တံငါသည်နှင့်အကျွတ်အလွတ်စေတီ

***တံငါသည်နှင့်အကျွတ်အလွတ်စေတီ***(စ/ဆုံး)

—————————–@@@@@————————————-

ညကတည်းက မိုးစက်မိုးပေါက်တွေ တဝေါဝေါရွာချနေတဲ့ မိုးကြောင့် ဦးတင်တစ်ယောက် လှေထွက်ရမှာ လေးပင့်နေသည်။

အေးစိမ့်စိမ့်မိုးကြောင့် အချမ်းပြေ ထမင်းကြော်စားပြီး အကြမ်းအိုး တည်သောက်တာလည်း တစ်ဝက်ပင်ကျသွားပြီဖြစ်သည်။ ဒဟတ်ကုန်းရွာ လေးက နံနက်စောစောကပင် နိုးခဲ့ပြီဖြစ်သည်။ ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံက နံနက် (၅းဝဝ)နာရီထိုးပြီဖြစ်သည်။ ခုနကပင် ကိုသာမောင်နဲ့ မောင်အေးမြင့်တို့တူဝရီးနှစ်ယောက်လယ်ထဲဆင်းသွားကြ သည်။ ဦးတင်တစ်ယောက် အသက် (၅၀)ကျော် (၆ဝ) အတွင်းပင် ရောက် လာပြီဖြစ်သဖြင့် အကုသိုလ်အလုပ်ကိုမလုပ်ချင်ပေမဲ့လည်းလုပ်နေရသေး သည် ။ အခြားလုပ်ငန်းလည်း မလုပ်တတ်၊ ငယ်ငယ်ကလေးကတည်းက လုပ်ကိုင်စားသောက်ခဲ့သည့် လုပ်ငန်းဖြစ်သည်။ အဖေ ဦးလှတင် လက် ထက်ကတည်းက ကွန်ပစ်ငါးရှာလုပ်လာခဲ့သည်မှာမိမိအခုအသက်အရွယ်

အထိပင်ဖြစ်တော့သည်။ ယခုလည်း ဒေါ်စမ်းရီတို့ကုန်စုံဆိုင်မှ ဆွမ်းချက်ရန် မှာထားသဖြင့် မဖြစ်မနေ ဆင်းရတော့မည်။

“အင်း – အကုသိုလ်ထဲက ဆွမ်းချက်ဖို့ဆိုတဲ့ ကုသိုလ်ပါနေလို့ တော်ပါ

သေးရဲ့”

ရွာဦးကျောင်းဆရာတော်ကလည်း –

“ဒကာကြီး စားမယ့်သောက်မယ့်သူလည်း ရှိတော့တာမဟုတ်ဘဲနဲ့ ဒီ အကုသိုလ် အလုပ်ကိုစွန့်ပြီး ကျောင်းမှာလာနေပါလား ဒကာကြီး”

“တင်ပါ့ဘုရား တပည့်တော် အချိန်ကျရင် ရောက်လာမှာပါ ဘုရား”

 

မနှစ်က ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်တုန်းကတည်းက ဆရာတော် မိန့်မှာဖူးခဲ့သော်လည်း မိမိစိတ်ထဲတွင် ဆရာတော်ရဲ့ ဆွမ်းကျန်စားရင် ငရဲ ကြီးမှာကြောက်နေပါသည်။ဒါကြောင့်ဆရာတော်ကျောင်းကိုမရောက်သေး

တာဖြစ်သည်။

အခုလည်း တန်းတွင်တင်ထားသော ပိုက်ကိုပခုံးပေါ်တင်ပြီး မိုးရေထဲ ထွက်ခဲ့သည်။ မိုးကလည်း စဲစပြုလာပြီဖြစ်သည်။ ပိုက်ကို လှေဝမ်းထဲထည့် ပြီး လှော်တက်ကလေးကို ဖြည်းဖြည်းပင် လှော်ခဲ့သည်။ ဒဟတ်ကုန်းရွာ အရှေ့ဘက် ဒညင်းချောင်းဝမှ ဝဲပြန်လေအဝှေ့တွင် ဦးတင် ချမ်းတုန်သွား သည်။

“ဦးတင် – အခုမှ ထွက်လာသလား၊ နောက်တောင် ကျနေပြီ”

“အေး – မောင်ချစ်ရေ၊ ငါလည်း အသက်ကလေး ရလာတော့ မိုးဒဏ် မခံနိုင်တော့ဘူးဟေ့”

“မင်းတို့ကော ဘယ်လိုလဲ၊ ငါး ရပြီလား”

“မရသေးပါဘူး – ဦးတင်ရာ၊ ငါးမြီးတန်သွယ် (၂၅)သားလောက်နဲ့ ငါးရံ့ လေး (၃ဝ)သားလောက်ပဲ ရသေးတယ်။ ငါးကြီးတွေ ရှားသွားပြီနဲ့တူ တယ်”

“ငါတော့ တညင်းချောင်းဝမှာ ကွန်သွားပစ်မယ်။ အဲဒီမှာ ငါးကြီးတွေရှိ တယ်။ ဟိုတစ်နေ့က ငါးဘတ်ကြီးတစ်ကောင် မီးအိပ်မက်မက်နေတာ တွေ့ လိုက်တယ်။ ငါ အနားသွားတော့ လန့်ပြီးကူးသွားတယ်။ (မီးအိပ်မက် မက် သည်ဆိုသည်မှာ ငါးကြီးများ ရေပေါ်တွင်ပေါ်၍အသေကဲ့သို့ ငြိမ်နေသည်ကို ဆိုလိုသည်။)

“အာ – ဦးတင်ကလည်း တညင်းချောင်းဝက နတ်ကြီးတယ်လို့ ပြော တယ်။ အခြောက်အလှန့်လည်း ပေါးပါဘိသနဲ့၊ ကိုမောင်ကွန့် အရှေ့ရွာက လှေနဲ့ပြန်လာတာ တညင်းချောင်းဝရောက်တော့ ကမ်းစပ်မှာ မိန်းကလေး တစ်သိုက်ဆော့ကစားနေကြတယ်။ ဒါနဲ့ ကိုမောင်ကွန့်လည်း ဘယ်က မိန်း ကလေးတွေလဲလို့ စိုက်ကြည့်နေတာပေါ့။ ငါတို့ရွာကတော့ မဟုတ်ဘူး၊

