ရန်ငြိုးတစ်ထွာကဝေရာဇာ(စ/ဆုံး)
Unicode Version
ရန်ငြိုးတစ်ထွာကဝေရာဇာ(စ/ဆုံး)
——————————————-
တေဇအားချီပိုးကာ ခင်လွှမ်းလည်း ပင်းတယမှ ရှောင်ပြေးလာပြီး ရွာတစ်ရွာတွင်ပုန်းနေပြီး ဆေးဆရာတစ်ဦးပင့်ကာ တေဇအား ကုသပေးလေသည်။
” အဘရဲ့အတွေ့အကြုံအရ ဒီဒဏ်ရာက သာမန်ထိခိုက်မှုမျိုးမဟုတ်ဘူး ဒီတော့ ဘာဖြစ်လာတာလဲအဘကိုပြောပြ သမီးရဲ့ ”
ခင်လွှမ်းလည်း ပြောရကောင်းနိုးနိုး မပြောရကောင်းနိုးနိုး ဝေခွဲမရဖြစ်နေသည်။ ဆေးဆရာကြီးလည်း ထပ်မမေးတော့ပဲ တေဇဒဏ်ရာကို ဆေးထည့်ပေးနေစဉ် လူတစ်ယောက်အိမ်ထဲဝင်လာပြီး
” ဒီအိမ်မှာ လူနာရှိတယ်ဆိုလို့လာကုတာပါ ဒါနဲ့ ဒီက အဘက ဆေးလာကုတဲ့ဆေးဆရာလား ”
” ဟုတ်ပါတယ် ဒဏ်ရာဆိုတာမြင်ပေမဲ့ ဘာဖြစ်လာမှန်းမသိတော့ ကုရအခက်သားပဲ ကဲပါမောင်ရင် ကုချင်သပဆိုလည်း ကုပေါ့ ကဲကဲ အဘပြန်ပြီနော် ”
” အဘ ဒါက ခြေကြွခပါ နည်းတယ်များတယ် မအောင့်မေ့ပါနဲ့ ”
ဟုဆိုကာ ပိုက်ဆံအနည်းငယ်ကို ကန်တော့လိုက်ပြီး နောက်ထပ်ရောက်လာသူအားအကဲကတ်လိုက်ရာ မျက်ထောင့်နီနီ မျက်တောင်မခတ် အသက်လည်းမရှူသဖြင့် ပညာဖြင့်ကြည့်ပြန်ရာ လူ့အငွေ့သက်မရှိပဲ ကိုယ်ရောင်ကိုယ်ဝါတောက်ပနေရာ
” သုနန္ဒတေဇ မူလအတိုင်းနေလော့ သင်မှန်း ကျုပ်သိတယ် ”
ဟုပြောလိုက်မှ တဖြည်းဖြည်းနဲ့နတ်ဘီလူး သုနန္ဒတေဇအဖြစ်ပြောင်းသွားလေသည်။
” သခင်မ ကျွန်ုပ်မှန်းသိပေသားပဲ ကျွန်ုပ်အရှင့်ကို ဆေးလာကုသပေးခြင်း ဖြစ်ပါတယ် ”
ဟုဆိုကာ တေဇဒဏ်ရာကို လက်ဝါးဖြင့်အုပ်ပြီး မန္တန်တစ်ပုဒ်ကိုရွတ်ဖတ်နေလေသည်။ ထို့နောက် လက်ဝါးဖြန့်လိုက်ရာ မြကျောက်ဖြင့်စီခြယ်ထားသော ကလပ်တစ်ခုပေါ်လာလေသည်။ ထိုကလပ်အတွင်းမှ ဆေးတောင့်တစ်တစ်ထောင့်ကို တေဇဒဏ်ရာအတွင်းသို့ ထည့်ပြီး လက်နှင့်အုပ်လိုက်ရာ ချက်ချင်းအကောင်းပကတိဖြစ်သွားလေသည်။ သို့သော် တေဇသတိမရသေးရာ
” အရှင်တေဇရဲ့ဒဏ်ရာက နက်နဲလွန်းတာကြောင့် သတိရဖို့ သုံးလေးရက်ကြာပါလိမ့်မယ် သခင်မ ဒီရေစင်နဲ့ဒီအင်းကိုယူထားပါ ရေစင်က သတိရလာရင်တိုက်လိုက်ပါ သခင်မ ”
ဟုဆိုကာ ရေစင်ပုလင်းနဲ့ရွှေပြားနှင့်အင်းကို ခင်လွှမ်းအားပေးခဲ့လေသည်။ ခင်လွှမ်းလည်း တေဇအား ပြုစုရင်း သုံးလေးရက်ကြာသောအခါ တေဇသတိရလာလေသည်။
” အဟွတ် အဟွတ် အဟွတ်…..ရေ…ရေ..ရေပေးပါ ရေဆာတယ် ”
ခင်လွှမ်းလည်း ရေတစ်ခွက်ခပ်ပြီး တေဇအားတိုက်လိုက်လေသည်။ ထို့နောက် တေဇက
” ခင်လွှမ်း ဒါဘယ်ရောက်နေတာလဲ အားးး
ရင်ဘတ်ထဲကအောင့်လိုက်တာ ”
အဲ့တော့မှ ခင်လွှမ်းလည်း သတိရသွားပြီး နတ်ရေစင်များကို တေဇအားတိုက်လိုက်လေသည်။ အဲ့တော့မှ သက်သာသွားပြီး
” ဒါဘယ်နေရာ ရောက်နေတာလဲဟင် ”
” ဒါ ပင်းတယနဲ့အတော်အလှမ်းဝေးတယ် အကို ဘယ်နယ်ဘက်လဲသေချာမသိဘူး ”
” အင်း ဒါနဲ့အကိုသတိမေ့နေတာကြာပြီလဟားဟင် ဘယ်လောက်ကြာပြီလဲ ”
” ကြာတယ်အကို ၅ရက်တောင်ရှိပြီ သုနန္ဒတေဇက လာပြီးဆေးကုပေးသွားတာ ”
” ဟုတ်လား ခင်လွှမ်းရော ပင်ပန်းနေရောပေါ့နော် ”
” မပင်ပန်းပါဘူး အကိုရယ် ဒါပေမဲ့ စိတ်ပူရတာအရမ်းပဲ ”
” ကဲ အခုစိတ်မပူနဲ့တော့လေ အကိုသက်သာနေပါပြီ ”
” သက်သာတာက ဟုတ်တယ် အကိုရဲ့ အကို့ဒဏ်ရာက အရှင်းမပျောက်သေးဘူး ကဝေရာဇာက ဘယ်အချိန်လိုက်လာမလဲမသိဘူး ”
