** ဝိညာဉ်အရိပ်ပေလော **(စ/ဆုံး)

Unicode Version

** ဝိညာဉ်အရိပ်ပေလော **(စ/ဆုံး)
——————————————

“ကျောက်မျက်ရတနာတွေမှာ လည်း လူ တိရစ္ဆာန် သစ်ပင်တွေလိုပဲ အသက်ရှိသလို စွမ်းအားတွေလည်း ရှိတယ်၊ ဒါကြောင့်
အဆောင်အဖြစ် ဝတ်ဆင်ကြတဲ့ အခါ
ကောင်းကျိုးတွေရသလို ဆိုးကျိုးတွေလည်း ရနိုင်တယ်”
ထိုနေ့က ဒေါက်တာမင်းထင်ကျော်က ၎င်း ဝယ်ယူခဲ့သော ပတ္တမြားကို စမ်းသပ်မှုတစ်ခု ပြုလုပ်ကြည့်မည်ဟု ပြောသဖြင့် ကျွန်ုပ် လည်း စိတ်ဝင်စားလှသောကြောင့် ၎င်းတိုက်မှာ ပင် ညအိပ်ရင်းနှင့် ညဘက်တွင် စကား ထိုင်ပြောနေကြခြင်း ဖြစ်သည် ။
“ဒါဟာ မောင်ရင် တစ်ခါကပြောတဲ့ ဓာတ် သဘောတွေနဲ့ သက်ဆိုင်သလား”
“မှန်တာပေါ့ ဆရာရယ် ဘယ်အရာမဆို ဓာတ်ကြီးလေးပါးနဲ့ ကင်းလို့ ရတာမှ မဟုတ်
ကာရေ၊ မြေ၊မီး ဆိုတဲ့
ဓာတ်ကြီးလေးပါး မရှိရင် ဘာမှ ဖြစ်မလာ နိုင်ဘူး၊ ဒါကြောင့် ဘယ်အရာမဆို ဓာတသ ဘောတွေနဲ့ ကင်းကိုကင်းလို့ မရဘူး” “အင်း စိတ်ဝင်စားစရာပဲ .. ကျုပ်နားလည် အောင် ဒီထက်တော့ နည်းနည်း ရှင်းပြဦးမှ
ဖြစ်မယ်”
“ဓာတ်ပညာဆိုတာ သိပ်ပြီး ဆန်းကြယ် တယ် ရှေးက ဆရာဇီဝက အပါအဝင် မြန်မာ
သမားတော်ကြီးတွေက
ဘယ်အရာမဆို
ဓာတ်ပညာနဲ့ ပဲ အလုပ် လုပ်ခဲ့ကြတယ်။

ဓာတ်မပိုင်ရင် ဆေးမကိုင်နဲ့ ဆိုတဲ့ စကားပုံ တောင် ရှိသေးတာပဲ ရာသီနဲ့ ဓာတ်ကိုပိုင်တဲ့ အခါကျတော့ နွယ်မြစ်သစ်ပင် မှန်သမျှ၊
သဘောဝသယံဇာတ ပစ္စည်းမှန်သမျှ ဘယ် အရာမှ ဆေးဖက်မဝင်တာ မရှိတော့ဘူးပေါ့”
“ဟုတ်ပါတယ် ကျမ်းစာအုပ်ထဲမှာ ဆရာ
ဇီဝကကို ဆေးဖက်မဝင်တဲ့ အပင်သွားရှာချေ လို့ ဆရာက ခိုင်းလိုက်တာ ဘာမှ မရဘဲ ပြန်လာခဲ့တာ … အားလုံး ဆေးဖက်မဝင်တဲ့ အပင် မရှိဘူးဆိုတဲ့ သဘောပေါ့” “အမှန်ပေါ့ ဆရာရယ် လောကမှာ သိရင် ဘာမှ မရှိတော့ဘူးဆိုတဲ့ စကားဟာ သိပ်မှန် ပြီး တန်ဖိုးရှိတဲ့ စကားပဲ မြတ်စွာဘုရားဟာ လောကသုံးပါးကို အားလုံးကုန်စင်အောင် သိ တော်မူတဲ့ အတွက် သူ့အတွက် ဘာမှ မရှိ တော့သလို ဆရာဇီဝကကလည်း ဓာတ် သဘောကို ကုန်စင်အောင် သိလေတော့ သူ့အတွက် ဆေးဖက်မဝင်တဲ့ အပင်မရှိတော့ဘူးပေါ့။

“ခင်ဗျားပြောတာနဲ့
ဒီဓာတ်အကြောင်းကို
ကျုပ်တောင် အတော်စိတ်ဝင်စား လာပြီ
ပြောပြစမ်းပါဦးဗျ”
“ဓာတ်ပညာဆိုတာ အခုမှ ပေါ်လာတာ
မဟုတ်ဘူး ။ ကမ္ဘာတည်စကတည်းက ရှိခဲ့
တာပဲ ရှေးကလူတွေဟာ ဒီဓာတ်ပညာတစ်ခု
တည်းနဲ့
ဆေးဝါးအတွက်သုံးတယ်၊
သိဒ္ဓိပေါက်အောင် သုံးနိုင်ခဲ့ကြတယ်။ ဓာတ် ပညာမှာ ဆန်းကြယ်မှုတွေ.. အများကြီးရှိ
တယ်”
“ဘယ်လို ဆန်းကြယ်မှုတွေလဲဗျ” “ဆရာ့ကို ကျွန်တော် နမူနာပြောပြပါမယ်၊ ဓာတ်ပညာဆိုတာ အတော်ဆန်းတယ် ရှင် နေတဲ့ သစ်ပင်တစ်ပင်ကို သေအောင်လုပ်နိုင် သလို သေခါနီးဖြစ်နေတဲ့ သစ်ပင်တစ်ပင်ကိုလည်း ပြန်ရှင်အောင်
လုပ်နိုင်တယ်၊
ပင်လယ်မှာ ဒီရေတက်လာတာနဲ့ ငပိအိုးထဲ ငပိတွေကြွတက် လာပြီး ဒီရေပြန်ကျသွား
ကတာနဲ့ ငပိတွေ ပြန်ကျသွားတာ ဓာတ်
သဘောပါပဲ။
“အဆန်းပါလား”
“ဗူးသီးများများ သီးပြီး အသီးတင်ချင်ရင် နွားရိုး ဆွဲပေးရတယ်ဆိုတာ လက်တွေ့မို့ တောနယ်တွေမှာ အခုအချိန်ထိ သုံးနေတဲ့ လက်တွေ့အသုံးချနည်း တစ်ခုပဲ၊ ဒီလိုပဲ
ရှောက်ပင်တစ်ပင်ကို သေစေချင်ရင် ဝါးနဲ့
သာ ထောက်လိုက် ချက်ချင်းညှိုးပြီး သေသွား
လိမ့်မယ်”
“တယ်လည်း ဆန်းကြယ်ပါလား”
“တောမှာ ဘဲတွေကို ရာနဲ့ ထောင်နဲ့ ချီပြီး မွေးတတ်ကြတယ်၊ ဘဲအုပ်ကြီး ပြိုင်တူအော် နေလို့ ဆူနေရင် မီးဖိုက ပြာကလေး နည်း

နည်းယူပြီး ပက်လိုက် ချက်ချင်း ငြိမ်ကျသွား လိမ့်မယ်၊ ဒီလိုပဲ အုန်းပင်သေအောင် ထုံးနဲ့ သုတ်ပြီး သစ်ရင်လည်း သေတယ်”
“ခြံထဲမှာ
စိုက်ထားတဲ့ အုန်းပင်ကို
အသီးသီးကာလမှာ ခရုတွေပက်ကျိတွေ မ
တက်အောင် အပင်ခြေတစ်ဝိုက်ကို ထုံးတွေနဲ့
ပတ်သုတ်ထားလိုက်တာ … တဖြည်းဖြည်းနဲ့
သေသွားတဲ့ အကြောင်းရင်းကို … အခုမှ
သဘောပေါက်တော့တယ်”
ဒေါက်တာမင်းထင်ကျော်က ဆက်ပြော
ပြသည် ။
“ကြွေထည်၊ ပစ္စည်းတွေ ဘယ်လောက်ပဲ မာမာ သံပရာရည်နဲ့ စိမ်လိုက်တာနဲ့ ပျော်ကျ သွားတယ် သစ်ပင်တွေအနေနဲ့ ပြောရရင် ဝေ ဖူးပွင့်နေတဲ့ စံပယ်ခင်းကို အပင်
တွေခိုင်အောင် ဝါးညှပ်၊ ဝါးကပ်၊ ဝါးထောက် ပေးလိုက်တာနဲ့ အားလုံးတစ်ပြိုင်တည်း သေ

