မောင်ရေခဲ နှင့် ဇီဝိန်ချွေမည့် တိုက်မြွေ(စ/ဆုံး)

Unicode Version

မောင်ရေခဲ နှင့် ဇီဝိန်ချွေမည့် တိုက်မြွေ(စ/ဆုံး)
——————————————————-
နေလုံးနီနီကြီးက ရေကန်ထဲထိုးဆင်းတိမ်မြုပ်သွားသကဲ့သို့ရှိနေသည်။ ညနေဆည်းဆာချိန်သည်ကား အရုပ်ဆိုးအကျည်းတန်နေသည့် အမျိုးသမီးတစ်ယောက်ကိုပင် လှပစေနိူင်သည်။ ဝင်လုဆဲဆဲနေဝန်းနီနီကြီး၏နီစွေးစွေးအရောင်ကြောင့် ရေပြင်သည်ပင်နီမြန်းသွားသယောင်။ သို့သော် ကန်ကြီး၏နံဘေးတွင်ကား ရေလာခပ်သူ၊ရေချိုးဆင်းသူများဖြင့် စီကားနေဆဲပင်။
” ဟာ….ဟိုမှာဆရာမလေးပါလားကွ….တက်ထွန်း…မင်းဆရာမလေးကို မေတ္တာသက်ဝင်နေတယ်ဆိုကွ….ဒီအချိန်အခွင့်အရေးဘဲဟ လက်လွတ်မခံသင့်ဘူး…..”
” ဟာ….မလုပ်ပါနဲ့ဗျာ ကျွန်တော်ကဆရာမလေးကိုမေတ္တာရှိပေမဲ့ ဆရာမလေးကပညာတတ်ကွ….ငါ့လိုကကြီးခခွေးတောင် ဖြောင့်အောင်မဆိုတတ်တဲ့ကောင်ရဲ့မေတ္တာကို ဘယ်လက်ခံနိူင်မလဲဗျာ….”
” မင်းကလဲဒုံးဝေးနေပြန်ပြီကွာ….ဟိုကပညာတတ်မလို့မင်းကိုပြောနေရတာပေါ့….ပညာတတ်တော့ လူ့အဆင့်အတန်းကိုခွဲခြားပြီး ဆက်ဆံနေမှာမဟုတ်ဘူး….ငါပြောတာမဟုတ်ဘူးလားအောင်ဟိန်း….”
” သိပ်ဟုတ်တာပေါ့ဗျာ….ဟေ့ကောင် တက်ထွန်း မင်းလက်နှေးရင် ဟိုမြောက်ရွာက ဇော်ထက် လက်ဦးသွားလိမ့်မယ်နော်….ဒီကောင်လည်း ဆရာမလေးကိုမေတ္တာရှိနေတယ်လို့ငါသတင်းကြားတယ်ကွ…..”
သူငယ်ချင်း နှစ်ယောက်၏စကားကြောင့် တက်ထွန်းတစ်ယောက်တွေဝေနေ၏။ ဆရာမလေးကိုဧကန်ပင်မေတ္တာရှိသော်လည်း သူ့ဘဝနှင့်ဆရာမလေး၏ဘဝက မိုးနှင့်မြေကဲ့သို့ပင်။ နောက်ဆုံး၌ ခေါင်းကိုတွင်တွင်ရမ်းလိုက်ကာ
” တော်ပါပြီကွာ…..ဆရာမလေးရဲ့ သာယာနေတဲ့ဘဝလေးကို မုန်တိုင်းမထန်စေချင်တော့ဘူး….ငါအဝေးကနေဘဲဆရာမလေးရဲ့အပြုံးကို ငေးကြည့်နေတော့မယ်ကွာ….”
” တက်ထွန်းရာ မင်းကသတ္တိရှိမယ်လိုလိုနဲ့
အရာရာတွန့်ဆုတ်နေတတ်တဲ့ကောင်ဘဲကွ….ငါတို့ကတော့အကြံပေးသင့်တာပေးပြီးပြီ ကျန်တာမင့်သဘောဘဲ….”
” မင်းတို့နှစ်ယောက်ကိုလည်း ငါကျေးဇူးတင်ပါတယ်ကွာ….သူ့ဘဝလေးနဲ့သူရှိပါစေတော့…..”
သူငယ်ချင်းနှစ်ယောက်လည်း ပြောမရသည့်အဆုံး ရေစည်တိုက်ကာ လှည်းကိုရွာဘက်သို့လှည့်လိုက်ကြတော့၏။ ကန်၏ရေချိုးဆိပ်တွင်ကား ရွာသူလှပျိုဖြူများနှင့်အတူ ဆရာမလေးတစ်ယောက် ရေချိုးနေလေ၏။
သူမ၏နာမည်ကား နှင်းယုဖြူ။ ပညာရေးကောလိပ်သင်တန်းဆင်းပြီး ဤရွာသို့ပထမဆုံးအကြိမ်တာဝန်ကျလာခြင်းပင်။ မိဘနှင့် ခွဲခွာရသော်လည်း ဖော်ရွေသည့် ရွာသူရွာသားများကြောင့် သူမပျော်မိ၏။ ယခုဆိုဤရွာကလေးသို့ သူမတာဝန်ကျခဲ့သည်မှာသုံးနှစ်သုံးမိုးပင် ရှိနေပြီမို့ ရွာသူရွာသားများနှင့်ပင် ခင်မင်ရင်းနှီးနေလေပြီ။
ဤနေ့ကား တနင်္လာနေ့။ ကျောင်းဖွင့်ရက်ဖြစ်သဖြင့် အစောထကာ ချက်ပြုတ်ပြင်ဆင်ရသည်။ ကျောင်းသို့စောစီးစွာရောက်မှသာ ကလေးများကိုတာဝန်ခွဲပေးနိူင်မည်။ ရွာကျောင်းကလေးဖြစ်သော်လည်း မူလွန်ကျောင်းဖြစ်သဖြင့် ကျောင်းသူကျောင်းသားများသည်။ ဆရာဆရာမမူ သူမအပါ၄ယောက်သာရှိသည်။
ပြင်ဆင်ပြီးသည်နှင့် ချိုင့်ကလေးဆွဲကာ ကျောင်းရှိရာသို့ ဦးတည်လိုက်သည်။ သူမနေထိုင်သည့်နေရာနှင့် စာသင်ကျောင်းက နာရီဝက်ကြာအောင်လျှောက်ရသေးသည်။
” မင်္ဂလာပါဆရာမ….”
ကျောင်းရောက်ဖို့သာစိတ်စောနေသဖြင့် အနောက်မှလူပါသည်ကိုပင် သတိမထားမိ။ အသံကြား၍ လှည့်ကြည့်လိုက်မှ ရွာထဲကကာလသားတစ်ယောက်မှန်းသိလိုက်သဖြင့်
” မင်္ဂလာပါရှင့် အစ်ကို….”
” ဆရာမ ကျောင်းသွားတော့မှာလားဗျ….အစောကြီးရှိသေးတယ်….”
” ဟုတ်တယ်အစ်ကိုရဲ့….ဒီနေ့တနင်္လာနေ့ဆိုတော့ ကျောင်းတွင်းသန့်ရှင်းရေး လုပ်ရမှာဘာညာဆိုတော့ ကျောင်းကိုအစောရောက်မှဖြစ်မှာလေ….ဒါနဲ့အစ်ကိုရော ဘယ်သွားမလို့လဲ…..”
” ကျွန်တော် ရွာတောင်ပိုင်းက ဘကြီးအိမ်ကိုသွားမလို့ဗျ….”
” ဪ….ဒါဆို ဖြူနှင့်လမ်းသင့်နေတာဘဲ အတူသွားကြတာပေါ့….”
” ဟုတ်ဆရာမလေး….”
ဆရာမလေးနှင့် တက်ထွန်းတို့နှစ်ယောက် ဘေးချင်းယှဉ်သွားနေကြသည်ကို ရွာထဲရှိငမူးသာအောင်ကလှမ်းတေ့ွလိုက်၏။
” အံမယ်….ဒီကောင်တက်ထွန်းက အနူလက်နဲ့ရွှေခွက်နိုက်ချင်နေတာကိုးကွ….တောက်! မတန်မရာကွာ….ထွီး….. ”
ငမူးသာအောင်က မကျေမချမ်းရေရွတ်ပြီး ရွာဘက်သို့ပြန်လှည့်သွား၏။
ကို ညိုမြ၏ထန်းတောတွင်ကား သောက်စားသူများဖြင့်ပြည့်နှက်နေ၏။ သူ့ဆိုင်တွင် ထန်းရည်သာမက ချက်အရက်ဖြူနှင့် ခေါင်ရည်ပါရ၏။ အမြည်းကား ကိုညိုမြ၏ဇနီးက ဒိုင်ခံလုပ်ပေးသဖြင့် ဖွယ်ဖွယ်ရာရာရှိ၏။
” ကိုကြီးညိုမြ ဒီဝိုင်းကိုထန်းရည်တစ်မြူနှင့် ချက်အရက်ပြင်းပြင်းနှစ်လုံးချဗျာ….အမြည်းကဆိတ်သားခြောက်ကြော်ချပေး….”
” အေးအေးရမယ်ဗျ….ခဏစောင့်….”
” ဟျောင့်ညိုမြ….ဒီဘက်ဝိုင်းကိုလည်း ချက်အရက်သုံးလုံးချဗျ….”
ကိုညိုမြကား အရက်ချလိုက်၊အမြည်းချလိုက်ဖြင့် ထိုင်ရသည်ဟုပင်မရှိ။
” သာအောင်…. မင်းပြောတာအမှန်ဘဲလားကွ….ဆရာမလေးနှင့် ဟိုကောင်တက်ထွန်းက ဘေးချင်းယှဉ်ပြီး လမ်းအတူလျှောက်တဲ့အဆင့်တောင်ရောက်နေပြီလား….”
” ရောက်ပါသော်ကောအာစရိရယ်….ဟိုကောင်ကဆရာမလေးရဲ့ ခြင်းတောင်းလေးကိုတောင်ကူဆွဲပေးသဗျ…ဒါကိုလည်းဆရာမလေးကအတော်သဘောကျပုံရတယ်…. မျက်နှာကပြုံးဖီးလို့ဗျ…..”
” ဖွီး….တက်ထွန်း….တက်ထွန်း….မင်းကအသက်မရှည်ချင်တော့လို့ ငါကြိုက်တဲ့ဆရာမလေးကို လုယူရဲတာထင်တယ်…..”
” ဒုန်း….”
” ကလွမ်….”
ဇော်ထက်က ကြားလိုက်ရသောစကားကြောင့် ဒေါပွကာ အရက်စားပွဲဝိုင်းကို ဒုန်းခနဲထုချလိုက်ရာ အမြည်းပန်းကန်ရော အရက်ပုလင်းပါ မြေပေါ်သို့ ပြန့်ကျဲသွားကုန်၏။ ထိုအချိန်ကိုညိုမြကြီးက စားပွဲအနားရောက်လာပြီး
” အသာလုပ်ပါဆရာတို့ရယ်….ကျုပ်ရဲ့ပစ္စည်းတွေကိုတော့ မဖျက်ဆီးပစ်ပါနဲ့….”
” ဘာလဲကိုမြကြီး…. မင်းပစ္စည်းရဲ့တန်ဖိုးကဘယ်လောက်ရှိလို့်လဲ….ကဲရော့ကွာအာရုံနောက်တယ်….သွားတော့ မဟုတ်ရင်နောက်ထပ်ထိုးမဲ့ဟာက မင်းဖြစ်သွားမယ်….”
ဇော်ထက်က ငွေအချို့ကို စားပွဲပေါ်ပစ်ပေးလိုက်ရာ ညိုမြလည်းထိုငွေကိုယူပြီး တဲထဲသို့ဝင်သွား၏။ ထောင့်နားရှိစားပွဲဝိုင်းမှ လူတစ်ယောက်ကား ချက်အရက်ဖြူပြင်းပြင်းကို ရေမရောဘဲ ပုလင်းလိုက်မော့သောက်နေတော့၏။
နွေရာသီကျောင်းပိတ်ရက်တစ်ခု၌ တက်ထွန်းသည် နွားကျောင်းရင်း ပုလွေလေးကိုမှုတ်ကာ ဆရာမလေးကိုလွမ်းဆွတ်နေမိ၏။
” ဟေ့ကောင်တက်ထွန်း….မင်းကို နွားကျောင်းခိုင်းတာကို မင်းကဒီမှာလာထိုင်ပြီး သာယာနေတယ်ပေါ့ဟုတ်လား….ဟိုမှာကြည့်စမ်း မင့်နွားတွေငါ့ခြံထဲရောက်ကုန်ပြီကွ….”
” ဟာဗျာ…ဦးကြးီကလည်းနွေခေါင်ခေါင်မှာ အခင်းထဲဘာပင်ရှိတာမှတ်လို့ဗျာ….. ဘာမှပျက်စီးစရာမှမရှိဘဲ ….”
” ရှိရှိ မရှိရှိကွာ….မင့်နွားတွေငါ့ခြံထဲကနေမောင်းထုတ်….”
” နွားကိုလူစကားပြောနေလဲ ဘယ်နားလည်မလဲဦးကြီးရာ….နွားကိုဟောဒီလိုပြောရတယ်ဗျ….ဟေ့ကောင်တွေ ဒီနွားကိုဝိုင်းသမကြစမ်းကွာ…..”
” ဖြစ်စေရမယ်အာစရိ….”
” ဟာ….ဟေ့ကောင်တွေ မင်းတို့လက်လွန်မယ်နော်….”
ဦးကြီးတစ်ယောက် ဝင်တားလိုက်သော်လည်းအချိန်မမှီလိုက်။
” ခွပ်….ခွပ်….”
” ဒုတ်….ခွပ်…”
” အား……”
ဘယ်တုန်းကရောက်လာမှန်းမသိသော ဇော်ထက် နှင့် အပေါင်းအပါများက သူ့အား ဝိုင်းသမကြလေရာ တက်ထွန်းတစ်ယောက် ပြန်၍ပင်မထနိူင်တော့ချေ။
” မှတ်ပြီလားဟေ့ကောင်…. ငါချစ်တဲ့ဆရာမလေးကို မင်းလိုက်နှောင့်ယှက်နေတာ….
ဆရာမလေးကိုတော့မရဘူး….ငါ့လက်သီးစာဘဲရမယ်ကြားလား….နောက်မင်းဆရာမလေးကိုလိုက်နှောင့်ယှက်နေတယ်လို့ထပ်ကြားရင် မင်းကိုသတ်မှာ….ထီ်ွး….ဟေ့ကောင် တွေသွားမယ်….”
တက်ထွန်းတစ်ယောက် ထိုလူတစ်စု၏ပြောစကားများကိုမကြားတချက် ကြားတချက် ဖြစ်ကာ အမြင်အာရုံများ ဝေဝါးလာပြီး နောက်ဆုံး၌ အမှောင်ထုထဲသို့လုံးဝရောက်သွားတော့သည်။
” ဟာ…ဟေ့ကောင်…. ထစမ်း….ထ ထ…ဟာ… အသက်မရှူတော့ဘူး….သေ….သေသွားပြီလားမသိဘူး…..”
ဦးထွန်းကြီးတစ်ယောက် မြေပေါ်၌သွေးအလိမ်းလိမ်းဖြင့်လဲှကျနေသော တက်ထွန်း၏နှာဝသို့ လက်စမ်းကြည့်ရာ ထွက်သက်ဝင်သက်မရှိတော့သည်ကို သိလိုက်ရ၏။
” မဖြစ်ဘူး….ဒီကောင်သေသွားရင် ငါ့ကိုအမှုပတ်မှာ…..”
ဦးထွန်းကြီးက အမှုပတ်မည်စိုးသဖြင့် ထိုနေရာနှင့်ဝေးသည့်အရပ်သို့ထွက်ပြေးသွား၏။
” ကျလိ….ကျိလိ….ကျစ်….ကျစ်….”
” ကျလိ….ကျလိ….”
နားထဲတိုးဝင်လာသည့် ငှက်ကလေး၏အသံများကြောင့် တက်ထွန်းပြန်သတိရလာ၏။
” အာ့…ကျွတ်…. ကျွတ်….”
လှဲနေရာမှဖြည်းငြင်းစွာထရင်း ဖူးယောင်နေသောညာဘက်ပါးကိုလက်ဖြင့်အသာစမ်းကာ စုတ်သပ်၏။
” ဒီကောင်တွေ ငါနှင့်ဆရာမလေးကိုအထင်လွဲနေပုံရတယ်….ငါ့ရဲ့အဖြစ်ကလည်း မခိုးရဘဲ သူခိုးလို့ယိုးစွပ်ခံနေရတဲ့အပြစ်သားနဲ့တောင်တူနေပြီ….”
မြေပေါ်ပြန့်ကျဲနေသော လွယ်အိတ်နှင့် ဝါးပလွေကိုကောက်ယူပြီး ခန္ဓာကိုယ်ပေါ်မှ ပေကျံနေသော ဖုန်မှုန့်များကို ခါထုတ်လိုက်၏။
” အတော်နောက်ကျနေပြီဘဲ….. ငှက်ကလေးတွေတောင် အိပ်တန်းတက်နေကြပြီ….အဖေတော့ငါ့ကိုစိတ်ပူနေတော့မှာ….”
