ့ရုံးခန်း၏လမ်းတစ်ဖက်ရှိသည်ဟုပြောသံကြားဖူး၏။ဖေဖေ့ရုံးရှေ့ရောက်သောအခါကားပေါ်မှဆင်းလိုက်သည်။ဖေဖေကျွန်တော့်ကိုတွေ့မသွားပါစေနှင့်ဟုဆုတောင်းမိသည်။အကယ်၍ဖေဖေကျွန်တော့်ကိုတွေ့သွားပါကပြဿနာအကြီးအကျယ်တက်ပေလိမ့်မည်။ကျွန်တော်၇နှစ်အရွယ်တုန်းကတစ်ယောက်တည်းဘတ်စ်ကားစီးခွင့်မရသေးပါ။
ဖေဖေရှိရာအဆောက်အအုံရှေ့မှအမြန်ဖြတ်ကာလမ်းတစ်ဖက်သို့ကူလိုက်သည်။ထောင့်တွင်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရှိသည်။အုတ်ပုံများ၊အုတ်ကျိုးအုတ်ပဲ့များနှင့်သစ်တိုသစ်စများရှိသေးသည်။ထိုနေရာမှဆက်လျှောက်လာသောအခါရွှေရောင်စာလုံးများဖြင့်ရေးထားသောဘဂျမ်းရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးဟူသောဆိုင်းဘုတ်ကိုတွေ့ရ၏။ကျွန်တော့်နှလုံးသည်တဒုတ်ဒုတ်ခုန်လာ၏။ကျွန်တော်ရောက်ခါနီးပြီ။သိပ်မကြာခင်အရာအားလုံးအဆင်ပြေသွားပေတော့မည်။ဆိုင်ထဲသို့ဝင်သွားပြီးနာနီကိုရှာရုံပဲဖြစ်သည်။ထို့နောက်မည်သူမျှမတွေ့မီငှက်ရုပ်ခေါင်းကိုပြန်လှည့်၍ခုနှစ်ကိုအမှန်ပြင်ရုံပဲဖြစ်သည်။တစ်ခုခုဖြစ်နေသည်ကိုမစိုးရိမ်ရပဲနှင့်မနက်ဖြန်နံနက်တွင်နိုးထလာရပေမည်။ကျွန်တော်ဘဝသည်ပုံမှန်ပြန်ဖြစ်၍သွားပေလိမ့်မည်။အချိန်သည်ရှေ့သို့ပုံမှန်လည်ပတ်နေပါကဘဝသည်အေးအေးဆေးဆေးပဲဖြစ်လိမ့်မည်ဟုကိုယ့်ကိုယ်ကိုပြောနေမိသည်။တာရာရှိနေဦးတောင်ဘဝသည်သာတောင့်သာယာဖြစ်နေပေမည်။ဆိုင်၏မှန်ပြတင်းမှအတွင်းသို့ငေးကြည့်လိုက်၏။ပြတင်းပေါက်နားတွင်နာရီးကြီးရှိနေသည်။လက်ဖဝါးတွင်ချွေးများစိုစွတ်နေပြီးကျွန်တော်များစွာစိတ်လှုပ်ရှားနေမိသည်။ဆိုင်တံခါးပေါက်သို့ခပ်သုတ်သုတ်သွားလိုက်ပြီးတံခါးလက်ကိုင်ကိုလှည့်လိုက်၏။တံခါးပွင့်မလာ။ပိုပြီးပြင်းပြင်းထန်ထန်လှည်ဖွင့်ကြည့်၏။တံခါးမှာပိတ်မြဲပိတ်လျက်ပင်။ထို့နောက်တံခါးအောက်ခြေထောင့်တွင်ကပ်ထားသောစာကိုသတိထားလိုက်မိသည်။အားလက်ရက်အတွင်းဆိုင်ပိတ်ထားသည်။
အခန်း(၁၅)
ကျွန်တော်စိတ်ဆိုးလွန်းသဖြင့်အကြာကြီးအော်ငိုနေမိသည်။ဟီး….အီ….အီး
မျက်ရည်များကားကျွန်တော့်မျက်လုံးထဲမှဒလဟောစီးကျနေကြပြီ။
မဟုတ်ဘူး၊ဒီလိုမဖြစ်ရဘူး
တံခါးကိုခေါင်းနှင့်ဆောင့်နေမိသည်။ကျွန်တော်သည့်မခံနိုင်တော့ပါ။အားလပ်ရက်အတွင်းဆိုင်ပိတ်ထားသည်။ဘာကြောင့်များကျွန်တော်ဒီလောက်ဆိုးနေရတာလဲ။ဦးဘဂျမ်း၏အားလပ်ရက်ခရီးမှာမည်မျှကြာမည်နည်း။ဆိုင်ကိုဘယ်လောက်ကြာအောင်ပိတ်ထားမှာတဲ့လဲ။ဆိုင်ပြန်ဖွင့်သောအခါကျွန်တော်မွေးကာစအရွယ်လေးဖြစ်နေပေလိမ့်မည်။ကျွန်တော်အံကြိတ်၍စဉ်းစားလိုက်သည်။ဒီလိုနေလို့ဘယ်နည်းနဲ့မှမဖြစ်ဘူး။လုံးဝပဲ။ကျွန်တော်တစ်ခုခုလုပ်ရမည်။ဘာပဲဖြစ်ဖြစ်ပေါလေ။ဆိုင်ပြတင်းပေါက်တွင်ကျွန်တော်နှာခေါင်းဖိကပ်လိုက်သည်။ငှက်နာရီမှာကျွန်တော်ရှေ့နှစ်ပေခန့်အကွာတွင်ထောင်လျက်သားရှိနေ၏။ထိုနေရာသို့ကျွန်တော်မရောက်နိုင်။ပြတင်းပေါက်သည်ကျွန်တေ်ာနှင့်နာရီကြားတွင်ရှိနေသည်။ပြတင်းပေါက်….။ပုံမှန်အားဖြင့်ဆိုပါကဒီလိုလုပ်ရန်စဉ်းပင်စဉ်းစားလိမ့်မည်မဟုတ်။သို့သော်ယခုအချိန်၌ကျွန်တော်သည်ဆောက်တည်ရာမဲံဖြစ်နေပြီ။ထိုနာရီဆီသို့ရောက်မှဖြစ်မည်။ဒီကိစ္စသည်သေရေး၊ရှင်ရေးပင်ဖြစ်သည်။ထို့နောက်ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိရာသို့တိတ်တဆိတ်သွားလိုက်၏။တစ်ဦးတစ်ယောက်မျှကြည့်မနေချေ။ကလေးတစ်ယောက်နှင့်မတူအောင်ပင်ပြတင်းပေါက်ကိုချိုးဖျက်ဖို့ကြိုးစားနေပေသည်။
ကောင်းဘွိုင်ဝတ်စုံဝတ်ထားသောခုနှစ်နှစ်အရွယ်ကလေးတစ်ယောက်ကရှေးဟောင်းပစ္စည်းဆိုင်ထဲဖောက်ထွင်းဝင်မည်ဟုမည်သူကသံသယရှိပါမည်နည်း။ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲရှိအမှိုက်တချို့ကိုကျွန်တော်လျှောက်ကန်ေနေလိုက်သည်။ကျောက်တုံးတချို့ကိုကန်လိုက်သည်။အလုပ်လုပ်နေသူတစ်ယောက်မျှရှိမနေချေ။ကျွန်တော်သည်အုတ်ပုံများရှိရာသို့မသိမသာခြေဦးလှည့်လိုက်၏။ထို့နောက်တစ်ယောက်ယောက်များကြည့်နေမလားဟုပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။လမ်းကြောင်းကတော့ရှင်းသည်။အုတ်ခဲတစ်ခဲကိုကောက်ကိုင်လိုက်ပြီးလက်ထဲတွင်မနိုင်မနင်းဖြစ်နေသည်။အုတ်ခဲမှာလေးလံလွန်းလှသည်။ဒုတိယတန်းကျောင်းသားအရွယ်ခန္ဓာကိုယ်လေးအတွက်ဝေးဝေးရောက်အောင်ပစ်ဖို့ဆိုသည်မှာသိပ်လွယ်ကူလှသည်မဟုတ်ချေ။သို့သော်အုတ်ခဲကိုဝေးဝေးရောက်အောင်ပစ်စရာမလိုချေ။ပြတင်းပေါက်ကိုထိအောင်ပစ်ဖို့ပဲလိုသည်။အုတ်ခဲကျိုးကိုဘောင်းဘီအိတ်တပ်ထဲထည့်ရန်ကြိုးစားကြည့်၏။အုတ်ခဲကကြီးလွန်နေသည်။ထို့နောက်လက်နှစ်ဖက်ဖြင့်မ၍ဆိုင်သို့လာ၏။လမ်းတစ်လျှောက်တွင်ကောင်လေးတစ်ယောက်ကအုတ်ခဲတစ်လုံးသယ်လာခြင်းသည်ဘာမှမထူးဆန်းသောမြင်ကွင်းဟုထင်မြင်စေရန်ကြိုးစားနေလေသည်။လူကြီးတချို့သည်သုတ်သုတ်သုတ်သုတ်နှင့်ဖြတ်သွားနေကြသည်။မည်သူမျှကျွန်တော့်ကိုနောက်တစ်ကြိမ်ပြန်လှည့်မကြည့်။ကျွန်တော်သည်တောက်ပြောင်သောမှန်ပြတင်းရှေ့တွင်ရပ်ရင်းလက်ထဲမှအုတ်ခဲကိုချိန်ဆနေလေသည်။အကယ်၍ကျွန်တော်သည်မှန်ပြတင်းကိုရိုက်ခွဲလိုက်ပါကမှုခင်းအချက်ပေးသံများပေါ်လာမည်လားဟုတွေးနေမိသည်။ဒါဆိုကျွန်တော်အဖမ်းခံရမည်လား….
ပြဿနာမဖြစ်နိုင်ပေ။အကယ်၍အချိန်ကိုပစ္စုပ္ပန်ရောက်အောင်လုပ်နိုင်ပါကရဲလက်ကလွတ်ပေမည်။သတ္တိရှိစမ်းပါဟုကိုယ့်ကိုယ်ကိုအားပေးလိုက်၏။လုပ်….လုပ်….
လက်နှစ်ဖက်စလုံးဖြင့်အုတ်ခဲကိုမ၍ကျွန်တော့်ခေါင်းပေါ်မြောက်လိုက်စဉ်…..
ဟာ….
တစ်စုံတစ်ယောက်သည်ကျွန်တော့်နောက်ကျောဘက်မှနေ၍ဖမ်းချုပ်လိုက်လေသည်။
အခန်း(၁၆)
ကယ်ကြပါဦး
အော်ရင်းဟစ်ရင်းနောက်သို့လှည့်ကြည့်လိုက်၏။ဖေဖေ
သား….ဒီမှာဘာလာလုပ်နေတာလဲဟုဖေဖေကစိတ်ဆိုးနေပုံမျိုးနှင့်မေးလိုက်သည်။
ကိုယ်ဘာသာကိုယ်လာတာလား
ကျွန်တော်ကအုတ်ခဲကိုလမ်းဘေးသို့ပစ်ချလိုက်သည်။ဖေဖေမြင်ပုံမရပေ။
ဖေဖေ့ကိုအံံ့သြသွားစေချင်လို့ပါ။သားလေ….သား၊ဟိုဒင်း…..ကျောင်းဆင်းတော့ဖေဖေဆီလာလည်ချင်တာနဲ့…..
နားမလည်သလိုနှင့်ဖေဖေကကျွန်တော်ကိုငေးကြည့်နေသည်။ထို့ကြောင့်အခြေအနေပိုကောင်းစေရန်ဆက်ပြီးပြောလိုက်၏။ဖေဖေ့ကိုလွမ်းလို့ပါ
ဖေဖေကပြုံးလိုက်၏။ဖေဖေ့ကိုလွမ်းလို့….ဟုတ်လား
ဖေဖေစိတ်မကောင်းဖြစ်သွားသည်ဟုကျွန်တော်ပြောရဲပါသည်။
ဒီကိုဘယလိုရောက်လာတာလဲ၊ဘတ်စ်ကားနဲ့လား
ကျွန်တော်ခေါင်းညိတ်ပြလိုက်သည်။သားသိရဲ့လား။သားတစ်ယောက်တည်းဘတ်စ်ကားမစီးသင့်သေးဘူး
ဖေဖေအသံမှာဒေါသသံမဟုတ်တော့ချေ၊ဖေဖေ့ကိုလွမ်းလို့ဟူသောစကားသည်ဖေဖေအားနူးညံ့ပျော့ပျောင်းစေခဲ့ပြီး။ထိုအချိန်၌ကျွန်တော့်တွင်အဓိကပြဿနာကြီးကျန်နေသေးသည်။ငှက်နာရီသို့ကျွန်တော့်လက်များရောက်ရှိစေရေးပင်။
ဖေဖေကျွန်တော့်ကိုကူညီနိုင်မည်လား။ကူညီပါ့မလား။ကျွန်တော်ကတော့ဘာကိုမဆိုကြိုးစားကြည့်ချင်ပါသည်။ဖေဖေ၊အဲဒီနာရီ…
ဖေဖေကကျွန်တော့်ကိုပွေ့ချီလိုက်ပြီ….
