“သင်္ချိုင်းမှတ်တိုင်”(စ/ဆုံး)

Unicode Version

“သင်္ချိုင်းမှတ်တိုင်”(စ/ဆုံး)
———————————-
နွေဦးရာသီအစမို့ စပိန်နိုင်ငံ ဗယ်လာဒိုလစ် ( VALLADOLID ) မြို့လေးက သာယာလှပနေသည်။ စပိန်နိုင်ငံတွင် နွေရာသီသည် ဇွန်လမှ သြဂုတ်လအထိသုံးလတာမျှသာရှိပြီး တစ်ခါတစ်ရံမှသာ စက်တင်ဘာလအထိ နွေရာသီ၏အရသာကို ခံစားနိုင်ပေသည်။

နွေဦးရာသီအစမို့ စပိန်နိုင်ငံ ဗယ်လာဒိုလစ် ( VALLADOLID ) မြို့လေးက သာယာလှပနေသည်။ စပိန်နိုင်ငံတွင် နွေရာသီသည် ဇွန်လမှ သြဂုတ်လအထိသုံးလတာမျှသာရှိပြီး တစ်ခါတစ်ရံမှသာ စက်တင်ဘာလအထိ နွေရာသီ၏အရသာကို ခံစားနိုင်ပေသည်။

“ ဘလန်ကို ဒီနေ့ ဘာအစီအစဉ်ရှိသလဲ ”

“ ထူးထူးခြားခြားတော့မရှိဘူးအာမန်ဒို။ မင်းမှာရော ဘာအစီအစဉ်ရှိသလဲ ”

“ မင်းမှာ ဘာမှလုပ်စရာမရှိရင် ဘတ်စကက်ဘော သွားကစားကြမယ် ”

“ မင်းနဲ့ငါ နှစ်ယောက်တည်းလား ”

“ ဟိုနှစ်ကောင်ကိုပါ ခေါ်မယ်လေ ”

“ ကားလို့စ်နဲ့ ဒယ်လ်မာလား ”

“ ဟုတ်တယ် ”

“ သူတို့ကို ဖုန်းအရင်ဆက်ကြည့်ပါလားအာမန်ဒို ”

“ ဆက်မနေတော့ဘူး ဘလန်ကို။ ဒီကောင်တွေ ဘယ်မှ မသွားလောက်ဘူး။ ငါတို့အခုသွားကြမလား ”

“ သွားလေ၊ ငါအဝတ်အစားလဲလိုက်ဦးမယ် ”

“ လဲမနေနဲ့တော့။ ငါလည်း ဒီအတိုင်းပဲသွားမှာ ”

“အိုကေလေ၊ သွားကြတာပေါ့ ”

ဘလန်ကိုနှင့်အာမန်ဒိုတို့နှစ်ယောက် ဘလန်ကို၏အိမ်ရှေ့တွင်ရပ်ထားသည့် Peugeot‎ ကားပေါ်သို့တက်ကာ ကားလို့စ်ထံသို့ ထွက်လာခဲ့ကြသည်။

*************

Peugeotအနီရောင်ကားလေးက VA-20အဝေးပြေးလမ်းမကြီးပေါ်တွင် တောင်ဘက်မှ မြောက်ဘက်သို့ တရိပ်ရိပ် ပြေးနေသည်။

“ ဘယ်သွားမလို့လဲ ဘလန်ကို ”

“အရက်သွားသောက်ကြမလို့လေ ”

“အရက်သောက်တာ ဘားမှာသောက်လည်းရတာပဲ။ မြို့ပြင်ကို ဘာဖြစ်လို့ ထွက်လာရတာလဲ ”

ကားနောက်ခန်းတွင်ထိုင်နေသည့် ဒယ်လ်မာကို ဘလန်ကိုက ကားနောက်ကြည့်မှန်မှတဆင့်လှမ်းကြည့်ပြီး ပြုံးရင်း ပြောလိုက်သည်။

“ သင်္ချိုင်းမှာ သွားသောက်မလို့ကွ ”

“ ဟား…..ဟား….။ မင်းကတော့ တစ်ခုမဟုတ် တစ်ခုခု ပေါက်ကရလုပ်မှ ပျော်တဲ့ကောင်ပါလား ဘလန်ကို ”

“ သင်္ချိုင်းမှာအရက်သောက်ရတာအေးချမ်းတယ်ကွ။ ဘားဆိုင်က လူရှုပ်တယ်။ ဟိုတစ်လောကလည်း ငါတို့တွေရန်ဖြစ် လို့အချုပ်ခန်းထဲရောက်တာ မှတ်မိတယ် မဟုတ်လား ”

“အဲဒါ ငါတို့ကို ပြဿနာရှာလို့ ဒယ်လ်မာက စပြီးထိုးလိုက်တာလေ ”

“ ငါတော့ မသွားချင်ဘူးကွာ။ ဘတ်စကက်ဘော ကစားထားတာ ညောင်းနေပြီကွ ”

“ ဒယ်လ်မာ၊ မင်းက တော်တာ် ပျော့ညံ့တဲ့ကောင်ပဲ။ ငါတို့တောင်ဘာမှမဖြစ်ဘူး။ မင်းမလိုက်ချင်လည်း နေခဲ့တော့ ”

“ ဒီနေရာက တက္ကစီဘယ်လိုစီးလို့ရတော့မှာလဲကွ။ မင်းရူးနေလား ဘလန်ကို ”

“ ဟား….ဟား…..။ လိုက်ခဲ့စမ်းပါ ဒယ်လ်မာရာ။ မနက်ဖြန် ကျောင်းလည်းတက်ရတာမှ မဟုတ်တာ ”

“ ကျောင်းမတက်ရပေမယ့် ငါ့မိဘတွေနဲ့ ဘုရားရှိခိုးဖို့ သွားရဦးမှာကွ ”

“ တော်စမ်းပါ ဒယ်လ်မာရာ။ ဘုရားကျောင်းမှာ မိန်းကလေးတွေ ပိုးပန်းဖို့သွားမယ်လို့ ပြောစမ်းပါ ”

“ ဟား…ဟား…….. ”

“ ဘာရယ်တာလဲအာမန်ဒို ”

“ ဘလန်ကိုပြောတာ သဘောကျလို့ကွ။ သူပြောတာလည်း ဟုတ်နေတာကိုး ”

ဒယ်လ်မာက မည်သည့်စကားမှပြန်မပြောတော့ပဲအပြင်ဘက်သို့ငေးကြည့်ပြီး တိတ်ဆိတ်သွားလေသည်။

“ ဘယ်သင်္ချိုင်းကို သွားမလို့လဲ ဘလန်ကို ”

“ Carmen သင်္ချိုင်းကို သွားမယ်အာမန်ဒို။အဲဒီမှာက တိတ်ဆိတ်တယ်။ သာလည်း သာယာတယ် ”

“ မင်းကတော့လုပ်ပြီ။အဲဒီသင်္ချိုင်းက နာမည်ကျော်ကွ။အလောင်းပြင်ပေးတဲ့သူတောင် ထွက်ပြေးရတဲ့ သင်္ချိုင်း ”

“ ကြောက်လို့လား ဒယ်လ်မာ ”

“ ငါက ကြောက်တတ်တဲ့သူမဟုတ်ဘူးဆိုတာ မင်းလည်း သိသားပဲ ဘလန်ကို။ ဟိုသုံးကောင်ကိုသာ မေးကြည့် ”

“ ဟေ့ကောင်..ဒယ်လ်မာ။ မင်းလည်းမကြောက်တတ်သလို ငါတို့လည်း မကြောက်တတ်ဘူးကွ ”

ကားလို့စ်ပြောလိုက်သည့်စကားကိုအာမန်ဒိုကပါ ထောက်ခံလိုက်သည်။

“ ဟုတ်တယ်။ ကားလို့စ်ပြောတာ မှန်တယ်။ မင်းလည်း ယောက်ျား၊ ငါတို့လည်းယောက်ျား။ ဘာမှကြောက်စရာမလိုဘူး ဟေ့ကောင်။ နွားသိုးတိုင်း ဝှေ့တတ်ပါတယ်ကွ ”

“အေးပါကွာ၊ စောင့်ကြည့်တာပေါ့။ ညမိုးချုပ်တဲ့အထိသောက်ကြမယ် ဘလန်ကို ”

“ စိန်လိုက်လေ ဒယ်လ်မာ ”

“ ညအထိသောက်မနေနဲ့၊ သင်္ချိုင်းမှာ ညပါအိပ်မယ် ဟေ့ကောင်တွေရေ ”

“ ဟား….ဟား….ကြိုက်ပြီ ကားလို့စ်ရေ…. ”

***************

ညက တိတ်ဆိတ်နေလေပြီ။ သုသာန်အဝင် လမ်းမကြီးတစ်ဖက်တစ်ချက်တွင်အစီအရီရှိနေကြသည့် သစ်ပင်ကြီး များကအမှောင်ထုထဲတွင် ခြောက်ခြားဖွယ်ရာ ကောင်းနေပေသည်။ Carmen သုသာန်အတွင်း ထွန်းထားသည့် မီးတိုင်အချို့မှအလင်းရောင်က မီးတိုင်များအနီးတစ်ဝိုက်တွင်သာ ဖြန့်ကျက်ထားသဖြင့် ဘလန်ကိုတို့အရက်သောက်နေသည့် နေရာတွင် မှောင်မိုက်နေလေသည်။ သုသာန်အလယ်ရှိ Jose Zorrillaအထိမ်းအမှတ် ရုပ်တုကြီးက ထီးထီးမားမားဖြင့် ညဦးယံကိုအန်တုနေလေသည်။

“ $%#@ ”

“ ဟေ့ကောင်…….ဒယ်လ်မာ၊ ဘာဖြစ်နေတာလဲ ”

“ ဆဲနေတာလေ ”

“ ဘယ်သူ့ကို ဆဲနေတာလဲ ”

“ မင်းမတွေ့လိုက်ဘူးလား ”

“ ဘာကိုတွေ့လိုက်လို့လဲ ”

“ ဟိုအုတ်ဂူနားမှာ ဆံပင်ဖားလားနဲ့အဘွားကြီးတစ်ယောက် ရပ်ကြည့်နေတာ ”

“ ငါ မမြင်ပါဘူး ”

“ ဟုတ်တယ်၊ ငါလည်း မမြင်မိပါဘူး ”

ကားလို့စ်နှင့် ဘလန်ကိုက ဒယ်လ်မာကို နားမလည်သလိုကြည့်ရင်း ပြောလိုက်သည်။

“ မင်းတို့သာ မမြင်ရဘူးပြောနေ။ ဟိုနေရာကိုအသေအချာကြည့်ကြ ဟေ့ကောင်တွေ ”

ဒယ်လ်မာ လက်ညှိုးညွှန်ပြရာသို့ ဘလန်ကိုတို့ကြည့်လိုက်သည့်အခါအုတ်ဂူကို ကွယ်ပြီး ရပ်နေသည့် ဆံပင်ဖား လားချထားသည့်အမျိုးသမီးကြီးကို မြင်တွေ့လိုက်ကြလေသည်။

“ ဒီအချိန် ဒီနေရာမှာ လူတော့ မဟုတ်လောက်ဘူး ကားလို့စ်။ သရဲပဲနေမယ်။ သွားကြည့်မယ်ကွာ ”

“ သွားကြမယ် ”

“ ငါတို့လည်း လိုက်မယ် ”

အရှေ့မှ ဦးဆောင်သွားသည့် ဘလန်ကို၏အနောက်မှ ဒယ်လ်မာတို့ လိုက်သွားကြသည်။အုတ်ဂူအနီးသို့ရောက် လျှင် ဆံပင်ဖားလားချထားသည့်အမျိုးသမီးကြီးကို ထင်ထင်ရှားရှားမြင်တွေ့လိုက်ရသဖြင့် ရှေ့ဆုံးမှ ဘလန်ကိုတစ် ယောက် ခြေလှမ်းများ တုန့်ကနဲ ရပ်တန့်သွားသဖြင့်အနောက်မှကပ်လိုက်လာသည့် ဒယ်လ်မာတို့လည်း ချက်ချင်းရပ် လိုက်ကြသည်။အဖြူရောင်ဆံပင်များကို ဖားလားချထားပြီး ဂါဝန်အဖြူဝတ်ဆင်ထားသည့်အမျိုးသမီးကြီးသည်အသက် ခုနစ်ဆယ်ကျော်ခန့်ရှိမည့်အဘွားအိုတစ်ဦးဟု ယူဆရသည်။

“ ခင်ဗျား ဘယ်သူလဲ ”

ဘလန်ကိုကအမျိုးသမီးကိုမေးရင်းအနီးကပ်ဆုံးဖြစ်အောင် တဖြည်းဖြည်းချင်းတိုးကပ်သွားလေသည်။အမျိုးသမီး ကြီးနှင့် ခြေလှမ်းဆယ်လှမ်းအကွာသို့အရောက်တွင် ဘလန်ကိုတို့ မျက်လုံးပြူးပြီး ဆံပင်မွေးများ ထောင်ထသွားကြလေ တော့သည်။အမျိုးသမီးကြီး၏ မျက်လုံးများက ဟောက်ပက်ဖြစ်နေပြီး ပါးရည်နားရေများတွဲကျနေကာ ထိတ်လန့်စရာအသွင်ကို ဆောင်နေလေသည်။

“ ခင်ဗျား ဘယ်သူလဲလို့ မေးနေတယ် ”

ဘလန်ကိုမေးလိုက်သည့်အချိန်မှာပင်အမျိုးသမီးကြီးကအုတ်ဂူထဲသို့ တိုးဝင်ပြီးပျောက်ကွယ်သွားသဖြင့် ဘလန်ကို တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

“ ဘလန်ကို….အဲဒီအဘွာကြီးက သရဲပဲကွ။ တွေ့ကြသေးတာပေါ့ကွာ ”

ကားလို့စ်က ပြောပြောဆိုဆိုဖြင့်အမျိုးသမီးကြီး တိုးဝင်ပျောက်ကွယ်သွားသည့်အုတ်ဂူအနီးသို့သွားကာအသေအချာ ကြည့်လိုက်သည်။

MARIANELA

1908 – 1976

“ ဘလန်ကို……ဒီမှာ လာကြည့်စမ်း ”

“ ဘာလဲ ကားလို့စ် ”

“ MARIANELA တဲ့ကွ။ ၁၉၀၈ခုနှစ်မှာမွေးပြီး ၁၉၇၆မှာ ဆုံးသွားတာ ”

“ ဒါဆိုအဘွားကြီး သေတဲ့အချိန်မှာ ခြောက်ဆယ့်ရှစ်နှစ်ရှိနေပြီပေါ့ ”

“ ဟုတ်တယ်။အုတ်ဂူကလည်း ကြည့်မယ့်ဆွေမျိုးတွေမရှိတော့ဘူးထင်တယ်။ နာမည်ထိုးထားတာကလည်းအခြား သူတွေလိုမဟုတ်ဘူး။ ကျောက်ပြားနဲ့ကပ်ထားတာကွ။ သောက်အဘွားကြီး၊ ငါတို့ကိုများ လာခြောက်ရတယ်လို့ ”

ကားလို့စ်ကအုတ်ဂူကို ခြေထောက်ဖြင့် ဆောင့်ကန်လေသည်။

“ ဒီလောက် ခြောက်လှန့်ချင်တဲ့အဘွားကြီး။ သူ့နာမည်ကို ကလော်ထုတ်လိုက်ကွာ ”

“ လုပ်ကြမယ် ဟေ့ကောင်တွေ။ ဒါမှ ထပ်မခြောက်ရဲတော့မှာ ”

ဒယ်လ်မာနှင့်အာမန်ဒိုကလည်း ထောက်ခံကြသဖြင့် ကားလို့စ်ကအသင့်ပါလာသည့် ဓားမြှောင်လေးဖြင့် နာ မည်ကဗျည်းထိုးထားသည့် ကျောက်ပြားကို ခွာထုတ်လေတော့သည်။ ဓားမြှောင်အနှောင့်ဖြင့် ထုနှက်လိုက် ဓားဦးဖြင့် ထိုး ခွာလိုက်နှင့် ပြုလုပ်အပြီး မကြာခင်မှာပင် နာမည်ကဗျည်းထိုးထားသည့် ကျောက်ပြားချပ်လည်း ကွာသွားလေတော့သည်။

“ ကားလို့စ်၊ ငါ့ကိုအဲဒီကျောက်ပြားပေးစမ်းကွာ ”

“ ဘာလုပ်မလို့လဲအာမန်ဒို ”

“ ပေါက်ခွဲပြီး၊ သေးနဲ့ပန်းမလို့ ”

“ ကောင်းတယ်ကွ။ ငါတို့လေးယောက်စလုံး သေးနဲ့ပန်းကြမယ်။ ဟား…ဟား…. ”

အာမန်ဒိုက ကားလို့စ်လက်ထဲမှ နာမည်ရေးထိုးထားသည့် ကျောက်ပြားကို လှမ်းယူလိုက်ပြီး မြေကြီးပေါ်သို့ ကိုင်ပေါက်လိုက်သည်။

“ ခွမ်း……. ”

အားနှင့် လွှဲပေါက်လိုက်သော်လည်း ကျောက်ပြားက မကွဲသဖြင့်အာမန်ဒိုက ကျောက်ပြားကို ပြန်ကောက်ပြီး နောက်တစ်ကြိမ် ပေါက်ခွဲပြန်သည်။ ဒုတိယအကြိမ် ကိုင်ပေါက်သော်လည်း ကျောက်ပြားက ကွဲသွားခြင်းမရှိသည့်အတွက် တစ်ယောက်တစ်လဲ ကိုင်ပေါက်ကြပြန်သည်။ သို့သော်လည်း ကျောက်ပြားက ကွဲသွားခြင်းမရှိသည့်အတွက် လက်လျှော့ ကာ ကျောက်ပြားပေါ်သို့ လေးယောက်သား တန်းစီပြီးအပေါ့စွန့်ကြလေတော့သည်။

“ ပြန်ကြမလား ဘလန်ကို။ မနက် တစ်နာရီထိုးတော့မယ် ”

“ မင်းတို့ ဆက်သောက်ချင်ကြသေးလား ”

“ ငါတော့ မသောက်တော့ဘူး ”

“ ငါလည်းတော်ပြီ ဘလန်ကို ”

“ ငါလည်း မသောက်တော့ဘူးကွာ ”

