“မရမ်းတောမှသရဲ”(စ/ဆုံး)

Unicode Version

“မရမ်းတောမှသရဲ”(စ/ဆုံး)
———————————
ကျွန်တော်သည်အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်သည်ကျွန်တော်၏မွေးရပ်ဇာတိမြေသည်ရန်ကုန်တိုင်းမှော်ဘီမြို့နယ်ဖြစ်သည်။
ကျွန်တော်၏ဇာတိရွာသည်ဟိုအရင်ကတည်းကအလွန်ပင်အေးချမ်းသာယာလှပေသည်။
ရွာဆိုပေမဲ့မှော်ဘီမြို့နှင့်တစ်ဆက်တည်းလိုလိုရှိကာမှော်ဘီမြို့ဆုံးသည်နှင့်ကျွန်တော်တို့ရွာသို့ရောက်၍ကားလမ်းမဘေးတွင်ရှိသဖြင့်လမ်းပန်းဆက်သွယ်ရေးအလွန်ကောင်း၏
မြေခံရေခံကောင်းသောဒေသဖြစ်၍ကျွန်တော်၏မိဘများသည်ခြံစိုက်ပျိူ းကြသည်။
တစ်ရွာလုံးနီးပါးလည်းဥယာဉ်ခြံစိုက်ကြသည်ကများသည်ရွာ၏နောက်ဘက်တွင်မရမ်းတောဟုခေါ်သောမရမ်းခြံကြီးများရှိသည်။
ကျွန်တော်တို့ကလေးဘဝကတော့ထိုမရမ်းတောကြီးသည်အလွန်ပျော်စရာကောင်းသောကစားကွင်းကြီးဖြစ်ကာနည်းနည်းအရွယ်ရောက်လာတော့ထိုမရမ်းတောကြီးသည်အပန်းဖြေစရာနေရာဖြစ်လေသည်။

နွေရာသီလိုပူပြင်းခြောက်သွေ့သည့်အခါများတွင်မရမ်းတောထဲဖျာစုတ်များခင်းကာစာဖတ်ကြအိပ်ကြဖြင့်ရွာထဲကလူငယ်လူရွယ်များကလေးများနှင့်အလွန်ပွဲစည်လှပေသည်လေတဖြူးဖြူးဖြင့်အလွန်နေလို့ကောင်းလှ၏

မရမ်းတောကြီးသည်ဧကများစွာကျယ်၍မရမ်းသီးပင်များစိုက်ပျိူးထားသဖြင့်မရမ်းတောဟုခေါ်ပေမဲ့တောအုပ်ကလေးတစ်ခုလိုဖြစ်နေကာအခြားအသီးအနှံပင်များလည်းများစွာရှိနေသဖြငိ့ကိုယ်ကြိုက်နှစ်သက်ရာအသီးကိုခူးစားရ၍အလွန်အဖိုးတန်သောတောကြီးပင်ဖြစ်ပေသည်။

မရမ်းတောထဲတွင်မရမ်းချိူ ပင်များလည်းရှိပေရာထိုအပင်များကိုမှတ်၍လိုက်လုကာခူးစားရသောငယ်ဘဝကိုတစ်ခါပြန်လိုချင်ပေသေးသည်ရာသီအလိုက်သီးသောသကြားသီး–ကနစိုးသီး-ပိန္နဲသီး-စသည်ဖြင့်အခြားအသီးအနှံများလည်းတစ်ပျော်တစ်ပါးစားခွင့်ရသေး၏

ကျွန်တော်တို့ရွာပတ်ဝန်းကျင်တွင်အစိုးရစိုက်ပျိူ းရေးခြံများလည်းရှိပေသည်ရေခံမြေခံကောင်း၍သဘာဝမြေသြဇာကောင်းမွန်သဖြင့်စိုက်ပျိူးးရန်နေရာကောင်းဖြစ်ကာဥယာဉ်ခြံမြေစိုက်ခင်းများစွာရှိကာအိမ်ဝိုင်းအတွင်းမှာလည်းတစ်နိုင်တစ်ပိုင်စိုက်ပျိူ းကြသေးသည်။

ကျွန်တော်ကတစ်ဦးတည်းသောသားဖြစ်သဖြင့်အပေါင်းအသင်းအလွန်မက်၏ကျွန်တော့်တွင်စိတ်တူကိုယ်တူပေါင်းသောသူငယ်ချင်းလေးယောက်ရှိကာထိုအထဲမှတစ်ယောက်သည်အထက်ဂိုဏ်းရွေရင်ကျော်ဆရာတစ်ဦး၏သားဖြစ်ကာပုတီးသမားတစ်ယောက်ဖြစ်လေသည်။

သူ၏နံမည်မှာမောင်တိုးဟုခေါ်ကာငယ်ငယ်ရွယ်ရွယ်နှင့်ဘုရားတရားလုပ်၍ပုတီးအလွန်စိတ်၏သူ၏အဖေနှင့်လည်းနယ်များရှိဘုရားများသို့လိုက်သွားတတ်ကာရက်ရှည်အဓိဌာန်ဝင်သည်ကများလှသည်။

ထိုအချိန်ကကျွန်တော်တို့၏အသက်သည်၁၅နှစ်၁၆နှစ်အရွယ်များသာဖြစ်ကြသဖြင့်မောင်တိုးဘုရားတရားလုပ်တာစောလွန်းနေသေးသည်ဟုထင်ကြ၏

အမှန်တော့ဘုရားတရားအလုပ်သည်ငယ်သည်ကြီးသည်မဟုတ်သေခြင်းတရားကအရွယ်မရွေးခေါ်တတ်သည့်သဘောကိုထိုအခါကငယ်သေး၍သိပ်လက်မခံချင်သေးသောအရွယ်ပင်ဖြစ်သည်။

တစ်ရက်တွင်ကျွန်တော်တို့အဖွဲ့လူစုံသဖြင့်စကားစုပြောနေရင်းမောင်တိုးအကြောင်းရောက်သွားကြ၏အဲဒီမှာလူငယ်များဖြစ်သောကျွန်တော်တို့အဖွဲ့ကမောင်တိုးအစွမ်းအားလက်တွေ့စမ်းသပ်ရန်စိတ်အားထက်သန်နေကြသည်။

””ဟေ့ကောင်မောင်တိုးမင်းဒီလောက်ပုတီးတွေစိတ်နေတာဘာအစွမ်းပါဝါမှမရဘူးလားကွ””

””အေးလေကွာလုပ်စမ်းပါအုံးမင်းမှာဘာအစွမ်းအစတွေများရှိသလဲလို့ငါတို့ကိုပြစမ်းပါအုံး””

