မြေကြီးခိုးမိသူ(စ/ဆုံး)

Unicode Version

မြေကြီးခိုးမိသူ(စ/ဆုံး)
————————-
“ဘုံး ဘုံး ဘုံး”

“ဒီခြတွေနဲ့တော့ငါစိတ်ပျက်ပါတယ်
ဝန်းထရံတစ်ခုလုံးလည်းရစရာမရှိတော့ဘူး။

“အမေဘာဖြစ်လို့လဲဗျ”

“ဘာဖြစ်ရမှာလဲသားရယ်
ခြတွေပေါ့ထရံတစ်ချပ်လုံးတက်နေလို့ပေါ့”

“ဟာဟုတ်ပါ့ ထရံတစ်ခုလုံး
ဘာမှရစရာမရှိတော့ဘူး။
အသစ်ပြန်လဲမှဖြစ်တော့မယ် ကြာလာရင်
ဘာမှကျန်မှာမဟုတ်တော့ဘူး”

ဘေးအိမ်မှဒေါ်ခင်ဖြူတို့သားအမိ
ပြောသောစကားများအားဒေါ်မိတင်
ကြားလိုက်ရလေသည်။

အိမ်နှစ်အိမ်အကြားကာရံထားသည့်
ဝန်းထရံမှာခြစား၍ကျိုးကြေပျက်စီးနေပြီ
ဖြစ်သည်။

ဒေါ်မိတင်အနေဖြင့်ဝန်းထရံအသစ်
လဲချင်ပေမယ့်စီးပွားရေးကမကောင်းသေးသဖြင့်
စိတ်ကူးအားအကောင်အထည်မဖော်
နိုင်ခြင်းဖြစ်သည်။

ယခုအိမ်နီးချင်းဖြစ်သူဒေါ်ခင်ဖြူတို့က
ဝန်းထရံအားသူတို့ပြုပြင်ပြီးလဲမည်ဟု
ကြားလိုက်သဖြင့်စိတ်ထဲမှအနည်းငယ်ပေါ့ပါးသွား
ရလေသည်။

ဒေါ်ခင်ဖြူနှင့်အိမ်နီးချင်းများဖြစ်ကြပေမယ့်
မခေါ်မပြောနေခဲ့သည်မှာနှစ်ပေါင်းများစွာ
ကြာခဲ့ပြီဖြစ်သည်။

ဒေါ်မိတင်ကအေးအေးဆေးဆေး
နေပေမယ့်တစ်ခါတလေဒေါ်ခင်ဖြူက
ဒေါ်မိတင်ကြားအောင်
ရွဲ့လားစောင်းလားပြောဆိုတတ်လေသည်။

ထိုသို့ရွဲ့စောင်းပြောသောစကားများအား
ဒေါ်မိတင်ကကြားပေမယ့်
မသိချင်ယောင်ဆောင်ပြီးနေခဲ့လေသည်။
ဒေါ်မိတင်ဘက်မှ
ပြဿနာကိုမကြီးချင်တာလည်း
ပါလေသည်။

သူကပြန်ပြောလိုက်လျှင်
သားသမီးတွေကပါလိုက်ပါလာမည်
စိုး၍အေးအေးဆေးဆေးနေခဲ့ခြင်းဖြစ်သည်။

ဒေါ်ခင်ဖြူနှင့်ဒေါ်မိတင်တို့နှစ်ဦးစလုံး
လင်ယောကျ်ားများမရှိကြတော့ပေ။

ဒေါ်မိတင်မှာသားသမီး၄ယောက်ရှိပြီး
ဒေါ်ခင်ဖြူကတော့သားသမီး၃ယောက်
ရှိလေသည်။

================

“ဒီထရံတွေအကုန်လုံးကိုလဲပစ်မယ်
ကိုတင်မောင် ဝါးထရံဘယ်နှစ်ချပ်လောက်
ကုန်မလဲ”

“၄ ၅ချပ်ဆိုရပါပြီ မခင်ဖြူရယ်
သိပ်မကုန်ပါဘူး”

“ဒါဆိုဝါးထရံလုပ်တဲ့သူတွေကို
မှာထားလိုက်မယ် ဝါးထရံ
ရတဲ့နေ့မှရှင့်ကိုလှမ်းပြောလိုက်မယ်လေ”

“အင်း…ကောင်းပါပြီ
ကျုပ်ဆက်ဆက်လာခဲ့ပါ့မယ်ဗျာ”

“အမေ ဟိုဘက်အိမ်က
ဝန်းထရံအသစ်ခတ်မလို့လား”

ဒေါ်မိတင်၏သမီးကြီးမပွင့်ခိုင်က
မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ်လေ သမီးရဲ့
ဘာဖြစ်လို့လဲ”

“ကောင်းတယ်ကောင်းတယ်
ဒါမှသူတို့မျက်နှာမမြင်ရမှာ
အုတ်တံတိုင်းခတ်လိုက်ရင်ပိုကောင်းသား”

“သမီးရယ်ပြောမနေပါနဲ့
ထားလိုက္ပါ သူတို့ဟာသူတို့
ဘာပဲလုပ်လုပ်ကိုယ့်ကိစ္စမဟုတ်ဘူး။

ဒေါ်မိတင်ကသမီးဖြစ်သူအား
ငေါက်လိုက်လေသည်။
မပွင့်ခိုင်လည်းမိခင်ဖြစ်သူအားဘာမှပြန်မပြော
ပဲအသာငြိမ်နေလိုက်တော့သည်။

၁ပတ်ခန့်ကြာတော့
ဒေါ်ခင်ဖြူတို့မှအလုပ်သမားများငှားကာ
ဝန်းထရံခတ်ကြလေသည်။

“ဟုတ်ပြီ ရှေ့နည်းနည်းတိုးလိုက်ဦး
အေး အေး နည်းနည်းတိုးလိုက်”

“တိုးလို့မရတော့ဘူး မခင်ဖြူ
သူများဘက်ရောက်နေပြီဗျ”

“ဟာမရောက်ပါဘူး ဒါကျွန်မမြေလေ
ကျွန်မဘက်ပါတယ်ရှင့်”

“ဒီမှာဒေါ်ခင်ဖြူ ရှင်လူကြီးတန်ပဲ
မတရားမလုပ်ချင်ပါနဲ့။
ဒီမှာဒီသစ်ပင်ကကျွန်မတို့စိုက်ထားတာလေ
ဒါကျွန်မတို့ဝိုင်းဘက်ကပေါ့ရှင့်။
ဘာရှင့်မြေလဲ”

