ပတ္တမြားစေတီ

***ပတ္တမြားစေတီ***(စ/ဆုံး)

———————–@@@@@——————————

ပတ်၀န်းကျင်ကြီးတစ်ခုလုံးက နီစွေးတဲ့ အဆင်းကို ဆောင်နေတယ်။

 

မောင်ထူးတစ်ယောက် သူရောက်ရှိနေတဲ့ ပတ်၀န်းကျင်ကို မယုံကြည်နိုင်လောက်အောင် တအံ့တသြဖြစ်မိရင်း မင်စက်နေမိလေရဲ့။

 

သူ့အရှေ့ဆီမှာ နီစွေးတဲ့အဆင်းနဲ့ မြေလမ်းကလေးတစ်ခုက ကုန်းပြင်မြင့်မြင့်ဆီကို ဦးတည်လမ်းခင်းပေးနေတယ်။

 

” လမ်းအတိုင်း တက်သွားလိုက်ပါ…”

 

” မသွားနဲ့…အဲ့ဒီ့လမ်းမှာ မကောင်းဆိုးရွားတွေရှိနေတယ်…”

 

တိုက်တွန်းသံတွေနဲ့ တားမြစ်သံတွေက သူ့နားဆီကို ဆူညံနေအောင် ရိုက်ခတ်လာတယ်။

 

မောင်ထူး အသံတွေကို နားထောင်ပြီး ဘာလုပ်ရမယ်မသိဘူး။

 

လမ်းကလေးကို ကြည့်မိတော့ သူ့စိတ်ထဲ သွားကြည့်ချင်စိတ်က တားမရလောက်အောင် ဖြစ်ပေါ်လာတယ်။

 

ခြေလှမ်းကို စတင်လိုက်ပြီ။

 

လမ်းကလေးက အိစက်ညက်ညောနေပြီး သူ့ခြေလှမ်းတွေက ရပ်မရတော့ဘူး။

 

မကြာဘူး။

 

တောင်ကုန်းကလေးရဲ့ ထိပ်ဖျားဆီကို ရောက်လုရောက်ခင်ဖြစ်လာတယ်။

 

တောင်ကုန်းထက်ဆီကို လှမ်းမျှော်မော်ကြည့်မိတော့ နီရဲတောက်ပလွန်းတဲ့ အလင်းရာင်တွေ လင်းဖြာနေတာကို သူမြင်လိုက်ရတယ်။

 

” ဟင်…”

 

ရုတ်တရက်ပါပဲ။

 

ပတ်၀န်းကျင်တစ်ခုလုံးက မှောင်မိုက်သွားလေတယ်။

 

” မသွားနဲ့…”

 

” ဘုတ်…”

 

အော်သံနက်ကြီးတစ်ခုကို ကြားလိုခက်ရပြီး တစ်စုံတစ်ယောက်ရဲ့ တွန်းတိုက်မှုကို ခံလိုက်ရတာကြောင့် သူ လွင့်စင်ထွက်သွားရတယ်။

 

အဲ့ဒီ့နောက်မှာတော့…။

 

*******

 

လေဟာနယ်တစ်ခုထဲကို ပြုတ်ကျသွားသလိုမျိုး ခံစားချက်၊ သွေးပျက်ထိတ်လန့်မှုတွေနဲ့အတူ မောင်ထူး အိပ်ရာက လန့်နိုးလာခဲ့ရတယ်။

 

” ငါ…အိပ်မက်မက်နေတာပဲ၊ သိပ်ကို ထိတ်လန့်စရာကောင်းတယ်။ ဘာဖြစ်လို့များ ဒီအကြောင်းကိုပဲ ငါ အကြိမ်ကြိမ် အိပ်မက်နေတာပါလိမ့်…”

 

မောင်ထူးစိတ်ထဲက ရေရွတ်ရင်းတွေးမိတယ်။ ပြီးတော့ အိပ်ရာထဲ ပြန်လှဲလိုက်တယ်။ ဒါပေမယ့် အတွေးတွေကြောင့် ပြန်အိပ်မပျော်ခဲ့ဘူး။

 

” အောက်…အီး…အီး…အွတ်…”

 

လင်းကြက်တွန်သံက ထွက်ပေါ်လာတော့ မောင်ထူး အတွက် အိပ်စက်ဖို့ရာမဖြစ်နိုင်တော့ဘူး။

 

အိပ်ရာကနေ မောင်ထူး ထလိုက်တယ်။ ပြီးတော့ သရဏဂုံတင်ပြီး မျက်နှာသစ်လို့ ၀န်းကျင်တစ်ခွင်ကို မေတ္တာပို့ အမျှအတန်းပေးဝေလိုက်တယ်။

 

မျက်နှာသစ်ပြီးတော့ မောင်ထူး ဘုရားကျောင်းဆောင်အရှေ့ဆီကို ရောက်သွားတယ်။ ပန်းတွေက ညတုန်းက ဆပ်ကပ်ထားတာမို့ သောက်တော်ရေချမ်းကိုသာ လဲလှယ်လိုက်ပြီး ဆီမီးနဲ့ အမွှေးနံ့သာပူဇော်လို့ မောင်ထူး ဘုရား၀တ်တက်လိုက်တယ်။

 

အတန်ကြာတော့ မောင်ထူး ဘုရား၀တ်တက်လို့ ပြီးစီးလေရဲ့။

 

အဲ့ဒီအချိန်မှာ မိခင်ဖြစ်က မောင်ထူးအတွက် ထမင်းကြမ်းစားဖို့နဲ့ နေ့လည်စာအတွက် ထမင်းထုပ်ပြင်ပြီးလေပြီ။

 

မောင်ထူး ထမင်းကြမ်းကို စားလိုက်တယ်။ ပြီးတာနဲ့ လွယ်အိတ်ကို လွယ်၊ ထမင်းထုပ်ကို ယူပြီး အလုပ်ဆီကို ထွက်လာခဲ့တော့တာ။

 

******

 

မောင်ထူးရဲ့အလုပ်က နေ့စားတောင်သူ။

 

ပြောရရင် သူတို့ရွာက တောင်ခြေမှာ အခြေပြုပြီး တောင်ယာအလုပ်တွေနဲ့သာ ရပ်တည်ကြရတာ။

 

ပုံမှန်ဆိုရင်တော့ မောင်ထူးအနေနဲ့ ကိုယ်ပိုင်တောင်ယာ ချဲ့ထွင်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ဒါပေမယ့် အသက်အရွယ်ကြီးရင့်နေတဲ့ မိခင်ကြီးရယ် သူရယ် နှစ်ကိုယ့်တစ်စိတ်သာရှိတဲ့ ဘ၀ရပ်တည်မှုကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူး။

 

သူ့အနေနဲ့ ကိုယ်ပိုင်တောင်ယာအတွက် အချိန်ပေးလိုက်မယ်ဆို သားအမိတွေ ကာလအပိုင်းအခြားတစ်ခုအထိတော့ ထမင်းငတ်သွားနိုင်တယ်။

 

ဒါကြောင့်မို့ပဲ ခြေစုံပစ်ပြီး မရင်းရဲခဲ့ဘဲ သူများတောင်ယာကို အခစား၀င်လုပ်ရင်း နေ့စဉ် အလုပ်ပြန်ချိန်မှသာ လွတ်ကင်းရာနေရာတစ်ခုဆီမှာ အချိန်အနဲငယ်စီပေးပြီး ခုတ်ထွင်ကြိုးစားမိရတယ်။

 

အခု ဒီနေ့မှာလည်း မောင်ထူးတစ်ယောက် တစ်နေကုန် အလုပ်လုပ်ပြီး ညနေပြန်ချိန်ကျ ထုံးစံအတိုင်း သူသတ်မှတ်ရာ နေရာလေးဆီမှာ တောင်ယာခုတ်ထွင်နေမိခဲ့တယ်။

 

အလုပ်ဆီကို အာရုံနစ်သွားမိတာမို့ နေ၀င်မှောင်မိုက်ခဲ့တဲ့ ပတ်၀န်းကျင်ကို မောင်ထူး သတိမထားမိခဲ့ဘူး။

 

နေ၀င်ပြီးနောက် ရုတ်တရက် လေပြင်းတွေ တိုက်ခတ်စပြုလာပါမှ မောင်ထူး ပတ်၀န်းကျင်ကို သတိထားမိသွားခဲ့တယ်။

 

အလုပ်ကို အမြန်ဆုံး လက်စသိမ်းပြီး မောင်ထူး အပြန်လမ်းကို ဦးတည်လိုက်တယ်။

 

ဒါပေမယ့် လေပြင်းနဲ့အတူ မိုးသက်မုန်တိုင်းတစ်ခုက အလျင်အမြန်ပဲ စတင်လာခဲ့ပြီမို့ မောင်ထူး အိမ်အပြန်လမ်းအတိုင်း သုတ်ပြာပြာနဲ့ ပြေးခဲ့တယ်။

 

သူ့တောင်ယာကနေ အိမ်ကို ရောက်ဖို့က တောင်ကုန်းလေးကုန်းလောက်ဝေးတယ်။ ရုတ်တရက်ကြီး မိုးက ပိုပြီးသည်းထန်လာတော့ မောင်ထူးတစ်ယောက် သွားရလာရခက်ပြီး အရှေ့လမ်းဆီကိုတောင် ကောင်းကောင်းမမြင်ရတော့ဘူး။ အမှောင်ထုက သိပ်သည်းဆပြင်းလာတာမို့ အမှတ်မထင် လမ်းက မှားခဲ့သေးတယ်။

 

မိခင်ကြီးစိတ်ပူပြီး မျှော်နေမှာဆိုတဲ့အတွေးနဲ့ မောင်ထူး ကြိုးစားပြီး လှမ်းနေပေမယ့် ကြာလာတော့ မိုးနဲ့လေတို့ရဲ့ တိုးတိုက်အားတွေကို မောင်ထူး မခံနိုင်တော့ဘူး။

 

ဒါနဲ့ပဲ အန္တရာယ်များလှတာမို့ စိတ်ကိုလျော့ပြီး မိုးတိတ်မှ သွားတော့မယ်လို့ ဆုံးဖြန်ကာ အဆင်ပြေရာ ကျောက်စွန်းတစ်ခုဆီမှာ မိုး၀င်ခိုမိရတော့ပြီ။

 

အချိန်က တဖြေးဖြေး မှောင်လာခဲ့တယ်။

 

မောင်ထူး မိုးဒဏ်လေဒဏ်ကို ကြိတ်မှတ်ခံစားရင်း ပြန်ရမယ့်အချိန်ကို စောင့်စားနေတာ အချိန်တွေကြာလာတဲ့အထိ မိုးကစဲမလာတော့ မျက်လုံးတို့က မှေးစင်းလာခဲ့ရပြီ။

 

မကြာပါဘူး။

 

မောင်ထူးတစ်ယောက် တစ်နေကုန်ပင်ပန်းထားတဲ့ ဒဏ်ကြောင့် ကျောက်စွန်းကြီးအောက်ဆီမှာတင် မှေးစက်အိပ်ပျော်သွားခဲ့ရတော့တယ်။

 

******

 

” ခစ်…ခစ်…ခစ်…”

 

ရွှင်ရွှင်မြူးမြူးနဲ့ ရယ်မောလိုက်တဲ့ မိန်းမတွေရဲ့ အသံကြောင့် မောင်ထူး လန့်နိုးလာခဲ့တယ်။

 

” ဘာပါလိမ္​့…”

 

အိပ်မှုန်စုံမွှားနဲ့ သူ့ကိုယ်သူ ပြန်လည်ပြီး ဆန်းစစ်တော့ အဖြစ်အပျက်တွေကို ပြန်သတိရမိတယ်။

 

အခုအခ်ျန်မှာတော့ မိုးသက်လေပြင်းက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ကောင်းကင်ဆီမှာ ကြယ်တို့ပင် ထွန်းလင်းနေခဲ့လေရဲ့။

 

” ရာသီဥတုကလည်း ချက်ချင်းကြီးကို ကောင်းမွန်သွားတော့တာပဲ…”

 

” ခစ်…ခစ်…ခစ်…”

 

ရယ်မောသံတွေကို ထပ်ကြားလိုက်ရတယ်။ လူလုံးတော့ မမြင်ရဘူး။

 

မောင်ထူးစိတ်ထဲ ဒီအချိန်ကြီး တောထဲမှာ လာပြီး ရယ်မောနေတဲ့ မိန်းမတွေကို လူစင်စစ်တော့ မဖြစ်နိင်ဘူးလို့ တွေးမိပြီး ချောချမ်းသလိုတောင် ဖြစ်မိသွားခဲ့တယ်။

 

ဒါနဲ့ပဲ မနက်မိုးလင်းမှ သူပြန်သင့်တယ်လို့ သိလိုက်ပြီး သတိ၊ ဝီရိယထားလိုက်လို့ ပါးစပ်ကနေ သရဏဂုံသုံးပါးနဲ့ မေတ္တာသုတ်၊ တို့ကို ရွတ်ဆိုနေလိုက်တယ်။

 

တဖြေးဖြေးနဲ့ မောင်ထူး မျက်လုံးတွေ ပြန်လည်ပြီး မှေးစင်လာခဲ့တယ်။

 

ပြီးတော့ ပြန်လည်ပြီး အိပ်ပျော်သွားခဲ့တော့တာ။

 

*******

 

စူးရှတဲ့ အလင်းရောင်ကြောင့် မောင်ထူး မျက်၀န်းအစုံကို ဖွင့်ကြည့်လိုက်တယ်။

 

” အို…ဒါဘယ်နေရာပါလိမ့်…”

 

မနက်အာရုံရဲ့ အလင်းရောင်နဲ့အတူ သူမြင်နေရတဲ့ မြင်ကွင်းတို့က သူ့အတွက် အရာရာ အသစ်အဆန်းဖြစ်နေတယ်။

 