ထိုသို့တွေးပြီး နွားများကိုသိမ်းကာ ရွာထဲသို့ဝင်လာခဲ့၏။ ရွာစည်းရိုးသစ်ပင်ကြီး၏ အနောက်တွင်ကား လူတစ်ယောက်က တက်ထွန်းပြန်ရောက်လာသည်ကို တွေ့လိုက်သဖြင့်
” ဒီကောင် တော်တော်အသက်ပြင်းတာဘဲ….”
ဟုမှတ်ချက်ချ၏။
ရာသီအလီလီကူးပြောင်းသွားပြီး ရာသီစက်ဝန်းကြီးသည်လည်း အဖန်ဖန်လည်ပတ်လေရာ ကျောင်းပြန်ဖွင့်သည့် မိုးရာသီသို့ပင် ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။ သူသိပ်ချစ်ရသည့် ဆရာမလေးနှင့်လည်း ပြန်တွေ့နေရပြီ။ သို့သော် သူ၏မေတ္တာကို ဆရာမလေးငြင်းမည်စိုးသဖြင့် သူငယ်ချင်းဘဝနဲ့သာ ဆက်၍ချစ်သွားရန်ဆုံးဖြတ်လိုက်သည်။
မိုးရာသီကားတောင်သူလယ်သမားတို့၏စိုက်ပျိုးရေးရာသီဖြစ်သဖြင့် လူတိုင်းမအားမလပ်နိူင်ကြချေ။ နွေရာသီ၌ပပ်ကြားအက်ခဲ့သော လယ်ကွင်းကြီးသည်ကား ယခုမူ ရေဖွေးဖွေးတိ့ုဖြင့် ပြန်လည်အသက်ဝင်လာချေပြီ။
” ငါ့သား…. မင်းမနက်ဖြန်ကျရင် တို့လယ်ကွက်ကို အပြီးသွားထွန်ချေ….သူများအကွက်ဆိုစပါးတွေတောင်စိုက်နေရောပေါ့….”
” မလောပါနဲ့အဖေရာ…. သားလုပ်မှာပါ… ပြီးခဲ့တဲ့နှစ်တွေကလည်း သားတို့နောက်ကျမှစိုက်တာဘဲမလား….”
” ဒါတော့ဒါပေါ့ကွာ….တို့လယ်ထွန်ပြီးတော့ နွားညီနောင်ကို သူများလယ်အငှါးလိုက်ရင် အပိုငွေလေးရမလားလို့ပါ….”
” ဦးလေးပြောတာမှန်တယ်တက်ထွန်းရေ….ခုဘဲငါ့အိမ်ကအဲကိစ္စပြောဖို့ လွှတ်လိုက်တာဟေ့….”
” ဟာ….သူငယ်ချင်း လာလေ….မင်းမှာလဲ ငါ့အိမ်ဘက်မလှည့်တာကြာတော့ နေများမကောင်းဘူးလားလိ့ု….”
သားအဖနှစ်ယောက်စကားကောင်းနေကြစဉ်ဝိုင်းဝသို့ရောက်လာသူက ငယ်ပေါင်းဖြစ်သည့် ဖိုးလှ။
” နေကောင်းပါတယ်ဗျာ….ခုရာသီကစိုက်ပျိုးရေး ရာသီဆိုတော့ မင်းသိတဲ့အတိုင်းဘဲလေသူငယ်ချင်းရာ….ဒါကြောင့်မို့ မင်းဆီမလာအားတာပါ….”
” အေးပါကွာ….ဒါနဲ့ဟိုကောင်အောင်ဟိန်းတစ်ယောက် သူ့အမျိုးဆီသွားတာပြန်မလာသေးဘူးထင်….”
” အေးဟ…ဒီကောင်ကြီး ဟိုမှာပျော်နေလောက်ပြီ….ဒါနဲ့မင်းနှင့်ဆရာမလေးအခြေနေရော ဘယ်အဆင့်ရောက်ပြီလဲကွ…”
” ဒီတိုင်း သူငယ်ချင်းပါဘဲကွာ…ဆရာမလေးကိုငါဒီအတိုင်းငေးကြည့်ခွင့်ရတာနဲ့တင်ကျေနပ်ပါပြီ….”
” အေးပါကွာ….”
ဖိုးလှက ထိုသို့သာပြန်ပြောပြီးအဝေးတစ်နေရာသို့ ငေးမျေျာ်ကြည့်နေ၏။ သူငယ်ချင်းနှစ်ယောက်နာရီဝက်အကြာ ထွေရာသောပါးပြောဆိုရင်းဖိုးလှက မိခင်ခိုင်းထားတာရှိသေးသည်ဟုဆိုကာ တက်ထွန်းအားနူတ်ဆက်ပြီး ပြန်သွား၏။
နှင်းယုဖြူတစ်ယောက် အဆောင်းမပါသည့် ကလေးငယ်တစ်ယောက်၏ပုခုံးကိုဖက်ရင်း စာသင်ကျောင်းဘက်မှ ရွာအဝင်လမ်းအတိုင်းဝင်လာ၏။ ထိုစဉ်လူလေးယောက်သည် သူမ၏အရှေ့၌ပိတ်ရပ်ကာ
” ဆ…ဆရာမလေး ကျောင်းဆင်းပြီလားဗျ….”
ဟူသောအာလေးလျှာလေးအသံနှင့်အတူ ယမကာနံ့ပါရလိုက်သဖြင့် ငမူးမှန်းသိလိုက်၏။ သူမလည်း ငမူးတွေဆိုကြည့်မရတတ်သဖြင့်
” ရှင်မမြင်ဘူးလား….ကျွန်မအရှေ့ကနေဖယ်စမ်း….ဒီမှာကျွန်မကလေးမိုးမိနေပြီ….”
” ဟာဗျာ….ဆရာမလေးကလဲ ဒါလေးမေးတာကိုဒေါသထွက်ရတယ်လို့…..ဆရာမလေးက ကလေးမိုးမိတာကိုဘဲမြင်တယ်…ဟောဒီကျုပ်ရဲ့ရင်ဘတ်ထဲက ဆရာမလေးကိုချစ်တဲ့အချစ်တွေကျမမြင်ဘူးဗျာ….”
အမူးသမားကသူ၏ရင်ဘတ်ကြီးအား တဘုန်းဘုန်းပုတ်ပြပြီးပြောနေ၏။ ထိုမြင်ကွင်းကြောင့်ဆရာမလေးမှာ ပို၍ဒေါသထွက်သွားပြီး
” ကျွန်မမှာ ရှင်တို့နဲ့ပြောဖို့အချိန်မရှိဘူး…ကျွန်မရှေ့ကနေဖယ်ပါ….”
” နေပါအုံး ဆရာမလေးရယ်….ကိုယ်ပြောတာခဏလောက်နားထောင်ပေးပါအုံး…. ”
ငမူးက ဆရာမလေး၏လက်ကိုပိုင်စိုးပိုင်နင်းဆွဲယူလိုက်ရာ ဆရာမကိုင်ထားသောထီးမှာ အနောက်သို့ပြုတ်ကျသွား၏။
” ရှင်မမိုက်ရိုင်းနဲ့နော်….ဒီမှာ ကလေးကိုမိုးစိုသွားပြီ…..ရှင်ဖယ်မှာလားမဖယ်ဘူးလားပြော….”
” မဖယ်ဘူးကွာ…”
” အင့်….မဖယ်ချင်အုံး…..”
” ဖြန်း….”
ဆရာမလေး၏လက်ဖဝါးနုနုကငမူး၏ပါးပြင်ပေါ်သို့ကျလာ၏။ နောက်တစ်ချက်ထပ်ရိုက်ရန်အလုပ်ငမူးကဆရာမ၏လက်ကိုဖမ်းဆွဲထားလေရာ
” လွှတ်စမ်းကျမလက်ကို….လွှတ်….”
” လမ်းမကြးီအလယ်မှာ မိန်းကလေးတစ်ယောက်ကိုဆွဲလားရမ်းလားလုပ်တာ မြင်မကောင်းဘူးကိုယ့်လူတို့….”
ဟူသောအသံနှင့်အတူရောက်လာသူက တက်ထွန်း။
” ထပ်ပြီးမင်းဘဲလားဟေ့ကောင်….အရင်တစ်ခေါက်သေငယ်စောခံရတာတောင် မင်းမမှတ်သေးဘူးလား…. ဟေ့ကောင်တွေဒီကောင့်ကို ပညာပေးလိုက်စမ်း….”
ထိုနေ့တွင်လည်း လေးယောက်တစ်ယောက်မု့ိတက်ထွန်းခံရပြန်သည်။ ဆရာမလေးကတက်ထွန်းကိုတွဲခေါ်ပြီးအိမ်ပြန်ပို့ပေးသည်။ ဤသည်ကိုပင်ဇော်ထက်ကမကျေနပ်နိူင်။
” တောက်! ခွေးကောင်တက်ထွန်း….တနေ့မင်းငါ့အကြောင်းကောင်းကောင်းသိစေရမယ်….”
ထိုသို့မကျေမနပ်ရွတ်ဆိုပြီး အပေါင်းအပါများနှင့်အတူပြန်လှည့်ထွက်သွားသည်။
လမင်းကြီးသည်ဝင်းပလျက် လအိမ်ဖွဲ့ကာ လောကကြီးကိုအလင်းပေးနေသည်။ ညသည်ကားတိတ်ဆိတ်လျက် မကောင်းမှုကိုအားပေးနေသယောင်ပင်။ မှိတ်တုတ်မှိတ်တုတ်လင်းနေသော မီးရောင်အောက်တွင် အသက်၄၀အရွယ်လူလတ်ပိုင်းတစ်ယောက်နှင့် အသက်၁၉နှစ်အရွယ်လူငယ်တစ်ယောက်က ခေါင်းချင်းဆိုင်ပြီး ကိစ္စတစ်ခုကိုတီးတိုးတိုင်ပင်နေကြသည်။
” ဒီကောင့်ကိုလက်သည်မပေါ်အောင်သတ်ပြီးရင် ဆရာမလေးနှင့် ကျွန်တော်ကိုနီးစပ်အောင်လုပ်ပေးဗျာ…..ဆရာမလေးကိုတခြားလူနဲ့ရှိနေတာမမြင်ချင်တော့ဘူး….”
” စိတ်ချစမ်းပါ….သေတယ်ဆိုတာဘာလဲဆိုတာတောင်ဒီကောင်မသိအောင်လုပ်ပေးမယ်…..”
” အားကိုးပါတယ်ဗျာ…..ကျွန် တော် ဒီကိုလာတာဘယ်သူမှမသိစေနဲ့နော်….ဒါက အလုပ်အတွက်စရံ….အလုပ်ပြီးရင်ကျန်တာထပ်ပေးမယ်….”
” အေးပါ…စိတ်ချလက်ချသာနေ….သတင်းသာနားစွင့်ထား…”
နှစ်ဦးနှစ်ဖက်အလုပ်ကိစ္စအဆင်ပြေသွားသည်နှင့် လူငယ်ကဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းပြီး အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
မနက်စာစားသောက်ပြီးသည်နှင့်တက်ထွန်းတစ်ယောက် လယ်ထဲဆင်းရန်အတွက်ပြင်ဆင်နေ၏။ အားလုံးပြီးသည်နှင့် လယ်ထွန်နွားကိုဆွဲကာ လယ်ထဲဆင်းသွား၏။
လယ်ထဲရောက်သည်နှင့် သီချင်းသံတအေးအေးနှင့် တက်ထွန်းတစ်ယောက် လယ်ထွန်နေစဉ် ယာဘက်ခြေခုံ၌ပူခနဲခံစားလိုက်ရ၏။
” အာ့…..ဘာလဲဟ….ငါ့ခြေခုံကိုဘာခြစ်မိသွားပြီလဲမသိဘူး…..”
လယ်ထွန်နေသည်ကိုခဏရပ်ပြီး ခြေခုံကို ငုံ့ကြည့်လိုက်ရာ သွေးအနည်းငယ်စို့နေသည်ကိုတွေ့လိုက်ရ၏။
” ဟာ….ငါ့…ငါ့ကိုပိုးထိသွားတာထင်တယ်….”
တက်ထွန်းတစ်ယောက်မိမိခြေခုံမှ သွေးစို့နေသည့်အပေါက်သုံးပေါက်ကိုတွေ့လိုက်သည်နှင့်အတွေ့အကြုံအရ ပိုးထိမှန်းသိသွားသဖြင့် လယ်စောင့်တဲရှိရာသို့အမြန်ပြေးသွား၏။ ရောက်သည်နှင့် သောက်ရေဗူးကိုအဖုံးဖွင့်ကာ ပိုးထိခံရသည့်နေရာအားရေဖြင့်ဆေးချလိုက်၏။ အဆိပ်မပြန့်စေရန် ပုဆိုးအောက်စကိုဖြဲကာ ခြေသလုံးကိုကြပ်ကြပ်စည်းထားလိုက်၏။ လတ်တလောတွင်ပူထူနေသော်လည်း ကျေးလက်ကျန်းမာရေးမှူးပို့ချထားသည့် ရှေးဦးသူနာပြုစုနည်းကို သတိတရဖြင့် ထိုသို့လုပ်ထားခြင်းပင်။
” မဖြစ်ဘူး… ငါအိမ်ကိုအမြန်ပြန်ရောက်မှဖြစ်မယ်….”
ထိုသို့တွေးပြီး တဲမှထွက်ကာကန်သင်းရိုးအတိုင်းလျှောက်လာ၏။ ထိုစဉ် မိမိ၏ခေါင်းမှာ ရိပ်ခနဲရိပ်ခနဲဖြစ်လာပြီး အမြင်အာရုံများဝေဝါးလာ၏။ နောက်ဆုံး၌ ကန်သင်းရိုးပေါ်ပုံလျက်လဲကျသွား၏။ လယ်နီးနားရှိ လူနှစ်ယောက်လည်း တက်ထွန်းလဲကျသည်ကိုမြင်လျှင်အပြေးလာကြပြီး
” တက်ထွန်း….တက်ထွန်း….ဟေ့ကောင် မင်းဘာဖြစ်တာတုံးကွ….”
တက်ထွန်းမှာဘာမှပြန်မပြောနိူင်တော့ချေ။
” ဟာ…ဟေ့ကောင်…. သတိထားဦးကွ…မင်းဘာဖြစ်လာတာလဲ….”
ထိုစဉ်တစ်ယောက်ကတက်ထွန်း၏ခြေထောက်ကိုပုဆိုးစဖြင့်စည်းနှောင်ထားသည်ကိုမြင်လျှင်
” ဒီကောင်ပိုးထိပြီနဲ့တူတယ်ကွ….မဖြစ်ဘူး
အဆိပ်မပြန့်ခင်ရွာပြန်ရောက်မှဖြစ်မယ်….”
ထိုလူနှစ်ယောက်လည်း တက်ထွန်းကိုစိတ်ပူသွားပြီး ခေါင်းတစ်ဖက်ခြေတစ်ဖက်မယူကာ ရွာဘက်သို့အပြေးပြန်လာကြ၏။
” တက်ထွန်းကိုပိုးထိသွားလို့ဟေ့…လုပ်ပါဦး…. ကျေးလက်ဆေးပေးခန်းကိုသွားပို့ရအောင်….”
ထိုအသံကြောင့် လမ်းပေါ်သို့လူများပြေးထွက်လာကြပြီး
” ဘယ်တုန်းကထိသွားတာလဲ….”
” အဆိပ်အတော်ပြန့်နေပြီ…. သူ့ကိုကိုက်တဲ့မြွေကဘာမြွေအမျိုးအစားလဲ….”
” အဆိပ်စုပ်ထုတ်ရမယ်….အဆိပ်စုပ်ထုတ်ရမယ်….”
” ဟာ…တိတ်ကြစမ်းလူနာကသေတော့မယ်….မင်းတို့ကတစ်ယောက်တစ်ပေါက်ပြောလို့မပြီးသေးဘူး…..သူ့ကိုကူမပြီး ကျေးလက်ဆေးပေးခန်းကိုပို့ရအောင်….”
” အေးအေး…အဲဒါအကောင်းဆုံးဘဲ…မကြဟေ့…”
သုတ်သုတ်ပြာပြာဖြင့် လူတစ်စုလည်း တက်ထွန်းကိုဝိုင်းမကာ ကျေးလက်ဆေးခန်းသို့ပို့ကြ၏။ ဆေးခန်းရောက်သည်နှင့်ဆေးမှူးလည်းမြွေဆိပ်ဖြေဆေးတစ်လုံးထိုးထားပေးသော်လည်း မြွေဆိပ်မှာကျမလာဘဲ လူနာမှာတစ်ကိုယ်လုံးပြာနှမ်းလာ၏။
” လူနာကိုမြို့ဆေးရုံအမြန်ပို့မယ်….နိူ့မဟုတ်ရင် လူနာအသက်ဆုံးရှုံးသွားလိမ့်မယ်ဗျ….”
