” သရဲခြောက်တဲ့အိမ်ကြီး “(စ/ဆုံး)

Unicode Version

” သရဲခြောက်တဲ့အိမ်ကြီး “(စ/ဆုံး)
——————————————
မောင်မှိုင်းညို့(ချောင်းဦး)

သရဲခြောက်တဲ့ခြံကြီး ဒီခြံကြီးက လှိုင်သာယာမြို့နယ်၊ ၁၃- ရပ်ကွက်ထဲမှာ ရှိတယ် ။လမ်းနာမည်နဲ့ ခြံအမှတ်တွေကို တိတိကျကျ ပြောပြ ချင်ပေမဲ့ လက်ရှိပိုင်ဆိုင်နေတဲ့သူတွေအတွက် ငှဲ့ပြီး မပြောတော့ ပါဘူး။

ခြံကြီးထဲမှာ သရဲတစ္ဆေတွေ ရှိတယ်၊ သရဲခြောက်တယ် လို့ နာမည်ကြီးလွန်းလို့နဲ့ တူပါရဲ့၊

ကိုကျော်ကျော်တို့မိသားစု ပြောင်းရွှေ့မလာမီ တလျှောက်လုံး၊ ဒီခြံကြီးထဲမှာ လူသူနေထိုင်တာမရှိခဲ့ဘူး၊

အိမ်ဆောက်ခဲ့ဖူးတယ်ဆိုတဲ့ သိသာတဲ့ အမှတ်အသား လက္ခဏာရယ်လို့ တစ်ခုမှ မရှိဘူး။

နှစ်ကာလများစွာ လူမနေတဲ့ အတွက်လည်း ခြံကြီးထဲ မှာ မြက်ရိုင်းပင်တွေ၊ ခြုံတွေနဲ့ နွယ်စိမ်းပင်တွေ ရှုပ်ထွေးပြီးအကျည်းတန်နေတယ် . . .၊ ကိုကျော်ကျော် ဒီခြံကြီးထဲ ပြောင်းရွှေ့မလာမီကတော့ ဒီခြံကြီးနဲ့ ပတ်သက်လို့ ဘာမှမသိသေးဘူး၊သရဲရှိတာလည်း မသိဘူး၊ တစ္ဆေခြောက်တာလည်း မသိဘူး၊

ဒါ့ကြောင့်လည်း ဒီခြံကြီးထဲမှာ လူတွေဘာကြောင့် မနေ တာလဲလို့ စဉ်းစားမိခဲ့ဖူးတယ်။

တစ်ခုတော့ ရှိတယ်၊ ခြံထဲပတ်ပတ်လည်မှာ အုန်းပင် တွေ အစိတ်၊ သုံးဆယ်လောက်ရှိနေတယ်။

အုန်းပင်တစ်ဝက်ကျော်ကျော်က အုန်းသီးတွေ အတွဲ လိုက်၊ အခိုင်လိုက် သီးနေကြပြီ . . . .၊နောက်ပြီး သရက်ပင် သုံးပင်၊ မာလကာပင် လေးပင် နဲ့ ဒူးရင်းဩဇာသီးပင် တစ်ပင်ကိုလည်း တွေ့ရတယ်။

ခြံက ပေလေးဆယ် × ခြောက်ဆယ်ခြံကြီး၊ ဒီနေ့ခေတ်လို ခေါင်ခိုက်ရှားပါးလွန်းတဲ့ အိမ်ခြံမြေဈေး ကွက်နဲ့ ကြည့်ရင် ကျယ်ဝန်းတယ်လို့တောင် ပြောနိုင်တယ်၊နောက်ပြီး ခြံကြီးရှိတဲ့ ဆယ့်သုံးရပ်ကွက်ဆိုတာက
လှိုင်သာယာရဲ့ အစွန်အဖျားလူနေကျဲပါးတဲ့နေရာမဟုတ်ဘူး၊

သုံးထိပ်မှတ်တိုင်ကနေ အောင်ဇေယျကြိုးတံတားကြီးကျော်တာနဲ့ အင်းစိန်ထဲ ရောက်ပြီ ၊အင်းစိန်ကို ရောက်ရင်ပဲ ရန်ကုန်တစ်မြို့လုံးကို သွား
လို့ရပြီ၊ကွန်ရက်လို ချိတ်ဆက်ထားတဲ့ ဘတ်စ်ကားယာဉ်လိုင်းတွေနဲ့ ရန်ကုန်မြို့ထဲသွားမလား၊အရှေ့ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်သွား မလား၊ ဘယ်သွားသွား လွယ်လင့်တကူသွားလို့ရတယ်။ ပြောချင်တာက သွားရေး၊ လာရေးလည်း လွယ်ကူတဲ့အကြောင်းပါ၊

ဒီလိုနေရာ အကွက်အကွင်းကျတဲ့ခြံကြီးထဲကို ပိုင်ရှင် အဆက်ဆက်အိမ်ဆောက်မနေခဲ့ကြဘူးလား၊

ဒီအချက်ကို ကိုကျော်ကျော်နားမလည်ခဲ့ဘူး၊ တစ်ခုတော့ရှိတယ်၊ အုန်းပင်တွေ ပြည့်နေတယ်၊ လူနေတဲ့အခါ ခေါင်းပေါ်ကို အုန်းသီး ကြွေကျနိုင်တယ် အန္တရာယ်ရှိနိုင်တယ်၊ဒါ့ကြောင့် လူမနေတာလည်း ဖြစ်နိုင်တယ်။ နောက်ပြီး အိမ်ဆောက်မယ်ဆိုရင်လည်း အုန်းပင်အချို့ကို ခုတ်လှဲပစ်မှရမယ်၊

ဒါလည်း နှမျောဖို့ကောင်းတယ်၊ ဒါတွေကြောင့် လူမနေတာဖြစ်မယ်လို့ပဲ ဘုမသိ၊ ဘမသိ တွေးမိတယ် . . . ၊ဘယ်လိုပဲဖြစ်ဖြစ် ကိုကျော်ကျော်ကတော့ ခြံကြီးကို သဘောကျနေတယ်၊သူ့လို နွမ်းပါးချို့ငဲ့တဲ့သူအဖို့ ခြံကြီးက မက်မောဖို့ ကောင်းတယ်၊အုန်းသီးရောင်းတာနဲ့တင် စားဝတ်နေရေးအသင့်အတင့် ပြေလည်နိုင်တယ်လို့ တွေးမိတယ်။

ဒါ့ကြောင့်လည်း မိန်းမနဲ့ သားကိုခေါ်ပြီး ခြံကြီးထဲချက် ချင်းပြောင်းရွှေ့လာတာဖြစ်တယ် . . . ၊ ခြံကြီးထဲရောက်လို့မှ သိပ်မကြာလိုက်ဘူး၊ ထိတ်လန့်စရာ သရဲတစ်ကောင်နဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့လိုက်ရတယ်၊ ဒီတော့မှ ဒီခြံကြီးထဲကို ဘယ်သူမှ မနေတဲ့အကြောင်း သူတို့မောင်နှမတွေ အမွေခွဲကြတော့ လှိုင်သာယာမှာ နေကြတဲ့ ညီမတွေကတောင် ဒီခြံကြီးကို မယူကြဘဲ၊ တောင်ဥက္ကလာက သူ့ကို ဘာကြောင့်ပေးတာလဲ ဆိုတာ သူကောင်းကောင်းကြီး သဘော ပေါက်နားလည်သွားခဲ့ ရပါတယ်။

ကိုကျော်ကျော် ခြံကြီးရဲ့ အလယ်လောက်မှာ အိမ်သေး သေးလေးတစ်လုံးဆောက်လိုက်တယ် . . . ။အုန်းပင်တွေကြားက မြေကွက်လပ်ရှိတဲ့အတိုင်း ဆောက်ရတာကြောင့် အိမ်က နည်းနည်းသေးတယ်။

ဒါပေမဲ့ ကိုကျော်ကျော်တို့ လင်မယားနှစ်ယောက်နဲ့ သုံးနှစ်အရွယ်သားလေးတစ်ယောက်ပဲရှိတာမို့ နေလို့ဖြစ်တယ်။ ကိုကျော်ကျော့်အိမ် အကြမ်းထည်လေးပြီးလို့၊ ခေါင်း ရင်းနဲ့ ခြေရင်းဘက်ပဲ ဝါးထရံကာရသေးတယ်၊ အိမ်ငှားမယ့်သူရောက်လာတယ် . . . ၊

စကားပြောကြည့်တော့ အိမ်ငှားချင်သူက ကိုကျော် ကျော်တို့လိုပဲလင်ကိုယ်မယားနှစ်ယောက်နဲ့ ငါးနစ်အရွယ်သားလေးတစ်ယောက်ပဲ ရှိတယ်။

ကိုကျော်ကျော်တို့လင်မယားတိုင်ပင်ကြပြီး အိမ် ငှားထားဖို့ ဆုံးဖြတ်လိုက်တယ် . . . ၊

ဆောက်လက်စ သူတို့အိမ်လေးကိုတော့ မဟုတ်ဘူး၊ အိမ်ငှားဖို့ သူတို့အိမ်ရှေ့မကျတကျ၊ ခြေရင်းဘက်မှာ အိမ်တစ်လုံးထပ်ဆောက်ပေးတယ်၊

အိမ်တစ်လုံးထပ်ဆောက်လိုက်ရလို့ သူတို့နေတဲ့အိမ် တောင် အပြီးမသတ်နိုင်ဘူး . . . ၊အိမ်ရှေ့နဲ့ နောက်ကျောဘက်က ဟင်းလင်းပွင့်နေတယ်။

ကိုကျော်ကျော်စောင်တစ်ထည်ယူတယ်၊ အစနှစ်ဖက် ကြိုးနဲ့ ချည်ပြီး အိမ်နောက်ဘက်ကို ကာလိုက်တယ်။အဲဒီညမှာပဲ ကိုကျော်ကျော် သရဲတစ်ကောင်ကို စတွေ့ ရတာဖြစ်တယ် . . . ၊ .

ညသန်းကောင်လောက်မှာ သူတစ်ရေးနိုးလာတယ်။ အပေါ့သွားချင်တာကြောင့် ကာထားတဲ့စောင်ကို မပြီး အောက်ဆင်းခဲ့တယ် . . . ၊

အိမ်သာက နောက်ဘက်ခြံစည်းရိုးနဲ့ ကပ်ပြီး ထောက်ထားတာကြောင့် ဝေးနေတယ်၊ဒါ့ကြောင့် အိမ်သာထိမသွားတော့ဘဲ နီးရာ အုန်းပင် တစ်ပင်ရဲ့ ခြေရင်းမှာပဲ ထိုင်လိုက်တယ်။

ညကလည်း မှောင်မည်းပြီး တိတ်ဆိတ်လွန်းနေတယ်။ အဲဒီအချိန်မှာပဲ ကိုကျော်ကျော်၊ ခေါင်းပေါ်ကအသံတွေ ကြားလိုက်တယ် . . . ၊

သူ ချက်ချင်း၊ အလန့်တကြားထပြီး ခြေနှစ်လှမ်း၊ သုံး လှမ်းလောက် နောက်ပြန်ဆုတ်လိုက်တယ် . . ‘ အုန်း . . . ဝုန်း . . . ဝုန်း . .