ကုန်တာပဲ၊ ဒါပေမဲ့ အသန်နှေးနေတဲ့ နှင်းဆီ ပင်ကို ပါးညှပ်၊ ဝါးကပ်၊ ပါးထောက် ပေးလိုက်ရင် ချက်ချင်းသန်စွမ်းပြီး ဖူးပွင့်လာ
တာ ဓာတ်ရဲ့ သဘောပါပဲ”
“ကျုပ်တောင်
ဓာတ်ပညာတွေကို
စိတ်ဝင်စား လာပြီဗျို့ တကယ်လို့ သာ ဒီ
ဓာတ်ပညာရဲ့ ဇစ်မြစ်ကိုမသိရင် စုန်းတိုက်
နတ်တိုက်တာလို့ တောင် ထင်စရာရှိတာပေါ့
နော် ”
“မှန်တာပေါ့ဆရာရယ်
ဓာတ်ပညာ
လောကမှာ ဓာတ်ခိုက်ရင် နတ်တိုက်တာ ထက် ဆိုးတယ်ဆိုတဲ့ ဆိုရိုးစကားတောင် ရှိ တာပဲ စုန်းတိုက် နတ်တိုက်တာကမှ ကြာဦး မယ် ဓာတ်မတည့်တော့ဘူးဆိုရင် ချက်ချင်း သေတာဗျ”
“မသိလို့ သာ ဇွတ်လုပ်နေတာ သိရင်တော့
ကြောက်စရာကြီးပေါ့”

“ဒါပေါ့ ဆရာရယ် သက်ရှိသတ္တဝါမှန်သမျှ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့ထားတာဆိုတော့
ဓာတ်မတည့်တာနဲ့ အသက်ဆုံးရှုံးဖို့ ရှိတာ
ပေါ့။ ဆရာကို
ထူးဆန်းပြီး
လူတွေ
အမှတ်တမဲ့ ရှိတတ်တဲ့ ဓာတ်သဘောလေး
တွေ ပြောပြရဦးမယ်”
“ပြောပါဦးဗျာ ဗဟု သုတရတာပေါ့”
ဒေါက်တာမင်းထင်ကျော်က ၎င်းတပည့်
လေး စီစဉ်ပေးသော ကော်ဖီတစ်ခွက်နှင့်
လက်ဖက်ခြောက်များများ
ခပ်ထားသော
ရေနွေးကြမ်း တစ်ပန်းကန်ကို ကျွန်ုပ်ရှေ့သို့ တိုးပေးရင် ကပ္ပီတန်စီးကရက်တစ်လိပ်ကို မီးညှိ၍ တစ်ဖွာနှစ်ဖွာ ဖွာလိုက်သည် ။
“မိကျောင်းသားကို နနွင်းနဲ့ ထိရင် အရည် ပျော်သွားတာ အပူအအေးရဲ့ သဘောပဲ နနွင်း ရဲ့ ပူတဲ့ ဓာတ်ကို အေးတဲ့ မိကျောင်းသားက မခံနိုင်ဘူး”

“တချို့က မီးနေသည် မရွှေပွင့်နဲ့ ငမိုးရိပ် မိကျောင်း ဇာတ်လမ်းပေါ်ပြီးမှ မိကျောင်း
သားက
နနွင်းကြောက်တာလို့ ပြောကြ
တယ်”
“မဟုတ်ပါဘူး၊ အဲဒီဇာတ် မပေါ်ခင်
ကတည်းက မိကျောင်းသားနဲ့ နနွင်းက မ
တည့်တာပါ။ မီးနေသည် မရွှေပွင့်ကြောင့် မိကျောင်းက နနွင်းကြောက်တာ မဟုတ်ပါ
ဘူး။ ဗေဒင်အမြင်နဲ့ ကတော့ ဓမ္မာဆိုတဲ့ စနေနဲ့ ကြာသပတေးရန် ဓာတ်ကြောင့်လို့
ပြောနိုင်ပါတယ်”
“ဟုတ်ပါပြီ ဆက်ပါဦး”
“ကြွေပန်းကန်တွေကို မြေကြီးထဲထည့်ပြီး ဖုံးထားရင် အလိုလို အက်ကွဲသွားတတ်သလို အသီးတွေ အများကြီးသီးတဲ့ မာလကာပင် ပေါ်ကို လူတက်လိုက်တာနဲ့ နောက်ပိုင်းမှာ အသီးမသီးတော့တာ တွေ့ရလိမ့်မယ်”

“ဒါကြောင့် ခြံနဲ့ ဝန်းနဲ့ စိုက်တဲ့
မာလကာပင်တွေ အသီးတွေရပြီး အိမ်ခြံဝင်း
အတွင်းမှာ စိုက်ထားတဲ့ မာလကာတွေ အသီးမတင်တော့တာ ကလေးတက်လို့ ဖြစ်
မယ်ထင်တယ်။
“ဘာပဲဖြစ်ဖြစ် မာလကာပင်ပေါ်ကို လူ
တက်တာနဲ့ အသီးမသီးတော့ပါဘူး။ ဒါပေမဲ့
ခရမ်းပင်တွေစိုက်ထားရင်
အပင်ခြေမှာ
မြေကြီးမဖို့ ဘဲ ၊ အုတ်ခဲပုံပေးရင် မြန်မြန်
အသီးရတယ်။ ဒါထက် ဆရာခြံထဲမှာ ပိန္နဲပင်
တွေရှိသလား”
“ရှိပါတယ် ”
“အသီးစားရပြီလား”
“နှစ်ပင်သုံးပင်တော့ အသီးရနေပြီ အခု တောင် အသီးတွေရှိနေပြီ မေ၊ ဇွန်လောက်ဆို ရင် အသီးစားရပြီပေါ့။ ကျုပ်အပင်တွေက အတော်သီးတယ်၊ ကိုယ့်အိမ်မှာ စားမကုန်လို့တောင် မိတ်ဆွေတွေကို ဝေငှပေးရသေးတယ်”

“ဒီလိုဆိုရင်
အခုပိန္နဲသီးတွေသီးနေတဲ့
အချိန်မှာ အောက်ကအင်သားနဲ့ ထောက်ပေး
ကြည့်ပါလား”
“အင်သားနဲ့ ထောက်တော့ ဘာဖြစ်မလဲ”
“တစ်လုံးမှ အသီးမကျန်အောင် ကြွေကျ
ကုန်မှာ ပေါ့”
“အလိုလေးဗျာ ကျုပ်က အသီးများ တဲ့ ကိုင်းတွေဆိုရင် ကျိုးကျမှာ စိုးလို့ အောက်က နေ ဒေါက်ထောက်ပေးနေကျဗျ
တော်
သေးတာပေါ့ အင်သားနဲ့ မထောက်မိပေလို့ ၊
နောက်တော့ သတိထားရမယ်ဗျို့”
“အညာဘက်မှာ ဆိုရင် ဇီးချိုပင်တွေရော ဇီးချဉ်ပင်တွေရော သိပ်ပေါတယ်။ ဆီးချိုပင် အောက်မှာ အရွက်ခြောက်တွေကို မီးပုံရှို့မိ ရင် တစ်ပင်လုံး ချဉ်သွားရောဗျ၊ ကျွဲနို့တွေကြာရှည်ခံအောင် ကွမ်းသီးစိပ် ထည့်ထားတာတို့
ယမ်းစိမ်းပတ်ထားရင် ကြာရှည်ခံတယ်ဆို
အသားတွေ မပုပ်မသိုးအောင်
တာတွေဟာ ရှေးက မြန်မာသမားတော်ကြီး တွေ ထားခဲ့တဲ့ ဓာတ်သဘောတွေပဲ ဆရာရဲ့ ။ “ဒါပေမဲ့ အခုကာလကျတော့ မြန်မာ့ဆေး ပညာကို သိပ်ပြီး အထင်မကြီးကြဘူး၊ ကုရ
နုပ်တယ်လို့
ထင်ကြတယ်။
အနောက်တိုင်း ဆရာဝန်တွေနဲ့ ကုရမှ ရောဂါပျောက်မယ်လို့ ထင်နေကြတယ်။ “အနောက်တိုင်းပညာနဲ့ အရှေ့တိုင်းပညာ က မတူဘူးဆရာရဲ့ ၊ အနောက်တိုင်းပညာက ရောဂါတစ်ခု အနာတစ်ခုတွေ့ရင် အဲဒီရောဂါ ဒါမှ အနာကို ချက်ချင်း ပျောက်အောင် ကု တယ်၊ အဲဒါ အနာဘာကြောင့်ဖြစ်တယ် ဘယ် ကလာတယ်ဆိုတာ နောက်ကြောင်းကို လိုက် လေ့မရှိဘူး။ ဒါကြောင့် အနာချက်ချင်းပျောက်ပေမယ့် ရောဂါက အမြစ်မပြတ်ဘူး” “မှန်ပါ့ဗျာ…”
“ဗမာဆရာက အဲဒီလို မဟုတ်ဘူး ၊ ဒီအနာ ဘာကြောင့် ဖြစ်တယ် ဘယ်ကလာတယ်ဆို တဲ့ ဇစ်မြစ်ကို အရင်ရှာတယ် တွေ့တော့မှ အနာကိုကုတယ် ပျောက်တာတော့ နည်း နည်း ကြာချင်ကြာမယ် ဒါပေမဲ့ ပျောက်ပြီး ရင်တော့ ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး၊ စိတ်ချရတယ်”
“ဒါပေမဲ့ ဗမာ့ဆေးပညာက သိပ်ပြီး ပြန့်ပွားခဲ့တာကတော့ နှမြောဖို့ ကောင်းလှ
တယ်”
“ဒါကလည်း ရှေးက ဆရာကြီးတွေက သူ တို့ ရဲ့ ပညာကို သိပ်ပြီး လျှို့ဝှက်တတ်ကြ တယ်။ ဒါကြောင့် တစ်စတစ်စ တိမ်မြှုပ် ပျောက်ကွယ်ပြီး လူတွေက အသိကြတော့
တာပါ”