“အင်း အကိုလည်း ဒဏ်ရာတွေကို အမြန်ကုမှရမယ် အဲ့ကဝေကောင်ရဲ့အစွမ်းက တော်တော်ကြီးပါလား ”
” ဟုတ်တယ်အကို သူ့ကိုနိုင်မဲ့နည်းလမ်း ရှာမှရမယ် ”
” ကဲပါ အခု အကိုဗိုက်ဆာနေပြီ ဘာစားစရာရှိလဲ ခင်လွှမ်း ”
” အကို့အတွက် ဆန်ပြုတ် ပြုတ်ထားတာရှိတယ် သွားထည့်လိုက်ဦးမယ်နော် ”
ဟုဆိုကာ အခန်းထဲမှ အပြင်ထွက်သွားလေသည်။ ထို့နောက် အငွေ့တထောင်းထောင်းထနေသော ဆန်ပြုတ်ပန်းကန်အားယူလာပြီး တေဇအား
” ခင်လွှမ်း ခွံ့ကျွေးမယ်အကို ဖြေးဖြေးစားနော် ပူတယ် ခင်လွှမ်းမှုတ်ပေးမယ် ဖူးးဖူးးဖူးး ဟ အကို ” ( စွ FAကြီးတွေ စော်မရှိ ဘဲမရှိနဲ့ စာဖတ်ပြီး ကြိတ်ရယ်မနေနဲ့)
တေဇအား ဆန်ပြုတ်တိုက်ပြီးနောက် ခင်လွှမ်းက သုနန္ဒတေဇပေးခဲ့သော အင်းချပ်အား တေဇကိုပေးလိုက်ပြီး
” ဒါ သုနန္ဒတေဇ ပေးခဲ့တာ ဘယ်လိုသုံးရမလဲမသိဘူး အင်းနှိုးဂါထာတွေလည်းမပါဘူး ”
” အကိုလည်းမသိဘူး အင်းကတော့ အတော် လက်ရာမြောက်သားပဲ ”
” ကဲပါ အကိုရယ် ခဏပြန်နားလိုက်ဦး ဒဏ်ရာတွေက သက်သာသေးတာမဟုတ်ဘူး ”
” အင်းပါ ခင်လွှမ်းရော ဘာစားပြီးပြီလဲ ”
ခင်လွှမ်းက တေဇအားပြုံးပြလိုက်လေရာ တေဇသဘောပေါက်သွားလေသည်။ အခုထိဘာမှမစားသေးပဲ တေဇအားစိတ်ပူနေခြင်းပင်။
” ကဲတစ်ခုခုစားချည် ပြီးရင်နားဖို့ပြင်တော့နော် ပင်ပန်းနေရှာပြီ ”
ခင်လွှမ်းလည်း မျက်ရည်များကျလာကာ တေဇကိုဖက်ထားလိုက်ပြီး
” ခင်လွှမ်းလေ အကို့ကို စိတ်ပူနေခဲ့တာ အဟင့်ဟင့်ဟင့် ”
” တိတ်ပါခင်လွှမ်းရယ် ငိုမနေနဲ့တော့နော် လိမ္မာပါတယ်ကွာ ”
အလိုက်သင့်ပြန်ဖက်ထားပြီး ခင်လွှမ်းအား နှစ်သိမ့်ပေးနေလိုက်သည်။ တစ်ပတ်ခန့် အနားယူပြီးသွားသောအခါ တေဇလည်း ဒဏ်ရာများ ပုံမှန်ပြန်ဖြစ်လာလေသည်။ ပညာများလည်း ယခင်အတိုင်း ပြန်အသုံးပြုနိုင်လေပြီ။ ရွာခံအချို့နှင့်လည်း အတန်အသင့်ခင်မင်နေလေပြီ။
” အကိုရေ ကယ်ပါဦး အကိုတေဇရေ ”
” ဟ ငတင် ဘာဖြစ်လာတာလဲ ရေးကြီးသုတ်ပြာနဲ့ ပြောစမ်းပါဦး ”
” ကျုပ် ကျုပ် ကျုပ်အဖေ ဓားကြီးဆွဲပြီးသောင်းကျန်းနေလို့ အဲ့ဒါ ဟိုဘက်ရွာက ဆရာ သွားပင့်မလို့ ”
” ဪ အဲ့ဒါများ ဟိုဘက်ရွာသွားလေ ငါ့ဆီလာပြီး ကယ်ပါဦးပြောနေတယ် မင်းနဲ့လိုက်ကူရမှာလား ငါက ”
” မဟုတ်ဘူး လာဗျာ ကျုပ်အိမ်ကို လမ်းမှာပြောပြမယ် ”
ဟုဆိုကာ တေဇကို ဇွတ်အတင်းဆွဲခေါ်သွားလေပြီး လမ်းရောက်မှ
” ကျုပ် ဟိုဘက်ရွာက ဆရာကို သွားပင့်ဖို့ အသွားမှာ လမ်းမှာ ပိတ်ဖြူစင်ကြယ်နဲ့အဘိုးကြီးတစ်ယောက်ဖြတ်ခနဲပေါ်လာပြီး လူလေး ဟိုဘက်ရွာသွားရင် မင်းအဖေအသက်ကို မှီမှာမဟုတ်ဘူး ဒီရွာကိုရောက်နေတဲ့ တေဇဆိုတဲ့ မင်းမိတ်ဆွေပဲကယ်နိုင်မှာ သူ့ကို အကူညီသွားတောင်းချေ ဆိုပြီး ပြောလိုက်လို့ဗျ ပြီးတော့ ကျုပ်အရှေ့မှာတင် ပျောက်သွားတာဗျ ”
” အေးပေါ့ ဒါဆိုလည်းကူညီရတာပေါ့ မင်းအိမ်က ဝေးလား ”
” မဝေးဘူးဗျ ဟိုအရှေ့ကအိမ်ပဲ ”
ငတင်လည်းပြောပြောဆိုဆိုနဲ့အိမ်ထဲဝင်သွားလေသည်။ တေဇလည်း အနောက်မှ လိုက်ဝင်သွားရာ အိမ်ထဲမှ
” ငါ့ကိုလာမစမ်းနဲ့ကွ သေချင်းဆိုးနဲ့သေသွားမယ် ဘာမှတ်နေလည်း ကဲကွာ ဒုတ်ဒုတ်ဒုတ်… ”
” အကိုရေ မြင်တဲ့အတိုင်းပဲ တွေ့ရာမြင်ရာ အကုန်ခုတ်နေလို့ အခန်းထဲပိတ်ထားရတယ် ”
” ရပါတယ် မင်း စိတ်မပူနဲ့ ငါ့ကိုရေတစ်ခွက်သာခပ်ပေး ”