””မင်းငယ်ငယ်ရွယ်ရွယ်နဲ့ဒီလောက်ပုတီးစိတ်နေတာတစ်ခုခုတော့ထူးခြားမှု့ရှိရမှာပေါ့ကွ—မင်းအဖေကကောမသင်ပေးဘူးလားကွ—မင်းမှာတန်ခိုးသိဒ္ဒိအစွမ်းတွေဘာတွေရှိပြီလားကွ””’

””’ငါတို့ယုံအောင်စိတ်ဝင်စားစရာကောင်းမဲ့ဟာလေးဘာလေးပြစမ်းပါကွာကြည့်ချင်လို့ပါ””’

ထိုသို့ကျွန်တော်တို့သူငယ်ချင်းများကမောင်တိုးအားဝိုင်း၍မခံချင်အောင်ပြောကြသည့်အခါမောင်တိုးကအတန်ငယ်စဉ်းစား၍ပြောလိုက်၏

””’ကောင်းပြီမင်းတို့မကြောက်တတ်ဘူးဆိုရင်မနက်ဖန်မင်းတို့အားလုံးကိုမရမ်းတောထဲကအလွန်နံမည်ကြီးနေတဲ့သရဲကိုခေါ်ပြီးမင်းတို့ကိုခြောက်ခိုင်းပြမယ်ငါ့အစွမ်းအဆကိုမင်းတို့သိရစေမယ်””

မောင်တိုးစကားကြောင့်ကျွန်တော်တို့အားလုံးအနည်းငယ်လန့်သွားကြပေမဲ့လက်တွေ့မှယုံမည့်လူငယ်သဘာဝအရမောင်တိုးအားစိန်ခေါ်လိုက်လေသည်။

””စိန်လိုက်လေမောင်တိုးငါတို့ကကြောက်မဲ့ကောင်တွေထင်လို့လားကွ””

””ကြောက်သွေးပါရင်ဖောက်ထုတ်လိုက်မယ်ဟေ့ကောင်ဘယ်အချိန်ဖောက်ဖောက်သွေးကရဲရဲတောက်နေတာကွ””

””လုပ်လိုက်လေကြာသလားလို့–စိန်ခေါ်ရင်တိမ်ပေါ်ထိတက်မဲ့ကောင်ကွ””’

ကျွန်တော်တို့သူငယ်ချင်းများစကားကိုမောင်တိုးကပြုံးပြုံးကြီးနားထောင်နေကာ

””’အေးပါမင်းတို့ထဲကတစ်ယောက်ယောက်ထွက်ပြေးတာနဲ့မင်းတို့အရှုံးငါခိုင်းတာမင်းတို့အားလုံးလုပ်ရမယ်မင်းတို့နိုင်ရင်မင်းတို့စားချင်တာအကုန်ဝယ်ကြွေးမယ်သဘောတူကြလား””

””တူတယ်ကွာဘယ်အချိန်စမလဲ””
””မနက်ဖန်ညနေစောင်း””’
မောင်တးိုနှင့်ကျွန်တော်တို့စိန်ခေါ်ပွဲကိုသဘောတူညီမှု့ရပြီးနောက်အားလုံးလူစုခွဲကာအသီးသီးအိမ်သိုပြန်ကြသည်။

နောက်တစ်နေ့ညနေတွင်ကျွန်တော်တို့သူငယ်ချင်းများလူစုကာမရမ်းတောထဲသို့ချီတက်သွားကြလေသည်။

ထိုအချိန်အခါကမရမ်းတောကြီးထဲကမရမ်းခြံတစ်ခြံတွင်သရဲအလွန်ခြောက်သည်ဟုနံမည်ကြီးနေသည်ကိုဒီနယ်တကျောမှာတော့အကုန်လုံးသိပြီးသားဖြစ်သည။

်လူကြီးများပြောစကားအရတော့ခြံပိုင်ရှင်ကမရမ်းသီးများခိုးမှာစိုး၍သရဲမွေးထားသည်ဟုဆိုကြသည်။

ဘယ်သို့ဆိုစေကာမူသရဲခြောက်ကြမ်းသည်ဟုနံမည်ကြီးနေ၍ထိုမရမ်းခြံထဲသို့မရမ်းသီးသွားမခူးရဲတာကတော့အမှန်ပင်ဖြစ်သည်။

ကျွန်တော်တို့သူငယ်ချင်းများမရမ်းတောထဲလမ်းရှောက်လာရင်းဖြင့်ထိုသရဲခြောက်သည်ဆိုသောမရမ်းခြံရှေ့သို့ရောက်လာကြသည်။

ထိုအခါမောင်တိုးကကျွန်တော်တို့သူငယ်ချင်းများအားမရမ်းခြံရှေ့တွင်ခဏစောင့်ခိုင်းကာသူကမရမ်းခြံအတွင်းသို့ဝင်သွား၏

ခြံထဲရောက်တော့ပါးစပ်ကတိုးတိုးတိုးတိုးဖြင့်ဘာတွေရွတ်နေသည်မသိပတ်ဝန်းကျင်တွင်လည်းဘာမှမတွေ့ရပေအတန်ကြာမှမရမ်းခြံထဲကထွက်လာကာကျွန်တော်တို့အားပြောလိုက်သည်။

””’ကဲအားလုံးပြန်ကြမယ်ဟေ့ခုချိန်ကစပြီးသတိဝရိယထားကြကွထွက်ပြေးတဲ့ကောင်အရှုံး””

””မင်းဟာကထွက်ပြေးရအောင်ဘာမှလည်းမမြင်ရပါလားကွ–ဘာကိုထွက်ပြေးရမှန်းတောင်မသိဘူး”’

ကျွန်တော်တို့လည်းဘာမှမမြင်ရ၍ကြောက်စရာမလိုဟုထင်ကာအပြန်လမ်းကိုစတင်ကြလေသည်။

မရမ်းတောသည်မြေပြင်ညီညာသောနေရာရှိသလိုမညီညာသောနေရာလည်းရှိရာ-တောင်ကုန်း-ချိုင့်ခွက်-တောင်ဂမူ-စသည်ဖြင့်အဆင်းအတက်လမ်းဖြစ်၍ပကတိတောလမ်းအတိုင်းဖြစ်သည်။

လူသွားလမ်းကလည်းကျဉ်း၍တစ်ဘက်တစ်ချက်တွင်သစ်ပင်ချုံနွယ်များလည်းထူထပ်လျက်ရှိ၏

ကျွန်တော်တို့အဖွဲ့ကလူသွားလမ်းအတိုင်းတန်းစီကာရှောက်လာကြသည်။

သူငယ်ချင်းတစ်ယောက်ကရှေ့ဆုံးကရှောက်ကာကျွန်တော်ကဒုတိယမြောက်ဖြစ်၍ကျန်သူငယ်ချင်းများကနောက်ကတန်းစီရှောက်၍နောက်ဆုံးတွင်မောင်တိုးကရှောက်သည်။

