“ဘုရားပစ္စည်းခိုးမိကြသူ”(စ/ဆုံး)

Unicode Version

“ဘုရားပစ္စည်းခိုးမိကြသူ”(စ/ဆုံး)
—————————————-
ပူပြင်းလှသောရာသီကိုအံတုပြီး လူတစ်စုသည် ဘုရားရင်ပြင်ပေါ်၌အလုပ်ရှုပ်နေကြ၏။ အမျိုးသမီးများက ပေါက်တူးတို့ဖြင့် ရင်ပြင်ပေါ်ရှိ အပင်များကိုဖယ်ရှားနေသည်။ အမျိုးသားများက ဝါးလုံးများကိုသယ်ယူလာကြသည်။ တချို့ကထိုဝါးလုံးများဖြင့် ဘုရားပတ်ပတ်လည်ခြမ်းဆင်နေကြသည်။ ချွေးဒီးဒီးကျနေသော်လည်း ပင်ပန်းသည်ဟုမထင်ဘဲ အားသြန္ခန္စြိုက္ကာ ကြိုးစားပမ်းစားလုပ်နေကြသည်။ အကြောင်းကား တစ်ရွာလုံး၏ချွေးနည်းစာများကိုစုပေါင်းပြီး ဘုရားထီးတင်ပွဲလုပ်ကြသောကြောင့်ပင်။

” နားကြပါဦးရှင့်…ဒီမယ်ရွာမျက်နှာဖုံး ဦးမြသာနှင့် ဒေါ်လှပွင့်တို့ မိသားစုက ဘုရားထီးတင်ပွဲအတွက် မနားမနေကြိုးစားနေကြတဲ့ရွာသူရွာသားတွေကို လက်ဖက်ရည်နှင့်မုန့်အချိုတွေ လာကျွေးသတဲ့ရှင့်….”

လုံမပျိုတစ်သိုက်က မုန့်တောင်းနှင့်လက်ဖက်ရည်အိုးများယူလာပြီး ဘုရားတွင်ရှိနေကြသော သူများကိုပြောလိုက်၏။ နားချိန်လည်းရောက်နေပြီဖြစ်သဖြင့် ငြမ်းပေါ်ကလူများနှင့်အောက်မှအလုပ်လုပ်နေကြသောလူများလည်း လုပ်လက်စများကိုရပ်လိုက်ကြ၏။ အရိပ်ရသော သစ်ပင်များအောက်တွင် သူ့အစုကိုယ့်အစုဝိုင်းထိုင်ပြီး အလှူရှင်ကျွေးမွေးသော မုန့်အချိုနှင့်လက်ဖက်ရည်များကို သဒ္ဓါပေါက်အောင်သုံးဆောင်ကြသည်မှာ လုံမပျိုများလက်မလည်အောင်ပင်ဖြစ်ရသည်။

” လုံမတို့ရေ ဒို့ဝိုင်းမှာလည်း မုန့်အချိုတွေဖြည့်ပေးဦးဟေ့…အလှူရှင်က စေတနာတွေပါထည့်ကျွေးတော့ သိပ်ကိုစားကောင်းတာဘဲဗျို့… ”

” ဟုတ်ပါ့ဗျာ…ဟုတ်ပါ့…မကြာခင်ရက်အတွင်းမှာ ဒို့ရွာရဲ့အပျော်ရွှင်ဆုံးနေ့ဖြစ်တဲ့ ဘုရားထီးတင်ပွဲကိုရောက်တော့မယ်ဗျု့ိ…ဒီလိုရက်တွေရောက်ဖို့ကျုပ်တို့ အနှစ်နှစ်အလလကချွေးနည်းစာတွေစုဆောင်းပြီး လှူရတော့ကျုပ်ဖြင့်သိပ်ဝမ်းသာတာဘဲ….”

” ဟုတ်တာပေါ့ဗျာ…ကျုပ်တို့ရွာမှာတည်ထားကိုးကွယ်တဲ့ဒီစေတီလေး ထီးတော်တင်တဲ့နေ့က အတော်ကြာခဲ့ပြီဗျ…အဲတုန်းကကျုပ်ဖြင့် ၁၀နှစ်သားအရွယ်ဘဲရှိသေးသဗျ….”

ဘကြီးသောင်းက စေတီလေးကိုထီးတော်တင်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာပြီဖြစ်ကြောင်းခန့်မှန်းမိစေရန် ပြောနေခြင်းဖြစ်၏။

” ဒါဖြင့် ကြာခဲ့ပြီပေါ့နော်ဘကြီး…”

” အေးပေါ့ကွ…ကြာဆိုနှစ်၆၀လောက်ရှိရောပေါ့ကွ…အဲဒီနောက်ပိုင်းဒီစေတီလေးကိုထပ်ပြီးထီးတော်တင်မဲ့အလှူရှင် မရှိတော့တာနဲ့ ခုမြင်တဲ့အတိုင်းဘဲ ထီးတော်မှာရှိတဲ့ရွှေမွှန်းတွေပျောက်ပျက်ပြီး ထီးတော်ဟာလည်းသံချေးကိုက်လို့ ရွဲ့စောင်းစောင်းတောင် ဖြစ်နေပြီဗျို့….”

ဘကြီးသောင်း၏စကားကြောင့် ဘေးဝိုင်းရှိလူများလည်း ခေါင်းမော့ပြီး စေတီလေးကိုမော့ကြည့်မိ၏။ ဘုရားထီးတော်မှာ ရာသီဥတုဒဏ်ကြောင့်အမှန်တကယ်ပင် ရွဲ့စောင်းနေချေပြီ။ စေတီတော်၏သင်္ကန်းရောင်မှာလည်း အဝါရောင်မဟုတ်တော့ဘဲရေညှိများကြောင့် စိမ်းပုပ်ရောင်ဖြစ်နေချေပြီ။

” ဒီလောက်နှစ်အကြာကြီးရနေပြီ…ရွာကလူတွေဘာလို့ထီးတော်အသစ်ထပ်မတင်ကြတာလဲမသိဘူးနော်ဘကြီးသောင်း….”

” ထီးတော်အသစ်တင်ချင်ကြတာပေါ့လူလေးရာ..ဒါပေမဲ့ရွာမှာ ကပ်ရောဂါကျပြီးနောက်ပိုင်း စီးပွားရေးကျဆင်းပြီး စားဖို့သောက်ဖို့တောင်အနိူင်နိူင်ဖြစ်ကြရတာလေကွယ်…”

” ဟုတ္တယ္ကြ….ခုနှစ်တွေမှဘဲတို့ရွာကကောက်ပဲသီးနှံတွေအထွက်ကောင်းလို့ ဘုရားထီးတော်ကို စုပေါင်းပြီးတင်ကြရတာဘဲ….ဒီနှစ်ဘုရားပွဲကိုရွာလုံးကျွတ်ခြိမ့်ခြိမ့်သဲ ကျင်းပကြမယ်….”

ရွာသူရွာသားများအားလုံးမိမိတို့၏ချွေးနည်းစာ အလှူအတွက်လွန်စွာပျော်ရွှင်ဝမ်းမြောက်နေကြ၏။ ထိုနေ့တွင် ဘုရားငြမ်းဆင်ခြင်းနှင့်အတူ တခြားကိစ္စအဝဝတို့ပြီးစီးသွား၏။ မနက်ဖြန်ပြုလုပ်မည့် ဘုရားထီးတင်ပွဲတွင် မုန့်ဈေးတန်းရောင်းချမည့် သူများကလည်း သူ့နေရာကိုယ့်နေရာ သတ်မှတ်ထားကြသည်။ နှစ်အတော်ကြာမှ သည်တစ်ခါပြုလုပ်ရသောဤဘုရားပွဲတွင် ပွဲလာဧည့်ပရိတ်သတ်များစွာ လာရောက်ကြမည်ဟုလည်း တွေးမှတ်ထားကြ၏။ သို့ကြောင့် ကျွေးမွေးရန်ထမင်းနှင့်ဟင်းကိုအပယ်အလျှံချက်ပြုတ်စီမံထားကြ၏။ တစ်ရွာလုံးရှိရွာသူရွာသားတို့၏စိတ်ဝယ်ကား မနက်ဖြန်ကျရောက်မည့် ဘုရားပွဲအတွက် ကြိုတင်ရင်ခုန်နေကြသည်မှာကား အထူးပြောဖွယ်ရာပင် မလိုတော့ချေ။

ည၏တိတ်ဆိတ်လှသော အခါသမယတွင် ရွာသူရွာသားများအားလုံးတိတ်ဆိတ်စွာအိပ်မောကျနေသည်။ တောတောင်ဓလေ့အရ စောစီးစွာအိပ်ယာဝင်ကြသဖြင့် ညဆယ့်တစ်နာရီအချိန်သည် လူသံသူသံများလွန်စွာမှတိတ်ဆိတ်နေချေပြီ။ ကျေးရွာသူကြီး၏ အိမ်သည်လည်းထိုနည်းတူစွာ တိတ်ဆိတ်ငြိမ်သက်နေသည်။ အိမ်ရှေ့မှမွေးထားသော အစောင့်ခွေးကြီးသုံးကောင်လည်း အိမ်ထောင့်တွင်ခွေခွေလေးအိပ်ပျော်နေကြသည်။

” ကျွတ်…ကျွတ်…ကျွတ်….”

အမှောင်ထုထဲရှိ စုတ်သပ်သံကြောင့်ခွေးသုံးကောင်သည် ထိုနေရာသို့စိုက်ကြည့်နေ၏။

” ဝုတ်…ဝုတ်…ဝုတ်….”

” ဝုတ်..ဝုတ်…ဝုတ်….”

ခွေးသုံးကောင်ကအမှောင်ထုထဲကြည့်ပြီး လှမ်းဟောင်နေ၏။ ထိုအခါအမှောင်ထုထဲမှ အဝတ်စအမဲခြုံထားသောလူသည် လရောင်အောက်သို့ထွက်လာပြီး အမဲသားတုံးကိုထိုခွေးသုံးကောင်ရှေ့သို့ပစ်ချပေးလိုက်၏။ ခွေးသုံးကောင်သည် ထိုအသားတုံးနားအလုအယက်ပြေးသွားပြီး နမ်းကြည့်ကာ ထိုအသားတုံးသုံးတုံးကိုတစ်ခုစီကိုက်ချီလိုက်ပြီး အိမ်ထောင့်၌လာထိုင်ပြီး စားကြ၏။

” တယ်လိမ္မာတဲ့ခလေးတွေ…ဟင်းဟင်း….”

” ဝူး…..”

အမဲရောင်အစခြုံထားသောလူက ခွေးသုံးကောင်ကိုကြည့်ပြီး ကျေနပ်စွာစကားဆိုလိုက်၏။ ပြီးမှအမှောင်ထုဘက်လှည့်ကာ

” ဝူး”ဟူသောအသံကိုပြုလိုက်၏။ ထိုအသံသည်အချိန်းအချက်ပြုသံဖြစ်သဖြင့် အမှောင်ထုထဲမှလူလေးယောက်သည် ထိုအဝတ်စအမဲခြုံထားသောလူနားသို့ရောက်လာ၏။

” ခွေးတွေကယုံရလားကိုယ့်လူ….”

ဆိုပြီးပထမလူ၏ နားနားသို့ကပ်ကာမေးလိုက်၏။ ပထမလူကလက်မထောင်ပြကာ

” စိတ္ခ်….ဒီညတင်မကဘူးနောက်နောင်နေ့ညတွေပါစိတ်ချရပြီ….အဟင်း….”

ဟုပြောပြီးကျေနပ်စွာပြုံးလိုက်၏။

” ဒါဖြင့်ရင် လုပ်ငန်းစရအောင် ရွှေတွေဒီအိမ်မှာသိမ်းထားတာသေချာတယ်နော်….”

” သေချာတာပေါ့ မနက်ဖြန်ထီးတင်ပွဲအတွက်ဌာပနာမဲ့ရွှေတွေကိုဒီအိမ်မှာသိမ်းထားတာ…တနေ့ကတောင်ကျုပ်ချောင်းကြည့်ခဲ့သေးတယ်….ရွှေတွေအားလုံးယွန်းအစ်နဲ့အသေအချာထည့်ထားတာကွ…”

” ဒါဆိုဝင်ကြမယ်….ကိုယ့်လူတွေအခြေနေကိုမျက်ခြေမပြတ်စောင့်ကြည့်နော်..တစ်ခုခုထူးတာနဲ့အချက်ပေးဖို့မမေ့နဲ့….”

” အိုခေ ကိုယ့်လူ….”

အဝတ်စခြုံထားသောလူငါးယောက်ကထိုသို့ပြောပြီး ကျန်နှစ်ယောက်က ခြံစည်းရိုးကိုကျော်ခွကာအထဲသို့ခုန်ဝင်လိုက်၏။ ကျန်သုံးယောက်က ကျီးကန်းတောင်းမှောက်အကြည့်မျိုးဖြင့် ဟိုဟိုသည်သည် ကြည့်ကာအခြေအနေကိုစောင့်ကြည့်နေ၏။

အဝတ်စအမည်းခြုံထားသောလူနှစ်ယောက်သည် အိမ်နားသို့တိတ်တဆိတ်ကပ်သွားလိုက်၏။ ခွေးသုံးကောင်မှာအိမ်ထောင့်တွင် ငြိမ်ချက်သားကောင်းနေသည်။ ထိုလူနှစ်ယောက်သည်ပိတ်ထားသောတံခါးမကြီးနားသွားပြီး သေးငယ်သောကြိုးတစ်ချောင်းဖြင့် အထဲမှထိုးထားသောတံခါးဂျက်ကိုဆွဲချနေ၏။

” ချောက်….”

တအောင့်အကြာ၌အထဲမှတံခါးဂျက်ကျသံကိုကြားလိုက်ရ၏။ ထိုအခါလူနှစ်ယောက်သည်ခြေဖော့နင်းကာအထဲသို့တိတ်တဆိတ်ဝင်သွား၏။ အမှောင်ထုထဲတွင်လူနှစ်ယောက်သည် အမည်းရောင်ခြုံထည်ကိုဝတ်ဆင်ထားသောကြောင့် တော်ရုံမမြင်နိူင်ချေ။ သူကြီးတို့ မိသားစုသည်ကား ဟောက်သံထွက်ကာအိပ်မောကျနေ၏။ သူခိုးနှစ်ယောက်သည်ဘုရားကျောင်းဆောင်ထံသွားပြီး မွှေနှောက်နေ၏။

” တွေ့လားကိုယ့်လူ….”

” မတွေ့သေးဘူးကိုယ့်လူ….တနေ့ကသူကြီးကိုယ်တိုင်ဒီမှာသိမ်းထားတာကျုပ်အသေအချာကိုမြင်ခဲ့တာ…”

သူခိုးနှစ်ယောက်ကလေသံတိုးတိုးဖြင့်ပြောနေ၏။

” ဟိုဖက်အံဝှက်ထဲမှာထင်တယ်….”

