ပုံပြောကောင်းတဲ့တစ္ဆေ

ပုံပြောကောင်းတဲ့ တစ္ဆေ(စ/ဆုံး)

ကိုတင်ဝင်း မြိုင်သာမှ တစ်ယောက်တည်း
ပြန်ခဲ့သည်။တစ်ယောက်တည်းပေမဲ့၊ အဝတ်
အစားထည့်သော ခရီးဆောင်အိတ်တစ်လုံး၊
အဖော်အနေနှင့်ပါခဲ့သည်။

လာစဉ်က ကားနှင့်ပြန်လာခဲ့ခြင်း ဖြစ်သည်။
ညကမိုးသည်းထန်စွာ ရွာချလိုက်ခြင်းကြောင့်
ကားလမ်းမှာ မြေများ ပြိုကျနေသည်။ ရှေ့ကို
ဘယ်လိုမှဆက်မောင်း၍မရ လမ်းရှင်းပြီးမှသာ
ဆက်၍ မောင်းနှင်နိုင်မည် ဖြစ်သည်။

ကားလမ်းပေါ်ရွှံ့များ၊ ကျောက်တုံးများ ပေနှစ်
ရာမျှ ပြိုကျဖုံးအုပ်နေသည်။ လမ်းရှင်းမည့်သက်
ဆိုင်ရာ အဖွဲ့များကို အကြောင်းကြားထားသော်
လည်း နောက်နေ့ရောက်မည်ဟု သတင်းကြားရ
သည်။ ကားလမ်းတစ်ဖက်တစ်စီမှာ အသွားကား
ကုန်ကားသုံးစီးနှင့် လူစီးကားတစ်စီး၊ အခြားတစ်
ဖက်မှာ ကုန်ကားနှစ်စီး ထော်လာဂျီတစ်စီးတို့
ပိတ်မိနေကြသည်။

လူအသွားအလာနည်းသောဒေသမို့ ကားအသွား
အလာကျဲသည်။ထို့ကြောင့်လည်း လမ်းရှင်းသူများ
ကလည်း၊ အပူတပြင်း လာမရှင်းလင်းကြခြင်းဖြစ်
သည်။ မြို့ကိုပြန်မည်ဆိုလျှင် ကားနှင့် သွားပါက
မိနစ်ပိုင်းအတွင်း ရောက်နိုင်မည်၊ လမ်းလျှောက်
ပါက ငါးနာရီခန့်ကြာမည်ဟုမှန်းမိသည်။

သို့ကြောင့် ကိုတင်ဝင်း ကားပေါ်မှာ အဓိပ္ပါယ်မရှိ
အချိန်မဖြုန်းချင် လမ်းလျှောက်ပြန်တော့မည်ဟု
ဆုံးဖြတ်လိုက်သည်။ လမ်းရှင်းပြီးအောင် စောင့်
ပါက ကားပေါ်မှာ တစ်ရက်ခန့် ကြာဦးမယ်၊ ဒါ
တောင် လမ်းရှင်းသည့်အဖွဲ့အချိန်မီရောက်ပါမှ
မရောက်ခဲ့လျှင် လမ်းပေါ်မှာ နှစ်ညခန့်ကြာသွား
မည်။ ယခု သုံးနာရီခန့်ရှိပြီ မှန်မှန်လျှောက်ပါက
ညရှစ်နာရီခန့်ရောက်မည်ဖြစ်သည်။

ယခုရောက်နေသောနေရာက မြို့နှင့်လည်းဝေး၊
ရွာနှင့်လည်းဝေးသဖြင့် ထမင်းစားဖို့ မလွယ်လှ။
လမ်းတစ်လျှောက်မှာတော့ ထန်းရည်ရောင်း
သောဆိုင်၊ တောအရက်ရောင်းသောဆိုင်လေး
များသာ တွေ့ရသည်။

ကိုတင်ဝင်းလည်း သူ့မှာ ပိုက်ဆံများများစားစား
မပါ၍ တစ်ယောက်တည်း လမ်းလျှောက်ပြန်ရမှာ
ကို စိုးရိမ်မှုမရှိ၊ သို့ကြောင့်လည်း လမ်းလျှောက်
ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ မိနစ်နှစ်
ဆယ်ခန့် လမ်းလျှောက်ပြီးတော့၊ အရက်နှင့်ထန်း
ရည်ကွဲရောင်းနေသော လမ်းဘေးဆိုင်လေး တစ်
ဆိုင်ကို တွေ့လိုက်သည်။

ကိုတင်ဝင်းက အရက်ကြိုက်သူဖြစ်သည်။ ကြွက်
ကြော်ရှိသည့်ဆိုသဖြင့် ဆယ်မိနစ်ခန့်အချိန်ဖြုန်း
ပြီး အရက်ထိုင်သောက်လိုက်သည်။ ထို့နောက်
သွားရမည့်ခရီးကို သတိရလိုက်သဖြင့် အချိန်ဆွဲ
မသောက်တော့ဘဲ၊ အရက်တစ်ပုလင်းဆွဲပြီး ပဲ
ကြီးလှော်တစ်ထုပ် ဝယ်လိုက်သည်။

“ဆရာကြီး မြို့ပြန်မှာလား”

“ဟုတ်တယ် …ဒီသောက်နေတဲ့ လူထဲမှာ မြို့ပြန်
မယ့် အဖော်ရှိလား”

“မရှိဘူး …နောင်ကြီး ဒီကားလမ်းအတိုင်းကွေ့
တွေ ကောက်ကောက်သွားနေရင်၊ ငါးနာရီ
ခြောက်နာရီလောက် လျှောက်ရမယ်၊ မြို့ကို
ည ကိုးနာရီလောက်မှ ရောက်မယ်”

“မသွားလို့ မဖြစ်ဘူးလေ…စီးလာတဲ့ကားက၊
တောင်ပြိုပြီး လမ်းပိတ်နေလို့၊ လမ်းမပြင်မချင်း
သွားလို့ရမှာ မဟုတ်ဘူး …ဒါကြောင့် ခြေလျင်
ခရီးထွက်ခဲ့တာ”