“အောင်မာ ညည်းကဘာသိလို့လဲ
ဒါကငါ့ဝိုင်းနယ်နိမိတ်လေ။
ငါ့ဟာငါတိုးတာဘာဖြစ်လဲ”

“ပါးတောင်ချလိုက်ချင်သေး
ဒေါ်ခင်ဖြူရယ် လူကြီးဖြစ်ပြီး
ဂျပိုးလိပ်ဖြစ်အောင်ပြောမနေပါနဲ့”

“အောင်မယ် ငါမွေးမှငါ့သမီးလောက်ပဲ
ရှိတဲ့ကောင်မကများ ငါ့ကိုပါးရိုက်ချင်
ရတာနဲ့။
ညည်းသတ္တိရှိရင်လုပ်ကြည့်လိုက်စမ်းပါ
လုပ်လိုက်စမ်းပါ”

“ဟဲ့ သမီးပွင့်ခိုင် တော်တော့
စိတ်ကိုထိန်းစမ်း”

“အမေဖယ်စမ်းပါ ဒီအဘွားကြီး
မတော်မတရားလုပ်တာလက်ပိုက်ပြီး
ငြိမ်ခံမနေနိုင်ဘူး”

“အမေဘာဖြစ်နေတာလဲ”

“ဘာဖြစ်ရမှာလဲ သမီးရယ်
ပွင့်ခိုင်ပေါ့ အမေတို့မြေပေါ်ခြံစည်းရိုးခတ်တာ
သူတို့ဘက်ရောက်နေတယ်ဆိုပြီး
လာရန်ထောင်နေတယ်လေ”

“မဟုတ်လို့လား ကျွန်မပြောတာ
မဟုတ္လို့လား”

“သမီးတော်စမ်း အမေပြောပါ့မယ်”

“အမေရယ်လွှတ်စမ်းပါ
မတရားတာကြီးကိုတော့ငြိမ်ခံမနေနိုင်ဘူး”

“ဟဲ့ကောင်မပွင့်ခိုင် ညည်းကငြိမ်ခံမနေနိုင်
ရအောင်ငါ့အမေကဘာလုပ်နေလို့လဲ
ငါတို့ဟာငါတို့ငါတို့မြေပေါ်ဝန်းထရံခတ်တာ
ညည်းနဲ့ဘာဆိုင်လို့တုန်းအေ့”

ဒေါ်ခင်ဖြူ၏သမီးမယုနိုင်က
ပွင့်ခိုင်အားရန်ထောင်လိုက်လေသည်။

“ဒီမယ်မခင်ဖြူ ရှင်ကဒီမြေကို
ရှင့်မြေလို့ထင်နေတယ်ပေါ့”

“ထင်တာမဟုတ်ဘူး ဟုတ်လို့ကိုပြောတာလေ”

“ရှင့်မြေလို့ထင်တယ်ဆိုရင်လည်း ယူလိုက်ပါ
မြေတစ်ထွာတစ်မိုက်နဲ့တော့ကျွန်မမငြင်းချင်ပါဘူး။
သေသွားရင်လည်းဒီမြေတွေက
သယ်သွားလို့မှမရတာ
အဲဒီတော့ယူလိုက်ရတယ် ဘာမှမဖြစ်ဘူး
အေး ဒါပေမယ့် နင်တစ်ခုပဲမှတ်ထားလိုက်ပါ
မခင်ဖြူ မဟုတ်တာလုပ်တဲ့သူက
သူ့အပြစ်နဲ့သူ့အကျိုး ပေးပါလိမ့်မယ်”

“ဟား ဟား ဟား သူခိုးကလူပြန်ဟစ်လို့
မိတင်ရယ် ရယ်တောင်ရယ်ချင်သေးရဲ့”

“လာသမီး ပွင့်ခိုင် မြေတစ်ဆုပ်စာနဲ့
အမေတို့ဘာမှဖြစ်မသွားဘူး။

မိခင်ဖြစ်သူမှအတင်းဆွဲခေါ်နေသဖြင့်
ပွင့်ခိုင်လည်းအိမ်ထဲပြန်ဝင်လာခဲ့ပြီး
စိတ်ကိုမနည်းထိန်းထားလိုက်ရတော့သည်။

မောင်တွေရှိမနေတာကကံကောင်းသွား
သည်ဟုဆိုရမည်။
သူတို့ရှိနေလျှင်အခြေအနေကဒီထက်ပိုဆိုး
သွားနိုင်သည်။

“ဘာရပ်နေကြတာလဲ
လုပ်စရာရှိတော့လုပ်ကြတော့လေ။
ဒီနေ့အပြီးသတ်လုပ်ပေးရမှာမဟုတ်ဘူးလား
ကိုတင်မောင်”

“အေး အေးပါ ငါသိပါတယ်”

ကိုတင်မောင်လည်းဒေါ်ခင်ဖြူအား
မလွန်ဆန်နိုင်သဖြင့်သူခိုင်းတဲ့အတိုင်း
ဝန်းထရံအားသူများမြေဘက်ရောက်အောင်
ခတ်ပေးလိုက်တော့သည်။

=================

အိမ်ဝန်းထရံခတ်ပြီးသည့်နေ့မှစ၍
ဒေါ်မိတင်နှင့်ဒေါ်ခင်ဖြူတို့အခြေအနေက
အရင်ကထပ်ပိုမိုတင်းမာသွားခဲ့ရလေသည်။

နှစ်ဖက်သားသမီးများကလည်း
တစ်ဦးတစ်ဦးမြင်တွေ့ပါကနပန်းလုံးချင်
လောက်အောင်ပင်မုန်းတီးသွားကြလေသည်။

နှစ်တွေကြာလာတော့ဒေါသစိတ်တွေ
အနည်ထိုင်လာကာအရင်ကလောက်
ရင်ထဲမှဆူပူခြင်းသိပ်မရှိကြတော့ပေ။

အချိန်တွေကြာလာသည်နှင့်အမျှ
ဒေါ်ခင်ဖြူလည်းကျန်းမာရေးကတဖြည်းဖြည်းနှင့်
ချို့ ယွင်းလာခဲ့လေသည်။

တစ်နေ့တစ်နေ့ဆိုးရွားလာသည့်
ရောဂါဝေဒနာတို့ကြောင့်သားသမီးများက
ဆေးရုံသို့ပင်ပို့ဆောင်ထားရလေတော့သည်။

ဆေးရုံမှာဝေဒနာအားသက်သာ
ပျောက်ကင်းအောင်ပိုက်ဆံအများအပြား
အကုန်ကျခံကာဒေါ်ခင်ဖြူအားကုသပေး
ခဲ့ကြပေမယ့်။

