‘ အငြိုးအတေး ”(စ/ဆုံး)

Unicode Version

” အငြိုးအတေး ”(စ/ဆုံး)
—————————-
ရေးသားသူ..အောင်ဓူဝံ

ရွာအပြင်၌ကလေးငယ်တစ်စု
ခုန်ပေါက်ဆော့ကစားနေကြလေသည်။
ပြေးလိုက်လွှားလိုက်နှင့်လွတ်လပ်သည့်
ကလေးဘဝကိုပိုင်ပိုင်နိုင်နိုင်
အသုံးချ၍ပျော်ချင်တိုင်းပျော်ရွှင်
နေကြလေသည်။

************

“မိအောင်ဖမ်းလေ ငါ့ကိုမိအောင်ဖမ်း”

“အေဟေဟး”

“ကဲမိပြီ မိပြီ နင်ခွေးရူးလုပ်ကလှည့်နော်”

“အေး ငါခွေးရူးလုပ်မယ်
ဒါပေမယ့် ဒီတစ်ခါ ပြေးတန်းလိုက်တန်း
မကစားတော့ဘူးမောလို့.
တူတူပုန်းကြေးကစားကြမယ်
ဒီနေရာမှာစည်းဝိုင်းဝိုင်းထားမယ်
ငါကမျက်စိမှိတ်ပြီး ၁၀အထိရေမယ်
နင်တို့ကအဲ့ဒီအချိန် သွားပုန်းနေကြ
ငါကပြီးရင်နင်တို့ကိုရှာမယ်…
မိတာနဲ့ငါကစည်းဝိုင်းဆီပြေးလာပြီး
အဲ့ဒီလူရဲ့နာမည်ကိုစည်းဝိုင်းထဲမှာ
ခေါက်ပြီးအော်ခေါ်မယ်.
မိတဲ့သူကခွေးရူးပြန်လုပ်ရမယ်
ဘယ်လိုလဲ”

“စိန်လိုက်လေ ဒါဆိုရင်
နင်စည်းဝိုင်းဝိုင်းလိုက်တော့…”

“အေး ”

မိအေးကတုတ်တစ်ချောင်းဖြင့်
မြေကြီးပေါ်၌စည်းဝိုင်းဝိုင်းလိုက်သည်။

“ကဲ ငါ၁၀အထိစရေတော့မယ်နော်”

“မိအေး နင်မျက်လုံးဖွင့်မကြည့်ရဘူးနော်”

“ဖွင့်မကြည့်ပါဘူး အေးကြည်မရယ်
နင်သာပုန်းဖို့နေရာရှာထားစမ်းပါဟယ်”

“ဟုတ်တယ် အေးကြည်မ လာဟ
တော်ကြာပုန်းချိန်မရပဲဖြစ်နေလိမ့်မယ်”

“ကဲ ရေပြီနော် ၁ ၂ ၃ ၄ ၅”

မိအေးကမျက်လုံးမှိတ်ကာ
၁မှ၁၀အထိရေတွက်နေတော့သည်။
အေးကြည်မနှင့်ကောင်းခန့်လည်း
မိအေးလိုက်မရှာနိုင်လောက်မည့်
နေရာများအားရှာဖွေကာပုန်းကြတော့
သည်။

“၁၀ ကဲ ငါလာပြီနော်
ပုန်းနိုင်အောင်သာပုန်းထားကြပေတော့”

အေးကြည်မလည်းရွာအပြင်မှ
ဘုရားပျက်ကြီးအတွင်းသို့
ဝင်ကာမိအေးမမြင်အောင်
ပုန်းနေလေသည်။

ကောင်းခန့်ကတော့ ရွာအပြင်မှ
ရှုပ်ထွေးလှသည့် ချုံနွယ်များအကြား
တိုးဝင်ပြီးပုန်းနေလိုက်သည်။

“အေးကြည်မ နင်ဘယ်မှာ
ပုန်းနေလဲ ငါသိတယ်နော်…”

မိအေးကကျီးကန်းတောင်းမှောက်
လိုက်ရှာရင်းပြောလေသည်။

“အား ပါးပါး ချုံတွေထဲဝင်ပုန်းရတာ
ယားလိုက်တာ…”

ကောင်းခန့်တစ်ယောက်ပွေလီပြီး
ဝင်ပုန်းနေသည့်ချုံနွယ်များက
သူ၏တစ်ကိုယ်လုံးအားယားယံနေ
တော့သည်……”

ကောင်းခန့်လည်းယားသည့်
နေရာများအားတဗျင်းဗျင်းမြည်အောင်
ကုတ်နေလေသည်။

“ငါလာပြီနော် ကောင်းခန့်
နင့်ကိုငါမြင်နေရတယ်… ”

မိအေးကအမှန်တကယ်
မမြင်ပါပဲပုန်းနေသူအား စိတ်လှုပ်ရှားအောင်
ပြောဆိုနေခြင်းဖြစ်သည်။

ကောင်းခန့်လည်း မိအေး
မမြင်အောင်ချုံပုတ်အတွင်း၌
ငြိမ်ငြိမ်ကလေးထိုင်နေလိုက်သည်။

“ဟင်…ဟိုအသိုက်က
ဘာအသိုက်ကြီးပါလိမ့်…”

ကောင်းခန့်လည်းခပ်လှမ်းလှမ်း၌
မြင်နေရသော အသိုက်အား
စပ်စုချင်သည့်စိတ်ကတဖွားဖွား
ဖြစ်ပေါ်လာခဲ့သည်။

ထို့ကြောင့်ပုန်းကွယ်နေရာမှ
ထကာအသိုက်ရှိရာသို့ရောက်အောင်
လာခဲ့လေသည်။

“အသိုက်ထဲမှာ ဖြူဖြူဖွေးဖွေး
ဥတွေပါလား။
ဒါဘာဥတွေများပါလိမ့်”

ကောင်းခန့်လည်း ထိုက်အသိုက်ထဲမှ
ဥများအားစိတ်ဝင်စား၍
တစ်လုံးပြီးတစ်လုံးကိုင်တွယ်ကြည့်လေ
သည်။

“ဟိတ် အေးကြည်မ
နင့်ကိုငါမိပြီ ”

“အဟီးဟီ”

မိအေးလည်း အေးကြည်မကို
တွေ့ပြီမို့ အားရဝမ်းသာဖြင့်စည်းဝိုင်း
ရှိရာသို့ပြေးလာခဲ့တော့သည်။
မိအေးအနောက်မှ အေးကြည်မလည်း
တစ်ပါတည်းပါလာခဲ့လေသည်။

“အေးကြည်မ မိပြီဟေ့
ဂေါက် ဂေါက် ဂေါက်”

