ကျတ်ရွာ

စာရေးသူ-ထက်မြတ်
(တောင်ငူ)

ကျတ်ရွာ
———–
(ဖြစ်ရပ်မှန်)

လူလောက ဒီကမ္ဘာမြေကြီးပေါ်တွင် ထူးဆန်းသော အကြောင်းအရာများစွာ ရှိလေသည်။ သိပ္ပံပညာရပ်ဖြင့် မရှင်းပြနိင်သော အရာများလည်းရှိပေသည်။

မယုံကြည်နိင်စရာ အကြောင်းအရာများစွာလည်း ရှိပေသည်။ ယခုကျွန်ုပ်တင်ပြမည် အကြောင်းအရာက သေလွန်သူများ မကျွတ်မလွတ်ပဲ စုဝေးနေထိုင်ရာ အရပ် ကျတ်ရွာ အကြောင်းပင် ဖြစ်သည်။

ဖြစ်ရပ်မှန် အကြောင်းအရာ ဖြစ်သည့်အလျောက် နာမည်လွဲ တည်နေရာကးလွဲ၍ ရေးသားသွားပါမည်။

သာဒင်၊ ထွန်းအောင် နှင့် တင်ထွန်းတို့ သုံးယောက်သည်။ ချောင်းမငယ် ရွာသားများ ဖြစ်ကြသည်။ ချောင်းမငယ် ရွာလေးသည် အနောက်ရိုးမ အနီးတွင်တည်ရှိသည့် တောင်ခြေရွာလေး တရွာလည်း ဖြစ်သည်။

အနောက်တောင်နှင် နီးသည့်အလျောက် တောတန်းအနီး တွင်ရှိသည့်ဟု ဆိုရပေမည်။ ချောင်းမငယ် ရွာလေးတွင် သာဒင်၊ ထွန်းအောင် နှင့် တင်ထွန်းတို့သည့် တောပစ်ဖော်တောပစ်ဖတ် ချောင်းမငယ်ရွာ ၏ မုဆိုးကျော်များ ဖြစ်ကြသည်။

နွေရာသီရောက်နေသော်လည်း တောရိပ်တောင်ရိပ်ကြောင့် ချောင်းမငယ် ရွာလေးသည် အပူဒဏ်ကို မခံရပေ။ ရွာလယ်ရှိ အရက်ဆိုင်တွင် ဆန်အရက်တပုလင်းကို အလယ်မှာ ချကာ လူသုံးဦး သောက်နေကြလေသည်။

“.. သာဒင်.. ငါတို့သုံးယောက် တရက်လောက် တောပစ်ထွက်ရအောင်ကွာ…”

“ငါလည်းစဉ်းစားနေတာကွ.. ပိုက်ဆံကလည်း ပြက်နေပြီး…”
“တင်ထွန်း.. မင်းကရော…”

“ပြောစရာလိုသေးလား.. ထွန်းအောင်.. ငါကတောပစ်ရမယ်ဆို ရွှေတူးရမှာထက် ပျော်တယ်ကောင်ပါ..”

တင်ထွန်း၏ စကားကို သာဒင် နှင့် ထွန်းအောင်က သဘောကျစွာရီလိုက်ကြသည်။ ယခုမှ အရက်ဝိုင်းလေးက စိုစိုပြည်ပြည်လေး ဖြစ်လာသည်။ သာဒင်က ဆက်လက်၍….

“ဒါဆို.. ငါတို့ဘယ်နေ့ သွားကြမလဲကွ…”

“သဘက်ခါပဲသွားကြမယ်ကွာ.. ပြင်ဆင်စရာရှိတာ ပြင်ဆင်ရဦီးမယ် .”

ထွန်းအောင်၏ စကားကို တင်ထွန်းကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ မှာယူထားသော ဆန်အရက်က ကုန်လုပြီးဖြစ်သည့် ထိုကြောင့် တင်ထွန်းကပင်

“ညိုကြီးရေ့… အရက်တလုံးထပ်ပေးကွာ.. တောပစ်က ပြန်လာရင် ရှင်းမယ်ကွာ..”

“ရမယ်ဗျို့.. ကျုပ်ဆိုင်အတွက် အမြည်းလေးဘာလေးလည်း လုပ်ပေးခဲ့ကြဦး..”

“ငါတို့ပြန်လာရင် ဘယ်တုန်းက တောကောင်မပါပဲ ပြန်လာဖူးလို့လဲကွ.. စိတ်ချ..”

မှန်ပါသည်. သာဒင်၊ ထွန်းအောင်နှင့် တင်ထွန်းတို့ သုံးယောက် တောထဲဝင်၍ အမဲပစ်လျှင် မရပဲပြန်လာရသည့်ဟု မရှိပေ။ အမဲပစ်သွားရာတွင် တခါတလေနေ့ချင်းပြန်လာတက်ပြီး တခါတလေ နှစ်ရက်လောက်ကြာတက်လေသည်။

သောက်လက်စ အရက်များကို လက်စဖြတ်ကာ မိမိတို့နေထိုင်ရာ အိမ်အသီးသီးသို့ ပြန်ခဲ့ကြလေသည်။ မိမိတို့၏ ဇနီးမယားများကို လိုအပ်သည့်များ ပြင်ဆင်ခိုင်းလေသည်။ အမဲပစ်ရာတွင် သုံးသည့်လက်နက်များကို လည်းပြင်ရလေသည်။

ရွာထဲတွင် သာဒင်၊ ထွန်းအောင်၊ တင်ထွန်းတို့ သုံးယောက် အမဲပစ်သွားမည့်ဟု သိရသည့်နှင့် တောကောင်သား လာရောက်မှာသူများက စည်းကားနေတော့သည်။

“ဖြူရေ့.. ဒီတခါ အမဲပစ်ကတော့ ကြာမယ်ထင်တယ်ကွ..”

“ဘာလို့လဲတော်..”

“အမဲမှာတဲ့လူများတယ်ကွ…”

“ရှင်လည်း.အမဲပစ်တာ စွန့်လွှတ်ပါတော့လားရှင်..”

“ဘာလို့လဲ.. ဖြူ ရဲ့..”

“ဒီ အကုသိုလ်အလုပ်တွေ မလုပ်စေချင်လို့ပါ..”