ပြန်ကောင်းမလာပါပဲအခြေအနေက
အရင်ကထက်ဆိုးလာကာဒေါ်ခင်ဖြူရဲ့
အသက်ပါဆုံးရှုံးခဲ့ရလေသည်။

“အမေ ဟိုဘက်အိမ်ကဘွားတော်ကြီး
ဆုံးပြီတဲ့”

“ဟုတ်လား သားဒီနေ့ဆုံးသွားတာလား”

“ဟုတ်တယ်အမေ ဆေးရုံမှာပဲ
ဆုံးသွားတာတဲ့။
သူတို့နဲ့နီးစပ်တဲ့သားသူငယ်ချင်းက
လှမ်းပြောတာ အလောင်းကိုတော့
ဆေးရုံကနေပြန်သယ်မယ်လို့တော့
ကြားတာပဲ”

“အင်း…စိတ်မကောင်းစရာပါပဲ သားရယ်
ညနေမှအသုဘသွားပြီးမေးလိုက်ဦးမယ်”

“ဟာ အမေကလည်း သားတို့နဲ့မှ
စကားမပြောတာ သွားမေးရင်ကြိုက်ပါ့မလား
သူတို့က”

“သြော်သားရယ် မခေါ်တာခေါ်တာ
အသာထားအိမ်နီးချင်းတွေလေ
မသွားရင်မကောင်းဘူးသားရဲ့။
သာရေးမဟုတ်ဘူးနာရေးဆိုတော့
အမေတို့ဘက်ကဝတ္တရားရှိသေးတယ်လေ
သားရဲ့”

“အင်းပါ အမေ့သဘောပါပဲ
သွားရင်တော့အစ်မကြီးကိုပါခေါ်သွားဦး
အမေတစ်ယောက်တည်းမသွားနဲ့”

“အေးပါသားရဲ့”

မွန်းလွဲအချိန်ခန့်ရောက်တော့
ဒေါ်ခင်ဖြူတို့အိမ်ဘက်မှငိုကြယိုကြသည့်
အသံများဖြင့်ဗြောင်းဆန်နေတော့သည်။

ဆေးရုံမှအလောင်းအားအိမ်သို့
ပြန်သယ်လာသည့်အတွက်ဒေါ်ခင်ဖြူ၏
သားသမီးများနှင့်မြေးများ၏
ငိုယိုသံကအတိုင်းသားကြားနေရလေသည်။

ညနေရောက်တော့ဒေါ်မိတင်လည်း
သမီးဖြစ်သူပွင့်ခိုင်အားခေါ်ကာ
နာရေးအိမ်သို့ရောက်လာခဲ့ကြလေသည်။

“သြော် လေးမိတင်တို့သားအမိပါလား
ထိုင်ပါဦးရှင်”

ဒေါ်ခင်ဖြူ၏သမီးယုနိုင်ကငိုထားသည့်
မျက်နှာကြီးဖြင့်နေရာထိုင်ခင်းပေးလေသည်။

“ဘယ်အချိန်လောက်ကဆုံးသွားတာလဲ
ယုနိုင်”

“မနက်၈နာရီလောက်က
သမီးရယ်အမေ့ရင်ထဲမကောင်းဘူး
ရေလေးတိုက်စမ်းပါဆိုပြီး
အမေကတောင်းတော့ ကျွန်မလည်း
ရေလေးငှဲ့နေတုန်း ချောင်းတစ်ချက်ဆိုးပြီး
အသက်ပါတစ်ခါတည်းပါသွားတာပါပဲ
လေးမိတင်ရယ်
အီး ဟီး ဟီး”

“တရားနဲ့ဖြေပါ ယုနိုင်ရယ်
လေးမိတင်တို့လည်းတစ်ချိန်ကြရင်
ဒီလမ်းကိုသွားကြရမှာပဲမဟုတ်လား
တရားနဲ့ဖြေပြီးစိတ်ကိုထိန်းပါ”

“အခုလိုလာပြီးအားပေးစကားပြောတာ
ကျေးဇူးတင်ပါတယ် လေးမိတင်ရယ်”

“အို…မလိုပါဘူးအေ ငါတို့ကအိမ်နီးချင်း
တွေပဲမဟုတ်လား
အချင်းချင်းရိုင်းပင်းရမှာပေါ့”

“ဟုတ်ပါတယ် လေးမိတင်ရယ်”

နာရေးအိမ်မှာစကားထိုင်ပြောပြီး
ဒေါ်မိတင်တို့သားအမိလည်းအိမ်သို့ပြန်လာ
ခဲ့ကြလေသည်။

ဒေါ်ခင်ဖြူ ရဲ့အသုဘအား
ဒေါ်မိတင်လိုက်လံပို့ဆောင်ပေးခဲ့လေသည်။

နာရေးရက်လည်သည့်နေ့မတိုင်ခင်မှာလည်း
ကူညီလုပ်ကိုင်ပေးခဲ့လေသည်။

ဒေါ်ခင်ဖြူ၏သားသမီးများနဲ့
ဆက်ဆံရေးမှာပြန်လည်အဆင်ပြေလာခဲ့
ကြလေသည်။

နာရေးရက်လည်ပြီးသွားခဲ့လေသည်။

လတွေလည်းကြာခဲ့လေပြီ……
ဒေါ်ခင်ဖြူလည်းဘဝတစ်ပါးသို့ရောက်ရှိ
သွားလိမ့်မည်ဟုအားလုံးက
ထင်မှတ်ထားခဲ့ကြလေသည်။

အမှောင်အတိကျနေသည့်
ညတစ်ညတွင်တော့ဒေါ်ခင်ဖြူ၏သမီးကြီး
မယုနိုင်သည်အိပ်မက်တစ်ခုကို
မြင်မက်လေသည်။

“သမီး သမီးလေး အမေပါ”

“ဟင်…အမေ အမေသမီးဆီလာတယ်”

“ဟုတ်တယ်သမီး အမေ့ကိုကယ်ပါဦးသမီးရယ်
အမေ့မှာသေပြီးကတည်းကအခုအချိန်ထိ
တအောင့်လေးတောင်မနားရသေးပါဘူး
သမီးရယ်။
အမေလုပ်ခဲ့တဲ့အပြစ်ဒဏ်တွေကြောင့်
အမေ့မှာနေ့မနားညမနားအပြစ်ဒဏ်တွေ
ခံနေရပါပြီသမီးရယ်”

“ရှင်…အမေ အမေဘာအပြစ်တွေ
လုပ်မိလို့လဲဟင်…သမီးကိုပြောပြပါ
သမီးအမေ့ကိုကယ်ပါ့မယ်”

