” အလောင်းနှစ်ထပ်သင်္ချိုင်း “(စ-ဆုံး)

Unicode Version

” အလောင်းနှစ်ထပ်သင်္ချိုင်း “(စ-ဆုံး)
——————————————
မောင်မှိုင်းညို့(ချောင်းဦး)

မန္တလေးမြို့ ကြီးရဲ့ ဆင်ခြေဖုံးမြို့သစ်ရပ်ကွက်လေးမှာ ဖြစ်ပါတယ်။
မြို့သစ်တို့ရဲ့ ထုံးစံအတိုင်း မြို့ ပြင်ဘက်၊ လယ်ကွင်းယာကွင်းတွေကို မြို့ကွက်ရိုက်တည်ထားတဲ့ မြို့အသစ်တစ်ခု ပါ။

သစ်ပင်မရှိ၊ အရိပ်အာဝါသမရှိတဲ့ လွင်တီးခေါင်ပြင်ကြီး ထဲမှာ မြို့ကိုတည်ထားတယ်။ နွေကာလဆိုရင် မခံမရပ်နိုင်အောင် ပူပြင်းလွန်းကတယ်။
မိုးတွင်းကာလ ကျပြန်တော့လည်း ဒူးဆစ်မြုပ် ရွံ့ ဖွတ် လမ်းတွေ ဖြစ်သွားတယ် . . .၊တည်ဆောက်ဆဲကာလ၊ မဖွံ့ ဖြိုးသေးတဲ့ မြို့သစ်နော
တွေမှာက လိုအပ်ချက်တွေ ပြည့်နေတဲ့ တွင်းကြီးတစ်တွင်းထဲ ကျနေသူတွေရဲ့ ဘဝမျိုးပါ။

ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာရေး၊ ညာရေး၊ လူတစ်ယောက်အတွက် လိုအပ်တဲ့ အရေးကိစ္စတွေမှန်သမျှ ချို့ တဲ့နေတတ်ကြပါတယ် . . . ၊ဒီလို နေသားတကျမဖြစ်သေးတဲ့ မြို့သစ်ကိုမှ ကံဆိုးမ
သွားရာ မိုးလိုက်လို့ရွာဆိုတဲ့အတိုင်းမိုးက အငြိုးကြီးကြီးနဲ့ ရွာချနေတယ် . . .၊

ဘယ်တုန်းကမှ မရွာဘူးတဲ့ အရှိန်အဟုန်နဲ့ကို သည်း သည်းထန်ထန်ရွာသွန်းနေတယ်. . . ။ဒေါသကြီးနေတဲ့မိုးကို မုန်တိုင်းက ဝိုင်းကူပြန်တယ်… တဝုန်းဝုန်းတဒိုင်းဒိုင်း မိုးကြိုးပစ်သံတွေ၊တရွှီးရွှီး၊ တဝေါဝေါ် လေမုန်တိုင်းတိုက်ခတ်သံတွေက ကမ္ဘာပျက်နေတဲ့အလား ဆူညံပွက်လောရိုက်နေတယ်၊ ကြမ္မာငင်တယ်လို့ပဲ ပြောရမယ်ထင်ပါရဲ့၊

ဒီလို မိုးကြိုးမုန်တိုင်း ကြောက်စရာလန့်စရာ ထစ်ချုန်း မြည်ဟိန်းနေတဲ့၊သွန်းနေတဲ့ ညမှာမှမြို့သစ်ရဲ့ ဆင်းရဲသားရပ်ကွက်က မအုန်းမြင့် ဆိုသူ မိန်းမတစ်ယောက် ဗိုက်နာလာတယ်။သားဦးကိုယ်ဝန် ဖြစ်နေတာ တစ်ကြောင်း၊ပအုန်းမြင့် ကိုယ်တိုင်ကလည်း အသည်းငယ်တာ၊ ပျော့
တာကြောင့်တစ်ကြောင်း မီးမဖွားနိုင်ဘူးဖြစ်နေတယ် . . . ၊ မအုန်းမြင့် အလူးအလဲခံစားနေရတယ် . . . ၊

အမေလေး အဘလေးတပြီး အော်ဟစ်ညည်းညူနေ ရတယ် . . . ၊
မအုန်းမြင့် ယောက်ျားကိုရွှေလည်း ဘာလုပ်လို့၊ ဘာ ကိုင်ရမှန်းမသိ၊ အယောင်ယောင်အမှားမှားတွေ ဖြစ်နေတယ်။ သူ့မိန်းမ အော်လိုက်တိုင်း၊ သူက ထိုင်ရမလို၊ ထရမလို ဖြစ်နေတယ် . . . ၊

မြို့သစ်၊ ဆေးရုံကို ပို့မှဖြစ်မယ် နေ့ခင်း၊ မအုန်းမြင့် ဗိုက်စနာကတည်းက ရောက်နေ တဲ့ အရပ်လက်သည်အမေမွှေး။ သူမနိုင်တော့ဘူးဆိုတာ သဘော ပေါက်လိုက်တယ် . . . ၊

မိုးကြီးလေကြီး ဝုန်းဒိုင်းကြဲနေတဲ့အချိန်ပေမယ့် သူ့အလုပ်ကုန်အောင်၊ တာဝန်ကျေအောင် ဆေးရုံပို့ဖို့ပြေားတော့တယ် . . . ။
ဆေးရုံဆိုတာနဲ့ ကိုရွှေခေါင်းထဲ အရင်ဆုံးရောက်လာ တာက ဆေးရုံစရိတ်အတွက် ငွေကြေး၊သူ့လက်ထဲမှာ ရှိတဲ့ငွေက အပေါ်ဘို လက်သည်
ခပေးဖို့ စုထားတဲ့ မဖြစ်စလောက်ငွေလေးမျှသာဖြစ်တယ်။ ကိုရွှေ “ ဟင်းခနဲ ” အသံထွက်အောင် သက်ပြင်းလေး ကြီးတစ်ချက်ကို ချလိုက်တယ် . . . ၊
‘မိအုန်း ဆေးရုံရောက်ဖို့က အရေးကြီးတယ် . . . ကျန်တာကတော့ နောင်ခါလာနောင်ခါဈေးပဲ . . . ”

အတွေးတွေနဲ့ ရင်လေးနေတုန်းမှာပဲ မအုန်းမြင့်ရဲ့ အော်သံတစ်ချက် ဆိုးဆိုးဝါးဝါးထွက်လာပြန်တယ်။ သူဘာမှ စဉ်းစားမနေတော့ဘူး၊
အိမ်ပေါ်ကနေ အပြန်ခုန်ချတယ်၊ ပြီးတော့ လျှပ်စီးတ ဆင်း၊ မိုးကြိုးတွေ တဒိုင်းဒိုင်းပစ်နေတဲ့ မိုးမုန်တိုင်းထဲကို ပြေးထွက်သွားတယ်။

တကယ်တော့ အဲဒီ က သေမင်းရဲ့ ပရဏစက္ကန့် ရောက်တဲ့အချိန်ပါပရဏမင်းက သူ့ရဲ့ဇာတ်လမ်းဇာတ်ကွက်တွေကိုအရက်စက်ဆုံးစီရင်ရေးဆွဲထားတယ် . . . ။

မိုးကြိုးမုန်တိုင်းတွေ ပြင်းပြင်းထန်ထန်တိုက်ခတ်ဗြောင်း ဆန်နေတဲ့ညမှာ မအုန်းမြင့်ကို ဗိုက်နာစေတယ်၊လွယ်လွယ်ကူကူ မွေးဖွားလို့မရအောင် ဆေးရုံပို့ရ အောင် ဖန်တီးတယ် ။ပြီးတာနဲ့ မအုန်းမြင့်ရဲ့ ယောက်ျားကိုရွှေကို အိမ်အပြင် ထွက်အောင် သွေးဆောင်လိုက်တယ်။

မအုန်းမြင့်ကို ဆေးရုံပို့ရာမှာ ကူညီကြဖို့၊ ထမ်းယူဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့ . . . ၊

ကိုရွှေမိုးမုန်တိုင်းထဲ ပြေးဝင်သွားတယ်။
ရွာလယ်က ညောင်ပင်အိုကြီးအနီးရောက်လာတယ်။ သေမင်းရဲ့ ပရဏစက္ကန့်ကလည်း ချောက်ချားစရာ ကောင်းတဲ့အေးစက်မှုတွေနဲ့ တထစ်ထစ်ရွှေ့လျားနေတယ် …

ကိုရွှေ ညောင်ပင်အောက်အရောက်မှာ နာရီလက်တံ က မရဏစက္ကန့်ကို တိတိကျကျ ရောက်ရှိသွားတယ်။
ညောင်ပင်အိုကြီးဟာ ကြောက်မက်ဖွယ်မြည်ဟိန်းသံသည် ကြီးနဲ့ အတူ ကိုရွှေရဲ့ အပေါ်ကို ပြိုလဲပိကျသွားခဲ့တယ် . . . ““ အားခနဲ ” ထိတ်လန့်တကြားအော်လိုက်တဲ့ ကိုရွှေရဲ့ အသံနက်ကြီးက ဆူညံပွက်နေတဲ့ မုန်တိုင်းသံတွေနဲ့ ရော ထွေးသွားတယ်။

ကိုရွှေ ချက်ချင်းမသေသေးဘူး၊ အကြောဆွဲသလို ခြေတွေလက်တွေ တဆတ်ဆတ် လှုပ်ရှားနေသေးတယ် . . .၊မိနစ်အနည်းငယ်ကြာမှ သူ့ဝိညာဉ်ဟာ သူ့ရဲ့ခန္ဓာကိုယ် ကနေ အပြီးတိုင် ထွက်ခွါသွားပါတယ်။

“ ကံကြမ္မာဆိုးဟာ ဘယ်တော့မှ တစ်ယောက်တည်း မလာဘူး ” ဆိုတဲ့ စကားအတိုင်းပါပဲ။
ကိုရွှေ ညောင်ပင်အိုပ်ပြီး အသေဆိုးနဲ့ ကြုံသွားတဲ့ မရှေး မနှောင်းမှာပဲ
သူ့မိန်းမ မအုန်းမြင့်လည်း မီးမဖွားနိုင်တဲ့ဝေဒနာကို အသည်းအသန်အော်ဟစ်ရင်း သူ့ယောက်ျားကိုရွှေ ထွက်ခွါရာ သေမင်းနိုင်ငံကို ကောက်ကောက်ပါအောင် လိုက်သွားပါတော့ တယ် ။ကိုရွှေတို့ လင်မယားနှစ်ယောက်ရဲ့ အလောင်းတွေ ခြံအပြင်ဘက်မှာထားတယ်။

