” မိစ္ဆာများနှင့်အပြိုင် ”(စ/ဆုံး)
Unicode Version
” မိစ္ဆာများနှင့်အပြိုင် ”(စ/ဆုံး)
————————————-
တစ်ချိန်က နာနာဘာဝ တစ္ဆေသရဲ စသည့် မကောင်းဆိုးဝါးများအား ကိုယ်
တိုင်ကိုယ်ကျမမြင်ဘူး၍ မယုံဘူးဟု
ကျိန်းဝါးခဲ့သောကျွန်ုပ်သည်ဗေဒင်ဆရာ
တစ်ဖြစ်လဲပယောဂဆရာတစ်ယောက်
ဖြစ်မှယုံခဲ့ရသည်မှာမြောက်မြားစွာရှိခဲ့
လေ၏။ကျွန်ုပ်ကိုယ်ဘိုင်လူနာများထံသို့
အမှောင့်ပယောဂများ ဝင်ပူးနေသည့်
မကောင်းဆိုးဝါးများနှင့် သူတင် ကိုယ် တင် အပြိုင်နွှဲခဲ့ရသည့် ဇာတ်လမ်းများ မှာလည်းဒုနဲ့ဒေးရှိခဲ့ပြီဖြစ်လေ၏။ ထိုဇာတ်လမ်းများသည် ကျွန်ုပ်
ကိုယ်တိုင် ပယောဂကုရာတွင် ကြုံခဲ့
ရသည်များရှိသလိုကျွန်ုပ်၏ဆရာသခင် ရာဂျူး၏နောက်သို့ဆရာသွားရာအနား
မှ ထက်ကြပ်မကွာ လိုက်လံ၍ လေ့လာ
သင်ယူရင်း ကူညီရင်းမှ ရရှိခဲ့ သော
အတွေ့အကြုံဇာတ်လမ်းများက ပိုပြီး
စိတ်ဝင်စားဖွယ်၊ ထိတ်လန့်ကြောက်
မက်ဖွယ်၊ သံဝေဂရဖွယ် ကောင်းလေ
၏။ ကျွန်ုပ်သည် ထိုအကြောင်းများအား
တစ်စုံတစ်ယောက်အား ပြောပြချင်
သည်မှာနှစ်အားဖြင့်အတော်လေးကြာ
ပြီဖြစ်သော်လည်းပြောခွင့်မသာဘဲရှိနေ
ခဲ့သဖြင့်စိတ်ထဲတွင်ခိုးလိုးခုလုဖြစ်နေရာ
မှ ယခုမူ ပြောခွင့်ရပြီဖြစ်သောကြောင့်
နှစ်များစွာတင်းကြပ်နေသောစိတ်သည်
လည်း လွတ်လပ်ပေါ့ပါးသွားလေတော့၏။
ထိုအကြောင်းအရာများကို မပြော
စင် ကျွန်ုပ်သည် ကျွန်ုပ်၏ ဆရာဖြစ်သူ
ရာဂျူး၏ အကြောင်းအား ပြောပြမိတ်
ဆက်ပေးဖို့ရာလို့ပေလိမ့်မည် ဖြစ်၏။
ကျွန်ုပ်၏ ဆရာရာဂျူးသည် အမှန်
အတိုင်းအားဖြင့်ဆိုရလျှင်မြန်မာဗုဒ္ဓဘာ
သာစစ်စစ်တစ်ဦးမဟုတ်ဘဲဘာသာခြား
တစ်ဦးဖြစ်ခဲ့၏။အသက်(၂၀)နှစ်အရွယ်
တွင် မုတ်ဆိတ်မွေးကြီးနှင့် ဝတ်ဖြူစင်
ကြယ်ဝတ်ဆင်ထားသောအဘိုးကြီး
တစ်ဦးအားလမ်းတွင်သောက်ရန် ရေ လှူမိရာမှထိုအဘိုးကြီးက …
“မင်းဟာတစ်ချိန်ကျရင်ကျိန်းသေ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး လူ တွေကိုကယ်တင်ရဦးမယ်”
ဟုပြောပြီး ပါးစပ်ထဲသို့ မန်ကျည်း စေ့ခန့် အရွယ်မျှရှိသောအရာတစ်ခုကို ကျွေးခဲ့လေ၏။ ထိုအချိန်မှစ၍ကျွန်ုပ်၏ ဆရာရာဂျူ၊သည်ပုတ်းစိပ်လိုခြင်း၊မြတ်
စွာဘုရားအား ကန်တော့လိုခြင်၊ ဆွမ်၊
ကပ်လိုခြင်း စသည့်စိတ်များ အလိုလို
ပေါ်လာခဲ့လေ၏။ ပေါ်လာသည့်အတိုင်းလည်းလုပ်လေ၏။
နောက်ဆုံးတွင် ဆရာရာဂျူး၏ ပါးစပ်မှပြောသည့် နှုတ်ထွက်စကား သည် ထူးဆန်းစွာတိုက်ဆိုင်လာသဖြင့်ရပ်ကွက်ထဲမှ လူများသည် အကြား
အမြင်ရသည်ထင်ပြီးဗေဒင်လာမေးကြ
လေ၏။ ဆရာရာဂျူးသည် ထိုအချိန်မှ
စ၍ ဗေဒင်ဆရာတစ်ဦးဖြစ်မှန်းမသိ ဖြစ်
သွားလေတော့၏။ထို့အပြင် ဆရာရာဂျူ၊ ၏နောင်တစ်ချိန်ပြောပြချက်အရတစ်ခု
သောညလယ်ယံတွင်ထိုမုတ်ဆိတ်မွေး
နှင့် ဝတ်ဖြူစင်ကြယ်အဘိုးကြီးသည်
၎င်း၏ အိမ်ပေါ်အထိ ရောက်လာသည် ဟု ဆိုလေ၏။
ထို့နောက် – ခေါင်းရင်းခန်းအခန့် သင့်ခင်းထားသော ဖျာပေါ်တွင် မိန့်မိန့် ကြီးထိုင်လိုက်ပြီးနောက်၎င်းအဘိုးကြီး
“မင်းဟာလွန်ခဲ့တဲ့ ဘိုးတော်မင်း တရားကြီးလက်ထက်က ဗုဒ္ဓဘာသာ
ရှမ်းစော်ဘွား သူဌေးကြီးတစ်ဦးဖြစ်ခဲ့ဖူး
တယ်။အဲဒီတုန်းက ငါဟာ မင်းရဲ့ဆရာ
တစ်ယောက်ပဲ။ နောက်ပြီး – မင်းမှာသား
တစ်ယောက်လည်း ရှိခဲ့ဖူးသေးတယ်၊
အဲ့သားဟာနောင်တစ်ချိန် မင်းအသက်
(၃၀)လောက်မှာတွေ့လာမယ့်မင်းအား
ကိုးရမယ့်မင်းတပည့်အဖြစ်ရောက်လာ
လိမ့်မယ်။(ထိုတပည့်ဆိုသည်မှာကျွန်ပ်
အား ရည်ညွှန်း၍ ပြောဆိုခြင်း ဖြစ်ပါ
သည်)အခုမင်းဆီကိုအဘလာခြင်းက
မင်းဟာ သီလသမာဓိလေးလည်း
အတော်အတန်သင့် ကောင်းနေပြီ၊ ဗုဒ္ဓ
ဘာသာဝင်တစ်ယောက်လည်းဖြစ်သွား
ပြီ၊ ဒါကြောင့် – မင်း မိစ္ဆာတွေနဲ့ တိုက်ပွဲ ဝင်ရဖို့ပဲကျန်တော့တယ်”
ဟုပြောလိုက်ရာဆရာရာဂျူးက
“အဲဒီမိစ္ဆာတွေက ဒီလိုတိုးတက်
နေတဲ့ ခေတ်ကြီးမှာ ရှိသေးတာပဲလား အဘရယ်”
ဟု တအံ့တဩဖြင့် မေးလိုက်ရာ
