” ဒဏ္ဍာရီပုံရိပ်နှင့်သိုက်စောင့်မြွေ “(စ/ဆုံး)

Unicode Version

” ဒဏ္ဍာရီပုံရိပ်နှင့်သိုက်စောင့်မြွေ “(စ/ဆုံး)
——————————————-

အချိန်ကာလအားဖြင့်..
၁၉၅၃ – ခုလောက်က ကျွန်တော် မူလတန်းကျောင်းသားဘဝဖြစ်ပါသည်။
ထိုစဉ်ကကျွန်တော်တို့တိုက်နယ်တစ်ခု
လုံးမှာ အစိုးရမူလတန်းကျောင်းသား
ဘဝဖြစ်ပါသည်။ထိုစဉ်ကကျွန်တော်တို့
တိုက်နယ်တစ်ခုလုံးမှာ အစိုးရမူလတန်း
ကျောင်းဟူ၍ တစ်ကျောင်းသာရှိနေပြီ။
လက်လုပ်းပီရာကလေးများလာရောက်
ပညာသင်ကြားကြသည်။ထိုကျောင်းမှာ
ယခုအထိ ရှိနေသော အနောက်ရွာ မူလတန်း
ကျောင်းပင်ဖြစ်သည်၊ မူလတန်းကျောင်းရှိရာအနောက်
ရွာနှင့်ကျွန်တော်တို့အရှေ့ရွာမှာတစ်မိုင်
သာသာဝေးပြီ၊ရွာနှစ်ရွာအကြားမြေမြင့်
ကုန်းတန်းကြီးတစ်ခုရှိသည်။ ထိုကုန်း
တန်း၏ အလယ်လောက်တွင် ရှေးပဝေ
သက်ကပင် ကျောင်းရာပျက်ကြီးတစ်ခု
ရှိသည်၊ အလွန်မြင့်မားသော အုန်းပင်၊
ထန်းပင်များနှင့် သက်တမ်းရင့် ညောင်
ကြတ်ပင်များ၊ ပိန္နဲပင်၊ သရက်ပင်များ
အုပ်ဆိုင်းနေသဖြင့် နွေရာသီလမ်းသွား
လမ်းလာများနေရိပ်ခိုနားနေစရာလည်း
ကောင်းလှသည်။ ထိုကျောင်းရာပျက်
ကြီးနှင့်ကပ်လျက်ရဟိုင်းရွာပျက်ဟုခေါ်
သောရွာပျက်တွင်လည်းသစ်ပင်ချုံနွယ်
များထူထပ်စွာပေါက်နေသဖြင့်ခပ်လှမ်း
လှမ်းမှကြည့်လျှင် နာနာဘာဝကြီးတစ်
ကောင် အိပ်မောကျနေသည်အလား ထင်မှတ်ကြရသည်။
ကျောင်းရာပျက်ကြီး၏ မြောက်
ဘက်တွင် အပေါ်ပိုင်း ပြိုကျနေသော
တစ်ဝဂူစေတီပျက်ကြီးနှင့် စေတီလား၊
အရိုးအိုးလား မခွဲခြားနိုင်သောအုတ်ပုံ
ကြီးနစ်ခုမှာလည်း ပိစပ်ပင်များ ဗုံ၊အုပ်
လျက်ရှိနေလေသည်။ထိုကဲ့သို့ပင်အန်း
စောင်းချုံတောထဲတွင် စေတီမည်းမည်း
ကြီးတစ်ဆူလည်း ရှိသည်။ ထိုစေတီ
ပျက်များကြားကလမ်းကြောင်းအတိုင်း
ကျွန်တော်တို့ အရှေ့ရွာဘက်သို့ ဆင်း
လိုက်လျှင် ကုန်းစောင်းမြေတစ်နေရာ
တွင် လူသူ ကျွဲနွားများ ဖြတ်သွားပါက
မြေအောက်လိုဏ်ခေါင်၊ထဲမှ ဒုန်း ဒုန်း
ဒုန်းဒုန်းနှင့်လိုက်သံများ ခပ်လှမ်းလှမ်း
ကပင် ကြားနေရသည်။ ရှေးလူကြီးများ စကား
အရဆိုလျှင် သူတို့ ငယ်စဉ်က လိုက်ခေါင်းထဲမှ
ရွှေငွေသံများတချွင်ချွင် ကြား ရကြောင်း ပြောပြကြသည်။
ကျွန်တော်တို့လူငယ်များ ကျောင်း
ဆင်းပြီးပြန်လာလျှင်အိမ်သို့တန်းမပြန်
ပဲ ထိုစေတီပျက်နားတွင် လွယ်အိတ်ကို
စုပုံပြီး စစ်တိုက်တန်းကစားလေ့ရှိသည်။
တစ်ဖွဲ့ကအစို၊ရတပ်၊တစ်ဖက်ကအလံ
နီကွန်မြူနစ်တပ်၊ ကစားရသည်မှာ
အလွန်ပျော်စရာကောင်းလှသည်။ ထို
သို့ကစားကြသည်ကို နွားကျောင်းရင်း
လာကြည့်လေ့ရှိသောအဖိုးဖြူလှအောင်
က“စစ်တိုက်တန်းတော့ မကစားကြပါ
နဲ့ကွာ-တိုင်းပြည်အခြေအနေကလည်း
မကောင်းတော့နိမိတ်မရှိတာမလုပ်ပါနဲ့”
ဟူ၍ ခဏခဏပြောဖူးသဖြင့်ကျွန်တော်
တို့ အနောက်ရွာဘုန်းကြီးကျောင်း အပြင်က
ကြာနီကန်ခေါ်(ကုလား)ကန် တွင်ရေကူးကစားကြပြန်သည်။
တစ်နေ့တွင် စစ်တိုက်ကစားပြီး
အိမ်ပြန်ရောက်သောအခါအမေကဆီ၊ ၍ဆူပါတော့သည်။
အဆူခံထိရုံတင်မကဝါးခြမ်းပြားနဲ့ တင်ပါးကို အဆော်ခံထိ
တော့သည်။အမှန်တော့ကျောင်းရာပြင်
တွင် နွားကျောင်းသော အဖိုးဖြူလှ
အောင်၏လက်ချက်ပင်ဖြစ်သည်၊အမ
ကမှတ်သားအောင် ရိုက်နှက်ပြီးမှ ဆုံးမ
စကားပြောပါသည်။
“သားကို မကစားစေချင်လို့ဆူတာ မဟုတ်ဘူ။
ကြာကန်မှာဂရက္ခ၊တယ် ဆိုတာမိုးတွင်းမှာရေနက်တယ်၊တစ်ခု
ခုဖြစ်ရင် အသက်ဆုံးရှုံးနိုင်တယ်၊
ဒါကြောင့် ဒီနေ့ကစပြီး ရေမကူးရဘူး။
ကြားလာ။နောက်တစ်ခုစစ်တိုက်တမ်း
ကစားတဲ့နေရာ၊ ကျောင်းရာပြင်ကွင်း
စေတီပျက်နားဆိုတာ ရွာကမိန်းမတွေ
တောင် မသွားရဲကြဘူ။ သားတို့ မို့လို့
မကြောက်မရွံ့ထိုးပြီးကစားရဲကြတာ။
အဲဒီနေရာမှာအစောင့်အရှောက်မြွေကြီး
နစ်ကောင် ရှိတယ်တဲ့၊ အစောင့်ဆိုတာ
လူစားလဲချင်ရင် လိပ်ပြာလှ သူတို့
အသက်ကို နတ်ယူသွားတတ်တယ်
သားရဲ့။ ဒါတွေရှိနေလို့ သွားပြီးမကစား
ကြနဲ့နော်။အဲဒီစေတီပျက်တွေအကြောင်း
အမေပြောပြဦးမယ်”
“အမေတို့ငယ်ငယ်တုန်းကတစ်နေ့
မှာ ကျောင်းရှာပြင်စေတီပျက်တွေကို
သိုက်တူးဖို့ သိုက်စာရာတစ်ဖွဲ့ ရောက်
လာပြီ၊ ညမှောင်မှောင်ထဲ တူ၊တွေ့ရှာဖွေ
နေကြတုန်းမှာ ချောမောလှပတဲ့ မိန်း
ကလေးတစ်ယောက် ရောက်လာပြီ။
“ဆရာတို့ မောမောနဲ့ ရေသောက်ကြပါ
ဦး”လို့ပြောတာကို တစ်ယောက်က
ရေဘူး လှမ်းလို့အယူမှာ ရေဘူးက မြွေ
ကြီးတစ်ကောင်ဖြစ်နေလို့လွှတ်ချလိုက်
တာတစ်ကွင်းလုံးရေတွေပြည့်လျှံသွား
သတဲ့။အဲဒါကြောင့်သိုက်တူးသမားတွေ
ရေကူးရင်း တချို့က မြွေကိုက်လို့သေ၊
မသေတဲ့လူက မိုးလင်းတဲ့အထိ မြေပြင်
ကိုရေထင်ပြီးကူးနေကြတာ။ မနက်စော
စော အဘိုးဦးရွှေဘန်၊နွားအစာကျွေး
ရင်း “ဟေ့လူတွေ- ဒါဘာလုပ်တာလဲ”
လို့ ပြောမှ ရေကူးရပ်သွားကြသတဲ့။
ဒီ နေရာက ရတနာသိုက်ရှိတဲ့နေရာဆို တော့
အစောင့်အရှောက်တွေနဲ့ ဒီလို ရှိခဲ့တယ် သားရဲ့”
အမေပြောပြတော့မှကျွန်တော်တို့
လည်းကျောင်းရာပြင်ကွင်းဆိုရင်လှည့်
တောင် မကြည့်ရဲတော့ပဲ ကျောင်းစဉ် ကုန်းမှာပဲ
ဘောလုံးကစားဖြစ်ကြတော့ သည်။
တစ်နေ့တွင် အဘို၊ ဦးချမ်းမြ ခေါ် သဖြင့်
ကျွန်တော်တို့ သူငယ်ချင်းသုံး
ယောက် အပြေးကလေး ရောက်သွား
ကြသည်။ အဘိုးမှာ အသက်ရှစ်ဆယ်
ကျော်နေပြီ။အရင်ကလိုထုတ်ကောက်
တစ်ချောင်းနဲ့ ရွာထဲ မရောက်ဖြစ်တော့
အိမ်မှာပဲလမ်းလျှောက်လိုက်၊ပက်လက်
ကုလားထိုင်မှာထိုင်လိုက်နဲ့ အရင်နှစ်
များက ကျွန်တော်တို့သုံးယောက် ကျွန် တော်ရယ်၊
မောင်တင်မြရယ်၊ ဖိုးချစ်ဦး ရယ်၊ ဒုတိယတန်းနဲ့
တတိယတန်းမှာ ထူးချွန်စွာအောင်မြင်ခဲ့ကြသဖြင့်
အဘိုး က ကျေနပ်ကာ “ဒါမှ ငါ့မြေးတွေ
တစ် နေ့မှာ ရုံးတစ်လုံး ဓားတစ်စင်း အစိုးရ
အရာရှိတွေ ဖြစ်လာမှာ” ဟု ဂုဏ်ယူဝင့်
ကြွားပြီးမှုန့်ဖိုးခဏခဏပေးလေ့ရှိသည်။
ယခုလည်းကျွန်တော်တို့သုံးယောက်မှာ