ဟုပြောလိုက်ရာ ငတင့်ရဲ့ညီမဖြစ်သူမှ ရေတစ်ခွက်ခပ်ပေးလေသည်။ တေဇလည်း ရေခွက်ထဲသို့ လက်ညိုးနှစ်ပြီး ဂါထာ တစ်ပုဒ်ရွတ်ပြီး
” အခန်းတံခါးဖွင့်လိုက် ငတင် ”
” ဖြစ်ပါ့မလား အကို ဓားကြီးနဲ့နော် ”
” ဖြစ်ပါတယ် ကွာ ဖွင့်ဆိုဖွင့်လိုက် ”
ဆိုပြီးပြောလိုက်မှ ငတင်လည်း တံခါးဖွင့်ပေးလိုက်ရာ ငတင့်အဖေလည်း အခန်းထဲမှ ဓားကိုင်ပြီး ပြေးလာကာ တေဇအား ဓားဖြင့်ခုတ်ဖို့ ရွယ်လိုက်ရာ
” ကဲရော့ မီးအတိပူစမ်း အဲ့ဒါမီးတွေကွ ”
ဟုပြောပြီး ရေနဲ့တောက်ချလိုက်ရာ ငတင့်အဖေလည်း တွန့်သွားပြီး ဓားကို လက်ထဲမှ လွှတ်ချလိုက်လေသည်။ တေဇက
” အရှေ့ခန်းထဲလိုက်ခဲ့ ငါ ထပ်ပြီး မပက်ချင်ဘူးနော် ”
ဟုပြောလိုက်ပြီး အရှေ့ခန်းသို့ သွားလိုက်လေသည်။ အရှေ့ခန်းထဲရောက်တော့
” ဟိုအကောင် မင်းမလာသေးဘူးလား ငတင် ဒီရေနဲ့ပက်လိုက် ခေါင်းကနေ လောင်းပစ်ကွာ ”
ပြောပြီး ငတင့်အာ ရေခွက်ပေးလိုက်လေသည်။ ငတင်လည်းရေနှင့် လှမ်းပက်လိုက်မှ
” အား ကြောက်ပါပြီ ပူတယ်ပူတယ်ပူတယ်ပူတယ် အား ”
” ဟိုကောင် မာယာများမနေနဲ့ အရှေ့လာခဲ့ ”
” ဟားဟားဟားဟားဟား မင်းရေက မပူလို့ ငါကပူချင်ယောင်ဆောင်ပေးနေတာပါကွာ ”
ဆိုပြီးတိုင်နှင့်ခေါင်းနှင့်ပြေးဆောင့်လေရာ နဖူးများ ဟက်တက်ကွဲပြီး သွေးများဖြာထွက်လာလေသည်။ တေဇက
” ကဲ ကြမ်းချင်သပဆိုကြမ်းစမ်း တိုက်ခိုက်ချင်သေးတယ်ဆိုရင်လည်းပြော ”
ငတင်က သူ့အဖေကို စိတ်ပူပြီး တေဇအား လက်တို့ပြီး တခုခုလုပ်ခိုင်းနေလေရာ
” အကိုလုပ်ပါဦး အဖေသေသွားလိမ့်မယ် ”
” မကြောက်နဲ့ငတင် မင်းအဖေဘာမှမဖြစ်စေရာဘူး ငါအာမခံတယ် ”
ငတင့်အဖေလည်း တိုင်နှင့်ဆောင့်၍အားမရပဲ ဘေးမှလူများကို လိုက်လံထိုးကြိတ်လေရာ တေဇက
” ဒီလောက်ကြမ်းနေတာ သုနန္ဒတေဇ လာပြီးကြမ်းပြလိုက်စမ်း ”
ဟုပြောလိုက်ကာ သုနန္ဒတေဇပေါ်လာပြီး ငတင့်အဖေအား တရစပ်ထိုးကြိတ်ကန်ကျောက်လေတော့သည်။ အများအမြင်မှာတော့ ငတင့်အဖေတစ်ယောက်တည်းရယ်။ သို့ပေမဲ့ တေဇအမြင်မှာ အမွှေးစုတ်ဖွားနှင့်အကောင်မဲမဲအား သုနန္ဒတေဇမှ ထိုးကြိတ်နေခြင်ပင်။
” အား ကြောက်ပါပြီ နတ်ဘီလူးကြီးရေ ရပ်ပါတော့ မထိုးပါနဲ့တော့ မကန်ပါနဲ့တော့ အား ခါးကျိုးပါပြီ သေပါပြီ ကယ်ပါဦး ဆရာကြီးရေ ”
” သုနန္ဒတေဇ လက်အောက်ငယ်သားတွေခေါ်ပြီး ဆယ်ဆပိုကြမ်းစမ်း ”
သုနန္ဒတေဇလည်း လက်အောက်ငယ်သားတွေခေါ်ပြီး ဝိုင်းဝန်းရိုက်နှက်ကန်ကျောက်ရာ
” အား အမလေး သေပါပြီ ကယ်ကြပါဦး အား ဓားနဲ့မွှန်းနေလို့ကယ်ကြပါဦး မနှိပ်စက်ပါနဲ့တော့ ကြောက်ပါပြီ အစ်ခစ်… ”
အလူးအလဲခံနေရသော သူကိုကြည့်ပြီး တေဇက သုနန္ဒတေဇတို့အား ခဏနားခိုင်းကာ
” ဟေ့ကောင် ငါ့ကိုမလေးမစားလုပ်ဦးမလား ”
” မလုပ်တော့ပါဘူး ဆရာ ”
” ထပ်ကြမ်းဦးမလား ဟေ့ကောင် ”
” မကြမ်းရဲတော့ပါဘူးဆရာ ကြောက်ပါပြီ ”
” ဟ မင်းက အခုတော့ အပိုးကျိုးလှချည်လား စောစောကနဲ့ကွာခြားနေတယ်နော် ”
” တောင်းပန်ပါတယ်ဆရာ စောစောက ဆရာ့အစွမ်းကို မသိလို့ပါ ”
” အေး ငါ့အစွမ်းသိပြီဆိုရင်လည်း မင်း ငတင့်အဖေကို ဘာလုပ်ထားတာလဲ ပြော ”
” ကျုပ်ဆရာက အသေသတ်ခိုင်းလို့ပါ ”
” အခုသတ်ဦးမလား ”
” မသတ်တော့ပါဘူး တာဝန်မပြီးမြောက်လို့ ကျုပ်ပဲအသတ်ခံလိုက်ပါ့မယ် ကြောက်ပါပြီ ”