အမှောင်လူတစ်ယောက်က သူကြီးတို့လင်မယား၏ခေါင်းရင်းမှရှိသောဗီရိုကိုပြပြီး ပြောလိုက်၏။

” ဒါမှတကယ့်ဒုက္ခဘဲ…ဝင်လာပြီးမှလက်ဗလာနဲ့ပြန်ထွက်ရရင်လာဘ်ပိတ်တယ်…အရဲစွန့်ပြီးအဲဒီအံဝှက်ကိုဖွင့်ပြီးရှာမယ်…”

ထိုသို့ပြောပြီးသူကြီးလင်မယားအိပ်စက်ရာ ကုတင်ဘေးမှကုန်းကုန်းကွကွသွားလိုက်၏။

” အဟွတ်…အဟွတ်….ဗျပ်…ဗျပ်….”

ထိုစဉ်သူကြီးသည်ချောင်းဆိုးပြီး တစ်ခုခုဝါးစားနေသည့်အသံဖြင့် သူခိုးရှိရာဘက်သို့ကိုယ်စောင်းလှည့်လိုက်၏။

” ဟိတ်…ဗုဒ္ဓေါ! ဖွတ်မရဓားဆုံးဖြစ်တော့မှာဘဲ….”

သူခိုးကထိုသို့တွေးပြီးကြမ်းပြင်၌ပြားပြားဝပ်ကာ ခဏငြိမ်သက်နေလိုက်၏။ တအောင့်အကြာ၌သူကြီး၏ဟောက်သံကအချက်ကျကျပြန်လည်ထွက်ပေါ်လာ၏။ ထိုအခါမှသူခိုးလည်းလေးဘက်ထောက်ကာ ခေါင်းရင်းရှိဗီရိုအံဝှက်ရှိရာသို့တိုးကပ်သွားလိုက်၏။ ကျန်တစ်ယောက်က အခန်းထောင့်ရှိမှောင်ရိပ်တွင်ခိုကာအဖော်ဖြစ်သူကိုစောင့်နေ၏။

” ကျွီ…အီ….”

ခေါင်းရင်းရှိသူခိုးက အံဝှက်ကိုညင်သာစွာဆွဲထုတ်လိုက်၏။ ထိုစဉ်အံဝှက်ပတ်တာမှာကြပ်နေသဖြင့်တော်ရုံနှင့်ဆွဲထုတ်၍မရ။ သူခိုးကအားနည်းနည်းစိုက်ပြီး ဆွဲထုတ်လိုက်ရာ ကျွီခနဲမြည်သွားပြီး သူခိုးကသူကြီးလင်မယားနိုးလာပြီအထင်ဖြင့်မှောင်ရိပ်ခိုကာ ခနငြိမ်သက်လိုက်၏။ သို့သော်သူကြီးလင်မယားမှာ အခေါခေါအိပ်မောကျနေဆဲ။ အခြေအနေကိုကြည့်ပြီးသူခိုးသည်အံဝှက်နားသို့တဖန်ပြန်ကပ်လိုက်ပြီး အံဝှက်ထဲသို့လက်လျှိုထည့်လိုက်၏။ အမှောင်ထဲဖြစ်သဖြင့် ဘာကိုမျှသဲသဲကွဲကွဲမမြင်ရချေ။ သို့ကြောင့်အံဝှက်ထဲမှနှိပ်မိသမျှအရာအားလုံးကို ယူပြီးပါလာသောလွယ်အိတ်ကြီးထဲသို့်ထည့်လိုက်၏။ ထို့နောက်အဖော်ကိုခေါ်ကာအိမ်ကြီးထဲမှတိတ်တဆိတ်ပြန်ထွက်လာခဲ့ကြ၏။

ဘုရားထီးတော်တင်ပွဲပြုလုပ်မည့်နေ့၌ ရွာသူရွာသားများအားလုံးသည်ထီးတင်ပွဲသွားရန်အတွက် ဖီးလိမ်းပြင်ဆင်နေကြ၏။ ရွာဦးဘုန်းကြီးကျောင်းမှမနက်စောစောလွှင့်ပျံလာသော ဓမ္မတေးသီချင်းသည်လည်း စိတ်ကိုအေးချမ်းစေ၏။
သူကြီးကတော်လည်းအိပ်ယာမှနိူးကာဆွမ်းချက်ရန်ပြင်၏။ ခါတိုင်း၌အိမ်ရှင်ထလာလျှင် လူအနားသို့ပွတ်ကာသီကာလာလုပ်တတ်သောခွေးသုံးကောင်သည် သည်မနက်၌တစ်ကောင်မှပေါ်မလာ။

” အတော်အားကိုးရတဲ့အကောင်တွေ…ဟင်း….ခုထိအိမ်ကပြင်မှာအိပ်နေကျတုန်းထင်ပါ့….ဟွန်း….”

သူကြီးကတော်ကထိုသို့ပြောပြီး မျက်နှာသစ်ကာ ဘုရားသောက်တော်ရေလဲလိုက်၏။

အရှေ့ဘက်တောင်တန်းမှနေလုံးကြီးထွက်ပြူလာသော် သူကြီးလည်းအိပ်ယာမှထလာပြီး ထန်းလျက်ခဲကိုယူကာ မွေးထားသောခွေးသုံးကောင်ကိုခေါ်လိုက်၏။ အမှန်စင်စစ်သူကြီးသည် ဤခွေးသုံးကောင်အားအလွန်ချစ်တတ်သူဖြစ်၏။

” က်ားဘို…ငညို….ငနက်…လာကြာ…ထန်းလျက်ခဲတွေလာယူကြ….တစ်ညလုံးအိမ်ကိုစောင့်ရတာဆိုတော့ပင်ပန်းနေကြရောပေါ့….”

” တော့ခွေးတွေကခုထိထမလာကြသေးဘူးဟဲ့….ပြန်မလာကြသေးတာလားမသိဘူး….”

” သူတို့လည်းပင်ပန်းလို့အိပ်နေတာပါရှင်မရဲ့….ဟောကိုအိမ်ကပြင်မှာဒီကောင်တွေအိပ်နေကြတာမတွေ့ဘူးလား….”

သူကြီးကတော်၏စကားကြောင့်သူကြီးသည် ခွေးသုံးကောင်အိပ်ရာနေရာသို့လာခဲ့၏။

” ဟင်….ဒီကောင်တွေဘာဖြစ်နေကြတာလဲ….ပါးစပ်မှာလည်းအမြုပ်တွေထွက်နေတယ်….”

သူကြီးကခွေခွေလေးအိပ်နေသော ခွေးသုံးကောင်ကိုကြည့်ပြီး ပုတ်နိူးလိုက်၏။ သို့သော်ခွေးသုံးကောင်မှာအေးစက်နေပြီး တောင့်တောင့်ကြီးသေနေရှာပြီ။

” ရှင်မ…ရှင်မရေ ဒီကိုလာကြည့်ဦး….ကျုပ်တို့ခွေးသုံးကောင်လုံးသေနေကြပြီ….”

သူကြီးကတော်လည်း သူကြီး၏အော်သံကြောင့်တည်လျက်စ ထမင်းအိုးကိုထားခဲ့ပြီး သူကြီးရှိရာသို့လာခဲ့၏။

” တော့ခွေးတွေအိပ်နေကြတာနေမှာ….”

” ဘယ်နှယ့်အိပ်ရမှာတုန်းရှင်မရဲ့….ခွေးသုံးကောင်လုံးရဲ့ပါးစပ်မှာအမြုပ်ထွက်နေပြီးသေနေကြပြီ…ဒီကောင်တွေဆေးခပ်ထားတဲ့အစာတွေစားမိပြိထင်တယ်….”

” ဟင်! ကျုပ်တို့်အိမ်သူခိုးကပ်ပြီထင်တယ်အစ်ကို….”

ထိုအခါမှလင်မယားနှစ်ယောက်လုံး ဘုရားဌာပနာကိုသတိရလိုက်ပြီး အပေါ်ထပ်သို့အပြေးတက်လာ၏။

” သွားပြီထင်တယ်….အံဝှက်ကြီးပွင့်နေတယ်…..”

သူကြီးကထိုသို့ပြောပြီးခေါင်းရင်းမှပွင့်နေသောအံဝှက်ကိုကြည့်လိုက်ရာ အထဲ၌ဘာတစ်ခုမှမရှိတော့သည်ကိုတွေ့လိုက်ရသည်။ ဗီရိုမှာအိပ်ယာနဲ့ခပ်လှမ်းလှမ်းတွင်ရှိနေသဖြင့် အိပ်ယာထစဉ်ကပွင့်နေသောအံဝှက်ကိုသတိမထားမိခြင်းဖြစ်၏။

” အံဝှက်ထဲဘာတစ်ခုမှမရှိတော့ဘူး …ကျုပ်တို့ပိုင်တဲ့ပစ္စည်းတွေရော….ဘုရားဌာပနာတွေရော….တံဆိပ်တုံးတွေရော ဘာတစ်ခုမှမရှိတော့ဘူးရှင်မရဲ့….အီးဟီးဟီး…..”

” ရွာကလူတွေကျုပ်တို့ကိုအထင်လွဲကြတော့မှာဘဲတော်ရေ….အများပိုင်ပစ္စည်းကိုမျလုပ်ရက်ကြလေခြင်း သူခိုးတို့ရယ်…အီဟီးဟီး….”

သူကြီးနှင့်သူကြီးကတော်နှစ်ယောက်လုံး ရင်ဘတ်စည်တီးကာငိုယိုနေကြ၏။ အများပိုင်ပစ္စည်းပျောက်ရှသွားသောကြောင့် ထိုးနှက်လာကြမည့်အများ၏စကားလုံးကိုခံနိူင်ရည် မရှိချေ။ ရွာဦးကျောင်းမှလွှင့်ပျံလာသောဓမ္မတေးသည်လည်း မိမိတို့၏အပူလုံးအားမအေးချမ်းစေနိူင်တော့ချေ။

” ဘယ်လိုလုပ်ကြမလဲတော်ရေ…ဒီနေ့ကဘုရားထီးတော်တင်မဲ့နေ့…ဌာပနာတော်တွေထည့်သွင်းမဲ့နေ့ရှင့်…ကျုပ်တော့သေသာ
သေလိုက်ချင်တော့တယ်…အီးဟီးဟီး….”

သူကြီးကတော်ကငိုယိုပြီးထိုသို့ပြောရှာ၏။ သူကြီးလည်းခေါင်းခဲနေလေပြီ။ အချိန်ရှိနေစဉ်ဤကိစ္စကို ဆရာတော်ဘုရားထံလျှောက်ထားမှသင့်တော်ချိမ့်မည်။ သို့ကြောင့်မျက်ရည်သုတ်ပြီး ရွာဦးကျောင်းသို့ပြေးလိုက်၏။ သူကြီးကတော်လည်း အနောက်မှလိုက်လာခဲ့၏။ ဘုန်းကြီးကျောင်းရောက်သော် ဆရာတော်ဘုရားကိုပုဆိန်ပေါက်သလို ဦးချပြီး ဌာပနာပျောက်သွားသောကိစ္စကိုလျှောက်တင်ရနိူးနိူး၊မလျှောက်တင်ရနိူးနိူးဖြင့် ချီတုံချတုံဖြစ်နေ၏။

” ဟူး….စိတ်ရှုပ်လိုက်ပါဘိ….”

သူကြီးကသက်ပြင်းချပြီးလေပူကြီးကိုတချက်မှုတ်ထုတ်လိုက်၏။ ထိုစဉ်သူကြီးကတော်ကပါ ကျောင်းပေါ်သို့ကရောသောပါး ပြေးတက်လာပြီး သူကြီးနည်းတူဆရာတော်ဘုရားကိုပုဆိန်ပေါက်ရှိခိုးလိုက်၏။ ဆရာတော်ဘုရားသည် ထိုလင်မယားအားကြည့်ကာအထူးအဆန်းဖြစ်နေ၏။ ပြီးမှဝါးထားသောကွမ်းကို ထွေးအင်ထဲထွေးထုတ်လိုက်ပြီး

” ဟဲ့….ဒကာကြီးနှင့်ဒကာမကြီးတို့ ဘယ်လိုတွေဖြစ်လာကြတာတုံးကွဲ့…ဒကာကြီးတို့ကိုကြည့်ရတာလည်း အနောက်ကကျားလိုက်လာလို့ပြေးနေရတဲ့အတိုင်းဘဲ….”

” က်ားလိုက္တာထက်ဆိုးပါတယ္ဘုရား…”

ဆရာတော်၏အမိန့်ကြောင့်သူကြီးလည်းထိုသို့ပြန်လျှောက်လိုက်၏။

” ဟေ….ဘယ်လိုဖြစ်ကြတာလဲဒကာကြီးတို့ ကျားလိုက်တာထက်ဆိုးတယ်ဆိုတော့…”

” တပည့်တော်တို့အိမ်မှာ ခေတ္တသိမ်းထားတဲ့ ဘုရားဌာပနာပစ္စည်းတွေ သူခိုးလက်ထဲအကုန်ပါသွားပြီဘုရား….”

” ဟေ….”

ထိုစကားကြောင့်ဆရာတော်ဘုရားမှာခေါင်းထဲမိုက်ခနဲဖြစ်သွား၏။ ဆရာတော်ဘုရားမှာ နှလုံးရောဂါအခံရှိသူမို့ ယခုလိုစကားကြားရသဖြင့် အသက်ရှူရပ်မတတ်ဖြစ်သွားခဲ့ပြီး ဘာစကားမှမဆိုနိူင်ရှာတော့ချေ။

” တပည့်တော်တို့လည်းသိသိချင်း အတော်လန့်သွားပါတယ်ဘုရား….ဒီပစ္စည်းဟာအများပိုင်ပစ္စည်းဖြစ်တဲ့အပြင် ကနေ့ထီးတင်ပွဲအတွက်ရည်မှန်းထားတာကြောင့် အတော့ကိုစိတ်ထိခိုက်ရပါတယ်ဘုရား….သူခိုးဟာဘုရားပစ္စည်းကိုခိုးယူရုံမကဘူး တပည့်တော်အိမ်ကအစောင့်ခွေးတွေကိုလည်းအဆိပ်ခတ်သတ်ပစ်ထားပါတယ်ဘုရား…”

” ဒီကိစ္စဖြစ်လာတော့ ရပ်သူရွာသားတွေတပည့်တော်မတို့လင်မယားကို သံသယမကင်းဖြစ်နိုူင်တယ်ဘုရား….တပည့်တော်မကတော့ လူ့ဘဝမှာနေကိုမနေချင်တော့ပါဘူးဘုရား…ဟင့်ဟင့်… ”

သူကြီးနှင့်သူကြီးကတော်တို့ကထိုသို့လျှောက်တင်ပြီး သည်းစွာငိုကြွေးနေကြ၏။ ဆရာတော်ဘုရားသည် မိမိ၏စိတ်ကိုချုပ်တည်းလိုက်ပြီး ဖြစ်ခြင်းပျက်ခြင်းတရားသဘောကိုနှလုံးသွင်းလိုက်၏။ ပြီးမှအသက်ကိုပုံမှန်ရှူသွင်းရှူထုတ်ကာ

” ဘယ်တတ်နိူင်မလဲဒကာကြီးတို့ရယ်….ဒီတစ်ခါ အလှူအထမမြောက်လည်း နောင်နှစ်နောင်ချိန်ပေါ့ကွယ်….မရှိလို့ခိုးယူကြတာဆိုတော့လည်း ခိုးယူစားသောက်ကြပါစေ….သူတို့ကိုဆဲရေးတိုင်းထွာပြီး ကိုယ့်အပြစ်မဖြစ်ပါစေနဲ့တော့….မကောင်းတဲ့သူဟာမကောင်းတဲ့လမ်းကိုသွားရမှာပါ….တရားကိုနှလုံးသွင်းကြပါလေ… ”

ဆရာတော်ဘုရားသည်ထိုသို့သာမိန့်ပြီး ထိုင်ရာမှထကာ ကျောင်းအောက်သို့ဆင်းသွား၏။ သူကြီးတို့လင်မယားကိုသာနားချနေရသော်လည်း ဆရာတော်ဘုရားကိုယ်တိုင်ကား လွန်စွာမှဝမ်းနည်းနေသည်။
ဆရာတော်ဘုရားသည် ငြမ်းဆင်ထားသော်ဘုရားကိုမော့ကြည့်ပြီး တစ်စုံတစ်ခုကိုဆုတောင်းနေ၏။ ဘုရားရင်ပြင်ထက်တွင်ကား ဘုရားပွဲသို့လာသည့်သူများစည်ကားနေချေပြီ။ ဘုရားထီးတောင်တင်ရန် ပြုလုပ်ထားသည့်ပန်းရထားသည်ကား ဝမ်းနည်းနေသယောင်ပင်။

ဘုရားထီးတင်ပွဲတော်တင်ပွဲစတင်ချိန်၌ဆရာတော်ဘုရားသည်အခမ်းအနားမှူးနေရာတွင်ဝင်ထိုင်လိုက်၏။ နေရာထိုင်ခင်းမှားနေသောကြောင့် ပွဲလာဧည့်ပရိတ်သတ်များလည်းအထူးအဆန်းဖြစ်နေကြ၏။ ဆရာတော်ဘုရားသည် အခမ်းအနားမှူးခုံမှရပ်ပြီး

” အားလုံး….အားလုံး ဘုန်းကြီးမိန့်တာကိုနားထောင်ပါဦးရွှေပွဲလာဧည့်ပရိတ်သတ်အပေါင်းတို့….ဒီကနေ့ထီးတော်တင်ပွဲမစခင် ဘုန်းဘုရားမိန့်မှာစရာရှိတယ်….”