“ဒီတစ်ခါ နင်ခွေးရူးလုပ်လှည့်နော်
အေးကြည်မ…”

“အေးပါ ငါသိပါတယ်
ဒါနဲ့ကောင်းခန့်ရော…”

“ဟင့်အင်း ငါသူ့ကို အခုထိ
မတွေ့သေးဘူး အေးကြည်မ”

“ဒါဖြင့်ရင် ငါနဲ့အတူ သူ့ကို
လိုက်ရှာကြမယ်လေ…”

“အေး လာ”

မိအေးနှင့်အေးကြည်မ
တို့နှစ်ဦးသားကောင်းခန့်အား
လိုက်ရှာကြလေသည်။

“ကောင်းခန့်ရေ ကောင်းခန့်
နင်ဘယ်မှာလဲ……”

“ကောင်းခန့် နင်ဘယ်မှာပုန်းနေတာလဲ……
ငါအေးကြည်မကိုမိသွားပြီ
နင်ထွက်ခဲ့တော့”

“ဟေ့ ငါဒီမှာဟ
လာအုံးဒီကိုခဏလာခဲ့ဦး”

“နင်ဘယ်မှာလဲ နင့်ကိုမမြင်ရဘူး
အသံပဲကြားနေရတယ်”

“ငါချုံပုပ်အနောက်မှာဟ
နင်တို့ဝင်ခဲ့ကြ ငါနင်တို့ကိုပြစရာရှိတယ်”

“ကောင်းခန့် နင်ကလည်းဟယ်
ပုန်းစရာရှားလို့ဒီထဲလာပုန်းရတယ်လို့
အံ့သွပါ့”

“ဟုတ်ပါ့ ခွေးရူးလုပ်ရမှာ
သေအောင်ကြောက်နေတာ
အဲ့ကောင်က”

အေးကြည်မနှင့်မိအေးလည်း
ကောင်းခန့်ပုန်းအောင်းနေသည့်
ချုံပုတ်ထဲသို့တိုးဝင်လာခဲ့ကြသည်။

“နင်တို့ရောက်လာကြပြီလား
ဒီမှာငါနင်တို့ကိုပြစရာရှိတယ်”

“ဘာလဲဘာပြမှာလဲ”

“လာ ငါပြမယ်”

“ဒီမှာလေ”

“ဟယ်…”

“ဟင်…ဥတွေပါလား
ဒါ ဒါဘာဥတွေလဲဟဲ့……”

“ငါလည်းမသိဘူး
ဖွတ်ဥတွေထင်တာပဲ”

“ဟဲ့ ကောင်းခန့် နင်အဲဒီဥတွေကို
လက်နဲ့ကိုင်လိုက်သေးလား၊တော်ကြာမြွေဥတွေဘာတွေဖြစ်နေမှ
ဟုတ်ပေ့ဖြစ်နေလိမ့်မယ်”

“ဟာ မိအေးကလည်း
မြွေဥဟုတ်ချင်မှလည်းဟုတ်မှာပါ
မြွေတွေကတွင်းထဲမှာနေတာ
ဒီလိုအသိုက်ဖွဲ့ပြီးဥတော့မဥတတ်လောက်ပါဘူးဟာ”

“သူ့ဟာသူ ဘာဥဖြစ်နေဖြစ်နေ
နင်လက်နဲ့တော့သွားမထိနဲ့
အဲ့ဒါသာမြွေဥဆိုရင် ငါ့အမေပြောတာ
ကြားဖူးတယ်…
မြွေတွေကသူတို့ဥကိုကိုင်တဲ့သူရဲ့
အနံ့ကိုမှတ်ထားတာတဲ့
ပြီးတော့သူ့ဥကိုဖျက်ဆီးတဲ့သူရဲ့
အနံ့နဲ့လိုက်ပြီးလက်တုံ့ပြန်ကြတယ်တဲ့
ဒါကြောင့်ငါကနင့်ကိုတားနေတာ
ကောင်းခန့်ရဲ့ ”

“နင်ကအပြောနောက်ကျနေပြီ
ငါကကိုင်တောင်ကြည့်ပြီးသွားပေါ့”

“ဟင်…နင်ကတော်တော်လက်မြန်
ခြေမြန်နိုင်တာပဲကောင်းခန့်ရယ်……

“ဟား ဟား ဟား
မိအေး နင်ကိုကကြောက်ချေးပါလွန်း
နေတာပါဟာ.
နင်ကြည့်နေ ငါလုပ်ပြမယ်”

“ကဲကြာ”

“ခွပ်”

“ဟင်…”

“ဟဲ့ ကောင်းခန့်”

ကောင်းခန့်ကအသိုက်ထဲမှ
ဥများအားတစ်လုံးမကျန်သူ့လက်သီး
ဆုပ်ဖြင့်ထုချေပစ်လိုက်တော့သည်။

“ကောင်းခန့် နင်ကပြောလေကဲလေပဲဟယ်
လာပြန်ကြမယ် ဆက်လည်း
မကစားချင်တော့ဘူး”

“ဟုတ်ပါ့ နင့်ကိုပြောရတာ
မောတာပဲအဖက်တင်တယ်
လာသွားကြမယ် မိအေး”

“နပေါဦးဟ…
ငါလည်းလိုက်မှာပေါ့”

သူငယ်ချင်းသုံးယောက်
ချုံပုတ်အတွင်းမှပြန်ထွက်လာခဲ့ကြသည်။

သူတို့ထွက်သွားပြီးသိပ်မကြာပေ
ကြီးမားသည့်မြွေတစ်ကောင်က
အသိုက်အနီးသို့ရောက်လာကာ
ကြေမွပျက်စီးနေသည့်ဥခွံများကို
ကြည့်ကာခေါင်းတရမ်းရမ်းဖြင့်
အမြတ်ဒေါသထွက်နေတော့သည်။

============

“အောင်မယ်လေး ပြန်လာကြပြီလား
မျောက်သုံးကောင်ဘယ်အချိန်ရှိနေပြီလဲ”

“အန်တီထားသားပေါ့ တူတူပုန်းတမ်း
ဆော့နေတာပြန်ထွက်မလာပဲ
ပုန်းနေလို့လေ”

“ဟုတ်တယ် အန်တီထားရဲ့သားက
လက်လည်းအငြိမ်မနေဘူး”

“ဟဲ့ အေးကြည်မ နင်လျှောက်မပြောနဲ့”

“ပြောမှာပဲ ဘာဖြစ်လဲ”

“ဘာဖြစ်လို့လဲ အေးကြည်မ
အန်တီထားကိုပြောလေ.
ဒီကောင်ဘာတွေပွေလီထားပြန်ပြီလဲ”