” ဒါဆိုလည်း မင်း လုပ်ထားတာတွေပြန်ယူသွား ကျန်ခဲ့ရင် အဆတစ်ရာပိုပြီးနာမယ်နော် ”
” မချန်ခဲ့ရဲ့ပါဘူး ကြောက်ပါတယ် ”
ဟုဆိုကာ ဒဏ်ရာဒဏ်ချက်များကို လက်နှင့်သပ်ချသွားပြီး ထွက်သွားလေသည်။ တေဇက
” ကဲ ငတင် မင်းအဖေဒဏ်ရာတွေရှိသေးလားကြည့်လိုက် ”
ငတင်လည်း သူ့အဖေ ဒဏ်ရာများကိုလိုက်ပြီးကြည့်ရှုရာ
” ဟာအကို ဘာမှ မရှိတော့ဘူး ဟာ အကိုကစွမ်းလိုက်တာဗျာ တကယ်အံ့ဩစရာကြီးပဲ ”
ဘေးမှလူများကလည်း တေဇအား ဝိုင်းဝန်းချီးကျူးကြလေသည်။
” အကို ဒါဆို အဖေကပြန်ကောင်းသွားပြီပေါ့ ”
” မင်းအဖေကို သတ်ခိုင်းတဲ့အကောင်ကို ခေါ်ရဦးမယ်လေ အဓိက ခေါင်က သူပဲ ”
” ဟုတ်လားအကို ဒါဆိုလည်းခေါ်ဗျာ ကျုပ်အဖေကို အသေသတ်ချင်တဲ့သူကို နှိပ်စက်တာ ကျုပ်ကြည့်ချင်တယ် ”
တေဇလည်း ငတင်ပြောပုံကို သဘောကျပြီး တစ်ချက်ပြုံးပြီး
” ငါ့အထက်ဆရာတွေ့ရဲ့အမိန့် ငါ့အမိန့်နဲ့ဆင့်ခေါ်တယ် ဒီကာယကံရှင်ကို အသေသတ်ခိုင်းတဲ့အကောင် ငါ့အရှေ့လာခဲ့ မလာပဲ ပေကပ်နေရင် နတ်ဆိုးတွေက အသားကိုမွှန်း အရိုးကိုချိုးပြီး ခေါ်ခဲ့ ”
ဟုဆိုကာ အမိန့်ပြန်လိုက်ရာ ငတင့်အဖေလည်း လဲနေရာမှ ပြန်ထလာပြီး တေဇကို မျက်ထောက်နီဖြင့် ကြည့်နေရာ
” ကဲကိုယ့်ဘာသာကိုမိတ်ဆက်စမ်းပါဦး မင်းဘယ်သူလဲဆိုတာ ”
” ဆရာကြီးရယ် ကျွန်တော်က ဘာပညာမှတတ်တဲ့သူမဟုတ်ပါဘူး မတတ်တစ်ခေါက်လေးပါဗျာ ”
” ငါမေးတာ မင်းဘယ်သူလဲ အောက်လမ်းလား ကဝေလား မေးတာ နာမည်မမေးဘူး ”
” ကျွန်တော်က ကဝေပါဆရာကြီးရယ် ဘာမှမတတ်ပါဘူး ”
” မင်း ဘာလို့ ငတင့်အဖေကို အသေသတ်ခိုင်းတာလဲ ဘာရန်ငြိုးရန်စရှိလို့လဲ ”
” မသတ်ခိုင်းပါဘူးဆရာကြီးရယ် စောစောက သဘက်ကြီးက ညာပြောသွားတာပါ ”
တေဇလည်း ကနွဲ့ကရလုပ်နေသော ကဝေကောင်ကိုကြည့်ကာ ဒေါသပြန်ထွက်လာပြီး
” အေးပေါ့ကွာ မင်းဟန်ဆောင်တာကို ငါက မင်းအမူအရာကို ကိုယ်တိုင်ပုံဖော်ပေးရတာပေါ့ သုနန္ဒတေဇ စောစောကလိုဝိုင်းနှိပ်စက်ကြစမ်း ”
အဲ့လိုပြောလိုက်ရာ သုနန္ဒတေဇတို့လည်း ဝိုင်းဝန်းနှိပ်စက်ပြန်ရာ ကဝေကောင်လည်း တောင့်ခံနေပြီး တောက်တစ်ချက်ခေါက်လိုက်ရာ နတ်ဘီလူးများ အားလုံး လွင့်စင်သွားလေသည်။
” ငါ့ကိုများ နှိပ်စက်လို့ရမယ်ထင်နေလား ”
တေဇလည်း ကဝေကောင်ကို ဆံပင်စောင့်ဆွဲပြီး ပါးပိတ်ရိုက်လိုက်ကာ
” မင်းအဆင့်မင်းသိ ငါ့ကိုလာမစမ်းနဲ့ မင်းသေသွားမယ် ပြောစမ်း မင်း သူ့ကိုဘာလို့သတ်ခိုင်းထားတာလဲ ”
” ငါက ဘယ်ကောင့်ကိုမှ ကြောက်တာမဟုတ်ဘူး မင်းမေးတိုင်ငါကဖြေစရာလား စောက်ဂရုမစိုက်ဘူးကွ နားလည်လား ”
” ကဲဒီလောက်ဖြစ်နေတာ ကဲကွာ ဖြန်းးးးးဖြန်းးးးးးဖြန်းးးးးးဖြန်းးးး ”
တေဇလည်း ကဝေကောင်ကိုပါးချည်းလိမ့်ရိုက်ပစ်၏။ ကဝေကောင်ကဒေါသထွက်သွားပြီး တေဇအား ဆောင့်ကန်လိုက်ရာ
” ဘုန်းးး အင့် ”
တေဇလည်း နံရံနှင့်ကျောနှင့်စောင့်မိသွားလေရာ ဒေါသအထွဋ်အထိပ်ရောက်သွားပြီး
” မင်းလားကွ ငါ့ကိုပြန်လုပ်ရဲတာ ကဲကွာ ခွပ်ခွပ်ခွပ် ဒုတ် ဖြောင်း ကဲကွာ အုံးးး ”
ဆိုပြီး ကဝေကောင်ကို မျက်နှာအနှံ့ထိုးကြိတ်ပြီး စောင့်ကန်လိုက်ရာ အနောက်သို့လွင့်သွားပြီး တိုင်နှင့်ခေါင်းနှင့်စောင့်မိသွားလေသည်။ တေဇက
” သုနန္ဒတေဇ ဆူးတင်းပုတ်နဲ့ထုကွာ ခပ်ကြမ်းကြမ်းထု အဲ့ကဝေကို မသေရုံတမယ်ထုပစ် ”
