“ဝိဇ္ဇာတောလား”(စ/ဆုံး)

Unicode Version

“ဝိဇ္ဇာတောလား”(စ/ဆုံး)
——————————–
“ ဆရာတစ်ယောက် – အခု မနက်ပဲ ဆေးရုံ
မှော်
တိုက်မှာ ဆုံးသွားပြီတဲ့ဆရာ…” “ဟေ- ဟုတ်ရဲ့လား-ကံလှရာ”
စကားအဖြစ်မို့သာ မေးလိုက်ရခြင်း ဖြစ်သည်။ “မှော်ဆရာ”ဟု ကျွန်တော်တို့က နှုတ်စွဲနှုတ်မြဲနေ ကြသည့် ဝိဇ္ဇာသောင်းတစ်ယောက် တရှောင်ရှောင် နှင့် ဆေးရုံတိုက်ရောက်ခဲ့ရာမှ အတော်ဖြစ်နေပြီဟု ကြားနေမိခဲ့သည်မှာ ကြာလေလှပြီ။ နဲ့ကျောက် နဲ့ကျောက်ဖြင့် နေ့သေမလို့၊ ညသေမလို အခြေ အနေ အတော်ဆိုးနေပြီဟု သတင်းသဲ့သဲ့ ကြားနေ ခဲ့ရသည်လည်း ခဏခဏ။
ဖြစ်ခဲ့။
သို့နှင့်တိုင် – သူ့ကို တကူးတက သွားမတွေ့

မတွေ့ဖြစ်ဆို သူရောက်နေသည်က ပြစ်ဒဏ်တိုက် (Punishment cellထဲမှာ အလုံပိတ် ပြစ်ဒဏ်ခံနေရပေသည်ကိုး …။ ကျောက်ကြီးတို့၊ . နွားကြီး နွားလေးတို့၊ ခေါ်တောတို့ လူသိုက်တွေ တိုက်ကို မြေအောက် လိုက်တူး၍ထွက်ပြေးကြဖို့လှုပ်ရှားကြရာမှာအခါတော်ပေးမိ၍တဲ့။ ပဲလှော် ကြား ဆားညှပ်လေသလား၊ ငရုတ်သီးနှင့် ပေါင်းမိ၍ပင် ရောအထောင်းခံ ရသည့် ကြက်သွန်ဖြစ်ရှာလေသလားမသိ။
“မှော်ဆရာတစ်ယောက် တိုက်ထဲ ရောက်သွားပြီ”ပဲ ကြားလိုက်ရ၏။ ဧရာမပြဿနာပုံကြီးထဲ လုံးချာပတ်လည်လိုက်နေရှာပြီပဲ သိလိုက်ရသည်။ သည်အချိန်မျိုးမှာ သူနှင့် ခပ်ကင်းကင်းနေလိုက်ခြင်းသည်သာ အကောင်း ဆုံးပဲဟုတွေးလျက် တမင်နေခဲ့လိုက်ခြင်းလည်း ဖြစ်သည်။
“အင်းပါလေ – မှော်ဆရာလို လူမျိုးဟာ အလကားနေရင်းကတောင် သူများတစ်တွေမနေချင်ကြတဲ့ကြိုးတိုက်အခန်းလွတ်ထဲကိုတမင်တောင်း ပြီး နေခဲ့ဖူးသေးတဲ့ မောင်ပဲ။ ကိစ္စဝိစ္စတွေ အေးသွားမှ သွားတွေ့လိုက်တာပဲ ကောင်းမယ်ထင်ပါရဲ့
စိတ်ထဲ၌ သည်သို့သာပေါ့ပေါ့တွေးထားမိခဲ့၏။ နောက်၊ နိစ္စဓူဝထောင် သံသရာမှာဖင်လှည့်ခေါင်းလှည့်ဖြင့် လုံးလည်ချပ်ပြားလိုက်ရင်းမှော်ဆရာ ကိုမေ့သွားခဲ့မိရပြန်သည်။
ယခုဖြင့်မူ သူ့ခမျာ သေရှာပြီတဲ့။
လန့်ပြီးတစ်ကိုယ်လုံးဖြန်းခနဲဖြစ်သွားလိုက်ချင်သေးသည်။
“ကျုပ် ကံလမ်းက ပြတ်နေပြီ – ဆရာရဲ့။ ဒီအထဲမှာတင် ကိစ္စငြိမ်းမှာ။ အဲဒါကတော့ သေချာတယ်။ မြေကြီးလက်ခတ်မလွဲပဲ”ဟု ကံသေ ကံမ ကျိန်းသေကြီး သူ့ ကြမ္မာသူ ဖတ်ခဲ့ဖူးသေး၏။ ကဲ – ယခုဖြင့် သူပြောသည့် အတိုင်းချည့်ပါပဲကလား။
ဪ-မှော်ဆရာ၊ မှော်ဆရာ..။ သတိရ.ရမိသေးတော့သည်။

“ကျုပ်ကိုတိုက်ထဲမှာပဲထားပေးပါ-ထောင်မှူးကြီး။ဒီအတိုင်း၊အတိုင်း အိတ်ထောင်မှာ ဆက်နေဖို့ ဘယ်လိုမှ မဖြစ်လို့ပါ။ ရှိကြီးခိုးပါရဲ့။ ကျုပ်ကို ကြိုးတိုက်ခန်းအလွတ်တစ်ခုခုထဲမှာပဲ ထားထားပေးပါ”
ရော – ခက်ပဲ ခက်ရချည့်။ ထောင်ဆိုသည့်အရပ်မျိုး၌ မကြုံဝံ့ မကြားဝံ့ သည့် မှုခင်း ထွေလာဆန်းဆန်းကလေးများနှင့် ခုတင်ခု ပက်ပင်းခလုတ် တိုက်မိလေ့ရှိတတ်ငြားသော်လည်းယခုလိုပုံနှယ်ကိုယ့်ဘာသာကိုယ်ဇွတ် အတင်း နသားပါရ တိုက်ထဲလှိမ့်ပို့ချင်နေသည့် ဒုံးပေကျွဲရေ ပေတိပေစုတ် လူ့ဇောက်တိဇောက်ထိုးမျိုးကိုကား မမြင်ဘူးခဲ့ရိုးအမှန်။
ဘယ့်နှယ်ခင်ဗျာ။ “ဟေ့ – မိုက်တဲ့ကောင် လက်ညှိုးထောင်၊ ထောင့် အပြင်တန်း မရှိဘူးဟေ့”ဆိုသည့် အာပေါင်အာရင်းသန်ချင်တတ်သည့် လူ မိုက်ပဂေးကြီးများပင်။ ထောင်ထဲသို့ ဒုတ်ဒုတ်ထိရောက်ခဲ့လျှင် အလျား (၁၂)ပေ၊ အနံ (၈)ပေ၊ အမြင့် (၁၃)ပေ အုတ်တံတိုင်းလေးဖက်ကာ အခန်း ကျဉ်းကျုတ်ကျုတ် မှောင်မည်းမည်းလေးထဲမှာ နေ့နေ့ညည နိစ္စဓူဝ ဖင် မလှည့်သာ ခေါင်းမလှည့်သာ နေရ၊ ထမင်းစားတော့လည်း သည်နေရာ၊ အိပ်တော့လည်း သည်ကြမ်းပြင်၊ မတ်တတ်ရပ်လည်း သည်အခန်း၊ ကျော ခင်းမည် ကြံပြန်တော့လည်း သည်မှာပဲ။ (မရိုသေ့စကား ခင်ဗျာ) ချေးယို တော့လည်း သည်မှာ၊ သေးပေါက်တော့လည်း ထိုနည်းလည်းကောင်း နိစ္စ ဘတ်လုံးလည်ချပ်ပြားလိုက်နေသည့် တိုက်ခန်း (cell) များကိုလက်တွေ့ မျက်တွေ့ မြင်ရပြီဆိုပါက သေးတွေ၊ ချေးတွေ ဗြန်းဗြန်းကွဲ ထွက်ကျ မလောက်ကြောက်ဒူးတုန်တတ်ကြရမြဲ။
သွားလေသူကျေးဇူးရှင်အင်္ဂလိပ်မင်းအစိုးရကနွားမရွံ့ပိတ်ထိုးကြိတ်၍ အဓမ္မ အမွေပေးပစ်ခဲ့သည့် ထောင်တည်းဟူသော နှိပ်ကွပ်ရေးယန္တရား ကြီးမှာ အနှီ နှာခေါင်းပေါက်မျှလောက်သာ ကျယ်သည့် တိုက်ခန်းကလေး များကားအရေးပါပါအသုံးတော်ခံခဲ့ကြဖူး၏။သေဒဏ်အကျဉ်းသားများကို ထားသည့် ရင်ကွဲတိုက် (Ordinary Cell)၊ အခြားအကျဉ်းသား၊ အချုပ် သားများနှင့် သီးသန့်ခွဲ၍ ချုပ်နှောင်ထိန်းသိမ်းထားရမည့်ပုဂ္ဂိုလ်များချည်း

စံမြန်းရသည့် သီးခြားတိုက် (Separate Cell)၊ ထောင်အတွင်း ရောက် သည့်တိုင် မိုက်ဇာတ် မသိမ်းသေးဘဲ ချိုကလေး တမြမြနှင့် နောက်ထပ် ထောင်တွင်းပြစ်မှုများ ကျူးလွန်တတ်လွန်းသည့် ဆိုးပေ မိုက်ခဲကြီးများ အတွက်ကျကျနနကြီးဧည့်ဝတ်ကျေပေသည့်အလုံတိုက်(Solitary Cell) ခေါ်ပြစ်ဒဏ်တိုက်(Punishment Cell)၊ အနာကြီးရောဂါသည်အကျဉ်း သားများနှင့်နှစ်ကြီးသမားလူနာများကိုထားသည့်ဆေးရုံတိုက်(Hospital
Cell) စသည် – စသည် တိုက်အမျိုးအစား အဖုံဖုံသည် မိုးကို ဒူးနှင့် တက် တိုက်မည့် ယောက်ျားဘသား လူဆိုးလူပေ၊ လူတေလူရွတ်ကြီးများကို ချေ ချွတ်ဆုံးမအံ့သောငှာ အဆင်သင့် စောင့်နေကြကုန်၏။
ထောင်ကြီးထဲက ထောင်ကလေး၊ အဲ … အဝင်အထွက် သံတံခါးတစ် ပေါက်မှလွဲ၍ လောကဝန်းကျင်နှင့် လုံးလုံးအဆက်ပြတ်ရာအရပ်ဒေသ။ ယုတ်စွအဆုံး – မျက်စိတစ်ကမ်း လက်တစ်လှမ်းမှ နေနှင့်လ၊ နေရောင်၊ လ ရောင်များကိုပင်လျှင် မြင်သာမြင်ရ၊ မကြင်ရသည့်ဘဝမျိုးမို့“တိုက်…ဟေ့” ဆိုသည်နှင့် ချေးချမ်းအောင် ကြောက်ဒူးတုန်လိုက်ရသည်ဖြစ်ခြင်း။ ယခုမူ၊ထောင်မှူးကြီးကျွန်တော့်ရှေ့မှောက်၌သူ့ကိုယ်ကိုသူကြိုးသမား
များသာထားရသည့် ကြိုးတိုက်အခန်းလွတ်ထဲမှာ သူ့ကိုထားပါချည်း နားပူ နားဆာတိုက်နေသူသည်အဘယ်သို့သော သူကောင့်သားပေနည်း။ “နော-ဆရာ-နော
အမယ်မင်း၊ မောင်မင်းကြီးသားက ထပ်တွန့်၍ လောဆော်နေလိုက်
ချေသေး။
အသက်က လေးဆယ်သာသာ။ လူပုံက ပိန်ချောင်ချောင်၊ ကုန်းကိုင်း ကိုင်း၊ ကြောင်တစ်ကောင်၏မျက်လုံးများလိုစူးစူးတောက်တောက်။ တစ်ခါ တစ်ခါကြောင်တောင်တောင်။ နက်မှောင်သောမျက်ဝန်းထဲမှာ သူငယ်အိမ် သည် ပေါ်လိုက် ပျောက်လိုက်။ တည်တည်တင်းတင်းကြည့်ချင်သည့်အခါ ကြည့်တတ်သည်။ ရံဖန်ရံခါ မျက်ကြောတွေ သေနေသည့်နှယ်။ ကလယ်ကလယ် လုပ်ချင်လုပ်နေတတ်သည်။ သို့တိုင်၊ သူ့အကြည့်တွေမှာ မာန်ပါ လွန်းလှ၏။ သူတစ်ပါး၏စိတ်ကို ကယောင်ချောက်ချားဖြစ်အောင် လုပ် တတ်လွန်းလှသည်။
သူကား ဝိဇ္ဇာသောင်း (ခ) မှော်ဆရာ (ခ) အူလူးသောင်းထွန်းပေ
တည်း။
သူ့အကြောင်းမသိသူမို့ သူနှင့်တစ်ခဏမျှမတွေ့လိုက်မိပါစေနှင့်။စိတ် ရောကိုယ်ပါ လေးလံထိုင်းမှိုင်းလာပြီးလျှင် “စိတ်နဲ့ ငါနဲ့ ညစ်တယ် – ညစ် တယ်”ဖြစ်လာပေလိမ့်။ အာရုံခံစားမှုများ ဖောက်ပြန်ယိုယွင်းသွားပေလိမ့်။ ဒိဋ္ဌဓမ္မလောကနှင့် လောကဓာတ် သိပ္ပံကိုသာပဲ တမ်းတမ်းစွဲ ဖက်တွယ် ဆုပ်ကိုင်ထားသူများပင်လည်း စုန်း၊ ကဝေ၊ တစ္ဆေလောကဂမ္ဘီရတွေ ဧကန် ရှိပေ၏ဟုခေါင်းတညိတ်ညိတ်လက်ဖျားတခါခါဖြင့် လက်ခံသွားရချိမ့်။
လိမ်လည်မှု၊ ရာ – ၄၂ဝ (ဖိုးတွမ်တီး)နှင့် သာသနာ ညှိုးနွမ်းစေမှု (ရာ- ၂၈၅)တို့ဖြင့် ထောင်နှင့်အိမ်၊ အိမ်နှင့်ထောင် လမ်းသလား ကူးကလန်ခတ် နေသောထောင်လက်ကောက် အကြီးစား သမ္ဘာရင့်တစ်ဦး ဖြစ်၏တည်း။
“ကဲ-ကျုပ်လူရေ’ကျုပ်လူက ဘာတွေ အရူးထ.ပြီး ဘာတွေ အရေး တော် ပေါ်လာလေသလဲ မသိပေတဲ့ ကျုပ်မှာဖြင့် အလုပ်မအားသေးတာ တော့ အမှန်ပဲ။ ဒီကနေ့ ပြီးမှဖြစ်မယ့်အလုပ်တွေ တောင်လိုပုံနေတာ။ ပြီး တော့၊ ပြောလိုက်ရဦးမယ်။ ကျုပ်တို့ ထောင်အလုပ်မှာ ထူးခြားတဲ့ သီးသန့် ကိစ္စ မရှိဘဲနဲ့ တိုက်ခန်းနားကို ယောင်လို့တောင် သီချင် ကပ်ချင်လို့ ကပ်မရ နိုင်ဘူးဗျာရဲ့။ ဒါ – ခင်ဗျားရဲ့အိမ်မဟုတ်ဘူး – ဟုတ်ပြီလား” စိတ်ပေါက်ပေါက်ဖြင့် အငေါ်တူးမိလိုက်ရတော့သည်။ “ဝိဇ္ဇာသောင်း-ဝိဇ္ဇာသောင်း”နှင့် ထောင်ထဲမှာ နာမည်ကြီးလှပေမယ့် လည်း ယခုမှပဲ နဖူးတွေ့ဒူးတွေ့ကြုံရပေသည်။ တွေ့တွေ့ချင်းမှာပင် “အာဂ လူ”ဟုဩချချင်လာ၏။ သူလုပ်ပုံကြီးက ဟုတ်မှမဟုတ်ပဲကိုး။ “အဲဒါကကလိုရှိပါတယ်- ကျုပ်ဆရာရယ်။ကျုပ်ကိုတိုက်ခန်းထဲထည့် ထားခြင်းအားဖြင့် ထောင်မှူးကြီးတို့ထောင်မှာ အကျိုးယုတ်စရာမရှိပါဘူး။ အဲ – အကျိုးတောင် ရှိချင်ရှိပေလိမ့်ဦးမယ်”

“ရို-တယ်ဆိုတဲ့စာပါကလားဗျို့၊ လင်းပါဦး-ဝိဇ္ဇာသောင်းကြီးရယ်။ ဘယ်လိုအကြောင်းတွေကြောင့်များ ခင်ဗျားကိုတိုက်ခန်းထဲထည့်ထားခြင်း ဟာကျေးဇူးကြီးတဲ့ကိစ္စလည်း ဆိုတာကို…”
“တခြားလူတွေကျုပ်နဲ့ မတွေ့ ကြရ၊ ကျုပ်ကလည်း သူတို့တွေကိုမကြုံ ကြရတော့မဖြစ်သင့်တာတွေ မဖြစ်တော့ဘူးပ- ကျုပ်ဆရာရယ်” “အမယ်မယ် – လာလာချေသေး။ ကိုင်း-တွေ့တော့ဘာဖြစ်တုံး၊ မတွေ့ တော့ရော ဘာဖြစ်တုံး – ကဲ”
“အဲ-အဲဒါကဟိုသင်းလေ-အဲ-အဲ”
ဝိဇ္ဇာသောင်း တမင်ဝေ့နေသလားမသိ။ ပြဿနာက လိုရင်းမရောက် ဘဲ တိုင်ပတ်နေသည်။ သူက သူ့လက်နှစ်ဖက်ကို အချင်းချင်း ဆုပ်ကိုင်၍ လိမ်လျက်ရှိ၏။ အမှတ်မထင် ပြုမိနေခြင်းဖြစ်သော်မှ သူ့လက်တစ်ဖက် ဖက်က အမှတ်တမဲ့ လွတ်ထွက်သွားမည်ကို အရေးတကြီး အာရုံစိုက်ထား သကဲ့သို့ ဖိဖိစီးစီး ရှိလွန်းလှ၏။ ကြားကြားနေရဖူးသည့် မှော်ဆရာ၏ ခပ် ကြောင်ကြောင် စတိုင်ဖြစ်သတဲ့ဗျာ ….။
သူသည် သူ့လက်နှစ်ဖက်ကို အမြဲတမ်း ဝှက်ထားတတ်သည်တဲ့။ သာမန်လူတို့မှာ တွေ့ရခဲသည့် သူ့အမူအကျင့်မှာ အမြင်ကတ်စရာ ကောင်း လွန်းလောက်အောင်ပင် ထူးလှ၏တဲ့ ….။ သူက သူ့လက်များဖြင့် တစ်ခုခုကို ထိမိ ကိုင်မိမည်ကို အလွန်စိုးသည်။ မလွဲမရှောင်သာ ကိုင်ရတွယ်ရမည် ဆို ပါကလည်း သူလို ငါလို ဘာသာဘာဝ ကိုင်ပုံ တွယ်ပုံနှင့် လုံးလုံးမတူ။ သူ့ လက်များကို လူမြင် သူမြင်ခံ၍ လှစ်မထားဘဲ အင်္ကျီအိတ်ထဲ လက်နှိုက်၍ သော်လည်းကောင်း၊ လက်ကို ချိုင်းကြားတွင် ညှပ်၍သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် ညှစ်လိမ်ဆုပ်ကိုင်၍လည်းကောင်း ထားလေ့ရှိမြဲ။ အရိုးပဒေသာ သူ့လက်တို့ကို ဖျတ်ခနဲ ဖျတ်ခနဲ လှုပ်ရှား၍ ရုတ်ခြည်းပင် နဂို နေအတိုင်းပြန်ရောက်သွားတတ်သည်…တဲ့။
သူ့လက်တစ်စုံကိုအလိုအလျောက်လွတ်လွတ်လပ်လပ်သည်အတိုင်း တိုင်းထားလျှင်ထိုလက်တို့သည်သူ့ကိုအာဏာဖီဆန်၍မဟုတ်တာ။တစ်ခုခု

လုပ်ဖြစ်တော့မည်လိုလို။ သူ့လက်များကြောင့် ဧရာမ ကြောက်စရာ့ အမှု အခင်းကြီးတစ်ခုခု ကျူးလွန်မိတော့မယောင်ယောင်။ သည်အတွက် အစိုး ရိမ်ကြီးစွာ သူ့လက်တွေကို ဇွတ်အတင်း သိမ်းထားဝှက်ထားရတော့ သည် သို့ သူလုပ်နေပုံ အကဲပါလှချည့်တဲ့။ ကြားဖူးနေခဲ့ရသည်။ ယခုဖြင့်မူ နာမည် ကျော် သင်းကြီး၏စတိုင် မလိုင်ကိုပက်ပင်းတွေ့နေရပြီ။
“ကျုပ်- ကျုပ်- သူတို့တွေကို တွေ့နေရရင်၊ မြင်နေရရင် တစ်ခုခုလုပ်မိ နေလိမ့်မယ်။ မလုပ်ဘဲလည်း ဘယ်လိုမှ မနေနိုင်ဘူး။ ကျုပ်စိတ်ကို ကျုပ် အစိုးမရဘူး။ ချုပ်တည်းထိန်းသိမ်းလို့ မရဘူး။ ပြီးတော့၊ ဒီထောင်အထဲမှာ တွေ့သမျှ ငတိတွေ၊ ငနဲတွေ မှန်သမျှကလည်း စိတ်အခံအား ဝေလ်ပါဝါ (Will power) ပိတ်ပိတ်သား ခန်းခြောက်နေတဲ့ သတ္တဝါတွေချည်း။ အဲဒီ တော့ ကျုပ် အစွမ်းပြချင်စရာ သနားစရာတွေချည်း ဖြစ်နေတော့တာကိုး- ဆရာကြီးရဲ့။ အဲဒီမှာတင် နေမထိ ထိုင်မသာ ကျုပ်က ကျုပ်ရဲ့ ပါဝါတွေကို ထုတ်သုံးလိုက်မိကရော၊ ကံနည်းကံမွဲရှာတဲ့ ဖွတ်လချီးတွေခမျာမှာ တောဖြစ်တောင်ဖြစ်တွေ လျှောက်ဖြစ်ကုန်ကြရော။ ဆရာကြီးတို့ ထောင် မှာလည်းအမှုတွေဗရပွေခတ်ကုန်ကရော။ ကဲ…မခက်ပေဘူးလား။ အဲသာ ကြောင့်. အဲသာကြောင့်။
ဝိဇ္ဇာသောင်းက ရုပ်တည်ကြီးနှင့် ဆက်လှိမ့်နေသည်။
သူ့အကြောင်း ထွေလီကာလီတွေကို ကျွန်တော် ကြားထားဖူးပြီးဖြစ် သည်။ တစ်ခုခုလုပ်စရာရှိလျှင် သူ့လက်ကို ဖျတ်ခနဲ ရုတ်တရက်ထုတ်၍ တရစပ်ဇယ်ဆက်သလိုလုပ်သည်။ တွေဝေအုံ့ဆိုင်းမနေ။ သူလုပ်ချင်ရာရာ အလုပ်မှတစ်ပါး သူ့လက်တွေကိုလျှောက်မလုပ်မိစေရန်တိတိကျကျထိန်း ချုပ်ထားပုံရသည်။ သူ့ဩဇာ၊ သူ့အာဏာကို သူ့လက်တွေက ဖီဆန်မှာ စိုး ပုံရသည်။ ကိုင်စရာရှိလျှင် ဖျတ်ခနဲ ကိုင်လိုက်သည်။ ထိုးစရာရှိလျှင်လည်း ဆိုးခနဲဆတ်ခနဲထိုးလိုက်သည်။ဘာလုပ်လုပ်သုတ်သီးသုတ်ပျာငါးရံ့ပြာလူး။ သည်လိုလူစားမျိုး၏ပါးစပ်က တခြားတစ်ပါးသော ထောင်သူထောင်သား တွေကို သူ့လက်ဖျားအား သူစေစားပိုင်စိုးလေသည်မျိုးလွှမ်းမိုးချုပ်ကိုင်၍ပဲ ရလေဟန်လေသံပစ်လာသဖြင့် နားဝင်ခက်လှ၏။