” ဟာ…..”
” ဒါဆိုဆေးမှူးပါလိုက်ခဲ့ပေးပါ….လမ်းမှာတစ်ခုခုဖြစ်ရင် ကျုပ်တို့ဘာမှမလုပ်တတ်ဘူးဗျ….”
” အေးအေးကျုပ်လည်းလိုက်ခဲ့မယ်….ကျန်တဲ့လူက လူနာကိုကိုက်တဲ့မြွေကိုတွေ့အောင်ရှာခဲ့ကြ….”
ရွာသားများလည်း ပုဆိုးတစ်ကွင်းကိုပုခက်
လုပ်ကာ တက်ထွန်းအားမြို့ဆေးရုံပို့ရန်လုပ်ကြ၏။ ဆေးမှူးလည်းလိုအပ်သည့်ဆေးဝါးအစုံကိုထည့်ယူကာလိုက်လာခဲ့၏။ တက်ထွန်းကား သတိရတချက်မရတချက်ဖြစ်ကာ ယောင်ယမ်းနေရှာသည်။
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း ကြက်ဥကိုရေစီးသန်သည့်ချောင်းထဲသို့မျောပြီးသည်နှင့် ကမ်းပေါ်သို့ပြန်တက်လာခဲ့သည်။ ချောင်းသည်ကားအတော်ကျယ်ပြန့်ပြီး ရွာနှစ်ရွာကိုခြားထားသကဲ့သို့ပင်ထင်ရသည်။ ရေစီးသန်သဖြင့် တစ်ရွာနှင့်တစ်ရွာကူးရန် သမ္ဗာန်ငယ်များရှိ၏။
” ဒီနေရာမှာခဏနားကြမလားဆရာ….နေအရမ်းပူသေးတော့ခရီးဆက်လို့မကောင်းဘူး….”
” အေးအေးထင်ပေါ် ခဏနားကြတာပေါ့…”
ချောင်းစပ်ရှိသစ်ပင်အောက်တွင် ဆရာတပည့်နှစ်ယောက်အေးအေးလူလူအနားယူနေစဉ် လူတစ်စုသည် ချောင်းစပ်သို့ရောက်လာကြ၏။
” ဟေ့ဟေ့….ကျပ်တို့အရေးကြုံလို့ ဟိုဖက်ကမ်းကိုလိုက်ပို့ပေးစမ်းပါ…..ပိုပေးပါ့မယ်….”
ထိုလူစုထဲမှတစ်ယောက်က မောင်ရေခဲတို့ထံလာပြီး သမ္ဗာန်လာငှါး၏။ ထိုအခါထင်ပေါ်က
” ကျုပ်တို့ကသမ္ဗာန်သမားမဟုတ်ဘူးဗျ….ခရီးသွားတွေပါ ဒီမှာအရိပ်ရလို့ခေတ္တအနားယူနေကြတာပါ…..”
” ဟာ…အဲဒါမှတကယ်ခက်ပြီ….”
ထိုလူကစိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ဖြင့်
သူ့လူစုရှိရာသို့ဆင်းသွား၏။ အချို့ကချောင်း၏ဟိုဘက်ကမ်းကို လှမ်းမျှော်ရင်း သမ္ဗာန်ကိုမျှော်ကြည့်နေ၏။
” ဒီလူတွေဒုက္ခရောက်လာပုံရတယ်ထင်ပေါ်… သွားပြီးကြည့်ရအောင် ကူညီနိူင်ရင်ကူညီကြတာပေါ့….”
” ဟုတ်ဆရာ… ”
ဆရာတပည့်နှစ်ယောက် ချောင်းစပ်ရှိလူစုဆီသို့ဆင်းသွား၏။
” ဒီကမိတ်ဆွေတို့ ဘာဖြစ်ကြတာလဲဗျ….”
” ကျုပ်တို့ထဲကတစ်ယောက်ပိုးထိထားလိ့ု မြို့ဆေးရုံပို့မလို့ပါ….အဲဒါသမ္ဗာန်တွေကဒီနေ့ရှိကိုမရှိတာဗျ….ဒီပုံအတို့င်းဆို ဒို့လူကိုလက်လျှော့ရတော့မယ်ထင်ရဲ့ဗျာ….ဟူး….”
ထိုလူကစိတ်ပျက်အားလျှော့ဟန်ဖြင့်ဆိုလေသည်။ လူအုံနေသည့် လူနာကိုကြည့်လိုက်ရာ လူနာမှာမြွေဆိပ်တက်သဖြင့်ပြာနှမ်းနေပြီး ခိုက်ခိုက်တုန်နေသည်ကိုတွေ့လိုက်ရသည်။
” ဟာ…”
မောင်ရေခဲကလူနာအားသေချာကြည့်လိုက်ရာ သာမန်မြွေကိုက်ထားသည်မဟုတ်မှန်းတွေ့လိုက်ရ၏။ ထိုခဏ၌ချောင်းစပ်ဆီသို့ လူဆယ်ယောက်ခန့်ထပ်မံရောက်လာပြန်၏။
” သား….လူကလေး…..ဘယ်လိုဖြစ်ရတာလဲကွာ…..”
” တက်ထွန်း….မင်းဘယ်လိုဖြစ်ရတာလဲကွာ….”
” လူနာကိုကျွန်တော်ကြည့်ပါရစေ…ကျွန်တော်တို့ကဆေးပညာလည်းမတောက်တစ်ခေါက်တတ်ပါတယ်….”
မောင်ရေခဲ လည်းလူအုပ်ကြားတိုးဝင်လိုက်ပြီး ပြောလိုက်ရာ လူစုမှာရှဲသွားကြကုန်၏။
လူနာမှာအသက်ရှုသံသိပ်မမှန်ချင်တော့ပေ။ မျက်စိသူငယ်အိမ်မှာလည်း အတော်ပင်ကျယ်နေချေပြီ။
” သူပိုးထိခံရတဲ့အချိန်က ခန့်မှန်းခြေဘယ်လောက်ရှိပြီလဲဗျ….”
” ကိုက်တဲ့အချိန်ကိုအတိအကျမသိပေမဲ့ ကျုပ်တို့သူ့ကို တွေ့တဲ့အချိန်ကစပြောရရင် ၃နာရီကျော်ပါပြီ….”
” ကျွန်တော် အုန်းရေလိုချင်တယ်ဒီအနီးအနားမှာအလွယ်ရနိူင်မလား….”
” မရနိူင်လောက်ဘူးဗျ….”
ထိုစဉ်အုန်းသီးအပြည့်တင်လာသောသမ္ဗာန်ငယ်တစ်စီးကမ်းသို့ကပ်လာ၏။
” ဟာ…ဟိုသမ္ဗာန်ကအုန်းသီးတွေတင်လာတာဗျ…အခန့်သင့်တာဘဲကျွန်တော်တစ်လုံးလောက်သွားတောင်းဝယ်လာခဲ့မယ်….”
ခဏ၌ထိပ်ခွဲထားပြီးသားအုန်းသီးတစ်လံးု ရောက်လာ၏။ မောင်ရေခဲလည်း ထိုအုန်းသီးကိုယူလိုက်ပြီး ဂါထာတစ်ပုဒ်ရွတ်ကာမန်းလိုက်၏။
” မိတ်ဆွေ….ဒီအုန်းရေကိုလူနာကိုဝင်အောင်တိုက်ပေးပါ….ထင်ပေါ် မင်းကမြွေဆိပ်မကုန်မချင်း ထုတ်ပေး….”
” ဟုတ်ဆရာ…”
မောင်ထင်ပေါ်လည်းမြွေဆိပ်ထုတ်ရန် လူနာ၏ခြေထောက်ကိုကြည့်လိုက်ရာ အစွယ်ရာသုံးပေါက်နေရာ၌မည်းပုတ်နေပြီး စေးပျစ်ပျစ်သွေးပုပ်များကျနေသည်ကိုတွေ့လိုက်ရ၏။ မောင်ထင်ပေါ်မှာနဂါးဘဝမှာလာသူဖြစ်သဖြင့် သာမန်မြွေဆိပ်ကိုအလွယ်တကူထုတ်နိုင်သော်လည်း ယခုမြွေဆိပ်သည်တော်တော်နဲ့မကျနိုင်မှန်းသိလိုက်၏။ ထိပ်မှစ၍အောက်ခြေခုံအထိ လက်ဝါးဖြင့်သပ်ချလိုက်၊လက်ခုံဖြင့်အသာခုတ်လိုက်ဖြင့်မြွေဆိပ်ကိုထုတ်နေ၏။ ကြည့်နေသည့်လူများမှာ မောင်ရေခဲတို့လုပ်သမျှကို စိတ်ဝင်တစားကြည့်နေကြ၏။
အတော်ကြာထုတ်ပေးပြီးသည့်နောက် လူနာ၏အသားအရေမှာမူလအတိုင်းတဖြည်းဖြည်းပြန်ဖြစ်လာ၏။ မြွေစွယ်ရာမှ အဆိပ်များမှာအပြင်သို့မြောက်များစွာထွက်ကြလာ၏။ မြွေဆိပ်များကုန်စင်ပြီးချိန်၌လူနာမှာသတိပြန်လည်လာ၏။ ထိုအခါမောင်ရေခဲက
” လူနာမှာမြွေဆိပ်တော့မရှိတော့ဘူး….ဒါပေမဲ့သူ့ကိုတိုက်ထားတဲ့အတိုက်ကရှိနေသေးတာကိုကျွန်တော်တွေ့နေရတယ်….ဒီတော့ ကျွန်တော့ကိုဆက်လက်ကုသပေးဖို့ခွင့်ပြုပေးပါ….”
” ခွင့်ပြုပါတယ်ဆရာရယ်….အဖိုးကဒီလူနာရဲ့ဖခင်ပါ….”
တက်ထွန်း၏ ဖခင်ကကုသခွင့်ပေးလိုက်ရာမောင်ရေခဲလည်း မိမိလုပ်နေကြအတိုင်း
” ဟောဒီစနေသားရဲ့အသက်ကိုငါပိုင်တယ်….ဟောဒီစနေသားကိုအတိုက်လုပ်ထားတဲ့သူ ငါဆရာအရှေ့အမြန်လာခဲ့စမ်း….”
ထိုစဉ် မှိန်းမောနေသော လူနာတက်ထွန်းမှာ လက်ခမောင်းထခတ်လေ၏။
” ဟင်….”
” ဟာ….တက်ထွန်း….”
ကြည့်နေသည့် လူများမှာတက်ထွန်း၏အပြုအမူကြောင့် အံ့ဩသွားကြကုန်၏။ မောင်ရေခဲလည်း တက်ထွန်းကိုသေချာစူးစိုက်ကြည့်လိုက်ပြီး
” မင်းဘယ်သူလဲ….ဘာအတွက်စနေသားကိုအတိုက်ဆင်ရတာလဲ….”
” ဟား…..ဟား….ဟား….ပညာလေးမတောက်တခေါက်လောက်နဲ့ငါ့ကိုလာမစမ်းနဲ့ကိုယ့်လူ….ကိုယ်နဲ့မဆိုင်ရင်ဝင်မရှုပ်နဲ့ ….”
” ငါနဲ့မဆိုင်ပေမဲ့ ငါ့ရှေ့ရောက်လာတဲ့ လူနာမှန်သမျှကိုငါကယ်တင်ပေးရမဲ့ တာဝန်ရှိတယ်….ဒီတော့ငါမေးတာဘဲဖြေပါ….မင်းဘယ်သူလဲ…ဘာအတွက်စနေသားကို နှောင့်ယှက်ရတာလဲ….”
” မဖြေဘူးကွာ… မင်းမှာပညာတွေအရမ်းထက်နေရင် ငါဘာကောင်လဲဘယ်သူလဲဆိုတာ မင်းသိအောင်လုပ်လေ…ဟားဟားဟား….”
” မင်းကငါ့ကိုစိန်ခေါ်တာလား…. ရတယ်လေ… ပြီးမှငါ့ကိုအဆိုးမဆိုနဲ့…ကဲ…ထင်ပေါ်ငါ့ကိုအချုပ်အင်းတစ်ချပ်ပေးစမ်း….”
ထင်ပေါ်လည်း ဆရာဖြစ်သူတောင်းသည့်အင်းချပ်ကိုလွယ်အိတ်ထဲမှထုတ်ပေးလိုက်၏။ မောင်ရေခဲလည်းထိုအင်းချပ်ကိုအသက်သွင်းလိုက်ပြီး စနေသား၏ခေါင်းပေါ်သို့ကပ်ထားလိုက်၏။
” အား….ဖယ်စမ်း….အဲဒါကိုငါ့ခေါင်းပေါ်ကနေဖယ်စမ်း….”
တက်ထွန်းမှာလူးလွန့်ပြီး ခေါင်းပေါ်မှ အင်းချပ်ကိုအတင်းခါချ၏။ သို့သော်မောင်ရေခဲကအတင်းဖိကပ်ထားသဖြင့် ရုန်း၍မရတော့ဘဲနောက်ဆုံး၌ငြိမ်ကျသွား၏။
” ဖြေစမ်း….မင်းဘယ်သူလဲ… ဘာအတွက်စနေသားကိုအတိုက်လုပ်ထားရတာလဲ….”
” ငါ….ငါကကွင်းပိုင်ပါ…. ဒီကောင်ကငါရှိတဲ့နေရာမှာ ငါမကြိုက်တာလာလုပ်လို့ တိုက်လွှတ်လိုက်တာပါ….”
” သေချာလား…. ”
” သေ…သေချာပါတယ်….”
” မင်းလိမ်ရင်ဘာဖြစ်မလဲဆိုတာမင်းသိလား….”
” သိ….သိပါတယ်….”
” အဲဆိုဖြေ….ဘာအတွက်တိုက်လွှတ်လိုက်တာလဲ…”
” ငါ့…ငါ့ကိုခိုင်းလို့ပါ…ငါမလုပ်ပေးရင်ငါ့ကိုမီးမြိုက်ပြီးတသက်လုံးခိုင်းစားမယ်ဆိုလို့ပါ….”
” မင်းကိုခိုင်းတဲ့ကောင်ကိုပြောလိုက်…သတ္တိရှိရင်ငါနဲ့ထိပ်တိုက်လာတွေ့လို့….ဘယ်နှယ့်သူများအားကိုးနဲ့အတိုက်လုပ်ခိုင်းရတယ်လို့….မင်းလဲသူများခိုင်းတိုင်းကောင်းသည်ဆုးိသည် မစဉ်းစားဘဲ မြွေနဲ့တိုက်လွှတ်ရတယ်ပေါ့…ဒီစနေသားသာငါနဲ့မဆုံခဲ့ရင် မင်းတို့ပြုတိုင်းနုနေရတော့မှာ….”
ကွင်းပိုင်ကဘာမှပြန်မဖြေဘဲ ခေါင်းသာငုံ့ထား၏။
” ကဲ….မင်းလုပ်ထားတာတွေအကုန်ပြန်ယူ…ဘာခြေရာလက်ရာမှ မကျန်စေနဲ့….”
ထိုစဉ် ချောင်းရေပြင်ကိုဖြတ်၍တိုက်ခတ်လာသောလေကြမ်းကြီးသည် မောင်ရေခဲ၏မျက်နှာပြင်ကိုကလူကျီဇယ်သွား၏။ ထိုလေကြမ်းကြီးနှင့်အတူ မကောင်းသည့်အငွေ့အသက်ပါခံစားလိုက်ရသဖြင့် ကွင်းပိုင်အားစေခိုင်းသည့် ပုဂ္ဂိုလ်ရောက်လာသည်ကိုမောင်ရေခဲသိလိုက်၏။
” ဟားဟားဟား….ဘယ်နှယ့်လဲဆရာလေးရဲ့….ကျုပ်ကိစ္စတွေဝင်နှောင့်ယှက်ရတာ အရသာမှရှိရဲ့လားဗျ….”
” ငါတောင်ခေါ်စရာမလိုဘဲ ရောက်လာပေးလို့ကျေးဇူးတင်ပါတယ်…. ကဲရောက်လာပြီဆိုတော့လဲ ဘာအတွက်စနေသားကိုနှောင့်ယှက်ရတာလဲဆိုတာပါဖြေလိုက်ပါဦး….”
” ဟားဟားဟား…မင်းမေးတိုင်းငါကဖြေရအောင် မင်းကငါ့ဆရာလား… ”
” ငါကလည်းမင်းလိုယုတ်ညံ့တဲ့တပည့်မျိုးကိုမမွေးပါဘူး….”
” မင်းဘာစကားပြောတာလဲ…. မင်းစကားကိုပြန်ပြင်လိုက်ရင်ကောင်းမယ်…မဟုတ်ရင် ဒီကောင်အသေဘဲ….”
” မင်းလုပ်ရဲရင်လုပ်ကြည့်လိုက်လေ…. ”
” ဟင်…သား..မလုပ်နဲ့….”