“အမေမသေခင်က ဝန်းထရံခတ်တော့
မမိတင်ရဲ့ဝိုင်းဘက်ကိုတိုးပြီးခတ်လိုက်တယ်
မမိတင်ရဲ့မြေတွေပါနေတာကို
သိသိလျက်နဲ့အမေမြေခိုးပြီးခြံစည်းရိုး
ခတ်ခဲ့မိတယ်……
အခုအဲ့ဒီအပြစ်ဒဏ်တွေကြောင့်
အမေ့မှာနေ့မနားညမနားခေါင်းပေါ်မှာမြေတွေ
ရွက်ထားရတယ်သမီးရယ်……

အမေ့ကိုကယ်ပါဦးနော် သမီး
မမိတင်ရဲ့မြေတွေကိုပြန်ပေးပေးပါသမီးရယ်
အမေသွားရတော့မယ်
အိမ်စောင့်နတ်ကအမေ့ကိုထွက်ခိုင်းနေပြီ
အမေ့ကိုကူညီပါနော် သမီး နော်”

“အေမ……”

မယုနိုင်လည်းထိုအိပ်မက်ဆိုးမှ
လန့်နိုးလာခဲ့လေသည်။

“ဘုရား ဘုရား အမေငါ့ကိုအိပ်မက်ပေးပြီး
အကူအညီတောင်းတာပါလား။
အမေ့မှာမြေခိုးတဲ့အပြစ်ဒဏ်တွေ
ခံနေရပါလား……
မဖြစ်ဘူးမဖြစ်ဘူးအမေ့ကိုဒီဘဝကကျွတ်
အောင်ငါအမြန်ဆုံးကူညီမှဖြစ်မယ်”

=================

မနက်လင်းသည်နှင့်မယုနိုင်က
သူ့အိပ်မက်အကြောင်းအားမောင်နှင့်ညီမ
အားပြောပြလိုက်လေသည်။

မောင်နဲ့ညီမဖြစ်သူကလည်း
မိခင်ဖြစ်သူအကြောင်းအားသိသွားသဖြင့်
စိတ်မကောင်းဖြစ်မိကြလေသည်။

ထို့ကြောင့် ဝန်းထရံခတ်စဉ်အခါက
ပြုလုပ်ပေးခဲ့သောကိုတင်မောင်အား
ခေါ်ကာဝန်းထရံအားဒေါ်မိတင်မြေပေါ်မှ
နောက်သို့ဆုတ်ကာဖယ်ပေးခဲ့လေသည်။

တစ်ဆက်တည်းမှာပင် ဘုန်းကြီးငါးပါးအား
ပင့်ကာမိခင်ဖြစ်သူဒေါ်ခင်ဖြူအတွက်
ကုသိုလ်ကောင်းမှုများပြုလုပ်ပေးကြလေသည်။

အလှူအတန်းအားရေစက်ချအမျှဝေ
ခဲ့ကြလေသည်။

“ဒကာမကြီးဒေါ်ခင်ဖြူနှင့်တကွ
အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော့”

“သာဓု သာဓု သာဓု”

==============

“သမီး သမီးလေး”

“ဟင်…အမေ”

“ဟုတ္တယ်သမီး သမီးတို့ကူညီလို့
အမေဒီဘဝကနေကျွတ်လွတ်ရတော့မယ်
အမေ့ရဲ့အမှားကိုသင်ခန်းစာယူပြီး
ဘဝကိုအကောင်းမွန်ဆုံးနေထိုင်ကြပါလို့
အမေနောက်ဆုံးအနေနဲ့မှာခဲ့ချင်တယ်
သမီးရယ်”

“ဟုတ်ကဲ့ပါ စိတ်ချပါအမေ
သမီးတို့အကောင်းမွန်ဆုံးဖြစ်အောင်
နေထိုင်ပါ့မယ်နော်”

“အမေတို့တွေကံမကုန်ရင်သံသရာမှာ
ပြန်ဆုံကြတာပေါ့ကွယ်”

ထိုသို့ပြောပြီးအိပ်မက်မှ
လန့်နိုးလာခဲ့ရပြန်သည်။

ဒီတစ်ခါအိပ်မက်ကတော့
မယုနိုင်အတွက်ပြုံးပျော်မိလေသည်။

သူတစ်ပါးမြေအားမတရားခိုးယူခဲ့သည့်
မိခင်ဖြစ်သူဒေါ်ခင်ဖြူမှာ
ကြီးစွာသောပြစ်ဒဏ်အားလပေါင်းများစွာ
ခံစားခဲ့ရလေသည်။

ယခုထိုအပြစ်ဒဏ်များမှမိခင်ဖြစ်သူ
ဒေါ်ခင်ဖြူမှာ
လွတ်မြောက်သွားပြီဖြစ်သဖြင့်
အခုလိုပြုံးပျော်မိခြင်းဖြစ်လေသည်။

မယုနိုင်အနေဖြင့်ထိုအဖြစ်အပျက်များထဲမှ
သင်ခန်းစာတစ်ခုကိုကောင်းစွာရခဲ့လေသည်။

သူတစ်ပါးမြေအားသူမသိအောင်
မြေတစ်မှုန်ပင်မခိုးမိစေဖို့ သတိကြီးစွာ
ထားရတော့မည်ဖြစ်လေသည်။

ခိုးယူခဲ့မိပါကရလာမည့်အပြစ်ဒဏ်မှာ
မည်သူမှခံနိုင်လိမ့်မည်မဟုတ်ပေ။

ပြီးပါပြီ…………

ဇာတ်လမ်းလေးဖတ်ပြီးပါက
လက်မလေးတွေနှိပ်ပြီးအားပေးခဲ့ကြပါ
နော်။

Zawgyi Version

ေျမၾကီးခိုးသူ(စ/ဆံုး)
————————-
“ဘုံး ဘုံး ဘုံး”

“ဒီျခေတြနဲ႔ေတာ့ငါစိတ္ပ်က္ပါတယ္
ဝန္းထရံတစ္ခုလုံးလည္းရစရာမရွိေတာ့ဘူး။

“အေမဘာျဖစ္လို႔လဲဗ်”

“ဘာျဖစ္ရမွာလဲသားရယ္
ျခေတြေပါ့ထရံတစ္ခ်ပ္လုံးတက္ေနလို႔ေပါ့”

“ဟာဟုတ္ပါ့ ထရံတစ္ခုလုံး
ဘာမွရစရာမရွိေတာ့ဘူး။
အသစ္ျပန္လဲမွျဖစ္ေတာ့မယ္ ၾကာလာရင္
ဘာမွက်န္မွာမဟုတ္ေတာ့ဘူး”