လေးတိုင်စင်နှစ်ခုလုပ်ပြီး အလောင်းထည့်ထား အခေါင်းတွေ တင်ထားတယ်။မုန်တိုင်းစဲသွားပေမယ့် မိုးအဆက်မပြတ်ရွာနေတုန်း အခေါင်းတွေအပေါ်မှာ ဖျာကြမ်းတစ်ချပ်စီအုပ်ပေးထားတာ သူတို့သေတဲ့ညက သည်းသည်းထန်ထန်ရွာသွန်းခဲ့ မိုးမုန်းတိုင်းကြောင့်ရော၊ နောက်ရက်တွေပါ အငြိုးမပြေဘဲ ဆက်တိုက်ရွာနေ မိုးကြောင့်ပါ၊ ရပ်ကွက်တစ်ခုလုံး ရေတွေပေါင်းလန်သွားတာ ဆယ်မြောင်း၊ လယ်မြောင်းမှန်သမျှက ဒလဟောစီးလာ တဲ့ရေတွေကလည်း သူတို့ရပ်ကွက်လေးကိုပဲ ဦးတိုက်ဝင်လာကြတယ်။ မြို့သစ်တည်မိကတည်းက မကြုံဘူးအောင်ဖြစ်တဲ့ ရေကြီးရေလျှံမှုကို ခံကြရတယ် . . . ၊

ရပ်ကွက်ထဲမှာ လမ်းတွေပေါ်မှာ ခါးလောက်၊ ပေါင် ဘယ်လောက် ရေတွေရောက်လာတယ် . . . ၊ဒီနှစ်မှ ဖြစ်တဲ့ ထူးကဲရေကြီးမှုကြောင့် ခနိမ့်ပိုင်း ရပ်ကွက်က လူနေအိမ်အချို့ ရေမြှုပ်သွားတယ်။

ရေဘေးဒုက္ခသည်တွေကို ရပ်ကွက်ထိပ်ကုန်းမြင့်ပေါ် က ဘုန်းကြီးကျေ းမှာ ဒုက္ခသည်စခန်းဖွင့်ပြီး ကူညီထောက်ပံ့ ကြတယ်။ ရေဘေးလွတ်တဲ့ ရပ်ကွက်တွေက ထမင်းထုပ်တွေပေးတယ်။ ဒီလို သဘာဝ​ဘေး အန္တရာယ်ကျရောက်နေတဲ့ ကာလထဲမှာမှ ကိုရွှေနဲ့ မအုန်းမြင့်တို့ရဲ့ နှစ်လောင်းပြိုင်အသုဘဖြစ်တယ် . . . ။

သုံးရက်မြောက်နေ့မှာ အလောင်းတွေကို သင်္ဂြိုဟ်ဖို့ ကိစ္စ ဆောင်ရွက်ကြရတယ်။ခြေခင်းလက်ခင်းသာယာတဲ့အချိန်တွေကတော့ ထုံးစံအတိုင်း အလောင်းကို အိမ်က သယ်သွား၊ သုသာန်မှာ သရဏဂုဏ်တရားနာတယ်၊. မြေမြှုပ်ချင်မြှုပ်၊ မီးသင်္ဂြိုဟ်ချင်းသင်္ဂြိုလ် ဂူသွင်းချင်သွင်း၊ အေးအေးဆေးဆေး ဆောင်ရွက်လို့ရတယ် ခုအနေအထားကျတော့ မိုးထဲရေထဲဖြစ်နေတာကြောင့် အစီအစဉ်တစ်မျိုးပြောင်းလိုက်ရတယ်။ ကွယ်လွန်သူတွေရဲ့ အိမ်မှာပဲ သံဃာတော်ပင်၊ တရားနာလိုက်တယ်။
ပြီးတာနဲ့ မြေမြှုပ်သင်္ဂြိုဟ်မယ့်အဖွဲ့လက်ထဲ အလောင်းတွေကို အပ်လိုက်တယ်။ သုသာန်ကို ဘယ်သူမှ မပို့ကြတေ ဘူး။

မြေမြှုပ်အဖွဲ့လည်း အခေါင်းတွေထမ်းသူကထမ်း အရက်ပုံးဆွဲသူက ဆွဲနဲ့ မိုးထဲရေထဲမှာပဲ သုသာန်ကို ထွက် သွားကြတယ်။
ကြမ္မာဆိုးကြုံတွေ့ခဲ့ရသူ ကိုရွှေနဲ့ ပအုန်းပြု လင်မယားနှစ်ယောက်ရဲ့ အသုဘကိစ္စလည်းသည်မှာပဲ ​ပြုလုပ် နိုင် ခဲ့ရတယ်။

တစ်ခုတော့ရှိတယ် -တစ်ရပ်ကွက်လုံး ထိတ်လန့်ချောက်ချားသွားရတဲ့အ ဖြစ်အပျက်ဆိုးတွေဟာလည်း အဲဒီညမှာပဲ စတင်ဖြစ်ပွါးခဲ့ပါတယ် အဲဒီညမှာပဲ အသဲတုန်၊ အူတုန်စရာ ကောင်းလှတဲ့ ခွေးအူသံကြီးကို စပြီးကြားရတာဖြစ်ပါတယ်။

ညသန်းခေါင်လောက်မှာ သင်္ချိုင်းကုန်းဘက်ဆီကနေ ဆွဲဆွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံကြီးထွက်ပေါ်လာတယ်။ ထူးခြားတဲ့ ခွေးအူသံကြီးကြောင့် သက်ကြီးရွယ်အိုအချို့လန့်နိုးလာကြတယ်

ခွေးအူသံက ဘုန်းကြီးကျောင်းတွေမှာ ကြေးစည်တီး တဲ့အခါ အူကြတဲ့ သာဓုခေါ်တဲ့ ခွေးအူသံမျိုးမဟုတ်ဘူး။ ကြက်သီးမွေးညင်းထအောင်၊ လိပ်ပြာငယ်အောင် ကြောက်စိတ်ဖြစ်စေတဲ့ ခွေးအူသံကြီး .
ကျက်သရေမရှိတဲ့ ခွေးအူသံကြီး ” လို့လည်း
တန်းသိလိုက်ကြတယ်။အဆက်မပြတ်အူနေတဲ့ ခွေးအူသံကြီးဟာ ပိုပြီးပိုပြီးကျယ်လောင်လာတယ်။ ရပ်ကွက်နဲ့ တဖြည်းဖြည်းနီးလာတယ်။ မကြာခင်မှာပဲ ရေထဲမှာ တစွပ်စွပ်နင်းလာတဲ့ ခြေသံနဲ့ အတူ ခွေးနက်ကြီး တစ်ကောင် ရပ်ကွက်ထဲဝင်လာတာကို တွေ့ ကြရတယ် . . . ၊

ခွေးနက်ကြီးက သာမန်ခွေးတွေထက် နှစ်ဆသုံးဆ လောက်ကိုယ်လုံးကိုယ်ထည် ကြီးမားတယ် . . . ၊ခွေးနက်ကြီးအူပြီး ဝင်လာတာနဲ့ ရပ်ကွက်ထဲကခွေး တွေဝိုင်းဟောင်ကြတယ် . . .၊

ခွေးအူသံ၊ ခွေးဟောင်သံတွေနဲ့ တစ်ရပ်ကွက်လုံးဆူညံ နေတယ် . . . ၊
ရပ်ကွက်ခွေးတွေ ဘယ်လောက်ဟောင်ဟောင် ခွေး နက်ကြီးကတော့ ဂရုမစိုက်ဘူး၊
အူမြဲအူနေတယ်၊ ရေတွေကို တစွပ်စွပ်နင်းပြီး သွားမြဲ သွားနေတယ် . .
အမင်္ဂလာခွေးအူသံကြီးကြောင့် အသည်းတုန်ူတုန် ဖြစ်နေကြသူတွေဟာ အချိန်အနည်းငယ်အတွင်းမှာပဲ ပိုပြီးကြာကလန့်ချောက်ချားစရာကောင်းတဲ့ အဖြစ်အပျက်နဲ့ ထပ်မံ ရင်ဆိုင် တွေ့ ပြင်ကြရပြန်ပါတယ် . . .၊

ခွေးနက်ကြီးလွန်သွားပြီး မရှေးမနှောင်းမှာပဲ ရေတွေ၊ ဗွက်တွေကို တစွပ်စွပ် နင်းပြီး သွားနေတဲ့ လူနဲ့တူတဲ့ မည်းမည်။ သဏ္ဍာန်နှစ်ခုကို တွေ့ ကြရတယ် . . . ၊

အဲဒီအချိန်က ကောင်းကင်ပေါ်မှာ မိုးသားအနည်း အကျဉ်းရှိပေမဲ့ မိုးရွာမနေဘူး၊ မှုန်မှုန်မွှားမွှား ကြယ်လေး အချို့လည်း ဟိုတစ်ပွင့်သည်တစ်ပွင့် ‘ဗျတ်ဖျတ်လက်နေကြတယ်။

မည်းမည်းသဏ္ဍာန်နှစ်ခုကို ဘယ်သူဘယ်ဝါမှန်းထင် ထင်ရှားရှားမမြင်ရပေမဲ့ မိန်းမတစ်ယောက်၊ ယောက်ျားတစ် ယောက်ဆိုတာကိုတော့ သဲသဲကွဲကွဲ တွေ့ ကြရတယ် . . . 1

ခွေးနက်ကြီးဝင်လာတုန်းက လှန့်မရ၊ ဟနဲ့မရ၊ တစ် ရပ်ကွက်လုံး ဆူညံပွက်အောင် ထိုးဟောင်နေတဲ့ ခွေးတွေဟာ မည်းမည်းသဏ္ဍာန်ယောက်ျားနဲ့ မိန်းမကို မြင်တော့ ဟောင်ရဲကြဘူး၊

တအီအီအသံပေးပြီး၊ .းအမြီးကုပ်ပြီး အိမ်အောက်ထဲကိုတိုးဝင်လို့ ကြောက်ရွံ့နေကြတာ အံ့ဩဖွယ်တွေ့ရတယ်။ မည်းမည်းသဏ္ဍာန်နှစ်ခုဟာ ရေဗွက်တွေကို တစွပ်စွပ် နင်းသွားပြီး ရပ်ကွက်ရဲ့ တစ်ဘက်စွန်းအရောက်မှာ ပျောက် ကွယ်သွားကြပါတယ်။

