ရွှေစေတီ

ပျောက်ဆုံးသွားသောရွှေစေတီ(စ/ဆုံး)
————————————————
ငွေပုလဲတယောက်တောကြီးထဲရောက်နေသည်ဟိုဟိုဒီဒီရှောက်သွားရင်း မြင်မြင်သမျှသည်အထူးအဆန်းများကြီးတွေ့နေရသည်သူပျော်နေသလိုလဲခံစားနေရသည် ။

တကယ်တော့ငွေပုလဲရောက်ရှိနေသောနေရာသည်ဒေးစွန်ပါတောနက်ကြီးထဲဖြစ်သည် ။

ငွေပုလဲကျမ်းမာရေးကြောင့်ဖိုးကုလားနှင့်သူယောင်မယ်ဇတ်လမ်းထဲကဘုန်းကြီးကျောင်း သို့ပို့ထားခြင်းဖြစ်သည်အဒေါ်လင်မယားလဲပါလာလေသည် ။

ဆရာတော်ကြီးသည်သက်တော်အတော်ကြီးပြီဖြစ်ကာ အများပြောစကားအရတော့ဝိဇ္ဇာဆရာတော်လို့ဆိုကြလေသည်အခုတော့ပျံလွန်တော်မူပါပြီ ။

ဆရာတော်ကြီးကျောင်းသည်ဒေးစွန်ပါဘုရားနှင့်အနည်းငယ်ဝေးကာ ဘုရားသို့သွားပါကကျောင်းအနောက်ဘက်ကတောင်တွေကိုဖြတ်ကျော်သွားရလေသည် ။

ဆရာတော်ကျောင်းအနောက်ဘက်ကလျိုကြီးထဲဆင်းသွားပါကတောကြီးထဲရောက်သွားလေသည် ။
ငွေပုလဲကဆရာတော်ခိုင်းသည့်အတိုင်းပုတီးစိပ်ပြီးတောထဲရှောက်သွားနေကြဖြစ်သည် ။
ဆရာတော်ကြီးပြောစကားအရဒီနယ်မြေသည်နောင်တချိန်တွင်သက်သက်လွတ်နယ်မြေဖြစ်ကာ
အလွန်စည်ကားအုံးမယ်လို့တပေါင်အဖြစ်ကြားဘူးလေသည် ။

အဲဒီအခါကျရင်ဒီတောထဲကွယ်နေသောအဖိုးတန်ဘုရားများလဲပေါ်လာလိမ့်မယ်ဟုဆိုသည် ။
ဆရာတော်ကြီးကငွေပုလဲအားအသေအချာမှာထားသည်ဒီတောထဲတွင်
စကားကိုလက်လွတ်စပယ်မပြောရန်ဥစ္စာစောင့်ပေါသောနယ်မြေဖြစ်ကာ
အမှားမခံသောကြောင့်စိတ်လက်မန်ပါမလုပ်ရန်သတိနှင့်နေရန်မှာထားလေသည် ။

ငွေပုလဲတောထဲတွင်တွေ့ရသည်မှာသစ်သားအခေါင်းများဟိုတခုဒီတခုတွေ့ရသည် ။
သူတော်စင်များအခေါင်းထဲဝင်ကာတရားကျင့်ကြသည်ဟုကြားဖူးလေသည် ။
ဥစ္စာစောင့်များစီးရန်ဒန်းကလေးများလဲအများအပြားတွေ့ရကာစီးချင်စရာအလွန်ကောင်းသည် ။

တချို့သိုက်ကလာသူများအားဒီနေရာသို့ခေါ်မလာရဲပေသိုက်များဝင်ပူးကာငိုကြသည်ဟုပြောကြသည် ။
တချို့နေရာများတွင်စေတီအသေးကလေးများတွေ့ရကာအမွှေးတိုင်ဖယောင်တိုင်များထွန်းထားလေသည် ။
လူအရိပ်အရောင်တော့မတွေ့ရပါ ။
တနေရာအရောက်တွင်စေတီကလေးတဆူကိုတွေ့ရလေသည် ။
စေတီသည်ရွေရောင်ဝင်းလက်တောက်ပနေကာရွှေစေတီအစစ်ဖြစ်တာသေချာလေသည် ။
စေတီအောက်ခြေတွင်စမ်းချောင်းကလေးတခုဆီးဆင်းနေကာခြေမျက်စိဖုံးရုံသာ
ရေကရှိကာတညိမ့်ညိမ့်ဆီဆင်းနေသည်ထူးဆန်းသည်ကရေများသည်အဝါရောင်သန်းနေလေသည် ။