အာမန်ဒိုတို့သုံးယောက်က ဆက်မသောက်ချင်တော့ကြောင်း ပြောလာကြသဖြင့် ဘလန်ကိုလည်း လက်လျှော့ လိုက်လေတော့သည်။

“ ဒါဆိုလည်း ပြန်ကြတာပေါ့ကွာ။ ကားဆီ သွားကြမယ် ”

***************

မနက်အိပ်ရာမှ နိုးသည့်အချိန်တွင် ဘလန်ကိုတစ်ယောက် ကိုယ်လက်များနာကျင်နေသည်။ နာရီကြည့်လိုက် သည့်အခါ မနက်ဆယ့်တစ်နာရီ ကျော်နေလေပြီ။ တစ်အိမ်လုံး တိတ်ဆိတ်နေသဖြင့် တနင်္ဂနွေနေ့မို့အိမ်သားအားလုံး ဘုရားကျောင်းသို့သွားကြကြောင်း ဘလန်ကို သဘောပေါက်လိုက်သည်။ မျက်နှာသစ်ရန်အတွက်အိပ်ရာမှ ထလိုက်ပြီး လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ စူးရှသည့် နေရောင်က မှန်ပြူတင်းပေါက်မှ တိုးဝင်လာသဖြင့် လိုက်ကာကို ပြန်ပိတ် လိုက်ပြီး ရေချိုးခန်းသို့ ထွက်လာခဲ့လေသည်။

“ ဟာ….ဘုရားသခင်….. ”

ရေချိုးခန်းထဲသို့ ဝင်ဝင်ချင်း လက်ဆေးဘေစင်ပေါ်မှ မှန်ကိုကြည့်လိုက်သည့်အခါ ခန္တာကိုယ်ပေါ်မှအညိုအမည်းစွဲ နေသည့်ဒဏ်ရာများကို မြင်တွေ့လိုက်ရသဖြင့် ဘလန်ကိုတစ်ယောက်အထိတ်တလန့်ဖြင့် ဘုရားတလိုက်လေသည်။ လည်ပင်းနှင့် ရင်ဘတ်ပေါ်ရှိအညိုအမည်းဒဏ်ရာများက ထိုးနှက်ရိုက်ပုတ်မှုကြောင့် ရရှိသည့် ဒဏ်ရာများနှင့်အလား သဏ္ဌာန်တူနေသည်။ ယမန်နေ့ညက သင်္ချိုင်းတွင်အရက်သွားသောက်ခဲ့စဉ်က ထိခိုက်ဒဏ်ရာရနိုင်သည့်အပြုအမူမျိုး လုံးဝမလုပ်ခဲ့ကြောင်း ဘလန်ကို သိပါသည်။ ထိုဒဏ်ရာများ မည်သို့မည်ပုံရခဲ့သည်ကိုလည်း စဉ်းစားမရသဖြင့် မျက်နှာအမြန်သစ်ကာ မနက်စာစားရန်အောက်ထပ် မီးဖိုဆောင်သို့ ဆင်းလာခဲ့လေတော့သည်။

****************

“ ဝုတ်…ဝုတ်…… ဂီး……. ”

“ ဟေ့ကောင်…မက်စ်….ဘာဖြစ်နေတာလဲ ”

သွားဖြီးကာ မာန်ဖီနေသည့် ဂျာမန်ခွေးကြီး မက်စ်အားအာမန်ဒိုက တအံ့တသြကြည့်ပြီး ပြောလိုက်သည်။ မက်စ် သည်အာမန်ဒိုမွေးမြူထားသည့် ခွေးတစ်ကောင်ဖြစ်ပြီး သခင်ကိုလည်းအလွန်သိတတ်သည်။ ထွားကြိုင်းသန်မာလွန်းပြီး ဒေါသကြီးလွန်းသည့် မက်စ်သည်အာမန်ဒို၏ကိုယ်ပေါ်ရောက်လျှင်အရုပ်တစ်ရုပ်လိုဖြစ်သွားတတ်သည်။ ယခုအခါ မက်စ်က မာန်ဖီပြီး ထိုးဟောင်နေသဖြင့်အာမန်ဒို စဉ်းစားမရဖြစ်နေမိသည်။

“ မား…..၊ မား…. ”

“ ဆယ်လီနာ…….ဆယ်လီနာ…. ”

“ ဘာလဲအာမန်ဒို၊ မာမီမရှိဘူး ”

အာမန်ဒို၏အစ်မဖြစ်သူ ဆယ်လီနာက လျှော်ဖွတ်မည့်အဝတ်အစားများကို ယူလာရင်းအာမန်ဒိုကို မေးလိုက် သည်။

“ မက်စ်ကိုအစာကျွေးပြီးပြီလား ”

“ ကျွေးပြီးပြီလေ၊ ဘာဖြစ်လို့လဲ ”

“ ဒီကောင်ဘယ်လိုဖြစ်နေသလဲ မသိဘူး။ ငါ့ကို မာန်ဖီနေတယ် ”

“ နင်က ဘာသွားလုပ်ထားသလဲမှ မသိတာ ”

“ ဘာမှ မလုပ်ပါဘူးဟ။ မနေ့က တစ်နေ့လုံးအပြင်ရောက်နေတာလေ။ မနေ့မနက်အထိအကောင်းပါ ”

“ ညက နင့်အခန်းထဲ လာမအိပ်ဘူးလား ”

“ ငါမနက်နှစ်နာရီပြန်ရောက်တော့ မက်စ်ကို မတွေ့ဘူး။ ဘယ်မှာ သွားအိပ်သလဲ မသိဘူး ”

“ နင့်အခန်းမှာအတူမအိပ်ရလို့ စိတ်ဆိုးနေတာ နေမှာပေါ့။ ဒါမှမဟုတ် သူနဲ့လမ်းထွက်မလျှောက်လို့လည် ဖြစ်နိုင်တာပဲ။ သူ့ကို ချော့လိုက်ပါ ”

“ ဖြစ်နိုင်တယ်။ လာ….လာ…မက်စ် ”

“ ဂီး……..ဂီး……….. ”

အစွယ်တဖွေးဖွေး သွားရည်တမြားမြားနှင့် ရန်လိုပြီး မာန်ဖီနေသည့် မက်စ်အနီးသို့အာမန်ဒိုအသာကပ်သွားချိန် တွင် မက်စ်ကအာမန်ဒိုကို မာန်ဖီရင်းအနောက်သို့ တဖြည်းဖြည်းချင်း ဆုတ်သွားလေသည်။

“ စိတ်မဆိုးပါနဲ့ကွ။ ဘယ်လိုဖြစ်ရတာလဲ။ ငါ့ဆီလာစမ်းပါဦး။ လမ်းထွက်လျှောက်မယ်လေ ”

“ ဂီး………… ”

မက်စ်၏ဦးခေါင်းအားအာမန်ဒို လှမ်းကိုင်လိုက်သည့်အချိန်တွင် မက်စ်ကအာမန်ဒို၏လည်မြိုကို ခုန်ဟပ်ပြီး မလွှတ်စတမ်း ခဲထားလေတော့သည်။

“အား…..ကယ်ပါဦး….။ ဆယ်လီနာ….ဆယ်လီနာ…… ”

“ ဟေ့….ဟေ့……..ရှုး…ရှုး……. ”

အာမန်ဒို၏အစ်မ ဆယ်လီနာကအဝတ်များကို ပစ်ချပြီး မက်စ်ကို မောင်းထုတ်သော်လည်း ခန္တာကိုယ် ထွားကြိုင်း လှသည့်မက်စ်ကအာမန်ဒို၏လည်မြိုကိုခဲကာ ဆွဲခါနေလေသည်။ ရော့တ်ဝီလာ ( Rottweiler )ဂျာမန် ခွေးအမျိုးအစား၏အစွယ်များကအာမန်ဒို၏ လည်မြိုထဲသို့ ထိုးဖောက်ဝင်ရောက်နေကြလေပြီ။ သွေးများဒလဟောထွက်ကာ တဆတ်ဆတ် တုန်နေသည့်အာမန်ဒိုကိုကြည့်ပြီး ဆယ်လီနာလည်းအိမ်နီးနားခြင်းများကိုအော်ဟစ်အကူအညီတောင်းရလေတော့ သည်။

အိမ်နီးနားခြင်းများ ရောက်လာသည့်အခါတွင် မက်စ်ကို ဝိုင်းဆွဲသော်လည်းအာမန်ဒို၏လည်မြိုကို မလွှတ်စတမ်း ကိုက်ခဲပြီး ဆွဲခါနေသဖြင့်အိမ်နီးနားချင်းတစ်ဦးမှ သေနတ်ပြေးယူကာ ပစ်သတ်လိုက်ရတော့သည်။အာမန်ဒိုအား ဆေးရုံသို့အချိန်မီပို့သော်လည်း လမ်းခုလပ်မှာပင်အသက်ဆုံးရှုံးသွားခဲ့လေသည်။

***************

အာမန်ဒို သေဆုံးရခြင်းအတွက် စိတ်မကောင်းသဖြင့် ကားလို့စ်တစ်ယောက် ညစာစားပြီးနောက် စိတ်ပြေလက် ပျောက်အဖြစ်အခန်းထဲတွင် ဂိမ်းကစားနေသည်။အောက်ထပ်တွင် ညီမနှစ်ယောက် စကားများနေကြသည့်အသံကအ ပေါ်ထပ်ခိုးတွင် နေထိုင်သည့် ကားလို့စ်၏အခန်းထဲမှအတိုင်းသားကြားနေရသည်။ တံခါးဆောင့်ပိတ်သံ၊ ရန်ဖြစ်သံများ ဆူညံနေသဖြင့် ဂိမ်းကစားရသည်မှာအဆင်မပြေတော့ပေ။ ထို့ကြောင့်အိမ်အောက်ထပ်သို့ ဆင်းလာခဲ့ပြီး Parque de Canterac ပန်းခြံဘက်သို့ ထွက်လာခဲ့လေသည်။ ညနေ ခုနစ်နာရီဆိုသော်လည်းအလင်းရောင်ရှိနေသေးသည်။ သို့သော် လည်း လူသွားလူလာ ပြတ်နေလေပြီ။ ပန်းခြံထဲရှိ သစ်သားခုံပေါ်တွင်ထိုင်ရင်း ပတ်ဝန်းကျင်ကို ကြည့်ရှုနေမိသည်။ ထိုအချိန်မှာပင် လက်ကိုင်ဖုန်းခေါ်ဆိုသံကြားလိုက်သဖြင့် ဘောင်းဘီအိတ်ထဲမှ လက်ကိုင်ဖုန်းကိုထုတ်ကာ ကြည့်လိုက် သည်။ ဘလန်ကို ခေါ်ဆိုသည့် ဖုန်းဖြစ်နေသဖြင့် လက်ခံဖြေဆိုလိုက်လေသည်။

“ ဘလန်ကို…..ဘာကိစ္စရှိလို့လဲ ”

“ မင်းအခု ဘယ်မှာလဲ ကားလို့စ် ”

“ ငါ Parque de Canterac ပန်းခြံထဲမှာထိုင်နေတယ်။အရေးကြီးလို့လား ”

“အရေးကြီးတယ် ကားလို့စ် ”

“ ဘာတွေဖြစ်ပြန်ပြီလဲ ”

“ ငါ့ကိုယ်ပေါ်မှာအညိုအမည်းတွေဖြစ်ပြီးအခုအနာတွေဖြစ်လာတယ် ”

“ ဘုရားရေ၊ ဘယ်လိုဖြစ်ရတာလဲ ”

“ ငါလည်း မသိဘူး ကားလို့စ် ”

“ ဆေးရုံသွားပြီး ပြကြည့်ပါလား ”

“ မသွားရဲဘူး ကားလို့စ်၊ ငါ့တစ်ကိုယ်လုံးမှာအနာတွေဖြစ်နေပြီ ”

“ မင်းအခုအိမ်မှာပဲလား ”

“ ဟုတ်တယ်ကားလို့စ်။ ငါ့ဆီလာခဲ့ပါလား ”

“ မနက်ဖြန်မှလာတော့မယ်ကွာ ”

“ မနက်ဖြန်တော့ ဆက်ဆက်လာကွာ ”

“ ဆေးရုံသွားလိုက် ဘလန်ကို ”

“အေးပါကွာ ”

ဘလန်ကို ဖုန်းချသွားသဖြင့် ဖုန်းကို ဘောင်းဘီအိတ်ထဲပြန်ထည့်ပြီး ထိုင်ခုံပေါ်တွင် ဆက်ထိုင်နေလိုက်သည်။ ညီအစ်မနှစ်ယောက် ရန်ဖြစ်လျှင် တော်ရုံနှင့်မပြီး။ ပစ္စည်းများပေါက်ခွဲခြင်း၊အော်ဟစ်ဆဲဆိုခြင်းများလုပ်တတ်သဖြင့် ရန်ပွဲပြီးနိုင်လောက်မည့် ညဆယ်နာရီလောက်မှအိမ်သို့ပြန်မည်ဟု ဆုံးဖြတ်လိုက်သော်လည်း လူသွားလူလာပြတ် နေသဖြင့်အိမ်သို့ပြန်ရန် ထိုနေရာမှ ထွက်လာခဲ့လေတော့သည်။

**************

ညနေက ဘီယာအသောက်များသွားသဖြင့် ဆီးသွားချင်လာသောကြောင့် ဒယ်လ်မာတစ်ယောက်အိပ်မောကျ နေရာမှ နိုးလာခဲ့သည်။အိမ်မှုန်စုံမွှားဖြင့်အိပ်ရာပေါ်မှ ထလိုက်သည့်အခါအခန်းထောင့်၌ ရပ်နေသည့်အရာတစ်ခုကို ညအိပ်မီးရောင်အောက်တွင် မြင်လိုက်သဖြင့် မျက်လုံးကိုပွတ်သပ်ပြီး ထိုအရာကိုအသေအချာကြည့်လိုက်မိသည်။

“Dios mío…”

ဂါဝန်အဖြူဖားဖား၊ ဆံပင်ဖြူဖားလားချထားပြီး မျက်တွင်းဟောက်ပက်နှင့် တစ္ဆေအဘွားကြီးကို မြင်လိုက်ရသည့်အခိုက် ထိတ်လန့်ပြီး စပိန်ဘာသာစကားဖြင့် ဘုရားတလိုက်လေသည်။ တစ္ဆေ၏မျက်လုံးများက မျက်ဆံဟူ၍ မရှိဘဲ မျက်တွင်းဟောက် ပက်ဖြစ်နေသည့်အပြင်အရိုးများကလည်း ငေါထွက်နေသည်။

ဒယ်လ်မာက ကြောက်ကြောက်လန့်လန့်ဖြင့်အခန်မီးကို ပြေးဖွင့်လိုက်သည့်အခါ တစ္ဆေအဘွားကြီးလည်း ရုတ် ချည်း ပျောက်ကွယ်သွားလေတော့သည်။ ဒယ်မာလည်းအပေါ့သွားချင်လာသဖြင့် သန့်စင်ခန်းထဲသို့အမြန်ဝင်ပြီးအပေါ့ သွားလေသည်။ ထိုအချိန်မှာပင် လက်ဆေးဘေစင်အပေါ်မှ ကြည့်မှန်ကို တစ်စုံတစ်ရာဖြင့် ရေးခြစ်နေသည့်အသံကို ကြား သဖြင့် မှန်ကိုလှမ်းကြည့်လိုက်သည့်အခါ သွားတိုက်ဆေးဘူးက လေထဲတွင်မြောက်တက်နေပြီး ကြည့်မှန်ပေါ်သို့ သွား တိုက်ဆေးဖြင့် ရေးခြစ်နေသည်ကို မြင်တွေ့လိုက်ရလေတော့သည်။

MARIANELA

Te mato

ကြည့်မှန်ပေါ်တွင် ရေးခြစ်ထားသည့်အမည်ကို မြင်တွေ့လိုက်သည်နှင့်အပေါ့သွားနေခြင်းကို ချက်ချင်းရပ်လိုက်ပြီး သန့်စင်ခန်းထဲမှ ထွက်ပြေးရန် တံခါးကိုဆွဲဖွင့်လိုက်သည်။ သို့သော်လည်း တံခါးက ပွင့်မလာခဲ့ပေ။ ဒယ်လ်မာ၏နားထင်မှ ချွေးသီးများ စီးကျလာနေလေပြီ။ ထိုစဉ် သန့်စင်ခန်းနံရံကို ကုတ်ခြစ်သည့်အသံနှင့်အတူ တစ္ဆေအဘွားကြီး၏ ရုပ်သဏ္ဌာန် ကလည်း တဖြည်းဖြည်းပေါ်လာခဲ့လေပြီ။ သန့်စင်ခန်းအမိုးပေါ်မှ ဇောက်ထိုးအနေအထားဖြစ်နေသည့် တစ္ဆေအဘွား ကြီးကို ကြည့်ကာအသံကုန်အော်ဟစ်အကူအညီတောင်းရင်း သန့်စင်ခန်းတံခါးကို ထုနှက်လေတော့သည်။

“ ဒယ်လ်မာ…….ဒယ်လ်မာ။ ဘာဖြစ်တာလဲ ”

ဒယ်လ်မာအော်ဟစ်ပြီး သန့်စင်ခန်းတံခါးကိုအားကုန် ထုနှက်နေသဖြင့်အိမ်သားများနိုးလာပြီး သန့်စင်ခန်းတံခါးကို ဆွဲဖွင့်လိုက်သည့်အခါမှ တံခါးပွင့်သွားပြီး တစ္ဆေအဘွားကြီးလည်းပျောက်ကွယ်သွားလေသည်။

“ တစ္ဆေ….တစ္ဆေခြောက်လို့ ”

“ နောက်စရာမဟုတ်ဘူး ဒယ်လ်မာ။ နင်ဆေးချထားသလား၊ ဒါမှမဟုတ်ရင်အရက်အလွန်အကျွံသောက်ထားသလား ”

“ ငါ…ငါ ဆေးလည်းမချဘူး၊အရက်လည်းသောက်မထားဘူး။ ညနေက ဘီယာပဲသောက်တယ် ”

“ နင်ရူးနေလား။ ဒီအိမ်မှာ ဘာတစ္ဆေမှမရှိဘူး ”

“ ရှိတယ်……နင်တို့မသိဘူး။ ဟို…ဟိုမှာကြည့်။ မှန်….မှန်ပေါ်မှာ ရေးထားတာ ”

“အို……. ”