မနက်လင်းချိန်မှာတော့ ညက ထူးထူးဆန်းဆန်းရပ် ကွက်ထဲဝင်လာတဲ့ ခွေးနက်ကြီးနဲ့ မည်းမည်းသဏ္ဍာန် ယောက်ျားနဲ့ မိန်းမတို့ရဲ့ အကြောင်းတွေက လူတိုင်း ပါးစပ်ဖျား မှာ ပြောစရာသတင်းစကားဖြစ်သွားတယ်…၊

တစ်ချိန်တည်းမှာပဲ အဲဒီ မည်းမည်းသဏ္ဍာန်စုံတွဲဟာ သေသွားတဲ့ ကိုရွှေနဲ့ မအုန်းမြင့်တို့ ဖြစ်တယ်ဆိုတဲ့ ကောလာ ပာလကလည်း တစ်ဆင့်စကား တစ်ဆင့်နားကြီးထွားသွား တယ်. . .ဒီကိစ္စကြောင့် တစ်ရပ်ကွက်လုံး ချောက်ချားနေချိန်မှာ ပဲ ထိတ်လန့်စရာ နောက်တစ်ခုက ထပ်ပြီး ပေါ်လာတယ်။

အဲဒါကတော့ အနောက်ဖျားက ဦးထွန်းတစ်ယောက် အကောင်းပကတိကြီးကနေ ဖြစ်ရပ်ကြောင့်ပဲ ဖြစ်တယ်။ ရုတ်တရက်လဲကျ သေဆုံးသွားတဲ့

တကယ်တော့ ဒီရပ်ကွက်က လူတစ်ယောက်ောရင် သုံးလောင်းပြည့်မှ ရပ်တယ်လို့ အယူအစွဲရှိတယ်။

ကိုရွှေတို့ လင်မယားသေတော့ မအုန်းမြင့်ဗိုက်ထဲက ကလေးကိုပါတွက်ပြီး သုံးလောင်းပြည့်ပြီ၊ တစ်ချီတည်းနဲ့ ကျိန်း ကျေသွားပြီဆိုပြီး သတ်မှတ်ထားကြတယ် . . .

ခုတော့ ကိုရွှေတို့လင်မယားအတွက် ရက်လည်ဆွမ်း တောင် မသွတ်ရသေးဘူး၊ နောက်တစ်လောင်းထပ်သေပြန်ပြီ။ ညကလည်း ခွေးနက်ကြီးတစ်ကောင် အူပြီး ထူးထူး ခြားခြား ရပ်ကွက်ထဲဝင်လာတယ်။

ယောက်ျားနဲ့ မိန်းမ မည်းမည်းသဏ္ဍာန်နှစ်ခုလည်း ရွာထဲဝင်လာတယ်။
ဒီမကောင်းဆိုးဝါးကောင်တွေကများဦးထွန်းကို သေမင်းနိုင်ငံ ခေါ်သွားတာလားဆိုတဲ့ သံသယတွေဝင်လာကြ တယ်။

ဒါပေမဲ့ အခြေအနေက ဒီလောက်နဲ့ ရပ်တန့်မသွားဘူး။ ဦးထွန်းသေတဲ့ညမှာ ကြောက်စရာအူသံကြီးနဲ့အတူ ခွေးနက်ကြီး ရွာထဲဝင်လာပြန်တယ် . . .၊မည်းမည်းသဏ္ဍာန် မကောင်းဆိုးဝါး နှစ်ကောင်ကို လည်း ထပ်တွေ့ ကြတယ် . . . ၊
ဒီလိုတွေ့ ပြီး နောက်တစ်နေ့ နံနက်လင်းအားကြီးအချိန်မှာပဲ အသက်ဆယ့်ငါးနှစ်အရွယ် ကောင်မလေးတစ် ယောက် ဆုံးပါးသွားပြန်တယ်။

အခြေအနေက ဘယ်တုန်းကမှမကြုံဘူးတဲ့ အခြေ အနေမျိုးဖြစ်နေပြီ ။ထိတ်လန့်ချောက်ချားစရာကောင်းနေပြီ။ ကိုရွှေ သစ်ပင်ပိသေတယ် ။
တစ်ညတည်းမှာပဲ ကိုရွှေ့မိန်းမအုန်းမြင့် မီးမဖွားနိုင်လို့ သေပြန်တယ် . . . ၊ သေခြင်းတရားဆိုတာက ပဋိသန္ဓေနေကတည်းက ပါပြီးသား၊

ကုသိုလ်ကံ၊ အကုသိုလ်ကံတွေရဲ့ အကြောင်း၊ အကျိုး ဆက်စပ်မှုကနေ သတ်မှတ်ထားတာ၊ ဘယ်သူမှ ပြုပြင်ပြောင်း လဲလို့ မရဘူး၊

ကိုရွှေတို့လင်မယားသေဆုံးသွားကြတာလည်း ကံ အကြောင်းတရားကြောင့်ဖြစ်တဲ့ ကိစ္စလို့ ရှုမြင်နိုင်တယ်။ဒါပေမဲ့ ထူးဆန်းတာက သူတို့လင်မယားကို သင်္ဂြိုတ် ပြီးတဲ့ညမှာပဲ ခွေးနက်ကြီးတစ်ကောင်နဲ့ မကောင်းဆိုးဝါးတွေ ရပ်ကွက်ထဲဝင်လာတယ်။

နောက်တစ်နေ့ ဦးထွန်းသေတယ် . . . ။ နောက်ညမှာလည်း ခွေးအူသံကြီးကြားရပြန်တယ်။ ပြီးတော့ ခွေးနက်ကြီးနဲ့ နာနာဘာဝတွေ ရွာထဲထပ် ဝင်တယ် . . .။နောက်နေ့မှာ ကောင်မလေးတစ်ယောက်ထပ်သေ တယ်။

ပိုဆိုးဟာက ခွေးနက်ကြီးရဲ့အူသံဟာ ဒီလောက်နဲ့ ရပ် တန့်မသွားဘူး၊ ရက်ဆက်ဆိုသလို ရောက်လာတဲ့ ခွေးနက်ကြီးရပ်ကွက်ထဲဝင်တိုင်း မကောင်းဆိုးဝါး၊ မည်းမည်းအကောင်ကြီးနှစ်ကောင်လည်း နောက်ကပါလာစမြဲနေ့တိုင်းနေ့တိုင်း လည်းတစ်နေ့တစ်ယောက်နှုန်း လူတွေကလည်း​ေသနေကြတယ် စုစုပေါင်း ခုနှစ်လောင်းရှိသွားပြီ။ ထူးဆန်းတဲ့ ဖြစ်ရပ်ဆိုးတွေကြောင့် လူတွေ မကြုံစဘူး ထိတ်လန့်လာကြတယ်၊ ချောက်ချားလာကြတယ်။

ရေခြား၊ မြေခြား၊ ရပ်ကွက်ခြားရင် ကြမ္မာဆိုးတွေရဲ့ စက်ကွင်းကလွတ်တယ်ဆိုတဲ့ အယူအဆကြောင့် အချို့မိသားစု တွေဟာ အခြားရပ်ကွက်ကို ပြောင်းရွှေ့သွားတဲ့အထိဖြစ် လာတယ်

ရပ်ကွက်အတွင်းလမ်းဆုံလမ်းခွတွေမှာ ပရိတ်တရား နာကြတယ်။ သံပုံးတီးပြီးမကောင်းဆိုးဝါးတွေကို နှင်ထုတ်ကြ တယ်။ဘယ်လိုပဲ လုပ်လုပ်၊ အခြေအနေက ပိုပိုပြီးဆိုးလာတယ် ။လူတွေရဲ့ အကြောက်တရားကလည်း တစ်စတစ်စ ကြီးထွားလာတယ် . . . ၊

အဲဒီအချိန်မှာ ကောလာဟလသတင်း စကားတစ်ခု ထွက်ပေါ်လာတယ်။
ဒီလိုအမင်္ဂလာကြမ္မာဆိုးတွေဖြစ်နေတာဟာ ကိုရွှေတို့လင်မယားနှစ်ယောက်ရဲ့ အလောင်းနှစ်လောင်းကို ကျင်းတစ် ကျင်းထဲမှာထပ်ပြီး မြှုပ်ခဲ့လို့ဖြစ်တယ်ဆိုတဲ့ သတင်းစကား။ ကျယ်ပြန့်လာတဲ့ ဒီသတင်းစကားကြောင့် သတင်း မမှန်စုံစမ်းတယ်။

ရပ်ကွက်လူကြီးတွေက အလောင်းမြှုပ်တဲ့သူတွေကို ခေါ်ပြီးစစ်ပေးတယ်။ဒီတော့မှ အဖြစ်မှန်ပေါ်လာတယ်။ ကာလသားတွေဟာ ကိုရွှေရဲ့ အလောင်းထည့်ထားတဲ့ အခေါင်းနဲ့ မအုန်းမြင့်အလောင်းထည့်ထားတဲ့ အခေါင်းတွေကို ထမ်းပြီး သင်္ချိုင်းကုန်းကို ယူလာကြတယ်။

အဲဒီနေ့က သင်္ချိုင်းကုန်းထဲမှာလည်း ရေတွေပြည့်လျှံ နေတယ် . . .
မြေမြှုပ်ထားတဲ့အခေါင်းအချို့ဆိုရင် ဖို့ထားတဲ့မြေကြီး တွေ ရေပျော်ကျသွားပြီ ကျင်းထဲကိုလည်း ရေတွေဝင်လာတာကြောင့် အခေါင်းက ကျင်းနှုတ်ခမ်းဝထိ တက်လာပြီး ပေါ်လောမျောနေတယ်…၊ ကာလသားအုပ်စုဟာ ကိုရွှေတို့လင်မယားနှစ်ယောက် ရဲ့ အလောင်းတွေကို မြှုပ်ဖို့နေရာရှာတယ်

ကံအားလျော်စွာ ပေါက်ပင်ကြီးတစ်ပင်အောက်မှာ ရေ မမြှုပ်သေးတဲ့ကုန်းကမူလေးတွေ့တယ်။ပထမဆုံးအရက်ပုံးကို အလယ်မှာတည်ပြီးသောက်ကြ စားကြတယ်။သောက်စားပြီးတော့ အခေါင်းတွေမြှုပ်ဖို့ ကျင်းတူးကြတယ်။