 

ရွာနဲ့ တညင်းချောင်းဝကလည်းဝေးသေးတယ်။ ပြီးတော့ ကိုင်းတောကြီးက လည်း ညို့နေတာပဲ။ ဒီလိုညနေစောင်းမှာ မိန်းကလေးမပြောနဲ့ ယောက်ျား လေးတွေတောင် လာရဲမှာ မဟုတ်ဘူး။ မိန်းကလေးတွေက တော်တော်ကို ချောတာတဲ့။ ကြည့်နေရင်း မိန်းကလေးတွေ ရေထဲကိုငုပ်သွားတာ

တော်တော်နဲ့ ပြန်မပေါ်လာဘူးတဲ့။ မောင်ကွန့်လည်းကြည့်နေတုန်းချောင်း ထဲက လှိုင်းလုံးကြီးတွေရဲ့ထိပ်ပေါ်မှာ မိန်းကလေးတွေဟာ ပြေးလွှားဆော့ ကစားပြီး ကိုမောင်ကွန့် လှေနောက်ကို ရေပေါ်ကနေ ပြေးလိုက်လာတာလို့ ကိုမောင်ကွန့်လည်း ဘုရားစာတွေ တတ်သမျှရွတ်ပြီး လှော်ပြေးလာခဲ့တာ ရွာရိုးထိပ်ရောက်မှပဲ လှည့်ပြန်သွားကြတယ်”

“အိုကွာ – ဒီအရက်သမား အရက်မူးပြီး တွေ့ကရာလျှောက်ပြောတာ နေမှာပါကွာ။ ငါကတော့ မယုံဘူးဟေ့”

“မယုံရင်လည်း ဦးတင် သဘောပဲ။ ကျွန်တော်က ဦးတင် အန္တရာယ်ဖြစ် မှာစိုးလို့ ပြောတာ”

အိမ်ကထွက်လာကတည်းက (ရးဝဝ)နာရီထိုးနေပြီဖြစ်သဖြင့်တညင်း ချောင်းဝရောက်တော့ (၉းဝဝ)နာရီထိုးပြီဖြစ်သည်။ ဦးတင်လည်းလှေလှော် ခဲ့ရသဖြင့် နံနက်စောစောက စားထားသော ထမင်းကြော်များ ဘယ်ရောက် သွားသည်မသိပါ။ ထပ်ဆာလာသဖြင့် ကမ်းစပ်လမုပင်ကြီးအောက်မှ ကြိုး ချည်ပြီးပါလာတဲ့ထမင်းချိုင့်ထုပ်ယူပြီး ထမင်းနှင့်ငါးပိထောင်းအားရပါးရစား တော့သည်။ အိမ်မှ ထည့်လာသည့် ရေနွေးကြမ်းပုလင်းကို သောက်လိုက်၊ ထမင်းစားလိုက်လုပ်ပြီးမှ ဖက်ကြမ်းဆေးလိပ်ကလေးထုတ်ပြီးလျှင် သုံးကာ ခြစ် တစ်ခါတောက်မီးခြစ်ကလေးနှင့် မီးညှိပြီး ကိုက်ဖွာလိုက်သည်။ ပြီးမှ – လှေကလေးကိုလှော်ပြီးရေလယ်သို့ထွက်လာခဲ့သည်။တညင်းချောင်းဝထိပ် ကမ်းနဖူးတွင်တော့ ကျွဲတညင်းပင်ကြီးက တစ်ပင်ထီးထီးကြီး ခန့်ခန့်ထည် ထည်ကြီးနှင့် ချောင်းဝကို မိုးထားသလိုမျိုးဖြစ်နေသည်။ ရေလယ်ဝဲပြန်ထဲ ရောက်တော့ကွန်ကိုပစ်ချလိုက်သည်။ ကွန်ကလေးထဲတွင် ဝဲ၍ဝိုင်းကြသွား သည်။ ဦးတင် ကွန်ပစ်ရင် ဝိုင်းနေအောင်ကိုပင် ပစ်နိုင်သည်။ တစ်အောင့်

 

အကြာတွင် ကွန်ထဲတွင် ငါးတိုးနေသလိုမျိုး ကွန်က လှုပ်ယမ်းနေသည်။ ဦးတင်ဝမ်းသာနေသည်။ ဒီတစ်ခါငါးရရင် ရွာဦးကျောင်းဆရာတော်ကိုဆွမ်း ချက်ကပ်လိုက်ဦးမယ်လို့ စိတ်ထဲတွင် ရည်မှန်းချက်နှင့် ဝမ်းသာနေသည်။

ပိုက်ကို ဖြည်းဖြည်းချင်း ဆွဲတင်လိုက်တော့ ငါးဆိုလို့ တစ်ကောင်ပင် ပါမလာချေ။ ဦးတင် အံ့ဩသွားသည်။ ခုန တောတိုးလိုက်တဲ့ ငါးတွေ ပိုက်ပင် ပေါက်သွားပြီအောင်းမေ့ရသည်။ ဒီလိုနဲ့ ကွန်ပစ်လိုက်၊ မပါလိုက်နှင့် ဦးတင် အချိန်ကိုကြည့်တော့ နေပင် အနောက်ဘက်သို့ တော်တော်စောင်းပြီဖြစ် သည်။ ငါးတိုး၍ ဆွဲတင်မှ ပါမလာသည်ကို သတိမထားဘဲ ကွန်ကို ထပ်ခါ ထပ်ခါ ပစ်လိုက်ဆွဲတင်လိုက် လုပ်နေသော်လည်း ငါးကတော့ ပါမလာပါ။ ဦးတင် သံသယဝင်လာသည်။