“ဒါပေမဲ့.. ဖြူရယ်.. သစ်ခုတ်ဝါးခုတ် အလုပ်ကလည်း သိပ်အဆင်မပြေဘူး.. ဒီအလုပ်ကပဲ အဆင်ပြေတာ.. ဖြူလေးလည်း.. သိနေတာပဲ.. ပြီးတော့.. ကိုယ်တို့. ဘဝထဲကို လူတယောက်က တိုးတော့မယ်..”

“ရှင်ပြောတာလည်း.. ဟုတ်တော့ဟုတ်နေတာပဲ…”

သို့နှင့် အမဲပစ်ထွက်မည့် ရက်သိုရောက်လာခဲ့တော့သည်။ တူးမီးသေနတ် နှစ်လက် ဓားမြှောင့်သုံးချောင်း၊ ကပ်ပါးနှစ်ခု နှင့် ဒူးလေးတလတ်ဖြစ်သည်။

ဒူးလေးကို ကိုင်ဆောင်သူက တင်ထွန်းဖြစ်သည်။ ဒူးလေး၏ မျှားတံက အဆိပ်လူးမျှား ဖြစ်သည်။ (အလျဉ်းသင့်သလို့ အဆိပ်လူမျှား ပြုလုပ်ပုံများကို ဖော်ပြပေးပါမည်) ဆန်အနည်းငယ်နှင့် ကြက်တင်ထားသည် သားကောင်အချို့ကို ရိက္ခအဖြစ် ယူခဲ့ကြလေသည်။

တောထဲဝင်ခါနီးတွင် ကွမ်းယာဖြင့် တောစောင့်နတ်၊ တောင်စောင့်နတ်များကို ပူဇော်ခွင့်တောင်းရလေသည်။ လမ်းတွင်လမ်းစည်းကမ်း၊ အိမ်တွင်အိမ်စည်းကမ်း မြို့တွင် မြို့စည်းကမ်းရှိသလို့ တောတွင်လည်း တောစည်းကမ်းရှိလေသည်။ လိုက်နာခြင်းမရှိပါက တောမှောတ်ခြင်း မျက်စီလည်ခြင်းများ ဖြစ်တက်ပေသည်။

လူသုံးယောက် အနောက်တောင်သို့ စတင်ဝင်ရောက်ခဲ့တော့သည်။ တောတောင်များ ဖုန်းသိုးတောများ ကိုဖြတ်လာသော်လည်း သားကောင်ကြီးကြီးမားမား ဟု၍ မတွေ့သေးပေ။

မုဆိုးဟင်းအိုးဟု ခေါ်သော ဂျီများကတော့ နေရာအနှံအပြားတွင် တွေ့နေရလေသည်။ သို့သော် မပစ်ကြပေ။ အဘယ်ကြောင့်နည်း.. ထိုသို့ကဲ့သို့ သားကောင်ငယ်များကို ပစ်လိုက်လျှင် သားကောင်ကြီးများ ပြေးသွားနိင်သောကြောင့် ဖြစ်သည်။

နေ့မွန်းတည့်ချိန်တွင် တောတွင်း တနေရာ၌ စမ်းချောင်းလေးကို တွေ့ရလေသည်။ စမ်းချောင်းလေး အတိုင်းဖြေးညင်းစွာ လိုက်သွားလျှင် တောကောင်ကြီးကြီးများ ကို တွေ့ရနိင်လေသည်။ ထို့ကြောင့်သုံးယောက်သား သတိကြီးစွာဖြင့် စမ်းချောင်းအတိုင်း သွားခဲ့ကြလေသည်။

တနေရာအရောက်တွင် ဆက်ကျွဲကြီးများ ရေသောက်နေသည့်ကို မြင့်ရလေသည်။ ဆက်ကျွဲကြီးများက ကွှန်ုပ်တို့ သုံးယောက်ကို သတိမထားမီကြပေ။ ကျွန်ုပ်တို့က လေအောက်က ဖြစ်နေသောကြောင့်လည်းကောင်း အဝေးမှကတည်းက ဆက်ကျွဲကြီးများကို မြင့်ရသောကြောင့် ဖြစ်သည်။

(ဤတွင် ဆတ်နှင်ပတ်သက်၍ ဆေးဖတ်ဝင်သည့် ကျွန်ုပ်သိသော အကြောင်းအရာအချို့ကို ဖော်ပြပါရစေ)
ဆတ်ဦီးချိုသည့် ဆေးဖတ်အလွန် ဝင်ပေသည်။ ဆီးနှင့် ပက်သက်သော ရောဂါများကို ပျောက်ကင်းနိုသည်။ ဆတ်ဦီးချိုကို ဆန်ဆေးရေနှင့် သွေ၍ သံပရာရည်အနည်းငယ် ဖြစ်စေ ခြောက်ရည်အနည်းငယ်နှင့် ဖြစ်စေ သောက်သုံးပါက ဆီးကျောက်တည်ခြင်းကိုပင် ပျောက်ကင်းနိင်သည်။ သောက်ရမည်ပမာဏက အနည်းငယ်သာဖြစ်သည်။

ဆီးအောင့်လျှင် ဆီးခါံး၌ ဆတ်ဦီးချိုကို သွေး၍လူးပေးလျှင် ပျောက်နိင်သည်။ ဆတ်သိုးကလည်း အသုံးဝင်လှသည်။ မိန်းမများ မီးမဖွားနိုင်လျှင် ဆတ်သိုးကို ဆံပင်ကြားထိုးပေးလျှင် ချက်ချင်းပင် မီးဖွားနိင်သည်။ သို့သော် မီးဖွာပြီးပြီးချင်း ဆတ်သိုးကို နုတ်ယူရမည့် မယူပါက အူများပင်ထွက်လာသည့်ဟု ဆိုသည်။ ဤသည့်ကား ကျွုန်ပ်သိသော အကြောင်းအရာအချိူ့ဖြစ်သည်။

ကျွန်ုပ်တို့ သုံးယောက်လည်း သဘောတူညီချက် တခုရယူကာ ဆတ်ကျွဲတကောင်တည်းကိုသာ ပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သုံးယောက် လူစုခွဲက ထိပ်ဆုံးက ဆတ်ကျွဲကြီးကို ချိန်ရွယ်ပြီး ပစ်လိုက်ကြသည်။ ဆတ်ကျွဲကြီးများက ပြေးထွက်သွားပြီး ဒဏ်ရာနှင့်အကောင်က ခပ်လှမ်းလှမ်း အရောက်တွင် လဲကျသွားတော့သည်။