ကျင်းကလည်း နည်းနည်းနက်တာနဲ့ ရေတွေစိမ့်ပြီး ဝင်လာတယ်။မြေကြီးတွေက ရွှံ့စေးတုံးတွေဖြစ်သွားတယ်။ ရေတွေ ခပ်ထုတ်လိုက်၊ တူးလိုက်၊ ပေါက်တူးပေါက် ပြားမှာကပ်နေတဲ့ ရွှံ့တွေ ခွါပစ်လိုက်နဲ့ တော်တော်ခက်ခက်ခဲ ခဲ တူးကြရတယ်။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ သူတို့အချင်းချင်းတိုင်ပင်ပြီး ကျင်းကိုတစ်ကျင်းထဲပဲ တူးလိုက်တယ်။

“ နောက်သေတဲ့သူအရင်ချကွ”လို့ ပြောပြီး မအုန်းမြင့်အလောင်းထည့်ထားတဲ့အခေါ်င်းကို ကျင်းထဲ အရင်ချတယ်။

ကိုရွှေအလောင်းထည့်ထားတဲ့အခေါင်းကို အပေါ်က ထပ်တင်လိုက်တယ်။ပြီးမှ မြေဖို့လိုက်ကြတယ်။
ကျင်းတစ်ကျင်းတည်းတူးပြီး နှစ်လောင်းမြှုပ်ထားတဲ့ အကြောင်းဘယ်သူ့မှမပြောဖို့၊ လျှို့ဝှက်ထားကြဖို့လည်း သဘာ တူခဲ့ကြတယ် . . . ၊

ကာလသားတွေရဲ့ အရက်မူးပြီး၊ ပြီးစလွယ်လုပ်ခဲ့တဲ့ ကိစ္စ အလောင်းနှစ်လောင်းထပ်မမြှုပ်ရဘူးဆိုတဲ့ သင်္ချိုင်း စည်းကမ်းကို ဖောက်ဖျက်လိုက်တာဖြစ်တယ် . . . ၊ မသိလို့ပဲမြှုပ်မြှုပ်၊ သိလျက်နဲ့ပဲ လုပ်လုပ်၊ အလောင်း နှစ်ထပ်မြှုပ်ရင် ရွာထိတ်လန့်ချောက်ချားမယ်၊ လူတွေအဆက် မပြတ် သေတတ်တယ်ဆိုတဲ့ ရှေးစကားအတိုင်း သူတို့ရပ်ကွက် ကြမ္မာဆိုးကြုံလိုက်ရတယ်ဆိုတာ အားလုံးသိသွားတယ်။

“ ဒါ့ကြောင့် ရှေးလူကြီးသူမတွေက ရှေးထုံးကိုလည်း မဖယ်နဲ့လို့ မှာထားခဲ့ကြတာပေါ့ . . . ၊ဂျပန်ခေတ်တုန်းကလည်း ဒီလိုအဖြစ်အပျက်မျိုးတစ်ခု ကြားဖူးတယ် . . . ၊

လူတွေသောက်သောက်လဲ သေကြ၊ ရွာမှာ မနေရဲ တော့လို့ ဟိုပြေးဒီပြေးပြေးကြနဲ့ ရွာတောင်ပျက်သွားတယ်တဲ့။ တော်သေးတယ် ဒီလောက်နဲ့ သိလိုက်ရလို့၊နောက်ကျမှသိရင် တို့ရပ်ကွက်လည်း ရပ်ကွက်ပျက် ဖြစ်သွားမှာ ဧကန်မုချပဲ ရွာလူကြီးကလည်း လူငယ်တွေကို ဆူဆူဆဲဆဲနဲ့ ဆုံမတယ်။ပြီးတော့၊ ရပ်မိရပ်ဖတွေ၊ နားလည်သူတွေနဲ့ တိုင်ပင်ပြီး၊ သင်္ချိုင်းကုန်းကို သွားတယ်။

သင်္ချိုင်းရှင်မ မဖဲဝါကို ကန်တော့ပွဲနဲ့ တောင်းပန်တယ်။ ကိုရွှေတို့လင်မယားမြှုပ်ထားတဲ့ ကျင်းကို ပြန်ဖေါ်ပြီး၊ ဘေးချင်းယှဉ်လျက် တစ်ကျင်းစီမြှုပ်ပေးလိုက်တယ်၊နောက်ပြီး၊ ရွာတော့်ရှင်နတ်နန်းမှာလည်း တစ်ပတ်နတ်ကနားပေးပြီး ရပ်ကွက်ကို ပြန်အပ်ရတယ်။

သင်္ချိုင်းမှာ အလောင်းနှစ်ထပ်မြှုပ်လို့ မကြုံစဘူး ထူး ထူးခြားခြား ခွေးအူသံတွေ ကြားရတယ်။ခွေးနက်ကြီးနဲ့ မကောင်းဆိုးဝါးနာနာဘာဝတွေ ရွာဝါ ဝင်လာတယ်နေ့စဉ်ရက်ဆက်ဆိုသလို လူတွေ တစ်ယောက်ပြီးတ ယောက်သေနေတယ် . .. .၊

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ဆိုင်မှုတစ်ခုလို့ သတ်မှာ ပြီး မယုံကြည်သူအချို့ရှိပေမဲ့အများစုကတော့ ယုံကြည်ကြ၊ လက်ခံကြတယ်။ နောင်မှာလည်း အသုဘကိစ္စတွေနဲ့ ပတ်သက်လား လွဲချော်မှားယွင်းမှုမရှိအောင် ဂရုတစိုက် ဆောင်ရွက်လာ​ြကတယ်။

ဘာကြောင့်လည်းဆိုတော့ ရွာလူကြီးတွေနဲ့ နားလည် တတ်ကျွမ်းသူတွေ တောင်းပန်စရာရှိတာ ကောင်းပန် တိုးလျှိုး အလောင်း နှစ်ထပ်ကို ဖယ်ရှားလိုက်ချိန်ကစပြီး ခွေး နက်ကြီးနဲ့ မကောင်းဆိုးဝါးတွေ ရပ်ဝင်လာတာမျိုးမရှိတော့ဘဲ ကွက်လည်း ထိတ်လန့်ချောက်ချားမှုတွေ ကင်းပျောက်သွား တယ်။ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိသွားခဲ့တယ်။ အဖြစ်အပျက်ကတော့ အဲဒါပဲ ဦးမောင်မောင်၊ ထိတ်လန့်ချောက်ချားစရာအဖြစ်ဆိုးတွေကို သူတို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရတယ် . . .ဒီလိုအဖြစ်ဆိုးတွေ နောက်တစ်ကြိမ်ထပ်ဖြစ်လာမှာ သူ တို့သိပ်ကြောက်တယ် . . . ၊

ဒါ့ကြောင့်ပါ ဦးမောင်မောင် .

ရပ်ကွက်လူကြီးဦးအောင်ထူးက သူ့ဇာတ်လမ်းကို နိဂုံး ချုပ်လိုက်တယ်။ နတ်ပွဲပေးတဲ့ ကိစ္စအားလုံးဆောင်ရွက်ပြီးတော့ ကိုမောင် မောင်တို့အဖွဲ့ အသင်းရုံးကို ပြန်လာခဲ့ကြတယ် . . . . လူသေပြီဆိုတာနဲ့ ထုံးစံတွေဓလေ့တွေက တစ်သီတစ်တန်းကြီးပေါ်လာကြတယ် . . . ၊

အသုဘကိစ္စဆောင်ရွက်ရာမှာ လွဲချော်မရတဲ့ ဓလေ့ ထုံးစံတွေ အများအပြားရှိနေတယ်။တစ်စုံတစ်ခု တိမ်းစောင်းလွဲချော်သွားတာနဲ့ ဥပါ အစွဲက ခြောက်လှန့်နေတတ်ကြတယ်

ဒီအစွဲတွေကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ – ဒီဥပါဒါန်တွေကို ကြောက်သည်ဖြစ်စေ၊ မကြောက်သစေ တလေးတစား၊ အလေးထားဆောင်ရွက်မှသာ ၁ ရဲ့ ပရဟိတလုပ်ငန်းကြီး ချောမွေ့အောင်မြင်မယ်ဆိုတာပေ ကိုမောင်မောင်တစ်ယောက် စဉ်းစားတွေးတောနေမိပါ တယ်။

မောင်မှိုင်းညို့(ချောင်းဦး)

Zawgyi Version

” အေလာင္းႏွစ္ထပ္သခ်ႋဳင္း “(စ-ဆုံး)
——————————————
ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)

မႏၲေလးၿမိဳ႕ ႀကီးရဲ႕ ဆင္ေျခဖုံးၿမိဳ႕သစ္ရပ္ကြက္ေလးမွာ ျဖစ္ပါတယ္။
ၿမိဳ႕သစ္တို႔ရဲ႕ ထုံးစံအတိုင္း ၿမိဳ႕ ျပင္ဘက္၊ လယ္ကြင္းယာကြင္းေတြကို ၿမိဳ႕ကြက္႐ိုက္တည္ထားတဲ့ ၿမိဳ႕အသစ္တစ္ခု ပါ။

သစ္ပင္မရွိ၊ အရိပ္အာဝါသမရွိတဲ့ လြင္တီးေခါင္ျပင္ႀကီး ထဲမွာ ၿမိဳ႕ကိုတည္ထားတယ္။ ေႏြကာလဆိုရင္ မခံမရပ္ႏိုင္ေအာင္ ပူျပင္းလြန္းကတယ္။
မိုးတြင္းကာလ က်ျပန္ေတာ့လည္း ဒူးဆစ္ျမဳပ္ ႐ြံ႕ ဖြတ္ လမ္းေတြ ျဖစ္သြားတယ္ . . .၊တည္ေဆာက္ဆဲကာလ၊ မဖြံ႕ ၿဖိဳးေသးတဲ့ ၿမိဳ႕သစ္ေနာ
ေတြမွာက လိုအပ္ခ်က္ေတြ ျပည့္ေနတဲ့ တြင္းႀကီးတစ္တြင္းထဲ က်ေနသူေတြရဲ႕ ဘဝမ်ိဳးပါ။

ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ ဘာေရး၊ ညာေရး၊ လူတစ္ေယာက္အတြက္ လိုအပ္တဲ့ အေရးကိစၥေတြမွန္သမွ် ခ်ိဳ႕ တဲ့ေနတတ္ၾကပါတယ္ . . . ၊ဒီလို ေနသားတက်မျဖစ္ေသးတဲ့ ၿမိဳ႕သစ္ကိုမွ ကံဆိုးမ
သြားရာ မိုးလိုက္လို႔႐ြာဆိုတဲ့အတိုင္းမိုးက အၿငိဳးႀကီးႀကီးနဲ႔ ႐ြာခ်ေနတယ္ . . .၊