မုန့်ဖိုးရမည်အထင်ဖြင့် အပြေးအလွှား
လိုက်လာခဲ့ကြသည်။ အိမ်ရှေ့ရောက်
သည်နှင့် ဗိုးချစ်ဦးက ဦးစွာသတင်းပို့လိုက်သည်။
“အဘိုး- ကျွန်တော်တို့သုံး
ယောက် ရောက်ပါပြီ ခင်ဗျား”
ဖိုးချုပ်ဦး၏အသံကြားလိုက်ရသဖြင့်
အဘိုးမှာ အိပ်ရာထဲ လှဲနေရာမှထထိုင်လိုက်ပြီး
“ဟင်း- မင်းတို့မျောက်သုံးကောင်
ရောက်လာကြပြီကိုး။ မင်းတို့ကို နားရင်း၊ တီးဖို့ ခေါ်တာဟေ့”
အဘိုးစကားကြောင့်ကျွန်တော်တို့ အားလုံး
ဇက်ကလေး ပုဝင်သွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက်လှမ်း
ကြည့်နေလိုက်ကြသည်။
“မင်းတို့ကလူဆိုးတွေပဲ။အမေသုံး ယောက်စလုံးက
အဘိုးမြေးတွေ ဆုံးမ ပေး ပါဦး လာပြောလို့ ဆုံ။မမလို့ မင်းတို့ကိုခေါ်တာ”
“ကျွန်တော်တို့ဘာများ ဆိုးမိလို့လဲအဖိုး”
“ဟင် – ဆိုးတယ်ဆိုတာ လူကြီး မိဘ ပြောမရ၊ လုပ်ချင်တာလုပ်ပြီ။ ဆို။
တာကတစ်မျိုးကွ၊ နောက်တစ်မျိုးက
ဘယ်မှာပဲနေနေ၊ ဘယ်ကိုပဲရောက်
ရောက်တခြားကလေးတွေထက်ထူးပြီး
မျောက်ရှုံးအောင်ဆော့တတ်တာလဲဆို၊
တာပဲကွ။ မင်းတို့သုံးယောက်ဦးဆောင်
ပြီး ကျောင်းရာပြင်ကွင်းဖဝတီပျက်တွေ
မှာသွားကစားကြတယ်ဆို။ကစားဖို့နေ
ရာရှားလို့။ မင်းတို့လို မလိမ်ဖို။ မလိမ္မာ
ကလေးတွေ သွားကစားလို့ မသင့်ဘူး။
အစောင့်အရှောက်ပွဲကြီးတွေ ရှိတယ်။
သွားမကစားတာအကောင်းဆုံးပဲ။ ဒီနေ
ရာနဲ့ပတ်သက်လို့မင်းတို့ကို ပြောစရာရှိ
တယ်။အဘိုးလည်း မမီလိုက်တော့ပုံပြင်
ဒဏ္ဍာရီတစ်ခုလို့ပဲမှတ်ထားကြပေါ့ကွာ”
ကျွန်တော်တို့သုံးယောက် အဘို၊
ပြောပြမယ့်ပုံပြင်ကို နားထောင်ရန် နေ
ရာပြင်ထိုင်ရင်းစောင့်နေလိုက်ကြသည်။
အဘိုးမှာ အိပ်ရာဘေးတွင် အသင့်ရှိ
နေသော ရေနွေးအိုးမှ ရေနွေးတစ်ခွက်
ငုံ့သောက်လိုက်ပြီး-
“မင်းတို့အားလုံး ကျောင်းရာပြင် နားက ရဟိုင်းရွာပျက်ကို သိကြတယ်နော်”
“ဟုတ်ကဲ့ – သိပါတယ် = အဘို၊”
“ဟိုအရင်တုန်းက တစ်နေ့မှာအဲဒီ ရဟိုင်းရွာသား အသက် နှစ်ဆယ်ရွယ်၊
မောင်အေးချမ်းဆိုသူ လူငယ်တစ်
ယောက် ကျောင်းရာပြင်ကွင်းမှာ နွား
ကျောင်းရင်းကျောင်းရာပြင် စေတီပျက်
အန်၊ ဘန့်ပွေးပင်ကြီးအောက်မှာ အိပ်
ပျော်သွားခဲ့သည်။ ထိုအချိန်မှာ အင်
မတန်ချောမောလှပတဲ့မိန်းမပျိုလေး
တစ်ယောက် တောပန်းလေးတစ်ခိုင်
ကိုင်ပြီး စေတီပျက်ကြီး၏ တစ်ဂူထဲ
ဝင်ရောက်ပျောက်ကွယ်သွားသည်။
မောင်အေးချမ်းစိတ်ထဲက“ဘယ့်နယ်
ဒီတစ်ဝဂူဘုရားပျက်မှာ ဘယ်သူမှ
လည်း ပန်းဆီမီးလာကပ်သူမရှိ၊ ချုံက
ထုနေသဖြင့် မြွေပါးကင်းပါး အန္တရာယ် က ရှိနေသည်။
ဒါကို မိန်းမချောလေး မသိလေရော့သလာ။”
အတွေးနဲ့အတူ တစ်ဝဂူအနီ။သို့ လိုက်သွားပြီး
မရောလေးကိုစောင့်ကြည့်နေလိုက်သည်။
သိပ်မကြာခင်မချောလေးတစ်ဝဂူ
အတွင်းမှ ပြန်ထွက်လာပြီ၊ မောင်အေးချမ်းအား
မြင်တွေ့သွားသည်။မိန်းမချော
လေးမှာနှစ်လိုဖွယ်တစ်ချက်ပြုံးလိုက်ပြီ။
မောင်အေးချမ်။အား သိကျွမ်းခင်မင်သူ
တစ်ယောက်ပမာလှမ်းနှုတ်ဆက်လိုက်သည်။
“ကိုအေ၊ချမ်။ – နွားလာကျောင်း တာလား။
မနေ့က နွားတစ်ကောင် ကျွန်မတို့ခြံထဲ ဝင်လာသေးတယ်”
“ဟင် – ဒီနားမှာ ဘယ်ခြံမှလည်း မရှိပဲနဲ့။
ခင်ဗျားတို့ခြံကဘယ်နားမှာမို့လဲ။
ဘာတွေစားသွားသေးလဲဗျာ”
မောင်အေးချမ်းက စိုးရိမ်တကြီး ပြန်မေးလိုက်သဖြင့်
မိန်းမချောလေးက အသံထွက်အောင်ပင် တစ်ချက်ရယ်မောလိုက်ပြီ။ –
“အဟိ-ဟိ-ဟိ-ဘာမှစားမသွား
ပါဘူးရှင်။ သိပ်လဲ စိုးရိမ်မနေပါနဲ့။
ကျွန်မ တို့နဲ့အိပ်ကဒီနားသစ်တောအင်းဘေး နားမှာလေ။
ကိုအေးချမ်းရောက်ဖူးတယ် ရှိအောင်လိုက်လည်ပါဦးလား”
မောင်အေးချမ်းမှာ လူပျိုကာလ သားပီပီအခုလိုတစိပ်၊မိန်းကလေးတစ်
ယောက်က အိမ်လည်ခေါ်တော့ ဘာမှ
စဉ်းစားမနေတော့ပဲ စိန်ခေါ်ရင်တိမ်ပေါ် မက
အိမ်ပေါ်ထိလိုက်မယ့်အစားမျိုးမို့
နှစ်ခါမခေါ်လိုက်ရပြီးပြီးပြီးကြီးလုပ်ကာ-
“ခေါ်ရင်လိုက်မှာပေါ့- ဟု တစ်ချက်သာ ပြောလိုက်ပြီး
မိန်၊မချောလေးနောက်သို့
ရွေ့ခနဲ ထ လိုက်သွားခဲ့သည်။ မကြာလိုက်ပါ၊ခြံဝင်း
ကြီးတစ်ခုအတွင်းကအိမ်ကြီးတစ်လုံးကို
လှမ်းမြင်လိုက်ရသည်။ ထိုအိမ်ကြီးမှာ မောင်အေးချမ်းတို့ရွာက အိမ်များနှင့်
မတူပဲ ဗလာစာအုပ်အဖုံးတွင် မြင်ဖူး
သောရွက်လှေကြီးနှင့်အလွန်ပင်တူနေ
ကြောင်း အံ့ဩဖွယ်ရာ တွေ့လိုက်ရ
သည်။ ခါတိုင်းဆိုလျှင် ဒီနေရာမှာ ဘာမှ မရှိ၊
သင်တောအင်းကမ်းစပ်က ချုံတော များသာ
ရှိနေသဖြင့် မောင်အေးချမ်း စိတ်ထဲက စဉ်းစားမရဖြစ်နေမိသည်။
ထိုစဉ်က မိန်းမချောလေးက – “ကိုအေးချမ်း ဘာတွေစဉ်းစားနေ
တာလဲ -ခြံထဲဝင်မလဲ”
“အော် – ဟုတ် – ဟုတ် – ဟုတ်ကဲ့ဟုတ်ကဲ့”
မောင်အေ၊ချမ်း စဉ်းစားနေရာမှ
အယောင်ယောင် အမှားမှားဖြင့် မိန်းမ
ချောလေး ဖွင့်ပေးသောခြံတံခါးမှ
အတွင်းသို့ ဝင်လိုက်သည်။ အိမ်ပေါ်
တက်လိုက်သည်နှင့် မောင်အေးချမ်း
မျက်လုံးများ မှုးဝေသွားသည်ဟု ထင်
လိုက်မိသည်။ဧည့်ခန်းဆောင်တစ်ခုလုံး
မှာ ဖိတ်ဖိတ်တောက်အောင် အလှအပ
ပြင်ဆင်ထားပြီး နံရံကပ်ပန်းချီကားကြီး
များမှာလည်း ပင်လယ်ပြင်ကို ဖြတ်ကူး
နေသော ရွက်သင်္ဘောကြီးတစ်စင်းနှင့်
မြွေကြီးနှစ်ကောင်က ရွက်သင်္ဘောကြီး
အား မျှော်ငေးနေသည့် ပန်းချီကားများ ကို
ခန်းလုံးပြည့် ရေးဆွဲထားသည်ကို
တွေ့ရသည်၊ မိန်းမချောလေး ညွှန်ပြ
သောကုလားထိုင်တစ်လုံးတွင် ယို့ယို့
လေး ဝင်ထိုင်လိုက်သည်။ မိန်းမချော
လေးမှာအိမ်အတွင်းခန်းသို့ဝင်သွားပြီး
ခဏအကြာတွင် ငွေလင်ပန်းတစ်ချပ်
တွင်အလွန်ကြီးမားသောငှက်ပျောသီး
တစ်လုံးအား ထည့်ကာ စားပွဲပေါ်တင်လိုက်ရင်း
“ကိုအေ၊ချမ်၊ – ရောက်လာတုန်။
ခြံထဲကငှက်ပျောသီးမှည့်တာနဲ့အတော်ပဲ-စားပါဦး”
ဟု ပြောပြီ။ မောင်အေးချမ်းဘေး နားတွင်ဝင်ထိုင်လိုက်သည်။
မိန်းမချော လေးထံမှမွှေးပျံ့သောကိုယ်သင်းရနံ့များ
က မောင်အေးချမ်၊ရင်ကိုတစ်မျိုးတစ်ဖုံ