ကျွုန်ုပ်တို့လည်း သိပ်မကျယ်လှသော စမ်းချောင်းလေးကို ဖြတ်ကူးကာ လဲကျနေသော ဆတ်ကြီးအား သေမသေ ခပ်လှမ်းလှမ်းမှ စမ်းသပ်ကြသည်။ သေသည့်ဟု သေချာသည့်နှင့် ဒခေါက်ကြောများကို ဓားဖြင့် လှီးဖြတ်လိုက်လေသည်။

သားကောင်တကောင် မီလျှင် ထိုသို့ ပြုလုပ်ရပေးသည်။ မဟုတ်လျှင် အပမီုပြီး ထပြီးလူကို အန္တရာယ်ပြုတက်ပေသည်။ ထိုနောက် သစ်ကိုင်းတခတ်ကို ဓားဖြင့်ခုတ်ကာ ဆတ်ကြီးအပေါ် တင်ခဲ့လေသည်။ ထို့သို့ပြုလုပ်မှာ သာလျှင် အခြားသားရဲများက စားမည်မဟုတ်တော့ပေ။ ပိုင်ရှင်ရှိသည့်ဟုသော အမှန်အသားပင် ဖြစ်သည်။ ထိုဟာများ သည့် တော၏စည်းကမ်းဖြစ်သည်။

ထိုနေရာအား အမှတ်အသား လုပ်ကာကျွန်ုပ်တို့လည်း နောက်ထပ်သားကောင်း ပစ်ရန် ဆက်လက်ထွက်ခွာခဲ့တော့သည်။ ဆက်လက်ထွက်ခွာပြီး သိပ်မကြာ သင်းကွဲဝတ်တောင်းတကောင်နှင့် ပတ်ပင်းတိုးလေသည်။ ကျင်းခတ်နေသော ဝတ်တောင်းကြီးတကောင် ဖြစ်သည်။ ဝတ်တောင်းကြီးသည့် အစွယ်ကြီးက ငေါ့လျက် ဂူးဂူးနှင့် နှာမှုတ်သံကြီးပေးကာ ကျွန်ုပ်တို့အား ကြည့်နေလေသည်။

ဝတ်တောင်းတကောင် ပို၍ဆိုးသည့်ကာ သင်းကွဲဝတ်တောင်းတကောင်ဖြစ်နေသည်။ ဝတ်တောင်းများသည့် အခြားသော သားရဲများနှင့်မတူ ကျားနှင့်ပတ်ပင်းတိုးလျှင်ပင် ရှောင်၍ရလျှင် ရှောင်သွားကြသည်။ ဝတ်တောင်းများက ထိုသို့မဟုတ်ပေ အသေအကြေ တိုတ်ခတ်တက်ကြသည်။

ကျွန်ုပ်တို့ သုံးယောက် အခြေအနေကို ကြည့်ရင် ကျွန်ုပ်က တူးမီးသေနတ်ကို မြှောက်ကာ ဝတ်တောင်းထိပ်တည့်တည့် ချိန်ကာပစ်လိုက်သည်။

ဝူးဝူးဝေါင်းဟုသော အသံများဖြင့် ကျင်းထဲကထွက်ကာ ကျွန်ုပ်တို့ဆီ ပြေးလာတော့သည်။ ကျွန်ုပ်လည်း ရှောင်ရင်းဘေးရှိ ချောက်ထဲ အမှတ်မထင်ကျသွားခဲ့ရသည်။

ရွာထဲသို့ ဆတ်ကြီးထမ်းလို့ လူနှစ်ဦးဝင်လာခဲ့သည်။ ထိုသူများက ထွန်းအောင်နှင့် တင်ထွန်းဖြစ်သည်။ သူတို့ရောက်လာကြောင်း သိသည့်နှင့် ရောက်လာသူက ဖြူလေး

“ကိုသာဒင်ရော ကိုသာဒင်…”

“သာဒင်.. ချောက်ထဲကျသွားတယ်.. ငါတို့လည်း ဆင်းရှာတာပဲ.. မတွေ့တော့ဘူး..”

“ဘယ်လို့ဖြစ်ကြတာလဲ….”

“တောဝတ်နဲ့ တိုက်ရင်း ဖြစ်ကုန်တာပဲ တောဝတ်ကတော့ သေသွားပြီး… နေ့လည့်မှ ရွာကလူတွေ ခေါ်ပြီး သာဒင်ကို ပြန်ပြီးသွားရှာကြမယ်…”

ထိုနောက် လူစုကာ သာဒင်အား အရှာထွက်ကြတော့သည်။
“အင်း.. အား..”

ညည်းညူ သံများနှင့် အတူကျွန်တော် သတိရလာခဲ့သည်။ ကျွန်ုပ်သတိရတော့ အိမ်တအိမ်အပေါ် ရောက်နေခဲ့သည်။ အကြောင်းအရာအများအား ပြန်စဉ်းစားသော်လည်း.. ခေါင်းများက မူးနောက်နေတော့သည်။

“လူလေး.. မင်းသတိရပြီး..”

“ကျွန်တော်.. ဘယ်ရောက်နေတာလဲ..”

“သစ်မြိုင်ရွာပါ.. ချောက်ထဲကနေ… လူလေးကို ခေါ်လာတာ..”

“ကျွန်တော်.. ဒီလို့ဖြစ်နေတာ.. ဘယ်လောက်ကြာပြီးလဲ…”

“၃ရက်ရှိနေပြီး….”

“ဗျာ.. ဒါဆိုကျွန်တော်ပြန်မှ ဖြစ်မယ်.. ကျွန်တော်မိန်းမ မျှော်နေတော့မယ်….”

“နားနေပါဦး.. လူလေးရယ်.. ဒဏ်ရာတွေ သက်သာလာတော့ အဘလိုက်ပို့ပေးပါမယ်..”

“ဟုတ်ကဲ့..”

