နှစ်ချို့မြွေပွေးကြီး(စ/ဆုံး)

Unicode Version

နှစ်ချို့မြွေပွေးကြီး(စ/ဆုံး)
———————————
အချိန်ကား ၁၉၈၀-ဝန်းကျင် ဆောင်းလယ်ကာလ၊ ပြာသိုလ အတွင်း ဖြစ်သည်။ ဆောင်းလယ်ကာလဖြစ်သည်နှင့်အညီ တစ်နေ ကုန်လိုလိုအအေးဓာတ်ကလွှမ်းမိုးထားပြီးညနေစောင်း၍နေဝင်သွား သည်နှင့်တစ်ပြိုင်နက်ပြင်ဦးလွင်ဘက်မှတိုက်ခတ်လာသောအေးစိမ့် နေသည့်လေများနှင့်အတူ မြူထူများက ရစ်ဆိုင်းလာသည်။ အအေး ဓာတ်ကလည်း တဖြည်းဖြည်း တိုး၍တိုး၍လာနေသည်။ ညနေပိုင်း သွေးပူလေ့ကျင့်ခန်းအနေဖြင့် ကရာတေးဒိုလေ့ကျင့်ခန်းများကို

လေ့ကျင့်ကစားလိုက်ပြီးနောက်ရေအဝသောက်ကာရေချိုးခေါင်းလျော်လိုက်သည်။
ရေများခြောက်အောင် သုတ်သင်၍ ဆံပင်များကိုဒရိုင်ယာလေမှုတ်စက်ဖြင့်အပူပေး
၍ခြောက်စေပြီးဂျာစီလက်ရှည်ကိုကောက်စွပ်လိုက်သည်။အပေါ်မှဝေ့စကုပ်အထူ တစ်ထည် ဝတ်ဆင်လိုက်သည်။ ပြီးလျှင် မှန်ထဲကြည့်ကာ ဆံပင်ကို ဘီးဖြင့် (၄-၅)
ချက် ဆွဲဖီးလိုက်ပြီး အလှဆောင်း သိုးမွေးခေါင်းစွပ်ကို ခေါင်းမှာ စွပ်လိုက်ပါသည်။ စိတ်တိုင်းကျဝတ်စားပြီးနောက်မှန်ထဲတွင် ခန္ဓာကိုယ်ကိုဟိုဘက်သည်ဘက်လှည့် ကြည့်လိုက်ပြီး ထမင်းစားခန်းထဲ ဝင်လိုက်သည်။ အမေက ထမင်းစားခန်းအတွင်း ပန်းကန်ခွက်ယောက်များ ဆေးရင်းမှ…
“လာ-လာ-မင်းတစ်ယောက်ပဲထမင်းစားဖို့ကျန်တော့တယ်၊ တို့တစ်တွေက တော့ မင်း ကရာတေးကစားနေကတည်းက စားလိုက်ကြပြီးပြီ။ မင်းဖို့ အုပ်ဆောင်း အောက်မယ် သီးသန့်ခူးထားတယ်- စား– စား”
ဟုပြောလာသည်။ကျွန်တော်ကအမေ့ကိုဘာမှပြန်မပြောတော့ဘဲခေါင်းညိတ်
ပြကာ လက်ဆေးပြီး ထမင်းအုပ်ဆောင်းကိုဖွင့်၍ ထမင်းကို အားပါးတရ စားလိုက် သည်။ထမင်းစားပြီးနောက်အမေ့ဆီပန်းကန်ခွက်ယောက်များချပေးခဲ့ပြီးဆပ်ပြာဖြင့် လက်ဆေးသုတ်သင်ပြီးနောက် အိမ်ရှေ့ဘက်သို့ ထွက်ခဲ့သည်။ အိမ်ရှေ့ဖက်တွင် စာအုပ်ဖတ်သူကဖတ်၊ကက်ဆက်ဖွင့်သူကဖွင့်နှင့်သူ့အရှိန်နှင့်သူငြိမ့်နေကြသည်။ ကျွန်တော်လည်း အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အခန်းထဲဝင်ကာ လက်စွဲ တော်ဟော်လိုဂစ်တာလေးကိုဆွဲကာအိမ်ရှေ့ကွပ်ပျစ်ရှိရာသို့ထွက်ခဲ့သည်။အိမ်ရှေ့ ဘက်တွင် စာအုပ်ဖတ်သူက ဖတ်၊ ကက်ဆက်ဖွင့်သူက ဖွင့်နှင့်၊ သူ့အရှိန်နှင့်သူ ငြိမ့် နေကြသည်။ ကျွန်တော်လည်း အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အခန်းထဲ ဝင်ကာလက်စွဲတော်ဟော်လိုဂစ်တာလေးကိုဆွဲကာအိမ်ရှေ့ကွပ်ပျစ်ရှိရာသို့ထွက်ခဲ့ သည်။ ကွပ်ပျစ်ပေါ်တွင် အကျအနထိုင်ကာ ဂစ်တာလေးကို အသံစမ်းရင်း ကြိုးညှိ လိုက်သည်။
စိတ်တိုင်းကျ ကြိုးညှိပြီးနောက် သီချင်းတစ်ပုဒ်ကို စတင်တီးခတ်သီဆိုလိုက်
ပါသည်။

“× × × ထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ် ××× မယုတ်မလွန်တဲ့အားထုတ်မှု ကို စိုက်ရမယ် × ×× နတ်စီတဲ့အိပ်မက်လှလှများ × × × လွယ်လွယ်နဲ့ မရ”
ထိုအချိန်မှာပင် အိမ်ထဲသို့ စက်ဘီးတစ်စီး ဝင်ရောက်လာပြီး ကိုသက်ဦးက ဘရိတ်ဆွဲ၍စက်ဘီးပေါ်မှဆင်းရင်းကျွန်တော့်အနီးမှာလာထိုင်သည်။ကျွန်တော်က
တီးလက်စကိုရပ်ကာ သူ့လက်ထဲသို့
ဂစ်တာကိုထိုးထည့်လိုက်ပြီးပြုံးရယ်လျက်-
“လုပ်စမ်းပါဦးဗျာ- သီချင်းတစ်ပုဒ်လောက်။ ခင်ဗျားလက်သံ မကြားရတာ
ကြာပြီ။ နားထောင်ရတာပေါ့”
ကိုသက်ဦးက ဘာမှပြန်မပြောဘဲ ဂစ်တာလေးကို အနည်းငယ် အသံစမ်း ကြိုး ညှိလိုက်ပြီးထုံးစံအတိုင်းလက်ချောင်းများဖြင့်ပလက်ကင်(Plucking)တီးခတ်ကာ စိုင်းထီးဆိုင်၏သီချင်းတစ်ပုဒ်ကို သီဆိုလိုက်ပါသည်။
“× × × ဝါသနာထက် × × × ဝမ်း ရေးခက်တော့ × × × ဒီသီချင်းဟာ × × × ငါ့ရဲ့
နောက်ဆုံး× × × သီချင်းဖြစ်ချင်ဖြစ်မယ်×
× မပြောတတ်ဘူး× × × ဟိုအရင်ကလို
ဖက်ခွက်စားလို့× × ×အခေါ်မခံရတာ× × ×တစ်ခုကလွဲရင်လေ × × ×ကိုယ့်ဘဝ
ဟာ × xလုံးဝx × × မထူးသေးဘူး× × ×အို
× အနုပညာကို ××× ငွေဆိုတဲ့ ဘုရားအတွက် × × × ပျော်တော်ဆက်ဖို့ရာ× × × မဖြစ်စေလိုပါ×××အို × × × သူတောင်းစားသာသာ × × ×လူတွေစွန့်ကြဲသမျှ× × × မျှော်နေရတဲ့ဘဝ × × × ရောက်နေသူအဖို့ × × ×ကိုယ်ချစ်တဲ့အနုပညာကို× × ×တကယ်စွန့်လွှတ် ရတော့မှာ×××”
x
ကျွန်တော်လည်း အကြိုက်ဆုံး သီချင်းများထဲမှ တစ်ပုဒ်ဖြစ်၍ ကိုသက်ဦးနှင့် အတူစီးချောင်းလိုက်ပါသီဆိုနေမိသည်။ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်းအသံဗလံ
များတိတ်ဆိတ်သွားကြပြီးကျွန်တော်နှင့်ကိုသက်ဦးတို့၏ ဂီတသံစဉ်တွင်ငြိမ်သက် စွာ စီးမျောလိုက်ပါနေကြသည်။ မြောက်ပြန်လေညင်းကလည်း တသုန်သုန်တိုက် လာသည်။မြူခိုးများနှင့်အတူဆီးနှင်းစအချို့ကကျွန်တော်တို့၏မျက်နှာနှင့် နှုတ်ခမ်း များပေါ်သို့တဖွဲဖွဲကျဆင်းလာသည်။ကိုသက်ဦးကနောက်ဆုံးအတီးပိုဒ်ကိုသေသပ် လှပစွာလက်ချောင်းများဖြင့် Plucking ဆွဲ၍ အဆုံးသတ်လိုက်သည်။ ပြီးမှ “ဇာတ် ဆရာရေ-အေးလာပြီဗျာ-လက်ဖက်ရည်ဆိုင်သွားကြစို့”

ဟုဆိုကာ ဂစ်တာကို ကျွန်တော့် လက်ထဲ ပြန်ထည့်ပေးလာသည်။ ကျွန်တော် လည်း“အိုကေပေါ့ဗျာ”ဟုဆိုကာ ဂစ်တာကို လှမ်းယူလိုက်ကာ အခန်းထဲသို့ သွား ပြန်ထားလိုက်ပါသည်။အခန်းထဲမှ ပြန်အထွက်တွင် အမေကြီး(အဘွား)က-
“ဟိုကောင်လေး- ညနက်အောင် မနေနဲ့နော်။ အေးတယ်- စောစောပြန်ခဲ့”ဟု လှမ်းမှာသည်။ ကျွန်တော်က “ဟုတ်ကဲ့- မေကြီး”
ဟုပြောပြီးအိမ်ထဲမှကပျာကယာထွက်ကာကိုသက်ဦးစက်ဘီးကိုနှစ်ယောက်
အတူစီးကာလက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့ကြလေသည်။

ကျွန်တော်တို့ထိုင်နေကျ စနေကဖီး”သို့ရောက်သောအခါဆိုင်ရှင်ကိုအောင်
ကျော်ကြီးက ကျွန်တော်တို့အကြိုက် အဖန်ရည်ကျကျ နှစ်အို၊စပ် လက်ဖက်ရည် တစ်ခွက်စီကို အငွေ့တထောင်းထောင်းထလျက်လာချပေး သည်။ အချိန်ကလည်း ည(၈)နာရီသာ သာခန့်ရှိနေပြီး အေးစိမ့်နေသော ဆောင်းညချမ်းအခါသမယတွင် လက်ဖက်ရည်ပူပူလေးကို မှုတ်သောက်ရသည်မှာ အလွန်အရသာရှိလှပေသည်။ ကျွန်တော်တို့နှစ်ယောက်လည်း လက်ဖက်ရည်ပူပူကို မှုတ်သောက်လိုက်ကြပြီး နောက်ခံတွင်းချဉ်သက်သာစေရန်ဓာတ်ဘူးတွင်းမှရေနွေးကြမ်းပူပူများကိုနစ်ခွက်၊
သုံးခွက်စီရဲ့ပြီးသောက်လိုက်ကြပြန်သည်။ ရေနွေးကြမ်းနှစ်ခွက်၊သုံးခွက်စီသောက်
အပြီးမှာကိုသက်ဦးက စကားစလာသည်။
“ဇာတ်ဆရာရေ-ကျွန်တော်တို့ဒီညညမီးထိုးပြီးငှက်အိပ်တန်းပစ်ကြရအောင်
ဗျာ။ ဆင်ဖြူကုန်းရွာမြောက်ဘက်ကကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့လယ်တဲမှာ ဒီညကြက်သားကာလသား ဟင်းချက်ခိုင်းထားတယ်။ သူတို့က စပါးရိတ်ချိန်မို့လယ် တောကို ပြောင်းပြီးနေတာ (၁)လလောက်ရှိပြီ။ စပါးတွေ ရိတ်သိမ်းပြီးလို့ တပို့တွဲ လကုန်လောက်ရောက်မှရွာထဲပြန်ရွှေ့ကြမှာ၊လူကြီးတွေနဲ့အမျိုးသမီးတွေကတော့
အေးလို့ရွာထဲမှာပဲနေကြတယ်။ အခုလယ်တောထဲမှာသူတို့ညီအစ်ကို(၃)ယောက်

ကာလသားဟင်းချက်ထားမယ်။ ရွှေမိ (တောအရက်)လည်း ဝယ်ထားမယ်၊ ညီ- မီးထိုး ငှက်ပစ်ရင်းနဲ့ လာခဲ့ကြပါလားလို့ ပြောသွားတယ်။ ခင်ဗျား ဘယ်လိုသဘော ရလဲ။လိုက်မယ်မဟုတ်လား”
ဟုမေးလာပါသည်။
“အော်- ခင်ဗျားဘော်ဒါ- ကိုစိန် မောင်ကြီးတို့ ညီအစ်ကိုတွေလား။ သူတို့က ညီအစ်ကို(၃)ယောက်စလုံး ခင်တတ်မင်တတ်ရှိပြီး သဘောကောင်းတယ်ဗျ။ (၃) ယောက်စလုံးကလည်းလူပျိုလူလွတ်တွေဆိုတော့အနောင်အဖွဲ့ကင်းတာပေါ့ဗျာ” “ဟုတ်တယ်ဗျ – ဘယ်လိုလဲ- ခင်ဗျား လိုက်မယ်မဟုတ်လား”
“သွားတော့သွားတာပေါ့ဗျာ။ ဒါပေမဲ့- ကျွန်တော်ပြန်မလာမချင်းအိမ်မှာအမေ ကြီးက ထိုင်စောင့်နေမှာဗျ။ ဒီလိုလုပ်ဗျာ-အိမ်ကို ကျွန်တော် အဝင်ပြပြီး ပြန်ထွက် လာခဲ့မယ်၊ ခင်ဗျား အပြင်ကနေ ခဏစောင့်နေလိုက်ပေါ့။ ညမီးထိုးပစ်မှာဆိုတော့ ကျွန်တော်တို့ဓာတ်ခဲတွေ ဘာတွေထပ်ဝယ်ရဦးမှာဗျ။အိမ်မှာက(၃)ခဲထိုးဓာတ်မီး ပဲရှိတာ”
“အင်း- ဟုတ်တယ်ဗျ။ကဲ-ပြောနေကြာတယ်-လာ-သွားကြစို့”
ဟုဆိုကာလက်ဖက်ရည်ဖိုး ရှင်းပြီးအိမ်ကိုစက်ဘီးဖြင့်ပြန်ခဲ့ကြသည်။ ကိုသက်
ဦးကဝင်းတံခါးအပြင်ဘက်မှစက်ဘီးနှင့်အတူစောင့်နေရစ်ပြီးကျွန်တော်ကစေ့ထား သောတံခါးကိုတွန်းဖွင့်ကာချောင်းဟန့်သံပေးလိုက်ပြီးတံခါးမကြီးကိုအတွင်းမှချက် ထိုးပြီး ပိတ်လိုက်သည်။အမေကြီးကအိမ်အပေါ်ထပ်ဘုရားကျောင်းဆောင်ရှေ့တွင် ဘုရားဝတ်ပြုနေရာမှ-
“ကောင်လေး- တံခါးတွေသေချာပိတ်နော်”
ဟု လှမ်းမှာရှာသည်။ ကျွန်တော်လည်း“ဟုတ်ကဲ့ “မေကြီး”ဟုပြန်ဖြေရင်း အခန်းထဲသို့ဝင်ကာ လက်စွဲတော် တရုတ်နီဘေးဆွဲ One special လေသေနတ် ကြီးကိုဖြုတ်ကာ အံဆွဲထဲမှ သင်္ဘောဆေးအဖြူရောင် ဘူးသေးလေးကိုထုတ်ကာ ချိန်သီး၏ထိပ်ဖျားကိုသင်္ဘောဆေးအဖြူရောင်လေးတို့ပေးပြီးပါးစပ်မှလေမှုတ်ပေး လိုက်သည်။ ညမီးထိုးပြီးပစ်မှာဖြစ်၍ ချိန်သီးကို မီးရောင်ဖြင့် လွယ်ကူစွာ မြင်နိုင်ရန်

ဆေးအဖြူရောင်ခြယ်ပေးခြင်းဖြစ်သည်။ ပြီးလျှင် ခေါင်းအုံးအောက်မှ (၃)ခဲထိုး ဓာတ်မီးကြီးကိုယူ၍ ခါးမှာထိုးလိုက်ပြီးအံဆွဲထဲမှ ကျည်ဆန်ဘူးကိုယူ၍ဘောင်းဘီ အိတ်ထဲထိုးထည့်လိုက်သည်။ လိုအပ်သည်များကိုလျှပ်တစ်ပြက်အချိန်အတွင်းဇယ် ဆက်သလို ပြင်ဆင်လိုက်ပြီး အခန်းတံခါးကို စေ့ပိတ်ပြီး ခြင်ထောင်ချထားလိုက် သည်။ ပြီးလျှင်ပြတင်းပေါက်တံခါးကိုအသံမမြည်အောင်ကြိတ်ဖွင့်ပြီးသေနတ်လွယ် လျက်အပြင်ကို ကျော်ထွက်လိုက်သည်။ ပြီးမှ တံခါးကိုအသာအယာ ပြန်စေ့ထားခဲ့ လိုက်သည်။ ခြေသံမကြားအောင် ဝင်းတံခါး အပြင်ထွက်ခဲ့ပြီး ကိုသက်ဦးနှင့်အတူ စတိုးဆိုင်သို့စက်ဘီးစီးရင်း ထွက်ခဲ့သည်။
စတိုးဆိုင်မှဓာတ်ခဲနှစ်လုံးစီနှင့်ဓာတ်မီးအဖိုးနှစ်ခုစီဝယ်ခဲ့ကြသည်။မီးသီးများ
မှာ အပိုဝယ်ထားပြီးဖြစ်၍ ထပ်မံမဝယ်ကြတော့ပါ။ လိုအပ်သော ပစ္စည်းများဝယ်ပြီး

နောက် ကိုသက်ဦး အိမ်သို့သွားသည်။ ကျွန်တော်က အပြင်ဘက်မှ စောင့်နေခဲ့ပြီး ကိုသက်ဦးကအိမ်ထဲဝင်သွား၏။ ခဏအကြာမှာဘောင်းဘီနှင့်အနွေးထည်များထပ် ဝတ်လာပြီး သူ့လက်စွဲတော် တရုတ်နီအောက်ဆွဲ လေသေနတ်ကြီးလိုလွယ်ကာ ဓာတ်မီးတစ်လက်ကိုလက်မှာကိုင်ပြီးပြန်ထွက်လာသည်။ သူ၏ ဟမ်းဘားစက်ဘီး ကြီးကို ကျွန်တော်ကနင်းပြီး ကိုသက်ဦးက ကယ်ရီယာခုံမှာထိုင်ရင်း မြောင်းပေါင် လမ်းအတိုင်း စက်ဘီးဖြင့်ထွက်ခဲ့ကြလေသည်။

လကွယ်ညမဟုတ်သော်လည်းလမိုက်ညဖြစ်၍ ကြယ်ရောင်လရောင်များသာ
ရှိသည်။ မြောင်းပေါင်လမ်းတစ်လျှောက်မှာလည်းညဉ့်အချိန်ကျက်စားသောပိုးမွှား ကောင်များ၊ ပုရစ်များ၏အော်သံများ၊ ကျိုင်းကောင်များ၏ အော်မြည်သံများဖြင့် အသက်ဝင်နေပေသည်။ကုက္ကိုပင်ကြီးများပေါ်မှဇီးကွက်များကလည်း“ကျိကွက်- ကျိုကွက် – ကွစ် – ကွစ်”ဟု အော်မြည်နေကြသည်။ ခပ်ဝေးဝေးရှိ လယ်တွင်းထဲရှိ ထန်းပင် ညီနောင်ပေါ်မှ ဒီးဒုတ်ငှက်ကြီးများကလည်း “ဒီး- ဒီး”ဟု အော်မြည်နေကြ သည်။ မိန်ကောင်ခေါ်ဖလံဖြူငှက်ကြီးများကလည်း ကောင်းကင်ယံတွင် ဆူညံစွာ အော်ဟစ်ပျံသန်းနေကြသည်။ ထိုမိန်ကောင်ခေါ်ငှက်ကြီးများကို အချို့လူကြီးသူမ များက “ငှက်သူတော်”ဟု ခေါ်ကြပြီး လူကြီးအချို့ကမူ“ငှက်ဆိုး”ဟု ခေါ်ကြသည်။ လူ့ရပ်လူ့ရွာအနီးငှက်ကြီးများလာရောက်ကျက်စားစဉ်ထိုငှက်ကြီးများ၏အော်မြည်
ဟန်အသံကိုလိုက်၍အခေါ်အဝေါ်ကွဲပြားဟန်တူပါသည်။
မရှင်းလင်း၍ မေးမြန်းကြည့်သောအခါထိုငှက်ကြီးများသည်ညအချိန်ကောင်း ကင်ယံတွင် ပျံဝဲကျက်စားနေစဉ်မြေပြင်တွင် သွားလာလှုပ်ရှားနေသောယမမင်း၏
တမန်တော်ငရဲသားများကိုတွေ့မြင်ရသောကြောင့်လည်းကောင်း၊နာနာဘာဝဝိနာ ဘာဝများကို တွေ့မြင်ရသောကြောင့်လည်းကောင်း ထိုအရပ်ဒေသမှာ နေထိုင်သူ လူသားများကိုသတိပေးသည့်အနေဖြင့်အော်ဟစ်ကြခြင်းဖြစ်သည်ဟုဆိုကြသည်။
အချို့အယူသည်းသူတို့ကလည်း ရပ်ရွာအတွင်းငှက်ဆိုးလာရောက်နားခိုအော်မြည်

သောနေအိမ်မှရက်များမကြာမီလူသေတတ်သောကြောင့်ထိုငှက်ကြီးများကို“ငှက်
ဆိုး”ဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။ ထိုအစဉ်အလာ ယုံကြည်မှုများအတိုင်း မြို့စွန် တွင်ကျရောက်နေသောကျွန်တော်တို့ရပ်ကွက်လေးတွင်ထိုငှက်ကြီးများညအချိန် အော်မြည်သံ ကြားရသောအပိုင်းမှာ ရက်များမကြာမီ လူသေဆုံးမှုများ ပေါ်ပေါက် တတ်သည် ကို တိုက်ဆိုင်စွာ လေ့လာတွေ့ရှိရပါသည်။ ညအချိန် မြောက်ဘက်ပိုင်း တွင် ထိုငှက်ကြီးများ ဆူညံစွာ အော်မြည်နေကြပါက ထိုမြောက်ဘက်ပိုင်းတွင် ရက် များမကြာမီ နာရေးပေါ်တတ်ပါသည်။ အလားတူစွာ တောင်ဘက်ပိုင်း၊ အနောက် ဘက်ပိုင်း၊ အရှေ့ဘက်ပိုင်း၊ အလယ်ပိုင်း စသည်ဖြင့် အများသတ်မှတ် ခေါ်ဝေါ်သည့် အပိုင်းများတွင်လည်း တိုက်ဆိုင်စွာဖြစ်တတ်သည်ကို တွေ့ရ၏။
ကျွန်တော်တို့ ငှက်ပစ်မုဆိုးများအနေဖြင့် ညအချိန် ညမီးထိုး၍ ငှက်ပစ်လေ့ ရှိသော်လည်းအဆိုပါညငှက်ကြီးများကို ပစ်လည်း မပစ်၊ စားလည်း မစားကြပါ။ နေ့ အခါကျက်စားပြီး ညအချိန် အိပ်တန်းတက်နေသောငှက်များကိုသာရှာဖွေပစ်ခတ် ကြခြင်းဖြစ်ပါသည်။
ကျွန်တော်က စက်ဘီးနင်းရင်း စိတ်ကူးတည့်ရာစဉ်းစားနေစဉ်ကယ်ရီယာခုံပေါ် ထိုင်လလိုက်လာသောကိုသက်ဦးက-
“ဇာတ်ဆရာရေ-ရှေ့နားကျရင် မြောင်းဘောင်ပေါ်ကနေ သူတို့လယ် တောထဲ ဖဲ့ဆင်းတဲ့တောသွားလှည်းလမ်းလေးတွေ့လိမ့်မယ်။အဲဒီဘက် ချိုးဝင်လိုက် သတိ တော့ ထားဦးနော်၊ လှည်းလမ်းက အနိမ့်ပိုင်းဆိုတော့ အရှိန်နဲ့ တအားထိုးမဆင်း လိုက်နဲ့ဦး။လှည်းလမ်းရဲ့အလယ်မှာလူသွားလမ်းဖုံဖုံလေးရှိတယ်။အဲဒီအတိုင်းဖြည်း
ဖြည်းချင်း နင်းဗျာ” “အိုကေပေါ့ဗျာ”
လှည်းလမ်းနားအရောက်မှာကိုသက်ဦးကနောက်မှလက်နှိပ်ဓာတ်မီးဖြင့်ထိုးပြ သည်။ကျွန်တော်ကလည်းလမ်းဘက်သို့လက်ကိုင်ကိုချိုးကွေ့လိုက်စဉ်မှာပင်ဓာတ် မီးရောင်အောက်တွင်လက်ဖျံခန့်တုတ်သောမြွေပွေးကြီးတစ်ကောင်ကလှည်းလမ်း
ကို ကန့်လန့်ဖြတ်ပြီး ကူးနေသည်။ အချိန်မီ ဘရိတ်ဆွဲအုပ်ရန်လည်း မဖြစ်နိုင်တော့ သဖြင့်…