ဝတ်ဖြူစင်ကြယ် အဘက .. “ရှိသမှသိပ်ရှိပေါ့ … ငါ့တပည့်ရယ်။ သူတို့တွေ မကြာခင် မင်းနဲ့ ထိပ်တိုက် တွေ့ရလိမ့်မယ်၊ ဘာမှမပူနဲ့ – ဟောဒီ
ဓာတ်လုံးလေးကို ရသေ့တစ်ဦးကလာ
ပေးတဲ့ငွေကိုကျိုပြီးလက်စွပ်ကွင်းဝတ်
ပေး၊ မင်းဟာ အရာအားလုံးကို နိုင်စေ
ပိုင်စေတဲ့ စေပိုင်ဖြစ်လာလိမ့်မယ်၊ ဒါပေမဲ့… တစ်ခုပဲမင်းအခုအသက်နှစ် ဆယ့်ငါးနစ်ထဲ ရောက်နေပြီ။အသက်ငါးဆယ်တင်းတင်းပြည့်တဲ့နေ့မှာ မင်း
ဟာ သာသနာဘောင်ထဲကိုရောက်ပြီး အသက်ရှစ်ဆယ်ထိတောင် သာသနာ
ဘောင်ထဲမှာပဲဘဝကိုအဆုံးသတ်သွာလိမ့်မယ်”
ထဲသို့ဓာတ်လုံးတစ်လုံးကိုထည့်ပေးပြီး
ဟုပြောပြီးဆရာရာဂျူအားလက်
ပျောက်ကွယ်သွားပါလေတော့၏။ ထို
အဖြစ်အပျက် ဖြစ်ပေါ်စဉ်က ကျွန်ုပ်၏
ဆရာရာဂျူ၏အသက်မှာ(၂၅)နှစ်သာ
ရှိသေး၏။ ဆရာရာဂျူးနှင့် ဝတ်ဖြူစင်
ကြယ်အဘိုးကြီးနှင့်လမ်းတွင် ရေလှူ မိရာမှစတင်သိသောအသက်မှာ(၂ဝ)
အရွယ်ဖြစ်၏။ဗေဒင်ဆရာအဖြစ်ငါးနှစ်
တိတိ ကြာပြီးသောအခါတွင်မှ ဝတ်ဖြူ စင်ကြယ် ဝတ်ဆင်ထားသည့် ထူးဆန်း
အဘိုးကြီးသည် ဆရာရာဂျူး၏ အိမ်သို့ ကြွလာကာယခုကဲ့သို့ ထပ်မံ၍
ချီးမြှောက်ခဲ့ခြင်းပင် ဖြစ်လေတော့၏။ ထိုအချိန်တွင် ကျွန်ုပ်၏ အသက်
သည်ကား ဆယ်နှစ်ခန့်ပင် ရှိသေး၏။
နောင်ငါးနှစ်တိတိ ထပ်၍ကြာပြီးကျွန်ုပ် လူပျိုပေါက်အရွယ် ရောက်သောအခါ တွင် ဆရာရာဂျူးနှင့် ကျွန်ုပ်တို့ မိသားစု နှင့်ဆုံခဲ့လေ၏။ ဆရာရာဂျူးနှင့် ကျွန်ုပ် တို့ မိသားစုနှင့်ထူးဆန်းစွာ ကြုံတွေ့ခဲ့ရ သည် ဇာတ်လမ်း၏ အစသည်ကား ဤသို့ပင်ဖြစ်ပါလေတော့သတည်း၊
ကျွန်ုပ်၏ မိဘနှစ်ပါးသည်ကား လက်ရှိနေထိုင်သည့်နယ်မှ အိမ်ကို ရောင်းချပြီးလျှင်အတော်တန်သင့် စည်ကားပပြုနေသောလှိုင်သာယာမြို့၌ ချေ။
ရောင်ပြီး တဲသာသာအိမ်တစ်လုံးပါ
သည့် ပေခြောက်ဆယ် မြေကွက်တစ်
ကွက်ကိုဝယ်ပြီးလျှင်တိုက်ဆောက်လေ ၏။ဖခင်သည်လိုင်းကားဆွဲရန်အတွက် ဗိုက်ပူကားတစ်စီးကိုဝယ်လေ၏။ မှတ်ချက်၊ (အထက်ပါကာ၊ များသည်ယခုခေတ်တွင်လုံးဝမရှိတော့
ပါ။ ထိုကားများသည် လွတ်လပ်ရေး မတိုင်မီကတည်းက ရန်ကုန်မြို့ပေါ်တွင်
ပြေးဆွဲနေသောကားများဖြစ်၏။ထိုကား
အားကျွန်ုပ်တို့ လူပျိုဘဝက စီးခဲ့ရဖူး
သော ကားများ၏။ ယခု စာရေးသူ၏
အသက်သည် (၃၅) နှစ် ရှိပြီဖြစ်၏)
ထိုခြံမြေကိုဝယ်ပြီ။ အိမ်ဆောက်ဖို့ အတွက်ပြင်ဆင်သည့်နေ့တွင်ပင်ကျွန်ုပ်
အမေ၏အစ်မဖြစ်သူကျွန်ုပ်၏ကြီးတော်
ကြီးအား မကောင်းဆိုးဝါးတစ်ကောင်
ဝင်ပူးကပ်လေ၏။မကောင်းဆိုးဝါးသည်
ထိုခြံမြေ၏ယခင်အစကပိုင်ဆိုင်ခဲ့သော
မြေပိုင်ရှင်ဖြစ်ပြီးသေဆုံးသည်မှာငါ၊နှစ်
ကျော် ကြာခဲ့ပြီဖြစ်၏။ ထိုသေဆုံးသူ
သည် မကောင်းဆို၊ဝါး၏ အနောက်
တွင်လူနှစ်ဦးခန့်အိမ်ရှင်အပြောင်းအလဲ ဖြစ်ခဲ့သည်ဟု သိရလေ၏။ မကောင်းဆိုးဝါးသည် ကြောက်
မက်ဖွယ် အသံနက်ကြီးဖြင့် ခြံထဲမှ အမြန်ဆုံးပြန်သွားရန်ပြောလေလျှင်နဂို
ထဲက သရဲဆိုလျှင် မယုံကြည်တတ်၊ ခွကျတတ်သောကျွန်ုပ်၏ဖခင်က… “သွားစရာလားဗျ” သွားစရာရှိရင် ခင်ဗျားက သွားရမှာ။ အခုဒီခြံကို ကျုပ်
ဝယ်လိုက်ပြီ၊ ကျပ်မှာ စာချုပ်တွေ
အဆင့်ဆင့်ရှိတယ်။ ခင်ဗျားနဲ့ မဆိုင်
တော့ဘူး။ ခင်ဗျား အရင်ဆိုင်တယ်ဆို
တာ ဟုတ်ချင် ဟုတ်မယ်။ ဒါဒပမဲ့ – အခု
မဟုတ်တော့ဘူး၊ ခင်ဗျားအနောက်မှာ
ဒေါ်မိဇာရယ်၊ဦးဘလွယ်ရယ်တောင်ပြန်
ဝယ်ထားသေးတယ်။ ခင်ဗျား အခု ပိုင်
သေးတယ်ဆိုရင်တော့ ခင်ဗျား ပိုင်ဆိုင်
ကြောင်းစာချုပ်ပြ၊ ဒါမှမဟုတ်လည်းရုံး
မှာစကားပြောပေါ့”
ဟု ခွကျကျပြောလို က်လျှင်
မကောင်းဆိုးဝါးက… ပိုင်ဆိုင်ကြောင်းတော့
ငါက သရဲဘဝရောက်နေလို့မပြနိုင်ဘူး။
အေ။-တစ်ခုတော့ပြောထားမယ်။အဲဒီ ဒေါ်မိဇာရယ်၊ ဦးဘလွယ်ဆိုတာကို ငါ ကိုယ်တိုင် ကုပ်မျိုးသတ်ခဲ့တာပဲ။ အခုသူတို့ နှစ်ယောက်စလုံးကလည်း ငါ့ တပည့်တွေဖြစ်နေပြီ၊ ညဆိုရင် ငါ စားဖို့
အတွက် သားစိမ်း၊ ငါးစိမ်းတွေ ရှာပေ။
ရတယ်။အရတော့- နောက်ထပ်အဖော်
တစ်ယောက်တော့ ထပ်ရတာပေါ့၊ ဒီ
တစ်ခါတော့လူကြီးတွေမခေါ်တော့ဘူး။