သို့ပင်ဖြစ်လည်း သည်လူကြီးကိုလွှတ်စိတ်ဝင်စားသွားမိသည်။
“နို့ – နေစမ်းပါဦး – ကျုပ်လူရဲ့။ အဲသလိုမျိုးတွေ ဖြစ်ရလောက်အောင် ကျုပ်လူက ဘာမို့လို့လဲ။ ဘာတွေများ ဒီလောက်ထူးနေသေးလို့လဲ-ကဲ” “ခက်တယ် – ဆရာကြီး ပြောရမှာ သိပ်ခက်တယ်။ ကိုယ့်အကြောင်း ကိုယ်ပြောပြီး“ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်” လုပ်ရမယ့်ဟာက သိပ်ကြောင်တာပဲ”
သူကပဲ တစ်ပြန်စီး၊ ညည်းပြောကလေး ပြောနေလိုက်ချေသေးသည်။ “အာဂလူပဲ”။
“ဒီလိုရှိတယ် – ထောင်မှူးကြီး။ ကျုပ်မှာ တန်ခိုးရှိတယ်။ ဣဒ္ဓိပါဒ် ရှိ တယ်။ ကျုပ်ဝမ်းထဲမှာ အရာရာကို ဆွဲဆောင်ဆွဲငင်နိုင်တဲ့ သတ္တိထူးတစ်မျိုး ရှိနေတယ်။ ကျုပ်ဘာသာကျုပ် သိလွန်လွန်းလို့ပြောနေတာ။ ကျုပ်ကြောင့် သူတစ်ပါးတွေကိုဒုက္ခမများစေချင်ဘူး။ အဲဒါ..”
နတ်ဝင်သည်လိုသူ့တစ်ကိုယ်လုံးတဆိုးဆိုးတဆတ်ဆတ်တုန်နေပြီးသူ့ လက်နှစ်ဖက်ကိုလည်း သူ့ခါးပေါ်က ထောင်ပုံစံပုဆိုး ခါးပုံစထဲ ဇွတ်အတင်း ထိုးသွင်းထား၏။ “ဗုဒ္ဓေါရယ်တဲ့မှ မြတ်စွာ၊ ထူးထွေတည့်အံ့ရာပါကလား။ ဘယ့်နှယ် လူစင်စစ်က တန်ခိုးဣဒ္ဓိပါဒ်တွေ ဗိုက်တစ်လုံးအပြည့် ဆောင် ထားရတဲ့ အကျဉ်းသားတစ်ယောက်ကို အရှင်လတ်လတ်ကြီး တွေ့နေရပါ လိမ်”ဟု။ စိတ်တွေပင် အလိုလို ထွေချင်လာ၏။ “ အလုပ်တွေ ဗရပွေခတ် အောင် ရှုပ်နေရသည့်အထဲ သင်းကြီးက တစ်မှောင့်”ဟု စလုံးစခု ဘုတုတု ကြီး ဖြစ်ချင်လာတော့သည်။
“ဒီမယ် – ဝိဇ္ဇာသောင်း”
“ဟုတ် – ဆရာ”
“အခု – ဒီအတိုင်း ခင်ဗျားပြောနေပုံအရဆိုရင်ကိုပဲ ခင်ဗျားကိုတိုက်ထဲ ပို့ဖို့လုံလောက်သလောက် ရှိနေပြီဗျို့”
“ခင်ဗျာ – ထောင်မှူးကြီး”

“ခင်ဗျာမနေနဲ့ – ကိုယ့်လူရေ။ ခင်ဗျားကိုပို့မယ့်တိုက်က ခင်ဗျားနေချင် တဲ့ကြိုးတိုက်အခန်းလွတ်တော့ဖြင့်မဟုတ်ဘူး။ ဆေးရုံတိုက် – ဆေးရုံတိုက် ကို ပို့ရမှာ “ ဟုတ်ပလား”
“ဟာဗျာ- ဘယ်လိုကြောင့်”
“ခင်ဗျားမှာ စူပါ ပါဝါတွေနဲ့ ပြည့်ပြီး ဂေါက်နေပြီလား။ ဂေါက်မနေသေး ဘူးလားဆိုတာ သိရအောင်ဟာ ဆေးစစ်မို့လို့ဗျို့- ဆေးစစ်ဖို့။ ကိုင်း- သိ ပလား-ကဲ”
“အောင်မလေးဗျာ …”
ဝိဇ္ဇာသောင်းခမျာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပေ။ ထောင်မှူးကြီး ကျွန်တော့်အမိန့်နှင့် ဆေးရုံလက်ပါးတိုက် (Leprocy Cell)၏ဘေးအစွန် အခန်းလွတ်သို့ ချက်ချင်းလက်ငင်း သီတင်းသုံး စံမြန်းသွားရလေတော့၏။ သူကား ဧရာနန္တ စူပါစွမ်းအားရှင်ကြီးကိုး ခင်ဗျ။ မှော်ဆရာ “ဝိဇ္ဇာသောင်း” မဟုတ်မူဘဲ စိတ္တဇဝေဒနာရှင် အကျဉ်းသားတစ်ဦးဖြစ်နေခဲ့သော် မခက်
ပေလား။
“ဒီလိုရှိတယ် – ဆရာထောင်မှူးကြီးရဲ့၊ ညှို့ဓာတ်ဆိုတာကို ကြားဖူးရဲ့ မဟုတ်လား။ လူမှာ ဆွဲငင်တတ်တဲ့သတ္တိ ရှိတယ်ဆိုတာကိုတော့ ယုံမှာပါ နော်။ စိတ်ရောဂါအထူးကုဆရာဝန်ကြီးတွေတောင် စိတ်ညှို့ပြီးဆေးကုကြ တယ်လေ။ ဟုတ်တယ်နော်”
“လူတစ်ယောက်က သူ့စိတ်တန်ခိုးနဲ့ အခြားလူတစ်ယောက်ကို စိတ် ညှို့အိပ်မွေ့ချပြီး အိပ်ပျော်သွားအောင် လုပ်လိုက်တယ်ဆိုတာဟာ စိတ်အင်
အားပါဝါကြီးတဲ့သူကစိတ်တန်ခိုးအားနည်းတဲ့သူရဲ့စိတ်ကိုခိုးယူလိုက်သလို ပဲလေ။ ဆရာကြီးရဲ့ပိုက်ဆံအိတ်ကိုခါးပိုက်နှိုက်ကနှိုက်ယူလိုက်သလိုပဲပေါ့။ တကယ်တမ်းကတော့ စိတ်ကို ခိုးတယ်ဆိုတာ ဝိညာဉ်ကို အပိုင်စီးလိုက် တာပါပဲ။ သူ့ဘာသာ လုံလုံခြုံခြုံရှိနေတယ်လို့ ထင်ထားတဲ့ သူ့စိတ်ထဲက လျှို့ဝှက်ချက်တွေကို သူမသိအောင် တိတ်တိတ်ကလေး နှိုက်ယူလိုက်တာ

မျိုးပေါ့။ အဲဒီလို စိတ်တန်ခိုးစွမ်းအားမျိုးများ ရှိခဲ့ရင် ဘယ်လိုနေမလဲ- ကျုပ် ဆရာ။ နည်းနည်းကလေးတွေးကြည့်စမ်းပါ”
မှော်ဆရာကဖြင့် ခပ်တည်တည် ခပ်တင်းတင်း အပီကြီးကို ပြောချနေ တော့သည်။
ဆေးရုံတိုက်ကို ပို့လိုက်ပြီးနောက် စောင့်ကြည့်ကာလ သုံးရက်ထား ကာ သူ့ကို စောင့်ကြည့်စေခဲ့သည်။ စိတ်ရောဂါအထူးကုဆရာဝန်ကြီးဖြင့် လည်းစမ်းသပ်စစ်ဆေးစေခဲ့သည်။ မည်သို့မျှမထူးခြား။ ဝိဇ္ဇာသောင်းသည် လူရောစိတ်ပါ အကောင်းပကတိပဲတဲ့ခင်ဗျ။ သည်သို့ဆိုလျှင် …။
“ထောင်မှူးကြီးရေ-လူတွေရဲ့စိတ်အတွေးထဲမှာကြံနေတွေးနေတတ်
တဲ့ မအပ်မရာ အကြံအတွေးတွေကိုများ သူတို့ဝှက်ထားတဲ့အထဲကနေ မရ မက သိအောင်ကြိုးစားပြီး နှိုက်ထုတ်နိုင်ခဲ့ရင် ဘယ်ကလောက် ကောင်း လိုက်လေမလဲ။ ကြောက်စရာတွေးလုံးကြီးဆိုပေမယ့်လုံးလုံးကြီးမဖြစ်နိုင်ပါ ဘူးလို့လည်း မျက်စိမှိတ် မငြင်းရဲဘူးခင်ဗျ။ စိတ်ရဲ့အကြောင်း၊ စိတ်နဲ့ အကြောင်းအကျိုးဆက်နေတဲ့အရာတွေရဲ့အကြောင်းကို ဂဃနဏသိခဲ့ရင်၊ အဲ – ပြီးတော့ ကိုယ့်ရဲ့စိတ်စွမ်းအားကို တန်ခိုးအာနိသင်ရှိအောင် တည် ဆောက်ထားနိုင်ရင် ဖြစ်ရမယ်ဗျာ။ ကိုင်း – ဘယ့်နှယ်လဲ”
ဟုတ်ပါ့မလား – မောင်ကာဠုရဲ့။ ဒါ့ထက်တောင် ပိုသေးဆိုသလို ကျ နေတော့သည်။ လိမ်လည်မှု၊ အယောင်ဆောင်မှုတွေ ဗရပွေဖြင့် ထောင်ကို ဥဒဟိုဝင်ခလုတ် ထွက်ခလုတ် ပြုနေသည့် ထောင်လက်ကောက်တစ်ဦးထံ မှ စိတ်ပညာ လက်ချာကြီးကို နာခံမှတ်သားနေရသည့် ကျွန်တော့်အဖြစ် နှယ် ဆိုးပါဘိ။ ဤလို ထောင်မှူးကြီးမျိုး ရှိနိုင်သေးပါအံ့လော။ ယုံချင်ယုံ၊ မယုံချင်နေ၊ ထောင်အလုပ်ဆိုသည်မျိုးက ထောင်ကြီးဧရာအတွက် အမှန် တကယ် ဒုက္ခပေးရန် အလားအလာရှိသူ လက်တစ်ဆုပ်စာ လူလွန်မသား တစ်စုအကြောင်းကိုသာ ပိပိပြားပြားသိထားရပြီဆိုလေက ကိစ္စပြီးစတမ်း ပေကိုး။ ကြိတ်လိုက်ဟ -ဝိဇ္ဇာသောင်းကြီးရဲ့….”
“ကိုယ့်ရဲ့စိတ်စွမ်းအင် ညှို့ဓာတ်နဲ့ သူတစ်ပါးရဲ့လျှို့ဝှက်ဝိညာဉ်သိုက်၊ အဲလေ-ဟဒယနှလုံးထဲက စိတ်အတွေးတွေကို ဘယ်လို နှိုက်ယူနှိုက်

ထုတ်မလဲ။ အဲဒီအပိုင်းကျ ခက်တယ်နော့။ လူ့ရဲ့စိတ်အာရုံငါးပါးဆိုတာဟာ အမှန်တကယ်အားဖြင့်ဆိုရင်တော့ သိပ်ကို ပျော့ညံ့ နုံနဲ့တဲ့ အသိတစ်မျိုးပဲ။ ဘာကိုမှ ဝေ့ဝေ့စုံစုံသိအောင် လုပ်မပေးနိုင်ဘူး။ တန်ခိုးအာနိသင်လည်း မရှိဘူး”
“အဲဒါမျိုးက ဆဋ္ဌမအာရုံလို့ခေါ်တဲ့ သဘာဝလွန်စိတ်တန်ခိုး ရှိနေရင် ဖြင့်ရေးတေးတေးနားလည်သလိုရှိမယ်။စိတ်ကိုစိတ်နဲ့ပဲဖမ်းနိုင်တယ်။ သူ့ စိတ် သူ့အတွေး၊ သူ့အကြံအစည်တွေကိုထိန်းချုပ်စေစားနိုင်တယ်။ သူတစ် ပါးစိတ်အကြံကို ကြိုပြီး သိနိုင်တယ်။ အင်း- ပြောရရင်၊ ကျုပ်မှာ အဲသလို စိတ်တန်ခိုးမျိုး ရှိနေတယ်လို့ဝန်ခံလိုက်ရတော့မှာပဲ”
ဗုဒ္ဓေါ။ ပြောရင်း ပြောရင်း ပိုကဲလာ၏။ သူ့မှာ တန်ခိုးတွေတောင် ရနေ ပတဲ့။ ကြိတ်ဟ။
“အဲသလို တန်ခိုးလိုလို၊ ဘာလိုလိုဟာကြီးကို ရလာခဲ့တာဟာလည်း အတော်တော့ ဆန်းသား။ ကျုပ်လို လူမှန်းသိစ စကားပီ နားကြားကတည်း က ခိုး၊ ဆိုး၊ တိုက်၊ လု၊ လိမ် ဆိုတဲ့ ဒုစရိုက်တောထဲမှာ အတောင်အလက်စုံ လာခဲ့ရတဲ့ လူတစ်ယောက်ဟာ မဟုတ်မဟတ်တာတွေကလွဲရင် အဖိုးတန်
တန်ပညာရယ်လို့ဘယ်မှာလောက်လောက်လားလားသင်ခဲ့ဖူးခဲ့ရလို့တုန်း။ တကယ့် နလပိန်းတုံးပါ ခင်ဗျာ။ အဲသလိုနဲ့ပဲ ရဲအချုပ်၊ တရားရုံးနဲ့ ထောင်ကို ဝလချေးလည်နေခဲ့တာရော။
“အဲ-တစ်နေ့သားမှာတော့ နှလုံးသွေးပျက်စရာကိစ္စကြီးနဲ့ တိုးရော ဆရာကြီးရေ။ ကျုပ်တို့နေတဲ့ အိမ်ကုပ်အိမ်စုတ်ကလေးရဲ့ခေါင်းရင်းက ညောင်ပင်ကြီးကို မိုးကြိုးပစ်ချသလေ။ ဟုတ်တယ်- ဟုတ်တယ်။ ကျုပ်က လေတွေ၊ မိုးတွေကြမ်းလှ၊ရမ်းလှပါသကောရယ်လို့အိမ်တံစက်မြိတ်ကနေ အပြင်ဘက်ကို ကဲ – အကြည့်မှာ ရုတ်တရက်သားကြီးပစ်ချလိုက်တာ။ ဘာ ပြောကောင်းမတုံး- ကျုပ်ဆရာရယ်။ “ဂျိမ်း – ဒလိန်း – ဒလိန်း”ဆိုတဲ့ လျှပ်

စစ်မိုးကြိုးသံကြီးကို မကြားလိုက်ရခင် တစ်မိုးလုံး ဖွေးဖြူလင်းတောက်ပြီး စူးရှထိန်လင်းတဲ့ အလင်းရောင်တန်းကြီးတစ်ခုဟာ ညောင်ပင်ကြီးခွကြား ကိုစိုက်ခနဲထိုးဆင်းသွားတော့တာပဲ။ ညောင်ပင်ကြီးဟာဟက်တက်ထက် ခြမ်းကြီးကွဲလို့။ လောင်မီးကြီးတွေကျပြီး မီးလျှံမီးတောက်တွေ တရဲရဲ၊ မီးခိုး လုံးတွေ မှောင်နေတာပဲခင်ဗျ။ ဟုတ်ပ၊ ကျုပ်ဖြစ်ပုံကို ပြောရဦးမယ်။ မိုးကြိုး လျှပ်စီးကြီး “ဂျိမ်း”ခနဲလည်း ပစ်ချလိုက်ကရော။ ကျုပ်တစ်ကိုယ်လုံး ဖျိုးခနဲ ဖျင်းခနဲဓာတ်လိုက်သလိုမျိုးဖြစ်လာသဗျ။ ဆံပင်တွေ၊ မွေးညင်းတွေထောင် ထလို့။ ကျုပ်ကိုယ်ထဲကအကြောတွေ၊ အချဉ်တွေကိုတစ်ခုခုနဲ့ ဆုပ်ဆွဲတုပ် နှောင်ထားသလိုမျိုးချည်း။ မွေးညင်းပေါက်၊ ဒွါရပေါက်တွေမှန်သမျှက လည်း မီးခိုးငွေ့တွေလိုမျိုး ခြောင်းခြောင်း ခြောင်းခြောင်းနဲ့ အူထွက်လို့လာ တော့တယ်။ နတ်ဝင်သည်လိုပဲ၊ ဒယီးဒယိုင်နဲ့တုန်နေရောဗျို့၊ ကျုပ်မျက်လုံး ထဲကိုလည်း မိုးကြိုးလျှပ်စီး အလင်းရောင်တန်းကြီးက တန်းခနဲ တည့်တည့် ကြီးတိုးဝင်သွားလိုက်တာများဟာရင်ဘတ်ကြီးထဲအထိဒုတ်ဒုတ်ထိရောက် ရော မှတ်လိုက်ရသာပဲ။ အဲ-ကျုပ်လည်း အဲဒီဒဏ်တွေ မခံနိုင်တော့လို့ တုံး ခနဲ ပစ်လဲသွားသဗျ။ ပြန်လည်သတိရလာရော။ အဲဒီထူးတဲ့ဆန်းတဲ့ ကိစ္စ ကြီးတွေကိုကြုံရတော့တာပဲ – ဆရာကြီးရေ။ အံ့ရော – အံ့ရော။
“ဒီလိုလေ၊ ဘာမှန်းမသိတဲ့အဲဒီစွမ်းအားတစ်မျိုးကိုစပြီးသိလိုက်ရတာ က,တာ။ဗွေခေတ်ဦးစ.ပြီးအစွမ်းသတ္တိပြတာဟာကျုပ်ရဲ့လက်ချောင်းတွေ ကဗျ။ လက်တွေက စ.ဖြစ်တာ။ ကျုပ်မို့ တစ်ခုခုကို ယူချင်လို့ လက်မဆန့် လိုက်နဲ့၊ အဲဒီပစ္စည်းက သူ့အလိုလို ကျုပ်ဆီကို တရွေ့ရွေ့နဲ့ ကျုပ်နားရောက် တဲ့အထိ ရွေ့လျားလာရော။ သံလိုက်တုံးကို သံမှုန့်တွေ ပြေးကပ်လာသလို မျိုး။ တစ်ခုခုကို ကိုင်မယ်လို့ လက်မထုတ်လိုက်နဲ့၊ ကိုင်ချင်တဲ့ပစ္စည်းက ကျုပ်လက်ဆီကို အလိုလိုရောက်လာတာ ခင်ဗျား။ ကိုင်း – မဆန်းဘူးလား”
ဆန်းသည်။အဟုတ်တကယ်ဆန်းပါပေသည်။ နားရှိ၍သာကြားလိုက် ရ၊ ဖြစ်နိုင်ဖို့ဖြင့် အလွန်အင်မတန်ဝေးလွန်းသည့်ကိစ္စ။ ဝိဇ္ဇာသောင်းအတည် ပြောနေသလား၊ ကလီကမာ ညာတာပါတေးပဲ လုပ်ပြော.ပြောနေလေသ

လား။ ပြောပုံပြောပေါက်ကဖြင့် အပီကြီး။ ငြိမ်သည်။ ပိပိရိရိသေသေခွေခွေ လည်းရှိသည်။ ဘာပဲဖြစ်ဖြစ်၊ ယုံနိုင်ဖို့ကား ခွန်လွန်လွန်း။
“ဟော- ကျုပ်ဆရာ။ ဇဝေဇဝါကြီး ဖြစ်နေတယ်ပေါ့- ဟုတ်စ။ ဝိဇ္ဇာ သောင်းတစ်ယောက်တော့ ငါ့ကို နှပ်ချနေပြီလို့လည်း စိတ်ထဲက တွေးနေ တယ် မဟုတ်လား။ မငြင်းလိုက်ပါနဲ့လေ။ ကျုပ်က သူများ ရင်ထဲက စိတ် အကြံကို အလိုလို သိနေပါတယ်ဆို။ ကိုင်း- ကျုပ်ဆရာရဲ့စိတ်ထဲက သရိုး သရီတွေ ပျောက်သွားရအောင်ဟာ။ လက်တွေ့ဒက်ထိ လုပ်ကြည့်ကြသာ ပေါ့-နော
အလိုလေး၊ မြတ်စွာဘုရား။
ကျွန်တော့်စိတ်ထဲက အတွေးကိုတောင် သင်းကြီးက အတပ်ဟောနေ ပါကော။ မှန်သင့်သမျှကလည်းမှန်နေသည်။
“သင်းကြီး- ဘယ်လိုထွေထွေရာရာ ဝါစာကမာတွေကို ပေါက်တတ် ကရလုပ်ဦးမလို့ပါလိမ့်”
“ကဲ – ကြည့်နော် – ကျုပ်ဆရာ။ ဟောဟို – ကျုပ်အခန်းထောင့်မယ် တောက်တိုမည်ရဆေးကလေးဝါးကလေးတွေထည့်ထားတဲ့ပလတ်စတစ် ဗူးဖြူကလေးရှိတယ်။ ဟောဟိုမှာတွေ့လား။အဲ- အဲဒီဘူးကလေးကိုကျုပ် က ထိုင်ရာမထဘဲ ကျုပ်ဆီ ရောက်လာအောင် ကျုပ်စိတ်တန်ခိုးနဲ့ပဲ ညှို့ယူ ပြလိုက်မည်။ ကြည့်နေ ကြည့်နေ”
ပြောနေရင်းကပင် သူ့အမူအရာသည် နတ်ဝင်သည်ကဲ့သို့ ဖြစ်လာ သည်။ သူသည် သူမဟုတ်တော့။ အခြားတစ်ယောက်လို ဖြစ်လာသည်။
သူ့ရင်ဘတ်တွင်ကပ်၍ဝှက်ထားသောလက်တို့သည်လှစ်ခနဲထွက်လာ၏။ ထိုလက်နှစ်ဖက်မှာ ဓားအိမ်မှ ဆွဲထုတ်လိုက်သော ဓားနှစ်လက်ကဲ့သို့ ဘာ မျှမလုပ်ရသေးဘဲနှင့်ပင် ကြောက်မက်ဖွယ်အသွင်ကို ဆောင်နေလေ
သည်။
သူက ဆေးပုလင်းကလေးကို တကယ့်အဖိုးထိုက် အဖိုးတန် ရတနာ ပစ္စည်းကလေးအလား စိန်းစိန်းစားစား စူးစိုက်၍ ကြည့်နေ၏။ သူ့မျက်လုံး
ထဲမှ စိမ်းဖန့်ဖန့် လင်းလက်လက် လျှပ်ရောင်တွေ ပြက်နေသလို။ ဖျပ်ခနဲ ဖျပ်ခနဲတောက်နေသလား ထင်ရတယ်။
ဟောဗျ။ ဘာမျှသိပ်မကြာလိုက်။ ပုလင်းကလေးသည် သူ့အတိုင်းတိုင်း မတ်မတ်ကလေးရှိနေရာမှ လေမတိုက်၊ ဘာမတိုက်ဘဲ ဖျောက်ခနဲ လဲကျ သွား၏။ ပြီးလျှင်၊ရှေ့သို့ဆန့်ထုတ်ထားပြီးလက်ချောင်းကလေးများကိုကွေး ချည်၊ ဆန့်ချည်ပြုလျက် စူးစူးပြူးပြူးကြီး စိုက်ကြည့်နေသည့် မှော်ဆရာရှိ ရာဆီတလိမ့်လိမ့်ရွေ့လာတော့သည်။လက်ထဲခုန်ဝင်မသွားရုံတစ်မည်လက် တစ်လှမ်းစာအလိုသို့ဒုတ်ဒုတ်ထိရောက်လေမှဖျတ်ခနဲတည့်တည့်ကလေး
ပြန်ထောင်ပြီး ဘာမျှမဖြစ်ခဲ့သလို ငြိမ်ငြိမ်ကလေးရှိနေပြန်လေ၏။
သူ့ရင်ထဲမည်သို့ရှိလေသည်မသိ။ ကိုယ်တွေ့မျက်မြင် ကျွန်တော့်အဖို့ ရာမှာဖြင့် လောလောလတ်လတ် တစ္ဆေအခြောက်ခံလိုက်ရသကဲ့သို့ လန့် လန့်ဖျပ်ဖျပ် ဖတ်သောဖတ်သပ်ကြီးဖြစ်၍ ရင်ထဲတလှပ်လှပ်တုန်လာတော့ သည်။ မောင်မင်းကြီးသား ဝိဇ္ဇာသောင်းကဖြင့် ပြုံးတုံ့တုံ့ကြီးလုပ်၍ ကျွန် တော့်မျက်နှာကို ဟန်ပါပါကြည့်နေတော့ပြီ။
“ဗုဒ္ဓေါရေ- ဘာတွေတုံးဟ။ ငါ့နှယ် အိပ်မက်များ မက်နေလေရော့ သလား”
အံ့ဩလွန်းလှ၍ ကိုယ့်အသားကိုကိုယ် တိတ်တိတ်ကလေး ဆွဲဆိတ် ကြည့်မိရသေး။
“ယုံရခက်နေသေးသလား- ဆရာ။ အဝိညာဏကဖြစ်တဲ့ သက်မဲ့အရာ ဝတ္ထုကလေးတွေကို ညှို့ရတာများ ဘာဟုတ်သေးတုံး။ သက်ရှိတိရိစ္ဆာန်ကို တောင် အသာကလေး ညှို့ပြလို့ ရသေးတယ်။ ဆရာ – ကြည့်နေ” ငတိကြီး ဘာလုပ်ဦးမည်လဲမသိ။ ရင်တွေ ခုန်လှပြီ။
ဖလပ်ဖလပ်နှင့် ရှပ်ပျာရှပ်ပျာ ပြေးတတ်သည့် နီမကလေး၏ခြေသံကို တိုက်ခန်းအပြင်ဘက်နားဆီက ကြားရသည်။ နီမသည် ထောင်ဆေးရုံအုပ် ကြီး ဒေါက်တာဦးအေးချို၏ အချစ်တော် ခွေးမကလေး ဖြစ်သည်။ ဝိဇ္ဇာ သောင်းကခွေးမကလေးကိုလေချွန်၍ခေါ်လိုက်၏။နီမသည်ဝမ်းပန်းတသာ အမြီးတနှန့် န့်ဖြင့် ကျွန်တော်သို့ရှေ့သို့ ရောက်လာသည်။

