အမျှယူပါ ဦးမြိုင်ညို

Unicode Version

“အမျှယူပါ ဦးမြိုင်ညို”(စ/ဆုံး)
————————————
ရခိုင်စုက မြေကွက်ကို ကျွန်တော်ဝယ်မယ်
လုပ်တော့
ကျွန်တော့်ယောက္ခမများက
ကန့်ကွက်ကြသည် ။
“ဒီလောက် မြို့နဲ့ ဝေးတဲ့ နေရာများကွာ ဘာလုပ်မှာ လဲ မောင်ရွှေတင်ရာ။ ကား လည်း မသွား၊ မြင်းလှည်း၊ ဆိုက်ကားလည်း မရှိနဲ့ အရေးရယ် အကြောင်းရယ်ဆိုရင်
ကလေးတွေနဲ့ ဘယ်လိုလုပ် မလဲ။ ပြီးတော့ ဒီနေရာက ကျတ်ကုန်းကို ဖြတ်သွားရမယ့်
နေရာကြီး”
ယောက္ခမများ ပူပန်မည်ဆိုလည်း ပူပန် တားမြစ်ချင်စရာတော့ဖြစ်သည် ။ ဒီအစုက မြို့အတွင်း နှင့် လေးမိုင်ခန့်ဝေးသည် မြို့တွင်းမှ ပြန်မည်ဆိုလျှင် ပဲခူးစုရပ်ကွက်၊ ဂေါက်ကလပ်ကွင်း၊ ကျတ်ကွင်း၊ ကျောင်း စသည် တို့ ကို ခြေကျင်ဖြတ်ရသည် စက်ဘီးရှိလျှင် စက်ဘီးနှင့်တော့ သွားလို့ ရ သည် ။ ပြောစရာဆို၍ တစ္ဆောများ ရှိ သည် ဆိုသည့် ကျတ်ကုန်းနယ်မြေတော့ ရှိ သည် ။

ကျွန်တော်တို့ က တစ္ဆောတို့ ၊ သရဲတို့ ကို အယုံအကြည်မရှိ။ ဒီရခိုင်စုက မြေကွက် ကို ကြိုက်သည် မှာ လည်း အကြောင်းကရှိ သည် ။ စိုက်ပျိုး၍ ကောင်းသည့် မြေရှိသည် ။ ဒီဝန်းကျင်က ပန်းအမျိုးမျိုးနှင့် တောင်ယာ စိုက်ခင်းများ အလွန်ဖြစ်သည် ။ ရေကလည်း သုံးလေးတောင်မျှ တူးရုံနှင့် တဖွားဖွားထွက် သည် ။ ဟိုတောင်ဘက်မှာ ဆံတော်ရှင်ကျိုက် ခေါက်စေတီကို နေ့နေ့ညည လုံးတော်ပြည့် ဖူးလို့ ရအောင်ကို သဘာဝက သာယာသည် ။ ညနေ နေဝင်ခါနီး ဗျိုင်းနှင့်ရေဝမ်းဘဲများ အုပ်ဖွဲ့ပျံသည် ကို ကြည့်ရသည် မှာ အရသာ

တစ်မျိုး ဖြစ်သည် ။ မြေဈေးကလည်း ကြည့် ဦး။ ပေ (၁၅၀) ပတ်လည် တစ်ကွက်လုံးကိုမှ ငါးရာကျပ်။ အချိန် ကာလက
၁၉၇၀
ဝန်းကျင်။ မြေဈေးမရှိသမှ အော်ရောင်းတာ အောင် အာပေါက်သည် ။ ဝယ်မည့်သူ မရှိ သည့်ကာလ။
သို့နှင့် ယောက္ခမများ တားသည့်ကြားမှ ကျွန်နော် ၎င်းခြံကလေးကိုဝယ်ကာ လူငှား၍ တောင်ယာနှင့် ပန်းမျိုးစုံစိုက်ရန် မြေကို ထွန် ယက်ပြုပြင်၍ နေလိုက်သည် ။ နေ့ခင်းပိုင်း ရန်ကုန် မဂ္ဂဇင်းတိုက်သို့သွား၊ ညနေ ငါး နာရီပြန်ရောက်။ တစ်ခါတစ်လေ ခြောက်
နာရီလောက်ကျမှ ကားဂိတ်ကိုရောက်သည်

အဲဒီကမှ အ.ထ.က (၃) ကျောင်းကို ဖြတ်၊ ပဲ ခူးစုကို ကျော်၊ ဂေါက်ကွင်း တစ်မျှော်တစ်ခေါ်
ကို ကျော်ပြီး ပြန်သည် ။
ကျွန်တော့်ယာတဲရှိရာသို့

ဇနီးနှင့် သားသမီးများက မိဘများ အိမ်မှာ
တစ်လှည့်၊ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်
ရောက် လျှင် ယာတဲအိမ်မှာ ချက်ပြုတ် လုပ်ကိုင် ဒီလိုနေလာကြသည် မှာ တစ်လခန့် ရှိလာသည် ။
***
ဒီလမ်းကြောင်းမှာ စိုးရိမ်စရာရှိသည် ကား ဂေါက်ကွင်းလမ်းဖြစ်သည် ။ ညဘက်ရောက်
လျှင် တိတ်နေသည် ။ လပြည့်ညဆိုလျှင် ကိစ္စ
မရှိ၊လကွယ်ညများ
ဆိုလျှင်အနည်းနှင့်အများ
ကြောက်ရွံ့စရာတော့ရှိသည် ။

ဒီဝန်းကျင်က လူသွားလူလာနည်းသည် ။ ထိုအချိန်က ချစ်သူစုံတွဲများ ချိန်းတွေ့ရာ အဖြစ်လည်း နာမည်ကြီးသလို မကြာခဏ လူလု၊ ပစ္စည်းလုမျိုးလည်း ရှိသည် သည့်နောက်ပိုင်း ဂေါက်ကွင်းကို
စောင့်ရှောက်ရန် နေ့လုံခြုံရေး၊ ညလုံခြုံရေး ချပေးမှု ရှိခဲ့ဖူးသည် ဟု သိရသည် ။ ကျွန်တော်သည် အချိန်မတော် ပြန်ရသည့် ရက်များ ရှိသည် ။ တစ်ခါတစ်ရံ ကိုးနာရီ လေးဆယ့် ငါး သီတာသင်္ဘောနှင့်ပြန်ရလျှင် သန်လျင်ကားဂိတ်သို့ (၁၀)နာရီ၊ (၁၁)နာရှိ ကျမှ ရောက်သည် ။ သည် တော့ သန်းခေါင် လောက်မှ မှောင်နှင့်မည်းမည်း ဂေါက်ကွင်း ကို … တစ်ယောက်တည်းဖြတ်ရသည် မှာ အသည်းယားစရာတော့ ကောင်း၏။ ရှည်လျားသော ယူကလစ်ပင်ကြီးများက လေတိုက်လျှင် ပြိုင်တူယိမ်းကနေသလို ရှိ သည် ။ မိုးရွာ၍ လေရောမိုးရောလာလျှင် အသံမျိုးစုံနှင့် လန့်စရာရယ်။ ကျတ်ကုန်းကို ဖြတ်သောအခါ … ရယ်မောသံများ လိုလို၊ ကလေးငိုသံများ လိုလို ကြားရသကဲ့သို့
လေးလေးပင်ပင် ဆွဲငင်အူလိုက်သည့် ခွေးအူ

