” အုတ်ဂူပိုင်ရှင်နှင့်မှော်ဝင်လက်စွပ် “(စ/ဆုံး)

Unicode Version

” အုတ်ဂူပိုင်ရှင်နှင့်မှော်ဝင်လက်စွပ် “(စ/ဆုံး)
——————————————-

ကျွန်ုပ် စာရေးသူသည် လောကီ ပညာအရပ်ရပ်ကို စိတ်ဝင်စားပြီး ဂမ္ဘီရ
ဆန်သောဝတ္ထုဇာတ်လမ်းများဖတ်မှတ်
ရေးသားခြင်းကိုလည်း ဝါသနာပါပါ
သည်။ သို့သော် မိမိရေးသားသည့်
ဆောင်းပါး ဇာတ်လမ်းသည်ဖြစ်ရပ်မှန်
ကိုသာအခြေခံပြီး စာရေးခြင်းအတတ်
ပညာနှင့်ရေးသားလိုပါသည်။ဝတ္ထုဇာတ်
လမ်းကို ဖတ်ပြီးသောအခါတွင်လည်း
စာဖတ်သူအတွက် တစ်စုံတစ်ခုသော
အကျိုးကျေးဇူးကို ရရှိခံစားသွားစေလိုပါသည်။
ယခုရေးသားမည့် ဇာတ်လမ်းမှာ
မိတ်ဆွေဖြစ်သူ ရင်းနှီးခင်မင်သော
အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦး၏
လွန်ခဲ့သော (၃၀) ခန့်က တွေ့ကြုံခဲ့
ရသော ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါ
သည်။ မိတ်ဆွေဆရာစံ ပြောပြသော
ဂမ္ဘီရဆန်သည့် ဇာတ်လမ်းကို စာဖတ်
ပရိသတ်များဖတ်၍ကောင်းအောင်
ပြန်လည်ရေးသားဖော်ပြပေးလိုက်ပါသည်။
မောင်မြတ်စံလှသည် သွက်လက်
ဖျက်လတ်သောလူငယ်တစ်ဦးဖြစ်ပြီး
ပညာရေးကိုလည်း ကြိုးစား၊ ဉာဏ်ရည်
လည်း ကောင်း၊ ထက်မြက်သူတစ်ဦး
ဖြစ်ပါသည်။ သူသည် စိတ်ရင်းကောင်း
သူတစ်ဦးဖြစ်သော်လည်းရံဖန်ရံခါ
စိတ်မြန်လက်မြန်လုပ်ဆောင်တတ်ပါသည်။
သူ့အား မိဘနှစ်ပါးထက်အဘွားဖြစ်သူ
က ပို၍ ချစ်ခင်အလေးပေးလေ့ ရှိပါသည်။
မလိုက်နဲ့နော်”
“အမေ-အမေ့မြေးကို သိပ်အလို
“ငါ့မြေးကလိမ္မာပါတယ်အေ”
“ကောင်လေးကတစ်ယူသန်တစ်
ဇွတ်ထိုးလုပ်ချင်တယ်၊အိမ်မှာမကပ်ချင်ဘူး
“တစ်နှစ်တစ်တန်းစာမေးပွဲအောင်
နေတာပဲမဟုတ်လား။ညည်းတို့ကလည်း
ကလေးကိုအပြစ်မမြင်ကြပါနဲ့”
ဘွားအေတို့၏ထုံးစံအတိုင်းမြေး
ယောက်ျားလေးကို ဖူးဖူးမှုတ် ချစ်ခင်ကြ ဖလ၏။
သားအချစ် မြေးအနှစ်ဆိုသည့်
စကားလည်းရှိသည်မဟုတ်ပါလား။
မောင်မြတ် စံလှကတော့လိမ္မာ
သည်လည်းမဟုတ်၊မိုက်သည်ဆိုးသည်
ဟူ၍လည်း မဆိုသာ။ သူသည် ကိုယ်
ခန္ဓာကျစ်လျစ်မာဧကျာသလိုစိတ်ဓာတ်
ကလည်းပျော့ညံ့ညံ့ကိုမကြိုက်နှစ်သက်
သူတစ်ဦးဖြစ်ပါသည်။
“မြေးလေး မောင်မြတ်စံလှ ဒီနှစ်
ဆယ်တန်း(ယခုတက္ကသိုလ်ဝင်တန်း)
နစ်ချင်းပေါက်အောင်ဖြေနော်၊
အဘွား ဆုချီးမြှင့်မယ်”
“ဘာဆုပေးမှာလဲ-အဘွား”
“တန်ဖိုးရှိတဲ့ ဆုပေးမှာပေါ့-မြေးရယ်”
မောင်မြတ်စံလှကတော့ ဘာ
ပစ္စည်းမှ မက်မက်မောမော မရှိလှ၍
အဘွားပေးမည့် ဆုလာဘ်ကို မရမက
မေးမနေတော့ပေ။မိမိလုပ်ဆောင်ရမည့်
အလုပ်၊ ကျောင်းသားတာဝန်ကိုသာ
ကျေပွန်အောင် စာမေးပွဲနှစ်ချင်းပေါက်
အောင်မြင်ရမည်ဟူသော ဆုံးဖြတ်ချက်
ဖြင့် စာမှန်မှန်ကျက်၊ ကျောင်းမှန်မှန်
တက်ပါသည်။ အားလပ်ချိန်တွင်တော့
ဘောလုံးကန်၊ခြင်းခတ်၊ ရေကူးသလို
ရပ်ကျိုးရွာကျိုး၊ အများအကျိုးလည်း
တတ်နိုင်သလောက် ပါဝင်ဆောင်ရွက်
ပေးလေ့ ရှိပါသည်။
ဆယ်တန်းစာမေးပွဲကြီးပြီး၍ နွေ ရာသီ
ကျောင်းပိတ်ရက်တွင်လည်း သူ ဝါသနာပါသော
သိုင်းပညာသင်တန်း တက်ပါသည်။နွေရာသီအကုန်မိုးဦးအစ
တွင် ဆယ်တန်းစာမေးပွဲ အောင်စာရင်၊ ထွက်ပါသည်။
“အဘွား။ အမေ-သား စာမေးပွဲအောင်တယ်”
“ငါ့မြေးအောင်ပြီ’ငါ့သားစာမေးပွဲ
အောင်ပြီ၊ နှစ်ချင်းပေါက်(က)အဆင့်နဲ့ အောင်တာတော့
အဘွားနှင့် မိခင်တို့ ပီတိဖြစ်နေကြပါသည်။
ထိုနေ့တွင်ပင်သူ၏အဘွားဖြစ်
သူဒေါ်ချစ်ပြတ်မှပြေအတွက်လက်စွပ်
တစ်ကွင်း ဆုချီးမြှင့်ပါသည်။
“အဘွား – ဒါက ဘာလက်စွပ်လဲ”
“ဒါ- မိုးကုတ်ကထွက်တဲ့ ပတ္တမြား နဲ့ ပြုလုပ်ထားတဲ့
အဖိုးတန်ပတ္တမြာ၊လက်စွပ်ကွဲ့
ပတ္တမြားလက်စွပ်မှာ အနီရောင်
ဖြစ်သော်လည်း ရွှန်းလဲ့တောက်ပ၍ နေ၏။
အရည်အသွေးကောင်းသော ပတ္တမြားကို အဖိုးတန်
ရွှေနှင့် ကွပ်ထား တော့ ငါးပိနှင့်လောက်၊ ရွှေနှင့်ကျောက်
ပနာရတင့်တယ်၍ နေပါသည်။
“ပတ္တမြားလက်စွပ်က လက်မှာ
ဝတ်ထားရင် ဘာတွေ အကျိုးထူးရမှာ လဲ-အဘွာ။”
“ငါ့မြေး ကြားဖူးမှာပေါ့၊ မနောမယ
ပြည်တန်ပတ္တမြားတို့၊ ပတ္တမြားငမောက်
တို့ ဆိုတာတွေလေ။ ပတ္တမြားကို ရှေး
ခေတ်ကတည်းက ဘုရင်မြတ်တွေ့
နှစ်သက်မြတ်နိုးခဲ့ကြတယ်၊ သားစဉ်
မြေးဆက်အမွေပေးခဲ့ကြတယ်။ပတ္တမြား
ဆိုတာဘုန်းတောက်စေ၊ ဘုန်းတန်ခိုး
ကြီးစေတယ်။ လိုရာဆန္ဒ ပြည့် ဝစေ
တယ်။ ဘေးအန္တရာယ် ကင်းဝေးစေတယ်”
“အဘွားလက်စွပ်က ရှေးဟောင်း
လက်စွပ်ပေါ့နော်”
“ဟုတ်တယ်- အဘွားရဲ့မိဘတွေ
လက်ထက်ကတည်းက ရှိခဲ့တာ၊ မင်း
အဘို။အမြဲဝတ်ခဲ့တဲ့လက်စွပ်ပေါ့ကွယ်။
ကျောက်မျက်ရတနာနဲ့ ပတ်သက်လို့
အဘွား မှတ်မိတာလ၊ ရွတ်ဆိုပြမယ်။
မှတ်ထာ။နော်”
ပတ္တမြားဘုန်းတောက်၊မြကျောက်
အေးချမ်။ စိန်စွမ်းဂုဏ်ရောင်၊
ကြောင်ကားသိဒ္ဓိ၊ မဏိနီလာ၊ မေတ္တာလွန်စိတ်၊
ဂေါ်မိတ်စွန်အာ။ ဥဿဖယား ကျန်းမာ၊
သန္တာကြီးကဲ၊ပုလဲကျက်သရေ၊ဆိပ်ပြေ
မဟူရာ၊ မင်္ဂလာ ကျောက်စိမ်း၊ မူးမိုက်
တိမ်းက ပယင်းကိုသာရှူရှိုက်ရာတဲ့။
“ဒီကျောက်တွေအားလုံး
မြန်မာပြည်ကထွက်တာလား-အဘွား”
“ဟုတ်တာပေါ့ကွယ် အဘွားတို့
မြန်မာနိုင်ငံမှာ ကျောက်မျက်ရတနာ
မျိုးစုံ ထွက်တယ်။ မြန်မာ့ရတနာများ
ကတော့ကမ္ဘာကျော်ပါပဲ”
“အဘွားရဲ့လက်စွပ်ကတန်ဖိုးမသေးဘူးနော်သား။
စည်းကမ်းရှိရှိ ဝတ်ဆင်၊ သိမ်းဆည်းထား”
မိခင်က စိုးရိမ်တကြီး ဝင်ရောက်ပြောဆိုပါသည်၊
နောက်တစ်ပတ်ခန့်အကြာတွင်
သူ၏ ဆရာကြီးအား သွားရောက်ကန်
တော့သောအခါ….
“မောင်မြတ်စံ – ပတ္တမြားဆိုတာ
ဘေးရန်အမျိုးမျိုးကို ကာကွယ်နိုင်
တယ်၊အနှောင့်အယှက်ပယောဂကိုနိုင်
တယ်။ စီးပွားတိုးတက်တယ်လို့
ဟူ၊ရား ကျမ်းမှာပြဆိုထားတယ်။ ကိုယ်နဲ့မကွာ
ဆောင်ထားသင့်တယ်”
“ဟုတ်ကဲ့ပါ ဆရာကြီ။”
“ငါ့တပည့်ကျန်းမာချမ်းသာပါစေ၊
ပညာရေးတိုးတက်အောင်မြင်ပါစေ၊
နောက်ဆရာကြီး မှာချင်တာက
တန်ပိုးရှိတဲ့ပစ္စည်းဝတ်ဆင်ထားရင်မကောင်းမှု
တွေ့ကိုအထူးရှောင်ကြဉ်ရမယ်”
မောင်မြတ်စံလှ ဆယ်တန်းအောင်
ပြီးသောအခါ တက္ကသိုလ်ဆက်တက် ပါသည်၊
သို့ သော် သူဝါသနာပါရာကျောင်းဆရာအလုပ်ကိုသာပြုလုပ်လို
၍ ဆရာအတတ်သင်ကျောင်းကိုသာ
တက်လိုက်ပါသည်။ ဆရာအတတ်သင်
ကျောင်းတော်ကြီးမှာ သင်တန်းတက်
နေစဉ်နွေရာသီကျောင်းပိတ်သောအခါ
အထက်အညာဒေသသို့ “အ”သုံးလုံး
သင်တန်းသွားရန် ညွန်ကြားစာ ရရှိပါ
သည်၊ အသက် (၂၀)ကျော် ကျောင်း
ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်း
သူ၊ ကျောင်းသားများ စုပေါင်း၍ မိမိတို့
တာဝန်ကျသည့် မြို့ရွာဒေသသို့ ထွက် ရွာလာကြပါသည်။
ဆရာမြတ်စံတို့ဆရာအတတ်သင်
“အ”သုံးလုံး သင်တန်းပြဆရာများအဖွဲ့သည်
ရန်ကုန်မှ မီးရထားနှင့် ထွက်ခွာ ရပြီး
ပျော်ဘွယ်မြို့တွင် ဆင်းကြရပြီး
အမေထိန်းခန်းမတွင်အနားယူကြရသည်။
မြို့နယ်တာဝန်ခံလူကြီးတစ်ဦးမှ
အမှာစကားပြောဆိုရ…
“ဆရာတို့တာဝန်ကျတဲ့ရွာကတော့
အောင်းကုန်းရွာပါပဲ။ ဒီပျော်ဘွယ်မြို့နဲ့
အဝေးဆုံး တောင်ခြေရွာတစ်ရွာပါပဲ”
သင်တန်၊ဆရာများထဲမှ ဆရာတစ်ဦးမှ ထ၍ ..