မထင်မှတ်လိုက်သည့်အချိန်၌ တက်ထွန်းသည် လူအုပ်ကြားထဲမှ ထွက်ပြေးသွားပြီး ချောင်းထဲသို့ခုန်ချရန်လုပ်၏။
” ရပ်လိုက်စမ်း….ငါ့အမိန့်မရဘဲအဲနေရာကနေ တစ်ဖဝါးမှမရွှေ့နဲ့….”
မောင်ရေခဲက ထိုသို့အမိန့်ပြန်လိုက်ရာ တက်ထွန်းမှာထိုနေရာမှရွေ့၍မရတော့ချေ။
” စနေသားကိုထိခိုက်အောင်လုပ်ဖို့မကြံနဲ့…ထိုင်စမ်း …ရောက်တဲ့နေရာမှာဘဲထိုင်ချလိုက်စမ်း …”
တက်ထွန်းလည်းထိုနေရာ၌ပင် ထိုင်ချလိုက်၏။ ထို့နောက်မောင်ရေခဲလည်း လုပ်ထုံးလုပ်နည်းအတိုင်းလုပ်လိုက်ရာ နောက်ဆုံး၌
ဝန်ခံလာ၏။ (ကုသနည်းမှာထုံးစံအတိုင်းပင်ဖြစ်သဖြင့် ချန်လှပ်ထားလိုက်သည်)
” ငါ့ကိုလူတစ်ယောက်က လုပ်ခိုင်းလို့လုပ်ရတာပါ…. ငါ့ကိုငွေကြေးတွေပုံအောပေးပြီးသူချစ်တဲ့ ကောင်မလေးနဲ့နီးအောင် လုပ်ခိုင်းလို့လုပ်ရတာပါ…”
” အဲဒါဆို မင်းလုပ်ထားတာတွေပြန်ယူပြီးရင်သွားလိုရာသွားတော့….ကွင်းပိုင်ကြီးကိုလဲဒီတစ်ခါငါခွင့်လွှတ်လိုက်မယ်…အလိုရှိရာသွားပေတော့….”
မောင်ရေခဲကထိုသို့ပြောလိုက်သည်နှင့် ကွင်းပိုင်ကြီးနှင့် ကြိုးကိုင်သူပုဂ္ဂိုလ်မှာဝေဝါးပျောက်ကွယ်သွားကြ၏။
မြွေဆိပ်များအားလုံးပြေပျောက်သွားသည့်အပြင် ခိုင်းစေသည့်လူကိုပါနိူင်နင်းပြီးဖြစ်သဖြင့်တက်ထွန်းမှာ လူကောင်းအတိုင်းပြန်ဖြစ်လာပြီး လူအုပ်ကိုကြောင်တောင်တောင်ကြည့်နေ၏။ လူအုပ်သည်ကား တက်ထွန်းသနားသွားကြပြီး တက်ထွန်းနဲ့ရန်ငြိုးရန်စရှိခ့သည့်တဖက်ရွာကဇော်ထက်ကိုဆဲဆိုကြိမ်းမောင်းကြကုန်၏။
” တောက်! ဒီကောင် ဆရာမလေးရဲ့အချစ်ကိုမရလို့ဒီလို ယုတ်ညံ့တဲ့နည်းနဲ့တိုက်ခိုင်းတာပေါ့….သေမယ်ဒီကောင်တော့….”
” တောက်! ခွေးထက်မိုက်တဲ့အကောင်ကွာ…”
” ဒီကောင်နဲ့ကျုပ်တော့ တွေ့ရာသချုႋင်းဓားမဆိုင်းဘဲ….”
တစ်ယောက်တစ်ပေါက်ဖြင့်တက်ထွန်းနှင့်အချစ်ပြိုင်ဘက်ဖြစ်သည့် ဇော်ထက်ကို ကျိန်ဆဲနေကြ၏။ ထိုအခါ မောင်ရေခဲက
” တော်ကြပါတော့…. ကိုယ့်အထင်နဲ့လျှောက်မလုပ်ကြပါနဲ့ မိတ်ဆွေတို့ ထင်တဲ့လူမဟုတ်ဘူး….”
” ဗျာ….”
” အဲကောင်ဇော်ထက်ကလွဲပြီး ဘယ်သူမှမဖြစ်နိုင်ဘူး….သူကတက်ထွန်းကိုအရင်တုန်းကလဲဝိုင်းရိုက်သေးတယ်…တလောကလည်းရန်ဖြစ်လို့ သူ့အကြောင်းကောင်းကောင်းသိစေရမယ်ဆိုပြီးကျိန်သွားသေးတယ်…ဒီကောင်မဟုတ်ရင်တခြားဘယ်သူဖြစ်နိူင်လို့လဲ….”
လူအုပ်ကမောင်ရေခဲဝင်ရောက်ဖြန်ဖြေသည့်တိုင် အငြင်းပွားနေကြဆဲပင်။ ထိုစဉ်တချိန်လုံးမောင်ရေခဲလုပ်သမျှကို စိတ်ဝင်တစားကြည့်နေသောကျန်းမာရေးမှူးက
” ဒီကမိတ်ဆွေတို့ကိုတစ်ခုလောက်မေးချင်လို့ပါ…စောစောကမြွေဆိပ်ထုတ်တာရယ်၊ သာမန်မြွေဟုတ်မဟုတ်ရယ်ကို ဘယ်လိုလုပ်ခွဲခြားနိူင်တာလဲ….”
” ဒါကပြောရရင် မြွေနဲ့ပတ်သက်တဲ့ ပညာတစ်ခုဘဲဗျ….နောက်နောင်အလိုရှိရင်သုံးလို့ရအောင် ကျုပ်သိတဲ့မြွေခွဲခြားနည်းကို မျှဝေပေးမယ်ဗျ….”
” ပထမဆုံး မြွေခွဲနည်းကိုပြောပြမယ်
ဥ ဒေါင်း ညို ပြာ လက်ယာခဲ တဲ့ …ဒီလင်္ကာအတိုင်းနေ့ကိုကောက်ရရင် တနင်္ဂနွေ၊စနေ၊အင်္ဂါ၊ကြာသပတေးစတဲ့နေ့တွေရတယ်ဗျ …အဲဒီနေ့မှာ လက်ယာဘက်ခြမ်းရဲ့နေရာတစ်ခုခုမှာ မြွေကိုက်ခံရရင် တကယ့်မြွေအစစ်ပေါ့….အဲဒီလိုမှမဟုတ်ဘဲအဲနေ့တွေမှာလက်ဝဲဘက်ကို ကိုက်ခံရရင်တော့ မြွေမှားလို့ခေါ်တဲ့ တိုက်မြွေ၊ကွင်းမြွေတွေပေါ့ဗျာ……”
” ဟုတ်ပြီမိတ်ဆွေ…နောက်တစ်နည်းကရောဗျ….”
” နောက်တနည်းက သား ရွှေ ခဲ လက်ဝဲခဲတဲ့….အဲဒီလင်္ကာအရ သောကြာ၊ဗုဒ္ဓဟူး၊တနင်္လာ နေ့မှာလက်ဝဲဘက်ကိုအကိုက်ခံရရင်တကယ့်မြွေအစစ်၊ လက်ယာဘက်ကိုက်ခံရရင်တော့ တိုက်မြွေ၊ကွင်းမြွေတွေပေါ့ဗျ…”
” နောက်ဆုံးတစ်ခုကတော့ ကိုယ့်ကိုကိုက်တဲ့မြွေကအဖိုလားအမလားဆိုတာသိစေတဲ့နည်းဗျ….”
” စိတ်ဝင်စားစရာဘဲဗျို့….ဆိုစမ်းပါဦး မိတ်ဆွေ…. ”
” အောင် စံ မြတ် သူ အဖိုယူတဲ့….အလင်္ကာအရ တနင်္ဂနွေ၊အင်္ဂါ၊ကြာသပတေး၊သောကြာ စတဲ့နေ့တွေမှာအကိုက်ခံရရင် ကိုက်တဲ့မြွေကမြွေဖိုဗျ….မြွေဖိုကလူယောကျာ်းကိုကိုက်ရင် ကိုက်ခံရတဲ့လူသေသဗျ….ကျန်တဲ့နေ့တွေမှာကိုက်ခံရရင်တော့မြွေမဘဲဗျ….လူမိန်းမကိုမြွေမကိုက်ရင်သေတယ်ဗျ….”
” အတော်စိတ်ဝင်စားဖို့ကောင်းတယ်ဗျ….ဒီလိုလေးသိထားတော့ ကျုပ်တို့လိုတောတိုးတောင်တိုးရတဲ့ လူတွေမြွေအန္တာရယ်ကြုံလာခဲ့ရင် ဖြေရှင်းနည်းရသွားတာပေါ့ဗျ….”
” ပိုပြီးမှတ်မိလွယ်အောင် လင်္ကာလေးနဲ့မှတ်ထားကြပေါ့…”
” ဥ ဒေါင်း ညို ပြာ လက်ယာခဲ
သား ရွှေ ခဲ လက်ဝဲခဲ
အောင် စံ မြတ် သူ အဖိုယူတဲ့….”
” သိပ်ရွတ်ရလွယ်တဲ့လင်္ကာဘဲဗျ….ဒါနဲ့ စောစောက လူနာကိုဘာလို့ရေမတိုက်ဘဲ အုန်းရေတိုက်ရတာလဲဗျ….”
” ဪဒါက မြွေကိုက်ခံရတဲ့လူကို ရေတိုက်ရင်မြွေဆိပ်ပိုပြန့်စေတယ်ဗျ..အဲဒါကြောင့် အုန်းရေတိုက်တာဗျ….”
” ဪ….အဲလို့ကိုး….”
မောင်ရေခဲနှင့်လူတစ်စုတို့ စကားကောင်းနေခိုက် ချောင်းနှင့်ခပ်လှမ်းလှမ်းရှိ သစ်ပင်အနောက်မှလူတစ်ယောက်သည် လူစုရှိရာသို့ မမှိတ်မသုန်ကြည့်လိုက်ပြီး တအောင့်အကြာ၌ မကျေနပ်ဟန်မျက်နှာထားဖြင့် အံကိုတင်းတင်းကြိတ်ကာ ပြန်လည်ထွက်ခွာသွားသည်ကို မောင်ရေခဲတွေ့လိုက်ရသဖြင့် နူတ်ခမ်းကေးွးရုံပြုံးမိ၏။
” ကဲ…လူနာလည်းနေကောင်းသွားပြီ….အချိန်လည်းအတော်လင့်နေပြီဆိုတော့ ကျုပ်တို့ကိုခွင့်ပြုကြပါအုံးဗျ….”
” ဟာ…ဟုတ်ပေသားဘဲဗျ…ကျုပ်တို့လဲတက်ထွန်းပြန်နေကောင်းသွားတာနဲ့ဝမ်းသာပြီးပတ်ဝန်းကျင်ကိုမေ့နေတာဗျ….ဒါနဲ့ ဆေးကုခဘယ်လိုယူပါသလဲ….”
” စေတနာနဲ့ကူညီပေးတာပါဗျာ….ကျုပ်မှမဟုတ်ဘူးတခြားလူတွေဆိုရင်လည်း ကူညီပေးကြမှာဘဲဗျ…”
မောင်ရေခဲပြောသည်မှာလည်း သဘာဝကျသဖြင့် လူတစ်စုလည်း ဘာမှဆက်မပြောတော့ပေ။ တက်ထွန်းကား မောင်ရေခဲဘက်လှည့်ပြးီ အကြိမ်ကြိမ်ကန်တော့နေရှာ၏။
ကိစ္စပြီးသွားပြီဖြစ်သဖြင့် လူတစ်စုအားနူတ်ဆက်ပြီး သမ္ဗာန်ငယ်ဖြင့် ဆရာတပည့်နှစ်ယောက် တဖက်ကမ်းသို့ကူးသွားလေ၏။ ထိုအခါထင်ပေါ်က
” ဆရာ…. ချောင်းရဲ့ဒိဘက်ကမ်းကိုဘာလို့ပြန်လာတာလဲ…တက်ထွန်းကိုမြွေနဲ့တိုက်သတ်ခိုင်းတဲ့လူက သူ့ရန်ဖက်နဲ့မဟုတ်ဘူးဆိုတော့ ဘယ်သူလဲဗျ….”
” ဘာလို့ပြန်လာတာလဲဆိုတော့ လုပ်စရာမရှိတော့လို့ပေါ့ကွာ…တက်ထွန်းကိုတိုက်ခိုင်းတဲ့လူကတော့ သူ့ရဲ့ငယ်ပေါင်းဖော် အချစ်ဆုံး သူငယ်ချင်းဘဲထင်ပေါ်….”
” ဗျာ!…….”
ကြားလိုက်ရသောစကားကြောင့်ထင်ပေါ်မှာ အာမေဋိတ်သံများပင်ထွက်လာမိသည်။ ထိုနည်း၎င်းပင်။ လောက၌မိမိအယုံကြည်ရဆုံးသူသည် မိမိ၏နောက်ကျောကို ဓားနဲ့ထိုးမည့်လူဖြစ်နေတတ်သည်။……။
# ပြီး
# ခွန်း

Zawgyi Version

ေမာင္​ေရခဲ ႏွင့္ ဇီဝိန္​ေခြၽမည့္ တိုက္​ေႁမြ(စ/ဆံုး)
——————————————————-
ေနလံုးနီနီႀကီးက ေရကန္ထဲထိုးဆငး္တိမ္ျမဳပ္သြားသကဲ့သို႔႐ွိေနသည္။ ည​ေနဆည္းဆာခ်ိန္သည္ကား အ႐ုပ္ဆိုးအက်ည္းတန္​ေန​သည့္ အမ်ိဳးသမီးတစ္​ေယာက္ကိုပင္ လွပ​ေစႏိူင္သည္။ ​ဝင္လုဆဲဆဲ​ေနဝန္းနီနီႀကီး၏နီ​ေစြး​ေစြးအ​ေရာင္​ေၾကာင့္ ​ေရျပင္သည္ပင္နီျမန္းသြားသ​ေယာင္။ သို႔​ေသာ္ ကန္ႂကီး၏နံ​ေဘးတြင္ကား ​ေရလာခပ္သူ၊​ေရခ်ိဳးဆင္းသူမ်ားျဖင့္ စီကား​ေနဆဲပင္။
” ဟာ….ဟိုမွာဆရာမေလးပါလားကြ….တက္ထြန္း…မင္းဆရာမေလးကို ေမတၱာသက္ဝင္ေနတယ္ဆိုကြ….ဒီအခ်ိန္အခြင့္အေရးဘဲဟ လက္လြတ္မခံသင့္ဘူး…..”
” ဟာ….မလုပ္ပါနဲ႔ဗ်ာ ကြၽန္ေတာ္ကဆရာမေလးကိုေမတၱာ႐ွိေပမဲ့ ဆရာမေလးကပညာတတ္ကြ….ငါ့လိုကႀကီးခေခြးေတာင္ ေျဖာင့္ေအာင္မဆိုတတ္တဲ့ေကာင္ရဲ႕ေမတၱာကို ဘယ္လက္ခံႏိူင္မလဲဗ်ာ….”
” မင္းကလဲဒံုးေဝးေနျပန္ၿပီကြာ….ဟိုကပညာတတ္မလို႔မင္းကိုေျပာေနရတာေပါ့….ပညာတတ္ေတာ့ လူ႔အဆင့္အတန္းကိုခဲြျခားၿပီး ဆက္ဆံေနမွာမဟုတ္ဘူး….ငါေျပာတာမဟုတ္ဘူးလားေအာင္ဟိန္း….”
” သိပ္ဟုတ္တာေပါ့ဗ်ာ….ေဟ့ေကာင္ တက္ထြန္း မင္းလက္ေႏွးရင္ ဟိုေျမာက္ရြာက ေဇာ္ထက္ လက္ဦးသြားလိမ့္မယ္ေနာ္….ဒီေကာင္လည္း ဆရာမေလးကိုေမတၱာ႐ွိေနတယ္လို႔ငါသတင္းၾကားတယ္ကြ…..”
သူငယ္ခ်င္း ႏွစ္ေယာက္၏စကားေၾကာင့္ တက္ထြန္းတစ္ေယာက္ေတြေဝေန၏။ ဆရာမေလးကိုဧကန္ပင္ေမတၱာ႐ွိေသာ္လည္း သူ႔ဘဝႏွင့္ဆရာမေလး၏ဘဝက မိုးႏွင့္ေျမကဲ့သို႔ပင္။ ေနာက္ဆံုး၌ ေခါင္းကိုတြင္တြင္ရမ္းလိုက္ကာ
” ေတာ္ပါၿပီကြာ…..ဆရာမေလးရဲ႕ သာယာေနတဲ့ဘဝေလးကို မုန္တိုင္းမထန္ေစခ်င္ေတာ့ဘူး….ငါအေဝးကေနဘဲဆရာမေလးရဲ႕အျပံဳးကို ေငးၾကည့္ေနေတာ့မယ္ကြာ….”
