” ဝက်တစ္ဆေ”(စ/ဆုံး)

Unicode Version

” ဝက်တစ္ဆေ”(စ/ဆုံး)
—————————
“” ဖြစ်စဉ်က ၂၀၁၀ ခန့်ကဖြစ်သည်။

……မန္တလေးတိုင်း၊တံတားဦးမြို့နယ်၊ သဲမောင်းကန် ဆိုတဲ့ရွာလေးမှာပေါ့…မန္တလေး လေဆိပ်ကြီးရဲ့အနောက်ဘက် ၁မိုင်အကွာခန့်မှာ အဲ့ရွာ ရှိသတဲ့……

……”ရာဇဝင်မှာ စုံတ…. သဲမောင်းကန်မှာ ကျော်လှ..တဲ့” ဝက်နဲ့ပတ်သပ်ရင် ကျန်းကုန်အောင်သိတဲ့လူတွေပေါ့…ဝက်ကိုဘယ်လိုဖြစ်ထွန်းအောင်မွေးရမယ်၊ ဝက်ပေါ်ရင်လဲ ဘယ်လိုနည်းနဲ့ ဘယ်လိုအချိန်ကိုက်အောင်ပေါ်ရမယ်ဆိုတာကို ဆရာမကူသရံပူဉာဏ်ဖြင့် ထိုးထွင်းသိမြင်တော်မူတဲ့ ပုဂ္ဂိုလ်ထူးကြီးတွေဆိုရင်လဲ မမှားချေ။
“”အားလုံးလဲကြားဖူးကျမှာပါ….ဘုရားလက်ထပ်က ရာဇဂြိုလ်မှာ `စုံတ´ ဆိုတဲ့ဝက်သက်သမားတဦးရှိခဲ့ဖူးတယ်။
…..ဝက်မွေးတဲ့နေရာမှာ ဆရာတဆူတဲ့….ဝက်လဲမွေးတယ်၊ ဝက်လဲပေါ်ရောင်းတယ်…..ဝက်မွေးတာကျွမ်းတော့ သူမွေးတဲ့ဝက်တွေဟာ ရာဝန်အိုးခန့်ပင်ကြီးမားထွားကျိုင်းကျသည်။ ဝက်ပေါ်တဲ့နေ့ကိုရောက်ရင် မိုးပြဲဒယ်ကြီး၁၀လုံးလောက်ကိုရေပွက်ပွက်ဆူတဲ့ထိတည်ထားပါတယ်။
ပြီးတော့ ပေါ်ရန်သတ်မှတ်ထားသောဝက်တွေကို ငုတ်တိုင်ကြီးတွေမှာဖတ်ခိုင်းပြီး ခြေရောလက်ပါကြိုးတုတ်လိုက်တယ်။ ကြိုးတုတ်ပြီးရင်တော့ တင်းပုတ်ကြီးတခုနဲ့ ဝက်တွေရဲ့တကိုယ်လုံးကို ဖူးထစ် ယောင်ကိုင်းနေတဲ့ထိ အဆက်မပျက်ထုပါသတဲ့….အဲ့လိုအထုခံရတဲ့ဝက်ကြီးတွေဟာ အသားတွေနာပြီး မူလအနေအထားထက် ယောင်ကိုင်း ကြီးမားလာပါတယ်။ သူ့ စိတ်ကြိုက်အနေအထားကိုရောက်ရင် ထုတာကိုရပ်ပြီး ဒယ်အိုးထဲမှ ပွက်ပွက်ဆူနေသော ရေနွေးကို အုန်းမုတ်ခွက်ဖြင့်ခက်ပြီး ဝက်တွေရဲ့ပါးစပ်ထဲကို အတင်းလောင်းထဲ့ပါတယ်…ဒီတော့ ဝက်တွေရဲ့အတွင်းကလီစာတွေဟာ ရေနွေးလောင်ပြီး ယောင်ကိုင်းလာပြန်ပါတယ်….ထိုကဲ့သို့ ရေနွေးလောင်းပြီးခါမှ ဧရာမတူကြီးနဲ့ ဝက်တွေရဲ့ထိတ်ကို ထုသက်ပါသတဲ့လေ….
…..စုံတသေတော့ ၇ရက်၇လီ ဝက်တွေခံရသလိုခံစားပြီးမှ အဝီစိကိုဆင်းသွားရပါတယ်။

……ဒါကတော့ ဘုရားလက်ထက်က ဝက်သမား စုံတအကြောင်းပေါ့…

……အခုဆက်လက်ပြီး ကျော်လှရဲ့အကြောင်းလေးကိုဆက်ရအောင်။

” သဲမောင်းကန်ဂေါစကံမှာ `ဝက်ကျော်လှ´ဆိုရင် ခလေးကအစခွေးအဆုံး အကုန်သိကျတယ်။ ဝက်ပေါ်လိုင်စင်ရထားသူတဦးဖြစ်တာကြောင့် သူ့အပိုင်ထဲကဝက်တွေကို သူမသိပဲ၊သူ့ရဲ့ခွင့်ပြုချက်မရပဲ လုံးဝပေါ်ခွင်မရှိပါဘူး…. ခိုးပေါ်လို့ ကျော်လှသိသွားရင် သူ့မှာ တရားစွဲပိုင်ခွင့်ရှိပါတယ်။ ရောင်းတာကိုတော့ ကြိုက်တဲ့နေရာမှာရောင်းပေါ့လေ….
…..ကျော်လှဟာ ဝက်ပေါ်ရောင်းယုံမက ဝက်လဲကိုယ်ပိုင်မွေးပါတယ်။ တဧကခန့်ကျယ်တဲ့သူ့အိမ်ဝန်းထဲမှာ ပေ၄၀ခန့်ရှိသော ဝက်ခြံကြီးနှစ်ခုကို မျက်နှာချင်းဆိုင်ဆောက်ထားပါတယ်…ဝက်ခြံတခြံကို အကောင်၂၀ကျော်မွေးထားသဖြင့် ၂ခြံပေါင်း ဝက်အကောင်၅၀ခန့်ရှိလေ၏။ ကျော်လှမှာ မဲကြီး၊လှမိုးနဲ့ ဩကြီးဆိုတဲ့ တပည့်တွေရှိတယ်။ အားလုံး လက်ရဲဇာတ်ရဲတွေ…. ကျော်လှခိုင်းရင် အဝီစိတောင် ဆင်းမဲ့ကောင်တွေပေါ့….ကျော်လှမှာ မသန်းနုဆိုတဲ့ဇနီးတယောက်ရှိတယ်…သားထောက်သမီးခံတော့ မရှိဘူး…
အကုသိုလ်နဲ့အကျိုးပေးတယ်ပဲပြောရမလား…..ကျော်လှရဲ့ဝက်သက်တဲ့အလုပ်ဟာ တနေ့တခြားအောင်မြင်လာပြီး မန္တလေး မြို့မဈေးကြီးအထိ ခြေဆန့်နိုင်ခဲ့သည်။ ဝယ်လိုအားမြင့်တက်လာမှုကိုဖြည့်ဆည်းနိုင်ရန် နေ့ရှိသ၍ ဝက်အဝယ်ထွက်ရသည်။ ကျော်လှဝက်အဝယ်ထွက်ရင် တပည့်၃ဦးလိုက်ပါပြီး ကိုယ်ပိုင်ထော်လာဂျီနဲ့ နယ်အနှံ့ထွက်သည်။ သူ့စိတ်ကြိုက်ဝက်ကိုတွေ့ရင် မတဲ့ တည့်အောင် ဈေးငြှိပြီးရအောင်ဝယ်သည်။
ဝယ်လို့ရတဲ့ဝက်တွေကို ချက်ချင်းမပေါ်သေးပဲ မိမိခြံထဲမှာ ၂ပတ်ခန့် ဆေးကောင်းဝါးကောင်း၊အစာကောင်းများဖြင့် ဝက်လုံးလှအောင်စနစ်တကျ မွေးမြူသည်။ တန်းဝင်သော အဆီ၊အသား ပြည့်ပြီဆိုမှ တသုတ်ချင်းဆီ ပေါ်ဖို့လုပ်တယ်။

“” ရာဇဝင်မှာ စုံတ….သဲမောင်းကန်မှာ ကျော်လှ ဆိုတာ အပြောမဟုတ် လက်တွေကျကျ ကြည့်လိုက်ကျစို့…..

“” ကျော်လှဟာ ဝက်တခါပေါ်ရင် အနဲဆုံး၆ကောင်မှ အများဆုံး၁၀ကောင်အထိ ပေါ်လေ့ရှိပါသည်။ ဝယ်လိုအားအပေါ်မူတည်ပြီး အတိုး အဆုတ် တော့ရှိတာပေါ့…..ဝက်ပေါ်တော့မယ်ဆိုရင် ပေါ်မဲ့ဝက်တွေကို မူးရစ်ထုံထိုင်းဆေးတမျိုးကို အစာထဲမှာထဲ့ကျွေးလိုက်တယ်…..ဆေးအရှိန်ကြောင့် ဝက်တွေလဲ ရုန်းခြင်းကန်ခြင်းသိပ်မလုပ်နိုင်တော့ဘူး…..ထို့နောက် သစ်သားမျောစင်ကြီးတခုပေါ် တကောင်ချင်းစီဆွဲတင်သွားတယ်….သစ်သားမျောစင်ရဲ့အောက်မှာ မီးအားပြင်းပြင်းနဲ့ရေနွေးတည်ထားတဲ့ အလျား၁၀ပေ အနံ၈ပေ၊ ဇောက်၊ ၆ပေရှိသော လေးထောင့်သံမဏိ ရေနွေးကန်ကြီးရှိပါတယ်။
ကျော်လှရဲ့ အယုတ်မာဆုံးအချက်က ထိုကန်ထဲသို့ဝက်တွေကိုပစ်မချင် ဝက်အမြီးတွေကို အရှင်လက်လက် ဖြတ်ယူလိုက်ခြင်းဖြစ်သည်။ ထိုအမြီးတွေကို အရက်နဲ့မြည်းဘို့အတွက် တမင်ဖြတ်ယူထားခြင်းဖြစ်သည်။ အဲ့လို အမြီးတွေဖြတ်ပြီးခါမှ ရေနွေးကန်ထဲကို တကောင်ချင်း ကန်ချလိုက်တယ်။
ရေနွေးကန်ထဲကိုကျသွားတဲ့ဝက်တွေဟာ ငရဲဒယ်အိုးကြီးထဲက ငရဲသားတွေလို အော်ဟစ်ရုန်းကန်ရင်း ရေနွေးအောက်ကိုမြုတ်လိုက်၊ပြန်ပေါ်လိုက်၊အော်တဲ့အခါ ရေနွေးတွေက ပါးစပ်မှတဆင့် ဝင်းခေါင်းထဲကိုဒလဟော ဝင်လိုက်ဖြင့် ဘဝတပါးကိုကူးပြောင်းသွားရပါတယ်။
…ဝက်အားလုံးငြိမ်သွားမှ ရေထုတ်ပေါက်ကိုဖွင့်ပြီးရေနွေးတွေကိုထုတ်လိုက်ပါတယ်။
….ရေနွေးတွေကုန်သွားတော့ သံမဏိကန်ကြီးကို ချိန်းဗလောက်နဲ့မပြီးအသားဖြတ်မဲ့နေရာမှာ မှောက်ချလိုက်ပါတယ်။ ရေနွေးဝနေသောဝက်တွေဟာ ရိုးရိုးပိုက်နဲ့ထိုးထားသော ရေထိုးဝက်တွေထက်ပင် အချိန်ပိုစီး နေကျတော့သည်။