ကြည့်မှန်ပေါ်တွင် သွားတိုက်ဆေးဖြင့် မာရီယာနယ်လာဆိုသည့်အမည်နှင့်အတူ မင်းကို ငါသတ်မယ်ဟုအဓိပ္ပါယ် ရသည့် စပိန်စာဖြင့် ရေးသားထားသည့်စာကို မြင်လိုက်ရသဖြင့် ဒယ်လ်မာ၏အစ်မနှင့် ညီမဖြစ်သူတို့ မျက်လုံးပြူးသွား ကြသည်။

“ နင်ရေးတာမဟုတ်လား ဒယ်လ်မာ ”

“ ငါ…ငါရေးတာမဟုတ်ဘူး၊အဲဒါ တစ္ဆေအဘွားကြီးရေးတာ။ ငါကျိန်ပြောရဲပါတယ် ”

“ နင် ကောင်းကောင်းအနားယူလိုက် ဒယ်လ်မာ ”

“ ငါပြောရင် နင်တို့ယုံမှာမဟုတ်ဘူး။ ငါ…ငါပြောပြမယ် ”

ဒယ်လ်မာက ဘလန်ကိုတို့နှင့်အတူ သင်္ချိုင်းတွင်အရက်သွားသောက်ကြသည့်အကြောင်းနှင့် သင်္ချိုင်းတွင် ကြုံ တွေ့ခဲ့ရသည့်အကြောင်းကို မချွင်းမချန်ပြောပြလိုက်သည့်အခါ ညီအစ်မနှစ်ယောက်စလုံး ပါစပ်ကို လက်ဖြင့်အုပ်၍အထိတ်တလန်ံဖြစ်ကုန်ကြသည်။

“ နင်တို့ ဘာဖြစ်လို့အဲဒီလိုလုပ်ရတာလဲ ဒယ်လ်မာ။ သေသူတွေရဲ့ ဝိညာဉ်ကို မနှောက်ယှက်ရဘူး။ နင်တို့လုပ်လို့ ဟိုက ပြန်လုပ်တာပေါ့။ ဒီညအိပ်လိုက်ဦး။ မနက်ကျမှ ဘုန်းတော်ကြီးဆီသွားပြီး ရေစင်ဖြန်းလိုက် ”

“ ငါ…ငါ မအိပ်ရဲတော့ဘူး ကမီလာ ”

“ မအိပ်ရဲရင်လည်း တီဗီထိုင်ကြည့်ဟာ။ ငါတို့အိပ်တော့မယ် ”

အစ်မနှင့် ညီမတို့ထွက်သွားလျှင် ဒယ်လ်မာလည်းအိမ်အောက်ထပ် ဧည့်ခန်းသို့ဆင်းလာခဲ့ပြီး တီဗီဖွင့်ကြည့်နေ လိုက်သည်။ တီဗီကြည့်ရင်း ကျောမလုံသလို ခံစားရသဖြင့်အနောက်သို့ မကြာခဏလှည့်ကြရသည်ကလည်းအလုပ် တစ်ခုလိုဖြစ်နေသည်။ မပြုလုပ်သင့်သည့်အရာကို ပြုလုပ်ခဲ့မသိည့အမှားအတွက် နောင်တရမိသော်လည်း ယခုအချိန်တွင် မည်သို့မျှ မတတ်နိုင်တော့ပါ။ မနက်မိုးလင်းမည့်အချိန်ကိုသာ ထိုင်စောင့်နေရုံမှတစ်ပါးအခြားမရှိတော့ပေ။

“ ကျွီ…………..ဒုန်း……. ”

“ ဝိုး….ဘုရားသခင် ကယ်တော်မူပါ ”

တီဗီကြည့်နေစဉ် နံဘေးတွင်ရှိသည့် နှစ်ယောက်ထိုင်ဆိုဖာကြီးကအလိုလိုရွေ့သွားပြီး နံရံနှင့်တိုက်ကာ ငြိမ်သက် သွားသဖြင့် ဒယ်လ်မာအလန့်တကြား ဘုရားတလိုက်မိသည်။ ထိုအချိန်မှာပင် မီးများက တဖျပ်ဖျပ်နှင့် ပွင့်ချည် ပိတ်ချည် ဖြစ်နေကြလေပြီ။

“ ဖောင်း…….ခွမ်း……၊ ဖောင်း…. ”

နံရံကပ်မီးလုံးများ တစ်လုံးပြီးတစ်လုံးပေါက်ကွဲကုန်သဖြင့် ဒယ်လ်မာလည်း မနေရဲတော့ဘဲအိမ်အပြင်ဘက်သို့ ထွက်ပြေးဖို့ ပြင်လိုက်သည်။ ထိုစဉ် ခန္တာကိုယ်က ပက်လက်အနေအထားဖြင့် လေထဲသို့ မြောက်တက်သွားပြီးအပေါ် နံရံနှင့် ကပ်လုနီးပါးအထိ ရောက်သွားလေသည်။

“ ကမီလာ…..ဘရီဆာ….ငါ့ကို ကယ်ကြပါဦး….. ”

“ ကျွီ……….. ”

အိမ်ရှေ့တံခါးမကြီးကအလိုလိုပွင့်သွားပြီး တံခါဝတွင် ဆံပင်ဖားလားချထားသည့် တစ္ဆေအဘွားကြီးကို မြင်တွေ့လိုက်ရသည်။

“ ကမီလာ…..ဘရီဆာ….။ ကယ်ကြပါဦး…. ”

“ ဝုန်း……… ”

အမြင့်မှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသည့်အရှိန်ကြောင့် ဒယ်လ်မာတစ်ယောက် မထနိုင်တော့ပေ။ ဒယ်လ်မာ၏အော်သံကြောင့် ကမီလာနှင့် ဘရီဆာတို့လည်းအိပ်ပျော်နေရာမှ နိုးလာပြီးအိမ်ပေါ်ထပ်မှပြေး ဆင်းလာကြသည်။

“အိုး…ဘုရားသခင် ”

ကမီလာနှင့် ဘရီဆာတို့နှစ်ယောက် ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် ဒယ်လ်မာဆီသို့ ပြေးဆင်းလာသည့်အချိန် မှာပင် ဒယ်လ်မာတစ်ယောက်လေထဲသို့မြောက်တက်သွားပြီး ခွန်အားကြီးမားသည့် တစ်စုံတစ်ယောက်က ကိုင်ပေါက်လိုက် သကဲ့သို့ လွင့်စင်သွားပြီး နံရံနှင့် ရိုက်မိကာ ပြုတ်ကျသွားလေသည်။

“ က..ကမီလာ….၊ ရဲ…ရဲကို မြန်မြန်ခေါ်…မြန်မြန်ခေါ် ”

ကမီလာက ဒယ်လ်မာကို ပြေးပွေ့ရင်း ညီမဖြစ်သူ ဘရီဆာအား တုန်ရင်သောအသံဖြင့် လှမ်းပြောလိုက်သည်။

“ ဒယ်လ်မာ…….ဒယ်လ်မာ ”

နှာခေါင်းနှင့်ပါးစပ်မှ သွေးများစီးကျနေပြီး ဇက်ကျိုးကျနေသည့် ဒယ်လ်မာတစ်ယောက် လူ့လောကထဲမှအပြီးအပိုင် ထွက်ခွာသွားခဲ့လေပြီ။

***************

“ ဘလန်ကို….. ”

“ ပြောပါ ကားလို့စ် ”

“ ဒယ်လ်မာရဲ့အသုဘကို သွားကြရအောင် ”

“ ငါ နေမကောင်းဘူး ကားလို့စ်။ မင်းပဲ သွားလိုက်ပါ ”

“ ဒယ်လ်မာ ဘယ်လိုသေတယ်ဆိုတာ မင်းသိပြီးပြီလား ”

“ ငါ ကြားပြီးပြီ ”

“ ဟိုတစ္ဆေမကြီးက ငါတို့ကိုအသေသတ်တော့မယ်နဲ့တူတယ်။ မင်းနဲ့ ငါ နှစ်ယောက်ပဲကျန်တော့တယ် ဘလန်ကို ”

ကားလို့စ်ပြောလိုက်သည့်စကားကြောင့် ဘလန်ကို ကျောချမ်းသွားသည်။ ဒယ်လ်မာ သေဆုံးရသည့်အ ကြောင်းရင်းကို ကြားပြီးကတည်းက ဘလန်ကို သေရမှာ ကြောက်ရွံ့လာခဲ့သည်။ ဒယ်လ်မာ သေဆုံးမှုသည် သဘာဝ လွန်ဖြစ်ရပ်ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သော်လည်း ရဲတပ်ဖွဲ့က လူသတ်မှုအဖြစ်အမှုဖွင့်ပြီး စစ်ဆေးနေသည်။ ဒယ်လ် မာ၏အစ်မနှင့် ညီမတို့ပြောပြချက်များက သာမန်အားဖြင့် ယုံကြည်စရာမရှိသော်လည်း ဘလန်ကိုအနေဖြင့် ဒယ်လ်မာ သေဆုံးရခြင်းသည် တစ္ဆေမကြီး၏လက်ချက်သာဖြစ်ကြောင်းအကြွင်းမဲ့ ယုံကြည်ထားသည်။အဘယ့်ကြောင့် ဆိုသော် ခန္တာကိုယ်ပေါ်မှအနာများက ညိုမည်းပြီး ပြည်တရွှဲရွှဲဖြစ်နေလေပြီ။

“ ဟုတ်ချင်မှလည်း ဟုတ်မှာပါကွာ။ သူ့အစ်မနဲ့ ညီမတို့ ပေါင်းကြံပြီး သတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ”

ကားလို့စ်ကို စိတ်သက်သာရာရစေရန် ပြောရသော်လည်း ဘလန်ကို ကိုယ်တိုင်က ကြောက်ရွံ့နေမိသည်။

“ မင်းမသွားရင် ငါလည်း မသွားတော့ဘူး ဘလန်ကို။ ငါ လန့်နေပြီ။ ဘယ်မှမထွက်ဘဲအိမ်မှာပဲ နေတော့မယ် ”

“အဲဒါအကောင်းဆုံးပေါ့ကွာ ”

“အိုကေ ဘလန်ကို။ adiós ( Good Bye ) ”

“adiós ”

ကားလို့စ်ဖုန်းချသွားသည်နှင့် ရေခဲသေတ္တာထဲမှ ရေဘူးကိုထုတ်ကာအားရပါးရမော့သောက်ပြီးအခန်းထဲသို့ပြန် ရင် ပြင်လိုက်စဉ် ဗိုက်ထဲမှအောင့်ပြီး ပြို့တက်လာလေသည်။ ပြို့အန်ချင်စိတ်က မခံမရပ်နိုင်လောက်ဖြစ်လာသဖြင့် သန့်စင်ခန်းထဲသို့ပြေးဝင်ပြီးအိမ်သာကမုတ်ထဲသို့အန်ချလိုက်လေတော့သည်။

“ ဝေါ့…………ဝေါ့…….. ”

“အား…ကယ်ကြပါဦး….ဘုရားသခင် ကယ်တော်မူပါ ”

ပါးစပ်နှင့် နှာခေါင်းပေါက်ထဲမှထွက်လာသည့် လောက်များကအိမ်သာကမုတ်ထဲတွင် လှုပ်လှုပ်ယွယွနှင့် ပြည့် နှက်နေသည်ကို မြင်တွေ့လိုက်ရသည့်အခိုက် ဘလန်ကိုတစ်ယောက် သွေးရူးသွေးတန်းဖြင့် သန့်စင်ခန်းမှ ထွက်ပြေးကာအော်ဟစ်နေလေသည်။ ဘလန်ကိုအော်ဟစ်လိုက်တိုင်း နှာခေါင်းနှင့် ပါးစပ်ထဲမှ လောက်ကောင်များ ထွက်လာနေကြ သည်။ ထိုအချိန်မှာပင် ဘလန်ကို၏မိခင်နှင့် ညီဖြစ်သူတို့အပြေးအလွှားရောက်လာကြပြီး ဘလန်ကို၏အဖြစ်ကို မြင် တွေ့လိုက်ရသည့်အခိုက် ထိတ်လန့်သွားကြလေတော့သည်။

“ ဖာဒီ…….ဆေး…ဆေးရုံကားအမြန်ခေါ်…..အမြန်ခေါ် ”

“ ဟုတ်ကဲ့ မာမီ ”

***************

ဘလန်ကို ဆေးရုံတင်လိုက်ရကြောင်း သတင်းကြားပြီးကတည်းက ကားလို့စ်တစ်ယောက် နေမရထိုင်မရ ဖြစ်နေလေ သည်။ စိတ်ပေါ့ပါးသွားစေရန်အတွက် ရေစိမ်ပြီးချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။ ရေချိုးခန်းထဲသို့ရောက်သည့်အခါ ရေဖြည့်ထားသည့် ရေချိုးဇလုံ Bathtub ထဲသို့ဝင်စိမ်နေလိုက်သည်။ မျက်လုံးကို စုံမှိတ်ကာအေးမြသည့် ရေထဲတွင် စိမ်နေရင်း ကိုယ်ပေါ်သို့တစ်စုံတစ်ယောက်ဖိထားသလိုခံစားလိုက်ရသဖြင့် မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ……

“ ဘုရားသခင်….ကယ်တော်မူပါ ။ ကယ်ကြပါ….ကယ်ကြပါ ”

ဖွေးဖြူနေသည့်ဆံပင်များကို ဖားလားချထားပြီး မျက်လုံးဟောက်ပက်နှင့် ကြောက်စရာကောင်းသည့် တစ္ဆေအဘွား ကြီးက ဗိုက်ပေါ်သို့ တက်ရပ်နေသည်ကို မြင်လိုက်သဖြင့် ရေချိုးဇလုံထဲမှ ထပြေးရန်ပြင်လိုက်သော်လည်း နောက်ကျသွား ခဲ့လေပြီ။အကြောအပြိုင်းပြိုင်းထနေသည့် လက်နှစ်ဖက်က ကားလို့စ်၏ လည်ပင်းကို ဖြစ်ညှစ်ပြီး ရေထဲသို့ ဖိနှစ်ထားသဖြင့် ကားလို့စ်တစ်ယောက် ရေမွန်းကာ ရုန်းကန်နေသည်။ လည်ပင်းကို ဖြစ်ညှစ်ထားသည့် တစ္ဆေအဖွားကြီး၏လက်ကို ဆုပ် ကိုင်သော်လည်း ဆုပ်ကိုင်၍မရသဖြင့် ရေချိုးဇလုံပေါင်ကိုအားပြုကာ ကုန်းရုန်းထနေလေသည်။ ထိုအချိန်မှာပင် ကားလို့စ် ၏ မိခင်က ရေချိုးခန်းထဲသို့အပြေးဝင်လာသည်။ ရေချိုးဇလုံထဲတွင် ရေမွန်းနေသည့် ကားလို့စ်ကို မြင်လိုက်သဖြင့် ကယ် တင်ရန် ကြိုးစားစဉ် မမြင်ရသည့်အရာတစ်ခုက ရင်ဘတ်ကို ဆောင့်တွန်းလိုက်သည့်အတွက် နောက်သို့ လွင့်ထွက်သွား

ပြီး ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်လျက် လဲကျသွားလေတော့သည်။

ရေချိုးဇလုံထဲတွင် ရုန်းကန်နေသည့် ကားလို့စ်၏အပေါ်မှအဖြူရောင်အရိပ်ကြီးကို မြင်လိုက်သည့်အခိုက် ကားလို့စ် ၏ မိခင်လည်း ကြောက်အားလန့်အားဖြင့် ထွက်ပြေးကာ ရဲစခန်းသို့ ဖုန်းခေါ်လေတော့သည်။ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာ သည့်အခါမှာတော့ ရေချိုးဇလုံထဲတွင်အသက်ပျောက်နေသည့် ကားလို့စ်ကို မြင်တွေ့လိုက်ရလေတော့သည်။ ကားလို့စ်၏ မိခင်ပြောသမျှကို မှတ်ချက်ယူနေသော်လည်း ရဲတပ်ဖွဲ့ဝင်များကအယုံအကြည်မရှိကြပေ။

**************

“ ဒေါက်တာ…..ကျွန်မရဲ့သားက ဘာဖြစ်တာလဲဟင် ”

“ ဓါတ်မှန်ရိုက်တာ၊အူလမ်းကြောင်းကိုစစ်ဆေးတာတွေလုပ်ပြီးပါပြီ။ လောလောဆယ်တော့ ဘာရောဂါမှ ရှာလို့ မတွေ့ သေးပါဘူး။ ကျွန်တော်တို့ ကြိုးစားနေပါတယ်။အခုတော့အရေပြားကအနာတွေကို သက်သာအောင် သောက်ဆေး ပေးထားပါတယ်။ သက်သာသွားမှာပါ။ သိပ်လည်း မစိုးရိမ်ပါနဲ့ ”

“ ဟုတ်ကဲ့ ဒေါက်တာ ”

ဆရာဝန်၏ ဖြေရှင်းချက်ကို ဘလန်ကို၏မိခင်က မကျေနပ်သော်လည်းအသာငြိမ်နေလိုက်သည်။ ဘလန်ကို၏ ပြောပြချက်အရ သားဖြစ်သူ ရင်ဆိုင်နေရသည့် ပြဿနာသည် ရောဂါကြောင့်မဟုတ်ကြောင်း သဘောပေါက်သဖြင့် ဘုန်းတော်ကြီးတစ်ပါးပါးနှင့်တိုင်ပင်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

“ သက်သာတယ်ဆိုရင် ဆေးရုံက ဆင်းခွင့်ပြုပါ ဒေါက်တာ ”

“ ဒါက ကျွန်တော် ဆုံးဖြတ်လို့မရဘူးဗျ။ ဆေးရုံအုပ်ကြီး ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ဆေးရုံအုပ်ကြီးနဲ့ တိုင်ပင်ကြည့်ပါ ”

“ ကျွန်မအခုပဲ သွားတွေ့ပါ့မယ်။ ကျေးဇူးတင်ပါတယ် ဒေါက်တာ ”

*****************

ဆေးရုံမှဆင်းပြီး နောက်တစ်ရက်ညရှစ်နာရီခန့်တွင် ဘလန်ကိုတို့၏နေအိမ်သို့ Church of San Miguel and San Julián ဘုရားကျောင်းမှ ဘုန်းတော်ကြီးအလန်ဇို ရောက်ရှိလာခဲ့သည်။ ဘုန်းတော်ကြီးက ဘလန်ကိုတို့၏ နေအိမ် ထဲကို စပြီး ဝင်ကတည်းက တအိမ်လုံးကို စေ့စပ်စပ်ကြည့်ပြီး ခေါင်းတညိမ့်ညိမ့် လုပ်နေလေသည်။