ေဘးအိမ္မွေဒၚခင္ျဖဴတို႔သားအမိ
ေျပာေသာစကားမ်ားအားေဒၚမိတင္
ၾကားလိုက္ရေလသည္။

အိမ္ႏွစ္အိမ္အၾကားကာရံထားသည့္
ဝန္းထရံမွာျခစား၍က်ိဳးေၾကပ်က္စီးေနၿပီ
ျဖစ္သည္။

ေဒၚမိတင္အေနျဖင့္ဝန္းထရံအသစ္
လဲခ်င္ေပမယ့္စီးပြားေရးကမေကာင္းေသးသျဖင့္
စိတ္ကူးအားအေကာင္အထည္မေဖာ္
ႏိုင္ျခင္းျဖစ္သည္။

ယခုအိမ္နီးခ်င္းျဖစ္သူေဒၚခင္ျဖဴတို႔က
ဝန္းထရံအားသူတို႔ျပဳျပင္ၿပီးလဲမည္ဟု
ၾကားလိုက္သျဖင့္စိတ္ထဲမွအနည္းငယ္ေပါ့ပါးသြား
ရေလသည္။

ေဒၚခင္ျဖဴႏွင့္အိမ္နီးခ်င္းမ်ားျဖစ္ၾကေပမယ့္
မေခၚမေျပာေနခဲ့သည္မွာႏွစ္ေပါင္းမ်ားစြာ
ၾကာခဲ့ၿပီျဖစ္သည္။

ေဒၚမိတင္ကေအးေအးေဆးေဆး
ေနေပမယ့္တစ္ခါတေလေဒၚခင္ျဖဴက
ေဒၚမိတင္ၾကားေအာင္
႐ြဲ႕လားေစာင္းလားေျပာဆိုတတ္ေလသည္။

ထိုသို႔႐ြဲ႕ေစာင္းေျပာေသာစကားမ်ားအား
ေဒၚမိတင္ကၾကားေပမယ့္
မသိခ်င္ေယာင္ေဆာင္ၿပီးေနခဲ့ေလသည္။
ေဒၚမိတင္ဘက္မွ
ျပႆနာကိုမႀကီးခ်င္တာလည္း
ပါေလသည္။

သူကျပန္ေျပာလိုက္လွ်င္
သားသမီးေတြကပါလိုက္ပါလာမည္
စိုး၍ေအးေအးေဆးေဆးေနခဲ့ျခင္းျဖစ္သည္။

ေဒၚခင္ျဖဴႏွင့္ေဒၚမိတင္တို႔ႏွစ္ဦးစလုံး
လင္ေယာက်္ားမ်ားမရွိၾကေတာ့ေပ။

ေဒၚမိတင္မွာသားသမီး၄ေယာက္ရွိၿပီး
ေဒၚခင္ျဖဴကေတာ့သားသမီး၃ေယာက္
ရွိေလသည္။

================

“ဒီထရံေတြအကုန္လုံးကိုလဲပစ္မယ္
ကိုတင္ေမာင္ ဝါးထရံဘယ္ႏွစ္ခ်ပ္ေလာက္
ကုန္မလဲ”

“၄ ၅ခ်ပ္ဆိုရပါၿပီ မခင္ျဖဴရယ္
သိပ္မကုန္ပါဘူး”

“ဒါဆိုဝါးထရံလုပ္တဲ့သူေတြကို
မွာထားလိုက္မယ္ ဝါးထရံ
ရတဲ့ေန႔မွရွင့္ကိုလွမ္းေျပာလိုက္မယ္ေလ”

“အင္း…ေကာင္းပါၿပီ
က်ဳပ္ဆက္ဆက္လာခဲ့ပါ့မယ္ဗ်ာ”

“အေမ ဟိုဘက္အိမ္က
ဝန္းထရံအသစ္ခတ္မလို႔လား”

ေဒၚမိတင္၏သမီးႀကီးမပြင့္ခိုင္က
ေမးလိုက္ျခင္းျဖစ္သည္။

“ဟုတ္တယ္ေလ သမီးရဲ႕
ဘာျဖစ္လို႔လဲ”

“ေကာင္းတယ္ေကာင္းတယ္
ဒါမွသူတို႔မ်က္ႏွာမျမင္ရမွာ
အုတ္တံတိုင္းခတ္လိုက္ရင္ပိုေကာင္းသား”

“သမီးရယ္ေျပာမေနပါနဲ႔
ထားလိုကၸါ သူတို႔ဟာသူတို႔
ဘာပဲလုပ္လုပ္ကိုယ့္ကိစၥမဟုတ္ဘူး။

ေဒၚမိတင္ကသမီးျဖစ္သူအား
ေငါက္လိုက္ေလသည္။
မပြင့္ခိုင္လည္းမိခင္ျဖစ္သူအားဘာမွျပန္မေျပာ
ပဲအသာၿငိမ္ေနလိုက္ေတာ့သည္။

၁ပတ္ခန႔္ၾကာေတာ့
ေဒၚခင္ျဖဴတို႔မွအလုပ္သမားမ်ားငွားကာ
ဝန္းထရံခတ္ၾကေလသည္။

“ဟုတ္ၿပီ ေရွ႕နည္းနည္းတိုးလိုက္ဦး
ေအး ေအး နည္းနည္းတိုးလိုက္”

“တိုးလို႔မရေတာ့ဘူး မခင္ျဖဴ
သူမ်ားဘက္ေရာက္ေနၿပီဗ်”

“ဟာမေရာက္ပါဘူး ဒါကြၽန္မေျမေလ
ကြၽန္မဘက္ပါတယ္ရွင့္”

“ဒီမွာေဒၚခင္ျဖဴ ရွင္လူႀကီးတန္ပဲ
မတရားမလုပ္ခ်င္ပါနဲ႔။
ဒီမွာဒီသစ္ပင္ကကြၽန္မတို႔စိုက္ထားတာေလ
ဒါကြၽန္မတို႔ဝိုင္းဘက္ကေပါ့ရွင့္။
ဘာရွင့္ေျမလဲ”

“ေအာင္မာ ညည္းကဘာသိလို႔လဲ
ဒါကငါ့ဝိုင္းနယ္နိမိတ္ေလ။
ငါ့ဟာငါတိုးတာဘာျဖစ္လဲ”

“ပါးေတာင္ခ်လိုက္ခ်င္ေသး
ေဒၚခင္ျဖဴရယ္ လူႀကီးျဖစ္ၿပီး
ဂ်ပိုးလိပ္ျဖစ္ေအာင္ေျပာမေနပါနဲ႔”