“” ကိုင်း….ဒီလောက်ဆိုရင် ရာဇဝင်က စုံတနဲ့ သဲမောင်းကန်ကကျော်လှ ဘယ်သူပိုကြမ်းသလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။

“” ဒီလိုဒီလို့အချက်တွေကြောင့် ကျော်လှဆိုတဲ့ငနဲကြီးကို အကုသိုလ်ကောင်ကြီး၊လူယုတ်မာကြီး၊ လူ့တရိစ္ဆာန်ကြီး ဆိုပြီး မြင်ကျ၊ပြောကျ၊ကျိန်ကျ၊ဆဲကျမည်မှာမလွဲပေ…
…..ဒါပေသိ ခတ္တခဏလောက်သီးခံပြီး ကျုပ်စကားလေးကိုဆုံးအောင်နားထောင်ကျပါဦး ကျော်လှနဲ့ပတ်သပ်ပြီး ကျုပ်ရဲ့စကားမဆုံးသေးဘူး။

“” ဝက်ကျော်လှဟာ ဝက်ပေါ်တဲ့နေရာမှာ ကမ်းကုန်အောင်ရက်စက်ပေမဲ့ ဘုရားဒါကာ၊ကျောင်းဒါကာ၊ရဟန်းဒါကာ၊သိမ်ဒါကာ၊ကထိန်ဒါကာတဦးပါလို့ဆိုလိုက်ရင် အားလုံး စိတ်ကသိကအောက်ဖြစ်သွားကျမည်မှာမလွဲပေ။
…ကျော်လှဟာ ဝက်လုပ်ငန်းနဲ့ စီးပွားအတော်တက်လာခဲ့တယ် လူမသိသူမသိပိုင်ဆိုင်မှုဟာ အဝေးပြေးကားလိုင်းတခုထောင်မယ်ဆိုထောင်လို့ရတယ်။ ဒါပေမဲ့ ကျွမ်းကျင်ရာလိမ္မာရာဆိုသလို မိမိကျွမ်းကျင်တဲ့ဝက်လုပ်ငန်းကိုမစွန့်လွှတ်နိုင်ခဲ့ဘူး။ သားထောက်သမီးခံမရှိတဲ့ ကျော်လှတို့လင်မယားအတွက် ဒီပိုင်ဆိုင်မှုကို ဘယ်လိုအကျိုးရှိအောင်သုံးမလဲ?…
…..ဒီအချက်ကို ကျော်လှစဉ်းစားမိလာတယ်….မိမိလုပ်တဲ့အလုပ်ဟာ အကုသိုလ်အလုပ်လေ…မကောင်းမှန်းတော့သိသားပဲ…သို့သော် အတိတ်ကံကမကုန်သေးတော့ ဆက်လုပ်နေရတုန်း…….ဒီတော့ မိမိသေတဲ့အခါ ထိုအကုသိုလ်ကြီးကို အထိုက်အလျောက်ကုစားပေးနိုင်မဲ့ ကုသိုလ်အလုပ်တွေကိုလဲ လက်မနှေးတမ်း ကျော်လှလုပ်ဖြစ်ခဲ့ပါတယ်။

“” ဘုရားတည်ဘို့ အလှူငွေထဲ့ပါဦးကိုကျော်လှ””….
.””.အေး…ဘယ်လောက်ကုန်မလဲ.””
…..
….သိန်း၂၀လောက်…..

…ရော့ဟာ ၁၀သိန်း….
…ကဗျဉ်းမှာ ငါ့နာမည်မထဲ့နဲ့….ငါ့အလှူငါသိတယ်…

..”””..ကိုကျော်လှရေ…ဘယ်စာသင်တိုက်က ဘယ်ကိုရင်ကြီးတွေတော့ ပဇင်းတက်ဘို့ရဟန်းဒါကာလုနေတယ်..

….ဘယ်နှစ်ပါးလဲ…..

..၅ပါး…

…ရော့….တပါးကို ဘယ်လောက်နှုံး…လိုတာရှိရင် ငါ့အိမ်ကိုအချိန်မရွေးကြွပြီးအလှူခံပါလို့လျှောက်လိုက်…

…””.မောင်ကျော်လှရေ..အဘတို့ကျောင်းတော့ ဒီနှစ်ကထိန်ဒါကာမပေါ်ဘူးကွဲ့…
….မပူနဲ့အဘသောင်း….ဒါကာပေါ်ပြီသာမှတ်လိုက်….ရော့ ငွေ၈သိန်း…လိုတာတွေကြိုဝယ်ထား…အလှူအမှီ ကျုပ်တို့လင်မယားလာခဲ့မယ်..

….””.တူကြီးကျော်လှရေ…မင်းအဖေခေါင်းချသွားတဲ့ ငါတို့ရွာက ဘုန်းကြီးကျောင်းမှာ သိမ်ပြန်ပြင်ကျမလို့ကွဲ…အဲ့ဒါ….ငွေကြေးမပြည့်စံဘူးဖြစ်နေတယ်…

….အို…ဘယ်လောက်မှန်းထားလဲ ဦးကြီး..
ပန်းရံဆရာကိုတခါထဲခေါ်ခဲ့….အကုန်ပြီးအောင်ကျုပ်လူမယ်ဗျာ…..

…..အဲ့လို…အဲ့လို သဒ္ဒါတရားထက်ထက်သန်သန်နဲ့လှူတဲ့လူကြီးဗျ…သူ့မယားဆိုတာကလဲ သူပြီးရင်ပြီးတယ်။ ဒါ့ကြောင့်လဲ ကျော်လှဆိုတဲ့ လူကြီးကို အရပ်တကာက ချစ်ကြောက်ရိုသေကျလေသည်။

….ဒီနေရာမှာ တခုဖြတ်ပြောချင်တာက….

…အလှူတွေဒီလောက်လှူပြီး ဘာသာရေးအသိစိတ်ဓာတ်ရှိတဲ့လူက ဘာ့ကြောင့် အကုသိုလ်အလုပ်ကြီးကို ရက်ရက်စက်စက်ကြူးလွန်ပြီး စီးပွားရာနေပါသလဲ??

…..ထိုကဲ့သို့မေးလာခဲ့သည်ရှိသော်…..

…အတိတ်ကံ၏ အကုသိုလ်အရှိန် မကုန်သေးသောကြောင့်ဟု ဖြေမယ်ဆိုဖြေလို့ရပါသည်။

…. ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က အင်္ဂုဠိမာလ ဆိုတဲ့ ရဟန္တာကြီးဟာ လူ့အသက်ပေါင်းများစွာကိုသက်ဖြတ်ဖူးပြီး အကုသိုလ်အရှိန်ကုန်တော့ ဘုရားရှင်နဲ့တွေ့ကာ ကျွတ်တန်းဝင်ခဲ့ပါတယ်။
တဖန် ဘုရှားရှင် ပရိနိဗ္ဗန်ပြုပြီးနောက် သာသနာမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ရှင်ဥပဂုတ္တမထေရ်ကြီးဟာ ရဟန္တာမဖြစ်ခင်က ငှက်ပစ်မုဆိုးကြီးတဦးပါ….အတိတ်ဘဝက အကုသိုလ်အရှိန်ကုန်လာတော့ နတ်ရေကန်ထဲပစ်ချခံရပြီး ပြန်ပေါ်လာတဲ့အခါ ပရိက္ခရာ၈ပါးအပြည့်အစုံနဲ့ ရဟန္တာအသွင်ကူးပြောင်းသွားခဲ့ပါတယ်။
ဒီလို ရဟန္တာကြီးတွေအပေါ် လက်ရှိဘဝမှာပြုခဲ့ဖူးတဲ့ အကုသိုလ်ကံတွေဟာ ဆက်လက်အကျိုးမပေးနိုင်တော့ဘူးလား?
….ဟုတ်ကဲ့….လက်ရှိဘဝမှာပဲ အသဝေါကုန်ခမ်းတဲ့ ရဟန္တာ အရိယာကြီးတွေဖြစ်သွားလို့ အကုသိုလ်ကံဟာ ဆက်လက်အကျိုးပေးခွင့်မသာပဲ အဟောတိကံဖြစ်သွားရပါတယ်ခင်ဗျာ။

……ဒါဆို …..ယခုမျက်မှောက်မှာ ဝက်ကျော်လှကိုရော သူလုပ်နေတဲ့ အကုသိုလ်ကြီးက အကျိုးမပေးသေးဘူးလား…?

….ဟုတ်ကဲ့…..အကျိုးပေးပါတော့မယ်…

…..အဲ့နေ့က တန်ဆောင်မုန်းလ္ဆန်း၈ရက်နေ့….

…..သူ အမတည်ပြီးခင်းခဲ့သော ကထိန်အလှူကနေပြန်လာချိန်ပေါ့….

….ညဘက်မှာ ဝက်၅ကောင်ပေါ်ရမယ်….
….သီလယူထားသဖြင့် ဝက်ပေါ်ခြင်းကို တပည့်၃ယောက်နဲ့လွဲထားလိုက်တယ်။

….အဲ့ဒါ…ဝက်ပေါ်ချိန်ရောက်တော့..တပည့် သြကြီးက ကျော်လှဆီပြေးလာတယ်..

“”….ဆရာလှ…..ဗျို့…ဆရာလှ..

…ဟေ…..
…သြကြီး….ဘာလဲဟာ…..

….ဟို…ဟို….ကုန်းပါတ်ကျားကြီးကို မျော်ပေါ်ဆွဲတာ ဘယ်လိုမှဆွဲမရလို့ဗျ…
…ကျုပ်တို့၃ယောက်ဆွဲတာလဲ မနိုင်ဘူး…
…အဲ့ဒါ ဆရာလိုက်ခဲ့မှဖြစ်မယ်….

….ဝက်နဲ့ပတ်သပ်ရင် ကျော်လှခေါင်းထဲမှာ ကျန်တာသတိမရနိုင်တော့ပေ…

….တောက်…ခွီးမှပဲ….
…၃ယောက်ရှိတာတောင်ဒီဝက်တကောင်ကိုမနိုင်ဘူး….သောက်သုံးမကျတဲ့ကောင်တွေ…..ဟူးးး

….ကျော်လှဟာ ပါးစပ်က ဗျစ်တောက်ဗျစ်တောက်ပြောရင်း ဝက်ပေါ်တဲ့နေရာကိုလိုက်သွားသည်။

….ဟိုရောက်တော့ ဩကြီးပြောတာ မလွန်မှန်းသိလိုက်ရသည်။ မှန်ပြေကုန်းရွာက အကြွေးဖြင့်သိမ်းလာသော ကုန်းပါတ်ကျားဝက်ကြီးက ဇောင်းမွှေးများထောင်ပြီး လှမိုးနဲ့မဲကြီးကို ကြိုးတန်းလန်းနှင့် လိုက်ပတ်နေသည်။
….ခန်းမှန်း အချိန်၁ဝဝကျော်ခန့်ဖြစ်၍ လွယ်လင့်တကူ မျော်ပေါ်ဆွဲမရချေ။
တောက်….
….ကျော်လှကိုပညာစမ်းတဲ့ဝက်…သိကျရောပေါ့…..

