ငရဲလမ်းကလာသောသူ

အောင်မြတ်သာနှင့်ငရဲလမ်းကလာသောသူ

 

“ငါ့ကိုတံခါးဖွင့်ပေးပါ…..နင်တို့နဲ့ငါလာနေပါရစေ”

 

တစ်ကိုယ်လုံးသွေးသံတရဲရဲနဲ့ တုန်တုန်ရီရီဖြစ်နေတဲ့လူရဲ့စကားကြောင့် ဟင်းရွက်တောင်းကိုခေါင်းပေါ်ရွက်ထားတဲ့ မခင်မေ မျက်နှာပေါ်မှာ ကြောက်ရွံ့ထိတ်လန့်မှုတွေအထင်းသားပေါ်နေပြီး

 

“ ဟအင်း မလာနဲ့ မလာနဲ့ သွား သွား “

 

“ ငါဘယ်မှသွားစရာမရှိဘူး နင်တို့နဲ့ပဲနေမယ် ငါ့ကိုခေါ်သွားပေး အား ကျွတ်ကျွတ်..”

 

“ရှင် အနားကပ်မလာနဲ့နော် ကျွန်မအော်လိုက်ရမလား”

 

မခင်မေ စကားကို သွေးသံတရဲရဲနဲ့လူက ဂရုမစိုက်ပဲ အနားကိုကပ်လာတဲ့အချိန်

 

“ ခင်မေ ခင်မေ ဘာဖြစ်တာလဲ ။ အိမ်မက်ဆိုးတွေမက်နေပြန်ပီလား” ဆိုတဲ့အသံကြောင့် ဘေးကိုကြည့်လိုက်ရာ ယောင်္ကျားဖြစ်သူ ကိုထွန်းတောက်ကို မြင်လိုက်ရတယ်။

 

“ အိမ်မက်တွေမကောင်းဘူး ကျုပ်တို့အခုလွယ်ထားတဲ့ ကိုယ်ဝန်နဲ့များဆိုင်နေမလားမသိဘူး”

 

မခင်မေ စကားကြောင့် ကိုထွန်းတောက် မျက်နှာအနည်းငယ်ပျက်သွားပေမယ့် ဟန်မပျက်ထိန်းလိုက်ပြီး

 

“ အိမ်မက်ဆိုတာ သွေးလေချောက်ချားလို့လဲ မက်တတ်ပါတယ်။ စိတ်ထဲမထားနေပါနဲ့” လို့နှစ်သိမ့်ခဲ့တယ်။

 

++++++++

 

မခင်မေနဲ့ ကိုထွန်းတောက်တို့လင်မယားက အသက်လေးဆယ်ကျော်မှ အိမ်ထောင်ကျတဲ့အတွက် ကလေးတစ်ယောက်ရဖို့အတော်ခက်ခဲခဲ့ကြတယ်။ အိမ်ထောင်သက် နှစ်နှစ်ပြည့်တဲ့အချိန်မှာ မထင်မှတ်ထားပဲကိုယ်ဝန်ရလာပေမယ့် အိမ်မက်ဆိုးကြီးက လင်မယားနှစ်ယောက်လုံးကို ကြောက်လန့်အောင်ဖမ်းစားထားခဲ့တယ်။

 

“ ငါတော့ ခင်မေ မက်တဲ့အိမ်မက်ကိုသိပ်မကြိုက်ဘူးကွာ၊ ဒါပေမယ့် ခင်မေ စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောပဲနေခဲ့တာ”

 

“ ကလေးတောင်မမွေးသေးဘူး မင်းတို့ကဘာဖြစ်နေကြတာလဲ။ ဒီမှာ ငထွန်း ရွာတောင်ပိုင်းက ဦးမြရင်ရဲ့သားကို သိတယ်မလား”

 

“ ထွန်းရင်ဆိုတဲ့ကောင်လေးကိုပြောတာလား”

 

“အေး ဟုတ်တယ် သူ့ကိုယ်ဝန်လွယ်တုန်းက ဘုရားသံ တရားသံမှနားမထောင်ရရင် အိပ်မပျော်စားမဝင်ဖြစ်ခဲ့တာ တစ်ရွာလုံးကတော့ ဒီကလေးကို သာသနာအတွက် အကျိုးရှိမယ့်ကလေးလို့ထင်ခဲ့ကြတာပဲလေ။ အခုကြည့်စမ်း ထစ်ခနဲရှိ ထွန်းရင်မပါရင်မပြီးဘူး။ ဆိုးပေချက်ကလဲ ရွာဦးဆရာတော်တောင်မထိန်းနိုင်ဘူးမဟုတ်လား”

 

“ အေး ဟုတ်တယ်နော်”

 

“ ဒါကြောင့် ငါပြောတာ အိမ်မက်ဆိုတာ အဓိကမကျဘူး။ ကလေးမွေးလာရင် သွန်သင်ဆုံးမတဲ့သူအပေါ်ပဲမူတည်တာ”

 

“ အေးပါ ကျော်ကြီးရာ မင်းပြောမှပဲ အားတက်သွားတော့တယ်။ ငါ့ကလေးကို လိမ်မာယဉ်ကျေးတဲ့သူဖြစ်အောင် ကြိုးစားပြီးပျိုးထောင်မယ်ကွာ”

 

ထွန်းတောက်က ဘေးမှာချထားတဲ့ခမောက်ကို ဆောင်းပြီးလုပ်လက်စအလုပ်ကိုလုပ်ရန် လယ်ကွင်းထဲကိုထွက်သွားခဲ့တယ်။

 

+++++++

 

“ အား အမလေး နာလှချည်ရဲ့…. “

 

“ ခင်မေ ညှစ်ထား ခဏပဲသည်းခံလိုက်”

 

မီးတွင်းထဲမှာ ဆူညံပွက်လောရိုက်နေသလို အိမ်တံဆက်မြိတ်အပြင်မှာလဲ ထွန်းတောက် တစ်ယောက် ဟိုဘက်လျောက်လိုက် ဒီဘက်လျောက်လိုက်နဲ့ယောက်ယက်ခတ်နေခဲ့တယ်။

 

“ ဟေ့ကောင် ငထွန်း ငြိမ်ငြိမ်နေစမ်းပါကွာ။ မင်းကိုကြည့်ရတာ ခေါင်းမူးနေပြီ”

 

“ ငြိမ်ငြိမ်နေလို့ရမလား အထဲမှာ ခင်မေ အော်နေတာ ငါဘယ်လိုနေရမလဲ”

 

“ ကလေးမွေးတာ ဒီလောက်တော့ရှိတာပေါ့ကွ၊ ငါ့မိန်းမမွေးတုန်းကဆိုရင် လက်သည်ဆံပင်တောင်အထွေးလိုက်ကျွတ်အောင်ဆွဲခဲ့တာကွ”

 

ကျော်ကြီး စကားကြောင့် ထွန်းတောက် ရယ်ကျဲကျဲနဲ့ အိမ်ရှေ့ကခုံပေါ်ထိုင်ချလိုက်တဲ့အချိန်

 

“ အူငဲ အူငဲ အူငဲ”ဆိုတဲ့အသံက အိမ်ထဲကနေ ထွက်လာခဲ့တယ်”

 

“ မွေး မွေးပီဟ …”

 

ထွန်းတောက်ကပြောရင်းဆိုရင်း အိမ်ပေါ်တက်ဖို့အလုပ် ကျော်ကြီးက အနောက်ကနေလှမ်းဆွဲပြီး

 

“ ဟေ့ကောင် အခုချိန်က တက်လို့မရဘူးလေကွာ ။ မင်းနဲ့တော့ ငါအတော်ညစ်နေပြီ”

 

ထွန်းတောက်ကတော့ လှေကားပေါ် တက်ရမလိုလို ဆင်းရမလိုလိုဖြစ်နေတဲ့အချိန် အိမ်ထဲကနေ လက်သည်မိန်းမထွက်လာပြီး

 

“ ငထွန်း နင့်မိန်းမက သားယောင်္ကျားလေးမွေးတယ်ဟဲ့”

 

“ ဟား ကျော်ကြီး ငါ အဖေ ဖြစ်ပီကွ မွေးတာကလဲ ယောင်္ကျားလေးတဲ့ အဟား ပျော်လိုက်တာကွာ”

 

ထွန်းတောက်က ကျော်ကြီးကို ဝမ်းသာအားရပြောနေတဲ့အချိန် လက်သည်မိန်းမကြီးထွက်လာပြီး

 

“ ငထွန်း အိမ်ထဲခဏလာဦး”

 

“ ဘာဖြစ််လို့လဲ အရီးသိန်း”

 

“ စကားရှည်လိုက်တာ လာဆိုလာခဲ့ပေါ့”

 

ထွန်းတောက် အိမ်ထဲရောက်သွားတဲ့အချိန်မှာတော့ ခင်မေက အနှီးထုပ်ထားတဲ့ကလေးကိုဖက်ပြီး တစ်ရှုံ့ရှုံ့နဲ့ငိုနေတာမြင််လိုက်ရတယ်။

 

“ခင်မေ ဘာဖြစ်လို့ ငိုနေတာလဲ ကလေးဘာဖြစ်လို့လဲ”

 

ထွန်းတောက်စကားကိုကြားတော့ ခင်မေက အနှီးကိုဖြည်ပြလိုက်ရာ တစ်ကိုယ်လုံး ဓါးခုတ်ရာလိုအမှတ်တွေပါနေတာကိုမြင်လိုက်ရတယ်။

 

“ ကလေးက ကျုပ်အိမ်မက်ထဲကအတိုင်းဖြစ်နေပီလားမသိဘူးနော်”

 

ခင်မေစကားကြောင့် ထွန်းတောက်က ကလေးကိုပွေ့ချီကာ

“ ဘယ်လိုဖြစ်ဖြစ်လေ တို့ဆီရောက်လာတော့ တို့ကလေးပေါ့ ။ အခြားဘာမှစိတ်ထဲမထားနဲ့ ဟော ကြည့်စမ်း မျက်နှာပေါက်က ငါ့မိန်းမနဲ့တူသလိုပဲ”

 

ထွန်းတောက်စကားကြောင့် ခင်မေ ငိုနေတာကိုရပ်လိုက်ပြီး နုနယ်နေတဲ့ကလေးရဲ့ပါးပြင်ကို ဖြေးညှင်းစွာနမ်းလိုက်ပါလေရော။

++++++++++

 

ထွန်းတောက်နဲ့ခင်မေလဲ မွေးလာတဲ့ကလေးကို လင်မယားနှစ်ယောက်လုံးနာမည်ပါအောင် ထွန်းခင်လို့ အမည်သညာပေးခဲ့ကြတယ်။

 

ထွန်းခင် ကိုယ်ပေါ်မှာပါလာတဲ့ အမာရွတ်တွေက လပြည့်လကွယ်နေ့တွေဆိုရင် ယောင်ယမ်းပြီးကိုက်ခဲလာတာကို လင်မယားနှစ်ယောက်လုံး သတိထားမိခဲ့ကြတယ်။ လူမှန်းသိတတ်စအရွယ်ရောက်တော့ ရွာအနောက်ဖက်ကိုင်းတောဘက်ကို လက်ညိုးထိုးပြီး“ ကြောက် ကြောက် “လို့ပြောပါလေရော။ တစ်ခါတစ်ရံ ကိုင်းတောဘက်ကိုကြည့်ပြီး ရှိုက်ကြီးတငင်ငိုတာကိုလဲကြုံတွေ့ခဲ့ရတယ်။

 

ထွန်းခင် အသက် လေးနှစ်အရွယ်ရောက်တော့ ရွာထဲကို ဆွမ်းခံကြွလာတဲ့ရသေ့တစ်ပါးက

“ ဒီကလေးရဲ့ ကံကြမ္မာက အဆိုးဘက်ရော အကောင်းဘက်ကိုရောသွားနိုင်တယ်။ အသက်၁၆နှစ်ပြည့်တဲ့နေ့ကို သတိထားကြပါ”လို့ထူးဆန်းစွာမိန့်ကြားခဲ့တယ်။

 

ထွန်းတောက်တို့လင်မယားလဲ ရသေ့ပြောတဲ့စကားကို အမှုမဲ့အမှတ်မဲ့နဲ့နေလာခဲ့တာ ထွန်းခင်အသက် ၁၆နှစ်ပြည့်ခါနီးအချိန်ကိုရောက်လာခဲ့တယ်။

 

“ ထွန်းခင် ထစမ်း …. မြန်မြန်ထစမ်း”

 

အိမ်ပေါက်ဝကနေ လှမ်းခေါ်လိုက်တဲ့အသံကြောင့် အိပ်ပျော်နေတဲ့ထွန်းခင် လန့်နိုးလာပြီးကြည့်လိုက်ရာ သူနဲ့လုံးဝခွဲမရအောင်တူတဲ့ လူတစ်ယောက်က အနက်ရောင်ဝတ်စုံကိုဝတ်ကာမတ်တပ်ရပ်နေတာကိုလရောင်အောက်မှာမြင်လိုက်ရတယ်။

 

“ မင်း မင်းက ဘယ်သူလဲ၊ ဘာလို့ ငါနဲ့ချွတ်စွတ်တူနေရတာလဲ”

 

“ အောင်မာ မင်းကအခုတော့ ငါ့ကိုမေ့ပြီပေါ့။ ဘာလဲ မင်းကိုယ်ထဲမှာရှိတဲ့ကောင်က ငါ့အကြောင်းတွေမေ့အောင် လုပ်ထားပြီနဲ့တူတယ်”

 

“ မင်း ဘာတွေပြောနေတာလဲ ငါ့ကိုယ်ထဲမှာ ဘာမှမရှိဘူး”

 

ထွန်းခင်စကားအဆုံးမှာ သူ့ကိုယ်ထဲကနေ အရိပ်လိုလိုအဖြူရောင်သဏ္ဍာန်တစ်ခုထွက်လာခဲ့တယ်။

 

သူနဲ့ထပ်တူနီးပါးတူတဲ့လူရိပ်နှစ်ခုက ဘေးချင်းယှဉ်ရပ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံအောင်ကြည့်ကာ

 

“ သူ့ဘဝကို အေးချမ်းစွာလျောက်လှမ်းခွင့်ပြုဖို့ သင့်အတွက်ခက်ခဲနေတာလား”

 

“ ဟားဟားဟား ဒီကောင်က အေးချမ်းစွာနေရမယ့်ကောင်မဟုတ်ဘူးလေ။ ထွန်းခင် ဒီမှာကြည့်စမ်း”

 

အနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူက သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ပုံရိပ်အချို့က ရုပ်ရှင်ပြသလို ပီပီပြင်ပြင်ပေါ်လာခဲ့တယ်။

 

ပုံရိပ်ထဲမှာတော့ သူများသားပျိုသမီးပျိုတွေကို ဖျက်စီးနေတဲ့ပုံတွေအပြင် လူအချို့ကိုရက်ရက်စက်စက်သတ်ဖြတ်ပြီး ပစ္စည်းတွေကိုလုယက်ယူငင်နေတဲ့ပုံတွေကိုမြင်လိုက်ရတယ်။

 

“ကြည့်စမ်း ဘယ်လောက်ပျော်ဖို့ကောင်းလဲ။ လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲကို ချွန်ထက်နေတဲ့ဓါးသွားနဲ့ ဖြေးဖြေးချင်းထိုးချလိုက်တဲ့အရသာကိုမင်းပဲ ကြိုက်ခဲ့တာမဟုတ်လား”

 

အနက်ရောင်ဝတ်စုံနဲ့လူရဲ့စကားကြောင့် ထွန်းခင်မျက်လုံးအိမ်တွေတစ်ဖြေးဖြေးကျဉ်းလာပြီး နှုတ်ခမ်းတစ်ဖက်တွန့်ရုံပြုံးကာ

 

“ ဟုတ်တယ် လူသတ်ရတာ အရမ်းကိုပျော်ဖို့ကောင်းတယ်။ သူတို့ရဲ့ကြောက်လန့်မှုတွေက ငါ့အတွက်ခွန်အားတွေပဲ ဟက်ဟက် “

 

ထွန်းခင်က ခနဲ့တဲ့တဲ့ရယ်မောနေတဲ့အချိန် နားထဲမှာ ကယ်ပါယူပါတဆာဆာနဲ့ အော်နေတဲ့သူ့အသံကို ကြားလိုက်ရတယ်။

 

“ ထွန်းခင် ဒီဘက်ကို ကြည့်စမ်း၊ မင်းနဲ့အပေါင်းအပါတွေ ဘယ်လိုဖြစ်ခဲ့လဲ ပြန်ဆင်ခြင်ဦး” ဆိုတဲ့အသံကြောင့် ဘေးကိုကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ထွန်းခင်ရဲ့အနောက်မှာတော့ ကြောက်မက်ဖွယ်လူ့ဘီလူးတွေရဲ့ ခုတ်ထစ်သတ်ဖြတ်မှုကြောင့် ခြေဦးတည့်ရာအော်ဟစ်ပြေးလွှားနေကြတဲ့ လူအချို့ကိုမြင်လိုက်ရတယ်။

 

“ ဟင် ပြေးနေတဲ့သူတွေထဲမှာ ငါထိပ်ဆုံးကဖြစ်နေပါလား”