အလာတုန်းကအေးဆေးဖြစ်ပေမဲ့အပြန်လမ်းမှာတော့စလျေှက်၍မှမကြာသေးလမ်းဘေးဘယ်ညာမှာရှိသောဝါးရုံပင်များသည်လေမတိုက်ပါပဲလှုပ်ရမ်းကာတရှဲရှဲမည်လာ၏

ယိမ်းထိုးလှုပ်ရှားနေသောဝါးရုံပင်များကကြမ်းတမ်းလာကာလမ်းရှောက်နေသောကျွန်တော်တို့ကိုပင်ရိုက်တော့မယောင်ဖြစ်လာ၏

””’ဝေါ—ဝေါ-ဝေါ—””’
””’ရှဲ—ရှဲ—-ရှဲ””””
”””’ဖလပ်ဖလပ်—–ဖလပ်ဖလပ်””

ရုတ်တစ်ရက်အသံမျိူ းစုံကြားနေလာရကာပတ်ဝန်းကျင်တစ်ခုလုံးလေမှုန်တိုင်းကြီးတိုက်နေသလိုဆူညံလာသည်။

သစ်ပင်များကလူအများကိုင်လှုတ်နေသလိုလှုပ်ရှားနေသည်မှာနာနာဘဝများခြောက်လှန့်နေသလိုထင်ရ၏။

ညနေခင်းအလင်းရောင်ကလေးကလည်းတစတစအားလျှော့လာပြီဖြစ်ကာအမှောင်ဘက်ကိုကူးချင်ချင်ဖြစ်လာ၍နွားရိုင်းသွင်းချိန်ဟုခေါ်ရမည့်အချိန်ဖြစ်၏။

ဒီအချိန်မှာပဲနဘေးသို့မြေကြီးခဲကြီးကျသံလိုလိုကျောက်တုံးကြီးကျသံလိုလို”ဘုန်း”’ကနဲကျယ်လောင်သောအသံကြီးကြားလိုက်ရသဖြင့်အသဲထဲအေးကနဲဖြစ်သွားကာအားလုံးအလန့်တကြားဖြစ်သွားကြ၏

”’အုန်း””နောက်ထပ်မြေကြီးတုန်ခါသွားသလိုအသံကြီးကြားလိုက်ကြတော့ခေါင်းကြီးကြီးသွားသလိုခံစားလိုက်ရကာလှမ်းနေသောခြေလှမ်းများခပ်ယိုင်ယိုင်ဖြစ်သွားကြ၏

သို့ပေမဲ့ထွက်ပြေးရန်ဘယ်သူမှမစဉ်းစားရဲကြကိုယ့်ကြောင့်ရှုံးတယ်မဖြစ်မခံနိုင်၍ကြောက်ကြောက်နှင့်ရဲဆေးတင်ကာဆက်ရှောက်နေကြသည်။

”” ဝှီး—-ဘုန်း—–အုန်း””

ကျွန်တော်တို့ခေါင်းပေါ်ကနေမမြင်ရသောအရာဝထ္ထုများဖြတ်ကျော်သွားနေသလိုလမ်းနဘေးတစ်ဘက်တစ်ချက်ဆီသို့ပြင်းထန်စွာပြုတ်ကျနေသံများကြောင့်ကြက်သီးများထသည်။

အထိတ်ထိတ်အလန့်လန့်ဖြင့်ကျသွားသည်ထင်ရသောနေရာသို့ကြည့်လိုက်တော့လည်းဘာမှမတွေ့ရပေမဲ့ဘယ်တော့များခေါင်းပေါ်ပြုတ်ကျလာမလဲလို့တုန်လှုတ်နေသောစိတ်ကိုမနဲထိန်းချုပ်နေရ၏

ကျွန်တော်တို့အဖြစ်ကတိုက်ပွဲကြားသို့ရောက်နေသောစစ်သားများပမာမျက်လုံးများကိုအနားမပေးရဲပေ။

မလွတ်တမ်းဘေးဘယ်ညာသို့ကြည့်ကာနေရပြီးတအုန်းအုန်းနဲ့ခဲကျသံများကလက်နတ်ကြီးများနှင့်ထုနေသလိုခေါင်းမွေးတွေထောင်သွားကာနားတွေအူ၍သွား၏

တစ်ခါဘူးမှမခံစားဖူးသောကြောက်ရွံ့စိုးရိမ်စိတ်တွေနှင့်အတူအချိန်မရွေးကျရောက်လာမည့်အန္တရယ်ကိုရင်ဆိုင်ရန်အဆင့်သင့်ပြင်ဆင်ထားရသလိုဖြစ်နေသည်။

””’ဟင်းးးးဟင်းးးးဟင်းးးး””
””’အုန်း—-ဘုန်း””’

ရုတ်တရက်ညီးသံကြီးလိုအသံကြီးထွက်လာပြန်ကာရိပ်ကနဲရိပ်ကနဲမျက်စိရှေ့မှအလွန်လျှင်မြန်သောပုံရိပ်များဖြတ်သန်းသွားသလိုဘေးဘယ်ညာသို့ကျောက်တုန်းကြီးများပစ်ချသံများဆက်တိုက်ထွက်ပေါ်နေရာစိတ်ကထွက်ပြေးချင်ပေမဲ့ခြေထောက်ကသံပတ်ပေးထားသလိုလှုပ်ရှားနေ၏

ကြောက်စိတ်တွေကအတားဆီးမရှိရင်ထဲတွင်လည်းအတော်တုန်လှုတ်နေသည်မှာကျွန်တော်တစ်ယောက်ထဲမဟုတ်တာသေချာသည။်

ကျန်သူငယ်ချင်းများလည်းဘာသံမှမကြားရငြိမ်ကုတ်၍လမ်းသာရှောက်နေကြပေမဲ့ကတုန်ကရင်ဖြစ်နေကြပေသည်။

ရှေ့ဆုံးကသွားသောသူငယ်ချင်း၏ခြေလှမ်းများကမူမမှန်ချင်ဖြစ်နေတာရိပ်မိပေမဲ့နောက်ကကျွန်တော်ကလည်းကျော်တက်ဖို့စိတ်ကူးမရှိပေ

ကိုယ့်စကားနဲ့ကိုယ်စည်းမဖောက်ရဲကြပေတော်ရုံဆိုရင်တော့ကျွန်တော်တို့အဖွဲ့ငယ်သံပါအောင်အော်ကာပြေးကြမည်ထင်ပါသည်။

ကျွန်တော်တို့အုပ်စုအခြေအနေအားနောက်ဆုံးကလိုက်လာသောမောင်တိုးကအကဲခတ်ကာလိုက်လာသည်ထင်၏ဘာစကားတစ်ခွန်းမှမပြောပေ