ကျယ်ကျယ်လောင်လောင်မြည်ဟိန်းသံကြီးနဲ့အတူစောစောက သူထိုင်နေတဲ့ နေရာတည့်တည့်ကို အုန်းသီးခိုင်ကြီးပြုတ်ကျလာတယ် . . .

သူ အမှောင်ထဲမှာပဲ အုန်းပင်ပေါ်မော့ကြည့်လိုက်တယ် အုန်းပင်ရဲ့ တစ်ဝက်လောက်မှာ မည်းမည်းအကောင် ကြီးတစ်ကောင်၊ ဇောက်ထိုးကြီးဖြစ်နေတာကို ကောင်းကင် အရောင်ကြောင့် တွေ့လိုက်ရတယ် . . . ၊

မည်းမည်းအကောင်ကြီးရဲ့ မျက်လုံးနှစ်လုံးက ထန်းသီးလုံးကြီးတွေလောက်ရှိပြီး ရဲရဲတောက်နေတယ် . . .၊ကြည့်နေတုန်းမှာပဲ မည်းမည်းကောင်ကြီးဟာ နေရာ မှာ ဖျတ်ခနဲ ပျောက်သွားတယ်..

နောက်နေ့မနက်လင်းလို့ ကိုကျော်ကျော်ထကြည့်တော့ အုန်းသီးခိုင်က ဘယ်လိုမှ ပြုတ်မကျနိုင်တဲ့ အုန်းစိမ်းခိုင်ကြီးဖြစ် နေတာ တွေ့ရတယ် . . . ၊

မျက်လုံးနီနီကြီးနဲ့ မကောင်းဆိုးဝါးမည်းမည်း ကောင်ကြီးဟာ သူနေတဲ့ အပင်အောက်အပေါ့လာစွန့်တာကို မကြိုက်လို့ အုန်းခိုင်ကြီး ပြုတ်ကျလာတာ ဖြစ်မယ်လို့ ကိုကျော်ကျော်စဉ်းစားလိုက်မိတယ်၊

ဒီအချိန်မှာပဲ သူ့တစ်ကိုယ်လုံး ကြက်သီးတွေ တဖျန်း ဗျန်းထသွားတယ်။
ရှေ့အိမ်က ကောင်လေးသရက်ပင်ပေါ်က လိမ့်ကျလို့ ညနေပိုင်းကိုကျော်ကျော်အလုပ်ကပြန်လာတာနဲ့ သူ့မိန်းမကဆီးပြောတယ် . . . ။

“ သရက်ပင်ပေါ်တက်သရက်သီးခူးရင်း လိမ့်ကျတာလား ကိုကျော်ကျော် မေးပြောပြောပြီး ရေချိုးတယ်၊ အဝတ် အစားလဲတယ်၊

ထမင်းစားပြီးတာနဲ့ လင်မယားနှစ်ယောက် သားလေး ကိုပါ ခေါ်ပြီး ရှေ့အိမ်ကို လာခဲ့ကြတယ် ကလေးလက် ဘာဖြစ်သွားသေးလဲ ကိုအောင် အောင်
ကလေးရဲ့ ညာဘက်လက်မှာ ကျောက်ပတ်တီးစည်း ထားတယ်၊ လက်ကိုလည်း ပတ်တီးစ လည်မှာသိုင်းပြီ။ မြှောက် ထားတယ်၊

လက်ကျိုးသွားတယ်ကိုကျော်ကျော်၊ဆေးရုံက ကျောက်ပတ်တီးစည်းပေးလိုက်တယ်. .. ကလေးလိမ့်ကျတယ် လာပြောလို့ ကျွန်တော်လည်း
အလုပ်က ခွင့်နေ့ဝက်ယူပြီး ပြေးလာခဲ့ရတယ်၊ ခြံထဲက အပင်တွေပေါ်တက် မဆော့ရဘူးလို့ကျွန်တော် ခဏခဏဆုံးမပါတယ်။ အဲဒါကို နားမထောင်ဘူးဗျာ

သရက်ပင်ပေါ်တက်ဆော့တော့ လိမ့်ကျတာပေါ့ . .” လိမ့်ကျတာမဟုတ်ဘူးအဖေရ၊ သားကို တွန်းချတာ၊ မျက်လုံးနီနီကြီးနဲ့ မည်းမည်းဧကောင်ကြီးက တွန်းချတာဒါ့ကြောင့် သားသစ်ပင်ပေါ်က ကျတာ

ဟာ .ဒီကောင်တော့ မဟုတ်က၊ ဟုတ်က …” ကလေးပြောတဲ့စကားကြောင့် ကိုကျော်ကျော်လန့်သွားတယ်။

ဒီမျက်လုံးနီနီနဲ့ မည်းမည်းကောင်ကြီးကို သူလည်း ​ြမ​င်ဖူးတယ်လေ . . . .၊ကလေးအဖေကိုအောင်အောင်က ချက်ချင်းဟန့်ပြီး ငေက်လိုက်ပေမဲ့ ကလေးကဆက်ပြောတယ် . . .

“ ဟုတ်ပါတယ်ဆို အဖေကလည်း၊သားက ညာပြောပါ့မလား
သား သရက်သီးခူးနေတုန်း၊ လူမည်းမည်းကြီးရယ် သစ်ကိုင်းပေါ် မတ်တတ်ရပ်ပြီး လျှောက်လာတယ်။ပြီးတော့သားကို တွန်းချလိုက်တယ်

မိန်းမ မင်း သားကို ခေါ်ပြီး သွားသိပ်စမ်းကွာ၊

ကြာရင် ငါထရိုက်မိ ့မယ်

ကိုအောင်အောင် ကလေးကို ကြိမ်းမောင်းတယ်။
သူ့မိန်းမ မမော်က ကလေးကို အိပ်ရာထဲခေါ်သွားပြီး
ချော့သိပ်နေတယ် . . . ၊

ကိုကျော်ကျော်တို့လည်း ခဏတစ်ဖြုတ် စကားဆက်ပြောပြီးတာနဲ့ ပြန်လာခဲ့ကြတယ် . . . ၊

အိမ်ရောက်တော့ မိန်းမကမေးတယ် . . .

ကလေးပြောတဲ့ မျက်လုံးနီနီနဲ့ လူမည်းမည်းကြီးဆို တာ အဟုတ်များလားနော်အစ်ကို . . .မင်းနှယ်ကွာ၊ မဟုတ်ပါဘူး၊သစ်ပင်ပေါ်တက်ဆော့တယ်ဆိုရင် သူ့အမေရိုက်မှာစိုး လို့ ထင်ရာရှောက်ပြောတာပါ

မဟုတ်ဘူးအစ်ကို၊ ကလေးကတော့ အဟုတ်ကို ပြောနေတာနော် . . . ၊ပြီးတော့ ကျွန်မ ပြောရဦးမယ်၊အရင်ကတည်းက ပြောချင်တာ၊ အစ်ကိုစိတ်မကောင်း မှာစိုးလို့ မပြောခဲ့တာ . . .

ဘာများလဲကွ၊ ပြောပါဦး

ကျွန်မ ဒီခြံထဲ ရောက်တဲ့နေ့ကစပြီး စိတ်ထဲမှာတစ်မျိုးကြီးပဲ . . . ၊
ခြံထဲဝင်ရမှာကို အလိုလိုကြောက်နေတယ်ညရေးညတာ ချိုးချိုးချွတ်ချွတ်အသံကြားရင်လည်း ဘာမှန်းမသိဘဲ ရင်တွေတုန်ပြီးလန့်သွားတတ်တယ်။

ခေါင်းနပန်းကြီးပြီး ကြက်သီးတွေလည်း တဖြန်းဖြန်း ထတယ်
မဟုတ်ပါဘူး မိန်းမရာ သစ်ပင်တွေအုပ်နေတော့ စိတ်ထဲက ကြောက်သလိုလို၊ အားငယ်သလိုလို ခံစားရတာ ဖြစ်မှာပါ . . .

ဘာတစ္ဆေသရဲမှ မရှိပါဘူး ကိုကျော်ကျော် မိန်းမကို ချော့မော့နှစ်သိမ့်ပေးတယ် ခဏနေတော့ မိန်းမဖြစ်သူက ကလေးကို ချော့သိပ်ရင်းသူပါ အိပ်ပျော်သွားတယ် . . . ၊

ကိုကျော်ကျော်ကတော့ အိပ်လို့မရတော့ဘူး၊ ညတစ်ညရဲ့ သန်းခေါင်ယံမှာ သူမြင်ခဲ့ရတဲ့ အုန်းပင်ပေါ် က မျက်လုံးနီနိနဲ့ လူမည်းမည်းကြီးကို ပြန်လည်မြင်ယောင်နေတယ်။

သရက်ပင်ပေါ်က ကလေးဟာ သူပြောတဲ့ အတိုင်း လူမည်းမည်းကြီးတွန်းချခံရတယ်ဆိုတာလည်း အမှန် ဖြစ်မယ်လို့ သူယုံတယ် . . .

