မကျွက်တဲ့ဘုန်းကြီး(စ/ဆုံး)

Unicode Version

မကျွက်တဲ့ဘုန်းကြီး(စ/ဆုံး)
——————————–
သတ္တဝါမှန်သမျှတို့သည်တည်ရာမှီတွယ်ရာမရှိရင်ဘဝမရှိနိုင်တဲ့အဲဒီနှစ်ခုကိုမက်မောတွယ်တာစွာလိုက်ရှာနေရခြင်းကိုကသတ္တဝါတွေရဲ့ဘဝဖြစ်တည်မှု့အဘိဓမ္မာလို့ဖတ်ဖူးတယ်

အခုလည်းတွယ်တာစရာအပိုတွေထားရင်အငိုတွေများတတ်တာသင်ခန်းစာပါပဲ

ကိုယ်နေတဲ့နားကရွာတစ်ရွာမှာဘုန်းကြီးတစ်ကျောင်းရှိတယ်အခြားဘုန်းကြီးကျောင်တွေရှိပေမဲ့အဲဒီဘုန်းကြီးကျောင်းကသရဲခြောက်တယ်လို့နံမည်ကြီးနေတာ

ကျောင်ထိုင်ဘုန်းကြီးကပျံလွန်တော်မူသွားတာမကြာသေးဘူးဘုန်းကြီးကသူရသမျှအလှုူ ငွေတွေကိုမသုံးရက်မစွဲရက်နဲ့ဘဏ်မှာစုထားတာတဲ့

ကပ်စီးနဲ၍တွန့်တိုသောဘုန်းကြီးဆိုပါတော့အလှုူ အတန်းလည်းနည်းတယ်ပြန်စွန့်တာမရှိသလောက်ပဲဒကာတွေဒကာမတွေလာလှုူတာတွေကိုဆိုင်ပြန်သွင်းတယ်ဆိုပဲ

သူ့ကျောင်းဝင်းကြီးကလည်းအကျယ်ကြီးပဲကျောင်းကြီးကလည်းအခိုင်အခန့်ပဲအဆောက်အဦးတွေကလည်းပေါအရင်ကျောင်းထိုင်ဘုန်းကြီးပျံလွန်တော်မူလို့သူကကျောင်းထိုင်ဖြစ်လာတာမကြာသေးဘူး

တစ်နေ့တော့ဘုန်းကြီးကရုတ်တရက်ဦးနှောက်သွေးကြောပြတ်ကာပျံလွန်တော်မူသွားတယ်

အဲဒီမှာသူ့ရဲ့ကျန်ခဲ့တဲ့ပစ္စည်းဥစ္စာနဲ့ကျောင်းကြီးကိုစွဲပြီးမကျွတ်ရှာဘူးကျောင်မှာလာတည်းတဲ့သူတွေကိုခြောက်လှန့်သတဲ့

ဘုန်းကြီးကျောင်းဝင်းထဲမှာသွားလာနေတာမြင်တဲ့သူကလည်းမြင်ကြတာပေါ့

ထိုဘုန်းကြီးကျောင်းဘေးမှာချောင်းတစ်ခုရှိတယ်အဲဒီချောင်းမှာလည်းလူတွေသေဖူးသလိုကိုရင်လေးတစ်ပါးလည်းချောင်းထဲကျ၍ပျံလွန်တော်မူဖူးတော့မကျွတ်သူတွေစုနေကြတယ်ထင်ပါ့

တလောကတော့ကပ်ဘေးတွေဖြစ်နေတော့ရွာစဉ်အလိုက်ဘုန်းကြီးကျောင်းတွေအကုန်လုံးပဋ္ဌာန်းတွေရွတ်လိုက်ကြတာဆူညံလို့ဘယ်ကျောင်းကပဋ္ဌာန်းနာရမှန်းတောင်မသိဘူး

သုံးကျောင်းလောက်ပြိုင်ရွတ်လိုက်တာနားတွေလည်းကွဲမတတ်ပါပဲအတော်လေးတရားနာလိုက်ရပါတယ်

သရဲခြောက်တဲ့ဘုန်းကြီးကျောင်းကလည်းပဋ္ဌာန်းမရွတ်တာကြာတော့သူများရွတ်သလိုထရွတ်ကြတာပေါ့

အဲဒီမှာပဋ္ဌာန်းသိမ်းပွဲနောက်ဆုံးညမှာတော့အမျှမဝေခင်တရားလာနာတဲ့ရွာထဲကလူတွေကိုဝင်ပူးပြီးဝူးဝူးဝါးဝါးနဲ့အသံစုံအော်နေတာကိုလော်စပီကာကနေရွာကလူတွေအကုန်ကြားလို့ရွာထဲကလူတွေအပြေးအလွှားသွားကြည့်ကြပေသည်။