ကျွန်ုပ်လည်းပြန်လည်အိပ်ပျော်သွားခဲ့တော့သည်။ ထို့သို့နေလာရင် တပတ်ကြာတော့ ကျွန်ုပ်အတော်အတန်ပင် သက်သာနေပြီး ဖြစ်သည်။ ထို့ကြောင့်ပြန်ရန် ပြောတော့သည်။

“အင်း.. လူလေး..ပြန်ချင်တော့လည်း.. ပို့ပေးရတာပေါ့… နောက်တခါတော့.. ဒီရွာကိုမလာတော့နဲ့..”

“ဘာဖြစ်လို့လဲ.. အဘ..”

“နောက်တော့ သိလာပါလိမ့်မယ်.. ကဲအချိန်မလင့်ခင်သွားကြရအောင်…”

အဘိုးအိုကရှေ့က ကျွန်ုပ်က အနောက်က လိုက်ပါလာခဲ့သည်။ ရွာလမ်းတွင် လူများက ကင်းရှင်းလျက် ရှိသည်။ အိမ်များထဲကနေ ကြည့်နေကြသည်။ ပြုံးခြင်းရီခြင်း မရှိပေ။ ရွာကထွက်တော့ လယ်ကွင်းများကို ဖြတ်ရသည်။ လယ်ကွင်းများက မည့်သည်အပင်မှ စိုက်ပျိုးခြင်းမရှိပေ။

ခပ်လှမ်းလှမ်းတောင်ပေါ်တွင် တောင်ယာစိုက်ခင်းများကို တွေ့ရလေသည်။ အရှေ့ကသွားနေသော အဘိုးအိုကို မှီရန်အပြေးနီးပါးလိုက်နေရသည်။ သူကတော့ ပုံမုန်အတိုင်းပင် သွားနေသည်။ ထိုနောက်တောတန်းလေးကို ကျော်ပြီးနောက် အဘိုးအိုက..

“ကဲလူလေး ဒီအတိုင်းတန်းတန်းသွားရင် မင်းနေတဲ့ရွာကို ရောက်လိမ့်မယ်…”

“ဟုတ်ကဲ့.. ပြန်လာခွင့်ရှိရင် ပြန်လာချင်ပါသေးတယ်…”

“ပြန်မလာချင်ပါနဲ့.. နောက်တခါရောက်ရင်တောင် အခြေအနေတွေက မတူလောက်တော့ဘူး.. ကဲကဲသွားတော့..”

ကျွန်ုပ်လည်း အိမ်နှင့် မိန်းမကိုလွမ်းစိတ်ကြောင့် အနောက်ပင်လှည့်မကြည့် သုတ်ခြေတင် ပြန်လာခဲ့တော့သည်။ သို့သော်လည်း လမ်းတွင် အမှတ်အသား အချို့ပြုလုပ်ခဲ့သေးသည်။ ရွာထဲဝင်သည့်နှင့် လူများက ကျွန်ုပ်ကို အံသြမူပုံစံများဖြင့် ကြည့်နေကြလေသည်။

“သာဒင်… မင်းဘာမှမဖြစ်ဘူးနော်…”

“ငါဘာမှမဖြစ်ဘူးကွ.. ထွန်းအောင်ကရော…”

“သူအိမ်မှာပဲ.. ငါတို့မင်းကို ၃ရက်လောက်ရှာသေးတယ်.. မင်းကိုမတွေ့ရဘူး.. မင်းဘယ်ရောက်နေတာလဲ..”

“ငါ.. သစ်မြိုင်ဆိုတဲ့ ရွာကိုရောက်နေတာ တပတ်တောင်ကြာသွားတယ်..”

“ဘာတပတ်ဟုတ်လား… မင်းပျောက်သွားတာ.. ဒီနေ့တလပြည့်တာကွ.. မင်းမိန်းမတောင် ဒီနေ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်နေပြီး……”

“ဟုတ်လားကွ.. ငါသွားပြီးကွာ…”

ထိုနောက်မှာတော့ ကျွန်ုပ် ရွာပြန်ရောက်လာသော သတင်းကပြန့်နှံသွားတော့သည်။ အိမ်သို့လည်း သတင်းမေးသူများနှင့် စည်းကားနေတော့သည်။

ကျွန်ုပ်လည်း ဒဏ်ရာများ သက်သာသွားသောအခါ အမှတ်အသားတိုင်း ပြန်သွားသော်လည်း.. လမ်းများပင် မတွေ့ရတော့ပေ။ ထိုရွာအားလည်း.. လိုက်လံရှာဖွေသော်လည်း မတွေ့ရပေ။ လိုက်လံစုံစမ်း သော်လည်း သစ်မြိုင်ရွာ နာမည်ပင်မကြားဖူးကြပေ။

[ ပြီးပါပြီး’ ]

Credit : Sai Min Thant

စာေရးသူ-ထက္ျမတ္
(ေတာင္ငူ)

က်တ္႐ြာ
———–
(ျဖစ္ရပ္မွန္)

လူေလာက ဒီကမာၻေျမႀကီးေပၚတြင္ ထူးဆန္းေသာ အေၾကာင္းအရာမ်ားစြာ ရွိေလသည္။ သိပၸံပညာရပ္ျဖင့္ မရွင္းျပနိင္ေသာ အရာမ်ားလည္းရွိေပသည္။

မယုံၾကည္နိင္စရာ အေၾကာင္းအရာမ်ားစြာလည္း ရွိေပသည္။ ယခုကြၽႏ္ုပ္တင္ျပမည္ အေၾကာင္းအရာက ေသလြန္သူမ်ား မကြၽတ္မလြတ္ပဲ စုေဝးေနထိုင္ရာ အရပ္ က်တ္႐ြာ အေၾကာင္းပင္ ျဖစ္သည္။

ျဖစ္ရပ္မွန္ အေၾကာင္းအရာ ျဖစ္သည့္အေလ်ာက္ နာမည္လြဲ တည္ေနရာကးလြဲ၍ ေရးသားသြားပါမည္။

သာဒင္၊ ထြန္းေအာင္ ႏွင့္ တင္ထြန္းတို႔ သုံးေယာက္သည္။ ေခ်ာင္းမငယ္ ႐ြာသားမ်ား ျဖစ္ၾကသည္။ ေခ်ာင္းမငယ္ ႐ြာေလးသည္ အေနာက္႐ိုးမ အနီးတြင္တည္ရွိသည့္ ေတာင္ေျခ႐ြာေလး တ႐ြာလည္း ျဖစ္သည္။