သူကောင့်သားကလျှာကလေးတွဲလွဲချ၍ဆောင့်ကြောင့်ကလေးထိုင် နေရှာသော ခွေးမကလေးကို စူးစူးဝါးဝါးကြီး စိုက်၍ ကြည့်နေပြန်၏။ ပထမ သော် နီမခမျာ မနေတတ်၊ မထိုင်တတ် ဖြစ်နေရှာဟန်တူသည်။ သူ့ကို စိမ်း စိမ်းကြည့်နေသည်ကို မခံနိုင်။ မျက်နှာလွှဲ၍လွဲ၍နေ၏။ သူ့စိတ်ထဲမှာ ကြောက်ရှာလွန်း၍ဗလောင်ဆူနေသည်ထင်ပါသည်။
ဝိဇ္ဇာသောင်းက သည်မျှနှင့်မရပ်။ စုန်းမကြီး၏လက်ကဲ့သို့ ကြုံလှီပိန် ကပ်နေသည့်အကြောပြိုင်းပြိုင်းထ၊ သူ့လက်ချောင်းများကို ဆတ်ခနဲ ထုတ် လာပြန်သည်။ လက်ချောင်းများကလည်း အငြိမ်မနေ။ တစ်ခုခုကို ညှို့ယူ စုပ်ယူနေသည့်နှယ် ကွေးဟယ်၊ ဆန့်ဟယ် တလှုပ်လှုပ် တရွရွ၊ လျှပ်ရောင် ဝင်းပြက် စိမ်းဖန့်နေသော သူ့မျက်လုံးများကား နီမကလေး၏မျက်စိနှစ်လုံး မှမခွာတမ်း စိုက်ကြည့်နေသည်။
ဟော-ဟော၊ သူ့လက်များဖြင့် ခွေးမကလေး၏ခေါင်းကို သပ်ချလိုက် သည်နှင့် ခွေးမကလေးသည် ရုတ်ခြည်းပင် ကြောက်အားသည်းစွာ ကျယ် ကျယ်လောင်လောင်ကြီး အူလေတော့သည်။ ညဉ့်နက်သန်းခေါင်ကြီးမှာ လန့်စရာတစ်ခုခုကို ရုတ်တရက် တွေ့လိုက်ရသဖြင့် အူလိုက်သကဲ့သို့ပင်။ သံရှည်ဆွဲ၍ဆွဲ၍အူနေလေရာ နားမချမ်းသာစရာကြီး ဖြစ်တော့၏။
ချက်ချင်းပင်၊ခွေးမကလေးသည် ဦးခေါင်းငိုက်စိုက်ကျလာသည်။ မျက် စိနှစ်လုံးကို ပိတ်၍ အိပ်တော့မည်ကဲ့သို့ ရှိ၏။ နီမကလေးကို မှော်ဆရာက အလုံးစုံညှို့ငင်နိုင်ခဲ့ပြီ ထင်ပါသည်။
မှော်ဆရာ ဝိဇ္ဇာသောင်းသည် သူ့ချွေးသုတ်ပုဝါ မည်းညစ်ညစ်ကလေး ကိုလုံး၍ဖျတ်ခနဲ တိုက်ခန်းအပြင် အုတ်လျှောက်လမ်းကလေးဆီ လှမ်းပစ် လိုက်သည်။ (၁၀)ပေ၊ (၁၅)ပေသာသာပဲရှိမည်။ နှင်းဆီဝါ ပန်းအိုးကလေး အခြေမှာ ပျံ့ပျံ့ကလေး အလုံးမပျက်ကျနေ၏။
ဆရာကြီး ဝိဇ္ဇာသောင်းက သူ့အရိုးပဒေသာလက်ချောင်းပိန်ပိန်သွယ် သွယ်များကို ကဏန်းလက်မများ လှုပ်ရှားနေဘိသို့ လှုပ်ရွလှုပ်ရွ ဆုပ်ချည် ဖြန့်ချည်ပြုပြန်၍ဓားမြှောင်သွားကိုဆန့်ထုတ်လိုက်သည့်နှယ် သူ့လက်ညှိုး

ရှည်ကြီးကိုအပြင်ဘက်သို့ ညွှန်လိုက်၏။ ခွေးမကလေးသည် တုန်တုန်ခိုက် ခိုက်ဖြင့် မျက်စိမျှ မဖွင့်နိုင်ရှာဘဲ တုံ့ဆွတုံ့ဆွ စမ်းတိစမ်းဝါးဖြင့် ပုဝါကလေး ဆီ သွားသည်။ အင်အားချိနဲ့နေသည့် နာတာရှည်လူမမာလမ်းလျှောက်နေ သလိုမျိုး၊ ခြေကျိုးနေသဖြင့် ထော့နဲ့ ထောနဲ့ ဖြစ်နေသည်မျိုး။ တော်တော် နှင့် သူကလေး သွားလိုရာသို့ မရောက်။ မနည်းကြီး စမ်းဝါး၍ သွားနေရရှာ သည်။ သို့သော်လည်း ပုဝါကလေးကိုဖြင့် မရကုပ်က ကိုက်ချီ၍ ပြန်လာခဲ့ နိုင်ပါ၏။ အိပ်ချင်မူးတူး ဒယိမ်းဒယိုင်နှင့်ယိမ်းထိုးယိမ်းထိုးရောက်လာခြင်း။ ကိုယ့်ဆရာက ခွေးမကလေး၏ ဦးခေါင်းပေါ်သို့ သူ့လက်ကြီးနှစ်ဖက် နှင့် ပွတ်လိုက်၊ သပ်လိုက်လုပ်နေ၏။ အိပ်မွေ့ဖြေပေးနေပုံရသည်။
“ကိုင်း – သမီးကလေးရေ-ပြန်ပေဦးတော့။ငါ့သမီးတော်တော်ကလေး ပင်ပန်းသွားရှာမှာပဲ။ ဟီး -ဟီး-ဟီး-ဟီး”
စရာ။
မြင်းအိုကြီးဟီသလို တဟီးဟီး ရယ်နေလိုက်သေး။ မုန်းမှ မုန်းချင်
“ကဲ- ဘယ်လိုလဲ- ကျုပ်ဆရာ။ မြင်လိုက်ရဲ့မှတ်လား။ စိတ်ညှို့ဓာတ် ဆိုတာမျိုးဟာ အဲသလိုပဲနဲ့ တူပါရဲ့။ ကျုပ်ဖြင့် ဒီလိုတန်ခိုးဣဒ္ဓိပါဒ်မျိုး ရှိမယ် မှန်းတောင် မသိခဲ့ဘူး။ အဲ- တိုက်တိုက်ဆိုင်ဆိုင် ကျုပ်လိုလူမျိုးမှာမှ အဲဒါ ကြီးကစွတ်စွတ်ရွတ်ရွတ်ရောက်လာရပေတယ်လို့။ကျုပ်ဖြင့်အံ့လည်းအံ့ဩ
တယ်။ သဘာဝလောကရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့သဘောကိုလည်း ရေး တေးတေးရိပ်မိသလိုရှိလာရပေတော့တယ်။
“အင်း – အခုနေခါမှာ ကျုပ်အဖို့ဆိုရင် ကျုပ်နဲ့မတန်တဲ့ အဲဒီကြောက် စရာ တန်ခိုးအာနိသင်ကြီးက ကျုပ်ကိုယ်တွင်းကို ရောက်နေတယ်။ အမျိုး အမည်မသိတဲ့ သတ္တဝါရိုင်းတစ်ကောင် ဝင်နေသလိုပဲ။ အဲဒီအစွမ်းသတ္တိ တွေက ကျုပ်ကိုယ်တွင်းက ထွက်နိုင်အောင် အတင်းကာရော တိုးခွေ့ရုန်း ကန်နေကြတယ်။ ကျုပ်စိတ်အလိုတွေကို အာခံနေတယ်။ ကလန်ကဆန် လုပ်နေတယ်။ ကျုပ်အာရုံတွေကို လှိုက်ပြီး ဝါးပစ်၊ စားပစ်နေတယ်။ ကျုပ် ဟာဖြင့်နဂိုက သောင်းထွန်းဆိုတဲ့ကျုပ်ရဲ့ရှိရင်းစွဲဘဝဖြစ်လိုက်၊ ကျုပ်လုံးဝ

မသိခဲ့ဘူးတဲ့လူတစ်ယောက်အဖြစ်အသွင်ပြောင်းပြီးသောင်းကျန်းချင်လိုက် နဲ့။ အစွမ်းသတ္တိတွေက ကြာလေလေ၊ ပိုပိုထက်မြက်လာလေလေနဲ့လည်း
တူပါရဲ့။
“ဘယ်အရာမဆို ကျုပ်ဆန္ဒရှိရင် ကျုပ်ဆီကို ဒီလိုပဲ လာကြရတယ်။ လက်မထုတ်ရဲဘူး၊ လက်မဆန့်ရဲဘူး။ အဲဒါ ဘာသဘောတွေလဲ။ သံလိုက် ဓာတ်လား၊ လျှပ်စစ်ဓာတ်လား။ ဘာတွေမှန်းလည်း ကျုပ်မသိဘူး။ မသိပေ မဲ့ လူတွေ၊ တိရစ္ဆာန်တွေ၊ အရာဝတ္ထုတွေကို ကျုပ်က စေစားလို့ရနေတယ်။ တစ်ခါတစ်ခါ အဲဒီဟာကြီးကို စိတ်ကုန် စိတ်ညစ်မိပေတဲ့ ကျုပ်ကိုယ်တိုင် လည်း အဲဒီတန်ခိုးဆိုတဲ့ ဘာမှန်းမသိတဲ့ဟာကြီးကို သာယာစွဲလမ်းနေမိ လေသလားပဲ”
“ထောင်မှူးကြီး ကြည့်ဗျာ။ ဗာရာ၊ တန်းစီး၊ ဘုတ်ကိုင်၊ စည်းကမ်းထိန်း ဆိုတဲ့ ထောင်ထဲက အရာကျယ်ကျယ် အကောင်ကြီးကြီး အမြီးရှည်ရှည် မောင်တွေ မှန်သမျှက ကျုပ်ကို ဘာကြောင့် မျက်နှာသာပေး အရေးပါနေ ကြတယ်လို့ ထင်သလဲ။ ဟိုဟာပေး – ဒီဟာကျွေးနဲ့ မျက်နှာချိုသွေးနေကြ တယ်လို့ထင်သလဲ။ ဒီထောင်ကိုကျုပ်ရောက်ခါစတုန်းကကန်ဟ၊ကျောက် ဟ၊ ထုဟ၊ ထောင်းဟ၊ နသားပါရ လုပ်ခဲ့ဖူးတဲ့မောင်တွေက ဘယ်လို ကြောင့် ကျုပ်အပေါ်အချိုးတွေ အပြောင်းကြီးပြောင်းပြီး နှလုံးကောင်း ဝမ်း ဖောင်းနေကြသတဲ့လေ – ကဲ။ သူတို့သိသိ၊ မသိသိ ကျုပ်ရဲ့စိတ်တန်ခိုးဒဏ် ကိုမခံနိုင်ကြတော့လို့ခင်ဗျ။ အဲဒါက ပွိုင့်ပဲ။ အဓိက အချက်ပဲ”
ကျွန်တော်သည်ပင်လျှင်ချွေးစေးတွေပြန်ချင်သလိုလိုဖြစ်လာရတော့
၏။ ရာဇဣန္ဒြေပျက်စွာလန့်၍မအော်မိလိုက်ရလေအောင်မနည်းကြီးသတိ ထားကာ ထိန်းနေမိရသည်။ ကြာလျှင် ခက်ရချည့်။ ရူးတောင်ရူးသွားနိုင် သည့်ကိန်း။
“တော်ပါတော့ – ကိုယ့်လူရယ်။ ဒီလောက်နဲ့ပဲ ရပ်တန်းက ရပ်လိုက်ပါ
တော့ …”
ကသောကမျောပင်ပြောမိလိုက်ရ၏။

“ကဲ- ခုလောက်ဆိုရင် ကျုပ် ဘာကြောင့် တိုက်ထဲမှာ တစ်ယောက် တည်း အေးအေးညောင်းညောင်း နေချင်ရသလဲဆိုတာ ရိပ်မိရောပ၊ နော- ထောင်မှူးကြီး
သူသည်သူ့လက်ချောင်းကြီးများကိုသူ့အိတ်ထဲသူထိုးထည့်ရင်းကျွန် တော့်ကို စိမ်းစိမ်းစားစားကြီး ကြည့်နေ၏။ “အင်း …” ဟု အင်းရှည်ကြီး ဆွဲ လျက်အသံပြုမိသေးသော်မှ ဘာစကားမျှ ချက်ချင်းမပြောဖြစ်။
“အထူးသဖြင့် ကျုပ်အကြောက်ဆုံးကကျုပ်ကိုယ်ကျုပ်ပဲ ခင်ဗျ။ ကိုယ် နဲ့ ဘာမှမဆိုင်တဲ့ အဲဒီတန်ခိုးစွမ်းအားဆိုတာကြီး ကျုပ်ကိုယ်ထဲကို ရောက် လာပြီးကတည်းကကစားစရာအသစ်အဆန်းကလေးများရပြီးခါစကလေး
များစားလည်းဒီစိတ်၊ အိပ်လည်းဒီစိတ်နဲ့တစွဲလမ်းလမ်းဆော့ချင်နေတော့ သလို။ ကျုပ်လည်းဟိုဟာလက်တည့်စမ်းလိုက်ချင်၊ဒီဟာကိုအစွမ်းပြလိုက် ချင် ဖြစ်လာလိုက်တာဟာ ကြာတော့ အဲဒါကြီးကို ဘိန်းစွဲသလို စွဲနေမိပေါ့ ကိုး။ ကျုပ်နာမည်တောင်အူလူးသောင်းထွန်းဆိုတာကနေဝိဇ္ဇာသောင်းတဲ့။ မှော်ဆရာတဲ့ …။ တဖြည်းဖြည်း ပြောင်းလာလိုက်တာသာ ကြည့်တော့။ ပြောင်းဆို ကျုပ်ပါးစပ်က လွှတ်ခနဲ လွှတ်ခနဲ ထွက်ထွက်ကျလာတတ်တဲ့ စကားတွေကလည်း ဒက်ထိ ကွက်တိ မှန်နေတတ်တာကိုး – ဆရာကြီးရဲ့…။ ဟဲ-ဟဲ-ဟဲ-ကျုပ်က ဗေဒင်တွေ၊ နက္ခတ်တွေ တတ်လို့ မဟုတ်ပေါင်ဗျာ။ ကျုပ်ဝမ်းထဲကအဲဒီဘာမှန်းမသိတဲ့ဟာကြီးကြောင့်သာပါ။ ေဩာ – ကြုံတုန်း ပြောလိုက်ရဦးမယ် ခင်ဗျ။ ကျုပ်ဆရာ ဝမ်းသာပေရော့။ ကျုပ်ဆရာရဲ့အမျိုး သမီးက အခုမွေးမယ့်ဖွားမယ့်ကိုယ်ဝန်ဟာ ယောက်ျားကလေးဗျ။ လာမယ့် သောကြာနေ့မှာဖွားလိမ့်မယ်။ ကြီးပွားထွန်းကားဦးမယ့်ကလေး။စာပေအနု ပညာဘက်မှာ သိပ်ချွန်လိမ့်မဗျ။ ပြီးတော့ – ကျုပ်ဆရာကို မိလို ဖလို စောင့် ရှောက်ပေးနေတဲ့ ကျုပ်ဆရာရဲ့ ဆရာသမား ထောင်ပိုင်ကလေး ဦးလူလှ လည်း နက်ဖြန်သဘက် ပြောင်းမိန့်ရောက်လာလိမ့်မယ်။ ဒီထက်ဒီ တက် လမ်းရှိပြီး လူကြီးနားနီးနီးကို ပြောင်းရမှာ – သိလား”
အလိုလေးဗျာ။ ဝိဇ္ဇာသောင်းကဖြင့် လုပ်ချလိုက်ပြန်ပြီ။ ကံသေ ကံမ ကြီး။ မည်သို့မျှ မသေချာ မရေရာရှိလှသည့် ဟိုးခပ်လှမ်းလှမ်းက အနာဂတ် ကိုပင် ဖမ်းဆွဲ၍ ဟောကိန်းထုတ်နေပြန်ပါပကော။

မည်သို့ပင်ဖြစ်စေ၊ သည်တစ်ချီလည်း မှော်ဆရာ ဝိဇ္ဇာသောင်းပဲ မှန်ခဲ့ ပြန်လေသည်။
သူပြောပြီး၍မျှ တစ်ရက်နှစ်ရက်သာ ရှိသေး။ ထောင်ပိုင်လေး ဦးလူလှ တစ်ယောက်လက်ထောက်ညွှန်ကြားရေးမှူးရာထူးတိုးမြှင့်၍
အင်းစိန်ဗဟို

ထောင်ကြီးသို့ ပြောင်းရမတဲ့။ ပြောင်းမိန့်ရောက်လာခဲ့သည်။ အဲ – ပြီးလျှင်၊ ထိုအပတ်ထဲသောကြာနေ့နံနက်ဦး၌ကျွန်တော့်သားတော်မောင်ဖိုးလမင်း ကိုဇနီးသည်က ဖွားမြင်ခဲ့ပြန်၏။ ကိုင်း – ဘယ့်နှယ့်ရှိစ။
မှန်နိုင်လွန်းသည့် ကိုရွှေမှော်ဝိဇ္ဇာကြီးကိုကား ဆေးရုံတိုက်မှသည် လူ သူလေးပါးနှင့် ဝေးနိုင်သမျှဝေးရာ တိုက်နီကြီးဟု ခေါ်သည့် (၄)တိုက်(ကြိုး တိုက်) ဘေးအစွန်ခန်းသို့ပြောင်းရွှေ့ပေးခဲ့ရပြီး သူ့စိတ်တိုင်းကျနားအေးပါး အေးနေစေခဲ့ရကြောင်းကိုကား သူနှင့် ကျွန်တော်မှလွဲ၍သိသူမရှိခဲ့ပေ။
ခက်တော့လည်း ခက်သား။
ဖြစ်ချင်တိုင်းလည်း မဖြစ်ရ၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရ။ သူ့ဘာသာ သူနားအေးပါးအေးရေခဲနှင်းဆောင်းနေချင်၍မှကြိုးတိုက်ခန်းအလွတ်တွင်
နေခွင့်ပြုပါရန် ကိုယ်တိုင်ဆန္ဒပြုခဲ့သူ ဝိဇ္ဇာသောင်းခမျာလည်း သူ စိတ်ကူး သလို ဖြစ်ခွင့်မကြုံရ။ သူမထင်တာတွေချည်း ဆက်တိုက်ကြုံလာရသည်။ သူနှင့် ပတ်သက်ဆက်နွယ်လေသမျှ ကိစ္စများသည်လည်း ထောင် လုံခြုံရေးကို တစ်နည်းတစ်ဖုံဂယက်ထ,စေခဲ့သည်ချည်း။
“ထောင်မှူးကြီးရေ-စိတ်ထဲ ဘယ့်နှယ်မှ မရှိနဲ့နော။ ဟောဒီရက်ပိုင်း မှာကျုပ်တို့ထောင်ထဲဝမ်းကျတဲ့ဘေးဒုက္ခကြီးရောက်လာလိမ့်မယ်။ ကျုပ် အာရုံထဲမှာ ကြိုမြင်နေတယ်။ အပျက်အစီး အသေအပျောက်လည်း ရှိတန် သမျှ ရှိမှာပဲ။ ဘယ်သူမှ ကယ်မရနိုင်ဘူး။ အဲ- ဆိုးဆိုးဝါးဝါး မဖြစ်လိုက်ပဲနဲ့ သူ့အလိုလိုအေးသွားမှာလည်းရှိရဲ့။ အဲသာ-ထောင်မှူးကြီးကြိုသိထားနှင့် အောင်ဟာ ကျုပ်ကအသိပေးတာ။ မပြောဘူးဖြစ်မှာစိုးလို့..”