“နောင်ကြီးပြန်မှဖြစ်မယ် ဆုံးဖြတ်ထားရင်…မြို့
ကို အမြန်ရောက်တဲ့လမ်းကို ညွှန်လိုက်မယ်၊
သွားမလား၊ မြို့ကိုမမှောင်ခင် သုံးနာရီလောက်
လမ်းလျှောက်တာနဲ့ ရောက်သွားလိမ့်မယ်”

“ဟာ သုံးနာရီလောက်ပဲ လျှောက်ရမယ်ဆိုတော့
ညခြောက်နာရီကျော်ကျော်ဆိုရောက်မှာပေါ့၊ သွား
မယ်ဗျာ ဘယ်ကသွားရမှာလဲ”

“ဟိုရှေ့မှာ ကားလမ်းဘေးက ပျဉ်းမပင်ကြီးကို
တွေ့လား”

“တွေ့တယ်”

“အဲဒီနေရာရောက်ရင် တောင်ကုန်းပေါ်တက်
တဲ့ လမ်းလေးတွေ့လိမ့်မယ်။ အဲဒီလမ်းကသွား၊
တောင်ကုန်းက မြင်တဲ့အတိုင်းပဲ သစ်ပင်ရှိတာ
မဟုတ်ဘူး၊ တောင်ကုန်းဟိုဘက်ဆင်းတာနဲ့
လမ်းဖြူးနေတာပဲ”

“ဒီအနီးအနားကလူတွေ မြို့ကိုသွားတဲ့ဖြတ်လမ်း
ပဲ၊ အဲဒီလမ်းအတိုင်းသာသွား…မကြာခင်ရောက်
လိမ့်မယ်”

“ကျေးဇူးပဲဗျာ…သွားပြီ”

ကိုတင်ဝင်းလည်း ထိုဆိုင်မှ ကားလမ်းပေါ်ဆက်
လျှောက်ခဲ့သည်။ ရှေ့နားရောက်တော့ ပျဉ်းမပင်
အိုကြီးကို တွေ့ရသည်။ ထိုလမ်းအတိုင်း သွားရန်
ဆုံးဖြတ်ပြီး၊ ကားလမ်းမမှ ဖယ်ခွာလိုက်သည်။

သဘာဝကပေးထားသော ခြေထောက်အားကိုးနှင့်
သွားပါများခရီးရောက်အောင်၊ ခြေလှမ်းသွက်သွက်
နှင့် လျှောက်ခဲ့သည်။ တောင်ကုန်းပြေပြေလေးပေါ်
တက်ခဲ့သည်။ တစ်ဘက်စောင်းအတိုင်း ပြန်ဆင်း
သည်နှင့်၊ လမ်းကြောင်းလေးကို တွေ့နေရသည်။
တောင်ကုန်းလေးက သစ်ပင်ဟူ၍ ကြီးကြီးမားမား
မရှိ ချုံနွယ်ပိတ်ပေါင်းတို့သာ ဟိုတစ်စု၊ သည်တစ်
စု ရှိနေသည်။ လမ်းကောင်းပါက၊ ဆိုင်ရှင်လမ်းညွှန်
ပြောကြားသည့်အတိုင်း မှန်ခဲ့လျှင် မြို့သို့မှောင်ရီ
ပျိုးစအချိန် ရောက်ပေမည်။

အရက်ပုလင်းကို လက်ကကိုင်ရင်း၊ နည်းနည်း
ချင်းမော့ချလာသည်။ ပဲကြီးလှော်တစ်ထုပ်ဝယ်
လာသဖြင့်၊ ပဲကြီးလှော်ဝါးလိုက်၊ အရက်တစ်ငုံ
မော့သောက်လိုက်ဖြင့် လျှောက်လာခဲ့သည်။

လမ်းက ဖြူးသည်ဆိုပေမဲ့ တောင်ကုန်းတစ်ဖက်
ဆင်းပြီးနောက်လမ်းက ကျဉ်းသွားသည်။ တစ်
ယောက်သွားလမ်းမျိုးဖြစ်သည်။ ရာသီဥတုက
ညနေစောင်းသည်နှင့် အေးစိမ့်စိမ့်ဖြစ်နေသည်။

ကဆုန်လကုန်၍ နယုန်လထဲရောက်နေပေပြီ၊
ကောင်းကင်မှာ၊ မိုးသားမိုးရိမ်တို့ကတလိမ့်လိမ့်
တက်နေသည်။ ကိုတင်ဝင်းမှာ၊ ခေါက်ထီးတစ်
လက်ပါသဖြင့် မိုးရိမ်မိုးသားတွေ့သော်လည်း၊
စိတ်အနှောင့်အယှက်မဖြစ်မိပါ။

မိုးကြီးလေထန်မှကိုတော့ စိုးရိမ်သည်။ မိုးကြီး
ပါက ထီးက၊ လူကို လုံအောင် မကာကွယ်နိုင်၊
လမ်းလျှောက်နေရင်း မိုးကတဖွဲဖွဲရွာနေသည်။
ထိုနောက်မိုးတိတ်သွားပြန်သည်။ နယုန်လကုန်
ခန့်မှ ဤဒေသမှာ မိုးမှန်ပေမည်။

ယခုနယုန်လဆန်းဖြစ်သဖြင့်၊ မိုးရွာလိုက်၊ နေပူ
လိုက်နှင့် လမ်းမပျက်သေး၊ မိုးများများရွာလည်း
ဤလမ်းမျိုးက ဗွက်မပေါက်၊ ဂဝံမြေမျိုးဖြစ်၍
ရေမတင်၊ ညက လေပြင်းကျပြီး မိုးသည်းထန်
စွာ ရွာခဲ့သည်။ နွေအခါ မြေသားများပွနေသည့်
အချိန်၊ မိုးသည်းထန်စွာ ရွာလိုက်သဖြင့် ပပ်
ကြားအက်များကြား၊ မိုးရေဝင်ကာ၊ မြေပြိုမှု
များ ဖြစ်ပေါ်လာရသည်။