“ကောင်းခန့်ပေါ့ တူတူပုန်းတမ်း
ကစားရင်း အသိုက်ထဲကဥတွေကို
ကိုင်ကြည့်တယ်လေ။
သမီးတို့ကမြွေဥလားဘာဥလား
မသိပဲကိုင်လို့ သူ့ကိုပြောတော့
အန်တီထားသားက အဲ့ဒီဥတွေကို
ခွဲပစ်လိုက်တယ်လေ”

“ဟင်…ဟုတ်လား ကောင်းခန့်”

“ဟုတ် ဟုတ်တယ်အမေ
မြွေဥမဟုတ်ပါဘူးအမေရဲ့။

“နင်ကမြွေဥဟုတ်မဟုတ်
သိလို့လား နင်နော်တော်တော်
ကမြင်းကျောထတဲ့အကောင်
တော်ကြာမြွေဥဖြစ်နေမှ သူ့ဥကို
ဖျက်လို့ဖျက်စီးလုပ်ရကောင်းလားဆိုပြီး
နင့်ကိုအငြိုးအတေးထားပြီး
ပေါက်သတ်မှဖြင့် နင်သေနေဦးမယ်
သွား အခုရေသွားချိုးတော့
နင့်အဖေလာရင် တိုင်ပြောရဦးမယ်”

“ဟင်း …အေးကြည်မ
နင့်ကြောင့်ငါအဆိုခံရတာ
တော်ပြီနောက်တစ်ခါ နင်တို့နဲ့
မဆော့တော့ဘူး”

“ငါတို့ကနင့်ကိုစေတနာနဲ့ပြောတာ
နင်မကြိုက်လည်းနေပေါ့။
လာမိအေး ငါတို့ပြန်မယ်”

“ဟွန့်”

မိအေးကအေးကြည်မလက်အား
ဆွဲကာကောင်းခန့်အားမျက်စောင်း
ထိုးပြီးထွက်သွားလေသည်။

============

“တော့်သားဘယ်လောက်
အပေါက်ရှာသလဲအဲ့ဒါသာကြည့်တော့”

“မိန်းမကလည်းကွာ
ကလေးပဲဒီလောက်တော့ရှိမှာပေါ့
မင်းတို့ငါတို့ ငယ်ငယ်ကလည်း
ဒီလိုပဲဆော့ခဲ့ကြတာမဟုတ်လား”

“သြော် ကိုခင်စိန်ရယ်
ကျုပ်တို့ငယ်ငယ်က ဆော့ခဲ့တာ
တော့်သားလိုတော့ အပေါက်မရှာပါဘူးတော်။
အခုဟာကဘာဥမှန်းမသိပဲ
ကိုင်ပြီးခွဲလာလို့ ကလေးကို
ဆိုနေတာရှင့်.

“ဟေ့ကောင် ကောင်းခန့်”

“ဗျာ…အဖေ”

“မင်းလည်းသတိထားနေ။
လက်ကကမြင်းကျောသိပ်မထနဲ့
မြွေဥတွေဘာတွေ ဖြစ်နေမှ
ဂိနေဦးမယ် စားထမင်း”

“ဟုတ်ကဲ့”

ကောင်းခန့်လည်းဖခင်ဖြစ်သူ
ငေါက်လိုက်သဖြင့် ခေါင်းငုံ့ကာ
ထမင်းစားနေလိုက်သည်။

ညစာစားပြီးသွားတော့
ကောင်းခန့်လည်း မိခင်နှင့်ဖခင်အား
စိတ်ဆိုးပြီး အိမ်ရှေ့ကုတင်ပေါ်
သွားကာအိပ်နေလိုက်သည်။

” ဒါကဘာဖြစ်တာလဲ
ကောင်းခန့် ငါတို့နဲ့မအိပ်ဘူးလား”

“မအိပ်ဘူး သားဒီနေ့ အပြင်ထွက်အိပ်မယ်”

“အေး…ပြီးရော မင်းဟာမင်း
ခွဲအိပ်တာနော်၊ညကြမှသရဲကြောက်လို့
ဆိုပြီးငါတို့ထဲပြန်လာမယ်မကြံနဲ့
အအိပ်မခံဘူး ”

“စိတ်ချ သားပါသာ သား
တစ်ယောက်တည်းအိပ်ရဲတယ်
အဖေတို့သာလာမခေါ်နဲ့”

“အေးပါကွာ အေးပါ”

ဖခင်ဖြစ်သူလည်းဇွတ်အတင်း
မခေါ်တော့ပဲအိမ်ထဲဝင်လာခဲ့သည်။

“ရှင့်သားကဘာတဲ့လဲ”

“ဒီနေ့ အပြင်ထွက်အိပ်မယ်တဲ့
မင့္သားက ငါတို့က သူ့ကို
ငေါက်လိုက်လို့စိတ်ဆိုးနေလေရဲ့”

“အဟင်း ကြည့်နေ တော့်သား
ညဉ့်မနက်ခင်အခန်းထဲပြန်လာလိမ့်မယ်”

ထို့နောက် လင်မယားနှစ်ယောက်
အိပ်ရာဝင်ခဲ့ကြလေသည်။
ကောင်းခန့်လည်း စောင်အပါးလေးအား
ခြုံပြီးအိပ်ပျော်ရန်ကြိုးစားလိုက်တော့
သည်။

“ရွှီး ဖြီး”

ည၁၂နာရီခန့် မြွေတစ်ကောင်က
ပါးပျဉ်းကြီးအားအစွမ်းကုန်ခွပ်ပြီး
အိမ်ထဲသို့ဝင်လာခဲ့လေသည်။

တရွေ့ရွေ့နှင့် ဒေါ်ထားတို့
အိမ်ထဲရောက်လာခဲ့သည်။

မြွေကြီးကနှာတဖူးဖူးမှုတ်ကာ
တစ်စုံတစ်ယောက်အားအသည်းအသန်
လိုက်ရှာဖွေနေသည်။

မြွေကြီးကတဖြည်းဖြည်းနှင့်
ကောင်းခန့်အိပ်နေသည့်ကုတင်အနီး
သို့ရောက်လာပြီးအပေါ်သို့
တက်ရန်ကြိုးစားနေသည်။

ထိုအချိန် အိမ်ထဲမှ ဦးခင်စိန်
တစ်ယောက်လက်နှိပ်ဓာတ်မီး
တစ်လက်ဖြင့်အပြင်သို့ ထွက်
လာလေသည်။

“ဟာ…မြွေကြီးပါလား
ငါ့သားကုတင်ပေါ်ကိုတက်နေတာပဲ
မဖြစ်ဘူးမဖြစ်ဘူး”

ဦးခင်စိန်လည်း ဓာတ်မီးဖြင့်
လိုက်ရှာကြည့်လိုက်ရာ
သူ့နံဘေးတွင်အသင့်ရှိနေသော
ဓါးမတစ်ချောင်းအားတွေ့လိုက်လေ
သည်။