သုနန္ဒတေဇလည်း သံစူးများချွန်ထက်နေသော တင်းပုတ်ဖြင့် ကဝေကောင်အား မနားတမ်းထုလေတော့သည်။
” အား အားးအားးးးအားးးးးးးး သပေါပြီ အားးးးးးး ”
” အရှေ့ကို ငိုက်ကျအောင် ခေါင်းကိုပိတ်ထုပစ် ဒီထက်ကြီးတဲ့ တင်းပုတ်နဲ့ထု ”
ကဝေကောင်လည်း သုနန္ဒတေဇရဲ့ထုချက်များအောက်တွင် အလူးအလဲခံနေရပြီး
” ကြောက်ပါပြီ မထုပါနဲ့တော့ အားးးး ကယ်ကြပါဦး ”
” မရပ်နဲ့ဆက်ထု စောစောက လွင့်သွားတဲ့ နတ်ဘီလူးတွေပါ လာပြန်ထု ”
” အား သေပါပြီဗျ အရှုံးပေးပါပြီ ”
အချိန်အတော်ကြာသည်အထိ နှိပ်စက်ပြီးသောအခါ တေဇက ခဏရပ်ခိုင်းပြီး
” မင်းဘယ်သူလဲ ပြော ”
” ကျုပ်နာမည် ဘဦးပါ ”
” ဘာလို့ ငတင့်အဖေကို သတ်ခိုင်းတာလဲ ”
” ကျုပ်ကို လူရှေ့သူရှေ့မှာ လက်ကြောမတင်းဘူး ဘာအလုပ်မှ မယ်မယ်ရရမတတ်ဘူး လို့ပြောလို့ပါ ဒါကြောင့် တတ်ကြောင်းပြလိုက်တာပါ ”
ဘဦးမှ အဲ့လိုပြောလေရာ ငတင်က ဝင်ပြီးတော့ ဘဦးအား
” ဟေ့ကောင်ဘဦး မင်းက ငါ့အဖေအလုပ်မှာ လုပ်နေတာ နှစ်ပေါက်နေပြီ မက်းကအချောင်ခို ပစ္စည်းခိုးပြီး လခပိုလိုချင်နေတာလေ ပြီးတော့ ငါတို့မိသားစုကွယ်ရာမှာ မဟုတ်မမှန်တဲ့စကားတွေ အတင်းချတယ် ဒါလည်း သည်းခံသေးတယ် မင်းက ဘာအရည်အချင်းမှမရှိပဲ စာရင်းကိုင်နဲ့လစာအတူတူလိုချင်နေလို့ မင်းကို ငါ့အဖေကပြောလိုက်တာလေ အဲ့ဒါငါ့အဖေ အလွန်လား ”
ငတင်မှ အဲ့လိုဝင်ပြောရာ ဘဦးက တဟားဟားအော်ရယ်ကာ
” ဘယ်သူလွန်လွန် မလွန်လွန် မင်းအဖေကို ငါ့လက်နဲ့အသေသတ်လို့ရတော့မှာလေ ငါကျေနပ်တယ်ကွ ငါကျေနပ်တယ် ”
” ဘယ်သူက ဘယ်သူ့ကို သတ်မလဲ မင်းစောင့်ကြည့်ပါ ဘဦးရာ ဟားဟားဟား ”
တေဇက ငတင်တို့ပြောသည်ကို နားထောင်ပြီးနောက်
” ဘဦး အခုကိစ္စက မင်းမှားတာလေ မင်းက ကိုယ့်ကျေးဇူးရှင်ကိုမှ ပြန်သတ်ရှင်နေတာပဲ ကျွေးတဲ့လက်ကိုပြန်ကိုက်နေတာပဲ ”
” ဒါတွေကျုပ်နားမလည်ဘူး ကျုပ်က ဒီဘိုးတော်ကို အသေသတ်ဖို့ပဲ ”
” မင်းသတ်လို့မရဘူး မင်းလုပ်ထားတာတွေပြန်ယူသွား မဟုတ်ရင် မင်းကို ငါထပ်နှိပ်စက်ရလိမ့်မယ် ”
” နှိပ်စက်စမ်းပါ ကျုပ်ကိုတစ်ခါတည်းအသေသတ်လိုက် ကျုပ်ကလုပ်ထားတာပြန်မယူနိုင်ဘူး ”
” မင်းအသား အနာမခံချင်စမ်းပါနဲ့ ပြန်ယူသွား ဘဦး ”
” မယူဘူး ကျုပ်သေမှရမယ် ”
” မယူရင် သုနန္ဒတေဇဆူးတင်းပုတ် ထပ်နဲ့ထုကွာ မသေစေနဲ့ ”
” ထုမနေနဲ့ ကျုပ်နဲ့ခင်ဗျား ပညာပြိုင်မယ် ခင်ဗျားနိုင်ရင် ကျုပ်အသက်ကိုယူ ကျုပ်နိုင်ရင် ဒီလူကိုရော ခင်ဗျားကိုရောသတ်မယ် ”
” ရတယ် မင်းက ဘယ်ပုံစံအတိုင်း ပြိုင်ချင်တာလဲ ”
” ကျုပ်က ခင်ဗျားကို သုံးကြိမ်စက်နဲ့ပစ်မယ် ခင်ဗျားက ပြန်မတိုက်ရဘူး ကာပဲကာရမယ် ”
” ရတယ် မင်းစက်ထုတ်တော့ ငါအဆင်သင့်ဖြစ်ပြီ ”
ဘဦးလည်း အနီရောင်စက်ဖြင့် တေဇကိုပြစ်လေသည်။ တေဇလည်း လက်ဖြင့်အသာ ကာထားလိုက်ရာ စက်များ တဖြည်းဖြည်း အရောင်မှိန်သွားပြီး ပျောက်ကွယ်သွားလေသည်။
” နောက်တစ်ခေါက်လာပြီနော် သတိထားတော့ ”
ဘဦးလည်း ပြောပြောဆိုဆိုနဲ့ အပြာရောင်စက်တန်းကိုထုတ်ပြီး တေဇဆီ စက်လွှတ်နေလေသည်။ တေဇက မန္တန်တစ်ပုဒ်ကိုရွတ်ပြီး စက်များကို စူးစိုက်ကြည့်နေရာ စက်တန်းကြီး ပျက်ပြယ်သွားပြန်သည်။ ဘဦးလည်း သူ့ရဲ့နောက်ဆုံးစက်ကိုထုတ်ပြီး
” ဒါ ကျုပ်ရဲ့အပြင်းဆုံးစက်ပဲ ခံနိုင်အောင်ခံပေတော့ ”