့ကိုယ့်ကိုလည်း အုန်းသီးခိုင်နဲ့ ပေါက်တယ်၊ ကလေးကိုလည်း သစ်ပင်ပေါ်က တွန်းချတယ် . : ဒီကောင် တော်တော်ရန်လိုတဲ့ မကောင်းဆိုးဝါးကောင် ပဲ” လို့ ကိုကျော်ကျော် တွေးလိုက်မိတယ်

ညဆယ်နာရီလောက်ရှိနေပြီ ကိုကျော်ကျော်တို့ တစ်မိသားစုလုံးလည်း အိပ်မောကျနေကြပြီ

ဒီအချိန်ကြီးမှ ငယ်သံပါအောင် အလန့်တကြားအော် လိုက်တဲ့ မမော်ရဲ့ အသံထွက်ပေါ်လာတယ် . . . ၊

“အမလေး သရ​ဲ သရဲ”

ကိုကျော်ကျော် အိပ်ရာထဲက ဝုန်းခနဲ ထပြီး အော်သံ ကြားတဲ့ဆီကို ပြေးသွားတယ် . . . ၊ မမော် သူ့အိမ်ပြန်ရောက်သွားပြီ။ ကိုအောင်အောင်နဲ့ မပော်တို့ စကားပြောသံတွေကြား နေရတယ်။

ကိုကျော်ကျော် ကိုအောင်အောင်တို့ အိမ်ကို သွားတယ်။

ဘာဖြစ်တာလဲ ကိုအောင်အောင် . . . ”

ခင်ဗျား ညီမကို သရဲခြောက်လို့တဲ့ဗျာ၊ ကျွန်တော်လည်း မေးနေတုန်းပဲ . . . ၊ မိန်းမ ဘယ်လိုဖြစ်တာလည်း ပြောပြပါဦး . . . ” ကိုအောင်အောင်က သူ့မိန်းမ မမော်ကို ပြောလိုက်

“ ကလေးက ညနေကတည်းက ဝမ်းပျက်နေတာ လေ၊ အခုလည်း အီအီးပါချင်တယ်ဆိုလို့ ထတည်တာ။ အိမ်သာထိ မသွားရဲလို့ နောက်ဖေးက ဒူးရင်းဩဇာပင် အောက်မှာပဲ တည်လိုက်တယ် . . . ”

မမော်ရဲ့ အသံက တုန်နေတယ်၊ အကြောက်လွန်နေ သေးပုံရတယ်။
မောနေပြီး စကားကို နားနားပြောနေရတယ်၊ “ အဲဒါ . . . ကလေးအီးပါလို့တောင် မပြီးသေးဘူး၊ ဒူးရင်းဩဇာပင်ပေါ်က မည်းမည်းကောင်ကြီးဆင်းလာတယ်။ဆင်းလာတာကို မပြင်လိုက်ရဘူး၊ ကလေးရဲ့ နောက် ဘက်ရောက်မှ တွေ့တာ၊

ကျွန်မမြင်တဲ့အချိန်မှာ အဲဒီမည်းမည်းကောင်ကြီးက ခွေးကြီးလိုပဲ၊ ကလေးဖင်အောက်က အီအီးတွေကို စားနေ တယ်. . . ၊
ကျွန်မလည်း မြင်မြင်ချင်းလန့်အော် ကလေးကိုပါချိုင်း ကမပြီး တစ်ချိုးတည်း အိမ်ပေါ်တက်ပြေးခဲ့တာပဲ . . .”

မမော်ကစကားပြောပြီး ကလေးကို သန့်စင်ပေးနေ တယ်။
ကိုကျော်ကျော်၊ ကိုအောင်အောင်ရဲ့ မျက်နှာကို ကြည့် ပြီး အကဲခတ်နေမိတယ် . . . ၊ကိုအောင်အောင်ရဲ့ မျက်နှာမှာ ယုံရနိုးနိုး၊ မယုံရနိုးနိုးနဲ့ ဒွိဟသံသယတွေ ထင်ထင်ရှားရှားပေါ်လွင်နေတယ်။

“ ကျွန်တော်လည်း ပြန်လိုက်ဦးမယ် ကိုအောင်အောင် အိမ်မှာ မိန်းမနဲ့ ကလေးပဲ ကျန်ရစ်တယ် . . . ” ကိုကျော်ကျော်နှုတ်ဆက်ပြီး ပြန်ခဲ့တယ် . . . ။
ဘာဖြစ်လို့တဲ့လဲ အစ်ကို

ဒီတစ်ကြိမ်တော့ ကိုကျော်ကျော် မညာေတော့ဘူး၊

အမှန်အတိုင်းပဲ ပြောလိုက်တယ်၊
ကလေး အီအီးဆင်းတည်တာ၊ သရဲခြောက်ခံရလို့တဲ့ကွာ . ..” ကိုကျော်ကျော်၊ မ​​မ​ော်ပြောပြတဲ့အတိုင်း အစအဆုံး မိန်းမကို ပြောပြလိုက်တယ်။

ဒါဆိုရင် ဟိုနေ့က သစ်ပင်ပေါ်က တွန်းချတဲ့ အကောင်ကြီးပဲပေါ့ အစ်ကို
မိန်းမက မျက်လုံးပြူး၊ မျက်ဆံပြူးနဲ့ ပြောတယ်။ “ အင်း ဟုတ်တယ် . . . ”

ကိုကျော်ကျော် ရင်လေးလေးနဲ့ ပဲ ဖြေလိုက်တယ်… ဟုတ်တယ်၊ သူ့စိတ်တွေလေးသွားတယ်။နာနာဘာဝမကောင်းဆိုးဝါးနဲ့ လူသားဆိုတာက အတူယှဉ်တွဲနေလို့ မရတဲ့ သတ္တဝါတွေ . . . ၊

နောက်ပြီး ဒီကောင်ကြီးရဲ့ အပြုအမူတွေက ရန်လိုတဲ့ အပြုအမူတွေဖြစ်နေတယ်ဒီကောင်ကြီးကို နှင်ထုတ်မှ ရမယ် . . . ” လို့ တွေး တောရင်း ဆုံးဖြတ်လိုက်တယ်။

အမှန်တော့ ဒီခြံကြီးမှာ သရဲခြောက်တယ်ဆိုတာ ပတ် ဝန်းကျင်က သိပြီးသား၊

ဒီနေရာမှာ လူနေခြံကွက်တွေ ရိုက်ပြီးမြို့သစ်ဖွင့်က တည်းက ဒီခြံကြီးက စီးပွားရေးသမားတစ် ယောက်လက်ထဲရောက်သွားတယ်။

စီးပွားရေးသမားဆိုတာက နေဖို့မဟုတ်ဘူး၊ ငွေကို ရင်းနှီးမြှုပ်နှံထားတဲ့သဘော၊ဒီတော့ ခြံကြီးကို ဝယ်ပြီး ပစ်ထားတယ်။ ခြံရာင်းရင် ဈေးကောင်းရအောင် အုန်းပင်တွေ စိုက် ထားတယ်။

လူမနေဘဲ သစ်ပင်တွေချည်းရှိတဲ့ ခြံဆိုတော့ နာနာ ဘာဝကောင်တွေ ဝင်ရောက်နေထိုင်ဖို့ သိပ်အကြိုက်တွေ့တာ။
နာနာဘာဝတွေဆိုတာက လူမရှိတဲ့ကျောင်းအိုကျောင်း ပျက်၊ ဘုရားအိုဘုရားပျက်တွေ၊ သုသာန်ဇရပ်တွေမှာ နေတတ် ကြတာမဟုတ်ဘား . . .၊

ဒီလိုနဲ့ ခြံကြီးထဲကို နာနာဘာဝကောင်ကြီးရောက်လာ တာဖြစ်တယ်
ရောက်လာတဲ့ နာနာဘာဝကောင်ကြီးက ခြံကြီးကို သူအပိုင်စားရထားတဲ့နေရာ၊ ဘုံဋ္ဌာနအဖြစ်သတ်မှတ်ထားပုံရ တယ်၊

ခြံထဲဝင်လာသူကို နည်းအမျိုးမျိုးနဲ့ အနှောင့်အယှက် ပေးတယ်။ မနေနိုင်အောင်ရန်ပြု ခြောက်လှန့်တယ်။ ဒီလိုနဲ့ ဒီခြံကြီးဟာ သရဲခြောက်တဲ့ခြံကြီးအဖြစ် နာမည် ကြီးနေတာဖြစ်တယ်။

အမှန်တကယ်လည်း ခြံကြီးထဲမှာ နေထိုင်ကြတဲ့ ကိုကျော်ကျော်တို့ မိသားစုနဲ့ ကိုအောင်အောင်တို့ မိသားစုကို ခြောက်လှန့်ရန်ပြုနေတယ် . . . ၊

ကိုကျော်ကျော်ဆွမ်းခံကြွတဲ့ ဦးဇင်းတစ်ပါးနဲ့ ဘုန်းကြီး ကျောင်းကို လိုက်သွားတယ်။ဆရာတော်ကို ကန်တော့ပြီး အကျိုးအကြောင်း လျှောက်ထားတယ်။

တပည့်တော်အနေနဲ့ လူကိုအန္တရာယ်ပြုတတ်တဲ့ ့နာနာဘာဝမကောင်းဆိုးဝါးနဲ့ အတူယှဉ်တွဲနေလို့ မဖြစ်တဲ့ အတွက် ခြံထဲကနေ နှင်ချင်ပါတယ်ဘုရား . . . ”

ဆရာတော်က ကိုကျော်ကျော်ရဲ့ ဆန္ဒစကားကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေတယ်

ကိုကျော်ကျော့်စကားဆုံးမှ –

“ဆရာတော့်ဆန္ဒကတော့ ပထမဦးစွာ သူတို့အတွက်
ရည်စူးပြီး မေတ္တာပို့အမျှအတန်းဝေချင်တယ်၊ အချို့သတ္တဝါတွေက သိလွယ်၊ နားလည်လွယ်တယ် မေတ္တာရဲ့ စွမ်းအားကို ယုံကြည်တယ်။

အမျှအတန်းဝေလို့ ကောင်းမှုကုသိုလ်ရဲ့ အဖို့ဘာဂကို ရရှိသွားရင်လည်း သူ့အတွက်မြင့်မြတ်ရာဘုံဘဝကို ကူးပြောင်း သွားနိုင်တယ်။

မနက်ပိုင်းမှာ အဲဒီလိုလေးလုပ်ပြီး၊ ညနေပိုင်းကျမှ ဒကာကြီးရဲ့ ဆန္ဒအတိုင်းပရိတ်တရားနာတာ၊ ကမ္မဝါဖတ်တာတွေကို ပြုလုပ်စေချင်တယ်။ ဆရာတော်က သင့်တော်မယ့်လမ်းကြောင်းကို ညွှန်ပြ ခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ ဒကာကြီးဆန္ဒရှိသလို ဆောင်ရွက်ပေးပါ့မယ်။ ဆရာတော်ရဲ့ လမ်းညွှန်စကားကို ကိုကျော်ကျော်က အားရ ဝမ်းမြောက်ဝမ်းသာ နာခံဆောင်ရွက်ပါ့မယ်လို့ လျှောက်ထားတယ်။

နောက်တစ်နေ့မနက်မှာ ကိုကျော်ကျော်တို့အိမ်ကို ဆရာတော်နှင့်တကွ သံဃာတော်ငါးပါးကြွလာတယ်။ကိုကျော်ကျော်တို့မိသားစုက နေ့ဆွမ်းဆက်ကပ်ပြီး ဖိတ်ကြားထားတဲ့ဧည့်ပရိသတ်တွေကိုလည်း ဧည့်ခံကျွေးမွေး တယ်။

သံဃာတော်တွေက မေတ္တာသုတ်ပရိတ်တရားတော် တွေ ဟောကြားတာကို ပရိသတ်နဲ့အတူ နာကြားတယ်။ တရားနာပြီးတာနဲ့ ခြံအတွင်းမှာ နေထိုင်တဲ့ မကျွတ် မလွတ်သော ပုဂ္ဂိုဟ်သတ္တဝါအပေါင်းနှင့် တကွ ဝေနေယျ၊ သုခိတ၊ ဒုက္ခိတ ပုဂ္ဂိုဟ်သတ္တဝါအပေါင်းတို့အား ရည်စူးပြီး ရေ စက်သွန်းချ အမျှအတန်းပေးဝေလိုက်ကြတယ်။