ထရံ၌ထိုးထားသော ဓားမအား
ဆွဲနှုတ်ကာ သားဖြစ်သူကုတင်
ပေါ်သို့ရောက်နေပြီဖြစ်သည့်
မြွေကြီးအားအားကုန်လွှဲ၍ ခုတ်ချလိုက်
တော့သည်။

“ရွှတ်”

“ဘုတ်”

မြွေကြီး၏ခေါင်းမှာ တိကနဲ
ပြတ်ထွက်သွားကာခေါင်းပြတ်ကြီးက
မြေပေါ်သို့ကျသွားလေသည်။

“သား ထထ သားလေးထထ”

“ဟင် ဟင် အဖေ ဘာလဲ”

အိပ်မောကျနေသည့် ကောင်းခန့်လည်း
ဖခင်၏အသံအားကြားသဖြင့်
အလန့်တကြားထလိုက်လေသည်။

“သားရယ် တော်သေးတာပေါ့ကွာ.
အဖေအရောက်မြန်ပေလို့သာပေါ့
မဟုတ်ရင်ငါ့သားလေး မြွေကိုက်ခံရပြီး
အသက်ဆုံးမှာကွ”

“ဗျာ…”

ဦးခင်စိန်လည်း သားဖြစ်သူအား
တရှုံ့ရှုံ့နမ်းရှိုက်နေတော့သည်။

ထိုအချိန် အိမ်ထဲမှဒေါ်ထား
တစ်ယောက်အသံကြား၍
အိပ်ရာထဲမှထလာခဲ့လေသည်။

“ကိုခင်စိန် ဘာဖြစ်တာလဲဟင်”

“တော်သေးတာပေါ့ မိန်းမရာ
ငါတို့သားလေး သေတော့မလို့ကွ။
ငါအချိန်မှီရောက်လာပြီး
သတ်လိုက်နိုင်လို့ပေါ့ကွာ”

“ဘာလဲ ကိုခင်စိန်ရဲ့
ကျုပ်နားမလည်ဘူးတော့်”

“ဟိုမှာလေ ကြည့်လိုက်”

“ဟင်…မြွေသေကြီးပါလား”

“ဟုတ်တယ်
ငါတရေးနိုးလို့ ငါ့သားကိုစိတ်မချ
တာရယ်၊အပေါ့သွားချင်တဲ့စိတ်ရယ်
ကြောင့်ငါအိပ်ရာထဲကထလာခဲ့တာ
အဲ့ဒီအချိန်မြွေကြီးက ငါ့သားကို
ပေါက်သတ်ဖို့ဟန်ပြင်နေတာကွ။
ငါလည်းသားသမီးဇောနဲ့ ထရံမှာ
ထိုးထားတဲ့ဓားမနဲ့ မြွေကို
ခေါင်းဖြတ်လိုက်တယ်ကွာ……”

“တော်သေးတာပေါ့ရှင်
ကျုပ်တို့သားလေးဘာမှမဖြစ်တာ
သားတွေ့ပြီလား။
အမေတို့အတန်တန်မှာတယ်ဆိုတာ
ဒီလိုတွေဖြစ်မှာစိုးလို့ ပြောရတာ
မြွေဆိုတဲ့အမျိုးက အင်မတန်မှ
အငြိုးအတေးကြီးကြတယ် သားရဲ့
အခုသားမျက်မြင်ကိုယ်တွေ့ပဲလေ”

“သားသိပါပြီအမေ
နောက်တစ်ခါ အမေနဲ့အဖေစကားကို
နားထောင်ပါ့မယ်”

“ဒီလိုမှပေါ့ သားရယ်
လာအိမ်ထဲသွားကြရအောင်”

“ဟုတ်ကဲ့”

“ကိုခင်စိန် အဲ့ဒီမြွေသေကြီးကို
ညတွင်းချင်းပဲမြေမြှုပ်ပစ်လိုက်ပါ။
တော်ကြာနာခဲခဲခံရရင် ပိုဆိုးနေလိမ့်မယ်”

“အေးပါ ငါလုပ်လိုက်ပါ့မယ်”

ဒေါ်ထားနှင့်ကောင်းခန့်လည်း
အိမ်ထဲပြန်ဝင်လာခဲ့ကြသည်။
ဦးခင်စိန်ကတော့ မြွေသေကောင်အား
ကျင်းတူးကာမြှုပ်ပစ်လိုက်တော့သည်။

အငြိုးအတေးကြီးလှသည့်
မြွေတစ်ကောင်၏ရန်မှ
ကပ်သီးလေးလွတ်မြောက်ခဲ့ရသည်မှာ
ကံကောင်းသည်ဟုဆိုရပေမည်။

ကောင်းခန့်လည်း မဆင်မခြင်
လုပ်မိသည့်ဖြစ်ရပ်ကြောင့်
အကြောက်ကြီးကြောက်သွားပြီး
သင်ခန်းစားရခဲ့တော့သည်။

စာရေးသူဉာဏ်မှီသလောက်
ရေးသားထားခြင်းဖြစ်ပြီး
မိဘများအနေနဲ့လည်း ကိုယ့်သားသမီးအား အခုလိုအဖြစ်မျိုး
မကြုံတွေ့ရလေအောင် သတိထားစေ
ချင်ပါသည်။
ပြီးပါပြီ………

Shareပေးသွားကြပါဦးဗျို့ …
ချစ်ခင်လေးစားလျက်
#အောင်ဓူဝံ

Zawgyi Version

” အၿငိဳးအေတး ”(စ/ဆုံး)
—————————-
ေရးသားသူ..ေအာင္ဓူဝံ

႐ြာအျပင္၌ကေလးငယ္တစ္စု
ခုန္ေပါက္ေဆာ့ကစားေနၾကေလသည္။
ေျပးလိုက္လႊားလိုက္ႏွင့္လြတ္လပ္သည့္
ကေလးဘဝကိုပိုင္ပိုင္ႏိုင္ႏိုင္
အသုံးခ်၍ေပ်ာ္ခ်င္တိုင္းေပ်ာ္႐ႊင္
ေနၾကေလသည္။

************

“မိေအာင္ဖမ္းေလ ငါ့ကိုမိေအာင္ဖမ္း”

“ေအေဟဟး”

“ကဲမိၿပီ မိၿပီ နင္ေခြး႐ူးလုပ္ကလွည့္ေနာ္”