“ကိုသက်ဦးရေ- မြွေပွေးကြီးဗျ- ခြေထောက်မြှောက်ထား” ဟုအော်ဟစ်သတိပေးလိုက်ပြီးကိုယ်တိုင်လည်းခြေထောက်များကိုအပေါ်သို့ အစွမ်းကုန်မြှောက်လိုက်ကာကန့်လန့်ကြီးခံနေသောမြွေပွေးကြီးအပေါ်မှအလိုက် သင့်ဖြတ်ကျော်လိုက်သည်။ ရှေ့ဘီးဖြင့် အနင်းခံလိုက်ရ၍ နာသွားဟန်တူသော မြွေပွေးကြီးက လျှပ်တစ်ပြက်ပင် နောက်လှည့်ပြီး“တွတ်” လိုက်သည်။ ကျွန်တော့် ဘောင်းဘီအောက်နားမှမြွေပွေးခေါင်းကြီးက “ဝီ”ခနဲဖြတ်သွားပြီး နောက်ဘီးဆီမှ “ဒေါင်”ခနဲ ကြားလိုက်ရသည်။ စက်ဘီးမှာ တစ်ချက်တုန်ခါသွားကာ နောက်ဘီးက မြွေကြီး၏လည်ပင်းကိုထပ်ကြိတ်မိသွားပြန်သည်။
ကျွန်တော်ကရှေ့ဝါးတစ်ပြန်သာသာရောက်မှဘရိတ်ဆွဲ၍ ရပ်လိုက်ပြီးစက်ဘီး ဒေါက်ထောက်ထားခဲ့ကာနှစ်ယောက်သားမြွေပွေးကြီးရှိရာသို့ဓာတ်မီးဖြင့်ထိုးကြည့်
လိုက်သည်။ မြွေကြီးမှာ လှည်းလမ်းပေါ်တွင် တွန့်လိမ်နေပြီး နာကျင်မှုကြောင့် “တဖြီးဖြီးဖြင့်ဒေါသထွက်နေသည်။နှစ်ယောက်သားမြွေပွေးကြီးအနားသို့ချဉ်းကပ် သွားလိုက်ပြီး ကိုသက်ဦးက မြွေပွေးကြီးမှာ တဝုန်းဝုန်း ရုန်းကန်ပြီး လှုပ်ရှားလူးလွန့် နေသောကြောင့် နှစ်ဦးသား နောက်သို့အနည်းငယ် ဆုတ်ကြည့်နေလိုက်ကြသည်။ ထိုအချိန်မှာလယ်တဲဆီမှ ဓာတ်မီးနှင့် “ဝင်းခနဲ”လှမ်းထိုးလာပြီး…
“ဝေး- သက်ဦးတို့ ရောက်လာကြပြီလားဟေ့ – ဘာဖြစ်နေကြတာလဲ” ဟု အော်ဟစ်မေးမြန်းလာသည်။ကိုသက်ဦးက-
“မြွေပွေးကြီးဗျို့-အတော်ကြီးတယ်”
“ဟေ- ဟုတ်လား။ အနားမကပ်ကြနဲ့ – တို့လာပြီ”ဟု အော်ဟစ်ပြောဆိုကာ တုတ်၊ဓားများဆွဲကာပြေးလွှားရောက်ရှိလာကြသည်။ အနားရောက်လာတော့ မြွေ
ပွေးကြီးမှာငြိမ်သက်သေဆုံးနေပြီဖြစ်၏။ကိုသက်ဦးကဖြစ်စဉ်ကိုအတိုချုပ်ပြောပြ
လိုက်သည်။ကိုစိန်မောင်က-
“မင်းတို့ကံကောင်းတာကွ။ ဒီမြွေပွေးတွေက သူတို့ကိုမထိသရွေ့ဘာမှရန်မမူ တတ်ပေမယ့်သူတို့ကိုထိမိရင်တော့ခန္ဓာကိုယ်ပေါ်လာနားတဲ့ယင်ကောင်ကိုတောင် မလွတ်တမ်း တွတ်နိုင်တယ်ကွ၊ ပြီးတော့ အဆိပ်လည်း သိပ်ပြင်းတာ။ ဒီအကောင်

မျိုးကကိုက်မိရင်တော့နာရီပိုင်းအတွင်းအသက်ပျောက်သွားမှာပဲ၊ငါလည်းမြွေပွေး တစ်ကောင်လောက်လိုချင်နေတာနဲ့ အတော်ပဲဟေ့”
“ခင်ဗျားက ဘာလုပ်ဖို့ မြွေပွေးလိုချင်နေရတာလဲဗျ”
ဟုကိုသက်ဦးကပြန်မေးသည်။ကိုစိန်မောင်ကြီးက…
“ဒီကောင်ကြီးကို မြေအိုးတစ်လုံးထဲမှာ ခွေထည့်ပြီး အပေါ်က အဖုံးကို ရွှံ့နဲ့ ခံရ တယ်။ ပြီးရင် ပြာကျတဲ့အထိ မီးဖုတ်ရတယ်။ အဲဒီမြွေပွေးပြောကတို့တောင်သူတွေ အတွက်ကျွဲနွားဆေးပဲကွ၊ကျွဲတွေ၊ နွားတွေခွာမှာအနာဖြစ်ရင်ပိုးလောက်တွေသေ
အောင်မြွေပွေးပြနဲ့သိပ်ပေးရတယ်။ပိုးလောက်တွေအကုန်ပူလို့အတွင်းထဲအောင်း မနေနိုင်ဘဲအကုန်အပြင်ထွက်ကျလာတယ်။အပြင်ရောက်တော့လည်းသေကုန်တာ
ပါပဲ။ အနာကျက်လည်းမြန်တယ်။ လက်ပရိုစီဖြစ်နေတဲ့လူတွေလည်း ရောဂါဆိုးပြီး အရည်တရွဲရွဲနဲ့အနားမကပ်နိုင်အောင်ဖြစ်နေရင် မြွေပွေးပြာကိုအုန်းဆီနဲ့ခပ်ကျဲကျဲ ဖျော်ပြီး သုတ်လိမ်းပေးရင်ခြောက်ပြီး အလွှားလိုက် ကွာကျကုန်တယ်ကွ။ ရောဂါ ကတော့လုံးဝမပျောက်ဘူးပေါ့ကွာ။ရှေးတုန်းကတော့ရောဂါဆိုးလာရင်အဲဒီနည်းနဲ့
ထိန်းရတာပဲ”
ဟုရှင်းလင်းပြောပြကာအသင့်ပါလာသောတုတ်ချောင်းကြီးဖြင့်မြွေပွေးကြီးကို ခါးလယ်မှထိုးကော်၍ မ.လိုက်ပြီးတဲဆီသို့ သယ်ယူခဲ့ကြသည်။ တဲရှေ့တွင်မီးဖိုကြီးတစ်ခုဖိုထားပြီးနွားချေးသရိုးကိုင်ထားသောတလင်းထဲတွင် ကောက်လှိုင်းထုံးများကိုစီရရှိစုပုံထားသည်။တဲအနီးမီးဖိုအနီးရောက်မှကိုသက်ဦး
က သူ့စက်ဘီးကြီးကို ဓာတ်မီးဖြင့်လှည့်ပတ်ထိုးကြည့်လိုက်ပြီး… “ဟာ-ဒီမှာ စောစောက မြွေပွေးကြီး နောက်ပြန်တွတ်လိုက်တာ စမုတ်တံ နှစ် ချောင်းတောင်ပြတ်ထွက်သွားတယ်ဗျ။အဲဒါကြောင့်စက်ဘီးလူးပြီးခါသွားတားနည်း
တဲ့ speed မဟုတ်ဘူးဗျို့
ဟု ဆိုသဖြင့် သွားကြည့်လိုက်ကြရာ အမှန်ပင်ဖြစ်၏။ မြွေပွေးကြီး၏ ချွန်မြနေ သောအစွယ်များဖြင့် တွတ်မိသောကြောင့် စမုတ်တံနှစ်ချောင်းမှာ တိတိရိရိ ပြတ် ထွက်နေသည်။ ကျွန်တော်လည်းတအံ့တသြဖြင့်…
“ဟုတ်ပါရဲ့ဗျာ- ဒါကြောင့်မို့ သူ ပြန်တွတ်လိုက်တုန်းက“ဒေါင်”ခနဲ အသံကြား
လိုက်ရတာကိုး။ထိမိရှမိလိုက်ရင်မချောင်ဘူးဗျို့။ သူလည်းသူ့အားနဲ့သူခံသွားရတာပဲ။ ပါးလုတ်ကို ဖြတ်အရိုက် ခံလိုက်ရသလိုဖြစ်ပြီး လမ်းပေါ်တင် တွန့်လိမ်နေအောင် ခံသွားရတာပဲ။ကျွန်တော်တို့မသတ်လည်းသူ့ဟာသူသေမှာပဲဗျ။တော်တော်ကြောက်
စရာကောင်းတဲ့ကောင်ကြီးဗျာ”
ဟုမှတ်ချက်ချမိသည်။ ကိုစိန်မောင်ကတဲအတွင်းမှမြေအိုးကြီးတစ်လုံးထုတ် လာကာ မြွေပွေးကြီးကို ခွေထည့်ပြီး အဖုံးပိတ် ရွှံ့ခံကာ မီးဖိုတွင် မီးဖုတ်လေတော့ သည်။ကျွန်တော်တို့ကိုလှမ်းကြည့်ပြီး…
“ကြက်သားအိုးကတော့ ရေမကျသေးဘူး – ငါ့လူတွေရေ၊ ရွှေမိတွေကတော့ တဲနားက ကောက်ရိုးပုံထဲမှာ အခန်းလေးလုပ်ပြီး ဖွက်ထားတယ်။ မင်းတို့ စိတ်တိုင်း ကျသာမြည်းကြပေတော့”
ဟုဆိုလာရာကိုသက်ဦးက-
“ကျွန်တော်တို့ ညမီးနဲ့ ငှက်ပစ်လိုက်ဦးမယ်။ အပြန်ကျမှ အမောဖြေရင်း ချကြ တာပေါ့။ဒီအချိန်ကညမီးထိုးပစ်လို့အကောင်းဆုံးအချိန်ပဲ။ ငှက်တွေအိပ်မောကျတဲ့
အချိန်ရောက်နေပြီ”
ဟုပြန်ပြောလိုက်ပါသည်။ကိုစိန်မောင်ညီအငယ်ဆုံး ကိုစိန်လုံးက-
“ငါလည်း လိုက်ခဲ့မယ်”
ဟုဆိုကာ တဲအတွင်းဝင်၍ တောစီးဖိနပ်ရှည်ကိုစီးကာ လွယ်အိတ်တစ်လုံးကို ဆွဲပြီး ထွက်လာသည်။ ကိုသက်ဦးက …
“အဲဒါ-ဘာတွေလဲ”
“ဒါက ငါ့ရဲ့ လက်စွဲတော်ဘတ်ခွ (သားရေခွ)နဲ့ စက်ဘီးကုန်းသီးဟောင်းတွေ လေကွာ၊ လိုရမယ်ရပေါ့”
ဟု ဆို၏။ကိုစိန်မောင်ကမြေအိုးကိုမီးဖုတ်နေရာမှ-
“အေး- ကောင်းတယ်။ မင်းတို့သုံးယောက်ကမီးထိုးပြီးပစ်ချေကြ၊ငါကမြွေပွေး မီးဖုတ်လိုက်ဦးမယ်၊ စိန်အောင်ကကြက်သားအိုးစောင့်ပြီး ချက်ကွာ”

ဟုဆိုပြီး အစီအစဉ်ဆွဲပေး၏။ ကိုသက်ဦးက …. “အဲဒီအစီအစဉ်ကောင်းတယ်-လာ-သွားကြစို့”
ဟုဆိုကာ(၃)ယောက်သား ရိုးပြတ် ငုတ်များပေါ်မှဖြတ်ကာ ခင်တန်းများရှိရာ ရေပစ်ရိုးချောင်းဆီသို့ထွက်ခဲ့ကြသည်။
တဲနှင့်လယ်တစ်ကွက်ကျော်လောက်ရောက်မှ ဓာတ်မီးများကို မဆက်ရသေး ကြောင်းသတိရပြီးလွယ်အိတ်တွင်းမှ အပိုးများကိုထုတ်ကာ (၃)ခဲထိုးဓာတ်မီးတွင် အရစ်ကျဆက်လိုက်ပြီးဓာတ်ခဲနှစ်လုံးထပ်ဖြည့်လိုက်သည်။ထိုအခါကျွန်တော်နှင့် ကိုသက်ဦးတို့၏ဓာတ်မီးများမှ(၃)ခဲထိုးမှ(၅)ခဲထိုးဓာတ်မီးများဖြစ်ကုန်ကြပြီးကိုစိန်
လုံး၏ဓာတ်မီးမှာ(၃)ခဲထိုးဓာတ်မီးသာဖြစ်သည်။ကိုစိန်လုံး၏ဓာတ်မီးကိုတောနင်း
ရာတွင်မြွေပါးကင်းပါးအန္တရာယ်ရှောင်ရှားနိုင်ရန်လမ်းပြမီးအဖြစ်အသုံးပြုမည်ဖြစ်ပြီး ကျွန်တော်နှင့်ကိုသက်ဦးတို့၏ (၅)ခဲထိုး ဓာတ်မီးကြီးများကို သစ်ပင်အကြိုအကြား တွင်အိပ်တန်းတက်နေသော ငှက်များကိုရှာဖွေရာတွင် အသုံးပြုကြမည်ဖြစ်သည်။
ထိုသို့ အစစ အရာရာ ပြင်ဆင်ပြီးနောက် ကိုစိန်လုံးက ရှေ့ဆုံးမှ ဓာတ်မီးထိုး၍ ဦးဆောင်လမ်းပြပြီးသွားသည်။တဲနှင့်လယ်နှစ်ကွက်ကျော်လောက်အရောက်တွင်
လယ်ကန်သင်းရိုးကုန်း ကျယ်ပေါ်တွင် တမာပင်တစ်ပင်ပေါက်နေသည်ကို တွေ့ရ သည်။ကိုသက်ဦးက …
“အဲဒီ တမာပင်က စပြီး မီးထိုးကြတာပေါ့”
ဟုဆိုကာခြေသံလုံလုံဖြင့်တမာပင်အနီးသို့ချဉ်းကပ်ခဲ့ကြသည်။ စပါးရိတ်သိမ်း
ပြီးခါစ ရိုးပြတ်ငုတ်များမှာ နှင်းရည်ဆွတ်ဖျန်းထားသဖြင့်အသံသိပ်မထွက်ပါ။တမာ
ပင်နှင့်ဝါးတစ်ပြန်ခန့်အရောက်တွင်ရှေ့လမ်းတစ်လျှောက်မြွေပါးကင်းပါးရှိ၊မရှိခေတ္တ မီးထိုးရှာဖွေလိုက်ပြီး စိတ်ချရမှ မီးပိတ်ကာ အမှောင်ထဲမှာပင် အပင်ခြေသို့ ရောက် အောင် ချဉ်းကပ်ခဲ့ကြသည်။ အပင်ခြေသို့ ရောက်သောအခါ ကိုသက်ဦးက တီးတိုး လေသံဖြင့်…
“ကျွန်တော် ရှာမယ်။ ခင်ဗျားတို့မီး တွေ ပိတ်ထားပြီး အသံမထွက်စေနဲ့”
ဟုမှာကြားပြီး သစ်ပင်အဖျားမှစ၍ မီးထိုးပြီးရှာဖွေလိုက်သည်။အဖျားပိုင်းတွင် ဘာကောင်မျှ မတွေ့သောအခါ တဖြည်းဖြည်းချင်း အောက်ဘက်သို့ မီးထိုးရှာဖွေ လိုက်၏။ ကျွန်တော်တို့ အထက် (၁၂)ပေခန့်အမြင့်အရောက်မှာတော့ မြင်လိုက် ရသောမြင်ကွင်းကြောင့် ကိုစိန်လုံးထံမှ အလန့်တကြား အော်လိုက်သံကြောင့် သူ့ ပါးစပ်ကိုကျွန်တော်ကလက်ဖြင့်လှမ်းပိတ်လိုက်ရသည်။ “ဟာ- ငှက်ခေါင်းပြတ်ကြီးဟေ့-အု-ဝု”
ကိုစိန်လုံး၏အသံမှာကျွန်တော်ကပါးစပ်ကိုလက်ဖြင့် ပိတ်လိုက်သောကြောင့်
ရပ်သွား၏။ကျွန်တော်က သူ့နားရွက်နားကပ်ကာတီးတိုးလေသံဖြင့်..
“အဲဒါ ငှက်ကြီးခေါင်းပြတ်နေတာ မဟုတ်ဘူးဗျ။ တိုက်သိမ်းဖြူကြီး။ ရာသီဥတု အေးလို့အတောင်ကြားထဲမှခေါင်းဝှက်ပြီးအိပ်နေတာ။ကျွန်တော်တို့ပစ်လိုက်ဦးမယ်။
စကားမပြောနဲ့တော့နော်”
ဟု ပြောလိုက်မှ သဘောပေါက် သွားဟန်ဖြင့် ခေါင်းညိတ်ပြသည်။ ကျွန်တော် တို့နှစ်ယောက် စကားပြောနေစဉ်ကိုသက်ဦးက သူ့သေနတ်ထဲသို့ ကျည်ဆန်ထည့် လိုက်ပြီး (၄-၅)ချက်ခန့် လေထိုးလိုက်ကာ ကျွန်တော့်ကို ခေါင်းညိတ်ပြ၏။ ကျွန် တော်ကသူ့နောက်တည့်တည့်မှရပ်ကာသူ့ခေါင်းပေါ်မှကျော်ပြီး ငှက်ကြီးအိပ်နေရာ
ဆီသို့ဓာတ်မီးဖြင့်ပင့်ထိုးပေးလိုက်သည်။ကိုသက်ဦးကမီးရောင်အတိုင်းသေနတ်ကို အလိုက်သင့်ပင့်၍ချိန်လိုက်ပြီးမောင်းကိုဖြည်းညင်းစွာဆွဲချလိုက်သည်။(၁၅)ပေခန့် အတွင်းမှာ အနီးကပ်အပိုင် ပစ်ခတ်ရခြင်းဖြစ်ရာ တိုက်သိမ်းဖြူကြီးမှာ ဘာသံမှ မထွက်နိုင်ဘဲအရုပ်ကြိုးပြတ်ပြုတ်ကျလာသည်။ကျွန်တော်ကငှက်ကြီးကျသွားရာသို့ ဓာတ်မီးဖြင့်ထိုးပြလိုက်ရာကိုစိန်လုံးကကပျာကယာသွားရောက်ကောက်ယူလိုက်
သည်။ အသက်ကင်းမဲ့နေပြီဖြစ်သော တိုက်သိမ်းဖြူကြီးကို လက်တစ်ဖက်ဖြင့် ဆကြည့်ရင်း…
“ဟာ-မဆိုးဘူးဟေ့၊ ကြက်မတမ်း နီးနီးရှိတယ် -ပွတာပဲ”
ဟု ဝမ်းသာအားရဆိုလာသည်။ ကျွန်တော်တို့လည်း ပွဲဦးထွက် ငှက်ကြီး တစ် ကောင် ပစ်ခတ်ရရှိလိုက်သဖြင့် ကျေနပ်ပီတိဖြစ်နေကြသည်။ ဆက် လက်ပစ်ခတ် နိုင်ရန်အတွက်လယ်သုံးကွက်ကျော်တွင်ရှိသောရိုးချောင်းရှိရာသို့ထွက်ခွာလာခဲ့ကြ သည်။လယ်ကွက်များ၏ကြားတွင်စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးပြုပြီးပိုလျှံလာ သောရေများကိုစွန့်ပစ်နိုင်ရန်အတွက်(၁၀)ပေနီးပါးကျယ်ဝန်းသောရေပစ်ရိုးချောင်း တစ်ခုရှိသည်။ရိုးချောင်းမှာအရှေ့မှအနောက်သို့သွယ်တန်းစီးဆင်းနေပြီးကမ်းနှစ် ဖက်တွင် သဘာဝအတိုင်း ပေါက်နေသောသစ်ပင်များနှင့် လူတို့ စိုက်ပျိုးထားသော သစ်ပင်များရောနှောပေါက်ရောက်နေပြီးခင်တန်းငယ်တစ်ခုဖြစ်လို့နေသည်။ထိုခင် တန်းတစ်လျှောက်ရှိသစ်ပင်များပေါ်တွင်ကျေးငှက်သာရကာများနေထိုင်ကျက်စား လေ့ရှိပြီးအိပ်တော့လည်းထိုအပင်များပေါ်မှာပင်အိပ်စက်ကြသည်။
ကျွန်တော်တို့ ခင်တန်းအနီး ချဉ်းကပ်မိစဉ်ပထမဆုံး တွေ့ရသောသေနတ်ပင် ပေါ်သို့ မီးထိုးရှာဖွေလိုက်သောအခါ အထက်ပိုင်းလေကွယ်ရာ နေရာတွင် ချိုးနှစ် ကောင်တစ်ကောင်နှင့်တစ်ကောင်ထိကပ်ကာယှဉ်တွဲအိပ်စက်နေကြသည်ကိုတွေ့ ရသည်။ ကျွန်တော်ကလက်ထဲမှ(၅)ခဲထိုးဓာတ်မီးကိုကိုစိန်လုံးလက်ထဲလှမ်းပေး လိုက်ပြီးကျောတွင်လွယ်ထားသောလက်စွဲတော်သေနတ်ကြီးကိုဖြုတ်ကာမောင်း တင်ကျည်ထည့်လိုက်သည်။ ပြီးမှ ကိုသက်ဦးနှင့် ကိုစိန်လုံးကို တစ်လှည့်စီ ကြည့်
ရင်း..
“ခင်ဗျားကဘယ်ဘက်ကအကောင်ကိုပစ်၊ကျွန်တော်ကညာဘက်ကအကောင်
ကိုပစ်မယ်၊ ကိုစိန်လုံး- ခင်ဗျားက ကျွန်တော်တို့နှစ်ယောက် နောက်ကျောကနေ စောစောကကျွန်တော်လုပ်သလိုကျွန်တော်တို့ခေါင်းပေါ်ကကျော်ပြီးမီးထိုးဗျာ”
ဟု တာဝန်ခွဲဝေလိုက်ပြီး ကိုသက်ဦးနှင့် ဘေးချင်းယှဉ်၍ နေရာယူလိုက်၏။ ကိုစိန်လုံးကကျွန်တော်တို့နှစ်ယောက် နောက်မှ ငှက်နှစ်ကောင်ရှိရာသို့ ဓာတ်မီးကို မီးပင့်၍ထိုးပေးသည်။ ကျွန်တော်နှင့် ကိုသက်ဦးလည်း မီးရောင်ညွန်ပြရာအတိုင်း အလိုက်သင့် သေနတ်ပင့်ချိန် ရွယ်လိုက်ကြပြီး (ချိန်သီးပေါ်ရှိ ဆေးဖြူလေးပေါ်တွင် ငှက်ခြေထောက်လေးကို တင်၍ချိန်ကာ)ပါးစပ်မှ တစ်၊ နှစ်၊ သုံး ဟု တိုင်ပင်ခေါ်ကာ

ပြိုင်တူမောင်းဆွဲဖြုတ်ချလိုက်ကြသည်။ သေနတ်သံနှစ်ချက်ပြိုင်တူလိုလိုထွက်ပေါ် လာပြီး ခပ်အုပ်အုပ် ထိမှန်သံများနှင့်အတူ ချိုးနှစ်ကောင်မှာ ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပြုတ်ကျလာသည်။ ကိုစိန်လုံးက လျင်မြန်စွာ ကောက်ယူလိုက်ပြီး.. “ဟန်ကျသဟေ့ – လက်တည့်ချက် ကတော့ကွာ – တစ်ချက်တစ်ကောင်ပဲ” “သိပ်မြှောက်မနေနဲ့ဦး – ရွှေမိနဲ့မြည်းဖို့ အချိန်မီအမွေးနုတ်ပြီး ကြော်လှော်ပေး ဖို့ကတော့ ခင်ဗျားတာဝန်ပဲနော်”
ဟု ကိုသက်ဦးက ပြောလိုက်ရာ ကိုစိန်လုံးက
“စိတ်ချစမ်းပါကွာ-ဒီမှာကြည့်”
000
ဟုဆိုပြီး လွယ်အိတ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ပြသဖြင့် ကြည့်လိုက်ရာ စော စောက ရရှိခဲ့သော တိုက်သိမ်းကြီးမှာ အမွေးများ ပြောင်နေအောင် နုတ်ပြီး ဖြစ်နေ သည်ကိုအံ့ဩစွာ တွေ့ရှိရသည်။ ကျွန်တော်က
“ဟာ – ခင်ဗျားဟာက မြန်လှချည့်လားဗျာ။ ဘယ်အချိန်များ နုတ်လိုက်တာ ”
“စောစောက မင်းတို့တွေ ငှက်ရှာနေတဲ့အချိန် အားတုန်းလေး ခဏနတ်လိုက်
“ဟာ-အံ့ရောဗျာ-မြန်လိုက်တာ။ ခင်ဗျားကတော့“စံ”ပဲ” ဟုကျွန်တော်တို့နှစ်ယောက်ကတစ်လှည့်ပြန်ပြီးချီးမွမ်းမိကြပါသည်။ထိုအချိန် မှာပင်ရိုးချောင်း၏တစ်ဖက်ထိပ်လယ်တစ်ကွက်ကျော်လောက်မှတောကြောင်တစ်
ကောင်၏ ဝမ်းခေါင်းသံကြီးဖြင့် မာန်ဖီနေသံကိုကြားလိုက်ရသည်။
“ဝရောင်း” “ဝရောင်း”
“ခွေး”
“ပြီး”
“ပြီး”
“ခွေး”
“ဖြောင်း”
“ဟာ- ကြောင်အော်သံပါလား။ကြည့်ရတာတခြားသတ္တဝါတစ်ကောင်ကောင်နဲ့ ထိပ်တိုက်တွေ့နေတဲ့ပုံမျိုးပဲဗျ။ဒီနားကတဲတွေမှာကြောင်တွေဘာတွေမွေးတဲ့သူတွေ
ရှိလားမသိဘူး”
ဟုကိုသက်ဦးက စူးစမ်းသလိုတွေးတွေးဆဆနှင့်ပြောလာသည်။ ကိုစိန်လုံးက
ချိုးငှက်များကိုအမွေးနုတ်နေရာမှထိတ်ထိတ်ပျာပျာဖြင့်..
“ဟာ-ဒါကျုပ်ချောင်းနေတဲ့ ကြောင်ဝံပိုက်ကြီးတွေလားမသိဘူး။ ဒီနားတစ်
ဝိုက်မှာကျက်စားနေတဲ့ကြောင်ဝံပိုက်ကြီး(၂)ကောင်၊(၃)ကောင်ရှိတယ်ဗျ။ကျုပ်တို့ လယ်တဲတွေမှာက ခွေးတွေရှိတော့ အနားသိပ်မကပ်ကြဘူး။ နေ့ခင်းပိုင်းဆို လုံးဝ မထွက်ဘူး။ လသာတဲ့ညတွေမှသာအဝေးကနေရိပ်ခနဲ’ရိပ်ခနဲ တွေ့လိုက်ရတာ။ တစ်ခါတစ်ရံတော့ အော်သံကြားရတယ်။ အခုအော်နေတဲ့အသံကိုကြားရတာအစာ
လုရင်းတိုက်ခိုက်နေပုံပဲဗျ။လာဗျာ-ဟိုရှေ့နားမှာတစ်ဖက်နဲ့တစ်ဖက်ကူးလို့ရအောင် ထန်းသားတုံးနှစ်တုံးယှဉ်ချပြီးတံတားလုပ်ထားတဲ့နေရာရှိတယ်။ဟိုဘက်ကမ်းကို
ကူးပြီးသွားကြည့်ချေရအောင်”