ကျောက်သားနံရံဆိုအကြောင်းမဟုတ်၊ ဒီနယ်
တစ်ဝိုက်တောင်များက ကျောက်သားထက်၊
ဂဝံမြေအမျိုးအစားများသာ များသည်။ သို့
ကြောင့် ကားလမ်းတလျှောက် မကြာခဏ
မြေပြိုမှု ဖြစ်သည်။ ပုလင်းကိုတင်းတင်းကိုင်
ပြီး ဆက်လျှောက်လာခဲ့သည်။

တွေ့လေ မြင်လေရာတိုင်း သစ်ပင်ငယ်များသာ
များသည်။ အပင်ကြီး တချို့တော့တွေ့ရသည်။
ကျွန်းပင်၊ အင်၊ ကညင်၊ ပျဉ်းမများကတော့ အ
ပင်ကြီးများ ဖြစ်သည်။ထိုအပင်များကို သစ်တော
ဌာနက ထိန်းသိမ်းထားသဖြင့်၊ မည်သူမျှ ခုတ်ယူ
ခြင်းမရှိ၊ အောက်ခြေရှင်းသဖြင့် သွားလို့လာလို့
ကောင်းသည်။ သို့ဖြင့် ကောင်းကင်မှာ မိုးအုံ့သွား
လိုက် နေထွက်လာလိုက်နှင့် သွား၍လာ၍ ကောင်း
သည်။ သစ်ပင်ရိပ်တို့ကြောင့်လည်း၊ အပူဒဏ်ကို
မခံရ၊ အချိန်က ဖြတ်လမ်းမှ တစ်နာရီခွဲခန့်
လျှောက်ခဲ့ပြီးဖြစ်သဖြင့် လေးနာရီခွဲနေပြီ။

ခရီးလမ်းတစ်ဝက်ကျိုးပြီလား၊ မကျိုးသေးဘူး
လားမသိ၊ မမှောင်ခင် ခရီးတွင်ရန်သာ အရေး
ကြီးသည်။ သို့ကြောင့် အနားယူရန်စိတ်မကူးပဲ
တောလမ်းမှ၊ လွတ်ရန်သာ စိတ်ဆုံးဖြတ်ပြီး ခပ်
မြန်မြန်လျှောက်နေသည်။

အဖော်မရှိဘဲ လျှောက်နေရသော်လည်း စိုးရိမ်
စရာမလို၊ ယခုထိ အသွားလူ၊ အလာလူ မတွေ့
သေး။ ထိုတောတန်းတစ်လျှောက်၊ လမ်းသွယ်
တစ်ခု ပေါ်လာလိုက်၊ လူသွားလူလာများသော
လမ်းကို အကဲခတ်ပြီးမှန်သည် ထင်သည့်ဘက်
ကို လျှောက်လိုက်၊ အရက်အရှိန်လေးနှင့် အပူ
အပင်မရှိ ယိုင်တိယိုင်ထိုးနှင့် သွားနေခဲ့သည်။

လက်တစ်ဖက်က ၊ အရက်ပုလင်းကိုင်ပြီး တစ်
ဖက်က၊ ပဲကြီးလှော်ထုပ်ကိုင်ကာ သောက်ရင်း
စားရင်း၊ အပူအပင်မရှိ လျှောက်နေမိသည်။

ဆိုင်မှာ ထိုင်သောက်စဉ်က နည်းနည်းများသွား
သဖြင့် ပုလင်းကို မော့သောက်သည် ဆိုသော်
လည်း ပုလင်းတစ်ဝက်ပင်မလျော့သေး။ ညနေ
စောင်း၍ နေပင် ဝင်တော့မည်။ ဘယ်နေရာ
ရောက်၍ ဘယ်မျှနီးပြီမသိ၊ တစ်လောကလုံး၊
အဝါရောင်၊ အနီရောင်တို့ဖြင့် ဆည်းဆာအလှ
ဆင်နေသည်။

မကြာခင်မှာပင် နေဝင်သွားပြီဖြစ်၍ ပတ်ဝန်းကျင်
တစ်ခုလုံး အမှောင်တို့က တစ်စတစ်စ ဖုံးလွှမ်း
လာသည်။ အမှောင်ထုလွှမ်းခြုံလာသည်နှင့် စိတ်
ကနည်းနည်းထင့်လာသည်။ အရက်ဆိုင်က လမ်း
ညွှန့်လိုက်သည့်အတိုင်းဆို ငါးနာရီ၊ ခြောက်နာရီ
ဝန်းကျင်ခန့်မှာ မြို့ကို လှမ်းမြင်နေရပြီဟု ပြောခဲ့
သည်။ ယခု တောထဲကကို မထွက်နိုင်သေး၊

လမ်းများမှားလျှောက်မိလေလား၊ သူလမ်းဆုံနေ
ရာနှစ်ကြိမ်ကြုံခဲ့သည်။ မှန်းပြီး မှန်မည်ထင်သည့်
လမ်းကို ရွေးလျှောက်ခဲ့ခြင်းဖြစ်သည်။ ရွေးမိသည့်
လမ်းက၊ လမ်းမှားဖြစ်နေလားမသိ၊ အို ဘယ်လိုပဲ
မှားမှား၊ လမ်းရှည်တာနဲ့ တိုတာပဲကွာမှာပါ၊ မြို့ကို
တော့ ရောက်မှာပဲ၊ စိတ်ထဲမှာတော့ ဇဝေဇဝါ ဖြစ်
နေသည်။

ထိုအချိန်နောက်မှ ခြေသံလိုလို ကြားလိုက်သည်။

မျက်လုံးက လမ်းကို မနည်းကြည့်လျှောက်နေရ၍
နောက်မှ လိုက်လာသူကို၊ အသေအချာ လှည့်မ
ကြည့်အားသဖြင့် ခြေလှမ်းသွက်သွက်လှမ်းကာ
ရှေ့ကို လျှောက်လိုက်သည်။