ဝိဇ္ဇာသောင်း သတိပေးဦးခင်၍သာ လိုအပ်ရာရာ ဆေးဝါး၊ ရိက္ခာ၊ အစီ အမံများကို လက်မတင်ကလေး အပူတပြင်း ပြင်ဆင်စုဆောင်းခွင့် ရလိုက် ၏။ ဘာမျှမကြာလိုက်။ ရက်ပိုင်းကလေးအတွင်းကလေး – ကဘော်ချိုင့်ဝှမ်း
ဒေသရှိ
ဘဝသစ်အလုပ်စခန်းများမှကိုယ်အလေးချိန်အလွန်အမင်းနိမ့်ကျ
နေသည့် (BMI)အကျဉ်းသားရဲဘက်များ အုပ်စုလိုက်ကြီး ပြန်ရောက် လာခြင်းနှင့်အတူဝမ်းရောဂါကပ်ဘေးကျခဲ့၏။ သေလိုက်၊ ကျေလိုက်သည် မှ သောက်သောက်လဲ။ ဟောတစ်လောင်း-ဟောတစ်လောင်း။ အတော် ကြီးဖိဖိစီးစီးအင်တိုက်အားတိုက်ဝိုင်းကြ၊ဝန်းကြနှိမ်နင်းကုသခဲ့ကြပါသော်
မှ ပျက်စီးဆုံးရှုံးမှုနှုန်းက ချောက်ချားလောက်စရာ။ သုံး၊ လေး၊ ငါးရက် အသည်းအသန်ဖြစ်ပျက်လိုက်ပြီး ရုတ်ခြည်း ရပ်တန့်ငြိမ်းအေးသွားခဲ့လေ သည်။ ထောင်မှာဖြင့် သွေးပျက်လုခမန်း ပြူးတူးပြဲတဲဖြစ်၍ ကျန်ရစ်ခဲ့ရ တော့၏။
ဝိဇ္ဇာသောင်းကျေးဇူးကြောင့်ကြိုတင်စီမံမှုလက်ဦးခဲ့သဖြင့်တစ်စုံတစ် ရာ အရေးယူခြင်း မခံခဲ့ရ။ သည်လိုတော့လည်း ကိုယ့်လူက ဟုတ်တုတ် တုတ်။
“ကျုပ်ဆရာရေ- ကျုပ်ညကတစ်ညလုံးအိပ်လို့မရဘူး။ ထောင်မှာသွေး ထွက်သံယိုကိန်းတွေ မြင်နေရတယ်။ ထောင်ဆူထောင်ထတာမျိုး ဖြစ်လေ ဦးမလားမသိဘူး။ အဲဒါ….”
အလိုလေးလေး၊ ဝိဇ္ဇာသောင်းတို့ အာရုံရလိုက်သည်များ တကယ့် အရေးတော်ပုံကြီးနှင့်မှ ပက်ပင်းကြီး ဖြစ်ရပေတယ်လို့။ မည်သို့ပင်ဖြစ်စေ၊ “ဆယ်ရေးတစ်ရေး၊ ကိုးရေးတစ်ရာ” လိုရမည်ရ ကြိုကြိုတင်တင် ပြုဖွယ် များကိုစီမံထားနှင့်လိုက်၏။ တစ်ရက်၊ နှစ်ရက်။ ဘာသံမျှမကြား။ တုတ်တုတ် ကလေးတောင်မလှုပ်။ဟော-ဟင်းချမည်ကြံရာရှိသေး။ နယ်အလုပ်စခန်း များသို့ပို့ရန်စုစည်းထားသည့်ဧည့်ရဲဘက်များနှင့်ကိုယ့်ထောင်ကလက်သ မကျော်၊ လူလည်ချပ်ပြား ထောင်မင်းသားများ ပုံစံပုဆိုး၊ အင်္ကျီ၊ ပုံစံစောင် အရောင်းအဝယ် အပေါင်အနှံကို အကြောင်းပြု၍ ရိုက်လိုက်၊ နှက်လိုက် သတ်လိုက်၊ ဖြတ်လိုက်ကြသည်များ တဗြုန်းဗြုန်းရယ်တဲ့မှ တအုန်းအုန်း။

လူအသေအပျောက်မရှိခဲ့သော်မှခေါင်းပေါက်ထိပ်ကွဲအမြီးလိမ် – ဖင်စောင်း တွေနှင့်ထောင်ဆေးရုံရောက်လိုက်ကြသည်မှာ အောတိုက်လို့။
“ဆရာရေ – မဟုတ်မဟတ်တာတွေကို မြင်နေရပြန်ပြီဗျာ။ မကြာခင် ကျုပ်တို့ ကြိုးတိုက်က ကြိုးသမားနှစ်ယောက်ကို ကြိုးပေးဖို့ အမိန့်ရောက် လာလိမ့်မယ်။ အင်း – အုန်းထွန်းနဲ့ ဟို – ဝင်းမြင့် ကောင်ကလေးတို့ဖြစ်မှာပဲ။ ကျုပ်မျက်စိထဲ သူတို့နှစ်ယောက်ကိုပဲ ထင်ထင်လင်းလင်းကြီး မြင်မြင်နေရ တယ်”
မှန်ပြန်တာပါပဲ။ ရက်တစ်ပတ်အတွင်း မနှစ်မြို့ဖွယ် ထိုအရေး ထိုကိစ္စ ကြီးကို စဉ်တိုက်ဆက်တိုက်ကြီး ဆောင်ရွက်ခဲ့ကြရသည်။ ထောင်တစ် ထောင်လုံးငြိမ်။
သည်သို့ဖြင့် – ဝိဇ္ဇာသောင်း ကြိုကြိုပြောလေသမျှ လွဲသည်မရှိသည့် အခါ “သူ့ ဥစ္စာ ဟုတ်များ ဟုတ်လေရော့သလား”ဟု ဝေတေတေ မှောင့် မှောင့်နှောင့်ရောင့်ရောင့်တွေ ဖြစ်လာရတော့သည်။ ဝိဇ္ဇာသောင်းတစ် ယောက် သူပြောသလိုစိတ်တန်ခိုးစွမ်းအင်တွေ တကယ်ရနေလေသလား။
“အဲဒါခက်နေတာ-ကျုပ်ဆရာရဲ့။ အခု- ကျုပ်ထောင်ကျကျလာသမျှ က တစ်ခုမှ ကျုပ်လိမ်လည်ခဲ့တာ၊ မဟုတ်မမှန် ပြောခဲ့ လုပ်ခဲ့တာတွေ မပါ ဘူးရယ်။ ကျုပ်ဝမ်းဗိုက်ထဲက သူ့အလိုလိုသိနေတဲ့အတိုင်းဒက်ထိကွက်ထိ လုပ်ခဲ့တာချည်းပဲ။ အဲ – တရားကောင်းတော့ စောင်းသလိုလို့ ပြောနေကြ သလိုမျိုးပဲထင်ပ။ ကျုပ်ပြောတာတွေကသွေးထွက်အောင် မှန်လွန်းနေပြန် တော့ လူတွေက မယုံနိုင်ကြပြန်ဘူး။ လူဆိုတာမျိုးဟာ အဲသလောက်မမှန် ရဘူးတဲ့။ ကဲ – မခက်လား။ ကျုပ်ကပဲ တမင်အကွက်ချ လီဆယ်လုပ်ကြံပြန် သတဲ့။ အဲသာနဲ့ ကျုပ်လည်းထောင်ထဲရောက်ရပြန်ရော – ဟီး-ဟီး-ဟီး”
“ခင်ဗျားကို ထောင်မချဘဲ လွှတ်ပစ်အောင် ရုံးမင်းကို စိတ်မညှို့ခဲ့ဘူး လား-မှော်ဆရာရဲ့၊ ခင်ဗျား ဝေလ်ပါဝါတွေကို အဲဒီလိုနေရာမှာ မသုံးဘဲ ဘယ်ချောင်သွားထိုးထားသတုံး…”

“ပြောရော့မယ်။ ကျုပ်ဆရာက ကျုပ်ကိုယ်တိုင်ကလည်း လူတွေ သူ
တွေနဲ့ဝေးဝေးထောင်ထဲမှာနေရရင်ကောင်းရော့။အောက်မေ့လို့မလုပ်ဖြစ်
ခဲ့သာလည်း တစ်ကြောင်းပလေ-နော။ အဲ-နို့ပေတဲ့- ကျုပ်မို့ စိတ်မညှို့မိ
စေနဲ့။ ညှို့များ ညှို့မိပလားဆိုမှဖြင့် အဲဒီအခေါက်မှာ တရားခွင်မှာတင် အမှ ပြတ်ပြီးတရားသေလွတ်တာချည်းပဲ”
ဟောဗျ။ ဟုတ်လည်း ဟုတ်သည့် ဝိဇ္ဇာသောင်းကြီးပါလား။ သူ့ဟာနှင့် သူတော့ ဟုတ်ပေ့ဖြစ်၍နေသည်။
ဤမျှသာပဲလား … တဲ့။ မဟုတ်သေးပါ။ အခြားထောင့် အရေးထောင့် အရာ ထွေလာကမာတွေမှာလည်း သည်ကိုယ်တော်ကြီးကို ပြေးပြေးအပူ ကပ်ရသည်မျိုး ရှိခဲ့၏။

“ကျုပ်လူမှော်ဆရာရေ-(၂)တိုက်မှာတိုက်ခန်းဖောက်ဖို့ကြံနေသလို လို၊ သတင်းသိုးသိုးသန့်သန့် ကြားတယ်။ အဲဒါ – ဘယ်သူတွေများ ဖြစ်နိုင် မတုန်း- လုပ်စမ်းပါဦး”ဟုတစ်မျိုး…။
“ကိုင်း-ဝိဇ္ဇာသောင်းရေ-ထောင်ကျနဲ့ အချုပ်ဆောင်တွေဘက်မှာ နံပါတ်ဖိုးတွေ ပြန့်နေသတဲ့ဗျို့။ ဘယ်အကောင်တွေရဲ့လက်ချက်များတုံး။ အာရုံခံစမ်းပါဦး – ကျုပ်လူရေ
ဟုတသွယ်။ ခုတင်ခုဒုက္ခပေးရလေ့ရှိမြဲ။ ဘယ်သောအခါမျှညည်းညူ ငြူစူသည်မရှိ။ ပြုံးဖြဲဖြဲ ရယ်ကျဲကျဲ သူ့နဂိုစတိုင်ကြီးအတိုင်း ဒက်ခနဲ ဒက်ခနဲ မြင်သမျှ တွေ့သမျှ ပြောချတတ်ဆဲ။ မှန်လည်း မှန်နိုင်လွန်းပါပေ့။
တစ်ခါသားတွင်တော့ လူပါးပုလင်းထိ၊ ဒူးနှင့် မျက်ရည် သုတ်ကိန်းကြုံ ခဲ့ရသည်။ ကျောက်ကြီး စိုးမြင့်၊ နွားကြီး နွားလေး၊ ခေါတောတို့ လူသိုက် ပြစ် ဒဏ်တိုက်ကိုဖောက်၍ညအချိန်ထွက်ပြေးကြဖို့ကြံစည်ကြိုးပမ်းရာမှ သင်း ကြီးက အခါပေးခဲ့သတဲ့ဗျာတို့။ ထောင်ပြေးမှု ကြံရာပါ၊ အားပေးကူညီမှုဖြင့် တကယ့်အလုံတိုက်ထဲ (၁၄)ရက် ညောင်းခဲ့ရသည်။
“ကျုပ်လူရာ – ခင်ဗျားမို့ပဲ – မဟုတ်က ဟုတ်က ရှာရှာဖွေဖွေ လုပ်ရက် ပလေ။ဒီကိစ္စမျိုးကိုကြိုသိခဲ့ရင်တောင်မှ ခင်ဗျားကကျုပ်ကိုချက်ချင်းလက် တို့လိုက်ရမှာ။ အခုတော့ – ကျုပ်လူကပါ အလိုတူ အလိုပါ…” ဟုစိတ်ခပ်မျက်မျက်နှင့် အငေါ်တူးမိသည်ကိုပင်လျှင် – “သင်းတို့အကြံမအောင်မြင်နိုင်ဘူးဆိုတာ ဒိဋ္ဌသိနေလို့ပါ-ထောင်မှူး ကြီးရယ်။ ပြီးတော့ – သင်းတို့ကို ဘယ်လိုတားတား ကျုပ်စကားကို နားမဝင် တဲ့အပြင် “ဆင်သွားရင် လမ်းဖြစ်”သတဲ့။ သင်းတို့က ကျုပ်ကို စိန်ခေါ်လိုက် သေးတယ်။ အဲဒါနဲ့ပဲ အသာကြည့်နေလိုက်တာ။ အလုံတိုက်ထဲရောက် တော့လည်း ပိုပြီး နားအေးပါးအေး နေရတာပ-မှုတ်ဘူးလား”တဲ့၊ ရယ်ကျဲ ကျဲဖြင့် နားဝင်လှအောင် လျှောက်လဲချက်ပေးခဲ့သေးသည်။
ဟော- ယခုဖြင့် အဲသည် ဝိဇ္ဇာသောင်းတစ်ယောက်သေရှာပတဲ့။

“ဆရာရေ – ဆရာ”
“ဟဲ့- အော်ကြီးဟစ်ကျယ်နဲ့ ဘယ်လိုဖြစ်လာပြန်တာတုံး – အကောင်
ရဲ့။ငါကဒီမှာ…”
တပည့်ကျော် ကံလှတစ်ယောက် သုတ်သီးသုတ်ပျာ ပေါက်ချလာပြန် သည်။ ချွေးတလုံးလုံး ဖိုသီဖတ်သီ ဖြစ်လာပုံထောက်လျှင် ဧကန္တတော့ ဧကန္တ တစ်ခုခု ပေါက်တိပေါက်ရှာ ပါလာခဲ့ပြီ။
“ဝိဇ္ဇာသောင်းလေ – သိလား – ဆရာ”
“အေးပါ – ဟုတ်ပါပြီ။ ဝိဇ္ဇာသောင်းပဲ ရှောဘရားသားပြသွားတာ ဘာ ကြာသေးတုံး။ အဲဒီတော့…”
“ဆရာ့အတွက်စာကလေးတစ်စောင်ရေးထားရစ်ခဲ့သတဲ့။ ပြီးတော့ – သူ့အိပ်ရာလိပ်ထဲက မှတ်စုရေးထားတဲ့ ဘုတ်အုတ်ကလေးတစ်အုပ်ကို လည်း တွေ့ခဲ့ကြသတဲ့ – ဆရာ။ အဲဒါ – ဒေါက်တာ ဦးအေးချိုက ဆရာ့ကိုပဲ ပေးလိုက်ပါဆိုပြီးကျွန်တော်နဲ့ လူကြုံပါးလိုက်တယ်။ ဒီမှာ – ရော့”
ပြက္ခဒိန် စာရွက်ဟောင်း နောက်ကျောမှာ ခဲတံတုံးတုံးဖြင့် ဖိရေးထား သောပဲညှောင့်ပေါက်လက်ရေးကဘောက်တိကဘောက်ချာများကိုမနည်း ကြီး ပြူးပြဲဖတ်ရ၏။ ဘာတဲ့ …။
“ထောင်မှူးကြီးရေ…”
ဘာတန်ခိုး ဘာသိဒ္ဓိတွေပဲရရ။ အချိန်တန်တော့လည်း အလောင်း
ကောင်ကြီးဘဝလက်ဗလာနဲ့သေကြရတာချည်းပါပဲဗျာ။ကျုပ်ပြောခဲ့သလို ကျုပ်လည်း ဒီထောင်ကြီးထဲမှာပဲ ကိစ္စငြိမ်းရပြီပေါ့။ ကျုပ်အတွက် ရည်စူးပြီး သပိတ်သွပ်၊ အမျှအတန်းဝေပေးဖို့ ကျုပ်ဆရာကိုပဲ အားကိုးလိုက်ပါရစေ။
အော် – ဒါနဲ့၊ ကျုပ် မမာနေတုန်းမှာ ကျုပ်အာရုံတွေကပိုထက်မြက်လာ သဗျ။ ငြိမ်းခါနီး ဆီမီးတိုင် ဟုန်းခနဲ ထ,တောက်သလိုနေမှာပေါ့လေ။ အဲဒီ မှာကျုပ်မြင်ခဲ့သိခဲ့ရသမျှတွေကိုဘုတ်အုတ်ထဲမှာရေးထားတယ်။တစ်ဘဝ ကူးခါနီးကျုပ်ရဲ့လက်ဆောင်ပလေ- နော။

ရင်ထဲမှာဘယ်လိုမျှမကောင်း။ ဆိုင်းဆိုင်းဆို့ဆို့မှိုင်းမှိုင်းညို့ညို့ချည်း။
လက်တစ်ဝါးမရှိ၊တရှိမှတ်စုစာအုပ်နွမ်းနွမ်းဖတ်ဖတ်ကလေးကိုတဖျပ်ဖျပ်
လှန်ကြည့်နေမိ။
အလို – အလို၊ ဘာတွေပါလိမ့်။
ယခုလတ်တလော ထောင်အတွင်းမှာ ဂိုဏ်းဖွဲ့ ကျူးလွန်နေကြသည့် ဘိန်းအဖြူအမည်း၊ ဘောလုံး(ခ)စိတ်ကြွဆေး ဖြန့်နေသည့် ထောင်ဂျပိုး များ၏ စာရင်း၊ ညတိုင်း ညတိုင်း ထောင်ကျဆောင်၊ အချုပ်ဆောင် အိပ်စင် များအောက်၌ ပုန်းလျှိုး ကွယ်လျှိုး ညလုံးပေါက် ဖဲကစားကြသည့် ညမင်း သားများစာရင်း၊ အိပ်ဆောင်အလိုက် မိလ္လာချောင် ကွန်ကရစ်ခုံကြီးရှိ အုတ် ချပ်များကို ခွာ၍သိုဝှက်သိမ်းဆည်းထားသည့် သိန်းဂဏန်းချီသော့ငွေမည်း များ၏ သိုက်စာအညွှန်း၊ တောင်ယာများအတွင်း မြေကျင်းတူး၍ ဖွက်ထား သည့် တရားမဝင်ပစ္စည်းများနေရာ၊ ကြိုးတိုက်ခန်းမှ ထွက်ပြေးဖို့ လျှို့ဝှက် သွင်းထားသည့် ကြိုးနှင့် သံချိတ်များ ဝှက်ထားရာနေရာ၊ ကြံစည်သူများ အမည် ….။ အို – သဗ္ဗနံပေါင်းစုံတကာ စေ့ပါလေရော။ နောက်ထပ် တစ်ပတ် နှင့် မီးခိုကြွက်လျှောက် အရေးယူ၍မဆုံးတော့။
“သင့်ခယူ – မှော်ဆရာ – ဝိဇ္ဇာသောင်းရေ”
ကြာတောင် ကြာခဲ့ပါပြီ။
ဌာနရင်ခွင်က ခွာလာခဲ့သည်ပင်လျှင် ဆယ်စုနှစ် တစ်စုစွန်းစွန်း ရှိရော့ မည်။ ထောင်အကြောင်း ထွေထွေရာရာကလေးများကို စာတိုပေစ ရေးရင်း ရင်ခွင်ဟောင်းကိုအလွမ်းဖြေနေခဲ့မိရသည်ပင် ကြာပေါ့။
ဘဝတစ်ကွေ့၌ ကြုံခဲ့ တွေ့ခဲ့ရဖူးသည့် အံ့အဲဘနန်း လူထူးဆန်းဝိဇ္ဇာ သောင်းလို လူကြီးကို တစ်ခါတစ်ခါ လှစ်ခနဲ လှစ်ခနဲ သတိတရ ရှိလွန်းလှ သည်။ ဘာတဲ့…။

“ဒီမယ် – ကျုပ်ဆရာ။ကျုပ်ဆရာ ဘယ်ကလောက်အားကြိုးမာန်တက် လုပ်လုပ်ထောင်သက်ကကုန်နေပြီရောဗျ။ ထောင်မှူးကြီးထက် ပိုမဖြစ်နိုင်
တော့ဘူး။ ဒီနှစ်မကုန်ခင်ကျပ်ဆရာဒီအလုပ်ကရုတ်တရက်အငြိမ်းစားယူ ရကိန်းမြင်တယ် – သိလား။ ဒါပေမဲ့ – သိပ်လည်း စိတ်မပူပါနဲ့ဗျ။ ကျုပ်ဆရာ ရင်ထဲမှာ ခွေထား ခေါက်ထား ထိုးသိပ်ပစ်ထည့်ထားရတဲ့ စာရေးဆရာ ဖြစ်ဖို့ စိတ်ကူးကဖြင့် အဟုတ်တကယ် ဖြစ်လာလိမ့်ဦးမယ်။ ချမ်းတောင့် ချမ်းသာ မဖြစ်တောင် ဘဝသစ်မှာ ကျုပ်ဆရာ ပျော်မှာပါ။ အေးအေးချမ်း ချမ်းရှိမှာပါ-ဟဲ-ဟဲ-ဟဲ”
သည်စကားကလေးက ဝိဇ္ဇာသောင်း ကျွန်တော့်ကို နောက်ဆုံးပြော ဖြစ်ခဲ့သည့်စကား။
မည်သို့ဖြစ်ဖြစ်၊ ဥမမည် စာမမြောက် စာရေးသမားဖြစ်ခွင့် ကြုံနေရပြီ ဖြစ်၍လည်း ဝိဇ္ဇာသောင်းကြီးကိုလွမ်းလိုက်မိရသေး။
မသိ”
“အင်း- ဒီလူကြီး- ဘယ်ဘဝရောက်ပြီး ဘာတွေဖြစ်နေလေတယ်
ကောင်းရာသုဂတိလားပါစေသား-ဝိဇ္ဇာသောင်းရေ။
မေတ္တာဖြင့်… >> ဇေယျမင်းသျှင်

Zawgyi Version

“ဝိဇၨာေတာလား”(စ/ဆုံး)
——————————–
“ ဆရာတစ္ေယာက္ – အခု မနက္ပဲ ေဆး႐ုံ
ေမွာ္
တိုက္မွာ ဆုံးသြားၿပီတဲ့ဆရာ…” “ေဟ- ဟုတ္ရဲ႕လား-ကံလွရာ”
စကားအျဖစ္မို႔သာ ေမးလိုက္ရျခင္း ျဖစ္သည္။ “ေမွာ္ဆရာ”ဟု ကြၽန္ေတာ္တို႔က ႏႈတ္စြဲႏႈတ္ၿမဲေန ၾကသည့္ ဝိဇၨာေသာင္းတစ္ေယာက္ တေရွာင္ေရွာင္ ႏွင့္ ေဆး႐ုံတိုက္ေရာက္ခဲ့ရာမွ အေတာ္ျဖစ္ေနၿပီဟု ၾကားေနမိခဲ့သည္မွာ ၾကာေလလွၿပီ။ နဲ႔ေက်ာက္ နဲ႔ေက်ာက္ျဖင့္ ေန႔ေသမလို႔၊ ညေသမလို အေျခ အေန အေတာ္ဆိုးေနၿပီဟု သတင္းသဲ့သဲ့ ၾကားေန ခဲ့ရသည္လည္း ခဏခဏ။
ျဖစ္ခဲ့။
သို႔ႏွင့္တိုင္ – သူ႔ကို တကူးတက သြားမေတြ႕

မေတြ႕ျဖစ္ဆို သူေရာက္ေနသည္က ျပစ္ဒဏ္တိုက္ (Punishment cellထဲမွာ အလုံပိတ္ ျပစ္ဒဏ္ခံေနရေပသည္ကိုး …။ ေက်ာက္ႀကီးတို႔၊ . ႏြားႀကီး ႏြားေလးတို႔၊ ေခၚေတာတို႔ လူသိုက္ေတြ တိုက္ကို ေျမေအာက္ လိုက္တူး၍ထြက္ေျပးၾကဖို႔လႈပ္ရွားၾကရာမွာအခါေတာ္ေပးမိ၍တဲ့။ ပဲေလွာ္ ၾကား ဆားညႇပ္ေလသလား၊ င႐ုတ္သီးႏွင့္ ေပါင္းမိ၍ပင္ ေရာအေထာင္းခံ ရသည့္ ၾကက္သြန္ျဖစ္ရွာေလသလားမသိ။
“ေမွာ္ဆရာတစ္ေယာက္ တိုက္ထဲ ေရာက္သြားၿပီ”ပဲ ၾကားလိုက္ရ၏။ ဧရာမျပႆနာပုံႀကီးထဲ လုံးခ်ာပတ္လည္လိုက္ေနရွာၿပီပဲ သိလိုက္ရသည္။ သည္အခ်ိန္မ်ိဳးမွာ သူႏွင့္ ခပ္ကင္းကင္းေနလိုက္ျခင္းသည္သာ အေကာင္း ဆုံးပဲဟုေတြးလ်က္ တမင္ေနခဲ့လိုက္ျခင္းလည္း ျဖစ္သည္။
“အင္းပါေလ – ေမွာ္ဆရာလို လူမ်ိဳးဟာ အလကားေနရင္းကေတာင္ သူမ်ားတစ္ေတြမေနခ်င္ၾကတဲ့ႀကိဳးတိုက္အခန္းလြတ္ထဲကိုတမင္ေတာင္း ၿပီး ေနခဲ့ဖူးေသးတဲ့ ေမာင္ပဲ။ ကိစၥဝိစၥေတြ ေအးသြားမွ သြားေတြ႕လိုက္တာပဲ ေကာင္းမယ္ထင္ပါရဲ႕
စိတ္ထဲ၌ သည္သို႔သာေပါ့ေပါ့ေတြးထားမိခဲ့၏။ ေနာက္၊ နိစၥဓူဝေထာင္ သံသရာမွာဖင္လွည့္ေခါင္းလွည့္ျဖင့္ လုံးလည္ခ်ပ္ျပားလိုက္ရင္းေမွာ္ဆရာ ကိုေမ့သြားခဲ့မိရျပန္သည္။
ယခုျဖင့္မူ သူ႔ခမ်ာ ေသရွာၿပီတဲ့။
လန႔္ၿပီးတစ္ကိုယ္လုံးျဖန္းခနဲျဖစ္သြားလိုက္ခ်င္ေသးသည္။
“က်ဳပ္ ကံလမ္းက ျပတ္ေနၿပီ – ဆရာရဲ႕။ ဒီအထဲမွာတင္ ကိစၥၿငိမ္းမွာ။ အဲဒါကေတာ့ ေသခ်ာတယ္။ ေျမႀကီးလက္ခတ္မလြဲပဲ”ဟု ကံေသ ကံမ က်ိန္းေသႀကီး သူ႔ ၾကမၼာသူ ဖတ္ခဲ့ဖူးေသး၏။ ကဲ – ယခုျဖင့္ သူေျပာသည့္ အတိုင္းခ်ည့္ပါပဲကလား။
ဪ-ေမွာ္ဆရာ၊ ေမွာ္ဆရာ..။ သတိရ.ရမိေသးေတာ့သည္။