“ဒါကြောင့် – ဦးတင်လည်း တညင်းချောင်းဝမှ ပိုင်ရာဆိုင်ရာများကို တောင်းပန်ပါသည် ခင်ဗျ။ ကျွန်တော် ဒီတစ်ခါပဲ တညင်းချောင်းဝရွမှာ ကွန်ပစ် ပါသည် ခင်ဗျ။ နောင်တွင်လည်း ဒီတညင်းချောင်းဝမှာ ငါးလာမရှာ တော့ပါဘူး။ အခုတစ်ခါတည်းသာငါးအနည်းအကျဉ်းလောက်ပေးဝေချင်ပါ တယ်ခင်ဗျာ။ ကျွန်တော် မောင်တင် ရိုသေစွာ တောင်းပန်ပါသည် ခင်ဗျာ”

ဦးတင်သေသချာချာတောင်းပန်ပြီးကွန်ကိုပစ်ချလိုက်သောအခါတွင် ပိုက်ကွန်တွင် ငါးအကြီးကြီးများ တိုးနေသည်ကို ဦးတင်ကွန်ကို လက်ဖြင့် ကိုင်ရင်း သိနေသည်။ ဒီတစ်ခါတော့ သေသေချာချာဆွဲတင်လိုက်သည်။ ထို အချိန်တွင် လေမတိုက်ပါဘဲနှင့် ကျွဲတညင်းပင်ကြီးမှ အရွက်များ တရှဲရှဲဖြင့် ဘယ်ညာယိမ်းထိုးသွားသည်။ ဦးတင်လည်းပိုက်ကိုဆွဲတင်လိုက်သောအခါ

ကကတစ်(၃၀)ကျပ်သားအကောင်(၅)ကောင်နှင့်ငါးဘတ်ကြီးတစ်ကောင် မှာ အချိန် (၁)ပိဿာ (၅၀)လောက်ရှိမည်ထင်ရသည်။ ပိုက်ကွန်ကို လှေ ဝမ်းထဲ ဆွဲထည့်ပြီး ငါးများကိုမဖြုတ်ဘဲလှေကိုရွာထိအောင် သုတ်ခြေတင် လှော်လာခဲ့သည်။ ရွာကမ်းစပ် မိမိတဲ ရှေ့ရောက်တော့ ယနေ့ (၃းဝဝ)နာရီ ခန့်ရှိ၍နေတောင်အတော်စောင်းနေပြီဖြစ်သည်။

 

ကကတစ်ငါးကောင်ကို ဒေါ်စန်းရီတို့ အိမ်ကိုပို့ပြီး ငါးဘတ်ကြီးကို ဘုန်း ကြီးကျောင်းကို ဆွမ်းချက်ကပ်ရန် ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီးများကိုဝယ်လာ ခဲ့သည်။ အိမ်ပြန်ရောက်တော့ ငါးဘတ်ကြီးကို ဓားဖြင့်ဝမ်းခွဲရာ ဝမ်းထဲမှ ပြိုး ပြိုးပြက်ပြက် အရောင်တွေ့လိုက်လို့ ကြည့်လိုက်ရာ ပတ္တမြားများစီခြယ်ထား သည့် လက်ကောက်တစ်ကွင်းကို တွေ့လိုက်ရသည်။ လက်ကောက်ကို ရေ စင်စင်ဆေးပြီး တင်ထားလိုက်သည်။ ဦးတင် ဆွမ်းအတွက် ဝမ်းသာအားရ ချက်ပြုတ်ပြီးစီး၍ ရွာဦးကျောင်းသို့ ဆွမ်းချိုင့်ကို ညနေ (၄းဝဝ)နာရီတွင် အရုဏ်ဆွမ်းအတွက် သွားပို့သည်။

“ဆရာတော် ဘုရားတပည့်တော်ဆွမ်းချက်ကပ်တဲ့ငါးဘတ်ကြီးဝမ်းထဲ က ဒီရွှေနှင့်ပြုလုပ်ထားတဲ့ပတ္တမြားလက်ကောက်တစ်ကွင်းရပါတယ်ဘုရား။ ဒီလက်ကောက်ကို ဆရာတော်ကြီးပဲ သိမ်းဆည်းပေးပါ ဘုရား”

“အေး – ဒကာကြီး၊ ဒကာကြီး အကုသိုလ်အလုပ်တွေကို စွန့်လွှတ်ဖို့ အချိန်တန်ပြီထင်တယ်။ အခုတစ်ခေါက်မှာ ဒကာကြီးရဲ့ထူးခြားတဲ့အတွေ့ အကြုံတွေက သက်သေဖြစ်နေပြီလေ”

“တင်ပါ့ဘုရား – တပည့်တော်လည်း အကုသိုလ်အလုပ်ကို စိတ်ကုန် နေပါပြီဘုရား။ မကြာခင်အချိန်တော့ ဆရာတော့်ကျောင်းကို တပည့်တော် အပြီးအပိုင် ရောက်မှာပါ။ ဘုရားတပည့်တော်ကို ပြန်ခွင့်ပြုပါဦး ဘုရား” “အေး-အေး- ဒကာကြီး၊ ညဉ့်လည်းနက်လှပြီ၊ ပြန်တော့ ပြန်ရင်လည်း လမ်းမှန်ရောက်ပါစေ ဒကာကြီးရယ်”

ဦးတင်လည်း အိမ်ပြန်ရောက်တော့ ဘုရားရှိခိုး အမျှအတန်းဝေပြီးအိပ်

ပျော်သွားသည်။

“ဦးတင် – ဦးတင် – ဒီမှာ ဧည့်သည်တွေ လာနေတယ်ခင်ဗျ” “ဟာ- ဘယ်က ဧည့်သည်တွေလဲ။ ညကြီး မင်းကြီးမှာ-”

ရေနံဆီမီးခွက်ကိုထွန်းပြီး အပြင်ထွက်လိုက်သည်။ အိမ်ရှေ့တွင် မိန်းမ ပျိုလေးငါးယောက်ရပ်နေသည်။ အပြင်တွင် နေ့လယ်ခင်းအလား လင်းထိန်