ခံစားသွားစေခဲ့သည်။ ဗိုက်က ဆာနေ
သဖြင့်လည်း ငှက်ပျောသီးကို ဖဲ့ယူစား
ပစ်လိုက်မှချိုမွှေးသောအရသာကြောင့်
လားမသိ ရင်ထဲကခံစားရသောဝေဒနာ
သက်သာသွားသည်မှာ အမှန်ပင်၊ထို
အခါဖချောလေးက-
“ကိုအေးချမ်းကိုပြောထားရဦးမယ်။
ကျွန်မတို့ မှာ ညီအစ်မနှစ်ယောက်
ရှိတယ်။ အစ်မကြီးက မြသက်မူတဲ့၊
ကျွန်မအငယ်မက မြသက်ဖြူလို့ခေါ် တယ်။
ကိုအေ၊ရပ်၊ကတော့ သက်ဖြူဖြူ
လို့ခေါ်ပါ။ အခု မိတ်ဆွေဖြစ်သွားပြီပဲ။
နောင်လည်းလာလည်ရဦးမယ်-နော” “လာလည်မှာပေါ့ဗျာ။ နွားကျောင်း
ရင်း စကရောက်လွန်းလို့သာ အိမ်
ရှင်က မျက်စိနောက်ပြီး မောင်းမထုတ်ပါ”
“မောင်းမထုတ်ပါဘူး- ရှင်ရ။ လာ စေချင်လို့တောင် တစ်ကူ၊တစ်က ခေါ်
လာခဲ့ရတာပဲမဟုတ်လား။ အို – နေပါ
ဦး-ကိုအေးချမ်းကိုလက်ဆောင်တစ်ခုပေးရဦးမယ်”
ဟူ၍ပြောကာ မြသက်ဖြူအိမ်
အတွင်း ဝင်သွားသည်။ ပြန်ထွက်လာ
သောအခါရွှေလက်စွပ်တစ်ကွင်းပါလာ
ပြီး မောင်အေးချမ်း၏ ဘယ်ဘက်လက်
သူကြွယ်တွင် မြသက်ဖြူကိုယ်တိုင်
ဝတ်ပေးလိုက်ပြီး-
“ကာလတစ်ခုမှာ ကိုအေးချမ်းနဲ့
ကျွန်မ ဆုံတွေ့ကြရမယ့်အမှတ်အသားပဲ-ကိုအေးချမ်း”
မောင်အေးချမ်းမှာ လက်စွပ် ကလေးကိုအသအရာကြည့်မိသည်။
လက်စွပ်မှာ ကျောက်နီလက်စွပ်ဖြစ်ပြီး
ရွှေသားကွင်းတွင် ကျောက်ဘက်သို့
ဦးခေါင်းလှည့်ထားသောမြွေရုပ်ကလေး
တစ်ဖက်တစ်ကောင် ပါရှိနေသည်ကို
စိတ်ထဲကထူးဆန်းနေသည်ဟုထင်မှတ်
ပြီးလက်စွပ်ကလေးအား ငေးကြည့်နေ
စဉ်မှာ ထိန်းမရအောင် ငိုက်မြည်းလာ
သဖြင့် တဝါးဝါး သပ်ပစ်လိုက်ရသည်။
ငှက်ပျောသီးစားထားသဖြင့် ဗိုက်လေး
ပြီး အိပ်ချင်လာခြင်းဖြစ်မည်ဟု ထင်
လိုက်မိသည်။မောင်အေးချမ်းစိုက်မြည်း နေသည်ကို မြသက်ဖြူကမြင်တွေ့သွားပြီး
“ကိုအေးချမ်း အိပ်ချင်နေလို့လား၊
ဒါဆို-လာလာ – ဒီအခန်းထဲမှာခဏနား ရင်၊ အိပ်လိုက်ပါလား”
အိပ်ခန်းတစ်ခုအတွင်း ခေါ်သွားပြီး
ခုတင်ပေါ်တွင် အိပ်ခိုင်းလိုက်သည်။
မောင်အေးချမ်းမှာ ချက်ချင်းအိပ်ပျော်
သွားသည်ဆိုသော်လည်း နိုးတစ်ဝက်၊
အိပ်တစ်ဝက် ဖြစ်နေသည်။ မြသက်ဖြူ
သူ့အနားသို့ ရောက်လာသည်ကို သိ
လိုက်ရသည်။ နောက်ပိုင်းတွင် မောင်
အေးချမ်း အိပ်ပျော်သွားသည်ဟု ခံစားလိုက်ရသည်။
မောင်အေ၊ချမ်၊ အိပ်ရာမှ နိုးလာ သောအခါ
ဟိုဟိုဒီဒီ လှမ်းကြည် ရင်း မြသက်ဖြူကိုရှာဖွေနေမိသည်။
မိမိအိပ်နေသာနေရာမှာ ပြသက်ဖြူတို့အိမ်
မဟုတ်ပဲကျောင်းရာပြင်ဘုရားပျက်နား
က ဘန့်ပွေးပင်ကြီးအောက်ဖြစ်နေ
ကြောင်း သိရသည်။ မောင်အေးချမ်း၏
အဖြစ်အပျက်မှာအိပ်မက်ဟုသာပြောရ
သော်လည်း လက်တွင် ဝတ်ထားသော
ကျောက်နီလက်စွပ်က သက်သေပြ
လျက် ရှိနေသည်။ မောင်အေးချမ်းမျက်
လုံးထဲတွင်လည်းချောမောလှပချစ်စရာ
ကောင်းသောမြသက်ဖြူ၏ ရုပ်ပုံလွှာကို
မြင်ယောင်ပြီး ယူကြုံးမရ ဖြစ်သွားခဲ့ရသည်။
အိမ်ပြန်ရောက်သော်လည်း
ပြသက်ဖြူကိုသာ သတိရမြင်ယောင်ပြီး မအိပ်နိုင်၊မစားနိုင်ဖြစ်ကာ တစ်နေ့ထက်
တစ်နေ့ ရောဂါပိုဆိုးလာပြီး နေမြင့်လေ
အရှု၊ရင့်လေဖြစ်လာခဲ့ရသည်။မိဘများ
ကလည်းမောင်အေးချမ်းခံစားနေရပုံကို
ကြည့်ပြီးစိတ်မချမ်းမသာဖြစ်ကြရသည်။
တစ်နေ့တွင် မောင်အေးရပ်၊အောက်
ညီမငယ် ပူစူးမက ကိုကြီးမှာ လက်စွပ်
တစ်ကွင်းဝတ်တာ တွေ့ရကြောင်း ပြော လာသဖြင့်
မိဘများမှာအံ့သြထိတ်လန့်စွာဖြင့် မောင်အေးချမ်းအား မေးမြန်း
ကြည့်ရှာသူကြုံတွေ့ခဲ့ရသောအဖြစ်မှန်
အား ပြောပြသည်။ မိဘများမှာ အလွန်
ပင်ထိတ်လန့်စိုးရိမ်သွားကြပြီးမကြံသာ
အဆုံး ရွာဦးကျောင်းက ဖိုးသူတော်
ဉာဏ်ကျယ်ကို ပင့်ခေါ်ပြသကြလေသည်။
ဖိုးသူတော် ဉာဏ်ကျယ်မှာ ဂမ္ဘီရ
သိပ္ပံနှင့်လောကီပညာအင်းအိုင်ခါးလှည့်
လက်ပွေ့မန္တန်များကို နှံ့စပ်သူဖြစ်သဖြင့်
မောင်အေ၊ချမ်၊ ဖြစ်ပျက်ခဲ့ပုံအား မေး မြန်းကြည့်ပြီးဝတ်ထားသောလက်စွပ်ကို
လည်း သေချာစွာကြည့်ရှုသည်။
“အိမ်း – ဒီကောင်ဟိုစေတီပျက်နာ၊ မှာ
စောင့်ရှောက်နေတဲ့ မြွေညီအစ်မနဲ့ တွေ့လာခဲ့တာကိုးကွယ်၊ရှေးလူကြီးတွေ
ပြောတာကဒီညီအစ်မနှစ်ယောက်ဟာ
မိဘတွေဆုံးပါးသွားတော့ရှိသမျှရတနာ
တွေကို ရွက်လှေကြီးနဲ့တင်ပြီး အိန္ဒိယ နိုင်ငံက
ထွက်ပြေးလာကြတာတဲ့။ အဲဒီ လို ရွက်လှေကြီးနဲ့
ပင်လယ်ပြင်ဖြတ် တော့ ဒီကုန်းတန်းမှာ ဟိုက်မိပြီး
ရွက် သင်္ဘောကြီးလဲ ပျက်၊ ပါလာတဲ့သူတွေ လည်း
သေဆိုတော့ ပစ္စည်းဥစ္စာမက် မောတဲ့ညီအစ်မခြွေဘဝနဲ့ပဲဒိဥစ္စာတွေ
စောင့်ရှောက်နေကြရတာတဲ့၊ တချို့ကလည်း ဘုရားသိုက်ဆိုပြီး ပြောကြတယ်။
ဒါတော့ဘယ်သူမှအတပ်မပြောနိုင်ဘူး
မဟုတ်လာ။ လက်စွပ်မှာပါတဲ့ မြွေရုပ်
ကလေးကတော့အထင်အရှားပဲကွယ့်၊
ဟုပြောပြီးဖိုးသူတော်ဉာဏ်ကျယ် မှာ
ငွေပြားဖြင့်ပြုလုပ်ထားသောလက်ဖွဲ့တစ်ကုံးအား မောင်အေးချမ်းလည်ပင်း
သို့ ဆွဲပေးလိုက်သည်။ ရွှေလက်စွပ်ကို
မိဘများ သိမ်းဆည်းထားရန်နှင့် မောင်
အေးချမ်းအား ကျောင်းရာပြင်ကွင်၊သို့ နွားကျောင်းမလွှတ်ရန်
မှာကြားခဲ့ပြီး ရွာဦးကျောင်းသို့ပြန်သွားလေသည်။
မောင်အေးချမ်းမှာ ဇိုးသူတော် ပြန် သွားပြီး
အကောင်းပကတိဖြစ်ကျန်ခဲ့ သည်။မိဘများကလည်းအလွန်ပင် ဝမ်း
သာလျက် အရင်ကလို သူ့အား စောင့်
ကြည့်နေကြသည်ဆိုသော်လည်းလယ်
သမားယာသမားများဖြစ်ကြသဖြင့်တစ်
ခါတစ်ရံ မောင်အေးချမ်းအား အိမ်တွင်
ထားပြီး ထွက်သွားရသည်လည်း ရှိခဲ့ သည်။
ထိုသို့နေလာရင်း တစ်နေ့တွင် မိဘများ လယ်ထဲက ပြန်လာရာ မောင်
အေးချမ်းအား အိမ်တွင် မတွေ့ရသဖြင့်
စိတ်ပူကာ တစ်ရွာလုံးအနှံ့ လိုက်ရှာကြ သည်။
လုံးဝမတွေ့ရတော့မှ အိမ်သို့ပြန် လာပြီး သိမ်းထားသော
လက်စွပ်အားပြန်ရှာရာ မတွေ့ရတော့မှ ပို၍ပင် ဝမ်း နည်းပူဆွေးဖြစ်ကြကာ ရွာသားများနှင့်
အတူလူစုခွဲပြီးတစ်ရွာပြီးတစ်ရွာလိုက်လံရှာဖွေကြရလေသည်။
ရွာသားများ တိးတိုးစကားပြောဆို
နေကြသည်မှာ ကျောင်းရာပြင်စေတီ ပျက်နားက ဒုန်းဒုန်းမြည်သိုက်မှာစောင့်