ကိုကျော်ကျော်အနေနဲ့ နာနာဘာဝမည်းမည်းကောင် ကြီးကို မကောင်းဆိုးဝါးဘဝကနေ လွတ်မြောက်ပြီးကောင်းရာ သုဂတိဘုံကို ရောက်ရှိသွားစေချင်ပါတယ်။

ဒါပေမဲ့ ထင်ထင်ရှားရှားမသိမမြင်နိုင်တဲ့ အတွက် မလွှဲမရှောင်သာဘဲ ရတနာသုံးပါးရဲ့ အမိန့်နဲ့ ဖယ်ရှားဖို့ ထပ်မံဆောင်ရွက်ရတယ်။

ညနေပိုင်းမှာ သံဃာတော်တွေ ပြန်ကြွလာပြီး ကိုကျော်ကျော်ရဲ့ ဆန္ဒအတိုင်း အန္တရာယ်တွေ ကင်းရှင်းစေဖို့ ပရိတ်ရွတ် တာတွေ၊ ကမ္မဝါဖတ်တာတွေ ရွက်ဆောင်ကြတယ်။

သံဃာတော်တွေ ပြန်ကြွသွားတာနဲ့ ကိုကျော်ကျော်နှင့် ကိုအောင်အောင်တို့ဟာ ပရိတ်ချည်တွေ ခြံပတ်ပတ်လည်ရစ် ပတ်တယ်။

ပရိတ်ရေတွေ ပရိတ်သဲတွေကိုလည်း ခြံအနှံ့လိုက်ပြီး ဖျန်းကြပက်ကြတယ် . . . ၊

အဲဒီအချိန်မှာပဲ ဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေနဲ့ အတူမမျှော် လင့်တဲ့ မြင်ကွင်းကို မြင်လိုက်ကြရတယ်။

ကိုကျော်ကျော်တို့ အိမ်ရှေ့မှာရှိတဲ့ အုန်းပင်ကြီး ပေါ်ကနေ မည်းမည်းကောင်ကြီးခုန်ချလာတယ် . .

မည်းမည်းကောင်ကြီးဟာ အကာအရံမရှိတဲ့ ကိုကျော် ကျော်တို့ အိမ်ရှေ့ကနေ အိမ်ပေါ်ကို သွေးရူးသွေးတန်း တဝုန်း ဝုန်းတက်ပြေးတယ်၊

နောက်ကျောဘက်မှာ ကာရံထားတဲ့စောင်ကို တိုးပြီး ခုန်ချထွက်ပြေးတယ်၊

မည်းမည်းကောင်ကြီး ဝင်တိုးမှုကြောင့် ချည်နှောင် ထားဘဲ့ကြိုးတွေ ပြုတ်ထွက်သွားတယ်။ စောင်က မည်းမည်းကောင်ကြီးကို ရစ်ပတ်ပြီး ပြေး တဲ့နောက်ပါသွားတယ် . . ၊

အချိန်က ညနေမှောင်ရီစဖြစ်ပေမဲ့ အလင်းရောင် ကောင်းကောင်းရှိနေတယ် . . . ၊

ကိုကျော်ကျော်ရော၊ ကိုအောင်အောင်ပါ မည်းမည်း ကောင်ကြီးကို ထင်ထင်ရှားရှားပြင်တွေ့ ကြရတယ် .

မည်းမည်းကောင်ကြီးဟာ မျောက်ဝံကြီးမဟုတ်ဘဲ အမွေးကြမ်းရှည်တွေ ဖုံးလွှမ်းနေတဲ့ မကောင်းဆိုးဝါးနာနာဘာဝ ကောင်ကြီးဆိုတာ သိနိုင်တယ်

ထန်းသီးလုံးလောက်ရှိတဲ့ မျက်လုံးကြီးတွေကလည်း ညတစ်ညမှာ ကိုကျော်ကျော်တွေ့ခဲ့တဲ့ အတိုင်းပဲ နီရဲနေတယ်။နာနာဘာဝကောင်ကြီး သွေးရူးသွေးတန်း ထွက်ပြေး နေတဲ့ ပုံကမျက်တောင်ခတ်သလောက်ပဲ ကြာတ လျှပ်စီးလက်သလို အရမ်းမြန်လွန်းနေတယ်။ ကိုကျော်ကျော်နဲ့ ကိုအောင်အောင်တို့ရဲ့ ဇနီးသည်တွေ ့မှာလည်း ကြောက်ဖို့လန့်ဖို့တောင် အချိန်မရဘဲ အံ့အားသင့်ရင်း ကြက်သေသေနေကြတယ်။

ခဏနေမှ သတိဝင်ပြီး ကလေးတွေကို လိုက် ဆွဲကြတယ်။

အဲဒီအချိန်မှာတော့ နာနာဘာဝကောင်ကြီးဟာ ဘယ် ဆီ ရောက်လို့ ဘယ်ဆီပေါက်သွားမှန်းတောင်မသိနိုင်တော့ဘူး။ ပျောက်ခြင်းမလှ ပျောက်သွားပြီဖြစ်ပါတယ်။

ထူးဆန်းတာက အဲဒီနာနာဘာဝကောင်ကြီးကို မြင်ရ တာက ခြံထဲမှာ နေတဲ့ သူတို့တစ်တွေပဲဖြစ်ပြီး အခြားသူတွေ မမြင်ရတဲ့အချက်ပါ။

ခဏနေတော့ နောက်ဘက်လမ်းက လူနှစ်ယောက် ရောက်လာတယ်။ စောင်ကို လာပေးတယ်။

“ ခင်ဗျားတို့ ခြံထဲက စောင်ကြီးလွင့်လာလို့ဗျ၊ ပထမတော့ ခွေးတိုးပြီး လုံးထွေးပါလာတာလို့ ထင် သေးတယ်။

ဒါပေမဲ့ ဘာခွေးမှ မတွေ့ပါဘူးဗျာ . ဒီအတိုင်းပဲ လွင့်လာတာနဲ့ တူပါတယ် . . . . လို့ ပြောတယ်။ ”

ကိုကျော်ကျော် အသာငြိမ်နေလိုက်တယ်၊ နာနာဘာဝ ကောင်ကြီး ထွက်ပြေးသွားတဲ့အကြောင်းမပြောလိုက်တေ့ဘူး။ သရဲခြောက်တဲ့ ခြံကြီးဟာလည်း အဲဒီနေ့ကစပြီးသန့်ရှင်းသွားခဲ့တယ်။

မည်းမည်းကောင်ကြီးကို အစ အနတောင်မတွေ့ရတော့ တာ ယနေ့ထက်တိုင်လို့ ဆိုပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် တွေကို တစ္ဆေသရဲ နာနား ဘာဝဖြင့် မြတ်စွာဘုရားရဲ့ တရား​ေတာ်တွေဟာ နာနာဘာဝတွေ ထိတ်လန့်ကြောက်ရွံ့ကြ တယ်ဆိုတာ ထင်ရှားပါတယ်၊

ကုိကျော်ကျော်တို့မိသားစုလည်း အဲဒီခြံကြီးထဲမှာ ဆယ်နှစ်လောက်နေပြီး ဈေးကောင်းရတာနဲ့ ရောင်းချပြီး တောင်ဥက္ကလာကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ကိုကျော် ကျော်ကျော်ရဲ့ သားငယ်သုံးနှစ်သားလေးဟာခုချိန် မှာ လူလားမြောက်လို့ ကြီးပြင်းလာခဲ့ပါပြီ။

သရဲခြောက်တဲ့ ခြံကြီးတစ်ခြံရဲ့ အကြောင်း စာရေးသူ ကို ပြောပြသူကလည်း ကိုကျော်ကျော်ရဲ့ သားကိုကျော်ထက် ကိုယ်တိုင်ပဲဖြစ်ပါတယ်။

စာဖတ်သူများအား ထာဝရ

လေးစားချစ်ခင်လျက်ဖြင့်

မောင်မှိုင်းညို့(ချောင်းဦး)

Zawgyi Version

” သရဲေျခာက္တဲ့အိမ္ႀကီး “(စ/ဆုံး)
——————————————
ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)

သရဲေျခာက္တဲ့ၿခံႀကီး ဒီၿခံႀကီးက လႈိင္သာယာၿမိဳ႕နယ္၊ ၁၃- ရပ္ကြက္ထဲမွာ ရွိတယ္ ။လမ္းနာမည္နဲ႔ ၿခံအမွတ္ေတြကို တိတိက်က် ေျပာျပ ခ်င္ေပမဲ့ လက္ရွိပိုင္ဆိုင္ေနတဲ့သူေတြအတြက္ ငွဲ႔ၿပီး မေျပာေတာ့ ပါဘူး။

ၿခံႀကီးထဲမွာ သရဲတေစၦေတြ ရွိတယ္၊ သရဲေျခာက္တယ္ လို႔ နာမည္ႀကီးလြန္းလို႔နဲ႔ တူပါရဲ႕၊

ကိုေက်ာ္ေက်ာ္တို႔မိသားစု ေျပာင္းေ႐ႊ႕မလာမီ တေလွ်ာက္လုံး၊ ဒီၿခံႀကီးထဲမွာ လူသူေနထိုင္တာမရွိခဲ့ဘူး၊

အိမ္ေဆာက္ခဲ့ဖူးတယ္ဆိုတဲ့ သိသာတဲ့ အမွတ္အသား လကၡဏာရယ္လို႔ တစ္ခုမွ မရွိဘူး။

ႏွစ္ကာလမ်ားစြာ လူမေနတဲ့ အတြက္လည္း ၿခံႀကီးထဲ မွာ ျမက္႐ိုင္းပင္ေတြ၊ ၿခဳံေတြနဲ႔ ႏြယ္စိမ္းပင္ေတြ ရႈပ္ေထြးၿပီးအက်ည္းတန္ေနတယ္ . . .၊ ကိုေက်ာ္ေက်ာ္ ဒီၿခံႀကီးထဲ ေျပာင္းေ႐ႊ႕မလာမီကေတာ့ ဒီၿခံႀကီးနဲ႔ ပတ္သက္လို႔ ဘာမွမသိေသးဘူး၊သရဲရွိတာလည္း မသိဘူး၊ တေစၦေျခာက္တာလည္း မသိဘူး၊