သူရှိနေတဲ့ တောင်ကုန်းလေးရဲ့ အောက်ခြေမှာ ရွာလေးတစ်ရွာရှိနေပြီး လူသူ ကလေးတို့က ပျော်ပျော်ပါးပါးဆော့ကစားနေကြတယ်။

 

မောင်ထူး ဒီနေရာတစ်၀န်းမှာ ကျင်လည်နေခဲ့တာ သူ့အသက်နဲ့အမျှလို့တောင် ပြောလို့ရနေတာမို့ ဒီနေရာနဲ့ ဒီရွာကို သူတစ်ခါမှ မမြင်ဖူးဘူး။

 

” ဒါက ဘယ်နေရာလဲကွာ။ တစ်ခါမှလည်း မမြင်ဖူးဘူး…”

 

မောင်ထူး ညတုန်းက အိပ်စက်ရာ ကျောက်တုံးကြီးအောက်ဆီက တိုးထွက်လိုက်တယ်။

 

“ဟောတော်…ဒီမယ် လူတစ်ယောက်…”

 

အသံကြားလို့ မောင်ထူး လှည့်ကြည့်မိတော့ သူနဲ့ မလှမ်းမကမ်းဆီမှာ တောပန်းတွေကို ပွေ့ပိုက်ထားတဲ့ သူနဲ့အရွယ်မတိမ်းမယိမ်း မိန်းမပျိုတစ်သိုက်။

 

မိန်းကလေးတွေက သူ့ကို ကြည့်ပြီး ရယ်နေကြတယ်။ ပြီးတော့ သူရှိရာဆီကို လှမ်းလာတယ်။

 

” ညီမလေးတို့ ဟို…စိတ်မရှိရင် တစ်ခုလောက်မေးပါရစေ…”

 

” ဟုတ်ကဲ့ မေးပါရှင်…”

 

အားလုံးထဲက တစ်ယောက်က ရွှင်မြူးတက်ကြွစွာနဲ့ဖြေကြားလာတယ်။

 

” ဟို…မနေ့ညတုန်းက ကျုပ် မိုးသက်မုန်တိုင်းမိပြီး လမ်းမှားလို့ ဒီကိုရောက်ခဲ့တာ။ အဲ့ဒါ…ကျုပ်နေတဲ့ ရွာကို ဘယ်လိုပြန်ရမယ်မသိတော့လို့ လမ်းညွှန်ပေးပါလား…”

 

မောင်ထူးရဲ့ စကားအဆုံး မိန်းကလေးတွေက ထရယ်ကြတယ်။ ပြီးတော့ တခြားတစ်ယောက်က…။

 

” ဒီက အကိုက အကို့ရွာဆီကို ပြန်လို့မရတော့ဘူး။ ပြီးတော့ အကို ဒီရွာကို ရောက်လာတယ်ဆိုတာကလည်း နိဗ္ဗာန်ဘုံကို ရောက်သလို သိပ်ကိုကံကောင်းတယ်လို့ ပြောရမယ်…”

 

” ဗျာ…ဘာကြောင့်လဲ ကျုပ် နားမလည်ဘူး…”

 

” မနေ့ညက ဒီကအကို မိုးလေထဲမှာ ခြေချော်ပြီး ချောက်ထဲပြုတ်ကျလို့ သေဆုံးခဲ့တာ…”

 

” ဗျာ…”

 

” ဘာကြောင့် ကံကောင်းတယ် ပြောရလဲဆိုတော့က ဒီရွာကို သူတော်စင်ရွာလို့ခေါ်တယ်။ လူ့ဘ၀တုန်းက ကုသိုလ်ကောင်းမှုလုပ်သူတွေသာ ဒီကို ရောက်နိုင်တာမို့ပါ…”

 

မောင်ထူး အံ့အားသင့်သွားရတယ်။

 

” အကို မယုံရင် ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်…”

 

မောင်ထူး အလိုက်အထိုက်ပဲ မော့ကြည့်လိုက်မိတယ်။

 

” နေရဲ့ အလင်းရောင်ကို တွေ့မိလားအကို…”

 

မောင်ထူး လိုက်ရှာကြည့်မိပေမယ့် နေရဲ့အလင်းရောင်ကို စိုးစဉ်မျှ မတွေ့ရဘူး။

 

” ကျုပ်…တကယ်ပဲ သေသွားခဲ့တာလား…”

 

” ဟုတ်တာပေါ့…”

 

” ဟာ…”

 

မောင်ထူးရင်ထဲ ၀မ်းနည်းပက်လက်ဖြစ်သွားရတော့တယ်။

 

” ကျုပ် မသေချင်သေးဘူးလေ။ ကျုပ်မှာ အမေရှိနေသေးတယ်။ ကျုပ် မသေချင်သေးဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာ သိရင် ကျုပ်ကို ပြောပြပါလားဗျာ…”

 

မောင်ထူး ပြောပေမယ့် မိန်းကလေးတွေက သူ့ကို ကိုယ်ချင်းစာပုံမရဘူး။

 

” အခုမှတော့ ငိုနေလို့လည်း အပိုပါပဲ အကို။ လာပါ…စန္ဒာတို့နဲ့ ရွာထဲကိုသာ လိုက်ခဲ့လိုက်ပါတော့…”

 

ရွေးချယ်ဖို့ရာ မရှိတော့တာမို့ မောင်ထူးလည်း ရွာထဲကို လိုက်သွားခဲ့ဖို့ ဆုံးဖြတ်လိုက်တော့တယ်။

 

*******

 

” အရေးတော့ ကြီးပြန်ပြီ လူလေးတို့ရေ…”

 

မနက်စောစောအချိန်။

 

ဒိုးညီနောင်နဲ့ ဦးသိဒ္ဒိတို့ ဇရပ်တစ်ခုဆီမှာ တစ်ညတာ၀င်နားခိုခဲ့ကြပြီး ခရီးပြန်လ်ဆက်ကြဖို့ ပြင်ဆက်နေတဲ့အချိန်၊ ရုတ်တရက် ပြောလာတဲ့ ဦးသိဒ္ဒိရဲ့ စကားကြောင့် ဒိုးညီနောင်တို့ အံ့သြသွားရတယ်။

 

“ဘာများဖြစ်လို့လဲ ဘဘ…”

 

” ဘဘတို့ အခုသွားနေတဲ့ လမ်းကြောင်းကနေ သွေဖယ်ပြီး အနောက်ဘက်အရပ်ဆီက နှစ်ညအိပ်ခရီးလောက်သွားရမယ့် နေရာတစ်ခုဆီမှာ အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်နေခဲ့ပြီ…”

 

ဦးသိဒ္ဒိက စကားကို ခဏဖြတ်လိုက်တယ်။ ပြီးကာမှ…

 

” အဲ့ဒီ့မှာ သိပ်ကို ရိုးသားပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ လူငယ်လေးတစ်ယောက်က သာသနာတော်နဲ့ ပက်သက်တဲ့ အလွန်မှ ရှားပါးတဲ့ အခွင့်အရေးတစ်ခုကို ရရှိထားတယ်။ ဒါပေမယ့် အဖျက်အမှောင့်တို့ရဲ့ နှောက်ယှက်မှုကြောင့် သူ ဒုက္ခရောက်နေပြီ…”

 

” ဆိုးရွားလိုက်တာ…”

 

” ဟုတ်တယ် လူလေးတို့။ သူဟာ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီးခဲ့ရင် အတိတ်က ကံအကြောင်းတရားတွေ ပွင့်လာပြီး သာသနာတော်အတွက် အထောက်အပံ့တစ်ခုအဖြစ် ရှိနေမယ့်သူပဲ…”

 

” ထူးဆန်းလိုက်တာ ဘဘရယ်။ သာသနာတော်နဲ့ သက်ဆိုင်တဲ့ သူ့အတွက် ဘယ်လိုအခွင့်အရေးများ ရှိနေသလဲဆိုတာ ကျုပ်တို့တော့ သိပ်သိချင်တာပဲ…”

 

” သိပ်ကို ထူးကဲလွန်းတဲ့ အခွင့်အရေးတစ်ခုပဲ။ ဘဘတ်ို့လည်း သူ့ကို အမှီပြုပြီး ဒီအခွင့်အရေးကို ရရှိနိုင်မယ်ထင်တယ်…”

 

ဒိုးညီနောင်တို့ ပြုံးရွှင်သွားကြတယ်၊

 

” ဒါဖြင့်လည်း ဘဘရယ်။ အခုပဲ သွားကြစို့လား…”

 

” သွားကြတာပေါ့ကွယ်။ ဒါပေမယ့် သိပ်ကိုအရေးကြီးတဲ့အတွက် တို့တတွေ နေ့ရောညပါ မနားမနေ သွားကြရမှာမို့ ဒီကတည်းက တစ်စုံတစ်ခု စားသောက်သွားကြတာပေါ့ကွယ်…”

 

ဦးသိဒ္ဒိက ပြောပြီးတာနဲ့ သိပ်မလှမ်းမကမ်းဆီက ရွာဆီကို ၀င်လိုက်ကြတယ်။

 

ပြီးတော့ အကြော်နဲ့ ကောက်ညှင်းပေါင်းတို့ကို၀ယ်ယူပြီး ပြန်ထွက်ခဲ့ကြတယ်။

 

ဇရပ်ဆီကို ပြန်ရောက်တော့ ဦးသိဒ္ဒိက ကောက်ညှင်းပေါင်းနဲ့ အကြော်ကို မစားခင် မန္တာန်တစ်ပုဒ်ရွတ်ဆိုတယ်။ ပြီးတော့မှ သုံးယောက်စလုံး စားသုံးကြတယ်။

 

” ဘဘ…ဘာကြောင့် မန္တာန်အုပ်တာလဲ…”

 

” အင်း…ဒီမန္တာန်က အာဟာရသိဒ္ဒိမန္တာန်ရယ်ကွဲ့။ ခရီးကလှမ်းပြီးတော့ တောလမ်းခရီးကို သွားရမှာဆိုတော့ လမ်းခရီးမှာ စားသောက်ဖို့ရာက မလွယ်ကူဘူး။ ဒါကြောင့် မန္တာန်ရွတ်ပြီး သိဒ္ဒိခံပေးလိုက်တာ။ ဒါပြီးရင်တော့ တို့တတွေ တစ်ပါတ်လောက် ဘာမှမစားဘဲ နေလို့ရသွားခဲ့ပြီ…”

 

” ဪ…အဲ့ဒီ့လိုလား ဘဘ…”

 

” အင်း…လူလေးတို့လည်း မူလဋ္ဌာနေကို ပြန်ရောက်ပြီးတဲ့အခါကျရင် အင်း၊ အိုင်နဲ့ မန္တာန်၊ မန္တရားတွေအကြောင်းကို သင်ယူကြရလိမ့်မယ်။ ကျင့်စဉ်တွေကျင့်ကြရလိမ့်မယ်။ အဲ့ဒီ့အခါကျရင်တော့ လူလေးတို့ အားသန်ရာကို ရွေးချယ်ပြီး သင်ယူကြချေပေါ့။ ဒါတွေ သင်ယူကျင့်ကြံပြီးတဲ့အခါကျရင်တော့ လူလေးတို့ နားလည်လာကြမှာပါ…”

 

” ဟုတ်ကဲ့ ဘဘ…”

 

ဒိုးညီနောင်တို့က အားတက်သရောပြောလိုက်တယ်။

 

အဲ့ဒီ့လိုနဲ့ စားသောက်လို့ ပြီးစီးချိန်မှာတော့ သူသို့သုံးယောက် အနောက်ဘက်အရပ်ဆီကို လမ်းကြောင်းပြောင်းလို့ ဦးတည်လှမ်းခဲ့ကြတော့တာ။

 

******

 

” ဒီရွာက အတော်လေး နေပျော်ဖို့ကောင်းတယ်နော်…”

 

ရွာဆီက ဧည့်ခံကျွေးမွေးကြတဲ့ အစားအသောက်လို့အပြီးမှာ မောင်ထူးရဲ့ စိတ်တွေက အထူးတလည်ကိုပဲ ပြောင်းလဲသွားခဲ့တယ်။

 

နောက်ပိုင်းမှာ ကျန်ရစ်တဲ့ မိခင်ကိုလည်း သတိမရနိုင်တော့သလို အခုမှရောက်ဖူးတဲ့ သူတော်စင်ရွာဆီမှာပဲ နေချင်စိတ်တွေက တဖွားဖွားပေါ်လာနေတော့တာ။

 

” အကို ဒီမှာ နေမယ်ဆိုရင် ကျွန်မတို့က သိပ်ပျော်နေမှာပဲ…”

 

စန္ဒာတို့တစ်သိုက်ကပြောတော့ မောင်ထူး ကျေနပ်မိရတယ်။

 

” နေမှာပေါ့။ အကို တစ်သက်လုံးကို နေမှာ…”

 

” ဒါဖြင့် အကို ပိုပြီး နေပျော်သွားရအောင် စန္ဒာတို့ ရွာပတ်၀န်းကျင်ကို အလည်သွားကြရအောင်။

 

မောင်ထူးနဲ့ စန္ဒာတို့တစ်သိုက် ထွက်လည်ခဲ့ကြတယ်။

 

လမ်းခရီးတစ်ခုလုံးဆီမှာ အိမ်မွေးတိရိစ္ဆာန်တွေ မတွေ့ရတာကို မောင်ထူးသတိထားမိလေတယ်။

 

” စန္ဒာတို့ရွာမှာ တိရစ္ဆာန်တွေ မွေးတာမျိုး မတွေ့ရဘူးနော်…”

 

စန္ဒာရုတ်တရက် မျက်စိမျက်နှာ ပျက်သွားတယ်။

 

” အို…ကိုမောင်ထူးကလည်း ဒီရွာက သူတော်စင်ရွာလေ။ ဒါကြောင့် တိရိစ္ဆာန်တွေမွေးထားရင် ညှင်းပန်းသလိုဖြစ်မှာစိုးလို့ မမွေးကြတာ…”