” တင်ပါ့ဘုရား….မိန့်မှာတော်မူပါဘုရား….”

ပွဲလာဧည့်ပရိတ်သတ်အပေါင်းလည်းငြိမ်သက်စွာနားထောင်နေကြ၏။

” ကနေ့ထီးတင်ပွဲမှာ လှူဒါန်းမဲ့ရွှေငွေရတနာအားလုံး ရန်သူမျိုးငါးပါးထဲမှာပါတဲ့ခိုးသူလက်ထဲအကုန်ပါသွားပြီ…ဒီကိစ္စမှာသူကြီးရောသူကြီးကတော်ကပါအင်မတန်စိတ်ထိခိုက်နေရပါတယ်….ဘုရားဌာပနာဖို့ရည်စူးထားတဲ့ပစ္စည်းပျောက်ရှသွားတဲ့အတွက် ဒီကနေ့ထီးတော်တင်ပွဲမှာထီးတော်သက်သက်ဘဲတင်နိုင်တော့မှာဖြစ်ပြီး ဌာပနာပစ္စည်းဖြစ်တဲ့ရွှေငွေတွေကမပါနိူင်တော့ဘူး….”

” ဟင်….”

” ဟာ….ဒို့ရွာရဲ့အလှူပျက်သွားပြီပေါ့…ဘယ်လိုလုပ်ကြမလဲ….”

” သူကြီးရဲ့ကြံရာပါတွေလားမှမသိဘဲ…သူကြီးအိမ်မှာဌာပနာပစ္စည်းတွေသိမ်းထားမှန်းသူခိုးတွေဘယ်လိုသိတာလဲ…”

” သူကြီးလင်မယားတွေတိုင်ပင်ပြီး ကြံရာပါတွေလွှတ်လိုက်တာနေမှာပေါ့အေ….”

” ဘုရားပစ္စည်းတွေယူသွားတဲ့သူတွေ အသေဆိုးနဲ့သေကြပါစေတော်….ကျုပ်တို့ရဲ့ချွေးနဲစာကိုယူသွားရက်တဲ့ကောင်တွေ….”

ဘုရားဌာပနာပစ္စည်းပျောက်သွားပြီဟူသောအသိကြောင့် ပွဲလာဧည့်ပရိတ်သတ်များအားလုံး ဝမ်းနည်းနေကြ၏။ မိမိတို့၏ချွေးနည်းစာအလှူကို ယူသွားရက်ကြသော သူခိုးကိုလည်းဆဲဆိုနေကြ၏။ ဌာပနာပစ္စည်းမပါဘဲ သည်အတိုင်းထီးတော်တင်လျှင်ရနိူင်သော်လည်း မိမိတို့၏ချွေးနည်းစာရွှေငွေအလှူကိုပြီးမြှောက်အောင်မလှူဒါန်းနိူင်သဖြင့် ဝမ်းနည်းနေကြ၏။ အချို့မှာငိုကြွေးနေကြ၏။ ဆရာတော်ဘုရားလည်း ဗုဒ္ဓသားတော်ပင်ဖြစ်သော်ငြားလည်း ကိလေသာစိတ်မကုန်သေးသောကြောင့်ဝမ်းနည်းပူဆွေးနေရှာ၏။

ထိုဘုရားပွဲသို့လူငယ်နှစ်ယောက်ရောက်လာခဲ့သည်။ လူငယ်နှစ်ယောက်သည်လွန်စွာမှအိန္ဒြေရှိလှပြီး တန်ဆောင်းထဲဝင်ကာဘုရားကိုထိခြင်းကြီးငါးပါးဖြင့်ဦးချကန်တော့၏။ ရွှေပွဲလာဧည့်ပရိတ်သတ်တို့ကား ဝမ်းနည်းပူဆွေးနေသဖြင့် ထိုလူငယ်နှစ်ယောက်ကို သတိမမူမိချေ။ ဘုရားဝတ်ပြုပြီးသော် အခန်းအနားမှူးထိုင်ရာနေရာသို့လျှောက်လာခဲ့၏။ လူငယ်နှစ်ယောက် အနားသို့ရောက်လာမှဆရာတော်ဘုရားလည်း သတိထားမိပြီး

” ဧည့်သည်တွေပါလား….ဟိုဘက်သင့်တင့်ရာနေရာမှာထိုင်ကြပါဒကာလေးတို့….”

” တင့်ပါဘုရား…ကနေ့လိုဘုရားပွဲတော်နေ့မှာ ရွှေပွဲလာဧည့်ပရိတ်သတ်တွေ ပျော်ရွှင်နေရမဲ့အစား ဘာအတွက်မပျော်ဘဲ မှိုင်တွေနေရတာလဲဘုရား….”

” ဟူး….မပြောချင်တော့ပါဘူးဒကာလေးတို့ရယ်….”

” အခက်အခဲရှိရင်မိန့်တော်မူပါဘုရား…တပည့်တော်တို့တတ်စွမ်းသလောက်ကူညီပေးပါ့မယ်ဘုရား….”

မောင်ရေခဲ၏မေးလျှောက်ချက်ကြောင့် ဆရာတော်ဘုရားသည်ဘုရားဌာပနာတော်ပျောက်ဆုံးသွားခြင်းအကြောင်းကို ပြောပြလိုက်၏။

” အဲဒါပါဘဲဒကာလေးတို့ရယ်…ကနေ့လိုထီးတော်တင်ပွဲနှင့်ဌာပနာထည့်ပွဲလုပ်ခါမှ ဌာပနာဖို့ရည်စူးထားတဲ့ရွှေငွေတွေအားလုံး ပျောက်ချင်းမလှပျောက်သွားကြလေကုန်တော့ ရွာသူရွာသားတွေအားလုံး စိတ်သောကဝေနေရတာပေါ့ကွယ်….”

” တင်ပါ့ဘုရား… အကြောင်းစုံကိုသိရပြီမို့ တပည့်တော်တို့်တတ်စွမ်းသောပညာရပ်ဖြင့် ထိုဌာပနာပစ္စည်းကို ခိုးယူတဲ့လူကိုယ်တိုင်ပြန်လာပို့စေရမယ်ဘုရား….”

” ဟေ…တကယ်လားဒကာလေးတို့…ဒီလိုဒကာလေးတို့သာစွမ်းဆောင်ပေးနိူင်ရင်တော့ ရွာသူရွာသားတို့ရဲ့ပျော်ရွှင်မှုကအတိုင်းထက်အလွန်ပေါ့ကွယ်….”

” စိတ်ချတော်မူပါဘုရား… ယခုထီးတင်ပွဲကိုခုနှစ်ရက်ခုနှစ်လီ ခြိမ့်ခြိမ့်သဲသဲ ဖြစ်ပါရစေ့မယ်ဘုရား….”

မောင်ရေခဲ၏လျှောက်တင်ချက်ကိုဆရာတော်ဘုရားက အားလုံးကြားအောင်ပြောပြလိုက်၏။ ထိုအခါမှအားလုံးက ထူးဆန်းသောဧည့်သည်နှစ်ယောက်ကိုသတိပြုမိ၏။

” တကယ်လို့ ဌာပနာပစ္စည်းတွေပြန်ယူလာပေးနိူင်ရင်တော့ ဒို့ရွာရဲ့အလှူကပိုပြီးစည်ကားမှာပေါ့ကွယ်….”

” ဒီလူငယ်လေးတွေကမျက်နှာစိမ်းဧည့်သည်တွေဘဲ…တကယ်လို့သာဌာပနာပစ္စည်းတွေပြန်ယူလာပေးနိူင်ရင်တော့ကောင်းပေါ့ကွာ….ဒီလူငယ်လေးတွေပြောတဲ့အတိုင်း သူခိုးတွေကိုယ်တိုင်ဌာပနာပစ္စည်းတွေပြန်ယူလာပေးရင်တော့လား…ဟင်း…အဲသူခိုးတွေကိုစိစိညှက်ညှက်ကြေအောင် အမှုန့်ချေပစ်ရမယ်….”

ရွာသူရွာသားများကမောင်ရေခဲတို့အား အားကိုးတကြီးကြည့်နေရှာ၏။

” ရွာသူရွာသားတွေအားလုံး စိတ်ချလက်ချနေကြပါဗျာ….မနက်ဖန်၉နာရီထိုးတာနဲ့ ဘုရားကိုလှူဖို့ရည်မှန်းထားတဲ့သူခိုးဟာ သူတို့ကိုယ်တိုင် အဲဒီပစ္စည်းကိုတစ်ခုမကျန်ပြန်လာပို့ပါလိမ့်မယ်….”

မောင်ရေခဲ၏စကားကြောင့်အားလုံး၏မျက်နှာမှာပူဆွေးနေသောအရိပ်အယောင်များ ပျောက်သွားကြကုန်၏။ ထိုနေ့တွင်ဘုရားထီးတင်ပွဲအဝင်နေ့အဖြစ်သတ်မှတ်ပြီး ထီးတင်ပွဲကိုခုနှစ်ရက်ခုနှစ်လီ ကျင်းပရန်ဆော်ဩလိုက်၏။ မြို့မှနာမည်ကျော်ဆိုင်းဝိုင်းအဖွဲ့ကိုပါ ခေါ်လိုက်၏။ လာသမျှသောဧည့်ပရိတ်သတ်အပေါင်းကို ထမင်းနှင့်ဟင်း အပယ်အလျှံလိုလေးသေးမရှိကျွေးလေ၏။

ညနေပိုင်းတွင်ငှါးထားသောဆိုင်းဝိုင်းသဘင်အဖွဲ့များရောက်လာပြီး ရင်ပြင်၏တောင်ဘက်တွင်အဆင်အယင်ပြုကာဆိုင်းဝိုင်းသဘင်ပွဲကျင်းပလိုက်၏။ မမျှော်လင့်ဘဲဆိုင်းဝိုင်းသဘင်ပါခေါ်နိူင်ခဲ့သဖြင့် ရွာသူရွာသားများအားလုံးပျော်၍မဆုံးတပြုံးပြုံးဖြစ်နေကြ၏။ ဆိုင်းမင်းသမီး၊မင်းသားတို့က လှပသောအဆိုအကတို့်ဖြင့်ဖျော်ဖြေလေရာ ဘုရားထီးတင်ပွဲမှာ ရွှေပွဲလာဧည့်ပရိတ်သတ်တို့ဖြင့် ပြည်လျှံသွားတော့၏။
မောင်ရေခဲတို့ဆရာတပည့်လည်းရွာသူရွာသားတို့ကိုပေးထားသည်ဂတိအတိုင်းစတင်ဆောင်ရွက်၏။ ရှေးဦးစွာမြတ်စွာဘုရားကိုဝတ်ပြုပြီး သိမ်ဝင်သပိတ်ကွဲပေါ်သို့ ခိုးသူဖမ်းအင်းကိုချပြီးလျှင် မဆစ်ဆီငါးကျပ်သားခန့်ထည့်လိုက်သည်။ ပြီးသော်အောက်ပါဂါထာအား (၃၇)အုပ်စုတ်လိုက်၏။

” ဥုံ…အရပ်ထက်ဝန်းကျင် စောင့်ထချင်သည်၊ ရှင်နတ်များတို့၊ မတော်မူပါ၊ မတော်မတရားလူမိုက်များအား ထင်ရှားယခု ပြတော်မူပါ မင်းတကာတို့၊ နတ်တကာတွင်အခေါင်ချဉ်းသည့်နတ်မင်း မြင်တော်မူပါ ေဩာင်းဇေယျတု ဇေယျတု အောင်စေသောဝ်…”

(မှတ်ချက်။…။သူခိုးဖမ်းအင်းဂါထာအမှန်ဖြစ်ပါသည်။ကိုးကား)

ထိုကာထာအား(၃၇)အုပ်စုတ်ပြီးသော် အထက်အရပ်ဝန်းကျင်သို့တိုင်အောင်ပွဲပေးပသပြီးလျှင် ငှက်ပျောသီးလေးလုံး၊အုန်းဆံလေးဆံ၊လက်ဖက်လေးဆုပ်၊မုန့်လေးချပ်၊ကွမ်းလေးရာတို့နှင့် ပသပြီး မှန်သောသစ္စာကိုပြုကာ မြတ်ဘုရား၏ရှေ့မှောက်တော်၌ ဆီမီးတိုင်ကိုထွန်းညှိပူဇော်လိုက်၏။

” ကဲထင်ပေါ်ရေ…ကိစ္စတော့ပြီးသွားပြီ မနင်ဖန်၉နာရီထိုးတာနဲ့ ခိုးသူအပေါင်းအပါအားလုံး ခိုးယူထားတဲ့ပစ္စည်းတစ်ခုမကျန်ယူလာပြီး လာတောင်းပန်ကြလိမ့်မယ် စောင့်ကြည့်နေပေတော့….”