 

“ ဒီမြင်ကွင်းကို အရင်က မြင်ဖူးခဲ့တယ်မဟုတ်လား။ အေး မင်းမေ့နေရင် ငါပြောပြမယ်။ ဒီမြင်ကွင်းက ကံ့ဘလူရွာပြင်လယ်ကွင်းထဲမှာ သွေးသံတရဲရဲနဲ့မေ့မျောနေတဲ့အချိန် မင်းမြင်ခဲ့ရတဲ့ နမိတ်အမြင်ပဲ”

 

“ကံ့ဘလူရွာ ဟုတ်လား ဒီနာမည်ကိုကြားဖူးသလိုပဲ…”ဆိုပြီးရေရွတ်နေတဲ့အချိန် မြင်ကွင်းအချို့က အာရုံထဲမှာ ထင်ရှားစွာပေါ်လာခဲ့တယ်။

 

တုတ်ဓါးလက်နက်တွေကိုင်ထားတဲ့ လူအချို့ရဲ့ အငြိုးကြီးစွာထုရိုက်နေတဲ့ဟန်တွေအပြင် “ကံ့ဘလူသားတွေကိုမှလာစမ်းတဲ့ ဓါးပြကောင် သေပေတော့”ဆိုတဲ့အသံနက်တွေက နားစည်ထဲကို ဝင်လာခဲ့တယ်။ ခဏနေတော့ ဆူညံနေတဲ့အသံတွေပျောက်သွားပြီး တရားရွတ်ဖတ်သံသဲ့သဲ့ကိုကြားလို့ကြည့်လိုက်တော့ သစ်ခေါက်ဆိုးသင်္ကန်းကိုဝတ်ထားတဲ့ ရဟန်းတစ်ပါးရဲ့ပုံရိပ်က အရှင်းသားပေါ်လာခဲ့တယ်။

 

ထွန်းခင်လဲ ရဟန်းတော်ရဲ့ပုံရိပ်ကိုမြင်တော့မှ သေခါနီးဆဲဆဲ ငါးပါးသီလခံယူခဲ့ပုံတွေကို ဝိုးတိုးဝါးတားမြင်လာခဲ့တော့တယ်။

 

“ ထွန်းခင် ဒီကောင်ပြောတာမယုံနဲ့ … မင်းလုပ်ခဲ့တဲ့အကုသိုလ်တွေက ငါးပါးသီလခံယုံနဲ့မကျေဘူး။ လာခဲ့ ငါနောက်ပြန်လိုက်ခဲ့…အရင်လိုဆိုးမိုက်ပြီး ဘဝကိုပျော်ပျော်နေသွားရအောင်”

 

အနက်ရောင်ဝတ်စုံနဲ့လူရဲ့စကားအဆုံးမှာ အဖြူရောင်ဝတ်စုံနဲ့လူက

 

“ အတိတ်ကအစွဲတွေကိုအဆုံးသတ်လိုက်တော့ ဘယ်အရာကမှန်လဲမှားလဲ သင်ကိုယ်တိုင်ဆုံးဖြတ်မယ့်အချိန်ရောက်နေပြီ။ ငါ့နဲ့လိုက်ခဲ့စမ်းပါ အရင်ကလုပ်ခဲ့တဲ့ အကုသိုလ်တွေကို အတူတူချေဖျက်လိုက်ကြရအောင်”

 

အိမ်ပေါက်ဝမှာရပ်ပြီး သူ့ဘက်ကိုယ့်ဘက်ဆွဲနေကြတဲ့ သူတွေကြောင့် ထွန်းခင် ခေါင်းကိုလက်နဲ့ဖိပြီး

 

“ သွား သွားကြ ထွက်သွားကြ တစ်ယောက်မှ ငါ့ဆီမလာနဲ့တော့” လို့အော်ဟစ်လိုက်တော့မှ ပျောက်ကွယ်သွားခဲ့တယ်။

 

ထွန်းခင်အနေနဲ့ ဒီလိုပြဿနာတွေကို လပြည့် လကွယ်နေ့တွေတိုင်းကြုံတွေ့လာခဲ့တယ်။ ဒီလိုဖြစ်ရပ်တွေပေါ်လာတဲ့အခါ တစ်ခါတစ်လေ မကောင်းမှုအကျင့်စရိုက်တွေကအနိုင်ရပြီး တစ်ခါတစ်လေကျတော့လဲ ကောင်းတဲ့စရိုက်တွေကအနိုင်ရခဲ့တယ်။

 

++++++++++

 

လူခြေတိတ်ဆိတ်တဲ့ညချမ်းအချိန်အခါမှာ အောင်မြတ်သာတို့ဆရာတပည့်တွေ အင်းဆွဲခြင်း၊ အင်းဆံချခြင်းအမှုကို ပြုနေခဲ့ကြတယ်။

 

အင်းကွက်ဆွဲနေတဲ့အချိန် နောက်ကျောဘက်ကနေ လူတစ်ယောက်တက်လာတဲ့အသံကို အောင်မြတ်သာကြားလိုက်ရပေမယ့် အင်းမပေါက်စေရန်အတွက် လှည့်မကြည့်ပဲ အင်းဆံကိုသာ စနစ်တကျထည့်သွင်းနေခဲ့တယ်။

 

အားလုံးပြီးစီးတဲ့အချိန်ရောက်တော့မှ လှည့်ကြည့်လိုက်ရာ မုတ်ဆိတ်ကျင်စွယ်တွေအပြည့်နဲ့ ရသေ့တစ်ပါးကိုမြင်တွေ့လိုက်ရတယ်။

 

“ ဘာအရေးကိစ္စများလဲ ရသေ့ကြီး”

 

အောင်မြတ်သာစကားကိုကြားတော့ရသေ့ကြီးက

“ ကုသိုလ်နဲ့အကုသိုလ် လွန်ဆွဲနေတဲ့ ကြိုးက အခုဆိုရင် အကုသိုလ်ဘက်ကိုအလေးသာနေခဲ့ပြီဆရာလေး”

 

“ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကျုပ်အနေနဲ့ ဘယ်လိုများဝင်စွက်ဖက်နိုင်ပါ့မလဲ”

 

“ ဆရာလေးတို့ ဝင်ပါခဲ့ရင် ကြိုးစက ကုသိုလ်ဘက်ကို ပြနါပါလာမှာအသေအချာပါပဲ”

 

“ ကျုပ်တို့ဘာကြောင့် ဝင်ပါရမယ်ဆိုတဲ့အကြောင်းပြချက်လေး တစ်ခုလောက်ပေးပါ ဘရသေ့”

 

“အဓိက အကြောင်းပြချက်က ဆရာလေးတို့ကူညီပေးနိုင်ခဲ့ရင် လာမယ့်သုံးဘဝအတွင်း ပထမပန်းတိုင်ကို သူေးာင်ပါလိမ့်မယ်”

 

ဘရသေ့စကားကိုကြားတော့ အောင်မြတ်သာ ဘာမှဆက်မပြောတော့ပဲ လွယ်အိတ်ကိုကောက်လွယ်ကာ

 

“ အကြောင်းပြချက် ခိုင်လုံတဲ့အတွက် ကမ်းလှမ်းမှုကို ကျုပ်လက်ခံပါတယ်”လို့ပြောကာ သက်ခိုင်နဲ့ တောက်ရကိုခေါ်ပြီး နေထိုင်ရာဇရပ်ထဲကနေ ညတွင်းချင်းထွက်လာခဲ့လိုက်တယ်။

 

အောင်မြတ်သာတို့ထွက်သွားတော့ ဇရပ်ပေါ်ကနေ ကြည်လင်အေးမြတဲ့ကြေးစည်သံနဲ့အတူ သာဓုခေါ်သံအချို့ပေါ်ထွက်လာခဲ့တယ်။

+++++++++++++++

 

နေ့လည်ခင်းနေကအရမ်းပြင်းတဲ့အတွက် ကံ့ကော်တောရွာမှာရှိတဲ့ ကလေးသူငယ်တွေက အရိပ်ရတဲ့အပင်တွေအောက်မှာ ပြေးလွှားဆော့ကစားနေခဲ့ကြတယ်။ ကလေးတွေနဲ့မလှမ်းမကမ်းမှာရှိတဲ့ ဇီးပင်အောက်မှာတော့ ဖျင်ကြမ်းအကျီကိုဝတ်ထားပြီး လွယ်အိတ်တစ်လုံးကိုလွယ်ထားတဲ့ အသက်ခြောက်ဆယ်အရွယ်လူကြီးတစ်ဦးထိုင်နေခဲ့တယ်။

 

ရွာခံလူတွေကတော့ မျက်နှာစိမ်းလူကြီးကို ခရီးတစ်ထောက်နားနေတဲ့သူလို့ပဲမှတ်ယူပြီး ဘာသိဘာသာနေခဲ့ကြတယ်။ ရွာသားတွေသတိမထားမိကြပေမယ့် မျက်နှာစိမ်းလူကြီးကတော့ အိမ်ရှေ့ကွပ်ပြစ်မှာလဲအိပ်နေတဲ့ ထွန်းခင်ကို မျက်တောင်မခတ်တမ်း စူးစူးစိုက်စိုက်ကြည့်နေခဲ့တယ်။ အတန်ကြာကြည့်ပြီးတဲ့အချိန် လက်နှစ်ဖက်ကိုပါးစပ်နဲ့တေ့ပြီးမှုတ်လိုက်ရာ အိပ်ပျော်နေတဲ့ ထွန်းခင် တစ်ယောက် ဆတ်ခနဲကောက်ထပြီး အသံကြားရာဘက်ကို လမ်းလျောက်လာခဲ့လိုက်တယ်။

 

ထွန်းခင်လဲ ဇီးပင်အောက်မှာထိုင်နေတဲ့လူကြီးအရှေ့ကိုရောက်တော့

“ ဟားဟားဟား ဘဝတွေဘယ်လိုပြောင်းပြောင်း ငါ့ရဲ့အချက်ပေးသံကို မှတ်မိနေတုန်းပါလား”

 

“ အဘက ဘယ်သူလဲ ဒီအသံကို ကျုပ်ရင်းရင်းနှီးနှီးကြားဖူးနေတယ်လို့ခံစားရတယ်”

 

ထွန်းခင်အမေးကို မျက်နှာစိမ်းလူကြီးက မဖြေပဲ လွယ်အိတ်ထဲကနေ ဆင်စွယ်အရိုးတပ်ထားတဲ့ဓါးမြောင်တစ်ချောင်းကိုထုတ်ကာ ကမ်းပေးလိုက်ပြီး

 

“ ဒီဓားမြောင်ကိုကိုင်ကြည့်ပါဦး”

 

ထွန်းခင်လဲကမ်းပေးတဲ့ဓါးမြောင်ကိုကိုင်လိုက်တဲ့အချိန် အသွေးအသားထဲကနေစိမ့်ခနဲဖြစ်သွားပြီး တစ်ခါမှမမြင်ဖူးတဲ့ပုံရိပ်ယောင်တွေအတွေးထဲမှာပေါ်လာခဲ့တယ်။

 

“ ဦးမန်းသာ ….”

 

“ ဟက်ဟက် ငါ့နာမည်ကို မင်းမှတ်မိသေးပါလား”

 

“ ကျွန်တော်က ဘယ်သူလဲ… နောက်ပြီး အဘကရော ဘယ်သူလဲ”

 

ထွန်းခင်စကားအဆုံးမှာ အနောက်ဘက်ကနေ

 

“ လူလေး ဘာလုပ်နေတာလဲ … လက်ထဲမှာလဲ ဓါးနဲ့ပါလား”ဆိုတဲ့အသံကြောင့်လှည့်လိုက်ရာ အလုပ်ကနေ ပြန်လာတဲ့ ဖခင်ဖြစ်သူကိုမြင်လိုက်ရတယ်။

 

“ ကဲ မင်းသိချင်တာတွေရှိရင် မနက်ဖြန်ရွာအပြင်က ဇရပ်ကိုလာခဲ့ အဲဒီမှာငါရှိနေမယ်”

 

ထွန်းခင်လဲ မျက်နှာစိမ်းလူကြီးစကားကိုဘာမှပြန်မပြောပဲ ကိုင်ထားတဲ့ဓါးမြောင်ကိုပြန်ပေးကာ ဖခင်ဖြစ်သူထံ ထွက်လာခဲ့လိုက်တယ်။

 

“ ခုနက လူက ဘယ်သူလဲ လူလေး”

 

“မသိဘူးအဖေ ဒီတိုင်းလမ်းကြုံလို့ စကားစမြည်ပြောနေတာပါ”

 

“ အေးအေး နောက်ဆို ကိုယ်မသိတဲ့လူဆိုခပ်ဝေးဝေးနေဦး.. အော် ဒါနဲ့ နောက်နှစ်ရက်ဆိုရင် လူလေးအသက် ၁၆နှစ်ပြည့်ပီနော်။ အဲဒါ မင်းအမေက ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်ပေးဖို့စီစဉ်ထားတယ်”

 

ဖခင်ဖြစ်သူရဲ့စကားကို ထွန်းခင် အလိုက်သင့်ပြန်ပြောခဲ့ပေမယ့် စိတ်ကတော့ ရွာအပြင်ကိုထွက်သွားတဲ့သူဆီကိုရောက်နေခဲ့တယ်။

 

နောက်တစ်နေ့ အိမ်ကလူကြီးတွေ အလုပ်သွားတဲ့အချိန် ထွန်းခင်တစ်ယောက်ထဲ ရွာအပြင်ကဇရပ်ကိုထွက်လာခဲ့လိုက်တယ်။ ဇရပ်ပေါ်ကိုရောက်တော့ မုတ်ဆိတ်ကျင်စွယ်တွေနဲ့လူကြီးက လက်ဖက်ရည်ကို နို့ဆီဘူးနဲ့ထည့်ပြီး

 

“ ရော့ မင်းအရမ်းကြိုက်တဲ့ လက်ဖက်ရည် သောက်လိုက်ဦး”

 

ထွန်းခင်လဲ မျက်နှာစိမ်းလူကြီးကမ်းပေးတဲ့လက်ဖက်ရည်ကို မော့သောက်လိုက်ပြီး

“ အဘက ကျုပ်ကိုပြောပြမယ်ဆိုတဲ့အကြောင်းက ဘာများလဲ”

 

“ ငါ့ကို အဘ အဘနဲ့မခေါ်ပါနဲ့ သူငယ်ချင်းရာ၊ မင်းမရှိတော့ ငါတို့အဖွဲ့တွေအကုန် တစ်ကွဲတစ်ပြားဖြစ်ကုန်တယ်။ မင်းကို ကံ့ဘလူရွာကလူတွေဖမ်းမိတယ်ကြားတော့ ငါတို့အမှီလာခဲ့သေးတယ်။ ဒါပေမယ့် မင်းအသက်ကို မမှီလိုက်ဘူးကွာ၊ ငါတို့လဲ မင်းကိုသတ်ခဲ့တဲ့ရွာကို မီးတင်ရှို့ပြီး လက်စားချေပေးခဲ့တယ်”

 

“ မဟုတ်သေးဘူးနော် အဘ ပြောနေတာတွေ ကျုပ်ဘာတစ်ခုမှနားမလည်ဘူးဖြစ်နေတယ်”

 

“ ဟုတ်သားပဲ မင်းကဘဝပြောင်းသွားတော့ အတိတ်ကအကြောင်းအရာတွေကို အကုန်ဘယ်သိနိုင်ပါတော့မလဲ၊ မင်းရဲ့ ကျောကုန်းမှာ စက်ဝိုင်းပုံစံအင်းကွက်တွေရှိသေးတယ်မဟုတ်လား”

 

“ အင်းကွက်တော့မဟုတ်ဘူး မွေးရာပါအမှတ်လို့တော့ အမေပြောဖူးတယ်”

 

“ အဲဒီအမှတ်ဆိုတာ ငါကိုယ်တိုင်မင်းကိုထိုးပေးခဲ့တဲ့ ကိုယ်လုံအင်းပဲ၊ မင်းကိုယ်ထဲမှာ ငါထည့်ပေးထားတဲ့အစောင့်တစ်ယောက်ရှိနေတာကိုရောသတိထားမိလား”

 

“ အစောင့် ဟုတ်လား…. လပြည့် လကွယ်နေ့တွေဆိုရင် ကျုပ်ဆီလာလာတတ်တဲ့သူနှစ်ယောက်ကိုပြောတာလား”

 

ထွန်းခင်စကားကိုကြားတော့ မျက်နှာစိမ်းလူကြီးက ကျောကုန်းကိုလှန်ကြည့်ပြီး

 

“ ငါ့အစီအရင်ထဲကို အဖျက်အင်းတစ်ခုထည့်ထားပါလား၊ ဒါကြောင့် မင်းရဲ့အသိစိတ်တွေက ထင်သလောက်မမာထန်တော့တာကိုး”

 

မျက်နှာစိမ်းလူကြီးက လွယ်အိတ်ထဲကနေ စာအုပ်အသေးတစ်အုပ်ကိုထုတ်ပြီးကြည့်ကာ

“ လာမယ့် နှစ်ရက်မြောက်နေ့က စန်းနက္ခတ်တွေစုံလင်မယ့်နေ့ပဲ၊ အဲဒီနေ့ညသန်းခေါင်အချိန်ရောက်ရင် မင်းကိုငါလာခေါ်မယ်”

