Unicode Version
” ညမုဆိုးများ “(စ/ဆုံး)
———————
ဖြစ်ရပ်မှန်စာစဉ်(၁၀၂)
မှန်လုံကားကြီးသည် ယာဉ်ရပ်နားစခန်းအတွင်းမှဂိတ်သို့ရောက်တော့ ကယ်ရီသမားတွေလည်း ကားပေါ်မှဆင်းလာမည့်ခရီးသည်တွေကို အလုအယက်ခေါ်ကြသည်။
ယင်းသို့အလုအယက်ခေါ်ကြသည့်ကြားက မြင့်ဌေးလည်း ကယ်ရီသမားအားလုံးကိုငြင်းပြီး ကားပေါ်မှ အတင်းလုပြီးဆင်းလာခဲ့ရသည်။
ထိုအခိုက်တွင်
“ဟေ့ မြင့်ဌေး။ငါဒီမှာ”
အနောက်မှခေါ်သံကြောင့် မြင့်ဌေးလည်းလှည့်ကြည့်လိုက်ရာ သိန်းစိန်ကိုတွေ့လိုက်ရသည်။
“ဪ သိန်းစိန်။မင်းတစ်ယောက်တည်းလာကြိုတာလား”
“အေးကွ”
နှစ်ယောက်သား ဆိုင်ကယ်ပေါ်သို့တက်လိုက်ကြသည်။
ပြီးနောက် သိန်းစိန်က ဆိုင်ကယ်ကိုစက်နှိုးပြီး စတင်မောင်းထွက်လာခဲ့သည်။
“ရန်ကုန်မှာ အခြေအနေဘယ်လိုရှိလဲ”
“လော့ဒေါင်းချတော့မယ်လို့သတင်းတွေထွက်နေတာပဲ။ဒါကြောင့်ငါလည်း ချက်ချင်းပြန်လာတာ။ရွာရော အခြေအနေဘယ်လိုလဲ”
“အတူတူပါပဲ။အသံတော့နည်းနည်းကြားနေရတယ်”
ပြောပြီး ဆိုင်ကယ်ကိုဂရုတစိုက်ဖြင့်မောင်းနေလေသည်။
အချိန်က ကိုဗစ်ကာလဖြစ်ပြီး ရောဂါပျံ့နှံ့မှုအခြေအနေအနည်းငယ်ဆိုးဝါးလာသောကြောင့် လော့ဒေါင်းတွေစတင်ချကြမည့်ကာလဖြစ်သည်။
မြင့်ဌေးသည် ရန်ကုန်တွင်တက္ကစီမောင်းသူဖြစ်ပြီး ယခုလို ကိုဗစ်ကာလရောက်တော့ နယ်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။
ဟိုးယခင်က ရန်ကုန်သို့မတက်ခင် ရွာထဲတွင် သိန်းစိန်တို့နှင့် သောက်ဖော်သောက်ဖက် ပေဖော်ပေဖက်တွေဖြစ်ခဲ့ကြဖူးသည်။
နေ့လည်နေ့ခင်းဆိုလျှင် ထန်းရည်သောက်ပြီး တစ်နေကုန်အိပ်ကြသည်။
ညရောက်လျှင်တော့ သင်္ချိုင်းထဲသို့သွားပြီး ချိုးငှက်ပစ်တတ်ကြသည်။
ပြီးနောက် ရလာသည့် ချိုးငှက်များကိုအမွှေးနှုတ်ကာ မီးကင်ထားပြီး မနက်ရောက်လျှင် ထန်းရည်ဖြင့်မြည်းတတ်ကြသည်။
နောက်ပိုင်းတွင်တော့ မြင့်ဌေးလည်း
အလုပ်လုပ်ပြီး ဝင်ငွေရှာဖို့ရာ ရန်ကုန်သို့တက်လာခဲ့ပြီး ကုမ္ပဏီတစ်ခုတွင်ဝန်ထမ်းဝင်လုပ်သည်။
ထိုသို့လုပ်နေရင်းမှ မနက်ဂျူတီမဝင်မီအချိန်တွင် ကားမောင်းသင်တန်းကိုတက်နေခဲ့သည်။
သို့ဖြင့် နှစ်နှစ်ခန့်ကြာတော့ ဝန်ထမ်းအလုပ်မှထွက်ပြီး တက္ကစီမောင်းတော့သည်။
သို့သော် နှစ်လခန့်သာကြာချိန်၌ ကိုဗစ်ရောဂါစတင်ဖြစ်ပွားပြီး တဖြည်းဖြည်း
ပျံ့နှံ့လာသည်မို့ မြင့်ဌေးလည်း ကားကိုပြန်အပ်ကာ ယခုကဲ့သို့ ရွာသို့ပြန်လာခဲ့ခြင်းဖြစ်သည်။
မြင့်ဌေးက
“တို့ရွာမှာရော ရပ်ဝေးကလာရင် စတေးဟုမ်းလုပ်ရသေးလား”
“လုပ်တော့မလုပ်ရပါဘူး။ဒါပေမယ့် ကိုယ့်ဘာသာအလိုက်တသိနဲ့ဆင်ခြင်နေထိုင်ကြရတာပဲ”
“ဪ”
မြင့်ဌေးဆက်မမေးဖြစ်တော့ချေ။
ဆိုင်ကယ်က ရွာထဲသို့ဝင်လာခဲ့သည်။
ရွာထဲရှိလမ်းတွေပေါ်တွင် လူတွေကင်းရှင်းလျက်ရှိသည်။
မြင့်ဌေး၏အိမ်ရှေ့သို့ရောက်တော့ သိန်းစိန်က ဆိုင်ကယ်ကိုရပ်လိုက်သည်။
မြင့်ဌေးလည်းဆိုင်ကယ်ပေါ်မှလိုက်ပြီး
“ကျေးဇူးပဲငါ့ကောင်”
“ရတယ်။ညကျရင် ချိုး(ဂျိုး)ပစ်ဖို့ငါတို့လာခေါ်မယ်”
“ချိုး(ဂျိုး)က ပစ်လို့ရသေးလို့လား။အခုကာလကြီးမှာ”
“ရတယ်။ညသန်းခေါင်အချိန်ဆိုတော့ ဘယ်သူမှ မသိကြဘူးလေ”
“အိုကေ”
“ကဲ ငါသွားပြီ။အိမ်ထဲမှ ရေနွေးငွေ့ရှူဖို့မမေ့နဲ့အုံး”
“အင်းပါ”
သိန်းစိန် ဆိုင်ကယ်ကိုမောင်းထွက်သွားသည်။
ထိုအခါမှ မြင့်ဌေးလည်း အိမ်ထဲသို့ဝင်လာခဲ့တော့သည်။
+++++++++++++++++++++++++
မြင့်ဌေးတွင် မိခင်ကြီး ဒေါ်သင်းခိုင်နှင့် စုပိုဟူသည့် ညီမတစ်ယောက်လည်း ရှိနေပါသေးသည်။
နှစ်ယောက်စလုံးကလည်း ဝမ်းရေးအတွက် လယ်ယာရှင်တွေထံတွင် နေ့စားခဖြင့် အလုပ်လုပ်နေကြရသည်။
ယခုမူ ကိုဗစ်ကာလဖြစ်သည်မို့ လယ်ယာထဲသို့သိပ်မဆင်းဖြစ်တော့ချေ။
သို့သော် မြင့်ဌေးပြန်ရောက်လာပြီး တက္ကစီမောင်း၍စုထားသည့်ငွေကြေးလေးတွေဖြင့် စတင်သုံးစွဲခွင့်ရနေပြီမို့ အနည်းငယ်တော့ပြေလည်နေပါသေးသည်။
ဒါလည်း ရောဂါပိုးက မည်မျှအထိကြာနေအုံးမည်ဆိုတာမသိရတော့ အနည်းငယ်တော့ စိုးရိမ်နေရသေးသည်။
ဒေါ်သင်းခိုင်စိုးရိမ်နေသည်ကိုသိတော့ မြင့်ဌေးက
“အမေရာ ဘာမှစိုးရိမ်မနေစမ်းပါနဲ့။ညဘက်ကျွန်တော်တို့ ချိုး(ဂျိုး)ပစ်ရင် ပိုက်ဆံတွေရအုံးမှာပါ။ငွေကြေးအတွက်ပူမနေပါနဲ့”ဟု နှစ်သိမ့်သည်။
သို့ဖြင့် ညသန်းခေါင်အချိန်သို့ရောက်တော့ သိန်းစိန်နှင့်ကျော်ဦးရောက်လာသည်။
၎င်းတို့၏လက်ထဲတွင်လည်း လေးခွကိုယ်စီကိုယ်ဆောင်ထားသလိုလောက်စာလုံးများထည့်ထားသည့်လွယ်အိတ်ကိုလည်း ကိုယ်စီလွယ်ထားကြသည်။
“မြင့်ဌေး။လာ သွားကြရအောင်။မင်းအတွက်လည်း လေးခွတစ်လက်ပါလာတယ်”
ပြောရင်းဖြင့် သိန်းစိန်က လွယ်အိတ်ထဲမှ လေးခွတစ်လက်ကိုထုတ်ပေးသည်။
မြင့်ဌေးလည်း သိန်းစိန်ပေးသည့် လေးခွကိုယူလိုက်ပြီး သားရေကြိုးကိုဆွဲကြည့်သည်။
ပြီးနောက်
“အနေတော်ပဲ။ငါလည်းမပစ်တာကြာပြီဆိုတော့ ဒီညကစပြီး လက်တည့်ပြန်စမ်းရတာပေါ့”ဟုဆိုလိုက်သည်။
ထို့နောက် မိခင်ဘက်သို့လှည့်ပြီး
“အမေ။သားချိုး(ဂျိုး)သွားပစ်လိုက်အုံးမယ်”
“အေးအေး။မြွေပါးကင်းပါးလည်းဂရုစိုက်အုံး”
“ဟုတ်ကဲ့ပါဗျ”
မြင့်ဌေးတို့သုံးယောက်အိမ်ထဲမှထွက်လာခဲ့ကြသည်။
သို့ဖြင့် ရွာအနောက်ဘက်ခပ်လှမ်းလှမ်းရှိသင်္ချိုင်းထဲသို့ရောက်လာတော့ သစ်ပင်တွေပေါ်သို့ ဓာတ်မီးဖြင့်ထိုးကြည့်ရာ ချိုးငှက်အချို့ကိုတွေ့လိုက်ရသည်။
ထိုအခါ သိန်းစိန်က
“ရပြီဟေ့။ပစ်တော့”
ယင်းသို့ခပ်တိုးတိုးဆော်ဩတော့ မြင့်ဌေးနှင့် ကျော်ဦးလည်း လေးခွကိုယ်စီဖြင့် ထိုးချိုးငှက်တွေကိုပစ်ကြသည်။
“ဝှစ်”
“ဗုန်း’
လောက်စာလုံးက ချိုးငှက်၏ခန္ဓာကိုယ်ကိုမှန်ကာ အမွှေးတွေလည်း ဖွာထွက်သွားသည်။