” ဟုတ်ကဲ့ဆရာ…”

ရွာသူရွာသားတို့ကား ဆိုင်းဝိုင်းသဘင်ကိုကြည့်ပြီး အရာအားလုံးကိုမေ့ပျောက်ထားလိုက်၏။

နောက်နေ့တွင်ကား ဘုရားထီးတင်ပွဲသည် ယမန်နေ့ကထက်ပို၍စည်ကားလေ၏။ ဆိုင်းဝိုင်းသဘင်ပါသောကြောင့်တစ်ကြောင်း၊ မောင်ရေခဲတို့ကခိုးသူအားဖမ်းပေးမည်ဆိုသောကြောင့်တစ်ကြောင်း စသောသတင်းကြောင့် အခြားရပ်ရွာမှဧည့်သည်များလည်း ဘုရားထီးတောင်တင်ပွဲသို့လာကြ၏။

ပွဲလာဧည့်ပရိတ်သတ်တို့ကား မနက်ကိုးနာရီထိုးမည့်အချိန်ကိုစိတ်ဝင်တစားစောင့်ကြည့်နေကြ၏။ တဖြည်းဖြည်းနှင့်မနက်ကိုးနာရီထိုးလုနီးပါးအချိန်သို့ရောက်လာခဲ့၏။ ထိုအချိန်ဘုရားမုခ်ဦးဘက်မှ လူငါးယောက်သည် ဖိနပ်များပင်မပါဘဲ မောဟိုက်စွာဖြင့်ထီးတင်ပွဲသို့အပြေးလာကြ၏။

” ခွင့်လွှတ်ပါဘုရား….နောက်မလုပ်တော့ဘူဘုရား….”

ဆိုသောစကားကို ငါးယောက်စလုံး၏နူတ်မှတတွတ်တွတ်ပြောဆိုနေကြပြီး တန်ဆောင်းထဲရှိဆရာတော်ဘုရားရှိရာသို့လာခဲ့ကြ၏။ မောင်ရေခဲကား ထိုလူငါးယောက်ကိုကြည့်ပြီး ပြုံးလိုက်၏။ မောင်ထင်ပေါ်က ဆရာ့အပြုံးကိုနားလည်ဟန်ဖြင့် ခေါင်းငြိမ့်၏။

” ဟေ…ဘယ်လိုဖြစ်လာတာလဲမောင်ကျော်….ဒီသူငယ်တွေကဘယ်သူတုန်းကွဲ့…”

” တ…တပည့်တော်…တပည့်တော်တို့ ဘုရားဌာပနာပစ္စည်းတွေပြန်လာထားတာပါဘုရား…”

” ဟေ…”

” ဟင်….”

“ဟာ…”

မောင်ကျော်၏စကားကြောင့် ဆရာတော်ဘုရားနှင့်တကွ ပွဲလာဧည့်ပရိတ်သတ်များပါ အံ့ဩသွားကြကုန်၏။ အကြောင်းမှာမောင်ကျော်သည် မိဘမဆွေမျိုးမရှိတော့သည့် တစ်ကောင်ကြွက်ဖြစ်ပြီး ရပ်ရွာထဲမှအိမ်တကာလှည့်ပြီးစားသောက်နေရသူဖြစ်သောကြောင့်တည်း။

” မောင်ကျော်…ဒကာလေး မင်းကတစ်ရွာလုံးရဲ့ကျေးဇူးကို ဒီလိုဆပ်တာလားကွဲ့…ဟမ်….”

” တပည့်တော်မှားမိပါတယ်ဘုရား…တပည့်တော် မကြံသင့်မကြံအပ်တဲ့အလုပ်ကိုပြုမိပါတယ်….ခွင့်လွတ်တော်မူပါဘုရား နောက်မလုပ်တော့ပါဘူးဘုရား….အီးဟီးဟီး….”

မောင်ကျော်ကပြောပြောဆိုဆို ငိုယိုနေ၏။ ချွေးဇောလည်းပံျနေ၏။ ဆရာတော်ဘုရားက

” ငါမေးတာဖြေဦးလေမောင်ကျော် ဟောဒီသူငယ်တွေကဘယ်သူတုန်း….”

” သူ…သူတို့က တဖက်ရွာကသူခိုးတွေပါဘုရား…”

” ဟာ….မိုက်လိုက်တာမောင်ကျော်ရာ….ကိုယ့်ရွာကပစ္စည်းကိုခိုးယူဖို့ ရွာပြင်ကသူခိုးကိုပါခေါ်လာရတယ်လို့…ကဲကဲရှိပါစေတော့…ဒါဆို ဘာလို့ဌာပနာပစ္စည်းတွေခိုးပြီးပြန်လာပေးရတာလဲ….”

” မပေးလို့မရဘူးဘုရား…ရွာစောင့်နတ်တွေဘီလူးတွေ အမျိုးအမည်မသိတဲ့နတ်တွေက တပည့်တော်တို့ကို အမျိုးမျိုးခြောက်လှန့်တယ်….ငရဲမီးတမျှပူလောင်တဲ့မီးနဲ့လည်းမြိုက်ပါတယ်ဘုရား…ဒါကြောင့်မို့ တပည့်တော်တို့မနေနိုင်ကြလို့ ခိုးယူမိတဲ့ဌာပနာပစ္စည်းတွေကို ပြန်လာပို့တာပါဘုရား…”

” အဲဒါဘုရားကိုလှူဖိုရည်စူးထားတဲ့ပစ္စည်းတွေကို ခိုးယူပြစ်မှားလို့ပြစ်ဒဏ်သင့်တာမောင်ကျော်ရဲ့….ဘုရား ပစ္စည်းမှန်းသိရက်နဲ့ဘာအတွက်ခိုးယူကြတာလဲ…”

” တပည့်တော်တို့ လောင်းကစားလုပ်ဖို့နှင့် စားသောက်သုံးဖြုန်းဖို့ ယူမိတာဘုရား….”

” အိမ်း…တကယ့်သူခိုးတွေမှသွားပေါင်းပြီး ဘုရားပစ္စည်းကိုမှခိုးယူရတယ်လို့…နောင်ဘဝမှာ အပါယ်လားရမှာကိုမတွေးမိကြဘူးလား….”

” တွေးမိပါတယ်ဘုရား…ဒါပေမဲ့ ဒီဘဝကောင်းစားရင်ရပြီ နောင်ဘဝနောင်ခန္ဓာနဲ့ခံမယ်လို့ တွေးထားမိကြပါတယ်ဘုရား…ခွင့်လွတ်တော်မူပါ…ရွာသူရွာသားအားလုံးကိုလည်းတောင်းပန်ပါတယ်….ခွင့်လွတ်ကြပါဗျာ…”

သူခိုးငါးယောက်စလုံးက ဆရာတော်ဘုရားနှင့်ရွာသူရွာသားတို့ဘက်လှည့်ပြီး ငိုယိုကာရှိခိုးတောင်းပန်နေကြ၏။

” ကျွေးကျေးဇူးကိုမှမထောက် ကျေးဇူးကိုကျေးဇွပ်တဲ့ကောင် သတ်လိုက်ကြ….”

” ဟုတ်တယ်…ဒီတစ်ခါခွင့်လွတ်လိုက်ရင် ဒီကောင်တွေက နောက်လည်းခိုးနေကြဦးမှာဘဲအပြတ်ရှင်းလိုက်တာနားအေးတယ်…”

ရွာသူရွာသားတို့ကား သူခိုးငါးယောက်ကိုကြည့်ပြီးသတ်ရန်တကဲကဲလုပ်နေကြ၏။ သူခိုးငါးယောက်၏မျက်နှာမှာဇီးရွက်မှ ဇီးစေ့သာသာ ကျန်ပြီး အသက်ကိုဖက်ရွက်နဲ့ထုပ်ထားကြရ၏။ ဆရာတော်ဘုရားလည်း မဖြစ်သင့်တာ မဖြစ်ရလေအောင် မောင်ရေခဲဘက်လှည့်ပြီး

” ကဲ…ဒကာလေးတို့ဘဲကြည့်ပြီး ဖျောင်းဖျပေးပါဦး…”

” တင်ပါ့ဘုရား…”

မောင်ရေခဲက ပွဲလာဧည့်ပရိတ်သတ်ရှေ့သို့လှည့်ပြီး

” ကဲကဲ… အားလုံးစိတ်လျှော့လိုက်ကြပါ… ကနေ့ဟာကုသိုလ်ယူနေတာဖြစ်တဲ့အတွက်ကြောင့် အကုသိုလ်စိတ်မဖြစ်ပါစေနဲ့….ဒီကကောင်လေးတွေလည်း နောက်နောင်သူတို့မခိုးဝံ့တော့ဘူး….ဘာလို့လဲဆိုတော့ ဒီတစ်ခါသူတို့တွေ့မြင်လိုက်ရတဲ့အရာတွေက အရမ်းကြောက်စရာကောင်းနေလို့ဘဲ….သူတို့စိတ်ထဲမှာခိုးယူဖို့ကြံစည်တိုင်း ဒီမြင်ကွင်းဟာ သူတို့ရဲ့အာရုံထဲမှာကွက်ကွက်ကွင်းကွင်းပြန်ပေါ်လာမှာပါ…ဒါကြောင့်သူတို့ခိုးယူဖို့စိတ်တောင်ကူးရဲတော့မှာမဟုတ်ပါဘူး…”

” ဟင်း…ဆရာလေးကြောင့်သာပေါ့…မဟုတ်ရင်ဒင်းတို့တွေတမလွန်ကိုသွားနေရပြီ…”

” ဒီကောင်တွေ နောက်ထပ်ခိုးယူလို့ကတော့ ခိုးယူတဲ့ခြေလက်တွေကိုရိုက်ချိုးပစ်ရမယ်…”

မောင်ရေခဲ၏မေတ္တာရပ်ခံချက်ကြောင့် ခိုးသားငါးယောက်ကိုသတ်ရန်တကဲကဲလုပ်နေသော ရွာသူ ရွာသားများလက်လျှော့သွားကြကုန်၏။ ထိုအခါမှခိုးသားငါးယောက်မှာ အသက်ဖြောင့်ဖြောင့်ရှူရဲကြတော့သည်။

ပွဲတော်ကျင်းပပြီးသုံးရက်မြှောက်နေ့၌ ဘုရားထီးတော်တင်ခြင်းနှင့်ဌာပနာထည့်ခြင်းကို ဆရာတော်ဘုရားမှဦးဆောင်ပြီး စည်ကားစွာပြုလုပ်ကြ၏။ ထိုအခါမောင်ရေခဲမှ ပါလာသောစိန်နားကပ်တစ်ရံကိုထုတ်ယူပြီး အလှူရှင်ဒေါ်ခမ်းနွံအတွက်ရည်စူးကာ ဌာပနာထည့်သွင်းလှူဒါန်းလိုက်၏။ မောင်ထင်ပေါ်က နဂါးမင်းသမီးသီရိမာလာ ပေးခဲ့သော လက်စွပ်လေးကိုချွတ်ယူပြီး ဌာပနာထည့်ဝင်လှူဒါန်းလိုက်၏။
ဘုရားထီးတော်တင်ပွဲသည် ရပ်သူရွာသားတို့၏အလှူ၊တခြားရပ်ရွာမှ အားဖြည့်ကူညီကြသောအလှူနှင့်မောင်ရေခဲတို့ မတည်လှူဒါန်းသောအလှူတို့ကြောင့် ခုနှစ်ရက်ခုနှစ်လီ ခြိမ့်ခြိမ့်သည်းသည်း ကျင်းပခဲ့ကြ၏။ ယခုမူကားစေတီတော်သည် ရွှေရောင်တဖိတ်ဖိတ်ဖြင့် တောင်ကုန်းထိပ်၌ငွားငွားစွင့်စွင့် သပ္ပါယ်စွာတည်ရှိနေ၏။ ရွာသူရွာသားတို့သည်စေတီကိုဖူးမြှော်တိုင်းမိမိတို့၏အလှူကို ပြန်လည်အောက်မေ့မိပြီး စိတ်ဝယ်ပီတိဖြစ်ကာ အကြိမ်ကြိမ်သာဓုခေါ်မိတော့သည်။ ကိစ္စအားလုံးပြီးစီးသွားသော် မောင်ရေခဲတို့သည် ဆရာတော်ဘုရားနှင့်ရပ်သူရွာသားအပေါင်းကို နူတ်ဆက်ပြီးထိုရွာကလေးမှ ထွက်ခွာလာခဲ့ကြတော့သတည်း။……။

( အားပေးဖတ်ရှုသူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေသောဝ်…)

# ပြီး

Zawgyi Version

“ဘုရားပစၥည္းခိုးမိၾကသူ”(စ/ဆံုး)
—————————————-
ပူျပင္းလွေသာရာသီကိုအံတုၿပီး လူတစ္စုသည္ ဘုရားရင္ျပင္ေပၚ၌အလုပ္႐ႈပ္ေနၾက၏။ အမ်ိဳးသမီးမ်ားက ေပါက္တူးတို႔ျဖင့္ ရင္ျပင္ေပၚ႐ွိ အပင္မ်ားကိုဖယ္႐ွားေနသည္။ အမ်ိဳးသားမ်ားက ဝါးလံုးမ်ားကိုသယ္ယူလာၾကသည္။ တခ်ိဳ႕ကထိုဝါးလံုးမ်ားျဖင့္ ဘုရားပတ္ပတ္လည္ျခမ္းဆင္ေနၾကသည္။ ေခြၽးဒီးဒီးက်ေနေသာ္လည္း ပင္ပန္းသည္ဟုမထင္ဘဲ အားၾသႏၡျႏၥိုကၠာ ႀကိဳးစားပမ္းစားလုပ္ေနၾကသည္။ အေၾကာင္းကား တစ္ရြာလံုး၏ေခြၽးနည္းစာမ်ားကိုစုေပါင္းၿပီး ဘုရားထီးတင္ပဲြလုပ္ၾကေသာေၾကာင့္ပင္။

” နားၾကပါဦး႐ွင့္…ဒီမယ္ရြာမ်က္ႏွာဖံုး ဦးျမသာႏွင့္ ေဒၚလွပြင့္တို႔ မိသားစုက ဘုရားထီးတင္ပဲြအတြက္ မနားမေနႀကိဳးစားေနၾကတဲ့ရြာသူရြာသားေတြကို လက္ဖက္ရည္ႏွင့္မုန္႔အခ်ိဳေတြ လာေကြၽးသတဲ့႐ွင့္….”

လံုမပ်ိဳတစ္သိုက္က မုန္႔ေတာင္းႏွင့္လက္ဖက္ရည္အိုးမ်ားယူလာၿပီး ဘုရားတြင္႐ွိေနၾကေသာ သူမ်ားကိုေျပာလိုက္၏။ နားခ်ိန္လည္းေရာက္ေနၿပီျဖစ္သျဖင့္ ျငမ္းေပၚကလူမ်ားႏွင့္ေအာက္မွအလုပ္လုပ္ေနၾကေသာလူမ်ားလည္း လုပ္လက္စမ်ားကိုရပ္လိုက္ၾက၏။ အရိပ္ရေသာ သစ္ပင္မ်ားေအာက္တြင္ သူ႔အစုကိုယ့္အစုဝိုင္းထိုင္ၿပီး အလႉ႐ွင္ေကြၽးေမြးေသာ မုန္႔အခ်ိဳႏွင့္လက္ဖက္ရည္မ်ားကို သဒၶါေပါက္ေအာင္သံုးေဆာင္ၾကသည္မွာ လံုမပ်ိဳမ်ားလက္မလည္ေအာင္ပင္ျဖစ္ရသည္။

” လံုမတို႔ေရ ဒို႔ဝိုင္းမွာလည္း မုန္႔အခ်ိဳေတြျဖည့္ေပးဦးေဟ့…အလႉ႐ွင္က ေစတနာေတြပါထည့္ေကြၽးေတာ့ သိပ္ကိုစားေကာင္းတာဘဲဗိ်ဳ႕… ”

” ဟုတ္ပါ့ဗ်ာ…ဟုတ္ပါ့…မၾကာခင္ရက္အတြင္းမွာ ဒို႔ရြာရဲ႕အေပ်ာ္ရႊင္ဆံုးေန႔ျဖစ္တဲ့ ဘုရားထီးတင္ပဲြကိုေရာက္ေတာ့မယ္ဗ်ဳ႕ိ…ဒီလိုရက္ေတြေရာက္ဖို႔က်ဳပ္တို႔ အႏွစ္ႏွစ္အလလကေခြၽးနည္းစာေတြစုေဆာင္းၿပီး လႉရေတာ့က်ဳပ္ျဖင့္သိပ္ဝမ္းသာတာဘဲ….”

