“လူသေနို့စို့၍အသက်ရှင်လာသူ”(စ/ဆုံး)

Unicode Version

“လူသေနို့စို့၍အသက်ရှင်လာသူ”(စ/ဆုံး)
————————————————-
သူ့အမည်မှာ မချုံ၊ ချုံကြီးတစ်ခုထဲမှာ အသက်ရှင် လူဖြစ်လာရလို့ မချုံ..။
“အမ်းမား ထရိန်းသျှဝပ်သျှာနီ ပူးရ်ဏားနီမမဆန်တိကံ ပေါနာဂမန ကာလိုးဆီ – ဧးဟိအဓယဒေသျှံ-ဂမိတ်သျှာမား”
မချုံမှာ သူ့ခင်ပွန်း ကိုရူပ၏ နံဘေးတွင် အိပ်ပျော်နေရာမှ သူကြားဖူး သော ကုလားစကားမျိုးမဟုတ်သည့် ကုလားပြောသော စကားသံကြီးကို ကြားလိုက်မိသည်။ သူ နိုးနေခြင်းမဟုတ်၊ အိပ်မောကျနေခြင်းလည်း မဟုတ်။
“မမ- ဆန်တိကံ – ပေါနာဂမန – ကာလိုးဆီ – ဧးဟိ – မေဓယဒေ လျှံဂမိတ်သျှာမား”
စကားသံ၏ဒုတိယနှင့် တတိယအပိုဒ်ကိုပီပီသသကြီးကြားလိုက်ရပြန်
သည်။ သူကြောက်သလိုလိုနှင့် အံ့အားသင့်သွားသည်။

“ဟင် … ဒီစကားမျိုး ငါ မကြားဘူးပါလား။ အို – မကြားဘူးပေမဲ့ ငါ နား လည်တယ်”
သူ-ထိုသို့ စဉ်းစားနေခိုက်မှာပင် ဟိန္ဒူယောဂီကြီးတစ်ဦး၏ သဏ္ဌာန် သည် အိပ်မက်တွင်းဝယ် ပေါ်၍လာသည်။
“အမ်းမား – ထရိန်းသူဝပ်သျှာနီ ပူးရ်ကားနီ- မမဆန်တိကံ-ပေါနာဂ မန-ကာလိုးဆီ – ဇးဟိ – မဓယဒေသျှံ ဂမိတ်သျှာမား”
ဟုပြောလိုက်ပြန်သည်။
“ဟောတော့ – ငါ နားမလည်တဲ့ စကားတွေနဲ့ ပြောနေပြန်ပြီဟင် – ဒီ စကားမျိုး ငါမကြားဘူးပေမဲ့ ငါ နားလည်နေပါလား”
အိပ်မက်ထဲကဟိန္ဒူယောဂီကြီးပြောသောစကားမှာဟိန္ဒီလည်းမဟုတ်၊
သက္ကတလည်းမဟုတ်၊ မာဂမီခေါ်ပါဠိစကားပင်ဖြစ်သည်။ သူ့ဒေသအသံနှင့် ပြောနေသဖြင့် ဟိန္ဒူလိုလိုသက္ကတလိုလို ထင်ရခြင်းသာ –
“အင်း- သူ ပြောတဲ့စကားမျိုး ငါ မကြားဘူးပေမဲ့ ငါ နားလည်တယ်။ သူဟာငါ့ကိုလာပြီး ခေါ်နေတာပဲ”
“သမီး နှစ်ပေါင်း (၃၀) ပြည့်သွားပြီ။ ငါ့ဆီ ပြန်လာဖို့ အချိန်ကျပြီလေ။ လာ-လာ-မဇ္ဈိမဒေသကို သွားကြမယ်တဲ့။ သူ ပြောတာတွေ ငါ အကုန် နားလည်နေပါလား”
သူအိပ်မက်ထဲမှာပင်မျက်လုံးပြူးလျက်ယောဂီကြီးအားကြည့်နေမိရာ
ယောဂီကြီးတစ်ဦး ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးပြီး ပြန်ကြည့်နေသည်။ ဟိန္ဒူယောဂီကြီးအား အဝတ်ဖားလျား ပါးချိုင့်ချိုင့်၊ ပါးသိုင်းမွေး၊ မုတ် ဆိတ်မွေးရှည်စွာနှင့် ဆံပင်ကို ခေါင်းအလယ်မှာ အထုံးကြီးထုံးထားသည်။ လည်ပင်းမှာလည်း ဆီးဖြူသီးကြီးတွေလောက်ရှိသော ပုတီးလုံးကြီးတွေကို ဆွဲထားသည်။ တုတ်ကောက်ကောက်ကြီးကို ကိုင်ထားသည်။
မချုံ-ကြောက်သလိုလိုဖြစ်လာကာ “အမေရေ-လုပ်ပါဦး။ ကုလား
ဘုန်းကြီးကြီး ကျွန်မကို လာခေါ်နေတယ်”ဟု အသံကုန် အော်လိုက်သည်။

သူ့အသံမှာပီသစွာ ထွက်မလာပဲဝူးဝူးဝါးဝါးဖြစ်နေသည်။ ကိုရူပလန့်နိုး ကာ ဘာဖြစ်တာလဲဟုမေးရင်း သူ့ကို လှုပ်နှိုးလိုက်သည်။
သူတို့အသံကြောင့် အမေအို ဒေါ်တုတ်ပါ နိုးလာကာ သူတို့ဆီ ရောက် လာသည်။
“ဘာဖြစ်တာတုံး – သမီး”
မချုံက အိပ်မက်အကြောင်း ပြောပြသည်။ သူ့အမေအိုက အတန်ငယ် စဉ်းစားသလိုလုပ်ပြီး အထွေအထူးမပြောဘဲ –
“ကဲ-ကဲ- အိပ်ကြ-အိပ်ကြ-အိပ်မက်ဆိုတာ ဘာရယ်မဟုတ်ဘူး။ မက်ချင်သလို မက်တာပေါ့”
ဤမျှပြောကာ ပြန်ထွက်သွားသည်၊ မချုံမှာ မိုးလင်းအထိ အိပ်၍မရ တော့။ သူတို့မိသားစုမှာ တောင်ငူတွင်နေကြသည်။ သူ့ဖခင် ဦးတလုပ်ရှိစဉ် ကတည်းကပင် တောင်ငူမှာ သစ်လုပ်ငန်းဖြင့် ကြီးပွားနေခြင်းဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်က သူ့ဖခင် သေဆုံးသွားခဲ့သည်။
မချုံမှာမည်သို့ပင်စိတ်ဖြေစေကာမူ ဖြေ၍မရ။ ထိုအိပ်မက်ကို (၇)ညဉ့် တိတိ ဆက်၍မက်နေသောကြောင့် ဖြစ်သည်။
မိခင်အို ဒေါ်တုတ်မှာ မနေသာတော့ဘဲ ကိုရူပနှင့် မချုံကိုခင်မင်ရင်းနှီး လှသည့် ဦးမြတ်သာဒွန်းရှိရာ ရန်ကုန်သို့ လွှတ်လိုက်ရသည်။
ဤတွင် ဤဇာတ်လမ်းကို မှတ်တမ်းတင်ခဲ့သူ ဆရာနန္ဒက သူနှင့် သူ့ ဆရာကြီးအကြောင်းကိုရော မချုံတို့နှင့် သူ့ဘကြီးအိမ်တွင် ဆုံခဲ့ရပုံများကိုပါ ဆက်လက်ဖော်ပြပြန်သည်။
ကျွန်တော် မောင်နန္ဒသည် အသက် (၂၀)ခန့်က ရန်ကုန်မြို့ ကုက္ကိုင်း ဘက်ရှိ ဘကြီးဖြစ်သူ ဦးမြတ်သာဒွန်းအိမ်တွင်နေထိုင်ရင်း ဘာသန္တရစာပေ နှင့် သိပ္ပံပညာရပ်များကို ဆည်းပူးခဲ့ရသည်။

ထိုစဉ်ကအကြောင်းအရာများကိုဖော်ပြရပါမည်။ ထိုသို့ဘာသန္တရစာပေ နှင့် သိပ္ပံပညာရပ်များကို လေ့လာနေခိုက် ဒေါက်တာဒတ်စ်ခေါ် ဗုဒ္ဓဘာသာ ကုလားဆရာဝန်တစ်ဦးကို ဘကြီး၏ကျေးဇူးကြောင့် သိကျွမ်းရင်းနှီးခဲ့ရပေ သည်။ ကျွန်တော်လည်းမိဘများထံခွင့်ပန်ကာ ဒေါက်တာဒတ်စ်နှင့် (၇)နှစ် ကျော်မျှ နေခဲ့ရပေသည်။
သူကား ယခုဖော်ပြမည့် ပဌမံ ဦးကုလားပင်ဖြစ်သည်။ မည်သို့လျှင် ကုလားဆရာဝန်တစ်ယောက် ဗမာပဌမံ ဆရာကြီးဖြစ်လာရပါသနည်း။
တစ်နေ့တွင် သူ့ဆေးတိုက်သို့ ပေါင်တစ်ဖက်ယောင်ကိုင်းနေကာ အမယ်လေး အော်နေရသော အသက် (၄၀)ခန့် လူကြီးတစ်ယောက်လာ သည်။ ဒေါက်တာသည် သက်သာအောင်ပြုစုကာ ခွဲစိတ်ရမည့် လူနာ ဖြစ်သဖြင့် သူ့အိမ်တွင် လက်ခံထားလိုက်သည်။
လူနာမှာ မသက်သာ ညည်းတွားအော်ဟစ်နေသဖြင့် ခွဲစိတ်ဖို့ ပြင်ဆင် နေခိုက် ဟောင်းနွမ်းသောသစ်ခေါက်ဆိုး သင်္ကန်းနှင့် လွယ်အိတ်ကိုလွယ် ကာ စိပ်ပုတီးကြီးတစ်ကုံးကို လည်ပင်းတွင်စွပ်လျက် တောင်ဝှေးကိုင်ပြီး ကြွလာသော ဘုန်းတော်ကြီးတစ်ပါး ရောက်လာသည်။ “ဘာကို အလိုရှိလို့ ကြွလာပါသလဲ ဘုရား”
ဒေါက်တာက မြန်မာစကားပီသစွာ ပြန်လျှောက်ထားလိုက်သည်။ “အင်း – ဒကာကြီး သတင်းကြားရတဲ့အတွက် ပုပ္ပါးသွားဖို့ ခရီးစရိတ် ဝတ္ထုငွေများ အလှူခံဖို့လာတာပါ ဒကာဆရာဝန်ကြီး”
ထိုအတွင်း လူနာအဖိုးကြီး၏ ညည်းတွားသံကို ကြားလိုက်ရသည်။ “အလို-ပယောဂရဲ့သဒ္ဒလက္ခဏာပါကလား”
ဘုန်းတော်ကြီးက ဤသို့ပြောပြီး တစ်ဆက်တည်းပင် –
“ဒကာဆရာဝန်ကြီးရဲ့ လူနာကို ကျုပ် ကြည့်ပါရစေ” ဟု ပြောလိုက် သည်။ ဒေါက်တာလည်း ဘုန်းတော်ကြီးကို လူနာဆီသို့ ခေါ်သွားသည်။ ဘုန်းတော်ကြီးက လူနာကိုမြင်လျှင် စုတ်သပ်လျက် ပယောဂဖြစ်ကြောင်း ပြောလိုက်သည်။

