” လူသေရွာမှ ဘဝတူနှစ်ဦး”(စ/ဆုံး)

Unicode Version

” လူသေရွာမှ ဘဝတူနှစ်ဦး”(စ/ဆုံး)
——————————————
သူမရောက်နေသောနေရာမှာ ဘယ်နေရာ၊ ဘယ်အရပ်ဆိုတာတော့ ဆွယ်လီမသိပေ။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း
ထိုနေရာတစ် ဝိုက်တွင်
တစ်ယောက်တည်း ရှိနေလေသည် ။
အခြားသူများကို မမြင်ရ၊ မတွေ့ရပေ။
သူမိဘဆွေမျိုးများ နှင့် မိတ်ဆွေများ လည်း
တစ်ယောက် မှ မတွေ့ရပေ။
အခြေအနေကြည့်ရုံနှင့် သူမရောက်နေ သော နေရာမှာ တစ်ကြိမ်တစ်ခေါက်မှ

ရောက်ဖူးသော နေရာတစ်နေရာ ဖြစ်မည် ကိုတော့ ခန့်မှန်းမိလေသည် ။
“ငါ … ဘယ်နေရာရောက်နေတာလဲ” .. ဟု စိတ်အားငယ် စွာဖြင့် တွေးနေစဉ် အ လူတစ်ယောက်ထွက်လာ
မှောင်ရိပ်ထဲမှ
သည် ကို လှမ်းမြင်လိုက်ရသည် ။
ထွက်လာသူမှာ သူမနှင့် အသက်အရွယ် ချင်း မကွာလှသော ဗမာလူရွယ်တစ်ဦး ဖြစ် ဟန်ရှိလေသည် ။
လူရွယ်က ဇဝေဇဝါဖြင့် လျှောက်လာရင်း မှ သူမ အနီးသို့ ရောက်လာသည် ။
“နင် ဘယ်သူလဲ”
လူရွယ်က မေးသောအခါ ဘာပြန်ပြောရ
မှန်း မသိသောကြောင့် ခေါင်းခါပြ လိုက်လေသည် ။
“နင် ဘယ်ကလာတာလဲ”
ထိုမေးခွန်းကိုလည်းမဖြေနိုင်သဖြင့်ခေါင်းခါပြရင်းမှ ပြန်မေးလိုက်သည် ။
“နင်ကရော ဘယ်သူလဲ”
“ငါလည်း မသိသေးဘူး”
“ဘယ်နေရာက လာတာလဲ”
“ငါမသိဘူး၊ ဒါကြောင့် နင့်ကို လာမေးနေ
တာပေါ့”
ဟု ပြန်ပြောတော့မှ သူမနှင့် ဘဝတူတွေ ဖြစ်နေသည် ကိုရိပ်မိလာပေတော့သည် ။ “ငါတို့ ဘယ်နေရာ ရောက်နေတာလဲ” ဆွယ်လိကမေးသောအခါ သူက ခေါင်းခါ
ပြသည် ။
“အဲဒါလည်း မသိသေးဘူး၊ ဒါကြောင့် နောက်တစ်နေ ရာသွားပြီး သိတဲ့ လူရှာလိုက် ဦးမယ်”
ဟု ပြောပြောဆိုဆိုနှင့် လူရွယ်ကထိုနေရာ မှ ထွက်သွားရန် ပြင်သောအခါ ဆွယ်လီက

လှမ်းပြောလိုက်သည် ။
“ငါလည်း နင့်လိုပဲ .. ဘယ်နေရာသွားလို့ ဘယ်ကိုလာရမှန်း မသိလို့ … နင့်နောက်က လိုက်ခဲ့ပါရစေ”
“မဖြစ်ဘူး၊ ငါတို့ နှစ်ယောက်က သွားရမ ယ့်လမ်းချင်း တူချင်မှ တူမှာ ဆိုတော့ နင် လိုက်ခဲ့လို့ ဖြစ်မှာ မဟုတ်ဘူး ”
ဟု ပြောကာ လူရွယ်က သူမကိုထားခဲ့ပြီး ထိုနေရာမှ ထွက်လာခဲ့လေသည် ။ ထိုလူရွယ်မှာ အခြားသူမဟုတ်ပေ။ . နီ မောင်ပင် ဖြစ်သည် ။
နီမောင်နှင်ဆွယ်လီတို့ ရောက်နေသော နေရာမှာ လူ့ဘုံလောက မဟုတ်ပေ။
ဝိညာဉ်ဘဝရောက်နေပြီး ဦးတည်ရာမဲ့
သွားလာနေ ကြရခြင်းဖြစ်ပေသည် ။
နီမောင်သည် … လမ်းခွဲ၌ တွေ့ခဲ့သော
မိန်းကလေးကို ထားခဲ့ပြီး ထိုနေရာမှာ ဆက်လျှောက်လာခဲ့လေသည် ။
တစ်နေရာရောက်တော့ ရေတွင်းငယ်တစ်
တွင်းကိုတွေ့ရသဖြင့် ထိုနေရာမှာ ခဏရပ်ပြီး
နားသည် ။
ထိုနေရာတွင် တောနက်ကြီးများ နှင့် တောင်မြင့်ကြီးများ လည်း ရှိသည် ။
တောင်မြင့်ကြီးများ နှင့် သစ်တောကြီးများ
အတွင်း၌ တောင်ဇလပ်ပန်းပင်တို့ ရှိကြလေသည် ။
ရောင်စုံတောင်ဇလပ်ပန်းပင်တို့ မှာ လည်း အပင်တိုင်း ဖူးပွင့်နေကြလေသည် ။
ပတ်ဝန်းကျင်တစ်ခုလုံး ရောင်စုံပန်း ဥယျာဉ်ကြီးသဖွယ် ဖြစ်နေပေတော့သည် ။
တကယ်တော့..ထိုနေရာသည်
သာယာကြည်နူးဖွယ် ကောင်းသောနေရာဖြစ်သည် ။ သို့သော် ဝိညာဉ်ဘဝသို့ ရောက်နေကြ သူများ အတွက်ကတော့ ပျော်စရာမကောင်းဘဲ လွမ်းဆွတ်ကြေကွဲဖွယ်ရာသာ ကောင်း ပေတော့သည် ။
နီမောင်သည် ထိုနေရာတစ်ဝိုက်သို့ လှည့်
လည်သွားလာနေရင်းမှ
နေရာအနှံ့အပြားသို့ရောက်နေလေသည် ။
ပန်းရောင်စုံများ ဖူးပွင့်နေသော သစ်တော
ကြီးများ အတွင်းသို့ ဝင်ရောက်ရသည် လည်းရှိသည် ။
တောင်မြင့်ကြီးများ ၊ တောင်ကုန်းများ ပေါ် သို့ တက်ရသည် မျိုးလည်း ရှိသည် ။
စမ်းချောင်းများ နှင့် ကွင်းပြင်အချို့ကို ကျော်ဖြတ်သွားရ သည် မျိုးလည်း ရှိသည် ။
တစ်နေရာသို့ ရောက်သောအခါ တောင်မြ
င့်တစ်လုံးရှိ သည့် နေရာသို့ ရောက်သွားလေ
သည် ။
ထိုနေရာသည် … ချင်းလူမျိုးတို့ အခေါ် လူသေနှင့် လူရှင် တို့ လမ်းခွဲရာ ရီကျင်း