အဲဒီနာရီကြီးကလှလို့ဖေဖေသဘောကျနေတာကြာလှပြီပေါ့သားရယ်
ဖေဖေ၊သားအဲဒီနာရီကိုရမှဖြစ်မယ်
သားလိုချင်ရင်ရရမှာပေါ့သားရယ်။ဖေဖေအလုပ်ကြိုးစားပြီးပိုက်ဆံစုပါ့မယ်။တစ်နေ့နေ့တော့ဒီနာရီကြီးကိုရမှာပေါ့
ဖေဖေတော့တလွဲထင်နေပြီ။ကျွန်တော်ခေါင်းကိုပုတ်၍ဆက်ပြော၏။
သားဘယ်လိုခံစားရမယ်ဆိုတာဖေဖေသိပါတယ်။တကယ်ဆိုအခုချက်ချင်းတောင်ဒီနာရီကြီးကိုဝယ်ပေးချင်ပါတယ်။ဒါပေမဲ့ဖေဖေမှမတတ်နိုင်တာပဲ။တစ်နေ့နေ့တော့ဝယ်ပေးနိုင်မှာပါကွာ….
ဖေဖေကကျွန်တော့်ကိုဆိုင်နှင့်ဝေးရာသို့ဆွဲခေါ်လာသည်။လာပါသားရယ်၊အိမ်ပြန်ကြစို့
အိမ်အပြန်လမ်းတစ်လျှောက်ကားထဲတွင်စကားတစ်ခွန်းမှမပြောဖြစ်ကြ။ကျွန်တော်စဉ်းစားနေသည်မှာနာရီအကြောင်းသာဖြစ်ပြီးနောက်ထပ်ဘာဖြစ်လာမလဲဟူ၍သာ။မနက်ဖြန်ကျွန်တော်နိုးလာချိန်တွင်အသက်ဘယ်လောက်ရှိနေမှာလဲဟုတွေးနေမိသည်။
ဒါမှမဟုတ်ဘယ်လောက်ငယ်နေဦးမှာလဲ
အခန်း(၁၇)
နောက်တစ်နေ့မနက်တွင်မျက်စိနှစ်လုံးကိုဖွင့်သောအခါအရာအားလုံးပြောင်းလဲနေပါသည်။နံရံများသည်ကလေးငယ်လေးများအခန်းတွင်သုံးလေ့ရှိသောအပြာရောင်ဖြစ်သည်။အိပ်ရာခင်း၊လိုက်ကာတို့နှင့်လိုက်ဖက်သည်။ပစ္စည်းများပေါ်တွင်လက်ဝှေ့ထိုးနေသောသားပိုက်ကောင်ရုပ်ပုံများပါရှိသည်။နံရံတစ်ဖက်တွင်နွားရုပ်ပုံပန်းချီတစ်ချပ်ကိုသံနှင့်ရိုက်၍ချိတ်ထားသည်။ဤအခန်းသည်ကျွန်တော့်အခန်းမဟုတ်ပါ။သို့သော်ရင်းရင်းနှီးနှီးဖြစ်နေသည်။ထို့နောက်အိပ်ရာအောက်မှာခုလုခုလုဖြစ်နေ၏။ကျွန်တော်သည်သားပိုက်ကောင်ရုပ်ပါသောစောင်အောက်တွင်ရောက်နေပြီးခိုးလိုးခုလုဖြစ်နေသောမွေးပွဝက်ဝံရုပ်အဟောင်းလေးကိုဆွဲထုတ်လိုက်သည်။
တဖြည်းဖြည်းမှသဘောပေါက်လာသည်။ကျွန်တော်ငယ်စဉ်ကအိပ်ခန်းဟောင်းသို့ပြန်ရောက်နေပေပြီ။ဘယ်လိုများအဆုံးသတ်မှာလဲ
အိပ်ရာပေါ်မှခုန်ထွက်လိုက်သည်။ကျွန်တော်သည်ကလေးငယ်လေးတွေဝတ်သောညအိပ်ဝတ်စုံနှင့်ဖြစ်သည်။ဤဝတ်စုံမျိုးကိုကျွန်တော်မမှတ်မိသည်ကိုကျိန်ပြောရဲပါသည်။ထို့နောက်မှန်ကြည့်၍ရေချိုးခန်းသို့ပြေးသွားလိုက်သည်။ကျွန်တော်အခုအသက်ဘယ်လောက်လဲ….ကျွန်တော်မပြောနိုင်။မှန်ထဲတွင်ကျွန်တော့်မျက်နှာကိုမြင်ရစေရန်အိမ်သာထိုင်ခုံပေါ်တက်လိုက်သည်။အခြေအနေမကောင်းလှ။သွားပြီ။၅နှစ်သားအရွယ်လောက်ပဲရှိတော့သည်။အိမ်သာပေါ်မှခုန်ချပြိးအောက်ထပ်သို့ပြေးဆင်းလာသည်။ဟော….သားလေးနိုးလာပြီ….မေမေကနှုတ်ဆက်၍ကျွန်တော့်ကိုဖျစ်ညှပ်လိုက်ပြီးအကြာကြီးနမ်းရှုပ်လိုက်ပါသည်။မေမေ….ဟုကျွန်တော်ကလည်းပြန်နှုတ်ဆက်လိုက်သည်။ကျွန်တော်အသံမှာမယုံနိုင်လောက်အောင်ကလေးသံလေးဖြစ်နေသည်။ဖေဖေသည်မီးဖိုချောင်ထဲရှိထမင်းစားပွဲတွင်ထိုင်နေပြီးကော်ဖီသောက်နေ၏။ဖေဖေကသောက်လက်စကော်ဖီခွက်ကိုချပြီးလက်များကိုကျွန်တော်ထံဆန့်တန်းလာ၏။လာပါဦးသားရဲ့၊ဖေဖေ့ကိုမနက်ခင်းအာဘွားပေးပါဦး
ကျွန်တော်သက်ပြင်းချလိုက်ပြီးဖေဖေ့လက်မောင်းတွေထဲသို့ပြေးဝင်ရန်အားတင်းလိုက်သည်။ထို့နောက်ဖေဖေ့ပါးကိုမွှေးမွှေးပေးလိုက်သည်။ကလေးဘဝတုန်းကဒီလိုအလုပ်မဟုတ်တာတွေဘယ်လောက်လုပ်ခဲံ့ရလဲဆိုတာကျွန်တော်မေ့နေပြီ။၅နှစ်အရွယ်ခြေထောက်လေးများဖြင့်မီးဖိုချောင်ထဲမှပြေးထွက်လာ၏။ဧည့်ခန်းကိုဖြတ်ပြီးနားနေခန်းထဲသို့သွား၏။ထို့နောက်မီးဖိုချောင်သို့ပြန်လာသည်။တစ်ခုခုပျောက်နေသလိုပဲ။
မဟုတ်ဘူး၊တစ်ယောက်ယောက်ပျောက်နေတာ။တာရာ….။ဟုတ်သည်…..။တာရာပျောက်နေတာပဲဖြစ်သည်။သားလေး၊ဒီမှာတစ်မိနစ်လောက်ငြိမ်ငြိမ်လေးထိုင်နေဦးနော်
ဖေဖေကပြောရင်းကျွန်တော့်ကိုပွေ့ချီ၍ထိုင်ခုံပေါ်တင်ပေးလိုက်သည်။ကွေကာနည်းနည်းသောက်မလား….သား
တာရားဘယ်မှလဲဟုကျွန်တော်မေးလိုက်သည်။ဘယ်သူ
တာရာလေ
မေမေကဖေဖေ့ကိုလှမ်းကြည့်၏။ဖေဖေကနားမလည်ဟန်ဖြင့်ပခုံးတွန့်ပြသည်။
မေမေသိပါတယ်၊ညီမလေးလေ
မေမေပြုံးသွား၏။သြော်…တာရာဟုရေရွတ်ရင်းတစ်စုံတစ်ရာကိုသဘောပေါက်သွားပုံရသည်။မေမေကဖေဖေ့ကို
သားစိတ်ကူးထဲကသူငယ်ချင်းကိုပြောနေတာနေမှာပေါ့
ဟမ်….ဟုဖေဖေ့အသံကျယ်ကြီးဖြင့်ထအော်ပြီး….
စိတ်ကူးထဲကသူငယ်ချင်းဆိုတာရှိတယ်ဟုတ်လား
မေမေကဖေဖေ့ကိုမျက်မှောင်ကုတ်၍ကြည့်ကာကျွန်တော့်ရှေ့ကိုကွေကာပန်းကန်ချပေးသည်။သားသူငယ်ချင်းတာရာကဘယ်လိုပုံစံမျိုးလေးလဲ
ကျွန်တော်ဘာမှပြန်မပြောဖြစ်။စကားပင်မပြောနိုင်လောက်အောင်တုန်လှုပ်ချောက်ချားနေပါပြီ။ကျွန်တော်ဘယ်သူ့အကြောင်းပြောနေမှန်းပင်သူတို့မသိကြချေ။တာရာမရှိသေးပါ။သူမကိုမမွေးရသေးခြင်းဖြစ်သည်။အချိန်အနည်းငယ်ပဲကျန်တော့သည်။ကျွန်တော့်စိတ်တွေယောက်ယက်ခတ်နေပြီ။တာရာမရှိတော့ဘူး။မြင်နေကျအစုတ်ပလုတ်တာရာမရှိပဲနှင့်ဒီနေ့တစ်နေ့လုံးကိုဖြတ်သန်းရပေတော့မည်။ဘယ်လောက်စိတ်ချမ်းသာဖို့ကောင်းလဲ။သို့သော်တကယ်တမ်းအဖြစ်မှန်ကိုစဉ်းစားမိလိုက်သည်။ကျွန်တော်တို့မိသားစု၏ကလေးငယ်တစ်ယောက်ပျောက်ဆုံးသွားပြီဖြစ်သည်။နောက်တစ်ခါဆိုကျွန်တော့်အလှည့်ကျွန်တော်မနက်စာစားပြီးသောအခါမေမေကကျွန်တော့်ကိုအဝတ်လဲပေးရန်အပေါ်ထပ်သို့ခေါ်သွား၏။အင်္ကျီကိုအရင်ဝတ်ပေးပြီးဘောင်းဘီ၊ခြေအိတ်နှင့်ဖိနပ်ကိုစီးပေး၏။သို့သော်ဖိနပ်ကြိုးများကိုချည်မပေးသေးပဲ
ကဲ….သား၊ဖိနပ်ကြိုးချည်ကြည့်ပါဦး။မနေ့ကမေမေသင်ပေးထားတာမှတ်မိလား
မေမေ့မျက်နှာကိုကြည့်ရုံနှင့်ကျွန်တော်ကြိုးချည်နိုင်မည်ဟုမမျှော်လင့်မှန်းသိသာနေပါသည်။ကျွန်တော်ခါးကုန်း၍ဖိနပ်ကြိုးများကိုအလွယ်တကူချည်လိုက်သည်။ဒီလောက်ကလေးဖြင့်အချိန်ဖြုန်းမနေသင့်ပါ။မေမေကကျွန်တော့်ကိုအံံ့သြဝမ်းသာလွန်းစွာစိုက်ကြည့်ရင်း….သားလုပ်တတ်ပြီ။ကိုယ့်ဖိနပ်ကိုယ်ကြိုးချည်တတ်သွားပြီ
ကျွန်တော့်ကိုဖက်၍ခါယမ်းလိုက်ပြီးနောက်
သားဖေဖေကိုသွားပြောလိုက်ဦးမယ်၊စောင့်နေနော်
ထိုအခိုက်မှာပင်ဖေဖေကအောက်ထပ်သို့ဆင်းလာသည်။မောင်ရေ….သားလေးသူ့ဖိနပ်ကြိုးသူချည်တတ်ပြီ…..ဟေး….ဟုတ်လားဟုဖေဖေကဝမ်သာအားရအော်လိုက်သည်။ဒါမှဖေ့သားကြီးကွ
မေမေကကျွန်တော်ကိုနေ့ကလေးထိန်းကျောင်းသို့လမ်းလျှောက်ခေါ်သွားသည်။ဆရာမကိုလည်းကျွန်တော်ဖိနပ်ကြိုးချည်တတ်ပြီဖြစ်ကြောင်းပြောပြ၏။အားလုံးအတွက်အလွန်စိတ်လှုပ်ရှားစရာဖြစ်နေလေသည်။တစ်မနက်လုံးမူကြိုကျောင်းထဲတွင်ထိုင်နေရပြီးလက်ချောင်းပန်းချီဆွဲခြင်း၊အေဘီစီသီချင်းဆိုခြင်းဖြင့်သာအချိန်ကုန်နေရလေသည်။ရှေးဟောင်းပစ္စည်းဆိုင်သို့သွားမှဖြစ်မည်ကိုကျွန်တော်သိသည်။တစ်ချိန်လုံးထိုအကြောင်းပဲစဉ်းစားနေမိသည်။ငှက်နာရီကိုပြောင်းလဲရမည်ဟုစိတ်ပျက်စွာတွေးနေမိသည်။
ဘယ်သူသိနိုင်ပါမည်လဲ။မနက်ဖြန်ဆိုလျှင်ကျွန်တော်လမ်းမှလျှောက်တက်ပါဦးမလား။သည်အတိုင်းဆိုပါကထိုနေရာသို့ကျွန်တော်မည်သို့သွားရမည်နည်း။ဒုတိယတန်းကျောင်းသားတစ်ယောက်မြို့ထဲသွားသည်ထက်ပိုခက်ခဲပေလိမ့်မည်။မူကြိုကျောင်းသားတစ်ယောက်အနေဖြင့်မဖြစ်နိုင်ဖို့ကများသည်။ထို့ပြင်အကယ်၍ကျွန်တော့်ကိုမည်သူကမျှမမေးမြန်းခံရပဲကားပေါ်ရောက်နိုင်လျှင်သော်မှကားခပေးစရာကျွန်တော်တ၊ွင်မရှ်ပေ။။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဘတ်စ်ကားပေါ်ရောက်အောင်တက်ရမည်ဟုဆုံးဖြတ်လိုက်သည်။နည်းလမ်းတစ်ခုခုတော့ရှာတွေ့ပေလိမ့်မည်။
မူကြိုကျောင်းဆင်သောအခါကျွန်တော်သည်ဘတ်စ်ကားမီရန်ပြေးထွက်လိုက်ရာ….