“က်ဳပ္ကိုတိုက္ထဲမွာပဲထားေပးပါ-ေထာင္မႉးႀကီး။ဒီအတိုင္း၊အတိုင္း အိတ္ေထာင္မွာ ဆက္ေနဖို႔ ဘယ္လိုမွ မျဖစ္လို႔ပါ။ ရွိႀကီးခိုးပါရဲ႕။ က်ဳပ္ကို ႀကိဳးတိုက္ခန္းအလြတ္တစ္ခုခုထဲမွာပဲ ထားထားေပးပါ”
ေရာ – ခက္ပဲ ခက္ရခ်ည့္။ ေထာင္ဆိုသည့္အရပ္မ်ိဳး၌ မႀကဳံဝံ့ မၾကားဝံ့ သည့္ မႈခင္း ေထြလာဆန္းဆန္းကေလးမ်ားႏွင့္ ခုတင္ခု ပက္ပင္းခလုတ္ တိုက္မိေလ့ရွိတတ္ျငားေသာ္လည္းယခုလိုပုံႏွယ္ကိုယ့္ဘာသာကိုယ္ဇြတ္ အတင္း နသားပါရ တိုက္ထဲလွိမ့္ပို႔ခ်င္ေနသည့္ ဒုံးေပကြၽဲေရ ေပတိေပစုတ္ လူ႔ေဇာက္တိေဇာက္ထိုးမ်ိဳးကိုကား မျမင္ဘူးခဲ့႐ိုးအမွန္။
ဘယ့္ႏွယ္ခင္ဗ်ာ။ “ေဟ့ – မိုက္တဲ့ေကာင္ လက္ညႇိဳးေထာင္၊ ေထာင့္ အျပင္တန္း မရွိဘူးေဟ့”ဆိုသည့္ အာေပါင္အာရင္းသန္ခ်င္တတ္သည့္ လူ မိုက္ပေဂးႀကီးမ်ားပင္။ ေထာင္ထဲသို႔ ဒုတ္ဒုတ္ထိေရာက္ခဲ့လွ်င္ အလ်ား (၁၂)ေပ၊ အနံ (၈)ေပ၊ အျမင့္ (၁၃)ေပ အုတ္တံတိုင္းေလးဖက္ကာ အခန္း က်ဥ္းက်ဳတ္က်ဳတ္ ေမွာင္မည္းမည္းေလးထဲမွာ ေန႔ေန႔ညည နိစၥဓူဝ ဖင္ မလွည့္သာ ေခါင္းမလွည့္သာ ေနရ၊ ထမင္းစားေတာ့လည္း သည္ေနရာ၊ အိပ္ေတာ့လည္း သည္ၾကမ္းျပင္၊ မတ္တတ္ရပ္လည္း သည္အခန္း၊ ေက်ာ ခင္းမည္ ႀကံျပန္ေတာ့လည္း သည္မွာပဲ။ (မ႐ိုေသ့စကား ခင္ဗ်ာ) ေခ်းယို ေတာ့လည္း သည္မွာ၊ ေသးေပါက္ေတာ့လည္း ထိုနည္းလည္းေကာင္း နိစၥ ဘတ္လုံးလည္ခ်ပ္ျပားလိုက္ေနသည့္ တိုက္ခန္း (cell) မ်ားကိုလက္ေတြ႕ မ်က္ေတြ႕ ျမင္ရၿပီဆိုပါက ေသးေတြ၊ ေခ်းေတြ ျဗန္းျဗန္းကြဲ ထြက္က် မေလာက္ေၾကာက္ဒူးတုန္တတ္ၾကရၿမဲ။
သြားေလသူေက်းဇူးရွင္အဂၤလိပ္မင္းအစိုးရကႏြားမ႐ြံ႕ပိတ္ထိုးႀကိတ္၍ အဓမၼ အေမြေပးပစ္ခဲ့သည့္ ေထာင္တည္းဟူေသာ ႏွိပ္ကြပ္ေရးယႏၲရား ႀကီးမွာ အႏွီ ႏွာေခါင္းေပါက္မွ်ေလာက္သာ က်ယ္သည့္ တိုက္ခန္းကေလး မ်ားကားအေရးပါပါအသုံးေတာ္ခံခဲ့ၾကဖူး၏။ေသဒဏ္အက်ဥ္းသားမ်ားကို ထားသည့္ ရင္ကြဲတိုက္ (Ordinary Cell)၊ အျခားအက်ဥ္းသား၊ အခ်ဳပ္ သားမ်ားႏွင့္ သီးသန႔္ခြဲ၍ ခ်ဳပ္ေႏွာင္ထိန္းသိမ္းထားရမည့္ပုဂၢိဳလ္မ်ားခ်ည္း

စံျမန္းရသည့္ သီးျခားတိုက္ (Separate Cell)၊ ေထာင္အတြင္း ေရာက္ သည့္တိုင္ မိုက္ဇာတ္ မသိမ္းေသးဘဲ ခ်ိဳကေလး တျမျမႏွင့္ ေနာက္ထပ္ ေထာင္တြင္းျပစ္မႈမ်ား က်ဴးလြန္တတ္လြန္းသည့္ ဆိုးေပ မိုက္ခဲႀကီးမ်ား အတြက္က်က်နနႀကီးဧည့္ဝတ္ေက်ေပသည့္အလုံတိုက္(Solitary Cell) ေခၚျပစ္ဒဏ္တိုက္(Punishment Cell)၊ အနာႀကီးေရာဂါသည္အက်ဥ္း သားမ်ားႏွင့္ႏွစ္ႀကီးသမားလူနာမ်ားကိုထားသည့္ေဆး႐ုံတိုက္(Hospital
Cell) စသည္ – စသည္ တိုက္အမ်ိဳးအစား အဖုံဖုံသည္ မိုးကို ဒူးႏွင့္ တက္ တိုက္မည့္ ေယာက္်ားဘသား လူဆိုးလူေပ၊ လူေတလူ႐ြတ္ႀကီးမ်ားကို ေခ် ခြၽတ္ဆုံးမအံ့ေသာငွာ အဆင္သင့္ ေစာင့္ေနၾကကုန္၏။
ေထာင္ႀကီးထဲက ေထာင္ကေလး၊ အဲ … အဝင္အထြက္ သံတံခါးတစ္ ေပါက္မွလြဲ၍ ေလာကဝန္းက်င္ႏွင့္ လုံးလုံးအဆက္ျပတ္ရာအရပ္ေဒသ။ ယုတ္စြအဆုံး – မ်က္စိတစ္ကမ္း လက္တစ္လွမ္းမွ ေနႏွင့္လ၊ ေနေရာင္၊ လ ေရာင္မ်ားကိုပင္လွ်င္ ျမင္သာျမင္ရ၊ မၾကင္ရသည့္ဘဝမ်ိဳးမို႔“တိုက္…ေဟ့” ဆိုသည္ႏွင့္ ေခ်းခ်မ္းေအာင္ ေၾကာက္ဒူးတုန္လိုက္ရသည္ျဖစ္ျခင္း။ ယခုမူ၊ေထာင္မႉးႀကီးကြၽန္ေတာ့္ေရွ႕ေမွာက္၌သူ႔ကိုယ္ကိုသူႀကိဳးသမား
မ်ားသာထားရသည့္ ႀကိဳးတိုက္အခန္းလြတ္ထဲမွာ သူ႔ကိုထားပါခ်ည္း နားပူ နားဆာတိုက္ေနသူသည္အဘယ္သို႔ေသာ သူေကာင့္သားေပနည္း။ “ေနာ-ဆရာ-ေနာ
အမယ္မင္း၊ ေမာင္မင္းႀကီးသားက ထပ္တြန႔္၍ ေလာေဆာ္ေနလိုက္
ေခ်ေသး။
အသက္က ေလးဆယ္သာသာ။ လူပုံက ပိန္ေခ်ာင္ေခ်ာင္၊ ကုန္းကိုင္း ကိုင္း၊ ေၾကာင္တစ္ေကာင္၏မ်က္လုံးမ်ားလိုစူးစူးေတာက္ေတာက္။ တစ္ခါ တစ္ခါေၾကာင္ေတာင္ေတာင္။ နက္ေမွာင္ေသာမ်က္ဝန္းထဲမွာ သူငယ္အိမ္ သည္ ေပၚလိုက္ ေပ်ာက္လိုက္။ တည္တည္တင္းတင္းၾကည့္ခ်င္သည့္အခါ ၾကည့္တတ္သည္။ ရံဖန္ရံခါ မ်က္ေၾကာေတြ ေသေနသည့္ႏွယ္။ ကလယ္ကလယ္ လုပ္ခ်င္လုပ္ေနတတ္သည္။ သို႔တိုင္၊ သူ႔အၾကည့္ေတြမွာ မာန္ပါ လြန္းလွ၏။ သူတစ္ပါး၏စိတ္ကို ကေယာင္ေခ်ာက္ခ်ားျဖစ္ေအာင္ လုပ္ တတ္လြန္းလွသည္။
သူကား ဝိဇၨာေသာင္း (ခ) ေမွာ္ဆရာ (ခ) အူလူးေသာင္းထြန္းေပ
တည္း။
သူ႔အေၾကာင္းမသိသူမို႔ သူႏွင့္တစ္ခဏမွ်မေတြ႕လိုက္မိပါေစႏွင့္။စိတ္ ေရာကိုယ္ပါ ေလးလံထိုင္းမႈိင္းလာၿပီးလွ်င္ “စိတ္နဲ႔ ငါနဲ႔ ညစ္တယ္ – ညစ္ တယ္”ျဖစ္လာေပလိမ့္။ အာ႐ုံခံစားမႈမ်ား ေဖာက္ျပန္ယိုယြင္းသြားေပလိမ့္။ ဒိ႒ဓမၼေလာကႏွင့္ ေလာကဓာတ္ သိပၸံကိုသာပဲ တမ္းတမ္းစြဲ ဖက္တြယ္ ဆုပ္ကိုင္ထားသူမ်ားပင္လည္း စုန္း၊ ကေဝ၊ တေစၦေလာကဂမၻီရေတြ ဧကန္ ရွိေပ၏ဟုေခါင္းတညိတ္ညိတ္လက္ဖ်ားတခါခါျဖင့္ လက္ခံသြားရခ်ိမ့္။
လိမ္လည္မႈ၊ ရာ – ၄၂ဝ (ဖိုးတြမ္တီး)ႏွင့္ သာသနာ ညႇိဳးႏြမ္းေစမႈ (ရာ- ၂၈၅)တို႔ျဖင့္ ေထာင္ႏွင့္အိမ္၊ အိမ္ႏွင့္ေထာင္ လမ္းသလား ကူးကလန္ခတ္ ေနေသာေထာင္လက္ေကာက္ အႀကီးစား သမာၻရင့္တစ္ဦး ျဖစ္၏တည္း။
“ကဲ-က်ဳပ္လူေရ’က်ဳပ္လူက ဘာေတြ အ႐ူးထ.ၿပီး ဘာေတြ အေရး ေတာ္ ေပၚလာေလသလဲ မသိေပတဲ့ က်ဳပ္မွာျဖင့္ အလုပ္မအားေသးတာ ေတာ့ အမွန္ပဲ။ ဒီကေန႔ ၿပီးမွျဖစ္မယ့္အလုပ္ေတြ ေတာင္လိုပုံေနတာ။ ၿပီး ေတာ့၊ ေျပာလိုက္ရဦးမယ္။ က်ဳပ္တို႔ ေထာင္အလုပ္မွာ ထူးျခားတဲ့ သီးသန႔္ ကိစၥ မရွိဘဲနဲ႔ တိုက္ခန္းနားကို ေယာင္လို႔ေတာင္ သီခ်င္ ကပ္ခ်င္လို႔ ကပ္မရ ႏိုင္ဘူးဗ်ာရဲ႕။ ဒါ – ခင္ဗ်ားရဲ႕အိမ္မဟုတ္ဘူး – ဟုတ္ၿပီလား” စိတ္ေပါက္ေပါက္ျဖင့္ အေငၚတူးမိလိုက္ရေတာ့သည္။ “ဝိဇၨာေသာင္း-ဝိဇၨာေသာင္း”ႏွင့္ ေထာင္ထဲမွာ နာမည္ႀကီးလွေပမယ့္ လည္း ယခုမွပဲ နဖူးေတြ႕ဒူးေတြ႕ႀကဳံရေပသည္။ ေတြ႕ေတြ႕ခ်င္းမွာပင္ “အာဂ လူ”ဟုဩခ်ခ်င္လာ၏။ သူလုပ္ပုံႀကီးက ဟုတ္မွမဟုတ္ပဲကိုး။ “အဲဒါကကလိုရွိပါတယ္- က်ဳပ္ဆရာရယ္။က်ဳပ္ကိုတိုက္ခန္းထဲထည့္ ထားျခင္းအားျဖင့္ ေထာင္မႉးႀကီးတို႔ေထာင္မွာ အက်ိဳးယုတ္စရာမရွိပါဘူး။ အဲ – အက်ိဳးေတာင္ ရွိခ်င္ရွိေပလိမ့္ဦးမယ္”

“႐ို-တယ္ဆိုတဲ့စာပါကလားဗ်ိဳ႕၊ လင္းပါဦး-ဝိဇၨာေသာင္းႀကီးရယ္။ ဘယ္လိုအေၾကာင္းေတြေၾကာင့္မ်ား ခင္ဗ်ားကိုတိုက္ခန္းထဲထည့္ထားျခင္း ဟာေက်းဇူးႀကီးတဲ့ကိစၥလည္း ဆိုတာကို…”
“တျခားလူေတြက်ဳပ္နဲ႔ မေတြ႕ ၾကရ၊ က်ဳပ္ကလည္း သူတို႔ေတြကိုမႀကဳံ ၾကရေတာ့မျဖစ္သင့္တာေတြ မျဖစ္ေတာ့ဘူးပ- က်ဳပ္ဆရာရယ္” “အမယ္မယ္ – လာလာေခ်ေသး။ ကိုင္း-ေတြ႕ေတာ့ဘာျဖစ္တုံး၊ မေတြ႕ ေတာ့ေရာ ဘာျဖစ္တုံး – ကဲ”
“အဲ-အဲဒါကဟိုသင္းေလ-အဲ-အဲ”
ဝိဇၨာေသာင္း တမင္ေဝ့ေနသလားမသိ။ ျပႆနာက လိုရင္းမေရာက္ ဘဲ တိုင္ပတ္ေနသည္။ သူက သူ႔လက္ႏွစ္ဖက္ကို အခ်င္းခ်င္း ဆုပ္ကိုင္၍ လိမ္လ်က္ရွိ၏။ အမွတ္မထင္ ျပဳမိေနျခင္းျဖစ္ေသာ္မွ သူ႔လက္တစ္ဖက္ ဖက္က အမွတ္တမဲ့ လြတ္ထြက္သြားမည္ကို အေရးတႀကီး အာ႐ုံစိုက္ထား သကဲ့သို႔ ဖိဖိစီးစီး ရွိလြန္းလွ၏။ ၾကားၾကားေနရဖူးသည့္ ေမွာ္ဆရာ၏ ခပ္ ေၾကာင္ေၾကာင္ စတိုင္ျဖစ္သတဲ့ဗ်ာ ….။
သူသည္ သူ႔လက္ႏွစ္ဖက္ကို အၿမဲတမ္း ဝွက္ထားတတ္သည္တဲ့။ သာမန္လူတို႔မွာ ေတြ႕ရခဲသည့္ သူ႔အမူအက်င့္မွာ အျမင္ကတ္စရာ ေကာင္း လြန္းေလာက္ေအာင္ပင္ ထူးလွ၏တဲ့ ….။ သူက သူ႔လက္မ်ားျဖင့္ တစ္ခုခုကို ထိမိ ကိုင္မိမည္ကို အလြန္စိုးသည္။ မလြဲမေရွာင္သာ ကိုင္ရတြယ္ရမည္ ဆို ပါကလည္း သူလို ငါလို ဘာသာဘာဝ ကိုင္ပုံ တြယ္ပုံႏွင့္ လုံးလုံးမတူ။ သူ႔ လက္မ်ားကို လူျမင္ သူျမင္ခံ၍ လွစ္မထားဘဲ အက်ႌအိတ္ထဲ လက္ႏႈိက္၍ ေသာ္လည္းေကာင္း၊ လက္ကို ခ်ိဳင္းၾကားတြင္ ညႇပ္၍ေသာ္လည္းေကာင္း၊ တစ္ဖက္ႏွင့္တစ္ဖက္ ညႇစ္လိမ္ဆုပ္ကိုင္၍လည္းေကာင္း ထားေလ့ရွိၿမဲ။ အ႐ိုးပေဒသာ သူ႔လက္တို႔ကို ဖ်တ္ခနဲ ဖ်တ္ခနဲ လႈပ္ရွား၍ ႐ုတ္ျခည္းပင္ နဂို ေနအတိုင္းျပန္ေရာက္သြားတတ္သည္…တဲ့။
သူ႔လက္တစ္စုံကိုအလိုအေလ်ာက္လြတ္လြတ္လပ္လပ္သည္အတိုင္း တိုင္းထားလွ်င္ထိုလက္တို႔သည္သူ႔ကိုအာဏာဖီဆန္၍မဟုတ္တာ။တစ္ခုခု

လုပ္ျဖစ္ေတာ့မည္လိုလို။ သူ႔လက္မ်ားေၾကာင့္ ဧရာမ ေၾကာက္စရာ့ အမႈ အခင္းႀကီးတစ္ခုခု က်ဴးလြန္မိေတာ့မေယာင္ေယာင္။ သည္အတြက္ အစိုး ရိမ္ႀကီးစြာ သူ႔လက္ေတြကို ဇြတ္အတင္း သိမ္းထားဝွက္ထားရေတာ့ သည္ သို႔ သူလုပ္ေနပုံ အကဲပါလွခ်ည့္တဲ့။ ၾကားဖူးေနခဲ့ရသည္။ ယခုျဖင့္မူ နာမည္ ေက်ာ္ သင္းႀကီး၏စတိုင္ မလိုင္ကိုပက္ပင္းေတြ႕ေနရၿပီ။
“က်ဳပ္- က်ဳပ္- သူတို႔ေတြကို ေတြ႕ေနရရင္၊ ျမင္ေနရရင္ တစ္ခုခုလုပ္မိ ေနလိမ့္မယ္။ မလုပ္ဘဲလည္း ဘယ္လိုမွ မေနႏိုင္ဘူး။ က်ဳပ္စိတ္ကို က်ဳပ္ အစိုးမရဘူး။ ခ်ဳပ္တည္းထိန္းသိမ္းလို႔ မရဘူး။ ၿပီးေတာ့၊ ဒီေထာင္အထဲမွာ ေတြ႕သမွ် ငတိေတြ၊ ငနဲေတြ မွန္သမွ်ကလည္း စိတ္အခံအား ေဝလ္ပါဝါ (Will power) ပိတ္ပိတ္သား ခန္းေျခာက္ေနတဲ့ သတၱဝါေတြခ်ည္း။ အဲဒီ ေတာ့ က်ဳပ္ အစြမ္းျပခ်င္စရာ သနားစရာေတြခ်ည္း ျဖစ္ေနေတာ့တာကိုး- ဆရာႀကီးရဲ႕။ အဲဒီမွာတင္ ေနမထိ ထိုင္မသာ က်ဳပ္က က်ဳပ္ရဲ႕ ပါဝါေတြကို ထုတ္သုံးလိုက္မိကေရာ၊ ကံနည္းကံမြဲရွာတဲ့ ဖြတ္လခ်ီးေတြခမ်ာမွာ ေတာျဖစ္ေတာင္ျဖစ္ေတြ ေလွ်ာက္ျဖစ္ကုန္ၾကေရာ။ ဆရာႀကီးတို႔ ေထာင္ မွာလည္းအမႈေတြဗရေပြခတ္ကုန္ကေရာ။ ကဲ…မခက္ေပဘူးလား။ အဲသာ ေၾကာင့္. အဲသာေၾကာင့္။
ဝိဇၨာေသာင္းက ႐ုပ္တည္ႀကီးႏွင့္ ဆက္လွိမ့္ေနသည္။
သူ႔အေၾကာင္း ေထြလီကာလီေတြကို ကြၽန္ေတာ္ ၾကားထားဖူးၿပီးျဖစ္ သည္။ တစ္ခုခုလုပ္စရာရွိလွ်င္ သူ႔လက္ကို ဖ်တ္ခနဲ ႐ုတ္တရက္ထုတ္၍ တရစပ္ဇယ္ဆက္သလိုလုပ္သည္။ ေတြေဝအုံ႔ဆိုင္းမေန။ သူလုပ္ခ်င္ရာရာ အလုပ္မွတစ္ပါး သူ႔လက္ေတြကိုေလွ်ာက္မလုပ္မိေစရန္တိတိက်က်ထိန္း ခ်ဳပ္ထားပုံရသည္။ သူ႔ဩဇာ၊ သူ႔အာဏာကို သူ႔လက္ေတြက ဖီဆန္မွာ စိုး ပုံရသည္။ ကိုင္စရာရွိလွ်င္ ဖ်တ္ခနဲ ကိုင္လိုက္သည္။ ထိုးစရာရွိလွ်င္လည္း ဆိုးခနဲဆတ္ခနဲထိုးလိုက္သည္။ဘာလုပ္လုပ္သုတ္သီးသုတ္ပ်ာငါးရံ႕ျပာလူး။ သည္လိုလူစားမ်ိဳး၏ပါးစပ္က တျခားတစ္ပါးေသာ ေထာင္သူေထာင္သား ေတြကို သူ႔လက္ဖ်ားအား သူေစစားပိုင္စိုးေလသည္မ်ိဳးလႊမ္းမိုးခ်ဳပ္ကိုင္၍ပဲ ရေလဟန္ေလသံပစ္လာသျဖင့္ နားဝင္ခက္လွ၏။

သို႔ပင္ျဖစ္လည္း သည္လူႀကီးကိုလႊတ္စိတ္ဝင္စားသြားမိသည္။
“ႏို႔ – ေနစမ္းပါဦး – က်ဳပ္လူရဲ႕။ အဲသလိုမ်ိဳးေတြ ျဖစ္ရေလာက္ေအာင္ က်ဳပ္လူက ဘာမို႔လို႔လဲ။ ဘာေတြမ်ား ဒီေလာက္ထူးေနေသးလို႔လဲ-ကဲ” “ခက္တယ္ – ဆရာႀကီး ေျပာရမွာ သိပ္ခက္တယ္။ ကိုယ့္အေၾကာင္း ကိုယ္ေျပာၿပီး“ကိုယ့္ကိုယ္ကိုယ္ေဖာ္ မသူေတာ္” လုပ္ရမယ့္ဟာက သိပ္ေၾကာင္တာပဲ”
သူကပဲ တစ္ျပန္စီး၊ ညည္းေျပာကေလး ေျပာေနလိုက္ေခ်ေသးသည္။ “အာဂလူပဲ”။
“ဒီလိုရွိတယ္ – ေထာင္မႉးႀကီး။ က်ဳပ္မွာ တန္ခိုးရွိတယ္။ ဣဒၶိပါဒ္ ရွိ တယ္။ က်ဳပ္ဝမ္းထဲမွာ အရာရာကို ဆြဲေဆာင္ဆြဲငင္ႏိုင္တဲ့ သတၱိထူးတစ္မ်ိဳး ရွိေနတယ္။ က်ဳပ္ဘာသာက်ဳပ္ သိလြန္လြန္းလို႔ေျပာေနတာ။ က်ဳပ္ေၾကာင့္ သူတစ္ပါးေတြကိုဒုကၡမမ်ားေစခ်င္ဘူး။ အဲဒါ..”
နတ္ဝင္သည္လိုသူ႔တစ္ကိုယ္လုံးတဆိုးဆိုးတဆတ္ဆတ္တုန္ေနၿပီးသူ႔ လက္ႏွစ္ဖက္ကိုလည္း သူ႔ခါးေပၚက ေထာင္ပုံစံပုဆိုး ခါးပုံစထဲ ဇြတ္အတင္း ထိုးသြင္းထား၏။ “ဗုေဒၶါရယ္တဲ့မွ ျမတ္စြာ၊ ထူးေထြတည့္အံ့ရာပါကလား။ ဘယ့္ႏွယ္ လူစင္စစ္က တန္ခိုးဣဒၶိပါဒ္ေတြ ဗိုက္တစ္လုံးအျပည့္ ေဆာင္ ထားရတဲ့ အက်ဥ္းသားတစ္ေယာက္ကို အရွင္လတ္လတ္ႀကီး ေတြ႕ေနရပါ လိမ္”ဟု။ စိတ္ေတြပင္ အလိုလို ေထြခ်င္လာ၏။ “ အလုပ္ေတြ ဗရေပြခတ္ ေအာင္ ရႈပ္ေနရသည့္အထဲ သင္းႀကီးက တစ္ေမွာင့္”ဟု စလုံးစခု ဘုတုတု ႀကီး ျဖစ္ခ်င္လာေတာ့သည္။
“ဒီမယ္ – ဝိဇၨာေသာင္း”
“ဟုတ္ – ဆရာ”
“အခု – ဒီအတိုင္း ခင္ဗ်ားေျပာေနပုံအရဆိုရင္ကိုပဲ ခင္ဗ်ားကိုတိုက္ထဲ ပို႔ဖို႔လုံေလာက္သေလာက္ ရွိေနၿပီဗ်ိဳ႕”
“ခင္ဗ်ာ – ေထာင္မႉးႀကီး”