တောင် ဖြစ်သည် ကိုတော့ သူမသိခဲ့ပေ။
သူသည် တောင်များ ၊ စမ်းချောင်းကလေး များ ၊ လမ်းခွဲ အတော်များများကို ကျော်ဖြတ် သွားပြီးသောအခါ … ကျောက်တုံး တစ်တုံး ပေါ်၌ ထိုင်နေသည့် မိန်းမကြီးတစ်ယောက်နှင့် တွေ့ရ လေသည် ။
ထိုမိန်းမကြီးသည် လူသေ(ဝိညာဉ်)များကို လမ်းပြပေးရသော ချင်းလူမျိုးတို့ အခေါ် မိန်းမကြီးဆာနူပင် ဖြစ်၏။
ဆာနူက မျက်စိပိတ်ကာ ငြိမ်သက်စွာထိုင် နေရာမှ သူ ရောက်သွားသောအခါ မျက်လုံးဖွ င့်ကြည့်လေသည် ။
“နင် ဘယ်ကလာတာလဲ”
နီမောင်က မသိကြောင်း ခေါင်းခါပြသည်
“နင် သတ်ခဲ့တဲ့ တိရစ္ဆာန် ဦးခေါင်းတွေကရော ဘယ်မှာ လဲ”
ထပ်မေးသောအခါမှာ လည်း မဖြေနိုင်သ ဖြင့် ခေါင်းခါ ပြရပြန်သည် ။
မိန်းမကြီးဆာနူက မကျေနပ်သော အမူ
အယာဖြင့် မျက်ထောက်နီကြီးဖြင့် စိုက်ကြည့်နေသည် ။
နောက်မှ သူကပြောသည် ။
“နင်က လူသေတစ်ယောက်မှ မဟုတ် သေးတာ သေတဲ့ ဘဝကို သွားလို့ ရသလို လူ ရှင်ဘဝကို ပြန်သွားရင်လည်း ရသေးတယ်၊ နင့်ရဲ့ ဝိညာဉ်ကြိုးက မပြတ်သေးပဲကိုး” ထိုစကားကြောင့် စိတ်ထဲမှာ အားရှိသွား လေသည် ။
“ဒါဖြင့် ကျွန်တော်ကို နေတဲ့ နေရာ ပြန်ပို့ပေးပါ”
“ဒီလိုတော့ ပို့မပေးနိုင်ဘူး၊ ငါက သေခဲ့ပြီး သား … လူသေတွေကို လူသေရွာသွားနိုင်

အောင် လမ်းပြပေးတဲ့ တာဝန်ပဲ… ဝိညာဉ် ကြိုး မပြတ်သေးတဲ့ လူတွေကို ဘာမှ လုပ်
ပေးလို့ မရသေးဘူး”
ထိုစကားကြောင့် နီမောင်က သက်ပြင်း တစ်ချက်ချ လိုက်မိလေသည် ။ မိန်းမကြီး ဆာနူက ဆက်ပြောပြန်သည် ။
“ဒီတော့ နင်သွားချင်တဲ့ နေရာတွေကို ဆက်သွားပေဦးတော့၊ အချိန်တန်လို့ မှ နင့်ရဲ့ ဝိညာဉ်က ခန္ဓာကိုယ်ရှိတဲ့ နေရာ ပြန်ရောက်
အောင် မသွားနိုင်ခဲ့ရင်တော့ လူသေဘဝ ရောက်ရမှာ ပဲ၊ အဲဒီတော့မှ ငါ့ဆီကို တစ် ခေါက်ပြန်လာခဲ့ပေါ့၊ နင် လူသေဘဝရောက် တဲ့ အခါမှ လူသေရွာကို ဘယ်လမ်းက သွားရ
တယ်ဆိုတာ ငါလမ်းပြပေးမယ်” ဟု ပြောသည် ။
“ကျွန်တော့်ကိုယ်ခန္ဓာဘယ်နေရာမှာ ရှိ
နေတယ်ဆိုတာ တဆိတ်လောက်လမ်းပြ

ပေးပါ၊ ကျွန်တော် မသွားတတ် မလာတတ်နဲ့ လမ်းပျောက်နေလို့ ပါ ”
“ငါက အဲဒါမျိုး လုပ်မပေးဘူး၊ သေတဲ့ သူ ရှင်အောင်တော့ လုပ်မပေးနိုင်ဘူး၊ ရှင်နေတဲ့ လူကို သေအောင်တော့ လုပ်ပေးနိုင်တယ်” ဟု ပြောကာ မိန်းမကြီးဆာနူက မျက်လုံး ပြန်ပိတ်သွား လေတော့သည် ။ ဘာမှ မတတ်နိုင်တော့…။
ထို့ကြောင့် ထွေထွေထူးထူး .. ဆက်ပြောမ နေတော့ဘဲ . ထိုနေရာမှ ထွက်လာခဲ့လေသည် ။
သူထွက်သွားပြီး မကြာခင်မှာ ထိုနေရာသို့ မိန်းကလေး တစ်ယောက်၊ မိန်းမကြီးဆာနူ ရှေ့သို့ ရောက်လာပြန်လေသည် ။
ထိုမိန်းကလေးမှာ နီမောင်နှင့် လမ်းမှာ တွေ့ခဲ့သော မိန်းကလေးပင် ဖြစ်၏။
မိန်းမကြီးဆာနူက ဘာတွေမေးပြီး ဘာတွေပြော နေသည် ကိုတော့ သူမသိတော့ပေ။
နီမောင်မှာ ထိုနေရာမှာ ထွက်လာ ကတည်းက ဘယ် သွား၍ ဘယ်လာရမှန်းမ သိဘဲ ယောင်လည်လည် ဖြစ်နေလေသည် ။ လမ်းပြပေး၊ လမ်းညွှန်ပေးမည့် သူနှင့် လည်း မတွေ့ရပေ။
“ဘယ်သွားလို့ ဘယ်လာရမှန်းလည်း မသိ ဘူး၊ ဒီအတိုင်းဆိုရင် ငါ့ခန္ဓာကိုယ်ရှိတဲ့ နေရာ မှ ပြန်ရောက်နိုင်ပါတော့မလား”
ဟု လည်း စိတ်ထဲမှ တွေးနေမိလေသည် ။
တစ်နေရာရောက်တော့
တောစပ်တစ်နေရာမှာ ရွာတစ်ရွာကို တွေ့ရလေသည် ။
မီးရောင်များ လင်းထိန်နေပြီး ကလေး လူကြီး၊ ယောက်ျားမိန်းမ လူအတော်များများ သွားလာနေကြသည် ကိုလည်း လှမ်းမြင်ရ
သည် ။သူ့ကိုမြင်တော့ လူအချို့က ထွက် လာပြီး လှမ်းခေါ်ကြသည် ။
“ဘယ်ကလာလို့ ဘယ်ကိုသွားမှာ လဲ၊ ခရီး
လာခဲ့ရတယ်ထင်ပါ့၊
ဒီရွာမှာခဏတဖြုတ် ဝင်နားပါဦးလား၊ စားစရာ
လည်း ကျွေးနိုင်ပါတယ်၊ နေစရာလည်း ပေး နိုင်ပါတယ်”
ဟု… လောကွတ်ပျူငှာ စကားဆိုကြလေသည် ။
ပထမတော့ ဝင်နားဦးမည်ဟု စိတ်ကူးမိ
လိုက်သေးသည် ။
နောက်တော့ စိတ်ထဲမှာ တစ်မျိုးဖြစ်လာ သောကြောင့် ဝင်မနားလိုတော့ဘဲ ဆက်
လျှောက် လာလေသည် ။
ထိုအခါမှ ရွာထဲမှ လူများ ၏ ဇာတိရုပ်များ
က ပေါ်လာလေတော့သည် ။
မြင်ရသကဲ့သို့ လူများ မဟုတ်ဘဲ သရဲသဘက်များ အသွင်ပေါ် လာပြီး နောက်မှ ပြေးလိုက်လာကြလေတော့သည် ။ “လိုက်ဟေ့..လိုက်ဟေ့..မလွတ်စေနဲ့ ”
ထိုကဲ့သို့ ညာသံပေးပြီး လိုက်လာကြသော ကြောင့် နီမောင်လည်း ကြောက်လန့်တကြား နှင့် ထွက်ပြေးရလေတော့သည် ။
ထိုသို့ပြေးရင်းနှင့် တောင်ခြေတစ်နေရာသို့ ရောက်သွားသောအခါမှာ
တော့ဝတ်ဖြူစင်ကြယ်ဝတ်ကာ ရပ်နေသော.. အဘိုးကြီးတစ်ယောက် တွေ့ရသဖြင့် ထိုနေရာ
သို့ ပြေးသွားလေသည် ။
နောက်မှလိုက်လာကြသော
မကောင်းဆိုးဝါးများ လည်း အဘိုးကြီး
ရပ်နေသည် ကို လှမ်းမြင်သည် နှင့် ဆက်မ
လိုက်ဝံ့တော့ပဲ နောက်ကြောင်းသို့ ပြန်လှည့်
သွားကြလေတော့သည် ။
အနားရောက်သောအခါ အဘိုးကြီးကပြောသည် ။
“သေပြီးတဲ့ နောက် ဘုံဘဝတစ်ခုနဲ့ တစ်ခု
မကူးနိုင်ဘဲ တွယ်ရာမဲ့ဘဝနဲ့ နေရတဲ့ ဝိညာဉ်
လောကသားတွေ မရေမတွက် နိုင်အောင်ရှိ
ကြတယ်၊ လူတွေက မမြင်ရတော့ မကြောက် ကြဘူး၊ အခုလိုသာ မြင်ရရင်တော့ ကြောက် စရာပဲပေါ့”
နီမောင်က အဘိုးကြီးမျက်နှာကိုသာ မော့ ကြည့်နေသည် ။
“ငါမြေးက … သေရမယ့်အချိန်မတန်သေး ဘူး၊ ဒီတော့ မင်းနေရာ ၊ မင်းပြန်ပေတော့၊ မင်းရဲ့ ရုပ်ခန္ဓာက ငါလက်ညှိုးထိုး ပြတဲ့ နေရာမှာ ရှိတယ်၊ အဲဒီနေရာကိုရောက် အောင် ပြန်ပေတော့..”
နီမောင်က အဘိုးကြီး လက်ညှိုးထိုးပြ သောဘက်ကို လှမ်းကြည့်လိုက်သည် ။
ထိုနေရာဘက်မှာ အတော်အတန်မြင့်သောကုန်းတစ်ကုန်းရှိသည် ။
ထိုတောင်ကုန်း၏ ဟိုဘက်မှာ တော့ မြစ် တစ်စင်း ရှိသည် ။ မြစ်ကမ်းနံဘေး တစ်
နေရာမှာ လူနှစ်ယောက် ရှိနေကြသည် ။
ထိုနှစ်ယောက်ကိုမြင်တော့စိတ်ထဲမှဝမ်းသာသွားသည် ။ အခြားမဟုတ်ပေ။
စောထီးနှင့် ငမဲအောင်တို့ ပင် ဖြစ်ကြလေသည် ။
သူတို့နှစ်ယောက်အလယ်မှာတော့
လူသေတစ်ယောက် ကို ပက်လက်
အနေအထားဖြင့် ငြိမ်သက်နေသော လူတစ်
ယောက်ရှိနေလေသည် ။
သူ၏ ရုပ်ခန္ဓာပင် ဖြစ်ပေသည် ။
“အဲဒါ မင်းရဲ့ ရုပ်ခန္ဓာပဲ၊ မင်းမှာ ဝိညာဉ် ကြိုးမပြတ်သေးဘူး၊ ဒါကြောင့် ရုပ်ခန္ဓာကို မ ဖျက်ဆီးခင် ရောက်အောင်ပြန်ပေတော့၊ မင်း လည်း ဝိညာဉ်ဘဝနဲ့ ဝိညာဉ်လောကသား