“ေအး ငါေခြး႐ူးလုပ္မယ္
ဒါေပမယ့္ ဒီတစ္ခါ ေျပးတန္းလိုက္တန္း
မကစားေတာ့ဘူးေမာလို႔.
တူတူပုန္းေၾကးကစားၾကမယ္
ဒီေနရာမွာစည္းဝိုင္းဝိုင္းထားမယ္
ငါကမ်က္စိမွိတ္ၿပီး ၁၀အထိေရမယ္
နင္တို႔ကအဲ့ဒီအခ်ိန္ သြားပုန္းေနၾက
ငါကၿပီးရင္နင္တို႔ကိုရွာမယ္…
မိတာနဲ႔ငါကစည္းဝိုင္းဆီေျပးလာၿပီး
အဲ့ဒီလူရဲ႕နာမည္ကိုစည္းဝိုင္းထဲမွာ
ေခါက္ၿပီးေအာ္ေခၚမယ္.
မိတဲ့သူကေခြး႐ူးျပန္လုပ္ရမယ္
ဘယ္လိုလဲ”

“စိန္လိုက္ေလ ဒါဆိုရင္
နင္စည္းဝိုင္းဝိုင္းလိုက္ေတာ့…”

“ေအး ”

မိေအးကတုတ္တစ္ေခ်ာင္းျဖင့္
ေျမႀကီးေပၚ၌စည္းဝိုင္းဝိုင္းလိုက္သည္။

“ကဲ ငါ၁၀အထိစေရေတာ့မယ္ေနာ္”

“မိေအး နင္မ်က္လုံးဖြင့္မၾကည့္ရဘူးေနာ္”

“ဖြင့္မၾကည့္ပါဘူး ေအးၾကည္မရယ္
နင္သာပုန္းဖို႔ေနရာရွာထားစမ္းပါဟယ္”

“ဟုတ္တယ္ ေအးၾကည္မ လာဟ
ေတာ္ၾကာပုန္းခ်ိန္မရပဲျဖစ္ေနလိမ့္မယ္”

“ကဲ ေရၿပီေနာ္ ၁ ၂ ၃ ၄ ၅”

မိေအးကမ်က္လုံးမွိတ္ကာ
၁မွ၁၀အထိေရတြက္ေနေတာ့သည္။
ေအးၾကည္မႏွင့္ေကာင္းခန္႔လည္း
မိေအးလိုက္မရွာႏိုင္ေလာက္မည့္
ေနရာမ်ားအားရွာေဖြကာပုန္းၾကေတာ့
သည္။

“၁၀ ကဲ ငါလာၿပီေနာ္
ပုန္းႏိုင္ေအာင္သာပုန္းထားၾကေပေတာ့”

ေအးၾကည္မလည္း႐ြာအျပင္မွ
ဘုရားပ်က္ႀကီးအတြင္းသို႔
ဝင္ကာမိေအးမျမင္ေအာင္
ပုန္းေနေလသည္။

ေကာင္းခန္႔ကေတာ့ ႐ြာအျပင္မွ
ရႈပ္ေထြးလွသည့္ ခ်ဳံႏြယ္မ်ားအၾကား
တိုးဝင္ၿပီးပုန္းေနလိုက္သည္။

“ေအးၾကည္မ နင္ဘယ္မွာ
ပုန္းေနလဲ ငါသိတယ္ေနာ္…”

မိေအးကက်ီးကန္းေတာင္းေမွာက္
လိုက္ရွာရင္းေျပာေလသည္။

“အား ပါးပါး ခ်ဳံေတြထဲဝင္ပုန္းရတာ
ယားလိုက္တာ…”

ေကာင္းခန္႔တစ္ေယာက္ေပြလီၿပီး
ဝင္ပုန္းေနသည့္ခ်ဳံႏြယ္မ်ားက
သူ၏တစ္ကိုယ္လုံးအားယားယံေန
ေတာ့သည္……”

ေကာင္းခန္႔လည္းယားသည့္
ေနရာမ်ားအားတဗ်င္းဗ်င္းျမည္ေအာင္
ကုတ္ေနေလသည္။

“ငါလာၿပီေနာ္ ေကာင္းခန္႔
နင့္ကိုငါျမင္ေနရတယ္… ”

မိေအးကအမွန္တကယ္
မျမင္ပါပဲပုန္းေနသူအား စိတ္လႈပ္ရွားေအာင္
ေျပာဆိုေနျခင္းျဖစ္သည္။

ေကာင္းခန္႔လည္း မိေအး
မျမင္ေအာင္ခ်ဳံပုတ္အတြင္း၌
ၿငိမ္ၿငိမ္ကေလးထိုင္ေနလိုက္သည္။

“ဟင္…ဟိုအသိုက္က
ဘာအသိုက္ႀကီးပါလိမ့္…”

ေကာင္းခန္႔လည္းခပ္လွမ္းလွမ္း၌
ျမင္ေနရေသာ အသိုက္အား
စပ္စုခ်င္သည့္စိတ္ကတဖြားဖြား
ျဖစ္ေပၚလာခဲ့သည္။

ထို႔ေၾကာင့္ပုန္းကြယ္ေနရာမွ
ထကာအသိုက္ရွိရာသို႔ေရာက္ေအာင္
လာခဲ့ေလသည္။

“အသိုက္ထဲမွာ ျဖဴျဖဴေဖြးေဖြး
ဥေတြပါလား။
ဒါဘာဥေတြမ်ားပါလိမ့္”

ေကာင္းခန္႔လည္း ထိုက္အသိုက္ထဲမွ
ဥမ်ားအားစိတ္ဝင္စား၍
တစ္လုံးၿပီးတစ္လုံးကိုင္တြယ္ၾကည့္ေလ
သည္။

“ဟိတ္ ေအးၾကည္မ
နင့္ကိုငါမိၿပီ ”

“အဟီးဟီ”

မိေအးလည္း ေအးၾကည္မကို
ေတြ႕ၿပီမို႔ အားရဝမ္းသာျဖင့္စည္းဝိုင္း
ရွိရာသို႔ေျပးလာခဲ့ေတာ့သည္။
မိေအးအေနာက္မွ ေအးၾကည္မလည္း
တစ္ပါတည္းပါလာခဲ့ေလသည္။

“ေအးၾကည္မ မိၿပီေဟ့
ေဂါက္ ေဂါက္ ေဂါက္”

“ဒီတစ္ခါ နင္ေခြး႐ူးလုပ္လွည့္ေနာ္
ေအးၾကည္မ…”

“ေအးပါ ငါသိပါတယ္
ဒါနဲ႔ေကာင္းခန္႔ေရာ…”

“ဟင့္အင္း ငါသူ႔ကို အခုထိ
မေတြ႕ေသးဘူး ေအးၾကည္မ”

“ဒါျဖင့္ရင္ ငါနဲ႔အတူ သူ႔ကို
လိုက္ရွာၾကမယ္ေလ…”

“ေအး လာ”