ခိုင်းလို့ကောင်းအောင်( ၁၅) နင်အရွယ်
ဆယ်တန်းကျောင်းသားလေးကိုပဲ ခေါ်
အားငယ်တိုးလျှိုးသောလေသံလေးဖြင့်
သာပြန်ဖြေလေတော့၏။တိုက်ဆောက်
သည့်အခါတွင် အကြောင်းအမျိုးမျိုး
ကြောင့်ဆောက်လုပ်ရေးပညာရှင်သုံးဦး
ထိပြောင်းရလေ၏။ ပထမဆုံးကိုဘချစ်
ဆိုသည့်အကြီးအကဲအဖွဲ့ခေါင်းဆောင်
ကြီးသည် ဖောင်ဒေးရှင်၊ စသည့်နေ့
တွင်အိမ်ပြန်ရာကားတိုက်ခံရပြီးဆေးရုံ
၌ သုံးလထိ တက်ရလေ၏။ ဒုတိယဖြစ်
သည့်ကိုလှဘော်ဆိုသည့်လူကြီးလည်း လေတစ်ခြမ်းဖြတ်ပြီးအိပ်ရာထဲ ဗုန်းဗုန်းလဲရပြန်လေ၏။
ဖခင်လည်းနောက်ထပ်တတ်ကျွမ်း
သည့် ဆောက်လုပ်ရေ၊ပညာရှင်အား ရှာဖို့ရန် အတော်ခက်နေလေ၏။ ထို ကဲ့သို့ ဖြစ်နေသည့်အကြောင်းများကိုသိသူများသည် ရှောင်ရှားကြလေ၏။ နောက်ဆုံးတွင် ဦးမြင့်ဆိုသောလူကြီး
တစ်ဦးနှင့် ဆုံလေ၏။ဦးမြင့်က … “ဘာမှမပူနဲ့ – ကျုပ်တို့အဖွဲ့ ပြီ၊ အောင်ကို ဆောက်ပေးမယ်” ဟုပြောပြီ။၎င်းဆောက်သည့်အခါ တွင်မှအဆုံးသတ်လေ၏။ အဆုံးသတ် သော်လည်း အတော်လေးစိတ်အခန့်
မသင့်စရာများလည်း များစွာဖြစ်ပေါ်
လေ၏။အုတ်ခဲများ ခေါင်းပြုတ်ကျခြင်း၊
ဦးမြင့်၏တပည့်တစ်ဦး ခြေထောက် သံ
စူးမိခြင်းနှင့် ညညများတွင် အသံနက် ကြိုးများ စူးရှစွာ အော်ဟစ်ညည်းညူသံ များကိုလည်း ကြားရသည်ဟု ဆိုလေ၏။
တစ်နေ့တွင် ဦးမြင့်က … “ကိုမြစိုးအောင်ရေ- စင်ဗျားဒီကိစ္စ
ကို မယုံတာယုံတာ တစ်ပိုင်းထားဗျာ။
နားလည်တတ်ကျွမ်းတဲ့ ဆရာသမား တစ်ယောက်နဲ့ ဒီမကောင်းဆိုးဝါးကိစ္စ ကို လုပ်ကြည့်ပါလာ။ ကျုပ်မှာ ဆရာ တစ်ဦးတော့ ရှိတယ်၊ ကျုပ်လည်းအခု လို ဆောက်ရဲလုပ်ရဲတာချုပ်ဆရာက ကျုပ်ကို အဆောင်လက်ဖွဲ့လေးတွေ
စီရင်ပေ။ထားလို့ပါ။ ဒါ့အပြင် – ကျုပ် တပည့်တွေဆီမှာ တစ်ယောက်တစ်ခုစီရှိတယ်”
ဟု ပြောလိုက်သော်လည်းကျွန်ုပ် ၏ ဖခင်သည် အင်းမလုပ်အဲမလုပ်ဖြင့် နေခဲ့သည်မှာကျွန်ုပ်တို့ အိမ်တက်နေ့ အထိ ဖြစ်ခဲ့လေ၏။ ကြီးတော်သည် ထိုအိမ်ကြီး၌ နေရမည်ကို လွန်စွာမှ ကြောက်ရွံ့နေသဖြင့် ဆရာပေါင်းစုံမှ အဆောင်များ၊လက်ဖွဲ့များချိက်၏။ပရိတ် ရေများဖြင့်လည်း ဖြန်းလေ၏။
ဘုန်းကြီးသုံးပါးကိုလည်း ပင့်ဖိတ်
၍အိမ်တက်မင်္ဂလာလုပ်လေ၏။ ထိုနေ့
တွင်အန္တရာယ်ကင်းပရိတ်တော်များကို
တော့မယ်ဟေ့၊ ဟား- ဟာ၊-ဟာ၊
ဟု အသံနက်ကြီးဖြင့် အော်ဟစ် ရယ်မောပြီး ပြန်ထွက်သွားလေ၏။
ကျွန်ုပ်၏ဖခင်မှာ ကြောက်လန့်ခြင်းမရှိ
ဘဲ အိမ်ကို ပြီးအောင်ထိ ဆောက်လုပ်
လေ၏။ကျွန်ုပ်၏မိခင်နှင့်ကြီးတော်မှာမူ
ကျွန်ုပ်အတွက် စိုးရိမ်ပူပန်နေကြလေ ၏။ ဖခင်က ထိုအကြောင်းအားကျွန်ုပ် ကိုလုံးဝမပြောပြရန်အတွက် အားလုံးမှာထားလေ၏။
ထိုနေ့ ကျွန်ုပ် ကျောင်းမှ ပြန်လာ သောအခါတွင်ကြီးတော်ကကျွန်ုပ်အား ဆရာတော်ကြီးတစ်ပါး ရွတ်ဖတ်ပေးထားသောပရိတ်ကြိုးကိုလည်ပင်းတွင်
စွပ်ပေးလေ၏။ မည်သည့်အကြောင်း
ကြောင့် စွပ်ပေးသည်ကို မသိသော
ကျွန်ုပ်ကလည်း ကြီးတော်ကို မေးလေ
ရှာကြီးတော်က ကျွန်ုပ် ထိတ်လန့်မည်
စိုး၍အိပ်မက်တွေမကောင်းလို့ပါဟု
လည်းဆရာတော်ကြီးများမှချီးမြှင့်ခဲ့လေ
၏။ အိမ်တက်နေ့တွင် ကြက်သားနှင့်
ဒံပေါက်ကို ကျွေးသော်လည်း ရပ်ကွက်
တွင်းမှ လာရောက်စားသောက်ကြသူ
များမှာအနည်းငယ်သာရှိလေ၏။ မည်
သည့်အတွက်ကြောင့်မလာကြသည်ကို
နောင်တစ်ချိန်မှကျွန်ုပ်လည်းသိခဲ့ရပြန်လေ။
ထိုညတွင် ကြီးတော်သည် တစ်
ယောက်တည်းမအိပ်ရဲသဖြင့်အိမ်အကူ မိမိတင်ကို သူ၏အခန်း၌ ခေါ်သိပ်လေ ၏။ မိခင်သည် ဖခင်၏ အနားကိုသာ တိုးကပ်၍ ဧည့်ခန်းတွင်ထိုင်နေလေ၏။ ဖခင်သည် စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေပြီး၊ ကျွန်ပ်သည်ကား ဧည့် ခန်းတွင် မြန်မာ့ရုပ်မြင်သံကြားမှထုတ်
လွှင့်နေသောမြန်မာဇာတ်ကားတစ်ခုကိုကြည့်နေလေ၏။
ထိုစဉ်အနောက်ဘက် ပေါင်ဖိုးပေါ် လောက်မှ ဒုန်း- ဒိုင်း- ဂွမ်း-ဂလွမ်းဟူ သော အသံကျယ်ကြီးများကို ကြားရလေလျှင်မီခင်က..