တွေကို တွေ့ခဲ့မြင်ခဲ့ရပြီ မဟုတ်လား” နီမောင်က ခေါင်းညိတ်ပြလိုက်သည် ။
“မကောင်းမှု အကုသိုလ်ကံတွေများ လာ
ရင်…ဘယ်လောက်ကြောက်ဖို့ ကောင်းတယ်၊ကောင်းမှုကုသိုလ်ကံပါမှ
ကောင်းတဲ့နေရာကို ဘဝကူးနိုင်တယ်ဆိုတာ သိသင့် သလောက်သိပြီး၊ မြင်သင့်သလောက် မြင်ခဲ့ရ
ပြီ မဟုတ်လား”ထပ်မံ၍ ခေါင်းညိတ်ပြလိုက်သည် ။
“ဒါကြောင့် လူ့ဘဝကို တစ်ခေါက်ပြန် ရောက်သွားရင် မကောင်းမှုတွေကို တတ်နိုင် သလောက် ရှောင်ကြဉ်ပြီး၊ အလုပ်တွေကို များများ လုပ်ပေးနိုင်ဖို့ ကြိုးစားပေတော့၊ ကိုင်းသွားပေတော့.”
ဟု ပြောသဖြင့် နီမောင်လည်း သူတော်စင် ကြီးကို လက်အုပ်ချီ၍ အရိုအသေပေးပြီး နောက် ထိုနေရာမှ ထွက်လာခဲ့လေသည် ။

ပထမတောင်ကုန်းတစ်ကုန်းကိုကျော်သွားရလေသည် ။
တောင်ကုန်းမှာ အတော်ပင်မြင့်သော
ကြောင့် ပင်ပန်း ကြီးစွာ ဖြတ်ကျော်သွားရ
လေသည် ။ပင်ပန်းမှုကြောင့် ရေဆာလာသည် ။
တောင်ကုန်းပေါ်မှကျော်သွားပြီးသောအခါမှာ တော့ မြစ်ကျယ်ကြီးတစ်စင်း
ကို လှမ်းမြင်ရသည် ။
အဘိုးကြီး ညွှန်ပြသည့် အတိုင်း မြစ်ရှိရာ
ဘက်သို့ ဆင်းသွားသောအခါ ကမ်းစပ်တစ်
နေရာမှာ ရှိနေကြသော စောထီး နှင့် ငမဲ
အောင်တို့ နှစ်ယောက်ကို လှမ်းမြင်ရသဖြင့်
ဝမ်းသာစွာဖြင့် ထိုနေရာသို့ သွားလေသည် ။
ထိုနေရာရောက်တော့ မြေပေါ်မှာ လူသေ
တစ်ယောက် လိုလဲနေသည့် သူ၏ ရုပ်ခန္ဓာကို
တွေ့ရလေသည် ။

ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ ရုပ် ခန္ဓာအတွင်း သို့လှဲချ လိုက်လေတော့သည် ။
“အင်း.အဟင်း…ဟင်း ”
ရုပ်ခန္ဓာထဲသို့ ဝိညာဉ် ပြန်ရောက်သွား သောအခါ ညည်းညူသံထွက်လာသည် ။
“အဟင်း..ဟင်း”
“နီမောင်..နီမောင်..မင်းသတိရလာပြီလား”
စောထီးနှင့် ငမဲအောင်တို့က ဝမ်းသာအားရ ခေါ်နေကြသည် ။
“ရေ..ရေပေးပါ”
ထိုသို့ပြောသဖြင့် ငမဲအောင်က ရေတစ်
ခွက်ယူ လာပြီး တိုက်ပေးလေသည် ။
ထိုအခါမှ ရင်ပူသက်သာသွားပြီး သတိပြန်
ရ လာလေသည် ။
စောထီးနှင့် ငမဲအောင်တို့ က ပွေ့ယူပေးသဖြင့် လှဲနေရာမှ ထထိုင်လိုက်သည် ။
ပြီးမှ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည် ။ သူတို့ ရောက် နေသောနေရာမှာ မြစ်ကမ်းပါး တစ်နေရာ၌ ဖြစ်လေသည် ။
“ငါ ဘယ်လိုဖြစ်တာလဲ”
“မင်း ဘယ်လိုဖြစ်တာလဲဆိုတော့ ငါတို့ သုံးယောက် မြစ် ထဲမှာ ငါးဖမ်းနေတော့ ပိုက်
ထဲမှာ ငါးတစ်ကောင်မိနေလို့ မင်းက ဆင်း ဖမ်းရင်းနဲ့ … ကျောက်တုံးနဲ့ ဆောင့်မိပြီး သတိလစ်နေတာ အတော်ကြာပြီ၊ ငါတို့ နှစ် ယောက်စလုံး အတော်ကို စိတ်ပူနေကြတာ” ဟု ပြောပြတော့မှ အဖြစ်အပျက်များကို
သတိပြန်ရ လာလေသည် ။
သူတို့ သုံးယောက်သည် အလုပ်အားသော အချိန်မျိုး တွင် ဟင်းစားရရန်အတွက် နော် ကိုဗန်မြစ်အတွင်းသို့ ဆင်းကာ ငါးဖမ်းလေ့ရှိ ကြသည် ။

ထိုသို့ငါးဖမ်းနေရင်း ပိုက်ထဲမှာ ငါးချောင်း တစ်ကောင် မိလေသည် ။
အကောင်ကြီးသဖြင့် လှေပေါ်မှ ဆွဲတင်၍မရပေ။
ငါးက ကျောက်တုံးကြားသို့ တိုးဝင်ရင်းနှင့် ညပ်နေသည် ။
ဆွဲတင်၍ မရပါက ပိုက်ပါဆုံးရတော့မည့် အခြေအနေမျိုး ရောက်နေသဖြင့် နီမောင် ကိုယ်တိုင် ရေအောက်သို့ ဆင်းဖြတ်ရသည် ။
ထိုသို့ဆင်းဖြုတ်စဉ်
ငါးကကျောက်တုံးကြားမှ လွတ်သွားသောအခါ အမြီးဖြင့်ရိုက်သည် ။
အမြီးရိုက်ချက်မှာ ပြင်းသဖြင့် ရေစီးအရှိန်ထဲမှာ လည်ထွက်သွားလေရာ