 

“ ဘာလုပ်မလို့ ကျုပ်ကိုလာခေါ်မှာလဲ အဲဒီနေ့က ကျုပ်မိဘတွေနဲ့ဘုန်းကြီးကျောင်းမှာ အလှူလုပ်ဖို့ရှိတယ်”

 

“ မင်းဘာသာအလှူလုပ်လုပ် ဘာလုပ်လုပ် ငါတို့အဖွဲ့ပြန်လည်ပေါင်းစည်းဖို့မင်းလာကိုလာရမယ်”

 

မျက်နှာစိမ်းလူကြီးရဲ့စကားအဆုံးမှာ ထွန်းခင်ရဲ့နာမည်ကို အော်ခေါ်နေတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

 

“ မင်းကိုအိမ်ကလူတွေလာရှာကြပီထင်တယ်၊ နောက်နှစ်ရက်ညသန်းခေါင်မင်းကိုဒီကနေစောင့်နေမယ်၊ သွားတော့”

 

မျက်နှာစိမ်းလူကြီးက ထွန်းခင်ကိုပြောပြီး လျင်မြန်တဲ့အရှိန်နဲ့ ဇရပ်ဘေးဘောင်ကိုလွှားခနဲခုန်ကျော်ကာ သစ်ပင်တွေကြားထဲကိုတိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

 

ထွန်းခင်လဲအိမ်ကလာရှာတဲ့သူတွေကို ပျင်းလို့လျောက်သွားနေတာပါဆိုပြီးလိမ်ပြောခဲ့တယ်။ ထွန်းခင်မွေးနေ့ရောက်တော့ ရွာဦးကျောင်းမှာရှိတဲ့ သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူခဲ့တယ်။ ဆွမ်းကပ်ပြီးတဲ့အချိန် ဆရာတော်က ထွန်းတောက်တို့မိသားစုကိုခေါ်ပြီး

 

“ သူတို့က ဆရာတော်ပြောနေတဲ့ မိသားစုပဲကွဲ့”

 

ဆရာတော်စကားကြောင့် ဘေးမှာထိုင်နေတဲ့ လူသုံးယောက်က ပြုံးပြကာပြန်နှုတ်ဆက်ခဲ့တယ်။

 

“ငထွန်း ဒါကတော့ ငါရဲ့ဆရာဘဘုန်းရဲ့မိတ်ဆွေတွေပဲ၊ မင်းရဲ့သားအရေးနဲ့ပတ်သတ်ပြီး သူတို့ကိုတိုင်ပင်လို့ရတယ်”

 

“ တင်ပါဘုရား … တပည့်တော်တို့ သေချာပြောပြလိုက်ပါ့မယ်”

 

“ အေးအေး စကားအေးဆေးပြောကြဦး။ ဟဲ့မောင်ထွန်းခင် ကျောင်းအနောက်မှာ ကိုရင်တွေမနက်ဖြန်အတွက် ထင်းတွေခွဲနေတာ ကုသိုလ်ဝင်ယူလိုက်ဦး”

 

ဆရာတော်က ထွန်းခင်ကိုခေါ်သွားတဲ့အချိန် ကိုထွန်းတောက်က

 

“ ဆရာတော်မိတ်ဆွေဆိုတော့ ကျုပ်တို့ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့”

 

“ ရပါတယ် ကျုပ်တို့ကို မိသားစုလိုသဘောထားပြီး တိုင်ပင်လို့ရပါတယ်။ ကလေးက ဘာများဖြစ်နေလို့လဲ”

 

“ ဒီလိုပါဆရာ ကျွန်တော့်သားက မမွေးခင်ထဲက အိမ်မက်ထဲမှာ သွေးသံတရဲရဲနဲ့လူတစ်ယောက်အဖြစ်နဲ့ရောက်လာပါတယ်။ အဲဒီလူက … အဲဒီလူက..”

 

ကိုထွန်းတောက်က စကားပြောနေရင်း မခင်မေကိုလှမ်းကြည့်ကာ

“ အဲဒီအိမ်မက်ထဲကလူက ကျုပ်ရဲ့ဇာတိရွာဖြစ်တဲ့ ကံ့ဘလူရွာကို ဓါးပြဝင်တိုက်စဉ် ဖမ်းမိခဲ့တဲ့ ဓါးပြဗိုလ်စိန်သောင်း ဖြစ်နေခဲ့တယ်”

 

“ ကိုထွန်းတောက် ရှင်ဘာတွေပြောနေတာလဲ… ကျွန်မသားလေးက အဲဒီလူယုတ်မာ ဝင်စားတာမဖြစ်နိုင်ဘူး”

 

“ ခင်မေ စိတ်ကိုအေးအေးထားပါ၊ မင်း ကိုယ်ဝန်ဆောင်တုန်းက မက်ခဲ့တဲ့အိမ်မက်ကို ငါလဲမက်ခဲ့တယ်။ မင်းစိတ်ထိခိုက်မှာစိုးလို့မပြောပြခဲ့တာ။ နောက်ပြီး အခုဘဝမှာလူသစ်စိတ်သစ်ဖြစ်မလားဆိုပြီး စောင့်ကြည့်နေခဲ့တာ။ ဒါပေမယ့်…”

 

“ ပြောပါ ကိုထွန်းတောက် ဒါပေမယ့် ဘာဖြစ်လဲ”

 

“ အခုသူ သွားသွားတွေ့နေတဲ့သူကလဲ ဓါးပြအဖွဲ့ထဲက တစ်ယောက်ပဲ ကျုပ်တို့ဒေသကလူတွေကတော့ နတ်ဆရာလို့ခေါ်တယ်။ သူက ဓါးပြတိုက်ရမယ့်ကိစ္စအဝဝကို စီရင်ပေးတဲ့သူဖြစ်တဲ့အပြင် အင်းအိုင်လက်ဖွဲ့တွေဘက်မှာလဲ ဆရာတစ်ဆူဖြစ်တယ်လို့ ကြားဖူးခဲ့တယ်။ အခု သူက ကျုပ်သားကို မြူစွယ်ပြီး အတိတ်ကပုံရိပ်တွေပြန်သတိရအောင်လုပ်ဖို့ကြိုးစားနေတာကျုပ်သိတယ်”

 

“ နေပါဦး ဒီအကြောင်းအရာတွေသိတာ ဘာလို့ရွာကလူတွေကို အကူအညီမတောင်းရတာလဲ”

 

“ အခုချိန်ကျုပ်ပြောလိုက်ရင် သားလေးကို အန္တရာယ်ပြုမှာစိုးလို့ပါ။ နောက်ပြီး ကျုပ်က ကံ့ဘလူရွာသားတစ်ယောက်ဖြစ်တယ်ဆိုတာလဲ ဘယ်သူမှမသိစေချင်ဘူး”

 

ကိုထွန်းတောက် စကားကိုကြားတော့ မခင်မေက

“ ကံ့ဘလူတစ်ရွာလုံးကို ရက်ရက်စက်စက်သတ်ပြီး မီးတင်ရှို့ခဲ့တဲ့ဓါးပြအဖွဲ့ခေါင်းဆောင်က ကျုပ်သားလို့ ရှင်ပြောချင်နေတာလား၊ ကလေးက အတိတ်ဘဝမှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုသူလိမ်မာနေပြီလေ၊ ဘာလို့အတိတ်ကိုပြန်တူးဆွချင်နေရတာလဲ”

 

မခင်မေရဲ့ ရှိုက်ကြီးတငင်ငိုကြွေးပြီးပြောတဲ့စကားအဆုံးမှာ

“ ဆရာတော် ဘုရား ဆရာတော်ဘုရား ထွန်းခင် ထွန်းခင် လူသတ်တော့မယ်ဘုရား” ဆိုတဲ့အသံကြောင့် ကိုထွန်းတောက်တို့လင်မယား ကျောင်းအနောက်ကိုပြေးသွားခဲ့တယ်။

 

အနောက်ကိုရောက်တော့ ထင်းခွဲတဲ့ဓါးမကို ကိုင်ပြီး လဲကျနေတဲ့ ကျောင်းသားတစ်ယောက်ကို ခုတ်ဖို့ဟန်ပြင်နေတဲ့ ထွန်းခင်ကိုမြင်လိုက်ရတယ်။ လဲကျနေတဲ့ ကျောင်းသားကတော့ ထွန်းခင်ကို ကြောက်လန့်တကြားမော့ကြည့်နေပြီး ကြောင်တောင်တောင်ဖြစ်နေခဲ့တယ်။

 

“ ဘယ်သူမှအနားမကပ်ကြနဲ့”

 

ဧည့်သည်တွေထဲက တစ်ယောက်က လှမ်းအော်ပြီး ဓါးမနဲ့ခုတ်ဖို့ပြင်နေတဲ့ ထွန်းခင်ရဲ့ကျောပြင်ကို လက်ဝါးနဲ့အားကုန်ရိုက်ချလိုက်တော့မှ သတိပြန်လည်လာခဲ့တယ်။

 

“ သက်ခိုင် ဒီကောင်လေးကို ကျောင်းပေါ်ခေါ်လာခဲ့”

 

ကျောင်းပေါ်ကိုရောက်တော့ ဆရာတော်က

“ ဒကာလေးတို့ပြောထားတဲ့အတိုင်း ဖြစ်လာတာပဲနော် ၊ ဟဲ့ ထွန်းတောက် ဒီကဆရာလေးတို့လက်ထဲအပ်လိုက် နင့်သားဖြစ်နေတာတွေပျောက်သွားလိမ့်မယ်”

 

“တင်ပါဘုရား အပ်ပါတယ် ယုံလဲယုံကြည်ပါတယ်”

 

“ ကဲ ဒကာလေးတို့ လုပ်စရာရှိတာလုပ်ကြ”

 

ဆရာတော်စကားအဆုံးမှာ ဧည့်သည်သုံးယောက်က ထွန်းခင်ကိုအလယ်မှာထားပြီး ဖိုခနောက်ဆိုင်ထိုင်ကာ ပတ်ပတ်လည်ကိုလက်ညိုးထိပ်နဲ့စည်းချလိုက်တယ်။

 

“ အခုချိန်ကစပြီး ကျုပ်အမိန့်မရပဲ စည်းဝိုင်းထဲကိုမည်သူမှ မဝင်ရ” လို့ပြောပြီး နှုတ်ကနေ ဂါထာတစ်ခုကို တီးတိုးရွတ်ဖတ်နေခဲ့တယ်။

 

ဂါထာရွတ်ဖတ်သံကျယ်လာတာနဲ့အမျှ ထွန်းခင်တစ်ကိုယ်လုံး လှုပ်လှုပ်ရှားရှားဖြစ်လာပြီး လည်ပင်းကြောတွေထောင်တဲ့အထိ အော်ပါလေရော။ ခဏနေတော့ ပျို့တက်လာပြီး နီညိုရောင်အရည်တွေနဲ့အတူ စက္ကူလိပ်တစ်ခုအန်ထွက်လာခဲ့တယ်။

 

အဲဒီတော့မှ ထွန်းခင်တစ်ကိုယ်လုံးငြိမ်သက်သွားပြီး ပုံမှန်အတိုင်းဖြစ်သွားခဲ့တယ်။

 

“ ဆရာ ကျွန်တော်သားက ဘာဖြစ်တာလဲ”

 

“ သူ့ကိုစိတ်ရိုင်းဝင်ပြီးအသိစိတ်ပျောက်အောင် ပြုစားခဲ့တာ၊ ကျုပ်တို့သာမရှိရင် ဒီကလေး လူသတ်တရားခံဖြစ်ပြီ”

 

“ ကျုပ်သားကို သူတို့ဘက်ပြန်ပါအောင်လုပ်နေကြပြီထင်တယ်”

 

“ အခုတော့ဘာမှမဖြစ်တော့ပါဘူး ဒါပေမယ့် ကလေးရဲ့ကျောမှာပါတဲ့ မွေးရာပါအင်းကွက်ကိုတော့ အပြီးတိုင်ဖျက်စီးပစ်မှရမယ်။ ဒီအင်းကွက်ကိုစောင့်တဲ့ ပုဂ္ဂိုလ်က အဆိုးဘက်ကိုသွားတဲ့အတွက် မကောင်းမှုတွေလုပ်ချင်အောင် လှုံ့ဆော်နေလိမ့်မယ်”

 

“ ကျွန်တော်တို့ဘာလုပ်ပေးရမလဲ ပြောပါ”

 

“ ကလေးကို ဒီတစ်ညတော့ ကျုပ်တို့ဆီအပ်ခဲ့ပါ။ သူ့ကိုယ်မှာရှိတဲ့မကောင်းတဲ့အရာတွေကို ဖယ်ရှားမှ နောင်ရေးစိတ်အေးရမယ်။ ဒီလိုမှမဟုတ်ရင် သင်တို့သားက ထိန်းမနိုင်တဲ့လူတစ်ယောက်ဖြစ်သွားလိမ့်မယ်”

 

“ ဆရာတို့ကိုယုံကြည်ပါတယ်။ ကျုပ်တို့သားလေး အခုလိုဖြစ်နေတာတွေပျောက်ကင်းအောင်ကုပေးပါဦးဗျာ”

 

“ ကဲ ဒါဖြင့်ရင် နောက်တစ်နေ့မှ ပြန်တွေ့ကြရအောင် ကျုပ်တို့လဲကလေးအတွက်ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်ပါဦးမယ်”

 

“ ဒါဖြင့် ကျုပ်တို့ကိုခွင့်ပြုပါဦး၊ လူလေး ဆရာတို့ပြောတာနားထောင်နော်”

 

ကိုထွန်းတောက်တို့လင်မယားလဲ မောင်ထွန်းခင်ကိုမှာကြားပြီး နှုတ်ဆက်ကာပြန်သွားခဲ့ကြတယ်။

 

အဲဒီအချိန် အောင်မြတ်သာက သက်ခိုင်နဲ့တောက်ရကိုခေါ်ပြီး တာဝန်တစ်ခုကိုပေးအပ်ခဲ့တယ်။

 

+++++++++

 

ညလူခြေတိတ်ချိန်ဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းဝင်း တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသလို တစ်ရွာလုံးလဲ အပ်ကျသံပင်မကြားအောင် ခြောက်ကပ်နေခဲ့တယ်။

 

အဲဒီအချိန် ဘုန်းကြီးကျောင်းအနောက်ဘက်မြေကွက်လပ်ပေါ်မှာ ဖယောင်းတိုင်မီးအလင်းရောင်အချို့ပေါ်ထွက်လာခဲ့တယ်။

 

လေးထောင့်သဏ္ဍာန်ဖယောင်းတိုင်မီးရဲ့အလယ်မှာတော့ ထွန်းခင်က ငြိမ်သက်စွာထိုင်နေခဲ့တယ်။ မီးတိုင်တွေရဲ့အပြင်မှာတော့ အောင်မြတ်သာက မလှုပ်မယှက်ထိုင်ပြီး ကောင်းကင်ကိုမော့ကြည့်ကာ အချိန်တစ်ခုကိုစောင့်ဆိုင်းနေခဲ့တယ်။

 

ညတစ်ချက်ထိုးလောက်ရောက်တော့ စည်းဝိုင်းထဲမှာရှိနေတဲ့ ထွန်းခင်က လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ်။

 

“ သူတို့ခေါ်နေပြီ ကျွန်တော်သွားမှဖြစ်မယ်”

 

“ ဒီစည်းအပြင်ဘက်ကို ထွက်လို့ရရင် သွားခွင့်ပြုပါတယ်”

 

အောင်မြတ်သာစကားကြောင့် ထွန်းခင်က ဖယောင်းတိုင်မီးတွေထွန်းထားတဲ့စည်းထဲကနေအပြင်ကို ကျော်ခွပြီးထွက်ဖို့အလုပ် မီးညွန့်တွေက လူတစ်ရပ်လောက်အထိမြင့်တက်လာခဲ့တယ်။

 

“ ငါတို့ပညာရပ်က မင်းကိုထွက်ခွင့်မပြုဘူးဖြစ်နေတယ်။ ဒီတော့ စည်းထဲမှာ ငြိမ်ငြိမ်လေးထိုင်နေပါ”

 

ထွန်းခင်လဲ ထွက်မရတဲ့အဆုံး စည်းထဲမှာထိုင်ချလိုက်ရာ ကျောဘက်ကနေ အသားကိုဓားနဲ့မွှန်းသလို ဖြစ်ပြီး မြေကြီးပေါ်လူးလိမ့်ပါလေရော။

 

“ ကျောပြင်တစ်ခုလုံး စပ်ဖြန်းဖြန်းနဲ့ နာနေတယ် အား ကျွတ်ကျွတ်”

 

“ မင်းအခုဝတ်ထားတဲ့င်္အကျီကိုချွတ်ပြီး ကျောကိုလှည့်ပြပါဦး”

 

အောင်မြတ်သာစကားကြောင့် ထွန်းခင်က အင်္ကျီကိုချွတ်ပြီးလှည့်ပြလိုက်ရာ မွေးရာပါအမာရွတ်တွေက ရောင်ကိုင်းပြီး ပြည်တွေပါတည်နေတာကိုမြင်လိုက်ရတယ်။