ဘယ္တုန္းကမွ မ႐ြာဘူးတဲ့ အရွိန္အဟုန္နဲ႔ကို သည္း သည္းထန္ထန္႐ြာသြန္းေနတယ္. . . ။ေဒါသႀကီးေနတဲ့မိုးကို မုန္တိုင္းက ဝိုင္းကူျပန္တယ္… တဝုန္းဝုန္းတဒိုင္းဒိုင္း မိုးႀကိဳးပစ္သံေတြ၊တ႐ႊီး႐ႊီး၊ တေဝါေဝၚ ေလမုန္တိုင္းတိုက္ခတ္သံေတြက ကမာၻပ်က္ေနတဲ့အလား ဆူညံပြက္ေလာ႐ိုက္ေနတယ္၊ ၾကမၼာငင္တယ္လို႔ပဲ ေျပာရမယ္ထင္ပါရဲ႕၊

ဒီလို မိုးႀကိဳးမုန္တိုင္း ေၾကာက္စရာလန႔္စရာ ထစ္ခ်ဳန္း ျမည္ဟိန္းေနတဲ့၊သြန္းေနတဲ့ ညမွာမွၿမိဳ႕သစ္ရဲ႕ ဆင္းရဲသားရပ္ကြက္က မအုန္းျမင့္ ဆိုသူ မိန္းမတစ္ေယာက္ ဗိုက္နာလာတယ္။သားဦးကိုယ္ဝန္ ျဖစ္ေနတာ တစ္ေၾကာင္း၊ပအုန္းျမင့္ ကိုယ္တိုင္ကလည္း အသည္းငယ္တာ၊ ေပ်ာ့
တာေၾကာင့္တစ္ေၾကာင္း မီးမဖြားႏိုင္ဘူးျဖစ္ေနတယ္ . . . ၊ မအုန္းျမင့္ အလူးအလဲခံစားေနရတယ္ . . . ၊

အေမေလး အဘေလးတၿပီး ေအာ္ဟစ္ညည္းညဴေန ရတယ္ . . . ၊
မအုန္းျမင့္ ေယာက္်ားကိုေ႐ႊလည္း ဘာလုပ္လို႔၊ ဘာ ကိုင္ရမွန္းမသိ၊ အေယာင္ေယာင္အမွားမွားေတြ ျဖစ္ေနတယ္။ သူ႔မိန္းမ ေအာ္လိုက္တိုင္း၊ သူက ထိုင္ရမလို၊ ထရမလို ျဖစ္ေနတယ္ . . . ၊

ၿမိဳ႕သစ္၊ ေဆး႐ုံကို ပို႔မွျဖစ္မယ္ ေန႔ခင္း၊ မအုန္းျမင့္ ဗိုက္စနာကတည္းက ေရာက္ေန တဲ့ အရပ္လက္သည္အေမေမႊး။ သူမႏိုင္ေတာ့ဘူးဆိုတာ သေဘာ ေပါက္လိုက္တယ္ . . . ၊

မိုးႀကီးေလႀကီး ဝုန္းဒိုင္းႀကဲေနတဲ့အခ်ိန္ေပမယ့္ သူ႔အလုပ္ကုန္ေအာင္၊ တာဝန္ေက်ေအာင္ ေဆး႐ုံပို႔ဖို႔ေျပားေတာ့တယ္ . . . ။
ေဆး႐ုံဆိုတာနဲ႔ ကိုေ႐ႊေခါင္းထဲ အရင္ဆုံးေရာက္လာ တာက ေဆး႐ုံစရိတ္အတြက္ ေငြေၾကး၊သူ႔လက္ထဲမွာ ရွိတဲ့ေငြက အေပၚဘို လက္သည္
ခေပးဖို႔ စုထားတဲ့ မျဖစ္စေလာက္ေငြေလးမွ်သာျဖစ္တယ္။ ကိုေ႐ႊ “ ဟင္းခနဲ ” အသံထြက္ေအာင္ သက္ျပင္းေလး ႀကီးတစ္ခ်က္ကို ခ်လိုက္တယ္ . . . ၊
‘မိအုန္း ေဆး႐ုံေရာက္ဖို႔က အေရးႀကီးတယ္ . . . က်န္တာကေတာ့ ေနာင္ခါလာေနာင္ခါေဈးပဲ . . . ”

အေတြးေတြနဲ႔ ရင္ေလးေနတုန္းမွာပဲ မအုန္းျမင့္ရဲ႕ ေအာ္သံတစ္ခ်က္ ဆိုးဆိုးဝါးဝါးထြက္လာျပန္တယ္။ သူဘာမွ စဥ္းစားမေနေတာ့ဘူး၊
အိမ္ေပၚကေန အျပန္ခုန္ခ်တယ္၊ ၿပီးေတာ့ လွ်ပ္စီးတ ဆင္း၊ မိုးႀကိဳးေတြ တဒိုင္းဒိုင္းပစ္ေနတဲ့ မိုးမုန္တိုင္းထဲကို ေျပးထြက္သြားတယ္။

တကယ္ေတာ့ အဲဒီ က ေသမင္းရဲ႕ ပရဏစကၠန႔္ ေရာက္တဲ့အခ်ိန္ပါပရဏမင္းက သူ႔ရဲ႕ဇာတ္လမ္းဇာတ္ကြက္ေတြကိုအရက္စက္ဆုံးစီရင္ေရးဆြဲထားတယ္ . . . ။

မိုးႀကိဳးမုန္တိုင္းေတြ ျပင္းျပင္းထန္ထန္တိုက္ခတ္ေျဗာင္း ဆန္ေနတဲ့ညမွာ မအုန္းျမင့္ကို ဗိုက္နာေစတယ္၊လြယ္လြယ္ကူကူ ေမြးဖြားလို႔မရေအာင္ ေဆး႐ုံပို႔ရ ေအာင္ ဖန္တီးတယ္ ။ၿပီးတာနဲ႔ မအုန္းျမင့္ရဲ႕ ေယာက္်ားကိုေ႐ႊကို အိမ္အျပင္ ထြက္ေအာင္ ေသြးေဆာင္လိုက္တယ္။

မအုန္းျမင့္ကို ေဆး႐ုံပို႔ရာမွာ ကူညီၾကဖို႔၊ ထမ္းယူဖို႔ ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ေပါ့ . . . ၊

ကိုေ႐ႊမိုးမုန္တိုင္းထဲ ေျပးဝင္သြားတယ္။
႐ြာလယ္က ေညာင္ပင္အိုႀကီးအနီးေရာက္လာတယ္။ ေသမင္းရဲ႕ ပရဏစကၠန႔္ကလည္း ေခ်ာက္ခ်ားစရာ ေကာင္းတဲ့ေအးစက္မႈေတြနဲ႔ တထစ္ထစ္ေ႐ႊ႕လ်ားေနတယ္ …

ကိုေ႐ႊ ေညာင္ပင္ေအာက္အေရာက္မွာ နာရီလက္တံ က မရဏစကၠန႔္ကို တိတိက်က် ေရာက္ရွိသြားတယ္။
ေညာင္ပင္အိုႀကီးဟာ ေၾကာက္မက္ဖြယ္ျမည္ဟိန္းသံသည္ ႀကီးနဲ႔ အတူ ကိုေ႐ႊရဲ႕ အေပၚကို ၿပိဳလဲပိက်သြားခဲ့တယ္ . . . ““ အားခနဲ ” ထိတ္လန႔္တၾကားေအာ္လိုက္တဲ့ ကိုေ႐ႊရဲ႕ အသံနက္ႀကီးက ဆူညံပြက္ေနတဲ့ မုန္တိုင္းသံေတြနဲ႔ ေရာ ေထြးသြားတယ္။

ကိုေ႐ႊ ခ်က္ခ်င္းမေသေသးဘူး၊ အေၾကာဆြဲသလို ေျခေတြလက္ေတြ တဆတ္ဆတ္ လႈပ္ရွားေနေသးတယ္ . . .၊မိနစ္အနည္းငယ္ၾကာမွ သူ႔ဝိညာဥ္ဟာ သူ႔ရဲ႕ခႏၶာကိုယ္ ကေန အၿပီးတိုင္ ထြက္ခြါသြားပါတယ္။

“ ကံၾကမၼာဆိုးဟာ ဘယ္ေတာ့မွ တစ္ေယာက္တည္း မလာဘူး ” ဆိုတဲ့ စကားအတိုင္းပါပဲ။
ကိုေ႐ႊ ေညာင္ပင္အိုပ္ၿပီး အေသဆိုးနဲ႔ ႀကဳံသြားတဲ့ မေရွး မေႏွာင္းမွာပဲ
သူ႔မိန္းမ မအုန္းျမင့္လည္း မီးမဖြားႏိုင္တဲ့ေဝဒနာကို အသည္းအသန္ေအာ္ဟစ္ရင္း သူ႔ေယာက္်ားကိုေ႐ႊ ထြက္ခြါရာ ေသမင္းႏိုင္ငံကို ေကာက္ေကာက္ပါေအာင္ လိုက္သြားပါေတာ့ တယ္ ။ကိုေ႐ႊတို႔ လင္မယားႏွစ္ေယာက္ရဲ႕ အေလာင္းေတြ ၿခံအျပင္ဘက္မွာထားတယ္။

ေလးတိုင္စင္ႏွစ္ခုလုပ္ၿပီး အေလာင္းထည့္ထား အေခါင္းေတြ တင္ထားတယ္။မုန္တိုင္းစဲသြားေပမယ့္ မိုးအဆက္မျပတ္႐ြာေနတုန္း အေခါင္းေတြအေပၚမွာ ဖ်ာၾကမ္းတစ္ခ်ပ္စီအုပ္ေပးထားတာ သူတို႔ေသတဲ့ညက သည္းသည္းထန္ထန္႐ြာသြန္းခဲ့ မိုးမုန္းတိုင္းေၾကာင့္ေရာ၊ ေနာက္ရက္ေတြပါ အၿငိဳးမေျပဘဲ ဆက္တိုက္႐ြာေန မိုးေၾကာင့္ပါ၊ ရပ္ကြက္တစ္ခုလုံး ေရေတြေပါင္းလန္သြားတာ ဆယ္ေျမာင္း၊ လယ္ေျမာင္းမွန္သမွ်က ဒလေဟာစီးလာ တဲ့ေရေတြကလည္း သူတို႔ရပ္ကြက္ေလးကိုပဲ ဦးတိုက္ဝင္လာၾကတယ္။ ၿမိဳ႕သစ္တည္မိကတည္းက မႀကဳံဘူးေအာင္ျဖစ္တဲ့ ေရႀကီးေရလွ်ံမႈကို ခံၾကရတယ္ . . . ၊