ဘုတ်
အင့်….
မေမေ့ကိုဝင်တိုက်မိသည်။သားလေး၊ဒီနေ့ပျော်ရဲ့လား
ကျွန်တော်မေ့သွားသည်မှာမူကြိုသို့မေမေနေ့တိုင်းလာကြိုသည်ကိုပဲဖြစ်သည်။
မေမေကကျွန်တော့်လက်ကိုတင်းတင်းဆုပ်လိုက်၏လွတ်လမ်းမရှိတော့ပေ။
အခန်း(၁၈)
နောက်တစ်နေ့မနက်အိပ်ရာနိုးသောအခါ
ငါရှိနေပါသေးလားဟုအရင်ဆုံးတွေးလိုက်မိသည်။အနည်းဆုံးတော့ရှင်သန်နေပါသေးသည်။သို့သော်ကျွန်တော်သည်၄နှစ်သားလေးဖြစ်သည်။အချိန်တွေကတော့ကပြောင်းကပြန်ဖြစ်နေလေပြီ။မေမေကကျွန်တော့်အခန်းထဲသို့ဝင်လာပြီး
သားလေးရေ၊ထတော့….ထတော့။နေ့ကလေးထိန်းကျောင်းသွားဖို့ပြင်ရအောင်
ကျောင်းသွားဖို့ပြင်ရအောင်ဒုက္ခပဲ၊နေကလေ့ထိန်းကျောင်းတဲ့။အခြေအနေကတော်တော်ဆိုးလာပါသည်။ကျွန်တော်ဘာမှလုပ်မရပေ။မေမေကကျွန်တော့်ပါးပြင်ကိုတစ်ချက်မွှေး၍ကျောင်းတွင်ထားခဲံသည်။ကျွန်တော်အနီးဆုံးချောင်လေးသို့သွား၍ထိုင်နေလိုက်၏။အခြားကလေးများကစားနေသည်ကိုကြည့်နေမိသည်။ဘာတစ်ခုမှမလုပ်လိုဟုငြင်းဆန်နေပါသည်။သီချင်းလည်းမဆို၊ပုံလည်းမဆွဲသံပုံးတွေနှင့်လည်းမစား၊ဘာကစားပွဲမှလည်းမပါ။
ဖိုးကျော်၊ဒီနေ့ဘာဖြစ်လို့လဲဟုဆရာမကမေးသည်။သားနေမကောင်းဘူးလား
ကောင်းပါတယ်
ဒါဆိုသားကဘာလို့မကစားတာလဲဟုပြောရင်းကျွန်တော်ကိုအကဲခတ်နေ၏။ထို့နောက်
သားကစားရမယ်လေ
ဆရာမကဘာမျှမေးမြန်းခွင့်တောင်းမနေပဲကျွန်တော်ကိုပွေ့ချီလိုက်ပြီးသဲကန်ထဲသို့ထည့်ပေးလိုက်သည်။ရတနာကသားနဲ့ကစားလိမ့်မယ်ဟုပြော၏။ရတနာသည်၄နှစ်သမီးတုန်းကပင်အလွန်ချစ်စရာကောင်းလှသည်။ကျွန်တော်ဘာကြောင့်များမမှတ်မိပါသနည်။ရတနာကဘာမှမပြောပါ။သူမဆောက်လုပ်သောသဲအိမ်ကလေးကိုသာစိတ်ဝင်စားနေပါသည်။ကျွန်တော်ကသူမကိုနှုတ်ဆက်ဖို့ပြင်လိုက်သည်နှင့်ရုတ်တရက်ရှက်သလိုလိုခံစားလိုက်ရသည်။ထို့နောက်ကျွန်တော်ကိုယ့်ကိုယ်ကိုသတိထားလိုက်မိသည်။ဘာဖြစ်လို့၄နှစ်သမီးအရွယ်ကောင်းမလေးရှေ့မှာရှက်နေရမှာလဲ။ဘာပဲဖြစ်ဖြစ်သူမငည်ကျွန်တေ်ာကိုအတွင်းခံဘောင်းဘီတိုလေးဖြင့်မတွေ့ဖူးသေးချေဟုကိုယ့်ကိုယ်ကိုနှစ်သိမ့်လိုက်သည်။
ထိုအဖြစ်ဆိုးနှင့်ကြုံရန်နောက်ထပ်ရှစ်နှစ်လိုပေသေးသည်။ဟေး…..ရတနာ
ကျွန်တော့်ပါစပ်မှထိုသို့သောကလေးပေါက်စသံလေးထွက်လာသောအခါလန့်ပြီးနောက်ဆုတ်မိမတတ်ဖြစ်သွား၏။သို့သော်လူတိုင်းမှာမူသမားရိုးကျဖြစ်ရိုးဖြစ်စဉ်လိုဖြစ်နေ၏။ရတနာကနှခေါင်းလှန်၍ဟွန်းဟုနှာခေါင်းရှုံပြသည်။ကောင်းစုတ်၊ငါကယောကျာ်းလေးတွေကိုမခေါ်ဘူး
ပြီးရော
ကျွန်တော်၏ချာတိတ်ပေါက်စအသံလေးကိုညှစ်ထုတ်၍ပြောလိုက်သည်။ရတနာသည်သူမ၏သဲအိမ်လေးပတ်လည်တွင်မြောင်းဖော်နေ၏။ထို့နောက်သူမကမတ်တတ်ရပ်လိုက်ပြိး….
ဘယ်သူ့ကိုမှငါ့သဲရဲတိုက်ကိုဖြိုချခွင့်မပေးနိုင်ဘူးဟုအမိန့်ပေးသံမျိုးနှင့်ပြော၏။သြော်….ဒါကသဲအိမ်လေးမှမဟုတ်ပဲ။ကျွန်တော်ထင်တာမှားနေတာပေါ့
အင်း
ဟုကျွန်တော်သဘောတူလိုက်သည်။သူမကပြေးထွက်သွား၏။မိနစ်အနည်းငယ်ကြာသောအခါသူမသည်ရေပုံးတစ်ပုံးဆွဲ၍ပြန်လာသည်။သူမသည်သဲရဲတိုက်ဘေးရှိကန်လေးထဲသို့ရေများကိုဂရုတစိုက်လောင်းထည့်နေသည်။ထို့နောက်ကျန်ရေများကိုကျွန်တော့်ခေါင်းပေါ်သို့သွန်ချလိုက်ပြီး၊ငတုံးကောင်ဟုကျွန်တော့်ကိုပြောင်လှောင်ကာပြေးလေသည်။ကျွန်တော်သည်ချက်ချင်းထ၍ရေစိုနေသောခေါင်းကိုခွေးလိုခါလိုက်၏။မျက်ရည်ကျချင်စိတ်နှင့်ဆရာမကိုသွားတိုင်းပြောချင်စိတ်ကကြီးစိုးနေ၏။ရတနာသည်ကျွန်တော်နှင့်ကိုက်အနည်းငယ်အကွာတွင်ရပ်နေပြီးပြေးရန်အသင့်ဖြစ်နေသည်။သူမက….
ကရော်ကရော်ဟုလည်းပြောပြရင်း…..ငါ့ကိုလာဖမ်းလေ
ကျွန်တော်ကစိုနေသောဆံပင်များကိုသပ်တင်ပြီးရတနာ့ကိုစိုက်ကြည့်နေမိသည်။သူမကလျှာထုတ်ပြရင်း….နင်ငါ့ကိုမဖမ်းမိနိုင်ပါဘူး
ကျွန်တော်ဘာလုပ်ရမလဲ။သူမျနာက်ကိုပြေးလိုက်ဖို့ပဲရှိသည်။ကျွန်တော်စပြေး၍လိုက်သည်။ရတနာကအော်ဟစ်ပြီးကစားကွင်းခြံစည်းရိုးနားရှိသစ်ပငါသို့ပြေးလေသည်။ထိုနေရာတွင်နောက်ကောင်မလေးတစ်ယောက်ရပ်နေ၏။စီစီမဟုတ်လား။သူမသည်ပန်းရောင်ကိုင်းနှင့်မျက်နှန်ထူထူတပ်ထား၏။ရတနာကကြောက်လန့်တကြားအော်၍စီစီကိုဖက်ထား၏။စီစီကလည်းပြန်ဖက်ထားပြီးထိတ်လန့်တကြားဟန်နှင့်အော်ဟစ်နေသည်။သစ်ပင်ရှေ့တွင်ကျွန်တော်ရပ်လိုက်သည်။မကြောက်ပါနဲ့၊င်တို့ကိုငါဘာမှမလုပ်ပါဘူး။ရတနာက….