ဟုဆိုကာ ရှေ့မှ ခပ်သုတ်သုတ်လျှောက်သွားသဖြင့်ကျွန်တော်နှင့် ကိုသက်ဦး လည်း သူ့နောက်မှအမီလိုက်ပြီး လျှောက်ကြရသည်။
သစ်ပင်များကြားမှ တစ်ဖက်ကမ်းသို့ လှမ်းမြင်ရသောနေရာသို့ ရောက်သော အခါ(၃)ယောက်သားအသံကြားရာဆီသို့လှမ်းမျှော်ကြည့်မိကြ၏။ကြယ်ရောင်များ နှင့် ထွက်ပြူစပြုလာသော လခြမ်းကွေးလေး၏ အားနည်းသော အလင်းရောင် အောက်တွင်တစ်ဖက်ကမ်းရှိလယ်တစ်ကွက်ကျော်မှလယ်ကွင်းထဲရှိရိုးပြတ်ငုတ်များ
ပေါ်တွင် ဖွတ်လိုလို၊ သင်းခွေချပ်လိုလို သတ္တဝါတစ်ကောင်နှင့် ခွေးလောက်နီးနီး ကြီးမားသော ကြောင်ကြီးတစ်ကောင်တို့ အပြင်းအထန်တိုက်ခိုက်နေကြသည်ကို မသဲမကွဲ လှမ်းမြင်ရသည်။ အလင်းရောင်က အားနည်းနေပြီး ဓာတ်မီးလည်း ထိုး မကြည့်ရသဖြင့် မည်းမည်းမည်းမည်းနှင့် ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ကြရပါ။ “ညောင်”
“ဝေါင်း”
“ပြီး”
“ခွေး”
“ဘုတ်”
“ဖြောင်း”
“ဝရော”
စသည်ဖြင့် မာန်ဖီသံ၊ တိုက်ပွဲခေါ်သံ၊ လျှပ်တစ်ပြက် တိုက်ခိုက်သည့်အသံ၊ လုံးထွေးသတ်ပုတ်နေသည့်အသံများကို ရောထွေးကြားသိနေရ၏။ ဖွတ်လိုလို၊ မိချောင်းလိုလို အကောင်ကြီးက ထိုးဟပ်လိုက်၊ ကြောင်ကြီးက ခုန်ရှောင်ပြီး လက် သည်နှင့်ပုတ်လိုက်၊ လျှပ်တစ်ပြက် ဝင်ရောက်ကိုက်ခဲလိုက်၊ ဖွတ်လိုလို အကောင် ကြီးက အမြီးနှင့် ရိုက်ချလိုက်ဖြင့် ပူးတုံခွာတုံ အပြင်းအထန် တိုက်ခိုက်သတ်ပုတ် နေကြ၏။
ကျွန်တော်တို့ (၃)ဦးသားမှာ ဓာတ်မီးဖြင့် ထိုးကြည့်ပါကလည်း သတိပေး ခြောက်လှန့်သလိုဖြစ်ပြီးထွက်ပြေးကုန်ကြမှာစိုးသည့်စိတ်၊ရိုးချောင်းအတွင်း ရေများ
ရှိနေသဖြင့် သည်အတိုင်းဖြတ်ကူးရန် မဖြစ်နိုင်ဘဲထန်းသားတံတားသို့ သွားနေစဉ်
တိုက်ပွဲမြင်ကွင်း
အဆက်ပြတ်သွားမှာစိုးသည့်စိတ်များဖြင့် တစ်ဖက်ကမ်းသို့ မကူး နိုင်ကြသေးဘဲ သည်ဘက်ကမ်းသစ်ပင်များကြားမှသာ မသဲမကွဲလှမ်းမျှော်ကြည့်ရှု
နေကြရသည်။
သတ္တဝါနှစ်ကောင်စလုံးမှာအတော်လေး မောပန်းနေကြဟန်ရှိပြီး ဒေါသများ ကလည်း အထွတ်အထိပ်သို့ ရောက်ရှိနေကြဟန်တူပါသည်။ မည်းမည်းရှည်ရှည် နှင့်ဖွတ်လိုလိုအကောင်ကြီးမှာကြောင်ဝံပိုက်ကြီး၏လက်သည်းနှင့်အပုတ်ခံရသည့် ဒဏ်နှင့်အလစ်အငိုက်ဖမ်းပြီးဝင်ရောက်ကိုက်ခဲသည့်ဒဏ်များကြောင့်တိုက်ပွဲစတင် စဉ်ကလိုမသွက်လက်တော့ဘဲနှေးကွေးလေးလံလာသည်ကိုတွေ့ရသည်။ကိုသက်
ဦးက…
“မကြာခင်တိုက်ပွဲပြီးတော့မယ်ဗျ။ဟိုကောင်ကြီးအခြေအနေသိပ်နေမကောင်း
တော့ဘူး။ ကြောင်ဝံပိုက်ကြီးကနိုင်တော့မယ်”
ဟုမှတ်ချက်ချ၏။သူ့စကားအဆုံးမှာပင်ကြောင်ကြီးက ခုန်အုပ်မည့်ဟန်ဆတ်
ခနဲ ဝပ်ချလိုက်စဉ်မှာ ဖွတ်ကြီးက လက်ဦးအောင် ထိုးဟပ်လိုက်၏။ ကြောင်ကြီးက ဖွတ်ကြီး၏ခေါင်းပေါ်မှ ရိပ်ခနဲ ကျော်ထွက်ခဲ့ကာ ဦးခေါင်းကို လက်သည်းဖြင့် တစ် ချက်ပုတ်ခဲ့၏။ မြေပေါ်ပြန်အကျမှာပင် လျှပ်တစ်ပြက် ခုန်ထွက်လိုက်ပြီး လှုပ်ရှားမှု နှေးကွေးနေသောဖွတ်ကြီး၏ ဦးခေါင်းပိုင်း၊ဇက်ပိုးနေရာကိုမလွတ်တမ်းကိုက်ခဲကာ ဒေါသတကြီး ခါယမ်းပစ်လိုက်သည်။ ဖွတ်ကြီးမှာ ယခင်လို အမြီးနှင့် ရိုက်ထုတ်နိုင် သောခွန်အားမရှိတော့ဘဲကြောင်ဝံပိုက်ကြီး၏ကိုက်ခဲမှုကြောင့် နာကျင်စွာမြေကြီး ကို အမြီးနှင့် တဖုန်းဖုန်းရိုက်ရင်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ကိုစိန်လုံးက ဓာတ်မီးဖြင့်ကျွန်တော်တို့ရှေ့ဆက်ရမည့်လမ်းကိုကြည့်ရှုစစ်ဆေးလိုက်ပြီး…
“လာကြဗျို့- ဟိုဘက်ကမ်းကို မြန်မြန်ကူးရအောင်။ ကံကောင်းရင် ဖွတ်သား လေး၊ ကြောင်သားလေးနဲ့ မြည်းရအောင်။ အချိန်ကြာသွားရင် ကြောင်ကြီး ဆွဲပြေး သွားလို့ ဘာမှမရလိုက်ဘဲနေဦးမယ်”
ဟုဆိုကာကျွန်တော်တို့ရှေ့မှ အပြေးတစ်ပိုင်းသွားနေသဖြင့် ကျွန်တော်နှင့်
ခဏအကြာတွင်
ကိုသက်ဦးလည်းသူ့နောက်မှခပ်သွက်သွက်ပြေးလိုက်ခဲ့ကြသည်။ တစ်ဖက်ကမ်းသို့ကူးသောထန်းလုံးတံတားလေးဆီသို့ရောက်ရှိလာရာတစ်ဖက်သို့
ခပ်သွက်သွက် ကူးလာခဲ့ကြသည်။ တစ်ဖက်သို့ ရောက်သောအခါ သတ္တဝါကြီးနှစ် ကောင်တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရောက်အောင် နောက်ရင်းပြန်ပြေးရပြန်သည်။ ကျွန်တော်က –
“ကိုစိန်လုံး – အောက်ကိုလည်းကြည့်ဦး၊ တော်ကြာနေ မြွေပါးကင်းပါး တွေ့နေ ဦးမယ်။ ဒီဘက်လယ်တောတွေက မြွေပွေး၊ မြွေဟောက်တွေ တအားပေါတယ်လို့ ပြောတယ်”
ဟုလှမ်းပြီးသတိပေးမှပြေးလွှားမှုရပ်တန့်ပြီးဓာတ်မီးဖြင့် ရှေ့သို့ ဝါးတစ်ပြန်ခန့် မီးထိုးစစ်ဆေးကာပုံမှန်အတိုင်းလှမ်းလျှောက်ခဲ့ကြ၏။ သတ္တဝါကြီးများသတ်ပုတ်ရာ နေရာနှင့် နီးလာသောအခါကိုသက်ဦးက…
“ကျွန်တော်တို့တော့ကံကောင်းတာပဲဗျို့၊ ဟိုကောင်ကြီးတွေရှိတဲ့လယ်ကွက်နဲ့
ဒီဘက်လယ်ကွက်ကြားမှာလူတစ်ရပ်သာသာမြင့်ပြီး(၁၀)ပေလောက်ရှည်တဲ့မြက်
ရိုင်းတောတစ်ခုကွယ်နေတယ်၊ အဲဒီမြက်ဖုတ်တွေကိုအကာအကွယ်ယူပြီးဒီဘက် ကနေမီးထိုးပြီးပစ်ကြရအောင်ဗျာ။ အောက်ကိုလည်း ဂရုစိုက်ကြဦး” ဟု သတိပေးလာသည်။ကျွန်တော်က…
“ကိုသက်ဦး-ကျွန်တော်တို့ လေသေနတ်တွေနဲ့ ဒီကောင်ကြီး သေပါ့မလား။ ကျွန်တော် လှမ်းကြည့်ရတာတော့ ကြောင်ဝံပိုက်ကြီးက ခွေးအလတ်စားလောက် တော့ ရှိမယ်ထင်တယ်”
ဟုတွေးတွေးဆဆနှင့် ပြောလိုက်ပါသည်။ ကိုစိန်လုံးက ….
“အိုကွာ-အနည်းဆုံး သူ့ကိုမရတောင် သူထွက်ပြေးရင် သူ့သားကောင်တော့ တို့ရလိုက်မှာပဲ။ သူ့ကိုလည်း“ချက်ကောင်း”ကို ထိအောင်ပစ်နိုင်ရင် ရနိုင်ပါတယ်။ ကြိုးစားကြည့်ကြတာပေါ့။ တို့ဘက်ကအရှုံးမရှိပါဘူး”
ဟုဆိုလာရာသူပြောသည်မှာနည်းလမ်းကျသဖြင့်နှစ်ယောက်စလုံးခေါင်းညိတ် သဘောတူလိုက်ကြကာမြက်ရိုင်းပင်များဆီသို့ သတိဖြင့် ချဉ်းကပ်ခဲ့ကြသည်။ မြက် ရိုင်းပင်များအနီးရောက်ချိန်မှာတော့ တဟင်းဟင်း”မာန်ဖီရင်းစားမာန်ခုတ်နေသံနှင့် “တပြတ်ပြတ်”ကိုက်ဆွဲစားသောက်နေသံတို့ကို ကြား လိုက်ရပါသည်။ ကိုသက်ဦး
နှင့်ကျွန်တော်တို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ကြည့်ကာနားလည်မှုရှိစွာ ခေါင်းညိတ်လိုက်ကြသည်။ ကိုသက်ဦးက ကျည်ပေါက်ထဲသို့ ပိတုန်းတံဆိပ် ကျည် တစ်တောင့်ထိုးထည့်လိုက်ပြီး လေ(၇-၈)ချက်ခန့် ဖိထိုးလိုက်၏။ ကျွန်တော်က အားလုံးအသင့်ရှိနေကြရန်အချက်ပေးလိုက်ပြီးမြက်ရိုင်းပင်များကြားလတ်နေသော နေရာမှကြောင်ကြီးရှိရာသို့ (၅)ခဲထိုးဓာတ်မီးဖြင့်ထိုးလိုက်ပါသည်။
ကြောင်ဝံပိုက်ကြီးမှာ အစာငမ်းနေသောကြောင့် ကျွန်တော်တို့ ရောက်ရှိနေ သည်ကို သိဟန်မတူဘဲ ဓာတ်မီးရော ဖြာကျလာစဉ်ကိုက်ဆွဲစားသောက်နေရာမှ မျက်လုံးဝင့်ကြည့်လိုက်ပြီး မာန်ဖီသံပြုလာပါသည်။ ကြောင်ကြီးနှင့် ကျွန်တော်တို့ အကာအကွယ်ယူထားသောမြက်ရိုင်းပင်များမှာ ပေ(၃၀)သာသာခန့်သာကွာဝေး
သည်ဖြစ်ရာအပိုင်ပစ်ခတ်ရန်အတွက်အကောင်းဆုံးပစ်ကွင်းတစ်ခုဖြစ်လို့နေသည်။ ကိုသက်ဦးက သေနတ်ပင့်၍ချိန်လိုက်စဉ်မှာပင်ကိုစိန်လုံးထံမှ“ဗြတ်ခနဲ” ဘတ်ခွကို တအားဆွဲ၍ ပစ်ခတ်လိုက်သံကိုကြားလိုက်ရပြီး“ဂေါက်ခနဲ”နက်နက်နဲနဲထိမှန်သံ ကြီးနှင့်အတူ ကြောင်ကြီးက ကျားတစ်ကောင်လို အပေါ်သို့ နောက်ကျွမ်းပစ်၍ ခုန် ထွက်သွားသည်။ သို့သော်လည်းလေထဲမှာပင်အသက်ပျောက်သွားဟန်ရှိပြီးကျား ခုန်၊ ခုန်ထွက်နိုင်သော်လည်း ခွေးကျဝက်ကျ ပြုတ်ကျလာကာ မြေပြင်ပေါ်တွင် နှစ် ချက် သုံးချက်အကြောဆွဲပြီးငြိမ်သက်သွားသည်။ ကျွန်တော်နှင့်ကိုသက်ဦးလည်း လုံးဝမျှော်လင့်မထားသော အနေအထားဖြင့် ကြောင်ဝံပိုက်ကြီးကို ရရှိလိုက်သဖြင့် ကိုစိန်လုံးကိုအားရဝမ်းသာ ချီးကျူးမိကြပေတော့သည်။
“ဟာ- ကိုစိန်လုံး- လက်တည့်လှချည်းလားဗျာ၊ တစ်ချက်ဆိုတစ်ချက်ပဲ ဗျို့” “ဟုတ်ပါရဲ့ဗျာ – တော်လိုက်တာ။ ခင်ဗျားကတော့ “စံ”ပဲဗျို့၊ စောစောက “စံ” တစ်ခု၊အခု ံစံတစ်ခု၊တစ်ညတည်းနဲ့ “စံ”နှစ်ခုသတ်မှတ်ခံရတဲ့လူပါပဲဗျာ”ဟုကျွန် တော်က ချီးမွမ်းလိုက်ရာကိုစိန်လုံးက ပြုံးဖြီးဖြီးလုပ်ကာ…

“လာပျို့- သွားကြည့်ရအောင်”
ဟုဆိုကာမြက်ရိုင်းပင်များဘေးမှကွေ့ပတ်ဖြတ်ကျော်ကာကြောင်ကြီးရှိရာသို့
ရောက်ရှိပြီး ဓာတ်မီးဖြင့် အနီးကပ်ထိုးကြည့်လိုက်သောအခါ အံ့ဩထိတ်လန့်မှု ကြောင့်(၃)ယောက်သား”ဟာခနဲ”အာမေဍိတ်သံပြုရင်းနောက်သို့ခြေတစ်လှမ်းစီ
ဆုတ်မိလိုက်ကြသည်။ ကိုစိန်လုံးက…
“ဟာ-ဒါ-ဒါ-နှစ်ချို့မြွေပွေးကြီးဗျ။ နည်းတဲ့ကောင်ကြီးမဟုတ်ဘူး”ဟု မှတ် ချက်ချသည်။ကိုသက်ဦးက…
“ဟုတ်ပါရဲ့ဗျာ- လုံးပတ်က တော်တော်ကြီးတယ်ဗျ။ တရုတ်ပြည်ကလာတဲ့ ရှစ်ပေါင်ဓာတ်ဘူးကြီးလောက်ရှိတယ်။ ကျွန်တော်တို့ပေါင်လုံးလောက်တောင်မက ချင်ဘူး။ ဒါပေမဲ့- မြွေပွေးဆိုတော့အလျားက(၅)ပေလောက်ပဲ ရှိမယ်။ တကယ့်ကို တုတ်တုတ်တိုတိုကြီးဗျ”
“အော်- ဒါကြောင့်မို့ကျွန်တော်တို့တွေရိုးချောင်းဟိုဘက်ကလှမ်းကြည့်တော့
ဖွတ်ကြီးလိုလိုသင်းခွေချပ်ကြီးလိုလိုထင်ရတာကိုး။ ကြောင်ကြီးကသူနိုင်တော့လက်
ပိုးကနေကိုက်ဖြတ်ပြီး အောင်သေအောင်သားအနေနဲ့ဦးနှောက်တွေဖောက်စားနေ တာဗျ။ဒီမယ် – ဦးနောက်တွေကုန်တောင်ကုန်တော့မယ်” ဟုကျွန်တော်ကမြွေပွေးခေါင်းပြတ်ကြီးကိုအနီးကပ်ဓာတ်မီးဖြင့်ထိုးကြည့်ရင်း
မှတ်ချက်ချမိသည်။ ကိုစိန်လုံးက-
“ဓာတ်ခဲတွေထည့်လာတဲ့ ပလတ်စတစ်အိတ် ရှိသေးလား”
“ရှိတယ် – ရော့ရော့”
ဟု ဆိုကာ ကျွန်တော်က အိတ်ထဲမှ ထုတ်ပေးလိုက်သည်။ ကိုစိန်လုံးက လှမ်း ယူပြီးခွေးခေါင်းနီးနီးရှိသောမြွေပွေးခေါင်းကြီးကိုတုတ်ဖြင့်ထိုးကော်၍ထည့်လိုက်၏။ မြွေဦးခေါင်းပြတ်ကြီးမှာ ပလတ်စတစ်အိတ်အတွင်းသို့ ကျပ်ကျပ်တည်းတည်းဖြင့် ရောက်ရှိသွားသည်။ကျွန်တော်က …
“ကိုစိန်လုံး သတိထားပြီးကိုင်နော်။ အစွယ်ကြီးတွေက “မြို”နေတာပဲ” “အေးပါကွာ- နေဦး-လူခေါ်လိုက်ဦးမယ်”

ဟုဆိုကာလယ်တဲရှိရာဘက်သို့မျက်နှာမူ၍လက်ဝါးနှစ်ဖက်ကိုပါးစပ်နားတွင်
အော်လံသဖွယ်ကပ်လိုက်ပြီး“ပူး”ထိုးလိုက်ပါသည်။
“ဝူး-ဝူး”
တိတ်ဆိတ်သောညဉ့်ယံတွင်“ဝူး”ထိုးသံက ရိုးပြတ်ငုတ်များပေါ်မှ ဖြတ်ကာ လယ်ကွင်းတစ်လျှောက် ပျံ့လွင့်သွား သည်။ တစ်ခဏအကြာတွင် တဲရှေ့မှ မီးဖိုကြီး ပိုမိုအားကောင်းစွာ တောက်လောင်လာပြီး ကိုစိန်အောင်တို့ ညီအစ်ကိုနှစ်ယောက် “ဝူး”ထိုးသံကြားရာ ကျွန်တော်တို့ဘက်သို့ ရပ်ကြည့်နေသည်ကို အဝေးမှ လှမ်းမြင် လိုက်ရသည်။ ကိုစိန်လုံးက ကျွန်တော့်ဆီမှ (၅)ခဲထိုးဓာတ်မီးကြီးကိုယူ၍ သူတို့ဆီ လှမ်းထိုးလိုက်ပြီး လိုက်ခဲ့ကြ” ဟူသည့်သဘောဖြင့်သူတို့ဆီထိုးလိုက်၊ကျွန်တော်တို့ ရှိရာ ဆွဲပြလိုက်ဖြင့် (၃-၄)ကြိမ် အချက်ပြလိုက်သည်။ ကိုစိန်အောင်တို့ဆီမှ “ဖူး” ထိုးသံကြားလိုက်ရပြီး တုတ်၊ ဓားများဆွဲကာ ပြေးလာနေကြသည်ကို တွေ့လိုက် ရသည်။ ကိုစိန်လုံးကကျွန်တော့်လက်ထဲဓာတ်မီးပြန်ပေးပြီး အနီးတွင် ထိုင်ချလိုက် ကာပါးစပ်မှလည်း…
“သူတို့ကိုစောင့်ရင်းခဏအမောဖြေကြရအောင်။ကိုကြီးတို့ရောက်လာမှကြည့်
ပြီး သယ်ကြတာပေါ့”
ဟုဆို၏။ကိုသက်ဦးကလည်းလေသေနတ်ကိုမောင်းပြန်လျော့လိုက်ပြီးအိတ် အတွင်းမှ ကွမ်းထုပ်ကိုဖြေကာ ကိုစိန်လုံးကို တစ်ယာကျွေးပြီး သူ့ပါးစပ်ထဲသို့ ကွမ်း တစ်ယာထိုးထည့်ကာ ကိုစိန်လုံးအနီး ထိုင်ချလိုက်ပြီး နှစ်ယောက်သား ကွမ်းဝါးနေ ကြသည်။ ကျွန်တော်က ကိုစိန်လုံးတို့အနားမှခွာကာ ကားရားကြီး အသက်ပျောက် နေသောကြောင်ကြီးအနားသို့တိုးကပ်သွားကာ ဓာတ်မီးဖြင့်ထိုးကြည့်လိုက်သည်။
ကြောင်ကြီးမှာခွေးလောက်နီးနီးရှိပြီးနာဖျားမှအမြီးဖျားအထိ(၅)နီးပါးရှိ၏။အတော် ပင် ဆူဖြိုးပြီး ကိုယ်လုံးထက် အလျားရှည်သည်ကို တွေ့ရသည်။ ဦးခေါင်းနေရာကို ဓာတ်မီးဖြင့်ထိုးကြည့်လိုက်ချိန်တွင်ကျွန်တော့်မှာအံ့ဩမှုကြောင့် ပါးစပ်မှ“ဟာ”ခနဲ အာမေဍိတ်သံထွက်သွားမိသည်။တစ်ဆက်တည်း…
“ဟာ-လာကြည့်လှည့်ကြဦးဗျို့၊ ကြောင်ကြီးနဖူးမှာစက်ဘီးကုန်းသီးကြီးအဆုံး
နီးနီး နစ်ဝင်နေတယ်”

ဟုပြောလိုက်ရာကိုသက်ဦးကချက်ချင်းထလာပြီးကြည့်သော်လည်းကိုစိန်လုံး က ဒူးနှစ်ချောင်းထောင်၍ ထိုင်နေရာမှ ထမလာဘဲ ပြုံးဖြီးဖြီးကြီးလုပ်နေပါသည်။ ကိုသက်ဦးက ကြောင်ကြီးအနီးထိုင်၍ သေချာစွာကြည့်ပြီး-
“ဟုတ်ပါရဲ့- ကိုစိန်လုံးရာ၊ ခင်ဗျား လက်သံပြောင်လှချည့်လား။ ကုန်းသီးက အချွန်ဘက်ကနေဝင်ပြီးတစ်ဆုံးနီးပါး နစ်ဝင်တာဗျို့- အဆန်းပဲ”
ဟုမှတ်ချက်ပြုလိုက်၏။ ထိုအချိန်တွင်မြက်ရိုင်းတောတစ်ဖက်မှကိုစိန်အောင်
တို့ညီအစ်ကိုနှစ်ယောက်ထွက်လာကြပြီးကိုစိန်အောင်က ခရီးရောက်မဆိုက်လှမ်း
ပြောသည်။
“မဆန်းပါဘူးကွာ။ ဒီကောင့်အကြောင်း မင်းတို့က မသိသေးလို့ပါ။ ငါ့ညီကတို့ တဲနားက ညောင်ပင်မှာ “ငူ”တွေ ကျလာရင် ကုန်းသီးတစ်လုံးထဲနဲ့ “ငူ” (၄-၅-၆) ကောင် ရအောင်ပစ်တာကွ”
ကျွန်တော့်မှာ ကြားရသည်ကို မယုံနိုင်အောင်ဖြစ်သွားမိ၏။ “ငူငှက်များ
အကြောင်းသိထားသဖြင့်ငူအုပ်ကျလာလျှင်ငှက်(၄-၅)ကောင်ရအောင်ပစ်ခတ်ရန် မခဲယဉ်းသော်လည်း ကုန်းသီးတစ်လုံးထဲနှင့် ငှက်(၅)ကောင် (၆)ကောင် ရအောင် ပစ်ခတ်ရန်မှာ မဖြစ်နိုင်ဟုယူဆမိသည်။ ထို့ကြောင့် မယုံမရဲဟန်ဖြင့်… “ဟုတ်လို့လားဗျာ-ကုန်းသီးတစ်လုံးထဲနဲ့ ငူ (၄- ၅)ကောင်ရအောင် ဘယ်လို လုပ်ပြီးပစ်တာလဲ”ဟု စောဒကတက်မိ၏။ ကိုစိန်အောင်က…
“မင်းအမြင်ပဲလေကွာ- သူပစ်လိုက်တဲ့ကုန်းသီးကငှက်ရင်အုပ်ထဲတို့၊ရင်ခေါင်း
ထဲတို့၊ ဗိုက်ထဲတို့ကနေပြန်ရတယ်။တစ်ကောင်ကျလာလိုက်ကုန်းသီးကိုနှိုက်ယူပြီး နောက်တစ်ကောင် ပစ်ချလိုက်နဲ့“ငူ”အုပ် ထမပျံမချင်း တစ်ကောင်ပြီးတစ်ကောင် ပစ်ချနေတာပဲ”
“ဘယ်လိုလုပ်ပြီးတော့များပစ်တာလဲဗျာ။ကျွန်တော်ဖြင့်အံ့ဩလို့ကိုမဆုံးဘူး။
စဉ်းစားလို့လည်းမရဘူး”
“အချိန်ကုန်ခံပြီး စဉ်းစားမနေနဲ့။ မင်း သူ့ဘတ်ခွ (သားရေခွ)ကို သွားပစ်ကြည့် လိုက်-အဖြေသိလိမ့်မယ်”