“ ဘာ်ကနေ ဘယ်လိုစဖြစ်တယ်ဆိုတာ ပြောပြလို့ရမလား ဘလန်ကို ”

“ ပြောပြပါ့မယ် ဖာသာ ”

ဘလန်ကိုက ကားလို့စ်တို့နှင့်အတူ သင်္ချိုင်းတွင်အရက်သောက်ကြရာမှ ယခုလက်ရှိအခြေအနေအထိ မချွင်းမ ချန် ဘုန်းတော်ကြီးကို ပြောပြလိုက်သည်။

“ မင်းတို့ မလုပ်သင့်တာ လုပ်ကြတာကိုး ဘလန်ကို။ သင်္ချိုင်းမှတ်တိုင်ကို မဖျက်စီးရဘူး။အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြပြီ။အဲဒီအမျိုးသမီးရဲ့အမည်ကို ပြောစမ်းကွာ ”

“MARIANELA ပါ ဖာသာ ”

“ သူသေဆုံးခဲ့တဲ့ ခုနှစ်ကို မှတ်မိလား ”

“ ကျောက်ပြားပေါ်မှာတော့ 1908 – 1976 လို့ ရေးထားပါတယ် ”

“အင်း…….. ။အဲဒီအမျိုးသမီးက ဒီအိမ်ထဲမှာ ရှိနေတယ် ”

“ ဘုရားရေ…….. ”

ဘုန်းတော်ကြီးအလန်ဇိုပြောလိုက်သည့် စကားကြောင့် ဘလန်ကို၏မိခင်ဖြစ်သူ ဘုရားတကာ ရင်ကိုဖိ ထားလေသည်။

“ ကဲ……ဘလန်ကို။အိပ်ရာပေါ်မှာ သက်တော့်သက်သာ နားနေပါ။ ဘာသံပဲကြားကြား ဘာပဲဖြစ်ဖြစ် စိတ်ကိုလျှော့ ထားပါ။ မကြောက်ပါနဲ့ ”

“ ဟုတ်ကဲ့ ဖာသာ ”

“ ခင်ဗျားအပြင်ကို ထွက်ပေးလို့ရမလား ဆိုဖီရာ။ ခင်ဗျားရဲ့ သားအတွက် မစိုးရိမ်ပါနဲ့။ ဘုရားသခင် စောင့်ရှောက်မှာပါ ”

“ ရပါတယ် ဖာသာ။ ကျွန်မအပြင်ကနေပဲ ထိုင်စောင့်နေပါ့မယ် ”

ဘလန်ကို၏ မိခင်အခန်းအပြင်သို့ ထွက်သွားသည်နှင့် ဘုန်းတော်ကြီးက သေတ္တာလေးထဲမှ ခရမ်းရောင် ဖဲပြား စကို လည်ပင်းတွင် ချိတ်ဆွဲလိုက်ပြီး စိတ်ပုတီးနှင့် တွဲထားသည့် လက်ဝါးကပ်တိုင်ကို လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထား လိုက်သည်။ ထို့နောက် ဘလန်ကို၏ကိုယ်ပေါ်သို့ ရေစင်များပက်ဖြန်းပြီး နှုတ်မှလည်း သမ္မာကျမ်းစာကို တိုးညင်းစွာ ရွတ် ဆိုနေသည်။ ထိုအချိန်မှာပင်အခန်းထဲမှ မီးများအားလုံး မှိတ်ချည် ပွင့်ချည်ဖြစ်လာလေပြီ။

ဘုန်းတော်ကြီးကလည်းအခြေအနေကို ရိပ်မိသဖြင့် သမ္မာကျမ်းစာကိုအသံမြှင့်ကာ ရွတ်ဆိုလိုက်သည်။ ထိုစဉ် ဘလန်ကို၏ ကိုယ်ပေါ်သို့အဖြူရောင်အရိပ်ကြီးတစ်ခုရောက်လာပြီး ဘလန်ကို၏ ခန္တာကိုယ်ထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသဖြင့် ဘုန်းတော်ကြီးက ရေစင်များဖြန်းကာ ဘလန်ကို၏ နဖူးပေါ်သို့ လက်ဝါးကပ်တိုင်ဖြင့် ကပ်ပေးလိုက် သည်။

“အကုန်သေစေရမယ်။ ငါ့ကို စော်ကားတဲ့ကောင်ထဲမှာ ဒီတစ်ကောင်ပဲ ကျန်တော့တယ် ”

“ မာရီယာနယ်လာ၊ သူဟာ ဘုရားသခင်ပိုင်ဆိုင်တဲ့သူဖြစ်နေပါပြီ။အနှောက်အယှက်မပေးဖို့ မေတ္တာရပ်ခံပါတယ် ”

“ ငါ့ရဲ့ နာမည်ကဗျည်းကို ပေါက်ခွဲတယ်။ သေးနဲ့ပန်းတယ်။ ဒါကို ငါက ခွင့်လွှတ်ရမှာလား ”

“ မသိနားမလည်တဲ့သူတွေကို ခွင့်လွှတ်လိုက်ပါ ”

“ ခွင့်မလွှတ်ဘူး။အသေသတ်ရမှ ကျေနပ်မယ် ”

“ ပြောမရဘူးလား မာရီယာနယ်လာ ”

“ ငါ့ကို ဘယ်သူမှ တားလို့မရဘူး ”

“ သူ့ခန္တာကိုယ်ထဲက ထွက်ပါ ”

“ မထွက်ဘူး……။ လူငယ်တွေကို ငါမုန်းတယ်။ ငါ့ကို သတ်ခဲ့တဲ့ကောင်တွေ၊ ငါ့အုတ်ဂူပေါ်က နာမည်ကိုလည်း ခွာကြ တယ်။ သေးနဲ့ပန်းတယ် ”

ဘလန်ကို၏အသံကအဘွားအိုတစ်ဦး၏အသံဖြစ်နေပြီး ဒေါသနှင့်ပြောဆိုနေသည်မှာ ထိတ်လန့်စရာ ကောင်းနေ သည်။ ဘုန်းတော်ကြီးကလည်း ဘလန်ကို၏ကိုယ်ပေါ်သို့ ရေစင်များဖြန်းပြီး သမ္မာကျမ်းစာအုပ်ကိုဖတ်ကာ ရွတ်ဆိုနေ သည်။ ထိုအချိန်မှာပင် ဘလန်ကို၏ ခန္တာကိုယ်က ကော့တက်သွားပြီး ပါးစပ်နှင့် နှာခေါင်းမှ လောက်များ ထွက်လာလေ တော့သည်။ တစ်ပြိုင်နက်တည်းဆိုသလိုအခန်းမီးလုံးများလည်း တဖောင်းဖောင်းနှင့် ကွဲကုန်ကြသဖြင့်အခန်းတစ်ခုလုံး မှောင်မည်း သွားလေသည်။

“ ဝုန်း………. ”

မှောင်မည်းနေသဖြင့် ဘုန်းတော်ကြီးကအခန်းတံခါးကို ဖွင့်မည်ပြင်လိုက်စဉ် ဘလန်ကိုက ဘုန်းတော်ကြီးကို ဆောင့်တွန်းလိုက်လေသည်။အခန်းထဲမှ ဆူဆူညံညံအသံများကြောင့် ဘလန်ကို၏မိခင် ဆိုဖီယာကအခန်းတံခါးကို ဖွင့်ကြည့်လိုက်မိသည်။အခန်းထဲတွင် မှောင်မည်းနေသော်လည်းအပြင်ဘက်မှ မီးအလင်းရောင်ဖြင့်အခန်းထဲသို့ မြင် တွေ့နေရသည်။ ဘုန်းတော်ကြီးက ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး ဘလန်ကိုက လေထဲတွင် မြောက်တက်နေသည့် မြင်ကွင်းကိုကြည့်ပြီး ဘလန်ကို၏မိခင် ဆိုဖီရာတစ်ယောက် သွေးပျက်မတတ်ဖြစ်ကာအိမ်နီးနားချင်းများကိုအကူအညီ ပြေး တောင်းလေတော့သည်။ ဘုန်းတော်ကြီးလည်းအခြေအနေမဟန်တော့မှန်း သဘောပေါက်သဖြင့်အခန်းအပြင် ဘက်သို့အမြန်ထွက်လာပြီး သမ္မာကျမ်းစာများကို မပြတ်ရွတ်ဆိုလေသည်။ ထိုအချိန်မှာပင် ဘလန်ကို၏ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးများမှ သွေးများယိုစိမ့်ထွက်လာသည်ကို ဘုန်းတော်ကြီး မြင်တွေ့လိုက်ရသည်။

“ မလုပ်ပါနဲ့။ သူ့ကို ဒုက္ခမပေးပါနဲ့ ”

ဘုန်းတော်ကြီး မည်သို့ပင် မေတ္တာရပ်ခံသော်လည်း မရတော့ပေ။ လေထဲတွင်မြောက်တက်နေသည့် ဘလန်ကိုကအသံနက်ကြီးဖြင့်အော်ဟစ်ပြီး ဇက်လန်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

“ Te mato ( နင့်ကို ငါသတ်မယ် ) ”

ဘလန်ကို၏ ခန္တာကိုယ်ထဲမှအဖြူရောင်အရိပ်ကြီးထွက်သွားသည်ကို မြင်လိုက်ရပြီးနောက် ဘုန်းတော်ကြီးလည်း ဘလန်ကိုအား ပြေးပွေ့ပြီး စမ်းသပ်ကြည့်သည့်အခါ ဘလန်ကိုတစ်ယောက်အသက်မရှိတော့ပေ။ ထိုအချိန်မှာပင်အိမ်နီး ချင်းများနှင့်အတူ ဘလန်ကို၏မိခင် ဆိုဖီယာလည်း ရောက်လာခဲ့သည်။

“ ငါ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး ဆိုဖီယာ။ ငါ့ကို ခွင့်လွှတ်ပါ ”

ဘုန်းတော်ကြီးက တောင်းပန်စကားဆိုနေသဖြင့် ဘလန်ကို၏မိခင်က ခေါင်းအသာညိမ့်ပြလိုက်ပြီး ဘလန်ကို၏ ရုပ်အလောင်းကိုကြည့်ကာ ငိုရှိုက်နေတော့သည်။

**************

Church of San Miguel and San Julián ဘုရားရှိခိုးကျောင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

“အလန်ဇို။ မင်းဘာမှမတတ်နိုင်တာအတွက် စိတ်မကောင်းဖြစ်မနေနဲ့။ ဒါမျိုးက မလုပ်သင့်တာကို သွားလုပ်လို့ ခံရတာ ”

“ ဟုတ်ပါတယ် ဖာသာ ”

ဘုန်းတော်ကြီး ဂျိုးဇက်က ဘုန်းတော်ကြီးအလန်ဇို၏ ပခုံးကိုအသာပုပ်ပြီး နှိမ့်သိမ့်စကားဆိုလိုက်သည်။

“MARIANELA ဆိုတာ ဘယ်သူလဲလို့ သိရင် မင်းအတော်အံ့သြသွားလိမ့်မယ် ”

“ မာရီယာနယ်လာဆိုတာ ဘယ်သူလဲ ဖာသာ ”

“ ဒီမှာကြည့်အလန်ဇို ”

ဘုန်းတော်ကြီး ဂျိုးဇက်က သတင်းစာတစ်စောင်ကို ဖြန့်ပြလိုက်သည်။ သတင်းစာထဲတွ် ရေးသားထားသည်က မာရီ ယာနယ်လာဆိုသူအမျိုးသမီးကြီးသည် တစ်ချိန်က ဘဏ်ဓားပြတိုက်ခြင်း၊ လူသတ်မှုများကျူးလွန်ခြင်းတို့ကျူးလွန်ခဲ့ဖူး သည်။ သူမသည်အသက်သုံးဆယ့်ငါးနှစ်အရွယ်တွင် စပိန်နိုင်ငံ Algeciras မြို့ရှိ Botafuegosအကျဉ်း ထောင်၌ ထောင် နှစ်နှစ်ဆယ်ကျော်ကျခံခဲ့ရပြီးအသက်ငါးဆယ်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ သူမသည် Madrid မြို့ တွင် နေထိုင် သူဖြစ်သော်လည်း ထောင်မှ လွတ်မြောက်သည့်အခါ VALLADOLID မြို့သို့ပြောင်းရွှေ့ခဲ့ပြီး ထိုမြို့မှာပင် ဆုံးပါး ခဲ့ပါသည်။ သူမ၏ နောက်ဆုံးခရီးသည်လည်းအဆိုးဝါးဆုံးဖြစ်ခဲ့ရသည်။ VALLADOLID မြို့မှ မူးယစ်ဆေးစွဲနေသူ လူငယ်များက သူမအား မသေမရှင် ညှင်းပန်းသတ်ဖြတ်ခဲ့ကြလေသည်။

“ ဒါဆို ဘလန်ကိုတို့ လေးယောက် သင်္ချိုင်းမှာအရက်သောက်ကြကတည်းကအဘွားကြီးက စောင့်ကြည့်နေတာ ထင်တယ် ဖာသာ ”

“ ဖြစ်နိုင်တယ်။ သူက လူငယ်တွေကို မုန်းတီးနေတဲ့အပြင် ဘလန်ကိုတို့က မထီလေးစား သွားလုပ်မိတာကိုး။ ပြီးတာလည်း ပြီးသွားပြီ။ စိတ်ထဲမှာ ဘာမှမထားနဲ့တော့။ သေဆုံးသွားသူတွေရဲ့အုတ်ဂူတွေကို ဖျက်စီးတာ၊ မလေးမစားလုပ်တာ၊ နာမည်ကဗျည်းထိုးထားတဲ့ မှတ်တိုင်တွေကို ဖျက်စီးတာမျိုးက မလုပ်သင့်တဲ့အလုပ်တွေ ”

“ မှန်ပါတယ် ဖာသာ ”

“ လုပ်စရာရှိတာလုပ်တော့အလွန်ဇို ”

“ ဟုတ်ကဲ့ ဖာသာ ”

အနားမှ ထွက်ခွာသွားသည့် ဘုန်းတော်ကြီး ဂျိုးဇက်၏ ကျောပြင်ကိုကြည့်ရင်း ဘုန်းတော်ကြီးအလွန်ဇိုတစ်ပါးအတွေးများစွာဖြင့် နေရာမရွေ့ ရပ်နေမိလေတော့သတည်း။

***************

( ဘာသာပြန်စာပေမဟုတ်ပါ။ ကိုယ်တိုင်ရေးဖြစ်ပါသည် )

Zawgyi Version

“သခ်ႋဳင္းမွတ္တိုင္”(စ/ဆံုး)
———————————-
ေႏြဦးရာသီအစမို႔ စပိန္ႏိုင္ငံ ဗယ္လာဒိုလစ္ ( VALLADOLID ) ၿမိဳ႕ေလးက သာယာလွပေနသည္။ စပိန္ႏိုင္ငံတြင္ ေႏြရာသီသည္ ဇြန္လမွ ၾသဂုတ္လအထိသုံးလတာမွ်သာရွိၿပီး တစ္ခါတစ္ရံမွသာ စက္တင္ဘာလအထိ ေႏြရာသီ၏အရသာကို ခံစားႏိုင္ေပသည္။

ေႏြဦးရာသီအစမို႔ စပိန္ႏိုင္ငံ ဗယ္လာဒိုလစ္ ( VALLADOLID ) ၿမိဳ႕ေလးက သာယာလွပေနသည္။ စပိန္ႏိုင္ငံတြင္ ေႏြရာသီသည္ ဇြန္လမွ ၾသဂုတ္လအထိသုံးလတာမွ်သာရွိၿပီး တစ္ခါတစ္ရံမွသာ စက္တင္ဘာလအထိ ေႏြရာသီ၏အရသာကို ခံစားႏိုင္ေပသည္။

“ ဘလန္ကို ဒီေန႔ ဘာအစီအစဥ္ရွိသလဲ ”

“ ထူးထူးျခားျခားေတာ့မရွိဘူးအာမန္ဒို။ မင္းမွာေရာ ဘာအစီအစဥ္ရွိသလဲ ”

“ မင္းမွာ ဘာမွလုပ္စရာမရွိရင္ ဘတ္စကက္ေဘာ သြားကစားၾကမယ္ ”

“ မင္းနဲ႔ငါ ႏွစ္ေယာက္တည္းလား ”

“ ဟိုႏွစ္ေကာင္ကိုပါ ေခၚမယ္ေလ ”

“ ကားလို႔စ္နဲ႔ ဒယ္လ္မာလား ”

“ ဟုတ္တယ္ ”

“ သူတို႔ကို ဖုန္းအရင္ဆက္ၾကည့္ပါလားအာမန္ဒို ”

“ ဆက္မေနေတာ့ဘူး ဘလန္ကို။ ဒီေကာင္ေတြ ဘယ္မွ မသြားေလာက္ဘူး။ ငါတို႔အခုသြားၾကမလား ”

“ သြားေလ၊ ငါအဝတ္အစားလဲလိုက္ဦးမယ္ ”

“ လဲမေနနဲ႔ေတာ့။ ငါလည္း ဒီအတိုင္းပဲသြားမွာ ”

“အိုေကေလ၊ သြားၾကတာေပါ့ ”

ဘလန္ကိုႏွင့္အာမန္ဒိုတို႔ႏွစ္ေယာက္ ဘလန္ကို၏အိမ္ေရွ႕တြင္ရပ္ထားသည့္ Peugeot‎ ကားေပၚသို႔တက္ကာ ကားလို႔စ္ထံသို႔ ထြက္လာခဲ့ၾကသည္။

*************

Peugeotအနီေရာင္ကားေလးက VA-20အေဝးေျပးလမ္းမႀကီးေပၚတြင္ ေတာင္ဘက္မွ ေျမာက္ဘက္သို႔ တရိပ္ရိပ္ ေျပးေနသည္။

“ ဘယ္သြားမလို႔လဲ ဘလန္ကို ”

“အရက္သြားေသာက္ၾကမလို႔ေလ ”

“အရက္ေသာက္တာ ဘားမွာေသာက္လည္းရတာပဲ။ ၿမိဳ႕ျပင္ကို ဘာျဖစ္လို႔ ထြက္လာရတာလဲ ”

ကားေနာက္ခန္းတြင္ထိုင္ေနသည့္ ဒယ္လ္မာကို ဘလန္ကိုက ကားေနာက္ၾကည့္မွန္မွတဆင့္လွမ္းၾကည့္ၿပီး ၿပဳံးရင္း ေျပာလိုက္သည္။