နေသော မြွေညီအစ်မက ခေါ်သွားလ
သည်လာ။ ဒါမှမဟုတ်ပဲ သတ်၍ပင်
ပစ်လေသည်လားအမျိုးမျိုးဝေဖန်ပြော
ဆိုလျက် ရှိကြလေသည်။ မောင်အေး
ချမ်းအား လိုက်လံရှာဖွေကြသည်မှာ
တစ်ရက်ပြီ။ တစ်ရက်တစ်လပြီးတပ်လ
သာကြာညောင်းလာသော်လည်းဘယ်
သတင်းကိုမျှအစအနမရရှိကြ။ သေဆုံး
သွားပြီဟု ပြောရအောင်ကလည်း
အလောင်းအား မည်သည့်နေရာမှာမှ
မတွေ့ကြရသဖြင့် မိဘများနှင့်ရွာသား
များမှာ လူပန်း စိတ်နွမ်းဖြင့် ဘယ်လိုမှ ဆုံးဖြတ်မရ ဖြစ်နေကြရကာ မောင်
အေးချမ်းအလောင်းကို ရှာဓဖွေခြင်းအား လက်လျှော့လိုက်ကြရလေသည်၊
ထိုအချိန်ကစပြီး နှစ်ပေါင်းများစွာ ကြာကာ ရဟိုင်းရွာမှာလည်း နီးစပ်ရာ ရွာများသို့ တစ်အိမ်ပြီးတပ်အိမ် ပြောင်း ရွှေ့သွားကြသဖြင့် တဖြည်းဖြည်း လူသူ
ကင်းမဲ့ကာ ဒဏ္ဍာရီထဲက ရွာပျက်ကြီး တစ်ခုအဖြစ် ကျန်ရစ်ခဲ့ လေတော့သည်။
အင်္ဂလိပ်အစိုရလက်ထက်မှာ အဖိုးတို့လူပျိုပေါက်အရွယ်ရောက်လာ
တဲ့တစ်နေ့ပေါ့၊ နွားကျောင်းသားများ ပြောစကားအရ ကျောင်းရာပြင်စေတီ
ပျက် အကြိုအကြားမှာ လူစိမ်းအဘိုးအို
တစ်ယောက်ကိုတွေ့ရတာသုံးလေးရက်
လောက် ရှိနေပြီဆိုပြီး သူကြီးကို လာ ပြောကြတယ်၊ အဲဒါနဲ့ လူကြီးတွေက
သိုက်ဆရာသိုက်တူးဖို့လာတာများလား
သွားပြီးမေးမြန်းကြရာထိုလူစမ်းအဘိုးအိုက-
“ကျုပ်နာမည်က ဦးစံထွန်းတဲ့၊
အနယ်နယ် အရပ်ရပ် လှည့် လည်ပြီး
သာသနာပြုဘုရားတည်နေတယ်၊အစု
ဒီနေရာမှာ မြေညီအစ် မအတွက်
သာသနာပြု ဘုရားတည်ပေးဖို့ တစ်
ယောက်ယောက်က တာဝန်ပေးလိုက်
လို့လာခဲ့ရတာ။ ဘုရားတည်တဲ့အခါရွာ
သားများကပါ ဝိုင်းဝန်းကူညီပေးစေချင် တယ်”
ဟု လူစိမ်းအဘိုးကြီး ဦးစံထွန်းက
ပြောလိုက်သဖြင့်ရွာလူကြီးများကလည်း
ကူညီပေးမည်ဖြစ်ကြောင်းနှင့်ရွာထဲတွင် လာရောက်နေထိုင်ပါရန်ဖိတ်ခေါ်သဖြင့်
အဘိုးဦးစံထွန်းမှာ သူကြီးအိမ်တွင်တည်း
ရှိရင်။ စေတီပျက်များနေရာမှာ စေတီ
တည်ရန် မြေနေရာရှာဖွေခဲ့ကြသည်။
သူကြီးရဲ့ အရှိန်အဝါနဲ့ ပတ်ဝန်းကျင်ရွာ
များကပါကူညီခဲ့ကြသဖြင့်သုံးလအတွင်း
လယ်တောင်ပြည့် စေတီတစ်ဆူအား
တည်ထားနိုင်ခဲ့သည်။ အဲဒီစေတီကို
ထီးတော်တင်ရေစက်ချလို့ပြီးတဲ့နောက်
နေ့ မနက်မိုးလင်းတော့မှ လူစိမ်းအဘိုး
ဦးစံထွန်းတစ်ယောက် အသားတွေညို
မည်းပြီး သေဆုံးနေတာ တွေ့ရလေသည်။
အဲဒီမှာတစ်ခုထူးဆန်းတာကသေ နေတဲ့လူစိမ်းအဘိုးကြီးဦးစံထွန်းရဲ့လက်
မှာ ဝတ်ထားတဲ့ ကျောက်နီလက်စွပ်
ကလေးပဲ။လက်စွပ်ကွင်းရဲ့ရွှေသားပေါ်
မှာကျောက်နီဘက် ဦးခေါင်းလှည့်ထား တဲ့ မြွေရုပ်နှစ်ကောင် ပါနေတာ တွေ့ရ တယ်၊ လာကြည့်တဲ့ ရွာသားတွေက တအံ့တဩနဲ့ “ဟင်-ဟာ တို့ရွာမှာ ပြောနေတဲ့ ဒဏ္ဍာရီထဲက မောင်အေး ချမ်းရဲ့လက်စွပ်ပဲ။ မောင်အေးချမ်းများ
ဖြစ်နေလေမည်လာ။ တစ်ရွာလုံးနှင့်
တစ်နယ်လုံးက အံ့ဩမဆုံး ပြောခဲ့ကြတယ်ကွာ၊
နောက်တစ်ခုထူးဆန်းတာကအဲဒီ ဦးစံထွန်းတည်ထားခဲ့တဲ့အင်းစောင်းက
စေတီမှာ မြွေကြီးတစ်ကောင်ကို အမြဲ
တွေ့နေရတယ်၊ သူ့ကိုကြည့်ရတာ ဝပ်၊
နည်းပန်းနည်းဖြစ်နေသလို တမှိုင်မှိုင်
တတွေတွေနဲ့၊ အခုတော့ စေတီနားမှာ
မြွေကြီးတွေ ရှိတယ်ဆိုပြီး ဘယ်သူမှ
မသွားရဲကြလို့ ဖုန်။ဆိုတာကြီးဖြစ်နေ
လေရဲ့ကွယ်။အဲဒါကြောင့်ဒီနေရာကုန်း
ကြောတစ်ဝိုက်ရဲ့မြေအောက်မှာ ရတနာ
သိုက်တွေ ရှိနေသလို မြွေအစောင့်
အရှောက်တွေလည်း ရှိနေကြတယ်။
မင်းတို့လူငယ်တွေ ပြောမှားဆိုမှားတစ်
ခုခုဖြစ်ရင် မကောင်းဘူ။ အဲဒါကြောင့်
ဒီနေရာကို မသွားကြဖို့ အဖိုးက အတန်
တန်ပြောနေရတာကွယ့်။
ကျွန်တော် ငယ်စဉ်က အဘိုး ဦးချမ်းမြပြောခဲ့သောစကားမှတ်သားခဲ့ ခြင်းဖြစ်ပါသည်။ ၁၉၈၆- ခုနှစ်က
ကျွန် တော်ရွာကိုတစ်ခေါက်ပြန်ရောက်တော့
ရမ်းဗြဲမြို့မှ အောင်လှပြင်ရွာအထိ ကား
လမ်းပေါက်နေပြီဖြစ်လို့ ယခင် တစ်ဝဂူ
စေတီနားကကားလမ်းဖြတ်ဖောက်ထား တာတွေ့ရသည်။တစ်ဝဂူစေတီကိုလည်း

ဦးရွှေတင်မောင်မိသားစုက ပြုပြင်ထား သလို ဦးအောင်စံထီးတည်ထားခဲ့သော
စေတီကိုလည်း တွေ့ခဲ့ရသည်။ ဒုန်းဒုန်း
ပြည် ကုန်းမြေတစ်လျှောက်မှာ ယခင်
စေတီပျက်တွေအစား ပြုပြင်မွမ်းမံထား
သော စေတီများ ထုံးဖွေးဖွေးနှင့် ဝမ်း
မြောက်ဖွယ်ရာ တွေ့ရှိရသည်။ သို့သော်
လည်း တစ်ချိန်က လူစိမ်းအဘိုးကြီး
ဦးစံထွန်း တည်ထားခဲ့သောစေတီမှာ
ပြုပြင်သူကင်းခဲ့ပြီး ချုံတောထဲမှာ မည်း
မည်းထီးထီးဖြင့် ယခုတိုင် ရှိနေဆဲဖြစ်
သဖြင့် စိတ်မကောင်း ဖြစ်မိသည်။ ကျွန်
တော်က သူငယ်ချင်းဖြစ်သူအား မေး ကြည့်သောအခါ သူငယ်ချင်၊က – “အဲဒီစေတီမှာသိုက်စောင့်မြွေ၊
တစ်ကောင် အမြဲရှိနေလို့ ဘယ်သူမှ လည်း မသွားရဲကြဘူး။ စေတီကို ပြုပြင် ချင်ပေမယ့် မြွေကိုတော့ ကြောက်ကြ တယ်ကွာ။တချို့ကဒုန်းဒုန်းပြည်ရတနာ သိုက်ထဲကမသက်ဖြူမှာ မြွေတစ်ကောင် အသွင်နဲ့ သူ့ချစ်သူ မောင်အေးချမ်းကို တမ်းတမ်းတတနဲ့ စောင့်နေတာလို့
လည်းပြောနေကြတယ်- သူငယ်ချင်း”
ဟု ပြောလိုက်သဖြင့် ကျွန်တော့် ရင်ထဲတွင် အောင့်ခနဲ ခံစားလိုက်ရပါ
သည်။ငယ်စဉ်ကကြားဖူးသောဒဏ္ဍာရီ
ထဲကမောင်အေးချမ်းကိုသတိရမိသည်။
ဒါဆိုရင် အခုထိရှိနေသောမြွေကြီးဟာ
ဘယ်သူလဲ၊ ရတနာသိုက်ထဲက
မြသက်ဖြူအမှန်ပဲလာ။မြွေရုပ်ပါသော
ကျောက်နီလက်စွပ်ကိုတယုတယ ဝတ်
ဆင်ခဲ့သော ဘုရားဒကာ ဦးစံထွန်းမှာ
ဒဏ္ဍာရီထဲက မောင်အေးချမ်းကော
မဖြစ်နိုင်ဘူးလား။ ဘယ်လိုပဲတွေးတွေး၊
ဦးစံထွန်းတည်ထားခဲ့သောဘုရားပေါ်မှာ
လွမ်းလွမ်းဆွေးဆွေးနဲ့ ယခုတိုင် မျှော်
ငေးလျက်ရှိနေသော မြွေကြီးကိုတော့
သနားမိသည်။ ဘယ်လိုဝဋ်ကြွေးနဲ့
ဘယ်ကာလအထိ စောင့်မျှော်ငေးမော
နေရလေဦးမည်နည်း။ရင်ထဲကအတွေး
များနှင့်အတူ ဒုန်းဒုန်းမြည်စေတီကုန်းမှ
ပြန်ဆင်းလာခဲ့ပါသည်။

Zawgyi Version

” ဒ႑ာရီပုံရိပ္ႏွင့္သိုက္ေစာင့္ေႁမြ “(စ/ဆုံး)
——————————————-

အခ်ိန္ကာလအားျဖင့္..