“ေအာင္မယ္ ငါေမြးမွငါ့သမီးေလာက္ပဲ
ရွိတဲ့ေကာင္မကမ်ား ငါ့ကိုပါး႐ိုက္ခ်င္
ရတာနဲ႔။
ညည္းသတၱိရွိရင္လုပ္ၾကည့္လိုက္စမ္းပါ
လုပ္လိုက္စမ္းပါ”

“ဟဲ့ သမီးပြင့္ခိုင္ ေတာ္ေတာ့
စိတ္ကိုထိန္းစမ္း”

“အေမဖယ္စမ္းပါ ဒီအဘြားႀကီး
မေတာ္မတရားလုပ္တာလက္ပိုက္ၿပီး
ၿငိမ္ခံမေနႏိုင္ဘူး”

“အေမဘာျဖစ္ေနတာလဲ”

“ဘာျဖစ္ရမွာလဲ သမီးရယ္
ပြင့္ခိုင္ေပါ့ အေမတို႔ေျမေပၚၿခံစည္း႐ိုးခတ္တာ
သူတို႔ဘက္ေရာက္ေနတယ္ဆိုၿပီး
လာရန္ေထာင္ေနတယ္ေလ”

“မဟုတ္လို႔လား ကြၽန္မေျပာတာ
မဟုတႅိဳ့လား”

“သမီးေတာ္စမ္း အေမေျပာပါ့မယ္”

“အေမရယ္လႊတ္စမ္းပါ
မတရားတာႀကီးကိုေတာ့ၿငိမ္ခံမေနႏိုင္ဘူး”

“ဟဲ့ေကာင္မပြင့္ခိုင္ ညည္းကၿငိမ္ခံမေနႏိုင္
ရေအာင္ငါ့အေမကဘာလုပ္ေနလို႔လဲ
ငါတို႔ဟာငါတို႔ငါတို႔ေျမေပၚဝန္းထရံခတ္တာ
ညည္းနဲ႔ဘာဆိုင္လို႔တုန္းေအ့”

ေဒၚခင္ျဖဴ၏သမီးမယုႏိုင္က
ပြင့္ခိုင္အားရန္ေထာင္လိုက္ေလသည္။

“ဒီမယ္မခင္ျဖဴ ရွင္ကဒီေျမကို
ရွင့္ေျမလို႔ထင္ေနတယ္ေပါ့”

“ထင္တာမဟုတ္ဘူး ဟုတ္လို႔ကိုေျပာတာေလ”

“ရွင့္ေျမလို႔ထင္တယ္ဆိုရင္လည္း ယူလိုက္ပါ
ေျမတစ္ထြာတစ္မိုက္နဲ႔ေတာ့ကြၽန္မမျငင္းခ်င္ပါဘူး။
ေသသြားရင္လည္းဒီေျမေတြက
သယ္သြားလို႔မွမရတာ
အဲဒီေတာ့ယူလိုက္ရတယ္ ဘာမွမျဖစ္ဘူး
ေအး ဒါေပမယ့္ နင္တစ္ခုပဲမွတ္ထားလိုက္ပါ
မခင္ျဖဴ မဟုတ္တာလုပ္တဲ့သူက
သူ႔အျပစ္နဲ႔သူ႔အက်ိဳး ေပးပါလိမ့္မယ္”

“ဟား ဟား ဟား သူခိုးကလူျပန္ဟစ္လို႔
မိတင္ရယ္ ရယ္ေတာင္ရယ္ခ်င္ေသးရဲ႕”

“လာသမီး ပြင့္ခိုင္ ေျမတစ္ဆုပ္စာနဲ႔
အေမတို႔ဘာမွျဖစ္မသြားဘူး။

မိခင္ျဖစ္သူမွအတင္းဆြဲေခၚေနသျဖင့္
ပြင့္ခိုင္လည္းအိမ္ထဲျပန္ဝင္လာခဲ့ၿပီး
စိတ္ကိုမနည္းထိန္းထားလိုက္ရေတာ့သည္။

ေမာင္ေတြရွိမေနတာကကံေကာင္းသြား
သည္ဟုဆိုရမည္။
သူတို႔ရွိေနလွ်င္အေျခအေနကဒီထက္ပိုဆိုး
သြားႏိုင္သည္။

“ဘာရပ္ေနၾကတာလဲ
လုပ္စရာရွိေတာ့လုပ္ၾကေတာ့ေလ။
ဒီေန႔အၿပီးသတ္လုပ္ေပးရမွာမဟုတ္ဘူးလား
ကိုတင္ေမာင္”

“ေအး ေအးပါ ငါသိပါတယ္”

ကိုတင္ေမာင္လည္းေဒၚခင္ျဖဴအား
မလြန္ဆန္ႏိုင္သျဖင့္သူခိုင္းတဲ့အတိုင္း
ဝန္းထရံအားသူမ်ားေျမဘက္ေရာက္ေအာင္
ခတ္ေပးလိုက္ေတာ့သည္။

=================

အိမ္ဝန္းထရံခတ္ၿပီးသည့္ေန႔မွစ၍
ေဒၚမိတင္ႏွင့္ေဒၚခင္ျဖဴတို႔အေျခအေနက
အရင္ကထပ္ပိုမိုတင္းမာသြားခဲ့ရေလသည္။

ႏွစ္ဖက္သားသမီးမ်ားကလည္း
တစ္ဦးတစ္ဦးျမင္ေတြ႕ပါကနပန္းလုံးခ်င္
ေလာက္ေအာင္ပင္မုန္းတီးသြားၾကေလသည္။

ႏွစ္ေတြၾကာလာေတာ့ေဒါသစိတ္ေတြ
အနည္ထိုင္လာကာအရင္ကေလာက္
ရင္ထဲမွဆူပူျခင္းသိပ္မရွိၾကေတာ့ေပ။

အခ်ိန္ေတြၾကာလာသည္ႏွင့္အမွ်
ေဒၚခင္ျဖဴလည္းက်န္းမာေရးကတျဖည္းျဖည္းႏွင့္
ခ်ိဳ႕ ယြင္းလာခဲ့ေလသည္။

တစ္ေန႔တစ္ေန႔ဆိုး႐ြားလာသည့္
ေရာဂါေဝဒနာတို႔ေၾကာင့္သားသမီးမ်ားက
ေဆး႐ုံသို႔ပင္ပို႔ေဆာင္ထားရေလေတာ့သည္။

ေဆး႐ုံမွာေဝဒနာအားသက္သာ
ေပ်ာက္ကင္းေအာင္ပိုက္ဆံအမ်ားအျပား
အကုန္က်ခံကာေဒၚခင္ျဖဴအားကုသေပး
ခဲ့ၾကေပမယ့္။