ကယ်ကြပါဦး
ကျွန်တော်ကမြက်ခင်းပေါ်တွင်ထိုင်ချလိုက်ပြီးသူမတို့ကိုဒုက္ခမပေးကြောင်းသက်သေပြလိုက်သည်။ဖိုးကျော်ကောင်စုတ်၊ငါတို့ကိုလိုက်လုပ်နေတယ်
ကောင်းမလေးများကအော်ဟစ်၍မပြီးနိုင်တော့်။ထို့နောက်ကျွန်တော့ပေါ်သို့ခုန်အုပ်လိုက်ကြသည်။အား
သူ့လက်တွေကိုချုပ်ထားဟုရတနာကိုအမိန့်ပေး၏။စီစီကလည်းလိုက်လုပ်သည်။ရတနာကကျွန်တော့်ကိုကလိထိုးပါတော့သည်။တော်ကြပါတော့တော်တော့
ရတနာအနိုင်ကျင့်တတ်မှန်းကျွန်တော်မေ့နေခဲ့သည်။ကျွန်တော်ပြန်စဉ်းစားနေမိသည်။အကယ်၍ကျွန်တော့်အသက်အရွယ်မှန်ကိုပြန်ရောက်ခဲ့ပါကကျွန်တော်ရတနာ့ကိုကြိုက်တော့မည်မထင်ပါ။တော်ပါတော့ဟာမလုပ်ပါနဲ့တော့ဟုထပ်တောင်းပန်လိုက်သည်။ရတနာက….အေး….ဒါဆိုကလိထိုးတာရပ်လိုက်မယ်။ဒါပေမဲ့နင်ကတိတစ်ခုပေးရမယ်
ဘာလဲ
ဒီသစ်ပင်ပေါ်တက်ရမယ်
ခြံစည်းရိုးနားကသစ်ပင်ပေါ်သို့လက်ညှိုးထိုးပြသည်။ကောင်းပြီလေ
သစ်ပင်ကိုကြည့်လိုက်သည်။သစ်ပင်တက်ခြင်းသည်ဘာမှခက်ခဲသည့်အလုပ်မဟုတ်ချေ။ရတယ်ဟုကျွန်တော်သဘောတူလိုက်သည်။ငါ့ကိုလွှတ်ပေးဦး
ရတနာကမတ်တက်ရပ်လိုက်သည်။စီစီကကျွန်တော့်လက်များကိုလွှတ်ပေးလိုက်၏။ကျွန်တော်သည်မတ်တတ်ရပ်၍ဘောင်းဘီတွင်ကပ်နေသောမြက်များကိုခါထုတ်လိုက်သည်။နင်ကြောက်နေတယ်မဟုတ်လားဟုနားကမခံချင်အောင်ပြောပြန်လေသည်။
မဟုတ်ဘူး
ကျွန်တော်ပြန်ငြင်းလိုက်သည်။ဘယ်လောက်ဆိုးရွားလိုက်သလဲ။ရတနာသည်လည်းတာရာ့လိုပင်ဆိုးသည်။ယခုတော့ရတနာနှင့်စီစီသည်ကျွန်တော်ကိုနောက်ပြောင်နေကြလေပြီ။ဖိုးကျော်….ငကြောင်၊ဖိုးကျော်….ငကြောင်
ကျွန်တော်သူ့တို့ကိုဥပေက္ခာပြုလိုက်၏။အနိမ့်ဆုံးကိုင်းကိုဆွဲယူလိုက်ပြီးအပေါ်သို့အားယူတက်လိုက်သည်။ကျွန်တော်ထင်တာထက်ပိုခက်ပါသည်။ကျွန်တော်၏လေးနှစ်သားအရွယ်ခန္ဓာကိုယ်မှာမကြံ့ခိုင်လှသေးပါ။ဖိုးကျော်….ငကြောင်၊ဖိုးကျော်….ငကြောင်
ပါးစပ်ပိတ်ထားစမ်းဟုအောက်ကိုငုံ၍အော်လိုက်သည်။ဒီအပင်စုတ်ကိုငါတက်နေတာမမြင်ဘူးလား။ငါ့ကိုငကြောက်လို့အော်မနေနဲံ
ရတနာရောစီစိပါအရင်တစ်ခေါက်ကကဲ့သို့အူကြောင်ကြောင်မျက်လုံးများဖြင့်ကြည့်နေကြ၏။ကျွန်တော်ပြောသည်ကိုသူတို့နားမလည်ပါ။ဖိုးကျော်….ငကြောက်
ဟုထပ်စနေပြန်သည်။ကျွန်တော်သက်ပြင်းချပြီးသစ်ပင်ကိုဆက်တက်နေလိုက်သည်။ကျွန်တော့်လက်များမှာသေးငယ်လွန်းလှ၍သစ်ကိုင်းကိုမြဲမြဲမကိုင်နိုင်။ခြေတစ်ဖက်ချော်ထွက်သွား၏။ထို့နောက်ကြောက်စရာအတွေးတစ်ခုကျွန်တော့်ခေါင်းထဲသို့ခုန်ဝင်လာသည်။နေပါဦး….။ဒီအလုပ်ကိုကျွန်တော်မလုပါသင့်ဘူး။ဒီနှစ်ဟာနေ့ကလေးထိန်းကျောင်းမှာကျွန်တော်လက်ကျိုးသောနှစ်မဟုတ်လား….။အား…..
အခန်း(၁၉)
မနက်မိုးသောက်ပြန်ပြီ။ကျွန်တော်သည်ဝါးခနဲတစ်ချက်သန်းလိုက်ပြီးမျက်လုံးများကိုဖွင့်လိုက်သည်။မနေ့ကသစ်ပင်ပေါ်မျာလိမ့်ကျ၍ကျိုးသွားသောဘယ်ဘက်လက်ကိုမြှောက်ယမ်းကြည့်မိသည်။လက်မှာအကောငိးပကတိဖြစ်နေသည်။နဂိုပုံမှန်အတိုင်း။လုံးဝပျောက်ကင်းသွားပြီ။အချိန်ကာလသည်ထပ်ပြိးနောက်ဆုတ်သွားပြန်ပြီ။ဤသည်မှာဒုက္ခပေးလှသောအချိန်၏ကောင်သောအချက်တစ်ချက်သာဖြစ်သည်။လက်ပြန်ကောင်းအောင်အချိန်ယူစောင့်ဆိုင်းစရာမလိုပေ။အချိန်မည်မျှနောက်ပြန်ဆုတ်သွားပါသနည်။နေရောင်ခြည်သည်အခန်းပြတင်းပေါက်ကိုဖြတ်သန်း၍ဖြာကျနေပေသည်။ထို့ကြောင့်မျက်နှာပေါ်တွင်သံပန်းအရိပ်များထင်ဟပ်နေ၏။အရိပ်များကားအစင်းလိုက်။အိပ်ရာပေါ်မှလူးလဲထဖို့လုပ်လိုက်သည်။
ကျွန်တော့်ခန္ဓာကိုယ်သည်တစ်ခုခုနှင့်ပိတ်မိနေ၏။ဘာတွေလဲ။ကျွန်တော်နောက်ကိုပြန်လိမ်၍ကြည့်လိုက်သည်။သံတိုင်တွေ….ပတ်ပတလည်တွင်သံတိုင်များဖြင့်ဝန်းရံနေပေသည်။အကျဉ်းထောင်ထဲရောက်နေတာလား။ကျွန်တော်ထထိုင်နိုင်အောင်ကြိုးစားမိသည်။သို့မှသာပို၍မြင်နိုင်မည်။သို့သော်အရင်ကကဲ့သို့လွယ်လွယ်ကူကူမရှိချေ။ကျွန်တော်ဗိုက်မှကြွက်သားများမှာပျော့တိပျော့ဖတ်ဖြစ်နေသည်။နောက်ဆုံးကျွန်တော်ထိုင်လို့ရသွားပြီးဟိုကြည့်သည်ကြည့်လုပ်နေ၏။ထောင်ထဲရောက်နေခြင်းမဟုတ်ပါ။ကလေးငယ်များအားထည့်သိပ်သောဘေးမှအကာပါသည့်ခုတင်ဖြစ်သည်။ကျွန်တော့်ဘေးတွင်ဘဲရုပ်ပုံပါသောစောင်အဟောင်းလေးသည်တွန့်ကြေစုပုံနေသည်။ထို့နောက်တိရစ္ဆာန်အရုပ်လေးများအပုံလိုက်ရှိနေသည်။ကျွန်တော်သည်အဖြူရောင်ရှပ်အင်္ကျီသေးသေးလေးဝတ်ထား၏။ပြီးတော့….ဟာ….မဟုတ်ဘူး။ကျွန်တော်သည်ကြောက်လွန်း၍မျက်လုံးများပိတ်ထားမိသည်။
ဒါမဖြစ်နိုင်ဘူး။ကျေးဇုးပြုပြီးဒါတကယ်မဟုတ်ပါစေနဲ့ဟုဆုတောင်းလိုက်မိသည်။ကျွန်တော့်ကိုယ်ပေါ်တွင်ကလေးငယ်များအားဝတ်ပေးလေ့ရှိသောသေးစိုခံဘောင်းဘီလေးဝတ်ထားသည်။သေးစိုခံဘောင်းဘီ၊ယခုကျွန်တော်ဘယ်အရွယ်ရောက်နေတာလဲ။အချိန်မည်မျှနောက်ပြန်လည်ခဲ့ပြီနည်။။သားနိုးနေပြီလား
မေမေသည်အခန်းတွင်းသို့ဝင်လာ၏။မေမေ့ကိုကြည့်ရသည်မှာပို၍နုပျိုလှပနေသည်။အရင်ကမေမေဤမျှနုနယ်လှပသည်ကိုကျွန်တော်မမှတ်မိပါ။အပုံလိုက်ရှိနေသည်။ကျွန်တော်သည်အဖြူရောင်ရှပ်အင်္ကျီသေးသေးလေးဝတ်ထား၏။ပြီးတော့
အိပ်ရေးဝရဲ့လားမေ့မေ့အချစ်တုံးလေးသူ့မကကျွန်တော်ဘာမျှပြန်ဖြေမည်မဟုတ်ကြောင်းလုံးဝမျှော်လင့်ပြီးသားဖြစ်သည်။ထို့နောက်နို့ဘူးကိုကျွန်တော့်ပါးစပ်ထဲထည့်ပေးလိုက်သည်။သေလိုက်စမ်း၊နို့ဘူးတဲ့။ပါးစပ်ထဲမှဆွဲထုတ်ပြီးစိတ်ဆိုးဆိုးဖြင့်အောက်သို့လွှတ်ပစ်လိုက်သည်။မေမေကကောက်ယူလိုက်ပြီးမလုပ်ရဘူးလေဟုစိတ်ရှည်လက်ရှည်ပြောနေပါသည်။လူဆိုးလေး၊နို့ဘူးစို့နော်။လိမ္မာတယ်သားက…..ကျွန်တော့်ပါးစပ်ထဲသို့နို့ဘူးကိုထပ်ထည့်ပြန်သည်။ကျွန်တော်ရေဆာလှပြီ။ထိုကြောင့်ဖျော်ရည်သောက်နေလိုက်သည်။
ဟိုတစ်ချိန်ကအကျင့်ရပြီးသားနို့ဘူးစို့ခြင်းသည်ထင်သလောက်မဆိုးလှပါ။မေမေအခန်းထဲမှထွက်သွား၏။ကျွန်တော်လည်းနို့ဘူးကိုအောက်သို့ချထားလိုက်သည်။ကျွန်တော့်အသက်ဘယ်လောက်ရှိပြီဆိုတာသိမှဖြစ်မည်။ထိုပြင်ကာလအတိုင်းအတာမည်မျှကျန်သေးကြောင့်ရှာဖွေစမ်းစစ်ရဦးမည်။အခုတင်အကာတိုင်များကိုအားပြု၍ကျွန်တော့်ကိုယ်ကျွန်တော်ဆွဲထုလိုက်သည်။ရပြီ….။ကျွန်တော့်ခြေထောက်ပေါ်ကျွန်တော်ရပ်နိုင်ပြီ။ခြေတစ်လှမ်းစလိုက်သည်။ခြေထောက်ကြွက်သားများကိုကောင်းကောင်းမွန်မွန်မဟုတ်သော်လည်းအနည်းဆုံးလမ်းတော့်လျှောက်နိုင်သေးသည်။၁နှစ်သားအရွယ်ခန့်ပဲဖြစသည်။ထို့နောက်လဲကျပြီးခုတင်ဘေးစောင်းနှင့်ကျွနိတော့်ခေါင်းရိုက်မိသွားသည်။မျက်လုံးထဲမှမျက်ရည်များအလိုလိုစီးကျလာ၏။ထို့နောက်အာဗြဲကြီးနှင့်စအော်ငိုပါတော့သည်။
မေမေအခန်းထဲသို့ပြေးဝင်လာသည်။ဘာဖြစ်တာလဲသား၊ဘာဖြစ်တာလဲ
ကျွန်တော့်ကိုပွေ့ချီလိုက်ပြီးပခုံးပေါ်တင်၍ချော့မြူနေပါသည်။အငိုရပ်၍မရ။တကယ်ကိုရှက်စရာကောင်းလှသည်။ကျွန်တော်ဘာဆက်လုပ်ရင်းကောင်းမလဲ
တစ်ညတွင်းချင်း၃နှစ်နောက်ပြန်ဆုတ်သွားသည်။ယခုကျွန်တော်၁နှစ်အရွယ်သာဖြစ်သည်။မနက်ဖြန်ဆိုအသက်ဘယ်လောက်လဲ။ကြောက်စိတ်သည်ကျွန်တော်ကျောရိုးသေးသေးလေးတစ်လျှောက်စိမ့်သွားသည်။ယနေ့တွင်ပင်အချိနပုံမှန်လည်အေင်လုပ်ဖို့နည်းလမ်းရှာကိုရှာရမည်ဟုကိုယ့်ကိုယ်ကိုပြောနေမိသည်။သို့သော်ကျွန်တော်မည်သို့လုပ်ရမည်နည်း။ကျွန်တော်သည်နေ့ကလေးထိန်းကျောင်းတွင်ပင်မဟုတ်တော့ချေ။အခါလည်သားအရွယ်ကလေးငယ်တစ်ယောက်ဖြစ်နေပေပြီ။
အခန်း(၂၀)
မေမေကကျွန်တော်တို့အပြင်သွားကြမည်ဟုပြော၏။ကျွန်တော့်ကိုအဝတ်အစားလဲပေးပြီးနောက်မေမေ့စကားများကြောင့်လန့်သွား၏။သားအနှီးလဲဖို့လိုပြီ
မ….မ….မ….