….ကိုင်း…လာလေရော့….

….ဖြော….ဗြော…..ဖြောင်းး…

…ဂှီ….ဂူးးးအူးး

…ကျော်လှဟာ လေးနှစ်ပိုင်းတချောင်းကိုကောက်ပြီး ဝက်ကြီးရဲ့ ရှေ့လက်၂ချောင်းကိုဖြတ်ရိုက်လိုက်ရာ…ဝက်ကြီး ရှေ့သို့ဦးစိုက်သွားလေသည်။

…ဟေ့ မဲကြီး လည်ပင်းကြိုးစွတ်စမ်း…
…လှမိုးနဲ့ဩကြီးက ရှေ့လက်နှစ်ချောင်းကို ကြိုးချည်…..ငါက နောက်ကနေ ခရင်းနဲ့ဆွပေးမယ်…

…ဟုတ်ကဲ့ ဆရာလှ….
….
…ဂြီ…ဂြီ….အူးးဝူးး
…ဆွဲကျစမ်း…..
…ဖြော….ဖရော……..
…ဟဲ့ဝက် သွားစမ်း….ဇွပ်…..
…ဂါးးကြီးးးဂြီးး
….ဆွဲဟ….ရောက်တော့မယ်……..

…ဖရော….ဖြော…ဗြော…..

….မျောထိတ်ကိုရောက်တော့ ဝက်ကြီးဟာ ဦးစိုက်နေရာမှ ကျုံးထပြီး စင်အောက်မှ ရေနွေးကန်ကြီးကိုကြည့်လိုက်သည်။
သယ်……
…ဆင်းစရာရှိဆင်းတာမဟုတ်ဘူး ..
….နင်မဆင်းရင် ငါကန်ချပေးမယ် လာလေရော့…..
…ဖြော….အုန်း….
…ဟာ……
….အမလေး……..
…အုန်း….ဗွမ်း…..
….အားးးပူတယ်
…ကယ်ကြပါ…..အားးး
…..

…ဝက်ကြီးကိုကန်ချရန်အရှိန်ဖြင့်လာသော ကျော်လှရဲ့ခြေထောက်မရောက်ခင်မှာ ဝက်ကြီးက ကိုယ်တပါတ်လှည့် ရှောင်လိုက်ပြီး ဝင်လာသောကျော်လှကို ရေနွေးကန်ထဲသို့ ပက်ချလိုက်လေသည်။

……တပည့်လုပ်သူတွေလဲ ထင်မှတ်မထားသည့်အဖြစ်အပျက်ကြောင့် ကျက်သေသေပြီး ကြောင်ကြည့်နေကျသည်။

…..ကျော်လှဟာ ပွက်ပွက်ဆူနေသောရေနွေးကန်ကြီးထဲမှာ ရုန်းကန်အော်ဟစ်ရင်းဖြင့်… တဖြေးဖြေးငြိမ်သပ်သွားလေတော့သည်။

….ကျော်လှရဲ့နာရေးကိုလာကျသောသူများဟာ ကျော်လှ၏အလောင်းကိုကြည့်ပြီး တုန်လှတ်ခြောက်ခြားသွားကျသည်။
..အဘယ်ကြောင့်ဆိုသော် တရက်သာသာခန့်သာရှိသေးတဲ့ကျော်လှရဲ့အလောင်းဟာ မချိမဆန့် ဖောင်းကားလာသဖြင့် အလောင်းထဲ့ထားသောအခေါင်းပင် ပွင့်ထွက်လုနီးပါး ပြဲကားလာသည်။
ထို့ကြောင့်၃ရက်ပြည့်အောင်မထားတော့ပဲ ရွာအနောက်သုသာန်မှာ အမြန်ဆုံး ဂူသွင်းမြှုတ်နှံလိုက်ကျလေတော့သည်။

….ထိုရက်အတောအတွင်း ညဘက်ရောက်ရင် သဲမောင်းကန်တရွာလုံး မည်သူမှအိမ်ပြင်မထွက်ရဲကျပေ။
…တစ္ဆေကျော်လှဟုယူဆရသော မဲမဲကောင်ကြီးက ဝက်တကောင်လိုအော်သံဖြင့် ရွာအထဲ/အပြင်မှာ ပါတ်သွားနေတာကို မြင်တဲ့သူ၊ကြားတဲ့သူဟာ သဲမောင်းကန်တရွာလုံးနီးပါးဖြစ်သည်။

“” ဒါကတော့ သဲမောင်းကန်ဝက်ကျော်လှ၏ စ၊လည်၊ဆုံး ဘဝဇတ်ကြောင်းလေးပေါ့….

….အခုဆက်ပြီးတင်ပြမှာက ကျော်လှ ရက်လည်တဲ့ညမှာ ချစ်သူနဲ့ချိန်းတွေ့ဘို့သွားရင်း ရွာအနောက်ဘက်သုသာန်မှာ တစ္ဆေကျော်လှနဲ့တွေ့ခဲ့တဲ့ စစ်ကိုင်းသား ရှိုင်းထက်နဲ့သူ့သူငယ်ချင်း မင်းမင်းရဲ့ ဖြစ်စဉ်လေးပါ။

…..ရှိုင်းထက်ရဲ့ ငယ်ချစ်ဦးဟာ သဲမောင်းကန်ရွာသူတဦးပါ…..ရှိုင်းထက်ဟာ အရင်တုန်းက သဲမောင်းကန်ရွာသားတဦးဖြစ်ပါတယ်…မိသားစုစီးပွားရေးကြောင့် စစ်ကိုင်းကို ပြောင်းနေရင်း ငယ်ရည်းစားမိနှင်းနဲ့အလှမ်းကွာခဲ့ရသူပါ…
…..ရှိုင်းထက်ဟာ စစ်ကိုင်းမှာနေရင်း ငယ်ရီးစားကို လူယုံသူငယ်ချင်းတဦးကတဆင့် အဆက်အသွယ်လုပ်ပါတယ်။
ခါတ်လူငယ်ပေမဲ့ ကိုယ်ခံပညာတတ်တယ်…သူလို့ပဲ သူငယ်ချင်းမင်းမင်းလဲ မြန်မာ့သိုင်းပြောင်းပြန်ပညာကို အခြေခံ ..ပယ်၊ခုတ်၊မ၊ခွဲ..မှစလို့ ပြိုက်ဘက်ကို “၂ချက်ထိုး တချက်ကန် အသိမပြန်” တဲ့ထိ တိုက်ခိုက်နိုင်ပါတယ်။

မှတ်မှတ်ရရဆို အဲ့နေ့က တန်ဆောင်မုန်းလပြည့်ည……ချစ်သူနဲ့ ည၁၀နာရီမှာတွေ့ဖို့ချိန်းထားသဖြင့် ရှိုင်းထက်ဟာ သဲမောင်းကန်သို့ ညနေစောစောထွက်လာခဲ့ရာ သူငယ်ချင်းမင်းမင်းရဲ့အိမ်ကို ည၈နာရီမှာရောက်ပါတယ်။

“” ငမင်း….ဒီည မင်းတို့ရွာ ငြိမ်လှချေလားဟ…သခိုးကြီးညမှာ ဘာမှ မလုပ်ကျဘူးလား…
ဟ…လုပ်ချင်သပ ရှိုင်းထက်ရယ်…မလုပ်ရဲကျလို့ ငြိမ်နေကျတာ…..တောက်….ဒီညကျမှ တိုက်တိုက်ဆိုင်ဆိုင် လာတိုးနေတယ်….ဟူးးး

….ဟေ….ဘာတွေတိုက်ဆိုင်နေလို့လဲ?
….ဘယ်သူ့ကိုကြောက်နေရလို့လဲ….

…..ဟင်းးး
….ဒီညဟာ ကျော်လှကြီး ၇ရက်လည်တဲ့ညကွ….ခြောက်လိုက်တာလဲ သောက်ရမ်းပဲ…..

…..ဘာ….ကျော်လှဆိုတာ…..ဟို….ဝက်ပေါ်တဲ့ ဦးကျော်လှ လား ငမင်း…

….အေး…ဟုတ်တယ်…..သူပေါ်မဲ့ဝက်က သူ့ကို ရေနွေးကန်ထဲပက်ချလိုက်တာ…တခါထဲ ကိစ္စပြတ်ရောပဲ မောင်…

….ဟေ…..ဖြစ်ရလေကွာ……
…သြော်….အကုသိုလ်.. ……အကုသိုလ်..
…ဝဋ်ဆိုတာ ဒါမျိုးထင်တယ်….

….မှန်တယ် ရှိုင်းထက်….
…အခုလဲ ဝက်သရဲဘဝနဲ့ တရွာလုံးကိုပါတ်ခြောက်နေတာ…
…ဒါ့ကြောင့် ညဘက် ဘယ်သူမှ လမ်းမသလားရဲကျဘူး….

….အခု…မိနင်းအိမ်ကိုသွားရမှာက ရွာအနောက်ကပါတ်ပြီး လှည့်ဝင်ရမှာ…သချိုင်းကိုတော့ ကျိန်းသေဖြတ်ရမယ်…မိနှင်းအိမ်ကရွာအစွန်မှာဆိုတော့ အဲ့လမ်းကြောင်းတခုပဲရှိတယ်….ဘယ်လိုလဲရှိုင်းထက်……

….ဟီးဟီး……
….ချစ်သူနဲ့တွေ့ချင်လို့စစ်ကိုင်းကတောင်ရောက်အောင်လာခဲ့သေးတာပဲ…
…လေကြီးတိုက်ပစေ
..မိုးကြီးပဲရွာစေ
..ကျော်လှကြီးပဲခြောက်ဦးတော့…ငါကတော့ ရောက်အောင်သွားမှာပဲ….

…ဟင်း….ဒါမျိုးဆို..သောက်ခွက်က အောင်နက်ကြီး ချေးပုံတွေ့သလို ပြုံးလို့..

…အန်….
…ကလနာ….ငါ့ကိုခွေးနဲ့နိုင်းတယ်ပေါ့..
….. သတောင်းစား…မြေပွေးကိုက်..

..တော်တော့…မြွေပွေးကိုက်တာမကိုက်တာနောက်ထား..၉နာရီထိုးနေပြီ..လစ်ကျစို့….

….အေး…..

…♬ …ဟေ့..ချစ်သူလာသောညကရွှေလသာပါတယ်.♪ ..ချစ်သူမလာသောည♬ ….ငွေလ…★ ..ဘယ်ကိုပျောက်နေလဲကွယ်….တုနယ်..တုနယ်…..♬

…..ငမင်းနဲ့ရှိုင်းထက်ဟာ တုတ်တချောင်းဆီကိုင်ပြီး ရွာအနောက်ဘက်ကနေ မိနင်းတို့အိမ်ရှိရာ ရွာအစွန်ဘက်သို့ ပါတ်သွားပါတယ်……

“” သင်္ချိုင်းကုန်းရှေ့ရောက်တော့…

…ဂြီ….ဂြီ….ဟဲ…..ဟဲ…ရွဲ…ရွဲ

…အသံကြားသဖြင့် သင်္ချိုင်းဘက်သို့လှည့်ကြည့်လိုက်ရာ အသစ်ဆက်ဆက်ကျော်လှကြီးရဲ့အုတ်ဂူပေါ်မှာ ဆောင့်ညှောင့်ထိုင်နေသော ဖြူဖြူကောင်ကြီး….