“လူကြီးမင်း- ခင်ဗျား ဘာကြောင့်
အောင်းကုန်းလို့ ခေါ်ရတယ်ဆိုတာ
သိရင်ရှင်းပြပေးပါခင်ဗျာ” “အော်- ဒါက ဒီလိုပါ။
ရှေးတုန်းက ရှေးဘုရင် မင်းညီမင်းသားတွေက ဒီ
ပျော်ဘွယ်ဘက် တောင်ခြေတွေအထိ
တောကစားထွက်ခဲ့ကြပါတယ်။တောင်
ခြေမှာအနားယူကြတယ်။အဲဒီမှာ ချက်
ပြုတ်စားသောက်ပျော်ပါးပါး နေထိုင်
ခဲ့ကြလို့ ပျော်ဘွယ်လို့ ခေါ်ခဲ့ကြတာပါ၊
ပျော်ဘွယ်ဆိုတာမန္တလေးတိုင်း၊ ရမည်း
သင်၊ခရိုင်မှာ ပါဝင်ပါတယ်။ အောင်၊
ကုန်းဆိုတာကတော့ မင်၊ညီမင်းသာ၊
တွေနန်းတွင်းရေးရာကိစ္စတွေပေါ်ပေါက်
တဲ့အခါမှာဒီတောင်ခြေကိုထွက်ခွာလာ
ကြပြီး ခိုအောင်းတည်းစိုခဲ့ကြပါတယ်။
ဒါကြောင့်ဒီတောင်ကုန်းပတ်ဝန်းကျပ်ကို
အောင်းကုန်းလို့ အမည်တွင်စေခဲ့တာ
“ဟုတ်ကဲ့ပါ-ခင်ဗျာ၊ သဘောပေါက်ပါပြီ”
“ကဲ- ဆရာတို့၊ ဘာတွေ မေးချင်
သိချင်ကြသေးလဲ”
“ဒီရွာဘက်ကလူတွေဘာလုပ်ငန်း
နံ့အသက်မွေးမြူကြပါသလဲ”
“သူတို့ကတော့ တောင်ယာလုပ်၊
ထင်းခုတ်၊အချို့လည်း သားကောင်ဖမ်း
တဲ့ မုဆိုးအလုပ် လုပ်ကြပါတယ်။ ရွာသူ
ရွာသားတွေက အင်မတန်ရှိ၊သားကြပါတယ်။
စေတနာလည်း ကောင်းကြပါတယ်”
“ဟုတ်ကဲ့ပါ – ကျေးဇူးတင်ပါတယ်
ခင်ဗျားကျွန်တော်တို့လည်းတတ်နိုင်
သလောက် ကြိုးစားသင်ပေးပါမယ်။
မောင်မြတ်စံအနီးတွင် ထိုင်နေသော
အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်နှင့်
ကိုခင်ကြိုင်မှ မတ်တတ်ထ၍ ပြောလိုက်လေ၏။
“ဆရာတို့ အေးအေးဆေးဆေး
အနားယူကြပါ။လိုအပ်တာရှိရင်လည်း
ပြောပါ။တောင်းဆိုကြပါ”
“အ”သုံးလုံးသင်တန်းဆရာများကို
မြို့နယ်မှတာဝန်ခံလူကြီးများကလည်း
ဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံကြ၏။
ညနေပိုင်းတွင် မောင်မြတ်စံနှင့်
မောင်ခင်ကြိုင်တို့ နှစ်ယောက် လမ်း
လျှောက်ထွက်၊ ပတ်ဝန်းကျင်ကို လေ့
လာကြပြီး အညာလေ ပူနွေးနွေးကို ရှူ
ရှိုက်လိုက်ကြပါသည်။ တကယ်တော့
ပျော်ဘွယ်ဆိုတာမြန်မာနိုင်ငံရဲ့မြေလတ်
ပိုင်းအထက်မကျသေးတဲ့မြို့လေးတစ်မြို့
ပဲဟုတွေးမိလိုက်၏။
နောက်တစ်နေ့နံနက် အိပ်ရာမှ
စောစောထကြ၏။ ယူဆောင်လာသည့်
ပစ္စည်းများ စနစ်တကျ သိမ်းဆည်းကြရ၏။
“ကိုမြတ်စံ ဘာတွေကူသယ်ပေးရမလဲ”
“ရပါတယ် – ဆရာကြိုင်း ပစ္စည်းကတစ်နိုင်စာပါပဲ”
“ဆရာကလည်။ အဲ – ကိုမြတ်စံ
ကျွန်တော့်ကိုရင်းရင်းနှီးနှီးကိုကြိုင်လို့ပဲခေါ်ပါ”
“ကောင်းပါပြီ – ကိုကြိုင်”
တကယ်တော့ သူတို့အနေဖြင့်
အသက် (၂၀)နီးပါး (၂၀) ကျော်ကျော်
သာရှိကြသေးသောလူငယ်များဖြစ်၍
ပျော်ပျော်ရွှင်ရွှင်ပြောဆိုနေထိုင်ဆက်ဆံ
နေကြသည်မှာ မထူးဆန်းပါ။
“ကို မြတ်စံ ပတ္တမြားလက်စွပ်ကတော့
အရည်အသွေးကောင်းပဲ၊
နေရောင်ခြည်နဲ့ကိုတဖျပ်ဖျပ်တောက်ပ နေတာ။
ပတ္တမြားကျောက်အစစ်ဆိုတာ
ထင်ရှားနေတာပဲ”
“ဟာ-ကိုကြိုပ်ကလည်း ပတ္တမြား
ဆိုတာအတုရှိလို့လာ။” “ရှိတာပေါ့-ကိုမြတ်စံရယ်”
“ကဲ-ဆရာတို့ကားရောက်လာပြီ။
ကားပေါ်တက်ကြပါ” ကိုမြတ်စံတို့အဖွဲ့ လေးထောင့်
ဘတ်စ်ကားပေါ်တက်ကြရ၏။အချို့
သတ္တာများလည်း ခေါင်းပေါ်သို့ တင်
ကြရပါသည်။ ခေါင်မိုးကပစ္စည်းတင်ရန်
လေးထောင့် ခြံခတ်ထား၏။ အချို့က
ဝက်ခြံဟု ခေါ်ကြပါသည်။ ဤကားကို
တောကားလို့ ခေါ်ကြသလို ချက်ပက်
လက်ကားဟူ၍လည်း ခေါ်ဆို ကြ ပါသည်။
(ယခုအခါထိုကားများနေရာ တွင်
ဒိုင်နာကားများ ပြေးဆွဲနေပါပြီ
သင်တန်းနည်းပြ “အ”သုံးလုံး
ဆရာများ တစ်ရွာတွင် နှစ်ယောက်စီ
ခွဲချပေးပါသည်။ကိုမြတ်စံနှင့်ကိုခင်ကြိုင်
ကတော့ အောင်းကုန်း ရွာတွင်တာဝန်ကျပါသည်။
ကားပေါ်တွင် လုံခြုံရေးအတွက်
ရဲတပ်သားနှစ်ဦးလည်း ပါလာပါသည်။
လမ်းတစ်လျှောက် ဖုန်ထသည်မှလွဲ၍
မည်သည့်အန္တရာယ်မှ မတွေ့ရပါ။ ကိုမြတ်စံမှ …
“ကိုကြိုင် – စောစောဂ စာစောက ပြောတဲ့
ပတ္တမြားအတု၊ အစစ်အကြောင်း ဆက်စမ်းပါဦး”
“လမ်းကရုန်၊ဖုန်ကထဘော့စကား
ပြောရမှာတောင် မဟရဲဘူး ဖြစ်နေတယ်”
“ကိုမြတ်စံကတော့ ဒီလောက် ကဘော့ရှိမှာပေါ့
ကိုကြိုင်ရယ်၊လှည်း စီးရင်ပိုတောင်ဆိုးလာဦးမယ်၊
ဒါတွေက သဘာဝအလှအပတွေလို့သဘောထာ၊လိုက်ပါ
ကိုကြိုင်သည် ရုပ်သာမကစိတ်လည်းနုပုံရပါသည်။
ကိုမြတ်စံနှင့်တော့
ဆန့်ကျင် ဘက် ဖြစ်နေသော်လည်း
အပျော့နှင့်အမာ၊အဖြူနှင့်အမည်၊အပူ
နှင့် အအေ၊ တွဲထားသည် မှာလည်း
လောကသဘာဝနှင့် ကိုက်ညီ၍ နေပါသည်။
“ပတ္တမြားအတုကချက်ကျောက်ကို ခေါ်တာပါ။
ရက်ကျောက်ဆိုတာလူတွေတီထွင်
ဖန်တီးထားတဲ့ ကျောက်၊ အတု ဆိုတာ ပေါ့တယ်၊
အစစ်က လေးတွဲ့ တယ်။
အရွယ်တူနှစ်လုံးယှဉ်ကြည့်လိုက်၊ ပေါ့ရင် အတုပဲပေါ့”
“ကျွန်တော့် ကျောက်ကတော့လေးတယ်ဗျာ”
“နောက်- နေရောင်မှာ ထောင် ကြည့်၊
ဖလ်မှန်ကဲ့သို့အခြားတစ်ဖက်ကို
ထိုးထွင်းဖောက်မြင်ရရင် အတုဖြစ်
တယ်၊ အစစ်ဆိုရင် မမြင်ရဘူး။
ပြိုးပြိုး ပြက်ပြက်အရောင်တွေ လျှံထွက်နေတယ်”
“အတုဖြစ်တဲ့ ချက်ကျောက် က
ပူသော ဓာတ်သဘောရှိတယ်၊ အစစ်
ကတော့ အေးတဲ့ဓာတ်ရှိတယ်။ အတုနဲ့
အစစ်ကို ပါးပြင်မှာ ခေတ္တမျှကပ်ထား
ကြည့်ရင် သိနိုင်ပါတယ်”
“အင်း- ကိုကြိုင် ပြောမှပဲ သဘော
ပေါက်နားလည်တော့တယ်”
စကားတပြောပြောနှင့်ကားစီးလာ
ကြရာကားဂိတ်ဆုံးသွားပါသည်။
“ကဲ- ဆရာတို့၊ ဒီမှာ ဂိတ်ဆုံးသွား ပြီ။
ဟိုဘက်ကိုတော့ နွားလှည်းနဲ့ လကသွားကြရမယ်”
ကားပေါ်မှ ပစ္စည်းတွေ အောက်ချ၊
အသင့်ရှိနေသောလှည်းပေါ်တင်ကြ ရပါသည်။
ညနေ နေအေးခါနီးမှ နွား လှည်း ထွက်ပါသည်။
လှည်းနှစ်စီးတွင်
တစ်စီးပေါ်မှာ ကိုမြတ်စံတို့ နှစ်ယောက်
နင့်ရဲသားတစ်ဦး ကျန်တစ်စီးမှာပစ္စည်း
များနှင့်ရဲသားတစ်ဦး စီးနင်းလိုက်ပါလာ
ကြ၏။ ည (၁၀) နာရီကျော်တွင် ရွာ
တစ်ရွာဝင်ပြီး ဘုန်းကြီးကျောင်းမှာ နာ
ကြားရပြန်၏။ အားလုံး အနားယူကြပြီ။
နောက်တစ်နေ့နံနက်လည်းဆက်ထွက်
ပါသည်။အရိပ်ကောင်းသောဇရပ်တစ်ခု
ရောက်လျှင် အနားယူလိုက်ကြ၊ ရေ
သောက်ကြပြီးလျှင်တဖြည်းဖြည်း ဆက်
ထွက်လာကြနှင့် ညဘက်မှ ရွာဝင်လေ
၏။ ပျော်ဘွယ်မြို့မှ အောင်းရွာသို့ကား
တစ်ဆင့် လှည်းတစ်ဆင့်နှင့် နှစ်ညတာ
အချိန်ကြာမြင့်ခဲ့ပါသည်။
“ကဲ – ဆရာတို့ ပင်ပန်၊သွားကြပြီ လား။
ဒီတစ်ညလည်း ကျောင်းမှာအေး အေးဆေးဆေး
အနားယူလိုက်ကြဦး” ရွာသူကြီးဆိုသူမှကြိုဆိုနှုတ်ဆက်
၍အားပေးစကား ပြောပါသည်။ရွာသူကြီး