ရပ္ကြက္ထဲမွာ လမ္းေတြေပၚမွာ ခါးေလာက္၊ ေပါင္ ဘယ္ေလာက္ ေရေတြေရာက္လာတယ္ . . . ၊ဒီႏွစ္မွ ျဖစ္တဲ့ ထူးကဲေရႀကီးမႈေၾကာင့္ ခနိမ့္ပိုင္း ရပ္ကြက္က လူေနအိမ္အခ်ိဳ႕ ေရျမႇဳပ္သြားတယ္။

ေရေဘးဒုကၡသည္ေတြကို ရပ္ကြက္ထိပ္ကုန္းျမင့္ေပၚ က ဘုန္းႀကီးေက် းမွာ ဒုကၡသည္စခန္းဖြင့္ၿပီး ကူညီေထာက္ပံ့ ၾကတယ္။ ေရေဘးလြတ္တဲ့ ရပ္ကြက္ေတြက ထမင္းထုပ္ေတြေပးတယ္။ ဒီလို သဘာဝ​ေဘး အႏၲရာယ္က်ေရာက္ေနတဲ့ ကာလထဲမွာမွ ကိုေ႐ႊနဲ႔ မအုန္းျမင့္တို႔ရဲ႕ ႏွစ္ေလာင္းၿပိဳင္အသုဘျဖစ္တယ္ . . . ။

သုံးရက္ေျမာက္ေန႔မွာ အေလာင္းေတြကို သၿဂႋဳဟ္ဖို႔ ကိစၥ ေဆာင္႐ြက္ၾကရတယ္။ေျခခင္းလက္ခင္းသာယာတဲ့အခ်ိန္ေတြကေတာ့ ထုံးစံအတိုင္း အေလာင္းကို အိမ္က သယ္သြား၊ သုသာန္မွာ သရဏဂုဏ္တရားနာတယ္၊. ေျမျမႇဳပ္ခ်င္ျမႇဳပ္၊ မီးသၿဂႋဳဟ္ခ်င္းသၿဂႋဳလ္ ဂူသြင္းခ်င္သြင္း၊ ေအးေအးေဆးေဆး ေဆာင္႐ြက္လို႔ရတယ္ ခုအေနအထားက်ေတာ့ မိုးထဲေရထဲျဖစ္ေနတာေၾကာင့္ အစီအစဥ္တစ္မ်ိဳးေျပာင္းလိုက္ရတယ္။ ကြယ္လြန္သူေတြရဲ႕ အိမ္မွာပဲ သံဃာေတာ္ပင္၊ တရားနာလိုက္တယ္။
ၿပီးတာနဲ႔ ေျမျမႇဳပ္သၿဂႋဳဟ္မယ့္အဖြဲ႕လက္ထဲ အေလာင္းေတြကို အပ္လိုက္တယ္။ သုသာန္ကို ဘယ္သူမွ မပို႔ၾကေတ ဘူး။

ေျမျမႇဳပ္အဖြဲ႕လည္း အေခါင္းေတြထမ္းသူကထမ္း အရက္ပုံးဆြဲသူက ဆြဲနဲ႔ မိုးထဲေရထဲမွာပဲ သုသာန္ကို ထြက္ သြားၾကတယ္။
ၾကမၼာဆိုးႀကဳံေတြ႕ခဲ့ရသူ ကိုေ႐ႊနဲ႔ ပအုန္းျပဳ လင္မယားႏွစ္ေယာက္ရဲ႕ အသုဘကိစၥလည္းသည္မွာပဲ ​ျပဳလုပ္ ႏိုင္ ခဲ့ရတယ္။

တစ္ခုေတာ့ရွိတယ္ -တစ္ရပ္ကြက္လုံး ထိတ္လန႔္ေခ်ာက္ခ်ားသြားရတဲ့အ ျဖစ္အပ်က္ဆိုးေတြဟာလည္း အဲဒီညမွာပဲ စတင္ျဖစ္ပြါးခဲ့ပါတယ္ အဲဒီညမွာပဲ အသဲတုန္၊ အူတုန္စရာ ေကာင္းလွတဲ့ ေခြးအူသံႀကီးကို စၿပီးၾကားရတာျဖစ္ပါတယ္။

ညသန္းေခါင္ေလာက္မွာ သခ်ႋဳင္းကုန္းဘက္ဆီကေန ဆြဲဆြဲငင္ငင္အူလိုက္တဲ့ ေခြးအူသံႀကီးထြက္ေပၚလာတယ္။ ထူးျခားတဲ့ ေခြးအူသံႀကီးေၾကာင့္ သက္ႀကီး႐ြယ္အိုအခ်ိဳ႕လန႔္ႏိုးလာၾကတယ္

ေခြးအူသံက ဘုန္းႀကီးေက်ာင္းေတြမွာ ေၾကးစည္တီး တဲ့အခါ အူၾကတဲ့ သာဓုေခၚတဲ့ ေခြးအူသံမ်ိဳးမဟုတ္ဘူး။ ၾကက္သီးေမြးညင္းထေအာင္၊ လိပ္ျပာငယ္ေအာင္ ေၾကာက္စိတ္ျဖစ္ေစတဲ့ ေခြးအူသံႀကီး .
က်က္သေရမရွိတဲ့ ေခြးအူသံႀကီး ” လို႔လည္း
တန္းသိလိုက္ၾကတယ္။အဆက္မျပတ္အူေနတဲ့ ေခြးအူသံႀကီးဟာ ပိုၿပီးပိုၿပီးက်ယ္ေလာင္လာတယ္။ ရပ္ကြက္နဲ႔ တျဖည္းျဖည္းနီးလာတယ္။ မၾကာခင္မွာပဲ ေရထဲမွာ တစြပ္စြပ္နင္းလာတဲ့ ေျခသံနဲ႔ အတူ ေခြးနက္ႀကီး တစ္ေကာင္ ရပ္ကြက္ထဲဝင္လာတာကို ေတြ႕ ၾကရတယ္ . . . ၊

ေခြးနက္ႀကီးက သာမန္ေခြးေတြထက္ ႏွစ္ဆသုံးဆ ေလာက္ကိုယ္လုံးကိုယ္ထည္ ႀကီးမားတယ္ . . . ၊ေခြးနက္ႀကီးအူၿပီး ဝင္လာတာနဲ႔ ရပ္ကြက္ထဲကေခြး ေတြဝိုင္းေဟာင္ၾကတယ္ . . .၊

ေခြးအူသံ၊ ေခြးေဟာင္သံေတြနဲ႔ တစ္ရပ္ကြက္လုံးဆူညံ ေနတယ္ . . . ၊
ရပ္ကြက္ေခြးေတြ ဘယ္ေလာက္ေဟာင္ေဟာင္ ေခြး နက္ႀကီးကေတာ့ ဂ႐ုမစိုက္ဘူး၊
အူၿမဲအူေနတယ္၊ ေရေတြကို တစြပ္စြပ္နင္းၿပီး သြားၿမဲ သြားေနတယ္ . .
အမဂၤလာေခြးအူသံႀကီးေၾကာင့္ အသည္းတုႏ္ူတုန္ ျဖစ္ေနၾကသူေတြဟာ အခ်ိန္အနည္းငယ္အတြင္းမွာပဲ ပိုၿပီးၾကာကလန႔္ေခ်ာက္ခ်ားစရာေကာင္းတဲ့ အျဖစ္အပ်က္နဲ႔ ထပ္မံ ရင္ဆိုင္ ေတြ႕ ျပင္ၾကရျပန္ပါတယ္ . . .၊

ေခြးနက္ႀကီးလြန္သြားၿပီး မေရွးမေႏွာင္းမွာပဲ ေရေတြ၊ ဗြက္ေတြကို တစြပ္စြပ္ နင္းၿပီး သြားေနတဲ့ လူနဲ႔တူတဲ့ မည္းမည္။ သ႑ာန္ႏွစ္ခုကို ေတြ႕ ၾကရတယ္ . . . ၊

အဲဒီအခ်ိန္က ေကာင္းကင္ေပၚမွာ မိုးသားအနည္း အက်ဥ္းရွိေပမဲ့ မိုး႐ြာမေနဘူး၊ မႈန္မႈန္မႊားမႊား ၾကယ္ေလး အခ်ိဳ႕လည္း ဟိုတစ္ပြင့္သည္တစ္ပြင့္ ‘ဗ်တ္ဖ်တ္လက္ေနၾကတယ္။

မည္းမည္းသ႑ာန္ႏွစ္ခုကို ဘယ္သူဘယ္ဝါမွန္းထင္ ထင္ရွားရွားမျမင္ရေပမဲ့ မိန္းမတစ္ေယာက္၊ ေယာက္်ားတစ္ ေယာက္ဆိုတာကိုေတာ့ သဲသဲကြဲကြဲ ေတြ႕ ၾကရတယ္ . . . 1

ေခြးနက္ႀကီးဝင္လာတုန္းက လွန႔္မရ၊ ဟနဲ႔မရ၊ တစ္ ရပ္ကြက္လုံး ဆူညံပြက္ေအာင္ ထိုးေဟာင္ေနတဲ့ ေခြးေတြဟာ မည္းမည္းသ႑ာန္ေယာက္်ားနဲ႔ မိန္းမကို ျမင္ေတာ့ ေဟာင္ရဲၾကဘူး၊

တအီအီအသံေပးၿပီး၊ .းအၿမီးကုပ္ၿပီး အိမ္ေအာက္ထဲကိုတိုးဝင္လို႔ ေၾကာက္႐ြံ႕ေနၾကတာ အံ့ဩဖြယ္ေတြ႕ရတယ္။ မည္းမည္းသ႑ာန္ႏွစ္ခုဟာ ေရဗြက္ေတြကို တစြပ္စြပ္ နင္းသြားၿပီး ရပ္ကြက္ရဲ႕ တစ္ဘက္စြန္းအေရာက္မွာ ေပ်ာက္ ကြယ္သြားၾကပါတယ္။