” တက္ထြန္းရာ မင္းကသတၱိ႐ွိမယ္လိုလိုနဲ႔
အရာရာတြန္႔ဆုတ္ေနတတ္တဲ့ေကာင္ဘဲကြ….ငါတို႔ကေတာ့အၾကံေပးသင့္တာေပးၿပီးၿပီ က်န္တာမင့္သေဘာဘဲ….”
” မင္းတို႔ႏွစ္ေယာက္ကိုလည္း ငါေက်းဇူးတင္ပါတယ္ကြာ….သူ႔ဘဝေလးနဲ႔သူ႐ွိပါေစေတာ့…..”
သူငယ္ခ်င္းႏွစ္ေယာက္လည္း ေျပာမရသည့္အဆံုး ေရစည္တိုက္ကာ လွည္းကိုရြာဘက္သို႔လွည့္လိုက္ၾကေတာ့၏။ ကန္၏​ေရခ်ိဳးဆိပ္တြင္ကား ရြာသူလွပ်ိဳျဖဴမ်ားႏွင့္အတူ ဆရာမ​ေလးတစ္​ေယာက္ ​ေရခ်ိဳး​ေန​ေလ၏။
သူမ၏နာမည္ကား ႏွင္းယုျဖဴ။ ပည​ာ​ေရး​ေကာလိပ္သင္တန္းဆင္းၿပီး ဤရြာသို႔ပထမဆံုးအႀကိမ္တာဝန္က်လာျခင္းပင္။ ​မိဘႏွင့္ ခဲြခြာရ​ေသာ္လည္း ​ေဖာ္​ေရြသည့္ ရြာသူရြာသားမ်ား​ေၾကာင့္ သူမ​ေပ်ာ္မိ၏။ ယခုဆိုဤရြာက​ေလးသို႔ သူမတာဝန္က်ခဲ့သည္မွာသံုးႏွစ္သံုးမိုးပင္ ႐ွိ​ေနၿပီမို႔ ရြာသူရြာသားမ်ားႏွင့္ပင္ ခင္မင္ရင္းႏွီး​ေန​ေလၿပီ။
ဤေန႔ကား တနလၤာေန႔။ ေက်ာင္းဖြင့္ရက္ျဖစ္သျဖင့္ အေစာထကာ ခ်က္ျပဳတ္ျပင္ဆင္ရသည္။ ​ေက်ာင္းသို႔​ေစာစီးစြာ​ေရာက္မွသာ က​ေလးမ်ားကိုတာဝန္ခဲြ​ေပးႏိူင္မည္။ ရြာ​ေက်ာင္းက​ေလးျဖစ္​ေသာ္လည္း မူလြန္​ေက်ာင္းျဖစ္သျဖင့္ ​ေက်ာင္းသူ​ေက်ာင္းသားမ်ားသည္။ ဆရာဆရာမမူ သူမအပါ၄​ေယာက္သာ႐ွိသည္။
ျပင္ဆင္ၿပီးသည္ႏွင့္ ခ်ိဳင့္က​ေလးဆဲြကာ ​ေက်ာင္း႐ွိရာသို႔ ဦးတည္လိုက္သည္။ သူမ​ေနထိုင္သည့္​ေနရာႏွင့္ စာသင္​ေက်ာင္းက နာရီဝက္ၾကာ​ေအာင္​ေလ်ွာက္ရ​ေသးသည္။
” မဂၤလာပါဆရာမ….”
ေက်ာင္းေရာက္ဖို႔သာစိတ္ေစာေနသျဖင့္ အေနာက္မွလူပါသည္ကိုပင္ သတိမထားမိ။ အသံၾကား၍ လွည့္ၾကည့္လိုက္မွ ရြာထဲကကာလသားတစ္ေယာက္မွန္းသိလိုက္သျဖင့္
” မဂၤလာပါ႐ွင့္ အစ္ကို….”
” ဆရာမ ေက်ာင္းသြားေတာ့မွာလားဗ်….အေစာႀကီး႐ွိေသးတယ္….”
” ဟုတ္တယ္အစ္ကိုရဲ႕….ဒီေန႔တနလၤာေန႔ဆိုေတာ့ ေက်ာင္းတြင္းသန္႔႐ွင္းေရး လုပ္ရမွာဘာညာဆိုေတာ့ ေက်ာင္းကိုအေစာေရာက္မွျဖစ္မွာေလ….ဒါနဲ႔အစ္ကိုေရာ ဘယ္သြားမလို႔လဲ…..”
” ကြၽန္ေတာ္ ရြာေတာင္ပိုင္းက ဘႀကီးအိမ္ကိုသြားမလို႔ဗ်….”
” ဪ….ဒါဆို ျဖဴႏွင့္လမ္းသင့္ေနတာဘဲ အတူသြားၾကတာေပါ့….”
” ဟုတ္ဆရာမေလး….”
ဆရာမေလးႏွင့္ တက္ထြန္းတို႔ႏွစ္ေယာက္ ေဘးခ်င္းယွဥ္သြားေနၾကသည္ကို ရြာထဲ႐ွိငမူးသာေအာင္ကလွမ္းေတ့ြလိုက္၏။
” အံမယ္….ဒီေကာင္တက္ထြန္းက အႏူလက္နဲ႔ေရႊခြက္ႏိုက္ခ်င္ေနတာကိုးကြ….ေတာက္! မတန္မရာကြာ….ထီြး….. ”
ငမူးသာေအာင္က မေက်မခ်မ္းေရရြတ္ၿပီး ရြာဘက္သို႔ျပန္လွည့္သြား၏။
ကို ညိဳျမ၏ထန္း​ေတာတြင္ကား ​ေသာက္စားသူမ်ားျဖင့္ျပည့္ႏွက္​ေန၏။ သူ႔ဆိုင္တြင္ ထန္းရည္သာမက ခ်က္အရက္ျဖဴႏွင့္ ေခါင္ရည္ပါရ၏။ အျမည္းကား ကိုညိဳျမ၏ဇနီးက ဒိုင္ခံလုပ္ေပးသျဖင့္ ဖြယ္ဖြယ္ရာရာ႐ွိ၏။
” ကိုႀကီးညိဳျမ ဒီဝိုင္းကိုထန္းရည္တစ္ျမဴႏွင့္ ခ်က္အရက္ျပင္းျပင္းႏွစ္လံုးခ်ဗ်ာ….အျမည္းကဆိတ္သား​ေျခာက္​ေၾကာ္ခ်​ေပး….”
” ေအးေအးရမယ္ဗ်….ခဏေစာင့္….”
” ေဟ်ာင့္ညိဳျမ….ဒီဘက္ဝိုင္းကိုလည္း ခ်က္အရက္သံုးလံုးခ်ဗ်….”
ကိုညိဳျမကား အရက္ခ်လိုက္၊အျမည္းခ်လိုက္ျဖင့္ ထိုင္ရသည္ဟုပင္မ႐ွိ။
” သာေအာင္…. မင္းေျပာတာအမွန္ဘဲလားကြ….ဆရာမေလးႏွင့္ ဟိုေကာင္တက္ထြန္းက ေဘးခ်င္းယွဥ္ၿပီး လမ္းအတူေလ်ွာက္တဲ့အဆင့္ေတာင္ေရာက္ေနၿပီလား….”
” ေရာက္ပါေသာ္ေကာအာစရိရယ္….ဟိုေကာင္ကဆရာမေလးရဲ႕ ျခင္းေတာင္းေလးကိုေတာင္ကူဆဲြေပးသဗ်…ဒါကိုလည္းဆရာမေလးကအေတာ္သေဘာက်ပံုရတယ္…. မ်က္ႏွာကျပံဳးဖီးလို႔ဗ်…..”
” ဖီြး….တက္ထြန္း….တက္ထြန္း….မင္းကအသက္မ႐ွည္ခ်င္ေတာ့လို႔ ငါႀကိဳက္တဲ့ဆရာမေလးကို လုယူရဲတာထင္တယ္…..”
” ဒုန္း….”
” ကလြမ္….”
ေဇာ္ထက္က ၾကားလိုက္ရေသာစကားေၾကာင့္ ေဒါပြကာ အရက္စားပဲြဝိုင္းကို ဒုန္းခနဲထုခ်လိုက္ရာ အျမည္းပန္းကန္ေရာ အရက္ပုလင္းပါ ေျမေပၚသို႔ ျပန့္က်ဲသြားကုန္၏။ ထိုအခ်ိန္ကိုညိဳျမႀကီးက စားပဲြအနား​ေရာက္လာၿပီး
” အသာလုပ္ပါဆရာတို႔ရယ္….က်ဳပ္ရဲ႕ပစၥည္းေတြကိုေတာ့ မဖ်က္ဆီးပစ္ပါနဲ႔….”
” ဘာလဲကိုျမႀကီး…. မငး္ပစၥည္းရဲ႕တန္ဖိုးကဘယ္ေလာက္႐ွိလို္႔လဲ….ကဲေရာ့ကြာအာရံုေနာက္တယ္….သြားေတာ့ မဟုတ္ရင္ေနာက္ထပ္ထိုးမဲ့ဟာက မင္းျဖစ္သြားမယ္….”
ေဇာ္ထက္က ေငြအခ်ိဳ႕ကို စားပဲြေပၚပစ္ေပးလိုက္ရာ ညိဳျမလည္းထိုေငြကိုယူၿပီး တဲထဲသို႔ဝင္သြား၏။ ေထာင့္နား႐ွိစားပဲြဝိုင္းမွ လူတစ္ေယာက္ကား ခ်က္အရက္ျဖဴျပင္းျပငး္ကို ေရမေရာဘဲ ပုလင္းလိုက္ေမာ့ေသာက္ေနေတာ့၏။
​ေႏြရာသီ​ေက်ာင္းပိတ္ရက္တစ္ခု၌ တက္ထြန္းသည္ ႏြား​ေက်ာင္းရင္း ပု​ေလြ​ေလးကိုမႈတ္ကာ ဆရာမ​ေလးကိုလြမ္းဆြတ္​ေနမိ၏။
” ေဟ့ေကာင္တက္ထြန္း….မင္းကို ႏြားေက်ာင္းခိုင္းတာကို မင္းကဒီမွာလာထိုင္ၿပီး သာယာေနတယ္ေပါ့ဟုတ္လား….ဟိုမွာၾကည့္စမ္း မင့္ႏြားေတြငါ့ျခံထဲေရာက္ကုန္ၿပီကြ….”
” ဟာဗ်ာ…ဦးႀကးီကလည္းေႏြေခါင္ေခါင္မွာ အခင္းထဲဘာပင္႐ွိတာမွတ္လို႔ဗ်ာ….. ဘာမွပ်က္စီးစရာမွမ႐ွိဘဲ ….”
” ႐ွိ႐ွိ မ႐ွိ႐ွိကြာ….မင့္ႏြားေတြငါ့ျခံထဲကေနေမာင္းထုတ္….”
” ႏြားကိုလူစကားေျပာေနလဲ ဘယ္နားလည္မလဲဦးႀကီးရာ….ႏြားကိုေဟာဒီလိုေျပာရတယ္ဗ်….ေဟ့ေကာင္ေတြ ဒီႏြားကိုဝိုင္းသမၾကစမ္းကြာ…..”
” ျဖစ္ေစရမယ္အာစရိ….”
” ဟာ….ေဟ့ေကာင္ေတြ မင္းတို႔လက္လြန္မယ္ေနာ္….”
ဦးႀကီးတစ္ေယာက္ ဝင္တားလိုက္ေသာ္လည္းအခ်ိန္မမွီလိုု္က္။
” ခြပ္….ခြပ္….”
” ဒုတ္….ခြပ္…”
” အား……”
ဘယ္တုန္းကေရာက္လာမွန္းမသိေသာ ေဇာ္ထက္ ႏွင့္ အေပါင္းအပါမ်ားက သူ႔အား ဝိုင္းသမၾက​ေလရာ တက္ထြန္းတစ္​ေယာက္ ျပန္၍ပင္မထႏိူင္​ေတာ့​ေခ်။
” မွတ္ၿပီလားေဟ့ေကာင္…. ငါခ်စ္တဲ့ဆရာမေလးကို မင္းလိုက္ေႏွာင့္ယွက္ေနတာ….
ဆရာမ​ေလးကို​ေတာ့မရဘူး….ငါ့လက္သီးစာဘဲရမယ္ၾကားလား….​ေနာက္မင္းဆရာမ​ေလးကိုလိုက္​ေႏွာင့္ယွက္​ေနတယ္လို႔ထပ္ၾကားရင္ မင္းကိုသတ္မွာ….ထီ္ြး….ေဟ့ေကာင္ ေတြသြားမယ္….”
တက္ထြန္းတစ္ေယာက္ ထိုလူတစ္စု၏ေျပာစကားမ်ားကိုမၾကားတခ်က္ ၾကားတခ်က္ ျဖစ္ကာ အျမင္အာရံုမ်ား ေဝဝါးလာၿပီး ​ေနာက္ဆံုး၌ အ​ေမွာင္ထုထဲသို႔လံုးဝ​ေရာက္သြား​ေတာ့သည္။
” ဟာ…ေဟ့ေကာင္…. ထစမ္း….ထ ထ…ဟာ… အသက္မ႐ွဴေတာ့ဘူး….ေသ….ေသသြားၿပီလားမသိဘူး…..”
ဦးထြန္းႀကီးတစ္​ေယာက္ ​ေျမ​ေပၚ၌​ေသြးအလိမ္းလိမ္းျဖင့္လဲွက်​ေန​ေသာ တက္ထြန္း၏ႏွာဝသို႔ လက္စမ္းၾကည့္ရာ ထြက္သက္ဝင္သက္မ႐ွိ​ေတာ့သည္ကို သိလိုက္ရ၏။
” မျဖစ္ဘူး….ဒီ​ေကာင္​ေသသြားရင္ ငါ့ကိုအမႈပတ္မွာ…..”
ဦးထြန္းႀကီးက အမႈပတ္မည္စိုးသျဖင့္ ထိုေနရာႏွင့္ေဝးသည့္အရပ္သို႔ထြက္ေျပးသြား၏။
” က်လိ….က်ိလိ….က်စ္….က်စ္….”
” က်လိ….က်လိ….”
နားထဲတိုးဝင္လာသည့္ ငွက္က​ေလး၏အသံမ်ား​ေၾကာင့္ တက္ထြန္းျပန္သတိရလာ၏။
” အာ့…ကြၽတ္…. ကြၽတ္….”
လွဲေနရာမွျဖည္းျငင္းစြာထရင္း ဖူးေယာင္ေနေသာညာဘက္ပါးကိုလက္ျဖင့္အသာစမ္းကာ စုတ္သပ္၏။
” ဒီေကာင္ေတြ ငါႏွင့္ဆရာမေလးကိုအထင္လဲြေနပံုရတယ္….ငါ့ရဲ႕အျဖစ္ကလည္း မခိုးရဘဲ သူခိုးလို႔ယိုးစြပ္ခံေနရတဲ့အျပစ္သားနဲ႔ေတာင္တူေနၿပီ….”
ေျမေပၚျပန္႔က်ဲေနေသာ လြယ္အိတ္ႏွင့္ ဝါးပေလြကိုေကာက္ယူၿပီး ခႏၶာကိုယ္ေပၚမွ ေပက်ံေနေသာ ဖုန္မႈန္႔မ်ားကို ခါထုတ္လိုက္၏။
” အေတာ္ေနာက္က်ေနၿပီဘဲ….. ငွက္ကေလးေတြေတာင္ အိပ္တန္းတက္ေနၾကၿပီ….အေဖေတာ့ငါ့ကိုစိတ္ပူေနေတာ့မွာ….”
ထိုသို႔ေတြးၿပီး ႏြားမ်ားကိုသိမ္းကာ ရြာထဲသို႔ဝင္လာခဲ့၏။ ရြာစည္း႐ိုးသစ္ပင္ႀကီး၏ အေနာက္တြင္ကား လူတစ္ေယာက္က တက္ထြန္းျပန္ေရာက္လာသည္ကို ေတြ႔လိုက္သျဖင့္
” ဒီေကာင္ ေတာ္ေတာ္အသက္ျပင္းတာဘဲ….”
ဟုမွတ္ခ်က္ခ်၏။
ရာသီအလီလီကူး​ေျပာင္းသြားၿပီး ရာသီစက္ဝန္းႀကီးသည္လည္း အဖန္ဖန္လည္ပတ္​ေလရာ ​ေက်ာင္းျပန္ဖြင့္သည့္ မိုးရာသီသို႔ပင္ ျပန္လည္​ေရာက္႐ွိလာခဲ့​ေခ်ၿပီ။ သူသိပ္ခ်စ္ရသည့္ ဆရာမ​ေလးႏွင့္လည္း ျပန္​ေတြ႕​ေနရၿပီ။ သို႔​ေသာ္ သူ၏​ေမတၱာကို ဆရာမ​ေလးျငင္းမည္စိုးသျဖင့္ သူငယ္ခ်င္းဘဝနဲ႔သာ ဆက္၍ခ်စ္သြားရန္ဆံုးျဖတ္လိုက္သည္။
မိုးရာသီကားေတာင္သူလယ္သမားတို႔၏စိုက္ပ်ိဳးေရးရာသီျဖစ္သျဖင့္ လူတိုင္းမအားမလပ္ႏိူင္ၾကေခ်။ ေႏြရာသီ၌ပပ္ၾကားအက္ခဲ့ေသာ လယ္ကြင္းႀကီးသည္ကား ယခုမူ ေရေဖြးေဖြးတိ့ုျဖင့္ ျပန္လည္အသက္ဝင္လာေခ်ၿပီ။
” ငါ့သား…. မင္းမနက္ျဖန္က်ရင္ တို႔လယ္ကြက္ကို အၿပီးသြားထြန္ေခ်….သူမ်ားအကြက္ဆိုစပါးေတြေတာင္စိုက္ေနေရာေပါ့….”