ထို့အတူ ချိုးငှက်လည်း မြေပြင်ပေါ်သို့ပြုတ်ကျလာသည်။
‘ဘုတ်’
ကျော်ဦးက ထိုချိုးငှက်ကိုကောက်ကာ လွယ်အိတ်ထဲသို့ထည့်လိုက်သည်။
သိန်းစိန်က နောက်တစ်ကောင်ကို ဓာတ်မီးဖြင့်ထိုးပြပြန်လေရော မြင့်ဌေးက လှမ်းပစ်သည်။
ငှက်မပစ်တာကြာထားသည်မို့ ပထမတစ်ချက်လွဲသွားသည်။
သို့သော် နောက်တစ်ချက်မှာတော့ ချိုးငှက်၏ခေါင်းကိုတည့်တည့်ထိမှန်သည်။
‘ဗုန်း’
‘ဘုတ်’
ချိုးငှက်လည်း အမွှေးတွေဖွာသွားပြီး ပြုတ်ကျလာသည်။
ကျော်ဦးက ထိုချိုးငှက်ကိုကောက်ပြီး လွယ်အိတ်ထဲသို့ထည့်ပြန်သည်။
သို့ဖြင့် တစ်ယောက်က ဓာတ်မီးထိုးပြ၊နှစ်ယောက်ကပစ်ဖြင့် အလှည့်ကျပစ်လာခဲ့ကြရာ နံနက်တစ်နာရီဝန်းကျင်သို့ရောက်တော့ ချိုးငှက်အကောင်နှစ်ဆယ်ဝန်းကျင်ခန့်ရလိုက်သည်။
မြင့်ဌေးက
“ကဲ တစ်နာရီလည်း ထိုးတော့မယ်။ဒီလောက်ဆိုတော်ရောပေါ့”
ယင်းသို့ပြောတော့ သိန်းစိန်က
“နေပါအုံးကွ။တစ်ကောင်လောက်တော့ထပ်ပစ်ရအောင်”
“သဘောပဲ။တစ်ကောင်ဆိုတော်တော့နော်။သိပ်နောက်ကျလွန်းရင်မကောင်းဘူး”
“အေးပါကွ”
သုံးယောက်သား သင်္ချိုင်းအတွင်းလှည့်လည်ကာသစ်ပင်တွေပေါ်သို့ဓာတ်မီးဖြင့်လိုက်ထိုးကြသည်။
တစ်နေရာရောက်တော့ သစ်ကိုင်းပေါ်ဝယ် ချိုးငှက်တစ်ကောင်ကို တွေ့လိုက်ရပြန်သည်။
သိန်းစိန်က
“ဒါတော့ငါပစ်လိုက်မယ်”ဟုဆိုကာ ထိုချိုးငှက်ကို လေးခွဖြင့် ပစ်ချလိုက်သည်။
‘ဗုန်း’
ချိုးငှက်လည်း ခေါင်းတည့်တည့်ထိမှန်ကာ
အပင်အောက်ရှိ ချုံပုတ်ထဲသို့ပြုတ်ကျသွားသည်။
ထိုအခါ မြင့်ဌေးတို့လည်း ချုံပုတ်တွေထဲ ဓာတ်မီးကိုယ်စီထိုးကာ ရှာကြသည်။
သို့သော်မတွေ့ချေ။
သည်တော့ သိန်းစိန်က
“လူခွဲပြီးရှာကြ”ဟုပြောလိုက်ရာ မြင့်ဌေးနှင့် ကျော်ဦးလည်း အရှေ့အနောက်စသည့်ဆန့်ကျင်ဘက်ဆီသို့ခွဲကာ ချိုးငှက်ကို ရှာကြသည်။
ယင်းလည်းမတွေ့ချေ။
ထိုအခိုက်တွင် မြင့်ဌေး၏ဘေးတစ်ဖက်တွင် ခြေသံတွေထွက်ပေါ်လာသည်။
‘ဖျပ် ဖျပ် ဖျပ်’
ထိုအခါမြင့်ဌေးလည်း ဓာတ်မီးဖြင့်ထိုးကြည့်လိုက်ရာ မည်သူမှရှိမနေချေ။
ထို့နောက် သိန်းစိန်တို့ကိုလှမ်းမေးသည်။
“ဟေ့ကောင်တွေ။ဒီနားလာသေးလား”
“မလာဘူး”
“အဲဒါဆိုပြေးဟေ့”
ပြောရင်းဖြင့် မြင့်ဌေးသည် ချုံပုတ်အနားမှပြေးထွက်လာခဲ့သလို သိန်းစိန်တို့ကလည်း အနောက်မှပြေးလိုက်လာကြသည်။
သို့ဖြင့်သင်္ချိုင်းအပြင်သို့ရောက်တော့မှ ပြေးနေသည့်အရှိန်ကိုလျှော့လိုက်ကြသည်။
သိန်းစိန်က
“ဘာလဲ။အနားမှာခြေသံတွေကြားရလို့လား”
“ဟုတ်တယ်”
“အမြဲတမ်းဒီလိုပဲ”
ကျော်ဦးက ဝင်ပြောလိုက်ခြင်းဖြစ်သည်။
ဟုတ်သည်။ဟိုယခင်ကတည်းက မြင့်ဌေးတို့သုံးယောက် ဤသင်္ချိုင်းထဲ ချိုးငှက်လာပစ်တိုင်း ဤသို့ကြုံကြရမြဲဖြစ်သည်။
ယင်းသို့ကြုံတိုင်း ယခုကဲ့သို့ထွက်ပြေးလာကြစမြဲဖြစ်သည်။
သိန်းစိန်၏အိမ်သို့ပြန်ရောက်တော့ သုံးယောက်သားရထားသည့်ချိုးငှက်တွေကို
အသေအချာသိမ်းထားလိုက်ကြသည်။
နောက်တစ်နေ့မနက်ရောက်တော့ မြင့်ဌေးတို့သုံးယောက်သည် ထိုချိုးငှက်တွေကို ထန်းရည်ဆိုင်သို့သွားသွင်းကြသည်။
မဆိုးချေ။စုစုပေါင်း နှစ်သောင်းဝန်းကျင်ခန့်ရလိုက်သည်။
ထိုပိုက်ဆံတွေထဲမှအချို့အစွန်းထွက်တွေကို ထန်းရည်သောက်ပြီး ကျန်ငွေကိုအညီအမျှခွဲယူကာ အိမ်သို့ပြန်အပ်ကြသည်။
ညအချိန်သို့ရောက်သည့်အခါ သင်္ချိုင်းသို့သွားပြီး ချိုးငှက်ပစ်ကာ ထန်းရည်ဆိုင်သို့သွင်းပြန်သည်။
သို့သော် နောက်ပိုင်းတွင်မူ အခြားချိုးငှက်ပစ်သည့်အဖွဲ့တွေလည်း အသီးသီးပေါ်လာတော့ ချိုးငှက်က ရှာရခက်လာသည်။
ထိုအခါ သိန်းစိန်က
“ငါတို့ကြောင်လိုက်ကြမယ်။ကြောင်တွေက ဈေးပိုရတယ်။ခုတလော လိုက်တဲ့သူလည်းသိပ်မတွေ့ရသေးဘူး”ဟုဆိုလာသဖြင့် မြင့်ဌေးနှင့်ကျော်ဦးလည်းသဘောတူလိုက်ကြသည်။
သို့ဖြင့် ညသန်းခေါင်အချိန်သို့ရောက်တော့ မြင့်ဌေးတို့သည် လေးခွ၊လောက်စာလုံးလွယ်အိတ်၊ပီနံအိတ်နှင့် ခွေးနှစ်ကောင်ကိုပါခေါ်လာပြီး ယာခင်းတွေဘက်ထွက်လာ
ခဲ့ကြသည်။
ကြောင်ဆိုတာကလည်း တောကြောင်မဟုတ်။အိမ်ကြောင်တွေသာဖြစ်သည်။
အဲ့ဒီ အိမ်ကြောင်တွေသည် ညသန်းခေါင်ယံဆိုလျှင် ယာခင်းတွေဘက်ထွက်ပြီး အစာရှာခြင်း၊မိတ်လိုက်ခြင်းစသည်တို့ကိုပြုလုပ်တတ်သောကြောင့် မြင့်ဌေးတို့အတွက် မျက်စိကျစရာဖြစ်လာသည်။
ထို့နောက် သုံးယောက်သား ယာခင်းထဲသို့ရောက်သည်နှင့်တပြိုင်နက် ဓာတ်မီးဖြင့် ဟိုဟိုဒီဒီထိုးကြည့်သည်။
ကြောင်ကိုမတွေ့ရသေးချေ။
ထို့နောက် နောက်ယာခင်းတစ်ခုသို့ဆက်လျှောက်ရသည်။
ထိုအခိုက်တွင်
‘ဝုတ်’
‘ဝုတ်’
ခွေးနှစ်ကောင်က မြောက်ဘက်သို့တစ်ချက်ဟောင်ကာ အချက်ပြကြသည်။
မြင့်ဌေးတို့သုံးယောက်လည်း ထိုမြောက်ဘက်သို့ဓာတ်မီးဖြင့် လျှပ်တပြက်ဝှေ့ဝိုက်ထိုးကြည့်လိုက်ရာ အရောင်တလက်လက်တောက်နေသည့်ကြောင်မျက်လုံးအစုံကိုတွေ့လိုက်ရသည်။
ကြောင်ကနှစ်ကောင်ဖြစ်သည်။
“ရှူးရှူး ရှူး”
မြင့်ဌေးတို့လည်း ထိုကြောင်နှစ်ကောင်ကိုရှူးတိုက်လေရာ ခွေးနှစ်ကောင်လည်း ပြေးကိုက်ကြသည်။
ကြောင်နှစ်ကောင်လည်း ထွက်ပြေးကြသည်။
မြင့်ဌေးတို့သုံးယောက်ကလည်း အနောက်ကနေ ပြေးလိုက်ကြသည်။
ကြောင်နှစ်ကောင်လည်း ပြေးရင်းပြေးရင်းဖြင့် သစ်ပင်ကြီးတစ်ပင်ပေါ်သို့တက်ပြေးသွားသည်။
ခွေးနှစ်ကောင်ကလည်း အပင်ပေါ်မော့ကြည့်ကာဟောင်ကြသည်။
အနောက်မှ ပြေးလိုက်လာကြသည့် မြင့်ဌေးတို့လည်း အပင်အောက်သို့ရောက်လာပြီး ဓာတ်မီးဖြင့် သစ်ပင်ပေါ်သို့ထိုးကြည့်ကြသည်။
ကြောင်နှစ်ကောင်ကမူ သစ်ကိုင်းကြီးတစ်ကိုင်းပေါ်တွင်ရှိနေကာ အောက်မှအခြေအနေကို ငုံ့ကြည့်နေကြသည်။
ထို့နောက် သိန်းစိန်က
“ငါဓာတ်မီးနဲ့ထိုးပေးထားမယ်။မင်းတို့ပစ်တော့။ဒီဘက်နီးတဲ့အကောင်ဝါကိုအရင်ပစ်ကြ”
ပြောပြီး ဓာတ်မီးဖြင့်ကြောင်ဝါကိုထိုးပြသည်။