ငွေပုလဲတွေးလိုက်သည်ကဒီရေတွေဟာရွှေရေတွေဖြစ်ပါကအကြီးအကျယ်ချမ်းသာပြီဖြစ်သည် ။
ဒါနဲ့ရွေစေတီနားသွားကာစမ်းချောင်းကလေးထဲကရေကိုလက်ခုတ်နဲ့ခပ်လိုက်ရာ

ရေသည်အလွန်ကြည်လင်ကာရွှေရောင်တောက်နေတာကိုကြည့်ရင်း
ငွေပုလဲရင်ထဲဖော်မပြနိုင်သောဝမ်းသာပီတိဖြစ်ကာကျေနပ်သွားသည် ။

ငွေပုလဲအလွန်ချမ်းသာပြီဟုတွေးရင်းပျော်သွားသည်။

မြို့တွင်ရွှေဆိင်ဖွင့်ထားသောအဒေါ်လင်မယားအားခေါ်ပြ၍ရွှေတွေကိုခပ်ယူမည်ဟုစဉ်းစားမိသည် ။
လက်ထဲတွင်ခပ်သွားစရာရေသန့်ဘူးလေးလမ်းမှာလွင့်ပြစ်ခဲ့တာနောင်တရမိသည် ။

သူပြောတာဘယ်သူမှယုံမည်မဟုတ်လက်တွေ့ပြမှာသာယုံကြမည်မဟုတ်ပါလား ။
ရွှေစေတီအားဖူးမဝနိုင်အောင်လှည့်ပတ်ကြည့်ရင်းရွှေရေခပ်သွားရအောင်

အနီးအနားမှာဘာများတွေ့မလဲရှာကြည့်နေမိသည်ရွှေစေတီနဲ့ခပ်လှန်းလှမ်းရောက်တော့
ပန်းတွေနဲ့အလှဆင်ထားသောဒန်းတခုပေါ်တွင်ကောင်မလေးတယောက်ထိုင်နေသည် ။

ငွေပုလဲနှင့်ရွယ်တူလောက်ရှိမည်ထင်ရကာအေးအေးလူလူဒန်းစီးနေလေသည် ။
ဒါနဲ့ငွေပုလဲကြည့်ရင်းကျက်သီးများထသွားလေသည်ဒီတောကြီးထဲလူအစစ်မဖြစ်နိုင်
ဥစ္စာစောင့်ဖြစ်ဘို့သေချာသည်ဟုတွေးကာအလွန်ထိပ်လန့်သွားမိသည်
””’ဟိတ်လာဒန်းစီးပါလားစီးလို့ကောင်းတယ်ငါလဲနင့်လိုပါပဲတောထဲရှောက်လည်နေတာ ”””””
ထိုကောင်မလေးစကားကြားတော့ငွေပုလဲဇဝေဇဝါဖြစ်သွားသည် ။
ငွေပုလဲအကြံတခုရသွားသည်ရွှေစမ်းချောင်းထဲကရေခပ်ဘို့ဒီကောင်မလေး
အကူအညီတောင်းရင်ကောင်းမယ်တွေးကာ

”နင့်မှာရေလေးဘာလေးမပါဘူးလားဒါမှမဟုတ်ရေခပ်သောက်ဘို့ခွက်ကလေးဘာလေးမပါဘူးလား””

””နင်ရေခပ်ချင်လို့လားငါဟိုဘက်နားမှာဝါးဆစ်ပိတ်တွေတွေ့လာတယ်ငါသွားယူပေးမယ် ——
နင်ဒီဒန်းပေါ်မှာခဏထိုင်စီးနေအုန်း”””