ထိုအခါဝင်ပူးခံရသူတစ်ယောက်ကျောင်ထိုင်ဘုန်းကြီးအသံနဲ့

”’ငါ့ကိုရည်စူးပြီးအမျှဝေပေးပါငါအခုသာဓုခေါ်လို့မရဘူး”’

ဘုန်းကြီးကဘယ်လိုကြောင့်သာဓုခေါ်မရတာလည်းဆိုတာဂဃနဏမသိကြပေမဲ့အကျိူးကြောင့်အကြောင်းဖြစ်လာတယ်ဆိုတာတော့သဘောပေါက်ကြတယ်

အခြားဝင်ပူးသူတွေကလည်သူတို့ဘယ်သူဘယ်ဝါပါပြောပြီးနံမည်တပ်ပြီးအမျှဝေခိုင်းကြတယ်အဲဒီမှာမကျွတ်သူတွေရဲ့သက်ဆိုင်သူတွေနဲ့ဆူဆူညံညံအုန်းအုန်းကြွက်ကြွက်ဖြစ်သွားတာပေါ့လေ

အဲဒီမှာထူးခြားတာကတချို့ဝင်ပူးသူတွေကလေးဖက်ထောက်ကြီးတွေနဲ့ဝူးဝူးဝါးဝါးမပီမသတွေအော်ပြီးထွက်သွားသတဲ့ဘယ်ဘဝရောက်နေကြတယ်မဆိုနိုင်ဘူးသံဝေဂရစရာပါပဲ

အဲဒီညကပဋ္ဌာန်းသိမ်းပွဲကတော့ရုတ်ရုတ်သဲသဲနဲ့ပြီးသွားပေမဲ့ရွာသူရွာသားတွေရင်ထဲမှာတော့ဘုန်းကြီးနှင်မကျွတ်သူများ၏ဖြစ်စဉ်ကိုရှင်းရှင်းလင်းလင်းသိသွားကြပေသည်။

အသေးစိတ်ကိုတော့မဂ္ဂဇင်းများတွင်ပါသည့်အခါဖတ်ပါ
အခုအချိန်မှာစိတ်ညစ်ပြေလိုပြေညားတောင်းဆိုနေသောဘော်ဒါများအတွက်အကြမ်းဖျင်းရေးပေးတာပါ

တိမ်လွှာမိုး

Zawgyi Version

မက်ြက္တဲ႔ဘုန္းႀကီး(စ/ဆံုး)
——————————–
သတၱဝါမွန္သမ်ွတို့သည္တည္ရာမွီတြယ္ရာမရွိရင္ဘဝမရွိနုိင္တဲ႔အဲဒီနွစ္ခုကိုမက္ေမာတြယ္တာစြာလိုက္ရွာေနရျခင္းကိုကသတၱဝါေတြရဲ႔ဘဝျဖစ္တည္မႈ႕အဘိဓမၼာလို့ဖတ္ဖူးတယ္

အခုလည္းတြယ္တာစရာအပိုေတြထားရင္အငိုေတြမ်ားတတ္တာသင္ခန္းစာပါပဲ

ကိုယ္ေနတဲ႔နားကရြာတစ္ရြာမွာဘုန္းႀကီးတစ္ေက်ာင္းရွိတယ္အျခားဘုန္းႀကီးေက်ာင္ေတြရွိေပမဲ႔အဲဒီဘုန္းႀကီးေက်ာင္းကသရဲေျခာက္တယ္လို့နံမည္ႀကီးေနတာ

ေက်ာင္ထိုင္ဘုန္းႀကီးကပ်ံလြန္ေတာ္မူသြားတာမႀကာေသးဘူးဘုန္းႀကီးကသူရသမ်ွအလႈဴ ေငြေတြကိုမသံုးရက္မစြဲရက္နဲ႔ဘဏ္မွာစုထားတာတဲ႔

ကပ္စီးနဲ၍တြန့္တိုေသာဘုန္းႀကီးဆိုပါေတာ့အလႈဴ အတန္းလည္းနည္းတယ္ျပန္စြန့္တာမရွိသေလာက္ပဲဒကာေတြဒကာမေတြလာလႈဴတာေတြကိုဆိုင္ျပန္သြင္းတယ္ဆိုပဲ

သူ့႔ေက်ာင္းဝင္းႀကီးကလည္းအက်ယ္ႀကီးပဲေက်ာင္းႀကီးကလည္းအခိုင္အခန့္ပဲအေဆာက္အဦးေတြကလည္းေပါအရင္ေက်ာင္းထိုင္ဘုန္းႀကီးပ်ံလြန္ေတာ္မူလို့သူကေက်ာင္းထိုင္ျဖစ္လာတာမႀကာေသးဘူး