“ခင္ဗ်ာမေနနဲ႔ – ကိုယ့္လူေရ။ ခင္ဗ်ားကိုပို႔မယ့္တိုက္က ခင္ဗ်ားေနခ်င္ တဲ့ႀကိဳးတိုက္အခန္းလြတ္ေတာ့ျဖင့္မဟုတ္ဘူး။ ေဆး႐ုံတိုက္ – ေဆး႐ုံတိုက္ ကို ပို႔ရမွာ “ ဟုတ္ပလား”
“ဟာဗ်ာ- ဘယ္လိုေၾကာင့္”
“ခင္ဗ်ားမွာ စူပါ ပါဝါေတြနဲ႔ ျပည့္ၿပီး ေဂါက္ေနၿပီလား။ ေဂါက္မေနေသး ဘူးလားဆိုတာ သိရေအာင္ဟာ ေဆးစစ္မို႔လို႔ဗ်ိဳ႕- ေဆးစစ္ဖို႔။ ကိုင္း- သိ ပလား-ကဲ”
“ေအာင္မေလးဗ်ာ …”
ဝိဇၨာေသာင္းခမ်ာ မွန္းခ်က္ႏွင့္ ႏွမ္းထြက္မကိုက္ခဲ့ေပ။ ေထာင္မႉးႀကီး ကြၽန္ေတာ့္အမိန႔္ႏွင့္ ေဆး႐ုံလက္ပါးတိုက္ (Leprocy Cell)၏ေဘးအစြန္ အခန္းလြတ္သို႔ ခ်က္ခ်င္းလက္ငင္း သီတင္းသုံး စံျမန္းသြားရေလေတာ့၏။ သူကား ဧရာနႏၲ စူပါစြမ္းအားရွင္ႀကီးကိုး ခင္ဗ်။ ေမွာ္ဆရာ “ဝိဇၨာေသာင္း” မဟုတ္မူဘဲ စိတၱဇေဝဒနာရွင္ အက်ဥ္းသားတစ္ဦးျဖစ္ေနခဲ့ေသာ္ မခက္
ေပလား။
“ဒီလိုရွိတယ္ – ဆရာေထာင္မႉးႀကီးရဲ႕၊ ညႇိဳ႕ဓာတ္ဆိုတာကို ၾကားဖူးရဲ႕ မဟုတ္လား။ လူမွာ ဆြဲငင္တတ္တဲ့သတၱိ ရွိတယ္ဆိုတာကိုေတာ့ ယုံမွာပါ ေနာ္။ စိတ္ေရာဂါအထူးကုဆရာဝန္ႀကီးေတြေတာင္ စိတ္ညႇိဳ႕ၿပီးေဆးကုၾက တယ္ေလ။ ဟုတ္တယ္ေနာ္”
“လူတစ္ေယာက္က သူ႔စိတ္တန္ခိုးနဲ႔ အျခားလူတစ္ေယာက္ကို စိတ္ ညႇိဳ႕အိပ္ေမြ႕ခ်ၿပီး အိပ္ေပ်ာ္သြားေအာင္ လုပ္လိုက္တယ္ဆိုတာဟာ စိတ္အင္
အားပါဝါႀကီးတဲ့သူကစိတ္တန္ခိုးအားနည္းတဲ့သူရဲ႕စိတ္ကိုခိုးယူလိုက္သလို ပဲေလ။ ဆရာႀကီးရဲ႕ပိုက္ဆံအိတ္ကိုခါးပိုက္ႏႈိက္ကႏႈိက္ယူလိုက္သလိုပဲေပါ့။ တကယ္တမ္းကေတာ့ စိတ္ကို ခိုးတယ္ဆိုတာ ဝိညာဥ္ကို အပိုင္စီးလိုက္ တာပါပဲ။ သူ႔ဘာသာ လုံလုံၿခဳံၿခဳံရွိေနတယ္လို႔ ထင္ထားတဲ့ သူ႔စိတ္ထဲက လွ်ိဳ႕ဝွက္ခ်က္ေတြကို သူမသိေအာင္ တိတ္တိတ္ကေလး ႏႈိက္ယူလိုက္တာ

မ်ိဳးေပါ့။ အဲဒီလို စိတ္တန္ခိုးစြမ္းအားမ်ိဳးမ်ား ရွိခဲ့ရင္ ဘယ္လိုေနမလဲ- က်ဳပ္ ဆရာ။ နည္းနည္းကေလးေတြးၾကည့္စမ္းပါ”
ေမွာ္ဆရာကျဖင့္ ခပ္တည္တည္ ခပ္တင္းတင္း အပီႀကီးကို ေျပာခ်ေန ေတာ့သည္။
ေဆး႐ုံတိုက္ကို ပို႔လိုက္ၿပီးေနာက္ ေစာင့္ၾကည့္ကာလ သုံးရက္ထား ကာ သူ႔ကို ေစာင့္ၾကည့္ေစခဲ့သည္။ စိတ္ေရာဂါအထူးကုဆရာဝန္ႀကီးျဖင့္ လည္းစမ္းသပ္စစ္ေဆးေစခဲ့သည္။ မည္သို႔မွ်မထူးျခား။ ဝိဇၨာေသာင္းသည္ လူေရာစိတ္ပါ အေကာင္းပကတိပဲတဲ့ခင္ဗ်။ သည္သို႔ဆိုလွ်င္ …။
“ေထာင္မႉးႀကီးေရ-လူေတြရဲ႕စိတ္အေတြးထဲမွာႀကံေနေတြးေနတတ္
တဲ့ မအပ္မရာ အႀကံအေတြးေတြကိုမ်ား သူတို႔ဝွက္ထားတဲ့အထဲကေန မရ မက သိေအာင္ႀကိဳးစားၿပီး ႏႈိက္ထုတ္ႏိုင္ခဲ့ရင္ ဘယ္ကေလာက္ ေကာင္း လိုက္ေလမလဲ။ ေၾကာက္စရာေတြးလုံးႀကီးဆိုေပမယ့္လုံးလုံးႀကီးမျဖစ္ႏိုင္ပါ ဘူးလို႔လည္း မ်က္စိမွိတ္ မျငင္းရဲဘူးခင္ဗ်။ စိတ္ရဲ႕အေၾကာင္း၊ စိတ္နဲ႔ အေၾကာင္းအက်ိဳးဆက္ေနတဲ့အရာေတြရဲ႕အေၾကာင္းကို ဂဃနဏသိခဲ့ရင္၊ အဲ – ၿပီးေတာ့ ကိုယ့္ရဲ႕စိတ္စြမ္းအားကို တန္ခိုးအာနိသင္ရွိေအာင္ တည္ ေဆာက္ထားႏိုင္ရင္ ျဖစ္ရမယ္ဗ်ာ။ ကိုင္း – ဘယ့္ႏွယ္လဲ”
ဟုတ္ပါ့မလား – ေမာင္ကာဠဳရဲ႕။ ဒါ့ထက္ေတာင္ ပိုေသးဆိုသလို က် ေနေတာ့သည္။ လိမ္လည္မႈ၊ အေယာင္ေဆာင္မႈေတြ ဗရေပြျဖင့္ ေထာင္ကို ဥဒဟိုဝင္ခလုတ္ ထြက္ခလုတ္ ျပဳေနသည့္ ေထာင္လက္ေကာက္တစ္ဦးထံ မွ စိတ္ပညာ လက္ခ်ာႀကီးကို နာခံမွတ္သားေနရသည့္ ကြၽန္ေတာ့္အျဖစ္ ႏွယ္ ဆိုးပါဘိ။ ဤလို ေထာင္မႉးႀကီးမ်ိဳး ရွိႏိုင္ေသးပါအံ့ေလာ။ ယုံခ်င္ယုံ၊ မယုံခ်င္ေန၊ ေထာင္အလုပ္ဆိုသည္မ်ိဳးက ေထာင္ႀကီးဧရာအတြက္ အမွန္ တကယ္ ဒုကၡေပးရန္ အလားအလာရွိသူ လက္တစ္ဆုပ္စာ လူလြန္မသား တစ္စုအေၾကာင္းကိုသာ ပိပိျပားျပားသိထားရၿပီဆိုေလက ကိစၥၿပီးစတမ္း ေပကိုး။ ႀကိတ္လိုက္ဟ -ဝိဇၨာေသာင္းႀကီးရဲ႕….”
“ကိုယ့္ရဲ႕စိတ္စြမ္းအင္ ညႇိဳ႕ဓာတ္နဲ႔ သူတစ္ပါးရဲ႕လွ်ိဳ႕ဝွက္ဝိညာဥ္သိုက္၊ အဲေလ-ဟဒယႏွလုံးထဲက စိတ္အေတြးေတြကို ဘယ္လို ႏႈိက္ယူႏႈိက္

ထုတ္မလဲ။ အဲဒီအပိုင္းက် ခက္တယ္ေနာ့။ လူ႔ရဲ႕စိတ္အာ႐ုံငါးပါးဆိုတာဟာ အမွန္တကယ္အားျဖင့္ဆိုရင္ေတာ့ သိပ္ကို ေပ်ာ့ညံ့ ႏုံနဲ႔တဲ့ အသိတစ္မ်ိဳးပဲ။ ဘာကိုမွ ေဝ့ေဝ့စုံစုံသိေအာင္ လုပ္မေပးႏိုင္ဘူး။ တန္ခိုးအာနိသင္လည္း မရွိဘူး”
“အဲဒါမ်ိဳးက ဆ႒မအာ႐ုံလို႔ေခၚတဲ့ သဘာဝလြန္စိတ္တန္ခိုး ရွိေနရင္ ျဖင့္ေရးေတးေတးနားလည္သလိုရွိမယ္။စိတ္ကိုစိတ္နဲ႔ပဲဖမ္းႏိုင္တယ္။ သူ႔ စိတ္ သူ႔အေတြး၊ သူ႔အႀကံအစည္ေတြကိုထိန္းခ်ဳပ္ေစစားႏိုင္တယ္။ သူတစ္ ပါးစိတ္အႀကံကို ႀကိဳၿပီး သိႏိုင္တယ္။ အင္း- ေျပာရရင္၊ က်ဳပ္မွာ အဲသလို စိတ္တန္ခိုးမ်ိဳး ရွိေနတယ္လို႔ဝန္ခံလိုက္ရေတာ့မွာပဲ”
ဗုေဒၶါ။ ေျပာရင္း ေျပာရင္း ပိုကဲလာ၏။ သူ႔မွာ တန္ခိုးေတြေတာင္ ရေန ပတဲ့။ ႀကိတ္ဟ။
“အဲသလို တန္ခိုးလိုလို၊ ဘာလိုလိုဟာႀကီးကို ရလာခဲ့တာဟာလည္း အေတာ္ေတာ့ ဆန္းသား။ က်ဳပ္လို လူမွန္းသိစ စကားပီ နားၾကားကတည္း က ခိုး၊ ဆိုး၊ တိုက္၊ လု၊ လိမ္ ဆိုတဲ့ ဒုစ႐ိုက္ေတာထဲမွာ အေတာင္အလက္စုံ လာခဲ့ရတဲ့ လူတစ္ေယာက္ဟာ မဟုတ္မဟတ္တာေတြကလြဲရင္ အဖိုးတန္
တန္ပညာရယ္လို႔ဘယ္မွာေလာက္ေလာက္လားလားသင္ခဲ့ဖူးခဲ့ရလို႔တုန္း။ တကယ့္ နလပိန္းတုံးပါ ခင္ဗ်ာ။ အဲသလိုနဲ႔ပဲ ရဲအခ်ဳပ္၊ တရား႐ုံးနဲ႔ ေထာင္ကို ဝလေခ်းလည္ေနခဲ့တာေရာ။
“အဲ-တစ္ေန႔သားမွာေတာ့ ႏွလုံးေသြးပ်က္စရာကိစၥႀကီးနဲ႔ တိုးေရာ ဆရာႀကီးေရ။ က်ဳပ္တို႔ေနတဲ့ အိမ္ကုပ္အိမ္စုတ္ကေလးရဲ႕ေခါင္းရင္းက ေညာင္ပင္ႀကီးကို မိုးႀကိဳးပစ္ခ်သေလ။ ဟုတ္တယ္- ဟုတ္တယ္။ က်ဳပ္က ေလေတြ၊ မိုးေတြၾကမ္းလွ၊ရမ္းလွပါသေကာရယ္လို႔အိမ္တံစက္ၿမိတ္ကေန အျပင္ဘက္ကို ကဲ – အၾကည့္မွာ ႐ုတ္တရက္သားႀကီးပစ္ခ်လိုက္တာ။ ဘာ ေျပာေကာင္းမတုံး- က်ဳပ္ဆရာရယ္။ “ဂ်ိမ္း – ဒလိန္း – ဒလိန္း”ဆိုတဲ့ လွ်ပ္

စစ္မိုးႀကိဳးသံႀကီးကို မၾကားလိုက္ရခင္ တစ္မိုးလုံး ေဖြးျဖဴလင္းေတာက္ၿပီး စူးရွထိန္လင္းတဲ့ အလင္းေရာင္တန္းႀကီးတစ္ခုဟာ ေညာင္ပင္ႀကီးခြၾကား ကိုစိုက္ခနဲထိုးဆင္းသြားေတာ့တာပဲ။ ေညာင္ပင္ႀကီးဟာဟက္တက္ထက္ ျခမ္းႀကီးကြဲလို႔။ ေလာင္မီးႀကီးေတြက်ၿပီး မီးလွ်ံမီးေတာက္ေတြ တရဲရဲ၊ မီးခိုး လုံးေတြ ေမွာင္ေနတာပဲခင္ဗ်။ ဟုတ္ပ၊ က်ဳပ္ျဖစ္ပုံကို ေျပာရဦးမယ္။ မိုးႀကိဳး လွ်ပ္စီးႀကီး “ဂ်ိမ္း”ခနဲလည္း ပစ္ခ်လိုက္ကေရာ။ က်ဳပ္တစ္ကိုယ္လုံး ဖ်ိဳးခနဲ ဖ်င္းခနဲဓာတ္လိုက္သလိုမ်ိဳးျဖစ္လာသဗ်။ ဆံပင္ေတြ၊ ေမြးညင္းေတြေထာင္ ထလို႔။ က်ဳပ္ကိုယ္ထဲကအေၾကာေတြ၊ အခ်ဥ္ေတြကိုတစ္ခုခုနဲ႔ ဆုပ္ဆြဲတုပ္ ေႏွာင္ထားသလိုမ်ိဳးခ်ည္း။ ေမြးညင္းေပါက္၊ ဒြါရေပါက္ေတြမွန္သမွ်က လည္း မီးခိုးေငြ႕ေတြလိုမ်ိဳး ေျခာင္းေျခာင္း ေျခာင္းေျခာင္းနဲ႔ အူထြက္လို႔လာ ေတာ့တယ္။ နတ္ဝင္သည္လိုပဲ၊ ဒယီးဒယိုင္နဲ႔တုန္ေနေရာဗ်ိဳ႕၊ က်ဳပ္မ်က္လုံး ထဲကိုလည္း မိုးႀကိဳးလွ်ပ္စီး အလင္းေရာင္တန္းႀကီးက တန္းခနဲ တည့္တည့္ ႀကီးတိုးဝင္သြားလိုက္တာမ်ားဟာရင္ဘတ္ႀကီးထဲအထိဒုတ္ဒုတ္ထိေရာက္ ေရာ မွတ္လိုက္ရသာပဲ။ အဲ-က်ဳပ္လည္း အဲဒီဒဏ္ေတြ မခံႏိုင္ေတာ့လို႔ တုံး ခနဲ ပစ္လဲသြားသဗ်။ ျပန္လည္သတိရလာေရာ။ အဲဒီထူးတဲ့ဆန္းတဲ့ ကိစၥ ႀကီးေတြကိုႀကဳံရေတာ့တာပဲ – ဆရာႀကီးေရ။ အံ့ေရာ – အံ့ေရာ။
“ဒီလိုေလ၊ ဘာမွန္းမသိတဲ့အဲဒီစြမ္းအားတစ္မ်ိဳးကိုစၿပီးသိလိုက္ရတာ က,တာ။ေဗြေခတ္ဦးစ.ၿပီးအစြမ္းသတၱိျပတာဟာက်ဳပ္ရဲ႕လက္ေခ်ာင္းေတြ ကဗ်။ လက္ေတြက စ.ျဖစ္တာ။ က်ဳပ္မို႔ တစ္ခုခုကို ယူခ်င္လို႔ လက္မဆန႔္ လိုက္နဲ႔၊ အဲဒီပစၥည္းက သူ႔အလိုလို က်ဳပ္ဆီကို တေ႐ြ႕ေ႐ြ႕နဲ႔ က်ဳပ္နားေရာက္ တဲ့အထိ ေ႐ြ႕လ်ားလာေရာ။ သံလိုက္တုံးကို သံမႈန႔္ေတြ ေျပးကပ္လာသလို မ်ိဳး။ တစ္ခုခုကို ကိုင္မယ္လို႔ လက္မထုတ္လိုက္နဲ႔၊ ကိုင္ခ်င္တဲ့ပစၥည္းက က်ဳပ္လက္ဆီကို အလိုလိုေရာက္လာတာ ခင္ဗ်ား။ ကိုင္း – မဆန္းဘူးလား”
ဆန္းသည္။အဟုတ္တကယ္ဆန္းပါေပသည္။ နားရွိ၍သာၾကားလိုက္ ရ၊ ျဖစ္ႏိုင္ဖို႔ျဖင့္ အလြန္အင္မတန္ေဝးလြန္းသည့္ကိစၥ။ ဝိဇၨာေသာင္းအတည္ ေျပာေနသလား၊ ကလီကမာ ညာတာပါေတးပဲ လုပ္ေျပာ.ေျပာေနေလသ

လား။ ေျပာပုံေျပာေပါက္ကျဖင့္ အပီႀကီး။ ၿငိမ္သည္။ ပိပိရိရိေသေသေခြေခြ လည္းရွိသည္။ ဘာပဲျဖစ္ျဖစ္၊ ယုံႏိုင္ဖို႔ကား ခြန္လြန္လြန္း။
“ေဟာ- က်ဳပ္ဆရာ။ ဇေဝဇဝါႀကီး ျဖစ္ေနတယ္ေပါ့- ဟုတ္စ။ ဝိဇၨာ ေသာင္းတစ္ေယာက္ေတာ့ ငါ့ကို ႏွပ္ခ်ေနၿပီလို႔လည္း စိတ္ထဲက ေတြးေန တယ္ မဟုတ္လား။ မျငင္းလိုက္ပါနဲ႔ေလ။ က်ဳပ္က သူမ်ား ရင္ထဲက စိတ္ အႀကံကို အလိုလို သိေနပါတယ္ဆို။ ကိုင္း- က်ဳပ္ဆရာရဲ႕စိတ္ထဲက သ႐ိုး သရီေတြ ေပ်ာက္သြားရေအာင္ဟာ။ လက္ေတြ႕ဒက္ထိ လုပ္ၾကည့္ၾကသာ ေပါ့-ေနာ
အလိုေလး၊ ျမတ္စြာဘုရား။
ကြၽန္ေတာ့္စိတ္ထဲက အေတြးကိုေတာင္ သင္းႀကီးက အတပ္ေဟာေန ပါေကာ။ မွန္သင့္သမွ်ကလည္းမွန္ေနသည္။
“သင္းႀကီး- ဘယ္လိုေထြေထြရာရာ ဝါစာကမာေတြကို ေပါက္တတ္ ကရလုပ္ဦးမလို႔ပါလိမ့္”
“ကဲ – ၾကည့္ေနာ္ – က်ဳပ္ဆရာ။ ေဟာဟို – က်ဳပ္အခန္းေထာင့္မယ္ ေတာက္တိုမည္ရေဆးကေလးဝါးကေလးေတြထည့္ထားတဲ့ပလတ္စတစ္ ဗူးျဖဴကေလးရွိတယ္။ ေဟာဟိုမွာေတြ႕လား။အဲ- အဲဒီဘူးကေလးကိုက်ဳပ္ က ထိုင္ရာမထဘဲ က်ဳပ္ဆီ ေရာက္လာေအာင္ က်ဳပ္စိတ္တန္ခိုးနဲ႔ပဲ ညႇိဳ႕ယူ ျပလိုက္မည္။ ၾကည့္ေန ၾကည့္ေန”
ေျပာေနရင္းကပင္ သူ႔အမူအရာသည္ နတ္ဝင္သည္ကဲ့သို႔ ျဖစ္လာ သည္။ သူသည္ သူမဟုတ္ေတာ့။ အျခားတစ္ေယာက္လို ျဖစ္လာသည္။
သူ႔ရင္ဘတ္တြင္ကပ္၍ဝွက္ထားေသာလက္တို႔သည္လွစ္ခနဲထြက္လာ၏။ ထိုလက္ႏွစ္ဖက္မွာ ဓားအိမ္မွ ဆြဲထုတ္လိုက္ေသာ ဓားႏွစ္လက္ကဲ့သို႔ ဘာ မွ်မလုပ္ရေသးဘဲႏွင့္ပင္ ေၾကာက္မက္ဖြယ္အသြင္ကို ေဆာင္ေနေလ
သည္။
သူက ေဆးပုလင္းကေလးကို တကယ့္အဖိုးထိုက္ အဖိုးတန္ ရတနာ ပစၥည္းကေလးအလား စိန္းစိန္းစားစား စူးစိုက္၍ ၾကည့္ေန၏။ သူ႔မ်က္လုံး
ထဲမွ စိမ္းဖန႔္ဖန႔္ လင္းလက္လက္ လွ်ပ္ေရာင္ေတြ ျပက္ေနသလို။ ဖ်ပ္ခနဲ ဖ်ပ္ခနဲေတာက္ေနသလား ထင္ရတယ္။
ေဟာဗ်။ ဘာမွ်သိပ္မၾကာလိုက္။ ပုလင္းကေလးသည္ သူ႔အတိုင္းတိုင္း မတ္မတ္ကေလးရွိေနရာမွ ေလမတိုက္၊ ဘာမတိုက္ဘဲ ေဖ်ာက္ခနဲ လဲက် သြား၏။ ၿပီးလွ်င္၊ေရွ႕သို႔ဆန႔္ထုတ္ထားၿပီးလက္ေခ်ာင္းကေလးမ်ားကိုေကြး ခ်ည္၊ ဆန႔္ခ်ည္ျပဳလ်က္ စူးစူးျပဴးျပဴးႀကီး စိုက္ၾကည့္ေနသည့္ ေမွာ္ဆရာရွိ ရာဆီတလိမ့္လိမ့္ေ႐ြ႕လာေတာ့သည္။လက္ထဲခုန္ဝင္မသြား႐ုံတစ္မည္လက္ တစ္လွမ္းစာအလိုသို႔ဒုတ္ဒုတ္ထိေရာက္ေလမွဖ်တ္ခနဲတည့္တည့္ကေလး
ျပန္ေထာင္ၿပီး ဘာမွ်မျဖစ္ခဲ့သလို ၿငိမ္ၿငိမ္ကေလးရွိေနျပန္ေလ၏။
သူ႔ရင္ထဲမည္သို႔ရွိေလသည္မသိ။ ကိုယ္ေတြ႕မ်က္ျမင္ ကြၽန္ေတာ့္အဖို႔ ရာမွာျဖင့္ ေလာေလာလတ္လတ္ တေစၦအေျခာက္ခံလိုက္ရသကဲ့သို႔ လန႔္ လန႔္ဖ်ပ္ဖ်ပ္ ဖတ္ေသာဖတ္သပ္ႀကီးျဖစ္၍ ရင္ထဲတလွပ္လွပ္တုန္လာေတာ့ သည္။ ေမာင္မင္းႀကီးသား ဝိဇၨာေသာင္းကျဖင့္ ၿပဳံးတုံ႔တုံ႔ႀကီးလုပ္၍ ကြၽန္ ေတာ့္မ်က္ႏွာကို ဟန္ပါပါၾကည့္ေနေတာ့ၿပီ။
“ဗုေဒၶါေရ- ဘာေတြတုံးဟ။ ငါ့ႏွယ္ အိပ္မက္မ်ား မက္ေနေလေရာ့ သလား”
အံ့ဩလြန္းလွ၍ ကိုယ့္အသားကိုကိုယ္ တိတ္တိတ္ကေလး ဆြဲဆိတ္ ၾကည့္မိရေသး။
“ယုံရခက္ေနေသးသလား- ဆရာ။ အဝိညာဏကျဖစ္တဲ့ သက္မဲ့အရာ ဝတၳဳကေလးေတြကို ညႇိဳ႕ရတာမ်ား ဘာဟုတ္ေသးတုံး။ သက္ရွိတိရိစာၦန္ကို ေတာင္ အသာကေလး ညႇိဳ႕ျပလို႔ ရေသးတယ္။ ဆရာ – ၾကည့္ေန” ငတိႀကီး ဘာလုပ္ဦးမည္လဲမသိ။ ရင္ေတြ ခုန္လွၿပီ။
ဖလပ္ဖလပ္ႏွင့္ ရွပ္ပ်ာရွပ္ပ်ာ ေျပးတတ္သည့္ နီမကေလး၏ေျခသံကို တိုက္ခန္းအျပင္ဘက္နားဆီက ၾကားရသည္။ နီမသည္ ေထာင္ေဆး႐ုံအုပ္ ႀကီး ေဒါက္တာဦးေအးခ်ိဳ၏ အခ်စ္ေတာ္ ေခြးမကေလး ျဖစ္သည္။ ဝိဇၨာ ေသာင္းကေခြးမကေလးကိုေလခြၽန္၍ေခၚလိုက္၏။နီမသည္ဝမ္းပန္းတသာ အၿမီးတႏွန႔္ န႔္ျဖင့္ ကြၽန္ေတာ္သို႔ေရွ႕သို႔ ေရာက္လာသည္။