၁၉၅၃ – ခုေလာက္က ကြၽန္ေတာ္ မူလတန္းေက်ာင္းသားဘဝျဖစ္ပါသည္။
ထိုစဥ္ကကြၽန္ေတာ္တို႔တိုက္နယ္တစ္ခု
လုံးမွာ အစိုးရမူလတန္းေက်ာင္းသား
ဘဝျဖစ္ပါသည္။ထိုစဥ္ကကြၽန္ေတာ္တို႔
တိုက္နယ္တစ္ခုလုံးမွာ အစိုးရမူလတန္း
ေက်ာင္းဟူ၍ တစ္ေက်ာင္းသာရွိေနၿပီ။
လက္လုပ္းပီရာကေလးမ်ားလာေရာက္
ပညာသင္ၾကားၾကသည္။ထိုေက်ာင္းမွာ
ယခုအထိ ရွိေနေသာ အေနာက္႐ြာ မူလတန္း
ေက်ာင္းပင္ျဖစ္သည္၊ မူလတန္းေက်ာင္းရွိရာအေနာက္
႐ြာႏွင့္ကြၽန္ေတာ္တို႔အေရွ႕႐ြာမွာတစ္မိုင္
သာသာေဝးၿပီ၊႐ြာႏွစ္႐ြာအၾကားေျမျမင့္
ကုန္းတန္းႀကီးတစ္ခုရွိသည္။ ထိုကုန္း
တန္း၏ အလယ္ေလာက္တြင္ ေရွးပေဝ
သက္ကပင္ ေက်ာင္းရာပ်က္ႀကီးတစ္ခု
ရွိသည္၊ အလြန္ျမင့္မားေသာ အုန္းပင္၊
ထန္းပင္မ်ားႏွင့္ သက္တမ္းရင့္ ေညာင္
ၾကတ္ပင္မ်ား၊ ပိႏၷဲပင္၊ သရက္ပင္မ်ား
အုပ္ဆိုင္းေနသျဖင့္ ေႏြရာသီလမ္းသြား
လမ္းလာမ်ားေနရိပ္ခိုနားေနစရာလည္း
ေကာင္းလွသည္။ ထိုေက်ာင္းရာပ်က္
ႀကီးႏွင့္ကပ္လ်က္ရဟိုင္း႐ြာပ်က္ဟုေခၚ
ေသာ႐ြာပ်က္တြင္လည္းသစ္ပင္ခ်ဳံႏြယ္
မ်ားထူထပ္စြာေပါက္ေနသျဖင့္ခပ္လွမ္း
လွမ္းမွၾကည့္လွ်င္ နာနာဘာဝႀကီးတစ္
ေကာင္ အိပ္ေမာက်ေနသည္အလား ထင္မွတ္ၾကရသည္။
ေက်ာင္းရာပ်က္ႀကီး၏ ေျမာက္
ဘက္တြင္ အေပၚပိုင္း ၿပိဳက်ေနေသာ
တစ္ဝဂူေစတီပ်က္ႀကီးႏွင့္ ေစတီလား၊
အ႐ိုးအိုးလား မခြဲျခားႏိုင္ေသာအုတ္ပုံ
ႀကီးနစ္ခုမွာလည္း ပိစပ္ပင္မ်ား ဗုံ၊အုပ္
လ်က္ရွိေနေလသည္။ထိုကဲ့သို႔ပင္အန္း
ေစာင္းခ်ဳံေတာထဲတြင္ ေစတီမည္းမည္း
ႀကီးတစ္ဆူလည္း ရွိသည္။ ထိုေစတီ
ပ်က္မ်ားၾကားကလမ္းေၾကာင္းအတိုင္း
ကြၽန္ေတာ္တို႔ အေရွ႕႐ြာဘက္သို႔ ဆင္း
လိုက္လွ်င္ ကုန္းေစာင္းေျမတစ္ေနရာ
တြင္ လူသူ ကြၽဲႏြားမ်ား ျဖတ္သြားပါက
ေျမေအာက္လိုဏ္ေခါင္၊ထဲမွ ဒုန္း ဒုန္း
ဒုန္းဒုန္းႏွင့္လိုက္သံမ်ား ခပ္လွမ္းလွမ္း
ကပင္ ၾကားေနရသည္။ ေရွးလူႀကီးမ်ား စကား
အရဆိုလွ်င္ သူတို႔ ငယ္စဥ္က လိုက္ေခါင္းထဲမွ
ေ႐ႊေငြသံမ်ားတခြၽင္ခြၽင္ ၾကား ရေၾကာင္း ေျပာျပၾကသည္။
ကြၽန္ေတာ္တို႔လူငယ္မ်ား ေက်ာင္း
ဆင္းၿပီးျပန္လာလွ်င္အိမ္သို႔တန္းမျပန္
ပဲ ထိုေစတီပ်က္နားတြင္ လြယ္အိတ္ကို
စုပုံၿပီး စစ္တိုက္တန္းကစားေလ့ရွိသည္။
တစ္ဖြဲ႕ကအစို၊ရတပ္၊တစ္ဖက္ကအလံ
နီကြန္ျမဴနစ္တပ္၊ ကစားရသည္မွာ
အလြန္ေပ်ာ္စရာေကာင္းလွသည္။ ထို
သို႔ကစားၾကသည္ကို ႏြားေက်ာင္းရင္း
လာၾကည့္ေလ့ရွိေသာအဖိုးျဖဴလွေအာင္
က“စစ္တိုက္တန္းေတာ့ မကစားၾကပါ
နဲ႔ကြာ-တိုင္းျပည္အေျခအေနကလည္း
မေကာင္းေတာ့နိမိတ္မရွိတာမလုပ္ပါနဲ႔”
ဟူ၍ ခဏခဏေျပာဖူးသျဖင့္ကြၽန္ေတာ္
တို႔ အေနာက္႐ြာဘုန္းႀကီးေက်ာင္း အျပင္က
ၾကာနီကန္ေခၚ(ကုလား)ကန္ တြင္ေရကူးကစားၾကျပန္သည္။
တစ္ေန႔တြင္ စစ္တိုက္ကစားၿပီး
အိမ္ျပန္ေရာက္ေသာအခါအေမကဆီ၊ ၍ဆူပါေတာ့သည္။
အဆူခံထိ႐ုံတင္မကဝါးျခမ္းျပားနဲ႔ တင္ပါးကို အေဆာ္ခံထိ
ေတာ့သည္။အမွန္ေတာ့ေက်ာင္းရာျပင္
တြင္ ႏြားေက်ာင္းေသာ အဖိုးျဖဴလွ
ေအာင္၏လက္ခ်က္ပင္ျဖစ္သည္၊အမ
ကမွတ္သားေအာင္ ႐ိုက္ႏွက္ၿပီးမွ ဆုံးမ
စကားေျပာပါသည္။
“သားကို မကစားေစခ်င္လို႔ဆူတာ မဟုတ္ဘူ။
ၾကာကန္မွာဂရကၡ၊တယ္ ဆိုတာမိုးတြင္းမွာေရနက္တယ္၊တစ္ခု
ခုျဖစ္ရင္ အသက္ဆုံးရႈံးႏိုင္တယ္၊
ဒါေၾကာင့္ ဒီေန႔ကစၿပီး ေရမကူးရဘူး။
ၾကားလာ။ေနာက္တစ္ခုစစ္တိုက္တမ္း
ကစားတဲ့ေနရာ၊ ေက်ာင္းရာျပင္ကြင္း
ေစတီပ်က္နားဆိုတာ ႐ြာကမိန္းမေတြ
ေတာင္ မသြားရဲၾကဘူ။ သားတို႔ မို႔လို႔
မေၾကာက္မ႐ြံ႕ထိုးၿပီးကစားရဲၾကတာ။
အဲဒီေနရာမွာအေစာင့္အေရွာက္ေႁမြႀကီး
နစ္ေကာင္ ရွိတယ္တဲ့၊ အေစာင့္ဆိုတာ
လူစားလဲခ်င္ရင္ လိပ္ျပာလွ သူတို႔
အသက္ကို နတ္ယူသြားတတ္တယ္
သားရဲ႕။ ဒါေတြရွိေနလို႔ သြားၿပီးမကစား
ၾကနဲ႔ေနာ္။အဲဒီေစတီပ်က္ေတြအေၾကာင္း
အေမေျပာျပဦးမယ္”
“အေမတို႔ငယ္ငယ္တုန္းကတစ္ေန႔
မွာ ေက်ာင္းရွာျပင္ေစတီပ်က္ေတြကို
သိုက္တူးဖို႔ သိုက္စာရာတစ္ဖြဲ႕ ေရာက္
လာၿပီ၊ ညေမွာင္ေမွာင္ထဲ တူ၊ေတြ႕ရွာေဖြ
ေနၾကတုန္းမွာ ေခ်ာေမာလွပတဲ့ မိန္း
ကေလးတစ္ေယာက္ ေရာက္လာၿပီ။
“ဆရာတို႔ ေမာေမာနဲ႔ ေရေသာက္ၾကပါ
ဦး”လို႔ေျပာတာကို တစ္ေယာက္က
ေရဘူး လွမ္းလို႔အယူမွာ ေရဘူးက ေႁမြ
ႀကီးတစ္ေကာင္ျဖစ္ေနလို႔လႊတ္ခ်လိုက္
တာတစ္ကြင္းလုံးေရေတြျပည့္လွ်ံသြား
သတဲ့။အဲဒါေၾကာင့္သိုက္တူးသမားေတြ
ေရကူးရင္း တခ်ိဳ႕က ေႁမြကိုက္လို႔ေသ၊
မေသတဲ့လူက မိုးလင္းတဲ့အထိ ေျမျပင္
ကိုေရထင္ၿပီးကူးေနၾကတာ။ မနက္ေစာ
ေစာ အဘိုးဦးေ႐ႊဘန္၊ႏြားအစာေကြၽး
ရင္း “ေဟ့လူေတြ- ဒါဘာလုပ္တာလဲ”
လို႔ ေျပာမွ ေရကူးရပ္သြားၾကသတဲ့။
ဒီ ေနရာက ရတနာသိုက္ရွိတဲ့ေနရာဆို ေတာ့
အေစာင့္အေရွာက္ေတြနဲ႔ ဒီလို ရွိခဲ့တယ္ သားရဲ႕”
အေမေျပာျပေတာ့မွကြၽန္ေတာ္တို႔
လည္းေက်ာင္းရာျပင္ကြင္းဆိုရင္လွည့္
ေတာင္ မၾကည့္ရဲေတာ့ပဲ ေက်ာင္းစဥ္ ကုန္းမွာပဲ
ေဘာလုံးကစားျဖစ္ၾကေတာ့ သည္။
တစ္ေန႔တြင္ အဘို၊ ဦးခ်မ္းျမ ေခၚ သျဖင့္
ကြၽန္ေတာ္တို႔ သူငယ္ခ်င္းသုံး
ေယာက္ အေျပးကေလး ေရာက္သြား
ၾကသည္။ အဘိုးမွာ အသက္ရွစ္ဆယ္
ေက်ာ္ေနၿပီ။အရင္ကလိုထုတ္ေကာက္
တစ္ေခ်ာင္းနဲ႔ ႐ြာထဲ မေရာက္ျဖစ္ေတာ့
အိမ္မွာပဲလမ္းေလွ်ာက္လိုက္၊ပက္လက္
ကုလားထိုင္မွာထိုင္လိုက္နဲ႔ အရင္ႏွစ္
မ်ားက ကြၽန္ေတာ္တို႔သုံးေယာက္ ကြၽန္ ေတာ္ရယ္၊
ေမာင္တင္ျမရယ္၊ ဖိုးခ်စ္ဦး ရယ္၊ ဒုတိယတန္းနဲ႔
တတိယတန္းမွာ ထူးခြၽန္စြာေအာင္ျမင္ခဲ့ၾကသျဖင့္
အဘိုး က ေက်နပ္ကာ “ဒါမွ ငါ့ေျမးေတြ
တစ္ ေန႔မွာ ႐ုံးတစ္လုံး ဓားတစ္စင္း အစိုးရ
အရာရွိေတြ ျဖစ္လာမွာ” ဟု ဂုဏ္ယူဝင့္
ႂကြားၿပီးမႈန႔္ဖိုးခဏခဏေပးေလ့ရွိသည္။
ယခုလည္းကြၽန္ေတာ္တို႔သုံးေယာက္မွာ
မုန႔္ဖိုးရမည္အထင္ျဖင့္ အေျပးအလႊား
လိုက္လာခဲ့ၾကသည္။ အိမ္ေရွ႕ေရာက္