လူနာ၏ပေါင်ကို ခွဲစိပ်ပြီးလျှင်ပင် လူနာလည်း အညည်းရပ်ကာ လန်း ဆန်းလာသည်။ ဒေါက်တာလည်း လူနာအတွက် လုပ်စရာများ လုပ်ပေးပြီး ဘုန်းတော်ကြီးနှင့်အတူ အပြင်သို့ထွက်ခဲ့သည်။
ဒေါက်တာကပယောဂအကြောင်းမေးမြန်းလျှောက်ထားရာ ဘုန်းတော်
ကြီးက ရှင်းလင်းပြောပြသဖြင့် ဒေါက်တာက စိတ်ဝင်စားလာသည်။ ဒေါက်တာသည် ဘုန်းတော်ကြီးအားထိုနေ့အတွက်ဆွမ်းကပ်သည့်ပြင် လိုအပ်သည်များကို လှူဒါန်းလိုက်လေသည်။ ထိုဘုန်းတော်ကြီးနှင့်အတူ လူနာအဘိုးကြီးလည်း ကပ္ပိယအဖြစ် လိုက်ပါသွားသည်။ နောက်တစ်နှစ်မျှအကြာတွင်ကား ဒေါက်တာဒတ်စ်လည်း ဘုန်းတော် ကြီးရှိရာ ပုပ္ပါးသို့လိုက်ပါသွားတော့သည်။
ဤမှတ်တမ်းရေးသူ ဆရာနန္ဒနှင့် တွေ့ဆုံကြရသောအချိန်တွင်မူ ဒေါက်တာဒတ်စ်ကို ဆရာဝန်အဖြစ် တွေ့ရခြင်းမဟုတ်ပေ။ လည်ပင်းမှာ စိပ်ပုတီးနှင့်တောင်ဝှေးတစ်ချောင်းကိုကိုင်ထားသောပဌမံဦးကုလားအဖြစ်
တွေ့ရခြင်းဖြစ်သည်။
ဟိန္ဒူယောဂီကြီးတစ်ဦး၏ မနောမယပညာရပ်ဆိုင်ရာ သမီးတစ် ယောက်ဖြစ်သောလူသေ၏နို့နှင့် အသက်ရှင်နေခဲ့ရသည့် မချုံ။ ချုံကြီးထဲမှာ လူဖြစ်ခဲ့ရသော မချုံ။ ဤဇာတ်လမ်းအစတွင် ပါခဲ့သော မချို၏အကြောင်း ကိုဦးမြတ်သာဒွန်းအိမ်တွင် တွေ့ကြုံခဲ့ရသမျှ ဖော်ပြရသော်- ထိုနေ့ကား ဆရာကြီး ပဌမံဦးကုလားနှင့် ဆရာနန္ဒတို့ ဘကြီး ဦးမြတ် သာဒွန်း အိမ်သို့ရောက်ရှိပြီး (၂) ရက်ခန့်တွင် ဖြစ်သည်။
ကိုနန္ဒ – ဆရာနန္ဒမှာ ဘာသန္တရ စာပေ – သိပ္ပံပညာရပ်များသာမက ရူပလက္ခဏာ-ဟတ္တလက္ခဏာ – သဒ္ဒလက္ခဏာတို့နှင့်တကွ သျှတ္တရကျမ်း၊ ဝေဒကျမ်း စသည်များကို အနောက်နိုင်ငံ ပညာခန်း၊ မဇ္ဈိမဒေသပညာခန်း များနှင့်တကွ ပေါက်မြောက်သင့်သလောက် ပေါက်မြောက်ခဲ့ပြီးဖြစ်သည်။

ဆရာကြီးပဌမံဦးကုလားကား ဝိဇ္ဇာမယပညာရပ်များသာမကထိုပညာ ရပ်များကိုပါ သင်ပြပေးသူဖြစ်သည်။ ဆရာနန္ဒကား ဆရာကြီးနှင့်အတူမြန်မာ နိုင်ငံ တောကြီးတောင်ကြီး အနှံ့အပြားသို့လည်းကောင်း၊ အိန္ဒိယ၊နီပေါ၊ တိဘက်တို့သို့လည်းကောင်း ရောက်ရှိခဲ့ရာမှ သူ့ဘကြီးအိမ်သို့ ပြန်လည် ရောက်ရှိစပင်ဖြစ်သည်။
ဆရာကြီးကား မည်သူ့ကိုမဆို အဘိုးအခမယူဘဲ ကုသပေး၏။ ဟော ပြောပေး၏။ အဆောင်အယောင်များလိုအပ်က ပေး၏။ သို့သော် သူ၏ လျှို့ဝှက်လိုမှုကြောင့် ဘကြီးဦးမြတ်သာဒွန်းမှာ သူနှင့်ရင်းနှီးသူများ အရေး ကိစ္စရှိသည့်အခါများ၌ ထိုမိတ်ဆွေများအား ဆရာကြီးအကြောင်းကိုမည်သူ မျှမပြောရန် နှုတ်ပိတ်ပြီးမှ ခေါ်လာတတ်သည်။ ထိုစဉ်မှာပင် ဤဇာတ်လမ်း အစတွင် ပါရှိခဲ့သော မချုံတို့လင်မယား ရောက်ရှိလာခြင်းဖြစ်သည်။
ဘကြီးလည်း မချုံတို့ လင်မယားကို အပေါ်ထပ်ရှိ ကျွန်တော်နှင့် ဆရာ ကြီး နေရာအခန်းသို့ ခေါ်လာခဲ့သည်။ “ဘယ်လိုကိစ္စလဲ- ဦးမြတ်သာဒွန်း”
“ဒီသူငယ်မ အိပ်မက် မက်လွန်းအားကြီးနေလို့ပါ ဆရာ”
“အင်း – သူက ဘယ်သူလဲ၊ ဘာလိုကိစ္စနဲ့ ရောက်လာတာလဲ”
“သူက – ကျွန်တော့်သမီးပဲဆိုပါတော့ဆရာ။တောင်ငူကညီရင်းအစ်ကို ပမာဖြစ်တဲ့ ဘိုးတလုပ်ရဲ့ သမီးပါ။ ကိစ္စက သေရေးကိစ္စဖြစ်နေပါတယ် ဆရာ”
“ကိုင်း – အကျိုးအကြောင်း ပြောစမ်းပါဦး – မိန်းကလေး”
“ပြောပါမယ် – ဆရာကြီး၊ လွန်ခဲ့တဲ့လက အိပ်မက်တစ်ခုမက်ပါတယ်။ အဝတ်ဖားလျား၊ ပါးချိုင့်၊ ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေးအရှည်ကြီးနဲ့ ဆံပင်ကို ခေါင်းအလယ်မှာ အထုံးကြီးထုံးထားတယ်။ တုတ်ကောက်ကောက်ကြီးကိုင် လို့။ လည်ပင်းမှာလည်း ဆီးဖြူသီးလောက်ရှိတဲ့ ပုတီးလုံးကြီးတွေ ဆွဲလို့၊ ကုလားဘုန်းတော်ကြီးတစ်ယောက် ပေါ်လာပြီး သူ့နေရာလိုက်ဖို့ လာခေါ် တယ်လို့ မက်ပါတယ်”

“ခေါ်ရုံပဲလား၊ ဒီပြင် ဘာတွေပြောသေးလဲ”
“နင်ဟာ ငါ့သမီးဖြစ်တယ်။ ငါ့ဆီလာဖို့ အချိန်ကျနေပြီ။ သုံးလအတွင်း ငါ့ဆီလာရမယ်လို့ နောက်ဆုံးအိပ်မက်ထဲမှာ ပြောပါသေးတယ်ဆရာကြီး”
“အိပ်မက်က တစ်ညထဲ မက်တာလား” “(၇)ရက် ဆက်ပြီး မက်ပါတယ် ဆရာကြီး”
“ဒီအကြောင်း ဘယ်သူ့ကိုပြောဘူးသလဲ”
“အမေ့ကိုပြောပါတယ်။ အမေကဇီဝိန်နတ်ခေါ်မှာစိုးရိမ်လို့ဒီက ဘကြီး
ဆီလွှတ်လိုက်တာပါ ဆရာကြီး”
ဆရာကြီး အတန်ကြာ စဉ်းစားနေသည်။
“အင်း – ထူးပေရဲ့၊ မှန်း- မိန်းကလေး လက္ခဏာပြစမ်း”
မချိုက ဆရာကြီး အနီးသို့ ရွှေ့ထိုင်ကာ လက်ဖဝါးနှစ်ဖက်စလုံး ဖြန့်ပြ လိုက်သည်။ ဆရာကြီးက ညာဖက်လက်ဖဝါးကို တစ်ချက်မျှကြည့်ကာ ဘယ်ဖက်လက်ဖဝါးကို အထူးဂရုပြု၍ကြည့်နေသည်။

“အင်း မိန်းကလေးအဖြစ်က အတော့်ကို ဆန်းကြယ်တာပဲ” “ဘယ်လို ဆန်းကြယ်တာလဲ ဆရာကြီး”
“မိန်းကလေးရဲ့လွန်ခဲ့တဲ့ငါးနှစ်လောက်ကသေသွားတယ်ဆိုတဲ့အဖေ
ရယ်၊ အခုရှိနေတဲ့ မိခင်ဆိုတာတွေဟာ မိန်းကလေးရဲ့ မိဘအရင်းမဟုတ် ဘူးကွယ့်”
“ဒါတော့ – ဆရာကြီး မှားပြီ၊ ကျွန်မ မိဘအရင်းပါ”
ဘကြီး ဦးမြတ်သာဒွန်းမှာ မျက်လုံးပြူးကာ အံ့ဩဟန်ဖြင့် နားထောင် နေသည်။
“မမှားပါဘူး – မိန်းကလေး၊ မိန်းကလေးရဲ့မိခင်အရင်းဟာ မိန်းကလေး ဝမ်းကကျွတ်တာနဲ့ သေခဲ့ရှာတယ်ကွဲ့၊ အဲ- ဒါပေမဲ့ – မိန်းကလေးဟာ မိခင် အရင်းရဲ့နို့ကို တစ်လလောက် ပို့ခဲ့ရတယ်ကွဲ့”
“ဟင် – သေတဲ့လူရဲ့နို့ကို ဘယ်လိုလုပ် စို့မှာလဲဆရာကြီး။ အားလုံးမှား နေပြီ”

ဘကြီး ဦးမြတ်သာဒွန်းလည်း ချောင်းတစ်ချက်ဟန့်ကာ ဆရာကြီး အနီးသို့ တိုးရွှေ့လာသည်။
“ဆရာ – ဆရာ၊ ဆရာဟာ သိပ်ပြီးထူးခြားတဲ့ ပုဂ္ဂိုလ်ပါလား” ဘကြီးစကားကြောင့် မချုံမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ဆရာပြောတာတွေ အကုန်မှန်တယ် ဆရာ၊ ဆရာဟာ လက္ခဏာကို ကြည့်ရုံနဲ့ ဒီအကြောင်းတွေကို ဘယ်လိုလုပ်ပြီး အပိုင်သိနိုင်တာလဲဆရာ။ အခုပြောတဲ့အကြောင်းတွေကိုသိတဲ့လူဟာမယ်ချုံရဲ့အမေအိုနဲ့ကျွန်တော်ပါ
ဒီနှစ်ယောက်ပဲအသက်နဲ့ရှိပါတော့တယ်။ ဒီအကြောင်းတွေကိုကျွန်တော်တို့ နှုတ်ပိတ်နေခဲ့ကြပါတယ်”
“အင်း – လူတစ်ဦးတစ်ယောက်ရဲ့ ဘယ်ဘက်လက်ဖဝါးထက် မှန်တဲ့ သူရဲ့မူလဇာတာရယ်လို့မရှိဘူး။ အဲဒီ မူလဇာတာဖြစ်တဲ့ ဘယ်လက်ဖဝါးက လက္ခဏာက အကြောင်းအရာအားလုံး ဖော်ပြနေပါတယ်။ ဒါကြောင့် – သိရ
တာပါ”
ထိုအခိုက် အိမ်ရှေ့မှ လူသံကြားသဖြင့် ပြတင်းပေါက်မှ လှမ်းကြည့်ကာ ပျာပျာသလဲ ဆင်းသွားလျက် ဧည့်သည်အမေအိုကို ဆရာကြီးရှိရာသို့ တောက်လျှောက်ခေါ်လာလေသည်။
ထိုအမေအိုမှာ မချုံကို စိတ်မချသဖြင့် လိုက်လာသော အမေအိုပင် ဖြစ်သည်။
“ကိုင်း – ဒေါ်တုတ် ဆရာကစပြီး မယ်ချုံရဲ့ ဇစ်မြစ်ကို ပညာနဲ့ဖော်ပေး နေမှ မောင်ရူပရော မချုံပါ အဖြစ်မှန်ကိုသိကြရအောင် ပြောပြဖို့ အချိန်တန်ပြီ”
အမေအိုက ခေါင်းညိတ်လိုက်သည်။ ဘကြီးက ဆက်ပြောသည်။