“အေးဗျာ အခုလို တန်ဖိုးရှိတဲ့ မြန်မာတိုင်း နစ်မြုပ်ပျောက်ကွယ်
ရင်းဆေးပညာတွေ
သွားတာကတော့ နှမြောစရာ ကောင်းလှ
တယ်။
“ကျွန်ုပ်တို့ နှစ်ဦးမှာ စကားကောင်းနေကြ သောကြောင့် ညဉ့်နက်ပိုင်း ရောက်လာသည် ကိုပင် သတိမပြုလိုက်ကြပေ”
အိပ်ချင်ပြေစေရန် ကော်ဖီခါးခါးနှင့် လက်ဖက်ရည်ကြမ်း ခါးခါးတို့ ကို သောက်
ထားသောကြောင့် အိပ်ချင်စိတ် မရှိကြသေး
သော်လည်း … တစ်နေ့လုံး
ပင်ပန်းထား
သောကြောင့် ခဏအနားယူကြရန် ပြင်ဆင်
လေသည် ။

ထိုအခါ ဒေါက်တာမင်းထင်ကျော်က..
“ဆရာ ပတ္တမြားကို ကျွန်တော် ဘယ်လို စီစဉ်ထားတယ်ဆိုတာ ကြည့်ပါဦး”
ဟု ခေါ်သဖြင့် ၎င်းသုတေသန ပြုရာအခန်းရှိရာသို့ ခေါ် လာလေသည် ။ ၎င်း အခန်းမှာ အပေါ်ထပ်တွင် ရှိပြီး ကျွန်ုပ် အတွက် ပေးထားသောအခန်းနှင့် မဝေးလှ
၎င်းက အရှေ့ဘက်တွင် ရှိသည့် စာကြည့် ခန်းနှင့် ကပ်လျက်တွင် ရှိသဖြင့် ကျွန်ုပ်တို့ အိပ်ခန်းနှင့် မျက်စောင်းထိုး အနေအထား
တွင် ရှိလေသည်

၎င်းအခန်းမှာအတော်အတန် ကျယ်ဝန်းပြီး စာအုပ်စာတမ်းများ ပေးစာများ ပရပိုဒ်များ ရှေးဟောင်းပစ္စည်း အကျိုးပဲ့များ ၊ ဓာတုဗေဒ ဆိုင်ရာ၊ ရုက္ခဗေဒဆိုင်ရာ သုတေသနပြုလုပ် သော ပစ္စည်းများ ရှိသည် ။
စားပွဲတစ်လုံးပေါ်မှာ တစ်ပေပတ်လည်ခန့် ရှိသည့် လေးထောင့်မှန်ပုံးတစ်လုံး ရှိပြီး ထို အထဲမှာ ကလပ်တစ်ခုဖြင့် ပတ္တမြားကြီးကို တင်ထားသည် ။မှန်ပုံးအပေါ်မှ မီးတစ်ပွင့် ထွန်းထား သောကြောင့် … အရာအားလုံးကို မြင်တွေ့
နိုင်သည် ။
ကလပ်ပေါ်မှာ ဂွမ်းစများ ခံထားသဖြင့်
ပတ္တမြားမှ ထွက်နေသော အနီရောင် အလင်း
စက်များမှာ သွေးစက်များ စီးကျ နေသကဲ့သို့
ထင်ရပေသည် ။
တစ်နေရာတွင် ပုံးဖြင့်လှောင်ထားသော ယုန်
ဖြူတစ်ကောင်ကို ထုတ်ယူ လာပြီး ပတ္တမြား
ဒေါက်တာမင်းထင်ကျော်က အခန်းထောင့်
ရှိသော ပုံးထဲသို့ထည့်လိုက်၍ အပေါ်မှ အဖုံး
ပိတ်လိုက်သည် ။
မှန်အဖုံးတွင် … လေဝင်ပေါက်များရှိသောကြောင့် … မှန်ပုံးထဲမှ
ယုန်ကလေး
အတွက် ပြဿနာမဖြစ်ပေ။
ယုန်ကလေးသည် မှန်ပုံးအတွင်းသို့ ရောက်သွားသောအခါ ကလပ်ပေါ်တင်ထားသော ပတ္တမြားကို စူးစမ်းသည့်သဘောဖြင့်တစ်ချက် သွားနမ်းကြည့်သည် ။

သူစားရမည့်အစာမဟုတ်မှန်းသိသောအခါ … နောက်သို့တစ်ချက် တွန့်သွား ပြီး တစ်ဖက်သို့ ပြန်လှည့်လာသည် ။
ထိုအခါ ဒေါက်တာမင်းထင်ကျော်က မှန်
ပုံးအပေါ်မှမုန်လာဥနီတစ်လုံးနှစ်လုံးကိုအတွင်းသို့ ချပေးလိုက်သည် ။
“ကဲ ည ၁၂ နာရီတောင် ထိုးတော့မယ် ကျွန်တော်တို့ လည်း နားကြသေးတာပေါ့။ မနက်ကျမှ ပြန်ဆုံမယ်ဆရာ ဂွဒ်နိုက်” ဟု နှုတ်ဆက်ကာ ၎င်း၏ အခန်းရှိရာသို့ ထွက် သွားသဖြင့် ကျွန်ုပ်လည်း မိမိအတွက်ပေး ထားသော အခန်းရှိရာသို့ လာခဲ့သည် အခန်းထဲရောက်၍ . ကုတင်ပေါ် လှဲနေ သော်လည်း မျက်စိကြောင်နေသောကြောင့်
အိပ်မပျော်သေးပေ။

ကျွန်ုပ်၏ အတွေးထဲမှာ ဒေါက်တာမင်း ပြောပြသော ဓာတ်ပညာ အကြောင်းများကိုလည်း ပြန်သတိရနေသည်
ထင်ကျော်
ထို့ထက်..
ကျွန်ုပ်ရှိနေသော နေရာနှင့် မဝေးလှသည့် အခန်းထဲမှာ ရှိနေသော ပတ္တမြားကြီးဆီသို့ စိတ်က ရောက်နေသည် ။
ကျွန်ုပ်သိသမျှတော့ . ထိုပတ္တမြားကြောင့် လူနှစ်ယောက်ကတော့ သေသွားခဲ့လေပြီ။
ကျွန်ုပ်မသိခင် လူဘယ်နှစ်ယောက် သေခဲ့
သည် ကိုတော့ မခန့်မှန်းနိုင်ပေ။ယခုအခါတွင် လူများ စွာကို သေစေခဲ့ သော ပတ္တမြားသည် ကျွန်ုပ်တို့ နှင့် မဝေးလှ သောနေရာတွင် ရောက်နေလေပြီ။

ကျွန်ုပ်၏ စိတ်ထဲတွင် ကြောက်ရွံ့မှုမဖြစ်မိ သော်လည်း စိတ်ဝင်စားမှုတော့ ရှိနေသည်ကျွန်ုပ် ရေးသားခဲ့သော ဂမ္ဘီရဆန်းကြယ် ဝတ္ထုများ တွင် ပတ္တမြားနှင့် ပတ်သက်သော
အကြောင်းအရာများ ပါခဲ့ဖူးသည် ။
သို့သော်လည်း
ယခုလိုလူအများသေကျေပျက်စီးလောက်သည့် ပတ္တမြားမျိုးတော့ မတွေ့ခဲ့ဘူးသေးပေ။