ကျောက်စွန်း တစ်ခုနှင့် တိုက်မိသဖြင့် သတိမေ့သွားခြင်း ဖြစ်သည် ။
စောထီးနှင့် ငမဲအောင်တို့ ဆင်းကယ်သဖြင့်သာ ရေစီးနှင့် မျောပါမသွားခြင်း ဖြစ်လေသည် ။
သူကိုရေထဲမှ ဆွဲတင်လာတော့ သတိမရတော့ပေ။
မနက်ပိုင်းအချိန်ကတည်းက
သတိမေ့နေရာ ယခုည နေပိုင်း အချိန်ရောက်တော့မှ ယခုလို သတိပြန်ရလာခြင်း ဖြစ်လေသည် ။

“တော်ပါသေးရဲ့ ကွာ၊ ငါတို့ နှစ်ယောက်မှာ ဘယ်လိုလုပ် ရမှန်းမသိတာနဲ့ မင်းအတွက် အတော်စိတ်ပူနေကြတာ”
“ဒါထက်..ငါဆင်းဖမ်းတဲ့ ငါးရောရရဲ့
လား”
“ရတယ်၊ ငါးလည်း ရတယ် ပိုက်လည်း ပြန်ရတယ်၊ လှေပေါ်မှာ တင်ထားတယ်”
နီမောင်ကသက်ပြင်းတစ်ချက်ချလိုက်
သည် ။ စောစောက အခြေအနေမကောင်း
သော်လည်း ယခုတော့ သူ့အခြေအနေက ပုံမှန်အတိုင်း ပြန်ကောင်းနေပေပြီ။
“ဒါဖြင့်လည်း ပြန်ကြရအောင်၊ ဒီလောက် ကြာနေရင် အဖေတို့ စိတ်ပူနေကြလိမ့်မယ်”
ဟု ပြောကာ သုံးယောက်သား လှေရှိရာသို့
ပြန်ဆင်းလာကြလေသည် ။
လှေဝမ်းထဲမှာ
တော့..အတော်အတန်
ကြီးသော ငါး ချောင်းကြီးတစ်ကောင် ဖမ်းမိ
ထားလေသည် ။
ထို့ကြောင့် သုံးယောက်သား လှေပေါ်ပြန်
တက်ပြီး ရွာရှိရာသို့ ရေဆန်ပြန်တက်ကြရ
လေသည် ။
နော်ကိုဗန် မြစ်ရေက ရေစီးကြမ်းသည် ။
ထို့ကြောင့်
ရေဆန်သွားရသောအခါ
သက်သာစေရန် ကမ်းနံဘေးမှ ကပ်သွားကြ
ရပေသည် ။
အချိန်ကလည်း နေဝင်ချိန်ရောက်ပြီ ဖြစ်
သောကြောင့် မြစ်တကျောမှာ မှောင်စပျိုးနေချေပြီ။
လှေကို စောထီးနှင့် ငမဲအောင်တို့ ရှေ့နောက်လှော် ပြီး

နီမောင်က လှေဝမ်း အလယ်မှ ထိုင် လိုက်လေသည် ။
ကျောက်ဆောင်စွန်းတစ်ခုကို ကျော်လိုက် သောအခါ ရေစီးသာသော ကလိုင်တစ်ခုသို့ ရောက်သွားကြသည် ။
ထိုနေရာရောက်တော့ ကမ်းစပ်မှာ တင်နေ
သည့် လူတစ်ယောက်ကို လှမ်းမြင်သဖြင့် ထို
နေရာသို့ လှော်သွားလေသည် ။
အနားရောက်တော့မှ
မိန်းကလေးတစ်
ယောက် ဖြစ်မှန်းသိကြရသဖြင့် အခြေအနေ
သိစေရန် လှေကို ထိုနေရာအနီးတွင် ရပ်
လိုက်ကြသည် ။
နီမောင်က … လှေပေါ်မှ
ဆင်းသွားကာ
ရေစပ်မှာ တင်နေသော မိန်းကလေးကို ပွေ့
ယူလိုက်သည် ။

ထိုအခါ ညည်းညူသံ ကြားရသည် ။ မိန်းကလေးမျက်နှာကိုမြင်တော့.. စိတ်ထဲ
မှာ ဇဝေဇဝါ ဖြစ်သွားလေသည် ။
“ဟင်”
“ဘာဖြစ်လို့ လဲ နီမောင်”
“သူမသေသေးဘူး အသက်ရှိသေးတယ်၊ နောက်ပြီး ငါသူ့ကိုသိတယ်”
“အခုမှ တွေ့တာ ဘယ်လိုသိတာလဲ” “ငါ သတိမေ့နေတုန်းက လူသေရွာကို ရောက်သွားခဲ့တယ်၊ အဲဒီမှာ သူနဲ့ သိခဲ့တွေ့ခဲ့
“ဒါဖြင့် မင်းတို့ နှစ်ယောက်က ဘဝတူတွေ
ပေါ့၊ မင်းကတော့ သတိပြန်ရ လာပြီ၊ သူ
ကတော့ ခုထိသတိမရသေးဘူး”
နီမောင်က အသေအချာကြည့်သောအခါ ခေါင်းတွင် ဒဏ်ရာတစ်ခု ရထားဟန်ရှိပြီး၊

ထိုနေရာမှာ သွေးများ စီးကြနေသည် ။ “ဦးခေါင်းမှာ ဒဏ်ရာရထားပုံရတယ်”
“ဒီတော့ ဘယ်လိုလုပ်ကြမလဲ”
“ဒီအတိုင်းထားခဲ့ရင် သေသွားလိမ့်မယ်၊ ရွာကိုခေါ်သွားပြီး ဆေးကုပေးမှ ဖြစ်မယ်

“ဒါဖြင့်လည်း လှေပေါ်ခေါ်တင်ခဲ့ အချိန်မ ရှိတော့ဘူး၊ မြန်မြန်သွားကြရအောင်”
ဟု ပြောသဖြင့် နီမောင်က ထိုမိန်းကလေး ကို ပွေ့ယူ လာပြီး လှေပေါ်တင်သည် ။

ထို့နောက် သုံးယောက်သား ထိုနေရာမှ လှေကိုပြန်ထွက်ခဲ့ကြလေသည် ။
မြစ်ထဲမှာ တော့ မှောင်သွားပေပြီ။

Zawgyi Version

” လူေသ႐ြာမွ ဘဝတူႏွစ္ဦး”(စ/ဆံုး)
——————————————
သူမေရာက္ေနေသာေနရာမွာ ဘယ္ေနရာ၊ ဘယ္အရပ္ဆိုတာေတာ့ ဆြယ္လီမသိေပ။
ပတ္ဝန္းက်င္ကို ၾကည့္လိုက္ေတာ့လည္း
ထိုေနရာတစ္ ဝိုက္တြင္
တစ္ေယာက္တည္း ရွိေနေလသည္ ။
အျခားသူမ်ားကို မျမင္ရ၊ မေတြ႕ရေပ။
သူမိဘေဆြမ်ိဳးမ်ား ႏွင့္ မိတ္ေဆြမ်ား လည္း
တစ္ေယာက္ မွ မေတြ႕ရေပ။
အေျခအေနၾကည့္႐ုံႏွင့္ သူမေရာက္ေန ေသာ ေနရာမွာ တစ္ႀကိမ္တစ္ေခါက္မွ