ဟုဆိုကာ လက်နှစ်ဖက်အပြင် ပါးစပ် နားနှာခေါင်း တို့မှစက်များထုတ်ကာ တေဇဆီပို့လေသည်။
တေဇက
” ရွှံ့နဲ့ကျောက်တုန်းဘယ်ဟာပိုမာလည်း ပြရသေးတာပေါ့ ”
ဟုဆိုကာ စက်များကိုမကာပဲ နေလိုက်ရာ ရင်ဘတ်တည့်တည့်သို့စက်များက တရစပ်ဝင်သွားပြီး အတန်ကြာတော့ ဘဦးစက်များကုန်သွားလေသည်။
” မင်းရဲ့စွမ်းလှချည်ရဲ့ဆိုတဲ့ စက်တွေကုန်ပြီး ငါမင်းကို ဘာမှ မလုပ်ချင်ဘူး မင်းလုပ်ထားတာတွေပြန်ယူသွား ”
” အင်းပေါ့လေ ခင်ဗျားနိုင်တာဆိုတော့လည်း ကျုပ်က ဘယ်ငြင်းလို့ရမှာတုန်း ကျုပ်ပြန်ယူသွားမယ် ဒါပေမဲ့ ကျုပ်နာမည်ဆိုးနဲ့ အသက်ရှင်မဲ့အစား အသေပဲခံလိုက်မယ် ကျုပ်ဆရာကြီးက ခင်ဗျားကို ပြန်လာသတ်လိမ့်မယ် ဟားဟားဟားဟား ”
ဟုဆိုကာ သူလုပ်ထားသမျှကိုသပ်ယူပြီးနောက် ကုန်စင်သွားသောအခါ
” ကျုပ်လုပ်ထားတာ ပြန်ယူပြီးသွားပြီး ကျုပ်ဆရာ ကျုပ်ရဲ့ဆရာကြီးက ခင်ဗျားကို လာသတ်မှာ မမေ့နဲ့ဟားဟားဟားဟား ဒုန်းးးး ”
ဘဦးက တေဇကို ခနဲ့ပြီး ကြမ်းပြင်နှင့်နှဖူးနှင့်တိုက်ကာ အဆုံးစီရင်သွားလေတော့သည်။ တေဇလည်း တားချိန်မရလိုက်သလို တားဖို့လည်း စိတ်ကူးမရခဲ့ပေ။ ထို့နောက် လုပ်သင့်လုပ်အပ်တာလုပ်ပေးပြီး အိမ်ပြန်ခဲ့လေသည်။ နောက်တစ်နေ့တွင် ငတင်ရောက်လာပြီး
” အကိုရေ ဘဦးတစ်ယောက် သူ့အိမ်မှာ နှဖူးဟက်တက်ကွဲပြီး သေနေလို့တဲ့ ဦးနှောက်တွေပါထွက်နေလေရဲ့ ”
” ဟေ ဟုတ်လား သူ့ဒဏ်သူခံသွားတာနေမှာပေါ့ ဒါနဲ့မင်းအဖေရော သက်သာပြီလား ”
” သက်သာပါပြီအကို ဒါနဲ့လေ ဒီအင်းစာအုပ်သေးသေးလေး အကိုများနားလည်မလားလို့ ယူလာတာ ”
တေဇလည်း ငတင်ပေးသောအင့်းစာအုပ်ကိုကြည့်လိုက်ရာ သုနန္ဒတေဇပေးသောအင်းနှင့်တူသဖြင့် အင်းချပ်ယူပြီးတိုက်ကြည့်ရာ အင်းချင်းအတူတူဖြစ်နေလေသည်။
” ငတင် ဒီစာအုပ် ဘယ်ကရတာလဲ ငါ့ကိုပြန်ရောင်းကွာ ”
” ဒါ ကျုပ်အိမ်ကယူလာတာလေ ကျုပ်တို့ငယ်ငယ်ကတည်းက ရှိတာ အကိုလိုချင်ရင်ယူလိုက်လေ မရောင်းဘူး အလကားယူလိုက် ”
” အေးကွာ ဒါဆိုလည်း ကျေးဇူးပဲ ဒါနဲ့ရွာထဲမှာ တခြား ဘာသတင်းတွေကြားသေးလဲ ”
” အကို့သတင်းတော့ အတော်မွှေးနေတာပဲ တခြားရွာတွေကလူတွေတောင် အကို့အကြောင်းလာပြီးဖောက်သည်ချနေကြပြီ ”
တေဇလည်း ဒီအတိုင်းဆိုလျှင် ကဝေရာဇာ အနှေးနဲ့အမြန်ရောက်လာတော့မှာ ကြိုတွက်ဆထားလိုက်သည်။ ထို့ကြောင့်လိုအပ်သည့် အင်းများကို ပြင်ဆင်ထားလေတော့သည်။ မှော်ကျင့်စဉ်များကိုလည်း ပြင်းထန်စွာကျင့်ကြံနေလေတော့သည်။
” တေဇဆိုတဲ့အောက်လမ်းကောင် အောက်လမ်းမှန်ရင် ငါ့အရှေ့ရောက်စေ ”
ရွာအပြင် သင်္ချိုင်းမှ အနက်ရောင်ဝတ်ရုံဖြင့် လူတစ်ယောက်က တေဇအား အမိန့်ဖြင့်ဆင့်ခေါ်နေလေသည်။ ထို့နောက် အုတ်ဂူတစ်လုံးပေါ်တက်ထိုင်နေစဉ်
” အူးးးးးးးးဝူးးးးးးး ”
သင်္ချိုင်းထဲမှ ဆွဲဆွဲငင်ငင်အူနေသည့် ခွေးအသံကြောင့် ရာဇာလည်း ဘေးဘီကိုကြည့်လိုက်ရာ
” ဝုတ် ဝုတ် ဝုတ် ဂီးးးးးးး ဂီးးးးး ”
သင်္ချိုင်းစောင့်မဖဲဝါနှင့် ခွေးတစ်နက်ကြီးတစ်ကောင်က ရာဇာအား ရန်လိုနေရာ
” ဪ မဖဲဝါရောက်နေတာကို သင့်နယ်ထဲမှာ နေတာကို မကြိုက်လို့လား ငါ့အဆင့်နဲ့နင့်အဆင့်ဘယ်လောက်ကွာလဲနင်သိထား သွားပြန်စမ်း ”
ရာဇာက မဖဲဝါကို မောင်းထုတ်လိုက်ရာ မဖဲဝါရဲ့ခွေးနက်ကြီးက