ဒါ့ေၾကာင့္လည္း ဒီၿခံႀကီးထဲမွာ လူေတြဘာေၾကာင့္ မေန တာလဲလို႔ စဥ္းစားမိခဲ့ဖူးတယ္။

တစ္ခုေတာ့ ရွိတယ္၊ ၿခံထဲပတ္ပတ္လည္မွာ အုန္းပင္ ေတြ အစိတ္၊ သုံးဆယ္ေလာက္ရွိေနတယ္။

အုန္းပင္တစ္ဝက္ေက်ာ္ေက်ာ္က အုန္းသီးေတြ အတြဲ လိုက္၊ အခိုင္လိုက္ သီးေနၾကၿပီ . . . .၊ေနာက္ၿပီး သရက္ပင္ သုံးပင္၊ မာလကာပင္ ေလးပင္ နဲ႔ ဒူးရင္းဩဇာသီးပင္ တစ္ပင္ကိုလည္း ေတြ႕ရတယ္။

ၿခံက ေပေလးဆယ္ × ေျခာက္ဆယ္ၿခံႀကီး၊ ဒီေန႔ေခတ္လို ေခါင္ခိုက္ရွားပါးလြန္းတဲ့ အိမ္ၿခံေျမေဈး ကြက္နဲ႔ ၾကည့္ရင္ က်ယ္ဝန္းတယ္လို႔ေတာင္ ေျပာႏိုင္တယ္၊ေနာက္ၿပီး ၿခံႀကီးရွိတဲ့ ဆယ့္သုံးရပ္ကြက္ဆိုတာက
လႈိင္သာယာရဲ႕ အစြန္အဖ်ားလူေနက်ဲပါးတဲ့ေနရာမဟုတ္ဘူး၊

သုံးထိပ္မွတ္တိုင္ကေန ေအာင္ေဇယ်ႀကိဳးတံတားႀကီးေက်ာ္တာနဲ႔ အင္းစိန္ထဲ ေရာက္ၿပီ ၊အင္းစိန္ကို ေရာက္ရင္ပဲ ရန္ကုန္တစ္ၿမိဳ႕လုံးကို သြား
လို႔ရၿပီ၊ကြန္ရက္လို ခ်ိတ္ဆက္ထားတဲ့ ဘတ္စ္ကားယာဥ္လိုင္းေတြနဲ႔ ရန္ကုန္ၿမိဳ႕ထဲသြားမလား၊အေရွ႕ပိုင္းခ႐ိုင္၊ ေတာင္ပိုင္းခ႐ိုင္၊ ေျမာက္ပိုင္းခ႐ိုင္သြား မလား၊ ဘယ္သြားသြား လြယ္လင့္တကူသြားလို႔ရတယ္။ ေျပာခ်င္တာက သြားေရး၊ လာေရးလည္း လြယ္ကူတဲ့အေၾကာင္းပါ၊

ဒီလိုေနရာ အကြက္အကြင္းက်တဲ့ၿခံႀကီးထဲကို ပိုင္ရွင္ အဆက္ဆက္အိမ္ေဆာက္မေနခဲ့ၾကဘူးလား၊

ဒီအခ်က္ကို ကိုေက်ာ္ေက်ာ္နားမလည္ခဲ့ဘူး၊ တစ္ခုေတာ့ရွိတယ္၊ အုန္းပင္ေတြ ျပည့္ေနတယ္၊ လူေနတဲ့အခါ ေခါင္းေပၚကို အုန္းသီး ေႂကြက်ႏိုင္တယ္ အႏၲရာယ္ရွိႏိုင္တယ္၊ဒါ့ေၾကာင့္ လူမေနတာလည္း ျဖစ္ႏိုင္တယ္။ ေနာက္ၿပီး အိမ္ေဆာက္မယ္ဆိုရင္လည္း အုန္းပင္အခ်ိဳ႕ကို ခုတ္လွဲပစ္မွရမယ္၊

ဒါလည္း ႏွေမ်ာဖို႔ေကာင္းတယ္၊ ဒါေတြေၾကာင့္ လူမေနတာျဖစ္မယ္လို႔ပဲ ဘုမသိ၊ ဘမသိ ေတြးမိတယ္ . . . ၊ဘယ္လိုပဲျဖစ္ျဖစ္ ကိုေက်ာ္ေက်ာ္ကေတာ့ ၿခံႀကီးကို သေဘာက်ေနတယ္၊သူ႔လို ႏြမ္းပါးခ်ိဳ႕ငဲ့တဲ့သူအဖို႔ ၿခံႀကီးက မက္ေမာဖို႔ ေကာင္းတယ္၊အုန္းသီးေရာင္းတာနဲ႔တင္ စားဝတ္ေနေရးအသင့္အတင့္ ေျပလည္ႏိုင္တယ္လို႔ ေတြးမိတယ္။

ဒါ့ေၾကာင့္လည္း မိန္းမနဲ႔ သားကိုေခၚၿပီး ၿခံႀကီးထဲခ်က္ ခ်င္းေျပာင္းေ႐ႊ႕လာတာျဖစ္တယ္ . . . ၊ ၿခံႀကီးထဲေရာက္လို႔မွ သိပ္မၾကာလိုက္ဘူး၊ ထိတ္လန႔္စရာ သရဲတစ္ေကာင္နဲ႔ နဖူးေတြ႕၊ ဒူးေတြ႕ ေတြ႕လိုက္ရတယ္၊ ဒီေတာ့မွ ဒီၿခံႀကီးထဲကို ဘယ္သူမွ မေနတဲ့အေၾကာင္း သူတို႔ေမာင္ႏွမေတြ အေမြခြဲၾကေတာ့ လႈိင္သာယာမွာ ေနၾကတဲ့ ညီမေတြကေတာင္ ဒီၿခံႀကီးကို မယူၾကဘဲ၊ ေတာင္ဥကၠလာက သူ႔ကို ဘာေၾကာင့္ေပးတာလဲ ဆိုတာ သူေကာင္းေကာင္းႀကီး သေဘာ ေပါက္နားလည္သြားခဲ့ ရပါတယ္။

ကိုေက်ာ္ေက်ာ္ ၿခံႀကီးရဲ႕ အလယ္ေလာက္မွာ အိမ္ေသး ေသးေလးတစ္လုံးေဆာက္လိုက္တယ္ . . . ။အုန္းပင္ေတြၾကားက ေျမကြက္လပ္ရွိတဲ့အတိုင္း ေဆာက္ရတာေၾကာင့္ အိမ္က နည္းနည္းေသးတယ္။

ဒါေပမဲ့ ကိုေက်ာ္ေက်ာ္တို႔ လင္မယားႏွစ္ေယာက္နဲ႔ သုံးႏွစ္အ႐ြယ္သားေလးတစ္ေယာက္ပဲရွိတာမို႔ ေနလို႔ျဖစ္တယ္။ ကိုေက်ာ္ေက်ာ့္အိမ္ အၾကမ္းထည္ေလးၿပီးလို႔၊ ေခါင္း ရင္းနဲ႔ ေျခရင္းဘက္ပဲ ဝါးထရံကာရေသးတယ္၊ အိမ္ငွားမယ့္သူေရာက္လာတယ္ . . . ၊

စကားေျပာၾကည့္ေတာ့ အိမ္ငွားခ်င္သူက ကိုေက်ာ္ ေက်ာ္တို႔လိုပဲလင္ကိုယ္မယားႏွစ္ေယာက္နဲ႔ ငါးနစ္အ႐ြယ္သားေလးတစ္ေယာက္ပဲ ရွိတယ္။

ကိုေက်ာ္ေက်ာ္တို႔လင္မယားတိုင္ပင္ၾကၿပီး အိမ္ ငွားထားဖို႔ ဆုံးျဖတ္လိုက္တယ္ . . . ၊

ေဆာက္လက္စ သူတို႔အိမ္ေလးကိုေတာ့ မဟုတ္ဘူး၊ အိမ္ငွားဖို႔ သူတို႔အိမ္ေရွ႕မက်တက်၊ ေျခရင္းဘက္မွာ အိမ္တစ္လုံးထပ္ေဆာက္ေပးတယ္၊

အိမ္တစ္လုံးထပ္ေဆာက္လိုက္ရလို႔ သူတို႔ေနတဲ့အိမ္ ေတာင္ အၿပီးမသတ္ႏိုင္ဘူး . . . ၊အိမ္ေရွ႕နဲ႔ ေနာက္ေက်ာဘက္က ဟင္းလင္းပြင့္ေနတယ္။

ကိုေက်ာ္ေက်ာ္ေစာင္တစ္ထည္ယူတယ္၊ အစႏွစ္ဖက္ ႀကိဳးနဲ႔ ခ်ည္ၿပီး အိမ္ေနာက္ဘက္ကို ကာလိုက္တယ္။အဲဒီညမွာပဲ ကိုေက်ာ္ေက်ာ္ သရဲတစ္ေကာင္ကို စေတြ႕ ရတာျဖစ္တယ္ . . . ၊ .

ညသန္းေကာင္ေလာက္မွာ သူတစ္ေရးႏိုးလာတယ္။ အေပါ့သြားခ်င္တာေၾကာင့္ ကာထားတဲ့ေစာင္ကို မၿပီး ေအာက္ဆင္းခဲ့တယ္ . . . ၊

အိမ္သာက ေနာက္ဘက္ၿခံစည္း႐ိုးနဲ႔ ကပ္ၿပီး ေထာက္ထားတာေၾကာင့္ ေဝးေနတယ္၊ဒါ့ေၾကာင့္ အိမ္သာထိမသြားေတာ့ဘဲ နီးရာ အုန္းပင္ တစ္ပင္ရဲ႕ ေျခရင္းမွာပဲ ထိုင္လိုက္တယ္။

ညကလည္း ေမွာင္မည္းၿပီး တိတ္ဆိတ္လြန္းေနတယ္။ အဲဒီအခ်ိန္မွာပဲ ကိုေက်ာ္ေက်ာ္၊ ေခါင္းေပၚကအသံေတြ ၾကားလိုက္တယ္ . . . ၊

သူ ခ်က္ခ်င္း၊ အလန႔္တၾကားထၿပီး ေျခႏွစ္လွမ္း၊ သုံး လွမ္းေလာက္ ေနာက္ျပန္ဆုတ္လိုက္တယ္ . . ‘ အုန္း . . . ဝုန္း . . . ဝုန္း . .

က်ယ္က်ယ္ေလာင္ေလာင္ျမည္ဟိန္းသံႀကီးနဲ႔အတူေစာေစာက သူထိုင္ေနတဲ့ ေနရာတည့္တည့္ကို အုန္းသီးခိုင္ႀကီးျပဳတ္က်လာတယ္ . . .