သံများကလည်း တော်ရုံလူဆိုလျှင် မေ့မြော သွားနိုင်လောက်၏။ တစ်ခါတစ်ရံ လျှပ်စစ် လက် လိုက်လျှင် ကိုယ့်ရှေ့မှာ လူရိပ်ကြီး
လိုလို၊ ကိုယ့်နောက်မှာ လူပြေးလိုက်လာ
သလိုလို အသံများ ၊ ဟန်များ မြင်ကြားရ၏။
တစ်ည …။ (၉:၄၅) နှင့်အပြန် …
ဂေါက်ကွင်းအလယ်ရောက်တော့ အချိန်က သန်းခေါင်တိုင်နေပြီ။ ကျွန်တော့်မှာ လည်း သစ်စေ့အထုပ်များ ၊ စာအုပ်အထုပ်များ နှင့် ပင်ပန်းနေသည် ။
သည် အချိန်မှာ မှ တောင်ဘက်မှ မိုးတွေ ညှို့တက် လာပြီး လျှပ်စီးများ အဆက်မပြတ် လက်လာသည် ။ မိုးကြိုးများ ပစ်သကဲ့သို့ ခြိမ်းလာသည် ။ ကျွန်တော့်စာအုပ်နှင့် သစ် စေ့များ မိုးစိုကုန် လျှင် ဒုက္ခ၊ ထိုဒုက္ခထက် ဒီ လိုအချိန်မျိုး လူမသမာများ နှင့် တွေ့မည်ကိုစိုးရိမ်မိသည် ။
သို့နှင့် ခြေလှမ်းသွက်သွက် လှမ်းလိုက် သည် ။ ယူကလစ်ပင်များ ရဲ့ အရွက်ချင်း ရိုက်ခတ်သံ များကလည်း ညသန်းခေါင် သရဲ သဘက်များ လက်ဝါးချင်းရိုက်၍ ယိမ်းက
အပျော်ကြူးနေသည့် အလား အသံမျိုးစုံ ကြားနေရသည် ။ သည် တင် မိုးသီးမိုးပေါက် များ ကြွေကျလာရာ ရုတ်ချည်း ရှေ့မှာ မြင်ရ သည့် အကြော်တဲဟောင်း အပျက်ကလေးထဲ သို့ လှမ်းဝင်လိုက်စဉ် –
“အောင်မလေး”
ရုတ်တရက်မြင်ကွင်းကြောင့် ကျွန်တော် လန့်၍ အော်လိုက်သည် ။ လူလား ကျွဲလား ဘာမှန်း မသိရသည့် ရုပ်ဝတ္ထုတစ်ခုသည်
အကြော်တဲပျက်ထဲမှာ
ငုတ်တုတ်ကြီး။
ကျွန်တော် ကြက်သီးများ ထ၍ လှည့်ပြေးရန်
ပြင်လိုက်စဉ် ..

“ဟေ့လူ .. လာပါဗျ၊ မိုးခိုလှည့်ပါဦး”
ဘုရား

ဘုရား သူ လူစကားပြောပါ
လား။ ဒါ … ဒါဆို လူတော့ လူပဲ။ သို့သော် …
လူကောင်းလား လူဆိုးလား ..
လူကောင်းလား လူဆိုးလား … “မခိုတော့ဘူးဗျာ၊ သွားမယ်”
“ဟေ့လူ၊ မမိုက်စမ်းပါနဲ့ ဗျာ၊ မိုးကြိုးပစ်ခံ ရပြီး လမ်းမှာ ကိစ္စချောနေဦးမယ်။ ဒါ လွင်ပြင်ဗျ။ လာ မိုးစဲမှ သွား။ ခင်ဗျားပစ္စည်း တွေက အများကြီးပဲ။ လာစမ်းပါ၊ မကြောက်
စမ်းပါနဲ့ ။ အပြန် ကျပ်လိုက်ပို့ပါ့မယ်။ လာ
… လာ … ဝင်ခဲ့။ မိုးရွာ လာပြီ”
သို့နှင့် အမှောင်ထဲမှာ သူ့ကို စိုးရွံ့စွာ အကဲခတ်ရင်း ဝင်လိုက်သည် ။
“ခင်ဗျားက ဘယ်ကလဲ။ ဒီထဲမှာ ဘာလုပ် နေတာလဲဗျ”

ကျွန်တော့်အမေးကြောင့် မှောင်ထဲမှ လူက

“ကျုပ်က ဒီဂေါက်ကွင်းရဲ့…… ညစောင့် ဝန်ထမ်းပါဗျ။ နာမည်က ကိုမြိုင်ညိုတဲ့ ။ ကဲ လာ ဒီအုတ်ခဲပေါ်မှာ ထိုင်ဗျာ။ မစိုးရိမ်စမ်းပါ နဲ့ ၊ ကျုပ် ခင်ဗျားရဲ့ ရန်သူ မဟုတ်ပါဘူး။ မိတ်ဆွေလို့ ယုံလိုက်စမ်းပါ။ ဒါနဲ့ မီးခြစ်ပါ ရင် လုပ်စမ်းပါဗျာ။ ကျုပ် သစ်သားမီးခြစ်က
ရေစိုလို့ ခြစ်မရတော့ဘူး”
ဂေါက်ကွင်းလုံခြုံရေး
ညစောင့်ဆို၍

ကျွန်တော် နည်းနည်းငြိမ်သွားခဲ့ရသည် သို့နှင့် သူလှမ်း ပေးသည့် အုတ်ခဲပေါ်မှာ ထိုင် ရင်း မလုံမခြုံထုပ်ပိုးထားသည့် စာအုပ်များ နှင့် သစ်စေ့ထုပ်များကို မြေကြီးမှာ ပုံလိုက် သည် ။ သည့်နောက် တိုက်ပုံအတွင်းအိတ်ထဲ မှ ဂတ်စ်မီးခြစ်ကို သူ့ထံလှမ်းပေး လိုက်သည် ။ သူက မီးခြစ်ကိုခြစ်၍ ဆေးလိပ်ကို မီးညှိ လိုက်၏။
မီးရောင်ကြောင့် သူ့မျက်နှာကို မြင်လိုက်ရ တော့ ထိုင်နေရာမှ ချက်ချင်း ထပြေးချင်စိတ် များ ပေါက်သွားခဲ့ရသည် ။ သူ့မျက်ခွက်ကြီး သည် မီးလောင်ဒဏ်ရာများ နှင့် မည်းညစ်
နေသကဲ့သို့ ရှိပြီး နှာခေါင်းကြီးကလည်း ကျွန်တော့်အထင် တွဲလောင်းကြီးလို့ မြင်နေ
မိသည် ။ သွားတွေက မည်းညစ်ညစ်နှင့်
ကျိုးတိုးကျဲတဲ။ ဆံပင်များကလည်း တွန့်လိမ်နေသည်
ကျွန်တော့်နှာခေါင်းထဲမှာ
မီးလောင်နံ့ကြီးလိုလို ရနေမိသည် ။ အသက် က (၅၀) ခန့်။
“ရော့ဗျာ၊ ကျေးဇူးတင်ပါတယ်။ ဆေးလိပ် ကလည်း ဒီညကျမှ သောက်ချင်လိုက်တာ မ ပြောပါနဲ့ တော့။ အခုလို မိုးကြီးလေကြီးကျ ရင် ကျုပ်တို့ မှာ ပိုဂရုစိုက်ရတယ်ဗျ။ အချို့ လူမသမာတွေ က ရေပိုက်တွေ ဖြုတ်ခိုးလို့