သည္ႏွင့္ ဗိုးခ်စ္ဦးက ဦးစြာသတင္းပို႔လိုက္သည္။
“အဘိုး- ကြၽန္ေတာ္တို႔သုံး
ေယာက္ ေရာက္ပါၿပီ ခင္ဗ်ား”
ဖိုးခ်ဳပ္ဦး၏အသံၾကားလိုက္ရသျဖင့္
အဘိုးမွာ အိပ္ရာထဲ လွဲေနရာမွထထိုင္လိုက္ၿပီး
“ဟင္း- မင္းတို႔ေမ်ာက္သုံးေကာင္
ေရာက္လာၾကၿပီကိုး။ မင္းတို႔ကို နားရင္း၊ တီးဖို႔ ေခၚတာေဟ့”
အဘိုးစကားေၾကာင့္ကြၽန္ေတာ္တို႔ အားလုံး
ဇက္ကေလး ပုဝင္သြားၾကၿပီး တစ္ေယာက္မ်က္ႏွာတစ္ေယာက္လွမ္း
ၾကည့္ေနလိုက္ၾကသည္။
“မင္းတို႔ကလူဆိုးေတြပဲ။အေမသုံး ေယာက္စလုံးက
အဘိုးေျမးေတြ ဆုံးမ ေပး ပါဦး လာေျပာလို႔ ဆုံ။မမလို႔ မင္းတို႔ကိုေခၚတာ”
“ကြၽန္ေတာ္တို႔ဘာမ်ား ဆိုးမိလို႔လဲအဖိုး”
“ဟင္ – ဆိုးတယ္ဆိုတာ လူႀကီး မိဘ ေျပာမရ၊ လုပ္ခ်င္တာလုပ္ၿပီ။ ဆို။
တာကတစ္မ်ိဳးကြ၊ ေနာက္တစ္မ်ိဳးက
ဘယ္မွာပဲေနေန၊ ဘယ္ကိုပဲေရာက္
ေရာက္တျခားကေလးေတြထက္ထူးၿပီး
ေမ်ာက္ရႈံးေအာင္ေဆာ့တတ္တာလဲဆို၊
တာပဲကြ။ မင္းတို႔သုံးေယာက္ဦးေဆာင္
ၿပီး ေက်ာင္းရာျပင္ကြင္းဖဝတီပ်က္ေတြ
မွာသြားကစားၾကတယ္ဆို။ကစားဖို႔ေန
ရာရွားလို႔။ မင္းတို႔လို မလိမ္ဖို။ မလိမၼာ
ကေလးေတြ သြားကစားလို႔ မသင့္ဘူး။
အေစာင့္အေရွာက္ပြဲႀကီးေတြ ရွိတယ္။
သြားမကစားတာအေကာင္းဆုံးပဲ။ ဒီေန
ရာနဲ႔ပတ္သက္လို႔မင္းတို႔ကို ေျပာစရာရွိ
တယ္။အဘိုးလည္း မမီလိုက္ေတာ့ပုံျပင္
ဒ႑ာရီတစ္ခုလို႔ပဲမွတ္ထားၾကေပါ့ကြာ”
ကြၽန္ေတာ္တို႔သုံးေယာက္ အဘို၊
ေျပာျပမယ့္ပုံျပင္ကို နားေထာင္ရန္ ေန
ရာျပင္ထိုင္ရင္းေစာင့္ေနလိုက္ၾကသည္။
အဘိုးမွာ အိပ္ရာေဘးတြင္ အသင့္ရွိ
ေနေသာ ေရေႏြးအိုးမွ ေရေႏြးတစ္ခြက္
ငုံ႔ေသာက္လိုက္ၿပီး-
“မင္းတို႔အားလုံး ေက်ာင္းရာျပင္ နားက ရဟိုင္း႐ြာပ်က္ကို သိၾကတယ္ေနာ္”
“ဟုတ္ကဲ့ – သိပါတယ္ = အဘို၊”
“ဟိုအရင္တုန္းက တစ္ေန႔မွာအဲဒီ ရဟိုင္း႐ြာသား အသက္ ႏွစ္ဆယ္႐ြယ္၊
ေမာင္ေအးခ်မ္းဆိုသူ လူငယ္တစ္
ေယာက္ ေက်ာင္းရာျပင္ကြင္းမွာ ႏြား
ေက်ာင္းရင္းေက်ာင္းရာျပင္ ေစတီပ်က္
အန္၊ ဘန႔္ေပြးပင္ႀကီးေအာက္မွာ အိပ္
ေပ်ာ္သြားခဲ့သည္။ ထိုအခ်ိန္မွာ အင္
မတန္ေခ်ာေမာလွပတဲ့မိန္းမပ်ိဳေလး
တစ္ေယာက္ ေတာပန္းေလးတစ္ခိုင္
ကိုင္ၿပီး ေစတီပ်က္ႀကီး၏ တစ္ဂူထဲ
ဝင္ေရာက္ေပ်ာက္ကြယ္သြားသည္။
ေမာင္ေအးခ်မ္းစိတ္ထဲက“ဘယ့္နယ္
ဒီတစ္ဝဂူဘုရားပ်က္မွာ ဘယ္သူမွ
လည္း ပန္းဆီမီးလာကပ္သူမရွိ၊ ခ်ဳံက
ထုေနသျဖင့္ ေႁမြပါးကင္းပါး အႏၲရာယ္ က ရွိေနသည္။
ဒါကို မိန္းမေခ်ာေလး မသိေလေရာ့သလာ။”
အေတြးနဲ႔အတူ တစ္ဝဂူအနီ။သို႔ လိုက္သြားၿပီး
မေရာေလးကိုေစာင့္ၾကည့္ေနလိုက္သည္။
သိပ္မၾကာခင္မေခ်ာေလးတစ္ဝဂူ
အတြင္းမွ ျပန္ထြက္လာၿပီ၊ ေမာင္ေအးခ်မ္းအား
ျမင္ေတြ႕သြားသည္။မိန္းမေခ်ာ
ေလးမွာႏွစ္လိုဖြယ္တစ္ခ်က္ၿပဳံးလိုက္ၿပီ။
ေမာင္ေအးခ်မ္။အား သိကြၽမ္းခင္မင္သူ
တစ္ေယာက္ပမာလွမ္းႏႈတ္ဆက္လိုက္သည္။
“ကိုေအ၊ခ်မ္။ – ႏြားလာေက်ာင္း တာလား။
မေန႔က ႏြားတစ္ေကာင္ ကြၽန္မတို႔ၿခံထဲ ဝင္လာေသးတယ္”
“ဟင္ – ဒီနားမွာ ဘယ္ၿခံမွလည္း မရွိပဲနဲ႔။
ခင္ဗ်ားတို႔ၿခံကဘယ္နားမွာမို႔လဲ။
ဘာေတြစားသြားေသးလဲဗ်ာ”
ေမာင္ေအးခ်မ္းက စိုးရိမ္တႀကီး ျပန္ေမးလိုက္သျဖင့္
မိန္းမေခ်ာေလးက အသံထြက္ေအာင္ပင္ တစ္ခ်က္ရယ္ေမာလိုက္ၿပီ။ –
“အဟိ-ဟိ-ဟိ-ဘာမွစားမသြား
ပါဘူးရွင္။ သိပ္လဲ စိုးရိမ္မေနပါနဲ႔။
ကြၽန္မ တို႔နဲ႔အိပ္ကဒီနားသစ္ေတာအင္းေဘး နားမွာေလ။
ကိုေအးခ်မ္းေရာက္ဖူးတယ္ ရွိေအာင္လိုက္လည္ပါဦးလား”
ေမာင္ေအးခ်မ္းမွာ လူပ်ိဳကာလ သားပီပီအခုလိုတစိပ္၊မိန္းကေလးတစ္
ေယာက္က အိမ္လည္ေခၚေတာ့ ဘာမွ
စဥ္းစားမေနေတာ့ပဲ စိန္ေခၚရင္တိမ္ေပၚ မက
အိမ္ေပၚထိလိုက္မယ့္အစားမ်ိဳးမို႔
ႏွစ္ခါမေခၚလိုက္ရၿပီးၿပီးၿပီးႀကီးလုပ္ကာ-
“ေခၚရင္လိုက္မွာေပါ့- ဟု တစ္ခ်က္သာ ေျပာလိုက္ၿပီး
မိန္၊မေခ်ာေလးေနာက္သို႔
ေ႐ြ႕ခနဲ ထ လိုက္သြားခဲ့သည္။ မၾကာလိုက္ပါ၊ၿခံဝင္း
ႀကီးတစ္ခုအတြင္းကအိမ္ႀကီးတစ္လုံးကို
လွမ္းျမင္လိုက္ရသည္။ ထိုအိမ္ႀကီးမွာ ေမာင္ေအးခ်မ္းတို႔႐ြာက အိမ္မ်ားႏွင့္
မတူပဲ ဗလာစာအုပ္အဖုံးတြင္ ျမင္ဖူး
ေသာ႐ြက္ေလွႀကီးႏွင့္အလြန္ပင္တူေန
ေၾကာင္း အံ့ဩဖြယ္ရာ ေတြ႕လိုက္ရ
သည္။ ခါတိုင္းဆိုလွ်င္ ဒီေနရာမွာ ဘာမွ မရွိ၊
သင္ေတာအင္းကမ္းစပ္က ခ်ဳံေတာ မ်ားသာ
ရွိေနသျဖင့္ ေမာင္ေအးခ်မ္း စိတ္ထဲက စဥ္းစားမရျဖစ္ေနမိသည္။
ထိုစဥ္က မိန္းမေခ်ာေလးက – “ကိုေအးခ်မ္း ဘာေတြစဥ္းစားေန
တာလဲ -ၿခံထဲဝင္မလဲ”
“ေအာ္ – ဟုတ္ – ဟုတ္ – ဟုတ္ကဲ့ဟုတ္ကဲ့”
ေမာင္ေအ၊ခ်မ္း စဥ္းစားေနရာမွ
အေယာင္ေယာင္ အမွားမွားျဖင့္ မိန္းမ
ေခ်ာေလး ဖြင့္ေပးေသာၿခံတံခါးမွ
အတြင္းသို႔ ဝင္လိုက္သည္။ အိမ္ေပၚ
တက္လိုက္သည္ႏွင့္ ေမာင္ေအးခ်မ္း
မ်က္လုံးမ်ား မႈးေဝသြားသည္ဟု ထင္
လိုက္မိသည္။ဧည့္ခန္းေဆာင္တစ္ခုလုံး
မွာ ဖိတ္ဖိတ္ေတာက္ေအာင္ အလွအပ
ျပင္ဆင္ထားၿပီး နံရံကပ္ပန္းခ်ီကားႀကီး
မ်ားမွာလည္း ပင္လယ္ျပင္ကို ျဖတ္ကူး
ေနေသာ ႐ြက္သေဘၤာႀကီးတစ္စင္းႏွင့္
ေႁမြႀကီးႏွစ္ေကာင္က ႐ြက္သေဘၤာႀကီး
အား ေမွ်ာ္ေငးေနသည့္ ပန္းခ်ီကားမ်ား ကို
ခန္းလုံးျပည့္ ေရးဆြဲထားသည္ကို
ေတြ႕ရသည္၊ မိန္းမေခ်ာေလး ၫႊန္ျပ
ေသာကုလားထိုင္တစ္လုံးတြင္ ယို႔ယို႔
ေလး ဝင္ထိုင္လိုက္သည္။ မိန္းမေခ်ာ
ေလးမွာအိမ္အတြင္းခန္းသို႔ဝင္သြားၿပီး
ခဏအၾကာတြင္ ေငြလင္ပန္းတစ္ခ်ပ္
တြင္အလြန္ႀကီးမားေသာငွက္ေပ်ာသီး
တစ္လုံးအား ထည့္ကာ စားပြဲေပၚတင္လိုက္ရင္း
“ကိုေအ၊ခ်မ္၊ – ေရာက္လာတုန္။
ၿခံထဲကငွက္ေပ်ာသီးမွည့္တာနဲ႔အေတာ္ပဲ-စားပါဦး”
ဟု ေျပာၿပီ။ ေမာင္ေအးခ်မ္းေဘး နားတြင္ဝင္ထိုင္လိုက္သည္။
မိန္းမေခ်ာ ေလးထံမွေမႊးပ်ံ႕ေသာကိုယ္သင္းရနံ႔မ်ား
က ေမာင္ေအးခ်မ္၊ရင္ကိုတစ္မ်ိဳးတစ္ဖုံ
ခံစားသြားေစခဲ့သည္။ ဗိုက္က ဆာေန