 

“ ဟိုဘက်ကလဲ မင်းစိတ်ကိုချုပ်ကိုင်ဖို့ ကြိုးစားနေပြီထင်တယ်”

 

အောင်မြတ်သာစကားအဆုံးမှာ ထွန်းခင်ရဲ့မျက်လုံးတွေ နီရဲလာပြီး မေးကြောတွေထောင်တဲ့ထိဖြစ်လာခဲ့တယ်။

 

“ အား အီး ဆရာ ကျွန်တော်မထိန်းနိုင်တော့ဘူး။ နားထဲမှာ ကျွန်တော်ကိုခေါ်တဲ့အသံကိုပဲကြားနေရတယ်”

 

“ အရမ်းကြီးကြောက်စိတ်မဝင်နဲ့ဦး၊ စိတ်ကိုတင်းထား”

 

အောင်မြတ်သာက ပြောနေရင်း ကောင်းကင်ကိုမော့ကြည့်လိုက် ထွန်းခင်ကိုကြည့်လိုက်နဲ့ ဖြစ်နေတဲ့အချိန် ခုနှစ်စင်ကြယ်တန်းနားမှာ ဖြတ်ခနဲပေါ်လာတဲ့ ကြယ်တစ်လုံးကိုမြင်လိုက်ရတယ်။

 

“ နက္ခတ်စုံတဲ့အချိန်ရောက်ပီမို့ ကိုယ်ထဲမှာရှိတဲ့ အင်းစောင့်တွေအကုန်ထွက်လာစေ” လို့ပြောလိုက်တဲ့အချိန် ထွန်းခင် ကျောကုန်းထဲကနေ အဖြူရောင်နဲ့ အမဲရောင် အခိုးငွေ့တွေ တိုးထွက်လာခဲ့တယ်။

 

တိုးထွက်လာတဲ့အခိုးငွေ့တွေက တစ်ခုနဲ့တစ်ခုမရောပဲ သီးခြားဖြစ်တည်နေတာကိုလဲ အံ့ဩဖွယ်ကောင်းအောင် မြင်တွေ့လိုက်ရတယ်။

 

အောင်မြတ်သာလဲ အခိုးငွေ့တွေထွက်လာတာမြင်တော့ အင်းစမတွေရေးဆွဲထားတဲ့ ဘူးသီးခြောက်ရေဘူးကိုထုတ်လိုက်တဲ့အချိန် စည်းဝိုင်းထဲမှာရှိနေတဲ့ အမဲရောင်အခိုးငွေ့တွေက မီးညွန့်တွေကိုဖြတ်ဖို့ကြိုးစားပါလေရော။

 

မီးညွန့်တွေကလဲ အခိုးငွေ့ထိတာနဲ့ အဆမတန်ကြီးမားလာပြီး ထွက်ပေါက်လုံးဝမရှိအောင်ပိတ်ထားတော့ သူ့ခဗျာ စည်းဝိုင်းအတွင်းမှာလှည့်ပတ်ပျံသန်းကာ ထွက်ပေါက်ကိုလိုက်ရှာနေခဲ့တယ်။

 

အဲဒီအချိန် အောင်မြတ်သာက မီးညွန့်အချို့ကိုလက်ညိုးနဲ့မသိမသာဖယ်ရှားလိုက်ရာ အမဲရောင်အခိုးငွေ့တွေက ထွက်ပေါက်တွေ့ပြီအထင်နဲ့တိုးဝင်လာခဲ့တယ်။

 

အောင်မြတ်သာကလဲ ဖွင့်ပေးလိုက်တဲ့ လမ်းကြောင်းအဝမှာ အင်းစမတွေနဲ့စီရင်ထားတဲ့ဘူးသီးခြောက်ရေဘူးအဝကိုခံထားလိုက်ရာ အမဲရောင်အခိုးငွေ့တွေအားလုံး ရေဘူးထဲကို တစ်ရှိန်ထိုးဝင်ရောက်သွားခဲ့တယ်။ အဲဒီတော့မှ ဘူးအဝကို ခုနှစ်ခွေနဂါးပတ်အင်းနဲ့အသေပိတ်ပြီး လက်နဲ့ဖိထားခဲ့တယ်။

 

ဘူးသီးခြောက်ရေဘူးထဲမှာ အနက်ရောင်အခိုးငွေ့တွေပိတ်မိပြီဆိုတာနဲ့ စည်းထဲမှာရှိတဲ့ထွန်းခင်ရဲ့ကျောပြင်ကနေ ညိုညစ်ညစ်သားရည်ပြားတစ်ခုအချပ်လိုက်ကွာကျလာခဲ့တယ်။

 

အဲဒီတော့မှ အောင်မြတ်သာက စည်းကိုလက်နဲ့သပ်ကာ ဖျက်ပေးခဲ့တယ်။ အဲဒီအချိန် ထွန်းခင်ရဲ့ ဦးခေါင်းပေါ်မှာဝေ့နေတဲ့ အဖြူရောင်အခိုးငွေ့တွေထဲကနေ ဒေါက်ချာဆောင်းထားတဲ့ ရသေ့တစ်ပါးရဲ့မျက်နှာတစ်ခုဖျတ်ခနဲပေါ်လာကာ ပျောက်ကွယ်သွားခဲ့တယ်။

 

အဲဒီအချိန် ဘူးသီးခြောက်ရေဘူးက တဆတ်ဆတ်တုန်ခါလာတဲ့အတွက် ကိုးသိမ်ဝင်ပရိတ်ကြိုးနဲ့ ထပ်မံရစ်ပတ်ထားခဲ့ရတယ်။

 

“ ဆရာ ဆရာ ….”

 

ရုတ်တရက်ပေါ်လာတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ သက်ခိုင်နဲ့တောက်ရတို့ကိုမြင်လိုက်ရတယ်။

 

“ ဆရာပြောတာမှန်တယ် … အဲဒီလူကြီးက သူ့ပညာတွေအားလုံးကို ဒီကောင်လေးကိုယ်ပေါ်က အင်းကွက်ထဲထည့်ထားတာ”

 

“ ဒါဆို သူအခုဘာဖြစ်သွားလဲ”

 

“ ကျွန်တော်တို့ကြည့်နေတုန်း ဗိုင်းခနဲလဲကျသွားတာပဲ။ ဆရာက သူ့စည်းထဲမဝင်နဲ့ဆိုလို့သာ ကျွန်တော်တို့ပြန်လာခဲ့တာ”

 

“ မင်းတို့မြင်ခဲ့တဲ့သူရဲ့ ဝိဥာဉ်က ဒီဘူးထဲမှာပဲ၊ ဒါကြောင့် ဒီကောင်လေးကို သူ့မိဘတွေဆီ မင်းတို့ပဲပြန်ပို့လိုက်ကြ၊ ငါကတော့ ဒီဘူးကို အန္တရာယ်မရှိတဲ့နေရာမှာမြုပ်ဖို့လုပ်ရဦးမယ်”

 

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရက ထွန်းခင်ကိုတွဲခေါ်ကာ အိမ်ပြန်ပို့ပေးဖို့ထွက်သွားခဲ့ကြတယ်။ အဲဒီအချိန် ဘုန်းကြီးကျောင်းအနောက်ဘက် မြေနီလမ်းထဲကနေ ထွက်လာတဲ့ရသေ့တစ်ပါးကိုမြင်လိုက်ရတယ်။

 

“ ဘယ်လိုလဲ ဘရသေ့ ကျုပ်တို့တာဝန်ကျေတယ်မဟုတ်လား”

 

“ ဟက်ဟက် မင်းတို့ပဲဒီကိစ္စကို နိုင်နင်းတယ်ဆိုတာ ဝိဇ္ဇာချုပ်တွေကသိတယ်လေ။ ဒါကြောင့် ငါ့ကိုအိမ်မက်ပေးပြီး ပြောခိုင်းလိုက်တာပဲ”

 

“ ဒါနဲ့ ဒီလူငယ်ရဲ့အတိတ်က အကုသိုလ်တွေအရမ်းများတာ ဘယ်လိုကြောင့် လူဘဝပြန်ရောက်လာတာလဲ”

 

“ တကယ်တော့ ဒီဘူးထဲမှာရှိတဲ့သူကပဲ အားလုံးကိုထိန်းချုပ်သွားတာ၊ ရှင်းရှင်းပြောရရင် စိတ်ကိုအကုသိုလ်နဲ့ယဉ်ပါးအောင် တစ်ဖြေးဖြေးလုပ်ယူခဲ့တာပဲ။ ဓါးပြအဖွဲ့ခေါင်းဆောင်ကိုလိုသလိုခိုင်းစေနိုင်မှတော့ ရတဲ့ဝေစုကလဲ သူ့အတွက်မနည်းဘူးလေ။ ဒီလိုနဲ့ သူ့ကျောပြင်မှာရှိတဲ့အင်းအစွမ်းကို ပျက်ပြယ်အောင် ကံ့ဘလူရွာခံတွေက အခြားဆရာတစ်ယောက်နဲ့စီရင်ပြီး အမိဖမ်းခဲ့ကြတာ။ဒီကောင်လေးဖမ်းခံထိတော့ ရွာခံတွေက စိမ်ပြေနပြေထုရိုက်ပြီး သေပြီအထင်နဲ့ပစ်ထားတဲ့အချိန် ကံကောင်းချင်တော့ ကျုပ်နဲ့တွေ့ခဲ့တာ။ သွေးသံတရဲရဲနဲ့သေလုဆဲဆဲအချိန်မှာ ကုသိုလ်ရသလောက်လေးရသွားလဲ သူ့အတွက်အကျိုးမယုတ်ဘူးဆိုပြီး ငါးပါးသီလလေးတိုင်ပေးခဲ့တယ်။ အဲဒီအကျိုးကြောင့်ငရဲသွားရမယ့်သူက လူ့ဘဝပြန်ရောက်လာခဲ့တာပဲ၊ သူလူ့ဘဝပြန်ရောက်တယ်ဆိုတာသိတော့ ဒီလူပြန်ရောက်လာပြီး ဒုတိယအကြိမ်ခိုင်းစားဖို့ကြိုးစားခဲ့တာ၊ ဒါပေမယ့် သူမသိတာက သူပြုစားထားတဲ့အင်းထဲမှာ ငါ့ရဲ့တန်ပြန်အင်းရှိနေတယ်ဆိုတာပဲ”

 

“ ဘရသေ့က သေလုဆဲဆဲအချိန်မှာ တန်ပြန်အင်းထည့်ပေးခဲ့တာ ဒါကြောင့်ကိုး”

 

“ကဲကဲ စကားတွေများနေတာနဲ့ အကုသိုလ်ကောင်ကို ဘယ်လိုလုပ်ရမယ်ဆိုတာမေ့နေပါဦးမယ်”

 

“ မမေ့ပါဘူး ဘရသေ့ရယ် ဒီကောင်ရဲ့ဝိဥာဉ်ကို စတုမဟာရာဇ်အောက်ဘုံက နတ်ဘီလူးတွေဆီအပ်ပြီး ထိန်းသိမ်းခိုင်းထားလိုက်ပါမယ်”

 

“ မင်းတို့က အလုပ်ကိစ္စနောက်တစ်ခုဆက်လုပ်ရဦးမှာဆိုတော့ ငါပဲထိန်းသိမ်းခိုင်းလိုက်ပါ့မယ်”

 

ဘရသေ့စကားကြောင့် အောင်မြတ်သာလဲ လက်ထဲကိုင်ထားတဲ့ဘူးကိုကမ်းပေးလိုက်တဲ့အချိန် သက်ခိုင်နဲ့တောက်ရတို့ပြန်ရောက်လာခဲ့တယ်။

 

“ မင်းတပည့်တွေပြန်ရောက်လာပြီဆိုတော့ ကျောက်ဖားနှစ်ကောင်ရှိတဲ့နေရာကိုဆက်သွားကြပေတော့”

 

ဘရသေ့ရဲ့ထူးဆန်းတဲ့စကားအဆုံးမှာ အောင်မြတ်သာက ညင်သာစွာပြုံးလိုက်ပြီး ဘုန်းကြီးကျောင်းထဲကနေ ထွက်လာခဲ့လိုက်တယ်။

 

ခရီးဆက်လာရင်း ရွာအပြင်ဇရပ်နားကိုရောက်တော့ ဇရပ်ပေါ်မှာ လဲကျအသက်ပျောက်နေတဲ့ နတ်ဆရာရဲ့အလောင်းကို မြင်တွေ့လိုက်ရတယ်။

 

“ ဆရာ ကျွန်တော်တို့တစ်ခုလောက်မေးချင်လို့”

 

“ ဘာတွေများ စိတ်ထဲမတင်မကျဖြစ်နေတာလဲ ပြောကြပါဦး”

 

“ ခုနက ကောင်လေး ဒီဘဝကသေရင် ဘယ်ကိုရောက်နိုင်မလဲဆရာ”

 

သက်ခိုင်တို့အမေးကိုအောင်မြတ်သာက ချက်ချင်းမဖြေပဲ စဉ်းစားပြီးမှ

“ သေလုဆဲဆဲ ရခဲ့တဲ့ကုသိုလ်တစ်ပဲခြောက်ပြားရဲ့အရှိန်ကုန်ရင် လုပ်ခဲ့တဲ့အပြစ်တွေကို တစ်ဝကြီးပေးဆပ်ရဦးမှာ အသေချာပဲ”လို့ပြောကာ ထွက်သွားခဲ့တယ်။

.

အနောက်မှာကျန်ခဲ့တဲ့ နှစ်ယောက်ကတော့ အတွေးကိုယ်စီနဲ့စဉ်းစားရင်း အောင်မြတ်သာအနောက်ကို ပြေးလိုက်သွားခဲ့ကြတယ်။

 

နောက်ဝတ္တုမှာတော့ ကျောက်ဖားနှစ်ကောင်ကို နေရာရွေ့မိတဲ့ပြဿနာကို အောင်မြတ်သာတို့ဘယ်လိုကူညီကြဦးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် သိုက်စောင့်ကျောက်ဖားညီနောင်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်

ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္ငရဲလမ္းကလာေသာသူ

“ငါ့ကိုတံခါးဖြင့္ေပးပါ…..နင္တို႔နဲ႔ငါလာေနပါရေစ”

တစ္ကိုယ္လုံးေသြးသံတရဲရဲနဲ႔ တုန္တုန္ရီရီျဖစ္ေနတဲ့လူရဲ႕စကားေၾကာင့္ ဟင္း႐ြက္ေတာင္းကိုေခါင္းေပၚ႐ြက္ထားတဲ့ မခင္ေမ မ်က္ႏွာေပၚမွာ ေၾကာက္႐ြံ႕ထိတ္လန္႔မႈေတြအထင္းသားေပၚေနၿပီး

“ ဟအင္း မလာနဲ႔ မလာနဲ႔ သြား သြား “

“ ငါဘယ္မွသြားစရာမရွိဘူး နင္တို႔နဲ႔ပဲေနမယ္ ငါ့ကိုေခၚသြားေပး အား ကြၽတ္ကြၽတ္..”