” မေလာပါနဲ႔အေဖရာ…. သားလုပ္မွာပါ… ၿပီးခဲ့တဲ့ႏွစ္ေတြကလည္း သားတို႔ေနာက္က်မွစိုက္တာဘဲမလား….”
” ဒါေတာ့ဒါေပါ့ကြာ….တို႔လယ္ထြန္ၿပီးေတာ့ ႏြားညီေနာင္ကို သူမ်ားလယ္အငွါးလိုက္ရင္ အပိုေငြေလးရမလားလို႔ပါ….”
” ဦးေလးေျပာတာမွန္တယ္တက္ထြန္းေရ….ခုဘဲငါ့အိမ္ကအဲကိစၥေျပာဖို႔ လႊတ္လိုက္တာေဟ့….”
” ဟာ….သူငယ္ခ်င္း လာေလ….မင္းမွာလဲ ငါ့အိမ္ဘက္မလွည့္တာၾကာေတာ့ ေနမ်ားမေကာင္းဘူးလားလိ့ု….”
သားအဖႏွစ္ေယာက္စကားေကာင္းေနၾကစဥ္ဝိုင္းဝသို႔ေရာက္လာသူက ငယ္ေပါင္းျဖစ္သည့္ ဖိုးလွ။
” ေနေကာင္းပါတယ္ဗ်ာ….ခုရာသီကစိုက္ပ်ိဳးေရး ရာသီဆိုေတာ့ မင္းသိတဲ့အတိုင္းဘဲေလသူငယ္ခ်င္းရာ….ဒါေၾကာင့္မို႔ မင္းဆီမလာအားတာပါ….”
” ေအးပါကြာ….ဒါနဲ႔ဟို​ေကာင္​ေအာင္ဟိန္းတစ္​ေယာက္ ​သူ႔အမ်ိဳးဆီသြားတာျပန္မလာ​ေသးဘူးထင္….”
” ေအးဟ…ဒီေကာင္ႀကီး ဟိုမွာေပ်ာ္ေနေလာက္ၿပီ….ဒါနဲ႔မင္းႏွင့္ဆရာမ​ေလးအ​ေျခ​ေန​ေရာ ဘယ္အဆင့္​ေရာက္ၿပီလဲကြ…”
” ဒီတိုင္း သူငယ္ခ်င္းပါဘဲကြာ…ဆရာမေလးကိုငါဒီအတိုင္းေငးၾကည့္ခြင့္ရတာနဲ႔တင္ေက်နပ္ပါၿပီ….”
” ေအးပါကြာ….”
ဖိုးလွက ထိုသို႔သာျပန္ေျပာၿပီးအေဝးတစ္ေနရာသို႔ ေငးေမ််ာ္ၾကည့္ေန၏။ သူငယ္ခ်င္းႏွစ္ေယာက္နာရီဝက္အၾကာ ေထြရာေသာပါးေျပာဆိုရင္းဖိုးလွက မိခင္ခိုင္းထားတာ႐ွိ​ေသးသည္ဟုဆိုကာ တက္ထြန္းအားႏူတ္ဆက္ၿပီး ျပန္သြား၏။
ႏွင္းယုျဖဴတစ္ေယာက္ အေဆာင္းမပါသည့္ ကေလးငယ္တစ္ေယာက္၏ပုခံုးကိုဖက္ရင္း စာသင္ေက်ာင္းဘက္မွ ရြာအဝင္လမ္းအတိုင္းဝင္လာ၏။ ထိုစဥ္လူ​ေလး​ေယာက္သည္ သူမ၏အ​ေ႐ွ႕၌ပိတ္ရပ္ကာ
” ဆ…ဆရာမေလး ေက်ာင္းဆင္းၿပီလားဗ်….”
ဟူေသာအာေလးလ်ွာေလးအသံႏွင့္အတူ ယမကာနံ႔ပါရလိုက္သျဖင့္ ငမူးမွန္းသိလိုက္၏။ သူမလည္း ငမူးေတြဆိုၾကည့္မရတတ္သျဖင့္
” ႐ွင္မျမင္ဘူးလား….ကြၽန္မအ​ေ႐ွ႕က​ေနဖယ္စမ္း….ဒီမွာကြၽန္မက​ေလးမိုးမိ​ေနၿပီ….”
” ဟာဗ်ာ….ဆရာမေလးကလဲ ဒါေလးေမးတာကိုေဒါသထြက္ရတယ္လို႔…..ဆရာမေလးက ကေလးမိုးမိတာကိုဘဲျမင္တယ္…ေဟာဒီက်ဳပ္ရဲ႕ရင္ဘတ္ထဲက ဆရာမေလးကိုခ်စ္တဲ့အခ်စ္ေတြက်မျမင္ဘူးဗ်ာ….”
အမူးသမားကသူ၏ရင္ဘတ္ႀကီးအား တဘုန္းဘုန္းပုတ္ျပၿပီးေျပာေန၏။ ထိုျမင္ကြင္း​ေၾကာင့္ဆရာမ​ေလးမွာ ပို၍​ေဒါသထြက္သြားၿပီး
” ကြၽန္မမွာ ႐ွင္တို႔နဲ႔ေျပာဖို႔အခိ်န္မ႐ွိဘူး…ကြၽန္မေ႐ွ႕ကေနဖယ္ပါ….”
” ေနပါအံုး ဆရာမေလးရယ္….ကိုယ္ေျပာတာခဏေလာက္နားေထာင္ေပးပါအံုး…. ”
ငမူးက ဆရာမေလး၏လက္ကိုပိုင္စိုးပို္င္နငး္ဆဲြယူလိုက္ရာ ဆရာမကိုင္ထားေသာထီးမွာ အေနာက္သို႔ျပဳတ္က်သြား၏။
” ႐ွင္မမိုက္႐ိုင္းနဲ႔ေနာ္….ဒီမွာ ကေလးကိုမိုးစိုသြားၿပီ…..႐ွင္ဖယ္မွာလားမဖယ္ဘူးလားေျပာ….”
” မဖယ္ဘူးကြာ…”
” အင့္….မဖယ္ခ်င္အံုး…..”
” ျဖန္း….”
ဆရာမေလး၏လက္ဖဝါးႏုႏုကငမူး၏ပါးျပင္ေပၚသို႔က်လာ၏။ ေနာက္တစ္ခ်က္ထပ္႐ိုက္ရန္အလုပ္ငမူးကဆရာမ၏လက္ကိုဖမ္းဆဲြထား​ေလရာ
” လႊတ္စမ္းက်မလက္ကို….လႊတ္….”
” လမ္းမႀကးီအလယ္မွာ မိန္းကေလးတစ္ေယာက္ကိုဆဲြလားရမ္းလားလုပ္တာ ျမင္မေကာင္းဘူးကိုယ့္လူတို႔….”
ဟူေသာအသံႏွင့္အတူေရာက္လာသူက တက္ထြန္း။
” ထပ္ၿပီးမင္းဘဲလားေဟ့ေကာင္….အရင္တစ္ေခါက္ေသငယ္ေစာခံရတာေတာင္ မင္းမမွတ္ေသးဘူးလား…. ​ေဟ့​ေကာင္​ေတြဒီ​ေကာင့္ကို ပညာ​ေပးလိုက္စမ္း….”
ထိုေန႔တြင္လည္း ေလးေယာက္တစ္ေယာက္မု့ိတက္ထြန္းခံရျပန္သည္။ ဆရာမေလးကတက္ထြန္းကိုတဲြေခၚၿပီးအိမ္ျပန္ပို႔ေပးသည္။ ဤသည္ကိုပင္ေဇာ္ထက္ကမေက်နပ္ႏိူင္။
” ေတာက္! ေခြးေကာင္တက္ထြန္း….တေန႔မင္းငါ့အေၾကာင္းေကာင္းေကာင္းသိေစရမယ္….”
ထိုသို႔မေက်မနပ္ရြတ္ဆိုၿပီး အေပါင္းအပါမ်ားႏွင့္အတူျပန္လွည့္ထြက္သြားသည္။
လမင္းႀကီးသည္ဝင္းပလ်က္ လအိမ္ဖဲြ႕ကာ ​ေလာကႀကီးကိုအလင္း​ေပး​ေနသည္။ ညသည္ကားတိတ္ဆိတ္လ်က္ မ​ေကာင္းမႈကိုအား​ေပး​ေနသ​ေယာင္ပင္။ မွိတ္တုတ္မွိတ္တုတ္လင္း​ေန​ေသာ မီး​ေရာင္​ေအာက္တြင္ အသက္၄၀အရြယ္လူလတ္ပိုင္းတစ္​ေယာက္ႏွင့္ အသက္၁၉ႏွစ္အရြယ္လူငယ္တစ္​ေယာက္က ​ေခါင္းခ်င္းဆိုင္ၿပီး ကိစၥတစ္ခုကိုတီးတိုးတိုင္ပင္​ေနၾကသည္။
” ဒီေကာင့္ကိုလက္သည္မေပၚေအာင္သတ္ၿပီးရင္ ဆရာမ​ေလးႏွင့္ ကြၽန္​ေတာ္ကိုနီးစပ္​ေအာင္လုပ္​ေပးဗ်ာ…..ဆရာမ​ေလးကိုတျခားလူနဲ႔႐ွိ​ေနတာမျမင္ခ်င္​ေတာ့ဘူး….”
” စိတ္ခ်စမ္းပါ….ေသတယ္ဆိုတာဘာလဲဆိုတာေတာင္ဒီေကာင္မသိေအာင္လုပ္ေပးမယ္…..”
” အားကိုးပါတယ္ဗ်ာ…..ကြၽန္ ေတာ္ ဒီကိုလာတာဘယ္သူမွမသိ​ေစနဲ႔​ေနာ္….ဒါက အလုပ္အတြက္စရံ….အလုပ္ၿပီးရင္က်န္တာထပ္​ေပးမယ္….”
” ေအးပါ…စိတ္ခ်လက္ခ်သာေန….သတင္းသာနားစြင့္ထား…”
ႏွစ္ဦးႏွစ္ဖက္အလုပ္ကိစၥအဆင္ေျပသြားသည္ႏွင့္ လူငယ္ကဦးထုပ္ကိုခပ္ငိုက္ငိုက္ေဆာင္းၿပီး အေမွာင္ထုထဲသို႔ တိုးဝင္ေပ်ာက္ကြယ္သြား၏။
မနက္စာစား​ေသာက္ၿပီးသည္ႏွင့္တက္ထြန္းတစ္​ေယာက္ လယ္ထဲဆင္းရန္အတြက္ျပင္ဆင္​ေန၏။ အားလံုးၿပီးသည္ႏွင့္ လယ္ထြန္ႏြားကိုဆဲြကာ လယ္ထဲဆင္းသြား၏။
လယ္ထဲ​ေရာက္သည္ႏွင့္ သီခ်င္းသံတ​ေအး​ေအးႏွင့္ တက္ထြန္းတစ္​ေယာက္ လယ္ထြန္​ေနစဥ္ ယာဘက္​ေျခခံု၌ပူခနဲခံစားလိုက္ရ၏။
” အာ့…..ဘာလဲဟ….ငါ့ေျခခံုကိုဘာျခစ္မိသြားၿပီလဲမသိဘူး…..”
လယ္ထြန္ေနသည္ကိုခဏရပ္ၿပီး ေျခခံုကို ငံု႔ၾကည့္လိုက္ရာ ေသြးအနည္းငယ္စို႔ေနသည္ကိုေတြ႔လိုက္ရ၏။
” ဟာ….ငါ့…ငါ့ကိုပိုးထိသြားတာထင္တယ္….”
တက္ထြန္းတစ္ေယာက္မိမိေျခခံုမွ ေသြးစို႔ေနသည့္အေပါက္သံုးေပါက္ကိုေတြ႔လိုက္သည္ႏွင့္အေတြ႔အၾကံဳအရ ပိုးထိမွန္းသိသြားသျဖင့္ လယ္ေစာင့္တဲ႐ွိရာသို႔အျမန္ေျပးသြား၏။ ေရာက္သည္ႏွင့္ ေသာက္ေရဗူးကိုအဖံုးဖြင့္ကာ ပိုးထိခံရသည့္ေနရာအားေရျဖင့္ေဆးခ်လိုက္၏။ အဆိပ္မျပန္႔ေစရန္ ပုဆိုးေအာက္စကိုျဖဲကာ ေျခသလံုးကိုၾကပ္ၾကပ္စည္းထားလိုက္၏။ လတ္တ​ေလာတြင္ပူထူ​ေန​ေသာ္လည္း ​ေက်းလက္က်န္းမာ​ေရးမႉးပို႔ခ်ထားသည့္ ​ေ႐ွးဦးသူနာျပဳစုနည္းကို သတိတရျဖင့္ ထိုသို႔လုပ္ထားျခင္းပင္။
” မျဖစ္ဘူး… ငါအိမ္ကိုအျမန္ျပန္ေရာက္မွျဖစ္မယ္….”
ထိုသို႔ေတြးၿပီး တဲမွထြက္ကာကန္သင္း႐ိုးအတိုင္းေလ်ွာက္လာ၏။ ထိုစဥ္ မိမိ၏ေခါင္းမွာ ရိပ္ခနဲရိပ္ခနဲျဖစ္လာၿပီး အျမင္အာရံုမ်ားေဝဝါးလာ၏။ ​ေနာက္ဆံုး၌ ကန္သင္း႐ိုး​ေပၚပံုလ်က္လဲက်သြား၏။ လယ္နီးနား႐ွိ လူႏွစ္​ေယာက္လည္း တက္ထြန္းလဲက်သည္ကိုျမင္လ်ွင္အ​ေျပးလာၾကၿပီး
” တက္ထြန္း….တက္ထြန္း….ေဟ့ေကာင္ မင္းဘာျဖစ္တာတံုးကြ….”
တက္ထြန္းမွာဘာမွျပန္မေျပာႏိူင္ေတာ့ေခ်။
” ဟာ…ေဟ့ေကာင္…. သတိထားဦးကြ…မင္းဘာျဖစ္လာတာလဲ….”
ထိုစဥ္တစ္ေယာက္ကတက္ထြန္း၏ေျခေထာက္ကိုပုဆိုးစျဖင့္စည္းေႏွာင္ထားသည္ကိုျမင္လ်ွင္
” ဒီေကာင္ပိုးထိၿပီနဲ႔တူတယ္ကြ….မျဖစ္ဘူး
အဆိပ္မျပန္႔ခင္ရြာျပန္ေရာက္မွျဖစ္မယ္….”
ထိုလူႏွစ္ေယာက္လည္း တက္ထြန္းကိုစိတ္ပူသြားၿပီး ေခါင္းတစ္ဖက္ေျခတစ္ဖက္မယူကာ ရြာဘက္သို႔အေျပးျပန္လာၾက၏။
” တက္ထြန္းကိုပိုးထိသြားလို႔ေဟ့…လုပ္ပါဦး…. ေက်းလက္ေဆးေပးခန္းကိုသြားပို႔ရေအာင္….”
ထိုအသံေၾကာင့္ လမ္းေပၚသို႔လူမ်ားေျပးထြက္လာၾကၿပီး
” ဘယ္တုန္းကထိသြားတာလဲ….”
” အဆိပ္အေတာ္ျပန္႔ေနၿပီ…. သူ႔ကိုကိုက္တဲ့ေႁမြကဘာေႁမြအမ်ိဳးအစားလဲ….”
” အဆိပ္စုပ္ထုတ္ရမယ္….အဆိပ္စုပ္ထုတ္ရမယ္….”
” ဟာ…တိတ္ၾကစမ္းလူနာကေသေတာ့မယ္….မင္းတို႔ကတစ္ေယာက္တစ္ေပါက္ေျပာလို႔မၿပီးေသးဘူး…..သူ႔ကိုကူမၿပီး ေက်းလက္ေဆးေပးခန္းကိုပို႔ရေအာင္….”