နေသည်။

 

“ဟင် – မိုးလင်းနေပြီလား – မဟုတ်သေးပါဘူး ငါ- ခုနကမှ အိပ်တာ

အပြင်တွင် လင်းထိန်နေသဖြင့် ဦးတင် ရေနံဆီမီးခွက်မှ မီးမှုတ်ပြီး အံ့ဩနေသည်။

“အစ်ကိုကြီးကလည်း ကျွန်မတို့နဲ့ ကွဲသွားတာကြောင့် ဘာမှမကြာ လိုက်သေးဘူး။ တစ်ခါတည်း အကုန်မေ့သွားတော့တာပဲ”

“အို – သင်းသင်းကလည်း အစ်ကိုကြီးက မေ့တတ်တယ်လေ”

“ဟင် – ယုယကလည်း အခုလောက်ကတော့ မေ့တာ စောလွန်းပါ တယ်”

“ကဲ-ကဲ-တော်ကြတော့၊ အစ်ကိုကြီးဆီလာတာ နင်တို့ ငြင်းခုန်နေဖို့ မဟုတ်ဘူး။ လာရင်းအကြောင်း ပြောကြရအောင်”

“ဟုတ်ကဲ့ – မမ၊ ရီရီ – အစ်ကိုကြီးကိုတွေ့ရလို့ ဝမ်းသာလို့ပါရှင်” အကြီးဆုံးဖြစ်မည့် မိန်းကလေးက ဟန့်တားလိုက်သည်။ “အစ်ကိုဘကြီး – အစ်ကိုကကျွန်မတို့ရဲ့အစ်ကိုကြီးလေ။ အစ်ကိုကြီးက ယခုလူ့ဘဝကိုရပြီးတော့ညီမလေးတွေကျန်ခဲ့ပါသေးလားလို့ သတိမရဘူး။

ဒါကြောင့် – အစ်ကိုကြီးဆီကို လာပြောရတာ။ အစ်ကိုကြီး ရခဲလှတဲ့ လူ့ဘဝ မှာ အကုသိုလ်အလုပ်တွေ မလုပ်ပါနဲ့တော့။ အစ်ကိုကြီးမှာ တွယ်တာစရာ လည်း ရှိတော့တာမဟုတ်ဘူး။ အစ်ကိုကြီးမိန်းမလည်း မနှစ်ကတည်းက ဆုံးသွားပြီပဲ။ ဒီငါးရှာတဲ့အလုပ်ကို စွန့်လွှတ်လိုက်ပါတော့။ ဆရာတော်ပြော သလို ဆရာတော်ဆီမှာ ရဟန်းဝတ်ပြီး သွားနေပါ။ နောက်ပြီး-ညီမလေး တို့ကိုလည်းဒီဘဝကနေကျွတ်အောင်စေတီလေးတစ်ဆူကျွဲတညင်းပင်နား

မှာတည်ပေးပါအစ်ကိုကြီး။ တညင်းချောင်းဝနားကကျွဲတညင်းပင်ကြီးနားကို လာခဲ့ပါ။ စေတီတည်ဖို့ ညီမလေးတို့ ပေးပါ့မယ်။ ဆရာတော်နဲ့ လူကြီးတချို့ ကိုလည်း ခေါ်ခဲ့ပါ။ ညီမလေးတို့ ဆရာတော်ကိုလည်း လျှောက်ထားပါ့မယ်။ ညီမလေးတို့ သွားတော့မယ် အစ်ကိုကြီး”

 

“အေး- အေး – အစ်ကိုကြီး ဆရာတော်ကိုလျှောက်ထားပြီးစေတီတည် ပေးပါ့မယ်”

စမ်းပါ”

“ဦးတင် – ဦးတင် – ဦးတင် – အင်ဟင်၊ ဘယ်သူလည်းဟေ့” “အေးရီပါ”

“ဟဲ့- စောစောစီးစီးကြီး ဘယ်သွားမလို့လဲ”

“မြို့တက်ပြီး ကုန်သွားတိုက်မလို့၊ သာယာကုန်းဘက်လမ်းကို ကူးပေး

“ဟဲ့- ကူးတို့ကူးတဲ့ ကိုအေးကို သွားနိုးပါလား”

“ဦးအေး – နေမကောင်းလို့ မထနိုင်ဘူး။ ဒါကြောင့် ဦးတင်ကို အကူ အညီ တောင်းရတာ”

“အေး-အေး-ဒါဆိုလည်း ကူးပေးရတာပေါ့ဟာ” အေးရီမမှော်ဘီမြို့တက်၍ဈေးဝယ်ရန်အတွက် ဦးတင် တစ်ဖက်ကမ်း သာယာကုန်းရွာ ကူးပေးပြီးအပြန် မြစ်လယ်မှ တညင်းချောင်းဝဘက်သို့ လှမ်းမျှော်ကြည့်လိုက်သော်တညင်းချောင်းဝတွင်မီးရောင်များထိန်ထိန်လင်း

နေသည်။ မီးရောင်ထဲတွင် မိန်းကလေးများ သွားလာနေသည်ကို ဝိုးတဝါး မြင်နေရသည်။

နံနက် (ရးဝဝ)နာရီထိုးတွင် ဦးတင် ဆရာတော်ကျောင်းသို့ သွားပြီး – “ဆရာတော် – ဘုရားတပည့်တော် လျှောက်တင်စရာရှိပါတယ် ဘုရား”

“ဘာတွေ လျှောက်တင်မှာလည်း ဒကာကြီး။ ညက ညီမတော်တွေ ကိစ္စနဲ့ တူတယ်၊ ဟုတ်တယ် မဟုတ်လား… ဒကာကြီး”

“တင်ပါ့ဘုရား – တပည့်တော်ကို ညကအိပ်မက်ထဲမှာ စေတီတည်ပေး ဖို့ပြောသွားပါတယ်”

တယ်”

“ကျွဲတညင်းပင်ကြီးနားမှာ မဟုတ်လား – ဒကာကြီး”