နောက်က ခြေသံက ကပ်ပါလာသည်။တဖြည်း
ဖြည်းနီးလာသည်ကိုလည်း၊ အသံကြား၍ သိ
သည်။ ကျော်တက်သွားလျှင်လည်း ကောင်း
သား၊ လူမဟုတ်ဘဲ တောကောင်များဖြစ်လေ
မည်လား၊ သားကောင်ဆိုလျှင်တော့ ပြန်ခုခံ
ရန် လက်နက်ဆို၍ လက်ထဲက အရက်ပုလင်း
သာပါသည်။ လူကလည်း၊ ကိုယ်ခံပညာမတတ်
သို့ကြောင့် ကိုယ်ကို အသာတိမ်းပြီး၊ နောက်
သို့ လိုက်ကြည့်လိုက်သည်။ လူကမူးနေသဖြင့်
ရပ်လိုက်သည်နှင့် ခပ်ယိုင်ယိုင်ဖြစ်သွားသည်။

“ဟင်…လူတစ်ယောက်ပါလား”

သူနှင့်ဆယ်ပေခန့်ပင် မဝေးသောနေရာ၊ အ
သက် သုံးဆယ်ခန့်ရှိသော၊ လူတစ်ယောက်
လူတစ်ယောက်ကိုတွေ့ရသည်။ တိုက်ပုံအ
ဟောင်းတစ်ထည် ဝတ်ထားသည်။ မိုးမိလာ
ဟန်တူသည်။ တစ်ကိုယ်လုံးမိုးရေတို့ဖြင့် ရွှဲ
နေသည်။

“အော် မိတ်ဆွေ…မြို့ကိုသွားမလို့လား”

“မဟုတ်ပါဘူး၊ ကျုပ်အိမ်ကို ပြန်မလို့ ”

“ခင်ဗျားအိမ်ကို ဒီလမ်းက သွားရလား”

“ဟုတ်ပါတယ် …ဒီအတိုင်းသွား …ရှေ့နားရောက်
တော့ လမ်းခွဲတစ်ခုရှိတယ်၊ အဲဒီလမ်းခွဲက၊ အတွင်း
ဆက်ချိုးဝင်လိုက်ရင်း ကျုပ်နေတဲ့အိမ်ကိုရောက်
တယ်”

“ခင်ဗျားက ဒီဒေသက လူဆိုတော့ မြို့ကိုရောက်
ဖို့ ဘယ်လောက်လိုသေးလည်း”

“ဟာ ဒီလမ်းက မြို့ကိုမရောက်ဘူး…ခင်ဗျား
လမ်းမှားလာတာပဲ…ခင်ဗျားလျှောက်နေတဲ့လမ်း
က၊ မြို့နဲ့ဆန့်ကျင်ဘက်အတွင်းကို ရောက်နေပြီ
ဒီအတိုင်း ပြန်လျှောက်ရင် မြို့ကို ညသန်းခေါင်မှ
ရောက်လိမ့်မယ်”

“ဟာ အဲဒါမှ …ဒုက္ခပါပဲ …ကျုပ်လည်း ဒီအတိုင်းဆို မသွားတတ်တော့ဘူး၊ ဘယ်လမ်းဆုံက စမှားလည်း
မသိဘူး ”

“တစ်နာရီလောက် နောက်ကြောင်းပြန်လှည့်ရ
လိမ့်မယ်”

“ဒီလိုလုပ်ပါလား…နောင်ကြီးကျုပ်အိမ်မှာ၊ လိုက်
အိပ်ပါလား၊ ကျုပ်အိမ်မှာ ကျုပ်တစ်ယောက်တည်း
ရှိတယ်”

“တောခေါင်းက တာဝန်ပေးထားလို့ ဒီမှာစောင့်
နေရတာ၊ ဒီတောမှာ သစ်ပင်ကြီးတွေ အခုတ်
မခံရအောင် စောင့်နေရတာ၊ တောခေါင်ကြီးနဲ့
သူ့အဖွဲ့ကတော့၊ တစ်ပတ်ကိုနှစ်ခေါက်လောက်
ရောက်လာတတ်တယ်။ သူတို့လာရင်တော့ နှစ်
ရက် သုံးရက်နေပြီးမှ ပြန်တယ်”

ကိုတင်ဝင်းလည်း မူးသာမူးပေမယ့်၊ လူကိုတော့ အကဲခတ်ကြည့်နေမိသည်။ သူမြင်လိုက်ရသည်
က၊ ဤဒေသခံလူမျိုးဖြစ်နိုင်သည်။ မြန်မာစကား
ပြောရာမှာ ဝဲနေသည် တစ်ခါ တစ်ခါ နားမလည်
နိုင်သော စကားဝဲသံက ပါလာသေးသည်။ ထိုသူ
ပြုံးပြသဖြင့် ကိုတင်ဝင်းက ပြုံးပြလိုက်ရသည်။
ထိုလူစိမ်း၏ ဖိတ်ခေါ်မှုကို လက်ခံကာ သူ့နောက်
သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

“ခင်ဗျား မိုးမိလာလား”

“ဟုတ်တယ် စောစောက မိုးရွာချလိုက်တာ၊
ရွှဲသွားတယ်၊ မိုးက ငါးမိနစ်တောင် မကြာပါဘူး
လေနဲ့ အတူ မြောက်ဘက်ပါသွားတယ် ကဲ…
ဘယ်လိုလည်း ကျုပ်အိမ်ကို လိုက်ခဲ့မလား”

“ဒီအချိန် လမ်းမှန်ကို မရှာနိုင်တော့ဘူး နောင်
ကြီးနဲ့ အတူလိုက်ခဲ့တော့မယ်”