မြင့်ဌေးနှင့်ကျော်ဦးကလည်း လေးခွကိုယ်စီဖြင့် ကြောင်ဝါကိုပစ်ကြသည်။
“ဗုန်း ‘
‘ဗုန်း’
‘မြှောင်’
လောက်စာလုံးများသည် ကြောင်ဝါ၏ဦးခေါင်း ခန္ဓာကိုယ်အနှံသို့မှန်လေတော့ ကြောင်ဝါလည်း နာကျင်စွာအော်ပြီး အောက်သို့ပြုတ်ကျလာသည်။
“ဝုတ် ဝုတ်”
ခွေးနှစ်ကောင်ကလည်း ကြောင်ဝါပြုတ်ကျလာသည်နှင့်တပြိုင်နက် ဝိုင်းဆွဲကြသည်။
ထိုအခါမှ မြင့်ဌေးလည်း ခွေးနှစ်ကောင်ကိုဖယ်ပြီး အသက်ခပ်ယဲ့ယဲ့သာကျန်တော့သည့်ကြောင်ဝါကြီးကို ပီနံအိတ်ထဲသို့ထည့်လိုက်သည်။
သိန်းစိန်ကမူ အပင်ပေါ်မှ လက်ကျန်ကြောင်တစ်ကောင် မျက်ခြေမပြတ်စေရန် ဓာတ်မီးဖြင့်ထပ်မံထိုးထားပြန်သည်။
ပြီးနောက်
“ပစ်တော့ ပစ်တော့”
ယင်းသို့ဆိုတော့ မြင့်ဌေးတို့နှစ်ယောက်လည်း သစ်ပင်ပေါ်မှ လက်ကျန်ကြောင်တစ်ကောင်ကိုဝိုင်းပစ်ကြသည်။
ထိုကြောင်လည်း အောက်သို့ပြုတ်ကျလေရာ ခွေးနှစ်ကောင်က ဝိုင်းဆွဲကြသည်။
ဒါဏ်ရာတွေကြောင့် ထိုကြောင် မပြေးနိုင်တော့မှ မြင့်ဌေးတို့လည်း ခွေးနှစ်ကောင်ကိုဖယ်ပြီးကြောင်ကို ပီနံအိတ်ထဲသို့ကောက်ထည့်လိုက်တော့သည်။
ပြီးနောက် နောက်တစ်နေရာဆက်သွားကြပြီး အထက်ပါနည်းအတိုင်း
ကြောင်တွေကိုထပ်ပစ်ကြသည်။
ယင်းသို့ပစ်ရာ၌ ထိုညတစ်ညတည်းနှင့်ပင် ကြောင်ဆယ်ကောင်ခန့်ရလိုက်သည်။
သို့ဖြင့် မနက်ရောက်တော့ နှစ်ကောင်သာချန်ထားပြီး ကျန်သည့်ရှစ်ကောင်ကို ပိဿာချိန်ဖြင့်ရောင်းလေရာ နှစ်သိန်းဝန်းကျင်ခန့်ရလိုက်သည်။
မြင့်ဌေးတို့လည်း ထိုပိုက်ဆံတွေကိုခွဲယူကြပြီး ချန်ထားသည့်ကြောင်နှစ်ကောင်ကိုတော့ အတူတူချက်စားလိုက်ကြသည်။
သို့ဖြင့် ညအချိန်သို့ရောက်တော့ သုံးယောက်သား ခွေးနှစ်ကောင်ဖြင့် ကြောင်လိုက်ကြပြန်သည်။
ယင်းသို့လိုက်ကြရာတွင်လည်း ထိုညအဖို့ စုစုပေါင်း ဆယ်ကောင်ခန့်ရခဲ့ပြန်သည်မို့
မြင့်ဌေးတို့သုံးယောက်မှာ အလွန်တက်ကြွကာ ညစဉ်တိုင်း ဇွဲလုံ့လထားကာ ကြောင်လိုက်ဖြစ်ကြလေတော့သည်။
ဆယ့်ငါးရက်ခန့်ကြာတော့ မြင့်ဌေးတို့သုံးယောက်မှာ ကြောင်သားရောင်းရသည့်ပိုက်ဆံတွေဖြင့် ရွှေတိုရွှေစတွေဝယ်နိုင်သည်အထိဖြစ်လာသည်။
သို့သော် ရွာထဲတွင်လည်း ကြောင်တွေပျောက်သဖြင့် သခင်တွေကကြောင်မုဆိုးတွေကိုမေတ္တာတွေပို့နေကြတော့သည်။
ယင်းသို့မေတ္တာပို့သည်ကိုသိရတော့ မြင့်ဌေးက သိန်းစိန်ကိုရင်ဖွင့်သည်။
“ငါ့ကောင်ရေ။ရွာထဲက ကြောင်ပိုင်ရှင်တွေကတော့ သူတို့ကြောင်တွေပျောက်လို့ ငါတို့ကိုပယ်ပယ်နယ်နယ်ဆဲနေကြပြီ။ငါတို့ ဒါကိုမလုပ်တော့တာကောင်းမယ်ထင်တယ်”
ထိုအခါ သိန်းစိန်က
“ဒီလို ကြောင်တွေဖမ်းတာကို သူတို့က ဆဲသတဲ့လား။တကယ်တော့ ငါတို့လုပ်တာ တစ်ချက်ခုတ်နှစ်ချက်ပြတ်လေ”
“ဟင် ဘာတွေနှစ်ချက်ပြတ်နေလို့တုံး”
“ဒီလိုလေကွာ။ပထမအချက်က ဒီကာလကြီးမှာ သူများတွေအလုပ်အကိုင်ပျက်ပြီး ငတ်နေတဲ့အချိန်မှာ ငါတို့မှာတော့ အဆင်ပြေပြီးရွှေတွေတောင်ဝယ်နိုင်နေပြီလေ။နောက်တစ်ချက်က ငါတို့က ဈေးလျှော့ပြီးရောင်းတာမလို့ ဆိုင်ရှင်တွေနဲ့ကြောင်သားဝယ်တဲ့လူတွေလည်း ဈေးချိုချိုနဲ့အသားဟင်းစားရတယ်လေ။အခုချိန် ကြက်သား ဝက်သား ဘယ်သူဝယ်စားနိုင်မှာတုံး။ဒီတော့ ငါတို့လုပ်တာဟာ အားလုံးအတွက်ပဲ။မဟုတ်ဘူးလား”
သိန်းစိန်က ယင်းသို့အချက်ကျကျဖြင့်ပြန်ရှင်းပြတော့ မြင့်ဌေးလည်း ပြန်မပြောတတ်အောင်ဖြစ်သွားသည်။
ထို့နောက်
“အေးကွာ။မင်းပြောတာဟုတ်ပါတယ်။ဒါပေမယ့် ငါတော့ အိမ်ဆိုင်လေး ဖွင့်ပြီးရင် ဒီလိုကြောင်လိုက်တာတွေမလုပ်ချင်တော့ဘူး”
“မင်းသဘောပါ။လောလောဆယ် မင်းရည်ရွယ်ထားတဲ့အိမ်ဆိုင်ကလေးဖွင့်နိုင်အောင် အရင်ကြိုးစားကြရတာပေါ့”ဟုဆိုလိုက်သည်။
သို့ဖြင့် ညအချိန်သို့ရောက်တော့ သုံးယောက်သား ကြောင်လိုက်ကြပြန်သည်။
ပြီးနောက် ရလာသည့်ကြောင်တွေကို ထန်းရည်ဆိုင်၊အရက်ဆိုင်သို့ပြန်ရောင်းကြသည်။
ရက်အနည်းငယ်ကြာလာတော့ မြင့်ဌေးလည်း ထိုကြောင်တွေရောင်းရငွေဖြင့် အိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်လာနိုင်ခဲ့သည်။
ထို့နောက် မူလက ဆုံးဖြတ်ထားခဲ့သည့်အတိုင်း ကြောင်လိုက်သည့်အလုပ်ကိုစွန့်လွှတ်ချင်ကြောင်းပြောလိုက်ရာ သိန်းစိန်က
“မင်းကလည်းကွာ။ဘယ်လိုဖြစ်လို့ ဒီအလုပ်ကိုအတင်းရပ်နားချင်နေရတာတုံး”
“ဒီရွာထဲကကြောင်ပိုင်ရှင်တွေမေတ္တာပို့တာနေ့တိုင်းကြားနေရလို့ကွ”
“ကဲ ဒါဆို ငါတို့တခြားရွာတွေဘက်သွားပြီးလိုက်ကြမယ်။ဒါဆိုဘယ်လိုလဲ။ငါတို့မှာလည်း စိတ်တူကိုယ်တူပေါင်းတာဆိုလို့မင်းပဲရှိတာ”
သိန်းစိန်က ထိုသို့ပြောတော့ ကျော်ဦးကလည်း ထောက်ခံပြောဆိုပေးသည်။
“ဟုတ်တယ်ကွာ။သူငယ်ချင်းသုံးယောက်ဆုံတုန်းလေး အတူလုပ်ရတာ။နောက်ဆို မင်းက ရန်ကုန်ကိုပြန်မယ့်ဟာ”
ငယ်သူငယ်ချင်းတွေက ထိုမျှအထိပြောနေတော့ မြင့်ဌေးလည်း တင်းခံနိုင်စွမ်းမရှိတော့ချေ။
“အေးကွာ။ငါလိုက်မယ်။ဒီရွာကကြောင်တွေမဟုတ်ရင်ပြီးရော”
“စိတ်ချ”
သို့ဖြင့် မြင့်ဌေးတို့လည်း ညဉ့်အချိန်ရောက်သည့်အခါ အခြားရွာတွေဘက်သို့ သွားကာ ကြောင်တွေကိုလိုက်ကြသည်။
ပြီးနောက် ရလည်သည့်ကြောင်တွေကို အရက်ဆိုင် ထန်းရည်ဆိုင်တွေသို့ပြန်ရောင်းချကြသည်။
ဆိုရလျှင် ကိုဗစ်ကာလဖြစ်သည့်အလျောက် လူအများစု စားဝတ်နေရေးခက်ခဲနေချိန်၌ မြင့်ဌေးတို့သုံးယောက်မှာတော့ ဝင်ငွေတွေကောင်းလျက်ရှိပြီး နေအိမ်ကိုပင် အောက်ခံတိုက်ဆောက်နိုင်သည်အထိဖြစ်လာသည်။
တစ်ညတွင်တော့ မြင့်ဌေးတို့သုံးယောက်သည် ရတနာတင်းတိမ်ကန်တော်ကြီးအနီးမှ လယ်ကွက်တွေဘက်သို့ ကြောင်လိုက်ရန်ရောက်လာခဲ့သည်။
ခွေးနှစ်ကောင်ကိုလွှတ်ပေးပြီး ကြောင်ရှာကြသည်။
ဖြစ်ချင်တော့ညဉ့်နက်အချိန်ရောက်သည့်တိုင်အောင် ကြောင် တစ်ကောင်မှ မတွေ့ရသေးချေ။