ကိုယ်တိုင် လိုက်၍ ဘုန်းကြီးကျောင်း မှာ နေရာချပေ။ပါသည်။
“ဒီတစ်ည ဘုန်းကြီးကျောင်းမှာ အနားယူကြ၊
မောင်ကျောင်းသားတွေ လာခဲ့ကြ၊
ဆရာလေ၊နှစ်ယောက်ကို အိပ်ဖို့ နေရာပြပေ။
ဖျာခင်းပေးကြ၊ မီ၊ ခွက်ထွန်းပေးလိုက်ဦး”
ကျောင်းထိုင်ဆရာတော်မှလည်း
စေတနာပါပါ မိန့်ဆိုနေသံ ကြားရ၏။
နောက်တစ်နေ့တွင်ရွာပတ်ဝန်းကျင်ကို
လေ့လာကြ၊ ရွာထဲဝင်၍ စပ်စုကြရပါ
သည်။ တောင်ကုန်းမြောက်ဘက်
တောင်ကုန်၊ တောတန်းပတ်ဝန်းကျင်
တွင်ကျေး ငှက်တိရစ္ဆာန်များရှိပါသည်။
ကျေးငှက်များ မြူးထူးပျော်ပါးသော
အသံ၊ ဒေါင်းတွန်သံ၊ ငှက်အော်သံများ
ကြားရသလို ရေသတ္တဝါများ ပြေးလွှား
သွားသည်ကိုလည်းတွေ့မြင်ရပါသည်။
သစ်ပင်ကြီးငယ်အသွယ်သွယ်နှင့်
စိမ်းလန်းစိုပြည်၍နေသော တောင်ခြေ
ရှုခင်း၊ကျေးငှက်သတ္တဝါ ဘာသာဘာဝ
ပျော်ရွှင်မြူ၊ထုသည် တောတန်းတို့
ကြောင့် ရှေးအခါက မင်းညီမင်းသားတို့
တောကစားထွက်၊ ပျော်ပွဲဆင်နွှဲခဲ့သည်
ဟုပြောဆိုကြသည်မှာလက်တွေ့အမြင်
တွင် မငြင်းနိုင်ပါပေ။ ညို့ညို့မှိုင်းမှိုင်း
အုပ်အုပ်ဆိုင်းဆိုင်း တောတောင်မြင်
ကွင်းကို မြင်ရတော့ စိတ်တွင် ဘာကို
ဘယ်လိုလွမ်းရမှန်းမသိ၊ ချစ်သူမရှိ
သေးတော့လည်း ကိုမြတ်စံကတော့
အဘွားနှင့် အမေကို သတိရလွမ်းဆွတ်
မိလိုက်ပါသည်။
“ဆရာလေးတို့ ထမင်းစား ကြွပါခင်ဗျာ”
ရွာသားတစ်ယောက် လိုက်ခေါ်၍
သူကြီးအိမ်မှာ နံနက်စာ စားကြပါသည်။
ညနေရောက်တော့ “အ” သုံးလုံး
သင်တန်းစရန်ပြင်ဆင်ကြရ၏။
စာသင်ပြီးသောအခါ ဘုန်းကြီး
ကျောင်းပြန်အိပ်ကြရ၏။ နှစ်ယောက်
အိပ်ယာခြင်ထောင်ထောင်ကာခေါင်းရင်း
ပြတင်းပေါက်ပွင့်အိပ်တော့တောင်တန်။
ကို ဖြတ်ကျော်လာသော လေညို့အေး
ကြောင့်သူငယ်ချင်းနစ်ယောက်နှစ်ခြိုက်
စွာအိပ်ပျော်သွားကြပါသည်။
နံနက်စောစောထ မျက်နှာသစ် ကိုယ်ခန္ဓာ
သန့်စင်ပြီးသောအခါဘုန်းကြီးကျောင်းအနီး
ရှေးဟောင်းဘုရား
စေဘိကိုပူဒဏ်ကန်တော့လိုက်ပါသည်။
ကိုမြတ်စံ စိတ်ဝင်စားသည်မှာထိုစေတီ
အနီးရှိ အုတ်ဂူနှစ်ဂူ ဖြစ်ပါသည်။ဤရွာ
ပတ်ဝန်းကျင်နှင့် တောင်ပေါ်တွင်
ရှေး ဟောင်းဘုရားအချို့ကို တွေ့မြင်ရပါသည်၊
“ဆရာလေ။- အချို့တောင်ကုန်း တွေမှာ
ရှေးဟောင်းပစ္စည်းတွေတောင် ရှိတယ်လို့ကြားတယ်”
ရွာသားတစ်ဦး၏ ပြောဆိုသံကို
ကြားယောင်နေမိပါသည်။
“အချို့ဆို သစ်ပင်ခုတ်ပြီး သစ်မြစ်
တွေ၊ ဘာတွေ တူးဖော်ရင်း ရွှေထည်
ပစ္စည်းအဟောင်းတွေ ရခဲ့ ဖူးတယ်။
အချို့လည်း မြေအိုးဟောင်းတွေ ရကြတယ်”
ကိုမြတ်စံ စဉ်းစားတွေးတောရင်း
ရွာသားများ ပြောဆိုသံကိုကြားယောင်နေမိဆဲ၊
“ကိုမြတ်စံ-ဘာတွေတွေးနေတာ
“ဘုရားစေတီ ရုပ်ပွားတော်တွေအကြောင်းပါ”
“ဒ်မှာ ထူးခြားတာ သတိထားမိလား
“စေတီအပျက်တွေကို ပြောတာလားကိုပြောတာ”
“ဘုရားရုပ်ပွားတော်ရဲ့အနေအထား
ကိုမြတ်စံခေတ္တစဉ်းစားနေပြီးမှ–
“အော်- ဘုရားဝမ်းဗိုက်တွေ့မှာ
အပေါက်ဖြစ်နေတဲ့ကိစ္စလား”
“ဟုတ်တယ်လေ-ကိုမြတ်စံဘယ်လိုထင်လဲ”
“ဒါ- သိုက်တူးသမား၊ မိစ္ဆာဝါဒိတွေ
ရဲ့လက်ချက်ဖြစ်မှာပေါ့ကွာ”
“ဝမ်းဗိုက်ထဲက ဌာပနာ ဂိုး ဖောက်ယူကြတယ်လို့ ဆိုလိုတာလား”
“အဲဒီလိုပဲ ဖြစ်နိုင်တယ်”
“အချို့လည်း စိတ်ထင်နဲ့ လုပ်ကြ
တာဖြစ်မယ်။မသမာလောဘသမားတွေ
ရဲ့ အယူမှား အတွေးများတွေ့ပေါ့ဗျာ။
လောဘသမားတွေရဲ့အယူမှားအတွေး
မှားတွေပေါ့ဗျာ”
“ဆရာလေးတို့ ရေနွေးကြမ်း
သောက်ကြပါဦး
“တင်ပါ့ဘုရာ၊-အခုလာပါ့မယ်ဘုရား”
ရေနွေးကြမ်းနှင့် အကြော်စားပြီး
သောအခါ ဆရာတော်မှ
“ဒကာမြတ်စံကို ပြောရဦးမယ်။
ကျုပ် မုခ်ဦ၊ တိုးချဲ့ဖို့။ အဲဒါ ဘေးမှာက
အုတ်ဂူနစ်လုံး ခံနေတယ်။ ဒီဘက်က
သင်ပုတ်ပုလ္လင် (တိရစ္ဆာန်များအစာ
ကြွေးသောခုံ) ကိုတော့ ဖျက်စရာ မလို
ဘူး။ အုတ်ဂူနစ်လုံးကိုတော့ ဖျက်ချင်တယ်ဆရာလေ”
“တပည့်တော်တို့ ဘယ်လိုကူညီ
ပေးရမလဲ ဆရာတော်”
“ဆရာမြတ်စံ ဦးဆောင်ပြီး ဖျက်ရဲ
လား။ဘုန်းကြီးရွာသားလေးငါးယောက်ခေါ်ပေမယ်”
ဆရာမြတ်စံက မူလဉာဉ်အတိုင်း
ဆုံးဖြတ်ချက် မြန်၊ ရဲစွမ်းသတ္တိရှိသူ ဖြစ်
“တပည့်တော်ဆောင်ရွက်ပေးပါ့
မယ်၊ လုပ်ရဲပါတယ် ဆရာတော်” ကိုခင်ကြိုင်မှ …
“အုတ်ဂူပိုင်ရှင်တွေနဲ့ ပြဿနာ တက်နေဦးပယ်။
ငါတော့ မပါဘူးနော်။
မလုပ်ရဲဘူး” ကိုမြတ်စံ … “ဒီအုတ်ဂူမှာ
အပည်ကမ္ပည်းတွေ ရေးထိုးထားတာမတွေ့မိပါဘူ။”
“ဟုတ်ပါတယ် – ဆရာလေးတို့ ၊ ဒီအုတ်ဂူနစ်လုံးဟာ
ပထမ မူလစာရာ တော်တွေရဲ့လက်ထက်
ကတည်းက ရှိနေတာပါ။ ရွာသူ ရွာသားတွေထဲ ကတော့
မဖြစ်နိုင်ဘူး။ အခြားရွာက
လာ။ ဒါမှမဟုတ် ခရီးသည်တွေလာ။
နန်းတွင်းက တောကစားထွက်လာကြ
သူတွေလား၊ ဘုန်းကြီးလည်း သေချာမသိဘူ၊”
“ဘာပဲဖြစ်ဖြစ် – တပည့် တော် ဦးဆောင်လုပ်ပေးမယ်
မနက်ဖြန်မနက် ရွာသားတွေကိုသာခေါ်ပေးပါ
နောက်နေ့နံနက်တွင် ရွာသား လေးဦးပေါက်တူး၊
ပေါက်ပြား၊ တူရွင်း ပြားများနှင့် ရောက်ရှိလာပါသည်၊
“ဆရာလေ။-ငွေ့ဒင်္ဂါ၊ ရွှေဒင်္ဂါးပြား
တွေ့ရရင် တစ်ယောက်တစ်ဝက် ပေးရမယ်နော်”
ရွာသားတစ်ဦးနောက်ပြောင်သလို
အတည်လိုလိုပြောဆိုလာ၏။
“အေးပါကွာ – ပေးပါ့မယ်၊ မြွေတွေ
ရရင်လည်းတစ်ယောက်တစ်ဝက်ယူရ
မယ်နော်-ဟဲ-ဟဲ-ဟဲ”
ထိုရွာသားအသံတိတ်သွားလေ၏။
ဤသို့နှင့် ရှေးဟောင်းအုတ်ချပ် အထု
များဖြင့် အခိုင်အမာ မြင့်မြင့်မားမား
ပြုလုပ်ထားသော ဂူနှစ်လုံးကို တစ်
ယောက်တစ်လက် ဝိုင်၊ပျက်နေကြရပါသည်။
“ဘာများ ထွက်လာမလဲ၊ မြင်ကြရမလဲ”
“ဒုန်း – ဒုန်း… ဒုတ်” “ထုက္ခာ- ဟုတ်ပြီ- ကွဲသွားပြီ၊
တွန်းချလိုက်”
“အုန်း – အုန်း – ဖြောင်း”
“အုတ်က မာသလား မမေးနဲ့။ ငါ့
တူရိုးတောင် ကျိုးသွားတယ်” ညနေစောင်၊ ရောက်လာသော
အခါ အုတ်ဂူတစ်ဝက် ပျက်သွားပြီး
ကင်းမလက်မည်းများ တန်းစီ၍ ထွက် လာပါသည်။
“ဟာ-ကင်းမလက်မည်းကြီးတွေ
အုပ်လိုက်ပါလာ။” “မောင်းထုတ်လိုက်ကွာ”
“အားပါးပါး- ကင်းမလက်မည်။
ကောင်တွေ အုပ်လိုက်ထွက်လိုက်ပါလား”
“ကုန်သွားပြီလား- သေချာကြည့်ကြနော်”
“ရှင်းသွားပြီ-တစ်ကောင်မှ မရှိတော့ဘူး”
အုတ်ဂူအောက်ခြေတွင် ကြည့်
လိုက်သောအခါ ကြေးအိုးတစ်လုံးစီတွေ့ရလေ၏။
အိုမှာ အဝကျဉ်းပြီး အောက်ပိုင်း ကျယ်သော
အိုးဖြစ်ပါသည်။ ပျုခေတ် အိုးပုံစံနှင့် တူပါသည်။
အဝမှ အထဲကို ကြည့်လိုက်သောအခါဖြူဖြူဖွေးဖွေး
အစိုင်အခဲများ..