 

အနောက်က တစ်ယောက်က ၀င်ပြောတော့ မောင်ထူး ဟုတ်သလိုလိုရှိသားလို့ တွေးမိပြီး ခေါင်းညိတ်လိုက်မိတယ်။

 

အဲ့ဒီ့အခိုက်မှာပဲ ဝုန်းဆိုတဲ့ အသံနဲ့အတူ ရွာအပြင်တစ်နေရာဆီက အလင်းရောင်တချို့ ထွက်ပေါ်လာခဲ့တယ်။

 

” အို…ဘာဖြစ်တာလဲ…”

 

” စည်းပေါက်ပြီဟေ့…ပြေးကြ…ပြေးကြ…”

 

ရုတ်တရက် နံဘေးနားဆီက စန္ဒာတို့တစ်သိုက် အသံနက်ကြီးတွေနဲ့ အော်ပြီး ထွက်ပြေးကုန်ကြတယ်။

 

မောင်ထူးကတော့ ရုတ်ခြည်းဖြစ်ပေါ်လာတဲ့ အခြေအနေကို နားမလည်နိုင်ဘဲ ကြောင်အမ်းရပ်ကြည့်နေမိလေရဲ့။

 

” တယ်…ငမိုက်သားတွေ။ နင်တို့တတွေကို ကောင်းကောင်းဆုံးမမှ ရမယ်…”

 

အလင်းရောင်ဆီက အသံနဲ့အတူ တိုးထွက်လာတဲ့ အသက်ကြီးကြီး လူကြီးတစ်ယောက်နဲ့ ကလေးငယ်နှစ်ယောက်။ သူတို့အားလုံး ယောဂီအ၀တ်ကို ဆင်မြန်းထားကြတယ်။

 

အဲ့ဒီ့သုံးယောက် မောင်ထူးအနားကို ရောက်လာတော့ မောင်ထူးလည်း ဘာရယ်ဆိုတာကို ရေရေရာရာမသိဘဲ ထွက်ပြေးဖို့ကြိုးစားလိုက်တယ်။

 

” တူမောင်လေး…ငါတို့က နင့်ကို လာကယ်တာ။ နင်က သေချင်လို့ ပြေးတာလား…”

 

မောင်ထူးရဲ့ ခြေလှမ်းတွေက တန့်ခနဲဖြစ်သွားရတယ်။

 

ဘာကြောင့်လဲဆိုတော့ အခုနက သူတော်စင်ရွာဆိုတာကို သူမမြင်ရတော့ဘဲ ခြုံနွယ်ပိတ်ပေါင်းတွေကိုသာ မြင်လိုက်ရတာမို့ပဲ။

 

” သူတို့ ဘယ်ရောက်ကုန်တာလဲ…”

 

မောင်ထူး ရေရွတ်မိလိုက်တုန်း ယောဂီ၀တ်နဲ့သူတွေက သူ့အနားကို ရောက်လာခဲ့တယ်။

 

” ကဲ…ကောင်လေး ဘယ်လိုလဲ နင် အမှန်ကို မြင်နိုင်ပြီမလား…”

 

လူကြီးက ပြောလာတော့ မောင်ထူး ဘာပြန်ပြောရမယ်မသိခဲ့ဘူး။

 

အဲ့ဒီ့အခိုက်မှာပဲ လူကြီးက ရုတ်တရက် သူရဲ့ ညာဘက်လက်နဲ့ မောင်ထူးရဲ့ ဦးခေါင်းကို အုပ်ကိုင်လိုက်တယ်။

 

ပြီးတော့ မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်တယ်။

 

” ဝေါ့…အော့…”

 

မန္တာန်ဆုံးတာနဲ့ မောင်ထူး အန်ချင်စိတ်တို့ကို ဘယ်လိုမှ ထိန်းမရခဲ့ဘဲ အန်ချလိုက်မိတယ်။

 

” အို…သစ်ခေါက်တွေ သစ်ရွက်တွေပါလား…”

 

မောင်ထူး တအံ့တသြရေရွတ်မိသလို ကလေူငယ်နှစ်ယောက်ကလည်း အံ့သြနေမိကြတယ်။

 

” ထင်တဲ့အတိုင်းပဲ အစာပင်းထည့်ပြီး လူကို လှည့်စားထားတာ၊ တယ်ခက်တဲ့ မိစ္စာကောင်တွေ…”

 

လူကြီးက ရေရွတ်လိုက်တော့ မောင်ထူးက ၀မ်းထဲက စားထားမိတဲ့ သစ်ရွက်သစ်ခေါက်တွေကို အကုန်ပြန်အန်ပြီးခဲ့ပြီ။

 

” ကျုပ်…ကျုပ် ဘာဖြစ်သွားတာလဲဟင် ဘကြီး။ ဟို…ဘကြီးတို့ကကော ဘယ်သူတွေလဲ။ ပြီးတော့ ကျုပ်ကကော သေသွားပြီလား…”

 

မောင်ထူးက ပုံမှန်စိတ်ဆီကို ပြန်ရောက်ပြီမို့ မေးခွန်းတွေတသီကြီး မေးလာချေပြီ

 

” ဘကြီးတို့က ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ပဲ။ အင်း…ပြောပြရရင်တော့ တူမောင်က မသေသေးဘူးရယ်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကတော့ တူမောင်ဟာ သာသနာတော်ဆီက လွန်စွာမှ ခဲယဉ်းလွန်းတဲ့ အခွင့်ထူးတစ်ခုကို ရရှိထားတယ်။ အဲ့ဒါကတော့ ပတ္တမြားစေတီကို ဖူးမျှော်ခွင့်ရထားခြင်းပဲ…”

 

” ပတ္တမြားစေတီ ဟုတ်လား ဘကြီး…”

 

မောင်ထူး စဉ်းစားမိသွားတယ်။ ဦးသိဒ္ဒိကပဲ…။

 

” ဟုတ်ပါတယ် တူမောင်။ သင်ဟာ ဒီအမှုကို ပြုပြီးတဲ့အခါမှာ သာသနာတော်ကို သူမတူ၊ တစ်မူထူးတဲ့ စောင့်ရှောက်ခြင်းမျိုးနဲ့ စောင့်ရှောက်ပြီး အဓွန့်ရှည်ကြာရေးအတွက် ကြိုးစားပေးသူဖြစ်လာလိမ့်မယ်…”

 

” ဟာ…ကျုပ် မှတ်မိပြီ ဘကြီး။ ဘကြီးပြောတဲ့ ပတ္တမြားစေတီဆိုတာက ကျုပ် အမြဲလို အိပ်မက်မိတဲ့အထဲက အနီရောင်စူးစူးရှရှကို ပြောတာဖြစ်မယ်။ ကျုပ်က အဲ့ဒါကို စေတီမထင်မိဘူး။ သာမန်ညောင်ကျလောက်ပဲ ထင်မိတာ။ ဪ…ဒါကြောင့်လည်း အိပ်မက်ထဲမှာ ကျုပ်ကို မသွားနဲ့ဆိုပြီးတားသူရှိသလို သွားပါဆိုပြီး တိုက်တွန်းသူတွေလည်း ရှိနေတာပေါ့…”

 

” မှန်တာပေါ့ တူမောင်ရယ်။ အခုပဲ လက်တွေ ကြုံခဲ့ပြီမလား…”

 

” ဗျာ…ဘကြီး ဘာကို ပြောတာလဲ…”

 

မောင်ထူးက နားမလည်တမ်းမေးလာတော့ ဦးသိဒ္ဒိတို့သုံးဦးက ပြုံးသွားတယ်။

 

” တူမောင် အခုနက ကြုံခဲ့တာတွေကိုပြောတာပ။ တူမောင့်ကို စေတီဆီ ရောက်မသွားနိုင်ဖို့အတွက် မကောင်းတဲ့မိစ္စာတွေက လှည့်ဖျားတားမြစ်တာလေ…”

 

” တော်သေးတာပေါ့ ဘကြီးရာ။ ဘကြီးတို့သာ ရောက်မလာခဲ့ရင် ကျုပ်တော့ တကယ်သေပြီမှတ်ပြီး ဒုက္ခတွေတွေ့ရတော့မှာ…”

 

” ကဲပါ တူမောင်၊ အချိန်တော့ သိပ်မရှိတော့ဘူး။ ဒီကနေ့က တူမောင်အတွက် အစက် ၁၉ နှစ်ပြည့်တဲ့နေ့မှတ်လား…”

 

မောင်ထူးက စဉ်းစားလိုက်ပြီး…။

 

” မဟုတ်သေးဘူး ဘကြီး။ ကျုပ် မွေးရက်ကို ရောက်ဖို့က နှစ်ရက်တိတိလိုသေးတယ်…”

 

ဦးသိဒ္ဒိက ခေါင်းကို ခါရမ်းလိုက်၏။

 

” လှည့်ဖျားမှုကို ခံထားရတာကြောင့် ရက်ချိန် ကွဲလွဲမှုတွေ ဖြစ်နေခဲ့တာ။ ဒီကနေ့က စနေနေ့၊ တူမောင် သူတို့နဲ့ စတွေ့တုန်းက ကြာသပတေးနေ့၊ ဆိုတော့က တူမောင် သူတို့နဲ့ ရှိနေစဉ်မှာပဲ အချိန်နှစ်ရက်တာက ကုန်လွန်ခဲ့တာ…”

 

” ဗျာ…ဟုတ်ကော ဟုတ်လို့လား ဘကြီးရယ်။ ကျုပ်ဖြင့်တော့ အဲ့ဒီ့မှာ ခဏကလေးပဲ နေခဲ့ရတာ…”

 

” ကဲပါလေ…အခု ဘကြီးက ရှင်းပြပြီးပြီဆိုတော့ တူမောင် နားလည်လိုက်ချေတော့။ အခု တူမောင်ထပ်ပြီး သိထားရမှာက တူမောင်အနေနဲ့ ဒီနေ့တစ်ရက်တာသာပဲ ပတ္တမြားစေတီကို ဖူးခွင့်ရမှာ။ ဒါကြောင့် အခုပဲသွားကြတာပေါ့…”

 

ဦးသိဒ္ဒိရဲ့ စကားဆုံးတော့ လေးယောက်သား အနောက်ဘက်အရပ်ဆီကို ဦးတည်လို့ လှမ်းခွာကုန်ကြတော့တယ်။

 

*******

 

တစ်နေကုန် ခရီးနှင်ကြပြီး ညနေစောင်းအချိန်မှာတော့ မြူတွေဆိုင်းနေတဲ့ မြေနီနီတောင်ကုန်းကလေးရဲ့ အခြေဆီကို ရောက်လာခဲ့ကြပြီ။

 

” ဒီနေရာပဲ…ဟုတ်တယ် ဒါက ကျုပ်အိပ်မက်ထဲက နေရာနဲ့ တထေရာထဲပဲ ဘကြီး…”

 

မောင်ထူးက ၀မ်းသာအားရနဲ့ ပြောပြီး အပေါ်ဆီကို တက်သွားဖို့ ဟန်ပြင်လိုက်တယ်။

 

” ကောင်လေး မသွားနဲ့ဦး…”

 

ဦးသိဒ္ဒိရဲ့ တားမြစ်သံကြောင့် မောင်ထူးရဲ့ ခြေလှမ်းတွေ ရပ်သွားခဲ့တယ်။

 

” လူလေးတို့ ဒီပတ်၀န်းကျင်မှာ ဘာတွေရှိနေသလဲ ကြည့်ကြည့်လိုက်…”

 

ဒိုးညီနောင်တို့ အာရုံခံကြည့်လိုက်ကြတယ်။

 

ပတ်၀န်းကျင်တစ်ခုလုံးမှာ ရောထွေးယှက်ဖျာနေတဲ့ မကောင်းတဲ့ အရိပ်အယောင်တွေကို မြင်လိုက်ရတယ်။

 

” ဘဘ…အရောင်အသွေးစုံလင်တဲ့ အခိုးအငွေ့တွေရှိနေတယ်…”

 

” အင်း…ဘဘမြင်ပါတယ်…”

 

ဦးသိဒ္ဒက ၀န်းကျင်တခိုကို ကြည့်ပြီး ဆုံးဖြတ်ချက်ချလေတယ်။

 

” ကဲ…လူလေးတို့ အချိန်ကလည်း သိပ်ကပ်နေပြီဆိုတော့ တို့တတွေ ဒီအထဲကို အတင်းတိုး၀င်မှရမယ်။ လူလေးတို့ သုံးယောက်စလုံး ဒီဆေးမြစ်လေးကို ငုံထားကြ။ ပြီးရင် ဘဘ သင်ပေးတဲ့ မန္တာန်ကို စိတ်မှတ်နဲ့ ရွတ်ပြီး သုံးယောက်စလုံး အပေါ်ကို တက်ကြချေ။ ဘဘက အနောက်ကနေ ကာပေးထားမယ်။ ဒိုးကြီးနဲ့ ဒိုးငယ်…လူလေးတို့က မောင်ထူးကို အလယ်မှာထားပြီး အရှေ့ကနေ တိုးတက်ကြချေပါ။ လူလေးတို့ရဲ့ အာစက်လျှာစက်ကြောင့် မန္တာန်က သာမန်ထက် အစွမ်းပိုကဲနေလိမ့်မယ်လို့ ဘဘထင်မိနေပါတယ်။ ကဲ…ဘဘ အချက်ပြတာနဲ့ လူလေးတို့ တက်ကြတော့…”

 

ဒိုးညီနောင်တို့ ဆေးမြစ်ကို ငုံလိုက်ကြပြီး မောင်ထူးကို ၀န်းရံလိုက်ကြတယ်။ အဲ့ဒီ့်ချိန်မှာပဲ ဦးသိဒ္ဒိက လွယ်အိတ်ထဲက ဆေးလုံးတချို့ကို ထုတ်ယူပြီး မန္တာန်အုပ်လို့ နံဘေး၀န်းကျင်ဆီကို ပစ်လွှတ်လိုက်တယ်။

 

” ရွှီး….”