အားလုံးတိတ်ဆိတ်နေကာရွာသို့အမြန်ပြန်ရောက်ရန်သာစိတ်ကစောနေကြပေသည်။

ကျွန်တော်တို့ပတ်ဝန်းကျင်တွင်သရဲရှိနေသည်ဆိုသောစိတ်ကအကြောက်တရားကိုပို၍အားပေးအားမြှောက်ဖြစ်စေကာမြင်မြင်သမျှသည်အကောင်းဆိုးဝါးပုံရိပ်များလားထင်ကြကုန်သည်။

ကိုယ့်အတတ်နှင့်ကိုယ်စူးဆိုသလိုပင်ဘယ်သူမှဘာမှစောဒကမတက်ရဲကြချေ

မရမ်းတောထဲကထွက်ခါနီးလောက်တွင်ကျွန်တော်တို့ရှေ့၌အရိပ်မဲကြီးတစ်ခုပေါ်လာကာထိုအရိပ်မဲကြီးသည်အလွန်ကြီးမားသောအရိပ်ကြီးဖြစ်၍အမှောင်ထုကကျွန်တော်တို့အားလုံးပေါ်သို့ထိုးကြလာပြီးပတ်ဝန်းကျင်ကိုဘာမှမမြင်ရလောက်အောင်ပင်မှောင်အတိကျသွားပေတော့သည်။

ထိုအခါအလွန်သတ္တိကောင်းပါသည်ဆိုသောကျွန်တော်တို့သူငယ်ချင်းများသည်ငယ်သံပါအောင်အော်ချင်သောပါးစပ်ကိုအတင်းလက်ဖြင့်ပိတ်ထားကြရသည်။

မပြေးပေမဲ့အလွန်လျှင်မြန်သောခြေလှမ်းများဖြင့်ရွာသို့အားသွန်ခွန်စိုက်သွားကြရင်းရသမျှဘုရားစာများစိတ်ထဲကရွတ်လိုက်ကြသည်မှာကမောက်ကမပင်ဖြစ်နေကြသည်။

ကျွန်တော်ကတော့-ဗုဒ္ဓေါ-တစ်လုံးကိုအသေသုံးပြီးမနားတမ်းရွတ်ကာရွာထိပ်သို့ရောက်လာကြပေသည်။

ထိုအချိန်မှာပဲရွာထဲကအလင်းရောင်ကြောင့်ကြောက်စိတ်များပြေသွားကြကာမောင်တိုးအားလှည့်ကြည့်လိုက်သောအခါမောင်တိုးကတစ်စုံတစ်ရာကိုရွတ်ရင်းပြန်ခိုင်းသည့်ပုံစံမျိူ းဖြင့်ပြောနေသည်ကိုမြင်ကြရ၏။

သူခေါ်လာသောသရဲအားပြန်ခိုင်းလိုက်သည်ဟုအားလုံးသိကြပေရာပတ်ဝန်းကျင်တွင်လေမတိုက်ပဲသစ်ရွက်များတရှဲရှဲလှုပ်ရှားကာတဖြေးဖြေးဝေး၍သွားလေတော့သည်။

ကျွန်တော်တို့၏အသဲတထိတ်ထိတ်ရင်တဖိုဖိုဖြစ်သောမဟာစွန့်စားခန်းကြီးလည်းတစ်ခန်းရပ်သွားပေပြီသူခိုးပြေးမှထိုးကွင်းထဆိုသလိုကျွန်တော်တို့အဖွဲ့အခုမှအသံထွက်နိုင်သွားကြသည်။

””ဟေ့ကောင်မောင်တိုးငါတို့နိုင်ပြီနော်—ငါတို့မပြေးဘူး””’

””’အေးမင်းတို့နိုင်တယ်ဆိုပေမဲ့အသေကြောက်နေကြတယ်မဟုတ်လား—-ငါ့ပါလို့မင်းတို့ဘာမှမဖြစ်တာပါကွာ””’

ရွာထဲရောက်မှစကားပြောနိုင်ကြသောကျွန်တော်တို့တွေကကိုယ့်ဘာသာကိုယ်သတ္တိခဲကြီးများဟုအထင်ရောက်ကုန်၏

အမှန်ပြောရရင်ဖြင့်ကျွန်တော်တို့အားလုံးဘေးကင်းရာရွာထဲသို့ရောက်လာပြီဖြစ်ပေမဲ့ကတုန်ကရင်ဖြစ်နေသောအရှိန်ကမသေသေးပေ။

ဒီပွဲမှကျွန်တော်တို့နိုင်သည်ဆိုပေမဲ့နောက်နေ့မှာဖျားတဲ့ကောင်နဲ့လန့်တဲ့ကောင်နှင့်မရမ်းတောကသရဲအားအသေကြောက်သွားကြတာတော့ပြောရန်မလိုတော့ပေ

နောက်ထပ်လည်းသူငယ်ချင်းမောင်တိုးအားမစမ်းသပ်ရဲကြတော့ပေလူပင်ငယ်သော်ငြားသူ၏အစွမ်းသည်သာမန်လူတွေထက်တော့သာသည်ကိုသိရှိခွင့်ရခဲ့သည့်အဖြစ်အားငယ်သူငယ်ချင်းများအာသတိရရင်းစာရေးသူတိမ်လွှာမိုးအားအမှတ်တယပြန်ပြောပြပါသည်။

တိမ်လွှာမိုး

Zawgyi Version

“မရမ္းေတာမွသရဲ”(စ/ဆုံး)
———————————
ကြၽန္ေတာ္သည္အၿငိမ္းစားေက်ာင္းဆရာတစ္ဦးျဖစ္သည္ကြၽန္ေတာ္၏ေမြးရပ္ဇာတိေျမသည္ရန္ကုန္တိုင္းေမွာ္ဘီၿမိဳ႕နယ္ျဖစ္သည္။
ကြၽန္ေတာ္၏ဇာတိ႐ြာသည္ဟိုအရင္ကတည္းကအလြန္ပင္ေအးခ်မ္းသာယာလွေပသည္။
႐ြာဆိုေပမဲ့ေမွာ္ဘီၿမိဳ႕ႏွင့္တစ္ဆက္တည္းလိုလိုရွိကာေမွာ္ဘီၿမိဳ႕ဆုံးသည္ႏွင့္ကြၽန္ေတာ္တို႔႐ြာသို႔ေရာက္၍ကားလမ္းမေဘးတြင္ရွိသျဖင့္လမ္းပန္းဆက္သြယ္ေရးအလြန္ေကာင္း၏
ေျမခံေရခံေကာင္းေသာေဒသျဖစ္၍ကြၽန္ေတာ္၏မိဘမ်ားသည္ၿခံစိုက္ပ်ိဴ းၾကသည္။
တစ္႐ြာလုံးနီးပါးလည္းဥယာဥ္ၿခံစိုက္ၾကသည္ကမ်ားသည္႐ြာ၏ေနာက္ဘက္တြင္မရမ္းေတာဟုေခၚေသာမရမ္းၿခံႀကီးမ်ားရွိသည္။
ကြၽန္ေတာ္တို႔ကေလးဘဝကေတာ့ထိုမရမ္းေတာႀကီးသည္အလြန္ေပ်ာ္စရာေကာင္းေသာကစားကြင္းႀကီးျဖစ္ကာနည္းနည္းအ႐ြယ္ေရာက္လာေတာ့ထိုမရမ္းေတာႀကီးသည္အပန္းေျဖစရာေနရာျဖစ္ေလသည္။