“မယ်ချုံ- တို့တစ်တွေ တစ်သက်လုံးဖုံးလာခဲ့တဲ့ အတ္ထုပ္ပတ္တိကို ပြောပြ မယ်။ စိတ်ထဲမှာ ဘယ်လိုမှ မဖြစ်နဲ့နော်”
ဘကြီး ပြောပြချက်များမှာ အောက်ပါအတိုင်းဖြစ်ရာ ဆရာကြီးက
ပြုံးလျက်လည်းကောင်း၊ အမေအိုက
ခေါင်းတညိတ်ညိတ်လုပ်၍လည်း
ကောင်း၊ မောင်ရူပနှင့် မချုံတို့ကငေးမောလျက်လည်းကောင်းနားထောင်၍
နေကြပေသတည်း။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က တောင်ငူမှာ မောင်မြတ် သာဒွန်း၊ မရွှေတန့်တို့လင်မယားနှင့် သူတို့၏သူငယ်ချင်း မောင်တလုပ်နှင့် မယ်တုတ်တို့သည် အိန္ဒိယဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရန် တိုင်ပင်ကြကာ ရန်ကုန်သို့ ခရီးထွက်ခဲ့ကြသည်။
မောင်တလုပ်၏ ညီဝမ်းကွဲက သူတို့လင်မယားပါ လိုက်လိုကြောင်း ပူဆာသဖြင့် အဖော်လည်း ရစေရန် ခေါ်ခဲ့ကြသည်။ မောင်တလုပ်၏ညီ မောင်နေဒွန်း၏ မယားမစိန်မှာ ကိုယ်ဝန်နှင့် ဘုရားဖူးမှ သားယောက်ျား ကောင်းဖြစ်မည်။ သမီးကောင်း ဖြစ်မည်။ ပို၍အကျိုးကြီးသည်ဆိုကာ လိုက်ပါခဲ့ကြခြင်းဖြစ်သည်။
အိန္ဒိယမဇ္ဈိမဒေသ ရောက်ရှိကြပြီးနောက် ပထမဗုဒ္ဓဂယာတွင် ဘုရား ဖူးကြကာ ထိုမှတစ်ဆင့် ရောက်ထိုက်သည့် ဌာနများသို့ သွားရောက်ကြ သည်။ တစ်နေရာမှ တစ်နေရာအသွားဝယ် အချို့နေရာများတွင် တောများ ကိုဖြတ်၍ သွားကြရသည်။
တစ်နေ့တွင် မောင်နေဒွန်းမှာ အပြင်းအထန် ဖျားလေတော့၏။ သူ့ မယားမစိန်မှာလည်းကိုယ်ဝန်မှာ မွေးဖွားတော့မည့်အချိန်သို့ ဆိုက်ရောက် နေသည်။ လမ်းပင်မလျှောက်နိုင်တော့။ ရောက်ရာတောတွင်းမှာပင် မီးဖွားဖို့ စီမံကြရတော့သည်။
မောင်နေဒွန်းမှာ အပြင်းဖျားနေသဖြင့် မယားကို မပြုစုနိုင်။ မောင်မြတ် သာဒွန်း၏ဇနီး မရွှေတန်နှင့် မောင်တလုပ်ဇနီး မယ်တုတ်တို့က ပြုစုကြရ သည်။
အချိန်ကား မွန်းတည့်ပြီး ကံကြမ္မာလည်း ပို၍ဆိုးရွားလာသည်။ မောင်နေဒွန်း၏ ဇနီးမှာ မိန်းကလေးတစ်ယောက်ကို မွေးဖွားပြီးသည်နှင့် တစ်ပြိုင်နက် မိမိကလေးကိုမျှ မမြင်နိုင်ရှာ။ သေမင်းခေါ်ရာသို့ ပါသွားရရှာ လေသည်။
မရွှေတန်နှင့် မတုတ်တို့မှာ တတ်သမျှနှင့် ကလေးကို ပြုစုကြ၏။ သို့ သော်ကလေးမှာလည်း အသက်မပါ။
မိမိဇနီးသည် တစ်တိုင်းတစ်ပြည် တောတွင်း၌ အသေဆိုးသေရသည် ကို ကြုံရရှာသော မောင်နေဒွန်းမှာလည်း အဖျားကပြင်းထန် စိတ်ဒုက္ခက လည်း ကြီးမားလွန်းရကား မယားနှင့်ရှေ့ဆင့်နောက်ဆင့်ပင် ရင်ဆို့ကာ အသက်ပျောက်သွားပြန်တော့သည်။
မောင်မြတ်သာဒွန်းတို့ လင်မယားနှင့် မောင်တလုပ်တို့ လင်မယားမှာ တတ်သမျှရွတ်ဆိုသရဏဂုံတင်ကာကလေးအမေနှင့်ကလေးအလောင်းကို
ချုံကြီးတစ်ခုအတွင်း၌လည်းကောင်း၊ ကလေးအဖေအလောင်းကို အခြား ချုံတစ်ခုအတွင်းလည်းကောင်း သစ်ခက်သစ်ရွက်များဖုံးလွှမ်းကာ ထားရစ် ခဲ့ရတော့သည်။
ထိုသို့ သူတို့အလောင်းများ ပြုပြင်နေခိုက် ကုလားဘုန်းကြီးတစ်ဦး ရောက်လာကာ ကလေးအမေအလောင်းနှင့်ကလေးအလောင်းကိုတံတွေး နှင့်ထွေးပြီး ထွက်သွားသဖြင့် သူတို့ အံ့အားသင့်ကာ ကျန်ရစ်ခဲ့ကြလေ သည်။
သူတို့လည်း စိတ်မချမ်းသာစွာနှင့် ခရီးဆက်ခဲ့ကြကာ ဘုရားများရှိရာ လည်ပတ်ဖူးမြော်ရင်း သေသူများအတွက် ဆုတောင်းပတ္တနာပြုကြသည်။ သို့နှင့် တစ်လမျှအကြာတွင် ဗုဒ္ဓဂယာသို့ ပြန်လည်ရောက်ကြသည်။ သူတို့အားလုံး မင်းတုန်းမင်းကြီး၏ ကောင်းမှုတော်ဇရပ်မှာပင် တည်း ခိုကြသည်။

နောက်တစ်နေ့ နံနက်တွင် မောင်မြတ်သာဒွန်းတစ်ယောက်တည်း စောစောထ၍ မဟာဗောဓိသို့ ထွက်ခဲ့ရာ ယခင် လူသေအလောင်းကို တံတွေးနှင့်ထွေးသွားသောကုလားဆာဒူးကြီးကို သစ်ပင်ရင်း၌တွေ့ရသဖြင့် မြင်ဖူးပါသည်ဟု ရပ်ကြည့်နေမိသည်။
ကုလားဘုန်းတော်ကြီးက သူ့ကို လက်ယပ်ခေါ်ကာ ပိုက်ဆံတောင်း သဖြင့် အိတ်အတွင်းပါသမျှ ထုတ်ပေးလိုက်လျှင် ကုလားဘုန်းတော်ကြီးက ပြုံးပြီးယူလိုက်သည်။
မောင်မြတ်သာဒွန်းမှာဟိန္ဒူဘာသာကိုကောင်းစွာတတ်သဖြင့် ကုလား
ဆာဒူးကြီးနှင့် လေပေးဖြောင့်နေသည်။ ကုလားဆာဒူးကြီးက မုန့်စားမလား ဟုမေးရာ သူကစားမည်ဟု ပြောလိုက်သည်။