” ဟုတ္တာေပါ့ဗ်ာ…က်ဳပ္တို႔ရြာမွာတည္ထားကိုးကြယ္တဲ့ဒီေစတီေလး ထီးေတာ္တင္တဲ့ေန႔က အေတာ္ၾကာခဲ့ၿပီဗ်…အဲတုန္းကက်ဳပ္ျဖင့္ ၁၀ႏွစ္သားအရြယ္ဘဲ႐ွိေသးသဗ်….”

ဘႀကီးေသာင္းက ေစတီေလးကိုထီးေတာ္တင္ခဲ့သည္မွာ ႏွစ္ေပါင္းမည္မ်ွၾကာၿပီျဖစ္ေၾကာင္းခန္႔မွန္းမိေစရန္ ေျပာေနျခင္းျဖစ္၏။

” ဒါျဖင့္ ၾကာခဲ့ၿပီေပါ့ေနာ္ဘႀကီး…”

” ေအးေပါ့ကြ…ၾကာဆိုႏွစ္၆၀ေလာက္႐ွိေရာေပါ့ကြ…အဲဒီေနာက္ပိုင္းဒီေစတီေလးကိုထပ္ၿပီးထီးေတာ္တင္မဲ့အလႉ႐ွင္ မ႐ွိေတာ့တာနဲ႔ ခုျမင္တဲ့အတိုင္းဘဲ ထီးေတာ္မွာ႐ွိတဲ့ေရႊမႊန္းေတြေပ်ာက္ပ်က္ၿပီး ထီးေတာ္ဟာလည္းသံေခ်းကိုက္လို႔ ရဲြ႔ေစာင္းေစာင္းေတာင္ ျဖစ္ေနၿပီဗိ်ဳ႕….”

ဘႀကီးေသာင္း၏စကားေၾကာင့္ ေဘးဝိုင္း႐ွိလူမ်ားလည္း ေခါင္းေမာ့ၿပီး ေစတီေလးကိုေမာ့ၾကည့္မိ၏။ ဘုရားထီးေတာ္မွာ ရာသီဥတုဒဏ္ေၾကာင့္အမွန္တကယ္ပင္ ရဲြ႔ေစာင္းေနေခ်ၿပီ။ ေစတီေတာ္၏သကၤန္းေရာင္မွာလည္း အဝါေရာင္မဟုတ္ေတာ့ဘဲေရညႇိမ်ားေၾကာင့္ စိမ္းပုပ္ေရာင္ျဖစ္ေနေခ်ၿပီ။

” ဒီေလာက္ႏွစ္အၾကာႀကီးရေနၿပီ…ရြာကလူေတြဘာလို႔ထီးေတာ္အသစ္ထပ္မတင္ၾကတာလဲမသိဘူးေနာ္ဘႀကီးေသာင္း….”

” ထီးေတာ္အသစ္တင္ခ်င္ၾကတာေပါ့လူေလးရာ..ဒါေပမဲ့ရြာမွာ ကပ္ေရာဂါက်ၿပီးေနာက္ပိုင္း စီးပြားေရးက်ဆင္းၿပီး စားဖို႔ေသာက္ဖို႔ေတာင္အႏိူင္ႏိူင္ျဖစ္ၾကရတာေလကြယ္…”

” ဟုတၱၾယၠ….ခုႏွစ္ေတြမွဘဲတို႔ရြာကေကာက္ပဲသီးႏွံေတြအထြက္ေကာင္းလို႔ ဘုရားထီးေတာ္ကို စုေပါင္းၿပီးတင္ၾကရတာဘဲ….ဒီႏွစ္ဘုရားပဲြကိုရြာလံုးကြၽတ္ၿခိမ့္ၿခိမ့္သဲ က်င္းပၾကမယ္….”

ရြာသူရြာသားမ်ားအားလံုးမိမိတို႔၏ေခြၽးနည္းစာ အလႉအတြက္လြန္စြာေပ်ာ္ရႊင္ဝမ္းေျမာက္ေနၾက၏။ ထိုေန႔တြင္ ဘုရားျငမ္းဆင္ျခင္းႏွင့္အတူ တျခားကိစၥအဝဝတို႔ၿပီးစီးသြား၏။ မနက္ျဖန္ျပဳလုပ္မည့္ ဘုရားထီးတင္ပဲြတြင္ မုန္႔ေစ်းတန္းေရာင္းခ်မည့္ သူမ်ားကလည္း သူ႔ေနရာကိုယ့္ေနရာ သတ္မွတ္ထားၾကသည္။ ႏွစ္အေတာ္ၾကာမွ သည္တစ္ခါျပဳလုပ္ရေသာဤဘုရားပဲြတြင္ ပဲြလာဧည့္ပရိတ္သတ္မ်ားစြာ လာေရာက္ၾကမည္ဟုလည္း ေတြးမွတ္ထားၾက၏။ သို႔ေၾကာင့္ ေကြၽးေမြးရန္ထမင္းႏွင့္ဟင္းကိုအပယ္အလ်ွံခ်က္ျပဳတ္စီမံထားၾက၏။ တစ္ရြာလံုး႐ွိရြာသူရြာသားတို႔၏စိတ္ဝယ္ကား မနက္ျဖန္က်ေရာက္မည့္ ဘုရားပဲြအတြက္ ႀကိဳတင္ရင္ခုန္ေနၾကသည္မွာကား အထူးေျပာဖြယ္ရာပင္ မလိုေတာ့ေခ်။

ည၏တိတ္ဆိတ္လွေသာ အခါသမယတြင္ ရြာသူရြာသားမ်ားအားလံုးတိတ္ဆိတ္စြာအိပ္ေမာက်ေနသည္။ ေတာေတာင္ဓေလ့အရ ေစာစီးစြာအိပ္ယာဝင္ၾကသျဖင့္ ညဆယ့္တစ္နာရီအခ်ိန္သည္ လူသံသူသံမ်ားလြန္စြာမွတိတ္ဆိတ္ေနေခ်ၿပီ။ ေက်းရြာသူႀကီး၏ အိမ္သည္လည္းထိုနည္းတူစြာ တိတ္ဆိတ္ၿငိမ္သက္ေနသည္။ အိမ္ေ႐ွ႕မွေမြးထားေသာ အေစာင့္ေခြးႀကီးသံုးေကာင္လည္း အိမ္ေထာင့္တြင္ေခြေခြေလးအိပ္ေပ်ာ္ေနၾကသည္။

” ကြၽတ္…ကြၽတ္…ကြၽတ္….”

အေမွာင္ထုထဲ႐ွိ စုတ္သပ္သံေၾကာင့္ေခြးသံုးေကာင္သည္ ထိုေနရာသို႔စိုက္ၾကည့္ေန၏။

” ဝုတ္…ဝုတ္…ဝုတ္….”

” ဝုတ္..ဝုတ္…ဝုတ္….”

ေခြးသံုးေကာင္ကအေမွာင္ထုထဲၾကည့္ၿပီး လွမ္းေဟာင္ေန၏။ ထိုအခါအေမွာင္ထုထဲမွ အဝတ္စအမဲျခံဳထားေသာလူသည္ လေရာင္ေအာက္သို႔ထြက္လာၿပီး အမဲသားတံုးကိုထိုေခြးသံုးေကာင္ေ႐ွ႕သို႔ပစ္ခ်ေပးလိုက္၏။ ေခြးသံုးေကာင္သည္ ထိုအသားတံုးနားအလုအယက္ေျပးသြားၿပီး နမ္းၾကည့္ကာ ထိုအသားတံုးသံုးတံုးကိုတစ္ခုစီကိုက္ခ်ီလိုက္ၿပီး အိမ္ေထာင့္၌လာထိုင္ၿပီး စားၾက၏။

” တယ္လိမၼာတဲ့ခေလးေတြ…ဟင္းဟင္း….”

” ဝူး…..”

အမဲေရာင္အစျခံဳထားေသာလူက ေခြးသံုးေကာင္ကိုၾကည့္ၿပီး ေက်နပ္စြာစကားဆိုလိုက္၏။ ၿပီးမွအေမွာင္ထုဘက္လွည့္ကာ

” ဝူး”ဟူေသာအသံကိုျပဳလိုက္၏။ ထိုအသံသည္အခ်ိန္းအခ်က္ျပဳသံျဖစ္သျဖင့္ အေမွာင္ထုထဲမွလူေလးေယာက္သည္ ထိုအဝတ္စအမဲျခံဳထားေသာလူနားသို႔ေရာက္လာ၏။

” ေခြးေတြကယံုရလားကိုယ့္လူ….”

ဆိုၿပီးပထမလူ၏ နားနားသို႔ကပ္ကာေမးလိုက္၏။ ပထမလူကလက္မေထာင္ျပကာ

” စိတၡ္….ဒီညတင္မကဘူးေနာက္ေနာင္ေန႔ညေတြပါစိတ္ခ်ရၿပီ….အဟင္း….”

ဟုေျပာၿပီးေက်နပ္စြာျပံဳးလိုက္၏။

” ဒါျဖင့္ရင္ လုပ္ငန္းစရေအာင္ ေရႊေတြဒီအိမ္မွာသိမ္းထားတာေသခ်ာတယ္ေနာ္….”

” ေသခ်ာတာေပါ့ မနက္ျဖန္ထီးတင္ပဲြအတြက္ဌာပနာမဲ့ေရႊေတြကိုဒီအိမ္မွာသိမ္းထားတာ…တေန႔ကေတာင္က်ဳပ္ေခ်ာင္းၾကည့္ခဲ့ေသးတယ္….ေရႊေတြအားလံုးယြန္းအစ္နဲ႔အေသအခ်ာထည့္ထားတာကြ…”

” ဒါဆိုဝင္ၾကမယ္….ကိုယ့္လူေတြအေျခေနကိုမ်က္ေျခမျပတ္ေစာင့္ၾကည့္ေနာ္..တစ္ခုခုထူးတာနဲ႔အခ်က္ေပးဖို႔မေမ့နဲ႔….”

” အိုေခ ကိုယ့္လူ….”

အဝတ္စျခံဳထားေသာလူငါးေယာက္ကထိုသို႔ေျပာၿပီး က်န္ႏွစ္ေယာက္က ျခံစည္း႐ိုးကိုေက်ာ္ခြကာအထဲသို႔ခုန္ဝင္လိုက္၏။ က်န္သံုးေယာက္က က်ီးကန္းေတာင္းေမွာက္အၾကည့္မ်ိဳးျဖင့္ ဟိုဟိုသည္သည္ ၾကည့္ကာအေျခအေနကိုေစာင့္ၾကည့္ေန၏။

အဝတ္စအမည္းျခံဳထားေသာလူႏွစ္ေယာက္သည္ အိမ္နားသို႔တိတ္တဆိတ္ကပ္သြားလိုက္၏။ ေခြးသံုးေကာင္မွာအိမ္ေထာင့္တြင္ ၿငိမ္ခ်က္သားေကာင္းေနသည္။ ထိုလူႏွစ္ေယာက္သည္ပိတ္ထားေသာတံခါးမႀကီးနားသြားၿပီး ေသးငယ္ေသာႀကိဳးတစ္ေခ်ာင္းျဖင့္ အထဲမွထိုးထားေသာတံခါးဂ်က္ကိုဆဲြခ်ေန၏။

” ေခ်ာက္….”

တေအာင့္အၾကာ၌အထဲမွတံခါးဂ်က္က်သံကိုၾကားလိုက္ရ၏။ ထိုအခါလူႏွစ္ေယာက္သည္ေျခေဖာ့နင္းကာအထဲသို႔တိတ္တဆိတ္ဝင္သြား၏။ အေမွာင္ထုထဲတြင္လူႏွစ္ေယာက္သည္ အမည္းေရာင္ျခံဳထည္ကိုဝတ္ဆင္ထားေသာေၾကာင့္ ေတာ္ရံုမျမင္ႏိူင္ေခ်။ သူႀကီးတို႔ မိသားစုသည္ကား ေဟာက္သံထြက္ကာအိပ္ေမာက်ေန၏။ သူခိုးႏွစ္ေယာက္သည္ဘုရားေက်ာင္းေဆာင္ထံသြားၿပီး ေမႊေႏွာက္ေန၏။

” ေတြ႔လားကိုယ့္လူ….”

” မေတြ႔ေသးဘူးကိုယ့္လူ….တေန႔ကသူႀကီးကိုယ္တိုင္ဒီမွာသိမ္းထားတာက်ဳပ္အေသအခ်ာကိုျမင္ခဲ့တာ…”

သူခိုးႏွစ္ေယာက္ကေလသံတိုးတိုးျဖင့္ေျပာေန၏။

” ဟိုဖက္အံဝွက္ထဲမွာထင္တယ္….”

အေမွာင္လူတစ္ေယာက္က သူႀကီးတို႔လင္မယား၏ေခါင္းရင္းမွ႐ွိေသာဗီ႐ိုကိုျပၿပီး ေျပာလိုက္၏။

” ဒါမွတကယ့္ဒုကၡဘဲ…ဝင္လာၿပီးမွလက္ဗလာနဲ႔ျပန္ထြက္ရရင္လာဘ္ပိတ္္တယ္…အရဲစြန္႔ၿပီးအဲဒီအံဝွက္ကိုဖြင့္ၿပီး႐ွာမယ္…”

ထိုသို႔ေျပာၿပီးသူႀကီးလင္မယားအိပ္စက္ရာ ကုတင္ေဘးမွကုန္းကုန္းကြကြသြားလိုက္၏။

” အဟြတ္…အဟြတ္….ဗ်ပ္…ဗ်ပ္….”

ထိုစဥ္သူႀကီးသည္ေခ်ာင္းဆိုးၿပီး တစ္ခုခုဝါးစားေနသည့္အသံျဖင့္ သူခိုး႐ွိရာဘက္သို႔ကိုယ္ေစာင္းလွည့္လိုက္၏။

” ဟိတ္…ဗုေဒၶါ! ဖြတ္မရဓားဆံုးျဖစ္ေတာ့မွာဘဲ….”