….နှစ်ယောက်လုံးမြင်သော်လဲ မျက်နှာလွှဲခါ မိနှင်းအိမ်သို့သုတ်ခြေတင်လိုက်ကျသည်။

…..အိမ်အနောက်ကိုရောက်တော့ သတ်မှတ်ထားတဲ့နေရာမှာ ခြင်ကိုက်ဖြုတ်ကိုက်ခံပြီး မိနင်းအလာကိုစိတ်ရှည်ရှည်ဖြင့်စောင့်နေလိုက်ကျသည်။
….၁၀နာရီထိုးသော်လဲ….ဆင်းမလာ
…၁၁နာရီထိုးသော်လဲ…..မထူးခြား….
…၁၂ထိုးပြန်သော်လဲ…အရိပ်အရောင်မပြ…
…..ထိုအချိန်မှာ….မိနှင်းတို့အိမ်ဘေးက စိတ်မနှံသူ ဦးသာဂူးက သခိုးထဟစ်သဖြင့်…ဆက်နေရန်မဖြစ်တော့ပဲ လာလမ်းအတိုင်း တပ်ခေါက်ပြီးပြန်လာထဲ့ကျသည်။

……ချစ်သူနဲ့မတွေ့ရလို့ မချင့်မရဲဖြစ်နေတဲ့ ရှိုင်းထက်ဟာ မိနှင်းအကြောင်းကိုစဉ်းစားရင်း ငမင်းနောက်ကပြန်လိုက်လာခဲ့သည်။

….သင်္ချိုင်းကိုရောက်ဖို့ ဝါး၂ပြန်အလိုတွင်

…ဖြော…ဗြော….ဖရော….

…ဟ….ဘာကောင်တုန်းဟ.. .

..နှစ်ယောက်သားမြင်လိုက်ရသည်က သင်္ချိုင်းထဲမှထွက်လာသောဖြူဖြူကောင်ကြီးတကောင်….လမ်းပေါ်ရောက်တော့ လေးဘက်ထောက်နေရာမှ မတ်တပ်ရပ်ပြီး သူတို့ကိုကျောခိုင်းလိုက်သည်။…

….ဖြစ်…ဖြစ်ပါ့မလား ငမင်း…..
….လူ…လူမဟုတ်ဘူးထ်တယ်….

…အေးကွ….သတိတော့ထားရမယ်….

……နှစ်ယောက်လုံး ပါလာသောတုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကျောပေးရပ်နေသော ဖြူဖြူကောင်ကြီးနားသို့လျှောက်သွားလေသည်။ မသွားလို့လဲမရ သွားဖို့က ဒီတလမ်းသာရှိသည်။

…အနားရောက်တော့ ငမင်းက…

…ဒီက မိတ်ဆွေက ဘယ်သူလဲခင်ဗျ….

….ငမင်းရဲ့အသံကြားတော့ ဖြူဖြူကောင်ကြီးက ဖြေးဖြေးချင်း လှည့်လာသည်။

….အားးးးးး
…ဘာ…ဘာကြီးလဲဟ….
…ဟီးဟီး ဟားးး
….ဝုန်း….ဖြော…ဖရော….
…ဂွီ…..ကွီးးအစ်အစ်….
….အား……..ရှိုင်းထက်…..လုပ်ပါဦး……

…လှည့်ကြည့်လာတော့ မျက်နှာတခုလုံးဟာ…နှာခေါင်း၊မျက်စိ၊နှုတ်ခမ်း မေးစေ….စတာတွေတခုမှမပါပဲ မျက်နှာဂျပ်ပိန်းကြီးနဲ့ကောင်ကြီးက ငမင်းကိုဖက်လှဲပြီး နပမ်းသက်လေသည်။

….အူးးးဈ…ဟူးးး
…ဗြုံး…ဝုန်း….ကဲကွာ…
..ဖုန်း…ဖောင်း…..ဖြောင်းး…..

…ရှိုင်းထက်လဲ ဗြုံးခနဲမို့ကြောင်ကြည့်နေမိသည်…သူ့မျက်စိထဲမှာ ဖြူဖြူကောင်ကြီးဟာ ဝက်တကောင်နှင့်ပိုတူနေသည်။

….ဟေ့ကောင် ရှိုင်းထက်…ဘာကြည့်နေတာ…ဒီကောင်ကြီးကို တုတ်နဲ့ရိုက်စမ်း…..

…အာ…အေး….လာပြီဟေ့….

…ကျားးး
..ဖုန်း….ဖုန်း…..
…ဂြီ…ဂြီ….
….ဂါးးး
…ဟင်……အမလေး…….

….ဖြူဖြူကောင်ဝက်တစ္ဆေကြီးဟာ ငမင်းကိုလွှတ်ပြီး ရှိုင်းထက်ကို နပမ်းပြန်သက်သည်……
….ဒီတော့ လွတ်သွားတဲ့ ငမင်းက ဝက်တစ္ဆေ ကြီးကို တုတ်ဖြင့်ဖိရိုက်ပြန်သည်။

….သည်လိုနှင့် ဝက်တစ္ဆေကြီးဟာ ငမင်းနဲ့ရှိုင်းထက်ကို တလဲစီ နပမ်းသက်ရင်း ည၁နာရီကျော်ကျော်သို့ရောက်လာခဲ့သည်။
….ဒီအချိန်မှာ….
… မောလာသူက ငမင်းနဲ့ရှိုင်းထက်….ဝက်တစ္ဆေကြီးကတော့ အသက်ပင်ပြင်းပြင်းမရှူသေး….

……ဒီတိုင်းဆို ကြာရင်မလွယ်တော့….

….ရှိုင်းထက်….တော်တော့……..
…..ပြေး…ပြေးကျစို့……….

…အေး….ပြေးတာအကောင်းဆုံးပဲ…လာဟေ့….

……ဖြော…ဗြော……ဖရော……
…အမလေး…….
…..ကြောက်ပါပြီ…ဟောဟဲ….ဟောဟဲ…..အားး

…အီးးဟီးးဟီးး
…ဟားးဟားး
….ငကြောက်တွေ……..အူးးဝူးး ဟားးဟားး
…ပြေးစမ်း…လွတ်အောင်ပြေး…..
…ကျော်လှလက်က လွတ်မယ်ထင်ရင် ပြေးကျစမ်း….ဟားးဟားး

…လိုက်…လိုက်…လာနေပြီ…ပြေး…ပြေး….

…..ငမင်းနဲ့ ရှိုင်းထက်လဲ…ကျန်ရှိတဲ့အားနဲ့ ခြေကုန်သုတ်ထွက်ပြေးကျရင်း ရွာထိတ်ရောက်တော့ ကြက်ဖို့ခိုးထွက်လာတဲ့ ကာလသားအုပ်နှင့်တွေ့သဖြင့် ကံကောင်းသွားလေတော့သည် ….

….ဒါတောင် ငမင်းရော ရှိုင်းထက်ပါ ၇ရက်လောက် ဖျားသွားတယ်…..နေကောင်းသွားပြန်တော့ စိတ်ကရောင်ခြောက်ခြားဖြစ်နေလို့ ဆရာပေါင်းစုံနဲ့ကုလိုက်ရသေးတယ်။

….သူတို့ပြောချေအရ ဝက်တစ္ဆေကြီးကျော်လှ နဲ့ နပမ်းသက်ခဲ့ကျတာတဲ့လေ….

…ဒါ့ကြောင့် ကျန်ရစ်သူမသန်းနုက ကျော်လှကိုရည်စူးပြီး သင်္ချိုင်းကုန်းမှာ သံဃာ၅ပါးပင့်ပြီးဆွမ်းကျွေး၊ သပိတ်သွတ်ပေးခဲ့တယ်….. ….တရားနာရင်း ကျော်လှမသေခင်က သူ လှူခဲ့သမျှကို စရင်းနဲ့တကွ ဖတ်ကြားကြေငြာပြီး ရေစက်ချအမျှဝေပေးခဲ့ပါတယ်။
အဲ့ဒီနောက်တော့ တရွာလုံးကိုပါတ်ခြောက်နေသော ဝက်တစ္ဆေကြီးကျော်လှဟာ မည်သူ့ကိုမျှ ခြေါက်လှန့်ခြင်းမရှိတော့ပဲ ပျောက်ခြင်းမလှ ပျောက်သွားပါတော့သည်ခင်ဗျာ…………..

….အထက်ပဲတက်သွားသလား……
….အောက်ပဲဆင်းသွားသလားဆိုတာကိုတော့…..စာရေးသူကိုယ်တိုင်လဲ မဝေခွဲတတ်တော့ပါ တကားးးး……………………………..
………………….

( ပြီးပါပြီ)

Zawgyi Version

” ဝက္တေစၦ”(စ/ဆံုး)
—————————
“” ျဖစ္စဥ္က ၂၀၁၀ ခန႔္ကျဖစ္သည္။

……မႏၲေလးတိုင္း၊တံတားဦးၿမိဳ႕နယ္၊ သဲေမာင္းကန္ ဆိုတဲ့႐ြာေလးမွာေပါ့…မႏၲေလး ေလဆိပ္ႀကီးရဲ႕အေနာက္ဘက္ ၁မိုင္အကြာခန႔္မွာ အဲ့႐ြာ ရွိသတဲ့……