“ရွင္ အနားကပ္မလာနဲ႔ေနာ္ ကြၽန္မေအာ္လိုက္ရမလား”

မခင္ေမ စကားကို ေသြးသံတရဲရဲနဲ႔လူက ဂ႐ုမစိုက္ပဲ အနားကိုကပ္လာတဲ့အခ်ိန္

“ ခင္ေမ ခင္ေမ ဘာျဖစ္တာလဲ ။ အိမ္မက္ဆိုးေတြမက္ေနျပန္ပီလား” ဆိုတဲ့အသံေၾကာင့္ ေဘးကိုၾကည့္လိုက္ရာ ေယာက်ၤားျဖစ္သူ ကိုထြန္းေတာက္ကို ျမင္လိုက္ရတယ္။

“ အိမ္မက္ေတြမေကာင္းဘူး က်ဳပ္တို႔အခုလြယ္ထားတဲ့ ကိုယ္ဝန္နဲ႔မ်ားဆိုင္ေနမလားမသိဘူး”

မခင္ေမ စကားေၾကာင့္ ကိုထြန္းေတာက္ မ်က္ႏွာအနည္းငယ္ပ်က္သြားေပမယ့္ ဟန္မပ်က္ထိန္းလိုက္ၿပီး

“ အိမ္မက္ဆိုတာ ေသြးေလေခ်ာက္ခ်ားလို႔လဲ မက္တတ္ပါတယ္။ စိတ္ထဲမထားေနပါနဲ႔” လို႔ႏွစ္သိမ့္ခဲ့တယ္။

++++++++

မခင္ေမနဲ႔ ကိုထြန္းေတာက္တို႔လင္မယားက အသက္ေလးဆယ္ေက်ာ္မွ အိမ္ေထာင္က်တဲ့အတြက္ ကေလးတစ္ေယာက္ရဖို႔အေတာ္ခက္ခဲခဲ့ၾကတယ္။ အိမ္ေထာင္သက္ ႏွစ္ႏွစ္ျပည့္တဲ့အခ်ိန္မွာ မထင္မွတ္ထားပဲကိုယ္ဝန္ရလာေပမယ့္ အိမ္မက္ဆိုးႀကီးက လင္မယားႏွစ္ေယာက္လုံးကို ေၾကာက္လန္႔ေအာင္ဖမ္းစားထားခဲ့တယ္။

“ ငါေတာ့ ခင္ေမ မက္တဲ့အိမ္မက္ကိုသိပ္မႀကိဳက္ဘူးကြာ၊ ဒါေပမယ့္ ခင္ေမ စိတ္မေကာင္းျဖစ္မွာစိုးလို႔ မေျပာပဲေနခဲ့တာ”

“ ကေလးေတာင္မေမြးေသးဘူး မင္းတို႔ကဘာျဖစ္ေနၾကတာလဲ။ ဒီမွာ ငထြန္း ႐ြာေတာင္ပိုင္းက ဦးျမရင္ရဲ႕သားကို သိတယ္မလား”

“ ထြန္းရင္ဆိုတဲ့ေကာင္ေလးကိုေျပာတာလား”

“ေအး ဟုတ္တယ္ သူ႔ကိုယ္ဝန္လြယ္တုန္းက ဘုရားသံ တရားသံမွနားမေထာင္ရရင္ အိပ္မေပ်ာ္စားမဝင္ျဖစ္ခဲ့တာ တစ္႐ြာလုံးကေတာ့ ဒီကေလးကို သာသနာအတြက္ အက်ိဳးရွိမယ့္ကေလးလို႔ထင္ခဲ့ၾကတာပဲေလ။ အခုၾကည့္စမ္း ထစ္ခနဲရွိ ထြန္းရင္မပါရင္မၿပီးဘူး။ ဆိုးေပခ်က္ကလဲ ႐ြာဦးဆရာေတာ္ေတာင္မထိန္းႏိုင္ဘူးမဟုတ္လား”

“ ေအး ဟုတ္တယ္ေနာ္”

“ ဒါေၾကာင့္ ငါေျပာတာ အိမ္မက္ဆိုတာ အဓိကမက်ဘူး။ ကေလးေမြးလာရင္ သြန္သင္ဆုံးမတဲ့သူအေပၚပဲမူတည္တာ”

“ ေအးပါ ေက်ာ္ႀကီးရာ မင္းေျပာမွပဲ အားတက္သြားေတာ့တယ္။ ငါ့ကေလးကို လိမ္မာယဥ္ေက်းတဲ့သူျဖစ္ေအာင္ ႀကိဳးစားၿပီးပ်ိဳးေထာင္မယ္ကြာ”

ထြန္းေတာက္က ေဘးမွာခ်ထားတဲ့ခေမာက္ကို ေဆာင္းၿပီးလုပ္လက္စအလုပ္ကိုလုပ္ရန္ လယ္ကြင္းထဲကိုထြက္သြားခဲ့တယ္။

+++++++

“ အား အမေလး နာလွခ်ည္ရဲ႕…. “

“ ခင္ေမ ညႇစ္ထား ခဏပဲသည္းခံလိုက္”

မီးတြင္းထဲမွာ ဆူညံပြက္ေလာ႐ိုက္ေနသလို အိမ္တံဆက္ၿမိတ္အျပင္မွာလဲ ထြန္းေတာက္ တစ္ေယာက္ ဟိုဘက္ေလ်ာက္လိုက္ ဒီဘက္ေလ်ာက္လိုက္နဲ႔ေယာက္ယက္ခတ္ေနခဲ့တယ္။

“ ေဟ့ေကာင္ ငထြန္း ၿငိမ္ၿငိမ္ေနစမ္းပါကြာ။ မင္းကိုၾကည့္ရတာ ေခါင္းမူးေနၿပီ”

“ ၿငိမ္ၿငိမ္ေနလို႔ရမလား အထဲမွာ ခင္ေမ ေအာ္ေနတာ ငါဘယ္လိုေနရမလဲ”

“ ကေလးေမြးတာ ဒီေလာက္ေတာ့ရွိတာေပါ့ကြ၊ ငါ့မိန္းမေမြးတုန္းကဆိုရင္ လက္သည္ဆံပင္ေတာင္အေထြးလိုက္ကြၽတ္ေအာင္ဆြဲခဲ့တာကြ”

ေက်ာ္ႀကီး စကားေၾကာင့္ ထြန္းေတာက္ ရယ္က်ဲက်ဲနဲ႔ အိမ္ေရွ႕ကခုံေပၚထိုင္ခ်လိုက္တဲ့အခ်ိန္

“ အူငဲ အူငဲ အူငဲ”ဆိုတဲ့အသံက အိမ္ထဲကေန ထြက္လာခဲ့တယ္”

“ ေမြး ေမြးပီဟ …”

ထြန္းေတာက္ကေျပာရင္းဆိုရင္း အိမ္ေပၚတက္ဖို႔အလုပ္ ေက်ာ္ႀကီးက အေနာက္ကေနလွမ္းဆြဲၿပီး

“ ေဟ့ေကာင္ အခုခ်ိန္က တက္လို႔မရဘူးေလကြာ ။ မင္းနဲ႔ေတာ့ ငါအေတာ္ညစ္ေနၿပီ”

ထြန္းေတာက္ကေတာ့ ေလွကားေပၚ တက္ရမလိုလို ဆင္းရမလိုလိုျဖစ္ေနတဲ့အခ်ိန္ အိမ္ထဲကေန လက္သည္မိန္းမထြက္လာၿပီး

“ ငထြန္း နင့္မိန္းမက သားေယာက်ၤားေလးေမြးတယ္ဟဲ့”

“ ဟား ေက်ာ္ႀကီး ငါ အေဖ ျဖစ္ပီကြ ေမြးတာကလဲ ေယာက်ၤားေလးတဲ့ အဟား ေပ်ာ္လိုက္တာကြာ”

ထြန္းေတာက္က ေက်ာ္ႀကီးကို ဝမ္းသာအားရေျပာေနတဲ့အခ်ိန္ လက္သည္မိန္းမႀကီးထြက္လာၿပီး

“ ငထြန္း အိမ္ထဲခဏလာဦး”

“ ဘာျဖစ္္လို႔လဲ အရီးသိန္း”

“ စကားရွည္လိုက္တာ လာဆိုလာခဲ့ေပါ့”

ထြန္းေတာက္ အိမ္ထဲေရာက္သြားတဲ့အခ်ိန္မွာေတာ့ ခင္ေမက အႏွီးထုပ္ထားတဲ့ကေလးကိုဖက္ၿပီး တစ္ရႈံ႕ရႈံ႕နဲ႔ငိုေနတာျမင္္လိုက္ရတယ္။

“ခင္ေမ ဘာျဖစ္လို႔ ငိုေနတာလဲ ကေလးဘာျဖစ္လို႔လဲ”

ထြန္းေတာက္စကားကိုၾကားေတာ့ ခင္ေမက အႏွီးကိုျဖည္ျပလိုက္ရာ တစ္ကိုယ္လုံး ဓါးခုတ္ရာလိုအမွတ္ေတြပါေနတာကိုျမင္လိုက္ရတယ္။

“ ကေလးက က်ဳပ္အိမ္မက္ထဲကအတိုင္းျဖစ္ေနပီလားမသိဘူးေနာ္”

ခင္ေမစကားေၾကာင့္ ထြန္းေတာက္က ကေလးကိုေပြ႕ခ်ီကာ
“ ဘယ္လိုျဖစ္ျဖစ္ေလ တို႔ဆီေရာက္လာေတာ့ တို႔ကေလးေပါ့ ။ အျခားဘာမွစိတ္ထဲမထားနဲ႔ ေဟာ ၾကည့္စမ္း မ်က္ႏွာေပါက္က ငါ့မိန္းမနဲ႔တူသလိုပဲ”

ထြန္းေတာက္စကားေၾကာင့္ ခင္ေမ ငိုေနတာကိုရပ္လိုက္ၿပီး ႏုနယ္ေနတဲ့ကေလးရဲ႕ပါးျပင္ကို ေျဖးညႇင္းစြာနမ္းလိုက္ပါေလေရာ။
++++++++++

ထြန္းေတာက္နဲ႔ခင္ေမလဲ ေမြးလာတဲ့ကေလးကို လင္မယားႏွစ္ေယာက္လုံးနာမည္ပါေအာင္ ထြန္းခင္လို႔ အမည္သညာေပးခဲ့ၾကတယ္။

ထြန္းခင္ ကိုယ္ေပၚမွာပါလာတဲ့ အမာ႐ြတ္ေတြက လျပည့္လကြယ္ေန႔ေတြဆိုရင္ ေယာင္ယမ္းၿပီးကိုက္ခဲလာတာကို လင္မယားႏွစ္ေယာက္လုံး သတိထားမိခဲ့ၾကတယ္။ လူမွန္းသိတတ္စအ႐ြယ္ေရာက္ေတာ့ ႐ြာအေနာက္ဖက္ကိုင္းေတာဘက္ကို လက္ညိဳးထိုးၿပီး“ ေၾကာက္ ေၾကာက္ “လို႔ေျပာပါေလေရာ။ တစ္ခါတစ္ရံ ကိုင္းေတာဘက္ကိုၾကည့္ၿပီး ရႈိက္ႀကီးတငင္ငိုတာကိုလဲႀကဳံေတြ႕ခဲ့ရတယ္။

ထြန္းခင္ အသက္ ေလးႏွစ္အ႐ြယ္ေရာက္ေတာ့ ႐ြာထဲကို ဆြမ္းခံႂကြလာတဲ့ရေသ့တစ္ပါးက
“ ဒီကေလးရဲ႕ ကံၾကမၼာက အဆိုးဘက္ေရာ အေကာင္းဘက္ကိုေရာသြားႏိုင္တယ္။ အသက္၁၆ႏွစ္ျပည့္တဲ့ေန႔ကို သတိထားၾကပါ”လို႔ထူးဆန္းစြာမိန္႔ၾကားခဲ့တယ္။

ထြန္းေတာက္တို႔လင္မယားလဲ ရေသ့ေျပာတဲ့စကားကို အမႈမဲ့အမွတ္မဲ့နဲ႔ေနလာခဲ့တာ ထြန္းခင္အသက္ ၁၆ႏွစ္ျပည့္ခါနီးအခ်ိန္ကိုေရာက္လာခဲ့တယ္။

“ ထြန္းခင္ ထစမ္း …. ျမန္ျမန္ထစမ္း”

အိမ္ေပါက္ဝကေန လွမ္းေခၚလိုက္တဲ့အသံေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ထြန္းခင္ လန္႔ႏိုးလာၿပီးၾကည့္လိုက္ရာ သူနဲ႔လုံးဝခြဲမရေအာင္တူတဲ့ လူတစ္ေယာက္က အနက္ေရာင္ဝတ္စုံကိုဝတ္ကာမတ္တပ္ရပ္ေနတာကိုလေရာင္ေအာက္မွာျမင္လိုက္ရတယ္။

“ မင္း မင္းက ဘယ္သူလဲ၊ ဘာလို႔ ငါနဲ႔ခြၽတ္စြတ္တူေနရတာလဲ”

“ ေအာင္မာ မင္းကအခုေတာ့ ငါ့ကိုေမ့ၿပီေပါ့။ ဘာလဲ မင္းကိုယ္ထဲမွာရွိတဲ့ေကာင္က ငါ့အေၾကာင္းေတြေမ့ေအာင္ လုပ္ထားၿပီနဲ႔တူတယ္”

“ မင္း ဘာေတြေျပာေနတာလဲ ငါ့ကိုယ္ထဲမွာ ဘာမွမရွိဘူး”

ထြန္းခင္စကားအဆုံးမွာ သူ႔ကိုယ္ထဲကေန အရိပ္လိုလိုအျဖဴေရာင္သ႑ာန္တစ္ခုထြက္လာခဲ့တယ္။

သူနဲ႔ထပ္တူနီးပါးတူတဲ့လူရိပ္ႏွစ္ခုက ေဘးခ်င္းယွဥ္ရပ္လိုက္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္လုံးခ်င္းဆုံေအာင္ၾကည့္ကာ

“ သူ႔ဘဝကို ေအးခ်မ္းစြာေလ်ာက္လွမ္းခြင့္ျပဳဖို႔ သင့္အတြက္ခက္ခဲေနတာလား”

“ ဟားဟားဟား ဒီေကာင္က ေအးခ်မ္းစြာေနရမယ့္ေကာင္မဟုတ္ဘူးေလ။ ထြန္းခင္ ဒီမွာၾကည့္စမ္း”

အနက္ေရာင္ဝတ္စုံဝတ္ထားတဲ့လူက သူ႔လက္ႏွစ္ဖက္ကို ဆန္႔ထုတ္လိုက္ရာ ပုံရိပ္အခ်ိဳ႕က ႐ုပ္ရွင္ျပသလို ပီပီျပင္ျပင္ေပၚလာခဲ့တယ္။

ပုံရိပ္ထဲမွာေတာ့ သူမ်ားသားပ်ိဳသမီးပ်ိဳေတြကို ဖ်က္စီးေနတဲ့ပုံေတြအျပင္ လူအခ်ိဳ႕ကိုရက္ရက္စက္စက္သတ္ျဖတ္ၿပီး ပစၥည္းေတြကိုလုယက္ယူငင္ေနတဲ့ပုံေတြကိုျမင္လိုက္ရတယ္။

“ၾကည့္စမ္း ဘယ္ေလာက္ေပ်ာ္ဖို႔ေကာင္းလဲ။ လူတစ္ေယာက္ရဲ႕ ရင္ဘတ္ထဲကို ခြၽန္ထက္ေနတဲ့ဓါးသြားနဲ႔ ေျဖးေျဖးခ်င္းထိုးခ်လိုက္တဲ့အရသာကိုမင္းပဲ ႀကိဳက္ခဲ့တာမဟုတ္လား”

အနက္ေရာင္ဝတ္စုံနဲ႔လူရဲ႕စကားေၾကာင့္ ထြန္းခင္မ်က္လုံးအိမ္ေတြတစ္ေျဖးေျဖးက်ဥ္းလာၿပီး ႏႈတ္ခမ္းတစ္ဖက္တြန္႔႐ုံၿပဳံးကာ

“ ဟုတ္တယ္ လူသတ္ရတာ အရမ္းကိုေပ်ာ္ဖို႔ေကာင္းတယ္။ သူတို႔ရဲ႕ေၾကာက္လန္႔မႈေတြက ငါ့အတြက္ခြန္အားေတြပဲ ဟက္ဟက္ “

ထြန္းခင္က ခနဲ႔တဲ့တဲ့ရယ္ေမာေနတဲ့အခ်ိန္ နားထဲမွာ ကယ္ပါယူပါတဆာဆာနဲ႔ ေအာ္ေနတဲ့သူ႔အသံကို ၾကားလိုက္ရတယ္။

“ ထြန္းခင္ ဒီဘက္ကို ၾကည့္စမ္း၊ မင္းနဲ႔အေပါင္းအပါေတြ ဘယ္လိုျဖစ္ခဲ့လဲ ျပန္ဆင္ျခင္ဦး” ဆိုတဲ့အသံေၾကာင့္ ေဘးကိုၾကည့္လိုက္ရာ အျဖဴေရာင္ဝတ္စုံဝတ္ထားတဲ့ထြန္းခင္ရဲ႕အေနာက္မွာေတာ့ ေၾကာက္မက္ဖြယ္လူ႔ဘီလူးေတြရဲ႕ ခုတ္ထစ္သတ္ျဖတ္မႈေၾကာင့္ ေျခဦးတည့္ရာေအာ္ဟစ္ေျပးလႊားေနၾကတဲ့ လူအခ်ိဳ႕ကိုျမင္လိုက္ရတယ္။

“ ဟင္ ေျပးေနတဲ့သူေတြထဲမွာ ငါထိပ္ဆုံးကျဖစ္ေနပါလား”

“ ဒီျမင္ကြင္းကို အရင္က ျမင္ဖူးခဲ့တယ္မဟုတ္လား။ ေအး မင္းေမ့ေနရင္ ငါေျပာျပမယ္။ ဒီျမင္ကြင္းက ကံ့ဘလူ႐ြာျပင္လယ္ကြင္းထဲမွာ ေသြးသံတရဲရဲနဲ႔ေမ့ေမ်ာေနတဲ့အခ်ိန္ မင္းျမင္ခဲ့ရတဲ့ နမိတ္အျမင္ပဲ”

“ကံ့ဘလူ႐ြာ ဟုတ္လား ဒီနာမည္ကိုၾကားဖူးသလိုပဲ…”ဆိုၿပီးေရ႐ြတ္ေနတဲ့အခ်ိန္ ျမင္ကြင္းအခ်ိဳ႕က အာ႐ုံထဲမွာ ထင္ရွားစြာေပၚလာခဲ့တယ္။