အေနာက္ေတာင္ႏွင္ နီးသည့္အေလ်ာက္ ေတာတန္းအနီး တြင္ရွိသည့္ဟု ဆိုရေပမည္။ ေခ်ာင္းမငယ္ ႐ြာေလးတြင္ သာဒင္၊ ထြန္းေအာင္ ႏွင့္ တင္ထြန္းတို႔သည့္ ေတာပစ္ေဖာ္ေတာပစ္ဖတ္ ေခ်ာင္းမငယ္႐ြာ ၏ မုဆိုးေက်ာ္မ်ား ျဖစ္ၾကသည္။

ေႏြရာသီေရာက္ေနေသာ္လည္း ေတာရိပ္ေတာင္ရိပ္ေၾကာင့္ ေခ်ာင္းမငယ္ ႐ြာေလးသည္ အပူဒဏ္ကို မခံရေပ။ ႐ြာလယ္ရွိ အရက္ဆိုင္တြင္ ဆန္အရက္တပုလင္းကို အလယ္မွာ ခ်ကာ လူသုံးဦး ေသာက္ေနၾကေလသည္။

“.. သာဒင္.. ငါတို႔သုံးေယာက္ တရက္ေလာက္ ေတာပစ္ထြက္ရေအာင္ကြာ…”

“ငါလည္းစဥ္းစားေနတာကြ.. ပိုက္ဆံကလည္း ျပက္ေနၿပီး…”
“တင္ထြန္း.. မင္းကေရာ…”

“ေျပာစရာလိုေသးလား.. ထြန္းေအာင္.. ငါကေတာပစ္ရမယ္ဆို ေ႐ႊတူးရမွာထက္ ေပ်ာ္တယ္ေကာင္ပါ..”

တင္ထြန္း၏ စကားကို သာဒင္ ႏွင့္ ထြန္းေအာင္က သေဘာက်စြာရီလိုက္ၾကသည္။ ယခုမွ အရက္ဝိုင္းေလးက စိုစိုျပည္ျပည္ေလး ျဖစ္လာသည္။ သာဒင္က ဆက္လက္၍….

“ဒါဆို.. ငါတို႔ဘယ္ေန႔ သြားၾကမလဲကြ…”

“သဘက္ခါပဲသြားၾကမယ္ကြာ.. ျပင္ဆင္စရာရွိတာ ျပင္ဆင္ရဦီးမယ္ .”

ထြန္းေအာင္၏ စကားကို တင္ထြန္းကလည္း သေဘာတူသည့္အေနျဖင့္ ေခါင္းညိတ္ျပလိုက္သည္။ မွာယူထားေသာ ဆန္အရက္က ကုန္လုၿပီးျဖစ္သည့္ ထိုေၾကာင့္ တင္ထြန္းကပင္

“ညိဳႀကီးေရ႕… အရက္တလုံးထပ္ေပးကြာ.. ေတာပစ္က ျပန္လာရင္ ရွင္းမယ္ကြာ..”

“ရမယ္ဗ်ိဳ႕.. က်ဳပ္ဆိုင္အတြက္ အျမည္းေလးဘာေလးလည္း လုပ္ေပးခဲ့ၾကဦး..”

“ငါတို႔ျပန္လာရင္ ဘယ္တုန္းက ေတာေကာင္မပါပဲ ျပန္လာဖူးလို႔လဲကြ.. စိတ္ခ်..”

မွန္ပါသည္. သာဒင္၊ ထြန္းေအာင္ႏွင့္ တင္ထြန္းတို႔ သုံးေယာက္ ေတာထဲဝင္၍ အမဲပစ္လွ်င္ မရပဲျပန္လာရသည့္ဟု မရွိေပ။ အမဲပစ္သြားရာတြင္ တခါတေလေန႔ခ်င္းျပန္လာတက္ၿပီး တခါတေလ ႏွစ္ရက္ေလာက္ၾကာတက္ေလသည္။

ေသာက္လက္စ အရက္မ်ားကို လက္စျဖတ္ကာ မိမိတို႔ေနထိုင္ရာ အိမ္အသီးသီးသို႔ ျပန္ခဲ့ၾကေလသည္။ မိမိတို႔၏ ဇနီးမယားမ်ားကို လိုအပ္သည့္မ်ား ျပင္ဆင္ခိုင္းေလသည္။ အမဲပစ္ရာတြင္ သုံးသည့္လက္နက္မ်ားကို လည္းျပင္ရေလသည္။

႐ြာထဲတြင္ သာဒင္၊ ထြန္းေအာင္၊ တင္ထြန္းတို႔ သုံးေယာက္ အမဲပစ္သြားမည့္ဟု သိရသည့္ႏွင့္ ေတာေကာင္သား လာေရာက္မွာသူမ်ားက စည္းကားေနေတာ့သည္။

“ျဖဴေရ႕.. ဒီတခါ အမဲပစ္ကေတာ့ ၾကာမယ္ထင္တယ္ကြ..”

“ဘာလို႔လဲေတာ္..”

“အမဲမွာတဲ့လူမ်ားတယ္ကြ…”

“ရွင္လည္း.အမဲပစ္တာ စြန္႔လႊတ္ပါေတာ့လားရွင္..”

“ဘာလို႔လဲ.. ျဖဴ ရဲ႕..”

“ဒီ အကုသိုလ္အလုပ္ေတြ မလုပ္ေစခ်င္လို႔ပါ..”

“ဒါေပမဲ့.. ျဖဴရယ္.. သစ္ခုတ္ဝါးခုတ္ အလုပ္ကလည္း သိပ္အဆင္မေျပဘူး.. ဒီအလုပ္ကပဲ အဆင္ေျပတာ.. ျဖဴေလးလည္း.. သိေနတာပဲ.. ၿပီးေတာ့.. ကိုယ္တို႔. ဘဝထဲကို လူတေယာက္က တိုးေတာ့မယ္..”