မိေအးႏွင့္ေအးၾကည္မ
တို႔ႏွစ္ဦးသားေကာင္းခန္႔အား
လိုက္ရွာၾကေလသည္။

“ေကာင္းခန္႔ေရ ေကာင္းခန္႔
နင္ဘယ္မွာလဲ……”

“ေကာင္းခန္႔ နင္ဘယ္မွာပုန္းေနတာလဲ……
ငါေအးၾကည္မကိုမိသြားၿပီ
နင္ထြက္ခဲ့ေတာ့”

“ေဟ့ ငါဒီမွာဟ
လာအုံးဒီကိုခဏလာခဲ့ဦး”

“နင္ဘယ္မွာလဲ နင့္ကိုမျမင္ရဘူး
အသံပဲၾကားေနရတယ္”

“ငါခ်ဳံပုပ္အေနာက္မွာဟ
နင္တို႔ဝင္ခဲ့ၾက ငါနင္တို႔ကိုျပစရာရွိတယ္”

“ေကာင္းခန္႔ နင္ကလည္းဟယ္
ပုန္းစရာရွားလို႔ဒီထဲလာပုန္းရတယ္လို႔
အံ့သြပါ့”

“ဟုတ္ပါ့ ေခြး႐ူးလုပ္ရမွာ
ေသေအာင္ေၾကာက္ေနတာ
အဲ့ေကာင္က”

ေအးၾကည္မႏွင့္မိေအးလည္း
ေကာင္းခန္႔ပုန္းေအာင္းေနသည့္
ခ်ဳံပုတ္ထဲသို႔တိုးဝင္လာခဲ့ၾကသည္။

“နင္တို႔ေရာက္လာၾကၿပီလား
ဒီမွာငါနင္တို႔ကိုျပစရာရွိတယ္”

“ဘာလဲဘာျပမွာလဲ”

“လာ ငါျပမယ္”

“ဒီမွာေလ”

“ဟယ္…”

“ဟင္…ဥေတြပါလား
ဒါ ဒါဘာဥေတြလဲဟဲ့……”

“ငါလည္းမသိဘူး
ဖြတ္ဥေတြထင္တာပဲ”

“ဟဲ့ ေကာင္းခန္႔ နင္အဲဒီဥေတြကို
လက္နဲ႔ကိုင္လိုက္ေသးလား၊ေတာ္ၾကာေႁမြဥေတြဘာေတြျဖစ္ေနမွ
ဟုတ္ေပ့ျဖစ္ေနလိမ့္မယ္”

“ဟာ မိေအးကလည္း
ေႁမြဥဟုတ္ခ်င္မွလည္းဟုတ္မွာပါ
ေႁမြေတြကတြင္းထဲမွာေနတာ
ဒီလိုအသိုက္ဖြဲ႕ၿပီးဥေတာ့မဥတတ္ေလာက္ပါဘူးဟာ”

“သူ႔ဟာသူ ဘာဥျဖစ္ေနျဖစ္ေန
နင္လက္နဲ႔ေတာ့သြားမထိနဲ႔
အဲ့ဒါသာေႁမြဥဆိုရင္ ငါ့အေမေျပာတာ
ၾကားဖူးတယ္…
ေႁမြေတြကသူတို႔ဥကိုကိုင္တဲ့သူရဲ႕
အနံ႔ကိုမွတ္ထားတာတဲ့
ၿပီးေတာ့သူ႔ဥကိုဖ်က္ဆီးတဲ့သူရဲ႕
အနံ႔နဲ႔လိုက္ၿပီးလက္တုံ႔ျပန္ၾကတယ္တဲ့
ဒါေၾကာင့္ငါကနင့္ကိုတားေနတာ
ေကာင္းခန္႔ရဲ႕ ”

“နင္ကအေျပာေနာက္က်ေနၿပီ
ငါကကိုင္ေတာင္ၾကည့္ၿပီးသြားေပါ့”

“ဟင္…နင္ကေတာ္ေတာ္လက္ျမန္
ေျချမန္ႏိုင္တာပဲေကာင္းခန္႔ရယ္……

“ဟား ဟား ဟား
မိေအး နင္ကိုကေၾကာက္ေခ်းပါလြန္း
ေနတာပါဟာ.
နင္ၾကည့္ေန ငါလုပ္ျပမယ္”

“ကဲၾကာ”

“ခြပ္”

“ဟင္…”

“ဟဲ့ ေကာင္းခန္႔”

ေကာင္းခန္႔ကအသိုက္ထဲမွ
ဥမ်ားအားတစ္လုံးမက်န္သူ႔လက္သီး
ဆုပ္ျဖင့္ထုေခ်ပစ္လိုက္ေတာ့သည္။

“ေကာင္းခန္႔ နင္ကေျပာေလကဲေလပဲဟယ္
လာျပန္ၾကမယ္ ဆက္လည္း
မကစားခ်င္ေတာ့ဘူး”

“ဟုတ္ပါ့ နင့္ကိုေျပာရတာ
ေမာတာပဲအဖက္တင္တယ္
လာသြားၾကမယ္ မိေအး”

“နေပါဦးဟ…
ငါလည္းလိုက္မွာေပါ့”

သူငယ္ခ်င္းသုံးေယာက္
ခ်ဳံပုတ္အတြင္းမွျပန္ထြက္လာခဲ့ၾကသည္။

သူတို႔ထြက္သြားၿပီးသိပ္မၾကာေပ
ႀကီးမားသည့္ေႁမြတစ္ေကာင္က
အသိုက္အနီးသို႔ေရာက္လာကာ
ေၾကမြပ်က္စီးေနသည့္ဥခြံမ်ားကို
ၾကည့္ကာေခါင္းတရမ္းရမ္းျဖင့္
အျမတ္ေဒါသထြက္ေနေတာ့သည္။

============

“ေအာင္မယ္ေလး ျပန္လာၾကၿပီလား
ေမ်ာက္သုံးေကာင္ဘယ္အခ်ိန္ရွိေနၿပီလဲ”

“အန္တီထားသားေပါ့ တူတူပုန္းတမ္း
ေဆာ့ေနတာျပန္ထြက္မလာပဲ
ပုန္းေနလို႔ေလ”

“ဟုတ္တယ္ အန္တီထားရဲ႕သားက
လက္လည္းအၿငိမ္မေနဘူး”

“ဟဲ့ ေအးၾကည္မ နင္ေလွ်ာက္မေျပာနဲ႔”

“ေျပာမွာပဲ ဘာျဖစ္လဲ”

“ဘာျဖစ္လို႔လဲ ေအးၾကည္မ
အန္တီထားကိုေျပာေလ.
ဒီေကာင္ဘာေတြေပြလီထားျပန္ၿပီလဲ”