ဟု ကိုစိန်အောင်ကပြောရာ တစ်ချိန်လုံး ငြိမ်သက်စွာ နားထောင်နေသော ကိုသက်ဦးက ကိုစိန်လုံးရှေ့သို့လက်ဖြန့်လိုက်ကာ…
“ပြစမ်းပါဦးဗျာ- ခင်ဗျားဘတ်ခွကို”
ဟုဆိုရာကိုစိန်လုံးကပြုံးဖြီးဖြီးဖြင့်လွယ်အိတ်ထဲမှထုတ်ပေး၏။ကျွန်တော်လည်း သူတို့အနားသို့တိုးကပ်ကြည့်ရှုလိုက်ရာကိုစိန်လုံး၏ခွရိုးမှာကျွဲချိုဖြင့်ပြုလုပ်ထားပြီး သားရေပင်နှစ်ပင်ကိုပူး၍ လောက်စာအိမ် (၃)ခုထပ်ကာ တပ်ဆင်ထားသည်။ လောက်စာအဖြစ်စက်ဘီးဘောခွေများကိုကုန်းကြပ်ရာတွင်အသုံးပြုသောကုန်းသီး များကိုအသုံးပြုသည်။ထိုအချိန်ကတောရောမြို့ပါစက်ဘီးများကိုသာအသုံးပြုကြ ရပြီး စက်ဘီးပြင်ဆိုင်များကလည်း မှိုလိုပေါက်နေကာ မြို့တိုင်း ရွာတိုင်းလိုလိုမှာ ရှိသည်။ စက်ဘီးပြင် ဆိုင်တိုင်းလိုလိုမှာလည်း ကုန်းသီးဟောင်းများ ပေါများစွာ ရှိတတ်ကြသည်။ သူခိုးဓားပြနှင့်အခြားအရေးပေါ်ကိစ္စများပေါ်ပေါက်လာပါကအသုံး ပြုနိုင်ရန်အတွက် ဘတ်ခွသမားတိုင်းလိုလိုက လောက်စာလုံးများအပြင် ကုန်းသီး အလုံး(၂ဝ-၂၅)လုံးခန့်ကို ဆောင်ထားတတ်ကြသည်။
ကိုသက်ဦးက ဘတ်ခွကိုအားပါးတရ ဆွဲကြည့်ရာ(၃-၄)လက်မခန့်သာဆွဲနိုင် ပြီး ဆွဲမရချေ။ကျွန်တော်ကလည်းအားကျမခံဖြင့်…
“ကျွန်တော်က သေနတ်မဝယ်ခင်က ဘတ်ခွပစ်လာတာ။ကျွန်တော်ပစ်ကြည့် ဦးမယ်။ ခဏလောက်ပေးဗျာ”
ဟုဆိုကာ ကိုသက်ဦးလက်ထဲမှ ခွကိုယူပြီး ဆွဲကြည့်ရာ (၆)လက်မခန့်ထက် ပိုမဆွဲနိုင်ဘဲ ဖြစ်နေသည်။ တအီးအီးနှင့် ဆွဲကြည့်နေသော ကျွန်တော့်ကို ကြည့်ပြီး ကိုစိန်အောင်က-
“ကဲ-ကဲ- အလကား ပင်ပန်းခံမနေနဲ့ -တဲကိုပြန်ကြစို့”
ဟုဆော်ဩလာရာကျွန်တော်လည်း ရှက်ရှက်နှင့် လေးခွကိုပြန်ပေးလိုက်ပြီ… “အေးဗျာ- ရာဇဝင်တွေ နိပါတ်တော်တွေထဲမှာ ဖတ်ရတဲ့ ဗိုလ်ခြေတစ်ထောင် တင်ရတဲ့လေးတို့ ဘာတို့ဆိုတာတွေကို အစက အတိဿရဝုတ္တိတွေလို ထင်ထားခဲ့ တာ။ ခုမှပဲရေးရေးသဘောပေါက်ရတော့တယ်”

ဟု မှတ်ချက်ချလိုက်မိပါတော့သည်။
ထိုအချိန်မှာပင် ကိုစိန်မောင်မှာ ခေါင်းပြတ်နေသော မြွေသေကြီးကို သတိပြုမိ သွားပြီးအလန့်တကြားအမူအရာဖြင့်…
“ဟာ-ဒီ- ဒီအကောင်ကြီးက ဘယ်လိုကြီးလဲ၊ စပါးကြီးလည်းမဟုတ်၊စပါးအုံး လည်းမဟုတ်နဲ့ – ဘာကြီးတုံး။ဟာ-ဒါ-ဒါ-နှစ်ချို့မြွေပွေးကြီးကွ၊ဒီညတော့မြွေပွေး တွေချည့် ရနေပါလား၊ ရှားရှားပါးပါးကွာ၊ ငါတော့ ပွတာပဲ။ ဒီကောင်ကြီးသာ မီးဖုတ် လိုက်ရရင် ငါတော့ ဆေးပြာတွေ အများကြီးရမှာပဲ ဟေ့။ ကဲ-လုပ်လုပ်- ငါက ဒီမြွေ သေကြီးကိုထမ်းခဲ့မယ်။ စိန်အောင်နဲ့ စိန်လုံးက ကြောင်ကြီးကို သယ်ခဲ့ကြ၊ သက်ဦး တို့က ရှေ့ကနေ ဓာတ်မီးနဲ့ သွားကြ
ဟုစီမံခန့်ခွဲလာသဖြင့်သူပြောသလိုပင် သယ်ယူခဲ့ကြပြီးလယ်တဲရှိရာသို့ပြန်ခဲ့
ကြလေသည်။

မီးပုံကြီးအနီး မြန်မာဆီးချဉ်ပင်ကြီးအောက်တွင် မြက်ဖျာ(၃)ချပ်ကို ဆက်ခင်း ပြီးကျွန်တော်တို့၏အောင်ပွဲခံပျော်ရွှင်ပွဲလေးရွှေမိကိုအဖော်ပြု၍စတင်ဖွင့်လှစ်လိုက် ကြသည်။အသက်အကြီးဆုံးကိုစိန်မောင်မှပထမဆုံးအရက်ခွက်ကို စတင်လိုက်ပြီး အစဉ်အတိုင်း ခွက်လှည့်လိုက်ကြသည်။ ဝိုင်းအလယ်တွင် ချထားသောကြက်သား ကာလသား ဟင်းကလည်း ကောင်းမှကောင်းပင်၊ ဟင်းရည်လေး သောက်လိုက်၊ ကြက်သားဖတ်လေးဝါးလိုက်နှင့်စည်းစိမ်တွေ့နေကြ၏။ကြက်သားဖတ်များမှာနူးအိ နေပြီး ပါးစပ်ထဲ ရောက်သည်နှင့် အရိုးတခြား၊ အသားတခြားဖြစ်သွားပြီး အရသာ ရှိလှပေသည်။
တစ်ယောက် နှစ်ခွက်စီလောက် သောက်အပြီးမှာ ကိုစိန်လုံးက ကျွန်တော်တို့ ရရှိလာသောချိုးနှစ်ကောင်နှင့်တိုက်သိမ်းကြီးကိုအရေထုတ်ရင်ခွဲကာဆား၊အချိုမှုန့်၊
မဆလာများနှင့်ရောနယ်ပြီးတံစို့ထိုးကာမီးပုံကြီးအနီးတွင် မီးကင်ထားလိုက်သည်။ ပြီးလျှင် ဝိုင်းအတွင်း သို့ပြန်လာပြီးတစ်ခွက်၊ နှစ်ခွက်သောက်အမြည်းစားကာကိုစိန်

အောင်ကိုလက်တို့၍
ခေါ်သွားပြီးညီအစ်ကိုနှစ်ယောက်ကြောင်ဝံပိုက်ကြီးကိုအရေ ဆုတ်ကာ ဖျက်နေကြလေသည်။ ပြီးလျှင် ပေါင်နှစ်ချောင်းကို ဖယ်ထုတ်လိုက်ပြီး ကောင်းနိုးရာရာများကို ရွေးချယ်ကာ ဟင်းချက်ကောင်းသော ကိုစိန်အောင်က တဲ အတွင်းရှိ မီးဖိုပေါ်တွင် ရေကျိုချက် ချက်လေသည်။ ကိုစိန်မောင်ကြီးကမူ နှစ်ချို့ မြွေပွေးကြီး ရရှိလိုက်သဖြင့် အလွန်ပျော်ရွှင်နေပြီး နှုတ်သွက်အာ သွက်ဖြစ်လို့နေ သည်။
ရယ်ရွှင်စရာများပြောလိုက်၊မြွေပွေးမီးဖုတ်ထားသောအိုးကိုမီးထပ်ဖြည့်လိုက်၊ ကောက်ရိုးပုံအောက်တွင် အခန်းငယ်လေးလုပ်၍ ဝှက်ထားသော “ရွှေမိ”များကို တစ်လုံးပြီးတစ်လုံးထုတ်လာလိုက်နှင့်ပျော်ရွှင်စွာအချိန်များကိုကုန်လွန်စေခဲ့သည်။ ကျွန်တော်နှင့်ကိုသက်ဦးမှာအရက်ကိုထိန်းသောက်ပြီးအမြည်းများကိုသာများများ
စားသောက်ဖြစ်ကြသည်။ ထိုအချိန်တွင် တဲအတွင်းမီးဖိုဆီမှ မွှေးပျံ့သော တော ကြောင်သားဟင်းနံ့ကပျံ့လွင့်လို့လာသည်။ကိုစိန်မောင်ကြီးက…
“မွှေးလိုက်တဲ့ဟင်းနံ့ပဲကွာ။ ငါ့ညီက ဟင်းချက်တကယ်တော်တဲ့ကောင်ပဲ။ တို့ အားလုံးကိုအဲဒီကောင် ချက်ကျွေးနေတာ”
ဟုအာလေးလျှာလေးသံကြီးနှင့် ဆို၏။ကိုသက်ဦးကသူသိလိုသောအကြောင်း အရာများကို ရွေးချယ်မေးမြန်းလိုက်သည်။
“ကိုစိန်လုံးရဲ့ဘတ်ခွကိုကိုစိန်မောင်တို့၊ကိုစိန်အောင်တို့ရောပစ်နိုင်ကြသလား။
ကျွန်တော်တို့နှစ်ယောက်တော့မဆွဲနိုင်ကြဘူးဗျ”
“တို့လည်းမပစ်နိုင်ပါဘူးကွာ၊ဒီကောင်ကငယ်ငယ်လေးကတည်းက လေ့ကျင့်
နေတာ။ အကျင့်ဖြစ်ပြီး ကျွမ်းကျင်နေပြီ။ လက်လည်း တည့်တယ်။ တစ်ချက် တစ်
ကောင်ပဲ”
ဟုဆို၏။ကျွန်တော်က..
“ဟုတ်တယ်ဗျို့-ကျွန်တော်တို့လည်း ကိုစိန်လုံးနဲ့ တွေ့မှ အရင်တုန်းက ရှိခဲ့တဲ့
“မုဆိုးမာန ခဝါချ”ရတော့မှာပဲ။ ကိုစိန်လုံးကတော့ တကယ့်ကို စံပြုထိုက်သူ တစ် ယောက်ပါပဲ။ လုံးဝမထင်ရဘူး”

ထိုအချိန်မှာပင် ကိုစိန်အောင်နှင့်ကိုစိန်လုံးကအငွေ့တထောင်းထောင်းထနေ
သောတောကြောင်သားဟင်းပန်းကန်ကြီးနှင့်အတူရောက်ရှိလာပြီးကုန်ခန်းစပြုနေပြီ
ဖြစ်သော ကြက်သားဟင်းပန်းကန်ထဲသို့ ဖြည့်ထည့်လိုက်သည်။ ပြီးမှ နှစ်ယောက် သားဝင်ထိုင်လိုက်ကြကာတစ်ယောက်တစ်ခွက်စီ မော့သောက်လိုက်ကြပြီးကိုစိန်
လုံးက-
“သိပ်လည်း မြှောက်မနေကြပါနဲ့ဦးဗျာ၊ ဒါက ကျွမ်းကျင်ရာလိမ္မာပါ ခင်ဗျားတို့ သေနတ်ကြီးတွေနဲ့ကျွန်တော်ပစ်ရင်လည်းကျည်တစ်ဘူးကုန်ရင်တောင် ငှက်တစ် ကောင်ရချင်မှရမှာပါ။ ခင်ဗျားတို့လည်းလူတော်တွေပါ။ စောစောခင်ဗျားတို့လုပ်တာ ကိုင်တာကြည့်ပြီးကျွန်တော်သိပ်သဘောကျတာပဲ။ပိပိရိရိသေသေသပ်သပ်နဲ့တစ်
ချက်တစ်ကောင်ကျအောင်ပစ်နိုင်တယ်။ မာန်မာနလည်းမရှိဘဲတစ်ယောက်နဲ့တစ် ယောက် နားလည်မှုရှိတယ်။ ဘက်ညီတဲ့ အတွဲတစ်တွဲပါပဲဗျာ” ဟု သူ့ကိုယ်သူနှိမ့်ချစွာဆိုရင်းကျွန်တော်တို့ကိုပြန်မြှောက်နေ၏။
ကိုသက်ဦးကတည်ကြည်လေးနက်စွာဖြင့်-
“ခင်ဗျားက“ကြိုးကို ဘုတ်မြှောက်၊ ဘုတ်ကို ကျီးမြှောက်” ဆိုတဲ့ကိန်း ရောက် အောင်ပြောပြန်ပြီ။ကျွန်တော်တို့ကခင်ဗျားကိုမြှောက်ပင့်ပြောနေတာမဟုတ်ပါဘူး ဗျာ။ ကျွန်တော်တို့ “ခွ”ပစ် တာ လက်တည့်တဲ့သူတွေ အများကြီး တွေ့ဖူးပါတယ်။ ဒါပေမဲ့-ခင်ဗျားနဲ့ယှဉ်လိုက်ရင်အဲဒီလူတွေက“ဟာသ” ဖြစ်သွားပြီ။ဥပမာပြောရရင်
ဗျာ-သတ်လုံးသတ်ပေါက်ကောင်းတဲ့လက်ဝှေ့သမားကောင်းတွေပေါပေမဲ့သက်လုံ ကောင်းပြီးလက်သီးပြင်းတဲ့လက်ဝှေ့သမားရှားသလိုပေါ့။ခင်ဗျားကတော့ သတ်လုံး
သတ်ပေါက်ကောင်းပြီး သက်လုံကောင်းကောင်းနဲ့လက်သီးပြင်းတဲ့လက်ဝှေ့သမား တစ်ယောက်လိုဖြစ်မိတယ်။ တကယ်တော်တဲ့လူပါပဲဗျာ”
“ဟုတ်တယ်ဗျ။အပြင်လောကမှာ“ကျည်တစ်တောင့်တည်းနဲ့ ငှက်နှစ်ကောင် ပစ်တယ်”ဆိုတဲ့စကားလုံးကို အကြီးစား တင်စားမှုကြီးတစ်ခုအနေနဲ့ တင်စား ပြော ဆိုရေးသားနေကြတယ်။ ခင်ဗျားက ကျည်တစ်တောင့်ထဲနဲ့ ငှက်တွေ အများကြီး ရအောင်ပစ်ပြီးပစ်လိုက်တဲ့ကျည်ကလည်းကိုယ့်လက်ထဲအကောင်းပကတိအတိုင်း

ပြန်ရအောင် လုပ်နိုင်တယ်ဆိုတော့ တကယ့်ကို “စံပြုထိုက်တဲ့ပုဂ္ဂိုလ်တစ်ယောက်
ပါပဲ”
ဟုကျွန်တော်ကကိုသက်ဦးစကားကိုထပ်ဆင့်ထောက်ခံလိုက်ရာကိုစိန်လုံးမှာ
ရှက်ကိုးရှက်ကန်းအမူအရာဖြင့်…
“ငါ့လူတွေကတော့ စွတ်မြှောက်နေတော့တာပဲဟေ့။ သိပ်မြှောက်မနေကြပါနဲ့။ ဟိုမှာ ခင်ဗျားတို့ပြန်ရင် ယူသွား ဖို့ တောကြောင်ပေါင်တစ်ချောင်းစီထုပ်ပိုးပေးထား ပါတယ်ဗျ”
“ဟာ-ကျွန်တော်တို့ မယူပါဘူး။ ခုလို တည်ခင်းဧည့်ခံချက်ပြုတ်ကျွေးတာ ကိုပဲကျေးဇူးတင်လှပါပြီ”
ပြီး –
ဟု ကျွန်တော်က ကပျာကယာဖြင့် ငြင်းဆိုလိုက်ရာ ကိုစိန်လုံးက လက်ကာ
“ဘယ်ရလိမ့်မလဲဗျာ။ ကျွန်တော့် အရည်အချင်းကို ခင်ဗျားတို့ တကယ် အသိ အမှတ်ပြုတယ်ဆိုရင်ကျွန်တော်ပစ်လို့ရတဲ့သားကောင်ကိုလည်းခင်ဗျားတို့လက်ခံ
ရမှာပေါ့-မဟုတ်ဘူးလား”
ဟုအကြပ်ကိုင်ပြောဆိုလာရာကိုသက်ဦးက…
“လက်ခံလို့ပဲ အခု ခင်ဗျားပစ်တဲ့ တောကြောင်သားနဲ့ မြည်းနေတာပေါ့ဗျာ၊ ဟောဒီမှာကြည့်”
“ရှူး- ရှလူး – ပြတ်ပြတ်”
ဟု ပြောပြောဆိုဆို တောကြောင် သားဟင်းရည်များကို မြိန်ရေရှက်ရေ စား သောက်ပြနေပါသည်။ကျန်လူများကလည်းတဟားဟားရယ်မောပြီးတစ်ယောက်
တစ်ခွက်ထပ်မော့လိုက်ကြပြန်လေသည်။
ထို့နောက်မှာတော့ ဝိုင်းက ပို၍စိုပြေသွားပြီး သောက်လိုက်ကြ၊ စားလိုက်ကြ၊ အမြည်းထပ်ဖြည့်လိုက်ကြ၊ ပုလင်းအသစ်တစ်လုံး ဖွင့်လိုက်ကြ၊ ရောက်တတ်ရာရာ ပြောဆိုရယ်မောလိုက်ကြဖြင့် သူတို့ညီအစ်ကိုတစ်တွေလည်းအတော်လေးမူးကုန် ကြ၏။ ကျွန်တော်နှင့် ကိုသက်ဦးမှာလည်း ထိန်းသောက်၊ မျှဉ်းသောက်နေသည့် ကြားမှ အတော်လေးမူးယစ်နေကြပြီဖြစ်၏။

ညဉ့်(၂)နာရီကျော်လာသောအခါ အအေးဓာတ်က ပိုမိုသိပ်သည်းလာသည်။
မီးပုံကြီးကိုထင်းများထပ်ဖြည့်လိုက်ကြပြီးနောက်မီးဖိုမီးအနီးတွင်ခေတ္တ မီးလှုံလိုက်
ကြပြီး သူတို့ညီအစ်ကိုတွေကို ပြန်ရန်နှုတ်ဆက်လိုက်၏။ ကိုစိန်လုံးက သတင်းစာ စက္ကူအဟောင်းကြီးများဖြင့်ထုပ်ပိုးထားသောပေါင်နှစ်ချောင်းကိုအတင်းထည့်ပေး နေသဖြင့် ယူခဲ့ရသည်။ ကျွန်တော်တို့နှစ်ယောက်ကို ဇီးတောမြောင်းပေါင်လမ်းပေါ်
ရောက်သည်အထိညီအစ်ကို(၃)ယောက်စလုံးစက်ဘီးတွန်း၍လိုက်ပို့သည်။မြောင်း ပေါင်ပေါ်ရောက်သည့်အခါ သူတို့ကို နှုတ်ဆက်ပြီး မြောင်းပေါင်လမ်းပေါ်တွင် ဒယီး ဒယိုင်စက်ဘီးစီး၍ပြန်ခဲ့ကြသည်။ သူတို့ညီအစ်ကိုတွေလည်းဓာတ်မီးထိုး၍တဲရှိရာ သို့ ဒယီးဒယိုင်ဖြင့် ပြန်သွားကြသည်။ အိမ်ရှေ့သို့ ရောက်သောအခါ ကျွန်တော်က ဆင်းနေရစ်ခဲ့ပြီးကိုသက်ဦးက ဒယီးဒယိုင် စက်ဘီးစီး၍ ပြန်သွားသည်။
ကျွန်တော်က အိပ်ခန်းထဲသို့ စေ့ထားသော ပြတင်းတံခါးမှ ကျော်ဝင်လိုက်ပြီး သေနတ်ချိတ်၊ ဖိနပ်ချွတ်ပြီးအိပ်ရာပေါ်လှဲချကာအိပ်ပျော်သွားပါတော့သည်။ ထိုဆောင်းတစ်ညကကျွန်တော်တို့တစ်တွေလူငယ်ဘာသာဘာဝလှုပ်ရှားသွား
လာရင်း တွေ့ကြုံခဲ့ရသောအဖြစ်အပျက်များသည်ယခုအချိန်တွင်ဖြစ်ရပ်မှန်ရင်သိမ့်
ဖိုဝတ္ထုတစ်ပုဒ်ဖြစ်လာရလေပြီတကား။
ယောနိသောမနဿိကာယတရားဖြင့်.. > ပဟိုရ်စည် (စဉ့်ကိုင်)

Zawgyi Version

ႏွစ္ခ်ိဳ႕ေႁမြေပြးႀကီး(စ/ဆုံး)
———————————
အခ်ိန္ကား ၁၉၈၀-ဝန္းက်င္ ေဆာင္းလယ္ကာလ၊ ျပာသိုလ အတြင္း ျဖစ္သည္။ ေဆာင္းလယ္ကာလျဖစ္သည္ႏွင့္အညီ တစ္ေန ကုန္လိုလိုအေအးဓာတ္ကလႊမ္းမိုးထားၿပီးညေနေစာင္း၍ေနဝင္သြား သည္ႏွင့္တစ္ၿပိဳင္နက္ျပင္ဦးလြင္ဘက္မွတိုက္ခတ္လာေသာေအးစိမ့္ ေနသည့္ေလမ်ားႏွင့္အတူ ျမဴထူမ်ားက ရစ္ဆိုင္းလာသည္။ အေအး ဓာတ္ကလည္း တျဖည္းျဖည္း တိုး၍တိုး၍လာေနသည္။ ညေနပိုင္း ေသြးပူေလ့က်င့္ခန္းအေနျဖင့္ ကရာေတးဒိုေလ့က်င့္ခန္းမ်ားကို

ေလ့က်င့္ကစားလိုက္ၿပီးေနာက္ေရအဝေသာက္ကာေရခ်ိဳးေခါင္းေလ်ာ္လိုက္သည္။
ေရမ်ားေျခာက္ေအာင္ သုတ္သင္၍ ဆံပင္မ်ားကိုဒ႐ိုင္ယာေလမႈတ္စက္ျဖင့္အပူေပး
၍ေျခာက္ေစၿပီးဂ်ာစီလက္ရွည္ကိုေကာက္စြပ္လိုက္သည္။အေပၚမွေဝ့စကုပ္အထူ တစ္ထည္ ဝတ္ဆင္လိုက္သည္။ ၿပီးလွ်င္ မွန္ထဲၾကည့္ကာ ဆံပင္ကို ဘီးျဖင့္ (၄-၅)
ခ်က္ ဆြဲဖီးလိုက္ၿပီး အလွေဆာင္း သိုးေမြးေခါင္းစြပ္ကို ေခါင္းမွာ စြပ္လိုက္ပါသည္။ စိတ္တိုင္းက်ဝတ္စားၿပီးေနာက္မွန္ထဲတြင္ ခႏၶာကိုယ္ကိုဟိုဘက္သည္ဘက္လွည့္ ၾကည့္လိုက္ၿပီး ထမင္းစားခန္းထဲ ဝင္လိုက္သည္။ အေမက ထမင္းစားခန္းအတြင္း ပန္းကန္ခြက္ေယာက္မ်ား ေဆးရင္းမွ…
“လာ-လာ-မင္းတစ္ေယာက္ပဲထမင္းစားဖို႔က်န္ေတာ့တယ္၊ တို႔တစ္ေတြက ေတာ့ မင္း ကရာေတးကစားေနကတည္းက စားလိုက္ၾကၿပီးၿပီ။ မင္းဖို႔ အုပ္ေဆာင္း ေအာက္မယ္ သီးသန႔္ခူးထားတယ္- စား– စား”
ဟုေျပာလာသည္။ကြၽန္ေတာ္ကအေမ့ကိုဘာမွျပန္မေျပာေတာ့ဘဲေခါင္းညိတ္
ျပကာ လက္ေဆးၿပီး ထမင္းအုပ္ေဆာင္းကိုဖြင့္၍ ထမင္းကို အားပါးတရ စားလိုက္ သည္။ထမင္းစားၿပီးေနာက္အေမ့ဆီပန္းကန္ခြက္ေယာက္မ်ားခ်ေပးခဲ့ၿပီးဆပ္ျပာျဖင့္ လက္ေဆးသုတ္သင္ၿပီးေနာက္ အိမ္ေရွ႕ဘက္သို႔ ထြက္ခဲ့သည္။ အိမ္ေရွ႕ဖက္တြင္ စာအုပ္ဖတ္သူကဖတ္၊ကက္ဆက္ဖြင့္သူကဖြင့္ႏွင့္သူ႔အရွိန္ႏွင့္သူၿငိမ့္ေနၾကသည္။ ကြၽန္ေတာ္လည္း အားလုံးကို တစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး အခန္းထဲဝင္ကာ လက္စြဲ ေတာ္ေဟာ္လိုဂစ္တာေလးကိုဆြဲကာအိမ္ေရွ႕ကြပ္ပ်စ္ရွိရာသို႔ထြက္ခဲ့သည္။အိမ္ေရွ႕ ဘက္တြင္ စာအုပ္ဖတ္သူက ဖတ္၊ ကက္ဆက္ဖြင့္သူက ဖြင့္ႏွင့္၊ သူ႔အရွိန္ႏွင့္သူ ၿငိမ့္ ေနၾကသည္။ ကြၽန္ေတာ္လည္း အားလုံးကို တစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး အခန္းထဲ ဝင္ကာလက္စြဲေတာ္ေဟာ္လိုဂစ္တာေလးကိုဆြဲကာအိမ္ေရွ႕ကြပ္ပ်စ္ရွိရာသို႔ထြက္ခဲ့ သည္။ ကြပ္ပ်စ္ေပၚတြင္ အက်အနထိုင္ကာ ဂစ္တာေလးကို အသံစမ္းရင္း ႀကိဳးညႇိ လိုက္သည္။
စိတ္တိုင္းက် ႀကိဳးညႇိၿပီးေနာက္ သီခ်င္းတစ္ပုဒ္ကို စတင္တီးခတ္သီဆိုလိုက္
ပါသည္။