ခိုး၊ သစ်ပင်တွေ ခိုးခုတ်လိုခုတ်နဲ့ မကောင်း ဘူးဗျ။ ဒါနဲ့ ခင်ဗျားနာမည် ကကော၊ နေ
တော့ကော”
“ကျွန်တော် ကိုရွှေတင်ပါ၊ စာရေးဆရာပါ၊ ရခိုင်စုမှာ နေပါတယ်”
“ဪ၊ စာရေးဆရာကိုး … ကောင်းတယ် ဗျာ၊ ခင်ဗျား ဒီညတော့ ဇာတ်လမ်းကောင်း တစ်ပုဒ် ရသွားမှာ ကျိန်းသေပဲဗျ။ ကျုပ်က လည်း ကျုပ်ဘဝကို ပြောပြချင်နေတာ …”
ထိုစဉ် မိုးက ရုတ်ချည်းလိုလို စဲသွားပြီး
လေပါငြိမ်သွားသည် ။ သို့နှင့် –

“ကိုင်း … ဦးမြိုင်ညို၊ မိုးစဲသွားပြီဗျာ အချိန် သိပ်မရှိတော့လို့ ကျွန် တော် ပြန်ပါတော့ မယ်။ နောက်နေ့များကျမှ စောစောပြန်တဲ့ ရက်နဲ့ ကြုံ ရင် ဦးမြိုင်ညိုရဲ့ အတ္ထုပ္ပတ္တိကို ကြားနာပါရစေဗျာ၊ ကဲ သွားမယ်နော်”
“ရပါတယ်ဗျာ။ ဒါပေမဲ့ အချိန်ကလင့်နေပြီ

မို့ ကျုပ် ရွာဝရောက်အောင် လိုက်ပို့ပေးပါ့ မယ်ဗျာ။ ကိုင်း ခင်ဗျားပစ္စည်းတစ်ဝက် ကျုပ် ကိုပေးပါဗျာ”
သူက စာအုပ်ထုပ်ကိုထမ်း၍ ရှေ့ကထွက်
လိုက်သည် ။ သူသည် အရပ်အလွန်ရှည်၏။
ညာခြေတစ်ဖက် ဆာတာဆာတာဖြစ်နေ၏။
စကားပြောရင်းတစ်ချက်တစ်ချက်
အသံအက်အက်ကြီး နှင့် ရယ်လိုက်သည် မှာ
ကြက်သီးထစရာရယ်။သည်လိုနှင့်ရောက်လာခဲ့သည်

ရခိုင်စုရွာအဝင်သို့
“ကဲ ကဲ ရပါပြီ ဦးမြိုင်ညို။ ရော့ ဦးမြိုင်

ညိုသုံးဖို့ လက်ဖက်ရည်ဖိုး”
“ဟာဗျာ .. မဟုတ်တာ စာရေးဆရာရယ်၊ ကျုပ်တို့ က လူကောင်းတွေကို … ကူညီ စောင့်ရှောက် ရမယ့် အလုပ်ပါ။ ကျုပ်ကို ကျေးဇူးတင်ရင် ကျုပ်အကြောင်းသာ ရေး

ပေးပါဗျာ။ ဒီမှာ ဂေါက်ကွင်း ကလပ်မှာ မေး နော်၊ ညစောင့်ကြီး ဦမြိုင်ညိုလို့ ဟုတ်လား။
နောက်နေ့ညများကျမှ
တွေ့ကြစို့
စာရေးဆရာရေ။ သွားပြီဗျို့ အဟက်ဟက် အ
ဟက် အဟက်”
ဦးမြိုင်ညိုက အက်ကွဲကွဲအသံကြီးနှင့် ရယ် ရင်း မှောင်မည်းနေသည့် ဂေါက်ကွင်းလမ်းရှိ ရာသို့ ထော့နင်းထော့နင်းနှင့် လျှောက်သွား လေသည် ။ ကြက်သီးထလိုက်တာ။

ဒီနေ့ ကျွန်တော် ရန်ကုန်က စောစောပြန် ဖြစ်ခဲ့သည် ။ မြို့ထဲ အဝိုင်းခေါက်ဆွဲဆိုင်မှ ကြက်သားနှင့် ခေါက်ဆွဲကြော်တစ်ထုပ် ဝယ် လာလိုက်သည် ။ ညက ကျွန်တော့်ကို ကူညီခဲ့ သည့် ဦးမြိုင်ညိုကို ကျေးဇူးတုံ့ပြန်ချင်လေ သည် ။ မိမိက အချိန်မတော် ပြန်နေရသူ လေ။ ဒီလိုလူမျိုးများ နှင့် ရင်းနှီးခြင်းဖြင့်

ကိုယ့်ဘဝအတွက် အရှည်သဖြင့် လုံခြုံမှုရှိ
နိုင်သည် ။
ကျွန်တော် ဂေါက်ကွင်းကလပ်ရှေ့ရှိ
ညစောင့်လုပ်သားများ နားနေရာတဲလေးသို့
လှမ်းလာလိုက်သည် ။ တဲထဲမှာ အသက် (၄၀) ကျော်ခန့် လူကြီး (၃) ဦး ရေနွေးကြမ်း သောက်နေ သည် ကို တွေ့လိုက်ရသည် ၊
“ဘာကိစ္စရှိလို့ ပါလဲ ညီငယ်”

“ကျွန်တော့်နာမည်က
ကိုရွှေတင်ပါ
အစ်ကိုကြီး၊ ဒီက ညစောင့် ဦးမြိုင်ညိုနဲ့
ခဏ
တွေ့ချင်လို့ ပါ ခင်ဗျာ”
သို့ကလို ကျွန်တော်က ပြောလိုက်တော့ ကင်းတဲပေါ်မှာ လူကြီးသုံးဦးသည် မျက်လုံး များ ကျယ်သွားကြပြီး တစ်ဦးမျက်နှာတစ်ဦး အပြန်အလှန် စိုက်ကြည့်လိုက်ကြသည် ။ “ဦမြိုင်ညိုနဲ့ ညီလေးနဲ့ ဘာတော်လို့ လဲ”

သူတို့ အထဲမှ အသက်ကြီးကြီး နှုတ်ခမ်းမွေးနှင့်လူကြီးက လှမ်းမေးလိုက်
သည် ။
,,

“ဘာမှ မတော်ပါဘူးခင်ဗျာ။ ညတုန်းကမှ
ကျွန်တော်က ညတုန်းက ဦးမြိုင်ညို ကူညီ
ခဲ့သည့်အကြောင်းနှင့်
ယခု သူ့ကို
ကျေးဇူးတင်လွန်း၍ စားစရာလာပို့ရတာဖြစ် ပါကြောင်း ပြောပြလိုက်တော့ လူကြီးများက ခေါင်းတညိတ်ညိတ် လုပ်နေကြသည် ။