သူခိုးကထိုသို႔ေတြးၿပီးၾကမ္းျပင္၌ျပားျပားဝပ္ကာ ခဏၿငိမ္သက္ေနလိုက္၏။ တေအာင့္အၾကာ၌သူႀကီး၏ေဟာက္သံကအခ်က္က်က်ျပန္လည္ထြက္ေပၚလာ၏။ ထိုအခါမွသူခိုးလည္းေလးဘက္ေထာက္ကာ ေခါင္းရင္း႐ွိဗီ႐ိုအံဝွက္႐ွိရာသို႔တိုးကပ္သြားလိုက္၏။ က်န္တစ္ေယာက္က အခန္းေထာင့္႐ွိေမွာင္ရိပ္တြင္ခိုကာအေဖာ္ျဖစ္သူကိုေစာင့္ေန၏။

” က်ီြ…အီ….”

ေခါင္းရင္း႐ွိသူခိုးက အံဝွက္ကိုညင္သာစြာဆဲြထုတ္လိုက္၏။ ထိုစဥ္အံဝွက္ပတ္တာမွာၾကပ္ေနသျဖင့္ေတာ္ရံုႏွင့္ဆဲြထုတ္၍မရ။ သူခိုးကအားနည္းနည္းစိုက္ၿပီး ဆဲြထုတ္လိုက္ရာ က်ီြခနဲျမည္သြားၿပီး သူခိုးကသူႀကီးလင္မယားႏိုးလာၿပီအထင္ျဖင့္ေမွာင္ရိပ္ခိုကာ ခနၿငိမ္သက္လိုက္၏။ သို႔ေသာ္သူႀကီးလင္မယားမွာ အေခါေခါအိပ္ေမာက်ေနဆဲ။ အေျခအေနကိုၾကည့္ၿပီးသူခိုးသည္အံဝွက္နားသို႔တဖန္ျပန္ကပ္လိုက္ၿပီး အံဝွက္ထဲသို႔လက္လ်ိွဳထည့္လိုက္၏။ အေမွာင္ထဲျဖစ္သျဖင့္ ဘာကိုမ်ွသဲသဲကဲြကဲြမျမင္ရေခ်။ သို႔ေၾကာင့္အံဝွက္ထဲမွႏွိပ္မိသမ်ွအရာအားလံုးကို ယူၿပီးပါလာေသာလြယ္အိတ္ႀကီးထဲသို္႔ထည့္လိုက္၏။ ထို႔ေနာက္အေဖာ္ကိုေခၚကာအိမ္ႀကီးထဲမွတိတ္တဆိတ္ျပန္ထြက္လာခဲ့ၾက၏။

ဘုရားထီးေတာ္တင္ပဲြျပဳလုပ္မည့္ေန႔၌ ရြာသူရြာသားမ်ားအားလံုးသည္ထီးတင္ပဲြသြားရန္အတြက္ ဖီးလိမ္းျပင္ဆင္ေနၾက၏။ ရြာဦးဘုန္းႀကီးေက်ာင္းမွမနက္ေစာေစာလႊင့္ပ်ံလာေသာ ဓမၼေတးသီခ်င္းသည္လည္း စိတ္ကိုေအးခ်မ္းေစ၏။
သူႀကီးကေတာ္လည္းအိပ္ယာမွႏိူးကာဆြမ္းခ်က္ရန္ျပင္၏။ ခါတိုင္း၌အိမ္႐ွင္ထလာလ်ွင္ လူအနားသို႔ပြတ္ကာသီကာလာလုပ္တတ္ေသာေခြးသံုးေကာင္သည္ သည္မနက္၌တစ္ေကာင္မွေပၚမလာ။

” အေတာ္အားကိုးရတဲ့အေကာင္ေတြ…ဟင္း….ခုထိအိမ္ကျပင္မွာအိပ္ေနက်တုန္းထင္ပါ့….ဟြန္း….”

သူႀကီးကေတာ္ကထိုသို႔ေျပာၿပီး မ်က္ႏွာသစ္ကာ ဘုရားေသာက္ေတာ္ေရလဲလိုက္၏။

အေ႐ွ႕ဘက္ေတာင္တန္းမွေနလံုးႀကီးထြက္ျပဴလာေသာ္ သူႀကီးလည္းအိပ္ယာမွထလာၿပီး ထန္းလ်က္ခဲကိုယူကာ ေမြးထားေသာေခြးသံုးေကာင္ကိုေခၚလိုက္၏။ အမွန္စင္စစ္သူႀကီးသည္ ဤေခြးသံုးေကာင္အားအလြန္ခ်စ္တတ္သူျဖစ္၏။

” က္ားဘို…ငညိဳ….ငနက္…လာၾကာ…ထန္းလ်က္ခဲေတြလာယူၾက….တစ္ညလံုးအိမ္ကိုေစာင့္ရတာဆိုေတာ့ပင္ပန္းေနၾကေရာေပါ့….”

” ေတာ့ေခြးေတြကခုထိထမလာၾကေသးဘူးဟဲ့….ျပန္မလာၾကေသးတာလားမသိဘူး….”

” သူတို႔လည္းပင္ပန္းလို႔အိပ္ေနတာပါ႐ွင္မရဲ႕….ေဟာကိုအိမ္ကျပင္မွာဒီေကာင္ေတြအိပ္ေနၾကတာမေတြ႔ဘူးလား….”

သူႀကီးကေတာ္၏စကားေၾကာင့္သူႀကီးသည္ ေခြးသံုးေကာင္အိပ္ရာေနရာသို႔လာခဲ့၏။

” ဟင္….ဒီေကာင္ေတြဘာျဖစ္ေနၾကတာလဲ….ပါးစပ္မွာလည္းအျမဳပ္ေတြထြက္ေနတယ္….”

သူႀကီးကေခြေခြေလးအိပ္ေနေသာ ေခြးသံုးေကာင္ကိုၾကည့္ၿပီး ပုတ္ႏိူးလိုက္၏။ သို႔ေသာ္ေခြးသံုးေကာင္မွာေအးစက္ေနၿပီး ေတာင့္ေတာင့္ႀကီးေသေန႐ွာၿပီ။

” ႐ွင္မ…႐ွင္မေရ ဒီကိုလာၾကည့္ဦး….က်ဳပ္တို႔ေခြးသံုးေကာင္လံုးေသေနၾကၿပီ….”

သူႀကီးကေတာ္လည္း သူႀကီး၏ေအာ္သံေၾကာင့္တည္လ်က္စ ထမင္းအိုးကိုထားခဲ့ၿပီး သူႀကီး႐ွိရာသို႔လာခဲ့၏။

” ေတာ့ေခြးေတြအိပ္ေနၾကတာေနမွာ….”

” ဘယ္ႏွယ့္အိပ္ရမွာတုန္း႐ွင္မရဲ႕….ေခြးသံုးေကာင္လံုးရဲ႕ပါးစပ္မွာအျမဳပ္ထြက္ေနၿပီးေသေနၾကၿပီ…ဒီေကာင္ေတြေဆးခပ္ထားတဲ့အစာေတြစားမိၿပိထင္တယ္….”

” ဟင္! က်ဳပ္တို္႔အိမ္သူခိုးကပ္ၿပီထင္တယ္အစ္ကို….”

ထိုအခါမွလင္မယားႏွစ္ေယာက္လံုး ဘုရားဌာပနာကိုသတိရလိုက္ၿပီး အေပၚထပ္သို႔အေျပးတက္လာ၏။

” သြားၿပီထင္တယ္….အံဝွက္ႀကီးပြင့္ေနတယ္…..”

သူႀကီးကထိုသို႔ေျပာၿပီးေခါင္းရင္းမွပြင့္ေနေသာအံဝွက္ကိုၾကည့္လိုက္ရာ အထဲ၌ဘာတစ္ခုမွမ႐ွိေတာ့သည္ကိုေတြ႔လိုက္ရသည္။ ဗီ႐ိုမွာအိပ္ယာနဲ႔ခပ္လွမ္းလွမ္းတြင္႐ွိေနသျဖင့္ အိပ္ယာထစဥ္ကပြင့္ေနေသာအံဝွက္ကိုသတိမထားမိျခင္းျဖစ္၏။

” အံဝွက္ထဲဘာတစ္ခုမွမ႐ွိေတာ့ဘူး …က်ဳပ္တို႔ပိုင္တဲ့ပစၥည္းေတြေရာ….ဘုရားဌာပနာေတြေရာ….တံဆိပ္တံုးေတြေရာ ဘာတစ္ခုမွမ႐ွိေတာ့ဘူး႐ွင္မရဲ႕….အီးဟီးဟီး…..”

” ရြာကလူေတြက်ဳပ္တို႔ကိုအထင္လဲြၾကေတာ့မွာဘဲေတာ္ေရ….အမ်ားပိုင္ပစၥည္းကိုမ်လုပ္ရက္ၾကေလျခင္း သူခိုးတို႔ရယ္…အီဟီးဟီး….”

သူႀကီးႏွင့္သူႀကီးကေတာ္ႏွစ္ေယာက္လံုး ရင္ဘတ္စည္တီးကာငိုယိုေနၾက၏။ အမ်ားပိုင္ပစၥည္းေပ်ာက္႐ွသြားေသာေၾကာင့္ ထိုးႏွက္လာၾကမည့္အမ်ား၏စကားလံုးကိုခံႏိူင္ရည္ မ႐ွိေခ်။ ရြာဦးေက်ာင္းမွလႊင့္ပ်ံလာေသာဓမၼေတးသည္လည္း မိမိတို႔၏အပူလံုးအားမေအးခ်မ္းေစႏိူင္ေတာ့ေခ်။

” ဘယ္လိုလုပ္ၾကမလဲေတာ္ေရ…ဒီေန႔ကဘုရားထီးေတာ္တင္မဲ့ေန႔…ဌာပနာေတာ္ေတြထည့္သြင္းမဲ့ေန႔႐ွင့္…က်ဳပ္ေတာ့ေသသာ
ေသလိုက္ခ်င္ေတာ့တယ္…အီးဟီးဟီး….”

သူႀကီးကေတာ္ကငိုယိုၿပီးထိုသို႔ေျပာ႐ွာ၏။ သူႀကီးလည္းေခါင္းခဲေနေလၿပီ။ အခ်ိန္႐ွိေနစဥ္ဤကိစၥကို ဆရာေတာ္ဘုရားထံေလ်ွာက္ထားမွသင့္ေတာ္ခ်ိမ့္မည္။ သို႔ေၾကာင့္မ်က္ရည္သုတ္ၿပီး ရြာဦးေက်ာင္းသို႔ေျပးလိုက္၏။ သူႀကီးကေတာ္လည္း အေနာက္မွလိုက္လာခဲ့၏။ ဘုန္းႀကီးေက်ာင္းေရာက္ေသာ္ ဆရာေတာ္ဘုရားကိုပုဆိန္ေပါက္သလို ဦးခ်ၿပီး ဌာပနာေပ်ာက္သြားေသာကိစၥကိုေလ်ွာက္တင္ရႏိူးႏိူး၊မေလ်ွာက္တင္ရႏိူးႏိူးျဖင့္ ခ်ီတံုခ်တံုျဖစ္ေန၏။

” ဟူး….စိတ္႐ႈပ္လိုက္ပါဘိ….”

သူႀကီးကသက္ျပင္းခ်ၿပီးေလပူႀကီးကိုတခ်က္မႈတ္ထုတ္လိုက္၏။ ထိုစဥ္သူႀကီးကေတာ္ကပါ ေက်ာင္းေပၚသို႔ကေရာေသာပါး ေျပးတက္လာၿပီး သူႀကီးနည္းတူဆရာေတာ္ဘုရားကိုပုဆိန္ေပါက္႐ွိခိုးလိုက္၏။ ဆရာေတာ္ဘုရားသည္ ထိုလင္မယားအားၾကည့္ကာအထူးအဆန္းျဖစ္ေန၏။ ၿပီးမွဝါးထားေသာကြမ္းကို ေထြးအင္ထဲေထြးထုတ္လိုက္ၿပီး

” ဟဲ့….ဒကာႀကီးႏွင့္ဒကာမႀကီးတို႔ ဘယ္လိုေတြျဖစ္လာၾကတာတံုးကဲြ႔…ဒကာႀကီးတို႔ကိုၾကည့္ရတာလည္း အေနာက္ကက်ားလိုက္လာလို႔ေျပးေနရတဲ့အတိုင္းဘဲ….”

” က္ားလိုကၱာထက္ဆိုးပါတယၻဳရား…”

ဆရာေတာ္၏အမိန္႔ေၾကာင့္သူႀကီးလည္းထိုသို႔ျပန္ေလ်ွာက္လိုက္၏။

” ေဟ….ဘယ္လိုျဖစ္ၾကတာလဲဒကာႀကီးတို႔ က်ားလိုက္တာထက္ဆိုးတယ္ဆိုေတာ့…”

” တပည့္ေတာ္တို႔အိမ္မွာ ေခတၱသိမ္းထားတဲ့ ဘုရားဌာပနာပစၥည္းေတြ သူခိုးလက္ထဲအကုန္ပါသြားၿပီဘုရား….”

” ေဟ….”

ထိုစကားေၾကာင့္ဆရာေတာ္ဘုရားမွာေခါင္းထဲမိုက္ခနဲျဖစ္သြား၏။ ဆရာေတာ္ဘုရားမွာ ႏွလံုးေရာဂါအခံ႐ွိသူမို႔ ယခုလိုစကားၾကားရသျဖင့္ အသက္႐ွဴရပ္မတတ္ျဖစ္သြားခဲ့ၿပီး ဘာစကားမွမဆိုႏိူင္႐ွာေတာ့ေခ်။

” တပည့္ေတာ္တို႔လည္းသိသိခ်င္း အေတာ္လန္႔သြားပါတယ္ဘုရား….ဒီပစၥည္းဟာအမ်ားပိုင္ပစၥည္းျဖစ္တဲ့အျပင္ ကေန႔ထီးတင္ပဲြအတြက္ရည္မွန္းထားတာေၾကာင့္ အေတာ့ကိုစိတ္ထိခိုက္ရပါတယ္ဘုရား….သူခိုးဟာဘုရားပစၥည္းကိုခိုးယူရံုမကဘူး တပည့္ေတာ္အိမ္ကအေစာင့္ေခြးေတြကိုလည္းအဆိပ္ခတ္သတ္ပစ္ထားပါတယ္ဘုရား…”

” ဒီကိစၥျဖစ္လာေတာ့ ရပ္သူရြာသားေတြတပည့္ေတာ္မတို႔လင္မယားကို သံသယမကင္းျဖစ္ႏိုူင္တယ္ဘုရား….တပည့္ေတာ္မကေတာ့ လူ႔ဘဝမွာေနကိုမေနခ်င္ေတာ့ပါဘူးဘုရား…ဟင့္ဟင့္… ”

သူႀကီးႏွင့္သူႀကီးကေတာ္တို႔ကထိုသို႔ေလ်ွာက္တင္ၿပီး သည္းစြာငိုေႂကြးေနၾက၏။ ဆရာေတာ္ဘုရားသည္ မိမိ၏စိတ္ကိုခ်ဳပ္တည္းလိုက္ၿပီး ျဖစ္ျခင္းပ်က္ျခင္းတရားသေဘာကိုႏွလံုးသြင္းလိုက္၏။ ၿပီးမွအသက္ကိုပံုမွန္႐ွဴသြင္း႐ွဴထုတ္ကာ