“× × × ထိုက္တန္တဲ့ရင္းႏွီးမႈေတာ့ရွိရမယ္ ××× မယုတ္မလြန္တဲ့အားထုတ္မႈ ကို စိုက္ရမယ္ × ×× နတ္စီတဲ့အိပ္မက္လွလွမ်ား × × × လြယ္လြယ္နဲ႔ မရ”
ထိုအခ်ိန္မွာပင္ အိမ္ထဲသို႔ စက္ဘီးတစ္စီး ဝင္ေရာက္လာၿပီး ကိုသက္ဦးက ဘရိတ္ဆြဲ၍စက္ဘီးေပၚမွဆင္းရင္းကြၽန္ေတာ့္အနီးမွာလာထိုင္သည္။ကြၽန္ေတာ္က
တီးလက္စကိုရပ္ကာ သူ႔လက္ထဲသို႔
ဂစ္တာကိုထိုးထည့္လိုက္ၿပီးၿပဳံးရယ္လ်က္-
“လုပ္စမ္းပါဦးဗ်ာ- သီခ်င္းတစ္ပုဒ္ေလာက္။ ခင္ဗ်ားလက္သံ မၾကားရတာ
ၾကာၿပီ။ နားေထာင္ရတာေပါ့”
ကိုသက္ဦးက ဘာမွျပန္မေျပာဘဲ ဂစ္တာေလးကို အနည္းငယ္ အသံစမ္း ႀကိဳး ညႇိလိုက္ၿပီးထုံးစံအတိုင္းလက္ေခ်ာင္းမ်ားျဖင့္ပလက္ကင္(Plucking)တီးခတ္ကာ စိုင္းထီးဆိုင္၏သီခ်င္းတစ္ပုဒ္ကို သီဆိုလိုက္ပါသည္။
“× × × ဝါသနာထက္ × × × ဝမ္း ေရးခက္ေတာ့ × × × ဒီသီခ်င္းဟာ × × × ငါ့ရဲ႕
ေနာက္ဆုံး× × × သီခ်င္းျဖစ္ခ်င္ျဖစ္မယ္×
× မေျပာတတ္ဘူး× × × ဟိုအရင္ကလို
ဖက္ခြက္စားလို႔× × ×အေခၚမခံရတာ× × ×တစ္ခုကလြဲရင္ေလ × × ×ကိုယ့္ဘဝ
ဟာ × xလုံးဝx × × မထူးေသးဘူး× × ×အို
× အႏုပညာကို ××× ေငြဆိုတဲ့ ဘုရားအတြက္ × × × ေပ်ာ္ေတာ္ဆက္ဖို႔ရာ× × × မျဖစ္ေစလိုပါ×××အို × × × သူေတာင္းစားသာသာ × × ×လူေတြစြန႔္ႀကဲသမွ်× × × ေမွ်ာ္ေနရတဲ့ဘဝ × × × ေရာက္ေနသူအဖို႔ × × ×ကိုယ္ခ်စ္တဲ့အႏုပညာကို× × ×တကယ္စြန႔္လႊတ္ ရေတာ့မွာ×××”
x
ကြၽန္ေတာ္လည္း အႀကိဳက္ဆုံး သီခ်င္းမ်ားထဲမွ တစ္ပုဒ္ျဖစ္၍ ကိုသက္ဦးႏွင့္ အတူစီးေခ်ာင္းလိုက္ပါသီဆိုေနမိသည္။ပတ္ဝန္းက်င္တစ္ခုလုံးမွာလည္းအသံဗလံ
မ်ားတိတ္ဆိတ္သြားၾကၿပီးကြၽန္ေတာ္ႏွင့္ကိုသက္ဦးတို႔၏ ဂီတသံစဥ္တြင္ၿငိမ္သက္ စြာ စီးေမ်ာလိုက္ပါေနၾကသည္။ ေျမာက္ျပန္ေလညင္းကလည္း တသုန္သုန္တိုက္ လာသည္။ျမဴခိုးမ်ားႏွင့္အတူဆီးႏွင္းစအခ်ိဳ႕ကကြၽန္ေတာ္တို႔၏မ်က္ႏွာႏွင့္ ႏႈတ္ခမ္း မ်ားေပၚသို႔တဖြဲဖြဲက်ဆင္းလာသည္။ကိုသက္ဦးကေနာက္ဆုံးအတီးပိုဒ္ကိုေသသပ္ လွပစြာလက္ေခ်ာင္းမ်ားျဖင့္ Plucking ဆြဲ၍ အဆုံးသတ္လိုက္သည္။ ၿပီးမွ “ဇာတ္ ဆရာေရ-ေအးလာၿပီဗ်ာ-လက္ဖက္ရည္ဆိုင္သြားၾကစို႔”

ဟုဆိုကာ ဂစ္တာကို ကြၽန္ေတာ့္ လက္ထဲ ျပန္ထည့္ေပးလာသည္။ ကြၽန္ေတာ္ လည္း“အိုေကေပါ့ဗ်ာ”ဟုဆိုကာ ဂစ္တာကို လွမ္းယူလိုက္ကာ အခန္းထဲသို႔ သြား ျပန္ထားလိုက္ပါသည္။အခန္းထဲမွ ျပန္အထြက္တြင္ အေမႀကီး(အဘြား)က-
“ဟိုေကာင္ေလး- ညနက္ေအာင္ မေနနဲ႔ေနာ္။ ေအးတယ္- ေစာေစာျပန္ခဲ့”ဟု လွမ္းမွာသည္။ ကြၽန္ေတာ္က “ဟုတ္ကဲ့- ေမႀကီး”
ဟုေျပာၿပီးအိမ္ထဲမွကပ်ာကယာထြက္ကာကိုသက္ဦးစက္ဘီးကိုႏွစ္ေယာက္
အတူစီးကာလက္ဖက္ရည္ဆိုင္သို႔ ထြက္ခဲ့ၾကေလသည္။

ကြၽန္ေတာ္တို႔ထိုင္ေနက် စေနကဖီး”သို႔ေရာက္ေသာအခါဆိုင္ရွင္ကိုေအာင္
ေက်ာ္ႀကီးက ကြၽန္ေတာ္တို႔အႀကိဳက္ အဖန္ရည္က်က် ႏွစ္အို၊စပ္ လက္ဖက္ရည္ တစ္ခြက္စီကို အေငြ႕တေထာင္းေထာင္းထလ်က္လာခ်ေပး သည္။ အခ်ိန္ကလည္း ည(၈)နာရီသာ သာခန႔္ရွိေနၿပီး ေအးစိမ့္ေနေသာ ေဆာင္းညခ်မ္းအခါသမယတြင္ လက္ဖက္ရည္ပူပူေလးကို မႈတ္ေသာက္ရသည္မွာ အလြန္အရသာရွိလွေပသည္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လည္း လက္ဖက္ရည္ပူပူကို မႈတ္ေသာက္လိုက္ၾကၿပီး ေနာက္ခံတြင္းခ်ဥ္သက္သာေစရန္ဓာတ္ဘူးတြင္းမွေရေႏြးၾကမ္းပူပူမ်ားကိုနစ္ခြက္၊
သုံးခြက္စီရဲ႕ၿပီးေသာက္လိုက္ၾကျပန္သည္။ ေရေႏြးၾကမ္းႏွစ္ခြက္၊သုံးခြက္စီေသာက္
အၿပီးမွာကိုသက္ဦးက စကားစလာသည္။
“ဇာတ္ဆရာေရ-ကြၽန္ေတာ္တို႔ဒီညညမီးထိုးၿပီးငွက္အိပ္တန္းပစ္ၾကရေအာင္
ဗ်ာ။ ဆင္ျဖဴကုန္း႐ြာေျမာက္ဘက္ကကြၽန္ေတာ့္မိတ္ေဆြတစ္ေယာက္ရဲ႕လယ္တဲမွာ ဒီညၾကက္သားကာလသား ဟင္းခ်က္ခိုင္းထားတယ္။ သူတို႔က စပါးရိတ္ခ်ိန္မို႔လယ္ ေတာကို ေျပာင္းၿပီးေနတာ (၁)လေလာက္ရွိၿပီ။ စပါးေတြ ရိတ္သိမ္းၿပီးလို႔ တပို႔တြဲ လကုန္ေလာက္ေရာက္မွ႐ြာထဲျပန္ေ႐ႊ႕ၾကမွာ၊လူႀကီးေတြနဲ႔အမ်ိဳးသမီးေတြကေတာ့
ေအးလို႔႐ြာထဲမွာပဲေနၾကတယ္။ အခုလယ္ေတာထဲမွာသူတို႔ညီအစ္ကို(၃)ေယာက္

ကာလသားဟင္းခ်က္ထားမယ္။ ေ႐ႊမိ (ေတာအရက္)လည္း ဝယ္ထားမယ္၊ ညီ- မီးထိုး ငွက္ပစ္ရင္းနဲ႔ လာခဲ့ၾကပါလားလို႔ ေျပာသြားတယ္။ ခင္ဗ်ား ဘယ္လိုသေဘာ ရလဲ။လိုက္မယ္မဟုတ္လား”
ဟုေမးလာပါသည္။
“ေအာ္- ခင္ဗ်ားေဘာ္ဒါ- ကိုစိန္ ေမာင္ႀကီးတို႔ ညီအစ္ကိုေတြလား။ သူတို႔က ညီအစ္ကို(၃)ေယာက္စလုံး ခင္တတ္မင္တတ္ရွိၿပီး သေဘာေကာင္းတယ္ဗ်။ (၃) ေယာက္စလုံးကလည္းလူပ်ိဳလူလြတ္ေတြဆိုေတာ့အေနာင္အဖြဲ႕ကင္းတာေပါ့ဗ်ာ” “ဟုတ္တယ္ဗ် – ဘယ္လိုလဲ- ခင္ဗ်ား လိုက္မယ္မဟုတ္လား”
“သြားေတာ့သြားတာေပါ့ဗ်ာ။ ဒါေပမဲ့- ကြၽန္ေတာ္ျပန္မလာမခ်င္းအိမ္မွာအေမ ႀကီးက ထိုင္ေစာင့္ေနမွာဗ်။ ဒီလိုလုပ္ဗ်ာ-အိမ္ကို ကြၽန္ေတာ္ အဝင္ျပၿပီး ျပန္ထြက္ လာခဲ့မယ္၊ ခင္ဗ်ား အျပင္ကေန ခဏေစာင့္ေနလိုက္ေပါ့။ ညမီးထိုးပစ္မွာဆိုေတာ့ ကြၽန္ေတာ္တို႔ဓာတ္ခဲေတြ ဘာေတြထပ္ဝယ္ရဦးမွာဗ်။အိမ္မွာက(၃)ခဲထိုးဓာတ္မီး ပဲရွိတာ”
“အင္း- ဟုတ္တယ္ဗ်။ကဲ-ေျပာေနၾကာတယ္-လာ-သြားၾကစို႔”
ဟုဆိုကာလက္ဖက္ရည္ဖိုး ရွင္းၿပီးအိမ္ကိုစက္ဘီးျဖင့္ျပန္ခဲ့ၾကသည္။ ကိုသက္
ဦးကဝင္းတံခါးအျပင္ဘက္မွစက္ဘီးႏွင့္အတူေစာင့္ေနရစ္ၿပီးကြၽန္ေတာ္ကေစ့ထား ေသာတံခါးကိုတြန္းဖြင့္ကာေခ်ာင္းဟန႔္သံေပးလိုက္ၿပီးတံခါးမႀကီးကိုအတြင္းမွခ်က္ ထိုးၿပီး ပိတ္လိုက္သည္။အေမႀကီးကအိမ္အေပၚထပ္ဘုရားေက်ာင္းေဆာင္ေရွ႕တြင္ ဘုရားဝတ္ျပဳေနရာမွ-
“ေကာင္ေလး- တံခါးေတြေသခ်ာပိတ္ေနာ္”
ဟု လွမ္းမွာရွာသည္။ ကြၽန္ေတာ္လည္း“ဟုတ္ကဲ့ “ေမႀကီး”ဟုျပန္ေျဖရင္း အခန္းထဲသို႔ဝင္ကာ လက္စြဲေတာ္ တ႐ုတ္နီေဘးဆြဲ One special ေလေသနတ္ ႀကီးကိုျဖဳတ္ကာ အံဆြဲထဲမွ သေဘၤာေဆးအျဖဴေရာင္ ဘူးေသးေလးကိုထုတ္ကာ ခ်ိန္သီး၏ထိပ္ဖ်ားကိုသေဘၤာေဆးအျဖဴေရာင္ေလးတို႔ေပးၿပီးပါးစပ္မွေလမႈတ္ေပး လိုက္သည္။ ညမီးထိုးၿပီးပစ္မွာျဖစ္၍ ခ်ိန္သီးကို မီးေရာင္ျဖင့္ လြယ္ကူစြာ ျမင္ႏိုင္ရန္

ေဆးအျဖဴေရာင္ျခယ္ေပးျခင္းျဖစ္သည္။ ၿပီးလွ်င္ ေခါင္းအုံးေအာက္မွ (၃)ခဲထိုး ဓာတ္မီးႀကီးကိုယူ၍ ခါးမွာထိုးလိုက္ၿပီးအံဆြဲထဲမွ က်ည္ဆန္ဘူးကိုယူ၍ေဘာင္းဘီ အိတ္ထဲထိုးထည့္လိုက္သည္။ လိုအပ္သည္မ်ားကိုလွ်ပ္တစ္ျပက္အခ်ိန္အတြင္းဇယ္ ဆက္သလို ျပင္ဆင္လိုက္ၿပီး အခန္းတံခါးကို ေစ့ပိတ္ၿပီး ျခင္ေထာင္ခ်ထားလိုက္ သည္။ ၿပီးလွ်င္ျပတင္းေပါက္တံခါးကိုအသံမျမည္ေအာင္ႀကိတ္ဖြင့္ၿပီးေသနတ္လြယ္ လ်က္အျပင္ကို ေက်ာ္ထြက္လိုက္သည္။ ၿပီးမွ တံခါးကိုအသာအယာ ျပန္ေစ့ထားခဲ့ လိုက္သည္။ ေျခသံမၾကားေအာင္ ဝင္းတံခါး အျပင္ထြက္ခဲ့ၿပီး ကိုသက္ဦးႏွင့္အတူ စတိုးဆိုင္သို႔စက္ဘီးစီးရင္း ထြက္ခဲ့သည္။
စတိုးဆိုင္မွဓာတ္ခဲႏွစ္လုံးစီႏွင့္ဓာတ္မီးအဖိုးႏွစ္ခုစီဝယ္ခဲ့ၾကသည္။မီးသီးမ်ား
မွာ အပိုဝယ္ထားၿပီးျဖစ္၍ ထပ္မံမဝယ္ၾကေတာ့ပါ။ လိုအပ္ေသာ ပစၥည္းမ်ားဝယ္ၿပီး

ေနာက္ ကိုသက္ဦး အိမ္သို႔သြားသည္။ ကြၽန္ေတာ္က အျပင္ဘက္မွ ေစာင့္ေနခဲ့ၿပီး ကိုသက္ဦးကအိမ္ထဲဝင္သြား၏။ ခဏအၾကာမွာေဘာင္းဘီႏွင့္အေႏြးထည္မ်ားထပ္ ဝတ္လာၿပီး သူ႔လက္စြဲေတာ္ တ႐ုတ္နီေအာက္ဆြဲ ေလေသနတ္ႀကီးလိုလြယ္ကာ ဓာတ္မီးတစ္လက္ကိုလက္မွာကိုင္ၿပီးျပန္ထြက္လာသည္။ သူ၏ ဟမ္းဘားစက္ဘီး ႀကီးကို ကြၽန္ေတာ္ကနင္းၿပီး ကိုသက္ဦးက ကယ္ရီယာခုံမွာထိုင္ရင္း ေျမာင္းေပါင္ လမ္းအတိုင္း စက္ဘီးျဖင့္ထြက္ခဲ့ၾကေလသည္။

လကြယ္ညမဟုတ္ေသာ္လည္းလမိုက္ညျဖစ္၍ ၾကယ္ေရာင္လေရာင္မ်ားသာ
ရွိသည္။ ေျမာင္းေပါင္လမ္းတစ္ေလွ်ာက္မွာလည္းညဥ့္အခ်ိန္က်က္စားေသာပိုးမႊား ေကာင္မ်ား၊ ပုရစ္မ်ား၏ေအာ္သံမ်ား၊ က်ိဳင္းေကာင္မ်ား၏ ေအာ္ျမည္သံမ်ားျဖင့္ အသက္ဝင္ေနေပသည္။ကုကၠိဳပင္ႀကီးမ်ားေပၚမွဇီးကြက္မ်ားကလည္း“က်ိကြက္- က်ိဳကြက္ – ကြစ္ – ကြစ္”ဟု ေအာ္ျမည္ေနၾကသည္။ ခပ္ေဝးေဝးရွိ လယ္တြင္းထဲရွိ ထန္းပင္ ညီေနာင္ေပၚမွ ဒီးဒုတ္ငွက္ႀကီးမ်ားကလည္း “ဒီး- ဒီး”ဟု ေအာ္ျမည္ေနၾက သည္။ မိန္ေကာင္ေခၚဖလံျဖဴငွက္ႀကီးမ်ားကလည္း ေကာင္းကင္ယံတြင္ ဆူညံစြာ ေအာ္ဟစ္ပ်ံသန္းေနၾကသည္။ ထိုမိန္ေကာင္ေခၚငွက္ႀကီးမ်ားကို အခ်ိဳ႕လူႀကီးသူမ မ်ားက “ငွက္သူေတာ္”ဟု ေခၚၾကၿပီး လူႀကီးအခ်ိဳ႕ကမူ“ငွက္ဆိုး”ဟု ေခၚၾကသည္။ လူ႔ရပ္လူ႔႐ြာအနီးငွက္ႀကီးမ်ားလာေရာက္က်က္စားစဥ္ထိုငွက္ႀကီးမ်ား၏ေအာ္ျမည္
ဟန္အသံကိုလိုက္၍အေခၚအေဝၚကြဲျပားဟန္တူပါသည္။
မရွင္းလင္း၍ ေမးျမန္းၾကည့္ေသာအခါထိုငွက္ႀကီးမ်ားသည္ညအခ်ိန္ေကာင္း ကင္ယံတြင္ ပ်ံဝဲက်က္စားေနစဥ္ေျမျပင္တြင္ သြားလာလႈပ္ရွားေနေသာယမမင္း၏
တမန္ေတာ္ငရဲသားမ်ားကိုေတြ႕ျမင္ရေသာေၾကာင့္လည္းေကာင္း၊နာနာဘာဝဝိနာ ဘာဝမ်ားကို ေတြ႕ျမင္ရေသာေၾကာင့္လည္းေကာင္း ထိုအရပ္ေဒသမွာ ေနထိုင္သူ လူသားမ်ားကိုသတိေပးသည့္အေနျဖင့္ေအာ္ဟစ္ၾကျခင္းျဖစ္သည္ဟုဆိုၾကသည္။
အခ်ိဳ႕အယူသည္းသူတို႔ကလည္း ရပ္႐ြာအတြင္းငွက္ဆိုးလာေရာက္နားခိုေအာ္ျမည္

ေသာေနအိမ္မွရက္မ်ားမၾကာမီလူေသတတ္ေသာေၾကာင့္ထိုငွက္ႀကီးမ်ားကို“ငွက္
ဆိုး”ဟု သတ္မွတ္ေခၚေဝၚၾကသည္။ ထိုအစဥ္အလာ ယုံၾကည္မႈမ်ားအတိုင္း ၿမိဳ႕စြန္ တြင္က်ေရာက္ေနေသာကြၽန္ေတာ္တို႔ရပ္ကြက္ေလးတြင္ထိုငွက္ႀကီးမ်ားညအခ်ိန္ ေအာ္ျမည္သံ ၾကားရေသာအပိုင္းမွာ ရက္မ်ားမၾကာမီ လူေသဆုံးမႈမ်ား ေပၚေပါက္ တတ္သည္ ကို တိုက္ဆိုင္စြာ ေလ့လာေတြ႕ရွိရပါသည္။ ညအခ်ိန္ ေျမာက္ဘက္ပိုင္း တြင္ ထိုငွက္ႀကီးမ်ား ဆူညံစြာ ေအာ္ျမည္ေနၾကပါက ထိုေျမာက္ဘက္ပိုင္းတြင္ ရက္ မ်ားမၾကာမီ နာေရးေပၚတတ္ပါသည္။ အလားတူစြာ ေတာင္ဘက္ပိုင္း၊ အေနာက္ ဘက္ပိုင္း၊ အေရွ႕ဘက္ပိုင္း၊ အလယ္ပိုင္း စသည္ျဖင့္ အမ်ားသတ္မွတ္ ေခၚေဝၚသည့္ အပိုင္းမ်ားတြင္လည္း တိုက္ဆိုင္စြာျဖစ္တတ္သည္ကို ေတြ႕ရ၏။
ကြၽန္ေတာ္တို႔ ငွက္ပစ္မုဆိုးမ်ားအေနျဖင့္ ညအခ်ိန္ ညမီးထိုး၍ ငွက္ပစ္ေလ့ ရွိေသာ္လည္းအဆိုပါညငွက္ႀကီးမ်ားကို ပစ္လည္း မပစ္၊ စားလည္း မစားၾကပါ။ ေန႔ အခါက်က္စားၿပီး ညအခ်ိန္ အိပ္တန္းတက္ေနေသာငွက္မ်ားကိုသာရွာေဖြပစ္ခတ္ ၾကျခင္းျဖစ္ပါသည္။
ကြၽန္ေတာ္က စက္ဘီးနင္းရင္း စိတ္ကူးတည့္ရာစဥ္းစားေနစဥ္ကယ္ရီယာခုံေပၚ ထိုင္လလိုက္လာေသာကိုသက္ဦးက-
“ဇာတ္ဆရာေရ-ေရွ႕နားက်ရင္ ေျမာင္းေဘာင္ေပၚကေန သူတို႔လယ္ ေတာထဲ ဖဲ့ဆင္းတဲ့ေတာသြားလွည္းလမ္းေလးေတြ႕လိမ့္မယ္။အဲဒီဘက္ ခ်ိဳးဝင္လိုက္ သတိ ေတာ့ ထားဦးေနာ္၊ လွည္းလမ္းက အနိမ့္ပိုင္းဆိုေတာ့ အရွိန္နဲ႔ တအားထိုးမဆင္း လိုက္နဲ႔ဦး။လွည္းလမ္းရဲ႕အလယ္မွာလူသြားလမ္းဖုံဖုံေလးရွိတယ္။အဲဒီအတိုင္းျဖည္း
ျဖည္းခ်င္း နင္းဗ်ာ” “အိုေကေပါ့ဗ်ာ”
လွည္းလမ္းနားအေရာက္မွာကိုသက္ဦးကေနာက္မွလက္ႏွိပ္ဓာတ္မီးျဖင့္ထိုးျပ သည္။ကြၽန္ေတာ္ကလည္းလမ္းဘက္သို႔လက္ကိုင္ကိုခ်ိဳးေကြ႕လိုက္စဥ္မွာပင္ဓာတ္ မီးေရာင္ေအာက္တြင္လက္ဖ်ံခန႔္တုတ္ေသာေႁမြေပြးႀကီးတစ္ေကာင္ကလွည္းလမ္း
ကို ကန႔္လန႔္ျဖတ္ၿပီး ကူးေနသည္။ အခ်ိန္မီ ဘရိတ္ဆြဲအုပ္ရန္လည္း မျဖစ္ႏိုင္ေတာ့ သျဖင့္…

“ကိုသက္ဦးေရ- ေႁမြေပြးႀကီးဗ်- ေျခေထာက္ေျမႇာက္ထား” ဟုေအာ္ဟစ္သတိေပးလိုက္ၿပီးကိုယ္တိုင္လည္းေျခေထာက္မ်ားကိုအေပၚသို႔ အစြမ္းကုန္ေျမႇာက္လိုက္ကာကန႔္လန႔္ႀကီးခံေနေသာေႁမြေပြးႀကီးအေပၚမွအလိုက္ သင့္ျဖတ္ေက်ာ္လိုက္သည္။ ေရွ႕ဘီးျဖင့္ အနင္းခံလိုက္ရ၍ နာသြားဟန္တူေသာ ေႁမြေပြးႀကီးက လွ်ပ္တစ္ျပက္ပင္ ေနာက္လွည့္ၿပီး“တြတ္” လိုက္သည္။ ကြၽန္ေတာ့္ ေဘာင္းဘီေအာက္နားမွေႁမြေပြးေခါင္းႀကီးက “ဝီ”ခနဲျဖတ္သြားၿပီး ေနာက္ဘီးဆီမွ “ေဒါင္”ခနဲ ၾကားလိုက္ရသည္။ စက္ဘီးမွာ တစ္ခ်က္တုန္ခါသြားကာ ေနာက္ဘီးက ေႁမြႀကီး၏လည္ပင္းကိုထပ္ႀကိတ္မိသြားျပန္သည္။
ကြၽန္ေတာ္ကေရွ႕ဝါးတစ္ျပန္သာသာေရာက္မွဘရိတ္ဆြဲ၍ ရပ္လိုက္ၿပီးစက္ဘီး ေဒါက္ေထာက္ထားခဲ့ကာႏွစ္ေယာက္သားေႁမြေပြးႀကီးရွိရာသို႔ဓာတ္မီးျဖင့္ထိုးၾကည့္
လိုက္သည္။ ေႁမြႀကီးမွာ လွည္းလမ္းေပၚတြင္ တြန႔္လိမ္ေနၿပီး နာက်င္မႈေၾကာင့္ “တၿဖီးၿဖီးျဖင့္ေဒါသထြက္ေနသည္။ႏွစ္ေယာက္သားေႁမြေပြးႀကီးအနားသို႔ခ်ဥ္းကပ္ သြားလိုက္ၿပီး ကိုသက္ဦးက ေႁမြေပြးႀကီးမွာ တဝုန္းဝုန္း ႐ုန္းကန္ၿပီး လႈပ္ရွားလူးလြန႔္ ေနေသာေၾကာင့္ ႏွစ္ဦးသား ေနာက္သို႔အနည္းငယ္ ဆုတ္ၾကည့္ေနလိုက္ၾကသည္။ ထိုအခ်ိန္မွာလယ္တဲဆီမွ ဓာတ္မီးႏွင့္ “ဝင္းခနဲ”လွမ္းထိုးလာၿပီး…
“ေဝး- သက္ဦးတို႔ ေရာက္လာၾကၿပီလားေဟ့ – ဘာျဖစ္ေနၾကတာလဲ” ဟု ေအာ္ဟစ္ေမးျမန္းလာသည္။ကိုသက္ဦးက-
“ေႁမြေပြးႀကီးဗ်ိဳ႕-အေတာ္ႀကီးတယ္”
“ေဟ- ဟုတ္လား။ အနားမကပ္ၾကနဲ႔ – တို႔လာၿပီ”ဟု ေအာ္ဟစ္ေျပာဆိုကာ တုတ္၊ဓားမ်ားဆြဲကာေျပးလႊားေရာက္ရွိလာၾကသည္။ အနားေရာက္လာေတာ့ ေႁမြ
ေပြးႀကီးမွာၿငိမ္သက္ေသဆုံးေနၿပီျဖစ္၏။ကိုသက္ဦးကျဖစ္စဥ္ကိုအတိုခ်ဳပ္ေျပာျပ
လိုက္သည္။ကိုစိန္ေမာင္က-
“မင္းတို႔ကံေကာင္းတာကြ။ ဒီေႁမြေပြးေတြက သူတို႔ကိုမထိသေ႐ြ႕ဘာမွရန္မမူ တတ္ေပမယ့္သူတို႔ကိုထိမိရင္ေတာ့ခႏၶာကိုယ္ေပၚလာနားတဲ့ယင္ေကာင္ကိုေတာင္ မလြတ္တမ္း တြတ္ႏိုင္တယ္ကြ၊ ၿပီးေတာ့ အဆိပ္လည္း သိပ္ျပင္းတာ။ ဒီအေကာင္