တစ်ဦးကတော့ လွယ်အိတ်ထဲမှ စိပ်ပုတီး
ကို ထုတ်ယူ၍ စိပ်နေလိုက်သည်

“ညီလေးက စာရေးဆရာ ဟုတ်လား”
“ဟုတ်ကဲ့ ခင်ဗျာ”
“သူ သူ့အတ္ထုပ္ပတ္တိကို ပြောပြမယ်တဲ့ လား”
“ဟုတ်ပါတယ်ခင်ဗျာ”“သူ … သူ … ကို … မြိုင် … ညို … မရှိ တော့ဘူး… ညီလေး”
“ခင်ဗျာ လားဟင်”

သူ သူ … ခွင့်ယူထားလို့

သူ့
“ကိုမြိုင်ညိုဆိုတာ လွန်ခဲ့တဲ့ အပတ်က အိမ်မီးလောင်လို့ သေသွားခဲ့ပါတယ် ညီငယ်”
“ဗျာ … သူ့ မီးလောင်လို့ သေသွားခဲ့ပြီးပြီ” “အမှန်ပါပဲ ငါ့ညီ”
“ဒါ… ဒါဖြင့် ကျွန်တော် ညကတွေ့ခဲ့တဲ့ အသားမည်းမည်း၊ နှာခေါင်းတွဲတွဲ၊ ခြေဆာ ဆာ အရပ်ရှည်ရှည်လူကြီးက .. ဟို… ဟို တ တစ္ဆေ”
“ဒါပဲပေါ့ကွယ်၊ အမိန့်တွေ ဘယ်လိုပဲပြန် ပြန် စိတ်အစွဲအလမ်းက ဒီနေရာ ဒီဝန်းကျင် ကို သံယောဇဉ်ဖြစ် စွဲလမ်းခဲ့တော့ နဂိုက လည်း သူတစ်ဖက်သားကို ကူညီတတ်တဲ့

လူကောင်းကြီး ကိုမြိုင်ညိုဟာ အခက်အခဲ
ဖြစ်နေတဲ့ ငါ့ညီကို တစ္ဆေဘဝနဲ့ လာကူညီ တာပဲပေါ့။ ဒါနဲ့ ပါဆို သုံးဦးရှိ သွားခဲ့ပြီပေါ့ ကွယ်။ ကဲ ကဲ ငါ့ညီလည်း ကုသိုလ်ရအောင်၊
ကိုမြိုင်ညိုလည်း သာဓုခေါ်နိုင်အောင် ငါ့ညီရဲ့
ခေါက်ဆွဲထုပ်ကို မကျွတ်မလွတ်သေးသူ၊
အစားအစာအတွက် ဒုက္ခရောက်နေသူ ဘဝ
ခြားဘုံသားများကို ရည်မှန်းပြီး ဟောဟို
ရှေ့က မြေပေါ်မှာ ကုသိုလ်ပြု၊ ဒါနပြုခဲ့ပေ
ရော့ ညီလေး”
ကျွန်တော် လွန်စွာအံ့ဩခဲ့ရပါပြီ။ သို့နှင့် ခေါက်ဆွဲထုပ်ကိုဖြေ၍ သူတို့ ပြောသည့် အတိုင်း ရည်မှန်းတိုင်တည်ကာ ကုသိုလ်ဒါန ပြု၍ အမျှပေးဝေလိုက်ပါသည် ။ ခွေးအချို့က ဆွဲဆွဲငင်ငင် အူလိုက်သည် ကို ကြားရသည် ၊ ကျွန်တော် … ယခင်လမ်းအတိုင်း ပြန် လျှောက်လာတော့ ကြယ်ရောင်အချို့ကြောင့်

လမ်းကို မြင်နေရသည် ။ နောက်မှ ခြေသံ
ကြား၍ လှည့်ကြည့်လိုက်တော့ မည်သူမျှမရှိ။ တစ်ခါတစ်ရံ ညှီစို့စို့ အနံ့လိုလို၊ မီးကျွမ်းအနံ့

လိုလို ရှူမိရသည် ။ ဦးမြိုင်ညိုများ နောက်က နေ လိုက် လာလေရော့သလား။
ကြက်သီးများ ဖြန်းခနဲ ထသွားခဲ့သည် “ကျွန်တော်ပြုသမျှကုသိုလ်ကို အမျှဝေပါ
တယ် ဦးမြိုင်ညို၊ အမျှ အမျှ သာဓုခေါ်ပါတော့ ဦးမြိုင်ညို”
….
အမျှ

ကျွန်တော် အမျှဝေးလိုက်သည် နှင့် မကြာ ခင် ခြေသံနှင့် အနံ့အသက်များ ပျောက်ခြင်း
မလှ ပျောက်သွားခဲ့သည် ။
ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်သည်
ဦးမြိုင်ညိုရဲ့ ကျေးဇူး ကျွန်တော့်အပေါ် ရှိခဲ့
ဖူးပါသည် ။ ဪ
အစွဲအလမ်းကား
ကြောက်စရာ၊ အံ့စရာပါတကား။ ဒါကြောင့်
လည်း ဘုရားရှင်က သေသူ၏ လားရာဂတိ

သည် သေခါနီး အစွဲအလမ်း အပေါ်မှာ မှီ တည်လေ့ရှိသည် ဟု ဟောကြားခဲ့၏။
မနက်ဖြန် ကျွန်တော် ဦးမြိုင်ညိုအတွက် ရွာဦးကျောင်းမှာ ဆွမ်းတစ်အုပ်ချက်ပြီး အမျှ
ဝေမည်။
သို့မှ သာ ဦးမြိုင်ညို ဘဝကူးကောင်း
ချိမ့်မည်။

Zawgyi Version

“အမွ်ယူပါ ဦးၿမိဳင္ညိဳ”(စ/ဆံုး)
————————————
ရခိုင္စုက ေျမကြက္ကို ကြၽန္ေတာ္ဝယ္မယ္
လုပ္ေတာ့
ကြၽန္ေတာ့္ေယာကၡမမ်ားက
ကန႔္ကြက္ၾကသည္ ။
“ဒီေလာက္ ၿမိဳ႕နဲ႔ ေဝးတဲ့ ေနရာမ်ားကြာ ဘာလုပ္မွာ လဲ ေမာင္ေ႐ႊတင္ရာ။ ကား လည္း မသြား၊ ျမင္းလွည္း၊ ဆိုက္ကားလည္း မရွိနဲ႔ အေရးရယ္ အေၾကာင္းရယ္ဆိုရင္
ကေလးေတြနဲ႔ ဘယ္လိုလုပ္ မလဲ။ ၿပီးေတာ့ ဒီေနရာက က်တ္ကုန္းကို ျဖတ္သြားရမယ့္
ေနရာႀကီး”
ေယာကၡမမ်ား ပူပန္မည္ဆိုလည္း ပူပန္ တားျမစ္ခ်င္စရာေတာ့ျဖစ္သည္ ။ ဒီအစုက ၿမိဳ႕အတြင္း ႏွင့္ ေလးမိုင္ခန႔္ေဝးသည္ ၿမိဳ႕တြင္းမွ ျပန္မည္ဆိုလွ်င္ ပဲခူးစုရပ္ကြက္၊ ေဂါက္ကလပ္ကြင္း၊ က်တ္ကြင္း၊ ေက်ာင္း စသည္ တို႔ ကို ေျခက်င္ျဖတ္ရသည္ စက္ဘီးရွိလွ်င္ စက္ဘီးႏွင့္ေတာ့ သြားလို႔ ရ သည္ ။ ေျပာစရာဆို၍ တေစာၦမ်ား ရွိ သည္ ဆိုသည့္ က်တ္ကုန္းနယ္ေျမေတာ့ ရွိ သည္ ။