ထို့ကြောင့်သုံးယောက်သား စိတ်ဓာတ်ကျစပြုလာသည်။
သို့သော် အချိန်ကုန် ရကျိုးနပ်အောင် ဇွဲမလျှော့သေးဘဲ ဆက်ရှာကြရာ ကြောင်တစ်ကောင်ကိုတွေ့လိုက်ရသည်။
မြင့်ဌေးတို့လည်း ဝမ်းသာအားရစွာဖြင့် ထိုကြောင်ကိုခွေးဖြင့်ရှူးတိုက်ကြသည်။
“ရှူး ရှူး ရှူး”
ယင်းသို့ရှူးတိုက်လေရာ ခွေးနှစ်ကောင်လည်း ကြောင်နောက်သို့ လိုက်ကြသည်။
ကြောင်လည်း ပြေးရင်းပြေးရင်းဖြင့်
သစ်တောငယ်တစ်ခုထဲပြေးဝင်သွားလေရာ ခွေးနှစ်ကောင်လည်း သစ်တောငယ်ထဲအထိဆက်မလိုက်တော့ဘဲ တအီအီဖြင့် အနောက်သို့ပြန်လှည့်ပြေးဖို့လုပ်နေကြသည်။
ထိုအခါမြင့်ဌေးတို့သုံးယောက်ကလည်း ထပ်မံရှူးတိုက်ကြပြန်သည်။
“ရှူး ရှူး ရှူး”
ယင်းသို့အဆက်မပြတ် ရှူးတိုက်ကြပေမင့် ခွေးနှစ်ကောင်မှာ သစ်တောငယ်ထဲဝင်မတိုးဝံ့ဘဲ ‘တအီအီ’ဖြင့် အနောက်သို့သာ လှည့်ပြန်နေကြသည်။
“ဒီခွေးတွေ ဘယ်လိုဖြစ်တာလဲမသိဘူး”
မြင့်ဌေးက ဆိုလိုက်ခြင်းဖြစ်သည်။
သိန်းစိန်က
“အို ဘာဖြစ်ဖြစ်ကွာ။ဒီကြောင်တစ်ကောင်ပဲတွေ့ရတာ။ရမှဖြစ်မယ်”
ယင်းသို့ဆိုပြီးနောက် သူကိုယ်တိုင်သစ်တောငယ်ထဲဝင်ပြီး ဓာတ်မီး ဖြင့် နေရာအနှံ့ထိုး၍ လိုက်ရှာကြည့်သည်။
ထိုအခါ မြင့်ဌေးနှင့်ကျော်ဦးလည်း လေးခွကိုယ်စီအသင့်ပြင်ကာ အနောက်မှလိုက်ဝင်ကြသည်။
သုံးယောက်သား သစ်တောငယ်အတွင်းဝယ် ကြောင်ကိုလိုက်ရှာပေမင့် မတွေ့ရဘဲ ဖြစ်ကာ အချိန်ကြာလာတော့
စိတ်မောကိုယ်မောဖြစ်ပြီး ကုက္ကိုပင်ကြီး တစ်ပင်အောက်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်ကြသည်။
ထိုအခိုက်တွင်
‘ဂျွတ် ဂျွတ် ဂျွတ်’
ကုက္ကိုပင်ပေါ်မှ အသံအချို့ထွက်ပေါ်လာသည်မို့ သုံးယောက်သား မော့ကြည့်လိုက်ရာ အရပ်ရှစ်ပေခန့်ရှိသော အမျိုးသမီးကြီးတစ်ဦး သစ်ပင်ပေါ်မှ ဇောက်ထိုးကြီးဆင်းလာသည်ကိုတွေ့ရသည်။
ထိုအမျိုးသမီးကြီးသည် အဖြူရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး ဦးခေါင်း ညာဘက်ခြမ်းတွင် ဆံပင်တွေက ရှည်လျားပြီး အောက်သို့တွဲကျနေပေမင့်
ဘယ်ဘက်ခြမ်းကမူ ဆံပင်ငုတ်တို အနည်းငယ်သာရှိလေသည်။
ချောက်ခြားစရာကောင်းသည်မှာ သူမ၏ မျက်လုံးတွေပဲဖြစ်သည်။
မျက်လုံးနှစ်လုံးအနက် တစ်လုံးက အပြင်သို့ငေါထွက်နေလေပြီး ကျန်တစ်လုံးကတော့ အပြင်သို့ လုံးလုံး ထွက်ကာ အကြောတွေဖြင့် တန်းလန်းကြီးဖြစ်နေခြင်းရယ်ပင်။
အလွန်ချောက်ခြားဖွယ်ရာကောင်းသောထိုမြင်ကွင်းကြောင့် မြင့်ဌေးတို့လည်း သွေးပျက်ကာ အော်ဟစ်ပြီး ရွာသို့ရောက်အောင် ပြန်ပြေးလာခဲ့ကြတော့သည်။
အိမ်သို့ရောက်ပြီးသည့်နောက် အကြောက်လွန်ကာ ခုနှစ်ရက်တိတိဖျားကြလေတော့သည်။
ရှစ်ရက်မြောက်သောနေ့တွင်တော့ သုံးယောက်သား ထူထူထောင်ထောင်ပြန်ဖြစ်လာကြသည်။
သို့သော် ကြောင်လိုက်မည့်ကိစ္စကိုတော့
မည်သူမှ မဖွင့်ဟကြတော့ချေ။
+++++++++++++++++++++++++++
နောက်ဆက်တွဲ
တစ်ရက်တွင်တော့ မြင့်ဌေးတို့သုံးယောက်သည် ဆိုင်ကယ်ဖြင့်မြို့ပေါ်သို့ဈေးတက်ဝယ်ကြသည်။
ဖြစ်ချင်တော့ ဆိုင်ကယ်သည် ကန်တော်ကြီး၏တစ်နေရာသို့ရောက်တော့ ဘီးပေါက်သွားသည်။
ထို့နောက် အနီးအနားရှိ ဆိုင်ကယ်ပြင်သည့်ဆိုင်ပေါက်စအနားသို့တွန်းလာပြီး အပ်လိုက်သည်။
ပြီးနောက် သုံးယောက်သား ဘီးဖာတာကိုထိုင်စောင့်ရင်း ပတ်ဝန်းကျင်ကိုငေးမောကြည့်ရှုကြခိုက် သစ်တောငယ်လေးတွေကြားမှ ထီးထီးကြီးမြင့်နေသည့်
ကုက္ကိုပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရတော့ မျက်ခုံးပင့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ညဘက်ကြောင်လိုက်ရင်း ခြောက်လှန့်ခံခဲ့ရသည်မှာ ထိုအပင်ကြီးဆီမှဖြစ်ကြောင်း မှတ်မိလေသောကြောင့်ဖြစ်သည်။
ထို့နောက် သိန်းစိန်က ကုက္ကိုပင်ကိုလက်ညိုးထိုးပြလိုက်ရင်း ဆိုင်ကယ်ပြင်သူကိုမေးလိုက်သည်။
“အဲဒီကုက္ကိုပင်ကြီးက သရဲခြောက်တယ်မလားဗျ”
ယင်းသို့မေးလိုက်တော့ ဆိုင်ကယ်ပြင်သူက
“ဟုတ်တယ်။သရဲမ တစ်ကောင်ရှိတယ်လေ။ဘာလဲ ညီတို့တွေ ခြောက်လှန့်တာ ခံရဖူးလို့လား”
ယင်းသို့ပြန်မေးတော့ သိန်းစိန်က
“ဟုတ်တယ်ဗျ။ဒီလပိုင်းအတွင်းမှာ ညဘက်ကောင်လိုက်ရင်း အခြောက်ခံလိုက်ရတာ”
ထိုအခါ ဆိုင်ကယ်ပြင်သူက
“ညဘက်ကြီးတောင် အဲဒီအပင်နား ကြောင်လိုက်ရတယ်လို့။ဒီရပ်ကွက်ကလူတွေတောင် ညနေမိုးချုပ်ပြီဆိုရင် အဲဒီဘက်မသွားကြတော့ဘူး”
“ဟုတ်လား။ရှင်းပြပါဦးဗျ။ဘယ်လိုတွေဖြစ်ခဲ့လို့တုံး”
“ဒီလိုကွ။အဲဒီအပင်မှာရှိနေတဲ့သရဲမရဲ့အဖြစ်ကအစ်ကိုတို့အဖေပြောပြတာရှိခဲ့ဖူးတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းလေးဆယ်လောက်က တောင်တွင်းကြီးတစ်မြို့လုံးမီးလောင်ခဲ့ဖူးတယ်လေ။ဘူတာရုံက စလောင်တာ။နောက်တော့ ထူပါရုံရောက်မှ မီးကငြိမ်းသွားတာ။ဒါကြောင့်မို့ ‘ဘူတာရုံကမီး ထူပါရုံမှပြီး’လို့ စာဆိုထွက်လာတာ ညီတို့သိမှာပေါ့”
“ဟုတ် သိပါတယ်”
“အေး အဲဒီလိုမီးလောင်တော့ အိမ်ခေါင်မိုးတွေလည်း လွင့်သွားကြတာပဲ။သွပ်တွေလည်းလေပေါ်ပျံဝဲနေကြသတဲ့။ဒီတော့ အဖြူရောင်ဂါဝန်ဝတ်ထားတဲ့ကောင်မလေးလည်း ကြောက်လန့်ပြီး အိမ်ထဲမနေရဲတော့ဘဲ လယ်ကွင်းတွေကြားက ကုက္ကိုပင်အောက်မှာသွားရပ်နေတယ်။ကံဆိုးချင်တော့ မီးအရှိန်ကြောင်လွင့်လာတဲ့ခေါင်မိုးသွပ်ပြားက အဲဒီကောင်မလေးရဲ့ခေါင်းကို လာစိုက်သတဲ့။ကောင်မလေးလည်း အဲဒီကုက္ကိုပင်အောက်မှာပွဲချင်းပြီးသေသွားသတဲ့။အဲဒီနောက်ပိုင်း ကောင်မလေးက မကျွတ်ဘူးထင်ပါတယ်။ကုက္ကိုပင်အောက်ရောက်တဲ့သူတိုင်းကိုခြောက်လှန့်နေတော့တာပဲ။ညဘက်ဆို ပိုဆိုးပေါ့”
“ဪ”
မြင့်ဌေးတို့သုံးယောက်လည်း ဆက်မပြောဖြစ်ကြတော့ချေ။