……”ရာဇဝင္မွာ စုံတ…. သဲေမာင္းကန္မွာ ေက်ာ္လွ..တဲ့” ဝက္နဲ႔ပတ္သပ္ရင္ က်န္းကုန္ေအာင္သိတဲ့လူေတြေပါ့…ဝက္ကိုဘယ္လိုျဖစ္ထြန္းေအာင္ေမြးရမယ္၊ ဝက္ေပၚရင္လဲ ဘယ္လိုနည္းနဲ႔ ဘယ္လိုအခ်ိန္ကိုက္ေအာင္ေပၚရမယ္ဆိုတာကို ဆရာမကူသရံပူဉာဏ္ျဖင့္ ထိုးထြင္းသိျမင္ေတာ္မူတဲ့ ပုဂၢိဳလ္ထူးႀကီးေတြဆိုရင္လဲ မမွားေခ်။
“”အားလုံးလဲၾကားဖူးက်မွာပါ….ဘုရားလက္ထပ္က ရာဇၿဂိဳလ္မွာ `စုံတ´ ဆိုတဲ့ဝက္သက္သမားတဦးရွိခဲ့ဖူးတယ္။
…..ဝက္ေမြးတဲ့ေနရာမွာ ဆရာတဆူတဲ့….ဝက္လဲေမြးတယ္၊ ဝက္လဲေပၚေရာင္းတယ္…..ဝက္ေမြးတာကြၽမ္းေတာ့ သူေမြးတဲ့ဝက္ေတြဟာ ရာဝန္အိုးခန႔္ပင္ႀကီးမားထြားက်ိဳင္းက်သည္။ ဝက္ေပၚတဲ့ေန႔ကိုေရာက္ရင္ မိုးၿပဲဒယ္ႀကီး၁၀လုံးေလာက္ကိုေရပြက္ပြက္ဆူတဲ့ထိတည္ထားပါတယ္။
ၿပီးေတာ့ ေပၚရန္သတ္မွတ္ထားေသာဝက္ေတြကို ငုတ္တိုင္ႀကီးေတြမွာဖတ္ခိုင္းၿပီး ေျခေရာလက္ပါႀကိဳးတုတ္လိုက္တယ္။ ႀကိဳးတုတ္ၿပီးရင္ေတာ့ တင္းပုတ္ႀကီးတခုနဲ႔ ဝက္ေတြရဲ႕တကိုယ္လုံးကို ဖူးထစ္ ေယာင္ကိုင္းေနတဲ့ထိ အဆက္မပ်က္ထုပါသတဲ့….အဲ့လိုအထုခံရတဲ့ဝက္ႀကီးေတြဟာ အသားေတြနာၿပီး မူလအေနအထားထက္ ေယာင္ကိုင္း ႀကီးမားလာပါတယ္။ သူ႔ စိတ္ႀကိဳက္အေနအထားကိုေရာက္ရင္ ထုတာကိုရပ္ၿပီး ဒယ္အိုးထဲမွ ပြက္ပြက္ဆူေနေသာ ေရေႏြးကို အုန္းမုတ္ခြက္ျဖင့္ခက္ၿပီး ဝက္ေတြရဲ႕ပါးစပ္ထဲကို အတင္းေလာင္းထဲ့ပါတယ္…ဒီေတာ့ ဝက္ေတြရဲ႕အတြင္းကလီစာေတြဟာ ေရေႏြးေလာင္ၿပီး ေယာင္ကိုင္းလာျပန္ပါတယ္….ထိုကဲ့သို႔ ေရေႏြးေလာင္းၿပီးခါမွ ဧရာမတူႀကီးနဲ႔ ဝက္ေတြရဲ႕ထိတ္ကို ထုသက္ပါသတဲ့ေလ….
…..စုံတေသေတာ့ ၇ရက္၇လီ ဝက္ေတြခံရသလိုခံစားၿပီးမွ အဝီစိကိုဆင္းသြားရပါတယ္။

……ဒါကေတာ့ ဘုရားလက္ထက္က ဝက္သမား စုံတအေၾကာင္းေပါ့…

……အခုဆက္လက္ၿပီး ေက်ာ္လွရဲ႕အေၾကာင္းေလးကိုဆက္ရေအာင္။

” သဲေမာင္းကန္ေဂါစကံမွာ `ဝက္ေက်ာ္လွ´ဆိုရင္ ခေလးကအစေခြးအဆုံး အကုန္သိက်တယ္။ ဝက္ေပၚလိုင္စင္ရထားသူတဦးျဖစ္တာေၾကာင့္ သူ႔အပိုင္ထဲကဝက္ေတြကို သူမသိပဲ၊သူ႔ရဲ႕ခြင့္ျပဳခ်က္မရပဲ လုံးဝေပၚခြင္မရွိပါဘူး…. ခိုးေပၚလို႔ ေက်ာ္လွသိသြားရင္ သူ႔မွာ တရားစြဲပိုင္ခြင့္ရွိပါတယ္။ ေရာင္းတာကိုေတာ့ ႀကိဳက္တဲ့ေနရာမွာေရာင္းေပါ့ေလ….
…..ေက်ာ္လွဟာ ဝက္ေပၚေရာင္းယုံမက ဝက္လဲကိုယ္ပိုင္ေမြးပါတယ္။ တဧကခန႔္က်ယ္တဲ့သူ႔အိမ္ဝန္းထဲမွာ ေပ၄၀ခန႔္ရွိေသာ ဝက္ၿခံႀကီးႏွစ္ခုကို မ်က္ႏွာခ်င္းဆိုင္ေဆာက္ထားပါတယ္…ဝက္ၿခံတၿခံကို အေကာင္၂၀ေက်ာ္ေမြးထားသျဖင့္ ၂ၿခံေပါင္း ဝက္အေကာင္၅၀ခန႔္ရွိေလ၏။ ေက်ာ္လွမွာ မဲႀကီး၊လွမိုးနဲ႔ ဩႀကီးဆိုတဲ့ တပည့္ေတြရွိတယ္။ အားလုံး လက္ရဲဇာတ္ရဲေတြ…. ေက်ာ္လွခိုင္းရင္ အဝီစိေတာင္ ဆင္းမဲ့ေကာင္ေတြေပါ့….ေက်ာ္လွမွာ မသန္းႏုဆိုတဲ့ဇနီးတေယာက္ရွိတယ္…သားေထာက္သမီးခံေတာ့ မရွိဘူး…
အကုသိုလ္နဲ႔အက်ိဳးေပးတယ္ပဲေျပာရမလား…..ေက်ာ္လွရဲ႕ဝက္သက္တဲ့အလုပ္ဟာ တေန႔တျခားေအာင္ျမင္လာၿပီး မႏၲေလး ၿမိဳ႕မေဈးႀကီးအထိ ေျခဆန႔္ႏိုင္ခဲ့သည္။ ဝယ္လိုအားျမင့္တက္လာမႈကိုျဖည့္ဆည္းႏိုင္ရန္ ေန႔ရွိသ၍ ဝက္အဝယ္ထြက္ရသည္။ ေက်ာ္လွဝက္အဝယ္ထြက္ရင္ တပည့္၃ဦးလိုက္ပါၿပီး ကိုယ္ပိုင္ေထာ္လာဂ်ီနဲ႔ နယ္အႏွံ႔ထြက္သည္။ သူ႔စိတ္ႀကိဳက္ဝက္ကိုေတြ႕ရင္ မတဲ့ တည့္ေအာင္ ေဈးျငႇိၿပီးရေအာင္ဝယ္သည္။
ဝယ္လို႔ရတဲ့ဝက္ေတြကို ခ်က္ခ်င္းမေပၚေသးပဲ မိမိၿခံထဲမွာ ၂ပတ္ခန႔္ ေဆးေကာင္းဝါးေကာင္း၊အစာေကာင္းမ်ားျဖင့္ ဝက္လုံးလွေအာင္စနစ္တက် ေမြးျမဴသည္။ တန္းဝင္ေသာ အဆီ၊အသား ျပည့္ၿပီဆိုမွ တသုတ္ခ်င္းဆီ ေပၚဖို႔လုပ္တယ္။

“” ရာဇဝင္မွာ စုံတ….သဲေမာင္းကန္မွာ ေက်ာ္လွ ဆိုတာ အေျပာမဟုတ္ လက္ေတြက်က် ၾကည့္လိုက္က်စို႔…..

“” ေက်ာ္လွဟာ ဝက္တခါေပၚရင္ အနဲဆုံး၆ေကာင္မွ အမ်ားဆုံး၁၀ေကာင္အထိ ေပၚေလ့ရွိပါသည္။ ဝယ္လိုအားအေပၚမူတည္ၿပီး အတိုး အဆုတ္ ေတာ့ရွိတာေပါ့…..ဝက္ေပၚေတာ့မယ္ဆိုရင္ ေပၚမဲ့ဝက္ေတြကို မူးရစ္ထုံထိုင္းေဆးတမ်ိဳးကို အစာထဲမွာထဲ့ေကြၽးလိုက္တယ္…..ေဆးအရွိန္ေၾကာင့္ ဝက္ေတြလဲ ႐ုန္းျခင္းကန္ျခင္းသိပ္မလုပ္ႏိုင္ေတာ့ဘူး…..ထို႔ေနာက္ သစ္သားေမ်ာစင္ႀကီးတခုေပၚ တေကာင္ခ်င္းစီဆြဲတင္သြားတယ္….သစ္သားေမ်ာစင္ရဲ႕ေအာက္မွာ မီးအားျပင္းျပင္းနဲ႔ေရေႏြးတည္ထားတဲ့ အလ်ား၁၀ေပ အနံ၈ေပ၊ ေဇာက္၊ ၆ေပရွိေသာ ေလးေထာင့္သံမဏိ ေရေႏြးကန္ႀကီးရွိပါတယ္။
ေက်ာ္လွရဲ႕ အယုတ္မာဆုံးအခ်က္က ထိုကန္ထဲသို႔ဝက္ေတြကိုပစ္မခ်င္ ဝက္အၿမီးေတြကို အရွင္လက္လက္ ျဖတ္ယူလိုက္ျခင္းျဖစ္သည္။ ထိုအၿမီးေတြကို အရက္နဲ႔ျမည္းဘို႔အတြက္ တမင္ျဖတ္ယူထားျခင္းျဖစ္သည္။ အဲ့လို အၿမီးေတြျဖတ္ၿပီးခါမွ ေရေႏြးကန္ထဲကို တေကာင္ခ်င္း ကန္ခ်လိုက္တယ္။
ေရေႏြးကန္ထဲကိုက်သြားတဲ့ဝက္ေတြဟာ ငရဲဒယ္အိုးႀကီးထဲက ငရဲသားေတြလို ေအာ္ဟစ္႐ုန္းကန္ရင္း ေရေႏြးေအာက္ကိုျမဳတ္လိုက္၊ျပန္ေပၚလိုက္၊ေအာ္တဲ့အခါ ေရေႏြးေတြက ပါးစပ္မွတဆင့္ ဝင္းေခါင္းထဲကိုဒလေဟာ ဝင္လိုက္ျဖင့္ ဘဝတပါးကိုကူးေျပာင္းသြားရပါတယ္။
…ဝက္အားလုံးၿငိမ္သြားမွ ေရထုတ္ေပါက္ကိုဖြင့္ၿပီးေရေႏြးေတြကိုထုတ္လိုက္ပါတယ္။
….ေရေႏြးေတြကုန္သြားေတာ့ သံမဏိကန္ႀကီးကို ခ်ိန္းဗေလာက္နဲ႔မၿပီးအသားျဖတ္မဲ့ေနရာမွာ ေမွာက္ခ်လိုက္ပါတယ္။ ေရေႏြးဝေနေသာဝက္ေတြဟာ ႐ိုး႐ိုးပိုက္နဲ႔ထိုးထားေသာ ေရထိုးဝက္ေတြထက္ပင္ အခ်ိန္ပိုစီး ေနက်ေတာ့သည္။

“” ကိုင္း….ဒီေလာက္ဆိုရင္ ရာဇဝင္က စုံတနဲ႔ သဲေမာင္းကန္ကေက်ာ္လွ ဘယ္သူပိုၾကမ္းသလဲဆိုတာ စဥ္းစားသာၾကည့္ေပေတာ့။