သူေကာင့္သားကလွ်ာကေလးတြဲလြဲခ်၍ေဆာင့္ေၾကာင့္ကေလးထိုင္ ေနရွာေသာ ေခြးမကေလးကို စူးစူးဝါးဝါးႀကီး စိုက္၍ ၾကည့္ေနျပန္၏။ ပထမ ေသာ္ နီမခမ်ာ မေနတတ္၊ မထိုင္တတ္ ျဖစ္ေနရွာဟန္တူသည္။ သူ႔ကို စိမ္း စိမ္းၾကည့္ေနသည္ကို မခံႏိုင္။ မ်က္ႏွာလႊဲ၍လြဲ၍ေန၏။ သူ႔စိတ္ထဲမွာ ေၾကာက္ရွာလြန္း၍ဗေလာင္ဆူေနသည္ထင္ပါသည္။
ဝိဇၨာေသာင္းက သည္မွ်ႏွင့္မရပ္။ စုန္းမႀကီး၏လက္ကဲ့သို႔ ႀကဳံလွီပိန္ ကပ္ေနသည့္အေၾကာၿပိဳင္းၿပိဳင္းထ၊ သူ႔လက္ေခ်ာင္းမ်ားကို ဆတ္ခနဲ ထုတ္ လာျပန္သည္။ လက္ေခ်ာင္းမ်ားကလည္း အၿငိမ္မေန။ တစ္ခုခုကို ညႇိဳ႕ယူ စုပ္ယူေနသည့္ႏွယ္ ေကြးဟယ္၊ ဆန႔္ဟယ္ တလႈပ္လႈပ္ တ႐ြ႐ြ၊ လွ်ပ္ေရာင္ ဝင္းျပက္ စိမ္းဖန႔္ေနေသာ သူ႔မ်က္လုံးမ်ားကား နီမကေလး၏မ်က္စိႏွစ္လုံး မွမခြာတမ္း စိုက္ၾကည့္ေနသည္။
ေဟာ-ေဟာ၊ သူ႔လက္မ်ားျဖင့္ ေခြးမကေလး၏ေခါင္းကို သပ္ခ်လိုက္ သည္ႏွင့္ ေခြးမကေလးသည္ ႐ုတ္ျခည္းပင္ ေၾကာက္အားသည္းစြာ က်ယ္ က်ယ္ေလာင္ေလာင္ႀကီး အူေလေတာ့သည္။ ညဥ့္နက္သန္းေခါင္ႀကီးမွာ လန႔္စရာတစ္ခုခုကို ႐ုတ္တရက္ ေတြ႕လိုက္ရသျဖင့္ အူလိုက္သကဲ့သို႔ပင္။ သံရွည္ဆြဲ၍ဆြဲ၍အူေနေလရာ နားမခ်မ္းသာစရာႀကီး ျဖစ္ေတာ့၏။
ခ်က္ခ်င္းပင္၊ေခြးမကေလးသည္ ဦးေခါင္းငိုက္စိုက္က်လာသည္။ မ်က္ စိႏွစ္လုံးကို ပိတ္၍ အိပ္ေတာ့မည္ကဲ့သို႔ ရွိ၏။ နီမကေလးကို ေမွာ္ဆရာက အလုံးစုံညႇိဳ႕ငင္ႏိုင္ခဲ့ၿပီ ထင္ပါသည္။
ေမွာ္ဆရာ ဝိဇၨာေသာင္းသည္ သူ႔ေခြၽးသုတ္ပုဝါ မည္းညစ္ညစ္ကေလး ကိုလုံး၍ဖ်တ္ခနဲ တိုက္ခန္းအျပင္ အုတ္ေလွ်ာက္လမ္းကေလးဆီ လွမ္းပစ္ လိုက္သည္။ (၁၀)ေပ၊ (၁၅)ေပသာသာပဲရွိမည္။ ႏွင္းဆီဝါ ပန္းအိုးကေလး အေျခမွာ ပ်ံ႕ပ်ံ႕ကေလး အလုံးမပ်က္က်ေန၏။
ဆရာႀကီး ဝိဇၨာေသာင္းက သူ႔အ႐ိုးပေဒသာလက္ေခ်ာင္းပိန္ပိန္သြယ္ သြယ္မ်ားကို ကဏန္းလက္မမ်ား လႈပ္ရွားေနဘိသို႔ လႈပ္႐ြလႈပ္႐ြ ဆုပ္ခ်ည္ ျဖန႔္ခ်ည္ျပဳျပန္၍ဓားေျမႇာင္သြားကိုဆန႔္ထုတ္လိုက္သည့္ႏွယ္ သူ႔လက္ညႇိဳး

ရွည္ႀကီးကိုအျပင္ဘက္သို႔ ၫႊန္လိုက္၏။ ေခြးမကေလးသည္ တုန္တုန္ခိုက္ ခိုက္ျဖင့္ မ်က္စိမွ် မဖြင့္ႏိုင္ရွာဘဲ တုံ႔ဆြတုံ႔ဆြ စမ္းတိစမ္းဝါးျဖင့္ ပုဝါကေလး ဆီ သြားသည္။ အင္အားခ်ိနဲ႔ေနသည့္ နာတာရွည္လူမမာလမ္းေလွ်ာက္ေန သလိုမ်ိဳး၊ ေျခက်ိဳးေနသျဖင့္ ေထာ့နဲ႔ ေထာနဲ႔ ျဖစ္ေနသည္မ်ိဳး။ ေတာ္ေတာ္ ႏွင့္ သူကေလး သြားလိုရာသို႔ မေရာက္။ မနည္းႀကီး စမ္းဝါး၍ သြားေနရရွာ သည္။ သို႔ေသာ္လည္း ပုဝါကေလးကိုျဖင့္ မရကုပ္က ကိုက္ခ်ီ၍ ျပန္လာခဲ့ ႏိုင္ပါ၏။ အိပ္ခ်င္မူးတူး ဒယိမ္းဒယိုင္ႏွင့္ယိမ္းထိုးယိမ္းထိုးေရာက္လာျခင္း။ ကိုယ့္ဆရာက ေခြးမကေလး၏ ဦးေခါင္းေပၚသို႔ သူ႔လက္ႀကီးႏွစ္ဖက္ ႏွင့္ ပြတ္လိုက္၊ သပ္လိုက္လုပ္ေန၏။ အိပ္ေမြ႕ေျဖေပးေနပုံရသည္။
“ကိုင္း – သမီးကေလးေရ-ျပန္ေပဦးေတာ့။ငါ့သမီးေတာ္ေတာ္ကေလး ပင္ပန္းသြားရွာမွာပဲ။ ဟီး -ဟီး-ဟီး-ဟီး”
စရာ။
ျမင္းအိုႀကီးဟီသလို တဟီးဟီး ရယ္ေနလိုက္ေသး။ မုန္းမွ မုန္းခ်င္
“ကဲ- ဘယ္လိုလဲ- က်ဳပ္ဆရာ။ ျမင္လိုက္ရဲ႕မွတ္လား။ စိတ္ညႇိဳ႕ဓာတ္ ဆိုတာမ်ိဳးဟာ အဲသလိုပဲနဲ႔ တူပါရဲ႕။ က်ဳပ္ျဖင့္ ဒီလိုတန္ခိုးဣဒၶိပါဒ္မ်ိဳး ရွိမယ္ မွန္းေတာင္ မသိခဲ့ဘူး။ အဲ- တိုက္တိုက္ဆိုင္ဆိုင္ က်ဳပ္လိုလူမ်ိဳးမွာမွ အဲဒါ ႀကီးကစြတ္စြတ္႐ြတ္႐ြတ္ေရာက္လာရေပတယ္လို႔။က်ဳပ္ျဖင့္အံ့လည္းအံ့ဩ
တယ္။ သဘာဝေလာကရဲ႕ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့သေဘာကိုလည္း ေရး ေတးေတးရိပ္မိသလိုရွိလာရေပေတာ့တယ္။
“အင္း – အခုေနခါမွာ က်ဳပ္အဖို႔ဆိုရင္ က်ဳပ္နဲ႔မတန္တဲ့ အဲဒီေၾကာက္ စရာ တန္ခိုးအာနိသင္ႀကီးက က်ဳပ္ကိုယ္တြင္းကို ေရာက္ေနတယ္။ အမ်ိဳး အမည္မသိတဲ့ သတၱဝါ႐ိုင္းတစ္ေကာင္ ဝင္ေနသလိုပဲ။ အဲဒီအစြမ္းသတၱိ ေတြက က်ဳပ္ကိုယ္တြင္းက ထြက္ႏိုင္ေအာင္ အတင္းကာေရာ တိုးေခြ႕႐ုန္း ကန္ေနၾကတယ္။ က်ဳပ္စိတ္အလိုေတြကို အာခံေနတယ္။ ကလန္ကဆန္ လုပ္ေနတယ္။ က်ဳပ္အာ႐ုံေတြကို လႈိက္ၿပီး ဝါးပစ္၊ စားပစ္ေနတယ္။ က်ဳပ္ ဟာျဖင့္နဂိုက ေသာင္းထြန္းဆိုတဲ့က်ဳပ္ရဲ႕ရွိရင္းစြဲဘဝျဖစ္လိုက္၊ က်ဳပ္လုံးဝ

မသိခဲ့ဘူးတဲ့လူတစ္ေယာက္အျဖစ္အသြင္ေျပာင္းၿပီးေသာင္းက်န္းခ်င္လိုက္ နဲ႔။ အစြမ္းသတၱိေတြက ၾကာေလေလ၊ ပိုပိုထက္ျမက္လာေလေလနဲ႔လည္း
တူပါရဲ႕။
“ဘယ္အရာမဆို က်ဳပ္ဆႏၵရွိရင္ က်ဳပ္ဆီကို ဒီလိုပဲ လာၾကရတယ္။ လက္မထုတ္ရဲဘူး၊ လက္မဆန႔္ရဲဘူး။ အဲဒါ ဘာသေဘာေတြလဲ။ သံလိုက္ ဓာတ္လား၊ လွ်ပ္စစ္ဓာတ္လား။ ဘာေတြမွန္းလည္း က်ဳပ္မသိဘူး။ မသိေပ မဲ့ လူေတြ၊ တိရစာၦန္ေတြ၊ အရာဝတၳဳေတြကို က်ဳပ္က ေစစားလို႔ရေနတယ္။ တစ္ခါတစ္ခါ အဲဒီဟာႀကီးကို စိတ္ကုန္ စိတ္ညစ္မိေပတဲ့ က်ဳပ္ကိုယ္တိုင္ လည္း အဲဒီတန္ခိုးဆိုတဲ့ ဘာမွန္းမသိတဲ့ဟာႀကီးကို သာယာစြဲလမ္းေနမိ ေလသလားပဲ”
“ေထာင္မႉးႀကီး ၾကည့္ဗ်ာ။ ဗာရာ၊ တန္းစီး၊ ဘုတ္ကိုင္၊ စည္းကမ္းထိန္း ဆိုတဲ့ ေထာင္ထဲက အရာက်ယ္က်ယ္ အေကာင္ႀကီးႀကီး အၿမီးရွည္ရွည္ ေမာင္ေတြ မွန္သမွ်က က်ဳပ္ကို ဘာေၾကာင့္ မ်က္ႏွာသာေပး အေရးပါေန ၾကတယ္လို႔ ထင္သလဲ။ ဟိုဟာေပး – ဒီဟာေကြၽးနဲ႔ မ်က္ႏွာခ်ိဳေသြးေနၾက တယ္လို႔ထင္သလဲ။ ဒီေထာင္ကိုက်ဳပ္ေရာက္ခါစတုန္းကကန္ဟ၊ေက်ာက္ ဟ၊ ထုဟ၊ ေထာင္းဟ၊ နသားပါရ လုပ္ခဲ့ဖူးတဲ့ေမာင္ေတြက ဘယ္လို ေၾကာင့္ က်ဳပ္အေပၚအခ်ိဳးေတြ အေျပာင္းႀကီးေျပာင္းၿပီး ႏွလုံးေကာင္း ဝမ္း ေဖာင္းေနၾကသတဲ့ေလ – ကဲ။ သူတို႔သိသိ၊ မသိသိ က်ဳပ္ရဲ႕စိတ္တန္ခိုးဒဏ္ ကိုမခံႏိုင္ၾကေတာ့လို႔ခင္ဗ်။ အဲဒါက ပြိဳင့္ပဲ။ အဓိက အခ်က္ပဲ”
ကြၽန္ေတာ္သည္ပင္လွ်င္ေခြၽးေစးေတြျပန္ခ်င္သလိုလိုျဖစ္လာရေတာ့
၏။ ရာဇဣေျႏၵပ်က္စြာလန႔္၍မေအာ္မိလိုက္ရေလေအာင္မနည္းႀကီးသတိ ထားကာ ထိန္းေနမိရသည္။ ၾကာလွ်င္ ခက္ရခ်ည့္။ ႐ူးေတာင္႐ူးသြားႏိုင္ သည့္ကိန္း။
“ေတာ္ပါေတာ့ – ကိုယ့္လူရယ္။ ဒီေလာက္နဲ႔ပဲ ရပ္တန္းက ရပ္လိုက္ပါ
ေတာ့ …”
ကေသာကေမ်ာပင္ေျပာမိလိုက္ရ၏။

“ကဲ- ခုေလာက္ဆိုရင္ က်ဳပ္ ဘာေၾကာင့္ တိုက္ထဲမွာ တစ္ေယာက္ တည္း ေအးေအးေညာင္းေညာင္း ေနခ်င္ရသလဲဆိုတာ ရိပ္မိေရာပ၊ ေနာ- ေထာင္မႉးႀကီး
သူသည္သူ႔လက္ေခ်ာင္းႀကီးမ်ားကိုသူ႔အိတ္ထဲသူထိုးထည့္ရင္းကြၽန္ ေတာ့္ကို စိမ္းစိမ္းစားစားႀကီး ၾကည့္ေန၏။ “အင္း …” ဟု အင္းရွည္ႀကီး ဆြဲ လ်က္အသံျပဳမိေသးေသာ္မွ ဘာစကားမွ် ခ်က္ခ်င္းမေျပာျဖစ္။
“အထူးသျဖင့္ က်ဳပ္အေၾကာက္ဆုံးကက်ဳပ္ကိုယ္က်ဳပ္ပဲ ခင္ဗ်။ ကိုယ္ နဲ႔ ဘာမွမဆိုင္တဲ့ အဲဒီတန္ခိုးစြမ္းအားဆိုတာႀကီး က်ဳပ္ကိုယ္ထဲကို ေရာက္ လာၿပီးကတည္းကကစားစရာအသစ္အဆန္းကေလးမ်ားရၿပီးခါစကေလး
မ်ားစားလည္းဒီစိတ္၊ အိပ္လည္းဒီစိတ္နဲ႔တစြဲလမ္းလမ္းေဆာ့ခ်င္ေနေတာ့ သလို။ က်ဳပ္လည္းဟိုဟာလက္တည့္စမ္းလိုက္ခ်င္၊ဒီဟာကိုအစြမ္းျပလိုက္ ခ်င္ ျဖစ္လာလိုက္တာဟာ ၾကာေတာ့ အဲဒါႀကီးကို ဘိန္းစြဲသလို စြဲေနမိေပါ့ ကိုး။ က်ဳပ္နာမည္ေတာင္အူလူးေသာင္းထြန္းဆိုတာကေနဝိဇၨာေသာင္းတဲ့။ ေမွာ္ဆရာတဲ့ …။ တျဖည္းျဖည္း ေျပာင္းလာလိုက္တာသာ ၾကည့္ေတာ့။ ေျပာင္းဆို က်ဳပ္ပါးစပ္က လႊတ္ခနဲ လႊတ္ခနဲ ထြက္ထြက္က်လာတတ္တဲ့ စကားေတြကလည္း ဒက္ထိ ကြက္တိ မွန္ေနတတ္တာကိုး – ဆရာႀကီးရဲ႕…။ ဟဲ-ဟဲ-ဟဲ-က်ဳပ္က ေဗဒင္ေတြ၊ နကၡတ္ေတြ တတ္လို႔ မဟုတ္ေပါင္ဗ်ာ။ က်ဳပ္ဝမ္းထဲကအဲဒီဘာမွန္းမသိတဲ့ဟာႀကီးေၾကာင့္သာပါ။ ေဩာ – ႀကဳံတုန္း ေျပာလိုက္ရဦးမယ္ ခင္ဗ်။ က်ဳပ္ဆရာ ဝမ္းသာေပေရာ့။ က်ဳပ္ဆရာရဲ႕အမ်ိဳး သမီးက အခုေမြးမယ့္ဖြားမယ့္ကိုယ္ဝန္ဟာ ေယာက္်ားကေလးဗ်။ လာမယ့္ ေသာၾကာေန႔မွာဖြားလိမ့္မယ္။ ႀကီးပြားထြန္းကားဦးမယ့္ကေလး။စာေပအႏု ပညာဘက္မွာ သိပ္ခြၽန္လိမ့္မဗ်။ ၿပီးေတာ့ – က်ဳပ္ဆရာကို မိလို ဖလို ေစာင့္ ေရွာက္ေပးေနတဲ့ က်ဳပ္ဆရာရဲ႕ ဆရာသမား ေထာင္ပိုင္ကေလး ဦးလူလွ လည္း နက္ျဖန္သဘက္ ေျပာင္းမိန႔္ေရာက္လာလိမ့္မယ္။ ဒီထက္ဒီ တက္ လမ္းရွိၿပီး လူႀကီးနားနီးနီးကို ေျပာင္းရမွာ – သိလား”
အလိုေလးဗ်ာ။ ဝိဇၨာေသာင္းကျဖင့္ လုပ္ခ်လိုက္ျပန္ၿပီ။ ကံေသ ကံမ ႀကီး။ မည္သို႔မွ် မေသခ်ာ မေရရာရွိလွသည့္ ဟိုးခပ္လွမ္းလွမ္းက အနာဂတ္ ကိုပင္ ဖမ္းဆြဲ၍ ေဟာကိန္းထုတ္ေနျပန္ပါပေကာ။

မည္သို႔ပင္ျဖစ္ေစ၊ သည္တစ္ခ်ီလည္း ေမွာ္ဆရာ ဝိဇၨာေသာင္းပဲ မွန္ခဲ့ ျပန္ေလသည္။
သူေျပာၿပီး၍မွ် တစ္ရက္ႏွစ္ရက္သာ ရွိေသး။ ေထာင္ပိုင္ေလး ဦးလူလွ တစ္ေယာက္လက္ေထာက္ၫႊန္ၾကားေရးမႉးရာထူးတိုးျမႇင့္၍
အင္းစိန္ဗဟို

ေထာင္ႀကီးသို႔ ေျပာင္းရမတဲ့။ ေျပာင္းမိန႔္ေရာက္လာခဲ့သည္။ အဲ – ၿပီးလွ်င္၊ ထိုအပတ္ထဲေသာၾကာေန႔နံနက္ဦး၌ကြၽန္ေတာ့္သားေတာ္ေမာင္ဖိုးလမင္း ကိုဇနီးသည္က ဖြားျမင္ခဲ့ျပန္၏။ ကိုင္း – ဘယ့္ႏွယ့္ရွိစ။
မွန္ႏိုင္လြန္းသည့္ ကိုေ႐ႊေမွာ္ဝိဇၨာႀကီးကိုကား ေဆး႐ုံတိုက္မွသည္ လူ သူေလးပါးႏွင့္ ေဝးႏိုင္သမွ်ေဝးရာ တိုက္နီႀကီးဟု ေခၚသည့္ (၄)တိုက္(ႀကိဳး တိုက္) ေဘးအစြန္ခန္းသို႔ေျပာင္းေ႐ႊ႕ေပးခဲ့ရၿပီး သူ႔စိတ္တိုင္းက်နားေအးပါး ေအးေနေစခဲ့ရေၾကာင္းကိုကား သူႏွင့္ ကြၽန္ေတာ္မွလြဲ၍သိသူမရွိခဲ့ေပ။
ခက္ေတာ့လည္း ခက္သား။
ျဖစ္ခ်င္တိုင္းလည္း မျဖစ္ရ၊ မျဖစ္ခ်င္တာေတြလည္း ျဖစ္ရ။ သူ႔ဘာသာ သူနားေအးပါးေအးေရခဲႏွင္းေဆာင္းေနခ်င္၍မွႀကိဳးတိုက္ခန္းအလြတ္တြင္
ေနခြင့္ျပဳပါရန္ ကိုယ္တိုင္ဆႏၵျပဳခဲ့သူ ဝိဇၨာေသာင္းခမ်ာလည္း သူ စိတ္ကူး သလို ျဖစ္ခြင့္မႀကဳံရ။ သူမထင္တာေတြခ်ည္း ဆက္တိုက္ႀကဳံလာရသည္။ သူႏွင့္ ပတ္သက္ဆက္ႏြယ္ေလသမွ် ကိစၥမ်ားသည္လည္း ေထာင္ လုံၿခဳံေရးကို တစ္နည္းတစ္ဖုံဂယက္ထ,ေစခဲ့သည္ခ်ည္း။
“ေထာင္မႉးႀကီးေရ-စိတ္ထဲ ဘယ့္ႏွယ္မွ မရွိနဲ႔ေနာ။ ေဟာဒီရက္ပိုင္း မွာက်ဳပ္တို႔ေထာင္ထဲဝမ္းက်တဲ့ေဘးဒုကၡႀကီးေရာက္လာလိမ့္မယ္။ က်ဳပ္ အာ႐ုံထဲမွာ ႀကိဳျမင္ေနတယ္။ အပ်က္အစီး အေသအေပ်ာက္လည္း ရွိတန္ သမွ် ရွိမွာပဲ။ ဘယ္သူမွ ကယ္မရႏိုင္ဘူး။ အဲ- ဆိုးဆိုးဝါးဝါး မျဖစ္လိုက္ပဲနဲ႔ သူ႔အလိုလိုေအးသြားမွာလည္းရွိရဲ႕။ အဲသာ-ေထာင္မႉးႀကီးႀကိဳသိထားႏွင့္ ေအာင္ဟာ က်ဳပ္ကအသိေပးတာ။ မေျပာဘူးျဖစ္မွာစိုးလို႔..”