“ဟာ-အရိုးတွေပဲ ဖြစ်နေပါလား”
“ဆရာလေး သေချာကြည့်ပါဦ။”
အိုးကိုလှုပ်ကြည့်လိုက်၏။ သေရာ ပါသည်။
အရိုးအိုး၊ အိုးပတ်လည်ကို
ကြည့်လိုက်၏။ မည်သည် စာအမှတ် အသာ။
သဒက်တမှ မတွေ့ရပေ။ “ကဲ- အိုးနှစ်လုံး ဗယ်ပြီးကျန်တဲ့
အပိုင်းကို ဆက်ဖြိုပစ်လိုက်ကြတော့”
နေဝင်မိုးချုပ်ခါနီးတွင် အုတ်ဂူနှစ်
လုံးဖြိုဖျက်ပြီးသွားပါသည်။
“ဒကာ မြတ်စံတို့ ဘာတွေ တွေ့ရ
“အရိုးအိုးတစ်လုံးပဲတွေ့ရပါတယ်ဆရာတော်”
“အေး … အေး … သင့်တော်ရာကိုစွန့်ပစ်လိုက်ကြ”
ကိုမြတ်စံကတော့ စိတ်မြန်သူ၊
အယူအဆ အစွဲအလမ်းမရှိသူပီပီအရိုး
အိုးတစ်လုံးစီကို ကျောင်းခြံစည်းရိုး
အပြင်ဘက်ရှိ ညောင်ပင်ကြီးအောက်
သို့လှမ်းပစ်လိုက်ပါ။ဟုသည်။
အိုးများလည်း ညောင်ပင်ကြီး အောက်တွင်
ကြေမွပျက်စီးသွားပါ သည်။ အုတ်ဂူနှစ်လုံး
နှင့် အိုးနှစ်လုံး ဖျက်ခြင်းကိစ္စပြီးသွားသော်လည်းဇာတ်
လမ်းကမပြီးသေးပေ။
ညဘက်တွင် “အ”သုံးလုံးသင် တန်းကို
ရွာသူကြီးနှင့်အတူဆရာမြတ်စံ လိုက်လံ
စစ်ဆေးရပါသည်။ အောင်းကုန်းနှင့်
အနီးရွာတွင် “အ”သုံးလုံး သင်
တန်းခွဲ(၁၀)ခုဖွင့်ထားပါသည်။အောင်း
ကုန်းအုပ်စုတွင် စစ်ဆေးနေဆဲမှာပင်
ရွာသားနစ်ဦး အပြေးအလွှားရောက်ရှိလာပါသည်။
“ဆရာလေး-ဆရာလေး-စာရာ
လေး- သူငယ်ချုပ်၊ ကိုခင်ကြိုင် နေ
မကောင်းဖြစ်နေတယ်။ ကျောင်းကို
အမြန်ပြန်လိုက်ခဲ့ပါ”
ကိုခင်ကြိုင် ဒီတစ်ညနားချင်တယ်
ထို၍ကျောင်းမှာနေခဲ့ပါသည်။ သူထွက်
လာတုန်းကအကောင်းပါ။ ဘယ်လိုဖြစ်
နေပါလိမ့်ဟု ကိုမြတ်စံ စဉ်းစားရင်း ပြန်
လိုက်သွားပါသည်။ နာရီကြည့်လိုက်
တော့(၉)နာရီသာသာရှိပါသေးသည်။
လာရောက်ခေါ်သောရွာသားနှစ်ဦး
နှင့် ဆရာလေးမြတ်စံ ပြန်လိုက်သွား
ရပါသည်။ ခြေလှမ်းများလည်း သွက်၍
အလှမ်းကြဲနေပါသည်။ “ဘယ်လိုဖြစ်နေတာလဲဗျ”
“ဘာဖြစ်မှန်းမသိဘူး။ငိုလိုက်ရယ်
လိုက်ဖြစ်နေတယ်၊ ကျောင်းရောက်ရင်တွေ့ရပါမယ်”
ကျောင်၊ပေါ်ရောက်တော့ကို
ခင်ကြိုင်တစ်ယောက်ရယ်နေတာတွေ့ရ၏။
ခဏကြာသောအခါ… “ဟား – ဟာ၊ – ဟား”
ရယ်လိုက်ပြန်၏။
“နှုတ်ကလည်း ဟိုမှာလာနေပြီး
အကောင်နှစ်ကောင် လာနေတယ်။
လာနေပြီ-လာနေပြီ”
“ခင်ကြိုင် ဘာတွေဖြစ်နေတာလဲ”
“ပြောလကွာ- ဘာတွေလာနတာလဲ”
“ဟိုမှာ-ဟိုမှာ-အင်း-ဟီး-ဟီး-ဟီး”
“ဘာမှ မလာဘူး၊ ဘာမှလည်း မရှိဘူး။ ငိုမနေနဲ့”
“ရွာသားတစ်ယောက်ကို ဆေး
ဆရာခေါ်ခိုင်းထားပါတယ်”
“မင်းငြိမ်ငြိမ်နေ” ဘာမှမပြောနဲ့”
ကိုမြတ်စံ အသံကိုမြှင့်၍ ဟောက်
လိုက်ပါသည်။ ထို့နောက် ဘုရားဂုဏ်
တော်ကိုးပါး ရွတ်ဆိုကာ ခေါင်းကို ပုတ်လိုက်၏။
“ရေတစ်ခွက် ခပ်လိုက်ပါ”
ရေခွက်တွင် ပတ္တမြားလက်စွပ်ကို
ထည့်စိမ်ပြီ။ ရေနှင့်တောက်ဖြန်းကာ
ထိုရေကိုတိုက်လိုက်ပါသည်၊
ကိုခင်ကြိုင် ပုံမှန်အတိုင်း ဖြစ်သွားပါသည်။
“မင်း-ဘာဘွေမြင်သေးလဲ”
“ဘာမှ မမြင်တော့ပါဘူး”
“ဘာဖြစ်သွားတာလဲ”
“ဆရာလေး-ဆေးဆရာကစရီ၊
လွန်နေလို့ မတွေ့ခဲ့ဘူ။”ပါပြီ”
“ရတယ် – ရတယ်… ကောင်းသွာ၊
“ဆရာလေးက တယ်စွမ်းပါလား၊
ဆေးကုတာလည်း တတ်တယ်နော်၊
ဒီပညာတွေလည်းတတ်လား”
“ဘာပညာမှမတတ်ပါဘူး။ ဘုရား
ဂုဏ်တော်၊ ဂါထာတော်တွေရဲ့ကျေးဇူးကြောင့်ပါ”
ထိုညတွင်ကိုမြတ်စံနှင့်ကိုခင်ကြိုင်
တို့နစ်ယောက် ခြင်ထောင်မထောင်ဘဲအိပ်လိုက်ကြ၏။
“မင်း- ည – ထကြောင်ရင် ငါထထိုးမယ်နော်”
စိတ်ထဲမပါသော်လည်းငြိမ်ငြိမ်အိပ်
၍ရအောင် ခပ်တည်တည်ပြောဆိုလိုက်ပါသည်။
ထိုညတွင်ကျောင်းထိုင်ဆရာတော်မှစိုးရိမ်စိတ်
ကြောင့်ကျောင်းအပေါ်ထပ်တက်၍
ကျိန်းပါသည်၊ ဆရာလေ၊ ခင်ကြိုင်လည်း ဘာမှ ထပ်မဖြစ်တော့
မနက်ရောက်သောအခါ-
“ခင်ကြိုင်ညကအဖြစ်အပျက်တွေ
မှတ်မိရင် ပြန်ပြောပါဦး”
“ညနေမိုးချုပ်ပြီး မှောင်ရီပျိုးစအချိန်မှာ
ကျောင်းသားတစ်ယောက် ညောင်
ပင်ကြီးဘက်ကြည့်ပြီးရပ်နေတယ်၊အဲဒါ
ငါလည်းကျောင်းသာ၊ပခုံးကို ပုတ်ပြီး
“မင်း ဘာဖြစ်နေတာလဲ”မေးတော့
ညောင်ပင်ဘက်ကို လက်ညှိုးထိုးကြတယ်။
ဖြူဖြူဖွေးဖွေး ရှည်ရှည်ကြီးအရိပ်
နှစ်ခုလာနေတယ်လို့ပြောပြီး ကြောက်ရွံ့တဲ့ပုံဖြစ်နေတယ်။
ကျောင်းဘက်လာနေတယ်၊ လာ
နေတယ်ပြောပြီး တဟီးဟီး – တဟဲဟဲလုပ်နေတယ်”
ကျောင်းသားပရုံပေါ်မှ ငါ့ရဲ့လက်
ပြန်ရုပ်သိမ်းလိုက်ချိန်မှာ ကျောင်းသား
လေး ဘာမှမဖြစ်တော့ဘဲ ငါ အဲဒီလို ဖြစ်သွားရတာပါပဲ”
“အင်း- ဒါဆို ငါ ပစ်လိုက်တဲ့ အို၊ နှစ်လုံးရဲ့
အုတ်ဂူပိုင်ရှင်နှစ်ဦးပဲ ဖြစ်ရမယ်”
“တော်သေးတာပေါ့ကွာငါ့သူငယ်ချင်းအချိန်မီရောက်လာလို့”
“အေး- ငါလည်း တစ်ခါမှ ကြုံဖူး တာမဟုတ်ဘူး။
တတ်သလောက် မှတ် သလောက် လုပ်လိုက်ရတာပဲ”“ကိုမြတ်စံ မစွမ်းပေမဲ့ ပတ္တမြာ၊
လက်စွပ်က စွမ်းတာဖြစ်ရမယ်”
“အေး-ဒါလည်း ဖြစ်နိုင်ပါတယ်။
ဘုရားဂုဏ်တော်၊ ဂါထာတွေကလည်းစွမ်းပါတယ်ကွာ”
အဘွား ချီးမြှင့်ထားတဲ့ ပတ္တမြား လက်စွပ်၏
အစွမ်းလည်း ပါဝင်နေနိုင် ကြောင်း မှတ်ချက်
ချခဲ့ပါသည်။ ပတ္တမြားလက်စွပ် ဝတ်ထားသော
လက်ဖြင့် ပုတ်လိုက်တာနဲ့ ငြိမ်သွားတာ
လည်း အံ့ဩစရာ ကောင်းလှပါသည်။
နောက်တစ်နေ့ဆရာတော်နှင့်တိုင်ပင်၍
သံဃာတော်များပင့်ဖိတ်၊ ဆွမ်းကပ်ကာ
ပရိတ်တရားတော်များ ရွတ်ဆိုပြီး အမျှ
အတန်း ပေးဝေလိုက်ကြပါသည်။ အ
အတန်းပေးဝေပြီးချိန်တွင်တော့မျက်စိ
ထဲတွင်အရောင်တလက်လက်ဖြစ်သွား
သလိုဝိုးတဝါးဝဇဝါဖြစ်သွားမိပါတော့သည်။
ဝိညာဉ်ရှင်မည်သူတွေပင် ဖြစ်နေ
စေကာမှုလွတ်ရာကျွတ်ရာဘုံဘဝတစ်ခု
ရောက်ရှိသွားနိုင်ကြပါစေဟု ဆန္ဒပြုမိ
လိုက်ပါတော့ သည်။ နောက်ရက်များ
တွင်ဘာမှလည်းမတွေ့ရသလိုမည်သူမျှ
လည်း ဘာမှမဖြစ်ကြတော့ပေ။
မိတ်ကွေ့ကြီး ဆရာမြတ်စံလှက
ဒီ ဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရတာ နှစ်ပေါင်း
(၃၀)လောက်ရှိပေမယ့်မမေ့သေးပါဘူး
ဆရာမျိုး။ သူတစ်ပါး ရပ်ရွာဒေသမှာ
အရာရာဦးဆောင်ပြီး မလုပ်သင့်ဘူး။
လုပ်မယ်ဆိုရင်လည်း ပိုင်ရှင်ကို ခွင့်
တောင်းသင့်တယ်။ အုတ်ဂူထဲက အိုး
နှစ်လုံးကို ပစ်မခွဲဘဲ စည်းကမ်းတကျ
ထားပြီး ကောင်းမှုကုသိုလ်ပြုလုပ် အမျှ
အတန်းပေးဝေသင့်တယ်လို့ စဉ်းစားမိ၊
သင်ခန်းစာယူမိပါတယ်။
“ဆရာကြီးရဲ့အစွမ်းထက်ပတ္တမြား
လက်စွပ်ဘယ်ရောက်သွားပြီလဲ”
“ရေကန်ထဲ ပြုတ်ကျသွားတယ်လေ၊
ဘယ်လိုမှ ပြန်ရှာလို့ မရတော့ဘူး”
အုတ်ဂူနှစ်လုံးနဲ့ အစွမ်းထက်
ပတ္တမြား လက်စွပ်ကတော့ထူးဆန်းတဲ့
ဂမ္ဘီရဇာတ်လမ်းတစ်ပုဒ်ပါပဲ။

Zawgyi Version

” အုတ္ဂူပိုင္ရွင္ႏွင့္ေမွာ္ဝင္လက္စြပ္ “(စ/ဆုံး)
——————————————-

ကြၽႏ္ုပ္ စာေရးသူသည္ ေလာကီ ပညာအရပ္ရပ္ကို စိတ္ဝင္စားၿပီး ဂမၻီရ