ကုလားဆာဒူးကြီးက ဖင်ကိုကြွကာ ဖင်အောက်မှ အငွေ့တထောင်း ထောင်းနှင့် ကုလားမုန့်သုံးချပ်ကို ထုတ်ပေးလိုက်ရာ သူလည်း မသတီစွာ နှင့် ကြိတ်မှိတ်၍ စားလိုက်ရသည်။
ဆာဒူးကြီးက သူ့အနားရှိအပင်ငယ်
ကုလားဆာဒူးကြီးက သူ့ကိုပြုံး၍ကြည့်နေရာမှပိုက်ဆံများကိုတစ်ပြား မကျန် ပြန်ပေးသည်။ သူက သူ့အိတ်ထဲပြန်ထည့်လိုက်သည်။ တစ်ဖန် ကြေးအိုးနှင့်ထမင်းချက်သလားဟုမေးသဖြင့် သူကဟုတ်ကြောင်းပြောရာ သုံးလေးပင်ကိုနုတ်ပေးလျက်ထမင်းအိုး၊ ဟင်းအိုးများကို ၎င်းအရွက်နှင့် တိုက်ဆေးရန်ပြောလိုက်သည်။ သူက ၎င်း အပင်ငယ်များကို ကြည့်ပင်မကြည့်ဘဲ အိတ်ထဲထည့်လိုက်သည်။ သူကပြန်ရန် ဟန်ပြင်ရာ ဆာဒူးကြီးက မောင်တလုပ်တို့ကိုပါ ခေါ်ရန် ပြောသဖြင့် သူလည်း မရွှေတန်နှင့် မောင်တလုပ်တို့ လင်မယားကိုခေါ်ကာ ဆာဒူးကြီးထံ ပြန်သွားရပြန်သည်။
ဤတွင် ဆာဒူးကြီးက သူတို့အား တောတစ်ခုတွင်းသို့ ခေါ်သွားသည်။ တောတွင်းတစ်နေရာရောက်မှ မောင်နေဒွန်းတို့ လင်မယားအလောင်းကို ထားခဲ့သော တောဖြစ်ကြောင်း သိကြရတော့သည်။
မောင်နေဒွန်းအလောင်းမှာ အစအနမျှမကျန်။ တောကောင်များ စားသွားဟန်တူသည်။ တစ်ဖက်ချုံသို့ ကြည့်လိုက်ရာ မောင်နေဒွန်း အလောင်းနှင့် ရင်ဘတ်ပေါ်ဝယ် ကလေးတစ်ယောက် နို့စို့နေသည်ကို တွေ့ရသည်။
ထိုကလေးသဏ္ဌာန်မှာ သူတို့ကိုမြင်လျှင် တောတိရစ္ဆာန်ပမာ လျင်မြန် ဖျတ်လတ်စွာ လေးဖက်ထောက်ပြေးရင်း ချုံများအကြားဝယ် ပျောက်ကွယ် သွားတော့သည်။
ဆာဒူးကြီးကကလေးမသေကြောင်း၊ ထိုစဉ်ကပင် သူသိခဲ့သဖြင့် မိခင် အလောင်းနှင့်အတူ တံတွေးဖြင့်ထွေးကာ ပညာဖြင့် လုပ်ခဲ့ကြောင်း၊ မအေ အလောင်းရောကလေးကိုပါသူကာကွယ်ထားကြောင်း၊ ရင်သားမှာ ပကတိ အတိုင်းရှိကာ နို့ထွက်စေရန် သူ့ပညာဖြင့် ပြုထားကြောင်း ပြောပြသည်။
မှန်ပေ၏။ အလောင်းမှာ အသားအရေများ ခြောက်ကပ်ကာ မျက်နှာ နှင့် ခြေလက်များ အရိုးစုကောင်ပမာဖြစ်နေသော်လည်း အနံ့မထွက်။ ရင်သားမှာ လူကောင်းပကတိရှိနေသည်။ ညှစ်ကြည့်ရာ နို့ရည်များ ပန်း ထွက်နေသည်။
အံ့ဖွယ်ကောင်းလှသည်။ တစ်လသားမျှသာ ရှိသေးသည့်ကလေးမှာ လည်းလျင်မြန်ဖျတ်လတ်စွာ လေးဖက်ထောက် ပြေးလွှားသွားနိုင်သည်။ ဆာဒူးကြီးက နှုတ်မှတဖွဖွလုပ်လိုက်ရာ ကလေးငယ်လည်း လေးဖက် ထောက်လျက်မျက်လုံးပြူးကြောင်ကြောင်နှင့် ထွက်လာတော့သည်။ ကလေးငယ်၏ခြေသည်းလက်သည်များမှာ လက်မဝက်ခန့်ရှည်ထွက်
နေပြီး ဆံပင်မှာလည်း တစ်ထွာခန့်ရှိကာ ဖားလျားကျနေသည်။ ဆာဒူးကြီးက မောင်မြတ်သာဒွန်းအား “မင်း-ငါပေးတဲ့ပစ္စည်းကို ဒီကလေးကို တစ်ဝက်ပေးရမယ်”ပြောပြီး တစ်ဖန် မောင်တလုပ်တို့ လင် မယားအား“ဒီကလေးဟာငါ့ကြောင့်အသက်ရှင်နေတာ၊ ငါ့သမီးပဲ။ ဒါပေမဲ့- မင်းတို့ လင်မယားက မွေးစားရမယ်။ ငါ့သမီးကို ငါ ပြန်မခေါ်မချင်း ဒီအကြောင်းတွေကို မင်းတို့အချင်းချင်းတောင် မပြောရဘူး”ဟု ဆိုကာ ကလေးကို မောင်တလုပ်တို့ လင်မယားအား ပေးလိုက်ပြီး ဗုဒ္ဓဂယာသို့ ပြန်ခဲ့ကြလေသည်။
ဗုဒ္ဓဂယာသို့ ရောက်လျှင်ပင် ဆာဒူးကြီးမှာ ပျောက်ခြင်းမလှပျောက် သွားတော့သည်။
မောင်မြတ်သာဒွန်းမှာ သူ့ကို ဆာဒူးကြီးက မုန့်သုံးခု ကျွေးရုံမှအပ ဘာတစ်ခုမျှ မပေးဘဲနှင့် မင်းကို ငါပေးတဲ့ပစ္စည်းတစ်ဝက် ဒီကလေးကို ပေးရမယ်”ဟု ပြောသည့်အတွက် အစဉ်းစားရကြပ်ကာ မောင်တလုပ်နှင့် တိုင်ပင်မိသည်။
နောက်မှသတိရကာ သူ့အိတ်အတွင်းမှ ပိုက်ဆံအကြွေများကို နှိုက် ကြည့်မိရာ အားလုံးရွှေဒင်္ဂါးများဖြစ်နေသည်ကို တွေ့ရသည်။ သူတို့နှစ် ယောက်ဝမ်းသာအားရဖြင့် သစ်ရွက်များအကြောင်း သတိရကာ ထမင်းအိုး
နှင့် ဟင်းအိုးသုံးလုံးကို တိုက်ကြည့်ရာ အိုးသုံးခုလုံး ရွှေအိုးဖြစ်သွားသည် ကိုအံ့ဩဖွယ် တွေ့ရတော့သည်။
သစ်ရွက်များ အစအနမျှမကျန်တော့ရာ ဆာဒူးကြီးထိုင်ခဲ့သော နေရာ တွင် သွား၍ ရှာကြည့်ရာ ဘာပင်မျှမတွေ့ရတော့ပေ။
သူတို့ မြန်မာပြည်သို့ပြန်ရောက်ကြလျှင် ရွှေများကို အညီအမျှ ခွဲယူ ကြကာမောင်တလုပ်တို့လင်မယားက တောင်ငူမှာပင် သစ်ကုန်သည်လုပ်၍ လည်းကောင်း၊ မောင်မြတ်သာဒွန်းတို့ လင်မယားက ရန်ကုန်ကုက္ကိုင်းဘက် မှာ နေကာ လမ်းမတော်ဘက်တွင် ပွဲရုံဖွင့်၍လည်းကောင်း နေလာခဲ့ကြပေ သည်။
“အခုပြောသမျှအားလုံး အမှန်ချည်းပဲဆရာ။ အချိန်ကျပြီမို့ ဆရာ့ကို ဖွင့်ပြောတာပါ”
မချုံအား ငေးငိုင်လျက်ရှိသည်။ ဆရာကြီး ပထမံ ဦးကုလားကား ပြုံး လျက် –
“ကိုင်း -မိန်းကလေး – ဟိန္ဒူယောဂီကြီးခေါ်ရာကိုလိုက်မလား၊ ဒီအမေ အိုနဲ့ပဲ ဆက်နေမလား”
ထိုသို့ ဆရာကြီးကမေးလိုက်လျှင်အမေအိုနှင့် မောင်ရူပတို့မှာပျာယာ ခတ်မျှ လှုပ်ရှာသွားကြသည်။ မချုံကလည်း မလိုက်လိုကြောင်း ပြောလေ တော့သည်။
“ဒါပေမဲ့ – အခု မလိုက်ချင်ရင် မလိုက်ဘဲ နေလို့ရအောင် ဆရာဆောင် ရွက်ပေးမယ်။ အဲ – သက်တမ်းကုန်ရင်တော့ သူ့ဆီကိုသွားရလိမ့်မယ်” “ဒါကတော့ ကံတရားပေါ့ ဆရာကြီးရယ်။ အခု မလိုက်ရဖို့ကိုသာ လုပ်ပေးတော်မူပါ”
ဆရာကြီးက ဦးခေါင်းညိတ်လိုက်သည်။

ထိုညဉ့်သန်းခေါင်ယံတွင် ဆရာကြီးမှာ အလုပ်များနေသည်။ ကိုရူပ၊ မချုံ၊ ဒေါ်တုတ်နှင့် ဘကြီးတို့လည်း ပန်းသီး ငှက်ပျောသီးပွဲများကို ရှေ့တွင် ချထားကြကာ ဆရာကြီး၏အကဲကိုစောင့်စားကြည့်ရှုနေကြသည်။ သန်းခေါင်ကြက်တွန်သံကိုကြားရသည့်အချိန်တွင်ကား ထူးခြားသော
အသံတစ်သံကို ကြားလိုက်ရသည်။
ဟိန္ဒူယောဂီကြီးတစ်ဦး၏ သဏ္ဌာန်နှင့်တူသော အခိုးလုံးတစ်ခုသည် တဖြည်းဖြည်း ခပ်ဝါးဝါးပေါ်လာသည်။
ဘကြီး ဦးမြတ်သာဒွန်းနှင့် ဒေါ်တုတ်တို့မှာ ပြားပြားဝပ်ကာ ရှိခိုးလိုက်
ကြသည်။
ဆရာကြီးသည် ထိုယောဂီကြီးအား သက္ကတဘာသာဖြင့် နှုတ်ခွန်း ဆက်ကာ စကားပြောနေကြသည်။ ယောဂီကြီးက ခေါင်းခါတိုင်း ဒေါ်တုတ်၊ မောင်ရူပနှင့် မချုံတို့မှာ မျက်လုံးပြူးနေကြသည်။
နောက်ဆုံး ပြုံးပြုံးကြီးနဲ့ ခေါင်းညိတ်လိုက်မှ သူတို့သုံးယောက်မှာ စိတ်အေးသွားကြတော့သည်။
ဟိန္ဒူယောဂီကြီးလည်း ကျွန်တော် ဘကြီး၊ ဒေါ်တုတ်၊ မောင်ရူပနှင့် မချုံတို့အား သစ်သီးပွဲထဲမှပန်းသီးများကိုနှိုက်ယူကာတစ်ယောက်တစ်လုံးစီ စားခိုင်းသည်။
ထို့နောက် ယောဂီကြီးသည် မချုံအား ပြုံးပြုံးကြီး ကြည့်လျက် – “အမ်းမား – မာဘာယီ – မာဆောကျီ-ယားဝ – အားယူးရီ ပရိယောသျှ နံသျှသျှခံ – တိတ်သျှဌာဟိ”
ဟု ပြောလိုက်ရာ ဒေါ်တုတ်နှင့် ကိုရူပတို့မှာ ဘာပြောမှန်းမသိသဖြင့် မျက်လုံးပြူးသွားသည်။
မချုံမှာ ယောဂီကြီး၏ မနောမယတန်ခိုးဖြင့် နားလည်သူဖြစ်ရာ ပြုံး လျက်လက်အုပ်ချီလိုက်သည်။
ဤတွင် ဒေါ်တုတ်နှင့် မောင်ရူပ နားလည်အောင် ကျွန်တော်က ရှင်းပြ ရသည်။

“သမီး မကြောက်နဲ့၊ မစိုးရိမ်နဲ့၊ တစ်သက်လုံး ချမ်းချမ်းသာသာ နေပေ တော့လို့ မာဂမိနဲ့ ပြောတာဗျ”
ဤတွင်မှ ကိုရူပနှင့် ဒေါ်တုတ်တို့ ပြုံးလာနိုင်သည်။
နောက်တစ်ခဏမျှအကြာတွင်ကား ယောဂီကြီးသည် ဆရာကြီးအား နှုတ်ဆက်လျက် ကျွန်တော်တို့အား စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ ထွက်ခွာ၍ သွားပေတော့သတည်း။
ဤအကြောင်းအရာများကား လွန်ခဲ့သော နှစ်ပေါင်း (၈ဝ)ခန့်က ပဌမံ ဦးကုလားခေါ် ဆရာကြီး၏ တပည့်ဆရာနန္ဒ၏ မှတ်တမ်းတွင် တွေ့ရသည့် အတိုင်း ဖော်ပြရခြင်းဖြစ်ပါသည်။
> ဦးစံဝင်း (ကုဏ္ဍလိနီ)

Zawgyi Version

“လူေသႏို႔စို႔၍အသက္ရွင္လာသူ”(စ/ဆံုး)
————————————————-
သူ႔အမည္မွာ မခ်ဳံ၊ ခ်ဳံႀကီးတစ္ခုထဲမွာ အသက္ရွင္ လူျဖစ္လာရလို႔ မခ်ဳံ..။
“အမ္းမား ထရိန္းသွ်ဝပ္သွ်ာနီ ပူးရ္ဏားနီမမဆန္တိကံ ေပါနာဂမန ကာလိုးဆီ – ဧးဟိအဓယေဒသွ်ံ-ဂမိတ္သွ်ာမား”
မခ်ဳံမွာ သူ႔ခင္ပြန္း ကို႐ူပ၏ နံေဘးတြင္ အိပ္ေပ်ာ္ေနရာမွ သူၾကားဖူး ေသာ ကုလားစကားမ်ိဳးမဟုတ္သည့္ ကုလားေျပာေသာ စကားသံႀကီးကို ၾကားလိုက္မိသည္။ သူ ႏိုးေနျခင္းမဟုတ္၊ အိပ္ေမာက်ေနျခင္းလည္း မဟုတ္။
“မမ- ဆန္တိကံ – ေပါနာဂမန – ကာလိုးဆီ – ဧးဟိ – ေမဓယေဒ လွ်ံဂမိတ္သွ်ာမား”
စကားသံ၏ဒုတိယႏွင့္ တတိယအပိုဒ္ကိုပီပီသသႀကီးၾကားလိုက္ရျပန္
သည္။ သူေၾကာက္သလိုလိုႏွင့္ အံ့အားသင့္သြားသည္။