ေႏြရာသီလိုပူျပင္းေျခာက္ေသြ႕သည့္အခါမ်ားတြင္မရမ္းေတာထဲဖ်ာစုတ္မ်ားခင္းကာစာဖတ္ၾကအိပ္ၾကျဖင့္႐ြာထဲကလူငယ္လူ႐ြယ္မ်ားကေလးမ်ားႏွင့္အလြန္ပြဲစည္လွေပသည္ေလတျဖဴးျဖဴးျဖင့္အလြန္ေနလို႔ေကာင္းလွ၏

မရမ္းေတာႀကီးသည္ဧကမ်ားစြာက်ယ္၍မရမ္းသီးပင္မ်ားစိုက္ပ်ိဴးထားသျဖင့္မရမ္းေတာဟုေခၚေပမဲ့ေတာအုပ္ကေလးတစ္ခုလိုျဖစ္ေနကာအျခားအသီးအႏွံပင္မ်ားလည္းမ်ားစြာရွိေနသျဖငိ့ကိုယ္ႀကိဳက္ႏွစ္သက္ရာအသီးကိုခူးစားရ၍အလြန္အဖိုးတန္ေသာေတာႀကီးပင္ျဖစ္ေပသည္။

မရမ္းေတာထဲတြင္မရမ္းခ်ိဴ ပင္မ်ားလည္းရွိေပရာထိုအပင္မ်ားကိုမွတ္၍လိုက္လုကာခူးစားရေသာငယ္ဘဝကိုတစ္ခါျပန္လိုခ်င္ေပေသးသည္ရာသီအလိုက္သီးေသာသၾကားသီး–ကနစိုးသီး-ပိႏၷဲသီး-စသည္ျဖင့္အျခားအသီးအႏွံမ်ားလည္းတစ္ေပ်ာ္တစ္ပါးစားခြင့္ရေသး၏

ကြၽန္ေတာ္တို႔႐ြာပတ္ဝန္းက်င္တြင္အစိုးရစိုက္ပ်ိဴ းေရးၿခံမ်ားလည္းရွိေပသည္ေရခံေျမခံေကာင္း၍သဘာဝေျမၾသဇာေကာင္းမြန္သျဖင့္စိုက္ပ်ိဴးးရန္ေနရာေကာင္းျဖစ္ကာဥယာဥ္ၿခံေျမစိုက္ခင္းမ်ားစြာရွိကာအိမ္ဝိုင္းအတြင္းမွာလည္းတစ္ႏိုင္တစ္ပိုင္စိုက္ပ်ိဴ းၾကေသးသည္။

ကြၽန္ေတာ္ကတစ္ဦးတည္းေသာသားျဖစ္သျဖင့္အေပါင္းအသင္းအလြန္မက္၏ကြၽန္ေတာ့္တြင္စိတ္တူကိုယ္တူေပါင္းေသာသူငယ္ခ်င္းေလးေယာက္ရွိကာထိုအထဲမွတစ္ေယာက္သည္အထက္ဂိုဏ္းေ႐ြရင္ေက်ာ္ဆရာတစ္ဦး၏သားျဖစ္ကာပုတီးသမားတစ္ေယာက္ျဖစ္ေလသည္။

သူ၏နံမည္မွာေမာင္တိုးဟုေခၚကာငယ္ငယ္႐ြယ္႐ြယ္ႏွင့္ဘုရားတရားလုပ္၍ပုတီးအလြန္စိတ္၏သူ၏အေဖႏွင့္လည္းနယ္မ်ားရွိဘုရားမ်ားသို႔လိုက္သြားတတ္ကာရက္ရွည္အဓိဌာန္ဝင္သည္ကမ်ားလွသည္။

ထိုအခ်ိန္ကကြၽန္ေတာ္တို႔၏အသက္သည္၁၅ႏွစ္၁၆ႏွစ္အ႐ြယ္မ်ားသာျဖစ္ၾကသျဖင့္ေမာင္တိုးဘုရားတရားလုပ္တာေစာလြန္းေနေသးသည္ဟုထင္ၾက၏

အမွန္ေတာ့ဘုရားတရားအလုပ္သည္ငယ္သည္ႀကီးသည္မဟုတ္ေသျခင္းတရားကအ႐ြယ္မေ႐ြးေခၚတတ္သည့္သေဘာကိုထိုအခါကငယ္ေသး၍သိပ္လက္မခံခ်င္ေသးေသာအ႐ြယ္ပင္ျဖစ္သည္။

တစ္ရက္တြင္ကြၽန္ေတာ္တို႔အဖြဲ႕လူစုံသျဖင့္စကားစုေျပာေနရင္းေမာင္တိုးအေၾကာင္းေရာက္သြားၾက၏အဲဒီမွာလူငယ္မ်ားျဖစ္ေသာကြၽန္ေတာ္တို႔အဖြဲ႕ကေမာင္တိုးအစြမ္းအားလက္ေတြ႕စမ္းသပ္ရန္စိတ္အားထက္သန္ေနၾကသည္။

””ေဟ့ေကာင္ေမာင္တိုးမင္းဒီေလာက္ပုတီးေတြစိတ္ေနတာဘာအစြမ္းပါဝါမွမရဘူးလားကြ””

””ေအးေလကြာလုပ္စမ္းပါအုံးမင္းမွာဘာအစြမ္းအစေတြမ်ားရွိသလဲလို႔ငါတို႔ကိုျပစမ္းပါအုံး””

””မင္းငယ္ငယ္႐ြယ္႐ြယ္နဲ႔ဒီေလာက္ပုတီးစိတ္ေနတာတစ္ခုခုေတာ့ထူးျခားမႈ႕ရွိရမွာေပါ့ကြ—မင္းအေဖကေကာမသင္ေပးဘူးလားကြ—မင္းမွာတန္ခိုးသိဒၵိအစြမ္းေတြဘာေတြရွိၿပီလားကြ””’

””’ငါတို႔ယုံေအာင္စိတ္ဝင္စားစရာေကာင္းမဲ့ဟာေလးဘာေလးျပစမ္းပါကြာၾကည့္ခ်င္လို႔ပါ””’