 

” ဝုန်း…ဝုန်း…”

 

ဦးသိဒ္ဒိ ပစ်လွှတ်လိုက်တဲ့ ဆေးလုံးတွေက တစ်စုံတစ်ရာနဲ့ ထိတွေ့ပြီး တဝုန်းဝုန်း ပေါက်ကွဲကုန်တယ်။

 

” တက်ကြတော့ လူလေးတို့…”

 

ဒိုးညီနောင်တို့ ခြေလှမ်းစတင်လိုက်တယ်ဆိုရင်ပဲ နံဘေးပတ်၀န်းကျင်က ဆိုးရွား ခြောက်ခြားဖွယ် အော်သံတွေ ထွက်ပေါ်လာတယ်။ ပြီးတော့ လေပြင်းတွေကလည်း တဝုန်းဝုန်းတိုက်ခတ်လာလေရဲ့။

 

ပြီးတော့ အရိပ်မည်းကြီးတွေက မြေဆီကနေ တိုးထွက်လာကုန်ကြပြီး သူတို့ သုံးယောက်ကို တိုက်ခိုက်ဆွဲရဲဖို့ ကြိုးစားကြတယ်။

 

၀င်လာသမျ အရိပ်မည်းတွေကို ဒိုးညီနောင်တို့က လက်နဲ့ ရိုက်ကာထုတ်နေတယ်။ သူတို့လက်နဲ့ ရိုက်ကာထုတ်လိုက်တဲ့ အရိပ်မည်းကြီးတွေက လွင့်စင်ပြိုကွဲကုန်ကြလေရဲ့။

 

တဖြေးဖြေး တိုးတိုက်ရင်း တက်လာခဲ့ကြတာ ကုန်းပြင်ကလေးရဲ့ အပေါ်ပိုင်းဆီကို ရောက်လုရောက်ခင်ဖြစ်လာခဲ့တယ်။

 

” လူလေးတို့ ဆက်တက်ကြ…”

 

ဒိုးညီနောင်တို့က မောင်ထူးကို ကာပြီူ အတင်းတိုးတက်ကြတယ်။ ဦးသိဒ္ဒိက အနောက်ကနေ ကာပြီး လိုက်လာခဲ့တယ်။

 

အရိပ်မည်းမည်းတွေက အပေါ်ကို ရောက်လာလေ ပိုများလာလေပဲဖြစ်နေတယ်။

 

” ဝေါ…ဖရော…ဖရော…”

 

” အီ…ဟီး…ဟီး…”

 

အပေါ်ကို ရောက်လုနီးလေလေ လေပြင်းတွေက ပိုပြီး ကြမ်းကြမ်းတမ်းတမ်း တိုက်ခတ်လာပြီး အော်သံတွေကလည်း ပိုလို့ ဆူညံလာခဲ့တယ်။

 

” ကျွန်ုပ်တို့ဟာ နောင်တစ်ချိန်မှာ သာသနာအတွက် အထောက်အပံ့ဖြစ်စေမယ့် သူတစ်ယောက်ကို ကူညီပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် စေတီဆီက အစောင့်အရှောက်တို့ ကူညီပေးကြပါကုန်…”

 

ဦးသိဒ္ဒိက သစ္စာပြုလိုက်တယ်။

 

အဲ့ဒီ့အခိုက်မှာပဲ တောင်ကုန်းကလေးရဲ့ အပေါ်ဘက်ဆီက ညာသံပေးပြီး ပြေးဆင်းလာကြတဲ့ အသံတွေကို ကြားလိုက်ရတယ်။

 

ဦးသိဒ္ဒိ လှမ်းကြည့်မိတော့ အပေါ်ပိုင်းဗလာကျင်းထားပြီး ခါးတောင်းကျိုက်တွေနဲ့ တင်းပုတ်တွေ မြှောက်လို့ ပြေးဆင်းလာကြတဲ့ ရှေးခေတ် စစ်သည်တော်တွေ။

 

စစ်သည်တော်တွေက မည်းမည်းအရိပ်တွေကို ၀င်ရောက်ပြီး ရိုက်နှက်ကုန်ကြတယ်။

 

စစ်သည်တော်တွေရဲ့ ကူညီမှုကြောင့် မောင်ထူးနဲ့ ဒိုးညီနောင်တို့အတွက် လမ်းကြောင်းတစ်ခု ပွင့်လာခဲ့တာမို့ သူတို့ သုံးယောက် အလျင်အမြန်ပဲ ပြေးတက်လိုက်တယ်။

 

ဒီလိုနဲ့ တောင်ကုန်းကလေးရဲ့ ထိပ်က မြေပြန့်ကလေးကို ခြေချလိုက်မိချိန်မှာတော့ နီကျင်တဲ့အဆင်းနဲ့ စေတီကလေးတစ်ဆူကို သူတို့ ဖူးတွေ့လိုက်ရတယ်။

 

တပြိုင်နက်ထဲမှာပဲ အသံတွေနဲ့ အရိပ်မည်းတွေ စစ်သည်တော်တွေ အားလုံးက ရုတ်ခြည်းပဲ ဆိတ်သုဉ်းလို့ ပျောက်ကွယ်သွားခဲ့တော့တာ။

 

******

 

လေပြေညှင်းရဲ့ တိုက်ခတ်မှုကြောင့် တလွင်လွင် ထွက်ပေါ်နေတဲ့ ဆည်းလည်းသံတို့က ပတ်၀န်းကျင်ကို လွှမ်းမိုးထားတယ်။

 

မောင်ထူးနဲ့အတူ ဦးသိဒ္ဒိရော ဒိုးညီနောင်တို့ပါ နီရဲတဲ့အဆင်းတဲ့ စေတီတော်ကို ဥိးခိုက်ဖူးမြှော်နေမိကြတာ။

 

အချိန်တွေတောင် အတော်နှောင်းပြီး မှောင်ရီပျိုးခဲ့ပြီလေ။

 

တဖြေးဖြေးနဲ့ စေတီတော်ရဲ့ အသွင်က တမြေ့မြေ့ ပျောက်ကွယ်လာခဲ့တယ်။

 

ဦးသဒ္ဒိတို့အားလုံး လက်အုပ်ချီပြီး ဖူးမြှော်နေမိကြဆဲပဲ။ အမှောင်ထုက သိသိသာသာ လွှမ်းလာတဲ့အချိန်မှာတော့ စေတီတော်ဟာ သူတို့ရဲ့ မြင်ကွင်းကနေ လုံး၀ ကွယ်ခဲ့ပါပြီ။

 

” ကဲ…မောင်ထူး တို့တတွေ ပြန်ကြစို့ရဲ့…”

 

ဦးသိဒ်ဒိရဲ့ စကားသံ။

 

သူတို့အားလုံး တောင်ကုန်းကလေးရဲ့ အထက်ဆီကနေ ပြန်ဆင်းခဲ့ကြတယ်။

 

တက်လာတုန်းက အနှောက်အယှက်တွေအများအပြားရှိနေခဲ့တဲ့နေရာက အခုများကျတော့ သူမဟုတ်သလိုပါပဲ။

 

အရာရာ တိတ်ဆိတ်အေးချမ်းလို့ လေညှင်းကလေးတွေတောင် တိုက်ခတ်နေသေးတော့တာ။

 

မောင်ထူးရဲ့ စိတ်ဘ၀င်မှာတော့ စေတီတော်ကို ဖူးမြှော်မှုအဟုန်ကြောင့် ကြည်နူးစိတ်တွေ တဖျပ်ဖျပ်နဲ့ သာသနာတော် ပြန့်ပွားတိုးတက်ရေးအတွက် အရိုးကျေကျေ အရေခမ်းခမ်း ထမ်းရွက်ပါ့မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့လေတော့တာ။

 

နောက်တစ်နေ့ မနက်မိုးသောက်ချိန်မှာတော့ သူတို့တတွေ မောင်ထူးရဲ့ ရွာဆီကို ပြန်လည်ရောက်ရှိခဲ့ကြပါပြီ။

 

မောင်ထူးရဲ့ အမေက သုံးရက်ကျော်လောက် သတင်း အစအနတောင် မရဘဲ ပျောက်ရှနေတဲ့ သားဖြစ်သူကို ရုတ်တရက်တွေ့လိုက်ရတော့ ၀မ်းသာလုံးဆို့ပြီး ချုံးပွဲချငိုကြွေးတော့တာ။

 

မိခင်ဖြစ်သူကို အငိုတိတ်အောင်ညချော့မော့ဖြောင်းဖျပြီးတဲ့အချိန်မှာတော့ မောင်ထူးဟာ သူကြုံတွေ့ခဲ့ရတာတွေကို ပြောပြပြီး သာသနာ့ဘောင်ဆီကို အပြီး၀င်ရောက်ဖို့ ခွ့်တောင်းပါတော့တယ်။

 

ပထမတော့ မောင်ထူးရဲ့အမေက တစ်ဦးတည်းသော သားလေးမို့ အတင်းကို ငြင်းဆန်သေးတယ်။

 

ဒါပေမယ့် စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ပြီး လှည့်ဖျားမှုတွေများစွာနဲ့ သံသရာအကြားမှာ အတုန့်အလှယ်ကျင်လည်နေကြရတဲ့ ဘ၀ကို စိတ်ကုန်ငြီးငွေ့သွားရပြီမို့ မိခင်ဖြစ်သူဆီ အကြိမ်ကြိမ် တောင်းဆိုလေတော့တယ်။

 

နောက်ဆုံးတော့ မောင်ထူးရဲ့ အမေ လက်လျော့ခဲ့ရပါပြီ။ သားဖြစ်သူအတွက် ပီတိမျက်ရည်စက်လက်နဲ့ ခေါင်းကို ညိတ်လို့ ခွင့်ပြုခဲ့တော့တာ။

 

အဲ့ဒီ့အချိန် ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ မောင်ထူးတို့ရွာနဲ့ ဝေးသော အရပ်ဆီကို ဦးတည်လို့ ထွက်ခွာနေခဲ့ပါပြီ။

 

******

 

ဒီအဖြစ်အပျက်တွေ အပြီးမှာ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ သူတို့ရဲ့ နဂိုဦးတည်ရာဖြစ်တဲ့ လမ်းဆီကို ဆက်လှမ်းခဲ့ကြပါတယ်။

 

အဲ့ဒီ့လိုသွားနေရင်းနဲ့ လမ်းခရီးတစ်နေရာဆီကို ရောက်ချိန်မှာတော့ သစ်ပင်ကြိးတစ်ပင်အောက်မှာ ရှိုက်ငိုနေတဲ့ ဝိဥာဉ်တစ်ကောင်ကို မြင်ရပြီး အဲ့ဒီ့ဝိဥာဉ်နဲ့ ပက်သက်တဲ့ ကိစ္စတစ်ခုကို ဖြေရှင်းပေးဖို့ ဖြစ်လာပါတော့တယ်။

 

ဒီအကြောင်းကိုတော့ ” ဝိဥာဉ်လဲသော ကဝေ” ဆိုတဲ့ စာမူမှာ ဆက်လက်စောင့်မျှော်ပေးကြပါဦးခင်ဗျာ…။

 

နောင်ရိုး (ဆေးတပ်)

***ပတၱျမားေစတီ***(စ/ဆုံး)
———————–@@@@@——————————
ပတ္၀န္းက်င္ႀကီးတစ္ခုလုံးက နီေစြးတဲ့ အဆင္းကို ေဆာင္ေနတယ္။

ေမာင္ထူးတစ္ေယာက္ သူေရာက္ရွိေနတဲ့ ပတ္၀န္းက်င္ကို မယုံၾကည္ႏိုင္ေလာက္ေအာင္ တအံ့တၾသျဖစ္မိရင္း မင္စက္ေနမိေလရဲ႕။

သူ႔အေရွ႕ဆီမွာ နီေစြးတဲ့အဆင္းနဲ႔ ေျမလမ္းကေလးတစ္ခုက ကုန္းျပင္ျမင့္ျမင့္ဆီကို ဦးတည္လမ္းခင္းေပးေနတယ္။

” လမ္းအတိုင္း တက္သြားလိုက္ပါ…”

” မသြားနဲ႔…အဲ့ဒီ့လမ္းမွာ မေကာင္းဆိုး႐ြားေတြရွိေနတယ္…”

တိုက္တြန္းသံေတြနဲ႔ တားျမစ္သံေတြက သူ႔နားဆီကို ဆူညံေနေအာင္ ႐ိုက္ခတ္လာတယ္။

ေမာင္ထူး အသံေတြကို နားေထာင္ၿပီး ဘာလုပ္ရမယ္မသိဘူး။

လမ္းကေလးကို ၾကည့္မိေတာ့ သူ႔စိတ္ထဲ သြားၾကည့္ခ်င္စိတ္က တားမရေလာက္ေအာင္ ျဖစ္ေပၚလာတယ္။

ေျခလွမ္းကို စတင္လိုက္ၿပီ။

လမ္းကေလးက အိစက္ညက္ေညာေနၿပီး သူ႔ေျခလွမ္းေတြက ရပ္မရေတာ့ဘူး။

မၾကာဘူး။

ေတာင္ကုန္းကေလးရဲ႕ ထိပ္ဖ်ားဆီကို ေရာက္လုေရာက္ခင္ျဖစ္လာတယ္။

ေတာင္ကုန္းထက္ဆီကို လွမ္းေမွ်ာ္ေမာ္ၾကည့္မိေတာ့ နီရဲေတာက္ပလြန္းတဲ့ အလင္းရာင္ေတြ လင္းျဖာေနတာကို သူျမင္လိုက္ရတယ္။

” ဟင္…”

႐ုတ္တရက္ပါပဲ။

ပတ္၀န္းက်င္တစ္ခုလုံးက ေမွာင္မိုက္သြားေလတယ္။

” မသြားနဲ႔…”