လာပါသားရယ်
ထို့နောက်ဘာတွေဆက်ဖြစ်နေသည်ကိုမစဉ်းစာချင်တော့ပါ။မှတ်ဉာဏ်ထဲကထုတ်ပစ်လိုက်ဖို့ပဲကောင်းသည်။ပြီးတော့်မေမေကကျွန်တော့်ကိုတိုင်တွေအကာအရံတွေပိုထူထပ်သောကစားခြံထဲတွင်ထည့်ထားလိုက်သည်။မေမေကတော့အိမ်ထဲတွင်ဟိုသွားလိုက်ဒီသွားလိုက်နဲ့အလုပ်ရှုပ်နေသည်။ကျွန်တော်သည်ပလုပ်တုတ်လေးကိုခါယမ်းနေလိုက်သည်။ထို့နောက်အပေါ်တွင်ချိတ်ဆွဲထားသောတွဲလောင်းကျနေသည့်ရု်စုံကစားစရာလေးကိုလှည့်လိုက်ပြီးလည်နေသည်ကိုကြည့်နေမိသည်။ပလတ်စတစ်အရုပ်လေးပေါ်မှခလုတ်တစ်ခုကိုနှိပ်လိုက်၏။အသံဆူဆူများအမျိုးမျိုးထွက်လာသည်။ကြွက်သံလိုစူးစူးရှရှအသံ၊ငန်းအော်သံနွားအော်သံ။ကျွန်တော်ပျင်းရိလာသည်။ထိုအချိန်တွင်မေမေသည်ကျွန်တော့ကိုပွေ့ချီလိုက်၏။ဆွယ်တာတစ်ထည်ဝတ်ပေးပြီးဦးထုပ်သေးသေးလေးဆောင်းပေး၏။ကလေးကလားအပြာရောင်ဖြစ်သည်။ဖေဖေ့ကိုတွေ့ချင်လား
ဖေဖေ့ကိုသွားတွေ့ပြီးဈေးဝယ်ထွက်ချင်လား
ကျွန်တော်ကိုချော့မြူနေလေသည်။ဒါ….ဒါဟုပြန်ပြောလိုက်၏။တကယ်တမ်းကျွန်တော်ပြောနေသည်မှာ….ကျွန်တော်ရှေးဟောင်းပစ္စည်းဆိုင်ခေါ်မသွားဘူးဆိုရင်ဒီပုခက်ပေါ်ကနေကျွမ်းပစ်ကျပြီးကိုယ့်ဘာသာခေါင်းကွဲသွားအောင်လုပ်လိုက်မယ်ဟူ၍သို့သေ်ာကျွန်တော်စကားပြောလို့မရချေ။အလွန်ကြောက်စရာကောင်းလှသည်။မေမေသည်ကားဆီသို့ခေါ်သွား၏။ကျွန်တော့်ကိုကားနောက်ခန်းတွင်ကလေးခုံလေးပေါ်၌ခါးပတ်များကိုတင်းတင်းပတ်၍ထည့်ထားသည်။မေမေတအားကြီးမကျပ်နဲ့ဟုပြောဖို့ကြိုးစားသော်လည်းမ….မ….မ….မ….ဟုသာအသံထွက်နိုင်၏။မေမေ့ကိုကိုအချိန်ကြာအောင်မလုပ်စမ်းနဲ့
ထို့နောက်မြို့ထဲသို့ကားမောင်းထွက်ခဲ့သည်။အခွင့်အရေးတစ်ခုခုတော့်အနည်းဆုံးရပေလိမ့်မည်။အကယ်၍ကျွန်တော်တို့သည်ဖေဖေ့ကိုတွေ့ဖို့သွားကြသည်ဆိုပါကရှေးဟောင်းပစ္စည်းဆိုင်အနီးသို့ရောက်ပေလိမ့်မည်။ဖြစ်နိုင်ပါသည်။ဖြစ်နိုင်သည်ဆိုရုံမျှဖြစ်နိုင်သည်။
မေမေသည်ဖေဖေ့ရုံးရှေ့တွင်ကားကိုရပ်လိုက်သည်။ကျွန်တော့ထိုင်ခုံခါးပတ်များကိုဖြုတ်ပေး၏။ကျွန်တော်လှုပ်ရှားနိုင်လာပြီ။သို့သော်ကြာကြာတော့မဟုတ်ပေ။မေမေသည်လက်တွန်းလှည်းကိုထုတ်လာပြီးဖြန့်လိုက်ကာကျွန်တော့ကိုထည့်ထားလိုက်သည်။ခါးပတ်များထပ်မံပတ်ထားပြန်သည်။တကယ်တမ်းတော့ကလေးငယ်တစ်ယောက်ဖြစ်ရခြင်းသည်ထောင်သားတစ်ယောက်အဖြစ်နှင့်မခြားဟုတွေးနေမိသည်။မေမေသည်လက်တွန်းလှည်းကိုပလက်ဖောင်းပေါ်တွင်တွန်းသွားနေသည်။ဒီလောက်စိတ်ပျက်စရာကောင်းသသည်ကိုတစ်ခါမျှမစဉ်းစားမိခဲ့ပါ။နေ့လယ်စာစားချိန်ရောက်ပြီ။ရုံးအဆောက်အအုံထဲမှဝန်ထမ်းများအပြုံလိုက်ထွက်လာကြ၏။ဖေဖေရောက်လာပြီးမေမေ့ကိုနှုတ်ဆက်သည်။ထို့နောက်ဆောင့်ကြောင့်ထိုင်ပြီးကျွန်တော့်မေးအောက်ကိုကလိထိုး၍စနေလေသည်။
ဖေဖေ့သားလေရေ
ဖေဖေ့ကိုနှုတ်ဆက်လိုက်ဦးလေ….သားဟုမေမေကပြော၏။ဖေ….ဖေ
ကျွန်တော့်ပါစပ်ကထစ်ထစ်အဖြစ်နေသည်။သား
ဖေဖေမတ်တပ်ရပ်လိုက်ပြီးမေမေ့ကိုခပ်တိုးတိုးပြောသည်။သားဟာစကားကိုဒီထက်ပိုပြေတတ်နေသင့်ပြီ။ကိုမျိုးသိမ်းတို့လင်မယားရဲ့ကလေးဆိုတို့သားရဲ့ရွယ်တူပဲ။အဲဒီကလေးကစကားကိုဝါကျတစ်ကြောင်းဆုံးအောင်ပြောတတ်နေပြီးဥပမာမီးသီး၊မီးဖိုချောင်၊ဝက်ဝံရုပ်လိုချင်တယဆိုတာမျိုးပေါ့
ထပ်မပြောနဲ့တော့၊ကျွန်မသားဟာဖွံဖြိုးမှုမနှေးကွေးဘူး
မေမေ့အသံကဒေါသသံထက်နေပြီ။ကျွန်တော်လည်းလှည်းထဲမှနေ၍ဒေါသအလိပ်လိပ်ထွက်နေပြီ။နှေးတယ်…။ဘယ်သူကကျွန်တော်ကိုဖွံဖြိုးမှုနှေးတယ်ဟုပြောသနည်း။ကိုယ်ကဖွံဖြိုးမှုနောက်ကျတယ်လို့ပြောတာမဟုတ်ပါဘူး၊ကိုယ်ဆိုလိုတာက….
ရှင်ပြောပါတယ်၊အဲဒီလိုပဲရှင်ပြောပါတယ်၊ဟိုတစ်ခါကသားလေးသူ့နှာခေါင်းထဲသူပဲစေ့ထည့်လိုက်တုန်းကလေ။သူ့ကိုစိတ်ရောဂါကုဆရာဝန်နဲ့စမ်းသပ်ကြညိ့သင့်တယ်ထင်လို့
ရှင်ပဲပြောခဲ့တာပဲ
ကျွန်တော်ကကိုယ့်နှာခေါင်းထဲကိုယ်ပြန်ပြီးပဲစေ့ထည့်တယ်တဲ့။တုန်လှုပ်ချောက်ချားမိသည်။ဒီလိုလုပ်တာတော့်အတော်ပင်တုံးသည်။သို့သော်ကျွန်တော်သည်လသားအရွယ်ကလေးငယ်တစ်ယောက်သာဖြစ်သည်။ဖေဖေကနားလည်မပေးနိုင်ဘူးလား။ကျွန်တော့်ခေါင်င်းထဲတွင်အတွေးတွေကတောင်စဉ်ရေမရ။၁၅နှစ်အရွယ်ရောက်လျှင်အရာအားလုံးပုံမှန်ဖြစ်သွားမည်ဆိုသည်ကိုပြောပြချင်နေမိသည်။ဆိုလိုသည်မှာကျွန်တော်သည်ပါရမီရှင်တစ်ယောက်မဟုတ်ပါ။သို့သော်သာမန်အဆင့်လောက်တော့ကောင်းကောင်းရနိုင်ပါလိမ့်မည်။ဒီကိစ္စကိုနောက်မှဆွေးနွေးလို့ရမလား။နေ့လယ်စာစားဖို့ကိုယ်ရုံးကအချိန်တစ်နာရီပဲရတာကွ၊တကယ်လို့ညစာစားပွဲအတွက်စားပွဲဝယ်ဦးမှာဆိုအခုသွားသင့်ပြီ
ဒီကိစ္စကိုရှင်ပဲစတာ
မေမေကနှာခေါင်းရှုံ၍ပြောလိုက်သည်။မေမေသည်ကလေးတွန်းလှည်းကိုဟန်ပါပါလှည့်၍လမ်းဖြတ်ကူးလိုက်၏။ဖေဖေကနောက်မှလိုက်လာသည်။လမ်းတစ်ဖက်မှဈေးဆိုင်များသို့မျက်လုံးကစားနေလိုက်သည်။လူနေတိုက်ခန်းများ၊ကော်ဖီဆိုင်၊အပေါင်ဆိုင်တို့ရှိ၏။ထို့နောက်တွင်ကျွန်တော်ရှာနေသောဆိုင်ကိုတွေ့ပြီ။ဘဂျမ်း၊ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေး၊ကျွန်တော်နှလုံးသားကတဒုတ်ဒုတ်ခုန်နေပါတော့သည်။ဆိုင်သည်ယခုအထိရှိနေပါသေးသည်။ကျွန်တော်မျက်လုံးများကိုထိုဆိုင်ဆိုင်းဘုတ်မှခွာမရတော့။ကျွန်တော်ကိုအဲဒီဆိုင်ထဲခေါ်သွားပေးပါ။မေမေရယ်ဟုတိတ်တဆိတ်ဆုတောင်းနေမိသည်။
ဘုရား…..ဘုရား။
မေမေနှင့်ကျွန်တော်တို့သည်လမ်းတစ်လျှောက်လာခဲ့၏။လူနေတိုက်ခန်းများကိုကျော်ခဲ့သည်။ထိုနောက်အပေါင်ဆိုင်၊ထိုနောက်ကော်ဖီဆိုင်။နောက်ဆုံးတွင်ကျွန်တော်တို့သည်ဦးဘဂျမ်းဆိုင်ရှေ့တွင်ရပ်လိုက်ကြသည်။ဖေဖေသည်ဘောင်းဘီအိတ်ထဲလက်ထည့်၍ပြတင်းပေါက်ရှေ့မှဆိုင်အတွင်းသို့ငေးကြည့်နေ၏။မေမေနှင့်ကျွန်တော်ကဘေးမှရပ်လျက်။မယုံနိုင်လောက်အောင်ပင်။ကံကောင်းခြင်းသည်ရောက်လာပေပြီ။ပြတင်းပေါက်မှနေ၍ရှာကြည့်နေလိုက်သည်။နာရီ.။ပြတင်းပေါက်မှမြင်ရသောမြင်ကွင်းက်ုရှေးဟောင်းဧည့်ခန်းပုံစံသာဖြစ်သည်။ကျွန်တော်သည်ပရိဘောကများကိုငေးကြည့်နေမိ၏၏။သစ်သားစာအုပ်ဗီရို၊ဟောင်းနွမ်းလှပြီဖြစ်သောစားပွဲတင်မှန်အိမ်၊ပါရှင်းကော်ဇော၊ပက်လက်ကုလားထိုင်၊ထိုနောက်နာရီတစ်လုံး၊စားပွဲတင်နာရီ။သံစုံငှက်နာရီမဟုတ်ပေ။ိတွေ့ချင်သောနာရီမဟုတ်။ကျွန်တော်နှလုံးသားသည်နဂိုအတိုင်းအောက်သို့ပြန်နစ်မြှပ်သွား၏။ကျွန်တော်မျှော်လင့်သည့်အတိုင်းဆိုင်တော့ရောက်နေပြီ။သို့သော်နာရီကမရှိပေ။
အခန်း(၂၁)
ကျွန်တော်ငိုချင်လာပါသည်။ငိုလည်းငိုနိုင်ပါသည်။လွယ်လိုက်တာ…..ဘာပဲဖြစ်ဖြစ်ကျွန်တော်သည်ကလေးငယ်ဖြစ်၍လူတိုင်းကပင်ငိုမည့်အရေးကိုမျှော်လင့်ပြီးသားဖြစ်သည်။သို့သော်ကျွန်တော်မငိုပါ။အပြင်ပန်းအရအခါလည်သားအရွယ်ဖြစ်နေသော်လည်းအသိစိတ်မှာ၁၅နှစ်သားဖြစ်သည်။မာနတော့်ကျန်နေပါသေးသည်။ဖေဖေသည်တံခါးဆီသို့ခြေလှမ်းလိုက်ပြီးမေမေနှင့်ကျွန်တော်ဝင်သာအောင်တံခါးကိုဖွင့်ပေး၏။မေမေကကျွန်တော့်ကိုအတွင်းသသို့တွန်း၍ဝင်လိုက်သည်။ကျွန်တော်သည်လက်တွန်းလှည်းထဲတွင်တုမ်နှောင်ခံထားရလျက်ပင်။ဆိုင်ထဲတွင်ပရိဘောဂအဟောင်းများဖြင့်သာပြည့်နေလေသည်။အသက်၄၀ဝန်းကျင်ရှိခပ်ဖိုင့်ဖိုင့်လူတစ်ယောက်သည်ပရိဘောကများရှိလမ်းလေးအတိုင်းကျွန်တော်တို့ရှိရာသို့လာနေ၏။နာရီကြီ….နာရီကြီ…..။
စိတ်လှုပ်ရှားလွန်းသဖြင့်ကျွန်တော်မှာဂနာမငြိမ်ဖြစ်နေရ၏။လက်တွန်းလှည်းကိုစတင်ခါယမ်းလိုက်သည်။တော်တော်နိုးနေပြီ။ဆိုင်ရှင်လူဝကြီးက…..