သျဖင့္လည္း ငွက္ေပ်ာသီးကို ဖဲ့ယူစား
ပစ္လိုက္မွခ်ိဳေမႊးေသာအရသာေၾကာင့္
လားမသိ ရင္ထဲကခံစားရေသာေဝဒနာ
သက္သာသြားသည္မွာ အမွန္ပင္၊ထို
အခါဖေခ်ာေလးက-
“ကိုေအးခ်မ္းကိုေျပာထားရဦးမယ္။
ကြၽန္မတို႔ မွာ ညီအစ္မႏွစ္ေယာက္
ရွိတယ္။ အစ္မႀကီးက ျမသက္မူတဲ့၊
ကြၽန္မအငယ္မက ျမသက္ျဖဴလို႔ေခၚ တယ္။
ကိုေအ၊ရပ္၊ကေတာ့ သက္ျဖဴျဖဴ
လို႔ေခၚပါ။ အခု မိတ္ေဆြျဖစ္သြားၿပီပဲ။
ေနာင္လည္းလာလည္ရဦးမယ္-ေနာ” “လာလည္မွာေပါ့ဗ်ာ။ ႏြားေက်ာင္း
ရင္း စကေရာက္လြန္းလို႔သာ အိမ္
ရွင္က မ်က္စိေနာက္ၿပီး ေမာင္းမထုတ္ပါ”
“ေမာင္းမထုတ္ပါဘူး- ရွင္ရ။ လာ ေစခ်င္လို႔ေတာင္ တစ္ကူ၊တစ္က ေခၚ
လာခဲ့ရတာပဲမဟုတ္လား။ အို – ေနပါ
ဦး-ကိုေအးခ်မ္းကိုလက္ေဆာင္တစ္ခုေပးရဦးမယ္”
ဟူ၍ေျပာကာ ျမသက္ျဖဴအိမ္
အတြင္း ဝင္သြားသည္။ ျပန္ထြက္လာ
ေသာအခါေ႐ႊလက္စြပ္တစ္ကြင္းပါလာ
ၿပီး ေမာင္ေအးခ်မ္း၏ ဘယ္ဘက္လက္
သူႂကြယ္တြင္ ျမသက္ျဖဴကိုယ္တိုင္
ဝတ္ေပးလိုက္ၿပီး-
“ကာလတစ္ခုမွာ ကိုေအးခ်မ္းနဲ႔
ကြၽန္မ ဆုံေတြ႕ၾကရမယ့္အမွတ္အသားပဲ-ကိုေအးခ်မ္း”
ေမာင္ေအးခ်မ္းမွာ လက္စြပ္ ကေလးကိုအသအရာၾကည့္မိသည္။
လက္စြပ္မွာ ေက်ာက္နီလက္စြပ္ျဖစ္ၿပီး
ေ႐ႊသားကြင္းတြင္ ေက်ာက္ဘက္သို႔
ဦးေခါင္းလွည့္ထားေသာေႁမြ႐ုပ္ကေလး
တစ္ဖက္တစ္ေကာင္ ပါရွိေနသည္ကို
စိတ္ထဲကထူးဆန္းေနသည္ဟုထင္မွတ္
ၿပီးလက္စြပ္ကေလးအား ေငးၾကည့္ေန
စဥ္မွာ ထိန္းမရေအာင္ ငိုက္ျမည္းလာ
သျဖင့္ တဝါးဝါး သပ္ပစ္လိုက္ရသည္။
ငွက္ေပ်ာသီးစားထားသျဖင့္ ဗိုက္ေလး
ၿပီး အိပ္ခ်င္လာျခင္းျဖစ္မည္ဟု ထင္
လိုက္မိသည္။ေမာင္ေအးခ်မ္းစိုက္ျမည္း ေနသည္ကို ျမသက္ျဖဴကျမင္ေတြ႕သြားၿပီး
“ကိုေအးခ်မ္း အိပ္ခ်င္ေနလို႔လား၊
ဒါဆို-လာလာ – ဒီအခန္းထဲမွာခဏနား ရင္၊ အိပ္လိုက္ပါလား”
အိပ္ခန္းတစ္ခုအတြင္း ေခၚသြားၿပီး
ခုတင္ေပၚတြင္ အိပ္ခိုင္းလိုက္သည္။
ေမာင္ေအးခ်မ္းမွာ ခ်က္ခ်င္းအိပ္ေပ်ာ္
သြားသည္ဆိုေသာ္လည္း ႏိုးတစ္ဝက္၊
အိပ္တစ္ဝက္ ျဖစ္ေနသည္။ ျမသက္ျဖဴ
သူ႔အနားသို႔ ေရာက္လာသည္ကို သိ
လိုက္ရသည္။ ေနာက္ပိုင္းတြင္ ေမာင္
ေအးခ်မ္း အိပ္ေပ်ာ္သြားသည္ဟု ခံစားလိုက္ရသည္။
ေမာင္ေအ၊ခ်မ္၊ အိပ္ရာမွ ႏိုးလာ ေသာအခါ
ဟိုဟိုဒီဒီ လွမ္းၾကည္ ရင္း ျမသက္ျဖဴကိုရွာေဖြေနမိသည္။
မိမိအိပ္ေနသာေနရာမွာ ျပသက္ျဖဴတို႔အိမ္
မဟုတ္ပဲေက်ာင္းရာျပင္ဘုရားပ်က္နား
က ဘန႔္ေပြးပင္ႀကီးေအာက္ျဖစ္ေန
ေၾကာင္း သိရသည္။ ေမာင္ေအးခ်မ္း၏
အျဖစ္အပ်က္မွာအိပ္မက္ဟုသာေျပာရ
ေသာ္လည္း လက္တြင္ ဝတ္ထားေသာ
ေက်ာက္နီလက္စြပ္က သက္ေသျပ
လ်က္ ရွိေနသည္။ ေမာင္ေအးခ်မ္းမ်က္
လုံးထဲတြင္လည္းေခ်ာေမာလွပခ်စ္စရာ
ေကာင္းေသာျမသက္ျဖဴ၏ ႐ုပ္ပုံလႊာကို
ျမင္ေယာင္ၿပီး ယူႀကဳံးမရ ျဖစ္သြားခဲ့ရသည္။
အိမ္ျပန္ေရာက္ေသာ္လည္း
ျပသက္ျဖဴကိုသာ သတိရျမင္ေယာင္ၿပီး မအိပ္ႏိုင္၊မစားႏိုင္ျဖစ္ကာ တစ္ေန႔ထက္
တစ္ေန႔ ေရာဂါပိုဆိုးလာၿပီး ေနျမင့္ေလ
အရႈ၊ရင့္ေလျဖစ္လာခဲ့ရသည္။မိဘမ်ား
ကလည္းေမာင္ေအးခ်မ္းခံစားေနရပုံကို
ၾကည့္ၿပီးစိတ္မခ်မ္းမသာျဖစ္ၾကရသည္။
တစ္ေန႔တြင္ ေမာင္ေအးရပ္၊ေအာက္
ညီမငယ္ ပူစူးမက ကိုႀကီးမွာ လက္စြပ္
တစ္ကြင္းဝတ္တာ ေတြ႕ရေၾကာင္း ေျပာ လာသျဖင့္
မိဘမ်ားမွာအံ့ၾသထိတ္လန႔္စြာျဖင့္ ေမာင္ေအးခ်မ္းအား ေမးျမန္း
ၾကည့္ရွာသူႀကဳံေတြ႕ခဲ့ရေသာအျဖစ္မွန္
အား ေျပာျပသည္။ မိဘမ်ားမွာ အလြန္
ပင္ထိတ္လန႔္စိုးရိမ္သြားၾကၿပီးမႀကံသာ
အဆုံး ႐ြာဦးေက်ာင္းက ဖိုးသူေတာ္
ဉာဏ္က်ယ္ကို ပင့္ေခၚျပသၾကေလသည္။
ဖိုးသူေတာ္ ဉာဏ္က်ယ္မွာ ဂမၻီရ
သိပၸံႏွင့္ေလာကီပညာအင္းအိုင္ခါးလွည့္
လက္ေပြ႕မႏၲန္မ်ားကို ႏွံ႔စပ္သူျဖစ္သျဖင့္
ေမာင္ေအ၊ခ်မ္၊ ျဖစ္ပ်က္ခဲ့ပုံအား ေမး ျမန္းၾကည့္ၿပီးဝတ္ထားေသာလက္စြပ္ကို
လည္း ေသခ်ာစြာၾကည့္ရႈသည္။
“အိမ္း – ဒီေကာင္ဟိုေစတီပ်က္နာ၊ မွာ
ေစာင့္ေရွာက္ေနတဲ့ ေႁမြညီအစ္မနဲ႔ ေတြ႕လာခဲ့တာကိုးကြယ္၊ေရွးလူႀကီးေတြ
ေျပာတာကဒီညီအစ္မႏွစ္ေယာက္ဟာ
မိဘေတြဆုံးပါးသြားေတာ့ရွိသမွ်ရတနာ
ေတြကို ႐ြက္ေလွႀကီးနဲ႔တင္ၿပီး အိႏၵိယ ႏိုင္ငံက
ထြက္ေျပးလာၾကတာတဲ့။ အဲဒီ လို ႐ြက္ေလွႀကီးနဲ႔
ပင္လယ္ျပင္ျဖတ္ ေတာ့ ဒီကုန္းတန္းမွာ ဟိုက္မိၿပီး
႐ြက္ သေဘၤာႀကီးလဲ ပ်က္၊ ပါလာတဲ့သူေတြ လည္း
ေသဆိုေတာ့ ပစၥည္းဥစၥာမက္ ေမာတဲ့ညီအစ္မေႁခြဘဝနဲ႔ပဲဒိဥစၥာေတြ
ေစာင့္ေရွာက္ေနၾကရတာတဲ့၊ တခ်ိဳ႕ကလည္း ဘုရားသိုက္ဆိုၿပီး ေျပာၾကတယ္။
ဒါေတာ့ဘယ္သူမွအတပ္မေျပာႏိုင္ဘူး
မဟုတ္လာ။ လက္စြပ္မွာပါတဲ့ ေႁမြ႐ုပ္
ကေလးကေတာ့အထင္အရွားပဲကြယ့္၊
ဟုေျပာၿပီးဖိုးသူေတာ္ဉာဏ္က်ယ္ မွာ
ေငြျပားျဖင့္ျပဳလုပ္ထားေသာလက္ဖြဲ႕တစ္ကုံးအား ေမာင္ေအးခ်မ္းလည္ပင္း
သို႔ ဆြဲေပးလိုက္သည္။ ေ႐ႊလက္စြပ္ကို
မိဘမ်ား သိမ္းဆည္းထားရန္ႏွင့္ ေမာင္
ေအးခ်မ္းအား ေက်ာင္းရာျပင္ကြင္၊သို႔ ႏြားေက်ာင္းမလႊတ္ရန္
မွာၾကားခဲ့ၿပီး ႐ြာဦးေက်ာင္းသို႔ျပန္သြားေလသည္။
ေမာင္ေအးခ်မ္းမွာ ဇိုးသူေတာ္ ျပန္ သြားၿပီး
အေကာင္းပကတိျဖစ္က်န္ခဲ့ သည္။မိဘမ်ားကလည္းအလြန္ပင္ ဝမ္း
သာလ်က္ အရင္ကလို သူ႔အား ေစာင့္
ၾကည့္ေနၾကသည္ဆိုေသာ္လည္းလယ္
သမားယာသမားမ်ားျဖစ္ၾကသျဖင့္တစ္
ခါတစ္ရံ ေမာင္ေအးခ်မ္းအား အိမ္တြင္
ထားၿပီး ထြက္သြားရသည္လည္း ရွိခဲ့ သည္။
ထိုသို႔ေနလာရင္း တစ္ေန႔တြင္ မိဘမ်ား လယ္ထဲက ျပန္လာရာ ေမာင္
ေအးခ်မ္းအား အိမ္တြင္ မေတြ႕ရသျဖင့္
စိတ္ပူကာ တစ္႐ြာလုံးအႏွံ႔ လိုက္ရွာၾက သည္။
လုံးဝမေတြ႕ရေတာ့မွ အိမ္သို႔ျပန္ လာၿပီး သိမ္းထားေသာ
လက္စြပ္အားျပန္ရွာရာ မေတြ႕ရေတာ့မွ ပို၍ပင္ ဝမ္း နည္းပူေဆြးျဖစ္ၾကကာ ႐ြာသားမ်ားႏွင့္
အတူလူစုခြဲၿပီးတစ္႐ြာၿပီးတစ္႐ြာလိုက္လံရွာေဖြၾကရေလသည္။
႐ြာသားမ်ား တိးတိုးစကားေျပာဆို