“ သခ်ႋဳင္းမွာ သြားေသာက္မလို႔ကြ ”

“ ဟား…..ဟား….။ မင္းကေတာ့ တစ္ခုမဟုတ္ တစ္ခုခု ေပါက္ကရလုပ္မွ ေပ်ာ္တဲ့ေကာင္ပါလား ဘလန္ကို ”

“ သခ်ႋဳင္းမွာအရက္ေသာက္ရတာေအးခ်မ္းတယ္ကြ။ ဘားဆိုင္က လူရႈပ္တယ္။ ဟိုတစ္ေလာကလည္း ငါတို႔ေတြရန္ျဖစ္ လို႔အခ်ဳပ္ခန္းထဲေရာက္တာ မွတ္မိတယ္ မဟုတ္လား ”

“အဲဒါ ငါတို႔ကို ျပႆနာရွာလို႔ ဒယ္လ္မာက စၿပီးထိုးလိုက္တာေလ ”

“ ငါေတာ့ မသြားခ်င္ဘူးကြာ။ ဘတ္စကက္ေဘာ ကစားထားတာ ေညာင္းေနၿပီကြ ”

“ ဒယ္လ္မာ၊ မင္းက ေတာ္တာ္ ေပ်ာ့ညံ့တဲ့ေကာင္ပဲ။ ငါတို႔ေတာင္ဘာမွမျဖစ္ဘူး။ မင္းမလိုက္ခ်င္လည္း ေနခဲ့ေတာ့ ”

“ ဒီေနရာက တကၠစီဘယ္လိုစီးလို႔ရေတာ့မွာလဲကြ။ မင္း႐ူးေနလား ဘလန္ကို ”

“ ဟား….ဟား…..။ လိုက္ခဲ့စမ္းပါ ဒယ္လ္မာရာ။ မနက္ျဖန္ ေက်ာင္းလည္းတက္ရတာမွ မဟုတ္တာ ”

“ ေက်ာင္းမတက္ရေပမယ့္ ငါ့မိဘေတြနဲ႔ ဘုရားရွိခိုးဖို႔ သြားရဦးမွာကြ ”

“ ေတာ္စမ္းပါ ဒယ္လ္မာရာ။ ဘုရားေက်ာင္းမွာ မိန္းကေလးေတြ ပိုးပန္းဖို႔သြားမယ္လို႔ ေျပာစမ္းပါ ”

“ ဟား…ဟား…….. ”

“ ဘာရယ္တာလဲအာမန္ဒို ”

“ ဘလန္ကိုေျပာတာ သေဘာက်လို႔ကြ။ သူေျပာတာလည္း ဟုတ္ေနတာကိုး ”

ဒယ္လ္မာက မည္သည့္စကားမွျပန္မေျပာေတာ့ပဲအျပင္ဘက္သို႔ေငးၾကည့္ၿပီး တိတ္ဆိတ္သြားေလသည္။

“ ဘယ္သခ်ႋဳင္းကို သြားမလို႔လဲ ဘလန္ကို ”

“ Carmen သခ်ႋဳင္းကို သြားမယ္အာမန္ဒို။အဲဒီမွာက တိတ္ဆိတ္တယ္။ သာလည္း သာယာတယ္ ”

“ မင္းကေတာ့လုပ္ၿပီ။အဲဒီသခ်ႋဳင္းက နာမည္ေက်ာ္ကြ။အေလာင္းျပင္ေပးတဲ့သူေတာင္ ထြက္ေျပးရတဲ့ သခ်ႋဳင္း ”

“ ေၾကာက္လို႔လား ဒယ္လ္မာ ”

“ ငါက ေၾကာက္တတ္တဲ့သူမဟုတ္ဘူးဆိုတာ မင္းလည္း သိသားပဲ ဘလန္ကို။ ဟိုသုံးေကာင္ကိုသာ ေမးၾကည့္ ”

“ ေဟ့ေကာင္..ဒယ္လ္မာ။ မင္းလည္းမေၾကာက္တတ္သလို ငါတို႔လည္း မေၾကာက္တတ္ဘူးကြ ”

ကားလို႔စ္ေျပာလိုက္သည့္စကားကိုအာမန္ဒိုကပါ ေထာက္ခံလိုက္သည္။

“ ဟုတ္တယ္။ ကားလို႔စ္ေျပာတာ မွန္တယ္။ မင္းလည္း ေယာက္်ား၊ ငါတို႔လည္းေယာက္်ား။ ဘာမွေၾကာက္စရာမလိုဘူး ေဟ့ေကာင္။ ႏြားသိုးတိုင္း ေဝွ႔တတ္ပါတယ္ကြ ”

“ေအးပါကြာ၊ ေစာင့္ၾကည့္တာေပါ့။ ညမိုးခ်ဳပ္တဲ့အထိေသာက္ၾကမယ္ ဘလန္ကို ”

“ စိန္လိုက္ေလ ဒယ္လ္မာ ”

“ ညအထိေသာက္မေနနဲ႔၊ သခ်ႋဳင္းမွာ ညပါအိပ္မယ္ ေဟ့ေကာင္ေတြေရ ”

“ ဟား….ဟား….ႀကိဳက္ၿပီ ကားလို႔စ္ေရ…. ”

***************

ညက တိတ္ဆိတ္ေနေလၿပီ။ သုသာန္အဝင္ လမ္းမႀကီးတစ္ဖက္တစ္ခ်က္တြင္အစီအရီရွိေနၾကသည့္ သစ္ပင္ႀကီး မ်ားကအေမွာင္ထုထဲတြင္ ေျခာက္ျခားဖြယ္ရာ ေကာင္းေနေပသည္။ Carmen သုသာန္အတြင္း ထြန္းထားသည့္ မီးတိုင္အခ်ိဳ႕မွအလင္းေရာင္က မီးတိုင္မ်ားအနီးတစ္ဝိုက္တြင္သာ ျဖန႔္က်က္ထားသျဖင့္ ဘလန္ကိုတို႔အရက္ေသာက္ေနသည့္ ေနရာတြင္ ေမွာင္မိုက္ေနေလသည္။ သုသာန္အလယ္ရွိ Jose Zorrillaအထိမ္းအမွတ္ ႐ုပ္တုႀကီးက ထီးထီးမားမားျဖင့္ ညဦးယံကိုအန္တုေနေလသည္။

“ $%#@ ”

“ ေဟ့ေကာင္…….ဒယ္လ္မာ၊ ဘာျဖစ္ေနတာလဲ ”

“ ဆဲေနတာေလ ”

“ ဘယ္သူ႔ကို ဆဲေနတာလဲ ”

“ မင္းမေတြ႕လိုက္ဘူးလား ”

“ ဘာကိုေတြ႕လိုက္လို႔လဲ ”

“ ဟိုအုတ္ဂူနားမွာ ဆံပင္ဖားလားနဲ႔အဘြားႀကီးတစ္ေယာက္ ရပ္ၾကည့္ေနတာ ”

“ ငါ မျမင္ပါဘူး ”

“ ဟုတ္တယ္၊ ငါလည္း မျမင္မိပါဘူး ”

ကားလို႔စ္ႏွင့္ ဘလန္ကိုက ဒယ္လ္မာကို နားမလည္သလိုၾကည့္ရင္း ေျပာလိုက္သည္။

“ မင္းတို႔သာ မျမင္ရဘူးေျပာေန။ ဟိုေနရာကိုအေသအခ်ာၾကည့္ၾက ေဟ့ေကာင္ေတြ ”

ဒယ္လ္မာ လက္ညႇိဳးၫႊန္ျပရာသို႔ ဘလန္ကိုတို႔ၾကည့္လိုက္သည့္အခါအုတ္ဂူကို ကြယ္ၿပီး ရပ္ေနသည့္ ဆံပင္ဖား လားခ်ထားသည့္အမ်ိဳးသမီးႀကီးကို ျမင္ေတြ႕လိုက္ၾကေလသည္။

“ ဒီအခ်ိန္ ဒီေနရာမွာ လူေတာ့ မဟုတ္ေလာက္ဘူး ကားလို႔စ္။ သရဲပဲေနမယ္။ သြားၾကည့္မယ္ကြာ ”

“ သြားၾကမယ္ ”

“ ငါတို႔လည္း လိုက္မယ္ ”

အေရွ႕မွ ဦးေဆာင္သြားသည့္ ဘလန္ကို၏အေနာက္မွ ဒယ္လ္မာတို႔ လိုက္သြားၾကသည္။အုတ္ဂူအနီးသို႔ေရာက္ လွ်င္ ဆံပင္ဖားလားခ်ထားသည့္အမ်ိဳးသမီးႀကီးကို ထင္ထင္ရွားရွားျမင္ေတြ႕လိုက္ရသျဖင့္ ေရွ႕ဆုံးမွ ဘလန္ကိုတစ္ ေယာက္ ေျခလွမ္းမ်ား တုန႔္ကနဲ ရပ္တန႔္သြားသျဖင့္အေနာက္မွကပ္လိုက္လာသည့္ ဒယ္လ္မာတို႔လည္း ခ်က္ခ်င္းရပ္ လိုက္ၾကသည္။အျဖဴေရာင္ဆံပင္မ်ားကို ဖားလားခ်ထားၿပီး ဂါဝန္အျဖဴဝတ္ဆင္ထားသည့္အမ်ိဳးသမီးႀကီးသည္အသက္ ခုနစ္ဆယ္ေက်ာ္ခန႔္ရွိမည့္အဘြားအိုတစ္ဦးဟု ယူဆရသည္။

“ ခင္ဗ်ား ဘယ္သူလဲ ”

ဘလန္ကိုကအမ်ိဳးသမီးကိုေမးရင္းအနီးကပ္ဆုံးျဖစ္ေအာင္ တျဖည္းျဖည္းခ်င္းတိုးကပ္သြားေလသည္။အမ်ိဳးသမီး ႀကီးႏွင့္ ေျခလွမ္းဆယ္လွမ္းအကြာသို႔အေရာက္တြင္ ဘလန္ကိုတို႔ မ်က္လုံးျပဴးၿပီး ဆံပင္ေမြးမ်ား ေထာင္ထသြားၾကေလ ေတာ့သည္။အမ်ိဳးသမီးႀကီး၏ မ်က္လုံးမ်ားက ေဟာက္ပက္ျဖစ္ေနၿပီး ပါးရည္နားေရမ်ားတြဲက်ေနကာ ထိတ္လန႔္စရာအသြင္ကို ေဆာင္ေနေလသည္။

“ ခင္ဗ်ား ဘယ္သူလဲလို႔ ေမးေနတယ္ ”

ဘလန္ကိုေမးလိုက္သည့္အခ်ိန္မွာပင္အမ်ိဳးသမီးႀကီးကအုတ္ဂူထဲသို႔ တိုးဝင္ၿပီးေပ်ာက္ကြယ္သြားသျဖင့္ ဘလန္ကို တို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္လိုက္ၾကသည္။

“ ဘလန္ကို….အဲဒီအဘြာႀကီးက သရဲပဲကြ။ ေတြ႕ၾကေသးတာေပါ့ကြာ ”

ကားလို႔စ္က ေျပာေျပာဆိုဆိုျဖင့္အမ်ိဳးသမီးႀကီး တိုးဝင္ေပ်ာက္ကြယ္သြားသည့္အုတ္ဂူအနီးသို႔သြားကာအေသအခ်ာ ၾကည့္လိုက္သည္။

MARIANELA

1908 – 1976

“ ဘလန္ကို……ဒီမွာ လာၾကည့္စမ္း ”

“ ဘာလဲ ကားလို႔စ္ ”

“ MARIANELA တဲ့ကြ။ ၁၉၀၈ခုႏွစ္မွာေမြးၿပီး ၁၉၇၆မွာ ဆုံးသြားတာ ”

“ ဒါဆိုအဘြားႀကီး ေသတဲ့အခ်ိန္မွာ ေျခာက္ဆယ့္ရွစ္ႏွစ္ရွိေနၿပီေပါ့ ”

“ ဟုတ္တယ္။အုတ္ဂူကလည္း ၾကည့္မယ့္ေဆြမ်ိဳးေတြမရွိေတာ့ဘူးထင္တယ္။ နာမည္ထိုးထားတာကလည္းအျခား သူေတြလိုမဟုတ္ဘူး။ ေက်ာက္ျပားနဲ႔ကပ္ထားတာကြ။ ေသာက္အဘြားႀကီး၊ ငါတို႔ကိုမ်ား လာေျခာက္ရတယ္လို႔ ”

ကားလို႔စ္ကအုတ္ဂူကို ေျခေထာက္ျဖင့္ ေဆာင့္ကန္ေလသည္။

“ ဒီေလာက္ ေျခာက္လွန႔္ခ်င္တဲ့အဘြားႀကီး။ သူ႔နာမည္ကို ကေလာ္ထုတ္လိုက္ကြာ ”

“ လုပ္ၾကမယ္ ေဟ့ေကာင္ေတြ။ ဒါမွ ထပ္မေျခာက္ရဲေတာ့မွာ ”

ဒယ္လ္မာႏွင့္အာမန္ဒိုကလည္း ေထာက္ခံၾကသျဖင့္ ကားလို႔စ္ကအသင့္ပါလာသည့္ ဓားေျမႇာင္ေလးျဖင့္ နာ မည္ကဗ်ည္းထိုးထားသည့္ ေက်ာက္ျပားကို ခြာထုတ္ေလေတာ့သည္။ ဓားေျမႇာင္အေႏွာင့္ျဖင့္ ထုႏွက္လိုက္ ဓားဦးျဖင့္ ထိုး ခြာလိုက္ႏွင့္ ျပဳလုပ္အၿပီး မၾကာခင္မွာပင္ နာမည္ကဗ်ည္းထိုးထားသည့္ ေက်ာက္ျပားခ်ပ္လည္း ကြာသြားေလေတာ့သည္။

“ ကားလို႔စ္၊ ငါ့ကိုအဲဒီေက်ာက္ျပားေပးစမ္းကြာ ”

“ ဘာလုပ္မလို႔လဲအာမန္ဒို ”

“ ေပါက္ခြဲၿပီး၊ ေသးနဲ႔ပန္းမလို႔ ”

“ ေကာင္းတယ္ကြ။ ငါတို႔ေလးေယာက္စလုံး ေသးနဲ႔ပန္းၾကမယ္။ ဟား…ဟား…. ”

အာမန္ဒိုက ကားလို႔စ္လက္ထဲမွ နာမည္ေရးထိုးထားသည့္ ေက်ာက္ျပားကို လွမ္းယူလိုက္ၿပီး ေျမႀကီးေပၚသို႔ ကိုင္ေပါက္လိုက္သည္။

“ ခြမ္း……. ”

အားႏွင့္ လႊဲေပါက္လိုက္ေသာ္လည္း ေက်ာက္ျပားက မကြဲသျဖင့္အာမန္ဒိုက ေက်ာက္ျပားကို ျပန္ေကာက္ၿပီး ေနာက္တစ္ႀကိမ္ ေပါက္ခြဲျပန္သည္။ ဒုတိယအႀကိမ္ ကိုင္ေပါက္ေသာ္လည္း ေက်ာက္ျပားက ကြဲသြားျခင္းမရွိသည့္အတြက္ တစ္ေယာက္တစ္လဲ ကိုင္ေပါက္ၾကျပန္သည္။ သို႔ေသာ္လည္း ေက်ာက္ျပားက ကြဲသြားျခင္းမရွိသည့္အတြက္ လက္ေလွ်ာ့ ကာ ေက်ာက္ျပားေပၚသို႔ ေလးေယာက္သား တန္းစီၿပီးအေပါ့စြန႔္ၾကေလေတာ့သည္။

“ ျပန္ၾကမလား ဘလန္ကို။ မနက္ တစ္နာရီထိုးေတာ့မယ္ ”

“ မင္းတို႔ ဆက္ေသာက္ခ်င္ၾကေသးလား ”

“ ငါေတာ့ မေသာက္ေတာ့ဘူး ”

“ ငါလည္းေတာ္ၿပီ ဘလန္ကို ”

“ ငါလည္း မေသာက္ေတာ့ဘူးကြာ ”

အာမန္ဒိုတို႔သုံးေယာက္က ဆက္မေသာက္ခ်င္ေတာ့ေၾကာင္း ေျပာလာၾကသျဖင့္ ဘလန္ကိုလည္း လက္ေလွ်ာ့ လိုက္ေလေတာ့သည္။

“ ဒါဆိုလည္း ျပန္ၾကတာေပါ့ကြာ။ ကားဆီ သြားၾကမယ္ ”

***************

မနက္အိပ္ရာမွ ႏိုးသည့္အခ်ိန္တြင္ ဘလန္ကိုတစ္ေယာက္ ကိုယ္လက္မ်ားနာက်င္ေနသည္။ နာရီၾကည့္လိုက္ သည့္အခါ မနက္ဆယ့္တစ္နာရီ ေက်ာ္ေနေလၿပီ။ တစ္အိမ္လုံး တိတ္ဆိတ္ေနသျဖင့္ တနဂၤေႏြေန႔မို႔အိမ္သားအားလုံး ဘုရားေက်ာင္းသို႔သြားၾကေၾကာင္း ဘလန္ကို သေဘာေပါက္လိုက္သည္။ မ်က္ႏွာသစ္ရန္အတြက္အိပ္ရာမွ ထလိုက္ၿပီး လိုက္ကာကို ဆြဲဖြင့္လိုက္သည္။ စူးရွသည့္ ေနေရာင္က မွန္ျပဴတင္းေပါက္မွ တိုးဝင္လာသျဖင့္ လိုက္ကာကို ျပန္ပိတ္ လိုက္ၿပီး ေရခ်ိဳးခန္းသို႔ ထြက္လာခဲ့ေလသည္။

“ ဟာ….ဘုရားသခင္….. ”