ဘာပဲဖြစ်ဖြစ်…ထိုပတ္တမြားနှင့် ပတ်သက်၍ ကျွန်ုပ် အတွက် များ စွာ စိတ်ဝင်စားဖွယ်ရာ ကောင်းသော အကြောင်းအရာများ ရရှိလိမ့် မယ်ဟု တွေးမိသော်လည်း ထိုပတ္တမြားနှင့် ပတ်သက်၍ လွန်စွာ ထိတ်လန့်ကြောက်ရွံ့ ဖွယ်ရာ ကောင်းသော အဖြစ်အပျက်များ နှင့် ကြုံတွေ့ရလိမ့်မည်တော့ မတွေးမိခဲ့ပေ။
ကုတင်ပေါ်မှာ လှဲရင်း တစ်ယောက်တည်း အတွေးကောင်းနေပေရာ
ကျွန်ုပ်တဖြည်းဖြည်းနှင့် သန်းခေါင်ယံကျော်သော အချိန်သို့ ရောက် လာလေတော့သည် ။ အိမ်ကြီးတစ်လုံးမှာ လည်း တိုင်ကပ်နာရီမှ တစ်ချက်ချက် မြည်သံမှ လွဲ၍ အခြား မည် သည့်အသံမှ မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည် ။ ပတ်ဝန်းကျင်မှာ လည်း ထို့အတူပင်။ မလှမ်းမကမ်းရှိ နွားမွေးသော ခြံများမှ နွားအော်သံများ တစ်ခုတစ်ရံ ကြားရသည် မှ လွဲ၍ တိတ်ဆိတ်ငြိမ်သက်နေသည် ။
ထိုအချိန်တွင် ကျွန်ုပ်၏ အခန်းအပြင်ဘက် မှ တရှပ်ရှပ်နှင့်လျှောက်သွားသော ခြေသံကို ကြားလိုက်ရသည် ။
ခြေသံမှ လူတစ်ယောက် ဖြည်းလေးစွာ လျှောက်သွားရာမှ ပေါ်ထွက်လာသော အသံ မျိုး ဖြစ်၏။
နားစွင့်ကြည့်လိုက်တော့ ပတ္တမြားထားသော အခန်းဘက်သို့ လျှောက်သွားသောခြေ
သံ ဖြစ်သည် ။

ပထမတော့ ဒေါက်တာမင်းထင်ကျော်များ
အခြေအနေ
လာကြည့်လေသလားဟု ထင်
လိုက်မိသည် ။
သို့သော်…အသေအချာ နားစွင့်ကြည့်တော့မှ ဖွဖွ နှင်းလာသော ခြေသံမျိုးဖြစ်သဖြင့်
စိတ်ထဲက မသင်္ကာသဖြင့် အိပ်ရာမှ ထကာ တံခါးကို အသံမကြားအောင် လှစ်၍ အပြင်
သို့ လှမ်းကြည့်လိုက်သည် ။
စင်္ကြံမှာမီးတစ်ပွင့်ထွန်းထားသောကြောင့် … အတော်ဝေးဝေးနေရာအထိ လှမ်းမြင်နိုင်သည် ။
ကျွန်ုပ် လှမ်းကြည့်လိုက်စဉ် ပတ္တမြားထား သော အခန်းထဲသို့ လှစ်ခနဲ လှမ်းဝင်သွား သော အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ကိုမြင်လိုက်ရသည် ။ “ဟင်…”

ကျွန်ုပ်မြင်လိုက်ရစဉ်မှာ ထိုအမျိုးသမီးမှာ
ဝတ်ဆင်လေ့ရှိသည့်
ကုလားမများအဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆာ လီအဖြူစကို ခြုံထားလေသည် ။ အခန်းထဲ သို့ လှမ်းဝင်သွားစဉ်မှာ နောက်ဘက်မှ ဝဲ ကျန်ခဲ့သော ဆာလီစကို လှမ်းမြင်လိုက်ရ သေးသည် ။
ထိုအမျိုးသမီးမှာ သည် အိမ်မှာ ရှိသော လူ တွေထဲကတော့ မဟုတ်ပေ၊ အဘယ်ကြောင့် ဆိုသော်-
ထိုအိမ်၌ အမျိုးသမီးတစ်ယောက်မှ မရှိ
ကျွန်ုပ်မှာ အခန်းဝမှာ ရပ်နေရင်း အတော် အကြံရ ခက်သွားသည် ။ သူခိုးသူဝှက်များ
ဖြစ်လေမလားဆိုသော
စိုးရိမ်စိတ်ကတစ်ဖက်၊ ဝိညာဉ် နာနာဘာဝများ ဖြစ်လေမ လားဆိုသည့် ပူပန်စိတ်က တစ်ဖက်နှင့် စိတ် ထဲမှာ လွန်ဆွဲနေသည် ။
ကျွန်ုပ်သည် တစ္ဆေ သရဲ၊ ဝိညာဉ်လောက
ကို ယုံကြည်သော်လည်း ကြောက်တတ်သူ တစ်ယောက်တော့ မဟုတ်ပေ။
သို့သော်လည်း …
ယခုလို နဖူးတွေ့ဒူးတွေ့ ကြုံရသောအခါ
အနည်းငယ်တော့ တုန်လှုပ်မှုရှိပေသည် ။
ကိုယခုအချိန်ကျမှ ဒေါက်တာမင်းထင်ကျော် ကို သွားနှိုး၍ ဖြစ်ပါ့မလား၊ တစ်ယောက်တည်း အရဲစွန့်၍ သွားကြည့် လျှင်ရော သင့်ပါမလားဟု တွေးတောနေစဉ်
မိမိပတ္တမြားရှိသော အခန်းဆီမှာ လူတစ်
ယောက်မှာ မခံမရပ်နိုင်သဖြင့် ညည်းညူ
လိုက်သောအသံကို မသဲမကွဲ ကြားလိုက်ရသ
ဖြင့် ဘာမှ ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ ကုတင်အမိုးတိုင်တစ်ခုကို ဖြုတ်
ယူ၍ ထိုအခန်းရှိရာသို့ ပြေးသွားလေသည် ။
အခန်းဝသို့ရောက်သောအခါတုတ်ကို
အဆင်သင့်ပြင်၍ တံခါးကို တွန်းဖွင့်လိုက်သည် ။

အခန်းထဲမှာမီးထွန်းထားသောကြောင့်
အရာအားလုံးကို မြင်နိုင်သည် ။ ပတ္တမြား
ထားသော မှန်ပုံးအတွင်းမှ ယုန်ကလေး၏
လှုပ်ရှားနေပုံကိုပင် မြင်နေရသည် ။ အခြားတော့ ဘာမှ မရှိပေ။
“ဟင် ဘယ်လိုဖြစ်တာလဲ ငါပဲ မျက်စိမှား လေရော့သလား။ ဒီအခန်းထဲမှာ လည်း ဘာ မှ မရှိပါလား”
သေချာအောင် အခန်းထဲ ဝင်ကြည့်တော့ လည်း ဘာမှ မထူးခြားပေ။ ညက မြင်ခဲ့ရ သော ပစ္စည်းများအားလုံး ခြေရာလက်ရာ
မပျက်အတိုင်း ရှိနေကြသည် ။ယုတ်စွအဆုံးညက
ဒေါက်တာမင်းထင်ကျော် ထည့်ထားခဲ့သည့် ယုန်ကလေးပင် မှန် ပုံးအတွင်းမှာ … အသွားအလာမပျက်
နေသည် ကို တွေ့ရသဖြင့် များ စွာ အံ့ဩသွားမိသည် ။
သို့သော်……
ထိုအခန်းတံခါးကို ပြန်ပိတ်ကာ မိမိအခန်း
ရှိရာသို့ ပြန်လာခဲ့လေသည် ။

Zawgyi Version

** ဝိညာဥ္အရိပ္ေပေလာ **(စ/ဆံုး)
——————————————

“ေက်ာက္မ်က္ရတနာေတြမွာ လည္း လူ တိရစာၦန္ သစ္ပင္ေတြလိုပဲ အသက္ရွိသလို စြမ္းအားေတြလည္း ရွိတယ္၊ ဒါေၾကာင့္
အေဆာင္အျဖစ္ ဝတ္ဆင္ၾကတဲ့ အခါ
ေကာင္းက်ိဳးေတြရသလို ဆိုးက်ိဳးေတြလည္း ရႏိုင္တယ္”
ထိုေန႔က ေဒါက္တာမင္းထင္ေက်ာ္က ၎ ဝယ္ယူခဲ့ေသာ ပတၱျမားကို စမ္းသပ္မႈတစ္ခု ျပဳလုပ္ၾကည့္မည္ဟု ေျပာသျဖင့္ ကြၽႏ္ုပ္ လည္း စိတ္ဝင္စားလွေသာေၾကာင့္ ၎တိုက္မွာ ပင္ ညအိပ္ရင္းႏွင့္ ညဘက္တြင္ စကား ထိုင္ေျပာေနၾကျခင္း ျဖစ္သည္ ။
“ဒါဟာ ေမာင္ရင္ တစ္ခါကေျပာတဲ့ ဓာတ္ သေဘာေတြနဲ႔ သက္ဆိုင္သလား”
“မွန္တာေပါ့ ဆရာရယ္ ဘယ္အရာမဆို ဓာတ္ႀကီးေလးပါးနဲ႔ ကင္းလို႔ ရတာမွ မဟုတ္
ကာေရ၊ ေျမ၊မီး ဆိုတဲ့
ဓာတ္ႀကီးေလးပါး မရွိရင္ ဘာမွ ျဖစ္မလာ ႏိုင္ဘူး၊ ဒါေၾကာင့္ ဘယ္အရာမဆို ဓာတသ ေဘာေတြနဲ႔ ကင္းကိုကင္းလို႔ မရဘူး” “အင္း စိတ္ဝင္စားစရာပဲ .. က်ဳပ္နားလည္ ေအာင္ ဒီထက္ေတာ့ နည္းနည္း ရွင္းျပဦးမွ
ျဖစ္မယ္”
“ဓာတ္ပညာဆိုတာ သိပ္ၿပီး ဆန္းၾကယ္ တယ္ ေရွးက ဆရာဇီဝက အပါအဝင္ ျမန္မာ
သမားေတာ္ႀကီးေတြက
ဘယ္အရာမဆို
ဓာတ္ပညာနဲ႔ ပဲ အလုပ္ လုပ္ခဲ့ၾကတယ္။