“ဟင္ … ဒီစကားမ်ိဳး ငါ မၾကားဘူးပါလား။ အို – မၾကားဘူးေပမဲ့ ငါ နား လည္တယ္”
သူ-ထိုသို႔ စဥ္းစားေနခိုက္မွာပင္ ဟိႏၵဴေယာဂီႀကီးတစ္ဦး၏ သဏၭာန္ သည္ အိပ္မက္တြင္းဝယ္ ေပၚ၍လာသည္။
“အမ္းမား – ထရိန္းသူဝပ္သွ်ာနီ ပူးရ္ကားနီ- မမဆန္တိကံ-ေပါနာဂ မန-ကာလိုးဆီ – ဇးဟိ – မဓယေဒသွ်ံ ဂမိတ္သွ်ာမား”
ဟုေျပာလိုက္ျပန္သည္။
“ေဟာေတာ့ – ငါ နားမလည္တဲ့ စကားေတြနဲ႔ ေျပာေနျပန္ၿပီဟင္ – ဒီ စကားမ်ိဳး ငါမၾကားဘူးေပမဲ့ ငါ နားလည္ေနပါလား”
အိပ္မက္ထဲကဟိႏၵဴေယာဂီႀကီးေျပာေသာစကားမွာဟိႏၵီလည္းမဟုတ္၊
သကၠတလည္းမဟုတ္၊ မာဂမီေခၚပါဠိစကားပင္ျဖစ္သည္။ သူ႔ေဒသအသံႏွင့္ ေျပာေနသျဖင့္ ဟိႏၵဴလိုလိုသကၠတလိုလို ထင္ရျခင္းသာ –
“အင္း- သူ ေျပာတဲ့စကားမ်ိဳး ငါ မၾကားဘူးေပမဲ့ ငါ နားလည္တယ္။ သူဟာငါ့ကိုလာၿပီး ေခၚေနတာပဲ”
“သမီး ႏွစ္ေပါင္း (၃၀) ျပည့္သြားၿပီ။ ငါ့ဆီ ျပန္လာဖို႔ အခ်ိန္က်ၿပီေလ။ လာ-လာ-မဇၩိမေဒသကို သြားၾကမယ္တဲ့။ သူ ေျပာတာေတြ ငါ အကုန္ နားလည္ေနပါလား”
သူအိပ္မက္ထဲမွာပင္မ်က္လုံးျပဴးလ်က္ေယာဂီႀကီးအားၾကည့္ေနမိရာ
ေယာဂီႀကီးတစ္ဦး ေခါင္းတညိတ္ညိတ္ျဖင့္ ၿပဳံးၿပီး ျပန္ၾကည့္ေနသည္။ ဟိႏၵဴေယာဂီႀကီးအား အဝတ္ဖားလ်ား ပါးခ်ိဳင့္ခ်ိဳင့္၊ ပါးသိုင္းေမြး၊ မုတ္ ဆိတ္ေမြးရွည္စြာႏွင့္ ဆံပင္ကို ေခါင္းအလယ္မွာ အထုံးႀကီးထုံးထားသည္။ လည္ပင္းမွာလည္း ဆီးျဖဴသီးႀကီးေတြေလာက္ရွိေသာ ပုတီးလုံးႀကီးေတြကို ဆြဲထားသည္။ တုတ္ေကာက္ေကာက္ႀကီးကို ကိုင္ထားသည္။
မခ်ဳံ-ေၾကာက္သလိုလိုျဖစ္လာကာ “အေမေရ-လုပ္ပါဦး။ ကုလား
ဘုန္းႀကီးႀကီး ကြၽန္မကို လာေခၚေနတယ္”ဟု အသံကုန္ ေအာ္လိုက္သည္။

သူ႔အသံမွာပီသစြာ ထြက္မလာပဲဝူးဝူးဝါးဝါးျဖစ္ေနသည္။ ကို႐ူပလန႔္ႏိုး ကာ ဘာျဖစ္တာလဲဟုေမးရင္း သူ႔ကို လႈပ္ႏႈိးလိုက္သည္။
သူတို႔အသံေၾကာင့္ အေမအို ေဒၚတုတ္ပါ ႏိုးလာကာ သူတို႔ဆီ ေရာက္ လာသည္။
“ဘာျဖစ္တာတုံး – သမီး”
မခ်ဳံက အိပ္မက္အေၾကာင္း ေျပာျပသည္။ သူ႔အေမအိုက အတန္ငယ္ စဥ္းစားသလိုလုပ္ၿပီး အေထြအထူးမေျပာဘဲ –
“ကဲ-ကဲ- အိပ္ၾက-အိပ္ၾက-အိပ္မက္ဆိုတာ ဘာရယ္မဟုတ္ဘူး။ မက္ခ်င္သလို မက္တာေပါ့”
ဤမွ်ေျပာကာ ျပန္ထြက္သြားသည္၊ မခ်ဳံမွာ မိုးလင္းအထိ အိပ္၍မရ ေတာ့။ သူတို႔မိသားစုမွာ ေတာင္ငူတြင္ေနၾကသည္။ သူ႔ဖခင္ ဦးတလုပ္ရွိစဥ္ ကတည္းကပင္ ေတာင္ငူမွာ သစ္လုပ္ငန္းျဖင့္ ႀကီးပြားေနျခင္းျဖစ္သည္။ လြန္ခဲ့သည့္ ငါးႏွစ္ခန႔္က သူ႔ဖခင္ ေသဆုံးသြားခဲ့သည္။
မခ်ဳံမွာမည္သို႔ပင္စိတ္ေျဖေစကာမူ ေျဖ၍မရ။ ထိုအိပ္မက္ကို (၇)ညဥ့္ တိတိ ဆက္၍မက္ေနေသာေၾကာင့္ ျဖစ္သည္။
မိခင္အို ေဒၚတုတ္မွာ မေနသာေတာ့ဘဲ ကို႐ူပႏွင့္ မခ်ဳံကိုခင္မင္ရင္းႏွီး လွသည့္ ဦးျမတ္သာဒြန္းရွိရာ ရန္ကုန္သို႔ လႊတ္လိုက္ရသည္။
ဤတြင္ ဤဇာတ္လမ္းကို မွတ္တမ္းတင္ခဲ့သူ ဆရာနႏၵက သူႏွင့္ သူ႔ ဆရာႀကီးအေၾကာင္းကိုေရာ မခ်ဳံတို႔ႏွင့္ သူ႔ဘႀကီးအိမ္တြင္ ဆုံခဲ့ရပုံမ်ားကိုပါ ဆက္လက္ေဖာ္ျပျပန္သည္။
ကြၽန္ေတာ္ ေမာင္နႏၵသည္ အသက္ (၂၀)ခန႔္က ရန္ကုန္ၿမိဳ႕ ကုကၠိဳင္း ဘက္ရွိ ဘႀကီးျဖစ္သူ ဦးျမတ္သာဒြန္းအိမ္တြင္ေနထိုင္ရင္း ဘာသႏၲရစာေပ ႏွင့္ သိပၸံပညာရပ္မ်ားကို ဆည္းပူးခဲ့ရသည္။

ထိုစဥ္ကအေၾကာင္းအရာမ်ားကိုေဖာ္ျပရပါမည္။ ထိုသို႔ဘာသႏၲရစာေပ ႏွင့္ သိပၸံပညာရပ္မ်ားကို ေလ့လာေနခိုက္ ေဒါက္တာဒတ္စ္ေခၚ ဗုဒၶဘာသာ ကုလားဆရာဝန္တစ္ဦးကို ဘႀကီး၏ေက်းဇူးေၾကာင့္ သိကြၽမ္းရင္းႏွီးခဲ့ရေပ သည္။ ကြၽန္ေတာ္လည္းမိဘမ်ားထံခြင့္ပန္ကာ ေဒါက္တာဒတ္စ္ႏွင့္ (၇)ႏွစ္ ေက်ာ္မွ် ေနခဲ့ရေပသည္။
သူကား ယခုေဖာ္ျပမည့္ ပဌမံ ဦးကုလားပင္ျဖစ္သည္။ မည္သို႔လွ်င္ ကုလားဆရာဝန္တစ္ေယာက္ ဗမာပဌမံ ဆရာႀကီးျဖစ္လာရပါသနည္း။
တစ္ေန႔တြင္ သူ႔ေဆးတိုက္သို႔ ေပါင္တစ္ဖက္ေယာင္ကိုင္းေနကာ အမယ္ေလး ေအာ္ေနရေသာ အသက္ (၄၀)ခန႔္ လူႀကီးတစ္ေယာက္လာ သည္။ ေဒါက္တာသည္ သက္သာေအာင္ျပဳစုကာ ခြဲစိတ္ရမည့္ လူနာ ျဖစ္သျဖင့္ သူ႔အိမ္တြင္ လက္ခံထားလိုက္သည္။
လူနာမွာ မသက္သာ ညည္းတြားေအာ္ဟစ္ေနသျဖင့္ ခြဲစိတ္ဖို႔ ျပင္ဆင္ ေနခိုက္ ေဟာင္းႏြမ္းေသာသစ္ေခါက္ဆိုး သကၤန္းႏွင့္ လြယ္အိတ္ကိုလြယ္ ကာ စိပ္ပုတီးႀကီးတစ္ကုံးကို လည္ပင္းတြင္စြပ္လ်က္ ေတာင္ေဝွးကိုင္ၿပီး ႂကြလာေသာ ဘုန္းေတာ္ႀကီးတစ္ပါး ေရာက္လာသည္။ “ဘာကို အလိုရွိလို႔ ႂကြလာပါသလဲ ဘုရား”
ေဒါက္တာက ျမန္မာစကားပီသစြာ ျပန္ေလွ်ာက္ထားလိုက္သည္။ “အင္း – ဒကာႀကီး သတင္းၾကားရတဲ့အတြက္ ပုပၸါးသြားဖို႔ ခရီးစရိတ္ ဝတၳဳေငြမ်ား အလႉခံဖို႔လာတာပါ ဒကာဆရာဝန္ႀကီး”
ထိုအတြင္း လူနာအဖိုးႀကီး၏ ညည္းတြားသံကို ၾကားလိုက္ရသည္။ “အလို-ပေယာဂရဲ႕သဒၵလကၡဏာပါကလား”
ဘုန္းေတာ္ႀကီးက ဤသို႔ေျပာၿပီး တစ္ဆက္တည္းပင္ –
“ဒကာဆရာဝန္ႀကီးရဲ႕ လူနာကို က်ဳပ္ ၾကည့္ပါရေစ” ဟု ေျပာလိုက္ သည္။ ေဒါက္တာလည္း ဘုန္းေတာ္ႀကီးကို လူနာဆီသို႔ ေခၚသြားသည္။ ဘုန္းေတာ္ႀကီးက လူနာကိုျမင္လွ်င္ စုတ္သပ္လ်က္ ပေယာဂျဖစ္ေၾကာင္း ေျပာလိုက္သည္။

လူနာ၏ေပါင္ကို ခြဲစိပ္ၿပီးလွ်င္ပင္ လူနာလည္း အညည္းရပ္ကာ လန္း ဆန္းလာသည္။ ေဒါက္တာလည္း လူနာအတြက္ လုပ္စရာမ်ား လုပ္ေပးၿပီး ဘုန္းေတာ္ႀကီးႏွင့္အတူ အျပင္သို႔ထြက္ခဲ့သည္။
ေဒါက္တာကပေယာဂအေၾကာင္းေမးျမန္းေလွ်ာက္ထားရာ ဘုန္းေတာ္
ႀကီးက ရွင္းလင္းေျပာျပသျဖင့္ ေဒါက္တာက စိတ္ဝင္စားလာသည္။ ေဒါက္တာသည္ ဘုန္းေတာ္ႀကီးအားထိုေန႔အတြက္ဆြမ္းကပ္သည့္ျပင္ လိုအပ္သည္မ်ားကို လႉဒါန္းလိုက္ေလသည္။ ထိုဘုန္းေတာ္ႀကီးႏွင့္အတူ လူနာအဘိုးႀကီးလည္း ကပၸိယအျဖစ္ လိုက္ပါသြားသည္။ ေနာက္တစ္ႏွစ္မွ်အၾကာတြင္ကား ေဒါက္တာဒတ္စ္လည္း ဘုန္းေတာ္ ႀကီးရွိရာ ပုပၸါးသို႔လိုက္ပါသြားေတာ့သည္။
ဤမွတ္တမ္းေရးသူ ဆရာနႏၵႏွင့္ ေတြ႕ဆုံၾကရေသာအခ်ိန္တြင္မူ ေဒါက္တာဒတ္စ္ကို ဆရာဝန္အျဖစ္ ေတြ႕ရျခင္းမဟုတ္ေပ။ လည္ပင္းမွာ စိပ္ပုတီးႏွင့္ေတာင္ေဝွးတစ္ေခ်ာင္းကိုကိုင္ထားေသာပဌမံဦးကုလားအျဖစ္
ေတြ႕ရျခင္းျဖစ္သည္။
ဟိႏၵဴေယာဂီႀကီးတစ္ဦး၏ မေနာမယပညာရပ္ဆိုင္ရာ သမီးတစ္ ေယာက္ျဖစ္ေသာလူေသ၏ႏို႔ႏွင့္ အသက္ရွင္ေနခဲ့ရသည့္ မခ်ဳံ။ ခ်ဳံႀကီးထဲမွာ လူျဖစ္ခဲ့ရေသာ မခ်ဳံ။ ဤဇာတ္လမ္းအစတြင္ ပါခဲ့ေသာ မခ်ိဳ၏အေၾကာင္း ကိုဦးျမတ္သာဒြန္းအိမ္တြင္ ေတြ႕ႀကဳံခဲ့ရသမွ် ေဖာ္ျပရေသာ္- ထိုေန႔ကား ဆရာႀကီး ပဌမံဦးကုလားႏွင့္ ဆရာနႏၵတို႔ ဘႀကီး ဦးျမတ္ သာဒြန္း အိမ္သို႔ေရာက္ရွိၿပီး (၂) ရက္ခန႔္တြင္ ျဖစ္သည္။
ကိုနႏၵ – ဆရာနႏၵမွာ ဘာသႏၲရ စာေပ – သိပၸံပညာရပ္မ်ားသာမက ႐ူပလကၡဏာ-ဟတၱလကၡဏာ – သဒၵလကၡဏာတို႔ႏွင့္တကြ သွ်တၱရက်မ္း၊ ေဝဒက်မ္း စသည္မ်ားကို အေနာက္ႏိုင္ငံ ပညာခန္း၊ မဇၩိမေဒသပညာခန္း မ်ားႏွင့္တကြ ေပါက္ေျမာက္သင့္သေလာက္ ေပါက္ေျမာက္ခဲ့ၿပီးျဖစ္သည္။