မနက္လင္းခ်ိန္မွာေတာ့ ညက ထူးထူးဆန္းဆန္းရပ္ ကြက္ထဲဝင္လာတဲ့ ေခြးနက္ႀကီးနဲ႔ မည္းမည္းသ႑ာန္ ေယာက္်ားနဲ႔ မိန္းမတို႔ရဲ႕ အေၾကာင္းေတြက လူတိုင္း ပါးစပ္ဖ်ား မွာ ေျပာစရာသတင္းစကားျဖစ္သြားတယ္…၊

တစ္ခ်ိန္တည္းမွာပဲ အဲဒီ မည္းမည္းသ႑ာန္စုံတြဲဟာ ေသသြားတဲ့ ကိုေ႐ႊနဲ႔ မအုန္းျမင့္တို႔ ျဖစ္တယ္ဆိုတဲ့ ေကာလာ ပာလကလည္း တစ္ဆင့္စကား တစ္ဆင့္နားႀကီးထြားသြား တယ္. . .ဒီကိစၥေၾကာင့္ တစ္ရပ္ကြက္လုံး ေခ်ာက္ခ်ားေနခ်ိန္မွာ ပဲ ထိတ္လန႔္စရာ ေနာက္တစ္ခုက ထပ္ၿပီး ေပၚလာတယ္။

အဲဒါကေတာ့ အေနာက္ဖ်ားက ဦးထြန္းတစ္ေယာက္ အေကာင္းပကတိႀကီးကေန ျဖစ္ရပ္ေၾကာင့္ပဲ ျဖစ္တယ္။ ႐ုတ္တရက္လဲက် ေသဆုံးသြားတဲ့

တကယ္ေတာ့ ဒီရပ္ကြက္က လူတစ္ေယာက္ောရင္ သုံးေလာင္းျပည့္မွ ရပ္တယ္လို႔ အယူအစြဲရွိတယ္။

ကိုေ႐ႊတို႔ လင္မယားေသေတာ့ မအုန္းျမင့္ဗိုက္ထဲက ကေလးကိုပါတြက္ၿပီး သုံးေလာင္းျပည့္ၿပီ၊ တစ္ခ်ီတည္းနဲ႔ က်ိန္း ေက်သြားၿပီဆိုၿပီး သတ္မွတ္ထားၾကတယ္ . . .

ခုေတာ့ ကိုေ႐ႊတို႔လင္မယားအတြက္ ရက္လည္ဆြမ္း ေတာင္ မသြတ္ရေသးဘူး၊ ေနာက္တစ္ေလာင္းထပ္ေသျပန္ၿပီ။ ညကလည္း ေခြးနက္ႀကီးတစ္ေကာင္ အူၿပီး ထူးထူး ျခားျခား ရပ္ကြက္ထဲဝင္လာတယ္။

ေယာက္်ားနဲ႔ မိန္းမ မည္းမည္းသ႑ာန္ႏွစ္ခုလည္း ႐ြာထဲဝင္လာတယ္။
ဒီမေကာင္းဆိုးဝါးေကာင္ေတြကမ်ားဦးထြန္းကို ေသမင္းႏိုင္ငံ ေခၚသြားတာလားဆိုတဲ့ သံသယေတြဝင္လာၾက တယ္။

ဒါေပမဲ့ အေျခအေနက ဒီေလာက္နဲ႔ ရပ္တန႔္မသြားဘူး။ ဦးထြန္းေသတဲ့ညမွာ ေၾကာက္စရာအူသံႀကီးနဲ႔အတူ ေခြးနက္ႀကီး ႐ြာထဲဝင္လာျပန္တယ္ . . .၊မည္းမည္းသ႑ာန္ မေကာင္းဆိုးဝါး ႏွစ္ေကာင္ကို လည္း ထပ္ေတြ႕ ၾကတယ္ . . . ၊
ဒီလိုေတြ႕ ၿပီး ေနာက္တစ္ေန႔ နံနက္လင္းအားႀကီးအခ်ိန္မွာပဲ အသက္ဆယ့္ငါးႏွစ္အ႐ြယ္ ေကာင္မေလးတစ္ ေယာက္ ဆုံးပါးသြားျပန္တယ္။

အေျခအေနက ဘယ္တုန္းကမွမႀကဳံဘူးတဲ့ အေျခ အေနမ်ိဳးျဖစ္ေနၿပီ ။ထိတ္လန႔္ေခ်ာက္ခ်ားစရာေကာင္းေနၿပီ။ ကိုေ႐ႊ သစ္ပင္ပိေသတယ္ ။
တစ္ညတည္းမွာပဲ ကိုေ႐ႊ႕မိန္းမအုန္းျမင့္ မီးမဖြားႏိုင္လို႔ ေသျပန္တယ္ . . . ၊ ေသျခင္းတရားဆိုတာက ပဋိသေႏၶေနကတည္းက ပါၿပီးသား၊

ကုသိုလ္ကံ၊ အကုသိုလ္ကံေတြရဲ႕ အေၾကာင္း၊ အက်ိဳး ဆက္စပ္မႈကေန သတ္မွတ္ထားတာ၊ ဘယ္သူမွ ျပဳျပင္ေျပာင္း လဲလို႔ မရဘူး၊

ကိုေ႐ႊတို႔လင္မယားေသဆုံးသြားၾကတာလည္း ကံ အေၾကာင္းတရားေၾကာင့္ျဖစ္တဲ့ ကိစၥလို႔ ရႈျမင္ႏိုင္တယ္။ဒါေပမဲ့ ထူးဆန္းတာက သူတို႔လင္မယားကို သၿဂႋဳတ္ ၿပီးတဲ့ညမွာပဲ ေခြးနက္ႀကီးတစ္ေကာင္နဲ႔ မေကာင္းဆိုးဝါးေတြ ရပ္ကြက္ထဲဝင္လာတယ္။

ေနာက္တစ္ေန႔ ဦးထြန္းေသတယ္ . . . ။ ေနာက္ညမွာလည္း ေခြးအူသံႀကီးၾကားရျပန္တယ္။ ၿပီးေတာ့ ေခြးနက္ႀကီးနဲ႔ နာနာဘာဝေတြ ႐ြာထဲထပ္ ဝင္တယ္ . . .။ေနာက္ေန႔မွာ ေကာင္မေလးတစ္ေယာက္ထပ္ေသ တယ္။

ပိုဆိုးဟာက ေခြးနက္ႀကီးရဲ႕အူသံဟာ ဒီေလာက္နဲ႔ ရပ္ တန႔္မသြားဘူး၊ ရက္ဆက္ဆိုသလို ေရာက္လာတဲ့ ေခြးနက္ႀကီးရပ္ကြက္ထဲဝင္တိုင္း မေကာင္းဆိုးဝါး၊ မည္းမည္းအေကာင္ႀကီးႏွစ္ေကာင္လည္း ေနာက္ကပါလာစၿမဲေန႔တိုင္းေန႔တိုင္း လည္းတစ္ေန႔တစ္ေယာက္ႏႈန္း လူေတြကလည္း​ေသေနၾကတယ္ စုစုေပါင္း ခုႏွစ္ေလာင္းရွိသြားၿပီ။ ထူးဆန္းတဲ့ ျဖစ္ရပ္ဆိုးေတြေၾကာင့္ လူေတြ မႀကဳံစဘူး ထိတ္လန႔္လာၾကတယ္၊ ေခ်ာက္ခ်ားလာၾကတယ္။

ေရျခား၊ ေျမျခား၊ ရပ္ကြက္ျခားရင္ ၾကမၼာဆိုးေတြရဲ႕ စက္ကြင္းကလြတ္တယ္ဆိုတဲ့ အယူအဆေၾကာင့္ အခ်ိဳ႕မိသားစု ေတြဟာ အျခားရပ္ကြက္ကို ေျပာင္းေ႐ႊ႕သြားတဲ့အထိျဖစ္ လာတယ္

ရပ္ကြက္အတြင္းလမ္းဆုံလမ္းခြေတြမွာ ပရိတ္တရား နာၾကတယ္။ သံပုံးတီးၿပီးမေကာင္းဆိုးဝါးေတြကို ႏွင္ထုတ္ၾက တယ္။ဘယ္လိုပဲ လုပ္လုပ္၊ အေျခအေနက ပိုပိုၿပီးဆိုးလာတယ္ ။လူေတြရဲ႕ အေၾကာက္တရားကလည္း တစ္စတစ္စ ႀကီးထြားလာတယ္ . . . ၊

အဲဒီအခ်ိန္မွာ ေကာလာဟလသတင္း စကားတစ္ခု ထြက္ေပၚလာတယ္။
ဒီလိုအမဂၤလာၾကမၼာဆိုးေတြျဖစ္ေနတာဟာ ကိုေ႐ႊတို႔လင္မယားႏွစ္ေယာက္ရဲ႕ အေလာင္းႏွစ္ေလာင္းကို က်င္းတစ္ က်င္းထဲမွာထပ္ၿပီး ျမႇဳပ္ခဲ့လို႔ျဖစ္တယ္ဆိုတဲ့ သတင္းစကား။ က်ယ္ျပန႔္လာတဲ့ ဒီသတင္းစကားေၾကာင့္ သတင္း မမွန္စုံစမ္းတယ္။

ရပ္ကြက္လူႀကီးေတြက အေလာင္းျမႇဳပ္တဲ့သူေတြကို ေခၚၿပီးစစ္ေပးတယ္။ဒီေတာ့မွ အျဖစ္မွန္ေပၚလာတယ္။ ကာလသားေတြဟာ ကိုေ႐ႊရဲ႕ အေလာင္းထည့္ထားတဲ့ အေခါင္းနဲ႔ မအုန္းျမင့္အေလာင္းထည့္ထားတဲ့ အေခါင္းေတြကို ထမ္းၿပီး သခ်ႋဳင္းကုန္းကို ယူလာၾကတယ္။

အဲဒီေန႔က သခ်ႋဳင္းကုန္းထဲမွာလည္း ေရေတြျပည့္လွ်ံ ေနတယ္ . . .
ေျမျမႇဳပ္ထားတဲ့အေခါင္းအခ်ိဳ႕ဆိုရင္ ဖို႔ထားတဲ့ေျမႀကီး ေတြ ေရေပ်ာ္က်သြားၿပီ က်င္းထဲကိုလည္း ေရေတြဝင္လာတာေၾကာင့္ အေခါင္းက က်င္းႏႈတ္ခမ္းဝထိ တက္လာၿပီး ေပၚေလာေမ်ာေနတယ္…၊ ကာလသားအုပ္စုဟာ ကိုေ႐ႊတို႔လင္မယားႏွစ္ေယာက္ ရဲ႕ အေလာင္းေတြကို ျမႇဳပ္ဖို႔ေနရာရွာတယ္