ဓာတ္မပိုင္ရင္ ေဆးမကိုင္နဲ႔ ဆိုတဲ့ စကားပုံ ေတာင္ ရွိေသးတာပဲ ရာသီနဲ႔ ဓာတ္ကိုပိုင္တဲ့ အခါက်ေတာ့ ႏြယ္ျမစ္သစ္ပင္ မွန္သမွ်၊
သေဘာဝသယံဇာတ ပစၥည္းမွန္သမွ် ဘယ္ အရာမွ ေဆးဖက္မဝင္တာ မရွိေတာ့ဘူးေပါ့”
“ဟုတ္ပါတယ္ က်မ္းစာအုပ္ထဲမွာ ဆရာ
ဇီဝကကို ေဆးဖက္မဝင္တဲ့ အပင္သြားရွာေခ် လို႔ ဆရာက ခိုင္းလိုက္တာ ဘာမွ မရဘဲ ျပန္လာခဲ့တာ … အားလုံး ေဆးဖက္မဝင္တဲ့ အပင္ မရွိဘူးဆိုတဲ့ သေဘာေပါ့” “အမွန္ေပါ့ ဆရာရယ္ ေလာကမွာ သိရင္ ဘာမွ မရွိေတာ့ဘူးဆိုတဲ့ စကားဟာ သိပ္မွန္ ၿပီး တန္ဖိုးရွိတဲ့ စကားပဲ ျမတ္စြာဘုရားဟာ ေလာကသုံးပါးကို အားလုံးကုန္စင္ေအာင္ သိ ေတာ္မူတဲ့ အတြက္ သူ႔အတြက္ ဘာမွ မရွိ ေတာ့သလို ဆရာဇီဝကကလည္း ဓာတ္ သေဘာကို ကုန္စင္ေအာင္ သိေလေတာ့ သူ႔အတြက္ ေဆးဖက္မဝင္တဲ့ အပင္မရွိေတာ့ဘူးေပါ့။

“ခင္ဗ်ားေျပာတာနဲ႔
ဒီဓာတ္အေၾကာင္းကို
က်ဳပ္ေတာင္ အေတာ္စိတ္ဝင္စား လာၿပီ
ေျပာျပစမ္းပါဦးဗ်”
“ဓာတ္ပညာဆိုတာ အခုမွ ေပၚလာတာ
မဟုတ္ဘူး ။ ကမာၻတည္စကတည္းက ရွိခဲ့
တာပဲ ေရွးကလူေတြဟာ ဒီဓာတ္ပညာတစ္ခု
တည္းနဲ႔
ေဆးဝါးအတြက္သုံးတယ္၊
သိဒၶိေပါက္ေအာင္ သုံးႏိုင္ခဲ့ၾကတယ္။ ဓာတ္ ပညာမွာ ဆန္းၾကယ္မႈေတြ.. အမ်ားႀကီးရွိ
တယ္”
“ဘယ္လို ဆန္းၾကယ္မႈေတြလဲဗ်” “ဆရာ့ကို ကြၽန္ေတာ္ နမူနာေျပာျပပါမယ္၊ ဓာတ္ပညာဆိုတာ အေတာ္ဆန္းတယ္ ရွင္ ေနတဲ့ သစ္ပင္တစ္ပင္ကို ေသေအာင္လုပ္ႏိုင္ သလို ေသခါနီးျဖစ္ေနတဲ့ သစ္ပင္တစ္ပင္ကိုလည္း ျပန္ရွင္ေအာင္
လုပ္ႏိုင္တယ္၊
ပင္လယ္မွာ ဒီေရတက္လာတာနဲ႔ ငပိအိုးထဲ ငပိေတြႂကြတက္ လာၿပီး ဒီေရျပန္က်သြား
ကတာနဲ႔ ငပိေတြ ျပန္က်သြားတာ ဓာတ္
သေဘာပါပဲ။
“အဆန္းပါလား”
“ဗူးသီးမ်ားမ်ား သီးၿပီး အသီးတင္ခ်င္ရင္ ႏြား႐ိုး ဆြဲေပးရတယ္ဆိုတာ လက္ေတြ႕မို႔ ေတာနယ္ေတြမွာ အခုအခ်ိန္ထိ သုံးေနတဲ့ လက္ေတြ႕အသုံးခ်နည္း တစ္ခုပဲ၊ ဒီလိုပဲ
ေရွာက္ပင္တစ္ပင္ကို ေသေစခ်င္ရင္ ဝါးနဲ႔
သာ ေထာက္လိုက္ ခ်က္ခ်င္းညႇိဳးၿပီး ေသသြား
လိမ့္မယ္”
“တယ္လည္း ဆန္းၾကယ္ပါလား”
“ေတာမွာ ဘဲေတြကို ရာနဲ႔ ေထာင္နဲ႔ ခ်ီၿပီး ေမြးတတ္ၾကတယ္၊ ဘဲအုပ္ႀကီး ၿပိဳင္တူေအာ္ ေနလို႔ ဆူေနရင္ မီးဖိုက ျပာကေလး နည္း

နည္းယူၿပီး ပက္လိုက္ ခ်က္ခ်င္း ၿငိမ္က်သြား လိမ့္မယ္၊ ဒီလိုပဲ အုန္းပင္ေသေအာင္ ထုံးနဲ႔ သုတ္ၿပီး သစ္ရင္လည္း ေသတယ္”
“ၿခံထဲမွာ
စိုက္ထားတဲ့ အုန္းပင္ကို
အသီးသီးကာလမွာ ခ႐ုေတြပက္က်ိေတြ မ
တက္ေအာင္ အပင္ေျခတစ္ဝိုက္ကို ထုံးေတြနဲ႔
ပတ္သုတ္ထားလိုက္တာ … တျဖည္းျဖည္းနဲ႔
ေသသြားတဲ့ အေၾကာင္းရင္းကို … အခုမွ
သေဘာေပါက္ေတာ့တယ္”
ေဒါက္တာမင္းထင္ေက်ာ္က ဆက္ေျပာ
ျပသည္ ။
“ေႂကြထည္၊ ပစၥည္းေတြ ဘယ္ေလာက္ပဲ မာမာ သံပရာရည္နဲ႔ စိမ္လိုက္တာနဲ႔ ေပ်ာ္က် သြားတယ္ သစ္ပင္ေတြအေနနဲ႔ ေျပာရရင္ ေဝ ဖူးပြင့္ေနတဲ့ စံပယ္ခင္းကို အပင္
ေတြခိုင္ေအာင္ ဝါးညႇပ္၊ ဝါးကပ္၊ ဝါးေထာက္ ေပးလိုက္တာနဲ႔ အားလုံးတစ္ၿပိဳင္တည္း ေသ

ကုန္တာပဲ၊ ဒါေပမဲ့ အသန္ေႏွးေနတဲ့ ႏွင္းဆီ ပင္ကို ပါးညႇပ္၊ ဝါးကပ္၊ ပါးေထာက္ ေပးလိုက္ရင္ ခ်က္ခ်င္းသန္စြမ္းၿပီး ဖူးပြင့္လာ
တာ ဓာတ္ရဲ႕ သေဘာပါပဲ”
“က်ဳပ္ေတာင္
ဓာတ္ပညာေတြကို
စိတ္ဝင္စား လာၿပီဗ်ိဳ႕ တကယ္လို႔ သာ ဒီ
ဓာတ္ပညာရဲ႕ ဇစ္ျမစ္ကိုမသိရင္ စုန္းတိုက္
နတ္တိုက္တာလို႔ ေတာင္ ထင္စရာရွိတာေပါ့
ေနာ္ ”
“မွန္တာေပါ့ဆရာရယ္
ဓာတ္ပညာ
ေလာကမွာ ဓာတ္ခိုက္ရင္ နတ္တိုက္တာ ထက္ ဆိုးတယ္ဆိုတဲ့ ဆို႐ိုးစကားေတာင္ ရွိ တာပဲ စုန္းတိုက္ နတ္တိုက္တာကမွ ၾကာဦး မယ္ ဓာတ္မတည့္ေတာ့ဘူးဆိုရင္ ခ်က္ခ်င္း ေသတာဗ်”
“မသိလို႔ သာ ဇြတ္လုပ္ေနတာ သိရင္ေတာ့
ေၾကာက္စရာႀကီးေပါ့”