ထိုသို႔ကြၽန္ေတာ္တို႔သူငယ္ခ်င္းမ်ားကေမာင္တိုးအားဝိုင္း၍မခံခ်င္ေအာင္ေျပာၾကသည့္အခါေမာင္တိုးကအတန္ငယ္စဥ္းစား၍ေျပာလိုက္၏

””’ေကာင္းၿပီမင္းတို႔မေၾကာက္တတ္ဘူးဆိုရင္မနက္ဖန္မင္းတို႔အားလုံးကိုမရမ္းေတာထဲကအလြန္နံမည္ႀကီးေနတဲ့သရဲကိုေခၚၿပီးမင္းတို႔ကိုေျခာက္ခိုင္းျပမယ္ငါ့အစြမ္းအဆကိုမင္းတို႔သိရေစမယ္””

ေမာင္တိုးစကားေၾကာင့္ကြၽန္ေတာ္တို႔အားလုံးအနည္းငယ္လန႔္သြားၾကေပမဲ့လက္ေတြ႕မွယုံမည့္လူငယ္သဘာဝအရေမာင္တိုးအားစိန္ေခၚလိုက္ေလသည္။

””စိန္လိုက္ေလေမာင္တိုးငါတို႔ကေၾကာက္မဲ့ေကာင္ေတြထင္လို႔လားကြ””

””ေၾကာက္ေသြးပါရင္ေဖာက္ထုတ္လိုက္မယ္ေဟ့ေကာင္ဘယ္အခ်ိန္ေဖာက္ေဖာက္ေသြးကရဲရဲေတာက္ေနတာကြ””

””လုပ္လိုက္ေလၾကာသလားလို႔–စိန္ေခၚရင္တိမ္ေပၚထိတက္မဲ့ေကာင္ကြ””’

ကြၽန္ေတာ္တို႔သူငယ္ခ်င္းမ်ားစကားကိုေမာင္တိုးကၿပဳံးၿပဳံးႀကီးနားေထာင္ေနကာ

””’ေအးပါမင္းတို႔ထဲကတစ္ေယာက္ေယာက္ထြက္ေျပးတာနဲ႔မင္းတို႔အရႈံးငါခိုင္းတာမင္းတို႔အားလုံးလုပ္ရမယ္မင္းတို႔ႏိုင္ရင္မင္းတို႔စားခ်င္တာအကုန္ဝယ္ေႂကြးမယ္သေဘာတူၾကလား””

””တူတယ္ကြာဘယ္အခ်ိန္စမလဲ””
””မနက္ဖန္ညေနေစာင္း””’
ေမာင္တးိုႏွင့္ကြၽန္ေတာ္တို႔စိန္ေခၚပြဲကိုသေဘာတူညီမႈ႕ရၿပီးေနာက္အားလုံးလူစုခြဲကာအသီးသီးအိမ္သိုျပန္ၾကသည္။

ေနာက္တစ္ေန႔ညေနတြင္ကြၽန္ေတာ္တို႔သူငယ္ခ်င္းမ်ားလူစုကာမရမ္းေတာထဲသို႔ခ်ီတက္သြားၾကေလသည္။

ထိုအခ်ိန္အခါကမရမ္းေတာႀကီးထဲကမရမ္းၿခံတစ္ၿခံတြင္သရဲအလြန္ေျခာက္သည္ဟုနံမည္ႀကီးေနသည္ကိုဒီနယ္တေက်ာမွာေတာ့အကုန္လုံးသိၿပီးသားျဖစ္သည။

္လူႀကီးမ်ားေျပာစကားအရေတာ့ၿခံပိုင္ရွင္ကမရမ္းသီးမ်ားခိုးမွာစိုး၍သရဲေမြးထားသည္ဟုဆိုၾကသည္။

ဘယ္သို႔ဆိုေစကာမူသရဲေျခာက္ၾကမ္းသည္ဟုနံမည္ႀကီးေန၍ထိုမရမ္းၿခံထဲသို႔မရမ္းသီးသြားမခူးရဲတာကေတာ့အမွန္ပင္ျဖစ္သည္။

ကြၽန္ေတာ္တို႔သူငယ္ခ်င္းမ်ားမရမ္းေတာထဲလမ္းေရွာက္လာရင္းျဖင့္ထိုသရဲေျခာက္သည္ဆိုေသာမရမ္းၿခံေရွ႕သို႔ေရာက္လာၾကသည္။

ထိုအခါေမာင္တိုးကကြၽန္ေတာ္တို႔သူငယ္ခ်င္းမ်ားအားမရမ္းၿခံေရွ႕တြင္ခဏေစာင့္ခိုင္းကာသူကမရမ္းၿခံအတြင္းသို႔ဝင္သြား၏

ၿခံထဲေရာက္ေတာ့ပါးစပ္ကတိုးတိုးတိုးတိုးျဖင့္ဘာေတြ႐ြတ္ေနသည္မသိပတ္ဝန္းက်င္တြင္လည္းဘာမွမေတြ႕ရေပအတန္ၾကာမွမရမ္းၿခံထဲကထြက္လာကာကြၽန္ေတာ္တို႔အားေျပာလိုက္သည္။

””’ကဲအားလုံးျပန္ၾကမယ္ေဟ့ခုခ်ိန္ကစၿပီးသတိဝရိယထားၾကကြထြက္ေျပးတဲ့ေကာင္အရႈံး””

””မင္းဟာကထြက္ေျပးရေအာင္ဘာမွလည္းမျမင္ရပါလားကြ–ဘာကိုထြက္ေျပးရမွန္းေတာင္မသိဘူး”’

ကြၽန္ေတာ္တို႔လည္းဘာမွမျမင္ရ၍ေၾကာက္စရာမလိုဟုထင္ကာအျပန္လမ္းကိုစတင္ၾကေလသည္။

မရမ္းေတာသည္ေျမျပင္ညီညာေသာေနရာရွိသလိုမညီညာေသာေနရာလည္းရွိရာ-ေတာင္ကုန္း-ခ်ိဳင့္ခြက္-ေတာင္ဂမူ-စသည္ျဖင့္အဆင္းအတက္လမ္းျဖစ္၍ပကတိေတာလမ္းအတိုင္းျဖစ္သည္။

လူသြားလမ္းကလည္းက်ဥ္း၍တစ္ဘက္တစ္ခ်က္တြင္သစ္ပင္ခ်ဳံႏြယ္မ်ားလည္းထူထပ္လ်က္ရွိ၏

ကြၽန္ေတာ္တို႔အဖြဲ႕ကလူသြားလမ္းအတိုင္းတန္းစီကာေရွာက္လာၾကသည္။

သူငယ္ခ်င္းတစ္ေယာက္ကေရွ႕ဆုံးကေရွာက္ကာကြၽန္ေတာ္ကဒုတိယေျမာက္ျဖစ္၍က်န္သူငယ္ခ်င္းမ်ားကေနာက္ကတန္းစီေရွာက္၍ေနာက္ဆုံးတြင္ေမာင္တိုးကေရွာက္သည္။