ရာဇာအား ဝင်ပြီးကိုက်ဖို့မာန်မဲလေရာ ရာဇာက လက်ဖြင့်ယမ်းထုတ်လိုက်ရာ မဖဲဝါရော သူ့ခွေးပါ လွှင့်ထွက်သွားလေသည်။
” ဟားဟားဟား ငါ့ကိုများလာပြီး ကိုက်ချင်နေသေးတယ် အရိုးတခြားအသားတခြားဖြစ်သွားမယ် ကဝေရာဇာတဲ့ကွ ”
ဟုဆိုကာ တောက်တစ်ချက်ခေါက်ပြီး ဖနှောင့်ပေါက်လိုက်ရာ သင်္ချိုင်းထဲမှ သရဲတစ္ဆေများထွက်ပြေးကုန်ကြလေသည်။ ထိုစဉ်
” ပညာမြင့်သလို တယ်လည်း မောက်မာ မာန်တက်နေသကိုး ကဝေရာဇာကြီးရဲ့ ”
” ဪ ရောက်ပြီပေါ့ ဟုတ်စ ကျုပ်အမိန့်ကို မငြင်းဆန်နိုင်တော့ ထွက်လာရတာပဲမဟုတ်လား ”
” ဟားဟားဟားဟား တယ်လည်း အပြောကြီးပါလား ကဝေရာဇာကြီးရဲ့ ဟိုတခါ ကျုပ်ရှုံးတာ သတိလက်လွတ်ဖြစ်သွားလို့ပါ အခုတော့ ခင်ဗျားကို ကျုပ်ပြန်ကလဲ့စားချေပြမယ် ”
” အေးအေး မင်းပြောသလိုဖြစ်ပါစေကွာ မဟုတ်ရင်တော့ မင်းဆီက ပရပိုက်ငါ့ကိုပေးပြီး မင်းငရဲကိုသွားတော့ ပြီးရင်း မင်းမယားကိုငါဂရုစိုက်ပေးမယ် ဟုတ်ပြီလား ”
ရာဇာ့စကားကြောင့် တေဇလည်း ဒေါသထွက်ကာ အင်းတစ်ချပ်ထုတ်ပြီး ရာဇာကိုပစ်ပေါက်လိုက်ရာ
” ဝုန်းးးးး အွပ် အင့် ”
အင်းထိမှန်ပြီး အနောက်လွှင့်သွားကာ အုတ်ဂူနှင့်တိုက်မိကာ အသံပင်ထွက်သွားလေသည်။ ရာဇာက ပြန်ထလာပြီး တေဇကို စက်တစ်ခုထုတ်ပြီး ပြန်ပစ်လေသည်။ တေဇလည်း စက်ကိုညာလက်ဝါးနှင့် အားပါပါ ရိုက်ချလိုက်ရာ စက်များ ဝုန်းခနဲပေါက်ကွဲကာ ဘေးမှ သစ်ရွာခြောက်များ မီးထတောက်သွားလေသည်။
” ဒီတစ်ခါ ကျုပ်အလှည့်ပဲ ”
ဟုဆိုကာ မှော်ဂါထာတစ်ပုဒ်ရွတ်ပြီး လက်နှစ်ဖက်မှ မှော်စက်များထုတ်ကာ လျှင်မြန်စွာ ရွေ့လျားပြီး ရာဇာကိုပစ်လေတော့သည်။ ရာဇာလည်း သတိကြီးစွာထား၍ စက်များကို ကာနေလေသည်။ တေဇရဲ့လှုပ်ရှားမှုက ရိပ်ခနဲမြင် ရိပ်ခနဲပျောက်သွားသဖြင့် အဖမ်းရခက်နေလေသည်။
” ရွှီးးးးးး ဖောက် ဖောက် ”
စက်နှစ်ခု ဆက်တိုက်မှန်သွားကာ ရာဇာ လဲကျသွားလေသည်။ တေဇလည်း နဂိုနေရာတင် ပြန်ရပ်ကာ
” ကျုပ်အလှည့်ပြီးပြီ ခင်ဗျားအလှည့်ပဲ ”
ရာဇာလည်း ဒေါသထွက်ပြီး စက်ထိထားသောနေရာကို လက်ဖြင့်ဖိထားရာမှ ပြန်ထလာပြီး
” ဘယ်ဆိုးလို့လည်း မင်းပညာအတော်တိုးတက်လာတာပဲ အခု ငါ့ရဲ့ကိုယ်ပျောက်စက်ကို မင်းကာနိုင်အောင်ကာစမ်း ”
ဟုဆိုကာ လက်ဝါးနှစ်ဖက်ဖြန့်ပြီး တေဇဘက်သို့ တစ်ခုခုနဲ့ပစ်ဟန်လုပ်နေလေသည်။ တေဇလည်း အကာကွယ်အင်းချပ် လေးချပ်ကို ဘေးပတ်ပတ်လည်တွင် ချထားပြီး အသက်သွင်းထားလိုက်ရာ အင်းချပ်များထဲမှ အနက်ရောင် အခိုးအငွေ့များထွက်လာပြီး တေဇအားကာထားလေသည်။
” ဒီတစ်ခါ ခင်ဗျားလည်း ခင်ဗျားရဲ့အမြင့်ဆုံးစက်ကိုထုတ် ကျုပ်လည်း ကျုပ်ပညာအကုန်သုံးမယ် ”
” ကောင်းပြီလေ မင်းနဲ့ငါ အသက်ခြင်းလောင်းကြေးထပ်ကြတာပေါ့ ”
ဟုဆိုကာ သူ့ရဲ့အပြင်းဆုံးစက်ကို ထုတ်ပြီး နှုတ်မှ မန္တန်တစ်ပုဒ်ကိုလည်း ရွတ်ဖတ်နေသေးသည်။ စက်တန်းကြီး တဖြည်းဖြည်း တေဇအနီးသို့ တိုးကပ်လာလေသည်။ စက်အပူရှိန်ကြောင့် ဘေးမှသစ်ရွက်များ ညိုးနွမ်းခြောက်သွေ့ကုန်လေသည်။ စက်တန်းကြီးက တေဇဆီကို မရောက်မီ ဆယ်ပေလောက်အလိုမှာ တေဇက အင်းတစ်ချပ်ဖြင့်ပစ်လိုက်လေသည်။ ပစ်လိုက်သည့်အင်းက ကဝေသတ်အင်း။ စက်တန်းကြီး ဘေးသို့ချော်သွားပြီး ရာဇာ ဖင်ထိုင်ရက်ကြသွားလေသည်။