တုတ္ဓါးလက္နက္ေတြကိုင္ထားတဲ့ လူအခ်ိဳ႕ရဲ႕ အၿငိဳးႀကီးစြာထု႐ိုက္ေနတဲ့ဟန္ေတြအျပင္ “ကံ့ဘလူသားေတြကိုမွလာစမ္းတဲ့ ဓါးျပေကာင္ ေသေပေတာ့”ဆိုတဲ့အသံနက္ေတြက နားစည္ထဲကို ဝင္လာခဲ့တယ္။ ခဏေနေတာ့ ဆူညံေနတဲ့အသံေတြေပ်ာက္သြားၿပီး တရား႐ြတ္ဖတ္သံသဲ့သဲ့ကိုၾကားလို႔ၾကည့္လိုက္ေတာ့ သစ္ေခါက္ဆိုးသကၤန္းကိုဝတ္ထားတဲ့ ရဟန္းတစ္ပါးရဲ႕ပုံရိပ္က အရွင္းသားေပၚလာခဲ့တယ္။

ထြန္းခင္လဲ ရဟန္းေတာ္ရဲ႕ပုံရိပ္ကိုျမင္ေတာ့မွ ေသခါနီးဆဲဆဲ ငါးပါးသီလခံယူခဲ့ပုံေတြကို ဝိုးတိုးဝါးတားျမင္လာခဲ့ေတာ့တယ္။

“ ထြန္းခင္ ဒီေကာင္ေျပာတာမယုံနဲ႔ … မင္းလုပ္ခဲ့တဲ့အကုသိုလ္ေတြက ငါးပါးသီလခံယုံနဲ႔မေက်ဘူး။ လာခဲ့ ငါေနာက္ျပန္လိုက္ခဲ့…အရင္လိုဆိုးမိုက္ၿပီး ဘဝကိုေပ်ာ္ေပ်ာ္ေနသြားရေအာင္”

အနက္ေရာင္ဝတ္စုံနဲ႔လူရဲ႕စကားအဆုံးမွာ အျဖဴေရာင္ဝတ္စုံနဲ႔လူက

“ အတိတ္ကအစြဲေတြကိုအဆုံးသတ္လိုက္ေတာ့ ဘယ္အရာကမွန္လဲမွားလဲ သင္ကိုယ္တိုင္ဆုံးျဖတ္မယ့္အခ်ိန္ေရာက္ေနၿပီ။ ငါ့နဲ႔လိုက္ခဲ့စမ္းပါ အရင္ကလုပ္ခဲ့တဲ့ အကုသိုလ္ေတြကို အတူတူေခ်ဖ်က္လိုက္ၾကရေအာင္”

အိမ္ေပါက္ဝမွာရပ္ၿပီး သူ႔ဘက္ကိုယ့္ဘက္ဆြဲေနၾကတဲ့ သူေတြေၾကာင့္ ထြန္းခင္ ေခါင္းကိုလက္နဲ႔ဖိၿပီး

“ သြား သြားၾက ထြက္သြားၾက တစ္ေယာက္မွ ငါ့ဆီမလာနဲ႔ေတာ့” လို႔ေအာ္ဟစ္လိုက္ေတာ့မွ ေပ်ာက္ကြယ္သြားခဲ့တယ္။

ထြန္းခင္အေနနဲ႔ ဒီလိုျပႆနာေတြကို လျပည့္ လကြယ္ေန႔ေတြတိုင္းႀကဳံေတြ႕လာခဲ့တယ္။ ဒီလိုျဖစ္ရပ္ေတြေပၚလာတဲ့အခါ တစ္ခါတစ္ေလ မေကာင္းမႈအက်င့္စ႐ိုက္ေတြကအႏိုင္ရၿပီး တစ္ခါတစ္ေလက်ေတာ့လဲ ေကာင္းတဲ့စ႐ိုက္ေတြကအႏိုင္ရခဲ့တယ္။

++++++++++

လူေျခတိတ္ဆိတ္တဲ့ညခ်မ္းအခ်ိန္အခါမွာ ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြ အင္းဆြဲျခင္း၊ အင္းဆံခ်ျခင္းအမႈကို ျပဳေနခဲ့ၾကတယ္။

အင္းကြက္ဆြဲေနတဲ့အခ်ိန္ ေနာက္ေက်ာဘက္ကေန လူတစ္ေယာက္တက္လာတဲ့အသံကို ေအာင္ျမတ္သာၾကားလိုက္ရေပမယ့္ အင္းမေပါက္ေစရန္အတြက္ လွည့္မၾကည့္ပဲ အင္းဆံကိုသာ စနစ္တက်ထည့္သြင္းေနခဲ့တယ္။

အားလုံးၿပီးစီးတဲ့အခ်ိန္ေရာက္ေတာ့မွ လွည့္ၾကည့္လိုက္ရာ မုတ္ဆိတ္က်င္စြယ္ေတြအျပည့္နဲ႔ ရေသ့တစ္ပါးကိုျမင္ေတြ႕လိုက္ရတယ္။

“ ဘာအေရးကိစၥမ်ားလဲ ရေသ့ႀကီး”

ေအာင္ျမတ္သာစကားကိုၾကားေတာ့ရေသ့ႀကီးက
“ ကုသိုလ္နဲ႔အကုသိုလ္ လြန္ဆြဲေနတဲ့ ႀကိဳးက အခုဆိုရင္ အကုသိုလ္ဘက္ကိုအေလးသာေနခဲ့ၿပီဆရာေလး”

“ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ကို က်ဳပ္အေနနဲ႔ ဘယ္လိုမ်ားဝင္စြက္ဖက္ႏိုင္ပါ့မလဲ”

“ ဆရာေလးတို႔ ဝင္ပါခဲ့ရင္ ႀကိဳးစက ကုသိုလ္ဘက္ကို ျပနါပါလာမွာအေသအခ်ာပါပဲ”

“ က်ဳပ္တို႔ဘာေၾကာင့္ ဝင္ပါရမယ္ဆိုတဲ့အေၾကာင္းျပခ်က္ေလး တစ္ခုေလာက္ေပးပါ ဘရေသ့”

“အဓိက အေၾကာင္းျပခ်က္က ဆရာေလးတို႔ကူညီေပးႏိုင္ခဲ့ရင္ လာမယ့္သုံးဘဝအတြင္း ပထမပန္းတိုင္ကို သူေးာင္ပါလိမ့္မယ္”

ဘရေသ့စကားကိုၾကားေတာ့ ေအာင္ျမတ္သာ ဘာမွဆက္မေျပာေတာ့ပဲ လြယ္အိတ္ကိုေကာက္လြယ္ကာ

“ အေၾကာင္းျပခ်က္ ခိုင္လုံတဲ့အတြက္ ကမ္းလွမ္းမႈကို က်ဳပ္လက္ခံပါတယ္”လို႔ေျပာကာ သက္ခိုင္နဲ႔ ေတာက္ရကိုေခၚၿပီး ေနထိုင္ရာဇရပ္ထဲကေန ညတြင္းခ်င္းထြက္လာခဲ့လိုက္တယ္။

ေအာင္ျမတ္သာတို႔ထြက္သြားေတာ့ ဇရပ္ေပၚကေန ၾကည္လင္ေအးျမတဲ့ေၾကးစည္သံနဲ႔အတူ သာဓုေခၚသံအခ်ိဳ႕ေပၚထြက္လာခဲ့တယ္။
+++++++++++++++

ေန႔လည္ခင္းေနကအရမ္းျပင္းတဲ့အတြက္ ကံ့ေကာ္ေတာ႐ြာမွာရွိတဲ့ ကေလးသူငယ္ေတြက အရိပ္ရတဲ့အပင္ေတြေအာက္မွာ ေျပးလႊားေဆာ့ကစားေနခဲ့ၾကတယ္။ ကေလးေတြနဲ႔မလွမ္းမကမ္းမွာရွိတဲ့ ဇီးပင္ေအာက္မွာေတာ့ ဖ်င္ၾကမ္းအက်ီကိုဝတ္ထားၿပီး လြယ္အိတ္တစ္လုံးကိုလြယ္ထားတဲ့ အသက္ေျခာက္ဆယ္အ႐ြယ္လူႀကီးတစ္ဦးထိုင္ေနခဲ့တယ္။

႐ြာခံလူေတြကေတာ့ မ်က္ႏွာစိမ္းလူႀကီးကို ခရီးတစ္ေထာက္နားေနတဲ့သူလို႔ပဲမွတ္ယူၿပီး ဘာသိဘာသာေနခဲ့ၾကတယ္။ ႐ြာသားေတြသတိမထားမိၾကေပမယ့္ မ်က္ႏွာစိမ္းလူႀကီးကေတာ့ အိမ္ေရွ႕ကြပ္ျပစ္မွာလဲအိပ္ေနတဲ့ ထြန္းခင္ကို မ်က္ေတာင္မခတ္တမ္း စူးစူးစိုက္စိုက္ၾကည့္ေနခဲ့တယ္။ အတန္ၾကာၾကည့္ၿပီးတဲ့အခ်ိန္ လက္ႏွစ္ဖက္ကိုပါးစပ္နဲ႔ေတ့ၿပီးမႈတ္လိုက္ရာ အိပ္ေပ်ာ္ေနတဲ့ ထြန္းခင္ တစ္ေယာက္ ဆတ္ခနဲေကာက္ထၿပီး အသံၾကားရာဘက္ကို လမ္းေလ်ာက္လာခဲ့လိုက္တယ္။

ထြန္းခင္လဲ ဇီးပင္ေအာက္မွာထိုင္ေနတဲ့လူႀကီးအေရွ႕ကိုေရာက္ေတာ့
“ ဟားဟားဟား ဘဝေတြဘယ္လိုေျပာင္းေျပာင္း ငါ့ရဲ႕အခ်က္ေပးသံကို မွတ္မိေနတုန္းပါလား”

“ အဘက ဘယ္သူလဲ ဒီအသံကို က်ဳပ္ရင္းရင္းႏွီးႏွီးၾကားဖူးေနတယ္လို႔ခံစားရတယ္”

ထြန္းခင္အေမးကို မ်က္ႏွာစိမ္းလူႀကီးက မေျဖပဲ လြယ္အိတ္ထဲကေန ဆင္စြယ္အ႐ိုးတပ္ထားတဲ့ဓါးေျမာင္တစ္ေခ်ာင္းကိုထုတ္ကာ ကမ္းေပးလိုက္ၿပီး

“ ဒီဓားေျမာင္ကိုကိုင္ၾကည့္ပါဦး”

ထြန္းခင္လဲကမ္းေပးတဲ့ဓါးေျမာင္ကိုကိုင္လိုက္တဲ့အခ်ိန္ အေသြးအသားထဲကေနစိမ့္ခနဲျဖစ္သြားၿပီး တစ္ခါမွမျမင္ဖူးတဲ့ပုံရိပ္ေယာင္ေတြအေတြးထဲမွာေပၚလာခဲ့တယ္။

“ ဦးမန္းသာ ….”

“ ဟက္ဟက္ ငါ့နာမည္ကို မင္းမွတ္မိေသးပါလား”

“ ကြၽန္ေတာ္က ဘယ္သူလဲ… ေနာက္ၿပီး အဘကေရာ ဘယ္သူလဲ”

ထြန္းခင္စကားအဆုံးမွာ အေနာက္ဘက္ကေန

“ လူေလး ဘာလုပ္ေနတာလဲ … လက္ထဲမွာလဲ ဓါးနဲ႔ပါလား”ဆိုတဲ့အသံေၾကာင့္လွည့္လိုက္ရာ အလုပ္ကေန ျပန္လာတဲ့ ဖခင္ျဖစ္သူကိုျမင္လိုက္ရတယ္။

“ ကဲ မင္းသိခ်င္တာေတြရွိရင္ မနက္ျဖန္႐ြာအျပင္က ဇရပ္ကိုလာခဲ့ အဲဒီမွာငါရွိေနမယ္”

ထြန္းခင္လဲ မ်က္ႏွာစိမ္းလူႀကီးစကားကိုဘာမွျပန္မေျပာပဲ ကိုင္ထားတဲ့ဓါးေျမာင္ကိုျပန္ေပးကာ ဖခင္ျဖစ္သူထံ ထြက္လာခဲ့လိုက္တယ္။

“ ခုနက လူက ဘယ္သူလဲ လူေလး”

“မသိဘူးအေဖ ဒီတိုင္းလမ္းႀကဳံလို႔ စကားစျမည္ေျပာေနတာပါ”

“ ေအးေအး ေနာက္ဆို ကိုယ္မသိတဲ့လူဆိုခပ္ေဝးေဝးေနဦး.. ေအာ္ ဒါနဲ႔ ေနာက္ႏွစ္ရက္ဆိုရင္ လူေလးအသက္ ၁၆ႏွစ္ျပည့္ပီေနာ္။ အဲဒါ မင္းအေမက ဘုန္းႀကီးေက်ာင္းမွာ ေန႔ဆြမ္းကပ္ေပးဖို႔စီစဥ္ထားတယ္”

ဖခင္ျဖစ္သူရဲ႕စကားကို ထြန္းခင္ အလိုက္သင့္ျပန္ေျပာခဲ့ေပမယ့္ စိတ္ကေတာ့ ႐ြာအျပင္ကိုထြက္သြားတဲ့သူဆီကိုေရာက္ေနခဲ့တယ္။

ေနာက္တစ္ေန႔ အိမ္ကလူႀကီးေတြ အလုပ္သြားတဲ့အခ်ိန္ ထြန္းခင္တစ္ေယာက္ထဲ ႐ြာအျပင္ကဇရပ္ကိုထြက္လာခဲ့လိုက္တယ္။ ဇရပ္ေပၚကိုေရာက္ေတာ့ မုတ္ဆိတ္က်င္စြယ္ေတြနဲ႔လူႀကီးက လက္ဖက္ရည္ကို ႏို႔ဆီဘူးနဲ႔ထည့္ၿပီး

“ ေရာ့ မင္းအရမ္းႀကိဳက္တဲ့ လက္ဖက္ရည္ ေသာက္လိုက္ဦး”

ထြန္းခင္လဲ မ်က္ႏွာစိမ္းလူႀကီးကမ္းေပးတဲ့လက္ဖက္ရည္ကို ေမာ့ေသာက္လိုက္ၿပီး
“ အဘက က်ဳပ္ကိုေျပာျပမယ္ဆိုတဲ့အေၾကာင္းက ဘာမ်ားလဲ”

“ ငါ့ကို အဘ အဘနဲ႔မေခၚပါနဲ႔ သူငယ္ခ်င္းရာ၊ မင္းမရွိေတာ့ ငါတို႔အဖြဲ႕ေတြအကုန္ တစ္ကြဲတစ္ျပားျဖစ္ကုန္တယ္။ မင္းကို ကံ့ဘလူ႐ြာကလူေတြဖမ္းမိတယ္ၾကားေတာ့ ငါတို႔အမွီလာခဲ့ေသးတယ္။ ဒါေပမယ့္ မင္းအသက္ကို မမွီလိုက္ဘူးကြာ၊ ငါတို႔လဲ မင္းကိုသတ္ခဲ့တဲ့႐ြာကို မီးတင္ရႈိ႕ၿပီး လက္စားေခ်ေပးခဲ့တယ္”

“ မဟုတ္ေသးဘူးေနာ္ အဘ ေျပာေနတာေတြ က်ဳပ္ဘာတစ္ခုမွနားမလည္ဘူးျဖစ္ေနတယ္”

“ ဟုတ္သားပဲ မင္းကဘဝေျပာင္းသြားေတာ့ အတိတ္ကအေၾကာင္းအရာေတြကို အကုန္ဘယ္သိႏိုင္ပါေတာ့မလဲ၊ မင္းရဲ႕ ေက်ာကုန္းမွာ စက္ဝိုင္းပုံစံအင္းကြက္ေတြရွိေသးတယ္မဟုတ္လား”

“ အင္းကြက္ေတာ့မဟုတ္ဘူး ေမြးရာပါအမွတ္လို႔ေတာ့ အေမေျပာဖူးတယ္”

“ အဲဒီအမွတ္ဆိုတာ ငါကိုယ္တိုင္မင္းကိုထိုးေပးခဲ့တဲ့ ကိုယ္လုံအင္းပဲ၊ မင္းကိုယ္ထဲမွာ ငါထည့္ေပးထားတဲ့အေစာင့္တစ္ေယာက္ရွိေနတာကိုေရာသတိထားမိလား”

“ အေစာင့္ ဟုတ္လား…. လျပည့္ လကြယ္ေန႔ေတြဆိုရင္ က်ဳပ္ဆီလာလာတတ္တဲ့သူႏွစ္ေယာက္ကိုေျပာတာလား”

ထြန္းခင္စကားကိုၾကားေတာ့ မ်က္ႏွာစိမ္းလူႀကီးက ေက်ာကုန္းကိုလွန္ၾကည့္ၿပီး

“ ငါ့အစီအရင္ထဲကို အဖ်က္အင္းတစ္ခုထည့္ထားပါလား၊ ဒါေၾကာင့္ မင္းရဲ႕အသိစိတ္ေတြက ထင္သေလာက္မမာထန္ေတာ့တာကိုး”

မ်က္ႏွာစိမ္းလူႀကီးက လြယ္အိတ္ထဲကေန စာအုပ္အေသးတစ္အုပ္ကိုထုတ္ၿပီးၾကည့္ကာ
“ လာမယ့္ ႏွစ္ရက္ေျမာက္ေန႔က စန္းနကၡတ္ေတြစုံလင္မယ့္ေန႔ပဲ၊ အဲဒီေန႔ညသန္းေခါင္အခ်ိန္ေရာက္ရင္ မင္းကိုငါလာေခၚမယ္”