အလာတုန္းကေအးေဆးျဖစ္ေပမဲ့အျပန္လမ္းမွာေတာ့စေလွ်က္၍မွမၾကာေသးလမ္းေဘးဘယ္ညာမွာရွိေသာဝါး႐ုံပင္မ်ားသည္ေလမတိုက္ပါပဲလႈပ္ရမ္းကာတရွဲရွဲမည္လာ၏

ယိမ္းထိုးလႈပ္ရွားေနေသာဝါး႐ုံပင္မ်ားကၾကမ္းတမ္းလာကာလမ္းေရွာက္ေနေသာကြၽန္ေတာ္တို႔ကိုပင္႐ိုက္ေတာ့မေယာင္ျဖစ္လာ၏

””’ေဝါ—ေဝါ-ေဝါ—””’
””’ရွဲ—ရွဲ—-ရွဲ””””
”””’ဖလပ္ဖလပ္—–ဖလပ္ဖလပ္””

႐ုတ္တစ္ရက္အသံမ်ိဴ းစုံၾကားေနလာရကာပတ္ဝန္းက်င္တစ္ခုလုံးေလမႈန္တိုင္းႀကီးတိုက္ေနသလိုဆူညံလာသည္။

သစ္ပင္မ်ားကလူအမ်ားကိုင္လႈတ္ေနသလိုလႈပ္ရွားေနသည္မွာနာနာဘဝမ်ားေျခာက္လွန႔္ေနသလိုထင္ရ၏။

ညေနခင္းအလင္းေရာင္ကေလးကလည္းတစတစအားေလွ်ာ့လာၿပီျဖစ္ကာအေမွာင္ဘက္ကိုကူးခ်င္ခ်င္ျဖစ္လာ၍ႏြား႐ိုင္းသြင္းခ်ိန္ဟုေခၚရမည့္အခ်ိန္ျဖစ္၏။

ဒီအခ်ိန္မွာပဲနေဘးသို႔ေျမႀကီးခဲႀကီးက်သံလိုလိုေက်ာက္တုံးႀကီးက်သံလိုလို”ဘုန္း”’ကနဲက်ယ္ေလာင္ေသာအသံႀကီးၾကားလိုက္ရသျဖင့္အသဲထဲေအးကနဲျဖစ္သြားကာအားလုံးအလန႔္တၾကားျဖစ္သြားၾက၏

”’အုန္း””ေနာက္ထပ္ေျမႀကီးတုန္ခါသြားသလိုအသံႀကီးၾကားလိုက္ၾကေတာ့ေခါင္းႀကီးႀကီးသြားသလိုခံစားလိုက္ရကာလွမ္းေနေသာေျခလွမ္းမ်ားခပ္ယိုင္ယိုင္ျဖစ္သြားၾက၏

သို႔ေပမဲ့ထြက္ေျပးရန္ဘယ္သူမွမစဥ္းစားရဲၾကကိုယ့္ေၾကာင့္ရႈံးတယ္မျဖစ္မခံႏိုင္၍ေၾကာက္ေၾကာက္ႏွင့္ရဲေဆးတင္ကာဆက္ေရွာက္ေနၾကသည္။

”” ဝွီး—-ဘုန္း—–အုန္း””

ကြၽန္ေတာ္တို႔ေခါင္းေပၚကေနမျမင္ရေသာအရာဝထၳဳမ်ားျဖတ္ေက်ာ္သြားေနသလိုလမ္းနေဘးတစ္ဘက္တစ္ခ်က္ဆီသို႔ျပင္းထန္စြာျပဳတ္က်ေနသံမ်ားေၾကာင့္ၾကက္သီးမ်ားထသည္။

အထိတ္ထိတ္အလန႔္လန႔္ျဖင့္က်သြားသည္ထင္ရေသာေနရာသို႔ၾကည့္လိုက္ေတာ့လည္းဘာမွမေတြ႕ရေပမဲ့ဘယ္ေတာ့မ်ားေခါင္းေပၚျပဳတ္က်လာမလဲလို႔တုန္လႈတ္ေနေသာစိတ္ကိုမနဲထိန္းခ်ဳပ္ေနရ၏

ကြၽန္ေတာ္တို႔အျဖစ္ကတိုက္ပြဲၾကားသို႔ေရာက္ေနေသာစစ္သားမ်ားပမာမ်က္လုံးမ်ားကိုအနားမေပးရဲေပ။

မလြတ္တမ္းေဘးဘယ္ညာသို႔ၾကည့္ကာေနရၿပီးတအုန္းအုန္းနဲ႔ခဲက်သံမ်ားကလက္နတ္ႀကီးမ်ားႏွင့္ထုေနသလိုေခါင္းေမြးေတြေထာင္သြားကာနားေတြအူ၍သြား၏

တစ္ခါဘူးမွမခံစားဖူးေသာေၾကာက္႐ြံ႕စိုးရိမ္စိတ္ေတြႏွင့္အတူအခ်ိန္မေ႐ြးက်ေရာက္လာမည့္အႏၲရယ္ကိုရင္ဆိုင္ရန္အဆင့္သင့္ျပင္ဆင္ထားရသလိုျဖစ္ေနသည္။

””’ဟင္းးးးဟင္းးးးဟင္းးးး””
””’အုန္း—-ဘုန္း””’

႐ုတ္တရက္ညီးသံႀကီးလိုအသံႀကီးထြက္လာျပန္ကာရိပ္ကနဲရိပ္ကနဲမ်က္စိေရွ႕မွအလြန္လွ်င္ျမန္ေသာပုံရိပ္မ်ားျဖတ္သန္းသြားသလိုေဘးဘယ္ညာသို႔ေက်ာက္တုန္းႀကီးမ်ားပစ္ခ်သံမ်ားဆက္တိုက္ထြက္ေပၚေနရာစိတ္ကထြက္ေျပးခ်င္ေပမဲ့ေျခေထာက္ကသံပတ္ေပးထားသလိုလႈပ္ရွားေန၏

ေၾကာက္စိတ္ေတြကအတားဆီးမရွိရင္ထဲတြင္လည္းအေတာ္တုန္လႈတ္ေနသည္မွာကြၽန္ေတာ္တစ္ေယာက္ထဲမဟုတ္တာေသခ်ာသည။္

က်န္သူငယ္ခ်င္းမ်ားလည္းဘာသံမွမၾကားရၿငိမ္ကုတ္၍လမ္းသာေရွာက္ေနၾကေပမဲ့ကတုန္ကရင္ျဖစ္ေနၾကေပသည္။