“” ဒီလိုဒီလို႔အခ်က္ေတြေၾကာင့္ ေက်ာ္လွဆိုတဲ့ငနဲႀကီးကို အကုသိုလ္ေကာင္ႀကီး၊လူယုတ္မာႀကီး၊ လူ႔တရိစာၦန္ႀကီး ဆိုၿပီး ျမင္က်၊ေျပာက်၊က်ိန္က်၊ဆဲက်မည္မွာမလြဲေပ…
…..ဒါေပသိ ခတၱခဏေလာက္သီးခံၿပီး က်ဳပ္စကားေလးကိုဆုံးေအာင္နားေထာင္က်ပါဦး ေက်ာ္လွနဲ႔ပတ္သပ္ၿပီး က်ဳပ္ရဲ႕စကားမဆုံးေသးဘူး။

“” ဝက္ေက်ာ္လွဟာ ဝက္ေပၚတဲ့ေနရာမွာ ကမ္းကုန္ေအာင္ရက္စက္ေပမဲ့ ဘုရားဒါကာ၊ေက်ာင္းဒါကာ၊ရဟန္းဒါကာ၊သိမ္ဒါကာ၊ကထိန္ဒါကာတဦးပါလို႔ဆိုလိုက္ရင္ အားလုံး စိတ္ကသိကေအာက္ျဖစ္သြားက်မည္မွာမလြဲေပ။
…ေက်ာ္လွဟာ ဝက္လုပ္ငန္းနဲ႔ စီးပြားအေတာ္တက္လာခဲ့တယ္ လူမသိသူမသိပိုင္ဆိုင္မႈဟာ အေဝးေျပးကားလိုင္းတခုေထာင္မယ္ဆိုေထာင္လို႔ရတယ္။ ဒါေပမဲ့ ကြၽမ္းက်င္ရာလိမၼာရာဆိုသလို မိမိကြၽမ္းက်င္တဲ့ဝက္လုပ္ငန္းကိုမစြန႔္လႊတ္ႏိုင္ခဲ့ဘူး။ သားေထာက္သမီးခံမရွိတဲ့ ေက်ာ္လွတို႔လင္မယားအတြက္ ဒီပိုင္ဆိုင္မႈကို ဘယ္လိုအက်ိဳးရွိေအာင္သုံးမလဲ?…
…..ဒီအခ်က္ကို ေက်ာ္လွစဥ္းစားမိလာတယ္….မိမိလုပ္တဲ့အလုပ္ဟာ အကုသိုလ္အလုပ္ေလ…မေကာင္းမွန္းေတာ့သိသားပဲ…သို႔ေသာ္ အတိတ္ကံကမကုန္ေသးေတာ့ ဆက္လုပ္ေနရတုန္း…….ဒီေတာ့ မိမိေသတဲ့အခါ ထိုအကုသိုလ္ႀကီးကို အထိုက္အေလ်ာက္ကုစားေပးႏိုင္မဲ့ ကုသိုလ္အလုပ္ေတြကိုလဲ လက္မေႏွးတမ္း ေက်ာ္လွလုပ္ျဖစ္ခဲ့ပါတယ္။

“” ဘုရားတည္ဘို႔ အလႉေငြထဲ့ပါဦးကိုေက်ာ္လွ””….
.””.ေအး…ဘယ္ေလာက္ကုန္မလဲ.””
…..
….သိန္း၂၀ေလာက္…..

…ေရာ့ဟာ ၁၀သိန္း….
…ကဗ်ဥ္းမွာ ငါ့နာမည္မထဲ့နဲ႔….ငါ့အလႉငါသိတယ္…

..”””..ကိုေက်ာ္လွေရ…ဘယ္စာသင္တိုက္က ဘယ္ကိုရင္ႀကီးေတြေတာ့ ပဇင္းတက္ဘို႔ရဟန္းဒါကာလုေနတယ္..

….ဘယ္ႏွစ္ပါးလဲ…..

..၅ပါး…

…ေရာ့….တပါးကို ဘယ္ေလာက္ႏႈံး…လိုတာရွိရင္ ငါ့အိမ္ကိုအခ်ိန္မေ႐ြးႂကြၿပီးအလႉခံပါလို႔ေလွ်ာက္လိုက္…

…””.ေမာင္ေက်ာ္လွေရ..အဘတို႔ေက်ာင္းေတာ့ ဒီႏွစ္ကထိန္ဒါကာမေပၚဘူးကြဲ႕…
….မပူနဲ႔အဘေသာင္း….ဒါကာေပၚၿပီသာမွတ္လိုက္….ေရာ့ ေငြ၈သိန္း…လိုတာေတြႀကိဳဝယ္ထား…အလႉအမွီ က်ဳပ္တို႔လင္မယားလာခဲ့မယ္..

….””.တူႀကီးေက်ာ္လွေရ…မင္းအေဖေခါင္းခ်သြားတဲ့ ငါတို႔႐ြာက ဘုန္းႀကီးေက်ာင္းမွာ သိမ္ျပန္ျပင္က်မလို႔ကြဲ…အဲ့ဒါ….ေငြေၾကးမျပည့္စံဘူးျဖစ္ေနတယ္…

….အို…ဘယ္ေလာက္မွန္းထားလဲ ဦးႀကီး..
ပန္းရံဆရာကိုတခါထဲေခၚခဲ့….အကုန္ၿပီးေအာင္က်ဳပ္လူမယ္ဗ်ာ…..

…..အဲ့လို…အဲ့လို သဒၵါတရားထက္ထက္သန္သန္နဲ႔လႉတဲ့လူႀကီးဗ်…သူ႔မယားဆိုတာကလဲ သူၿပီးရင္ၿပီးတယ္။ ဒါ့ေၾကာင့္လဲ ေက်ာ္လွဆိုတဲ့ လူႀကီးကို အရပ္တကာက ခ်စ္ေၾကာက္႐ိုေသက်ေလသည္။

….ဒီေနရာမွာ တခုျဖတ္ေျပာခ်င္တာက….

…အလႉေတြဒီေလာက္လႉၿပီး ဘာသာေရးအသိစိတ္ဓာတ္ရွိတဲ့လူက ဘာ့ေၾကာင့္ အကုသိုလ္အလုပ္ႀကီးကို ရက္ရက္စက္စက္ၾကဴးလြန္ၿပီး စီးပြားရာေနပါသလဲ??

…..ထိုကဲ့သို႔ေမးလာခဲ့သည္ရွိေသာ္…..

…အတိတ္ကံ၏ အကုသိုလ္အရွိန္ မကုန္ေသးေသာေၾကာင့္ဟု ေျဖမယ္ဆိုေျဖလို႔ရပါသည္။

…. ဘုရားရွင္ သက္ေတာ္ထင္ရွားရွိစဥ္က အဂၤုဠိမာလ ဆိုတဲ့ ရဟႏၲာႀကီးဟာ လူ႔အသက္ေပါင္းမ်ားစြာကိုသက္ျဖတ္ဖူးၿပီး အကုသိုလ္အရွိန္ကုန္ေတာ့ ဘုရားရွင္နဲ႔ေတြ႕ကာ ကြၽတ္တန္းဝင္ခဲ့ပါတယ္။
တဖန္ ဘုရွားရွင္ ပရိနိဗၺန္ျပဳၿပီးေနာက္ သာသနာမွာ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ ရွင္ဥပဂုတၱမေထရ္ႀကီးဟာ ရဟႏၲာမျဖစ္ခင္က ငွက္ပစ္မုဆိုးႀကီးတဦးပါ….အတိတ္ဘဝက အကုသိုလ္အရွိန္ကုန္လာေတာ့ နတ္ေရကန္ထဲပစ္ခ်ခံရၿပီး ျပန္ေပၚလာတဲ့အခါ ပရိကၡရာ၈ပါးအျပည့္အစုံနဲ႔ ရဟႏၲာအသြင္ကူးေျပာင္းသြားခဲ့ပါတယ္။
ဒီလို ရဟႏၲာႀကီးေတြအေပၚ လက္ရွိဘဝမွာျပဳခဲ့ဖူးတဲ့ အကုသိုလ္ကံေတြဟာ ဆက္လက္အက်ိဳးမေပးႏိုင္ေတာ့ဘူးလား?
….ဟုတ္ကဲ့….လက္ရွိဘဝမွာပဲ အသေဝါကုန္ခမ္းတဲ့ ရဟႏၲာ အရိယာႀကီးေတြျဖစ္သြားလို႔ အကုသိုလ္ကံဟာ ဆက္လက္အက်ိဳးေပးခြင့္မသာပဲ အေဟာတိကံျဖစ္သြားရပါတယ္ခင္ဗ်ာ။

……ဒါဆို …..ယခုမ်က္ေမွာက္မွာ ဝက္ေက်ာ္လွကိုေရာ သူလုပ္ေနတဲ့ အကုသိုလ္ႀကီးက အက်ိဳးမေပးေသးဘူးလား…?

….ဟုတ္ကဲ့…..အက်ိဳးေပးပါေတာ့မယ္…

…..အဲ့ေန႔က တန္ေဆာင္မုန္းလၦန္း၈ရက္ေန႔….

…..သူ အမတည္ၿပီးခင္းခဲ့ေသာ ကထိန္အလႉကေနျပန္လာခ်ိန္ေပါ့….

….ညဘက္မွာ ဝက္၅ေကာင္ေပၚရမယ္….
….သီလယူထားသျဖင့္ ဝက္ေပၚျခင္းကို တပည့္၃ေယာက္နဲ႔လြဲထားလိုက္တယ္။

….အဲ့ဒါ…ဝက္ေပၚခ်ိန္ေရာက္ေတာ့..တပည့္ ၾသႀကီးက ေက်ာ္လွဆီေျပးလာတယ္..

“”….ဆရာလွ…..ဗ်ိဳ႕…ဆရာလွ..

…ေဟ…..
…ၾသႀကီး….ဘာလဲဟာ…..

….ဟို…ဟို….ကုန္းပါတ္က်ားႀကီးကို ေမ်ာ္ေပၚဆြဲတာ ဘယ္လိုမွဆြဲမရလို႔ဗ်…
…က်ဳပ္တို႔၃ေယာက္ဆြဲတာလဲ မႏိုင္ဘူး…
…အဲ့ဒါ ဆရာလိုက္ခဲ့မွျဖစ္မယ္….

….ဝက္နဲ႔ပတ္သပ္ရင္ ေက်ာ္လွေခါင္းထဲမွာ က်န္တာသတိမရႏိုင္ေတာ့ေပ…

….ေတာက္…ခြီးမွပဲ….
…၃ေယာက္ရွိတာေတာင္ဒီဝက္တေကာင္ကိုမႏိုင္ဘူး….ေသာက္သုံးမက်တဲ့ေကာင္ေတြ…..ဟူးးး

….ေက်ာ္လွဟာ ပါးစပ္က ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာရင္း ဝက္ေပၚတဲ့ေနရာကိုလိုက္သြားသည္။

….ဟိုေရာက္ေတာ့ ဩႀကီးေျပာတာ မလြန္မွန္းသိလိုက္ရသည္။ မွန္ေျပကုန္း႐ြာက အေႂကြးျဖင့္သိမ္းလာေသာ ကုန္းပါတ္က်ားဝက္ႀကီးက ေဇာင္းေမႊးမ်ားေထာင္ၿပီး လွမိုးနဲ႔မဲႀကီးကို ႀကိဳးတန္းလန္းႏွင့္ လိုက္ပတ္ေနသည္။
….ခန္းမွန္း အခ်ိန္၁ဝဝေက်ာ္ခန႔္ျဖစ္၍ လြယ္လင့္တကူ ေမ်ာ္ေပၚဆြဲမရေခ်။
ေတာက္….
….ေက်ာ္လွကိုပညာစမ္းတဲ့ဝက္…သိက်ေရာေပါ့…..