ဆရာႀကီးပဌမံဦးကုလားကား ဝိဇၨာမယပညာရပ္မ်ားသာမကထိုပညာ ရပ္မ်ားကိုပါ သင္ျပေပးသူျဖစ္သည္။ ဆရာနႏၵကား ဆရာႀကီးႏွင့္အတူျမန္မာ ႏိုင္ငံ ေတာႀကီးေတာင္ႀကီး အႏွံ႔အျပားသို႔လည္းေကာင္း၊ အိႏၵိယ၊နီေပါ၊ တိဘက္တို႔သို႔လည္းေကာင္း ေရာက္ရွိခဲ့ရာမွ သူ႔ဘႀကီးအိမ္သို႔ ျပန္လည္ ေရာက္ရွိစပင္ျဖစ္သည္။
ဆရာႀကီးကား မည္သူ႔ကိုမဆို အဘိုးအခမယူဘဲ ကုသေပး၏။ ေဟာ ေျပာေပး၏။ အေဆာင္အေယာင္မ်ားလိုအပ္က ေပး၏။ သို႔ေသာ္ သူ၏ လွ်ိဳ႕ဝွက္လိုမႈေၾကာင့္ ဘႀကီးဦးျမတ္သာဒြန္းမွာ သူႏွင့္ရင္းႏွီးသူမ်ား အေရး ကိစၥရွိသည့္အခါမ်ား၌ ထိုမိတ္ေဆြမ်ားအား ဆရာႀကီးအေၾကာင္းကိုမည္သူ မွ်မေျပာရန္ ႏႈတ္ပိတ္ၿပီးမွ ေခၚလာတတ္သည္။ ထိုစဥ္မွာပင္ ဤဇာတ္လမ္း အစတြင္ ပါရွိခဲ့ေသာ မခ်ဳံတို႔လင္မယား ေရာက္ရွိလာျခင္းျဖစ္သည္။
ဘႀကီးလည္း မခ်ဳံတို႔ လင္မယားကို အေပၚထပ္ရွိ ကြၽန္ေတာ္ႏွင့္ ဆရာ ႀကီး ေနရာအခန္းသို႔ ေခၚလာခဲ့သည္။ “ဘယ္လိုကိစၥလဲ- ဦးျမတ္သာဒြန္း”
“ဒီသူငယ္မ အိပ္မက္ မက္လြန္းအားႀကီးေနလို႔ပါ ဆရာ”
“အင္း – သူက ဘယ္သူလဲ၊ ဘာလိုကိစၥနဲ႔ ေရာက္လာတာလဲ”
“သူက – ကြၽန္ေတာ့္သမီးပဲဆိုပါေတာ့ဆရာ။ေတာင္ငူကညီရင္းအစ္ကို ပမာျဖစ္တဲ့ ဘိုးတလုပ္ရဲ႕ သမီးပါ။ ကိစၥက ေသေရးကိစၥျဖစ္ေနပါတယ္ ဆရာ”
“ကိုင္း – အက်ိဳးအေၾကာင္း ေျပာစမ္းပါဦး – မိန္းကေလး”
“ေျပာပါမယ္ – ဆရာႀကီး၊ လြန္ခဲ့တဲ့လက အိပ္မက္တစ္ခုမက္ပါတယ္။ အဝတ္ဖားလ်ား၊ ပါးခ်ိဳင့္၊ ပါးသိုင္းေမြး၊ မုတ္ဆိတ္ေမြးအရွည္ႀကီးနဲ႔ ဆံပင္ကို ေခါင္းအလယ္မွာ အထုံးႀကီးထုံးထားတယ္။ တုတ္ေကာက္ေကာက္ႀကီးကိုင္ လို႔။ လည္ပင္းမွာလည္း ဆီးျဖဴသီးေလာက္ရွိတဲ့ ပုတီးလုံးႀကီးေတြ ဆြဲလို႔၊ ကုလားဘုန္းေတာ္ႀကီးတစ္ေယာက္ ေပၚလာၿပီး သူ႔ေနရာလိုက္ဖို႔ လာေခၚ တယ္လို႔ မက္ပါတယ္”

“ေခၚ႐ုံပဲလား၊ ဒီျပင္ ဘာေတြေျပာေသးလဲ”
“နင္ဟာ ငါ့သမီးျဖစ္တယ္။ ငါ့ဆီလာဖို႔ အခ်ိန္က်ေနၿပီ။ သုံးလအတြင္း ငါ့ဆီလာရမယ္လို႔ ေနာက္ဆုံးအိပ္မက္ထဲမွာ ေျပာပါေသးတယ္ဆရာႀကီး”
“အိပ္မက္က တစ္ညထဲ မက္တာလား” “(၇)ရက္ ဆက္ၿပီး မက္ပါတယ္ ဆရာႀကီး”
“ဒီအေၾကာင္း ဘယ္သူ႔ကိုေျပာဘူးသလဲ”
“အေမ့ကိုေျပာပါတယ္။ အေမကဇီဝိန္နတ္ေခၚမွာစိုးရိမ္လို႔ဒီက ဘႀကီး
ဆီလႊတ္လိုက္တာပါ ဆရာႀကီး”
ဆရာႀကီး အတန္ၾကာ စဥ္းစားေနသည္။
“အင္း – ထူးေပရဲ႕၊ မွန္း- မိန္းကေလး လကၡဏာျပစမ္း”
မခ်ိဳက ဆရာႀကီး အနီးသို႔ ေ႐ႊ႕ထိုင္ကာ လက္ဖဝါးႏွစ္ဖက္စလုံး ျဖန႔္ျပ လိုက္သည္။ ဆရာႀကီးက ညာဖက္လက္ဖဝါးကို တစ္ခ်က္မွ်ၾကည့္ကာ ဘယ္ဖက္လက္ဖဝါးကို အထူးဂ႐ုျပဳ၍ၾကည့္ေနသည္။

“အင္း မိန္းကေလးအျဖစ္က အေတာ့္ကို ဆန္းၾကယ္တာပဲ” “ဘယ္လို ဆန္းၾကယ္တာလဲ ဆရာႀကီး”
“မိန္းကေလးရဲ႕လြန္ခဲ့တဲ့ငါးႏွစ္ေလာက္ကေသသြားတယ္ဆိုတဲ့အေဖ
ရယ္၊ အခုရွိေနတဲ့ မိခင္ဆိုတာေတြဟာ မိန္းကေလးရဲ႕ မိဘအရင္းမဟုတ္ ဘူးကြယ့္”
“ဒါေတာ့ – ဆရာႀကီး မွားၿပီ၊ ကြၽန္မ မိဘအရင္းပါ”
ဘႀကီး ဦးျမတ္သာဒြန္းမွာ မ်က္လုံးျပဴးကာ အံ့ဩဟန္ျဖင့္ နားေထာင္ ေနသည္။
“မမွားပါဘူး – မိန္းကေလး၊ မိန္းကေလးရဲ႕မိခင္အရင္းဟာ မိန္းကေလး ဝမ္းကကြၽတ္တာနဲ႔ ေသခဲ့ရွာတယ္ကြဲ႕၊ အဲ- ဒါေပမဲ့ – မိန္းကေလးဟာ မိခင္ အရင္းရဲ႕ႏို႔ကို တစ္လေလာက္ ပို႔ခဲ့ရတယ္ကြဲ႕”
“ဟင္ – ေသတဲ့လူရဲ႕ႏို႔ကို ဘယ္လိုလုပ္ စို႔မွာလဲဆရာႀကီး။ အားလုံးမွား ေနၿပီ”

ဘႀကီး ဦးျမတ္သာဒြန္းလည္း ေခ်ာင္းတစ္ခ်က္ဟန႔္ကာ ဆရာႀကီး အနီးသို႔ တိုးေ႐ႊ႕လာသည္။
“ဆရာ – ဆရာ၊ ဆရာဟာ သိပ္ၿပီးထူးျခားတဲ့ ပုဂၢိဳလ္ပါလား” ဘႀကီးစကားေၾကာင့္ မခ်ဳံမွာ အံ့အားသင့္ကာ ပါးစပ္အေဟာင္းသား ျဖစ္သြားသည္။
“ဆရာေျပာတာေတြ အကုန္မွန္တယ္ ဆရာ၊ ဆရာဟာ လကၡဏာကို ၾကည့္႐ုံနဲ႔ ဒီအေၾကာင္းေတြကို ဘယ္လိုလုပ္ၿပီး အပိုင္သိႏိုင္တာလဲဆရာ။ အခုေျပာတဲ့အေၾကာင္းေတြကိုသိတဲ့လူဟာမယ္ခ်ဳံရဲ႕အေမအိုနဲ႔ကြၽန္ေတာ္ပါ
ဒီႏွစ္ေယာက္ပဲအသက္နဲ႔ရွိပါေတာ့တယ္။ ဒီအေၾကာင္းေတြကိုကြၽန္ေတာ္တို႔ ႏႈတ္ပိတ္ေနခဲ့ၾကပါတယ္”
“အင္း – လူတစ္ဦးတစ္ေယာက္ရဲ႕ ဘယ္ဘက္လက္ဖဝါးထက္ မွန္တဲ့ သူရဲ႕မူလဇာတာရယ္လို႔မရွိဘူး။ အဲဒီ မူလဇာတာျဖစ္တဲ့ ဘယ္လက္ဖဝါးက လကၡဏာက အေၾကာင္းအရာအားလုံး ေဖာ္ျပေနပါတယ္။ ဒါေၾကာင့္ – သိရ
တာပါ”
ထိုအခိုက္ အိမ္ေရွ႕မွ လူသံၾကားသျဖင့္ ျပတင္းေပါက္မွ လွမ္းၾကည့္ကာ ပ်ာပ်ာသလဲ ဆင္းသြားလ်က္ ဧည့္သည္အေမအိုကို ဆရာႀကီးရွိရာသို႔ ေတာက္ေလွ်ာက္ေခၚလာေလသည္။
ထိုအေမအိုမွာ မခ်ဳံကို စိတ္မခ်သျဖင့္ လိုက္လာေသာ အေမအိုပင္ ျဖစ္သည္။
“ကိုင္း – ေဒၚတုတ္ ဆရာကစၿပီး မယ္ခ်ဳံရဲ႕ ဇစ္ျမစ္ကို ပညာနဲ႔ေဖာ္ေပး ေနမွ ေမာင္႐ူပေရာ မခ်ဳံပါ အျဖစ္မွန္ကိုသိၾကရေအာင္ ေျပာျပဖို႔ အခ်ိန္တန္ၿပီ”
အေမအိုက ေခါင္းညိတ္လိုက္သည္။ ဘႀကီးက ဆက္ေျပာသည္။