ဆန္ေသာဝတၳဳဇာတ္လမ္းမ်ားဖတ္မွတ္
ေရးသားျခင္းကိုလည္း ဝါသနာပါပါ
သည္။ သို႔ေသာ္ မိမိေရးသားသည့္
ေဆာင္းပါး ဇာတ္လမ္းသည္ျဖစ္ရပ္မွန္
ကိုသာအေျခခံၿပီး စာေရးျခင္းအတတ္
ပညာႏွင့္ေရးသားလိုပါသည္။ဝတၳဳဇာတ္
လမ္းကို ဖတ္ၿပီးေသာအခါတြင္လည္း
စာဖတ္သူအတြက္ တစ္စုံတစ္ခုေသာ
အက်ိဳးေက်းဇူးကို ရရွိခံစားသြားေစလိုပါသည္။
ယခုေရးသားမည့္ ဇာတ္လမ္းမွာ
မိတ္ေဆြျဖစ္သူ ရင္းႏွီးခင္မင္ေသာ
အၿငိမ္းစား ေက်ာင္းဆရာႀကီးတစ္ဦး၏
လြန္ခဲ့ေသာ (၃၀) ခန႔္က ေတြ႕ႀကဳံခဲ့
ရေသာ ျဖစ္ရပ္မွန္ဇာတ္လမ္း ျဖစ္ပါ
သည္။ မိတ္ေဆြဆရာစံ ေျပာျပေသာ
ဂမၻီရဆန္သည့္ ဇာတ္လမ္းကို စာဖတ္
ပရိသတ္မ်ားဖတ္၍ေကာင္းေအာင္
ျပန္လည္ေရးသားေဖာ္ျပေပးလိုက္ပါသည္။
ေမာင္ျမတ္စံလွသည္ သြက္လက္
ဖ်က္လတ္ေသာလူငယ္တစ္ဦးျဖစ္ၿပီး
ပညာေရးကိုလည္း ႀကိဳးစား၊ ဉာဏ္ရည္
လည္း ေကာင္း၊ ထက္ျမက္သူတစ္ဦး
ျဖစ္ပါသည္။ သူသည္ စိတ္ရင္းေကာင္း
သူတစ္ဦးျဖစ္ေသာ္လည္းရံဖန္ရံခါ
စိတ္ျမန္လက္ျမန္လုပ္ေဆာင္တတ္ပါသည္။
သူ႔အား မိဘႏွစ္ပါးထက္အဘြားျဖစ္သူ
က ပို၍ ခ်စ္ခင္အေလးေပးေလ့ ရွိပါသည္။
မလိုက္နဲ႔ေနာ္”
“အေမ-အေမ့ေျမးကို သိပ္အလို
“ငါ့ေျမးကလိမၼာပါတယ္ေအ”
“ေကာင္ေလးကတစ္ယူသန္တစ္
ဇြတ္ထိုးလုပ္ခ်င္တယ္၊အိမ္မွာမကပ္ခ်င္ဘူး
“တစ္ႏွစ္တစ္တန္းစာေမးပြဲေအာင္
ေနတာပဲမဟုတ္လား။ညည္းတို႔ကလည္း
ကေလးကိုအျပစ္မျမင္ၾကပါနဲ႔”
ဘြားေအတို႔၏ထုံးစံအတိုင္းေျမး
ေယာက္်ားေလးကို ဖူးဖူးမႈတ္ ခ်စ္ခင္ၾက ဖလ၏။
သားအခ်စ္ ေျမးအႏွစ္ဆိုသည့္
စကားလည္းရွိသည္မဟုတ္ပါလား။
ေမာင္ျမတ္ စံလွကေတာ့လိမၼာ
သည္လည္းမဟုတ္၊မိုက္သည္ဆိုးသည္
ဟူ၍လည္း မဆိုသာ။ သူသည္ ကိုယ္
ခႏၶာက်စ္လ်စ္မာဧက်ာသလိုစိတ္ဓာတ္
ကလည္းေပ်ာ့ညံ့ညံ့ကိုမႀကိဳက္ႏွစ္သက္
သူတစ္ဦးျဖစ္ပါသည္။
“ေျမးေလး ေမာင္ျမတ္စံလွ ဒီႏွစ္
ဆယ္တန္း(ယခုတကၠသိုလ္ဝင္တန္း)
နစ္ခ်င္းေပါက္ေအာင္ေျဖေနာ္၊
အဘြား ဆုခ်ီးျမႇင့္မယ္”
“ဘာဆုေပးမွာလဲ-အဘြား”
“တန္ဖိုးရွိတဲ့ ဆုေပးမွာေပါ့-ေျမးရယ္”
ေမာင္ျမတ္စံလွကေတာ့ ဘာ
ပစၥည္းမွ မက္မက္ေမာေမာ မရွိလွ၍
အဘြားေပးမည့္ ဆုလာဘ္ကို မရမက
ေမးမေနေတာ့ေပ။မိမိလုပ္ေဆာင္ရမည့္
အလုပ္၊ ေက်ာင္းသားတာဝန္ကိုသာ
ေက်ပြန္ေအာင္ စာေမးပြဲႏွစ္ခ်င္းေပါက္
ေအာင္ျမင္ရမည္ဟူေသာ ဆုံးျဖတ္ခ်က္
ျဖင့္ စာမွန္မွန္က်က္၊ ေက်ာင္းမွန္မွန္
တက္ပါသည္။ အားလပ္ခ်ိန္တြင္ေတာ့
ေဘာလုံးကန္၊ျခင္းခတ္၊ ေရကူးသလို
ရပ္က်ိဳး႐ြာက်ိဳး၊ အမ်ားအက်ိဳးလည္း
တတ္ႏိုင္သေလာက္ ပါဝင္ေဆာင္႐ြက္
ေပးေလ့ ရွိပါသည္။
ဆယ္တန္းစာေမးပြဲႀကီးၿပီး၍ ေႏြ ရာသီ
ေက်ာင္းပိတ္ရက္တြင္လည္း သူ ဝါသနာပါေသာ
သိုင္းပညာသင္တန္း တက္ပါသည္။ေႏြရာသီအကုန္မိုးဦးအစ
တြင္ ဆယ္တန္းစာေမးပြဲ ေအာင္စာရင္၊ ထြက္ပါသည္။
“အဘြား။ အေမ-သား စာေမးပြဲေအာင္တယ္”
“ငါ့ေျမးေအာင္ၿပီ’ငါ့သားစာေမးပြဲ
ေအာင္ၿပီ၊ ႏွစ္ခ်င္းေပါက္(က)အဆင့္နဲ႔ ေအာင္တာေတာ့
အဘြားႏွင့္ မိခင္တို႔ ပီတိျဖစ္ေနၾကပါသည္။
ထိုေန႔တြင္ပင္သူ၏အဘြားျဖစ္
သူေဒၚခ်စ္ျပတ္မွေျပအတြက္လက္စြပ္
တစ္ကြင္း ဆုခ်ီးျမႇင့္ပါသည္။
“အဘြား – ဒါက ဘာလက္စြပ္လဲ”
“ဒါ- မိုးကုတ္ကထြက္တဲ့ ပတၱျမား နဲ႔ ျပဳလုပ္ထားတဲ့
အဖိုးတန္ပတၱျမာ၊လက္စြပ္ကြဲ႕
ပတၱျမားလက္စြပ္မွာ အနီေရာင္
ျဖစ္ေသာ္လည္း ႐ႊန္းလဲ့ေတာက္ပ၍ ေန၏။
အရည္အေသြးေကာင္းေသာ ပတၱျမားကို အဖိုးတန္
ေ႐ႊႏွင့္ ကြပ္ထား ေတာ့ ငါးပိႏွင့္ေလာက္၊ ေ႐ႊႏွင့္ေက်ာက္
ပနာရတင့္တယ္၍ ေနပါသည္။
“ပတၱျမားလက္စြပ္က လက္မွာ
ဝတ္ထားရင္ ဘာေတြ အက်ိဳးထူးရမွာ လဲ-အဘြာ။”
“ငါ့ေျမး ၾကားဖူးမွာေပါ့၊ မေနာမယ
ျပည္တန္ပတၱျမားတို႔၊ ပတၱျမားငေမာက္
တို႔ ဆိုတာေတြေလ။ ပတၱျမားကို ေရွး
ေခတ္ကတည္းက ဘုရင္ျမတ္ေတြ႕
ႏွစ္သက္ျမတ္ႏိုးခဲ့ၾကတယ္၊ သားစဥ္
ေျမးဆက္အေမြေပးခဲ့ၾကတယ္။ပတၱျမား
ဆိုတာဘုန္းေတာက္ေစ၊ ဘုန္းတန္ခိုး
ႀကီးေစတယ္။ လိုရာဆႏၵ ျပည့္ ဝေစ
တယ္။ ေဘးအႏၲရာယ္ ကင္းေဝးေစတယ္”
“အဘြားလက္စြပ္က ေရွးေဟာင္း
လက္စြပ္ေပါ့ေနာ္”
“ဟုတ္တယ္- အဘြားရဲ႕မိဘေတြ
လက္ထက္ကတည္းက ရွိခဲ့တာ၊ မင္း
အဘို။အၿမဲဝတ္ခဲ့တဲ့လက္စြပ္ေပါ့ကြယ္။
ေက်ာက္မ်က္ရတနာနဲ႔ ပတ္သက္လို႔
အဘြား မွတ္မိတာလ၊ ႐ြတ္ဆိုျပမယ္။
မွတ္ထာ။ေနာ္”
ပတၱျမားဘုန္းေတာက္၊ျမေက်ာက္
ေအးခ်မ္။ စိန္စြမ္းဂုဏ္ေရာင္၊
ေၾကာင္ကားသိဒၶိ၊ မဏိနီလာ၊ ေမတၱာလြန္စိတ္၊
ေဂၚမိတ္စြန္အာ။ ဥႆဖယား က်န္းမာ၊
သႏၲာႀကီးကဲ၊ပုလဲက်က္သေရ၊ဆိပ္ေျပ
မဟူရာ၊ မဂၤလာ ေက်ာက္စိမ္း၊ မူးမိုက္
တိမ္းက ပယင္းကိုသာရႉရႈိက္ရာတဲ့။
“ဒီေက်ာက္ေတြအားလုံး
ျမန္မာျပည္ကထြက္တာလား-အဘြား”
“ဟုတ္တာေပါ့ကြယ္ အဘြားတို႔
ျမန္မာႏိုင္ငံမွာ ေက်ာက္မ်က္ရတနာ
မ်ိဳးစုံ ထြက္တယ္။ ျမန္မာ့ရတနာမ်ား
ကေတာ့ကမာၻေက်ာ္ပါပဲ”
“အဘြားရဲ႕လက္စြပ္ကတန္ဖိုးမေသးဘူးေနာ္သား။
စည္းကမ္းရွိရွိ ဝတ္ဆင္၊ သိမ္းဆည္းထား”
မိခင္က စိုးရိမ္တႀကီး ဝင္ေရာက္ေျပာဆိုပါသည္၊
ေနာက္တစ္ပတ္ခန႔္အၾကာတြင္
သူ၏ ဆရာႀကီးအား သြားေရာက္ကန္
ေတာ့ေသာအခါ….
“ေမာင္ျမတ္စံ – ပတၱျမားဆိုတာ
ေဘးရန္အမ်ိဳးမ်ိဳးကို ကာကြယ္ႏိုင္
တယ္၊အေႏွာင့္အယွက္ပေယာဂကိုႏိုင္
တယ္။ စီးပြားတိုးတက္တယ္လို႔
ဟူ၊ရား က်မ္းမွာျပဆိုထားတယ္။ ကိုယ္နဲ႔မကြာ
ေဆာင္ထားသင့္တယ္”
“ဟုတ္ကဲ့ပါ ဆရာႀကီ။”
“ငါ့တပည့္က်န္းမာခ်မ္းသာပါေစ၊
ပညာေရးတိုးတက္ေအာင္ျမင္ပါေစ၊
ေနာက္ဆရာႀကီး မွာခ်င္တာက
တန္ပိုးရွိတဲ့ပစၥည္းဝတ္ဆင္ထားရင္မေကာင္းမႈ
ေတြ႕ကိုအထူးေရွာင္ၾကဥ္ရမယ္”
ေမာင္ျမတ္စံလွ ဆယ္တန္းေအာင္
ၿပီးေသာအခါ တကၠသိုလ္ဆက္တက္ ပါသည္၊
သို႔ ေသာ္ သူဝါသနာပါရာေက်ာင္းဆရာအလုပ္ကိုသာျပဳလုပ္လို
၍ ဆရာအတတ္သင္ေက်ာင္းကိုသာ
တက္လိုက္ပါသည္။ ဆရာအတတ္သင္
ေက်ာင္းေတာ္ႀကီးမွာ သင္တန္းတက္
ေနစဥ္ေႏြရာသီေက်ာင္းပိတ္ေသာအခါ
အထက္အညာေဒသသို႔ “အ”သုံးလုံး
သင္တန္းသြားရန္ ၫြန္ၾကားစာ ရရွိပါ
သည္၊ အသက္ (၂၀)ေက်ာ္ ေက်ာင္း
ဆရာ၊ ဆရာမမ်ား၊ တကၠသိုလ္ေက်ာင္း
သူ၊ ေက်ာင္းသားမ်ား စုေပါင္း၍ မိမိတို႔
တာဝန္က်သည့္ ၿမိဳ႕႐ြာေဒသသို႔ ထြက္ ႐ြာလာၾကပါသည္။
ဆရာျမတ္စံတို႔ဆရာအတတ္သင္
“အ”သုံးလုံး သင္တန္းျပဆရာမ်ားအဖြဲ႕သည္
ရန္ကုန္မွ မီးရထားႏွင့္ ထြက္ခြာ ရၿပီး
ေပ်ာ္ဘြယ္ၿမိဳ႕တြင္ ဆင္းၾကရၿပီး
အေမထိန္းခန္းမတြင္အနားယူၾကရသည္။
ၿမိဳ႕နယ္တာဝန္ခံလူႀကီးတစ္ဦးမွ
အမွာစကားေျပာဆိုရ…
“ဆရာတို႔တာဝန္က်တဲ့႐ြာကေတာ့
ေအာင္းကုန္း႐ြာပါပဲ။ ဒီေပ်ာ္ဘြယ္ၿမိဳ႕နဲ႔
အေဝးဆုံး ေတာင္ေျခ႐ြာတစ္႐ြာပါပဲ”
သင္တန္၊ဆရာမ်ားထဲမွ ဆရာတစ္ဦးမွ ထ၍ ..