ဆိုင်ကယ်ဘီးထာပြီးသည့်နောက် ကျသင့်ငွေကိုပေးပြီး သုံးယောက်သား
ပြန်ကြတော့သည် ။
#ဆရာဆွေ(တောင်တွင်း)
Zawgyi Version
” ညမုဆိုးမ်ား “(စ/ဆုံး)
———————
ျဖစ္ရပ္မွန္စာစဥ္(၁၀၂)
မွန္လုံကားႀကီးသည္ ယာဥ္ရပ္နားစခန္းအတြင္းမွဂိတ္သို႔ေရာက္ေတာ့ ကယ္ရီသမားေတြလည္း ကားေပၚမွဆင္းလာမည့္ခရီးသည္ေတြကို အလုအယက္ေခၚၾကသည္။
ယင္းသို႔အလုအယက္ေခၚၾကသည့္ၾကားက ျမင့္ေဌးလည္း ကယ္ရီသမားအားလုံးကိုျငင္းၿပီး ကားေပၚမွ အတင္းလုၿပီးဆင္းလာခဲ့ရသည္။
ထိုအခိုက္တြင္
“ေဟ့ ျမင့္ေဌး။ငါဒီမွာ”
အေနာက္မွေခၚသံေၾကာင့္ ျမင့္ေဌးလည္းလွည့္ၾကည့္လိုက္ရာ သိန္းစိန္ကိုေတြ႕လိုက္ရသည္။
“ဪ သိန္းစိန္။မင္းတစ္ေယာက္တည္းလာႀကိဳတာလား”
“ေအးကြ”
ႏွစ္ေယာက္သား ဆိုင္ကယ္ေပၚသို႔တက္လိုက္ၾကသည္။
ၿပီးေနာက္ သိန္းစိန္က ဆိုင္ကယ္ကိုစက္ႏႈိးၿပီး စတင္ေမာင္းထြက္လာခဲ့သည္။
“ရန္ကုန္မွာ အေျခအေနဘယ္လိုရွိလဲ”
“ေလာ့ေဒါင္းခ်ေတာ့မယ္လို႔သတင္းေတြထြက္ေနတာပဲ။ဒါေၾကာင့္ငါလည္း ခ်က္ခ်င္းျပန္လာတာ။႐ြာေရာ အေျခအေနဘယ္လိုလဲ”
“အတူတူပါပဲ။အသံေတာ့နည္းနည္းၾကားေနရတယ္”
ေျပာၿပီး ဆိုင္ကယ္ကိုဂ႐ုတစိုက္ျဖင့္ေမာင္းေနေလသည္။
အခ်ိန္က ကိုဗစ္ကာလျဖစ္ၿပီး ေရာဂါပ်ံ႕ႏွံ႔မႈအေျခအေနအနည္းငယ္ဆိုးဝါးလာေသာေၾကာင့္ ေလာ့ေဒါင္းေတြစတင္ခ်ၾကမည့္ကာလျဖစ္သည္။
ျမင့္ေဌးသည္ ရန္ကုန္တြင္တကၠစီေမာင္းသူျဖစ္ၿပီး ယခုလို ကိုဗစ္ကာလေရာက္ေတာ့ နယ္သို႔ျပန္လာခဲ့ျခင္းျဖစ္သည္။
ဟိုးယခင္က ရန္ကုန္သို႔မတက္ခင္ ႐ြာထဲတြင္ သိန္းစိန္တို႔ႏွင့္ ေသာက္ေဖာ္ေသာက္ဖက္ ေပေဖာ္ေပဖက္ေတြျဖစ္ခဲ့ၾကဖူးသည္။
ေန႔လည္ေန႔ခင္းဆိုလွ်င္ ထန္းရည္ေသာက္ၿပီး တစ္ေနကုန္အိပ္ၾကသည္။
ညေရာက္လွ်င္ေတာ့ သခ်ႋဳင္းထဲသို႔သြားၿပီး ခ်ိဳးငွက္ပစ္တတ္ၾကသည္။
ၿပီးေနာက္ ရလာသည့္ ခ်ိဳးငွက္မ်ားကိုအေမႊးႏႈတ္ကာ မီးကင္ထားၿပီး မနက္ေရာက္လွ်င္ ထန္းရည္ျဖင့္ျမည္းတတ္ၾကသည္။
ေနာက္ပိုင္းတြင္ေတာ့ ျမင့္ေဌးလည္း
အလုပ္လုပ္ၿပီး ဝင္ေငြရွာဖို႔ရာ ရန္ကုန္သို႔တက္လာခဲ့ၿပီး ကုမၸဏီတစ္ခုတြင္ဝန္ထမ္းဝင္လုပ္သည္။
ထိုသို႔လုပ္ေနရင္းမွ မနက္ဂ်ဴတီမဝင္မီအခ်ိန္တြင္ ကားေမာင္းသင္တန္းကိုတက္ေနခဲ့သည္။
သို႔ျဖင့္ ႏွစ္ႏွစ္ခန႔္ၾကာေတာ့ ဝန္ထမ္းအလုပ္မွထြက္ၿပီး တကၠစီေမာင္းေတာ့သည္။
သို႔ေသာ္ ႏွစ္လခန႔္သာၾကာခ်ိန္၌ ကိုဗစ္ေရာဂါစတင္ျဖစ္ပြားၿပီး တျဖည္းျဖည္း
ပ်ံ႕ႏွံ႔လာသည္မို႔ ျမင့္ေဌးလည္း ကားကိုျပန္အပ္ကာ ယခုကဲ့သို႔ ႐ြာသို႔ျပန္လာခဲ့ျခင္းျဖစ္သည္။
ျမင့္ေဌးက
“တို႔႐ြာမွာေရာ ရပ္ေဝးကလာရင္ စေတးဟုမ္းလုပ္ရေသးလား”
“လုပ္ေတာ့မလုပ္ရပါဘူး။ဒါေပမယ့္ ကိုယ့္ဘာသာအလိုက္တသိနဲ႔ဆင္ျခင္ေနထိုင္ၾကရတာပဲ”
“ဪ”
ျမင့္ေဌးဆက္မေမးျဖစ္ေတာ့ေခ်။
ဆိုင္ကယ္က ႐ြာထဲသို႔ဝင္လာခဲ့သည္။
႐ြာထဲရွိလမ္းေတြေပၚတြင္ လူေတြကင္းရွင္းလ်က္ရွိသည္။
ျမင့္ေဌး၏အိမ္ေရွ႕သို႔ေရာက္ေတာ့ သိန္းစိန္က ဆိုင္ကယ္ကိုရပ္လိုက္သည္။
ျမင့္ေဌးလည္းဆိုင္ကယ္ေပၚမွလိုက္ၿပီး
“ေက်းဇူးပဲငါ့ေကာင္”
“ရတယ္။ညက်ရင္ ခ်ိဳး(ဂ်ိဳး)ပစ္ဖို႔ငါတို႔လာေခၚမယ္”
“ခ်ိဳး(ဂ်ိဳး)က ပစ္လို႔ရေသးလို႔လား။အခုကာလႀကီးမွာ”
“ရတယ္။ညသန္းေခါင္အခ်ိန္ဆိုေတာ့ ဘယ္သူမွ မသိၾကဘူးေလ”
“အိုေက”
“ကဲ ငါသြားၿပီ။အိမ္ထဲမွ ေရေႏြးေငြ႕ရႉဖို႔မေမ့နဲ႔အုံး”
“အင္းပါ”
သိန္းစိန္ ဆိုင္ကယ္ကိုေမာင္းထြက္သြားသည္။
ထိုအခါမွ ျမင့္ေဌးလည္း အိမ္ထဲသို႔ဝင္လာခဲ့ေတာ့သည္။
+++++++++++++++++++++++++
ျမင့္ေဌးတြင္ မိခင္ႀကီး ေဒၚသင္းခိုင္ႏွင့္ စုပိုဟူသည့္ ညီမတစ္ေယာက္လည္း ရွိေနပါေသးသည္။
ႏွစ္ေယာက္စလုံးကလည္း ဝမ္းေရးအတြက္ လယ္ယာရွင္ေတြထံတြင္ ေန႔စားချဖင့္ အလုပ္လုပ္ေနၾကရသည္။
ယခုမူ ကိုဗစ္ကာလျဖစ္သည္မို႔ လယ္ယာထဲသို႔သိပ္မဆင္းျဖစ္ေတာ့ေခ်။
သို႔ေသာ္ ျမင့္ေဌးျပန္ေရာက္လာၿပီး တကၠစီေမာင္း၍စုထားသည့္ေငြေၾကးေလးေတြျဖင့္ စတင္သုံးစြဲခြင့္ရေနၿပီမို႔ အနည္းငယ္ေတာ့ေျပလည္ေနပါေသးသည္။
ဒါလည္း ေရာဂါပိုးက မည္မွ်အထိၾကာေနအုံးမည္ဆိုတာမသိရေတာ့ အနည္းငယ္ေတာ့ စိုးရိမ္ေနရေသးသည္။
ေဒၚသင္းခိုင္စိုးရိမ္ေနသည္ကိုသိေတာ့ ျမင့္ေဌးက
“အေမရာ ဘာမွစိုးရိမ္မေနစမ္းပါနဲ႔။ညဘက္ကြၽန္ေတာ္တို႔ ခ်ိဳး(ဂ်ိဳး)ပစ္ရင္ ပိုက္ဆံေတြရအုံးမွာပါ။ေငြေၾကးအတြက္ပူမေနပါနဲ႔”ဟု ႏွစ္သိမ့္သည္။
သို႔ျဖင့္ ညသန္းေခါင္အခ်ိန္သို႔ေရာက္ေတာ့ သိန္းစိန္ႏွင့္ေက်ာ္ဦးေရာက္လာသည္။
၎တို႔၏လက္ထဲတြင္လည္း ေလးခြကိုယ္စီကိုယ္ေဆာင္ထားသလိုေလာက္စာလုံးမ်ားထည့္ထားသည့္လြယ္အိတ္ကိုလည္း ကိုယ္စီလြယ္ထားၾကသည္။
“ျမင့္ေဌး။လာ သြားၾကရေအာင္။မင္းအတြက္လည္း ေလးခြတစ္လက္ပါလာတယ္”
ေျပာရင္းျဖင့္ သိန္းစိန္က လြယ္အိတ္ထဲမွ ေလးခြတစ္လက္ကိုထုတ္ေပးသည္။
ျမင့္ေဌးလည္း သိန္းစိန္ေပးသည့္ ေလးခြကိုယူလိုက္ၿပီး သားေရႀကိဳးကိုဆြဲၾကည့္သည္။
ၿပီးေနာက္
“အေနေတာ္ပဲ။ငါလည္းမပစ္တာၾကာၿပီဆိုေတာ့ ဒီညကစၿပီး လက္တည့္ျပန္စမ္းရတာေပါ့”ဟုဆိုလိုက္သည္။
ထို႔ေနာက္ မိခင္ဘက္သို႔လွည့္ၿပီး
“အေမ။သားခ်ိဳး(ဂ်ိဳး)သြားပစ္လိုက္အုံးမယ္”
“ေအးေအး။ေႁမြပါးကင္းပါးလည္းဂ႐ုစိုက္အုံး”
“ဟုတ္ကဲ့ပါဗ်”
ျမင့္ေဌးတို႔သုံးေယာက္အိမ္ထဲမွထြက္လာခဲ့ၾကသည္။
သို႔ျဖင့္ ႐ြာအေနာက္ဘက္ခပ္လွမ္းလွမ္းရွိသခ်ႋဳင္းထဲသို႔ေရာက္လာေတာ့ သစ္ပင္ေတြေပၚသို႔ ဓာတ္မီးျဖင့္ထိုးၾကည့္ရာ ခ်ိဳးငွက္အခ်ိဳ႕ကိုေတြ႕လိုက္ရသည္။
ထိုအခါ သိန္းစိန္က
“ရၿပီေဟ့။ပစ္ေတာ့”
ယင္းသို႔ခပ္တိုးတိုးေဆာ္ဩေတာ့ ျမင့္ေဌးႏွင့္ ေက်ာ္ဦးလည္း ေလးခြကိုယ္စီျဖင့္ ထိုးခ်ိဳးငွက္ေတြကိုပစ္ၾကသည္။
“ဝွစ္”
“ဗုန္း’
ေလာက္စာလုံးက ခ်ိဳးငွက္၏ခႏၶာကိုယ္ကိုမွန္ကာ အေမႊးေတြလည္း ဖြာထြက္သြားသည္။