သူ အေမွာင္ထဲမွာပဲ အုန္းပင္ေပၚေမာ့ၾကည့္လိုက္တယ္ အုန္းပင္ရဲ႕ တစ္ဝက္ေလာက္မွာ မည္းမည္းအေကာင္ ႀကီးတစ္ေကာင္၊ ေဇာက္ထိုးႀကီးျဖစ္ေနတာကို ေကာင္းကင္ အေရာင္ေၾကာင့္ ေတြ႕လိုက္ရတယ္ . . . ၊

မည္းမည္းအေကာင္ႀကီးရဲ႕ မ်က္လုံးႏွစ္လုံးက ထန္းသီးလုံးႀကီးေတြေလာက္ရွိၿပီး ရဲရဲေတာက္ေနတယ္ . . .၊ၾကည့္ေနတုန္းမွာပဲ မည္းမည္းေကာင္ႀကီးဟာ ေနရာ မွာ ဖ်တ္ခနဲ ေပ်ာက္သြားတယ္..

ေနာက္ေန႔မနက္လင္းလို႔ ကိုေက်ာ္ေက်ာ္ထၾကည့္ေတာ့ အုန္းသီးခိုင္က ဘယ္လိုမွ ျပဳတ္မက်ႏိုင္တဲ့ အုန္းစိမ္းခိုင္ႀကီးျဖစ္ ေနတာ ေတြ႕ရတယ္ . . . ၊

မ်က္လုံးနီနီႀကီးနဲ႔ မေကာင္းဆိုးဝါးမည္းမည္း ေကာင္ႀကီးဟာ သူေနတဲ့ အပင္ေအာက္အေပါ့လာစြန႔္တာကို မႀကိဳက္လို႔ အုန္းခိုင္ႀကီး ျပဳတ္က်လာတာ ျဖစ္မယ္လို႔ ကိုေက်ာ္ေက်ာ္စဥ္းစားလိုက္မိတယ္၊

ဒီအခ်ိန္မွာပဲ သူ႔တစ္ကိုယ္လုံး ၾကက္သီးေတြ တဖ်န္း ဗ်န္းထသြားတယ္။
ေရွ႕အိမ္က ေကာင္ေလးသရက္ပင္ေပၚက လိမ့္က်လို႔ ညေနပိုင္းကိုေက်ာ္ေက်ာ္အလုပ္ကျပန္လာတာနဲ႔ သူ႔မိန္းမကဆီးေျပာတယ္ . . . ။

“ သရက္ပင္ေပၚတက္သရက္သီးခူးရင္း လိမ့္က်တာလား ကိုေက်ာ္ေက်ာ္ ေမးေျပာေျပာၿပီး ေရခ်ိဳးတယ္၊ အဝတ္ အစားလဲတယ္၊

ထမင္းစားၿပီးတာနဲ႔ လင္မယားႏွစ္ေယာက္ သားေလး ကိုပါ ေခၚၿပီး ေရွ႕အိမ္ကို လာခဲ့ၾကတယ္ ကေလးလက္ ဘာျဖစ္သြားေသးလဲ ကိုေအာင္ ေအာင္
ကေလးရဲ႕ ညာဘက္လက္မွာ ေက်ာက္ပတ္တီးစည္း ထားတယ္၊ လက္ကိုလည္း ပတ္တီးစ လည္မွာသိုင္းၿပီ။ ေျမႇာက္ ထားတယ္၊

လက္က်ိဳးသြားတယ္ကိုေက်ာ္ေက်ာ္၊ေဆး႐ုံက ေက်ာက္ပတ္တီးစည္းေပးလိုက္တယ္. .. ကေလးလိမ့္က်တယ္ လာေျပာလို႔ ကြၽန္ေတာ္လည္း
အလုပ္က ခြင့္ေန႔ဝက္ယူၿပီး ေျပးလာခဲ့ရတယ္၊ ၿခံထဲက အပင္ေတြေပၚတက္ မေဆာ့ရဘူးလို႔ကြၽန္ေတာ္ ခဏခဏဆုံးမပါတယ္။ အဲဒါကို နားမေထာင္ဘူးဗ်ာ

သရက္ပင္ေပၚတက္ေဆာ့ေတာ့ လိမ့္က်တာေပါ့ . .” လိမ့္က်တာမဟုတ္ဘူးအေဖရ၊ သားကို တြန္းခ်တာ၊ မ်က္လုံးနီနီႀကီးနဲ႔ မည္းမည္းဧေကာင္ႀကီးက တြန္းခ်တာဒါ့ေၾကာင့္ သားသစ္ပင္ေပၚက က်တာ

ဟာ .ဒီေကာင္ေတာ့ မဟုတ္က၊ ဟုတ္က …” ကေလးေျပာတဲ့စကားေၾကာင့္ ကိုေက်ာ္ေက်ာ္လန႔္သြားတယ္။

ဒီမ်က္လုံးနီနီနဲ႔ မည္းမည္းေကာင္ႀကီးကို သူလည္း ​ျမ​င္ဖူးတယ္ေလ . . . .၊ကေလးအေဖကိုေအာင္ေအာင္က ခ်က္ခ်င္းဟန႔္ၿပီး ေငက္လိုက္ေပမဲ့ ကေလးကဆက္ေျပာတယ္ . . .

“ ဟုတ္ပါတယ္ဆို အေဖကလည္း၊သားက ညာေျပာပါ့မလား
သား သရက္သီးခူးေနတုန္း၊ လူမည္းမည္းႀကီးရယ္ သစ္ကိုင္းေပၚ မတ္တတ္ရပ္ၿပီး ေလွ်ာက္လာတယ္။ၿပီးေတာ့သားကို တြန္းခ်လိုက္တယ္

မိန္းမ မင္း သားကို ေခၚၿပီး သြားသိပ္စမ္းကြာ၊

ၾကာရင္ ငါထ႐ိုက္မိ ့မယ္

ကိုေအာင္ေအာင္ ကေလးကို ႀကိမ္းေမာင္းတယ္။
သူ႔မိန္းမ မေမာ္က ကေလးကို အိပ္ရာထဲေခၚသြားၿပီး
ေခ်ာ့သိပ္ေနတယ္ . . . ၊

ကိုေက်ာ္ေက်ာ္တို႔လည္း ခဏတစ္ျဖဳတ္ စကားဆက္ေျပာၿပီးတာနဲ႔ ျပန္လာခဲ့ၾကတယ္ . . . ၊

အိမ္ေရာက္ေတာ့ မိန္းမကေမးတယ္ . . .

ကေလးေျပာတဲ့ မ်က္လုံးနီနီနဲ႔ လူမည္းမည္းႀကီးဆို တာ အဟုတ္မ်ားလားေနာ္အစ္ကို . . .မင္းႏွယ္ကြာ၊ မဟုတ္ပါဘူး၊သစ္ပင္ေပၚတက္ေဆာ့တယ္ဆိုရင္ သူ႔အေမ႐ိုက္မွာစိုး လို႔ ထင္ရာေရွာက္ေျပာတာပါ

မဟုတ္ဘူးအစ္ကို၊ ကေလးကေတာ့ အဟုတ္ကို ေျပာေနတာေနာ္ . . . ၊ၿပီးေတာ့ ကြၽန္မ ေျပာရဦးမယ္၊အရင္ကတည္းက ေျပာခ်င္တာ၊ အစ္ကိုစိတ္မေကာင္း မွာစိုးလို႔ မေျပာခဲ့တာ . . .

ဘာမ်ားလဲကြ၊ ေျပာပါဦး

ကြၽန္မ ဒီၿခံထဲ ေရာက္တဲ့ေန႔ကစၿပီး စိတ္ထဲမွာတစ္မ်ိဳးႀကီးပဲ . . . ၊
ၿခံထဲဝင္ရမွာကို အလိုလိုေၾကာက္ေနတယ္ညေရးညတာ ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္အသံၾကားရင္လည္း ဘာမွန္းမသိဘဲ ရင္ေတြတုန္ၿပီးလန႔္သြားတတ္တယ္။

ေခါင္းနပန္းႀကီးၿပီး ၾကက္သီးေတြလည္း တျဖန္းျဖန္း ထတယ္
မဟုတ္ပါဘူး မိန္းမရာ သစ္ပင္ေတြအုပ္ေနေတာ့ စိတ္ထဲက ေၾကာက္သလိုလို၊ အားငယ္သလိုလို ခံစားရတာ ျဖစ္မွာပါ . . .

ဘာတေစၦသရဲမွ မရွိပါဘူး ကိုေက်ာ္ေက်ာ္ မိန္းမကို ေခ်ာ့ေမာ့ႏွစ္သိမ့္ေပးတယ္ ခဏေနေတာ့ မိန္းမျဖစ္သူက ကေလးကို ေခ်ာ့သိပ္ရင္းသူပါ အိပ္ေပ်ာ္သြားတယ္ . . . ၊

ကိုေက်ာ္ေက်ာ္ကေတာ့ အိပ္လို႔မရေတာ့ဘူး၊ ညတစ္ညရဲ႕ သန္းေခါင္ယံမွာ သူျမင္ခဲ့ရတဲ့ အုန္းပင္ေပၚ က မ်က္လုံးနီနိနဲ႔ လူမည္းမည္းႀကီးကို ျပန္လည္ျမင္ေယာင္ေနတယ္။

သရက္ပင္ေပၚက ကေလးဟာ သူေျပာတဲ့ အတိုင္း လူမည္းမည္းႀကီးတြန္းခ်ခံရတယ္ဆိုတာလည္း အမွန္ ျဖစ္မယ္လို႔ သူယုံတယ္ . . .