ေရာက္ဖူးေသာ ေနရာတစ္ေနရာ ျဖစ္မည္ ကိုေတာ့ ခန႔္မွန္းမိေလသည္ ။
“ငါ … ဘယ္ေနရာေရာက္ေနတာလဲ” .. ဟု စိတ္အားငယ္ စြာျဖင့္ ေတြးေနစဥ္ အ လူတစ္ေယာက္ထြက္လာ
ေမွာင္ရိပ္ထဲမွ
သည္ ကို လွမ္းျမင္လိုက္ရသည္ ။
ထြက္လာသူမွာ သူမႏွင့္ အသက္အ႐ြယ္ ခ်င္း မကြာလွေသာ ဗမာလူ႐ြယ္တစ္ဦး ျဖစ္ ဟန္ရွိေလသည္ ။
လူ႐ြယ္က ဇေဝဇဝါျဖင့္ ေလွ်ာက္လာရင္း မွ သူမ အနီးသို႔ ေရာက္လာသည္ ။
“နင္ ဘယ္သူလဲ”
လူ႐ြယ္က ေမးေသာအခါ ဘာျပန္ေျပာရ
မွန္း မသိေသာေၾကာင့္ ေခါင္းခါျပ လိုက္ေလသည္ ။
“နင္ ဘယ္ကလာတာလဲ”
ထိုေမးခြန္းကိုလည္းမေျဖႏိုင္သျဖင့္ေခါင္းခါျပရင္းမွ ျပန္ေမးလိုက္သည္ ။
“နင္ကေရာ ဘယ္သူလဲ”
“ငါလည္း မသိေသးဘူး”
“ဘယ္ေနရာက လာတာလဲ”
“ငါမသိဘူး၊ ဒါေၾကာင့္ နင့္ကို လာေမးေန
တာေပါ့”
ဟု ျပန္ေျပာေတာ့မွ သူမႏွင့္ ဘဝတူေတြ ျဖစ္ေနသည္ ကိုရိပ္မိလာေပေတာ့သည္ ။ “ငါတို႔ ဘယ္ေနရာ ေရာက္ေနတာလဲ” ဆြယ္လိကေမးေသာအခါ သူက ေခါင္းခါ
ျပသည္ ။
“အဲဒါလည္း မသိေသးဘူး၊ ဒါေၾကာင့္ ေနာက္တစ္ေန ရာသြားၿပီး သိတဲ့ လူရွာလိုက္ ဦးမယ္”
ဟု ေျပာေျပာဆိုဆိုႏွင့္ လူ႐ြယ္ကထိုေနရာ မွ ထြက္သြားရန္ ျပင္ေသာအခါ ဆြယ္လီက

လွမ္းေျပာလိုက္သည္ ။
“ငါလည္း နင့္လိုပဲ .. ဘယ္ေနရာသြားလို႔ ဘယ္ကိုလာရမွန္း မသိလို႔ … နင့္ေနာက္က လိုက္ခဲ့ပါရေစ”
“မျဖစ္ဘူး၊ ငါတို႔ ႏွစ္ေယာက္က သြားရမ ယ့္လမ္းခ်င္း တူခ်င္မွ တူမွာ ဆိုေတာ့ နင္ လိုက္ခဲ့လို႔ ျဖစ္မွာ မဟုတ္ဘူး ”
ဟု ေျပာကာ လူ႐ြယ္က သူမကိုထားခဲ့ၿပီး ထိုေနရာမွ ထြက္လာခဲ့ေလသည္ ။ ထိုလူ႐ြယ္မွာ အျခားသူမဟုတ္ေပ။ . နီ ေမာင္ပင္ ျဖစ္သည္ ။
နီေမာင္ႏွင္ဆြယ္လီတို႔ ေရာက္ေနေသာ ေနရာမွာ လူ႔ဘုံေလာက မဟုတ္ေပ။
ဝိညာဥ္ဘဝေရာက္ေနၿပီး ဦးတည္ရာမဲ့
သြားလာေန ၾကရျခင္းျဖစ္ေပသည္ ။
နီေမာင္သည္ … လမ္းခြဲ၌ ေတြ႕ခဲ့ေသာ
မိန္းကေလးကို ထားခဲ့ၿပီး ထိုေနရာမွာ ဆက္ေလွ်ာက္လာခဲ့ေလသည္ ။
တစ္ေနရာေရာက္ေတာ့ ေရတြင္းငယ္တစ္
တြင္းကိုေတြ႕ရသျဖင့္ ထိုေနရာမွာ ခဏရပ္ၿပီး
နားသည္ ။
ထိုေနရာတြင္ ေတာနက္ႀကီးမ်ား ႏွင့္ ေတာင္ျမင့္ႀကီးမ်ား လည္း ရွိသည္ ။
ေတာင္ျမင့္ႀကီးမ်ား ႏွင့္ သစ္ေတာႀကီးမ်ား
အတြင္း၌ ေတာင္ဇလပ္ပန္းပင္တို႔ ရွိၾကေလသည္ ။
ေရာင္စုံေတာင္ဇလပ္ပန္းပင္တို႔ မွာ လည္း အပင္တိုင္း ဖူးပြင့္ေနၾကေလသည္ ။
ပတ္ဝန္းက်င္တစ္ခုလုံး ေရာင္စုံပန္း ဥယ်ာဥ္ႀကီးသဖြယ္ ျဖစ္ေနေပေတာ့သည္ ။
တကယ္ေတာ့..ထိုေနရာသည္
သာယာၾကည္ႏူးဖြယ္ ေကာင္းေသာေနရာျဖစ္သည္ ။ သို႔ေသာ္ ဝိညာဥ္ဘဝသို႔ ေရာက္ေနၾက သူမ်ား အတြက္ကေတာ့ ေပ်ာ္စရာမေကာင္းဘဲ လြမ္းဆြတ္ေၾကကြဲဖြယ္ရာသာ ေကာင္း ေပေတာ့သည္ ။
နီေမာင္သည္ ထိုေနရာတစ္ဝိုက္သို႔ လွည့္
လည္သြားလာေနရင္းမွ
ေနရာအႏွံ႔အျပားသို႔ေရာက္ေနေလသည္ ။
ပန္းေရာင္စုံမ်ား ဖူးပြင့္ေနေသာ သစ္ေတာ
ႀကီးမ်ား အတြင္းသို႔ ဝင္ေရာက္ရသည္ လည္းရွိသည္ ။
ေတာင္ျမင့္ႀကီးမ်ား ၊ ေတာင္ကုန္းမ်ား ေပၚ သို႔ တက္ရသည္ မ်ိဳးလည္း ရွိသည္ ။
စမ္းေခ်ာင္းမ်ား ႏွင့္ ကြင္းျပင္အခ်ိဳ႕ကို ေက်ာ္ျဖတ္သြားရ သည္ မ်ိဳးလည္း ရွိသည္ ။
တစ္ေနရာသို႔ ေရာက္ေသာအခါ ေတာင္ျမ
င့္တစ္လုံးရွိ သည့္ ေနရာသို႔ ေရာက္သြားေလ
သည္ ။
ထိုေနရာသည္ … ခ်င္းလူမ်ိဳးတို႔ အေခၚ လူေသႏွင့္ လူရွင္ တို႔ လမ္းခြဲရာ ရီက်င္း

ေတာင္ ျဖစ္သည္ ကိုေတာ့ သူမသိခဲ့ေပ။
သူသည္ ေတာင္မ်ား ၊ စမ္းေခ်ာင္းကေလး မ်ား ၊ လမ္းခြဲ အေတာ္မ်ားမ်ားကို ေက်ာ္ျဖတ္ သြားၿပီးေသာအခါ … ေက်ာက္တုံး တစ္တုံး ေပၚ၌ ထိုင္ေနသည့္ မိန္းမႀကီးတစ္ေယာက္ႏွင့္ ေတြ႕ရ ေလသည္ ။
ထိုမိန္းမႀကီးသည္ လူေသ(ဝိညာဥ္)မ်ားကို လမ္းျပေပးရေသာ ခ်င္းလူမ်ိဳးတို႔ အေခၚ မိန္းမႀကီးဆာႏူပင္ ျဖစ္၏။
ဆာႏူက မ်က္စိပိတ္ကာ ၿငိမ္သက္စြာထိုင္ ေနရာမွ သူ ေရာက္သြားေသာအခါ မ်က္လုံးဖြ င့္ၾကည့္ေလသည္ ။
“နင္ ဘယ္ကလာတာလဲ”
နီေမာင္က မသိေၾကာင္း ေခါင္းခါျပသည္
“နင္ သတ္ခဲ့တဲ့ တိရစာၦန္ ဦးေခါင္းေတြကေရာ ဘယ္မွာ လဲ”
ထပ္ေမးေသာအခါမွာ လည္း မေျဖႏိုင္သ ျဖင့္ ေခါင္းခါ ျပရျပန္သည္ ။
မိန္းမႀကီးဆာႏူက မေက်နပ္ေသာ အမူ
အယာျဖင့္ မ်က္ေထာက္နီႀကီးျဖင့္ စိုက္ၾကည့္ေနသည္ ။
ေနာက္မွ သူကေျပာသည္ ။
“နင္က လူေသတစ္ေယာက္မွ မဟုတ္ ေသးတာ ေသတဲ့ ဘဝကို သြားလို႔ ရသလို လူ ရွင္ဘဝကို ျပန္သြားရင္လည္း ရေသးတယ္၊ နင့္ရဲ႕ ဝိညာဥ္ႀကိဳးက မျပတ္ေသးပဲကိုး” ထိုစကားေၾကာင့္ စိတ္ထဲမွာ အားရွိသြား ေလသည္ ။
“ဒါျဖင့္ ကြၽန္ေတာ္ကို ေနတဲ့ ေနရာ ျပန္ပို႔ေပးပါ”
“ဒီလိုေတာ့ ပို႔မေပးႏိုင္ဘူး၊ ငါက ေသခဲ့ၿပီး သား … လူေသေတြကို လူေသ႐ြာသြားႏိုင္