ကောင်မလေးကပြောပြောဆိုဆိုထွက်သွားတော့ငွေပုလဲလဲဝမ်းသာသွားကာ

ဒန်းပေါ်ထိုင်းရင်းစောင့်နေလေသည်ဒန်းကိုလွဲစီးရင်း
ဆရာတော်ပြောတာသွားသတိရသွားသည်တောထဲကဒန်းတွေပေါ်သွားမစီးနှင့်သွားစီးမိပါက
ဥစ္စာစောင့်များကလူစားလဲတတ်ကာအသက်နုတ်၍သိုက်ကိုခေါ်သွားတတ်သည်ဟု
ပြောထားတာကြောင့်ဒန်းပေါ်မှကြောက်လန့်တကြားထရပ်လိုက်မိသည် ။

ထိုအချိန်တွင်ကောင်မလေးပြန်ရောက်လာကာငွေပုလဲအားဝါးဆစ်ပိတ်ဝါးတပိုင်းပေးလိုက်သည် ။
ငွေပုလဲလဲဝမ်းသာအားရယူကာကောင်မလေးကိုနုတ်ဆက်လိုက်တော့ ထိုကောင်မလေးက

””’နင်ဒီနေရာပြန်ရောက်လာအုံးမှာပါအဲ့အခါကြရင်ငါစောင့်နေမယ”်
ငွေပုလဲရင်ထဲထိုကောင်မလေးပြောတာသိပ်သဘောမကျပေမဲ့ကိုယ့်ဇောနဲ့ကိုယ်ဆိုတော့အလေးမထား

ငွေပုလဲရွှေစေတီကိုခပ်မြန်မြန်ပြန်လာကာရွှေစမ်းချောင်းထဲရေတွေကိုဝါးဆစ်ဘူးထဲထည့်ကာ
ဝမ်းသာအားရပြန်လာရင်းလမ်းကိုအမှတ်အသားများအသေအချာလုပ်ထားခဲ့လေသည် ။
ကျောင်းရောက်တော့အဒေါ်လင်မယားအားပြရာရွှေရေများဖြစ်ကြောင်းသိရသည်။

ကျောင်းတွင်ဆရာတော်ကြီးလဲမရှိပါခရီးသွားနေတာကြောင့်ငွေပုလဲအတွက်အတော်ဖြစ်သွားသည်။

နောက်နေ့တွင်ထိုနေရာသို့တခေါက်ပြန်သွးကြလေသည်ဒီတခါတော့ထည့်စရာအစုံအလင်နှင့်
လိုအပ်တာမှန်သမျှယူဆောင်သွားလေသည်ငွေပုလဲမှတ်ထားသောလမ်းဆုံးတော့
ရွှေစေတီလေးလဲမတွေ့ရွှေစမ်းချောင်းလဲမတွေ့ဘာမှမတွေ့ပါ

လှည့်ပတ်ရှာပါသော်ငြားလဲဘာဆိုဘာမှမတွေ့ကြပါငွေပုလဲလဲကြံရာမရဖြစ်ကာရောဂါပြန်ထ၍
မေ့လဲသွားလေသည် ။
ိ ငွေပုလဲအမြင်အာရုံထဲတွင်ရွှေစေတီနှင့်ရွှေစမ်းချောင်းကလေးကိုမြင်နေရကာ

ဟိုတနေ့ကဒန်းပေါ်မှာတွေ့ရသောကောင်မလေးကရွှေစမ်းချောင်းဘေးတွင်ရပ်ရင်း

ငွေပုလဲအားလက်ယက်ခေါ်နေရာငွေပုလဲကဝမ်းသာအားရဖြင့်နုတ်မှ
”’ ”’ရွှေစမ်းချောင်းတွေ့ပြီလာပြီလာပြီ”””
ဟုအော်ကာအသက်ထွက်သွားလေတော့သည် ။

ထူးဆန်းသည်ကငွေပုလဲသေပြီးနောက်ငွေပုလဲခပ်လာသောရွေရေများသည်သာမန်ရေများဖြစ်နေလေသည် ။

————ပြီး———

****D Moe Moe ******