ကြၽန္ေတာ္တို႔ က တေစာၦတို႔ ၊ သရဲတို႔ ကို အယုံအၾကည္မရွိ။ ဒီရခိုင္စုက ေျမကြက္ ကို ႀကိဳက္သည္ မွာ လည္း အေၾကာင္းကရွိ သည္ ။ စိုက္ပ်ိဳး၍ ေကာင္းသည့္ ေျမရွိသည္ ။ ဒီဝန္းက်င္က ပန္းအမ်ိဳးမ်ိဳးႏွင့္ ေတာင္ယာ စိုက္ခင္းမ်ား အလြန္ျဖစ္သည္ ။ ေရကလည္း သုံးေလးေတာင္မွ် တူး႐ုံႏွင့္ တဖြားဖြားထြက္ သည္ ။ ဟိုေတာင္ဘက္မွာ ဆံေတာ္ရွင္က်ိဳက္ ေခါက္ေစတီကို ေန႔ေန႔ညည လုံးေတာ္ျပည့္ ဖူးလို႔ ရေအာင္ကို သဘာဝက သာယာသည္ ။ ညေန ေနဝင္ခါနီး ဗ်ိဳင္းႏွင့္ေရဝမ္းဘဲမ်ား အုပ္ဖြဲ႕ပ်ံသည္ ကို ၾကည့္ရသည္ မွာ အရသာ

တစ္မ်ိဳး ျဖစ္သည္ ။ ေျမေဈးကလည္း ၾကည့္ ဦး။ ေပ (၁၅၀) ပတ္လည္ တစ္ကြက္လုံးကိုမွ ငါးရာက်ပ္။ အခ်ိန္ ကာလက
၁၉၇၀
ဝန္းက်င္။ ေျမေဈးမရွိသမွ ေအာ္ေရာင္းတာ ေအာင္ အာေပါက္သည္ ။ ဝယ္မည့္သူ မရွိ သည့္ကာလ။
သို႔ႏွင့္ ေယာကၡမမ်ား တားသည့္ၾကားမွ ကြၽန္ေနာ္ ၎ၿခံကေလးကိုဝယ္ကာ လူငွား၍ ေတာင္ယာႏွင့္ ပန္းမ်ိဳးစုံစိုက္ရန္ ေျမကို ထြန္ ယက္ျပဳျပင္၍ ေနလိုက္သည္ ။ ေန႔ခင္းပိုင္း ရန္ကုန္ မဂၢဇင္းတိုက္သို႔သြား၊ ညေန ငါး နာရီျပန္ေရာက္။ တစ္ခါတစ္ေလ ေျခာက္
နာရီေလာက္က်မွ ကားဂိတ္ကိုေရာက္သည္

အဲဒီကမွ အ.ထ.က (၃) ေက်ာင္းကို ျဖတ္၊ ပဲ ခူးစုကို ေက်ာ္၊ ေဂါက္ကြင္း တစ္ေမွ်ာ္တစ္ေခၚ
ကို ေက်ာ္ၿပီး ျပန္သည္ ။
ကြၽန္ေတာ့္ယာတဲရွိရာသို႔

ဇနီးႏွင့္ သားသမီးမ်ားက မိဘမ်ား အိမ္မွာ
တစ္လွည့္၊ ႐ုံးပိတ္ရက္၊ အလုပ္ပိတ္ရက္
ေရာက္ လွ်င္ ယာတဲအိမ္မွာ ခ်က္ျပဳတ္ လုပ္ကိုင္ ဒီလိုေနလာၾကသည္ မွာ တစ္လခန႔္ ရွိလာသည္ ။
***
ဒီလမ္းေၾကာင္းမွာ စိုးရိမ္စရာရွိသည္ ကား ေဂါက္ကြင္းလမ္းျဖစ္သည္ ။ ညဘက္ေရာက္
လွ်င္ တိတ္ေနသည္ ။ လျပည့္ညဆိုလွ်င္ ကိစၥ
မရွိ၊လကြယ္ညမ်ား
ဆိုလွ်င္အနည္းႏွင့္အမ်ား
ေၾကာက္႐ြံ႕စရာေတာ့ရွိသည္ ။

ဒီဝန္းက်င္က လူသြားလူလာနည္းသည္ ။ ထိုအခ်ိန္က ခ်စ္သူစုံတြဲမ်ား ခ်ိန္းေတြ႕ရာ အျဖစ္လည္း နာမည္ႀကီးသလို မၾကာခဏ လူလု၊ ပစၥည္းလုမ်ိဳးလည္း ရွိသည္ သည့္ေနာက္ပိုင္း ေဂါက္ကြင္းကို
ေစာင့္ေရွာက္ရန္ ေန႔လုံၿခဳံေရး၊ ညလုံၿခဳံေရး ခ်ေပးမႈ ရွိခဲ့ဖူးသည္ ဟု သိရသည္ ။ ကြၽန္ေတာ္သည္ အခ်ိန္မေတာ္ ျပန္ရသည့္ ရက္မ်ား ရွိသည္ ။ တစ္ခါတစ္ရံ ကိုးနာရီ ေလးဆယ့္ ငါး သီတာသေဘၤာႏွင့္ျပန္ရလွ်င္ သန္လ်င္ကားဂိတ္သို႔ (၁၀)နာရီ၊ (၁၁)နာရွိ က်မွ ေရာက္သည္ ။ သည္ ေတာ့ သန္းေခါင္ ေလာက္မွ ေမွာင္ႏွင့္မည္းမည္း ေဂါက္ကြင္း ကို … တစ္ေယာက္တည္းျဖတ္ရသည္ မွာ အသည္းယားစရာေတာ့ ေကာင္း၏။ ရွည္လ်ားေသာ ယူကလစ္ပင္ႀကီးမ်ားက ေလတိုက္လွ်င္ ၿပိဳင္တူယိမ္းကေနသလို ရွိ သည္ ။ မိုး႐ြာ၍ ေလေရာမိုးေရာလာလွ်င္ အသံမ်ိဳးစုံႏွင့္ လန႔္စရာရယ္။ က်တ္ကုန္းကို ျဖတ္ေသာအခါ … ရယ္ေမာသံမ်ား လိုလို၊ ကေလးငိုသံမ်ား လိုလို ၾကားရသကဲ့သို႔
ေလးေလးပင္ပင္ ဆြဲငင္အူလိုက္သည့္ ေခြးအူ