မ်ိဳးကကိုက္မိရင္ေတာ့နာရီပိုင္းအတြင္းအသက္ေပ်ာက္သြားမွာပဲ၊ငါလည္းေႁမြေပြး တစ္ေကာင္ေလာက္လိုခ်င္ေနတာနဲ႔ အေတာ္ပဲေဟ့”
“ခင္ဗ်ားက ဘာလုပ္ဖို႔ ေႁမြေပြးလိုခ်င္ေနရတာလဲဗ်”
ဟုကိုသက္ဦးကျပန္ေမးသည္။ကိုစိန္ေမာင္ႀကီးက…
“ဒီေကာင္ႀကီးကို ေျမအိုးတစ္လုံးထဲမွာ ေခြထည့္ၿပီး အေပၚက အဖုံးကို ႐ႊံ႕နဲ႔ ခံရ တယ္။ ၿပီးရင္ ျပာက်တဲ့အထိ မီးဖုတ္ရတယ္။ အဲဒီေႁမြေပြးေျပာကတို႔ေတာင္သူေတြ အတြက္ကြၽဲႏြားေဆးပဲကြ၊ကြၽဲေတြ၊ ႏြားေတြခြာမွာအနာျဖစ္ရင္ပိုးေလာက္ေတြေသ
ေအာင္ေႁမြေပြးျပနဲ႔သိပ္ေပးရတယ္။ပိုးေလာက္ေတြအကုန္ပူလို႔အတြင္းထဲေအာင္း မေနႏိုင္ဘဲအကုန္အျပင္ထြက္က်လာတယ္။အျပင္ေရာက္ေတာ့လည္းေသကုန္တာ
ပါပဲ။ အနာက်က္လည္းျမန္တယ္။ လက္ပ႐ိုစီျဖစ္ေနတဲ့လူေတြလည္း ေရာဂါဆိုးၿပီး အရည္တ႐ြဲ႐ြဲနဲ႔အနားမကပ္ႏိုင္ေအာင္ျဖစ္ေနရင္ ေႁမြေပြးျပာကိုအုန္းဆီနဲ႔ခပ္က်ဲက်ဲ ေဖ်ာ္ၿပီး သုတ္လိမ္းေပးရင္ေျခာက္ၿပီး အလႊားလိုက္ ကြာက်ကုန္တယ္ကြ။ ေရာဂါ ကေတာ့လုံးဝမေပ်ာက္ဘူးေပါ့ကြာ။ေရွးတုန္းကေတာ့ေရာဂါဆိုးလာရင္အဲဒီနည္းနဲ႔
ထိန္းရတာပဲ”
ဟုရွင္းလင္းေျပာျပကာအသင့္ပါလာေသာတုတ္ေခ်ာင္းႀကီးျဖင့္ေႁမြေပြးႀကီးကို ခါးလယ္မွထိုးေကာ္၍ မ.လိုက္ၿပီးတဲဆီသို႔ သယ္ယူခဲ့ၾကသည္။ တဲေရွ႕တြင္မီးဖိုႀကီးတစ္ခုဖိုထားၿပီးႏြားေခ်းသ႐ိုးကိုင္ထားေသာတလင္းထဲတြင္ ေကာက္လႈိင္းထုံးမ်ားကိုစီရရွိစုပုံထားသည္။တဲအနီးမီးဖိုအနီးေရာက္မွကိုသက္ဦး
က သူ႔စက္ဘီးႀကီးကို ဓာတ္မီးျဖင့္လွည့္ပတ္ထိုးၾကည့္လိုက္ၿပီး… “ဟာ-ဒီမွာ ေစာေစာက ေႁမြေပြးႀကီး ေနာက္ျပန္တြတ္လိုက္တာ စမုတ္တံ ႏွစ္ ေခ်ာင္းေတာင္ျပတ္ထြက္သြားတယ္ဗ်။အဲဒါေၾကာင့္စက္ဘီးလူးၿပီးခါသြားတားနည္း
တဲ့ speed မဟုတ္ဘူးဗ်ိဳ႕
ဟု ဆိုသျဖင့္ သြားၾကည့္လိုက္ၾကရာ အမွန္ပင္ျဖစ္၏။ ေႁမြေပြးႀကီး၏ ခြၽန္ျမေန ေသာအစြယ္မ်ားျဖင့္ တြတ္မိေသာေၾကာင့္ စမုတ္တံႏွစ္ေခ်ာင္းမွာ တိတိရိရိ ျပတ္ ထြက္ေနသည္။ ကြၽန္ေတာ္လည္းတအံ့တၾသျဖင့္…
“ဟုတ္ပါရဲ႕ဗ်ာ- ဒါေၾကာင့္မို႔ သူ ျပန္တြတ္လိုက္တုန္းက“ေဒါင္”ခနဲ အသံၾကား
လိုက္ရတာကိုး။ထိမိရွမိလိုက္ရင္မေခ်ာင္ဘူးဗ်ိဳ႕။ သူလည္းသူ႔အားနဲ႔သူခံသြားရတာပဲ။ ပါးလုတ္ကို ျဖတ္အ႐ိုက္ ခံလိုက္ရသလိုျဖစ္ၿပီး လမ္းေပၚတင္ တြန႔္လိမ္ေနေအာင္ ခံသြားရတာပဲ။ကြၽန္ေတာ္တို႔မသတ္လည္းသူ႔ဟာသူေသမွာပဲဗ်။ေတာ္ေတာ္ေၾကာက္
စရာေကာင္းတဲ့ေကာင္ႀကီးဗ်ာ”
ဟုမွတ္ခ်က္ခ်မိသည္။ ကိုစိန္ေမာင္ကတဲအတြင္းမွေျမအိုးႀကီးတစ္လုံးထုတ္ လာကာ ေႁမြေပြးႀကီးကို ေခြထည့္ၿပီး အဖုံးပိတ္ ႐ႊံ႕ခံကာ မီးဖိုတြင္ မီးဖုတ္ေလေတာ့ သည္။ကြၽန္ေတာ္တို႔ကိုလွမ္းၾကည့္ၿပီး…
“ၾကက္သားအိုးကေတာ့ ေရမက်ေသးဘူး – ငါ့လူေတြေရ၊ ေ႐ႊမိေတြကေတာ့ တဲနားက ေကာက္႐ိုးပုံထဲမွာ အခန္းေလးလုပ္ၿပီး ဖြက္ထားတယ္။ မင္းတို႔ စိတ္တိုင္း က်သာျမည္းၾကေပေတာ့”
ဟုဆိုလာရာကိုသက္ဦးက-
“ကြၽန္ေတာ္တို႔ ညမီးနဲ႔ ငွက္ပစ္လိုက္ဦးမယ္။ အျပန္က်မွ အေမာေျဖရင္း ခ်ၾက တာေပါ့။ဒီအခ်ိန္ကညမီးထိုးပစ္လို႔အေကာင္းဆုံးအခ်ိန္ပဲ။ ငွက္ေတြအိပ္ေမာက်တဲ့
အခ်ိန္ေရာက္ေနၿပီ”
ဟုျပန္ေျပာလိုက္ပါသည္။ကိုစိန္ေမာင္ညီအငယ္ဆုံး ကိုစိန္လုံးက-
“ငါလည္း လိုက္ခဲ့မယ္”
ဟုဆိုကာ တဲအတြင္းဝင္၍ ေတာစီးဖိနပ္ရွည္ကိုစီးကာ လြယ္အိတ္တစ္လုံးကို ဆြဲၿပီး ထြက္လာသည္။ ကိုသက္ဦးက …
“အဲဒါ-ဘာေတြလဲ”
“ဒါက ငါ့ရဲ႕ လက္စြဲေတာ္ဘတ္ခြ (သားေရခြ)နဲ႔ စက္ဘီးကုန္းသီးေဟာင္းေတြ ေလကြာ၊ လိုရမယ္ရေပါ့”
ဟု ဆို၏။ကိုစိန္ေမာင္ကေျမအိုးကိုမီးဖုတ္ေနရာမွ-
“ေအး- ေကာင္းတယ္။ မင္းတို႔သုံးေယာက္ကမီးထိုးၿပီးပစ္ေခ်ၾက၊ငါကေႁမြေပြး မီးဖုတ္လိုက္ဦးမယ္၊ စိန္ေအာင္ကၾကက္သားအိုးေစာင့္ၿပီး ခ်က္ကြာ”

ဟုဆိုၿပီး အစီအစဥ္ဆြဲေပး၏။ ကိုသက္ဦးက …. “အဲဒီအစီအစဥ္ေကာင္းတယ္-လာ-သြားၾကစို႔”
ဟုဆိုကာ(၃)ေယာက္သား ႐ိုးျပတ္ ငုတ္မ်ားေပၚမွျဖတ္ကာ ခင္တန္းမ်ားရွိရာ ေရပစ္႐ိုးေခ်ာင္းဆီသို႔ထြက္ခဲ့ၾကသည္။
တဲႏွင့္လယ္တစ္ကြက္ေက်ာ္ေလာက္ေရာက္မွ ဓာတ္မီးမ်ားကို မဆက္ရေသး ေၾကာင္းသတိရၿပီးလြယ္အိတ္တြင္းမွ အပိုးမ်ားကိုထုတ္ကာ (၃)ခဲထိုးဓာတ္မီးတြင္ အရစ္က်ဆက္လိုက္ၿပီးဓာတ္ခဲႏွစ္လုံးထပ္ျဖည့္လိုက္သည္။ထိုအခါကြၽန္ေတာ္ႏွင့္ ကိုသက္ဦးတို႔၏ဓာတ္မီးမ်ားမွ(၃)ခဲထိုးမွ(၅)ခဲထိုးဓာတ္မီးမ်ားျဖစ္ကုန္ၾကၿပီးကိုစိန္
လုံး၏ဓာတ္မီးမွာ(၃)ခဲထိုးဓာတ္မီးသာျဖစ္သည္။ကိုစိန္လုံး၏ဓာတ္မီးကိုေတာနင္း
ရာတြင္ေႁမြပါးကင္းပါးအႏၲရာယ္ေရွာင္ရွားႏိုင္ရန္လမ္းျပမီးအျဖစ္အသုံးျပဳမည္ျဖစ္ၿပီး ကြၽန္ေတာ္ႏွင့္ကိုသက္ဦးတို႔၏ (၅)ခဲထိုး ဓာတ္မီးႀကီးမ်ားကို သစ္ပင္အႀကိဳအၾကား တြင္အိပ္တန္းတက္ေနေသာ ငွက္မ်ားကိုရွာေဖြရာတြင္ အသုံးျပဳၾကမည္ျဖစ္သည္။
ထိုသို႔ အစစ အရာရာ ျပင္ဆင္ၿပီးေနာက္ ကိုစိန္လုံးက ေရွ႕ဆုံးမွ ဓာတ္မီးထိုး၍ ဦးေဆာင္လမ္းျပၿပီးသြားသည္။တဲႏွင့္လယ္ႏွစ္ကြက္ေက်ာ္ေလာက္အေရာက္တြင္
လယ္ကန္သင္း႐ိုးကုန္း က်ယ္ေပၚတြင္ တမာပင္တစ္ပင္ေပါက္ေနသည္ကို ေတြ႕ရ သည္။ကိုသက္ဦးက …
“အဲဒီ တမာပင္က စၿပီး မီးထိုးၾကတာေပါ့”
ဟုဆိုကာေျခသံလုံလုံျဖင့္တမာပင္အနီးသို႔ခ်ဥ္းကပ္ခဲ့ၾကသည္။ စပါးရိတ္သိမ္း
ၿပီးခါစ ႐ိုးျပတ္ငုတ္မ်ားမွာ ႏွင္းရည္ဆြတ္ဖ်န္းထားသျဖင့္အသံသိပ္မထြက္ပါ။တမာ
ပင္ႏွင့္ဝါးတစ္ျပန္ခန႔္အေရာက္တြင္ေရွ႕လမ္းတစ္ေလွ်ာက္ေႁမြပါးကင္းပါးရွိ၊မရွိေခတၱ မီးထိုးရွာေဖြလိုက္ၿပီး စိတ္ခ်ရမွ မီးပိတ္ကာ အေမွာင္ထဲမွာပင္ အပင္ေျခသို႔ ေရာက္ ေအာင္ ခ်ဥ္းကပ္ခဲ့ၾကသည္။ အပင္ေျခသို႔ ေရာက္ေသာအခါ ကိုသက္ဦးက တီးတိုး ေလသံျဖင့္…
“ကြၽန္ေတာ္ ရွာမယ္။ ခင္ဗ်ားတို႔မီး ေတြ ပိတ္ထားၿပီး အသံမထြက္ေစနဲ႔”
ဟုမွာၾကားၿပီး သစ္ပင္အဖ်ားမွစ၍ မီးထိုးၿပီးရွာေဖြလိုက္သည္။အဖ်ားပိုင္းတြင္ ဘာေကာင္မွ် မေတြ႕ေသာအခါ တျဖည္းျဖည္းခ်င္း ေအာက္ဘက္သို႔ မီးထိုးရွာေဖြ လိုက္၏။ ကြၽန္ေတာ္တို႔ အထက္ (၁၂)ေပခန႔္အျမင့္အေရာက္မွာေတာ့ ျမင္လိုက္ ရေသာျမင္ကြင္းေၾကာင့္ ကိုစိန္လုံးထံမွ အလန႔္တၾကား ေအာ္လိုက္သံေၾကာင့္ သူ႔ ပါးစပ္ကိုကြၽန္ေတာ္ကလက္ျဖင့္လွမ္းပိတ္လိုက္ရသည္။ “ဟာ- ငွက္ေခါင္းျပတ္ႀကီးေဟ့-အု-ဝု”
ကိုစိန္လုံး၏အသံမွာကြၽန္ေတာ္ကပါးစပ္ကိုလက္ျဖင့္ ပိတ္လိုက္ေသာေၾကာင့္
ရပ္သြား၏။ကြၽန္ေတာ္က သူ႔နား႐ြက္နားကပ္ကာတီးတိုးေလသံျဖင့္..
“အဲဒါ ငွက္ႀကီးေခါင္းျပတ္ေနတာ မဟုတ္ဘူးဗ်။ တိုက္သိမ္းျဖဴႀကီး။ ရာသီဥတု ေအးလို႔အေတာင္ၾကားထဲမွေခါင္းဝွက္ၿပီးအိပ္ေနတာ။ကြၽန္ေတာ္တို႔ပစ္လိုက္ဦးမယ္။
စကားမေျပာနဲ႔ေတာ့ေနာ္”
ဟု ေျပာလိုက္မွ သေဘာေပါက္ သြားဟန္ျဖင့္ ေခါင္းညိတ္ျပသည္။ ကြၽန္ေတာ္ တို႔ႏွစ္ေယာက္ စကားေျပာေနစဥ္ကိုသက္ဦးက သူ႔ေသနတ္ထဲသို႔ က်ည္ဆန္ထည့္ လိုက္ၿပီး (၄-၅)ခ်က္ခန႔္ ေလထိုးလိုက္ကာ ကြၽန္ေတာ့္ကို ေခါင္းညိတ္ျပ၏။ ကြၽန္ ေတာ္ကသူ႔ေနာက္တည့္တည့္မွရပ္ကာသူ႔ေခါင္းေပၚမွေက်ာ္ၿပီး ငွက္ႀကီးအိပ္ေနရာ
ဆီသို႔ဓာတ္မီးျဖင့္ပင့္ထိုးေပးလိုက္သည္။ကိုသက္ဦးကမီးေရာင္အတိုင္းေသနတ္ကို အလိုက္သင့္ပင့္၍ခ်ိန္လိုက္ၿပီးေမာင္းကိုျဖည္းညင္းစြာဆြဲခ်လိုက္သည္။(၁၅)ေပခန႔္ အတြင္းမွာ အနီးကပ္အပိုင္ ပစ္ခတ္ရျခင္းျဖစ္ရာ တိုက္သိမ္းျဖဴႀကီးမွာ ဘာသံမွ မထြက္ႏိုင္ဘဲအ႐ုပ္ႀကိဳးျပတ္ျပဳတ္က်လာသည္။ကြၽန္ေတာ္ကငွက္ႀကီးက်သြားရာသို႔ ဓာတ္မီးျဖင့္ထိုးျပလိုက္ရာကိုစိန္လုံးကကပ်ာကယာသြားေရာက္ေကာက္ယူလိုက္
သည္။ အသက္ကင္းမဲ့ေနၿပီျဖစ္ေသာ တိုက္သိမ္းျဖဴႀကီးကို လက္တစ္ဖက္ျဖင့္ ဆၾကည့္ရင္း…
“ဟာ-မဆိုးဘူးေဟ့၊ ၾကက္မတမ္း နီးနီးရွိတယ္ -ပြတာပဲ”
ဟု ဝမ္းသာအားရဆိုလာသည္။ ကြၽန္ေတာ္တို႔လည္း ပြဲဦးထြက္ ငွက္ႀကီး တစ္ ေကာင္ ပစ္ခတ္ရရွိလိုက္သျဖင့္ ေက်နပ္ပီတိျဖစ္ေနၾကသည္။ ဆက္ လက္ပစ္ခတ္ ႏိုင္ရန္အတြက္လယ္သုံးကြက္ေက်ာ္တြင္ရွိေသာ႐ိုးေခ်ာင္းရွိရာသို႔ထြက္ခြာလာခဲ့ၾက သည္။လယ္ကြက္မ်ား၏ၾကားတြင္စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္အသုံးျပဳၿပီးပိုလွ်ံလာ ေသာေရမ်ားကိုစြန႔္ပစ္ႏိုင္ရန္အတြက္(၁၀)ေပနီးပါးက်ယ္ဝန္းေသာေရပစ္႐ိုးေခ်ာင္း တစ္ခုရွိသည္။႐ိုးေခ်ာင္းမွာအေရွ႕မွအေနာက္သို႔သြယ္တန္းစီးဆင္းေနၿပီးကမ္းႏွစ္ ဖက္တြင္ သဘာဝအတိုင္း ေပါက္ေနေသာသစ္ပင္မ်ားႏွင့္ လူတို႔ စိုက္ပ်ိဳးထားေသာ သစ္ပင္မ်ားေရာေႏွာေပါက္ေရာက္ေနၿပီးခင္တန္းငယ္တစ္ခုျဖစ္လို႔ေနသည္။ထိုခင္ တန္းတစ္ေလွ်ာက္ရွိသစ္ပင္မ်ားေပၚတြင္ေက်းငွက္သာရကာမ်ားေနထိုင္က်က္စား ေလ့ရွိၿပီးအိပ္ေတာ့လည္းထိုအပင္မ်ားေပၚမွာပင္အိပ္စက္ၾကသည္။
ကြၽန္ေတာ္တို႔ ခင္တန္းအနီး ခ်ဥ္းကပ္မိစဥ္ပထမဆုံး ေတြ႕ရေသာေသနတ္ပင္ ေပၚသို႔ မီးထိုးရွာေဖြလိုက္ေသာအခါ အထက္ပိုင္းေလကြယ္ရာ ေနရာတြင္ ခ်ိဳးႏွစ္ ေကာင္တစ္ေကာင္ႏွင့္တစ္ေကာင္ထိကပ္ကာယွဥ္တြဲအိပ္စက္ေနၾကသည္ကိုေတြ႕ ရသည္။ ကြၽန္ေတာ္ကလက္ထဲမွ(၅)ခဲထိုးဓာတ္မီးကိုကိုစိန္လုံးလက္ထဲလွမ္းေပး လိုက္ၿပီးေက်ာတြင္လြယ္ထားေသာလက္စြဲေတာ္ေသနတ္ႀကီးကိုျဖဳတ္ကာေမာင္း တင္က်ည္ထည့္လိုက္သည္။ ၿပီးမွ ကိုသက္ဦးႏွင့္ ကိုစိန္လုံးကို တစ္လွည့္စီ ၾကည့္
ရင္း..
“ခင္ဗ်ားကဘယ္ဘက္ကအေကာင္ကိုပစ္၊ကြၽန္ေတာ္ကညာဘက္ကအေကာင္
ကိုပစ္မယ္၊ ကိုစိန္လုံး- ခင္ဗ်ားက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေနာက္ေက်ာကေန ေစာေစာကကြၽန္ေတာ္လုပ္သလိုကြၽန္ေတာ္တို႔ေခါင္းေပၚကေက်ာ္ၿပီးမီးထိုးဗ်ာ”
ဟု တာဝန္ခြဲေဝလိုက္ၿပီး ကိုသက္ဦးႏွင့္ ေဘးခ်င္းယွဥ္၍ ေနရာယူလိုက္၏။ ကိုစိန္လုံးကကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေနာက္မွ ငွက္ႏွစ္ေကာင္ရွိရာသို႔ ဓာတ္မီးကို မီးပင့္၍ထိုးေပးသည္။ ကြၽန္ေတာ္ႏွင့္ ကိုသက္ဦးလည္း မီးေရာင္ၫြန္ျပရာအတိုင္း အလိုက္သင့္ ေသနတ္ပင့္ခ်ိန္ ႐ြယ္လိုက္ၾကၿပီး (ခ်ိန္သီးေပၚရွိ ေဆးျဖဴေလးေပၚတြင္ ငွက္ေျခေထာက္ေလးကို တင္၍ခ်ိန္ကာ)ပါးစပ္မွ တစ္၊ ႏွစ္၊ သုံး ဟု တိုင္ပင္ေခၚကာ

ၿပိဳင္တူေမာင္းဆြဲျဖဳတ္ခ်လိုက္ၾကသည္။ ေသနတ္သံႏွစ္ခ်က္ၿပိဳင္တူလိုလိုထြက္ေပၚ လာၿပီး ခပ္အုပ္အုပ္ ထိမွန္သံမ်ားႏွင့္အတူ ခ်ိဳးႏွစ္ေကာင္မွာ ေရွ႕ဆင့္ေနာက္ဆင့္ ဆိုသလိုျပဳတ္က်လာသည္။ ကိုစိန္လုံးက လ်င္ျမန္စြာ ေကာက္ယူလိုက္ၿပီး.. “ဟန္က်သေဟ့ – လက္တည့္ခ်က္ ကေတာ့ကြာ – တစ္ခ်က္တစ္ေကာင္ပဲ” “သိပ္ေျမႇာက္မေနနဲ႔ဦး – ေ႐ႊမိနဲ႔ျမည္းဖို႔ အခ်ိန္မီအေမြးႏုတ္ၿပီး ေၾကာ္ေလွာ္ေပး ဖို႔ကေတာ့ ခင္ဗ်ားတာဝန္ပဲေနာ္”
ဟု ကိုသက္ဦးက ေျပာလိုက္ရာ ကိုစိန္လုံးက
“စိတ္ခ်စမ္းပါကြာ-ဒီမွာၾကည့္”
000
ဟုဆိုၿပီး လြယ္အိတ္ထဲမွ တစ္စုံတစ္ရာကို ထုတ္ျပသျဖင့္ ၾကည့္လိုက္ရာ ေစာ ေစာက ရရွိခဲ့ေသာ တိုက္သိမ္းႀကီးမွာ အေမြးမ်ား ေျပာင္ေနေအာင္ ႏုတ္ၿပီး ျဖစ္ေန သည္ကိုအံ့ဩစြာ ေတြ႕ရွိရသည္။ ကြၽန္ေတာ္က
“ဟာ – ခင္ဗ်ားဟာက ျမန္လွခ်ည့္လားဗ်ာ။ ဘယ္အခ်ိန္မ်ား ႏုတ္လိုက္တာ ”
“ေစာေစာက မင္းတို႔ေတြ ငွက္ရွာေနတဲ့အခ်ိန္ အားတုန္းေလး ခဏနတ္လိုက္
“ဟာ-အံ့ေရာဗ်ာ-ျမန္လိုက္တာ။ ခင္ဗ်ားကေတာ့“စံ”ပဲ” ဟုကြၽန္ေတာ္တို႔ႏွစ္ေယာက္ကတစ္လွည့္ျပန္ၿပီးခ်ီးမြမ္းမိၾကပါသည္။ထိုအခ်ိန္ မွာပင္႐ိုးေခ်ာင္း၏တစ္ဖက္ထိပ္လယ္တစ္ကြက္ေက်ာ္ေလာက္မွေတာေၾကာင္တစ္
ေကာင္၏ ဝမ္းေခါင္းသံႀကီးျဖင့္ မာန္ဖီေနသံကိုၾကားလိုက္ရသည္။
“ဝေရာင္း” “ဝေရာင္း”
“ေခြး”
“ၿပီး”
“ၿပီး”
“ေခြး”
“ေျဖာင္း”
“ဟာ- ေၾကာင္ေအာ္သံပါလား။ၾကည့္ရတာတျခားသတၱဝါတစ္ေကာင္ေကာင္နဲ႔ ထိပ္တိုက္ေတြ႕ေနတဲ့ပုံမ်ိဳးပဲဗ်။ဒီနားကတဲေတြမွာေၾကာင္ေတြဘာေတြေမြးတဲ့သူေတြ
ရွိလားမသိဘူး”
ဟုကိုသက္ဦးက စူးစမ္းသလိုေတြးေတြးဆဆႏွင့္ေျပာလာသည္။ ကိုစိန္လုံးက
ခ်ိဳးငွက္မ်ားကိုအေမြးႏုတ္ေနရာမွထိတ္ထိတ္ပ်ာပ်ာျဖင့္..
“ဟာ-ဒါက်ဳပ္ေခ်ာင္းေနတဲ့ ေၾကာင္ဝံပိုက္ႀကီးေတြလားမသိဘူး။ ဒီနားတစ္
ဝိုက္မွာက်က္စားေနတဲ့ေၾကာင္ဝံပိုက္ႀကီး(၂)ေကာင္၊(၃)ေကာင္ရွိတယ္ဗ်။က်ဳပ္တို႔ လယ္တဲေတြမွာက ေခြးေတြရွိေတာ့ အနားသိပ္မကပ္ၾကဘူး။ ေန႔ခင္းပိုင္းဆို လုံးဝ မထြက္ဘူး။ လသာတဲ့ညေတြမွသာအေဝးကေနရိပ္ခနဲ’ရိပ္ခနဲ ေတြ႕လိုက္ရတာ။ တစ္ခါတစ္ရံေတာ့ ေအာ္သံၾကားရတယ္။ အခုေအာ္ေနတဲ့အသံကိုၾကားရတာအစာ
လုရင္းတိုက္ခိုက္ေနပုံပဲဗ်။လာဗ်ာ-ဟိုေရွ႕နားမွာတစ္ဖက္နဲ႔တစ္ဖက္ကူးလို႔ရေအာင္ ထန္းသားတုံးႏွစ္တုံးယွဥ္ခ်ၿပီးတံတားလုပ္ထားတဲ့ေနရာရွိတယ္။ဟိုဘက္ကမ္းကို
ကူးၿပီးသြားၾကည့္ေခ်ရေအာင္”