ေရခ်ိဳးခန္းထဲသို႔ ဝင္ဝင္ခ်င္း လက္ေဆးေဘစင္ေပၚမွ မွန္ကိုၾကည့္လိုက္သည့္အခါ ခႏၲာကိုယ္ေပၚမွအညိဳအမည္းစြဲ ေနသည့္ဒဏ္ရာမ်ားကို ျမင္ေတြ႕လိုက္ရသျဖင့္ ဘလန္ကိုတစ္ေယာက္အထိတ္တလန႔္ျဖင့္ ဘုရားတလိုက္ေလသည္။ လည္ပင္းႏွင့္ ရင္ဘတ္ေပၚရွိအညိဳအမည္းဒဏ္ရာမ်ားက ထိုးႏွက္႐ိုက္ပုတ္မႈေၾကာင့္ ရရွိသည့္ ဒဏ္ရာမ်ားႏွင့္အလား သဏၭာန္တူေနသည္။ ယမန္ေန႔ညက သခ်ႋဳင္းတြင္အရက္သြားေသာက္ခဲ့စဥ္က ထိခိုက္ဒဏ္ရာရႏိုင္သည့္အျပဳအမူမ်ိဳး လုံးဝမလုပ္ခဲ့ေၾကာင္း ဘလန္ကို သိပါသည္။ ထိုဒဏ္ရာမ်ား မည္သို႔မည္ပုံရခဲ့သည္ကိုလည္း စဥ္းစားမရသျဖင့္ မ်က္ႏွာအျမန္သစ္ကာ မနက္စာစားရန္ေအာက္ထပ္ မီးဖိုေဆာင္သို႔ ဆင္းလာခဲ့ေလေတာ့သည္။

****************

“ ဝုတ္…ဝုတ္…… ဂီး……. ”

“ ေဟ့ေကာင္…မက္စ္….ဘာျဖစ္ေနတာလဲ ”

သြားၿဖီးကာ မာန္ဖီေနသည့္ ဂ်ာမန္ေခြးႀကီး မက္စ္အားအာမန္ဒိုက တအံ့တၾသၾကည့္ၿပီး ေျပာလိုက္သည္။ မက္စ္ သည္အာမန္ဒိုေမြးျမဴထားသည့္ ေခြးတစ္ေကာင္ျဖစ္ၿပီး သခင္ကိုလည္းအလြန္သိတတ္သည္။ ထြားႀကိဳင္းသန္မာလြန္းၿပီး ေဒါသႀကီးလြန္းသည့္ မက္စ္သည္အာမန္ဒို၏ကိုယ္ေပၚေရာက္လွ်င္အ႐ုပ္တစ္႐ုပ္လိုျဖစ္သြားတတ္သည္။ ယခုအခါ မက္စ္က မာန္ဖီၿပီး ထိုးေဟာင္ေနသျဖင့္အာမန္ဒို စဥ္းစားမရျဖစ္ေနမိသည္။

“ မား…..၊ မား…. ”

“ ဆယ္လီနာ…….ဆယ္လီနာ…. ”

“ ဘာလဲအာမန္ဒို၊ မာမီမရွိဘူး ”

အာမန္ဒို၏အစ္မျဖစ္သူ ဆယ္လီနာက ေလွ်ာ္ဖြတ္မည့္အဝတ္အစားမ်ားကို ယူလာရင္းအာမန္ဒိုကို ေမးလိုက္ သည္။

“ မက္စ္ကိုအစာေကြၽးၿပီးၿပီလား ”

“ ေကြၽးၿပီးၿပီေလ၊ ဘာျဖစ္လို႔လဲ ”

“ ဒီေကာင္ဘယ္လိုျဖစ္ေနသလဲ မသိဘူး။ ငါ့ကို မာန္ဖီေနတယ္ ”

“ နင္က ဘာသြားလုပ္ထားသလဲမွ မသိတာ ”

“ ဘာမွ မလုပ္ပါဘူးဟ။ မေန႔က တစ္ေန႔လုံးအျပင္ေရာက္ေနတာေလ။ မေန႔မနက္အထိအေကာင္းပါ ”

“ ညက နင့္အခန္းထဲ လာမအိပ္ဘူးလား ”

“ ငါမနက္ႏွစ္နာရီျပန္ေရာက္ေတာ့ မက္စ္ကို မေတြ႕ဘူး။ ဘယ္မွာ သြားအိပ္သလဲ မသိဘူး ”

“ နင့္အခန္းမွာအတူမအိပ္ရလို႔ စိတ္ဆိုးေနတာ ေနမွာေပါ့။ ဒါမွမဟုတ္ သူနဲ႔လမ္းထြက္မေလွ်ာက္လို႔လည္ ျဖစ္ႏိုင္တာပဲ။ သူ႔ကို ေခ်ာ့လိုက္ပါ ”

“ ျဖစ္ႏိုင္တယ္။ လာ….လာ…မက္စ္ ”

“ ဂီး……..ဂီး……….. ”

အစြယ္တေဖြးေဖြး သြားရည္တျမားျမားႏွင့္ ရန္လိုၿပီး မာန္ဖီေနသည့္ မက္စ္အနီးသို႔အာမန္ဒိုအသာကပ္သြားခ်ိန္ တြင္ မက္စ္ကအာမန္ဒိုကို မာန္ဖီရင္းအေနာက္သို႔ တျဖည္းျဖည္းခ်င္း ဆုတ္သြားေလသည္။

“ စိတ္မဆိုးပါနဲ႔ကြ။ ဘယ္လိုျဖစ္ရတာလဲ။ ငါ့ဆီလာစမ္းပါဦး။ လမ္းထြက္ေလွ်ာက္မယ္ေလ ”

“ ဂီး………… ”

မက္စ္၏ဦးေခါင္းအားအာမန္ဒို လွမ္းကိုင္လိုက္သည့္အခ်ိန္တြင္ မက္စ္ကအာမန္ဒို၏လည္ၿမိဳကို ခုန္ဟပ္ၿပီး မလႊတ္စတမ္း ခဲထားေလေတာ့သည္။

“အား…..ကယ္ပါဦး….။ ဆယ္လီနာ….ဆယ္လီနာ…… ”

“ ေဟ့….ေဟ့……..ရႈး…ရႈး……. ”

အာမန္ဒို၏အစ္မ ဆယ္လီနာကအဝတ္မ်ားကို ပစ္ခ်ၿပီး မက္စ္ကို ေမာင္းထုတ္ေသာ္လည္း ခႏၲာကိုယ္ ထြားႀကိဳင္း လွသည့္မက္စ္ကအာမန္ဒို၏လည္ၿမိဳကိုခဲကာ ဆြဲခါေနေလသည္။ ေရာ့တ္ဝီလာ ( Rottweiler )ဂ်ာမန္ ေခြးအမ်ိဳးအစား၏အစြယ္မ်ားကအာမန္ဒို၏ လည္ၿမိဳထဲသို႔ ထိုးေဖာက္ဝင္ေရာက္ေနၾကေလၿပီ။ ေသြးမ်ားဒလေဟာထြက္ကာ တဆတ္ဆတ္ တုန္ေနသည့္အာမန္ဒိုကိုၾကည့္ၿပီး ဆယ္လီနာလည္းအိမ္နီးနားျခင္းမ်ားကိုေအာ္ဟစ္အကူအညီေတာင္းရေလေတာ့ သည္။

အိမ္နီးနားျခင္းမ်ား ေရာက္လာသည့္အခါတြင္ မက္စ္ကို ဝိုင္းဆြဲေသာ္လည္းအာမန္ဒို၏လည္ၿမိဳကို မလႊတ္စတမ္း ကိုက္ခဲၿပီး ဆြဲခါေနသျဖင့္အိမ္နီးနားခ်င္းတစ္ဦးမွ ေသနတ္ေျပးယူကာ ပစ္သတ္လိုက္ရေတာ့သည္။အာမန္ဒိုအား ေဆး႐ုံသို႔အခ်ိန္မီပို႔ေသာ္လည္း လမ္းခုလပ္မွာပင္အသက္ဆုံးရႈံးသြားခဲ့ေလသည္။

***************

အာမန္ဒို ေသဆုံးရျခင္းအတြက္ စိတ္မေကာင္းသျဖင့္ ကားလို႔စ္တစ္ေယာက္ ညစာစားၿပီးေနာက္ စိတ္ေျပလက္ ေပ်ာက္အျဖစ္အခန္းထဲတြင္ ဂိမ္းကစားေနသည္။ေအာက္ထပ္တြင္ ညီမႏွစ္ေယာက္ စကားမ်ားေနၾကသည့္အသံကအ ေပၚထပ္ခိုးတြင္ ေနထိုင္သည့္ ကားလို႔စ္၏အခန္းထဲမွအတိုင္းသားၾကားေနရသည္။ တံခါးေဆာင့္ပိတ္သံ၊ ရန္ျဖစ္သံမ်ား ဆူညံေနသျဖင့္ ဂိမ္းကစားရသည္မွာအဆင္မေျပေတာ့ေပ။ ထို႔ေၾကာင့္အိမ္ေအာက္ထပ္သို႔ ဆင္းလာခဲ့ၿပီး Parque de Canterac ပန္းၿခံဘက္သို႔ ထြက္လာခဲ့ေလသည္။ ညေန ခုနစ္နာရီဆိုေသာ္လည္းအလင္းေရာင္ရွိေနေသးသည္။ သို႔ေသာ္ လည္း လူသြားလူလာ ျပတ္ေနေလၿပီ။ ပန္းၿခံထဲရွိ သစ္သားခုံေပၚတြင္ထိုင္ရင္း ပတ္ဝန္းက်င္ကို ၾကည့္ရႈေနမိသည္။ ထိုအခ်ိန္မွာပင္ လက္ကိုင္ဖုန္းေခၚဆိုသံၾကားလိုက္သျဖင့္ ေဘာင္းဘီအိတ္ထဲမွ လက္ကိုင္ဖုန္းကိုထုတ္ကာ ၾကည့္လိုက္ သည္။ ဘလန္ကို ေခၚဆိုသည့္ ဖုန္းျဖစ္ေနသျဖင့္ လက္ခံေျဖဆိုလိုက္ေလသည္။

“ ဘလန္ကို…..ဘာကိစၥရွိလို႔လဲ ”

“ မင္းအခု ဘယ္မွာလဲ ကားလို႔စ္ ”

“ ငါ Parque de Canterac ပန္းၿခံထဲမွာထိုင္ေနတယ္။အေရးႀကီးလို႔လား ”

“အေရးႀကီးတယ္ ကားလို႔စ္ ”

“ ဘာေတြျဖစ္ျပန္ၿပီလဲ ”

“ ငါ့ကိုယ္ေပၚမွာအညိဳအမည္းေတြျဖစ္ၿပီးအခုအနာေတြျဖစ္လာတယ္ ”

“ ဘုရားေရ၊ ဘယ္လိုျဖစ္ရတာလဲ ”

“ ငါလည္း မသိဘူး ကားလို႔စ္ ”

“ ေဆး႐ုံသြားၿပီး ျပၾကည့္ပါလား ”

“ မသြားရဲဘူး ကားလို႔စ္၊ ငါ့တစ္ကိုယ္လုံးမွာအနာေတြျဖစ္ေနၿပီ ”

“ မင္းအခုအိမ္မွာပဲလား ”

“ ဟုတ္တယ္ကားလို႔စ္။ ငါ့ဆီလာခဲ့ပါလား ”

“ မနက္ျဖန္မွလာေတာ့မယ္ကြာ ”

“ မနက္ျဖန္ေတာ့ ဆက္ဆက္လာကြာ ”

“ ေဆး႐ုံသြားလိုက္ ဘလန္ကို ”

“ေအးပါကြာ ”

ဘလန္ကို ဖုန္းခ်သြားသျဖင့္ ဖုန္းကို ေဘာင္းဘီအိတ္ထဲျပန္ထည့္ၿပီး ထိုင္ခုံေပၚတြင္ ဆက္ထိုင္ေနလိုက္သည္။ ညီအစ္မႏွစ္ေယာက္ ရန္ျဖစ္လွ်င္ ေတာ္႐ုံႏွင့္မၿပီး။ ပစၥည္းမ်ားေပါက္ခြဲျခင္း၊ေအာ္ဟစ္ဆဲဆိုျခင္းမ်ားလုပ္တတ္သျဖင့္ ရန္ပြဲၿပီးႏိုင္ေလာက္မည့္ ညဆယ္နာရီေလာက္မွအိမ္သို႔ျပန္မည္ဟု ဆုံးျဖတ္လိုက္ေသာ္လည္း လူသြားလူလာျပတ္ ေနသျဖင့္အိမ္သို႔ျပန္ရန္ ထိုေနရာမွ ထြက္လာခဲ့ေလေတာ့သည္။

**************

ညေနက ဘီယာအေသာက္မ်ားသြားသျဖင့္ ဆီးသြားခ်င္လာေသာေၾကာင့္ ဒယ္လ္မာတစ္ေယာက္အိပ္ေမာက် ေနရာမွ ႏိုးလာခဲ့သည္။အိမ္မႈန္စုံမႊားျဖင့္အိပ္ရာေပၚမွ ထလိုက္သည့္အခါအခန္းေထာင့္၌ ရပ္ေနသည့္အရာတစ္ခုကို ညအိပ္မီးေရာင္ေအာက္တြင္ ျမင္လိုက္သျဖင့္ မ်က္လုံးကိုပြတ္သပ္ၿပီး ထိုအရာကိုအေသအခ်ာၾကည့္လိုက္မိသည္။

“Dios mío…”

ဂါဝန္အျဖဴဖားဖား၊ ဆံပင္ျဖဴဖားလားခ်ထားၿပီး မ်က္တြင္းေဟာက္ပက္ႏွင့္ တေစၦအဘြားႀကီးကို ျမင္လိုက္ရသည့္အခိုက္ ထိတ္လန႔္ၿပီး စပိန္ဘာသာစကားျဖင့္ ဘုရားတလိုက္ေလသည္။ တေစၦ၏မ်က္လုံးမ်ားက မ်က္ဆံဟူ၍ မရွိဘဲ မ်က္တြင္းေဟာက္ ပက္ျဖစ္ေနသည့္အျပင္အ႐ိုးမ်ားကလည္း ေငါထြက္ေနသည္။

ဒယ္လ္မာက ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္အခန္မီးကို ေျပးဖြင့္လိုက္သည့္အခါ တေစၦအဘြားႀကီးလည္း ႐ုတ္ ခ်ည္း ေပ်ာက္ကြယ္သြားေလေတာ့သည္။ ဒယ္မာလည္းအေပါ့သြားခ်င္လာသျဖင့္ သန႔္စင္ခန္းထဲသို႔အျမန္ဝင္ၿပီးအေပါ့ သြားေလသည္။ ထိုအခ်ိန္မွာပင္ လက္ေဆးေဘစင္အေပၚမွ ၾကည့္မွန္ကို တစ္စုံတစ္ရာျဖင့္ ေရးျခစ္ေနသည့္အသံကို ၾကား သျဖင့္ မွန္ကိုလွမ္းၾကည့္လိုက္သည့္အခါ သြားတိုက္ေဆးဘူးက ေလထဲတြင္ေျမာက္တက္ေနၿပီး ၾကည့္မွန္ေပၚသို႔ သြား တိုက္ေဆးျဖင့္ ေရးျခစ္ေနသည္ကို ျမင္ေတြ႕လိုက္ရေလေတာ့သည္။

MARIANELA

Te mato

ၾကည့္မွန္ေပၚတြင္ ေရးျခစ္ထားသည့္အမည္ကို ျမင္ေတြ႕လိုက္သည္ႏွင့္အေပါ့သြားေနျခင္းကို ခ်က္ခ်င္းရပ္လိုက္ၿပီး သန႔္စင္ခန္းထဲမွ ထြက္ေျပးရန္ တံခါးကိုဆြဲဖြင့္လိုက္သည္။ သို႔ေသာ္လည္း တံခါးက ပြင့္မလာခဲ့ေပ။ ဒယ္လ္မာ၏နားထင္မွ ေခြၽးသီးမ်ား စီးက်လာေနေလၿပီ။ ထိုစဥ္ သန႔္စင္ခန္းနံရံကို ကုတ္ျခစ္သည့္အသံႏွင့္အတူ တေစၦအဘြားႀကီး၏ ႐ုပ္သဏၭာန္ ကလည္း တျဖည္းျဖည္းေပၚလာခဲ့ေလၿပီ။ သန႔္စင္ခန္းအမိုးေပၚမွ ေဇာက္ထိုးအေနအထားျဖစ္ေနသည့္ တေစၦအဘြား ႀကီးကို ၾကည့္ကာအသံကုန္ေအာ္ဟစ္အကူအညီေတာင္းရင္း သန႔္စင္ခန္းတံခါးကို ထုႏွက္ေလေတာ့သည္။

“ ဒယ္လ္မာ…….ဒယ္လ္မာ။ ဘာျဖစ္တာလဲ ”

ဒယ္လ္မာေအာ္ဟစ္ၿပီး သန႔္စင္ခန္းတံခါးကိုအားကုန္ ထုႏွက္ေနသျဖင့္အိမ္သားမ်ားႏိုးလာၿပီး သန႔္စင္ခန္းတံခါးကို ဆြဲဖြင့္လိုက္သည့္အခါမွ တံခါးပြင့္သြားၿပီး တေစၦအဘြားႀကီးလည္းေပ်ာက္ကြယ္သြားေလသည္။

“ တေစၦ….တေစၦေျခာက္လို႔ ”

“ ေနာက္စရာမဟုတ္ဘူး ဒယ္လ္မာ။ နင္ေဆးခ်ထားသလား၊ ဒါမွမဟုတ္ရင္အရက္အလြန္အကြၽံေသာက္ထားသလား ”

“ ငါ…ငါ ေဆးလည္းမခ်ဘူး၊အရက္လည္းေသာက္မထားဘူး။ ညေနက ဘီယာပဲေသာက္တယ္ ”

“ နင္႐ူးေနလား။ ဒီအိမ္မွာ ဘာတေစၦမွမရွိဘူး ”

“ ရွိတယ္……နင္တို႔မသိဘူး။ ဟို…ဟိုမွာၾကည့္။ မွန္….မွန္ေပၚမွာ ေရးထားတာ ”

“အို……. ”

ၾကည့္မွန္ေပၚတြင္ သြားတိုက္ေဆးျဖင့္ မာရီယာနယ္လာဆိုသည့္အမည္ႏွင့္အတူ မင္းကို ငါသတ္မယ္ဟုအဓိပၸါယ္ ရသည့္ စပိန္စာျဖင့္ ေရးသားထားသည့္စာကို ျမင္လိုက္ရသျဖင့္ ဒယ္လ္မာ၏အစ္မႏွင့္ ညီမျဖစ္သူတို႔ မ်က္လုံးျပဴးသြား ၾကသည္။

“ နင္ေရးတာမဟုတ္လား ဒယ္လ္မာ ”

“ ငါ…ငါေရးတာမဟုတ္ဘူး၊အဲဒါ တေစၦအဘြားႀကီးေရးတာ။ ငါက်ိန္ေျပာရဲပါတယ္ ”