သံမ်ားကလည္း ေတာ္႐ုံလူဆိုလွ်င္ ေမ့ေျမာ သြားႏိုင္ေလာက္၏။ တစ္ခါတစ္ရံ လွ်ပ္စစ္ လက္ လိုက္လွ်င္ ကိုယ့္ေရွ႕မွာ လူရိပ္ႀကီး
လိုလို၊ ကိုယ့္ေနာက္မွာ လူေျပးလိုက္လာ
သလိုလို အသံမ်ား ၊ ဟန္မ်ား ျမင္ၾကားရ၏။
တစ္ည …။ (၉:၄၅) ႏွင့္အျပန္ …
ေဂါက္ကြင္းအလယ္ေရာက္ေတာ့ အခ်ိန္က သန္းေခါင္တိုင္ေနၿပီ။ ကြၽန္ေတာ့္မွာ လည္း သစ္ေစ့အထုပ္မ်ား ၊ စာအုပ္အထုပ္မ်ား ႏွင့္ ပင္ပန္းေနသည္ ။
သည္ အခ်ိန္မွာ မွ ေတာင္ဘက္မွ မိုးေတြ ညႇိဳ႕တက္ လာၿပီး လွ်ပ္စီးမ်ား အဆက္မျပတ္ လက္လာသည္ ။ မိုးႀကိဳးမ်ား ပစ္သကဲ့သို႔ ၿခိမ္းလာသည္ ။ ကြၽန္ေတာ့္စာအုပ္ႏွင့္ သစ္ ေစ့မ်ား မိုးစိုကုန္ လွ်င္ ဒုကၡ၊ ထိုဒုကၡထက္ ဒီ လိုအခ်ိန္မ်ိဳး လူမသမာမ်ား ႏွင့္ ေတြ႕မည္ကိုစိုးရိမ္မိသည္ ။
သို႔ႏွင့္ ေျခလွမ္းသြက္သြက္ လွမ္းလိုက္ သည္ ။ ယူကလစ္ပင္မ်ား ရဲ႕ အ႐ြက္ခ်င္း ႐ိုက္ခတ္သံ မ်ားကလည္း ညသန္းေခါင္ သရဲ သဘက္မ်ား လက္ဝါးခ်င္း႐ိုက္၍ ယိမ္းက
အေပ်ာ္ၾကဴးေနသည့္ အလား အသံမ်ိဳးစုံ ၾကားေနရသည္ ။ သည္ တင္ မိုးသီးမိုးေပါက္ မ်ား ေႂကြက်လာရာ ႐ုတ္ခ်ည္း ေရွ႕မွာ ျမင္ရ သည့္ အေၾကာ္တဲေဟာင္း အပ်က္ကေလးထဲ သို႔ လွမ္းဝင္လိုက္စဥ္ –
“ေအာင္မေလး”
႐ုတ္တရက္ျမင္ကြင္းေၾကာင့္ ကြၽန္ေတာ္ လန႔္၍ ေအာ္လိုက္သည္ ။ လူလား ကြၽဲလား ဘာမွန္း မသိရသည့္ ႐ုပ္ဝတၳဳတစ္ခုသည္
အေၾကာ္တဲပ်က္ထဲမွာ
ငုတ္တုတ္ႀကီး။
ကြၽန္ေတာ္ ၾကက္သီးမ်ား ထ၍ လွည့္ေျပးရန္
ျပင္လိုက္စဥ္ ..

“ေဟ့လူ .. လာပါဗ်၊ မိုးခိုလွည့္ပါဦး”
ဘုရား

ဘုရား သူ လူစကားေျပာပါ
လား။ ဒါ … ဒါဆို လူေတာ့ လူပဲ။ သို႔ေသာ္ …
လူေကာင္းလား လူဆိုးလား ..
လူေကာင္းလား လူဆိုးလား … “မခိုေတာ့ဘူးဗ်ာ၊ သြားမယ္”
“ေဟ့လူ၊ မမိုက္စမ္းပါနဲ႔ ဗ်ာ၊ မိုးႀကိဳးပစ္ခံ ရၿပီး လမ္းမွာ ကိစၥေခ်ာေနဦးမယ္။ ဒါ လြင္ျပင္ဗ်။ လာ မိုးစဲမွ သြား။ ခင္ဗ်ားပစၥည္း ေတြက အမ်ားႀကီးပဲ။ လာစမ္းပါ၊ မေၾကာက္
စမ္းပါနဲ႔ ။ အျပန္ က်ပ္လိုက္ပို႔ပါ့မယ္။ လာ
… လာ … ဝင္ခဲ့။ မိုး႐ြာ လာၿပီ”
သို႔ႏွင့္ အေမွာင္ထဲမွာ သူ႔ကို စိုး႐ြံ႕စြာ အကဲခတ္ရင္း ဝင္လိုက္သည္ ။
“ခင္ဗ်ားက ဘယ္ကလဲ။ ဒီထဲမွာ ဘာလုပ္ ေနတာလဲဗ်”

ကြၽန္ေတာ့္အေမးေၾကာင့္ ေမွာင္ထဲမွ လူက

“က်ဳပ္က ဒီေဂါက္ကြင္းရဲ႕…… ညေစာင့္ ဝန္ထမ္းပါဗ်။ နာမည္က ကိုၿမိဳင္ညိဳတဲ့ ။ ကဲ လာ ဒီအုတ္ခဲေပၚမွာ ထိုင္ဗ်ာ။ မစိုးရိမ္စမ္းပါ နဲ႔ ၊ က်ဳပ္ ခင္ဗ်ားရဲ႕ ရန္သူ မဟုတ္ပါဘူး။ မိတ္ေဆြလို႔ ယုံလိုက္စမ္းပါ။ ဒါနဲ႔ မီးျခစ္ပါ ရင္ လုပ္စမ္းပါဗ်ာ။ က်ဳပ္ သစ္သားမီးျခစ္က
ေရစိုလို႔ ျခစ္မရေတာ့ဘူး”
ေဂါက္ကြင္းလုံၿခဳံေရး
ညေစာင့္ဆို၍

ကြၽန္ေတာ္ နည္းနည္းၿငိမ္သြားခဲ့ရသည္ သို႔ႏွင့္ သူလွမ္း ေပးသည့္ အုတ္ခဲေပၚမွာ ထိုင္ ရင္း မလုံမၿခဳံထုပ္ပိုးထားသည့္ စာအုပ္မ်ား ႏွင့္ သစ္ေစ့ထုပ္မ်ားကို ေျမႀကီးမွာ ပုံလိုက္ သည္ ။ သည့္ေနာက္ တိုက္ပုံအတြင္းအိတ္ထဲ မွ ဂတ္စ္မီးျခစ္ကို သူ႔ထံလွမ္းေပး လိုက္သည္ ။ သူက မီးျခစ္ကိုျခစ္၍ ေဆးလိပ္ကို မီးညႇိ လိုက္၏။
မီးေရာင္ေၾကာင့္ သူ႔မ်က္ႏွာကို ျမင္လိုက္ရ ေတာ့ ထိုင္ေနရာမွ ခ်က္ခ်င္း ထေျပးခ်င္စိတ္ မ်ား ေပါက္သြားခဲ့ရသည္ ။ သူ႔မ်က္ခြက္ႀကီး သည္ မီးေလာင္ဒဏ္ရာမ်ား ႏွင့္ မည္းညစ္
ေနသကဲ့သို႔ ရွိၿပီး ႏွာေခါင္းႀကီးကလည္း ကြၽန္ေတာ့္အထင္ တြဲေလာင္းႀကီးလို႔ ျမင္ေန
မိသည္ ။ သြားေတြက မည္းညစ္ညစ္ႏွင့္
က်ိဳးတိုးက်ဲတဲ။ ဆံပင္မ်ားကလည္း တြန႔္လိမ္ေနသည္
ကြၽန္ေတာ့္ႏွာေခါင္းထဲမွာ
မီးေလာင္နံ႔ႀကီးလိုလို ရေနမိသည္ ။ အသက္ က (၅၀) ခန႔္။
“ေရာ့ဗ်ာ၊ ေက်းဇူးတင္ပါတယ္။ ေဆးလိပ္ ကလည္း ဒီညက်မွ ေသာက္ခ်င္လိုက္တာ မ ေျပာပါနဲ႔ ေတာ့။ အခုလို မိုးႀကီးေလႀကီးက် ရင္ က်ဳပ္တို႔ မွာ ပိုဂ႐ုစိုက္ရတယ္ဗ်။ အခ်ိဳ႕ လူမသမာေတြ က ေရပိုက္ေတြ ျဖဳတ္ခိုးလို႔