” အဟား ကဝေသတ်အင်းဆိုတိုင်း ကဝေတိုင်းသေမယ်ထင်နေလား မင်းနဲ့ငါက ပညာရည်တူတူပဲမို့ မသေဘူးကွ သေပေတော့ ”
ဟုဆိုကာ ငရဲ့မီးတောက်စက်ကို တေဇဆီလွှတ်လေတော့သည်။ တေဇလည်း ငရဲမီးတောက်စက်ဖြင့် ပြန်ကာထားရာ စက်နှစ်ခု ထိပ်တိုက်တွေ့ပြီး အားပြိုင်တွန်းနေရာ အလည်တည့်တည့်တွင် မီးထတောက်နေသည်အထိ။ တေဇလည်း အားကုန်တွန်းနေသလို ရာဇာလည်း အားကုန်တွန်းနေရင်း စက်များမှိန်လာချိန်တွင်
” ငါ့ဟဲ့ သုနန္ဒတေဇတဲ့ဟေး ကဲရော့ဟယ် ဘုန်းဘုန်း ဂျွတ် ဂျလွတ် ”
သုနန္ဒတေဇ ပေါ်လာပြီး ရာဇာအား လည်ပင်းမှဆွဲကာ လက်ဝါးဖြင့်ရိုက်ပြီး လည်လိမ်ချိုးသတ်ပစ်လေသည်။ တေဇက
” သုနန္ဒတေဇ ဘာလို့ ဝင်သတ်လိုက်တာလဲ ”
” အထက်အမိန့်ကြောင့်ပါအရှင် ကျွန်ုပ်ကိုခွင့်လွှတ်ပါ ”
” ရပါတယ် ဘာပဲဖြစ်ဖြစ် မကောင်းတဲ့ပညာသည်တစ်ယောက် လျော့သွားတာပေါ့ ”
” မှန်ပါတယ် အရှင် အရှင့်ကို ထပ်မံပြီး အကူအညီတောင်းစရာရှိပါတယ် ”
. ” ဘာများလည်း သုနန္ဒတေဇ ကျုပ်က ဘာကူညီရမှာလဲ ”
” ဒီလိုပါ အရှင်တို့ဒီရွာမှာ ခဏထပ်နေပြီး လူတစ်ယောက်ကို ကူညီပေးပါ သူက ကျွန်ုပ်ရဲ့ လက်အောက်ငယ်သား ပြန်ဝင်စားတာပါ ”
” အင်း လူ့လောကအရပြောရရင်ဆရာတပည့် သံယောဇဉ်ပေါ့ ကဲပါ ကျုပ်က ဘာများကူညီပေးရမှာလဲ ”
” သူ့ကို တခြားရွာက ကဝေက ပြုစားထားပါတယ် သူက အယူမရှိသူမို့ သူထိခိုက်တဲ့အထိစောင့်ပေးပြီး ကုသကူညီပေးပါ ပြီးတော့ အရှင့်ရဲ့တပည့်အဖြစ် ထားပေးပါ သူ့ကိုလိုအပ်တဲ့မန္တန်တွေ ကျွန်ုပ်သင်ပေးမှာပါ အရှင်က ဆရာအဖြစ်ခံယူထားရုံပါ ”
” ဟုတ်ပါပြီ ဒါဆိုလည်း သင်အကူအညီတောင်းခံတာကို ကျုပ်လက်ခံပါတယ် သူကို့ တပည့်အဖြစ်နေဖို့တော့ ကျုပ်မပြောနိုင်ဘူးနော် ”
” ပြောစရာမလိုပါဘူးအရှင် သူကိုယ်တိုင် အရှင့်ပညာကို လေးစားပြီး တပည့်ခံပါလိမ့်မယ် ”
” ကောင်းပါပြီ သုနန္ဒတေဇ သူ့နာမည်က ဘာတဲ့လဲ ”
” မဟာလို့ခေါ်ပါတယ် ဒါက အရှင်သူ့ကို တပည့်အဖြစ်ခံယူပေးတဲ့အတွက် ပညာကြေးလို့သတ်မှတ်လိုက်ပါ ”
ဟုဆိုကာ ရွှေတုံးတစ်တုံးကို တေဇအားပေးပြီး ပျောက်ကွယ်သွားလေတော့သည်။ တေဇလည်း ရွှေတုံးကိုကြည့်ပြီး
” ဪ ငါ့ဆီမှာဝင်လာသမျှလူတွေနာမည်က အဆန်းသားပါလား အဂ္ဂ မဟာ ခင်လွှမ်း တေဇ ပေါင်းလိုက်ရင် အဂ္ဂမဟာခင်လွှမ်းတေဇ ဘွဲ့နာမည်နဲ့တောင်တူနေသေးတယ် ”
ဆိုပြီး ရေရွတ်ကာ အိမ်သို့ပြန်လာခဲ့လေတော့သည်။ အိမ်ရောက်တော့ စိတ်ပူနေသည့်မျက်နှာနှင့် ခင်လွှမ်းကိုတွေ့လိုက်ရလေသည်။
” အကိုရယ် ခင်လွှမ်းက အကို့ကို စိတ်ပူနေတာ ဘာမှ မဖြစ်လာလို့တော်ပါသေးတယ် ”
” စိတ်မပူပါနဲ့ အကိုက ခင်လွှမ်းအတွက်သူရဲကောင်းကြီးပါ ”
” ဘာမှလည်းမဆိုင်ဘူး ”
” မဆိုင်လည်းချစ်တယ်ကွာ ရှင်းတယ်နော် ”
ဟုဆိုကာ ခင်လွှမ်းကို အတင်းဖက်နမ်းပြီး ပွေ့ခေါ်ကာ အိမ်ပေါ်တက်သွားလေတော့သည်။ ( FA တွေက ဘာလို့ပြုံးပြီးဖတ်နေတာလဲဟင် ) နောက်အပိုင်းမှာတေဇ ဘယ်လိုကုပြီး ဘယ်လိုတပည့်မွေးရမလဲဆက်လက်စောင့်မျှော်ပေးပါဦးဗျ။ စာဖတ်သူအပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့လိုအင်တေဇပြည့်ဝကြပါစေ။
(ဘာလဲဟလိုအင်တေဇ#အခွန်း)
လေးစားစွာဖြင့်
စာရေးသူ – လင်းတေဇ
Zawgyi Version
ရန္ငျိဳးတစ္ထြာကေ၀ရာဇာ(စ/ဆံုး)
——————————————-