“ဆရာတော်ကိုလည်း အိပ်မက်ပေးသလား – ဘုရား”

“ဟုတ်တယ်-ဒကာကြီး၊ ဒကာမလေးတွေညက ဘုန်းကြီးဆီလာသွား

 

“တပည့်တော်ကိုလည်း ဆရာတော်နဲ့ လူကြီးတွေခေါ်ခဲ့ပါလို့ ညက အိပ်မက်ပေးလို့ လာလျှောက်တာပါ ဘုရား”

“ဟော-ပြောရင်းဆိုရင်း ဦးလှရယ်၊ ဦးမြရယ်၊ ဦးမောင်တင့်ရယ်ရောက် လာပြီပဲ။ အဆင်သင့်ပါပဲလား – ဒကာကြီးရယ်”

“ကဲ-ကဲ- ဒကာကြီးတို့ လာထိုင်ကြ။ ဘုန်းကြီး ပြောစရာရှိတာနဲ့

အတော်ပဲ”

“တပည့်တော်တို့လည်း ဆရာတော့်ဆီ လျှောက်တင်စရာရှိလို့ လာခဲ့ တာပါ ဘုရား

“ကဲ-ကဲ-ဒကာကြီးတို့ လျှောက်တင်စရာရှိရင်လည်း လျှောက်တင်

စမ်းပါဦး”

“တပည့်တော်တို့ညကအိပ်မက်မက်ကြတယ်ဘုရား။ ကလေးမလေး (၅)ယောက်လာပြီး မနက်ကျရင် ဆရာတော်ဆီသွားပါ။ ဆရာတော် ပြော စရာရှိလိမ့်မယ်ဆိုလို့ တပည့်တော်တစ်ယောက်တည်း မက်တာလည်း မဟုတ်ဘူး ဘုရား။ ဦးမြနဲ့ဦးမောင်တင့်လည်းမက်ကြတယ်ဘုရား။ ဒါကြောင့် ဆရာတော်များ ဘာဖြစ်သလဲလို့ ကျောင်းကိုလာကြတာပါ ဘုရား”

“ဟဲ – မောင်သန့်နဲ့ ခင်မောင်ဝင်း၊ တင်သန်းတို့ပါလား။ မင်းတို့ကလည်း ဘာလာလုပ်ကြတာလဲ”

“တပည့်တော်တို့လည်းညကအိပ်မက်မက်ပြီး ဘုန်းဘုန်းဆီတန်းလာ ခဲ့တာပဲ။ အိပ်မက်ထဲမှာ ကောင်မလေး (၅)ယောက်လာပြီး မနက်ကျရင် ဆရာတော်ဆီ သွားကြပါ။ ဆရာတော် ခိုင်းစရာရှိတာလို့ ပြောတယ်။ ဒီ အိပ်မက်ကို မောင်သန်း တစ်ယောက်တည်း မက်တာမဟုတ်ဘူး ဘုရား။ တပည့်တော်တို့ပါ မက်တယ်ဘုရား။ ဒါနဲ့ ထူးခြားတယ်ဆိုပြီး ဆရာတော် ဘုရားဆီ လာကြတာပဲ ဘုရား”

“အိမ်း – ဒီလိုပဲ ဖြစ်ကြရမယ်။ ဦးတင် ခင်ဗျား နှမတွေကတော့ သူတို့ ကိုယ်တိုင် လူရွေးတော့တာပဲ။ ညက ဘုန်းကြီးလည်း အိပ်မက် မက်တယ်။ တညင်းချောင်းဝကကျွဲတညင်းပင်ကြီးကိုသိတယ်မဟုတ်လား။ အဲဒီကိုသွား

 

ပြီးစေတီတည်ဖို့ပစ္စည်းတွေယူရမယ်တဲ့။ ဒကာကြီး ဦးမြင့်က စက်လှေစီစဉ်။ မောင်သန်းတို့က တူးရွင်းတွေ၊ ဂေါ်ပြားတွေ၊ ပေါက်ပြားတွေ ယူလာခဲ့ကြ။ (၉းဝဝ)နာရီထိုးရင် သွားကြမယ်”

တညင်းချောင်းဝရောက်တော့ ကျွဲတညင်းပင်ကြီးကို ထီးတည်းကြီး

မြင်နေရသည်။

စက်လှေက ကျွဲတညင်းပင်ကြီးအောက်ဘက်တွင် ဆိုက်ကပ်လိုက်ပြီး သဲပြင်ပေါ်မှ ဆရာတော်ဘုရားက တက်သွားသည်။ ဆရာတော်နောက်မှ ဦးမောင်တင့်၊ ဦးလှ၊ ဦးမြင့်၊ ဦးမြတို့ လိုက်လာကြသည်။ မောင်သန်းတို့က ပေါက်ချွန်းများ၊ ဂေါ်ပြားများကို ယူခဲ့ကြသည်။

ကျွဲတညင်းပင်ကြီးအောက် ဝါးတစ်ရိုက်လောက်တွင် ကုန်းမို့မို့ပြောင် ပြောင်ကလေးဖြစ်နေသည်။ ကျွဲတညင်းပင်ကြီး အနီးတစ်ဝိုက်တွင် မည် သည့်အပင်မှမပေါက်ကြပါ။ ခပ်လှမ်းလှမ်းတွင် တောစပယ်ရုံများတောရိုင်း ပန်းပင်များ၊ ကြက်မောက်ပန်းပင်များ၊ စိန်ခြယ်ပန်းရုံများပေါက်နေကြသည်။ သူတို့နောက်တွင်တော့ ကိုင်းတောကြီးများထူထပ်စွာပေါက်ရောက်နေကြ သည်။ တောစံပယ်ပန်းများ၊ တောရိုင်းပန်းများ၊ ရောင်စုံပန်းပွင့်များ၊ ကြက် မောက်ပန်းနှင့် စိန်ခြယ်ပန်းများ ဖြူနီဝါပြာ ပန်းပွင့်များသည် လေတိုက်တိုင်း လှုပ်ယမ်း၍ပန်းနံ့များ မွှေးကြိုင်နေသည်။ အနီးအနားတွင် ကျီးပင်ပုကလေး ပေါ်သို့ နဘူးချုံနွယ်များ တက်နေသည်မှာ ဂူလေးတစ်ခုသဖွယ် ဖြစ်နေပြန် သည်။