ဘာများကူညီရမလဲ
ကျွန်မတို့ထမင်းစား
စားပွတြစ်လုံးလောက်လိုချင်လို့ရှာနေတာပါဟုမေမေကပြောနေ၏။
ဒီလှည်းထဲကထွက်မှဖြစ်မည်။ပြီးတော့်နာရီဆီရောက်အောင်သွားရမည်။လှည်းကိုပို၍ပြင်းပြင်းထန်ထန်ခါယမ်းလိုက်ပြန်၏။သို့သော်အကြောင်းမထူး။ကျွန်တော့်မှာကုပ်နှောင်ခံထားရဆဲ။လှည်းထဲကထုတ်ပေးဟုအော်ပစ်လိုက်သည်။ဖေဖေနှင့်မေမေကကျွန်တော့်ဘက်လှည့်ကြည့်ကြ၏။ဖေဖေက
သားဘာပြောနေတာလဲ
အသံကတော့ထုတ်….ထုတ်ဆိုလားပဲဟုဆိုင်ရှင်ကဝင်ပြောသည်။ကျွန်တော်ကလည်းပိုပိုပြီးလှုပ်ယမ်းနေလိုက်သည်။အော်ကလည်းအော်နေလိုက်သေး၏။မေမေက….
သားကလှည်းထဲမှာနေရတာမကြိုက်ဘူး
သူမကခါးကုန်း၍ခါးပတ်များကိုကွင်းမှဖြုတ်ပေးနေပြီး……ခဏလောက်ချီထားလိုက်ရင်ငြိမ်သွားမှာပါ
ကျွန်တော်သည်မေမေ့လက်မောင်းတွေထဲရောက်သည်အထိခဏစောင့်နေလိုက်ပြီးစူးစူးဝါးဝါးထအော်ငို၏။အော်နိုင်သမျှအော်ငိုနေလိုက်သည်။ဖေဖေ့မျက်နှာမှာနီရဲလာပြီး…..
သားလေးကလဲကွာ….ဘာဖြစ်နေတာလဲ
အောက်….အောက်
အေးပါ….အေးပါ
မေမေကပြောရင်းကျွန်တေ်ာ့ကိုကြမ်းပေါ်သို့ချပေးလိုက်သည်။ကဲ….ထပ်မအော်နဲတော့်
ကျွန်တော်ချက်ချင်းပင်တိတ်တိတ်လေးနေလိုက်သည်။ထို့နောက်ခြေထောက်ဝဝဖောင်းဖော်င်းပျော့တိပျော့ဖတ်လေးများကိုစမ်းကြည့်၏။ဒီခြေထောက်တွေကကျွန်တော်ကိုဝေးဝေးသယ်မသွားနိုင်ပေးသို့သော်ကျွန်တော်လုပ်စရာရှိတာတော့လုပ်ရမည်။ကလေးက်ုဂရုတစိုက်ကြည့်ထားနော်ဟုဆိုင်ရှင်ကသတိပေး၏။
ပစ္စည်းတွေအားလုံးကကျိုးတတ်ပဲ့တတ်တာတွေချည်းပဲ
မေမေကကျွန်တော်လက်ကိုဆုပ်ကိုင်၍လာ….သားလေး၊မေမေတို့စားပွဲတွေလျှောက်ကြည့်ရေအောင်
မေမေကကျွန်တော့်ကိုသစ်သားစားပွဲများထားရှိရာဆိုင်ထောင့်သို့ခေါ်ဖို့ကြိုါ်စားနေသည်။ကျွန်တော်ကလည်းရုန်းကန်အော်ဟစ်နေဆဲဖြစ်သည်။မေမေကလည်းပို၍တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထား၏။ရှုး……တိတ်တိတ်နေ
စာပွဲများဆီသို့ကျွန်တော်ပါသွားလေတော့သည်။နာရီကြီးဆီသို့တစ်ချက်လှည့်ကြည့်လိုက်သည်။မွန့်တည့်ချိန်ရောက်ခါနီးပြီ။မွန်းတည့်ချိန်တွင်ငှက်ရုပ်သည်အပြင်ထွက်လာလိမ့်မည်။ထွက်သောငှက်ရုပ်၏ခေါင်းကိုလှည့်နိုင်လိုက်ခြင်းသည်ကျွန်တော့်အတွက်တစ်ခုတည်းသောအခွင်းအရေးဖြစ်သည်။ကျွန်တော်သည်မေမေ့လက်ထဲတွင်တွဲလောင်းတွဲလောင်းနှင့်ပါလာသည်။သူမကလက်ကိုပို၍တင်းတင်းဆုပ်ကိုင်ထားဆဲပင်။
ဒီဟာရောဘယလိုလဲကေသီဟုဖေဖေကအနက်ရောင်သစ်သားစားပွဲကိုလက်နှင့်ပွတ်ရင်းမေးလိုက်၏။မေမေကတော့်…..
အိမ်ကထိုင်ခုံတွေနဲ့ဆိုရင်နည်းန်ည်းများအရောင်ရင့်နေမလားလို့
နောက်စာပွဲတစ်လုံထံမေမေ့အကြည့်ရောက်သွား၏။ထိုစားပွဲရှိရာသို့မေမေသွားနေစဉ်မေမေ့လက်ထဲမှအသာလေးရုန်းထွက်လိုက်သည်။ဘယ်မှတော့မသွား။ဒုတိယစားပွဲရှိရာသို့မေမေ့နောက်မှတောက်တက်တောက်တက်နှင့်ပါလာသည်။နာရီဆီသို့နောက်တစ်ခေါက်လှမ်းကြည့်လိုက်သည်။မိနစ်ကိုပြသောနာရီလက်တံရှည်မှာတရွေ့ရွေ့သွားနေ၏။၁၂နာရီထိုးဖို့၂မိနစ်အလို။သိပ်ရွေးမနေပါနဲ့ကွာ။ဟိုမိတ်ဆွေတွေကစနေနေ့ညဆိုညစာလာစားတော့မှာ
သိပါတယ်ဒါပေမဲံကိုယ်သိပ်မကြိုက်တဲံစားပွဲကိုတော့အလကားနေရင်းဝယ်မပစ်နိုင်ပါဘူး။ဖေဖေ့အသံကပိုကျယ်လာ၏။မေမေ့ပါးစပ်မှလည်းပို၍ပြင်းပြင်းထန်ထန်ပြန်ပြော၏။
အာ…..ဟ….ရန်ဖြစ်ကုန်ကြပြီ။ဒါကျွန်တော့်အတွက်အခွင့်အရေးပဲ။ဖေဖေကအော်၏။ကြမ်းပြင်မှာစားပွဲခင်းခင်းပြီးတော့ရောသူတို့ကိုဘာလို့မကျွေးနိုင်ရမှာလဲ။ပျော်ပွဲစားလို့တောင်ပြောလို့ရသေးတယ်။နောက်ဆုံးတွင်မေမေသည်ကျွန်တော့်လက်ကိုဆုပ်ာထားရာမှဖြေလျော့ပေးလိုက်သည်။ကျွန်တော်လွတ်ထွက်သွားပြီးနာရီဆီသို့ရောက်အောင်မြန်နိုင်သမျှမြန်မြန်သွား၏။ယိုင်တိုင်ယိုင်တိုင်နှင့်။နာရီ၏မိနစ်လက်တံသည်နောက်တစ်ချက်ရွေ့သွားပြန်၏။ကျွန်တော်ကလည်းပိုမြန်အောင်ယိုင်ထိုးယိုင်ထိုးနှင့်ပင်ပြေး၏။ကျွန်တော်မိဘများတစ်ယောက်နှင့်တစ်ယောက်အော်နေသံကိုကြားနေရ၏။
ဒီလိုပုံဆိုးပန်းဆိုးစားပွဲကြီးကိုဘာကိစ္စဝယ်ရမှာလဲ။မဝယ်နိုင်ဘူးဟုမေမေကအော်သည်။ကျွန်တော့်ကိုသတိမထားမိပါစေနဲ့ဆုတောင်းနေမိသည်။နောက်ဆုံးတွင်နာရီနားသို့ရောက်သွား၏။နာရီကြီး၏ရှေ့တွင်ရပ်၍ငေးနေမိသည်။ငှက်ရုပ်ထွက်လာမည့်တံခါးလေးမှာအပေါ်ဘက်ဝေးဝေးမှာရှိနေပြီးလက်လှမ်းမမီပေ။မိနစ်လက်တံမှာကလစ်ခနဲတစ်ချက်ထပ်ရွေ့သါားပြန်သည်။နာရီကြီးစတင်မြည်လေသည်။ငှက်ရုပ်ရှိရာတံခါးသည်ဟ၍ဟ၍ပွင့်သွား၏။ငှက်ရုပ်ထွက်လာပြီ။ပထမတကြိမ်ကူ၏။ဒုတိယတစ်ကြိမ်ကူ၏။ကျွန်တော်သည်အကူအညီမဲ့စွာငေးကြည့်နေမိဆဲ။၁၅နှစ်အရွယ်ချာတိတ်သည်ကလေးငယ်လေး၏ခန္ဓာကိုယ်ထဲတွင်ထောင်ချောက်မိသလိုပိတ်မိနေခဲ့သည်။ကျွန်တော်သည်နာရီကိုသာစိတ်ပျက်စွာငေးကြည့်နေမိသည်။တစ်နည်းနည်းဖြင့်တော့ငှက်ရုပ်ဆီလက်လှမ်းမီအောင်လုပ်ရမည်။ဘယ်လိုပဲဖြစ်ဖြစ်ရအောင်ပြန်လှည့်ရမည်။
အခန်း(၂၂)
ကူးကူ…ကူးကူ…။
တတိယအကြိမ်။စတုတ္ထအကြိမ်။၁၂ကြိမ်ပြည့်လျှင်ကျွန်တော်ကံဆိုးမိုးမှောင်ကျတော့မည်။ငှက်ရုပ်လည်းပျောက်ကွယ်သွားတော့မည်။ဒီအကြိမ်သည်ကိုယ့်ကိုယ်ကိုကယ်တင်ရန်နောက်ဆုံးအခွင့်အရေးပင်ဖြစ်သည်။အကယ်၍အခွင့်အရေးကိုလက်လွှတ်ခံခဲ့ပါကတစ်ရက်အတွင်းမဟုတ်တောင်မကြာမီကျွန်တော်ပျောက်ကွယ်သွားတော့မည်။ထာဝရပျောက်ကွယ်သွားရတော့မည်။ထိုင်ခုံ၊လှေကား၊တစ်ခုခုကိုကျီးကန်တောင်းမှောက်ရှာနေမိသည်။အနီးဆုံးရှိနေသောအရာမှာထိုင်ခုံတစ်ခုဖြစ်သည်။ကျွန်တော်သည်ယိုင်တိယိုင်တိနဲ့ဖြင့်ထိုင်ခုံဆီသွား၍နာရီရှိရာဆီသို့တွန်းယူလာခဲ့သည်။တစ်လက်မသာသာခန့်ရွေ့၏။တအားကုန်ထပ်၍တွန်းပြန်၏။ခန့်မှန်းကြည့်လျှင်ကျွန်တေ်ာ့ကိုယ်အလးချိန်မှာပေါင်၂၀ခန်သာရှိပေလိမ်မည်။သို့သော်ထိုမျှသည်လုံလောက်ပါသည်။ထိုင်ခုံသည်ကြမ်းပြင်တလျှောက်လျှော၍ရွေ့နေ၏။ကူးကူ။ကူးကူ။