ဝိဇၨာေသာင္း သတိေပးဦးခင္၍သာ လိုအပ္ရာရာ ေဆးဝါး၊ ရိကၡာ၊ အစီ အမံမ်ားကို လက္မတင္ကေလး အပူတျပင္း ျပင္ဆင္စုေဆာင္းခြင့္ ရလိုက္ ၏။ ဘာမွ်မၾကာလိုက္။ ရက္ပိုင္းကေလးအတြင္းကေလး – ကေဘာ္ခ်ိဳင့္ဝွမ္း
ေဒသရွိ
ဘဝသစ္အလုပ္စခန္းမ်ားမွကိုယ္အေလးခ်ိန္အလြန္အမင္းနိမ့္က်
ေနသည့္ (BMI)အက်ဥ္းသားရဲဘက္မ်ား အုပ္စုလိုက္ႀကီး ျပန္ေရာက္ လာျခင္းႏွင့္အတူဝမ္းေရာဂါကပ္ေဘးက်ခဲ့၏။ ေသလိုက္၊ ေက်လိုက္သည္ မွ ေသာက္ေသာက္လဲ။ ေဟာတစ္ေလာင္း-ေဟာတစ္ေလာင္း။ အေတာ္ ႀကီးဖိဖိစီးစီးအင္တိုက္အားတိုက္ဝိုင္းၾက၊ဝန္းၾကႏွိမ္နင္းကုသခဲ့ၾကပါေသာ္
မွ ပ်က္စီးဆုံးရႈံးမႈႏႈန္းက ေခ်ာက္ခ်ားေလာက္စရာ။ သုံး၊ ေလး၊ ငါးရက္ အသည္းအသန္ျဖစ္ပ်က္လိုက္ၿပီး ႐ုတ္ျခည္း ရပ္တန႔္ၿငိမ္းေအးသြားခဲ့ေလ သည္။ ေထာင္မွာျဖင့္ ေသြးပ်က္လုခမန္း ျပဴးတူးၿပဲတဲျဖစ္၍ က်န္ရစ္ခဲ့ရ ေတာ့၏။
ဝိဇၨာေသာင္းေက်းဇူးေၾကာင့္ႀကိဳတင္စီမံမႈလက္ဦးခဲ့သျဖင့္တစ္စုံတစ္ ရာ အေရးယူျခင္း မခံခဲ့ရ။ သည္လိုေတာ့လည္း ကိုယ့္လူက ဟုတ္တုတ္ တုတ္။
“က်ဳပ္ဆရာေရ- က်ဳပ္ညကတစ္ညလုံးအိပ္လို႔မရဘူး။ ေထာင္မွာေသြး ထြက္သံယိုကိန္းေတြ ျမင္ေနရတယ္။ ေထာင္ဆူေထာင္ထတာမ်ိဳး ျဖစ္ေလ ဦးမလားမသိဘူး။ အဲဒါ….”
အလိုေလးေလး၊ ဝိဇၨာေသာင္းတို႔ အာ႐ုံရလိုက္သည္မ်ား တကယ့္ အေရးေတာ္ပုံႀကီးႏွင့္မွ ပက္ပင္းႀကီး ျဖစ္ရေပတယ္လို႔။ မည္သို႔ပင္ျဖစ္ေစ၊ “ဆယ္ေရးတစ္ေရး၊ ကိုးေရးတစ္ရာ” လိုရမည္ရ ႀကိဳႀကိဳတင္တင္ ျပဳဖြယ္ မ်ားကိုစီမံထားႏွင့္လိုက္၏။ တစ္ရက္၊ ႏွစ္ရက္။ ဘာသံမွ်မၾကား။ တုတ္တုတ္ ကေလးေတာင္မလႈပ္။ေဟာ-ဟင္းခ်မည္ႀကံရာရွိေသး။ နယ္အလုပ္စခန္း မ်ားသို႔ပို႔ရန္စုစည္းထားသည့္ဧည့္ရဲဘက္မ်ားႏွင့္ကိုယ့္ေထာင္ကလက္သ မေက်ာ္၊ လူလည္ခ်ပ္ျပား ေထာင္မင္းသားမ်ား ပုံစံပုဆိုး၊ အက်ႌ၊ ပုံစံေစာင္ အေရာင္းအဝယ္ အေပါင္အႏွံကို အေၾကာင္းျပဳ၍ ႐ိုက္လိုက္၊ ႏွက္လိုက္ သတ္လိုက္၊ ျဖတ္လိုက္ၾကသည္မ်ား တျဗဳန္းျဗဳန္းရယ္တဲ့မွ တအုန္းအုန္း။

လူအေသအေပ်ာက္မရွိခဲ့ေသာ္မွေခါင္းေပါက္ထိပ္ကြဲအၿမီးလိမ္ – ဖင္ေစာင္း ေတြႏွင့္ေထာင္ေဆး႐ုံေရာက္လိုက္ၾကသည္မွာ ေအာတိုက္လို႔။
“ဆရာေရ – မဟုတ္မဟတ္တာေတြကို ျမင္ေနရျပန္ၿပီဗ်ာ။ မၾကာခင္ က်ဳပ္တို႔ ႀကိဳးတိုက္က ႀကိဳးသမားႏွစ္ေယာက္ကို ႀကိဳးေပးဖို႔ အမိန႔္ေရာက္ လာလိမ့္မယ္။ အင္း – အုန္းထြန္းနဲ႔ ဟို – ဝင္းျမင့္ ေကာင္ကေလးတို႔ျဖစ္မွာပဲ။ က်ဳပ္မ်က္စိထဲ သူတို႔ႏွစ္ေယာက္ကိုပဲ ထင္ထင္လင္းလင္းႀကီး ျမင္ျမင္ေနရ တယ္”
မွန္ျပန္တာပါပဲ။ ရက္တစ္ပတ္အတြင္း မႏွစ္ၿမိဳ႕ဖြယ္ ထိုအေရး ထိုကိစၥ ႀကီးကို စဥ္တိုက္ဆက္တိုက္ႀကီး ေဆာင္႐ြက္ခဲ့ၾကရသည္။ ေထာင္တစ္ ေထာင္လုံးၿငိမ္။
သည္သို႔ျဖင့္ – ဝိဇၨာေသာင္း ႀကိဳႀကိဳေျပာေလသမွ် လြဲသည္မရွိသည့္ အခါ “သူ႔ ဥစၥာ ဟုတ္မ်ား ဟုတ္ေလေရာ့သလား”ဟု ေဝေတေတ ေမွာင့္ ေမွာင့္ေႏွာင့္ေရာင့္ေရာင့္ေတြ ျဖစ္လာရေတာ့သည္။ ဝိဇၨာေသာင္းတစ္ ေယာက္ သူေျပာသလိုစိတ္တန္ခိုးစြမ္းအင္ေတြ တကယ္ရေနေလသလား။
“အဲဒါခက္ေနတာ-က်ဳပ္ဆရာရဲ႕။ အခု- က်ဳပ္ေထာင္က်က်လာသမွ် က တစ္ခုမွ က်ဳပ္လိမ္လည္ခဲ့တာ၊ မဟုတ္မမွန္ ေျပာခဲ့ လုပ္ခဲ့တာေတြ မပါ ဘူးရယ္။ က်ဳပ္ဝမ္းဗိုက္ထဲက သူ႔အလိုလိုသိေနတဲ့အတိုင္းဒက္ထိကြက္ထိ လုပ္ခဲ့တာခ်ည္းပဲ။ အဲ – တရားေကာင္းေတာ့ ေစာင္းသလိုလို႔ ေျပာေနၾက သလိုမ်ိဳးပဲထင္ပ။ က်ဳပ္ေျပာတာေတြကေသြးထြက္ေအာင္ မွန္လြန္းေနျပန္ ေတာ့ လူေတြက မယုံႏိုင္ၾကျပန္ဘူး။ လူဆိုတာမ်ိဳးဟာ အဲသေလာက္မမွန္ ရဘူးတဲ့။ ကဲ – မခက္လား။ က်ဳပ္ကပဲ တမင္အကြက္ခ် လီဆယ္လုပ္ႀကံျပန္ သတဲ့။ အဲသာနဲ႔ က်ဳပ္လည္းေထာင္ထဲေရာက္ရျပန္ေရာ – ဟီး-ဟီး-ဟီး”
“ခင္ဗ်ားကို ေထာင္မခ်ဘဲ လႊတ္ပစ္ေအာင္ ႐ုံးမင္းကို စိတ္မညႇိဳ႕ခဲ့ဘူး လား-ေမွာ္ဆရာရဲ႕၊ ခင္ဗ်ား ေဝလ္ပါဝါေတြကို အဲဒီလိုေနရာမွာ မသုံးဘဲ ဘယ္ေခ်ာင္သြားထိုးထားသတုံး…”

“ေျပာေရာ့မယ္။ က်ဳပ္ဆရာက က်ဳပ္ကိုယ္တိုင္ကလည္း လူေတြ သူ
ေတြနဲ႔ေဝးေဝးေထာင္ထဲမွာေနရရင္ေကာင္းေရာ့။ေအာက္ေမ့လို႔မလုပ္ျဖစ္
ခဲ့သာလည္း တစ္ေၾကာင္းပေလ-ေနာ။ အဲ-ႏို႔ေပတဲ့- က်ဳပ္မို႔ စိတ္မညႇိဳ႕မိ
ေစနဲ႔။ ညႇိဳ႕မ်ား ညႇိဳ႕မိပလားဆိုမွျဖင့္ အဲဒီအေခါက္မွာ တရားခြင္မွာတင္ အမွ ျပတ္ၿပီးတရားေသလြတ္တာခ်ည္းပဲ”
ေဟာဗ်။ ဟုတ္လည္း ဟုတ္သည့္ ဝိဇၨာေသာင္းႀကီးပါလား။ သူ႔ဟာႏွင့္ သူေတာ့ ဟုတ္ေပ့ျဖစ္၍ေနသည္။
ဤမွ်သာပဲလား … တဲ့။ မဟုတ္ေသးပါ။ အျခားေထာင့္ အေရးေထာင့္ အရာ ေထြလာကမာေတြမွာလည္း သည္ကိုယ္ေတာ္ႀကီးကို ေျပးေျပးအပူ ကပ္ရသည္မ်ိဳး ရွိခဲ့၏။

“က်ဳပ္လူေမွာ္ဆရာေရ-(၂)တိုက္မွာတိုက္ခန္းေဖာက္ဖို႔ႀကံေနသလို လို၊ သတင္းသိုးသိုးသန႔္သန႔္ ၾကားတယ္။ အဲဒါ – ဘယ္သူေတြမ်ား ျဖစ္ႏိုင္ မတုန္း- လုပ္စမ္းပါဦး”ဟုတစ္မ်ိဳး…။
“ကိုင္း-ဝိဇၨာေသာင္းေရ-ေထာင္က်နဲ႔ အခ်ဳပ္ေဆာင္ေတြဘက္မွာ နံပါတ္ဖိုးေတြ ျပန႔္ေနသတဲ့ဗ်ိဳ႕။ ဘယ္အေကာင္ေတြရဲ႕လက္ခ်က္မ်ားတုံး။ အာ႐ုံခံစမ္းပါဦး – က်ဳပ္လူေရ
ဟုတသြယ္။ ခုတင္ခုဒုကၡေပးရေလ့ရွိၿမဲ။ ဘယ္ေသာအခါမွ်ညည္းညဴ ျငဴစူသည္မရွိ။ ၿပဳံးၿဖဲၿဖဲ ရယ္က်ဲက်ဲ သူ႔နဂိုစတိုင္ႀကီးအတိုင္း ဒက္ခနဲ ဒက္ခနဲ ျမင္သမွ် ေတြ႕သမွ် ေျပာခ်တတ္ဆဲ။ မွန္လည္း မွန္ႏိုင္လြန္းပါေပ့။
တစ္ခါသားတြင္ေတာ့ လူပါးပုလင္းထိ၊ ဒူးႏွင့္ မ်က္ရည္ သုတ္ကိန္းႀကဳံ ခဲ့ရသည္။ ေက်ာက္ႀကီး စိုးျမင့္၊ ႏြားႀကီး ႏြားေလး၊ ေခါေတာတို႔ လူသိုက္ ျပစ္ ဒဏ္တိုက္ကိုေဖာက္၍ညအခ်ိန္ထြက္ေျပးၾကဖို႔ႀကံစည္ႀကိဳးပမ္းရာမွ သင္း ႀကီးက အခါေပးခဲ့သတဲ့ဗ်ာတို႔။ ေထာင္ေျပးမႈ ႀကံရာပါ၊ အားေပးကူညီမႈျဖင့္ တကယ့္အလုံတိုက္ထဲ (၁၄)ရက္ ေညာင္းခဲ့ရသည္။
“က်ဳပ္လူရာ – ခင္ဗ်ားမို႔ပဲ – မဟုတ္က ဟုတ္က ရွာရွာေဖြေဖြ လုပ္ရက္ ပေလ။ဒီကိစၥမ်ိဳးကိုႀကိဳသိခဲ့ရင္ေတာင္မွ ခင္ဗ်ားကက်ဳပ္ကိုခ်က္ခ်င္းလက္ တို႔လိုက္ရမွာ။ အခုေတာ့ – က်ဳပ္လူကပါ အလိုတူ အလိုပါ…” ဟုစိတ္ခပ္မ်က္မ်က္ႏွင့္ အေငၚတူးမိသည္ကိုပင္လွ်င္ – “သင္းတို႔အႀကံမေအာင္ျမင္ႏိုင္ဘူးဆိုတာ ဒိ႒သိေနလို႔ပါ-ေထာင္မႉး ႀကီးရယ္။ ၿပီးေတာ့ – သင္းတို႔ကို ဘယ္လိုတားတား က်ဳပ္စကားကို နားမဝင္ တဲ့အျပင္ “ဆင္သြားရင္ လမ္းျဖစ္”သတဲ့။ သင္းတို႔က က်ဳပ္ကို စိန္ေခၚလိုက္ ေသးတယ္။ အဲဒါနဲ႔ပဲ အသာၾကည့္ေနလိုက္တာ။ အလုံတိုက္ထဲေရာက္ ေတာ့လည္း ပိုၿပီး နားေအးပါးေအး ေနရတာပ-မႈတ္ဘူးလား”တဲ့၊ ရယ္က်ဲ က်ဲျဖင့္ နားဝင္လွေအာင္ ေလွ်ာက္လဲခ်က္ေပးခဲ့ေသးသည္။
ေဟာ- ယခုျဖင့္ အဲသည္ ဝိဇၨာေသာင္းတစ္ေယာက္ေသရွာပတဲ့။

“ဆရာေရ – ဆရာ”
“ဟဲ့- ေအာ္ႀကီးဟစ္က်ယ္နဲ႔ ဘယ္လိုျဖစ္လာျပန္တာတုံး – အေကာင္
ရဲ႕။ငါကဒီမွာ…”
တပည့္ေက်ာ္ ကံလွတစ္ေယာက္ သုတ္သီးသုတ္ပ်ာ ေပါက္ခ်လာျပန္ သည္။ ေခြၽးတလုံးလုံး ဖိုသီဖတ္သီ ျဖစ္လာပုံေထာက္လွ်င္ ဧကႏၲေတာ့ ဧကႏၲ တစ္ခုခု ေပါက္တိေပါက္ရွာ ပါလာခဲ့ၿပီ။
“ဝိဇၨာေသာင္းေလ – သိလား – ဆရာ”
“ေအးပါ – ဟုတ္ပါၿပီ။ ဝိဇၨာေသာင္းပဲ ေရွာဘရားသားျပသြားတာ ဘာ ၾကာေသးတုံး။ အဲဒီေတာ့…”
“ဆရာ့အတြက္စာကေလးတစ္ေစာင္ေရးထားရစ္ခဲ့သတဲ့။ ၿပီးေတာ့ – သူ႔အိပ္ရာလိပ္ထဲက မွတ္စုေရးထားတဲ့ ဘုတ္အုတ္ကေလးတစ္အုပ္ကို လည္း ေတြ႕ခဲ့ၾကသတဲ့ – ဆရာ။ အဲဒါ – ေဒါက္တာ ဦးေအးခ်ိဳက ဆရာ့ကိုပဲ ေပးလိုက္ပါဆိုၿပီးကြၽန္ေတာ္နဲ႔ လူႀကဳံပါးလိုက္တယ္။ ဒီမွာ – ေရာ့”
ျပကၡဒိန္ စာ႐ြက္ေဟာင္း ေနာက္ေက်ာမွာ ခဲတံတုံးတုံးျဖင့္ ဖိေရးထား ေသာပဲေညႇာင့္ေပါက္လက္ေရးကေဘာက္တိကေဘာက္ခ်ာမ်ားကိုမနည္း ႀကီး ျပဴးၿပဲဖတ္ရ၏။ ဘာတဲ့ …။
“ေထာင္မႉးႀကီးေရ…”
ဘာတန္ခိုး ဘာသိဒၶိေတြပဲရရ။ အခ်ိန္တန္ေတာ့လည္း အေလာင္း
ေကာင္ႀကီးဘဝလက္ဗလာနဲ႔ေသၾကရတာခ်ည္းပါပဲဗ်ာ။က်ဳပ္ေျပာခဲ့သလို က်ဳပ္လည္း ဒီေထာင္ႀကီးထဲမွာပဲ ကိစၥၿငိမ္းရၿပီေပါ့။ က်ဳပ္အတြက္ ရည္စူးၿပီး သပိတ္သြပ္၊ အမွ်အတန္းေဝေပးဖို႔ က်ဳပ္ဆရာကိုပဲ အားကိုးလိုက္ပါရေစ။
ေအာ္ – ဒါနဲ႔၊ က်ဳပ္ မမာေနတုန္းမွာ က်ဳပ္အာ႐ုံေတြကပိုထက္ျမက္လာ သဗ်။ ၿငိမ္းခါနီး ဆီမီးတိုင္ ဟုန္းခနဲ ထ,ေတာက္သလိုေနမွာေပါ့ေလ။ အဲဒီ မွာက်ဳပ္ျမင္ခဲ့သိခဲ့ရသမွ်ေတြကိုဘုတ္အုတ္ထဲမွာေရးထားတယ္။တစ္ဘဝ ကူးခါနီးက်ဳပ္ရဲ႕လက္ေဆာင္ပေလ- ေနာ။

ရင္ထဲမွာဘယ္လိုမွ်မေကာင္း။ ဆိုင္းဆိုင္းဆို႔ဆို႔မႈိင္းမႈိင္းညိဳ႕ညိဳ႕ခ်ည္း။
လက္တစ္ဝါးမရွိ၊တရွိမွတ္စုစာအုပ္ႏြမ္းႏြမ္းဖတ္ဖတ္ကေလးကိုတဖ်ပ္ဖ်ပ္
လွန္ၾကည့္ေနမိ။
အလို – အလို၊ ဘာေတြပါလိမ့္။
ယခုလတ္တေလာ ေထာင္အတြင္းမွာ ဂိုဏ္းဖြဲ႕ က်ဴးလြန္ေနၾကသည့္ ဘိန္းအျဖဴအမည္း၊ ေဘာလုံး(ခ)စိတ္ႂကြေဆး ျဖန႔္ေနသည့္ ေထာင္ဂ်ပိုး မ်ား၏ စာရင္း၊ ညတိုင္း ညတိုင္း ေထာင္က်ေဆာင္၊ အခ်ဳပ္ေဆာင္ အိပ္စင္ မ်ားေအာက္၌ ပုန္းလွ်ိဳး ကြယ္လွ်ိဳး ညလုံးေပါက္ ဖဲကစားၾကသည့္ ညမင္း သားမ်ားစာရင္း၊ အိပ္ေဆာင္အလိုက္ မိလႅာေခ်ာင္ ကြန္ကရစ္ခုံႀကီးရွိ အုတ္ ခ်ပ္မ်ားကို ခြာ၍သိုဝွက္သိမ္းဆည္းထားသည့္ သိန္းဂဏန္းခ်ီေသာ့ေငြမည္း မ်ား၏ သိုက္စာအၫႊန္း၊ ေတာင္ယာမ်ားအတြင္း ေျမက်င္းတူး၍ ဖြက္ထား သည့္ တရားမဝင္ပစၥည္းမ်ားေနရာ၊ ႀကိဳးတိုက္ခန္းမွ ထြက္ေျပးဖို႔ လွ်ိဳ႕ဝွက္ သြင္းထားသည့္ ႀကိဳးႏွင့္ သံခ်ိတ္မ်ား ဝွက္ထားရာေနရာ၊ ႀကံစည္သူမ်ား အမည္ ….။ အို – သဗၺနံေပါင္းစုံတကာ ေစ့ပါေလေရာ။ ေနာက္ထပ္ တစ္ပတ္ ႏွင့္ မီးခိုႂကြက္ေလွ်ာက္ အေရးယူ၍မဆုံးေတာ့။
“သင့္ခယူ – ေမွာ္ဆရာ – ဝိဇၨာေသာင္းေရ”
ၾကာေတာင္ ၾကာခဲ့ပါၿပီ။
ဌာနရင္ခြင္က ခြာလာခဲ့သည္ပင္လွ်င္ ဆယ္စုႏွစ္ တစ္စုစြန္းစြန္း ရွိေရာ့ မည္။ ေထာင္အေၾကာင္း ေထြေထြရာရာကေလးမ်ားကို စာတိုေပစ ေရးရင္း ရင္ခြင္ေဟာင္းကိုအလြမ္းေျဖေနခဲ့မိရသည္ပင္ ၾကာေပါ့။
ဘဝတစ္ေကြ႕၌ ႀကဳံခဲ့ ေတြ႕ခဲ့ရဖူးသည့္ အံ့အဲဘနန္း လူထူးဆန္းဝိဇၨာ ေသာင္းလို လူႀကီးကို တစ္ခါတစ္ခါ လွစ္ခနဲ လွစ္ခနဲ သတိတရ ရွိလြန္းလွ သည္။ ဘာတဲ့…။

“ဒီမယ္ – က်ဳပ္ဆရာ။က်ဳပ္ဆရာ ဘယ္ကေလာက္အားႀကိဳးမာန္တက္ လုပ္လုပ္ေထာင္သက္ကကုန္ေနၿပီေရာဗ်။ ေထာင္မႉးႀကီးထက္ ပိုမျဖစ္ႏိုင္
ေတာ့ဘူး။ ဒီႏွစ္မကုန္ခင္က်ပ္ဆရာဒီအလုပ္က႐ုတ္တရက္အၿငိမ္းစားယူ ရကိန္းျမင္တယ္ – သိလား။ ဒါေပမဲ့ – သိပ္လည္း စိတ္မပူပါနဲ႔ဗ်။ က်ဳပ္ဆရာ ရင္ထဲမွာ ေခြထား ေခါက္ထား ထိုးသိပ္ပစ္ထည့္ထားရတဲ့ စာေရးဆရာ ျဖစ္ဖို႔ စိတ္ကူးကျဖင့္ အဟုတ္တကယ္ ျဖစ္လာလိမ့္ဦးမယ္။ ခ်မ္းေတာင့္ ခ်မ္းသာ မျဖစ္ေတာင္ ဘဝသစ္မွာ က်ဳပ္ဆရာ ေပ်ာ္မွာပါ။ ေအးေအးခ်မ္း ခ်မ္းရွိမွာပါ-ဟဲ-ဟဲ-ဟဲ”
သည္စကားကေလးက ဝိဇၨာေသာင္း ကြၽန္ေတာ့္ကို ေနာက္ဆုံးေျပာ ျဖစ္ခဲ့သည့္စကား။
မည္သို႔ျဖစ္ျဖစ္၊ ဥမမည္ စာမေျမာက္ စာေရးသမားျဖစ္ခြင့္ ႀကဳံေနရၿပီ ျဖစ္၍လည္း ဝိဇၨာေသာင္းႀကီးကိုလြမ္းလိုက္မိရေသး။
မသိ”
“အင္း- ဒီလူႀကီး- ဘယ္ဘဝေရာက္ၿပီး ဘာေတြျဖစ္ေနေလတယ္
ေကာင္းရာသုဂတိလားပါေစသား-ဝိဇၨာေသာင္းေရ။
ေမတၱာျဖင့္… >> ေဇယ်မင္းသွ်င္