“လူႀကီးမင္း- ခင္ဗ်ား ဘာေၾကာင့္
ေအာင္းကုန္းလို႔ ေခၚရတယ္ဆိုတာ
သိရင္ရွင္းျပေပးပါခင္ဗ်ာ” “ေအာ္- ဒါက ဒီလိုပါ။
ေရွးတုန္းက ေရွးဘုရင္ မင္းညီမင္းသားေတြက ဒီ
ေပ်ာ္ဘြယ္ဘက္ ေတာင္ေျခေတြအထိ
ေတာကစားထြက္ခဲ့ၾကပါတယ္။ေတာင္
ေျခမွာအနားယူၾကတယ္။အဲဒီမွာ ခ်က္
ျပဳတ္စားေသာက္ေပ်ာ္ပါးပါး ေနထိုင္
ခဲ့ၾကလို႔ ေပ်ာ္ဘြယ္လို႔ ေခၚခဲ့ၾကတာပါ၊
ေပ်ာ္ဘြယ္ဆိုတာမႏၲေလးတိုင္း၊ ရမည္း
သင္၊ခ႐ိုင္မွာ ပါဝင္ပါတယ္။ ေအာင္၊
ကုန္းဆိုတာကေတာ့ မင္၊ညီမင္းသာ၊
ေတြနန္းတြင္းေရးရာကိစၥေတြေပၚေပါက္
တဲ့အခါမွာဒီေတာင္ေျခကိုထြက္ခြာလာ
ၾကၿပီး ခိုေအာင္းတည္းစိုခဲ့ၾကပါတယ္။
ဒါေၾကာင့္ဒီေတာင္ကုန္းပတ္ဝန္းက်ပ္ကို
ေအာင္းကုန္းလို႔ အမည္တြင္ေစခဲ့တာ
“ဟုတ္ကဲ့ပါ-ခင္ဗ်ာ၊ သေဘာေပါက္ပါၿပီ”
“ကဲ- ဆရာတို႔၊ ဘာေတြ ေမးခ်င္
သိခ်င္ၾကေသးလဲ”
“ဒီ႐ြာဘက္ကလူေတြဘာလုပ္ငန္း
နံ႔အသက္ေမြးျမဴၾကပါသလဲ”
“သူတို႔ကေတာ့ ေတာင္ယာလုပ္၊
ထင္းခုတ္၊အခ်ိဳ႕လည္း သားေကာင္ဖမ္း
တဲ့ မုဆိုးအလုပ္ လုပ္ၾကပါတယ္။ ႐ြာသူ
႐ြာသားေတြက အင္မတန္ရွိ၊သားၾကပါတယ္။
ေစတနာလည္း ေကာင္းၾကပါတယ္”
“ဟုတ္ကဲ့ပါ – ေက်းဇူးတင္ပါတယ္
ခင္ဗ်ားကြၽန္ေတာ္တို႔လည္းတတ္ႏိုင္
သေလာက္ ႀကိဳးစားသင္ေပးပါမယ္။
ေမာင္ျမတ္စံအနီးတြင္ ထိုင္ေနေသာ
အသားျဖဴျဖဴ၊ ပိန္ပိန္သြယ္သြယ္ႏွင့္
ကိုခင္ႀကိဳင္မွ မတ္တတ္ထ၍ ေျပာလိုက္ေလ၏။
“ဆရာတို႔ ေအးေအးေဆးေဆး
အနားယူၾကပါ။လိုအပ္တာရွိရင္လည္း
ေျပာပါ။ေတာင္းဆိုၾကပါ”
“အ”သုံးလုံးသင္တန္းဆရာမ်ားကို
ၿမိဳ႕နယ္မွတာဝန္ခံလူႀကီးမ်ားကလည္း
ဧည့္ဝတ္ေက်ပြန္စြာ ဆက္ဆံၾက၏။
ညေနပိုင္းတြင္ ေမာင္ျမတ္စံႏွင့္
ေမာင္ခင္ႀကိဳင္တို႔ ႏွစ္ေယာက္ လမ္း
ေလွ်ာက္ထြက္၊ ပတ္ဝန္းက်င္ကို ေလ့
လာၾကၿပီး အညာေလ ပူေႏြးေႏြးကို ရႉ
ရႈိက္လိုက္ၾကပါသည္။ တကယ္ေတာ့
ေပ်ာ္ဘြယ္ဆိုတာျမန္မာႏိုင္ငံရဲ႕ေျမလတ္
ပိုင္းအထက္မက်ေသးတဲ့ၿမိဳ႕ေလးတစ္ၿမိဳ႕
ပဲဟုေတြးမိလိုက္၏။
ေနာက္တစ္ေန႔နံနက္ အိပ္ရာမွ
ေစာေစာထၾက၏။ ယူေဆာင္လာသည့္
ပစၥည္းမ်ား စနစ္တက် သိမ္းဆည္းၾကရ၏။
“ကိုျမတ္စံ ဘာေတြကူသယ္ေပးရမလဲ”
“ရပါတယ္ – ဆရာႀကိဳင္း ပစၥည္းကတစ္ႏိုင္စာပါပဲ”
“ဆရာကလည္။ အဲ – ကိုျမတ္စံ
ကြၽန္ေတာ့္ကိုရင္းရင္းႏွီးႏွီးကိုႀကိဳင္လို႔ပဲေခၚပါ”
“ေကာင္းပါၿပီ – ကိုႀကိဳင္”
တကယ္ေတာ့ သူတို႔အေနျဖင့္
အသက္ (၂၀)နီးပါး (၂၀) ေက်ာ္ေက်ာ္
သာရွိၾကေသးေသာလူငယ္မ်ားျဖစ္၍
ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေျပာဆိုေနထိုင္ဆက္ဆံ
ေနၾကသည္မွာ မထူးဆန္းပါ။
“ကို ျမတ္စံ ပတၱျမားလက္စြပ္ကေတာ့
အရည္အေသြးေကာင္းပဲ၊
ေနေရာင္ျခည္နဲ႔ကိုတဖ်ပ္ဖ်ပ္ေတာက္ပ ေနတာ။
ပတၱျမားေက်ာက္အစစ္ဆိုတာ
ထင္ရွားေနတာပဲ”
“ဟာ-ကိုႀကိဳပ္ကလည္း ပတၱျမား
ဆိုတာအတုရွိလို႔လာ။” “ရွိတာေပါ့-ကိုျမတ္စံရယ္”
“ကဲ-ဆရာတို႔ကားေရာက္လာၿပီ။
ကားေပၚတက္ၾကပါ” ကိုျမတ္စံတို႔အဖြဲ႕ ေလးေထာင့္
ဘတ္စ္ကားေပၚတက္ၾကရ၏။အခ်ိဳ႕
သတၱာမ်ားလည္း ေခါင္းေပၚသို႔ တင္
ၾကရပါသည္။ ေခါင္မိုးကပစၥည္းတင္ရန္
ေလးေထာင့္ ၿခံခတ္ထား၏။ အခ်ိဳ႕က
ဝက္ၿခံဟု ေခၚၾကပါသည္။ ဤကားကို
ေတာကားလို႔ ေခၚၾကသလို ခ်က္ပက္
လက္ကားဟူ၍လည္း ေခၚဆို ၾက ပါသည္။
(ယခုအခါထိုကားမ်ားေနရာ တြင္
ဒိုင္နာကားမ်ား ေျပးဆြဲေနပါၿပီ
သင္တန္းနည္းျပ “အ”သုံးလုံး
ဆရာမ်ား တစ္႐ြာတြင္ ႏွစ္ေယာက္စီ
ခြဲခ်ေပးပါသည္။ကိုျမတ္စံႏွင့္ကိုခင္ႀကိဳင္
ကေတာ့ ေအာင္းကုန္း ႐ြာတြင္တာဝန္က်ပါသည္။
ကားေပၚတြင္ လုံၿခဳံေရးအတြက္
ရဲတပ္သားႏွစ္ဦးလည္း ပါလာပါသည္။
လမ္းတစ္ေလွ်ာက္ ဖုန္ထသည္မွလြဲ၍
မည္သည့္အႏၲရာယ္မွ မေတြ႕ရပါ။ ကိုျမတ္စံမွ …
“ကိုႀကိဳင္ – ေစာေစာဂ စာေစာက ေျပာတဲ့
ပတၱျမားအတု၊ အစစ္အေၾကာင္း ဆက္စမ္းပါဦး”
“လမ္းက႐ုန္၊ဖုန္ကထေဘာ့စကား
ေျပာရမွာေတာင္ မဟရဲဘူး ျဖစ္ေနတယ္”
“ကိုျမတ္စံကေတာ့ ဒီေလာက္ ကေဘာ့ရွိမွာေပါ့
ကိုႀကိဳင္ရယ္၊လွည္း စီးရင္ပိုေတာင္ဆိုးလာဦးမယ္၊
ဒါေတြက သဘာဝအလွအပေတြလို႔သေဘာထာ၊လိုက္ပါ
ကိုႀကိဳင္သည္ ႐ုပ္သာမကစိတ္လည္းႏုပုံရပါသည္။
ကိုျမတ္စံႏွင့္ေတာ့
ဆန႔္က်င္ ဘက္ ျဖစ္ေနေသာ္လည္း
အေပ်ာ့ႏွင့္အမာ၊အျဖဴႏွင့္အမည္၊အပူ
ႏွင့္ အေအ၊ တြဲထားသည္ မွာလည္း
ေလာကသဘာဝႏွင့္ ကိုက္ညီ၍ ေနပါသည္။
“ပတၱျမားအတုကခ်က္ေက်ာက္ကို ေခၚတာပါ။
ရက္ေက်ာက္ဆိုတာလူေတြတီထြင္
ဖန္တီးထားတဲ့ ေက်ာက္၊ အတု ဆိုတာ ေပါ့တယ္၊
အစစ္က ေလးတြဲ႕ တယ္။
အ႐ြယ္တူႏွစ္လုံးယွဥ္ၾကည့္လိုက္၊ ေပါ့ရင္ အတုပဲေပါ့”
“ကြၽန္ေတာ့္ ေက်ာက္ကေတာ့ေလးတယ္ဗ်ာ”
“ေနာက္- ေနေရာင္မွာ ေထာင္ ၾကည့္၊
ဖလ္မွန္ကဲ့သို႔အျခားတစ္ဖက္ကို
ထိုးထြင္းေဖာက္ျမင္ရရင္ အတုျဖစ္
တယ္၊ အစစ္ဆိုရင္ မျမင္ရဘူး။
ၿပိဳးၿပိဳး ျပက္ျပက္အေရာင္ေတြ လွ်ံထြက္ေနတယ္”
“အတုျဖစ္တဲ့ ခ်က္ေက်ာက္ က
ပူေသာ ဓာတ္သေဘာရွိတယ္၊ အစစ္
ကေတာ့ ေအးတဲ့ဓာတ္ရွိတယ္။ အတုနဲ႔
အစစ္ကို ပါးျပင္မွာ ေခတၱမွ်ကပ္ထား
ၾကည့္ရင္ သိႏိုင္ပါတယ္”
“အင္း- ကိုႀကိဳင္ ေျပာမွပဲ သေဘာ
ေပါက္နားလည္ေတာ့တယ္”
စကားတေျပာေျပာႏွင့္ကားစီးလာ
ၾကရာကားဂိတ္ဆုံးသြားပါသည္။
“ကဲ- ဆရာတို႔၊ ဒီမွာ ဂိတ္ဆုံးသြား ၿပီ။
ဟိုဘက္ကိုေတာ့ ႏြားလွည္းနဲ႔ လကသြားၾကရမယ္”
ကားေပၚမွ ပစၥည္းေတြ ေအာက္ခ်၊
အသင့္ရွိေနေသာလွည္းေပၚတင္ၾက ရပါသည္။
ညေန ေနေအးခါနီးမွ ႏြား လွည္း ထြက္ပါသည္။
လွည္းႏွစ္စီးတြင္
တစ္စီးေပၚမွာ ကိုျမတ္စံတို႔ ႏွစ္ေယာက္
နင့္ရဲသားတစ္ဦး က်န္တစ္စီးမွာပစၥည္း
မ်ားႏွင့္ရဲသားတစ္ဦး စီးနင္းလိုက္ပါလာ
ၾက၏။ ည (၁၀) နာရီေက်ာ္တြင္ ႐ြာ
တစ္႐ြာဝင္ၿပီး ဘုန္းႀကီးေက်ာင္းမွာ နာ
ၾကားရျပန္၏။ အားလုံး အနားယူၾကၿပီ။
ေနာက္တစ္ေန႔နံနက္လည္းဆက္ထြက္
ပါသည္။အရိပ္ေကာင္းေသာဇရပ္တစ္ခု
ေရာက္လွ်င္ အနားယူလိုက္ၾက၊ ေရ
ေသာက္ၾကၿပီးလွ်င္တျဖည္းျဖည္း ဆက္
ထြက္လာၾကႏွင့္ ညဘက္မွ ႐ြာဝင္ေလ
၏။ ေပ်ာ္ဘြယ္ၿမိဳ႕မွ ေအာင္း႐ြာသို႔ကား
တစ္ဆင့္ လွည္းတစ္ဆင့္ႏွင့္ ႏွစ္ညတာ
အခ်ိန္ၾကာျမင့္ခဲ့ပါသည္။
“ကဲ – ဆရာတို႔ ပင္ပန္၊သြားၾကၿပီ လား။
ဒီတစ္ညလည္း ေက်ာင္းမွာေအး ေအးေဆးေဆး
အနားယူလိုက္ၾကဦး” ႐ြာသူႀကီးဆိုသူမွႀကိဳဆိုႏႈတ္ဆက္
၍အားေပးစကား ေျပာပါသည္။႐ြာသူႀကီး