“ဒါေပါ့ ဆရာရယ္ သက္ရွိသတၱဝါမွန္သမွ် ဓာတ္ႀကီးေလးပါးနဲ႔ ဖြဲ႕ထားတာဆိုေတာ့
ဓာတ္မတည့္တာနဲ႔ အသက္ဆုံးရႈံးဖို႔ ရွိတာ
ေပါ့။ ဆရာကို
ထူးဆန္းၿပီး
လူေတြ
အမွတ္တမဲ့ ရွိတတ္တဲ့ ဓာတ္သေဘာေလး
ေတြ ေျပာျပရဦးမယ္”
“ေျပာပါဦးဗ်ာ ဗဟု သုတရတာေပါ့”
ေဒါက္တာမင္းထင္ေက်ာ္က ၎တပည့္
ေလး စီစဥ္ေပးေသာ ေကာ္ဖီတစ္ခြက္ႏွင့္
လက္ဖက္ေျခာက္မ်ားမ်ား
ခပ္ထားေသာ
ေရေႏြးၾကမ္း တစ္ပန္းကန္ကို ကြၽႏ္ုပ္ေရွ႕သို႔ တိုးေပးရင္ ကပၸီတန္စီးကရက္တစ္လိပ္ကို မီးညႇိ၍ တစ္ဖြာႏွစ္ဖြာ ဖြာလိုက္သည္ ။
“မိေက်ာင္းသားကို နႏြင္းနဲ႔ ထိရင္ အရည္ ေပ်ာ္သြားတာ အပူအေအးရဲ႕ သေဘာပဲ နႏြင္း ရဲ႕ ပူတဲ့ ဓာတ္ကို ေအးတဲ့ မိေက်ာင္းသားက မခံႏိုင္ဘူး”

“တခ်ိဳ႕က မီးေနသည္ မေ႐ႊပြင့္နဲ႔ ငမိုးရိပ္ မိေက်ာင္း ဇာတ္လမ္းေပၚၿပီးမွ မိေက်ာင္း
သားက
နႏြင္းေၾကာက္တာလို႔ ေျပာၾက
တယ္”
“မဟုတ္ပါဘူး၊ အဲဒီဇာတ္ မေပၚခင္
ကတည္းက မိေက်ာင္းသားနဲ႔ နႏြင္းက မ
တည့္တာပါ။ မီးေနသည္ မေ႐ႊပြင့္ေၾကာင့္ မိေက်ာင္းက နႏြင္းေၾကာက္တာ မဟုတ္ပါ
ဘူး။ ေဗဒင္အျမင္နဲ႔ ကေတာ့ ဓမၼာဆိုတဲ့ စေနနဲ႔ ၾကာသပေတးရန္ ဓာတ္ေၾကာင့္လို႔
ေျပာႏိုင္ပါတယ္”
“ဟုတ္ပါၿပီ ဆက္ပါဦး”
“ေႂကြပန္းကန္ေတြကို ေျမႀကီးထဲထည့္ၿပီး ဖုံးထားရင္ အလိုလို အက္ကြဲသြားတတ္သလို အသီးေတြ အမ်ားႀကီးသီးတဲ့ မာလကာပင္ ေပၚကို လူတက္လိုက္တာနဲ႔ ေနာက္ပိုင္းမွာ အသီးမသီးေတာ့တာ ေတြ႕ရလိမ့္မယ္”

“ဒါေၾကာင့္ ၿခံနဲ႔ ဝန္းနဲ႔ စိုက္တဲ့
မာလကာပင္ေတြ အသီးေတြရၿပီး အိမ္ၿခံဝင္း
အတြင္းမွာ စိုက္ထားတဲ့ မာလကာေတြ အသီးမတင္ေတာ့တာ ကေလးတက္လို႔ ျဖစ္
မယ္ထင္တယ္။
“ဘာပဲျဖစ္ျဖစ္ မာလကာပင္ေပၚကို လူ
တက္တာနဲ႔ အသီးမသီးေတာ့ပါဘူး။ ဒါေပမဲ့
ခရမ္းပင္ေတြစိုက္ထားရင္
အပင္ေျခမွာ
ေျမႀကီးမဖို႔ ဘဲ ၊ အုတ္ခဲပုံေပးရင္ ျမန္ျမန္
အသီးရတယ္။ ဒါထက္ ဆရာၿခံထဲမွာ ပိႏၷဲပင္
ေတြရွိသလား”
“ရွိပါတယ္ ”
“အသီးစားရၿပီလား”
“ႏွစ္ပင္သုံးပင္ေတာ့ အသီးရေနၿပီ အခု ေတာင္ အသီးေတြရွိေနၿပီ ေမ၊ ဇြန္ေလာက္ဆို ရင္ အသီးစားရၿပီေပါ့။ က်ဳပ္အပင္ေတြက အေတာ္သီးတယ္၊ ကိုယ့္အိမ္မွာ စားမကုန္လို႔ေတာင္ မိတ္ေဆြေတြကို ေဝငွေပးရေသးတယ္”

“ဒီလိုဆိုရင္
အခုပိႏၷဲသီးေတြသီးေနတဲ့
အခ်ိန္မွာ ေအာက္ကအင္သားနဲ႔ ေထာက္ေပး
ၾကည့္ပါလား”
“အင္သားနဲ႔ ေထာက္ေတာ့ ဘာျဖစ္မလဲ”
“တစ္လုံးမွ အသီးမက်န္ေအာင္ ေႂကြက်
ကုန္မွာ ေပါ့”
“အလိုေလးဗ်ာ က်ဳပ္က အသီးမ်ား တဲ့ ကိုင္းေတြဆိုရင္ က်ိဳးက်မွာ စိုးလို႔ ေအာက္က ေန ေဒါက္ေထာက္ေပးေနက်ဗ်
ေတာ္
ေသးတာေပါ့ အင္သားနဲ႔ မေထာက္မိေပလို႔ ၊
ေနာက္ေတာ့ သတိထားရမယ္ဗ်ိဳ႕”
“အညာဘက္မွာ ဆိုရင္ ဇီးခ်ိဳပင္ေတြေရာ ဇီးခ်ဥ္ပင္ေတြေရာ သိပ္ေပါတယ္။ ဆီးခ်ိဳပင္ ေအာက္မွာ အ႐ြက္ေျခာက္ေတြကို မီးပုံရႈိ႕မိ ရင္ တစ္ပင္လုံး ခ်ဥ္သြားေရာဗ်၊ ကြၽဲႏို႔ေတြၾကာရွည္ခံေအာင္ ကြမ္းသီးစိပ္ ထည့္ထားတာတို႔
ယမ္းစိမ္းပတ္ထားရင္ ၾကာရွည္ခံတယ္ဆို
အသားေတြ မပုပ္မသိုးေအာင္
တာေတြဟာ ေရွးက ျမန္မာသမားေတာ္ႀကီး ေတြ ထားခဲ့တဲ့ ဓာတ္သေဘာေတြပဲ ဆရာရဲ႕ ။ “ဒါေပမဲ့ အခုကာလက်ေတာ့ ျမန္မာ့ေဆး ပညာကို သိပ္ၿပီး အထင္မႀကီးၾကဘူး၊ ကုရ
ႏုပ္တယ္လို႔
ထင္ၾကတယ္။
အေနာက္တိုင္း ဆရာဝန္ေတြနဲ႔ ကုရမွ ေရာဂါေပ်ာက္မယ္လို႔ ထင္ေနၾကတယ္။ “အေနာက္တိုင္းပညာနဲ႔ အေရွ႕တိုင္းပညာ က မတူဘူးဆရာရဲ႕ ၊ အေနာက္တိုင္းပညာက ေရာဂါတစ္ခု အနာတစ္ခုေတြ႕ရင္ အဲဒီေရာဂါ ဒါမွ အနာကို ခ်က္ခ်င္း ေပ်ာက္ေအာင္ ကု တယ္၊ အဲဒါ အနာဘာေၾကာင့္ျဖစ္တယ္ ဘယ္ ကလာတယ္ဆိုတာ ေနာက္ေၾကာင္းကို လိုက္ ေလ့မရွိဘူး။ ဒါေၾကာင့္ အနာခ်က္ခ်င္းေပ်ာက္ေပမယ့္ ေရာဂါက အျမစ္မျပတ္ဘူး” “မွန္ပါ့ဗ်ာ…”
“ဗမာဆရာက အဲဒီလို မဟုတ္ဘူး ၊ ဒီအနာ ဘာေၾကာင့္ ျဖစ္တယ္ ဘယ္ကလာတယ္ဆို တဲ့ ဇစ္ျမစ္ကို အရင္ရွာတယ္ ေတြ႕ေတာ့မွ အနာကိုကုတယ္ ေပ်ာက္တာေတာ့ နည္း နည္း ၾကာခ်င္ၾကာမယ္ ဒါေပမဲ့ ေပ်ာက္ၿပီး ရင္ေတာ့ ဘယ္ေတာ့မွ ျပန္မျဖစ္ေတာ့ဘူး၊ စိတ္ခ်ရတယ္”
“ဒါေပမဲ့ ဗမာ့ေဆးပညာက သိပ္ၿပီး ျပန႔္ပြားခဲ့တာကေတာ့ ႏွေျမာဖို႔ ေကာင္းလွ
တယ္”
“ဒါကလည္း ေရွးက ဆရာႀကီးေတြက သူ တို႔ ရဲ႕ ပညာကို သိပ္ၿပီး လွ်ိဳ႕ဝွက္တတ္ၾက တယ္။ ဒါေၾကာင့္ တစ္စတစ္စ တိမ္ျမႇဳပ္ ေပ်ာက္ကြယ္ၿပီး လူေတြက အသိၾကေတာ့
တာပါ”