ကိုတင်ဝင်းလည်း၊ လူစိမ်းနှင့် အသက်ချင်း
မတိမ်းမယိမ်း ရှိသည်ဟု မှန်းမိသဖြင့် နောင်ကြီး
ဟုပင် အလွယ်ခေါ်လိုက်သည်။ အောက်ပိုင်းကို
ရှမ်းဘောင်းဘီလိုမျိုး ခပ်ပွပွဝတ်ထားသည်။ ထို
လူက လမ်းမလျှောက်သေးဘဲရပ်လျက် အနေ
အထားမှ ကိုတင်ဝင်းကို အကဲခတ်ကြည့်ပြီး၊
လက်ညှိုးနှင့် အရက်ပုလင်းကို ထိုးပြသည်။

“အရက်ပုလင်းလေ”

“ကျနော် အရက်မသောက်ရတာ ကြာပြီဗျ”

“ခင်ဗျားသောက်ချင်တယ်ပေါ့ ဟုတ်လား”

ထိုလူက ခေါင်းငြိမ့်ပြပြီး…ပါးစပ်ကို၊ လျှာသိမ်း
ပြသည်။

“ခင်ဗျား အိမ်သွားမယ်ဗျာ…အဲဒီကျမှ …မျှပြီး
သောက်တာပေါ့…ပုလင်းတစ်ဝက်ကျော်ကျော်
ကျန်သေးတယ်၊ ခင်ဗျားကို ပိုတိုက်ပါ့ဗျာ”

“ကဲ…ဒါဖြင့် ကျုပ်အိမ်ကို သွားကြမယ်…နောက်
က လိုက်ခဲ့ပေတော့ ”

ထိုလူက ကိုတင်ဝင်းကို ကျော်တက်ပြီး ရှေ့မှ
ဦးဆောင်လျက် ထွက်သွားသည်။ သူတို့အမှောင်
ထဲမှာ တောလမ်းအတိုင်း လျှောက်ခဲ့သည်။ မှောင်
သည့်ဆိုပေမယ့်၊ ပိန်းပိတ်အောင်မှောင်ခြင်းမျိုးမ
ဟုတ်၊ သစ်ပင်ကြီးများနည်းသွားသဖြင့်၊ မိုးတိမ်
ကင်းရှင်းနေသော ကောင်းကင်အလင်းက ခပ်
လှမ်းလှမ်းအထိတော့ မြင်နေရသည်။

မကြာခင်မှာပင် ကုန်းခေါင်ခေါင်လွင်ပြင်ထဲမှာ
အောက်ခံအုတ်နှင့် နှစ်ထပ်အိမ်ပုံစံ၊ သုံးပင်နှစ်
ဝမ်းကွဲ အိမ်အို တစ်လုံးကို မြင်လိုက်သည်။ အ
နီးရောက်တော့ အိမ်က အတော်လေးဟောင်း
နေပြီး ဖြစ်ကြောင်း သိလိုက်တော့သည်။

“ဒါလွန်ခဲ့တဲ့ နှစ်လေးငါးခြောက်ဆယ်လောက်
ကတည်းက သစ်တောအရာရှိတွေ၊ တည်းခိုနေ
ထိုင်ဖို့ ဆောက်တဲ့ ဗိုလ်တဲပေါ့ အခုသစ်တောအ
ရာရှိတွေက၊ ဒီဗိုလ်တဲမှာ မနေတာ ကြာပြီ၊ သူတို့
အတွက် ဟိုးနောက်ဘက်ငါးမိုင်လောက်မှာ အ
သစ်ဆောက်ပေးထားတယ်”

အိမ်ထဲ မဝင်ခင် ကိုတင်ဝင်းလည်း ပတ်ဝန်းကျင်
ကို ကြည့်လိုက်သည်။ အိမ်၏အနီးပတ်ဝန်ကျင်မှာ၊
ချုံပင်များ ရှုပ်ယှက်ခတ်အောင် ရှိနေပေမဲ့ နွေကာ
လဖြတ်ကျော်ခဲ့ရ၍ ရိုးတံကျဲကျဲအပင်များသာ ဖြစ်
နေသည်။ မိုးမှန်သွားပါက အရွက်များ ထွက်လာပြီး
အိမ်ကြီးပတ်ပတ်လည်၊ သစ်ပင်ချုံနွယ်တို့ဖြင့်၊ ဖုံး
လွှမ်းနေပေလိမ့်မည်။

အိမ်သို့သွားသည့်လမ်းက၊ ဂဝံမြေသားလမ်း၊ လူ
မသွားသည်မှာ ကြာပြီဖြစ်သည့်လမ်းမျိုးဖြစ်သည်။
လူစိမ်းက တံခါးကို တွန်းဖွင့်လိုက်သည်။

“ကျွိ”

“ကဲ နောင်ကြီး လာ အပေါ်ထပ်ကို သွားကြမယ်
အပေါ်ထပ်မှာ ဖယောင်းတိုင်တစ်ထုပ်ရှိတယ်၊
မီးခြစ်တော့ မရှိဘူး”

“ကျနော့်မှာ မီးခြစ်ပါပါတယ်”

“နောင်ကြီး လှေကားကို သတိထားပြီးတက်၊ နှစ်
က ကြာပြီဆိုတော့ လှေကားတွေက ခနော်ခနဲ့
ဖြစ်နေပြီ”

“ရပါတယ် …သတိထားပါ့မယ်”

“ကျွိ …ကျွိ”

ကျွိ…

“ဝုန်း”

“ဟာ…ဘာဖြစ်တာလဲ”

“လက်ရန်းမှာ တပ်ထားတဲ့သစ်သားပွတ်လုံး
တိုင်တစ်တိုင် ပြုတ်ကျသွားတာ”