့ကိုယ့္ကိုလည္း အုန္းသီးခိုင္နဲ႔ ေပါက္တယ္၊ ကေလးကိုလည္း သစ္ပင္ေပၚက တြန္းခ်တယ္ . : ဒီေကာင္ ေတာ္ေတာ္ရန္လိုတဲ့ မေကာင္းဆိုးဝါးေကာင္ ပဲ” လို႔ ကိုေက်ာ္ေက်ာ္ ေတြးလိုက္မိတယ္

ညဆယ္နာရီေလာက္ရွိေနၿပီ ကိုေက်ာ္ေက်ာ္တို႔ တစ္မိသားစုလုံးလည္း အိပ္ေမာက်ေနၾကၿပီ

ဒီအခ်ိန္ႀကီးမွ ငယ္သံပါေအာင္ အလန႔္တၾကားေအာ္ လိုက္တဲ့ မေမာ္ရဲ႕ အသံထြက္ေပၚလာတယ္ . . . ၊

“အမေလး သရ​ဲ သရဲ”

ကိုေက်ာ္ေက်ာ္ အိပ္ရာထဲက ဝုန္းခနဲ ထၿပီး ေအာ္သံ ၾကားတဲ့ဆီကို ေျပးသြားတယ္ . . . ၊ မေမာ္ သူ႔အိမ္ျပန္ေရာက္သြားၿပီ။ ကိုေအာင္ေအာင္နဲ႔ မေပာ္တို႔ စကားေျပာသံေတြၾကား ေနရတယ္။

ကိုေက်ာ္ေက်ာ္ ကိုေအာင္ေအာင္တို႔ အိမ္ကို သြားတယ္။

ဘာျဖစ္တာလဲ ကိုေအာင္ေအာင္ . . . ”

ခင္ဗ်ား ညီမကို သရဲေျခာက္လို႔တဲ့ဗ်ာ၊ ကြၽန္ေတာ္လည္း ေမးေနတုန္းပဲ . . . ၊ မိန္းမ ဘယ္လိုျဖစ္တာလည္း ေျပာျပပါဦး . . . ” ကိုေအာင္ေအာင္က သူ႔မိန္းမ မေမာ္ကို ေျပာလိုက္

“ ကေလးက ညေနကတည္းက ဝမ္းပ်က္ေနတာ ေလ၊ အခုလည္း အီအီးပါခ်င္တယ္ဆိုလို႔ ထတည္တာ။ အိမ္သာထိ မသြားရဲလို႔ ေနာက္ေဖးက ဒူးရင္းဩဇာပင္ ေအာက္မွာပဲ တည္လိုက္တယ္ . . . ”

မေမာ္ရဲ႕ အသံက တုန္ေနတယ္၊ အေၾကာက္လြန္ေန ေသးပုံရတယ္။
ေမာေနၿပီး စကားကို နားနားေျပာေနရတယ္၊ “ အဲဒါ . . . ကေလးအီးပါလို႔ေတာင္ မၿပီးေသးဘူး၊ ဒူးရင္းဩဇာပင္ေပၚက မည္းမည္းေကာင္ႀကီးဆင္းလာတယ္။ဆင္းလာတာကို မျပင္လိုက္ရဘူး၊ ကေလးရဲ႕ ေနာက္ ဘက္ေရာက္မွ ေတြ႕တာ၊

ကြၽန္မျမင္တဲ့အခ်ိန္မွာ အဲဒီမည္းမည္းေကာင္ႀကီးက ေခြးႀကီးလိုပဲ၊ ကေလးဖင္ေအာက္က အီအီးေတြကို စားေန တယ္. . . ၊
ကြၽန္မလည္း ျမင္ျမင္ခ်င္းလန႔္ေအာ္ ကေလးကိုပါခ်ိဳင္း ကမၿပီး တစ္ခ်ိဳးတည္း အိမ္ေပၚတက္ေျပးခဲ့တာပဲ . . .”

မေမာ္ကစကားေျပာၿပီး ကေလးကို သန႔္စင္ေပးေန တယ္။
ကိုေက်ာ္ေက်ာ္၊ ကိုေအာင္ေအာင္ရဲ႕ မ်က္ႏွာကို ၾကည့္ ၿပီး အကဲခတ္ေနမိတယ္ . . . ၊ကိုေအာင္ေအာင္ရဲ႕ မ်က္ႏွာမွာ ယုံရႏိုးႏိုး၊ မယုံရႏိုးႏိုးနဲ႔ ဒြိဟသံသယေတြ ထင္ထင္ရွားရွားေပၚလြင္ေနတယ္။

“ ကြၽန္ေတာ္လည္း ျပန္လိုက္ဦးမယ္ ကိုေအာင္ေအာင္ အိမ္မွာ မိန္းမနဲ႔ ကေလးပဲ က်န္ရစ္တယ္ . . . ” ကိုေက်ာ္ေက်ာ္ႏႈတ္ဆက္ၿပီး ျပန္ခဲ့တယ္ . . . ။
ဘာျဖစ္လို႔တဲ့လဲ အစ္ကို

ဒီတစ္ႀကိမ္ေတာ့ ကိုေက်ာ္ေက်ာ္ မညာေေတာ့ဘူး၊

အမွန္အတိုင္းပဲ ေျပာလိုက္တယ္၊
ကေလး အီအီးဆင္းတည္တာ၊ သရဲေျခာက္ခံရလို႔တဲ့ကြာ . ..” ကိုေက်ာ္ေက်ာ္၊ မ​​မ​ော္ေျပာျပတဲ့အတိုင္း အစအဆုံး မိန္းမကို ေျပာျပလိုက္တယ္။

ဒါဆိုရင္ ဟိုေန႔က သစ္ပင္ေပၚက တြန္းခ်တဲ့ အေကာင္ႀကီးပဲေပါ့ အစ္ကို
မိန္းမက မ်က္လုံးျပဴး၊ မ်က္ဆံျပဴးနဲ႔ ေျပာတယ္။ “ အင္း ဟုတ္တယ္ . . . ”

ကိုေက်ာ္ေက်ာ္ ရင္ေလးေလးနဲ႔ ပဲ ေျဖလိုက္တယ္… ဟုတ္တယ္၊ သူ႔စိတ္ေတြေလးသြားတယ္။နာနာဘာဝမေကာင္းဆိုးဝါးနဲ႔ လူသားဆိုတာက အတူယွဥ္တြဲေနလို႔ မရတဲ့ သတၱဝါေတြ . . . ၊

ေနာက္ၿပီး ဒီေကာင္ႀကီးရဲ႕ အျပဳအမူေတြက ရန္လိုတဲ့ အျပဳအမူေတြျဖစ္ေနတယ္ဒီေကာင္ႀကီးကို ႏွင္ထုတ္မွ ရမယ္ . . . ” လို႔ ေတြး ေတာရင္း ဆုံးျဖတ္လိုက္တယ္။

အမွန္ေတာ့ ဒီၿခံႀကီးမွာ သရဲေျခာက္တယ္ဆိုတာ ပတ္ ဝန္းက်င္က သိၿပီးသား၊

ဒီေနရာမွာ လူေနၿခံကြက္ေတြ ႐ိုက္ၿပီးၿမိဳ႕သစ္ဖြင့္က တည္းက ဒီၿခံႀကီးက စီးပြားေရးသမားတစ္ ေယာက္လက္ထဲေရာက္သြားတယ္။

စီးပြားေရးသမားဆိုတာက ေနဖို႔မဟုတ္ဘူး၊ ေငြကို ရင္းႏွီးျမႇဳပ္ႏွံထားတဲ့သေဘာ၊ဒီေတာ့ ၿခံႀကီးကို ဝယ္ၿပီး ပစ္ထားတယ္။ ၿခံရာင္းရင္ ေဈးေကာင္းရေအာင္ အုန္းပင္ေတြ စိုက္ ထားတယ္။

လူမေနဘဲ သစ္ပင္ေတြခ်ည္းရွိတဲ့ ၿခံဆိုေတာ့ နာနာ ဘာဝေကာင္ေတြ ဝင္ေရာက္ေနထိုင္ဖို႔ သိပ္အႀကိဳက္ေတြ႕တာ။
နာနာဘာဝေတြဆိုတာက လူမရွိတဲ့ေက်ာင္းအိုေက်ာင္း ပ်က္၊ ဘုရားအိုဘုရားပ်က္ေတြ၊ သုသာန္ဇရပ္ေတြမွာ ေနတတ္ ၾကတာမဟုတ္ဘား . . .၊

ဒီလိုနဲ႔ ၿခံႀကီးထဲကို နာနာဘာဝေကာင္ႀကီးေရာက္လာ တာျဖစ္တယ္
ေရာက္လာတဲ့ နာနာဘာဝေကာင္ႀကီးက ၿခံႀကီးကို သူအပိုင္စားရထားတဲ့ေနရာ၊ ဘုံ႒ာနအျဖစ္သတ္မွတ္ထားပုံရ တယ္၊

ၿခံထဲဝင္လာသူကို နည္းအမ်ိဳးမ်ိဳးနဲ႔ အေႏွာင့္အယွက္ ေပးတယ္။ မေနႏိုင္ေအာင္ရန္ျပဳ ေျခာက္လွန႔္တယ္။ ဒီလိုနဲ႔ ဒီၿခံႀကီးဟာ သရဲေျခာက္တဲ့ၿခံႀကီးအျဖစ္ နာမည္ ႀကီးေနတာျဖစ္တယ္။

အမွန္တကယ္လည္း ၿခံႀကီးထဲမွာ ေနထိုင္ၾကတဲ့ ကိုေက်ာ္ေက်ာ္တို႔ မိသားစုနဲ႔ ကိုေအာင္ေအာင္တို႔ မိသားစုကို ေျခာက္လွန႔္ရန္ျပဳေနတယ္ . . . ၊

ကိုေက်ာ္ေက်ာ္ဆြမ္းခံႂကြတဲ့ ဦးဇင္းတစ္ပါးနဲ႔ ဘုန္းႀကီး ေက်ာင္းကို လိုက္သြားတယ္။ဆရာေတာ္ကို ကန္ေတာ့ၿပီး အက်ိဳးအေၾကာင္း ေလွ်ာက္ထားတယ္။

တပည့္ေတာ္အေနနဲ႔ လူကိုအႏၲရာယ္ျပဳတတ္တဲ့ ့နာနာဘာဝမေကာင္းဆိုးဝါးနဲ႔ အတူယွဥ္တြဲေနလို႔ မျဖစ္တဲ့ အတြက္ ၿခံထဲကေန ႏွင္ခ်င္ပါတယ္ဘုရား . . . ”

ဆရာေတာ္က ကိုေက်ာ္ေက်ာ္ရဲ႕ ဆႏၵစကားကို ေခါင္းတညိတ္ညိတ္နဲ႔ နားေထာင္ေနတယ္

ကိုေက်ာ္ေက်ာ့္စကားဆုံးမွ –

“ဆရာေတာ့္ဆႏၵကေတာ့ ပထမဦးစြာ သူတို႔အတြက္
ရည္စူးၿပီး ေမတၱာပို႔အမွ်အတန္းေဝခ်င္တယ္၊ အခ်ိဳ႕သတၱဝါေတြက သိလြယ္၊ နားလည္လြယ္တယ္ ေမတၱာရဲ႕ စြမ္းအားကို ယုံၾကည္တယ္။

အမွ်အတန္းေဝလို႔ ေကာင္းမႈကုသိုလ္ရဲ႕ အဖို႔ဘာဂကို ရရွိသြားရင္လည္း သူ႔အတြက္ျမင့္ျမတ္ရာဘုံဘဝကို ကူးေျပာင္း သြားႏိုင္တယ္။

မနက္ပိုင္းမွာ အဲဒီလိုေလးလုပ္ၿပီး၊ ညေနပိုင္းက်မွ ဒကာႀကီးရဲ႕ ဆႏၵအတိုင္းပရိတ္တရားနာတာ၊ ကမၼဝါဖတ္တာေတြကို ျပဳလုပ္ေစခ်င္တယ္။ ဆရာေတာ္က သင့္ေတာ္မယ့္လမ္းေၾကာင္းကို ၫႊန္ျပ ျခင္းျဖစ္ပါတယ္။