“လာပြီ-ကိုမြစိုးအောင်ရေ၊ သရဲ တော့ခြောက်ပြီထင်တယ်”
ဟု ပြောနေစဉ် ကြီးတော်နှင့် ပီပီ
တင်တို့သည် ကြောက်လန့်တကြား ဧည့် ခန်းသို့ ပြေးထွက်လာလေ၏။ ပါးစပ်မှ
လည်းတုန်တုန်ယင်ယင်ဖြင့် ကြီးတော်
“သရဲလား မသိဘူး”
ဟုပြောလိုက်လျှင် ကျွန်ုပ်က.. “ကြီးတော်တို့က ဘာဖြစ်နေကြ တာလဲ။ခေါင်မိုးပေါ်ကြောင်တက်နေမှာပေါ့ – ကြီးတော်ရယ်၊ လာ- ဒီမှာထိုင်၊ ဘာသရဲမှမရှိဘူး။ သရဲဆိုတာ လူတွေ ကြောက်အောင် သက်သက်မဲ့ခြောက် ထားတာ။တကယ်မရှိဘူး”
ဟုအကြောင်းအရင်းကိုဘာမှမသိ
ဘဲ ပြောလိုက်လေ၏။ ထိုစဉ် နှာခေါင်း ထဲသို့ပုပ်အဲ့အဲ့စိမ်းရွှေရွှေအပုပ်အနံ့များ တလှိုင်လှိုင်ထသွားလေ၏။
“နံလိုက်တာ-ကြီးကြီးရွှေရယ်၊
ကြောင်တွေ ငါးပုပ်တွေများ ချီလာလား မသိဘူ။ ကျွန်တော် သွားရှာကြည့်ဦး မယ်“
ဟု ကျွန်ုပ်က ပြောပြီ၊ ထဖို့ပြုစဉ်မိခင်က ..
“ထိုင်နေစမ်။- ဘယ်မှမသွားနဲ့။ ဒီအိမ်မှာမကောင်းဆိုးဝါးရှိတယ်။ ဘယ်မှ မသွားနဲ့”
ဟုပြောလိုက်လျှင် ဖခင်က…
“ခင်-မင်း- ကလေးကိုလန့်အောင် ဘာတွေလျှောက်ပြောနေတာလဲ။ ဘာမှ
မဟုတ်ဘူး- သာ။ ဒါတွေ ဖေဖေလုံးဝ
အယုံအကြည် မရှိဘဲ၊ သား။ ဒါပေမဲ့ –
ဘယ်မှမသွားနဲ့။ ဒီမှာပဲ ထိုင်နေ၊ ဖေဖေ
လျှောက်ရှာကြည့်မယ်။ ကြောင်တွေ
သားပြောသလိုငါးပုပ်တွေပဲဆွဲလာတာဖြစ်မယ်”
ဟုပြောပြီးအိမ်အနံ့ခံအနှံ့ခြောက်
လုံးထိုးလက်နှိပ်ဓာတ်မီးတစ်လက်ဖြင့်
ချောင်ကြိုချောင်ကြားပါမကျန်လိုက်ရှာ
ပါလေတော့၏၊ တစ်အောင့်ကြာလျှင်
ကျွန်ုပ်၏ ဖခင်သည် ကြွပ်ကြွပ်အိတ်
အထုပ်တစ်ထုပ်ဖြင့် ပြန်လာလေ၏။
“ဒီမှာမတွေ့ဘူလာ။ အိမ်ရှေ့မှာ ငါးအလုပ်ထုပ်တွေ ကြောင်တွေ ဆွဲလာ တာပဲ ဖြစ်မယ်၊ ခြံရှေ့က အမှိုက်ပုံထဲ သွားလွှင့်ပစ်လိုက်ဦးမယ်”
ဟု ပြောပြီး ခြံရှေ့သို့ ထွက်လွှင့်ပစ် လေ၏။ တစ်အောင့်ကြာလျှင် ကျွန်ုပ် တို့အားလုံးကိုယ့်အခန်းဆီသို့အသီးသီး ဝင်ကြလေ၏။ မဝင်ခင် ကြီးတော်ကြီး သည် ကျွန်ုပ်၏ အနားသို့ ကပ်လာပြီ။ လျှင် ကျွန်ုပ်၏ လည်ပင်၊၌ ပရိတ်ကြိုးရှိ၊ မရှိကို စမ်းကြည့်လေ၏။ ရှိမှ စိတ်အေး လက်အေ၊ဖြစ်သွားသောပုံစံဖြင့်.. “ဘုရားရှိခို။ အိပ်ဦးနော် – –
ဟု အထပ်ထပ်မှာပြန်ဒလေတော့
နောက်တစ်နေ့နံနက်တွင်ကျွန်ုပ်
သည် ကျောင်းသို့ သွားရလေ၏။ နေ့ လယ် ကျောင်းဆင်းသော်လည်း ကျွန်ုပ် သည် အိမ်သို့ ချက်ချင်းမပြန်သေးဘဲ သူငယ်ချင်းဖြစ်သူ အောင်ဒင်၏ အိမ်သို့
လိုက်လည်လေ၏။ အောင်ဒပ်၏အိမ်သို့ သော်သော်၊ ကျော်ကြီး၊ မိမော်တို့လည်း အတူလိုက်လာသဖြင့် သူငယ်ချင်းများ ပွဲကြနေသောကြောင့်အနည်းငယ်မှောင် မှ အိမ်သို့ပြန်ခဲ့လေ၏။
အိမ်သို့ ရောက်လလျှင် အချိန်မှာ ည (၈) နာရီခန့် ရှိနေပြီဖြစ်၏။ ကျွန်ုပ် သည် ဖခင်အား အောင်ဇင်တို့သိပ်ကိုသွားမည်ဟု မနက်ကတည်းက ပြောပြ
ထားသဖြင့်စိတ်ပူသော်လည်းပိစင်နှင့်
ကြီးတော်မှာမူ ကျွန်ုပ် အိပ်ပါရောက်
သည့်တိုင်စိတ်ပူနေသောကြောင့်ကျွန်ုပ်
“သားအိမ်ကိုပဲ ပြန်ရောက်နေပြီ၊ မေမေနဲ့ကြီးကြီးရွှေက ဘာဖြစ်နေတာ
ဟု ပြောလိုက်ပြီး မီခီ၏အခန်းထဲ သို့ ဝင်လေ၏။ ကျောပိုးလွယ်အိတ်ကို
လည်းစာကြည့်စားပွဲတွင်
လိုက်လေ၏။ထို့နောက်အိုက်စပ်စပ်နှင့် နုံးချိချိဖြစ်
နေသော ကိုယ်ကို လန်းဆန်းသွားရန်
အတွက်ရေချိုးဦးမှဟု တွေ၊မိပြီးအဝတ်
အစားကိုလဲကာတံဘက်တစ်ထည်ကို
ယူရင်၊ရေချိုးခန်းသို့ထွက်ခဲ့လာလေ၏။
ရေချိုးခန်းရှေ့သို့ ရောက်သောအခါ
ရေချိုးခန်းထဲရှိ ရေပန်းခရားမှ ရေကျသံ
များကို ကြားရလေလျှင် ခြေလှမ်းကို
ခဏရပ်လိုက်လေ၏။ ဘယ်သူများ ရေ
ချိုးနေတာပါလိမ့်၊ ဖေဖေရယ်၊၊ ရယ်၊ကြီးကြီးရယ်ကတော့ ဧည့်ခန်းမှာ တွေ့မိတာပဲ။ ဒါဆို – ပီပီကင် ရေချိုးနေ တာပဲ ဖြစ်မယ်ဟုတွေးပြီး တံဘက်ကို