“ ဘာလုပ္မလို႔ က်ဳပ္ကိုလာေခၚမွာလဲ အဲဒီေန႔က က်ဳပ္မိဘေတြနဲ႔ဘုန္းႀကီးေက်ာင္းမွာ အလႉလုပ္ဖို႔ရွိတယ္”

“ မင္းဘာသာအလႉလုပ္လုပ္ ဘာလုပ္လုပ္ ငါတို႔အဖြဲ႕ျပန္လည္ေပါင္းစည္းဖို႔မင္းလာကိုလာရမယ္”

မ်က္ႏွာစိမ္းလူႀကီးရဲ႕စကားအဆုံးမွာ ထြန္းခင္ရဲ႕နာမည္ကို ေအာ္ေခၚေနတဲ့အသံတစ္ခုကိုၾကားလိုက္ရတယ္။

“ မင္းကိုအိမ္ကလူေတြလာရွာၾကပီထင္တယ္၊ ေနာက္ႏွစ္ရက္ညသန္းေခါင္မင္းကိုဒီကေနေစာင့္ေနမယ္၊ သြားေတာ့”

မ်က္ႏွာစိမ္းလူႀကီးက ထြန္းခင္ကိုေျပာၿပီး လ်င္ျမန္တဲ့အရွိန္နဲ႔ ဇရပ္ေဘးေဘာင္ကိုလႊားခနဲခုန္ေက်ာ္ကာ သစ္ပင္ေတြၾကားထဲကိုတိုးဝင္ေပ်ာက္ကြယ္သြားခဲ့တယ္။

ထြန္းခင္လဲအိမ္ကလာရွာတဲ့သူေတြကို ပ်င္းလို႔ေလ်ာက္သြားေနတာပါဆိုၿပီးလိမ္ေျပာခဲ့တယ္။ ထြန္းခင္ေမြးေန႔ေရာက္ေတာ့ ႐ြာဦးေက်ာင္းမွာရွိတဲ့ သံဃာေတာ္ေတြကို ေန႔ဆြမ္းကပ္လႉခဲ့တယ္။ ဆြမ္းကပ္ၿပီးတဲ့အခ်ိန္ ဆရာေတာ္က ထြန္းေတာက္တို႔မိသားစုကိုေခၚၿပီး

“ သူတို႔က ဆရာေတာ္ေျပာေနတဲ့ မိသားစုပဲကြဲ႕”

ဆရာေတာ္စကားေၾကာင့္ ေဘးမွာထိုင္ေနတဲ့ လူသုံးေယာက္က ၿပဳံးျပကာျပန္ႏႈတ္ဆက္ခဲ့တယ္။

“ငထြန္း ဒါကေတာ့ ငါရဲ႕ဆရာဘဘုန္းရဲ႕မိတ္ေဆြေတြပဲ၊ မင္းရဲ႕သားအေရးနဲ႔ပတ္သတ္ၿပီး သူတို႔ကိုတိုင္ပင္လို႔ရတယ္”

“ တင္ပါဘုရား … တပည့္ေတာ္တို႔ ေသခ်ာေျပာျပလိုက္ပါ့မယ္”

“ ေအးေအး စကားေအးေဆးေျပာၾကဦး။ ဟဲ့ေမာင္ထြန္းခင္ ေက်ာင္းအေနာက္မွာ ကိုရင္ေတြမနက္ျဖန္အတြက္ ထင္းေတြခြဲေနတာ ကုသိုလ္ဝင္ယူလိုက္ဦး”

ဆရာေတာ္က ထြန္းခင္ကိုေခၚသြားတဲ့အခ်ိန္ ကိုထြန္းေတာက္က

“ ဆရာေတာ္မိတ္ေဆြဆိုေတာ့ က်ဳပ္တို႔ပြင့္ပြင့္လင္းလင္း ေျပာၾကတာေပါ့”

“ ရပါတယ္ က်ဳပ္တို႔ကို မိသားစုလိုသေဘာထားၿပီး တိုင္ပင္လို႔ရပါတယ္။ ကေလးက ဘာမ်ားျဖစ္ေနလို႔လဲ”

“ ဒီလိုပါဆရာ ကြၽန္ေတာ့္သားက မေမြးခင္ထဲက အိမ္မက္ထဲမွာ ေသြးသံတရဲရဲနဲ႔လူတစ္ေယာက္အျဖစ္နဲ႔ေရာက္လာပါတယ္။ အဲဒီလူက … အဲဒီလူက..”

ကိုထြန္းေတာက္က စကားေျပာေနရင္း မခင္ေမကိုလွမ္းၾကည့္ကာ
“ အဲဒီအိမ္မက္ထဲကလူက က်ဳပ္ရဲ႕ဇာတိ႐ြာျဖစ္တဲ့ ကံ့ဘလူ႐ြာကို ဓါးျပဝင္တိုက္စဥ္ ဖမ္းမိခဲ့တဲ့ ဓါးျပဗိုလ္စိန္ေသာင္း ျဖစ္ေနခဲ့တယ္”

“ ကိုထြန္းေတာက္ ရွင္ဘာေတြေျပာေနတာလဲ… ကြၽန္မသားေလးက အဲဒီလူယုတ္မာ ဝင္စားတာမျဖစ္ႏိုင္ဘူး”

“ ခင္ေမ စိတ္ကိုေအးေအးထားပါ၊ မင္း ကိုယ္ဝန္ေဆာင္တုန္းက မက္ခဲ့တဲ့အိမ္မက္ကို ငါလဲမက္ခဲ့တယ္။ မင္းစိတ္ထိခိုက္မွာစိုးလို႔မေျပာျပခဲ့တာ။ ေနာက္ၿပီး အခုဘဝမွာလူသစ္စိတ္သစ္ျဖစ္မလားဆိုၿပီး ေစာင့္ၾကည့္ေနခဲ့တာ။ ဒါေပမယ့္…”

“ ေျပာပါ ကိုထြန္းေတာက္ ဒါေပမယ့္ ဘာျဖစ္လဲ”

“ အခုသူ သြားသြားေတြ႕ေနတဲ့သူကလဲ ဓါးျပအဖြဲ႕ထဲက တစ္ေယာက္ပဲ က်ဳပ္တို႔ေဒသကလူေတြကေတာ့ နတ္ဆရာလို႔ေခၚတယ္။ သူက ဓါးျပတိုက္ရမယ့္ကိစၥအဝဝကို စီရင္ေပးတဲ့သူျဖစ္တဲ့အျပင္ အင္းအိုင္လက္ဖြဲ႕ေတြဘက္မွာလဲ ဆရာတစ္ဆူျဖစ္တယ္လို႔ ၾကားဖူးခဲ့တယ္။ အခု သူက က်ဳပ္သားကို ျမဴစြယ္ၿပီး အတိတ္ကပုံရိပ္ေတြျပန္သတိရေအာင္လုပ္ဖို႔ႀကိဳးစားေနတာက်ဳပ္သိတယ္”

“ ေနပါဦး ဒီအေၾကာင္းအရာေတြသိတာ ဘာလို႔႐ြာကလူေတြကို အကူအညီမေတာင္းရတာလဲ”

“ အခုခ်ိန္က်ဳပ္ေျပာလိုက္ရင္ သားေလးကို အႏၲရာယ္ျပဳမွာစိုးလို႔ပါ။ ေနာက္ၿပီး က်ဳပ္က ကံ့ဘလူ႐ြာသားတစ္ေယာက္ျဖစ္တယ္ဆိုတာလဲ ဘယ္သူမွမသိေစခ်င္ဘူး”

ကိုထြန္းေတာက္ စကားကိုၾကားေတာ့ မခင္ေမက
“ ကံ့ဘလူတစ္႐ြာလုံးကို ရက္ရက္စက္စက္သတ္ၿပီး မီးတင္ရႈိ႕ခဲ့တဲ့ဓါးျပအဖြဲ႕ေခါင္းေဆာင္က က်ဳပ္သားလို႔ ရွင္ေျပာခ်င္ေနတာလား၊ ကေလးက အတိတ္ဘဝမွာ ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ အခုသူလိမ္မာေနၿပီေလ၊ ဘာလို႔အတိတ္ကိုျပန္တူးဆြခ်င္ေနရတာလဲ”

မခင္ေမရဲ႕ ရႈိက္ႀကီးတငင္ငိုေႂကြးၿပီးေျပာတဲ့စကားအဆုံးမွာ
“ ဆရာေတာ္ ဘုရား ဆရာေတာ္ဘုရား ထြန္းခင္ ထြန္းခင္ လူသတ္ေတာ့မယ္ဘုရား” ဆိုတဲ့အသံေၾကာင့္ ကိုထြန္းေတာက္တို႔လင္မယား ေက်ာင္းအေနာက္ကိုေျပးသြားခဲ့တယ္။

အေနာက္ကိုေရာက္ေတာ့ ထင္းခြဲတဲ့ဓါးမကို ကိုင္ၿပီး လဲက်ေနတဲ့ ေက်ာင္းသားတစ္ေယာက္ကို ခုတ္ဖို႔ဟန္ျပင္ေနတဲ့ ထြန္းခင္ကိုျမင္လိုက္ရတယ္။ လဲက်ေနတဲ့ ေက်ာင္းသားကေတာ့ ထြန္းခင္ကို ေၾကာက္လန္႔တၾကားေမာ့ၾကည့္ေနၿပီး ေၾကာင္ေတာင္ေတာင္ျဖစ္ေနခဲ့တယ္။

“ ဘယ္သူမွအနားမကပ္ၾကနဲ႔”

ဧည့္သည္ေတြထဲက တစ္ေယာက္က လွမ္းေအာ္ၿပီး ဓါးမနဲ႔ခုတ္ဖို႔ျပင္ေနတဲ့ ထြန္းခင္ရဲ႕ေက်ာျပင္ကို လက္ဝါးနဲ႔အားကုန္႐ိုက္ခ်လိုက္ေတာ့မွ သတိျပန္လည္လာခဲ့တယ္။

“ သက္ခိုင္ ဒီေကာင္ေလးကို ေက်ာင္းေပၚေခၚလာခဲ့”

ေက်ာင္းေပၚကိုေရာက္ေတာ့ ဆရာေတာ္က
“ ဒကာေလးတို႔ေျပာထားတဲ့အတိုင္း ျဖစ္လာတာပဲေနာ္ ၊ ဟဲ့ ထြန္းေတာက္ ဒီကဆရာေလးတို႔လက္ထဲအပ္လိုက္ နင့္သားျဖစ္ေနတာေတြေပ်ာက္သြားလိမ့္မယ္”

“တင္ပါဘုရား အပ္ပါတယ္ ယုံလဲယုံၾကည္ပါတယ္”

“ ကဲ ဒကာေလးတို႔ လုပ္စရာရွိတာလုပ္ၾက”

ဆရာေတာ္စကားအဆုံးမွာ ဧည့္သည္သုံးေယာက္က ထြန္းခင္ကိုအလယ္မွာထားၿပီး ဖိုခေနာက္ဆိုင္ထိုင္ကာ ပတ္ပတ္လည္ကိုလက္ညိဳးထိပ္နဲ႔စည္းခ်လိုက္တယ္။

“ အခုခ်ိန္ကစၿပီး က်ဳပ္အမိန္႔မရပဲ စည္းဝိုင္းထဲကိုမည္သူမွ မဝင္ရ” လို႔ေျပာၿပီး ႏႈတ္ကေန ဂါထာတစ္ခုကို တီးတိုး႐ြတ္ဖတ္ေနခဲ့တယ္။

ဂါထာ႐ြတ္ဖတ္သံက်ယ္လာတာနဲ႔အမွ် ထြန္းခင္တစ္ကိုယ္လုံး လႈပ္လႈပ္ရွားရွားျဖစ္လာၿပီး လည္ပင္းေၾကာေတြေထာင္တဲ့အထိ ေအာ္ပါေလေရာ။ ခဏေနေတာ့ ပ်ိဳ႕တက္လာၿပီး နီညိဳေရာင္အရည္ေတြနဲ႔အတူ စကၠဴလိပ္တစ္ခုအန္ထြက္လာခဲ့တယ္။

အဲဒီေတာ့မွ ထြန္းခင္တစ္ကိုယ္လုံးၿငိမ္သက္သြားၿပီး ပုံမွန္အတိုင္းျဖစ္သြားခဲ့တယ္။

“ ဆရာ ကြၽန္ေတာ္သားက ဘာျဖစ္တာလဲ”

“ သူ႔ကိုစိတ္႐ိုင္းဝင္ၿပီးအသိစိတ္ေပ်ာက္ေအာင္ ျပဳစားခဲ့တာ၊ က်ဳပ္တို႔သာမရွိရင္ ဒီကေလး လူသတ္တရားခံျဖစ္ၿပီ”

“ က်ဳပ္သားကို သူတို႔ဘက္ျပန္ပါေအာင္လုပ္ေနၾကၿပီထင္တယ္”

“ အခုေတာ့ဘာမွမျဖစ္ေတာ့ပါဘူး ဒါေပမယ့္ ကေလးရဲ႕ေက်ာမွာပါတဲ့ ေမြးရာပါအင္းကြက္ကိုေတာ့ အၿပီးတိုင္ဖ်က္စီးပစ္မွရမယ္။ ဒီအင္းကြက္ကိုေစာင့္တဲ့ ပုဂၢိဳလ္က အဆိုးဘက္ကိုသြားတဲ့အတြက္ မေကာင္းမႈေတြလုပ္ခ်င္ေအာင္ လႈံ႕ေဆာ္ေနလိမ့္မယ္”

“ ကြၽန္ေတာ္တို႔ဘာလုပ္ေပးရမလဲ ေျပာပါ”

“ ကေလးကို ဒီတစ္ညေတာ့ က်ဳပ္တို႔ဆီအပ္ခဲ့ပါ။ သူ႔ကိုယ္မွာရွိတဲ့မေကာင္းတဲ့အရာေတြကို ဖယ္ရွားမွ ေနာင္ေရးစိတ္ေအးရမယ္။ ဒီလိုမွမဟုတ္ရင္ သင္တို႔သားက ထိန္းမႏိုင္တဲ့လူတစ္ေယာက္ျဖစ္သြားလိမ့္မယ္”

“ ဆရာတို႔ကိုယုံၾကည္ပါတယ္။ က်ဳပ္တို႔သားေလး အခုလိုျဖစ္ေနတာေတြေပ်ာက္ကင္းေအာင္ကုေပးပါဦးဗ်ာ”

“ ကဲ ဒါျဖင့္ရင္ ေနာက္တစ္ေန႔မွ ျပန္ေတြ႕ၾကရေအာင္ က်ဳပ္တို႔လဲကေလးအတြက္ျပင္ဆင္စရာရွိတာျပင္ဆင္လိုက္ပါဦးမယ္”

“ ဒါျဖင့္ က်ဳပ္တို႔ကိုခြင့္ျပဳပါဦး၊ လူေလး ဆရာတို႔ေျပာတာနားေထာင္ေနာ္”

ကိုထြန္းေတာက္တို႔လင္မယားလဲ ေမာင္ထြန္းခင္ကိုမွာၾကားၿပီး ႏႈတ္ဆက္ကာျပန္သြားခဲ့ၾကတယ္။

အဲဒီအခ်ိန္ ေအာင္ျမတ္သာက သက္ခိုင္နဲ႔ေတာက္ရကိုေခၚၿပီး တာဝန္တစ္ခုကိုေပးအပ္ခဲ့တယ္။

+++++++++

ညလူေျခတိတ္ခ်ိန္ျဖစ္တဲ့အတြက္ ဘုန္းႀကီးေက်ာင္းဝင္း တစ္ခုလုံးတိတ္ဆိတ္ၿငိမ္သက္ေနသလို တစ္႐ြာလုံးလဲ အပ္က်သံပင္မၾကားေအာင္ ေျခာက္ကပ္ေနခဲ့တယ္။

အဲဒီအခ်ိန္ ဘုန္းႀကီးေက်ာင္းအေနာက္ဘက္ေျမကြက္လပ္ေပၚမွာ ဖေယာင္းတိုင္မီးအလင္းေရာင္အခ်ိဳ႕ေပၚထြက္လာခဲ့တယ္။

ေလးေထာင့္သ႑ာန္ဖေယာင္းတိုင္မီးရဲ႕အလယ္မွာေတာ့ ထြန္းခင္က ၿငိမ္သက္စြာထိုင္ေနခဲ့တယ္။ မီးတိုင္ေတြရဲ႕အျပင္မွာေတာ့ ေအာင္ျမတ္သာက မလႈပ္မယွက္ထိုင္ၿပီး ေကာင္းကင္ကိုေမာ့ၾကည့္ကာ အခ်ိန္တစ္ခုကိုေစာင့္ဆိုင္းေနခဲ့တယ္။

ညတစ္ခ်က္ထိုးေလာက္ေရာက္ေတာ့ စည္းဝိုင္းထဲမွာရွိေနတဲ့ ထြန္းခင္က လႈပ္လႈပ္ရွားရွားျဖစ္လာခဲ့တယ္။