“ရွင္ေျပာတာလည္း.. ဟုတ္ေတာ့ဟုတ္ေနတာပဲ…”

သို႔ႏွင့္ အမဲပစ္ထြက္မည့္ ရက္သိုေရာက္လာခဲ့ေတာ့သည္။ တူးမီးေသနတ္ ႏွစ္လက္ ဓားေျမႇာင့္သုံးေခ်ာင္း၊ ကပ္ပါးႏွစ္ခု ႏွင့္ ဒူးေလးတလတ္ျဖစ္သည္။

ဒူးေလးကို ကိုင္ေဆာင္သူက တင္ထြန္းျဖစ္သည္။ ဒူးေလး၏ မွ်ားတံက အဆိပ္လူးမွ်ား ျဖစ္သည္။ (အလ်ဥ္းသင့္သလို႔ အဆိပ္လူမွ်ား ျပဳလုပ္ပုံမ်ားကို ေဖာ္ျပေပးပါမည္) ဆန္အနည္းငယ္ႏွင့္ ၾကက္တင္ထားသည္ သားေကာင္အခ်ိဳ႕ကို ရိကၡအျဖစ္ ယူခဲ့ၾကေလသည္။

ေတာထဲဝင္ခါနီးတြင္ ကြမ္းယာျဖင့္ ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္မ်ားကို ပူေဇာ္ခြင့္ေတာင္းရေလသည္။ လမ္းတြင္လမ္းစည္းကမ္း၊ အိမ္တြင္အိမ္စည္းကမ္း ၿမိဳ႕တြင္ ၿမိဳ႕စည္းကမ္းရွိသလို႔ ေတာတြင္လည္း ေတာစည္းကမ္းရွိေလသည္။ လိုက္နာျခင္းမရွိပါက ေတာေမွာတ္ျခင္း မ်က္စီလည္ျခင္းမ်ား ျဖစ္တက္ေပသည္။

လူသုံးေယာက္ အေနာက္ေတာင္သို႔ စတင္ဝင္ေရာက္ခဲ့ေတာ့သည္။ ေတာေတာင္မ်ား ဖုန္းသိုးေတာမ်ား ကိုျဖတ္လာေသာ္လည္း သားေကာင္ႀကီးႀကီးမားမား ဟု၍ မေတြ႕ေသးေပ။

မုဆိုးဟင္းအိုးဟု ေခၚေသာ ဂ်ီမ်ားကေတာ့ ေနရာအႏွံအျပားတြင္ ေတြ႕ေနရေလသည္။ သို႔ေသာ္ မပစ္ၾကေပ။ အဘယ္ေၾကာင့္နည္း.. ထိုသို႔ကဲ့သို႔ သားေကာင္ငယ္မ်ားကို ပစ္လိုက္လွ်င္ သားေကာင္ႀကီးမ်ား ေျပးသြားနိင္ေသာေၾကာင့္ ျဖစ္သည္။

ေန႔မြန္းတည့္ခ်ိန္တြင္ ေတာတြင္း တေနရာ၌ စမ္းေခ်ာင္းေလးကို ေတြ႕ရေလသည္။ စမ္းေခ်ာင္းေလး အတိုင္းေျဖးညင္းစြာ လိုက္သြားလွ်င္ ေတာေကာင္ႀကီးႀကီးမ်ား ကို ေတြ႕ရနိင္ေလသည္။ ထို႔ေၾကာင့္သုံးေယာက္သား သတိႀကီးစြာျဖင့္ စမ္းေခ်ာင္းအတိုင္း သြားခဲ့ၾကေလသည္။

တေနရာအေရာက္တြင္ ဆက္ကြၽဲႀကီးမ်ား ေရေသာက္ေနသည့္ကို ျမင့္ရေလသည္။ ဆက္ကြၽဲႀကီးမ်ားက ကႊႏ္ုပ္တို႔ သုံးေယာက္ကို သတိမထားမီၾကေပ။ ကြၽႏ္ုပ္တို႔က ေလေအာက္က ျဖစ္ေနေသာေၾကာင့္လည္းေကာင္း အေဝးမွကတည္းက ဆက္ကြၽဲႀကီးမ်ားကို ျမင့္ရေသာေၾကာင့္ ျဖစ္သည္။

(ဤတြင္ ဆတ္ႏွင္ပတ္သက္၍ ေဆးဖတ္ဝင္သည့္ ကြၽႏ္ုပ္သိေသာ အေၾကာင္းအရာအခ်ိဳ႕ကို ေဖာ္ျပပါရေစ)
ဆတ္ဦီးခ်ိဳသည့္ ေဆးဖတ္အလြန္ ဝင္ေပသည္။ ဆီးႏွင့္ ပက္သက္ေသာ ေရာဂါမ်ားကို ေပ်ာက္ကင္းႏိုသည္။ ဆတ္ဦီးခ်ိဳကို ဆန္ေဆးေရႏွင့္ ေသြ၍ သံပရာရည္အနည္းငယ္ ျဖစ္ေစ ေျခာက္ရည္အနည္းငယ္ႏွင့္ ျဖစ္ေစ ေသာက္သုံးပါက ဆီးေက်ာက္တည္ျခင္းကိုပင္ ေပ်ာက္ကင္းနိင္သည္။ ေသာက္ရမည္ပမာဏက အနည္းငယ္သာျဖစ္သည္။

ဆီးေအာင့္လွ်င္ ဆီးခါံး၌ ဆတ္ဦီးခ်ိဳကို ေသြး၍လူးေပးလွ်င္ ေပ်ာက္နိင္သည္။ ဆတ္သိုးကလည္း အသုံးဝင္လွသည္။ မိန္းမမ်ား မီးမဖြားႏိုင္လွ်င္ ဆတ္သိုးကို ဆံပင္ၾကားထိုးေပးလွ်င္ ခ်က္ခ်င္းပင္ မီးဖြားနိင္သည္။ သို႔ေသာ္ မီးဖြာၿပီးၿပီးခ်င္း ဆတ္သိုးကို ႏုတ္ယူရမည့္ မယူပါက အူမ်ားပင္ထြက္လာသည့္ဟု ဆိုသည္။ ဤသည့္ကား ကြၽဳန္ပ္သိေသာ အေၾကာင္းအရာအခ်ိဴ႕ျဖစ္သည္။

ကြၽႏ္ုပ္တို႔ သုံးေယာက္လည္း သေဘာတူညီခ်က္ တခုရယူကာ ဆတ္ကြၽဲတေကာင္တည္းကိုသာ ပစ္ရန္ ဆုံးျဖတ္ခဲ့ၾကသည္။ သုံးေယာက္ လူစုခြဲက ထိပ္ဆုံးက ဆတ္ကြၽဲႀကီးကို ခ်ိန္႐ြယ္ၿပီး ပစ္လိုက္ၾကသည္။ ဆတ္ကြၽဲႀကီးမ်ားက ေျပးထြက္သြားၿပီး ဒဏ္ရာႏွင့္အေကာင္က ခပ္လွမ္းလွမ္း အေရာက္တြင္ လဲက်သြားေတာ့သည္။