ထို႔အတူ ခ်ိဳးငွက္လည္း ေျမျပင္ေပၚသို႔ျပဳတ္က်လာသည္။
‘ဘုတ္’
ေက်ာ္ဦးက ထိုခ်ိဳးငွက္ကိုေကာက္ကာ လြယ္အိတ္ထဲသို႔ထည့္လိုက္သည္။
သိန္းစိန္က ေနာက္တစ္ေကာင္ကို ဓာတ္မီးျဖင့္ထိုးျပျပန္ေလေရာ ျမင့္ေဌးက လွမ္းပစ္သည္။
ငွက္မပစ္တာၾကာထားသည္မို႔ ပထမတစ္ခ်က္လြဲသြားသည္။
သို႔ေသာ္ ေနာက္တစ္ခ်က္မွာေတာ့ ခ်ိဳးငွက္၏ေခါင္းကိုတည့္တည့္ထိမွန္သည္။
‘ဗုန္း’
‘ဘုတ္’
ခ်ိဳးငွက္လည္း အေမႊးေတြဖြာသြားၿပီး ျပဳတ္က်လာသည္။
ေက်ာ္ဦးက ထိုခ်ိဳးငွက္ကိုေကာက္ၿပီး လြယ္အိတ္ထဲသို႔ထည့္ျပန္သည္။
သို႔ျဖင့္ တစ္ေယာက္က ဓာတ္မီးထိုးျပ၊ႏွစ္ေယာက္ကပစ္ျဖင့္ အလွည့္က်ပစ္လာခဲ့ၾကရာ နံနက္တစ္နာရီဝန္းက်င္သို႔ေရာက္ေတာ့ ခ်ိဳးငွက္အေကာင္ႏွစ္ဆယ္ဝန္းက်င္ခန႔္ရလိုက္သည္။
ျမင့္ေဌးက
“ကဲ တစ္နာရီလည္း ထိုးေတာ့မယ္။ဒီေလာက္ဆိုေတာ္ေရာေပါ့”
ယင္းသို႔ေျပာေတာ့ သိန္းစိန္က
“ေနပါအုံးကြ။တစ္ေကာင္ေလာက္ေတာ့ထပ္ပစ္ရေအာင္”
“သေဘာပဲ။တစ္ေကာင္ဆိုေတာ္ေတာ့ေနာ္။သိပ္ေနာက္က်လြန္းရင္မေကာင္းဘူး”
“ေအးပါကြ”
သုံးေယာက္သား သခ်ႋဳင္းအတြင္းလွည့္လည္ကာသစ္ပင္ေတြေပၚသို႔ဓာတ္မီးျဖင့္လိုက္ထိုးၾကသည္။
တစ္ေနရာေရာက္ေတာ့ သစ္ကိုင္းေပၚဝယ္ ခ်ိဳးငွက္တစ္ေကာင္ကို ေတြ႕လိုက္ရျပန္သည္။
သိန္းစိန္က
“ဒါေတာ့ငါပစ္လိုက္မယ္”ဟုဆိုကာ ထိုခ်ိဳးငွက္ကို ေလးခြျဖင့္ ပစ္ခ်လိုက္သည္။
‘ဗုန္း’
ခ်ိဳးငွက္လည္း ေခါင္းတည့္တည့္ထိမွန္ကာ
အပင္ေအာက္ရွိ ခ်ဳံပုတ္ထဲသို႔ျပဳတ္က်သြားသည္။
ထိုအခါ ျမင့္ေဌးတို႔လည္း ခ်ဳံပုတ္ေတြထဲ ဓာတ္မီးကိုယ္စီထိုးကာ ရွာၾကသည္။
သို႔ေသာ္မေတြ႕ေခ်။
သည္ေတာ့ သိန္းစိန္က
“လူခြဲၿပီးရွာၾက”ဟုေျပာလိုက္ရာ ျမင့္ေဌးႏွင့္ ေက်ာ္ဦးလည္း အေရွ႕အေနာက္စသည့္ဆန႔္က်င္ဘက္ဆီသို႔ခြဲကာ ခ်ိဳးငွက္ကို ရွာၾကသည္။
ယင္းလည္းမေတြ႕ေခ်။
ထိုအခိုက္တြင္ ျမင့္ေဌး၏ေဘးတစ္ဖက္တြင္ ေျခသံေတြထြက္ေပၚလာသည္။
‘ဖ်ပ္ ဖ်ပ္ ဖ်ပ္’
ထိုအခါျမင့္ေဌးလည္း ဓာတ္မီးျဖင့္ထိုးၾကည့္လိုက္ရာ မည္သူမွရွိမေနေခ်။
ထို႔ေနာက္ သိန္းစိန္တို႔ကိုလွမ္းေမးသည္။
“ေဟ့ေကာင္ေတြ။ဒီနားလာေသးလား”
“မလာဘူး”
“အဲဒါဆိုေျပးေဟ့”
ေျပာရင္းျဖင့္ ျမင့္ေဌးသည္ ခ်ဳံပုတ္အနားမွေျပးထြက္လာခဲ့သလို သိန္းစိန္တို႔ကလည္း အေနာက္မွေျပးလိုက္လာၾကသည္။
သို႔ျဖင့္သခ်ႋဳင္းအျပင္သို႔ေရာက္ေတာ့မွ ေျပးေနသည့္အရွိန္ကိုေလွ်ာ့လိုက္ၾကသည္။
သိန္းစိန္က
“ဘာလဲ။အနားမွာေျခသံေတြၾကားရလို႔လား”
“ဟုတ္တယ္”
“အၿမဲတမ္းဒီလိုပဲ”
ေက်ာ္ဦးက ဝင္ေျပာလိုက္ျခင္းျဖစ္သည္။
ဟုတ္သည္။ဟိုယခင္ကတည္းက ျမင့္ေဌးတို႔သုံးေယာက္ ဤသခ်ႋဳင္းထဲ ခ်ိဳးငွက္လာပစ္တိုင္း ဤသို႔ႀကဳံၾကရၿမဲျဖစ္သည္။
ယင္းသို႔ႀကဳံတိုင္း ယခုကဲ့သို႔ထြက္ေျပးလာၾကစၿမဲျဖစ္သည္။
သိန္းစိန္၏အိမ္သို႔ျပန္ေရာက္ေတာ့ သုံးေယာက္သားရထားသည့္ခ်ိဳးငွက္ေတြကို
အေသအခ်ာသိမ္းထားလိုက္ၾကသည္။
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ ျမင့္ေဌးတို႔သုံးေယာက္သည္ ထိုခ်ိဳးငွက္ေတြကို ထန္းရည္ဆိုင္သို႔သြားသြင္းၾကသည္။
မဆိုးေခ်။စုစုေပါင္း ႏွစ္ေသာင္းဝန္းက်င္ခန႔္ရလိုက္သည္။
ထိုပိုက္ဆံေတြထဲမွအခ်ိဳ႕အစြန္းထြက္ေတြကို ထန္းရည္ေသာက္ၿပီး က်န္ေငြကိုအညီအမွ်ခြဲယူကာ အိမ္သို႔ျပန္အပ္ၾကသည္။
ညအခ်ိန္သို႔ေရာက္သည့္အခါ သခ်ႋဳင္းသို႔သြားၿပီး ခ်ိဳးငွက္ပစ္ကာ ထန္းရည္ဆိုင္သို႔သြင္းျပန္သည္။
သို႔ေသာ္ ေနာက္ပိုင္းတြင္မူ အျခားခ်ိဳးငွက္ပစ္သည့္အဖြဲ႕ေတြလည္း အသီးသီးေပၚလာေတာ့ ခ်ိဳးငွက္က ရွာရခက္လာသည္။
ထိုအခါ သိန္းစိန္က
“ငါတို႔ေၾကာင္လိုက္ၾကမယ္။ေၾကာင္ေတြက ေဈးပိုရတယ္။ခုတေလာ လိုက္တဲ့သူလည္းသိပ္မေတြ႕ရေသးဘူး”ဟုဆိုလာသျဖင့္ ျမင့္ေဌးႏွင့္ေက်ာ္ဦးလည္းသေဘာတူလိုက္ၾကသည္။
သို႔ျဖင့္ ညသန္းေခါင္အခ်ိန္သို႔ေရာက္ေတာ့ ျမင့္ေဌးတို႔သည္ ေလးခြ၊ေလာက္စာလုံးလြယ္အိတ္၊ပီနံအိတ္ႏွင့္ ေခြးႏွစ္ေကာင္ကိုပါေခၚလာၿပီး ယာခင္းေတြဘက္ထြက္လာ
ခဲ့ၾကသည္။
ေၾကာင္ဆိုတာကလည္း ေတာေၾကာင္မဟုတ္။အိမ္ေၾကာင္ေတြသာျဖစ္သည္။
အဲ့ဒီ အိမ္ေၾကာင္ေတြသည္ ညသန္းေခါင္ယံဆိုလွ်င္ ယာခင္းေတြဘက္ထြက္ၿပီး အစာရွာျခင္း၊မိတ္လိုက္ျခင္းစသည္တို႔ကိုျပဳလုပ္တတ္ေသာေၾကာင့္ ျမင့္ေဌးတို႔အတြက္ မ်က္စိက်စရာျဖစ္လာသည္။
ထို႔ေနာက္ သုံးေယာက္သား ယာခင္းထဲသို႔ေရာက္သည္ႏွင့္တၿပိဳင္နက္ ဓာတ္မီးျဖင့္ ဟိုဟိုဒီဒီထိုးၾကည့္သည္။
ေၾကာင္ကိုမေတြ႕ရေသးေခ်။
ထို႔ေနာက္ ေနာက္ယာခင္းတစ္ခုသို႔ဆက္ေလွ်ာက္ရသည္။
ထိုအခိုက္တြင္
‘ဝုတ္’
‘ဝုတ္’
ေခြးႏွစ္ေကာင္က ေျမာက္ဘက္သို႔တစ္ခ်က္ေဟာင္ကာ အခ်က္ျပၾကသည္။
ျမင့္ေဌးတို႔သုံးေယာက္လည္း ထိုေျမာက္ဘက္သို႔ဓာတ္မီးျဖင့္ လွ်ပ္တျပက္ေဝွ႔ဝိုက္ထိုးၾကည့္လိုက္ရာ အေရာင္တလက္လက္ေတာက္ေနသည့္ေၾကာင္မ်က္လုံးအစုံကိုေတြ႕လိုက္ရသည္။
ေၾကာင္ကႏွစ္ေကာင္ျဖစ္သည္။
“ရႉးရႉး ရႉး”
ျမင့္ေဌးတို႔လည္း ထိုေၾကာင္ႏွစ္ေကာင္ကိုရႉးတိုက္ေလရာ ေခြးႏွစ္ေကာင္လည္း ေျပးကိုက္ၾကသည္။
ေၾကာင္ႏွစ္ေကာင္လည္း ထြက္ေျပးၾကသည္။
ျမင့္ေဌးတို႔သုံးေယာက္ကလည္း အေနာက္ကေန ေျပးလိုက္ၾကသည္။
ေၾကာင္ႏွစ္ေကာင္လည္း ေျပးရင္းေျပးရင္းျဖင့္ သစ္ပင္ႀကီးတစ္ပင္ေပၚသို႔တက္ေျပးသြားသည္။
ေခြးႏွစ္ေကာင္ကလည္း အပင္ေပၚေမာ့ၾကည့္ကာေဟာင္ၾကသည္။
အေနာက္မွ ေျပးလိုက္လာၾကသည့္ ျမင့္ေဌးတို႔လည္း အပင္ေအာက္သို႔ေရာက္လာၿပီး ဓာတ္မီးျဖင့္ သစ္ပင္ေပၚသို႔ထိုးၾကည့္ၾကသည္။
ေၾကာင္ႏွစ္ေကာင္ကမူ သစ္ကိုင္းႀကီးတစ္ကိုင္းေပၚတြင္ရွိေနကာ ေအာက္မွအေျခအေနကို ငုံ႔ၾကည့္ေနၾကသည္။
ထို႔ေနာက္ သိန္းစိန္က
“ငါဓာတ္မီးနဲ႔ထိုးေပးထားမယ္။မင္းတို႔ပစ္ေတာ့။ဒီဘက္နီးတဲ့အေကာင္ဝါကိုအရင္ပစ္ၾက”