“မယ္ခ်ဳံ- တို႔တစ္ေတြ တစ္သက္လုံးဖုံးလာခဲ့တဲ့ အတၳဳပၸတၱိကို ေျပာျပ မယ္။ စိတ္ထဲမွာ ဘယ္လိုမွ မျဖစ္နဲ႔ေနာ္”
ဘႀကီး ေျပာျပခ်က္မ်ားမွာ ေအာက္ပါအတိုင္းျဖစ္ရာ ဆရာႀကီးက
ၿပဳံးလ်က္လည္းေကာင္း၊ အေမအိုက
ေခါင္းတညိတ္ညိတ္လုပ္၍လည္း
ေကာင္း၊ ေမာင္႐ူပႏွင့္ မခ်ဳံတို႔ကေငးေမာလ်က္လည္းေကာင္းနားေထာင္၍
ေနၾကေပသတည္း။
လြန္ခဲ့ေသာ ႏွစ္ေပါင္းသုံးဆယ္ေက်ာ္က ေတာင္ငူမွာ ေမာင္ျမတ္ သာဒြန္း၊ မေ႐ႊတန႔္တို႔လင္မယားႏွင့္ သူတို႔၏သူငယ္ခ်င္း ေမာင္တလုပ္ႏွင့္ မယ္တုတ္တို႔သည္ အိႏၵိယဗုဒၶဂယာသို႔ ဘုရားဖူးသြားရန္ တိုင္ပင္ၾကကာ ရန္ကုန္သို႔ ခရီးထြက္ခဲ့ၾကသည္။
ေမာင္တလုပ္၏ ညီဝမ္းကြဲက သူတို႔လင္မယားပါ လိုက္လိုေၾကာင္း ပူဆာသျဖင့္ အေဖာ္လည္း ရေစရန္ ေခၚခဲ့ၾကသည္။ ေမာင္တလုပ္၏ညီ ေမာင္ေနဒြန္း၏ မယားမစိန္မွာ ကိုယ္ဝန္ႏွင့္ ဘုရားဖူးမွ သားေယာက္်ား ေကာင္းျဖစ္မည္။ သမီးေကာင္း ျဖစ္မည္။ ပို၍အက်ိဳးႀကီးသည္ဆိုကာ လိုက္ပါခဲ့ၾကျခင္းျဖစ္သည္။
အိႏၵိယမဇၩိမေဒသ ေရာက္ရွိၾကၿပီးေနာက္ ပထမဗုဒၶဂယာတြင္ ဘုရား ဖူးၾကကာ ထိုမွတစ္ဆင့္ ေရာက္ထိုက္သည့္ ဌာနမ်ားသို႔ သြားေရာက္ၾက သည္။ တစ္ေနရာမွ တစ္ေနရာအသြားဝယ္ အခ်ိဳ႕ေနရာမ်ားတြင္ ေတာမ်ား ကိုျဖတ္၍ သြားၾကရသည္။
တစ္ေန႔တြင္ ေမာင္ေနဒြန္းမွာ အျပင္းအထန္ ဖ်ားေလေတာ့၏။ သူ႔ မယားမစိန္မွာလည္းကိုယ္ဝန္မွာ ေမြးဖြားေတာ့မည့္အခ်ိန္သို႔ ဆိုက္ေရာက္ ေနသည္။ လမ္းပင္မေလွ်ာက္ႏိုင္ေတာ့။ ေရာက္ရာေတာတြင္းမွာပင္ မီးဖြားဖို႔ စီမံၾကရေတာ့သည္။
ေမာင္ေနဒြန္းမွာ အျပင္းဖ်ားေနသျဖင့္ မယားကို မျပဳစုႏိုင္။ ေမာင္ျမတ္ သာဒြန္း၏ဇနီး မေ႐ႊတန္ႏွင့္ ေမာင္တလုပ္ဇနီး မယ္တုတ္တို႔က ျပဳစုၾကရ သည္။
အခ်ိန္ကား မြန္းတည့္ၿပီး ကံၾကမၼာလည္း ပို၍ဆိုး႐ြားလာသည္။ ေမာင္ေနဒြန္း၏ ဇနီးမွာ မိန္းကေလးတစ္ေယာက္ကို ေမြးဖြားၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ မိမိကေလးကိုမွ် မျမင္ႏိုင္ရွာ။ ေသမင္းေခၚရာသို႔ ပါသြားရရွာ ေလသည္။
မေ႐ႊတန္ႏွင့္ မတုတ္တို႔မွာ တတ္သမွ်ႏွင့္ ကေလးကို ျပဳစုၾက၏။ သို႔ ေသာ္ကေလးမွာလည္း အသက္မပါ။
မိမိဇနီးသည္ တစ္တိုင္းတစ္ျပည္ ေတာတြင္း၌ အေသဆိုးေသရသည္ ကို ႀကဳံရရွာေသာ ေမာင္ေနဒြန္းမွာလည္း အဖ်ားကျပင္းထန္ စိတ္ဒုကၡက လည္း ႀကီးမားလြန္းရကား မယားႏွင့္ေရွ႕ဆင့္ေနာက္ဆင့္ပင္ ရင္ဆို႔ကာ အသက္ေပ်ာက္သြားျပန္ေတာ့သည္။
ေမာင္ျမတ္သာဒြန္းတို႔ လင္မယားႏွင့္ ေမာင္တလုပ္တို႔ လင္မယားမွာ တတ္သမွ်႐ြတ္ဆိုသရဏဂုံတင္ကာကေလးအေမႏွင့္ကေလးအေလာင္းကို
ခ်ဳံႀကီးတစ္ခုအတြင္း၌လည္းေကာင္း၊ ကေလးအေဖအေလာင္းကို အျခား ခ်ဳံတစ္ခုအတြင္းလည္းေကာင္း သစ္ခက္သစ္႐ြက္မ်ားဖုံးလႊမ္းကာ ထားရစ္ ခဲ့ရေတာ့သည္။
ထိုသို႔ သူတို႔အေလာင္းမ်ား ျပဳျပင္ေနခိုက္ ကုလားဘုန္းႀကီးတစ္ဦး ေရာက္လာကာ ကေလးအေမအေလာင္းႏွင့္ကေလးအေလာင္းကိုတံေတြး ႏွင့္ေထြးၿပီး ထြက္သြားသျဖင့္ သူတို႔ အံ့အားသင့္ကာ က်န္ရစ္ခဲ့ၾကေလ သည္။
သူတို႔လည္း စိတ္မခ်မ္းသာစြာႏွင့္ ခရီးဆက္ခဲ့ၾကကာ ဘုရားမ်ားရွိရာ လည္ပတ္ဖူးေျမာ္ရင္း ေသသူမ်ားအတြက္ ဆုေတာင္းပတၱနာျပဳၾကသည္။ သို႔ႏွင့္ တစ္လမွ်အၾကာတြင္ ဗုဒၶဂယာသို႔ ျပန္လည္ေရာက္ၾကသည္။ သူတို႔အားလုံး မင္းတုန္းမင္းႀကီး၏ ေကာင္းမႈေတာ္ဇရပ္မွာပင္ တည္း ခိုၾကသည္။

ေနာက္တစ္ေန႔ နံနက္တြင္ ေမာင္ျမတ္သာဒြန္းတစ္ေယာက္တည္း ေစာေစာထ၍ မဟာေဗာဓိသို႔ ထြက္ခဲ့ရာ ယခင္ လူေသအေလာင္းကို တံေတြးႏွင့္ေထြးသြားေသာကုလားဆာဒူးႀကီးကို သစ္ပင္ရင္း၌ေတြ႕ရသျဖင့္ ျမင္ဖူးပါသည္ဟု ရပ္ၾကည့္ေနမိသည္။
ကုလားဘုန္းေတာ္ႀကီးက သူ႔ကို လက္ယပ္ေခၚကာ ပိုက္ဆံေတာင္း သျဖင့္ အိတ္အတြင္းပါသမွ် ထုတ္ေပးလိုက္လွ်င္ ကုလားဘုန္းေတာ္ႀကီးက ၿပဳံးၿပီးယူလိုက္သည္။
ေမာင္ျမတ္သာဒြန္းမွာဟိႏၵဴဘာသာကိုေကာင္းစြာတတ္သျဖင့္ ကုလား
ဆာဒူးႀကီးႏွင့္ ေလေပးေျဖာင့္ေနသည္။ ကုလားဆာဒူးႀကီးက မုန႔္စားမလား ဟုေမးရာ သူကစားမည္ဟု ေျပာလိုက္သည္။