….ကိုင္း…လာေလေရာ့….

….ေျဖာ….ေျဗာ…..ေျဖာင္းး…

…ဂွီ….ဂူးးးအူးး

…ေက်ာ္လွဟာ ေလးႏွစ္ပိုင္းတေခ်ာင္းကိုေကာက္ၿပီး ဝက္ႀကီးရဲ႕ ေရွ႕လက္၂ေခ်ာင္းကိုျဖတ္႐ိုက္လိုက္ရာ…ဝက္ႀကီး ေရွ႕သို႔ဦးစိုက္သြားေလသည္။

…ေဟ့ မဲႀကီး လည္ပင္းႀကိဳးစြတ္စမ္း…
…လွမိုးနဲ႔ဩႀကီးက ေရွ႕လက္ႏွစ္ေခ်ာင္းကို ႀကိဳးခ်ည္…..ငါက ေနာက္ကေန ခရင္းနဲ႔ဆြေပးမယ္…

…ဟုတ္ကဲ့ ဆရာလွ….
….
…ၿဂီ…ၿဂီ….အူးးဝူးး
…ဆြဲက်စမ္း…..
…ေျဖာ….ဖေရာ……..
…ဟဲ့ဝက္ သြားစမ္း….ဇြပ္…..
…ဂါးးႀကီးးးၿဂီးး
….ဆြဲဟ….ေရာက္ေတာ့မယ္……..

…ဖေရာ….ေျဖာ…ေျဗာ…..

….ေမ်ာထိတ္ကိုေရာက္ေတာ့ ဝက္ႀကီးဟာ ဦးစိုက္ေနရာမွ က်ဳံးထၿပီး စင္ေအာက္မွ ေရေႏြးကန္ႀကီးကိုၾကည့္လိုက္သည္။
သယ္……
…ဆင္းစရာရွိဆင္းတာမဟုတ္ဘူး ..
….နင္မဆင္းရင္ ငါကန္ခ်ေပးမယ္ လာေလေရာ့…..
…ေျဖာ….အုန္း….
…ဟာ……
….အမေလး……..
…အုန္း….ဗြမ္း…..
….အားးးပူတယ္
…ကယ္ၾကပါ…..အားးး
…..

…ဝက္ႀကီးကိုကန္ခ်ရန္အရွိန္ျဖင့္လာေသာ ေက်ာ္လွရဲ႕ေျခေထာက္မေရာက္ခင္မွာ ဝက္ႀကီးက ကိုယ္တပါတ္လွည့္ ေရွာင္လိုက္ၿပီး ဝင္လာေသာေက်ာ္လွကို ေရေႏြးကန္ထဲသို႔ ပက္ခ်လိုက္ေလသည္။

……တပည့္လုပ္သူေတြလဲ ထင္မွတ္မထားသည့္အျဖစ္အပ်က္ေၾကာင့္ က်က္ေသေသၿပီး ေၾကာင္ၾကည့္ေနက်သည္။

…..ေက်ာ္လွဟာ ပြက္ပြက္ဆူေနေသာေရေႏြးကန္ႀကီးထဲမွာ ႐ုန္းကန္ေအာ္ဟစ္ရင္းျဖင့္… တေျဖးေျဖးၿငိမ္သပ္သြားေလေတာ့သည္။

….ေက်ာ္လွရဲ႕နာေရးကိုလာက်ေသာသူမ်ားဟာ ေက်ာ္လွ၏အေလာင္းကိုၾကည့္ၿပီး တုန္လွတ္ေျခာက္ျခားသြားက်သည္။
..အဘယ္ေၾကာင့္ဆိုေသာ္ တရက္သာသာခန႔္သာရွိေသးတဲ့ေက်ာ္လွရဲ႕အေလာင္းဟာ မခ်ိမဆန႔္ ေဖာင္းကားလာသျဖင့္ အေလာင္းထဲ့ထားေသာအေခါင္းပင္ ပြင့္ထြက္လုနီးပါး ၿပဲကားလာသည္။
ထို႔ေၾကာင့္၃ရက္ျပည့္ေအာင္မထားေတာ့ပဲ ႐ြာအေနာက္သုသာန္မွာ အျမန္ဆုံး ဂူသြင္းျမႇဳတ္ႏွံလိုက္က်ေလေတာ့သည္။

….ထိုရက္အေတာအတြင္း ညဘက္ေရာက္ရင္ သဲေမာင္းကန္တ႐ြာလုံး မည္သူမွအိမ္ျပင္မထြက္ရဲက်ေပ။
…တေစၦေက်ာ္လွဟုယူဆရေသာ မဲမဲေကာင္ႀကီးက ဝက္တေကာင္လိုေအာ္သံျဖင့္ ႐ြာအထဲ/အျပင္မွာ ပါတ္သြားေနတာကို ျမင္တဲ့သူ၊ၾကားတဲ့သူဟာ သဲေမာင္းကန္တ႐ြာလုံးနီးပါးျဖစ္သည္။

“” ဒါကေတာ့ သဲေမာင္းကန္ဝက္ေက်ာ္လွ၏ စ၊လည္၊ဆုံး ဘဝဇတ္ေၾကာင္းေလးေပါ့….

….အခုဆက္ၿပီးတင္ျပမွာက ေက်ာ္လွ ရက္လည္တဲ့ညမွာ ခ်စ္သူနဲ႔ခ်ိန္းေတြ႕ဘို႔သြားရင္း ႐ြာအေနာက္ဘက္သုသာန္မွာ တေစၦေက်ာ္လွနဲ႔ေတြ႕ခဲ့တဲ့ စစ္ကိုင္းသား ရႈိင္းထက္နဲ႔သူ႔သူငယ္ခ်င္း မင္းမင္းရဲ႕ ျဖစ္စဥ္ေလးပါ။

…..ရႈိင္းထက္ရဲ႕ ငယ္ခ်စ္ဦးဟာ သဲေမာင္းကန္႐ြာသူတဦးပါ…..ရႈိင္းထက္ဟာ အရင္တုန္းက သဲေမာင္းကန္႐ြာသားတဦးျဖစ္ပါတယ္…မိသားစုစီးပြားေရးေၾကာင့္ စစ္ကိုင္းကို ေျပာင္းေနရင္း ငယ္ရည္းစားမိႏွင္းနဲ႔အလွမ္းကြာခဲ့ရသူပါ…
…..ရႈိင္းထက္ဟာ စစ္ကိုင္းမွာေနရင္း ငယ္ရီးစားကို လူယုံသူငယ္ခ်င္းတဦးကတဆင့္ အဆက္အသြယ္လုပ္ပါတယ္။
ခါတ္လူငယ္ေပမဲ့ ကိုယ္ခံပညာတတ္တယ္…သူလို႔ပဲ သူငယ္ခ်င္းမင္းမင္းလဲ ျမန္မာ့သိုင္းေျပာင္းျပန္ပညာကို အေျခခံ ..ပယ္၊ခုတ္၊မ၊ခြဲ..မွစလို႔ ၿပိဳက္ဘက္ကို “၂ခ်က္ထိုး တခ်က္ကန္ အသိမျပန္” တဲ့ထိ တိုက္ခိုက္ႏိုင္ပါတယ္။

မွတ္မွတ္ရရဆို အဲ့ေန႔က တန္ေဆာင္မုန္းလျပည့္ည……ခ်စ္သူနဲ႔ ည၁၀နာရီမွာေတြ႕ဖို႔ခ်ိန္းထားသျဖင့္ ရႈိင္းထက္ဟာ သဲေမာင္းကန္သို႔ ညေနေစာေစာထြက္လာခဲ့ရာ သူငယ္ခ်င္းမင္းမင္းရဲ႕အိမ္ကို ည၈နာရီမွာေရာက္ပါတယ္။

“” ငမင္း….ဒီည မင္းတို႔႐ြာ ၿငိမ္လွေခ်လားဟ…သခိုးႀကီးညမွာ ဘာမွ မလုပ္က်ဘူးလား…
ဟ…လုပ္ခ်င္သပ ရႈိင္းထက္ရယ္…မလုပ္ရဲက်လို႔ ၿငိမ္ေနက်တာ…..ေတာက္….ဒီညက်မွ တိုက္တိုက္ဆိုင္ဆိုင္ လာတိုးေနတယ္….ဟူးးး

….ေဟ….ဘာေတြတိုက္ဆိုင္ေနလို႔လဲ?
….ဘယ္သူ႔ကိုေၾကာက္ေနရလို႔လဲ….

…..ဟင္းးး
….ဒီညဟာ ေက်ာ္လွႀကီး ၇ရက္လည္တဲ့ညကြ….ေျခာက္လိုက္တာလဲ ေသာက္ရမ္းပဲ…..

…..ဘာ….ေက်ာ္လွဆိုတာ…..ဟို….ဝက္ေပၚတဲ့ ဦးေက်ာ္လွ လား ငမင္း…

….ေအး…ဟုတ္တယ္…..သူေပၚမဲ့ဝက္က သူ႔ကို ေရေႏြးကန္ထဲပက္ခ်လိုက္တာ…တခါထဲ ကိစၥျပတ္ေရာပဲ ေမာင္…

….ေဟ…..ျဖစ္ရေလကြာ……
…ေၾသာ္….အကုသိုလ္.. ……အကုသိုလ္..
…ဝဋ္ဆိုတာ ဒါမ်ိဳးထင္တယ္….

….မွန္တယ္ ရႈိင္းထက္….
…အခုလဲ ဝက္သရဲဘဝနဲ႔ တ႐ြာလုံးကိုပါတ္ေျခာက္ေနတာ…
…ဒါ့ေၾကာင့္ ညဘက္ ဘယ္သူမွ လမ္းမသလားရဲက်ဘူး….

….အခု…မိနင္းအိမ္ကိုသြားရမွာက ႐ြာအေနာက္ကပါတ္ၿပီး လွည့္ဝင္ရမွာ…သခ်ိဳင္းကိုေတာ့ က်ိန္းေသျဖတ္ရမယ္…မိႏွင္းအိမ္က႐ြာအစြန္မွာဆိုေတာ့ အဲ့လမ္းေၾကာင္းတခုပဲရွိတယ္….ဘယ္လိုလဲရႈိင္းထက္……

….ဟီးဟီး……
….ခ်စ္သူနဲ႔ေတြ႕ခ်င္လို႔စစ္ကိုင္းကေတာင္ေရာက္ေအာင္လာခဲ့ေသးတာပဲ…
…ေလႀကီးတိုက္ပေစ
..မိုးႀကီးပဲ႐ြာေစ
..ေက်ာ္လွႀကီးပဲေျခာက္ဦးေတာ့…ငါကေတာ့ ေရာက္ေအာင္သြားမွာပဲ….

…ဟင္း….ဒါမ်ိဳးဆို..ေသာက္ခြက္က ေအာင္နက္ႀကီး ေခ်းပုံေတြ႕သလို ၿပဳံးလို႔..