” ဘုတ္…”

ေအာ္သံနက္ႀကီးတစ္ခုကို ၾကားလိုခက္ရၿပီး တစ္စုံတစ္ေယာက္ရဲ႕ တြန္းတိုက္မႈကို ခံလိုက္ရတာေၾကာင့္ သူ လြင့္စင္ထြက္သြားရတယ္။

အဲ့ဒီ့ေနာက္မွာေတာ့…။

*******

ေလဟာနယ္တစ္ခုထဲကို ျပဳတ္က်သြားသလိုမ်ိဳး ခံစားခ်က္၊ ေသြးပ်က္ထိတ္လန္႔မႈေတြနဲ႔အတူ ေမာင္ထူး အိပ္ရာက လန္႔ႏိုးလာခဲ့ရတယ္။

” ငါ…အိပ္မက္မက္ေနတာပဲ၊ သိပ္ကို ထိတ္လန္႔စရာေကာင္းတယ္။ ဘာျဖစ္လို႔မ်ား ဒီအေၾကာင္းကိုပဲ ငါ အႀကိမ္ႀကိမ္ အိပ္မက္ေနတာပါလိမ့္…”

ေမာင္ထူးစိတ္ထဲက ေရ႐ြတ္ရင္းေတြးမိတယ္။ ၿပီးေတာ့ အိပ္ရာထဲ ျပန္လွဲလိုက္တယ္။ ဒါေပမယ့္ အေတြးေတြေၾကာင့္ ျပန္အိပ္မေပ်ာ္ခဲ့ဘူး။

” ေအာက္…အီး…အီး…အြတ္…”

လင္းၾကက္တြန္သံက ထြက္ေပၚလာေတာ့ ေမာင္ထူး အတြက္ အိပ္စက္ဖို႔ရာမျဖစ္ႏိုင္ေတာ့ဘူး။

အိပ္ရာကေန ေမာင္ထူး ထလိုက္တယ္။ ၿပီးေတာ့ သရဏဂုံတင္ၿပီး မ်က္ႏွာသစ္လို႔ ၀န္းက်င္တစ္ခြင္ကို ေမတၱာပို႔ အမွ်အတန္းေပးေဝလိုက္တယ္။

မ်က္ႏွာသစ္ၿပီးေတာ့ ေမာင္ထူး ဘုရားေက်ာင္းေဆာင္အေရွ႕ဆီကို ေရာက္သြားတယ္။ ပန္းေတြက ညတုန္းက ဆပ္ကပ္ထားတာမို႔ ေသာက္ေတာ္ေရခ်မ္းကိုသာ လဲလွယ္လိုက္ၿပီး ဆီမီးနဲ႔ အေမႊးနံ႔သာပူေဇာ္လို႔ ေမာင္ထူး ဘုရား၀တ္တက္လိုက္တယ္။

အတန္ၾကာေတာ့ ေမာင္ထူး ဘုရား၀တ္တက္လို႔ ၿပီးစီးေလရဲ႕။

အဲ့ဒီအခ်ိန္မွာ မိခင္ျဖစ္က ေမာင္ထူးအတြက္ ထမင္းၾကမ္းစားဖို႔နဲ႔ ေန႔လည္စာအတြက္ ထမင္းထုပ္ျပင္ၿပီးေလၿပီ။

ေမာင္ထူး ထမင္းၾကမ္းကို စားလိုက္တယ္။ ၿပီးတာနဲ႔ လြယ္အိတ္ကို လြယ္၊ ထမင္းထုပ္ကို ယူၿပီး အလုပ္ဆီကို ထြက္လာခဲ့ေတာ့တာ။

******

ေမာင္ထူးရဲ႕အလုပ္က ေန႔စားေတာင္သူ။

ေျပာရရင္ သူတို႔႐ြာက ေတာင္ေျခမွာ အေျချပဳၿပီး ေတာင္ယာအလုပ္ေတြနဲ႔သာ ရပ္တည္ၾကရတာ။

ပုံမွန္ဆိုရင္ေတာ့ ေမာင္ထူးအေနနဲ႔ ကိုယ္ပိုင္ေတာင္ယာ ခ်ဲ႕ထြင္ဖို႔ ရည္႐ြယ္ခ်က္ရွိတယ္။ ဒါေပမယ့္ အသက္အ႐ြယ္ႀကီးရင့္ေနတဲ့ မိခင္ႀကီးရယ္ သူရယ္ ႏွစ္ကိုယ့္တစ္စိတ္သာရွိတဲ့ ဘ၀ရပ္တည္မႈေၾကာင့္ စိတ္သြားတိုင္း ကိုယ္မပါႏိုင္ဘူး။

သူ႔အေနနဲ႔ ကိုယ္ပိုင္ေတာင္ယာအတြက္ အခ်ိန္ေပးလိုက္မယ္ဆို သားအမိေတြ ကာလအပိုင္းအျခားတစ္ခုအထိေတာ့ ထမင္းငတ္သြားႏိုင္တယ္။

ဒါေၾကာင့္မို႔ပဲ ေျခစုံပစ္ၿပီး မရင္းရဲခဲ့ဘဲ သူမ်ားေတာင္ယာကို အခစား၀င္လုပ္ရင္း ေန႔စဥ္ အလုပ္ျပန္ခ်ိန္မွသာ လြတ္ကင္းရာေနရာတစ္ခုဆီမွာ အခ်ိန္အနဲငယ္စီေပးၿပီး ခုတ္ထြင္ႀကိဳးစားမိရတယ္။

အခု ဒီေန႔မွာလည္း ေမာင္ထူးတစ္ေယာက္ တစ္ေနကုန္ အလုပ္လုပ္ၿပီး ညေနျပန္ခ်ိန္က် ထုံးစံအတိုင္း သူသတ္မွတ္ရာ ေနရာေလးဆီမွာ ေတာင္ယာခုတ္ထြင္ေနမိခဲ့တယ္။

အလုပ္ဆီကို အာ႐ုံနစ္သြားမိတာမို႔ ေန၀င္ေမွာင္မိုက္ခဲ့တဲ့ ပတ္၀န္းက်င္ကို ေမာင္ထူး သတိမထားမိခဲ့ဘူး။

ေန၀င္ၿပီးေနာက္ ႐ုတ္တရက္ ေလျပင္းေတြ တိုက္ခတ္စျပဳလာပါမွ ေမာင္ထူး ပတ္၀န္းက်င္ကို သတိထားမိသြားခဲ့တယ္။

အလုပ္ကို အျမန္ဆုံး လက္စသိမ္းၿပီး ေမာင္ထူး အျပန္လမ္းကို ဦးတည္လိုက္တယ္။

ဒါေပမယ့္ ေလျပင္းနဲ႔အတူ မိုးသက္မုန္တိုင္းတစ္ခုက အလ်င္အျမန္ပဲ စတင္လာခဲ့ၿပီမို႔ ေမာင္ထူး အိမ္အျပန္လမ္းအတိုင္း သုတ္ျပာျပာနဲ႔ ေျပးခဲ့တယ္။

သူ႔ေတာင္ယာကေန အိမ္ကို ေရာက္ဖို႔က ေတာင္ကုန္းေလးကုန္းေလာက္ေဝးတယ္။ ႐ုတ္တရက္ႀကီး မိုးက ပိုၿပီးသည္းထန္လာေတာ့ ေမာင္ထူးတစ္ေယာက္ သြားရလာရခက္ၿပီး အေရွ႕လမ္းဆီကိုေတာင္ ေကာင္းေကာင္းမျမင္ရေတာ့ဘူး။ အေမွာင္ထုက သိပ္သည္းဆျပင္းလာတာမို႔ အမွတ္မထင္ လမ္းက မွားခဲ့ေသးတယ္။

မိခင္ႀကီးစိတ္ပူၿပီး ေမွ်ာ္ေနမွာဆိုတဲ့အေတြးနဲ႔ ေမာင္ထူး ႀကိဳးစားၿပီး လွမ္းေနေပမယ့္ ၾကာလာေတာ့ မိုးနဲ႔ေလတို႔ရဲ႕ တိုးတိုက္အားေတြကို ေမာင္ထူး မခံႏိုင္ေတာ့ဘူး။

ဒါနဲ႔ပဲ အႏၲရာယ္မ်ားလွတာမို႔ စိတ္ကိုေလ်ာ့ၿပီး မိုးတိတ္မွ သြားေတာ့မယ္လို႔ ဆုံးျဖန္ကာ အဆင္ေျပရာ ေက်ာက္စြန္းတစ္ခုဆီမွာ မိုး၀င္ခိုမိရေတာ့ၿပီ။

အခ်ိန္က တေျဖးေျဖး ေမွာင္လာခဲ့တယ္။

ေမာင္ထူး မိုးဒဏ္ေလဒဏ္ကို ႀကိတ္မွတ္ခံစားရင္း ျပန္ရမယ့္အခ်ိန္ကို ေစာင့္စားေနတာ အခ်ိန္ေတြၾကာလာတဲ့အထိ မိုးကစဲမလာေတာ့ မ်က္လုံးတို႔က ေမွးစင္းလာခဲ့ရၿပီ။

မၾကာပါဘူး။

ေမာင္ထူးတစ္ေယာက္ တစ္ေနကုန္ပင္ပန္းထားတဲ့ ဒဏ္ေၾကာင့္ ေက်ာက္စြန္းႀကီးေအာက္ဆီမွာတင္ ေမွးစက္အိပ္ေပ်ာ္သြားခဲ့ရေတာ့တယ္။

******

” ခစ္…ခစ္…ခစ္…”

႐ႊင္႐ႊင္ျမဴးျမဴးနဲ႔ ရယ္ေမာလိုက္တဲ့ မိန္းမေတြရဲ႕ အသံေၾကာင့္ ေမာင္ထူး လန္႔ႏိုးလာခဲ့တယ္။

” ဘာပါလိမ္​့…”

အိပ္မႈန္စုံမႊားနဲ႔ သူ႔ကိုယ္သူ ျပန္လည္ၿပီး ဆန္းစစ္ေတာ့ အျဖစ္အပ်က္ေတြကို ျပန္သတိရမိတယ္။

အခုအခ္်န္မွာေတာ့ မိုးသက္ေလျပင္းက ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး ေကာင္းကင္ဆီမွာ ၾကယ္တို႔ပင္ ထြန္းလင္းေနခဲ့ေလရဲ႕။

” ရာသီဥတုကလည္း ခ်က္ခ်င္းႀကီးကို ေကာင္းမြန္သြားေတာ့တာပဲ…”

” ခစ္…ခစ္…ခစ္…”

ရယ္ေမာသံေတြကို ထပ္ၾကားလိုက္ရတယ္။ လူလုံးေတာ့ မျမင္ရဘူး။

ေမာင္ထူးစိတ္ထဲ ဒီအခ်ိန္ႀကီး ေတာထဲမွာ လာၿပီး ရယ္ေမာေနတဲ့ မိန္းမေတြကို လူစင္စစ္ေတာ့ မျဖစ္နိင္ဘူးလို႔ ေတြးမိၿပီး ေခ်ာခ်မ္းသလိုေတာင္ ျဖစ္မိသြားခဲ့တယ္။

ဒါနဲ႔ပဲ မနက္မိုးလင္းမွ သူျပန္သင့္တယ္လို႔ သိလိုက္ၿပီး သတိ၊ ဝီရိယထားလိုက္လို႔ ပါးစပ္ကေန သရဏဂုံသုံးပါးနဲ႔ ေမတၱာသုတ္၊ တို႔ကို ႐ြတ္ဆိုေနလိုက္တယ္။

တေျဖးေျဖးနဲ႔ ေမာင္ထူး မ်က္လုံးေတြ ျပန္လည္ၿပီး ေမွးစင္လာခဲ့တယ္။

ၿပီးေတာ့ ျပန္လည္ၿပီး အိပ္ေပ်ာ္သြားခဲ့ေတာ့တာ။

*******

စူးရွတဲ့ အလင္းေရာင္ေၾကာင့္ ေမာင္ထူး မ်က္၀န္းအစုံကို ဖြင့္ၾကည့္လိုက္တယ္။

” အို…ဒါဘယ္ေနရာပါလိမ့္…”

မနက္အာ႐ုံရဲ႕ အလင္းေရာင္နဲ႔အတူ သူျမင္ေနရတဲ့ ျမင္ကြင္းတို႔က သူ႔အတြက္ အရာရာ အသစ္အဆန္းျဖစ္ေနတယ္။

သူရွိေနတဲ့ ေတာင္ကုန္းေလးရဲ႕ ေအာက္ေျခမွာ ႐ြာေလးတစ္႐ြာရွိေနၿပီး လူသူ ကေလးတို႔က ေပ်ာ္ေပ်ာ္ပါးပါးေဆာ့ကစားေနၾကတယ္။

ေမာင္ထူး ဒီေနရာတစ္၀န္းမွာ က်င္လည္ေနခဲ့တာ သူ႔အသက္နဲ႔အမွ်လို႔ေတာင္ ေျပာလို႔ရေနတာမို႔ ဒီေနရာနဲ႔ ဒီ႐ြာကို သူတစ္ခါမွ မျမင္ဖူးဘူး။

” ဒါက ဘယ္ေနရာလဲကြာ။ တစ္ခါမွလည္း မျမင္ဖူးဘူး…”

ေမာင္ထူး ညတုန္းက အိပ္စက္ရာ ေက်ာက္တုံးႀကီးေအာက္ဆီက တိုးထြက္လိုက္တယ္။

“ေဟာေတာ္…ဒီမယ္ လူတစ္ေယာက္…”

အသံၾကားလို႔ ေမာင္ထူး လွည့္ၾကည့္မိေတာ့ သူနဲ႔ မလွမ္းမကမ္းဆီမွာ ေတာပန္းေတြကို ေပြ႕ပိုက္ထားတဲ့ သူနဲ႔အ႐ြယ္မတိမ္းမယိမ္း မိန္းမပ်ိဳတစ္သိုက္။