“ေကာင္းခန္႔ေပါ့ တူတူပုန္းတမ္း
ကစားရင္း အသိုက္ထဲကဥေတြကို
ကိုင္ၾကည့္တယ္ေလ။
သမီးတို႔ကေႁမြဥလားဘာဥလား
မသိပဲကိုင္လို႔ သူ႔ကိုေျပာေတာ့
အန္တီထားသားက အဲ့ဒီဥေတြကို
ခြဲပစ္လိုက္တယ္ေလ”

“ဟင္…ဟုတ္လား ေကာင္းခန္႔”

“ဟုတ္ ဟုတ္တယ္အေမ
ေႁမြဥမဟုတ္ပါဘူးအေမရဲ႕။

“နင္ကေႁမြဥဟုတ္မဟုတ္
သိလို႔လား နင္ေနာ္ေတာ္ေတာ္
ကျမင္းေက်ာထတဲ့အေကာင္
ေတာ္ၾကာေႁမြဥျဖစ္ေနမွ သူ႔ဥကို
ဖ်က္လို႔ဖ်က္စီးလုပ္ရေကာင္းလားဆိုၿပီး
နင့္ကိုအၿငိဳးအေတးထားၿပီး
ေပါက္သတ္မွျဖင့္ နင္ေသေနဦးမယ္
သြား အခုေရသြားခ်ိဳးေတာ့
နင့္အေဖလာရင္ တိုင္ေျပာရဦးမယ္”

“ဟင္း …ေအးၾကည္မ
နင့္ေၾကာင့္ငါအဆိုခံရတာ
ေတာ္ၿပီေနာက္တစ္ခါ နင္တို႔နဲ႔
မေဆာ့ေတာ့ဘူး”

“ငါတို႔ကနင့္ကိုေစတနာနဲ႔ေျပာတာ
နင္မႀကိဳက္လည္းေနေပါ့။
လာမိေအး ငါတို႔ျပန္မယ္”

“ဟြန္႔”

မိေအးကေအးၾကည္မလက္အား
ဆြဲကာေကာင္းခန္႔အားမ်က္ေစာင္း
ထိုးၿပီးထြက္သြားေလသည္။

============

“ေတာ့္သားဘယ္ေလာက္
အေပါက္ရွာသလဲအဲ့ဒါသာၾကည့္ေတာ့”

“မိန္းမကလည္းကြာ
ကေလးပဲဒီေလာက္ေတာ့ရွိမွာေပါ့
မင္းတို႔ငါတို႔ ငယ္ငယ္ကလည္း
ဒီလိုပဲေဆာ့ခဲ့ၾကတာမဟုတ္လား”

“ေၾသာ္ ကိုခင္စိန္ရယ္
က်ဳပ္တို႔ငယ္ငယ္က ေဆာ့ခဲ့တာ
ေတာ့္သားလိုေတာ့ အေပါက္မရွာပါဘူးေတာ္။
အခုဟာကဘာဥမွန္းမသိပဲ
ကိုင္ၿပီးခြဲလာလို႔ ကေလးကို
ဆိုေနတာရွင့္.

“ေဟ့ေကာင္ ေကာင္းခန္႔”

“ဗ်ာ…အေဖ”

“မင္းလည္းသတိထားေန။
လက္ကကျမင္းေက်ာသိပ္မထနဲ႔
ေႁမြဥေတြဘာေတြ ျဖစ္ေနမွ
ဂိေနဦးမယ္ စားထမင္း”

“ဟုတ္ကဲ့”

ေကာင္းခန္႔လည္းဖခင္ျဖစ္သူ
ေငါက္လိုက္သျဖင့္ ေခါင္းငုံ႔ကာ
ထမင္းစားေနလိုက္သည္။

ညစာစားၿပီးသြားေတာ့
ေကာင္းခန္႔လည္း မိခင္ႏွင့္ဖခင္အား
စိတ္ဆိုးၿပီး အိမ္ေရွ႕ကုတင္ေပၚ
သြားကာအိပ္ေနလိုက္သည္။

” ဒါကဘာျဖစ္တာလဲ
ေကာင္းခန္႔ ငါတို႔နဲ႔မအိပ္ဘူးလား”

“မအိပ္ဘူး သားဒီေန႔ အျပင္ထြက္အိပ္မယ္”

“ေအး…ၿပီးေရာ မင္းဟာမင္း
ခြဲအိပ္တာေနာ္၊ညၾကမွသရဲေၾကာက္လို႔
ဆိုၿပီးငါတို႔ထဲျပန္လာမယ္မႀကံနဲ႔
အအိပ္မခံဘူး ”

“စိတ္ခ် သားပါသာ သား
တစ္ေယာက္တည္းအိပ္ရဲတယ္
အေဖတို႔သာလာမေခၚနဲ႔”

“ေအးပါကြာ ေအးပါ”

ဖခင္ျဖစ္သူလည္းဇြတ္အတင္း
မေခၚေတာ့ပဲအိမ္ထဲဝင္လာခဲ့သည္။

“ရွင့္သားကဘာတဲ့လဲ”

“ဒီေန႔ အျပင္ထြက္အိပ္မယ္တဲ့
မင့္သားက ငါတို႔က သူ႔ကို
ေငါက္လိုက္လို႔စိတ္ဆိုးေနေလရဲ႕”

“အဟင္း ၾကည့္ေန ေတာ့္သား
ညဥ့္မနက္ခင္အခန္းထဲျပန္လာလိမ့္မယ္”

ထို႔ေနာက္ လင္မယားႏွစ္ေယာက္
အိပ္ရာဝင္ခဲ့ၾကေလသည္။
ေကာင္းခန္႔လည္း ေစာင္အပါးေလးအား
ၿခဳံၿပီးအိပ္ေပ်ာ္ရန္ႀကိဳးစားလိုက္ေတာ့
သည္။

“႐ႊီး ၿဖီး”

ည၁၂နာရီခန္႔ ေႁမြတစ္ေကာင္က
ပါးပ်ဥ္းႀကီးအားအစြမ္းကုန္ခြပ္ၿပီး
အိမ္ထဲသို႔ဝင္လာခဲ့ေလသည္။

တေ႐ြ႕ေ႐ြ႕ႏွင့္ ေဒၚထားတို႔
အိမ္ထဲေရာက္လာခဲ့သည္။

ေႁမြႀကီးကႏွာတဖူးဖူးမႈတ္ကာ
တစ္စုံတစ္ေယာက္အားအသည္းအသန္
လိုက္ရွာေဖြေနသည္။

ေႁမြႀကီးကတျဖည္းျဖည္းႏွင့္
ေကာင္းခန္႔အိပ္ေနသည့္ကုတင္အနီး
သို႔ေရာက္လာၿပီးအေပၚသို႔
တက္ရန္ႀကိဳးစားေနသည္။