…အန္….
…ကလနာ….ငါ့ကိုေခြးနဲ႔ႏိုင္းတယ္ေပါ့..
….. သေတာင္းစား…ေျမေပြးကိုက္..

..ေတာ္ေတာ့…ေႁမြေပြးကိုက္တာမကိုက္တာေနာက္ထား..၉နာရီထိုးေနၿပီ..လစ္က်စို႔….

….ေအး…..

…♬ …ေဟ့..ခ်စ္သူလာေသာညကေ႐ႊလသာပါတယ္.♪ ..ခ်စ္သူမလာေသာည♬ ….ေငြလ…★ ..ဘယ္ကိုေပ်ာက္ေနလဲကြယ္….တုနယ္..တုနယ္…..♬

…..ငမင္းနဲ႔ရႈိင္းထက္ဟာ တုတ္တေခ်ာင္းဆီကိုင္ၿပီး ႐ြာအေနာက္ဘက္ကေန မိနင္းတို႔အိမ္ရွိရာ ႐ြာအစြန္ဘက္သို႔ ပါတ္သြားပါတယ္……

“” သခ်ႋဳင္းကုန္းေရွ႕ေရာက္ေတာ့…

…ၿဂီ….ၿဂီ….ဟဲ…..ဟဲ…႐ြဲ…႐ြဲ

…အသံၾကားသျဖင့္ သခ်ႋဳင္းဘက္သို႔လွည့္ၾကည့္လိုက္ရာ အသစ္ဆက္ဆက္ေက်ာ္လွႀကီးရဲ႕အုတ္ဂူေပၚမွာ ေဆာင့္ေညႇာင့္ထိုင္ေနေသာ ျဖဴျဖဴေကာင္ႀကီး….

….ႏွစ္ေယာက္လုံးျမင္ေသာ္လဲ မ်က္ႏွာလႊဲခါ မိႏွင္းအိမ္သို႔သုတ္ေျခတင္လိုက္က်သည္။

…..အိမ္အေနာက္ကိုေရာက္ေတာ့ သတ္မွတ္ထားတဲ့ေနရာမွာ ျခင္ကိုက္ျဖဳတ္ကိုက္ခံၿပီး မိနင္းအလာကိုစိတ္ရွည္ရွည္ျဖင့္ေစာင့္ေနလိုက္က်သည္။
….၁၀နာရီထိုးေသာ္လဲ….ဆင္းမလာ
…၁၁နာရီထိုးေသာ္လဲ…..မထူးျခား….
…၁၂ထိုးျပန္ေသာ္လဲ…အရိပ္အေရာင္မျပ…
…..ထိုအခ်ိန္မွာ….မိႏွင္းတို႔အိမ္ေဘးက စိတ္မႏွံသူ ဦးသာဂူးက သခိုးထဟစ္သျဖင့္…ဆက္ေနရန္မျဖစ္ေတာ့ပဲ လာလမ္းအတိုင္း တပ္ေခါက္ၿပီးျပန္လာထဲ့က်သည္။

……ခ်စ္သူနဲ႔မေတြ႕ရလို႔ မခ်င့္မရဲျဖစ္ေနတဲ့ ရႈိင္းထက္ဟာ မိႏွင္းအေၾကာင္းကိုစဥ္းစားရင္း ငမင္းေနာက္ကျပန္လိုက္လာခဲ့သည္။

….သခ်ႋဳင္းကိုေရာက္ဖို႔ ဝါး၂ျပန္အလိုတြင္

…ေျဖာ…ေျဗာ….ဖေရာ….

…ဟ….ဘာေကာင္တုန္းဟ.. .

..ႏွစ္ေယာက္သားျမင္လိုက္ရသည္က သခ်ႋဳင္းထဲမွထြက္လာေသာျဖဴျဖဴေကာင္ႀကီးတေကာင္….လမ္းေပၚေရာက္ေတာ့ ေလးဘက္ေထာက္ေနရာမွ မတ္တပ္ရပ္ၿပီး သူတို႔ကိုေက်ာခိုင္းလိုက္သည္။…

….ျဖစ္…ျဖစ္ပါ့မလား ငမင္း…..
….လူ…လူမဟုတ္ဘူးထ္တယ္….

…ေအးကြ….သတိေတာ့ထားရမယ္….

……ႏွစ္ေယာက္လုံး ပါလာေသာတုတ္ကို က်စ္က်စ္ပါေအာင္ဆုပ္ၿပီး ေက်ာေပးရပ္ေနေသာ ျဖဴျဖဴေကာင္ႀကီးနားသို႔ေလွ်ာက္သြားေလသည္။ မသြားလို႔လဲမရ သြားဖို႔က ဒီတလမ္းသာရွိသည္။

…အနားေရာက္ေတာ့ ငမင္းက…

…ဒီက မိတ္ေဆြက ဘယ္သူလဲခင္ဗ်….

….ငမင္းရဲ႕အသံၾကားေတာ့ ျဖဴျဖဴေကာင္ႀကီးက ေျဖးေျဖးခ်င္း လွည့္လာသည္။

….အားးးးးး
…ဘာ…ဘာႀကီးလဲဟ….
…ဟီးဟီး ဟားးး
….ဝုန္း….ေျဖာ…ဖေရာ….
…ဂြီ…..ကြီးးအစ္အစ္….
….အား……..ရႈိင္းထက္…..လုပ္ပါဦး……

…လွည့္ၾကည့္လာေတာ့ မ်က္ႏွာတခုလုံးဟာ…ႏွာေခါင္း၊မ်က္စိ၊ႏႈတ္ခမ္း ေမးေစ….စတာေတြတခုမွမပါပဲ မ်က္ႏွာဂ်ပ္ပိန္းႀကီးနဲ႔ေကာင္ႀကီးက ငမင္းကိုဖက္လွဲၿပီး နပမ္းသက္ေလသည္။

….အူးးးဈ…ဟူးးး
…ၿဗဳံး…ဝုန္း….ကဲကြာ…
..ဖုန္း…ေဖာင္း…..ေျဖာင္းး…..

…ရႈိင္းထက္လဲ ၿဗဳံးခနဲမို႔ေၾကာင္ၾကည့္ေနမိသည္…သူ႔မ်က္စိထဲမွာ ျဖဴျဖဴေကာင္ႀကီးဟာ ဝက္တေကာင္ႏွင့္ပိုတူေနသည္။

….ေဟ့ေကာင္ ရႈိင္းထက္…ဘာၾကည့္ေနတာ…ဒီေကာင္ႀကီးကို တုတ္နဲ႔႐ိုက္စမ္း…..

…အာ…ေအး….လာၿပီေဟ့….

…က်ားးး
..ဖုန္း….ဖုန္း…..
…ၿဂီ…ၿဂီ….
….ဂါးးး
…ဟင္……အမေလး…….

….ျဖဴျဖဴေကာင္ဝက္တေစၦႀကီးဟာ ငမင္းကိုလႊတ္ၿပီး ရႈိင္းထက္ကို နပမ္းျပန္သက္သည္……
….ဒီေတာ့ လြတ္သြားတဲ့ ငမင္းက ဝက္တေစၦ ႀကီးကို တုတ္ျဖင့္ဖိ႐ိုက္ျပန္သည္။

….သည္လိုႏွင့္ ဝက္တေစၦႀကီးဟာ ငမင္းနဲ႔ရႈိင္းထက္ကို တလဲစီ နပမ္းသက္ရင္း ည၁နာရီေက်ာ္ေက်ာ္သို႔ေရာက္လာခဲ့သည္။
….ဒီအခ်ိန္မွာ….
… ေမာလာသူက ငမင္းနဲ႔ရႈိင္းထက္….ဝက္တေစၦႀကီးကေတာ့ အသက္ပင္ျပင္းျပင္းမရႉေသး….

……ဒီတိုင္းဆို ၾကာရင္မလြယ္ေတာ့….

….ရႈိင္းထက္….ေတာ္ေတာ့……..
…..ေျပး…ေျပးက်စို႔……….

…ေအး….ေျပးတာအေကာင္းဆုံးပဲ…လာေဟ့….

……ေျဖာ…ေျဗာ……ဖေရာ……
…အမေလး…….
…..ေၾကာက္ပါၿပီ…ေဟာဟဲ….ေဟာဟဲ…..အားး

…အီးးဟီးးဟီးး
…ဟားးဟားး
….ငေၾကာက္ေတြ……..အူးးဝူးး ဟားးဟားး
…ေျပးစမ္း…လြတ္ေအာင္ေျပး…..
…ေက်ာ္လွလက္က လြတ္မယ္ထင္ရင္ ေျပးက်စမ္း….ဟားးဟားး

…လိုက္…လိုက္…လာေနၿပီ…ေျပး…ေျပး….

…..ငမင္းနဲ႔ ရႈိင္းထက္လဲ…က်န္ရွိတဲ့အားနဲ႔ ေျခကုန္သုတ္ထြက္ေျပးက်ရင္း ႐ြာထိတ္ေရာက္ေတာ့ ၾကက္ဖို႔ခိုးထြက္လာတဲ့ ကာလသားအုပ္ႏွင့္ေတြ႕သျဖင့္ ကံေကာင္းသြားေလေတာ့သည္ ….

….ဒါေတာင္ ငမင္းေရာ ရႈိင္းထက္ပါ ၇ရက္ေလာက္ ဖ်ားသြားတယ္…..ေနေကာင္းသြားျပန္ေတာ့ စိတ္ကေရာင္ေျခာက္ျခားျဖစ္ေနလို႔ ဆရာေပါင္းစုံနဲ႔ကုလိုက္ရေသးတယ္။

….သူတို႔ေျပာေခ်အရ ဝက္တေစၦႀကီးေက်ာ္လွ နဲ႔ နပမ္းသက္ခဲ့က်တာတဲ့ေလ….

…ဒါ့ေၾကာင့္ က်န္ရစ္သူမသန္းႏုက ေက်ာ္လွကိုရည္စူးၿပီး သခ်ႋဳင္းကုန္းမွာ သံဃာ၅ပါးပင့္ၿပီးဆြမ္းေကြၽး၊ သပိတ္သြတ္ေပးခဲ့တယ္….. ….တရားနာရင္း ေက်ာ္လွမေသခင္က သူ လႉခဲ့သမွ်ကို စရင္းနဲ႔တကြ ဖတ္ၾကားေၾကျငာၿပီး ေရစက္ခ်အမွ်ေဝေပးခဲ့ပါတယ္။
အဲ့ဒီေနာက္ေတာ့ တ႐ြာလုံးကိုပါတ္ေျခာက္ေနေသာ ဝက္တေစၦႀကီးေက်ာ္လွဟာ မည္သူ႔ကိုမွ် ေျခါက္လွန႔္ျခင္းမရွိေတာ့ပဲ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားပါေတာ့သည္ခင္ဗ်ာ…………..

….အထက္ပဲတက္သြားသလား……
….ေအာက္ပဲဆင္းသြားသလားဆိုတာကိုေတာ့…..စာေရးသူကိုယ္တိုင္လဲ မေဝခြဲတတ္ေတာ့ပါ တကားးးး……………………………..
………………….

( ၿပီးပါၿပီ)