ကံအားေလ်ာ္စြာ ေပါက္ပင္ႀကီးတစ္ပင္ေအာက္မွာ ေရ မျမႇဳပ္ေသးတဲ့ကုန္းကမူေလးေတြ႕တယ္။ပထမဆုံးအရက္ပုံးကို အလယ္မွာတည္ၿပီးေသာက္ၾက စားၾကတယ္။ေသာက္စားၿပီးေတာ့ အေခါင္းေတြျမႇဳပ္ဖို႔ က်င္းတူးၾကတယ္။

က်င္းကလည္း နည္းနည္းနက္တာနဲ႔ ေရေတြစိမ့္ၿပီး ဝင္လာတယ္။ေျမႀကီးေတြက ႐ႊံ႕ေစးတုံးေတြျဖစ္သြားတယ္။ ေရေတြ ခပ္ထုတ္လိုက္၊ တူးလိုက္၊ ေပါက္တူးေပါက္ ျပားမွာကပ္ေနတဲ့ ႐ႊံ႕ေတြ ခြါပစ္လိုက္နဲ႔ ေတာ္ေတာ္ခက္ခက္ခဲ ခဲ တူးၾကရတယ္။

ဒီလိုနဲ႔ ေနာက္ဆုံးမွာေတာ့ သူတို႔အခ်င္းခ်င္းတိုင္ပင္ၿပီး က်င္းကိုတစ္က်င္းထဲပဲ တူးလိုက္တယ္။

“ ေနာက္ေသတဲ့သူအရင္ခ်ကြ”လို႔ ေျပာၿပီး မအုန္းျမင့္အေလာင္းထည့္ထားတဲ့အေခၚင္းကို က်င္းထဲ အရင္ခ်တယ္။

ကိုေ႐ႊအေလာင္းထည့္ထားတဲ့အေခါင္းကို အေပၚက ထပ္တင္လိုက္တယ္။ၿပီးမွ ေျမဖို႔လိုက္ၾကတယ္။
က်င္းတစ္က်င္းတည္းတူးၿပီး ႏွစ္ေလာင္းျမႇဳပ္ထားတဲ့ အေၾကာင္းဘယ္သူ႔မွမေျပာဖို႔၊ လွ်ိဳ႕ဝွက္ထားၾကဖို႔လည္း သဘာ တူခဲ့ၾကတယ္ . . . ၊

ကာလသားေတြရဲ႕ အရက္မူးၿပီး၊ ၿပီးစလြယ္လုပ္ခဲ့တဲ့ ကိစၥ အေလာင္းႏွစ္ေလာင္းထပ္မျမႇဳပ္ရဘူးဆိုတဲ့ သခ်ႋဳင္း စည္းကမ္းကို ေဖာက္ဖ်က္လိုက္တာျဖစ္တယ္ . . . ၊ မသိလို႔ပဲျမႇဳပ္ျမႇဳပ္၊ သိလ်က္နဲ႔ပဲ လုပ္လုပ္၊ အေလာင္း ႏွစ္ထပ္ျမႇဳပ္ရင္ ႐ြာထိတ္လန႔္ေခ်ာက္ခ်ားမယ္၊ လူေတြအဆက္ မျပတ္ ေသတတ္တယ္ဆိုတဲ့ ေရွးစကားအတိုင္း သူတို႔ရပ္ကြက္ ၾကမၼာဆိုးႀကဳံလိုက္ရတယ္ဆိုတာ အားလုံးသိသြားတယ္။

“ ဒါ့ေၾကာင့္ ေရွးလူႀကီးသူမေတြက ေရွးထုံးကိုလည္း မဖယ္နဲ႔လို႔ မွာထားခဲ့ၾကတာေပါ့ . . . ၊ဂ်ပန္ေခတ္တုန္းကလည္း ဒီလိုအျဖစ္အပ်က္မ်ိဳးတစ္ခု ၾကားဖူးတယ္ . . . ၊

လူေတြေသာက္ေသာက္လဲ ေသၾက၊ ႐ြာမွာ မေနရဲ ေတာ့လို႔ ဟိုေျပးဒီေျပးေျပးၾကနဲ႔ ႐ြာေတာင္ပ်က္သြားတယ္တဲ့။ ေတာ္ေသးတယ္ ဒီေလာက္နဲ႔ သိလိုက္ရလို႔၊ေနာက္က်မွသိရင္ တို႔ရပ္ကြက္လည္း ရပ္ကြက္ပ်က္ ျဖစ္သြားမွာ ဧကန္မုခ်ပဲ ႐ြာလူႀကီးကလည္း လူငယ္ေတြကို ဆူဆူဆဲဆဲနဲ႔ ဆုံမတယ္။ၿပီးေတာ့၊ ရပ္မိရပ္ဖေတြ၊ နားလည္သူေတြနဲ႔ တိုင္ပင္ၿပီး၊ သခ်ႋဳင္းကုန္းကို သြားတယ္။

သခ်ႋဳင္းရွင္မ မဖဲဝါကို ကန္ေတာ့ပြဲနဲ႔ ေတာင္းပန္တယ္။ ကိုေ႐ႊတို႔လင္မယားျမႇဳပ္ထားတဲ့ က်င္းကို ျပန္ေဖၚၿပီး၊ ေဘးခ်င္းယွဥ္လ်က္ တစ္က်င္းစီျမႇဳပ္ေပးလိုက္တယ္၊ေနာက္ၿပီး၊ ႐ြာေတာ့္ရွင္နတ္နန္းမွာလည္း တစ္ပတ္နတ္ကနားေပးၿပီး ရပ္ကြက္ကို ျပန္အပ္ရတယ္။

သခ်ႋဳင္းမွာ အေလာင္းႏွစ္ထပ္ျမႇဳပ္လို႔ မႀကဳံစဘူး ထူး ထူးျခားျခား ေခြးအူသံေတြ ၾကားရတယ္။ေခြးနက္ႀကီးနဲ႔ မေကာင္းဆိုးဝါးနာနာဘာဝေတြ ႐ြာဝါ ဝင္လာတယ္ေန႔စဥ္ရက္ဆက္ဆိုသလို လူေတြ တစ္ေယာက္ၿပီးတ ေယာက္ေသေနတယ္ . .. .၊

ဒီကိစၥနဲ႔ပတ္သက္ၿပီး တိုက္ဆိုင္မႈတစ္ခုလို႔ သတ္မွာ ၿပီး မယုံၾကည္သူအခ်ိဳ႕ရွိေပမဲ့အမ်ားစုကေတာ့ ယုံၾကည္ၾက၊ လက္ခံၾကတယ္။ ေနာင္မွာလည္း အသုဘကိစၥေတြနဲ႔ ပတ္သက္လား လြဲေခ်ာ္မွားယြင္းမႈမရွိေအာင္ ဂ႐ုတစိုက္ ေဆာင္႐ြက္လာ​ၾကတယ္။

ဘာေၾကာင့္လည္းဆိုေတာ့ ႐ြာလူႀကီးေတြနဲ႔ နားလည္ တတ္ကြၽမ္းသူေတြ ေတာင္းပန္စရာရွိတာ ေကာင္းပန္ တိုးလွ်ိဳး အေလာင္း ႏွစ္ထပ္ကို ဖယ္ရွားလိုက္ခ်ိန္ကစၿပီး ေခြး နက္ႀကီးနဲ႔ မေကာင္းဆိုးဝါးေတြ ရပ္ဝင္လာတာမ်ိဳးမရွိေတာ့ဘဲ ကြက္လည္း ထိတ္လန႔္ေခ်ာက္ခ်ားမႈေတြ ကင္းေပ်ာက္သြား တယ္။ ပုံမွန္အေျခအေနကို ျပန္လည္ေရာက္ရွိသြားခဲ့တယ္။ အျဖစ္အပ်က္ကေတာ့ အဲဒါပဲ ဦးေမာင္ေမာင္၊ ထိတ္လန႔္ေခ်ာက္ခ်ားစရာအျဖစ္ဆိုးေတြကို သူတို႔ ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ၾကရတယ္ . . .ဒီလိုအျဖစ္ဆိုးေတြ ေနာက္တစ္ႀကိမ္ထပ္ျဖစ္လာမွာ သူ တို႔သိပ္ေၾကာက္တယ္ . . . ၊

ဒါ့ေၾကာင့္ပါ ဦးေမာင္ေမာင္ .

ရပ္ကြက္လူႀကီးဦးေအာင္ထူးက သူ႔ဇာတ္လမ္းကို နိဂုံး ခ်ဳပ္လိုက္တယ္။ နတ္ပြဲေပးတဲ့ ကိစၥအားလုံးေဆာင္႐ြက္ၿပီးေတာ့ ကိုေမာင္ ေမာင္တို႔အဖြဲ႕ အသင္း႐ုံးကို ျပန္လာခဲ့ၾကတယ္ . . . . လူေသၿပီဆိုတာနဲ႔ ထုံးစံေတြဓေလ့ေတြက တစ္သီတစ္တန္းႀကီးေပၚလာၾကတယ္ . . . ၊

အသုဘကိစၥေဆာင္႐ြက္ရာမွာ လြဲေခ်ာ္မရတဲ့ ဓေလ့ ထုံးစံေတြ အမ်ားအျပားရွိေနတယ္။တစ္စုံတစ္ခု တိမ္းေစာင္းလြဲေခ်ာ္သြားတာနဲ႔ ဥပါ အစြဲက ေျခာက္လွန႔္ေနတတ္ၾကတယ္

ဒီအစြဲေတြကို ယုံသည္ျဖစ္ေစ၊ မယုံသည္ျဖစ္ေစ – ဒီဥပါဒါန္ေတြကို ေၾကာက္သည္ျဖစ္ေစ၊ မေၾကာက္သေစ တေလးတစား၊ အေလးထားေဆာင္႐ြက္မွသာ ၁ ရဲ႕ ပရဟိတလုပ္ငန္းႀကီး ေခ်ာေမြ႕ေအာင္ျမင္မယ္ဆိုတာေပ ကိုေမာင္ေမာင္တစ္ေယာက္ စဥ္းစားေတြးေတာေနမိပါ တယ္။

ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)