“ကဲ-ကဲ-မောင်သန့်- ရေကူးတော့ဟေ့”

ဆရာတော်ဘုရားက ဆန်မန်းပေါက်ပေါက်များကြဲပြီး ပရိတ်များရွတ် ဖတ်၍ တောစောင့်နတ်၊ တောင်စောင့်နတ်များနှင့် သက်ဆိုင်သူတို့ကို မေတ္တာများပို့သနေသည်။ ထိုအချိန်တွင် ကျွဲတညင်းပင်ကြီးပေါ်မှအလွန်လှ သော ငှက်ကလေး (၅)ကောင် လာနားပြီး သာယာနာပျော်ဖွယ်အသံလေး များ တွန်ကြူးပြီး ပျော်မြူးနေကြသည်။

မြေကြီး လေးတောင်လောက် တူးမိတော့ –

 

“ဒုတ်- ဒုတ်- ဒုတ်”

“ဟော – အသံမြည်လာတယ်ဟေ့”

အိုးတစ်လုံးကို ထိသွားသော အသံဖြစ်လေသည်။

ခင်မောင်ဝင်းက မြေစာများ ယက်ထုတ်ပြီး ဂေါ်ပြားနှင့် မြေစာတွေကို တွင်းအပေါ်သို့ ပစ်တင်လိုက်သည်။

ဟေ့”

“ဟာ-ဒီမှာအိုးတစ်လုံးပေါ်လာပြီဟေ့။ စဉ့်အိုးမည်းကိုအပေါ်တင်လိုက်

“ဟာ- အောက်မှာလည်း အိုးတွေရှိသေးတယ်ဟေ့”

စုစုပေါင်း (၇)အိုးရသည်။ အစိတ်ဝင်အိုးများဖြစ်သည်။

“ကဲ-ကဲ- ဦးတင် ဖွင့်ကြည့်စမ်း။ ဒါ -ဒကာကြီး နှမတွေပစ္စည်းပဲ။ ဒကာ ကြီးပဲ ဖွင့်ကြည့်လိုက်”

အပေါ်မှာ တင်နေသော မြေစာများကို ဖယ်လိုက်သောအခါ အဝတ် ဖြင့်ပိတ်ထားသည်။ အဝတ်ကို စည်းထားသော ကြိုးကိုဖြေ၍ ဖွင့်လိုက်တဲ့ အခါမှာ ဒီအိုးက ရွှေဒင်္ဂါးတွေ အပြည့်ပဲ။ နောက်အိုးတွေ ဆက်ဖွင့်လိုက် တော့လက်ဝတ်ရတနာက (၂)အိုး၊ ရွှေဒင်္ဂါးက (၃)အိုး၊ ငွေဒင်္ဂါးက (၂)အိုး စုစုပေါင်း (၇)အိုး ရလိုက်သည်။

“အောင်ပြီ- အောင်ပြီ- အောင်ပြီ”

အောင်ပြီဟု အော်လိုက်ကြသည်။ ဦးတင် ဝမ်းသာလှသဖြင့် မျက်ရည် များပင် ကျလာသည်။

တညင်းပင်ပေါ်မှ ငှက်ကလေးများက သစ်ပင်ကို လက်ထောက်ထား သော ဦးတင် လက်မောင်းပေါ်တွင် လာနားပြီး ရွှေအိုးငွေအိုးများကိုကြည့်၍ အသံသေးသေးများနှင့် သံပြိုင်အော်ပြီး အဝေးသို့ ပျံသွားကြသည်။ နောက်တစ်လလောက်အကြာတွင် မြို့မှ ပန်းရန်ဆရာများ ခေါ်ယူပြီး ကျွဲတညင်းပင်ကြီးအနားတွင်ကိုးတောင်ပြည့်စေတီလေးတည်ထားခဲ့သည်။ စေတီတော်လေးတည်၍ ပြီးခါနီးဌာပနာပိတ်ပြီး ဆရာတော်ကြီးနှင့် သံဃာ

 

အမျှအတန်းပေး

တော်များကငါးပါးသီလပေးပြီးပရိတ်ပဋ္ဌာန်းများရွတ်ဆိုပြီး ဝေလိုက်သောအခါ မဏ္ဍပ်အတွင်းမှ သာဓုခေါ်သံများအပြင် ပတ်ဝန်းကျင် တောပန်းပင်များတောစပယ်ပင်ရုံများကျည်းပင်ပုကလေးနှင့်ကျွဲတညင်းပင် ကြီးအထက်ဆီမှ သာဓုခေါ်သံများကိုမဏ္ဍပ်အတွင်းမှ ပရိသတ်များ အတိုင်း သား ကြားလိုက်ကြရသည်။

ဒဟတ်ကုန်းရွာလုံးကျွတ်အပြင် အလိန်လည်ရွာ၊ သာယာကုန်းရွာ၊ ရေ တွင်းကုန်းရွာ၊ မြို့ချောင်း၊ ပန်းတောရွာများမှ လူများကို ငါးခြောက်ထောင်း ကြော်၊ ငါးပိချက်၊ ပဲပင်ပေါက်တို့စရာ၊ မဲဇလီဟင်းချိုတို့ဖြင့် ရွာလုံးကျွတ် မီးခိုး တိတ်ကျွေးနိုင်ခဲ့သည်။ ရန်ကုန်မြို့မှ တက်ငှားလာသောစိန်မြင့်နိုင် ဆိုင်းအဖွဲ့ နှင့်လည်း (၃) ရက် ဧည့်ခံလိုက်သေးသည်။

ဦးတင်လည်းမောမောနှင့်စေတီလေးဘေးကအုတ်ခုံလေးတွင် ခေါင်း တင်ရင်း မှေးခနဲ အိပ်ပျော်သွားသည်။