” ဘယ္တတ္ႏိူင္မလဲဒကာႀကီးတို႔ရယ္….ဒီတစ္ခါ အလႉအထမေျမာက္လည္း ေနာင္ႏွစ္ေနာင္ခ်ိန္ေပါ့ကြယ္….မ႐ွိလို႔ခိုးယူၾကတာဆိုေတာ့လည္း ခိုးယူစားေသာက္ၾကပါေစ….သူတို႔ကိုဆဲေရးတိုင္းထြာၿပီး ကိုယ့္အျပစ္မျဖစ္ပါေစနဲ႔ေတာ့….မေကာင္းတဲ့သူဟာမေကာင္းတဲ့လမ္းကိုသြားရမွာပါ….တရားကိုႏွလံုးသြင္းၾကပါေလ… ”

ဆရာေတာ္ဘုရားသည္ထိုသို႔သာမိန္႔ၿပီး ထိုင္ရာမွထကာ ေက်ာင္းေအာက္သို႔ဆင္းသြား၏။ သူႀကီးတို႔လင္မယားကိုသာနားခ်ေနရေသာ္လည္း ဆရာေတာ္ဘုရားကိုယ္တိုင္ကား လြန္စြာမွဝမ္းနည္းေနသည္။
ဆရာေတာ္ဘုရားသည္ ျငမ္းဆင္ထားေသာ္ဘုရားကိုေမာ့ၾကည့္ၿပီး တစ္စံုတစ္ခုကိုဆုေတာင္းေန၏။ ဘုရားရင္ျပင္ထက္တြင္ကား ဘုရားပဲြသို႔လာသည့္သူမ်ားစည္ကားေနေခ်ၿပီ။ ဘုရားထီးေတာင္တင္ရန္ ျပဳလုပ္ထားသည့္ပန္းရထားသည္ကား ဝမ္းနည္းေနသေယာင္ပင္။

ဘုရားထီးတင္ပဲြေတာ္တင္ပဲြစတင္ခ်ိန္၌ဆရာေတာ္ဘုရားသည္အခမ္းအနားမႉးေနရာတြင္ဝင္ထိုင္လိုက္၏။ ေနရာထိုင္ခင္းမွားေနေသာေၾကာင့္ ပဲြလာဧည့္ပရိတ္သတ္မ်ားလည္းအထူးအဆန္းျဖစ္ေနၾက၏။ ဆရာေတာ္ဘုရားသည္ အခမ္းအနားမႉးခံုမွရပ္ၿပီး

” အားလံုး….အားလံုး ဘုန္းႀကီးမိန္႔တာကိုနားေထာင္ပါဦးေရႊပဲြလာဧည့္ပရိတ္သတ္အေပါင္းတို႔….ဒီကေန႔ထီးေတာ္တင္ပဲြမစခင္ ဘုန္းဘုရားမိန္႔မွာစရာ႐ွိတယ္….”

” တင္ပါ့ဘုရား….မိန္႔မွာေတာ္မူပါဘုရား….”

ပဲြလာဧည့္ပရိတ္သတ္အေပါင္းလည္းၿငိမ္သက္စြာနားေထာင္ေနၾက၏။

” ကေန႔ထီးတင္ပဲြမွာ လႉဒါန္းမဲ့ေရႊေငြရတနာအားလံုး ရန္သူမ်ိဳးငါးပါးထဲမွာပါတဲ့ခိုးသူလက္ထဲအကုန္ပါသြားၿပီ…ဒီကိစၥမွာသူႀကီးေရာသူႀကီးကေတာ္ကပါအင္မတန္စိတ္ထိခိုက္ေနရပါတယ္….ဘုရားဌာပနာဖို႔ရည္စူးထားတဲ့ပစၥည္းေပ်ာက္႐ွသြားတဲ့အတြက္ ဒီကေန႔ထီးေတာ္တင္ပဲြမွာထီးေတာ္သက္သက္ဘဲတင္ႏိုင္ေတာ့မွာျဖစ္ၿပီး ဌာပနာပစၥည္းျဖစ္တဲ့ေရႊေငြေတြကမပါႏိူင္ေတာ့ဘူး….”

” ဟင္….”

” ဟာ….ဒို႔ရြာရဲ႕အလႉပ်က္သြားၿပီေပါ့…ဘယ္လိုလုပ္ၾကမလဲ….”

” သူႀကီးရဲ႕ၾကံရာပါေတြလားမွမသိဘဲ…သူႀကီးအိမ္မွာဌာပနာပစၥည္းေတြသိမ္းထားမွန္းသူခိုးေတြဘယ္လိုသိတာလဲ…”

” သူႀကီးလင္မယားေတြတိုင္ပင္ၿပီး ၾကံရာပါေတြလႊတ္လိုက္တာေနမွာေပါ့ေအ….”

” ဘုရားပစၥည္းေတြယူသြားတဲ့သူေတြ အေသဆိုးနဲ႔ေသၾကပါေစေတာ္….က်ဳပ္တို႔ရဲ႕ေခြၽးနဲစာကိုယူသြားရက္တဲ့ေကာင္ေတြ….”

ဘုရားဌာပနာပစၥည္းေပ်ာက္သြားၿပီဟူေသာအသိေၾကာင့္ ပဲြလာဧည့္ပရိတ္သတ္မ်ားအားလံုး ဝမ္းနည္းေနၾက၏။ မိမိတို႔၏ေခြၽးနည္းစာအလႉကို ယူသြားရက္ၾကေသာ သူခိုးကိုလည္းဆဲဆိုေနၾက၏။ ဌာပနာပစၥည္းမပါဘဲ သည္အတိုင္းထီးေတာ္တင္လ်ွင္ရႏိူင္ေသာ္လည္း မိမိတို႔၏ေခြၽးနည္းစာေရႊေငြအလႉကိုၿပီးေျမႇာက္ေအာင္မလႉဒါန္းႏိူင္သျဖင့္ ဝမ္းနည္းေနၾက၏။ အခ်ိဳ႕မွာငိုေႂကြးေနၾက၏။ ဆရာေတာ္ဘုရားလည္း ဗုဒၶသားေတာ္ပင္ျဖစ္ေသာ္ျငားလည္း ကိေလသာစိတ္မကုန္ေသးေသာေၾကာင့္ဝမ္းနည္းပူေဆြးေန႐ွာ၏။

ထိုဘုရားပဲြသို႔လူငယ္ႏွစ္ေယာက္ေရာက္လာခဲ့သည္။ လူငယ္ႏွစ္ေယာက္သည္လြန္စြာမွအိေျႏၵ႐ွိလွၿပီး တန္ေဆာင္းထဲဝင္ကာဘုရားကိုထိျခင္းႀကီးငါးပါးျဖင့္ဦးခ်ကန္ေတာ့၏။ ေရႊပဲြလာဧည့္ပရိတ္သတ္တို႔ကား ဝမ္းနည္းပူေဆြးေနသျဖင့္ ထိုလူငယ္ႏွစ္ေယာက္ကို သတိမမူမိေခ်။ ဘုရားဝတ္ျပဳၿပီးေသာ္ အခန္းအနားမႉးထိုင္ရာေနရာသို႔ေလ်ွာက္လာခဲ့၏။ လူငယ္ႏွစ္ေယာက္ အနားသို႔ေရာက္လာမွဆရာေတာ္ဘုရားလည္း သတိထားမိၿပီး

” ဧည့္သည္ေတြပါလား….ဟိုဘက္သင့္တင့္ရာေနရာမွာထိုင္ၾကပါဒကာေလးတို႔….”

” တင့္ပါဘုရား…ကေန့လိုဘုရားပဲြေတာ္ေန႔မွာ ေရႊပဲြလာဧည့္ပရိတ္သတ္ေတြ ေပ်ာ္ရႊင္ေနရမဲ့အစား ဘာအတြက္မေပ်ာ္ဘဲ မိႈင္ေတြေနရတာလဲဘုရား….”

” ဟူး….မေျပာခ်င္ေတာ့ပါဘူးဒကာေလးတို႔ရယ္….”

” အခက္အခဲ႐ွိရင္မိန္႔ေတာ္မူပါဘုရား…တပည့္ေတာ္တို႔တတ္စြမ္းသေလာက္ကူညီေပးပါ့မယ္ဘုရား….”

ေမာင္ေရခဲ၏ေမးေလ်ွာက္ခ်က္ေၾကာင့္ ဆရာေတာ္ဘုရားသည္ဘုရားဌာပနာေတာ္ေပ်ာက္ဆံုးသြားျခင္းအေၾကာင္းကို ေျပာျပလိုက္၏။

” အဲဒါပါဘဲဒကာေလးတို႔ရယ္…ကေန႔လိုထီးေတာ္တင္ပဲြႏွင့္ဌာပနာထည့္ပဲြလုပ္ခါမွ ဌာပနာဖို႔ရည္စူးထားတဲ့ေရႊေငြေတြအားလံုး ေပ်ာက္ခ်င္းမလွေပ်ာက္သြားၾကေလကုန္ေတာ့ ရြာသူရြာသားေတြအားလံုး စိတ္ေသာကေဝေနရတာေပါ့ကြယ္….”

” တင္ပါ့ဘုရား… အေၾကာင္းစံုကိုသိရၿပီမို႔ တပည့္ေတာ္တို္႔တတ္စြမ္းေသာပညာရပ္ျဖင့္ ထိုဌာပနာပစၥည္းကို ခိုးယူတဲ့လူကိုယ္တိုင္ျပန္လာပို႔ေစရမယ္ဘုရား….”

” ေဟ…တကယ္လားဒကာေလးတို႔…ဒီလိုဒကာေလးတို႔သာစြမ္းေဆာင္ေပးႏိူင္ရင္ေတာ့ ရြာသူရြာသားတို႔ရဲ႕ေပ်ာ္ရႊင္မႈကအတိုင္းထက္အလြန္ေပါ့ကြယ္….”

” စိတ္ခ်ေတာ္မူပါဘုရား… ယခုထီးတင္ပဲြကိုခုႏွစ္ရက္ခုႏွစ္လီ ၿခိမ့္ၿခိမ့္သဲသဲ ျဖစ္ပါရေစ့့မယ္ဘုရား….”

ေမာင္ေရခဲ၏ေလ်ွာက္တင္ခ်က္ကိုဆရာေတာ္ဘုရားက အားလံုးၾကားေအာင္ေျပာျပလိုက္၏။ ထိုအခါမွအားလံုးက ထူးဆန္းေသာဧည့္သည္ႏွစ္ေယာက္ကိုသတိျပဳမိ၏။

” တကယ္လို႔ ဌာပနာပစၥည္းေတြျပန္ယူလာေပးႏိူင္ရင္ေတာ့ ဒို႔ရြာရဲ႕အလႉကပိုၿပီးစည္ကားမွာေပါ့ကြယ္….”

” ဒီလူငယ္ေလးေတြကမ်က္ႏွာစိမ္းဧည့္သည္ေတြဘဲ…တကယ္လို႔သာဌာပနာပစၥည္းေတြျပန္ယူလာေပးႏိူင္ရင္ေတာ့ေကာင္းေပါ့ကြာ….ဒီလူငယ္ေလးေတြေျပာတဲ့အတိုင္း သူခိုးေတြကိုယ္တိုင္ဌာပနာပစၥည္းေတြျပန္ယူလာေပးရင္ေတာ့လား…ဟင္း…အဲသူခိုးေတြကိုစိစိညႇက္ညႇက္ေၾကေအာင္ အမႈန္႔ေခ်ပစ္ရမယ္….”

ရြာသူရြာသားမ်ားကေမာင္ေရခဲတို႔အား အားကိုးတႀကီးၾကည့္ေန႐ွာ၏။

” ရြာသူရြာသားေတြအားလံုး စိတ္ခ်လက္ခ်ေနၾကပါဗ်ာ….မနက္ဖန္၉နာရီထိုးတာနဲ႔ ဘုရားကိုလႉဖို႔ရည္မွန္းထားတဲ့သူခိုးဟာ သူတို႔ကိုယ္တိုင္ အဲဒီပစၥည္းကိုတစ္ခုမက်န္ျပန္လာပို႔ပါလိမ့္မယ္….”

ေမာင္ေရခဲ၏စကားေၾကာင့္အားလံုး၏မ်က္ႏွာမွာပူေဆြးေနေသာအရိပ္အေယာင္မ်ား ေပ်ာက္သြားၾကကုန္၏။ ထိုေန႔တြင္ဘုရားထီးတင္ပဲြအဝင္ေန႔အျဖစ္သတ္မွတ္ၿပီး ထီးတင္ပဲြကိုခုႏွစ္ရက္ခုႏွစ္လီ က်င္းပရန္ေဆာ္ဩလိုက္၏။ ၿမိဳ႕မွနာမည္ေက်ာ္ဆိုင္းဝိုင္းအဖဲြ႔ကိုပါ ေခၚလိုက္၏။ လာသမ်ွေသာဧည့္ပရိတ္သတ္အေပါင္းကို ထမင္းႏွင့္ဟင္း အပယ္အလ်ွံလိုေလးေသးမ႐ွိေကြၽးေလ၏။

ညေနပိုင္းတြင္ငွါးထားေသာဆိုင္းဝိုင္းသဘင္အဖဲြ႔မ်ားေရာက္လာၿပီး ရင္ျပင္၏ေတာင္ဘက္တြင္အဆင္အယင္ျပဳကာဆိုင္းဝိုင္းသဘင္ပဲြက်င္းပလိုက္၏။ မေမ်ွာ္လင့္ဘဲဆိုင္းဝိုင္းသဘင္ပါေခၚႏိူင္ခဲ့သျဖင့္ ရြာသူရြာသားမ်ားအားလံုးေပ်ာ္၍မဆံုးတျပံဳးျပံဳးျဖစ္ေနၾက၏။ ဆိုင္းမင္းသမီး၊မင္းသားတို႔က လွပေသာအဆိုအကတို္႔ျဖင့္ေဖ်ာ္ေျဖေလရာ ဘုရားထီးတင္ပဲြမွာ ေရႊပဲြလာဧည့္ပရိတ္သတ္တို႔ျဖင့္ ျပည္လ်ွံသြားေတာ့၏။
ေမာင္ေရခဲတို႔ဆရာတပည့္လည္းရြာသူရြာသားတို႔ကိုေပးထားသည္ဂတိအတိုင္းစတင္ေဆာင္ရြက္၏။ ေ႐ွးဦးစြာျမတ္စြာဘုရားကိုဝတ္ျပဳၿပီး သိမ္ဝင္သပိတ္ကဲြေပၚသို႔ ခိုးသူဖမ္းအင္းကိုခ်ၿပီးလ်ွင္ မဆစ္ဆီငါးက်ပ္သားခန္႔ထည့္လိုက္သည္။ ၿပီးေသာ္ေအာက္ပါဂါထာအား (၃၇)အုပ္စုတ္လိုက္၏။

” ဥံဳ…အရပ္ထက္ဝန္းက်င္ ေစာင့္ထခ်င္သည္၊ ႐ွင္နတ္မ်ားတို႔၊ မေတာ္မူပါ၊ မေတာ္မတရားလူမိုက္မ်ားအား ထင္႐ွားယခု ျပေတာ္မူပါ မင္းတကာတို႔၊ နတ္တကာတြင္အေခါင္ခ်ဥ္းသည့္နတ္မင္း ျမင္ေတာ္မူပါ ေဩာင္းေဇယ်တု ေဇယ်တု ေအာင္ေစေသာဝ္…”

(မွတ္ခ်က္။…။သူခိုးဖမ္းအင္းဂါထာအမွန္ျဖစ္ပါသည္။ကိုးကား)

ထိုကာထာအား(၃၇)အုပ္စုတ္ၿပီးေသာ္ အထက္အရပ္ဝန္းက်င္သို႔တိုင္ေအာင္ပဲြေပးပသၿပီးလ်ွင္ ငွက္ေပ်ာသီးေလးလံုး၊အုန္းဆံေလးဆံ၊လက္ဖက္ေလးဆုပ္၊မုန္႔ေလးခ်ပ္၊ကြမ္းေလးရာတို႔ႏွင့္ ပသၿပီး မွန္ေသာသစၥာကိုျပဳကာ ျမတ္ဘုရား၏ေ႐ွ႕ေမွာက္ေတာ္၌ ဆီမီးတိုင္ကိုထြန္းညႇိပူေဇာ္လိုက္၏။

” ကဲထင္ေပၚေရ…ကိစၥေတာ့ၿပီးသြားၿပီ မနင္ဖန္၉နာရီထိုးတာနဲ႔ ခိုးသူအေပါင္းအပါအားလံုး ခိုးယူထားတဲ့ပစၥည္းတစ္ခုမက်န္ယူလာၿပီး လာေတာင္းပန္ၾကလိမ့္မယ္ ေစာင့္ၾကည့္ေနေပေတာ့….”