ပခုံးပေါ်တင်၍ အိမ်ရှေ့ခန်းသို့ထွက်လာ
လိုက်ရာမိမိတင်အပါအဝင်အားလုံးကို
တွေ့လိုက်ရသဖြင့်…
“မိမိတင်ငါကနင့်ကိုရေချိုးခန်းထဲ
မှာ အောက်မေ့ပြီး ရေချိုးခန်းမဝင်ဘဲ
ထွက်လာတာ၊ ရေပိုက်ကိုမပိတ်ဘဲဖွင့်
ထားခဲ့တယ်။ သား- ခုနကအခန်းအပြင်
ကနေရေတွဖွင့်နေသံကြားလို့မဝင်ဘဲ
ပြန်လှည့်လာတာ၊ နောက်ဆုံး-ရေ
ဘယ်သူချိုးသေးလဲ”
ဟု ပြောလိုက်လျှင် မိမိတင်က …
“ဟို-ဟို-ကျွန်မပါကိုလေးရယ်၊
ညနေတုန်းကချိုးတာပါ၊ဒါပေမဲ့-ကျွန်မ
သေသေချာချာပိတ်ထားခဲ့ပါတယ်ရှင်”
ဟုအသက၊ အချာပြောလေလျှင်
မိခင်နှင့် ကြီးတော်သည် နတ်ကျသည့် အလာ၊ကိုယ်မှာတဆတ်ဆတ်တုန်နေ
သည်ကို တွေ့ရလေ၏။ လက်ထဲတွင်
လည်းပုတီးကိုယ်စီဖြင့်ရှိနေကြလေ၏။ “ဟာ-နင် ငါ့ကို မလိမ်နဲ့။ လာ –
အခုလိုက်ကြည့်။ ငါ့နားနဲ့ကြားတာပါဟ။
အခန်းထဲမှာရေပွင့်နေတဲ့အသံကြာ၊လို့
ကိုထွက်လာခဲ့တာ။လာလာမယုံရင် နင်
အခုလိုက်ခဲ့”
ဟုပြောပြီးရေချိုးခန်းရှိရာသို့ထွက် လာလျှင်အနောက်မှမိခင်နှင့်ကြီးတော်
ပါ မိမိတင်နှင့်အတူ လိုက်လာလေ၏။ အခန်းရှေ့ရောက်သောအခါ ရေချိုးခန်း
ထဲမှ ရေစက်ကြသံကို လုံးဝမကြားရ
တော့ပေ။ ကျွန်ုပ်လည်းအခန်းတံခါးကို
ဖွင့်ကြည့်ရာ အောက်ခြေကြွေပြားတွင်
ကျနသော ရေစက်များတစ်ဖက်မှုမရှိ သဖြင့် ကြောင်အအဖြစ်ရလေ၏။ ငါပဲ
နားကြားမှားတာ ဖြစ်မယ်ဟုတွေးပြီး ရေချိုးခန်းငထဲဝင်၍ တံခါးကို ပိတ်လိုက်လေ၏။
“သားလေး- မြန်မြန်ပျိုးနော်” ထွက်မသွားသေး
အရှေ့ဘက်သို့
ဘဲ အခန်းရှေ့မှ မိခင်က လှမ်းပြောလေ၏။
“ဟုတ်ကဲ့ပါ”
ဟုကျွန်ပ်ကလှမ်းဖြေရင်း… “မေမေကငါ့ကိုအခုထိကလေးပဲ ထင်နေတုန်းနော်၊ ရေချိုဟာမတောင် လိုက်ပြီ။ပူနေသေးတယ်”
ဟု စိတ်မှတွေးမိရင်း ရေပန်းစရား ကို ဖွင့်လိုက်ရာ အေ၊စက်နေသောရေ များသည် ကျွန်ုပ်၏ ကိုယ် ခန္ဓာကို လာ ရောက်ထိရိုက်လေ၏။ တစ်နေ့လုံး
သူငယ်ချင်းတွေ အပျော်လွန်ပြီ၊ ပင်ပန်၊
ခဲ့သမျှ အခုမှ လန်းဆန်းသွားသလို
လည်း ရှိလေ၏။
“သားရေ- မပြီးသေးဘူးလား” နောက်တစ်ခါ ပြောသူကားကျွန်ုပ် ၏မိခင်မဟုတ်တော့ပါ။ ကြီးကြီးဖြစ်နေလေ၏။ ကျွန်ုပ်လည်း မဖြေပါ။ နောက် ထပ်နှစ်မိနစ်မကြာမီမီတင်ကလည်း .. “ကိုလေးမပြီးသေးဘူးလား”
ဟု ပြောလာလျှင် ဘာဖြစ်နေကြ တာလဲမသိဘူ၊ဒီလူတွေ။မနေ့ကကာ ဒီနေ့ကာတစ်မျိုးကြီးဖြစ်နေကြတယ်ဟု တွေးမိရင် …
“ဘာဖြစ်နေကြတာလဲဗျာဒီမှာ
ရေချိုးနေတာကိုအပေါက်ဝမှာအဲသလို
မနေကြနဲ့လေ၊ ဘာမှန်းလည်းမသိဘူး။
ကိုယ့်နေရာကို သွားကြပါလား။မသွား
ရင် အအေးပတ်ရင် ပတ်ပါစေ ထွက်
မလာဘူးနော်”
ဟုခြိမ်းခြောက်ပြောလိုက်မှအေးပါ
အေးပါဟုဆိုပြီး ထွက်သွားကြသည်နှင့်
တူ၏။အသံတစ်သံမှမကြားရတော့ပေ။
ကျွန်ုပ်လည်းရေမိုးချိုးပြီး အဝတ်အစာ၊
လဲခဲ့ကာ အိမ်ရှေ့ထွက်လာသည်နှင့်
ကြီးကြီးက…
“ထမင်းပွဲပြင်ရမလား” ဟု မေးရာကျွန်ုပ်ကလည်း အောင် ဇင်တို့အိမ်တွင် ထမင်းစားခဲ့ပြီးပြီမို့ ထမင်းမစားချင်တော့ကြောင်း ပြော
လိုက်ရာကြီးကြီးသည် ပန်းသီးကိုခွဲပေး
လေ၏။ တစ်ချိန်လုံး မည်သည့် စကာ၊
တစ်ခွန်းကိုမှမပြောဘဲစာရင်းဇယားများ
ဖြင့် အလုပ်ရှုပ်နေသော ဖခင်ဘက်ကို လည်း မိမိတင်ကကြီးကြီး ခွဲပေးသည့် ပန်းသီးစိတ်တစ်ပန်းကန်ကို ချပေးလိုက်လေ၏။
မိခင်၊ကြီးကြီးရွှေနှင့် မိမိတင်တို့က ကျွန်ုပ်၏ ပန်းကန်တွင်းမှ နှိုက်စားလေ
၏။ကျွန်ုပ်လည်းဗီဒီယိုခွေများထားသော
စင်များထက်မှ ရွှေတစ်ခွေကို အောက် စက်တွင်ထည့်လိုက်ပြီး..
“သရဲကားကြည့်မလာ။ မနေ့ကမှ
အသစ်ထွက်ထာ
ထိုသို့ပြောလိုက်လျှင် မေမေက
ပျာပျာသလဲ အမူအရာဖြင့်..