ခိုး၊ သစ္ပင္ေတြ ခိုးခုတ္လိုခုတ္နဲ႔ မေကာင္း ဘူးဗ်။ ဒါနဲ႔ ခင္ဗ်ားနာမည္ ကေကာ၊ ေန
ေတာ့ေကာ”
“ကြၽန္ေတာ္ ကိုေ႐ႊတင္ပါ၊ စာေရးဆရာပါ၊ ရခိုင္စုမွာ ေနပါတယ္”
“ဪ၊ စာေရးဆရာကိုး … ေကာင္းတယ္ ဗ်ာ၊ ခင္ဗ်ား ဒီညေတာ့ ဇာတ္လမ္းေကာင္း တစ္ပုဒ္ ရသြားမွာ က်ိန္းေသပဲဗ်။ က်ဳပ္က လည္း က်ဳပ္ဘဝကို ေျပာျပခ်င္ေနတာ …”
ထိုစဥ္ မိုးက ႐ုတ္ခ်ည္းလိုလို စဲသြားၿပီး
ေလပါၿငိမ္သြားသည္ ။ သို႔ႏွင့္ –

“ကိုင္း … ဦးၿမိဳင္ညိဳ၊ မိုးစဲသြားၿပီဗ်ာ အခ်ိန္ သိပ္မရွိေတာ့လို႔ ကြၽန္ ေတာ္ ျပန္ပါေတာ့ မယ္။ ေနာက္ေန႔မ်ားက်မွ ေစာေစာျပန္တဲ့ ရက္နဲ႔ ႀကဳံ ရင္ ဦးၿမိဳင္ညိဳရဲ႕ အတၳဳပၸတၱိကို ၾကားနာပါရေစဗ်ာ၊ ကဲ သြားမယ္ေနာ္”
“ရပါတယ္ဗ်ာ။ ဒါေပမဲ့ အခ်ိန္ကလင့္ေနၿပီ

မို႔ က်ဳပ္ ႐ြာဝေရာက္ေအာင္ လိုက္ပို႔ေပးပါ့ မယ္ဗ်ာ။ ကိုင္း ခင္ဗ်ားပစၥည္းတစ္ဝက္ က်ဳပ္ ကိုေပးပါဗ်ာ”
သူက စာအုပ္ထုပ္ကိုထမ္း၍ ေရွ႕ကထြက္
လိုက္သည္ ။ သူသည္ အရပ္အလြန္ရွည္၏။
ညာေျခတစ္ဖက္ ဆာတာဆာတာျဖစ္ေန၏။
စကားေျပာရင္းတစ္ခ်က္တစ္ခ်က္
အသံအက္အက္ႀကီး ႏွင့္ ရယ္လိုက္သည္ မွာ
ၾကက္သီးထစရာရယ္။သည္လိုႏွင့္ေရာက္လာခဲ့သည္

ရခိုင္စု႐ြာအဝင္သို႔
“ကဲ ကဲ ရပါၿပီ ဦးၿမိဳင္ညိဳ။ ေရာ့ ဦးၿမိဳင္

ညိဳသုံးဖို႔ လက္ဖက္ရည္ဖိုး”
“ဟာဗ်ာ .. မဟုတ္တာ စာေရးဆရာရယ္၊ က်ဳပ္တို႔ က လူေကာင္းေတြကို … ကူညီ ေစာင့္ေရွာက္ ရမယ့္ အလုပ္ပါ။ က်ဳပ္ကို ေက်းဇူးတင္ရင္ က်ဳပ္အေၾကာင္းသာ ေရး

ေပးပါဗ်ာ။ ဒီမွာ ေဂါက္ကြင္း ကလပ္မွာ ေမး ေနာ္၊ ညေစာင့္ႀကီး ဦၿမိဳင္ညိဳလို႔ ဟုတ္လား။
ေနာက္ေန႔ညမ်ားက်မွ
ေတြ႕ၾကစို႔
စာေရးဆရာေရ။ သြားၿပီဗ်ိဳ႕ အဟက္ဟက္ အ
ဟက္ အဟက္”
ဦးၿမိဳင္ညိဳက အက္ကြဲကြဲအသံႀကီးႏွင့္ ရယ္ ရင္း ေမွာင္မည္းေနသည့္ ေဂါက္ကြင္းလမ္းရွိ ရာသို႔ ေထာ့နင္းေထာ့နင္းႏွင့္ ေလွ်ာက္သြား ေလသည္ ။ ၾကက္သီးထလိုက္တာ။

ဒီေန႔ ကြၽန္ေတာ္ ရန္ကုန္က ေစာေစာျပန္ ျဖစ္ခဲ့သည္ ။ ၿမိဳ႕ထဲ အဝိုင္းေခါက္ဆြဲဆိုင္မွ ၾကက္သားႏွင့္ ေခါက္ဆြဲေၾကာ္တစ္ထုပ္ ဝယ္ လာလိုက္သည္ ။ ညက ကြၽန္ေတာ့္ကို ကူညီခဲ့ သည့္ ဦးၿမိဳင္ညိဳကို ေက်းဇူးတုံ႔ျပန္ခ်င္ေလ သည္ ။ မိမိက အခ်ိန္မေတာ္ ျပန္ေနရသူ ေလ။ ဒီလိုလူမ်ိဳးမ်ား ႏွင့္ ရင္းႏွီးျခင္းျဖင့္

ကိုယ့္ဘဝအတြက္ အရွည္သျဖင့္ လုံၿခဳံမႈရွိ
ႏိုင္သည္ ။
ကြၽန္ေတာ္ ေဂါက္ကြင္းကလပ္ေရွ႕ရွိ
ညေစာင့္လုပ္သားမ်ား နားေနရာတဲေလးသို႔
လွမ္းလာလိုက္သည္ ။ တဲထဲမွာ အသက္ (၄၀) ေက်ာ္ခန႔္ လူႀကီး (၃) ဦး ေရေႏြးၾကမ္း ေသာက္ေန သည္ ကို ေတြ႕လိုက္ရသည္ ၊
“ဘာကိစၥရွိလို႔ ပါလဲ ညီငယ္”

“ကြၽန္ေတာ့္နာမည္က
ကိုေ႐ႊတင္ပါ
အစ္ကိုႀကီး၊ ဒီက ညေစာင့္ ဦးၿမိဳင္ညိဳနဲ႔
ခဏ
ေတြ႕ခ်င္လို႔ ပါ ခင္ဗ်ာ”
သို႔ကလို ကြၽန္ေတာ္က ေျပာလိုက္ေတာ့ ကင္းတဲေပၚမွာ လူႀကီးသုံးဦးသည္ မ်က္လုံး မ်ား က်ယ္သြားၾကၿပီး တစ္ဦးမ်က္ႏွာတစ္ဦး အျပန္အလွန္ စိုက္ၾကည့္လိုက္ၾကသည္ ။ “ဦၿမိဳင္ညိဳနဲ႔ ညီေလးနဲ႔ ဘာေတာ္လို႔ လဲ”