ပဉ္စမအကြိမ်။ဆဠမအကြိမ်။
နာရီကြီးအနားသို့ရောက်လျှင်ထိုင်ခုံကိုမတွန်းတော့ပဲရပ်လိုက်၏။ထိုင်ခုံ၏အခင်းသည်ကျွန်တော်မေးစေ့နှင့်တစ်တန်းတည်းဖြစ်သည်။ထိုင်ခုံပေါ်တက်ရန်ကြိုးစားလိုက်၏။လက်မောင်များကအားပျော့လှသည်။ထိုင်ခုံခြေထောက်များကိုဖိနပ်လေးဖြင့်ကန်၍အားယူတက်လိုက်သည်။ကိုယ်ကိုကြွအောင်လုပ်ပြီးနောက်မှီမှတန်းကိုလှမ်းဆွဲလိုက်၏။ဟား…ရပြီ….။ကူးကူ၊ကူးကူ။သတ္တမအကြိမ်၊အဠမအကြိမ်။ဒူးထောက်ပြီးတက်သည်။နောက်ခြေဖဝါးများပေါ်မတ်မတ်ရပ်နိုင်သောအခါငှက်ရုပ်ဆီသို့လက်လှမ်းလိုက်သည်။အရပ်ကိုရှည်ထွက်နိုင်သမျှရှည်ထွက်အောင်ဆန့်ထုတ်နေမိသည်။
ကူးကူ၊ကူးကူ။
နဝမမြောက်၊ဒဿမမြောက်ရောက်ခါနီးပြီ။ရောက်ခါနီးပြီ။ထိုအချိန်တွင်ဆိုင်ပိုင်ရှင်၏အော်သံကိုကြားလိုက်ရသည်။ကလေးကိုလှမ်းဆွဲကြပါဦး
အခန်း(၂၃)
ခြေသံပြင်းပြင်းကိုကြားလိုက်ရ၏။သူတို့ကျွန်တော်ဆီပြေးလာနေကြပြီ။ကျွန်တော်သည်ငှက်ရုပ်ဆီသို့ရောက်ရနသာအားထုတ်နေမိသည်။နောက်ထပ်တစ်လက်မ။ကူးကူ၊ဧကဒဿမကြိမ်။
မေမေသည်ကျွန်တော့်ကိုလှမ်းဆွဲလိုက်ပြီးအပေါ်သို့မြောက်သွားအောင်ပွေ့ချီလိုက်သည်။သား….မလုပ်ရဘူးလေ
ပွေ့ချီလိုက်သောမေမေ့လက်ထဲတွင်ကျွန်တော်အလိုက်သင့်မြောက်ပါသွားသည်။ဆွဲပြီးမတင်ပွေ့ချီလိုက်သောကြောင့်ကျွန်တော်တစ်ကိယ်လုံးအပေါ်သို့မြေက်တက်အသွား….
ကလစ်
လေထဲမှာကျွန်တော့်လက်ကငှက်ရုပ်၏ဦးခေါင်းကိုလှမ်းမီဆုပ်ကိုင်လိုက်နိုင်သည်။ငှက်ရုပ်ခေါင်းကိုလှည့်လိုက်၏။ကူးကူ။ဒွါဒဿမကြိမ်။ငှက်ရုပ်သည်နာရီထဲသို့ပြန်ဝင်သွားပြီးဦးခေါင်းသည်ပုံမှန်အတိုင်းဖြစ်သွားသည်။ရှေ့ဆက်လုပ်ရဦးမည်။
မေမေ့လက်ထဲမှရုန်းကန်နေရင်းထိုင်ခုံပေါ်သို့ဆင်းနေမိသည်။သား….ဘာဖြစ်နေတာလဲမေမေကလည်းကျွန်တော့်ကိုပွေ့ထားဖို့သာကြိုးစားနေ၏။ကျွန်တော်ကလည်းအတင်းဆင်း၏။နာရီဘေးသို့ကျွန်တော်ရောက်သွားသည်။ခုနှစ်ကိုပြသောဒိုင်ခွက်ကိုတွေ့ရ၏ထိုင်ခုံပေါ်တွင်ကျွန်တော်မတ်တပ်ရပ်လျက်ခလုတ်ပေါ်သို့လက်တင်၍သတိကြီးစွာဖြင့်ခုနှစ်ကိုရွေးချယ်လှည့်လိုက်သည်။ဆိုင်ပိုင်ရှင်၏ရုတ်တရက်အော်သံကိုကြားလိုက်ရသည်။
အဲဒီကလေးကိုနာရီနဲဝေးဝေးမှာထားပါဗျာမေမေကကျွန်တော်ကိုဖမ်းချုပ်ထားလိုက်ပြန်သည်။ကျွန်တော်ကလည်းစူးစူးရှရှကျယ်ကျယ်လောင်လောင်အော်ကိုနေမြဲ။မေမေသည်ခဏကြောင်သွားပြီးသူ့လက်များကိုအောက်သို့ချလိုက်၏။သား၊လွှတ်လိုက်စမ်းဟုဖေဖေကအော်၏။ကျွန်တော်သည်ခလုတ်ပေါ်မှလက်ကိုဖယ်လိုက်ပါပြီ။ဒိုင်ခွက်မှာလည်းခုနှစ်အမှန်ကိုပြနေပါသည်။ပစ္စုပ္ပန်ခုနှစ်။ကျွန်ောတ်၏၁၅နှစ်သားအရွယ်သက္ကရာဇ်။ကျွန်တော့်ကိုထပ်ဖမ်းမိသွားပြန်သည်။ဒီတကြိမ်တော့မေမေကိုအသာတကြည်ပွေ့ချီခွင့်ပေးလိုက်ပါသည်။ယခုတော့ဘာပဲဖြစ်ဖြစ်ကိစ္စမရှိတော့ဟုတွေးလိုက်မိသည်။နာရီတွင်ပြောင်းလဲဖြစ်ခဲ့သော်ကျွန်တော်၁၅နှစ်သားအရွယ်သို့ပြန်ရောက်ပေလိမ့်မည်။သို့မဟုတ်ပါကဘာတွေဆက်ဖြစ်မည်နည်း။အဲဒီနောက်တော့ကျွန်တော်ပျောက်ကွယ်သွားရပေတော့မည်။အချိနန်၏ယန္တရားတွင်မှေးမှိန်ပျောက်ကွယ်သွားရပေတော့မည်။ထာဝရ။
ကျွန်တော်စောင့်ဆိုင်းနေလိုက်သည်။ကျွန်တော်တောင်းပန်ပါတယ်။ဟုဖေဖေကဆိုင်ရှင်ကိုပြော၏။ဒီကလေးကြောင့်တော့နာရီကြီးမပျက်စီးလောက်ပါဘူးနော်ကျွန်တေ်ာ့လည်ပင်းကြွက်သားများတင်းခနဲဖြစ်သွား၏။ဘာအဖြစ်အပျက်မှမဖြစ်။ဘာဆိုဘာမှမပြောင်းလဲ။နောက်ထပ်တစ်မိနစ်ထပ်စောင့်ကြည့်သည်။ဆိုင်ပိုင်ရှင်သည်နာရီကိုစေ့စေ့စပ်စပ်စစ်ဆေးနေလေသည်။ဘာမှမဖြစ်ပါဘူး၊ဒါပေမဲံကလေးကခုနှစ်ဒိုင်ခွက်ခလုတ်ကိုရွေ့ပစ်လိုက်တယ်။အဲဒါကျုပြန်ပြောင်းရုံပါပဲဟုဆိုင်ရှင်ကဖေဖေ့ကိုပြော၏။မလုပ်နဲ့….မလုပ်နဲ့၊မလုပ်နဲ့
ကျွန်တော်အသံကုန်အော်လိုက်သည်။ကလေးကိုစည်းကမ်းနည်းနည်းတော့ရှိစေချင်သည်။ဟုဆိုင်ရှင်ကထပ်ပြောနေပြန်သည်။ထိုသူ၏လက်များသည်နာရီနားသို့ရောက်သွားပြီးခုနှစ်များကိုနောက်ပြန်လှည့်ရန်ရွယ်လိုက်သည်။မလုပ်ပါနဲ့ဟုစူးစူးဝါးဝါးအော်လိုက်မိသည်။ဒုက္ခတော့်ရောက်ပြီ။ကယ်တင်လို့မရတော့။သို့သော်ဆိုင်ပိုင်ရှင်သည်ခလုတ်ကိုဘယ်သောအခါမျှထိခွင့်ရတော့မည်မဟုတ်ချေ။စူးရှတောက်ပသောအဖြူရောင်အလင်းတစ်ခုသည်ဖျတ်ခနဲလင်းလက်သွား၏။ကျွန်တော့်မှာမူးနောက်ရီဝေစွာနှင့်မျက်ခွံများကိုပုတ်ခတ်ပုတ်ခတ်လုပ်တေနမိသည်။ကျွန်တော်တစ်စုံတစ်ရာကိုမြင်တွေ့ခွင့်မရမီစက္ကန့်တော်တော်ကြာဖြတ်သန်းလိုက်ရသည်။အေးမြစွတ်စိုသောလေကိုခံစားလိုက်ရ၏။သံချေးတက်နေသောအနံ့ကိုရှုရှိုက်လိုက်ရ၏။ဂိုဒေါင်တစ်ခု၏ရနံ့ပဲ။ဒါကိုကြိုက်ရဲ့လား
ဖေဖေ့အသံ။ကျွန်တော်မျျက်တောင်တစ်ချက်ခတ်လိုက်သည်။မျက်လုံးများကျင့်သားရသွားပြီဖြစ်သည်။ဖေဖေနှင့်မေမေ့ကိုတွေ့ရ၏။အိုမင်းသွားသလိုပဲ။အရင်အတိုင်းနှင့်တူသည်။ကျွန်တော်တို့သည်ဂိုဒေါင်ထဲတွင်ရပ်နေကြ၏။ဖေဖေသည်တောက်ပြောင်နေသောစက်ဘီးအသစ်တစ်စီးကိုကိုင်ထား၏။မေမေကမျက်မှောင်ကျုံ၍…..သားနေကောင်းရဲ့လား
သူတို့ကျွန်ောတ်ကိုစက်ဘီးတစ်စီးပေးနေကြပြန်ပြီ။ဒါဆိုဒါ့ကျွန်တော်မွေးနေ့ပေါ့နာရီကြီးကအစွမ်းပြပြီးပစ္စပ္ပုန်သို့ရောက်အောင်ကျွန်တော့်ကိုကျွန်တော်ပြန်ပို့ပေးနိုင်ခဲ့ပြီ.