“အမယ်လေး-အမယ်လေး-
မကြည့်ဘူး-မကြည့်ဘူး။လုံးဝ မထည့်
နဲ့နော်-မကြည့်ဘူး”
ဟုအကြောက်အကန် ငြင်းလိုက်လျှင်ကျွန်ုပ်က ..
“မေမေကလည်း ဘာဖြစ်နေတာ
လဲ။ဟို၊အရင်ကလည်းကြည့်နေတာကို။
အခုမှဘယ်လိုဖြစ်ပြီးကြောက်နေရတာ
တုန်း။ သားကတော့မရဘူးထည့်မှာပဲ”
ဟုပြန်၍ပြောပြီးအခွေကိုထည့်ဖို့
လုပ်ကိုင်နေစဉ်ကြီးကြီးရွှေကထိုင်ဒနေရာ မှထလာပြီးအခွေကိုလုလေ၏။ကျွန်ုပ်
ကလည်း ပြန်လှလေ၏။
“ကြီးကြီးရွှေ ဘာဖြစ်တာလဲဗျာ။
ဒါလေးကြည့်တာကို – ဘာဖြစ်တာမှတ်
လို့။အရင်တုန်းကလည်းဟံသာဝတီမှာ
နေတုန်းကလည်း ဒီလိုပဲကြီးကြီးရွှေတို့
သားနဲ့အတူတူကြည့်တာပဲလေ၊ဘာလဲ
ဒီရောက်မှမကြည့်ရဘူးဆိုတာဒီအိမ်မှာ
သရဲရှိနေလို့လာ၊ – ပြော၊ ရှိနေလည်း
ဘာမှမပူနဲ့သားမှာသရဲနိုင်တဲ့နည်းတွေ ကို ဗီဒီယိုထဲကနေ ကြည့်ထားတယ်။ ကစ်ပစ်လိုက်မယ်”
“နွမ်း – ဂလွမ်း – ဂလွမ်း” ထိုစဉ်အိမ်နောက်ဖေးခန်းမှ ပန်း ကန်ကွဲသံများ၊ အိုးခွက်လွတ်ကြသံများ ကိုကြားရလေ၏။ထိုအသံများကိုကြား
ရသည်နှင့် တစ်ပြိုင် မိခင်၊ ကြီးကြီးနှင့်
မိမိတင်တို့ထံမှ အာမေဍိတ်ကသံများ
ကိုယ်စီထွက်လာကြလေ၏။ စာရင်းလုပ်
နေသော ဖခင်သည်ပင်အိမ်နောက်ဖေ၊
သို့ ခေါင်းကိုလည်၍ လှမ်းကြည့် လေ၏။
ကျွန်ုပ်လည်း ဘာဖြစ်တာပါလိမ့်။
ဘာတွေများ ကျကွဲတာပါလိမ့်ဆိုသော သိချင်ဇောဖြင့် ထ၍ နောက်ဖေးခန်းသို့
ဝင်မည်အပြု ဖခင်က ..မယ်”
“ထိုင်နေစမ်း- ဖေဖေ သွားကြည့်
ဟုပြောပြီးနောက်ဖေးသို့ဝင်သွား လေ၏။ ကျွန်ုပ်လည်း ထနေရာမှ ပြန်၍
ထိုင်လိုက်လေ၏။ မိခင်၊ကြီးကြီးနှင့် မိမိ
တင်တို့ သည် တုန်တုန်ယင်ယင်ဖြင့်
ကြည့်ရသည်မှာ အချိန်ကျ၍မှ အရက်
မသောက်ရသောအရက်သမားများနှင့်
တူနေသောကြောင့် ဘာမှန်းလည်း သိ
တာမဟုတ်ဘဲနဲ့ အတော့်ကို ဒီရောက်မှ ကြောက်တတ်တာပဲနော်ဟု စိတ်ထဲ တွေးပြီးပြုံးမိနေစဉ်
“အား”
နောက်ဖေးမှ ဖခင်၏ စူးစူ၊ဝါးဝါး အော်လိုက်သံကို ကြားလိုက်သော ကြောင့် နောက်ဖေးခန်းသို့ စိုးရိမ်စိတ် ဖြင့် ကျွန်ုပ်သည် ထပြီးပြေးဝင်လေရာ
သွေးအိုင်ထဲတွင်ကားရားကြီး သတိလစ်
လဲနေသောဖခင်ကိုတွေ့ရလေ၏။ ဖခင်
လဲနေသောနေရာတွင် ဟင်းအိုးထမင်း
အိုးများမှာ မှောက်ပြီး သမံတလင်းပေါ်
တွင် ဖိတ်စဉ်နေလေ၏။ကျွန်ုပ်သည် ဖခင်ကို ပွေ့ချီလိုက်ပြီ။ ..
“မေမေ-ကြီးကြီးတို့ လာကြပါပြီ။
ဗျာ၊ ဒီမှာ ဖေဖေ ဘာဖြစ်နေတာလဲမသိ ဘူး။လုပ်ကြပါဦး”
ဟု အဆက်မပြတ် အော်ခေါ်လိုက် ရာအမောတကော စိုးရိမ်ကြီးစွာဖြင့် အားလုံး ပြေးဝင်လာကြလေ၏။ “အမယ်လေး – ငါ့မောင်လေ၊ သ ပြီလားမသိဘူး။ လုပ်ကြပါဦး- ဒါ သရဲ
ကိုက်သွားတာလား မသိဘူ။ ငါအတန် တန် ပြောပါတယ်။ ဒီအိမ်မှာနေမယ်ဆို ကတည်းက မနေချင်ဘူးဆိုတာကိုသူက သရဲမယုံဘူးတဲ့လေ။ အခုတော့ ကိုယ်ကျိုးနည်းပပြီလုပ်ကြပါဦး”
“အမယ်လေး-ကိုတင်-အသက်
ကာရှိသေးရဲ့လားမသိဘူး။လုပ်ပါဦး-
လုပ်ပါဦး။ သား – သား – ။ – နှင့်အဖေကို ကြည့်ပါဦးအသက်ရှိသေးရဲ့လား၊ကြည့်ပါဦး”
ဟု အားလုံးငိုယို နေကြလေ၏။ ကျွန်ုပ်လည်း ဖခင်ကို အဆက်မပြတ်
သတိရအောင်လှုပ်နိုးလေ၏။ သို့သော်
ဖခင်သည် လုံးဝကို သတိမရဘဲ ရှိနေ
လေ၏။ ဖခင်၏ ရင်ဘတ်တွင် ကြောင်
ခြစ်ရာကဲ့သို့ ကုတ်ရာများကိုတွေ့ပြီး
အင်္ကျီများမှာ ပေါက်ပြဲပြီး သွေးချင်းချင်း
နီနေလေ၏။ ကျွန်ုပ်လည်း သွေးထွက်
လွန်မည်ကို စိုးရိမ်၍ ဖခင်အားချက်ချင်း
ပင်ထမ်းပိုးကာလမ်းထိပ်အိမ်မှလေးဘီး
ကားမောင်းသည့် ဦးခင်ရီ၏ အကူအညီ ဖြင့်အင်းစိန်ဆေးရုံသို့ပို့ရလေတော့၏။
ကျွန်ုပ်တို့ မိသားစုအားလုံးဆေးရုံ သို့ ရောက်လျှင် တစ်ယောက်မှလည်း အိမ်မပြန်ရဲအောင် ဖြစ်နေလေ၏။ တာဝန်ကျသော စခန်းများမှ ရဲအရာရှိ များကလည်းအိမ်သို့ဝင်ရောက်စစ်ဆေး နေလေ၏။ ထမင်းဟင်းအိုးမှာ မှောက်သည်မှလွဲ၍ မည်သည့်ထူးခြားမှုကိုမျှ
မတွေ့ရကြောင်းဆိုလေ၏။အကြောင်းစုံ
သိနိုင်ရန် ဖခင် သတိရလာသောအခါ