ဒါေပမဲ့ ဒကာႀကီးဆႏၵရွိသလို ေဆာင္႐ြက္ေပးပါ့မယ္။ ဆရာေတာ္ရဲ႕ လမ္းၫႊန္စကားကို ကိုေက်ာ္ေက်ာ္က အားရ ဝမ္းေျမာက္ဝမ္းသာ နာခံေဆာင္႐ြက္ပါ့မယ္လို႔ ေလွ်ာက္ထားတယ္။

ေနာက္တစ္ေန႔မနက္မွာ ကိုေက်ာ္ေက်ာ္တို႔အိမ္ကို ဆရာေတာ္ႏွင့္တကြ သံဃာေတာ္ငါးပါးႂကြလာတယ္။ကိုေက်ာ္ေက်ာ္တို႔မိသားစုက ေန႔ဆြမ္းဆက္ကပ္ၿပီး ဖိတ္ၾကားထားတဲ့ဧည့္ပရိသတ္ေတြကိုလည္း ဧည့္ခံေကြၽးေမြး တယ္။

သံဃာေတာ္ေတြက ေမတၱာသုတ္ပရိတ္တရားေတာ္ ေတြ ေဟာၾကားတာကို ပရိသတ္နဲ႔အတူ နာၾကားတယ္။ တရားနာၿပီးတာနဲ႔ ၿခံအတြင္းမွာ ေနထိုင္တဲ့ မကြၽတ္ မလြတ္ေသာ ပုဂၢိဳဟ္သတၱဝါအေပါင္းႏွင့္ တကြ ေဝေနယ်၊ သုခိတ၊ ဒုကၡိတ ပုဂၢိဳဟ္သတၱဝါအေပါင္းတို႔အား ရည္စူးၿပီး ေရ စက္သြန္းခ် အမွ်အတန္းေပးေဝလိုက္ၾကတယ္။

ကိုေက်ာ္ေက်ာ္အေနနဲ႔ နာနာဘာဝမည္းမည္းေကာင္ ႀကီးကို မေကာင္းဆိုးဝါးဘဝကေန လြတ္ေျမာက္ၿပီးေကာင္းရာ သုဂတိဘုံကို ေရာက္ရွိသြားေစခ်င္ပါတယ္။

ဒါေပမဲ့ ထင္ထင္ရွားရွားမသိမျမင္ႏိုင္တဲ့ အတြက္ မလႊဲမေရွာင္သာဘဲ ရတနာသုံးပါးရဲ႕ အမိန႔္နဲ႔ ဖယ္ရွားဖို႔ ထပ္မံေဆာင္႐ြက္ရတယ္။

ညေနပိုင္းမွာ သံဃာေတာ္ေတြ ျပန္ႂကြလာၿပီး ကိုေက်ာ္ေက်ာ္ရဲ႕ ဆႏၵအတိုင္း အႏၲရာယ္ေတြ ကင္းရွင္းေစဖို႔ ပရိတ္႐ြတ္ တာေတြ၊ ကမၼဝါဖတ္တာေတြ ႐ြက္ေဆာင္ၾကတယ္။

သံဃာေတာ္ေတြ ျပန္ႂကြသြားတာနဲ႔ ကိုေက်ာ္ေက်ာ္ႏွင့္ ကိုေအာင္ေအာင္တို႔ဟာ ပရိတ္ခ်ည္ေတြ ၿခံပတ္ပတ္လည္ရစ္ ပတ္တယ္။

ပရိတ္ေရေတြ ပရိတ္သဲေတြကိုလည္း ၿခံအႏွံ႔လိုက္ၿပီး ဖ်န္းၾကပက္ၾကတယ္ . . . ၊

အဲဒီအခ်ိန္မွာပဲ ဝုန္းဝုန္းဒိုင္းဒိုင္းအသံေတြနဲ႔ အတူမေမွ်ာ္ လင့္တဲ့ ျမင္ကြင္းကို ျမင္လိုက္ၾကရတယ္။

ကိုေက်ာ္ေက်ာ္တို႔ အိမ္ေရွ႕မွာရွိတဲ့ အုန္းပင္ႀကီး ေပၚကေန မည္းမည္းေကာင္ႀကီးခုန္ခ်လာတယ္ . .

မည္းမည္းေကာင္ႀကီးဟာ အကာအရံမရွိတဲ့ ကိုေက်ာ္ ေက်ာ္တို႔ အိမ္ေရွ႕ကေန အိမ္ေပၚကို ေသြး႐ူးေသြးတန္း တဝုန္း ဝုန္းတက္ေျပးတယ္၊

ေနာက္ေက်ာဘက္မွာ ကာရံထားတဲ့ေစာင္ကို တိုးၿပီး ခုန္ခ်ထြက္ေျပးတယ္၊

မည္းမည္းေကာင္ႀကီး ဝင္တိုးမႈေၾကာင့္ ခ်ည္ေႏွာင္ ထားဘဲ့ႀကိဳးေတြ ျပဳတ္ထြက္သြားတယ္။ ေစာင္က မည္းမည္းေကာင္ႀကီးကို ရစ္ပတ္ၿပီး ေျပး တဲ့ေနာက္ပါသြားတယ္ . . ၊

အခ်ိန္က ညေနေမွာင္ရီစျဖစ္ေပမဲ့ အလင္းေရာင္ ေကာင္းေကာင္းရွိေနတယ္ . . . ၊

ကိုေက်ာ္ေက်ာ္ေရာ၊ ကိုေအာင္ေအာင္ပါ မည္းမည္း ေကာင္ႀကီးကို ထင္ထင္ရွားရွားျပင္ေတြ႕ ၾကရတယ္ .

မည္းမည္းေကာင္ႀကီးဟာ ေမ်ာက္ဝံႀကီးမဟုတ္ဘဲ အေမြးၾကမ္းရွည္ေတြ ဖုံးလႊမ္းေနတဲ့ မေကာင္းဆိုးဝါးနာနာဘာဝ ေကာင္ႀကီးဆိုတာ သိႏိုင္တယ္

ထန္းသီးလုံးေလာက္ရွိတဲ့ မ်က္လုံးႀကီးေတြကလည္း ညတစ္ညမွာ ကိုေက်ာ္ေက်ာ္ေတြ႕ခဲ့တဲ့ အတိုင္းပဲ နီရဲေနတယ္။နာနာဘာဝေကာင္ႀကီး ေသြး႐ူးေသြးတန္း ထြက္ေျပး ေနတဲ့ ပုံကမ်က္ေတာင္ခတ္သေလာက္ပဲ ၾကာတ လွ်ပ္စီးလက္သလို အရမ္းျမန္လြန္းေနတယ္။ ကိုေက်ာ္ေက်ာ္နဲ႔ ကိုေအာင္ေအာင္တို႔ရဲ႕ ဇနီးသည္ေတြ ့မွာလည္း ေၾကာက္ဖို႔လန႔္ဖို႔ေတာင္ အခ်ိန္မရဘဲ အံ့အားသင့္ရင္း ၾကက္ေသေသေနၾကတယ္။

ခဏေနမွ သတိဝင္ၿပီး ကေလးေတြကို လိုက္ ဆြဲၾကတယ္။

အဲဒီအခ်ိန္မွာေတာ့ နာနာဘာဝေကာင္ႀကီးဟာ ဘယ္ ဆီ ေရာက္လို႔ ဘယ္ဆီေပါက္သြားမွန္းေတာင္မသိႏိုင္ေတာ့ဘူး။ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားၿပီျဖစ္ပါတယ္။

ထူးဆန္းတာက အဲဒီနာနာဘာဝေကာင္ႀကီးကို ျမင္ရ တာက ၿခံထဲမွာ ေနတဲ့ သူတို႔တစ္ေတြပဲျဖစ္ၿပီး အျခားသူေတြ မျမင္ရတဲ့အခ်က္ပါ။

ခဏေနေတာ့ ေနာက္ဘက္လမ္းက လူႏွစ္ေယာက္ ေရာက္လာတယ္။ ေစာင္ကို လာေပးတယ္။

“ ခင္ဗ်ားတို႔ ၿခံထဲက ေစာင္ႀကီးလြင့္လာလို႔ဗ်၊ ပထမေတာ့ ေခြးတိုးၿပီး လုံးေထြးပါလာတာလို႔ ထင္ ေသးတယ္။

ဒါေပမဲ့ ဘာေခြးမွ မေတြ႕ပါဘူးဗ်ာ . ဒီအတိုင္းပဲ လြင့္လာတာနဲ႔ တူပါတယ္ . . . . လို႔ ေျပာတယ္။ ”

ကိုေက်ာ္ေက်ာ္ အသာၿငိမ္ေနလိုက္တယ္၊ နာနာဘာဝ ေကာင္ႀကီး ထြက္ေျပးသြားတဲ့အေၾကာင္းမေျပာလိုက္ေတ့ဘူး။ သရဲေျခာက္တဲ့ ၿခံႀကီးဟာလည္း အဲဒီေန႔ကစၿပီးသန႔္ရွင္းသြားခဲ့တယ္။

မည္းမည္းေကာင္ႀကီးကို အစ အနေတာင္မေတြ႕ရေတာ့ တာ ယေန႔ထက္တိုင္လို႔ ဆိုပါတယ္။

ဒါကိုၾကည့္ျခင္းအားျဖင့္ ေတြကို တေစၦသရဲ နာနား ဘာဝျဖင့္ ျမတ္စြာဘုရားရဲ႕ တရား​ေတာ္ေတြဟာ နာနာဘာဝေတြ ထိတ္လန႔္ေၾကာက္႐ြံ႕ၾက တယ္ဆိုတာ ထင္ရွားပါတယ္၊

ကုိေက်ာ္ေက်ာ္တို႔မိသားစုလည္း အဲဒီၿခံႀကီးထဲမွာ ဆယ္ႏွစ္ေလာက္ေနၿပီး ေဈးေကာင္းရတာနဲ႔ ေရာင္းခ်ၿပီး ေတာင္ဥကၠလာကို ေျပာင္းေ႐ႊ႕လာခဲ့ၾကပါတယ္။ကိုေက်ာ္ ေက်ာ္ေက်ာ္ရဲ႕ သားငယ္သုံးႏွစ္သားေလးဟာခုခ်ိန္ မွာ လူလားေျမာက္လို႔ ႀကီးျပင္းလာခဲ့ပါၿပီ။

သရဲေျခာက္တဲ့ ၿခံႀကီးတစ္ၿခံရဲ႕ အေၾကာင္း စာေရးသူ ကို ေျပာျပသူကလည္း ကိုေက်ာ္ေက်ာ္ရဲ႕ သားကိုေက်ာ္ထက္ ကိုယ္တိုင္ပဲျဖစ္ပါတယ္။

စာဖတ္သူမ်ားအား ထာဝရ

ေလးစားခ်စ္ခင္လ်က္ျဖင့္

ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)