ေအာင္ လမ္းျပေပးတဲ့ တာဝန္ပဲ… ဝိညာဥ္ ႀကိဳး မျပတ္ေသးတဲ့ လူေတြကို ဘာမွ လုပ္
ေပးလို႔ မရေသးဘူး”
ထိုစကားေၾကာင့္ နီေမာင္က သက္ျပင္း တစ္ခ်က္ခ် လိုက္မိေလသည္ ။ မိန္းမႀကီး ဆာႏူက ဆက္ေျပာျပန္သည္ ။
“ဒီေတာ့ နင္သြားခ်င္တဲ့ ေနရာေတြကို ဆက္သြားေပဦးေတာ့၊ အခ်ိန္တန္လို႔ မွ နင့္ရဲ႕ ဝိညာဥ္က ခႏၶာကိုယ္ရွိတဲ့ ေနရာ ျပန္ေရာက္
ေအာင္ မသြားႏိုင္ခဲ့ရင္ေတာ့ လူေသဘဝ ေရာက္ရမွာ ပဲ၊ အဲဒီေတာ့မွ ငါ့ဆီကို တစ္ ေခါက္ျပန္လာခဲ့ေပါ့၊ နင္ လူေသဘဝေရာက္ တဲ့ အခါမွ လူေသ႐ြာကို ဘယ္လမ္းက သြားရ
တယ္ဆိုတာ ငါလမ္းျပေပးမယ္” ဟု ေျပာသည္ ။
“ကြၽန္ေတာ့္ကိုယ္ခႏၶာဘယ္ေနရာမွာ ရွိ
ေနတယ္ဆိုတာ တဆိတ္ေလာက္လမ္းျပ

ေပးပါ၊ ကြၽန္ေတာ္ မသြားတတ္ မလာတတ္နဲ႔ လမ္းေပ်ာက္ေနလို႔ ပါ ”
“ငါက အဲဒါမ်ိဳး လုပ္မေပးဘူး၊ ေသတဲ့ သူ ရွင္ေအာင္ေတာ့ လုပ္မေပးႏိုင္ဘူး၊ ရွင္ေနတဲ့ လူကို ေသေအာင္ေတာ့ လုပ္ေပးႏိုင္တယ္” ဟု ေျပာကာ မိန္းမႀကီးဆာႏူက မ်က္လုံး ျပန္ပိတ္သြား ေလေတာ့သည္ ။ ဘာမွ မတတ္ႏိုင္ေတာ့…။
ထို႔ေၾကာင့္ ေထြေထြထူးထူး .. ဆက္ေျပာမ ေနေတာ့ဘဲ . ထိုေနရာမွ ထြက္လာခဲ့ေလသည္ ။
သူထြက္သြားၿပီး မၾကာခင္မွာ ထိုေနရာသို႔ မိန္းကေလး တစ္ေယာက္၊ မိန္းမႀကီးဆာႏူ ေရွ႕သို႔ ေရာက္လာျပန္ေလသည္ ။
ထိုမိန္းကေလးမွာ နီေမာင္ႏွင့္ လမ္းမွာ ေတြ႕ခဲ့ေသာ မိန္းကေလးပင္ ျဖစ္၏။
မိန္းမႀကီးဆာႏူက ဘာေတြေမးၿပီး ဘာေတြေျပာ ေနသည္ ကိုေတာ့ သူမသိေတာ့ေပ။
နီေမာင္မွာ ထိုေနရာမွာ ထြက္လာ ကတည္းက ဘယ္ သြား၍ ဘယ္လာရမွန္းမ သိဘဲ ေယာင္လည္လည္ ျဖစ္ေနေလသည္ ။ လမ္းျပေပး၊ လမ္းၫႊန္ေပးမည့္ သူႏွင့္ လည္း မေတြ႕ရေပ။
“ဘယ္သြားလို႔ ဘယ္လာရမွန္းလည္း မသိ ဘူး၊ ဒီအတိုင္းဆိုရင္ ငါ့ခႏၶာကိုယ္ရွိတဲ့ ေနရာ မွ ျပန္ေရာက္ႏိုင္ပါေတာ့မလား”
ဟု လည္း စိတ္ထဲမွ ေတြးေနမိေလသည္ ။
တစ္ေနရာေရာက္ေတာ့
ေတာစပ္တစ္ေနရာမွာ ႐ြာတစ္႐ြာကို ေတြ႕ရေလသည္ ။
မီးေရာင္မ်ား လင္းထိန္ေနၿပီး ကေလး လူႀကီး၊ ေယာက္်ားမိန္းမ လူအေတာ္မ်ားမ်ား သြားလာေနၾကသည္ ကိုလည္း လွမ္းျမင္ရ
သည္ ။သူ႔ကိုျမင္ေတာ့ လူအခ်ိဳ႕က ထြက္ လာၿပီး လွမ္းေခၚၾကသည္ ။
“ဘယ္ကလာလို႔ ဘယ္ကိုသြားမွာ လဲ၊ ခရီး
လာခဲ့ရတယ္ထင္ပါ့၊
ဒီ႐ြာမွာခဏတျဖဳတ္ ဝင္နားပါဦးလား၊ စားစရာ
လည္း ေကြၽးႏိုင္ပါတယ္၊ ေနစရာလည္း ေပး ႏိုင္ပါတယ္”
ဟု… ေလာကြတ္ပ်ဴငွာ စကားဆိုၾကေလသည္ ။
ပထမေတာ့ ဝင္နားဦးမည္ဟု စိတ္ကူးမိ
လိုက္ေသးသည္ ။
ေနာက္ေတာ့ စိတ္ထဲမွာ တစ္မ်ိဳးျဖစ္လာ ေသာေၾကာင့္ ဝင္မနားလိုေတာ့ဘဲ ဆက္
ေလွ်ာက္ လာေလသည္ ။
ထိုအခါမွ ႐ြာထဲမွ လူမ်ား ၏ ဇာတိ႐ုပ္မ်ား
က ေပၚလာေလေတာ့သည္ ။
ျမင္ရသကဲ့သို႔ လူမ်ား မဟုတ္ဘဲ သရဲသဘက္မ်ား အသြင္ေပၚ လာၿပီး ေနာက္မွ ေျပးလိုက္လာၾကေလေတာ့သည္ ။ “လိုက္ေဟ့..လိုက္ေဟ့..မလြတ္ေစနဲ႔ ”
ထိုကဲ့သို႔ ညာသံေပးၿပီး လိုက္လာၾကေသာ ေၾကာင့္ နီေမာင္လည္း ေၾကာက္လန႔္တၾကား ႏွင့္ ထြက္ေျပးရေလေတာ့သည္ ။
ထိုသို႔ေျပးရင္းႏွင့္ ေတာင္ေျခတစ္ေနရာသို႔ ေရာက္သြားေသာအခါမွာ
ေတာ့ဝတ္ျဖဴစင္ၾကယ္ဝတ္ကာ ရပ္ေနေသာ.. အဘိုးႀကီးတစ္ေယာက္ ေတြ႕ရသျဖင့္ ထိုေနရာ
သို႔ ေျပးသြားေလသည္ ။
ေနာက္မွလိုက္လာၾကေသာ
မေကာင္းဆိုးဝါးမ်ား လည္း အဘိုးႀကီး
ရပ္ေနသည္ ကို လွမ္းျမင္သည္ ႏွင့္ ဆက္မ
လိုက္ဝံ့ေတာ့ပဲ ေနာက္ေၾကာင္းသို႔ ျပန္လွည့္
သြားၾကေလေတာ့သည္ ။
အနားေရာက္ေသာအခါ အဘိုးႀကီးကေျပာသည္ ။
“ေသၿပီးတဲ့ ေနာက္ ဘုံဘဝတစ္ခုနဲ႔ တစ္ခု
မကူးႏိုင္ဘဲ တြယ္ရာမဲ့ဘဝနဲ႔ ေနရတဲ့ ဝိညာဥ္
ေလာကသားေတြ မေရမတြက္ ႏိုင္ေအာင္ရွိ
ၾကတယ္၊ လူေတြက မျမင္ရေတာ့ မေၾကာက္ ၾကဘူး၊ အခုလိုသာ ျမင္ရရင္ေတာ့ ေၾကာက္ စရာပဲေပါ့”
နီေမာင္က အဘိုးႀကီးမ်က္ႏွာကိုသာ ေမာ့ ၾကည့္ေနသည္ ။
“ငါေျမးက … ေသရမယ့္အခ်ိန္မတန္ေသး ဘူး၊ ဒီေတာ့ မင္းေနရာ ၊ မင္းျပန္ေပေတာ့၊ မင္းရဲ႕ ႐ုပ္ခႏၶာက ငါလက္ညႇိဳးထိုး ျပတဲ့ ေနရာမွာ ရွိတယ္၊ အဲဒီေနရာကိုေရာက္ ေအာင္ ျပန္ေပေတာ့..”
နီေမာင္က အဘိုးႀကီး လက္ညႇိဳးထိုးျပ ေသာဘက္ကို လွမ္းၾကည့္လိုက္သည္ ။
ထိုေနရာဘက္မွာ အေတာ္အတန္ျမင့္ေသာကုန္းတစ္ကုန္းရွိသည္ ။
ထိုေတာင္ကုန္း၏ ဟိုဘက္မွာ ေတာ့ ျမစ္ တစ္စင္း ရွိသည္ ။ ျမစ္ကမ္းနံေဘး တစ္
ေနရာမွာ လူႏွစ္ေယာက္ ရွိေနၾကသည္ ။
ထိုႏွစ္ေယာက္ကိုျမင္ေတာ့စိတ္ထဲမွဝမ္းသာသြားသည္ ။ အျခားမဟုတ္ေပ။
ေစာထီးႏွင့္ ငမဲေအာင္တို႔ ပင္ ျဖစ္ၾကေလသည္ ။
သူတို႔ႏွစ္ေယာက္အလယ္မွာေတာ့
လူေသတစ္ေယာက္ ကို ပက္လက္
အေနအထားျဖင့္ ၿငိမ္သက္ေနေသာ လူတစ္
ေယာက္ရွိေနေလသည္ ။
သူ၏ ႐ုပ္ခႏၶာပင္ ျဖစ္ေပသည္ ။
“အဲဒါ မင္းရဲ႕ ႐ုပ္ခႏၶာပဲ၊ မင္းမွာ ဝိညာဥ္ ႀကိဳးမျပတ္ေသးဘူး၊ ဒါေၾကာင့္ ႐ုပ္ခႏၶာကို မ ဖ်က္ဆီးခင္ ေရာက္ေအာင္ျပန္ေပေတာ့၊ မင္း လည္း ဝိညာဥ္ဘဝနဲ႔ ဝိညာဥ္ေလာကသား