လှေကားသစ်သားပြားကို နင်းလိုက်တိုင်း၊ စရွေး
များ ချောင်နေသဖြင့် တကျွိကျွိ အသံများ ထွက်
နေသည်။ လှေကားလက်ရမ်းကလည်း အားစိုက်
ကိုင်လိုက်လျှင် ပြိုကျသွားမည်ထင်ရသည်။ လှုပ်
လီ လှုပ်လဲ့ ဖြစ်နေသည်။ မကြာခင် လူစိမ်းက
ဦးဆောင် ခေါ်သွားသဖြင့် အပေါ်သို့ ရောက်ခဲ့
သည်။ ကိုတင်ဝင်းအား ထိုလူစိမ်းက…

“နောင်ကြီးဆီက မီးခြစ်ခဏပေးပါလား”

“ခဏလေး မီးခြစ်ကို အိတ်ထဲ နှိုက်စမ်းလိုက်
ဦးမယ်”

ကိုတင်ဝင်းက ဆေးလိပ်သမားမဟုတ်သော်လည်း
ခရီးသွားနေသူဖြစ်၍၊ မီးခြစ်ဆောင်သွားသည်။

အဝတ်အစားအိတ်အတွင်း လက်ကိုထိုးနှိုက်ပြီး
စမ်းလိုက်သည်။

“ဒီမှာ မီးခြစ်ရပြီ”

“ရော့ ဒီမှာ ဖယောင်းတိုင်၊ ကျုပ်လက်တွေ ရေစို
နေလို့ နောင်ကြီးပဲ မီးခြစ်ပြီး ထွန်းလိုက်ပါ”

ထိုလူကမ်းပေးသော ဖယောင်းတိုင်ကို လှမ်းယူ
လိုက်သည်။ ဖယောင်းတိုင်က ခြောက်လက်မ
သာသာခန့်ရှည်သော ဖယောင်းတိုင်ဖြစ်သည်။
တစ်ချောင်းကို တစ်နာရီခွဲခန့်တော့ ကြာနိုင်သည်

“ခင်ဗျားရဲ့မိုးစိုနေတဲ့ အဝတ်အစားတွေ လဲလိုက်
ပါလား”

“အိပ်ချင်တဲ့အချိန်အိပ် မအိပ်ချင်လို့ တစ်ညလုံး
စကားထိုင်ပြောမယ်ဆိုလည်း ရတယ်”

အခန်းအလယ်မှာ၊ သွပ်ပြားဟောင်းတစ်ခုချထား
ပြီး အပေါ်မှာ မြေကြီးဖြန့်တင်ထားကာ ထိုအပေါ်
မှ၊ ထင်းချောင်းများနှင့် မီးမွှေး၍ မီးလှုံသော မီးဖို
တစ်ခု အသင့်တွေ့ရသည်။ ဤအိမ်သို့ရောက်
လာသူများ၊ အအေးဓါတ်သက်သာအောင် မီးလှုံ
ရန်အတွက် မီးဖိုလုပ်ထားခြင်း ဖြစ်နိုင်သည်။ ထင်း
ခြောက်အချို့ကလည်း အနီးမှာ အဆင်သင့်ရှိနေ
သည်။

ကိုတင်ဝင်းက မီးရောင်အောက်မှ အခန်းအခြေ
အနေကို ကြည့်နေသည်။လူမနေသည်မှာ ကြာ
ပြီဖြစ်ကြောင်းလည်း သိလိုက်သည်။

“နောင်ကြီးက ဒီအိမ်မှာနေတာဆို၊ တစ်အိမ်လုံး
ဖုံတွေ ပိုးအိမ်တွေနဲ့၊ ကြမ်းပြင်ပေါ်မှာလည်း၊ ဖုံ
တွေ မလှည်းမကျင်းထားဘူး၊ နောင်ကြီးနေတဲ့
ပုံမရဘူူး”

“ဟုတ်တယ် …ဒီအိမ်မှာ မနေဖြစ်တာ နှစ်လ
ကျော်သွားပြီ၊ ဒီနေရာနဲ့ နှစ်မိုင်လောက်မှ ကျွန်း
စိုက်ခင်းတစ်ခု လုပ်နေတယ်၊ အဲဒီမှာ အဖွဲ့နဲ့
စုပေါင်းသွားနေတယ်၊ အိမ်ကို ပစ်ထားခဲ့ပြီ၊
စားအိုးစားခွက်တွေ သယ်သွားနေတာ။ နှစ်
လလောက်ရှိပြီ”

“အခုပျိုးခင်းဌာနက ပြန်လာတာ၊ စိုက်ခင်းမှာ
ပျိုးပင်ကုန်နေလို့ ပျိုးခင်းဌာနကို သွားပြောပြီး
ဒီအိမ်ရဲ့အခြေအနေကြည့်ရင်း လှည့်ဝင်လာ
ခဲ့တာ”

ထိုလူက ကိုတင်ဝင်းကို ပြောဆိုရှင်းပြရင်း၊
ဖယောင်းတိုင်နှင့် မီးများမွှေးနေသည်။ မကြာ
ခင် မီးတောက်လာသည်။ သစ်ကိုင်းခြောက်
သစ်သားထင်းများက၊ ခြောက်သွေ့လွန်းသ
ဖြင့် မီးကောင်းစွာလောင်သည်။

“လာဗျာ မီးဖိုနားမှာထိုင်၊ စကားလည်းပြောရင်း၊
ခင်ဗျားမှာ ပါတဲ့ အရက်လည်းသောက်ရင်းပေါ့”

“ဟာ နေဦး ဖန်ခွက်နှစ်လုံး သွားယူလိုက်မယ်”

ထိုလူက ဟောင်းနွမ်းဆွေးမြည့်နေသော၊ ကြမ်း
ပြင်ပေါ် နင်းပြီး၊ မီးဖိုခန်းအတွင်းဝင်သွားသည်။
ခဏနေတော့ ဖန်ခွက်နှစ်လုံးယူပြီး အပြင်ပြန်
ထွက်လာသည်။

“ရေမရှိလို့ ဖန်ခွက်ကို ရေမဆေးခဲ့ရဘူး၊ ကြောင်
အိမ်ထဲမှာ ထားတာဆိုတော့ သန့်ပါတယ်”