ေရွ႕ဆုံးကသြားေသာသူငယ္ခ်င္း၏ေျခလွမ္းမ်ားကမူမမွန္ခ်င္ျဖစ္ေနတာရိပ္မိေပမဲ့ေနာက္ကကြၽန္ေတာ္ကလည္းေက်ာ္တက္ဖို႔စိတ္ကူးမရွိေပ

ကိုယ့္စကားနဲ႔ကိုယ္စည္းမေဖာက္ရဲၾကေပေတာ္႐ုံဆိုရင္ေတာ့ကြၽန္ေတာ္တို႔အဖြဲ႕ငယ္သံပါေအာင္ေအာ္ကာေျပးၾကမည္ထင္ပါသည္။

ကြၽန္ေတာ္တို႔အုပ္စုအေျခအေနအားေနာက္ဆုံးကလိုက္လာေသာေမာင္တိုးကအကဲခတ္ကာလိုက္လာသည္ထင္၏ဘာစကားတစ္ခြန္းမွမေျပာေပ

အားလုံးတိတ္ဆိတ္ေနကာ႐ြာသို႔အျမန္ျပန္ေရာက္ရန္သာစိတ္ကေစာေနၾကေပသည္။

ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္တြင္သရဲရွိေနသည္ဆိုေသာစိတ္ကအေၾကာက္တရားကိုပို၍အားေပးအားေျမႇာက္ျဖစ္ေစကာျမင္ျမင္သမွ်သည္အေကာင္းဆိုးဝါးပုံရိပ္မ်ားလားထင္ၾကကုန္သည္။

ကိုယ့္အတတ္ႏွင့္ကိုယ္စူးဆိုသလိုပင္ဘယ္သူမွဘာမွေစာဒကမတက္ရဲၾကေခ်

မရမ္းေတာထဲကထြက္ခါနီးေလာက္တြင္ကြၽန္ေတာ္တို႔ေရွ႕၌အရိပ္မဲႀကီးတစ္ခုေပၚလာကာထိုအရိပ္မဲႀကီးသည္အလြန္ႀကီးမားေသာအရိပ္ႀကီးျဖစ္၍အေမွာင္ထုကကြၽန္ေတာ္တို႔အားလုံးေပၚသို႔ထိုးၾကလာၿပီးပတ္ဝန္းက်င္ကိုဘာမွမျမင္ရေလာက္ေအာင္ပင္ေမွာင္အတိက်သြားေပေတာ့သည္။

ထိုအခါအလြန္သတၱိေကာင္းပါသည္ဆိုေသာကြၽန္ေတာ္တို႔သူငယ္ခ်င္းမ်ားသည္ငယ္သံပါေအာင္ေအာ္ခ်င္ေသာပါးစပ္ကိုအတင္းလက္ျဖင့္ပိတ္ထားၾကရသည္။

မေျပးေပမဲ့အလြန္လွ်င္ျမန္ေသာေျခလွမ္းမ်ားျဖင့္႐ြာသို႔အားသြန္ခြန္စိုက္သြားၾကရင္းရသမွ်ဘုရားစာမ်ားစိတ္ထဲက႐ြတ္လိုက္ၾကသည္မွာကေမာက္ကမပင္ျဖစ္ေနၾကသည္။

ကြၽန္ေတာ္ကေတာ့-ဗုေဒၶါ-တစ္လုံးကိုအေသသုံးၿပီးမနားတမ္း႐ြတ္ကာ႐ြာထိပ္သို႔ေရာက္လာၾကေပသည္။

ထိုအခ်ိန္မွာပဲ႐ြာထဲကအလင္းေရာင္ေၾကာင့္ေၾကာက္စိတ္မ်ားေျပသြားၾကကာေမာင္တိုးအားလွည့္ၾကည့္လိုက္ေသာအခါေမာင္တိုးကတစ္စုံတစ္ရာကို႐ြတ္ရင္းျပန္ခိုင္းသည့္ပုံစံမ်ိဴ းျဖင့္ေျပာေနသည္ကိုျမင္ၾကရ၏။

သူေခၚလာေသာသရဲအားျပန္ခိုင္းလိုက္သည္ဟုအားလုံးသိၾကေပရာပတ္ဝန္းက်င္တြင္ေလမတိုက္ပဲသစ္႐ြက္မ်ားတရွဲရွဲလႈပ္ရွားကာတေျဖးေျဖးေဝး၍သြားေလေတာ့သည္။

ကြၽန္ေတာ္တို႔၏အသဲတထိတ္ထိတ္ရင္တဖိုဖိုျဖစ္ေသာမဟာစြန႔္စားခန္းႀကီးလည္းတစ္ခန္းရပ္သြားေပၿပီသူခိုးေျပးမွထိုးကြင္းထဆိုသလိုကြၽန္ေတာ္တို႔အဖြဲ႕အခုမွအသံထြက္ႏိုင္သြားၾကသည္။

””ေဟ့ေကာင္ေမာင္တိုးငါတို႔ႏိုင္ၿပီေနာ္—ငါတို႔မေျပးဘူး””’

””’ေအးမင္းတို႔ႏိုင္တယ္ဆိုေပမဲ့အေသေၾကာက္ေနၾကတယ္မဟုတ္လား—-ငါ့ပါလို႔မင္းတို႔ဘာမွမျဖစ္တာပါကြာ””’

႐ြာထဲေရာက္မွစကားေျပာႏိုင္ၾကေသာကြၽန္ေတာ္တို႔ေတြကကိုယ့္ဘာသာကိုယ္သတၱိခဲႀကီးမ်ားဟုအထင္ေရာက္ကုန္၏

အမွန္ေျပာရရင္ျဖင့္ကြၽန္ေတာ္တို႔အားလုံးေဘးကင္းရာ႐ြာထဲသို႔ေရာက္လာၿပီျဖစ္ေပမဲ့ကတုန္ကရင္ျဖစ္ေနေသာအရွိန္ကမေသေသးေပ။

ဒီပြဲမွကြၽန္ေတာ္တို႔ႏိုင္သည္ဆိုေပမဲ့ေနာက္ေန႔မွာဖ်ားတဲ့ေကာင္နဲ႔လန႔္တဲ့ေကာင္ႏွင့္မရမ္းေတာကသရဲအားအေသေၾကာက္သြားၾကတာေတာ့ေျပာရန္မလိုေတာ့ေပ

ေနာက္ထပ္လည္းသူငယ္ခ်င္းေမာင္တိုးအားမစမ္းသပ္ရဲၾကေတာ့ေပလူပင္ငယ္ေသာ္ျငားသူ၏အစြမ္းသည္သာမန္လူေတြထက္ေတာ့သာသည္ကိုသိရွိခြင့္ရခဲ့သည့္အျဖစ္အားငယ္သူငယ္ခ်င္းမ်ားအာသတိရရင္းစာေရးသူတိမ္လႊာမိုးအားအမွတ္တယျပန္ေျပာျပပါသည္။

တိမ္လႊာမိုး