“ကိုကြီး-ကိုကြီး-ညီမလေးတို့ သွားကြရတော့မယ်။ ညီမလေးတို့ လည်း ဘုရားတည်တဲ့ကုသိုလ်ကိုအမျှပေးဝေလို့သာဓုခေါ်လိုက်တဲ့အတွက် ကျွန်မတို့ ဒီဘဝက ကျွတ်လွတ်သွားပါပြီ။ အဲဒီကုသိုလ်ကြောင့် ညီမလေးတို့ နတ်ပြည်ကို သွားကြရတော့မယ်။ လာခေါ်နေပြီ၊ဟိုမှာ- ပန်းရထားကြီးတွေ တွေ့လား အစ်ကိုကြီး။ အစ်ကိုကြီးလည်း အခုချိန်ကစပြီး တံငါအလုပ်ကို စွန့်လိုက်ပါတော့။ ဆရာတော်ကြီးနဲ့ပဲနေပါ။ အစ်ကိုကြီးတက်နိုင်ရင် ကျန်တဲ့ လူ့ဘဝကို ရဟန်းဘဝနဲ့သာ သာသနာပြုပြီး နေစေချင်ပါတယ် အစ်ကိုကြီး

ရယ်”

ဦးတင်လှမ်းကြည့်လိုက်တော့လွန်စွာလှပသောပန်းရထားကြီးပေါ်တွင် ညီမလေးတွေ တက်သွားကြပြီး ပန်းရထားကြီးက လျင်မြန်သော အဟုန်နဲ့ ကောင်းကင်ကို ပျံတက်သွားသည်။

ဦးတင်လည်း ဝမ်းနည်းလာသဖြင့် မျက်ရည်များ ကြလာပြီး – “ငါ့ကို မထားခဲ့ပါနဲ့ – ငါ့ကို မထားခဲ့ပါနဲ့ – ငါ့ကို မထားခဲ့ပါနဲ့”

 

အော်ဟစ်ပြီး နောက်မှအတင်း ပြေးလိုက်သွားသော်လည်း ပန်းရထား ကြီးက ကောင်းကင်ထက်သို့ မြင့်တက်သွား၍ တဖြည်းဖြည်းပျောက်သွား သည်။

“ဦးတင် – ဦးတင် – ဦးတင် – ဘာတွေ ယောင်အော်နေတာလဲ။ အမယ် မျက်ရည်တွေတောင် ကျလို့ပါလား”

သည်။

ဦးမောင်တင့်က အတင်းလှမ်းဆွဲပြီး ဆရာတော်ကြီးဆီကို ခေါ်သွား

“ဟာ – ဒကာကြီး ဒီမှာထိုင်။ အိပ်မက်တွေ မက်နေတာ မဟုတ်လား” “ဒကာကြီး-ဒကာကြီး – အရင်ဘဝက ညီမတော်တွေလည်း စေတီ လေးတည်ပြီးမှ အဲဒီကောင်းမှုကုသိုလ်ကြောင့် ကျွတ်လွတ်သွားကြပြီ။ ဒကာကြီးလည်းအကုသိုလ်အလုပ်တွေကကျွတ်လွတ်သွားပြီပဲ။ ဒါကြောင့် ဒီစေတီတော်လေးကို အကျွတ်အလွတ် စေတီလို့ခေါ်ကျတာပေါ့။ ဘွဲ့တော် ကတော့ (လောကမာန်အောင်စေတီ)တော်လေးပေါ့ဒကာကြီးရယ်”

ဦးတင်လည်း သူ့တဲလေးကိုရော၊ လှေလေးနဲ့ ပိုက်ကွန်ကိုပါ ဆင်းရဲ သော မြင့်အေးနဲ့ ရွေအိတို့မိသားစုတို့ ပေးပစ်ပြီး ဆရာတော်ကြီးကျောင်းမှာ ကပ္ပိယကြီးအဖြစ်နှင့် သွားနေသည်။ စေတီလေးဆီကိုတော့ တစ်ပတ်တစ် ခါ အမှိုက်များသွားရောက် သန့်ရှင်းရေးလုပ်သည်။ တစ်ခါတစ်ခါ ရွှေဆေး များ ဝယ်ယူပြီး သုတ်လိမ်းပြီး ရွှေသင်္ကန်းကပ်သည်။

တစ်နှစ်လောက်ကြာသောအခါတွင် စေတီလေး ပရဝုဏ်အတွင်း ကျောင်းသင်္ကန်းလေးတစ်ခု တည်ဆောက်ထားသည်။ ကျောင်းရှေ့ဘုရား ပရဝုဏ်အတွင်းတံမြက်စည်းလှဲနေသောရဟန်းအိုကြီးတစ်ပါးတည်း စေတီ လေးကိုဖူးမြော်ရင်း တညင်းချောင်းဝမှ ပန်းလှိုင်မြစ်ကို ငေးကြည့်နေသည်။

 

ရဟန်းအိုကြီးမှာအခြားသူမဟုတ်ပေ။တစ်ချိန်ကတညင်းချောင်းဝတွင် တံငါအလုပ်ကို လုပ်ခဲ့သော ဘုရားဒကာကြီး ဦးတင်ပင် ဖြစ်ပါတော့သည်။ “ကိုယ်တော်ကြီး- ကိုယ်တော်ကြီး- ဘာတွေ တွေးနေတာလဲ” “ဟင် – ဒကာကြီး ဦးမြပါလား၊ ဘယ်ကလှည့်လာတာလဲ” “ဦးပဉ္စင်းကြီးစီပဲလာခဲ့တာ ဘုရား”

“တပည့်တော် ခြံထွက်သီးမွှေး၊ ငှက်ပျောသီးတစ်ခိုင် လာလှူတာပါ

ဘုရား”

လား”

“ဆရာတော်ကြီးကိုရော မလှူဘူးလား”

“ဆရာတော်ကြီးကို မနေ့ကတည်းက လှူပြီးပါပြီ ဘုရား” “ဦးမြရေ- စေတီလေးရဲ့ဘုရားပွဲတော်လည်း နီးလာပြီမဟုတ်လား” “အခုဆို- ကိုင်းတောကြီးလည်းရှင်းလင်းပြီးလမ်းဖောက်ပြီးပြီမဟုတ်