ကိုတင်ဝင်းက သူ့ကို လှမ်းပေးသော ဖန်ခွက်နှစ်
လုံးကို အင်္ကျီနှင့် နှံ့အောင် ပွတ်သုတ်လိုက်သည်။
သူပြောသကဲ့သို့ပင်၊ ဖန်ခွက်များက ပြောင်လက်
နေသည်။ သို့ကြောင့် အရက်ကို ဖန်ခွက်တစ်ဝက်
စီထည့်ပြီး တစ်ခွက်ကို ကမ်းပေးလိုက်သည်။ ပဲ
ကြီးလှော်ပါတာ လမ်းမှာကုန်သွားပြီ၊ အရက်က
တော့ တစ်ဝက်ကျော်မျှ ကျန်သေးသည်။

စကားတွေ ရောက်တတ်ရာရာ ပြောကြသည်။
ဤဒေသအကြောင်းကို ကိုတင်ဝင်းကမေးသည်။
ထိုလူကလည်း မေးသမျှ ဖြေသည်။

“ကျတော်က၊ ကုန်သည်အသေးစား လုပ်နေ
တော့ကားနဲ့ပဲ အသွားအလာရှိတယ်၊ ဒီဒေသ
ကိုလည်း တစ်လတစ်ခေါက်၊ နှစ်ခေါက်
လောက်တော့ ရှိတယ်။ ကုန်ရောင်းကုန်ဝယ်
ကိစ္စနဲ့ ကရင်ပြည်နယ်ရှမ်းပြည်နယ်၊ မွန်ပြည်
နယ်ဘက်တွေလည်း ရောက်တယ်။ ငွေရေး
ကြေးရေ ကတော့ ရတဲ့အခေါက်ရတယ်။ မရ
တဲ့အခေါက်ဆို လူထားရင်ထားခဲ့၊ မထားခဲ့ရင်
တစ်ခေါက်ပြန်ကြေးနဲ့နောက်တစ်ခါကုန်ပို့မှ၊
ရှေ့ကုန်ဖိုးယူပေါ့။ ဒီအခေါက်ကတော့ ပွဲရုံမှာ
ပစ္စည်းချထားပြီးပြန်ခဲ့တာ၊ နောက်တစ်ခေါက
်လာမှာပဲ ပိုက်ဆံရတော့မယ်”

“ဘာလည်း …ခင်ဗျားက၊ ကုန်သည်အကြီးစား
လား”

“ဟာ မဟုတ်ပါဘူး၊ ကားတစ်စီးစာကို ကျုပ်
တို့သူငယ်ချင်းသုံးယောက်စပ်တူလုပ်ကြတာ။
ကျုပ်ရှိတဲ့ ပိုက်ဆံက၊ ကားတစ်စီးစာမနိုင်ဘူး၊
ဒါကြောင့် သူငယ်ချင်းသုံးယောက်စပ်တူ အ
ရောင်းအဝယ်လုပ်နေတာ”

“ခင်ဗျားက ကုန်သည်ဆိုတော့ ပိုက်ဆံတော့
ပါမွေပါ့”

“ဟာ…လမ်းစရိတ်လောက်ပဲ ပါပါတယ် ပွဲရုံမှာ
ကုန်တွေထားခဲ့ရတယ်၊ နောက်ကုန်ပို့မှ ရှေ့
ကုန်ရှင်းမှာ လို့ ပြောပြီးပြီလေ”

“ဘာလည်း ခင်ဗျားဆီက လုယူမယ်ထင်လို့လား”

“ဟာ မထင်ပါဘူး ခင်ဗျားကို ကျုပ်ခင်ပါတယ်”

“ကျုပ်က သစ်တောမှာ ဝန်ထမ်းဆိုတော့ ဒီအိမ်
နဲ့ ဒီတော ခွဲခွာလို့ မရတော့ဘူး”

“ခင်ဗျားက အိမ်ထောင်ရှိလား”

“အရင်ကတော့ ရှိတယ်၊ လွန်ခဲ့တဲ့ သုံးနှစ်
လောက်က ကျုပ်သားကို ခေါ်ပြီး၊ ဒီအိမ်
ပေါ်က ဆင်းသွားကြတယ်၊ ဒီအိမ်ကြီးမှာ
ကျုပ်တစ်ယောက်ထဲ ကျန်ခဲ့တယ် တော
ခေါင်းတွေ ရောက်လာရင်တော့ ကျုပ်ပျင်း
ပြီးကျန်ခဲ့တော့တာပဲ”

“သူတို့ကြောင့် ကျုပ်အရက်ကြိုက်သွားတာ သူ
တို့ပြန်သွားရင် ပါလာတဲ့ အရက်ပုလင်း သောက်၊
ကုန်တာရော မကုန်တာရော အကုန်ထားခဲ့တာ။
ကျုပ် ကောင်းကောင်းသောက်ပစ်တာပေါ့”

“ခင်ဗျားတစ်ယောက်တည်း ဒီအိမ်ကြီးမှာနေတာ
သရဲမကြောက်ဘူးလား”

“သရဲမကြောက်ပါဘူး ခင်ဗျားမေးလို့ပြောရဦးမယ်
ကျုပ်မိန်းမနဲ့ကလေး ဒီအိမ်က ထွက်သွားကြတာ၊
သရဲကြောက်လို့ ထွက်သွားတာ”

“သရဲက …ဘယ်က သရဲလဲ…ဒီအိမ်ကြီးမှာ ရှိ
တာလား”

“ကိုပေါက်စဆိုတဲ့ လူတစ်ယောက်ပေါ့။ ဒီအိမ်
မှာ နေတဲ့ ဝန်ထမ်းတစ်ယောက်ပဲ”

“အခုဘယ်မှာလည်း ဒီအိမ်က ထွက်သွားပြီလား”

“ထွက်မသွားဘူး သေသွားတာ”