တွင် မေးမြန်၊ရမည်ဖြစ်သဖြင့် ဖခင်
သတိလည်အလာကို စောင့်ရမည်ဖြစ်
ကြောင်းပြောပြီးပြန်သွားလ၏။ ဖခင် သည်သုံးရက်တိတိကြာသောအခါတွင်
မှ သတိလည်လာလေ၏။ သတိရလျှင်ရခြင်းကျွန်ုပ်တို့၏အိမ်
အား ပြီးအောင်ဆောက်ပေးခဲ့ သည် လက်သမားဆရာကြီးကို အထပ်ထပ် ခေါ်ခိုင်းသဖြင့်ကျွန်ုပ်လည်းဆေးရုံသို့ ရအောင်ခေါ်ခဲ့ရလေ၏။
“ကိုမြင့်ရေ-ကျွန်ုပ်ကို ခင်ဗျားရဲ့ ဆရာကို ရအောင် ပင့်ပေးစမ်းပါဗျား ဒီသရဲ တော်တော်ဒုက္ခပေးတယ်ဗျာ” ဟု ပြောလိုက်ရာ ဦးမြင့်က …. “ဘယ်လိုဖြစ်တာတုံ၊-ကိုတင့်ရဲ့၊ ဘယ်လိုကြောင့် ဆေးရုံရောက်တာတုံး”
ဟု မေးလေ၏။ ဖခင်က … “တစ်ည ကျုပ်တို့မိသားစုတွေအိမ် ရှေ့မှာအားလုံးရှိနေတုန်းနောက်ဖေးက တစ်ခုခုလွတ်ကျသံတွေကြားလို့ သူတို့
ကို ထားခဲ့ပြီး ကျွန်တော် တစ်ယောက် တည်းနောက်ဖေးကို သွားအကြည့်မှာ ပေါ့… ကိုမြင့်ရယ်”
ဟု စကားကို စလိုက်ပြီ၊ နောက် ကြောင်းကိုပြန်လေ၏။
အားလုံးလန့်မည်စိုးသောကြောင့် ကျွန်ုပ်လည်းတစ်ယောက်တည်းနောက် ဖေးခင်းထဲသို့ ဝင်လိုက်သည်ဆိုရုံဖြင့်ထူးဆန်းသော အဖြစ်အပျက်များကို
တွေ့ရလေ၏။ကျွန်ုပ်တစ်သက်တစ်ခါမှ
မမြင်ဘူးသောလွန်စွာမှကြီးမားသည့်
ခွေးနက်ကြီးသုံးကောင်ကို တွေ့ရလ
၏။ ထိုခွေးနက်ကြီးသုံးကောင်၏ ပါးစပ်
တွင်လက်ခလယ်လောက်ရှိမည့်အစွယ်
ဖားဖားကြီးနှစ်ချောင်းကိုလည်း ကိုယ်စီ
ကိုယ်စီ တွေ့ရသည့်အပြင် သွားရေများ
မှာလည်း တဖွားဖွားကျနေ၏။
ကြည့်ရသည်မှာ အလွန်တရာမှ
ကြောက်မက်ဖွယ် ကောင်းလေ၏။ ထို
ခွေးသုံးကောင်မှာ ဖိတ်စဉ်လွင့်ကျန
သောအမဲသားဟင်းအိုးမှဟင်းများအား
လုယက်စားနေကြလေ၏။ကျွန်ုပ်လည်း
ထင်မှတ်မထားသော မြင်ကွင်းကို တွေ့
လိုက်ရသဖြင့် အနည်းငယ် ထိတ်လန့်မှု
ဖြစ်သွားလေ၏။ကျွန်ုပ်ဝင်လာသည်ကို
မြင်သည်နှင့်ရှေ့ဆုံးမှခွေးနက်ကြီးသည်
ကျွန်ုပ်အား ပြီး၏အရောင်ကဲ့သို့နီရဲသော
မျက်လုံးနီကြီးနှစ်ခုဖြင့်စိမ်းစိမ်းကြီးစိုက်
ကြည့်ပြီးရင်ဘတ်အား နန်ဝင်၍ကုတ်ဖဲ့လေ၏။
ထို့နောက် ကျန်ရစ်နေသော ရွေး နက်ကြီးနှစ်ကောင်ကလည်း ထပ်မံ၍
ဝင်လာပြီ၊ ကုတ်ဖဲ့ပြန်လေတော့၏။
ကျွန်ုပ်လည်း လုံးဝပြန်လည်ခုခံနိုင်ခြင်း
မရှိဘဲ သတိလစ်မေ့မြောသွားလေ၏။
သတိရသောအခါတွင် ကျွန်ု ပ် သည်
မှောင်မည်းနေသောကွင်းပြင်ကြီးထဲကို
ရောက်နေလေ၏။ ကျွန်ုပ်သည် မိမိအိမ်
တွင်ခွေ၊နက်ကြီးသုံးကောင်၏ ရန်မူခြင်း
ကိုခံနေရာမှမည်သည့်အတွက်ကြောင့်
ဒီကွင်းပြင်ထဲကိုရောက်နေရတာပါလိမ့်
ဟု တွေးရင်း ကုန်းထလေ၏။ ရင်ဘတ်
တစ်ခုလုံးလည်း ပြင်းပျစွာ နာကျင်နေလေ၏။
သွေးများမှာလည်း ရင်ဘတ်တွင် ရွှဲနေလေ၏။ကျွန်ုပ်သည်ယိုင်တိယိုင်တိ
ဖြင့် အားယူလှမ်းလျှောက်ခဲ့ရာအနည်း
ငယ်လျှောက်မိသည်နှင့်မှိုင်ပျပျမီးလ၊
လင်းနေသောတဲအိမ်လေးကိုတွေ့လိုက်
ရသဖြင့် ထိုအိမ်လေးဆီသို့ နုံးချိနေ သော ခြေလှမ်းများဖြင့် တစ်လုပ်၊ချင်း ရအောင်အားယူပြီးလှမ်းခဲ့လေ၏။ အိမ်သည် တံခါးများမရှိသဖြင့် အထဲသို့ ခွင့်
မတောင်းဘဲ ဝင်လိုက်ပြီး ကွပ်ပျစ်သာ
သာရှိသော ဝါးကြမ်းခင်းပေါ်တွင် ပစ်လှဲ
ချလိုက်လေ၏။ ကြမ်းပြင်တွင် လူလှဲချ လိုက်သောအသံကြောင့်ထင်၏။အထဲ
မှ ခပ်ငယ်ငယ် အမျိုးသမီးတစ်ဦး ထွက်
လာလေ၏။ထိုအမျိုးသမီးသည်အထိတ်
တလန့်ဖြင့် ကျွန်ုပ်အား ကြောင်တောင်
တောင်ကြည့်နေပြီးသတိဝင်သောအခါတွင်မှ …
“ဘယ်လိုဖြစ်လာတာလဲ- ဘယ် လို ဖြစ်လာတာလဲရှင်၊ တစ်ကိုယ်လုံ၊ လည်း သွေ၊တွေနဲ့ပါလာ။” ဟုမေးသော်လည်းပြန်မဖြေနိုင်ဘဲ မေ့မြောသွားလေ၏။ သတိရသောအခါ
ကျွန်ုပ်၏အနားတွင်အမျိုးသမီးငယ်နှင့်
အတူနောက်ထပ်အမျိုးသားကြီးတစ်ဦး
ကိုလည်း တွေ့ရလေ၏။ ထိုအမျိုးသား
ကြီးသည် ကျွန်ုပ်၏ရင်ဘတ်အား ဆေ၊
များထည့်ပေးနေလေ၏။ အမျိုးသမီး
သည် ဆီမီးခွက်လေးတစ်ခုကို ကိုင်၍
ဆေးထည့်ပေးနေသော လူကို အကူ
အညီ ပေးနေရှာလေ၏။