ျပန္ေကာင္းမလာပါပဲအေျခအေနက
အရင္ကထက္ဆိုးလာကာေဒၚခင္ျဖဴရဲ႕
အသက္ပါဆုံးရႈံးခဲ့ရေလသည္။

“အေမ ဟိုဘက္အိမ္ကဘြားေတာ္ႀကီး
ဆုံးၿပီတဲ့”

“ဟုတ္လား သားဒီေန႔ဆုံးသြားတာလား”

“ဟုတ္တယ္အေမ ေဆး႐ုံမွာပဲ
ဆုံးသြားတာတဲ့။
သူတို႔နဲ႔နီးစပ္တဲ့သားသူငယ္ခ်င္းက
လွမ္းေျပာတာ အေလာင္းကိုေတာ့
ေဆး႐ုံကေနျပန္သယ္မယ္လို႔ေတာ့
ၾကားတာပဲ”

“အင္း…စိတ္မေကာင္းစရာပါပဲ သားရယ္
ညေနမွအသုဘသြားၿပီးေမးလိုက္ဦးမယ္”

“ဟာ အေမကလည္း သားတို႔နဲ႔မွ
စကားမေျပာတာ သြားေမးရင္ႀကိဳက္ပါ့မလား
သူတို႔က”

“ေၾသာ္သားရယ္ မေခၚတာေခၚတာ
အသာထားအိမ္နီးခ်င္းေတြေလ
မသြားရင္မေကာင္းဘူးသားရဲ႕။
သာေရးမဟုတ္ဘူးနာေရးဆိုေတာ့
အေမတို႔ဘက္ကဝတၱရားရွိေသးတယ္ေလ
သားရဲ႕”

“အင္းပါ အေမ့သေဘာပါပဲ
သြားရင္ေတာ့အစ္မႀကီးကိုပါေခၚသြားဦး
အေမတစ္ေယာက္တည္းမသြားနဲ႔”

“ေအးပါသားရဲ႕”

မြန္းလြဲအခ်ိန္ခန႔္ေရာက္ေတာ့
ေဒၚခင္ျဖဴတို႔အိမ္ဘက္မွငိုၾကယိုၾကသည့္
အသံမ်ားျဖင့္ေျဗာင္းဆန္ေနေတာ့သည္။

ေဆး႐ုံမွအေလာင္းအားအိမ္သို႔
ျပန္သယ္လာသည့္အတြက္ေဒၚခင္ျဖဴ၏
သားသမီးမ်ားႏွင့္ေျမးမ်ား၏
ငိုယိုသံကအတိုင္းသားၾကားေနရေလသည္။

ညေနေရာက္ေတာ့ေဒၚမိတင္လည္း
သမီးျဖစ္သူပြင့္ခိုင္အားေခၚကာ
နာေရးအိမ္သို႔ေရာက္လာခဲ့ၾကေလသည္။

“ေၾသာ္ ေလးမိတင္တို႔သားအမိပါလား
ထိုင္ပါဦးရွင္”

ေဒၚခင္ျဖဴ၏သမီးယုႏိုင္ကငိုထားသည့္
မ်က္ႏွာႀကီးျဖင့္ေနရာထိုင္ခင္းေပးေလသည္။

“ဘယ္အခ်ိန္ေလာက္ကဆုံးသြားတာလဲ
ယုႏိုင္”

“မနက္၈နာရီေလာက္က
သမီးရယ္အေမ့ရင္ထဲမေကာင္းဘူး
ေရေလးတိုက္စမ္းပါဆိုၿပီး
အေမကေတာင္းေတာ့ ကြၽန္မလည္း
ေရေလးငွဲ႔ေနတုန္း ေခ်ာင္းတစ္ခ်က္ဆိုးၿပီး
အသက္ပါတစ္ခါတည္းပါသြားတာပါပဲ
ေလးမိတင္ရယ္
အီး ဟီး ဟီး”

“တရားနဲ႔ေျဖပါ ယုႏိုင္ရယ္
ေလးမိတင္တို႔လည္းတစ္ခ်ိန္ၾကရင္
ဒီလမ္းကိုသြားၾကရမွာပဲမဟုတ္လား
တရားနဲ႔ေျဖၿပီးစိတ္ကိုထိန္းပါ”

“အခုလိုလာၿပီးအားေပးစကားေျပာတာ
ေက်းဇူးတင္ပါတယ္ ေလးမိတင္ရယ္”

“အို…မလိုပါဘူးေအ ငါတို႔ကအိမ္နီးခ်င္း
ေတြပဲမဟုတ္လား
အခ်င္းခ်င္း႐ိုင္းပင္းရမွာေပါ့”

“ဟုတ္ပါတယ္ ေလးမိတင္ရယ္”

နာေရးအိမ္မွာစကားထိုင္ေျပာၿပီး
ေဒၚမိတင္တို႔သားအမိလည္းအိမ္သို႔ျပန္လာ
ခဲ့ၾကေလသည္။

ေဒၚခင္ျဖဴ ရဲ႕အသုဘအား
ေဒၚမိတင္လိုက္လံပို႔ေဆာင္ေပးခဲ့ေလသည္။

နာေရးရက္လည္သည့္ေန႔မတိုင္ခင္မွာလည္း
ကူညီလုပ္ကိုင္ေပးခဲ့ေလသည္။

ေဒၚခင္ျဖဴ၏သားသမီးမ်ားနဲ႔
ဆက္ဆံေရးမွာျပန္လည္အဆင္ေျပလာခဲ့
ၾကေလသည္။

နာေရးရက္လည္ၿပီးသြားခဲ့ေလသည္။

လေတြလည္းၾကာခဲ့ေလၿပီ……
ေဒၚခင္ျဖဴလည္းဘဝတစ္ပါးသို႔ေရာက္ရွိ
သြားလိမ့္မည္ဟုအားလုံးက
ထင္မွတ္ထားခဲ့ၾကေလသည္။

အေမွာင္အတိက်ေနသည့္
ညတစ္ညတြင္ေတာ့ေဒၚခင္ျဖဴ၏သမီးႀကီး
မယုႏိုင္သည္အိပ္မက္တစ္ခုကို
ျမင္မက္ေလသည္။

“သမီး သမီးေလး အေမပါ”

“ဟင္…အေမ အေမသမီးဆီလာတယ္”

“ဟုတ္တယ္သမီး အေမ့ကိုကယ္ပါဦးသမီးရယ္
အေမ့မွာေသၿပီးကတည္းကအခုအခ်ိန္ထိ
တေအာင့္ေလးေတာင္မနားရေသးပါဘူး
သမီးရယ္။
အေမလုပ္ခဲ့တဲ့အျပစ္ဒဏ္ေတြေၾကာင့္
အေမ့မွာေန႔မနားညမနားအျပစ္ဒဏ္ေတြ
ခံေနရပါၿပီသမီးရယ္”