မိန္းကေလးေတြက သူ႔ကို ၾကည့္ၿပီး ရယ္ေနၾကတယ္။ ၿပီးေတာ့ သူရွိရာဆီကို လွမ္းလာတယ္။

” ညီမေလးတို႔ ဟို…စိတ္မရွိရင္ တစ္ခုေလာက္ေမးပါရေစ…”

” ဟုတ္ကဲ့ ေမးပါရွင္…”

အားလုံးထဲက တစ္ေယာက္က ႐ႊင္ျမဴးတက္ႂကြစြာနဲ႔ေျဖၾကားလာတယ္။

” ဟို…မေန႔ညတုန္းက က်ဳပ္ မိုးသက္မုန္တိုင္းမိၿပီး လမ္းမွားလို႔ ဒီကိုေရာက္ခဲ့တာ။ အဲ့ဒါ…က်ဳပ္ေနတဲ့ ႐ြာကို ဘယ္လိုျပန္ရမယ္မသိေတာ့လို႔ လမ္းၫႊန္ေပးပါလား…”

ေမာင္ထူးရဲ႕ စကားအဆုံး မိန္းကေလးေတြက ထရယ္ၾကတယ္။ ၿပီးေတာ့ တျခားတစ္ေယာက္က…။

” ဒီက အကိုက အကို႔႐ြာဆီကို ျပန္လို႔မရေတာ့ဘူး။ ၿပီးေတာ့ အကို ဒီ႐ြာကို ေရာက္လာတယ္ဆိုတာကလည္း နိဗၺာန္ဘုံကို ေရာက္သလို သိပ္ကိုကံေကာင္းတယ္လို႔ ေျပာရမယ္…”

” ဗ်ာ…ဘာေၾကာင့္လဲ က်ဳပ္ နားမလည္ဘူး…”

” မေန႔ညက ဒီကအကို မိုးေလထဲမွာ ေျခေခ်ာ္ၿပီး ေခ်ာက္ထဲျပဳတ္က်လို႔ ေသဆုံးခဲ့တာ…”

” ဗ်ာ…”

” ဘာေၾကာင့္ ကံေကာင္းတယ္ ေျပာရလဲဆိုေတာ့က ဒီ႐ြာကို သူေတာ္စင္႐ြာလို႔ေခၚတယ္။ လူ႔ဘ၀တုန္းက ကုသိုလ္ေကာင္းမႈလုပ္သူေတြသာ ဒီကို ေရာက္ႏိုင္တာမို႔ပါ…”

ေမာင္ထူး အံ့အားသင့္သြားရတယ္။

” အကို မယုံရင္ ေကာင္းကင္ကို တစ္ခ်က္ေမာ့ၾကည့္လိုက္…”

ေမာင္ထူး အလိုက္အထိုက္ပဲ ေမာ့ၾကည့္လိုက္မိတယ္။

” ေနရဲ႕ အလင္းေရာင္ကို ေတြ႕မိလားအကို…”

ေမာင္ထူး လိုက္ရွာၾကည့္မိေပမယ့္ ေနရဲ႕အလင္းေရာင္ကို စိုးစဥ္မွ် မေတြ႕ရဘူး။

” က်ဳပ္…တကယ္ပဲ ေသသြားခဲ့တာလား…”

” ဟုတ္တာေပါ့…”

” ဟာ…”

ေမာင္ထူးရင္ထဲ ၀မ္းနည္းပက္လက္ျဖစ္သြားရေတာ့တယ္။

” က်ဳပ္ မေသခ်င္ေသးဘူးေလ။ က်ဳပ္မွာ အေမရွိေနေသးတယ္။ က်ဳပ္ မေသခ်င္ေသးဘူး။ ဘယ္လိုလုပ္ရမလဲဆိုတာ သိရင္ က်ဳပ္ကို ေျပာျပပါလားဗ်ာ…”

ေမာင္ထူး ေျပာေပမယ့္ မိန္းကေလးေတြက သူ႔ကို ကိုယ္ခ်င္းစာပုံမရဘူး။

” အခုမွေတာ့ ငိုေနလို႔လည္း အပိုပါပဲ အကို။ လာပါ…စႏၵာတို႔နဲ႔ ႐ြာထဲကိုသာ လိုက္ခဲ့လိုက္ပါေတာ့…”

ေ႐ြးခ်ယ္ဖို႔ရာ မရွိေတာ့တာမို႔ ေမာင္ထူးလည္း ႐ြာထဲကို လိုက္သြားခဲ့ဖို႔ ဆုံးျဖတ္လိုက္ေတာ့တယ္။

*******

” အေရးေတာ့ ႀကီးျပန္ၿပီ လူေလးတို႔ေရ…”

မနက္ေစာေစာအခ်ိန္။

ဒိုးညီေနာင္နဲ႔ ဦးသိဒၵိတို႔ ဇရပ္တစ္ခုဆီမွာ တစ္ညတာ၀င္နားခိုခဲ့ၾကၿပီး ခရီးျပန္လ္ဆက္ၾကဖို႔ ျပင္ဆက္ေနတဲ့အခ်ိန္၊ ႐ုတ္တရက္ ေျပာလာတဲ့ ဦးသိဒၵိရဲ႕ စကားေၾကာင့္ ဒိုးညီေနာင္တို႔ အံ့ၾသသြားရတယ္။

“ဘာမ်ားျဖစ္လို႔လဲ ဘဘ…”

” ဘဘတို႔ အခုသြားေနတဲ့ လမ္းေၾကာင္းကေန ေသြဖယ္ၿပီး အေနာက္ဘက္အရပ္ဆီက ႏွစ္ညအိပ္ခရီးေလာက္သြားရမယ့္ ေနရာတစ္ခုဆီမွာ အလြန္အေရးႀကီးတဲ့ ကိစၥျဖစ္ေနခဲ့ၿပီ…”

ဦးသိဒၵိက စကားကို ခဏျဖတ္လိုက္တယ္။ ၿပီးကာမွ…

” အဲ့ဒီ့မွာ သိပ္ကို ႐ိုးသားၿပီး ဘာသာေရးကိုင္းရႈိင္းတဲ့ လူငယ္ေလးတစ္ေယာက္က သာသနာေတာ္နဲ႔ ပက္သက္တဲ့ အလြန္မွ ရွားပါးတဲ့ အခြင့္အေရးတစ္ခုကို ရရွိထားတယ္။ ဒါေပမယ့္ အဖ်က္အေမွာင့္တို႔ရဲ႕ ေႏွာက္ယွက္မႈေၾကာင့္ သူ ဒုကၡေရာက္ေနၿပီ…”

” ဆိုး႐ြားလိုက္တာ…”

” ဟုတ္တယ္ လူေလးတို႔။ သူဟာ ဒီအခြင့္အေရးကို ဆုပ္ကိုင္ၿပီးခဲ့ရင္ အတိတ္က ကံအေၾကာင္းတရားေတြ ပြင့္လာၿပီး သာသနာေတာ္အတြက္ အေထာက္အပံ့တစ္ခုအျဖစ္ ရွိေနမယ့္သူပဲ…”

” ထူးဆန္းလိုက္တာ ဘဘရယ္။ သာသနာေတာ္နဲ႔ သက္ဆိုင္တဲ့ သူ႔အတြက္ ဘယ္လိုအခြင့္အေရးမ်ား ရွိေနသလဲဆိုတာ က်ဳပ္တို႔ေတာ့ သိပ္သိခ်င္တာပဲ…”

” သိပ္ကို ထူးကဲလြန္းတဲ့ အခြင့္အေရးတစ္ခုပဲ။ ဘဘတ္ို႔လည္း သူ႔ကို အမွီျပဳၿပီး ဒီအခြင့္အေရးကို ရရွိႏိုင္မယ္ထင္တယ္…”

ဒိုးညီေနာင္တို႔ ၿပဳံး႐ႊင္သြားၾကတယ္၊

” ဒါျဖင့္လည္း ဘဘရယ္။ အခုပဲ သြားၾကစို႔လား…”

” သြားၾကတာေပါ့ကြယ္။ ဒါေပမယ့္ သိပ္ကိုအေရးႀကီးတဲ့အတြက္ တို႔တေတြ ေန႔ေရာညပါ မနားမေန သြားၾကရမွာမို႔ ဒီကတည္းက တစ္စုံတစ္ခု စားေသာက္သြားၾကတာေပါ့ကြယ္…”

ဦးသိဒၵိက ေျပာၿပီးတာနဲ႔ သိပ္မလွမ္းမကမ္းဆီက ႐ြာဆီကို ၀င္လိုက္ၾကတယ္။

ၿပီးေတာ့ အေၾကာ္နဲ႔ ေကာက္ညႇင္းေပါင္းတို႔ကို၀ယ္ယူၿပီး ျပန္ထြက္ခဲ့ၾကတယ္။

ဇရပ္ဆီကို ျပန္ေရာက္ေတာ့ ဦးသိဒၵိက ေကာက္ညႇင္းေပါင္းနဲ႔ အေၾကာ္ကို မစားခင္ မႏၲာန္တစ္ပုဒ္႐ြတ္ဆိုတယ္။ ၿပီးေတာ့မွ သုံးေယာက္စလုံး စားသုံးၾကတယ္။

” ဘဘ…ဘာေၾကာင့္ မႏၲာန္အုပ္တာလဲ…”

” အင္း…ဒီမႏၲာန္က အာဟာရသိဒၵိမႏၲာန္ရယ္ကြဲ႕။ ခရီးကလွမ္းၿပီးေတာ့ ေတာလမ္းခရီးကို သြားရမွာဆိုေတာ့ လမ္းခရီးမွာ စားေသာက္ဖို႔ရာက မလြယ္ကူဘူး။ ဒါေၾကာင့္ မႏၲာန္႐ြတ္ၿပီး သိဒၵိခံေပးလိုက္တာ။ ဒါၿပီးရင္ေတာ့ တို႔တေတြ တစ္ပါတ္ေလာက္ ဘာမွမစားဘဲ ေနလို႔ရသြားခဲ့ၿပီ…”

” ဪ…အဲ့ဒီ့လိုလား ဘဘ…”

” အင္း…လူေလးတို႔လည္း မူလ႒ာေနကို ျပန္ေရာက္ၿပီးတဲ့အခါက်ရင္ အင္း၊ အိုင္နဲ႔ မႏၲာန္၊ မႏၲရားေတြအေၾကာင္းကို သင္ယူၾကရလိမ့္မယ္။ က်င့္စဥ္ေတြက်င့္ၾကရလိမ့္မယ္။ အဲ့ဒီ့အခါက်ရင္ေတာ့ လူေလးတို႔ အားသန္ရာကို ေ႐ြးခ်ယ္ၿပီး သင္ယူၾကေခ်ေပါ့။ ဒါေတြ သင္ယူက်င့္ႀကံၿပီးတဲ့အခါက်ရင္ေတာ့ လူေလးတို႔ နားလည္လာၾကမွာပါ…”

” ဟုတ္ကဲ့ ဘဘ…”

ဒိုးညီေနာင္တို႔က အားတက္သေရာေျပာလိုက္တယ္။

အဲ့ဒီ့လိုနဲ႔ စားေသာက္လို႔ ၿပီးစီးခ်ိန္မွာေတာ့ သူသို႔သုံးေယာက္ အေနာက္ဘက္အရပ္ဆီကို လမ္းေၾကာင္းေျပာင္းလို႔ ဦးတည္လွမ္းခဲ့ၾကေတာ့တာ။

******

” ဒီ႐ြာက အေတာ္ေလး ေနေပ်ာ္ဖို႔ေကာင္းတယ္ေနာ္…”

႐ြာဆီက ဧည့္ခံေကြၽးေမြးၾကတဲ့ အစားအေသာက္လို႔အၿပီးမွာ ေမာင္ထူးရဲ႕ စိတ္ေတြက အထူးတလည္ကိုပဲ ေျပာင္းလဲသြားခဲ့တယ္။

ေနာက္ပိုင္းမွာ က်န္ရစ္တဲ့ မိခင္ကိုလည္း သတိမရႏိုင္ေတာ့သလို အခုမွေရာက္ဖူးတဲ့ သူေတာ္စင္႐ြာဆီမွာပဲ ေနခ်င္စိတ္ေတြက တဖြားဖြားေပၚလာေနေတာ့တာ။

” အကို ဒီမွာ ေနမယ္ဆိုရင္ ကြၽန္မတို႔က သိပ္ေပ်ာ္ေနမွာပဲ…”

စႏၵာတို႔တစ္သိုက္ကေျပာေတာ့ ေမာင္ထူး ေက်နပ္မိရတယ္။

” ေနမွာေပါ့။ အကို တစ္သက္လုံးကို ေနမွာ…”

” ဒါျဖင့္ အကို ပိုၿပီး ေနေပ်ာ္သြားရေအာင္ စႏၵာတို႔ ႐ြာပတ္၀န္းက်င္ကို အလည္သြားၾကရေအာင္။

ေမာင္ထူးနဲ႔ စႏၵာတို႔တစ္သိုက္ ထြက္လည္ခဲ့ၾကတယ္။

လမ္းခရီးတစ္ခုလုံးဆီမွာ အိမ္ေမြးတိရိစာၦန္ေတြ မေတြ႕ရတာကို ေမာင္ထူးသတိထားမိေလတယ္။

” စႏၵာတို႔႐ြာမွာ တိရစာၦန္ေတြ ေမြးတာမ်ိဳး မေတြ႕ရဘူးေနာ္…”

စႏၵာ႐ုတ္တရက္ မ်က္စိမ်က္ႏွာ ပ်က္သြားတယ္။

” အို…ကိုေမာင္ထူးကလည္း ဒီ႐ြာက သူေတာ္စင္႐ြာေလ။ ဒါေၾကာင့္ တိရိစာၦန္ေတြေမြးထားရင္ ညႇင္းပန္းသလိုျဖစ္မွာစိုးလို႔ မေမြးၾကတာ…”