ဟုဆိုကာ ေရွ႕မွ ခပ္သုတ္သုတ္ေလွ်ာက္သြားသျဖင့္ကြၽန္ေတာ္ႏွင့္ ကိုသက္ဦး လည္း သူ႔ေနာက္မွအမီလိုက္ၿပီး ေလွ်ာက္ၾကရသည္။
သစ္ပင္မ်ားၾကားမွ တစ္ဖက္ကမ္းသို႔ လွမ္းျမင္ရေသာေနရာသို႔ ေရာက္ေသာ အခါ(၃)ေယာက္သားအသံၾကားရာဆီသို႔လွမ္းေမွ်ာ္ၾကည့္မိၾက၏။ၾကယ္ေရာင္မ်ား ႏွင့္ ထြက္ျပဴစျပဳလာေသာ လျခမ္းေကြးေလး၏ အားနည္းေသာ အလင္းေရာင္ ေအာက္တြင္တစ္ဖက္ကမ္းရွိလယ္တစ္ကြက္ေက်ာ္မွလယ္ကြင္းထဲရွိ႐ိုးျပတ္ငုတ္မ်ား
ေပၚတြင္ ဖြတ္လိုလို၊ သင္းေခြခ်ပ္လိုလို သတၱဝါတစ္ေကာင္ႏွင့္ ေခြးေလာက္နီးနီး ႀကီးမားေသာ ေၾကာင္ႀကီးတစ္ေကာင္တို႔ အျပင္းအထန္တိုက္ခိုက္ေနၾကသည္ကို မသဲမကြဲ လွမ္းျမင္ရသည္။ အလင္းေရာင္က အားနည္းေနၿပီး ဓာတ္မီးလည္း ထိုး မၾကည့္ရသျဖင့္ မည္းမည္းမည္းမည္းႏွင့္ ဘာကိုမွ် သဲသဲကြဲကြဲ မျမင္ၾကရပါ။ “ေညာင္”
“ေဝါင္း”
“ၿပီး”
“ေခြး”
“ဘုတ္”
“ေျဖာင္း”
“ဝေရာ”
စသည္ျဖင့္ မာန္ဖီသံ၊ တိုက္ပြဲေခၚသံ၊ လွ်ပ္တစ္ျပက္ တိုက္ခိုက္သည့္အသံ၊ လုံးေထြးသတ္ပုတ္ေနသည့္အသံမ်ားကို ေရာေထြးၾကားသိေနရ၏။ ဖြတ္လိုလို၊ မိေခ်ာင္းလိုလို အေကာင္ႀကီးက ထိုးဟပ္လိုက္၊ ေၾကာင္ႀကီးက ခုန္ေရွာင္ၿပီး လက္ သည္ႏွင့္ပုတ္လိုက္၊ လွ်ပ္တစ္ျပက္ ဝင္ေရာက္ကိုက္ခဲလိုက္၊ ဖြတ္လိုလို အေကာင္ ႀကီးက အၿမီးႏွင့္ ႐ိုက္ခ်လိုက္ျဖင့္ ပူးတုံခြာတုံ အျပင္းအထန္ တိုက္ခိုက္သတ္ပုတ္ ေနၾက၏။
ကြၽန္ေတာ္တို႔ (၃)ဦးသားမွာ ဓာတ္မီးျဖင့္ ထိုးၾကည့္ပါကလည္း သတိေပး ေျခာက္လွန႔္သလိုျဖစ္ၿပီးထြက္ေျပးကုန္ၾကမွာစိုးသည့္စိတ္၊႐ိုးေခ်ာင္းအတြင္း ေရမ်ား
ရွိေနသျဖင့္ သည္အတိုင္းျဖတ္ကူးရန္ မျဖစ္ႏိုင္ဘဲထန္းသားတံတားသို႔ သြားေနစဥ္
တိုက္ပြဲျမင္ကြင္း
အဆက္ျပတ္သြားမွာစိုးသည့္စိတ္မ်ားျဖင့္ တစ္ဖက္ကမ္းသို႔ မကူး ႏိုင္ၾကေသးဘဲ သည္ဘက္ကမ္းသစ္ပင္မ်ားၾကားမွသာ မသဲမကြဲလွမ္းေမွ်ာ္ၾကည့္ရႈ
ေနၾကရသည္။
သတၱဝါႏွစ္ေကာင္စလုံးမွာအေတာ္ေလး ေမာပန္းေနၾကဟန္ရွိၿပီး ေဒါသမ်ား ကလည္း အထြတ္အထိပ္သို႔ ေရာက္ရွိေနၾကဟန္တူပါသည္။ မည္းမည္းရွည္ရွည္ ႏွင့္ဖြတ္လိုလိုအေကာင္ႀကီးမွာေၾကာင္ဝံပိုက္ႀကီး၏လက္သည္းႏွင့္အပုတ္ခံရသည့္ ဒဏ္ႏွင့္အလစ္အငိုက္ဖမ္းၿပီးဝင္ေရာက္ကိုက္ခဲသည့္ဒဏ္မ်ားေၾကာင့္တိုက္ပြဲစတင္ စဥ္ကလိုမသြက္လက္ေတာ့ဘဲေႏွးေကြးေလးလံလာသည္ကိုေတြ႕ရသည္။ကိုသက္
ဦးက…
“မၾကာခင္တိုက္ပြဲၿပီးေတာ့မယ္ဗ်။ဟိုေကာင္ႀကီးအေျခအေနသိပ္ေနမေကာင္း
ေတာ့ဘူး။ ေၾကာင္ဝံပိုက္ႀကီးကႏိုင္ေတာ့မယ္”
ဟုမွတ္ခ်က္ခ်၏။သူ႔စကားအဆုံးမွာပင္ေၾကာင္ႀကီးက ခုန္အုပ္မည့္ဟန္ဆတ္
ခနဲ ဝပ္ခ်လိုက္စဥ္မွာ ဖြတ္ႀကီးက လက္ဦးေအာင္ ထိုးဟပ္လိုက္၏။ ေၾကာင္ႀကီးက ဖြတ္ႀကီး၏ေခါင္းေပၚမွ ရိပ္ခနဲ ေက်ာ္ထြက္ခဲ့ကာ ဦးေခါင္းကို လက္သည္းျဖင့္ တစ္ ခ်က္ပုတ္ခဲ့၏။ ေျမေပၚျပန္အက်မွာပင္ လွ်ပ္တစ္ျပက္ ခုန္ထြက္လိုက္ၿပီး လႈပ္ရွားမႈ ေႏွးေကြးေနေသာဖြတ္ႀကီး၏ ဦးေခါင္းပိုင္း၊ဇက္ပိုးေနရာကိုမလြတ္တမ္းကိုက္ခဲကာ ေဒါသတႀကီး ခါယမ္းပစ္လိုက္သည္။ ဖြတ္ႀကီးမွာ ယခင္လို အၿမီးႏွင့္ ႐ိုက္ထုတ္ႏိုင္ ေသာခြန္အားမရွိေတာ့ဘဲေၾကာင္ဝံပိုက္ႀကီး၏ကိုက္ခဲမႈေၾကာင့္ နာက်င္စြာေျမႀကီး ကို အၿမီးႏွင့္ တဖုန္းဖုန္း႐ိုက္ရင္း တျဖည္းျဖည္း ၿငိမ္သက္သြားသည္။ ကိုစိန္လုံးက ဓာတ္မီးျဖင့္ကြၽန္ေတာ္တို႔ေရွ႕ဆက္ရမည့္လမ္းကိုၾကည့္ရႈစစ္ေဆးလိုက္ၿပီး…
“လာၾကဗ်ိဳ႕- ဟိုဘက္ကမ္းကို ျမန္ျမန္ကူးရေအာင္။ ကံေကာင္းရင္ ဖြတ္သား ေလး၊ ေၾကာင္သားေလးနဲ႔ ျမည္းရေအာင္။ အခ်ိန္ၾကာသြားရင္ ေၾကာင္ႀကီး ဆြဲေျပး သြားလို႔ ဘာမွမရလိုက္ဘဲေနဦးမယ္”
ဟုဆိုကာကြၽန္ေတာ္တို႔ေရွ႕မွ အေျပးတစ္ပိုင္းသြားေနသျဖင့္ ကြၽန္ေတာ္ႏွင့္
ခဏအၾကာတြင္
ကိုသက္ဦးလည္းသူ႔ေနာက္မွခပ္သြက္သြက္ေျပးလိုက္ခဲ့ၾကသည္။ တစ္ဖက္ကမ္းသို႔ကူးေသာထန္းလုံးတံတားေလးဆီသို႔ေရာက္ရွိလာရာတစ္ဖက္သို႔
ခပ္သြက္သြက္ ကူးလာခဲ့ၾကသည္။ တစ္ဖက္သို႔ ေရာက္ေသာအခါ သတၱဝါႀကီးႏွစ္ ေကာင္တိုက္ပြဲျဖစ္ပြားရာေနရာသို႔ ေရာက္ေအာင္ ေနာက္ရင္းျပန္ေျပးရျပန္သည္။ ကြၽန္ေတာ္က –
“ကိုစိန္လုံး – ေအာက္ကိုလည္းၾကည့္ဦး၊ ေတာ္ၾကာေန ေႁမြပါးကင္းပါး ေတြ႕ေန ဦးမယ္။ ဒီဘက္လယ္ေတာေတြက ေႁမြေပြး၊ ေႁမြေဟာက္ေတြ တအားေပါတယ္လို႔ ေျပာတယ္”
ဟုလွမ္းၿပီးသတိေပးမွေျပးလႊားမႈရပ္တန႔္ၿပီးဓာတ္မီးျဖင့္ ေရွ႕သို႔ ဝါးတစ္ျပန္ခန႔္ မီးထိုးစစ္ေဆးကာပုံမွန္အတိုင္းလွမ္းေလွ်ာက္ခဲ့ၾက၏။ သတၱဝါႀကီးမ်ားသတ္ပုတ္ရာ ေနရာႏွင့္ နီးလာေသာအခါကိုသက္ဦးက…
“ကြၽန္ေတာ္တို႔ေတာ့ကံေကာင္းတာပဲဗ်ိဳ႕၊ ဟိုေကာင္ႀကီးေတြရွိတဲ့လယ္ကြက္နဲ႔
ဒီဘက္လယ္ကြက္ၾကားမွာလူတစ္ရပ္သာသာျမင့္ၿပီး(၁၀)ေပေလာက္ရွည္တဲ့ျမက္
႐ိုင္းေတာတစ္ခုကြယ္ေနတယ္၊ အဲဒီျမက္ဖုတ္ေတြကိုအကာအကြယ္ယူၿပီးဒီဘက္ ကေနမီးထိုးၿပီးပစ္ၾကရေအာင္ဗ်ာ။ ေအာက္ကိုလည္း ဂ႐ုစိုက္ၾကဦး” ဟု သတိေပးလာသည္။ကြၽန္ေတာ္က…
“ကိုသက္ဦး-ကြၽန္ေတာ္တို႔ ေလေသနတ္ေတြနဲ႔ ဒီေကာင္ႀကီး ေသပါ့မလား။ ကြၽန္ေတာ္ လွမ္းၾကည့္ရတာေတာ့ ေၾကာင္ဝံပိုက္ႀကီးက ေခြးအလတ္စားေလာက္ ေတာ့ ရွိမယ္ထင္တယ္”
ဟုေတြးေတြးဆဆႏွင့္ ေျပာလိုက္ပါသည္။ ကိုစိန္လုံးက ….
“အိုကြာ-အနည္းဆုံး သူ႔ကိုမရေတာင္ သူထြက္ေျပးရင္ သူ႔သားေကာင္ေတာ့ တို႔ရလိုက္မွာပဲ။ သူ႔ကိုလည္း“ခ်က္ေကာင္း”ကို ထိေအာင္ပစ္ႏိုင္ရင္ ရႏိုင္ပါတယ္။ ႀကိဳးစားၾကည့္ၾကတာေပါ့။ တို႔ဘက္ကအရႈံးမရွိပါဘူး”
ဟုဆိုလာရာသူေျပာသည္မွာနည္းလမ္းက်သျဖင့္ႏွစ္ေယာက္စလုံးေခါင္းညိတ္ သေဘာတူလိုက္ၾကကာျမက္႐ိုင္းပင္မ်ားဆီသို႔ သတိျဖင့္ ခ်ဥ္းကပ္ခဲ့ၾကသည္။ ျမက္ ႐ိုင္းပင္မ်ားအနီးေရာက္ခ်ိန္မွာေတာ့ တဟင္းဟင္း”မာန္ဖီရင္းစားမာန္ခုတ္ေနသံႏွင့္ “တျပတ္ျပတ္”ကိုက္ဆြဲစားေသာက္ေနသံတို႔ကို ၾကား လိုက္ရပါသည္။ ကိုသက္ဦး
ႏွင့္ကြၽန္ေတာ္တို႔ႏွစ္ေယာက္တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာနားလည္မႈရွိစြာ ေခါင္းညိတ္လိုက္ၾကသည္။ ကိုသက္ဦးက က်ည္ေပါက္ထဲသို႔ ပိတုန္းတံဆိပ္ က်ည္ တစ္ေတာင့္ထိုးထည့္လိုက္ၿပီး ေလ(၇-၈)ခ်က္ခန႔္ ဖိထိုးလိုက္၏။ ကြၽန္ေတာ္က အားလုံးအသင့္ရွိေနၾကရန္အခ်က္ေပးလိုက္ၿပီးျမက္႐ိုင္းပင္မ်ားၾကားလတ္ေနေသာ ေနရာမွေၾကာင္ႀကီးရွိရာသို႔ (၅)ခဲထိုးဓာတ္မီးျဖင့္ထိုးလိုက္ပါသည္။
ေၾကာင္ဝံပိုက္ႀကီးမွာ အစာငမ္းေနေသာေၾကာင့္ ကြၽန္ေတာ္တို႔ ေရာက္ရွိေန သည္ကို သိဟန္မတူဘဲ ဓာတ္မီးေရာ ျဖာက်လာစဥ္ကိုက္ဆြဲစားေသာက္ေနရာမွ မ်က္လုံးဝင့္ၾကည့္လိုက္ၿပီး မာန္ဖီသံျပဳလာပါသည္။ ေၾကာင္ႀကီးႏွင့္ ကြၽန္ေတာ္တို႔ အကာအကြယ္ယူထားေသာျမက္႐ိုင္းပင္မ်ားမွာ ေပ(၃၀)သာသာခန႔္သာကြာေဝး
သည္ျဖစ္ရာအပိုင္ပစ္ခတ္ရန္အတြက္အေကာင္းဆုံးပစ္ကြင္းတစ္ခုျဖစ္လို႔ေနသည္။ ကိုသက္ဦးက ေသနတ္ပင့္၍ခ်ိန္လိုက္စဥ္မွာပင္ကိုစိန္လုံးထံမွ“ျဗတ္ခနဲ” ဘတ္ခြကို တအားဆြဲ၍ ပစ္ခတ္လိုက္သံကိုၾကားလိုက္ရၿပီး“ေဂါက္ခနဲ”နက္နက္နဲနဲထိမွန္သံ ႀကီးႏွင့္အတူ ေၾကာင္ႀကီးက က်ားတစ္ေကာင္လို အေပၚသို႔ ေနာက္ကြၽမ္းပစ္၍ ခုန္ ထြက္သြားသည္။ သို႔ေသာ္လည္းေလထဲမွာပင္အသက္ေပ်ာက္သြားဟန္ရွိၿပီးက်ား ခုန္၊ ခုန္ထြက္ႏိုင္ေသာ္လည္း ေခြးက်ဝက္က် ျပဳတ္က်လာကာ ေျမျပင္ေပၚတြင္ ႏွစ္ ခ်က္ သုံးခ်က္အေၾကာဆြဲၿပီးၿငိမ္သက္သြားသည္။ ကြၽန္ေတာ္ႏွင့္ကိုသက္ဦးလည္း လုံးဝေမွ်ာ္လင့္မထားေသာ အေနအထားျဖင့္ ေၾကာင္ဝံပိုက္ႀကီးကို ရရွိလိုက္သျဖင့္ ကိုစိန္လုံးကိုအားရဝမ္းသာ ခ်ီးက်ဴးမိၾကေပေတာ့သည္။
“ဟာ- ကိုစိန္လုံး- လက္တည့္လွခ်ည္းလားဗ်ာ၊ တစ္ခ်က္ဆိုတစ္ခ်က္ပဲ ဗ်ိဳ႕” “ဟုတ္ပါရဲ႕ဗ်ာ – ေတာ္လိုက္တာ။ ခင္ဗ်ားကေတာ့ “စံ”ပဲဗ်ိဳ႕၊ ေစာေစာက “စံ” တစ္ခု၊အခု ံစံတစ္ခု၊တစ္ညတည္းနဲ႔ “စံ”ႏွစ္ခုသတ္မွတ္ခံရတဲ့လူပါပဲဗ်ာ”ဟုကြၽန္ ေတာ္က ခ်ီးမြမ္းလိုက္ရာကိုစိန္လုံးက ၿပဳံးၿဖီးၿဖီးလုပ္ကာ…

“လာပ်ိဳ႕- သြားၾကည့္ရေအာင္”
ဟုဆိုကာျမက္႐ိုင္းပင္မ်ားေဘးမွေကြ႕ပတ္ျဖတ္ေက်ာ္ကာေၾကာင္ႀကီးရွိရာသို႔
ေရာက္ရွိၿပီး ဓာတ္မီးျဖင့္ အနီးကပ္ထိုးၾကည့္လိုက္ေသာအခါ အံ့ဩထိတ္လန႔္မႈ ေၾကာင့္(၃)ေယာက္သား”ဟာခနဲ”အာေမဍိတ္သံျပဳရင္းေနာက္သို႔ေျခတစ္လွမ္းစီ
ဆုတ္မိလိုက္ၾကသည္။ ကိုစိန္လုံးက…
“ဟာ-ဒါ-ဒါ-ႏွစ္ခ်ိဳ႕ေႁမြေပြးႀကီးဗ်။ နည္းတဲ့ေကာင္ႀကီးမဟုတ္ဘူး”ဟု မွတ္ ခ်က္ခ်သည္။ကိုသက္ဦးက…
“ဟုတ္ပါရဲ႕ဗ်ာ- လုံးပတ္က ေတာ္ေတာ္ႀကီးတယ္ဗ်။ တ႐ုတ္ျပည္ကလာတဲ့ ရွစ္ေပါင္ဓာတ္ဘူးႀကီးေလာက္ရွိတယ္။ ကြၽန္ေတာ္တို႔ေပါင္လုံးေလာက္ေတာင္မက ခ်င္ဘူး။ ဒါေပမဲ့- ေႁမြေပြးဆိုေတာ့အလ်ားက(၅)ေပေလာက္ပဲ ရွိမယ္။ တကယ့္ကို တုတ္တုတ္တိုတိုႀကီးဗ်”
“ေအာ္- ဒါေၾကာင့္မို႔ကြၽန္ေတာ္တို႔ေတြ႐ိုးေခ်ာင္းဟိုဘက္ကလွမ္းၾကည့္ေတာ့
ဖြတ္ႀကီးလိုလိုသင္းေခြခ်ပ္ႀကီးလိုလိုထင္ရတာကိုး။ ေၾကာင္ႀကီးကသူႏိုင္ေတာ့လက္
ပိုးကေနကိုက္ျဖတ္ၿပီး ေအာင္ေသေအာင္သားအေနနဲ႔ဦးေႏွာက္ေတြေဖာက္စားေန တာဗ်။ဒီမယ္ – ဦးေနာက္ေတြကုန္ေတာင္ကုန္ေတာ့မယ္” ဟုကြၽန္ေတာ္ကေႁမြေပြးေခါင္းျပတ္ႀကီးကိုအနီးကပ္ဓာတ္မီးျဖင့္ထိုးၾကည့္ရင္း
မွတ္ခ်က္ခ်မိသည္။ ကိုစိန္လုံးက-
“ဓာတ္ခဲေတြထည့္လာတဲ့ ပလတ္စတစ္အိတ္ ရွိေသးလား”
“ရွိတယ္ – ေရာ့ေရာ့”
ဟု ဆိုကာ ကြၽန္ေတာ္က အိတ္ထဲမွ ထုတ္ေပးလိုက္သည္။ ကိုစိန္လုံးက လွမ္း ယူၿပီးေခြးေခါင္းနီးနီးရွိေသာေႁမြေပြးေခါင္းႀကီးကိုတုတ္ျဖင့္ထိုးေကာ္၍ထည့္လိုက္၏။ ေႁမြဦးေခါင္းျပတ္ႀကီးမွာ ပလတ္စတစ္အိတ္အတြင္းသို႔ က်ပ္က်ပ္တည္းတည္းျဖင့္ ေရာက္ရွိသြားသည္။ကြၽန္ေတာ္က …
“ကိုစိန္လုံး သတိထားၿပီးကိုင္ေနာ္။ အစြယ္ႀကီးေတြက “ၿမိဳ”ေနတာပဲ” “ေအးပါကြာ- ေနဦး-လူေခၚလိုက္ဦးမယ္”

ဟုဆိုကာလယ္တဲရွိရာဘက္သို႔မ်က္ႏွာမူ၍လက္ဝါးႏွစ္ဖက္ကိုပါးစပ္နားတြင္
ေအာ္လံသဖြယ္ကပ္လိုက္ၿပီး“ပူး”ထိုးလိုက္ပါသည္။
“ဝူး-ဝူး”
တိတ္ဆိတ္ေသာညဥ့္ယံတြင္“ဝူး”ထိုးသံက ႐ိုးျပတ္ငုတ္မ်ားေပၚမွ ျဖတ္ကာ လယ္ကြင္းတစ္ေလွ်ာက္ ပ်ံ႕လြင့္သြား သည္။ တစ္ခဏအၾကာတြင္ တဲေရွ႕မွ မီးဖိုႀကီး ပိုမိုအားေကာင္းစြာ ေတာက္ေလာင္လာၿပီး ကိုစိန္ေအာင္တို႔ ညီအစ္ကိုႏွစ္ေယာက္ “ဝူး”ထိုးသံၾကားရာ ကြၽန္ေတာ္တို႔ဘက္သို႔ ရပ္ၾကည့္ေနသည္ကို အေဝးမွ လွမ္းျမင္ လိုက္ရသည္။ ကိုစိန္လုံးက ကြၽန္ေတာ့္ဆီမွ (၅)ခဲထိုးဓာတ္မီးႀကီးကိုယူ၍ သူတို႔ဆီ လွမ္းထိုးလိုက္ၿပီး လိုက္ခဲ့ၾက” ဟူသည့္သေဘာျဖင့္သူတို႔ဆီထိုးလိုက္၊ကြၽန္ေတာ္တို႔ ရွိရာ ဆြဲျပလိုက္ျဖင့္ (၃-၄)ႀကိမ္ အခ်က္ျပလိုက္သည္။ ကိုစိန္ေအာင္တို႔ဆီမွ “ဖူး” ထိုးသံၾကားလိုက္ရၿပီး တုတ္၊ ဓားမ်ားဆြဲကာ ေျပးလာေနၾကသည္ကို ေတြ႕လိုက္ ရသည္။ ကိုစိန္လုံးကကြၽန္ေတာ့္လက္ထဲဓာတ္မီးျပန္ေပးၿပီး အနီးတြင္ ထိုင္ခ်လိုက္ ကာပါးစပ္မွလည္း…
“သူတို႔ကိုေစာင့္ရင္းခဏအေမာေျဖၾကရေအာင္။ကိုႀကီးတို႔ေရာက္လာမွၾကည့္
ၿပီး သယ္ၾကတာေပါ့”
ဟုဆို၏။ကိုသက္ဦးကလည္းေလေသနတ္ကိုေမာင္းျပန္ေလ်ာ့လိုက္ၿပီးအိတ္ အတြင္းမွ ကြမ္းထုပ္ကိုေျဖကာ ကိုစိန္လုံးကို တစ္ယာေကြၽးၿပီး သူ႔ပါးစပ္ထဲသို႔ ကြမ္း တစ္ယာထိုးထည့္ကာ ကိုစိန္လုံးအနီး ထိုင္ခ်လိုက္ၿပီး ႏွစ္ေယာက္သား ကြမ္းဝါးေန ၾကသည္။ ကြၽန္ေတာ္က ကိုစိန္လုံးတို႔အနားမွခြာကာ ကားရားႀကီး အသက္ေပ်ာက္ ေနေသာေၾကာင္ႀကီးအနားသို႔တိုးကပ္သြားကာ ဓာတ္မီးျဖင့္ထိုးၾကည့္လိုက္သည္။
ေၾကာင္ႀကီးမွာေခြးေလာက္နီးနီးရွိၿပီးနာဖ်ားမွအၿမီးဖ်ားအထိ(၅)နီးပါးရွိ၏။အေတာ္ ပင္ ဆူၿဖိဳးၿပီး ကိုယ္လုံးထက္ အလ်ားရွည္သည္ကို ေတြ႕ရသည္။ ဦးေခါင္းေနရာကို ဓာတ္မီးျဖင့္ထိုးၾကည့္လိုက္ခ်ိန္တြင္ကြၽန္ေတာ့္မွာအံ့ဩမႈေၾကာင့္ ပါးစပ္မွ“ဟာ”ခနဲ အာေမဍိတ္သံထြက္သြားမိသည္။တစ္ဆက္တည္း…
“ဟာ-လာၾကည့္လွည့္ၾကဦးဗ်ိဳ႕၊ ေၾကာင္ႀကီးနဖူးမွာစက္ဘီးကုန္းသီးႀကီးအဆုံး
နီးနီး နစ္ဝင္ေနတယ္”