“ရွင္…အေမ အေမဘာအျပစ္ေတြ
လုပ္မိလို႔လဲဟင္…သမီးကိုေျပာျပပါ
သမီးအေမ့ကိုကယ္ပါ့မယ္”

“အေမမေသခင္က ဝန္းထရံခတ္ေတာ့
မမိတင္ရဲ႕ဝိုင္းဘက္ကိုတိုးၿပီးခတ္လိုက္တယ္
မမိတင္ရဲ႕ေျမေတြပါေနတာကို
သိသိလ်က္နဲ႔အေမေျမခိုးၿပီးၿခံစည္း႐ိုး
ခတ္ခဲ့မိတယ္……
အခုအဲ့ဒီအျပစ္ဒဏ္ေတြေၾကာင့္
အေမ့မွာေန႔မနားညမနားေခါင္းေပၚမွာေျမေတြ
႐ြက္ထားရတယ္သမီးရယ္……

အေမ့ကိုကယ္ပါဦးေနာ္ သမီး
မမိတင္ရဲ႕ေျမေတြကိုျပန္ေပးေပးပါသမီးရယ္
အေမသြားရေတာ့မယ္
အိမ္ေစာင့္နတ္ကအေမ့ကိုထြက္ခိုင္းေနၿပီ
အေမ့ကိုကူညီပါေနာ္ သမီး ေနာ္”

“ေအမ……”

မယုႏိုင္လည္းထိုအိပ္မက္ဆိုးမွ
လန႔္ႏိုးလာခဲ့ေလသည္။

“ဘုရား ဘုရား အေမငါ့ကိုအိပ္မက္ေပးၿပီး
အကူအညီေတာင္းတာပါလား။
အေမ့မွာေျမခိုးတဲ့အျပစ္ဒဏ္ေတြ
ခံေနရပါလား……
မျဖစ္ဘူးမျဖစ္ဘူးအေမ့ကိုဒီဘဝကကြၽတ္
ေအာင္ငါအျမန္ဆုံးကူညီမွျဖစ္မယ္”

=================

မနက္လင္းသည္ႏွင့္မယုႏိုင္က
သူ႔အိပ္မက္အေၾကာင္းအားေမာင္ႏွင့္ညီမ
အားေျပာျပလိုက္ေလသည္။

ေမာင္နဲ႔ညီမျဖစ္သူကလည္း
မိခင္ျဖစ္သူအေၾကာင္းအားသိသြားသျဖင့္
စိတ္မေကာင္းျဖစ္မိၾကေလသည္။

ထို႔ေၾကာင့္ ဝန္းထရံခတ္စဥ္အခါက
ျပဳလုပ္ေပးခဲ့ေသာကိုတင္ေမာင္အား
ေခၚကာဝန္းထရံအားေဒၚမိတင္ေျမေပၚမွ
ေနာက္သို႔ဆုတ္ကာဖယ္ေပးခဲ့ေလသည္။

တစ္ဆက္တည္းမွာပင္ ဘုန္းႀကီးငါးပါးအား
ပင့္ကာမိခင္ျဖစ္သူေဒၚခင္ျဖဴအတြက္
ကုသိုလ္ေကာင္းမႈမ်ားျပဳလုပ္ေပးၾကေလသည္။

အလႉအတန္းအားေရစက္ခ်အမွ်ေဝ
ခဲ့ၾကေလသည္။

“ဒကာမႀကီးေဒၚခင္ျဖဴႏွင့္တကြ
အားလုံးၾကားၾကားသမွ် အမွ် အမွ် အမွ်
ယူေတာ္မူၾကပါကုန္ေလာ့”

“သာဓု သာဓု သာဓု”

==============

“သမီး သမီးေလး”

“ဟင္…အေမ”

“ဟုတၱယ္သမီး သမီးတို႔ကူညီလို႔
အေမဒီဘဝကေနကြၽတ္လြတ္ရေတာ့မယ္
အေမ့ရဲ႕အမွားကိုသင္ခန္းစာယူၿပီး
ဘဝကိုအေကာင္းမြန္ဆုံးေနထိုင္ၾကပါလို႔
အေမေနာက္ဆုံးအေနနဲ႔မွာခဲ့ခ်င္တယ္
သမီးရယ္”

“ဟုတ္ကဲ့ပါ စိတ္ခ်ပါအေမ
သမီးတို႔အေကာင္းမြန္ဆုံးျဖစ္ေအာင္
ေနထိုင္ပါ့မယ္ေနာ္”

“အေမတို႔ေတြကံမကုန္ရင္သံသရာမွာ
ျပန္ဆုံၾကတာေပါ့ကြယ္”

ထိုသို႔ေျပာၿပီးအိပ္မက္မွ
လန႔္ႏိုးလာခဲ့ရျပန္သည္။

ဒီတစ္ခါအိပ္မက္ကေတာ့
မယုႏိုင္အတြက္ၿပဳံးေပ်ာ္မိေလသည္။

သူတစ္ပါးေျမအားမတရားခိုးယူခဲ့သည့္
မိခင္ျဖစ္သူေဒၚခင္ျဖဴမွာ
ႀကီးစြာေသာျပစ္ဒဏ္အားလေပါင္းမ်ားစြာ
ခံစားခဲ့ရေလသည္။

ယခုထိုအျပစ္ဒဏ္မ်ားမွမိခင္ျဖစ္သူ
ေဒၚခင္ျဖဴမွာ
လြတ္ေျမာက္သြားၿပီျဖစ္သျဖင့္
အခုလိုၿပဳံးေပ်ာ္မိျခင္းျဖစ္ေလသည္။

မယုႏိုင္အေနျဖင့္ထိုအျဖစ္အပ်က္မ်ားထဲမွ
သင္ခန္းစာတစ္ခုကိုေကာင္းစြာရခဲ့ေလသည္။

သူတစ္ပါးေျမအားသူမသိေအာင္
ေျမတစ္မႈန္ပင္မခိုးမိေစဖို႔ သတိႀကီးစြာ
ထားရေတာ့မည္ျဖစ္ေလသည္။

ခိုးယူခဲ့မိပါကရလာမည့္အျပစ္ဒဏ္မွာ
မည္သူမွခံႏိုင္လိမ့္မည္မဟုတ္ေပ။

ၿပီးပါၿပီ…………

ဇာတ္လမ္းေလးဖတ္ၿပီးပါက
လက္မေလးေတြႏွိပ္ၿပီးအားေပးခဲ့ၾကပါ
ေနာ္။