အေနာက္က တစ္ေယာက္က ၀င္ေျပာေတာ့ ေမာင္ထူး ဟုတ္သလိုလိုရွိသားလို႔ ေတြးမိၿပီး ေခါင္းညိတ္လိုက္မိတယ္။

အဲ့ဒီ့အခိုက္မွာပဲ ဝုန္းဆိုတဲ့ အသံနဲ႔အတူ ႐ြာအျပင္တစ္ေနရာဆီက အလင္းေရာင္တခ်ိဳ႕ ထြက္ေပၚလာခဲ့တယ္။

” အို…ဘာျဖစ္တာလဲ…”

” စည္းေပါက္ၿပီေဟ့…ေျပးၾက…ေျပးၾက…”

႐ုတ္တရက္ နံေဘးနားဆီက စႏၵာတို႔တစ္သိုက္ အသံနက္ႀကီးေတြနဲ႔ ေအာ္ၿပီး ထြက္ေျပးကုန္ၾကတယ္။

ေမာင္ထူးကေတာ့ ႐ုတ္ျခည္းျဖစ္ေပၚလာတဲ့ အေျခအေနကို နားမလည္ႏိုင္ဘဲ ေၾကာင္အမ္းရပ္ၾကည့္ေနမိေလရဲ႕။

” တယ္…ငမိုက္သားေတြ။ နင္တို႔တေတြကို ေကာင္းေကာင္းဆုံးမမွ ရမယ္…”

အလင္းေရာင္ဆီက အသံနဲ႔အတူ တိုးထြက္လာတဲ့ အသက္ႀကီးႀကီး လူႀကီးတစ္ေယာက္နဲ႔ ကေလးငယ္ႏွစ္ေယာက္။ သူတို႔အားလုံး ေယာဂီအ၀တ္ကို ဆင္ျမန္းထားၾကတယ္။

အဲ့ဒီ့သုံးေယာက္ ေမာင္ထူးအနားကို ေရာက္လာေတာ့ ေမာင္ထူးလည္း ဘာရယ္ဆိုတာကို ေရေရရာရာမသိဘဲ ထြက္ေျပးဖို႔ႀကိဳးစားလိုက္တယ္။

” တူေမာင္ေလး…ငါတို႔က နင့္ကို လာကယ္တာ။ နင္က ေသခ်င္လို႔ ေျပးတာလား…”

ေမာင္ထူးရဲ႕ ေျခလွမ္းေတြက တန္႔ခနဲျဖစ္သြားရတယ္။

ဘာေၾကာင့္လဲဆိုေတာ့ အခုနက သူေတာ္စင္႐ြာဆိုတာကို သူမျမင္ရေတာ့ဘဲ ၿခဳံႏြယ္ပိတ္ေပါင္းေတြကိုသာ ျမင္လိုက္ရတာမို႔ပဲ။

” သူတို႔ ဘယ္ေရာက္ကုန္တာလဲ…”

ေမာင္ထူး ေရ႐ြတ္မိလိုက္တုန္း ေယာဂီ၀တ္နဲ႔သူေတြက သူ႔အနားကို ေရာက္လာခဲ့တယ္။

” ကဲ…ေကာင္ေလး ဘယ္လိုလဲ နင္ အမွန္ကို ျမင္ႏိုင္ၿပီမလား…”

လူႀကီးက ေျပာလာေတာ့ ေမာင္ထူး ဘာျပန္ေျပာရမယ္မသိခဲ့ဘူး။

အဲ့ဒီ့အခိုက္မွာပဲ လူႀကီးက ႐ုတ္တရက္ သူရဲ႕ ညာဘက္လက္နဲ႔ ေမာင္ထူးရဲ႕ ဦးေခါင္းကို အုပ္ကိုင္လိုက္တယ္။

ၿပီးေတာ့ မႏၲာန္တစ္ပုဒ္ကို ႐ြတ္ဆိုလိုက္တယ္။

” ေဝါ့…ေအာ့…”

မႏၲာန္ဆုံးတာနဲ႔ ေမာင္ထူး အန္ခ်င္စိတ္တို႔ကို ဘယ္လိုမွ ထိန္းမရခဲ့ဘဲ အန္ခ်လိုက္မိတယ္။

” အို…သစ္ေခါက္ေတြ သစ္႐ြက္ေတြပါလား…”

ေမာင္ထူး တအံ့တၾသေရ႐ြတ္မိသလို ကေလူငယ္ႏွစ္ေယာက္ကလည္း အံ့ၾသေနမိၾကတယ္။

” ထင္တဲ့အတိုင္းပဲ အစာပင္းထည့္ၿပီး လူကို လွည့္စားထားတာ၊ တယ္ခက္တဲ့ မိစၥာေကာင္ေတြ…”

လူႀကီးက ေရ႐ြတ္လိုက္ေတာ့ ေမာင္ထူးက ၀မ္းထဲက စားထားမိတဲ့ သစ္႐ြက္သစ္ေခါက္ေတြကို အကုန္ျပန္အန္ၿပီးခဲ့ၿပီ။

” က်ဳပ္…က်ဳပ္ ဘာျဖစ္သြားတာလဲဟင္ ဘႀကီး။ ဟို…ဘႀကီးတို႔ကေကာ ဘယ္သူေတြလဲ။ ၿပီးေတာ့ က်ဳပ္ကေကာ ေသသြားၿပီလား…”

ေမာင္ထူးက ပုံမွန္စိတ္ဆီကို ျပန္ေရာက္ၿပီမို႔ ေမးခြန္းေတြတသီႀကီး ေမးလာေခ်ၿပီ

” ဘႀကီးတို႔က ဦးသိဒၵိနဲ႔ ဒိုးညီေနာင္တို႔ပဲ။ အင္း…ေျပာျပရရင္ေတာ့ တူေမာင္က မေသေသးဘူးရယ္။ ဘာေတြျဖစ္ခဲ့တယ္ဆိုတာကေတာ့ တူေမာင္ဟာ သာသနာေတာ္ဆီက လြန္စြာမွ ခဲယဥ္းလြန္းတဲ့ အခြင့္ထူးတစ္ခုကို ရရွိထားတယ္။ အဲ့ဒါကေတာ့ ပတၱျမားေစတီကို ဖူးေမွ်ာ္ခြင့္ရထားျခင္းပဲ…”

” ပတၱျမားေစတီ ဟုတ္လား ဘႀကီး…”

ေမာင္ထူး စဥ္းစားမိသြားတယ္။ ဦးသိဒၵိကပဲ…။

” ဟုတ္ပါတယ္ တူေမာင္။ သင္ဟာ ဒီအမႈကို ျပဳၿပီးတဲ့အခါမွာ သာသနာေတာ္ကို သူမတူ၊ တစ္မူထူးတဲ့ ေစာင့္ေရွာက္ျခင္းမ်ိဳးနဲ႔ ေစာင့္ေရွာက္ၿပီး အဓြန္႔ရွည္ၾကာေရးအတြက္ ႀကိဳးစားေပးသူျဖစ္လာလိမ့္မယ္…”

” ဟာ…က်ဳပ္ မွတ္မိၿပီ ဘႀကီး။ ဘႀကီးေျပာတဲ့ ပတၱျမားေစတီဆိုတာက က်ဳပ္ အၿမဲလို အိပ္မက္မိတဲ့အထဲက အနီေရာင္စူးစူးရွရွကို ေျပာတာျဖစ္မယ္။ က်ဳပ္က အဲ့ဒါကို ေစတီမထင္မိဘူး။ သာမန္ေညာင္က်ေလာက္ပဲ ထင္မိတာ။ ဪ…ဒါေၾကာင့္လည္း အိပ္မက္ထဲမွာ က်ဳပ္ကို မသြားနဲ႔ဆိုၿပီးတားသူရွိသလို သြားပါဆိုၿပီး တိုက္တြန္းသူေတြလည္း ရွိေနတာေပါ့…”

” မွန္တာေပါ့ တူေမာင္ရယ္။ အခုပဲ လက္ေတြ ႀကဳံခဲ့ၿပီမလား…”

” ဗ်ာ…ဘႀကီး ဘာကို ေျပာတာလဲ…”

ေမာင္ထူးက နားမလည္တမ္းေမးလာေတာ့ ဦးသိဒၵိတို႔သုံးဦးက ၿပဳံးသြားတယ္။

” တူေမာင္ အခုနက ႀကဳံခဲ့တာေတြကိုေျပာတာပ။ တူေမာင့္ကို ေစတီဆီ ေရာက္မသြားႏိုင္ဖို႔အတြက္ မေကာင္းတဲ့မိစၥာေတြက လွည့္ဖ်ားတားျမစ္တာေလ…”

” ေတာ္ေသးတာေပါ့ ဘႀကီးရာ။ ဘႀကီးတို႔သာ ေရာက္မလာခဲ့ရင္ က်ဳပ္ေတာ့ တကယ္ေသၿပီမွတ္ၿပီး ဒုကၡေတြေတြ႕ရေတာ့မွာ…”

” ကဲပါ တူေမာင္၊ အခ်ိန္ေတာ့ သိပ္မရွိေတာ့ဘူး။ ဒီကေန႔က တူေမာင္အတြက္ အစက္ ၁၉ ႏွစ္ျပည့္တဲ့ေန႔မွတ္လား…”

ေမာင္ထူးက စဥ္းစားလိုက္ၿပီး…။

” မဟုတ္ေသးဘူး ဘႀကီး။ က်ဳပ္ ေမြးရက္ကို ေရာက္ဖို႔က ႏွစ္ရက္တိတိလိုေသးတယ္…”

ဦးသိဒၵိက ေခါင္းကို ခါရမ္းလိုက္၏။

” လွည့္ဖ်ားမႈကို ခံထားရတာေၾကာင့္ ရက္ခ်ိန္ ကြဲလြဲမႈေတြ ျဖစ္ေနခဲ့တာ။ ဒီကေန႔က စေနေန႔၊ တူေမာင္ သူတို႔နဲ႔ စေတြ႕တုန္းက ၾကာသပေတးေန႔၊ ဆိုေတာ့က တူေမာင္ သူတို႔နဲ႔ ရွိေနစဥ္မွာပဲ အခ်ိန္ႏွစ္ရက္တာက ကုန္လြန္ခဲ့တာ…”

” ဗ်ာ…ဟုတ္ေကာ ဟုတ္လို႔လား ဘႀကီးရယ္။ က်ဳပ္ျဖင့္ေတာ့ အဲ့ဒီ့မွာ ခဏကေလးပဲ ေနခဲ့ရတာ…”

” ကဲပါေလ…အခု ဘႀကီးက ရွင္းျပၿပီးၿပီဆိုေတာ့ တူေမာင္ နားလည္လိုက္ေခ်ေတာ့။ အခု တူေမာင္ထပ္ၿပီး သိထားရမွာက တူေမာင္အေနနဲ႔ ဒီေန႔တစ္ရက္တာသာပဲ ပတၱျမားေစတီကို ဖူးခြင့္ရမွာ။ ဒါေၾကာင့္ အခုပဲသြားၾကတာေပါ့…”

ဦးသိဒၵိရဲ႕ စကားဆုံးေတာ့ ေလးေယာက္သား အေနာက္ဘက္အရပ္ဆီကို ဦးတည္လို႔ လွမ္းခြာကုန္ၾကေတာ့တယ္။

*******

တစ္ေနကုန္ ခရီးႏွင္ၾကၿပီး ညေနေစာင္းအခ်ိန္မွာေတာ့ ျမဴေတြဆိုင္းေနတဲ့ ေျမနီနီေတာင္ကုန္းကေလးရဲ႕ အေျခဆီကို ေရာက္လာခဲ့ၾကၿပီ။

” ဒီေနရာပဲ…ဟုတ္တယ္ ဒါက က်ဳပ္အိပ္မက္ထဲက ေနရာနဲ႔ တေထရာထဲပဲ ဘႀကီး…”

ေမာင္ထူးက ၀မ္းသာအားရနဲ႔ ေျပာၿပီး အေပၚဆီကို တက္သြားဖို႔ ဟန္ျပင္လိုက္တယ္။

” ေကာင္ေလး မသြားနဲ႔ဦး…”

ဦးသိဒၵိရဲ႕ တားျမစ္သံေၾကာင့္ ေမာင္ထူးရဲ႕ ေျခလွမ္းေတြ ရပ္သြားခဲ့တယ္။

” လူေလးတို႔ ဒီပတ္၀န္းက်င္မွာ ဘာေတြရွိေနသလဲ ၾကည့္ၾကည့္လိုက္…”

ဒိုးညီေနာင္တို႔ အာ႐ုံခံၾကည့္လိုက္ၾကတယ္။

ပတ္၀န္းက်င္တစ္ခုလုံးမွာ ေရာေထြးယွက္ဖ်ာေနတဲ့ မေကာင္းတဲ့ အရိပ္အေယာင္ေတြကို ျမင္လိုက္ရတယ္။

” ဘဘ…အေရာင္အေသြးစုံလင္တဲ့ အခိုးအေငြ႕ေတြရွိေနတယ္…”

” အင္း…ဘဘျမင္ပါတယ္…”

ဦးသိဒၵက ၀န္းက်င္တခိုကို ၾကည့္ၿပီး ဆုံးျဖတ္ခ်က္ခ်ေလတယ္။

” ကဲ…လူေလးတို႔ အခ်ိန္ကလည္း သိပ္ကပ္ေနၿပီဆိုေတာ့ တို႔တေတြ ဒီအထဲကို အတင္းတိုး၀င္မွရမယ္။ လူေလးတို႔ သုံးေယာက္စလုံး ဒီေဆးျမစ္ေလးကို ငုံထားၾက။ ၿပီးရင္ ဘဘ သင္ေပးတဲ့ မႏၲာန္ကို စိတ္မွတ္နဲ႔ ႐ြတ္ၿပီး သုံးေယာက္စလုံး အေပၚကို တက္ၾကေခ်။ ဘဘက အေနာက္ကေန ကာေပးထားမယ္။ ဒိုးႀကီးနဲ႔ ဒိုးငယ္…လူေလးတို႔က ေမာင္ထူးကို အလယ္မွာထားၿပီး အေရွ႕ကေန တိုးတက္ၾကေခ်ပါ။ လူေလးတို႔ရဲ႕ အာစက္လွ်ာစက္ေၾကာင့္ မႏၲာန္က သာမန္ထက္ အစြမ္းပိုကဲေနလိမ့္မယ္လို႔ ဘဘထင္မိေနပါတယ္။ ကဲ…ဘဘ အခ်က္ျပတာနဲ႔ လူေလးတို႔ တက္ၾကေတာ့…”

ဒိုးညီေနာင္တို႔ ေဆးျမစ္ကို ငုံလိုက္ၾကၿပီး ေမာင္ထူးကို ၀န္းရံလိုက္ၾကတယ္။ အဲ့ဒီ့္ခ်ိန္မွာပဲ ဦးသိဒၵိက လြယ္အိတ္ထဲက ေဆးလုံးတခ်ိဳ႕ကို ထုတ္ယူၿပီး မႏၲာန္အုပ္လို႔ နံေဘး၀န္းက်င္ဆီကို ပစ္လႊတ္လိုက္တယ္။

” ႐ႊီး….”