ေနၾကသည္မွာ ေက်ာင္းရာျပင္ေစတီ ပ်က္နားက ဒုန္းဒုန္းျမည္သိုက္မွာေစာင့္
ေနေသာ ေႁမြညီအစ္မက ေခၚသြားလ
သည္လာ။ ဒါမွမဟုတ္ပဲ သတ္၍ပင္
ပစ္ေလသည္လားအမ်ိဳးမ်ိဳးေဝဖန္ေျပာ
ဆိုလ်က္ ရွိၾကေလသည္။ ေမာင္ေအး
ခ်မ္းအား လိုက္လံရွာေဖြၾကသည္မွာ
တစ္ရက္ၿပီ။ တစ္ရက္တစ္လၿပီးတပ္လ
သာၾကာေညာင္းလာေသာ္လည္းဘယ္
သတင္းကိုမွ်အစအနမရရွိၾက။ ေသဆုံး
သြားၿပီဟု ေျပာရေအာင္ကလည္း
အေလာင္းအား မည္သည့္ေနရာမွာမွ
မေတြ႕ၾကရသျဖင့္ မိဘမ်ားႏွင့္႐ြာသား
မ်ားမွာ လူပန္း စိတ္ႏြမ္းျဖင့္ ဘယ္လိုမွ ဆုံးျဖတ္မရ ျဖစ္ေနၾကရကာ ေမာင္
ေအးခ်မ္းအေလာင္းကို ရွာဓေဖြျခင္းအား လက္ေလွ်ာ့လိုက္ၾကရေလသည္၊
ထိုအခ်ိန္ကစၿပီး ႏွစ္ေပါင္းမ်ားစြာ ၾကာကာ ရဟိုင္း႐ြာမွာလည္း နီးစပ္ရာ ႐ြာမ်ားသို႔ တစ္အိမ္ၿပီးတပ္အိမ္ ေျပာင္း ေ႐ႊ႕သြားၾကသျဖင့္ တျဖည္းျဖည္း လူသူ
ကင္းမဲ့ကာ ဒ႑ာရီထဲက ႐ြာပ်က္ႀကီး တစ္ခုအျဖစ္ က်န္ရစ္ခဲ့ ေလေတာ့သည္။
အဂၤလိပ္အစိုရလက္ထက္မွာ အဖိုးတို႔လူပ်ိဳေပါက္အ႐ြယ္ေရာက္လာ
တဲ့တစ္ေန႔ေပါ့၊ ႏြားေက်ာင္းသားမ်ား ေျပာစကားအရ ေက်ာင္းရာျပင္ေစတီ
ပ်က္ အႀကိဳအၾကားမွာ လူစိမ္းအဘိုးအို
တစ္ေယာက္ကိုေတြ႕ရတာသုံးေလးရက္
ေလာက္ ရွိေနၿပီဆိုၿပီး သူႀကီးကို လာ ေျပာၾကတယ္၊ အဲဒါနဲ႔ လူႀကီးေတြက
သိုက္ဆရာသိုက္တူးဖို႔လာတာမ်ားလား
သြားၿပီးေမးျမန္းၾကရာထိုလူစမ္းအဘိုးအိုက-
“က်ဳပ္နာမည္က ဦးစံထြန္းတဲ့၊
အနယ္နယ္ အရပ္ရပ္ လွည့္ လည္ၿပီး
သာသနာျပဳဘုရားတည္ေနတယ္၊အစု
ဒီေနရာမွာ ေျမညီအစ္ မအတြက္
သာသနာျပဳ ဘုရားတည္ေပးဖို႔ တစ္
ေယာက္ေယာက္က တာဝန္ေပးလိုက္
လို႔လာခဲ့ရတာ။ ဘုရားတည္တဲ့အခါ႐ြာ
သားမ်ားကပါ ဝိုင္းဝန္းကူညီေပးေစခ်င္ တယ္”
ဟု လူစိမ္းအဘိုးႀကီး ဦးစံထြန္းက
ေျပာလိုက္သျဖင့္႐ြာလူႀကီးမ်ားကလည္း
ကူညီေပးမည္ျဖစ္ေၾကာင္းႏွင့္႐ြာထဲတြင္ လာေရာက္ေနထိုင္ပါရန္ဖိတ္ေခၚသျဖင့္
အဘိုးဦးစံထြန္းမွာ သူႀကီးအိမ္တြင္တည္း
ရွိရင္။ ေစတီပ်က္မ်ားေနရာမွာ ေစတီ
တည္ရန္ ေျမေနရာရွာေဖြခဲ့ၾကသည္။
သူႀကီးရဲ႕ အရွိန္အဝါနဲ႔ ပတ္ဝန္းက်င္႐ြာ
မ်ားကပါကူညီခဲ့ၾကသျဖင့္သုံးလအတြင္း
လယ္ေတာင္ျပည့္ ေစတီတစ္ဆူအား
တည္ထားႏိုင္ခဲ့သည္။ အဲဒီေစတီကို
ထီးေတာ္တင္ေရစက္ခ်လို႔ၿပီးတဲ့ေနာက္
ေန႔ မနက္မိုးလင္းေတာ့မွ လူစိမ္းအဘိုး
ဦးစံထြန္းတစ္ေယာက္ အသားေတြညိဳ
မည္းၿပီး ေသဆုံးေနတာ ေတြ႕ရေလသည္။
အဲဒီမွာတစ္ခုထူးဆန္းတာကေသ ေနတဲ့လူစိမ္းအဘိုးႀကီးဦးစံထြန္းရဲ႕လက္
မွာ ဝတ္ထားတဲ့ ေက်ာက္နီလက္စြပ္
ကေလးပဲ။လက္စြပ္ကြင္းရဲ႕ေ႐ႊသားေပၚ
မွာေက်ာက္နီဘက္ ဦးေခါင္းလွည့္ထား တဲ့ ေႁမြ႐ုပ္ႏွစ္ေကာင္ ပါေနတာ ေတြ႕ရ တယ္၊ လာၾကည့္တဲ့ ႐ြာသားေတြက တအံ့တဩနဲ႔ “ဟင္-ဟာ တို႔႐ြာမွာ ေျပာေနတဲ့ ဒ႑ာရီထဲက ေမာင္ေအး ခ်မ္းရဲ႕လက္စြပ္ပဲ။ ေမာင္ေအးခ်မ္းမ်ား
ျဖစ္ေနေလမည္လာ။ တစ္႐ြာလုံးႏွင့္
တစ္နယ္လုံးက အံ့ဩမဆုံး ေျပာခဲ့ၾကတယ္ကြာ၊
ေနာက္တစ္ခုထူးဆန္းတာကအဲဒီ ဦးစံထြန္းတည္ထားခဲ့တဲ့အင္းေစာင္းက
ေစတီမွာ ေႁမြႀကီးတစ္ေကာင္ကို အၿမဲ
ေတြ႕ေနရတယ္၊ သူ႔ကိုၾကည့္ရတာ ဝပ္၊
နည္းပန္းနည္းျဖစ္ေနသလို တမႈိင္မႈိင္
တေတြေတြနဲ႔၊ အခုေတာ့ ေစတီနားမွာ
ေႁမြႀကီးေတြ ရွိတယ္ဆိုၿပီး ဘယ္သူမွ
မသြားရဲၾကလို႔ ဖုန္။ဆိုတာႀကီးျဖစ္ေန
ေလရဲ႕ကြယ္။အဲဒါေၾကာင့္ဒီေနရာကုန္း
ေၾကာတစ္ဝိုက္ရဲ႕ေျမေအာက္မွာ ရတနာ
သိုက္ေတြ ရွိေနသလို ေႁမြအေစာင့္
အေရွာက္ေတြလည္း ရွိေနၾကတယ္။
မင္းတို႔လူငယ္ေတြ ေျပာမွားဆိုမွားတစ္
ခုခုျဖစ္ရင္ မေကာင္းဘူ။ အဲဒါေၾကာင့္
ဒီေနရာကို မသြားၾကဖို႔ အဖိုးက အတန္
တန္ေျပာေနရတာကြယ့္။
ကြၽန္ေတာ္ ငယ္စဥ္က အဘိုး ဦးခ်မ္းျမေျပာခဲ့ေသာစကားမွတ္သားခဲ့ ျခင္းျဖစ္ပါသည္။ ၁၉၈၆- ခုႏွစ္က
ကြၽန္ ေတာ္႐ြာကိုတစ္ေခါက္ျပန္ေရာက္ေတာ့
ရမ္းၿဗဲၿမိဳ႕မွ ေအာင္လွျပင္႐ြာအထိ ကား
လမ္းေပါက္ေနၿပီျဖစ္လို႔ ယခင္ တစ္ဝဂူ
ေစတီနားကကားလမ္းျဖတ္ေဖာက္ထား တာေတြ႕ရသည္။တစ္ဝဂူေစတီကိုလည္း

ဦးေ႐ႊတင္ေမာင္မိသားစုက ျပဳျပင္ထား သလို ဦးေအာင္စံထီးတည္ထားခဲ့ေသာ
ေစတီကိုလည္း ေတြ႕ခဲ့ရသည္။ ဒုန္းဒုန္း
ျပည္ ကုန္းေျမတစ္ေလွ်ာက္မွာ ယခင္
ေစတီပ်က္ေတြအစား ျပဳျပင္မြမ္းမံထား
ေသာ ေစတီမ်ား ထုံးေဖြးေဖြးႏွင့္ ဝမ္း
ေျမာက္ဖြယ္ရာ ေတြ႕ရွိရသည္။ သို႔ေသာ္
လည္း တစ္ခ်ိန္က လူစိမ္းအဘိုးႀကီး
ဦးစံထြန္း တည္ထားခဲ့ေသာေစတီမွာ
ျပဳျပင္သူကင္းခဲ့ၿပီး ခ်ဳံေတာထဲမွာ မည္း
မည္းထီးထီးျဖင့္ ယခုတိုင္ ရွိေနဆဲျဖစ္
သျဖင့္ စိတ္မေကာင္း ျဖစ္မိသည္။ ကြၽန္
ေတာ္က သူငယ္ခ်င္းျဖစ္သူအား ေမး ၾကည့္ေသာအခါ သူငယ္ခ်င္၊က – “အဲဒီေစတီမွာသိုက္ေစာင့္ေႁမြ၊
တစ္ေကာင္ အၿမဲရွိေနလို႔ ဘယ္သူမွ လည္း မသြားရဲၾကဘူး။ ေစတီကို ျပဳျပင္ ခ်င္ေပမယ့္ ေႁမြကိုေတာ့ ေၾကာက္ၾက တယ္ကြာ။တခ်ိဳ႕ကဒုန္းဒုန္းျပည္ရတနာ သိုက္ထဲကမသက္ျဖဴမွာ ေႁမြတစ္ေကာင္ အသြင္နဲ႔ သူ႔ခ်စ္သူ ေမာင္ေအးခ်မ္းကို တမ္းတမ္းတတနဲ႔ ေစာင့္ေနတာလို႔
လည္းေျပာေနၾကတယ္- သူငယ္ခ်င္း”
ဟု ေျပာလိုက္သျဖင့္ ကြၽန္ေတာ့္ ရင္ထဲတြင္ ေအာင့္ခနဲ ခံစားလိုက္ရပါ
သည္။ငယ္စဥ္ကၾကားဖူးေသာဒ႑ာရီ
ထဲကေမာင္ေအးခ်မ္းကိုသတိရမိသည္။
ဒါဆိုရင္ အခုထိရွိေနေသာေႁမြႀကီးဟာ
ဘယ္သူလဲ၊ ရတနာသိုက္ထဲက
ျမသက္ျဖဴအမွန္ပဲလာ။ေႁမြ႐ုပ္ပါေသာ
ေက်ာက္နီလက္စြပ္ကိုတယုတယ ဝတ္
ဆင္ခဲ့ေသာ ဘုရားဒကာ ဦးစံထြန္းမွာ
ဒ႑ာရီထဲက ေမာင္ေအးခ်မ္းေကာ
မျဖစ္ႏိုင္ဘူးလား။ ဘယ္လိုပဲေတြးေတြး၊
ဦးစံထြန္းတည္ထားခဲ့ေသာဘုရားေပၚမွာ
လြမ္းလြမ္းေဆြးေဆြးနဲ႔ ယခုတိုင္ ေမွ်ာ္
ေငးလ်က္ရွိေနေသာ ေႁမြႀကီးကိုေတာ့
သနားမိသည္။ ဘယ္လိုဝဋ္ေႂကြးနဲ႔
ဘယ္ကာလအထိ ေစာင့္ေမွ်ာ္ေငးေမာ
ေနရေလဦးမည္နည္း။ရင္ထဲကအေတြး
မ်ားႏွင့္အတူ ဒုန္းဒုန္းျမည္ေစတီကုန္းမွ
ျပန္ဆင္းလာခဲ့ပါသည္။