” ေအးေအး…အဲဒါအေကာင္းဆံုးဘဲ…မၾကေဟ့…”
သုတ္သုတ္ျပာျပာျဖင့္ လူတစ္စုလည္း တက္ထြန္းကိုဝိုင္းမကာ ​ေက်းလက္​ေဆးခန္းသို႔ပို႔ၾက၏။ ​ေဆးခန္း​ေရာက္သည္ႏွင့္​ေဆးမႉးလည္း​ေႁမြဆိပ္​ေျဖ​ေဆးတစ္လံုးထိုးထား​ေပး​ေသာ္လည္း ​ေႁမြဆိပ္မွာက်မလာဘဲ လူနာမွာတစ္ကိုယ္လံုးျပာႏွမ္းလာ၏။
” လူနာကိုၿမိဳ႕ေဆးရံုအျမန္ပို႔မယ္….ႏိူ႔မဟုတ္ရင္ လူနာအသက္ဆံုး႐ွံုးသြားလိမ့္မယ္ဗ်….”
” ဟာ…..”
” ဒါဆိုေဆးမႉးပါလိုက္ခဲ့ေပးပါ….လမ္းမွာတစ္ခုခုျဖစ္ရင္ က်ဳပ္တို႔ဘာမွမလုပ္တတ္ဘူးဗ်….”
” ေအးေအးက်ဳပ္လည္းလိုက္ခဲ့မယ္….က်န္တဲ့လူက လူနာကိုကိုက္တဲ့ေႁမြကိုေတြ႔ေအာင္႐ွာခဲ့ၾက….”
ရြာသားမ်ားလည္း ပုဆိုးတစ္ကြင္းကိုပုခက္
လုပ္ကာ တက္ထြန္းအားၿမိဳ႕ေဆးရံုပို႔ရန္လုပ္ၾက၏။ ေဆးမႉးလည္းလိုအပ္သည့္ေဆးဝါးအစံုကိုထည့္ယူကာလိုက္လာခဲ့၏။ တက္ထြန္းကား သတိရတခ်က္မရတခ်က္ျဖစ္ကာ ေယာင္ယမ္းေန႐ွာသည္။
​ေမာင္​ေရခဲတို႔ဆရာတပည့္ႏွစ္​ေယာက္လည္း ၾကက္ဥကို​ေရစီးသန္သည့္​ေခ်ာင္းထဲသို႔​ေမ်ာၿပီးသည္ႏွင့္ ကမ္း​ေပၚသို႔ျပန္တက္လာခဲ့သည္။ ​ေခ်ာင္းသည္ကားအ​ေတာ္က်ယ္ျပန္႔ၿပီး ရြာႏွစ္ရြာကိုျခားထားသကဲ့သို႔ပင္ထင္ရသည္။ ​ေရစီးသန္သျဖင့္ တစ္ရြာႏွင့္တစ္ရြာကူးရန္ သမၺာန္ငယ္မ်ား႐ွိ၏။
” ဒီေနရာမွာခဏနားၾကမလားဆရာ….ေနအရမ္းပူေသးေတာ့ခရီးဆက္လို႔မေကာင္းဘူး….”
” ေအးေအးထင္ေပၚ ခဏနားၾကတာေပါ့…”
ေခ်ာင္းစပ္႐ွိသစ္ပင္ေအာက္တြင္ ဆရာတပည့္ႏွစ္ေယာက္ေအးေအးလူလူအနားယူေနစဥ္ လူတစ္စုသည္ ​ေခ်ာင္းစပ္သို႔​ေရာက္လာၾက၏။
” ေဟ့ေဟ့….က်ပ္တို႔အေရးၾကံဳလို႔ ဟိုဖက္ကမ္းကိုလိုက္ပို႔ေပးစမ္းပါ…..ပိုေပးပါ့မယ္….”
ထိုလူစုထဲမွတစ္ေယာက္က ေမာင္ေရခဲတို႔ထံလာၿပီး သမၺာန္လာငွါး၏။ ထိုအခါထင္ေပၚက
” က်ဳပ္တို႔ကသမၺာန္သမားမဟုတ္ဘူးဗ်….ခရီးသြားေတြပါ ဒီမွာအရိပ္ရလို႔ေခတၱအနားယူေနၾကတာပါ…..”
” ဟာ…အဲဒါမွတကယ္ခက္ၿပီ….”
ထိုလူကစိတ္ပ်က္လက္ပ်က္ျဖစ္သြားဟန္ျဖင့္
သူ႔လူစု႐ွိရာသို႔ဆင္းသြား၏။ အခ်ိဳ႕ကေခ်ာင္း၏ဟိုဘက္ကမ္းကို လွမ္းေမ်ွာ္ရင္း သမၺာန္ကိုေမွ်ာ္ၾကည့္ေန၏။
” ဒီလူေတြဒုကၡေရာက္လာပံုရတယ္ထင္ေပၚ… သြားၿပီးၾကည့္ရေအာင္ ကူညီႏိူင္ရင္ကူညီၾကတာေပါ့….”
” ဟုတ္ဆရာ… ”
ဆရာတပည့္နွစ္ေယာက္ ေခ်ာင္းစပ္႐ွိလူစုဆီသို႔ဆင္းသြား၏။
” ဒီကမိတ္ေဆြတို႔ ဘာျဖစ္ၾကတာလဲဗ်….”
” က်ဳပ္တို႔ထဲကတစ္ေယာက္ပိုးထိထားလိ့ု ၿမိဳ႕ေဆးရံုပို႔မလို႔ပါ….အဲဒါသမၺာန္ေတြကဒီေန႔႐ွိကိုမ႐ွိတာဗ်….ဒီပံုအတုို့င္းဆို ဒို႔လူကိုလက္ေလ်ွာ့ရ​ေတာ့မယ္ထင္ရဲ႕ဗ်ာ….ဟူး….”
ထိုလူကစိတ္ပ်က္အားေလ်ွာ့ဟန္ျဖင့္ဆို​ေလသည္။ လူအံု​ေနသည့္ လူနာကိုၾကည့္လိုက္ရာ လူနာမွာ​​ေႁမြဆိပ္တက္သျဖင့္ျပာႏွမ္း​ေနၿပီး ခိုက္ခိုက္တုန္​ေနသည္ကို​ေတြ႕လိုက္ရသည္။
” ဟာ…”
ေမာင္ေရခဲကလူနာအားေသခ်ာၾကည့္လိုက္ရာ သာမန္​ေႁမြကိုက္ထားသည္မဟုတ္မွန္း​ေတြ႕လိုက္ရ၏။ ထိုခဏ၌​ေခ်ာင္းစပ္ဆီသို႔ လူဆယ္​ေယာက္ခန္႔ထပ္မံ​ေရာက္လာျပန္၏။
” သား….လူကေလး…..ဘယ္လိုျဖစ္ရတာလဲကြာ…..”
” တက္ထြန္း….မင္းဘယ္လိုျဖစ္ရတာလဲကြာ….”
” လူနာကိုကြၽန္ေတာ္ၾကည့္ပါရေစ…ကြၽန္​ေတာ္တို႔က​ေဆးပညာလည္းမ​ေတာက္တစ္​ေခါက္တတ္ပါတယ္….”
ေမာင္ေရခဲ လည္းလူအုပ္ၾကားတိုးဝင္လိုက္ၿပီး ေျပာလိုက္ရာ လူစုမွာ႐ွဲသြားၾကကုန္၏။
လူနာမွာအသက္႐ႈသံသိပ္မမွန္ခ်င္​ေတာ့​ေပ။ မ်က္စိသူငယ္အိမ္မွာလည္း အ​ေတာ္ပင္က်ယ္​ေန​ေခ်ၿပီ။
” သူပိုးထိခံရတဲ့အခ်ိန္က ခန္႔မွန္းေျခဘယ္ေလာက္႐ွိၿပီလဲဗ်….”
” ကိုက္တဲ့အခ်ိန္ကိုအတိအက်မသိေပမဲ့ က်ဳပ္တို႔သူ႔ကို ေတြ႔တဲ့အခ်ိန္ကစေျပာရရင္ ၃နာရီေက်ာ္ပါၿပီ….”
” ကြၽန္ေတာ္ အုန္းေရလိုခ်င္တယ္ဒီအနီးအနားမွာအလြယ္ရႏိူင္မလား….”
” မရႏိူင္ေလာက္ဘူးဗ်….”
ထိုစဥ္အုန္းသီးအျပည့္တင္လာေသာသမၺာန္ငယ္တစ္စီးကမ္းသို႔ကပ္လာ၏။
” ဟာ…ဟိုသမၺာန္ကအုန္းသီးေတြတင္လာတာဗ်…အခန္႔သင့္တာဘဲကြၽန္ေတာ္တစ္လံုးေလာက္သြားေတာငး္ဝယ္လာခဲ့မယ္….”
ခဏ၌ထိပ္ခဲြထားၿပီးသားအုန္းသီးတစ္လံးု ေရာက္လာ၏။ ေမာင္ေရခဲလည္း ထိုအုန္းသီးကိုယူလိုက္ၿပီး ဂါထာတစ္ပုဒ္ရြတ္ကာမန္းလိုက္၏။
” မိတ္ေဆြ….ဒီအုန္းေရကိုလူနာကိုဝင္ေအာင္တိုက္ေပးပါ….ထင္ေပၚ မင္းကေျမြဆိပ္မကုန္မခ်င္း ထုတ္ေပး….”
” ဟုတ္ဆရာ…”
ေမာင္ထင္ေပၚလည္းေႁမြဆိပ္ထုတ္ရန္ လူနာ၏ေျခေထာက္ကိုၾကည့္လိုက္ရာ အစြယ္ရာသံုးေပါက္ေနရာ၌မည္းပုတ္ေနၿပီး ေစးပ်စ္ပ်စ္ေသြးပုပ္မ်ားက်ေနသည္ကိုေတြ႔လိုက္ရ၏။ ေမာင္ထင္ေပၚမွာနဂါးဘဝမွာလာသူျဖစ္သျဖင့္ သာမန္ေႁမြဆိပ္ကိုအလြယ္တကူထုတ္ႏိုင္ေသာ္လည္း ယခုေႁမြဆိပ္သည္ေတာ္ေတာ္နဲ႔မက်ႏိုင္မွန္းသိလိုက္၏။ ထိပ္မွစ၍​ေအာက္​ေျခခံုအထိ လက္ဝါးျဖင့္သပ္ခ်လိုက္၊လက္ခံုျဖင့္အသာခုတ္လိုက္ျဖင့္​ေႁမြဆိပ္ကိုထုတ္​ေန၏။ ၾကည့္​ေနသည့္လူမ်ားမွာ ​ေမာင္​ေရခဲတို႔လုပ္သမ်ွကို စိတ္ဝင္တစားၾကည့္​ေနၾက၏။
အ​ေတာ္ၾကာထုတ္​ေပးၿပီးသည့္​ေနာက္ လူနာ၏အသားအ​ေရမွာမူလအတိုင္းတျဖည္းျဖည္းျပန္ျဖစ္လာ၏။ ​ေႁမြစြယ္ရာမွ ​အဆိပ္မ်ားမွာအျပင္သို႔​ေျမာက္မ်ားစြာထြက္ၾကလာ၏။ ​​ေႁမြဆိပ္မ်ားကုန္စင္ၿပီးခ်ိန္၌လူနာမွာသတိျပန္လည္လာ၏။ ထိုအခါ​ေမာင္​ေရခဲက
” လူနာမွာေႁမြဆိပ္ေတာ့မ႐ွိေတာ့ဘူး….ဒါေပမဲ့သူ႔ကိုတိုက္ထားတဲ့အတို္က္က႐ွိေနေသးတာကိုကြၽန္ေတာ္ေတြ႔ေနရတယ္….ဒီေတာ့ ကြၽန္ေတာ့ကိုဆက္လက္ကုသေပးဖို႔ခြင့္ျပဳေပးပါ….”
” ခြင့္ျပဳပါတယ္ဆရာရယ္….အဖိုးကဒီလူနာရဲ႕ဖခင္ပါ….”
တက္ထြန္း၏ ဖခင္ကကုသခြင့္ေပးလိုက္ရာေမာင္ေရခဲလည္း မိမိလုပ္ေနၾကအတိုင္း
” ေဟာဒီစ​ေနသားရဲ႕အသက္ကိုငါပိုင္တယ္….​ေဟာဒီစ​ေနသားကိုအတိုက္လုပ္ထားတဲ့သူ ငါဆရာအ​ေ႐ွ႕အျမန္လာခဲ့စမ္း….”
ထိုစဥ္ မွိန္းေမာေနေသာ လူနာတက္ထြန္းမွာ လက္ခေမာင္းထခတ္ေလ၏။
” ဟင္….”
” ဟာ….တက္ထြန္း….”
ၾကည့္ေနသည့္ လူမ်ားမွာတက္ထြန္း၏အျပဳအမူေၾကာင့္ အံ့ဩသြားၾကကုန္၏။ ​ေမာင္​ေရခဲလည္း တက္ထြန္းကို​ေသခ်ာစူးစိုက္ၾကည့္လိုက္ၿပီး
” မင္းဘယ္သူလဲ….ဘာအတြက္စေနသားကိုအတိုက္ဆင္ရတာလဲ….”
” ဟား…..ဟား….ဟား….ပညာ​ေလးမ​ေတာက္တ​ေခါက္​ေလာက္နဲ႔ငါ့ကိုလာမစမ္းနဲ႔ကိုယ့္လူ….ကိုယ္နဲ႔မဆိုင္ရင္ဝင္မ႐ႈပ္နဲ႔ ….”
” ငါနဲ႔မဆိုင္​ေပမဲ့ ငါ့​ေ႐ွ႕​ေရာက္လာတဲ့ လူနာမွန္သမ်ွကိုငါကယ္တင္​ေပးရမဲ့ တာဝန္႐ွိတယ္….ဒီ​ေတာ့ငါ​ေမးတာဘဲ​ေျဖပါ….မင္းဘယ္သူလဲ…ဘာအတြက္စ​ေနသားကို ​ေႏွာင့္ယွက္ရတာလဲ….”
” မေျဖဘူးကြာ… မင္းမွာပညာ​ေတြအရမ္းထက္​ေနရင္ ငါဘာ​ေကာင္လဲဘယ္သူလဲဆိုတာ မင္းသိ​ေအာင္လုပ္​ေလ…ဟားဟားဟား….”
” မင္းကငါ့ကိုစိန္ေခၚတာလား…. ရတယ္ေလ… ၿပီးမွငါ့ကိုအဆိုးမဆိုနဲ႔…ကဲ…ထင္ေပၚငါ့ကိုအခ်ဳပ္အင္းတစ္ခ်ပ္ေပးစမ္း….”
ထင္ေပၚလည္း ဆ႐ာျဖစ္သူ​ေတာင္းသည့္အင္းခ်ပ္ကိုလြယ္အိတ္ထဲမွထုတ္​ေပးလိုက္၏။ ​ေမာင္​ေရခဲလည္းထိုအင္းခ်ပ္ကိုအသက္သြင္းလိုက္ၿပီး စ​ေနသား၏​ေခါင္း​ေပၚသို႔ကပ္ထားလိုက္၏။
” အား….ဖယ္စမ္း….အဲဒါကိုငါ့ေခါင္းေပၚကေနဖယ္စမ္း….”
တက္ထြန္းမွာလူးလြန္႔ၿပီး ေခါင္းေပၚမွ အင္းခ်ပ္ကိုအတင္းခါခ်၏။ သို႔ေသာ္ေမာင္ေရခဲကအတင္းဖိကပ္ထားသျဖင့္ ႐ုနး္၍မရေတာ့ဘဲေနာက္ဆံုး၌ၿငိမ္က်သြား၏။
” ေျဖစမ္း….မင္းဘယ္သူလဲ… ဘာအတြက္စေနသားကိုအတုိက္လုပ္ထားရတာလဲ….”
” ငါ….ငါကကြင္းပိုင္ပါ…. ဒီေကာင္ကငါ႐ွိတဲ့ေနရာမွာ ငါမႀကိဳက္တာလာလုပ္လို႔ တိုက္လႊတ္လိုက္တာပါ….”
” ေသခ်ာလား…. ”
” ေသ…ေသခ်ာပါတယ္….”
” မင္းလိမ္ရင္ဘာျဖစ္မလဲဆိုတာမင္းသိလား….”
” သိ….သိပါတယ္….”
” အဲဆိုေျဖ….ဘာအတြက္တိုက္လႊတ္လိုက္တာလဲ…”
” ငါ့…ငါ့ကိုခိုင္းလို႔ပါ…ငါမလုပ္ေပးရင္ငါ့ကိုမီးၿမိဳက္ၿပီးတသက္လံုးခိုင္းစားမယ္ဆိုလို႔ပါ….”
” မင္းကိုခိုင္းတဲ့ေကာင္ကိုေျပာလိုက္…သတိၱ႐ွိရင္ငါနဲ႔ထိပ္တိုက္လာေတြ႔လို႔….ဘယ္ႏွယ့္သူမ်ားအားကိုးနဲ႔အတိုက္လုပ္ခိုင္းရတယ္လို႔….မင္းလဲသူမ်ားခိုင္းတိုင္းေကာင္းသည္ဆုးိသည္ မစဥ္းစားဘဲ ​ေႁမြနဲ႔တိုက္လႊတ္ရတယ္​ေပါ့…ဒီစ​ေနသားသာငါနဲ႔မဆံုခဲ့ရင္ မင္းတို႔ျပဳတိုင္းႏု​ေနရ​ေတာ့မွာ….”