ကိုယ္တိုင္ လိုက္၍ ဘုန္းႀကီးေက်ာင္း မွာ ေနရာခ်ေပ။ပါသည္။
“ဒီတစ္ည ဘုန္းႀကီးေက်ာင္းမွာ အနားယူၾက၊
ေမာင္ေက်ာင္းသားေတြ လာခဲ့ၾက၊
ဆရာေလ၊ႏွစ္ေယာက္ကို အိပ္ဖို႔ ေနရာျပေပ။
ဖ်ာခင္းေပးၾက၊ မီ၊ ခြက္ထြန္းေပးလိုက္ဦး”
ေက်ာင္းထိုင္ဆရာေတာ္မွလည္း
ေစတနာပါပါ မိန႔္ဆိုေနသံ ၾကားရ၏။
ေနာက္တစ္ေန႔တြင္႐ြာပတ္ဝန္းက်င္ကို
ေလ့လာၾက၊ ႐ြာထဲဝင္၍ စပ္စုၾကရပါ
သည္။ ေတာင္ကုန္းေျမာက္ဘက္
ေတာင္ကုန္၊ ေတာတန္းပတ္ဝန္းက်င္
တြင္ေက်း ငွက္တိရစာၦန္မ်ားရွိပါသည္။
ေက်းငွက္မ်ား ျမဴးထူးေပ်ာ္ပါးေသာ
အသံ၊ ေဒါင္းတြန္သံ၊ ငွက္ေအာ္သံမ်ား
ၾကားရသလို ေရသတၱဝါမ်ား ေျပးလႊား
သြားသည္ကိုလည္းေတြ႕ျမင္ရပါသည္။
သစ္ပင္ႀကီးငယ္အသြယ္သြယ္ႏွင့္
စိမ္းလန္းစိုျပည္၍ေနေသာ ေတာင္ေျခ
ရႈခင္း၊ေက်းငွက္သတၱဝါ ဘာသာဘာဝ
ေပ်ာ္႐ႊင္ျမဴ၊ထုသည္ ေတာတန္းတို႔
ေၾကာင့္ ေရွးအခါက မင္းညီမင္းသားတို႔
ေတာကစားထြက္၊ ေပ်ာ္ပြဲဆင္ႏႊဲခဲ့သည္
ဟုေျပာဆိုၾကသည္မွာလက္ေတြ႕အျမင္
တြင္ မျငင္းႏိုင္ပါေပ။ ညိဳ႕ညိဳ႕မႈိင္းမႈိင္း
အုပ္အုပ္ဆိုင္းဆိုင္း ေတာေတာင္ျမင္
ကြင္းကို ျမင္ရေတာ့ စိတ္တြင္ ဘာကို
ဘယ္လိုလြမ္းရမွန္းမသိ၊ ခ်စ္သူမရွိ
ေသးေတာ့လည္း ကိုျမတ္စံကေတာ့
အဘြားႏွင့္ အေမကို သတိရလြမ္းဆြတ္
မိလိုက္ပါသည္။
“ဆရာေလးတို႔ ထမင္းစား ႂကြပါခင္ဗ်ာ”
႐ြာသားတစ္ေယာက္ လိုက္ေခၚ၍
သူႀကီးအိမ္မွာ နံနက္စာ စားၾကပါသည္။
ညေနေရာက္ေတာ့ “အ” သုံးလုံး
သင္တန္းစရန္ျပင္ဆင္ၾကရ၏။
စာသင္ၿပီးေသာအခါ ဘုန္းႀကီး
ေက်ာင္းျပန္အိပ္ၾကရ၏။ ႏွစ္ေယာက္
အိပ္ယာျခင္ေထာင္ေထာင္ကာေခါင္းရင္း
ျပတင္းေပါက္ပြင့္အိပ္ေတာ့ေတာင္တန္။
ကို ျဖတ္ေက်ာ္လာေသာ ေလညိဳ႕ေအး
ေၾကာင့္သူငယ္ခ်င္းနစ္ေယာက္ႏွစ္ၿခိဳက္
စြာအိပ္ေပ်ာ္သြားၾကပါသည္။
နံနက္ေစာေစာထ မ်က္ႏွာသစ္ ကိုယ္ခႏၶာ
သန႔္စင္ၿပီးေသာအခါဘုန္းႀကီးေက်ာင္းအနီး
ေရွးေဟာင္းဘုရား
ေစဘိကိုပူဒဏ္ကန္ေတာ့လိုက္ပါသည္။
ကိုျမတ္စံ စိတ္ဝင္စားသည္မွာထိုေစတီ
အနီးရွိ အုတ္ဂူႏွစ္ဂူ ျဖစ္ပါသည္။ဤ႐ြာ
ပတ္ဝန္းက်င္ႏွင့္ ေတာင္ေပၚတြင္
ေရွး ေဟာင္းဘုရားအခ်ိဳ႕ကို ေတြ႕ျမင္ရပါသည္၊
“ဆရာေလ။- အခ်ိဳ႕ေတာင္ကုန္း ေတြမွာ
ေရွးေဟာင္းပစၥည္းေတြေတာင္ ရွိတယ္လို႔ၾကားတယ္”
႐ြာသားတစ္ဦး၏ ေျပာဆိုသံကို
ၾကားေယာင္ေနမိပါသည္။
“အခ်ိဳ႕ဆို သစ္ပင္ခုတ္ၿပီး သစ္ျမစ္
ေတြ၊ ဘာေတြ တူးေဖာ္ရင္း ေ႐ႊထည္
ပစၥည္းအေဟာင္းေတြ ရခဲ့ ဖူးတယ္။
အခ်ိဳ႕လည္း ေျမအိုးေဟာင္းေတြ ရၾကတယ္”
ကိုျမတ္စံ စဥ္းစားေတြးေတာရင္း
႐ြာသားမ်ား ေျပာဆိုသံကိုၾကားေယာင္ေနမိဆဲ၊
“ကိုျမတ္စံ-ဘာေတြေတြးေနတာ
“ဘုရားေစတီ ႐ုပ္ပြားေတာ္ေတြအေၾကာင္းပါ”
“ဒ္မွာ ထူးျခားတာ သတိထားမိလား
“ေစတီအပ်က္ေတြကို ေျပာတာလားကိုေျပာတာ”
“ဘုရား႐ုပ္ပြားေတာ္ရဲ႕အေနအထား
ကိုျမတ္စံေခတၱစဥ္းစားေနၿပီးမွ–
“ေအာ္- ဘုရားဝမ္းဗိုက္ေတြ႕မွာ
အေပါက္ျဖစ္ေနတဲ့ကိစၥလား”
“ဟုတ္တယ္ေလ-ကိုျမတ္စံဘယ္လိုထင္လဲ”
“ဒါ- သိုက္တူးသမား၊ မိစာၦဝါဒိေတြ
ရဲ႕လက္ခ်က္ျဖစ္မွာေပါ့ကြာ”
“ဝမ္းဗိုက္ထဲက ဌာပနာ ဂိုး ေဖာက္ယူၾကတယ္လို႔ ဆိုလိုတာလား”
“အဲဒီလိုပဲ ျဖစ္ႏိုင္တယ္”
“အခ်ိဳ႕လည္း စိတ္ထင္နဲ႔ လုပ္ၾက
တာျဖစ္မယ္။မသမာေလာဘသမားေတြ
ရဲ႕ အယူမွား အေတြးမ်ားေတြ႕ေပါ့ဗ်ာ။
ေလာဘသမားေတြရဲ႕အယူမွားအေတြး
မွားေတြေပါ့ဗ်ာ”
“ဆရာေလးတို႔ ေရေႏြးၾကမ္း
ေသာက္ၾကပါဦး
“တင္ပါ့ဘုရာ၊-အခုလာပါ့မယ္ဘုရား”
ေရေႏြးၾကမ္းႏွင့္ အေၾကာ္စားၿပီး
ေသာအခါ ဆရာေတာ္မွ
“ဒကာျမတ္စံကို ေျပာရဦးမယ္။
က်ဳပ္ မုခ္ဦ၊ တိုးခ်ဲ႕ဖို႔။ အဲဒါ ေဘးမွာက
အုတ္ဂူနစ္လုံး ခံေနတယ္။ ဒီဘက္က
သင္ပုတ္ပုလႅင္ (တိရစာၦန္မ်ားအစာ
ေႂကြးေသာခုံ) ကိုေတာ့ ဖ်က္စရာ မလို
ဘူး။ အုတ္ဂူနစ္လုံးကိုေတာ့ ဖ်က္ခ်င္တယ္ဆရာေလ”
“တပည့္ေတာ္တို႔ ဘယ္လိုကူညီ
ေပးရမလဲ ဆရာေတာ္”
“ဆရာျမတ္စံ ဦးေဆာင္ၿပီး ဖ်က္ရဲ
လား။ဘုန္းႀကီး႐ြာသားေလးငါးေယာက္ေခၚေပမယ္”
ဆရာျမတ္စံက မူလဉာဥ္အတိုင္း
ဆုံးျဖတ္ခ်က္ ျမန္၊ ရဲစြမ္းသတၱိရွိသူ ျဖစ္
“တပည့္ေတာ္ေဆာင္႐ြက္ေပးပါ့
မယ္၊ လုပ္ရဲပါတယ္ ဆရာေတာ္” ကိုခင္ႀကိဳင္မွ …
“အုတ္ဂူပိုင္ရွင္ေတြနဲ႔ ျပႆနာ တက္ေနဦးပယ္။
ငါေတာ့ မပါဘူးေနာ္။
မလုပ္ရဲဘူး” ကိုျမတ္စံ … “ဒီအုတ္ဂူမွာ
အပည္ကမၸည္းေတြ ေရးထိုးထားတာမေတြ႕မိပါဘူ။”
“ဟုတ္ပါတယ္ – ဆရာေလးတို႔ ၊ ဒီအုတ္ဂူနစ္လုံးဟာ
ပထမ မူလစာရာ ေတာ္ေတြရဲ႕လက္ထက္
ကတည္းက ရွိေနတာပါ။ ႐ြာသူ ႐ြာသားေတြထဲ ကေတာ့
မျဖစ္ႏိုင္ဘူး။ အျခား႐ြာက
လာ။ ဒါမွမဟုတ္ ခရီးသည္ေတြလာ။
နန္းတြင္းက ေတာကစားထြက္လာၾက
သူေတြလား၊ ဘုန္းႀကီးလည္း ေသခ်ာမသိဘူ၊”
“ဘာပဲျဖစ္ျဖစ္ – တပည့္ ေတာ္ ဦးေဆာင္လုပ္ေပးမယ္
မနက္ျဖန္မနက္ ႐ြာသားေတြကိုသာေခၚေပးပါ
ေနာက္ေန႔နံနက္တြင္ ႐ြာသား ေလးဦးေပါက္တူး၊
ေပါက္ျပား၊ တူ႐ြင္း ျပားမ်ားႏွင့္ ေရာက္ရွိလာပါသည္၊
“ဆရာေလ။-ေငြ႕ဒဂၤါ၊ ေ႐ႊဒဂၤါးျပား
ေတြ႕ရရင္ တစ္ေယာက္တစ္ဝက္ ေပးရမယ္ေနာ္”
႐ြာသားတစ္ဦးေနာက္ေျပာင္သလို
အတည္လိုလိုေျပာဆိုလာ၏။
“ေအးပါကြာ – ေပးပါ့မယ္၊ ေႁမြေတြ
ရရင္လည္းတစ္ေယာက္တစ္ဝက္ယူရ
မယ္ေနာ္-ဟဲ-ဟဲ-ဟဲ”
ထို႐ြာသားအသံတိတ္သြားေလ၏။
ဤသို႔ႏွင့္ ေရွးေဟာင္းအုတ္ခ်ပ္ အထု
မ်ားျဖင့္ အခိုင္အမာ ျမင့္ျမင့္မားမား
ျပဳလုပ္ထားေသာ ဂူႏွစ္လုံးကို တစ္
ေယာက္တစ္လက္ ဝိုင္၊ပ်က္ေနၾကရပါသည္။
“ဘာမ်ား ထြက္လာမလဲ၊ ျမင္ၾကရမလဲ”
“ဒုန္း – ဒုန္း… ဒုတ္” “ထုကၡာ- ဟုတ္ၿပီ- ကြဲသြားၿပီ၊
တြန္းခ်လိုက္”
“အုန္း – အုန္း – ေျဖာင္း”
“အုတ္က မာသလား မေမးနဲ႔။ ငါ့
တူ႐ိုးေတာင္ က်ိဳးသြားတယ္” ညေနေစာင္၊ ေရာက္လာေသာ
အခါ အုတ္ဂူတစ္ဝက္ ပ်က္သြားၿပီး
ကင္းမလက္မည္းမ်ား တန္းစီ၍ ထြက္ လာပါသည္။
“ဟာ-ကင္းမလက္မည္းႀကီးေတြ
အုပ္လိုက္ပါလာ။” “ေမာင္းထုတ္လိုက္ကြာ”
“အားပါးပါး- ကင္းမလက္မည္။
ေကာင္ေတြ အုပ္လိုက္ထြက္လိုက္ပါလား”
“ကုန္သြားၿပီလား- ေသခ်ာၾကည့္ၾကေနာ္”
“ရွင္းသြားၿပီ-တစ္ေကာင္မွ မရွိေတာ့ဘူး”
အုတ္ဂူေအာက္ေျခတြင္ ၾကည့္
လိုက္ေသာအခါ ေၾကးအိုးတစ္လုံးစီေတြ႕ရေလ၏။
အိုမွာ အဝက်ဥ္းၿပီး ေအာက္ပိုင္း က်ယ္ေသာ
အိုးျဖစ္ပါသည္။ ပ်ဳေခတ္ အိုးပုံစံႏွင့္ တူပါသည္။
အဝမွ အထဲကို ၾကည့္လိုက္ေသာအခါျဖဴျဖဴေဖြးေဖြး
အစိုင္အခဲမ်ား..