“ နင္ ေကာင္းေကာင္းအနားယူလိုက္ ဒယ္လ္မာ ”

“ ငါေျပာရင္ နင္တို႔ယုံမွာမဟုတ္ဘူး။ ငါ…ငါေျပာျပမယ္ ”

ဒယ္လ္မာက ဘလန္ကိုတို႔ႏွင့္အတူ သခ်ႋဳင္းတြင္အရက္သြားေသာက္ၾကသည့္အေၾကာင္းႏွင့္ သခ်ႋဳင္းတြင္ ႀကဳံ ေတြ႕ခဲ့ရသည့္အေၾကာင္းကို မခြၽင္းမခ်န္ေျပာျပလိုက္သည့္အခါ ညီအစ္မႏွစ္ေယာက္စလုံး ပါစပ္ကို လက္ျဖင့္အုပ္၍အထိတ္တလန္ံျဖစ္ကုန္ၾကသည္။

“ နင္တို႔ ဘာျဖစ္လို႔အဲဒီလိုလုပ္ရတာလဲ ဒယ္လ္မာ။ ေသသူေတြရဲ႕ ဝိညာဥ္ကို မေႏွာက္ယွက္ရဘူး။ နင္တို႔လုပ္လို႔ ဟိုက ျပန္လုပ္တာေပါ့။ ဒီညအိပ္လိုက္ဦး။ မနက္က်မွ ဘုန္းေတာ္ႀကီးဆီသြားၿပီး ေရစင္ျဖန္းလိုက္ ”

“ ငါ…ငါ မအိပ္ရဲေတာ့ဘူး ကမီလာ ”

“ မအိပ္ရဲရင္လည္း တီဗီထိုင္ၾကည့္ဟာ။ ငါတို႔အိပ္ေတာ့မယ္ ”

အစ္မႏွင့္ ညီမတို႔ထြက္သြားလွ်င္ ဒယ္လ္မာလည္းအိမ္ေအာက္ထပ္ ဧည့္ခန္းသို႔ဆင္းလာခဲ့ၿပီး တီဗီဖြင့္ၾကည့္ေန လိုက္သည္။ တီဗီၾကည့္ရင္း ေက်ာမလုံသလို ခံစားရသျဖင့္အေနာက္သို႔ မၾကာခဏလွည့္ၾကရသည္ကလည္းအလုပ္ တစ္ခုလိုျဖစ္ေနသည္။ မျပဳလုပ္သင့္သည့္အရာကို ျပဳလုပ္ခဲ့မသိည့အမွားအတြက္ ေနာင္တရမိေသာ္လည္း ယခုအခ်ိန္တြင္ မည္သို႔မွ် မတတ္ႏိုင္ေတာ့ပါ။ မနက္မိုးလင္းမည့္အခ်ိန္ကိုသာ ထိုင္ေစာင့္ေန႐ုံမွတစ္ပါးအျခားမရွိေတာ့ေပ။

“ ကြၽီ…………..ဒုန္း……. ”

“ ဝိုး….ဘုရားသခင္ ကယ္ေတာ္မူပါ ”

တီဗီၾကည့္ေနစဥ္ နံေဘးတြင္ရွိသည့္ ႏွစ္ေယာက္ထိုင္ဆိုဖာႀကီးကအလိုလိုေ႐ြ႕သြားၿပီး နံရံႏွင့္တိုက္ကာ ၿငိမ္သက္ သြားသျဖင့္ ဒယ္လ္မာအလန႔္တၾကား ဘုရားတလိုက္မိသည္။ ထိုအခ်ိန္မွာပင္ မီးမ်ားက တဖ်ပ္ဖ်ပ္ႏွင့္ ပြင့္ခ်ည္ ပိတ္ခ်ည္ ျဖစ္ေနၾကေလၿပီ။

“ ေဖာင္း…….ခြမ္း……၊ ေဖာင္း…. ”

နံရံကပ္မီးလုံးမ်ား တစ္လုံးၿပီးတစ္လုံးေပါက္ကြဲကုန္သျဖင့္ ဒယ္လ္မာလည္း မေနရဲေတာ့ဘဲအိမ္အျပင္ဘက္သို႔ ထြက္ေျပးဖို႔ ျပင္လိုက္သည္။ ထိုစဥ္ ခႏၲာကိုယ္က ပက္လက္အေနအထားျဖင့္ ေလထဲသို႔ ေျမာက္တက္သြားၿပီးအေပၚ နံရံႏွင့္ ကပ္လုနီးပါးအထိ ေရာက္သြားေလသည္။

“ ကမီလာ…..ဘရီဆာ….ငါ့ကို ကယ္ၾကပါဦး….. ”

“ ကြၽီ……….. ”

အိမ္ေရွ႕တံခါးမႀကီးကအလိုလိုပြင့္သြားၿပီး တံခါဝတြင္ ဆံပင္ဖားလားခ်ထားသည့္ တေစၦအဘြားႀကီးကို ျမင္ေတြ႕လိုက္ရသည္။

“ ကမီလာ…..ဘရီဆာ….။ ကယ္ၾကပါဦး…. ”

“ ဝုန္း……… ”

အျမင့္မွ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သည့္အရွိန္ေၾကာင့္ ဒယ္လ္မာတစ္ေယာက္ မထႏိုင္ေတာ့ေပ။ ဒယ္လ္မာ၏ေအာ္သံေၾကာင့္ ကမီလာႏွင့္ ဘရီဆာတို႔လည္းအိပ္ေပ်ာ္ေနရာမွ ႏိုးလာၿပီးအိမ္ေပၚထပ္မွေျပး ဆင္းလာၾကသည္။

“အိုး…ဘုရားသခင္ ”

ကမီလာႏွင့္ ဘရီဆာတို႔ႏွစ္ေယာက္ ၾကမ္းျပင္ေပၚတြင္ လဲက်ေနသည့္ ဒယ္လ္မာဆီသို႔ ေျပးဆင္းလာသည့္အခ်ိန္ မွာပင္ ဒယ္လ္မာတစ္ေယာက္ေလထဲသို႔ေျမာက္တက္သြားၿပီး ခြန္အားႀကီးမားသည့္ တစ္စုံတစ္ေယာက္က ကိုင္ေပါက္လိုက္ သကဲ့သို႔ လြင့္စင္သြားၿပီး နံရံႏွင့္ ႐ိုက္မိကာ ျပဳတ္က်သြားေလသည္။

“ က..ကမီလာ….၊ ရဲ…ရဲကို ျမန္ျမန္ေခၚ…ျမန္ျမန္ေခၚ ”

ကမီလာက ဒယ္လ္မာကို ေျပးေပြ႕ရင္း ညီမျဖစ္သူ ဘရီဆာအား တုန္ရင္ေသာအသံျဖင့္ လွမ္းေျပာလိုက္သည္။

“ ဒယ္လ္မာ…….ဒယ္လ္မာ ”

ႏွာေခါင္းႏွင့္ပါးစပ္မွ ေသြးမ်ားစီးက်ေနၿပီး ဇက္က်ိဳးက်ေနသည့္ ဒယ္လ္မာတစ္ေယာက္ လူ႔ေလာကထဲမွအၿပီးအပိုင္ ထြက္ခြာသြားခဲ့ေလၿပီ။

***************

“ ဘလန္ကို….. ”

“ ေျပာပါ ကားလို႔စ္ ”

“ ဒယ္လ္မာရဲ႕အသုဘကို သြားၾကရေအာင္ ”

“ ငါ ေနမေကာင္းဘူး ကားလို႔စ္။ မင္းပဲ သြားလိုက္ပါ ”

“ ဒယ္လ္မာ ဘယ္လိုေသတယ္ဆိုတာ မင္းသိၿပီးၿပီလား ”

“ ငါ ၾကားၿပီးၿပီ ”

“ ဟိုတေစၦမႀကီးက ငါတို႔ကိုအေသသတ္ေတာ့မယ္နဲ႔တူတယ္။ မင္းနဲ႔ ငါ ႏွစ္ေယာက္ပဲက်န္ေတာ့တယ္ ဘလန္ကို ”

ကားလို႔စ္ေျပာလိုက္သည့္စကားေၾကာင့္ ဘလန္ကို ေက်ာခ်မ္းသြားသည္။ ဒယ္လ္မာ ေသဆုံးရသည့္အ ေၾကာင္းရင္းကို ၾကားၿပီးကတည္းက ဘလန္ကို ေသရမွာ ေၾကာက္႐ြံ႕လာခဲ့သည္။ ဒယ္လ္မာ ေသဆုံးမႈသည္ သဘာဝ လြန္ျဖစ္ရပ္ေၾကာင့္ ေသဆုံးခဲ့ရျခင္းျဖစ္ေသာ္လည္း ရဲတပ္ဖြဲ႕က လူသတ္မႈအျဖစ္အမႈဖြင့္ၿပီး စစ္ေဆးေနသည္။ ဒယ္လ္ မာ၏အစ္မႏွင့္ ညီမတို႔ေျပာျပခ်က္မ်ားက သာမန္အားျဖင့္ ယုံၾကည္စရာမရွိေသာ္လည္း ဘလန္ကိုအေနျဖင့္ ဒယ္လ္မာ ေသဆုံးရျခင္းသည္ တေစၦမႀကီး၏လက္ခ်က္သာျဖစ္ေၾကာင္းအႂကြင္းမဲ့ ယုံၾကည္ထားသည္။အဘယ့္ေၾကာင့္ ဆိုေသာ္ ခႏၲာကိုယ္ေပၚမွအနာမ်ားက ညိဳမည္းၿပီး ျပည္တ႐ႊဲ႐ႊဲျဖစ္ေနေလၿပီ။

“ ဟုတ္ခ်င္မွလည္း ဟုတ္မွာပါကြာ။ သူ႔အစ္မနဲ႔ ညီမတို႔ ေပါင္းႀကံၿပီး သတ္တာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့ ”

ကားလို႔စ္ကို စိတ္သက္သာရာရေစရန္ ေျပာရေသာ္လည္း ဘလန္ကို ကိုယ္တိုင္က ေၾကာက္႐ြံ႕ေနမိသည္။

“ မင္းမသြားရင္ ငါလည္း မသြားေတာ့ဘူး ဘလန္ကို။ ငါ လန႔္ေနၿပီ။ ဘယ္မွမထြက္ဘဲအိမ္မွာပဲ ေနေတာ့မယ္ ”

“အဲဒါအေကာင္းဆုံးေပါ့ကြာ ”

“အိုေက ဘလန္ကို။ adiós ( Good Bye ) ”

“adiós ”

ကားလို႔စ္ဖုန္းခ်သြားသည္ႏွင့္ ေရခဲေသတၱာထဲမွ ေရဘူးကိုထုတ္ကာအားရပါးရေမာ့ေသာက္ၿပီးအခန္းထဲသို႔ျပန္ ရင္ ျပင္လိုက္စဥ္ ဗိုက္ထဲမွေအာင့္ၿပီး ၿပိဳ႕တက္လာေလသည္။ ၿပိဳ႕အန္ခ်င္စိတ္က မခံမရပ္ႏိုင္ေလာက္ျဖစ္လာသျဖင့္ သန႔္စင္ခန္းထဲသို႔ေျပးဝင္ၿပီးအိမ္သာကမုတ္ထဲသို႔အန္ခ်လိုက္ေလေတာ့သည္။

“ ေဝါ့…………ေဝါ့…….. ”

“အား…ကယ္ၾကပါဦး….ဘုရားသခင္ ကယ္ေတာ္မူပါ ”

ပါးစပ္ႏွင့္ ႏွာေခါင္းေပါက္ထဲမွထြက္လာသည့္ ေလာက္မ်ားကအိမ္သာကမုတ္ထဲတြင္ လႈပ္လႈပ္ယြယြႏွင့္ ျပည့္ ႏွက္ေနသည္ကို ျမင္ေတြ႕လိုက္ရသည့္အခိုက္ ဘလန္ကိုတစ္ေယာက္ ေသြး႐ူးေသြးတန္းျဖင့္ သန႔္စင္ခန္းမွ ထြက္ေျပးကာေအာ္ဟစ္ေနေလသည္။ ဘလန္ကိုေအာ္ဟစ္လိုက္တိုင္း ႏွာေခါင္းႏွင့္ ပါးစပ္ထဲမွ ေလာက္ေကာင္မ်ား ထြက္လာေနၾက သည္။ ထိုအခ်ိန္မွာပင္ ဘလန္ကို၏မိခင္ႏွင့္ ညီျဖစ္သူတို႔အေျပးအလႊားေရာက္လာၾကၿပီး ဘလန္ကို၏အျဖစ္ကို ျမင္ ေတြ႕လိုက္ရသည့္အခိုက္ ထိတ္လန႔္သြားၾကေလေတာ့သည္။

“ ဖာဒီ…….ေဆး…ေဆး႐ုံကားအျမန္ေခၚ…..အျမန္ေခၚ ”

“ ဟုတ္ကဲ့ မာမီ ”

***************

ဘလန္ကို ေဆး႐ုံတင္လိုက္ရေၾကာင္း သတင္းၾကားၿပီးကတည္းက ကားလို႔စ္တစ္ေယာက္ ေနမရထိုင္မရ ျဖစ္ေနေလ သည္။ စိတ္ေပါ့ပါးသြားေစရန္အတြက္ ေရစိမ္ၿပီးခ်ိဳးရန္ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားေလသည္။ ေရခ်ိဳးခန္းထဲသို႔ေရာက္သည့္အခါ ေရျဖည့္ထားသည့္ ေရခ်ိဳးဇလုံ Bathtub ထဲသို႔ဝင္စိမ္ေနလိုက္သည္။ မ်က္လုံးကို စုံမွိတ္ကာေအးျမသည့္ ေရထဲတြင္ စိမ္ေနရင္း ကိုယ္ေပၚသို႔တစ္စုံတစ္ေယာက္ဖိထားသလိုခံစားလိုက္ရသျဖင့္ မ်က္လုံးကို ဖြင့္ၾကည့္လိုက္သည့္အခါ……

“ ဘုရားသခင္….ကယ္ေတာ္မူပါ ။ ကယ္ၾကပါ….ကယ္ၾကပါ ”

ေဖြးျဖဴေနသည့္ဆံပင္မ်ားကို ဖားလားခ်ထားၿပီး မ်က္လုံးေဟာက္ပက္ႏွင့္ ေၾကာက္စရာေကာင္းသည့္ တေစၦအဘြား ႀကီးက ဗိုက္ေပၚသို႔ တက္ရပ္ေနသည္ကို ျမင္လိုက္သျဖင့္ ေရခ်ိဳးဇလုံထဲမွ ထေျပးရန္ျပင္လိုက္ေသာ္လည္း ေနာက္က်သြား ခဲ့ေလၿပီ။အေၾကာအၿပိဳင္းၿပိဳင္းထေနသည့္ လက္ႏွစ္ဖက္က ကားလို႔စ္၏ လည္ပင္းကို ျဖစ္ညႇစ္ၿပီး ေရထဲသို႔ ဖိႏွစ္ထားသျဖင့္ ကားလို႔စ္တစ္ေယာက္ ေရမြန္းကာ ႐ုန္းကန္ေနသည္။ လည္ပင္းကို ျဖစ္ညႇစ္ထားသည့္ တေစၦအဖြားႀကီး၏လက္ကို ဆုပ္ ကိုင္ေသာ္လည္း ဆုပ္ကိုင္၍မရသျဖင့္ ေရခ်ိဳးဇလုံေပါင္ကိုအားျပဳကာ ကုန္း႐ုန္းထေနေလသည္။ ထိုအခ်ိန္မွာပင္ ကားလို႔စ္ ၏ မိခင္က ေရခ်ိဳးခန္းထဲသို႔အေျပးဝင္လာသည္။ ေရခ်ိဳးဇလုံထဲတြင္ ေရမြန္းေနသည့္ ကားလို႔စ္ကို ျမင္လိုက္သျဖင့္ ကယ္ တင္ရန္ ႀကိဳးစားစဥ္ မျမင္ရသည့္အရာတစ္ခုက ရင္ဘတ္ကို ေဆာင့္တြန္းလိုက္သည့္အတြက္ ေနာက္သို႔ လြင့္ထြက္သြား

ၿပီး ၾကမ္းျပင္ေပၚတြင္ ဖင္ထိုင္လ်က္ လဲက်သြားေလေတာ့သည္။

ေရခ်ိဳးဇလုံထဲတြင္ ႐ုန္းကန္ေနသည့္ ကားလို႔စ္၏အေပၚမွအျဖဴေရာင္အရိပ္ႀကီးကို ျမင္လိုက္သည့္အခိုက္ ကားလို႔စ္ ၏ မိခင္လည္း ေၾကာက္အားလန႔္အားျဖင့္ ထြက္ေျပးကာ ရဲစခန္းသို႔ ဖုန္းေခၚေလေတာ့သည္။ ရဲတပ္ဖြဲ႕ဝင္မ်ားေရာက္ရွိလာ သည့္အခါမွာေတာ့ ေရခ်ိဳးဇလုံထဲတြင္အသက္ေပ်ာက္ေနသည့္ ကားလို႔စ္ကို ျမင္ေတြ႕လိုက္ရေလေတာ့သည္။ ကားလို႔စ္၏ မိခင္ေျပာသမွ်ကို မွတ္ခ်က္ယူေနေသာ္လည္း ရဲတပ္ဖြဲ႕ဝင္မ်ားကအယုံအၾကည္မရွိၾကေပ။

**************

“ ေဒါက္တာ…..ကြၽန္မရဲ႕သားက ဘာျဖစ္တာလဲဟင္ ”

“ ဓါတ္မွန္႐ိုက္တာ၊အူလမ္းေၾကာင္းကိုစစ္ေဆးတာေတြလုပ္ၿပီးပါၿပီ။ ေလာေလာဆယ္ေတာ့ ဘာေရာဂါမွ ရွာလို႔ မေတြ႕ ေသးပါဘူး။ ကြၽန္ေတာ္တို႔ ႀကိဳးစားေနပါတယ္။အခုေတာ့အေရျပားကအနာေတြကို သက္သာေအာင္ ေသာက္ေဆး ေပးထားပါတယ္။ သက္သာသြားမွာပါ။ သိပ္လည္း မစိုးရိမ္ပါနဲ႔ ”

“ ဟုတ္ကဲ့ ေဒါက္တာ ”