“ သူတို႔ေခၚေနၿပီ ကြၽန္ေတာ္သြားမွျဖစ္မယ္”

“ ဒီစည္းအျပင္ဘက္ကို ထြက္လို႔ရရင္ သြားခြင့္ျပဳပါတယ္”

ေအာင္ျမတ္သာစကားေၾကာင့္ ထြန္းခင္က ဖေယာင္းတိုင္မီးေတြထြန္းထားတဲ့စည္းထဲကေနအျပင္ကို ေက်ာ္ခြၿပီးထြက္ဖို႔အလုပ္ မီးၫြန္႔ေတြက လူတစ္ရပ္ေလာက္အထိျမင့္တက္လာခဲ့တယ္။

“ ငါတို႔ပညာရပ္က မင္းကိုထြက္ခြင့္မျပဳဘူးျဖစ္ေနတယ္။ ဒီေတာ့ စည္းထဲမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနပါ”

ထြန္းခင္လဲ ထြက္မရတဲ့အဆုံး စည္းထဲမွာထိုင္ခ်လိုက္ရာ ေက်ာဘက္ကေန အသားကိုဓားနဲ႔မႊန္းသလို ျဖစ္ၿပီး ေျမႀကီးေပၚလူးလိမ့္ပါေလေရာ။

“ ေက်ာျပင္တစ္ခုလုံး စပ္ျဖန္းျဖန္းနဲ႔ နာေနတယ္ အား ကြၽတ္ကြၽတ္”

“ မင္းအခုဝတ္ထားတဲ့အၤက်ီကိုခြၽတ္ၿပီး ေက်ာကိုလွည့္ျပပါဦး”

ေအာင္ျမတ္သာစကားေၾကာင့္ ထြန္းခင္က အက်ႌကိုခြၽတ္ၿပီးလွည့္ျပလိုက္ရာ ေမြးရာပါအမာ႐ြတ္ေတြက ေရာင္ကိုင္းၿပီး ျပည္ေတြပါတည္ေနတာကိုျမင္လိုက္ရတယ္။

“ ဟိုဘက္ကလဲ မင္းစိတ္ကိုခ်ဳပ္ကိုင္ဖို႔ ႀကိဳးစားေနၿပီထင္တယ္”

ေအာင္ျမတ္သာစကားအဆုံးမွာ ထြန္းခင္ရဲ႕မ်က္လုံးေတြ နီရဲလာၿပီး ေမးေၾကာေတြေထာင္တဲ့ထိျဖစ္လာခဲ့တယ္။

“ အား အီး ဆရာ ကြၽန္ေတာ္မထိန္းႏိုင္ေတာ့ဘူး။ နားထဲမွာ ကြၽန္ေတာ္ကိုေခၚတဲ့အသံကိုပဲၾကားေနရတယ္”

“ အရမ္းႀကီးေၾကာက္စိတ္မဝင္နဲ႔ဦး၊ စိတ္ကိုတင္းထား”

ေအာင္ျမတ္သာက ေျပာေနရင္း ေကာင္းကင္ကိုေမာ့ၾကည့္လိုက္ ထြန္းခင္ကိုၾကည့္လိုက္နဲ႔ ျဖစ္ေနတဲ့အခ်ိန္ ခုႏွစ္စင္ၾကယ္တန္းနားမွာ ျဖတ္ခနဲေပၚလာတဲ့ ၾကယ္တစ္လုံးကိုျမင္လိုက္ရတယ္။

“ နကၡတ္စုံတဲ့အခ်ိန္ေရာက္ပီမို႔ ကိုယ္ထဲမွာရွိတဲ့ အင္းေစာင့္ေတြအကုန္ထြက္လာေစ” လို႔ေျပာလိုက္တဲ့အခ်ိန္ ထြန္းခင္ ေက်ာကုန္းထဲကေန အျဖဴေရာင္နဲ႔ အမဲေရာင္ အခိုးေငြ႕ေတြ တိုးထြက္လာခဲ့တယ္။

တိုးထြက္လာတဲ့အခိုးေငြ႕ေတြက တစ္ခုနဲ႔တစ္ခုမေရာပဲ သီးျခားျဖစ္တည္ေနတာကိုလဲ အံ့ဩဖြယ္ေကာင္းေအာင္ ျမင္ေတြ႕လိုက္ရတယ္။

ေအာင္ျမတ္သာလဲ အခိုးေငြ႕ေတြထြက္လာတာျမင္ေတာ့ အင္းစမေတြေရးဆြဲထားတဲ့ ဘူးသီးေျခာက္ေရဘူးကိုထုတ္လိုက္တဲ့အခ်ိန္ စည္းဝိုင္းထဲမွာရွိေနတဲ့ အမဲေရာင္အခိုးေငြ႕ေတြက မီးၫြန္႔ေတြကိုျဖတ္ဖို႔ႀကိဳးစားပါေလေရာ။

မီးၫြန္႔ေတြကလဲ အခိုးေငြ႕ထိတာနဲ႔ အဆမတန္ႀကီးမားလာၿပီး ထြက္ေပါက္လုံးဝမရွိေအာင္ပိတ္ထားေတာ့ သူ႔ခဗ်ာ စည္းဝိုင္းအတြင္းမွာလွည့္ပတ္ပ်ံသန္းကာ ထြက္ေပါက္ကိုလိုက္ရွာေနခဲ့တယ္။

အဲဒီအခ်ိန္ ေအာင္ျမတ္သာက မီးၫြန္႔အခ်ိဳ႕ကိုလက္ညိဳးနဲ႔မသိမသာဖယ္ရွားလိုက္ရာ အမဲေရာင္အခိုးေငြ႕ေတြက ထြက္ေပါက္ေတြ႕ၿပီအထင္နဲ႔တိုးဝင္လာခဲ့တယ္။

ေအာင္ျမတ္သာကလဲ ဖြင့္ေပးလိုက္တဲ့ လမ္းေၾကာင္းအဝမွာ အင္းစမေတြနဲ႔စီရင္ထားတဲ့ဘူးသီးေျခာက္ေရဘူးအဝကိုခံထားလိုက္ရာ အမဲေရာင္အခိုးေငြ႕ေတြအားလုံး ေရဘူးထဲကို တစ္ရွိန္ထိုးဝင္ေရာက္သြားခဲ့တယ္။ အဲဒီေတာ့မွ ဘူးအဝကို ခုႏွစ္ေခြနဂါးပတ္အင္းနဲ႔အေသပိတ္ၿပီး လက္နဲ႔ဖိထားခဲ့တယ္။

ဘူးသီးေျခာက္ေရဘူးထဲမွာ အနက္ေရာင္အခိုးေငြ႕ေတြပိတ္မိၿပီဆိုတာနဲ႔ စည္းထဲမွာရွိတဲ့ထြန္းခင္ရဲ႕ေက်ာျပင္ကေန ညိဳညစ္ညစ္သားရည္ျပားတစ္ခုအခ်ပ္လိုက္ကြာက်လာခဲ့တယ္။

အဲဒီေတာ့မွ ေအာင္ျမတ္သာက စည္းကိုလက္နဲ႔သပ္ကာ ဖ်က္ေပးခဲ့တယ္။ အဲဒီအခ်ိန္ ထြန္းခင္ရဲ႕ ဦးေခါင္းေပၚမွာေဝ့ေနတဲ့ အျဖဴေရာင္အခိုးေငြ႕ေတြထဲကေန ေဒါက္ခ်ာေဆာင္းထားတဲ့ ရေသ့တစ္ပါးရဲ႕မ်က္ႏွာတစ္ခုဖ်တ္ခနဲေပၚလာကာ ေပ်ာက္ကြယ္သြားခဲ့တယ္။

အဲဒီအခ်ိန္ ဘူးသီးေျခာက္ေရဘူးက တဆတ္ဆတ္တုန္ခါလာတဲ့အတြက္ ကိုးသိမ္ဝင္ပရိတ္ႀကိဳးနဲ႔ ထပ္မံရစ္ပတ္ထားခဲ့ရတယ္။

“ ဆရာ ဆရာ ….”

႐ုတ္တရက္ေပၚလာတဲ့အသံေၾကာင့္ လွည့္ၾကည့္လိုက္ရာ သက္ခိုင္နဲ႔ေတာက္ရတို႔ကိုျမင္လိုက္ရတယ္။

“ ဆရာေျပာတာမွန္တယ္ … အဲဒီလူႀကီးက သူ႔ပညာေတြအားလုံးကို ဒီေကာင္ေလးကိုယ္ေပၚက အင္းကြက္ထဲထည့္ထားတာ”

“ ဒါဆို သူအခုဘာျဖစ္သြားလဲ”

“ ကြၽန္ေတာ္တို႔ၾကည့္ေနတုန္း ဗိုင္းခနဲလဲက်သြားတာပဲ။ ဆရာက သူ႔စည္းထဲမဝင္နဲ႔ဆိုလို႔သာ ကြၽန္ေတာ္တို႔ျပန္လာခဲ့တာ”

“ မင္းတို႔ျမင္ခဲ့တဲ့သူရဲ႕ ဝိဥာဥ္က ဒီဘူးထဲမွာပဲ၊ ဒါေၾကာင့္ ဒီေကာင္ေလးကို သူ႔မိဘေတြဆီ မင္းတို႔ပဲျပန္ပို႔လိုက္ၾက၊ ငါကေတာ့ ဒီဘူးကို အႏၲရာယ္မရွိတဲ့ေနရာမွာျမဳပ္ဖို႔လုပ္ရဦးမယ္”

ေအာင္ျမတ္သာစကားေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရက ထြန္းခင္ကိုတြဲေခၚကာ အိမ္ျပန္ပို႔ေပးဖို႔ထြက္သြားခဲ့ၾကတယ္။ အဲဒီအခ်ိန္ ဘုန္းႀကီးေက်ာင္းအေနာက္ဘက္ ေျမနီလမ္းထဲကေန ထြက္လာတဲ့ရေသ့တစ္ပါးကိုျမင္လိုက္ရတယ္။

“ ဘယ္လိုလဲ ဘရေသ့ က်ဳပ္တို႔တာဝန္ေက်တယ္မဟုတ္လား”

“ ဟက္ဟက္ မင္းတို႔ပဲဒီကိစၥကို ႏိုင္နင္းတယ္ဆိုတာ ဝိဇၨာခ်ဳပ္ေတြကသိတယ္ေလ။ ဒါေၾကာင့္ ငါ့ကိုအိမ္မက္ေပးၿပီး ေျပာခိုင္းလိုက္တာပဲ”

“ ဒါနဲ႔ ဒီလူငယ္ရဲ႕အတိတ္က အကုသိုလ္ေတြအရမ္းမ်ားတာ ဘယ္လိုေၾကာင့္ လူဘဝျပန္ေရာက္လာတာလဲ”

“ တကယ္ေတာ့ ဒီဘူးထဲမွာရွိတဲ့သူကပဲ အားလုံးကိုထိန္းခ်ဳပ္သြားတာ၊ ရွင္းရွင္းေျပာရရင္ စိတ္ကိုအကုသိုလ္နဲ႔ယဥ္ပါးေအာင္ တစ္ေျဖးေျဖးလုပ္ယူခဲ့တာပဲ။ ဓါးျပအဖြဲ႕ေခါင္းေဆာင္ကိုလိုသလိုခိုင္းေစႏိုင္မွေတာ့ ရတဲ့ေဝစုကလဲ သူ႔အတြက္မနည္းဘူးေလ။ ဒီလိုနဲ႔ သူ႔ေက်ာျပင္မွာရွိတဲ့အင္းအစြမ္းကို ပ်က္ျပယ္ေအာင္ ကံ့ဘလူ႐ြာခံေတြက အျခားဆရာတစ္ေယာက္နဲ႔စီရင္ၿပီး အမိဖမ္းခဲ့ၾကတာ။ဒီေကာင္ေလးဖမ္းခံထိေတာ့ ႐ြာခံေတြက စိမ္ေျပနေျပထု႐ိုက္ၿပီး ေသၿပီအထင္နဲ႔ပစ္ထားတဲ့အခ်ိန္ ကံေကာင္းခ်င္ေတာ့ က်ဳပ္နဲ႔ေတြ႕ခဲ့တာ။ ေသြးသံတရဲရဲနဲ႔ေသလုဆဲဆဲအခ်ိန္မွာ ကုသိုလ္ရသေလာက္ေလးရသြားလဲ သူ႔အတြက္အက်ိဳးမယုတ္ဘူးဆိုၿပီး ငါးပါးသီလေလးတိုင္ေပးခဲ့တယ္။ အဲဒီအက်ိဳးေၾကာင့္ငရဲသြားရမယ့္သူက လူ႔ဘဝျပန္ေရာက္လာခဲ့တာပဲ၊ သူလူ႔ဘဝျပန္ေရာက္တယ္ဆိုတာသိေတာ့ ဒီလူျပန္ေရာက္လာၿပီး ဒုတိယအႀကိမ္ခိုင္းစားဖို႔ႀကိဳးစားခဲ့တာ၊ ဒါေပမယ့္ သူမသိတာက သူျပဳစားထားတဲ့အင္းထဲမွာ ငါ့ရဲ႕တန္ျပန္အင္းရွိေနတယ္ဆိုတာပဲ”

“ ဘရေသ့က ေသလုဆဲဆဲအခ်ိန္မွာ တန္ျပန္အင္းထည့္ေပးခဲ့တာ ဒါေၾကာင့္ကိုး”

“ကဲကဲ စကားေတြမ်ားေနတာနဲ႔ အကုသိုလ္ေကာင္ကို ဘယ္လိုလုပ္ရမယ္ဆိုတာေမ့ေနပါဦးမယ္”

“ မေမ့ပါဘူး ဘရေသ့ရယ္ ဒီေကာင္ရဲ႕ဝိဥာဥ္ကို စတုမဟာရာဇ္ေအာက္ဘုံက နတ္ဘီလူးေတြဆီအပ္ၿပီး ထိန္းသိမ္းခိုင္းထားလိုက္ပါမယ္”

“ မင္းတို႔က အလုပ္ကိစၥေနာက္တစ္ခုဆက္လုပ္ရဦးမွာဆိုေတာ့ ငါပဲထိန္းသိမ္းခိုင္းလိုက္ပါ့မယ္”

ဘရေသ့စကားေၾကာင့္ ေအာင္ျမတ္သာလဲ လက္ထဲကိုင္ထားတဲ့ဘူးကိုကမ္းေပးလိုက္တဲ့အခ်ိန္ သက္ခိုင္နဲ႔ေတာက္ရတို႔ျပန္ေရာက္လာခဲ့တယ္။

“ မင္းတပည့္ေတြျပန္ေရာက္လာၿပီဆိုေတာ့ ေက်ာက္ဖားႏွစ္ေကာင္ရွိတဲ့ေနရာကိုဆက္သြားၾကေပေတာ့”

ဘရေသ့ရဲ႕ထူးဆန္းတဲ့စကားအဆုံးမွာ ေအာင္ျမတ္သာက ညင္သာစြာၿပဳံးလိုက္ၿပီး ဘုန္းႀကီးေက်ာင္းထဲကေန ထြက္လာခဲ့လိုက္တယ္။

ခရီးဆက္လာရင္း ႐ြာအျပင္ဇရပ္နားကိုေရာက္ေတာ့ ဇရပ္ေပၚမွာ လဲက်အသက္ေပ်ာက္ေနတဲ့ နတ္ဆရာရဲ႕အေလာင္းကို ျမင္ေတြ႕လိုက္ရတယ္။

“ ဆရာ ကြၽန္ေတာ္တို႔တစ္ခုေလာက္ေမးခ်င္လို႔”

“ ဘာေတြမ်ား စိတ္ထဲမတင္မက်ျဖစ္ေနတာလဲ ေျပာၾကပါဦး”

“ ခုနက ေကာင္ေလး ဒီဘဝကေသရင္ ဘယ္ကိုေရာက္ႏိုင္မလဲဆရာ”

သက္ခိုင္တို႔အေမးကိုေအာင္ျမတ္သာက ခ်က္ခ်င္းမေျဖပဲ စဥ္းစားၿပီးမွ
“ ေသလုဆဲဆဲ ရခဲ့တဲ့ကုသိုလ္တစ္ပဲေျခာက္ျပားရဲ႕အရွိန္ကုန္ရင္ လုပ္ခဲ့တဲ့အျပစ္ေတြကို တစ္ဝႀကီးေပးဆပ္ရဦးမွာ အေသခ်ာပဲ”လို႔ေျပာကာ ထြက္သြားခဲ့တယ္။
.
အေနာက္မွာက်န္ခဲ့တဲ့ ႏွစ္ေယာက္ကေတာ့ အေတြးကိုယ္စီနဲ႔စဥ္းစားရင္း ေအာင္ျမတ္သာအေနာက္ကို ေျပးလိုက္သြားခဲ့ၾကတယ္။

ေနာက္ဝတၱဳမွာေတာ့ ေက်ာက္ဖားႏွစ္ေကာင္ကို ေနရာေ႐ြ႕မိတဲ့ျပႆနာကို ေအာင္ျမတ္သာတို႔ဘယ္လိုကူညီၾကဦးမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ သိုက္ေစာင့္ေက်ာက္ဖားညီေနာင္ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)