” ဝုန္း…ဝုန္း…”

ဦးသိဒၵိ ပစ္လႊတ္လိုက္တဲ့ ေဆးလုံးေတြက တစ္စုံတစ္ရာနဲ႔ ထိေတြ႕ၿပီး တဝုန္းဝုန္း ေပါက္ကြဲကုန္တယ္။

” တက္ၾကေတာ့ လူေလးတို႔…”

ဒိုးညီေနာင္တို႔ ေျခလွမ္းစတင္လိုက္တယ္ဆိုရင္ပဲ နံေဘးပတ္၀န္းက်င္က ဆိုး႐ြား ေျခာက္ျခားဖြယ္ ေအာ္သံေတြ ထြက္ေပၚလာတယ္။ ၿပီးေတာ့ ေလျပင္းေတြကလည္း တဝုန္းဝုန္းတိုက္ခတ္လာေလရဲ႕။

ၿပီးေတာ့ အရိပ္မည္းႀကီးေတြက ေျမဆီကေန တိုးထြက္လာကုန္ၾကၿပီး သူတို႔ သုံးေယာက္ကို တိုက္ခိုက္ဆြဲရဲဖို႔ ႀကိဳးစားၾကတယ္။

၀င္လာသမ် အရိပ္မည္းေတြကို ဒိုးညီေနာင္တို႔က လက္နဲ႔ ႐ိုက္ကာထုတ္ေနတယ္။ သူတို႔လက္နဲ႔ ႐ိုက္ကာထုတ္လိုက္တဲ့ အရိပ္မည္းႀကီးေတြက လြင့္စင္ၿပိဳကြဲကုန္ၾကေလရဲ႕။

တေျဖးေျဖး တိုးတိုက္ရင္း တက္လာခဲ့ၾကတာ ကုန္းျပင္ကေလးရဲ႕ အေပၚပိုင္းဆီကို ေရာက္လုေရာက္ခင္ျဖစ္လာခဲ့တယ္။

” လူေလးတို႔ ဆက္တက္ၾက…”

ဒိုးညီေနာင္တို႔က ေမာင္ထူးကို ကာၿပီဴ အတင္းတိုးတက္ၾကတယ္။ ဦးသိဒၵိက အေနာက္ကေန ကာၿပီး လိုက္လာခဲ့တယ္။

အရိပ္မည္းမည္းေတြက အေပၚကို ေရာက္လာေလ ပိုမ်ားလာေလပဲျဖစ္ေနတယ္။

” ေဝါ…ဖေရာ…ဖေရာ…”

” အီ…ဟီး…ဟီး…”

အေပၚကို ေရာက္လုနီးေလေလ ေလျပင္းေတြက ပိုၿပီး ၾကမ္းၾကမ္းတမ္းတမ္း တိုက္ခတ္လာၿပီး ေအာ္သံေတြကလည္း ပိုလို႔ ဆူညံလာခဲ့တယ္။

” ကြၽႏ္ုပ္တို႔ဟာ ေနာင္တစ္ခ်ိန္မွာ သာသနာအတြက္ အေထာက္အပံ့ျဖစ္ေစမယ့္ သူတစ္ေယာက္ကို ကူညီေပးေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေစတီဆီက အေစာင့္အေရွာက္တို႔ ကူညီေပးၾကပါကုန္…”

ဦးသိဒၵိက သစၥာျပဳလိုက္တယ္။

အဲ့ဒီ့အခိုက္မွာပဲ ေတာင္ကုန္းကေလးရဲ႕ အေပၚဘက္ဆီက ညာသံေပးၿပီး ေျပးဆင္းလာၾကတဲ့ အသံေတြကို ၾကားလိုက္ရတယ္။

ဦးသိဒၵိ လွမ္းၾကည့္မိေတာ့ အေပၚပိုင္းဗလာက်င္းထားၿပီး ခါးေတာင္းက်ိဳက္ေတြနဲ႔ တင္းပုတ္ေတြ ေျမႇာက္လို႔ ေျပးဆင္းလာၾကတဲ့ ေရွးေခတ္ စစ္သည္ေတာ္ေတြ။

စစ္သည္ေတာ္ေတြက မည္းမည္းအရိပ္ေတြကို ၀င္ေရာက္ၿပီး ႐ိုက္ႏွက္ကုန္ၾကတယ္။

စစ္သည္ေတာ္ေတြရဲ႕ ကူညီမႈေၾကာင့္ ေမာင္ထူးနဲ႔ ဒိုးညီေနာင္တို႔အတြက္ လမ္းေၾကာင္းတစ္ခု ပြင့္လာခဲ့တာမို႔ သူတို႔ သုံးေယာက္ အလ်င္အျမန္ပဲ ေျပးတက္လိုက္တယ္။

ဒီလိုနဲ႔ ေတာင္ကုန္းကေလးရဲ႕ ထိပ္က ေျမျပန္႔ကေလးကို ေျခခ်လိုက္မိခ်ိန္မွာေတာ့ နီက်င္တဲ့အဆင္းနဲ႔ ေစတီကေလးတစ္ဆူကို သူတို႔ ဖူးေတြ႕လိုက္ရတယ္။

တၿပိဳင္နက္ထဲမွာပဲ အသံေတြနဲ႔ အရိပ္မည္းေတြ စစ္သည္ေတာ္ေတြ အားလုံးက ႐ုတ္ျခည္းပဲ ဆိတ္သုဥ္းလို႔ ေပ်ာက္ကြယ္သြားခဲ့ေတာ့တာ။

******

ေလေျပညႇင္းရဲ႕ တိုက္ခတ္မႈေၾကာင့္ တလြင္လြင္ ထြက္ေပၚေနတဲ့ ဆည္းလည္းသံတို႔က ပတ္၀န္းက်င္ကို လႊမ္းမိုးထားတယ္။

ေမာင္ထူးနဲ႔အတူ ဦးသိဒၵိေရာ ဒိုးညီေနာင္တို႔ပါ နီရဲတဲ့အဆင္းတဲ့ ေစတီေတာ္ကို ဥိးခိုက္ဖူးေျမႇာ္ေနမိၾကတာ။

အခ်ိန္ေတြေတာင္ အေတာ္ေႏွာင္းၿပီး ေမွာင္ရီပ်ိဳးခဲ့ၿပီေလ။

တေျဖးေျဖးနဲ႔ ေစတီေတာ္ရဲ႕ အသြင္က တေျမ့ေျမ့ ေပ်ာက္ကြယ္လာခဲ့တယ္။

ဦးသဒၵိတို႔အားလုံး လက္အုပ္ခ်ီၿပီး ဖူးေျမႇာ္ေနမိၾကဆဲပဲ။ အေမွာင္ထုက သိသိသာသာ လႊမ္းလာတဲ့အခ်ိန္မွာေတာ့ ေစတီေတာ္ဟာ သူတို႔ရဲ႕ ျမင္ကြင္းကေန လုံး၀ ကြယ္ခဲ့ပါၿပီ။

” ကဲ…ေမာင္ထူး တို႔တေတြ ျပန္ၾကစို႔ရဲ႕…”

ဦးသိဒ္ဒိရဲ႕ စကားသံ။

သူတို႔အားလုံး ေတာင္ကုန္းကေလးရဲ႕ အထက္ဆီကေန ျပန္ဆင္းခဲ့ၾကတယ္။

တက္လာတုန္းက အေႏွာက္အယွက္ေတြအမ်ားအျပားရွိေနခဲ့တဲ့ေနရာက အခုမ်ားက်ေတာ့ သူမဟုတ္သလိုပါပဲ။

အရာရာ တိတ္ဆိတ္ေအးခ်မ္းလို႔ ေလညႇင္းကေလးေတြေတာင္ တိုက္ခတ္ေနေသးေတာ့တာ။

ေမာင္ထူးရဲ႕ စိတ္ဘ၀င္မွာေတာ့ ေစတီေတာ္ကို ဖူးေျမႇာ္မႈအဟုန္ေၾကာင့္ ၾကည္ႏူးစိတ္ေတြ တဖ်ပ္ဖ်ပ္နဲ႔ သာသနာေတာ္ ျပန္႔ပြားတိုးတက္ေရးအတြက္ အ႐ိုးေက်ေက် အေရခမ္းခမ္း ထမ္း႐ြက္ပါ့မယ္လို႔ စိတ္ပိုင္းျဖတ္ခဲ့ေလေတာ့တာ။

ေနာက္တစ္ေန႔ မနက္မိုးေသာက္ခ်ိန္မွာေတာ့ သူတို႔တေတြ ေမာင္ထူးရဲ႕ ႐ြာဆီကို ျပန္လည္ေရာက္ရွိခဲ့ၾကပါၿပီ။

ေမာင္ထူးရဲ႕ အေမက သုံးရက္ေက်ာ္ေလာက္ သတင္း အစအနေတာင္ မရဘဲ ေပ်ာက္ရွေနတဲ့ သားျဖစ္သူကို ႐ုတ္တရက္ေတြ႕လိုက္ရေတာ့ ၀မ္းသာလုံးဆို႔ၿပီး ခ်ဳံးပြဲခ်ငိုေႂကြးေတာ့တာ။

မိခင္ျဖစ္သူကို အငိုတိတ္ေအာင္ညေခ်ာ့ေမာ့ေျဖာင္းဖ်ၿပီးတဲ့အခ်ိန္မွာေတာ့ ေမာင္ထူးဟာ သူႀကဳံေတြ႕ခဲ့ရတာေတြကို ေျပာျပၿပီး သာသနာ့ေဘာင္ဆီကို အၿပီး၀င္ေရာက္ဖို႔ ခြ္႕ေတာင္းပါေတာ့တယ္။

ပထမေတာ့ ေမာင္ထူးရဲ႕အေမက တစ္ဦးတည္းေသာ သားေလးမို႔ အတင္းကို ျငင္းဆန္ေသးတယ္။

ဒါေပမယ့္ စိတ္ပိုင္းျဖတ္ၿပီးသားျဖစ္ၿပီး လွည့္ဖ်ားမႈေတြမ်ားစြာနဲ႔ သံသရာအၾကားမွာ အတုန္႔အလွယ္က်င္လည္ေနၾကရတဲ့ ဘ၀ကို စိတ္ကုန္ၿငီးေငြ႕သြားရၿပီမို႔ မိခင္ျဖစ္သူဆီ အႀကိမ္ႀကိမ္ ေတာင္းဆိုေလေတာ့တယ္။

ေနာက္ဆုံးေတာ့ ေမာင္ထူးရဲ႕ အေမ လက္ေလ်ာ့ခဲ့ရပါၿပီ။ သားျဖစ္သူအတြက္ ပီတိမ်က္ရည္စက္လက္နဲ႔ ေခါင္းကို ညိတ္လို႔ ခြင့္ျပဳခဲ့ေတာ့တာ။

အဲ့ဒီ့အခ်ိန္ ဦးသိဒၵိနဲ႔ ဒိုးညီေနာင္တို႔ကေတာ့ ေမာင္ထူးတို႔႐ြာနဲ႔ ေဝးေသာ အရပ္ဆီကို ဦးတည္လို႔ ထြက္ခြာေနခဲ့ပါၿပီ။

******

ဒီအျဖစ္အပ်က္ေတြ အၿပီးမွာ ဦးသိဒၵိနဲ႔ ဒိုးညီေနာင္တို႔ သူတို႔ရဲ႕ နဂိုဦးတည္ရာျဖစ္တဲ့ လမ္းဆီကို ဆက္လွမ္းခဲ့ၾကပါတယ္။

အဲ့ဒီ့လိုသြားေနရင္းနဲ႔ လမ္းခရီးတစ္ေနရာဆီကို ေရာက္ခ်ိန္မွာေတာ့ သစ္ပင္ႀကိးတစ္ပင္ေအာက္မွာ ရႈိက္ငိုေနတဲ့ ဝိဥာဥ္တစ္ေကာင္ကို ျမင္ရၿပီး အဲ့ဒီ့ဝိဥာဥ္နဲ႔ ပက္သက္တဲ့ ကိစၥတစ္ခုကို ေျဖရွင္းေပးဖို႔ ျဖစ္လာပါေတာ့တယ္။

ဒီအေၾကာင္းကိုေတာ့ ” ဝိဥာဥ္လဲေသာ ကေဝ” ဆိုတဲ့ စာမူမွာ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးခင္ဗ်ာ…။

ေနာင္႐ိုး (ေဆးတပ္)

#ညမဖတ္ရ