ကြင္းပိုင္ကဘာမွျပန္မေျဖဘဲ ေခါင္းသာငံု႔ထား၏။
” ကဲ….မင္းလုပ္ထားတာေတြအကုန္ျပန္ယူ…ဘာေျခရာလက္ရာမွ မက်န္ေစနဲ႔….”
ထိုစဥ္ ေခ်ာင္းေရျပင္ကိုျဖတ္၍တိုက္ခတ္လာေသာေလၾကမ္းႀကီးသည္ ေမာင္ေရခဲ၏မ်က္ႏွာျပင္ကိုကလူက်ီဇယ္သြား၏။ ထိုေလၾကမ္းႀကီးႏွင့္အတူ မ​ေကာင္းသည့္အ​ေငြ႕အသက္ပါခံစားလိုက္ရသျဖင့္ ကြင္းပိုင္အား​ေစခိုင္းသည့္ ပုဂၢိဳလ္​ေရာက္လာသည္ကို​ေမာင္​ေရခဲသိလိုက္၏။
” ဟားဟားဟား….ဘယ္္ႏွယ့္လဲဆရာေလးရဲ႕….က်ဳပ္ကိစၥေတြဝင္ေႏွာင့္ယွက္ရတာ အရသာမွ႐ွိရဲ႕လားဗ်….”
” ငါေတာင္ေခၚစရာမလိုဘဲ ေရာက္လာေပးလို႔ေက်းဇူးတင္ပါတယ္…. ကဲေရာက္လာၿပီဆိုေတာ့လဲ ဘာအတြက္စေနသားကိုေႏွာင့္ယွက္ရတာလဲဆိုတာပါေျဖလိုက္ပါဦး….”
” ဟားဟားဟား…မင္းေမးတိုင္းငါကေျဖရေအာင္ မင္းကငါ့ဆရာလား… ”
” ငါကလည္းမင္းလိုယုတ္ညံ႔တဲ႔တပည့္မ်ိဳးကိုမေမြးပါဘူး….”
” မင္းဘာစကားေျပာတာလဲ…. မင္းစကားကိုျပန္ျပင္လိုက္ရင္ေကာင္းမယ္…မဟုတ္ရင္ ဒီေကာင္အေသဘဲ….”
” မင္းလုပ္ရဲရင္လုပ္ၾကည့္လိုက္ေလ…. ”
” ဟင္…သား..မလုပ္နဲ႔….”
မထင္မွတ္လိုက္သည့္အခ်ိန္၌ တက္ထြန္းသည္ လူအုပ္ၾကားထဲမွ ထြက္ေျပးသြားၿပီး ​ေခ်ာင္းထဲသို႔ခုန္ခ်ရန္လုပ္၏။
” ရပ္လိုက္စမ္း….ငါ့အမိန္႔မရဘဲအဲေနရာကေန တစ္ဖဝါးမွမေရႊ႔နဲ႔….”
ေမာင္ေရခဲက ထိုသို႔အမိန္႔ျပန္လိုက္ရာ တက္ထြန္းမွာထိုေနရာမွေရြ႔၍မရေတာ့ေခ်။
” စေနသားကိုထိခိုက္ေအာင္လုပ္ဖို႔မၾကံနဲ႔…ထိုင္စမ္း …ေရာက္တဲ့ေနရာမွာဘဲထိုင္ခ်လိုက္စမ္း …”
တက္ထြန္းလည္းထိုေနရာ၌ပင္ ထိုင္ခ်လိုက္၏။ ထို႔​ေနာက္​ေမာင္​ေရခဲလည္း လုပ္ထံုးလုပ္နည္းအတိုင္းလုပ္လိုက္႐ာ ​ေနာက္ဆံုး၌
ဝန္ခံလာ၏။ (ကုသနည္းမွာထံုးစံအတိုင္းပင္ျဖစ္သျဖင့္ ခ်န္လွပ္ထားလိုက္သည္)
” ငါ့ကိုလူတစ္ေယာက္က လုပ္ခိုင္းလို႔လုပ္ရတာပါ…. ငါ့ကိုေငြေၾကးေတြပံုေအာေပးၿပီးသူခ်စ္တဲ့ ေကာင္မေလးနဲ႔နီးေအာင္ လုပ္ခိုင္းလို႔လုပ္ရတာပါ…”
” အဲဒါဆို မင္းလုပ္ထားတာေတြျပန္ယူၿပီးရင္သြားလိုရာသြားေတာ့….ကြင္းပိုင္ႀကီးကိုလဲဒီတစ္ခါငါခြင့္လႊတ္လိုက္မယ္…အလို႐ွိရာသြား​ေပ​ေတာ့….”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္သည္ႏွင့္ ကြင္းပိုင္ႀကီးႏွင့္ ႀကိဳးကိုင္သူပုဂၢိဳလ္မွာေဝဝါးေပ်ာက္ကြယ္သြားၾက၏။
ေႁမြဆိပ္မ်ားအားလံုးေျပေပ်ာက္သြားသည့္အျပင္ ခိုင္းေစသည့္လူကိုပါႏိူင္နင္းၿပီးျဖစ္သျဖင့္တက္ထြန္းမွာ လူေကာင္းအတိုင္းျပန္ျဖစ္လာၿပီး လူအုပ္ကိုေၾကာင္ေတာင္ေတာင္ၾကည့္ေန၏။ လူအုပ္သည္ကား တက္ထြန္းသနားသြားၾကၿပီး တက္ထြန္းနဲ႔ရန္ၿငိဳးရန္စ႐ွိခ့သည့္​တဖက္ရြာက​ေဇာ္ထက္ကိုဆဲဆိုႀကိမ္း​ေမာင္းၾကကုန္၏။
” ေတာက္! ဒီေကာင္ ဆရာမေလးရဲ႕အခ်စ္ကိုမရလို႔ဒီလို ယုတ္ည့ံတဲ့နည္းနဲ႔တိုက္ခိုင္းတာေပါ့….ေသမယ္ဒီေကာင္ေတာ့….”
” ေတာက္! ေခြးထက္မိုက္တဲ့အေကာင္ကြာ…”
” ဒီေကာင္နဲ႔က်ဳပ္ေတာ့ ေတြ႔ရာသခ်ဳႋင္းဓားမဆိုင္းဘဲ….”
တစ္ေယာက္တစ္ေပါက္ျဖင့္တက္ထြန္းႏွင့္အခ်စ္ၿပိဳင္ဘက္ျဖစ္သည့္ ေဇာ္ထက္ကို က်ိန္ဆဲေနၾက၏။ ထိုအခါ ​ေမာင္​ေရခဲက
” ေတာ္ၾကပါေတာ့…. ကိုယ့္အထင္နဲ႔​ေလ်ွာက္မလုပ္ၾကပါနဲ႔ မိတ္​ေဆြတို႔ ထင္တဲ့လူမဟုတ္ဘူး….”
” ဗ်ာ….”
” အဲေကာင္ေဇာ္ထက္ကလဲြၿပီး ဘယ္သူမွမျဖစ္ႏိုင္ဘူး….သူကတက္ထြန္းကိုအရင္တုန္းကလဲဝိုင္း႐ိုက္ေသးတယ္…တေလာကလည္းရန္ျဖစ္လို႔ သူ႔အေၾကာင္းေကာင္းေကာင္းသိေစရမယ္ဆိုၿပီးက်ိန္သြားေသးတယ္…ဒီေကာင္မဟုတ္ရင္တျခားဘယ္သူျဖစ္ႏိူင္လို႔လဲ….”
လူအုပ္ကေမာင္ေရခဲဝင္ေရာက္ျဖန္ေျဖသည့္တိုင္ အျငင္းပြားေနၾကဆဲပင္။ ထိုစဥ္တခ်ိန္လံုး​ေမာင္​ေရခဲလုပ္သမ်ွကို စိတ္ဝင္တစားၾကည့္​ေန​ေသာက်န္းမာ​ေရးမႉးက
” ဒီကမိတ္ေဆြတို႔ကိုတစ္ခုေလာက္ေမးခ်င္လို႔ပါ…ေစာေစာကေႁမြဆိပ္ထုတ္တာရယ္၊ သာမန္ေႁမြဟုတ္မဟုတ္ရယ္ကို ဘယ္လိုလုပ္ခဲြျခားႏိူင္တာလဲ….”
” ဒါကေျပာရရင္ ​ေႁမြနဲ႔ပတ္သက္​တဲ့ ပညာတစ္ခုဘဲဗ်….​ေနာက္​ေနာင္အလို႐ွိရင္သံုးလို႔ရ​ေအာင္ က်ဳပ္သိတဲ့​ေႁမြခဲြျခားနည္းကို မ်ွ​​ေဝ​ေပးမယ္ဗ်….”
” ပထမဆံုး ​ေႁမြခဲြနည္းကို​ေျပာျပမယ္
ဥ ေဒါင္း ညိဳ ျပာ လက္ယာခဲ တဲ့ …ဒီလကၤာအတိုင္း​ေန႔ကို​ေကာက္ရရင္ တနဂၤ​ေႏြ၊စ​ေန၊အဂၤါ၊ၾကာသပ​ေတးစတဲ့​ေန႔​ေတြရတယ္ဗ် …အဲဒီ​ေန႔မွာ ​လက္ယာဘက္ျခမ္းရဲ႕​ေနရာတစ္ခုခုမွာ ​ေႁမြကိုက္ခံရရင္ တကယ့္​ေႁမြအစစ္​ေပါ့….အဲဒီလိုမွမဟုတ္ဘဲအဲ​ေန႔​ေတြမွာလက္ဝဲဘက္ကို ကိုက္ခံရ႐င္​ေတာ့ ​ေႁမြမွားလို႔​ေခၚတဲ့ တိုက္​ေႁမြ၊ကြင္း​ေႁမြ​ေတြ​ေပါ့ဗ်ာ……”
” ဟုတ္ၿပီမိတ္ေဆြ…ေနာက္တစ္နည္းကေရာဗ်….”
” ေနာက္တနည္းက သား ေရႊ ခဲ လက္ဝဲခဲတဲ့….အဲဒီလကၤာအရ ​ေသာၾကာ၊ဗုဒၶဟူး၊တနလၤာ ​ေန႔မွာလက္ဝဲဘက္ကိုအကိုက္ခံရရင္တကယ့္​ေႁမြအစစ္၊ လက္ယာဘက္ကိုက္ခံရရင္​ေတာ့ တိုက္​ေႁမြ၊ကြင္း​ေႁမြ​ေတြ​ေပါ့ဗ်…”
” ေနာက္ဆံုးတစ္ခုကေတာ့ ကိုယ့္ကိုကိုက္တဲ့ေႁမြကအဖိုလားအမလားဆိုတာသိေစတဲ့နည္းဗ်….”
” စိတ္ဝင္စားစရာဘဲဗ်ိဳ႕….ဆိုစမ္းပါဦး မိတ္ေဆြ…. ”
” ေအာင္ စံ ျမတ္ သူ အဖိုယူတဲ့….အလကၤာအရ တနဂၤ​ေႏြ၊အဂၤါ၊ၾကာသပ​ေတး၊​ေသာၾကာ ​စတဲ့​ေန႔​ေတြမွာအကိုက္ခံရရင္ ကိုက္တဲ့​ေႁမြက​ေႁမြဖိုဗ်….​ေႁမြဖိုကလူ​ေယာက်ာ္းကိုကိုက္ရင္ ကိုက္ခံရတဲ့လူ​ေသသဗ်….က်န္တဲ့​ေန႔​ေတြမွာကိုက္ခံရရင္​ေတာ့​ေႁမြမဘဲ​ဗ်….​လူမိန္းမကို​ေႁမြမကိုက္ရင္​ေသတယ္ဗ်….”
” အေတာ္စိတ္ဝင္စားဖုိ႔ေကာင္းတယ္ဗ်….ဒီလို​ေလးသိထား​ေတာ့ က်ဳပ္တို႔​လို​ေတာတိုး​ေတာင္တိုးရတဲ့ လူ​ေတြ​ေႁမြအႏၱာရယ္ၾကံဳလာခဲ့ရင္ ​​ေျဖ႐ွင္းနည္းရသြားတာ​ေပါ့​ဗ်….”
” ပိုၿပီးမွတ္မိလြယ္ေအာင္ လကၤာေလးနဲ႔မွတ္ထားၾကေပါ့…”
” ဥ ေဒါင္း ညိဳ ျပာ လက္ယာခဲ
သား ေရႊ ခဲ လက္ဝဲခဲ
ေအာင္ စံ ျမတ္ သူ အဖိုယူတဲ့….”
” သိပ္ရြတ္ရလြယ္တဲ့လကၤာဘဲဗ်….ဒါနဲ႔ ေစာေစာက လူနာကိုဘာလို႔ေရမတိုက္ဘဲ အုန္းေရတိုက္ရတာလဲဗ်….”
” ဪဒါက ေႁမြကိုက္ခံရတဲ့လူကို ေရတိုု္က္ရင္ေႁမြဆိပ္ပိုျပန္႔ေစတယ္ဗ်..အဲဒါေၾကာင့္ အုန္းေရတိုက္တာဗ်….”
” ဪ….အဲလို႔ကိုး….”
ေမာင္ေရခဲႏွင့္လူတစ္စုတို႔ စကားေကာင္းေနခိုက္ ေခ်ာင္းႏွင့္ခပ္လွမ္းလွမ္း႐ွိ သစ္ပင္အေနာက္မွလူတစ္ေယာက္သည္ လူစု႐ွိရာသို႔ မမွိတ္မသုန္ၾကည့္လိုက္ၿပီး တေအာင့္အၾကာ၌ မေက်နပ္ဟန္မ်က္ႏွာထားျဖင့္ အံကိုတင္းတင္းႀကိတ္ကာ ျပန္လည္ထြက္ခြာသြားသည္ကို ေမာင္ေရခဲေတြ႔လိုက္ရသျဖင့္ ႏူတ္ခမ္းေကးြးရံုျပံဳးမိ၏။
” ကဲ…လူနာလည္းေနေကာင္းသြားၿပီ….အခ်ိန္လည္းအေတာ္လင့္ေနၿပီဆိုေတာ့ က်ဳပ္တို႔ကိုခြင့္ျပဳၾကပါအံုးဗ်….”
” ဟာ…ဟုတ္ေပသားဘဲဗ်…က်ဳပ္တို႔လဲတက္ထြန္းျပန္ေနေကာင္းသြားတာနဲ႔ဝမ္းသာၿပီးပတ္ဝန္းက်င္ကိုေမ့ေနတာဗ်….ဒါနဲ႔ ေဆးကုခဘယ္လိုယူပါသလဲ….”
” ေစတနာနဲ႔ကူညီေပးတာပါဗ်ာ….က်ဳပ္မွမဟုတ္ဘူးတျခားလူေတြဆိုရင္လည္း ကူညီေပးၾကမွာဘဲဗ်…”
ေမာင္ေရခဲေျပာသည္မွာလည္း သဘာဝက်သျဖင့္ လူတစ္စုလည္း ဘာမွဆက္မေျပာေတာ့ေပ။ တက္ထြန္းကား ေမာင္ေရခဲဘက္လွည့္ၿပးီ အႀကိမ္ႀကိမ္ကန္ေတာ့ေန႐ွာ၏။
ကိစၥၿပီးသြားၿပီျဖစ္သျဖင့္ လူတစ္စုအားႏူတ္ဆက္ၿပီး သမၺာန္ငယ္ျဖင့္ ဆရာတပည့္ႏွစ္ေယာက္ တဖက္ကမ္းသို႔ကူးသြားေလ၏။ ထိုအခါထင္ေပၚက
” ဆရာ…. ​ေခ်ာင္းရဲ႕ဒိဘက္ကမ္းကိုဘာလို႔ျပန္လာတာလဲ…တက္ထြန္းကိုေႁမြနဲ႔တိုက္သတ္ခိုင္းတဲ့လူက သူ႔ရန္ဖက္နဲ႔မဟုတ္ဘူးဆိုေတာ့ ဘယ္သူလဲဗ်….”
” ဘာလို႔ျပန္လာတာလဲဆို​ေတာ့ လုပ္စရာမ႐ွိ​ေတာ့လို႔​ေပါ့ကြာ…​တက္ထြန္းကိုတိုက္ခိုင္းတဲ့လူက​ေတာ့ သူ႔ရဲ႕ငယ္ေပါင္းေဖာ္ အခ်စ္ဆံုး သူငယ္ခ်င္းဘဲထင္ေပၚ….”
” ဗ်ာ!…….”
ၾကားလိုက္ရေသာစကားေၾကာင့္ထင္ေပၚမွာ အာေမဋိတ္သံမ်ားပင္ထြက္လာမိသည္။ ထိုနည္း၎ပင္။ ေလာက၌မိမိအယံုၾကည္ရဆံုးသူသည္ မိမိ၏ေနာက္ေက်ာကို ဓားနဲ႔ထိုးမည့္လူျဖစ္ေနတတ္သည္။……။
# ၿပီး
# ခြန္း