“ေအးဗ်ာ အခုလို တန္ဖိုးရွိတဲ့ ျမန္မာတိုင္း နစ္ျမဳပ္ေပ်ာက္ကြယ္
ရင္းေဆးပညာေတြ
သြားတာကေတာ့ ႏွေျမာစရာ ေကာင္းလွ
တယ္။
“ကြၽႏ္ုပ္တို႔ ႏွစ္ဦးမွာ စကားေကာင္းေနၾက ေသာေၾကာင့္ ညဥ့္နက္ပိုင္း ေရာက္လာသည္ ကိုပင္ သတိမျပဳလိုက္ၾကေပ”
အိပ္ခ်င္ေျပေစရန္ ေကာ္ဖီခါးခါးႏွင့္ လက္ဖက္ရည္ၾကမ္း ခါးခါးတို႔ ကို ေသာက္
ထားေသာေၾကာင့္ အိပ္ခ်င္စိတ္ မရွိၾကေသး
ေသာ္လည္း … တစ္ေန႔လုံး
ပင္ပန္းထား
ေသာေၾကာင့္ ခဏအနားယူၾကရန္ ျပင္ဆင္
ေလသည္ ။

ထိုအခါ ေဒါက္တာမင္းထင္ေက်ာ္က..
“ဆရာ ပတၱျမားကို ကြၽန္ေတာ္ ဘယ္လို စီစဥ္ထားတယ္ဆိုတာ ၾကည့္ပါဦး”
ဟု ေခၚသျဖင့္ ၎သုေတသန ျပဳရာအခန္းရွိရာသို႔ ေခၚ လာေလသည္ ။ ၎ အခန္းမွာ အေပၚထပ္တြင္ ရွိၿပီး ကြၽႏ္ုပ္ အတြက္ ေပးထားေသာအခန္းႏွင့္ မေဝးလွ
၎က အေရွ႕ဘက္တြင္ ရွိသည့္ စာၾကည့္ ခန္းႏွင့္ ကပ္လ်က္တြင္ ရွိသျဖင့္ ကြၽႏ္ုပ္တို႔ အိပ္ခန္းႏွင့္ မ်က္ေစာင္းထိုး အေနအထား
တြင္ ရွိေလသည္

၎အခန္းမွာအေတာ္အတန္ က်ယ္ဝန္းၿပီး စာအုပ္စာတမ္းမ်ား ေပးစာမ်ား ပရပိုဒ္မ်ား ေရွးေဟာင္းပစၥည္း အက်ိဳးပဲ့မ်ား ၊ ဓာတုေဗဒ ဆိုင္ရာ၊ ႐ုကၡေဗဒဆိုင္ရာ သုေတသနျပဳလုပ္ ေသာ ပစၥည္းမ်ား ရွိသည္ ။
စားပြဲတစ္လုံးေပၚမွာ တစ္ေပပတ္လည္ခန႔္ ရွိသည့္ ေလးေထာင့္မွန္ပုံးတစ္လုံး ရွိၿပီး ထို အထဲမွာ ကလပ္တစ္ခုျဖင့္ ပတၱျမားႀကီးကို တင္ထားသည္ ။မွန္ပုံးအေပၚမွ မီးတစ္ပြင့္ ထြန္းထား ေသာေၾကာင့္ … အရာအားလုံးကို ျမင္ေတြ႕
ႏိုင္သည္ ။
ကလပ္ေပၚမွာ ဂြမ္းစမ်ား ခံထားသျဖင့္
ပတၱျမားမွ ထြက္ေနေသာ အနီေရာင္ အလင္း
စက္မ်ားမွာ ေသြးစက္မ်ား စီးက် ေနသကဲ့သို႔
ထင္ရေပသည္ ။
တစ္ေနရာတြင္ ပုံးျဖင့္ေလွာင္ထားေသာ ယုန္
ျဖဴတစ္ေကာင္ကို ထုတ္ယူ လာၿပီး ပတၱျမား
ေဒါက္တာမင္းထင္ေက်ာ္က အခန္းေထာင့္
ရွိေသာ ပုံးထဲသို႔ထည့္လိုက္၍ အေပၚမွ အဖုံး
ပိတ္လိုက္သည္ ။
မွန္အဖုံးတြင္ … ေလဝင္ေပါက္မ်ားရွိေသာေၾကာင့္ … မွန္ပုံးထဲမွ
ယုန္ကေလး
အတြက္ ျပႆနာမျဖစ္ေပ။
ယုန္ကေလးသည္ မွန္ပုံးအတြင္းသို႔ ေရာက္သြားေသာအခါ ကလပ္ေပၚတင္ထားေသာ ပတၱျမားကို စူးစမ္းသည့္သေဘာျဖင့္တစ္ခ်က္ သြားနမ္းၾကည့္သည္ ။

သူစားရမည့္အစာမဟုတ္မွန္းသိေသာအခါ … ေနာက္သို႔တစ္ခ်က္ တြန႔္သြား ၿပီး တစ္ဖက္သို႔ ျပန္လွည့္လာသည္ ။
ထိုအခါ ေဒါက္တာမင္းထင္ေက်ာ္က မွန္
ပုံးအေပၚမွမုန္လာဥနီတစ္လုံးႏွစ္လုံးကိုအတြင္းသို႔ ခ်ေပးလိုက္သည္ ။
“ကဲ ည ၁၂ နာရီေတာင္ ထိုးေတာ့မယ္ ကြၽန္ေတာ္တို႔ လည္း နားၾကေသးတာေပါ့။ မနက္က်မွ ျပန္ဆုံမယ္ဆရာ ဂြဒ္ႏိုက္” ဟု ႏႈတ္ဆက္ကာ ၎၏ အခန္းရွိရာသို႔ ထြက္ သြားသျဖင့္ ကြၽႏ္ုပ္လည္း မိမိအတြက္ေပး ထားေသာ အခန္းရွိရာသို႔ လာခဲ့သည္ အခန္းထဲေရာက္၍ . ကုတင္ေပၚ လွဲေန ေသာ္လည္း မ်က္စိေၾကာင္ေနေသာေၾကာင့္
အိပ္မေပ်ာ္ေသးေပ။

ကြၽႏ္ုပ္၏ အေတြးထဲမွာ ေဒါက္တာမင္း ေျပာျပေသာ ဓာတ္ပညာ အေၾကာင္းမ်ားကိုလည္း ျပန္သတိရေနသည္
ထင္ေက်ာ္
ထို႔ထက္..
ကြၽႏ္ုပ္ရွိေနေသာ ေနရာႏွင့္ မေဝးလွသည့္ အခန္းထဲမွာ ရွိေနေသာ ပတၱျမားႀကီးဆီသို႔ စိတ္က ေရာက္ေနသည္ ။
ကြၽႏ္ုပ္သိသမွ်ေတာ့ . ထိုပတၱျမားေၾကာင့္ လူႏွစ္ေယာက္ကေတာ့ ေသသြားခဲ့ေလၿပီ။
ကြၽႏ္ုပ္မသိခင္ လူဘယ္ႏွစ္ေယာက္ ေသခဲ့
သည္ ကိုေတာ့ မခန႔္မွန္းႏိုင္ေပ။ယခုအခါတြင္ လူမ်ား စြာကို ေသေစခဲ့ ေသာ ပတၱျမားသည္ ကြၽႏ္ုပ္တို႔ ႏွင့္ မေဝးလွ ေသာေနရာတြင္ ေရာက္ေနေလၿပီ။

ကြၽႏ္ုပ္၏ စိတ္ထဲတြင္ ေၾကာက္႐ြံ႕မႈမျဖစ္မိ ေသာ္လည္း စိတ္ဝင္စားမႈေတာ့ ရွိေနသည္ကြၽႏ္ုပ္ ေရးသားခဲ့ေသာ ဂမၻီရဆန္းၾကယ္ ဝတၳဳမ်ား တြင္ ပတၱျမားႏွင့္ ပတ္သက္ေသာ
အေၾကာင္းအရာမ်ား ပါခဲ့ဖူးသည္ ။
သို႔ေသာ္လည္း
ယခုလိုလူအမ်ားေသေက်ပ်က္စီးေလာက္သည့္ ပတၱျမားမ်ိဳးေတာ့ မေတြ႕ခဲ့ဘူးေသးေပ။