ကြၽဳႏ္ုပ္တို႔လည္း သိပ္မက်ယ္လွေသာ စမ္းေခ်ာင္းေလးကို ျဖတ္ကူးကာ လဲက်ေနေသာ ဆတ္ႀကီးအား ေသမေသ ခပ္လွမ္းလွမ္းမွ စမ္းသပ္ၾကသည္။ ေသသည့္ဟု ေသခ်ာသည့္ႏွင့္ ဒေခါက္ေၾကာမ်ားကို ဓားျဖင့္ လွီးျဖတ္လိုက္ေလသည္။

သားေကာင္တေကာင္ မီလွ်င္ ထိုသို႔ ျပဳလုပ္ရေပးသည္။ မဟုတ္လွ်င္ အပမီုၿပီး ထၿပီးလူကို အႏၲရာယ္ျပဳတက္ေပသည္။ ထိုေနာက္ သစ္ကိုင္းတခတ္ကို ဓားျဖင့္ခုတ္ကာ ဆတ္ႀကီးအေပၚ တင္ခဲ့ေလသည္။ ထို႔သို႔ျပဳလုပ္မွာ သာလွ်င္ အျခားသားရဲမ်ားက စားမည္မဟုတ္ေတာ့ေပ။ ပိုင္ရွင္ရွိသည့္ဟုေသာ အမွန္အသားပင္ ျဖစ္သည္။ ထိုဟာမ်ား သည့္ ေတာ၏စည္းကမ္းျဖစ္သည္။

ထိုေနရာအား အမွတ္အသား လုပ္ကာကြၽႏ္ုပ္တို႔လည္း ေနာက္ထပ္သားေကာင္း ပစ္ရန္ ဆက္လက္ထြက္ခြာခဲ့ေတာ့သည္။ ဆက္လက္ထြက္ခြာၿပီး သိပ္မၾကာ သင္းကြဲဝတ္ေတာင္းတေကာင္ႏွင့္ ပတ္ပင္းတိုးေလသည္။ က်င္းခတ္ေနေသာ ဝတ္ေတာင္းႀကီးတေကာင္ ျဖစ္သည္။ ဝတ္ေတာင္းႀကီးသည့္ အစြယ္ႀကီးက ေငါ့လ်က္ ဂူးဂူးႏွင့္ ႏွာမႈတ္သံႀကီးေပးကာ ကြၽႏ္ုပ္တို႔အား ၾကည့္ေနေလသည္။

ဝတ္ေတာင္းတေကာင္ ပို၍ဆိုးသည့္ကာ သင္းကြဲဝတ္ေတာင္းတေကာင္ျဖစ္ေနသည္။ ဝတ္ေတာင္းမ်ားသည့္ အျခားေသာ သားရဲမ်ားႏွင့္မတူ က်ားႏွင့္ပတ္ပင္းတိုးလွ်င္ပင္ ေရွာင္၍ရလွ်င္ ေရွာင္သြားၾကသည္။ ဝတ္ေတာင္းမ်ားက ထိုသို႔မဟုတ္ေပ အေသအေၾက တိုတ္ခတ္တက္ၾကသည္။

ကြၽႏ္ုပ္တို႔ သုံးေယာက္ အေျခအေနကို ၾကည့္ရင္ ကြၽႏ္ုပ္က တူးမီးေသနတ္ကို ေျမႇာက္ကာ ဝတ္ေတာင္းထိပ္တည့္တည့္ ခ်ိန္ကာပစ္လိုက္သည္။

ဝူးဝူးေဝါင္းဟုေသာ အသံမ်ားျဖင့္ က်င္းထဲကထြက္ကာ ကြၽႏ္ုပ္တို႔ဆီ ေျပးလာေတာ့သည္။ ကြၽႏ္ုပ္လည္း ေရွာင္ရင္းေဘးရွိ ေခ်ာက္ထဲ အမွတ္မထင္က်သြားခဲ့ရသည္။

႐ြာထဲသို႔ ဆတ္ႀကီးထမ္းလို႔ လူႏွစ္ဦးဝင္လာခဲ့သည္။ ထိုသူမ်ားက ထြန္းေအာင္ႏွင့္ တင္ထြန္းျဖစ္သည္။ သူတို႔ေရာက္လာေၾကာင္း သိသည့္ႏွင့္ ေရာက္လာသူက ျဖဴေလး

“ကိုသာဒင္ေရာ ကိုသာဒင္…”

“သာဒင္.. ေခ်ာက္ထဲက်သြားတယ္.. ငါတို႔လည္း ဆင္းရွာတာပဲ.. မေတြ႕ေတာ့ဘူး..”

“ဘယ္လို႔ျဖစ္ၾကတာလဲ….”

“ေတာဝတ္နဲ႔ တိုက္ရင္း ျဖစ္ကုန္တာပဲ ေတာဝတ္ကေတာ့ ေသသြားၿပီး… ေန႔လည့္မွ ႐ြာကလူေတြ ေခၚၿပီး သာဒင္ကို ျပန္ၿပီးသြားရွာၾကမယ္…”

ထိုေနာက္ လူစုကာ သာဒင္အား အရွာထြက္ၾကေတာ့သည္။
“အင္း.. အား..”

ညည္းညဴ သံမ်ားႏွင့္ အတူကြၽန္ေတာ္ သတိရလာခဲ့သည္။ ကြၽႏ္ုပ္သတိရေတာ့ အိမ္တအိမ္အေပၚ ေရာက္ေနခဲ့သည္။ အေၾကာင္းအရာအမ်ားအား ျပန္စဥ္းစားေသာ္လည္း.. ေခါင္းမ်ားက မူးေနာက္ေနေတာ့သည္။

“လူေလး.. မင္းသတိရၿပီး..”

“ကြၽန္ေတာ္.. ဘယ္ေရာက္ေနတာလဲ..”

“သစ္ၿမိဳင္႐ြာပါ.. ေခ်ာက္ထဲကေန… လူေလးကို ေခၚလာတာ..”