ထိုအခ်ိန္ အိမ္ထဲမွ ဦးခင္စိန္
တစ္ေယာက္လက္ႏွိပ္ဓာတ္မီး
တစ္လက္ျဖင့္အျပင္သို႔ ထြက္
လာေလသည္။

“ဟာ…ေႁမြႀကီးပါလား
ငါ့သားကုတင္ေပၚကိုတက္ေနတာပဲ
မျဖစ္ဘူးမျဖစ္ဘူး”

ဦးခင္စိန္လည္း ဓာတ္မီးျဖင့္
လိုက္ရွာၾကည့္လိုက္ရာ
သူ႔နံေဘးတြင္အသင့္ရွိေနေသာ
ဓါးမတစ္ေခ်ာင္းအားေတြ႕လိုက္ေလ
သည္။

ထရံ၌ထိုးထားေသာ ဓားမအား
ဆြဲႏႈတ္ကာ သားျဖစ္သူကုတင္
ေပၚသို႔ေရာက္ေနၿပီျဖစ္သည့္
ေႁမြႀကီးအားအားကုန္လႊဲ၍ ခုတ္ခ်လိုက္
ေတာ့သည္။

“႐ႊတ္”

“ဘုတ္”

ေႁမြႀကီး၏ေခါင္းမွာ တိကနဲ
ျပတ္ထြက္သြားကာေခါင္းျပတ္ႀကီးက
ေျမေပၚသို႔က်သြားေလသည္။

“သား ထထ သားေလးထထ”

“ဟင္ ဟင္ အေဖ ဘာလဲ”

အိပ္ေမာက်ေနသည့္ ေကာင္းခန္႔လည္း
ဖခင္၏အသံအားၾကားသျဖင့္
အလန္႔တၾကားထလိုက္ေလသည္။

“သားရယ္ ေတာ္ေသးတာေပါ့ကြာ.
အေဖအေရာက္ျမန္ေပလို႔သာေပါ့
မဟုတ္ရင္ငါ့သားေလး ေႁမြကိုက္ခံရၿပီး
အသက္ဆုံးမွာကြ”

“ဗ်ာ…”

ဦးခင္စိန္လည္း သားျဖစ္သူအား
တရႈံ႕ရႈံ႕နမ္းရႈိက္ေနေတာ့သည္။

ထိုအခ်ိန္ အိမ္ထဲမွေဒၚထား
တစ္ေယာက္အသံၾကား၍
အိပ္ရာထဲမွထလာခဲ့ေလသည္။

“ကိုခင္စိန္ ဘာျဖစ္တာလဲဟင္”

“ေတာ္ေသးတာေပါ့ မိန္းမရာ
ငါတို႔သားေလး ေသေတာ့မလို႔ကြ။
ငါအခ်ိန္မွီေရာက္လာၿပီး
သတ္လိုက္ႏိုင္လို႔ေပါ့ကြာ”

“ဘာလဲ ကိုခင္စိန္ရဲ႕
က်ဳပ္နားမလည္ဘူးေတာ့္”

“ဟိုမွာေလ ၾကည့္လိုက္”

“ဟင္…ေႁမြေသႀကီးပါလား”

“ဟုတ္တယ္
ငါတေရးႏိုးလို႔ ငါ့သားကိုစိတ္မခ်
တာရယ္၊အေပါ့သြားခ်င္တဲ့စိတ္ရယ္
ေၾကာင့္ငါအိပ္ရာထဲကထလာခဲ့တာ
အဲ့ဒီအခ်ိန္ေႁမြႀကီးက ငါ့သားကို
ေပါက္သတ္ဖို႔ဟန္ျပင္ေနတာကြ။
ငါလည္းသားသမီးေဇာနဲ႔ ထရံမွာ
ထိုးထားတဲ့ဓားမနဲ႔ ေႁမြကို
ေခါင္းျဖတ္လိုက္တယ္ကြာ……”

“ေတာ္ေသးတာေပါ့ရွင္
က်ဳပ္တို႔သားေလးဘာမွမျဖစ္တာ
သားေတြ႕ၿပီလား။
အေမတို႔အတန္တန္မွာတယ္ဆိုတာ
ဒီလိုေတြျဖစ္မွာစိုးလို႔ ေျပာရတာ
ေႁမြဆိုတဲ့အမ်ိဳးက အင္မတန္မွ
အၿငိဳးအေတးႀကီးၾကတယ္ သားရဲ႕
အခုသားမ်က္ျမင္ကိုယ္ေတြ႕ပဲေလ”

“သားသိပါၿပီအေမ
ေနာက္တစ္ခါ အေမနဲ႔အေဖစကားကို
နားေထာင္ပါ့မယ္”

“ဒီလိုမွေပါ့ သားရယ္
လာအိမ္ထဲသြားၾကရေအာင္”

“ဟုတ္ကဲ့”

“ကိုခင္စိန္ အဲ့ဒီေႁမြေသႀကီးကို
ညတြင္းခ်င္းပဲေျမျမႇဳပ္ပစ္လိုက္ပါ။
ေတာ္ၾကာနာခဲခဲခံရရင္ ပိုဆိုးေနလိမ့္မယ္”

“ေအးပါ ငါလုပ္လိုက္ပါ့မယ္”

ေဒၚထားႏွင့္ေကာင္းခန္႔လည္း
အိမ္ထဲျပန္ဝင္လာခဲ့ၾကသည္။
ဦးခင္စိန္ကေတာ့ ေႁမြေသေကာင္အား
က်င္းတူးကာျမႇဳပ္ပစ္လိုက္ေတာ့သည္။

အၿငိဳးအေတးႀကီးလွသည့္
ေႁမြတစ္ေကာင္၏ရန္မွ
ကပ္သီးေလးလြတ္ေျမာက္ခဲ့ရသည္မွာ
ကံေကာင္းသည္ဟုဆိုရေပမည္။

ေကာင္းခန္႔လည္း မဆင္မျခင္
လုပ္မိသည့္ျဖစ္ရပ္ေၾကာင့္
အေၾကာက္ႀကီးေၾကာက္သြားၿပီး
သင္ခန္းစားရခဲ့ေတာ့သည္။

စာေရးသူဉာဏ္မွီသေလာက္
ေရးသားထားျခင္းျဖစ္ၿပီး
မိဘမ်ားအေနနဲ႔လည္း ကိုယ့္သားသမီးအား အခုလိုအျဖစ္မ်ိဳး
မႀကဳံေတြ႕ရေလေအာင္ သတိထားေစ
ခ်င္ပါသည္။
ၿပီးပါၿပီ………

Shareေပးသြားၾကပါဦးဗ်ိဳ႕ …
ခ်စ္ခင္ေလးစားလ်က္
#ေအာင္ဓူဝံ