“ဒီအိမ်နောက်ဘက် ရေကပြင်ဘေးမှာ ကြိုးနဲ့
ဆွဲတင်ရတဲ့ အုတ်ရေတွင်း တစ်တွင်းရှိတယ်၊
ပေနှစ်ဆယ်လောက်နက်တဲ့တွင်း အဲဒီကို
ပေါက်စဆိုတဲ့လူ အရက်မူးလာပြီး ရေခပ်တာ
ရေတွင်းထဲ ဇောက်ထိုးကျပြီး သေသွားတယ်
အဲဒီလူသေသွားကတည်းက၊ ညည၊ သရဲလာ
ခြောက်တယ်ဆိုပြီး ကျုပ်မိန်းမလည်း သားကို
ခေါ်ပြီး ဒီအိမ်က ထွက်သွားကတည်းက ကျုပ်
နဲ့ ကွဲသွားတာ..ဒီသရဲက အိမ်အနီးကို ရောက်
လာတဲ့ လူတိုင်း အိမ်ခေါ်ပြီး ခြောက်တာ၊တော
ခေါင်းကြီးတွေဆို၊ တစ်ညကနေ၊ နှစ်ညမကျော်
ဘူး၊ ပြန်ပြောင်းပြေးကြတော့တာပဲ”

“ခင်ဗျားလည်း အခြောက် မခံရဘူးလား”

“ကျုပ်ကိုလား မခြောက်ပါဘူး၊ ကျုပ်က ပြန်
တောင်ခြောက်လိုက်ဦးမှာ၊ သူသရဲခြောက်ရင်
အခြားနည်းနဲ့ မခြောက်ဘူးဗျ။ ရေတွင်းထဲက
တက်လာပြီး ရေစက်လက်နဲ့ ခြောက်တတ်
တာဗျ ပြီးတော့ သူ့အကြောင်းကိုလည်း၊ အခု
လို ထိုင်ရင်း ပြောပြနေတတ်တာ”

ထိုလူစကားကြားမှ ကိုတင်ဝင်းလည်း၊ အခြေ
အနေကို အကဲခတ်လိုက်သည်။ သူယခုမှပင်
ထူးခြားချက်ကို သွားတွေ့လိုက်သည်။

သူတို့စကားထိုင်ပြောနေသည်မှာ ဖယောင်းတိုင်
တစ်တိုင်ပင် ကုန်တော့မည်။ မီးဖိုက မီးအပူရှိန်က
လည်း မျက်နှာကိုလာဟပ်ကာ စပ်ဖျဉ်းဖျဉ်းပင်ဖြစ်
နေသည်။ အပြင်က အအေးထက် သာလွန်သော
အပူဖြစ်သည်။ ထိုမျှကြာသောအချိန်၊ မီးအပူက
စိုသောအဝတ်အထည်တို့ကို ခြောက်သွေ့သွား
နိုင်သည်။ ယခုကိုတင်ဝင်း၏ ရှေ့မှလူက စကား
ပြောရင်း မီးလှုံနေပေမဲ့ ယခုထိ သူ့အဝတ်အစား
များက ရေတို့ဖြင့် ရွှဲစိုနေသည်။

လက်ရှည်အင်္ကျီမှ ရေစက်တို့က တစ်ပေါက်
ပေါက် ကျနေသေးသည်ကိုလည်း ဂရုစိုက်မိ
လိုက်သည်။ ထို့ပြင် ကိုတင်ဝင်း စောစောက
ဂရုမစိုက်မိသော အချက်တစ်ချက်ကိုလည်း
မြင်လိုက်ပြန်သည်။ မီးရောင်ကြောင့် ကိုတင်
ဝင်းအရိပ်က နောက်မှထင်နေပေမယ့်၊ ထိုလူ
အရိပ်က နောက်မှာ လုံးဝမထွက်ခြင်းပင်၊

ထိုအချက်ကို မြင်တွေ့လိုက်သဖြင့်၊ ကိုတင်
ဝင်းအမူးတို့ ပြေသွားရသည်။ ထို့ပြင် ထိုလူက
သူ့လက်မောင်းမှ ရေတို့ကိုတစ်ခါ၊ တစ်ခါ သပ်
ချနေသည်ကိုလည်း ယခုမှ ဂရုစိုက်မိလိုက်သည်။

“ဟင်…ခင်…ခင်ဗျား လူ..လူမဟုတ်ဘူး”

“ကျုပ်လား…ဒီဝန်းကျင်ကို ညဘက်မျက်စေ့လည်
ရောက်လာတဲ့ …လူတွေကို ဒီအိမ်လာချင်အောင်
လမ်းက စွဲဆောင်ခေါ်ပြီး ကျုပ်သေရတဲ့ အဖြစ်အ
ပျက်ကို မပျင်းမရိအောင် ပြောပြနေတဲ့ ရေတွင်း
ထဲက တက်လာတဲ့ သရဲတစ်ကောင်ပါပဲ”

“ဗျာ”

ကိုတင်ဝင်းလည်း ထိုင်နေရာမှ ဝုန်းကနဲ ထပြီး
အိမ်ပေါ်က အပြေးဆင်းခဲ့သည်။ အမှောင်ထဲမှာ
လမ်းပေါ်ကို ဘယ်ကဲ့သို့ ရောက်သွားသည်မသိ၊
အမှောင်မည်းမည်း၊ စမ်းတဝါးဝါးနှင့်သာ ထွက်
လာခဲ့သည်။ သရဲနှင့် အိမ်ကြီးပေါ်မှာ၊ အတူနေ
ရမှာထက်စာရင်၊ အမှောင်ထဲ လမ်းလျှောက်နေ
ရပေမယ့် …လွတ်လပ်ပေါ့ပါးသွားသည်ဟု ခံစား
ရင်း ဖြည်းဖြည်းရင်း လျှောက်နေလိုက်တော့သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)

မြေအောင်းဖုတ်တစ္ဆေနှင့် နာနာဘာဝဖြစ်ရပ်မှန်များ
စာအုပ်မှ ကောက်နုတ်တင်ပြထားသည်

credit