“ကိုင်းတောကြီးကို လမ်းဖောက်လိုက်တော့ ရွာကလူတွေ လာရတာ လွယ်သွားတာပေါ့”

“ကဲ-ကဲ- ဦးမြ ရေနွေးနဲ့ ထန်းလျက်ခဲတွေ မြည်းစမ်းပါဦး” ဦးမြလည်း ထန်းလျက်တစ်ခဲကို ကောက်ဝါးလိုက်ပြီး ရေနွေးခွက်ကို မှုတ်သောက်လိုက်သည်။

“တပည့်တော်တို့လည်း ဆရာတော်ကြီးနဲ့ တိုင်ပင်ပြီး ဘုရားပွဲကို စည် ကားအောင် ရပ်ရွာကလူကြီးတွေရဲ့ စုပေါင်းစီစဉ်ပါမယ် ဘုရား။ ဦးပဉ္စင်းကြီး စိတ်အေးအေးထားပါ ဘုရား”

“ဒါဆိုလည်း ကောင်းတာပေါ့ ဒကာကြီးရယ်။ ဆရာတော်ဘုရားရယ် ရပ်ရွာက လူကြီးတွေပါ တက်ညီလက်ညီ ဝိုင်းလုပ်ရင် စည်ကားအောင် ပြင်

မှာပါ”

“နေလည်း အတော်စောင်းနေပြီ ဘုရား။ တပည့်တော် ပြန်ပါဦးမယ်

ဘုရား”

“အေး – အေး – ဒကာကြီး ဦးမြရယ်၊ လူ့အလုပ်က တကယ်လုပ်တာက သားကြွေးမှု၊ မယားကြွေးမှုတွေနဲ့ဆိုတော့ ပြန်ပေဦးတော့ – ဒကာကြီးရေ”

 

ဦးမြလည်း ညနေ နေဝင်ခါနီး နေလုံးကြီးကို မျက်နှာမူပြီး ရွာဘက်သို့ ပြန်သွားတော့သည်။

ဦးပဉ္စင်းကြီးကပြန်သွားသော ဦးမြကိုကြည့်ပြီးလူ့ဘဝ၏ရှုပ်ထွေးလှပုံ၊ သားကျွေးမှု၊ မယားကျွေးမှုတွေနဲ့ အကုသိုလ်တွေ ဖြစ်ပုံကိုတွေးမိပြီး မိမိ ကိုယ်တိုင်ပင် ယခင်က မိမိအိမ်သူ သက်ထားဒေါ်ပန်းရှိစဉ်အခါက တစ်နေ့ တစ်နေ့ အကုသိုလ်အလုပ်တွေပဲ လုပ်ဖြစ်ကြသည်။ အကုသိုလ်အလုပ်တွေ လုပ်နေရင်း အနိစ္စရောက်သွားသော ဒေါ်ပန်းကို သနားနေမိသည်။ “အင်း – မပန်းလည်း အခုဆို ဘယ်ဘဝတွေတောင် ရောက်နေမလဲ

မသိဘူး”

“ဒကာမကြီးမပန်းလည်းကောင်းရာသုဂတိရောက်ပါစေ။ ဦးပဉ္စင်းကြီး ညစဉ် မေတ္တာပို့ အမျှအတန်းဝေပါတယ်”

မိမိလည်း လူ့ဘဝကို စွန့်၊ အကုသိုလ်အလုပ်တွေစွန့်ပြီး ရဟန်းဘဝကို ရယူပြီးမှပဲမိမိဘဝအတွက်စိတ်အေးသွားရသည်။ ဒါကလည်း အရင်ဘဝက ညီမလေးများကြောင့်သာ ဦးတင် ကျွတ်ခဲ့ရခြင်းဖြစ်သည်။

ဆရာတော်ကြီးရဲ့မေတ္တာရေကြောင့်လည်း ဦးတင်ဘဝရော၊ အရင်ဘဝ

ကညီမလေးများပါမကောင်းတဲ့ဘဝမှကောင်းတဲ့ဘဝသို့ပြောင်းလဲရောက်ရှိ

သွားတော့သည်။

လူတို့ ရခဲလှသော ရဟန်းဘဝကို ရရှိခဲ့တော့သည်။ ညီမတော်စပ်ခဲ့ သောဒကာမလေးများနှင့်မိမိဘဝလက်တွဲဖော်ဖြစ်ခဲ့သောဒေါ်ပန်းနှင့်တကွ ဝေနေယျသတ္တဝါများဖြစ်ကြသော သုခိတ၊ ဒုက္ခိတနှင့် မမြင်အပ်၊ မြင်အပ် သော သတ္တဝါများနှင့် အနန္တစကြဝဠာတွင် မှီတင်းနေထိုင်ကြကုန်သော သတ္တဝါများ အယုတ်အလတ် အမြတ်မရွေး၊ အမျှ – အမျှ – အမျှ ယူတော်မူ ကြပါကုန်လော့။ သာဓု – သာဓု-သာဓု-

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ … ဓမ္မံ သရဏံ ဂစ္ဆာမိ …

သံဃံ သရဏံ ဂစ္ဆာမိ …

 

ချွင် – ချွင် – ချွင် – ချွင် – ချွင် – ချွင် – ချွင် – ချွင် – ချွင် …

လေပြေလေညင်းကလေး တိုက်ခတ်လာသဖြင့် စေတီတော်ဆီမှ ဆည်းလည်းသံလေးများကဦးပဉ္စင်းကြီး၏ရင်ထဲတွင် အေးငြိမ်းသွားတော့

သည်။

ဪ – ကောင်းလေစွ – ကောင်းလေစွ –

ကောင်းလေစွ –

ကျန်းမာ ချမ်းသာ၍ အေးချမ်းကြပါစေ .

-ကိုဆောင်းဦး (အလိန်လည်ကျေးရွာ