ပစ္စပ္ပုန်နားနီးနီးပဲ။၁၅နှစ်ပြည့်မွေးနေ့အထိ။အလွန်နီးစပ်ပါသည်။ပျော်ရွှင်လွန်း၍ပေါကကွဲမတတ်။ကျွန်တော်မေမေ့ဆီပြေး၍တင်းတင်းကျပ်ကျပ်ဖက်လိုက်၏။ဖေဖေကဝမ်းသာအားရရယ်မောရင်း….ဟေး….သား၊ဒီစက်ဘီးကိုသဘောကျလိမ့်မယ်ဆိုတာဖေဖေသိပြီးသားကွ
ကျွန်တော်ကလည်းအားတက်သရောနှင့်သိပ်ကြိုက်တာပေါ့၊ဖေဖေနဲ့မေမေ့ကိုသားချစ်တယ်။အားလုံးကိုလည်းချစ်တယ်။တစ်လောကလုံးကိုလည်းချစ်တယ်
တကယ်တော့ကျွန်တော်သည်၁၅နှစ်အရွယ်သို့ပြန်ရောက်ရခြင်းကိုကျေနပ်နေခြင်းပင်။ကျွန်တော်လမ်းလျှောက်နိုင်သည်။စကားပြောနိုင်သည်။လူကြီးမပါဘဲဘတ်စ်ကားစီးခွင့်ရပြီ။သြော်….နေပါဦး။ဒီနေ့ကကျွန်တော်မွေးနေ့ပဲ။ဒီနေ့ကိုထပ်ဖြတ်သန်းဖို့ကျွန်တော့်ကိုမပြောကြပါနဲ့တော့။ကြောက်စရာကောင်းသောနေ့ကိုရင်ဆိုင်ဖို့စိတ်ကိုတင်းလိုက်၏။ပခုံးများတောင့်တင်းသွားကြသည်အထိ။တန်ပါတယ်ဟုကိုယ့်ကိုယ်ကိုပြောနေမိသည်။အချိန်သည်သာပုံမှန်အတိုင်းရှေ့သို့သွားနေမည်ဆိုပါကဤအဖြစ်အပျက်သည်တန်ရာတန်ကြေးပေးရခြင်းပင်ဖြစ်သည်။ရှေ့တွင်ဘာတွေဆက်ဖြစ်မည်ဆိုသည်ကိုကောင်းကောင်းသိနေပါပြီ။တာရာ….တာရာသည်ကျွန်တော့်စက်ဘီးအသစ်ကိုတက်စီးမည်။စက်ဘီးလဲကျပြီးအစင်းကြောင်းကြီးဖြစ်သွားမည်။ကောင်းပြီတာရာ၊ငါကတော့အဆင်သင့်ပဲ။မင်းဘယ်လောက်ဆိုးဆိုးရွားရွားလုပ်နိုင်မှာတဲ့လဲ။ကျွန်တော်စောင့်နေလိုက်သည်။တာရာကားပေါ်မလာ။တကယ့်တော့အနီးအနားတွင်ပင်တာရာ့ကိုမတွေ့ချေ။သူမသည်ဂိုဒေါင်ထဲတွင်မရှိ။အရိပ်အရောင်မျှမတွေ့ချေ။ဖေဖေနှင့်မေမေသည်စက်ဘီးကိုကိုင်ကြည့်နေကြ၏တစ်စုံတစ်ရာမှားယွင်းနေပုံမပေါ်ချေ။တစ်ယောက်ယောက်ပျောက်နေပုံလည်းမရ။
တာရာရောဘယ်မှာလဲ
ဖေဖေတို့လှည့်ကြည့်ပြီးတွေတွေဝေဝေနှင့်ပြန်မေး၏။ဘယ်သူ…..မွေးနေ့ကိုဖိတ်ထားလို့လားဟုမေမေ့ကမေး၏။ဖိတ်စာတွေပို့တုန်းကတော့တာရာဆိုတာပါသလား၊ဖေဖေမမှတ်မိဘူး
ဖေဖေကကျွန်တော့်ကိုငေးကြည်၍တာရာဆိုသောသားကောင်မလေးလား
မဟုတ်ပါဘူးဟုဖြေရင်းကျွန်တော်ထူပူသွား၏။တာရာ့ကိုနာမည်င်မကြားဖူးကြကြောင်းသေချာသွားသည်။သူတို့၏သမီးအရင်းကိုတစ်ခါမှမသိခဲ့ကြ။
သားအပေါ်တက်၊ပြီးတော့မွေးနေ့ပွဲအတွက်အဆင်သင့်လုပ်ထား၊သူငယ်ချင်းတွေရောက်လာတော့မယ်ဟုမေမေကပြောသည်။
ဟုတ်
အိမ်ထဲသို့စိတ်မပါလက်မပါဝင်ခဲံ၏။တာရာ…..
တိတ်တိတ်ဆိတ်ဆိတ်ပင်။တစ်နေရာရာမှာများပုန်းနေသလား။တစ်အိမ်လုံးအနှံ့လိုက်ရှာသည်။တာရာ့အခန်းတံခါးကိုဖွင့်လိုက်သည်။ကျွန်တော်မျှော်လင့်ထားသည့်ကရှုပ်ပွနေသောအဖြူရောင်အိပ်ရာဖုံးနှင့်တစ်ခန်းလုံးပန်းရောင်ဖြစ်နေသောမိန်းကေလးအိပ်ခန်းဖြစ်သည်။သို့သော်မြင်တွေ့လိုက်ရသည်ကဆင်တူခုတင်နှစ်လုံး။သပ်ရပ်သန့်ရှင်းနေသောအိပ်ရာဖုံးများနှင့်။ဗီရိုများမှာဟောင်းလောင်း။တခြားဘာမှမရှိ။တာရာ၏အခန်းမဟုတ်ချေ။ဧည့်သည်များအတွက်အခန်းတစ်ခုသာဖြစ်သည်။ဟာ…..
ကျွန်တော်အံ့သြမဆုံးဖြစ်သွားရသည်။တာရာမရှိ။တာရာရှိကိုမရှိခဲ့။ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ။နားနေခန်းထဲသို့သွား၍သံစုံငှက်နာရီကိုရှာသည်။ထိုနေရာတွင်မရှိ။စက္ကန့်အနည်းငယ်ကြာမျှကျွန်တော်ကြောက်လန့်တုန်လှုပ်နေမိသည်။သိုေ့သာ်ခဏအကြာတွင်တည်ငြိမ်လာသည်။သတိရပြီ။မွေးနေ့တုန်းကနာရီမရှိသေးပေ။မွေးနေ့ပြီးနှစ်ရက်လောက်မှနာရီဝယ်ခြင်းဖြစ်သည်။သို့သော်ကျွန်တော်ယခုထိနားမလည်သေးပါ။ညီမလေးဘယ်လိုဖြစ်သွားတာလဲ။တာရာဘယ်ရောက်သွားတာလဲ။
မွေးနေ့ပွဲအတွက်ကျွန်တော့်သူငယ်ချင်းများရောက်လာကြပြီ။သီချင်းများဖွင့်ကြသည်။မုန်များစားကြ၏။စီစီသည်ကျွန်တော့်ကိုအခန်းထောင့်သို့ဆွဲခေါ်သွားပြီရတနာကကျွန်တော့်ကိုစိတ်ဝင်စားနေကြောင်းတိုးတေိုးလေးပြောပြနေသည်။
ရတနာ့ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။သူမသည်ရှက်သွေးဖြာသွားပြီးအဝေးကိုငေးကြည့်နေပါသည်။ကျွန်တော့်ကိုပြောင်လှောင်မည်တာရာမရှိချေ။ဤသို့ဖြစ်နေခြင်းသည်တစ်မျိုးကြီးဖြစ်နေ၏။သူငယ်ချင်းများကလက်ဆောင်များအသီးသီးယူဆောင်လာကြသသည်။လက်ဆောင်ပစ္စည်းများကိုကျွန်တော်ကိုယ်တိုင်ဖွင့်ခွင့်ရသည်။ကျွန်တော်မကြည့်ရသေးမီဦးအောင်ဖွင့်မည့်တာရာမရှိ။ကိတ်မုန့်စားချိန်ရောက်သောအခါထမင်းစားခန်းထဲသို့မွေးနေ့ကိတ်ကိုသယ်ယူလာပြီးစားပွဲအလယ်တွင်ချထားလိုက်သည်။ဘာပြဿနာမှမရှိ။ကျွန်တော်မလဲကျ၊ကျွန်တော့်ကိုကျွန်တော်အရူးဖြစ်အောင်လည်းမလုပ်မိ။
အကြောင်းမှာကျွန်တော့်ကိုချောက်တွန်းမည့်တာရာမရှိ၍ဖြစ်သည်။ကြုံဖူးသမျှတွင်ပျော်စရာအကောင်းဆုံးမွေးနေ့ပွဲဖြစ်၏။ဤနေ့သည်ကျွန်တော့်အသက်ရှင်ခဲ့သမျှနေ့များထဲတွင်အပျော်ရွှင်ရဆုံးနေ့ဖြစ်သည်။နှောက်ယှက်မည်တာရာမရှိသောကြောင့်ဖြစ်သည်။
မကြာမီနေသားကျသွားပေလိမ့်မည်။
ရက်အနည်းအကြာတွင်သံစုံငှက်နာရီကြီးအိမ်သို့ရောက်လာသည်။မိုက်တယ်မဟုတ်လားဖေဖေသည်ပထမအကြိမ်တုန်းကအတိုင်းဝမ်းသာအာ်းရအော်ဟစ်နေလေသည်။ဦးဘဂျမ်းကဒီနာရီကိုဈေးပေါပေါနဲ့ရောင်းလိုက်တ်ာ၊သူပြောတ်ာကချွတ်ယွင်းချက်နည်းနည်းရှိလို့တဲ့
ချွတ်ယွင်းချက်။ကျွန်တော်အဲဒီအကြောင်းမေ့နေခဲ့သည်။တာရာပျောက်ဆုံးသွားခြင်းနှင့်တစ်စုံတစ်ရာပတ်သက်ပါကကျွန်တော်လည်းဘာမှတတ်နိုင်မည်မထင်ပါ။နာရီ၏အလုပ်လုပ်ပုံတစ်နေရာတွင်ချွတ်ယွင်းနေ၍တာရာကျန်ရစ်ခဲ့သည်လား
ကျွန်တော့်မှာနာရီကိုထိဖို့ပင်မဝံ့မရဲ။အချိန်နှင့်ပတ်သတ်၍နောက်ထပ်ချွတ်ချော်သွားမည်ကိုမလိုလားပေ။သို့သော်ဘာတွေဖြစ်ပျက်သည်ကိုတော့သိချင်သည်။ကျွန်တော်သည်နာရီကြီး၏မျက်နှစာနှင့်အဆင်အပြင်ကိုသတိထား၍ကြည့်မိသည်။ထို့နောက်သက္ကရာဇ်ပြသောဒိုင်ခွက်ကိုငေးကြည့်နေမိသည်။လက်တံသည်ယခုလက်ရှိခုနှစ်ကိုပြနေသည်။
ကျွန်တော်သည်ဒိုင်ခွက်မှခုနှစ်များကိုအမှတ်တမဲ့ကြည့်နေရင်းကျွန်တော်မွေးသောခုနှစ်ကိုရှာကြည့်မိလိုက်သည်။ဟာဒီမှာ….။
ထို့နောက်ခုနှစ်များကိုနောက်တစ်ကြိမ်ထပ်ပြီးရေတွက်ကြည့်လိုက်၏။
၁၉၈၄၊၁၉၈၅၊၁၉၈၆၊၁၉၈၈၊၁၉၈၉။နေပါဦးကျွန်တော်ခုနှစ်တစ်ခုကိုကျော်သွားမိလားထို့နောက်သေချာအောင်ထပ်စစ်ဆေးမိသည်။ထောင့်ကိုးရာရှစ်ဆယ်ခုနျစ်မှာပျောက်ဆုံးနေပါသည်။ဒိုင်ခွက်တွင်၁၉၈၇မပါ။ပြီးတော့်၁၉၈၇မှာတာရာမွေးသောနှစ်ဖြစ်သည်။ဖေဖေချွတ်ယွင်းချက်ကိုရှာတွေ့ပြီးဒီမှာကြည့်၊ခုနှစ်တစ်ခုမပါဘူး
ဖေဖေသည်ကျွန်တော်ကျောပြင်ကိုပုတ်၍ဟုတ်သဟေ့၊ဘာပဲချွတ်ယွင်းချွတ်ယွင်းဖေဖေကတော့ဒီနာရီကြီးရတာပျော်တယ်ကွာ
ဖေဖေ့အတွက်ပျော်စရာအမှားတစ်ခုသာဖြစ်သည်။သူ့သမီးအရင်းတစ်ယောက်ဘယ်တော့မှမမွေးဖွားလာတော့ကြောင်းဖေဖေမသိရှာပါ။ကျွန်တော်စဉ်းစားနေမိသည်။အချိန်ကိုနောက်ပြန်ထပ်လှည့်ပြီးညီမလေးကိုခေါ်ရမလား။အဲဒီလိုလုပ်သင့်ပါသည်။
လုပ်လည်းလုပ်ချင်ပါသည်။အမှန်တကယ်ပါ။ဒီရက်တွေထဲမှာပေါ့။တစ်ရက်ရက်တော့လုပ်ဖြစ်ပါလိမ့်မည်။ကျွန်တော်တို့ဘဝတွေမှာရောခုနှစ်သက္ကရာဇ်တစ်ခုခုပျောက်ဆုံးခဲ့ဖူးပါသလား…