ကုလားဆာဒူးႀကီးက ဖင္ကိုႂကြကာ ဖင္ေအာက္မွ အေငြ႕တေထာင္း ေထာင္းႏွင့္ ကုလားမုန႔္သုံးခ်ပ္ကို ထုတ္ေပးလိုက္ရာ သူလည္း မသတီစြာ ႏွင့္ ႀကိတ္မွိတ္၍ စားလိုက္ရသည္။
ဆာဒူးႀကီးက သူ႔အနားရွိအပင္ငယ္
ကုလားဆာဒူးႀကီးက သူ႔ကိုၿပဳံး၍ၾကည့္ေနရာမွပိုက္ဆံမ်ားကိုတစ္ျပား မက်န္ ျပန္ေပးသည္။ သူက သူ႔အိတ္ထဲျပန္ထည့္လိုက္သည္။ တစ္ဖန္ ေၾကးအိုးႏွင့္ထမင္းခ်က္သလားဟုေမးသျဖင့္ သူကဟုတ္ေၾကာင္းေျပာရာ သုံးေလးပင္ကိုႏုတ္ေပးလ်က္ထမင္းအိုး၊ ဟင္းအိုးမ်ားကို ၎အ႐ြက္ႏွင့္ တိုက္ေဆးရန္ေျပာလိုက္သည္။ သူက ၎ အပင္ငယ္မ်ားကို ၾကည့္ပင္မၾကည့္ဘဲ အိတ္ထဲထည့္လိုက္သည္။ သူကျပန္ရန္ ဟန္ျပင္ရာ ဆာဒူးႀကီးက ေမာင္တလုပ္တို႔ကိုပါ ေခၚရန္ ေျပာသျဖင့္ သူလည္း မေ႐ႊတန္ႏွင့္ ေမာင္တလုပ္တို႔ လင္မယားကိုေခၚကာ ဆာဒူးႀကီးထံ ျပန္သြားရျပန္သည္။
ဤတြင္ ဆာဒူးႀကီးက သူတို႔အား ေတာတစ္ခုတြင္းသို႔ ေခၚသြားသည္။ ေတာတြင္းတစ္ေနရာေရာက္မွ ေမာင္ေနဒြန္းတို႔ လင္မယားအေလာင္းကို ထားခဲ့ေသာ ေတာျဖစ္ေၾကာင္း သိၾကရေတာ့သည္။
ေမာင္ေနဒြန္းအေလာင္းမွာ အစအနမွ်မက်န္။ ေတာေကာင္မ်ား စားသြားဟန္တူသည္။ တစ္ဖက္ခ်ဳံသို႔ ၾကည့္လိုက္ရာ ေမာင္ေနဒြန္း အေလာင္းႏွင့္ ရင္ဘတ္ေပၚဝယ္ ကေလးတစ္ေယာက္ ႏို႔စို႔ေနသည္ကို ေတြ႕ရသည္။
ထိုကေလးသဏၭာန္မွာ သူတို႔ကိုျမင္လွ်င္ ေတာတိရစာၦန္ပမာ လ်င္ျမန္ ဖ်တ္လတ္စြာ ေလးဖက္ေထာက္ေျပးရင္း ခ်ဳံမ်ားအၾကားဝယ္ ေပ်ာက္ကြယ္ သြားေတာ့သည္။
ဆာဒူးႀကီးကကေလးမေသေၾကာင္း၊ ထိုစဥ္ကပင္ သူသိခဲ့သျဖင့္ မိခင္ အေလာင္းႏွင့္အတူ တံေတြးျဖင့္ေထြးကာ ပညာျဖင့္ လုပ္ခဲ့ေၾကာင္း၊ မေအ အေလာင္းေရာကေလးကိုပါသူကာကြယ္ထားေၾကာင္း၊ ရင္သားမွာ ပကတိ အတိုင္းရွိကာ ႏို႔ထြက္ေစရန္ သူ႔ပညာျဖင့္ ျပဳထားေၾကာင္း ေျပာျပသည္။
မွန္ေပ၏။ အေလာင္းမွာ အသားအေရမ်ား ေျခာက္ကပ္ကာ မ်က္ႏွာ ႏွင့္ ေျခလက္မ်ား အ႐ိုးစုေကာင္ပမာျဖစ္ေနေသာ္လည္း အနံ႔မထြက္။ ရင္သားမွာ လူေကာင္းပကတိရွိေနသည္။ ညႇစ္ၾကည့္ရာ ႏို႔ရည္မ်ား ပန္း ထြက္ေနသည္။
အံ့ဖြယ္ေကာင္းလွသည္။ တစ္လသားမွ်သာ ရွိေသးသည့္ကေလးမွာ လည္းလ်င္ျမန္ဖ်တ္လတ္စြာ ေလးဖက္ေထာက္ ေျပးလႊားသြားႏိုင္သည္။ ဆာဒူးႀကီးက ႏႈတ္မွတဖြဖြလုပ္လိုက္ရာ ကေလးငယ္လည္း ေလးဖက္ ေထာက္လ်က္မ်က္လုံးျပဴးေၾကာင္ေၾကာင္ႏွင့္ ထြက္လာေတာ့သည္။ ကေလးငယ္၏ေျခသည္းလက္သည္မ်ားမွာ လက္မဝက္ခန႔္ရွည္ထြက္
ေနၿပီး ဆံပင္မွာလည္း တစ္ထြာခန႔္ရွိကာ ဖားလ်ားက်ေနသည္။ ဆာဒူးႀကီးက ေမာင္ျမတ္သာဒြန္းအား “မင္း-ငါေပးတဲ့ပစၥည္းကို ဒီကေလးကို တစ္ဝက္ေပးရမယ္”ေျပာၿပီး တစ္ဖန္ ေမာင္တလုပ္တို႔ လင္ မယားအား“ဒီကေလးဟာငါ့ေၾကာင့္အသက္ရွင္ေနတာ၊ ငါ့သမီးပဲ။ ဒါေပမဲ့- မင္းတို႔ လင္မယားက ေမြးစားရမယ္။ ငါ့သမီးကို ငါ ျပန္မေခၚမခ်င္း ဒီအေၾကာင္းေတြကို မင္းတို႔အခ်င္းခ်င္းေတာင္ မေျပာရဘူး”ဟု ဆိုကာ ကေလးကို ေမာင္တလုပ္တို႔ လင္မယားအား ေပးလိုက္ၿပီး ဗုဒၶဂယာသို႔ ျပန္ခဲ့ၾကေလသည္။
ဗုဒၶဂယာသို႔ ေရာက္လွ်င္ပင္ ဆာဒူးႀကီးမွာ ေပ်ာက္ျခင္းမလွေပ်ာက္ သြားေတာ့သည္။
ေမာင္ျမတ္သာဒြန္းမွာ သူ႔ကို ဆာဒူးႀကီးက မုန႔္သုံးခု ေကြၽး႐ုံမွအပ ဘာတစ္ခုမွ် မေပးဘဲႏွင့္ မင္းကို ငါေပးတဲ့ပစၥည္းတစ္ဝက္ ဒီကေလးကို ေပးရမယ္”ဟု ေျပာသည့္အတြက္ အစဥ္းစားရၾကပ္ကာ ေမာင္တလုပ္ႏွင့္ တိုင္ပင္မိသည္။
ေနာက္မွသတိရကာ သူ႔အိတ္အတြင္းမွ ပိုက္ဆံအေႂကြမ်ားကို ႏႈိက္ ၾကည့္မိရာ အားလုံးေ႐ႊဒဂၤါးမ်ားျဖစ္ေနသည္ကို ေတြ႕ရသည္။ သူတို႔ႏွစ္ ေယာက္ဝမ္းသာအားရျဖင့္ သစ္႐ြက္မ်ားအေၾကာင္း သတိရကာ ထမင္းအိုး
ႏွင့္ ဟင္းအိုးသုံးလုံးကို တိုက္ၾကည့္ရာ အိုးသုံးခုလုံး ေ႐ႊအိုးျဖစ္သြားသည္ ကိုအံ့ဩဖြယ္ ေတြ႕ရေတာ့သည္။
သစ္႐ြက္မ်ား အစအနမွ်မက်န္ေတာ့ရာ ဆာဒူးႀကီးထိုင္ခဲ့ေသာ ေနရာ တြင္ သြား၍ ရွာၾကည့္ရာ ဘာပင္မွ်မေတြ႕ရေတာ့ေပ။
သူတို႔ ျမန္မာျပည္သို႔ျပန္ေရာက္ၾကလွ်င္ ေ႐ႊမ်ားကို အညီအမွ် ခြဲယူ ၾကကာေမာင္တလုပ္တို႔လင္မယားက ေတာင္ငူမွာပင္ သစ္ကုန္သည္လုပ္၍ လည္းေကာင္း၊ ေမာင္ျမတ္သာဒြန္းတို႔ လင္မယားက ရန္ကုန္ကုကၠိဳင္းဘက္ မွာ ေနကာ လမ္းမေတာ္ဘက္တြင္ ပြဲ႐ုံဖြင့္၍လည္းေကာင္း ေနလာခဲ့ၾကေပ သည္။
“အခုေျပာသမွ်အားလုံး အမွန္ခ်ည္းပဲဆရာ။ အခ်ိန္က်ၿပီမို႔ ဆရာ့ကို ဖြင့္ေျပာတာပါ”
မခ်ဳံအား ေငးငိုင္လ်က္ရွိသည္။ ဆရာႀကီး ပထမံ ဦးကုလားကား ၿပဳံး လ်က္ –
“ကိုင္း -မိန္းကေလး – ဟိႏၵဴေယာဂီႀကီးေခၚရာကိုလိုက္မလား၊ ဒီအေမ အိုနဲ႔ပဲ ဆက္ေနမလား”
ထိုသို႔ ဆရာႀကီးကေမးလိုက္လွ်င္အေမအိုႏွင့္ ေမာင္႐ူပတို႔မွာပ်ာယာ ခတ္မွ် လႈပ္ရွာသြားၾကသည္။ မခ်ဳံကလည္း မလိုက္လိုေၾကာင္း ေျပာေလ ေတာ့သည္။
“ဒါေပမဲ့ – အခု မလိုက္ခ်င္ရင္ မလိုက္ဘဲ ေနလို႔ရေအာင္ ဆရာေဆာင္ ႐ြက္ေပးမယ္။ အဲ – သက္တမ္းကုန္ရင္ေတာ့ သူ႔ဆီကိုသြားရလိမ့္မယ္” “ဒါကေတာ့ ကံတရားေပါ့ ဆရာႀကီးရယ္။ အခု မလိုက္ရဖို႔ကိုသာ လုပ္ေပးေတာ္မူပါ”
ဆရာႀကီးက ဦးေခါင္းညိတ္လိုက္သည္။

ထိုညဥ့္သန္းေခါင္ယံတြင္ ဆရာႀကီးမွာ အလုပ္မ်ားေနသည္။ ကို႐ူပ၊ မခ်ဳံ၊ ေဒၚတုတ္ႏွင့္ ဘႀကီးတို႔လည္း ပန္းသီး ငွက္ေပ်ာသီးပြဲမ်ားကို ေရွ႕တြင္ ခ်ထားၾကကာ ဆရာႀကီး၏အကဲကိုေစာင့္စားၾကည့္ရႈေနၾကသည္။ သန္းေခါင္ၾကက္တြန္သံကိုၾကားရသည့္အခ်ိန္တြင္ကား ထူးျခားေသာ
အသံတစ္သံကို ၾကားလိုက္ရသည္။
ဟိႏၵဴေယာဂီႀကီးတစ္ဦး၏ သဏၭာန္ႏွင့္တူေသာ အခိုးလုံးတစ္ခုသည္ တျဖည္းျဖည္း ခပ္ဝါးဝါးေပၚလာသည္။
ဘႀကီး ဦးျမတ္သာဒြန္းႏွင့္ ေဒၚတုတ္တို႔မွာ ျပားျပားဝပ္ကာ ရွိခိုးလိုက္
ၾကသည္။
ဆရာႀကီးသည္ ထိုေယာဂီႀကီးအား သကၠတဘာသာျဖင့္ ႏႈတ္ခြန္း ဆက္ကာ စကားေျပာေနၾကသည္။ ေယာဂီႀကီးက ေခါင္းခါတိုင္း ေဒၚတုတ္၊ ေမာင္႐ူပႏွင့္ မခ်ဳံတို႔မွာ မ်က္လုံးျပဴးေနၾကသည္။
ေနာက္ဆုံး ၿပဳံးၿပဳံးႀကီးနဲ႔ ေခါင္းညိတ္လိုက္မွ သူတို႔သုံးေယာက္မွာ စိတ္ေအးသြားၾကေတာ့သည္။
ဟိႏၵဴေယာဂီႀကီးလည္း ကြၽန္ေတာ္ ဘႀကီး၊ ေဒၚတုတ္၊ ေမာင္႐ူပႏွင့္ မခ်ဳံတို႔အား သစ္သီးပြဲထဲမွပန္းသီးမ်ားကိုႏႈိက္ယူကာတစ္ေယာက္တစ္လုံးစီ စားခိုင္းသည္။
ထို႔ေနာက္ ေယာဂီႀကီးသည္ မခ်ဳံအား ၿပဳံးၿပဳံးႀကီး ၾကည့္လ်က္ – “အမ္းမား – မာဘာယီ – မာေဆာက်ီ-ယားဝ – အားယူးရီ ပရိေယာသွ် နံသွ်သွ်ခံ – တိတ္သွ်ဌာဟိ”
ဟု ေျပာလိုက္ရာ ေဒၚတုတ္ႏွင့္ ကို႐ူပတို႔မွာ ဘာေျပာမွန္းမသိသျဖင့္ မ်က္လုံးျပဴးသြားသည္။
မခ်ဳံမွာ ေယာဂီႀကီး၏ မေနာမယတန္ခိုးျဖင့္ နားလည္သူျဖစ္ရာ ၿပဳံး လ်က္လက္အုပ္ခ်ီလိုက္သည္။
ဤတြင္ ေဒၚတုတ္ႏွင့္ ေမာင္႐ူပ နားလည္ေအာင္ ကြၽန္ေတာ္က ရွင္းျပ ရသည္။

“သမီး မေၾကာက္နဲ႔၊ မစိုးရိမ္နဲ႔၊ တစ္သက္လုံး ခ်မ္းခ်မ္းသာသာ ေနေပ ေတာ့လို႔ မာဂမိနဲ႔ ေျပာတာဗ်”
ဤတြင္မွ ကို႐ူပႏွင့္ ေဒၚတုတ္တို႔ ၿပဳံးလာႏိုင္သည္။
ေနာက္တစ္ခဏမွ်အၾကာတြင္ကား ေယာဂီႀကီးသည္ ဆရာႀကီးအား ႏႈတ္ဆက္လ်က္ ကြၽန္ေတာ္တို႔အား စူးရွေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ကာ ထြက္ခြာ၍ သြားေပေတာ့သတည္း။
ဤအေၾကာင္းအရာမ်ားကား လြန္ခဲ့ေသာ ႏွစ္ေပါင္း (၈ဝ)ခန႔္က ပဌမံ ဦးကုလားေခၚ ဆရာႀကီး၏ တပည့္ဆရာနႏၵ၏ မွတ္တမ္းတြင္ ေတြ႕ရသည့္ အတိုင္း ေဖာ္ျပရျခင္းျဖစ္ပါသည္။
> ဦးစံဝင္း (ကု႑လိနီ)