ဟုေျပာလိုက္ရာကိုသက္ဦးကခ်က္ခ်င္းထလာၿပီးၾကည့္ေသာ္လည္းကိုစိန္လုံး က ဒူးႏွစ္ေခ်ာင္းေထာင္၍ ထိုင္ေနရာမွ ထမလာဘဲ ၿပဳံးၿဖီးၿဖီးႀကီးလုပ္ေနပါသည္။ ကိုသက္ဦးက ေၾကာင္ႀကီးအနီးထိုင္၍ ေသခ်ာစြာၾကည့္ၿပီး-
“ဟုတ္ပါရဲ႕- ကိုစိန္လုံးရာ၊ ခင္ဗ်ား လက္သံေျပာင္လွခ်ည့္လား။ ကုန္းသီးက အခြၽန္ဘက္ကေနဝင္ၿပီးတစ္ဆုံးနီးပါး နစ္ဝင္တာဗ်ိဳ႕- အဆန္းပဲ”
ဟုမွတ္ခ်က္ျပဳလိုက္၏။ ထိုအခ်ိန္တြင္ျမက္႐ိုင္းေတာတစ္ဖက္မွကိုစိန္ေအာင္
တို႔ညီအစ္ကိုႏွစ္ေယာက္ထြက္လာၾကၿပီးကိုစိန္ေအာင္က ခရီးေရာက္မဆိုက္လွမ္း
ေျပာသည္။
“မဆန္းပါဘူးကြာ။ ဒီေကာင့္အေၾကာင္း မင္းတို႔က မသိေသးလို႔ပါ။ ငါ့ညီကတို႔ တဲနားက ေညာင္ပင္မွာ “ငူ”ေတြ က်လာရင္ ကုန္းသီးတစ္လုံးထဲနဲ႔ “ငူ” (၄-၅-၆) ေကာင္ ရေအာင္ပစ္တာကြ”
ကြၽန္ေတာ့္မွာ ၾကားရသည္ကို မယုံႏိုင္ေအာင္ျဖစ္သြားမိ၏။ “ငူငွက္မ်ား
အေၾကာင္းသိထားသျဖင့္ငူအုပ္က်လာလွ်င္ငွက္(၄-၅)ေကာင္ရေအာင္ပစ္ခတ္ရန္ မခဲယဥ္းေသာ္လည္း ကုန္းသီးတစ္လုံးထဲႏွင့္ ငွက္(၅)ေကာင္ (၆)ေကာင္ ရေအာင္ ပစ္ခတ္ရန္မွာ မျဖစ္ႏိုင္ဟုယူဆမိသည္။ ထို႔ေၾကာင့္ မယုံမရဲဟန္ျဖင့္… “ဟုတ္လို႔လားဗ်ာ-ကုန္းသီးတစ္လုံးထဲနဲ႔ ငူ (၄- ၅)ေကာင္ရေအာင္ ဘယ္လို လုပ္ၿပီးပစ္တာလဲ”ဟု ေစာဒကတက္မိ၏။ ကိုစိန္ေအာင္က…
“မင္းအျမင္ပဲေလကြာ- သူပစ္လိုက္တဲ့ကုန္းသီးကငွက္ရင္အုပ္ထဲတို႔၊ရင္ေခါင္း
ထဲတို႔၊ ဗိုက္ထဲတို႔ကေနျပန္ရတယ္။တစ္ေကာင္က်လာလိုက္ကုန္းသီးကိုႏႈိက္ယူၿပီး ေနာက္တစ္ေကာင္ ပစ္ခ်လိုက္နဲ႔“ငူ”အုပ္ ထမပ်ံမခ်င္း တစ္ေကာင္ၿပီးတစ္ေကာင္ ပစ္ခ်ေနတာပဲ”
“ဘယ္လိုလုပ္ၿပီးေတာ့မ်ားပစ္တာလဲဗ်ာ။ကြၽန္ေတာ္ျဖင့္အံ့ဩလို႔ကိုမဆုံးဘူး။
စဥ္းစားလို႔လည္းမရဘူး”
“အခ်ိန္ကုန္ခံၿပီး စဥ္းစားမေနနဲ႔။ မင္း သူ႔ဘတ္ခြ (သားေရခြ)ကို သြားပစ္ၾကည့္ လိုက္-အေျဖသိလိမ့္မယ္”

ဟု ကိုစိန္ေအာင္ကေျပာရာ တစ္ခ်ိန္လုံး ၿငိမ္သက္စြာ နားေထာင္ေနေသာ ကိုသက္ဦးက ကိုစိန္လုံးေရွ႕သို႔လက္ျဖန႔္လိုက္ကာ…
“ျပစမ္းပါဦးဗ်ာ- ခင္ဗ်ားဘတ္ခြကို”
ဟုဆိုရာကိုစိန္လုံးကၿပဳံးၿဖီးၿဖီးျဖင့္လြယ္အိတ္ထဲမွထုတ္ေပး၏။ကြၽန္ေတာ္လည္း သူတို႔အနားသို႔တိုးကပ္ၾကည့္ရႈလိုက္ရာကိုစိန္လုံး၏ခြ႐ိုးမွာကြၽဲခ်ိဳျဖင့္ျပဳလုပ္ထားၿပီး သားေရပင္ႏွစ္ပင္ကိုပူး၍ ေလာက္စာအိမ္ (၃)ခုထပ္ကာ တပ္ဆင္ထားသည္။ ေလာက္စာအျဖစ္စက္ဘီးေဘာေခြမ်ားကိုကုန္းၾကပ္ရာတြင္အသုံးျပဳေသာကုန္းသီး မ်ားကိုအသုံးျပဳသည္။ထိုအခ်ိန္ကေတာေရာၿမိဳ႕ပါစက္ဘီးမ်ားကိုသာအသုံးျပဳၾက ရၿပီး စက္ဘီးျပင္ဆိုင္မ်ားကလည္း မႈိလိုေပါက္ေနကာ ၿမိဳ႕တိုင္း ႐ြာတိုင္းလိုလိုမွာ ရွိသည္။ စက္ဘီးျပင္ ဆိုင္တိုင္းလိုလိုမွာလည္း ကုန္းသီးေဟာင္းမ်ား ေပါမ်ားစြာ ရွိတတ္ၾကသည္။ သူခိုးဓားျပႏွင့္အျခားအေရးေပၚကိစၥမ်ားေပၚေပါက္လာပါကအသုံး ျပဳႏိုင္ရန္အတြက္ ဘတ္ခြသမားတိုင္းလိုလိုက ေလာက္စာလုံးမ်ားအျပင္ ကုန္းသီး အလုံး(၂ဝ-၂၅)လုံးခန႔္ကို ေဆာင္ထားတတ္ၾကသည္။
ကိုသက္ဦးက ဘတ္ခြကိုအားပါးတရ ဆြဲၾကည့္ရာ(၃-၄)လက္မခန႔္သာဆြဲႏိုင္ ၿပီး ဆြဲမရေခ်။ကြၽန္ေတာ္ကလည္းအားက်မခံျဖင့္…
“ကြၽန္ေတာ္က ေသနတ္မဝယ္ခင္က ဘတ္ခြပစ္လာတာ။ကြၽန္ေတာ္ပစ္ၾကည့္ ဦးမယ္။ ခဏေလာက္ေပးဗ်ာ”
ဟုဆိုကာ ကိုသက္ဦးလက္ထဲမွ ခြကိုယူၿပီး ဆြဲၾကည့္ရာ (၆)လက္မခန႔္ထက္ ပိုမဆြဲႏိုင္ဘဲ ျဖစ္ေနသည္။ တအီးအီးႏွင့္ ဆြဲၾကည့္ေနေသာ ကြၽန္ေတာ့္ကို ၾကည့္ၿပီး ကိုစိန္ေအာင္က-
“ကဲ-ကဲ- အလကား ပင္ပန္းခံမေနနဲ႔ -တဲကိုျပန္ၾကစို႔”
ဟုေဆာ္ဩလာရာကြၽန္ေတာ္လည္း ရွက္ရွက္ႏွင့္ ေလးခြကိုျပန္ေပးလိုက္ၿပီ… “ေအးဗ်ာ- ရာဇဝင္ေတြ နိပါတ္ေတာ္ေတြထဲမွာ ဖတ္ရတဲ့ ဗိုလ္ေျခတစ္ေထာင္ တင္ရတဲ့ေလးတို႔ ဘာတို႔ဆိုတာေတြကို အစက အတိႆရဝုတၱိေတြလို ထင္ထားခဲ့ တာ။ ခုမွပဲေရးေရးသေဘာေပါက္ရေတာ့တယ္”

ဟု မွတ္ခ်က္ခ်လိုက္မိပါေတာ့သည္။
ထိုအခ်ိန္မွာပင္ ကိုစိန္ေမာင္မွာ ေခါင္းျပတ္ေနေသာ ေႁမြေသႀကီးကို သတိျပဳမိ သြားၿပီးအလန႔္တၾကားအမူအရာျဖင့္…
“ဟာ-ဒီ- ဒီအေကာင္ႀကီးက ဘယ္လိုႀကီးလဲ၊ စပါးႀကီးလည္းမဟုတ္၊စပါးအုံး လည္းမဟုတ္နဲ႔ – ဘာႀကီးတုံး။ဟာ-ဒါ-ဒါ-ႏွစ္ခ်ိဳ႕ေႁမြေပြးႀကီးကြ၊ဒီညေတာ့ေႁမြေပြး ေတြခ်ည့္ ရေနပါလား၊ ရွားရွားပါးပါးကြာ၊ ငါေတာ့ ပြတာပဲ။ ဒီေကာင္ႀကီးသာ မီးဖုတ္ လိုက္ရရင္ ငါေတာ့ ေဆးျပာေတြ အမ်ားႀကီးရမွာပဲ ေဟ့။ ကဲ-လုပ္လုပ္- ငါက ဒီေႁမြ ေသႀကီးကိုထမ္းခဲ့မယ္။ စိန္ေအာင္နဲ႔ စိန္လုံးက ေၾကာင္ႀကီးကို သယ္ခဲ့ၾက၊ သက္ဦး တို႔က ေရွ႕ကေန ဓာတ္မီးနဲ႔ သြားၾက
ဟုစီမံခန႔္ခြဲလာသျဖင့္သူေျပာသလိုပင္ သယ္ယူခဲ့ၾကၿပီးလယ္တဲရွိရာသို႔ျပန္ခဲ့
ၾကေလသည္။

မီးပုံႀကီးအနီး ျမန္မာဆီးခ်ဥ္ပင္ႀကီးေအာက္တြင္ ျမက္ဖ်ာ(၃)ခ်ပ္ကို ဆက္ခင္း ၿပီးကြၽန္ေတာ္တို႔၏ေအာင္ပြဲခံေပ်ာ္႐ႊင္ပြဲေလးေ႐ႊမိကိုအေဖာ္ျပဳ၍စတင္ဖြင့္လွစ္လိုက္ ၾကသည္။အသက္အႀကီးဆုံးကိုစိန္ေမာင္မွပထမဆုံးအရက္ခြက္ကို စတင္လိုက္ၿပီး အစဥ္အတိုင္း ခြက္လွည့္လိုက္ၾကသည္။ ဝိုင္းအလယ္တြင္ ခ်ထားေသာၾကက္သား ကာလသား ဟင္းကလည္း ေကာင္းမွေကာင္းပင္၊ ဟင္းရည္ေလး ေသာက္လိုက္၊ ၾကက္သားဖတ္ေလးဝါးလိုက္ႏွင့္စည္းစိမ္ေတြ႕ေနၾက၏။ၾကက္သားဖတ္မ်ားမွာႏူးအိ ေနၿပီး ပါးစပ္ထဲ ေရာက္သည္ႏွင့္ အ႐ိုးတျခား၊ အသားတျခားျဖစ္သြားၿပီး အရသာ ရွိလွေပသည္။
တစ္ေယာက္ ႏွစ္ခြက္စီေလာက္ ေသာက္အၿပီးမွာ ကိုစိန္လုံးက ကြၽန္ေတာ္တို႔ ရရွိလာေသာခ်ိဳးႏွစ္ေကာင္ႏွင့္တိုက္သိမ္းႀကီးကိုအေရထုတ္ရင္ခြဲကာဆား၊အခ်ိဳမႈန႔္၊
မဆလာမ်ားႏွင့္ေရာနယ္ၿပီးတံစို႔ထိုးကာမီးပုံႀကီးအနီးတြင္ မီးကင္ထားလိုက္သည္။ ၿပီးလွ်င္ ဝိုင္းအတြင္း သို႔ျပန္လာၿပီးတစ္ခြက္၊ ႏွစ္ခြက္ေသာက္အျမည္းစားကာကိုစိန္

ေအာင္ကိုလက္တို႔၍
ေခၚသြားၿပီးညီအစ္ကိုႏွစ္ေယာက္ေၾကာင္ဝံပိုက္ႀကီးကိုအေရ ဆုတ္ကာ ဖ်က္ေနၾကေလသည္။ ၿပီးလွ်င္ ေပါင္ႏွစ္ေခ်ာင္းကို ဖယ္ထုတ္လိုက္ၿပီး ေကာင္းႏိုးရာရာမ်ားကို ေ႐ြးခ်ယ္ကာ ဟင္းခ်က္ေကာင္းေသာ ကိုစိန္ေအာင္က တဲ အတြင္းရွိ မီးဖိုေပၚတြင္ ေရက်ိဳခ်က္ ခ်က္ေလသည္။ ကိုစိန္ေမာင္ႀကီးကမူ ႏွစ္ခ်ိဳ႕ ေႁမြေပြးႀကီး ရရွိလိုက္သျဖင့္ အလြန္ေပ်ာ္႐ႊင္ေနၿပီး ႏႈတ္သြက္အာ သြက္ျဖစ္လို႔ေန သည္။
ရယ္႐ႊင္စရာမ်ားေျပာလိုက္၊ေႁမြေပြးမီးဖုတ္ထားေသာအိုးကိုမီးထပ္ျဖည့္လိုက္၊ ေကာက္႐ိုးပုံေအာက္တြင္ အခန္းငယ္ေလးလုပ္၍ ဝွက္ထားေသာ “ေ႐ႊမိ”မ်ားကို တစ္လုံးၿပီးတစ္လုံးထုတ္လာလိုက္ႏွင့္ေပ်ာ္႐ႊင္စြာအခ်ိန္မ်ားကိုကုန္လြန္ေစခဲ့သည္။ ကြၽန္ေတာ္ႏွင့္ကိုသက္ဦးမွာအရက္ကိုထိန္းေသာက္ၿပီးအျမည္းမ်ားကိုသာမ်ားမ်ား
စားေသာက္ျဖစ္ၾကသည္။ ထိုအခ်ိန္တြင္ တဲအတြင္းမီးဖိုဆီမွ ေမႊးပ်ံ႕ေသာ ေတာ ေၾကာင္သားဟင္းနံ႔ကပ်ံ႕လြင့္လို႔လာသည္။ကိုစိန္ေမာင္ႀကီးက…
“ေမႊးလိုက္တဲ့ဟင္းနံ႔ပဲကြာ။ ငါ့ညီက ဟင္းခ်က္တကယ္ေတာ္တဲ့ေကာင္ပဲ။ တို႔ အားလုံးကိုအဲဒီေကာင္ ခ်က္ေကြၽးေနတာ”
ဟုအာေလးလွ်ာေလးသံႀကီးႏွင့္ ဆို၏။ကိုသက္ဦးကသူသိလိုေသာအေၾကာင္း အရာမ်ားကို ေ႐ြးခ်ယ္ေမးျမန္းလိုက္သည္။
“ကိုစိန္လုံးရဲ႕ဘတ္ခြကိုကိုစိန္ေမာင္တို႔၊ကိုစိန္ေအာင္တို႔ေရာပစ္ႏိုင္ၾကသလား။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေတာ့မဆြဲႏိုင္ၾကဘူးဗ်”
“တို႔လည္းမပစ္ႏိုင္ပါဘူးကြာ၊ဒီေကာင္ကငယ္ငယ္ေလးကတည္းက ေလ့က်င့္
ေနတာ။ အက်င့္ျဖစ္ၿပီး ကြၽမ္းက်င္ေနၿပီ။ လက္လည္း တည့္တယ္။ တစ္ခ်က္ တစ္
ေကာင္ပဲ”
ဟုဆို၏။ကြၽန္ေတာ္က..
“ဟုတ္တယ္ဗ်ိဳ႕-ကြၽန္ေတာ္တို႔လည္း ကိုစိန္လုံးနဲ႔ ေတြ႕မွ အရင္တုန္းက ရွိခဲ့တဲ့
“မုဆိုးမာန ခဝါခ်”ရေတာ့မွာပဲ။ ကိုစိန္လုံးကေတာ့ တကယ့္ကို စံျပဳထိုက္သူ တစ္ ေယာက္ပါပဲ။ လုံးဝမထင္ရဘူး”

ထိုအခ်ိန္မွာပင္ ကိုစိန္ေအာင္ႏွင့္ကိုစိန္လုံးကအေငြ႕တေထာင္းေထာင္းထေန
ေသာေတာေၾကာင္သားဟင္းပန္းကန္ႀကီးႏွင့္အတူေရာက္ရွိလာၿပီးကုန္ခန္းစျပဳေနၿပီ
ျဖစ္ေသာ ၾကက္သားဟင္းပန္းကန္ထဲသို႔ ျဖည့္ထည့္လိုက္သည္။ ၿပီးမွ ႏွစ္ေယာက္ သားဝင္ထိုင္လိုက္ၾကကာတစ္ေယာက္တစ္ခြက္စီ ေမာ့ေသာက္လိုက္ၾကၿပီးကိုစိန္
လုံးက-
“သိပ္လည္း ေျမႇာက္မေနၾကပါနဲ႔ဦးဗ်ာ၊ ဒါက ကြၽမ္းက်င္ရာလိမၼာပါ ခင္ဗ်ားတို႔ ေသနတ္ႀကီးေတြနဲ႔ကြၽန္ေတာ္ပစ္ရင္လည္းက်ည္တစ္ဘူးကုန္ရင္ေတာင္ ငွက္တစ္ ေကာင္ရခ်င္မွရမွာပါ။ ခင္ဗ်ားတို႔လည္းလူေတာ္ေတြပါ။ ေစာေစာခင္ဗ်ားတို႔လုပ္တာ ကိုင္တာၾကည့္ၿပီးကြၽန္ေတာ္သိပ္သေဘာက်တာပဲ။ပိပိရိရိေသေသသပ္သပ္နဲ႔တစ္
ခ်က္တစ္ေကာင္က်ေအာင္ပစ္ႏိုင္တယ္။ မာန္မာနလည္းမရွိဘဲတစ္ေယာက္နဲ႔တစ္ ေယာက္ နားလည္မႈရွိတယ္။ ဘက္ညီတဲ့ အတြဲတစ္တြဲပါပဲဗ်ာ” ဟု သူ႔ကိုယ္သူႏွိမ့္ခ်စြာဆိုရင္းကြၽန္ေတာ္တို႔ကိုျပန္ေျမႇာက္ေန၏။
ကိုသက္ဦးကတည္ၾကည္ေလးနက္စြာျဖင့္-
“ခင္ဗ်ားက“ႀကိဳးကို ဘုတ္ေျမႇာက္၊ ဘုတ္ကို က်ီးေျမႇာက္” ဆိုတဲ့ကိန္း ေရာက္ ေအာင္ေျပာျပန္ၿပီ။ကြၽန္ေတာ္တို႔ကခင္ဗ်ားကိုေျမႇာက္ပင့္ေျပာေနတာမဟုတ္ပါဘူး ဗ်ာ။ ကြၽန္ေတာ္တို႔ “ခြ”ပစ္ တာ လက္တည့္တဲ့သူေတြ အမ်ားႀကီး ေတြ႕ဖူးပါတယ္။ ဒါေပမဲ့-ခင္ဗ်ားနဲ႔ယွဥ္လိုက္ရင္အဲဒီလူေတြက“ဟာသ” ျဖစ္သြားၿပီ။ဥပမာေျပာရရင္
ဗ်ာ-သတ္လုံးသတ္ေပါက္ေကာင္းတဲ့လက္ေဝွ႔သမားေကာင္းေတြေပါေပမဲ့သက္လုံ ေကာင္းၿပီးလက္သီးျပင္းတဲ့လက္ေဝွ႔သမားရွားသလိုေပါ့။ခင္ဗ်ားကေတာ့ သတ္လုံး
သတ္ေပါက္ေကာင္းၿပီး သက္လုံေကာင္းေကာင္းနဲ႔လက္သီးျပင္းတဲ့လက္ေဝွ႔သမား တစ္ေယာက္လိုျဖစ္မိတယ္။ တကယ္ေတာ္တဲ့လူပါပဲဗ်ာ”
“ဟုတ္တယ္ဗ်။အျပင္ေလာကမွာ“က်ည္တစ္ေတာင့္တည္းနဲ႔ ငွက္ႏွစ္ေကာင္ ပစ္တယ္”ဆိုတဲ့စကားလုံးကို အႀကီးစား တင္စားမႈႀကီးတစ္ခုအေနနဲ႔ တင္စား ေျပာ ဆိုေရးသားေနၾကတယ္။ ခင္ဗ်ားက က်ည္တစ္ေတာင့္ထဲနဲ႔ ငွက္ေတြ အမ်ားႀကီး ရေအာင္ပစ္ၿပီးပစ္လိုက္တဲ့က်ည္ကလည္းကိုယ့္လက္ထဲအေကာင္းပကတိအတိုင္း

ျပန္ရေအာင္ လုပ္ႏိုင္တယ္ဆိုေတာ့ တကယ့္ကို “စံျပဳထိုက္တဲ့ပုဂၢိဳလ္တစ္ေယာက္
ပါပဲ”
ဟုကြၽန္ေတာ္ကကိုသက္ဦးစကားကိုထပ္ဆင့္ေထာက္ခံလိုက္ရာကိုစိန္လုံးမွာ
ရွက္ကိုးရွက္ကန္းအမူအရာျဖင့္…
“ငါ့လူေတြကေတာ့ စြတ္ေျမႇာက္ေနေတာ့တာပဲေဟ့။ သိပ္ေျမႇာက္မေနၾကပါနဲ႔။ ဟိုမွာ ခင္ဗ်ားတို႔ျပန္ရင္ ယူသြား ဖို႔ ေတာေၾကာင္ေပါင္တစ္ေခ်ာင္းစီထုပ္ပိုးေပးထား ပါတယ္ဗ်”
“ဟာ-ကြၽန္ေတာ္တို႔ မယူပါဘူး။ ခုလို တည္ခင္းဧည့္ခံခ်က္ျပဳတ္ေကြၽးတာ ကိုပဲေက်းဇူးတင္လွပါၿပီ”
ၿပီး –
ဟု ကြၽန္ေတာ္က ကပ်ာကယာျဖင့္ ျငင္းဆိုလိုက္ရာ ကိုစိန္လုံးက လက္ကာ
“ဘယ္ရလိမ့္မလဲဗ်ာ။ ကြၽန္ေတာ့္ အရည္အခ်င္းကို ခင္ဗ်ားတို႔ တကယ္ အသိ အမွတ္ျပဳတယ္ဆိုရင္ကြၽန္ေတာ္ပစ္လို႔ရတဲ့သားေကာင္ကိုလည္းခင္ဗ်ားတို႔လက္ခံ
ရမွာေပါ့-မဟုတ္ဘူးလား”
ဟုအၾကပ္ကိုင္ေျပာဆိုလာရာကိုသက္ဦးက…
“လက္ခံလို႔ပဲ အခု ခင္ဗ်ားပစ္တဲ့ ေတာေၾကာင္သားနဲ႔ ျမည္းေနတာေပါ့ဗ်ာ၊ ေဟာဒီမွာၾကည့္”
“ရႉး- ရွလူး – ျပတ္ျပတ္”
ဟု ေျပာေျပာဆိုဆို ေတာေၾကာင္ သားဟင္းရည္မ်ားကို ၿမိန္ေရရွက္ေရ စား ေသာက္ျပေနပါသည္။က်န္လူမ်ားကလည္းတဟားဟားရယ္ေမာၿပီးတစ္ေယာက္
တစ္ခြက္ထပ္ေမာ့လိုက္ၾကျပန္ေလသည္။
ထို႔ေနာက္မွာေတာ့ ဝိုင္းက ပို၍စိုေျပသြားၿပီး ေသာက္လိုက္ၾက၊ စားလိုက္ၾက၊ အျမည္းထပ္ျဖည့္လိုက္ၾက၊ ပုလင္းအသစ္တစ္လုံး ဖြင့္လိုက္ၾက၊ ေရာက္တတ္ရာရာ ေျပာဆိုရယ္ေမာလိုက္ၾကျဖင့္ သူတို႔ညီအစ္ကိုတစ္ေတြလည္းအေတာ္ေလးမူးကုန္ ၾက၏။ ကြၽန္ေတာ္ႏွင့္ ကိုသက္ဦးမွာလည္း ထိန္းေသာက္၊ မွ်ဥ္းေသာက္ေနသည့္ ၾကားမွ အေတာ္ေလးမူးယစ္ေနၾကၿပီျဖစ္၏။

ညဥ့္(၂)နာရီေက်ာ္လာေသာအခါ အေအးဓာတ္က ပိုမိုသိပ္သည္းလာသည္။
မီးပုံႀကီးကိုထင္းမ်ားထပ္ျဖည့္လိုက္ၾကၿပီးေနာက္မီးဖိုမီးအနီးတြင္ေခတၱ မီးလႈံလိုက္
ၾကၿပီး သူတို႔ညီအစ္ကိုေတြကို ျပန္ရန္ႏႈတ္ဆက္လိုက္၏။ ကိုစိန္လုံးက သတင္းစာ စကၠဴအေဟာင္းႀကီးမ်ားျဖင့္ထုပ္ပိုးထားေသာေပါင္ႏွစ္ေခ်ာင္းကိုအတင္းထည့္ေပး ေနသျဖင့္ ယူခဲ့ရသည္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ဇီးေတာေျမာင္းေပါင္လမ္းေပၚ
ေရာက္သည္အထိညီအစ္ကို(၃)ေယာက္စလုံးစက္ဘီးတြန္း၍လိုက္ပို႔သည္။ေျမာင္း ေပါင္ေပၚေရာက္သည့္အခါ သူတို႔ကို ႏႈတ္ဆက္ၿပီး ေျမာင္းေပါင္လမ္းေပၚတြင္ ဒယီး ဒယိုင္စက္ဘီးစီး၍ျပန္ခဲ့ၾကသည္။ သူတို႔ညီအစ္ကိုေတြလည္းဓာတ္မီးထိုး၍တဲရွိရာ သို႔ ဒယီးဒယိုင္ျဖင့္ ျပန္သြားၾကသည္။ အိမ္ေရွ႕သို႔ ေရာက္ေသာအခါ ကြၽန္ေတာ္က ဆင္းေနရစ္ခဲ့ၿပီးကိုသက္ဦးက ဒယီးဒယိုင္ စက္ဘီးစီး၍ ျပန္သြားသည္။
ကြၽန္ေတာ္က အိပ္ခန္းထဲသို႔ ေစ့ထားေသာ ျပတင္းတံခါးမွ ေက်ာ္ဝင္လိုက္ၿပီး ေသနတ္ခ်ိတ္၊ ဖိနပ္ခြၽတ္ၿပီးအိပ္ရာေပၚလွဲခ်ကာအိပ္ေပ်ာ္သြားပါေတာ့သည္။ ထိုေဆာင္းတစ္ညကကြၽန္ေတာ္တို႔တစ္ေတြလူငယ္ဘာသာဘာဝလႈပ္ရွားသြား
လာရင္း ေတြ႕ႀကဳံခဲ့ရေသာအျဖစ္အပ်က္မ်ားသည္ယခုအခ်ိန္တြင္ျဖစ္ရပ္မွန္ရင္သိမ့္
ဖိုဝတၳဳတစ္ပုဒ္ျဖစ္လာရေလၿပီတကား။
ေယာနိေသာမနႆိကာယတရားျဖင့္.. > ပဟိုရ္စည္ (စဥ့္ကိုင္)