ေတြကို ေတြ႕ခဲ့ျမင္ခဲ့ရၿပီ မဟုတ္လား” နီေမာင္က ေခါင္းညိတ္ျပလိုက္သည္ ။
“မေကာင္းမႈ အကုသိုလ္ကံေတြမ်ား လာ
ရင္…ဘယ္ေလာက္ေၾကာက္ဖို႔ ေကာင္းတယ္၊ေကာင္းမႈကုသိုလ္ကံပါမွ
ေကာင္းတဲ့ေနရာကို ဘဝကူးႏိုင္တယ္ဆိုတာ သိသင့္ သေလာက္သိၿပီး၊ ျမင္သင့္သေလာက္ ျမင္ခဲ့ရ
ၿပီ မဟုတ္လား”ထပ္မံ၍ ေခါင္းညိတ္ျပလိုက္သည္ ။
“ဒါေၾကာင့္ လူ႔ဘဝကို တစ္ေခါက္ျပန္ ေရာက္သြားရင္ မေကာင္းမႈေတြကို တတ္ႏိုင္ သေလာက္ ေရွာင္ၾကဥ္ၿပီး၊ အလုပ္ေတြကို မ်ားမ်ား လုပ္ေပးႏိုင္ဖို႔ ႀကိဳးစားေပေတာ့၊ ကိုင္းသြားေပေတာ့.”
ဟု ေျပာသျဖင့္ နီေမာင္လည္း သူေတာ္စင္ ႀကီးကို လက္အုပ္ခ်ီ၍ အ႐ိုအေသေပးၿပီး ေနာက္ ထိုေနရာမွ ထြက္လာခဲ့ေလသည္ ။

ပထမေတာင္ကုန္းတစ္ကုန္းကိုေက်ာ္သြားရေလသည္ ။
ေတာင္ကုန္းမွာ အေတာ္ပင္ျမင့္ေသာ
ေၾကာင့္ ပင္ပန္း ႀကီးစြာ ျဖတ္ေက်ာ္သြားရ
ေလသည္ ။ပင္ပန္းမႈေၾကာင့္ ေရဆာလာသည္ ။
ေတာင္ကုန္းေပၚမွေက်ာ္သြားၿပီးေသာအခါမွာ ေတာ့ ျမစ္က်ယ္ႀကီးတစ္စင္း
ကို လွမ္းျမင္ရသည္ ။
အဘိုးႀကီး ၫႊန္ျပသည့္ အတိုင္း ျမစ္ရွိရာ
ဘက္သို႔ ဆင္းသြားေသာအခါ ကမ္းစပ္တစ္
ေနရာမွာ ရွိေနၾကေသာ ေစာထီး ႏွင့္ ငမဲ
ေအာင္တို႔ ႏွစ္ေယာက္ကို လွမ္းျမင္ရသျဖင့္
ဝမ္းသာစြာျဖင့္ ထိုေနရာသို႔ သြားေလသည္ ။
ထိုေနရာေရာက္ေတာ့ ေျမေပၚမွာ လူေသ
တစ္ေယာက္ လိုလဲေနသည့္ သူ၏ ႐ုပ္ခႏၶာကို
ေတြ႕ရေလသည္ ။

ေထြေထြထူးထူး စဥ္းစားမေနေတာ့ဘဲ ႐ုပ္ ခႏၶာအတြင္း သို႔လွဲခ် လိုက္ေလေတာ့သည္ ။
“အင္း.အဟင္း…ဟင္း ”
႐ုပ္ခႏၶာထဲသို႔ ဝိညာဥ္ ျပန္ေရာက္သြား ေသာအခါ ညည္းညဴသံထြက္လာသည္ ။
“အဟင္း..ဟင္း”
“နီေမာင္..နီေမာင္..မင္းသတိရလာၿပီလား”
ေစာထီးႏွင့္ ငမဲေအာင္တို႔က ဝမ္းသာအားရ ေခၚေနၾကသည္ ။
“ေရ..ေရေပးပါ”
ထိုသို႔ေျပာသျဖင့္ ငမဲေအာင္က ေရတစ္
ခြက္ယူ လာၿပီး တိုက္ေပးေလသည္ ။
ထိုအခါမွ ရင္ပူသက္သာသြားၿပီး သတိျပန္
ရ လာေလသည္ ။
ေစာထီးႏွင့္ ငမဲေအာင္တို႔ က ေပြ႕ယူေပးသျဖင့္ လွဲေနရာမွ ထထိုင္လိုက္သည္ ။
ၿပီးမွ ပတ္ဝန္းက်င္ကို ၾကည့္လိုက္သည္ ။ သူတို႔ ေရာက္ ေနေသာေနရာမွာ ျမစ္ကမ္းပါး တစ္ေနရာ၌ ျဖစ္ေလသည္ ။
“ငါ ဘယ္လိုျဖစ္တာလဲ”
“မင္း ဘယ္လိုျဖစ္တာလဲဆိုေတာ့ ငါတို႔ သုံးေယာက္ ျမစ္ ထဲမွာ ငါးဖမ္းေနေတာ့ ပိုက္
ထဲမွာ ငါးတစ္ေကာင္မိေနလို႔ မင္းက ဆင္း ဖမ္းရင္းနဲ႔ … ေက်ာက္တုံးနဲ႔ ေဆာင့္မိၿပီး သတိလစ္ေနတာ အေတာ္ၾကာၿပီ၊ ငါတို႔ ႏွစ္ ေယာက္စလုံး အေတာ္ကို စိတ္ပူေနၾကတာ” ဟု ေျပာျပေတာ့မွ အျဖစ္အပ်က္မ်ားကို
သတိျပန္ရ လာေလသည္ ။
သူတို႔ သုံးေယာက္သည္ အလုပ္အားေသာ အခ်ိန္မ်ိဳး တြင္ ဟင္းစားရရန္အတြက္ ေနာ္ ကိုဗန္ျမစ္အတြင္းသို႔ ဆင္းကာ ငါးဖမ္းေလ့ရွိ ၾကသည္ ။

