ကျိန်စာနှင့်မိခင်မေတ္တာ(စ/ဆုံး)

သူရိုက်လိုက်သည့်အရှိန်ကြောင့်ချုံပုတ်ကြီးတစ်ခုလုံးလှုပ်ခါသွားကာချုံပ်အတွင်မှဒေါသတကြီးအော်မြည်လိုက်သောမြွေသံများကိုအမှတ်မထင်ကြားလိုက်ရသည်။ ဟိုက်မမျှော်လင့်ဘဲမုတ်ဆိတ်ပျားဆွဲတယ်ဆိုတာဒါမျိုးထင်ပါရဲ့ကိုင်းအလုပ်စမှတော်ရော့မယ် ကနဦးနှစ်ခွတုတ်ဖြင့်ချုံပုတ်အတွင်းထိုးဖယ်လိုက်ရာလက်ကောက်ဝတ်ခန့်မြွေဟောက်တစ်ကောင်ကပါးပျဉ်းထောင်ရင်းလျှောခနဲထွက်လာခဲ့သည်။ အံ့ထူးကလျင်သည်ဆိုရမည်။ထိုမြွေ၏ဇက်ပိုင်းကိုလက်တဖက်မှမှိန်းဖြင့်ဖျတ်ခနဲထိုးစိုက်ပြီးဖြစ်နေသည်။ အလေ့အကျင့်နှင့်အတွေ့အကြုံကသူ့ကိုအထောက်အကူပြုပြီးဖြစ်နေသည်။ ဝုန်း ဗျန်းဗျန်း ရွှီရွှီ နာကျင်လွန်းလှသောကြောင့်မြွေဟောက်ကြီးကအမြီးဖြင့်တွန့်လိမ့်ရိုက်ပုတ်ရာချုံု ပုတ်မှာတဗျန်းဗျန်းလှုပ်ခါလျက်ရှိနေလေ၏။ ယင်းအခိုက်မှာပင်နောက်ထပ်လုံးတူရွယ်တူမြွေတစ်ကောင်ကရှဲခနဲချုံပုတ်အတွင်းမှထပ်မံတိုးထွက်လာလျက်အံ့ထူးကိုသွက်လက်စွာပေါက်တော့သည်။ သို့သော်အံ့ထူးကခြေလှမ်းအဆုတ်အတက်၊ကိုယ်ကိုယို့၍ရှောင်တိမ်းပြီးနောက်၊မြွေကြီးမောလာပုံရသည်တွင်အံ့ထူးကလက်ထဲမှဖိညှပ်သောတုတ်ဖြင့်ချက်ကောင်းဖြစ်သည့်မြွေကြီးဇက်ကိုလှမ်းဖိထားလိုက်သည်။ ထို့နောက်မြေပြင်မှခဲတစ်လုံးကိုကောက်ယူကာမလှုပ်နိုင်အောင်မိနေသည့်မြွေနှစ်ကောင်ဦးခေါင်းကိုထုခြေရိုက်သတ်လက်စသတ်လိုက်တော့သည်။ သေနေပြီဖြစ်သောမြွေနှစ်ကောင်ကိုပခြုပ်အတွင်းထည့်နေစဉ်ချုံပုတ်အတွင်းလှမ်းကြည့်မိကာသဘောအကျကြီးကျသွားရသည်။ သြအဟဲဟဲဟဲ အဘယ်ကြောင့်ဆိုသောချုံပုတ်အတွင်း၌မြွေဥအချို့ကိုတွေ့လိုက်ရသောကြောင့်ဖြစ်ပေသည်။ ထို့ကြောင့်မြွေဥများကိုပါပခြုပ်ထဲကောက်ထည့်လျက်လေကလေးတချွန်ချွန်ရိုးမတောကြီးအတွင်းခြေလှမ်းသွက်သွက်နှင့်ထွက်ခွာလာခဲ့သည်။ ရိုးမတောကြီးမှထွက်ခွာလာပြီးနောက်အတန်လှမ်းလှမ်းသို့ရောက်သောအခါမည်သို့ဖြစ်စေမသိအောင်ပင်ရိုးမတောကြီးအတွင်းမှဆူသံညံသံအော်သံဟစ်သံငိုယိုသံတို့ထွက်ပေါ်လာရုံမျှမကသစ်ပင်ကြီးငယ်တို့မှာလည်းလေတိုက်ခတ်ခြင်းမရှိမှာဘဲလျက်တဝုန်းဝုန်းတဗြုန်းဗြုန်းလှုပ်ယမ်းယိမ်းခါနေသည်ကိုအံသြစဖွယ်တွေ့မြင်ရသည်။ ဟိုက်ထူးထူးစန်းစန်းပါလား၊လေမတိုက်ပဲသစ်ပင်တွေလှုပ်ယမ်းနေလို့၊တောထဲကဆူညံသံတွေ၊အော်ဟစ်သံတွေမြည်ဟည်းနေတာ၊ဧကန္တနာနာဘဝဆိုတာတွေများလားမသိပါဘူး။ဘာပဲဖြစ်ဖြစ်မြွေသားချက်ချိန်အမီအိမ်ပြန်မှ ပြောပြောဆိုဆိုတောအုပ်ကိုကျောခိုင်းကာအံထူးတစ်ယောက်ရွာဘက်သို့ခြေလှမ်းများကိုရွေ့လျားစေလိုက်သည်။ ထိုခဏ၌တောအုပ်ကြီးမှာတိတ်ဆိတ်လျက်အပ်ကျသံကိုပင်ကြားရမတတ်ဖြစ်သွားပြန်ေြာင်းအံ့ထူးသတိပြုလိုက်မိ၏။ တောချောက်တာလား၊ဘာလား၊ဘာပဲဖြစ်ဖြစ်၊အံ့ထူးတို့ကကြောက်လိမ့်မယ်မထင်နဲ့ဟေ့၊ဘာကိုမှမမှုဘူးဟမှတ်ထားသည်သို့ဆိုကာအံ့ထူးကပခြုပ်ကိုကျကျနနပြင်ဆင်လွယ်ပိုးပြီးနောက်ခြေလှမ်းမှန်မှန်နဲ့သူ့ရွာဘက်ကိုလျှောက်ခဲ့တော့သည်။အင်းမောမောနဲ့ဘကြီးဖိုးသာရဲ့ထန်းတဲဝင်ပြီးထန်းရည်တအိုးလောက်တော့မှသောက်ဦးမှ သူ့အတွေးတွင်အရသာရှိလှသောမြွေသားမွှေးမွှေးကိုတရစ်ဝဲဝဲမြင်ယောင်နေမိသည်သာ။ရိုးမတောရိပ်တောင်ရိပ်နှင့်လွန်စွာနီးလှသောသပြေပင်ရွာကလေး၏ညသည်မှောင်မည်းလျက်ပကတိတိတ်ဆိတ်လွန်းလှပေ၏ အုဝုဝူး အူး တစ်ခါတရံရွာအတွင်းရှိခွေးများ၏အူသံများသာကြားရပေလိမ့်မည်။ သို့ရာတွင်ပကတိတိတ်ဆိတ်အိပ်မောကျနေသောရွာကလေးမှာသန်းခေါင်ကျော်အချိန်ခန့်၌တစ်ရွာလုံးကိုလှုပ်နှိုးလိုက်သည့်အလားဆူညံသံများလွှမ်းမိုးသွားတော့သည် ရှဲရှဲရှဲ ဖလပ်ဖလပ် ရွှီးရွှီးရွှီး …

ကျိန်စာနှင့်မိခင်မေတ္တာ(စ/ဆုံး) Read More