ဘာပဲျဖစ္ျဖစ္…ထိုပတၱျမားႏွင့္ ပတ္သက္၍ ကြၽႏ္ုပ္ အတြက္ မ်ား စြာ စိတ္ဝင္စားဖြယ္ရာ ေကာင္းေသာ အေၾကာင္းအရာမ်ား ရရွိလိမ့္ မယ္ဟု ေတြးမိေသာ္လည္း ထိုပတၱျမားႏွင့္ ပတ္သက္၍ လြန္စြာ ထိတ္လန႔္ေၾကာက္႐ြံ႕ ဖြယ္ရာ ေကာင္းေသာ အျဖစ္အပ်က္မ်ား ႏွင့္ ႀကဳံေတြ႕ရလိမ့္မည္ေတာ့ မေတြးမိခဲ့ေပ။
ကုတင္ေပၚမွာ လွဲရင္း တစ္ေယာက္တည္း အေတြးေကာင္းေနေပရာ
ကြၽႏ္ုပ္တျဖည္းျဖည္းႏွင့္ သန္းေခါင္ယံေက်ာ္ေသာ အခ်ိန္သို႔ ေရာက္ လာေလေတာ့သည္ ။ အိမ္ႀကီးတစ္လုံးမွာ လည္း တိုင္ကပ္နာရီမွ တစ္ခ်က္ခ်က္ ျမည္သံမွ လြဲ၍ အျခား မည္ သည့္အသံမွ မၾကားရေလာက္ေအာင္ တိတ္ဆိတ္ၿငိမ္သက္လ်က္ ရွိသည္ ။ ပတ္ဝန္းက်င္မွာ လည္း ထို႔အတူပင္။ မလွမ္းမကမ္းရွိ ႏြားေမြးေသာ ၿခံမ်ားမွ ႏြားေအာ္သံမ်ား တစ္ခုတစ္ရံ ၾကားရသည္ မွ လြဲ၍ တိတ္ဆိတ္ၿငိမ္သက္ေနသည္ ။
ထိုအခ်ိန္တြင္ ကြၽႏ္ုပ္၏ အခန္းအျပင္ဘက္ မွ တရွပ္ရွပ္ႏွင့္ေလွ်ာက္သြားေသာ ေျခသံကို ၾကားလိုက္ရသည္ ။
ေျခသံမွ လူတစ္ေယာက္ ျဖည္းေလးစြာ ေလွ်ာက္သြားရာမွ ေပၚထြက္လာေသာ အသံ မ်ိဳး ျဖစ္၏။
နားစြင့္ၾကည့္လိုက္ေတာ့ ပတၱျမားထားေသာ အခန္းဘက္သို႔ ေလွ်ာက္သြားေသာေျခ
သံ ျဖစ္သည္ ။

ပထမေတာ့ ေဒါက္တာမင္းထင္ေက်ာ္မ်ား
အေျခအေန
လာၾကည့္ေလသလားဟု ထင္
လိုက္မိသည္ ။
သို႔ေသာ္…အေသအခ်ာ နားစြင့္ၾကည့္ေတာ့မွ ဖြဖြ ႏွင္းလာေသာ ေျခသံမ်ိဳးျဖစ္သျဖင့္
စိတ္ထဲက မသကၤာသျဖင့္ အိပ္ရာမွ ထကာ တံခါးကို အသံမၾကားေအာင္ လွစ္၍ အျပင္
သို႔ လွမ္းၾကည့္လိုက္သည္ ။
စႀကႍမွာမီးတစ္ပြင့္ထြန္းထားေသာေၾကာင့္ … အေတာ္ေဝးေဝးေနရာအထိ လွမ္းျမင္ႏိုင္သည္ ။
ကြၽႏ္ုပ္ လွမ္းၾကည့္လိုက္စဥ္ ပတၱျမားထား ေသာ အခန္းထဲသို႔ လွစ္ခနဲ လွမ္းဝင္သြား ေသာ အမ်ိဳးသမီးတစ္ေယာက္၏ ပုံရိပ္ကိုျမင္လိုက္ရသည္ ။ “ဟင္…”

ကြၽႏ္ုပ္ျမင္လိုက္ရစဥ္မွာ ထိုအမ်ိဳးသမီးမွာ
ဝတ္ဆင္ေလ့ရွိသည့္
ကုလားမမ်ားအဝတ္အစားမ်ားကို ဝတ္ဆင္ထားၿပီး ဆာ လီအျဖဴစကို ၿခဳံထားေလသည္ ။ အခန္းထဲ သို႔ လွမ္းဝင္သြားစဥ္မွာ ေနာက္ဘက္မွ ဝဲ က်န္ခဲ့ေသာ ဆာလီစကို လွမ္းျမင္လိုက္ရ ေသးသည္ ။
ထိုအမ်ိဳးသမီးမွာ သည္ အိမ္မွာ ရွိေသာ လူ ေတြထဲကေတာ့ မဟုတ္ေပ၊ အဘယ္ေၾကာင့္ ဆိုေသာ္-
ထိုအိမ္၌ အမ်ိဳးသမီးတစ္ေယာက္မွ မရွိ
ကြၽႏ္ုပ္မွာ အခန္းဝမွာ ရပ္ေနရင္း အေတာ္ အႀကံရ ခက္သြားသည္ ။ သူခိုးသူဝွက္မ်ား
ျဖစ္ေလမလားဆိုေသာ
စိုးရိမ္စိတ္ကတစ္ဖက္၊ ဝိညာဥ္ နာနာဘာဝမ်ား ျဖစ္ေလမ လားဆိုသည့္ ပူပန္စိတ္က တစ္ဖက္ႏွင့္ စိတ္ ထဲမွာ လြန္ဆြဲေနသည္ ။
ကြၽႏ္ုပ္သည္ တေစၦ သရဲ၊ ဝိညာဥ္ေလာက
ကို ယုံၾကည္ေသာ္လည္း ေၾကာက္တတ္သူ တစ္ေယာက္ေတာ့ မဟုတ္ေပ။
သို႔ေသာ္လည္း …
ယခုလို နဖူးေတြ႕ဒူးေတြ႕ ႀကဳံရေသာအခါ
အနည္းငယ္ေတာ့ တုန္လႈပ္မႈရွိေပသည္ ။
ကိုယခုအခ်ိန္က်မွ ေဒါက္တာမင္းထင္ေက်ာ္ ကို သြားႏႈိး၍ ျဖစ္ပါ့မလား၊ တစ္ေယာက္တည္း အရဲစြန႔္၍ သြားၾကည့္ လွ်င္ေရာ သင့္ပါမလားဟု ေတြးေတာေနစဥ္
မိမိပတၱျမားရွိေသာ အခန္းဆီမွာ လူတစ္
ေယာက္မွာ မခံမရပ္ႏိုင္သျဖင့္ ညည္းညဴ
လိုက္ေသာအသံကို မသဲမကြဲ ၾကားလိုက္ရသ
ျဖင့္ ဘာမွ ေထြေထြထူးထူး စဥ္းစားမေနေတာ့ဘဲ ကုတင္အမိုးတိုင္တစ္ခုကို ျဖဳတ္
ယူ၍ ထိုအခန္းရွိရာသို႔ ေျပးသြားေလသည္ ။
အခန္းဝသို႔ေရာက္ေသာအခါတုတ္ကို
အဆင္သင့္ျပင္၍ တံခါးကို တြန္းဖြင့္လိုက္သည္ ။

အခန္းထဲမွာမီးထြန္းထားေသာေၾကာင့္
အရာအားလုံးကို ျမင္ႏိုင္သည္ ။ ပတၱျမား
ထားေသာ မွန္ပုံးအတြင္းမွ ယုန္ကေလး၏
လႈပ္ရွားေနပုံကိုပင္ ျမင္ေနရသည္ ။ အျခားေတာ့ ဘာမွ မရွိေပ။
“ဟင္ ဘယ္လိုျဖစ္တာလဲ ငါပဲ မ်က္စိမွား ေလေရာ့သလား။ ဒီအခန္းထဲမွာ လည္း ဘာ မွ မရွိပါလား”
ေသခ်ာေအာင္ အခန္းထဲ ဝင္ၾကည့္ေတာ့ လည္း ဘာမွ မထူးျခားေပ။ ညက ျမင္ခဲ့ရ ေသာ ပစၥည္းမ်ားအားလုံး ေျခရာလက္ရာ
မပ်က္အတိုင္း ရွိေနၾကသည္ ။ယုတ္စြအဆုံးညက
ေဒါက္တာမင္းထင္ေက်ာ္ ထည့္ထားခဲ့သည့္ ယုန္ကေလးပင္ မွန္ ပုံးအတြင္းမွာ … အသြားအလာမပ်က္
ေနသည္ ကို ေတြ႕ရသျဖင့္ မ်ား စြာ အံ့ဩသြားမိသည္ ။
သို႔ေသာ္……
ထိုအခန္းတံခါးကို ျပန္ပိတ္ကာ မိမိအခန္း
ရွိရာသို႔ ျပန္လာခဲ့ေလသည္ ။