တစ္ေန့ေတာ့ဘုန္းႀကီးကရုတ္တရက္ဦးေႏွာက္ေသြးေႀကာျပတ္ကာပ်ံလြန္ေတာ္မူသြားတယ္

အဲဒီမွာသူ့႔ရဲ႔က်န္ခဲ႔တဲ႔ပစၥည္းဥစၥာနဲ႔ေက်ာင္းႀကီးကိုစြဲျပီးမက်ြတ္ရွာဘူးေက်ာင္မွာလာတည္းတဲ႔သူေတြကိုေျခာက္လွန့္သတဲ႔

ဘုန္းႀကီးေက်ာင္းဝင္းထဲမွာသြားလာေနတာျမင္တဲ႔သူကလည္းျမင္ႀကတာေပါ့

ထိုဘုန္းႀကီးေက်ာင္းေဘးမွာေခ်ာင္းတစ္ခုရွိတယ္အဲဒီေခ်ာင္းမွာလည္းလူေတြေသဖူးသလိုကိုရင္ေလးတစ္ပါးလည္းေခ်ာင္းထဲက်၍ပ်ံလြန္ေတာ္မူဖူးေတာ့မက်ြတ္သူေတြစုေနႀကတယ္ထင္ပါ့

တေလာကေတာ့ကပ္ေဘးေတြျဖစ္ေနေတာ့ရြာစဥ္အလိုက္ဘုန္းႀကီးေက်ာင္းေတြအကုန္လံုးပ႒ာန္းေတြရြတ္လိုက္ႀကတာဆူညံလို့ဘယ္ေက်ာင္းကပ႒ာန္းနာရမွန္းေတာင္မသိဘူး

သံုးေက်ာင္းေလာက္ျပိုင္ရြတ္လိုက္တာနားေတြလည္းကြဲမတတ္ပါပဲအေတာ္ေလးတရားနာလိုက္ရပါတယ္

သရဲေျခာက္တဲ႔ဘုန္းႀကီးေက်ာင္းကလည္းပ႒ာန္းမရြတ္တာႀကာေတာ့သူမ်ားရြတ္သလိုထရြတ္ႀကတာေပါ့

အဲဒီမွာပ႒ာန္းသိမ္းပြဲေနာက္ဆံုးညမွာေတာ့အမ်ွမေဝခင္တရားလာနာတဲ႔ရြာထဲကလူေတြကိုဝင္ပူးျပီးဝူးဝူးဝါးဝါးနဲ႔အသံစံုေအာ္ေနတာကိုေလာ္စပီကာကေနရြာကလူေတြအကုန္ႀကားလို့ရြာထဲကလူေတြအေျပးအလႊားသြားႀကည့္ႀကေပသည္။

ထိုအခါဝင္ပူးခံရသူတစ္ေယာက္ေက်ာင္ထိုင္ဘုန္းႀကီးအသံနဲ႔

”’ငါ့ကိုရည္စူးျပီးအမ်ွေဝေပးပါငါအခုသာဓုေခၚလို့မရဘူး”’

ဘုန္းႀကီးကဘယ္လိုေႀကာင့္သာဓုေခၚမရတာလည္းဆိုတာဂဃနဏမသိႀကေပမဲ႔အက်ိဴးေႀကာင့္အေႀကာင္းျဖစ္လာတယ္ဆိုတာေတာ့သေဘာေပါက္ႀကတယ္

အျခားဝင္ပူးသူေတြကလည္သူတို့ဘယ္သူဘယ္ဝါပါေျပာျပီးနံမည္တပ္ျပီးအမ်ွေဝခိုင္းႀကတယ္အဲဒီမွာမက်ြတ္သူေတြရဲ႔သက္ဆိုင္သူေတြနဲ႔ဆူဆူညံညံအုန္းအုန္းႀကြက္ႀကြက္ျဖစ္သြားတာေပါ့ေလ

အဲဒီမွာထူးျခားတာကတခ်ို့ဝင္ပူးသူေတြကေလးဖက္ေထာက္ႀကီးေတြနဲ႔ဝူးဝူးဝါးဝါးမပီမသေတြေအာ္ျပီးထြက္သြားသတဲ႔ဘယ္ဘဝေရာက္ေနႀကတယ္မဆိုနုိင္ဘူးသံေဝဂရစရာပါပဲ

အဲဒီညကပ႒ာန္းသိမ္းပြဲကေတာ့ရုတ္ရုတ္သဲသဲနဲ႔ျပီးသြားေပမဲ႔ရြာသူရြာသားေတြရင္ထဲမွာေတာ့ဘုန္းႀကီးနွင္မက်ြတ္သူမ်ား၏ျဖစ္စဥ္ကိုရွင္းရွင္းလင္းလင္းသိသြားႀကေပသည္။

အေသးစိတ္ကိုေတာ့မဂၢဇင္းမ်ားတြင္ပါသည့္အခါဖတ္ပါ
အခုအခ်ိန္မွာစိတ္ညစ္ေျပလိုေျပညားေတာင္းဆိုေနေသာေဘာ္ဒါမ်ားအတြက္အႀကမ္းဖ်င္းေရးေပးတာပါ

တိမ္လႊာမိုး