“ဘာမှမပူနဲ့ – ခင်ဗျား သက်သာ
သွားအောင် ကျွန်တော် လုပ်ပေးထာ၊ တယ်။ ဒါပေမဲ့- ခင်ဗျားကိုမကောင်းဆိုး
ဝါးကိုက်ထားတာဆိုတော့လုံးဝပျောက်
သွားအောင်တော့ကျုပ်လုပ်ပေးလို့မရ
ဘူး။ ခင်ဗျာ၊ မကောင်းဆိုးဝါးကို နှိမ်နင်း
နိုင်တဲ့ ဆရာနဲ့ ကုရလိမ့်မယ်။ တစ်လ
အတွင်းမြန်မြန်ကုပါ။ မကုရင် ခင်ဗျား
သေလိမ့်မယ်၊ နောက်ပြီး နောက်တစ်
ကြိမ်မကောင်းဆိုးဝါးနဲ့ထပ်မတွေ့စေနဲ့။
ဒီတစ်ခါထပ်ဖြစ်ရင် ခင်ဗျားကို အသေ
ကိုက်ပစ်လိမ့်မယ်”
ဟု အသံခပ်ဝဲဝဲနှင့် ပြောလေ၏။ ထို့နောက် အမျိုးသမီးငယ်ဘက်သို့လှည့်၍ …
“ကဲ-ညီမရေ၊ ဒီလူကို ဆေးလေး
တိုက်ဖို့ ရေနွေးလေးတစ်ခွက်လောက်
ခပ်နွေးနွေး ပေးစမ်းပါဦး” ဟုလှမ်းပြောလိုက်ရာအမျိုးသမီး
ငယ်သည် မီးအိမ်ကိုရ၍ ရေနွေးခရား အတွင်းမှ ရေနွေးတစ်ခွက်ကိုထည့်ပြီး
ကျွန်ုပ်အား ပေ၊လေ၏။ ကျွန်ုပ်လည်း
၎င်းထည့်ပေးသည့် ရေနွေ၊နှင့် အမျိုး
သားကြီး ပေးသောဆေးကို သောက်
လိုက်ပြီးသည့်အချိန်တွင် မျက်လုံးများ
မှာလေးလံထိုင်းမှိုင်းလာလေ၏။မကြာမီ
လူလည်း ကောင်းကင်ယံသို့ ပျံတက်
သလိုလိုဖြစ်လာပြီး အိပ်ပျော်သွားလေတော့၏။
“အဖြစ်အပျက်ကတော့ အဲ့တာပဲ သတိရလို့ကြည့်လိုက်
ကိုမြင့်ရေ၊ကျုပ်
တော့ ဆေးရုံရောက်နေတာပဲ”
ဟု အဖြစ်အပျက်ကို ဖခင်မှ အဆုံး သတ် ပြောဆိုလိုက်လျှင် ကျွန်ုပ်သည် ထူးဆန်းသောအဖြစ်အပျက်ကိုကြားရ ပြီး မယုံကြည်နိုင်အောင် ဖြစ်နေရလေ ၏။မကြာခဏမကောင်းဆိုးဝါး ဝိညာဉ် ကားများ၊ သရဲကားများကို ကြည့်နေ
သောကျွန်ုပ်သည် ကြာလာသောအခါ
တွင် ထိုအရာများသည် အပြင်တွင်မရှိ
လောက်ပါဘူး။ အပျော်အပျက် အပျင်း
ပြေဇာတ်လမ်းတွေပါ။ ပုံပြင်တွေပါဟု
ထင်မှတ်မှားခဲ့မိလေ၏။
သို့သော်- ဖင်ကောကျွနိပ်ပါယခု မှ ထူးဆန်းပြီး လူတိုင်း မယုံကြည်နိုင် လောက်သည့် အဖြစ်အပျက်ကြီးကို လက်တွေ့ သိလိုက်ကြုံလိုက်ရလေ၏။
ထို့နောက်ကျွန်ုပ်၏ဖခင်သည် ဆေးရုမှ
မဆင်းခင် သုံးရက်အလိုတွင် ဦးမြင့်၏
ဆရာဆိုသူအားဦးမြင့်၏အကူအညီဖြင့်
ပင် ပင့်၍ အိမ်ကိုအပ်ပြီ။ သရဲများအား
နှင်ထုတ်တိုက်ခိုက်ခိုင်းလိုက်လေတော့၏။
အားလုံးရှင်းလင်းပြီးသည့် နောက် တစ်နေ့တွင် ဦးမြင့်သည် ဆေးရုံ သို့
ရောက်လာပြီးနောက်..
“ခင်ဗျာ၊ အိမ်က သရဲတွေ ကျုပ် ဆရာနဲ့တွေ့မှပဲအရှုံးပေ။တော့တယ်။
ဒါတောင် သူတို့က ခွေ၊သရဲတွေယောင်
ဆောင်ပြီးပြန်တိုက်ခိုက်ဖို့လုပ်တာဗျာ။
ကျပ်မျက်မြင်ပဲ။ကျပ်ဆရာခင်ဗျားအိမ်
က ဒီသုံ၊ကောင်စလုံးကို တော်တော်
လေးဆော်ထည့်လိုက်တာ အရှုံးပေးရ တဲ့အဆင့်ကို ရောက်တော့တာပဲ။ ဘာမှ မပူနဲ့တော့ ခင်ဗျာ၊အိမ်က အခုဆို အားလှံ၊ အေးချမ်၊သွားပြီ၊ အဲဒီသရဲသုံး
ကောင်လုံးလည်း မရှိတော့ဘူး။ သက်
ဆိုင်ရာအာင့်အရှောက်နတ်ကြီးတွေ
ဆီကို အပ်လိုက်ပြီးအဆင်ပြေသွားပါ
ဟုပြောလိုက်သော အံ့သြဘနန်း
ဖြစ်ရသည့်စကားများကိုကြားရလေ၏။
ထိုသို့ကြားရလျှင်ကျွန်ုပ်သည် မကောင်း
ဆိုးဝါးသရဲများကိုပင် နိုင်အောင် တိုက်
စိုက်နိုင်သောထိုဆရာကြီးကို တွေ့ချင်
မြင်ချင်ဖြစ်နေပြီ၊ တွေ့လျှင် မည်သို့
မည်ပုံ မည်သည့်အစွမ်းဖြင့် နိုင်အောင်
တိုက်ခိုက်လိုက်သည်ကိုမေးပြီ။ ထို
မကောင်းဆိုးဝါးများအား နိုင်သည်
အတတ်ပညာများကိုလည်း သင်ဦးမှပဲ ဟုတွေးမိလိုက်ပါလတော့သတည်း။
(စာကြွင်း။ … ကျွန်ုပ်တို့၏ အိမ်
အား မကောင်းဆိုးဝါးမိစ္ဆာများအား နှိမ် နင်းပေးသည့် ကိုမြင့်၏ ဆရာမှာ နောင် တစ်ချိန် ကျွန်ုပ်၏ ဆရာဖြစ်မည့် ဆရာရာဂျူးပင်ဖြစ်လေဖတာ့၏။ ဆရာရာဂျူ၊
၏ပြောပြချက်အရ ဖခင်အား ကူညီမပေ၊
လိုက်သည့်မောင်နမနှစ်ဦးမှာကျွန်ုပ်တို့
၏ဒေသကိုစောင့်ရှောက်နေသောဖသ
မောင်နှမဆိုသည့် နတ်မောင်နှမ နှစ်ပါ၊
ပင် ဖြစ်နေသည်ဟု သိရပါလေတော့
၏။
သတ္တဝါဟူသမျှ မောဟတင်းကြပ်စေ
သောင်းတင့်စိုး (လှိုင်သာယာ)
Zawgyi Version
————————————-