“ဟာ-အ႐ိုးေတြပဲ ျဖစ္ေနပါလား”
“ဆရာေလး ေသခ်ာၾကည့္ပါဦ။”
အိုးကိုလႈပ္ၾကည့္လိုက္၏။ ေသရာ ပါသည္။
အ႐ိုးအိုး၊ အိုးပတ္လည္ကို
ၾကည့္လိုက္၏။ မည္သည္ စာအမွတ္ အသာ။
သဒက္တမွ မေတြ႕ရေပ။ “ကဲ- အိုးႏွစ္လုံး ဗယ္ၿပီးက်န္တဲ့
အပိုင္းကို ဆက္ၿဖိဳပစ္လိုက္ၾကေတာ့”
ေနဝင္မိုးခ်ဳပ္ခါနီးတြင္ အုတ္ဂူႏွစ္
လုံးၿဖိဳဖ်က္ၿပီးသြားပါသည္။
“ဒကာ ျမတ္စံတို႔ ဘာေတြ ေတြ႕ရ
“အ႐ိုးအိုးတစ္လုံးပဲေတြ႕ရပါတယ္ဆရာေတာ္”
“ေအး … ေအး … သင့္ေတာ္ရာကိုစြန႔္ပစ္လိုက္ၾက”
ကိုျမတ္စံကေတာ့ စိတ္ျမန္သူ၊
အယူအဆ အစြဲအလမ္းမရွိသူပီပီအ႐ိုး
အိုးတစ္လုံးစီကို ေက်ာင္းၿခံစည္း႐ိုး
အျပင္ဘက္ရွိ ေညာင္ပင္ႀကီးေအာက္
သို႔လွမ္းပစ္လိုက္ပါ။ဟုသည္။
အိုးမ်ားလည္း ေညာင္ပင္ႀကီး ေအာက္တြင္
ေၾကမြပ်က္စီးသြားပါ သည္။ အုတ္ဂူႏွစ္လုံး
ႏွင့္ အိုးႏွစ္လုံး ဖ်က္ျခင္းကိစၥၿပီးသြားေသာ္လည္းဇာတ္
လမ္းကမၿပီးေသးေပ။
ညဘက္တြင္ “အ”သုံးလုံးသင္ တန္းကို
႐ြာသူႀကီးႏွင့္အတူဆရာျမတ္စံ လိုက္လံ
စစ္ေဆးရပါသည္။ ေအာင္းကုန္းႏွင့္
အနီး႐ြာတြင္ “အ”သုံးလုံး သင္
တန္းခြဲ(၁၀)ခုဖြင့္ထားပါသည္။ေအာင္း
ကုန္းအုပ္စုတြင္ စစ္ေဆးေနဆဲမွာပင္
႐ြာသားနစ္ဦး အေျပးအလႊားေရာက္ရွိလာပါသည္။
“ဆရာေလး-ဆရာေလး-စာရာ
ေလး- သူငယ္ခ်ဳပ္၊ ကိုခင္ႀကိဳင္ ေန
မေကာင္းျဖစ္ေနတယ္။ ေက်ာင္းကို
အျမန္ျပန္လိုက္ခဲ့ပါ”
ကိုခင္ႀကိဳင္ ဒီတစ္ညနားခ်င္တယ္
ထို၍ေက်ာင္းမွာေနခဲ့ပါသည္။ သူထြက္
လာတုန္းကအေကာင္းပါ။ ဘယ္လိုျဖစ္
ေနပါလိမ့္ဟု ကိုျမတ္စံ စဥ္းစားရင္း ျပန္
လိုက္သြားပါသည္။ နာရီၾကည့္လိုက္
ေတာ့(၉)နာရီသာသာရွိပါေသးသည္။
လာေရာက္ေခၚေသာ႐ြာသားႏွစ္ဦး
ႏွင့္ ဆရာေလးျမတ္စံ ျပန္လိုက္သြား
ရပါသည္။ ေျခလွမ္းမ်ားလည္း သြက္၍
အလွမ္းႀကဲေနပါသည္။ “ဘယ္လိုျဖစ္ေနတာလဲဗ်”
“ဘာျဖစ္မွန္းမသိဘူး။ငိုလိုက္ရယ္
လိုက္ျဖစ္ေနတယ္၊ ေက်ာင္းေရာက္ရင္ေတြ႕ရပါမယ္”
ေက်ာင္၊ေပၚေရာက္ေတာ့ကို
ခင္ႀကိဳင္တစ္ေယာက္ရယ္ေနတာေတြ႕ရ၏။
ခဏၾကာေသာအခါ… “ဟား – ဟာ၊ – ဟား”
ရယ္လိုက္ျပန္၏။
“ႏႈတ္ကလည္း ဟိုမွာလာေနၿပီး
အေကာင္ႏွစ္ေကာင္ လာေနတယ္။
လာေနၿပီ-လာေနၿပီ”
“ခင္ႀကိဳင္ ဘာေတြျဖစ္ေနတာလဲ”
“ေျပာလကြာ- ဘာေတြလာနတာလဲ”
“ဟိုမွာ-ဟိုမွာ-အင္း-ဟီး-ဟီး-ဟီး”
“ဘာမွ မလာဘူး၊ ဘာမွလည္း မရွိဘူး။ ငိုမေနနဲ႔”
“႐ြာသားတစ္ေယာက္ကို ေဆး
ဆရာေခၚခိုင္းထားပါတယ္”
“မင္းၿငိမ္ၿငိမ္ေန” ဘာမွမေျပာနဲ႔”
ကိုျမတ္စံ အသံကိုျမႇင့္၍ ေဟာက္
လိုက္ပါသည္။ ထို႔ေနာက္ ဘုရားဂုဏ္
ေတာ္ကိုးပါး ႐ြတ္ဆိုကာ ေခါင္းကို ပုတ္လိုက္၏။
“ေရတစ္ခြက္ ခပ္လိုက္ပါ”
ေရခြက္တြင္ ပတၱျမားလက္စြပ္ကို
ထည့္စိမ္ၿပီ။ ေရႏွင့္ေတာက္ျဖန္းကာ
ထိုေရကိုတိုက္လိုက္ပါသည္၊
ကိုခင္ႀကိဳင္ ပုံမွန္အတိုင္း ျဖစ္သြားပါသည္။
“မင္း-ဘာေဘြျမင္ေသးလဲ”
“ဘာမွ မျမင္ေတာ့ပါဘူး”
“ဘာျဖစ္သြားတာလဲ”
“ဆရာေလး-ေဆးဆရာကစရီ၊
လြန္ေနလို႔ မေတြ႕ခဲ့ဘူ။”ပါၿပီ”
“ရတယ္ – ရတယ္… ေကာင္းသြာ၊
“ဆရာေလးက တယ္စြမ္းပါလား၊
ေဆးကုတာလည္း တတ္တယ္ေနာ္၊
ဒီပညာေတြလည္းတတ္လား”
“ဘာပညာမွမတတ္ပါဘူး။ ဘုရား
ဂုဏ္ေတာ္၊ ဂါထာေတာ္ေတြရဲ႕ေက်းဇူးေၾကာင့္ပါ”
ထိုညတြင္ကိုျမတ္စံႏွင့္ကိုခင္ႀကိဳင္
တို႔နစ္ေယာက္ ျခင္ေထာင္မေထာင္ဘဲအိပ္လိုက္ၾက၏။
“မင္း- ည – ထေၾကာင္ရင္ ငါထထိုးမယ္ေနာ္”
စိတ္ထဲမပါေသာ္လည္းၿငိမ္ၿငိမ္အိပ္
၍ရေအာင္ ခပ္တည္တည္ေျပာဆိုလိုက္ပါသည္။
ထိုညတြင္ေက်ာင္းထိုင္ဆရာေတာ္မွစိုးရိမ္စိတ္
ေၾကာင့္ေက်ာင္းအေပၚထပ္တက္၍
က်ိန္းပါသည္၊ ဆရာေလ၊ ခင္ႀကိဳင္လည္း ဘာမွ ထပ္မျဖစ္ေတာ့
မနက္ေရာက္ေသာအခါ-
“ခင္ႀကိဳင္ညကအျဖစ္အပ်က္ေတြ
မွတ္မိရင္ ျပန္ေျပာပါဦး”
“ညေနမိုးခ်ဳပ္ၿပီး ေမွာင္ရီပ်ိဳးစအခ်ိန္မွာ
ေက်ာင္းသားတစ္ေယာက္ ေညာင္
ပင္ႀကီးဘက္ၾကည့္ၿပီးရပ္ေနတယ္၊အဲဒါ
ငါလည္းေက်ာင္းသာ၊ပခုံးကို ပုတ္ၿပီး
“မင္း ဘာျဖစ္ေနတာလဲ”ေမးေတာ့
ေညာင္ပင္ဘက္ကို လက္ညႇိဳးထိုးၾကတယ္။
ျဖဴျဖဴေဖြးေဖြး ရွည္ရွည္ႀကီးအရိပ္
ႏွစ္ခုလာေနတယ္လို႔ေျပာၿပီး ေၾကာက္႐ြံ႕တဲ့ပုံျဖစ္ေနတယ္။
ေက်ာင္းဘက္လာေနတယ္၊ လာ
ေနတယ္ေျပာၿပီး တဟီးဟီး – တဟဲဟဲလုပ္ေနတယ္”
ေက်ာင္းသားပ႐ုံေပၚမွ ငါ့ရဲ႕လက္
ျပန္႐ုပ္သိမ္းလိုက္ခ်ိန္မွာ ေက်ာင္းသား
ေလး ဘာမွမျဖစ္ေတာ့ဘဲ ငါ အဲဒီလို ျဖစ္သြားရတာပါပဲ”
“အင္း- ဒါဆို ငါ ပစ္လိုက္တဲ့ အို၊ ႏွစ္လုံးရဲ႕
အုတ္ဂူပိုင္ရွင္ႏွစ္ဦးပဲ ျဖစ္ရမယ္”
“ေတာ္ေသးတာေပါ့ကြာငါ့သူငယ္ခ်င္းအခ်ိန္မီေရာက္လာလို႔”
“ေအး- ငါလည္း တစ္ခါမွ ႀကဳံဖူး တာမဟုတ္ဘူး။
တတ္သေလာက္ မွတ္ သေလာက္ လုပ္လိုက္ရတာပဲ”“ကိုျမတ္စံ မစြမ္းေပမဲ့ ပတၱျမာ၊
လက္စြပ္က စြမ္းတာျဖစ္ရမယ္”
“ေအး-ဒါလည္း ျဖစ္ႏိုင္ပါတယ္။
ဘုရားဂုဏ္ေတာ္၊ ဂါထာေတြကလည္းစြမ္းပါတယ္ကြာ”
အဘြား ခ်ီးျမႇင့္ထားတဲ့ ပတၱျမား လက္စြပ္၏
အစြမ္းလည္း ပါဝင္ေနႏိုင္ ေၾကာင္း မွတ္ခ်က္
ခ်ခဲ့ပါသည္။ ပတၱျမားလက္စြပ္ ဝတ္ထားေသာ
လက္ျဖင့္ ပုတ္လိုက္တာနဲ႔ ၿငိမ္သြားတာ
လည္း အံ့ဩစရာ ေကာင္းလွပါသည္။
ေနာက္တစ္ေန႔ဆရာေတာ္ႏွင့္တိုင္ပင္၍
သံဃာေတာ္မ်ားပင့္ဖိတ္၊ ဆြမ္းကပ္ကာ
ပရိတ္တရားေတာ္မ်ား ႐ြတ္ဆိုၿပီး အမွ်
အတန္း ေပးေဝလိုက္ၾကပါသည္။ အ
အတန္းေပးေဝၿပီးခ်ိန္တြင္ေတာ့မ်က္စိ
ထဲတြင္အေရာင္တလက္လက္ျဖစ္သြား
သလိုဝိုးတဝါးဝဇဝါျဖစ္သြားမိပါေတာ့သည္။
ဝိညာဥ္ရွင္မည္သူေတြပင္ ျဖစ္ေန
ေစကာမႈလြတ္ရာကြၽတ္ရာဘုံဘဝတစ္ခု
ေရာက္ရွိသြားႏိုင္ၾကပါေစဟု ဆႏၵျပဳမိ
လိုက္ပါေတာ့ သည္။ ေနာက္ရက္မ်ား
တြင္ဘာမွလည္းမေတြ႕ရသလိုမည္သူမွ်
လည္း ဘာမွမျဖစ္ၾကေတာ့ေပ။
မိတ္ေကြ႕ႀကီး ဆရာျမတ္စံလွက
ဒီ ျဖစ္ရပ္ေတြ ႀကဳံေတြ႕ခဲ့ရတာ ႏွစ္ေပါင္း
(၃၀)ေလာက္ရွိေပမယ့္မေမ့ေသးပါဘူး
ဆရာမ်ိဳး။ သူတစ္ပါး ရပ္႐ြာေဒသမွာ
အရာရာဦးေဆာင္ၿပီး မလုပ္သင့္ဘူး။
လုပ္မယ္ဆိုရင္လည္း ပိုင္ရွင္ကို ခြင့္
ေတာင္းသင့္တယ္။ အုတ္ဂူထဲက အိုး
ႏွစ္လုံးကို ပစ္မခြဲဘဲ စည္းကမ္းတက်
ထားၿပီး ေကာင္းမႈကုသိုလ္ျပဳလုပ္ အမွ်
အတန္းေပးေဝသင့္တယ္လို႔ စဥ္းစားမိ၊
သင္ခန္းစာယူမိပါတယ္။
“ဆရာႀကီးရဲ႕အစြမ္းထက္ပတၱျမား
လက္စြပ္ဘယ္ေရာက္သြားၿပီလဲ”
“ေရကန္ထဲ ျပဳတ္က်သြားတယ္ေလ၊
ဘယ္လိုမွ ျပန္ရွာလို႔ မရေတာ့ဘူး”
အုတ္ဂူႏွစ္လုံးနဲ႔ အစြမ္းထက္
ပတၱျမား လက္စြပ္ကေတာ့ထူးဆန္းတဲ့
ဂမၻီရဇာတ္လမ္းတစ္ပုဒ္ပါပဲ။