ေျပာၿပီး ဓာတ္မီးျဖင့္ေၾကာင္ဝါကိုထိုးျပသည္။
ျမင့္ေဌးႏွင့္ေက်ာ္ဦးကလည္း ေလးခြကိုယ္စီျဖင့္ ေၾကာင္ဝါကိုပစ္ၾကသည္။
“ဗုန္း ‘
‘ဗုန္း’
‘ေျမႇာင္’
ေလာက္စာလုံးမ်ားသည္ ေၾကာင္ဝါ၏ဦးေခါင္း ခႏၶာကိုယ္အႏွံသို႔မွန္ေလေတာ့ ေၾကာင္ဝါလည္း နာက်င္စြာေအာ္ၿပီး ေအာက္သို႔ျပဳတ္က်လာသည္။
“ဝုတ္ ဝုတ္”
ေခြးႏွစ္ေကာင္ကလည္း ေၾကာင္ဝါျပဳတ္က်လာသည္ႏွင့္တၿပိဳင္နက္ ဝိုင္းဆြဲၾကသည္။
ထိုအခါမွ ျမင့္ေဌးလည္း ေခြးႏွစ္ေကာင္ကိုဖယ္ၿပီး အသက္ခပ္ယဲ့ယဲ့သာက်န္ေတာ့သည့္ေၾကာင္ဝါႀကီးကို ပီနံအိတ္ထဲသို႔ထည့္လိုက္သည္။
သိန္းစိန္ကမူ အပင္ေပၚမွ လက္က်န္ေၾကာင္တစ္ေကာင္ မ်က္ေျခမျပတ္ေစရန္ ဓာတ္မီးျဖင့္ထပ္မံထိုးထားျပန္သည္။
ၿပီးေနာက္
“ပစ္ေတာ့ ပစ္ေတာ့”
ယင္းသို႔ဆိုေတာ့ ျမင့္ေဌးတို႔ႏွစ္ေယာက္လည္း သစ္ပင္ေပၚမွ လက္က်န္ေၾကာင္တစ္ေကာင္ကိုဝိုင္းပစ္ၾကသည္။
ထိုေၾကာင္လည္း ေအာက္သို႔ျပဳတ္က်ေလရာ ေခြးႏွစ္ေကာင္က ဝိုင္းဆြဲၾကသည္။
ဒါဏ္ရာေတြေၾကာင့္ ထိုေၾကာင္ မေျပးႏိုင္ေတာ့မွ ျမင့္ေဌးတို႔လည္း ေခြးႏွစ္ေကာင္ကိုဖယ္ၿပီးေၾကာင္ကို ပီနံအိတ္ထဲသို႔ေကာက္ထည့္လိုက္ေတာ့သည္။
ၿပီးေနာက္ ေနာက္တစ္ေနရာဆက္သြားၾကၿပီး အထက္ပါနည္းအတိုင္း
ေၾကာင္ေတြကိုထပ္ပစ္ၾကသည္။
ယင္းသို႔ပစ္ရာ၌ ထိုညတစ္ညတည္းႏွင့္ပင္ ေၾကာင္ဆယ္ေကာင္ခန႔္ရလိုက္သည္။
သို႔ျဖင့္ မနက္ေရာက္ေတာ့ ႏွစ္ေကာင္သာခ်န္ထားၿပီး က်န္သည့္ရွစ္ေကာင္ကို ပိႆာခ်ိန္ျဖင့္ေရာင္းေလရာ ႏွစ္သိန္းဝန္းက်င္ခန႔္ရလိုက္သည္။
ျမင့္ေဌးတို႔လည္း ထိုပိုက္ဆံေတြကိုခြဲယူၾကၿပီး ခ်န္ထားသည့္ေၾကာင္ႏွစ္ေကာင္ကိုေတာ့ အတူတူခ်က္စားလိုက္ၾကသည္။
သို႔ျဖင့္ ညအခ်ိန္သို႔ေရာက္ေတာ့ သုံးေယာက္သား ေခြးႏွစ္ေကာင္ျဖင့္ ေၾကာင္လိုက္ၾကျပန္သည္။
ယင္းသို႔လိုက္ၾကရာတြင္လည္း ထိုညအဖို႔ စုစုေပါင္း ဆယ္ေကာင္ခန႔္ရခဲ့ျပန္သည္မို႔
ျမင့္ေဌးတို႔သုံးေယာက္မွာ အလြန္တက္ႂကြကာ ညစဥ္တိုင္း ဇြဲလုံ႔လထားကာ ေၾကာင္လိုက္ျဖစ္ၾကေလေတာ့သည္။
ဆယ့္ငါးရက္ခန႔္ၾကာေတာ့ ျမင့္ေဌးတို႔သုံးေယာက္မွာ ေၾကာင္သားေရာင္းရသည့္ပိုက္ဆံေတြျဖင့္ ေ႐ႊတိုေ႐ႊစေတြဝယ္ႏိုင္သည္အထိျဖစ္လာသည္။
သို႔ေသာ္ ႐ြာထဲတြင္လည္း ေၾကာင္ေတြေပ်ာက္သျဖင့္ သခင္ေတြကေၾကာင္မုဆိုးေတြကိုေမတၱာေတြပို႔ေနၾကေတာ့သည္။
ယင္းသို႔ေမတၱာပို႔သည္ကိုသိရေတာ့ ျမင့္ေဌးက သိန္းစိန္ကိုရင္ဖြင့္သည္။
“ငါ့ေကာင္ေရ။႐ြာထဲက ေၾကာင္ပိုင္ရွင္ေတြကေတာ့ သူတို႔ေၾကာင္ေတြေပ်ာက္လို႔ ငါတို႔ကိုပယ္ပယ္နယ္နယ္ဆဲေနၾကၿပီ။ငါတို႔ ဒါကိုမလုပ္ေတာ့တာေကာင္းမယ္ထင္တယ္”
ထိုအခါ သိန္းစိန္က
“ဒီလို ေၾကာင္ေတြဖမ္းတာကို သူတို႔က ဆဲသတဲ့လား။တကယ္ေတာ့ ငါတို႔လုပ္တာ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ေလ”
“ဟင္ ဘာေတြႏွစ္ခ်က္ျပတ္ေနလို႔တုံး”
“ဒီလိုေလကြာ။ပထမအခ်က္က ဒီကာလႀကီးမွာ သူမ်ားေတြအလုပ္အကိုင္ပ်က္ၿပီး ငတ္ေနတဲ့အခ်ိန္မွာ ငါတို႔မွာေတာ့ အဆင္ေျပၿပီးေ႐ႊေတြေတာင္ဝယ္ႏိုင္ေနၿပီေလ။ေနာက္တစ္ခ်က္က ငါတို႔က ေဈးေလွ်ာ့ၿပီးေရာင္းတာမလို႔ ဆိုင္ရွင္ေတြနဲ႔ေၾကာင္သားဝယ္တဲ့လူေတြလည္း ေဈးခ်ိဳခ်ိဳနဲ႔အသားဟင္းစားရတယ္ေလ။အခုခ်ိန္ ၾကက္သား ဝက္သား ဘယ္သူဝယ္စားႏိုင္မွာတုံး။ဒီေတာ့ ငါတို႔လုပ္တာဟာ အားလုံးအတြက္ပဲ။မဟုတ္ဘူးလား”
သိန္းစိန္က ယင္းသို႔အခ်က္က်က်ျဖင့္ျပန္ရွင္းျပေတာ့ ျမင့္ေဌးလည္း ျပန္မေျပာတတ္ေအာင္ျဖစ္သြားသည္။
ထို႔ေနာက္
“ေအးကြာ။မင္းေျပာတာဟုတ္ပါတယ္။ဒါေပမယ့္ ငါေတာ့ အိမ္ဆိုင္ေလး ဖြင့္ၿပီးရင္ ဒီလိုေၾကာင္လိုက္တာေတြမလုပ္ခ်င္ေတာ့ဘူး”
“မင္းသေဘာပါ။ေလာေလာဆယ္ မင္းရည္႐ြယ္ထားတဲ့အိမ္ဆိုင္ကေလးဖြင့္ႏိုင္ေအာင္ အရင္ႀကိဳးစားၾကရတာေပါ့”ဟုဆိုလိုက္သည္။
သို႔ျဖင့္ ညအခ်ိန္သို႔ေရာက္ေတာ့ သုံးေယာက္သား ေၾကာင္လိုက္ၾကျပန္သည္။
ၿပီးေနာက္ ရလာသည့္ေၾကာင္ေတြကို ထန္းရည္ဆိုင္၊အရက္ဆိုင္သို႔ျပန္ေရာင္းၾကသည္။
ရက္အနည္းငယ္ၾကာလာေတာ့ ျမင့္ေဌးလည္း ထိုေၾကာင္ေတြေရာင္းရေငြျဖင့္ အိမ္ဆိုင္ေလးတစ္ဆိုင္ဖြင့္လာႏိုင္ခဲ့သည္။
ထို႔ေနာက္ မူလက ဆုံးျဖတ္ထားခဲ့သည့္အတိုင္း ေၾကာင္လိုက္သည့္အလုပ္ကိုစြန႔္လႊတ္ခ်င္ေၾကာင္းေျပာလိုက္ရာ သိန္းစိန္က
“မင္းကလည္းကြာ။ဘယ္လိုျဖစ္လို႔ ဒီအလုပ္ကိုအတင္းရပ္နားခ်င္ေနရတာတုံး”
“ဒီ႐ြာထဲကေၾကာင္ပိုင္ရွင္ေတြေမတၱာပို႔တာေန႔တိုင္းၾကားေနရလို႔ကြ”
“ကဲ ဒါဆို ငါတို႔တျခား႐ြာေတြဘက္သြားၿပီးလိုက္ၾကမယ္။ဒါဆိုဘယ္လိုလဲ။ငါတို႔မွာလည္း စိတ္တူကိုယ္တူေပါင္းတာဆိုလို႔မင္းပဲရွိတာ”
သိန္းစိန္က ထိုသို႔ေျပာေတာ့ ေက်ာ္ဦးကလည္း ေထာက္ခံေျပာဆိုေပးသည္။
“ဟုတ္တယ္ကြာ။သူငယ္ခ်င္းသုံးေယာက္ဆုံတုန္းေလး အတူလုပ္ရတာ။ေနာက္ဆို မင္းက ရန္ကုန္ကိုျပန္မယ့္ဟာ”
ငယ္သူငယ္ခ်င္းေတြက ထိုမွ်အထိေျပာေနေတာ့ ျမင့္ေဌးလည္း တင္းခံႏိုင္စြမ္းမရွိေတာ့ေခ်။
“ေအးကြာ။ငါလိုက္မယ္။ဒီ႐ြာကေၾကာင္ေတြမဟုတ္ရင္ၿပီးေရာ”
“စိတ္ခ်”
သို႔ျဖင့္ ျမင့္ေဌးတို႔လည္း ညဥ့္အခ်ိန္ေရာက္သည့္အခါ အျခား႐ြာေတြဘက္သို႔ သြားကာ ေၾကာင္ေတြကိုလိုက္ၾကသည္။
ၿပီးေနာက္ ရလည္သည့္ေၾကာင္ေတြကို အရက္ဆိုင္ ထန္းရည္ဆိုင္ေတြသို႔ျပန္ေရာင္းခ်ၾကသည္။
ဆိုရလွ်င္ ကိုဗစ္ကာလျဖစ္သည့္အေလ်ာက္ လူအမ်ားစု စားဝတ္ေနေရးခက္ခဲေနခ်ိန္၌ ျမင့္ေဌးတို႔သုံးေယာက္မွာေတာ့ ဝင္ေငြေတြေကာင္းလ်က္ရွိၿပီး ေနအိမ္ကိုပင္ ေအာက္ခံတိုက္ေဆာက္ႏိုင္သည္အထိျဖစ္လာသည္။
တစ္ညတြင္ေတာ့ ျမင့္ေဌးတို႔သုံးေယာက္သည္ ရတနာတင္းတိမ္ကန္ေတာ္ႀကီးအနီးမွ လယ္ကြက္ေတြဘက္သို႔ ေၾကာင္လိုက္ရန္ေရာက္လာခဲ့သည္။
ေခြးႏွစ္ေကာင္ကိုလႊတ္ေပးၿပီး ေၾကာင္ရွာၾကသည္။