” ဟုတ္ကဲ့ဆရာ…”

ရြာသူရြာသားတို႔ကား ဆိုင္းဝိုင္းသဘင္ကိုၾကည့္ၿပီး အရာအားလံုးကိုေမ့ေပ်ာက္ထားလိုက္၏။

ေနာက္ေန႔တြင္ကား ဘုရားထီးတင္ပဲြသည္ ယမန္ေန႔ကထက္ပို၍စည္ကားေလ၏။ ဆိုင္းဝိုင္းသဘင္ပါေသာေၾကာင့္တစ္ေၾကာင္း၊ ေမာင္ေရခဲတို႔ကခိုးသူအားဖမ္းေပးမည္ဆိုေသာေၾကာင့္တစ္ေၾကာင္း စေသာသတင္းေၾကာင့္ အျခားရပ္ရြာမွဧည့္သည္မ်ားလည္း ဘုရားထီးေတာင္တင္ပဲြသို႔လာၾက၏။

ပဲြလာဧည့္ပရိတ္သတ္တို႔ကား မနက္ကိုးနာရီထိုးမည့္အခ်ိန္ကိုစိတ္ဝင္တစားေစာင့္ၾကည့္ေနၾက၏။ တျဖည္းျဖည္းႏွင့္မနက္ကိုးနာရီထိုးလုနီးပါးအခ်ိန္သို႔ေရာက္လာခဲ့၏။ ထိုအခ်ိန္ဘုရားမုခ္ဦးဘက္မွ လူငါးေယာက္သည္ ဖိနပ္မ်ားပင္မပါဘဲ ေမာဟိုက္စြာျဖင့္ထီးတင္ပဲြသို႔အေျပးလာၾက၏။

” ခြင့္လႊတ္ပါဘုရား….ေနာက္မလုပ္ေတာ့ဘူဘုရား….”

ဆိုေသာစကားကို ငါးေယာက္စလံုး၏ႏူတ္မွတတြတ္တြတ္ေျပာဆိုေနၾကၿပီး တန္ေဆာင္းထဲ႐ွိဆရာေတာ္ဘုရား႐ွိရာသို႔လာခဲ့ၾက၏။ ေမာင္ေရခဲကား ထိုလူငါးေယာက္ကိုၾကည့္ၿပီး ျပံဳးလိုက္၏။ ေမာင္ထင္ေပၚက ဆရာ့အျပံဳးကိုနားလည္ဟန္ျဖင့္ ေခါင္းၿငိမ့္၏။

” ေဟ…ဘယ္လိုျဖစ္လာတာလဲေမာင္ေက်ာ္….ဒီသူငယ္ေတြကဘယ္သူတုန္းကဲြ႔…”

” တ…တပည့္ေတာ္…တပည့္ေတာ္တို႔ ဘုရားဌာပနာပစၥည္းေတြျပန္လာထားတာပါဘုရား…”

” ေဟ…”

” ဟင္….”

“ဟာ…”

ေမာင္ေက်ာ္၏စကားေၾကာင့္ ဆရာေတာ္ဘုရားႏွင့္တကြ ပဲြလာဧည့္ပရိတ္သတ္မ်ားပါ အံ့ဩသြားၾကကုန္၏။ အေၾကာင္းမွာေမာင္ေက်ာ္သည္ မိဘမေဆြမ်ိဳးမ႐ွိေတာ့သည့္ တစ္ေကာင္ႂကြက္ျဖစ္ၿပီး ရပ္ရြာထဲမွအိမ္တကာလွည့္ၿပီးစားေသာက္ေနရသူျဖစ္ေသာေၾကာင့္တည္း။

” ေမာင္ေက်ာ္…ဒကာေလး မင္းကတစ္ရြာလံုးရဲ႕ေက်းဇူးကို ဒီလိုဆပ္တာလားကဲြ႔…ဟမ္….”

” တပည့္ေတာ္မွားမိပါတယ္ဘုရား…တပည့္ေတာ္ မၾကံသင့္မၾကံအပ္တဲ့အလုပ္ကိုျပဳမိပါတယ္….ခြင့္လြတ္ေတာ္မူပါဘုရား ေနာက္မလုပ္ေတာ့ပါဘူးဘုရား….အီးဟီးဟီး….”

ေမာင္ေက်ာ္ကေျပာေျပာဆိုဆို ငိုယိုေန၏။ ေခြၽးေဇာလည္းပံ်ေန၏။ ဆရာေတာ္ဘုရားက

” ငါေမးတာေျဖဦးေလေမာင္ေက်ာ္ ေဟာဒီသူငယ္ေတြကဘယ္သူတုန္း….”

” သူ…သူတို႔က တဖက္ရြာကသူခိုးေတြပါဘုရား…”

” ဟာ….မိုက္လိုက္တာေမာင္ေက်ာ္ရာ….ကိုယ့္ရြာကပစၥည္းကိုခိုးယူဖို႔ ရြာျပင္ကသူခိုးကိုပါေခၚလာရတယ္လို႔…ကဲကဲ႐ွိပါေစေတာ့…ဒါဆို ဘာလို႔ဌာပနာပစၥည္းေတြခိုးၿပီးျပန္လာေပးရတာလဲ….”

” မေပးလို႔မရဘူးဘုရား…ရြာေစာင့္နတ္ေတြဘီလူးေတြ အမ်ိဳးအမည္မသိတဲ့နတ္ေတြက တပည့္ေတာ္တို႔ကို အမ်ိဳးမ်ိဳးေျခာက္လွန္႔တယ္….ငရဲမီးတမ်ွပူေလာင္တဲ့မီးနဲ႔လည္းၿမိဳက္ပါတယ္ဘုရား…ဒါေၾကာင့္မို႔ တပည့္ေတာ္တို႔မေနႏိုင္ၾကလို႔ ခိုးယူမိတဲ့ဌာပနာပစၥည္းေတြကို ျပန္လာပို႔တာပါဘုရား…”

” အဲဒါဘုရားကိုလႉဖို္ရည္စူးထားတဲ့ပစၥည္းေတြကို ခိုးယူျပစ္မွားလို႔ျပစ္ဒဏ္သင့္တာေမာင္ေက်ာ္ရဲ႕….ဘုရား ပစၥည္းမွန္းသိရက္နဲ႔ဘာအတြက္ခိုးယူၾကတာလဲ…”

” တပည့္ေတာ္တို႔ ေလာင္းကစားလုပ္ဖို႔ႏွင့္ စားေသာက္သံုးျဖဳန္းဖို႔ ယူမိတာဘုရား….”

” အိမ္း…တကယ့္သူခိုးေတြမွသြားေပါင္းၿပီး ဘုရားပစၥည္းကိုမွခိုးယူရတယ္လို႔…ေနာင္ဘဝမွာ အပါယ္လားရမွာကိုမေတြးမိၾကဘူးလား….”

” ေတြးမိပါတယ္ဘုရား…ဒါေပမဲ့ ဒီဘဝေကာင္းစားရင္ရၿပီ ေနာင္ဘဝေနာင္ခႏၶာနဲ႔ခံမယ္လို႔ ေတြးထားမိၾကပါတယ္ဘုရား…ခြင့္လြတ္ေတာ္မူပါ…ရြာသူရြာသားအားလံုးကိုလည္းေတာင္းပန္ပါတယ္….ခြင့္လြတ္ၾကပါဗ်ာ…”

သူခိုးငါးေယာက္စလံုးက ဆရာေတာ္ဘုရားႏွင့္ရြာသူရြာသားတို႔ဘက္လွည့္ၿပီး ငိုယိုကာ႐ွိခိုးေတာင္းပန္ေနၾက၏။

” ေကြၽးေက်းဇူးကိုမွမေထာက္ ေက်းဇူးကိုေက်းဇြပ္တဲ့ေကာင္ သတ္လိုက္ၾက….”

” ဟုတ္တယ္…ဒီတစ္ခါခြင့္လြတ္လိုက္ရင္ ဒီေကာင္ေတြက ေနာက္လည္းခိုးေနၾကဦးမွာဘဲအျပတ္႐ွင္းလိုက္တာနားေအးတယ္…”

ရြာသူရြာသားတို႔ကား သူခိုးငါးေယာက္ကိုၾကည့္ၿပီးသတ္ရန္တကဲကဲလုပ္ေနၾက၏။ သူခိုးငါးေယာက္၏မ်က္ႏွာမွာဇီးရြက္မွ ဇီးေစ့သာသာ က်န္ၿပီး အသက္ကိုဖက္ရြက္နဲ႔ထုပ္ထားၾကရ၏။ ဆရာေတာ္ဘုရားလည္း မျဖစ္သင့္တာ မျဖစ္ရေလေအာင္ ေမာင္ေရခဲဘက္လွည့္ၿပီး

” ကဲ…ဒကာေလးတို႔ဘဲၾကည့္ၿပီး ေဖ်ာင္းဖ်ေပးပါဦး…”

” တင္ပါ့ဘုရား…”

ေမာင္ေရခဲက ပဲြလာဧည့္ပရိတ္သတ္ေ႐ွ႕သို႔လွည့္ၿပီး

” ကဲကဲ… အားလံုးစိတ္ေလ်ွာ့လိုက္ၾကပါ… ကေန႔ဟာကုသိုလ္ယူေနတာျဖစ္တဲ့အတြက္ေၾကာင့္ အကုသိုလ္စိတ္မျဖစ္ပါေစနဲ႔….ဒီကေကာင္ေလးေတြလည္း ေနာက္ေနာင္သူတို႔မခိုးဝံ့ေတာ့ဘူး….ဘာလို႔လဲဆိုေတာ့ ဒီတစ္ခါသူတို႔ေတြ႔ျမင္လိုက္ရတဲ့အရာေတြက အရမ္းေၾကာက္စရာေကာင္းေနလို႔ဘဲ….သူတို႔စိတ္ထဲမွာခိုးယူဖို႔ၾကံစည္တိုင္း ဒီျမင္ကြင္းဟာ သူတို႔ရဲ႕အာရံုထဲမွာကြက္ကြက္ကြင္းကြင္းျပန္ေပၚလာမွာပါ…ဒါေၾကာင့္သူတို႔ခိုးယူဖို႔စိတ္ေတာင္ကူးရဲေတာ့မွာမဟုတ္ပါဘူး…”

” ဟင္း…ဆရာေလးေၾကာင့္သာေပါ့…မဟုတ္ရင္ဒင္းတို႔ေတြတမလြန္ကိုသြားေနရၿပီ…”

” ဒီေကာင္ေတြ ေနာက္ထပ္ခိုးယူလို႔ကေတာ့ ခိုးယူတဲ့ေျခလက္ေတြကို႐ိုက္ခ်ိဳးပစ္ရမယ္…”

ေမာင္ေရခဲ၏ေမတၱာရပ္ခံခ်က္ေၾကာင့္ ခိုးသားငါးေယာက္ကိုသတ္ရန္တကဲကဲလုပ္ေနေသာ ရြာသူ ရြာသားမ်ားလက္ေလ်ွာ့သြားၾကကုန္၏။ ထိုအခါမွခိုးသားငါးေယာက္မွာ အသက္ေျဖာင့္ေျဖာင့္႐ွဴရဲၾကေတာ့သည္။

ပဲြေတာ္က်င္းပၿပီးသံုးရက္ေျမႇာက္ေန႔၌ ဘုရားထီးေတာ္တင္ျခင္းႏွင့္ဌာပနာထည့္ျခင္းကို ဆရာေတာ္ဘုရားမွဦးေဆာင္ၿပီး စည္ကားစြာျပဳလုပ္ၾက၏။ ထိုအခါေမာင္ေရခဲမွ ပါလာေသာစိန္နားကပ္တစ္ရံကိုထုတ္ယူၿပီး အလႉ႐ွင္ေဒၚခမ္းႏံြအတြက္ရည္စူးကာ ဌာပနာထည့္သြင္းလႉဒါန္းလိုက္၏။ ေမာင္ထင္ေပၚက နဂါးမင္းသမီးသိီရိမာလာ ေပးခဲ့ေသာ လက္စြပ္ေလးကိုခြၽတ္ယူၿပီး ဌာပနာထည့္ဝင္လႉဒါန္းလိုက္၏။
ဘုရားထီးေတာ္တင္ပဲြသည္ ရပ္သူရြာသားတို႔၏အလႉ၊တျခားရပ္ရြာမွ အားျဖည့္ကူညီၾကေသာအလႉႏွင့္ေမာင္ေရခဲတို႔ မတည္လႉဒါန္းေသာအလႉတို႔ေၾကာင့္ ခုႏွစ္ရက္ခုႏွစ္လီ ၿခိမ့္ၿခိမ့္သည္းသည္း က်င္းပခဲ့ၾက၏။ ယခုမူကားေစတီေတာ္သည္ ေရႊေရာင္တဖိတ္ဖိတ္ျဖင့္ ေတာင္ကုန္းထိပ္၌ငြားငြားစြင့္စြင့္ သပၸါယ္စြာတည္႐ွိေန၏။ ရြာသူရြာသားတို႔သည္ေစတီကိုဖူးေျမႇာ္တိုင္းမိမိတို႔၏အလႉကို ျပန္လည္ေအာက္ေမ့မိၿပီး စိတ္ဝယ္ပီတိျဖစ္ကာ အႀကိမ္ႀကိမ္သာဓုေခၚမိေတာ့သည္။ ကိစၥအားလံုးၿပီးစီးသြားေသာ္ ေမာင္ေရခဲတို႔သည္ ဆရာေတာ္ဘုရားႏွင့္ရပ္သူရြာသားအေပါင္းကို ႏူတ္ဆက္ၿပီးထိုရြာကေလးမွ ထြက္ခြာလာခဲ့ၾကေတာ့သတည္း။……။

( အားေပးဖတ္႐ႈသူအေပါင္း ကိုယ္စိတ္ႏွလံုး က်န္းမာခ်မ္းသာၾကပါေစေသာဝ္…)

# ၿပီး