ထိုသို႔ငါးဖမ္းေနရင္း ပိုက္ထဲမွာ ငါးေခ်ာင္း တစ္ေကာင္ မိေလသည္ ။
အေကာင္ႀကီးသျဖင့္ ေလွေပၚမွ ဆြဲတင္၍မရေပ။
ငါးက ေက်ာက္တုံးၾကားသို႔ တိုးဝင္ရင္းႏွင့္ ညပ္ေနသည္ ။
ဆြဲတင္၍ မရပါက ပိုက္ပါဆုံးရေတာ့မည့္ အေျခအေနမ်ိဳး ေရာက္ေနသျဖင့္ နီေမာင္ ကိုယ္တိုင္ ေရေအာက္သို႔ ဆင္းျဖတ္ရသည္ ။
ထိုသို႔ဆင္းျဖဳတ္စဥ္
ငါးကေက်ာက္တုံးၾကားမွ လြတ္သြားေသာအခါ အၿမီးျဖင့္႐ိုက္သည္ ။
အၿမီး႐ိုက္ခ်က္မွာ ျပင္းသျဖင့္ ေရစီးအရွိန္ထဲမွာ လည္ထြက္သြားေလရာ

ေက်ာက္စြန္း တစ္ခုႏွင့္ တိုက္မိသျဖင့္ သတိေမ့သြားျခင္း ျဖစ္သည္ ။
ေစာထီးႏွင့္ ငမဲေအာင္တို႔ ဆင္းကယ္သျဖင့္သာ ေရစီးႏွင့္ ေမ်ာပါမသြားျခင္း ျဖစ္ေလသည္ ။
သူကိုေရထဲမွ ဆြဲတင္လာေတာ့ သတိမရေတာ့ေပ။
မနက္ပိုင္းအခ်ိန္ကတည္းက
သတိေမ့ေနရာ ယခုည ေနပိုင္း အခ်ိန္ေရာက္ေတာ့မွ ယခုလို သတိျပန္ရလာျခင္း ျဖစ္ေလသည္ ။

“ေတာ္ပါေသးရဲ႕ ကြာ၊ ငါတို႔ ႏွစ္ေယာက္မွာ ဘယ္လိုလုပ္ ရမွန္းမသိတာနဲ႔ မင္းအတြက္ အေတာ္စိတ္ပူေနၾကတာ”
“ဒါထက္..ငါဆင္းဖမ္းတဲ့ ငါးေရာရရဲ႕
လား”
“ရတယ္၊ ငါးလည္း ရတယ္ ပိုက္လည္း ျပန္ရတယ္၊ ေလွေပၚမွာ တင္ထားတယ္”
နီေမာင္ကသက္ျပင္းတစ္ခ်က္ခ်လိုက္
သည္ ။ ေစာေစာက အေျခအေနမေကာင္း
ေသာ္လည္း ယခုေတာ့ သူ႔အေျခအေနက ပုံမွန္အတိုင္း ျပန္ေကာင္းေနေပၿပီ။
“ဒါျဖင့္လည္း ျပန္ၾကရေအာင္၊ ဒီေလာက္ ၾကာေနရင္ အေဖတို႔ စိတ္ပူေနၾကလိမ့္မယ္”
ဟု ေျပာကာ သုံးေယာက္သား ေလွရွိရာသို႔
ျပန္ဆင္းလာၾကေလသည္ ။
ေလွဝမ္းထဲမွာ
ေတာ့..အေတာ္အတန္
ႀကီးေသာ ငါး ေခ်ာင္းႀကီးတစ္ေကာင္ ဖမ္းမိ
ထားေလသည္ ။
ထို႔ေၾကာင့္ သုံးေယာက္သား ေလွေပၚျပန္
တက္ၿပီး ႐ြာရွိရာသို႔ ေရဆန္ျပန္တက္ၾကရ
ေလသည္ ။
ေနာ္ကိုဗန္ ျမစ္ေရက ေရစီးၾကမ္းသည္ ။
ထို႔ေၾကာင့္
ေရဆန္သြားရေသာအခါ
သက္သာေစရန္ ကမ္းနံေဘးမွ ကပ္သြားၾက
ရေပသည္ ။
အခ်ိန္ကလည္း ေနဝင္ခ်ိန္ေရာက္ၿပီ ျဖစ္
ေသာေၾကာင့္ ျမစ္တေက်ာမွာ ေမွာင္စပ်ိဳးေနေခ်ၿပီ။
ေလွကို ေစာထီးႏွင့္ ငမဲေအာင္တို႔ ေရွ႕ေနာက္ေလွာ္ ၿပီး

နီေမာင္က ေလွဝမ္း အလယ္မွ ထိုင္ လိုက္ေလသည္ ။
ေက်ာက္ေဆာင္စြန္းတစ္ခုကို ေက်ာ္လိုက္ ေသာအခါ ေရစီးသာေသာ ကလိုင္တစ္ခုသို႔ ေရာက္သြားၾကသည္ ။
ထိုေနရာေရာက္ေတာ့ ကမ္းစပ္မွာ တင္ေန
သည့္ လူတစ္ေယာက္ကို လွမ္းျမင္သျဖင့္ ထို
ေနရာသို႔ ေလွာ္သြားေလသည္ ။
အနားေရာက္ေတာ့မွ
မိန္းကေလးတစ္
ေယာက္ ျဖစ္မွန္းသိၾကရသျဖင့္ အေျခအေန
သိေစရန္ ေလွကို ထိုေနရာအနီးတြင္ ရပ္
လိုက္ၾကသည္ ။
နီေမာင္က … ေလွေပၚမွ
ဆင္းသြားကာ
ေရစပ္မွာ တင္ေနေသာ မိန္းကေလးကို ေပြ႕
ယူလိုက္သည္ ။

ထိုအခါ ညည္းညဴသံ ၾကားရသည္ ။ မိန္းကေလးမ်က္ႏွာကိုျမင္ေတာ့.. စိတ္ထဲ
မွာ ဇေဝဇဝါ ျဖစ္သြားေလသည္ ။
“ဟင္”
“ဘာျဖစ္လို႔ လဲ နီေမာင္”
“သူမေသေသးဘူး အသက္ရွိေသးတယ္၊ ေနာက္ၿပီး ငါသူ႔ကိုသိတယ္”
“အခုမွ ေတြ႕တာ ဘယ္လိုသိတာလဲ” “ငါ သတိေမ့ေနတုန္းက လူေသ႐ြာကို ေရာက္သြားခဲ့တယ္၊ အဲဒီမွာ သူနဲ႔ သိခဲ့ေတြ႕ခဲ့
“ဒါျဖင့္ မင္းတို႔ ႏွစ္ေယာက္က ဘဝတူေတြ
ေပါ့၊ မင္းကေတာ့ သတိျပန္ရ လာၿပီ၊ သူ
ကေတာ့ ခုထိသတိမရေသးဘူး”
နီေမာင္က အေသအခ်ာၾကည့္ေသာအခါ ေခါင္းတြင္ ဒဏ္ရာတစ္ခု ရထားဟန္ရွိၿပီး၊

ထိုေနရာမွာ ေသြးမ်ား စီးၾကေနသည္ ။ “ဦးေခါင္းမွာ ဒဏ္ရာရထားပုံရတယ္”
“ဒီေတာ့ ဘယ္လိုလုပ္ၾကမလဲ”
“ဒီအတိုင္းထားခဲ့ရင္ ေသသြားလိမ့္မယ္၊ ႐ြာကိုေခၚသြားၿပီး ေဆးကုေပးမွ ျဖစ္မယ္

“ဒါျဖင့္လည္း ေလွေပၚေခၚတင္ခဲ့ အခ်ိန္မ ရွိေတာ့ဘူး၊ ျမန္ျမန္သြားၾကရေအာင္”
ဟု ေျပာသျဖင့္ နီေမာင္က ထိုမိန္းကေလး ကို ေပြ႕ယူ လာၿပီး ေလွေပၚတင္သည္ ။

ထို႔ေနာက္ သုံးေယာက္သား ထိုေနရာမွ ေလွကိုျပန္ထြက္ခဲ့ၾကေလသည္ ။
ျမစ္ထဲမွာ ေတာ့ ေမွာင္သြားေပၿပီ။