ျဖစ္ခ်င္ေတာ့ညဥ့္နက္အခ်ိန္ေရာက္သည့္တိုင္ေအာင္ ေၾကာင္ တစ္ေကာင္မွ မေတြ႕ရေသးေခ်။
ထို႔ေၾကာင့္သုံးေယာက္သား စိတ္ဓာတ္က်စျပဳလာသည္။
သို႔ေသာ္ အခ်ိန္ကုန္ ရက်ိဳးနပ္ေအာင္ ဇြဲမေလွ်ာ့ေသးဘဲ ဆက္ရွာၾကရာ ေၾကာင္တစ္ေကာင္ကိုေတြ႕လိုက္ရသည္။
ျမင့္ေဌးတို႔လည္း ဝမ္းသာအားရစြာျဖင့္ ထိုေၾကာင္ကိုေခြးျဖင့္ရႉးတိုက္ၾကသည္။
“ရႉး ရႉး ရႉး”
ယင္းသို႔ရႉးတိုက္ေလရာ ေခြးႏွစ္ေကာင္လည္း ေၾကာင္ေနာက္သို႔ လိုက္ၾကသည္။
ေၾကာင္လည္း ေျပးရင္းေျပးရင္းျဖင့္
သစ္ေတာငယ္တစ္ခုထဲေျပးဝင္သြားေလရာ ေခြးႏွစ္ေကာင္လည္း သစ္ေတာငယ္ထဲအထိဆက္မလိုက္ေတာ့ဘဲ တအီအီျဖင့္ အေနာက္သို႔ျပန္လွည့္ေျပးဖို႔လုပ္ေနၾကသည္။
ထိုအခါျမင့္ေဌးတို႔သုံးေယာက္ကလည္း ထပ္မံရႉးတိုက္ၾကျပန္သည္။
“ရႉး ရႉး ရႉး”
ယင္းသို႔အဆက္မျပတ္ ရႉးတိုက္ၾကေပမင့္ ေခြးႏွစ္ေကာင္မွာ သစ္ေတာငယ္ထဲဝင္မတိုးဝံ့ဘဲ ‘တအီအီ’ျဖင့္ အေနာက္သို႔သာ လွည့္ျပန္ေနၾကသည္။
“ဒီေခြးေတြ ဘယ္လိုျဖစ္တာလဲမသိဘူး”
ျမင့္ေဌးက ဆိုလိုက္ျခင္းျဖစ္သည္။
သိန္းစိန္က
“အို ဘာျဖစ္ျဖစ္ကြာ။ဒီေၾကာင္တစ္ေကာင္ပဲေတြ႕ရတာ။ရမွျဖစ္မယ္”
ယင္းသို႔ဆိုၿပီးေနာက္ သူကိုယ္တိုင္သစ္ေတာငယ္ထဲဝင္ၿပီး ဓာတ္မီး ျဖင့္ ေနရာအႏွံ႔ထိုး၍ လိုက္ရွာၾကည့္သည္။
ထိုအခါ ျမင့္ေဌးႏွင့္ေက်ာ္ဦးလည္း ေလးခြကိုယ္စီအသင့္ျပင္ကာ အေနာက္မွလိုက္ဝင္ၾကသည္။
သုံးေယာက္သား သစ္ေတာငယ္အတြင္းဝယ္ ေၾကာင္ကိုလိုက္ရွာေပမင့္ မေတြ႕ရဘဲ ျဖစ္ကာ အခ်ိန္ၾကာလာေတာ့
စိတ္ေမာကိုယ္ေမာျဖစ္ၿပီး ကုကၠိဳပင္ႀကီး တစ္ပင္ေအာက္တြင္ ေျခပစ္လက္ပစ္ထိုင္လိုက္ၾကသည္။
ထိုအခိုက္တြင္
‘ဂြၽတ္ ဂြၽတ္ ဂြၽတ္’
ကုကၠိဳပင္ေပၚမွ အသံအခ်ိဳ႕ထြက္ေပၚလာသည္မို႔ သုံးေယာက္သား ေမာ့ၾကည့္လိုက္ရာ အရပ္ရွစ္ေပခန႔္ရွိေသာ အမ်ိဳးသမီးႀကီးတစ္ဦး သစ္ပင္ေပၚမွ ေဇာက္ထိုးႀကီးဆင္းလာသည္ကိုေတြ႕ရသည္။
ထိုအမ်ိဳးသမီးႀကီးသည္ အျဖဴေရာင္ဂါဝန္ကိုဝတ္ဆင္ထားၿပီး ဦးေခါင္း ညာဘက္ျခမ္းတြင္ ဆံပင္ေတြက ရွည္လ်ားၿပီး ေအာက္သို႔တြဲက်ေနေပမင့္
ဘယ္ဘက္ျခမ္းကမူ ဆံပင္ငုတ္တို အနည္းငယ္သာရွိေလသည္။
ေခ်ာက္ျခားစရာေကာင္းသည္မွာ သူမ၏ မ်က္လုံးေတြပဲျဖစ္သည္။
မ်က္လုံးႏွစ္လုံးအနက္ တစ္လုံးက အျပင္သို႔ေငါထြက္ေနေလၿပီး က်န္တစ္လုံးကေတာ့ အျပင္သို႔ လုံးလုံး ထြက္ကာ အေၾကာေတြျဖင့္ တန္းလန္းႀကီးျဖစ္ေနျခင္းရယ္ပင္။
အလြန္ေခ်ာက္ျခားဖြယ္ရာေကာင္းေသာထိုျမင္ကြင္းေၾကာင့္ ျမင့္ေဌးတို႔လည္း ေသြးပ်က္ကာ ေအာ္ဟစ္ၿပီး ႐ြာသို႔ေရာက္ေအာင္ ျပန္ေျပးလာခဲ့ၾကေတာ့သည္။
အိမ္သို႔ေရာက္ၿပီးသည့္ေနာက္ အေၾကာက္လြန္ကာ ခုႏွစ္ရက္တိတိဖ်ားၾကေလေတာ့သည္။
ရွစ္ရက္ေျမာက္ေသာေန႔တြင္ေတာ့ သုံးေယာက္သား ထူထူေထာင္ေထာင္ျပန္ျဖစ္လာၾကသည္။
သို႔ေသာ္ ေၾကာင္လိုက္မည့္ကိစၥကိုေတာ့
မည္သူမွ မဖြင့္ဟၾကေတာ့ေခ်။
+++++++++++++++++++++++++++
ေနာက္ဆက္တြဲ
တစ္ရက္တြင္ေတာ့ ျမင့္ေဌးတို႔သုံးေယာက္သည္ ဆိုင္ကယ္ျဖင့္ၿမိဳ႕ေပၚသို႔ေဈးတက္ဝယ္ၾကသည္။
ျဖစ္ခ်င္ေတာ့ ဆိုင္ကယ္သည္ ကန္ေတာ္ႀကီး၏တစ္ေနရာသို႔ေရာက္ေတာ့ ဘီးေပါက္သြားသည္။
ထို႔ေနာက္ အနီးအနားရွိ ဆိုင္ကယ္ျပင္သည့္ဆိုင္ေပါက္စအနားသို႔တြန္းလာၿပီး အပ္လိုက္သည္။
ၿပီးေနာက္ သုံးေယာက္သား ဘီးဖာတာကိုထိုင္ေစာင့္ရင္း ပတ္ဝန္းက်င္ကိုေငးေမာၾကည့္ရႈၾကခိုက္ သစ္ေတာငယ္ေလးေတြၾကားမွ ထီးထီးႀကီးျမင့္ေနသည့္
ကုကၠိဳပင္ႀကီးတစ္ပင္ကိုေတြ႕လိုက္ရေတာ့ မ်က္ခုံးပင့္သြားၾကသည္။
အဘယ္ေၾကာင့္ဆိုေသာ္ လြန္ခဲ့ေသာ ရက္အနည္းငယ္ခန႔္က ညဘက္ေၾကာင္လိုက္ရင္း ေျခာက္လွန႔္ခံခဲ့ရသည္မွာ ထိုအပင္ႀကီးဆီမွျဖစ္ေၾကာင္း မွတ္မိေလေသာေၾကာင့္ျဖစ္သည္။
ထို႔ေနာက္ သိန္းစိန္က ကုကၠိဳပင္ကိုလက္ညိဳးထိုးျပလိုက္ရင္း ဆိုင္ကယ္ျပင္သူကိုေမးလိုက္သည္။
“အဲဒီကုကၠိဳပင္ႀကီးက သရဲေျခာက္တယ္မလားဗ်”
ယင္းသို႔ေမးလိုက္ေတာ့ ဆိုင္ကယ္ျပင္သူက
“ဟုတ္တယ္။သရဲမ တစ္ေကာင္ရွိတယ္ေလ။ဘာလဲ ညီတို႔ေတြ ေျခာက္လွန႔္တာ ခံရဖူးလို႔လား”
ယင္းသို႔ျပန္ေမးေတာ့ သိန္းစိန္က
“ဟုတ္တယ္ဗ်။ဒီလပိုင္းအတြင္းမွာ ညဘက္ေကာင္လိုက္ရင္း အေျခာက္ခံလိုက္ရတာ”
ထိုအခါ ဆိုင္ကယ္ျပင္သူက
“ညဘက္ႀကီးေတာင္ အဲဒီအပင္နား ေၾကာင္လိုက္ရတယ္လို႔။ဒီရပ္ကြက္ကလူေတြေတာင္ ညေနမိုးခ်ဳပ္ၿပီဆိုရင္ အဲဒီဘက္မသြားၾကေတာ့ဘူး”
“ဟုတ္လား။ရွင္းျပပါဦးဗ်။ဘယ္လိုေတြျဖစ္ခဲ့လို႔တုံး”
“ဒီလိုကြ။အဲဒီအပင္မွာရွိေနတဲ့သရဲမရဲ႕အျဖစ္ကအစ္ကိုတို႔အေဖေျပာျပတာရွိခဲ့ဖူးတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္းေလးဆယ္ေလာက္က ေတာင္တြင္းႀကီးတစ္ၿမိဳ႕လုံးမီးေလာင္ခဲ့ဖူးတယ္ေလ။ဘူတာ႐ုံက စေလာင္တာ။ေနာက္ေတာ့ ထူပါ႐ုံေရာက္မွ မီးကၿငိမ္းသြားတာ။ဒါေၾကာင့္မို႔ ‘ဘူတာ႐ုံကမီး ထူပါ႐ုံမွၿပီး’လို႔ စာဆိုထြက္လာတာ ညီတို႔သိမွာေပါ့”
“ဟုတ္ သိပါတယ္”
“ေအး အဲဒီလိုမီးေလာင္ေတာ့ အိမ္ေခါင္မိုးေတြလည္း လြင့္သြားၾကတာပဲ။သြပ္ေတြလည္းေလေပၚပ်ံဝဲေနၾကသတဲ့။ဒီေတာ့ အျဖဴေရာင္ဂါဝန္ဝတ္ထားတဲ့ေကာင္မေလးလည္း ေၾကာက္လန႔္ၿပီး အိမ္ထဲမေနရဲေတာ့ဘဲ လယ္ကြင္းေတြၾကားက ကုကၠိဳပင္ေအာက္မွာသြားရပ္ေနတယ္။ကံဆိုးခ်င္ေတာ့ မီးအရွိန္ေၾကာင္လြင့္လာတဲ့ေခါင္မိုးသြပ္ျပားက အဲဒီေကာင္မေလးရဲ႕ေခါင္းကို လာစိုက္သတဲ့။ေကာင္မေလးလည္း အဲဒီကုကၠိဳပင္ေအာက္မွာပြဲခ်င္းၿပီးေသသြားသတဲ့။အဲဒီေနာက္ပိုင္း ေကာင္မေလးက မကြၽတ္ဘူးထင္ပါတယ္။ကုကၠိဳပင္ေအာက္ေရာက္တဲ့သူတိုင္းကိုေျခာက္လွန႔္ေနေတာ့တာပဲ။ညဘက္ဆို ပိုဆိုးေပါ့”
“ဪ”
ျမင့္ေဌးတို႔သုံးေယာက္လည္း ဆက္မေျပာျဖစ္ၾကေတာ့ေခ်။
ဆိုင္ကယ္ဘီးထာၿပီးသည့္ေနာက္ က်သင့္ေငြကိုေပးၿပီး သုံးေယာက္သား
ျပန္ၾကေတာ့သည္ ။
#ဆရာေဆြ(ေတာင္တြင္း)