ဆရာဝန္၏ ေျဖရွင္းခ်က္ကို ဘလန္ကို၏မိခင္က မေက်နပ္ေသာ္လည္းအသာၿငိမ္ေနလိုက္သည္။ ဘလန္ကို၏ ေျပာျပခ်က္အရ သားျဖစ္သူ ရင္ဆိုင္ေနရသည့္ ျပႆနာသည္ ေရာဂါေၾကာင့္မဟုတ္ေၾကာင္း သေဘာေပါက္သျဖင့္ ဘုန္းေတာ္ႀကီးတစ္ပါးပါးႏွင့္တိုင္ပင္ရန္ ဆုံးျဖတ္လိုက္ေလေတာ့သည္။

“ သက္သာတယ္ဆိုရင္ ေဆး႐ုံက ဆင္းခြင့္ျပဳပါ ေဒါက္တာ ”

“ ဒါက ကြၽန္ေတာ္ ဆုံးျဖတ္လို႔မရဘူးဗ်။ ေဆး႐ုံအုပ္ႀကီး ဆုံးျဖတ္ရမယ့္ ကိစၥပါ။ ေဆး႐ုံအုပ္ႀကီးနဲ႔ တိုင္ပင္ၾကည့္ပါ ”

“ ကြၽန္မအခုပဲ သြားေတြ႕ပါ့မယ္။ ေက်းဇူးတင္ပါတယ္ ေဒါက္တာ ”

*****************

ေဆး႐ုံမွဆင္းၿပီး ေနာက္တစ္ရက္ညရွစ္နာရီခန႔္တြင္ ဘလန္ကိုတို႔၏ေနအိမ္သို႔ Church of San Miguel and San Julián ဘုရားေက်ာင္းမွ ဘုန္းေတာ္ႀကီးအလန္ဇို ေရာက္ရွိလာခဲ့သည္။ ဘုန္းေတာ္ႀကီးက ဘလန္ကိုတို႔၏ ေနအိမ္ ထဲကို စၿပီး ဝင္ကတည္းက တအိမ္လုံးကို ေစ့စပ္စပ္ၾကည့္ၿပီး ေခါင္းတညိမ့္ညိမ့္ လုပ္ေနေလသည္။

“ ဘာ္ကေန ဘယ္လိုစျဖစ္တယ္ဆိုတာ ေျပာျပလို႔ရမလား ဘလန္ကို ”

“ ေျပာျပပါ့မယ္ ဖာသာ ”

ဘလန္ကိုက ကားလို႔စ္တို႔ႏွင့္အတူ သခ်ႋဳင္းတြင္အရက္ေသာက္ၾကရာမွ ယခုလက္ရွိအေျခအေနအထိ မခြၽင္းမ ခ်န္ ဘုန္းေတာ္ႀကီးကို ေျပာျပလိုက္သည္။

“ မင္းတို႔ မလုပ္သင့္တာ လုပ္ၾကတာကိုး ဘလန္ကို။ သခ်ႋဳင္းမွတ္တိုင္ကို မဖ်က္စီးရဘူး။အခုေတာ့ မျဖစ္သင့္တာေတြ ျဖစ္ကုန္ၾကၿပီ။အဲဒီအမ်ိဳးသမီးရဲ႕အမည္ကို ေျပာစမ္းကြာ ”

“MARIANELA ပါ ဖာသာ ”

“ သူေသဆုံးခဲ့တဲ့ ခုႏွစ္ကို မွတ္မိလား ”

“ ေက်ာက္ျပားေပၚမွာေတာ့ 1908 – 1976 လို႔ ေရးထားပါတယ္ ”

“အင္း…….. ။အဲဒီအမ်ိဳးသမီးက ဒီအိမ္ထဲမွာ ရွိေနတယ္ ”

“ ဘုရားေရ…….. ”

ဘုန္းေတာ္ႀကီးအလန္ဇိုေျပာလိုက္သည့္ စကားေၾကာင့္ ဘလန္ကို၏မိခင္ျဖစ္သူ ဘုရားတကာ ရင္ကိုဖိ ထားေလသည္။

“ ကဲ……ဘလန္ကို။အိပ္ရာေပၚမွာ သက္ေတာ့္သက္သာ နားေနပါ။ ဘာသံပဲၾကားၾကား ဘာပဲျဖစ္ျဖစ္ စိတ္ကိုေလွ်ာ့ ထားပါ။ မေၾကာက္ပါနဲ႔ ”

“ ဟုတ္ကဲ့ ဖာသာ ”

“ ခင္ဗ်ားအျပင္ကို ထြက္ေပးလို႔ရမလား ဆိုဖီရာ။ ခင္ဗ်ားရဲ႕ သားအတြက္ မစိုးရိမ္ပါနဲ႔။ ဘုရားသခင္ ေစာင့္ေရွာက္မွာပါ ”

“ ရပါတယ္ ဖာသာ။ ကြၽန္မအျပင္ကေနပဲ ထိုင္ေစာင့္ေနပါ့မယ္ ”

ဘလန္ကို၏ မိခင္အခန္းအျပင္သို႔ ထြက္သြားသည္ႏွင့္ ဘုန္းေတာ္ႀကီးက ေသတၱာေလးထဲမွ ခရမ္းေရာင္ ဖဲျပား စကို လည္ပင္းတြင္ ခ်ိတ္ဆြဲလိုက္ၿပီး စိတ္ပုတီးႏွင့္ တြဲထားသည့္ လက္ဝါးကပ္တိုင္ကို လက္ထဲတြင္ ၿမဲၿမံစြာ ဆုပ္ကိုင္ထား လိုက္သည္။ ထို႔ေနာက္ ဘလန္ကို၏ကိုယ္ေပၚသို႔ ေရစင္မ်ားပက္ျဖန္းၿပီး ႏႈတ္မွလည္း သမၼာက်မ္းစာကို တိုးညင္းစြာ ႐ြတ္ ဆိုေနသည္။ ထိုအခ်ိန္မွာပင္အခန္းထဲမွ မီးမ်ားအားလုံး မွိတ္ခ်ည္ ပြင့္ခ်ည္ျဖစ္လာေလၿပီ။

ဘုန္းေတာ္ႀကီးကလည္းအေျခအေနကို ရိပ္မိသျဖင့္ သမၼာက်မ္းစာကိုအသံျမႇင့္ကာ ႐ြတ္ဆိုလိုက္သည္။ ထိုစဥ္ ဘလန္ကို၏ ကိုယ္ေပၚသို႔အျဖဴေရာင္အရိပ္ႀကီးတစ္ခုေရာက္လာၿပီး ဘလန္ကို၏ ခႏၲာကိုယ္ထဲသို႔ ဝင္သြားသည္ကို ျမင္လိုက္ရသျဖင့္ ဘုန္းေတာ္ႀကီးက ေရစင္မ်ားျဖန္းကာ ဘလန္ကို၏ နဖူးေပၚသို႔ လက္ဝါးကပ္တိုင္ျဖင့္ ကပ္ေပးလိုက္ သည္။

“အကုန္ေသေစရမယ္။ ငါ့ကို ေစာ္ကားတဲ့ေကာင္ထဲမွာ ဒီတစ္ေကာင္ပဲ က်န္ေတာ့တယ္ ”

“ မာရီယာနယ္လာ၊ သူဟာ ဘုရားသခင္ပိုင္ဆိုင္တဲ့သူျဖစ္ေနပါၿပီ။အေႏွာက္အယွက္မေပးဖို႔ ေမတၱာရပ္ခံပါတယ္ ”

“ ငါ့ရဲ႕ နာမည္ကဗ်ည္းကို ေပါက္ခြဲတယ္။ ေသးနဲ႔ပန္းတယ္။ ဒါကို ငါက ခြင့္လႊတ္ရမွာလား ”

“ မသိနားမလည္တဲ့သူေတြကို ခြင့္လႊတ္လိုက္ပါ ”

“ ခြင့္မလႊတ္ဘူး။အေသသတ္ရမွ ေက်နပ္မယ္ ”

“ ေျပာမရဘူးလား မာရီယာနယ္လာ ”

“ ငါ့ကို ဘယ္သူမွ တားလို႔မရဘူး ”

“ သူ႔ခႏၲာကိုယ္ထဲက ထြက္ပါ ”

“ မထြက္ဘူး……။ လူငယ္ေတြကို ငါမုန္းတယ္။ ငါ့ကို သတ္ခဲ့တဲ့ေကာင္ေတြ၊ ငါ့အုတ္ဂူေပၚက နာမည္ကိုလည္း ခြာၾက တယ္။ ေသးနဲ႔ပန္းတယ္ ”

ဘလန္ကို၏အသံကအဘြားအိုတစ္ဦး၏အသံျဖစ္ေနၿပီး ေဒါသႏွင့္ေျပာဆိုေနသည္မွာ ထိတ္လန႔္စရာ ေကာင္းေန သည္။ ဘုန္းေတာ္ႀကီးကလည္း ဘလန္ကို၏ကိုယ္ေပၚသို႔ ေရစင္မ်ားျဖန္းၿပီး သမၼာက်မ္းစာအုပ္ကိုဖတ္ကာ ႐ြတ္ဆိုေန သည္။ ထိုအခ်ိန္မွာပင္ ဘလန္ကို၏ ခႏၲာကိုယ္က ေကာ့တက္သြားၿပီး ပါးစပ္ႏွင့္ ႏွာေခါင္းမွ ေလာက္မ်ား ထြက္လာေလ ေတာ့သည္။ တစ္ၿပိဳင္နက္တည္းဆိုသလိုအခန္းမီးလုံးမ်ားလည္း တေဖာင္းေဖာင္းႏွင့္ ကြဲကုန္ၾကသျဖင့္အခန္းတစ္ခုလုံး ေမွာင္မည္း သြားေလသည္။

“ ဝုန္း………. ”

ေမွာင္မည္းေနသျဖင့္ ဘုန္းေတာ္ႀကီးကအခန္းတံခါးကို ဖြင့္မည္ျပင္လိုက္စဥ္ ဘလန္ကိုက ဘုန္းေတာ္ႀကီးကို ေဆာင့္တြန္းလိုက္ေလသည္။အခန္းထဲမွ ဆူဆူညံညံအသံမ်ားေၾကာင့္ ဘလန္ကို၏မိခင္ ဆိုဖီယာကအခန္းတံခါးကို ဖြင့္ၾကည့္လိုက္မိသည္။အခန္းထဲတြင္ ေမွာင္မည္းေနေသာ္လည္းအျပင္ဘက္မွ မီးအလင္းေရာင္ျဖင့္အခန္းထဲသို႔ ျမင္ ေတြ႕ေနရသည္။ ဘုန္းေတာ္ႀကီးက ၾကမ္းျပင္ေပၚတြင္ လဲက်ေနၿပီး ဘလန္ကိုက ေလထဲတြင္ ေျမာက္တက္ေနသည့္ ျမင္ကြင္းကိုၾကည့္ၿပီး ဘလန္ကို၏မိခင္ ဆိုဖီရာတစ္ေယာက္ ေသြးပ်က္မတတ္ျဖစ္ကာအိမ္နီးနားခ်င္းမ်ားကိုအကူအညီ ေျပး ေတာင္းေလေတာ့သည္။ ဘုန္းေတာ္ႀကီးလည္းအေျခအေနမဟန္ေတာ့မွန္း သေဘာေပါက္သျဖင့္အခန္းအျပင္ ဘက္သို႔အျမန္ထြက္လာၿပီး သမၼာက်မ္းစာမ်ားကို မျပတ္႐ြတ္ဆိုေလသည္။ ထိုအခ်ိန္မွာပင္ ဘလန္ကို၏ ပါးစပ္၊ ႏွာေခါင္း၊ မ်က္လုံးမ်ားမွ ေသြးမ်ားယိုစိမ့္ထြက္လာသည္ကို ဘုန္းေတာ္ႀကီး ျမင္ေတြ႕လိုက္ရသည္။

“ မလုပ္ပါနဲ႔။ သူ႔ကို ဒုကၡမေပးပါနဲ႔ ”

ဘုန္းေတာ္ႀကီး မည္သို႔ပင္ ေမတၱာရပ္ခံေသာ္လည္း မရေတာ့ေပ။ ေလထဲတြင္ေျမာက္တက္ေနသည့္ ဘလန္ကိုကအသံနက္ႀကီးျဖင့္ေအာ္ဟစ္ၿပီး ဇက္လန္ကာ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားေလေတာ့သည္။

“ Te mato ( နင့္ကို ငါသတ္မယ္ ) ”

ဘလန္ကို၏ ခႏၲာကိုယ္ထဲမွအျဖဴေရာင္အရိပ္ႀကီးထြက္သြားသည္ကို ျမင္လိုက္ရၿပီးေနာက္ ဘုန္းေတာ္ႀကီးလည္း ဘလန္ကိုအား ေျပးေပြ႕ၿပီး စမ္းသပ္ၾကည့္သည့္အခါ ဘလန္ကိုတစ္ေယာက္အသက္မရွိေတာ့ေပ။ ထိုအခ်ိန္မွာပင္အိမ္နီး ခ်င္းမ်ားႏွင့္အတူ ဘလန္ကို၏မိခင္ ဆိုဖီယာလည္း ေရာက္လာခဲ့သည္။

“ ငါ ဘာမွလုပ္မေပးႏိုင္ခဲ့ဘူး ဆိုဖီယာ။ ငါ့ကို ခြင့္လႊတ္ပါ ”

ဘုန္းေတာ္ႀကီးက ေတာင္းပန္စကားဆိုေနသျဖင့္ ဘလန္ကို၏မိခင္က ေခါင္းအသာညိမ့္ျပလိုက္ၿပီး ဘလန္ကို၏ ႐ုပ္အေလာင္းကိုၾကည့္ကာ ငိုရႈိက္ေနေတာ့သည္။

**************

Church of San Miguel and San Julián ဘုရားရွိခိုးေက်ာင္းတစ္ခုလုံး တိတ္ဆိတ္ၿငိမ္သက္ေနသည္။

“အလန္ဇို။ မင္းဘာမွမတတ္ႏိုင္တာအတြက္ စိတ္မေကာင္းျဖစ္မေနနဲ႔။ ဒါမ်ိဳးက မလုပ္သင့္တာကို သြားလုပ္လို႔ ခံရတာ ”

“ ဟုတ္ပါတယ္ ဖာသာ ”

ဘုန္းေတာ္ႀကီး ဂ်ိဳးဇက္က ဘုန္းေတာ္ႀကီးအလန္ဇို၏ ပခုံးကိုအသာပုပ္ၿပီး ႏွိမ့္သိမ့္စကားဆိုလိုက္သည္။

“MARIANELA ဆိုတာ ဘယ္သူလဲလို႔ သိရင္ မင္းအေတာ္အံ့ၾသသြားလိမ့္မယ္ ”

“ မာရီယာနယ္လာဆိုတာ ဘယ္သူလဲ ဖာသာ ”

“ ဒီမွာၾကည့္အလန္ဇို ”

ဘုန္းေတာ္ႀကီး ဂ်ိဳးဇက္က သတင္းစာတစ္ေစာင္ကို ျဖန႔္ျပလိုက္သည္။ သတင္းစာထဲတြ္ ေရးသားထားသည္က မာရီ ယာနယ္လာဆိုသူအမ်ိဳးသမီးႀကီးသည္ တစ္ခ်ိန္က ဘဏ္ဓားျပတိုက္ျခင္း၊ လူသတ္မႈမ်ားက်ဴးလြန္ျခင္းတို႔က်ဴးလြန္ခဲ့ဖူး သည္။ သူမသည္အသက္သုံးဆယ့္ငါးႏွစ္အ႐ြယ္တြင္ စပိန္ႏိုင္ငံ Algeciras ၿမိဳ႕ရွိ Botafuegosအက်ဥ္း ေထာင္၌ ေထာင္ ႏွစ္ႏွစ္ဆယ္ေက်ာ္က်ခံခဲ့ရၿပီးအသက္ငါးဆယ္မွ ျပန္လည္ လြတ္ေျမာက္လာခဲ့သည္။ သူမသည္ Madrid ၿမိဳ႕ တြင္ ေနထိုင္ သူျဖစ္ေသာ္လည္း ေထာင္မွ လြတ္ေျမာက္သည့္အခါ VALLADOLID ၿမိဳ႕သို႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး ထိုၿမိဳ႕မွာပင္ ဆုံးပါး ခဲ့ပါသည္။ သူမ၏ ေနာက္ဆုံးခရီးသည္လည္းအဆိုးဝါးဆုံးျဖစ္ခဲ့ရသည္။ VALLADOLID ၿမိဳ႕မွ မူးယစ္ေဆးစြဲေနသူ လူငယ္မ်ားက သူမအား မေသမရွင္ ညႇင္းပန္းသတ္ျဖတ္ခဲ့ၾကေလသည္။

“ ဒါဆို ဘလန္ကိုတို႔ ေလးေယာက္ သခ်ႋဳင္းမွာအရက္ေသာက္ၾကကတည္းကအဘြားႀကီးက ေစာင့္ၾကည့္ေနတာ ထင္တယ္ ဖာသာ ”

“ ျဖစ္ႏိုင္တယ္။ သူက လူငယ္ေတြကို မုန္းတီးေနတဲ့အျပင္ ဘလန္ကိုတို႔က မထီေလးစား သြားလုပ္မိတာကိုး။ ၿပီးတာလည္း ၿပီးသြားၿပီ။ စိတ္ထဲမွာ ဘာမွမထားနဲ႔ေတာ့။ ေသဆုံးသြားသူေတြရဲ႕အုတ္ဂူေတြကို ဖ်က္စီးတာ၊ မေလးမစားလုပ္တာ၊ နာမည္ကဗ်ည္းထိုးထားတဲ့ မွတ္တိုင္ေတြကို ဖ်က္စီးတာမ်ိဳးက မလုပ္သင့္တဲ့အလုပ္ေတြ ”

“ မွန္ပါတယ္ ဖာသာ ”

“ လုပ္စရာရွိတာလုပ္ေတာ့အလြန္ဇို ”

“ ဟုတ္ကဲ့ ဖာသာ ”

အနားမွ ထြက္ခြာသြားသည့္ ဘုန္းေတာ္ႀကီး ဂ်ိဳးဇက္၏ ေက်ာျပင္ကိုၾကည့္ရင္း ဘုန္းေတာ္ႀကီးအလြန္ဇိုတစ္ပါးအေတြးမ်ားစြာျဖင့္ ေနရာမေ႐ြ႕ ရပ္ေနမိေလေတာ့သတည္း။

***************

( ဘာသာျပန္စာေပမဟုတ္ပါ။ ကိုယ္တိုင္ေရးျဖစ္ပါသည္ )