“ကြၽန္ေတာ္.. ဒီလို႔ျဖစ္ေနတာ.. ဘယ္ေလာက္ၾကာၿပီးလဲ…”

“၃ရက္ရွိေနၿပီး….”

“ဗ်ာ.. ဒါဆိုကြၽန္ေတာ္ျပန္မွ ျဖစ္မယ္.. ကြၽန္ေတာ္မိန္းမ ေမွ်ာ္ေနေတာ့မယ္….”

“နားေနပါဦး.. လူေလးရယ္.. ဒဏ္ရာေတြ သက္သာလာေတာ့ အဘလိုက္ပို႔ေပးပါမယ္..”

“ဟုတ္ကဲ့..”

ကြၽႏ္ုပ္လည္းျပန္လည္အိပ္ေပ်ာ္သြားခဲ့ေတာ့သည္။ ထို႔သို႔ေနလာရင္ တပတ္ၾကာေတာ့ ကြၽႏ္ုပ္အေတာ္အတန္ပင္ သက္သာေနၿပီး ျဖစ္သည္။ ထို႔ေၾကာင့္ျပန္ရန္ ေျပာေတာ့သည္။

“အင္း.. လူေလး..ျပန္ခ်င္ေတာ့လည္း.. ပို႔ေပးရတာေပါ့… ေနာက္တခါေတာ့.. ဒီ႐ြာကိုမလာေတာ့နဲ႔..”

“ဘာျဖစ္လို႔လဲ.. အဘ..”

“ေနာက္ေတာ့ သိလာပါလိမ့္မယ္.. ကဲအခ်ိန္မလင့္ခင္သြားၾကရေအာင္…”

အဘိုးအိုကေရွ႕က ကြၽႏ္ုပ္က အေနာက္က လိုက္ပါလာခဲ့သည္။ ႐ြာလမ္းတြင္ လူမ်ားက ကင္းရွင္းလ်က္ ရွိသည္။ အိမ္မ်ားထဲကေန ၾကည့္ေနၾကသည္။ ၿပဳံးျခင္းရီျခင္း မရွိေပ။ ႐ြာကထြက္ေတာ့ လယ္ကြင္းမ်ားကို ျဖတ္ရသည္။ လယ္ကြင္းမ်ားက မည့္သည္အပင္မွ စိုက္ပ်ိဳးျခင္းမရွိေပ။

ခပ္လွမ္းလွမ္းေတာင္ေပၚတြင္ ေတာင္ယာစိုက္ခင္းမ်ားကို ေတြ႕ရေလသည္။ အေရွ႕ကသြားေနေသာ အဘိုးအိုကို မွီရန္အေျပးနီးပါးလိုက္ေနရသည္။ သူကေတာ့ ပုံမုန္အတိုင္းပင္ သြားေနသည္။ ထိုေနာက္ေတာတန္းေလးကို ေက်ာ္ၿပီးေနာက္ အဘိုးအိုက..

“ကဲလူေလး ဒီအတိုင္းတန္းတန္းသြားရင္ မင္းေနတဲ့႐ြာကို ေရာက္လိမ့္မယ္…”

“ဟုတ္ကဲ့.. ျပန္လာခြင့္ရွိရင္ ျပန္လာခ်င္ပါေသးတယ္…”

“ျပန္မလာခ်င္ပါနဲ႔.. ေနာက္တခါေရာက္ရင္ေတာင္ အေျခအေနေတြက မတူေလာက္ေတာ့ဘူး.. ကဲကဲသြားေတာ့..”

ကြၽႏ္ုပ္လည္း အိမ္ႏွင့္ မိန္းမကိုလြမ္းစိတ္ေၾကာင့္ အေနာက္ပင္လွည့္မၾကည့္ သုတ္ေျခတင္ ျပန္လာခဲ့ေတာ့သည္။ သို႔ေသာ္လည္း လမ္းတြင္ အမွတ္အသား အခ်ိဳ႕ျပဳလုပ္ခဲ့ေသးသည္။ ႐ြာထဲဝင္သည့္ႏွင့္ လူမ်ားက ကြၽႏ္ုပ္ကို အံၾသမူပုံစံမ်ားျဖင့္ ၾကည့္ေနၾကေလသည္။

“သာဒင္… မင္းဘာမွမျဖစ္ဘူးေနာ္…”

“ငါဘာမွမျဖစ္ဘူးကြ.. ထြန္းေအာင္ကေရာ…”

“သူအိမ္မွာပဲ.. ငါတို႔မင္းကို ၃ရက္ေလာက္ရွာေသးတယ္.. မင္းကိုမေတြ႕ရဘူး.. မင္းဘယ္ေရာက္ေနတာလဲ..”

“ငါ.. သစ္ၿမိဳင္ဆိုတဲ့ ႐ြာကိုေရာက္ေနတာ တပတ္ေတာင္ၾကာသြားတယ္..”

“ဘာတပတ္ဟုတ္လား… မင္းေပ်ာက္သြားတာ.. ဒီေန႔တလျပည့္တာကြ.. မင္းမိန္းမေတာင္ ဒီေန႔ ဘုန္းႀကီးေက်ာင္းမွာ ဆြမ္းကပ္ေနၿပီး……”

“ဟုတ္လားကြ.. ငါသြားၿပီးကြာ…”

ထိုေနာက္မွာေတာ့ ကြၽႏ္ုပ္ ႐ြာျပန္ေရာက္လာေသာ သတင္းကျပန္႔ႏွံသြားေတာ့သည္။ အိမ္သို႔လည္း သတင္းေမးသူမ်ားႏွင့္ စည္းကားေနေတာ့သည္။

ကြၽႏ္ုပ္လည္း ဒဏ္ရာမ်ား သက္သာသြားေသာအခါ အမွတ္အသားတိုင္း ျပန္သြားေသာ္လည္း.. လမ္းမ်ားပင္ မေတြ႕ရေတာ့ေပ။ ထို႐ြာအားလည္း.. လိုက္လံရွာေဖြေသာ္လည္း မေတြ႕ရေပ။ လိုက္လံစုံစမ္း ေသာ္လည္း သစ္ၿမိဳင္႐ြာ နာမည္ပင္မၾကားဖူးၾကေပ။

[ ၿပီးပါၿပီး’ ]

Credit : Sai Min Thant