သူတို႔ အထဲမွ အသက္ႀကီးႀကီး ႏႈတ္ခမ္းေမြးႏွင့္လူႀကီးက လွမ္းေမးလိုက္
သည္ ။
,,

“ဘာမွ မေတာ္ပါဘူးခင္ဗ်ာ။ ညတုန္းကမွ
ကြၽန္ေတာ္က ညတုန္းက ဦးၿမိဳင္ညိဳ ကူညီ
ခဲ့သည့္အေၾကာင္းႏွင့္
ယခု သူ႔ကို
ေက်းဇူးတင္လြန္း၍ စားစရာလာပို႔ရတာျဖစ္ ပါေၾကာင္း ေျပာျပလိုက္ေတာ့ လူႀကီးမ်ားက ေခါင္းတညိတ္ညိတ္ လုပ္ေနၾကသည္ ။

တစ္ဦးကေတာ့ လြယ္အိတ္ထဲမွ စိပ္ပုတီး
ကို ထုတ္ယူ၍ စိပ္ေနလိုက္သည္

“ညီေလးက စာေရးဆရာ ဟုတ္လား”
“ဟုတ္ကဲ့ ခင္ဗ်ာ”
“သူ သူ႔အတၳဳပၸတၱိကို ေျပာျပမယ္တဲ့ လား”
“ဟုတ္ပါတယ္ခင္ဗ်ာ”“သူ … သူ … ကို … ၿမိဳင္ … ညိဳ … မရွိ ေတာ့ဘူး… ညီေလး”
“ခင္ဗ်ာ လားဟင္”

သူ သူ … ခြင့္ယူထားလို႔

သူ႔
“ကိုၿမိဳင္ညိဳဆိုတာ လြန္ခဲ့တဲ့ အပတ္က အိမ္မီးေလာင္လို႔ ေသသြားခဲ့ပါတယ္ ညီငယ္”
“ဗ်ာ … သူ႔ မီးေလာင္လို႔ ေသသြားခဲ့ၿပီးၿပီ” “အမွန္ပါပဲ ငါ့ညီ”
“ဒါ… ဒါျဖင့္ ကြၽန္ေတာ္ ညကေတြ႕ခဲ့တဲ့ အသားမည္းမည္း၊ ႏွာေခါင္းတြဲတြဲ၊ ေျခဆာ ဆာ အရပ္ရွည္ရွည္လူႀကီးက .. ဟို… ဟို တ တေစၦ”
“ဒါပဲေပါ့ကြယ္၊ အမိန႔္ေတြ ဘယ္လိုပဲျပန္ ျပန္ စိတ္အစြဲအလမ္းက ဒီေနရာ ဒီဝန္းက်င္ ကို သံေယာဇဥ္ျဖစ္ စြဲလမ္းခဲ့ေတာ့ နဂိုက လည္း သူတစ္ဖက္သားကို ကူညီတတ္တဲ့

လူေကာင္းႀကီး ကိုၿမိဳင္ညိဳဟာ အခက္အခဲ
ျဖစ္ေနတဲ့ ငါ့ညီကို တေစၦဘဝနဲ႔ လာကူညီ တာပဲေပါ့။ ဒါနဲ႔ ပါဆို သုံးဦးရွိ သြားခဲ့ၿပီေပါ့ ကြယ္။ ကဲ ကဲ ငါ့ညီလည္း ကုသိုလ္ရေအာင္၊
ကိုၿမိဳင္ညိဳလည္း သာဓုေခၚႏိုင္ေအာင္ ငါ့ညီရဲ႕
ေခါက္ဆြဲထုပ္ကို မကြၽတ္မလြတ္ေသးသူ၊
အစားအစာအတြက္ ဒုကၡေရာက္ေနသူ ဘဝ
ျခားဘုံသားမ်ားကို ရည္မွန္းၿပီး ေဟာဟို
ေရွ႕က ေျမေပၚမွာ ကုသိုလ္ျပဳ၊ ဒါနျပဳခဲ့ေပ
ေရာ့ ညီေလး”
ကြၽန္ေတာ္ လြန္စြာအံ့ဩခဲ့ရပါၿပီ။ သို႔ႏွင့္ ေခါက္ဆြဲထုပ္ကိုေျဖ၍ သူတို႔ ေျပာသည့္ အတိုင္း ရည္မွန္းတိုင္တည္ကာ ကုသိုလ္ဒါန ျပဳ၍ အမွ်ေပးေဝလိုက္ပါသည္ ။ ေခြးအခ်ိဳ႕က ဆြဲဆြဲငင္ငင္ အူလိုက္သည္ ကို ၾကားရသည္ ၊ ကြၽန္ေတာ္ … ယခင္လမ္းအတိုင္း ျပန္ ေလွ်ာက္လာေတာ့ ၾကယ္ေရာင္အခ်ိဳ႕ေၾကာင့္

လမ္းကို ျမင္ေနရသည္ ။ ေနာက္မွ ေျခသံ
ၾကား၍ လွည့္ၾကည့္လိုက္ေတာ့ မည္သူမွ်မရွိ။ တစ္ခါတစ္ရံ ညႇီစို႔စို႔ အနံ႔လိုလို၊ မီးကြၽမ္းအနံ႔

လိုလို ရႉမိရသည္ ။ ဦးၿမိဳင္ညိဳမ်ား ေနာက္က ေန လိုက္ လာေလေရာ့သလား။
ၾကက္သီးမ်ား ျဖန္းခနဲ ထသြားခဲ့သည္ “ကြၽန္ေတာ္ျပဳသမွ်ကုသိုလ္ကို အမွ်ေဝပါ
တယ္ ဦးၿမိဳင္ညိဳ၊ အမွ် အမွ် သာဓုေခၚပါေတာ့ ဦးၿမိဳင္ညိဳ”
….
အမွ်

ကြၽန္ေတာ္ အမွ်ေဝးလိုက္သည္ ႏွင့္ မၾကာ ခင္ ေျခသံႏွင့္ အနံ႔အသက္မ်ား ေပ်ာက္ျခင္း
မလွ ေပ်ာက္သြားခဲ့သည္ ။
ကြၽန္ေတာ္ ဆုံးျဖတ္ခ်က္ ခ်လိုက္သည္
ဦးၿမိဳင္ညိဳရဲ႕ ေက်းဇူး ကြၽန္ေတာ့္အေပၚ ရွိခဲ့
ဖူးပါသည္ ။ ဪ
အစြဲအလမ္းကား
ေၾကာက္စရာ၊ အံ့စရာပါတကား။ ဒါေၾကာင့္
လည္း ဘုရားရွင္က ေသသူ၏ လားရာဂတိ

သည္ ေသခါနီး အစြဲအလမ္း အေပၚမွာ မွီ တည္ေလ့ရွိသည္ ဟု ေဟာၾကားခဲ့၏။
မနက္ျဖန္ ကြၽန္ေတာ္ ဦးၿမိဳင္ညိဳအတြက္ ႐ြာဦးေက်ာင္းမွာ ဆြမ္းတစ္အုပ္ခ်က္ၿပီး အမွ်
ေဝမည္။
သို႔မွ သာ ဦးၿမိဳင္ညိဳ ဘဝကူးေကာင္း
ခ်ိမ့္မည္။